Periodical: Good News September 2022

Home >   Periodicals > September 2022

GN092022

September 2022
GOOD NEWS PERIODICAL

ဘုရားသခင်သည်ဤလောကကိုမွှေနှောက်နေပြီ

     လင်းယုန်သည်အသိုက်ကိုမွှေလျှက်၊ သားငယ်တို့အပေါ်မှာလှုပ်ရှားလျှက်၊ အတောင်တို့ကိုဖြန့်လျှက်၊ သားငယ်တို့ကို ယူ၍မိမိအတောင်တို့ဖြင့် ဆောင်သကဲ့သို့၊ ထာဝရဘုရားတပါးတည်းသာလျှင်၊ ယာကုပ်ကိုဆောင်သွားတော်မူ၏။ အခြားတ ပါးသောဘုရားမည်မျှမရှိ(တရားဟော ၃၂း၁၁-၁၂) လင်းယုန်သည်သားငယ်တို့ကိုပျံသန်းတတ်ဘို့ရန်၊ ပျံဘို့ရန်အသိုက်ကို မွှေနှောက်တတ်သည်။ အဘယ်ကြောင့်နည်းဟူမူကား၊ သားငယ်တို့ကိုအသိုက်၌တချိန်လုံးမနေဘဲ၊ လေထဲ၌ပျံဝဲပြီးအစားအ စာများကိုရှာတတ်ဘို့ရန်ဖြစ်သည်။

     ငါသည်အဲဂုတ္တုပြည်လူတို့၌ပြုသောအကြောင်း၊ သင်တို့ကိုလင်းယုန်အတောင်ဖြင့်ထမ်း၍ကိုယ်ဘို့သိမ်းယူသော အကြောင်းကိုသင်တို့သည်သိမြင်ရကြပြီ(ထွက် ၁၉း၄)

အဘယ်ကြောင့်ဘုရားသခင်ကဣသရေလလူမျိုးများကို၊ အဲဂုတ္တုကျွန်မှရိုးရိုးမကယ်နှုတ်ဘဲအဲဂုတ္တုပြည်ကိုဖျက်ဆီးခဲ့သနည်း။ သူ၏တန်ခိုးကိုပြဘို့၊ အဲဂုတ္တုဘုရားများကိုတရားစီရင်ဘို့ရန်ဖြစ်သည် (ထွက် ၁၂း၁၂)။ ထိုမျှမက၊ ဣသရေလလူများ သည်အဲဂုတ္တုပြည်ကိုအလွန်နှစ်သက်စွဲလန်းကြသည်။ သူဂတိပေးသောနို့နှင့်ပျားရည်စီးသောခါနန်ပြည်ကိုမနှစ်သက်၊ မစွဲလန်း ကြသောကြောင့်၊ အဲဂုတ္တုပြည်ကိုမစွဲလန်းဘို့ရန်ဖျက်ဆီးခြင်းဖြစ်သည်။ သို့သော်မည်သို့ပင်ဖျက်ဆီးသော်လည်း၊ ဣသရေလ လူများသည်အဲဂုတ္တုပြည်ကိုလမ်းတလျှောက်လုံးစွဲလန်းကြောင်းသူတို့၏စကားအရသိရသည်။ ဘုရားသခင်ကဖာရောစစ်သား များကိုလိုက်စေသောအခါ၊ မကြောက်ဘို့၊ သူ၏ဘုန်းထင်ရှားဘို့ဖြစ်ကြောင်းမည်မျှပင်ကြိုပြောသော်လည်း၊ တကယ်လိုက် လာသောအခါဤကဲ့သို့မောရှေကိုအပြစ်တင်ကြသည်၊ “ဖာရောဘုရင်သည်ချဉ်းလာသောအခါ၊ ဣသရေလအမျိုးသား တို့ သည်မြော်ကြည့်၍၊ အဲဂုတ္တုလူတို့စစ်ချီလာကြောင်းကို မြင်လျှင်၊ အလွန်ကြောက်လန့်၍ထာဝရဘုရားအားအော်ဟစ်ကြ၏။ မောရှေကိုလည်း၊ အဲဂုတ္တုပြည်၌သင်္ချိုင်းမရှိသောကြောင့်၊ ဤတော၌သေစေခြင်းငှါငါတို့ကိုဆောင်ခဲ့သလော။ ငါတို့ကိုဤ သို့ပြု၍၊ အဲဂုတ္တုပြည်မှအဘယ်ကြောင့်ဆောင်ခဲ့သနည်း။ ငါတို့သည်အဲဂုတ္တုလူတို့ထံ၌အစေကျွန်ခံနေလျက်ရှိကြပါစေဟု၊ အဲဂုတ္တုပြည်၌ငါတို့ပြောရာတွင်၊ ဤအမှုကိုရည်ဆောင်၍ပြောသည်မဟုတ်လော။ ငါတို့သည်ဤတော၌သေရသည်ထက်၊ အဲဂုတ္တုလူတို့ထံ၌အစေကျွန်ခံလျှင်သာ၍ကောင်းသည်ဟုဆိုကြ၏”(ထွက် ၁၄း၁၀-၁၂) ဣသရေလလူမျိုးများသည်၊ နို့နှင့် ပျားရည်စီးသောခါနန်ပြည်၌၊ ကောင်းကြီးခံစားသည်ထက် အဲဂုတ္တုကျွန်ခံချင်ကြသည်။ မည်မျှမိုက်ကြသနည်း။

ခါနန်ပြည်ဝင်ခါနီးတွင်လည်းထိုပြည်ကိုစိုးစမ်းသောလူဆယ်ယောက်က၊ မကောင်း သတင်းကြားပြောသောအခါ၊ ”ပရိသတ်အပေါင်းတို့သည်အသံကိုလွှင့်၍မြည်တမ်းသဖြင့်၊ တညဉ့်လုံးငိုကြွေးကြ၏။ ဣသရေလအမျိုးသားပရိသတ် အပေါင်းတို့သည်၊ မောရှေနှင့် အာရုန်ကိုအပြစ်တင်သောစကားနှင့်မြည်တမ်းလျက်၊ ငါတို့သည်အဲဂုတ္တုပြည်၌မသေပါလေ။ ဤတော၌မသေပါလေ။ ငါတို့သည်ထားဖြင့်သေ၍သားမယားတို့သည်ရန်သူလက်သို့ရောက် စေခြင်းငှါ၊ ထာဝရဘုရားသည် အဘယ်ကြောင့်ငါတို့ကိုဤအရပ်သို့ဆောင်ခဲ့တော်မူသနည်း။ အဲဂုတ္တုပြည်သို့ပြန်ကောင်းသည်မဟုတ်လောဟု၊ မောရှေ နှင့် အာရုန်အားဆိုပြီးမှ၊ တဖန်လူ တစုံတယောက်ကိုချီးမြှောက်၍၊ အဲဂုတ္တုပြည်သို့ပြန်ကြစို့ဟုတယောက်ကိုတယောက်ဆိုကြ ၏။” (တောလည် ၁၄း၁-၄)။ ခါနန်ပြည်ဝင်ခါနီးတွင်အထက်ပါကဲ့သို့မြည်တမ်းကြသည်။

