BOOKSTORE
HOME  BOOKSTORE  WHY JESUS CAME TO THE WORLD

 

အဘယ့်ကြောင့် ခရစ်တော်

လောကသို့ကြွလာ

MOSES R CUNG

 

ခရစ္စမတ်ပွဲတော်သည် ခရစ်တော်ဘုရား၏ လူဇာတိခံယူခြင်း၊ တနည်းအားဖြင့် လူသားအဖြစ်မွေးဖွားခြင်း၊ မွေးနေ့တော်ကို ကြိုဆိုခြင်းဖြစ်သည်။ သို့သော် ခရစ္စမတ်ပွဲ၌ ခရစ်တော် မပါတော့ဘဲ ပျော်ပွဲရွှင်ပွဲ၊ စားသောက်ပွဲ၊ လက်ဆောင်ပေးပွဲသက်သက် ဖြစ်သွားသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရသည်။ မွေးနေ့ရှင် ခရစ်တော်အစား စန်တာကလော့ (Santa Clause) သိုးများအစား နှာခေါင်းနီသမင် (Red nose rein deer) ပညာရှိများအစား စနောမဲန်း (Snow-man)၊ ကောင်းကင်တမန် များ၏ ချီးမွမ်းခြင်း သီချင်းများအစား ဘာမျှမဆိုင်သောသီချင်းများကိုသာ ဦးစားပေး သီဆို၊ တေးမှုတ်၊ ထုတ်ဖေါ်၊ အရေးပေးနေကြသည်။ ခရစ်တော်သည် ဤလောကသို့ ကြွရောက် လာသောအခါ၊ ရည်ရွယ်ချက်များစွာရှိသည်။ သို့သော် ထိုရည်ရွယ်ချက်များကို အလေးမပေး၊ မပြောမဟောကြ။ ထို့ထက် မည်ကဲ့သို့မွေးဖွားကြောင်းများကို နှစ်စဉ်အလေးပေးဟောပြောကြသည်။ ခရစ်တော် မည်ကဲ့သို့ မွေးဖွားကြောင်း သိဘို့ရန် လိုအပ်၍ သိရှိရန်လည်း ကျမ်းစာထဲ၌ ရေးသားထားပါသည်။ သို့သော် မည်ကဲ့သို့ မွေးဖွားသည်ထက် မည်သည့်အတွက်လာကြောင်း သိဘို့ရန်လိုအပ်သည်။ သို့မှသာ သူလာရခြင်း၏ အကျိုးကျေးဇူးများကို ခံစား နိုင်မည်ဖြစ်သည်။ ယခုမူ၊ မည်သည့်အတွက် ခရစ်တော် လာသနည်း၊ ဟုမေးလျှင် အပြစ်သားများကို ကယ်တင်ရန်ဟူ၍သာ အကြမ်းဖျင်းသိကြသည်။ ခရစ်တော်လာရခြင်းသည် အကြောင်းရင်းများစွာရှိသည်။ ထိုအရာများကို သိရှိ၍ အကျိုးခံစားခြင်းသည်သာလျှင် ခရစ္စမတ်ပွဲ ကျင်းပကျိုးနပ်ပေမည်။ ခရစ်တော်လောကသို့ ကြွရောက် လာရခြင်း၌ ရည်ရွယ်ချက် များစွာရှိ၍ အကျိုးများစွာ ခံစား နိုင်သည်။ ထိုရည်ရွယ်ချက်များမှာ၊

.

မာတိကာ

၁။ ဘုရားသခင်၏ ပုံသဏ္ဍာန်ကို ဖေါ်ပြရန်

၂။ လူသားများကို စကားပြောရန်

၃။ အပြစ် စီရင်ခြင်းမှ ကယ်တင်ရန်

၄။ ထာဝရအသက်ပေးရန် 

၅။ ပျောက်သောသူတို့ကိုရှာရန် 

၆။ အစေ​ကျွန်ခံရန် 

ရ။ ခမည်းတော် ခိုင်းသောအမှုကို ဆောင်ရွက်ရန် 

ဂ။ မျက်စိကန်းသော သူတို့ကို မျက်ရှိမြင်စေရန် 

၉။ မျက်စိမြင်သည်ဟု ထင်သော သူတို့ မျက်ကန်းစေရန်

၁၀။ ငြိမ်သက်ခြင်း ပေးရန်

၁၁။ ဓါးပေးရန်

၁၂။ အလင်းဖြစ်ရန်

၁၃။ စာတန်မာရ်နတ်၏ အမှုကို ဖျက်ရန်

၁၄။ ပညတ်တော်ကို ပြည့်စုံစေရန် 

၁၅။ ပညတ်တရား၏ ကျိန်ခြင်း ခံရန်

၁၆။ အသက် လွတ်ရုံမျှမကအသက်နှင့် ပြည့် စုံစေရန်

၁ရ။ လမ်းခရီးဖြစ်ရန်

၁၈။ ယဇ်ကောင် အဖြစ်ပူဇော်ခြင်းခံရန် 

၁၉။ လူနှင့် ဘုရားရန်ငြိမ်းစေရန် 

၂၀။ လူလူချင်းရန် ငြိမ်းစေရန် 

၂၁။ လူသားများနှင့်အတူ နေရန် (ဧမာနွေလ)

၂၂။ ပုံသက်သေဖြစ်ရန် 

၂၃။ ထိမိ၍လဲစရာကျောက် ဖြစ်ရန်

၂၄။ ဤလောက၏ အပြစ်များကို ယူတင်ဆောင်ရွက်ရန်

၂၅။ ပသခါသိုးသူငယ်အဖြစ် အသေခံရန်

၂၆။ အသက်မုန့်ဖြစ်ရန်

၂ရ။ အဦးသီးသောအသီးဖြစ်ရန် 

၂၈။ သေခြင်းကိုအောင်မြင်ရန် 

၂၉။ လူများကိုဖြောင့်မတ်ခြင်း ပေးရန် 

၃၀။ သိုးထိန်းဖြစ်ရန် 

၃၁။ ဘုရားသခင်၏ မေတ္တာကို ဖေါ် ပြရန် 

၃၂။ ကျမ်းစာပြည့်စုံစေရန် 

၃၃။ အနာရောဂါများကို ယူတင်ဆောင်ရွက်ရန်

၃၄။ နိင်ငံတော်တည်ထောင်ရန် 

၃၅။ ရှင်ဘုရင်ဖြစ်ရန်

၃၆။ သမ္မာတရားကိုဖေါ်ပြရန်

၃ရ။ လူဟောင်းကိုသေစေရန်

 ၃၈။ ဇာတိကိုသေစေရန် 

၃၉။ လောကကိုသေစေရန်

၄၀။ အသင်းတော်တည်ထောင်ရန်

၄၁။ ကျေးဇူးတပါးပြီး တပါးထပ်ဆင့်၍ ပေးရန်

၄၂။ မိသားစုအတွင်းကွဲပြားရန် 

၄၃။ ဣသရေလ လူအများ လဲဘို့ရန်နှင့် ထဘို့ရန်

၄၄။ မယ်တော်မာရိ၏ စိတ်နာစေရန် 

၄၅။ လူအများ၏ အကြံထင်ရှားစေရန် 

 ၄၆။ ဆင်းရဲသားတို့အား သတင်းကောင်း ကြားပြောရန်

ရ။ စိတ်နှလုံးကြေမွသော သူတို့၏ အနာကို စည်းရန်

၄၈။ဘမ်းသွား ချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ရန်

၄၉။ ထာဝရဘုရား၏ မင်္ဂလာနှစ်များကို ကြားပြောရန်

၅၀။ ပဋိညာဉ်တရားသစ်အတွက် အသွေးသွန်းရန်      

၅၁။ ကျွန်ုပ်တို့ကိုယ်စားဆင်းရဲခံ၍ချမ်းသာစေရန် 

၅၂။ အသက်ရေပေးရန်

၁။ ဘုရားသခင်၏ ပုံသဏ္ဍာန်ကို ဖေါ်ပြရန်(ယော ၁:၁၈)

 "လူသားများသည် ဘုရားသခင်ကို မမြင်စဖူး။ ခမည်းတော်၏ ရင်ခွင်၌ ရှိသော သားတော်သည် ခမည်းတော်ကို ထင်ရှားစေသည်။ ခရစ်တော်က၊ “ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်ပြီ” ဟုဆိုခဲ့သည် (ယော ၁၄:၈)။ ကမ္ဘာဦးကျမ်း ၁:၂၆ ၌ ဘုရားသခင်သည် လူကိုမိမိပုံသဏ္ဍာန်တော်နှင့် အညီဖန်ဆင်းသည် ဟုဆိုသည်။ ထို့ကြောင့် ဘုရားသခင်သည် မည်ကဲ့သို့သော ပုံပန်းသဏ္ဍာန်ရှိသနည်း၊ လူကဲ့သို့သော ပုံပန်းသဏ္ဍာန်ရှိသလော သို့မဟုတ်မည် ကဲ့သို့သော ပုံသဏ္ဍာန်ရှိသနည်းဟု လူသားများကသိချင်ကြသည်။ ထို့ကြောင့်ဘုရားသခင်သည် လူကဲ့သို့သော ပုံပန်းသဏ္ဍာန်ရှိကြောင်းကိုသားတော် ကထင်ရှားစေသည်။ သို့သော်သားတော်သည် ဘုန်းစည်းစိမ်ကို ထားခဲ့သောကြောင့် လူများက သူ့ကိုမကြောက်ကြ၊ မရိုသေကြချေ။ ဘုရားသားဖြစ်သည်ဟုလည်း မယုံကြည်ကြချေ။ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် ခရစ်တော်၏ ဘုန်းတော်ကို မောရှေ၊ ဧလိယတို့နှင့် တောင်ပေါ်၌ တွေ့မြင်ကြသောအခါ အလွန်ကြောက်ရွံခဲ့ကြသည် (မဿဲ ၁ရး၁-၈)။ သူ့ရင်ခွင်၌ လျောင်းတတ်သော တမန်တော် ယောဟန်သည် ခရစ်တော်ကို သူ၏ဘုန်းနှင့် ပြန်တွေ့သောအခါ၊ သေမတတ်ကြောက်သည် ဟုဆိုသည် (ဗျာ ၁:၁ရ)။ ယနေ့လူများလည်း ဘုရား၏ဘုန်းတော်ကို မတွေ့ကြသောကြောင့် မကြောက်ကြ၊ ဂရုမစိုက်ကြချေ။ ဘုရား၏ ဘုန်းတော်ကို ဆင်ချင်၍ ကြောက်ရွံ့ရိုသေကြကုန်အံ့။.

၂။ လူသားများကိုစကားပြောရန်(ဟေ ၁:၁)

 ဘုရားသခင်သည် သန့်ရှင်း၍ လူသည် အပြစ်ကြောင့် ညစ်ညူးသည်။ ထို့ကြောင့် ဘုရားနှင့် လူမိသဟာယမပြုနိုင်ချေ။ ဘုရားသခင်က လူကိုစကားပြောလျှင် မိုးချုန်းသည်ဟုထင်သည်။ “အိုအဘ၊ ကိုယ်တော်၏ နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွက်တော်မူ၏။ ထိုအခါ ကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည်၊ ဟုလာ၏။ ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုးချုန်းသည်၊ ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန် မြွက်သည်၊ ဟုဆိုကြ၏။” (ယော ၁၂:၂၈-၂၉) သိနာတောင်ပေါ်မှ ဘုရားစကားပြောသောအခါ လူများအလွန်ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် လူကိုပရောဖက်အားဖြင့်၎င်း၊ အိပ်မက်ရူပါရုံအားဖြင့်၎င်း၊ ကောင်းကင်တမန်အားဖြင့်၎င်း၊ စကားပြောရာမှ နောက်ဆုံးသောအချိန်တွင် သားတော်ကို ဤလောကသို့ စေလွှတ်၍ လူသားများအား စကားပြောသည် (ဟေဗြဲ ၁:၁)။ ထို့ကြောင့် သူ၏နာမကို "နှုတ်ကပတ်တော်" ဟုခေါ်သည် (ယော ၁:၁)။ ယခုအချိန်တွင် ခရစ်တော်ကို လူကိုယ်တိုင်မတွေ့ နိုင်တော့သော်လည်း ကျမ်းစာအားဖြင့် စကားပြောနေသည်။ ကျမ်းစာမဖတ်သောသူသည် ဘုရားသခင်၏ စကားပြောခြင်းကို နားမထောင်ချင် သောသူဖြစ်သည်။.

၃။ အပြစ်စီရင်ခြင်းမှကယ်တင်ရန်(ယော ၃:၁ရ- ၁၈)

 ဘုရားသခင်သည် တရားသူကြီးဖြစ်သည် (ဟေရှာယ ၃၃:၂၂)။ သူ၏တရားရုံးတော်မှ စီရင်ချက်မှာ “အပြစ်၏ အခကား သေခြင်း ပေတည်း။” (ရော ၆:၂၃)။ သို့သော် လူသားများသည် အပြစ်အလျောက်စီရင်ခြင်း ခံပါက သေ၍ ငရဲသွားရန်သာလျှင်ရှိသည်။ ထို့ကြောင့် သားတော်ယေရှုကို ဤလောကသို့စေလွှတ်၍ သူ့အပေါ်၌ လူသားအားလုံး၏ အပြစ်ကိုတင်သည် (ဟေရှာယ ၅၃:၆၊ ယော ၁:၂၉၊ ၂ ကော ၅:၂၁)။ ခရစ်တော်ယေရှုသည် လူသားများအားလုံး၏ အပြစ်ကို လက်ဝါးကပ်တိုင်၌ အသေခံခြင်းဖြင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံခဲ့သည်။ ထိုအရာကို ယုံကြည်လက်ခံလျှင် အပြစ်စီရင်ခြင်းမှ ကင်းလွတ်နိုင်သည် (ယော ၃:၁၈)။ မိတ်ဆွေ၊ ယေရှုခရစ်တော်ကို ယုံကြည်လျှင် အပြစ်စီရင်ခြင်းမှ ကင်းလွတ်နိုင်သည်။ အပြစ်စီရင်ခြင်းမှ ကင်းလွတ်လိုပါသလား။.

