Periodical: Good News, August 2018

Home  >  Periodicals > August 2018

gn082018

AUGUST 2018

GOOD NEWS PERIODICAL

.

မာတိကာ

  • ကယ်တင်ခြင်း
  • အိမ်ထောင်
  • ခရစ်တော် ကြွလာတော့မည်
  • ငြိမ်းချမ်းရေးစာချုပ်
  • လက်ဝဲလက်ျာအုပ်စု
  • စစ်တိုက်မည်
  • စီးပွားရေးတိုက်ပွဲ
  • ကျမ်းစာ ဖတ်ကြစို့
  • အမှုတော်ဆောင်သင်တန်း
  • အမှာစာ

    ဘုရားသခင်၏ ကျေးဇူးတော်ကို ယနေ့ တိုင်ခံစားရကြသေးသည်။ များမကြာမှီ ချီဆောင်ခြင်း ဖြစ်နိုင်သည်။ ကမ္ဘာ့ အ​ခြေအနေများသည် အလျှင်အမြန် ပြောင်းလဲနေသည်။ မီးတောင်ပေါက်ခြင်း၊ မြေ ငလျှင်လှုပ်ခြင်းလည်း အလွန်များလာသည်။ မိုးခေါင်ခြင်း၊ မိုးများ လွန်းခြင်း၊ ပူလွန်းအေးလွန်းခြင်း များလည်း နေရာအနှံ့အပြား၌ ခံစား နေရသည်။ လူများ၏ အကျင့်အကြံများလည်း ကြောက်ခမန်းလိလိကမ်းကုန်အောင် အပြစ် လုပ် နေကြသည်။ ကျမ်းစာက၊ "မကောင်းကို အကောင်း၊ အကောင်းကို မကောင်းဟု ခေါ်တတ်သောသူ၊ အလင်းအရာ၌ အမိုက်၊ အမိုက်အရာ၌ အလင်းကို၎င်း၊ အချိုအရာ၌ အခါး၊ အခါးအရာ၌ အချိုကို၎င်း၊ အလွှဲယူတတ်သော သူတို့သည် အမင်္လာရှိကြ၏၊ ၊ " (ဟေရှာယ ၅:၂၀) ဟုဆိုခဲ့သည်။ ယခုအခါ ထိုအရာပြည့်စုံနေပြီ။ ဘုရား မဲ့များလည်း တနေ့တခြား တိုးပွား နေကြသည်။ ဘုရားသခင်ကို အလျှင်အမြန် စွန့်ကြပြီ။ တိုင်းနိုင်ငံများ ကြည့်လျှင်လည်း တချိန်လုံးစစ်ပွဲအတွက် ပြင်ဆင် နေကြသည်။ လက်နက်အသစ်အဆန်းများ တီထွင်ထုတ်လုပ် နေကြသည်။ ရှင်ပေါလုက၊ "နောင်ကာလသည် ခဲယဥ်းသော ကာလ ဖြစ်မည်ဟု သိမှ တ်လော့။ အဘယ်သို့ နည်းဟူမူကား၊ ၂ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကို တပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကား သောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ၃ ပကတိကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သော သူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်း နိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော် ကောင်းကို မုန်းသောသူ၊ ၄ သစ္စာကို ဖျက်တတ်သောသူ၊ သတိပေးခြင်း ကိူမခံသောသူ၊ မာန်မာနနှင့် ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ် ခံစားခြင်းကို သာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍ ၊ ၅ မွေ့လျော်ခြင်း တန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။" (၂ တိ ၃:၁-၅)

    .

    ကယ်တင်ခြင်း

    ဤလောက၌ လူအသက် ရှင်ခြင်းသည် အဓိပ္ပါယ်အမျိုးမျိုးဖြင့် ဖွင့်ဆို ကြသည်။ သို့သော် လူ့အသက် ရှင်ခြင်း၏ ရည်ရွယ်ချက်သည် လူသားများ၌ ရှာဖွေ နေလျှင် အမျိုးမျိုး ကွဲလွှဲပါလိမ့်မည်။ လူအသက် ရှင်ခြင်းသည် ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်မှာသာ အမှန်တွေ့နိုင်မှာ ဖြစ်သည်။ ဘုရား ကလူကို ဖန်ဆင်းခြင်းသည် သူနှင့်အတူ မိဿဟာယဖွဲ့၍ ဤလောကကို အုပ်စိုးအုပ်ချုပ်ဘို့ရန် ဖြစ်သည်၊ "တဖန် ဘုရားသခင်က၊ ငါတို့ ပုံသဏ္ဍန်နှင့် တညီတသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ သား ယဥ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့် တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန် အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေဟု အမိန့်တော် ရှိ၏။" (က ၁:၂၆)။ သို့သော် လူသည် ဘုရား မြစ်တားထားသော ကောင်းမကောင်းသိ​ကျွမ်းရာအပင်၏ အသီးကို စားခြင်းဖြင့် ဘုရားကို ပုန်ကန်၍ စာတန်၏ စကား နားထောင် သောကြောင့် ဤလောက အုပ်စိုးခွင့်ကို စာတန် ထံ၌ ပေးအပ်လိုက်ကြောင်း ဤသို့ ရေးထားသည်၊ "မာရ်နတ်သည် ယေရှုကို မြင့်လှသောတော် ပေါ်သို့ ဆောင်သွား၍ ၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍ ၊ ဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူ အားပေးရသည် ဖြစ်၍ ကိုယ်တော် အားပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည်ကိုယ်တော်၏ ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်လေ၏။" (လု ၄:၅-၆)။

    လူသည် အဘအာဒံက လက်လွှတ်ဆုံးရှုံးသွားသော ဤလောကကို အလွန် လိုချင်သော စိတ်ဆန္ဒသည် အလွန် ပြင်းပြသည်။ ထိုကြောင့်ကိုယ်ခန္ဓာအသက် ရှင်စဥ်တွင် ဤလောကကို ဖြစ်သည့်နည်းဖြင့် ပြန်လည်ရရှိဘို့ ကြိုးစား နေကြသည်။ ငွေအားဖြင့်၊ ပညာအားဖြင့်၊ အာဏာအားဖြင့်၊ အပျော်အပါး၊ ဝါသနာအားဖြင့် နည်းမျိုးစုံဖြင့် ဤလောကကို ရရှိဘို့ လူတိုင်း ကြိုးစား ကြသည်။ ထို့ကြောင့် သခင်ယေရှုက၊ "လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဥ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဥ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။" (မ ၁၆:၂၆) ဟုဆိုခဲ့သည်။ ဤလောက ပြန်လည်ရသည်ထက် အရေးကြီးသောအရာ ကို ဤသို့ အကြံပေးသည်၊ "ဘုရားသခင်၏ နိုင်ငံတော်နှင့် ​ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ ပေးတော်မူ လတံ့။" (မ ၆:၃၃)။ နိုင်ငံတော်သည် ဤလောက မဟုတ်၊ ကောင်းကင် နိုင်ငံတော် ဖြစ်သည်။ သို့သော် လူများ ကသခင်ယေရှု၏ အကြံပေးချက်ကို လက်မခံကြ၊ ဤလောကကို ပြန်လည် ယပိုင်ဆိုင်ဘို့၊ အုပ်စိုးဘို့ အစွမ်းကုန် ကြိုးစား နေကြသည်။

