1

Book: Revelation (b)

Home   >   Bookstore    >   Revelation

revelation

ဗျာဒိတ်ကျမ်း အနက်ဖွင့်ခြင်း

သိက္ခာတော်ရ ဆရာမောဇက်ထောင်ကျုံး

PART B

Revelation Commentary in Burmese
Copyright 2016 © Moses Cung

.

မာတိကာ

.

ဗျာဒိတ်ကျမ်း ၃ (၃:၁-၆)

အသက်ရှင်ဟန်ရှိသော သာဒိအသင်းတော်

နောက်ခံသမိုင်း
သာဒိမြို့သည်ပေ ၁၅၀၀မြင့်သောကုန်းပြင်မြင့်ပေါ်၌တည်ထားသောမြို့ ဖြစ်သည်။ လုဒိ (Lydia) နိင်ငံ၏မြို့တော်လည်းဖြစ်၍၊ စီးပွားရေးအချက်အချာကျသောကြောင့်၊ ပိုက်ဆံဒဂ်ါးစတင်အသုံးပြုသောမြို့ဖြစ်သည်။ မြို့၏ ပတ်လည်သည်မတ်စောက်သောကမ္ဘားဖြစ်သောကြောင့်၊ ရန်သူများ အလွယ်တကူမတက်နိုင်ချေ။ မြို့သားများသည်၊ သူတို့မြို့၏ကမ္ဘားကိုစိတ်ချလွန်သောကြောင့်၊ ပါးရှားရှင်ဘုရင်ကုရုမင်းကအလွယ်တကူသိမ်းယူနိုင်ခဲ့သည်။ ကုရုမင်းကသာဒိမြို့သိမ်းယူနိုင်သောသူကိုဆုလပ်များစွာပေးမည်ဟုဆိုသည်။ ပေရသိ (ပါးရှား) စစ်သားတယောက်သည် တနေကုန်သာဒိမြို့ကိုကြည့် ရှုရာ၊ သာဒိစစ်သားတယောက် သူ၏ဦးထုပ်ကမ္ဘာအောက်၌ ကျသွားသည်ကိုမြင်သည်။ ထိုစစ်သားသည်၊ ကမ္ဘားနံရံမှဆင်းသွား၍၊ ဦးထုပ်ကိုကောက်ကာပြန်တက်သွားသည်ကိုအံ့ဩစွာမြင်ခဲ့သည်။ ထိုညတွင်ပါရှားစစ်သားသည်၊ အဖေါ်များကိုခေါ်၍ ကမ္ဘားမှတက်သွားကြရာ၊ မြို့ထဲသို့ရောက်သွားကြသည်။ သာဒိမြို့သားတို့သည်စိတ်ချလက်ချအိပ်မောကျနေကြစဥ်၊ ရန်သူများကသတ်ဖြတ်သိမ်းယူခဲ့သည်။ သာဒိမြို့သားတို့သည်၊ စိတ်ချလွန်ခဲ့သည့်နည်းတူ၊ ဗျာဒိတ်ကျမ်းရေးသောအချိန်၌ရှိသော၊ သာဒိအသင်းတော်သည်လည်း၊ စိတ်ချလွန်သောအသင်းတော်ဖြစ်သည်။
သခင်ယေရှုကမိတ်ဆက်ပုံ
၁။ သာဒိမြို့၌ရှိသောအသင်းတော်၏တမန်ကို၊ ဤသို့ ရေး၍မှာလိုက်လော့။ ဘုရားသခင်၏၀ိညာဥ်ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံးရှိသောသူ၏အမိန့်တော်ကား၊
၀ိညာဥ်ခုနှစ်ပါးအကြောင်းကို ဗျာ ၁:၄၌ တွေ့ခဲ့ရပြီ။ ခုနစ်သည်ဘုရား၏ နံပါတ်ဖြစ်၍၊ ပြည့်စုံခြင်းဖြစ်သည်။ ဘုရားသည်၀ိညာဥ်ခုနစ်ပါးရှိသည်၊ ဟုဆိုလိုခြင်းမဟုတ်ချေ။ အသင်းတော်ခုနစ်ပါးထံ၌စာရေးသောကြောင့်၊ ၀ိညာဥ်ခုနစ်ပါးဟုဆိုရခြင်းဖြစ်သည်။ ကြယ်ခုနစ်လုံးအကြောင်းလည်း ဗျာ ၁:၂၀၌ တွေ့ခဲ့ပြီးပြီ။ သခင်ယေရှုကိုယ်တိုင်ကကြယ်ခုနစ်လုံးသည်၊ အသင်းတော်ခုနစ်ပါး၏တမန်ဖြစ်သည်ဟုဆိုသည်။ ထိုသူများသည်သင်းအုပ်များ ဖြစ်သည်။ ဘုရားသည်အသင်းတော်ခုနစ်ပါး၌၊ ၀ိညာဥ်တော်နှင့်သင်းအုပ်များအားဖြင့်စောင့်ရှောက်သောကြောင့်၊ အသင်းတော်များသည်သူ၏လက်ထဲမှာရှိကြသည်။ သူကြိုက်သကဲ့သို့ အသင်းတော်၌ပြုလုပ်နိုင်ကြောင်းကို ဖေါ်ပြသည်။ အသင်းတော်များကသူ၏စကားနားမထောင်လျှင်၊ ၀ိညာဥ်ကမစောင့်ရှောက်၊ အသင်းအုပ်ကိုလည်းရုပ်သိမ်းနိုင်သည်။ ထို့ကြောင့်အသင်းတော်၏ဦးခေါင်းသည်၊ ခရစ်တော်ဖြစ်ကြောင်းကိုသိထားဘို့လိုသည်။
အပြစ်တင်ခြင်း
“သင်၏အကျင့်ကိုငါသိ၏။ သင်သည်အသက်ရှင်ဟန်ရှိသော်လည်း၊ သေလျက်နေသည်ကိုငါသိ၏။” သခင်ယေရှုက၊ သာဒိအသင်းတော်၏ လုပ်ဆောင်မှုအားလုံးကိုလည်းသိသည်။ အငယ် ၂ ၌သင်၏အကျင့်သည်မစုံလင်ဟုဆိုသော်လည်းသိသည်။ ဤအသင်းတော်သည်အသက်ရှင်ဟန်ရှိသော်လည်း၊ သေနေသည်ဟုဆိုသည်။ ဤအသင်းတော်ကိုသခင်ယေရှုကချီးကျူးခြင်းတခုမျှမရှိချေ။ နှိပ်စက်ခြင်းနှင့်ဒုက္ခဆင်းရဲခြင်းလည်းမခံစားရချေ။ အကြောင်းမှာ၊ မယုံကြည်သူများထံ၌လည်းဧ၀ံဂေလိတရားကိုမဟော မပြောဘဲ၊ အေးဆေးစွာအသက်ရှင်သောကြောင့်ဖြစ်သည်။ မယုံကြည်သူများက၊ မနာလိုလောက်အောင်နှင့်စိတ်ဆိုးလောက်အောင်၊ မလှုပ်ရှားကြချေ။ သေနေသောသူများဖြစ်သောကြောင့်၊ မလုပ်နိုင်ကြခြင်း ဖြစ်သည်။ သေသောသူသည်စကားပြောခြင်း၊ ရန်ဖြစ်ခြင်းမရှိဘူးချေ။ သင်၏အသင်းတော်သည်ထိုကဲ့သို့ဖြစ်နေပါသလော။ သခင်ယေရှုကမှားယွင်းသောဩ၀ါဒသွန်သင်ခြင်းရှိသည်ဟုလည်းမပြောပါ။ သူတို့၏ပြသနာမှာသေနေသော်လည်း၊ အသက်ရှင်သကဲ့သို့ဟန်ဆောင်ခြင်းဖြစ်သည်။ ရှင်ပေါလုက၊ သင်တို့၏ကိုယ်ခန္ဓာကိုအသက်ရှင်သောလက္ခဏာနှင့်ပြည့်စုံသောယဇ်အဖြစ် ပူဇော်ပါဟုဆိုခဲ့သည် (ရော ၁၂:၁)။
၂။ မအိပ်ဘဲစောင့်၍နေလော့။ ကျန်ရစ်၍သေလုသောအရာတို့ကိုပြုစုလော့။ သင်၏အကျင့်သည် ငါ၏ဘုရားသခင့်ရှေ့၌ မစုံမလင်ရှိသည်ကို ငါတွေ့ပြီ။
သာဒိအသင်းတော်သည်၊ အိပ်ပျော်သောအသင်းတော်ဖြစ်သည်။ သူတို့၏ မြို့ကဲ့သို့စိတ်ချလွန်သောအသင်းတော်ဖြစ်သည်။ မြို့လည်းကမ္ဘားကိုအမှီပြုစိတ်ချလွန်၍၊ ကင်းစောင့်မချထားသောကြောင့်၊ နှစ်ကြိမ်တိုင်တိုင်ရန် သူများကသူတို့အိပ်ပျော်နေစဥ်တွင်၊ သတ်ဖြတ်ကာသေဆုံးခဲ့ကြသည်။ ထို့နည်းတူသာဒိအသင်းတော်လည်း၊ စိတ်ချလွန်သောကြောင့်အိပ်ပျော်နေကြသည်။ အသင်းတော်ကိုကြည့်ရှုစောင့်ရှောက်သောသင်းအုပ်ဆရာများ လည်း၊ အိပ်ပျော်နေကြဟန်ရှိသည်။ ထို့ကြောင့်ခရစ်တော်ကမအိပ်ဘဲစောင့်ခိုင်းခြင်းဖြစ်သည်။ ကျန်ရစ်၍သေလုသောအရာတို့ကိုပြုစုလော့၊ ဟုဆိုသောကြောင့် လုံးလုံးမသေသေးကြောင်းထင်ရှားသည်။ ယနေ့အသင်းတော် များစွာတို့လည်း၊ သာဒိအသင်းတော်ကဲ့သို့သေနေကြ၊ အိပ်ပျော်နေကြသည်။ ဟောက်၍အိပ်မက်မက်နေကြသည်။ အသင်းတော်အတွက်ကြိုးစား၍ အလုပ်လုပ်ကြ၊ ဆက်ကပ်ကြ၊ အလှူလှူကြ၊ အစည်းအဝေးများထိုင်ကြ၊ အကောင်းဆုံးဖြစ်ရန်ကြံစည်ကြသော်လည်း၊ အိပ်မက်ကဲ့သို့ဖြစ်သည်။ အကောင်အထည်မဖေါ်နိုင်၊ အကောင်အထည်ဖေါ်သောအရာများလည်း၊ ၀ိညာဥ်ပိုင်းမရှိ၊ ဇာတိပိုင်းသာလျှင်ဖြစ်သည်။ ဇာတိအားဖြင့်လုပ်သမျှသည်၊ အိပ်မက်ပမာပျောက်ပျက်သွားတတ်ကြသည်။