၄။ ထာဝရအသက်ပေးရန် (ရော ၆:၂၃၊ ၁ ယော ၅:၁၁-၁၂) 

 လူသည် ဒုက္ခဆင်းရဲခြင်း အမျိုးစုံခံစားသော်လည်း မသေချင်ကြပါ။ အနည်းငယ်နေမကောင်းလျှင် သေမည်စိုးသောကြောင့် ဆေးခန်းသွားရသည်။ ကိုယ်ကာယအသက်ပင်လျှင် ထိုမျှတန်ဘိုးထားရလျှင် ဝိညာဉ်ထာဝရအသက်ရှင်ရမည့်အရာကို သာ၍တန်ဘိုး ထားသင့်သည်။ ဘုရားသခင်သည် မိတ်ဆွေကို ထာဝရအသက်ပေးသည်။ ထိုအသက်သည် သားတော်၌ပါသည်။ သားတော်ကို ရသောသူသည် အသက်ကိုရသည်။ သားတော်ကို မရသောသူမူကား အသက်ကိုမရ (၁ ယော ၅:၁၁-၁၂)။ မိတ်ဆွေ၊ ထာဝရ အသက်ရရန် သားတော်ကို လက်ခံပါ။ ထာဝရအသက်ကို ကုသိုလ်ကောင်းမှု၊ ကောင်းသောအကျင့်၊ ဘာသာရေးထုံးတမ်းများ လိုက်နာခြင်းဖြင့် မရနိုင်ပါ။ ခရစ်တော်လက်ခံခြင်းအားဖြင့်သာ ရရှိနိုင်ပါသည်။ ထာ၀ရအသက် ရရှိလိုပါသလား။ ခရစ်တော်ကို စိတ်နှလုံးထဲ၌ ခေါ်ဘိတ်လက်ခံပါ။.

၅။ ပျောက်သောသူတို့ကိုရှာရန် (လုကာ ၁၉:၁၀) 

 ပစ္စည်းပျောက်သောအခါ ပစ္စည်းသည် သူရှိသောနေရာ၌ ရှိနေသည်။ အမှန်မှာပျောက်ခြင်းသည် ပိုင်ရှင်၏ မျှော်လင့်သောနေရာ၊ ထားသောနေရာ၌ မရှိသောအခါ ပျောက်သည် ဟုဆိုသည်။ ထို့နည်းတူ လူသားများသည် ဘုရားအမြင်၌ ပျောက်နေကြသည်။ သို့သော် လူသားများအနေဖြင့် မသိနိုင်ချေ။ လူသည် အာဒံ၌ ရှိနေသမျှ ဘုရားအမြင်၌ ပျောက်နေသည်။ ထို့ကြောင့် ကောင်းကင် ပြန်လမ်းမသိ။ လောကအရာ တည်းဟူသော ရွှေ၊ ငွေ၊ ဥစ္စာများ ရှာဖွေနေကြသည်။ လောကပျော်ရွှင်မှုများ၌ သာပျော်မွေ့နေသည်။ ထို့ကြောင့် ပျောက်သောလူသားများကို ရှာဘို့ရန် ခရစ်တော်ဘုရား ဤလောကသို့ ကြွရောက်လာသည်။ သူကိုယ်တိုင် ဤသို့ ဆိုသည်၊ လူသားသည် ပျောက်သောသူတို့ကို ရှာ၍၊ ကယ်တင်အံ့သောငှါ ကြွလာသတည်း၊ ဟုဇက္ခဲကိုမိန့်တော်မူ၏။(လုကာ ၁၉း၁၀)။ မိတ်ဆွေ၊ အတွေ့ခံလိုက်ပါ။ သို့ပြုလျှင် အသက်ရရှိပါလိမ့်မည်။ ဤလောကသည် ထာဝရနေရန် ကောင်းသောနေရာမဟုတ်ပါ။ ခရစ်တော်က ဤလောကထက် နှိုင်းဆ၍ မရနိုင်သော ကောင်းကင်ရွှေပြည်သို့ ခေါ်သွားဘို့ရန် မိတ်ဆွေကို ရှာဖွေနေသည်။ ကောင်းကင်နိုင်ငံသို့ သွားလိုပါသလား။ သင်သည် ပျောက်နေကြောင်း သိပါသလား။ .

၆။ အစေ​ကျွန်ခံရန် (ဖိလိ ၂:၅-၈၊ မဿဲ ၂၀:၂၈) 

 မည်သူမဆို​ ကျွန်မခံချင်ကြချေ။ သခင်သာလျှင် ဖြစ်လိုကြသည်။ ​ကျွန်ဖြစ်ရန် မိတ်ဆွေမွေးဖွားလျှင် အလွန်ဝမ်းနည်းပေလိမ့်မည်။ သို့သော်၊ သခင်ယေရှုသည် ဤလောကသို့ ​ကျွန်ခံဘို့ရန် မွေးဖွားခဲ့သည်။ ခမည်းတော်၏ စကား တသဝေမတိမ်း နားထောင်ဘို့ရန် ဤလောကသို့ ဆင်းကြွလာခဲ့သည်။ သခင်ယေရှုကိုယ်တိုင် ဤသို့ဆိုခဲ့သည်၊  "လူသားသည် သူတပါးကို စေစားခြင်းငှာ မလာ၊ သူတပါး အစေကို ခံခြင်းငှာ၎င်း၊ မိမိအသက်ကို စွန့်၍ လူအများကို ရွေးခြင်းငှာ၎င်း၊ ကြွလာသည် ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင် အကဲအမှူး ပြုလိုသောသူကို သင်တို့အစေခံ ဖြစ်စေ။ သင်တို့တွင် အထွဋ်အမြတ် လုပ်ချင်သော သူကိုလည်း သင်တို့​ကျွန် ဖြစ်စေ၊ ဟုမိန့်တော်မူ၏။" (မဿဲ ၂၀း၂ရ-၂၈) ပေါလုက၊  "ထိုသခင်သည် ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် ပြည့်စုံတော်မူသည် ဖြစ်၍၊ ဘုရားသခင်နှင့်ပြိုင်သောအမှုကို၊ လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊ မိမိအသရေကိုစွန့်၍၊ အစေခံ​ကျွန်၏သဏ္ဍာန်ကို ယူဆောင်လျက်၊  လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။" (ဖိလိပ္ပိ ၂း၆-ရ) ဟုစာရေးခဲ့သည်။ ထို့ကြောင့် ခရစ်တော်သည် ဤလောက၌ နေစဉ်ကာလ ၃၃ နှစ်အတွင်း သခင်ကဲ့သို့မနေ၊ ​ကျွန်ကဲ့သို့နေသွားခဲ့သည်။ ​ကျွန်မည်သည်ကား သခင်၏စကားကို ပြန်မပြောဘဲ နားထောင်ရသည်။ ထို့နည်းတူ သခင်ယေရှုလည်း ခမည်းတော်ဘုရား၏ စကားကို မြေဝယ်မခ နားထောင်ခဲ့သည်။ ထိုသို့နားထောင်သောကြောင့်လည်း လူသားများကို ကယ်တင်နိုင်ခဲ့သည် မဟုတ်လော။ ထိုပုံသက်သောကိုကြည့်၍ ယုံကြည်သူများလည်း သခင်စိတ်မရှိဘဲ ​ကျွန်စိတ်ဖြင့် ဘုရားသခင်နှင့် လူသားများကို အစေခံသင့်သည်။.

ရ။ ခမည်းတော်ခိုင်းသောအမှုကို ဆောင်ရွက်ရန် (ယော ၅:၃၀) 

 ခရစ်တော်သည်လောက၌ မိမိအလိုဆန္ဒအတိုင်း အသက်ရှင်ရန် လာသည်မဟုတ်။ ခမည်းတော်ခိုင်းသော အမှုကို ပြီးစီးအောင် ဆောင်ရွက်ရန် လာခဲ့ကြောင်းကို သူကိုယ်တိုင် ဤသို့ဆိုခဲ့သည်၊ “ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာဖြစ်၏။” (ယော ၄:၃၄)။ ခရစ်တော်က ထိုသို့ပြောသောအခါ ရှမာရိအမျိုးသမီးကို ကယ်တင်ခြင်းအကြောင်း ပြောခြင်းကိုဆိုလိုသည်။ ခရစ်တော်သည် ခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်ခြင်း၌ အလွန်အားရ ဝမ်းမြောက်သည်။ ထိုအလိုတော်ကို ဆောင်ရွက်ရာ၌လည်း တဝက်တပြတ် မဟုတ်ဘဲ ပြီးစီးအောင် ဆောင်ရွက်ချင်သည်။ ခရစ်တော်ပင်လျှင် ထိုသို့ခမည်းတော်၏ အမှုတော် ပြီးစီးအောင် ဆောင်ရွက်လိုလျှင်၊ ယုံကြည်သူများလည်း ဘုရားပေးသော အမှုတော်မြတ်ကို ပြီးစီးအောင် ဆောင်ရွက်သင့်သည်။ ယခုတွင်မူ ခမည်းတော် အမှုဆောင်ရွက်ခြင်းထက် မိမိတို့အလိုကို ဆောင်ရွက်နေကြသည် မဟုတ်လော။ ခရစ်တော်သည် ခမည်းတော်၏ အမှုဆောင်ရွက်ရာတွင် အစာစားစရာပင် မလိုတော့လောက်အောင် ဝမ်းမြောက်သည်ကို ဤသို့တွေ့ရသည်၊ “တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကို သုံးဆောင်တော်မူပါဟု တောင်းပန်ကြလျှင်၊ သင်တို့မသိသော စားစရာသည် ငါ၌ရှိသည်ဟု မိန့်တော်မူ၏။" (ယော ၄:၃၁-၃၂)။ မိတ်ဆွေ၊ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ဘူးပါသလား။ ဆောင်ရွက်လိုပါသလား။ .

ဂ။ မျက်စိကန်းသော သူတို့ကို မျက်စိမြင်စေရန် (ယော ၉:၃၉) 

 လူသည်ကိုယ်ကာယမျက်စိသာမြင်၍ ဝိညာဉ်မျက်စိကန်းကြသည်။ ထို့ကြောင့် ငရဲကျမည့် အရာကိုလည်းမကြောက်၊ ကောင်းကင်းတက်မည့် အရာကိုလည်း လိုချင်စိတ်မရှိ။ လောကအရာကိုသာ မြင်သောကြောင့် လောကအရာကိုသာ စွဲလန်း၍ တပ်မက် ရှာဖွေနေကြသည်။ ထို့ကြောင့် ဝိညာဉ်မျက်စိ ပြန်မြင်စေခြင်းငှါ ခရစ်တော်ကြွလာသည်။ “ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူသည် မျက်စိကန်း စေခြင်းငှါ၎င်း၊ ငါသည်တရားစီရင်၍ ဤလောကသို့ ရောက်လာပြီ၊ ဟုမိန့်တော်မူ၏။” (ယော ၉:၃၉)။ သို့သော် မိတ်ဆွေသည် ဝိညာဉ်မျက်စိ ကန်းနေသေးလျှင်၊ ခရစ်တော် ဤလောကသို့ လာရကျိုးမနပ်ချေ။ သင်၏ဝိညာဉ်မျက်စိ မြင်နိုင်ဘို့၊ သခင်ယေရှုထံလာပါ။.

၉။ မျက်စိမြင်သည်ဟု ထင်သောသူတို့ မျက်ကန်းစေရန်(ယော ၉:၃၉)

ဖာရိရှဲအချို့တို့သည် ထိုစကားကို ကြားလျှင်၊ ငါတို့သည် မျက်စိကန်း သလော၊ ဟုမေးကြ၏။ ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည် မှန်လျှင် အပြစ်မရှိ။ ငါတို့မျက်စိမြင်သည်၊ ဟုယခုဆိုကြ၏။ ထိုကြောင့် သင်တို့၌ အပြစ်တည်သည်၊ ဟုမိန့်တော်မူ၏။” (ယော ၉:၄၀-၄၁) ဖာရိရှဲတို့သည် မျက်စိမြင်သည်၊ ဟုထင်ကြသည်။ ကိုယ်ကာယမျက်စိ မြင်ကြပါသည်။ သို့သော် ဝိညာဉ်မျက်စိကန်း နေကြသည်။ ဇာတိမျက်စိ တည်းဟူသော လောကပညာတတ်ခြင်း၊ သိနားလည်ခြင်း၊ ​ကျွမ်းကျင်ခြင်းများကို အားကိုး၍ အဟုတ်ကြီး ထင်နေသောသူများသည် ဝိညာဉ်မျက်ကန်းများဖြစ်သည်။ ထိုသူများသည် မိမိတို့ပညာဖြင့် ဘုရားပေးသောအရာကို မသိကြ။ ရှင်ပေါလုက၊ ဇာတိပကတိလူသည်၊ ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကိုမခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်၊ ဟုထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။(၁ ကော ၂း၁၄) ဟုဆိုသည်။  ခရစ်တော်သည် ဇာတိလူများကို မျက်စိမကန်းစေသော်လည်း၊ သူတို့၏ မာန်မာနကြောင့် ထိုသူတို့ကို မျက်စိကန်းစေဘို့ရန် ခရစ်တော် ကြွလာသည် ဟုဆိုရခြင်းဖြစ်သည်။ ထိုအုပ်စုထဲ၌ မိတ်ဆွေ မပါဝင်ပါစေနှင့်။.

၁၀။ ငြိမ်သက်ခြင်းပေးရန်(ယော ၁၄:၂ရ) 

 ခရစ်တော်သည် ငြိမ်သက်ခြင်း၏ အရှင်ဖြစ်သည် (ဟေရှာ ၉:၆)။ ဤလောက၌ငြိမ်သက်ခြင်းမရှိ။ တိုင်းနိုင်ငံအလိုက်သော်၎င်း၊ မိသားစုအတွင်း၌ သော်၎င်း၊ တဦးချင်း၌သော်၎င်း၊ ငြိမ်သက်မှုမရှိ။ ထို့ကြောင့်ခရစ်တော်က၊ “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။” (ယော ၁၄:၂ရ) ဟုဆိုသည်။ ထိုငြိမ်သက်ခြင်းရှိမှမိတ်ဆွေသည် အသက်ရှင်ရကျိုးနပ်ပေမည်။ ငြိမ်သက်ခြင်း၏ အရှင်ကိုလက်ခံကြစို့။ .

၁၁။ ဓါးပေးရန်(မ ၁၀:၃၄) 

 ခရစ်တော်သည် ငြိမ်သက်ခြင်း ပေးဘို့ရန် ကြွလာသော်လည်း စာတန်နှင့် သူ၏ အပေါင်းပါများသည် သူ့ကိုလက်မခံကြ။ ထိုသူများသည် ခရစ်တော် လက်ခံသောသူများကို ရန်ပြု၍ နှောက်ယှက်ပေးနေမည်ဖြစ်သည်။ ထို့ကြောင့်မိသားစုအတွင်း၌၎င်း၊ အသင်းတော်အတွင်း၌၎င်း၊ အဖွဲ့အစည်းအသိုင်းအဝိုင်း၌၎င်း၊ ခရစ်တော်လက်ခံသောသူနှင့် လက်မခံသောသူတို့သည် ပြသနာရှိနေမည်ဖြစ်သည်။ ထို့ကြောင့်ခရစ်တော်က၊ “မြေပေါ်သို့ ငြိမ် သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟု မထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်သောငှါ ငါလာသည်မဟုတ်။ ဓါးကိုစေလွှတ်အံ့သောငှါ ငါလာသတည်း။ အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့်ချွေးမ အချင်းချင်းကွဲပြားစေခြင်းငှာ ငါလာသတည်း။ ကိုယ်အိမ်သူ အိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည်။” ဟုဆိုခဲ့သည် (မဿဲ ၁၀:၃၄-၃၆)။ အဘယ်ကြောင့် ခရစ်တော်သည် ဓါးပေးဘို့ရန်ကြွလာသနည်း။ အမှန်မှာ လူတိုင်း ခရစ်တော်ကို လက်ခံလျှင် ငြိမ်သက်ခြင်းရှိမည် ဖြစ်သော်လည်း၊ ခရစ်တော်ကို အမှန်တကယ် လက်မခံဘဲ အပေါ်ယံသာ လက်ခံသောသူများကြောင့် ခရစ်တော်သည် ဓါးပေးဘို့ရန် လာသလိုဖြစ်လာသည်။ ထိုမျှသာမက ခရစ်တော်ကို လုံးဝလက်မခံသောသူများက လက်ခံသောသူများကို ရန်ပြုကြ သောကြောင့်၊ ခရစ်တော်သည် ဓါးပေးသလိုဖြစ်သည်။ .