    အဘယ်ကြောင့်သခင်ယေရှု ကဤလောကကို မရှာခိုင်းသနည်း။ ကျမ်းစာက၊ "လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။" (၁ ယော ၂:၁ရ) ဟုဆိုသည်။ တဖန်၊ "ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့် တကွပျောက်သွားလိမ့်မည်။ လောက ဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍ ၊ မြေကြီး ပေါ်မှာ ပြုလုပ် သမျှသောအရာ တို့သည် ​ကျွမ်းလောင်ကြလိမ့်မည်။" (၂ ပေ ၃:၁၀) ဟုဆိုသည်။ ထိုကဲ့သို့ မီးလောင်ပျက်ဆီး သွားမည့် အရာကို အဘယ်ကြောင့်တပ်မက်ရမည်နည်း။ ဘုရားသခင်က လူကို ကောင်းကင်သို့ တက်စေချင်သည်။ သို့သော် လူသည် အပြစ်သား ဖြစ်သောကြောင့် သန့်ရှင်းသော ကောင်းကင်သို့ တက်နိုင်မည့် အရာသည် လုံးဝ မဖြစ်နိုင်ချေ။ ထို့ကြောင့် ကောင်းကင် ပိုင်ရှင် ဘုရားသခင်က လူ၏ အပြစ်ကို ​ ဖြေရှင်း ဘို့ရန် စီစဥ်သည်။ အပြစ်၏ အခသည် သေခြင်း ဖြစ်သည် (က ၂:၁ရ၊ ရော ၆:၂၃)။ လူသည် အပြစ်ကြောင့် ကိုယ်ခန္ဓာသေ၍ ဝိညာဥ်လည်း ငရဲသို့ သွားဘို့ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က လူကိုယ်စားသေမည့်သူကို စီစဥ်သည်။ ထိုသူသည် ယေရှုခရစ် ပင် ဖြစ်သည်။ ဘုရားသခင်က လူ၏ အပြစ်ကို ယေရှုခရစ် အပေါ်၌ တင်ထားသည် (ဟေရှာယ ၅၃:၆၊ ၂ ကော ၅:၂၁)။ ကျမ်းစာက၊ "ထိုသူသည် ငါတို့ လွန်ကျူးသော အပြစ်များကြောင့် ၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏၊ ၊ " (ဟေရှာယ ၅၃:၅)။ တဖန်၊ "ခရစ်တော်သည် ကျမ်းစာ လာသည် အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံ တော်မူ၏။" (၁ ကော ၁၅:၃)ဟု ရေးထားသည်။ သူသည်၊ "ငါတို့၏ အပြစ် မက၊ လောကီသား အပေါင်းတို့၏ အပြစ် ​ဖြေစရာ အကြောင်း ဖြစ်တော်မူ၏။" (၁ ယော ၂:၂)။ ထို့ကြောင့် သင့်အတွက် ခရစ်တော် အသေခံ ခဲ့ပြီဟု သင်ယုံကြည်လျှင် နောက်ထပ်ပြစ်ဒဏ်ခံစရာ မလိုတော့ချေ။ ကျမ်းစာက၊ "သားတော်ကို ယုံကြည်သော သူသည် အပြစ် စီရင်ခြင်းကို မခံရ။ မယုံကြည်သော သူမူကား၊ ဘုရားသခင်၌ တပါးတည်းသော သားတော်ကို မယုံကြည် သောကြောင့် ယခုပင်အပြစ် စီရင်ခြင်းကို ခံရ၏။" (ယော ၃:၁၈) ဟုဆိုထားသည်။ ယေရှုခရစ် ကသင့်အတွက် အပြစ် ဒဏ်သေခြင်းကို ခံခဲ့ပြီး သောကြောင့် ထိုအရာကို သင်ယုံကြည်လျှင် သင်သည် ​ဖြောင့်မတ်ပြီ။ သင်သည် ​ဖြောင့်မတ်လျှင် ကောင်းကင်သို့ ဝင်ခွင့်ကို ဘုရားသခင်က ပေးထားပြီး ဖြစ်သည်။ ထိုသို့ ဘုရား ပြင်ဆင် ပေးသောအရာ ကို သင်ယုံကြည် ပါသလား။ ထိုအရာကို မယုံကြည်လျှင် သင်သည် ငရဲမီးအိုင် ထဲ၌ ထာဝရ ဒုက္ခ ဆင်းရဲ ခံဘို့ ရှိသည်။ မိတ်ဆွေ၊ ဘုရားသခင်က အခမဲ့ကောင်းကင် ဝင်ခွင့်ဗီဆာပေးသောအရာ ကို မငြင်းပါနှင့်။ ကိုယ်ဝိညာဥ်ကို သနားပါ။ လောလောဆယ်မခံစား သေးသော်လည်း တမလွန်ဘဝ၌ သေချာပေါက်ခံစား မည့် အရာ ဖြစ်သည်။ စာတန် ကသင့်ကို မနာလိုသောကြောင့် ဘုရား ပေးသော ကောင်းကင် ဝင်ခွင့်ဗီဆာကို စိတ်မဝင်စားအောင် နည်းအမျိုးမျိုးနှင့် သင့်ကို လှည့်ဖျားနေသည်ကို သတိပြုပါ။ ထိုအခွင့်အရေးသည် သင်၏ကိုယ်ခန္ဓာအသက် ရှင်စဥ်သာလျှင် ရရှိမှာ ဖြစ်သည်။ သင်သေပြီးလျှင် ထိုအခွင့်အရေးရတော့မည် မဟုတ်။ သင်သည် မည်သည့်အချိန်တွင် သေမည် မသိရသောကြောင့် ယခုချက်ချင်း လက်ခံဘို့ လိုအပ်သည်။

    .

    အိမ်ထောင်

    အိမ်ထောင်သည် ဘုရားသခင်ကိုယ်တော်တိုင် စတင်ထူထောင်ပေးသောအရာ ဖြစ်သည်။ "ထာဝရ အရှင် ဘုရားသခင်က လည်း၊ ယောက်ျားသည် တယောက် တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဘို့ ငါလုပ်ဦးမည်ဟု အကြံရှိ တော်မူ၏။" (က ၂:၁၈)။ ထို့ကြောင့် အိမ်ထောင်သည် ဘုရားသခင်ကိုယ်တော်တိုင် ကဆောက်ဘို့ လိုကြောင်း ဆာလံဆရာကဤသို့ ရေးထားသည်၊ "ထာဝရ ဘုရားသည် အိမ်ကို ဆောက်တော် မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။" (ဆာ ၁၂ရး၁)။ သင်၏ အိမ်ထောင်သည် မည်သူကဆောက်သနည်း၊ သင်ကိုယ်တိုင်ဆောက်သလော၊ သင်၏ ခင်ပွန်းကဆောက်နေသလော။ ဘုရားသခင်က မဆောက်လျှင် အချည်းနှီး ဖြစ်မည်။ ထို့ကြောင့် ဘုရားသခင်ကို ဆောက်ခိုင်းပါ။ မည်ကဲ့သို့ ဆောက်ရမည်နည်း။ အိုးထိန်းသည် မြေကြီးကို ရွှံ့လုပ်၍ ပျော့မှသာအိုးလုပ်နိုင်သည်။ ရွှံ့မာနေလျှင် လုံးဝ အိုးလုပ်၍ မရပါ။ ရွှံ့ကို အိုးထိန်းကကြိုက်နှစ်သက်သလို ပျော့စေရသည်။ ထိုသို့ ပျော့ဘို့ရန် မြေမှုန့်ကို ရေလောင်း၍ ထုထောင်းရသည်။ ထို့နည်းတူ ဘုရားသခင်က အိမ်ထောင်ကို ဆောက်နိုင်ဘို့ရန် အိမ်ထောင်၌ ပါဝင်သော လင်နှင့် မယားသည် ဘုရား လက်ထဲ၌ သူကြိုက်နှစ်သက်သလို ပုံသွင်းနိုင်ရန် ပျော့ပျောင်းရမည်။

    ဘုရားသခင်က လူကို မည်ကဲ့သို့ ပျော့ပျောင်းစေမည်နည်း။
    ဒုက္ခ ဆင်းရဲခြင်းအားဖြင့် ပုံသွင်းနိုင်သော်လည်း နားလည်သောသူ၊ ပုံသွင်းခံနိုင်သော သူနည်းသည်။ အကောင်းဆုံးမှာ နှုတ်ကပတ်တော်အားဖြင့် ပုံသွင်းခြင်း ဖြစ်သည်။ ဘုရားသခင်က၊ ငါ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့၎င်း၊ ကျောက်ကို ထုချေသော သံတူကဲ့သို့၎င်း ဖြစ်သည် မဟုတ်လောဟု ထာဝရ ဘုရား မေးတော်မူ၏။" (ယေရမိ ၂၃:၂၉) နှုတ်ကပတ်တော်များများ ဖတ်ရှုဆင်ခြင်မှလူ၏ စိတ်နှလုံးသည် ပျော့ပျောင်းလာနိုင်သည်။ သို့မှသာ ဘုရား၏ အလိုတော် အတိုင်း အသက် ရှင်နိုင်သည်။ သင်သည် နှုတ်ကပတ်တော်ကို စေ့စေ့ဖတ်ရှုဆင်ခြင်ပါသလော။ မဖတ်မရှု မဆင်ခြင် နှလုံးမသွင်းလျှင် ဘုရားသခင်က သင့်ကို ပုံသွင်း၍ ရမည် မဟုတ်။ သင်၏ ခင်ပွန်းသည် နှုတ်ကပတ်တော်ကို မှန်မှန်ဖတ်ရှု ဆင်ခြင်နှလုံးသွင်းပါသလော။ ထိုသို့ မပြုလျှင် သူလည်း ဘုရားသခင်က တည်ဆောက်နိုင်မည် မဟုတ်။ လင်မယား နှစ်ယောက်စလုံး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အလေးထား၍ စေ့စေ့ ဖတ်ရှုလေ့လာ ဆင်ခြင်နှလုံးသွင်းကြပါ။ ဆုတောင်း နေရုံနှင့် မပြီးပါ။ ဆုတောင်းခြင်းသည် သင်၏ အလိုဆန္ဒကို ဘုရားသခင် ထံတင်ပြနေခြင်း ဖြစ်သည်။ ဘုရား၏ အလိုတော်သည် အိပ်မက်ရူပါရုံအားဖြင့် လာတော့မည် မဟုတ်၊ နှုတ်ကပတ်တော်အားဖြင့် သာလာမှာ ဖြစ်သည်။ ယခုမှစ၍ နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာ ကြပါ။ နှုတ်ကပတ်တော် ကပြောသည့်အတိုင်း အသက် ရှင်ပါ။သို့ ပြုလျှင် ဘုရားသခင်က တည်ဆောက်မှာ ဖြစ်သည်။ အသက်တာ၌ ထူးခြားချက်ရှိလာမှာ ဖြစ်သည်။

    .