မောရှေကသူ့ကိုတော်လှန်ပုန်ကန်သော၊ ”ဧလျဘသားဒါသန်နှင့်အဘရံတို့ကိုခေါ်ခြင်းငှါစေလွှတ်လေ၏။ သူတို့ ကလည်းငါတို့မလာ သင်သည်ဤတော၌ငါတို့ကိုသတ်လိုလျှင်နို့နှင့်ပျား ရည်စီးသောပြည်မှဆောင်ခဲ့သော်လည်း၊ ငါတို့အပေါ် ၌လုံးလုံးမင်းမပြုလျှင်၊ စိတ်မပြေသေး သည်တကား။ ထိုမှတပါးနို့နှင့်ပျားရည်စီးသောပြည်သို့ငါတို့ကိုမဆောင်၊ လယ်ယာများ၊ စပျစ် ဥယျာဉ်များကိုမပေးဘဲ၊ ဤလူတို့၏မျက်စိကိုဖောက်ချင်သလော ငါတို့သည်သင့်ထံသို့မလာဟု ပြန်ဆို၏။”(တောလည် ၁၆း၁၂-၁၄)။ သူတို့အမြင်၌နို့နှင့်ပျားရည်စီးသောပြည်သည်၊ ခါနန်ပြည် မဟုတ်၊ အဲဂုတ္တုပြည်ဖြစ်သည်။ မည်သို့မျှခါနန်ပြည်သို့ပို့ဆောင်၍မရချေ။ ထို့ကြောင့်မလိုအပ်ဘဲ တော၌သေကြေပျက်စီးကုန်ကြသည်။

မမြင်နိုင်ကြ

တဖန်မောရှေသည်ဣသရေလအမျိုးသားအပေါင်းတို့ကိုခေါ်၍၊ ထာဝရဘုရားသည် အဲဂုတ္တုပြည်မှာဖာရောဘုရင်၌၎င်း၊ သူ၏ ကျွန်အပေါင်းတို့၌၎င်း၊ သူ၏ပြည်တရှောက်လုံး၌၎င်း၊ သင်တို့ မျက်မှောက်တွင်ပြုတော်မူသမျှတည်းဟူသော၊ ကိုယ်မျက်စိနှင့်မြင်သောအလွန်ကြီးစွာ သောစုံစမ်းခြင်းအမှု၊ အလွန်ကြီးသောနိမိတ်လက္ခဏာ၊ ထူးဆန်းသောတန်ခိုးများကို သင်တို့သည် မြင်ရကြပြီ။ သို့သော်လည်းနားလည်နိုင်သောနှလုံး၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားတို့ကို ယနေ့တိုင် အောင်ထာဝရဘုရားသည်ပေးတော်မမူသေး။ (တရားဟော ၂၉း၃-၄) အဘယ်ကြောင့် ဣသရေလလူမျိုးများသည်အထက်ပါကဲ့သို့ခါနန်ပြည်ကိုမဝင်ချင်ကြသနည်း။ သူတို့အမြင်၌ အဲဂုတ္တု ပြည်သည်နို့နှင့်ပျားရည်စီးသောပြည်ဖြစ်၍၊ အလွန်နေဘို့ရန် ကောင်းသည်။ ခါနန်ပြည် သည်သွေ့ခြောက်သောနေရာစွဲလန်းစရာမရှိသောနေရာဟုမြင်ကြသည်။

ဘုရားသခင်ကကောင်းကင်နိုင်ငံပြင်ပေး

ယနေ့လူသားအားလုံးကောင်းကင်နိုင်ငံဝင်ပြီးထာ၀ရသုခချမ်းသာခံစားကြဘို့ရန်ဘုရားသခင်ကအလိုရှိသည်။ ထိုအရာကိုခရစ်တော်ကနိကောဒင်ထံဤသို့ဆိုထားသည်၊ မောရှေသည်တော၌ မြွေကိုမြှောက်ထားသကဲ့သို့၊ လူသားသည်မြှောက်ထားခြင်းကိုခံရမည်။ အကြောင်းမူကား၊ ထို သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရ မည်အကြောင်းတည်း။ ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီး ခြင်းသို့ မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါ၊ ဘုရားသခင်သည်မိမိ၌တပါးတည်းသော သား တော်ကိုစွန့်တော်မူသည်၊ တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ လောကီသားတို့အားအ ပြစ် စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကိုဤလောက သို့စေ လွှတ်တော်မူသည်မဟုတ်။ လောကီသား တို့သည်ကိုယ်တော်အားဖြင့်၊ ကယ်တင်ခြင်းသို့ရောက်မည်အကြောင်းစေလွှတ်တော် မူ၏။ သားတော်ကိုယုံကြည်သောသူသည်အပြစ်စီရင်ခြင်းကိုမခံရ။ (ယော ၃း၁၄-၁၈)။

ခရစ်တော်ကသားတော်တည်းဟူသောသူ့ကိုယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီး ခြင်းတည်းဟူသောငရဲသို့ ရောက်မည်မဟုတ်၊ ထာ၀ရအသက်တည်းဟူသောကောင်းကင်နိုင်ငံ ရောက်ဘို့ရန်၊ မိမိ၌တပါးတည်းသောသားတော်ကိုစွန့် တော်မူသည်ဟုဆိုသည်။ တဖန်သားတော် ကိုဤလောကသို့စေလွှတ်ခြင်းသည်၊ လူသားများကိုအပြစ်စီရင်ဘို့ရန်မဟုတ်၊ ကယ် တင်ဘို့ရန်ဖြစ် သည်ဟုဆိုသည်။ ထို့ကြောင့်ဘုရား၏အလိုတော်မှာ၊ လူသားတိုင်းကောင်းကင်နိုင်ငံသို့ရောက်ဘို့ရန် ဖြစ်ကြောင်း ထင်ရှားသည်။ ပေါလုကလည်း၊ လူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှါ၊ ဘုရားသခင် အလိုတော်ရှိ၏။ဟုဆိုသည် (၁ တိ ၂း၄)။

ဣသရေလလူမျိုးများကဲ့သို့

            သို့သော်လူအများစုသည်၊ ဣသရေလလူမျိုးများကဘုရားသခင်ပြင်ဆင်ပေးသော ခါနာန် ပြည်ကိုမဝင်ချင်သကဲ့သို့၊ ကောင်းကင်နိုင်ငံသို့မဝင်ချင်ကြချေ။ ခရစ်တော်ကယုံကြည်သူများ ကို၊  တဖန်တုံယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေ နှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့။ ငါ့အဘ၏အိမ်တော်၌နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကိုသင်တို့အားငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကိုပြင်ဆင်ခြင်းငှါငါသွားရ ၏။ ငါသည် သွား၍သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍၊ ငါရှိရာအရပ်၌သင်တို့ ရှိစေခြင်းငှါ၊ သင်တို့ကိုငါ့ထံသို့သိမ်းဆည်းမည်။(ယော ၁၄း၁-၃)ဟုဆိုသည်။ သို့သော်လူသားများ ကခရစ်တော်၏စကားကိုမယုံကြည်ကြချေ။ ရှင်ပေါလုကလည်း၊ မြေကြီးပေါ်မှာရှိသောအရာ တို့ကိုစွဲလမ်းသောစိတ်မရှိကြနှင့်။ အထက်အရာတို့ကိုသာစိတ်စွဲလမ်းခြင်းရှိကြလော့။ (ကောလော ၃း၂) ဟုဆိုသော်လည်း၊ အထက်အရာကိုလုံး၀မစွဲလမ်းကြဘဲ၊ မြေကြီးအရာကိုသာ လျှင် စွဲလမ်းကြသည်။