၁၂။ အလင်းဖြစ်ရန်(ယော ၉:၅) 

 ဤလောကသည် စာတန်အုပ်စိုးသောကြောင့် ဝိညာဉ်ပိုင်း၌ မှောင်မိုက်အတိဖြစ်သည်။ မှောင်မိုက်သည် အပြစ်လုပ်ဘို့ရန်မှတပါး အဘယ်အရာအတွက် မျှမကောင်းချေ။ လူများသည် မှောင်မိုက်၌ စမ်းတဝါးဝါးသွားလာ ကြသောကြောင့် ခလုပ်တိုက်ကြသည်။ အချင်းချင်းတိုက်ခိုက်ကြသည်။ ထို့ကြောင့် အလင်းပေးဘို့ရန် ခရစ်တော်သည် ဤလောကသို့ ကြွလာကြောင်း သူကိုယ်တိုင် ဤသို့ ပြောခဲ့သည်၊ “ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏ အလင်းဖြစ်၏။” (ယော ၉:၅)။ သို့သော်မိတ်ဆွေသည် အမှောင်ထဲ၌ ရှိနေသေးလျှင် ဝမ်းနည်းစရာဖြစ်သည်။ ခရစ်တော်လာရကျိုးနပ်အောင် အလင်းထဲသို့ဝင်လာပါ။ မည်ကဲ့သို့အလင်းရမည်နည်းဟူမူကား အလင်းတည်းဟူသော ခရစ်တော်ကို မိမိ၏ကယ်တင်ရှင်အရှင်သခင် အဖြစ် လက်ခံရမည်။.

၁၃။ စာတန်မာရ်နတ်၏ အမှုကို ဖျက်ရန်

 စာတန် မာရ်နတ်သည် တန်ခိုးရှိသည်။ လူသားများကိုလည်း နှိပ်စက်ညှင်းဆဲလျက် ​ကျွန်ခံစေသည်။ လူသားများသည် စာတန်ကျွန်ခံရသောကြောင့် ဘုရားအလိုတော် မသိနိုင်မလိုက်နိုင်ကြ။ ထို့ကြောင့်မာရ်နတ်၏အမှုများကို တိုက်ဖျက်ဘို့ရန် သခင်ယေရှုလောကသို့ ကြွလာခဲ့သည်။ ကျမ်းစာက၊ “မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူ ဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကိုပြု၏။ ထိုသူသည် မာရ်နတ်နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။”  (၁ ယော ၃း၈) ဟုရေးထားသည်။ ထိုအမှုကိုလည်း ပြီးစီးပြီ ဖြစ်သော်လည်း မြောက်များစွာသော လူသားများသည် မလိုအပ်ဘဲ စာတန်၏ကျွန်ခံနေကြဆဲဖြစ်သည်။ မိတ်ဆွေလည်း စာတန်ကျွန်မခံတော့ဘဲ ဘုရားသခင်၏ ​ကျွန်ခံဘို့ရန် တိုက်တွန်းလိုပါသည်။ မည်ကဲ့စာတန် ကျွန်မှ လွတ်နိုင်မည်နည်း။ ခရစ်တော်၏ စာတန်အပေါ်အောင် နိုင်ခြင်းကို ယုံကြည်၍ ခရစ်တော်ကိုမိမိ၏ ကယ်တင်ပိုင်ရှင်အရှင်သခင်ဖြင့် လက်ခံလိုက်လျှင် စာတန်ကျွန်မှလွတ်နိုင်သည်။ မိတ်ဆွေလက်ခံမည်လော။.

၁၄။ ပညတ်တော်ကို ပြည့်စုံစေရန် (မဿဲ ၅:၁ရ) 

 လူသားများသည် အပြစ်သား ဖြစ်ပြီး နောက် ဘုရားသခင် ထံပြန်လည်ရောက်ရှိဘို့ရန် ကိုယ့်နည်းကိုယ့်ဟန်နှင့် ကြိုးစား ကြသည်။ သို့သော် ဘုရားသခင်၏ စံနှုန်းကို လူ့အစွမ်း အစအားဖြင့် မမှီနိင်ပါ။ သို့သော် လူအနေဖြင့် လက်မမြှောက်သောအခါ ဘုရားသခင်သည် သူ၏ စံချိန်ကို ပညတ်တော်အားဖြင့် ဖေါ်ပြပါသည်။ ပညတ်တရားသည် လူ၏ အပြစ်ကို ဖေါ်ပြဘို့ရန် ဖြစ်သည် (ရော ၃:၂၀)။ လူသည် ဘုရား ပေးသော ပညတ်များကို နားမလည်ဘဲ ဇာတိအားဖြင့် လိုက်လျှောက်ဘို့ရန် ကြိုးစား ကြသည်။ သို့သော် မည်သူမျှမလိုက်လျှောက်နိင်ချေ။ ပို၍ ဆိုးသည် မှာလူသည် ပညတ်တော်များကို မလိုက်လျှောက်နိင်ကြောင်းကို မသိ။ ထိုကြောင့် ပြသနာ မရှိဟု ထင် နေသည်။ ခရစ်တော်သည် ထိုပညတ်များကို ပြည့်စုံစေဘို့ရန် ကြွ လာသည်။ မည်သို့ ပြည့်စုံစေသနည်းဟူမူကား ဝတ်ပြုခြင်း ဆိုင်ပညတ် ဖြစ်သော ယဇ်ပူဇော်ခြင်းများဖြစ်သည့် ပသခါပွဲ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မိဿဟာယယဇ်၊ အပြစ် ​ဖြေရာယဇ်၊ ဒုစရိုက် ​ဖြေရာယဇ်များ အားလုံး ကို ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်၌ ပူဇော်ခံခြင်း အားဖြင့်ပြီး ပြည့် စုံစေသည်။ ထိုအရာများကို သိရှိ နားလည်ရန်လိုသည်။ ထိုမျှမက လူသည် ခရစ်တော်ကို လက်ခံ၍ မိမိအသက်တာကို အုပ်စိုးစေသောအခါ ခရစ်တော်သည် ထိုသူ အထဲမှကိုယ်ကျင့်တရား ပိုင်း ဆိုင်ရာ ပညတ်တော်များကို ပြည့်စုံ စေသည်။ ထို့ကြောင့် ခရစ်တော်က ပညတ်တော်များပြည့်စုံစေဘို့ရန် လာသည် ဟုဆို ရခြင်း ဖြစ်သည်။.

၁၅။ ပညတ်တရား၏ ကျိန်ခြင်း ခံရန်(ဂလာ ၃:၁၃) 

 လူသည် ပညတ်တရား၏ အကျင့်ကို အားကို တတ်သည်။ ထို သူတို့သည် ကျိန်ခြင်းကို ခံရသည်။ အကြောင်းမှာ ပညတ်တရားကို လိုက်လျှောက်သည်တွင် ပညတ္တိကျမ်းစာ၌ ပါသ မျှသောစကား အားလုံး ကို အစဉ် မပျက် လိုက် လျှောက်ရမည်။ ထိုသို့ မလိုက်နိင်ပါက ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာ လာသတည်း (ဂလာ ၂:၁၀)။ လူသား တိုင်း ပညတ် အားလုံး ကို မလိုက်နိင်သောကြောင့် ကျိန်ခြင်း ခံကြသည်။ ပြသနာ မှာကျိန်ခြင်း ခံသည်သာမက ကျိန်ခြင်း ခံမှန်းလည်း မသိကြခြင်း ဖြစ်သည်။ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကျိန်ခြင်း ခံသော သူတို့သည် သစ် တိုင်၌ ဆွဲထားခြင်းကို ခံရမည်။ သို့သော် သခင်ယေရှုခရစ်သည် လက်ဝါး ကပ်တိုင်၌ အသေခံခြင်းဖြင့် ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ ကယ်တင်ပြီး ဖြစ်သည်။ သို့သော် ခရစ်ယာန် အများစုသည် ပညတ်တရား လိုက် လျှောက်မှကောင်း ကင်တက်နိင် မည်ဟု ထင် နေကြသေးသည်။ ခရစ်တော်သည် သစ်တိုင်ပေါ်၌ အသေ ခံခြင်းဖြင့် ကျိန်ခြင်းနှင့် သေခြင်းမှ ငါတို့ကို ကယ်နှုတ်ပြီ ဖြစ်သည် (ဂလာ ၃:၁၃)။.

၁၆။ အသက် လွတ်ရုံမျှမကအသက်နှင့် ပြည့် စုံစေရန်(ယော ၁၀:၁၀) 

 ခရစ်တော်သည် လူသားများကို အသက် ဘေးမှကယ်လွှတ်ရုံသာမက အသက်နှင့် ပြည့်စုံစေခြင်းငှါ ကြွလာသည်။ သို့သော် ထိုအရာကို အဓိပ္ပါယ်ကောက်မှားကြပြန်သည်။ ဇာတိသ ဘောအားဖြင့် ယူလျက် အသက်နှင့် ပြည့်စုံခြင်းသည် လောကီစည်းစိမ်ဟု ယူဆကြသည်။ အမှန် မှာအသက်နှင့် ပြည် စုံခြင်းသည် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ခြင်းကို ဆိုလိုသည်။ ဘုရား အလိုတော်အတိုင်း အသက်ရှင်ပါက ပျော်ရွှင် ဝမ်းမြောက်မည်၊ အကျိုးရှိမည်၊ အဓိပ္ပါယ် ရှိသော အသက်တာရှိမည်။ မိတ်ဆွေ၏ အသက်တာသည် အသက်နှင့် ပြည့်စုံပါသလား။ မပြည့်စုံ ရစ်တော်ကို လက်ခံ၍ အုပ်စိုးခွင့် ပေးပါ။.

၁ရ။ လမ်းခရီး ဖြစ်ရန်(ယော ၁၄:၆) 

 လမ်းပျောက်လျှင် လိုရာခရီး မရောက်နိင်။ လူသားများသည်လောက ခရီးသည်များဖြစ်ကြသည် (၁ ပေ ၁:၁ရ)။ ဤလောက၌ ထာဝရ နေရကြမည် မဟုတ်။ ထာဝရလောကသို့ သွားနေသော ခရီးသည်များဖြစ် ကြသည်။ သို့သော် လမ်း မသိကြ။ ထိုလမ်းသည် ခရစ်တော် ပင် ဖြစ်သည်။ ခရစ်တော်က၊ “ငါသည် လမ်း ခရီး ဖြစ်သည်။” ဟုကျေညာခဲ့သည်။ သူသည် ကောင်းကင်နိင်ငံသွားသောလမ်း ဖြစ်သည်။ ထိုလမ်းကို လိုက်မှသာ ကောင်းကင်နိင်ငံသို့ ရောက်နိင်မည် ဖြစ်သည်။ မိတ်ဆွေသည် ထိုကောင်းကင် လမ်းခရီး ဖြစ်သော ခရစ်တော်ကို လက်ခံပြီး ပြီလော။.

၁၈။ ယဇ်ကောင် အဖြစ်ပူဇော်ခြင်း ခံရန်(ဟေ ၁၀:၅) 

 လူသည် ဘုရားသခင် ထံအပြစ် အတွက် ယဇ်ပူဇော်ရသည်။ ဣသရေလ လူများသည် တိရစ္ဆာန်အားဖြင့် ပူဇော်တတ်ကြသည်။ သို့သော် တိရစ္ဆာန်များကို ဘုရားသခင် အားရနှစ်သက်တော်မမူသောအခါ သားတော် အား ကိုယ်ခန္ဓာကို ပြင်ဆင် ပေးတော်မူသည်။ ဘုရားသခင် ထံ၌ ယဇ် အမျိုးမျိုး ပူဇော်ရသည်။ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ မီးရှို့ရာယဇ်နှင့် ဘော ဇဉ်ပူဇော်သက္ကာ၊ ရန်ငြိမ်းစေခြင်းငှာ မိဿဟာယယဇ်၊ အပြစ် ​ဖြေစေခြင်းငှာ အပြစ် ​ဖြေရာယဇ်၊ စသော ယဇ်များကို ဣသရေလ များသည် ပူဇော်တတ်ကြသော်လည်း ထိုအရာ များသည် အရိပ်များသာလျှင် ဖြစ်သည်။ (ကော ၂:၁၆)။ နောက်ဆုံး၌ ထိုယဇ်များကို ပြည့်စုံစေခြင်းငှာ ခရစ်တော်သည် ဤလောကသို့ ကြွရောက် လာသည်။ မိမိ ကိုယ်ခန္ဓာကို ယဇ်ကောင် အဖြစ်ပူဇော်ခြင်းအားဖြင့် ယဇ်ပူဇော်ခြင်း အားလုံး ကိုပြီး ပြည့်စုံစေပြီ ဖြစ်သည်။ ထို့ကြောင့် ယေရုရှလင် မြို့ဗိမာန်တော် အထဲမှကုလားကာသည် ကွဲသွားသည် (မ ၂ရး၅၁)။ သို့သော် ဣသရေလ လူမျိုးများက သဘော မပေါက်သောကြောင့် ဘုရားသခင်က ဗိမာန်တော်ကို အေဒီ ရဝ၌ အပြီး ဖျက်စီးခွင့်ပေး လိုက်သည်။ ထိုအချိန် မှစ၍ ယဇ်ပူဇော်ခြင်း မရှိတော့ချေ။ ဣသရေလ လူများ ယနေ့ တိုင်အောင် ယဇ်ပူဇော်ချင်သော်လည်း ဗိမာန်တော် မရှိသောကြောင့် ပူဇော်၍ မရချေ။ ဘုရားသခင်က ထိုဗိမာန်တော် နေရာတွင် မူစလင်များကို ဗလီဆောက်ခွင့်ပေးခြင်းအားဖြင့် အကောင်းဆုံး အစောင့်များ ချထားသည်။ မူစလင်များ ကသာလျှင် ထိုဗိမာန်နေရာကို မစောင့်ပါက ဣသရေလ လူများက ထိုနေရာကို အကြမ်းနည်းဖြင့် ဖြစ်စေ၊ ငွေအားဖြင့်ဖြစ်စေ ဝယ်၍ ဗိမာန်တော် ဆောက်ကာယဇ်များပြန်လည်ပူဇော်လောက််ပြီ။ ယဇ်မပူဇော်နိင်သောကြောင့် ယနေ့ တိုင် ဣသရေလ လူများသည် ငိုယို၍ ဆုတောင်း နေကြသည်။ သို့သော်လည်း မည်မျှပင်ဆုတောင်း စေကာမူ ဘုရားသခင်ကနားမ​ညောင်းချေ။ အကြောင်းမှာ ခရစ်တော်၏ ကိုယ်ခန္ဓာတော်ကို ယဇ်ကောင် အဖြစ်ပူဇော်ပြီး နောက် ယဇ်ပူဇော်စရာ မလိုတော့ချေ။.

