1

Children: Passion for Kids

Home   >   Bookstore    >   Passion for Kids

passion-for-kids

PASSION FOR KIDS
ဆရာမ ဟန္န
Copyright 2018-2024 © Hannah Cung

.
.

သင်ခန်းစာ (၁)

ခရစ်တော်က ခလေးတွေကို ချစ်တယ်

Memory verse: Mk 10:14
Let the little children come to me, and do not hinder them, for the kingdom of God belongs to such as these.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-​Mk 10:13-16; Mt 19:13-15; Lk 18:15-17

Study teachers
တနေ့ကျတော့ ခရစ်တော်နားနေတဲ့အချိန်မှာ ခလေးတွေသူ့ဆီလာကြတယ်။ သူ့တပည့်တော်တွေက ခလေး တွေကို ဆီးတားကြတယ်။ အဲသလိုဘဲ ခလေးတွေကို ယခုခေတ် မှာလဲဘုရား ကျောင်းမှာရော၊ နေရာတကာမှာ မနှစ်သက်ကြဘူး။ ဒါပေမဲ့ ခရစ်တော်က ခလေးတွေကို ချစ်တယ်၊ ဂရုစိုက်တယ်၊ သူ့ထံသို့ လာစေတယ်။ ခရစ်တော်ကသူ့တပည့်တော်တွေကိုဆူတယ်။
ခလေးတွေအတွက်
ခလေး တွေကို ခရစ်တော်က အရမ်းချစ်တယ်။ လောကမှာတော့ မိဘက သားသမီးကို အချစ်ဆုံးဘဲ။ ဒါပေမဲ့စကား နားမထောင်တဲ့အခါမှာတော့ မချစ်နိင်ကြဘူး။ အလုပ်လုပ်ပြီး ပြန်လာတဲ့အခါမှာလဲ မောလို့၊ အချိန် မပေးနိုင်ဘူး။ ဒါပေမဲ့ ခရစ်တော်ကတော့ ခလေးတွေကိုရှုပ်တယ်လို့ မထင်ဘူး။
ဆရာ၊ ဆရာမများအတွက်
ဘာဖြစ်လို့ ခရစ်တော် ကခလေး တွေကို ချစ်တာလဲ။ သူတို့ ကစက္ကူဖြူလေးလိုဘဲ။ ပြောသမျှ ယုံကြည် တယ်၊ တွေးတောခြင်း မရှိဘူး။ လူတိုင်းကို ခရစ်တော် ကခလေး လိုသူ့ကို ယုံကြည် စေချင် တယ်။ ဒါကြောင့် ခရစ်တော် ကသူငယ်ကဲ့သို့ မခံယူဘူးဆိုရင် ကောင်းကင်နိင်ငံတော် မဝင်ရဘူးလို့ပြောတယ်။ ကောင်းကင်နိင်ငံတော် ဘယ်လောက်ကောင်းကြောင်း ပြောပြပါ။ ဖြတ်ဖြတ််လပ်လပ်လှုပ်ရှားစွာ ပြောပြပါ။ စိတ်ဝင်စားဘွယ်ကောင်းအောင် ပြောပါ။ ခလေး များကို ပြန်မေးပါ။ ကောင်းကင်နိင်ငံသွားချင် ကြသလားလို့။ ကယ်တင်ခြင်း အကြောင်းကို အရှည်နည်းအတိုနည်းကိုယ်နှစ်သက်သလို ဆက်ပြောပါ။

.

သင်ခန်းစာ (၂)

ဖန်ဆင်းခြင်း

Memory verse John 1:3
Through him all things were made; without him nothing was made that has been made.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်၊ Gen 1:1-31, Col 1:16

ကျမ်းပိုဒ်ရှင်းပြနည်း။
အရာခပ်သိမ်းကို ဘုရားရှင်ကဖန်ဆင်းတယ်။ ငါတို့ ဘယ်ကလာပြီးတော့ ဘယ်ကိုပြန်သွားမလဲ။ ဘုရားသခင်က ပဌမနေ့ ဒုတိယနေ့ ဘာတွေဖန်ဆင်းသလဲဆိုတာ ပြောပြပါ။ ကျမ်းပိုဒ်ကို အလွတ်ကျက်ပြီးရှင်းပြပါ။ အရာခပ်သိမ်း အလိုအလျောက် မဖြစ်ကြောင်းရှင်းပြပါ။ ခလေးကိုလည်း ဘုရားက အလှဆုံးဖန်ဆင်းကြောင်း ပြောပြပါ။ အဲဒါကြောင့်ငါမလှဘူး၊ ငါမျက်စိသေးတယ်၊ ပုတယ်၊ ညိုတယ်ဆိုပြီး မညည်းဘဲ၊ ဝမ်းမနဲမဲ့အကြောင်း၊ ရုပ်ဆိုးဘဲ ဖြစ်ဖြစ်၊ ရုပ်လှဘဲ ဖြစ်ဖြစ်၊ ဘုရားသခင်က သူ့ပုံသဏ္ဍာန်နဲ့အညီဖန်ဆင်းထားကြောင်း၊ ဝိညာဉ် ပါထည့်ပေးလိုက်ကြောင်း ပြောပြပါ။ ကိုယ်ခန္ဓာစိတ် ဝိညာဉ် ရှိတဲ့အကြောင်း ပြောပြပါ (၁ သက် ၅:၂၃)။ တိရစ္ဆာန်မှာ ကိုယ်ခန္ဓာနဲ့ စိတ်ဘဲ ရှိတယ်။ ကောင်းကင်တမန် တွေမှာတော့ ဝိညာဉ်နဲ့စိတ် ရှိတယ်။ လူကျတော့ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ် ရှိကြောင်း ပြောပြပါ။ လူကို ဘာကြောင့်ဖန်ဆင်းတာလဲ (ကော ၁:၁၆)။ ဘုရားအဘို့၊ သူ့အဖို့ဖန်ဆင်းထားပေမဲ့ ယခုငါတို့ ဟာသူ့အဘို့ မဟုတ်တော့ဘဲ၊ စာတန်ဥစ္စာ ဖြစ်သွားတယ်၊ စသည်ဖြင့် ဆက်လက်၍ သင်ကြားပေးလို့ရပါတယ်။

.

သင်ခန်းစာ (၃)

အပြစ်အစနှလုံးက

​Memory verse: 1 John 3:8
He who does what is sinful is of the devil, because the devil has been sinning from the beginning.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Eze 28:12-17; 14:12-15;Jn 8:44

ကျမ်းပိုဒ်ရှင်းပြနည်း။
စာတန် အကြောင်းကို ရှင်းပြပါ။ စာတန် ဘယ်လို ဖြစ်လာသလဲဆိုတာရှင်းပြပါ။ စာတန် ကဘုရားကို ပြိုင်ချင် တယ်။ ဘုရားကို မနိုင်နိုင်ဘူး။ ဘုရားရဲ့ရန်သူ ဖြစ်တယ်။ ဘုရားကို မနိုင်တဲ့အခါမှာ၊ ဘုရားကချစ်တဲ့ လူကို မဲတော့တယ်။ စာတန်ကလဲ စိတ်ထဲကဘုရားဖြစ်ချင်တာ ဘုရားကသိလိုက်တာနဲ့ ကောင်းကင်မှာနေခွင့်မပြုတော့ဘူး။ ကောင်းကင်က မောင်းထုတ်လိုက်တယ်။ အဲဒါကြောင့်သူဟာ လျှောက်သွားတယ်။ အာဒံဧဝရှိတဲ့နေရာ ဧဒင်ဥယျာဉ်မှာ ရောက်လာတယ်။ ဧဝနဲ့စကား ပြောတယ်။ သူကလိမ်ညာလိုက်တယ်။ ဘုရားက မစားနဲ့ဆိုတဲ့ ကောင်းမကောင်း သိ​ကျွမ်းရာအပင်ရဲ့ အသီးကို စားပါလို့ တိုက်တွန်းလိုက်တယ်။ ဘုရားစကားထက် စာတန် စကားကို နားထောင် လိုက်လို့သူတို့ လဲဘုရားသားသမီး အဖြစ်ကနေ စာတန်ရဲ့ သားသမီး ဖြစ်သွားတော့တယ်၊ ဘုရား နဲ့ခွဲခွာသွားပြီ။ ဘုရားက ကျိန်လိုက်တဲ့နောက်ပိုင်းမှသာ ခလေးတွေရလာကြတယ်။ အဲဒီအချိန် ကနေစပြီး ဒီနေ့အထိ ငါတို့လဲ မွေးတဲ့အခါမှာ ဘုရား နဲ့ခွဲခွာပြီးသားနဲ့ စာတန်သားသမီး အဖြစ်နဲ့ မွေးဘွားလာကြတယ်။ စသည်ဖြင့် ရှင်းပြပါ။ မှတ်ချက်။ စာတန် အဓိပ္ပါယ်ကရန်သူ ဖြစ်တယ်။ ဟေဗြဲစကား ဖြစ်တယ်။

.

သင်ခန်းစာ (၄)

အပြစ်၏အစ​

Memory verse: Psalm 14:2-3 Thedown from heaven on the son of men to see if there are any who understand, any who seek God. All have turned aside, they have together become corrupt; there is no one who does good, not even one.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Gen 4:1-12; Rom 5:12; 6:23

ကျမ်းပိုဒ်ရှင်းပြနည်း။
ငါတို့ အားလုံးဟာ အမိဝမ်းတွင်းကပင် ဘုရားအမြင်မှာ အပြစ်သား ဖြစ်နေပြီးသား ဖြစ်တယ်။ မွေးပြီးရင်လဲအပြစ်သား ဖြစ်တယ်။ ခလေး မွေးကင်းစဟာအပြစ် မလုပ်နိုင်ပေမဲ့ အပြစ်သားလေးအဖြစ် မွေးဘွား လာတယ်။ အမိဝမ်းကတည်းက မုသာ လဲပြောတတ်တယ်လို့ဘုရားက ပြောတယ်။ ဒါကြောင့်ငါတို့လဲ သင်ပေးစရာ မလိုဘဲ လိမ်ညာတတ်တယ်၊ ခိုးတတ်တယ်။ စသဖြင့် ရှင်းပြပါ။

အပြစ် နှစ်မျိုးအကြောင်း ပြောပါ။ မွေးရာပါအပြစ် နဲ့ကျူးလွန်သော အပြစ်၊ အပြစ် ဆိုတာဘာလဲဆိုတာပြောပါ။ အပြစ်ဆိုတာ စကား နားမထောင်ခြင်း ဖြစ်တယ်။ အပြစ်နှစ်မျိုးကို ထပ်ခါထပ်ခါမေးပါ။ အပြစ်သား ဖြစ်လို့အပြစ် လုပ်တာလား၊ အပြစ်လုပ်လို့ အပြစ်သား ဖြစ်ရတာလား ဆိုတာရှင်းပြပါ။ ဒီအပြစ်သား ဖြစ်ပေါ်လာပုံကို အာဒံနဲ့ဧဝအကြောင်း၊ ကာဣနကသူ့ညီကို သတ်တဲ့အကြောင်း အားဖြင့် ရှင်းပြပါ။ အပြစ် ရဲ့အခဟာသေခြင်း ဖြစ်တဲ့အကြောင်း ပြောပြပါ။ ခန္ဓာကိုယ်သေရင် မြေမှုန့်ပြန် ဖြစ်ရမယ်။ ဝိညာဉ်နဲ့စိတ်ကတော့ ငရဲဆင်းရမယ်၊ ဆိုတာကို ပြောပါ။ သေခြင်း သုံးမျိုးလဲပြောပါ။ ခန္ဓာကိုယ်သေခြင်း၊ ဝိညာဉ်သေခြင်း၊ ဒုတိယ သို့မဟုတ် ထာဝရ သေခြင်း၊ ကိုယ်ခန္ဓာသေခြင်း များကြောင့် မိဘညီအကို မောင်နှမများနဲ့ ခွဲခွါရတယ်။ စကားပြောလို့မရတော့ဘူး၊ စသဖြင့် ရှင်းပြပါ။ ဝိညာဉ် သေခြင်း ဆိုတာကဘာလဲ။ တကယ်တော့ ဝိညာဉ်ဟာ မသေနိုင်ဘူး။ ဝိညာဉ်သေခြင်း ဆိုတဲ့အဓိပ္ပါယ်ကတော့ ဘုရား နဲ့အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်တယ်။ ငါတို့ တွေလဲမွေးကတည်း ကဘုရား နဲ့ခွဲခွါပြီးသား နဲ့ မွေးဘွားတယ်။ အဲဒါ ဝိညာဉ် သေခြင်း ဖြစ်တယ်။ ဒုတိယ သို့မဟုတ် ထာဝရ သေခြင်း ဆိုတာကတော့ ဝိညာဉ် ငရဲသွားခြင်း ဖြစ်တယ်။

.

သင်ခန်းစာ (၅)

ဘုရားသခင်ရှေ့မှာ ​ဖြောင့်သောသူမရှိ

Memory verse: Psalm 14:2-3 Thedown from heaven on the son of men to see if there are any who understand, any who seek God. All have turned aside, they have together become corrupt; there is no one who does good, not even one.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Rom 3:10-12, 23; Gen 6:5-6

ကျမ်းပိုဒ်ရှင်းပြနည်း။
ဘုရားသခင်က လူသား တွေကို ကောင်းကင်ပေါ်က ငုံ့ကြည့်တယ်။ ​ဖြောင့်မတ်သောသူ ဘယ်နှစ်ယောက်ရှိမလဲဆိုပြီး လိုက်ကြည့်တယ်။ တယောက် မျှမတွေ့ဘူး။ ဘုရား အကြောင်း နားလည်တဲ့သူလဲမရှိဘူး။ ဘုရားကို ရှာတဲ့သူလဲမရှိဘူး။ ဘုရားအမြင်မှာ လူတွေအားလုံးဟာ လမ်းလွှဲနေတယ်။ သုံးလို့လဲမရတော့ဘူး။ ​ဖြောင့်မတ်သော သူတယောက်မှ မရှိဘူးလို့ပြောတယ်။ အဲဒီတယောက်မျှ ဆိုတဲ့အထဲမှာ ငါတို့အားလုံးပါတယ်၊ လို့ရှင်းပြပါ။ ဘာကြာင့်ဘုရားက လူကောင်းတယောက်မျှ မမြင်တာလဲ။ အကြောင်း ကတော့ အာဒံ သားသမီး တွေ ဖြစ်လို့အပြစ်သား တွေ ဖြစ်တဲ့အတွက် ဖြစ်တယ်။ လူ့အမြင်မှာတော့ လူကောင်းအများ ကြီးရှိနိုင်ပါတယ်။ ဒါပေမဲ့ လူ့အမြင်ထက် ဘုရားအမြင်က ပိုအရေးကြီးတယ်။ ဘုရားသခင်က လူမြင်သလိုမမြင်ဘူး၊ မစီရင်ဘူး။ သူ့ရဲ့အမြင် အတိုင်း စီရင်မှာ ဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်ရှေ့မှာ မ​ဖြောင့်မတ်သောသူ ဖြစ်ကြောင်း ဝန်ခံပါသလား။ စသည်ဖြင့် အပြစ် အကြောင်းရှင်းပြပါ။

.

သင်ခန်းစာ (၆)

ဘုရား အမြင်၌ လူရဲ့ခန္ဓာ

Memory verse:Ps 38:3
Because of your wrath there is no health in my body;there is no soundness in my bonesbecause of my sin.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Is 1:6; 2 Chro 26:16-21

ကျမ်းပိုဒ်ရှင်းပြနည်း။
လူ့အမြင်မှာတော့ ငါတို့ကိုယ်ခန္ဓာဟာ အနာအဆာ သိပ်မရှိပါဘူး၊ ချောမွတ်နေတာဘဲ။ ဒါပေမဲ့ဘုရားက လူမြင်သလိုမမြင်ဘူး။ ဘုရားအမြင်မှာ ငါတို့ကိုယ်ခန္ဓာဟာ ကျန်းမာခြင်း အလျှင်းမရှိဘူး။ အရိုးလဲ မကျန်းမာဘူး လို့ပြောတယ်။ ဘာကြောင့်လဲဆိုတော့၊ ငါတို့အပေါ် ဘုရားရှင် အမျက်ထွက်လို့ဖြစ်တယ်။ အပြစ်သား ဖြစ်တဲ့အတွက် လို့ရှင်းပြပါ၊ အလွတ်ကျက်ခိုင်းပါ။ ဩဇိမင်းကြီး အကြောင်းကို ပြောမယ်။ သူဟာငယ်သော အရွယ်မှစပြီး ဘုရားကို ဆည်းကပ်တယ်။ အသက် ၁၆ နှစ်အရွယ်မှာ ရှင်ဘုရင် ဖြစ်တယ်။ ဘုရားအားကိုး တယ်။ ဒါကြောင့်ဘုရားက ကောင်းကြီး ပေးတယ်။ သူ့နိင်ငံလဲ လုံခြုံပြီး ချမ်းသာလာတယ်။ အရမ်းတိုးတက်တယ်။ ဘေးပတ်ဝန်းကျင် နိင်ငံများကလည်း သူ့ကို အရမ်းကြောက်ကြတယ်။ ဒါပေမဲ့ အဲသလို ဘုရားကောင်းကြီးခံစား လာတဲ့အခါမှာ မာန်မာနရှိပြီး၊ သူ့အလုပ် မဟုတ်တဲ့ ယဇ်ပူဇော်ခြင်း အလုပ်ကို လုပ်ဘို့ ဗိမာန်တော်သို့ သွားတဲ့အခါ ယဇ်ပုရောဟိတ် များကသူ့ကို ဆီးတားကြတယ်။ သူအလွန် စိတ်ဆိုးတယ်။ အဲသည်အခါ ဘုရားသခင်က သူ့ရဲ့နဖူးမှာ နူနာဖြစ်စေခြင်း အားဖြင့် ဒဏ်ခတ်လိုက်တယ်။ သူဟာနူနာတဲ့အတွက် ရှင်ဘုရင်မလုပ်ရတော့ဘူး။ လူများ နဲ့လဲ မပေါင်းဖေါ်ရတော့ဘူး။ အဲသလိုဘဲ ငါတို့လဲ ဘုရားရှေ့မှာ ဦးခေါင်းမှ ခြေဖဝါး တိုင်အောင် ကျန်းမာခြင်း အလျှင်းမရှိဘူး လို့ပြောပါတယ်။ ဒါကြောင့် လူသား အားလုံးဟာ ဘုရားအမြင်မှာ ကိုယ်ခန္ဓာသည် လုံးဝ မကျန်းမာပါ။ ပုပ်ပွနံစော်နေပါတယ်လို့ပြောပါ။ ဘာကြောင့်အဲသလို ဖြစ်ရတာလဲဆိုတော့အပြစ်ကြောင့် ဖြစ်တယ်ဆိုပြီးရှင်းပြပါ။

.

သင်ခန်းစာ (၇)

ဘုရားအမြင်၌ လူရဲ့စိတ်

​Memory verse:Jer 17: 9
The heartdeceitful above all thingsbeyond cure.Who can understand it?

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Gen 6:5-6; 1 Sam 16:1-13; Eze 36:26

ကျမ်းပိုဒ်ရှင်းပြနည်း။
လူတိုင်းက ငါ့စိတ်နှလုံးကောင်းတယ်၊ လို့ထင်ကြတယ်။ ဒါပေမဲ့ဘုရား အမြင် မှာတော့ အစဉ်မပြတ် ဆိုးညစ်ခြင်း သက်သက်ရှိတယ်လို့မြင်တယ်။ စိတ်နှလုံးဟာ ကောက်ကျစ်စင်းလဲတယ် လို့ပြောပါတယ်။ ပါးစပ်ကနေ အရမ်းလှတယ်လို့ သူတပါးကို ပြောပေမဲ့ စိတ်ထဲကနေ လှလဲမလှဘဲ နဲ့လို့စဉ်းစားတတ်တယ်။ ဒါကြောင့် လူတယောက်ရဲ့ စိတ်နှလုံး သဘောကို ဘုရားကလွှဲလို့ ဘယ်သူကမှ မသိနိုင်ဘူး။ ယေရ ၉:၁၀ ထဲမှာ ဘုရားသခင် ဟာစိတ်နှလုံးကို စစ်ဆေးတဲ့ဘုရား ဖြစ်တယ်၊ အပြင်ပန်းသဏ္ဍာန်ကို မကြည့်ဘူး။ ဘုရားရဲ့အမြင် မှာလူ့စိတ်ဟာ ညစ်ညူးတယ်၊ ကောက်ကျစ်တယ်၊ အစဉ်ယိုယွင်းတယ်၊ ကျောက်ကဲ့သို့ မာတယ်လို့ပြောတယ်။ ကျောက်ကဲ့သို့ ဘယ်လိုလုပ် မာတာလဲ ဆိုတာရှင်းပြပါ။ ဥပမာ၊ ထိုင်ခိုင်းရင်မထိုင်ချင်ဘူး။ သီချင်းဆိုခိုင်းတယ်ဆိုရင် မဆိုချင်ဘူး။ ငိုရင်လဲတော်တော် နဲ့မတိတ်နိုင်ဘူး။ အဲဒါဟာကျောက်ကဲ့သို့ မာသော စိတ် ဖြစ်တယ်။ ဘုရားသခင်က ငါတို့ အထဲမှာ ရှိတဲ့ ကျောက်နှလုံးကို ယူပြီးတော့ အသား နှလုံးကို ပေးချင် တယ်ဆိုတာ ရှင်းပြပါ။ ဒါဝိဒ် ဘိတ်သိက်ပေးတဲ့အကြောင်း လေးနဲ့သင်ပြနိုင်တယ်။

မှတ်ချက်။ ခလေးများသင်ကြားသော သင်ခန်းစာများကို ပြန်ပြန်ပြီး မေးပါ၊ ပြန်ပြန်​နွှေးပါ။ ခလေးတွေဟာ သိလွယ်တယ်မေ့လွယ်တယ်။

.

