Periodical: Good News, May 2009

Home  >  Periodicals > May 2009

GN052009

MAY 2009
GOOD NEWS PERIODICAL

မာတိကာ

.

အမှာစာ

ဤသတင်းကောင်း စာစောင်ကို ပြန်လည်ထုတ်ဝေခွင့်ပြူသော ဘုရားသခင်၏ နာမတော်ကို ရှေးဦးစွာ ချီးမွမ်းပါသည်။ ဆုတောင်းပေးခြင်း၊ စာမူများ ပေးပို့ခြင်း၊ ဝယ်ယူဖတ်ရှု အားပေးသူအားလုံး အပေါ်၌ ဘုရားသခင်က ကောင်းချီးပေးပါစေ။

ယခုကဲ့သို့ မြန်မာဘာသာစကားဖြင့် ရေးသား ထားသော ဝိညာဉ်ရေးရာ စာစောင်များကို ဖတ်ရှုခြင်းသည် ယနေ့ တိုင်းတပါးသို့ ရောက်နေကြသော ​ကျွန်ပ်တို့ ယုံကြည်သူများအတွက် အလွန်ပင် တန်ဖိုးရှိသော အခွင့်ကောင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် လက်မလွတ်တမ်းဝယ်ယူဖတ်ရှု အားပေးကြရန် အားပေးလိုပါသည်။

စာစောင်များကို ဖတ်ရှုခြင်းအားဖြင့် မိမိနေ့စဉ် အသက်တာ၌ ဘုရားသခင်၏ အလိုတော် အကြံအစည်များကို ပိုမိုသိရှိ နားလည်ကာရှောင်သင့်သော အရာများကို ရှောင်၍ ဆောင်သင့်သော အရာများကို ဆောင်နိုင််မည် ဖြစ်သည်။

သို့ဖြစ်ပါ၍ ဤစာစောင်ကို ဖတ်ရှုရာတွင် ဝတ္တုကာတွန်းဖတ်ရှု သကဲ့သို့ ပြီးစလွယ် မဖတ်ဘဲ မိမိဝိညာဉ်ရေးရာအတွက် သေချာ၊ ဖတ်ရှု၊ လေ့လာ၊ ဆင်ခြင် နှလုံးသွင်းကာ ဖတ်ရှုလေ့လာ စေလိုသည်။

ထိုမျှမက စာစောင်၏ ဆိုလိုရင်းကို နက်နက်နဲနဲ သဘောပေါက်နိုင်ရန် အတွက်စာစောင်ထဲ၍ ပါသော ကျမ်းညွှန်းများကို သမ္မာကျမ်းစာနှင့် ဒွန်တွဲလျက် ဗေရိမြို့သားများကဲ့သို့ လေ့လာစေလို ပါသည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် မိတ်ဆွေ၏ အသက်တာ၌ စာစောင်ဖတ်ရှုခြင်း၏ အကျိုးကျေးဇူးကို ပို၍ သိရှိ နားလည် သဘောပေါက်လာကာ ခရစ်ယာန် အသက်တာရင့်ကျက်ကြီး ထွားလာမည် ဖြစ်သည်။

စာရူသူအယောက်တိုင်း အပေါ် ဘုရားသခင်က ကောင်းချီးပေးပါစေ၊
ဆရာနော်ဂျာ

.

ခေတ်များ (Dispensations)

(ဆရာ မောဇက် ထောင်ကျုံး)

ကာလများကို ခေတ်များဖြင့် ထပ်မံပိုင်းခြားနိင်သည်။ ကာလသုံးခုကို ခေတ်ခုနှစ်ခေတ်ဖြင့် ပိုင်းနိင်သည်။ ရေမလွှမ်းမိုးမှီကာလကို ဧဒင်ခေတ် နှင့် ရေမလွှမ်းမိုးမှီခေတ်ဟု နှစ်ပိုင်း ပိုင်းနိင်သည်။

ဧဒင်ခေတ်(Edenic Dispensation)
ဧဒင်ခေတ်သည် ဖန်ဆင်းခြင်းမှ အာဒံနှင့် ဧဝအပြစ် ကျူးလွန်သည် အထိသာ ဖြစ်၍ အနှစ်တစ်ရာပင်မရှိပေ။ ဘုရားသခင်၏ လူသားများဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်ကို ထိုခေတ်၌ တွေ့ရသည်။ လူသည် အပြစ်ကင်း၍ ဘုရားသခင်နှင့် မိဿဟာယဖွဲ့နိင်သည်။ သေခြင်း နာခြင်း အိုခြင်း မရှိ၊ အလုပ်လုပ်စရာ ပင်မလို။ အစစအရာရာ ကောင်းမွန်သည်။ လူသည် ဘုရား၏ ဘုန်းတော်နှင့် ပတ်စည်းသောကြောင့် အဝတ်ဝတ်စရာ ပင်မလိုချေ။ ထိုခေတ်သည် အကောင်းဆုံးသောခေတ် ဖြစ်သည်။ သို့သော် စာတန်၏ သွေးဆောင်မှုကို နာခံသောကြောင့် လူသည် ဘုရား စကားကို နားမထောင်၍ အပြစ်သို့ လဲကျသွားခဲ့သည်။ ထိုအ ချိန်မှစ၍ လူသည် ဘုရားသခင်နှင့် အဆက်အသွယ်ပြတ်၍ ဝိညာဉ်ပိုင်း၌ သေကာ စိတ်နှလုံးလည်း ယိုယွင်းပျက်စီးသွားသည်။ ကိုယ်ခန္ဓာလည်း အနာရောဂါကျ ရောက်၍ နောက်ဆုံး၌ သေရသည်။ (က ၁၃)

ရေမလွှမ်းမိုးမှီခေတ် (Antediluvian Dispensasion)
ဤခေတ်သည် လူသားများအပြစ် လုပ်ချိန်မှစ၍ ရေလွှမ်းမိုးသည် အထိကို ဆိုလိုသည်။ ဤခေတ်၌ လူသည် အပြစ်ကြောင့် ဘုရားသခင်နှင့် အဆက်အ သွယ်ပြတ်၍ ဘုရား ဘုန်းတော်နှင့် ပတ်ရစ်ခြင်း မရှိတော့ချေ။ အပြစ်ကြောင့် သေခြင်း၊ နာခြင်း၊ ဒုက္ခ မျိုးစုံတွေ့ရသည်။ အလုပ်လုပ်မှအစာစားရသည်။ ဤခေတ်၌ စိုက် ပျိုးရေး၊ မွေးမြူိရေး၊ တူရိယာများ တီးခြင်း အစပြု ကြသည်။ ဤခေတ် လူသားများသည် အလွန် ဆိုးသွမ်းသောကြောင့် ဘုရားသခင်က ရေလွှမ်းမိုးစေခြင်းဖြင့် အဆုံး သတ်စေသည်။ နောဧနှင့် မိသားစု ၈ယောက်သာလျှင် အသက် ချမ်းသာ ရာရ ကြသည်။ ယနေ့ ကမ္ဘာပေါ်ရှိ လူသား တိုင်းသည် နောဧနှင့်သားများမှဆင်းသက် သူများ ဖြစ်ကြသည်။ (က ၃ရ)

ယခုနေ့ရက်ကာလကို ခေတ်လေးခေတ်ဖြင့် ပိုင်းခြားနိင်သည်။ ၎င်းတို့ မှာရေလွှမ်းမိုးပြီးခေတ်၊ ဘိုးဘေးများခေတ်၊ ပညတ်တော်ခေတ်နှင့် အသင်းတော် ခေတ်တို့ ဖြစ်သည်။