    ခရစ်တော် ကြွလာတော့မည်

    ချီဆောင်ခြင်းသည် ကောင်းကင် သတို့သားက သူ၏ သတို့သမီး လောင်းကို ကြိုခြင်း ဖြစ်သည်။ ကောင်းကင် သတို့သားလောင်းသည် ခရစ်တော် ဖြစ်၍ သတို့သမီး လောင်းသည် အသင်းတော် သို့မဟုတ် ယုံကြည်သူများဖြစ်သည်။ ပေါလုက၊ "ငါသည် သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီး ကညာကဲ့သို့ ခရစ်တော်အား ဆက်သအံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် စေ့စပ်ပြီး သောကြောင့် ဝိညာဥ်ပိုင်းသဝန်တိုသော စိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။ ၃ မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကို လှည့်စား သကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍ ၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သော စိတ်ပျောက်မည်ဟ" ု စိုးရိမ်ခြင်းရှိ၏ဟု ရေးခဲ့သည်။ ပေါလုသည် ခရစ်တော်နှင့် အသင်းတော် ကြားအောင် သွယ် ဖြစ်သည်။ လူပျိုကသူ၏ သူငယ်ချင်းအတွက် အပျိုတယောက်ကိုအောင် သွယ်ပေး သောအခါ အပျိုက သဘောတူလျှင် စေ့စပ်လေ့ရှိသည်။ ထိုသို့ စေ့စပ်ပြီးသော အပျိုသည် လက်ထပ်ဘို့ရန် သဘောတူပြီး ဖြစ်၍ သေချာစွာ သိရှိဆုံးဖြတ်ချက် ချသောသူ ဖြစ်သည်။ စေ့စပ်ပြီးသော အပျိုသည် အခြားလူပျိုများနှင့် ရောနှောခြင်းကို ရှောင်ရသည်။ အကြောင်းမှာ သူနှင့် စေ့စပ်ပြီးသော လူပျိုကအထင်လွှဲမှာကို စိုးရိမ် ရသည်။အောင် သွယ်ကလည်း ထိုအပျိုမကို ဂရုစိုက်ကြည့်ရှုနေရသည်။ အကြောင်းမှာ သူ၏ သူငယ်ချင်းအတွက် စေ့စပ်ခြင်း ပျက်ပြားသွားမှာကို စိုးရိမ်သည်။ ထို့ကြောင့် စိုးရိမ် စိတ်နှင့် သူ၏ သူငယ်ချင်းအတွက် ထိုအပျိုမကို ဂရုစိုက်ကြည့်ရှုနေရခြင်း ဖြစ်သည်။ ပေါလု သည်လည်း ကောရိန်သု အသင်းသား များကို ခရစ်တော် အတွက် စိုးရိမ် စိတ်နှင့် စောင့်ကြည့်နေသည်။ ပေါလုနည်းတူ ပျောက်ဆုံးဝိညာဥ်ဖမ်းသော အမှုတော် ဆောင်များသည် လူများကို ခရစ်တော်နှင့် လက်ထပ်ဘို့ရန်အောင် သွယ်ပေးသော သူများ ဖြစ်ကြသည်။ ထိုအမှုတော် ဆောင်များ အနေဖြင့် သူတို့၏ ဝိညာဥ် သားသမီး များဖေါက်ပြန်မှာကို စိုးရိမ် တတ်ကြသည်။ အပျိုများသည် လူပျိုများနှင့် ဖေါက်ပြန်နိုင်သည်။ လူပျိုများကလည်း စေ့စပ်ပြီးသော အပျိုကို ချစ်ကြိုက်နေပါက နည်းမျိုးစုံနှင့် သွေးဆောင်မှာ ဖြစ်သည်။ ထို့နည်းတူ ယုံကြည်သူများလည်း ခရစ်တော်နှင့် လက်ထပ်ဘို့ရန် ဖြစ်သောအခါ နည်းမျိုးစုံဖြင့် ဖေါက်ပြန်ဘို့ရန် သွေးဆောင်မှာ ဖြစ်သည်။ ယုံကြည်သူများ ဖေါက်ပြန်ခြင်းသည်လောက အရာများအားဖြင့် ဖြစ်သည်။ လောကသည် စာတန် ကပိုင်သည် (လု ၄:၅)။ ထို့ကြောင့် လောကကို ချစ်လျှင် စာတန်ကို ချစ်ခြင်း ဖြစ်သည်။ ယောဟန်က၊ "လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သော သူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။" ဟုဆိုထားသည် (၁ ယော ၂:၁၅)။ ယာကုပ်က၊ "မတရားသော မေထုန်၌ မှီဝဲသော ယောကျ်ားမိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင့်ဘက် ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသော သူသည် ဘုရားသခင်၏ ရန်သူ ဖြစ်၏။" ဟုဆိုထားသည် (ယာ ၄:၄)။ အဘယ်ကြောင့်လောကနှင့် မိဿဟာယဖွဲ့သော သူသည် မတရားသော မေထုန်ပြုသည်ဟုဆိုသနည်း။ လောက ချစ်လျှင်လောကကို ပိုင်သော စာတန်ကို ချစ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရား အမြင်၌ လောကကို ချစ်သော သူသည် စာတန်နှင့် ဖေါက်ပြန်သောသူ ဖြစ်သည်။

    လောကသည် အဘယ်အရာနည်း။ လောကသည် အရာခပ်သိမ်း ဖြစ်သည်။ သေရည်သေရက်သောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ခိုးခြင်း၊ မတရားသော မေထုန်မှီဝဲခြင်း များသည် သာမန်လူများ အမြင်၌ပင် လျှင် အပြစ် ကြီး၍ လောက အရာများ ဖြစ်သည်။ နိုင်ငံရေး၊ လူမျိုးရေး၊ ပညာရေး၊ ယဥ်ကျေးမှု၊ စီးပါွးရေး၊ ဝါသနာလိုက်စားခြင်း များလည်းလောက ဖြစ်သော်လည်း လူ့အမြင်၌ အပြစ် မရှိသော်လည်း ဘုရားထက် ချစ်လျှင် ဦးစားပေးလျှင် ဘုရား အမြင်၌ အပြစ်ရှိသည်။ ဖေါက်ပြန်သည်။ ထို့ထက် နက်နဲသောအရာ မှာ၊ ခင်ပွန်း၊ သားသမီး၊ မိဘ၊ မောင်နှမ၊ သူငယ်ချင်း၊ များကို ဘုရားသခင်ထက် ချစ်၍ အလေးပေးလျှင် ထိုအရာများလည်းလောက ဖြစ်၍ အပြစ်ရှိသည် (မ ၁၀:၃ရ)။ ထို့ထက် အသိရအခက်ဆုံးသည်၊ ဘုရားကို အမှန်တကယ် မချစ်ဘဲ၊ ဝမ်းစာအတွက်၊ စီးပွားရေးအတွက် ဘုရား အမှု ဆောင်ခြင်း၊ ဘုရား၏ လုပ်ဆောင်ချက် နားမလည်ဘဲ ဘုရား ဘက်၌ စိတ်အားကြီးခြင်း သည်လောက ဖြစ်၍ အပြစ် ကြီးသည်။ လူ့အမြင် မှာ သန့်ရှင်း၍ အပြစ် ကင်းသော်လည်း ဘုရား အမြင် မှာထုံးဖြူသုတ်ထားသော သင်္ချိုင်းကဲ့သို့ဖြစ်သည်။

    ခရစ်ယာန် နာမည်ခံများသည် ထိုကဲ့သို့ လောကကို ချစ်သောကြောင့် ခရစ်တော်ကို မချစ်၊ သူလာမည့် အရာကို လုံးဝ မမျှော်လင့်ကြချေ။ ခရစ်တော် လာမည့် အရာကို သရော် ကြသည်။ ပေတရုက"နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့ တပ်မက်ခြင်း အတိုိင်းကျင့်နေ၍ ၊ ၄ သခင်ဘုရား ကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည် နောက်၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲ ဖြစ်ကြ၏ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့် တကွပေါ်လာကြလိမ့်မည်။" ဟု သတိပေးခဲ့သည် (၂ ပေ ၃:၃-၄)။ သင်သည် သခင်ယေရှု ကြွလာမည့် အရာကို မျှော်လင့်သော သူလော၊ ပြက်ယယ်ပြုသောသူ ဖြစ်သလော။

    စေ့စပ်ထားသော အပျိုမ၏ အဓိက မျှော်လင့်ခြင်းသည်၊ သတို့သား လာ၍ သူ့ကို လက်ထပ်မည့် အရာ ဖြစ်သည်။ ထို့ထက် မျှော်လင့်သောအရာ မရှိတော့ချေ။ သတို့သား လာမည့် နေ့ရက်ကို လက်ချိုးရေတွက်နေမှာ ဖြစ်သည်။ ထို့ကြောင့် ပေါလုက၊ "မင်္လာရှိသော မြော်လင့်ရာကို၎င်း၊ ကြီး မြတ်သော ဘုရားသခင် တည်း ဟူသော၊ ငါတို့ကို ကယ်တင် တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည် မြော်လင့်လျက်၊ ဘုရား မဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း တို့ကို ပြုနေရမည်၊ " ဟု စာရေးခဲ့သည် (တိတု ၂:၁၁-၁၃)။ ရှေးဦးယုံကြည်သူများ၏ အဓိက မျှော်လင့်ချက်သည် သခင်ဘုရား ကြွလာမည့် အရာ ဖြစ်သည်။ ထိုအရာအားဖြင့် တယောက်နှင့် တယောက် အားပေးတတ် ကြသည်။ ပေါလုကအကြင်သူသည် သခင်ယေရှုခရစ်ကို မချစ်၊ ထိုသူသည် အနသေမာ (ကျိန်ခြင်း) ဖြစ်စေသတည်း။ သခင်ဘုရားသည် ကြွလာ တော်မူ၏" မာရာနာသာ (Maranatha)။

    .

    ငြိမ်းချမ်းရေးစာချုပ်

    အစ္စရေးနှင့် ပါလက်စတင်းငြိမ်းချမ်းရေး စာချုပ် (Deal of the century)ကို သမတထမ်းကလာမည့် စက်တင်ဘာလ ၁၈ မှအောက်တိုဘာလ ၅ ရက်နေ့အတွင်း ကျင်းပမည့် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဖေါ်ပြမည်ဟုဆိုသည်။ သမတထမ်းသည် စက်တင်ဘာလ ၂၅ ရက်နေ့တွင် မိန့်ခွန်းပြောမှာ ဖြစ်သည်။ ထိုစာချုပ်ကို သမတထမ်း အလိုဆန္ဒအရဆွဲထားခြင်း ဖြစ်၍ နှစ်ဘက်စလုံးက အပြည့်အဝ ကြိုက်နှစ်သက်မည် မဟုတ်၊ သို့သော် စစ်မှန်သော ငြိမ်းချမ်းရေး လိုချင်လျှင် အ​ခြေအနေမှန်ကို လက်ခံဘို့ လိုလိမ့်မည်ဟု ကြိုတင် ပြောထားသည်။