သင်ခန်းစာ (၈)

ဘုရားအမြင်၌ လူရဲ့ ဝိညာဉ်

Memory verse:Ps 63:1
O God, You are my God,I seek you;My soulfor you,body longs for you, in a dry and weary landwhere there is no water.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Lk 12:13-21; Ps 42:1-3; Jn 6:48-52; Rev 3:20.

ကျမ်းပိုဒ်ရှင်းပြနည်း။
ရေမရှိသော သဲကန္တာရမှာ နေတဲ့အခါမှာ ရေအရမ်းဆာတယ်၊ အဲသည် လိုဘဲ၊ မင်းတို့ ငါတို့လဲ ရေဆာတဲ့အခါမှာ အခြားအရာက အစားထိုး လို့မရဘူး။ ဆာလံဆရာက သူဟာရေဆာ သကဲ့သို့ ဘုရားကို ဆာငတ်တယ်။ ဘုရားကို သူ့ဝိညာဉ်က ဆာငတ်တယ်။ ငါတို့ ဝိညာဉ်ကလည်း ဘုရားကို ဆာငတ်နေတာ၊ လောက အရာတွေ၊ ဆော့စရာတွေ၊ အစားအသောက်တွေ၊ အဝတ်အစားတွေငတ်တာ မဟုတ်ဘူး။ ဘုရားဘဲ ငတ်တာ။ တနည်းအားဖြင့် ဝိညာဉ် အစာဟာ ခရစ်တော် ဖြစ်တယ်။ ကိုယ်ခန္ဓာအစာကို ပါးစပ်နဲ့စားတယ်။ စိတ်အစာကို မျက်စိနဲ့နားနဲ့ စားရတယ်။ ဝိညာဉ်အစာ ဖြစ်တဲ့ ခရစ်တော်ကို စိတ်နှလုံးတံခါးဖွင့်ပြီးတော့ စားရတယ်။
မှတ်ချက်။ ကယ်တင်ခြင်း သင်ခန်းစာ ၃ကို ဖတ်၍ အကျယ်တဝင့်ရှင်းပြနိုင်သည်။

.

သင်ခန်းစာ (၉)

ဘုရားအမြင်၌ လူသည် တိရစ္ဆာန်နဲ့ပိုးမွှား​

Memory verse:Pro 30:2
Surely I am only a brute, not a man;I do not have human understanding.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Job 25:4-6; 2 Pet 2:22; Dan 4:28-37

ကျမ်းပိုဒ်ရှင်းပြနည်း။
လူလူချင်းအမြင်မှာတော့ ငါတို့ဟာ တော်တယ်၊ တတ်တယ်၊ ချောတယ်လို့မြင်ကြတယ်။ ဒါပေမဲ့ဘုရား အမြင်မှာ ငါတို့ဟာ လူတောင်မဟုတ်ဘူး၊ တိရစ္ဆာန်ကဲ့သို့ဖြစ်တယ်။ ဘာကြောင့်လဲ၊ ကိုယ်ခန္ဓာစိတ် ဝိညာဉ် သုံးပိုင်းစလုံး အသက် ရှင်လှုပ်ရှားမှသာလျှင် ဘုရားအမြင်မှာ လူဖြစ်တယ်။ ကိုယ်ခန္ဓာ စိတ်အလိုအတိုင်း သာအသက် ရှင်တဲ့သူဟာ တိရစ္ဆာန်ကဲ့သို့ဖြစ်တယ်။ ဘုရားအမြင်မှာ ခွေးကဲ့သို့ဖြစ်တယ်။ ဘာကြောင့်ဘုရားက လူကို ခွေးကဲ့သို့ နှိုင်းယှဉ်တာလဲ။ ခွေးသည် မိမိအံဖတ်ကို ပြန်စားတတ်တယ်။ အဲသည် လိုဘဲ၊ လူလဲ စွန့်ပြီးသား အပြစ်ကို ပြန်ကောက်လုပ်တတ်တယ်။ ဘုရားအမြင် မှာ လူဟာဝက်ကဲ့သို့လဲ ဖြစ်တယ်။ ဝက်ဟာဆေးပြီးရင် ရွှံ့ထဲ၌ဘဲ ပြန်လူးတတ်တယ်။ ဘုရား အမြင် မှာ လူဟာတီကောင်၊ လောက်ကောင်ကဲ့သို့ ဖြစ်ကြောင်းကိုလဲ ရှင်းပြပါ။ တီကောင်ဟာမြေကြီးကို သာကြိုက်ပြီး စားသလို လူလဲမြေကြီး အရာကို သာကြိုက်ပြီး စားတယ်။ လောက်ကောင်ဟာ ရွံစရာကိုသာ စားသကဲ့သို့ လူလဲရွံစရာကို သာ နှစ်သက်တတ်ကြတယ်။ နေဗုခဒ်နဇောမင်းကြီးလဲ ရှင်ဘုရင်ကြီး ဖြစ်ပေမယ်လို့ဘုရား မသိတဲ့အတွက် မာန်မာနထောင်လွှား တဲ့အခါ ဘုရားက တိရစ္ဆာန်ကဲ့သို့ မြက်စားခိုင်းတယ်။ သူသည် ဘုရားသခင်ကို သိပြီး ချီးမွမ်းလာမှာသာ လူ့စိတ်ပြန်ဝင်လာတယ်။ မင်းတို့ငါတို့လဲ ဘုရားအမြင်အတိုင်း လက်ခံဘို့၊ မြင်ဘို့ လိုတယ်။

.

သင်ခန်းစာ (၁၀)

ဘုရားအမြင်၌ လူသည် မြွေဖြစ်တယ်

​Memory verse:Mt 12:34
You brood of vipers,how can you who are evil say anything good? For the mouth speakswhat the heart is full of.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Gen 3:15; Mt 3:7; Rom 3:13; Jn 8:44

ကျမ်းပိုဒ်ရှင်းပြနည်း။
ခရစ်တော်က လူတွေဟာမြွေဆိုးအမျိုးလို့ ပြောပါတယ်။ ဘယ်လိုလုပ်မြွေဆိုးအမျိုး ဖြစ်တာလဲ။ လူအားလုံးရဲ့မိဘများ ဖြစ်တဲ့ အာဒံနဲ့ဧဝဟာ၊ ဘုရားစကားထက် မြွေပြောတဲ့စကားကို နားထောင်လို့ သူတို့ဟာမြွေ သားသမီး များဖြစ်သွားကြတယ်။ က ၃:၁၅ ထဲမှာမြွေအမျိုးနဲ့ မိန်းမအမျိုးဟာ ရန်ငြှိုးဖွဲ့စေမယ် လို့ပြောတယ်။ မိန်းမအမျိုးက ဘယ်သူဖြစ်မလဲ။ လူဖြစ်နည်း လေးနည်း သိဘို့လိုတယ်။
၁။ မိဘမရှိတဲ့သူ၏ အာဒံ
၂။ မိခင် မရှိတဲ့သူ၊ ဖခင်သာရှိသူ၏ ဧဝ
၃။ မိဘနှစ်ပါးရှိတဲ့သူ၏ လူသား အားလုံး
၄။ မိခင် သာရှိသူ ခရစ်တော်

ဆိုတော့ လူဟာမိန်းမအမျိုး မဖြစ်နိုင်ပါ။ ဒါဆိုရင် လူသည်ဘယ်သူရဲ့အမျိုး ဖြစ်မလဲ။ ခရစ်တော်နဲ့ ယောဟန်ကလူများကို မြွေးဆိုးအမျိုး လို့ဆိုတယ်။ ဒါကြောင့်လူတိုင်းဟာ မြွေမျိုး ဖြစ်တယ်။ လူဟာမြွေဆိုးအမျိုး ဖြစ်ကြောင်း အောက်ပါချက်များ အရ သိနိုင်တယ်။ မြွေဟာပါးစပ်မှာ အဆိပ်ရှိသလို လူလဲနှုတ်ခမ်းမှာ အဆိပ်ရှိတယ်။ လူရဲ့ပါးစပ်ထဲက ကျိန်ဆဲခြင်းဟာ အဆိပ်အတောက် ဖြစ်ပြီး သူများရဲ့စိတ်ကို နာစေနိုင်တယ်။ မြွေဟာ လျှာနှစ်ခွရှိ သကဲ့သို့ လူလဲလျှာနှစ်ခွရှိတယ်။ ရှေ့တမျိုး နောက်ကွယ်မှာတမျိုး ပြောတတ်တယ်။ မြွေဆိုးများရဲ့ နောက်ဆုံးသွားရမဲ့ နေရာဟာ ငရဲဖြစ်တယ်လို့ ယေရှုက ပြောပါတယ်။

.

သင်ခန်းစာ (၁၁)

အသွေးအားဖြင့် အပြစ်ဆေးကြော

Memory verse:Heb 9:22And according to the law almost all things are purified with blood, and without shedding of blood there is no remission. (NKJV)

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Ex 12 Passover; Josh 2 Rahap and the spies; Lev 17:9; 1 Jn 1:7; Rom 6:23

ကျမ်းပိုဒ်ရှင်းပြနည်း။
ဒီကျမ်းပိုဒ်ကလေးအရ လူတိုင်းမှာအပြစ်ရှိတယ်။ ဒါကြောင့်တနေ့သေရမယ်။ စိတ်နဲ့ဝိညာဉ်က ငရဲသွားရမှာ၊ ကိုယ်ခန္ဓာကမြေကြီး ထဲသွားရမယ်။ ဒါကြောင့်အပြစ်ရဲ့ဒဏ်က ဘယ်နည်းနဲ့မှမလွတ်နိုင်ဘူး။ ဘုရားသခင်က အပြစ် တွေလွှတ်ဘို့ရန် အသွေးကို တောင်းတယ်။ ငါတို့မှာ သန့်ရှင်းတဲ့ အသွေးမရှိဘူး။ အဲဒါကြောင့်ငရဲသွားရမယ်။ အပြစ် ဖြေလွှတ်ဘို့ရန် ဘုရားက အသွေးကိုဘဲ လိုချင်တယ်။ အသွေးမပေးရင် အပြစ်လွှတ်ခြင်း မခံစားရဘူး။ စသည်ဖြင့် ရှင်းပြပါ။ ဆရာမများ ပသခါပွဲအကြောင်းကို အသေးစိတ်ရှင်းပြပါ။ ဒီဥပမာကို ပြောပြလို့ရတယ်။ ပန်းကန်ဆေးတဲ့အခါ ဘာသုံးသလဲ။ ပန်းကန်ဆေးတဲ့ဆပ်ပြာနဲ့ခေါင်း လျှော်လို့မရဘူး။ အိမ်သာဆေးဆပ်ပြာနဲ့ ပန်းကန်ဆေးလို့မရဘူး။ အဲသည်လိုဘဲ အပြစ် ဆေးကြောဘို့ရန် ဘုရားသခင်က အသွေးဘဲ တောင်းတယ်။ ငါတို့မှာ သန့်ရှင်းတဲ့အသွေး မရှိလို့ ခရစ်တော်ကို ဤလောကသို့ လာစေပြီး အသွေးသွန်းခိုင်းတယ်။ သူ့အသွေးတော်အားဖြင့် ငါတို့ ရဲ့အပြစ် တွေ ဆေးကြောလိုက်တယ်။

.

သင်ခန်းစာ (၁၂)

ဘုရားအမြင်၌ သန့်ရှင်းပြီ

Memory verse:Isaiah 1:18
Come now, and let us reason together,” Says the Lord, “Though your sins are like scarlet, they shall be as white as snow; Though they are red like crimson, they shall be as wool. NKJV)

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-John 8:1-11 women caught in adultery; 2 Cor 5:21; 1 Jn 1:7;

ကျမ်းပိုဒ်ရှင်းပြနည်း။
အရင်ပတ်က သင်ခန်းစာကို ပြန်နွှေးပြီးရှင်းပြပါ။ ဘုရားက လူ့အပြစ် လွှတ်ဘို့ရန် အသွေးတောင်းတာ မှတ်မိကြသလား။ ငါတို့မှာ သန့်ရှင်းတဲ့အသွေးမရှိဘူး။ အသွေးမပေးရင် အပြစ်မလွှတ်နိုင်ဘူး ဆိုတော့ ငရဲသွားဘို့ဘဲ ရှိတယ်။ ဘုရားသခင်က ခလေးတွေကို အရမ်းချစ်ပြီး၊ ယေရှုကို ဤလောကသို့ စေလွှတ်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က၊ လာကြ၊ မင်းတို့ အပြစ်အကြောင်း ဆွေးနွေးရအောင်။ မင်းတို့ အပြစ် တွေဟာ ငါ့ရှေ့မှာ အနီရောင် ဖြစ်တယ်။ ဘုရားရှေ့မှာ အပြစ်ဟာ အနီရောင်ဘယ်လိုနဲ့ ဖြစ်တာလဲဆိုတာ ခလေးတွေကို ရှင်းပြပါ။ ဟေရှာယ ၁ အားလုံးဖတ်ပါ။ ဥပမာ၊ အနီရောင်နဲ့ အနီရောင် ရောရင် ဘာအရောင် ထွက်လာမလဲ။ အနီရောင်ဘဲ ထွက်လာမှာ မဟုတ်ဘူးလား။ ဒါပေမဲ ဘုရားက ဒီလိုလုပ်ပေးတယ်။ အပြစ်က အနီရောင်၊ ခရစ်တော်ရဲ့ အသွေးတော်လဲ အနီရောင်။ အနီရောင် ဖြစ်တဲငါတို့ရဲ့ အပြစ်ကို ခရစ်တော် ရဲ့အသွေးနဲ့ ဆေးကြောတဲ့အခါမှာ မိုးပွင့်လိုဘဲ ဖြူစင်စေတယ်။ ဒါကို လူကမလုပ်နိုင်ပါ။ တနည်းအားဖြင့် သန့်ရှင်းစေတယ်။ ​ဖြောင့်မတ်စေပြီး ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် ငါတို့ကို သန့်ရှင်းစေပြီးပြီ။ ယောဟန် ၈ ထဲကအမျိုးသမီးလဲ လူတွေကသူ့အပြစ်ကိုသာ မြင်ကြတယ်။ သူတို့ ရဲ့အပြစ်ကို မမြင်ကြဘူး။ ကျောက်ခဲနဲ့ ပေါက်ဘို့ ရည်ရွယ်ကြတယ်။ ခရစ်တော်ကိုယ်တိုင် အမျိုးသမီးကို ခဲနဲ့ပေါက်လို့ ရပေမဲ့ မပေါက်ခဲ့ဘူး။ နောက်တဖန် မလုပ်တော့ဘို့ ပြောပြီး ခွင့်လွှတ်လိုက်တယ်။ အဲသည်လိုဘဲ ငါတို့ ဟာ အပြစ်ရှိခဲ့ပေမယ့် ခရစ်တော်က ခွင့်လွှတ်ဆေးကြောပြီး ဘုရားအမြင်မှာ သန့်ရှင်းသူဖြစ်ရကြပြီ၊ ဆိုတာယုံကြည်ဘို့ ဖြစ်ပါတယ်။

.

သင်ခန်းစာ (၁၃)

တရားသူကြီး အမြင်၌ စင်ကြယ်ပြီ

​Memory verse:Ps 32:1-2 Blessed is the one whose transgress sions are forgiven, whose sins are covered. Blessed is the one whose sin the Lord does not count against them and in whose spirit is no deciet.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Is 33:22; Dan 4; Gen 6

ကျမ်းပိုဒ်ရှင်းပြနည်း။
လောက တရားရုံးမှာ တရားသူကြီး အမြင်နဲ့ဘဲ တရားဆုံးဖြတ်တတ်တယ်။ တရားခံရဲ့အလိုဟာ အရေးမကြီး ဘူး။ တရားသူကြီးက အပြစ်ပေးရင် ပြစ်ဒဏ်ခံရတယ်။ အပြစ် လွှတ်ရင် ပြစ်ဒဏ်မခံရဘူး။ အဲသလိုဘဲ ဘုရားသခင်က လောကသား အားလုံးကို သူ့အမြင်နဲ့ တရားစီရင်မှာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ဟာ တရားသူကြီး ဖြစ်တယ်။ ဘုရားသခင်က အပြစ်မတင်ရင် အပြစ် မရှိတော့ဘူး။ ဘုရားသခင်က ငါတို့ အပြစ် တွေကို ခရစ်တော် ရဲ့အသွေးနဲ့ ဆေးကြောလိုက်ပြီ၊ ဖုံးအုပ်လိုက်ပြီ။ ဘုရားသခင်က ငါတို့ရဲ့ အပြစ်တွေကို မမှတ်တော့ဘူး။ ဒါကြောင့် မင်္လာရှိသောသူ ဖြစ်ပြီး ဘုရားသခင်ကို ချီးမွမ်းရအောင်။

နေဗုခဒ်နဇောမင်းကြီးဟာ ဘုရားသခင်ကို မယုံပေမဲ့ ဘုရားသခင်က တရားစီရင်တယ်။ ခုနှစ်နှစ်ပတ်လုံး တိရိစ္ဆာန်ကဲ့သို့ မြက်စားရတယ်။ အဲသလို မဖြစ်ခင် တနှစ်အလိုမှာ ဒံယေလအားဖြင့် ကြိုတင် သတိပေးခဲ့တယ်။ ဒါပေမဲ့ သူဟာဝါကြွားတဲ့အတွက် အထက်ပါ ကဲ့သို့ တရားစီရင်လိုက်ခြင်း ဖြစ်တယ်။ ထာဝရ ဘုရားရဲ့ တန်ခိုးတော်ကို ဝန်ခံတဲ့နေ့မှာ လူ့စိတ်ပြန်ဝင်ပြီး နဂိုလ်အတိုင်း ရှင်ဘုရင် ပြန်ဖြစ်လာတယ်။

.

သင်ခန်းစာ (၁၄)

အပြစ်များသယ်ဆောင်သွားသည်

Memory verse: Is 53:6all, like sheep, have gone astray, each of us has turned to our own way;thehas laid on himiniquityus all.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-John 1:29; Lev 16:1-34
Story: Scapegoatအကြောင်း ပြောပြပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ငါတို့ဟာ ဘုရားသခင် ရှေ့မှာ သိုးတွေကဲ့သို့ဖြစ်တယ်။ သိုးတွေက သိုးထိန်းနောက်သို့ လိုက်တတ်တယ်။ သိုးထိန်းကိုဘဲ ကြည့်တယ်။ အခြားအရာမကြည့်တတ်ဘူး။ ဆိုးတဲ့သိုးတွေကတော့ အစာကိုမက်ပြီး၊ သိုးထိန်းကို မကြည့်ဘဲ အစာစားရင်းနဲ့ လမ်းလွှဲသွားတတ်တယ်။ အဲသလိုဘဲ ငါတို့လဲ ဘုရားအလိုတော် အတိုင်း အသက်မရှင်ဘဲ ကိုယ်ကြိုက်သလို အသက် ရှင်ကြတယ်။ အဲသလို ကိုယ်အလိုအတိုင်း အသက် ရှင်ခြင်းကို လမ်းလွှဲတယ်လို့ခေါ်တယ်။ ဘုရားသခင်က ငါတို့ရဲ့အပြစ် တွေကို ခရစ်တော် အပေါ်မှာ တင်လိုက်ပြီ။ ငါတို့မှာ မရှိတော့ဘူး။ ဣသရေလများရဲ့ အပြစ်များကို ဆိတ်ခေါင်းပေါ်မှာ ယဇ်ပုရောဟိတ်မင်းက တင်ပြီး၊ အဲဒီဆိတ်ကို တော၌ လွှတ်လိုက်ရတဲ့အကြောင်းကို ရှင်းပြပါ။ ထိုနည်းတူ ခလေး တွေရဲ့အပြစ်ကို ဘုရားသခင်က ခရစ်တော် အပေါ်မှာ တင်လိုက်ပြီဆိုတော့ ခလေးတွေအပေါ် ရှိသေးသလားလို့မေးပါ။ ခရစ်တော်ဟာ သိုးသငယ် ကဲ့သို့ လောကသား အားလုံးရဲ့အပြစ်ကို ယူဆောင်သွားခဲ့ပြီ။

.