ရေလွှမ်းမိုးပြီးခေတ်(Post Deluvian Dispensation)
ရေလွှမ်းမိုးပြီး ခေတ်သည် ရေလွှမ်းမိုးပြီးမှဘိုးဘေးများ ခေတ်ကာလ တိုင်အောင် ဖြစ်သည်။ ဤခေတ်သည် နောဧမှ အာဗြာဟံကို ဘုရားသခင်က ရွေးကောက်သောအချိန် စပ်ကြားကာလ ဖြစ်သည်။ နောဧနှင့်သား များသည် ဘုရားသခင်ကို ယုံကြည် သောကြောင့် ရေလွှမ်းမိုးခြင်းမှ လွတ်ခဲ့သည်။ သို့သော် သူတို့၏သား စဉ် မြေးဆက်များသည် အလျှင်အမြန် ရုပ်တုကိုးကွယ်သောသူများ ဖြစ်သွား ကြသည်။ မည်ကဲ့သို့ ထိုသို့ဖြစ်နိင်သနည်းဟု အံ့ဩ ပေလိမ့်မည်။ သင်းအုပ်ဆရာ သားသမီး များပင်လျှင် မယုံကြည်သူ ဖြစ်နိင်သည် မဟုတ်လော။ ထိုခေတ်လူများသည် ဘုရားမသိဘဲ မိမိတို့ ကျော်စောဘို့ အတွက် ဗာဗုလုံရဲတိုက် ဆောက်ကြသောကြောင့် ဘုရားသခင်က စကားကွဲစေ၍ စုပေါင်းနေထိုင်၍ မရဘဲ အရပ်ရပ်သို့ ကွဲသွားခြင်းအားဖြင့် အဆုံးသတ်ခဲ့သည်။ (က ရး၁၁)

ဘိုးဘေးများခေတ် (Patriachal dispensation)
ဘုရားသခင်က အာဗြာဟံကို ရွေးကောက်သောအချိန် မှစ၍ ဘိုးဘေးများခေတ်စကာ မောရှေအားဖြင့် ပညတ်တော် ပေးချိန်အထိ ဖြစ်သည်။ ထိုခေတ်၌ ဘုရားသခင်ကို ကိုးကွယ်သောသူသည် အာဗြာဟံ၊ ဣဇက်၊ ယာကုပ်နှင့် ယာကုပ်၏သား စဉ်မြေးဆက်များသာလျှင် ဖြစ်သည်။ သူတို့သည် ခါနန်ပြည်၌ အစာ ခေါင်းပါး သောကြောင့် အဲဂုတ္တု ပြည်သို့ ပြောင်းရွှေ့သွား ကြသည်။ နောက်ပိုင်း၌ အဲဂုတ္တု ကျွန် ခံရသောကြောင့် ဘုရားသခင် ထံအော်ဟစ်၍ ဘုရားသခင်က မောရှေအားဖြင့် ကယ်နှုတ်ခဲ့သည်။ (က ၁၂:၅၀)

ပညတ်တော်ခေတ် (Legal Dispensation)
ပညတ်တော် ခေတ်သည် မောရှေထံ ပညတ်တော် ပေးသောအချိန် မှစ၍ ခရစ်တော် အသေခံသည် ကာလအထိ ဖြစ်သည်။ ဘုရားသခင်သည် မောရှေအားဖြင့် ဣသရေလ လူများကို သိနာတောင်​ခြေ၌ ပညတ်တော် ပေးခဲ့သည်။ ပညတ်တော် များသည် ဝတ်ပြုခြင်း ဆိုင်ရာပညတ်တော်၊ အုပ်ချုပ်ရေးဆိုင်ရာပညတ်တော်၊ ကိုယ်ကျင့်ပိုင်းဆိုင်ရာ ပညတ်တော်၊ စားသောက်ခြင်း ဆိုင်ရာပညတ်တော်များဖြစ်သည်။ ထိုအချိန် မှစ၍ ဘုရားကိုးကွယ်သောအခါ၌လည်း စံနစ်တကျ ဘုရား အလိုတော် အတိုင်းကိုးကွယ်ရသည်။ သို့သော် ဣသရေလ ူများသည် ဘုရားသခင်ကို ပညတ်တော် အတိုင်း မကိုးကွယ်ဘဲ ရုပ်တုများကိုသာ လျှင်ကိုးကွယ် ကြသောကြောင့် နှစ်နိင်ငံကွဲသွားခဲ့သည်။ မြောက်ဖက်နိင်ငံကို ဣသရေလ ဟူ၍၎င်း၊ တောင်ဖက်နိင်ငံကို ယုဒဟူ၍၎င်း၊ ခေါ်သည်။ ဣသရေလ နိင်ငံသည် အစမှစ၍ ရုပ်တုများကိုသာ ကိုးကွယ်သောကြောင့် အာရှုရိလက်၌၎င်း၊ တောင်ဖက်နိင်ငံ ယုဒသည်လည်း ဗာဗုလုန်လက်၌၎င်း၊ ဘုရားသခင်က အပ်နှံလိုက်သည်။ ထို့ကြောင့် နှစ်နိင်ငံစလုံး​ကျွန်ခံခဲ့ရသည်။ သို့သော် ယုဒလူများသာပြန်လည်၍ မိမိတို့ နိင်ငံသို့ ပြန်လာခ့​ဲ ကြသည်။ ထိုသို့ ပြန်လာသော သူတို့သည် ရုပ်တုမကိုးကွယ် တော့ဘဲ ဘုရားသခင်၌ အလွန် စိတ်အားကြီး ကြသည်။ သို့သော် မှန်သော နည်းဖြင့် မဟုတ်မှားသော နည်းဖြင့် စိတ်အားကြီး သောကြောင့် ဘုရားသခင်၏ အလိုတော်ကို မသိကြ။ ထို့ကြောင့် သူတု့ိ၏ ကယ်တင်ရှင်ကို ပင် နားမလည်ဘဲ လက်ဝါးကပ်တိုင်၌ ရိုက်သတ်ခဲ့ ကြသည်။ ထိုသို့ ခရစ်တော်ကို ရိုက်သတ်ခြင်းအားဖြင့် ပညတ်တော် ခေတ်သည် ကုန်ဆုံးခဲ့ရသည်။ ခရစ်တော်သည် ပညတ်တော်ကို စုံ လင်စေသောသူ ဖြစ်သည်။ (ရော ၁၀:၄)

အသင်းတော်ခေတ် (Ecclesiastical Dispensation)
ပင်တေကုတ္တေ နေ့၌ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်၍ အသင်းတော် စတင်ချိန်မှစ၍ အသင်းတော် သိမ်းဆည်းချိန်အထိ ကာလ ဖြစ်သည်။ အသင်းတော် ခေတ်သည် နှစ်ပေါင်း၂၀၀၀ နီးပါးရှိပြီ။ ယခုသည် အသင်းတော် ခေတ်၏ နောက်ဆုံးပိုင်း ဖြစ်နေပြီ။ မကြာမှီမှာ သန့်ရှင်း သူများ (အသင်းတော်)ကို ချီဆောင်၍ ဘေးဒဏ်ကြီးကာလ ခုနှစ်နှစ်ရောက်တော့မည် ဖြစ်သည်။ ထိုအ ချိန်ရောက်မည့် နိမိတ်လက္ခဏာများ အကုန် ပြည့်စုံပြီး ဖြစ်သည်။ အသင်းတော် ခေတ်၏ ရည်ရွယ်ချက်မှာ လူမျိုးတမျိုးတည်းကိုသာ မရွေးဘဲ လူမျိုးပေါင်း စုံထဲမှ ခရစ်တာ်ကို လက်ခံသမျှသော သူတို့ကို လက်ခံ၍ ခရစ်တော် ဆောင်ရွက်ပြီး ခဲ့သော ကယ်တင်ခြင်း အကြောင်းကို ဖြန့်ဝေဟောပြောဘို့ ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေဘို့ ဖြစ်သည်။ ဤခေတ်၌ လူတိုင်း ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်းသို့ ရောက်နိင်သည်။ သု့ိသော် အသင်းတော်သည်လည်း လွန်ခဲ့သော ခေတ်များ ကဲ့သို့ပင်သူ့တာဝန် မကျေပြွန်ဘဲလောကအရာ၌ ပါဝင်ပတ်သက်ခြင်းဖြင့် ဘုရားသခင် ပေးထားသော တာဝန်ကို မဆောင်ရွက်နိင်ဘဲ ဖြစ်နေသည်။ အသင်းတော် ခေတ်သည် ခရစ်တော် ရရှိသောသူများ အမှန်တကယ် ယုံကြည်သူများကို ကောင်းကင်သို့ အရှင်လတ်လတ် ချီဆောင်ခြင်းဖြင့် အဆုံးသတ်မည် ဖြစ်သည်။ (၁ သက် ၄:၁၃:၁ရ) အသင်းတော် သိမ်းဆည်းပြီး နောက် ဤလောက၌ ဘေးဒဏ်ကြီးကာလ ခုနှစ်နှစ်ပေါ်လာမည် ဖြစ်သည်။ ထိုကာလ၌ အန္တီခရစ်သည် တကမ္ဘာလုံးကို အုပ်စိုး၍ ဘုရားသခင်၏ တရားစီရင်ချိန်ကာလ ဖြစ်မည်။ ဘေးဒဏ်ကြီး ကာလသည် ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းဖြင့် နိဂုံးချုပ်မည် ဖြစ်သည်။