    ထိုစာချုပ်သည် ဒံယေလ ၉:၂ရ ဖေါ်ပြသော "တသိတင်းတွင် လူအများ တို့နှင့် ပဋ္ဋိညာဥ်ဖွဲ့ခြင်းရှိ၍ ၊ ထိုသိတင်း တဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဘွယ်သောအရာ ၏ အထွဋ္ဋ်ပေါ်သို့ ဖျက်ဆီးသော သူသည် ရောက်၍ ၊ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။" ဟူသောအရာ ပြည့်စုံခြင်း ဖြစ်နိုင်သည်။ တသိတင်းသည် ခုနှစ်ရက် ဖြစ်သည်။ တနေ့ကို တနှစ်ထား၍ ခုနှစ်ရက်သည် ခုနှစ်နှစ် ဖြစ်သည်။ စာချုပ်သည် ခုနှစ်နှစ်အတွက် ဖြစ်သည်။ သတင်း တဝက်သည် သုံးနှစ်ခွဲ ဖြစ်သည်။ ကျမ်းစာ ကအန္တီခရစ် ဦးဆောင်ပြီး အစ္စရေးနှင့် လူအများ (ပါလက်စတင်းများ အပါအဝင်) ခုနှစ်နှစ်ငြိမ်းချမ်းရေး စာချုပ် ချုပ်မည်ဟုဆိုထားသည်။ အကယ်၍ ထိုစာချုပ် ချုပ် ဖြစ်ပါက ၊ ဦးဆောင်မည့်သူ သမတထမ်းသည် အန္တီခရစ် ဖြစ်နိုင်သည်။ ထိုစာချုပ်၌ တတိယဗိမာန်တော် ဆောက်ခွင့်လည်း ပါနိုင်သည်။ ဗိမာန်တော် ဆောက်ပါက အစ္စရေးများရှေးကနည်းတူ ယဇ်ပူဇော်ခြင်း ပြန်လည် ပြုလုပ် ခွင့်ပြုမည်။ ထိုသို့ ပြုပြီး နောက်သုံးနှစ်ခွဲရောက်လာသောအခါ ထမ်းကသူသည် အစ္စရေးများ၏ မျှော်လင့်တောင့်တနေသော မေရှိယ ဖြစ်သည်ဟုဆိုကာ သူ့ကိုကိုးကွယ်ဘို့ အမိန့်ပေးနိုင်သည်။ အကယ်၍ ထမ်းသည် အန္တီခရစ်မှန်၍ ငြိမ်းချမ်းရေး စာချုပ် ချုပ်နိုင်ပါက ထိုအချိန် မတိုင်မှီ ချီဆောင်ခြင်း ဖြစ်နိုင်သည်။ ချီဆောင်ခြင်းသည် တပိုးမှုတ်ပွဲ၌ ဖြစ်မည်ဟု ယူဆရသည်။ ယခုနှစ်တံပိုးမှုတ်ပွဲသည် စက်တင်ဘာလ ၁၀-၁၁ ရက်နေ့များ ဖြစ်သည်။ ကျမ်းစာက၊ "နက်နဲသောအရာ တခုကို ငါပြဦးမည်၊ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည် မဟုတ်။ သို့သော်လည်း ၊ နောက်ဆုံးသော တံပိုးမှုတ် သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက် သောအခါ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍ ၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။" (၁ ကော ၁၅:၅၁-၅၃)

    "သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့် တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက် တော်မူ၍ ၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြလိမ့်မည်။ ထိုအခါ အသက် ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့် တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသော အားဖြင့် သခင်ဘုရားနှင့်အတူ အစဥ်မပြတ် နေရကြလိမ့်မည်။" (၁ သက် ၄:၁၆-၁ရ) ဟုဆိုထားသည်။ ထို့ကြောင့် ချီဆောင်ခြင်းသည် တံပိုးမှုတ်သော အချိန်တွင် ဖြစ်နိုင်သည်။ ဖြစ်ကို ဖြစ်ရမည်ဟု မဆိုပါ။

    အကယ်၍ ခရစ်တော် ကြွလာပါက သင်သည် ချီဆောင်ခြင်း၌ ပါမည်လော။ သင်သည် ချီဆောင်မည့်သူများထဲ၌ မပါဝင်လျှင် ဘေးဒဏ်ကြီး ကာလ၌ အလွန် ဒုက္ခ ရောက်မှာ ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလနှင့် ပတ်သက်၍ ယေရှု ကဤသို့ ဆိုထားသည်၊ "ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလ တာရှည်လျှင် အဘယ်သူ မျှမလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့ အဘို့ အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။" (မ ၂၄:၂၁-၂၂) ဘေးဒဏ်ကြီး ကာလ၌ စစ်တိုက်ခြင်း၊ အစာ ငတ်မွတ် ခေါင်းပါးခြင်း၊ ကပ် ရောဂါဆိုက်ရောက်ခြင်း၊ မြေသားရဲကိုက်ခြင်း၊ သဘာဝ ဘေးဒဏ်များကြောင့် ကမ္ဘာ့ လူဦးရေအများစုသည် သေကျေ ပျက်စီးကြမည်။ ထိုအထဲ၌ သင်သည် ပါသွားနိုင်သည်။ အကယ်၍ အသက် ရှင်ကျန်ရစ်လျှင်လည်း ကမ္ဘာ့ ခေါင်းဆောင်၏ အမိန့်အရသားရဲ၏ တံဆိပ် တည်းဟူသော၆၆၆ တံဆိပ်ခပ်မှသာ အလုပ်လုပ်နိုင်မည်၊ ရောင်းဝယ်နိုင်မည်။ ထိုတံဆိပ်မခပ်ပါက လည်ပင်းဖြတ်ခြင်း ခံမည်။ ထိုအရာများ မဖြစ်မှီ ယခုအချိန် အနည်းငယ်ကျန်သေးချိန်၌ သခင်ယေရှုခရစ်ကို လက်ခံပါ။ သူသည် သင်၏ စိတ်နှလုံးတံခါးခေါက်နေသည်။ ဖွင့်ပေးလျှင် ဝင်၍ သင်သည် ထာဝရ အသက် ရရှိမည်။ ဤသို့ ဆုတောင်းခြင်းဖြင့် ခေါ်ဘိတ်နိုင်သည်။ သခင်ယေရှု ဘုရား၊ ​ကျွန်ုပ်၏ စိတ်နှလုံးတံခါးဖွင့်ပါပြီ။ ဝင် တော်မူပါ။ ​ကျွန်ုပ်၏ အသက်တာကို အုပ်စိုး တော်မူပါ။ အာမင်။ ထိုသို့ လိုလိုချင် ချင်နှင့် ဆုတောင်းလျှင် သူသည် ဝင်ပါလိမ့်မည်။ သူဝင်လျှင် သင်သည် ထာဝရ အသက် ရရှိ၍ ချီဆောင်ခြင်း၌ ပါဝင်ခြင်းဖြင့် ဘေးဒဏ်ကြီး ကာလနှင့် လွတ်မြောက်မှာ ဖြစ်သည်။

    .

    လက်ဝဲလက်ျာအုပ်စု

    ကမ္ဘာပေါ်ရှိလူများသည် လက်ဝဲလက်ျာဟု အုပ်စုနှစ်ခုဖြင့် ကွဲနေသည်။ လက်ဝဲအုပ်စုများ ကဤကမ္ဘာကြီးကို နိုင်ငံနယ်နိမိတ်မရှိဘဲ လူမျိုးအားလုံးရောနှောနေထိုင်၍ ဆင်းရဲ ချမ်းသာ မရှိဘဲ ညိှ၍ ကမ္ဘာ့ အစိုးရ တခုသာလျှင် ရှိစေချင်သည်။ ထိုအရာကို အင်္လိပ်လို ​New World Oder ဟု ခေါ်သည်။ လက်ျာအုပ်စုက ကိုယ့်နိုင်ငံနှင့် ကိုယ်နယ်နိမိတ်ရှိပြီး ကမ္ဘာ့ အစိုးရရှိမည့် အရာကို အလိုမရှိကြချေ။ ယခုအခါ ကမ္ဘာ့နိုင်ငံအများစုသည် လက်ဝဲအုပ်စုကအစိုးရအာဏာကို ရထား ကြသည်။ ဥရောပနိုင်ငံအများစုသည် လက်ဝဲအုပ်စု ဖြစ်သည်။ ထို့ကြောင့် ဒုက္ခသည် သန်းနှင့် ချီ၍ လက်ခံ ကြသည်။ ဒုက္ခသည်များထဲ၌လည်း ခရစ်ယာန် များထက် မူစလင်များကို သာ လက်ခံ ကြသည်။ ထိုဒုက္ခသည်များကသူတို့ နိုင်ငံကို လူသတ်မှု အားဖြင့်၎င်း၊ မုဒိန်းကျင့် ခြင်းအားဖြင့် ၎င်း၊ အမျိုးမျိုး ဖျက်စီး နေကြသော်လည်း သတင်း ဌါနမီဒီယာများသည် လက်ဝဲအုပ်စုများ ဖြစ်ကြသောကြောင့် ဖုံးဖုံးဖိဖိလုပ် ကြသည်။ မူစလင်များ ကသူတို့ နိုင်ငံကို ဖျက်စီးနေသော်လည်း ဆက်လက် လက်ခံ နေကြသည်။ ထာဝရ ဘုရားကို စွန့်ကြ၍ မျက်စိကန်းသောကြောင့် ရန်သူကို ဦးစားပေး နေကြသည်။ ကာနဒါနိုင်ငံနှင့် မက်စီကို နိုင်ငံလည်း လက်ဝဲအစိုးရများ ကအုပ်စိုးသည်။ အမေရိကန်ပြည် ထောင်စု၌ ဒီမိုကရက်သည် လက်ဝဲပါတီ ဖြစ်၍ ၊ ရီပါပလိကင်သည် လက်ျာပါတီ ဖြစ်သည်။ သမတဟောင်းအိုဘားမားနှင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော ဟေလရီခလင်တန်တို့သည် လက်ဝဲအုပ်စုဝင်များ ဖြစ်ကြသည်။ သမတထမ်းသည် လက်ျာအုပ်စု ဖြစ်သည်။ အမေရိကန်မြို့ကြီး များသည် လက်ဝဲအုပ်စုများ ကကြီး စိုး၍ လက်ျာအုပ်စုများ ကကျေးလက်တောရွာများ၌ ကြီးစိုး ကြသည်။ လက်ဝဲအုပ်စုများ ကဆင်းရဲသား များကို ဦးစားပေးသည်ဟုဆိုကာ ပျင်းရိသော သူများကို ပင်ထောက်ပံ့ကျေးပေးလိုသည်။ လက်ဝဲသမားများ ကစီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအားလုံးအစိုးရက ကိုင်တွယ်အုပ်ချုပ်စေချင်သည်။ နိုင်ငံခြားမှ တရားမဝင်ဝင်ရောက်သော သူများ ကိုလည်း လက်ခံလို ကြသည်။ သူတို့ကို မဲထည့်ပေးမည့်သူများဘို့ သာလျှင် ကြည့်၍ ဒုစရိုက်အပြစ် သားများကိုလည်း လွတ်လပ်ခွင့်နှင့် မဲပေးပိုင်ခွင့်ပေး နေကြသည်။ လက်ဝဲအုပ်စုသည် ဘုရားသခင်ကို မယုံကြည် ကြ၊ လူ့အခွင့်အရေးကို သာလျှင် လိုချင် ကြသည်။ ဒုစရိုက်နှင့် အပျော်အပါးကြိုက် သူများ ဖြစ်သည်။ လက်ျာသမားများက ဘုရားတရား ကို ကြိုက်နှစ်သက် ကြသည်။ အစိုးရကအစစအရာကိုင်တွယ်သည်ကို မကြိုက်နှစ်သက်ကြချေ။ ယခုအခါ အမေရိကန်သည် အုပ်စုနှစ်ခုအမြဲတိုက်ခိုက်၍ ပြည်တွင်း စစ်အချိန် မရွေး ဖြစ်နိုင်သည် အနေအထားတွင် ရှိသည်။ သင်သည် လက်ဝဲအုပ်စုဝင် ဖြစ်သလော၊ လက်ျာအုပ်စုဝင် ဖြစ်သလော။