ကောင်းကင်ရွှေပြည်

ကျမ်းစာကကောင်းကင်ပတ်သက်၍ဤသို့ရေးထားသည်၊ မြို့ရိုးကိုယ်သည်နဂါးသွဲ့ ကျောက် ဖြစ်၏။ မြို့သည်လည်း ကြည်လင်သောဖန်နှင့်တူသောရွှေစင်ဖြစ်၏။ မြို့ရိုး အမြစ် တို့သည်ကျောက်မြတ်အမျိုးမျိုးနှင့်ပြည့်စုံကြ၏။ ပထမအမြစ်ကားနဂါးသွဲ့ဖြစ်၏။ ဒုတိယ အမြစ်ကားနီလာ၊ တတိယအမြစ်ကားမဟူရာ၊ စတုတ္ထအမြစ်ကားမြ၊ ပဥ္စမအမြစ်ကားကြောင်၊ ဆဌမအမြစ်ကားကျောက်နီ၊ သတ္တမအမြစ်ကားခရုသုလိတ်၊ အဌမအမြစ်ကားမျက်ရွဲ၊ နဝမအ မြစ်ကားဥဿဖရား၊ ဒသမအ မြစ်ကားခရုသုပြတ်၊ ဧကဒသမအမြစ်ကားဝါကိသု၊ ဒွါဒသမ အမြစ်ကားဂေါ်မုတ်ဖြစ်သတည်း။ တံခါးရွက်တဆယ် နှစ်ရွက် အသီးသီးတို့သည်ပုလဲတပြား စီဖြင့်ပြီး၍ပုလဲတဆယ်နှစ်ပြားဖြစ်ကြ၏။ မြို့လမ်းမသည်ကြည်လင်သောဖန်ကဲ့သို့သောရွှေစင် ဖြစ်၏။ (ဗျာ ၂၁း၁၈-၂၁) ကောင်းကင်သည်ရွှေပြည်ဖြစ်သည်။ မြို့ရိုးများသည်ကျောက်ကောင်း မျိုးစုံနှင့်ကာထားသည်။ သို့ သော်လူသားများကကောင်းကင်ရွှေပြည်နှင့်ကျောက်ကောင်း ပြည်ကို လုံး၀မစွဲလမ်းကြခြင်းသည်၊ အလွန်အံ့ဩစရာဖြစ်သည်။ ဘုရားသခင်ကခါနာန်ပြည်ကိုနို့နှင့် ပျား ရည် စီးသော ပြည်ဟုအလွန်အမွှမ်းတင်သော်လည်း၊ ဣသရေလလူမျိုးများကလုံး၀စိတ် မဝင် စားကြသကဲ့သို့၊ လူသားများကလည်းဘုရားသခင်၏ကောင်းကင်ကိုလုံး၀မစွဲလမ်းကြချေ။

ကောင်းကင်၌စိတ်မသာညည်းတွားခြင်းမရှိ

 ကောင်းကင်သည်ရွှေနှင့်အဘိုးတန်သောကျောက်ကောင်းများနှင့်တည်ဆောက်ထားသည်သာမက၊ “ဘုရားသခင်သည် သူ တို့၏ မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်။ နောက် တဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော် ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည်ရွေ့သွားကြပြီ“ (ဗျာ ၂၁း၄)ဟုတွေ့ရ သည်။ ကောင်းကင်၌ဘုရားသခင်ကိုယ်တော်တိုင်ကမျက်ရည်သုတ်ပေးမည်ဖြစ်သောကြောင့်မည်မျှစိတ်ချမ်းသာစရာကောင်းသနည်း။ သေဘေးလည်းမရှိတော့ချေ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိတော့ချေ။ သို့သော် လူသားများအနေဖြင့်ထိုအရာများကို မျှော်လင့်ခြင်း၊ စွဲလမ်းခြင်းမရှိခြင်းသည်အလွန်းအံ့ဩစရာမကောင်းဘူးလား။

တဖန်၊ ကျောက်သလင်းကဲ့သို့ကြည်လင်၍၊ ဘုရားသခင်နှင့်သိုးသငယ်၏ပလ္လင် တော်ထဲက ထွက်သော၊ အသက်ရေ စီးရာမြစ်ကိုကောင်းကင်တမန်သည်ငါ့အားပြလေ ၏။ မြို့လမ်းမအ လယ် ၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထို အသက်ပင်သည်အသီးတဆယ်နှစ်မျိုးကိုသီး တတ်၏။ မိမိအသီးကိုလည်းလတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုး မျိုးတို့၏ အနာ ရောဂါငြိမ်းစရာဘို့ဖြစ်၏။  နောက်တဖန်ကျိန်ခြင်းဘေးတစုံတခုမျှမရှိ၊ ထိုမြို့၌ဘုရားသခင်နှင့်သိုး သငယ်၏ ပလ္လင်တော်ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည်ဘုရားဝတ်ကိုပြုကြလိမ့် မည်။ မျက်နှာ တော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမတော်ရေးထားလျက်ရှိလိမ့်မည်။ ထိုမြို့၌ညဉ့်မရှိရ၊ ဆီမီး ကိုအလိုမရှိ။ နေ၏အရောင်ကိုလည်းအလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင် သည်၊ သူတို့၌ရောင်ခြည်တော်ကိုလွှတ်တော်မူ၍သူတို့သည်ကမ္ဘာအဆက်ဆက် စိုးစံရ ကြ လတံ့“ (ဗျာ ၂၂း၁-၅)ဟုရေးထားသေးသည်။

အထက်ပါကျမ်းပိုဒ်များအရကောင်းကင်၌အနာရောဂါမရှိနိုင်တော့ချေ။ အကြောင်းမှာ အသက်ပင်ရှိသည်။ ကျိန်ခြင်း လည်းမရှိတော့ချေ။ ကောင်းကင်၌ညဉ့်လည်းမရှိ၊ ဆီမီးလည်းမလို၊ နေရောင်ခြည်လည်းမရှိသောကြောင့်နေပူဒဏ်လည်းခံရ တော့မည်မဟုတ်။ သို့သော်လူသား များ သည်ထိုအရာများကိုစိတ်ဝင်စားခြင်းမရှိ။ ထို့ထက်ဆေးခန်းသွား၍ဆရာဝန်များ၏ကု သမည့်အရာ ကိုသာလျှင်မျှော်လင့်စွဲလမ်းကြသည်။ ဘုရားသခင်၏အလင်းတော်ထက်၊ လူတို့တီထွင်လုပ်ထား သော လျှပ်စစ် မီးများကိုသာလျှင်အားရနေကြသည်။ နေပူဒဏ်မှသက်သာနိုင်ရန်လူများပြုလုပ် သော လေအေးစက်များကိုသာလျှင်အားကိုး အရသာခံချင်ကြသည်။

ဤလောကကိုဖျက်ဆီးစပြုပြီ

ဣသရေလလူမျိုးများကဘုရားပြင်ဆင်ပေးသောခါနာန်ပြည်ကိုမစွဲလမ်းမှာစိုးသောကြောင့်၊ သူတို့စွဲလမ်းသော အဲဂုတ္တုပြည်ကိုရစရာမရှိအောင်ဖျက်ဆီးရခြင်းဖြစ်သည်။ ထို့နည်းတူလူသား များ က ကောင်းကင်နိုင်ငံတော်ကိုမစွဲလမ်း၊ မတပ်မက်ကြသောကြောင့်၊ ဤလောကကိုဘုရား သခင် ကဖျက်ဆီးစပြုနေပြီ။ သို့သော်ပျက်စီးနေသောအဲဂုတ္တုပြည်ကို ဣသရေလလူမျိုးများကစွဲ လမ်း၍၊ နောက်ပြန်လှည့်ဘို့ကြိုးစားကြသကဲ့သို့၊ ဘုရားကစတင်ဖျက်ဆီးနေသောဤလောက ကိုလူသားများကပြုပြင်ထိန်းသိမ်းဘို့ကြိုးစားနေကြသည်။ သို့ဖြစ်လျှင်ဤလောကသည် မည်ကဲ့သို့ ပျက်စီးနေပြီနည်းဟူသော အချက်များကိုလေ့လာကြစို့။ အောက်ပါအချက်များသည်မဿဲ ၂၄ ထဲမှခရစ်တော်ပြောသောအရာများဖြစ်သည်။