၁၉။ လူနှင့် ဘုရားရန်ငြိမ်းစေရန်(ရော ၅:၉-၁၀၊ ၂ ကော ၅:၁၉) 

 လူနှင့် ဘုရားသခင်သည် ရန်သူများ ဖြစ်ကြသည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏ အလိုတော်များကို အမြဲဆန့်ကျင်သည်။ ဘုရား ထံ၌ အကူအညီလည်း မယူချင်၊ ဆုမတောင်း ချင်၊ ကျမ်းစာလည်း မဖတ်ချင် ကြ။ ဘုရား ခိုင်းသမျှ မလုပ်ဘဲ ဘုရား အလိုတော် မရှိသော အရာများကိုသာ လုပ်လို ကြသည်။ ဘုရား မုန်းသမျှကို နှစ်သက်မြတ် နိုး ကြသည်။ သို့သော် ဘုရားသခင်သည် လူကို တဖက်သပ်မေတ္တာဖြင့် ချစ်သောကြောင့် လူနှင့် ရန်ငြိမ်းနိင်ရန်သားတော်ကို အသေခံ စေခဲ့သည်။ ကျမ်းစာက၊ “ဘုရားသခင်သည် ယေရှု ခရစ်အားဖြင့် ငါတို့၏ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌ အပ်ပေးတော်မူ၏။” ဟုဆိုထားသည် (၂ ကော ၅:၁၉)။ ယေရှုခရစ်အားဖြင့် မည်ကဲ့သို့ ရန်ငြိမ်း စေသနည်း။ ကျမ်းစာက၊ “အကြောင်းမူကားရန်သူ ဖြစ်လျက် ပင် ဘုရားသခင်၏ သားတော် အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည် မှန်လျှင်၊ မိဿဟာယဖွဲ့ပြီးမှ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟု သာ၍ မျှော်လင့်စရာ ရှိ၏။” ဟု ရေးထားသည် (ရော ၅:၁၀)။ ခရစ်တော်၏ အသေခံခြင်းအားဖြင့် ရန်ငြိမ်းခြင်း အမှုကို ဘုရား ဖက်က ဆောင်ရွက်ပြီး ဖြစ်သည်။ သို့သော် လူသည် ထိုရန်ငြိမ်းခြင်း အခွင့်ကို မသိသောကြောင့် မလိုချင် ကြ။ ဘုရားသခင်နှင့် ရန်ငြိမ်း မှသာလျှင်စစ်မှန်သော ငြိမ်သက်ခြင်း ခံစား နိင်မည် ဖြစ်သည်။.

၂၀။ လူလူချင်းရန် ငြိမ်းစေရန်(ဧဖက် ၂:၁၄-၁၈) 

 လူသည် ဘုရားသခင်နှင့်သာမက လူလူချင်းလည်းရန် ဖြစ်နေကြသည်။ လူမျိုးတမျိုးနှင့် တမျိုး၊ တနိင်ငံနှင့် တနိင်ငံ၊ တဦးနှင့် တဦးရန် ဖြစ်နေကြသည်။ ထိုအရာအားလုံး သည် အပြစ်ကြောင့် ဖြစ်သည် တကိုယ်ကောင်းဆန် သောကြောင့် ဖြစ်သည်။ မည်မျှပင်ငြိမ်းချမ်းရေး ပြုစေကာ မူတနည်းမဟုတ်တနည်း ရန် ဖြစ်နေကြသည်။ သို့သော် ခရစ်တော် အသေခံခြင်းဖြင့် လူမျိုးတမျိုးနှင့် တမျိုး အကြား အုတ်တံတိုင်း နံရံများ ဖြိုခွင်းလျက် ရန်ငြိမ်းရသော အခွင့်ကို ရရှိစေကြောင်းကို ရှင်ပေါလုက ဤသို့ ရေးသား ခဲ့သည်၊ “ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်း အကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရား တည်းဟူသော ရန်ငြိုး ဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူ သဖြင့်၊ ပိုင်းခြားလျက် ရှိသော စပ်ကြား အုတ်တန်တိုင်း နံရံကို ​ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီးလျှင်၊ ကိုယ်တော်၌ ထိုလူနှစ်စုတို့ကို လူသစ်တဦးတကိုယ်တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝတည်း ဖြစ်ပြီးသော ထိုလူနှစ် စုတို့ကို လက်ဝါးကပ် တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်း တည်း။ ထိုခရစ်တော်သည်လည်း ကြွလာ၍၊ ဝေးလျက် ရှိသော သင်တို့အား ယင်း၊ နီးလျက် ရှိသော ငါတို့အား ယင်း၊ ရန်ငြိမ်းခြင်း တရား တည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။ ထိုသို့ ခရစ်တော်အားဖြင့် ငါတို့ နှစ်ဦးသည် စိတ်ဝိညာဉ် တ လုံးတဝတည်း ဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည့် အခွင့်ကို ရကြ ပြီ။” (ဧဖက် ၂:၁၄-၁၈) အထက်ပါ ကျမ်းပိုဒ်၌ ရှင်ပေါလုပြောသော လူနှစ်မျိုးသည် ဣသရေလ လူမျိုးနှင့် တပါးအမျိုးသားတို့ ဖြစ်သည်။ ဣသရေလ လူများက တပါးအမျိုးသားများကို အထင်သေး၍ ခွေးကဲ့သို့ ၎င်း၊ အပြစ်သား ဟူ၍၎င်း မြင်သည်။ တပါးအမျိုးသားများကလည်း ဣသရေလ လူမျိုးများကို ဂရုမစိုက်ချေ။ ထိုလူနှစ်မျိုးသည် ပေါင်းဖေါ်၍ မရခဲ့သော်လည်း ခရစ်တော် အသေ ခံခြင်းအားဖြင့် တလုံးတဝတည်း ဖြစ်စေသည်။ ထိုနည်းတူ ယနေ့ ခရစ်တော်၌ သေ၍ ရှင်ပြန် ထမြောက်သောသူတိုင်းသည် လူမျိုးခွဲခြားခြင်း၊ အဆင့်အတန်းခွဲခြားခြင်း မရှိဘဲ ရန်ငြိမ်းရသော အခွင့်ရ ကြသည်။ ထိုအရာကို လက်ခံသောသူများ၌ လူမျိုးရေး မရှိ၊ အဆင့်အတန်းမရှိ၊ အထက် တန်းစားအောက်တန်းစားမရှိ၊ အားလုံး ညီအကိုများကဲ့သို့ ပေါင်းဖေါ်နိုင်သည်။ ထိုသို့ဖြစ်စေခြင်း ငါခရစ်တော်သည် အသေခံရန်ကြွလာခဲ့သည်။ မိတ်ဆွေ၊ အခြားသူများနှင့် ရန်ငြိမ်းခြင်းရရှိပြီလား။ လူမျိုးရေးပြင်းထန်နေသေးသ လား။ ခရစ်တော်ကို လက်ခံပါ။ ထိုအရာများပျောက်ကွယ်သွား ပါလိမ့်မည်။.

၂၁။ လူသားများနှင့်အတူ နေရန် (ဧမာနွေလ) (မ ၁:၂၃) 

 ဘုရားသခင်သည် လူများနှင့် ပေါင်းဖေါ်ချင် သောကြောင့် လူကို ဖန်ဆင်းခဲ့သည်။ သို့သော် အပြစ်ကြောင့် ဘုရားနှင့် လူမပေါင်းဖေါ်နိင်ခဲ့ကြ။ မောရှေလက်ထက်၌ တဲတော် ထဲ၌ မိုးတိမ်အားဖြင့် ဘုရားသခင်က ကျိန်းဝပ်ခဲ့သည်။ ဗိမာန်တော် ဆောက်သောအခါ ဗိမာန်တော် ထဲ၌ ကျိန်းဝပ်ခဲ့သည်။ သို့သော် နောက်ဆုံးသော အချိန်၌ ဘုရားသခင်သည် လူဇာတိခံယူကာအပြစ် သားများ၌ သူကိုယ်တိုင် သွား လာလှုပ်ရှားခဲ့သည်။ “ဗျာဒိတ်တော် အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီး ကညာသည် ပဠိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့် ရကြလတံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား၊ ငါတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင် ဟုဆိုလိုသတည်း။” (မ ၁:၂၃)။ “သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မ ခံဘဲ နေကြ၏။ ထိုသူကို လက်ခံသမျှသောသူတည်း ဟူသောကိုယ်တော်ကို ယုံကြည်သော သူတို့ အား၊ ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။” (ယော ၁:၁၂)။.

၂၂။ ပုံသက်သေ ဖြစ်ရန် (ဟေဗြဲ ၁၂:၂၊ ဖိလိ ၂:၅) 

 ခရစ်တော်ကို လက်ခံသောသူများသည် ဘုရား သားများဖြစ် ကြသည်။ သို့သော် ဘုရားသား များသည် မည်ကဲ့သို့ အသက်ရှင်မည်ကို မသိကြသောကြောင့် ဘုရားသား များ၏ နေပုံထိုင်ပုံများကို ပုံသက်သက်ပြဘို့ရန် ခရစ်တော်သည် ဤလောကသို့ ကြွရောက်ကာ လူသားများကဲ့သို့ လောက ဒါဏ် ဘဝဒါဏ်များကို ခံခဲ့သည်။ ခရစ်တော်သည် ဤလောက၌ နေစဉ်တွင် အဘ ဘုရားသခင်၏ စကားကို တသဝေမတိမ်းနာခံခဲ့သည်။ ဤလောက၌ အစေ ​ကျွန်ခံခဲ့သည်။ ဘုရားသား ဟူ၍ ဇိမ်မခံခဲ့။ ဘုန်းတန်ခိုးနှင့် မနေခဲ့။ ထိုကြောင့် ယုံကြည်သူ ဘုရားသား များလည်း ခရစ်တော် ကဲ့သို့ နှိမ့်ချသော စိတ်၊ နာခံသော စိတ်၊ တင်းတိမ်ရောင့်ရဲသော စိတ် ရှိရမည်။ “ယေရှု ခရစ်၌ ရှိသော ထိုစိတ် သဘောကို သင်တို့၌လည်းရှိစေကြလော့။” (ဖိလိ ၂:၅)။.

၂၃။ ထိမိ၍ လဲစရာ ကျောက် ဖြစ်ရန်

 ခရစ်တော်သည် မိမိလူတို့ကို ကယ်တင်ရန်ကြွလာခဲ့သော်လည်း သူ့ကို မသိသောအခါ ထိမိ၍ လဲစရာ ကျောက် ဖြစ်လာသည်။ ကျမ်းစာ၌ လာသည်ကား၊ “ထိမိ၍ လဲစရာ ကျောက်မှားယွင်းစရာ ကျောက်ကို ဇိအုန် တောင်ပေါ်မှာ ငါချ ထား၏။ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား၊ ရှက်ကြောက်ခြင်း မရှိနိုင်ရာဟု လာသည်နှင့် အညီ၊ ထိုကျောက်ကို ဣသရေလ လူတို့သည် ထိမိ၍ လဲကြ၏။” (ရော ၉:၃၃) ဘုရားသခင်က ဇိအုန် တောင်ပေါ်မှာ ထားသော ကျောက်သည် ခရစ်တော်ကို ဆိုလိုသည်။ ထိုကျောက် တည်းဟူသော ခရစ်တော်ကို မသိသောကြောင့် ဣသရေလ လူများ ကထိမိ၍ လဲကြ၏။ မည်ကဲ့သို့ လဲကြသနည်း။ လူသည် ကျောက်ကို မမြင်သောအခါ တိုက်မ၍ လဲ တတ်သည်။ မြင်လျှင် တိုက်စရာ အကြောင်း မရှိ။ ထိုနည်းတူ ဣသရေလ ူများသည် ခရစ်တော်ကို ကယ်တင်ရှင်သခင်ဘုရား အဖြစ် မသိကြသောကြောင့် အပြစ် မြင်ကာခလုပ်တိုက်ကြ၍ နောက်ဆုံး၌ လက်ဝါးကပ် တိုင်၌ အသေသတ်ခဲ့ ကြသည်။ မိတ်ဆွေ အတွက် ခရစ်တော်သည် ထိမိ၍ လဲစရာ ကျောက် ဖြစ်နေပါသလား။ ထိုကျောက်ကို မိတ်ဆွေ အမှီပြုပါက ရှက်ကြောက်ခြင်း မရှိနိုင်ရာ။.

၂၄။ ဤလောက၏ အပြစ်များကို ယူတင်ဆောင်ရွက်ရန်

ဣသရေလ လူမျိုးများသည် ဘုရားသခင် စီရင်တော်မူသည့်အတိုင်း တနှစ်တခါသတင်း ​ကျွတ်လတွင် အပြစ် ​ဖြေရာနေ့ ပြုလုပ် တတ်ကြသည်။ ထိုနေ့၌ အသက်ရှင်သော ဆိတ်ကို ယူ၍ ယဇ်ပုရောဟိတ် အာရုန်သည် ဣသရေလ လူမျိုးများ၏ အပြစ်ကို ဆိတ်ခေါင်းပေါ်သို့ တင်ကာတောသို့ စေလွှတ်လေ့ရှိသည် (ဝတ်ပြု ၁၆:၂၀-၂၁)။ ထိုအရာသည် အရိပ် ဖြစ်သည်။ ပရောဖက် ဟေရှာယကလည်း ဤသို့ ဗျာဒိတ်ပြုခဲ့သည်၊ “ငါတို့သည် သိုးကဲ့သို့ လမ်းလွှဲလျက်ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည် ဖြစ်၍ ဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” (ဟေရှာယ ၅၃:၆)။ ထိုအရာ ပြည့်စုံခြင်းကို ဗတ္တိဇံယောဟန်က ဤသို့ ဆိုခဲ့သည်၊ “နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည် မြင်လျှင် ဤလောက၏ အပြစ်များကိုယူ ဆောင်သွားသော ဘုရားသခင်၏ သိုးသူငယ်ကို ကြည့်ရှုလော့။” (ယော ၁:၂၉)။ ရှင်ပေါလုကလည်း ဤသို့ ရေးသား ခဲ့သည်၊ “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိစေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ​ဖြောင့်မတ် သောသူ ဖြစ်မည့် အကြောင်း တည်း။” (၂ ကော ၅:၂၁)။ ထို့ကြောင့် ခရစ်တော်သည် ဤလောက (မိတ်ဆွေ အပါအဝင်)၏ အပြစ်ကို ယူတင် ဆောင်ရွက်ဘို့ရန် ကြွ ရောက်လာခြင်း ဖြစ်သည်။ ထိုအရာကို မိတ်ဆွေ လက်ခံရန်သာလျှင် ရှိသည်။.