    .

    စစ်တိုက်မည်

    ယခုအချိန်သည် နောက်ဆုံးသော ကာလ ဖြစ်ကြောင်း ကျမ်းစာ၌ အချက်ပေါင်းများစွာ ရှိသည့်အနက်စစ်တိုက်ခြင်း အားဖြင့် လေ့လာကြစို့။ ခရစ်တော်က၊ "သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်း စကားကို၎င်းကြားရကြလိမ့်မည်၊ သို့သော်လည်း စိုးရိမ် တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှု အရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။ ၇ လူတမျိုးနှင့် တမျိုးတနိုင်ငံနှင့် တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။" (မ ၂၄:၆ -ရ)ဟု နောက်ဆုံးသော ကာလနှင့် ပတ်သက်၍ ပြောခဲ့သည်။ ကမ္ဘာ့ သမိုင်းတွင် စစ်တိုက်ခြင်းသည် အမြဲတမ်း ဖြစ်နေသည်။ သို့သော် အကြီးမား ဆုံးပဌမနှင့် ဒုတိယကမ္ဘာစစ်များသည် များမကြာမှီက ဖြစ်ခဲ့သည်။ ယခုအခါ ကမ္ဘာ့နိုင်ငံတိုင်းသည် စစ်လက်နက်အသစ်အဆန်းများကို အပြိုင်အဆိုင်ထုတ်လုပ် နေကြသည်။ အထူးသဖြင့် အမေရိကန်၊ ရုရှား၊ တရုတ်၊ အီရန်၊ အစ္စရေး၊ မြောက်ကိုးရီးယား၊ နိုင်ငံများသည် လက်နက်မျိုးစုံကို ထုတ်လုပ် နေကြသည်။ စစ်ရေးပြပွဲနှင့် လေ့ကျင့်မှု များလည်း ပြုလုပ် နေကြသည်။ ရုရှားနှင့် တရုတ်လည်း ပူးတွဲ စစ်လေ့ကျင့်ခြင်းကို ၂၀၁၂ နှစ်မှစ၍ နှစ်စဥ် ပြုလုပ် နေကြသည်။ ယခုလည်း စက်တင်ဘာလတွင် အနုမြူလက်နက် တိုက်ပွဲလေ့ကျင့်ခြင်းကို ပြုလုပ် ကြမှာ ဖြစ်ကြောင်း သတင်းရရှိသည်။ အမေရိကန်နှင့် တောင်ကိုးရီးယားနိုင်ငံလည်း ပူးတဲွ စစ်လေ့ကျင့်ခြင်းများအမြဲ ပြုလုပ် နေတတ် ကြသည်။ အကယ်၍ အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံများ စစ်တိုက်ကြပါက ၊ ကမ္ဘာကြီးသည် ပြာကျသွားမှာ ဖြစ်သည်။ ကျမ်းစာ ကဘေးဒဏ်ကြီးကာလ အတွင်း ၌ စစ်အကြီး အကျယ်တိုက်ကြမည့် အကြောင်းကို ရေးထားပြီး ဖြစ်သည်။ ထို့ကြောင့် ချီဆောင်ခြင်း အလွန် နီးပြီ။ အသင့် ပြင်ကြစို့။ ခရစ်တော် မရရှိ သေးသော သူများ အမြန် လက်ခံကြပါ။ ခရစ်တော် ရရှိပြီး သူများ၊ လောကကို မချစ်တော့ဘဲ ခရစ်တော် မရရှိ သေးသော သူများကို ပြောကြပါ။ ခရစ်တော် ယပိုင်ဆိုင်ခြင်းသည် အလုံခြုံဆုံး ဖြစ်သည်။

    .

    စီးပွားရေးတိုက်ပွဲ

    သမတထမ်းသည် စီးပွားရေးသမား ဖြစ်သည့်အလျောက် စီးပွားရေးစစ်ပွဲကို တိုက်ပွဲဆင်နွှဲနေပြီ။ အကြောင်းမှာ အမေရိကန်သည် ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်ရာတွင် များစွာ အရှုံးပေါ်သောကြောင့် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအများ အပြားသည် မိမိတို့ နိုင်ငံ၏ စီးပွားရေးကို ကာကွယ် ကြသည်။ ပြည်တွင်း လုပ်ပစ္စည်းများ အောင်မြင် နိုင်ရန် နိုင်ငံခြားပစ္စည်းများကို တတ်နိုင်သမျှ မဝယ်ဘဲ နေကြသည်။ အမေရိကန်သည် ကမ္ဘာ့ မိဘနိုင်ငံကဲ့သို့ နိုင်ငံတိုင်း၏ ထုတ်လုပ်ကုန်များကို အခွန်အနည်းငယ်သာကောက်ခြင်း အားဖြင့် တင်သွင်းခွင့်ပေးသည်။ ယခုအခါ သမတထမ်းက နိုင်ငံခြားမှသွင်းကုန်များကို အခွန်များများ ကောက်ခြင်းအားဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းကို ကာကွယ်နေသည်။ ထို့ကြောင့် တိုင်း နိုင်ငံများစွာ ကအမေရိကန် အပေါ်မကျေမနပ် ဖြစ်နေကြသည်။ ထိုစီးပွားရေး တိုက်ပွဲကြောင့်ဆိုးကျိုးနှင့် ကောင်းကျိုးရှိလာမှာ ဖြစ်သည်။ အချို့ကုမ္ပဏီများ ပိတ်၍ အချို့ကုမ္ပဏီများ ကောင်းလာမည်။ ထိုအရာသည် သင်၏ အသက်တာ၌လည်း သက်ရောက်နိုင်သည်။ မည်သို့ ပင် ဖြစ်ပါစေ၊ ယုံကြည်သူများ၏ အားကိုးရာသည် ထာဝရ ဘုရား သာလျှင် ဖြစ်သည်။ ထာဝရ ဘုရား၌ ခိုလှုံကြပါစို့။

    .

    ကျမ်းစာ ဖတ်ကြစို့

    ယောဟန် ၁၃

    ၁။ ပသခါပွဲမခံမီ၌ ယေရှုသည် ဤလောက မှခမည်းတော် ထံသို့ ပြောင်းရသောအချိန် ရောက်သည်ကို သိတော်မူသည် ဖြစ်၍ ၊ ဤလောက၌ ရှိသော မိမိလူတို့ကို ချစ် တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ် တော်မူ၏။
    ပသခါပွဲသည် ဣသရေလ လူများ အဲဂုတ္တု ​ကျွန်ခံရာမှ လွတ်မြောက်နိုင်ဘို့ရန် ဘုရားသခင်က ကျင်းပခိုင်းသောပွဲ ဖြစ်သည်။ သိုး သို့မဟုတ် ဆိတ်သငယ်ကို သတ်၍ အသွေးကို တံခါးထုတ်နှင့် တံခါးတိုင်တို့၌ ထိုးခြင်းအားဖြင့် ကောင်းကင်တမန် ကအဲဂုတ္တု လူများကို တရားစီရင် သောအခါ ဣသရေလ လူများ မူကား တရားစီရင်ခြင်းမှ လွတ်မြောက်ခဲ့သည်။ ထိုအရာကို သခင်ယေရှုလည်း ပါဝင် ကျင်းပတတ်သည်။ နောက်ဆုံး၌ သူသည် ပသခါ သိုးသငယ် အဖြစ်အသတ်ခံရမှာ ဖြစ်သည်။ လူလူချင်းချစ်ခြင်း မေတ္တာသည် ခဏသာတည်တတ်သည်။ သခင်ယေရှု ကသူ့လူူချစ်ခြင်းသည် အဆုံးတိုင်အောင် ချစ်သည်ဟုဆိုသည်။ ခရစ်တော် ရရှိ သူများ အနေဖြင့် အခြား သူများကို အဆုံးတိုင်အောင် ဖြစ်ဘို့ ဖြစ်သည်။