 ခရစ်တော်ကြွလာမည့်နိမိတ်များ

 ထိုနောက်သံလွင်တောင်ပေါ်မှာထိုင်တော်မူစဉ်၊ တပည့်တော်တို့သည်အခြားသူမပါဘဲချဉ်း ကပ်၍၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကို၎င်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောပုပ္ပနိမိတ်သည်အဘယ်နိမိတ်ဖြစ်မည်ကို ၎င်း၊ အမိန့်ရှိတော်မူပါ ဟု လျှောက်ကြ၏။ ခရစ်တော်ကြွမည့်အချိန်နာရီကိုမသိနိုင်သော်လည်း၊ နီးကြောင်းကိုသိနိုင်ကြောင်း ခရစ်တော်ကအောက်ပါကဲ့သို့ပြောသွားသည်။

ခရစ်တော်အတုပေါ်မည်
 ယေရှုကလည်း၊ သင်တို့ကိုအဘယ်သူမျှမလှည့်ဖြားစေခြင်းငှါသတိပြုကြလော့။  အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟုဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ပေါ်လာသဖြင့်၊ လူအများတို့ကိုလှည့်ဖြားကြလိမ့်မည်။ ယခုအခါ ကမ္ဘာပေါ်၌ခရစ်တော်အတု၊ ကိုယ့်ကိုကိုယ်ဘုရားဟုဆိုသောသူများစွာပေါ်ပေါက်ခဲ့ပြီးပြီ။

 စစ်တိုက်မည်
 သင်တို့သည်စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သောသိတင်းစကားကို၎င်း၊ ကြားရကြလိမ့်မည်၊ သို့သော် လည်းစိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှာသတိပြုကြလော့။ ထိုအမှုအရာများသည်ဖြစ်ရမည်။ သို့သော်လည်းအဆုံးသည် မဖြစ်သေး။ ပဌမနှင့်ဒုတိယကမ္ဘာစစ်သည်ဤရာစုနှစ်အတွင်းတွင်ဖြစ်ခဲ့ပြီ။ ယခုရုရှားယူခရိမ်းစစ်လည်း၊ ခုနစ်လရှိပြီ။ အပြီးသတ်ဘို့ထက်ပို၍တိုက်မည့်အလားအလာရှိနေသည်။ တရုတ်ကတိုင်ဝမ်နိုင်ငံ တိုက်ဘို့လည်းတချိန်လုံးခြိမ်းခြောက်နေသည်။ မြန်မာနိုင်ငံတွင်း၌လည်းပြည်တွင်းစစ်ဖြစ်နေသည်။ ကမ္ဘာ့နိုင်ငံတော်တော်များများသည်စစ်လက်နက်အသစ်အဆန်း များအပြိုင်ထုတ်လုပ်နေကြသည်။

သို့သော်လူများကဘုရားဖျက်ဆီးနေပြီဖြစ်သောဤလောကကို၊ ပြန်လည်တည်ဆောက်ဘို့မြော် လင့်ချက်အလွန်ကြီးကြသည်။ ဘုရားပြင်ဆင်ပေးသောကောင်းကင်နိုင်ငံကိုစိတ်မဝင်စားကြချေ။

 ရန်ဘက်ပြုမည်အစာခေါင်းပါးမည်ကာလနာများမည်

 လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ၊ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌အစာခေါင်းပါး ခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်။  ထိုအမှုအရာတို့သည်ဒုက္ခဆင်းရဲခြင်း၏အစအဦး (ခလေးမွေးနာ) ဖြစ်သတည်း။ လူမျိုးရေးပြသနာလည်းနိုင်ငံတိုင်း၌တိုးပွားလျက်ရှိသည်။ အမေရိကန်ပြည်ထောင်စု၌လည်း၊ လူဖြူလူမဲပြသနာသည်အလွန်ကြီးမားသောပြသနာဖြစ်သည်။ အစာခေါင်းပါးခြင်းလည်းနိုင်ငံ များစွာ၌ရင်ဆိုင်နေကြပြီ။ နောက်နှစ်တွင်အစာခေါင်းပါးမှုသည်ဂရုမစိုက်ဘဲနေ၍ရမည်မဟုတ်။ ကမ္ဘာ့စပါးကျီဖြစ်သောအမေရိကန်၌ပင်လျှင်၊ အစာငတ်ပြတ်သူများအလွန် များပြားနေပြီ။ ကုန်စျေးနှုန်းများလည်းအဆမတန်များနေပြီ။ သူတောင်းစားအလွန်များနေပြီ။ သူခိုးဓါးပြများလည်းပို၍ပို၍များလာကြလိမ့်မည်။ ကာလနာလည်းမပျောက်နိုင်တော့ချေ။ အချို့နိုင်ငံများ၌ရောဂါကြောင့်တင်းကြပ်မှုများလျှော့ချသော်လည်း၊ ပို၍တင်းကြပ်သောနေရာများလည်းရှိနေသည်။ ကာကွယ်ဆေးထိုးခြင်းကြောင့်ကျန်းမာသန်စွမ်း၍ အသက်ငယ်ရွယ်သောသူအများအပြားလည်း၊ ချက်ခြင်းသေဆုံးကြသည်။ မြေငလျှင်လှုပ်ခြင်းလည်းအလွန်များလာသောကြောင့်ရိုးသွားကြပြီ။ ထိုအရာအားလုံးသည်ခရစ်တော်ကဒုက္ခဆင်းရဲခြင်း၏အစအဦးဟုဆိုသည်။ ထိုအရာကိုအချို့ကျမ်းစာများ၌ခလေးမွေးနာဟု ဆိုသည်။

 ယုံကြည်သူညှင်းဆဲခြင်း

 ထိုကာလ၌လူအများတို့သည်သင်တို့ကိုညှင်းဆဲခြင်း၊ အသေသတ်ခြင်းကိုခံစေခြင်းငှါအပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်းခပ်သိမ်းသောလူမျိုးတို့သည်၊ သင်တို့ကိုမုန်းကြလိမ့်မည်။ ၁၀ ထိုကာလ၌အများသောသူတို့သည်ဖောက်ပြန်ခြင်းသို့ရောက်၍၊ အချင်း ချင်းတယောက်ကိုတယောက်အပ်ကြလိမ့်မည်။ ယခုအခါခရစ်ယာန်များကယ်တင်ခြင်းသို့မရောက်၊ သမ္မာတရားလည်းမသိ၊ သမ္မာတရားအတိုင်းမကျင့်၊ အခြားသူများကိုလည်းကယ်တင်ခြင်းအကြောင်းမပြောကြသောကြောင့်၊ စာတန်လူများသည်များစွာသောင်း ကျန်းနေကြပြီ။ အမေရိကန်၌ခရစ်ယာန်ဖြစ်ကြောင်းကိုဖွင့်ပြောဘို့ရန်ရင်လေး ၍ကြောက်လာကြသည်။ ရုံးများ၊ စာသင်ကျောင်းများမှဘုရားကိုနှင်ထုတ်ကြသောကြောင့်၊ သေနပ်ပစ်မှုများပို၍ပို၍များပြားလာကြသည်။ ခရစ်ယာန်များကို ပို၍နှိပ် စက်လာကြသည်။