သင်ခန်းစာ (၁၅)

ဖြောင့်မတ်စေပြီ​

Memory verse:2 Cor 5:21
God made him who had no sin to be sinus, so that in him we might become the righteousness of God.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Mt 27:16-26; Mk 5:7; Jn 18:40
Story: Baraba အကြောင်း ပြောပြပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ဘုရားသခင်က အပြစ် မရှိတဲ့သူကို အပြစ်ရှိစေတယ်လို့ ပြောတယ်။ အပြစ်မရှိတဲ့သူက ဘယ်သူလဲဆိုတော့ ခရစ်တော် ဖြစ်တယ်။ အပြစ်ရှိတဲ့သူက မင်းတို့ ငါတို့ ဖြစ်တယ်။ နေရာခြင်းလဲလိုက်တာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင် ရှေ့မှာ ​ဖြောင့်မတ်သောသူ ဖြစ်ဘို့ ဖြစ်တယ်။ ကျမ်းစာထဲမှာ ဗာရဗ္ဗဆိုတဲ့ လူဆိုးတယောက် ရှိခဲ့တယ်။ သူ့မှာသေထိုက်တဲ့ အပြစ်ရှိတယ်။ ဒါပေမဲ့ သူသေမဲ့နေရာမှာ ခရစ်တော် အသေခံ လိုက်တဲ့အတွက်ကြောင့်၊ သူဟာသေခြင်း ကနေ လွတ်မြောက်သွားခဲ့တယ်။ ငါတို့လဲ ဗာရဗ္ဗလို သေထိုက်တဲ့လူတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ ဘုရားသခင်က ငါတို့ကို အရမ်းချစ်တဲ့အတွက်ကြောင့် (ယော ၃:၁၆) ငါတို့ သေမဲ့နေရာမှာ ခရစ်တော်ကို အသေခံ စေခြင်းအားဖြင့် ငါတို့ကို သေခြင်းမှ လွတ်မြောက် စေခဲ့ပြီ။ ဒါကြောင့်ဘုရား အမြင်မှာ အပြစ် မရှိတော့ဘဲ၊ ​ဖြောင့်မတ်တဲ့လူတွေ ဖြစ်စေခဲ့ပြီ။ ​ဖြောင့်မတ်တဲ့လူ ဆိုတာကတော့ အပြစ်မရှိခြင်းကို ဆိုလိုတယ်။

.

သင်ခန်းစာ (၁၆)

ထာဝရအသက် ပေးပြီ

​Memory verse:1 John 5:11-12
11And this is the testimony: God has given us eternal life,this life is in his Son.12Whoever has the Son has life; whoever does not have the Son of God does not have life.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Luke 15:11-24; John 3:15-16;36
Story: Lost son အကြောင်း ပြောပြပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ဘုရားသခင်က ငါတို့ကို ထာဝရ အသက် ပေးတယ်။ အဲဒီထာဝရ အသက်ကို ခရစ်တော် အထဲမှာထည့်ထားတယ်။ ခရစ်တော်ကို ရတယ်ဆိုရင်ထာဝရ အသက်ကို ရတယ်။ ခရစ်တော်ကို မရဘူးဆိုရင်ထာဝရ အသက်ကို မရဘူး။ ဒါကြောင့် လူသား အားလုံးကို ဘုရားသခင်က ညီတူညီမျှထာဝရ အသက်ကို ပေးတာ၊ မဝယ်ခိုင်းဘူး။ ထာဝရ အသက် ရဘို့ရန် ဘာမှမလုပ်ခိုင်းပါ။ ပေးတာကို ယူလိုက်ရုံဘဲ။ ခလေးတို့လဲ သူများက မွေးနေ့လက်ဆောင် ပေးတဲ့အခါမှာ ယူဘို့ခက်သလား။ ယူပြီးမှ ကျေးဇူးတင်တယ်လို့ ပြောလိုက်ရုံဘဲ မဟုတ်လား။ အဲသလိုဘဲ ဘုရား ပေးတဲ့ထာဝရ အသက်ကို ယူလိုက်ရုံပါ။ ကျေးဇူးတင်တယ်ကိုယ်တော် လို့ပြောလိုက်ရုံဘဲ။ ပျောက်သောသား လဲ သူ့အဖေထံကနေ ထွက်သွားခဲ့တယ်။ ငါတို့ လဲကိုယ့်စိတ်ကြိုက် နေထိုင်ခြင်းအားဖြင့် ဘုရားသခင်ထံမှ ထွက်သွားခဲ့ကြတယ်။ ပျောက်သောသားဟာ သူ့စိတ်ကြိုက်အသက် ရှင်သလိုဘဲ၊ ငါတို့ လဲငါတို့ စိတ်ကြိုက်အသက် ရှင်ကြတယ်။ ပျောက်သောသား ဟာ ဒုက္ခရောက်တဲ့အခါမှာ အိမ်ကို သတိရလာတယ်။ သူ့အဖေထံ ပြန်လာချင် တယ်။ အိမ်ပြန်လာတဲ့အခါမှာ သူ့အဖေကဖက်တယ်၊ နမ်းတယ်။ အမှန်ဆို ပျောက်သောသားဟာ သား အနေနဲ့ပြန်လာတာ မဟုတ်ဘူး။ ကျွန်ဖြစ်ဘို့ ပြန်လာခြင်း ဖြစ်တယ်။ ဒါပေမဲ့သူ့အဖေက သူပြောတာ၊ တောင်းပန်တာထက် သူပြန်လာတာကိုဘဲ ဂရုစိုက်တယ်။ သူ့အဖေက အဝတ်၊ လက်စွပ်၊ ​ခြေနင်းတွေပေးတယ်။ အဲသလိုဘဲ ငါတို့လဲ ဘုရားသခင် ထံပြန်လာရင် သားအနေနဲ့ လက်ခံတယ်။ အဝတ် ဖြစ်တဲ့​ဖြောင့်မတ်ခြင်း၊ လက်စွပ် ဖြစ်တဲ့ ဝိညာဉ်တော် တံဆိပ်ခတ်ခြင်း၊ ​ခြေနင်း ဖြစ်တဲ့သား အရာကို ပေးခြင်း ခံရတယ်။ ထာဝရ အသက်ကိုလဲ ပေးတယ်။

.

သင်ခန်းစာ (၁၇)

ခရစ်တော်ကို လက်ခံရန်

Memory verse:John 1:12
Yet to all who did receive him, to those who believedin his name,gave the right to become children of God.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Eph 2:8-9; Rom 8:15-17; Rev 3:20
Story: Gen 24 read all Isaac အကြောင်း ပြောပြပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ခရစ်တော်ကို ယုံကြည် လက်ခံရင် ဘုရားသား ဖြစ်ရတဲ့အခွင့်ကို ဘုရားကပေးတယ်။ ဘယ်အချိန်မှ ဘုရားသား ဖြစ်ရတာလဲ။ ခရစ်တော်ကို ယုံကြည်မှ။ ခရစ်တော်ကို လက်မခံဘူးဆိုရင် ဘုရားသား ဖြစ်နိုင် ပါ့မလား။ မဖြစ်နိုင်ဘူး။ ဒါကြောင့်ဘုရားသား ဖြစ်ချင် တယ်ဆိုရင် ခရစ်တော်ကို ယုံကြည် လက်ခံရမယ်။ ဘယ်လို လက်ခံမလဲဆိုတော့ ဗျာ ၃:၂၀ မှာ ခရစ်တော်က မင်းတို့ လေးတွေရဲ့ စိတ်နှလုံးတံခါးကို ခေါက်နေတယ်။ ဖွင့်ပေးတယ်ဆိုရင် သူဝင်မယ်။ မဖွင့်ပေးရင် ဝင်လို့မရဘူးနော်။ စိတ်နှလုံးတံခါးကို ဘယ်လို ဖွင့်ပေးရမလဲဆိုတော့၊ ဥပမာ အရမ်းချစ်တဲ့ သူငယ်ချင်းတယောက်က မင်းတို့ အိမ်လာလည်မယ်လို့ ဖုန်းခေါ်မယ်ဆိုရင် လာခွင့်ပေးလိုက်တာဟာ သူ့ကို လက်ခံခြင်း ဖြစ်တယ်။ အဲသလိုဘဲ ခရစ်တော်ကို စိတ်နှလုံးထဲမှ ခေါ်ဘိတ်ရမယ်။ တကယ် ခေါ်ဘိတ်ရင် သူဝင်ပါလိမ့်မယ်။ သူဝင်လာရင် သင်ဟာ ဘုရားသား ဖြစ်ပြီ။ စာတန်သား မဟုတ်တော့ဘူး။ ခလေးများကို ဆုတောင်းခြင်းဖြင့် ခေါ်ဘိတ်ခိုင်းပါ။ ဆုတောင်းခြင်းကို ရှေ့ကနေ တိုင်ပေးပြီး၊ နောက်ကနေ လိုက်ဆိုခိုင်းပါ။

.

သင်ခန်းစာ (၁၈)

ဒုတိယအကြိမ် မွေးဘွားရမယ်

​Memory verse:John 3:3
Jesus replied,”Very truly I tell you, no one can see the kingdom of God unless they are born again.”
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-​John 3:1-15;Eph 2:1,4,5 Col 2:13; Titus 3:5; Rom 6:4-7
Story: Nicodimus အကြောင်း ပြောပြပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့အဓိပ္ပါယ်ကို ရှင်းပြပါ။ ကောင်းကင် နိုင်ငံသွားချင် တယ်ဆိုရင် ဒုတိယအကြိမ် မွေးဘွားရမယ်။ ဘာဖြစ်လို့ ဒုတိယအကြိမ် မွေးဘွားဘို့ လိုသလဲဆိုတော့၊ မိခင်ဝမ်းမှ မွေးတာက ပဌမ မွေးခြင်း ဖြစ်တယ်။ ဒုတိယအကြိမ် မွေးခြင်းဟာ ခရစ်တော်အထဲမှ မွေးခြင်း ဖြစ်တယ်။ ဘုရားက ငါတို့ကို ခရစ်တော် အထဲ၌ ထည့်လိုက်တယ်။ (၁ ကော ၁:၃၀)။ ခရစ်တော်နဲ့အတူ လက်ဝါးကပ်တိုင် ၌ အသေသတ်ခြင်း ခံရတယ်။ ခရစ်တော်၌ သင်္ဂြိုလ်ခြင်း ခံရတယ်။ ခရစ်တော်နှင့်အတူ ရှင်ပြန်ထမြောက် လာတယ်။ အဲသလို ရှင်ပြန်ထမြောက် လာတာကို ဒုတိယ မွေးဘွားတယ်လို့ခေါ်တယ်။ ထိုအရာဟာ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက် ဖြစ်ပြီး ယုံကြည်ခြင်းနဲ့ လက်ခံရတယ်။ တခါမွေးရင် နှစ်ခါသေရတယ်။ နှစ်ခါမွေးရင် တခါဘဲ သေရတယ်။ နိကောဒင်ဟာ ကျမ်းတတ်ပုဂ ဖြစ်ပြီး ဘုရားကို ယုံကြည် တယ်။ ခရစ်တော်ကို လဲယုံတယ်။ ဒါပေမဲ့ ခရစ်တော် ကသူ့ကို ဒုတိယအကြိမ် မွေးဘို့ လိုတယ်လို့ပြောတယ်။ နိကောဒင်ပင်လျှင် ဒုတိယမွေးဘို့ လိုရင်မင်းတို့ ငါတို့ လဲဒုတိယမွေးဘို့ လိုတယ်။

.

သင်ခန်းစာ (၁၉)

လူဟောင်းသေခြင်း

Memory verse:Col 1:13
For we know that our old selfcrucified with himthat the body ruled by sinbe done away with,we should no longer be slaves to sin.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Rom 6:4-6; Gal 2:20; Phil 3:10
Story: Luke 23:26-49 Jesus crucifixion အကြောင်း ပြောပြပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ။ လူအားလုံးဟာ မိခင် ဝမ်းမှ မွေးတဲ့အခါ အပြစ်သား အာဒံသား အဖြစ်နဲ့ မွေးကြတယ်။ အဲဒါကို လူဟောင်းလို့ခေါ်တယ်။ လူဟောင်းဟာ အပြစ်ရဲ့​ကျွန် ဖြစ်တဲ့အတွက် အပြစ် မလုပ်ဘဲ မနေနိုင်ပါ။ ဘယ်လောက်ဘဲ ဆုံးမဆုံးမ အပြစ်ဘဲ လုပ်နေတယ်။ ဒါကြောင့်အပြစ် ​ကျွန်မှ လွတ်မြောက်ဘို့ရန်အဲဒီ လူဟောင်းကို ခရစ်တော် အထဲ၌ ထည့်ပြီး လက်ဝါးကပ်တိုင်၌ အသေသတ်လိုက်တယ်။ လူဟောင်းဟာ သေသွားတဲ့အခါ အပြစ် က​ ကျွန်ပြုလို့မရတော့ပါ။ ဒါကြောင့်ဘုရားက လူဟောင်း သေစေတဲ့အရာကို ယုံကြည်လက်ခံဘို့ လိုတယ်။

.

သင်ခန်းစာ (၂၀)

ခရစ်တော် နဲ့အတူ ထမြောက်ခြင်း

Memory verse:Rom 6:8
Now if we died with Christ, we believe that we will also live with him.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Rom 6:1-14;Eph 2:6; Col 1:13; John 11:25
Story: Luk 24:1-12, 36-53; John 20:1-31; အကြောင်း ပြောပြပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ။ ခရစ်တော် သေတဲ့အခါ ငါတို့လဲသေပြီ။ ခရစ်တော် မြှုပ်တဲ့အခါ ငါတို့လဲမြှုပ်ခြင်း ခံရပြီ။ ခရစ်တော် ထတဲ့အခါမှာ ငါတို့လဲ ခရစ်တော် နဲ့အတူ ထမြောက်ပြီ။ အဲဒါကို ယုံကြည် တဲ့လူဟာ အသစ်သော အသက်တာဖြင့် ထမြောက်ပြီ။ ဥပမာ ပြောင်းဖူးစေ့ဟာ​ ခြောက်ပြီး အသက်ရှင်တဲ့ လက္ခဏာမရှိဘူး။ မြေကြီးထဲမှာ စိုက်ပြီးရင် အပင်လေးပေါက်လာတယ်။ အသက် ရှင်တဲ့ လက္ခဏာနဲ့ ကြီးထွားဘို့ရန် ပေါက်လာတယ်။ အဲသလိုဘဲ ခလေးတို့လဲ ခရစ်တော်နဲ့အတူ သင်္ချိုင်းတွင်းမှ အသစ်သော အသက်တာနဲ့ ထမြောက်လာကြပြီ။ ကောင်းကင်မှာလဲ နေရာပေးထားပြီ။ အဲဒါကို ယုံကြည်ရတယ်။

.

သင်ခန်းစာ (၂၁)

ကယ်တင်ခြင်း စိတ်ချမှု

Memory verse:Col 3:3
For you died,your life is now hidden with Christ in God.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-John 1:12; 10:25-29;Rom 8:33; Eph 1:13: 2:6; 1 John 5:11-13

ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့အဓိပ္ပါယ်ကို ရှင်းပြပါ။ သင်တို့ရဲ့ အသက်ဟာ ခရစ်တော်နဲ့အတူ ဘုရားသခင် ထံ၌ ဝှက်ထားတယ်လို့ဆိုတယ်။ ဘယ်လိုနဲ့ ဝှက်ထားသလဲ။ ကိုယ်ခန္ဓာရဲ့အသက်ဟာ ဝိညာဉ် ဖြစ်သကဲ့သို့ ဝိညာဉ်ရဲ့ အသက်ဟာ ခရစ်တော် ဖြစ်တယ်။ ငါတို့ရဲ့ အသက် ဖြစ်တဲ့ ခရစ်တော်ဟာ ကောင်းကင်ဘုံ၌ ရှိတယ်။ ငါတို့ရဲ့ အသက် ခရစ်တော် ကောင်းကင်၌ လုံခြုံစွာ ဝှက်ထားတယ်။ ဒါကြောင့် ငါတို့ရဲ့ ဝိညာဉ်ကိုယ်ခန္ဓာထဲမှ ထွက်သွားတဲ့အခါ သူ့ရဲ့အသက် ဖြစ်တဲ့ ခရစ်တော်ထံ ပြန်သွားမှာ ဖြစ်တယ်။ ဒါကြောင့် ငါတို့ရဲ့အသက်ဟာ လုံခြုံတယ်။ ဘယ်လိုမှ ခိုးလို့မရ၊ နှုတ်လို့မရ၊ စိတ်ချရတယ်။ အဲဒါကို ယုံကြည် စိတ်ချရမယ်။

.

သင်ခန်းစာ (၂၂)

ကယ်တင်ခြင်း မဆုံးရှုံးနိုင်

Memory verse:John 3:36
Whoever believes in the Son has eternal life,whoever rejects the Son will not see life, for God’s wrath remains on them.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-​John 3:15:5:24; 6:47; 1 Jn 5:11-12

ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ။ ထာဝရ အသက်ကို ဘုရားသခင်က လက်ဆောင်ကဲ့သို့ ပေးတယ်။ ထာဝရ အသက်ကို ခရစ်တော်ထဲမှာ ထည့်ထားတယ်။ သူ့ကိုရတယ် ဆိုရင် ထာဝရ အသက် ရတယ်။ ခရစ်တော်ကို မရဘူးဆိုရင် ထာဝရအသက် မရဘူး။ ထိုသူ အပေါ်၌ ဘုရားသခင်ရဲ့ အမျက်တော် တည်နေတယ်လို့ပြောတယ်။ ဒါကြောင့် ခရစ်တော်ကို မရသေးဘူးဆိုရင် မရသေးတဲ့သူ အပေါ်မှာ ဘုရားရဲ့အမျက်တော် တည်နေတယ်။ ဘုရားသခင်ရဲ့ အမျက်တော် ဘယ်အချိန်မှာ ငါတို့ထံက ပြောင်းသွားမလဲဆိုတော့ ခရစ်တော်ကို ယုံကြည် လက်ခံတဲ့အချိန်မှာ ဖြစ်တယ်။ ထာဝရ အသက်ဟာ တခါရပြီဆိုရင် မဆုံးရှုံးနိုင်တော့ပါ။ တဆက်တည်း ဖြစ်တယ်။ ပြတ်တောင်းပြတ်တောင်းအသက် မဟုတ်ပါဘူး။ သားသမီး များဟာ မိဘစကား နားထောင်မှသာ မိဘရဲ့ သားသမီး မဟုတ်ဘဲ၊ နားမထောင်တဲ့အချိန် မှာလဲ သားသမီး ဖြစ်သလို၊ ယုံကြည်သူများလဲဘဲ ဘုရားစကား နားထောင်လို့ မဟုတ်ဘဲ ဒုတိယ ဝိညာဉ်အားဖြင့် မွေးဘွားလို့ ဘုရား သားသမီး များဖြစ်ရပါတယ်။ ဒါကြောင့် တခါ ဘုရားသားသမီး ဖြစ်ပြီးရင် ဘုရားသားသမီး ပြန်မဖြစ်တော့ဘူး ဆိုတာမရှိဘူး။ ထာဝရ အသက်ဟာ တဆက်တည်း ဖြစ်တယ်။ အပြစ်ကင်းလို့ ရတာ မဟုတ်ဘဲ၊ အပြစ်ရှိစဉ်ပင် ပေးထားခြင်း ဖြစ်တယ်။ အပြစ်လုပ်လို့ အသက် မဆုံးရှုံးနိုင်တော့ဘူး။ အပြစ်ကင်းတဲ့အခါ ထာဝရ အသက် ရပြီး အပြစ် လုပ်တဲ့အခါ ပြန်ရှုံးရင် ထာဝရအသက် မဟုတ်နိုင်ဘူး၊ ပြတ်တောင်းပြတ်တောင်း အသက်တာဘဲ ဖြစ်လိမ့်မယ်။

.

သင်ခန်းစာ (၂၃)

လူသစ် ဖြစ်သွားပြီ

​Memory verse:2 Cor 5:17
Therefore If anyone is in Christ, he is a new creation, The old has gone, the new has come.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-John 1:13; Rom 6:11-13; Eph 2:10; Col 1:16; 2 Cor 5:10
Story: Zacchaeus Lk 19:1-10 အကြောင်း ပြောပြပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ။ ဘယ်သူမဆို ခရစ်တော်၌ ရှိရင် အသစ်သော သတ္တဝါ ဖြစ်တယ်။ ဟောင်းသောအရာများ ကုန်လွန်သွားပြီး အားလုံး အသစ်ဖြစ်တယ်လို့ပြောတယ်။ ခရစ်တော်၌ မရှိရင် လူသစ် မဖြစ်နိုင်ဘူး။ အကျင့်ကောင်းလို့ ခရစ်တော်၌ ရှိတာ မဟုတ်ဘူး။ အကျင့်ကောင်းလို့ လူသစ် ဖြစ်တာလဲ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ဖြစ်တယ်။ လူသစ် ဖြစ်သွားလို့ အကျင့်ကောင်းကျင့်ဘို့ ဖြစ်တယ်။ လူဟောင်းတုန်းက ပိုက်ဆံခိုးတယ်၊ ရန်ဖြစ်တယ်၊ လိမ်ညာခဲ့တယ်ဆိုရင် လူသစ် ဖြစ်လာရင် ဒီအရာတွေကို မလုပ်ရတော့ဘူး။ ဇက္ကဲလဲ ခရစ်တော် တွေ့ပြီး တဲ့နောက်ပိုင်းမှာ သူများ ပစ္စည်း ယူမိရင်လေးဆပြန်ပေးမယ် လို့ပြောတယ်။ မင်းတို့လဲ လူသစ် ဖြစ်လာရင် ကောင်းတဲ့အကျင့်ကျင့်ဘို့ ဖြစ်တယ်။ ကောင်းတဲ့အကျင့် ကျင့်လို့ ကယ်တင်ခြင်းသို့ ရောက်တာတော့ မဟုတ်ဘူး။ ကယ်တင်ခြင်းသို့ ရောက်လို့ ကောင်းတဲ့အကျင့် ကျင့်ရခြင်း ဖြစ်တယ်။

.