    ၂။ ကိုယ်တော်ကို အပ်နှံမည်အကြောင်း၊ မာရ်နတ်သည် ရှိမုန်၏သား ယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံပေးသွင်းနှင့် သတည်း။ မာရ်နတ်သည် လူကို ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ကြောင်း တွေ့ရသည်။ ယုဒရှကာရုတ်လည်း သူ၏ သခင်ကို အပ်နှံဘို့ရန် အကြံပေးသည်။ ထိုကြောင့်ကျွန်ုပ်တို့လည်း ထိုသို့ စာတန်၏ အကြံပေးခြင်း မခံဘို့ သတိထားရမည်။ သူသည် ပေတရုကသတိပေး သကဲ့သို့ ဟောက်သော ခြင်္သေ့ကဲ့သို့ လှည့်လည်၍ စောင့်နေသည် (၁ ပေ ၅:၈)။ ထို့ကြောင့် ရှင်ယာကုပ်ရေးထား သကဲ့သို့၊ သူ့ကို ဆီးတားရမည် (ယာ ၄:ရ)။ ထိုအခါ ညစာကို စားကြစဥ်၊ ၃ ခမည်းတော်သည် အလုံးစုံတို့ကို သူ၏ လက်သို့ အပ် ပေးတော်မူသည် ကို၎င်း၊ သူသည် ဘုရားသခင့်ထံတော်မှ ထွက်လာသည်ကို၎င်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကို၎င်း၊ ယေရှုသည် သိတော်မူသည် နှင့်၊ ၄ စားပွဲမှထ၍ ဝတ်လုံတော်ကို ခဋ္ဌတ်ပြီးလျှင်၊ ပဝါကို ယူ၍ ခါးကို စည်း တော်မူ၏။ ၅ ထိုနောက်မှရေကို အင်တုံ၌လောင်း၍ တပည့်တော် တို့၏ ​ခြေကို ဆေးပြီးမှခါး၌ စည်းသော ပဝါနှင့် သုတ် တော်မူ၏။ အဘယ်ကြောင့်သခင်ဘုရား ကတပည့်တော် များ၏ ​ခြေကို ဆေးပေးသနည်း။ နှုတ်ဆက်ခြင်း ဖြစ်သည်။ သူသည် သူတို့ကို ဤလောက၌ ထားခဲ့၍ ကောင်းကင်တို့ ပြန်တက်မှာ ဖြစ်သည်။ ထို့အပြင် အခြားအချက်များလည်း အောက်ပိုင်းတွင် ဖေါ်ပြသွားသည်။

    ၆။ ရှိမုန်ပေတရုဆီသို့ ရောက် တော်မူ သောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ​ခြေကို ဆေး တော်မူ မည်လောဟု မေးလျှောက်၏။ ရယေရှု ကလည်း၊ သင်သည် ငါပြုသော အမှုကို ယခု နားမလည် သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော်မူ၏။
    ပေတရုကသူ၏ ​ခြေဆေးမည့် အရာကို ဆီးတားသည်။ အကြောင်းမှာအား နာသောကြောင့် ဖြစ်မည်။ သူသည် သခင်ယေရှု၏ ရည်ရွယ်ချက်ကို နားမလည်၊ ထို့ကြောင့် သင်သည် နောက်မှ နားလည်လိမ့်မည်ဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း ကြံုတွေ့ရသောအရာ များကို ချက်ချင်း နားမလည် တတ်ကြ၊ နောက်မှ နားလည်တတ် ကြသည်။

    ၈။ ပေတရုကလည်း၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ​ခြေကို အလျင်းဆေးတော် မမူရဟု လျောက်၏။ ယေရှု ကလည်း၊ သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့် မဆက်ဆံရဟု မိန့်တော်မူ၏။ ၉ ရှိမုန်ပေတရုကလည်း၊ အ​ကျွန်ုပ်၏ ​ခြေကို သာမဆေးပါနှင့်။ လက်ကို၎င်း၊ ဦးခေါင်းကို၎င်းဆေး တော်မူ ပါဟု လျှောက်ပြန်၏။
    ပေတရုကသူ၏ ​ခြေဆေးပေးမည့် အရာကို လုံးဝ ငြင်းဆို သောအခါ၊ ယေရှု ကငါမဆေးပေးလျှင် သင်သည် ငါနှင့် မဆက်ဆံရဟုဆိုသည်။ ပေတရုအခက်တွေ့သွားသည်။ ထိုအခါ ​ခြေသာလျှင် မဟုတ်၊ လက်နှင့် ဦးခေါင်းပါဆေးပေးဘို့ ပြောလာသည်။ ထိုသို့ ပေတရုကငြင်းဆိုပြီး ပြောသောကြောင့် သခင်ယေရှု၏ လုပ်ဆောင်ချက် များ ပို၍ အောက်ပိုင်းတွင် ထင်ရှားလာသည်။ ပေတရုကသာ အခြားတမန်တော်များကဲ့သို့ ဘာမှ မပြောဘဲ ​ခြေဆေးခြင်းကို လက်ခံပါက သခင်ယေရှု၏ ရည်ရွယ်ချက်များ သိတော့မည် မဟုတ်။ ထို့ကြောင့် တိပ်ဆိတ်စွာ နေခြင်းသည် အပြစ် နည်းသော်လည်း၊ သိသင့်သိထိုက်သောအရာ များ ဆုံးရှုံးတတ်သည်။

    ၁၀။ ယေရှု ကလည်း၊ ရေချိုးပြီးသော သူမည်သည်ကား၊ ​ခြေဆေးခြင်းမှတပါး ဆေးရသော အကြောင်း မရှိ။ တကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း၊ အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။ ၁၁ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် တချို့မစင်ကြယ်ဟု မိန့်တော်မူ သတည်း။
    ပေတရုကလက်နှင့် ခေါင်းကို ပါဆေးပေးဘို့ ပြောသောကြောင့်၊ သခင်ယေရှု ကရေချိုးပြီးသော သူသည် ​ခြေသာလျှင် ဆေးစရာ လိုကြောင်း ပြောလိုက်သည်။ သို့ဖြစ်လျှင် ရေချိုးပြီးခြင်းသည် ဘာကို ဆိုလိုသနည်း။ ရေချိုး သောအခါ တကိုယ်လုံး သန့်ရှင်းသွားသည်။ တပည့်တော် များသည် ဘယ်အချိန်၌ ရေချိုးပြီး ခဲ့ကြ၍ သန့်ရှင်းစင်ကြယ်ကြသနည်း။ သခင်ယေရှုကို ယုံကြည်ခြင်း အားဖြင့် ဖြစ်မည်။ အကြောင်းမူကား သခင်ယေရှုသည် ငါတို့၏ ​ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း ဖြစ်သည် (၁ ကော ၁:၃၀)။ အချို့မစင်ကြယ်ဟုဆိုခြင်းသည် ယုဒရှကာရုတ်ကို ဆိုလိုခြင်း ဖြစ်သည်။ ယုဒရှကာရုတ်သည် သခင်ယေရှုကို နောက်လိုက်သော်လည်း၊ ယုံကြည်ခြင်း အားဖြင့် မဟုတ်၊ သခင်ယေရှု ရှင်ဘုရင် ဖြစ်လာသောအခါ ရာထူးရလိုသောကြောင့် ဖြစ်မည်။ ထို့ကြောင့် မစင်ကြယ်ခြင်း ဖြစ်သည်။ များစွာသော ခရစ်ယာန်များလည်း၊ သခင်ယေရှုကို ယုံကြည် သောကြောင့် မဟုတ်၊ အကြောင်း အမျိုးမျိုးကြောင့် ခရစ်ယာန် ဖြစ်ကြသည်။ ထိုသူများသည် ရေမချိုးရ သေးသောကြောင့် မစင်ကြယ်ကြချေ။

    ၁၂။ ထိုသို့ သူတို့၏ ​ခြေကို ဆေး တော်မူပြီးမှ တဖန် ဝတ်လုံကို ဝတ်၍ လျောင်း တော်မူ လျက် သင်တို့၌ ငါပြုခဲ့သော အမှုကို နားလည်ကြသလော။ ၁၃ သင်တို့သည် ငါ့ကို အရှင်ဘုရား ဟူ၍ ၎င်း၊ သခင်ဟူ၍ ၎င်းခေါ်တတ်ကြ၏။ ထိုစကားလည်းဟုတ်မှန်သော စကား ဖြစ်၏။ အကြောင်းမူကား၊ သင်တို့ ခေါ်ကြသည် အတိုင်း ငါမှန်၏။ ၁၄ ငါသည် သခင် ဖြစ်လျက်၊ အရှင်ဘုရားလည်း ဖြစ်လျက်နှင့် သင်တို့၏ ​ခြေကို ဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ ​ခြေကို ဆေးရမည်။ ၁၅ ငါသည် သင်တို့၌ ပြု သကဲ့သို့ သင်တို့သည် ပြုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ။

    သခင်ယေရှုက သူပြုသောအရာ ကို နားလည်ကြသလောဟု မေးပြန်သည်။ မည်သူကမျှ မ​ဖြေမှီသူကိုယ်တိုင်က ဆက်၍ ရှင်းပြသွားသည်။ သူတို့ ကသူ့ကို အရှင်ဘုရား (ဆရာ) ဟူ၍ ၎င်း၊ သခင်ဟူ၍ ၎င်းခေါ်တတ်ကြ၍ သူတို့ ခေါ်သည့်အတိုင်းလည်း မှန်သည်ဟု ဝန်ခံသည်။ သူသည် ဆရာနှင့် သခင် ဖြစ်သော်လည်း တပည့်တော် များ၏ ​ခြေကို ဆေးခြင်းဖြင့် နှိမ့်ချခြင်းကို သင်ပေးသွားသည်။ လူတိုင်း၏ ပြသနာသည် နှိမ့်ချမှု မရှိခြင်း ဖြစ်သည်။ တတ်နိုင်လျှင် ဆရာနှင့် သခင် ဖြစ်ချင် ကြသည်။ မတတ်သာ သောအခါ ကိုယ်ထက် ကြီးသော သူထံတွင် နှိမ့်ချတတ် ကြသည်။ ကိုယ်နှင့် တန်းတူ၊ ကိုယ့်ထက် နိမ့်ကျသူရှေ့၌ နှိမ့်ချဘို့သည် အလွန် ခက်သည်။ စစ်မှန်သော နှိမ့်ချခြင်းသည် သခင်ယေရှု ကဲ့သို့ ကိုယ့်ထက် နိမ့်ကျသော သူထံနှိမ့်ချခြင်း ဖြစ်သည်။