သာဒိအသင်းတော်သည်အလုပ်လုပ်သော်လည်း၊ ခရစ်တော်ကဘုရားရှေ့၌ စုံလင်ခြင်းမရှိဟုဆိုသည်။ အထက်ကပြောပြီးသည့်အတိုင်း၊ အိပ်ပျော်နေစဥ်တွင်မည်ကဲ့သို့အလုပ်လုပ်နိုင်မည်နည်း။ အိပ်မက်ထဲ၌ကြိုးစား၍အလုပ်လုပ်သော်လည်း၊ နိုးသောအခါဘာမျှမရှိတော့ချေ။ နိုးပြီးသည့်နောက်ပိုင်းအထိ၊ စိတ်ထဲ၌ခံစားချက်ရှိသော်လည်းရစရာမရှိ။ ထို့ကြောင့်၊ ခရစ်တော်ကစုံလင်သည်ဟုမမြင်ရခြင်းဖြစ်သည်။ ထို့နည်းတူ​ကျွန်ုပ်တို့လည်း၊ အိပ်ပျော်ရင်းဖြင့် လုပ်ဆောင်နေကြသလော။ ၀ိညာဥ်တော်ဦးဆောင်ခြင်းမရှိဘဲလုပ်ဆောင်သမျှသည်စုံလင်ခြင်းမရှိ၊ ညအိပ်မက်ပမာသာလျှင်ဖြစ်ကြသည်။

၃။ ထိုကြောင့်၊ သင်သည်ခံယူ၍နားထောင်ပြီးသည်အရာကိုအောက်မေ့၍၊ စောင့်ရှောက်လော့။ နောင်တရလော့။ စောင့်၍မနေလျှင်၊ သူခိုးကဲ့သို့ သင်ရှိသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်းသင်မသိရ။
သာဒိအသင်းတော်လည်း၊ သခင်ယေရှု၏အသင်းတော်ဖြစ်သောကြောင့်၊ ၀ိညာဥ်တော်နှင့်ကောင်းကင်တမန်များ၊ သင်းအုပ်များအားဖြင့်စောင့်ရှောက်သောအသင်းတော်ဖြစ်သည်။ သခင်ယေရှုက၊ “သင်သည်ခံယူ၍ နားထောင်ပြီးသည်အရာ” ဟူသောအရာသည်၊ ကယ်တင်ခြင်း၊ သမ္မာတရားနှင့်ဖြောင့်မတ်ခြင်း၊ အပြစ်လွှတ်ခြင်းအကြောင်းများဖြစ်ပေမည်။ ထိုအရာကိုအောက်မေ့၍စောင့်ရှောက်ဘို့ပြောထားသည်။ ထိုသမ္မာတရားများသည် အလွန်များသည်။ နောင်တရမည့်အရာသည်ပေါ့လျော့ခြင်း၊ နာမည်ခံယုံကြည်ခြင်း၊ ၀ိညာဥ်ပိုင်းအိပ်ပျော်ခြင်းများဖြစ်မည်။ ​ကျွန်ပ်တို့တဦးချင်း၊ မိသားစု၊ အသင်းတော်လည်း သာဒိအသင်းတော်ကဲ့သို့ပေါ့လျော့ခြင်း၊ စိတ်ချလွန်ခြင်းရှိကြပါသလော။ ဘုရားအတွက်လုပ်ဆောင်နေသော်လည်း၊ ဇာတိအားဖြင့်လုပ်ဆောင်နေကြပါသလား။