 မိစ္ဆာပရောဖက်အများ

၁၁ အချင်းချင်းမုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက်အများတို့သည်ပေါ်လာ၍၊ လူအများတို့ကိုလှည့် ဖြား ကြလိမ့်မည်။ ၁၂ မတရား သောအမှုတို့သည်များပြားသဖြင့်၊ အများသောသူတို့၏ချစ်ခြင်း မေတ္တာသည်ခေါင်းပါးလိမ့်မည်။ ၁၃ အကြင် သူသည်အဆုံး တိုင် အောင်တည်ကြည်၏၊ ထိုသူ သည်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဘုရားစွန့်ကြသောကြောင့်မေတ္တာ ခေါင်းပါးလာကြသည်။ မိစ္ဆာပရောဖက်တည်းဟူသော၊ ပရောဖက်အတုများမှိုလိုပေါက်လာကြပြီး၊ လူများစွာကိုလှည့်ဖြား ကြပြီ။ တရားမျှတမှုမရှိသောကြောင့်ချစ်ခြင်းမေတ္တာလည်းခေါင်းပါးလာသည်။ ထိုအရာအားလုံး သည် နောက်ဆုံးသော ကာလ တည်းဟူသောခရစ်တော်ကြွလာမည့်နိမိတ်လက္ခဏာများ ပင်ဖြစ် သည်။ သို့သော်လူအများစုသည်၊ ကျမ်းစာလည်းမဖတ်၊ ဖတ်လျှင်လည်းနားမလည်သောကြောင့် ပြင်ဆင်မှုလည်းမလုပ်၊ မိမိဆန္ဒအတိုင်းသာအသက်ရှင်နေကြသည်။

နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရား

၁၄ လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း၊ နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရား၊ ကိုလောကီနိုင်ငံအရပ်ရပ်ရှိ သမျှတို့ ၌ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတံ့။ နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားသည်၊ ကျေးဇူးတော်နှင့် ယှဉ်သောဧဝံဂေလိတရားနှင့်မတူချေ။ နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိ တရားသည်၊ လောက၌ ခရစ်တော်အုပ်စိုးမည့်အရာ ဖြစ်၍၊ နောင်တရခြင်းသည်အဓိကတရားဖြစ်သည်။ ထိုတရားကိုဗတ္တိဇံ ဆရာယောဟန်နှင့်ခရစ်တော်နှင့်တပည့်တော်များကဟောခဲ့သည်။ ကျေးဇူးတော်နှင့်ယှဉ်သောဧဝံဂေလိတရားသည်၊ ခရစ်တော်အသေခံ၍ရှင်ပြန်ထ မြောက် ပြီးမှဟော ပြောသောတရားဖြစ်၍၊ လောကမှာတည် ထောင်မည့်နိုင်ငံတော်မဟုတ်ဘဲ၊ ကောင်းကင်နိုင်ငံတော်ထဲသို့ဝင် မည့်အရာဖြစ် သည်။ ထိုတရား ၌ဒုတိယမွေးဘွားရမည်ဟူ သောအရာသည်အဓိကဖြစ်သည်။ ယခုအသင်းတော်ခေတ်၌ထိုတရား ကိုမ ဟောတော့ပါ။ နိုင်ငံတော်တရားကိုဘေးဒဏ်ကြီးကာလ၌ပြန်ဟောကြမှာဖြစ်သည်။

 

သတိပေးခြင်းနှင့်အကြံပေးခြင်း

ယခုနှစ်တံပိုးမှုတ်ပွဲသည်စက်တင်္ဘာလ ၂၆-၂ရ ရက်နေ့များဖြစ်သည်။ ခရစ်တော်သည်တံပိုးမှုတ်ခြင်းနှင့်ကြွရောက်လာမည့်အကြောင်းကျမ်းစာ၌ဤသို့ရေးထားသည်၊ “နက်နဲသောအရာတခုကိုငါပြဦး မည်၊ ငါတို့ရှိသမျှသည်အိပ်ပျော်ရကြမည်မဟုတ်။ ၅၂ သို့သော်လည်း၊ နောက်ဆုံးသောတံပိုးမှုတ် သော အခါ၊ တခဏခြင်းတွင်မျက်စိတမှိတ်၌ငါတို့ရှိသမျှသည်၊ ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ ထိုတံပိုး မှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည်ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ ၅၃ ယခုမျက်မှောက်ပုပ်တတ်သောအရာ သည်၊ မပုပ်နိုင်သောအဖြစ်သို့ဝင်စားရမည်။ ယခုမျက် မှောက်သေတတ်သောအရာသည်မသေနိုင်သော အရာ သို့ ဝင်စားရမည်။” (၁ ကော ၁၅း၅၁-၅၃)

တဖန်၊  ”ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသောအခြားသူတို့သည်ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်း မနည်းမည်အကြောင်း၊ အိပ် ပျော်သောသူတို့၏အမူအရာကိုမသိဘဲနေစေခြင်းငှါငါတို့အလိုမရှိ။ ၁၄ ယေရှုသည်သေပြီးမှတဖန်ထမြောက်တော်မူသည်ကိုငါတို့သည်ယုံကြည်လျှင်၊ ထိုနည်းတူယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ထိုသခင်နှင့်အတူဘုရားသခင်ပို့ဆောင်တော်မူလိမ့်မည်။ ၁၅ သခင်ဘုရား ၏ဗျာဒိတ်တော်အားဖြင့်တဖန်ငါတို့ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည်၊အိပ်ပျော်ပြီးသောသူတို့၏အရင်အဦးနေရာကျရကြမည်မဟုတ်။ ၁၆ သခင် ဘုရားသည်ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကိုမှုတ် ခြင်း နှင့်တကွ၊ ကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌သေလွန်သောသူတို့သည်၊ အဦးထမြောက်ကြလိမ့်မည်။၁၇ ထိုအခါအသက်ရှင်၍ကျန်ကြွင်းသောငါတို့သည်၊ အာကာသကောင်း ကင်၌သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ချီဆောင်ခြင်း ကိုခံရ သောအားဖြင့်၊သခင်ဘုရားနှင့်အတူအစဉ်မပြတ်နေရကြလိမ့်မည်။၁၈ သို့ဖြစ်၍၊ ဤစကားများ အားဖြင့် အချင်းချင်းတယောက်ကိုတယောက်သက်သာစေကြလော့။”(၁ သက် ၄း၁၃-၁၈)

သခင်ယေရှုကိုယ်တိုင်ဤသို့ပြောခဲ့သည်၊ ”ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည်သေလွန်သော်လည်းရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း၊ သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။”(ယော ၁၁း၂၅-၂၆) ဆက်ကြည့်ပါက၊ ”လူသား သည်ကြွလာသောအခါ၊ နောဧလက်ထက်၌ဖြစ်သကဲ့သို့ဖြစ် လိမ့် မည်။ ၃၈ ရေလွှမ်းမိုးခြင်းမဖြစ်မှီကာလ၌၊ နောဧသည်သင်္ဘောထဲသို့ဝင်သောနေ့ တိုင် အောင်၊ လူ များတို့ သည်စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေ၍၊၃၉ ရေလွှမ်းမိုးခြင်းရောက်သဖြင့်၊ လူခပ် သိမ်းတို့ ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင်သတိမဲ့နေကြသည်နည်းတူ၊ လူသားကြွလာသော အခါ ၌ဖြစ်လိမ့် မည်။ ၄၀ ထိုအခါလယ်၌ရှိသောသူနှစ်ယောက်တို့တွင်၊ တယောက်ကိုသိမ်းယူ၍တယောက် မူကားနေ ရစ် ရလတံ့။ ၄၁ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင်၊ တယောက်ကိုသိမ်းယူ၍တ ယောက်မူကား နေရစ်ရလတံ့။ ၄၂ သင်တို့အရှင်သည်အဘယ်အချိန်နာရီ၌ ရောက်လာမည်ကိုသင်တို့မ သိ သောကြောင့်၊ စောင့်နေကြလော့။ ၄၃ သူခိုးလာမည်အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကိုမ ထွင်း မဖောက် စေခြင်းငှါ၊ စောင့်နေလိမ့်မည်ကိုသင်တို့သိကြ၏။ ၄၄ ထိုကြောင့်သင်တို့သည် ပြင်ဆင် လျက် နေကြ လော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သောအချိန်နာရီ၌၊ လူသားသည်ကြွလာ လိမ့်မည်။” (မဿဲ ၂၄း၃ရ-၄၀)