သင်ခန်းစာ (၂၄)

ကျမ်းစာ ဖတ်ရမယ်​

Memory verse:Joshua 1:8(NKJV)
This book of the law shall not depart from your mouth, but you shall meditate in it day and night, that you may observe to do all that is written in it. For then you will make your way pros
perous, and then you will have good success.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Ps 1:1-3; 119:10-11, 105; Rev 1:3
Story: Ezra read the book of law, Nehemiah 8:1-6 အကြောင်း ပြောပြပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့အဓိပ္ပါယ်ကို ရှင်းပြပါ။ မောရှေ သေဆုံးတဲ့နောက် ဘုရားသခင်က ယောရှုထံကျမ်းစာကို နေ့ညမပြတ်၊ ဘတ်ရွတ်ဆင်ခြင်ပြီး လိုက်နာဘို့ မှာထားတယ်။ လိုက်နာရင်အကြံထမြောက်ပြီး အောင်မြင်မယ်လို့ မှာထားခဲ့ပါတယ်။ ဘုရား သားသမီးတွေဆိုရင် အဖ ဘုရားသခင်ရဲ့ အလိုတော်ကို သိပြီး လိုက်နာဘို့ရန် ကျမ်းစာကို ဖတ်ဘို့ လိုတယ်။ သားသမီး တွေလဲ မိဘနဲ့စကား ပြောမှသာ မိဘအလိုဆန္ဒကို သိပြီး နားထောင် လိုက်နာလို့ရတယ်။ ကျမ်းစာ ဖတ်မှလဲ အပြစ်မလုပ်ဘဲ နေနိုင်မယ်။ ဒါကြောင့်ကျမ်းစာကို နေ့ညအပြတ်ဖတ်ဘို့ လိုတယ်။ မလိမ္မာတဲ့ လူလဲလိမ္မာလာမယ်။ ဘာကြောင့် နှုတ်ကပတ်တော်ကို ဖတ်ဘို့ လိုသလဲ ဆိုတော့ဘုရား နဲ့သားအဖ တော်စပ်လို့ ဖြစ်တယ်။ ဘုရားနဲ့ရင်းနှီး လာမယ်။ စိတ်ချလာမယ်။ အားကိုး လာမယ်။ ဘုရားကို ပိုပြီး ချစ်လာမယ်။ ဘုရား အတွက် ပိုပြီး အသက်ရှင်ချင် လာမယ်။ မင်္လာရှိတဲ့သူ ဖြစ်လာမယ်။ ကျမ်းစာဖတ်ခြင်းဟာ ဝိညာဉ် အစာစားခြင်း ဖြစ်တယ်။

မှတ်ချက်။ ခလေးများကျမ်းစာ ဖတ်ချင် လာအောင် ဆွဲဆောင်ပါ။ ဖတ်နည်း၊ တနေ့တခန်းသာဖတ်ရန်၊ မဖတ်ခင် ဆုတောင်းရန်၊ ဆုတောင်းရမဲ့ အချက်၊ ဘုရားက ဝိညာဉ်မျက်စိ ဖွင့်ပေးရန်နဲ့ နားလည်နိုင်ရန်။ ခွန်အားရတဲ့ အရာများကို မှတ်ထားရန်။ အသက်တာ၌ ကျင့်သုံးရန်။ ဆုတောင်းခြင်းနဲ့ အဆုံးသတ်ရန်။

.

သင်ခန်းစာ (၂၅)

ကျမ်းစာ ဖတ်ရခြင်းရဲ့ အကျိုး

​Memory verse:Ps 1:1-3 (NKJV)
Blessed is the manwalks not in the counsel of the ungodly, Nor stands in the path of sinners,sits in the seat of the scornful;Buthis delightisthe law of the,in His law heday and night.He shall be like a tree by theof water,brings forth its fruit in its season, Whose leaf also shall not wither; And whatever he does shall prosper.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Lk 4:16-20; Act 17:11; Ps 119:11

ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ။ ကျမ်းစာကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သော သူသည် မင်္လာရှိတယ်လို့ပြောတယ်။ မြစ်နားမှာ စိုက်တဲ့သစ်ပင်လိုဘဲ အရွက်မညှိုးနွမ်းဘဲ အချိန်တန်ရင် အသီးသီးတယ်။ အရွက် မညှိုးနွမ်းဆိုတာက ပြသနာ ရှိရင်လဲ စိတ်မပျက်၊ အပြုံးမပြတ် ရင်ဆိုင်နိုင်တယ်။ အချိန်တန်မှ အသီးသီးတယ်ဆိုတာက၊ အချိန် တန်တဲ့အခါ အောင်မြင်မှု ရရှိခြင်းကို ဆိုလိုတယ်။ အသီးဟာ လူနဲ့တိရစ္ဆာန်များအတွက် စားဘို့ အကျိုးရှိသလို အောင်မြင်တဲ့ သူတွေရဲ့အောင်မြင်ခြင်း ဟာလူများအတွက် အကျိုးရှိတယ်။ ခရစ်တော်ကိုယ်တိုင်လဲ ကျမ်းစာ ပုံမှန်ဖတ်ခဲ့တယ် (လု ၄:၁၆-၂၀)။ ဘုရားသားတော် ဖြစ်ပေမဲ့ကျမ်းစာကို အသုံးပြုခဲ့တယ် (လု ၄:၁-၁၂)။ ဒါကြောင့်ငါတို့လဲ ကျမ်းစာကို အမြဲဖတ်ဘို့ အသုံးပြုဘို့ လိုတယ်။ ကျမ်းစာ ဖတ်တဲ့သူရဲ့ အသက်တာဟာ သန့်ရှင်းတယ်၊ ​ဖြောင့်မတ်တယ်၊ ရဲ့ရင့်တယ်၊ ရှင်းလင်းတယ်။ ကျမ်းစာများများ ဖတ်တဲ့သူဟာဘုရား အပေါ် မပြစ်မှားနိုင်ဘူး။ သူသွားမဲ့လမ်းခရီးကိုလဲ နှုတ်ကပတ်တော် အားဖြင့် သွန်သင်တယ် (ဆာ ၁၁၉:၁၀၅)။ အကြံထမြောက်ပြီး ပြုလေသမျှ၌ အောင်မြင်မယ် (ယောရှု ၁:၈)။

.

သင်ခန်းစာ (၂၆)

ကျမ်းစာ မဖတ်လျှင် မကြီး ထွားနိုင်

Memory verse: 1 Pet 2:2
as newborn babes, desire the pureof the word, that you may grow, …

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်- 1 Cor 3:2; Heb 5:12-13; Eph 4:15-16; 2 Pet 3:18

ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ။ ခလေးတိုင်း နို့ဆာတယ်။ နို့သောက်မှသာလျှင် ကြီး ထွားလာနိုင်မှာ ဖြစ်တယ်။ ဝိညာဉ် ခလေး များလည်း နို့တည်းဟူသော နှုတ်ကပတ်တော်ကို သောက်ဘို့ လိုတယ်။ ဥပမာခလေး မွေးဘွားလာရင် ဘာကြိုက်တတ်သလဲ။ နို့။ ပုံမှန်ခလေးက နို့စို့ရဲ့လား။ ဆို့တယ်။ ဒါကြောင့် ခလေးလေးဟာ တနေ့ပြီးတနေ့ ကြီးထွားလာတယ်။ မင်းတို့လဲ ဒီအရွယ်ကနေ မကြီးထွားချင် ဘူးလား။ ကြီးထွားချင်တယ်။ ဒါဆိုရင် ဘာလုပ်ရမလဲ။ ထမင်းပုံမှန် စားရမယ်။ ကိုယ်ခန္ဓာကြီး ထွားသလို ဝိညာဉ်လဲ ကြီးထွားရမယ်။ ကိုယ်ခန္ဓာကြီး ထွားချင်တယ်ဆိုရင် အစာမှန်မှန်စားရမယ်။ ဝိညာဉ် ကြီးထွားချင်တယ် ဆိုရင် ဝိညာဉ်အစာ ဖြစ်တဲ့ ကျမ်းစာကို မှန်မှန်ဖတ်ရတယ်။ ခလေးတိုင်း နို့ဆာသလို မင်းတို့လဲ ဝိညာဉ်အစာ ဆာငတ်ရမယ်။ တကယ်လို့ မင်းတို့ ဝိညာဉ်အစာ ဖြစ်တဲ့ကျမ်းစာကို ဆာငတ်ခြင်း မရှိရင် မင်းတို့ မမွေးတာ ဖြစ်မယ်။ ဒါမှ မဟုတ် ဆာလွန်းလို့ ဆာမှန်းတောင် မသိနိုင်အောင် အားနည်းတာ ဖြစ်မယ်။ မင်းတို့ ဝိညာဉ် အသက် ရှင်ရင်ကျမ်းစာကို ဖတ်ချင်မယ်၊ နားထောင် ချင်မယ်။ ဘယ်တော့မှ ကျမ်းစာဖတ်ချင်၊ နားထောင်ချင်၊ သိချင်စိတ် မရှိရင် မင်းတို့ မမွေးသေးလို့ ဖြစ်မယ်။ ဝိညာဉ်အားဖြင့် မွေးဘွားပြီး သူတိုင်း ဝိညာဉ်အစာ ဖြစ်တဲ့ကျမ်းစာကို ဖတ်ရှုလေ့လာ ၊ နားထောင်ဘို့ လိုတယ်။ ဒါမှ ဝိညာဉ်ပိုင်း ကြီးထွားလာမှာ ဖြစ်တယ်။

.

သင်ခန်းစာ (၂၇)

ကျမ်းစာ ဖတ်ခြင်း ဟာဘုရား နဲ့သိ​ကျွမ်းဘို့

​Memory verse: Hosea 6:6
For I desiresacrifice, And theof God more than burnt offerings.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Ps 4:4; 77:6; 105:4; 143:8; Mk 1:35; Is 26:9
Story: Neh 8:33-35; Act 17:11 အကြောင်း ပြောပြပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ။ ဘုရားသခင်က ယဇ်ပူဇော်ခြင်းကို အလွန် နှစ်သက်ပေမဲ့ သူ့ကို သိ​ကျွမ်းဘို့ ပိုလိုချင်တယ်။ ကျမ်းစာ ဖတ်ခြင်းဟာ ဘုရားနဲ့ အချိန်ယူခြင်း၊ ဒါမှမဟုတ် ဘုရားက သူ့သားသမီး တွေကို စကားပြောခြင်း ဖြစ်တယ်။ ကျမ်းစာ ပုံမှန်ဖတ်တဲ့သူဟာ မိဘနဲ့အမြဲစကား ပြောတဲ့သူနဲ့တူတယ်။ မိဘနဲ့အမြဲ စကားပြောတဲ့သူဟာ မိဘနဲ့ရင်းနှီး တယ်။ မိဘအကြောင်း အစုံသိတယ်။ ပိုပြီး နားလည်မှု ရှိတယ်။ မိဘကို ပိုပြီး ချစ်တယ်။ ကျမ်းစာ မဖတ်တဲ့ ယုံကြည်သူဟာ ဘုရားရဲ့အလိုတော်ကို မသိနိုင်ပါ။ ဒါကြောင့် ဘုရားအကြောင်းနဲ့ အလိုတော် သိနိုင်ရန် ကျမ်းစာဖတ်ခြင်းဖြင့် ဘုရားနဲ့ အချိန် ယူဘို့ လိုတယ်။ အဲသည် လိုပုံမှန်လေး အချိန်ယူပြီး ကျမ်းစာ ဖတ်ရင် ဘုရားနဲ့ အ​ကျွမ်းဝင်လာမယ်။ ရင်းနှီးလာမယ်။ ဘုရားကို ပိုပြီး စိတ်ချလာမယ်။ အားကိုး လာမယ်။ ဝိညာဉ် ရေးရာမှာလဲ ပိုပြီး ကြီးထွားရင့်ကျက်လာမယ်။ ခရစ်တော်ကိုယ်တိုင်လဲ ဘုရားသား ဖြစ်ပေမဲ့ အဖခမည်းတော်နဲ့ ပုံမှန်အချိန် ယူတယ် (မာ ၁:၃၅)။ ယုံကြည်သူ တွေကို ပုံသက်သေပြခဲ့တယ်။

.

သင်ခန်းစာ (၂၈)

ကျမ်းစာဖတ်သူဟာ အောင်မြင်သူ

​Memory verse: Josh 1:7
Be strong and very courageous. Be careful to obey the law my servant Moses gave you; do not turn from it to the right or to the left, that you may be successful wherever you go.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Ps 1:1-3; 119:11, 105, 130; 2 Tim 3:10-17
Story: Timothy life, Act 1:1-3; 2 Tim 1:5; 3:15 အကြောင်း ပြောပြပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့အဓိပ္ပါယ်ကို ရှင်းပြပါ။ မောရှေမသေမှီ ယောရှုကို မှာထားတဲ့စကား၊ ဘယ်ညာမယိမ်းဘဲ ဘုရားစကား နားထောင်ဘို့ မှာထားခဲ့တယ်။ အဲသလို လိုက်ရှောက်ရင် လုပ်လေသမျှ၌ အောင်မြင်မယ်။ ခလေးတို့ ယောရှုလဲ မောရှေရဲ့ သင်ကြားပေးတဲ့အတိုင်း ဘုရားရဲ့စကားကို နားထောင် လိုက်နာခဲ့တယ်။ ဒါကြောင့် သူသေတဲ့အထိ လုပ်လေသမျှ၌ အောင်မြင်ခဲ့တယ်။ တိမောသေလဲ သူ့အမေနဲ့ သူ့အဘွားက ဘုရားသိအောင် သွန်သင်ခဲ့တယ်။ ပေါလုကလဲ သင်ပေးတယ်။ ဒါကြောင့်သူကြီး လာတဲ့အခါ သူ့မှာအပြစ် တင်စရာ မရှိခဲ့ဘူး။ အောင်မြင်တဲ့ အမှုတော်ဆောင် ဖြစ်ခဲ့တယ်။ ခလေးတို့လဲ ကျမ်းစာ မှန်မှန်ဖတ်ပြီး ဆင်ခြင်တဲ့သူ ဖြစ်ရင် အကြံထမြောက်ပြီး လုပ်လေရာမှာ အောင်မြင်တဲ့သူ ဖြစ်မယ်။ ဒါကြောင့်ကျမ်းစာ ဖတ်ခြင်းဟာ အလွန် အရေးကြီးတယ်။ ဘုရားနဲ့လဲ ရင်းနှီး လာနိုင်တယ်။ ပိုပြီး လိမ္မာစေတယ်။ သူ့ကိုလဲ အားကိုး တတ်လာလိမ့်မယ်။ ဒါဝိဒ်လဲ လုပ်လေရာမှာ အောင်မြင် ကြောင်းကို ရှောလုမင်းက မြင်တဲ့အခါမှာ သူ့ကိုကြောက်လာတယ် (၁ရာ ၁၈:၁၅)။ မင်းတို့လဲ တိမောသေ၊ ဒါဝိဒ်နဲ့ ယောရှုတို့လို အောင်မြင် တဲ့သူ ဖြစ်ချင်ရင် အထက်က ပြောတဲ့အတိုင်းဘဲ လိုက်နာကျင့်သုံးဘို့ ဖြစ်တယ်။

.

သင်ခန်းစာ (၂၉)

ကျမ်းစာဖတ်နည်း

Memory verse:Act 17:11
Now the Berean Jews were of more noble character than those in Thessalonica,for they received the message with great eagerness and examined the Scripturesevery day to see if what Paul said was true.

ဗေရိမြို့မှ ယုံကြည်သူများဟာ၊ အလွန် ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည် မမှန်သည်ကို သိခြင်းငှာ၊ ကျမ်းစာကို နေ့တိုင်း အစဉ် စေ့စေ့ကြည့်ရှုကြ၏။ လို့တွေ့ရတယ်။ ဒါကြောင့်ငါတို့ လဲ ကျမ်းစာကို နေ့တိုင်း စေ့စေ့ကြည့်ရှုဖတ်ရှုဘို့ လိုတယ်။ ကျမ်းစာ ဖတ်တဲ့အခါမှာလိုအပ်တဲ့အရာများ၊

၁။ ကျမ်းစာအုပ်၊ မှတ်စုစာအုပ်။ High lighter, pen
၂။ တိတ်ဆိတ်တဲ့နေရာ၊ ကွန်ပြူတာရှေ့၊ တီဗီရှေ့၊ ဆူညံတဲ့နေရာတွေမှာ မဖတ်ရ
၃။ တနေ့တခန်းသာဖတ်ပါ။ အစဉ်အလိုက်ဖတ်ပါ။
၄။ မဖတ်ခင် ဆုတောင်းပါ။
၅။ ကျမ်းစာ ရဲ့ဆိုလိုရင်း နားလည်ရန် ကြိုးစားပါ။
၆။ ​ဖြေး​ဖြေးအချိန် ယူဖတ်ပါ။
ရ။ အိပ်ချင် ပါက အသံထွက်ဖတ်ပါ။
၈။ ခွန်အားရတဲ့ကျမ်းပိုဒ်များကို မျဉ်းသား ထားပါ။
၉။ အဓိပ္ပါယ်ကို စဉ်းစားပါ။
၁၀။ သွန်သင်ခြင်းလော၊ အားပေးခြင်းလော၊ ဆုံးမခြင်းလော၊ သိဘို့ လိုတယ်။
၁၁။ ကိုယ့်အသက်တာ၌ ခံယူ လိုက်နာမဲ့အရာများကို မှတ်ထားပါ။
၁၂။ ဆုံးဖြတ်ချက် ချပါ။
၁၃။ ဆုတောင်းခြင်း နဲ့အဆုံးသတ်ပါ။

.

သင်ခန်းစာ (၃၀)

ဆုတောင်းခြင်း


Memory verse:Ps 17:6
call on you, my God, for you will answer me;turn your ear to mehear my prayer.
ဆရာ၊ ဆရာမများ ကြိုလေ့လာရန်-2 Chro 7:14; Gen 4:26; 12:8; Ps 4:1, 3; 17:6; 34:4; Is55:6
Story: 2 Chro 14:1-15 King of Judah Asa အကြောင်း ပြောပြပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ။ ဘုရားသခင်က သူ့ကို ခေါ်တယ်ဆိုရင် နားထောင် တယ်။ ဆုတောင်းခြင်း ဆိုတာ ဘုရားနဲ့ စကား ပြောခြင်း၊ အကူအညီတောင်းခံခြင်း၊ အားကိုးခြင်း၊ လက်မြှောက်အရှုံးပေးခြင်း ဖြစ်တယ်။ လူဟာ မွေးကတည်းက စာတန် သားသမီး အဖြစ်နဲ့ မွေးဘွားခဲ့တယ်။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံပြီး တဲ့နောက်မှာတော့ စာတန်သား၊ အပြစ်သား မဟုတ်တော့ဘူး။ ဘုရားသခင်ရဲ့သား ဖြစ်လာတယ်။ ဘုရားသား ဖြစ်တဲ့အတွက် ဘုရားဟာ ငါတို့ရဲ့အဘ ဖြစ်လာတယ်။ မင်းတို့လဲ မိဘတွေနဲ့ စကားပြောကြတယ် မဟုတ်လား။ ကိုယ်လိုအပ်တာတွေလဲ တောင်းကြတယ် မဟုတ်လား။ အားလဲကိုးတယ်။ အဲသည် လိုဘဲ ဘုရားသခင် ထံမှာ ဆုတောင်းရမယ်။ မိဘထံတောင်းတဲ့အခါ တတ်နိုင်ရင်ဝယ်ပေးတယ်။ တခါတလေ မဝယ်ပေးဘူး။ ဘုရားကတော့ မတတ်နိုင်တာ၊ မပေးနိုင်တာမရှိဘူး။ ဘုရား သားသမီးများ ဖြစ်လို့ ဘုရားနဲ့စကား ခဏခဏပြောသင့်တယ်။ ဒါဝိဒ်လဲ ဒုက္ခ ရောက်တဲ့အခါ ဘုရားကိုခေါ်တယ်၊ အားကိုးတယ်။ အာသရှင်ဘုရင်လဲ သူ့နိုင်ငံတော်မှာ ငြိမ်သက်မှု မရှိခဲ့ဘူး။ ရန်သူများရဲ့ နှိပ်စက်ခြင်း ခံခဲ့ရတယ်။ ဘုရားကို အားကိုးပြီး ဆုတောင်း တဲ့အခါ ရန်သူများကို နိုင်ရတဲ့ အခွင့်ပေးခဲ့တယ်။ အဲသည် လိုဘဲ ငါတို့လဲ ဘုရားကိုအားကိုးပြီး ဆုတောင်းရင် ဘုရားက ပေးဘို့ အဆင်သင့် ဖြစ်တယ်။

.