“စောင့်၍မနေလျှင်၊ သူခိုးကဲ့သို့ သင်ရှိသို့ငါလာမည်”ဟုဆိုသောကြောင့်၊ မထင်မှတ်သောအချိန်၌လာမှာဖြစ်သည်။ ခရစ်တော်ကငါလာမည်ဟုဆိုခြင်းသည်၊ ချီဆောင်ခြင်းကိုလည်းဆိုလိုနိုင်သည်။ ထို့အပြင်၊ အသင်းတော် အပေါ်၌တရားစီရင်ခြင်းခံမည်၊ ဟုဆိုလိုခြင်းလည်းဖြစ်နိုင်သည်။ မည်သို့ ပင် ဖြစ်စေ၊ ​ကျွန်ကသခင်လာမည့်အရာကို စောင့်သကဲ့သို့၊ စောင့်ရမှာ ဖြစ်သည်။ မထင်မှတ်သောအချိန်၌သခင်လာလျှင်၊ အပြစ်တင်ခြင်းနှင့် အပြစ်ပေးခြင်းခံရမှာဖြစ်သည်။ သင်သည်ချီဆောင်ခြင်း၊ သို့မဟုတ် သခင်ဘုရားနှင့်တွေ့ဆုံဘို့အတွက်၊ မြော်လင့်လျက်အသင့်ပြင်ဆင်ထားပြီလော။ သင်မထင်မှတ်သောအချိန်၌သခင်ဘုရားလာတော့မည်။

၄။ သို့သော်လည်း၊ သာဒိမြို့၌ပင်၊ သင်တို့တွင်ကိုယ်အ၀တ်ကို မညစ်ညူး စေသောသူ၊ နည်းနည်းရှိသေး၏။ ထိုသူတို့သည် ထိုက်တန်သောသူဖြစ်၍၊ အဖြူ၀တ်လျက် ငါနှင့်အတူ သွားလာကြလိမ့်မည်။ အောင်မြင်သောသူသည်၊ ဖြူသောအ၀တ်ကို၀တ်ဆင်လိမ့်မည်။
မည်သည့်အချိန်တွင်မဆို၊ ဘုရားသခင်၌၊ သူ့ကိုကိုးကွယ်၍သူ့အတွက်အသက်ရှင်သောသူ၊ လူအနည်းငယ်ရှိနေတတ်သည်။ ပရောဖက် ဧလိယက၊ “ကိုယ်တော်၏ပရောဖက်များကို ထားနှင့်သတ်ကြပါပြီ။ အ​ကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အ​ကျွန်ုပ်အသက်ကိုပင်သတ်ခြင်းငှါ ရှာကြပါသည်ဟုလျှောက်လေသော်၊ ” (၃ရာ ၁၉:၁၄) ဘုရားသခင်က၊ “ဗာလရှေ့၌ ဒူးထောက်ခြင်း၊ နမ်းခြင်းကိုမပြုသောသူအပေါင်းတည်းဟူသော ဣသရေလအမျိုးသား၊ ခုနစ်ထောင်တို့ကို ငါ့အဘို့ငါကျန်ကြွင်းစေပြီဟု မိန့်တော်မူ၏။” (၃ရာ ၁၉:၁၈)။ သောဒုံမြို့သားများသည်အပြစ်ကြီးသော်လည်း၊ သူတို့ အထဲ၌ဘုရားယုံသူ၊ လောတမိသားစုရှိသည်။ နောဧခေတ်၌လည်း၊ လူအားလုံးအပြစ်ကြီးသော်လည်း၊ နောဧနှင့်မိသားစု၊ ဘုရားအတွက်ကျန်ရစ်သည်။ ထိုနည်းတူ၊ သာဒိအသင်းတော်၌လည်း၊ ကိုယ်အ၀တ်ကိုမညစ်ညူးစေသောသူ၊ နည်းနည်းရှိသေးသည်။ ထိုလူနည်းစုကဲ့သို့ကျွန်ပ်တို့လည်း ဖြစ်သင့်သည်။ လူအများစုကဲ့သို့မဟုတ်ဘဲ၊ ဘုရားသခင်အတွက်စိတ်ချစရာ ယုံကြည်သူဖြစ်သင့်ကြသည်။