    ၁၆။ ငါအမှန်အကန်ဆိုသည်ကား၊ ​ကျွန်သည် သခင်ထက် သာ၍ ကြီး မြတ်သည် မဟုတ်။ တမန် သည်လည်း စေလွှတ်သော သူထက် သာ၍ ကြီး မြတ်သည် မဟုတ်။ ၁၇ ဤအရာများကို သင်တို့ သိ၍ သိသည် အတိုင်း ကျင့်လျှင် မင်္လာရှိကြ၏။
    ကျွန်သည် သခင်ထက် မကြီး မြတ်၊ တမန်လည်း စေလွှတ်သူထက် မကြီး မမြတ်၊ ထို့နည်းတူ တပည့်တော် များလည်း သခင်ယေရှုထက် မကြီး မြတ်ကြချေ။ သို့သော် သူတို့ကို သခင်က​ခြေဆေးပေး သကဲ့သို့ သူတို့လည်း သူတို့ထက် နိမ့်သော သူများရှေ့တွင် နှိမ့်ချလျှင် မင်္လာရိှသည်။

    ၁၈။ သင်တို့ ရှိသမျှကို ငါရည်မှတ်၍ ပြောသည် မဟုတ်။ ငါရွေးကောက်သော သူတို့ကို ငါသိ၏။ ကျမ်းစာ ချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူ စားသော သူသည်၊ ငါ့ကို ​ခြေနှင့် ကျောက်သတည်း။ အကယ်စင်စစ်ငါယုံ၍ ငါ့မုန့်ကို စားသော အဆွေခင်ပွန်းသည် ငါ့ကို ​ခြေနှင့် ကျောက်သတည်း၊
    (ဆာ ၄၁:၉) သခင်ယေရှုသည် သူရွေးကောက်သော သူအားလုံးကို သိသည်။ သို့သော် အဘယ်ကြောင့်သူ့ကို အပ်နှံမည့်သူ ယုဒရှကာရုတ်ကို ရွေးကောက်ခဲ့သနည်း။ အကြောင်းမှာ ကျမ်းစာ ပြည့်စုံဘို့ရန် ဖြစ်သည်ဟု သူကိုယ်တိုင်က ပြောသည်။ ယုဒရှကာရုတ်သည် သူ့သခင်နှင့်အတူ စားသောက်သော်လည်း သူ့သခင်ကို ​ခြေနှင့် ကန်ကျောက်သည်။ သခင်ယေရှု ပင်လျှင် သူ၏ တပည့်တော် ကထိုကဲ့သို့ ကန်ကျောက်လျှင် ငယ်သားများကဆရာကို ဆန့်ကျင်ခြင်းသည် မဆန်းပေ။

    ၁၉။ ထိုအမှု အရာရောက် သောအခါ ငါသည် ဤမည်သောသူ ဖြစ်သည်ကို သင်တို့သည် ယုံကြည် စေခြင်းငှါ မရောက်မှီ ယခုပင်သင်တို့အား ငါပြောနှင့် ပြီ။ သခင်ယေရှု ကထိုကဲ့သို့ ယုဒရှကာရုတ်ကကန်ကျောက်မည့် အရာကို ကြိုပြောခြင်းသည် တကယ် ဖြစ်လာသောအခါ သူ့ကို ယုံကြည် မည့် အကြောင်း ဖြစ်သည်။ သူသည် ဘုရား ဖြစ်သောကြောင့် ထိုကဲ့သို့ ကြိုပြောနိုင်ခြင်း ဖြစ်သည်။

    ၂၀။ ငါအမှန်အကန်ဆိုသည်ကား၊ ငါစေလွှတ်သော သူကို လက်ခံသော သူသည် ငါ့ကို လက်ခံ၏။ ငါ့ကို လက်ခံသော သူသည် ငါ့ကို စေလွှတ် တော်မူသော သူကို လက်ခံသည်ဟု မိန့်တော်မူ၏။
    သခင်ယေရှု ကသူစေလွှတ်သော သူကို လက်ခံသော သူသည် သူ့ကို လက်ခံခြင်း၊ သူ့ကို လက်ခံသော သူသည် သူူ့ကို စေလွှတ်သော ခမည်းတော်ကို လက်ခံခြင်း ဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် အမှန်တကယ် ခရစ်တော် ကစေလွှတ်သော သူတည်း ဟူသောအမှု ဆောင်ကို လက်ခံခြင်းသည် အလွန် အရေးကြီးသည်။

    ၂၁။ ထိုသို့ ယေရှုသည် မိန့်တော်မူပြီးမှ စိတ်နှလုံးတော် ပူပန်ခြင်းရှိ၍ ၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့တွင် တစုံတယောက်သော သူသည် ငါ့ကို အပ်နှံလိမ့်မည်ဟု သက်သေခံလျက် မိန့်တော်မူ၏။ ၂၂ အဘယ်သူကို ရည်ဆောင်၍ မိန့်တော်မူသည်ကို တပည့်တော် တို့သည် တွေးတောခြင်းရှိသဖြင့်၊ အချင်းချင်းတယောက်ကို တယောက် ကြည့်ရှုကြ၏။
    ယေရှုလည်း စိတ်နှလုံးပူပန် တော်မူ တတ်ကြောင်း တွေ့ရသည်။ ထို့ကြောင့် စိတ်နှလုံးပူပန်တတ်ခြင်းသည် အပြစ် ဖြစ်သည် မဟုတ်ဟု ယူဆနိုင်သည်။ သို့သော် နှလုံးပူပန်ခြင်းပြီး နောက်၊ နောက်ဆက်တွဲမပြုသင့်သော အပြစ်များပြုလုပ်ခြင်းသည် အပြစ် ဖြစ်သည်။ သခင်ယေရှုသည် ဘုရား ဖြစ်သောကြောင့် သူ့ကို အပ်နှံမည့်သူကို ကြိုသိနေသည်။ သို့သော် တပည့်တော်များက မသိသောကြောင့် တယောက်နှင့် တယောက် ကြည့်ရှုကြခြင်း ဖြစ်သည်။

    ၂၃။ ယေရှု ချစ် တော်မူသော တပည့်တော်သည် ရင်ခွင်တော် နားမှာလျောင်းသဖြင့်၊ ၂၄ အဘယ်သူကို ရည်ဆောင်၍ မိန့်တော်မူ သနည်းဟု မေးစေခြင်းငှါ၊ ရှိမုန်ပေတရုသည် ထိုတပည့်တော်ကို အမှတ်ပေး၏။ ၂၅ ထိုတပည့်တော်သည် ယေရှု၏ ရင်တော်ကို မှီ၍ လျောင်းနေလျက်၊ သခင်၊ အဘယ်သူ နည်းဟု လျှောက်၏။ ၂၆ ယေရှုကလည်း ဤမုန့်တလုပ်စာကို ငါနှစ်၍ ပေးသောသူ ဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တလုပ်စာကို နှစ်ပြီးမှရှိမုန်၏သား ယုဒရှကာရုတ် အားပေးတော်မူ၏။
    ယေရှု ချစ် တော်မူသော တပည့်တော်သည် ဤစာရေးသူယောဟန် ဖြစ်သည်။ သူသည် သခင်ဘုရား၏ ရင်ခွင်၌ လျောင်းတတ်သည်။ ပေတရုကယောဟန်ကို သခင်ယေရှု ထံအဘယ်သူ ကအပ်နှံမည့်သူ ဖြစ်ကြောင်းကို မေးခိုင်းသည်။ ယောဟန်ကမေး သောအခါ သခင်ယေရှု ကမုန့်တလုပ်စာကို သူပေးသောသူ ဖြစ်သည်ဟုဆိုသည်။ သခင်ယေရှု ကမုန့်တလုပ်ကို ယုဒရှကာရုတ် အားပေးခြင်းဖြင့် သူသည် သခင်ယေရှုကို အပ်နှံမည့်သူ ဖြစ်ကြောင်း ဖေါ်ပြလိုက်သည်။

    ၂ရ။ ထိုသူသည် မုန့်တလုပ်စာကို ခံပြီးမှ၊ စာတန်သည် သူ့အထဲသို့ ဝင်လေ၏။ ယေရှု ကလည်း၊ သင်ပြုရသော အမှုကို အလျင် အမြန် ပြုလော့ဟု ထိုသူအား မိန့်တော်မူ၏။ ၂၈ အဘယ်ကြောင့်ထိုသို့ မိန့်တော်မူသည်ကို စားပွဲ၌ လျောင်းသော သူတို့တွင် အဘယ်သူ မျှ မသိ။ ၂၈ အချို့တို့ ကယုဒရှကာရုတ်သည် ငွေအိတ်ကို ဆောင်သောကြောင့်၊ ဤပွဲ၌ ငါတို့ သုံးစရာ အဘို့ကို ဝယ်လော့ဟူ၍ ၎င်း၊ သို့မဟုတ် ဆင်းရဲသော သူတို့အား တစုံ တခုကို ပေးလော့ဟူ၍ ၎င်း၊ ယေရှု မိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။ ၃၀ ယုဒရှကာရုတ်သည် မုန့်တလုပ်စာကို ခံပြီးမှချက်ခြင်း ထွက်သွား၏။ ထိုအချိန် ကား ညအချိန် ဖြစ်၏။
    အဘယ်ကြောင့်ယုဒအထဲ၌ စာတန် ဝင်နိုင်သနည်းဟူမူကား ယေရှုကို အမှန်တကယ် မယုံကြည် သောကြောင့် ဖြစ်မည်။ သခင်ယေရှုသည် ဘုရား ဖြစ်သောကြောင့် အစစအရာရာကို သိ နားလည်နေသည်။ ယုဒကသူ့ကို အပ်နှံမည့် အရာကို သိသော်လည်း မတားသည် သာမကမြန်မြန်လုပ်ဘို့ ခိုင်းသေးသည်။ တပည့်တော်များကမူ မသိကြသောကြောင့်၊ အမျိုးမျိုး တွေးထင် ကြသည်။ သခင်ယေရှု ကသူ့ကို အပ်နှံမည့်သူ အဖြစ်အတည့်အလင်း ဖေါ်ပြသော်လည်း ယုဒသည် စိတ်ပြောင်းလဲခြင်း မရှိ၊ သူလုပ်မည့် အရာကို ဆက်လုပ်သွားသည်။ ယုဒထွက်သွားသော အချိန်သည် ညအချိန် ဖြစ်သည်ဟုဆိုသည်။ အပြစ်သား များ၏ အလုပ်လုပ်ချိန််သည် ညအချိန် ဖြစ်သည်။

