1

Book: Reason For Soul Winning

Home   >   Bookstore    >   Reasons for Soul Winning

reason-soul-winning

Image Credit: https://www.flickr.com

အဘယ်ကြောင့်ပျောက်ဆုံး
ဝိညာဉ် ဖမ်းဘို့လို
Reasons for Soul Winning
Copyright 2020-2024 © Moses R. Cung

အမှာစာ

သတင်းကောင်း နှစ်ခြင်း အသင်းတော် ဆရာ၊ ဆရာမများ၏ သုံးနှစ်တစ်ကြိမ် ကျင်းပသော ကျမ်းစာ သင်တန်းဒဂုံ (မြောက်)၌ ယခုနှစ်မတ်လ ၁ ရက်နေ့မှ ရ ရက်နေ့ထိ ကျင်းပဘို့ ရှိပါသည်။ ထိုသင်တန်း၌ ပါဝင်ဘို့ရန် ခေါ်ဘိတ်ကြသော်လည်း ပါဝင်ဘို့ရန် မရည်ရွယ်ခဲ့ပါ။ အကြောင်းမှာ ငွေရေးကျေးရေး အခက်အခဲကြောင့်ငှင်း၊ အသင်းတော် များ၏ လိုအပ်သော ငွေရေးကျေးရေး မကူညီနိင်သောကြောင့်၎င်း၊ ​ကျွန်တော် ပြောလိုသော အရာများသည် ဆရာ၊ ဆရာမများ၏ အလိုဆန္ဒနှင့် မကိုက်လျှင်ဟု စဉ်းစားမိသဖြင့် ပါဝင်ဘို့ရန် ဆန္ဒမရှိခဲ့ပါ။ သို့သော် ပြန်လည်စဉ်းစားသောအခါ ယခုတခေါက်မပါဝင်လျှင် အသင်းတော် တိုးတက်ရေးမှာ အားနည်းပြီး နောက်ကျမှာ စိုးရိမ် သောကြောင့် ပြန်လည်ပါဝင်ဘို့ရန် ဆုံးဖြတ်လိုက်ပါသည်။

ကျွန်ပ်တို့ အသင်းတော်သည် ကယ်တင်ခြင်းနှင့် သမ္မာတရားကို ဦးစားပေးသည့်အတိုင်း ဘုရားသခင်၏ အသုံးပြုခြင်းကို ခံခဲ့ပါသည်။ သို့သော် အသင်းတော် များသည် တိုးတက်သင့်သလောက် မတိုးတက်ချေ။ မတိုးတက်ရခြင်း အကြောင်း များစွာ ရှိမည် ဖြစ်သော်လည်း အသင်းသား များကိုယ်တိုင်ပျောက်ဆုံးသော ဝိညာဉ် မဖမ်းသောကြောင့်ဟု အဓိကမြင်ပါသည်။ ထို့ကြောင့် အသင်းသား တိုင်း ပျောက်ဆုံးသော ဝိညာဉ်များဖမ်းနည်းသင်ပေးဘို့ စိတ်နှလုံးအထဲ၌ တား၍ မရလောက်အောင် ပြင်းပြပါသည်။ ယခင်၌ မသင်ပေးဘူးသောကြောင့် ဆရာ၊ မများကိုယ်တိုင် လက်ခံနိင်မည်လောဟု စဉ်းစားမိပါသည်။ သို့သော် ​ကျွန်တော်၏ အလိုဆန္ဒ မဟုတ်၊ ဘုရားသခင်၏ အလို ဖြစ်သောကြောင့် သင်ပေးဘို့ရန် ဤစာစောင်ကို ရေးသား ထုတ်ဝေခြင်း ဖြစ်ပါသည်။

ပြီးခဲ့သော အချိန်၌ ဆရာ၊ မများ ကသာ ပျောက်ဆုံးသော ဝိညာဉ်များကို ဖမ်းသော်လည်း ယခုမှစ၍ ယုံကြည်သူတိုင်း ကဖမ်းဘို့ရန် ဖြစ်သည်။ သို့မှသာ လူများ ကယ်တင်ခြင်းသို့ ရောက်၍ အသင်းတော်လည်း တိုးတက်မြန်မည် ဖြစ်သည်။ ကျန်းမာလာမည်။ ဘုရား ဘုန်းတော်လည်း ထင်ရှားမည်။ ထို့ကြောင့် ဆရာ၊ မများ အနေဖြင့် သေချာစွာ စဉ်းစား၍ ဘုရားသခင် ခိုင်းသော အမှုတော်ကို ကြိုးစား၍ ဆောင်ရွက်ပါရန်တိုက်တွန်းနှိုးဆော်လိုပါသည်။

ယုံကြည်သူ အသင်းသားများကလည်း မလုပ်ဘူးသောအရာကို ခိုင်းပြန်ပြီဟု မယူဆဘဲ ငါတို့အတွက် အကျိုးရှိဘို့ရန် ဖြစ်သည်ဟု ခံယူစေချင် ပါသည်။ အမှန်တကယ်မှာ အသင်းသားများကိုယ်တိုင်ပျောက်ဆုံး ဝိညာဉ်များဖမ်းသောအခါ မည်မျှလောက်ဝမ်းမြောက် မည်ကို မပြောပြနိင်အောင် ဖြစ်ပါသည်။ အသင်းသား တိုင်း ဆရာ၊ မဖြစ်ကြပါဟု ရည်ရွယ်ချက် မဟုတ်ပါ။ ဘုရားကျောင်း၌ တရားဟော၊ ကျမ်းစာ သင်ပေးကြရမည်ဟူ၍ မဟုတ်ပါ။ ထိုအရာများသည် လူတိုင်း လုပ်နိင်သောအရာ မဟုတ်ပါ။ ယခုသင်ပေးသောအရာသည် ယုံကြည်သူတိုင်း မိမိပတ်ဝန်းကျင်မှာရှိသော မိတ်ဆွေ၊ သူငယ်ချင်းများ၊ အိမ်နီးချင်းများ လုပ်ဘော်ဆောင်ဖက်များ ဆွေမျိုးသား ချင်းများ နေ့စဉ် ထိတွေ့သောသူများကို ဟောပြောဘို့ ဖြစ်ပါသည်။

ပျောက်ဆုံးသော ဝိညာဉ် ဖမ်းနိင်သောကြောင့် ဆရာ၊ မမလိုဟူ၍ မဟုတ်ပါ။ ဆရာ၊ မများကို ဂရုမစိုက်ဘဲ အထင်သေးဘို့လည်း မဟုတ်ပါ။ ပို၍ ဂရုစိုက် နားထောင် ဘို့ရန် ဖြစ်ပါမည်။ သို့မှသာ ခရစ်ယာန် အသက်တာကောင်းဖြင့် အသက်ရှင်နိင်မည်။ ဘုရားသခင်ကိုယ်တိုင် နားလည် သဘောပေါက်စေပြီ အသုံးပြုပါစေသော်။ ခရစ်တော်၌ လုပ်ဘော်ဆောင်ဖက်၊

Rev. Moses R. Cung
February 2007

.

မာတိကာ

 

    • ၂။ အပြစ်သားဖြစ်

 

    • ၃။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ

 

    • ၄။ ကြီးမားသောအလုပ်

 

    • ၅။ ကယ်တင်ခြင်း လုပ်ငန်း ပြီးစီး

 

    • ၆။ ကယ်တင်ခြင်းမည်သူပြောမည်နည်း

 

    • ရ။ ငါတို့၏အလုပ်မဟုတ်

 

    • ၈။ ဘုရားသခင်အလွန်အံ့ဩသည်

 

    • ၉။ သားသည်အဘ၏စကားကိုနားထောင်

 

    • ၁၀။ ဘုရားသခင်နားလည်လွဲမှား

 

    • ၁၁။ ဘုရားသခင်နားမလည်သေး

 

    • ၁၂။ ဘုရားသခင်ကငါအလိုတော်ကိုသိကြသလားဟု

 

    • ၁၃။ ငါ့သားသမီးတွေရူးကုန်ပြီလား

 

    • ၁၄။ နိုးကြားရေးအစီအစဉ်

 

    • ၁၅။ ဘုရားသခင်နားလည်သွားပြီ

 

    • ၁၆။ အံ့ဩဘွယ်ဘုရားသခင်၏အမြင်

 

    • ၁ရ။ အသင်းသားရှာပုံ

 

    • ၁၈။ သူတို့မသိသည့်အချက်

 

    • ၁၉။ ဘုရားအမှုတော်ဆောင်ဘို့ရည်ရွယ်

 

    • ၂၀။ စာတန်အလွန်ဝမ်းမြောက်

 

    • ၂၁။ ကိုယ်ကာယကောင်းကြီးတခုပြီးတခု

 

    • ၂၂။ ဘုရားအမှုတော်ဆောင်အစစ်များ

 

    • ၂၃။ အနည်းငယ်ဝမ်းမြောက်စရာ

 

    • ၁။ ကယ်တင်ခြင်းသို့မရောက်သောသူများ

 

    • ၂။ အပျိုလူပျိုများ

 

    • ၃။ ခလေးများ

 

    • ၄။ ပညာရှိများ

 

    • ၅။ ဘွဲ့ထူးဂုဏ်ထူးရသူများ

 

    • ၆။ အဆိုတော်များ

 

    • ရ။ ရာထူးရာခံကြီးသူများ

 

    • ၁။ ခေါင်းဆောင်မောရှေ

 

    • ၂။ ပရောဖက်ဟေရှာယ

 

    • ၃။ ပရောဖက်ယေရမိ

 

    • ၄။ ကယ်တင်ရှင်ယေရှုခရစ်အံ့ဩ

 

    • ၅။ ယေရှုခရစ်၏အရေးကြီးဆုံးသောအလုပ်

 

    • ၆။ လောကသားများပျောက်ဆုံး

 

    • ရ။ လောကသားများမှားကြ

 

    • ၈။ လူများငရဲပြည်သို့ ဆင်းနေကြ

 

    • ၉။ မည်သူမျှငရဲမှာမခံနိင်ကြ

 

    • ၁၀။ ကိုယ့်လုံခြုံရေးအတွက်

 

    • ၁၁။ ဝမ်းမြောက်ဘို့ရာဖြစ်

 

    • ၁၂။ အရေးကြီးဆုံးသောအလုပ်

 

    • ၁၃။ ယုံကြည်သူတိုင်း၏ အလုပ်ဖြစ်သည်

 

    ၁၄။ မောရ်မွန်နှင့်ယေဟောဝါးသက်သေခံများ

  • အခန်း (၄)
    • ၁။ မည်သူများကိုဖမ်းရမည်နည်း

 

    • ၂။ မိဘညီအစ်ကိုမောင်နှမဆွေမျိုးအားလုံး

 

    • ၃။ သူငယ်ချင်းများ

 

    • ၄။ သူငယ်ချင်းမရှိသူများ

 

    • ၅။ သူငယ်ချင်းထားရမည်

 

    • ၆။ သူငယ်ချင်းရှိခြင်းသည်ခရစ်ယာန်အသက်တာ

 

    • ရ။ အိမ်နီးနားချင်းများ

 

    • ၈။ လုပ်ဘော်ဆောင်ဖက်များ

 

    • ၉။ ဧည့်သည်များ

 

    • ၁၀။ ခရီးသွားဖေါ်များ

 

    • ၁၁။ ကျောင်းနေဘက်များ

 

    • ၁၂။ သူတောင်းစားများ

 

    • ၁၃။ ဆေးရုံတက်သောလူနာများ

 

    • ၁။ ဆုတောင်းရမည်

 

    • ၂။ ကိုယ်ခန္ဓာပိုင်ဆိုင်ရာကူညီရမည်

 

    • ၃။ မပြောရမည့်အချက်များ

 

    • ၄။ လိုရင်းသာပြောပါ

 

    • ၅။ ဝိညာဉ်ဖမ်းနည်းအကြံပြုချက်များ

 

    • အစပျိုးနည်း (၁)

 

    • အစပျိုးနည်း (၂)

 

    • အစပျိုးနည်း (၃)

 

    • အစပျိုးနည်း (၄)

 

    • အစပျိုးနည်း (၅)

 

    • အစပျိုးနည်း (၆)

 

    • အစပျိုးနည်း (ရ)

 

    • ၆။ ပြောဘို့ရန်ရည်ရွယ်ချက်ရှိရမည်

 

    ၇။ ပြောဘို့ဒို့တာဝန်ယုံဘို့ သူတို့တာဝန်

  • အခန်း (၆)
    • ၁။ ခလေးထိန်းနည်း

 

    • ၂။ နို့တိုက်ရမည်

 

    • ၃။ ကျမ်းစာဖတ်နည်း

 

    • ၄။ ကျမ်းစာလေ့လာနည်းငါးမျိုး

 

    • (၁) နားထောင်ခြင်းအားဖြင့်

 

    • (၂) နေ့စဉ်ကျမ်းစာဖတ်ခြင်း

 

    • (၃) ဆင်ခြင်ဘို့လိုသည်

 

    • (၄) ကျမ်းစာလေ့လာဘို့လိုသည်

 

    • (၅) ကျမ်းစာအလွတ်ကျက်ခြင်း

 

    • ၅။ ဆုတောင်းနည်းသင်ပေးရမည်

 

    • ၆။ သခင်ယေရှုနာမအားဖြင့်

 

    • ရ။ ဆုတောင်းနည်း

 

    • ၈။ ရေနှစ်ခြင်းခံစေရမည်

 

    • ၉။ မိဿဟာယ၌ပါဝင်စေရမည်

 

    • ၁၀။ ဆုတောင်းပေးရမည်

 

    • ၁၁။ ချစ်ခြင်းမေတ္တာပြရမည်

 

    • ၁၂။ သက်သေခံခိုင်းရမည်

 

    • ၁၃။ မှားယွင်းသောဩဝါဒ

 

    • ၁၄။ ဆရာ၊ မများ၏တာဝန်

 

    ၁၅။ ကိုယ်တယောက်တည်းမဟုတ်
.

^

အခန်း (၁)

၁။ ဘုရားသခင်၏အလိုတော်
ဘုရားသခင်ကလူကိုဖန်ဆင်းသောအခါသူနှင့်မိဿဟာယဖွဲ့ဘို့ရန်ဖြစ်သည်။ ကောင်းကင်၌ကောင်းကင်တမန်များရှိသော်လည်းမြေကြီးပေါ်၌လူသားများကိုဖန်ဆင်းသည်။ သူဖန်ဆင်းခဲ့သောအာဒံဧဝတို့နှင့်မိဿဟာယဖွဲ့ခြင်းသည် ဘုရားသခင်အတွက်အလွန်ပျော်ရွှင်ခဲ့ပေလိမ့်မည်။ မိဘများကခလေးရသောအခါကဲ့သို့ဖြစ်လိမ့်မည်။ ဖန်ဆင်းစ၌အာဒံနှင့်ဧဝတို့သည် ဘုရားသခင်၏ဘုန်းတော်နှင့်ပတ်ရစ်သောကြောင့်အဝတ်အစားပင်သုံးစရာ မလိုပေ။ အပြစ်လည်းမရှိသောကြောင့်ရှက်ကြောက်ခြင်းလည်းမရှိခဲ့ချေ။ ဘုရားသခင်နှင့်လည်းအလိုရှိသလိုစကားပြောဆိုနိုင်ခဲ့သည်။ သူတို့ကို ဖျက်ဆီးမည့်တိရစ္ဆာန်မှစ၍ရောဂါပိုးများလည်းမရှိ။ အလုပ်လုပ်စရာမလိုဘဲ ပျော်ရွှင်ချမ်းမြေ့စွာဖြင့်အသက်ရှင်ခဲ့ကြသည်။ ခလေးကဲ့သို့အပူအပင်ကင်းမည့်စွာအသက်ရှင်ခဲ့ကြသည်။ ယခု​ကျွန်ပ်တို့သိရှိခံစားသောဒုက္ခဆင်းရဲခြင်း၊ ပူပန်သောကရောက်ခြင်းများမသိခဲ့ကြချေ။
၂။ အပြစ်သားဖြစ်
သို့သော်စာတန်၏လှည့်ဖျားမှုကြောင့်ဘုရားသခင်တားမြစ်သောကောင်းမကောင်းသိ​ကျွမ်းရာအပင်၏အသီးကိုစားခဲ့ကြရာမှအပြစ်သားဖြစ်သွားကြသည်။ ဘုရားသခင်၏ကြိုတင်ပြောပြသည့်အတိုင်းဝိညာဉ်ဖက်၌သေသွား ကြသည်။ (ဝိညာဉ်သည်တကယ်မသေနိုင်ချေ။ သေခဲ့သော်ငရဲ၌ခံစားချက်ရှိမည်မဟုတ်) ဝိညာဉ်ပိုင်းသေခြင်းဆိုသည်မှာ၊ ဘုရားသခင်နှင့်အဆက်အ သွယ်ပျက်ခြင်းဖြစ်သည်။ ယခင်ကဲ့သို့ဘုရားသခင်နှင့်မိဿဟာယမဖွဲ့နိုင်တော့ချေ။ သူတို့၏ကိုယ်ခန္ဓာလည်းသေဘို့ဖြစ်လာ၍၊ မသေခင်မှာဒုက္ခမျိုးစုံနှင့်အနာရောဂါမျိုးစုံခံစားဘို့လိုလာသည်။ ယခု​ကျွန်ုပ်တို့ခံစားသမျှသည် အပြစ်ကြောင့်ဖြစ်သည်။
၃။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ
ဘုရားသခင်အတွက်လူသည်အိမ်သာတွင်းအထဲ၌ကျရောက်သွားခြင်းနှင့်တူပေမည်။ ယူကြုံးမရဖြစ်ပေမည်။ အပြစ်နှင့်ညစ်ညူး၍သေဘို့သာရှိသည်။ ကိုယ့်သားသမီးအိမ်သာတွင်းထဲ၌ကျသွားသည်ရှိသော်၊ မကယ်မည့်သူရှိမည်လော။ ဘာဖြစ်လို့ငါ့စကားကိုနားမထောင်သလဲ၊ သေတာကောင်းတယ်ဟူ၍ ပြောမည်လော။ မဆိုင်သောသူများအနေနှင့်၊ တအားဆော့တာကိုးအဲသလိုခံတာဘဲကောင်းပါတယ်၊ ဟုပြောကောင်းပြောမည်။ သို့သော်မိဘများအနေ ဖြင့်နှစ်ခါမစဉ်းစားဘဲချက်ခြင်းကယ်နှုတ်မည်မဟုတ်လော။ ထို့နည်းတူ ဘုရားသခင်ကလည်းသူဖန်ဆင်းထားသောလူသားများကိုအလွန်ချစ်မြတ်နိုးသောကြောင့်ကယ်တင်လိုက်သည်။
၄။ ကြီးမားသောအလုပ်
ဘုရားသခင်ကလူသားများကိုကယ်တင်သောအခါ၊ လူ့အထင်အတိုင်း အလွယ်တကူနှင့်ကယ်တင်သည်မဟုတ်။ အပြစ်၏အခကားသေခြင်းဖြစ်သည့်အတိုင်းလူသည်အပြစ်ကြောင့်ကိုယ်ခန္ဓာအားဖြင့်၎င်း၊ ဝိညာဉ်အားဖြင့် ၎င်းသေဘို့လိုသည်။ ဘုရားသခင်သည်တရားသောတရားသူကြီးဖြစ်သောကြောင့်၊ အပြစ်ကိုတရားမစီရင်ဘဲခွင့်လွှတ်နိုင်ခြင်းမရှိ။ ထိုကြောင့်လူကို ကယ်တင်ဘို့ရန်သားတော်ယေရှုခရစ်တော်ကိုဤကမ္ဘာမတည်မရှိမီကပင်ခွဲခန့်မှတ်သားခဲ့သည် (၁ ပေ ၁:၂၀)။ သို့သော်သားတော်ကိုချက်ခြင်းမစေလွှတ် ဘဲ၊ လူအပိုင်း၌နှစ်ပေါင်းများစွာကုန်လွန်စေခဲ့သည်။ (ဘုရားသခင်အတွက်မူခဏသာဖြစ်သည်)
၅။ ကယ်တင်ခြင်းလုပ်ငန်းပြီးစီး
ဘုရားသခင်၏အချိန်ကျရောက်သောအခါ၊ တပါးတည်းသောသားတော် ယေရှုကိုဤလောကသို့စေလွှတ်၍ကယ်တင်ခြင်းလုပ်ငန်းကိုဆောင်ရွက်စေသည်။ လူ၏အပြစ်သည်တရားမစီရင်ဘဲမရ။ အပြစ်၏အခသည်သေခြင်းဖြစ်သောကြောင့် (ရော ၆:၂၃) သခင်ယေရှုခရစ်သည်သေဘို့လိုလာသည်။ လူသားအားလုံး၏အပြစ်ကိုဘုရားသခင်သည်သားတော်အပေါ်၌ တင်လိုက်သည် (ဟေရှာ ၅၃:၆)။ သားတော်သည်ဤလောက၏အပြစ်များကိုယူတင်ဆောင်ရွက်လေ၏ (ယော ၁:၂၉)။

ယေရှုခရစ်သည်ခမည်းတော်၏အမိန့်တော်အတိုင်း၊ လူသားအားလုံး ကိုယ်စားပြစ်ဒဏ်သေခြင်းကိုလက်ဝါးကပ်တိုင်ပေါ်၌သေခြင်းဖြင့်ခံခဲ့ရသည် (၁ ကော ၁၅:၃)။ သင်္ဂြိုလ်ခြင်းကိုခံပြီးနောက်ရှင်ပြန်ထမြောက်၍ ကောင်း ကင်သို့တက်ကာ၊ အဖခမည်းတော်ရှေ့၌လူသားများအားလုံးအတွက် ပြစ်ဒဏ်သေခြင်းကိုခံပြီးပြီ၊ ဟုအသွေးတော်ကိုပြခဲ့သည်(ဟေဗြဲ ၉:၁၁-၁၂)။ ခမည်းတော်သည်သားတော်၏ပြစ်ဒဏ်ခံခြင်းကိုအားရကျေနပ်ခဲ့ပြီ။ ထိုကြောင့်လူသားများသည်၊ သူတို့၏အပြစ်များအတွက်အသေခံစရာမလိုတော့ဘဲအပြစ်လွှတ်ခဲ့ပြီ။

၆။ ကယ်တင်ခြင်းမည်သူပြောမည်နည်း
ထိုသို့ခမည်းတော်ဘုရားကသားတော်ဘုရား၏လုပ်ဆောင်မှုကြောင့်၊ လောကီသားများကိုအပြစ်မတင်တော့ဘဲ၊ အပြစ်လွှတ်သော်လည်း၊ ထိုသတင်းကောင်းကိုမကြား၊ မသိ၊ မယုံကြည်လျှင်ငရဲသို့လားကြရဦးမည် ဖြစ်သည်။ ထိုသတင်းကောင်းကိုပြောကြားဘို့ရန်မည်သူ့ကိုစေလွှတ်ရမည်နည်း၊ ဟုတိုင်ပင်ကြသည် (ဟေရှာယ ၆:၈)။ ဘုရားသခင်ကထိုကယ်တင်ခြင်းအကြောင်းကိုကောင်းကင်တမန်များအား ဟောပြောခွင့်မပေးချေ။ အကြောင်းမှာ၊ ကောင်းကင်တမန်များသည်သူတို့ကိုယ်တိုင်ကယ်တင်ခြင်းခံရသည်မဟုတ်သောကြောင့်နားလည်မည်မဟုတ်ချေ။ သူတို့ကိုယ်တိုင်မခံစားသောအရာကိုမပြောနိုင်။ ရှေးတုန်းကကဲ့သို့လူနည်းစုပရောဖက်များကိုလည်းရွေးကောက်၍မပြောစေချင်။ လူမျိုးပေါင်းစုံထဲမှရွေးကောက်၍ ကယ်တင်ခြင်းကိုကိုယ်တိုင်ခံစားသောယုံကြည်သူများကိုပြောစေသည်။

အဘယ်ကြောင့်ဘုရားသခင်သည်ကယ်တင်ခြင်းသို့ရောက်သောယုံကြည်သူများကိုအသုံးပြုချင်သနည်းဟူမူကား၊ သူတို့ကိုယ်တိုင်ကယ်တင်ခြင်း အကြောင်းကိုသိ၍ခံစားသောသူများဖြစ်သည်။ သူတို့ကိုယ်တိုင်အပြစ်ငရဲမှ လွတ်မြောက်၍ကောင်းကင်သို့တက်သွားမည့်သူများဖြစ်သောကြောင့်၊ ထိုအကြောင်းကိုသူတပါးအားပြောပြချင်လိမ့်မည်၊ ဟုမျှော်လင့်သည်။ ထိုမျှသာမကထိုကယ်တင်ခြင်းအကြောင်းကိုဝေငှခြင်းအားဖြင့်သူတို့ကိုယ်တိုင်ဝမ်းမြောက်၍ကောင်းကင်၌လည်းဆုချရဦးမည်ဖြစ်သည်။ ထိုကယ်တင်ခြင်းအကြောင်းကိုဟောပြောလျှင်အပြစ်ကျူးလွန်ဘို့ရန်လည်းမအားတော့ဘဲဘုရားသခင်နှင့်လည်းအစဉ်မိဿဟာယဖွဲ့နိုင်မည်ဖြစ်သည်။ စာတန်ပိုင်သောဤလောကအရာများကိုလည်းစိတ်မဝင်စားတော့ဘဲအပြစ်လုပ်ဘို့ သွေးဆောင်ခြင်းကိုလည်းငြင်းဆိုနိုင်မည်ဖြစ်သည်။ ထို့ကြောင့်ကောင်းကင် တမန်များနှင့်ပရောဖက်များကိုမရွေးကောက်တော့ဘဲ၊ ယုံကြည်သူတိုင်းကို ထိုသတင်းကောင်းပြောကြားခိုင်းခြင်းဖြစ်သည်။

သို့သော်ယုံကြည်သူများသည်ဘုရားသခင်ပေးထားသောထိုအခွင့်အရေးကို မသိဘဲ၊ သူတို့ကိုယ်တိုင်ကယ်တင်ခြင်းသို့ရောက်လျှင်ပြီးပြီ၊ ဟုယူဆလျက် စာတန်၏လောကနောက်သို့တဟုန်းတည်းလိုက်လျက်ကိုယ့်လမ်းသို့အသီး သီးလိုက်ကာထွက်ပြေးသွားကြသည် (ဟေရှာ ၅၃:၆)။ အလွန်ဝမ်းနည်းစရာပင်။