“ကိုယ်အ၀တ်ကိုမညစ်ညူးစေသောသူနည်းနည်းရှိသေး၏။” အ၀တ်သည် နွေးဘို့ရန်နှင့်လှပစေဘို့ရန်ဖြစ်သော်လည်း၊ အဓိကအားဖြင့်အရှက်ပြေဘို့ရန် ဖြစ်သည်။ အ၀တ်ညစ်ပတ်လျှင်ကြည့်ရှု၍မကောင်းတော့ချေ၊ ရှက်စရာ ဖြစ်လာသည်။ သခင်ယေရှုပြောသောအ၀တ်သည်ကိုယ်ခန္ဓာ၌ ၀တ်ဆင်သောအ၀တ်မဟုတ်၊ ၀ိညာဥ်ပိုင်းအ၀တ်ဖြစ်သည်။ အာဒံနှင့်ဧ၀တို့အပြစ် ကျူးလွန်သောအခါ၊ မျက်စိပွင့်လင်း၍၊ မိမိတို့၌အ၀တ်အချည်းစည်းရှိသည်ကိုမြင်လျှင်၊ မိမိတို့၀တ်ရန်ဘို့ သင်္ဘောသဖန်းပင်အရွက်တို့ကိုချုပ်စပ်၍၊ ခါးစည်းကိုလုပ်ကြ၏။ (က ၃:ရ)။ သို့သော်သစ်ရွက်သည်ကြာရှည်ခံမည် မဟုတ်။ ထို့ကြောင့်ဘုရားသခင်က၊ သားရေကိုပေးသည်။ ထိုသားရေရဘို့ရန်တိရစ္ဆာန်သတ်ဘို့လိုသည်။ ထိုသို့သတ်လျှင်အသွေးထွက်၍ အသက် သေရသည်။ ထို့ကြောင့်လူ့အမြင်၌သားရေအားဖြင့်အပြစ်ဖုံးရသော်လည်း ဘုရားအမြင်၌၊ အသွေးအားဖြင့်ဖုံးသည်။ ထိုတိရစ္ဆာန်၏အသွေးသည်၊ သခင်ယေရှု၏ အသွေးကိုပုံဆောင်သည်။ ဘုရား၏အမြင်၌ လူ၏အပြစ်ကို၊ သခင်ယေရှု၏အသွေးအားဖြင့်၊ ဖုံးသောကြောင့်ရှက်ကြောက်စရာမရှိတော့ချေ။ သို့သော်လူ့အမြင်မှာ၊ သစ်ရွက်သို့မဟုတ်သားရေအားဖြင့်၊ ဖုံးဘို့လိုသည်။ သားရေသည်၀ိညာဥ်တော်အုပ်စိုးခြင်းအားဖြင့် ကျင့်သောအကျင့်၊ သစ်ရွက်သည်ဇာတိအားဖြင့် ကျင့်သောအကျင့်၊ ဟုဆိုနိုင်သည်။ သားရေသည်ဘုရားကပေး၍၊ သစ်ရွက်သည်လူအားဖြင့်ဖြစ်သည်။ လူ့အမြင်၌​ဖြောင့်မတ်ခြင်းသည်၊ အကျင့်အားဖြင့်သာထင်ရှားနိုင်သည် (ယာ ၂:၁၈)။ လူ၏ အကျင့်သည်ခဏကောင်းနိုင်သော်လည်း၊ ကြာရှည်မခံနိုင်ချေ။ သို့သော်၊ ၀ိညာဥ်တော်အားဖြင့်လုပ်ဆောင်သောအရာသည်၊ ကြာရှည်ခံနိုင်သည်။ သာဒိအသင်းတော်ရှိယုံကြည်သူများလည်း၊ ဘုရားအတွက်အသက်ရှင်ကြသော်လည်း၊ ဇာတိအားဖြင့်ဖြစ်သောကြောင့်၊ သခင်ဘုရားရှေ့မှာအ၀တ်ညစ်ညူးစေသောသူများဖြစ်ကြသည်။ ​ကျွန်ုပ်တို့လည်း ဇာတိအားဖြင့်ကျင့်လျှင်၊ အ၀တ်ညစ်ညူးစေသောသူများဖြစ်ကြသည်။ ဇာတိအားဖြင့် ကြိုးစား လုပ်ဆောင်သမျှသည် အပြစ်ပါသည်၊ မသန့်ရှင်းနိုင်ချေ။ အ၀တ်မညစ်ညူး စေသောသူများသည်၊ အနည်းငယ်သာလျှင်ရှိသည်။ လူအများစုသည်၊ သူတို့၏အ၀တ်ကိုညစ်ညူးစေကြသည်။ ထို့ကြောင့်လူနည်းစုဖြစ်သော်လည်း၊ အားငယ်ဘို့ မဟုတ်ချေ။ ထို့နည်းတူ၊ လူများ စု ဖြစ်သောကြောင့် စိတ်ချ ကျေနပ်ဘို့ မဟုတ်။ ဘုရား အလိုတော် အတိုင်း အသက် ရှင်ခြင်း သာလျှင်၊ အဓိက ဖြစ်သည်။ လူသည် အုပ်စုများမှ ကျေနပ် တတ် ကြသည်။ လူနည်းလျှင်၊ မှန်နေလျှင်လည်း မထောက်ခံရဲတတ်ကြချေ။

“ထိုသူတို့သည် ထိုက်တန်သောသူ ဖြစ်၍၊ အဖြူ၀တ်လျက် ငါနှင့်အတူ သွားလာကြလိမ့်မည်။” ဖြူသော အ၀တ်သည် သိုးသငယ်၏ အသွေးအားဖြင့်၊ လျှော်ဖွတ်ခြင်း မှရရှိကြောင်း ဗျာရ:၉၊ ၁၄၌ တွေ့ရသည်။ မည်သူမဆို၊ ညစ်ညူးသော အ၀တ်၀တ်သော သူနှင့် မသွားချင် ကြပါ။ သခင်ယေရှုက၊ မိမိ အ၀တ်ကို မညစ်ညူး စေသော သူများ နှင့်၊ အတူ သွားလာဘို့ ပြောထားသည်။ သခင်ယေရှုနှင့်အတူ သွားလာခြင်း ဆိုသည်မှာ၊ သူနှင့်အတူ နေထိုင်ခြင်း ဖြစ်သည်။ နေ့စဥ်​ကျွန်ပ်တို့၏ အသက်တာ၌၊ သခင်ယေရှုနှင့် သွားလာကြပါသလား။ မိမိ အ၀တ်ကို ညစ်ညူး စေလျှင် သို့မဟုတ် အပြစ် ကျူးလွန်လျှင်၊ သခင်ယေရှုက၊ ​ကျွန်ပ်တို့နှင့် သွားလာချင် မှာ မဟုတ်ချေ။ ဇာတိနှင့် အသက် မရှင်၊ သန့်ရှင်းစွာ အသက် ရှင်သော သူများသည်၊ သခင်ယေရှု ကသူနှင့်အတူ သွားလာဘို့ရန်၊ ထိုက်တန်သည်ဟုဆိုသည်။

“အောင်မြင်သော သူသည် ဖြူသော အ၀တ်ကို ၀တ်ဆင်လိမ့်မည်။” အောင်မြင်သော သူသည်၊ ဘုရားသခင်ကို ယုံကြည် သောသူ ဖြစ်သည်။ ကျမ်းစာက၊ ” ဘုရားသခင်၏ သားတော် ဖြစ်သော သူမည်သည် ကား၊ လောကကိုအောင် တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်း ပေတည်း။”ဟုဆိုထားသည် (၁ ယော ၅:၄)။ အဘယ်ကြောင့်ယုံကြည်သော သူသည်၊ အောင်မြင် သောသူ ဖြစ်နိင်သနည်း၊ ဟူမူကား အရာခပ်သိမ်းကို တတ်စွမ်းနိ်င်သော၊ ဘုရားသခင်ကို အားကိုး ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားကို ယုံကြည်သော သူသည၊ ်ဖြူသော အ၀တ်ကို ၀တ်ဆင်လိမ့်မည်။