မေရှိခေတ် (​Messiah Dispensation)
ခရစ်တော် ဒုတိယအကြိမ် ကြွရောက် လာချိန်မှစ၍ အနှစ်တစ်ထောင် အုပ်စိုးချိန်ပြီးသည် အထိ ဖြစ်သည်။ ခရစ်တော် ဒုတိယအကြိမ် ကြွ လာသောအခါ ကမ္ဘာပေါ်ရှိကျန်ကြွင်းသော လူသားများကို သိုးနှင့် ဆိတ်ခွဲ သကဲ့သို့ ခွဲလိမ့်မည်။ သိုးများ တည်းဟူသော ယုံကြည်သူများသာလျှင် အနှစ်တစ်ထောင်အုပ်စိုးခြင်း တည်းဟူသော မေရှိခေတ်၌ ရောက်ရှိသွားကြမည် ဖြစ်သည်။ ထိုခေတ်သည် ခရစ်တော် ကိုယ်တိုင် ယေရုရှလင်မြို့မှတကမ္ဘာလုံးကို အုပ်စိုး၍ အလွန် ကောင်းမွန်သောခေတ် ဖြစ်မည်။ လူ့သက်တမ်းလည်း အနှစ်တစ်ထောင်အထိ ပြန်ရှည်လာမည်။သားရဲများ မရှိတော့ဘဲ အားလုံး သား ယျဉ်များ ဖြစ်လာကြလိမ့်မည်။ လူသားများလည်း စစ်တိုက်ခြင်း မရှိတော့ဘဲ အားလုံး ငြိမ်းချမ်းစွာ နေထိုင်ကြမည် ဖြစ်သည်။ ထိုခေတ်၌ မွေးဘွားလာကြသောသူများသည် နောက်ဆုံး၌ စာတန်၏ လှည့်ဖျားမှုကို ယုံကြည်၍ သခင် ခရစ်တော်ကို တိုက်ခိုက် ကြမည် ဖြစ်သည်။ သို့သော် ကောင်းကင်မှ မီးကျခြင်းဖြင့် သူတို့ကို အဆုံးစီရင်ခြင်းဖြင့် ထိုခေတ်သည်လည်း အဆိုးနှင့် နိဂုံးချုပ်မည် ဖြစ်သည်။ ထိုခေတ်၌ စာတန်၏ သွေးဆောင်ခြင်း မခံရသော်လည်း အာဒံအမျိုး ဖြစ်သောကြောင့် လူသည် မကောင်းနိင်ကြောင်းကို ထင်ရှားစေမည် ဖြစ်သည်။

.

မှားခြင်း နှစ်မျိုး

(ဆရာနော်ဂျာ)

မိမိ လုပ်ကိုင်ဆောင်ရွက်နေသော ကိစ္စအရပ်ရပ်၌ အောင်မြင်သော အကျိုးရလာဒ်ကို မှန်ကန်စွာ ဖြင့်ပြီး မြောက်လိုသူလောကီ လူသားများအားလုံး အတွက်မူမှားခြင်း ဟူသော အတွေ့အကြုံသည် လွန်စွာ ခါးသီးပေမည်။ အဘယ်ကြောင့် ဆိုသော် “မှားခြင်း ဟူသည် ပြုသင့်သောအရာ မပြုမိ၊ မပြုသင့်သည့်အရာကို ပြုမည့် သောကြောင့် ဆုံးရှုံးခြင်း၊ နာကျင်​ကြေကွဲခြင်း စသည့်အဖိုးအခ များစွာကို ပေးဆပ်ရခြင်းကြောင့် ဖြစ်သည်။

အမှားကို ကျူးလွန်မိသော လူသားများသည် ‘အမှားရှိမှအမှန်သိ မည်’ဟူသော စကားဖြင့် မိမိကိုယ်ကို မိမိပြန်လည်နှစ်သိမ့်စေကာမူမှားခြင်း၏ အကျိုးဆက် (အဖိုးအခ)ကိုမူကား ဧကန်မူချပေးဆပ်ရမည် ဖြစ်သည်။

“တောင်ယာခုတ်မှားလျှင် တစ်နှစ်၊ အိမ်ထောင်ပြုမှားလျှင် တသက်၊ ကိုးကွယ်ယုံကြည်မှု မှားလျှင် ထာဝရ” စသည့်ပင်ပန်းကြီးစွာသော အဖိုးအခကို ပေးဆပ်ရသည်။ ထို့ပြင် စကား ပြောမှားခြင်း၊ ကား မှားစီးခြင်း၊ ပစ္စည်းမှားဝယ်ခြင်း၊ အစားမှားခြင်း၊ ယုတ်စွအဆုံးရေသောက်မှားလျှင် ပင်ရေးသီး၍ ဒုက္ခ ရောက် ရသေးသည် မဟုတ်ပေဘူးလား။ ‘အစားမတော် တစ်တလုတ်၊ အသွားမတော် တလှမ်း’၊ ထို့ကြောင့် အသေးငယ်ဆုံးသော မှားခြင်း ပင်လျှင် ကြီးမားသော အန္တရာယ်ကို ဖြစ်ပေါ်စေသည်။ ဤမျှလောက်မကောင်းသော မှားခြင်းသည် မည်သည့်နေ ရာမှအစပြုလာသည်ကို သမ္မာကျမ်းစာဖြင့် ပြန်လည်ဆန်းစစ်ကြည့်သောအခါ အာဒံနှင့် ဧဝ၏ ဘုရား စကား နားမထောင်ဘဲ မုသာ၏ အဘ တည်းဟူသော စာ တန်၏ လှည့်ဖြားမှုကို နားယောင်မိပြီး ကောင်းမကောင်း သိ​ကျွမ်းရာအသီးကို စား မိသော နေ့ရက်မှစ၍ အပြစ် ဒုစရိုက်ကြီးသည် အတားအဆီးမ့​ဲစွာ ဝင်ရောက် လာရခြင်း ဖြစ်သည်။ ဤကဲ့သို့လောက ထဲ၌ မှားခြင်း တည်းဟူသော အပြစ်ကြောင့် ‘လူ အပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင် ရှိတော်၌ အသရေ ပျက်ကြပြီ’ဟု ကျမ်းစာက ဖေါ်ပြထားသည် (ရော၊ ၃:၂၃)။ ထို့ကြောင့် ‘မမှားသော ရှေ့နေ၊ မသေသော ဆေးသမား’ဟူသောစကား ပုံပင်ပေါ်ထွက်လာရသည် မဟုတ်ပေဘူးလား၊ ထို့အတွက်ကြောင့် မှားခြငး်၊ မုသာနှင့် ကင်းသော ယေရှုခရစ် တော်၏ ကား တိုင်၌ အသေခံ အသွေးသွန်းခြင်း အားဖြင့်လောကီ သားများအားလုံး ကို အမှန်တရား ( သမ္မာတရား) လမ်းထဲသို့ ပို့ဆောင်ပေးခ့​ဲသည်။ ဘုုရားရှင်၏ နာမတော် ဘုန်းကြီး၍ မင်္လာရှိပါစေသော်။