သင်ခန်းစာ (၃၁)

ဆုတောင်းရမယ်

​Memory verse:Mt 7:7,8
“Ask and it will be given to you;and you will find; knock and the door will be opened to you.8For everyone who asks receives; the one who seeks finds;and to the one who knocks, the door will be opened.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Ezra 9:6; Lk 23:42; John 14:13; Act 4:24; 7:59; 2 Cor 12:8; Eph 1:17; 3:14; Col 1:3
Story:Luke 11:5-8; 18:1-8 အကြောင်း ပြောပြပါ။

ဘုရားသခင်က သူ့ထံ ဆုတောင်း ခိုင်းတယ်။ ဆုတောင်းတဲ့အခါ ဘယ်သူ့ထံမှာတောင်းရမလဲ။ ဘုရားသခင်ထံ ခရစ်တော် နာမနဲ့တောင်းရမယ်။ အချို့သော သူများ ဆုတောင်း တဲ့အခါသူ့နားမ In His name ဟူ၍သာ တောင်းတတ် ကြတယ်။ သူ့နာမဆိုတာ မည်သူမည်ဝါမှန်း မသိရဘူး။ ခရစ်တော် သင်ပေးတဲ့အတိုင်း ခရစ်တော် နာမနဲ့သာ တောင်းရမယ်။ ဥပမာ စာပို့တဲ့အခါ လိပ်စာမှားနေရင် စာမရောက်ဘူး။ စာပို့တဲ့အခါ စာအိပ်ပေါ်မှာ လိပ်စာအတိအကျ ရေးဘို့လိုတယ်။ အဲသည်လိုဘဲ ကိုယ်တောင်းချင် တာတွေကို အဘခမည်းတော် ထံမှာ ယေရှုခရစ်တော် နာမအားဖြင့် တောင်းရမယ်။

.

သင်ခန်းစာ (၃၂)

ဆုတောင်း နည်းများ

Memory verse:Ps 150:1-2
Praise the. Praise God in his sanctuary;him in his mighty heavens.2Praise him for his acts of power;praise him for his surpassing greatness.

ဆရာ၊ ဆရာမများ ဖတ်ရန်-Deut 8:10; 1 Chro 39:20; Is 61:11; Jer 20:13; Joel 2:26: Ps 103:1; 104:1; 149:1-6; 150:6

ဆုတောင်း တဲ့အခါ ဂုဏ်တော် ချီးမွမ်းခြင်း၊ ကျေးဇူူးတော် ချီးမွမ်းခြင်း၊ အပြစ် ဝန်ချတောင်းပန်ခြင်း၊ ကိုယ်လိုအပ်သောအရာ များ တောင်းလျှောက်ခြင်းလို့ ပိုင်းခြားဘို့ လိုတယ်။ ဘုရားရဲ့ဂုဏ်တော် ဆိုတာဘာလဲ။ တန်ခိုးကြီးမားခြင်း၊ ထာဝရ တည်တန့်ခြင်း၊ စစ်၍ မကုန်နိုင်သော ဥာဏ်နှင့် ပြည့်ဝခြင်း၊ အပြစ် ကင်းစင်၍ သန့်ရှင်းခြင်း၊ ကြောက်ရွံ့ရိုသေထိုက်သော ဘုရား ဖြစ်ခြင်း၊ အရာခပ်သိမ်းကို ဖန်ဆင်းပိုင်သအုပ်စိုး ညှိညွတ် တော်မူသော ဘုရား ဖြစ်ခြင်းတို့ ဖြစ်ပါတယ်။ ဆာလံဆရာက ဒီလိုရေးခဲ့တယ်၊ သန့်ရှင်းရာ ဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့၊ ၊ ဘုန်းတော် ထင်ရှားသော ကောင်းကင် မျက်နှာကြက်ပေါ်မှာ ချီးမွမ်းကြလော့၊ ၊ ထူးဆန်းသော တန်ခိုးတော်များကြောင့် ဘုရားသခင်ကို ချီးမွမ်းကြလော့၊ ၊ အလွန်တရာ ကြီးမြတ်တော်မူခြင်းရှိသည် အတိုင်း၊ ချီးမွမ်းကြလော့၊ ၊ (ဆာ ၁၅၀:၁-၂)။ ကျေးဇူးတော် ဆိုတာဘာလဲ။ ဘုရား ပေးတဲ့အရာများ ဖြစ်တယ်။ အဲဒါတွေကတော့ ဝိညာဉ် ပိုင်းဆိုင်ရာဆိုရင် အပြစ်လွှတ်ခြင်း၊ ထာဝရ အသက် ပေးခြင်း၊ သမ္မာတရားကို နားလည်စေခြင်း၊ တို့ ဖြစ်တယ်။ ကိုယ်ခန္ဓာပိုင်းမှာဆိုရင် ကျန်းမာစေခြင်း၊ စားစရာ၊ ဝတ်စရာ၊ နေစရာ အိမ်များ ပေးခြင်း၊ စားသောက် လုပ်ကိုင်သွားလာနိုင်သော အခွင့်နဲ့ ခွန်အားပေးခြင်းတို့ ဖြစ်တယ်။ အပြစ် ဝန်ချတောင်းပန်ခြင်း ဘာကြောင့်လိုသလဲဆိုတော့ အပြစ်ရှိနေရင် ဘုရားက ဆုတောင်းတာ နားမ​ေညာင်းဘူး။ ကျမ်းစာက၊ ထာဝရ ဘုရားသည် မကယ်တင်နိုင်အောင် လက်တော် တိုသည် မဟုတ်။ မကြားနိုင်အောင် နားတော် ထိုင်းသည် မဟုတ်။ သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော် မမူစေခြင်းငှါ၊ သင်တို့ အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။ (ဟေရှာယ ၅၉:၁-၂) လို့ရေးထားပါတယ်။ နောက်ဆုံးမှ သူတပါးအတွက်နဲ့ ကိုယ့်အတွက် လိုအပ်တဲ့အရာများ တောင်းလျှောက်ရမယ်။

.

သင်ခန်းစာ (၃၃)

ပေးကမ်းခြင်း

Memory verse: 2 Cor 9:6 Remember this: Whoever sows sparingly will also reap sparingly, and whoever sows generously will also reap generously.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Deut 12:6-7; Lev 27:30-33; Mt 7:7; 13:12; Lk 6:38; 21:1-4
Story: လူငယ်ကလေးကမုန့်ငါးလုံးနှင့် ငါးနှစ်ကောင်းပေးတဲ့အကြောင်း ပြောပြပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့အဓိပ္ပါယ်ကို ရှင်းပြပါ။ မျိုးစေ့စိုက်လျှင် အပင်ပေါက်ပြီး များစွာ သီးတတ်တယ်။ များများ စိုက်ရင် များများရိတ်ရတယ်။ ဝိညာဉ် ရေးရာမှာလဲ စိုက်တဲ့အတိုင်းရိတ်ရတယ်။ ခလေး တွေလဲ ကိုယ်ရထားတဲ့ မုန့်ဘိုးထဲက ဖြစ်စေ၊ မွေးနေ့လက်ဆောင်ရတဲ့ထဲက ဖြစ်စေ၊ ဘုရားထံ ဆယ်ဘို့ တစ်ဘို့၊ အလှူငွေ၊ ယုံကြည်ခြင်း မျိုးစေ့များ ပေးတတ်ဘို့ လိုတယ်။ ပေးတဲ့အခါ ဘယ်လိုစိတ်ထားနဲ့ပေးရမလဲ။ ဝမ်းမြောက်စွာ နဲ့ပေးရမယ် (၂ ကော ၉:ရ၊ ဆာ ၃ရး၂၆)။ ဘုရားသခင်ကလဲ အဘိုးမယူ၊ ငါတို့ကို သားတော် နဲ့တကွ အရာခပ်သိမ်းကို ပေးတဲ့အတွက် (ရော ၈:၃၂) ငါတို့လဲ ပြန်ပေးဘို့ လိုတယ်။

.

သင်ခန်းစာ (၃၄)

သက်သေခံဘို့ လို

​Memory verse:Mt 10:32-33
“Whoever acknowledges me before others,I will also acknow ledge before my Father in heaven.33But whoever disowns me
before others, I will disown before my Father in heaven.”
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Ezek 3:17; Mk 8:36-37; 16:15-16
Story: Ezek 2 & 3; Jer 1:4-1 အကြောင်း ပြောပြပါ။

ကျမ်းပိုဒ်ရှင်းပြနည်း။ ကျမ်းပိုဒ်ရဲ့အဓိပ္ပါယ်ကို ရှင်းပြပါ။ ခရစ်တော်က ငါ့ကို လူရှေ့မှာ ဝန်ခံတယ်ဆိုရင် ကောင်းကင် ခမည်းတော် ရှေ့မှာ ထိုသူကို အသိအမှတ်ပြုမယ်။ လူရှေ့မှာ ငါ့ကို ငြင်းပယ်တယ်ဆိုရင် ကောင်းကင်ဘုံမှာရှိတဲ့ ငါ့ခမည်းတော် ရှေ့မှာ ထိုသူကို ငြင်းပယ်မယ်လို့ပြောတယ်။ ဒါကြောင့်လူတွေကို ခရစ်တော် အကြောင်း ပြောပြရမယ်။ ခရစ်တော်က လူများကို ဘယ်လို ကယ်တင်တယ်ဆိုတာရယ်၊ ဘယ်လို လက်ခံရမယ်ဆိုတာကို ပြောပြရမယ်။ ခရစ်တော် အကြောင်း မပြောရဲရင် ကောင်းကင် နိုင်ငံရောက်တဲ့အခါ ခမည်းတော် ရှေ့မှာ ငြင်းပယ်ခံရမယ်နော် လို့ပြောပြပါ။ ပရောဖက် ယေဇကျေလကို လဲ ဣသရေလ လူတွေထံ ပြောခိုင်းတယ်။ ယေရမိကို လဲပြောခိုင်းတယ်။ သူကငါသည် သူငယ် ဖြစ်တယ်လို့ ငြင်းတဲ့အခါ၊ ဘုရားသခင်က အဲသည်လို မပြောနဲ့လို့ ပြောလိုက်တယ်။

.

သင်ခန်းစာ (၃၅)

သက်သေခံရမယ်​

Memory verse:Tim 4:2
Preachword;prepared in season and out of season; correct, rebukeencourage-with great patience and careful instruction.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-​John 3:11; 18:37; Act 1:8; Rom 10:2; Heb 12:1
Story: Act 8:25-39 ထဲကအဲသရောပိအမတ်ကို ဖိလိပ္ပုက ကယ်တင်ခြင်း အကြောင်း ပြောပြတာကို ပြောပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ။ ရှင်ပေါလုက တိမောသေထံ မှာကြားတဲ့အရာက၊ နှုတ်ကပတ်တော်ကို အချိန် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဟောပြောပါလို့ပြောတယ်။ သူပြောခိုင်းတဲ့အရာတွေက၊ အပြစ်ကို ဖေါ်ပြခိုင်းတယ်။ ဆုံးမခိုင်းတယ်။ အလွန် ရှည်တဲ့စိတ်နဲ့ တိုက်တွန်းသွေးဆောင်ခိုင်းတယ်။ တိမောသေ သာမဟုတ်ဘဲ ခလေးလူကြီး အားလုံး နှုတ်ကပတ်တော်ကို ဟောပြောခိုင်းတယ်။ အချိန် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဟောပြောခိုင်းတယ်။ ခရစ်တော်ကိုယ်တိုင်ကလဲ ခိုင်းတယ် (မ ၂၈:၁၉)။ ဟောပြောရမဲ့ အချက်တွေကတော့ ခရစ်တော်အားဖြင့် ကယ်တင်ခြင်း ဖြစ်တယ်။ ထာဝရအသက် ရဘို့ဖြစ်တယ်။

.

သင်ခန်းစာ (၃၆)

မိဘစကား နားထောင် ပါ

​Memory verse:Ex 20:12
Honor your father and your mother,that you may live long in the landGod is giving you.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Deut 6:1-3; Lev 19:3; 20:9; Mt 15:4; Mk 7:10; Lk 18:19; Eph 6:1
Story: Deut 21:18-21 အကြောင်း ပြောပြပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ။ ကျမ်းစာက မိဘကို ရိုသေပါလို့ပြောတယ်။ အဲသည်လို ရိုသေချီးမြှောက်သော သူဟာ အသက်တာ ရှည်မယ်လိုဆိုတယ်။ မိဘမရှိရင် သားသမီး မရှိနိုင်ကြောင်း၊ လောက မှာ မိဘနှစ်ပါးသာ ရှိကြတယ်။ လူတိုင်းကို အဖေအမေလို့ ခေါ်လို့မရပါ။ သားသမီး များက မိဘကို မရိုသေရင် မချီးမြှောက်ရင် ဘယ်သူက ရိုသေချီးမြှောက်မလဲ။ ဒါကြောင့် သားသမီးတိုင်းက မိဘစကား နားထောင်ပြီးရိုသေရမယ်။ ရှောလမုန်မင်းက သူ့အမေ ဗေသရှေဗ လာတဲ့အခါ၊ မတ်တပ်ရပ်၊ လက်အုပ်ချီပြီး နေရာပြင်ပေးပြီး ထိုင်ခိုင်းတယ် (၃ရာ ၂:၁၉)။ သားသမီး များက မိဘများကို ရိုသေရမယ်။ မိဘပြောတဲ့ စကားများကို ကောင်းကောင်း နားထောင်ပြီး လုပ်ခိုင်းတဲ့အရာများကို လုပ်ရမယ်။ မိဘများကို မဆူမဟောက်သင့်ပါ။ စိတ်ရှည်စွာဖြင့် ရှင်းပြရမယ်။ ဆုံးမတဲ့စကားတွေ၊ မေးခွန်းတွေမေးတဲ့အခါမှာလဲ ကောင်းစွာ နားထောင်ရမယ်။ အဲသည်လို နာခံနိုင်တဲ့ လူကို ဘုရားသခင်က ကောင်းကြီး ပေးတယ်။ အဲသည်လို လူဟာ အသက်ရှည်မယ်။ လုပ်လေရာရာမှာ အောင်မြင်မယ်။ မိဘကောင်းကြီး ပေးခြင်းလဲ ခံရမယ်။

.

သင်ခန်းစာ (၃၇)

မိဘစကား နားထောင်သူ ဘုရားကောင်းကြီးပေး

​Memory verse:Eph 6:1-3
Children, obey your parents in the Lord, for this is right.2 “Honor your father and mother”-which is the first command ment with a promise: 3″so that it may go well with you and
that you may enjoy long life on the earth.”
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Ex 20:12; Deut 6:7-8; Col 3:20
Story: Jer 35Rekabites ရေခတ်အမျိုးအကြောင်း ပြောပြပါ။
ကျမ်းပိုဒ်ရှင်းပြနည်း။
ကျမ်းပိုဒ်ရဲ့အဓိပ္ပါယ်ကို ရှင်းပြပါ။ မိဘစကား ကောင်းသည် ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ၊ နားထောင် ဘို့ရန် သားသမီးများမှာ တာဝန်ရှိတယ်။ ဘာကြောင့်မိဘစကား နားထောင်ဘို့ လိုသလဲ။ ဘုရားက ခိုင်းတယ်။ ဘုရားရဲ့အလိုတော်လဲ ဖြစ်တယ်။ ပညတ်တော် ဆယ်ပါးထဲမှာ ငါးခုမြောက်လဲ ဖြစ်တယ်။ ဘုရားက မိဘစကား နားမထောင်သူကို ဒဏ်ပေးခိုင်းတယ် (ဝတ်ပြု ၂၀:၉)။ မိဘထံမှ ကောင်းကြီး မင်္လာရချင် ရင်မိဘကို စိတ်ဒုက္ခ မပေးပါနဲ့။ အမြဲဝမ်းမြောက် စေပါ (သုတ္တံ ၁၀:၁)။ ရေခတ်အမျိုး ယောနဒပ်က ပြောတဲစကားကို သူရဲ့သား စဉ်မြေးဆက်တွေက နားထောင် ကြတယ်။ ယောနဒပ်က၊ စပျစ်ရည်မသောက်ဘို့၊ အိမ်မဆောက်ဘို့၊ မျိုးစေ့မစိုက်ဘို့၊ စပျစ်ဥယျာဉ်မစိုက်ဘို့ ပြောတာကို သူရဲ့သား စဉ်မြေးဆက်တွေက နားထောင် တယ်။ ဘုရားက ခိုင်းတာ မဟုတ်ဘူး။ သူတို့အဘိုးရဲ့ မှာထားတဲ့အရာ ဖြစ်တယ်။ အဲသည်လို အဘိုးရဲ့စကား နားထောင် ကြတဲ့အတွက် ဘုရားသခင်ကလဲ သူတို့ကို ချီးမွမ်းတယ်။ သူ့အမှုကိုလဲ ဆောင်ရွက်ခွင့်ပေးတယ်။ ဒါကြောင့် မိဘစကား နားထောင်တဲ့ သားသမီး များဟာ မိဘကို ဝမ်းမြောက်စေသည် သာမက၊ ဘုရားကိုလဲ ဝမ်းမြောက်စေပြီး ဘုရား က ကောင်းကြီးပေးနိုင်တယ်။

.

သင်ခန်းစာ (၃၈)

ယုံကြည်ခြင်းဖြင့် အသက် ရှင်ရန်

​Memory verse:Heb 11:6
And without faith it is impossible to please God, because anyone who comes to himbelieve that he exists and that he rewards those who earnestly seek him.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Heb 11; Gen 6:13-22; 12:1-4, 8, 17-19; Act 7:2-4
Story: အာဗြဟံအကြောင်း ပြောပြပါ။

ကျမ်းပိုဒ်ရဲ့အဓိပ္ပါယ်ကို ရှင်းပြပါ။ ဘုရားသခင် ထံလာတဲ့အခါ ယုံကြည်ခြင်းရှိရမယ်။ ယုံကြည်ခြင်း မရှိရင် ဘုရားရဲ့စိတ်တော်နဲ့ မတွေ့နိုင်ဘူး။ ယုံကြည်နိုင်အောင် ဘာလုပ်ရမလဲ။ နှုတ်ကပတ် တော်များများ ဖတ်ရမယ်။ ကြားရမယ်။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာသောသူဟာ အကျိုးရတယ်။ ယုံကြည် တယ်ဆိုတာ စိတ်နှခွမရှိရဘူး။ ဘုရားသားသမီး တွေဆိုရင် ဘုရားကို ယုံကြည်ခြင်းနဲ့ အသက်ရှင်ရမယ်။ မင်းတို့လဲ လိုအပ်တဲ့အရာတွေကို ဘုရား ထံတောင်းပါ။ ပြသနာ ကြုံလာရင် ဘုရားထံအပ်ပါ။ ဘုရားကို စိတ်ချပါ။ စောင့်ပါ။ ကျောင်းက ပေးတဲ့အိမ်စာ မလုပ်တတ်ရင် ဘုရားထံ ဆုတောင်းပါ။ ဘုရားကို ယုံကြည် စိတ်ချတယ်ဆိုရင် ဘုရားက အ​ဖြေပေးမယ်။ နောဧလဲ ယုံကြည်ခြင်းနဲ့ သင်္ဘော တည်ဆောက်ခဲ့တယ်။ ဘုရားစကား နားထောင် တဲ့အခါမှာ ဘုရားထံကရတဲ့ ဆုလဒ်ကတော့ မိသားစုအားလုံး ရေထဲမှကယ်တင်ခြင်း ခံရခြင်း ဖြစ်တယ်။

.

သင်ခန်းစာ (၃၉)

ဘုရားအားကိုးသောအသက်တာ

​Memory verse:Prov 3:5-6
Trust in theall your heartlean not on your own understanding;in all your ways submit to Him, and He will make your paths.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Num 14:24; Duet 1:36; 1 Chro 28:9; Ps 22:4-5; 37:5; Is 38:3: 45:13
Story: Num 13, 14 ထဲမှယောရှုနဲ့ကာလက်အကြောင်း ပြောပြပါ။

ကျမ်းပိုဒ်ရဲ့အဓိပ္ပါယ်ကို ရှင်းပြပါ။ ဘုရားသခင်က စိတ်နှလုံး အကြွင်းမဲ့ အားကိုးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က စိတ်နှလုံးကို စစ်ဆေးတယ်။ ကိုယ့်ရဲ့အသိဥာဏ်ကို အားမကိုးဘို့ရန် ဘုရားသခင် အလိုတော် ရှိတယ်။ လုပ်ကိုင်လေရာ၌လည်း ဘုရားကို မျက်မှောက်ပြုရမယ်။ မျက်မှောက်ပြုခြင်း ဆိုတာကတော့ သူ့ကို ပဌမ ထားခြင်း၊ သူ့ရဲ့အလိုတော်ကို လိုက်လျှောက်ခြင်း ဖြစ်တယ်။ ဣသရေလ လူများ ခါနန်ပြည်ကို လေ့လာစုံစမ်း ခိုင်းတဲ့အခါမှာ ၁၂ ယောက်ထဲက ယောရှုနှင့် ကာလက်ကဘဲ ဘုရားကို အားကိုး တယ်။ သူတို့ ၁၂ ယောက်စလုံး မြင်တာခြင်း အားလုံးတူတယ်။ ခံယူခြင်းတော့ မတူဘူး။ ယောရှုနှင့် ခါလက်ကတော့ သူတို့ မြင်တဲ့အရာကို ဘုရား မျက်စိနဲ့မြင်တယ်။ ဆိုလိုတာကတော့ ဘုရားအားကိုးခြင်းနဲ့ မြင်တဲ့အတွက် မကြောက်ဘဲ ခါနန်ပြည်ကို တိုက်ခိုက် သိမ်းယူဘို့ မကြောက်ကြဘူး။

.