အကောင်းဆုံးသောပြင်ဆင်ခြင်းသည်၊ သခင်ယေရှုခရစ်ကို၊ ဘုရားအဖြစ်၎င်း၊ ကယ်တင်ရှင်အဖြစ်၎င်း၊ အရှင်သခင်အဖြစ်၎င်း၊ လက်ခံခြင်းဖြစ်သည်။ သင်သည်သခင်ယေရှုခရစ်ကိုအထက်ပါကဲ့သို့လက်ခံလိုပါက၊ ဆုတောင်းခြင်းဖြင့်ဤသို့လက်ခံနိုင်သည်။

သခင်ယေရှုဘုရား၊ ကိုယ်တော်သည်ဘုရားဖြစ်ကြောင်းကို၎င်း၊ ကျွန်ုပ်ကိုကယ်တင်ပြီးကြောင်းကို၎င်း လက်ခံယုံကြည်ပါ၏။ အပြစ်၏အခသေခြင်းကိုကျွန်ုပ်ကိုယ်စားခံပြီးကြောင်းကိုလက်ခံပါ၏။ ယခု ကျွန်ုပ်စိတ်နှလုံးတံခါးကိုဖွင့်ပါ၏။ ဝင်တော်မူပါ။ ကျွန်ုပ်၏အသက်တာကိုအုပ်စိုးတော်မူပါ။ အာမင်။

ချီဆောင်ခြင်းအပြီး

သင်သည်ဤစာကိုဖတ်သောအချိန်တွင်ချီဆောင်ခြင်းဖြစ်ပြီးပါက၊ ကမ္ဘာ့အခြေအနေသည်အလျှင်အမြန်ပြောင်းလဲမှာဖြစ်သည်။ တကမ္ဘာလုံးကိုလူတယောက်ကအာဏာရှင်အဖြစ်အုပ်စိုး၍၊  လူတိုင်းလက်ျာလက်၌သော်၎င်း၊ နဖူး၌သော်၎င်း၊ သူ၏အမှတ်တံဆိပ်ကိုခပ်စေမည့်အကြောင်းကျမ်းစာကဤသို့ရေးထားနှင့်ခဲ့ပြီ။ ၁ ပင်လယ်နား၌သဲပေါ်မှာငါ(နဂါး)ရပ်၍၊ သားရဲတကောင်သည်ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွချိုပေါ်၌သရဖူဆယ်ဆူကိုဆောင်းလျက်၊ ခေါင်းပေါ်၌လည်းဘုရား သခင်၏အ သ ရေတော်ကိုရှုတ်ချသောနာမရှိလျက်၊ ပင်လယ် ထဲကတက်သည်ကိုမြင်၏။၂ ထိုသို့ငါမြင်သော သားရဲ သည်၊ ကျားသစ်နှင့်တူ၏။ သူ၏​ခြေသည်ဝံ​ခြေကဲ့သို့ဖြစ်၏။ သူ၏နှုတ်သည်လည်း၊ ခြင်္သေ့နှုတ်ကဲ့ သို့ ဖြစ် ၏။ နဂါးသည်မိမိတန်ခိုးနှင့်မိမိပလ္လင်ကို၎င်း၊ ကြီးစွာသောအာဏာစက်ကို၎င်း၊ သားရဲ၌အပ်ပေး၏။
၃ သားရဲ၏ခေါင်းတလုံးသည်၊ သေအောင်ကွပ်မျက်ပြီးသကဲ့သို့ဖြစ်၍၊ သေစေသောဒဏ်ချက်သည် ပျောက်လျက်ရှိ၏။ မြေကြီးသားအပေါင်းတို့သည်၊ သားရဲနောက်သို့လိုက်၍အံ့ဩကြ၏။ ၄ ထိုသား ရဲ ၌အာဏာစက်ကိုအပ်ပေးသောနဂါးကိုကိုးကွယ်ကြ၏။ သားရဲကိုလည်းကိုးကွယ်၍၊ အဘယ်သူသည် သားရဲနှင့်တူသနည်း၊ အဘယ်သူသည်သူ့ကိုစစ်ပြိုင်နိုင်သ နည်းဟုပြောဆိုကြ၏။ ၅ ထိုသားရဲသည် လည်း ကြီးစွာသောစကားကို၎င်း၊ ဘုရားသခင်ကိုပြစ်မှားသောစကားကို၎င်း၊ ပြောတတ်သောနှုတ်နှင့် ပြည့်စုံ၍၊ လလေးဆယ်နှစ်လ(သုံးနှစ်ခွဲ)ပတ်လုံးစီရင်ရသောအခွင့်ကိုရ၏။ ၆ ဘုရားသခင်ကို ပြစ် မှား သောစကားအားဖြင့်၊ နာမတော်နှင့်တဲတော်ကို၎င်း၊ ကောင်းကင်သားတို့ကို၎င်း၊ ပြစ်မှားခြင်းငှါ နှုတ် ကိုဖွင့်ထား၏။ ၇ သန့်ရှင်းသူတို့ကိုစစ်တိုက်၍၊ နိုင်ရသောအခွင့်ကိုရ၏။ အသီးအသီးဘာသာ စကားကို ပြောသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့ကိုအုပ်စိုးရသောအခွင့်ကိုလည်းရ၏။

၁၁ အခြားသောသားရဲတကောင်သည်၊ သိုးသားငယ်၏ချိုနှင့်တူသောချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့ သို့စ ကား ပြောလျက်၊ မြေကြီးထဲကထွက်သည်ကိုငါမြင်၏။၁၂ ထိုသားရဲသည်၊ သူ့အရင်ဖြစ် သော ပဌမ သားရဲ၏အာဏာစက်ရှိသမျှကိုသုံးစွဲ၏။ သေစေ သောဒဏ်ချက်ပျောက်ခဲ့ပြီးသောပဌမသားရဲကို၊ မြေကြီးမှစ၍မြေကြီးသားတို့သည်ကိုးကွယ်စေခြင်းငှါပြု၏။ ၁၃ ကြီးစွာသောနိမိတ်လက္ခဏာ တို့ ကိုလည်းပြ၏။ လူတို့မျက်မှောက်၌ကောင်းကင်က၊ မြေကြီးအပေါ်သို့မီးကိုဆင်းစေ၏။ ၁၄ ပဌမ သားရဲရှေ့၌ပြပိုင်သောနိမိတ်လက္ခဏာတို့အားဖြင့်၊ မြေကြီးသားတို့ကိုလှည့်ဖြား၏။ ထားနှင့်ခုတ် သောဒဏ်ချက်ကိုခံရ၍၊ အသက်ရှင်သေးသောသားရဲ၏ရုပ်တုကိုလုပ်စေခြင်းငှါ၊ မြေကြီးသားတို့ကို မှာထား၏။ ၁၅ သားရဲ၏ရုပ်တုသည်စကားပြောနိုင်မည်အ ကြောင်းနှင့်၊ မိမိကိုမကိုးကွယ်သော သူရှိ သမျှတို့ကိုသတ်ခြင်းငှါပြုနိုင်မည်အကြောင်း၊ ရုပ်တု၌အသက်ကိုသွင်းပေးရသောအခွင့်ကိုလည်းရ၏။