ထိုသို့ ခရစ်တော်၏ လုပ်ဆောင်ချက်ကို ယုံကြည် ဝန်ခံသောသူတိုင်းသည် ထိုသခင်နှင့်အတူ မှန်ကန်သောလမ်းကို လျှောက်လှမ်းနိင်ခွင့်ရပြီး ဖြစ်သည်။ သို့သော်လည်း စာတန် အုပ်စိုးမှု အောက်၌ ရှိသော ဤကမ္ဘာလောကကြီး ထဲ အသက်ရှင်နေထိုင်ရသောကြောင့် မှားခြင်း ဟူသော ဒုစရိုက်၏ အကျိုးဆက်ကို ယနေ့ ယုံကြည်သူများ၏ အသက်တာ၌လည်းရိုက်ခတ်လျက် ရှိပါသည်။ သို့ဖြစ်၍ မှားခြင်း ပေါင်းမြောက်မြားစွာ ထဲမှကိုးစားမှားခြင်း၊ နေရာမှားခြင်း တည်းဟူသော ဤမှားခြင်း နှစ်မျိုးကို (၁ရာ၊နှင့် ၂ရာ) ထဲမှ ဒါဝိဒ်၏ အသက်တာအားဖြင့် ဝေငှရေးသား ဖေါ်ပြလိုက်ပါသည်။

ကိုးစားမှားခြင်း
(၁ရာ၊ ၂၁:၁၀-၁၅၊ ၂၇:၁-၇၊ ၃၀:၁-၂၀)

ကိုးစားမှားခြင်း ဟူသည် တွေ့ရင်ဆိုင်နေရသော အခက်အခဲပြဿနာများကို မိမိကိုယ်ပိုင် စွမ်းဆောင်ချက်ဖြင့် ဖြေရှင်း၍ မရသောအခါ တစ်စုံတစ်ယောက် (သို့) အရာဝတ္တုတစ်ခုခု အပေါ်မှား ယွင်းစွာ လုံးလုံးလျားလျားမှီခိုလိုက်ခြင်းကို ခေါ်သည်။ ဤအရာနှင့် ပတ်သက်၍ ဘုရားသခင်၏ စိတ်တော်နှင့် ထိတွေ့သောသူဟု ကျမ်းစာ၌ မှတ်တမ်းတင်ခြင်းကို ခံရသူ ဒါဝိဒ်၏ အသက်တာအားဖြင့် နှိုင်း ယှဉ်၍ ဝေငှလိုပါသည်။

ဒါဝိဒ်သည် ဘုရားသခင် ရွေးကောက်တော်မူခြင်း ဘုရားသခင်ကို ကိုးစားခြင်းအားဖြင့် ရန်သူဂေါလျတ်ကို တိုက်ခိုက် အနိုင်ယူပြီးအချိန် မှစ၍ “ရှောလု အထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း” ဟူ၍ လူများ ချီးမြှောက်ခြင်းကို ခံရသူ ဖြစ်သည်။ ထိုုစကားကြောင့် ရှောလုသည် ဒါဝိဒ်အသက်ကို သတ်ရန်စတင် ကြံစည်လာပါတော့သည်။ ထိုအကြောင်းကို သိလာသော ဒါဝိဒ်သည် မိမိအသက် လွတ်ခြင်းငှာ ဂါသမင်းကြီး အာခိတ်မင်းထံသို့ ခိုလှုံကိုးစားလိုက်ခြင်းအားဖြင့် ပထမဆုံးသော အမှားကို ကျူးလွန် မိပါတော့သည် (၁ရာ၊ ၂၁:၁၀)။ ထိုအမှား၏ အကျိူးဆက်မှာ ဘုရားသခင်၏ ယဇ်ပရောဟိတ် ရှမွေလမှရှင်ဘုရင်ဟူ၍ ဘိသိက်ပေးခြင်း ခံရသော မိမိအရိုက်အရာအစား အရူးအဖြစ်သို့ အယောင်ဆောင်ရသည်။ ထို့အပြင် အာခိတ်မင်းကြီး၏ နန်းတော်ထဲမှ နှင်ထုတ်ခြင်း ခံရကာလူအများရှေ့၌ အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည်။ အဘယ်ကြောင့် ဆိုသော်အာခိတ်မင်း၏ ​ကျွှန်များသည် ဒါဝိဒ်ကို မှတ်မိ၍ ‘ ရှောလုအထောင် ထောင်၊ ဒါဝိဒ်အသောင်းသောင်း” ဟူ၍ ခေါ်သောသူသည် ဤသူ ဖြစ်သည် မဟုတ်သလော ’ ဟူသော စကားကြောင့် ရှောလုကို ကြောက်ရံွ့သည်ထက် အာ ခိတ်မင်းကြီးကို အလွန် ကြောက််၍ အသက် အန္တရာယ် လွတ်မြောက်ရန်အရူး ကဲ့သို့ ဟန်ဆောင် ရခြင်း ဖြစ်သည် (၁ရာ၊ ၂၁:၁၁-၁၅)။ ဘုရားကို မကိုးစားဘဲ လူကို အားကိုး မိသော ဒါဝိဒ်အသက်တာ၌ ‘ကျားကြီး ကြောက်လို့ဆင်ကြီးကိုး၊ ဆင်ကြီး ကျားထက် ဆိုး’ဟူသော အဖြစ်သို့ ရောက်ခဲ့ရလေသည်။

ယနေ့ ယုံကြည်သူများ၏ အသက်တာ၌ ဒါဝိဒ်ကဲ့သို့ အမှားမျိုးမည် မျှကျုးလွန်မိပါသနည်း။

ဒါဝိဒ်၏ ဒုတိယမြောက်အမှားကို (၁ရာ၊ ၂၇)၌လည်း ထပ်တွေ့ရပါသည်။ “တဖန် ဒါဝိဒ်ကငါသည် ရှောလုလက်ဖြင့် ဆုံးရှုံးရသောအချိန် ရောက်လိမ့်မည်၊ သို့ဖြစ်၍ ဖိလိတ္တိပြည်သို့ အလျင်အမြန် ပြေးကောင်း၏။ သည်ထက် ကောင်းသောအရာ မရှိ” ဟူ၍ ပင်ကြွေးကြော်ကာ လူကို ထပ်မံကိုးစားခဲ့သည်။ အာခိတ် မင်းကြီး ပေးသော ဇိကလတ်မြို့၌ ရက်ပေါင်းတစ်နှစ်နှင့် လေးလဟူသော အတိုင်း အတာတစ်ခုအထိ ကောင်းမွန်မွာနေထိုင်ခ့​ဲရသည်။ သို့သော် ရှေ့ဆက် ဖြစ်ပေါ်လာမည့် အကျိုးဆက်မူကား အလွန် ကြောက်စရာ ကောင်းသည် ကိုလည်း တွေ့ရပြန်ပါသည်။ ယနေ့ ယုံကြည်သူများလည်း လူကိုကိုးစားခြင်းအားဖြင့် လတ်တလောအ​ခြေအနေကောင်းမွန်နူိင်သော်လည်း တာရှည်ခံနိူင်မည် မဟုတ်ပါ။