၅။ ထိုသူ၏ နာမကို အသက် စာစောင်မှငါသည် အလျှင်း မချေ။ ငါ့ခမည်းတော် ရှေ့၌၎င်း၊ ကောင်းကင်တမန် တော်တို့ ရှေ့၌၎င်း၊ သူ၏ နာမကို ငါ၀န်ခံမည်။
အောင်မြင်သော သူတည်း ဟူသော၊ ဘုရားကို ယုံကြည်သော သူများကို၊ ခရစ်တော် က သူတို့၏ နာမည်ကို၊ အသက် စာစောင်မှ၊ အလျှင်း မချေဟုဆိုထားသည်။ သို့ဖြစ်လျှင် ခရစ်တော်သည်၊ အသက် စာစောင်ထဲ၌ နာမည်သွင်းပြီးသော သူများကို၊ ချေနိင်သလောဟု မေးစရာ ဖြစ်လာသည်။ အောင်မြင်ခြင်း သည်၊ လူ့အစွမ်းအစအားဖြင့် မဟုတ်ပါ။ ဘုရား၏ အစွမ်းအစအားဖြင့် သာလျှင် ဖြစ်သည်။ ထိုအရာကို သိသော ယုံကြည်သူများသည်၊ ကိုယ့်အစွမ်းအစကိုအား မကူူးတော့ချေ။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည် ခြင်းအားဖြင့်၊ အောင်မြင် သောသူ ဖြစ်နေသောကြောင့်၊ သူ၏ နာမည်လည်း ချေစရာ မလိုတော့ချေ။

“ငါ့ခမည်းတော် ရှေ့၌၎င်း၊ ကောင်းကင်တမန် တော်တို့ ရှေ့၌၎င်း၊ သူ၏ နာမကို ငါ၀န်ခံမည်။” အောင်မြင်သော သူများကို၊ သခင်ယေရှု ကသူကိုယ်တိုင်၊ သူ၏ ခမည်းတော် ရှေ့နှင့် ကောင်းကင်တမန် များရှေ့၌၊ သူ၏ နာမကို ၀န်ခံမည်ဟုဆိုသည်။ အောင်မြင်သော သူများကို၊ လူများ အထူးသဖြင့် လူကြီး လူကောင်းများ၊ အလွန်များသော ပရိသတ်ရှေ့၌၊ ချီမွမ်းဂုဏ်ပြုလျှင် အလွန်အားရ၊ ကျေနပ် တတ်ကြသည် မဟုတ်လော။ ထိုထက် သာမက၊ ဘုရားသခင်နှင့် ကောင်းကင်တမန် များရှေ့၌၊ ခရစ်တော်ကိုယ်တိုင်ကမိတ်ဆက်ခြင်း၊ ဂုဏ်ပြုခြင်း၊ ၀န်ခံခြင်းသည်၊ မည်မျှဂုဏ်ယူ၊ အားရစရာ ကောင်းမည်နည်း။ ၀မ်းသာလွန်း၍ မျက်ရည်ကျကာ၊ စိတ်အလွန် လှုပ်ရှားပေလိမ့်မည်။

၆။ ၀ိညာဥ်တော်သည်၊ အသင်းတော် တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသော သူမည်သည် ကား ကြားပါစေ။
ထုံးစံအတိုင်း၊ နားရှိသော သူတိုင်း ကြားဘို့ရန် ပြောထားသည်။ မိတ်ဆွေ၊ သင်သည် ၀ိညာဥ်တော် ကပြောသောအရာ ကို ကြားပါသလား။ မကြားလျှင် အသက်တာ၌ ဘာမျှထူးခြားမည် မဟုတ်။ ဤစာကိုလည်း အရသာခံမည် မဟုတ်။ အနာဂတ်၌လည်း၊ မျှော်လင့်စရာ ရှိမည် မဟုတ်ချေ။
အသင်းတော် သမိုင်း၌
သာဒိအသင်းတော်သည် အသင်းတော် သမိုင်း၌၊ အေဒီ ၁၅၁ ရမှ ၁ ရ၀၀ခန့်အထိ၊ အတွင်းကို ပုံဆောင်သည်။ အထက် ကပြောထားသည့်အတိုင်း၊ သွာတိရအသင်းတော် ခေတ်တည်း ဟူသော၊ အမှောင်ခေတ် သို့မဟုတ် ရောမအသင်းတော် ခေတ်၌၊ ကယ်တင်ခြင်းနှင့် သမ္မာတရား၊ မဟော မပြောချေ။ ထို့ထက်၊ ကုသိုလ်ကောင်းမှုနှင့် အလှူငွေပေးခြင်း၊ အကျင့်ကျင့် ခြင်းအားဖြင့်၊ ကောင်းကင် နိင်ငံ၀င်ဘို့ သင်ပေး ကြသည်။ သမ္မာတရား သွန်သင်ပေးသော သူများကို၊ နှိပ်စက်ညှင်းဆဲ၍ သတ်ဖြတ် ကြသည်။ သို့သော်၊ ဘုရားသခင်က၊ အသင်းတော်ကို ပစ်မထားဘဲ၊ အမှောင်ခေတ်ကို ကုန်စေ၍ မိုဃ်းလင်း စေခဲ့သည်။ မာတင်လူသာဦးဆောင်၍၊ ယုံကြည်ခြင်းအားဖြင့် ​ဖြောင့်မတ်ခြင်းရရှိနိင်ကြောင်းကို၊ ကြွေးကြော်သင်ပေး ကြသည်။ ထိုအခါ စာတန်လည်း အငြိမ်မနေဘဲ၊ ညှင်းဆဲနှိပ်စက်ခြင်း ပြုလုပ်သည်။ အစပိုင်း၌ ယုံကြည်ခြင်းကြောင့် တော် လှန်ရေး ပြုလုပ် ကြသော်လည်း နောက်ပိုင်း၌၊ ယုံကြည်ခြင်းကြောင့် မဟုတ်ဘဲ၊ ရောမအသင်းတော် အပေါ်မကျေနပ်၍သော်၎င်း၊ မွေးဘွားလာသော သားသမီး များလည်း ယုံကြည်ခြင်း မှန်မရှိဘဲ အ​ခြေအနေအရပါလာသောကြောင့်၎င်း၊ အသစ်စတင်သော အသင်းတော်၌၊ အသက် မရှိဘဲ၊ ဇာတိအားဖြင့် လှုပ်ရှား သူများ၊ များပြားလာသည်။