၇။ ငါတို့၏အလုပ်မဟုတ်
ကယ်တင်ခြင်းလုပ်ငန်းကိုခမည်းတော်ဘုရားကစီစဉ်၍၊ သားတော်ဘုရားက ခက်ခဲစွာဖြင့်ဤလောကသို့ဆင်းလျက်၊ ကျွန်ကဲ့သို့သောအဖြစ်ဒုက္ခခံပြီးသောနောက်လက်ဝါးကပ်တိုင်၌အသေခံခြင်းဖြင့်ပြီးစီးဆောင်ရွက်ခဲပြီ။ သို့သော်ကယ်တင်ခြင်းသို့ရောက်သောသူတို့သည်၊ ထိုသတင်းကောင်းကိုမဟောမပြောဘဲမိမိတို့လိုရာလုပ်ငန်းအသီးသီးသို့သွား၍၊ အလုပ်များနေကြသည်။ ဘုရားသခင်၏ကယ်တင်ခြင်းအကြောင်းကိုမဟောမပြောဘူးလားဟု မေးလျှင်၊ ဤမျှလောက်ငါအလုပ်ရှုပ်နေတာမမြင်ဘူးလား၊ ငါ့ကိုဘာလို့အဲဒီအကြောင်းအရာကိုဘဲပြောနေသလဲ၊ သင်းအုပ်ဆရာများနဲ့ဧဝံဂေလိတရား ဟောဆရာများကိုငွေ​ကြေးထောက်ပံ့ပြီဘဲ။ တနင်္ဂနွေနေ့မှာတရားနာပေးတာတောင်ကံကောင်း။ ကိုယ်ဟာကိုယ်တောင်အရမ်းပင်ပန်း၊ အိပ်ရေးမဝတဲ့အချိန်မှာမင်းတရားဟောရင်လည်းသူများကိုအားပေးခြင်းမရှိ၊ အပြစ်တင်ခြင်းသာလျှင်ခံရတယ်။ နောက်ဆိုရင်ဘုရားကျောင်းတောင်မလာတော့ဘူး။ အခြားအသင်းတော်သွားရင်အလှူတော်ငွေပါဝင်နိုင်ရင်သင်းအုပ်ဆရာများ အလွန်အားရဝမ်းမြောက်ပြီးအချီးအမွမ်းခံတယ်။ နောက်ထပ်အဲဒဲအကြောင်းအရာကိုသာထပ်ပြောနေမယ်ဆိုရင်သင်သိလိမ့်မယ်၊ ဟူသော မျက်နှာမျိုးနှင့်ကြည့်ပြီးဆက်ပြောရမှာပင်အားနာစရာဖြစ်နေသည်။
၈။ ဘုရားသခင်အလွန်အံ့ဩသည်
ကယ်တင်ခြင်းအကြောင်းဟောပြောဘို့သည်သင်းအုပ်ဆရာကခိုင်းခြင်း မဟုတ်ပါ။ ဘုရားသခင်ကိုယ်တော်တိုင်ကခိုင်းခြင်းဖြစ်သည်။ လူသား အတွက်အရေးကြီးဆုံးသော အလုပ်လည်း ဖြစ်သည်။ ဘုရားသခင်က ဤအ လုပ်သည် အလွန် အရေးကြီး သောကြောင့် နှစ်ပေါင်း များစွာ ကြိုတင် ပြင်ဆင် ခဲ့သည်။ သားတော် ယေရှုလည်း အိမ်သာတွင်း ထဲသို့ ဆင်း သကဲ့သို့ ညစ်ညူး လှသောလောကြီးသို့ ဆင်းသက်၍ အခက်အခဲမျိုးစုံခံစားလျက် အထင်သေးခြင်း သရော်ခြင်းနှင့် အပြစ် ရှာခြင်းများအားလုံး ခံပြီးမှအပြစ်သား ကဲ့သို့ အရှက်တကွဲ အကျိုးနည်းစွာဖြင့် လက်ဝါးကပ်တိုင်တော် မှာအသေခံ ကာ ကယ်တင်ခြင်း လုပ်ငန်းကို ပြီးစီးခဲ့ပြီ။ ခမည်းတော်နှင့်သားတော်၏ အမြင် မှာထိုမျှလောက်ချစ်ခြင်း မေတ္တာရှိသောကြောင့် ကယ်တင်ခြင်းသို့ ရောက်စေသော သူတို့ အနေဖြင့် ကယ်တင်ခြင်းသို့ ရောက်သောအခါ သူတို့ကိုယ်တိုင်သာမဟု တ၊ ်သူတပါးကိုလည်း အလွန် ပြောချင် ကြလိမ့်မည်။ ရှာမာရိအမျိုးသမီးကသခင် ယေရှုခရစ်ကို ယုံကြည် လာသောအခါ ရေခပ်ဘို့ ပင်သတိမရတော့ဘဲ ရေအိုးကို ထားခဲ့၍ ရှာမာရိမြ့ိုသားများကို ခေါ်၍ ပြောသကဲ့သို့ (ယော ၄:၂၈-၃၀) မိမိအိမ်သူအိမ်သားများ၊ မိဘမောင်နှမနှင့် ဆွေမျိုးသား ချင်းများ၊ လုပ်ဖော်ဆောင်ဘက်များ၊ သူငယ်ချင်းမိတ်ဆွေများကို ပြောပြ သက်သေခံမည်ဟု ထင်မှတ်ခဲ့ ကြသည်။ သို့သော် အမျိုးမျိုးသော ဆင်​ခြေများကို ပေးကာ၊ အချိန် မရှိဘူး၊ မအား ဘူး၊ မပြောတတ်ဘူး၊ ပင်ပန်းတယ်စသဖြင့် အကြောင်း ပြကာ မပြောပြကြ။ ဆုတောင်းခြင်း၊ အလှူပေးခြင်းအားဖြင့် နောက်တန်းမှပါဝင်ပါမည်ဟု ငြင်းဆိုကြသည်ကို အံ့ဩစွာ တွေ့မြင်ရသည်။ ကယ်တင်ပြီးသောသူများက မပြောလျှင် အဘယ်သူကို စေလွှတ်ရမည်နည်း၊ ကောင်းကင်တမန်များကို ပြန်လည် စေလွှတ်ရမည်လော၊ လူများလည်း နေ့တိုင်း ငရဲထဲသို့ အစုလိုက်အပြုံလိုက်ဆင်း နေကြသောကြောင့် ခမည်းတော်နှင့်သားတော်တို့ မှာအံ့ဩ မိန်းမောတွေဝေ နေကြသည်။
၉။ သားသည် အဘ၏စကားကို နားထောင်စမြဲ
ဘုရားသခင်က ယုံကြည်သူများအား ငါ့သား ဖြစ်ရသော အခွင့်ကို ငါပေးပြီ (ယော ၁:၁၂)။ သားသမီး များသည် မိဘစကား နားထောင်ပြီး မိဘခိုင်းသော အလုပ်လုပ်ရရိုးထုံးစံရှိသည် မဟုတ်လော။ သားသမီး များအနေဖြင့် မိဘ၏ ကျွေးမွေးခြင်းနှင့် ပြုစုခြင်း သာလျှင် လိုချင်၍ မဖြစ်ပါ။ ငါခိုင်းသောအမှု ကိုလည်း လုပ်မှာပါဟု ယူဆမိသော်လည်း၊ ယုံကြည်သူများသည် စားဘို့ သောက်ဘို့ သာလိုချင်၍ မိမိပန်းကန်ပင်လျှင် မဆေးချင် သော၊ အလွန် ပြင်းရိပြီး ဘာမျှမလုပ်ချင်သော သားသမီး များကဲ့သို့ မိမိတို့ လိုချင်သော နေရာသို့ အသီးသီးပြေးသွားကြ၍ မိမိတို့ လုပ်ချင်သောအရာကိုသာ လုပ်ကြသောကြောင့် ဘုရားသခင်သည် အလွန် အံ့ဩ မိန်းမောတွေဝေသွားသည်။ မည်ကဲ့သို့သော သားသမီး ငါမွေးဘွားမိဘာလိမ့် ဟုဆိုနေသည်။ သားသမီးများက ဘုရားသခင်ထံ၊ အလုပ်လုပ်ခိုင်းဘို့ ငါတို့ကို မွေးဘွားတာလား၊ ခက်လိမ့်မယ်၊ လုပ်ချင် ရင်ကိုယ်ဟာကိုယ်လုပ်ပါ၊ ငါတတ်စွမ်းနိင်တယ်၊ တန်ခိုးရှိတယ်ဆို၊ ပျောက်ဆုံးသော ဝိညာဉ်များကို ကိုယ်ဟာကို ဖမ်းပါလား၊ ငါတို့ကိုလာ မပြောနဲ့၊ ဟုပြောပစ်လိုက် ကြသည်။ ဘုရားသခင် ခမျာအံ့ဩ လို့မဆုံးဘာမျှမလုပ်တတ် မပြောတတ် ဖြစ်သွားသည်။
၁၀။ ဘုရားသခင် နားလည်လွှဲမှား
ယုံကြည် သူများ စုဆည်း၍ ဤသို့ သီချင်းဆို ကြသည်။ ဤလိုတော် ရှိရာပြုတော်မူပါ။ ကိုယ်တော် ရှင်အိုးထိန်း​ကျွန်ပ်အိုးမြေ၊ ထိုသီချင်းဆိုသံကို ကြားသောအခါ ဘုရားသခင်သည် အလွန် အားရမျှော်လင့်၍၊ ငါ့ သားသမီး များအဲဒီလိုသီချင်းဆိုလာကြပြီဆိုတော့ငါ့ကို အိုးထိန်းအနေနဲ့ လက်ခံကြပြီ။၍ ါကြိုက်သလို သူတို့ကို ပုံသွင်းပြီး အသုံးပြုတော့မယ်၊ ဆိုပြီး အစည်းအဝေးပြီးသည့်တိုင်အောင် စောင့်နေသည်။ သို့သော် အစည်းအဝေးပြီး သွားသောအခါ ဘုရား မှန်းဘာမှန်း မသိကြတော့ချေ။ ခေါ်၍ လည်း မရတော့ချေ။ နားလေးကုန်ကြပြီ။ ထိုသီချင်းကိုလည်း မဆိုဘူး သကဲ့သို့ဖြစ်သွား ကြသည်။ ထို့ထက် အိမ်ရှင်များ တည်ခင်းသော လဘက်ရည်နှင့် မုန့်များ စားဘို့ သာလျှင် စိတ်စော နေကြသည်။ ဘုရားသခင် ခမျာအံ့ဩ နေရသည်။ ဘယ်လိုလဲခုနကအဲသည် လိုသီချင်းဆိုခဲ့ကြတယ်၊ ခုတော့ငါ့ကို နည်းနည်းမှဂရုမစိုက်တော့ပါလား။ အဲလေ လူသားများဖြစ်တော့ ကိုယ်ခန္ဓာအစာလည်း စားဘို့ လိုတယ်လေ၊ ဆိုိပြီး သူတို့ စားပြီးသည် အထိ စောင့်မျှော်နေသည်။ သူတို့ စားပြီးသောအခါလည်း သူတို့ လိုချင် ရာကို ပြောကြ၊ ရည်စရာများပြောကြနှင့်ပြီး သွားသည်။ ပြန်ချိန်ရောက်လာသောကြောင့် ပြန်သွားကြပြီ။ မနက်ဖြန်မှ သူတို့ လုပ်ကြမှာပါ၊ ညတုန်းကအဲသည် လိုဆိုခဲ့ကြပြီဘဲ၊ဟု ဘုရားသခင်သည် မျှော်လင့်နေသည်။
၁၁။ ဘုရားသခင် နားမလည်သေး
နောက်တနေ့ရောက်လာပြီ။ ဘုရား သားသမီး များလုပ်ငန်းခွင်နှင့် ကျောင်းများသို့ အသီးသီးသွားကြပြီ။ အခုဆိုရင် သူတို့ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကို ကယ်တင်ခြင်း အကြောင်း ပြောကြတော့မှာဘ၊ ​ဲဟု ဘုရားသခင်သည် မျှော်လင့်စောင့်စားနေသည်။ သို့သော် ကယ်တင်ခြင်း အကြောင်း လုံးဝ မဟကြ။ ထို့ထက် သူတို့ သူငယ်ချင်းများနှင့်လောက အကြောင်း၊ဟု ိဆိုင်မှာဟု ိပစ္စည်းစျေးပေါပေါဖြင့် ရောင်းကြောင်း၊ဟု ိလူဒီလူကို မုန်းကြောင်း၊ ဘယ်အစားအစာကြိုက်ကြောင်း စသည် ဖြင့်လောကအရာများကိုသာလျှင် ပြောဆို နေကြသည်။ သူတို့၏ လုပ်ဘော်ဆောင်ဖက်တစ်ယောက်အခက်အခဲ ပြသနာကြောင့် ညည်းညုိ နေကြောင်းကို ကြားကြသောအခါ၊ ဘုရားသခင်က၊ ကောင်းပြီ၊ ဒီတခါတော့အခွင့်ကောင်းယူကြလိမ့်မယ်၊ ငါကကူညီနိင်ကြောင်း ကုုိပြောပြီး သူ့ကို ငါနဲ့မိတ်ဆက်ပေးမှာဘဲဟု မျှော်လင့်နေသည်။ ဘုရားသခင် ထင်သလိုမလာဘဲ၊ ဘုရားသခင်၏ သားသမီး များသည် ထိုသူကို မျက်စောင်းထိုးလျက်၊ ဒီလူကလဲမုန်းစရာ ကောင်းတယ်၊ သူများ အလုပ်ပင်ပန်းရတဲ့ကြားထဲဒီလိုညည်းညုိနေတာမုန်းစရာ ကောင်းတယ်၊ ဟူ၍ မျက်နှာလွှဲလျက် ကြောခိုင်းသွားကြသည်ကို ဘုရားသခင်သည် အံ့ဩ၍ မဆုံး။
၁၂။ ဘုရားသခင်က ငါအလိုတော်ကို သိကြသလားဟု
မကြာခင်မှာဘုရား သားသမီး များဆုတောင်း စည်းဝေးလုပ်ကြကာ ဤသို့ ဆုတောင်း ကြသည်၊ အဘ ဘုရားသခင် ကိုယ်တော်၏ အလိုတော်ကိုသာ းသမီးတို့အား ဖေါ်ပြတော်မူပါ။ ထို့အပြင် ကယ်တင်ခြင်းသို့ မရောက် သေးသော ​ကျွန်ပ်တို့၏ မိသားစုများ သူငယ်ချင်းများ ငရဲသို့ ရောက်ကြရတော့မည်။ ​ကျွန်ပ်တို့ ပြောပြခြင်းများကို သူတို့ လက်ခံယုံကြည် နိင်မည် မဟုတ် (ပြောလည်း မပြောဘဲ နဲ့)၊ ကိုယ်တော် ရှင် ကိုယ်တော်တိုင် သူတို့ စိတ်နှလုံးထဲ၌ အလုပ်လုပ်တော်မူလျက် နားလည် သဘောပေါက်စေတော်မူပါ။ ကိုယ်တော်ကိုသာ အားကိုး ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်းကို တတ်စွမ်းနိင်သောကြောင့် ကိုယ်တော်ကို အားကိုး ပါ၏။

ဘုရားသခင်သည် အလွန် အံ့ဩ နေသည်။ ငါသားသမီး များသည် ငါ့အလိုတော်ကို သိကြသည် မဟုတ်လော၊ ဘာ ဖြစ်လို့ငါ့အလိုတော်ကို ပြန်မေးနေရသလဲလို့၊ ငါအလိုတော် ကများများတောင်မရှိဘူး။ လူတိုင်း ကယ်တင်ခြင်းသို့ ရောက်ပြီး သမ္မာတရားကို သိတာငါ့ရဲ့အလိုတော်ဘဲ လေ။ အလွတ်နဲ့တောင် သူတို့ ရတာဘဲ၊ ဘာ ဖြစ်လို့ငါ့ကို မေးနေရသေးသလဲဟု ဘုရားသခင်သည် အံ့ဩ လို့မဆုံး ဖြစ်နေသည်။

၁၃။ ငါသားသမီး တွေရူးကုန်ပြီလား
နောက်ပြီး ကယ်တင်ခြင်း လုပ်ငန်းကငါအားလုံး ပြီးစီးသွားပြီ။ အခု သူတို့ ဝမ်းမြောက်စရာ စုံလင်စေဘို့ သူတို့ကို ဟောပြောခိုင်းတာငါ့ကို ဘာ ဖြစ်လို့ပြန်ပြောခိုင်းနေတာလဲ။ သားသမီး တွေကမိဘကို ပြန်အလုပ်လုပ်ခိုင်းတဲ့လူရှိဘူးလို့လား။ သူတို့ကိုယ်တိုင်တော့ပြောတာမရှိ။ ငါ့ကို နှောက်ယှက်ဘို့ နားငြီးစေဘို့ တပတ်တခါ ဆုတောင်း အော်ဟစ်တတ်သေးတယ်။ သူတို့ လုပ်ရမဲ့အလုပ်ကို ငါကို ပြန်လုပ်ခိုင်းတယ်။ ငါ့ သားသမီး တွေရူးကုန်ပြီလားဟု ဘုရားသခင်သည် အံ့ဩ နေသည်။
၁၄။ နိုးကြားရေးအစီအစဉ်
ဘုရား သားသမီး များအစည်းအဝေး ပြုလုပ်၍ ဤသို့ ဆွေးနွေးတိုင်ပင် ကြသည်။ ငါတို့ အသင်းတော် မှာနိုးကြားဘို့ လိုတယ်။ ဒါမှ မဟုတ်ရင်အားလုံး အိပ်ငိုက်ကုန်ပြီ။ ငါတို့ ဘာလုပ်ရမလဲ။ အစာရှောင် ဆုတောင်း မယ်။ ဧဝံဂေလိ တရားဟောဆရာကို ဘိတ်ကြားမယ်။ ဟူ၍ ဆုံးဖြတ် ကြသည်။ ဘုရားသခင်သည် သူတို့ကို ကြည့်၍၊ ငါ့ သားသမီး တွေအစာငတ်ခံကြရတော့မယ်။ သူတို့ ဘာလိုချင် ကြတာလဲငါ မသိနိင်ပါလား၊ ဟုပြောဆို နေသည်။

သူတို့သည် ဧဝံဂေလိ ဆရာခေါ်ပြီး နိုးကြားရေး အစည်းအဝေးကြီး လုပ် နေကြသည်။ နိုးကြားရေးဆိုလားခရိုးဆိတ်ဆိုလားလျှက်စစ်ဂီတာများ၊ ခီးဘုတ်များ တီးပြီး အသံကုန်အော်ဟစ်သီချင်းဆို နေကြသည်။ အလွန် အားရကျေနပ် ကြသည်။ နောက်စုပေါင်းပြီး အကြီးအကျယ် ဆုတောင်း နေကြသည်။ ဘုရားကျောင်းပေါက်ကွဲမတတ်၊ ဗာလပရောဖက်များကဲ့သို့ အော်ဟစ်ကာ ဆုတောင်း ကြသည်။ သို့သော် ဘုရားသခင်က သူတို့၏ ဆုတောင်းခြင်းနှင့် သူတို့၏ လိုရင်းချက်ကို နားမလည် နိုင်ချေ။ ငါ့ သားသမီး တွေဘာလုပ် နေကြတာလဲ၊ သူတို့ အော်ဟစ်နေတာဘာလဲဆိုပြီစဉ်းစား ပြောဆို နေသည်။

သူတို့၏ ခရိုးဆိတ် ပြီးစီးသွားပြီ။ သူတို့ ခေါ်ဘိတ်သော ဆရာကို ကျေးဇူးတင် စကားပြောပြီး၊ ဒီတခေါက်ငါတို့ ရဲ့ခရိုးဆိတ်အရမ်းအောင်မြင် တယ်။ လူလဲများ ပြီး၊ အရမ်းလဲ အားရတယ်။ တရားဟောဆရာလဲအရမ်းတော် တာဘဲ။ နားထောင် လို့မဝဘူး။ ကျမ်းစာ လဲအလွတ်အကုန်ရတယ်။ မကြားဘူးတဲ့အရာတွေဘဲ ပြောလို့အရမ်း နားထောင် လို့ကောင်းတာဘဲ။ ဘယ်သူမှအိပ်ငိုက်ခြင်း လဲမရှိဘူး။ အားလုံး ရယ်မောပြီး အလွန် ကောင်းတယ်။ နောက်လဲလုပ်အုံးမယ်။ ဟူ၍ ပြော ကြသည်။

နိုးကြားရေးအတွက် ခရိုးဆိတ်လုပ်သော်လည်း ဘုရား ခိုင်းသော အလုပ်မူကား မလုပ်။ သူတို့ ပျော်ရွှင်ခြင်းနှင့် ကျေနပ်ခြင်းဖြင့်ပြီး သွားသည်။ ဘုရားသခင် ခမျာ နားမလည်နိင်ရှာ။

၁၅။ ဘုရားသခင် နားလည်သွားပြီ
ဘုရား သားသမီး များဘုရားကျောင်း၌ ဤသို့ သီချင်းဆိုကြပြန်သည်။ ပျက်စီးသူကို ကယ်တင်၊ သေလုသူကြည့်ရှု၊ ဟူသော သီချင်း၊ သွားကြသွားကြ ခရစ်၌ အသက်ရှင်ကြ သူများ စသဖြင့်၊ သီချင်းကို အားရပါးရသီဆို ကြသည်။ ဘုရားသခင် နားလည်သွားပြီ။ ငါ့ သားသမီး တွေအဲသည် လိုသီချင်းတွေဆိုတာ သူတို့ကိုယ်တိုင်လုပ်ဘို့ မဟုတ်၊ သီချင်းစပ်တဲ့သူတွေကစပ်လို့သာဆိုကြတာ။ ဘာမှထူးခြားမှာ မဟုတ်ဘူးဆိုပြီး မျှော်လင့်ချက်မထားတော့ချေ။

ဆုတောင်း ကြပြန်သည်။ ကိုယ်တော် အလိုတော် ရှိသလို အသုံးပြုတော်မူပါ။ ကိုယ်တော် ကယ်တင်လို့အသက်ရှင်ရသည့်သူပါ။ဟု ဆုတောင်း နေကြသော်လည်း ဘုရားသခင်က နားလည်သွားပြီ။ သူတို့ ဆုတောင်းခြင်းသည် ပါးစပ်သာ ဖြစ်ပြီး တကယ် လုပ်မှာ မဟုတ်သောကြောင့် နားရှုပ်သည်ဟု နားမ​ညောင်းတော့ချေ။ ထို့ထက် ငါ့အတွက် အနစ်နာခံပြီး ကြိုးစား ပန်းစားလုပ်နေသော လူနည်းစုကလေးကိုသာ ကြည့်ရှုတော့မည် ဟုဆိုပြီး သူ့သားသမီး များ၏ ဆုတောင်း သံကို နားမ​ညောင်းတော့ချေ (ဟေရှာ ၁:၁၁-၁ရ)။

သို့သော် ထို သူတို့ ဘုရားသခင်က သူတို့၏ ဆုတောင်းခြင်းကို နားမ​ညောင်းတော့ကြောင်း မသိသောကြောင့် မည်သူ့မျှ ခံစားချက် မရှိ။ ထိုသို့ နေ့ရက်လများ ကုန်လွန်၍ နှစ်များလည်း ကြာ​ညောင်းပြီ။ သို့သော် ဘုရား သားသမီး များအနေဖြင့် သိရှိ နားလည်ခြင်း၊
သင်ခန်းစာရခြင်း မရှိကြ။ အလွန် ဝမ်းနည်းစရာပင်။
၁၆။ အံ့ဩဘွယ် ဘုရားသခင်၏ အမြင်
ထိုသို့ ရှိစဉ်တွင် ဘုရားသခင်က မြင်သော အံ့ဩဘွယ်ရာ တခုမှာ ဘုရားသခင်၏ အမှုဆောင်ခြင်းသည် အကွက်ကောင်းအနေနှင့် မြင်၍ ကျမ်းစာကျောင်းတက်ဘို့ ကြုိးစားသူနှင့် ဘုရား အမှုကို ဟန်ပြလုပ်ဆောင်နေ သူများ ဖြစ်သည် (၁ တိ ၆:၅)။ ထိုဘုရား အမှုဆောင်သောသူကကျမ်းစာဘွဲ့ များများ မရလျှင် ဘုရား၏ အမှု မဆောင်နိင်ဟု ထင်မှတ်ပြီး မရှိရှိမဲ့ကလေးဖြင့် ကျမ်းစာကျောင်းကို အခက်အခဲမျိုးစုံကြားမှ တက်လိုက်သည်။ဘွဲ့ တခုရရှိ လာသောအခါ ဘုရားသခင်က ငါ့အမှု ဆောင်တော့မှာလာ (အမှန်မှာ ငါ့အမှု ဆောင်ဘို့ရန်ဘွဲ့ ရစရာ တောင်မလိုပါဘူးဟု စဉ်းစားနေသည်)ဟု စောင့်ကြည့် နေချိန်မှာလုပ်ဘို့ နေနေသာ၊ အခုခေတ်မှာဘွဲ့ တခုနဲ့ဘာမှလုပ်လို့မရဘူးဘယ်သူကမှအထင်ကြီးမှာ မဟုတ်ဘူးဆိုပြီး အခြားဘွဲ့ ယူဘ့ုိ ကြိုးစား ပြန်သည်။ဘွဲ့ တခုပြီးတခု ယူ၍ လူကကြုိးစားမှတော့ တခုပြီးတခု ရရှိလာသည်။ သို့သော် ဘွဲ့ များများရလေလေဘုရား ယုံကြည်သည်ထက်ကိုယ့်အစွမ်းအစကို ယုံကြည် အားကိုး၍ သူတပါးအောက်မှအောက်ကြု့မခံနိင်ဘဲ အဘယ်ကဲ့သို့ ခေါင်းဆောင် ဖြစ်နိင်မည်နည်း၊ အဘယ်ကဲ့သို့ ဂိုဏ်းဂဏသစ်ကျမ်းစာ ကျောင်းသစ်၊ အမှုဆောင်အဖွဲ့သစ်ထူနိင်မည်နည်းဟု စဉ်းစားနေ၍ ဘုရားသခင်က သူ့ကို မသိတော့ချေ။ သို့သော် သူသည် ဘုရားသခင်ကို အားကိုးခြင်း မဟုတ်သောကြောင့် ပြသနာ မရှိချေ။

ဘွဲ့အမျိုးမျိုး၊ အတတ်ပညာ အမျိုးမျိုးကို အသုံးပြုလျက် လုပ်ငန်းစတင်လေပြီ။ သူ၏ လုပ်ငန်း၌ ရုံးသည် အဓိကအရေးကြီးသည်။ ဖုိင်တွဲများ စနစ်တကျထားရှိသည်။ စာပေးစာယူ များစွာ လုပ်ဆောင်သည်။ အလုပ်တအား များသည်။ ကောင်းကောင်း ဘုရားရှိခိုးဘို့အချိန် ပင်လျှင် မရ။ အစာရှောင်ခြင်းနှင့် ဆုတောင်းဘို့ အတွက် ပင်လျှင််မအား။ အလုပ် အလွန်များသော်လည်း ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်း လုံးဝ မရှိ။ ပျောက်ဆုံးဝိညာဉ် ဖမ်းဘို့ရန်လည်း မသိ။ ဖမ်းလည်း မဖမ်းတတ်။ ဖမ်းလည်း မဖန်းနိင်။

လူများ ကယ်တင်ခြင်းသို့ ရောက်မရောက်သည် သူ့ဦးနှောက်ထဲ၌ မရှိ။ ထို့ထက် မည်သူမဆို၊ ကယ်တင်ခြင်းသို့ ရောက်သည် ဖြစ်စေ၊ မရောက်သည် ဖြစ်စေ၊ သူ့အသင်းသား ဖြစ်စေဘို့ သာလျှင် အဓိက ဖြစ်သည် (မ ၂၃:၁၅)။ သူ့ကို ထောက်ခံ အားပေးနိင်၊ သူ့စကားကို လိုက်နိင်သောသူသာလျှင် အရေးကြီးသည်။ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွါး ဖြစ်သည် (၁ တိ ၆:၅)ဟု သူထင်မှတ်သည့်အတိုင်း ယခင်ကမသုံးဘူးသော အသုံးအဆောင်များ သုံးလာနိင်သည်၊ မစားဘူးသော အစာများ စားလာနိင်သည်။ သူက ဘုရားသခင်၏ ကျေးဇူးတော် များ ဟုဆိုသောလည်း ဘုရား ခင်က သူ့ကို လုံးဝ မသိ။ သို့သော် ပြသနာ မရှိ။ အကြောင်းမှာ အစကတည်း ကဘုရား အလိုတော်ကို ဆောင်ချင်သည် မဟုတ်။ သူ့အလိုအတိုင်း ဆောင်ရွက်၍ ရသောကြောင့် ကျေနပ် အားရနေသည်။ စာတန်သည် အလွန် အားရလျက် ဘုရားသခင်ကို ပျက်ရယ်ပြုနေသည်။

၁၇။ အသင်းသားရှာပုံ
ထိုဘုရား အမှုဆောင်သည် သူ၏ ဆွေမျိုးများထံချဉ်းကပ်၍၊ ဘယ်လိုလဲငါဟာမင်းတို့ ရဲ့ညီအကို သွေးရင်သားရင်း ဖြစ်တယ်ဆိုတာသိကြသလား၊ ငါကို မကူညီကြဘူးလား၊ ငါအသင်းထောင်တယ်လေ၊ ငါဟာမင်းတို့ ရဲ့သွေးရင်းသားရင်း ဖြစ်တယ်ဆိုတာမမေ့ကြနဲ့နော်၊ ဂိဒေါင်ရဲ့သား အဘိမလက်တောင်မှသူ့ မိခင် အမျိုးရှိရာရှာခင်မြို့သား တွေဆီမှာဒီလိုပြောခဲ့တယ်လေ။ ဂိဒေါင်ရဲ့သားများကမင်းတို့ကို အုပ်ချုပ်တာကောင်းသလား၊ ငါကတော့မင်းတို့ ရဲ့အသွေးအသား ဖြစ်တယ်၊ ဆိုတာမမေ့ကြနဲ့နော်လို့ပြောတဲ့အခါ သူတို့က၊ ဟုတ်တာပေါမင်းကငါတို့ ရဲ့သွေးရင်းသားရင်း ဖြစ်တယ်ဆိုပြီး ငွေအကျပ်ခုနှစ်ဆယ်ပေးလိုက်ကြတယ်။ အဘိမလက်သည် လျှပ်ပေါ်သော သူတို့ကို ထိုငွေနှင့်ငှါး၍ အမှုကို ထမ်းစေ၏။ (တရာသူ ၉:၁၄)။ ဒါ့ကြောင့်မင်းတို့ လဲငါ့ကို ထောက်ခံဘို့ လိုတယ်။ ဟုပြောသောအခါ သူ၏ ဆွေမျိုးများက၊ သိပ်ဟုတ်တာပေါ့။ ခုခေတ်မှာကိုယ့် ဆွေမျိုးသား ချင်းတွေတယောက် နဲ့တယောက် မကူညီရင် အခြားလူတွေကငါတို့ကို အရမ်းအနိင်ကျင့်မယ်။ မင်းကို ဘုရားကဘိသိက်ပေးမပေးကတော့ထားလိုက်၊ ဘုရား အလိုတော်ဟုတ်မဟုတ်ကသိပ်အရေးမကြီး ဘူး၊ ကိုယ်အမျိုးချင်းမကူညီရင်အရမ်းရှက်စရာ ကောင်းတယ် မဟုတ်လား၊ လုံးဝအား မငယ်နဲ့၊ ဒို့ လုံးဝ ကူညီမယ်၊ ဟုဆိုလျက် ဝမ်းမြောက်ခြင်း အထိ မ်းအမှတ်ညစာစားပွဲ ကျင်းပ ကြသည်။ ထိုနောက် တယောက်နှင့် တယောက် အလုပ်များ ဝေငှ၍ မင်းကတော့စာရေးကြီး နေရာ၊ မင်းကတော့ဟူဟာဒါရိုက်တာဟု အချင်းချင်းအလုပ်ခန့်လျက် အလွန် အားရဝမ်းမြောက် ကြသည်။
၁၈။ သူတို့ မသိသည့်အချက်
သို့သော် သူတို့ မသိသော အချက်မှာမကြာခင်မှာရှာခင်မြုိ့သား များနှင့် အဘိမလက်သည် အချင်းချင်းရန်ပြု၍ တိုက်ခိုက် ကြသောကြောင့် တယောက် မကျန်သေ​ကြေပျက်စီးခြင်းသို့ ရောက်သွားကြခြင်း ပင် ဖြစ်သည်။ ထို့နည်းတူ ထိုဘုရား အမှုတော်ဆောင်အတုသည်လည်း အဘိမလက်ကဲ့သို့ ခဏတမျှ ဦးဆောင်နိင်ခဲ့သည်။ မည်သူကမျှ အကြံပေးမရလောက်အောင် သူကိုယ်သူအထင်ကြီးသည်။ သို့သော် အနှေးနှင့် အမြန် အဘိမလက်ကဲ့သို့ဖြစ်မည်ဟူသောအရာကို မသိ်ခြင်းသည် အလွန်ပင် သနားစရာ။
၁၉။ ဘုရား အမှုဆောင်ဘို့ ရည်ရွယ်ချက်မရှိ
ဘုရားသခင်သည် ထိုအမှုတော်ဆောင်အတုကို လုံးဝ အသိအမှတ်မပြုချေ။ အကြောင်းမှာ သူရွေးကောက်၍ စေလွှတ်ခြင်း မဟုတ်။ ကျမ်းစာကျောင်းတက်၍ ဘွဲ့ တခုပြီးတခု ယူသော်လည်း ကယ်တင်ခြင်း ပင်လျှင် နားမလည်။ သူသည် ဝိညာဉ် ကယ်တင်ရေးထက်ကိုယ်ကာယပိုင်းဆိုင်ရာ ကယ်တင်ခြင်း၊ ဆင်းရဲ ဒုက္ခမှ ကယ်တင်ခြင်းကိုသာ စိတ်ဝင်စားသောကြောင့် သူ၏ ရည်ရွယ်ချက်အောင်မြင်သောအခါ အလွန် အားရကျေနပ် နေသည်။

ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းသည် သူ၏ အိပ်မက်နှင့် စိတ်ကူးယဉ်ထဲ၌ ပင် မရှိ။ ကောင်းကင် တက်ဘို့ မတက်ဘို့သည် သူ့အတွက် ရေးမကြီး၊ လောလောဆယ်လောက ကောင်းကြီးရဘို့ သာလျှင် အရေးကြီး၍ ထိုအရာသာလျှင် စိတ်ဝင်စားသည်။ ခရစ်တော် ပြောသော၊ နိင်ငံတော်နှင့် ​ဖြောင့်မတ်ခြင်းကို အရင်ရှာပါ (မ ၆:၃၃) ဟူသော အချက်သည် သူ့အတွက် မဟုတ်။ ထို့ကြောင့် ပျောက်ဆုံးသော ဝိညာဉ် ဖမ်းခြင်းနှင့် ဝိညာဉ် ခလေးများပြုစုပျိုးထောင်ခြင်းများကို လုံးဝ စိတ်မဝင်စား။

၂၀။ စာတန် အလွန် ဝမ်းမြောက်
ထိုအမှု ဆောင်သည် ပျောက်ဆုံးသော ဝိညာဉ်များမဖမ်းသော်လည်း အလွန် အလုပ်များသည်။ အစည်းအဝေးလုပ်စရာ များသည်။ သူ့ကို ထောက်ပံ့သောသူများ ထံစာရေးဘို့နှင့် စာပေးစာယူလုပ်ဘို့များလှသည်။ ရုံးလုပ်ငန်း အလွန် များသည်။ စာတန်သည် အလွန် အားရကျေနပ် နေသည်။ စာတန်က၊ ဘုရား အမှုတော်ဆောင်အတုငါ့မှာ များစွာ ရှိပြီး ဘုရား အမှုတော်ဆောင်အစစ်များ ပင်လျှင် ငါနှောင့်ယှက်နိင်တယ်၊ ငါ့ရဲ့အမှုတော်ဆောင်များကြောင့် ဘုရား အမှုတော်ဆောင်အစစ်များရဲ့စကား တောင်မှဘယ်သူမှမယုံနိင်တော့ဘဲ သူတို့ ရဲ့လုပ်ငန်းမအောင်မြင်ဘဲ ဖြစ်နေတယ်။ ဒါတင်မကဘုရား အမှုတော်ဆောင်အစစ်တွေတောင်မှငါရဲ့အမှု ဆောင်အတုတွေအား ကျလို့ သူတို့ မခံနိင်တော့ဘူး။ နောက်ဆုံးမှာတော့ငါ့လက်ထဲအကုန်ရောက်ကုန်မှာဘဲ၊ အခုတောင်မှအတော်များများ ငါ့ထံမှာရောက်ကုန်ပြီ။ ဘုရား ဘက်မှာလူနည်းသထက် နည်းလာပြီ၊ ဟုဆိုပြီးရည်နေသည်။
၂၁။ ကိုယ်ကာယကောင်းကြီး တခုပြီးတခု
ဘုရား အမှုဆောင်အတုများသည် ပျောက်ဆုံးသော ဝိညာဉ် မဖမ်းသော်လည်း အိမ်ကောင်းများ တအိမ်ပြီး တအိမ်ဝယ်နိင်ဆောက်နိင် ကြသည်။ ကား ကောင်းဝယ်စီးနိင် ကြသည်။ ကွန်ပြုတာအင်တာနက်များ အပြည့်အစုံရှိ ကြသည်။ ပျောက်ဆုံးသော ဝိညာဉ်များကသူတိုထံချဉ်းကပ်သော်လည်း ဖမ်းရမှန်းလည်း မသိ၊ ဖမ်းလည်း မဖမ်းတတ်။ ထိုပျောက်ဆုံးသော ဝိညာဉ် များသည် ဝိညာဉ်ပိုင်းအသက် မရှင်သော်လည်း ကိုယ်ကာယပိုင်းအတွက် အထောက်အပံ့များ ရရှိကာ ကျေနပ် ကြသည်။
၂၂။ ဘုရား အမှုတော်ဆောင်အစစ်များ ပင်လျှင် မခံနိင်
ထိုသို့ အမှုဆောင်အတုများ တရိပ်ရိပ် တိုးတက်မှုကို ဘုရားသခင်၏ အမှုဆောင်အစစ်တယောက် ကတွေ့မြင်သောအခါ ဤကဲ့သို့ စဉ်းစားလာသည်။ သူများ တော့လောက ကောင်းကြီး များစွာ ခံစားပြီး ငါကတော့ခုလိုဆင်းရဲ နေတယ်။ ဘယ်သူကလဲငါ့ကို ဂရုလဲမစိုက်ဘူး။ ဒါတင်မကလောက ကောင်းကြီး လဲများများစားစားမရ၊ သူတို့ လိုဘဲ ငါလုပ်တော့မယ်။ ဟုဆိုလျက် ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းနှင့် ဝိညာဉ် ခလေးများပြုစုပျိုးထောင်ခြင်းကို စွန့်၍ အမှုတော်ဆောင်အတုများ နည်းတူ လုပ်လာသည်။ သူ့ကိုယ်သူ ဤသို့ အားပေးသည်၊ ငါတယောက် ထဲမှ မဟုတ်တာ၊ ဒေမလဲလောကကိုသာ၍ ချစ်တဲ့အတွက် ရှင်ပေါလုကို စွန့်ခဲ့တာဘဲ၊ (၂ တိ ၄:၁၀)။
၁၃။ အနည်းငယ်ဝမ်းမြောက်စရာ
ထိုသို့ အမှုဆောင်အတု များစွား ထဲ၌ အမှုဆောင်အစစ်အနည်းငယ်ကို ဘုရားသခင် တွေ့မြင်သည်။ ထိုသူများသည် အခက်အခဲမျိုးစုံကြားမှ ပျောက်ဆုံးသော ဝိညာဉ်များကို ဖမ်းနေသောသူများ ပင် ဖြစ်သည်။ ပျောက်ဆုံးသော ဝိညာဉ််ဖမ်းနေသောသူများသည်လောက ပစ္စည်း၊ ရာထူးများ၊ လူများကို ချီးမြှောက်ခြင်းများကို ဂရုမစိုက်အားချေ။ မည်ကဲ့သိုပျောက်ဆုံးသော ဝိညာဉ်များဖမ်းနိင်မည်နည်း ဟူ၍သာ စဉ်းစားနေ၍ နေ့ရောညပါ အလုပ်လုပ် နေကြသည်။ ထိုသူများ ကပျောက်ဆုံး ဝိညာဉ်များဖမ်းနိင်သောအခါ တိုင်း ကောင်းကင်ဘုံ၌ ကြီးစွာသော ဝမ်းမြောက်ခြင်း ဖြစ်တတ်သည် (လု ၁၅:ရ၊ ၁၀)။