၂၅။ ပသခါသိုးသူငယ်အဖြစ် အသေခံရန်(၁ ကော ၅:ရ) 

 ဣသရေလ လူများသည် အဲဂုတ္တု ပြည် ​ကျွန်မှ လွတ်မြောက် နိုင်ရန်ပသခါသိုးသူငယ်ကို သတ်၍ အသွေးကို တံခါးထုတ်နှင့် တံခါးတိုင်၌ သုတ်၍ အသားကို ကင်စား ကြသည်။ ထိုသိုး သူငယ်၏ အသွေးကြောင့် သူတို့သည် သေခြင်းမှ ၎င်း၊ ​ကျွန်မှ၎င်း၊ လွတ်မြောက်ကြသည် (ထွက် ၁၂)။ ဣသရေလ လူများ ကျင်းပတတ်သော ပသခါပွဲသည် ခရစ်တော်ကို ပသာခါသိုးသူငယ်အဖြစ် အသေခံသောအခါ ပြည့်စုံပြီ ဖြစ်သည်။ ရှင်ပေါလုက၊ “ခရစ်တော် တည်းဟူသော ငါတို့ ပသခါသိုးသငယ်သည် ငါတို့အဖို့ရန်ယဇ်ပူဇော်ရာ ဖြစ်၏။” ဟု ရေးခဲ့ပြီ (၁ ကော ၅:ရ)။ ထိုခရစ်တော်ကြောင့် ငါတို့လည်း အပြစ် စီရင်ခြင်းမှ၎င်း၊ စာတန်နှင့် အပြစ် ​ကျွန်မှ၎င်း၊ လွတ်မြောက်နိုင်ပြီ။.

၂၆။ အသက် မုန့် ဖြစ်ရန်(ယော ၆:၄၈-၅၂)

လူသည်ကိုယ်ခန္နာ၊ စိတ်ဝိညာဉ် ဟူ၍ သုံးပိုင်းရှိသည်။ ကိုယ်ခန္ဓာ၏ အစာသည် ထမင်းဟင်း ဖြစ်သည်။ စိတ်၏ အစာသည် သီချင်းရုပ်ရှင်၊နှင့် အလှအပများ ဖြစ်သည်။ ဝိညာဉ်၏ အစာမူကား ခရစ်တော် ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်က၊ “ငါသည် အသက် မုန့် ဖြစ်သည်။” ဟုဆိုခဲ့သည် (ယော ၆:၄၈)။ ခရစ်တော် မစားလျှင် ငါတို့၌ အသက် မရှိ။ ခရစ်တော်ကို မည်သို့ စားရမည်နည်း။ ခရစ်တော်က၊ “ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို ငါဝင်မည်။” ဟုဆိုသည် (ဗျာ ၃:၂၀)။ မိတ်ဆွေ ခရစ်တော်ကို မိမိစိတ်နှလုံး တံခါးဖွင့်ပေး၍ ဝင်ခွင့်ပြုလျှင် သူသည် မိတ်ဆွေ အထဲ၌ ဝင်၍ မိတ်ဆွေ၏ ဝိညာဉ်က သူ့ကို စားခြင်းဖြင့် အသက် ရရှိမည် ဖြစ်သည်။ ထိုသို့ အသက် မုန့် ဖြစ်ရန်အလိုငှါ ခရစ်တော်သည် ကြွလာခဲ့ပြီ။ မိတ်ဆွေ ဝိညာဉ် အသက် မုန့် တည်းဟူသော ခရစ်တော်ကို စားမလော။.

၂ရ။ အဦးသီးသောအသီးဖြစ်ရန် (၁ ကော ၁၅:၂၀) 

 ဣသရေလ လူမျိုးများသည် ဘုရားသခင် စေခိုင်းသည့်အတိုင်း နှစ်စဉ်အဦးသီးသော အသီးကို ဘုရားသခင် ထံပူဇော်လေ့ရှိသည် (ဝတ်ပြုရာ ၂)။ ထိုအရာသည် အရိပ် ဖြစ်၍ သခင် ခရစ်တော်၌ ပြည့်စုံခဲ့ပြီ။ အဦးသီးသော အသီးသည် မြေကြီး အထဲမှ ပဌမဦးဆုံး ထွက် လာသောအရာ ဖြစ်သည့်။ ထို့နည်းတူ သခင် ခရစ်တော်သည် သေခြင်း သင်္ချိုင်းထဲမှ မပျက်စီး နိင်သော ကိုယ်ခန္ဓာဖြင့် ပဌမဦးဆုံး ထမြောက် လာသောသူ ဖြစ်သည်။ ထို့ကြောင့် ရှင်ပေါလုက၊ “ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သော သူတို့တွင် အဦးသီးသော အသီး ဖြစ်တော်မူပြီ။” ဟုဆိုသည် ( ၁ ကော ၁၅:၂၀)။ ထိုသို့ ခရစ်တော်သည် ဘုရားသခင်အတွက် အဦးသီးသော အသီး ဖြစ်ရန်ဤလောကသို့ ဆင်းကြွ လာခဲ့သည်။.

၂၈။ သေခြင်းကို အောင်မြင်ရန် 

 လူတိုင်း၏ ရန်သူနှင့် အကြောက်ရဆုံးရန်သူသည် သေခြင်း ဖြစ်သည်။ ထိုသေခြင်းကို ကြောက်သောကြောင့် လူများသည် တသက်လုံး​ကျွန်ခံရ ကြသည်။ ကျမ်းစာ၌၊ “ထိုသူ ငယ်တို့သည် အသွေးအသားနှင့် ဆက် ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခ ံတော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှါ ငှင်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါ ငှင်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။” ဟု ရေး ထားသည် (ဟေဗြဲ ၂:၁၄-၁၅)။ ခရစ်တော်သည် အသေခံ၍ ရှင်ပြန် ထမြောက် ပြီ။ ထို့ကြောင့် ငါသည် အသက်ရှင်ခြင်း အကြောင်းနှင့် ရှင်ပြန်ထမြောက်ခြင်း အကြောင်း ဖြစ်သည် ဟူသောသူ၏ စကား မှန်ကန်ကြောင်း သက်သေထူနိင်ခဲ့သည်။ သူ့ကို ယုံကြည်သူ တိုင်းလည်း သူကဲ့သို့ သေလွန်လျှင်လည်းရှင်ပြန်ထ မြောက်မည်ကိုမျှ မျှော်လင့်နိုင်သည်။ ထို့ကြောင့် ယုံကြည်သူများအနေဖြင့် သေရမှာကို ကြောက်စရာ မလိုတော့ချေ။.

၂၉။ လူများကို ​ဖြောင့်မတ်ခြင်း ပေးရန် (ရော ၃:၂၀၊ ဂလာ ၃:၂၄) 

 ဖြောင့်မတ်ခြင်းသည် အပြစ် မရှိခြင်းကို ဆိုလိုသည်။ လူသည် မိမိအစွမ်းအစအားဖြင့် မ​ဖြောင့်မတ်နိင်။ လူထင်မှတ်တတ်သည် မှာပညတ်တော် လိုက်လျှောက်နိင်လျှင် ​ဖြောင့်မတ်မည် ဟူ၍ ဖြစ်သည်။ သို့သော်မည်သူမျှပညတ်တော်ကို မလိုက်လျှောက် နိင်ကြ။ ထို့ကြောင့် ဘုရားသခင်သည် ခရစ်တော်ကို လူသားများအတွက်​ဖြောင့်မတ်ခြင်း ဖြစ်ရန်ဤလောကသို့ စေလွှတ်ခဲ့သည်။ ရှင်ပေါလုက၊ “ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ​ဖြောင့် မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကို ပို့ ဆောင်၍ ငါတို့၏ အထိန်း ဖြစ်သတည်း။” ဟုဆိုသည်။ (ဂလာတိ ၃:၂၄)။ တဖန်၊ “ထို ဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေက၏ ထိုသခင်မူကား ဘုရားသခင် စီရင်တော်မူသည် အတိုင်း၊ ငါတို့၌ ပညာမှစ၍ ​ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏။” (၁ ကော ၁:၃၀)။.

၃၀။ သိုးထိန်းဖြစ်ရန် (ယော ၁၀:၁၁) 

 ပရောဖက် ဟေရှာယက၊ “ငါတို့သည် သိုးကဲ့သို့ လမ်းလွှဲလျက်ကိုယ့်လမ်းသို့ အသီးသီးလိုက် ကြသည်။” ဟုဆိုခဲ့သည် (ဟေရှာယ ၅၃:၆)။ သိုးသည် သိုးထိန်းကို အမှီပြု၍ အသက်ရှင်ရသည်။ ဒါဝိဒ်မင်းက “ထာဝရဘုရားသည် ငါ၏ သိုးထိန်း ဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲ မခံရ၊ စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသော မြစ် နားသို့ လမ်းပြတော်မူ၏။” ဟုဆိုခဲ့သည် (ဆာ ၂၃:၁-၂)။ သိုးထိန်း ကစိမ်းလန်းသော စားကျက်ကို ၄င်း၊ ရေရှိသော နေရာကို ၄င်း၊ သိသည်။ ထို့ကြောင့် လူသားများ၏ သိုးထိန်း ဖြစ်ဘို့ရန် ဘုရားသခင်က သားတော်ကို ဤလောကသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ခရစ်တော်က၊ “ငါသည် ကောင်းသော သိုး ထိန်း ဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏ သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏။” ဟုဆိုသည် (ယော ၁၀:၁၄)။ ခရစ်တော်သည် မိတ်ဆွေ၏ သိုးထိန်း ဖြစ်ရန်လာသည်။၊ ခရစ်တော်ကို မိမိ၏ သိုးထိန်းအဖြစ် လက်ခံပါသလား။ ပါးစပ်ဖြင့် လက် ခံရုံမျှသာ ဖြစ်လျှင် အကျိုးမရှိ။ အသက်တာဖြင့် လက်ခံရန်လိုသည်။ ခရစ်တော်သည် မိတ်၏ သိုးထိန်း ဖြစ်လျှင် သူ့ခွင့်ပြုချက်မ ရဘဲ အဘယ်အရာကိုမျှ မလုပ်ရ၊ မသွားမရ။.

၃၁။ ဘုရားသခင်၏ မေတ္တာကို ဖေါ် ပြရန်  

 ဘုရားသခင်သည် သူဖန်ဆင်းထားသော လူသားများကို အလွန် ချစ်သည်။ ချစ်ခြင်းမေတ္တာသည် ပေးဆပ်ခြင်း ကုန်ဆုံးခြင်း အနစ်နာခံခြင်း ဖြစ်သည်။ ကိုယ်ချစ်သောသူအတွက် ငွေကုန်ကျေးကျခံနိင်သည်၊ အချိန်လည်း ပေးနိင်သည်၊ စွမ်းအားလည်း ပေးနိင်သည်။ ဘုရားသခင်လည်း လူသားများကို ချစ်ကြောင်း ကျမ်းစာ၌ ဿ ဤသို့ ရေး ထားသည်၊ “ဘုရားသခင်၏ သားတော်ကို ယုံကြည် သောသူ အပေါင်း တို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင််အောင်လောကီသား တို့ကို ချစ်တော်မူ၏။” (ယော ၃:၁၆)။ ခရစ်တော် ဤလောကသို့ ရောက် ရှိလာခြင်းအားဖြင့် ဘုရားသခင်သည် လူသားများကို မည်မျှချစ်ကြောင်း သိနိင်သည်။ ထိုမျှလောက်မိတ်ဆွေကို ချစ်တော်မူသော ဘုရားရှင်ကို မိတ်ဆွေ မည်ကဲ့သို့ တုန့် ပြန်မည်နည်း။ ဂရုမစိုက်ဘဲ နေမည်လော၊ သို့မဟုတ် သူ့ကိုကိုးကွယ်မည်လော။.

၃၂။ ကျမ်းစာ ပြည့်စုံစေရန် (လု ၄:၂၁)

ဓမ္မဟောင်းကျမ်း၌ ခရစ်တော် ဤလောက ကြွလာမည့် အရာများကို မြောက် များစွာ ကြိုတင် ဟောထား ခဲ့သည်။ “ထိုကယ် တင်ခြင်း အကြောင်း အရာကို ပရောဖက် တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော် အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော် ခံတော်မူ ရသော ဆင်းရဲကို၎င်း၊ ဆင်းရဲ ခံပြီးမှဝင် စားတော်မူ ရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့ အထဲ၌ ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကို ၎င်း၊ အဘယ်သို့သောအချိန် ကာလကို ယင်း ဆိုလိုတော်မူသည်ဟု မေးမြန်ရှာဖွေ ကြ၏။” (၁ ပေ ၁:၁၀-၁၁)။ တဖန်၊ “ထိုကြောင့်၊ ခရစ်တော်သည် ဤလောက ကသို့ ကြွ လာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော််သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အ​ကျွန်ုပ်အရန်ကိုယ်ခန္ဓာကို ပြင်ဆင်တော် မ​ြပြီ။ မီးရှို့ရာယဇ်နှင့် အပြစ်​ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ် အမှတ်ပြု၍ ရေးထားသည်နှင့် အညီ၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင် အံ့သောငှါ သွားပါမည်ဟု အ​ကျွန်ုပ်ဝန်ခံ ပါသည်ဟု လျှောက်ဆို၏။” (ဟေ ၁၀:၅ -ရ)။ ခရစ်တော်က ရှင်ပြန်ထ မြောက်အပြီးတွင် ဧမြောက်မြို့ဘက်သို့ သွားသော တပည့်တော် နှစ်ယောက်ထံ ဤသို့ ပြောခဲ့သည်။ “ကိုယ်တော်ကလည်း၊ ပရောဖက် ဟောပြောသော စကားများကို ယုံနိုင်အောင် ဥာဏ်မရှိ၊ စိတ်ခိုင်မာသော သူတို့၊ ခရစ်တော်သည် ဤသို့ ပင်အသေခံ၍ မိမိဘုန်း စည်းစိမ်တော်ကို ဝင်စားရမည် မဟုတ်လောဟု မိန့်တော်မူ၏။ ထိုအခါ မောရှေ၏ ကျမ်းစာ မှစ၍ ပရောဖက် တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကို ရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာ ချက် အနက်ကို ရှင်းလင်းစွာ ဘော်ပြတော်မူ၏။” (လု ၂၄:၂၅-၂ရ)။ ခရစ်တော်သည် ဤလောကသို့ ကြွလာခြင်းအားဖြင့် ကျမ်းစာ၌ သူနှင့် ပတ်သက်သော ကြိုတင် ဟောထားချက်များကို ပြည့်စုံစေပြီ။.