သင်ခန်းစာ (၄၀)

မာန်မာနရှိရင်

​Memory verse:Prov 8:13
To fear theto hate evil; I hateand arrogance, evil behavior and perverse speech.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Pro 11:2; 13:10; 14:3; 29:23; 1 Jn 2:16
Story: ယုဒရှင်ဘုရင်ဩဇိမင်းအကြောင်း ပြောပြပါ။ 2 Chro 29-32; Is 38

ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ဟာအပြစ်ကို ရွံရှာခြင်း ဖြစ်တယ်။ မင်းတို့လဲ ဘုရားကို ကြောက်ရွံ့ရင်အပြစ်ကို ရွံရှာမယ်၊ ကြောက်ရွံ့မယ်။ ဘုရားကို ကြောက်ရွံ့တယ်ဆိုရင် ကောင်းကောင်းလေး ထိုင်မယ်။ ဆော့လဲမဆော့ဘူး။ စကားလဲ နားထောင် မယ်။ နေပုံထိုင်ပုံ၊ စကားပြောပုံ၊ ဝတ်စားစီရင်ပုံလဲ ပြောင်းလဲလာမှာ ဖြစ်တယ်။ ဘုရားက မာန်မာနရှိသော သူကို မုန်းတယ်။ ညစ်ပတ်တဲ့စကား ပြောခြင်း၊ အော်ဟစ်​ငေါက်​ငေါ်ခြင်း တွေက မာန်မာနကြောင့် ဖြစ်တယ်။ ဩဇိမင်းလဲ တန်ခိုးကြီး လာတဲ့အခါမှာ မာန်မာနထောင်လွှားခဲ့တယ်။ သူမလုပ်သင့်တဲ့ဟာကို လုပ်ချင် တယ်။ ယဇ်ပုရောဟိတ် များသာ လုပ်ရမဲ့ ယဇ်ပူဇော်ခြင်းကို လုပ်ချင်တယ်။ ယဇ်ပုရောဟိတ်များက သူ့ကိုသတိပေးတယ်။ နားမထောင်ဘူး။ စိတ်ဆိုးတယ်။ ဒါကြောင့် ဘုရားသခင်က သူ့ရဲ့နဖူး နူစေခြင်းအားဖြင့် ဒဏ်ခတ်ခဲ့တယ်။ သူ့ရဲ့မာန်မာနကြောင့် သေသည့်တိုင်အောင် ခြားနားသော နန်းတော်၌ နေရတယ်။ ဘုရားသခင်ထံ နောင်တ မရခဲ့ဘူး။ ဟေဇကိမင်းကတော့ မာနထောင်လွှားခဲ့ပေမယ် နောင်တ ရခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က အသက် ၁၅ နှစ်ဆက်ပြီး အသက် ထပ်ရှင်ခွင့်ပေးတယ်။ ဒါကြောင့် မင်းတို့လဲ မာန်မာနရှိရင် ဘုရားသခင်ထံ နောင်တ ရကြပါ။

.

သင်ခန်းစာ (၄၁)

သန့်ရှင်းသော အသက်တာ

Memory verse:1 Pet 1:15-16
But just as he who called you is holy, so be holy in all you do;16for it is written: “Be holy, because I am holy.”

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Isa 6:3; Lev 11:44-45; Col 3:12; 1 The 4:7; 1 Pet 2:9; 1 Cor 6:11

ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ။ ငါတို့ကို ခေါ်သော သူဟာ သန့်ရှင်းတယ်။ ဘယ်သူက ငါတို့ကို ခေါ်သလဲ။ ဘုရားသခင်။ ဘာလို့ခေါ်တာလဲ။ သန့်ရှင်းတဲ့ အသက်တာရှိဘို့ ဖြစ်တယ်။ လုပ်ကိုင်သမျှဟာ သန့်ရှင်းခြင်းရှိရမယ်။ ဘုရားသခင်က ငါသည် သန့်ရှင်းခြင်းရှိသလို မင်းတို့လည်း သန့်ရှင်းခြင်းရှိရမယ် လို့ပြောတယ်။ ဘုရားသခင်က သန့်ရှင်းခြင်းကို အလွန် နှစ်သက်တယ်။ သူကိုယ်တိုင်လဲ သန့်ရှင်းတယ်။ ဘုရားဟာ စည်းကမ်းလဲရှိတယ်။ ဣသရေလ လူမျိုးတွေကို တောထဲမှာ စံနစ်တကျထားတယ်။ ယဇ်ပူဇော်တဲ့အခါမှာလဲ တိရစ္ဆာန်များရဲ့​ ခြေတောက်တွေ၊ အူတွေကို သန့်ရှင်းစွာ ဆေးကြောပြီးမှသာ မီးရှို့လေ့ရှိတယ်။ အစားအစာများ ကိုလည်း သန့်ရှင်းတဲ့ အစာများကို သာစားခိုင်းတယ် (ဝတ်ပြုရာ ၁၁)။ တိရစ္ဆာန်အသွေးနဲ့ အဆီကို လုံးဝမစားရဘူး (ဝတ်ပြု ၁ရ)။

.

သင်ခန်းစာ (၄၂)

သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်တော်

​Memory verse:1 Cor 6:19-20
Do you not know that your bodies are templesthe Holy Spirit, who is in you, whom you have received from God? You are not your own;20you were bought at a price. Therefore honor God with your bodies.

ဆရာ၊ ဆရာမများ ကြိုတင် ဖတ်ရန်– 1 Cor 3:16-17; Heb 12:14; Eph 2:21; 2 Chro 29-32; Is 38

ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ။ သန့်ရှင်းခြင်း ပါရမီမရှိရင် ဘုရားသခင်ကို မတွေ့နိုင်ဘူး။ သန့်ရှင်းအောင် ဘယ်လိုလုပ်မလဲ။ ဘယ်အရာတွေဟာ မသန့်ရှင်းတာလဲ။ ဘုရားသခင်ကို ဘယ်လိုမြင်နိုင်မလဲ။ ခလေး တွေကို အရင် စဉ်းစားခိုင်းပါ။ ဘာကြောင့် ဘုရားသားသမီးတိုင်း သန့်ရှင်းဘို့ လိုသလဲ။ ၁။ ယော ၁:၁၂ မှာ ခရစ်တော်ကို ရသော သူသည် ဘုရားသား ဖြစ်ရသော အခွင့်ကို ပေးတယ်။ ခရစ်တော်ကို ရရင် သန့်ရှင်းသော ဝိညာဉ်တော် လဲရပြီး၊ ဗိမာန်တော်လဲ ဖြစ်တယ်။ ခရစ်တော်ရဲ့ ဝိညာဉ်ဟာ ငါတို့အထဲမှာ ရှိတယ်။ ငါတို့ရဲ့ကိုယ်ခန္ဓာဟာ ဘုရားအပိုင် ဖြစ်ပြီ။ ကိုယ့်ကိုယ်ကို မပိုင်တော့ဘူး။ ဒါကြောင့် ကိုယ်ကြိုက်သလိုစားလို့၊ ဝတ်လို့၊ ပြောလို့၊ နေလို့ မရတော့ဘူး။ ဘုရားရဲ့ ဗိမာန်တော်ကို ဖျက်ဆီးတယ်ဆိုရင် ဘုရားက ဖျက်စီးမယ်လို့ပြောတယ်။ ဘယ်လိုဖျက်စီးမလဲ။ ဆေးလိပ်သောက်ရင် အဆုတ်တီဗီကင်ဆာရစေမယ်။ အရက်သောက်ရင် အသဲ​ခြောက်စေမယ်။ အချို များများစားရင် ဆီးချို ဖြစ်စေမယ်။ အဆီအစိမ့်များများစားရင်သွေး တိုးပြီး ၊ ဦးနှောက်နဲ့နှလုံးသွေးကြော ပိတ်ပြီး လေဖြတ်၊ နောက်ဆုံး သွေးကြောပိတ်နဲ့ဘဲ သေဆုံးသွားမယ်။

.

သင်ခန်းစာ (၄၃)

ဘုရားသခင်ကို ကြောက်ရွံ့ရမယ်

Memory verse:Ps 76:7
It is you alone who are to be feared.can standyou when you are angry?
Prov 3:7 Do not be wise in your own eyes; fear theLordshun evil.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Deut 6:13; Ps 33:8; 2:11 Prov 16:6; 2 Chro 19:7

ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ။ ဘုရားသခင်ဟာ ကြောက်မက်ဖွယ်သော ဘုရားဖြစ်တယ်။ ငရဲချပိုင်သော သူလဲ ဖြစ်တယ်။ ဘုရားသခင်ဟာ ချစ်ခြင်း မေတ္တာလဲ ဖြစ်သလို၊ ကြောက်ရွံ့ဘို့ လဲလိုတယ်။ ဘုရားစိတ်ဆိုးတဲ့အခါ၊ ရာသီဥတု ဖေါက်ပြန်မှုတွေ၊ ဒုက္ခဆင်းရဲတွေ ဖျားနာတာတွေ ပေးတယ်။ အဲတာတောင် မခံနိုင်ကြဘူး။ ဘုရားကို ကြောက်ရွံ့ခြင်းဟာ သူရဲကြောက်သလိုမျိုး မဟုတ်ဘူး။ ဘုရား ကြောက်ရွံ့ခြင်းသည် ရိုသေခြင်း၊ နာခံခြင်း၊ လေးစားခြင်း ဖြစ်တယ်။ ဘုရားကိုကြောက်ရင် သူမကြိုက်တဲ့အရာတွေ မပြောဘို့၊ မလုပ်ဘို့၊ မဝတ်ဘို့၊ မစားမသောက်ဘို့ ဖြစ်တယ်။ ယောရှုဟာ ငယ်ငယ်ကတည်းက ဘုရားကို ကြောက်ရွံ့တဲ့သူ ဖြစ်လို့ ဣသရေလ လူမျိုးများရဲ့ ခေါင်းဆောင် ဖြစ်နိုင်တယ်။ သူမရှိတဲ့နောက်ပိုင်း အသက်ကြီးသူ တွေလဲသူတို့ သေတဲ့အထိ ဘုရားကို ကြောက်ရွံ့တဲ့စိတ်ကို လက်ဆင့်ကမ်းနိုင်ခဲ့တယ်။ ယောသပ်လဲ ဘုရားကို ကြောက်တဲ့အတွက် သခင်မနဲ့ မမှားယွင်းမိအောင် ရှောင်နိုင်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က သူ့ကို အဲဂုတ္တုပြည်ရဲ့ ဒုတိယဘုရင်အထိ ချီးမြှောက်ခဲ့တယ်။ ငါတို့လဲ ငယ်သော အရွယ်မှစပြီး သေတဲ့အထိ ဘုရားကို ကြောက်ရွံ့ဘို့ လိုအပ်တယ်။

.

သင်ခန်းစာ (၄၄)

ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရဲ့ အကျိုး

​Memory verse:Prov 10:27
The fear of thelength to life,but the years of the wicked are cut short.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Ps 2:11; 111:5,10; 115:13-15; 34:9; Ps 103:11, 13, 17; 85:9; Prov 14:26,27

ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ။ ခလေးတို့ ဘုရားကို ကြောက်ရွံ့သော သူကို ဘုရားက အသက်ရှည်ရသော အခွင့်ပေးတယ်။ ဘုရားကို မကြောက်ရွံ့သော ဟူဟာ အသက်တိုမယ်။ မင်းတို့ရော အသက် ရှည်ချင်သလား၊ တိုချင်သလား။ ဘုရားကို ကြောက်ရွံ့သောသူဟာ ဘုရားရဲ့ကျေးဇူးတော်ကို ခံစားရမယ်။
၁။ အသက် ရှည်မယ်
၂။ ပညာတိုးပွားမယ်
၃။ လိုတရ ဖြစ်မယ်
၄။ ဘုရားရဲ့ ကယ်တင်ခြင်း၊ မစခြင်း ခံရမယ်။
၅။ ဘုရားရဲ့ကာကွယ်ခြင်း ခံရမယ်။

Story-Shiphrah and Puah Ex 1:15-22

ရှိဖရနဲ့ပုအာတို့ဟာ ဝမ်းဆွဲဆရာမတွေ ဖြစ်တယ်။ အဲဂုတ္တျွှုရှင်ဘုရင်က ဣသရေလ အမျိုးထဲက သားယောက်ျားလေးတွေမွေးတဲ့အခါ သတ်ခိုင်းတယ်။ ဒါပေမဲ့ အဲဒီဝမ်းဆွဲဆရမတွေဟာ ဘုရားကို ကြောက်ရွံ့တဲ့အတွက် အဲဒီခလေး တွေကို မသတ်ဘဲ အသက်ရှင် စေခဲ့ကြတယ်။ ဒါကြောင့် ဘုရားသခင်က သူတို့မိသားစုကို ကောင်းကြီး ပေးတယ်။

.

သင်ခန်းစာ (၄၅)

ပျင်းရိခြင်း

​Memory verse:Prov 6:6to the ant, you sluggard; consider its ways and be wise!
Prov 10:4Lazy hands make for poverty,diligent hands bring wealth.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Prov 10:26; 13:4; 12:27; 26:15; 21:25; Titus 1:12; Heb 6:12

ကျမ်းစာက ပျင်းရိသော သူကို ပုရွက်ဆိတ်ထံသို့ သွားပြီး ဆင်ခြင်စဉ်းစားခိုင်းတယ်။ ဘာကြောင့်လဲဆိုတော့ ပုရွတ်ဆိတ်များဟာ ခိုင်းတဲ့သူလဲမရှိ၊ ခေါင်းဆောင်လဲ မရှိပေမဲ့ အလုပ်လုပ်ကြတယ်။ အစာတွေကို ကြိုးစားပြီး စုဆောင်းကြတယ်။ သားတို့ သမီးတို့လဲ ပုရွတ်ဆိတ်လို မပျင်းရိဘဲ ကြိုးစားပြီး အလုပ်လုပ်သင့််တယ်။ မိသားစုထဲမှာလဲ ပျင်းရိတဲ့သူရှိရင် ပြသနာ ဖြစ်တယ်။ ဆဲဆူနေရတယ်။ ပျင်းရိတဲ့သူကြောင့် အိမ်ထောင် မသာယာတော့ဘူး။ ပျင်းရိတဲ့သူရဲ့အိမ်ခြံ၊ အိပ်ခန်းများလည်း ပြိုပျက်နေတတ်တယ်။ ပျင်းရိတဲ့သူက အလုပ်မလုပ်ဘို့ရန် အမြဲအကြောင်းပြ ရှောင်ကြင်တတ်တယ်။ ပျင်းရိတဲ့သူဟာ သူရဲ့အလိုဆန္ဒလဲ မပြည့်တတ်ဘူး။ ပျင်းရိတဲ့သူဟာ ထမင်းလဲ မချက်ချင်ဘူး။ သန့်ရှင်းရေးလဲ မလုပ်ချင်ဘူး။ အလုပ်လုပ်ရင်လဲ ကောင်းကောင်းမလုပ်တဲ့အတွက် အဆူခံရတယ်။ ယုံကြည်သူ ဘုရား သားသမီးများဟာ မပျင်းရိသင့်ဘူး။ ပေါလုက ပျင်းရိသော သူကို ထမင်းတောင် မ​ကျွေးဘို့ ရေးထားတယ်။

.

သင်ခန်းစာ (၄၆)

ဗတ္တိဇံအမျိုးမျိုး

Memory verse:Eph 4:4-6
There is one bodyone Spirit,as you were called to one hope when you were called;5 one Lord, one faith, one baptism; 6one God and Father of all,is over all and through all and in all.

ဆရာ၊ ဆရာမများ ဖတ်ရန်-1 Cor 10:1-3; Mt 3:5-6; 3:13-17; Jn 1:29-34; Act 19:1-5

ကျမ်းစာထဲမှာ ကိုယ်တကိုယ် ဝိညာဉ် တဝိညာဉ် ရှိတယ်လို့ပြောတယ်။ ယုံကြည်ခြင်း တပါး၊ ဗတ္တိဇံတပါး၊ ဘုရား တဆူဘဲ ရှိတယ်လို့ရေးထားတယ်။ ကျမ်းစာထဲမှာ ဗတ္တိဇံအမျိုးမျိုးရေးထားတယ်။

ဣသရေလ လူမျိုးများ အဲဂုတ္တု ပြည် ​ကျွန်အဖြစ်မှ လွတ်မြောက်တဲ့အခါမှာ၊ ပင်လယ်နီအထဲ၌ ရှောက်သွားရတယ်။ အဲဒါကို ဗတ္တိဇံလို့ခေါ်တယ်။ ဣသရေလ လူများဟာ ပင်လယ်ထဲဆင်းသွားပြီး လှမ်းလျှောက်ခဲ့ကြရပေမဲ့ ပင်လယ်ထဲမှာ မနစ်သွားဘူး။ သူတို့ကို အဝေးက ကြည့်ရင်ပင်လယ်ထဲ နစ်မြုပ်သွားသလို ဖြစ်တယ်။ အဲဒါကို ရှင်ပေါလုက ဗတ္တိဇံလို့ခေါ်တယ်။ အဲသလိုနဲ့ပင်လယ်အထဲကပြန်ထွက်လာပြီး တဲ့နောက်ပိုင်းမှာ ဓမ္မအစာ ဖြစ်တဲ့ ကောင်းကင် မန္နမုန့်နဲ့ ကျောက်ထဲကရေကို သောက်ခဲ့ကြတယ်။ ဣသရေလ လူတွေ အဲဂုတ္တုကျွန်မှ လွတ်မြောက်သလိုဘဲ ငါတို့လဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် အပြစ်သားဘဝမှ ကယ်တင််ခြင်းသို့ ရောက်ရတယ်။ ဣသရေလ လူများ ​ကျွန်အဖြစ်မှ လွတ်မြောက်ပြီးမှ ပင်လယ်ထဲမှာ ဗတ္တိဇံခံခဲ့သလို၊ ယုံကြည်သူ တွေလဲ အပြစ်ကျွန်မှ လွတ်မြောက်ပြီးမှ ရေဗတ္တိဇံခံသင့်တယ်။

ဣသရေလ လူတွေပင်လယ်မှာ ဗတ္တိဇံခံပြီးမှ မန္နမုန့်စားပြီး ကျောက်ထဲမှရေကို သောက် သကဲ့သို့ ယုံကြည်သူများလဲ ဗတ္တဇံခံပြီးမှ ပွဲတော်မင်္လာ စားသင့်တယ်။ ကယ်တင်ခြင်းသို့ မရောက်သေးဘဲ၊ အသက် ပြည့်လို့ ဗတ္တိဇံခံပြီး ပွဲတော် မစားသင့်ဘူး။ ရော ၆:၄ မှာ ငါတို့ဟာ ခရစ်တော်နဲ့အတူ သေပြီး ဗတ္တိဇံခံတယ်။ ခရစ်တော်နဲ့အတူ အသစ်သော အသက်တာနဲ့ ရှင်ပြန်ထမြောက်တယ် လို့ရေးထားတယ်။ အဲသလို ယုံကြည်ပြီးမှဘဲ ရေဗတ္တိဇံခံပြီး ပွဲတော် မင်္လာစားသင့်တယ်။ ဗတ္တိဇံခံလို့ ကောင်းကင်ရောက်မှာ မဟုတ်ဘူး။ ခရစ်တော် လက်ခံပြီး၊ သူနဲ့အတူ သေ၊ မြှုပ်၊ ရှင်ပြန်ထမြောက် လို့ လူရှေ့ဘုရားရှေ့မှာ ရေဗတ္တိဇံခံခြင်း ဖြစ်ကြောင်း ပြောပြပါ။

.

သင်ခန်းစာ (၄၇)

ခရစ္စမတ်

Memory verse:Isaiah 7:14
Therefore the Lord himself will give yousign:The virginconceive and give birth to a son,call him Immanuel.
Memory verse:10:10
The thief does not come except to steal, and to kill, and to des- troy. I have come that they may have life, and that they may haveitmore abundantly.