၆၆၆ တံဆိပ်ခတ်မည် ၁၆ ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ​ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီး အငယ်ရှိသမျှတို့သည်လက်ျာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကိုခံစေခြင်းငှါ၎င်း၊ ၁၇  ထို တံဆိပ်လက်မှတ်တည်းဟူသောသားရဲ၏နာမဖြစ်စေ၊ နာမ၏အရေ အတွက်ဖြစ်စေ၊ တခုခုကိုမခံ သော သူတယောက်မျှ၊ မရောင်းမဝယ်စေခြင်းငှါ၎င်းစီရင်၏။ ၁၈ ဤအရာ၌ပညာရှိ၏၊ ဥာဏ်ရှိသော သူသည် သားရဲ၏အရေအတွက်ကိုရေတွက်စေ။ လူ၏အရေအတွက်ဖြစ်၏။ ​ခြောက်ရာ​ခြောက်ဆယ်​ခြောက်လည်းဖြစ်၏။(ဗျာဒိတ် ၁၃း၁-၁၈)

သားရဲသည်ဘုရားအမြင်အားဖြင့်ရေးခြင်းဖြစ်၍၊ လူ့အမြင်၌ကမ္ဘာ့ခေါင်းဆောင်အာဏာရှင်ကြီးဖြစ်သည်။ သူ့ကိုကမ္ဘာသူကမ္ဘာသားများကကိုးကွယ်ဘို့၊ ဒုတိယသားရဲဖြစ်သောကမ္ဘာ့ဘာသာရေးခေါင်းဆောင်ကတိုက်တွန်းညွှန်ကြားမှာဖြစ်သည်။ ကမ္ဘာ့ခေါင်း ဆောင်ကြီး၏တံဆိပ်လက်မှတ်တည်းဟူသော ၆၆၆ (ဂဏန်း ၁၈ လုံး၊ သုံးအုပ်စုဖြင့်ဖွဲ့) ကိုလူတိုင်းခတ်ခိုင်းမည်။ မခတ်သောသူသည်ရောင်းဝယ်၍မရသည်သာမက၊ လည်ပျင်းအဖြတ်ခံရမှာဖြစ်သည်။ ထိုတံဆိပ်ကိုလုံး၀မခတ်ဘဲအသေခံပါ။ အကြောင်းမှာ၊

သားရဲတံဆိပ်ခံသူတို့ညှဉ်းဆဲခံ
၉ ထိုမှတပါး၊ တတိယကောင်းကင်တမန်က၊ အကြင်သူသည်သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊ သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ၊ ၁၀ ထိုသူသည်ဘုရားသခင်၏ ဒေါသဖလား၌လောင်းသော၊ အမျက်တော်စပျစ်ရည်စစ်ကိုသောက်ရလိမ့်မည်။ သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင်ကန့်နှင့်ရောသောမီးထဲမှာ၊ ပြင်းစွာသောညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။ ၁၁ ထိုညှဉ်းဆဲခြင်း၏မီးခိုးသည်၊ ကမ္ဘာအဆက်ဆက်တက်လျက်ရှိ၏။ သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊ သူ၏နာမတံဆိပ်လက်မှတ်ကိုခံသောသူတို့သည်၊ နေ့ညဉ့်မပြတ်သက်သာမရကြဟု၊ လိုက်၍ကြီး သောအသံနှင့်ပြောဆို၏။ ၁၂ ဘုရားသခင်၏ပညတ်တို့ကို၎င်း၊ ယေရှု၏ယုံကြည်ခြင်းကို ၎င်း၊ စောင့်ရှောက်သောသန့်ရှင်းသူတို့သည်ဤအရာ၌သည်းခံစရာအကြောင်းရှိ၏။(ဗျာဒိတ် ၁၄း၉-၁၂)

သခင်ဘုရား၌သေသောသူတို့သည်မင်္ဂလာရှိ
တဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍သခင်ဘုရား၌သေသောသူတို့သည်မင်္ဂလာရှိကြ၏ဟု၊ ရေးထားလော့ဟု ပြောဆိုသည်ကိုငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည်ပင်ပန်းခြင်းငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့သည်လည်း၊ သူတို့နှင့်အတူလိုက်ကြ၏ဟုမိန့်တော်မူ၏။ (ဗျာ ၁၄း၁၃)

လည်ပင်းဖြတ်ခံသူများရှင်ပြန်၍ခရစ်တော်နှင့်အုပ်စိုးမည်
ပလ္လင်များကိုလည်းငါမြင်၏၊ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည်၊ တရားစီရင်ရသောအခွင့်ကိုရကြ၏။ သားရဲနှင့်သူ၏ရုပ် တုကိုမကိုးကွယ်၊ သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌မခံ၊ လက်၌မခံဘဲနေ၍၊ ယေရှု၏ သက်သေခံတော်မူချက်နှင့်ဘုရားသခင်၏နှုတ် ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကိုခံရသော သူတို့၏ဝိညာဉ်များကိုငါမြင်၏။ သူတို့သည်အသက်ရှင်၍အနှစ်တထောင်ပတ် လုံးခရစ်တော်နှင့်အတူ စိုးစံရကြ၏။(ဗျာ ၂၀း၄)

အသင်းတော်သစ်ဖွင့်ခြင်း

ဘုရားသခင်၏ကျေးဇူးတော်ကြောင့်စက်တင်္ဘာလ ၂၄ ရက်စနေနေ့တွင် သတင်းကောင်းနှစ်ခြင်းအသင်း တော်သစ်ကို North Carolina, Charlotte မြို့တွင်အောင်မြင်စွာ၊ ဘုရားသခင်ကဖွင့်လှစ်ခွင့်ပြုပါသည်။ ထိုအသင်းတော်ကိုသာသနာပြုဆရာ စတီဗင် အင်ပီးကဦးဆောင်၍၊ အသင်းသား ၂၆ ဦးဖွင့်စတင်ခြင်းဖြစ်ပါသည်။ နောက်တနေ့တနင်္ဂနွေတွင်နောက်ထပ်အ သင်းသားတအိမ်ထောင်ပါဝင်သောကြောင့် အသင်းသား ၃၁ သို့တိုးတက်ပါသည်။ အသင်းတော်ဖွင့်ပွဲတွင်၊ မြို့အသီးသီးမှသတင်းကောင်းနှစ်ခြင်းအသင်းသားများနှင့်ဓမ္မမိတ်ဆွေများလာရောက်အားပေးသောကြောင့်လူ ၂၀၀ ခန့် ပါဝင်နိုင်ပါသည်။ အသင်းတော်ဖွင့်ပွဲအစီအစဉ်ကိုနံနက် ၁၀ နာရီတွင်စတင်၍ ၁၂ နာရီတွင်ပြီးဆုံးအပြီး၊ နေ့လည် စာကို စားသောက်ဆိုင်၌၀လင်စွာစားသောက်ပြီးနောက်၊ ပြန်သွားကြပါသည်။ သာသနာပြုဦးဆောင်သူဆရာ မောဇက်တို့လင်မယားသည်တနင်္ဂနွေနေ့ဝတ်ပြုခြင်း၌ဒေသနာဝေငှခြင်းပေးပြီး၊ ညပိုင်းတွင်ကျမ်းစာသင်တန်း  ဖြင့်ပါဝင်သွားခဲ့ပါသည်။ ဦးဆောင်သူဆရာစတေဗင်နှင့်သူ၏ဇနီးနဲမယ်ကို၎င်း၊ အသင်းသူအသင်းသားများ ဝိညာဉ်ရေးရာ၌ကြီးထွားရင့်ကျက်ပြီး၊ ပျောက်ဆုံးဝိညာဉ်များဖမ်းခြင်း၌တတတ်တအားပါဝင်လုပ်ဆောင်နိုင်ဘို့ ရန်၎င်း၊ ဆုတောင်းအားပေးကြပါစို့။

No description available.