၃၃။ အနာရောဂါများကို ယူတင်ဆောင်ရွက်ရန်(ဟေရှာ ၅၃:၅)

ခရစ်တော်သည် လူသားများ၏ အပြစ်များသာမက ကိုယ်ခန္ဓာအနာ ရောဂါများကို ပါယူတင်ဆောင် ရွက်ရန်ဆင်းသက်ခဲ့သည်။ ကျမ်းစာ၌၊ “ထိုသူသည် ငါတို့ လွန်ကျူးသော အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏၊၊ ငါတို့၏ ငြိမ်သက်ခြင်း၊ ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏၊ ” (ဟေရှာ ၅၃:၅)ဟု ပါရှိသည်။ ထိုကျမ်းစာ ပြည့်စုံခြင်း အကြောင်းကို ရှင်မဿဲထဲ၌ ဤသို့ တွေ့ရသည်၊ “ညဦးယံ၌ နတ်ဆိုးစွဲသောသူ အများ တို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော် မြွက်ကာမျှနှင့် ထိုနတ်တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူရှိ သမျှ တို့ကို သက်သာစေတော်မူ၏။ ထိုအကြောင်း အရာမူကား၊ သူသည် အ​ကျွန်ုပ်တို့ အနာရောဂါ ဝေဒနာများကို ယူတင် ဆောင် ရွက်လေသည်ဟု ပရောဖက် ဟေရှာယဟောဘူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သ တည်း။” (မဿဲ ၈:၁၆-၁ရ)။ သင်၏ အနာရောဂါများကို ခရစ်တော် ကယူတင်ဆောင် ရွက်သွား ကြောင်းကို ယုံကြည်ခြင်းအားဖြင့် ထောက်ခံပါ။.

၃၄။ နိင်ငံတော် တည်ထောင်ရန် (မဿဲ ၄:၁ရ) 

 ခရစ်တော်သည် ရှင်ဘုရင်အဖြစ် မွေး၍ နိင်ငံတော် တည်ထောင်ရန်ကြွလာခဲ့သည်။ “ထိုကာလ အခါဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင် နိုင်ငံတော်သည် တည်လုနီးပြီ။ ထိုကြောင့် နောင်တရကြလော့ဟု ယုဒတော၌ ဟောလေ၏၊ ” (မဿဲ ၃:၁-၂)။ “ထိုအခါ မှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင် နိုင်ငံတော်သည် တည် လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏၊ ” (မဿဲ ၄:၁ရ)။ သို့သော် သူ့လူမျိုးခေါင်းဆောင်များက လက်မခံသောကြောင့် နိင်ငံတော် မတည်ထောင်နိင်ခဲ့ချေ။ ဣသရေလများကနိင်ငံတော်ကို ငြင်းပယ်သောကြောင့် သူ့တို့လည်း တိုင်း ပြည် မှ နှင်ထုတ်ခြင်းကို ခံ၍ ကမ္ဘာအရပ်ရပ်၌ ကွဲပြား ကြသည်။ သူတို့ ရောက်သော တိုင်း နိင်ငံတိုင်း၌လည်း အတည်တကျမနေနိင်ဘဲ သတ်ဖျက်ခြင်း၊ ညှင်း ဆဲနှိပ်စက်ခြင်း၊ လုယက်ခြင်းများကို အမြဲခံစား ကာယနေ့ တိုင်အောင် ကျီးလန့်စာစား နေကြသည်။.

၃၅။ ရှင်ဘုရင်ဖြစ်ရန်

 ခရစ်တော်သည် ရှင်ဘုရင်အဖြစ် မွေးဘွားကြောင်း ဤသို့ တွေ့ရသည်၊ “ယုဒပြည် ဗက်လင်မြို့၌ ဟေရုဒ် မင်းကြီး လက်ထက်၊ ယေရှုသည် ဘွားမြင်ခြင်းကို ခံတော်မူ +ပြီးမှ၊ မာဂု ပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်၊ ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူ သနည်း။ အရှေ့ပြည်၌ သူ၏ ကြယ်ကို ငါတို့ မြင်ရသည် ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်း ပြောဆို ကြ၏။” (မ ၂:၁-၂)။ “ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည် ရှင်ဘုရင် မှန်သလောဟု မေးသော်၊ ယေရှုက၊ မင်းကြီး မေးသည် အတိုင်း ငါသည် ရှင်ဘုရင်မှန်၏၊ ” ဟု ​ဖြေခဲ့သည် (ယော ၁၈:၃ရ)။ ယုဒလူများက ခရစ်တော်ကို ရှင်ဘုရင်အဖြစ် လက်မခံခဲ့ သကဲ့သို့ ယနေ့ လူများကလည်း သူ့ကို လက်မခံခဲ့ကြ။ ရှင်ဘုရင် ဖြစ်လျှင် မိမိအသက်တာကို ခရစ်တော် ကအုပ် စိုးရမည် ဖြစ်သည်။.

၃၆။ သမ္မာတရားကို ဖေါ်ပြရန်

 ခရစ်တော်သည် သမ္မာတရား ပြောရန်ကြွလာကြောင်းသူကိုယ်တိုင် ဤကဲ့သို့ ပြောခဲ့သည်၊ “သမ္မာတရား ဘက်၌ သက်သေခံခြင်းငှါ ငါသည် မွေးဘွားခြင်းကို ခံ၍ ဤလောကသို့ ကြွလာပြီ။ သမ္မာတရားနှင့် စပ်ဆိုင် သမျှသော သူတို့သည် ငါ့စကားကို နားထောင်ကြသည်ဟု မိန့်တော်မူ၏။” (ယော ၁၈:၃ရ)။ သူကိုယ်တိုင်သည် သမ္မာတရား ဖြစ်ကြောင်း ဤသို့ ဟောပြောခဲ့သည်၊ “ယေရှုက၊ ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” (ယော ၁၄:၆)။ ထို သမ္မာတရား သိမှ လွတ်ခြင်း အခွင့်ရနိင်ကြောင်း ဤသို့ ဟောပြောခဲ့သည်၊ “သမ္မာတရား ကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။” (ယော ၈:၃၂)။ ထို့ကြောင့် လွတ်ခြင်း အခွင့်မရ ရှိသေးသောသူများသည် ခရစ်တော် လာရခြင်း၏ အကျိုးကို မခံ စားရသေးချေ။.

၃ရ။ လူဟောင်းကိုသေစေရန်

 လူဟောင်းဆိုသည်မှာ မိခင် ဝမ်းမှ မွေးဘွားလာသောသူတိုင်းသည် လူဟောင်း အဖြစ် မွေးဘွား ကြသည်။ ထိုလူဟောင်းသည် အာဒံနှင့် ဆက်စပ်၍ အပြစ်၏ ​ကျွန်ခံနေရသည်။ ထို့ကြောင့် ဘုရား စကား နားမထောင်နိင်ဘဲ အပြစ်လုပ်ရခြင်း ဖြစ်သည်။ ထိုလူဟောင်း ပြသနာကို ​ ဖြေရှင်း ဘို့ရန် ခရစ်တော် ဤလောကသို့ ကြွ ရောက်လာကြောင်း ဤသို့ တွေ့ရသည်၊ “ထိုမှတပါး၊ ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာအသေ သတ်ခြင်းကို ခံပြီဟု ငါတို့ သိကြ၏။ ဤကြောင်း မူကား၊ ငါတို့သည် နောက်မှ အပြစ် တရား၏ အစေကို မခံစေခြင်းငှါ၊ အပြစ် တရား၏ကိုယ်ကို ဖျက်ဆီးမည်အကြောင်း တည်း။ သေသောသူသည် အပြစ် တရား၏ လက်မှလွတ်လျက် ရှိ၏။” (ရော ၆:၆ -ရ)။ ဘုရားသခင်သည် လူတိုင်းကို ခရစ်တော် အထဲ၌ ထည့်လျက် (၁ ကော ၁:၂၀) ခရစ်တော် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေသတ်ခဲ့သည်။ ထိုအရာကို ယုံကြည်ခြင်းအားဖြင့် လက်ခံရန်လိုသည်။.

၃၈။ ဇာတိကို သေစေရန် 

 လူတိုင်း၌ ဇာတိရှိကြသည်။ ဇာတိဆိုသည်မှာ မိမိအသက်တာကို မိမိကိုယ်တိုင်အုပ်စိုးခြင်းကို ဆိုလိုသည်။ ဇာတိအသက်တာသည် မည်မျှပင်ကောင်းပါစေ၊ ဘုရားသခင်၏ အလိုတော်ကို မပြည့်စုံ စေနိုင်ချေ။ ကျမ်းစာက “ဇာတိပကတိ ရှိသောသူတို့သည် ဇာတိပကတိနှင့် စပ်ဆိုင်သောအရာ တို့ကို စွဲလမ်းသောစိတ်သဘော ရှိကြ၏။ ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ်ပကတိစိတ် သဘောသည် အသက်ရှင်ခြင်း အကြောင်းနှင့် ငြိမ်သက်ခြင်း အကြောင်း ဖြစ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော် အလိုသို့ မလိုက်တတ်။ ထိုမျှမက မလိုက်နိုင်။” (ရော ၈:၅ -ရ)။ ထိုဇာတိကို ပညတ်တော်အားဖြင့် မ​ဖြေရှင်းနိုင်။ လူအားဖြင့် မတတ်နိုင်သောကြောင့် ခရစ်တော်သည် ဤလောကသို့ ဆင်း၍ မိမိအသက်တာအားဖြင့် ​ ဖြေရှင်းကြောင်း ဤသို့တွေ့ရသည်၊ “ခရစ်တော်နှင့် စပ်ဆိုင်သော သူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကို၎င်း၊ လက်ဝါးကပ်တိုင်မှာရိုက်ထားထားကြပြီ။” (ဂလာ ၅:၂၄)။ ဇာတိသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ ရိုက်သတ်ထားခဲ့ပြီ။.

၃၉။ လောကကိုသေစေရန်

လောကသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ လူမျိုးရေး၊ အပြစ်ဒုစရိုက်၊ ယဉ်ကျေးမှုမှစ၍ အားလုံးပါဝင်သည်။ ဤလောကသည် ဘုရားသခင်က ဖန်ဆင်း၍ အာဒံလက်သို့အပ်နှံခဲ့သည်။ သို့သော် အာဒံသည် စာတန်၏ စကားကို နားထောင် သောကြောင့် ဤလောကသည် စာတန်လက်သို့ ရောက်သွားသည်။ ထို့ကြောင့် စာတန်က ဤလောကကို ခရစ်တော်ထံ ဤသို့ ပြန်လည်ရောင်းခဲ့သည်၊ “တဖန် မာရ်နတ်သည် ယေရှုကို မြင့်လှစွာသောတောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍၊ ဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူအား ပေးရသည်ဖြစ်၍ ကိုယ်တော်အား ပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာဖြစ်လိမ့်မည်၊ ဟုလျှောက် လေ၏။ ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်၊ ကျမ်းစာလာသည်၊ ဟုပြန်ပြောတော်မူ၏။” (လု ၄:၅ -ရ)။ စာတန်သည် သူပိုင်သော ဤလောကကို အသုံးပြု၍ လူများကို ဘုရားသခင်ထံမှ ဝေးနိုင်သမျှ ဝေးအောင် သွေးဆောင်နေသည်။ ထိုကြောင့် ဘုရားသခင်က၊ “လောကကို၎င်း၊ လောက၌ ရှိသောအရာတို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်း တို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။” ဟုသတိပေးသည် (၁ ယော ၂:၁၄-၁၅)။ သို့သော် လူသည် မည်မျှပင် သတိပေးသော်လည်း လောကကို ချစ်နေသောကြောင့် လောကနှင့်လူကို သေခြင်းဖြင့် ခွဲပေးလိုက်သည်။ ရှင်ပေါလုက၊ “ငါ ဖြစ်လျှင်၊ ငါတို့ သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတပါး အဘယ်အရာ၌ မျှဝါကြွားခြင်း မရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဖို့ရိုက်ထားခြင်းကို ခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဖို့ ရိုက်ထားခြင်းကို ခံလျက်ရှိ၏။” ဟုဆိုသည် (ဂလာ ၆:၁၄)။ မည်ကဲ့သို့ ရိုက်ထားသနည်းဟူမူကား လက်ဝါးကပ်တိုင် သုံးတိုင်ရှိသည်တွင် အလယ်တိုင်၌ ယုံကြည်သူကို ခရစ်တော် အထဲ၌ ရိုက်ထား၍ ဘေးနှစ်ဘက်၌ လောကကို ပုံဆောင်သော လူဆိုးနှစ်ယေက်ကို ရိုက်ထားသည်။ ထို့ကြောင့် တယေက်နှင့် တယောက်မချဉ်းကပ်နိုင်ကြချေ။ မည်မျှပင်လောကသားများက သရော်သော်လည်း ကိုယ်တိုင်ရိုက်သတ်ခြင်း ခံသောကြောင့် ဝါကြွား စရာနှင့် ပြန်လည်ချေပစရာမရှိ။.

၄၀။ အသင်းတော်တည်ထောင်ရန်

 ခရစ်တော်သည် ဤလောက၌ အသင်းတော် တည်ထောင်ရန်ဆင်းသက်လာခဲ့သည်။ ဣသရေလ လူများက ဘုရားသခင်၏ အလိုတော်ကို မပြည့်စုံစေသောအခါ လူမျိုး တမျိုးတည်းကိုသာ မရွေးကောက်တော့ဘဲ လူမျိုးတိုင်း မှ သူ့ကို ယုံကြည်သောသူများအားဖြင့် အသင်းတော်ကို တည်ဆောက် ကာသူ၏ အလိုတော်ကို ဆောင်ရွက်ရန်စီစဉ်ခဲ့သည်။ ခရစ်တော်ကိုယ်တိုင်က၊ “ငါဆိုသည်ကား၊ သင်သည် ပေတရု ဖြစ်၏။ ဤကျောက် ပေါ်မှာ ငါ့အသင်းကို ငါတည် ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။” (မဿဲ ၁၆:၁၈)။ စာတန်ကလည်း ခရစ်တော်ကို အတုယူကာ အသင်းတော် များစွာ တည်ဆောက်နေသည်။ စာတန် တည် ဆောက်သော အသင်းတော်များကို မည်ကဲ့သို့ သိနိင်မည်နည်းဟူမူကား၊ ကယ် တင်ခြင်း အကြောင်း မပြော၊ ပြောသောသူကိုလည်း မုန်း၍ တားဆီးလျှင် စာတန်၏ အသင်းတော် ဖြစ်သည်။ ထိုသို့သော အသင်းတော်များ၌ ကျမ်းစာကို အဓိကမထား၊ လူ့ပညာ အတွေးအခေါ်များကို ဦးစားပေးကာ ဟောပြော ကြသည်။ ဘုရား၏ အလိုတော် ဆောင်ဘို့ထက် လူမှုရေး၊ ပညာရေး၊ နိင်ငံရေး၊ လူမျိုးရေးများကို ဦးစားပေး ကြသည်။ ဝိညာဉ်ရေးရာထက်ကိုယ်ကာယပိုင်း၊နှင့် စိတ်ပျော်ရွင်ရန်ဦးစားပေးသည်။ သမ္မာတရား ဟောပြောသောသူများကို မုန်းသည်။ ထိုသို့သော အသင်းတော် များသည် ဟန်ရှိသော်လည်း ဘုရားသခင်၏ အသိအမှတ်ပြုသော အသင်းတော်များမဟုတ်ချေ။.