မြေကြီးပေါ်မှ ကောင်းကင် တုန်လှုပ်စေနိင်သောအရာသည် ဥစ္စာပစ္စည်း၊ ရာထူးရာခံ၊ ဘွဲ့ အမျိုးမျိုး၊ ကောင်းမှု ကုသိုလ်အကျင့်သီလများအားဖြင့် မဟုတ်။ ပျောက်ဆုံးသော ဝိညာဉ်များ မည်မျှပင်နုံချာပါစေ၊ နောင်တရ၍ ကယ်တင်ခြင်းသို့ ရောက်သောအခါ မှသာ ကောင်းကင် တုန်လှုပ်စေနိင်သည်။ ထိုသို့ ကောင်းကင် တုန်လှုပ်စေသောသူများကို ကောင်းကင်ဘုံကဆုချဘို့ရန် သူတို့ လာမည့် ရက်ကို အလွန် မျှော်လင့်တောင့်တလျက် ရှိသည်။ (၁ ကော ၃:၁၄)။

၂၄။ စိတ်မပျက်ကြစို့နှင့်
လောကအရာများသည် ထာဝရ တည်မည့် အရာ တခုမျှမရှိ။ ဝိညာဉ်များ သာလျှင် ထာဝရ တည်မည် ဖြစ်သည်။ ထို့ကြောင့် ပျောက်ဆုံးသော ဝိညာဉ် ဖမ်းနေ သူများအား မနည်းကြစို့နှင့်။အချိန် စေ့သောအခါ ချီးမွမ်းခြင်း ခံကြရမည် ဖြစ်သည်။ ထိုအရာကိုသာ မျှော်လင့်လျက် သွေးဆောင်မှု အမျိုးမျိုးကို ငြင်းပယ်လျက် ပျောက်ဆုံးသော ဝိညာဉ်များကို ဖမ်းကြစို့။ ​ကျွန်ပ်တို့ အသက်ရှင်ခြင်းသည် ဘုရားသခင်၏ အလိုချင် ဆုံးသော ပျောက်ဆုံးသော ဝိညာဉ်များဖမ်းဘို့ရန် ဖြစ်သည်။

.

^

အခန်း (၂)

၁။ ကယ်တင်ခြင်းသို့ မရောက်သောသူများ
လောက၌ လူဦးရေတိုးပွါးလာသည်နှင့် အမျှငရဲသို့ သွားရမည့် လူလည်း အလွန် တိုးပွါးလျက် ရှိသည်။ ထိုလောကီသား များသည် ငရဲသွားမည့် အရာကို မသိသောကြောင့် နှစ်စဉ်မွေးနေ့ပွဲသော်ငှင်း၊ နှစ်သစ်ကူးပွဲသော်ငှင်း ဝမ်းမြောက်ဝမ်းသာ ကျင်းပတတ်ကြသည်။ အမှန်မှာ ငရဲသွားဘို့ မွေးဘွားခြင်းသည် သခင်ယေရှု ကယုဒရှာကာရုတ်စေမှာပြောသည့်အတိုင်း မမွေးလျှင် သာ၍ ကောင်းသည် (မ ၂၆:၂၃)။ ထိုသို့ ငရဲဆင်းရမည့် အရာ မသိသောကြောင့် ဤလောက၌ ထာဝရ နေမည့် အတိုင်းလောကအရာများကို အချိန်၊ စွမ်း အားရှိသမျှနှင့် ရှာဖွေ တတ်ကြသည်။ လောက၌ အိုးအိမ်နှင့် ပစ္စည်းများ အပြုိင်ရှာဖွေ၍ သေလုမတတ် အလုပ်လုပ် ကြသည်။

အချို့သောသူများသည်လောက၌ ငွေရှိမှအရာရာ ဖြစ်နိင်သည်ဟု ခံယူ၍ ငွေကို ရသည့်နည်းနှင့် ရှာဖွေ ကြသည်။ သူတပါးထိခိုက်စေနိင်သော မူးယစ်ဆေးဝါးများရောင်းခြင်း၊ ကိုယ်ခန္ဓာရောင်းခြင်း၊ ကိုယ်ခန္ဓာပျက်စီးသည် အထိ ငွေကို ရှာဖွေ ကြသည်။ ရှင်ပေါလု၏ သတိပေးချက် ဖြစ်သော၊ ငွေကို တပ်မက်ခြင်းသည် မကောင်းသောအမှု အပေါင်းတို့တွင် မူလအမြစ် ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်း တရားလမ်းမှလွှဲ သွား၍၊ ပူပန်ခြင်း ဝေဒနာ များနှင့် ကိုယ်ကိုကိုယ် ထုတ်ခြင်း ခပ်အောင် ထိုးကြပြီ။ (၁ တိ ၆:၁၀) ဟူသောအရာကို ပင်ဂရုမစိုက်နိင်တော့ဘဲ ငွေကို ရှာဖွေ ကြသည်။ ရင်လေးစရာပင်။

၂။ အပျိုလူပျိုများ
အပျိုလူပျိုများလည်း သူတို့၏ သွေးသား အလွန်အား ကောင်းသည်သာမက တိုးတက်ဆဲ၊ လှပဆဲ ဖြစ်သောကြောင့် မည်မျှပင် သတိပေးသောလည်း လုံးဝ နားမထောင်ချင် ကြ။ လူပျိုအပျိုချစ်ကြိုက်ခြင်း၊ အပျော်အပါး၌ အစွမ်းကုန်ပျော်မွေ့ ကြသည်။ ကောင်းကင် တက်မည့် အရေးသည် အခမဲ့ ဖြစ်သော်လည်း စိတ်မဝင်စားကြ။ မနာ၊ မအိုမသေတော့မည်ကဲ့သို့ ဘာကိုမျှ ဂရုမစိုက်ကြ။ ဝါကြွားစွာနှင့် နေတတ်ကြသည်။ ရှောလမုန်မင်းကြီး သတိပေးသောအရာ၊ ငါနေ၍ မပြောနိုင် ဟုဆိုရသော ကာလသည် မနီး၊ ဆိုးသော ကာလ မရောက်မှီီ၊ ယခုအသက် ပျိုစဉ်အခါပင်၊ကို ဖန်ဆင်းတော်မူသော အရှင်ကို အောက်မေ့လော့။ နေနှင့် အလင်း၊ လနှင့် ကြယ်တို့သည် ကွယ်၍ မိုဃ်းရွာပြီးမှ၊ အထပ်ထပ်ရွာတတ်သော ကာလ မရောက်မှီအောက်မေ့လော့။ (ဒေသနာ ၁၂:၁-၂) ဟူသောအရာကို လုံးဝ ဂရုမစိုက်ဘဲ ထောင်ထောင်ထောင်ထောင်နှင့် နေကြသည်။ ဝမ်းနည်းစရာပင်။
၃။ ခလေးများ
ခလေး များလည်း ကစားစရာ အမျိုးမျိုးကိုသာမက ်၍ အဖေါ်များနှင့် ဆော့ကစားခြင်း သာလျှင် စိတ်ဝင်စား၍ ဘုရားတရားကို လုံးဝ စိတ်ဝင်မစား။ သင်းချိုင်းကုန်း၌ လူအိုများသာမက၊ သူတို့ လိုငယ်ရွယ်သောသူများလည်းရောက်ရှိသွားနိင်သည်ဟု မသိသောကြောင့် ပြသနာ။
၄။ ပညာရှိများ
ပညာရှိလူတော် လူမော်များလည်း ကောင်းကင် အရာထက်လောကအရာကိုသာ၍ နှစ်သက် ကြသည်။ လောက မှာကိုယ်တိုင်း ပြည်ကိုယ့်လူမျိုးမည်ကဲ့သို့ တိုးတက်စေရမည်ဟူသော အချက်များကိုသာ စဉ်းစား၍ စိတ်ဝင်စားသည်။ အချိန်၊ စွမ်းအားနှင့် ဘဏ္ဍာများကို ထိုအရာများအတွက်သာ အသုံးပြု ကြသည်။ တမလွန်ဘဝအတွက် မပူပန်ကြပေ။ ဘုရားသခင်က အခမဲ့ပေးထားသော ထာဝရ အသက်ကို ဂရုမစိုက်ကြ။ ကောင်းကင် တက်သည်ထက် သေပြီး နောက်လောက မှာနာမည်တွင် ရစ်မည့် အရာကိုသာ၍ ဦးစားပေးကသည်။ အလွန် ဝမ်းနည်းစရာ ကောင်းလေစွ။
၅။ ဘွဲထူး ဂုဏ်ထူးရသူများ
တက္ကသိုလ်ကျောင်းတော်သား ကြီးများအနေနှင့်ဘွဲ့ များတခုပြီး တခု ရရှိသော်လည်း တော် ပြီထာဝရ အသက် အတွက် ပြင်ဆင် ရဦးမည်ဟု မရှိဘဲ ဘွဲ့ တခုပြီးတခု ယူကာကျောင်းသာလျှင် တက် နေကြသည်။ ထိုသို့ ကျောင်းတက်ရာမှဘုရားရှိသည်ဟု ပင်မယုံတော့ဘဲ ဘုရား မဲ့ဝါဒီများ ဖြစ်လာ ကြသည်။ ဘုရားတရားသည် မိုက်မဲခြင်း အရာဟု ထင်ကြသည် (၁ ကော ၂)။ ဗလာကပညာကြောင့် သူတို့ကို သူတို့ အထင်ကြီး၍ ဘုရား အကြောင်းသည် မိုက်မဲခြင်း အရာ၊ ခေတ်မမှီသောသူများအတွက် ဖြစ်သည်ဟု ယူဆသည်။ ဖန်ဆင်းရှင်ကို မသိဘဲ ဖန်ဆင်းထားသော အရာများကို ရှာဖွေ လေ့လာခြင်းဖြင့်အချိန် ကုန်စေ ကြသည်။ အလွန်ပင် သနားစရာ။
၆။ အဆိုတော်များ
အဆိုတော်များ၊ ဂီတဝါသနာရှင်များကလည်း သူတို့ တတ်မြောက်သော အနုပညာကို အရေးကြီးဆုံးဟု ထင်မှတ်၍ အနုပညာအတွက် သာနေ့ညအချိန် ကုန်စေသည်။ ကောင်းကင်ဘုံတက်မည့် အရေးထက် သူတို့၏ စိတ် ခံစားချက် များကို ဦးစားပေး ကြသည်။ ဘုရား သီချင်းဆိုသောအခါ၌ ပင်လျှင် ဘုရား ယုံကြည် သောကြောင့် မဟုတ်၊ ဘုရား ချီးမွမ်းခြင်းထက် သူတို့၏ အစွမ်းအစကို ပြဘို့ရန်နှင့် ဝါသနာကြောင့်သီဆိုတီးခပ် ကြသည်။ ဘုရားကျောင်း၌ သီချင်းသီဆိုတီးခပ်ပြီးလျှင် တရားနာဘို့ မလိုတော့ သကဲ့သို့ အပြင်သို့ ထွက်သွားတတ်ကြသည်။ နှုတ်ကပတ်တော်ကို နာလိုစိတ်မရှိကြ။ သီချင်းဆိုမည့် အချိန်၌ သာပြန်ဝင်၍ သူတို့၏အချိန် ကောင်းများကို ဘာမျှ မဟုတ်သော သူတို့၏ ဝါသနာအတွက် ကုန်လွန်စေ ကြသည်။ ရာထူးရာခံကြီး သူများ
၇။ ရာထူးရာခံကြီး
သူများလည်း တမလွန်ဘဝ၌ မည်သည့်နေရာသွားရမည့် အရေးထက် ယခုလက်ရှိ ရာထူးနှင့် တာဝန်ကိုသာ အလေးထားသောကြောင့် ကြုိတင် ပြင်ဆင်မှု မလုပ်လိုကြ။ ဘုရားတရားသည် ပျော့ညံ့သောသူများ အတွက်ဟု ယူဆကြသည်။ ဦးဆောင်သောသူများ ခေါင်းဆောင် များသည် ခရစ်တော်ကို မသိကြ၊ သိလျှင် ဘုန်းကြီးတော်မူသော ဘုရားကို မကွက်မျက်ကြပြီ (၁ ကော ၂:၈)။ ထို့ကြောင့် ခေါ်တော်မူသော သူတို့ တွင်လောကီပညာရှိိအများ မပါ။ ထင်ရှားသော လူကြီး အများ မပါ။ မင်းမျိုးမင်းန$ယ် ဖြစ်သောသူအများ မပါ ဟုဆိုခြင်း ဖြစ်သည် (၁ ကော ၁:၂၆)။ ဘာတတ်နိင်မလဲ။
၈။ အခြားဘုရား ကိုးကွယ်သူများ
များစွာသော လူသားများသည် ဘုရားကို ကိုးကွယ်ကြသော်လည်း ဖန်ဆင်းရှင်ဘုရား စစ်ဘုရား မှန်ကို မသိသောကြောင့် မှားယွင်းသော ဘုရားကို ကိုးကွယ် နေကြပြန်သည်။ အလွန် ကြိုးစား ကြသည်၊ ဆုတောင်း ကြ၊ ချုပ်တီး ကြသည်။ ကောင်းသောအမှု အမျိုးမျိုး ပြုလုပ် ကြသော်လည်း ကောင်းကင်ဘုံရှင်ကို မကိုးကွယ်သောကြောင့် အချီးနှီးကိုးကွယ် ကြသည်။ ဝိညာဉ် မျက်စိကမ်းကြသောကြောင့် ပြော၍ လည်း မရ။ ငရဲသွားမည့်သူများ၊ အလွန် သနားစရာများပါလား။

.

^

အခန်း (၃)

ပျောက်ဆုံးသော ဝိညာဉ်များဖမ်းခြင်းသည် လွယ်ကူသော ာအလုပ် မဟုတ်ချေ။ အကြောင်းမှာ လူများသည် အလွယ်တကူနားမထောင်လိုကြချေ။ ကောင်းကင်သို့ ရောက်ဘို့ထက် ဤလောက၌ အမွေခံ ဘို့ရန် ရွေးချယ် ကြသည်။ နောက်မှသာ ယာပျော်ရွင်ခြင်းထက်လောလောဆယ်ပျော်ရွှင်ဘို့ လိုချင် ကြသည်။ ထို့ထက်သာမက လူသည် ဝိညာဉ်ပိုင်း၌ မျက်ကန်းနှင့် နားလေး သူများ ဖြစ်သည်။ စာတန်ကလည်း ကယ်တင်ခြင်းသို့ မရောက်နိင်ရန် သူတို့၏ နားများကို ပိတ်၍ မျက်စိလည်း ကန်းစေသည်။ ထိုအကြောင်းများကြောင့် ရှေးလူများလည်း စိတ်ပျက်ခဲ့ ကြသည်။

၁။ ခေါင်းဆောင် မောရှေ
မောရှေသည် ချစ်ခြင်းမေတ္တာနှင့် စေတနာကြီးစွာဖြင့် သူ၏ လူမျိုးများကို ဦးဆောင်၍ စောင့်ရှောက်လျက် ဆုတောင်း ပေးသည်။ သို့သော် သူ၏ လူမျိုးများက နားမလည်သည်သာမက သူ့ကို အပြစ်တင် ကြသည်။ အကြီးမားဆုံး ဆန့်ကျင်ခြင်းသည် ကောရဒါသန်အဘိရန်တို့၏တော် လှန်မှု ဖြစ်သည် (တော ၁၆)။
၂။ ပရောဖက် ဟေရှာယ
ပရောဖက် ဟေရှာယ၏ ဝန်လေးခြင်းကို အနည်းငယ် မြည်းစမ်း ခဲ့ရသည်။ ဟေရှာယသည် သူ့လူမျိုးများကို ဘုရား၏ အလိုတော် ဟောပြောနေသော်လည်း ဂရုမစိုက်ကြသောကြောင့် ဤကဲ့သို့ မြည်တမ်းခဲ့ဘူးသည်၊ ငါတို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံသနည်း၊၊ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူ သနည်း၊၊ (ဟေရှာ ၅၃:၁)
၃။ ပရောဖက် ယေရမိ
ပရောဖက် ယေရမိလည်း သူ့လူမျိုးများကို အလွန် ချစ်ချစ်သောကြောင့် ကြိုးစား၍ ဘုရားသခင်၏ အကြောင်းကို ဟောပြောသည်။ သို့သော် သူ့လူမျိုးများ ကမယုံကြည် ကြ။ သူ့ကို ရေတွင်း ထဲချပစ်၍ သတ်ဘို့ရန် ကြံစည် ကြသည်။ မျက်ရည်နှင့် ဟောပြောသော်လည်း မနားမထောင်ဘဲ မိမိတို့ အလိုရှိရာသို့ သွားကြသည်။
၄။ ကယ်တင်ရှင် ယေရှုခရစ် အံ့ဩ
ကယ်တင်ရှင် ကိုယ်တော်တိုင် သူ၏ လူမျိုးတို့ထံ တရားဟောသော်လည်း မယုံကြည် ကြ။ အလွန် အံ့ဩ သောကြောင့် ဤသို့ ဆိုသည်၊ ဤလူမျိုးကို အဘယ်ဥပမာနှင့် ပုံပြရအံ့နည်း။ ပွဲသဘင်၌ ထိုင်နေသောသူငယ်တို့သည် မိမိသူငယ်ချင်းတို့အား အသံကို လွှင့်၍၊ ငါတို့သည် သာယာစွာ တီးမှုတ်သော်လည်း သင်တို့သည် မကကြ၊ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။ (မ ၁၁:၁၆-၁ရ)

ဆိုလိုသည်မှာ ဝမ်းလည်း မမြောက်တတ်။ ဝမ်းလည်း မနည်းတတ်။ ဩတ္တပ္ပစိတ်မရှိသောသူများ ဟုဆိုလိုခြင်း ဖြစ်သည်။ သခင်ယေရှု ကငါသည် သင်တို့၏ ကယ်တင်ရှင် ဖြစ်သည်၊ သင်တို့ထံသို့ လာလည်သော ဘုရား ဖြစ်သည်ဟု ပြောသော်လည်း မယုံကြည် ကြ။ သင်သည် ဘုရား မဟုတ်၊ ကယ်တင်ရှင် မဟုတ်၊ နတ်ဆိုးစွဲသောသူ၊ လူလိမ်လူညာ၊ မှားယွင်းသော ဩဝါဒကို သင်ပေးသောသူဟု စွတ်စွဲလျက် နောက်ဆုံး၌ သတ်လိုက် ကြသည်။

သူတို့၏ အမြင်နှင့် မကိုက်ညီသောကြောင့် သူ့ကို သတ်လိုက် ကြသည်။ သခင်ယေရှု ကအံ့ဩဘွယ်ရာများဖြင့် ဘုရား ဖြစ်ကြောင်းကို ပြသော်လည်း မယုံကြည် ကြ။ ရှင်ပြန်ထမြောက်သော်လည်း မယုံကြ။ လူ၏ စိတ်နှလုံးခိုင်မာခြင်းသည် အံ့ဩစရာ ပင်။ သို့သော် ထိုအထဲမှဘုရားကို ယုံနိင်သောသူများရှိတတ်သည်။

၅။ ယေရှုခရစ်၏ အရေးကြီးဆုံးသောအလုပ်
အဘယ်ကြောင့် ယုံကြည်သူ ဘုရား သားများပျောက်ဆုံးဝိညာဉ် ဖမ်းဘို့ လိုသနည်းဟူမူကား ကယ်တင်ရှင် ယေရှုခရစ်၏ အကြီး ဆုံးသော အလုပ် ဖြစ်သည်။ သခင်ယေရှု ဤလောက ဆင်းကြွလာခြင်း၌ ရည်ရွယ်ချက် များစွာရှိသည်။ ထို့အထဲ၌ ကယ်တင်ခြင်း လုပ်ငန်းသည် အရေးကြီးဆုံး ဖြစ်သည်။

သူကိုယ်တိုင် ဤသို့ ဆိုခဲ့သည်၊ လူသားသည် ပျောက်သော သူတို့ကို ကယ်တင်ခြင်းငှာ လာသတည်း (မ ၁၈:၁၁)။ အဘယ်မျှလောက် ပျောက်သောသူကို သခင်ယေရှု ဂရုစိုက်သနည်းဟူမူကား၊ သင်တို့တွင် တစုံတယောက်သောသူ၌ သိုးတရာရှိ၍၊ သိုးတကောင်ပျောက်လျင်၊ ကိုးဆယ်ကိုး ကောင်သော သိုးတို့ကို တောတွင် ထားခဲ့ပြီးမှ၊ ပျောက်သော သိုးတကောင်ကို မတွေ့မှီတိုင်အောင် သွား၍ မရှာဘဲ နေမည်လော။ တွေ့ပြီးလျှင် ဝမ်းမြောက်သော စိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊ မိမိအိမ်သို့ ရောက်သောအခါ အဆွေခင်ပွန်းအိမ်နီးချင်းများကို ခေါ်၍၊ ပျောက်သော သိုးကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက် ကြလော့ ဟုဆိုတတ်သည် မဟုတ်လော။ (လု ၁၅:၃-၆) ဟုဆိုသည်။

သခင်ယေရှုသည် ပျောက်သော သူတို့ကို အရေးတကြီးရှာဖွေသည်။ လောက၌ အသက်ရှင်စဉ်တွင်လည်း ဘုရားတရား မသိသော အပြစ်သားများကို ရှာဖွေ၍ ကယ်တင်ခဲ့သည်။ ယခုအချိန်တွင် သူကိုယ်တိုင်မရှိတော့သောကြောင့် ကယ်တင်ခြင်းသို့ ရောက်ပြီးသော ယုံကြည်သူများအားဖြင့် ပျောက်သောသူများကို ရှာဖွေ လိုသည်။ သို့သော် ယုံကြည်သူများကသူ၏ စကားကို နားမထောင်သောကြောင့် သူသည် ရှာဖွေ၍မရ။

ယုံကြည်သူများစုဝေးကြ၍ ဤသို့ သီချင်းဆိုကြသည်။

    • ပျက်စီးသူကို ကယ်တင်၊ သေလုသူကြည့်ရှု၊

 

    • အပြစ်နှင့် သင်္ချိုင်းတွင်း မှကယ်နှုတ်ပါ၊

 

    • လမ်းလွှဲသူဖို့ငိုကြွေး၊ လဲသူချီပင့်လေ၊

 

    ယေရှု ကယ်တင်နိင်ကြောင်းကို ပြောပါ။

သခင်ယေရှုသည် ယုံကြည်သူများကထိုသီချင်းသီဆိုကြသောအခါ အလွန်အား တက်သည်။ ယုံကြည်သူများငါခိုင်းတဲ့ အလုပ်လုပ်ကြတော့မယ်။ ငါ့အလုပ် ဆက်လုပ်ကြတော့မယ်။ ငါ့ရဲ့ ကယ်တင်ခြင်း အကြောင်း ပြောတော့မယ်။ သီချင်းအားဖြင့် ဆိုပြီ ဖြစ်သောကြောင့် လုပ်ဆောင် ကြတော့မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် သူထင် သကဲ့သို့ သူတို့ကိုယ်တိုင်လုပ်ဘို့ မဟုတ်ဘဲ အလှူငွေကောက်ခံဘို့ရန် သီဆို နေကြခြင်း ဖြစ်သည်။ သူတို့ သီဆိုနေစဉ်မှာပင် ဘာသီချင်းဆိုသည်ကိုမသိကြ၊ မစဉ်းစားကြ။ သီဆိုပြီးသည်နှင့်ပြီး သွားပြီ။ ပြသနာဘဲ။

၆။ လောကသားများပျောက်ဆုံး
လူသားများသည် ဤလောက၌ ထာဝစဉ် နေကြရမည် မဟုတ်။ လောက ခရီးသည်များသာလျှင် ဖြစ်ကြသည်။ သို့သော ခရီးသည် ဖြစ်မှန်း မသိကြချေ။ ထို့ကြောင့် ဤလောက မှာထာဝစဉ်နေမည့် ပုံစံနှင့် အိုးအိမ်ပစ္စည်းများကို ဆောက်လုပ်ရှာဖွေ ကြသည်။ ထာဝရ နေမည့် နေရာမရောက်မှီလမ်းပျောက် နေကြသည်။ လမ်းပျောက်မှန်းလည်း မသိကြ။ ထို့ကြောင့် လမ်းပျောက်နေလျှင်လည်း ပြသနာ မရှိ။

ယုံကြည်သူများလည်း အစ၌ သူတို့ ကဲ့သို့ပင် ဖြစ်သည်။ သို့သော် သခင်ယေရှု ကရှာဖွေ တွေ့ရှိကာလမ်းပျောက် နေကြောင်းကို ပြောပြ၍၊ ငါသည် လမ်းခရီး ဖြစ်သည် (ယော ၁၄:၆) ဟုပြောပြသောကြောင့် ကောင်းကင် လမ်းသို့ သွား နေကြပြီ။ ထိုသို့ သွားစဉ်တွင် အခြားသူများကိုလည်း ခေါ်ကြပါဟု မိန့်မှာသွားသည်။ သင်တို့ ကဲ့သို့ ကောင်းကင် လမ်းလျှောက်လှမ်းစေပါဟု မိန့်မှာခဲ့သည်။ သို့သော် ထိုသို့ သူတပါးကို ဘိတ်ခေါ်ခြင်းသည် ခေါင်းဆောင်များ၊ ဆရာများ၏ အလုပ် ဖြစ်သည်၊ ငါတို့ ကဲ့သို့ သာမန် ယုံကြည်သူများ၏ အလုပ် မဟုတ်ဟု မခေါ်ဘိတ်တော့ချေ။

အသက်ရှင်သော အသင်းတော်၌ အစည်းအဝေး ပြုလုပ်၍ ဤကဲ့သို့ သီချင်းဆို ကြသည်။

    • သွားကြသွားက ခရစ်၌ အသက်ရှင်ကြ သူများ

 

    • မြေပေါ်ရှိဝေနေယျသတ္တဝါ အပေါင်းတို့ ထံ

 

    • ဤပြည်၌ သတင်းကောင်းကို ပြောကြ၍ မပြီး ဆုံးသေးခင်

 

    • မရပ်မနားလုပ်ဆောင်ကြဘို့ကိုယ်တော် အမိန့်တော် အတိုင်း။

 

    • သွားကြသွားကြသွားကြပါ။ (ဘာ ဖြစ်လို့မသွားကြသေးတာလဲ)

 

    • မြေပေါ်ရှိဝေနေယျသတ္တဝါ အပေါင်းတို့ ထံ

 

    • ဤပြည်၌ သတင်းကောင်းကို ပြောပြ၍ မပြီး

 

    • ဆုံးသေးခင်၊ အဓိကထား၍ ပြောကြပါသတင်းကောင်း မြတ်ကို

 

    • (အဓိက ဖြစ်လျှင် အဘယ်ကြောင့် မပြောကြသေးသလဲ)

သေဖို့ခေါ်ခြင်း ခံသူများ အမြန် ကယ်တင်ကြ
(အလွန် သနားစရာ မကောင်းဘူးလား)
နားထောင် ငါမသိဟု ဆင်​ခြေပေးခဲ့လျှင် (အဲအဲကြားရဲ့လား)
စိတ်နှလုံးကြည့်ရှုသူရှေ့၌ အရာခပ်သိမ်းထင်ရှားသည်
လူတိုင်း လုပ်သမျှ အတိုင်း ပြန်ပေးဆပ်ရလိမ့်မည်။

သူတို့သည် အားရပါးရအသံကျယ်စွာဖြင့် သီဆို နေကြသည်။ သို့သော် မည်သူ့အတွက် ဆိုကြသည်ကို မသိကြ။ ထုံးစံအတိုင်း သီဆိုပြီသည်နှင့်ပြီး ဆုံးသွားသည်။ အံ့ဩစရာပင်။