များမကြာမှီဖိလိတ္တိမင်းများနှင့် ရှောလု၏ ဣသရေလ စစ်တပ်တို့သည် စစ်ပြိုင်ရန်အာဖက်မြို့၌ စုဝေးကြသောအခါ အာခိတ်မင်းနှင့်အတူ လိုက်လာသော ဒါဝိဒ်ကို ကျန်ဖိလိတ္တိမင်းများ အလိုမရှိ၍ လှည့်ပြန် စေခဲ့သည် (၁ရာ၊ ၂ ၉:၉)။ ထိုသို့ စစ်ချီသွားနေစဉ်သုံးရက်အတွင်း ဒါဝိဒ်နေထိုင်ရာ ဇိကလတ်မြို့အား အာမလက်လူတို့သည် တိုက်ခိုက်၍ ပစ္စည်းဥစ္စာ၊ လူမိန်းမ အကြီးအငယ် ရှိသမျှကို သိမ်းသွား၍ မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုကဲ့သို့သော အဖြစ်ဆိုးကို ကြုံ တွေ့လိုက်ရသော ဒါဝိဒ်၏ လူများသည် စိတ် အလွန် ငြိုငြင်ဆင်းရဲ၍ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်မည် ဟုဆို ကြသည်။

“ကဲ... ဒါဝိဒ်ရေ ဘယ်လိုလုပ်မလဲ၊ ဘယ် သူ့ကို ထပ်ပြီးကိုးစားအုံး မလဲ၊ ”
ရှောလုကိုလား၊ (သတ်)
အာခိတ်မင်းကြီး (အလိုမရှိ)
မိမိ ညီအစ်ကိုများ (ကျောက်ခဲနှင့် ပစ်ချင်)

ထိုအ​ခြေအနေမျိုးသို့ ရောက်လာသော ဒါဝိဒ်သည် ခြင်္သေ့လက်နှင့် ဝံလက်မှလည်းကောင်း၊ ဂေါလျတ်၊ ရှောလုလက်မှသော်လည်း ကောင်းကယ် တင်နိင်မည့်သူ ထာဝရဘုရား တပါးတည်း သာလျှင် ဖြစ်ကြောင်း သိရှိလာသည်။ ထို့ကြောင့် ဒါဝိဒ်သည် ထာဝရဘုရား အားလုံး လုံးလျားလျား ကိုးစားအပ်နှံလာသည်ကို (၁ရာ၊ ၃၀:၆)တွင် “ဒါဝိဒ်မူကား၊ မိမိဘုရားသခင် ထာဝရဘုရားကို ကိုးစားလျက် နေ၍ ” ဟူ၍ ဖေါ်ပြထားသည်ကို တွေ့ရပါသည်။ “ထာဝရဘုရား၌ ခိုလှုံခြင်းသည် လူကိုကိုးစားခြင်းထက် သာ၍ကောင်း၏” (ဆာ၊ ၁၁၈ ; ၈-၉။

ယနေ့ ယုံကြည်သောသူများ၏ အသက်တာ၌လည်း ဒုက္ခ ပြသနာ အခက်အခဲများနှင့် ကြုံတွေ့ရသောအခါ ဘုရားသခင်ကို မကိုးစားဘဲ လူကိုကိုးစား၍ လုပ်ဆောင်နေပါက ဒါဝိဒ်ကဲ့သို့ ကြုံတွေ့နူိင်သည်ကို နှလုံးသွင်းပါ။ ဘုရားရှင်သည် လမ်းလွှဲလျက် ရှိနေသူအား လမ်းမှန်ပြန်ရောက်ရန်နည်းလမ်းမျိုးစုံသုံး၍ ပြန်ခေါ်မည် ဖြစ်သည်။

မှန်ကန်သောကိုးစားခြင်း ဟူသည် ဘုရားသခင် တပါးတည်းသာ ဖြစ်သည်ကို ယုံကြည်သူတိုင်း မမေ့သင့်ပါ။ ခရစ်တော်၏ ကား တိုင်တရားကို ယုံကြည်ကိုးစားခြင်းဖြင့် ပျက်စီးခြင်း ငရဲသား ဘဝမှသည် ဘုရားသား ဘဝသို့ ရယူ ယပိုင်ဆိုင် ခဲ့နည်းတူ နေ့စဉ် အသက်တာ၌ ကြုံတွေ့နေရသမျှ ကိုလည်း ဘုရားရှင်ကို အားကိုးစားခြင်းအားဖြင့် အောင်မြင် စွာ ကျော်ဖြတ်သွားရန် ဖြစ်သည်။ ထာဝရဘုရားက “ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာ ပေးမည်” (မဿဲ၊ ၁၁:၂၈)၊ ထမ်းရွက်ရသော ဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကို မစတော်မူမည် (ဆာ၊ ၅၅:၂၂)။ ထာဝရဘုရားကို ကိုးစားကြလော့ထာဝရဘုရားသည် ထိုသို့သော သူတို့ကို မစသောသူ ဖြစ်တော်မူ၏။ (ဟာလေလုယာ)

ဒါဝိဒ်သည် ထာဝရဘုရားကို ကိုးစား၍ ယဇ်ပုရောဟိတ် အဗျသာအား သင် တိုင်းတော် ယူဆောင်လာရန် ပြောဆိုပြီး အာမလက်လူများအား လိုက်ရမည်၊ မလိုက်ရမည်ကို ထာဝရဘုရားအား မေးလျှောက်ခဲ့သည်။ ဘုရားသခင်၏ အသံတော်ကို ကြား၍ ကိုးစားခြင်းနှင့် လုပ်ဆောင်သော ဒါဝိဒ်နှင့် လူ၄၀၀တို့သည် အင်အားကြီးသော ရန်သူအာမလက်အလုံးရင်းကို အောင်မြင် စွာ လုပ်ကြံနူိင်ခ့​ဲသည်။ သိမ်း သွားခြင်း ခံရသော မိမိတို့ ဥစ္စာ၊ သား မယားများ အပြင်အာမလက်လူတို့ ဖိလတ္တိ ပြည်နှင့် ယုဒပြည် မှလုယူထားသော ပစ္စည်းဥစ္စာများကို ပါရရှိခဲ့သည်။ (၃၀:၇-၂၀)။ ထို့အပြင် ရရှိထားသော ပစ္စည်းဥစ္စာများအား မော၍ မလိုက်နူိင်ဘဲ ဗေသော်ချောင်း၌ နေရစ်ခဲ့သော လူနှစ်ရာတို့ အားလည်း ကောင်း၊ အဆွေခင်ပွန်း၊ ယုဒလူ၊ အသက်ကြီးသူ တို့ အားလည်း ကောင်းသူနှင့် သူ၏ လူများ တည်းခိုတတ်သော မြို့ရွာအရပ် ရပ်သို့လည်း ကောင်းလက်ဆောင်အဖြစ် ပေးကမ်းဝေငှနိင်ခဲ့သည်။

ဤအဖြစ် အပျက်ကို ဆင်ခြင်ခြင်းအားဖြင့် ထာဝရဘုရားကိုးစား၍ အသက်ရှင် သူ၏ အသက်တာ၌ ကိုယ်တိုင် ကြွယ်ဝခြင်း၊ အောင်မြင်ခြင်းကို ခံစားရယုံသာမက ဘဲ မိမိနှင့် စပ်ဆိုင်သောသူများ၊ အိမ်သူအိမ်သားများ၊ အသင်း တော်၊ မြို့ရွာ၊ နိုင်ငံ၌လည်း ဘုရားရှင်၏ ကောင်းကြီး မင်္လာကို ရရှိခံစား ကြောင်းကို သိရှိခံစားရသည်။

ထို့ကြောင့် ကိုးစားမှု မှားသော ယုံကြည်သူများ၏ အသက်တာ၌လည်း ဒါဝိဒ်၏ အသက်တာကဲ့သို့ အမှားကို သိ၍ ပြုပြင်ကာထာဝရ ငရဲထဲမှကယ် လွတ်ပေးနေသော နေ့စဉ် ပြဿနာများ၏ အ​ဖြေ ဖြစ်သော ကြွယ်ဝခြင်း ကောင်းကြီး မင်္လာများ၏ အရှင် ဖြစ်တော် မှုသော ထာဝရဘုရားကိုသာလျှင် အကြွင်းမဲ့ကိုးစားခြင်းအားဖြင့် အမှားကင်း၍ ဝမ်းမြောက် ပျော်ရွှင်သော အသက်တာသစ်သို့ လျှောက်လှမ်းကြပါစို့။