၄၁။ ကျေးဇူးတပါးပြီး တပါးထပ်ဆင့်၍ ပေးရန်

 ကျမ်းစာ၌၊ “ထိုသူ၏ ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကို ငါတို့ ရှိသမျှသည် ခံရကြပြီ။” ဟု ပါရှိသည် (ယော ၁:၁၆)။ ခရစ်တော် ကြွလာခြင်းသည် ကျေးဇူးတပါးပြီး တပါးထပ်ဆင့်၍ ပေးဘို့ရန် ဖြစ်သည်။ ဝိညာဉ်ပိုင်းဆိုင်ရာ ကျေးဇူးမှစ၍ စိတ်ပိုင်းဆိုင်ရာ နှင့်ကိုယ်ကာယပိုင်းဆိုင်ရာ ကျေးဇူး များစွာကို ပေးဘို့ရန် ကြွလာသည်။ ထိုကျေးဇူးများကို ယုံကြည်ခြင်း အားဖြင့်သာလျှင်ရယူနိင်သည်။ ကျမ်းစာက၊ “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင် ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုး ပေးတော်မူ သည်ကို၎င်း၊ ယုံကြည်ရမည်။” (ဟေဗြဲ ၁၁:၆) ဟုဆိုသည်။ ထိုကျေးဇူးများကို မိတ်ဆွေ ရရှိပြီလား။.

၄၂။ မိသားစုအတွင်းကွဲပြားရန် 

 ခရစ်တော်ကိုယ်တိုင်က သူသည်၊ “အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့် ချွေးမ အချင်းချင်း ကွဲပြား စေခြင်းငှာ ငါလာသတည်း။ ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် မိဘကိုသာ၍ ချစ်၏၊ ထိုသူသည် ငါနှင့် မထိုက်မတန်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် သားသမီးကိုသာ၍ ချစ်၏၊ ထိုသူသည် ငါနှင့် မထိုက်မတန်။ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်၊ ထိုသူသည် ငါနှင့် မထိုက်မတန်။ မိမိအသက်ကို တွေ့သောသူသည် အသက် ရှုံးလိမ့်မည်။၍ ငါ့ကြောင့် မိမိအသက် ရှုံးသောသူမူကား အသက်ကို တွေ့ရလိမ့်မည်။” (မဿဲ ၁၀:၃၅-၃၉) ဟုဆိုခဲ့သည်။ အဘယ်ကြောင့် ခရစ်တော်သည် မိသားစုအတွင်း ကွဲပြားရန်ကြွလာသနည်း။ အမှန်မှာသူသည် မိသားစုအတွင်း ညီညွတ်စေရန်ဖြစ်သော်လည်း မိသားစုအတွင်း၌ သူ့ကိုလက်ခံသောသူနှင့် လက်မခံသောသူရှိသောကြောင့် ကွဲပြားကြမည့် အရာကို ဆိုလိုခြင်းဖြစ်သည်။ ထိုကြောင့်သူက ငါ့ထက်မိဘညီအစ်ကို မောင်နှမများကို ချစ်သောသူသည် ငါနှင့် မထိုက်တန်၊ ဟုဆိုသည်။ ခရစ်တော်က သူ့ကို မိသားစုထက် ချစ်ဘို့ရန် တောင်း ဆိုသည်။ ထိုအရာသည် အလွန် ခက်ခဲသည်။ ထို့ကြောင့် ခက်ခဲသောအရာ တည်းဟူသော ခရစ်တော်ကို မိသားစုထက် ချစ်ခြင်းသည် လက်ဝါးကပ်တိုင်ကို ထမ်းခြင်း ဖြစ်သည်။ ထိုလက်ဝါးကပ်တိုင်မထမ်းသောသူသည် ခရစ်တော်နှင့် မထိုက်တန်။.

၄၃။ ဣသရေလ လူအများ လဲဘို့ရန်နှင့် ထဘို့ရန်

 သခင်ယေရှုသည် ၈ ရက်မြောက်နေ့တွင် မိဘများက ပညတ်တော် အတိုင်း ယေရုရှလင်မြို့ဗိမာန်တော်သို့ ဆောင်ယူ၍ ဘုရားသခင်ထံသို့ ဆက်ကပ် ကြသည်။ ထိုအခါ ယဇ်ပုယောဟိတ်၊ “ရှုမောင်သည်လည်း သူတို့ကို ကောင်းကြီး ပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလ လူအများ လဲမည်အကြောင်း၊ အများ ထမည်အကြောင်း၊ လူအများတို့၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံစရာ ဖြစ်မည်အကြောင်း ခန့်ထား သောသူ ဖြစ်၏။” (လုကာ ၂:၃၄) ဟုဆိုသည်။ အဘယ့်ကြောင့်ရှုမောင်က ထိုကဲ့သို့ ဆိုသနည်း ဟူမူကား ဣသရေလ လူများ အထဲ၌ ခရစ်တော်ကို လက်ခံယုံကြည်သောသူများသည် လဲနေရာ မှထကြလိမ့်မည်။ သို့သော် မိမိကိုယ်ကို ထသည်ဟု ထင်သောသူများက ခရစ်တော်ကို လက်မခံ သောကြောင့် လဲကြလိမ့်မည်။ ခရစ်တော်ကြောင့်လည်း တယောက်နှင့် တယောက် ငြင်းခုံကြ မည့်အကြောင်းကို ကြိုတင် ဟောထားခြင်း ဖြစ်သည်။.

၄၄။ မယ်တော်မာရိ၏ စိတ်နာစေရန် 

 ရှုမောင်ကမယ်တော်မာရိထံ၊ “သန်လျက်သည် သင်၏စိတ်နှလုံးကို ခွင်းလိမ့်မည်ဟု မြွက်ဆို၏။” (လု ၂:၃၅)။ ခရစ်တော်သည် မယ်တော်မာရိ၏ စိတ်နှလုံးကို သန်လျက်နှင့် ခွင်းရန်ကြွလာခဲ့သည်။ အဘယ်သို့ နည်းဟူမူကား ခရစ်တော် အသတ်ခံသောအခါ မယ်တော်သည် အလွန်ဝမ်းနည်း၍ နှလုံး​ကြေကွဲခဲ့ရသည်။ မိခင်အနေဖြင့် မည်မျှ​ကြေကွဲဝမ်းနည်း မည့်အရာကို ကိုယ်ချင်းစာနိုင်သည်။ ထိုသို့ဖြစ်ဘို့အလိုငှါ ခရစ်တော်သည် ကြွလာသည်ဟု ယဇ်ပုရောဟိတ် ရှုမောင် ကဟောခဲ့သည်။.

၄၅။ လူအများ၏ အကြံထင်ရှားစေရန် 

 “ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလ လူအများလဲမည်အကြောင်း၊ အများထမည်အကြောင်း၊ လူအများတို့၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံစရာ ဖြစ်မည်အကြောင်း ခန့်ထားသောသူ ဖြစ်၏။” (လု ၂:၂၅) ဟုဟောခဲ့သည်။ ထိုသို့နှင့်အညီ ခရစ်တော်သည် လူများ၏အကြံကို အမြဲသိရှိ နားလည်တတ်သည်။ 

၄၆။ ဆင်းရဲသားတို့အား သတင်းကောင်း ကြားပြောရန်

ခရစ်တော် ကြွလာတော်မမူမှီ နှစ်ပေါင်းခုနှစ်ရာခန့်က ပရောဖက် ဟေရှယက ဤသို့ ဗျာဒိတ်ပြုခဲ့သည်၊ “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏၊၊ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကိုဘိသိက် ပေးတော်မူပြီ၊၊ နှလုံးကြေကွဲသော သူတို့၏အနာကို စည်းစေခြင်းငှါ၎င်း၊ ဘမ်းသွား ချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်း အကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်းငှါ ၎င်း၊ ထာဝရဘုရား၏မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှါ၎င်း၊ စိတ်မသာ ညည်းတွားသော ဇိအုန်မြို့သားတို့အဘို့၊ စီရင်၍ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သောစိတ်သဘောအရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့ အားပေးစေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူပြီ။” (ဟေရှာယ ၆၁:၁-၃)။ ထိုကျမ်းပိုဒ်ကို ခရစ်တော်က နာဇရက်မြို့တရားဇရပ်၌ ဖတ်ခဲ့သည်၊ “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့ အပေါ်၌ တော်မူ၏။ ဤကြောင်း မူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ ငါ့ကိုဘိသိက် ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကို ပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အားလွှတ်ခြင်း အကြောင်းနှင့် မျက်စိကန်းသော သူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှဉ်းဆဲခံရသော သူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြော စေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူပြီ။” ဟုလာသတည်း (လု ၄:၁၈-၂၀)။ ယေရှုကလည်း၊ “ယနေ့ ပင် ဤကျမ်းစာ ချက်သည် သင်တို့ ကြားသည် အတိုင်း ပြည့်စုံလေပြီဟု မိန့်တော်မူ၏။” (လု ၄:၂၁)။

၄ရ။ စိတ်နှလုံးကြေမွသော သူတို့၏ အနာကို စည်းရန်

 “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏၊၊ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကိုဘိသိက် ပေးတော်မူပြီ၊၊ နှလုံးကြေကွဲသော သူတို့၏အနာကို စည်းစေခြင်းငှါ၎င်း၊ ဘမ်းသွား ချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်း အကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှါ၎င်း၊ စိတ်မသာ ညည်းတွားသော ဇိအုန်မြို့သားတို့အဘို့၊ စီရင်၍ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သောစိတ်သဘောအရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့ အားပေးစေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူပြီ။” (ဟေရှာယ ၆၁:၁-၃)။ 

၁၈ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။၁၉ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှာ၊ ငါ့ကို ဘိသိက် ပေးတော်မူပြီ။ ​ကြေမွသော သူတို့၏ အနာကို ပျောက်စေခြင်းငှာ၎င်း၊ ဖမ်းသွား ချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်း အကြောင်းနှင့်၊ မျက်စိကန်းသော သူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာ၎င်း၊ ညှဉ်းဆဲခံရသော သူတို့ကို ကယ်မစေခြင်းငှာ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာ နှစ်ကာလကို ကြားပြောစေခြင်းငှာ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ၊ ဟုလာသတည်း။ (လုကာ ၄း၁၉)အကြောင်း အမျိုးမျိုးကြောင့် အချို့သောသူများသည် စိတ်နှလုံး​ကြေကွဲ ဝမ်းနည်းကြသည်။ ထိုသူများ၏ အနာစည်းဘို့ရန် ခရစ်တော် ကြွလာခဲ့သည်။ စိတ်နှလုံး ညီးတွားသော သူတို့သည် မင်္ဂလာရှိ၏။ ထိုသူတို့သည် သက်သာလိမ့်မည်။ ဘုရားသခင်သည် ​ကြေမွသော စိတ်နှလုံးရှိသော သူတို့နှင့်နီးတော်မူ၏ (ဆာ ၅၁:၁ရ)။ မိတ်ဆွေ စိတ်ပျက်ဝမ်းနည်း​ ကြေကွဲနေလျှင် သေကြောင်း မကြံပါနှင့်။ ခရစ်တော်ထံလာပါ။ သက်သာခွင့်ပေးပါလိမ့်မည်။

၄၈။ဘမ်းသွား ချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ရန်

ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏၊၊ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကိုဘိသိက် ပေးတော်မူပြီ၊၊ နှလုံးကြေကွဲသော သူတို့၏အနာကို စည်းစေခြင်းငှါ၎င်း၊ ဘမ်းသွား ချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်း အကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်းငှါ ၎င်း၊ ထာဝရဘုရား၏မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှါ၎င်း၊ စိတ်မသာ ညည်းတွားသော ဇိအုန်မြို့သားတို့အဘို့၊ စီရင်၍ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သောစိတ်သဘောအရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့ အားပေးစေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူပြီ။” (ဟေရှာယ ၆၁:၁-၃)။ 

၁၈ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။၁၉ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှာ၊ ငါ့ကို ဘိသိက် ပေးတော်မူပြီ။ ​ကြေမွသော သူတို့၏ အနာကို ပျောက်စေခြင်းငှာ၎င်း၊ ဖမ်းသွား ချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်း အကြောင်းနှင့်၊ မျက်စိကန်းသော သူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာ၎င်း၊ ညှဉ်းဆဲခံရသော သူတို့ကို ကယ်မစေခြင်းငှာ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာ နှစ်ကာလကို ကြားပြောစေခြင်းငှာ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ၊ ဟုလာသတည်း။ (လုကာ ၄း၁၉)

၄၉။ ထာဝရဘုရား၏ မင်္ဂလာနှစ်များကို ကြားပြောရန်

ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏၊၊ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကိုဘိသိက် ပေးတော်မူပြီ၊၊ နှလုံးကြေကွဲသော သူတို့၏အနာကို စည်းစေခြင်းငှါ၎င်း၊ ဘမ်းသွား ချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်း အကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်းငှါ ၎င်း၊ ထာဝရဘုရား၏မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှါ၎င်း၊ စိတ်မသာ ညည်းတွားသော ဇိအုန်မြို့သားတို့အဘို့၊ စီရင်၍ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သောစိတ်သဘောအရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့ အားပေးစေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူပြီ။” (ဟေရှာယ ၆၁:၁-၃)။ ခရစ်တော်က ဤလောက၌ စတင်အမှု ဆောင်သောအခါ သူကြီးပွားရာ နာဇရက်မြို့ရှိတရား စရပ်၌ ဤသို့ ကျမ်းစာကို ဖတ်ခဲ့သည်၊ “ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြား ပြောစေခြင်းငှါ၄င်း၊ ငါ့ကို စေလွှတ်တော်မူပြီ။” (လုကာ ၄:၁၉)။ ထိုမင်္ဂလာနှစ်ကာလသည် အနှစ်တစ်ထောင်ကို ဆိုလိုသည်။ အကြောင်းမှာ အနှစ် တစ်ထောင်ကာလ၌ သူကိုယ်တိုင် ဤလောက၌ အုပ်စိုး၍ မင်္ဂလာရှိသော အချိန်ကာလ ဖြစ်မည်။ ခေတ်ကာလ များနှစ်လရက်များသည် ဘုရားသခင်၏ လက်ထဲ၌ ရှိသည်။ ဘုရားသခင်သည် သူ စီစဉ် ထားပြီးသော ထိုနေ့ရက်ကာလများကို လူသားများအား မသိဘဲ နေစေခြင်းငှါ အလိုမရှိ။ ထို့ကြောင့် ကာလ အချိန်များကို ရွေးနှုတ်စေချင်သည်။ ထို့သို့အချိန်ကာလများကို ဖေါ်ပြဘို့ရန် သားတော် ယေရှုခရစ် တော်ကို ဤလောကသို့ စေလွှတ်သည်။ သို့သော် ယနေ့တိုင်အချိန်ကာလများကို မသိသောကြောင့် လောကအရာသာလျှင် ရှာဖွေ၍ အသင့်မပြင်ဆင်ကြသေးသော လူများစွာရှိသေးသည်။ ထိုအထဲ၌ မိတ်ဆွေ မပါဝင်စေချင်ပါ။