၇။ လောကသားများမှားကြ
သခင်ယေရှုလောကသို့ ကြွရောက် လာခြင်းသည် အပြစ်သားများကယ်တင်ဘို့ရန် ဖြစ်သည် (၁ တိ ၁:၁၅)။ သို့သော် အပြစ်သားများကအပြစ်သား ဖြစ်မှန်း မသိကြ။ ထို့ကြောင့် အချင်းချင်းတိုင်ပင် ဆွေးနွေး၍ အပြစ် လွှတ်လိုက်တင်လိုက်လုပ် နေကြသည် (ရော ၂:၁၅)။ ထိုသို့ မသိသောကြောင့် အပြစ် စီရင်ခြင်းမှ လွတ်မည် မဟုတ်။ ဘုရားသခင်သည် သူတို့ ကိုလည်း တရားစီရင်ရဦးမည် ဖြစ်သည်။ သို့သော် နားမလည် သောကြောင့် သူတို့ကိုယ်တိုင် ပြုလုပ်သော ရုပ်တုများကို ကိုးကွယ်၍ အားကိုး ကြသည်။ ထိုကြောင့် ထိုသူများကို ပြောပြဘို့ လိုအပ်သည်။
၈။ လူများ ငရဲပြည်သို့ ဆင်းနေကြ
လူများသည် ဘုရားသခင်ကို မသိကြ။ ယုံလည်း မယုံကြည် ကြ။ နေ့စဉ်လောကအရာကို ရှာဖွေ ရင်းလောကအရာ၌ ဗျာများ နေကြသည်။ သူတို့ အမြင်သည် အပေါ်ယံသာ ဖြစ်သည်။ ခလေးများကဲ့သို့ဖြစ်သည်။ ခလေး များသည် ရေရှည်အတွက် မစဉ်းစားတတ်ကြ။ ထို့နည်းတူ ဘုရား မသိသောသူများလည်း ထာဝရ ကာလ အတွက် မစဉ်းစားနိင်ကြ။ လောက အသက်ရှင်စဉ်အတွက် သာစဉ်းစားနိင် ကြသည်။ ချက်ခြင်း သေ၍ ငရဲသို့ ရောက်နိင်ကြောင်းကို မသိကြ။ မသေနိင် သကဲ့သို့၎င်း၊ ငရဲမှလွတ်နိင် သကဲ့သို့ ငှင်းအသက်ရှင် ကြသည်။ သူတို့ မသိကြ။ မည်ကဲ့သို့ သိနိင်မည်နည်း။ သူတို့၏ အပြစ် မဟုတ်။ မပြောပြသော ယုံကြည်သူများ၏ အပြစ် ဖြစ်သည်။
၉။ မည်သူမျှငရဲမှာမခံနိင်ကြ
ငရဲသည် ပုံပြင်နှင့် အိပ်မက် မဟုတ်ပါ။ လူ၏ အတွေးအခေါ်လည်း မဟုတ်ပါ။ အမှန်ပင်ရှိသည်။ ဘုရားသခင်သည် မုသာ မပြောဘူးပါ။ ပြောလည်း မပြောနိင်ပါ။ ဘုရားသခင်က ငရဲရှိသည် ဟုဆိုသောကြောင့် အမှန်ရှိသည်။ ထိုနေရာ၌ သင်၏ မိဘများ၊ ညီအစ်ကို မောင်နှမများ၊ ဆွေမျိုးသား ချင်းများ၊ အိမ်နီးနားချင်းများ၊ မိတ်ဆွေ သူငယ်ချင်းများ သွားကြရမှာသေချာသည်။ သူတို့ကို မသနားသလော။ အဘယ်ကြောင့် မသိ သကဲ့သို့ နေနေပါသနည်း။ ငရဲရောက်ပြီးသောသူများ ပြန်လမ်းမရှိတော့ပါ။ နှစ်အနည်းငယ်ဒုက္ခ ဆင်းရဲခြင်း ပင်လျှင် ခံရခက်လျှင် ထာဝရ ဆင်းရဲ ခံရမည့် အရာသည် တွေးဝံ့စရာ မရှိ။ သခင်ယေရှုက၊ အံသွားခဲကျိတ်ရာ ဟုဆိုသည်။
၁၀။ ကိုယ့်လုံခြုံရေးအတွက်
ပျောက်ဆုံးသော ဝိညာဉ်များကယ်တင်ခြင်းသို့ ရောက်လျှင် ​ကျွန်ပ်တို့ ဖက်၌ ရပ်တည်လျက်ကိုယ့်လုံခြုံရေး ဖြစ်သည်။ ကယ်တင်ခြင်းသို့ မရောက် သေးသောသူများသည် စာတန်၏ သားသမီး များဖြစ်သောကြောင့် ယုံကြည်သူများ၏ ရန်သူ ဖြစ်သည်။ မည်မျှပင်ချစ်ကြစေကာမူ၊ လင်နှင့် မယား ဖြစ်လင့်ကစား ကယ်တင်ခြင်းသို့ မရောက်လျှင် စစ်မှန်သော ငြိမ်သက်ခြင်း မရနိင်ချေ။ ဘုရားနှင့် စာတန်သည်အတူ တူမနေနိင်။ ထို့နည်းတူ ဘုရား သားသမီး များနှင့် စာတန်၏ သားသမီး များသည်အတူ တူမနေနိင်ကြ။ အခိုက်အတန့်အားဖြင့် နေနိင်ကြသော်လည်း မနေနိင်သော အဆင့်ရောက်လာလိမ့်မည်။ ထိုအခါ ရန်သူများ ဖြစ်လာကြလိမ့်မည်။ သို့သော် ကယ်တင်ခြင်း အကြောင်း ပြောပြ၍ လက်ခံယုံကြည်ပါက ရန်သူ မဟုတ်တော့ဘဲ၊ ​ကျွန်ပ်တို့၏ ဘက်တော် သားများဖြစ်သွားမည် ဖြစ်သည်။ ထို့ကြောင့် ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းသည် အရှုံး လုံးဝ မရှိ။ ကိုယ့်လုံခြုံရေးလည်း ဖြစ်သည်။
၁၁။ ဝမ်းမြောက်ဘို့ရာဖြစ်
ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းထက် ဝမ်းမြောက်စရာ အဘယ်အရာမျှ မရှိ။ လက်ထပ်သောနေ့၊ စာမေးပွဲအောင်နေ့၊ လိုချင်သော အလုပ်ရရှိသည့်နေ့၊ အသက် ဘေးမှလွတ်သည့်နေ့၊ နာတာရှည် ရောဂါမှကျန်းမာသည့်နေ့စသည်ဖြင့် ဝမ်းမြောက်သည့်နေ့များရှိတတ်သည်။ သို့သော် ထိုအရာများသည်လောကနှင့် ဆိုင်၍ ကြာရှည်စွာ မခံ။ သို့သော် ပျောက်ဆုံးသော ဝိညာဉ် ဖမ်းခြင်းသည် ထာဝရ ကာလ အတွက် ဖြစ်သည်။ လောကီဝမ်းမြောက်ခြင်းသည် တခါတလေအတွက် ဖြစ်သည်။ သို့သော် ဝိညာဉ် ဖမ်းခြင်း၏ ဝမ်းမြောက်ခြင်းသည် အသစ်အသစ်ဖမ်းမိတိုင်း ဝမ်းမြောက်သည်။ ထို့အပြင် ပျောက်ဆုံးသော ဝိညာဉ် ဖမ်းခြင်းကြောင့် ဝမ်းမြောက်ခြင်းသည် ညစ်ညူးခြင်း မသမာမှု မပါ။ သူတပါးလည်း မပျက်စီးစေ။ မနာလိုစရာလည်း မရှိချေ။
၁၂။ အရေးကြီးဆုံးသော အလုပ်
လောက အသက်ရှင်စဉ်အတွင်း လုပ်စရာ အလုပ် အမျိုးမျိုးရှိသည်။ အရေးကြီးသော အလုပ်များလည်းရှိကြသည်။ သို့သော် လောက အလုပ်များသည်လောကနှင့်သာဆိုင်၍ ထာဝရ ကာလ တိုင်မတည်ချေ။ လူသည် ထာဝရ အသက်ရှင်ဘို့ရန် ဘုရားသခင်က ဖန်ဆင်းထားသည်။ ထို့ကြောင့် ထာဝရ တည်တန့်မည့် အလုပ်ကို ဘုရားသခင်က လုပ်စေချင်သည်။ စားသောက်စရာ ဝတ်စရာများကို ဘုရားသခင်က ထောက်ပံ့လျက် ရှိသည်။ သို့သော် ဘုရားသခင်၏ အလိုတော် မှာနိင်ငံတော် ( ကောင်းကင်နိင်ငံတော်)နှင့် ​ဖြောင့်မတ်ခြင်း ( ကယ်တင်ခြင်း)ကို အရင်ရှာစေချင်သည် (မ ၆:၃၃)။

သို့သော် လူသည် ဘုရားသခင် ခိုင်းသော အလုပ်မလုပ်အားသည့်တိုင်အောင် အလုပ်များ နေကြသည်။ ဘုရား ခိုင်းသော အလုပ်ထက်ကိုယ့်အလုပ်ပို၍ အရေးကြီးသည်။ ထို့ကြောင့် ကောင်းကြီး ပေးသင့်သလောက် မပေးနိင်ချေ။ သူ့စကားကို နားထောင်၍ သူခိုင်းသော အလုပ်ကို လုပ်ကြစို့။ ဘုရားသခင်သည် ကောင်းကြီး မပေးဘဲ နေမည် မဟုတ်။

၁၃။ ယုံကြည်သူ တိုင်း၏ အလုပ် ဖြစ်သည်
ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းသည် သင်းအုပ်ဆရာ၊ ဧဝံဂေလိ ဆရာ၊ များ၏ အလုပ်သာ မဟုတ်။ သင်တို့သည် ဤလောက၏ ဆား ဖြစ်သည် ုဆိုသောအခါ ယုံကြည်သူ တိုင်းကို ဆိုလိုသည်။ အလှူတော် ပေးခြင်း၊ ဆုတောင်းခြင်းဖြင့်သာမက ျေနပ် ကြစို့နှင့်။ ယုံကြည်သူတိုင်း ပျောက်ဆုံးဝိညာဉ် ဖမ်းကြစို့။

ပဌမ ဦးစွာ ယုံကြည်သောသူများလည်း ယေရုရှလင်မြို့၌ အစုအဝေးဖြင့် နေခြင်းအားဖြင့် အလွန် အားရကျေနပ် ကြသည်။ နေ့စဉ် ဘုရားသခင်ကို ချီမွမ်းခြင်း၊ တမန်တော်များ၏ သွန်သင်ခြင်း၌ ဝမ်းမြောက် ကြသည်။ မိမိတို့ အိမ်နှင့် လယ်များကို ရောင်း၍ ရရှိသော ငွေများကို တမန်တော်များ၏ ​ခြေရင်း၌ ချထား ကြသည်။ ဘုရားသခင်၏ အလိုတော်မှာ ထိုကဲ့သို့ မဟုတ်။ ထို့ကြောင့် သူတို့ အလွန် ပျော်ရွှင်ဝမ်းမြောက် ကြသေးသော်လည်း ဘုရားသခင်က ညှင်းဆဲနှိပ်စက်ခြင်းကို ကျရောက်စေသည် (တမန် ရ၊ ၈)။ ထိုအခါ ယုံကြည်သူများသည် မနေနိင်တော့သောကြောင့် အရပ်ရပ်သို့ ကွဲသွား ကြသည်။ ရောက်လေရာအရပ်ရပ်၌ သတင်းကောင်း ပြောကြခြင်းအားဖြင့် လူ များစွာ တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြသည် (တမန် ၈)

ရှေးဦးပဌမ ကယ်တင်ခြင်း အကြောင်း ဟောပြော သူများသည် တမန်တော်များမဟုတ်ချေ။ သာမန် ယုံကြည်သူများပင် ဖြစ်သည်။ ထိုအချိန်၌ တမန်တော်များသည် သူတို့ သခင်၏ အမိန့်တော်ကို နားမလည် သောကြောင့် ယေရုရှလင်မြို့၌ ကြန့်ကြန့်ခံနေ နေကြသည်။

ရှမာရိအမျိုးသားများထံတရားစဟောသူသည် အစာဝေပေးသောသူဖိလိပ္ပုပင် ဖြစ်သည်။ အဲသရောပိအမတ်ကို ဟောပြောသောသူလည်း ဖိလိိပ္ပု ဖြစ်သည်။ တမန်တော်များမူကား နောက်ပိုင်းမှသာ ဟောပြော ကြသည်။ ထို့ကြောင့် ယုံကြည်သူ တိုင်းသည် သက်သေခံဘို့ ဘုရားသခင် အလိုရှိသည်။

၁၄။ မောရ်မွန်နှင့် ယေဟောဝါး သက်သေခံများ
ကမ္ဘာပေါ်မှာ အထူးသဖြင့် အမေရိကပြည် ထောင်စု၌ မောရ်မွန်များနှင့် ယေဟောဝါး သက်သေခံများသည် သူတို့၏ အသင်းသား တိုင်းကို ဧဝံဂေလိ တရားဟောဆရာများ အဖြစ်မှတ်ယူ ကြသည်။ ဧဝံဂေလိ ဆရာဟု အထူးတလည်မရှိကြတော့ချေ။ ကျမ်းစာ အတိုင်း မသင်ပေးသော်လည်း လုပ်နည်းလုပ်ဟန် အလွန် ကောင်းသည်။ ဤအသင်းနှစ်ခုသည် သူတို့၏ ယုံကြည်ခြင်းကို နေ့ညမပြတ် တံခါးတိုင်း ခေါက်၍ ပြောပြ ကြသည်။ သန့်ရှင်းသောဝိညာဉ်တော် မပါသော်လည်း ပြောဖန်များ လာသောအခါ လူများကို စွဲဆောင်နိင်သည်။ ဤ အဖွဲ့များကို မြင်သောအခါ သမ္မာတရား သိသည်ဟု ခံယူသောသူများ အပေါ်၌ စိတ်နာသည်။ အဘယ်ကြောင့် ကယ်တင်ခြင်း တရားမဟောပြောကြသနည်း။ အဘယ်ကောင့်ဆင်​ခြေ အမျိုးမျိုး ပေးနေကြသနည်း။

မောရ်မွန်များသည် သူတို့၏ လူငယ်အထက် တန်းအောင်သောသူများ ကောလိပ်မတက်မှီနှစ်နှစ် ဧဝံဂေလိ တရားဟောဘို့ ဆက်ကပ် ကြသည်။ မိမိတို့ နေရပ်မှဝေးလံသော ဒေသများသို့ သွား၍ အက်ျီအဖြူဘောင်းဘီအနက်၊ လည်စည်းများ တပ်၍ အိမ်တိုင်း ဝင်ရောက် ကြသည်။ ​ခြေလျင်ဖြင့်၎င်း၊ စက်ဘီးဖြင့် ငှင်းသွား ကြသည်။ အဝေးမှ မောရ်မွန်များ ဖြစ်မှန်သိနိင်သည်။

ယေဟောဝါများသည် အသက် ကြီးသော မိန်းမများ၊ ခလေး များနှင့် သုံးလေးယောက်ခန့်သွားတတ်သည်။ စာအုပ်ရောင်းဘို့လည်း ပါတတ်သည်။ အမေရိကန်၌ ဖြစ်သော်လည်း မြန်မာလိုရေးထားသော သူတို့၏ စာများလည်း ယူဆောင် လာတတ်ကြသည်။ သူတို့ကိုယ်တိုင်မရှင်းပြနိင်သော အရာများကို သူတို့၏ ဆရာများထံသို့ တင်ပြ၍ အ​ဖြေရ လာသောအခါ ပြန်လည်၍ ပြောပြတတ်သည်။

ယေဟောဝါးများ၏ အားနည်းချက်မှာအိမ်ရှေ့တံခါးကျယ်စွာ ဖွင့်သော်လည်း အိမ်နောက်ဖီးတခါးမပိတ်သောကြောင့် သူတို့ အသင်း၌ လူများ ဝင်ကြသော်လည်း ပန်လည်ထွက်သွားသောသူများလည်း များသည်။

မောရ်မွန်များသည် ပင့်ကူကဲ့သို့ဖြစ်သည်။ သူတို့ အထဲရောက်သွားသောသူများ လုံးဝ မထွက်နိင်အောင် အိမ်နောက်ဖီးတံခါးကို လုံခြုံစွာ ပိတ်ထား ကြသည်။ ထ့ုိကြောင့်အသင်းဝင်သမျှ နီးပါးသည် သူတို့ အသင်း၌ မြဲ ကြသည်။ သူတို့ အသင်း၌ လာရောက်သောသူကို အသင်းသား အားလုံး ကလှိုက်လှဲစွာ လက်ဆွဲ ကြုိဆို ကြသည်။ ထို့နောက်သူနှင့် အရွယ်တူအ​ခြေအနေချင်းတူညီသောသူတယောက် ကတာဝန် ယူ၍ မပျင်းရလေအောင် စောင့်ရှောက်သည်။ လူပျို ဖြစ်လျှင် လူပျိုကငှင်း၊ အိမ်ထောင်သည် ဖြစ်လျှင် အိမ်ထောင်သည် ကငှင်းတာဝန်ယူ ကြသည်။ ထိုသို့ဖြင့် မပျင်းရိရလေအောင်၊ မစိမ်းရလေအောင် ပြုစု ကြသည်။ ဘုရားကျောင်းမှာသာမက အပြင်၌လည်း နေ့စဉ် ဂရုစိုက်ကြသောအခါ သူတို့ လက်ထဲမှမည်သို့ မျှမရုန်းထွက်နိင်တော့ချေ။ ထိုသို့ဖြင့် သူတို့ အထဲ၌ မြဲသွား ကြသည်။

ဤ အဖွဲ့များ၏ လုပ်ပုံသည် သခင်ယေရှု သွန်သင်သည့်အတိုင်း ဖြစ်၍ အလွန် ကောင်းသည်။ သူတို့ သင်ပေးသောအရာ သာမှန်ကန်ပါက ယခုထက် သာ၍ အောင်မြင် နိင်သည်။ သင်ပေးသောအရာ မှားလျက် ပင် အလွန် အောင်မြင် ကြသည်။ ထိုအချိန်တွင် ကယ်တင်ခြင်းသို့ ရောက်သည်၊ သမ္မာတရား သိသည် ဟုဆိုသောသူတိုသည် အလွန် ဗျာများ နေကသည်။ ဘုရား၏ အမှုတော် မဆောင်နိင်လောက်အောင်လောကအရာ၌ နစ်မွန် နေကြသည်။

.

^

အခန်း (၄)

၁။ မည်သူများကိုဖမ်းရမည်နည်း
ပျောက်ဆုံးသော ဝိညာဉ်များဖမ်းရမည် ဟုဆိုရာတွင်မည်သူများ ဖြစ်သနည်း။ ဝိညာဉ် ရှိ၍ ပျောက်နေသောသူမှန်သမျှ ဖမ်းရမည်။ ပျောက်ဆုံးဝိညာဉ် မှန်သမျှ ဖမ်းဘို့ လိုသည်။ ပျောက်ဆုံးဝိညာဉ် ဖမ်းဘို့ရန် ဝေးလံသော နေရာသို့ သွားစရာ မလိုပါ။ အနီးအနား၌ များစွာ ရှိပါသည်။ သင်၏ အနီးအနား၌ လူများသည် ကယ်တင်ခြင်းသို့ မရောက်သေးလျှင် ထိုသူများကို သင်ဖမ်းဘို့ ဖြစ်သည်။
၂။ မိဘညီအစ်ကို မောင်နှမ ဆွေမျိုးအားလုံး
သင်၏ ဆွေမျိုးသား ချင်းမိသားစုဝင်အားလုံး သည် ကယ်တင်ခြင်းသို့ မရောက်လျှင် ပြောပြဘို့ လိုသည်။ အမှန်မှာ လူတယောက် ကယ်တင်ခြင်းသို့ ရောက်လျှင် ပဌမ ဦးစွာ မိမိမိသားစုဝင်များကို သတိရတတ်သည်။ သို့သော် မိဘမောင်နှမ များနှင့် စကား မပြောနိင်သောသူများရှိပေလိမ့်မည်။ သို့သော် မိဘ ညီအစ်ကို မောင်နှမများငရဲသွားမှာသိသော်လည်း မပြောဘဲ နေနိင်သောသူ ဖြစ်လျှင် သင်၏ ပြောင်းလဲခြင်းသည် မေးစရာ ဖြစ်နေသည်။ အဘယ်ကြောင့်ကိုယ့်မိသားစုဝင်များ ငရဲသွားမည့် အရာကို မသနားဘဲ နေနိင်သနည်း။ ကိုယ်ကာယပိုင်းဒုက္ခ ဆင်းရဲ မည့် အရာပင်လျှင် ဂရုစိုက်ရသည် မဟုတ်လော။ ထိုအပြင်ကောင်းကင်သို့ ရောက်လျှင် အလွန် ပျော်ရွှင်စရာ ကောင်းမည်။ ကောင်းကင်သို့ သွားဘို့ရန် မဘိတ်ခေါ်ချင် သလော။
၃။ သူငယ်ချင်းများ
သတင်းကောင်း ပြောရမည်သူများ အထဲတွင် သူငယ်ချင်းများလည်း ပါသည်။ သူငယ်ချင်းများသည် ကောင်းစားသည့်ချိန်၌ ဖြစ်စေ၊ ဆင်းရဲသည့်အချိန်၌ ဖြစ်စေအနီးဆုံးကူညီ သူများ ခံစား ပေးသူများ ဖြစ်သည်။ သူငယ်ချင်းများကို ချစ်၍ အများဆုံးပေါင်းသင်းဆက်ဆံသောသူများ ဖြစ်သည်။ သူငယ်ချင်း၌ ကောင်းစားလျှင် သင်လည်း ဝမ်းမြောက်၍ ဆင်းရဲ ခံရလျှင် ဝမ်းနည်းသည်။ ကိုယ်ကာယအပိုင်းတွင် သင်ပေးစရာ မလိုဘဲ သူငယ်ချင်းများကို သတိရ၍ သူတို့အတွက် လုပ်ပေးချင်သည်။ သို့သော် ဝိညာဉ်ပိုင်းဆိုင်ရာ ၌ မသိ သကဲ့သို့ နေနေတတ်သည်။ သင်၏ သူငယ်ချင်းများလည်း ကောင်းကင် တက်ဘို့ လိုသည်။ ငရဲမှလွတ်ဘို့လည်း အလွန် အရေးကြီးသည်။ ထိုကြောင့် သူငယ်ချင်းများကို မချန်ထားဘဲ ကယ်တင်ခြင်း အကြောင်းကို ပြောပြရမည်။
၄။ သူငယ်ချင်း မရှိသူများ
အချို့သောသူများ ကသူငယ်ချင်းမရှိ ဟုဆိုနိင်သည်။ မှန်ပါသည်။ သူငယ်ချင်းမရှိ ဖြစ်နိင်သည်။ သို့သော် ဘုရားသခင်၏ ကယ်တင်ခြင်း လက်ခံသောသူသည် သူငယ်ချင်းရှိရမည်။ သူငယ်ချင်းမရှိခြင်းသည် အကြောင်း အမျိုးမျိုးရှိနိင်ပါသည်။ စကား မပြောချင် သောကြောင့်လည်း ဖြစ်နိင်သည်။ သူငယ်ချင်းရှိသောအခါ အမျိုးမျိုး ပြောဆို တတ်သောကြောင့် ပြသနာများတတ်သောကြောင့်လည်း ဖြစ်နိင်သည်။ သို့မဟုတ် ပေါင်းသင်းရမည့်သူ များသည် ဇာတိ သဘော ဆန်လွန်းသောကြောင့်လည်း ဖြစ်နိင်သည်။ တယောက် တည်းနေဖန်များ လာသောအခါ လူအများနှင့် မနေတတ်တော့တာလည်း ဖြစ်နိင်သည်။
၅။ သူငယ်ချင်းထားရမည်
မည်သို့သော အ​ခြေအနေ ဖြစ်ပါစေသူငယ်ချင်းရှိရမည်။ သူငယ်ချင်းမရှိလျှင်အတူ တူဝမ်းမြောက်၊ ဝမ်းနည်း;ပေးမည့်သူ မရှိ။ သူငယ်ချင်းရှိနိင်ရန်အချိန် ပေးရမည်။ ကိုယ့်အလိုအတိုင်းလည်း နေကြမည် မဟုတ်။ သို့သော် သူငယ်ချင်းရှိသောအခါ သူတို့ အလိုအတိုင်း သာနေဘို့ ဖြစ်လျှင် သတိထားရမည်။ ရည်ရွယ်ချက်ထားရမည့် အရာမှာသူငယ်ချင်းများကို ကယ်တင်ခြင်း အကြောင်း ပြောဘို့ရန် ဖြစ်သည်။ ကယ်တင်ခြင်း အကြောင်း ပြောသောအခါ ချစ်ခြင်းမေတ္တာနှင့် သနားခြင်း ဂရုဏာပါလျက် ပြောရမည်။ အချိန်နှင့် ငွေကျေးလည်း ကုန်ကျပါလိမ့်မည်။ သို့သော် ဘုရားသခင်၏ အလိုတော် ဆောင်ဘို့ရန် မှာကုန်ကျခံနိင်ရမည်။
၆။ သူငယ်ချင်းရှိခြင်းသည် ခရစ်ယာန် အသက်တာ
သူငယ်ခြင်းရှိခြင်းသည် လည်း ခရစ်ယာန် အသက်တာ ဖြစ်သည်။ ဘုရားသခင်ကို သိသောသူသည် သူငယ်ချင်းရှိရမည်။ အကောင်းမှာအကြီး မြတ်ဆုံးသော ပညတ်တော်က၊ ကိုယ်နှင့် စပ်ဆိုင်သောသူကိုကိုယ်နှင့် အမျှချစ်လော့ ဟုဆိုထားသည် (ဝတ်ပြု ၁၉:၁၈)။ ကိုယ်နှင့် စပ်ဆိုင်သောသူကို ချစ်လျှင် ဘုရားသခင်ကို ချစ်ရာရောက်ပြန်သည်။
၇။ အိမ်နီးနားချင်းများ
အိမ်နီးနားချင်းများလည်း ပျောက်ဆုံးဝိညာဉ် များဖြစ်သည်။ ထိုကြောင့် သူတို့ ကိုလည်း ဖမ်းဘို့ လိုအပ်သည်။ သို့သော် အိမ်နီးနားချင်းတိုင်းသည် ကောင်းသည် မဟုတ်။ မကောင်းသောသူ၊ ပေါင်းသင်းရခက်သောသူ၊ မရိုးသားသောသူများလည်း ဖြစ်နိင်သည်။ ထိုသို့ဖြစ်ရခြင်းသည် ခရစ်တော် မရသောကြောင့် ဖြစ်သည်။ ထိုသိုသောသူ့များအား ပြောပြဘို့ရန် ပိုလိုအပ်သည်။

ကယ်တင်ခြင်း အကြောင်းကို လူကောင်းများ ထံ၌ သာပြောခိုင်းသည် မဟုတ်။ လူဆိုးလူကောင်းအားလုံး ထံပြောခိုင်းသည်။ မည်သူမဆို ခရစ်တော်ကို ရရှိ၍ အုပ်စိုးခွင့် ပေးပါက ကောင်းလာကြမည် ဖြစ်သည်။ ထို့ကြောင့် အိမ်နီးနားချင်းများလည်း ပြောပြဘို့ လိုသည်။

အိမ်နီးနားချင်းများ မကောင်းလျှင် ဘုရားသခင်ကို ပို၍ အားကိုး ဘို့ရန် လိုအပ်သည်။ စိတ်ရှည်ဘို့၊ နှိမ့်ချဘို့ လိုသည်။ သူတို့ ခက်ခဲသည့်အချိန်တွင် ကူညီနိင်ပါက အကောင်းဆုံး ဖြစ်သည်။ ရည်ရွယ်ချက်ရှိ၍ ဆုတောင်းပါက မဖြစ်နိင်စရာ အဗကြာင်းမရှိ။ လူပျိုများ ကအပျိုလိုက် သကဲ့သို့၎င်း၊ ချမ်းသာ လို သူများ ကငွေရှာ သကဲ့သို့၎င်း၊ ပျောက်ဆုံးသော ဝိညာဉ်များကို ချစ်၍ ရှာဖွေပါက တနေ့နေ့တွင် ရရှိလိမ့်မည်။ မေတ္တာပြနိင်ပါက ခံနိင်မည် မဟုတ်။ ခက်ခဲသောသူ ဖြစ်ရခြင်းသည် သူတို့၏ ရောဂါ ဖြစ်သည်ဟု နားလည်ပေးလျှင် ကူညီမစဘို့ ခက်ခဲလိမ့်မည် မဟုတ်။ ကျန်းမာသောသူဟု ထင်နေသ၍ ကူညီမစချင်မည် မဟုတ်။

၈။ လုပ်ဘော်ဆောင်ဖက်များ
လုပ်ငန်းခွင်၌ လုပ်ဘော်ဆောင်ဖက်များသည် ကယ်တင်ခြင်းသို့ မရောက်ကြသေးလျှင် ပျောက်ဆုံးသော ဝိညာဉ်များဖြစ်သည်။ လုပ်ဘော်ဆောင်ဘက်အနေဖြင့် သာမမြင်ဘဲ ပျောက်ဆုံးသော ဝိညာဉ် များဟု မြင်ရမည်။ နေ့စဉ် တွေ့မြင် နေကြသောကြောင့် တယောက်နှင့် တယောက် နောကျေနေအောင် သိကြပါလိမ့်မည်။ သင်၏ အားနည်းခြင်းနှင့်အား သာခြင်းများကိုလည်း သိကြပါလိမ့်မည်။ ထို့ကြောင့် ဝိညာဉ်တော် အလိုအတိုင်း အသက်ရှင်ဘို့ လိုသည်။ ယခုမူပျောက်ဆုံးသော ဝိညာဉ် ဖမ်းဘို့ အဖြစ်မမြင်သောကြောင့် သင်၏ အသက်တာလည်း ဂရုမစိုက်ခြင်း မရှိ ဖြစ်သလိုနေထိုင် ပြောဆို ပါလိမ့်မည်။ ထိုအခါ လုပ်ဘော်ဆောင်ဖက်များ၏ လေးစားခြင်း မခံရ။ သင်၏ စကား ကိုလည်း နားမထောင်ချင် ကြ။ သို့သော် ဆုတောင်း၍ ကောင်းသောစကား များကိုသာ ပြောဆိုလျှင် သင်ကို လေးစားလျက် စကား နားထောင် ကြလိမ့်မည်။

ဘုရားသခင်က သင့်ကို အသုံးပြု၍ သင်၏ လုပ်ဘော်ဆောင်ဖက်များကို ကယ်တင်လိုသည်။ သင်းအုပ်ဆရာများနှင့် ဧဝံဂေလိ ဆရာများ ကသင်၏ လုပ်ဘော်ဆောင်ဖက်များကို ပြောဆို၍ မရ။ သူတို့ကို မသိဘူးသောကြောင့် ဂရုစိုက်ကြမည် မဟုတ်။ ဘုရားသခင်က သူတို့ကို ဖမ်းဘို့ရန် သင့်ကို ထိုနေရာ၌ ခန့်ထားခြင်း ဖြစ်သည်။ ထိုသို့ စဉ်းစားတတ်လျှင် သူတို့၏ ကယ်တင်ခြင်း အတွက် ပူပန်ပေး၍ နည်းလမ်းများကို စဉ်းစားတတ်လာမည်။

၉။ ဧည့်သည်များ
ဧည့်သည် များလည်း ပျောက်ဆုံးဝိညာဉ် များဖြစ်ပါက ဖမ်းဘို့ လိုအပ်သည်။ ဧည့်သည်များကို ချစ်ရမည်။ ကိုယ်ဧည့်သည်များကို အစားအသောက်၊ အိပ်မည့် နေရာနှင့် အခြားလိုအပ်ချက်များ ကူညီမစသော်လည်း ဝိညာဉ်ရေးရာအတွက် ခရစ်တော်ကို မပေးလျှင် အိမ်ရှင်ကောင်းမပီသချေ။ ထိုကြောင့် ဧည့်သည် မှန်သမျှကို သခင်ယေရှု ပေးဘို့ လိုအပ်သည်။ ဧည့်သည် များသည် အိမ်ရှင်ကို အားကိုး၍ တည်းခိုသောကြောင့် အိမ်ရှင်များ၏ လက်ထဲ၌ ရှိသည်။ အိမ်ရှင် ဦးဆောင်သမျှ အတိုင်း ဧည့်သည်များကလိုက်လုပ်တတ်သည်။ အနိင်ကျင့်ဘို့ မဟုတ်သော်လည်း အိမ်ရှင်အလိုအတိုင်း ဦးဆောင်နိင်သည်။

၁၀။ ခရီးသွားဖေါ်များ

ခရီးသွားသောအခါ လူ များစွာနှင့် ထိတွေ့ကြလိမ့်မည်။ တွေ့သမျှသော လူအများစုသည် ပျောက်ဆုံးသော ဝိညာဉ် များဟု မြင်ပါက သူတို့ကို ကယ်တင်ခြင်း အကြောင်း ပြောနိင်မည်။ ​ကျွန်ပ်တို့၏ တာဝန် မှာပြောပြဘို့ သူတို့၏ တာဝန် မှာယုံကြည် လက်ခံဘို့ ဖြစ်သည်။ သူတို့ ယုံကြည်ဘို့ အထိ တာဝန် မယူရ။ ​ကျွန်ပ်တို့၏ တာဝန် မှာမျိုးစေ့ကျ​ဲဘို့ ဖြစ်သည်။ အပင်ပေါက်စေသောသူသည် ဘုရားသခင် ဖြစ်သည် (၁ ကော ၃:၆-၉)

၁၁။ ကျောင်းနေဘက်များ
ကျောင်းသားများအနေဖြင့် မိမိကျောင်းနေဘက်သူငယ်ချင်းများကို ပြောပြရမည်။ ကျောင်းသား ဖြစ်သောကြောင့် မပြောပြဘို့ မဟုတ်။ မိမိကျောင်းနေဘက်သူငယ်ချင်းများကို ဖမ်းခြင်းသည် အလွန် အရေးကြီးသည်။ အမှန်မှာ ကျောင်းသား ဖြစ်စဉ်တွင် ကယ်တင်ခြင်းသို့ ရောက်ပါကကြီး ပြင်း လာသောအခါ ဘုရား အတွက် များစွာ လုပ်နိင်ကြမည် ဖြစ်သည်။ ထို့ကြောင့် ကျောင်းသားများဖမ်းဘို့ရန် အလေးထားရမည်။
၁၂။ သူတောင်းစားများ
မြို့ကြီးများတွင် သူတောင်းစားများများတတ်သည်။ သူတို့လည်း ပျောက်ဆုံးသော ဝိညာဉ်များဖြစ်သည်။ ပိုက်ဆံကိုသာ မပေးဘဲ ခရစ်တော် ကိုလည်း ပေးဘို့ လိုသည်။ သူတောင်းစား ဖြစ်သောကြောင့် သူတို့၏ တန်ဘိုးသည် မလျော့ပါ။ သခင်ယေရှု အမြင်၌ တန်ဘိုးရှိသည်။
၁၃။ ဆေးရုံတက်သော လူနာများ
လူသည် ဖျားနာသောအခါ၌၎င်း၊ အခက်အခဲတွေ့သောအခါ၌၎င်း၊ ဝါကြွားခြင်း မရှိ၊ နှိမ့်ချတတ်သည်။ ထို့အပြင် လူနာသည် ကူညီမစခြင်း လိုချင် တတ်ကြသည်။ အခက်အခဲတွေ့သောအခါ ကယ်တင်ခြင်း အကြောင်း ပြောဘို့ရန် အလွယ်ဆုံး ဖြစ်သည်။ လူနာများကို ဆုတောင်း ပေးရင်းဖြင့် ကယ်တင်ခြင်း အကြောင်းကို ပြောပြရမည်။
၁၄။ လူတိုင်းကို ပြောပြရမည်
အထက်၌ ဖေါ်ပြခဲ့သည့် သူများသာမက လူတိုင်း တွေ့သမျှသောသူများသည် ပျောက်ဆုံးဝိညာဉ် များဖြစ်ပါက ဖမ်းဘို့ လိုသည်။ ထို့ကြောင့် မည်သူမဆိုခွဲခြားခြင်း မရှိဘဲ ကယ်တင်ခြင်း အကြောင်း ပြောဘို့ လိုသည်။ လူတိုင်း ထံ၌ ကယ်တင်ခြင်း အကြောင်း ပြောဘို့ရန် အကြွေးရှိသည်ဟု ခံယူထားပါက သင်၏ အသက်တာပြောင်းလဲလာလိမ့်မည်။ အငြိမ်နေနိင်မည် မဟုတ်။ ဘုရားသခင် လက်ရာတော်နှင့် တန်ခိုးတော် ကိုလည်း မြင်လာမည်။

.