နေရာမှားခြင်း
(၂ ရာ၊ ၁၁:၁-၂၇)

နေရာမှားခြင်း ဟူသည် ရှိသင့်သော နေရာ၌ မရှိဘဲ၊ မရှိသင့်သော နေရာ၌ ရှိခြင်းကို ခေါ်သည်။ ဥပမာ-မျက်လုံးနေရာ၌ နှာခေါင်း၊ နှုတ်ခမ်းနေရာ၌ နားရွက်ရှိနေလျှင် မည်ကဲ့သို့ဖြစ်မည်ကို ပုံဖေါ်ကြည့်ပါမိတ်ဆွေ။ ဒါဝိဒ်၏ နေရာ မှားခြင်းကြောင့် သူ့ဘဝအသက်တာ၌ ဘုရားရှေ့လူတို့ ရှေ့တွင် အကြီးမားသော အမှားကို လွန်ကျူးခဲ့သည် (၂ ရာ၊ ၁၁:၁-၄)။ ရှင်ဘုရင်ဟူသည် စစ်တိုက် ရန်၊ အောင် ပွဲခံရန်နည်းလမ်းများကို ဆင်ခြင်အောက်မေ့ရန် ဖြစ်သည်။ သို့သော် ဒါဝိဒ်သည် ဘုရာသခင်၏ လူမျိုးတော်ကို ကာကွယ်ရန် စစ်မတိုက်စိတ်ပူပန်မှု ကင်းမဲ့စွာ ညဦးယံအချိန်၊ အိပ်ချိန် မဟုတ်ဘဲလျက် ပင်ဇိမ်ကျစွာ နေထိုင်၍ နန်းတော် ခေါင်မိုးပေါ်၌ စင်္ကြန်ခံလျှောက် (လေညှင်းခံ) လိုက်သေးသည်။

ထိုသို့ နေရာမှားသောကြောင့် မမြင်သင့်သောအရာ (ဗာသရှေဘရေ ချိုးခြင်း)ကို မြင်၍ အလွန် ဆိုးသော အမှုကို လွန်ကျူးရန် အစပြုပါတော့သည်။ ဧလျံသမီး ဥရိယ၏ မယားဗာသရှေဘကို ခေါ်၍ ပြစ်မှားသည့်နောက် ကိုယ်ဝန်ရှိ လာသောအခါ ဥရိယကို သတ်ရန်ထပ်မံကြံစည်ခဲ့ပါသည်။ အမှားတစ်ခု အပေါ်တစ်ခု ထပ်ခါထပ်ခါကျူးလွန် ပါတော့သည်။ ဆိုးလိုက်သည့် ဖြစ်ခြင်းပင်။ ပညတ်တော် (၅)မှ (၁၀) အထိ မှားပြီးရင်း မှားနေပါတော့သည်။ လူ့အသက်ကို မသတ်နှင့်၊ သူ့မယားကို မပြစ်မှားနှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သော သက်သေကို မခံနှင့်၊ သူတစ် ပါးပစ္စည်းဥစ္စာ မတပ်မက်နှင့်၊ မှားခဲ့ပြီးသော အပြစ် တစ်ခုကို ဝန်ချခြင်း မရှိဘဲ ဖုံးအုပ် ရန်ကြံစည်ခြင်းသည် အပြစ် နောက်တစ်ခုထပ်လုပ်ရန်တွန်း အားပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများ၏ အသက်တာ၌လည်း အပြစ်ရှိသည်ကို သိသိခြင်း ဝန်ခံခြင်းနှင့် ဝန်ချခြင်းရှိရန်လိုအပ်သည်။ ဖင့်နွဲ့အချိန် ဆွဲနေလျှင် ဒါဝိဒ်ကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဆိုးသော အမှုကို ပြုမည့် အချိန်သည် အလျှင်အမြန် ရောက်လာမည်ကို သတိချပ်ပါလေ။ ဒါဝိဒ်သည် နန်းတော်၌ တစ်ရက်သာနေရ သေးသည်။ နောက်တစ်နေ့ညဦးယံ၌ ပင် မှားယွင်းခြင်းကို ပြုမိပါတော့သည်။ ယ နေ့ချစ်သော စာရှုသူမိတ်ဆွေသည်လည်း ရှိသင့်သော နေရာ၌ မရှိဘဲ မည်ကဲ့သို့သော နေရာ၌ ရှိနေပါသလဲ၊ ဖဲဝိုင်း၊ ချဲ ဝိုင်းအရက်ဝိုင်း၊ ဆေးလိပ်၊ ကွမ်းယာဝိုင်း၊ အတင်း ဖျင်းဝိုင်းစသည့်လောကသားများပျော်ပါးရာနေရာ၌ လား၊ (သို့) ယုံကြည်သူများ ရှိသင့်ရှိထိုက်သော အမှုတော် မြတ်၌ ပါဝင်ခြင်း ဖြစ်သော ဧဝံဂေလိ ဝေငှခြင်း၊ ဆုတောင်း၊ ကျမ်းစာဖတ်ခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း စသော နေရာမှန်၌ ရှိနေပါသလား။

ဒါဝိဒ်၏ နေရာမှားခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်မှာ-
အမှုတော်၌ သစ္စာရှိသူငယ်သား ကောင်ဥရိယကို ဆုံးရှုံးခြင်း၊
ထားဘေးနှင့် အစဉ်ကြုံတွေ့ရခြင်း၊
အဆွေမျိုးထဲမှ ရန်ဘက်ပြုခြင်း။
သား အဗရှလုံမှမိမိ မယားများကို လူများရှေ့၌ ဖြစ်မှားခြင်း၊
မိမိ အပြစ်များကို နေရှေ့မှန်ထားခြင်း၊ (၂ ရာ၊ ၁၂:၁၁-၁၂)
စသည်တို့ ဖြစ်သည်။ လူမှန်နေရာမှန် ဖြစ်ဖို့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ သာရပ်တည်ပါမိတ်ဆွေ။

.

မြန်မာပြည်ခရီးစဉ်

(မတ် ၁ရ-ဧပြီ ၈၊ ၂၀၀၉)

ဘုရားသခင် ရဲ့ကျေးဇူးတော်ကြောင့် မြန်မာပြည်သို့ မတ်လအတွင်း၌ ခရီး ပြုနိင်ခဲ့ကြပါတယ်။ အစပိုင်း၌ ငွေရေး​ကြေးရေး အခက်အခဲကြောင့်မသွားနိင်ဟု ထင်မှတ်ခဲ့ပေမဲ့သတင်းကောင်း နှစ်ခြင်း အသင်းတော် ရန်ကုန်အဖွဲ့ချုပ်ရဲ့ငွေရတုသ ဘင် ပြုလုပ် မှာရယ်၊ မြန်မာပြည် ရှိ ယုံကြည်သူများထံ ချီဆောင်ခြင်း အလွန် နီးပြီ ဖြစ်ကြောင်းကို ပြောပြလိုတာရယ်ကြောင့်၊ ချီဆောင်ခြင်း မတိုင်မှီ နောက်ဆုံးသွားခြင်း ဖြစ်နိင်တယ်လို့ စဉ်းစားပြီး ယုံကြည်ခြင်း နဲ့သွားဘို့ရန် ဆုံးဖြတ်လိုက်ပါတယ်။ အဲသည် လိုဆုံးဖြတ်တဲ့အတိုင်းဘဲ လိုအပ်တဲ့ငွေ​ကြေးများကို ဘုရားသခင်က ယုံကြည်သူ ဓမ္မမိတ်ဆွေများ အသုံးပြုပြီး မစသောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အလွန် ချီးမွမ်းပါမိပါတယ်။ ဆုတောင်းခြင်းအားဖြင့် ဖြစ်စေ၊ ငွေ​ကြေးအားဖြင့် ဖြစ်စေကူညီမစကြသော ယုံကြည်သူများ အပေါ်၌လည်း ဘု ရားသခင်ကောင်းကြီး ပေးပါစေသော်။ ဘုရားသခင် ရဲ့နာမတော်သည် ချီးမွမ်းခြင်းရှိပါစေသော်။
 