ဆရာ၊ ဆရာမများ ဖတ်ရန်-​John 1:4; 3:15-16; 5:40; 20:31; Rom 5:17; John 1:14; Is 9:6; Matt 1:23; Lk 1:31

ကျမ်းပိုဒ်နဲ့ နောက်ကြောင်းရာဇဝင် အနည်းငယ်ပြောပြပါ။

ဟေရှာယဟာ ပရောဖက် ဖြစ်တယ်။ ခရစ်တော် မွေးဘွားမဲ့အကြောင်းကို နှစ်ပေါင်း ၇ဝ၀ ကျော် ကြိုတင်ပြီး ဟောပြောခဲ့တယ်။ သူဟောတဲ့အတိုင်း ခရစ်တော်ဟာ အပျိုကညာထဲမှ မွေးဘွားခဲ့တယ်။ သားယောက်ျား ဖြစ်မယ်လို့ ဟောတဲ့အတိုင်း ယောက်ျားအဖြစ်နဲ့ မွေးခဲ့တယ်။ ဘုရားသခင်ဟာ ရှေ့လာမဲ့အရာများကို ကြိုတင် သိမြင်ရုံမက ထိန်းချုပ်နိုင်တယ်။ ခရစ်တော်ဟာ မိမိ လူတို့ကို အပြစ်မှ ကယ်နှုတ်မဲ့သူ ဖြစ်လို့ ယေရှုလို့ နာမည်မှည့်ခိုင်းတယ်။ ဒါကြောင့် ခလေးတို့ကို အပြစ်မှ ကယ်ခဲ့ပြီ။ အဲဒါကို ယုံကြည်ရမယ်။ နောက်ပြီး ဧမာနွေလလို့လဲမှည့်ခိုင်းခဲ့တယ်။ ဧမာနွေလရဲ့ အဓိပ္ပါယ်ကတော့၊ ငါတို့နဲ့အတူ ရှိတဲ့ ဘုရားဖြစ်တယ်။ ဒါကြောင့် ခရစ်တော်ဟာ ခလေးတို့နဲ့အတူ ရှိရမယ်။ အကယ်၍ ခရစ်တော်ဟာ ခလေးတို့နဲ့အတူ မရှိရင် ခရစ်တော်လာရကျိုး မနပ်ဘူး။ ခရစ္စမတ်ပွဲ ကျင်းပရတာလဲ အဓိပ္ပါယ်မရှိဘူး။

.

သင်ခန်းစာ (၄၈)

ကိုယ့်အမြင် နဲ့သွားရင်

​Memory verse:Prov 14:12
There is a way that appears to be right,in the end it leads to death.
Prov 12:15way of fools seems right to them,but the wise listen to advice.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Gen 49:5-7; Pro 3:5-7; 26:5,12; Isa 5:21; Gen 34 read all

ယာကုပ်ရဲ့ သမီးဒိနာရဲ့အကြောင်း ပြောပြပါ။ လူဟာကိုယ့်အမြင် မှန်တယ်လို့ ယူဆတတ်ကြတယ်။ ဒါပေမဲ့ ကိုယ့်အမြင်ဟာ နောက်ဆုံးကျတော့ သေခြင်းသို့ ရောက်စေတတ်တယ်။ အရက်မူးတဲ့သူလဲ သူ့အမြင်မှာ ကား မောင်းနိုင်တယ်လို့ ထင်ပေမဲ့ တခြားကား တွေကို တိုက်ပစ်လိုက်တတ်တယ်။ လူတွေကိုလဲ သေစေတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားတဲ့လူလဲ သူ့အမြင်မှာမှန်ပေမယ်လို့ မှားနေတယ်။ လူကြီး မိဘတွေကပြောရင်လဲ မကြိုက်တတ်ဘူး။ အသက် ငယ်ရွယ်တုန်း ခလေးရရင် ကျောင်းတက်တာလဲ မပြီးနိုင်တော့ဘူး။ မိဘညီအစ်ကို မောင်နှမ တွေလဲ ဒုက္ခပေးသလို ဖြစ်တတ်တယ်။ ဒါကြောင့် အသက်အရွယ် ပြည့်စုံတဲ့အထိ စောင့်ဘို့ လိုတယ်။ ယာကုပ်ရဲ့သမီး ဒိနာလဲ ရှေခင်မြို့ရောက်တဲ့အခါ ရှေခင်မင်းသားက စွဲလန်းပြီး သူ့ကို အနိုင်ကျင့်ခံခဲ့ရတယ်။ ဒိနာဟာ သူ့အမြင်မှာ အန္တရာယ် မရှိဘူးလို့ မြင်လို့တယောက်ထဲ ရှောက်သွားတဲ့အခါ အနိုင်ကျင့်ခြင်း ခံခဲ့ရတယ်။ သူ့ကြောင့် သူ့အကို ရှုမောင်နဲ့လေဝိတို့က ရှေခင်မြို့သား ယောက်ျားအားလုံးကို သတ်လိုက်ကြတယ်။ ဒိနာကြောင့် သူ့အကို တွေဟာ လူသတ်သမားတွေ ဖြစ်ရကြတယ်။ ရှေခင်မြို့သူတွေလဲ ယောက်ျားဆုံးရှုံးရကြတယ်။ ခလေး တွေလဲ ဖခင်မဲ့ ဖြစ်သွားကြတယ်။ သူ့အဖေ ယာကုပ်လဲ ကြောက်ပြီး ဝမ်းနည်းတယ်။ ဖခင်ယာကုပ်က ရှုမောင်နဲ့လေဝိကို ကောင်းကြီးမပေးဘဲ ကျိန်ခဲ့တယ်။ ဒါကြောင့်ခလေးတို့လဲ ကိုယ်အမြင်နဲ့ မဟုတ်ဘဲ၊ ဘုရားအမြင်၊ မိဘအမြင် နဲ့ သွားတယ်ဆိုရင် သေခြင်း၊ ဒုက္ခဆင်းရဲခြင်းမှ လွတ်မြောက်မှာ ဖြစ်တယ်။ စဉ်းစားပါ။ ငါ့ကြောင့်သူတပါးဒုက္ခ ရောက်ပါသလား။ ဘုရားအမြင်နဲ့ ငါလုပ်သလား။

.

သင်ခန်းစာ (၄၉)

ကာလများ

Memory verse:Eph 5:16-17
making the most of every opportunity,the days are evil.17Therefore do not be foolish, but understand what the Lord’s will is.

ဆရာ၊ ဆရာမများ ဖတ်ရန်-ွGen 5; Ps 90:10; Isa 65:20; Col 1:9; 4:5; Rom 12:1-2; 1 Thes 4:3-6; Eph 6:13

ဘုရားသခင်က နှစ်၊ လ၊ ရက်နဲ့ကာလ များကို ဖန်ဆင်းခဲ့တယ်။ ဘာကြောင့်ပေါလုက ယခုနေ့ရက်ကာလများဟာ ဆိုးညစ်တယ်လို့ပြောသလဲ။ ဆာ ၉၀:၁၀ မှာ ရေးထားတဲ့အတိုင်း လူ့သက်တမ်းဟာ အရမ်းတိုတောင်းသည် သာမက၊ လူမှုဒုက္ခ ပြသနာ များလွန်းလို့ ဖြစ်တယ်။ လူ့အသက်ဟာ အလွန်တိုတောင်းတဲ့အတွက် အသက်တာ မကုန်ခင်မှာ ထာဝရအသက် ရရှိဘို့ လိုတယ်။ ထာဝရအသက် မရရှိရင် ထာဝရငရဲ သွားရမှာ ဖြစ်တယ်။ စာတန် ကလဲ လူတွေထာဝရ အသက် ရသွားမှာ စိုးရိမ်လို့ လောက ပစ္စည်းများ ဖြစ်တဲ့ video games, phone, TV တွေနဲ့ အချိန်ကုန်ဘို့၊ ထာဝရ အသက်ကို မသိ၊ မယူဘို့ အစွမ်းကုန် စွဲဆောင်နေတယ်။ ဒါကြောင့် စာတန် ရဲ့ ပစ္စည်းတွေကို မစွဲလမ်းဘဲ၊ ဘုရားပေးတဲ့ ထာဝရ အသက်ကို ရွေးချယ်ဘို့ လိုတယ်။

.

သင်ခန်းစာ (၅၀)

နားထောင်ခြင်းငှါ လျှင်မြန်စေ

Memory verse:James 1:19
My dear brothers and sisters,note of this: Everyone should be quick to listen, slow to speakand slow to become angry.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Prov 10:19; 14:17; 16:13; 17:28; Eccl 7:9; Matt 12:36,37; Eph 4:29; 5:4-6; Col 3:7; James 1:26

ရောဗောင်အကြောင်း ပြောပြပါ။ ၂ ချုပ် ၁၀-၁၁
ယခုခေတ် ခလေးတွေဟာ နားထောင်ခြင်းမှာ အားနည်းကြတယ်။ နားထောင်ခြင်းဟာ အရမ်းအရေးကြီးတယ်။ နားထောင်ခြင်း ဆိုတာ၊ ကျမ်းစာ သင်ပေးတဲ့အခါ နားလည်အောင် နားထောင်ခြင်း၊ ခိုင်းတဲ့အရာတွေကို ပြုလုပ်ခြင်း ဖြစ်တယ်။ ပြောတဲ့လူကလဲ မမြန်၊ တိုးတိုး မပြောဘဲ၊ နားလည်နိုင်အောင် ရှင်းရှင်းလင်းလင်းပြောဘို့ လိုသလို၊ နားထောင် တဲ့လူကလဲ နားလည်အောင် ကောင်းကောင်အာရုံစိုက် နားထောင်ဘို့ လိုတယ်။ သင်ခန်းစာ သင်ပေးနေတဲ့အချိန်မှာ စကား မပြောရဘူး။ စိတ်ရှည်ရတယ်။ သင်တန်းတက်ပြီး ဘာမှ နားမလည်ရင် အကျိုးမရှိဘူး။ စကားပြောတဲ့အခါ ညစ်ပတ်တဲ့ စကားတွေလဲ မပြောရဘူး။ ဘုရားသားသမီး တွေဟာ အပြောအဆို သန့်ရှင်းရတယ်။ ကျိန်ဆဲတဲ့ စကားတွေလဲ မသုံးရဘူူး။

.

သင်ခန်းစာ (၅၁)

ဝိညာဉ်ပိုင်း နေ့နဲ့ည​

Memory verse:Rom 13:12-13
The night is nearly over; the day is almost here.let us put aside the deeds of darknessput on the armor of light. 13Let us behave decently, as in the daytime, not in carousing and drunkenness,in sexual immorality and debauchery, not in dissension and jealousy.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Eph 5:15-18; 6:11, 13; 1 Thes 5:8; Heb 10:25; 2 Pet 3:11-13; 1 John 2:8

ညအချိန် ကုန်လုနီးပြီ။
ဝိညာဉ်ပိုင်းမှာ ဆိုရင် ယခုအချိန်ဟာ ညအချိန် ဖြစ်တယ်။ မကြာမှီ မိုးလင်းတော့မယ်။ ဒါကြောင့် မှောင်မိုက်အကျင့်တွေ ပယ်ဘို့လိုတယ်။ ခရစ်တော်ဟာ အလင်း ဖြစ်တယ် (ယော ၉:၅)။ ခရစ်တော် ကြွလာရင် မိုးလင်းတော့မယ်။ မှောင်မိုက်အကျင့်ဆိုတာ ဘာလဲ။ အရက်သောက်ခြင်းမှ စပြီး မကောင်းတဲ့အရာ မှန်သမျှ၊ ဆေးလိပ်သောက်ခြင်း စသည်အားဖြင့် ဖြစ်တယ်။ လူကြီး ခလေးရော၊ ကျမ်းစာ မဖတ်၊ ဆုမတောင်း၊ သက်သေမခံ၊ ကျေးဇူးတော် မချီးမွမ်းတာတွေလဲ မှောင်မိုက်အကျင့်တွေ ဖြစ်တယ်။ ဒီအရာတွေဖယ်ပြီး ခရစ်တော် ပေးထားတဲ့ လက်နက်စုံကို ဝတ်ဘို့လိုတယ်။ ထိုလက်နက်စုံဝတ်နိုင်ရန် ခရစ်တော် ရရမယ်။ ခရစ်တော်ကို မရဘဲ မိုးလင်းသွားရင် နောက်ကျသွားမယ်။ ခရစ်တော်ကို ရပြီးရင် မှောင်မိုက်အကျင့်တွေ တခုပြီးတခု မလုပ်ရတော့ဘူး။ ခရစ်တော် ပေးထားတဲ့အရာတွေကို ဝတ်ဆင်မှဘဲ အဲဒီအကျင့်ဆိုးတွေမလုပ်ဘဲ နေနိုင်မှာ ဖြစ်တယ်။

ခရစ်တော် ကြွလာတော့မှာ ဖြစ်တဲ့အတွက် ခရစ်တော် မရသေးတဲ့လူတွေကို ကယ်တင်ခြင်း အကြောင်း ပြောပြဘို့ လိုတယ်။ ၄ ဓမ္မရာ ၄ -၇ ထဲ၌ ဖေါ်ပြတဲ့ နူနာလေးယောက်က သူတို့ မြင်တွေ့ရတဲ့အကြောင်း တွေ၊ ခံစားရတဲ့ ဆုတွေကို သတင်း မကြားမပြောဘဲနဲ့ မနေနိုင်ကြဘူး။ သူတို့ ဆုံးဖြတ်ချက် ချကြတယ်။ မြို့ထဲမှာလဲ အစာခေါင်းပါးလို့ သေမယ်။ မြို့ပြင်မှာလဲ သေမယ်ဆိုတော့ ရန်သူစခန်းကို သွားကြတယ်။ ရန်သူစခန်းမှာ ဘယ်သူမှ မရှိဘူး။ အဲဒါနဲ့ ရန်သူတွေမရှိတော့ကြောင်းကို သတင်းပေးတယ်။ သူတို့ကိုယ်တိုင် ရှင်ဘုရားထံ မပြောနိုင်ပေမဲ့ တံခါးစောင့်ကို ပြောတဲ့အခါ အဲဒီသတင်းက ရှင်ဘုရင်ထံ ရောက်သွားတယ်။ ပြည်သား အားလုံးလဲ နူနာလေးယောက်ကြောင့် သတင်းကောင်း ကြားပြီး အစားအစာတွေ ရယူကြတယ်။ အဲသလိုဘဲ ငါတို့လဲ သူတို့ကဲ့သို့ ဆုံးဖြတ်ချက် ချပြီးတော့ သတင်းကောင်းကို ရှိတဲ့နေရာတိုင်း ပြောပြဘို့ လိုတယ်။ မပြောပြရင် ခရစ်တော် လာတာနဲ့ကြုံတဲ့အခါ အရှက်တကွဲ အကျိုးနဲ ဖြစ်ရလိမ့်မယ်။

.

သင်ခန်းစာ (၅၂)

ခရစ်တော် ကြွလာချိန်နီးပြီ

​Memory verse:1 Thes 4:14-18
14For we believe that Jesus died and rose again,so we believe that God will bring with Jesus those who have fallen asleep in him.15According to the Lord’s word, we tell you that we who are still alive, who are left until the coming of the Lord, will certainly not precede those whofallen asleep.16 For the Lord himself will come down from heaven,with a loud command, with the voicethe archangelwith the trumpet call of God,the dead in Christ will rise first.that, we who are still alive and are leftbe caught up toge-ther with them in the cloudsmeet the Lord in the air. And so we will be with the Lord.encourage one anotherthese words.
ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-​Mt 24:1-44; 1 Cor 15:51-54; 1 The 5:2; Rev 22:20′
Story:Enoch အကြောင်း ပြောပြပါ။

က ၅:၂၁-၂၄၊ မှာ ဧနောက်ဟာ အရှင်လတ်လတ် ကောင်းကင်သို့ ချီဆောင်ခြင်း ခံခဲ့ရတယ်။ ၄ ဓမ္မရာ ၂:၁-၈၊ မှာလဲ ဧလိယဟာ လေဗွေနဲ့ ချီဆောင်ခြင်း ခံရတယ်။ ခရစ်တော်ကိုယ်တိုင်လည်း တပည့်တော်များနဲ့ စကား ပြောရင်း ကောင်းကင် တက်သွားတယ် (တ ၁:၉-၁၁)။ ခရစ်တော် လာတဲ့အခါမှာလည်း သူ့ကို ကယ်တင်ရှင်အဖြစ် ယုံကြည် လက်ခံတဲ့သူတိုင်း ချီဆောင်သွားမှာ ဖြစ်တယ်။ ခရစ်တော်ကို မရရင်တော့ ကျန်ရစ်ခဲ့မယ်။ ဒါကြောင့်မယုံမရှိနဲ့။ ခရစ်တော် မလာခင် မြန်မြန်စံစံ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည် လက်ခံဘို့ လိုတယ်။ လက်ခံကြမလား။ ချီဆောင်ခြင်း မှာမပါတဲ့ သူတွေကတော့ ဘေးဒဏ်ကြီး ကာလမှာ ဒုက္ခ ခံရမှာ ဖြစ်တယ်။

.

သင်ခန်းစာ (၅၃)

အမေရိကန်နိုင်ငံ၏ ရုံးပိတ်ရက်

​Memory verses: Philippian 3:13Forgetting what is behind and straining toward what is ahead,

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Lk 9:57-62; John 6:66; Gen 19:1-26

နှစ်သစ်တိုင်းမှာ ဘာမဆို အသစ်နဲ့စရတယ်။ ရည်ရွယ်ချက်အသစ် ပန်းတိုင်တွေအသစ် ထားတာကောင်းတယ်။ နှစ်ဟောင်းမှာ မှားခဲ့တာတွေ၊ မလုပ်မိခဲ့တာတွေ၊ မစဉ်းစားမိခဲ့တာတွေကို မေ့ပစ်ပြီး တော့၊ နှစ်သစ်မှာ ဘယ်လိုအသက် ရှင်မလဲ၊ ဘယ်လိုနဲ့ဘုရား ဘုန်းထင်ရှားစေမလဲ ဆိုတာတွေ စဉ်းစားသင့်တယ်။ ခလေးတို့ နှစ်ဟောင်းမှာ ဘာတွေလုပ်ခဲ့သလဲ၊ ဘယ်လိုအသက် ရှင်ခဲ့သလဲဆိုတာမင်းတို့ အသိဆုံးဘဲ။ နှစ်သစ်မှာတော့ နှစ်ဟောင်းကဟာတွေ မစဉ်းစားတော့ဘဲ၊ မေ့ပစ်လိုက်ကြပါ။ ရှေ့သို့ တိုးပြီး ချီတက်ဘို့ လိုအပ်တယ်။ ဥပမာအဖြစ်၊ နောက်လှည့်ကြည့်တဲ့ လောတမယား၊ ခရစ်တော်ထံမှာလာပေမဲ့ ပြန်လှည့်သွားတဲ့သူဌေးသား လေး (လု ၁၈:၁၈-၂၃)။ ထွန်တုန်းကိုင်ပြီး နောက်လှည့်လေ့မရှိကြောင်း တွေပြောပါ။ ခလေး တွေရဲ့ အသက်တာမှာ လုပ်ချင်စိတ်ရှိအောင်၊ ရှေ့လာမဲ့ အသက်တာမှာ ဘုရားရဲ့အလိုတော် အတိုင်း လိုက်နိုင်အောင်ကို ဆရာ၊ ဆရာမများက အရေးတကြီး ပြောပြဘို့ လိုတယ်။ ခလေးများထံမှ တစ်နှစ်လုံး ပြုလုပ်မဲ့ အရာတွေ၊ ရည်ရွယ်တာတွေကို ဆုတောင်း ပေးနိုင်ပါတယ်။

.