^

အခန်း (၅)

မည်ကဲ့သို့ဖမ်းရမည်နည်း

၁။ ဆုတောင်းရမည်
ပျောက်ဆုံးသော ဝိညာဉ်များဖမ်းခြင်းသည် ဘုရားသခင်၏ အလုပ် ဖြစ်သည်။ သူကိုယ်တိုင်မပါလျှင် ဘာမျှမလုပ်နိင်။ သခင်ယေရှုက၊ အကြင်သူသည် ငါ၌ တည်၍ ငါသည်လည်း သူ၌ တည််၏၊ ထိုသူသည် များစွာသော အသီးကို သီးတတ်၏။ ငါနှင့် ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင် ကြ (ယော ၁၅:၅) ဟုဆိုရာတွင်လောကအရာများတွင် ခရစ်တော် မပါဘဲ များစွာ လုပ်နိင် ကြသည်။ သို့သော် ဝိညာဉ်ရေးရာ၌ ခရစ်တော် မပါဘဲ အဘယ်အမှုကိုမျှ မတတ်နိင်ကြ။ ထို့ကြောင့် ဘုရားသခင် ထံ၌ ဆုတောင်းဘို့ လိုသည်။

ထို့အပြင် ပျောက်ဆုံးဝိညာဉ် များဖမ်းခြင်းသည် စာတန် လက်ထဲမှသူ့လူများကို ဆွဲထုတ်ရမည် ဖြစ်သောကြောင့် အနှောက်အရှက်မပေးနိင်ရန် ဆုတောင်း ဘို့လိုသည်။ ပျောက်ဆုံးသော ဝိညာဉ် များသည် စိတ်နှလုံးရှိကြ၍ ကိုယ့်ကိုယ်ကို အထင်ကြီးသောသူများ ဖြစ်ကြသောကြောင့် ဘုရားသခင်က သူတို့၏ စိတ်ပျော့ပြောင်းစေဘို့ရန် ဆုတောင်းဘို့ လိုသည်။

၂။ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကူညီရမည်
လူသည် ကိုယ်ခန္ဓာပိုင်းအခက်အခဲတွေ့သောအခါ ကူညီမစမည့်သူကို ရှာဖွေ တတ်သည်။ အခက်အခဲရင်ဆိုင်ချိန်တွင် ကူညီမစ သူများကို လေးစား၍ ကျေးဇူးတင်တတ်သည်။ ထို့ကြောင့် ဒုက္ခ ဆင်းရဲ တွေ့သောသူများကို လေ့ဘို့ လိုသည်။ လူတိုင်းနှင့် သူတို့၏ လိုအပ်ချက်တိုင်းကို မကူညီနိင််သော်လည်း ကိုယ်တတ်နိင်သမျှ ကူညီခြင်းသည် အရေးကြီးသည်။ ကူညီနိင်သော အ​ခြေအနေရှိလျက်နှင့် မကူညီခြင်းသည် ချစ်ခြင်းမေတ္တာကို မကျင့်သုံးရာရောက်သည််။ ထိုကဲ့သိုသောသူသည် လူများ၏ စိတ်နှလုံးကို မနိင်။ ချိုသာသော စကားနှင့် ပြောဆိုခြင်းသည် လည်း အရေးကြီးသည်။ သူတပါး၏ အကြောင်းကို အတင်း ပြောရင်းဖြင့် ပျောက်ဆုံးဝိညာဉ်များကို မဖမ်းနိင်ချေ။ ယခုမူကာပျောက်ဆုံးဝိညာဉ် ဖမ်းဘို့ရန် မရည်ရွယ်သောကြောင့် အတင်း ပြော နေကြသည်။ အတင်း ပြောခြင်းသည် အလွန် အားရ၍ ချိုသည်ဟု ထင်တတ်သည်။ သို့သော် ပျောက်ဆုံးဝိညာဉ် ဖမ်းမည့် သူသည် အတင်း ပြောဘို့ရန် ဝန်လေးသည်။ အားလည်း မအားပေ။ အကြောင်းမှာ အတင်း ပြောလျှင် သူ၏ နှုတ်သည် တန်ခိုးရှိတော့မည် မဟုတ်ကြောင်း သိသည်။ ထိုသို့ သတိထား လာသောအခါ ဝိညာဉ် သဘောနှင့် အသက်ရှင်လာနိင်ပေမည်။
၃။ မပြောရမည့် အချက်များ
ပျောက်ဆုံး ဝိညာဉ်များဖမ်းသောအခါ သတိထားဘို့ လိုသည်။ မပြောရမည့် အချက်များမှာ၊ အသင်းတော် ဂိုဏ်းဂဏအကြောင်း၊ အကောင်းအဆိုး မပြောရ။ အကြောင်းမှာ ဂိုဏ်းဂဏအကြောင်း ပြောခြင်းဖြင့် ကယ်ခြင်းသို့ ရောက်နိင်။ သင်းကွဲခြင်းနှင့် ရန်ဖြစ်ခြင်း သာလျှင် ဖြစ်စေနိင်သည်။ မည်သူ၏ အကြောင်း အရာကိုမျှ မပြောရ။ အကြောင်းမှာ လူ့အကြောင်း ပြောခြင်းဖြင့် တန်ခိုးမရှိနိင်။ နိင်ငံရေး၊ လူမျိုးရေးလည်း မပြောရ။ အကြောင်းမှာ ထိုအရာများ ပြောလျှင် ကယ်တင်ခြင်းသို့ မရောက်နိင်တော့ချေ။
၄။ လိုရင်းသာပြောပါ
ပြောရမည့် အချက်များမှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဘုရား၏ အမြင်၊ လူ၏ အပြစ်၊ ဘုရားသခင်က မည်ကဲ့သို့ ကယ်တင်သည် ဟူသော အရာများ ပြောရမည်။

၅။ ဝိညာဉ်ဖန်းနည်း အကြံပြုချက်များ

အစပျိုးနည်း (၁)

သင်-သူငယ်ချင်း ဤလောက၌ အဘယ်သူမျှ ထာဝရ မနေဘူးနော်။

သူ-ဟုတ်တာပေါ့၊ တနေ့နေ့တော့သေရကြမှာဘဲ လေ။

သင်-ဒါဆိုရင်သေဘို့ ကြောက်ရဲ့လား။

သူ-ကြောက်တာပေါ့၊ မင်းကော။

သင်-ငါတော့မကြောက်ဘူး၊ ဘာကြောင့်လဲသိလား။

သူ- မသိဘူးလေ။ ပြောပြပါလား။

သင်-ငါသခင်ယေရှုကို ပိုင််တဲ့အတွက် သေရမှာမကြောက်ဘူး။ ကျမ်းစာ၌ သခင်ယေရှုက၊ ငါကို ယုံကြည်သော သူတို့ ဟာထာဝရ အသက် ရတယ်၊ လို့ဆိုတယ်လေ (ယော ၃:၁၆၊ ၃၆)။ ဒါ့တင်မကသခင်ယေရှုက၊ ငါကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်၊ လို့ဆိုသေးတယ်။ (ယော ၁၁:၂၅)။ သခင်ယေရှု ကလိမ်ပြောမှာ မဟုတ်ဘူး။ ဒါကြောင့်သေရမှာငါမကြောက်ဘူး။ မင်းကောအဲသည် လိုယုံကြည်ချင် သလား။

သူ-ယုံကြည်ချင် တာပေါ့။ ငါ့ကို ပြောလေ။

သင်-ထာဝရ အသက် ဆိုတာအရမ်းတန်ဘိုးရှိတယ်။ ဘယ်သူကမှမဝယ်နိင်၊ အောင် မကျိုးစားနိင်ဘူး။ ငါတို့ ရဲ့ ကိုယ်ခန္ဓာအသက် တောင်မှ ဝယ်လို့ဆက်လို့မရဘူးလေ။ လူ များစွာ သင်္ချိုင်းထဲမှာဆင်းသွားခဲ့ကြပြီလေ။ ငါတို့ လဲ ကိုယ်ကိုကိုယ် စောင့်ရှောက်တတ်လို မဟုတ်ဘဲ ဘုရားသခင် ရဲ့ကျေးဇူးတော်ကြောင့် အခုထိအသက်ရှင်ရကြတာ။ ချက်ချင်း သေနိင်တဲ့သူတွေ ဖြစ်တယ်။ ငါတို့ ရဲ့ ကိုယ်ခန္ဓာအသက်ကို ချစ်ပြီး အလွန် နှမျော ကြတယ် မဟုတ်လား။

သူ-ဟုတ်တာပေါ့။

သင်- ကိုယ်ခန္ဓာအသက် ဟာ အလွန် သာယာပျော်ရွင်တာလဲ မဟုတ်။ ဒါပေမဲ့မသေချင် ကြဘူး။ ဒါထက် ဝိညာဉ် ထာဝရ အသက်ရှင်မဲ့အရာဆိုရင်ဘယ်လောက်လိုချင်ဘို့ ကောင်းသလဲ။ သေခြင်း၊ နာခြင်း၊ အိုခြင်း မရှိ။ အခက်အခဲမရှိ၊ ရေငတ်အစာငတ်ခြင်း မရှိတော့တဲ့နေရာကောင်းကင်မှာထာဝရ နေဘို့ အရေးကအရမ်းအရေးကြီး တယ်။ အဲဒီအသက် လိုချင် သလား။

သူ-လိုချင် တာပေါ့၊ ဘယ်လိုရနိင်မလဲ။

သင်-ထာဝရ အသက် ကအခမဲ့ ဖြစ်တယ်။ ကျမ်းစာ ကဒီလိုဆိုထားတယ်၊ ဘုရားသခင်သည် ငါတို့အား ထာဝရ အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကို မရ(၁ ယော ၅:၁၁-၁၂)။ ရှင်ပေါလုကလည်း ါဒီလိုပြောတယ်၊ အပြစ် ရဲ့အခဟာသေခြင်း ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင် ပေးသနားတော်မူသော လက်ဆောင်မူကား ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက် ဖြစ်တယ် (ရော ၆:၂၃)။

ထာဝရ အသက် ဟာဘုရား ပေးတဲ့လက်ဆောင် ဖြစ်တယ်၊ လက်ဆောင်ဆိုတာဝယ်စရာ မလိုဘူး။ ကြိုးစားစရာ လဲမလိုဘူး။ ပေးတဲ့လူကပေးရင်ယူလိုက်ဘို့ဘဲ။ ယူရင်ရတယ်၊ မယူရင်မရဘူး။ ထာဝရ အသက်ကို ရယူချင် သလား။

သူ-ရယူချင် တာပေါ့၊ ဒါပေမဲ့ဘယ်လိုရယူရမလဲ။

သင်-ဘယ်သူမှနွားနိုဖြူဖြူလေးကို ညစ်ပတ်တဲ့ခွက်ထဲထည့်လေ့မရှိဘူး မဟုတ်လား။

သူ-ဟုတ်တာပေါ့၊ အရင်ဆေးရမလေ။

သင်-အဲလေ၊ အဲဒီလိုဘဲ ထာဝရ အသက် ဟာ ခရစ်တော် အထဲမှာရှိတယ်။ ထာဝရ အသက် ရဘို့ ဆိုရင် ခရစ်တော်ကို ရရမယ်။ ခရစ်တော်ကို ရရှိဘို့ ဆိုရင်မင်းရဲ့အပြစ် တွေကို အရင်ဆေးကြောဘို့ လိုတယ်။ ဘာ ဖြစ်လို့လဲဆိုတော့သူဟာ သန့်ရှင်းတဲ့အတွက် မသန့်ရှင်းတဲ့နေရာမှာနေလို့မရဘူး။

သူ-ဘယ်လိုငါ့အပြစ် တွေကို ဆေးကြောနိင်မလဲ။

သင်-အဲဒါကဘုရား တာဝန်ပါ။ ဘုရားသခင်က မင်းရဲ့အပြစ် အားလုံး ကို သခင်ယေရှုခရစ်အပေါ်မှာ တင်ထားပြီး ပြီ။ (ဟေရှာယ ၅၃:၆) နောက်ပြီး ယောဟန်ကလဲသခင် ယေရှုခရစ် နဲ့ပတ်သက်ပြီး ဒီလိုပြေသွားတယ်၊ ဤလောက၏ အပြစ်များကို ယူဆောင်သွားသော ဘုရားသခင်၏ သိုးသူငယ်၊ (ယောဟန် ၁:၂၉)။ ဒါကြောင့်မင်းအပေါ်မှာ အပြစ် တွေရှိအုံးမလား။

သူ-မင်းပြောသလိုဆိုရင်မရှိတော့ဘူးလေ။ ဒါပေမဲ့သခင် ယေရှုခရစ် ကအပြစ် တွေယူတင်တုန်းကငါမှမမွေးသေးတာ၊ ငါ့အပြစ် တွေကောပါမလား။

သင်-သခင်ယေရှု ကအပြစ် ယူတင် ဆောင်ရွက်တာဟာ ခေတ်အဆက်ဆက်က လူအားလုံး အတွက် ဖြစ်တယ်။ မင်းနဲ့ငါ့အတွက် သီးသန့်ယူတင်တော့မှာ မဟုတ်ဘူး။ တခါတည်း ယူတင်သွားပြီ။ အဲဒါကို ငါတို့ ယုံကြည် လက်ခံဘို့ဘဲ ကျန်တော့တယ်။ အပြစ် ရဲ့အခဟာသေခြင်း ဖြစ်တယ်လို့ဆိုတဲ့အတိုင်း သခင်ယေရှုခရစ် ဟာငါတို့ အပြစ်ကြောင့် အသေခံ ခဲ့ရတယ် (၁ ကော ၁၅:၃)။ ငါတို့ ရဲ့အပြစ် ဒါဏ်သေခြင်းကို သခင်ယေရှု ကမိမိ ရဲ့အသက် နဲ့ပေးဆပ်သွားပြီး ပြီ။ အဲဒီလိုပေးဆပ်ကြောင်းကို ခမည်းတော်ဘုရား ထံသူ့ရဲ့အသွေးနဲ့သက်သေထူပြခဲ့ပြီး ပြီ (ဟေ ၉:၁၁-၁၂)။ အဲဒါကြောင့် ဘုရားသခင်က ငါတို့ ရဲ့အပြစ် အတွက် တရားမစီရင်တော့ဘူး။ အပြစ် ပြန်စီရင်တယ်ဆိုရင်သူ့သားတော် ရဲ့အသေခံခြင်း ဟာအလဟသ ဖြစ်သွားမယ်လေ။ ဒါပေမဲ့ များစွာသော လူများ ဟာငရဲသွားဘို့ ဖြစ်နေကြသေးတယ်။ ဘာကြောင့်လဲဆိုတော့အပြစ် အတွက် တရားစီရင်ပြီး ပြီဆိုတာကို မယုံလို့ဘဲ။ အဲဒါကြောင့်ကျမ်းစာက၊ သားတော်ကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်းကို မခံရ၊ (ယော ၃:၁၈) လို့ဆိုခြင်း ဖြစ်တယ်။ ဒါဆိုရင်မင်းအပြစ် အတွက် ပြစ်ဒါဏ်ခံရအုံးမလား။

သူ-မင်းပြောသလိုဆိုရင်တော့မခံရတော့ဘူးပေါ့။

သင်-ငါပြောတာ မဟုတ်ဘူးလေ၊ ကျမ်းစာ ကပြောတာ။

သူ-ဒါဆိုရင်ငါတို့ လုပ်ရအုံးမဲ့အပြစ် တွေကောပါပြီး ပြီလား။

သင်-မင်းအရမ်းမေးတတ်တာဘဲ။ မေးသင့်တဲ့မေးခွန်းလဲ ဖြစ်တယ်။ ဟုတ်တယ်လူ ဖြစ်တဲ့အတိုင်း သေတဲ့အထိ အနဲနဲ့အများ အပြစ် တော့လုပ်ကြအုံးမှာဘဲ။ သခင်ယေရှုခရစ် ကပေးဆပ်ခဲ့တာကငါတို့ ပြုလုပ် ရအုံးမဲ့အပြစ် တွေလဲပါသွားပြီ။ တကယ် ဆိုရင် ယေရှုခရစ် ကငါတို့ အပြစ် အတွက် ပေးဆပ်တဲ့အချိန် မှာငါတို့ မွေးပြီး ပြီလား။

သူ-ဘယ်မွေးအုံးမလဲ။

သင်-ဟုတ်တယ်မင်းမှန်တယ်။ ငါတို့ မမွေးသေးတဲ့အတွက် ငါတို့ ကျူးလွန်ပြီး တဲ့အပြစ် တွေကောအပြစ် အတွက် ပေးဆပ်တဲ့အချိန််မှာကျူးလွန်ပြီး ပြီလား။

သူ-မွေးမှမမွေးသေးတာ၊ ဘယ်ကျူးလွန် ရအုံးမလဲ။

သင်-ဟုတ်တယ်၊ မင်းနဲ့ငါကတော့၊ ကျူးလွန်ပြီး တဲ့အပြစ်၊ ကျူးလွန် နေဆဲအပြစ်၊ ကျူးလွန် ရအုံးမဲ့အပြစ် ဆိုပြီး ခွဲခြားနေပေမဲ့ ယေရှုခရစ် ကပေးဆပ်တဲ့အချိန်က နေကြည့်မယ်ဆိုရင်အားလုံး ဟာအနာဂတ်မှာရှိသေးတယ်။ ကျူးလွန် တဲ့အပြစ် နဲ့ကျူးလွန် ရအုံးမဲ့အပြစ် ဟာအတူ တူ ဖြစ်တယ်အနာဂတ်မှာရှိတယ်။ အဲဒါကြောင့်သခင်ယေရှု ကအပြစ် တွေယူတင်ဆောင်ရွက်ပြီး ဆပ်ပြီး တဲ့ဟာထဲမှာငါတို့ ရဲ့အပြစ် အားလုံး ပါသွားပြီ။

သူ-ဒါဆိုရင်ငါတို့ ကြိုက်သလိုအပြစ် တွေလုပ်ခွင့်ရတဲ့ သဘော ပေါ့နော်။ အားလုံး ပေးဆပ်ပြီး ပြီဆိုရင်ဘာလို့ချုပ်တီးနေစရာ လိုသေးသလဲ။

သင်-ဟုတ်တယ်၊ အဲဒါလိုအလွယ်နည်းနဲ့ယူနိင်တယ်။ ဒါပေမဲ့မင်းကို ဒီလိုပြောရင် သဘောပေါက်လွယ်မယ်ထင်တယ်။ မင်းရဲ့တီဗီကို ငါပျက်စီးစေမိတယ်၊ လျော်လဲမလျော်နိင်ဘူး၊ ငါဘာလုပ်ရမှန်း မသိတဲ့အချိန် မှာမင်းကငါ့ကို အပြစ် လွှတ်ပြီး စိတ်မပူပါနဲ့ငါလွှန့်ပစ်လိုက်ရမဲ့အရာမင်းပျက်စေတာနဲ့အတော်ဘဲ၊ လို့ပြောရင်ငါဘယ်လောက်ဝမ်းမြောက်ပြီး စိတ်သက်သာရာရမလဲ၊ ငါဝန်ထုတ်တွေပေါ့မသွားဘူးလား၊ ဒါပေမဲ့အဲဒီလိုငါ့ကို ခွင့်လွှတ်တာဟာမင်းရဲရေဒယိုတွေ၊ အခြားပစ္စည်းတွေကို ငါဖျက်စီးခွင့်ရတယ်ဆိုတဲ့ သဘောလား။

သူ-ဘယ်ဟုတ်မလဲ။ အဲဒီလိုဆိုရင်ငါ့ရဲ့ခွင့်လွှတ်ခြင်းကို မင်းအလွှဲသုံးစားသလို ဖြစ်နေမှာပေါ့။

သင်-သိပ်မှန်တာပေါ့။ ငါ့ကို ခွင့်လွှတ်တာ အခြားဟာတွေကို ဖျက်စီးဘို့ လိုင်စင်ရတာ မဟုတ်ဘူး။ ဒါပေမဲ့နေ့စဉ် ပေါင်းသင်းဆက်ဆံတယ်ဆိုတော့မင်းရဲ အခြားပစ္စည်းတွေပျက်စေမိရင်ငါ့ကို ခွင့်လွှတ်အုံးမလား။

သူ-ခွင့်လွှတ်မယ်လေ။ ဒါပေမဲ့ တမင်သက်သက် ဖျက်စီးရင်တော့ လျော်ခိုင်းမှာပေါ့ ဟဲဟဲဟဲ။

သင်-သိပ်မှန်တယ်။ တမင်သက်သက်ဖျက်စီးရင်တော့မင်းငါ့ကို လျော်ခိုင်းမှာပေါ့။ အဲဒီလိုဘဲ ဘုရားသခင်က လဲငါတို့ အပြစ် ကျူးလွန် ရင်အပြစ် တော့မစီရင်ဘူး၊ ဒါပေမဲ့ဆုံးလိမ့်မယ်။ အပြစ်လုပ်တဲ့အခါ ဘုရားသခင်က ဆုံးမလိမ့်မယ်လို့ဟေဗြဲ ၁၂:၅ ထဲမှာဆိုထားတယ်လေ။ အဖေကသားကို ဆုံးမသလိုပေါ့။

သူ-ဘယ်လိုဆုံးမမလဲ မသိဘူးနော်။

သင်-ဖျားနာခြင်းအားဖြင့် ဖြစ်စေ၊ ဒုကဝတွေ့စေခြင်းအားဖြင့် ဖြစ်စေ၊ နောက်ဆုံး ကိုယ်ခန္ဓာသေခြင်းအားဖြင့် ဖြစ်စေဆုံးမနိင်တယ်။ မောရှေလဲဘဲ ဘုရား စကား နားမထောင်ဘဲ ကျောက်တုန်းကြီးကို ရိုက်လိုက်တဲ့အတွက် ခါနန်ပြည် ဝင်ခွင့်မပေးခဲ့ဘူး ( တရားဟော ၃:၂၃-၂၉)။ ခါနန်ပြည် ဝင်ခွင့်မပေးဘဲ သေ စေခဲ့တယ်။ ဒါပေမဲ့ ကယ်တင်ခြင်းသို့ ရောက်တယ်ဆိုတာထင်ရှားတယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်တော်နှင့် တောင်ပေါ်မှာ ပြန်ပေါ်လာကြတယ်လေ (မ ၁ရး၁-၃)။

ဒါဝိဒ်မင်းလည်း ဥရိယရဲ့ မိန်းမနဲ့ မှားယွင်းပြီး ဥရိယကိုကို သတ်လိုက်တဲ့အတွက် ပြစ်ဒါဏ်တော့ ပေးလိုက်တယ်။ ဒါပေမဲ့ ကောင်းကင်နိင်ငံ ဝင်ခွင့်တော့ ရလိုက်တယ်။ အဲဒါကြောင့် အပြစ် ကျူးလွန် ရင်ငါတို့ကို ဆုံးမမယ်။

သူ-အပြစ် နဲ့ပတ်သက်ရင်သိစရာ တော့အများ ကြီးရှိအုံးမှာဘဲ။ ဒါပေမဲ့ခုတော့ဒါလောက်ဆိုအတော် သဘောပေါက်ပါပြီ။ အခုငါသိချင် သေးဒါကထာဝရ အသက်ကို ငါဘယ်လိုရနိင်မလဲဆိုတာဘဲ။

သင်-ဟုတ်တာပေါ့၊ မင်းထာဝရ အသက် ရဘို့ စိတ်ဆန္ဒရှိလို့သိပ်ကောင်းတယ်။ ပြောခဲ့ပြီး တဲ့အတိုင်းဘဲ ထာဝရ အသက် ဟာ ဘုရားသခင်က လက်ဆောင်နဲ့ပေးထားတာ ဖြစ်တယ်။ အဲဒီအသက်ကိုသားတော် ထဲမှာထည့်ထားတယ်။ မင်းသားတော်ကို ရရင်ထာဝရ အသက် ရရမှာပေါ့။

သူ-သားတော်ကို ငါဘယ်လိုရနိင်မလဲ။

သင်- ယေရှုခရစ်က၊ ငါသည် အသက် မုန့် ဖြစ်တယ်။ ငါ့ကို စားသော သူဟာထာဝရ အသက်ရှင်မယ်လို့ပြောတယ်လေ (ယော ၆:၄၈)။ ဒါကြောင့်သားတော်ကို မင်းစားဘို့ လိုတယ်။ မင်းဘယ်လိုစားမယ်ဆိုတာ သိနိင်အောင် ခန္ဓာကိုယ်၊ စိတ်နဲ့ ဝိညာဉ် အကြောင်းကို ပြောရအုံးမယ်။ ခန္ဓာကိုယ်အစာ၊ စိတ်အစာ၊ ဝိညာဉ် အစာဟာမတူညီကြဘူး။ ခန္ဓာကိုယ် အစာကထမင်းနဲ့ဟင်းတွေ ဖြစ်ပြီး ပါးစပ်ပေါက်မှစားရတယ်။ စိတ်အစာကတီဗီ၊ ကက်ဆက်တွေ ဖြစ်ပြီး မျက်စိနားတွေမှစားရတယ်။ ဝိညာဉ် အစာကဘာ ဖြစ်မလဲမင်းသိလား။

သူ-ငါ မသိဘူး၊ ပြောပါ။ ကျမ်းစာ မဟုတ်လား။

သင်- ဝိညာဉ် အစာကသခင်ယေရှု ဖြစ်တယ်။ ငါဟာအသက် မုန့် ဖြစ်တယ်လို့ပြောတယ်လေ။ ကျမ်းစာဖတ်ပေမယ်လို့ သူ့ကို မစားရင်ငါတို့၌ အသက် မရှိ။ ကျမ်းစာ ဆိုတာကသခင်ယေရှု ဟာအသက် ဖြစ်တယ်ဆိုတာကို ငါတို့ကို သိစေတယ်လေ။ (ယော ၅:၃၉)။ သခင်ယေရှုကို ငါတို့ စားဘို့ လိုတယ်။

သူ- သူ့ကို ဘယ်လိုစားရမလဲ။

သင်- ဝိညာဉ် ရဲ့ပါးစပ်ဟာစိတ်နှလုံး ဖြစ်တယ်။ ငါတို့ ရဲ့စိတ်နှလုံးတံခါးဖွင့်ရင် ယေရှုခရစ် ဝင်ပြီး ငါတို့ ရဲ့ ဝိညာဉ်က သူ့ကို စားပါလိမ့်မယ်။ ငါတို့ ရဲ့တာဝန် ကတော့စိတ်နှလုံးတံခါးဖွင့်ပေးဘို့ ပါဘဲ။ ဆုတောင်းခြင်းအားဖြင့် ဖွင့်လို့ရတယ်။ မင်း ယေရှုခရစ်ကို စားချင် သလား။

သူ-စားချင်တယ်။

သင်-မင်းစားချင် ရင်အခုဘဲ စားလို့ရတယ်။ သခင်ယေရှုက၊ ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက် နေ၏။ အကျင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်မည်။ (ဗျာ ၃:၂၀) လို့ဆိုတယ်။ ဒါကြောင့်စိတ်နှလုံးပါပါနဲ့ သူ့ကို ဘိတ်ခေါ်ရင်သူဝင်ပါလိမ့်မယ်။ ဒီလို ဆုတောင်း လို့ရတယ်။ ငါမင်းကို ရှေ့ကနေခေါ်သွားမယ်၊ မင်းငါ့နောက်ကနေအသံထွက်နဲ့လိုက်ခဲ့။ ကဲ ဆုတောင်း ကြစို့၊

အဘ ဘုရားသခင်၊ ​ကျွန်ပ်သည် အပြစ်သား ဖြစ်ကြောင်း သိရပြီ။ သို့သော် အပြစ်၏ အခသေခြင်းကို ကိုယ်တော်၏ သားတော် သခင်ယေရှု ကသူ၏ အသက်အားဖြင့် ပေးဆပ်ပြီး ပြီ ဖြစ်သောကြောင့် ကျေးဇူးတင်ပါ၏။ ကျွန်ပ်၏ ဤပြစ်များကို လွှတ်သောကြောင့် ကျေးဇူးတော် ကြီးမား လှပါ၏။

သားတော် ယေရှုခရစ် ကိုယ်တော်၏ အသက်ကို ​ကျွန်ပ် အားပေးသောကြောင့် ကျေးဇူးတင်ပါ၏။ ကိုယ်တော်သည် ​ကျွန်ပ်၏ အသက် ဖြစ်ကြောင်း သိရပါ၏်။ ယခု​ကျွန်ပ်၏ စိတ်နှလုံးအထဲတွင် ဝင်တော်မူပါ။ ကိုယ်တော်၏ ဂတိတော် အတိုင်း ဝင်ပြီဟု ယုံကြည် ပါ၏။ ထာဝရ အသက် ပေးသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါ၏။ အာမင်။

သင်-သခင် ယေရှုခရစ်ကို သင်ဝင်ခိုင်းပြီး ပြီဆိုတော့အခုသူဘယ်မှာ ရှိမလဲ။

သူ- မသိဘူး။

သင်-မဝင်စေဘူးလား။ မင်းဝင်စေတယ်ဆိုရင်မဝင်ဘူးလား။ မင်းကို လိမ်ပါ့မလား။

သူ-လိမ်မှာ မဟုတ်ဘူး။

သင်-မှန်တယ်။ မင်းယေရှူကို ရရှိပြီ။ မင်းအထဲမှာရှိပြီ။ ဘာ ဖြစ်လို့လဲဆိုတော် သူ့ကို မင်းခေါ်ဘိတ်ပြီး ပြီလေ။ ထမင်းစားတဲ့အခါမှာလည်ပျင်းအောက်ပိုင်းဝင်သွားတာမင်းခံစား ဘူးသလား။