အမေရိကမှဘန်ကောက်သို့
မတ်လ ၁ရ ရက်နေ့တွင် All Nippon Airline (ANA) လေယဉ်ဖြင့် Washington  Dulles Airport မှလူလေးယောက်​ကျွန်တော်တို့ လင်မယား နှစ်ယောက်နဲ့ အသင်းတော် ဘဏ္ဍာထိန်းကိုအောင် ဘိတ်တို့သား အဖနှစ်ယောက်တို့ Boeing 777 လေယဉ်ကြီး စီးကာမနက် ၁၁ နာရီလောက်တွင် ခရီး စတင်ထွက်ခွါကြပါတယ်။ Washington မှ Tokyo အထိ ၁၃ နာရီ ပျံသန်းခဲ့ကြပါတယ်။ လေယဉ်ထဲမှာကိုအောင် ဘိတ်ရဲ့သား ကတော့ကွန်ပြုတာ ဆော့နေတယ်။ ​ကျွန်တော် ကတော မြန်မာပြည် ရောက်တဲ့အခါ သင်ပေးမဲ့သင်ခန်းစာတွေကို ရေးနေတယ်။   Tokyo  လေဆိပ်မှာမတ်လ ၁၈ ရက်နေ့ညနေ ၃ နာရီလောက်ရောက်ကြတယ်။ ၃ နာရီလောက်နားပြီး တဲ့နောက် Tokyo ကနေBangkok သို့ ရနာရီ ခန့်ပျံသန်းခဲ့ကြပြန်တယ်။ Tokyo ကနေ ညနေ ၅ နာရီလောက်ထွက်တာ Bangkok မှာည ၁၁ နာရီ ထိုးခါနီးရောက်သွားကြတယ်။ Bangkok လေဆိပ်မှာတညလုံးအိပ်လို့မရ၊ အိပ်စရာ နေရာလဲမရှိ၊ အတော် ခက်ခဲ ပါတယ်။ နောက်တနေ့မနက် ၈ နာရီ မှာရန်ကုန်သို့ ပျံသန်းမည် ဖြစ်တဲ့အတွက် တည်းခိုရိပ်သာမှာလဲ တည်းလို့မဖြစ်၊ တညလုံးလျှောက်သွားလိုက်ထိုင်ခုံမှာ ထိုင်လိုက်နဲ့ဘဲ တညကုန်သွားတယ်။ ကျွန်နော်ကတော့ အိမ်ကထွက်ကတည်း ကစုစုပေါင်း နှစ်နာရီလောက်ဘဲ အိပ် ဖြစ်မယ်ထင်တယ်။  
 
ဘန်ကောက်မှရန်ကုန်သို့
နောက်တနေ့မတ်လ ၁၉ ရက်နေ့နံနက် ၈ နာရီ ထိုးတဲ့အခါ Thai Airways ပိုင် Airbus လေယဉ်ကြီး နဲ့ရန်ကုန်သို့ ပျံသန်းကြပြန်တယ်။ မြန်မာပြည် သွားမဲ့လူလေယဉ်ကြီး အပြည့်နဲ့ထွက်ခွါကြတယ်။ ပျံသန်းချိန်ကတစ်နာရီလောက်ဘဲ ရှိတော့လေယဉ်ပျံထွက်တာနဲ့ မကြာပါဘူး လေယဉ်မောင် နှင့် လေယဉ်မယ်များ ကအစားသောက်တွေကို အမြန်ဆုံး ချပေးကြတယ်။
နောက်ပြီးရန်ကုန်ရောက်တဲ့အခါပြဘို့ dArrival form  နဲ့ Custom declaration form များကို အမြန်ဆုံး ဖြည့်ကြတယ်။ ရန်ကုန်လေဆိပ်ရောက်တဲ့အ ခါနိုင်ငံံခြားသားများတန်းစီတဲ့နေရာမှာတန်းစီကြတယ်။ ​ကျွန်နော်တို့ ကတော့ နှစ်တိုင်း လိုလိုရောက်သွားတတ်တဲ့အတွက် ဘာမှထူးဆန်းတာ မရှိပေမယ့် ကိုအောင်ဘိတ် (Bob Aungbik) အတွက် ကတော့ ၂၂ နှစ်ကြာမှပြန်ရောက် သွားတယ်ဆိုတော့ အတော်လေးထူးဆန်းနေပါတယ်။ သူ့သား Josiah အသက် ၆ နှစ်အတွက် ကတော့ပဌမ အကြိမ်ရောက်လာတဲ့အတွက် အစစအရာ ရာဟာထူးဆန်းပါလိမ့်မယ်။ ရန်ကုန်လေဆိပ်လဲနိင်ငံခြား လေယဉ်ပျံများ ဆိုက်တဲ့နေရာကတော့ နိင်ငံတကာ လေဆိပ်လိုဘဲ လေယဉ်ထဲကနေလေဆိပ် ထဲသို့ တန်းသွားနိင်ပါပြီ။ အရင်ကလို Bus စီးစရာ မလိုတော့ဘူး။ အဆောက် အဦးသေးငယ်တာက လွဲရင်အဆင့်ကတော့ အတော်ကောင်းနေပါပြီ။
 
ရန်ကုန်လေဆိပ်၌
ရန်ကုန်လေဆိပ်ရောက်တဲ့အခါအမဒေါ်အေးနဲ့ညီမဒေါ်လပ်ကီးတို့လည်း စက်ာပူလေယဉ်နဲ့ရှေ့ဆင့်နောက်ဆင့်ရောက်လာကြပါတယ်။ ဒေါ်အေး ကတော့ Battle Creek, Michigan State က ဖြစ်ပြီး၊ ဒေါ်လပ်ကီးကတော့ Greenville, South Carolina State က ဖြစ်ပါတယ်။ သူတို့လည်း ပွဲတော်ကြီး အတွက်လာ ရောက်ကြခြင်း ဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်မှာ ယုံကြည်သူများကဝမ်းပန်းတ သာနဲ့ကြုိဆိုကြတယ်။ ဒေါ်ဘွဲဆုန်း (Daw Bawi Sung) ကတော့လေဆိပ် အဆောက်အဦးအထဲထိဝင်နိင်ပြီး လိုအပ်တာများကို ကူညီပေးခဲ့တဲ့အတွက် များစွာ ကျေးဇူးတင်မိပါတယ်။ လေဆိပ်အဆောက်အဦးကနေ အပြင်ထွက်လာတဲ့ အခါထင်သလောက်မပူဘဲ ရာသီဥတု သာယာပါတယ်။ ပစ္စည်းတွေများ တဲ့အ တွက်လေဆိပ်ကနေတည်း ခိုမယ့်နေရာသို့ ကုန်တင်ကား လေးနဲ့သွားကြတယ်။ တည်းခိုတဲ့နေရာမှာကြုိဆို သူများ နဲ့ကျေးဇူးတော် ချီးမွမ်းကြတယ်။

ရန်ကုန်မှာတညထဲတည်းမည် ဖြစ်တဲ့အတွက် ချက်ချင်း ငွေလဲကြပါတယ်။ မြန်မာပြည် မှာဒေါ်လာတန်ဘိုးက အမျိုးမျိုး ဖြစ်ပါတယ်။ ဒေါ်လာတစ်ရာတန် ခေါင်းကြီး အနာအဆာကင်းရင် တစ်ဒေါ်လာမှာကျပ် ၁၀၄၀ ရပါတယ်။ အနာ အဆာရှိရင်တော့ ငွေလဲတဲ့လူက မလိုချင် တော့ နောက်မှဘဲ တခြားနေရာမှာ ပြန်လဲရတယ်။ တစ်ဒေါ်လာမှာကျပ် ၁၀၁၀ နဲ့ဘဲ လဲပေးတယ်။ ဒါကြောင့်