Charlotte GBC members များကိုအမှုတော်ဆောင်များကအပ်နှံဆုတောင်းပေးနေပုံ       

 

                 Warning and advice from the Bible

How are you? I write this letter incase the rapture taken place and you are left behind. You will surely afraid and would not know what to do. Some of your loved ones may be disappeared and you have no idea why they don’t answer their phone. Their cars may still park at the parking lot. Their briefcases or wallets are at their place. But you cannot find them. That’s because they are already caught up at the sky by their savior Jesus Christ to be with Him. That is called the rapture of the saints. We can see about those in the Bible. Here are some verses:

 Jesus said to her, “I am the resurrection and the life; the one who believes in Me will live, even if he dies, 26 and everyone who lives and believes in Me will never die. (John 11:25-26) The first group are resurrected saints and the second group are translated saints.

51 Behold, I am telling you a mystery; we will not all sleep(died), but we will all be  changed, 52 in a moment, in the twinkling of an eye, at the last trumpet; for the trumpet will sound, and the dead will be raised imperishable, and we will be changed. 53 For this perishable must put on the imperishable, and this mortal must put on immortality.(1 Corinthians 15:51-53)

13 But we do not want you to be uninformed, brothers and sisters, about those who are asleep (physical dead), so that you will not grieve as indeed the rest of mankind do (unbelievers), who have no hope. 14 For if we believe that Jesus died and rose from the dead, so also God will bring with Him (their spirit from heaven to their body was laid) those who have fallen asleep through Jesus. 15 For we say this to you by the word of the Lord, that we who are alive and remain until the coming of the Lord will not precede those who have fallen asleep. 16 For the Lord Himself will descend from heaven with a shout, with the voice of the archangel and with the trumpet of God, and the dead in Christ will rise first. 17 Then we who are alive, who remain, will be caught up together with them in the clouds to meet the Lord in the air, and so we will always be with the Lord.(1 Thessalonians 4:13-17)

 37 For the coming of the Son of Man will be just like the days of Noah. 38 For as in those days before the flood they were eating and drinking, marrying and giving in marriage, (not preparing for their spirit) until the day that Noah entered the ark, 39 and they did not understand until the flood came and took them all away; so will the coming of the Son of Man be. 40 At that time there will be two men in the field; one will be taken and one will be left. 41 Two women will be grinding at the mill; one will be taken and one will be left.(Matthew 24:37-41)

Now as Jesus foretold two thousand years ago, it’s happenning as you see. Those who believed and received Jesus Christ as God and savior are taken away to heaven. Unfortunately you are left behind now.

Here are some advise from God in the bible

World situation will be changed dramatically and quickly. This world will be ruled by one man (dictator) and everyone will required to worship him. Here is the Bible verses:

The dragon stood on the shore of the sea. And I saw a beast (world dictator) coming out of the sea. It had ten horns and seven heads, with ten crowns on its horns, and on each head a blasphemous name. The beast I saw resembled a leopard, but had feet like those of a bear and a mouth like that of a lion. The dragon(Satan) gave the beast(world dictator) his power and his throne and great authority. One of the heads of the beast seemed to have had a fatal wound, but the fatal wound had been healed. The whole world was filled with wonder and followed the beast. People worshiped the dragon because he had given authority to the beast, and they also worshiped the beast and asked, “Who is like the beast? Who can wage war against it?”

The beast was given a mouth to utter proud words and blasphemies and to exercise its authority for forty-two months. It opened its mouth to blaspheme God, and to slander his name and his dwelling place and those who live in heaven. It was given power to wage war against God’s holy people and to conquer them. And it was given authority over every tribe, people, language and nation. All inhabitants of the earth will worship the beast—all whose names have not been written in the Lamb’s book of life, the Lamb who was slain from the creation of the world. (Revelation 13:1-8)

This world dictator will require everyone to worship him and get his mark. With out his mark that is 666 (eighteen digits in three groups) no one will able to sell or buy. Paper curency will be no longer used. Everyone needs to use the mark of the world dictator.

11 Then I saw a second beast, coming out of the earth. It had two horns like a lamb, but it spoke like a dragon. 12 It exercised all the authority of the first beast on its behalf, and made the earth and its inhabitants worship the first beast, whose fatal wound had been healed. 13 And it performed great signs, even causing fire to come down from heaven to the earth in full view of the people. 14 Because of the signs it was given power to perform on behalf of the first beast, it deceived the inhabitants of the earth. It ordered them to set up an image in honor of the beast who was wounded by the sword and yet lived. 15 The second beast was given power to give breath to the image of the first beast, so that the image could speak and cause all who refused to worship the image to be killed. 16 It also forced all people, great and small, rich and poor, free and slave, to receive a mark on their right hands or on their foreheads, 17 so that they could not buy or sell unless they had the mark, which is the name of the beast or the number of its name.18 This calls for wisdom. Let the person who has insight calculate the number of the beast, for it is the number of a man. That number is 666. (Revelation 13:11-18)

Here is the advice: don’t worship the world ruler. But it would not easy. You will beheaded for denying the order. But it’s worth it. See this verse:

Then a third angel followed them, saying with a loud voice, “If anyone worships the beast and his image, and receives his mark on his forehead or on his hand, 10 he himself shall also drink of the wine of the wrath of God, which is poured out full strength into the cup of His indignation. He shall be tormented with fire and brimstone in the presence of the holy angels and in the presence of the Lamb. 11 And the smoke of their torment ascends forever and ever; and they have no rest day or night, who worship the beast and his image, and whoever receives the mark of his name.”12 Here is the patience of the saints; here are those who keep the commandments of God and the faith of Jesus.13 Then I heard a voice from heaven saying to me, “Write: ‘Blessed are the dead who die in the Lord from now on.’ “Yes,” says the Spirit, “that they may rest from their labors, and their works follow them.” (Revelation 14:9-13)

By worshiping the world leader you would have a temporary releaf. But you will suffer the wrath of God in hell forever and ever. If you choose dead rather than life, you will be saved for ever and ever. Here is the Bible verse:

And I saw thrones, and they sat on them, and judgment was committed to them. Then I saw the souls of those who had been beheaded for their witness to Jesus and for the word of God, who had not worshiped the beast or his image, and had not received his mark on their foreheads or on their hands. And they lived and reigned with Christ for a thousand years. But the rest of the dead did not live again until the thousand years were finished. This is the first resurrection. Blessed and holy is he who has part in the first resurrection. Over such the second death has no power, but they shall be priests of God and of Christ, and shall reign with Him a thousand years. (Revelation 20:4-6)

Before the Rapture

You can escape the whole difficuties now. That is before the rapture by receiving Jesus Christ as God, savior and LORD. By prayer like these you can accept Him in your life. Here is a suggestion prayer:  Dear Jesus Christ, I really accept You as my God and Savior. Come in to my heart. I open my heart to let You come in. Be my God and master. I give my life to rule by your will. Amen.

After the Rapture

It’s too late. But you still has a hope. Deny to worship world dictator and choose dead. It might hard but it’s worth it. God will give you strength to edure. May God open your spiritual eyes and strengthen you to accept Jesus Christ as God and savior.

With love Moses Cung

Note: This year trumpet feast is September 26-27.