သူ-မခံစား ဘူးဘူး။

သင်-ဒါဆိုမဝင်ဘူးထင်တယ်။

သူ-ဝင်တယ်လေ၊ ဘာ ဖြစ်လို့လဲ။

သင်-ထမင်းဗိုက်ထဲရောက်တဲ့အထိ သိနေရင်မကျန်းမာလို့ဘဲ မဟုတ်လား။ မသိသော်လဲဝင်တယ် မဟုတ်လား။

သူ-ဝင်တယ်လေ။

သင်-အဲသလိုဘဲ သခင်ယေရှုခရစ် မင်းအထဲဝင်တာ ကိုယ်ခန္ဓာအားဖြင့် သိစရာ မလိုဘူး။ ယုံကြည်ခြင်းအားဖြင့် သိနိင်တယ်။ အခုမင်း ခရစ်တော်ကို ရထားပြီ ဖြစ်တဲ့အတွက် ထာဝရ အသက် ရပြီ။ ဝမ်းမြောက် ရဲ့လား။

သူ-ဝမ်းမြောက် ပါတယ်။

သင်- ဘုရားသခင်ကို ချီးမွမ်းကြရအောင်၊

အစပျိုးနည်း (၂)

သင်-သူငယ်ချင်းကမ္ဘာကြီးဟာ တနေ့ကျရင် ကုန်ဆုံးမယ်လို့ထင်သလား။

သူ- မသိဘူးလေ၊ ဒါတွေငါမစဉ်းစားဘူးဘူး။

သင်-ဘယ်အရာမဆိုအစရှိရင်အဆုံးရှိတယ်ဆိုတာရောယုံသလား။

သူ-ဒါကတော့ယုံတာပေါ့။

သင်- ဤလောက ဟာဘုရားကဖန်ဆင်းပြီး သူ့လက်ထဲမှာရှိတယ်။ သူကြိုက်နှစ်သက်သလို စီမံပြီး ကမာ​ြ ကုန်ဆုံးမဲ့အရာကို လဲငါတို့ကို ပြောတယ်။ မင်းသိချင် သလား။

သူ-သိချင် တယ်လေ။ ဘယ်လိုလုပ်သိနိင်မလဲ။ သင်ကြျမ်းစာထဲမှာပြောထားတယ်။ မကြာမီမှာ သန့်ရှင်း သူများ ကောင်းကင်သို့ ချီဆောင်သွားမယ်။ ယေရှုခရစ် ရရှိသူများ ဆိုရင်ကောင်းကင်သို့ အရှင်လတ်လတ်တက်သွားကြလိမ့်မယ်။ ယေရှုခရစ် မရသူများ တော့မြေကြီးပေါ်မှာ ကျန်ရစ်ပြီး ဘေးဒါဏ်ကြီး ကာလ ခုနှနှစ်ခံစားရမယ်။ အန္တီခရစ်က ဤလောကကို ကြိုက်နှစ်သက်သလို အုပ်စိုးပြီး ဖျက်စီးမယ်။ သူငယ်ချင်းမင်းအဲဒီအထဲမပါဝင်စေချင် ဘူး။ ကောင်းကင်သို့ ချီဆောင်တဲ့အထဲမှာမပါဝင်ချင် ဘူးလား။

သူ-ပါဝင်ချင် တာပေါ့။ ငါမကြားဘူးဘူး။ လင်းစမ်းပါအုံး။

သင်- ဘုရားသခင်က ဤလောက ရဲ့အဆုံးကို ငါတို့အား ပြောခဲ့ပြီ။ ကျမ်းစာ၌၊ ညဉ့်အချိန် ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့် ယင်း၊ ယခုအခါ အိပ်ပျော်ရာမှနိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍ ကာလ အချိန်ကို ထောက်လျက်၊ မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင် ဆောင်ရွက်ကြကုန်အံ့။ (ရော ၁၃:၁၂) လို့ဆိုထားတယ်။ ဝိညာဉ်ပိုင်းမှာဆိုရင်အခုဟာကညပိုင်း ဖြစ်တယ်။ မိုးလင်းခါနီးပြီ။

သူ-မိုးလင်းခါနီးပြီလို့ဘာလို့ပြောနိင်တာလဲ။

သင်-အဲဒီအကြောင်း ပြောမယ်ဆိုရင်အစကနေပြောဘို့ လိုလိမ့်မယ်၊ နားထောင် နိင်မလား။

သူ- နားထောင် နိင်တယ်ပြောပါ။

သင်-သခင်ယေရှု ဤလောကသို့ ဆင်းကြွလာခဲ့တဲ့အခါ နှစ်ရေတွက်ပုံ ပြောင်းလဲသွားတယ်။ သူမကြွလာခင်ကို ဘီစီ ( ခရစ်မပေါ်မီ) ဟူ၍၎င်း၊ သူကြွလာပြီး နောက်ပိုင်းကို အေဒီ (ငါတို့ သခင်နှစ်) မြန်မာလိုဆိုရင် ခရစ်သက္ကရာဇ်ဟူ၍ ငှင်းခေါ်ကြတယ်။ ဒီနှစ်ဆိုရင် အေဒီနှစ်ထောင်နဲ့ခ ုနှစ်နှစ်ရှိပြီလေ။ ခရစ်တော် သာဒီလောက မှာအသက်ရှင်နေခဲ့ရင်သူ့အသက် ဟာ ၂၀၀ရနှစ်ရှိပြီ။ ယေရှုခရစ် ဟာအသက်တော် သုံးဆယ့်သုံးနှစ်မှာအသေခံ ခဲ့တယ်။ သေပြီး နောက်သင်္ချိုင်းထဲမှာသုံးရက်မြုပ်နှံခဲ့တယ်။ သုံးရက်မြောက်နေ့မှာ ရှင်ပြန်ထမြောက်ပြီး မြေကြီးပေါ်မှာ ရက်ပေါင်းလေးဆယ်နေသေးတယ်။ အဲဒီနောက်ကောင်းကင်သို့ တက်သွားတယ်။ ကောင်းကင် တက်သွားပြီး တဲ့နောက်ဆယ်ရက်ကြာတဲ့အခါ သန့်ရှင်းသော ဝိညာဉ်တော်ကို ဤလောကသို့ စေလွှတ်ပြီး အသင်းတော် စတင်တယ်။

အသင်းတော် တည်ထောင်တာနှစ်ပေါင်းနှစ်ထောင် နီးပါးရှိသွားပြီ။ မကြာမှီ ခရစ်တော် ဟာသူ့ရဲ့ အသင်းတော်ကို သိမ်းဆည်းဘို့ ကြွလာတော့မယ်။ သူ ချီဆောင်မဲ့သူတွေထဲမှာမင်းနဲ့ငါပါဝင်ဘို့ လိုတယ်။ ချီဆောင်တဲ့အထဲမှာ မပါဝင်ရင်ခုနှစ်နှစ်ဘေးဒါဏ်ကြီး ကာလ မှာငါတို့ ခံနိင်မှာ မဟုတ်ဘူး။

နောက်ပြီး ပညာမဲ့ကဲ့သို့ မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလ တို့သည် ဆိုးယုတ်သောကြောင့် ကာလ အချိန်ကို ရွေးနှုတ်ကြလော့ (ဧဖက် ၅:၁၅-၁၆) လို့ သတိပေးထားတယ်။ ဤလောက ဟာဆိုရင် ဝိညာဉ်ပိုင်းဆိုင်ရာ မှာမှောင်မိုက်အတိဒါမှ မဟုတ်ညအချိန် ဖြစ်တယ်။ မနက်မိုးလင်းခါနီးမိုးသောက်ကြယ်ထွက်ခါနီးလေးနာရီလောက်နဲ့တူတယ်။ သခင်ယေရှုက၊ ငါသည် နံနက်မိုးသောက်ကြယ် ဖြစ်တယ်လို့ဆိုပါတယ် (ဗျာ ၂၂:၁၆)။ မိုးသောက်ကြယ်ဟာဆောင်းတွင်း မှာဘဲ ပေါ်လာပြီး မနက် စောစော ထတဲ့လူတွေကဘဲ တွေ့ရတတ်တယ်။ ပျင်းရိတဲ့လူတွေကတော့ မတွေ့နိင်ဘူး။ အဲသလိုဘဲလောကကိုဘဲ ချစ်ပြီး တော့အပြစ် နွံထဲမှ နစ်နေတဲ့သူတွေကတော့ ခရစ်တော် ကသူ့လူတွေကို သိမ်းဆည်းဘို့ရန် ကြွလာတဲ့အခါမှာတွေ့ရကြမှာ မဟုတ်ဘူး။

သူ- ယေရှုခရစ် ကမင်းပြောသလိုသူ့လူတွေကို သိမ်းဆည်းမယ်ဆိုတာ ဘယ်လိုလုပ်သိနိင်မလဲ။

သင်- ရှင်ပေါလုရဲ့ဩဝါဒစာစောင်တွေထဲမှာတွေ့နိင်တယ်။ သူက၊ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည် မဟုတ်။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှါ၊ ထို သူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည် (၁ သက် ၄:၁၅-၁ရ)။

သူ-ကောင်းကင်သို့ ချီဆောင်ခြင်း ခံဘို့ရန် ဘာလုပ်ဘို့ လိုသလဲ။

သင်-ဘာမှလုပ်စရာ မလိုဘူး။ ယေရှုခရစ် ရရှိဘို့ဘဲ လိုတယ်။ ယေရှုခရစ် ရှိရင်မပူနဲ့။ မင်း အိပ်ပျော်နေတဲ့အချိန် ဖြစ်စေ၊ အလုပ်လုပ်နေတဲ့အချိန် ဖြစ်စေ၊ ဘယ်လိုအချိန် မျိုးမှာမဆိုမင်းကို ချီဆောင်သွားလိမ့်မယ်။

သူ- ယေရှုခရစ်ကို ငါဘယ်လိုလုပ်ရရှိမလဲ။ ငါရေနှစ်ခြင်း ခံပြီး ပြီဆိုတော့ ယေရှုခရစ်ကို ငါရရှိပြီလား။

သင်-ရေနှစ်ခြင်း ခံလို့ ယေရှုခရစ် ရတာ မဟုတ်ဘူး။ အမှန်ဆိုရင်ရေနှစ်ခြင်းက ယေရှုခရစ် ရရှိပြီးမှခံရမည့် အရာပါ။ ဒါပေမဲ့ ယေရှုခရစ် မရရင်လဲရေနှစ်ခြင်း ပေးကြလို့ရှုတ်ကုန်တာပေါ့။

သူ-အသက် ဆယ့်နှစ်နှစ်ပြည့်ရင်ရေနှစ်ခြင်း ခံနိင်တယ် မဟုတ်လား။ သင်ကြျမ်းစာထဲမှာအသက် ဆယ့်နှစ်နှစ်ပြည့်လို့ရေနှစ်ခြင်း ခံရမယ်ဆိုတာမရှိဘူး။

သူ-ဒါဆိုရင်ဘာ ဖြစ်လို့ဆယ်နှစ်နှစ်ပြည့်တဲ့အခါရေနှစ်ခြင်း ပေးတတ်ကြတာလဲ။

သင်- သူတို့ မသိတာရယ်၊ ကျမ်းစာ အတိုင်း မလိုက်နာတာရယ်ကြောင့်ပါ အခုတော့ရေနှစ်ခြင်း ခံတာမခံတာ မဟုတ်ဘဲ ယေရှုခရစ် ဘယ်လိုလုပ်ရမလဲဆိုတာဆက်ပြောရအောင် လေ။

သူ-ဟုတ်သားဘဲ။ ငါဘယ်လိုလုပ် ယေရှုခရစ်ကို ရနိင်မလဲ။ ပွဲတော် မင်္လာပါဝင်တဲ့အခါမုန့်စားတယ်လေ။ အဲဒီမုန့်စားရင် ယေရှုခရစ် ရတာဘဲ လား။

သင်-အဲဒါလဲ မဟုတ်ဘူး။ ပွဲတော် မင်္လာမှာစားရတဲ့မုန်ကသူကို သတိရ အောက်မေ့ဘို့ ဖြစ်တယ် (မ ၂၆:၂၆)။ သခင်ယေရှုက ဤမုန့်ကား ငါရဲ့ ကိုယ်ခန္ဓာ ဖြစ်တယ်လို့ပြောတဲ့အခါသူကိုယ်တိုင်အသက်ရှင်နေသေးတာဘဲ။ သူပေးတဲ့မုန့်ဟာသူကိုယ်တိုင် မဟုတ်ဘူး။ သူ့ကို သတိရအောက်မေ့ဘို့ ရာ အသုံးပြုတဲ့အရာဘဲ ဖြစ်တယ်။ အဲဒီမုန့်ကို သခင်ယေရှု စားပြီး တဲ့လူ၊ ဒါမှ မဟုတ် သူ့ကို ရရှိပြီး တဲ့လူတွေကဘဲ စားဘို့ ဖြစ်တယ်။

သူ-ဒါဆိုရင်သခင်ယေရှုကို ဘယ်လိုစားရမလဲ။

သင်-သခင် ယေရှုခရစ်က ငါသည် အသက် မုန် ဖြစ်တယ် လို့ပြောတဲ့အခါမှာငါတို့ ရဲ့ ကိုယ်ခန္ဓာနဲ့စိတ်အတွက် မဟုတ်ဘူး။ ဝိညာဉ် အတွက်ဘဲ ဖြစ်တယ် (ယော ၆:၆၃)။ ငါတို့ ဝိညာဉ်က သူ့ကို စာငတ်တယ်။ ဒါကြောင့် သူ့ကို စားမှဘဲ အသက် ရင်မည် ဖြစ်တယ်။ သူ့ကို စားဘို့ ရာကတော့ဒီလို ဆုတောင်း လို့ရတယ်။

သခင် ယေရှုခရစ်၊ ကိုယ်တော်သည် ​ကျွန်ပ်၏ ဝိညာဉ် အသက် မုန့် ဖြစ်ကြောင်း ယုံကြည် လက်ခံပါတယ်။ အ​ကျွန်ပ်ရဲ့ စိတ်နှလုံးတံခါး ဖွင့်ပေးပါတယ်။ အ​ကျွန်ပ်အထဲမှာဝင်တော်မူပါ။ ​ကျွန်ပ်၏ အသက်တာကို ကိုယ်တော် လက်ထဲအပ်နှံတော်မူပါ၏။ ကိုယ်တော် အလိုရှိတဲ့အတိုင်း အ​ကျွန်ပ်ကို အုပ်စိုးလျက် လမ်းပြတော်မူပါ။ အာမင်။

အစပျိုးနည်း (၃)

သူ-ငါတို့ အသက်ရှင်ရေး အလွန် ခက်ခဲနေတယ်။ ဘယ်လောက်များ တောင်ခံရအုံးမလဲ မသိဘူး။

သင်-ဟုတ်တာပေါ့အားလုံး ခက်ခဲ နေကြတယ်။ ဒါပေမဲ့ရှေ့မှာ ခက်ခဲမဲ့အရာနဲ့နှိုင်းစာရင်တော့အခု ခက်ခဲတဲ့ဟာက မပြောစလောက်ဘူး။

သူ-ဘယ်လို၊ ရှေ့မှာ ဒီထက် ခက်ခဲစရာ ရှိသေးတယ်ဟုတ်လား။ ပြောစမ်းပါအုံး။

သင်-ဟုတ်တယ်လေ။ ခရစ်တော် မရတဲ့လူတွေဟာဆိုရင်ငရဲထဲမှာထာဝရ အံသွားခဲကြိတ်ပြီး တော့ခံစားရအုံးမယ်လေ။ အဲဒါနဲ့နှိုင်းစာရင်တော့အခုခံရတဲ့ဆင်းရဲ ဒုက္ခ ကဘာမှ မဟုတ်သေးဘူး။ ငရဲထဲက နေဆိုရင် ဘယ်တော့မှလဲ ပြန်လမ်းမရှိတော့ဘူး၊ ပြီးပြီဆိုတာလဲမရှိတော့ဘူး။ အဲဒီ ခက်ခဲမှု ထဲမရောက် ရလေအောင် ပြင်ဆင်ဘို့ ဘုရားသခင်က အခုအနည်းငယ် မြည်းစမ်း ခိုင်းတယ်လေ။

သူ-ငရဲဆိုတာတကယ် ရှိလို့လား။ သူများ ပြောတာတော့ကြားဘူးတယ်။ ယုံလောက်တဲ့အရာလား။ ယေဟောဝါး သက်သေခံတွေ ပြောသလို ငရဲဆိုတာပြောတာကြာပြီဘဲ၊ အခုလောက်ဆို မီးကလောင်တာကြာလွန်းလို့ပြာ ဖြစ်ကုန်လောက်ပြီ။ မီးငြိမ်းလောက်ပြီထင်တယ်။ တောင်လောက်များ တဲ့ထင်းပုန်ကြီး လဲတချိန်လုံးလောင်နေရင်တော့ပြာ ဖြစ်ကုန်ပြီး မီးငြိမ်းသွားတာဘဲ မဟုတ်လား။ ငရဲလဲအဲဒီလိုထပ်လောင်စရာ ရှိဘာ့အုံးမလား။

သင်- ဘုရားသခင် ဟာလိမ် မပြောဘူးဘူး။ ဒါတင်မကဘူး၊ ဘုရားသခင် မတတ်နိင်တာ တခုမှမရှိဘူး။ ကောင်းကင် ကနေကို ကြည့်ဘာလဲသိလား။

သူ-လောင်နေတဲ့မီး မဟုတ်လား။

သင်-သိပ်ဟုတ်တာပေါ့။ လောင်နေတဲ့မီးကြီး ဖြစ်တယ်။ အခုထိလောင်နေပေမဲ့ မင်းပြောသလို​ကျွမ်းကုန်ပြီလား။ မီးငြိမ်းသွားပြီလား။

သူ-ဘယ်ကငြိမ်းရမှာလဲ၊ ပိုပြီး ပူလောင်တယ် မဟုတ်လား။

သင်-ဟုတ်တာပေါ့။ ဒါကြောင့် ဘုရားသခင် ဟာမ ကုန်ဆုံးနိင်တဲ့အရာတွေကို လဲဖန်ဆင်းနိင်တယ်ဆိုတာယုံဘို့ လိုတယ်။ ကျမ်းစာထဲမှာ ငရဲရှိတယ်လို့ ပြောတဲ့အတွက် အဲဒါကို ယုံကြည်ဘို့ လိုတယ်။ မင်းငရဲထဲဆင်းရဲ ရဲ့လား။

သူ-ဘယ်ကလာဆင်းရဲ မလဲ။ ဒါပေမဲ့ဘယ်လိုရှောင်နိင်မလဲ။ ဘုရား အလိုတော်အတိုင်း လဲမနေနိင်ဘူးလေ။

သင်-ငရဲထဲကနေလွတ်လမ်းကို ဘုရားသခင် ကိုယ်တော်တိုင် လုပ်ပေးသွားပြီလေ။ မင်း နားထောင်ချင် ရင်ငါပြောမယ်လေ။

သူ- နားထောင်ချင် တာပေါ့။ ငါ့ကို ပြောစမ်းပါ။

အစပျိုးနည်း (၄)

သူ-ငါ့ သားသမီး တွေစကား လုံးဝ နားမထောင်ဘူး။ အခုခေတ် ခလေး တွေပြောလို့ဆိုလို့ကို မရဘူး။ ဘယ်လိုလုပ်ရမလဲ မသိဘူး။ ပျင်းလဲပျင်း။ မိဘတွေကို လဲရိုသေရမှန်း မသိ။

သင်-ဟုတ်တယ်လေ။ နောက်ဆုံးသောကာလ ရဲ့လက္ခဏာ တခုဘဲ လေ။ ရှင်ပေါလုက၊ နောက်ဆုံးသောကာလ မှာလူတွေအရမ်းဆိုးမယ်လို့ပြောခဲ့တာဘဲ (၁ တိ ၃)။ ဘယ်လိုမှလုပ်လို့မရဘူး။ ဒါပေမဲ့ မျှော်လင့်ချက် တခုတော့ရှိတယ်။ မင်းသိချင် သလား။

သူ-သိချင် တာပေါ့။ ပြောပါ။

သင်- ဘုရားသခင် မတတ်နိင်သောအမှု မရှိဆိုတာမင်းယုံသလားသူ-ယုံတယ်ဆိုပါစို့။ ဒါပေမဲ့ခက်တာကငါတို့ ရဲ့အသက်တာမှာ မထင်ရှားဘူးလေ။

သင်- ဘုရားသခင် နဲ့ငါတို့ မဆိုင်လို့ဘဲ သိလား။

သူ-ဘာ၊ ဘုရားသခင်ကို ငါယုံလို့ကိုးကွယ်နေတာဘဲ။

သင်- ဘုရားသခင်ကို ကိုးကွယ်ကြပေမယ်လို့ သူ့အကြိုက်နဲ့မှ မကိုးကွယ်တာ။ကိုယ့်အကြိုက်နဲ့ဘဲကိုးကွယ်ကြတယ်လေ။

သူ-ဘုရား အလိုတော် နဲ့ဘယ်လိုကိုးကွယ်ရမှာလဲ။

သင်-သူ့အလိုတော် နဲ့ကိုးကွယ်ဘို့ ကသူ့လိုတော်ကို အရင်သိဘို့ လိုတယ်လေ။ မင်းသိချင် လာ။

သူ-ပြောလေ။

သင်-အရာရှိအိမ်လည်ဘူးလား။

သူ-မလည်ဘူးဘူး၊ ဘာလို့လဲ။

သင်-မင်းမလည်ဘူးရင်လဲ သဘော တရားတော့သိမှာပါ။ အရာရှိအိမ်သွားလည်တယ်ဆိုတာကိစ္စရှိမှသွားတတ်တယ် မဟုတ်လား။

သူ-ဟုတ်တာပေါ့။ အရမ်းလိုအပ်မှ၊ မလည်လို့မရမှဘဲ သွားတတ်တယ်လေ။

သင်-အရာရှိထံသွားလည်တဲ့အခါငါတို့ မှာအရေးကြီး တဲ့ကိစ္စရှိလို့ဘဲ။ ငါတို့ တခုခုတောင်းချင် တယ်။ အဲဒီခါဘယ်လိုလုပ်ရလဲ။

သူ-လက်ဆောင်ပေးဘို့ လိုမယ်လေ။ မဟုတ်ငါတို့ကို သူ မသိတော့မျက်နှာဘယ်ရမလဲ။

သင်-ဟုတ်ပြီ၊ လက်ဆောင်ပေးတဲ့ခါသူလိုချင် တာပေးမလားမင်းမှာရှိတဲ့အရာဘဲ ပေးမလား။

သူ-သူလိုချင် တာပေးရမှာပေါ့။ ဒါမှမျက်နှာရပြီး လိုချင် တာပေးမယ်လေ။

သင်-သူလိုချင် တာမင်းမှာမရှိရင်ကော။

သူ-မရှိရင်လဲရှာဖွေ ရမှာပေါ့။ ချေးသင့်ရင်လဲချေးရမှာဘဲ။

သင်-အရာရှိကမင်းနဲလဲမဆိုင်၊ ရင်းလဲမရင်းနှီး၊ ဘယ်လိုလုပ်သူ့အလိုကို မင်းသိမလဲ။

သူ-သိတဲ့လူတွေစီမှာမေးရမှာပေါ့။ ငါမသိဘူးလို့ထိုင်နေလို့ရပါ့မလား။

သင်-မင်းသိပ်မှန်တယ်။ လူဆိုတာလိုလျှင် ကြံဆနည်းလမ်းရဆိုတဲ့စကား ပုံအတိုင်း မေးမြန်းရမယ်။ အဲသည် လိုဘဲ ဘုရားသခင်ကို လဲသူ့အလိုတော် အတိုင်းကိုးကွယ်ဘို့ လိုတယ်။ သူ့အလိုတော်အတိုင်း မကိုးကွယ်ရင်ကောင်းကြီး ခံစားရမဲ့အစားကျိန်ခြင်းဘဲ ခံစားရမှာဘဲ။

သူ- ဘုရားသခင် ရဲ့အလိုတော်ကို ဘယ်လိုသိနိင်မလဲ။ သူကကောင်းကင်မှာ၊ ငါတို့ ကမြေပေါ်မှာ ဆိုတော့။

သင်-မင်းတကယ် သိချင် ရင်ပြောမယ်။ ဘုရားသခင်က သူ့ရဲ့အလိုတော် တွေကို ကျမ်းစာထဲမှာအကုန် ဖေါ်ပြခဲ့ပြီး ပြီ။ ပဌမဦးဆုံး ဘုရားကိုးကွယ်တဲ့ သူတွေဟာအာဒံရဲ့သား နှစ်ယောက်ကာဣနနဲ့အာဗေလ ဖြစ်တယ်။ ကာဣနကသူ့လယ်ထွက်သီးနှံတွေနဲ့ပူဇော်တယ်။ ညီအာဗေလကျတော့ သိုးထီးဆီဥနဲ့ပူဇော်တယ်။ ဘုရားသခင်က အကို ကာဣနရဲ့ပူဇော်သက္ကာကို လက်မခံဘဲ သူ့ညီအာဗေလရဲ့ပူဇော်သက္ကာကိုဘဲ လက်ခံခဲ့တယ်။

ကာဣနဟာ အလွန် စိတ်ဆိုးပြီး မျက်နှာပျက်တယ်။ ထာဝရဘုရားကလည်း၊ သင်သည် အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့်မျက်နှာပျက်သနည်း။ သင်သည် ကောင်းမွန်စွာ ပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာ မပြုလျှင်၊ အပြစ် ​ဖြေသော ယဇ်ကောင်သည် တံခါးနားမှာဝပ်လျက် ရှိ၏။ သူသည် သင်၏ အလိုသို့ လိုက်၍၊ သင်သည် သူ့ကို အုပ်စိုးရ၏ဟု ကာဣနကို မိန့်တော်မူ၏။ (က ၄:၆ -ရ) ဘာ ဖြစ်လို့ ဘုရားသခင်က ကာဣနရဲ့ပူဇော်သက္ကာကို လက်မခံသလဲသိလာ။

သူ-ယုံကြည်ခြင်း မရှိလို့နေမှာပေါ့။

သင်-ယုံကြည် လို့ပူဇော်တယ်လေ။ မယုံကြည် ရင်ဘယ်ပူဇော်မလဲ။

သူ-မကောင်းတဲ့အသီးအနှံတွေပေးလို့ထင်တယ်။

သင်- ဘုရားသခင် ရဲ့စကားတော် ထဲမှအ​ဖြေကရှိနေတယ်လေ။ အပြစ် ​ဖြေတဲ့ ယဇ်ကောင် ဟာတံခါးနားမှာဝပ်နေတယ်လို့ပြောတယ်လေ။ ဘုရားရဲ့အလိုတော် ကအဲဒီ ယဇ်ကောင် နဲ့ပူဇော်ဘို့ ပါဘဲ။ ဒါပေမဲ့သူကသူ့ အလိုဆန္ဒအတိုင်း သီးနှံတွေနဲ့ပူဇော်တယ်။ သူ့အနေနဲ့ငါ လုပ်တဲ့ လယ်ထွက်သီးနှံတွေနဲ့ ပူဇော်တာဘဲ လို့ပြောနိင်တယ်။

ဒါပေမဲ့ ဘုရားသခင်က လက်မခံဘူး။ ဘုရားသခင်က သူ့ရဲ့အလိုတော်ကို ဖေါ်ပြတယ်။ ယဇ်ကောင် နဲ့ပူဇော်ရမယ်။ ပဌမ ပိုင်းမှာသူကိုးကွယ်မှားခဲ့ပြီ။ နောက်တကြိမ်မှာတော့မှန်ကန်စွာ ပူဇော်နိင်တယ်။ ဒါပေမဲ့သူမှန်ကန်စွာ မပူဇော်ချင် ဘူး။ ယဇ်ကောင် သုံးတာထက် သူ့ညီကို ရန်တွေ့ပြီး သတ်လိုက်တယ်။ သူ့ညီဟာ ယဇ်ကောင် မဟုတ်ပါ။ သတ်ဘို့ရာ မဟုတ်ဘူး။ ဘာ ဖြစ်လိုု့သူ့ညီကို သတ်သလဲဆိုတော့ ဘုရားသခင် ရဲ့အလိုတော်ကို မလိုက်ချင် တဲ့အတွက်ကြောင့်ဘဲ။

သူ့လိုဘဲ ငါတို့ လဲ ဘုရားသခင် ရဲ့အလိုတော်အတိုင်း မလိုက်ဘဲ ငါကိုးကွယ်ရင်ပြီး တာဘဲ ဆိုပြီးကိုးကွယ်ရင်ကိုးကွယ်မှားမှာသေချာတယ်။

သူ-ဒါဆိုရင် ဘုရားသခင် ရဲ့အလိုတော် အတိုင်းကိုးကွယ်ဘို့ ဆို ယဇ်ကောင် တွေပူဇော်ရမလား။

သင်-အခုတော့ ယဇ်ကောင် တွေပူဇော်စရာ မလိုတော့ဘူး။ ဘုရားသခင်ကိုယ်တိုင်ငါတို့အဘ ို့ ယဇ်ကောင်ကို ပြင်ဆင် ပေးပြီး ပူဇော်ခြင်း လဲ ပြီးစီးသွားပြီ။

သူ-ငါ နားမလည်နိင်တော့ဘူး၊ ရှင်းပြပါအုံး။ သင်ကြာဣနနဲ့အာဗေလတို့ ခေတ်မှစပြီး ဘုရားသခင်ကို ယဇ်ကောင် နဲ့ပူဇော်လေ့ရှိတယ်။ ယဇ်ကောင် တွေနဲ့ပူဇော်ရခြင်းရဲ့ဆိုလိုရင်းကတော့လူဟာအပြစ်ရှိတဲ့အတွက် ဘုရားသခင် ဆီမရောက်နိင်တော့ဘူး။ အပြစ် ရဲ့ပြစ်ဒါဏ်ကတော့သေခြင်း ဖြစ်ပါတယ်။ လူဟာ ကိုယ်ခန္ဓာသေရင်ငရဲသွားဘို့ဘဲ ဖြစ်တယ်။ ငရဲဆိုတာကမီးအိုင်ကြီး ဖြစ်တယ်။ ပိုးမသေမီးမငြိမ်းတဲ့နေရာ ဖြစ်ပါတယ်။ ထာဝရ ဒုက္ခ ဆင်းရဲ ခံရတဲ့နေရာ ဖြစ်တယ်။ ဒါပေမဲ့ဘုရားကလူကို သနားတဲ့အတွက် ငရဲကနေလွတ်လမ်းကို ပြင်ဆင် ပေးပါတယ်။ အဲဒါကတော့ သူသေရမဲ့အစား တိရစ္ဆာန်ကို သေခွင့်ပေးလိုက်ခြင်း ပါဘဲ။ တိရစ္ဆာန်သေတဲ့အခါ လူကိုယ်စားပြစ်ဒါဏ်ခံပြီလို့ ဘုရားသခင်က လက်ခံပါတယ်။ ဒါပေမဲ့ တိရစ္ဆာန်ကလူကိုကိုယ်စားပြုလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ တိရစ္ဆာန်ဟာလူထက် အဆင့်နိမ့်ပြီး လူနဲ့နှိုင်းလို့မရဘူး။