သာဒိဟူသော စကား လုံးသည်၊ ‘ လွတ်မြောက်သူ’ဟု အဓိပ္ပါယ်ရ သကဲ့သို့၊ ရောမအသင်းတော်မှ လွတ်မြောက်ခြင်းရပြီဟု၊ စိတ်ချလွန်သောကြောင့်၊ သူတို့၌ ကယ်တင်ခြင်းသို့ ရောက်မရောက်ကို ပင်၊ ဂရုမစိုက်နိင်ကြတော့ချေ။ သာဒိိမြို့သည်၊ ကမ္ဘားပေါ်၌ တည်ဆောက်သောကြောင့် လုံခြုံမှု စိတ်ချလွန်ခဲ့ကြ သကဲ့သို့၊ အသစ်စတင်လာသော အသင်းတော် အထဲ၌ ပါ၀င် သူများသည် လည်း၊ သူတို့၏ လွတ်မြောက်ခြင်း အပေါ်စိတ်ချလွန်၊ အားရလွန်သောကြောင့်၊ သူတို့၏ ကယ်တင်ခြင်း အတွက် ပင်လျှင်၊ ဂရုမစိုက်နိင်ကြတော့ချေ။ သာဒိိမြို့သားများ၊ ရန် သူများ ကဝိုင်းထားစဥ်တွင် ပင်၊ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ကြ သကဲ့သို့၊ သာဒိအသင်းတော် ခေတ်၌လည်း၊ ၀ိညာဥ်ပိုင်း၌ နှစ်ခြိုက်စွာ အိပ်ပျော် နေကြသည်။ သာဒိမြို့ကင်းစောင့်များ အိပ်ပျော်ခဲ့ကြ သကဲ့သို့၊ အသင်းတော် သစ်ကြည့်ရှုသူခေါင်းဆောင်များလည်း၊ အိပ်ပျော် နေကြသည်။ ထို့ကြောင့် သခင်ယေရှုက၊ အသက် ရှင်ဟန်ရှိသော်လည်း၊ သေနေသည်ဟုဆိုရခြင်း ဖြစ်သည်။

ကျွန်ုပ်တို့၏ အသင်းတော် လည်း၊ ထိုကဲ့သို့သော အသင်းတော် ဖြစ်ပါသလော။ အသင်းတော် အဟောင်းများ၊ ကြီးမားသော အသင်းတော်များ၊ အိပ်စက်ကုန်ကြသောကြောင့်၊ အသင်းတော် အသစ်များ၊ ဘုရားသခင်က တည်ထောင်သည်။ ထိုအသင်းတော် အသစ်များသည် အစပိုင်း၌၊ လှုပ်လှုပ်ရှားရှားဖြင့် အသက် ရှင်ခြင်း လက္ခာရှိတတ်သော်လည်း၊ နောက်ပိုင်း၌၊ ယခင်အသင်းတော်များကဲ့သို့ အိပ်ပျော်၍၊ သေ နေကြကြောင်း၊ များစွာ တွေ့မြင်နေရသည်။ ထို့ကြောင့် သခင်ယေရှုက၊ သာဒိအသင်းတော် ထံပို့သော စာသည်၊ ​ကျွန်ပ်တို့ အသင်းတော် ထံပို့သောစာ ဖြစ်သည်ဟု၊ ခံယူလျက် အသင်းအုပ်ဆရာမှစ၍၊ အသင်းတော် လူကြီးများ၊ အသင်းသား အားလုံး၊ အိပ်မပျော်ဘဲ သတိထားဘို့ လိုသည်။ အိပ်ပျော်ပြီး၊ အိပ်မက်မက်နေချိန် မဟုတ်ပါ။ အမှန်တကယ် နိုးကြား၍၊ အသက် ရှင်လှုပ်ရှားဘို့ ဖြစ်သည်။

မေးခွန်းများ

၁။ သာဒိမြို့သည် —————သော မြို့ ဖြစ်သကဲ့သို့၊ သာဒိအသင်းတော်လည်း —————လွန်သော အသင်းတော် ဖြစ်သည်။
၂။ သာဒိအသင်းတော်သည် ——————–ဟန်ရှိသော်လည်း ————————-နေသည်။
၃။ ဤအသင်းတော်ကို သခင်ယေရှုက၊ ဘာချီမွမ်းသနည်း။ ————————-
၄။ သာဒိအသင်းတော်သည် အဘယ်ကြောင့်နှိပ်စက်ခြင်း မခံရသနည်း။ —————————————————————————
၅။ အိပ်ပျော်နေသော အသင်းတော်များအဘယ်ကြောင့်မအောင်မြင် ကြသနည်း။ ——————————————————————-
၆။ ခရစ်တော်က၊ သူခိုးကဲ့သို့ ငါလာမည်၊ ဟူသောအရာ သည် ဘာကို ဆိုလိုသနည်း။ ————————————————
ရ။ ဘုရားသခင်သည် သူ့အတွက်၊ လူအနည်းငယ်ရှိနေတတ်ပါသလား။ ဥပမာပေးပါ၊ ———————————-
၈။ သာဒိအသင်းတော်သည် အ၀တ်အချည်းစည်း ဖြစ်ခြင်းသည်ကိုယ်ခန္ဓာပိုင်းလော၊ ၀ိညာဥ်ပိုင်းလော။ ————————
၉။ လူ၏ အပြစ်ကို ဘုရား အမြင်၌ ဘာအားဖြင့် သာဖုံးနိင်သနည်း။ ————————————————–
၁၀။ သစ်ရွက်သည် —————————————-ကို ပုံဆောင်၍၊ သားရေသည် —————————————————ကို ပုံဆောင်သည်။
၁၁။ လူသည် အုပ်စုနည်းလျှင် သမ္မာတရားကို ထောက်ခံရဲတတ်သလော။ ————————————————–
၁၂။ သခင်ယေရှုသည် မည်သူတို့နှင့် သာသွားလာချင် သနည်း။ ————————————————–
၁၃။ အောင်မြင်သော သူသည် အဘယ်သူ နည်း။ ————————————————–
၁၄။ အောင်မြင်သော သူကို အသက် စာစောင်စာရင်းမှချေမည်လော။ ————————————————–
၁၅။ ခရစ်တော်က၊ မည်သူရှေ့၌ ၀န်ခံမည်ဟု ုဆိုသနည်း။ ————————————————–
၁၆။ သာဒိအသင်းတော်သည် အသင်းတော် သမိုင်း၌၊ အေဒီ—————–မှ—————ခန့်အထိ ပုံဆောင်သည်။ ၁
ရ။ အဘယ်ကြောင့်အသင်းတော်၌ အသက် မရှင်ဘဲ ပါလာကြသနည်း။ ——————————————————————————————
၁၈။ သာဒိဟူသောအရာ ၏ အဓိပ္ပါယ်သည် —————————— ဖြစ်သည်။
၁၉။ သာဒိအသင်းတော်သည် အဘယ်ကြောင့် အိပ်ပျော်သနည်း။ ———————————————————— ————–
၂၀။ သင်နှင့် သင်၏ အသင်းတော်သည် နှစ်ချိုက်စွာ အိပ်ပျော် နေကြပါသလား။ ———————————————

.

ဗျာဒိတ်ကျမ်း ၃ (၃:ရ- ၁၃)

အမှုဆောင်သော ဖိလဒေလဖိအသင်းတော်

နောက်ခံသမိုင်း
ဖိလဒေလဖိမြို့သည်၊ လုဒိပြည် မြို့ကြီး ဖြစ်၍ သာဒိမြို့၏ အရှေ့ဘက် ၂၈ မိုင်တွင် တည်ရှိသည်။ ပေရဂံဘုရင်အာတာလတ်ဖိလ​ဒေလဖတ်စ (Attalus Philadelphus) ကတည်ထောင်သော မြို့ ဖြစ်၍ သူ့နာမည်နှင့် မှည့်သော မြို့ ဖြစ်သည်။ နာမည်၏ အဓိပ္ပါယ်သည် ညီအစ်ကို ချစ်ခြင်း ဟူ၍ ဖြစ်သည်။ ဤမြို့သည် ရောမမြို့၏ အရှေ့ဘက်လမ်းမပေါ်တွင် တည်ရှိသောကြောင့်၊ အရေးကြီးသော မြို့ ဖြစ်သည်။ ဤမြို့သည် ဖြူဂိပြည်၌ ဂရိတ်စကားနှင့် ယဥ်ကျေးမှု ဖြန့်ဖြိုးသော နေရာ ဖြစ်သည်။ အေသင်မြို့ငယ်လေးဟုလည်း ခေါ်သည်။ အကြောင်းမှာ ရုပ်တုဘုရား ကျောင်းများစွာ ရှိသည်။ ဤမြို့၏ ပြသနာမှာ၊ မကြာခဏမြေငလျှင် လှုပ်ခြင်း ဖြစ်သည်။ ဘီစီ ၁ ရခုနှစ်လှုပ်သော ငလျှင်က၊ ဤမြို့ကို များစွာ ပျက်စီးစေသည်။ ထို့ကြောင့် လူများ ဤမြို့မှပြောင်းရွှေ့ကြကာ၊ မပြန်လာရဲသော သူများ များစွာရှိသည်။ ဖိလိ​ေဒလဖိအသင်းတော်ကို မည်သူကမည်သည့်အချိန်တွင် တည်ထောင်သည်ကို မသိနိင်ချေ။ ဤအသင်းတော်သည်၊ အကောင်းဆုံး ဖြစ်၍၊ ယေရှုခရစ် ကအပြစ် တင်ခြင်း လုံး၀မရှိချေ။
သခင်ယေရှု ကမိတ်ဆက်ပုံ
ရ။ ဖိလဒေလဖိမြို့၌ ရှိသော အသင်းတော်၏ တမန်ကို၊ ဤသို့ ရေး၍ မှာလိုက်လော့။ သန့်ရှင်းသော သူ၊ ဟုတ်မှန်သောသူ၊ ဒါ၀ိဒ်မင်း၏ တံခါးသော့ကိုကိုင်သောသူ၊ အဘယ်သူ မျှမပိတ်နိုင်အောင် ဖွင့်၍၊ အဘယ်သူ မျှမဖွင့်နိုင်အောင် ပိတ်သော သူ၏ အမိန့်တော်ကား၊
သခင်ယေရှု ကအသင်းတော်များနှင့် ကိုက်ညီအောင်၊ သူ့ကိုယ်သူမိတ်ဆက်တတ်သည်ကို သိခဲ့ကြပြီး ပြီ။ ဖိလဒေလဖိအသင်းတော်၌ ခရစ်တော် က” သန့်ရှင်းသော သူ၊ “ဟု သူ့ကိုယ်သူမိတ်ဆက်သည်။ သန့်ရှင်းခြင်းသည် ဘုရား၏ ဂုဏ် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော် ကသူသည်၊ ဘုရား ဖြစ်ကြောင်းကို ဖေါ်ပြသည်။ သခင်ယေရှုသည် အပြစ် မရှိဟု (၁ ကော ၅:၂၁၊ ဟေ ၄:၁၅၊ ရ:၂၆၊ ၁ ပေ ၂:၂၂၊ ၁ ယော ၃:၅) များ၌ တွေ့မြင်နိင်သည်။ ခရစ်တော် ကအဘယ်ကြောင့်”ဟုတ်မှန်သော သူ”ဟု သူ့ကို သူဆိုသနည်းဟူမူကား၊ ဘုရား အတုများ လွန်းသောကြောင့် ဖြစ်သည်။ သို့သော် ထိုဘုရား အတုများသည် အစစ် မဟုတ်၊ အတုများ သာလျှင် ဖြစ်၍၊ ဖန်ဆင်းထားသောအရာ များ ဖြစ်သည်။ သူမူကား ဖန်ဆင်းရှင် ဖြစ်၍ စစ်မှန်သော ဘုရား ဖြစ်သည်။

“ဒါ၀ိဒ်မင်း၏ တံခါးသော့ကိုကိုင်သောသူ၊ အဘယ်သူ မျှမပိတ်နိုင်အောင် ဖွင့်၍၊ အဘယ်သူ မျှမဖွင့်နိုင်အောင် ပိတ်သော သူ၊ ” ဒါ၀ိဒ်မင်း၏ တံခါးသော့ကိုကိုင်သော သူအကြောင်း သိဘို့ရန်၊ ဟေရှာယ ၂၂:၁၅-၂၅ကို ကြည့်ဘို့ လိုသည်။ ထာ၀ရ ဘုရားသည်၊ ဒါ၀ိဒ်မင်းမျိုး၏ နန်းတော် အုပ်ရှေဗန အပေါ်၌ စိတ်တော် မတွေ့သောကြောင့်၊ သူ့ကို နန်းတော် အုပ်ရာထူးမှနှုတ်၍ သူ၏ နေရာ၌ ဧလျာကိမ်ကို ခန့်ထားမည့် အကြောင်း ဤသို့ ရေးထားသည်၊ “ကောင်းကင် ဗိုလ်​ခြေသခင်အရှင်ထာ၀ရ ဘုရား မိန့်တော်မူသည်ကား၊ ဘဏ္ဍာတော် စိုး၊ နန်းတော် အုပ်ရှေဗနအိမ်သို့ သွားပြီးလျှင်၊ မြင့်သော အရပ်၌ကိုယ်သင်္ချိုင်းတွင်းကို ထွင်း၍၊ ကိုယ်နေရာကို ကျောက်၌ ထုလုပ်သော သူသင်သည်၊ ဤအရပ်၌ သင်္ချိုင်းတွင်း ကိုကိုယ်အဘို့ ထွင်းစေခြင်းငှါ၊ ဤအရပ်နှင့် အဘယ်သို့ ဆိုင်သနည်း။ ထာ၀ရ ဘုရားသည် ပြင်းစွာသော နှင်ထုတ်ခြင်း ဖြင့် သင့်ကို နှင်ထုတ် တော်မူ လိမ့်မည်၊၊ သင့်ကို အမှန်ကိုင်ဘမ်း၍၊ တလိမ့်လိမ့်လိှမ့်လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ်သော ပြည်သို့ ပစ်လိုက် တော်မူ လိမ့်မည်၊၊ သင်သည် ထိုပြည်၌ သေရလိမ့်မည်၊၊ ထိုပြည်၌လည်း သင်၏ ကြက်သရေရထားတို့သည်၊ သင့်အရှင်၏ အမျိုးအရှက်ကွဲစရာ ဖြစ်ရကြလိမ့်မည်၊၊ ငါသည်လည်း သင်၏ အရာကို နှုတ်မည်၊၊ သင်၏ နေရာမှသင့်ကို ချမည်၊၊ ငါ့​ကျွန်၊ ဟိလခိ၏သား ဧလျာကိမ်ကို ငါခေါ်၍၊ သင်၏ ၀တ်လုံနှင့် ၀တ်ဆင်စေမည်၊၊ သင်၏ ခါးစည်းနှင့် ချီးမြှောက်၍၊ သင်၏ အစိုးရသော အခွင့်ကို အပ်ပြီးလျှင်၊ သူသည် ယေရုရှလင် မြို့သူ၊ ယုဒအမျိုးသား တို့၏ အဘ ဖြစ်လိမ့်မည်၊၊ ဒါ၀ိဒ်မင်းမျိုး၏ တံခါးသော့ကို သူ၏ ပခုံးပေါ်မှာ ငါတင်ထားသဖြင့်၊ သူသည် အဘယ်သူ မျှမပိတ်နိုင်အောင် ဖွင့်လိမ့်မည်၊၊ အဘယ်သူ မျှမဖွင့်နိုင်အောင် ပိတ်လိမ့်မည်၊၊ မြဲသော အရပ်၌ စွဲသော တံစို့ကဲ့သို့ သူ့ကို ငါစွဲစေမည်၊၊ “ဟုဆိုခဲ့သည် (ဟေရှာ ၂၂:၂၀- ၂၂)။ ဘုရားသခင်က ရှေဗနအစားဧလျာကိမ်ကို၊ နန်းတော်နှင့် ပတ်သက်၍ စီမံခန့်ခွဲရသော အခွင့်အာဏာကို ပေးလိုက်သည်။ ထို့နည်းတူ၊ သခင်ယေရှုလည်း ဒါ၀ိဒ်၏သော့ကို ပိုင်သည်။ သူကဖွင့်လျှင် အဘယ်သူ မျှမပိတ်နိင် သကဲ့သို့၊ သူကပိတ်လျှင် အဘယ်သူ မျှမဖွင့်နိင်ချေ။ ဧလျာကိမ်ပိုင်မည့်သော့သည်၊ နန်းတော် အထဲ၌ ရှိသော ပစ္စည်းများအတွက် ဖြစ်သည်။ သခင်ယေရှု ပိုင်သောသော့သည် မည်ကဲ့သို့သော သော့ ဖြစ်မည်နည်း။