သင်ခန်းစာ (၅၄)

ချစ်သူများနေ့

​Memory verses: 1 Jn 4:9-10is how God showed his love among us: He sent his one and only Sonthe world that we might live through him.10This is love: not that we loved God, but that he loved ussent his Son as an atoning sacrifice for our sins.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Jn 3:16; Isa 49:15; Rom 5:8; 8:32

နှစ်တိုင်း ဖေဖဝါရီလ ၁၄ ရက်နေ့ဆိုရင် ချစ်သူများနေ့ သတ်မှတ်ပြီးတော့ ချစ်သူတွေ ချိန်းတွေ့ကြတယ်။ အမှတ်တရ လုပ်ကြတယ်။ မမေ့နိုင်တဲ့နေ့၊ အဲသလိုဘဲ ယုံကြည်သူတွေ ခရစ်တော်ကို လက်ခံပြီး တဲ့သူတွေဟာ၊ ခရစ်တော်ရဲ့ ချစ်သူ ဖြစ်တယ်။ ဘယ်လိုချစ်သူ ဖြစ်တာလဲ။ ဘုရားက ငါတို့ကို ဘယ်လောက်ချစ်သလဲ။ သေနေတဲ့လူကို အသက် ရှင်စေတယ်။ ငရဲသွားမဲ့သူ ဖြစ်ပေမဲ့ ဘုရားက သိပ်ချစ်တဲ့အတွက် သူ့အသက် ပေးတယ်။ အဓိက ဘုရားရဲ့ချစ်ခြင်း မေတ္တာကို ခလေးများ နားလည်အောင် ပြောပြပါ။ လူ့ရဲ့မေတ္တာ၊ ချစ်သူများရဲ့မေတ္တာ ဥပမာတွေနဲ့ရှင်းပြပါ။ ဝိညာဉ်ပိုင်း ချစ်သူများနေ့ ကတော့၊ ခရစ်တော်ကို လက်ခံတဲ့နေ့ဟာ ချစ်သူရတဲ့နေ့ ဖြစ်ပြီး ခရစ်တော်ကို အမြဲ ဂုဏ်ပြုချီးမွမ်းသင့်တယ်။ ခရစ်တော်က ငါတို့ကို အရမ်းချစ်တဲ့အတွက် သူ့အသက်ကို ငါတို့အတွက် ပေးခဲ့တယ်။ ငါတို့လဲ ခရစ်တော်ကို ချစ်တယ်ဆိုရင် အချိန် ပေးနိုင်မယ်၊ ဘာမဆို ပေးနိုင်မယ်။ လူ့မေတ္တာကတော့ “သောကြောင့်” အချစ် ဖြစ်တယ်။ လှသောကြောင့်၊ ချမ်းသာ သောကြောင့်၊ တော် သောကြောင့် ချစ်တယ်။ မလှတော့ရင်၊ ဆင်းရဲ သွားရင်၊ မတော် တော့ရင်မချစ်တော့ဘူး။ သောကြောင့် အချစ်က ခဏတာအတွက်ဘဲ ခံတယ်။ ဘုရားရဲ့အချစ်ကတော့ “သော်လည်း” အချစ် ဖြစ်တယ်။ ရန်သူ ဖြစ်သော်လည်း၊ သူ့ကို မချစ်သော်လည်း၊ ချစ်စရာ မကောင်းသော်လည်း လူသားများကို ချစ်တယ်။ ချစ်သူများနေ့ ကတော့ ချစ်သူနှစ်ယောက် မခွဲစေချင်လို့ လက်ထပ်ပေးလိုက် သလိုဘဲ၊ ဘုရားက ငါတို့ကို အရမ်းချစ်လို့ ငရဲမသွားစေချင်ပါ။ ဒါကြောင့်သားတော်ကို ငါတို့အတွက် အသေခံ စေတယ်။ မိဘတွေကတော့ နားမထောင်ဆိုးသွမ်းတဲ့ သားသမီး တွေကို မချစ်ဘဲ နေနိုင်မယ်။ ဒါပေမဲ့ ဘုရားသခင်ကတော့ သူ့ကို နားမထောင်တဲ့ လူသားတွေကို အမြဲချစ်တယ်။ ခရစ်တော်ဟာ လူတိုင်းရဲ့ Valentine ပါဘဲ။

.

သင်ခန်းစာ (၅၅)

ရှင်ဘုရင်အဖြစ်ပေးအပ်သောနေ့

​Memory verses: Matt 21:5 “Say to Daughter Zion,’See, your king comes to you, gentle and riding on a donkey,on a colt, the foal of a donkey.'”

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Mt 21:1-11; Mk 11:1-11; Lk 19:28-44; Zech 2:10; 9:9; Jn 12:15; Joh 1:1-18

ဆရာ၊ ဆရာမများ ကြို မဖတ်ရင် ခလေး တွေကို သင်ပေးစရာ ရှိမယ် မဟုတ်ပါ။ ကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်များကို ရှင်းပြပါ။ ပရောဖက် ပြုချက်တွေ ပြည့်စုံကြောင်းကို လဲပြောပြပါ။ ဥပမာ၊ ခရစ်တော် ဤလောက ကြွလာရခြင်း ဟာ ဣသရေလ လူမျိုးများအတွက် ရှင်ဘုရင် ဖြစ်ဘို့ ဖြစ်ပေမဲ့၊ ခေါင်းဆောင်များက လက်မခံခဲ့ကြပါ။ လူထုကတော့ ခရစ်တော်ကို ရှင်ဘုရင်အဖြစ် လက်ခံခဲ့ကြတယ်။ မြည်းကလေးစီးပြီး ကြွလာတာကို လူများက မိမိတို့ ရဲ့ အဝတ်များကို ခင်းပေးကြတယ်။ သစ်ရွက်များကိုလဲ ချိုးပြီး ခင်းပေးကြတယ်။ ဒါဝိဒ်ရဲ့သားတော်အား ဟောရှဏ္ဏ ဖြစ်စေသတည်း၊ ထာဝရ ဘုရားရဲ့ အခွင့်နဲ့ ကြွလာတော်မူသော သူသည် မင်္လာရှိစေသတည်း၊ ကောင်းကင် ဘဝက်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်း လို့အော်ကြတယ်။ နောက်တပတ် ရောက်တဲ့အခါ သူ့ကို လက်ဝါးကပ်တိုင်မှာ သတ်ဘို့ အော်ကြပြန်တယ်။ ခရစ်တော်ကို ကယ်တင်ရှင် အဖြစ်နဲ့သာ မဟုတ်၊ အရှင်သခင်၊ ဘုရင်အဖြစ် လက်ခံဘို့ လိုတယ်။ ခလေးများ နားလည်အောင်၊ ယခုလက်ရှိ နိုင်ငံခေါင်းဆောင် တွေနဲ့ သူတို့ရဲ့ အာဏာရှိပုံတွေ ပြောပြပါ။ ရှေးဘုရင်တွေရဲ့ အာဏာရှိပုံနဲ့ ဘယ်လောက်ကြောက်စရာ ကောင်းကြောင်း တွေကို ပြောပြပါ။ လောက လူသားများထဲ၌၊ မန်နေဂျာ၊ ခေါင်းဆောင် တွေကိုတောင် ကြောက်ကြရင် ကောင်းကင်နဲ့ငရဲပိုင်ရှင်၊ ငရဲထဲသို့ ချပြစ်နိုင်သော ဘုရားသခင်ကို ပိုပြီး ကြောက်ရွံ့ရိုသေသင့်ကြောင်း ပြောပြပါ။ ခရစ်တော် ဟာ ကယ်တင်ရှင်သာ မဟုတ်ဘဲ၊ ရှင်ဘုရင်လဲ ဖြစ်ကြောင်း၊ သူ့ကို ကြောက်ရွံ့ရိုသေသင့်ကြောင်း ပြောပြပါ။

.

သင်ခန်းစာ (၅၆)

ခရစ်တော် အသေခံသောနေ့

Memory verses Rom 6:6For we know that our old self was crucified with himthat the body ruled by sinbe done away with,we should no longer be slaves to sin

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-ွGal 2:20; 5:24; 6:14; Rom 6:1-23;Eph 4:22; Col 3:9

ကျမ်းပိုဒ်ဆိုလိုရင်းကို ရှင်းပြပါ။ ဣသရေလ လူများက ရိုးရိုးလူဆိုးများကို ခဲနဲ့ ပေါက်သတ်တတ်ကြတယ်။ ကျိန်ခြင်း ခံတဲ့သူ၊ အလွန် ဆိုးသွမ်းတဲ့လူဆိုးကြီး တွေကိုကျတော့ လက်ဝါးကပ်တိုင်မှာ သတ်တတ်ကြတယ်။ ဗာရဗ္ဗဟာလူဆိုး၊ လက်ဝါးကပ်တိုင်၌ ရိုက်သတ်သင့်တဲ လူဆိုး ဖြစ်တယ်။ ဣသရေလ လူများရဲ့ထုံးစံမှာ ပသခါပွဲနေ့မှာ သတ်ရမဲ့လူဆိုးတယောက်ကို မသတ်ဘဲ လွှတ်လေ့ရှိတယ်။ ပိလတ်မင်းက ပသခါပွဲနေ့မှာ ခရစ်တော်ကို လွှတ်ချင်ပေမဲ့၊ လူအုပ်ကြီးက ခရစ်တော်ကိုယ်စား ဗာရဗ္ဗကို လွှတ်စေချင် တယ်။ ဗာရဗ္ဗဟာ ကိုယ်ခန္ဓာသေဘို့ ဖြစ်ပေမဲ့ သူ့ကိုယ်စား ခရစ်တော်က အသေခံလိုက်တဲ့အတွက် သေခြင်းကနေ လွတ်မြောက်ခဲ့တယ်။ မင်းတို့ ငါတို့ ကတော့ ခရစ်တော် အသေခံ ခဲ့တဲ့အတွက် အဲဒီအရာကို ယုံကြည်ရင်၊ ဝိညာဉ်သေရမဲ့ အရာကနေ လွတ်မြောက်ခြင်းရရှိနိုင်တယ်။ ချီဆောင်ခြင်းအထိ အသက်ရှင်ရင် ကိုယ်ခန္ဓာသေခြင်းမှလဲ လွတ်မြောက်နိုင်တယ်။ ဒါကြောင့် ခရစ်တော် သေခြင်းဟာ ငါတို့အတွက် ကောင်းတယ်။ အကြိုးရှိတယ်။

.

သင်ခန်းစာ (၅၇)

ရှင်ပြန်ထမြောက်သော နေ့

Memory verses John 11:25-26 Jesus said to her,”I amresurrection and the life.one who believesme will live, even though they die;26and whoever lives by believingme will never die.you believe this?”

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Jn 6:35, 52; 14:6; 11:38-44; Act 3:15; 1 Cor 15:53-57

ဒီနိုင်ငံမှာ ခရစ်တော် ရဲ့ရှင်ပြန်ထမြောက် တဲ့နေ့ကို Easter Sunday ဆိုပြီး ခေါ်ကြတယ်။ ကြက်ဥတွေ Bunny ရုပ်တွေနဲ့ ပန်းမျိုးစုံ၊ ချိုချဉ်မျိုးစုံ၊ ချောကလက်မျိုးစုံ၊ ဂါဝန်အသစ်လေးတွေ ဝတ်ပြီး ကြိုဆိုကြတယ်။ အဲဒီအရာတွေဟာ ကျမ်းစာထဲမှာ မရှိပါ။ စီးပွားရေးသမားတွေက အကွက်မြင်လို့ထွင်ကြတယ်။ ငါတို့ ကတော့ ကျမ်းစာအတိုင်း လုပ်ဘို့ပြောပါ။ ဆရာမများကိုယ်တိုင် ရှင်ပြန်ထမြောက် ခြင်းကို သဘော ပေါက်အောင် လေ့လာပြီး တော့ သင်သင့်တယ်။ ပေါလုနဲ့ ပေတရုတို့ကလည်း ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း မရှိရင်ငါတို့ ယုံကြည်တာ အလကားဘဲ လို့ပြောတယ်။ ကယ်တင်ခြင်း သင်ခန်းစာထဲက သင်ခန်းစာ ၁၇ ထဲကလည်း သင်ပေးလို့ရတယ်။ Story John 11:38-44; Mat 28:1-20; Lazarus and Jesus resurrection.

သတိထားရန်၊
ခလေး တွေကို ပြောပြတဲ့အခါ ပုံပြင် မဟုတ်ကြောင်း ပြောပါ။ ကျမ်းစာထဲမှာ တကယ် အဖြစ်အပျက် ဖြစ်ကြောင်း ပြောပါ။ ငါတို့လဲ ခရစ်တော်ကို ဘာကြောင့် ယုံသလဲဆိုတော့၊ သေခြင်းကို အောင်မြင်တယ်။ ခရစ်တော်ကို ယုံကြည်သူဟာ ခရစ်တော်နဲ့အတူ ထမြောက်ပြီးကြောင်း ပြောပါ။ ရှင်ပြန်ထမြောက်သော နေ့ဟာ ခရစ်တော်တပါးတည်း ထမြောက်ခြင်း မဟုတ်ဘဲ ငါတို့ ထမြောက်သောနေ့ ဖြစ်ကြောင်း ပြောပြပါ။

.

သင်ခန်းစာ (၅၈)

မိခင်များနေ့

​Mother’s day

Memory verses Deut 5:16 “Honor your fatherand your mother,theGod has commanded you, so that you may live longthat it may go well with you in the land theGod is giving you.

ဆရာ၊ ဆရာမများ ကြိုဖတ်ရန် – Ex 20:12; Deut 5:16; Num 20:12; 25:11; 1 Sam 2:29; Matt 19:19

USA နိုင်ငံမှာ မိခင်များနေ့ကို Anna Jarvis က အရင်ဦးဆုံး စခဲ့တယ်။ သူ့အမေ ၁၉၀၅ ခုနှစ်မှာ ဆုံးသွားတယ်။ ၁၉၀၇ မှာ သူ့အမေအတွက် အောက်မေ့ဘွယ်နေ့လုပ်ခဲ့တယ်။ ၁၉၀၈ ခုနှစ်မှာ သုံးနှစ်မြောက်လုပ်ပြန်တယ်။ ၁၉၁၄ မေ ဒုတိယ တနင်္နွေနေ့မှာ သမ္မတ Wilson Woodrow က မိခင်များနေ့ကို တရားဝင် အသိအမှတ်ပြု ကျေညာခဲ့တယ်။ ဘုရားသခင်က မိဘမရိုသေတဲ့သူကို မုန်းတယ်၊ သေဒဏ်တောင်ပေးခိုင်းတယ်။ ဒါကြောင့်ခလေးတို့၊ မိဘကို စကား နားထောင်ခြင်းဖြင့် ရိုသေရမယ်။ ခိုင်းတာလုပ်ရမယ်။ မိဘကို ချစ်ရမယ်။ သင်ခန်းစာ ၃၇ မှာလည်း ပြန်ကြည့်ပါ။ ဘယ်သူမဆို ရိုသေတာ၊ ချီးမွမ်းတာ ကြိုက်ကြတယ်။ မိဘကိုလည်း ရိုသေချီးမွမ်းရမယ်။ ဘုရားကို ရိုသေကြောက်ရွံ့ရင် မိဘကိုလည်း ရိုသေရမယ်။

.

သင်ခန်းစာ (၅၉)

ဖခင်များနေ့

Father’s day

Memory verses Mt 15:4 For God said, ‘Honor your father and mother”Anyone who curses their father or mother must be put to death.’

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Ex 20:12; Deut 5:16; Prov 10:1; 13:1; 15:20; 23:22 Matt 19:19; Eph 6:2

USA မှာ ဖခင်များများနေ့ကို ၁၉၁၀ ခုနှစ်မှာ Washington State, Spoken မြို့မှာ ပဌမ ဦးဆုံး ကျင်းပခဲ့တယ်။ Miss Sonora Smart Dodd က မုတ်ဆိုးဖို ဖြစ်တဲ့ဖခင် William Jackson Smart ကို ဂုဏ်ပြုခြင်းအနေနဲ့ စတင်ခဲ့တယ်။ သူမရဲ့ ဖခင်ဟာ ခလေး ၆ ယောက်ကို ကြည့်ရှုကြွေးမွေး စောင့်ရှောက်ခဲ့တယ်။ နောက်ဆုံးမှာ သမ္မတနစ်ဆင်က နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် ၁၉ရ၂ ခုနှစ်မှာ အသိအမှတ်ပြု လက်မှတ်ထိုးခဲ့တယ်။ လူတိုင်းကို အဖေလို့ ခေါ်လို့မရဘူး။ လောကမှာ ဖခင်တယောက်ဘဲ ရှိကြတယ်။ ဒါကြောင့်၊ ဖခင်ကို ချစ်ကြောက် ရိုသေချီးမြှောက်သင့်တယ်။ ဖခင်များ နေ့မှာသာ ဂုဏ်ပြုခြင်း၊ လက်ဆောင်ပေးခြင်း မဟုတ်ဘဲ၊ အသက် ရှင်နေသ၍ ကာလပတ်လုံး တန်ဘိုးထား၊ လေးစားရိုသေ ချစ်မြတ်နိုးခြင်း လုပ်သင့်တယ်။ ဖခင်များက သားသမီး များထံက အလိုချင်ဆုံးသောအရာဟာ စကား နားထောင်ခြင်း ဖြစ်တယ်။ စကား နားမထောင်ဘဲ တန်ဘိုးရှိတဲ့ လက်ဆောင်ပေးရင်လည်း ဖခင်များ စိတ်ကျေနပ်မှာ မဟုတ်ဘူး။ မိဘစကား နားထောင်သူဟာ ကောင်းကြီး မင်္လာရပြီး အသက် ရှည်မယ်။ လုပ်ကိုင်လေရာရာမှာ အောင်မြင်မယ်။ သု ၃၀:၁၇ အဘကို ကျီစားသောသူ၊ အမိစကားကို နားမထောင်၊ မထီမဲ့မြင် ပြုသောသူ၏ မျက်စိကို ချိုင့်၌ ကျင်လည်သော ကျီးအတို့သည် နှိုက်ကြလိမ့်မည်။ လင်းတသူငယ်တို့ သည်လည်း စားကြလိ့မ်မည်။

.

သင်ခန်းစာ (၆၀)

ဟာလဝင်နေ့

Halloween’s day

Memory verse: 3 Jn 1:11

ဆရာ၊ ဆရာမများ ကြိုဖတ်ရန်-Forbidden Practice Dt 18:10-13; Num 23:23; Lev 19:26
Story-Manasseh King of Judah 2 King 21:1-10, 17-18; 2 Chro 33:1-20; 2 King 19:28; Isa 37:29

ကျမ်းပိုဒ်ဆိုလိုရင်းကို ရှင်းပြပါ။ ခလေးတို့ ကောင်းသော အကျင့်ကို ကောင်းတယ်လို့သိရင် လုပ်ရမယ်။ ကောင်းသောအရာကို လုပ်သော သူဟာ ဘုရားသခင်နဲ့ ဆိုင်တယ်။ မကောင်းတဲ့အရာ လုပ်တဲ့လူတွေဟာ ဘုရားသခင်ကို မသိမမြင်ဘူး။ ဒါကြောင့်ခလေးတို့၊ အောက်တိုဘာလကုန်တိုင်း ဟာလဝင်ပွဲ​ ရှိတယ်နော်။ အက်ျီဝတ်ပြီးတော့ ချိုချင် တွေလိုက်တောင်းတာ ကောင်းသလား၊ မကောင်းဘူး။ ဘုရား သားသမီး တွေလုပ်ရမဲ့ အလုပ်ဟုတ်သလား၊ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ တစ္ဆေသူရဲ၊ နတ်ဆိုး၊ စာတန် ချီးမြှောက်ကိုးကွယ်ပွဲ ဖြစ်တယ်။ ဘုရားနဲ့ စာတန်အကြား ဘယ်သူ့ကို ပိုကြောက်ရမလဲ။ ဘုရားကို ကြောက်တယ်ဆိုရင် အဲဒီလိုပွဲမှာမပါရဘူး။ ဘုရား သခင်က ရွံရှာတယ်။ ဣသရေလ လူတွေကို ဘုရားက၊ သင်တို့တွင် မိမိသားသမီးကို မီးဖြင့် ပူဇော်သောသူ၊ ဖြစ်လတ္တံ့သော အမှုကို ကိုယ့်ဥာဏ်နှင့် ဟောပြောသောသူ၊ ကာလ ဗေဒင်ကို ကြည့်သောသူ၊ မကောင်းသော အတတ်ကို ပြုစုသောသူ၊ ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့် ပေါင်းသောသူ၊ ဝိဇ္ဇာ အတတ်ကို ပြုစုသောသူ၊ လူသေကို မေးမြန်းသောသူ တစုံတစ်ယောက်မျှမရှိရ။ ထိုသို့ ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာ တော်မူ၏။ (တရားဟော ၁၈:၁၀-၁၂) လို့ မှာထားပါတယ်။ ယုဒရှင်ဘုရင် မနာရှေ ဆိုရင် ငယ်ငယ်လေးနဲ့ ရှင်ဘုရင် ဖြစ်ခဲ့တယ်။ သူ့ဖခင်ကတော့ ဘုရားကြောက်ရွံ့အားကိုးတဲ့ ရှင်ဘုရင် ဟေဇကိမင်း ဖြစ်ပေမဲ့ သူ့အဖေ လုပ်သလိုမလုပ်၊ ဆန့်ကျင်ဖက် ဖြစ်တယ်။ ဘုရားတားမြစ်တဲ့ အရာမှန်သမျှ အားလုံးကို လုပ်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က၊ ငါ့ပြည်ကို ညစ်ညူး စေတယ်ဆိုပြီးတော့ အာရှုရိရှင်ဘုရင်ရဲ့ သိမ်းပိုက်ခြင်း ခံစေခဲ့တယ်။ အဲသည် ပြည်မှာ ဒုက္ခ အလွန် ရောက်တဲ့အခါ၊ ဘုရားသခင်ထံ စိတ်နှိမ့်ချပြီး ပြန်လာတယ်။ ဘုရားသခင်က သူ့အပြစ် တွေကိုခွင့်လွှတ်ပြီး ယုဒပြည်ကို ပြန်လာခွင့်ပေးတယ်။ ခလေးတို့လဲ ဘုရား မကြိုက်တာမှန်သမျှ လုပ်ရင် မနာရှေ ကဲ့သို့ ဒုက္ခ ရောက်မယ်။ ဒါကြောင့် ဟာလဝင်ပွဲမှာ ပါအုံးမလား။ အိမ်တွေသွားပြီး ချိုချင်တွေ တောင်းအုံးမလား။

 

[wb-pageview page=”bk-passion-for-kids”]