ဘုရားသခင် ရဲ့တကဲ့ ရည်ရွယ်ချက်ကတော့သူ့သားတော် ဤလောက သိုု့ စေလွှတ်ပြီး လူဇာတိခံယူခိုင်းမယ်။ အဲဒီနောက် လူသားများကိုယ်စားအပြစ် ဒါဏ်ခံပြီး အသေခံဘို့ ဖြစ်တယ်။ အဲဒီ ရည်ရွယ်ချက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ခန့်က ယေရှုခရစ် ကလက်ဝါးကပ်တိုင်ပေါ် အသေခံခြင်းဖြင့်ပြီး ပြည့်စုံစေပြီ ဖြစ်ပါတယ်။ သခင်ယေရှုခရစ်က လူသား အားလုံး ကိုယ်စားအသေခံခြင်းဖြင့် နောက်ဆုံးသော ယဇ်ကို ပူဇော်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒါကြောင့်ငါတို့ အနေနဲ့နောက်ထပ် ယဇ်ပူဇော်စရာ မလိုတော့ဘူး။ ဘုရားသခင်က ယေရှုခရစ်၏ ပူဇော်ခြင်းကို ငါတို့ကိုယ်စားဆိုပြီး လက်ခံလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့်ဒို့အနေနဲ့ ယေရှုခရစ် ရဲ့ပူဇော်ခြင်းကို ယုံကြည် အားကိုး လိုက်ရုံဘဲ ဖြစ်တယ်။ ယေရှုခရစ် ရဲ့ပူဇော်ခြင်း ဟာမင်းအတွက် ဖြစ်တယ်ဆိုတာယုံနိင်ရဲ့လား။

သူ-ယုံပါတယ်။

သင်-ဒါဆိုရင် ဘုရားသခင်က မင်းကို လက်ခံပြီး ပြီလား။

သူ-မင်းပြောသလိုဆိုရင်တော့ လက်ခံပြီး ပြီပေါ့။

သင်-ငါတို့ကို ကြည့်ရင်တော့ လက်ခံနိင်စရာ အကြောင်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ဘုရား အလိုတော်အတိုင်း လဲမနေ၊ ကိုယ်အလိုနဲ့ဘဲ နေကြတယ်လေ။ ဘုရားတရား လဲမစဉ်းစားကြဘူး။ ဒါပေမဲ့ ဘုရားသခင်က သူ့သားတော် ရဲ့ပူဇော်ခြင်းကို လက်ခံလိုက်ပြီ။ ထိုသားတော်ကို ငါတို့ အားကိုး တယ်ဆိုရင် ဘုရားသခင်က ငါတို့ကို ပယ်လို့မရတော့ဘူး။ သားတော်ကို ဘုရားသခင် ကိုယ်တော်တိုင် ကငါတို့အတွက် ပေးခဲ့တယ်။ အမှန်တကယ် ဆိုရင် တရားသူကြီး လည်းသူ၊ ကယ်တင်ခြင်း လွတ်လမ်း ပြင်ဆင် ပေးသူလဲဘဲ သူပါဘဲ။ သခင်ယေရှုက ခမည်းတော် အလိုတော်အတိုင်း ဆောင်ရွက်ပြီး ဘုရားသခင်က သူ့ကို လက်ခံလိုက်တယ်။ ငါတို့က သူ့ကို အားကိုးရမယ်။ သခင်ယေရှုခရစ် လုပ်ပေးတဲ့အရာကို ငါတို့ အားကိုး တယ်ဆိုရင်ယုံကြည် တယ်လို့မှတ်ယူရတယ်။ ပို နားလည်လာပြီလား။

သူ-ပို နားလည်လာတာပေါ့။

သင်-ငါတို့ အစပိုင်းပြောတဲ့ဟာပြန်သွားရအောင်။ ဘုရားသခင်ကို သူ့အလိုတော် အတိုင်းကိုးကွယ်ရမယ်လို့ပြောခဲ့တယ် မဟုတ်လား။ ငါတို့ ကသူ့အလိုတော်အတိုင်း မကိုးကွယ်နိင်ဘူး။ သားတော် ကဘဲကိုးကွယ်နိင်တယ်။ အဲသည် လိုသားတော် အားဖြင့်ကိုးကွယ်ဘို့ ဘုရားသခင်ကိုယ်တိုင်က ငါတို့အဘို့ ပြင်ဆင် ပေးတယ်လေ။ သူ ပြင်ဆင် ပေးတဲ့အရာကို မင်း လက်ခံရင်သူ့အလိုတော် အတိုင်းကိုးကွယ်ခြင်း ပါဘဲ။

သူ-ငါရှင်းသွားပြီ။ ဒါလောက်သတင်းကောင်းရှိရက်သား နဲ့မင်းငါ့ကို ဘာ့ကြောင့်အခုမှဘဲ ပြောတာလဲ။

သင်-ငါ့အပြစ် ငါရဲ့အား နဲချက်ပါဘဲ။ ဒီအကြောင်း ပြောဘို့မစဉ်းမိဘူး။ အဲဒါအပြင်ဘယ်သူက နားထောင်ချင် မလဲဆိုပြီး စိုးရိမ် လို့ မပြောတာပါ။ ဘုရားသခင် အမှုတော်ဆောင်တွေကဘဲ ပြောဘို့ ဆိုပြီးရာထားမိလို့ပါ။

သူ-မင်းတကယ် ရှင်းပြတတ်တာဘဲ။ ငါတောင်မှ သဘောပေါက်အောင် မင်းရှင်းပြနိင်တယ်။ ဆက်ပြီး ပြောနေပါ။ အားပေးတယ်။

သင်-ငါတယောက် ထဲ မဟုတ်ဘဲ မင်းလဲရှင်းသွားပြီဘဲ၊ မင်းလဲပြောဘို့ လိုတယ်ဆိုတာမမေ့နဲ့နော်။ ငါ့လိုဘဲ အကြာကြီး မပြောဘဲ မနေနဲ့။ ငါမင်းကို ပြောပြတဲ့အထဲမှာ မသိနိင်စရာ၊ မပြောပြနိင်စရာ ဘာမှမရှိဘူး။ ခက်ခဲနက်နဲတဲ့အရာတွေမပါဘူး။ မဟုတ်ဘူးလာ။

သူ-ဟုတ်ပါတယ်။ ငါပြောမယ်။ ငါ့သူငယ်ချင်းလဲငါ့လိုဘဲ၊ ဘာမှ မသိမစဉ်းစားဘူး။ လောကအရာဘဲ စဉ်းစားတယ်ဆိုတာငါသိတယ်။ ငါတကယ် ပြောမယ်။ အကူအညီလိုအပ်ရင်ခေါ်မယ်နော်။

သင်-ခေါ်ပါ။အား မနာနဲ၊ သိပ်ကူတာပေါ့။ သူများကို ငါတို့ ပြောရင်ပြန့်ပွါးပြီး ငါတို့ လဲအသက်ရှင်ရကျိုးနပ်မယ်။ ဝမ်းမြောက် တဲ့လူ၊ ကောင်းကြီးခံစား တဲ့လူတွေ ဖြစ်မယ်။ ဒါဆိုရင်ဘုရား ထံကျေးဇူးတော် ချီးမွမ်းကြရအောင် လေ။

သူ-မင်းဘဲ ချီးမွမ်းမလာ။

သင်-ရပါတယ်။ ငါဘဲ ချီးမွမ်းမယ်။ ကျွန်ပ်တို့ကိုးကွယ်သော ဘုရားကိုယ်တော်ကို ကိုယ်တော့အလိုတော် အတိုင်းကိုးကွယ်ဘို့ ဖြစ်သော်လည်း ကိုယ့်အလိုအတိုင်းကိုးကွယ်မိကြတဲ့အတွက် ခွင့်လွှတ်တော်မူပါ။ ​ကျွန်ပ်၏ သူငယ်ချင်းလည်း ကိုယ်တော်၏ အလိုတော်ကို နားလည်လာသောကြောင့် ဝမ်းမြောက် ကြပါ၏။ ​ကျွန်ပ်တို့အတွက် သားတော် ယေရှုခရစ်ကို ပေးတော်မူ၍ သူသာလျှင် ကိုယ်တော်၏ အလိုတော် ပြည့်စုံစေသူ ဖြစ်ပါ၏။ သားတော် အားဖြင့်ကိုယ်တော် ထံချဉ်းကပ်သောအခါ အ​ကျွန်ပ်တို့ကို မပယ် လက်ခံတော်မူသောကြောင့် အလွန် ဝမ်းမြောက် ပါ၏။ ကိုယ်တော်၏ အလိုတော်များကို ထပ်၍ ဖေါ်ပြတော်မူပါ။ သားတော် ယေရှုခရစ် နာမတော် အားခြင်း တောင်းလျှောက်ပါ၏။ အာမင်။

ဟုတ်ပြီ၊ ခုတော့ဒါလောက်နဲ့ဘဲ နားကြစို့။ မနက်ဖျန်တွေ့ကြတဲ့အခါပြန်ဆက်ကြစို့။

သူ-ကောင်းပြီ။ ငါမျှော်နေမယ်။

အစပျိုးနည်း (၅)

သင်- ခလေးတို့ အဖေကော။

သူ-ပြောတောင် မပြောချင် တော့ဘူး။ ထုံးစံအတိုင်းဘဲ၊ အရက်ဆိုင်မှာ၊ ပြောလို့လဲမရဘူး။ ငါစိတ်ဆင်းရဲ လှပြီ။

သင်-ဟုတ်ပါတယ်။ မင်းမမှားပါဘူး။ ဒါပေမဲ့ ဘုရားသခင် ရှိတယ်။ သူမတတ်နိင်တာ တခုမှမရှိဘူး။

သူ-ငါလဲ ဆုတောင်း နေတာဘဲ၊ ဘာမှလဲမထူးခြားဘူး။ ဘုရားကိုလည်း မယုံချင် တော့ဘူး။

သင်-မင်းရဲ့ သားသမီး မဟုတ်တဲ့ သူများသားသမီး တွေတောင်းတဲ့အရာ မင်းပေးဘူးသလား။

သူ-မပေးဘူးဘူး။ အဲဒါနဲ့ငါ့ယောက်ျားကိစ္စနဲ့ဘာဆိုင်လို့လဲ။

သင်-ဒီလိုလေ၊ ဘုရားသခင်ကလည်း သူ့သားသမီး တွေရဲ့ ဆုတောင်း သံဘဲ နား​ညောင်းတယ်လေ။ ဘုရားကို ကိုးကွယ်ဆိုရုံနဲ့အားလုံး ဟာသူ့ သားသမီး တွေ မဟုတ်တော့ငါတို့ တောင်းနေရင်လဲမပေးဘူးပေါ့။

သူ-ဒါဆိုရင်ငါဘာလုပ်ရမလဲ။

သင်-ပဌမဦးဆုံး နင်ကိုယ်တိုင်ဘုရား သမီး ဖြစ်ဘို့ လိုတယ်။ ဒါမှနင်တောင်းတဲ့ဆု ဘုရား နား​ညောင်းပြီး နင့်ယောက်ျားလဲ ပြောင်းလဲလာ လိမ့်မယ်။

သူ-ငါဘယ်လိုလုပ်ဘုရား သမီး ဖြစ်နိင်မလဲ။

သင်-နင်တကယ် သိချင် ရင်ပြောမယ်။

သူ-သိချင် တာပေါ့။ ပြောပါအုံး။

သင်-ပဌမဦးဆုံး စာတန် ရဲ့သမီး ဖြစ်ကြောင်း သိဘို့လိုတယ်။ ဘုရားသခင်က အာဒံကို ဖန်ဆင်းစ၌ သူ့သား ဖြစ်ခဲ့ပေမဲ့ဘုရား စကား နားမထောင်ခဲ့တဲ့အတွက် စာတန်သား ဖြစ်သွားခဲ့တယ်။ ငါတို့ အားလုံး လဲသူ့ သားသမီး တွေဆိုတော့ စာတန် သားသမီး တွေ ဖြစ်ကုန်တာပေါ့။ အဲဒါကြောင့်လဲ ငါတို့ ဘုရား စကား နားမထောင်နိင်ဘူး၊ ကြိုက်လဲ မကြိုက် ကြဘူး။ စာတန် သားသမီး တွေ ဖြစ်လို့ဒီလောကကို လဲတအား ချစ်ပြီး ကောင်းကင် သွားဘို့ လဲစိတ်မဝင်စားဘူးလေ။ စာတန် သားသမီး တွေ့ ဖြစ်လို့ ဘုရားသခင်က ငါတို့ ဆုတောင်း တာတွေလဲ နားမ​ညောင်းဘူး။ ဒါပေမဲ့ ဘုရားသခင်က သူ့သားသမီး ဖြစ်ခွင့်ကို ပေးနေပြီ။ ဘယ်လို ပေးသလဲဆိုတော့ သားတော် သခင်ယေရှုကို လက်ခံယုံကြည် တဲ့သူတိုင်းကို သူ့သား ဖြစ်ရသော အခွင့်ပေးတယ် (ယော ၁:၁၂)။ နင်ဘုရား သမီး ဖြစ်ချင် လာ။

သူ- ဖြစ်ချင် တာပေါ့၊ ဖြစ်နိင်ရင်။

သင်-နင် ဖြစ်ချင် ရင်အခု ချက်ခြင်း ဖြစ်နိင်တယ်။

သူ-ဘယ်လို ဖြစ်နိင်မလဲ။

သင်-သားတော် ယေရှုခရစ်ကို ယုံကြည် လက်ခံရင် ဖြစ်တာပါဘဲ။

သူ-ဘယ်လိုယုံကြည် လက်ခံရမှာလဲ။

သင်-ဟုတ်သားဘဲ၊ နင်ကို ငါရှင်းပြရအုံးမယ်။

အစပျိုးနည်း (၆)

သင်-သူငယ်ချင်းဘုရားကျောင်းတက်ဘူးသလား။

သူ-အမြဲတမ်းငါတက်တယ်။

သင်-အမြဲတက်တယ်ဆိုရင်ကောင်းကင် တက်ဘို့ သေချာပြီလား။

သူ-ဘယ်သိမလဲ။ ငါမှမရောက်ဘူးတာ။

သင်-တက်ကောတက်ချင် လာ။

သူ-တက်ချင် တာပေါ့ဟ။

သင်-မင်းတကယ် တက်ချင် ရင်တက်လို့ရတယ်နော်။

သူ-ဘယ်လိုတက်နိင်မလဲ၊ အပြစ် မလုပ်ဘဲ လဲမနေနိင်ဘူးလေ။

သင်-ကောင်းကင် တက်ခွင့်ဆိုတာဘုရား သခက်ကလက်ဆောင်အနေနဲ့ပေးထားတယ်လေ၊ မင်း မသိဘူးလာ။

သူ- မသိဘူး။

သင်-မင်းတကယ် တက်ချင် ရင်ငါပြောမယ်လေ။

အစပျိုးနည်း (၇)

သူ-ပစ္စည်းစျေးတွေတအား တက်နေတယ်။ ငွေငါးထောင်ပါသွားတာဘာမှမလောက်ဘူး။

သင်-မှန်ပါတယ်။ ကုန်စျေးနှုန်းအရမ်းတက်တော့ခက်တာဘဲ။ ဒါပေမဲ့ရှေ့မှာ ဒါထက် ခက်ခဲတဲ့အချိန် ရောက်အုံးမှာ။ ကြားဘူးလာ။ ခုနှစ်နှစ်ဘေးဒါဏ်ကြီး ကာလ မှာဆိုရင်လူတိုင်း လက်ျာလက်နဲ့နှဖူးမှာတံဆိပ်ခပ်ထားတဲ့သူတွေဘဲ ရောင်းလို့ဝယ်လို့ရမယ် (ဗျာ ၁၃)။ အဲဒီအချိန် မတိုင်မှီ ကယ်တင်ခြင်းသို့ ရောက်ဘို့ အရေးကြီး တယ်။

သူ-ပြောစမ်းပါအုံး၊ အဲဒီဘေးဒါဏ်ကြီး ကာလအကြောင်း၊

သင်-ကြားချင် ရင်ပြောမယ်။ ဒီလောကကို ဘုရားသခင်က ဖန်ဆင်းပြီး လူကို အုပ်စိုးခိုင်းခဲ့တယ် (ကမာ​ြ ၁)။ ဒါပေမဲ့လူက စာတန် ရဲ့စကား နားထောင် ခဲ့တဲ့အတွက် အခုဆို စာတန် လက်ထဲရောက်သွားပြီလေ။ လူလဲ စာတန် ​ကျွန် ဖြစ်သွားပြီ။ ဒီလောကကြီး လဲသူ့လက်ထဲရောက်သွားတယ် (လု ၄:ရ)။ လောလောဆယ်တော့ စာတန်က ကြိုက်သလို အုပ်စိုးပေမယ်လို့ တနေ့ကျရင် ဘုရားသခင်က သူ့ကို တရားစီရင်ပြီး ဘုရားကဘဲ ပြန်အုပ်စိုးမယ်။ ဘုရားသခင်က မအုပ်စိုးမီမှာခုနှစ်နှစ်ဘေးဒါဏ်ကြီး ကာလ ရောက်မယ်။ ခုနှစ်နှစ်ဘေးဒါဏ်ကြီး ကာလ အတွင်း စာတန် ကလောကကို အုပ်စိုးပြီး ခုနကငါပြောတဲ့လူတိုင်းရဲ့လက်ျာလက်နဲ့နှဖူးပေါ်မှာ အမှတ်တံဆိပ်တွေ ရိုက်ထားမယ်။ အဲဒီတံဆိပ်မရှိတဲ့လူတွေရောင်းဝယ်လို့ရမှာ မဟုတ်ဘူး။

သူ-ဒါဆိုရင်အဲဒီတံဆိပ်ခတ်လိုက်ရုံပေါ့။

သင်-တံဆိပ်ခတ်ခံရပြီဆိုရင် ကယ်တင်ခြင်းသို့ မရောက်နိင်တော့ဘူး။ ထာဝရ ငရဲထဲမှာနေဘို့ဘဲ ရှိတော့တယ်။

သူ-ဒါဆိုရင်ဘာလုပ်ရမလဲ။

သင်-ဒါကြောင့်ဘဲ ဒုတိယအကြိမ် မွေးဘွားဘို့ လိုတာ။ မင်း ဒုတိယအကြိမ် မွေးဘွားရင်ဘေးဒါဏ်ကြီး ကာလ ကြောက်စရာ မလိုတော့ဘူး။

သူ- ဒုတိယအကြိမ် မွေးဘွားဘို့ ဘယ်လိုလုပ်ရမလဲ။

သင်- ဒုတိယအကြိမ် မွေးဘွားဘို့ကိုယ်ဟာကိုယ်လုပ်လို့မရဘူး။ မင်း ကိုယ်ခန္ဓာ မွေးဘွားတုန်းကကောကိုယ်ဟာကိုယ်သိခဲ့ရဲလား။

သူ-ဘယ်သိနိင်မလဲ။

သင်-အဲသလိုဘဲ ဒုတိယအကြိမ် မွေးဘွားတာလဲ မသိနိင်ဘူး။ ဒုတိယအကြိမ် မွေးဘွားတာက ဝိညာဉ်ပိုင်းမွေးခြင်း ဖြစ်တယ်။ အဲဒါ ဘုရားသခင်က အကုန်လုပ်ပြီး သွားပြီလေ။ အတိုဆုံးနဲ့ရှင်းပြရရင်၊

လူဟာအာဒံရဲ့အမျိုး ဖြစ်လို့အပြစ်သား ဖြစ်တယ်။ အပြစ် ရဲ့​ကျွန်၊ စာတန် ရဲ့​ကျွန် ဖြစ်တဲ့အခါဘုရားကိုးကွယ်လို့လဲမရ၊ ဘုရား အလိုတော်ကို ဆောင်လို့လဲမရ ဖြစ်ခဲ့ရတယ်။ ဘယ်လိုဘဲ ဆုံးမပြီး ခြိမ်း​ခြောက်နေရင်လဲဘုရား အလိုတော်ကို မလိုက်နိင်ဘူး။ ဘုရားသခင်က လူကို ခရစ်တော် အထဲမှာထည့်လိုက်တယ် (၁ ကော ၁:၃၀)။ ခရစ်တော် နဲ့အတူ လက်ဝါးကပ်တိုင်ပေါ်မှာ ရိုက်သတ်လိုက်တယ် (ရော ၆:၆၊ ဂလာ ၂:၂၀)။ ခရစ်တော် နဲ့အတူ မြှုပ်နှံလိုက်တယ် (အဲဒါကို ဗတ္တိဇံလို့ခေါ်တယ်)။ ခရစ်တော် နဲ့အတူ ရှင်ပြန်ထမြောက် စေတယ် (ဧဖက် ၂:၆၊ ရော ၆:၄) ရှင်ပြန်ထမြောက် လာတဲ့အခါလူဟောင်းအနေနဲ့မထမြောက် တော့ဘဲ လူသစ်နဲ့ထမြောက် တယ်။ အဲသလိုလူသစ်ထမြောက် တဲ့ဟာကို ဒုတိယအကြိမ် မွေးဘွားတယ်လို့ခေါ်တယ်။

ထမြောက် လာတဲ့လူသစ်ဟာဘုရားသား ဖြစ်ပြီး ကောင်းကင် အရပ်၌ နေရာပေးပြီး ဖြစ်တယ် (ဧဖက် ၂:၆)။ ကောင်းကင်နိင်ငံသား ဖြစ်လာပြီး မြေကြီးပေါ်မှာ ဧည့်သည် ဖြစ်လာတယ် (၁ ပေ ၁:၁ရ)။ ဘုရား သားများဟာ ဘုရားသခင် ရဲ့အမျက်တော် ခံတဲ့လူတွေ မဟုတ်တော့ဘူး။ အဲဒါကြောင့်ခုနှစ်နှစ်ဘေးဒါဏ်ကြီး ကာလ နဲလွတ်ပြီး ကောင်းကင်နိင်ငံသို့ တက်မဲ့လူတွေ ဖြစ်တယ်။ ဒါကြောင့် စာတန် ရဲ့တံဆိပ်ခပ်စရာ မလိုတော့ဘူး။

သူ-ဒါဆို၊ ငါဘုရားသား ဘယ်လိုလုပ် ဖြစ်လာမလဲ။

သင်- ဘုရားသခင် ပြင်ဆင် ပေးထားတဲ့ဟာ သဘောတူပြီး ယုံကြည် လိုက်ဘို့ဘဲ။

သူ-ဘာ ပြင်ဆင် ပေးတဲ့ဟာလဲ။

သင်-မင်းကို ယေရှုခရစ် အထဲမှာထည့်ပြီး သူနဲ့အတူ လက်ဝါးကပ်တိုင်မှာ အသေခံ စေတယ်၊ သူနဲ့သချ်ုိင်းထဲမှာမြှပ်နှံခြင်း ခံပြီး သူနဲ့အတူ ထမြောက် တယ်ဆိုတဲ့ဟာတွေလေ။ နားလည်နိင်ရဲ့လား။

သူ-နာလည်လာပြီ။ လိုတော့လိုသေးတာပေါ့။

သင်-ဟုတ်တာပေါ့။ တခါတည်း နဲ့အကုန်ဘယ်ရှင်းပါ့မလဲ။ ဒါပေမဲ့မင်းကို ငါတဖြည်းဖြည်းရှင်းပြသွားမယ်လေ။ ဘုရား စေမှာလဲ ဆုတောင်း ကြမယ်လေ။

၆။ ပြောဘို့ရန် ရည်ရွယ်ချက်ရှိရမည်
ဘယ်လိုအ​ခြေအနေမျိုးမှာဘဲ ဖြစ်ဖြစ်လူများ၏ ဝိညာဉ်ကို ဖမ်းဘို့ ရည်ရွယ်ပါက သူတို့၏ ဝိညာဉ်ကို ရရှိကာ ဘုရားတရား ဖက်၌ ရှေ့ဆောင်သွားနိင်မည် ဖြစ်သည်။ ယခုမူကား ရည်ရွယ်ချက်မရှိသောကြောင့် လူများ ညည်းတွားလျှင်သော်ငှင်း၊ အခက်အခဲတွေ့လျှင်သော်ငှင်း၊ သူတို့နှင့်အတူ ရောရောင်ပြီး ညည်းတွားမြည်တမ်းသောကြောင့် ဘာအကျုုိးမှမရဘဲ ဖြစ်နေကြသည်။ ရည်ရွယ်ချက်ရှိ သူများအတွက် အခက်အခဲမျိုးစုံကြားမှ ကယ်တင်ခြင်းသို့ ခေါ်ဆောင် ဦးဆောင်နိင်သည်။
၇။ ပြောဘို့ ဒို့တာဝန် ယုံဘို့ သူတို့တာဝန်
သစ်သီးပင်များလည်း အပွင့်ပွင့်သမျှ အသီးမတင်တတ်ပါ။ ထိုနည်းတူ ​ကျွန်ပ်တို့ ပြောသမျှ ယုံကြည်မည် မဟုတ်။ သို့သော် ထိုအထဲမ ပြောင်းလဲသောသူများရှိမှာသေချာပါသည်။ ပြောဘို့့ရန်​ကျွန်ပ်တို့၏ တာဝန်၊ ယုံကြည် ဘို့သည် ကြားနာသော များ၏ တာဝန် ဖြစ်သည်။ သူတို့ ယုံကြည် ဘို့နှင့် ပြောင်းလဲဘို့ အထိ ​ကျွန်ပ်တို့၏ တာဝန် မဟုတ်ပါ။ ​ကျွန်ပ်တို့၏ တာဝန်မှာ ကယ်တင်ခြင်း အကြောင်း ပြောပြ၍ ဘုရားသခင် လက်ထဲအပ်နှံဘို့ ဖြစ်သည်။

.

^

အခန်း (၆)

၁။ ခလေးထိန်းနည်း
မွေးကင်းစ ခလေးသည် သူ့ဟာသူအသက် မရှင်နိင်ပါ။ မိဘများ ကကောင်းစွာ ဂရုစိုက်ပြီး နို့တိုက်ဘို့ လိုသည်။ သို့မဟုတ် ထိုခလေးသည် သေဘို့ရန် သေချာနေသည်။ ထို့နည်းတူ ဝိညာဉ် ခလေး များလည်း ကောင်းစွာ စောင့်ရှောက်ကျွေးမွေးဘို့ လိုသည်။ သို့မဟုတ် ကြီးထွားရင့်ကျက်ခြင်း မရှိဘဲ မိမိအသက်တာဟောင်းသို့ ပြန်နောက်ဆုတ်သွားမည် ဖြစ်သည်။ ခလေး မွေးဘွားပြီး မကြည့်ရှုလျှင် မမွေးလျှင် သာ၍ ကောင်းသည်။ ခလေး မွေးဘွားပြီးမှမကြည့်ရှုလျှင် ထိုမိခင်ကို လူတိုင်း ကအပြစ် တင်မှာသေချာနေသည်။ ထို့နည်းတူ လူတယောက် ဒုတိယအကြိမ် မွေးဘွားဘို့ရန် ပြောပြ၍ ပြန်မကြည့်ရှုလျှင် အလွန် စိတ်မကောင်းစရာ ဖြစ်မည်။ ထို့ကြောင့် ဝိညာဉ် ခလေးများကျွေးမွေးပြုစုခြင်းကို ပျောက်ဆုံးသော ဝိညာဉ်များဖမ်းခြင်း ကဲ့သို့ အရေးထားဘို့ လိုသည်။

အဘွားကြီး တယောက်၌ သားသမီး ​ခြောက်ယောက်ရှိသည်။ ထိုသားသမီး များကလည်း သားသမီး များမွေးဘွားကြသောကြောင့် အားလုံး ပေါင်းအယောက်သုံးဆယ်ခန့် ဖြစ်လာသည်။ ထိုအခါ ထိုအဘွားကြီးကို ဘယ်လိုလုပ် ဤမျှလောက် ခလေးများကြည့်ရှုနိင်သနည်းဟု မေးသောအခါ သူကငါကတော့ သားသမီး ​ခြောက်ယောက်ဘဲ မွေးတယ်။ သူတို့ သားသမီး တွေကတော့ သူတို့ မိဘတွေကကြည့်ရှုတယ်ဟု ပြန်​ဖြေသည်။

ထို့နည်းတူ ဝိညာဉ် သားသမီး များမွေးဘွားသောအခါ မွေးဘွားပေးသော မိဘများ ကကောင်းမွန်စွာ ကြည့်ရှုပြီး ထိုသားသမီး များကြီး ထွား လာသောအခါ သူတို့၏ သားသမီးများကို သူတို့ ပြန်ကြည့်ရှုကြပါလိမ့်မည်။ ထိုသို့ သားသမီး များမွေးဘို့နှင့် ကြည့်ရှုဘို့ ကိုလည်း သင်ပေးတိုက်တွန်း အားပေးဘို့လည်း လိုသည်။

၂။ နို့တိုက် ပေးရမည်
မွေးကင်းစ ဝိညာဉ် သားသမီး များသည် အလွန် စိတ်အားထက် သန်ကြလိမ့်မည်။ ထိုသို့ စိတ်အားထက် သန်ခြင်းသည် အလွန် ကောင်း၍ သဘာဝလည်း ကျသည်။ သို့သော် သိထားရမည်မှာ ထိုကဲ့သို့သော ခံစားချက် များသည် မကြာမှီပြန်ပျောက်သွားမည် ဖြစ်သည်။ ထိုအရာလည်း သဘာဝ ဖြစ်သည်။ မွေးကင်းစ ခလေးသည် နို့စို့ဘို့ ပင်မတတ်။ မိခင် ကသင်ပေးနေ သကဲ့သို့ ဝိညာဉ် ခလေး များလည်း ဝိညာဉ် နို့စို့တတ်ကြမည် မဟုတ်။ ဝိညာဉ် ခလေး များ၏ နို့သည် နှုတ်ကပတ်တော် ဖြစ်သည်။ ရှင်ပေတရုကမွေးကင်စ ခလေးများကဲ့သို့ နှုတ်ကပတ်တော် နို့ကို အလွန် လိုချင်သော စိတ်ရှိကြပါ ဟုဆိုသည် (၁ ပေ ၂:၂)။

ဝိညာဉ် ခလေးများကျမ်းစာဖတ်သောအခါ ကမ္ဘာဦးကျမ်း၊ သို့မဟုတ် ရှင်မဿဲ ခရစ်ဝင်ကျမ်းမှစဖတ်ပါလိမ့်မည်။ သို့သော် ရှင်ပေါလု၏ ဩဝါဒစာစောင်များ ဖတ်လျှင် ပို၍ အကျိုးရှိပါမည်။ ဥပမာ၊ ဧဖက်ဩဝါဒ၊ ကောလောသဲ၊ ဂလာတိစသော ကျမ်းစာအုပ်တိုများ ဖတ်လျှင် ပို၍ ကောင်းသည်။ သဘောပေါက် နားလည်လွယ်သည်။ သူတို့နှင့်အတူ ဖတ်ဘို့ ရှင်းပြဘို့လည်း လိုသည်။ မဖတ်ဘူးသောအခါ နားလည်နိင်မည် မဟုတ်။

အစပိုင်းမှာနေ့စဉ် ကျမ်းစာ သင်ပေးဖတ်ပေးဘို့ လိုသည်။ တရက်လျှင် တနာရီ ခန့်မျှအချိန် ယူ၍ အတူ တကွလည်း ဆုတောင်း ကြဘို့ လိုသည်။ တဖြည်းဖြည်းနှင့် ကြာ လာသောအခါ ရက်လျှော့ပြီး နောက်ပိုင်း တပတ်တခါမှန်မှန်အချိန် ယူလျှင် ကောင်းသည်။ သ့ုိုမှသာ ဝိညာဉ်ရေးရာ၌ ခိုင်မာ၍ ကြီးထွားရင့်ကျက်လာမည်။ ဝိညာဉ်ရေးရာ၌ ကျန်းမာ၍ အသုံးချလာနိင်မည်။ ထိုကြောင့် ဝိညာဉ် ခလေးများကြည့်ရှုခြင်းသည် အလွန် အရေးကြီးသည်။

၃။ ကျမ်းစာဖတ်နည်း
မွေးကင်းစ ဝိညာဉ် ခလေးများအတွက် ကျမ်းစာဖတ်ခြင်းသည် မလွယ်ကူပါ။ ကျမ်းစာအုပ်မရှိပါက ရှိလာအောင် စီစဉ်ပေးဘို့ လိုသည်။ ခလေးများအတွက် နို့မစို့အစာမစားလျှင် မဖြစ်နိင် သကဲ့သို့ ဝိညာဉ်ပိုင်း၌လည်း ဖြတ်လမ်းမရှိပါ။ ကျမ်းစာဖတ် ဆုတောင်းဘို့ လိုသည်။

ကျမ်းစာ မဖတ်မှီ ဆုတောင်းဘို့ လိုသည်။ အကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ရှင်းပြမှု မရှိလျှင် နားမလည်နိင်။ ဝိညာဉ်တော်က ဦးဆောင်ဘို့ရန် ဆုတောင်းဘို့ လိုသည်။ ကျမ်းစာဖတ်သောအခါ၌လည်း အလျှင်အမြန် သို့မဟုတ် ဖတ်လျှင်ပြီး ပြီဟူသောစိတ်သဘောနှင့် မဖတ်ရ။ အေးဆေးတိတ်ဆိပ်သော နေရာ၌ အချိန် ယူ၍ ဖတ်ဘို့ လိုသည််နံနက်ပိုင်း သို့မဟုတ် ညနေပိုင်းမိမိ အစဉ်ပြေသော အချိန်၌ မှန်မှန်ဖတ်ဘို့ လိုသည်။ ထိုအပြင်အချိန်လည်း အပြောင်းအလဲမကောင်းချေ။

ကိုယ်ကာယအစာစားချိန်သတ်မှတ် သကဲ့သို့ ဝိညာဉ် အစာစားချိန်လည်း သတ်မှတ်ဘို့ လိုသည်။ သို့မဟုတ် မဖတ် ဖြစ်ဘဲ လွန်သွားနိင်သည်။ ထမင်းစားဘို့ မမေ့တတ်စားမည့် အချိန်လည်း အမြဲရှိ သကဲ့သို့ ဝိညာဉ် အစာစားဘို့ရန် မမေ့ကောင်း၊ အချိန်လည်း ပေးဘို့ လိုသည်။ သို့မှသာ ဝိညာဉ်ပိုင်း၌ ကြီးထွားလာနိင်ပေမည်။

ကျမ်းစာဖတ်သောအခါ များများပြီး ဘို့ရန် စိတ်လော၍ မဖတ်ကောင်း။ ဖတ်သောအရာကို နားလည်ဘို့ လိုသည်။ ထို့ကြောင့် ဖြည်းဖြည်း နားလည်သည် အထိ ဖတ်ဘို့ လိုသည်။ အချုို့ကျမ်းစာ များသည် နားမလည်နိင်အောင် ဖြစ်ပါလိမ့်မည်။ ထိုအရာများသည် သူတပါးထံသင်ဘို့ လိုသည်။ ကျမ်းစာဖတ်သောအခါ ကျမ်းစာ ရွက်အနား၌ သော၎င်း၊ စာအုပ်နှင့်သော်ငှင်းအမှတ်အသား လုပ်ဘို့ လိုသည်။ အရေးကြီးသော နေရာများကိုလည်း မျဉ်းသား ထားဘို့ လိုသည်။ ကျမ်းစာ ညစ်ပတ်မှာကို မစိုးရိမ် သင့်။ အက်ျီနှင့် ဘောင်ဘီများ ပင်လျှင် နှစ်နှစ်သုံးနှစ်၌ အသစ်ဝယ်ရလျှင် ကျမ်းစာလည်း ဟောင်းသွားသောအခါ အသစ်ဝယ်ဘို့ လိုသည်။ မိမိအသက်တာအတွင်း၌ ကျမ်းစာအုပ်လေးငါးအုပ်လောက်လဲနိင်ဘို့ လိုအပ်သည်။ ဆိုရိုးစကားမှာ၊ သန့်ရှင်းသော ကျမ်းစာအုပ်သည် ညစ်ညူးသော ခရစ်ယာန်ကို ဖြစ်စေ၍ ညစ်ညူးသော ကျမ်းစာအုပ်သည် သန့်ရှင်းသော ခရစ်ယာန်ကို ဖြစ်ဘွားစေသည်။

၄။ ကျမ်းစာ လေ့လာနည်းငါးမျိုး

(၁) နားထောင်ခြင်းအားဖြင့်
သူတပါးပြောသောအရာ က်ို နားထောင်ခြင်းသည် အစ ဖြစ်၍ အလွန် အရေးကြီးသည်။ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်သည် (ရောမ ၁၀:၁ရ) ဟုဆိုသောကြောင့် ကျမ်းစာ အကြောင်း ပြောသောအရာကို နားထောင်ခြင်းသည် အလွန် အရေးကြီးသည်။
(၂) နေ့စဉ် ကျမ်းစာဖတ်ခြင်း
ဘုရားသခင်က ဣသရေလ ရှင်ဘုရင်များအား ဘုရား သသခင်ကို ကြောက်ရွံ့ဘို့နှင့် နောက်တော်သို့ ကောင်းစွာ လိုက်နိင်ရန်နေ့တိုင်း ကျမ်းစာကို ဖတ်ခိုင်းသည် ( တရားဟော ၁ရး၁၉)။ ယုံကြည်သူ တိုင်းလည်း ဘုရားသခင်ကို ကြောက်ရွံ့၍ အလိုတော် နားလည်နိင်ဘို့ရန် နေ့စဉ် ကျမ်းစာဖတ်ဘို့ လိုသည်။

နေ့စဉ် အခန်းကြီး တခန်းပြီး တခန်းစဉ်အတိုင်း ဖတ်သွားဘို့ လိုသည်။ သို့မှသာ အဆက်အစပ်ရှိပြီး နားလည်နိင်ပေမည်။ ကိုယ်လိုချင်သော နေရာသာဖတ်တတ်သောသူများသည် ဝိညာဉ်ရေးရာ၌ မကြီးထွားမရင့်ကျက်နိင်ချေ။ သိသည်ဖြစ်စေ မသိသည် ဖြစ်စေ၊ ဖတ်ချင်သည် ဖြစ်စေ၊ မဖတ်ချင်သည် ဖြစ်စေ၊ ဖတ်သွားဘ့ုိလိုသည်။ ခရီး သွား သကဲ့သို့ဖြစ်သည်။ ကိုယ်လိုချင်သည် မှာမြေပြန့်မှာသာလျှောက်သွားလိုသည်။ သို့သော် အတက်အဆင်းများကိုလည်း ရှောင်၍ မရချေ။ အတက်မှာပို၍ မောတတ်သောကြောင့် မသွားချင်သော်လည်း သွားဘို့ လိုသည်။ ထိုနည်းတူ ကျမ်းစာလည်း ခက်သည် ဖြစ်စေလွယ်သည် ဖြစ်စေဖတ်သွားဘို့ လိုသည်။

(၃) ဆင်ခြင်ဘို့ လိုသည်
ဘုရားသခင်က မောရှေအားဖြင့် ယောရှုထံမှာထားသောအရာ ဟူမူကား၊ ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှ အတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်း အလိုငှါ ကျမ်းစာကို မဘတ်မရွတ်ဘဲ မနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင် လိမ့်မည် (ယောရှု ၁ ;ဂ) ဟူ၍ ဖြစ်သည်။ ( မြန်မာကျမ်းစာအုပ်၌ နေ့ညမပျက်ဘတ်ရှွတ်ရမည်ဟု ပါရှိသည်။ အင်္လိပ်ကျမ်းစာအုပ်များ၌ ဆင်ခြင်ရမည်ဟု ပါရှိသည်)

စိတ်နှလုံးထဲ၌ မရှိသောအရာကို ဆင်ခြင်၍ မရပါ။ ထိုကြောင့် ဆင်ခြင်နိင်ဘို့ရန် အရင်ဘတ်ဘို့ လိုသည်။ နွားများသည် ဝမ်းဗိုက်ကြီး သောကြောင့် နေ့ခင်း၌ တွေ့သမျှသော မြက်ပင်များကို အကြမ်းစား၍ ဝါးမျူိလိုက်သည်။ ညရောက်သောအခါ နေ့ခင်းကစားခဲ့သော အစာများကို တညလုံးပြန်လည်စားမြုံ့ပြန်တတ်သည်။ ထို့နည်းတူ ဖတ်ထားသော ကျမ်းစာများကို ပြန်လည်စားဆင်ခြင်ဘို့ လိုသည်။ ထိုသို့ မဆင်ခြင်ပါက အသုံးမပြုမှီမေ့လျော့ သွားမည် ဖြစ်သည်။ အဘယ်ကြောင့် များစွာသော ခရစ်ယာန် တို့၏ အသက်တာ၌ ကြည့်စရာ မရှိသနည်းဟူမူကား၊ ကျမ်းစာကို ဆင်ခြင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများကျမ်းစာကို ဆင်ခြင်ဘို့ လိုအပ်သည်။ လောကနှင့် လောကီပစ္စည်းအကြောင်း များကိုသာ မစဉ်းစားဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စဉ်းစားဆင်ခြင်ကြလျှင် မည်မျှအသက် ဝင်လှုပ်ရှားမည်နည်း။

(၄) ကျမ်းစာ လေ့လာဘို့ လိုသည်
ကျမ်းစာကို နားထောင်၊ ဖတ်ရွတ်၊ ဆင်ခြင်ရုံနှင့် မပြီး သေးပါ။ လေ့လာဘို့လည်း လိုသေးသည်။ ဗေရိမြို့သား တို့သည် သက်သာလောနိတ်မြို့သား တို့ထက် ထူးမြတ်သဖြင့်၊ အလွန် ကြည်ညုိသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည် မမှန်သည်ကို သိခြင်းငှာ၊ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ကြည်ရှုကြ၏ (တမန် ၁ရး၁၁)။

ကျမ်းစာ လေ့လာနိင်ဘို့ရန် မှာကျမ်းစာထဲ၌ မှတ်သား ထားသော အရာများရှိဘို့ လိုသည်။ ကျမ်းစာနှင့် ပတ်သက်သော အထောက်အကူ ပြုစာအုပ်များလည်းရှိဘို့ လိုသည်။ ဝိညာဉ် ခလေးများအတွက် ထိုအရာများသည် အနည်းငယ် အခက်အခဲရှိနိင်သည်။ ကျမ်းစာ လေ့လာမှသာ လျှင်ကောင်းစွာ နားလည်နိင်ပေမည်။

(၅) ကျမ်းစာ အလွတ်ကျက်ခြင်း
ကျမ်းပိုဒ်များ အလွတ်ရခြင်းသည် အလွန် အရေးကြီးသည်။ အလွယ်ကူဆုံးအလွတ်ရနိင်သော နည်းမှာသူတပါးကို သင်ပေးခြင်း ဖြစ်သည်။ ကျမ်းစာ အလွတ်နှင့် ရခြင်းသည် မိမိဓါးကို ကောင်းစွာ အသုံးပြုတတ်သောသူနှင့် တူသည်။ အခြားသော အရာများ မေ့တတ်သော်လည်း ကျမ်းစာ မှတ်မိခြင်းသည် အလွန် အရေးကြီးသည်။
၅။ ဆုတောင်း နည်းသင်ပေးရမည်
ဝိညာဉ် သားသမီးများကို ဆုတောင်း နည်းသင်ပေးဘို့ အလွန် အရေးကြီးသည်။ ကျမ်းစာဖတ်ခြင်းသည် ဘုရားကလူကို စကားပြောခြင်း ဖြစ်၍ ဆုတောင်းခြင်းသည် လူကဘုရားကို စကားပြောခြင်း ဖြစ်သည်။ ဘုရားသခင်က သူ၏ အလိုတော်များကို ကျမ်းစာအားဖြင့် ဖေါ်ပြ၍ လူက ဆုတောင်းခြင်းဖြင့် သူ၏ အလိုဆန္ဒကို ဖေါ်ပြသည်။ ထို့ကြောင့် ကျမ်းစာကိုသာ ဖတ်၍ ဆုမတောင်းလျှင် ဘုရားကသာ စကားပြော၍ ်လူကဘုရားကို စကားပြန်၍ မပြောသောကြောင့် မပြည့်စုံပေ။

သခင်ယေရှု က​ကျွန်ပ်တို့ ဆုတောင်းဘို့ အလွန် အလိုရှိကြောင်းကို ရှင်လုကာ ၁၁:၅-၁၃ ထဲ၌ ဖေါ်ပြထားပါသည်။ လူတယောက်၌ ဧည့်ရောက်လာ၍ စားစရာ ပေးဘို့ မရှိသောအခါ သူ့သူငယ်ချင်းထံတောင်းသည်။ ညအချိန် ဖြစ်သောကြောင့် မပေးချင်သော်လည်း မလျှော့သော ဇွ​ဲနှင့် တောင်းနေသောကြောင့် သူလိုချင် သမျှကို ထ၍ ပေးလိုက်သည် ဟုဆိုသည်။ ဘုရားသခင်က လလည်း ယုံကြည်သူ သားသမီး များ ထိုကဲ့သို့ ဆုတောင်းခြင်းကို ကြိုက်နှစ်သက်သည် ဟုဆိုသည်။

၆။ သခင်ယေရှု နာမအားဖြင့်
သခင်ယေရှုကိုယ်တိုင်သင်ပေး သကဲ့သို့ ဆုတောင်းသောအခါ အဘ ခမည်းတော် ထံတောင်းရမည်။ အချုုိ့သောသူများသည် သခင်ယေရှု ုထံတောင်းတတ်ကြသည်။ ထိုသို့ သခင်ယေရှုခရစ် ထံတောင်းခြင်းသည် သူသင်ပေး သကဲ့သို့ မဟုတ်။ အဘ ခမည်းတော် ထံသခင်ယေရှု နာမဖြင့် တောင်းရမည် ဖြစ်သည်။ သခင်ယေရှု နာမအားဖြင့် မတောင်းပြန်လျှင် မပြည့်စုံ။ သခင်ယေရှုက၊ ငါ့ ခမည်းတော် ထံငါ့နာမနှင့် တောင်းပါဟု သင်ပေးသည် (ယော ၁၆:၂၃)။
၇။ ဆုတောင်းနည်း
ဆုတောင်းသောအခါ ကိုယ်လိုချင်သောအရာကိုသာ တောင်းခြင်းသည် ခလေး ဆန်သည်။ ကိုယ်လိုချင်သောအရာ သာမတောင်းဘဲ ဘုရားသခင်ကို ချီးမွမ်းဘို့ လိုသည်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းများ၊ ကြီမြတ်ခြင်းများချီးမွမ်းဘို့ လိုသည် ဘုရားသခင်ကို ချီးမွမ်းတတ်ဘို့ရန် ဆာလံကျမ်းကို ဖတ်ဘို့ လိုသည်။ လူများ ပင်လျှင် ပညာရှိလျှင်၊ အသံကောင်းလျှင်၊ လှပလျှင် ချီးမွမ်းတတ်ကြသည် မဟုတ်လော။ ထိုကဲ့သို့ ချီမွမ်းတတ်ဘို့ရန် အဘယ်သူ ကမျှသင်ပေးသည် မဟုတ်။ တွေ့မြင်ကြားသိရသော အပေါ်၌ မနေနိင်ဘဲ ချီးမွမ်းတတ်ကြသည်။

သို့သော် အဘယ်ကြောင့် ဘုရားသခင်ကို မချီးမွမ်းနိင်ကြသနည်းဟူမူကား၊ သူ၏ ကောင်းမြတ်ခြင်း၊ တန်ခိုးကြီးခြင်း၊ ဂုဏ်ရှိခြင်းများကို မသိ၊ မမြင်၊ မစဉ်းစားသောကြောင့် ဖြစ်သည်။ အဘယ်ကဲ့သို့ ဘုရား၏ ကောင်းမြတ်ခြင်း၊ တန်ခိုးကြီးခြင်းများကို သိနိင်မည်နည်းဟူမူကား၊ ကျမ်းစာဖတ်ခြင်း၊ ဖန်ဆင်းတော်မူသော အရာများကို ဆင်ခြင်ခြင်းအားဖြင့် သိမြင်နိင်သည်။ ဒါဝိဒ်လည်း တော၌ သိုးထိန်းစဉ်တွင် ဘုရားသခင်၏ကြီး မြတ်ခြင်းများကို ဖန်ဆင်းထားသော အရာများ ပေါ်၌ မြင်တွေ့ခဲ့ရသည်။

ထို့နောက်ကောင်းကြီး ပေးသော အရာများအတွက် ကျေးဇူးတော် ချီးမွမ်းရမည်။ ဘုရားကောင်းကြီး ပေးသော အရာများသည် အလွန်များလွန်းသည်။ ယခုအသက်ရှင်ရသည့်အသက်တာ၊ ကျန်းမာရေး၊ စားသောက်စရာများ၊ ညီအကို မောင်နှမများ၊ အသင်းတော်၊ ဘုရား မပေးသောအရာ တခုမျှမရှိချေ။ ထိုအရာများအတွက် ကျေးဇူးတော် ချီမွမ်းရမည်။

ယေရှုခရစ် ကနူနာဆယ်ယောက်သန့်ရှင်းစေ၍ ရှမရိအမျိုးသား တယောက် ကသာ ကျေးဇူးတင်သောအခါ အခြားသောကိုးယောက် အပေါ်ကိုယ်တော် အလိုတော် မကျကြောင်း ဤသို့ တွေ့မြင်နိင်သည်။ ယေရှုကလည်း၊ တကျိပ်သော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည် မဟုတ်လော။ ကိုးယောက်သော သူတို့သည် အဘယ်မှာ ရှိကြသနည်း။ ဤ တပါးအမျိုးသားကို ထား၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူတယောက်မျှ မရှိသလောဟု မေးတော်မူပြီးမှ၊ သင်ထ၍ သွားလော့။ သင်၏ ယုံကြည်ခြင်းသည် သင်၏ အနာကို ငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။ (လုကာ ၁ရး၁ရ- ၁၉) ဘုရားသခင်ကို ပြန်လည်ပေးဆပ်ဘို့နှင့် ကူညီမစနိင်စွမ်း​ကျွန်ပ်တို့၌ မရှိ။ ကျေးဇူးတော် ချီးမွမ်းခြင်း သာလျှင် ပြုလုပ် နိင်သည်။ ထို့ကြောင့် ကျေးဇူးတော် ချီးမွမ်းဘို့ မမေ့သင့်ပေ။

ထို့နောက် အခြားသူများအတွက် ဆုတောင်း ပေးရမည်။ သူတို့ ကိုယ်ခန္ဓာ၊ စိတ်ဝိညာဉ် အတွက် ဆုတောင်း ပေးရမည်

နောက်ဆုံးမှကိုယ့်အတွက် တောင်းရမည်။ ​ကျွန်ပ်တို့ လိုအပ်သောအရာ အားလုံး အသေးစိတ်ပြောရမည်။ လူသည် အသစ်တွေ့ခါစ၌ သာကူညီလို၍ အမြဲတမ်းအားကိုး ခြင်းကို မလိုချင် ကြ။ ဘုရားသခင်သည် သေးငယ်သောအရာ မှစ၍ သ့ူကို အားကိုးလျှင် ပို၍ ကြိုက်နှစ်သက်သည်။ ထို့ကြောင့် အာနာခြင်း မရှိဘဲ အသေးစိတ်ပြောပြရမည်။ ဆုတောင်းခြင်း ဆိုသည်မှာ ​ကျွန်ပ်သည် ဘာမျှ မဟုတ်၊ ဘုရားသခင် သာလျှင် ​ကျွန်ပ်၏ ခိုလှုံရာရဲတိုက်၊ ကောင်းကြီး ပေးသော အရှင်ဟု ဝန်ခံခြင်း ဖြစ်သည်။ များများ ဆုတောင်းသောသူများ ကကောင်းကြီးများများ ရရှိ ကြသည်။

၈။ ရေနှစ်ခြင်း ခံစေရမည်
လူတယောက် ဘုရားသခင်ကို ယုံကြည် လာသောအခါ ရေနှစ်ခြင်း ပေးဘို့ရန် အလွန် အရေးကြီးသည်။ ကယ်တင်ရှင် ယေရှုခရစ် ကိုယ်တိုင် မှာထားခဲ့သော အရာဖြစ်သည် (မ ၂၈:၁၉)။ ရှင်ပေါလုကဖိလိပိ`ထောင်မှူးနှင့် မိသားစုကို ညတွင်း ချင်းရေနှစ််ခြင်း ပေးလိုက်သည် (တမန် ၁၆:၃၃)။ ဖိလိပ္ပုကလဲ အဲသရောပိအမတ်ကို ယုံကြည်သည်နှင့် တပြိုင်နက်လမ်းသွားစဉ်တွင် ရေနှစ်ခြင်း ပေးလိုက်သည် (တမန် ၈:၃၄-၃၈)။ ထ့ုိကြောင့်ယုံကြည်သောသူများကို ယုံကြည်သည်နှင့် တပြိုင်နက်ရေနှစ်ခြင်း ပေးဘို့ လိုသည်။

ရေနှစ်ခြင်း၏ ရည်ရွယ်ချက်မှာ ယေရှုခရစ်နှင့် ငါတို့၏ လူဟောင်းလက်ဝါးကပ်တိုင်ပေါ်၌ အသေခံ၍ သူနှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံရပြီ။ ထိုအရာကို ဖေါ်ပြဘို့ရန် ရေထဲ၌ နှစ်ခြင်း ခံသည်။ သခင်ယေရှုနှင့် သင်္ချိုင်းတွင်း မှထမြောက် သည်ကို ဖေါ်ပြဘို့ရန် ရေထဲမှ ဤကဲ့သို့ ပြန်လည်ထမြောက် ပါသည် ဟူ၍ ဖြစ်သည်။ ထိုကြောင့် ဤသမ္မတရားသိသောသူကို အမြန်ဆုံးရေနှစ်ခြင်း ပေးရမည်။ ဣသရေလ လူမျိုးများ ကဘုရားနှင့် ဆိုင်ကြောင်းကို သက်သေအဖြစ် အရေဖျားလှီးခြင်း ခံသကဲ့သို့ ခရစ်တော်ကို ယုံကြည်သူများလည်းရေနှစ်ခြင်း ခံခြင်းအားဖြင့် သူနှင့် ဆိုင်ကြောင်းကို သက်သေပြသည်။

၉။ မိဿဟာယ၌ ပါဝင်စေရမည်
ဝိညာဉ် ခလေးသည် တယောက် တည်းမနေကောင်း။ အခြားသော ယုံကြည်သူများနှင့် မိဿဟာယဖွဲ့ဘို့ လိုသည်။ စာတန် ယုံကြည်သူများမိဿဟာရဖွဲ့ခြင်းကို အလိုမရှိ။ သို့သော် ဘုရားသခင်သည် ယုံကြည်သူများစည်းလုံးစွာ မိဿဟာရဖွဲ့ခြင်းကို အလိုရှိသည်။ အသက်ရှင်သော အသင်းတော် ရှိသော နေရာ၌ ဖြစ်လျှင် ပြောစရာ မလို။ သို့သော် အသင်းတော် မရှိသော နေရာများ၌ အသင်းတော် တည်ထောင်နိင်ရန်စီစဉ်ပေးဘို့ လိုသည်။ ယုံကြည်သူများစုပေါင်းမိဿဟာရရှိမှသာ ခိုင်မာစွာ ရပ်တည်၍ အလုပ်လုပ်နိင်ပေမည်။
၁၀။ ဆုတောင်း ပေးရမည်
ကိုယ့် ဝိညာဉ် ခလေးများဆုတောင်း ပေးခြင်းသည် အလွန် အရေးကြီးသည်။ သူတို့ ထံ၌ အစဉ်အမြဲမနေနိင်၊ သို့သော် အစဉ်သဖြင့် ဆုတောင်း ပေးနိင်သည်။ ဆုတောင်းခြင်းဖြင့် အမြဲလိုက်နိင်သည်။ ရှင်ပေါလုလည်း သူ၏ ဝိညာဉ် သားသမီး များအတွက် အမြဲ ဆုတောင်း ပေးတတ်သည်။
၁၁။ ချစ်ခြင်းမေတ္တာပြရမည်
သင်ဟောပြောခြင်းအားဖြင့် မွေးဘွားသောသူသည် သင်၏ ဝိညာဉ် သားသမီး ဖြစ်သည်။ ကိုယ့် သားသမီး များကြည့်ရှုစောင့်ရှောက်ခြင်းသည် အလွန် အရေးကြီးသည်။ကိုယ့် သားသမီးများကို ပြန်လည်မကြည့်ရှုသောသူသည် မရေရာသောသူ ဖြစ်သည်။ ဝိညာဉ် ခလေး များစွာ လဲရခြင်း အကြောင်းသည် သူတို့၏ ဝိညာဉ် မိဘများ ကမကြည့်ရှုသောကြောင့် ဖြစ်သည်။
၁၂။ သက်သေခံခိုင်းရမည်
သင်၏ ဝိညာဉ် သားသမီး များသည် ကျမ်းစာ ဘတ်ဘို့၊ ဆုတောင်းဘို့၊ မိဿဟာယဖွဲ့ဘို့သာမက သူတပါးထံ သက်သေခံဘို့ရန် သွန်၍ တိုက်တွန်း အားပေးဘို့ လိုသည်။ သူတို့ သိသမျှ သူတပါးထံဝေငှခြင်းအားဖြင့် ဝမ်းမြောက် အားရကြလိမ့်မည်။ သူတိုု့ကိုယ်တိုင်လည်း ပို၍ ရှင်းလင်းလာလိမ့်မည်။
၁၃။ မှားယွင်းသော ဩဝါဒ
မွေးဘွားခါစ ဝိညာဉ် သားသမီး များသည် ဝိညာဉ် အစာငတ်၍ သင်ပေးသမျှ ခံယူတတ်သည်။ သို့သော် မှားယွင်းသော သွန်သင်ခြင်းများများ ပြားသောကြောင့် သတိထားဘို့ရန် သွန်သင်ဘို့ လိုသည်။ မှားယွင်းသော သွန်သင်ခြင်း များသည် ကျမ်းစာအားဖြင့်၎င်း၊ သူတို့၏ အသက်တာအားဖြင့် ငှင်းသိနိင်သည်။ ဟောပြောသောအရာသည် ကျမ်းစာနှင့် ကွဲလွှဲလျှင် မှားယွင်းပြီ။ ထို့အပြင် သူ၏ အသက်တာသည် ပြောစရာ အမြဲရှိနေလျှင် မှားလျှင် ထိုသိုု့သောသူ၏ နောက်မလိုက်ဘို့ ပြောပြဘို့ လိုသည်။ မွေးကင်းစ ဝိညာဉ် ခလေး များသည် စိတ်လှူပ်ရှားမြန်၍ ဝိညာဉ် အစာငတ်သောကြောင့် သူတို့ကို ထပ်ချပ်မကွာစောင့်ရှောက်ဘို့ လိုအပ်သည်။
၁၄။ ဆရာ၊ ဆရာမများ၏ တာဝန်
ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းကို ဆရာ၊ မများကိုယ်တိုင်လုပ်ဘို့ လိုသည်။ ကိုယ်တိုင်မဖမ်းတတ်လျှင် အသင်းသူ၊ သားများကို အဘယ်ကဲ့သို့ သင်ပေးပြီး နှိုးဆော်နိင်မည်နည်း။ ကိုယ်တိုင်မလုပ်သောအရာသည် ပါးစပ်သာ ဖြစ်သောကြောင့် အောင်မြင် နိင်မည်ဟုတ်ချေ။ သင်းအုပ်ဆရာသည် ပျောက်ဆုံးဝိညာဉ် ဖမ်းဘို့ လိုသလောဟု မေးနိင်သည်။
ပျောက်ဆုံးဝိညာဉ် မဖမ်းလျှင် မည်ကဲ့သို့ တိုးပွါးနိင်မည်နည်း။
သင်းအုပ်ဆရာများသည် အသင်းသားများကို လည်ပတ်ကြည့်ရှုခြင်းသာမက ပျောက်ဆုံးသော ဝိညာဉ် များလည်း ဖမ်းဘို့ လိုသည်။ အမှန်မှာကိုယ် ဝိညာဉ် သားသမီး များသည် အနာခံဆုံးလူများ ဖြစ်သည်။ အချို့သော ဆရာများ ပျောက်ဆုံးသော ဝိညာဉ် မဖမ်းသောကြောင့်ကိုယ် ခလေး မဟုတ်သောသူများကို ကြည့်ရှုသဖြင့်တော် လှန်ပုန်ကန်မှုများဖြစ်တတ်သည်။ ထို့ကြောင့် သင်းအုပ်ဆရာများလည်း ပျောက်ဆုံးဝိညာဉ် များဖမ်းဘို့ လိုသည်။ သင်ဖမ်းသော ဝိညာဉ်များကသင့်ကို ချစ်၍ နာခံမည်။ သင်ဘက်မှာနေ၍ သင့်ကို ဝမ်းမြောက် စေမည်။
၁၅။ ကိုယ်တယောက်တည်းမဟုတ်
အချို့သော ဆရာများသည်ကိုယ်တယောက် တည်းသာ ဝိညာဉ်များဖမ်းလျက် အသင်းသူ၊ သားများကို မသင်ပေးသောကြောင့် ပွါးများ သင့်သလောက် မပွားများချေ။ ထို့ကြောင့် ယုံကြည်သူတိုင်း ပျောက်ဆုံးဝိညာဉ် များဖမ်းတတ်ဘို့ သင်ပေးဘို့ လိုအပ်သည်။ တိုက်တွန်း အားပေးဘို့ လိုသည်။ ဝိညာဉ် ဖမ်းခြင်းကို အများစုကလုပ်ချင် ကြမည် မဟုတ်။ ကြောက်ကြလိမ့်မည်။ အကြောင်း အမျိုးမျိုး ပြလျက် ရှောင်ကြလိမ့်မည်။ သို့သော် ခိုင်းဘို့ လိုသည်။

အချို့သော မိဘများသည် သားသမီးများကို အလုပ်မပေးသောအခါ အလုပ်မလုပ်တတ်၊ ပျင်းရိလာ ကြသည်။ ဘာမျှမလုပ်တတ်သောအခါ အခက်အခဲနှင့် ပြန်ကြုံရတတ်သည်။ မိဘများသည် သားသမီး များနှင့် အစဉ်အတူ နေနိင်သည် မဟုတ်။ အိမ်ထောင်ပြုသောကြောင့်သော်ငှင်း၊ မိဘများ အိုလာ၍ သေခြင်းကြောင့်သော၎င်း၊ သူတို့ကိုယ်တိုင်အရာခပ်သိမ်းကို ပြန်လည်ဆောင်ရွက်ဘို့ လိုလာတတ်သည်။ ကိုယ်ကာယပိုင်းတွင် လိုအပ် လာသောအခါ ခက်ခဲစွာဖြင့် ပြန်လည်သင်ယူကာအစဉ်ပြေနိင်သည်။

သို့သော် ဝိညာဉ်ပိုင်းဆိုင်ရာတွင် သေသည့်တိုင်အောင် ဘယ်အရာမှ မလုပ်တတ်ဘဲ သေလွန်တတ်သည်။ ထို့ကြောင့် ဝိညာဉ် သားသမီးများကို ဝိညာဉ် ဖမ်းနည်းသင်ကို သင်ပေးရမည်။ ပျောက်ဆုံးဝိညာဉ် ဖမ်းတတ်ပြီး သားနှင့် အဘယ်သူမျှ မမွေးကြ။ သင်ပေးခြင်၊ တွန်းပို့ခြင်း၊ အားပေးခြင်းကြောင့် ဖမ်းတတ်လာကြလိမ့်မည်။ အလိုအလျောက် လုပ်ချင်သည်ကိုသာ အားကိုးလျှင် ကိုးဆယ့်ကိုးရာခိုင်နှုန်းက လုပ်ချင်ကြမည် မဟုတ်။

ဝိညာဉ် သားသမီး များပျောက်ဆုံးဝိညာဉ် မဖမ်းစေခြင်းသည် ရွာတရွာ၌ မုတ်ဆိုးတယောက် ပစ်သောသား ကောင်ကို တရွာလုံးကဝမ်းမြောက်စွာ ကြုိဆိုလေ့ရှိသည်နှင့် တူသည်။ယောက်ျား ဖြစ်သော်လည်း တောမလိုက်သား ကောင်မရဘူးသောသူသည် မိန်းမနှင့် တူသည်။ သူများရသောသား ကောင် အပေါ်ဝမ်းမြောက်သည်ထက်ကိုယ်တိုင်သား ကောင်များရလျှင် မည်မျှသာ၍ ဝမ်းမြောက် ဂုဏ်ယူစရာ ဖြစ်မည်နည်း။

ထိုနည်းတူ ဧဝံဂေလိ ဆရာတပါးတည်း ဖမ်းသော ဝိညာဉ်များကို အသင်းတော် တခုလုံးက ဝမ်းမြောက်သည်ထက် အသင်းသား တိုင်း ဝိညာဉ်များဖမ်းလျှင် မည်မျှဝမ်းမြောက်စရာ ဖြစ်မည်နည်း။ တိုးပွားမှုလည်း မြန်မည်။ အားလုံး လည်း အားရကျေနပ်မည်။

^