    ၃၁။ ထိုသူသွားသည် နောက်၊ ယေရှုက၊ ယခုတွင် လူသားသည် ဘုန်းထင်ရှားခြင်းရှိသည် ဖြစ်၍ ၊ ဘုရားသခင် သည်လည်း လူသား အားဖြင့် ဘုန်းတော် ထင်ရှားခြင်းရှိ၏။ ၃၂ ဘုရားသခင်သည် လူသား အားဖြင့် ဘုန်းတော် ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင် အားဖြင့် သူ၏ ဘုန်းကို ထင်ရှားစေ တော်မူ လိမ့်မည်။ ကာလ မကြာမမြင့်မှီသူ၏ ဘုန်းကို ထင်ရှားစေ တော်မူ လိမ့်မည်။
    လူသားသည် မည်ကဲ့သို့ ဘုန်းထင်ရှားမည်နည်း။ အသေခံ၍ ရှင်ပြန်ထမြောက် ခြင်းအားဖြင့် ထင်ရှားမှာ ဖြစ်သည်။ မသေလျှင် ရှင်ပြန်ထမြောက်ခြင်း မရှိနိုင်ချေ။ ထို့ကြောင့် ဘုန်းထင်ရှားဘို့ရန် အသေခံဘို့ လိုသည်။ လူ့အမြင်အားဖြင့် ပြသနာ အခက်အခဲရှိမှဘုရား ဘုန်းထင်ရှားနိုင်သည်။ ထို့ကြောင့် ယုံကြည်သူ၏ အသက်တာ၌လည်း အခက်အခဲရှိမှသာလျှင် ဘုရား၏ တန်ခိုးထင်ရှားနိုင်သောကြောင့် ဒုက္ခ ပြသနာ များကို ကြောက်သင့်၊ ရှောင်သင့်သည် မဟုတ်။

    ၃၃။ ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟု ယုဒလူတို့အား ငါပြော သကဲ့သို့ ယခုသင်တို့အား ငါပြော၏။
    ယေရှု ကသူနှင့် ရွယ်တူများ ဖြစ်သော တပည့်တော် များကို အဘယ်ကြောင့်ချစ်သား တို့ဟုဆိုသနည်း။ သူသည် ဘုရား ဇာတိအားဖြင့် သူတို့ထက် ကြီး သောကြောင့် ဖြစ်သည်။ သူသည် တပည့်တော် များနှင့် ခဏသာနေရသည်ဟုဆိုသည်။ သူတို့ ကသူ့ကို ရှာကြလိမ့်မည်၊ သို့သော် သူ့ထံသို့ မရောက်နိုင်ဟုဆိုသည်။ အကြောင်းမှာ ကောင်းကင်သို့ တက်သွားမှာ ဖြစ်သောကြောင့် ဖြစ်သည်။

    ၃၄။ သင်တို့သည် အချင်းချင်းတယောက်ကို တယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ ၃၅ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ၏ တပည့် ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ သခင်ယေရှု၏ တပည့်အမှတ်အသားသည် အချင်းချင်းချစ်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် အချင်းချင်းချစ်ခြင်း မရှိနိုင်လျှင် ယေရှု တပည့်မ ဖြစ်သကဲ့သို့ဖြစ်သည်။ သို့သော် ယေရှု တပည့် မဟုတ်၊ အတုများစွာ ရှိသည်။ ယေရှု တပည့်အချင်းချင်းများ သာလျှင် ချစ်နိုင်ကြမည်။ သင်သည် ယေရှု တပည့်အစစ် ဖြစ်ပါသလော။

    ၃၆။ ရှိမုန်ပေတရုက၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွ တော်မူ မည်နည်းဟု မေးလျှောက်လျှင်၊ ယေရှုက၊ ငါသွားရာအရပ်သို့ သင်သည် ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။
    ယေရှု ကငါသွားရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟုဆို သောအခါ ထိုအချိန် အခါ၌ တပည့်တော်များက နားမလည် နိုင်ခဲ့ချေ။ ယခုအချိန်တွင် သူသွားမည့် နေရာကို နားလည်လာနိုင်သည်။ သူသွားမည့် နေရာသည် ကောင်းကင် ဖြစ်သည်။

    ၃ရ။ ပေတရုကလည်း၊ သခင်၊ အ​ကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော် အဘို့ အ​ကျွန်ုပ်၏ အသက်ကို စွန့်ပါမည်ဟု လျှောက်လျှင်၊ ၃၈ ယေရှုက၊ ငါ့အဘို့ သင့်အသက်ကို စွန့်မည်လော၊ ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မှီသင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။ ပေတရု၌ ဇာတိအတွေးသာရှိသောကြောင့် သခင်ယေရှုနှင့်အတူ လိုက်နိုင်မည်ဟုဆိုသည်။ ထိုမျှသာမကကိုယ်တော် အတွက် အသက် စွန့်မည်ဟုဆိုသည်။ ယခုလည်း ယုံကြည် ခါစများ ကသူတို့ မသိ၊ မလုပ်နိုင်သောအရာ များကို ပြောဆို တတ်ကြသည်။ နောက်ပိုင်းမှသူတို့ အရှက်ပြန်ကွဲတတ်သည်။ ယေရှု ကအကုန်အစင်သိသောကြောင့် ပေတရု၌ ဖြစ်မည့် အရာများကို ပါတခါတည်း ဗျာဒိတ်ပြုလိုက်သည်။ သူသည် သခင်ဘုရားကို ကြက်မတွန်မှီသုံးကြိမ် ငြင်းပယ်မည်ဟု အတိအကျပြောလိုက်သည်။ ​ကျွန်ုပ်တို့လည်း စိတ်အားကြီး ချိန်တွင် အမျိုးမျိုး ပြောတတ် ကြသည်။ ထို့ကြောင့် အလွန် ဝမ်းမြောက် ချိန်တွင် ဂတိမပေးလိုက်နှင့်။ အလွန် ဝမ်းနည်းချိိန်၊ စိတ်ဓါတ်ကျနေချိန်တွင်လည်း ဘာမျှ မပြောလိုက်နှင့်။ စိတ်ငြိမ်ချိန်၊ ကြိုတင် စဥ်းစားပြီးမှသာဂတိပေးခြင်း၊ ဆုံးဖြတ်ခြင်း ပြုလုပ်ပါ။

    .

    အမှုတော် ဆောင်သင်တန်း

    အမေရိကန်ပြည် ထောင်စုသတင်းကောင်း နှစ်ခြင်း အသင်းချုပ်အမှုတော် ဆောင်များ၏ နှစ်စဥ် ကျင်းပလေ့ရှိသော၊ အမှုတော် ဆောင်မွန်းမံသင်တန်းကို ဩဂုတ်လ ၆-၁၀ ရက်နေ့များ တွင် Iowa ပြည်နယ် DesMoines မြို့၌ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အောင်မြင် စွာ ကျင်းပပြီး စိီးနိုင်ခဲ့ပါသည်။ ထိုသင်တန်း၌ အမှုတော် ဆောင်များနှင့် ယုံကြည်သူ စုစုပေါင်း၃၀ ခန့်ပါဝင်တက်ရောက်ကြပါသည်။ အဓိကအားဖြင့် Saya Zau Ja အမှုတော် ဆောင်ရာတွင် မိမိအိမ်ထောင်ကို ကောင်းစွာ ပြုစု ဦးဆောင်နိုင်မှအောင်မြင် နိုင်ကြောင်းကို သင်ပေးသွားရာတွင်၊ အမှုတော် ဆောင်များက သူတို့၏အား နည်းချက်၊ လိုအပ်ချက်များကို သိမြင်လာကာချက်ချင်း ပြုပြင်ကြဘို့ သက်သေခံကြပါသည်။ ဆရာမောဇက်ကလည်း ညပိုင်းနှင့် နောက်ဆုံးနေ့တွင် အနည်းငယ်သင်ကြားပေးပါသည်။ ညနေ ၃-၅ နာရီ အတွင်း ၌ တံခါးခေါက် သက်သေခံခြင်းများပြုလုပ် ကြရာတွင်လည်း ဝမ်းမြောက်မှု ရရှိ ကြသည်။ ထိုသင်တန်း၌ ဩစ​တြေးလျနိုင်ငံသတင်းကောင်း နှစ်ခြင်း အသင်းတော် မှဆရာလောင်နိုင်းနှင့် ဆရာနေဟမိအောင် ထန်းတို့လည်း ပါဝင်နိုင်ကြပါသည်။ လာမည့် နှစ်ဇူလိုင်လ အသင်းချုပ်နှစ်ပတ်လည် အစည်းအဝေးအပြီး တွင်၊ ထိုသင်တန်းကို Indianapolis မြို့ GBC Southside အသင်းတော်၌ ပြန်လည် ပြုလုပ် ဘို့ရန် အားလုံး သဘောတူ ဆုံးဖြတ်ကြပါသည်။