၅၀။ ပဋိညာဉ်တရားသစ်အတွက် အသွေးသွန်းရန်      

            ဘုရားသခင်နှင့်ဣသရေလ လူမျိုးများသည် လင်မယားဖြစ်၍ (ဟေရှာယ ၅၄း၅၊ ယေရမိ ၃း၁၄။ ယေရမိ ၃၁း၃၂။ ယေဇ ၁၆း၈။ ယေဇ ၂၃း၁-၄) သိနာတောင်ချေ၌ စေ့စပ်ခဲ့သည် (ထွက် ၁၉း၅-၆)။ ထိုနေရာ၌ပင် မောရှေအားဖြင့် လက်ထပ်ခဲ့ကြသည် (ထွက် ၂၄း၁-၈)။ ထိုသို့လက်ထပ်ရာတွင် ပဋိညာဉ်တည်းဟူသော သစ္စာဂတိပြုခဲ့ကြသည်။ ဣသရေလအနေဖြင့် ခင်ပွန်းသည် ဘုရား၏စကားကို နားထောင်ရမည်။ တနည်းအားဖြင့် ပဋိညာဉ်ကိုစောင့်ရှောက်ရမည်။ ဘုရားအနေဖြင့် ဣသရေလကို ဘဏ္ဍာကဲ့သို့ တန်ဘိုးထား၊ ကျွေးမွေးစောင့်ရှောက်ရမည်။ သူတို့၏လက်ထပ် ခြင်းသို့မဟုတ် ပဋိညာဉ်ပြုခြင်းကို နွားသွေးဆိတ်အသွေးဖြင့် တည်စေခဲ့ကြသည် (ထွက် ၂၄း၆-၈။ ဟေဗြဲ ၉း၁၈-၂၀)။ သို့သော် ဣသရေလသည် မောရှေတောင်ပေါ်၌ ရက်ပေါင်း ၄၀ နေစဉ်တွင် သစ္စာဖေါက်ကာ ရုပ်တုပြုလုပ်ကိုးကွယ်ခဲ့ကြသည် (ထွက် ၃၂း၁-၆)။ ထိုအချိန်မှစ၍ ဣသရေလသည် သူတို့၏သမိုင်းတလျှောက် ဘုရားအပေါ် သစ္စာမတည်ဘဲ ရုပ်တုများကိုသာလျှင် ကိုးကွယ်ကြ သည်။ ရုပ်တုများနှင့်ဖေါက်ပြန်ခြင်း၊ နောက်မီးလင်းခြင်းဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်က သူ၏မိန်းမကို ကွဲ၍ကွာစာကိုပေးလိုက်သည် (ယေရမိ ၃း၈)။ သို့သော်ဘုရားသခင်သည် သူ၏မိန်းမ  အပေါ်ချစ်ခြင်းမကုန်နိုင်ခဲ့ချေ။ တောင်ကြီးတို့သည်ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှမရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရ၊ ဟုသင်၌ သနားခြင်း ကရုဏာစိတ် ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏၊၊ (ဟေရှာယ ၅၄း၁၀)။ ထို့ကြောင့်သူကွာပြီးသောမိန်းမကို ပြန်လက်ထပ်ဘို့ ဤသို့ပြောခဲ့သည်၊  ထာဝရဘုရားမိန့်တော်မူသည် ကား၊ ငါသည်ဤလူမျိုး၏ဘိုးဘေးတို့ကိုလက်ဆွဲ၍အဲဂုတ္တုပြည်မှဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသောပဋိညာဉ်တရား နှင့်ခြားနားသောပဋိညာဉ်တရားသစ် ကိုဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသောအချိန်ကာလရောက်လိမ့်မည်။၃၂ ငါသည်သူတို့၏လင်ဖြစ်ဘူးသော်လည်း  အရင်ငါပေးဘူးသောပဋိညာဉ်တရားကိုသူတို့သည်ဖျက်၍၊ ငါသည်လည်းသူတို့ကို ရွံရှာ၏။ ၃၃ နောင်ကာလအခါဣသရေလအမျိုးသားတို့၌ ငါပေးအံ့သောပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည်ငါ၏ပညတ်တရားကိုသူတို့အတွင်းထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာရေး ထားမည်။ ငါသည်သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်းငါ၏လူဖြစ်ကြလိမ့်မည်။ ၃၄ ထိုသူတို့က၊ ထာဝရ ဘုရားကိုသိလော့ ၊ ဟုအမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်းတယောက်ကို တယောက်ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍အကြီးဆုံးသောသူတိုင်အောင်၊ ထိုသူအပေါင်းတို့သည်ငါ့ကိုသိကြလိမ့်မည်။ ထိုအခါငါသည်သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသောဒုစရိုက်များကိုမအောက်မေ့ဘဲနေမည်ဟုထာဝရဘုရားမိန့်တော်မူ၏။ (ယေရမိ ၃၁း၃၁-၃၄) ပဌမပဋိညာဉ်ကို တိရစ္ဆာန်အသွေးနှင့်တည်စေခဲ့သည်။ ပဋိညာဉ်တရားသစ် ကို တိရစ္ဆာန်အသွေးမဟုတ်တော့ဘဲ သားတော်၏အသွေးအားဖြင့်တည်စေမည်။ ထို့ကြောင့်ခရစ်တော်က၊ ၂၆ ထိုအခါ စားလျက် နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ ကိုယ်ဖြစ်၏။ ယူ၍ စားကြလော့၊ ဟုမိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။ ၂၇ ခွက်ကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူ၍၊ သင်တို့ ရှိသမျှသည် သောက်ကြလော့။ ­၂၈ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍၊ လူများတို့၏ အပြစ်ကို လွှတ်စေခြင်းငှာ သွန်းသော ငါ၏ အသွေး ဖြစ်၏။ (မဿဲ ၂၆း၂၆-၂၈) ဟုဆိုခဲ့သည်။  ယခုအခါ ဘုရားသခင်နှင့်ဣသရေလ လူမျိုးများသည် ပဋိညာဉ်မပြုသေးသော်လည်း၊ ပဋိညာဉ်တရားတည်စေဘို့ရန် ခရစ်တော်သည် သွေးသွန်းဘို့ဆင်းကြွခဲ့ခြင်းဖြစ်သည်။ 

၅၁။ ကျွန်ုပ်တို့ကိုယ်စားဆင်းရဲခံ၍ချမ်းသာစေရန် 

 ပေါလုက၊ အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့်  သင်တို့သည် စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။ (၂ ကော ၈း၉)ဟုရေးသည်။  ဤကျမ်းပိုဒ်ကိုအသုံးပြုပြီး ဇာတိလူများက၊ ခရစ်တော်သည် ငါတို့စည်းစိမ်ချမ်းသာ စေခြင်းငှါ ဆင်းရဲခံသောကြောင့်၊ လောကမှာ ဆင်းရဲစရာ မလိုတော့ချေ။ သင်ဆင်းရဲနေလျှင် မယုံကြည်သောကြောင့်၊ သမ္မာတရားမသိသောကြောင့်၊ ခရစ်တော်၏ခံပေးခြင်းမသိသောကြောင့်၊ ဟုဆိုကြသည်။ သို့ဖြစ်လျှင် ခရစ်တော်က၊ ယုံကြည်သူများ ကို မည်သည့်နေရာ၌ ချမ်းသာစေချင်သနည်း။ သူကိုယ်တိုင်ဤသို့ဆိုသည်၊  သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက် ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။  ၂၀ သံချေး၊ ပိုးရွ မဖျက် ဆီး၍ သူခိုး မထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းဖူးကြလော့။ ၂၁ အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံး ရောက် တတ်၏။   (မဿဲ ၆း၁၉-၂၁) ခရစ်တော်ကိုယ်တိုင်သည်၊ မည်သည့်နေရာ၌ စည်းစိမ်ရှိသနည်း။ ကောင်းကင်နိုင်ငံ၌မဟုတ်ဘူးလား။ အဘယ်ကြောင့်လောက၌ စည်းစိမ်တွေမယူဆောင်လာခဲ့သနည်း။ ထိုသို့ယူဆောင်လာခဲ့သော် ယုဒလူများကလက်ခံကြမည်မဟုတ်လော။ အကြောင်းမှာ၊ သူ၏ဘုန်းစည်းစိမ်ကို ယူဆောင်လာခဲ့သော်၊ သံချေး၊ ပိုးရွကဖျက်စီးပြီး၊ သူခိုးများကထွင်းဖေါက်ခိုးယူမှာဖြစ် သည်။ သူခိုးများသောနေရာ၌ အဘိုးတန်ပစ္စည်းများယူဆောင်လာသင့်သလော။ တန်ဘိုးရှိသောအရာများကို သူခိုးမထွင်းမဖေါက်၊ သံချေးပိုးရွဖျက်ဆီးမည့်နေရာ၊ ကောင်းကင်၌ဆည်းဖူးသင့်သည်။ ထို့ကြောင့်၊ ယုံကြည်သူများချမ်းသာမည့်နေရာသည်၊ မြေကြီးပေါ်၌မဟုတ်၊ ကောင်းကင်နိုင်ငံ၌ဖြစ်သည်။ ထိုသို့ လူများကောင်းကင်၌ချမ်းသာနိုင်ဘို့ရန်၊ ခရစ်တော်ဤလောကသို့ ဆင်းကြွလာခဲ့ခြင်း ဖြစ်သည်။ ဤလောကကို သူဖန်ဆင်းခဲ့သော်လည်း၊ စာတန်ကအုပ်ချုပ်နေသည် (လု ၄း၅)။ ခရစ်တော်ကမသိမ်းပိုက်သေးချေ။ ထို့ကြောင့်စာတန်အုပ်စိုးသော ဤလောက၌ချမ်းသာဘို့မဟုတ်။ ရှင်ပေါလုက ထိုစည်းစိမ်ကို ယုံကြည်သူများက သိမြင်နိုင်မည့်အကြောင်း ဤသို့ဆုတောင်း ပေးသည်။ ၁၇ ဆုတောင်းသော အချက်ဟူမူကား၊ ငါတို့သခင် ယေရှုခရစ်၏ ဘုရားသခင် ဖြစ်တော်မူသော၊ ဘုန်းကြီးသော အဘ ခမည်းတော်သည်၊ ကိုယ်တော်မြတ်ကို သိခြင်းအလိုငှာ ပညာကို၎င်း၊ ထိုးထွင်းသော ဥာဏ်ကို၎င်း၊ သင်တို့အား ပေးပါမည် အကြောင်း၊ ၁၈ ခေါ်တော်မူသောကြောင့် မျှော်လင့်ရသော အရာကား၊ အဘယ်အရာ ဖြစ်သည်ကို၎င်း၊ သန့်ရှင်းသူတို့သည် ခံရသော အမွေတော်၏ ဘုန်းစည်းစိမ်ကား၊ အဘယ်မျှလောက် ကြီးသည်ကို၎င်း၊၁၉ ယုံကြည်သော ငါတို့၌ ပြတော်မူသော၊ အလွန် ကြီးလှစွာသော တန်ခိုးတော်ကား၊ အဘယ်မျှလောက် ကြီးသည်ကို၎င်း၊ သင်တို့သည် သိစေခြင်းငှာ၊ သင်တို့၏ ဥာဏ်မျက်စိကို လင်းစေပါမည် အကြောင်း၊ ဆုတောင်း ပဌနာပြု၏။ (ဧဖက် ၁း၁ရ-၁၉)

၅၂။ အသက်ရေပေးရန်

ယေရှုကလည်း၊ ဤရေကို သောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည်  ၁၄ ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရ အသက်ရှင်ခြင်း အလိုငှာ ထွက်သောစမ်းရေ ဖြစ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။(ယော ၄း၁၃-၁၄) ခရစ်တော်က ဤရေ ဟုဆိုသောအရာသည် လောကအရာများဖြစ်သည်။ လောကအရာများသည် ရေငတ်မပြေနိုင်ချေ။ သောက် လေလေ၊ ပို၍ငတ်လေလေ၊ ဆားရေသောက်သကဲ့သို့ ဖြစ်သည်။ ခရစ်ပေးသောရေ သောက်လျှင်ရေငတ်ခြင်းနှင့် အစဉ်ကင်းလွတ်မှာဖြစ်သည်။ သို့ဖြစ်လျှင် ခရစ်တော်ပေးသောရေသည် မည်သည့်အရာဖြစ်သနည်း။ ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။၃၈ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း၊ အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၃၉ ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည်၊ ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေး သောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မမူသေး။(ယော ရး၃ရ-၃၉) ခရစ်တော်ပေးမည့် ရေသည် သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်။ လူသည် သန့်ရှင်းသောဝိညာဉ်တော် ရမှသာလျှင် ရေငတ်ပြေခြင်းတည်းဟူသော၊ ကျေနပ်ခြင်း တင်းတိမ်ရောင့်ရဲခြင်းရှိနိုင်သည်။ ရေငတ်ခြင်းနှင့်လွတ်လိုပါသလား။ တင်းတိမ်ရောင့်ရဲသောအသက်တာ လိုချင်ပါသလား။ သန့်ရှင်းသောဝိညာဉ်တော် ကိုသင်လက်ခံဘို့လိုသည်။ ဆုတောင်းခြင်းဖြင့် လက်ခံနိုင်သည်။ 

 

ယခုခရစ်တော် လာရခြင်း၏ အကြောင်းရင်း ၅၁ ချက်ကိုသာ ဖေါ်ပြထားသည်။ အမှန်မှာ ထိုထက်များသည်။ ယခုဖေါ်ပြသော အချက်များ ထဲမှမိတ်ဆွေ မည်မျှအကျိုးခံစားသနည်း။ ထိုအရာများကို ခရစ္စမတ်အချိန်၌ ထုတ်ဖေါ်ပြောပြသင့်သည်။ သို့မှသာ သိရှိနားလည်၍ အကျိုးခံစားနိုင်ပေမည်။ ယခုနှစ် ခရစ္စမတ်အချိန်တွင် ဘုရားသခင်က မိတ်ဆွေ၏ ဝိညာဉ်မျက်စိကို ဖွင့်ပေး၍ အကျိုးများစွာ ခံစားနိုင်ပါစေသော်။ ဘုရားရှင်ကောင်းကြီး ပေးပါစေသော်။ 

 MORE AT BOOKSTORE

 YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG