Periodical: Good News, July 2019

Home  >  Periodicals > July 2019

gn072019

JULY 2019

GOOD NEWS PERIODICAL

.

မာတိကာ

  • သိခြင်းသည် ရခြင်းမဟုတ်
  • ယုံကြည်ခြင်း လက်ဆောင်
  • ခွန်အားပြည့်နှင့် စောင့်ဘို့
  • ကျိန်အပ်သောသူနှင့် မဂ်လာရှိသူ
  • ဗတ္တိဇံမင်္ဂလာ
  • ရာစုနှစ်စာချုပ်
  • ကျမ်းစာ ဖတ်ကြစို့
  • အသင်းချုပ်နှစ်ပတ်လည် အစည်းအဝေး

  • အမှာစာ

    ထာ၀ရ ဘုရားက ဣသရေလ ခေါင်းဆောင်များနှင့် ပတ်သက်၍ ဤသို့ အပြစ် တင်ဆိုထားသည်၊ "သူ၏ ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှ တို့သည် မိုက်ကြ၏။ အ၍ မဟောင်နိုင်သော ခွေး၊ ယောင်ယမ်းသော ခွေး၊ အိပ်လျက် အိပ်ချင် အားကြီးသော ခွေး ဖြစ်ကြ၏။ ၁၁စားချင် အားကြီး၍ ၀မ်းမပြည့်နိုင်သော ခွေးလည်း ဖြစ်ကြ၏။ သိုးထိန်းတို့ သည်လည်း မကြည့်မရှုတတ်ကြ။ ထိုသိုးထိန်းရှိသမျှ တို့သည် လမ်းလွှဲ၍ မိမိတို့ လမ်းလိုက်ကြပြီ။ တယောက် မျှမကြွင်း၊ တညီတညွတ်တည်းကိုယ် အကျိုးစီးပွားကို သာရှာကြ၏။ " (ဟေရှာယ ၅၆:၁၀-၁၁)။ ကင်းစောင့်သည် ရန်သူလာလျှင် တံပိုးမှုတ်၍ သတိပေးရသည်။ ခွေး သည်လည်း တစိမ်းလာလျှင် ဟောင်ရသည်။ ခွေးသည် မဟောင်နိုင်လျှင်၊ အိပ်ချင် အားကြီးလျှင် ပိုင်ရှင်ကကြိုက်မည် မဟုတ်ချေ။ ယောင်သော ခွေးသည် တစိမ်းမလာသော်လည်း၊ အကြောင်း မရှိဟောင်ခြင်းကို ဆိုလိုသည်။ သင်သည် ကယ်တင်ခြင်းသို့ ရောက်လျှင် ကင်းစောင့် ဖြစ်ကြောင်း သိစေချင်သည်။ ယခုချီ ဆောင်ခြင်း ဖြစ်တော့မည်။ ဘေးဒဏ်ကြီး ကာလ ရောက်တော့မည်။ သို့သော်အဘယ်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ပြီးသော အမှုတော် ဆောင်များနှင့် ယုံကြည်သူများရောက်လာမည့် ချီဆောင်ခြင်းနှင့် ဘေးဒဏ်ကြီး ကာလ အကြောင်းကို မသိ၊ မပြောကြ သနည်းဟူမူကား၊ အ၍ မဟောင်နိုင်သော ခွေး၊ ယောင်ယမ်းသော ခွေး၊ အိပ်လျက် အိပ်ချင် အားကြီးသော ခွေး၊ စားချင် အားကြီး၍ ၀မ်းမပြည့်နိုင်သော ခွေး ဖြစ်ကြသောကြောင့် ဖြစ်သည်။ သိုးထိန်းတည်း ဟူသော အမှုတော် ဆောင်များလည်း မကြည့်မရှု တတ်ကြ။ ထိုသိုးထိန်းရှိသမျှ တို့သည် လမ်းလွှဲ၍ မိမိတို့ လမ်းလိုက်ကြပြီ။ တယောက် မျှမကြွင်း၊ တညီတညွတ်တည်းကိုယ် အကျိုးစီးပွားကို သာရှာကြ၏။ အမှုတော် ဆောင်များ၊ ကိုယ့်လမ်းကို မလိုက်ကြပါနှင့်။ကို ယ့် အကျိုးစီးပွားကို သာမရှာကြပါနှင့်။ ကယ် တင်ရှင် ခရစ်တော်နှင့် တွေ့ရတော့မည်။ သာဓု သစ္စာရှိသော ငယ်သား ကောင်းဟု အခေါ်ခံရအောင် ယခုမှစ၍၊ ချီဆောင်ခြင်းနှင့် ခေတ်ကာလကို စိတ်၀င်စားလေ့လာ၍၊ သူတပါးကို သတိပေးပါ။

    "ဘုရားသခင်က ယေရမိအားဖြင့် ဤသို့ ညည်းတွားခဲ့ဘူူးသည်၊ မိုဃ်းကောင်း ကင်၌ ကျင်လည်သော တောငန်းသော်လည်း၊ မိမိ အချိန်ကို သိတတ်၏။ ဥချိုး၊ တီတီ တွတ်၊ ဇရက်သော်လည်း၊ မိမိ ပြန်လာချိန်ကို မှတ်တတ်၏။ ငါ၏ လူမူကား၊ ထာ၀ရ ဘုရား စီရင် တော်မူခြင်းကို နားမလည် တတ်။ " (ယေရမိ ၈:ရ)။ ယနေ့ ယုံကြည်သူ များသည် ကောင်းကင် အိမ်သို့ ပြန်လည်မည့် အချိန််ကို မသိကြပါတကား။

    .

    သိခြင်းသည် ရခြင်းမဟုတ်

    များစွာသော သူတို့သည် ကယ်တင်ခြင်း နိယာမကို သိကြ သောအခါ၊ ကယ် တင်ခြင်းသို့ ရောက်ပြီဟု ထင်မှတ် ကြသည်။ သိခြင်းသည် ကောင်းပါသည်။ သို့သော် သိရုံဖြင့် ယပိုင်ဆိုင်သည် မဟုတ်။ ဒေါ်လာ တသန်းရှိလျှင် အိမ်နှင့် ကား ကောင်းကောင်း ၀ယ်နိုင်သည်ဟု သိရုံဖြင့် ၀ယ်နိုင်သည် မဟုတ်။ အကြောင်းမူကား အမှန်တကယ်ဒေါ် လာတသန်း မရှိသောကြောင့် ဖြစ်သည်။ ယောက်ျားတယောက်က မိန်းကလေးတ ယောက်ကို သိရုံ၊ ခင်ရုံဖြင့် ငါ့မိန်းမဟု မဆိုနိုင်ချေ။ လက်ထပ်မှသာ ငါ့မိန်းမဟုဆိုနိုင်သည်။ ထို့ကြောင့် ပေါလုက၊ "သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည် သလော ဟုကိုယ်ကိုကိုယ်စစ်ကြောကြလော့။ ကိုယ်ကိုကိုယ်စုံစမ်း ကြလော့။ " (၁ ကော ၁၃:၅) ဟု ကောရိန်သု အသင်းသား များကို စာရေးခဲ့သည်။ သင်သည်လည်း ယုံ ကြည်ခြင်း၌ တည်သလော မတည်သလော ဟူသော အရာကို ကောင်းစွာ စစ်ဆေးစေ ချင်သည်။

    နို့ဆာမည်

    ခလေး တယောက် မွေးဘွားခြင်း၊ အသက် ရှင်ခြင်း၏ လက္ခဏာ တခုသည် နို့ ဆာခြင်း ဖြစ်သည်။ ခလေး မွေးသော်လည်း နို့မဆာလျှင် သေနေခြင်း ဖြစ်သည်။ ထို့နည်း တူ၀ိညာဥ်အားဖြင့် ဒုတိယ မွေးဘွားခြင်း၏ လက္ခဏာ တခုသည် ၀ိညာဥ်အစာ ဖြစ်သော နှုတ်ကပတ်တော်ကို ဆာငတ်ရမည်။ ပေတရုက၊ "သင်တို့သည် ဘုရားသခင်၏ ကျေး ဇူးတော်ကို မြည်းစမ်း ကြသည် ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ ၀ှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်း ရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်း အလိုငှါ နှုတ်က ပတ်တရား၏ နို့စစ်အားဖြင့် ကြီး ပွားမည်အကြောင်း ဘွားစသော သူငယ်ကဲ့သို့၊ ထိုတ ရားနို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့။ " (၁ ပေ ၂:၁-၃) ဟု ရေးခဲ့သည်။ သင်သည် နှုတ်ကပတ်တော်ကို ကြားချင်၊ သိချင်၊ ဖတ်ချင် စိတ်ရှိဘူးပါသလော။ မရှိဘူးလျှင် သင်သည် ၀ိညာဥ်အားဖြင့် မမွေးသေး၊ ကယ်တင်ခြင်း အကြောင်းကို ကြား၍ သိရုံသာ ရှိသေးသောကြောင့်၊ ကယ်တင်ခြင်းသို့ မရောက်၊ သေလျှင် ငရဲသို့ ဆင်း မည့်သူ ဖြစ်ကြောင်း သိစေချင်သည်။

    ထာ၀ရ အသက်

    ကယ်တင်ခြင်းသို့ ရောက်သော သူတယောက်သည်၊ ထာ၀ရအသက် ရရှိကြောင်း သိရမည်ဟု ယောဟန်က၊ ဤသို့ ရေးထားသည်၊ "ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သင်တို့သည် ထာ၀ရအသက် ကို ကိုယ်တိုင် ရသည်ဟု စေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏။ " (၁ ယော ၅:၁၃)။ ထာ၀ရအသက် သည် ကောင်းကင် နိုင်ငံရောက်မည့် အသက် ဖြစ်သည်။ ငရဲမီးအိုင် ထဲသို့ ရောက် မည့် အသက်သည် ထာ၀ရ သေခြင်းဟု ကျမ်းစာ ကဆိုသည်။ ၀ိညာဥ်သည် ငရဲထဲမှာလည်း ထာ၀ရ ရှင်နေမှာ ဖြစ်သည်။ သို့သော်ဘုရား အမြင်၌ သူနှင့် ထာ၀ရ ခွဲခွာသောကြောင့် ထာ၀ရ သေသည်ဟု ခေါ်ခြင်း ဖြစ်သည်။ သင်သည် ယုံကြည်သည်ဟုဆိုပြီး နောက်ထာ၀ရ အသက် ရှိပြီဟု စိတ်ချပြီလော။ စိတ်မချနိုင်လျှင် မရရှိသောကြောင့် ဖြစ်နိုင်သည်။ ထမင်းဆာခြင်းသည် အစာအိမ်၌ အစာမရှိသောကြောင့် ဖြစ်သည်။ ကျန်းမာသော သူတိုင်း ဗိုက်ဆာကြောင်း သိကြသည်။ အစာစားပြီး လျှင်လည်း ဗိုက်၀ကြောင်း သိကြသည်။ ဗိုက်ဆာသော သူတိုင်း စိတ်ဆိုး၊ စိတ်တိုသည်။ ဗိုက်၀သွား သောအခါ ၀မ်းမြောက်သည်၊ အားလည်း ရှိသည်။ ထာ၀ရအသက် ရရှိပြီး သူသည်၊ စိတ်ချခြင်း၊ ၀မ်းမြောက်ခြင်း၊ မျှော်လင့်ခြင်း ရှိသည်။ သင်သည် ထာ၀ရအသက် ရရှိကြောင်း စိတ်ချမှု ရှိပြီလော။ မရှိသေးလျှင် အမြန်ဆုံး ရှိဘို့ လိုကြောင်း သတိပေးလိုပါသည်။ သို့မဟုတ် အလွန် နောက်ကျသွားမှာ စိုးရိမ် ရသည်။

    .

    ယုံကြည်ခြင်း လက်ဆောင်

    ခလေးများအနေဖြင့် မိဘ အပေါ်ပေးနိုင်သော လက်ဆောင်သည်၊ သူတို့ကို ချစ်ခြင်း၊ နားထောင်ခြင်း၊ ရိုသေလေးစားခြင်း၊ အားကိုးခြင်း တို့ ဖြစ်သည်။ သားသမီး များအနေဖြင့် မိဘကို မချစ်၊ မရိုသေ၊ စကား နားမထောင်လျှင်၊ မိခင်များနေ့ ဖခင်များနေ့၌ မည်မျှပင် လက်ဆောင်ပေးသော်လည်း၊ မိဘများအား ရ၀မ်းမြောက်မှု မရှိချေ။ ထို့ နည်းတူ လူသားများအနေဖြင့် ဘုရားသခင် ထံအကောင်းဆုံးလက်ဆောင်ပေးနိုင်သော အရာများသည်၊ သူ့ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်း၊ ရိုသေလေးစားခြင်း၊ ကြောက်ရွံ့ခြင်း၊ စကား နားထောင်ခြင်း၊ ယုံကြည် အားကိုးခြင်း တို့ ဖြစ်သည်။

    ထိုအရာများ ထဲမှဘုရားကို ယုံကြည်ခြင်း လက်ဆောင်ပေးဘို့ အကြောင်း လေ့လာကြရအောင်။ ကျမ်းစာ၌၊ "ယုံကြည်ခြင်း မရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေွွ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဥ်းကပ်သော သူသည်၊ ဘုရားသခင် ရှိတော်မူသည် ကို၎င်း၊ ကိုယ်တော်ကို ရှာသော သူအား အကျိုးပေး တော်မူသည် ကို၎င်း၊ ယုံကြည် ရမည်။ " (ဟေ ၁၁:၆) ဟုဆိုထားသည်။ သင်သည် ဘုရား၏ စိတ်တော်နှင့် တွေ့ချင် လျှင်၊ သူရှိကြောင်းနှင့် သူ့ထံသို့ လာလျှင် အကျိုးပေးမည် ဖြစ်ကြောင်းကို ယုံကြည်ပါ။ ထိုနှစ်ခုယုံကြည် ဘို့ ရန်အလွန် ခက်ခဲသည် မဟုတ်။ သင်လည်း သူတပါးကမယုံ၊ မသက်ာ ဖြစ်လျှင် စိတ်မကောင်း ဖြစ်သည် မဟုတ်လော။ လူတိုင်းသူ တပါး၏ ယုံကြည် အားကိုး ခြင်းကို ကြိုက်နှစ်သက် ကြသည်။ ဘုရားလည်း လူများ၏ ယုံ ကြည်အားကိုး ခြင်းကို နှစ်သက်သည်။ အဘယ်ကြောင့်ဘုရားကို မယုံနိုင်ကြသနည်း ဟူမူကား၊ သူနှင့် မရင်းနှီး သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်မရင်းနှီး သနည်းဟူ မူကား၊ ကျမ်းစာ မဖတ်၊ ဆုမတောင်း၊ ဘုရား လူများနှင့် မပေါင်း၊ လူနှင့် လောကနှင့် သာပေါင်းသောကြောင့် ဖြစ်သည်။ ယခုမှစ၍ ဘုရားသခင်နှင့် ရင်းနှီး အောင် ပေါင်းသင်းပါ၊ အကျိုးကြီး လှသည်။

    .

    ခွန်အား ပြည့်နှင့် စောင့်ဘို့

    သခင်ယေရှုက၊ "သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များ တို့ကို မှတ်ကြလော့။ ၃၀အရွက်ပေါက် သောအခါ နွေကာလ နီးသည်ကို သင်တို့သည် အလိုအလေျာက်သိမြင် ကြ၏။ ၃၁ ထိုနည်းတူ ထိုအကြောင်း အရာများ ဖြစ်သည်ကို မြင်ရလျှင်၊ ဘုရားသခင်၏ နိုင်ငံတော် တည်လုနီးသည်ကို သိမှတ်ကြလော့။ ၃၂ငါအမှန်ဆိုသည် ကား၊ ယခု ဖြစ်သော လူများ မကုန်မှီထိုအကြောင်း အရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။ ၃၃ကောင်း ကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။ သင်တို့သည်ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကျူးခြင်း၊ လောကီ စိုးရိမ်ခြင်း အားဖြင့် စိတ်နှလုံးပင်ပန်းလျက် နေစဥ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင် တို့နှင့် တွေ့ကြံုလိမ့်မည်။ ၃၅ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတပြင်လုံး၌ နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ၃၆ထိုကြောင့်သင်တို့သည် ဖြစ်လတံ့သော အမှုအရာ တို့နှင့် ကင်းလွတ်၍ လူသား ထံသို့ ရောက်ခြင်းကို ခံထိုက်သောသူ ဖြစ်သည်ဟု မှတ် တော်မူ မည်အကြောင်း၊ အစဥ် ဆုတောင်း လျက် စောင့် နေကြလော့ဟု မိန့် တော်မူ၏။ " (လု ၂၁: ၂၉-၃၆)

    အထက်ပါ သခင်ဘုရား၏ စကား အရ၊ သင်္ဘောသဖန်းပင်တည်း ဟူသော အစ္စရေးနိုင်ငံသည် အရွက်နုပေါက်ပြီ။ အေဒီ ရ၀၌ နိုင်ငံပျောက်သွားပြီးမှ ၁၉၄၈ ခုနှစ်တွင် နိုင်ငံပြည် ထူထောင်ပြီး၊ ယခုအခါ ဝေဝေဆာဆာဖြင့် တိုးတက်လျက် ရှိနေပြီ။ ထို့ကြောင့် နွေကာလ တည်း ဟူသော ဘေးဒဏ်ကြီး ကာလ ရောက်တော့မည်။

    "ယခု ဖြစ်သော လူများ မကုန်မှီထိုအကြောင်း အရာအလုံးစုံတို့သည် ဖြစ်ကြ လိမ့်မည်" ယခု ဖြစ်သော လူများ (အ့ငျ ါနညနမအေငသည) ဟူသော အရာသည်၊ အစ္စရေး နိုင်ငံပြန်လည်စတင်ခြင်းကို မြင်သော သူများ ဖြစ်သည်။ ထိုသူများသည် အသက် ရ၀မှ ၉၀ ရှိအတွင်း ရှိကြပြီ။ ထိုသူများ အားလုံးမသေမှီ ဘုရားသခင်၏ နိုင်ငံတော် တည်လိမ့်မည်။ ထို့ကြောင့် အလွန် နီးပြီ ဖြစ်ကြောင်း သတိထားရမည်။

    "ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။ " ယေရှုက သူ၏ စကားသည် ကောင်းကင်နှင့် မြေကြီးထက် တည်မြဲသည်ဟုဆိုသည်။ အကြောင်းမှာ သူသည် ဘုရား ဖြစ်၍ ကောင်းကင်နှင့် မြေကြီးသည် သူ၏ နှုတ်ထွက်စကားအားဖြင့် ဖန်ဆင်းသည်။ လူသည် ဘုရား စကားကို မယုံတတ်ကြခြင်းသည် အလွန် အသောကြောင့် ဖြစ်သည်။

    "သင်တို့သည်ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက် လွန်ကျူးခြင်း၊ လောကီ စိုးရိမ်ခြင်း အားဖြင့် စိတ်နှလုံးပင်ပန်းလျက် နေစဥ်တွင်၊ ထိုနေ့ ရက်သည် အမှတ်တမဲ့သင်တို့နှင့် တွေ့ကြံုလိမ့်မည်။ " သခင်ယေရှု ကကိုယ်ကိုကိုယ်သ တိပြုခိုင်းသည်။ သို့သော်သူ၏ စကားကို နားမထောင်၊ ဂရုမစိုက်သော သူများ လွန်းသည်။ သူကအစားအသောက်လွန်ကျူးခြင်း၊ လောကီ စိုးရိမ်ခြင်း အားဖြင့် စိတ်နှလုံး ပင်ပန်းလျက် နေစဥ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့် တွေ့ကြံုလိမ့်မည်ဟုဆိုသည်။ ယခုအချိန်သည် အစားအသောက်လည်း ဦးစားမပေးသင့်တော့ချေ။ အစား အသောက်၌ ရောဂါများ လွန်းသည်။ မသိသောကြောင့် ဆီးချို၊ သွေးတိုး၊ ဒူလာလိပ် ခေါင်း၊ ကျောက်ကပ် ရောဂါများ ရှိကြသည်။ တိရစ္ဆာန်အဆီနှင့် အချိုများ ရှောင်ကြစို့။ လောကီ စိုးရိမ်ခြင်းလည်း မရှိဘို့၊ ဘုရားကို အပ်နှံပြီး အသက် ရှင်မည့်အချိန် ဖြစ်သည်။ စိတ်နှလုံးပင်ပန်းစေမည့် အရာများ မစဥ်းစား၊ မပြုလုပ် သင့်ချေ။ နိုင်ငံခြားထွက်ခါနီး၊ မဂ်လာဆောင်ခါနီးသတိထားနေထိုင် သကဲ့သို့ နေသင့်သည်။

    "ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတပြင်လုံး၌ နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ " ပိုက်ကွန်ကငါးကို၎င်း၊ ငှက်များကို ုိ၎င်း အုပ်မိတတ်သည်။ ထိုသို့ အုပ် မိလျှင် မည်သို့ မျှထွက်၍ မရတော့ချေ။ ယခုလူများစွာ လည်း၊ ငွေရှာဖွေရင်း၊ အပျော်အ ပါးနှင့် ၀ါသနာလိုက်စားရင်း၊ လောက အရာကို တပ်မက်၍ ယပိုင်ဆိုင်ရင်းဖြင့် အုပ်မိတော့ မှာ ဖြစ်သည်။ သင်သည် ထိုသို့ မဖြစ်ရလေအောင်၊ ဘုရား တရား၌ အသက် ရှင်ဘို့ လိုသည်။

    "သင်တို့သည် ဖြစ်လတံ့သော အမှုအရာ တို့နှင့် ကင်းလွတ်၍ လူသား ထံသို့ ရောက်ခြင်းကို ခံထိုက်သောသူ ဖြစ်သည်ဟု မှတ် တော်မူ မည်အကြောင်း၊" ဟူသော အရာကို ပသက ာပေ့လေန ျအမနညါအ့ အသ နျခစေန ​ေူူ အ့နျန အ့ငညါျ အ့အေ မေန ဘေသကအ အသ အ​ေုန စူခေနယ ​ေညိ အသ ျအ​ေညိ ဘန်သမန အ့န ှသည သ် ​ြ​ေည၏ဟု အချို့သော ဂရိတ် မူရင်းနှင့် အဂ်လိပ်ကျမ်းစာအုပ်များ၌ တွေ့ရသည်။ ဆိုလိုရင်းမှာ လူသား ထံသို့ ရောက် ဘို့ ရန်ခွန်အား ရှိမည့် အကြောင်း ဟူ၍ ဖြစ်သည်။

    ဥပမာနှင့် ရှင်းပြရလျှင်၊ မဂ်လာဆောင်ဘို့ အတွက် နေ့ညမအိပ်မစားနိုင်ဘဲ ကြိုးစား၍ လုပ်ဆောင်သောကြောင့်၊ မဂ်လာဆောင်သော နေ့၌အား ကုန်၍ လက်မ ထပ် နိုင်တော့ဘဲ ဖြစ်လျှင် အကျိုးမရှိပါ။ ထို့ကြောင့် မဂ်လာဆောင်ခါနီးလျှင် သတို့သားနှင့် သတို့သမီး သည်ကိုယ်တိုင်အလွန် ပင်ပန်းစွာ မပြင်ဆင် သင့်ချေ။ ကြိုတင် ပြင်ဆင် ရမည်၊ သို့မဟုတ် သူတပါးကို အကူအညီတောင်းရမည်။ မဂ်လာဆောင်သော နေ့၌ အင်အား အပြည့်၀မ်းမြောက်စွာ ဆောင်သင့်သည်။ သို့မှသာ ကိုယ်တိုင်မှစ၍ မဂ်လာပွဲလာ သူများလည်းအား ရကျေနပ် မှာ ဖြစ်သည်။ ထို့နည်းတူကောင်းကင် သတို့သား ယေရှု လာခါနီးတွင်လောကီမှု ရေးများအားဖြင့် ဗျာများ နေလျှင်အား ရ၀မ်းမြောက်စွာ မကြို ဆိုနိုင်ဘဲ ဖြစ်မှာစိုးရသည်။

    ထို့ကြောင့် လင်မယားလည်း စကား မများ ဘို့ ရန်သတိထားကြပါ။ သားသမီး များနှင့်လည်း ရန်မ ဖြစ်ဘို့ ရန်ရှောင်ရမည်။ အသင်းတော်၌ လည်း၊ သဘော ထားကွဲလဲွ မည့် အရာများကို မလုပ်ဘို့၊ စာတန် အကွက်၀င်မည့် အရာများကို ပိတ်ဘို့ သတိထားရမည်။ ကိုယ့်အစွမ်းအစနှင့် မရသောကြောင့်၊ ဆုတောင်းရင်း၊ ကျမ်းစာ ဖတ်ရင်း၊ သက်သေခံရင်း၊ သူတပါးကို ကူညီမစရင်းဖြင့် သခင်ဘုရား လာမည့် အချိန်ကို စောင့်မျှော်ကြ ပါစို့။

    .

    ကျိန်အပ်သော သူနှင့် မဂ်လာရှိသူ

    ဘုရားသခင်က သူ့ကို မယုံကြည်၊ မအားကိုးဘဲ လူကို အားကိုးခြင်း မည်မျှအ မျက်ထွက်ကြောင်း ဤသို့ ရေးထားသည်၊ "ထာ၀ရ ဘုရား မိန့် တော်မူသည် ကား၊ လူကိုကိုး စား၍ လူသတ္တ၀ါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာ၀ရ ဘုရား ထံတော်မှ ထွက် သွားသော သူသည် ကျိန်အပ်သောသူ ဖြစ်၏။ ၆ထိုသူသည် လွင်ပြင်၌ ရှိသော သစ်ပင် ​ခြောက်ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူ မျှမနေသော ဆားမြေ၊ သွေ့​ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။ ၇ထာ၀ရ ဘုရားကို ကိုး စား သောသူ၊ ထာ၀ရ ဘုရားကို မိမိကိုး စားရာအကြောင်း ဖြစ်စေသော သူသည် ကောင်းကြီး မဂ်လာကို ခံအပ်သောသူ ဖြစ်၏။ ၈ထိုသူသည် ကား၊ ရေရှိသော အရပ်၌ စိုက်၍ မြစ် နားမှာအမြစ်ဖြာသဖြင့်၊ ပူသော အရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ်စရာ မရိှဘဲ၊ အစဥ်အမြဲအသီးကို သီးတတ်သော အပင်နှင့် တူ၏။ " (ယေရမိ ၁ရ:၅-၈)

    ဓမ္မဟောင်းကျမ်းများ၌ ယုံကြည်ခြင်း အစားအားကိုးခြင်း စကား လုံးကို အသုံးပြု၍၊ ဓမ္မသစ်ကျမ်းများ၌ အားကိုးခြင်း အစားယုံကြည်ခြင်း စကား လုံးကို အသုံးပြုသည်။ အထက်ပါ ကျမ်းပိုဒ်များ၌ ဘုရားသခင်က သူ့ကိုအား မကိုး ခြင်း၊ မယုံကြည်ခြင်း သည် ကျိန် အပ်သော သူဟုဆိုသည်။ ထိုသူသည် ​ခြောက်သွေ့သော လွင်ပြင်၌ ပေါက်သော သစ် ပင် (ဟေဗြဲကျမ်းစာ၌ ချုံပုတ်) ကဲ့သို့ ကောင်းကျိုးရောက်ကြောင်း မသိရဟုဆိုသည်။ လူသူမနေသော ဆားမြေ၌ နေရလိမ့်မည်ဟုဆိုသည်။ ဆားသည် လူအတွက် လိုအပ်သော်လည်းများလွန်းလျှင်၊ လူနေ၍ မရချေ။ အကြောင်းမှာ ဘာအပင်မှမပေါက်နိုင်ချေ။ ဘုရားသခင်ကသော ဒုံနှင့် ဂေါမောရမြို့များ ဖျက်ဆီး သောအခါ၌ လည်း ဆားမြေ ဖြစ်စေသည်။ ထို့ကြောင့် လောတလက်ထက်၌ ထာ၀ရ ဘုရား၏ ဥယျာဥ်တော် အဲဂုတ္တု ပြည် ကဲ့သုုိ့စိမ်းလန်းစိုပြေခဲ့သော်လည်း၊ ယနေ့ တိုင်အောင် လူသူမနေတော့ဘဲ သွေ့ ​ခြောက်သော အရပ် ဖြစ်ရပြီ။ ထာ၀ရ ဘုရားအား မကိုး ၊ မယုံကြည်သော သူသည် ထိုကဲ့သို့ဖြစ်မည့်ဟုဆိုသည်။

    ထာ၀ရ ဘုရား အားကိုး ယုံကြည်သော သူမူကား၊ ကောင်းကြီး မဂ်လာကို ခံအပ်သော သူဟုဆိုသည်။ သင်သည် ထိုသို့ သောသူ ဖြစ်ပါသလား။ ဘုရား အားကိုးသော သူသည်၊ မြစ်နားမှာပေါက်သော သစ်ပင်ကဲ့သို့ဖြစ်မည်။ မိုးခေါင်လျှင်လည်း အမြစ်ကမြစ်ရေကို သောက်နေသောကြောင့်၊ ပူသော အရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ်စရာ မရိှဘဲ၊ အစဥ်အမြဲအသီးကို သီး တတ်သော အပင်နှင့် တူ၏။ သစ်ပင်များသည် အမြစ်ကရေရရှိနေလျှင်၊ နေပူကြောင်း မသိ၊ နေပူလေလေအရွက်မှအစာချက်၍ စိမ်းစိုလေလေ ဖြစ်သည်။ ဘုရား အားကိုးသော သူလည်း၊ ဒုက္ခ ရောက်သော်လည်း အပြုံးမပျက်၊ ၀မ်းမြောက်လေလေ ဖြစ်သည်။ အချိန်တန်မှအသီးသီးတတ်သော အပင်ဟုဆိုခြင်းသည်၊ အချိန်မရွေး မဟုတ်၊ မိမိအချိန် တန်မှအသီးသီးသည်။ ဆိုလိုသည် မှာအချိန် တန် သောအခါ အောင်မြင်မှု ရရှိခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ကျိန်အပ်သော သူနှင့် ကောင်းကြီး မဂ်လာကို ခံအပ်သော သူသည် ဘုရား အပေါ်မူတည်သည် မဟုတ်၊ လူအပေါ်၌ မူတည်သည်။ ဘုရားသည် ကောင်းကြီး ပေးနိုင်သော်လည်း၊ သူ့ကိုအား မကိုးသော သူများကို ကောင်းကြီး ပေးသင့်သလောက် မပေးချေ။ သူ့ကို အားကိုးသော သူမူကား၊ ငယ်ရွယ်သည် ဖြစ်စေ၊ ကြီးသည် ဖြစ်စေ၊ စာ တော်သည် ဖြစ်စေ၊ မတော်သည် ဖြစ်စေ၊ ကောင်းကြီး ပေးဘို့ အဆင်သင့် ဖြစ်သည်။ သင်သည် ထိုကဲ့သို့ ဘုရားသခင်၏ ကောင်းကြီး ခံအပ်သောသူ၊ မဂ်လာရှိသော သူမဖြစ် ချင် သလော။ မိတ်ဆွေ၏ ရွေးချယ်မှု အတိုင်း မိတ်ဆွေ၏ အသက်တာ၌ ဖြစ်လိမ့်မည်။

    မင်းထက် ဘုရား အားကိုး

    ဆာလံဆရာက၊ "ထာ၀ရ ဘုရား၌ ခိုလှုံခြင်းသည် လူကိုကိုး စားခြင်းထက် သာ၌ ကောင်း၏၊၊ ၉ထာ၀ရ ဘုရားကို ခိုလှုံခြင်းသည် မင်းကိုကိုး စားခြင်းထက် သာ၍ ကောင်း၏၊၊" (ဆာ ၁၁၈:၈-၉) ဟုဆိုထားသည်။ လူတိုင်း အာဏာရှိသော မင်းများကို အားကိုး လိုတတ် ကြသည်။ မင်းများနှင့် ရင်းနှီး ​ကျွမ်း၀င်ခြင်းကို ဂုဏ်ယူ၍၊ အားကိုး တတ် ကြသည်။ သို့သော်မင်းများလည်း လူဖြစ်၍ သူတို့၏ အစွမ်းအစသည် အကန့်အ သတ်ရှိသည်။ ထာ၀ရ ဘုရား မူကား အစွမ်းအစအကန့်အသတ်မရှိ၊ တတ်စွမ်းနိုင်သည်။ သို့သော်လူအများစုကဘုရားထက် လူကိုကိုး စားတတ် ကြသည်။ သင်သည် မည်သူကိုကိုး စားသနည်း။

    မုန်ညင်းစေ့ခန့်ယုံကြည်ခြင်း

    သခင်ယေရှုက၊ "သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်း ရှိလျှင် ထိုတောင်ကို နေရာမှ ရွေ့လော့ဟုဆိုကြသော်၊ နေရာမှရွေ့လိမ့်မည်။ ယုံကြည်ခြင်း ရှိလျှင် သင်တို့ မတတ်နိုင်သော အမှု မရှိ။ " (မ ၁ရ:၂၀) ဟုဆိုသည်။ သခင်ယေရှုက သူ့ကို ယုံကြည်သော သူများအား အလွန် ကြီးမားသော အခွင့်ပေးထားသည်။ မုန်ညင်း စေ့ခန့်မျှ ယုံကြည်ခြင်း ဆိုသည်မှာ၊ အသက် ရှင်သော ယုံကြည်ခြင်းနှင့် သေနေသော ယုံကြည်ခြင်း၊ သို့မဟုတ် ယုံကြည်ခြင်း အတိုင်း ပမာဏကိုလည်း ဆိုလိုခြင်း ဖြစ်နိုင်သည်။ "အခြားသော ဥပမာစကားကို မိန့်မြွက် တော်မူသည် ကား၊ ကောင်းကင် နိုင်ငံ တော်သည် လယ်၌ စိုက်သော မုန်ညင်းစေ့နှင့် တူ၏။ ၃၂မုန်ညင်းစေ့သည် အစေ့တကာတို့ထက် ငယ်သော်လည်း၊ ကြီး ပွား သောအခါ မျက်ပင်တကာတို့ထက် ကြီး သဖြင့်၊ မိုဃ်း ကောင်းကင် ငှက်တို့သည် လာ၍ အကိုင်းအခက်တို့၌ နားနေမှီခိုလောက်သော အပင် ဖြစ်တတ်သည်ဟု မိန့် တော်မူ၏။ " (မ ၁၃:၃၁-၃၂)။ သင်၏ ယုံကြည်ခြင်း သည် အလွန် သေးငယ်သည်ဟု ထင်သော်လည်း၊ ကြီးစွာသော အလုပ်ကို လုပ်နိုင်ကြောင်းကို ဖေါ်ပြသည်။ အမှန်မှာ ယုံကြည်သူ ကလုပ်ခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က လုပ်ခြင်း ဖြစ်သည်။ ဧရာမလေယဥ်ပျံကြီးများကို၊ လေယဥ်မောင်းသော လူကမောင်းသော်လည်း သူ၏ ခွန်အားအားဖြင့် မဟုတ်၊ စက်အားဖြင့် ပျံသန်းခြင်း ဖြစ်သည်။ ထိုနည်းတူ လူသည် လေယဥ်မောင်းသူကဲ့သို့ဖြစ်၍၊ အလုပ်လုပ်သူသည် ဘုရားသခင် ဖြစ်သည်။

    ခရစ်တော်ထက် ကြီးသောအမှု

    ခရစ်တော် ကယုံကြည်သော သူတို့အား သူ့ထက် ကြီးသော အမှု ဆောင်ရွက် ခွင့်ပေးကြောင်း ဤသို့ ပြောထားသည်။ "ငါအမှန်အကန်ဆိုသည် ကား၊ ငါ့ကို ယုံကြည်သော သူသည် ငါပြုသော အမှု တို့ကို ပြုလိမ့်မည်။ ထိုအမှု တို့ထက် သာ၍ ကြီးသော အမှု တို့ ကိုလည်း ပြုလိမ့်မည်။ " (ယော ၁၄:၁၂)။ သို့သော်ယုံကြည်သူ များက ခရစ်တော် လုပ်သော အမှုများပင်မလုပ်ကြချေ။ ပေတရု ဖြစ်လျှင် ပင်တေကုတ္တေနေ့၌ လူသုံး ထောင်ပြောင်းလဲစေ၍ ဗတ္တိဇံပေးခဲ့သည်။ သူ၏ အရိပ်အားဖြင့် လူနာများ ကျန်းမာစေ ခဲ့သည်။ ပေါလုလည်း သူ၏ ပု၀ါအားဖြင့် လူနာများ ကျန်းမာ စေခဲ့သည်။ ဖိလိပ္ပုလည်း ရှမာရိမြို့၌ တရားဟော သောအခါ နတ်ဆိုးများ ထွက်ပြေး၍၊ လူနာများ ကျန်းမာ စေခဲ့သည်။ ခရစ်တော်က၊ "ယုံကြည်သော သူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာ ဟူမူကား၊ ငါ၏ နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ် ကြလတံ့။ ထူးခြားသော ဘာသာ စကား မျိုးတို့ကို ပြောကြလတံ့။ ၁၈မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ် ကြလတံ့။ မကျန်းမမာသော သူတို့ အပေါ်မှာ လက်ကို တင်၍ ချမ်းသာ ပေးကြလတံ့ဟု မိန့် တော်မူ၏။ " (မာ ၁၆:၁ရ-၁၈)။ ယနေ့ ယုံကြည်သူများ၌ အဘယ်ကြောင့်ထိုသို့သော တန်ခိုးများ မထွက် သနည်းဟူမူကား၊ ဘုရားသခင်နှင့် မိ၏ ဟာယဖွဲ့ခြင်း အလွန် နည်းပြီး၊ လောကနှင့် မိ၏ ဟာယဖွဲ့မှု အလွန်များသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အံ့ဩစရာ မရှိချေ။

    မိဿဟာယအားဖြင့်

    ယုံကြည်ခြင်း သည် ကြားနာခြင်းအားဖြင့် ဖြစ်သည်ဟုဆိုသည် (ရော ၁၀: ၁ရ)။ ယနေ့ ယုံကြည်သူ များသည် ဘုရား စကားထက်လောက စကား ပို၍ ကြား ကြသည်။ ခလေး များသည် သွေးသားတော် စပ်သောကြောင့် ယုံကြည် အားကိုး သည် မဟုတ်၊ နေ့စဥ်တွေ့ထိ သူများကို ခင်မြင်ရင်းနှီး၍ စိတ်ချသည်။ အရုပ်လှမလှအရေးမ ကြီး၊ ပညာတတ်မတတ်မကြည့်၊ အရွယ်ကြိီးငယ်ကိုလည်း မခွဲခြား၊ သူနှင့် နေ့တိုင်း တွေ့မြင်သူကချီလျှင် လိုက်သည်။ ထို့ကြောင့် ဘုရားကို အားကိုး အသုံးပြုနိုင်ဘို့ ရန်မှာ သူနှင့် အလွန် ရင်းနှီး ရမည်။ သူဌေးကြီး၏ ဥစ္စာကြွယ်၀မှုကို သံသယမရှိသော်လည်းသူနှင့် မရင်းနှီး လျှင်၊ သူဌေးကြီး ထံမှ ဘာကို မျှမ မျှော်လင့်ရဲချေ။

    အဘယ်ကြောင့်ယုံကြည်သူများဘုရား၏ အစွမ်းအစကို ယုံကြည်သော်လည်း သူ့ကိုအား မကိုး ကြသနည်း။ ဘုရားသခင်နှင့် မိ၏ ဟာယမဖွဲ့၊ သူ့အလိုတော်ကို မလုပ်၊ စကား နားမထောင်သောကြောင့် ဖြစ်သည်။ သားသမီး များလည်း မိဘစကား နားမထောင်လျှင် မိဘထံဘာမျှမတောင်းရဲဘဲ၊ ရှောင်တတ်ကြသည် မဟုတ်လော။ နားမထောင်သော သူသည်ကိုယ့်ကိုကိုယ်သိနေသည်။ ထို့ကြောင့် ဘုရား အားကိုး သည် ထက်၊ ကိုယ့်ဟာကိုယ် ကြိုးစားသည်။ အခြားလူများကို ကိုး စားသည်။ အဆင် မပြေလျှင် လည်း၊ ဘုရား အားကိုး ဘို့ မစဥ်းစား၊ ထို့ထက် ဘုရားနှင့် ဝေးရာ ရှောင်တတ်သည်။ ယခုမှစ၍ ဘုရား ထံတိုး၀င်ချဥ်းကပ်ကြကုန်အံ့။ ခရစ်တော်က၊ "ငါ့ထံသို့ လာသော သူကို ငါသည် အလျှင်း မပယ်။ " (ယော ၆:၃ရ) ဟုဆိုသည်။ တဖန်၊ "၀န်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် နားရသော အခွင့်ကို ပေးမည်။ " (မ ၁၁:၂၈) ဟု သင့်ကို ခေါ်နေသည်။ ခရစ်တော် ထံလာ၍ကိုယ်၏ ၀န်ထုတ်၀န် ပိုးများကို အပ်လိုက်ပါ။ သက်သာရသော အခွင့်ရပါလိမ့်မည်။ သူသည် အပြစ် တင်မည် မဟုတ်၊ သင့်ကို သနားပြီး၊ မစမှာ ဖြစ်သည်။ ဆုတောင်းခြင်းဖြင့် စိတ်နှလုံးအကြွင်း မဲ့လာပါ။ သင်၏ အသက်တာ၌ ထူးခြားလာပါလိမ့်မည်။

    .

    ဗတ္တိဇံမင်္ဂလာ

    ရိုမင်ကက်သလိပ်အသင်းတော်၌ မဂ်လာခုနှစ်ပါးရှိသည်။ သို့သော်ပရော် တက်စတင့်အသင်းတော်များ၌ မဂ်လာနှစ်ပါးသာလျှင် ရှိသည်။ ထိုနှစ်ပါးသည် ဗတ္တိဇံ မဂ်လာနှင့် ပွဲတော် မဂ်လာတို့ ဖြစ်သည်။ ယခုဗတ္တိဇံမဂ်လာအကြောင်းကို လေ့လာကြ ရအောင်။ ဗတ္တိဇံမဂ်လာဟု ပြော သောအခါ၊ ရေဖြန်းခြင်းနှင့် ရေနှစ်ခြင်းကို သာလျှင် သိကြသည်။ ကျမ်းစာ ထဲ၌ ဗတ္တိဇံအမျိုးမျိုး ရှိသည်။ ဗတ္တိဇံဟူသော စကားသည် ဂရိတ်စ ကား လုံးဗတ္တိဇူး (​ြစေအငဖသ) ဖြစ်သည်။ ထိုစကား လုံးကို ဘာသာပြန် သောအခါ၊ အဓိပ္ပါယ်အားဖြင့် မပြန်ဘဲ၊ မူလစကား လုံးအတိုင်း အသံထွက်ပြန်ရသည်။ ထို့ကြောင့် ဆရာယုဒသန်က မြန်မာကျမ်းစာအုပ်၌၊ ဗတ္တိဇံဟု ဘာသာပြန်ခြင်း ဖြစ်သည်။ ဗတ္တိဇံသည် ရေထဲမှာ ဖြစ်လျှင် နှစ်ခြင်း ဖြစ်၍၊ အဆိုင်အခဲထဲမှာ ဖြစ်လျှင် မြှုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် နှစ်ခြင်းဟု ဘာသာမပြန်ရ၊ မူလစကား အတိုင်း ဗတ္တိဇံဟု ဘာသာပြန်ရသည်။ ကျမ်းစာ ထဲ၌ ဗတ္တိဇံအမျိုးမျိုး ရှိသည်။ ထိုအရာများနှင့် ပတ်သက်၍ လေ့လာ ကြရအောင်။

    ၁။ ဣသရေလများ၏ ဗတ္တိဇံ

    "ညီအစ်ကိုတို့၊ ငါတို့ ဘိုးဘေး အပေါင်းတို့သည် မိုဃ်းတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ ရှောက်သွားကြသည် ဟူ၍၎င်း၊ ၂မိုဃ်းတိမ်နှင့် ပင်လယ်ထဲမှာ မော ရှေ၌ ဗတ္တိဇံကို ခံကြသည် ဟူ၍၎င်း၊ ၃ဓမ္မအစာကိုအတူ စားကြသည် ဟူ၍၎င်း၊ ဓမ္မရေကိုအတူ သောက်ကြသည် ဟူ၍၎င်း သင်တို့ မသိမမှတ်ဘဲ နေစေခြင်းငှါ ငါအလိုမရှိ။ ၄ ထိုသူတို့ နောက်၌ လိုက်သော ဓမ္မကျောက်မှ ထွက်သော ရေကို သောက်ကြ၏။ ထိုကျောက် ကား ခရစ်တော် ဖြစ်သတည်း။ ၅သို့သော်လည်း ထိုသူတို့တွင် များစွာသော သူတို့ကို ဘုရားသခင်သည်အား ရနှစ်သက်တော် မမူ။ သူတို့သည် တော၌ သေ​ကြေ ပျက်ဆီးခြင်းသို့ ရောက်ကြ၏။ " (၁ ကော ၁၀:၁-၅)

    အထက်ပါ ကျမ်းပိုဒ်များ၌ ပေါလုက၊ ဣသရေလ လူများသည် အဲဂုတ္တု ​ကျွန်မှ လွတ်မြောက်၍၊ ပင်လယ်နီထဲ၌ ဆင်းသွား၍ ဖြတ်သန်းခြင်းကို ဗတ္တိဇံဟု ခေါ်သည်။ သူ တို့သည် အဲဂုတ္တု ​ကျွန်မှ၊ ဘုရား၏ တန်ခိုးအားဖြင့် လွတ်မြောက်ပြီးမှသာပင်လယ်နီ၌ ဗတ္တိဇံခံ ကြသည်။ ထိုဗတ္တိဇံသည် ပင်လယ်ထဲ၌ ဆင်းသွားခြင်းကို ဆိုလိုသည်။ ထိုဗတ္တိဇံအားဖြင့် ရန်အဲဂုတ္တု စစ်သားများသေဆုံးကုန်၍ အောင်မြင်ခြင်း ဖြစ်သည်။ ထိုသို့ ဗတ္တိဇံ ခံပြီးမှကျောက်ထဲမှရေကို၎င်း၊ ကောင်းကင် မှကျသော မန္နမုန့်ကို၎င်း၊ စားသောက်ကြ ရသည်။ ထိုမန္နမုန့်နှင့် ကျောက်ထဲမှရေ ခရစ်တော်ကို ပုံဆောင်သည်။

    ယုံကြည်သူ များလည်း အဲဂုတ္တု တည်း ဟူသောလောက မှ၎င်း၊ ဖါရောဘုရင် တည်း ဟူသော စာတန် ထံမှ၎င်း၊ ဘုရားသခင်က သူ၏ တန်ခိုးအားဖြင့် ကယ်တင်ခဲ့ပြီ။ ထိုသို့ ကယ်တင်ခြင်းကို လက်ခံယုံကြည် ပြီးမှရေဗတ္တိဇံကို ခံဘို့ ဖြစ်သည်။ ဗတ္တိဇံခံပြီးမှ

    မန္နမုန့်အစားပွဲတော် မုန့်၊ ကျောက်ထဲကရေအစားစပျစ်ရည်ကို သောက် ကြသည်။ သို့သော် ဣသရေလ လူများ ထဲမှများစွာသော သူတို့ကို ဘုရားသခင်သည်အား ရနှစ်သက်တော် မမူ။ သူတို့သည် တော၌ သေ​ကြေပျက်ဆီးခြင်းသို့ ရောက်ကြ၏ဟုဆိုသည်။ အဘယ်ကြောင့် ခါနန်ပြည် မရောက်ဘဲ တော၌ သေ​ကြေပျက်ဆီး ကြသနည်း ဟူမူကား၊ ဘုရားသခင်ကို ယုံကြည်ခြင်း မရှိကြ၊ ဂတိပြုသော ခါနန်ပြည် ကိုလည်း မထီမဲ့မြင် ပြု၍ ၀င်လိုသော စိတ်မရှိကြ၊ အဲဂုတ္တု ပြည်ကို သာလျှင် စွဲလန်း၍ ပြန်လှည့်ချင် ကြသောကြောင့် ဖြစ်သည်။ ယနေ့ ခရစ်ယာန် အများစုလည်း ထိုသူတို့ နည်းတူ၊ ကောင်းကင် ပြည် ကိုလည်း မ၀င်ချင်၊ ဘုရားသခင်ကို ယုံကြည်ခြင်း မရှိ၊ လောကကို သာစွဲလန်းသောကြောင့် ကောင်းကင် မရောက်ဘဲ၊ ငရဲမီးအိုင် ထဲသို့ ဆင်းမည့်သူများဖြစ် ကြသည်။ သင်သည် ထိုသူတို့ အ၀င် ဖြစ်ပါသလော။ အဲဂုတ္တု ပြည်မှ ထွက်သော အသက် နှစ်ဆယ်ကျော် ယောက်ျား ၆ သိန်းထဲမှခါနန်ပြည် ၀င်သော သူသည် ယောရှုနှင့် ကာလက်သာလျှင် ဖြစ်သည်။ အားလုံးလမ်း၌ သေကုန် ကြသည်။ ယနေ့ များစွာသော ခရစ်ယာန် များလည်း ငရဲသွားကြမှာကို ၀မ်းနည်းစွာ တွေ့မြင်နေရသည်။

    ၂။ ယောဟန်ဗတ္တိဇံ (မ ၃:၁-၁၂)

    "ထိုကာလ အခါဗတ္တံဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင် နိုင်ငံတော်သည် တည်လုနီးပြီ။ ၂ထိုကြောင့် နောင်တ ရကြလော့ဟု ယုဒတော၌ ဟော လေ၏။ ၃ပရောဖက် ဟေရှယဟောဘူးသည် ကား၊ တော၌ ဟစ်ကျော်သော သူ၏ အသံ မှာ၊ ထာ၀ရ ဘုရား ကြွ တော်မူ ရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ​ဖြောင့်စေ ကြလော့ဟူသော အချက်၌ ထိုယောဟန်ကို ဆိုလိုသတည်း။ ၄ယောဟန်သည် ကုလား အုပ်အမွေးနှင့် ရက်သော အ၀တ်ကို ၀တ်လျက်၊ ခါး၌သား ရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ ဖြစ်သော ပျားရည်ကို စားလျက် နေ၏။ ၅ထိုအခါ ယေရုရှလင် မြို့မှစ၍ ယုဒပြည် သူပြည် သား၊ ယော်ဒန်မြစ်နားမှာနေသောသူ အပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍၊ ၆မိမိ အပြစ်များကို ဘော်ပြလျှက်ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံကြ၏။ ၇ဖာရိရှဲနှင့် ဇဒ္ဒုကဲအများ တို့သည် ဗတ္တိဇံကို ခံအံ့သောငှါ လာကြသည်ကို ယောဟန်သည် မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသော ဘေးဒဏ်မှပြေး သွားစိမ့်သောငှါ၊ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။ ၈နောင်တ ရခြင်းနှင့် ထိုက်တန်သော အကျင့်ကို ကျင့်ကြလော့။ ၉အာဗြဟံသည် ငါတို့ အဘ ဖြစ်သည် ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့ မှအာဗြဟံသား တို့ကို ထုတ်ဘော် ဖန်ဆင်း နိုင် တော်မူသည် ဟု ငါအမှန်ဆို၏။ ၁၀သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက် ရှိသည် ဖြစ်၍၊ ကောင်းသော အသီး မသီးသော အပင်ရှိသမျှ တို့ကို ခုတ်လှ​ဲ၍ မီးထဲသို့ ချလိုက်ရ၏။ ၁၁ငါသည် နောင်တ အဘို့ အလိုငှါ သင်တို့ကို ရေနှင့် ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသော သူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ ​ခြေနင်းတော်ကို မျှဆောင်ခြင်းငှါ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ၀ိညာဥ်တော်နှင့်၎င်း၊ မီးနှင့်၎င်း သင်တို့ကို ဗတ္တိဇံပေးမည်။ ၁၂လက်တော်တွင် စံကောပါလျက်၊ မိမိ ကောက် နယ် တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိ ဂျံုစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကို ကားမှု ငိမ်းနိုင်သော မီးနှင့်ရှို့တော်မူ လတံ့ဟု ယောဟန်ဟောပြော၏။ " (မ ၃:၁-၁၂)

    ယောဟန်ပေးသော ဗတ္တိဇံသည် နောင်တ ရခြင်းနှင့် စပ်ဆိုင်သည်။ နောင်တ ရခြင်း ဖြင့် နိုင်ငံတော် ထဲသို့ ၀င်ဘို့ ဖြစ်သည်။ ထိုနိုင်ငံတော်သည် ကောင်းကင်၌ မဟုတ်ဘဲ မြေကြီး ပေါ်၌ တည်မည့် နိုင်ငံ ဖြစ်သည်။ ယုဒလူများသည် မိမိတို့ အပြစ်များကို ဖေါ်ပြ လျက် လာသောကြောင့် ယောဟန်ကဗတ္တိဇံကို ယော်ဒန်မြစ်ထဲ၌ ပေးသည်။ ဖာရိရှဲနှင့် ဇဒ္ဒုကဲအများ တို့ သည်လည်း ဗတ္တိဇံခံဘို့ ရန်လာကြသော်လည်း၊ ယောဟန်ကဗတ္တိဇံ မပေးသည် သာမက၊ သူတို့၏ အပြစ်များကို ဖေါ်ပြလျက် တရားစီရင်ခြင်း ခံရမည့် အရာ များကို သာပြောသွားသည်။ အဘယ့်ကြောင့်သူတို့ကို ဗတ္တိဇံမပေးသနည်းဟူမူကား၊ သူတို့၏ အပြစ်များကို မဖေါ်ပြသောကြောင့် ဖြစ်သည်။ ယောဟန်ပေးသော ဗတ္တိဇံသည် ယနေ့ ယုံကြည်သူများပေးသော ဗတ္တိဇံနှင့် မတူချေ။

    ၃။ ယေရှုတပည့်များပေးသော ဗတ္တိဇံ

    "ယေရှုသည်ကိုယ်တိုင်ဗတ္တိဇံကို ပေးတော် မမူ။ ၂တပည့်တော် တို့ သာလျှင် ပေးကြသော်လည်း၊ ယေရှုသည် ယောဟန်ထက် သာ၍များသော သူတို့ကို တပည့်တော် ဖြစ်စေ၍ ဗတ္တိဇံကို ပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရား သိတော်မူ သောအခါ၊" (ယော ၄:၁-၂)

    ယေရှု တပည့်တော်များကလူများကို ဗတ္တိဇံပေးသည်ကို ဤနေရာ၌ သာမှတ် တမ်းတွေ့ရသည်။ သူတို့ ပေးသော ဗတ္တိဇံသည် အကျိုးအကြောင်း မပြောထားပါ။ သို့သော် သူတို့၏ သခင်ယေရှုသည် တပည့်တော် များကို နိုင်ငံတော် တည်ထောင်မည့်အကြောင်း ဟောပြောခိုင်းသောကြောင့်၊ ယောဟန်ကဲ့သို့ နောင်တနှင့် ဆိုင်သော ဗတ္တိဇံကို ပေးကြခြင်း ဖြစ်မည်။ ယေရှုသည် ရှင်ဘုရင်အဖြစ် အုပ်စိုးမှာ ဖြစ်သောကြောင့် သူ့တ ပည့်များ ပေးသော ဗတ္တိဇံလည်း နိုင်ငံတော် ၀င်ဘို့ ရန် ဖြစ်မည်ဟု ယူဆရသည်။

    ၄။ ယေရှုခံသော ဗတ္တိဇံ

    "ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိလဲပြည် မှယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွ တော်မူ၏။ ၁၄ယောဟန်ကလည်း၊ အ​ကျွန်ုပ်သည်ကိုယ်တော် ထံ၌ ဗတ္တိဇံကို ခံရမည်အကြောင်း ရှိပါသည် ဖြစ်၍၊ ကိုယ်တော်သည် အ​ကျွန်ုပ်ထံသို့ ကြွလာ တော်မူ သလောဟု ယေရှုကို ဆီးတားလေ၏။ ၁၅ယေရှု ကလည်း အလုံးစုံသော တရားတို့ကို အကုန်အစင်ကျင့်သင့်သည် ဖြစ်၍၊ ယခုအခွင့်ပေးပါဟု ပြန်ပြော တော်မူ၏။ ထိုအ ခါယောဟန်သည် ၀န်ခံလေ၏။ ၁၆ယေရှုသည် ဗတ္တိဇံကို ခံတော်မူပြီး လျှင်၊ ရေမှပေါ်ထ စဥ်တွင်၊ ကောင်းကင် ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ၀ိညာဥ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ကိုယ်တော် အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊ ၁၇ဤသူကား ငါနှစ် သက်မြတ်နိုးရာ၊ ငါ၏ ချစ်သား ပေတည်းဟု ကောင်းကင် ကအသံတော် ဖြစ်လေ၏။ " (မ ၃:၁၃-၁ရ) မဿဲမှတ်တမ်းအရ ဖြစ်လျှင် ခရစ်တော် ဗတ္တိဇံခံခြင်းသည် အလုံးစုံသော တရားတို့ကို အကုန်အစင်ကျင့်သင့်သောကြောင့် ဟု ခရစ်တော်ကိုယ်တိုင်ကဆိုသည်။

    "နက်ဖြန်နေ့၌ ယေရှု ကြွလာ တော်မူသည်ကို ယောဟန်သည် မြင်လျှင်၊ ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။ ၃၀ငါ မရှိမှီရှိနှင့်သည် ဖြစ်၍၊ ငါ့ထက် သာ၍ ကြီး မြတ်သော သူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကို ဆိုလို၏။ ၃၁ အစကထိုသူကို ငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလ လူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ ဗတ္တိဇံကို ပေးလျက် လာ၏။ ၃၂ ထိုမှတပါး ၀ိညာဥ်တော်သည် ကောင်းကင် မှချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏ အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။ ၃၃အစကထိုသူကို ငါမသိ။ ရေ၌ ဗတ္တိဇံကို ပေး စေခြင်းငှါ ငါ့ကို စေလွှတ် တော်မူသော သူက၊ အကြင်သူ၏ အပေါ်၌ ၀ိညာဥ်တော် ဆင်း သက်၍ နားတော်မူသည်ကို သင်သည် မြင်လျှင်၊ ထိုသူကား၊ သန့်ရှင်းသော ၀ိညာဥ်တော်၌ ဗတ္တိဇံကို ပေးသော သူပေတည်းဟု မိန့် တော်မူသည် နှင့် အညီ၊ ၃၄ငါသည် မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူ ကြောင်းကို သက်သေ ခံသည်ဟု ယောဟန်ဆိုလေ၏။ " (ယော ၁:၂၉-၃၄)

    ယေရှု ဗတ္တိဇံခံခြင်းနှင့် ပတ်သက်၍ ယောဟန်က၊ ထိုသူကို ဣသရေလ လူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ ဗတ္တိဇံကို ပေးလျက် လာ၏ဟုဆိုသည်။ မည်ကဲ့သို့ ထင်ရှားသနည်း။ ဘုရားသခင်က အကြင်သူ၏ အပေါ်၌ ၀ိညာဥ်တော် ဆင်း သက်၍ နားသည်ကို မြင်ရမည်ဟုဆိုသည်။ မဿဲမှတ်တမ်းအရ ဖြစ်လျှင်၊ သန့်ရှင်းသော ၀ိညာဥ်တော်သည် ချိုးငှက်ကဲ့သို့ မြင်ရသည်။ ကောင်းကင် ကအသံတော် ကိုလည်း နားဖြင့် ကြားရသည်။ ယေရှု၏ ဗတ္တိဇံခံခြင်းသည်၊ ယောဟန်နှင့် တကွ ဣသရေလ လူများ ကသူ့ကို ဘုရားသား ဖြစ်ကြောင်း၊ သူတို့ မျှော်လင့်နေသော မေရှိ ဖြစ်ကြောင်း သိဘို့ ရန် ဖြစ်သည်။

    ယေရှု မြှုပ်နှံခြင်း

    ယေရှုသည် အသေခံ၍ မြှုပ်နှံခြင်း ခံရမည့် အရာကို ဗတ္တိဇံခံခြင်းဟု ဤသို့ ဆိုခဲ့သည်၊ "မြေပေါ်၌ မီးလောင်းစေခြင်းငှါ ငါလာသတည်း။ ထိုမီးမညှိမှီတိုင် အောင် ငါ၏ အလိုမ ပြည့်စုံ။ ဗတ္တိဇံ တခုကိုလည်း ငါခံစရာ ရှိ၏။ ၅၀ထို ဗတ္တိဇံကို မခံမှီတိုင်အောင် ငါသည် အလွန် +ငီးငွေ့သော စိတ်ရှိ၏။ " (လု ၁၂:၄၉-၅၀)

    လက်ဝဲနှင့် လက်ျာရံလျှောက်သော ယာကုပ်နှင့် ယောဟန်ညီအကို ထံ၌ ဤသို့ ဆိုခဲ့သည်၊ "ထိုအခါ ​ေဇ​ေဗဒဲ၏သား ယာကုပ်နှင့် ယောဟန်သည် အထံတော်သို့ ချဥ်းကပ်၍၊ အရှင်ဘုရား၊ အ​ကျွန်ုပ်တို့ တောင်းသော ဆုကျေးဇူးကို ပြု တော်မူ စေချင် ပါသည်ဟု လျှောက်လေ၏။ ၃၆ကိုယ်တော်က ငါသည် သင်တို့ကို အဘယ်သို့ ပြုစေချင် သနည်းဟု မေး တော်မူသော်၊ ၃၇ကိုယ်တော်သည် ဘုန်းပွင့် တော်မူ သောအခါ အ​ကျွန်ုပ် တို့သည် လက်ျာတော် ဘက်၌ တယောက်၊ လက်ဝဲတော် ဘက်၌ တယောက် ထိုင်ရသော အခွင့်ကို ပေး တော်မူ ပါဟု လျှောက်ကြ၏။ ၃၈ယေရှု ကလည်း သင်တို့သည် အဘယ်သို့ တောင်းပန်သည်ကို သင်တို့ မသိကြ။ ငါသောက်သော ခွက်ကို သောက်ခြင်း ငှါ၎င်း၊ ငါခံသော ဗတ္တိဇံကို ခံခြင်း ငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေး တော်မူ လျှင်၊ ၃၉အ​ကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊ ယေရှုက၊ ငါသောက်သော ခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်၊ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။ " (မာ ၁၀:၃၅-၃၉)

    ယေရှု သောက်မည့် ခွက်သည် သေခြင်းကို ဆိုလိုသည်။ သူခံရမည့် ဗတ္တိဇံသည် အသေခံ ပြီးမှမြှုပ်နှံခြင်း ခံရမည့် အရာကို ဆိုလိုသည်။ ရေနှစ်ခြင်း မဟုတ်။

    ၅။ ယုံကြည်သူများ၏ ဗတ္တိဇံ

    သခင်ယေရှုက၊ "သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊သား တော်၊ သန့်ရှင်းသော ၀ိညာဥ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ၂၀ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော် တို့ကို စောင့်ရှောက် စေခြင်းငှါ ဆုံးမဩ၀ါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည် တိုင်အောင် သင်တို့နှင့်အတူ အစဥ်မပြတ် ရှိသည်ဟု တပည့်တော် တို့အား မိန့် တော်မူ၏။ " (မ ၂၈:၁၉-၂၀)

    အထက်ပါ အမိန့်တော် အရ ဖြစ်လျှင် ဗတ္တိဇံခံခြင်းသည် ခရစ်တော်၏ တပည့်တော် ဖြစ်ကြောင်း သက်သေ ထူခြင်း ဖြစ်သည်။ တပည့်တော် ဖြစ်လျှင် ခရစ်တော် ပေးသ မျှသော ပညတ်တော် တို့ကို လိုက်ရှောက်ဘို့ ဖြစ်သည်။ တပည့်သည် သခင်ခိုင်းသမျှကို ဆင်​ခြေမပေးဘဲ လုပ်ရမှာ ဖြစ်သည်။ သို့သော်ဗတ္တိဇံခံသော သူအများစုသည်၊ ခရစ်တော်၏ တပည့်မ ဖြစ်ကြ၊ သူခိုင်းသော အလုပ်ကိုလည်း မလုပ်သည် သာမက၊ သိလည်း မသိကြသည်ကို ၀မ်းနည်းဘွယ်တွေ့မြင်နေရသည်။

    "သင်တို့သည်လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တ၀ါအ ပေါင်းတို့အား ဧ၀ံဂေလိတရားကို ဟောကြလော့။ ၁၆ယုံကြည်၍ ဗတ္တိဇံကို ခံသော သူသည် ကယ်တင် တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သော သူမူကား အပြစ် စီရင်ခြင်းကို ခံရလတံ့။ ၁၇ယုံကြည်သော သူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏ နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ် ကြလတံ့။ ထူးခြားသော ဘာသာစကား မျိုးတို့ကို ပြောကြလတံ့။ ၁၈မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ်အ တောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ် ကြလတံ့။ မကျန်းမမာသောသူ တို့ အပေါ်မှာ လက်ကို တင်၍ ချမ်းသာ ပေးကြလတံ့ဟု မိန့် တော်မူ၏။ " (မာ၁၆:၁၅-၁၈)

    မာကု၏ မှတ်တမ်းအရ ဖြစ်လျှင် ဗတ္တိဇံခံခြင်းသည်၊ ခရစ်တော်ကို ယုံကြည်ခြင်း၏ အထိ မ်းအမှတ် ဖြစ်သည်။ ယုံကြည်သော သူတို့သည် နိမိတ်လက္ခဏာများ ကိုလည်း တွေ့မြင်ရမှာ ဖြစ်သည်။ သို့သော်ယနေ့ ယုံကြည်သူများ၌ နိမိတ်လက္ခဏာများများမတွေ့ရခြင်းသည်၊ မယုံကြည် ကြသောကြောင့် ဖြစ်သည်။

    " ယေရှုခရစ်၌ ဗတ္တိဇံကို ခံသော သူရှိသမျှ တို့သည် အသေခံ တော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။ ၄ထိုကြောင့်၊ အသေခံ တော်မူခြင်း၌ ဗတ္တိဇံကို ခံသော အားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ် တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်း မှထမြောက် တော်မူသည် နည်းတူ၊ ငါတို့ သည်လည်း အသစ်သော အသက်၌ ကျင်လည်ရကြသတည်း။ ၅တ နည်းကား၊ အသေခံ တော်မူခြင်း၏ ပုံသ¿ာန်ကို ဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက် ရှိသည် မှန်လျှင်၊ ထမြောက် တော်မူခြင်း၏ ပုံသ¿ာန်ကို ဆောင်၍ စိုက်ပျိုးလျက် ရှိကြလိမ့်မည်။ " (ရော ၆:၃-၅)

    လူသည် အပြစ် သား၊ အာဒံသား၊ စာတန်သား ဖြစ်သောကြောင့် ဘုရား စ ကား နားမထောင်နိုင်ပါ။ ဘုရား၏ ရန်သူ၊ ဇာတိလူ ဖြစ်သည်။ မည်မျှပင် သွန်သင်၍ ခြိမ်း ​ခြောက်သော်လည်း၊ ဘုရား၏ စံနှုန်းမမှီနိုင်ပါ။ ထို့ကြောင့် ဘုရားသခင်က လူကို ယေရှု အထဲ၌ ထည့်လိုက်သည် (၁ ကော ၁:၃၀)။ ထိုအရာသည် ယေရှုခရစ်၌ ဗတ္တိဇံခံခြင်း ဖြစ်သည်။ ထိုနောက်အသေခံ တော်မူခြင်း၌ ဗတ္တိဇံခံကြပြန်သည်။ ဆိုလိုသည် မှာ ယေရှုခရစ် ထဲမှအသေခံသည်။ ထို့နောက်ယေရှုနှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ ပေါလုက ကောလောသဲအသင်းတော်ထံ၊ "ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်း မှထမြောက် စေ တော်မူသော ဘုရားသခင်၏ ပြုပြင်အား ထုတ် တော်မူခြင်းကို ယုံကြည်သော အားဖြင့်၊ ဗတ္တိဇံကို ခံ၍ ထိုသခင်နှင့်အတူ ထမြောက် ခြင်းသို့ ရောက်ကြ၏။ " (ကော ၂:၁၂) ဟု ရေးခဲ့သည်။ ထို့ကြောင့် ယုံကြည်သူ များ၏ ဗတ္တိဇံသည်၊ ခရစ်တော်နှင့်အတူ သေ၍ သင်္ဂြိုဟ်ခြင်း (ဗတ္တိဇံ)ကို ခံပြီး သူနှင့်အတူ ထမြောက်ခြင်းကို ရေထဲ၌ နှစ်ခြင်း အားဖြင့် ဘုရား ရှေ့၊ လူရှေ့၌ ပုံသက်သေ ပြခြင်း ဖြစ်သည်။ ထို့ကြောင့် အရင်ထို သမ္မာတရားကို မသိ၊ မယုံကြည်ဘဲ ရေနှစ်ခြင်း ခံလျှင် ဘာမျှထူးခြားမှု မရှိသောကြောင့် အဓိပ္ပါယ်မရှိချေ။ များသောအားဖြင့် ရေနှစ်ခြင်းအား ဖြင့်၊ ကယ်တင်ခြင်းသို့ ရောက်သည်၊ ဒုတိယ မွေးဘွားသည်ဟု ယူဆ ကြသည်။ ထိုသို့မဟုတ်၊ ယေရှုနှင့်အတူ သေ၍ ထမြောက် သောကြောင့်၊ ဒုတိယ မွေးဘွား၍ ကယ်တင်ခြင်းသို့ ရောက်သည်။ ထိုအရာကို ယုံကြည် လက်ခံသော သူကို သာလျှင်၊ ရေနှစ်ခြင်း ပေးရမှာ ဖြစ်သည်။

    ၆။ သေပြီးသူများအတွက် ဗတ္တိဇံ

    "သေလွန်သော သူတို့သည် ထမြောက်ခြင်း အလျှင်း မရှိလျှင်၊ သေလွန်သော သူတို့၏ကိုယ်စားဗတ္တိဇံကို ခံသော သူတို့သည် အဘယ်သို့ ပြုရမည်နည်း။ သေလွန်သော သူတို့၏ကိုယ်စားအဘယ်ကြောင့်ဗတ္တိဇံကို ခံရကြသနည်း။ ၃၀ငါတို့ သည်လည်း ဘေးရောက်အံ့သော အခြင်း ရာနှင့် အဘယ်ကြောင့်တွေ့ရကြသနည်း။ ၃၁ငါသည်နေ့ တိုင်း အသေခံ ရ၏ဟု ငါတို့ သခင် ယေရှုခရစ်၌ သင်တို့ အကြောင်းကြောင့် ငါ၀ါကြွား ၀မ်း မြောက်ခြင်းကို တိုင်တည်၍ ငါဆို၀ံ့၏။ ၃၂သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိ လျှင်၊ ဧဖက်မြို့၌လောကီဝေါဟာရအားဖြင့်၊ အထက် ကငါသည်သား ရဲတို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြ ကုန်အံ့၊ နက်ဖြန် သေရကြမည်။ " (၁ ကော ၁၅:၂၉-၃၂)

    သေလွန်သော သူတို့၏ကိုယ်စားဗတ္တိဇံခံခြင်းသည်၊ နားလည်ရခက်သော ကျမ်းပိုဒ် ဖြစ်သည်။ မောရ်မွန်များ ကဤအရာကို အသုံးပြု၍၊ သေလွန်ပြီးသော သူများကိုယ်စားအသက် ရှင်သော သူများ ကဗတ္တိဇံခံပေး ကြသည်။ အထက်၌ ဖေါ်ပြသည့်အ တိုင်း ဗတ္တိဇံခံခြင်းသည်၊ ယုံကြည်ခြင်း၊ တပည့်တော် ဖြစ်ခြင်း၊ ခရစ်တော်နှင့်အတူ သေ၍ ရှင်ပြန်ထမြောက် ခြင်းကို ပုံဆောင်သောကြောင့်၊ အသက် ရှင်သော သူများ ကသေပြီးသော သူများကိုယ်စားပြုခြင်းသည် မဖြစ်နိုင်ပါ။ အဓိပ္ပါယ်မရှိပါ။

    သို့ဖြစ်လျှင် မည်ကဲ့သို့ နားလည်ရမည်နည်း။ ပေါလုတို့ အဖွဲ့သည် ဧဖက်မြို့၌ ဧ၀ံဂေလိတရားဟောသောကြောင့်၊ သေဘေးနှင့် နေ့တိုင်း ကြံုတွေ့ရသည်။ ပေါလုက ငါသည် နေ့တိုင်း အသေခံ ရသည်ဟုဆိုသည်။ ဆိုလိုသည် မှာအသတ်ခံရလျှင်လည်း လူများ ကယ်တယ်ခြင်းသို့ ရောက်ဘို့ ရန်လိုအပ်သောကြောင့် ဟောပြောသည်။ သူ့ကိုယ််သူသေပြီးသား ကဲ့သို့ အသက်ကို မနှမျောဘဲ ဟောပြောသည်။ အကယ်၍ အသတ်ခံရလျှင် လည်း၊ ရှင်ပြန်ထမြောက် ဦးမှာ ဖြစ်သောကြောင့်၊ မျှော်လင့်ချက်ရှိသောကြောင့် မကြောက်ဘဲ ဟောခြင်း ဖြစ်သည်။ အကယ်၍ အသတ်ခံလျှင် မြှုပ်နှံခြင်း ဗတ္တိဇံ ခံရမည်။ ထို့ကြောင့် သူသည် နေ့တိုင်း အသေခံသည်၊ ဗတ္တိဇံခံသည်။ သေလွန်သော သူများသည် သူဟောပြောခြင်း အားဖြင့် ကယ်တင်ခြင်းသို့ ရောက်၍ ခန္ဓာကိုယ်သေ

    သော သူများကို ဆိုလိုနိုင် သကဲ့သို့၊ ၀ိညာဥ်ပိုင်းသေနေသော သူများ ကိုလည်း ဆိုလို နိုင်သည်။ မည်သူ့ပင် ဖြစ်စေ ထိုသူများ အတွက် အသေခံ၊ ဗတ္တိဇံခံသည်ဟုဆို်သည်။

    .

    ရာစုနှစ်စာချုပ်

    ရာစုနှစ်စာချုုပ် (ီန​ေူ သ် အ့န ဃနညအကမပ) သည် အစ္စရေးနိုင်ငံနှင့် အာရပ်နိုင်ငံများ၊ ငြိမ်းချမ်းရေးနှင့် လုံခြံုရေးအတွက် ချုပ်ဆိုမည့် အရာ ဖြစ်သည်။ ထိုအရာသည် ဒံယေလ ၉:၂ရ မှာ ဖေါ်ပြထားသော အရာ ဖြစ်သည်။ ထိုစာချုပ်ကို နှစ်ပိုင်းပိုင်း၍၊ စီးပွားရေးအပိုင်း ဆွေးနွေးပွဲ အစည်းအဝေးကို ယခုနှစ်ဇွန်လ ၂၅-၂၆ ရက်နေ့များတွင် ပါရှန်ကေွ့​ကျွန်းနိုင်ငံ ဖြစ်သော ဗဟာရိန်း၌ ပြုလုပ် ခဲ့သည်။ ထိုအစည်းအဝေး၌ အမေရိ ကန်ဦးဆောင်မှု ဖြင့် ပြုလုပ်၍၊ အာရပ်နိုင်ငံများ ဖြစ်သော ဆော်ဒီအရဗျား၊ အီဂျစ်၊ ဂေျာ် ဒန်၊ ယူအေအီး၊ ဗဟာရိန်း၊ ကာတာနိုင်ငံများ ပါ၀င်သည်။ ပါလက်စတင်းခေါင်းဆောင်များမပါ၀င်ဘဲ ဆန့်ကျင် ကြသည်။ သို့သော်ပါလက်စတင်းစီးပွားရေးသမားအနည်း ငယ်ပါ၀င်ခဲ့ ကြသည်။ ထိုအစည်းအဝေးအရ၊ ဆယ်နှစ်အတွင်း ပါလက်စတင်းနှင့် အီဂျစ် ဂေျာ်ဒန်၊ လေဗနုန်နိုင်ငံများ၏ စီးပွားရေးတိုးတက်ရန်​ေဒါ်လာ ဘီလီယံ ၅၀ ရင်းနှီး မှာ ဖြစ်ကြောင်း၊ ပါလက်စတင်းများ အတွက် ၂၉ ဘီလီယံနှင့် အီဂျစ်၊ ဂေျာ်ဒန်၊ လေဗနုန် နိုင်ငံများ အတွက် ၂၀ ဘီလီယံ နီးပါးအသုံးပြုမည့် အကြောင်း ဆုံးဖြတ် ကြသည်။

    နိုင်ငံရေးအပိုင်းဆိုင်ရာ အစည်းအဝေးကို နောက်မှာ ပြုလုပ် မှာ ဖြစ်သည်။ ထိုအစည်းအဝေးသည်၊ အစ္စရေးနိုင်ငံရွေးကောက်ပွဲစက်တဘ်ာလ ၁ရ ရက်နေ့တွင် ပြုလုပ်မှာ ဖြစ်သောကြောင့်၊ ထိုအချိန် နောက်ပိုင်းမှ ပြုလုပ် မှာ ဖြစ်သည်။ ယခုအချိန် အထိ ပါလက်စတင်းများက ဆွေးနွေးပွဲမှာမပါ၀င်ချင်၊ ဆန့်ကျင် လျက် ရှိသေးသောကြောင့် မည်ကဲ့သို့ဖြစ်မည်ကို စောင့်ကြည့် ရမှာ ဖြစ်သည်။ ထိုစာချုပ် ချုပ်ဆိုနိုင်ပါကဒံယေလ ၉:၂ရ၌ ပါသော ပဋ္ဋိညာဥ် ပြည့်စုံခြင်း ဖြစ်မည်ဟု ယူဆရပါသည်။ ထိုစာချုပ်သည် ခုနစ် နှစ်စာချုပ် ဖြစ်၍၊ တတိယဗိမာန်တော် ကိုလည်း အစ္စရေးလူများ ဆောက်လုပ်ခွင့်ပေးပါ လိမ့်မည်။ ယဇ်ပူ​ဇော်ခြင်း ကိုလည်း ရှေးကကဲ့သို့ ပြန်လည် ပြုလုပ်၍၊ သုံးနှစ်ခွဲကြာ သောအခါ၊ ယဇ်ပူ​ဇော်ခြင်းကို ရပ်ခိုင်း၍ အန္တီ ခရစ်ကသူသည်၊ ဘုရား ဖြစ်ကြောင်း ကျေ ညာကာ၊ သူ့ကိုကိုး ကွယ်ဘို့ ရန်အမိန့်ထုတ်လိမ့်မည်။ ထို့ကြောင့် ထိုစာချုပ်မတိုင်မှီတွင် ချီဆောင်ခြင်း ဖြစ်နိုင်သည်။ အကယ်၍ ချီဆောင်ခြင်း ဖြစ်ခဲ့သည် ရှိသော်သင်သည် ကောင်းကင်သို့ သိမ်းဆည်းခြင်း၌ ပါ၀င်ပါမည်လော။ စက်တဘ်ာလ ၃၀ ရက်နေ့သည် တံပိုးမှုတ်ပွဲ ဖြစ်သည်။ ထိုနေ့၌ ချီဆောင်ခြင်း ဖြစ်မည်ဟု မဆိုနိုင်သော်လည်း၊ ဖြစ်ခဲ့သည် ရှိသော် ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် လက်ခံဘို့ လိုသည်။

    .

    ကျမ်းစာ ဖတ်ကြစို့

    ဂလာတိ ၂

    ၁။ ထိုနောက်တဆယ်လေးနှစ်လွန်ပြီးမှ၊ ငါသည် တိတုကို ခေါ်၍ ဗာနဗနှင့်အတူ ယေရု ရှလင်မြို့သို့ တဖန် သွားလေ၏။

    ပေါလုသည် ဒမသက်မြို့အ၀င်၌ ပြောင်းလဲ၍ ယေရှုကို လက်ခံယုံကြည်ပြီး နောက်၊ ထိုမြို့၌ ယေရှုသည် ခရစ်တော် ဖြစ်ကြောင်းကို ဟောပြောခဲ့သည်။ ထိုမြို့ရှိယုဒ လူများ ကသူ့ကို သတ်မည်ကြံ သောအခါ ထွက်ပြေး၍ ယေရုရှလင် မြို့သို့ ရောက်သွားခဲ့သည်။ ထိုမြို့၌လည်း သတ်မည်ကြံကြသောကြောင့် ညီအစ်ကို တို့သည် ကြားသိလျှင်၊ ရှောလုကို ကဲသရိမြို့သို့ ပို့၍ တာရှုမြို့တိုင်အောင် စေလွှတ်ကြ၏။ (တမန် ၉:၂၃-၃၀) ထိုအဖြစ် အပျက်များ ပြီးသည့်နောက် ၁၄ နှစ်လွန်ပြီးမှပေါလုသည် ယေရုရှလင် မြို့သို့ သွားပြန်သည်။

    ၂။ ဗျာဒိတ်တော် အတိုင်း ပင်သွားသည် ဖြစ်၍၊ တပါးအမိျုးသား တို့၌ ဟောပြောသော ဧ၀ံဂေလိတရားကို ထိုအခါ ငါကြားပြောလေ၏။ ထိုသို့ ဆိုသော်ငါဆောင်ရွက်ခဲ့ပြီးသော အမှုနှင့် နောက်၌ ဆောင်ရွက်လတံ့သော အမှုကို အချည်းနှီးမ ဖြစ်စေခြင်းငှါ၊ အသရေ ထင်ရှားသော သူတို့အား သာတိတ်ဆိတ်စွာ ကြားပြော၏။

    ဗျာဒိတ်တော် အတိုင်း သွားသည်ဟုဆိုခြင်းသည်၊ သခင်ဘုရား ကသူ့ကို သွား ခိုင်းခြင်း ဖြစ်မည်။ ယေရုရှလင် မြို့သို့ မသွားမှီတွင် ပေါလုသည် တပါးအမျိုးသားများထံ၌ သွားခဲ့ပြီ။ ထိုအရာသည် သူ၏ ပဌမ ဧ၀ံဂေလိခရီး စဥ်ကို ဆိုလိုခြင်း ဖြစ်မည်။ သူသည် တပါးအမျိုးသားများထံ ဧ၀ံဂေလိတရားဟောခြင်းကို၊ ယေရုရှလင် မြို့ရှိယုံကြည်သူများထံပြောပြခြင်း ဖြစ်သည်။ ထိုသို့ ပြောပြရာတွင် သူဆောင်ရွက်ခဲ့သော အမှုနှင့် ဆောင်ရွက်ဦးမည့် အရာများ အချည်းနှီးမ ဖြစ်စေခြင်းငှါ လူတိုင်း ထံသို့ မပြောဘဲ၊ ခေါင်း ဆောင်များ ထံ၌ သာပြောသည်ဟုဆိုသည်။

    ၃။ သို့သော်လည်း ငါနှင့်အတူ ပါသော ဟေလသ အမျိုးတိတုကို အရေဖျားလှီးခြင်းကို မခံစေကြ။

    တိတုသည် ဟေလသအမျိုး ဖြစ်ကြောင်း ဤနေရာ၌ သိရသည်။ ဟေလသသည် ဂရိတ် ဖြစ်၍ တခါတရံတပါးအမျိုးသား အားလုံးကိုလည်း ဆိုလိုတတ်သည်။ တိတုသည် ဟေလသလူ ဖြစ်သော်လည်း၊ အသင်းတော်၏ ခေါင်းဆောင်များကသူ့ကို အရေ ဖျားမလှီးခိုင်းဟုဆိုသည်။ အကြောင်းမှာ အသင်းတော်၌ ပါ၀င်ဘို့၊ ကယ်တင်ခြင်းသို့ ရောက်ဘို့ ရန် အရေဖျားလှီးခြင်း မလိုတော့ကြောင်းကို သဘော ပေါက်ကြသောကြောင့် ဖြစ်သည်။

    ၄။ ယေရှုခရစ် အားဖြင့် ငါတို့ ခံစားသော လွှတ်ခြင်း အခွင့်ကို ချောင်းကြည့်၍ ငါတို့ကို ​ကျွန်ခံစေမည်အကြံနှင့်၊ ပရိယာယ်အားဖြင့် သူတပါးသွင်း၍ ငါတို့ အထဲသို့ ၀င်သော ညီအစ်ကို၏ အယောင်ကို ဆောင်သော သူတို့ အကြောင်းကြောင့် ထိုသို့ ပြုကြ၏။

    ယေရှုခရစ် အားဖြင့် ငါတို့ ခံစားသော လွှတ်ခြင်း အခွင့်ဆိုသည်မှာ၊ ကောင်း ကင်ရောက်ဘို့ ရန်ပညတ်တော် လိုက်ရှောက်ခြင်းအားဖြင့် မဟုတ်၊ ဘုရားသခင်က ငါတို့ အပြစ်များကို သားတော် ယေရှုခရစ်အားဖြင့် လွှတ်ခြင်းကို ဆိုလိုိသည်။ ပညတ်တော် လိုက်လျှောက်ခြင်းအားဖြင့် ​ဖြောင့်မတ်မည်၊ ကောင်းကင် ရောက်မည်ဟု ယူဆသော သူများသည် ​ကျွန်ခံ သကဲ့သို့ဖြစ်သည်။ ထိုသူများ ကလွတ်ခြင်း အခွင့်ရသောသူ များကို တဖန် ပညတ်တော် အောက်၌ ပြန်လည်၍ ကွျန်ခံစေလို ကြသည်။ ထိုသူများသည် ညီအစ်ကို ယောင်ဆောင်၍၊ လွတ်ခြင်း အခွင့်ရရှိ သူများ ထံ၀င်၍ သူတို့လည်း ယုံ ကြည် သူများ ဟန်ဆောင် ကြသည်။ ယနေ့ အသင်းတော်များ၌ လည်း၊ အမှန်တကယ် ကယ်တင်ခြင်းသို့ မရောက်၊ ၀ိညာဥ်အားဖြင့် ဒုတိယမွေးခြင်း မရှိသော သူများသည် ဟန်ဆောင်၍ ပါ၀င် နေကြသည်ကို ၀မ်းနည်းဘွယ်တွေ့မြင်နေရသည်။ သင်ကိုယ်တိုင်သည် ထိုသို့ ဟန်ဆောင် သောသူ ဖြစ်ပါသလော။

    ၅။ မှန်သော ဧ၀ံဂေလိတရားသည် သင်တို့၌ တည်နေမည်အကြောင်း၊ ငါတို့သည် ထိုသူတို့ စီရင်ခြင်းကို ခဏမျှ၀န်မခံကြ။

    ပေါလုက အထက်က ဟန်ဆောင် ခရစ်ယာန် များကို ခဏမျှပင် လက်မခံကြောင်း ရေးသွားသည်။ အဘယ်ကြောင့်လက်မခံသနည်းဟူမူကား၊ မှန်သော ဧ၀ံဂေ လိသည် အသင်းတော်၌ တည်နေဘို့ ရန် ဖြစ်သည်။ ဧ၀ံဂေလိသည် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း သတင်းကောင်း ဖြစ်သည်။

    ၆။ အသရေထင်ရှားသော သူတို့သည် အထက် ကအဘယ်သို့ သောသူ ဖြစ်ကြသည်ကို ငါမဆိုင်။ ဘုရားသခင်သည် လူမျက်နှာကို မှတ်တော် မမူ။ ထိုသူတို့နှင့် ငါသည် ပေါင်း ဘော်၍ ထူးခြားသော အရာကို မခံရသည် သာမက၊

    ပေါလုက အသရေထင်ရှားသောသူ တည်း ဟူသော၊ လူများ၌ နာမည်ထင် ရှားသော သူတို့သည် အရင်ကသူတို့ ဘယ်ကဲ့သို့ သောသူ ဖြစ်သည်ကို သူနှင့် မဆိုင်ဟုဆိုသည်။ လူသည် အရင်ရာထူး၊ နာမည်ကျော်ကြားခြင်း၊ တတ်စွမ်းနိုင်ခြင်းများအပေါ်အား နာတတ်၊ မျက်နှာလိုက်တတ်သည်။ ပေါလုသည် အသရေထင်ရှားသောသူ တို့နှင့် ပေါင်းဖေါ်သော်လည်း ဘာမျှထူးခြားမှု မခံစား ရဟုဆိုသည်။

    ရ-၈။ အရေဖျားလှီးခြင်းကို ခံသော သူတို့တွင် ပေတရုကို တမန်တော် ဖြစ်စေခြင်းငှါ၊ ပေတရု၌ ပြုပြင် တော်မူသော သူသည်၊ တပါးအမျိုးသား တို့တွင် ငါ့ကို တမန်တော် ဖြစ်စေခြင်းငှါ ငါ၌လည်း ပြုပြင် တော်မူသည် ဖြစ်၍၊ အရေဖျားလှီးခြင်းနှင့် စပ်ဆိုင်သော ဧ၀ံဂေလိတရားကို ပေတရု၌ အပ် တော်မူသည် နည်းတူ၊ အရေဖျားလှီးခြင်းနှင့် မစပ် ဆိုင်သော ဧ၀ံဂေလိတရားကို ငါ၌ အပ် တော်မူ ကြောင်းကို သူတို့သည် သိမြင်ကြ၍၊ ၉ အမှီတကဲ ဖြစ်သော ယာကုပ်၊ ကေဖ၊ ယောဟန်တို့သည် လည်း၊ ငါရသော ကျေးဇူးတော်ကို သိကြ သောအခါ၊ မိမိတို့သည် အရေဖျားလှီးခြင်းကို ခံရသော သူတို့ ဆီသို့ သွားမည်အကြောင်း နှင့်၊ ငါတို့သည် တပါးအမျိုးသား တို့ ဆီသို့ သွားမည်အကြောင်း၊ လကျ်ာ လက်ခံခြင်းကို ဗာနဗနှင့် ငါ့အား ပေးကြ၏။

    ပေတရုသည် အရေဖျားလှီးသော သူတည်း ဟူသော ယုဒလူတို့၏ တမန်တော် အဖြစ်ယေရှု ကရွေးခဲ့သည်။ ပေါလုကိုလည်း ယေရှု ကတပါးအမျိုးသား တို့၏ တမန်တော် ဖြစ်ဘို့ ရွေးခဲ့သည်။ ထိုအရာကို ယေရှု၏ ညီတော် ယာကုပ်၊ ကေဖတည်း ဟူသော ပေတရု၊ ယောဟန်တို့ ကသိကြ၍ သူတို့ကိုအား ပေးသည်။ လက်ျာ လက်ခံခြင်း ဆိုသည်မှာ လက်ခံခြင်း၊ လက်တွဲခြင်း၊ သဘောတူ ညီခြင်းကို ဆိုလိုသည်။

    ၁၀။ ငါတို့သည် ဆင်းရဲသော သူများကို အောက်မေ့စေခြင်းငှါ သူတို့ အလို တခုတည်း ရှိ၏။ ထိုအမှုကို ငါသည် အလိုအလေျာက် ကြိုးစားအား ထုတ်လေ့ရှိ၏။

    ထိုခေါင်းဆောင်များက၊ ပေါလုနှင့် ဗာနဗတို့အား ဘာမျှမှာကြားပြုပြင်ခြင်း မရှိ၊ ယေရုရှလင် မြို့ရှိဆင်းရဲသော ယုံကြည်သူ များကို သတိရ ကူညီဘို့ သာလျှင် မှာကြား ကြသည်။ ထိုအရာသည် ပေါလုတို့ ကလည်း ကြိုးစား လုပ်ချင်သော အရာ ဖြစ်သည်။ ပေါလုသည် သာသနာ ပြုအသင်းတော်များထံမှ အလှူငွေများကို၊ ယေရုရှလင် မြို့ရှိအ သင်းတော် ထံယူဆောင်လာတတ်သည် (၁ ကော ၁၆:၂)။ ယနေ့ အသင်းတော်များနှင့် ဆန့်ကျင် ဘက် ဖြစ်သည်။ ယနေ့ အသင်းတော် များသည် မိခင် အသင်းတော် မှ၊ သာ သနာပြုအသင်းတော်များထံထောက်ပ့ံကူညီတတ်သည်။

    ၁၁။ ထိုနောက်ပေတရုသည် အန္တိအုတ်မြို့သို့ ရောက်လာ သောအခါ၊ သူ၌ အပြစ် တင်စရာ အခွင့်ရှိသောကြောင့် သူ့ကိုယ်တိုင်ကို ငါငြင်း၍ ဆီးတားရ၏။

    အန္တိအုတ်မြို့သည် ပေါလုတို့၏ သာသနာ ပြုဌါနချုပ် ဖြစ်သည်။ ထိုမြို့သို့ ပေ တရုရောက်ရှိခဲ့သည်။ ဧည့်သည်တော် ပေတရုကို အိမ်ရှင်ပေါလုကအပြစ် တင်ကြောင်း အောက်ပိုင်းတွင် တွေ့ရသည်။

    ၁၂။ အကြောင်းမူကား၊ လူအချို့တို့သည် ယာကုပ်ထံက မရောက်မလာမှီ၊ ပေတရုသည် တပါးအမျိုးသား တို့နှင့်အတူ စား၏။ သူတို့ ရောက်လာသော နောက်၊ ပေတရုသည် အရေဖျားလှီးခြင်းကို ခံရသော သူတို့၏ မျက်နှာကို ထောက်၍ တပါးအမျိုးသား တို့နှင့် မပေါင်း၀ံ့။ တယောက် တခြားစီနေ၏။

    ပေတရုသည် တမန်တော် ခေါင်းဆောင် ဖြစ်သော်လည်း၊ ပေါလုလောက်မခိုင် ခန့်ကြောင်း တွေ့ရသည်။ သူသည် တပါးအမျိုးသား ယုံကြည်သူများနှင့် ပေါင်းဖေါ်ခဲ့သော်လည်း၊ ယာကုပ်တပည့်များ ရောက်လာ သောအခါ၊ မပေါင်းဖေါ်ရဲတော့ဘဲ၊ သီး ခြားနေလာသည်။ ထိုအရာကြည့်ခြင်းအားဖြင့် သခင်ဘုရား၏ ညီယာကုပ်သည်၊ အသင်းတော် အတွင်း ၌ ဩဇာအာဏာကြီး ကြောင်း၊ ယုံကြည်ခြင်း ရှိပြီး နောက်၌လည်း ယုဒထုံးစံကို လိုက်၍၊ လူမျိုးခွဲခြားခြင်း ရှိသေးကြောင်း ထင်ရှားသည်။ ပေတရုသည် ယာကုပ်တပည့်များ ပင်လျှင် ကြောက်ပါက၊ ယာကုပ်ကိုယ်တိုင်ရှိလျှင် ပြောစရာ လို မည် မထင်။

    ၁၃။ ကြင်းသော ယုဒလူတို့သည် ပေတရုနှင့်အတူ လျှို့၀ှက်ခြင်း အားဖြင့် ဗာနဗ သည်လည်း သူတို့ ဘက်သို့ ပါသွား၏။

    ပေတရုနှင့်အတူ ယုဒလူများလည်း တပါးအမျိုးသား များကို မပေါင်းဖေါ်၀ံ့ကြကြောင်း တွေ့ရသည်။ ပေါလုနှင့် ဧ၀ံဂေလိခရီး သွားခဲ့သော ဗာနဗလည်း ထိုလူများ ကဲ့သို့ လူမျိုးခွဲခြားခြင်း အဖွဲ့ထဲ၌ ပါသွားသည်။

    ၁၄။ သူတို့သည် မှန်သော ဧ၀ံဂေလိတရားနှင့် အညီ​ဖြောင့်မတ်စွာ မကျင့်ကြောင်းကို ငါသည် မြင်လျှင်၊ ထိုသူ အပေါင်းတို့ ရှေ့မှာ ပေတရုအား ငါဆိုသည် ကား၊ သင်သည် ယုဒလူ ဖြစ်လျက် ပင် ယုဒထုံးစံအတိုင်း မကျင့်ဘဲ၊ တပါးအမျိုး၏ ထုံးစံအတိုင်း ကျင့် လျှင်၊ တပါးအမျိုးသား တို့သည် ယုဒထုံးစံအတိုင်း ကျင့်စေခြင်းငှါ အဘယ်ကြောင့် သူတို့ကို အနိုင်အထက် ပြုသနည်း။

    ပေါလုသည် သူ့ထက် အရင်ယုံကြည်၍၊ တမန်တော် ခေါင်းဆောင် ဖြစ်သော ပေတရုကို အပြစ် တင်ရဲခြင်းသည်၊ သမ္မာတရား တည်း ဟူသော သခင်ဘုရား၏ အလို တော်၊ အကြံတော်ကို ကောင်းစွာ သိခြင်းကြောင့် ဖြစ်သည်။ ပေတရုသည် တပါးအမျိုးသား ဖြစ်သော ကောနိလိအိမ်၌ မသွားချင် ခဲ့ချေ။ သို့သော်သခင်ဘုရားက အတင်း သွား ခိုင်း သောအခါ သွားခဲ့သည်။ ကယ်တင်ခြင်းသည် တပါးအမျိုးသား များလည်း ပေးပြီ ဖြစ်ကြောင်းကို သိခဲ့သည် (တမန် ၁၀)။ အခြားသော တမန်တော်များက၊ တပါးအမျိုး သားများနှင့် ပေါင်းဖေါ်ခြင်းကို အပြစ် တင် သောအခါ၊ သခင်ဘုရား ကခိုင်းကြောင်း၊ သူ့ သဘောနှင့် မသွားကြောင်း ရှင်းပြခဲ့သည် (တမန် ၁၁)။ သို့သော်ယခုပေါလုက သူသည် တပါးအမျိုးသား များကို ယုဒထုံးစံကျင့်ခိုင်းသည်ဟု အပြစ် တင်သည်။ အဘယ်ကြောင့် ပေတရုသည် ပေါလုလောက် မသိနိုင်သနည်း။ ပေါလုသည် ပညာရှိ ဖြစ်သည်။ ထိုအပြင်ဓမ္မဟောင်းကို ကောင်းစွာ သင်ယူနားလည်သည်။ ထိုမျှသာမကတပါးအမျိုးသား များ၏ တမန်တော် ဖြစ်သည်။ ထို့ကြောင့် ပေတရုထက် သမ္မာတရားကို နားလည်ခြင်း ဖြစ်မည်။ ပေါလုသည် သမ္မာတရား အတိုင်း ရပ်တည်ရဲသည်။ ပေတရုသည် သိသော်လည်း သမ္မာတရား အတိုင်း မရပ်တည်ရဲချေ။ လူ့မျက်နှာကို ထောက်သည်။

    ၁၅။ လူတို့သည် ပညတ်တရား၏ အကျင့်အားဖြင့် ​ဖြောင့်မတ်ရာသို့ မရောက်၊ ၁၆ ယေရှုခရစ်ကို ယုံကြည်ခြင်း အားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်ကြသည်ကို၊ အပြစ် ထင် ရှားသော တပါးအမျိုးသား မဟုတ်ဘဲ၊ ဇာတိအမျိုးအားဖြင့် ယုဒလူ ဖြစ်သော ငါတို့သည် အမှန်သိသည်နှင့် အညီ ပညတ်တရား၏ အကျင့်အားဖြင့် ​ဖြောင့်မတ် ရာသို့ မရောက်၊ ခရစ်တော်ကို ယုံကြည်ခြင်း အားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ၊ ငါတို့ ပင် ယေရှုခရစ်ကို ယုံကြည် ကြပြီ။ အကြောင်းမူကား၊ ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူ မျှ ​ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။

    ပေါလုက တပါးအမျိုးသား များကို အပြစ် ထင်ရှားသော သူများဟုဆိုသည်။ ဆိုသည့်အတိုင်းလည်း အပြစ် ရှိကြသည်။ သို့သော်ယုဒလူများလည်း ယေရှုခရစ်ကို လက်မခံလျှင် ​ဖြောင့်မတ်ရာသို့ မရောက်နိုင်ဟုဆိုသည်။ ထို့ကြောင့် အပြစ်သား ဖြစ်သော တပါးအမျိုးသားများဖြစ်စေ၊ ဘုရား ရွေးကောက်သော ယုဒလူများ ဖြစ်စေ၊ ခရစ်တော်ကို ယုံကြည်ခြင်း အားဖြင့် သာ​ဖြောင့်မတ်နို်င်သည်ဟုဆိုသည်။ ပညတ်တရား၏ အကျင့်အားဖြင့် မ​ဖြောင့်မတ်နိုင်ပါ။

    ၁ရ။ ခရစ်တော် အားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ ငါတို့သည် ကြိုးစား လျက် ပင်၊ အပြစ် ထင်ရားသောသူ ဖြစ်သေးသည် မှန်လျှင်၊ ခရစ်တော်သည် အပြစ် တရားကို ပြုစု သောသူ ဖြစ်သလော။ ထိုသို့ မဖြစ်နိုင် ရာ။ ၁၈ အထက် ကငါဖြိုးဖျက်သော အရာကို နောက်တဖန် ငါတည်ဆောက်ပြန်လျှင်၊ ကိုယ်အပြစ် ရှိသည်ကို ကိုယ်ထင်ရှားစွာ ပြ၏။

    ခရစ်တော်အားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ ကြိုးစား ချိန်တွင် ပင်အဖြစ် ထင်ရှားသည်ဟုဆိုသည်။ ခရစ်တော်နှင့် တွေ့သောသူ၊ ဆိုင်သော သူတိုင်းသည် မိမိ အပြစ်ကို မြင် ကြသည်။ မှားယွင်းနေစဥ်ဖမ်းမိသော အမျိုးသမီးကို ယုဒလူများက ခရစ်တော် ထံခေါ်လာကြ သောအခါ၊ ထိုအမျိုးသမီး၏ အပြစ်ကို သာမြင် ကြသည်။ သို့သော် ခရစ်တော်နှင့် တွေ့ သောအခါ မိမိတို့ အပြစ်ကို မြင်၍ မည်သူကမျှထိုအမျိုးသမီးကို ခဲနှင့် မပေါက်ဘဲ ထွက်ခွါသွားခဲ့ကြသည် (ယော ၈:၁-၉)။ ခရစ်တော်သည် အလင်း ဖြစ်သောကြောင့် လူများသည် သူ၏ အလင်း၌ ထိုသို့ မိမိတို့ အပြစ် မြင်ရခြင်း ဖြစ်သည်။ ခရစ်တော်ကြောင့် အပြစ် ရှိသည် မဟုတ်ဘဲ၊ အပြစ် မြင်ကြခြင်း ဖြစ်သည်။ သင်သည် သူတ ပါး၏ အပြစ်ကို သာလျှင် မြင်နေသေးသလော။ မိမိ အပြစ်ကို မြင်ခဲ့ပြီလော။

    ၁၉။ ထိုမှတပါး၊ ငါသည် ဘုရားသခင်နှင့် ဆိုင်သော အရာ၌ အသက် ရှင်မည်အကြောင်း၊ ပညတ်တရားနှင့် ဆိုင်သော အရာ၌ ပညတ်တရားအားဖြင့် သေလျက် နေ၏။

    အသင်ရှင်ခြင်းသည် ဘုရားသခင် အားဖြင့် သာလျှင် ဖြစ်သည်။ ပညတ်တရားသည် အသက် ရှင်စေသည် မဟုတ်၊ သေစေသည်။ ထို့ကြောင့် ပညတ်တရားကို သင်သည် အမှီပြုနေလျှင် အသေ ဖြစ်ကြောင်း သိပါ။

    ၂၀။ ငါသည် ခရစ်တော်နှင့်အတူ လက်၀ါးကပ်တိုင်မှာ အသေခံ ပြီ။ သို့သော်လည်း အသက် ရှင်သေး၏။ ထိုသို့ ဆိုသော် ငါသည်ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင် တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်း အားဖြင့် တည်၏။သား တော်သည် ငါ့ကို ချစ်၍ ငါ့အဘို့ကိုယ်ကိုကိုယ် စွန့် တော်မူ၏။

    ဤကျမ်းပိုဒ်သည် ပေါလုရေးသား ထားသော အရာများ ထဲ၌ အရေးကြီး ဆုံး တခု ဖြစ်သည်။ ခရစ်တော် အသေခံ ချိန်တွင် ပေါလုသည် သူ့ကို ယုံကြည် သေးသည် မဟုတ်။ သို့သော်၀ိညာဥ်အားဖြင့်၊ ဘုရား၏ အမြင်၌ သူသည် ခရစ်တော်၌ သေခဲ့ပြီ။ ထိုအရာကို သန့်ရှင်းသော ၀ိညာဥ်တော်က နားလည်ခွင့်ပေးမှသာ နားလည်နိုင်သည်။ ၀ိညာဥ်အရာကို ဇာတိအားဖြင့် နားမလည် နိုင်ချေ။ ပေါလုကသူသည် ခရစ်တော်နှင့် အတူအသေခံ ပြီဟုဆိုသည်။ ခရစ်တော်နှင့်အတူ မြှုပ်နှံခြင်း ခံရသူနှင့်အတူ အသစ်သော အသက်တာဖြင့် ရှင်ပြန်ထမြောက် ပြီဟုဆိုသည် (ရော ၆:၄)။ ပေါလုသည် ခရစ်တော်နှင့်အတူ အသစ်သော အသက်နှင့် ပြန်ရှင်ထမြောက် သောကြောင့်၊ သူ့ သဘောနှင့် အသက်မရှင်တော့ဘဲ၊ ခရစ်တော်၏ အလိုတော်အားဖြင့် သာ အသက် ရှင်သောကြောင့် ခရစ်တော်သည် သူ၌ ရှင်သည်ဟုဆိုခြင်း ဖြစ်သည်။ ယနေ့ များစွာသော ခရစ်ယာန် များသည် ခရစ်တော်ကို ယုံကြည်သည်ဟုဆိုသော်လည်း၊ ထူးခြားမှု မရှိ၊ မိမိတို့ ဆန္ဒအလွန် ကြီး၍ မိမိ စိတ်ကြိုက်အသက် ရှင် နေကြသေးသည်။ ခရစ်တော်၏ အလိုတော်ကို လုံး၀ ဂရုမစိုက်ကြခြင်းသည် အံ့ဩစရာ ကောင်းသည်။ သင်သည် ထိုသို့ သောသူ ဖြစ်နေပါ သေးသလော။

    ၂၁။ ဘုရားသခင်၏ ကျေးဇူးတော်ကို ငါမပယ်။ ပညတ်တရားကို အမှီပြု၍ ​ဖြောင့်မတ် ရာသို့ ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီးအသေခံ တော်မူပြီ။

    ပေါလုကပညတ်တရားအားဖြင့် ​ဖြောင့်မတ်နိုင်လျှင် ခရစ်တော်သည် အချည်း နှီးအသေခံသည်ဟုဆိုသည်။ ခရစ်တော်သည် အချည်းနှီးအသေမခံနိုင်ပါ။ သို့ဖြစ်လျှင် အဘယ်ကြောင့်လူများစွာ မထူးခြားကြသနည်း။ ဇာတိမသေကြ သေးသောကြောင့် ဖြစ်သည်။

    .

    အသင်းချုပ်နှစ်ပတ်လည် အစည်းအဝေး

    အမေရိကန်ပြည် ထောင်စုသတင်းကောင်း နှစ်ခြင်း အသင်းချုပ် အစည်းအ ဝေးကို ဇူလိုင်လ ၄ ရက်နေ့တွင် Indiana ပြည်နယ်ရှိ llliana Camping ခန်းမ ဆောင်၌ အောင်မြင် စွာ ပြုလုပ် ကျင်းပနိုင်ခဲ့ပါသည်။ အစည်းအဝေး၌ အသင်းတော် (၂၄) ပါးမှကိုယ်စားလှယ် (၉၂) ဦးပါ၀င်တက်ရောက်ခဲ့ကြပါသည်။ နှစ်နှစ်တကြိမ်ပြု လုပ်လေ့ရှိသော သိတင်း ကောင်းပွဲတော် ကြီးကိုIndiana State တွင် September 3-6, 2020 နေ့ရက်၌ ပြုလုပ် ရန် သဘောတူ ကြပါသည်။ အသင်းချုပ်အမှုတော် ဆောင် ဆရာများ သင်တန်းကို October 21-25, 2019 နေ့ရက်၌ Atlanta တွင် ပြုလုပ် ရန် အတွက် သဘောတူ ညီခဲ့ကြပါသည်။ အောက်ပါဆရာများကို သာသနာ ပြုဆရာအဖြစ် အသိအမှတ်ပြုရန်အားလုံး သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။

      1. Joseph Lia Kung Sang (Ottumwa, Aiwa)
      1. Abel Om Nan (Omaha, Nebraska)
      1. Win Maung (Midland, Texas)
      1. Elisha (Indianapolis, Northside)

    Ottumwa, Aiwa အသင်းတော် အသစ်ဖွင့်ပွဲနေ့ရက်အတွက် August 25, 2019 နေ့ရက်ကို အတည်ပြုသတ်မှတ်ခဲ့ကြပါသည်။ Association အသစ် ဖွဲ့စည်းရန် သဘောတူ ညီခဲ့ကြပြီး၊ အောက်ပါအသင်းတော်များဖြင့် ဖွဲ့ စည်းခဲ့ကြပါသည်။ အဖွဲ့ချုပ်နာမည်သည် Northwest Association ဖြစ်ပါသည်။ ဤအဖွဲ့ ချုပ်သည် စတုတ္ထ မြောက်အဖွဲ့ချုပ် ဖြစ်သည်။ ဤအဖွဲ့ချုပ်၌ အောက်ပါအသင်းတော်များပါ ၀င်ပါသည်။

  • St. Paul GBC, MN
  • St. Paul Karen GBC, MN
  • Kansas City GBC, KS
  • Ottumwa GBC, Aiwa
  • Austin Emmanuel GBC, MN
  • GBC Des Moines, IA
  • သာသနာ ပြုအမှုတော် ဆောင်များ၏ နှစ်လတကြိမ် ပြုလုပ် လေ့ရှိသော၊ အမှုတော် ဆောင်သင်တန်းကို၊ Indianapolis, Southside GBC ၌ ဩဂုတ်လ ၅-၈ နေ့များတွင် ပြုလုပ်မည် ဖြစ်သည်။