မြန်မာပြည် သွားမယ့်လူတိုင်း ကြုိတင် ပြင်ဆင် ရမှာက ဖြစ်နိင်ရင်ဒေါ်လာ တစ်ရာတန် အသစ်စက်စက်ဆိုရင် စျေးအကောင်းဆုံးရနိင်တဲ့အတွက် အသစ်ဒါမှ မဟုတ်အသစ် နီးပါးကောင်းတဲ့ ငွေတွေပါသွားဘို့ လိုတယ်။ နောက်ပြီး ငွေစက္ကူနံပါတ် CB ပါတဲ့ငွေဆိုရင် သူတို့ လုံးဝ မယူဘူး။ အရင်တုံးကအဲ ဒီနံပါတ်နဲ့အတုတွေ့ဘူးလို့ ဖြစ်တယ်။ နောက်ပြီး ဒေါ်လာတစ်ရာတန်တွေဘဲ သူတို့ ကြိုက်ကြတယ်။ ငါးဆယ်တန်၊ နှစ်ဆယ်တန်၊ တစ်ဆယ်တန်တွေ ဆိုရင်စျေးနှိမ်တယ်။

ရန်ကုန်မှမန္တလေးသို့
တည်းခိုခန်းမှာပစ္စည်းတွေပြန်ထုပ် ပိုးပြီး နောက်တနေ့လေယဉ်ပျံနဲ့ မန​ေျွှလးသို့ သွားကြတယ်။ ကျမ်းစာကျောင်းအုပ်ဆရာကြီး Samuel Zung Bawi Thawng လဲလိုက်ပါလာတယ်။ လေယဉ်လက်မှတ်ကတော့နိင်ငံခြားသား ဆို ရင် ရ၃ ဒေါ်လာပေးရတယ်။ ပုဂံလေယဉ်ပျံနဲ့ဘဲ သွားကြပါတယ်။ မန္တလေးလေ ဆိပ်ကမန္တလေးမြုိ့တောင်ဘက်မိုင် ၃၀ ခန့်ဝေးတဲ့နေရာအမရပူရ (Amarapura)မှာဖြစ်ပြီး အလွန် ခေါင်တဲ့နေရာ ဖြစ်တယ်။ လေဆိပ်ကတော့ခေတ်မှီအောင် ဆောက်ထားပြီး လေယဉ်ကနည်းနေတယ်။ အပြည် ပြည် ဆိုင်ရာလေဆိပ်ဆိုပေ မယ့်ပြည်တွင်း လေယဉ်ပျံတွေဘဲ တစ်စင်းနှစ်စင်းတွေ့ရတယ်။

မန္တလေးလေဆိပ်ကနေ ဆရာကြီး ထန်း (ဟားခါးအဖွဲ့ချုပ်အတွင်း ရေးမှုး) ကသူငှါး လာတဲ့ ၁၅ယောက်စီး Van ကား နဲ့ဆီီးကြုိတဲ့အတွက် ဘာ မှအခက်အခဲမရှိဘူး။ အဲဒီကားရရှိဘို့ရန်သူ့ခမျာဟါးခါး‌‌မြို့ ကနေ မန္တွှလေးသို့ နှစ်ရက်လောက်ကြိုဆင်းပြီး တော့စီစဉ်ရတယ်။ မန္တလေးက ကားသမား ရ၃ ယောက်ကို ချင်းတောင်တက်ဘို့ မေးတာတစ်ယောက်ကမှ မလိုက်ရဲကြဘူး။ နောက်ဆုံးမှာရှမ်းပြည် လားရှိုးက ကားသမားကို ဖုန်းနဲ့မေးပြီး ခေါ်ရတယ်။ အဲသည်လိုသာ ကြိုတင် မစီစဉ်ခဲ့ရင်ဘယ်လို ဖြစ်မလဲ မသိဘူး။ အဲဒီကားကို တစ်ရက်ကျပ် ၈၀၀၀၀ ရှစ်သောင်း၊ ဒီဇယ်နဲ့လမ်းခွန် တွေကတော့ကိုယ့်ဟာကိုယ် ထည့်ပြီးငှါးရပါတယ်။ ကား သမားလည်း စကား တည်ပြီး သဘောကောင်းတယ်။ သူ့ကိုယ်ပိုင်ကား ဆိုတော့ဖြည်းဖြည်းလေးပုံမှန်နဲ့ မောင်းပေးတော့အားလုံး ကားမူးတာမရှိဘဲ လမ်းတလျှောက်လုံးအဆင််ပြေကြတယ်။

မန္တလေး အသင်းတော်
လေဆိပ်ကနေမန္တလေးသတင်းကောင်း နှစ်ခြင်း အသင်း၊ သင်းအုပ်ဆရာ ခွန်ဝင်းအောင် အိမ်သို့ ရောက်ရှိသွားကြတယ်။ သင်းအုပ်ဆရာကတော့ခရီး လွန် နေတဲ့အတွက် မတွေ့ရဘူး။ သူ့ရဲ့မိသားစုနဲ့အသင်း သူများ ကနေ့လည်စာချက် ပေးကြတယ်။ ထမင်းမစားခင်မှာ အသင်းတော် အိမ်ဝယ်တဲ့နေရာကွက်သစ်သို့ သွားကြတယ်။ ဝယ်ထားတဲ့အိမ်က ပေ ၆၀ X ၄၀ ရှိပြီး အိမ်ငယ်လေးတလုံး နဲ့ ဂိုဒေါင်ငယ် လေးတလုံး တွေ့ရတယ်။ အခြားဘာသာ ကိုးကွယ်တဲ့ရပ်ကွက်မည် ဖြစ်တဲ့ အတွက် ချက်ချင်း ဘုရားကျောင်းလုပ်ဘို့ တော့လွယ်မယ် မထင်ဘူး။ အိမ်ဝယ်တာက သိန်း၁၅၀ ပေးရတယ်။ အကြွေးသိန်း၅၀ ရှိသေးတယ်လို့ သိရတယ်။ လူ ၆ ယောက်လောက်ကို သင်တန်း တခါတော့လုပ်ပြီး ပြီလို့ အသင်းတော်ရဲ့ ဆရာမက ပြောတယ်။ လူတော့ မနေကြသေးဘူး။ ဧပြီလကုန် ရင်သင်းအုပ်ဆရာတို့ မိသားစု ပြောင်းနေမယ်လို့ပြောတယ်။ သင်းအုပ်ဆရာတို့မှာ သားသမီး၃ယောက်ရှိ တော့အဲဒီအိမ်လေးမှာအတော် ခက်လိမ့်မယ်။ အိမ်ချ​ဲ့ပြီး ပြုပြင်ဘို့ လိုတယ်။ ​ကျွန်နော်တို့ခရီး အစဘဲ ရှိသေးတော့န ှစ်သိန်းလောက်ဘဲ မစနိင်တယ်။ အခြား လူတွေက ပေးကြသလားတော့ မသိဘူး။ မန္တလေးမြို့က တပြည်လုံးရဲ့အလယ်ဗဟို ဖြစ်တော့ခရီး သွားလာတဲ့လူများ တတ်တယ်။ ဒါကြောင့်ပဌမ ဦးစားပေးပြီး ကူညီဘို့ လိုတယ်လို့မြင်တယ်။ အသင်းသား လဲနဲသည်သာမက အမျိုးသမီးများဘဲ ဖြစ်ကြတယ်။ ပျဉ်းမနားမြို့ အသင်းတော်မှ ဥက္ကဌ​ကျွန်နော့ ငယ်သူငယ်ချင်း ဦး Sang Rul တို့ မိသားစု ပြောင်းလာတဲ့အတွက် သင်းအုပ်ဆရာကို ကူညီမဲ့လူတော့ ဘုရားသခင်က ပို့ထားတယ်။ ပျဉ်းမနား အသင်းတော် အတွက်တော့ အားနဲသွားပေမဲ့ မန္တလေး အသင်းတော် အတွက်တော့ တတတ်တအားဘဲ လိုဝမ်းသာ ကြတယ်။