ချီးမွမ်းခြင်း
၈။ သင်၏ အကျင့်ကို ငါသိ၏။ အဘယ်သူ မျှမပိတ်နိုင်သော တံခါးကို သင့်ရှေ့၌ ငါဖွင့်ထားပြီ။ အကြောင်းမူကား၊ သင်သည် အနည်းငယ်သော ခွန်အားရှိသည် နှင့်၊ ငါ၏ နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ။
“သင်၏ အကျင့်ကို ငါသိ၏။” မြန်မာကျမ်းစာ၌ ‘အကျင့်’ဟူသောအရာ သည် ‘အလုပ်’ကို ဆိုလိုခြင်း ဖြစ်သည်။ ဖိလဒေလဖိအသင်းတော်လည်း အလုပ်လုပ်သော အသင်းတော် ဖြစ်သည်။ သခင်ယေရှု ကသူ၏ ထုံးစံအတိုင်း၊ ဤအသင်းတော်၏ အလုပ်လုပ်ခြင်း ကိုလည်း သိသည်။

“အဘယ်သူ မျှမပိတ်နိုင်သော တံခါးကို သင့်ရှေ့၌ ငါဖွင့်ထားပြီ” တံခါးဖွင့်ခြင်း ဆိုသည်မှာ အလုပ်လုပ်စရာ ရှိခြင်းကို ဆိုလိုသည်။ သခင်ယေရှုသည် အသင်းတော်၏ ဦးခေါင်း ဖြစ်သည့်အတိုင်း၊ အသင်းတော်၏ အလုပ်လုပ်စရာ များကို လုပ်ပေးနိင်သည်။ ဖိလဒေလဖိအသင်းတော် အတွက် တရားဟောရာတံခါးကိုလည်း ဖွင့်ထားပေးသည်။ သို့သော် သူဖွင့်ပေးသော အလုပ်ကို သူတို့ လုပ်နိင်ပါ့မလား။

“သင်သည် အနည်းငယ်သော ခွန်အားရှိသည်” သခင်ယေရှုကိုယ်တိုင်ကသင်သည် ခွန်အား အနည်းငယ်သာရှိသည်ဟုဆိုသည်။ လူ့အမြင် မှာခွန်အား အနည်းငယ်ရှိခြင်းသည်၊ အလုပ်လုပ်နိင်မည့် အ​ခြေအနေမရှိချေ။ သို့သော် ဘုရား အမြင် ဘက်မှကြည့်လျှင် သာ၍ ကောင်းသည်။ လူ့ဘက်အားကြီးလျှင်၊ ဘုရားကိုအား မကိုး တော့သောကြောင့်၊ ဘာမျှလုပ်ဆောင်နိင်ခြင်း မရှိတတ်ချေ။ မောရှေလည်း အားကြီး လွန်းသောကြောင့် လူသတ် ဖြစ်ခဲ့သည်။ မိဒျန်တော၌ သိုးထိန်း သောအခါ၌ မူ၊ အား မကြီး တော့သောကြောင့် ဘုရားသခင်က၊ ကြီးမားစွာ အသုံးပြုနိင်သည်။ ထို့နည်းတူ၊ ရှင်ပေါလုကလည်း၊ “ငါသည်အား နည်း သောအခါ တန်ခိုးနှင့် ပြည့်စုံလျက် ရှိ၏။” (၂ ကော ၁၂:၁၀) ဟုဆိုခဲ့သည်။ ဖိလဒေလဖိအသင်းတော်၏အား နည်းခြင်းသည် လည်း၊ သူတို့၏ ခွန်အား ဖြစ်သည်။ သင်လည်း ဘုရား၏ အမှုတော် ဆောင်ဘို့ရန်၊ အဘယ်အရာမျှမတတ်ပါ၊ မရှိပါ၊ ခွန်အား မရှိပါဟုဆိုပါသလား။ သင်သည် ဘာမှ မဟုတ်မှန်း၊ အမှန်တကယ် သိလျှင်၊ ဘုရား အမှုတော် ဆောင်ဘို့ရန်၊ သင့်တော် သောသူ ဖြစ်သည်။ သို့သော် လူသည်၊ လိမ်ညာတတ်သောသူ ဖြစ်ကြသည်။ ငါဘာမျှ မသိ၊ မတတ်ဟု နိှမ့်ချတတ်သော်လည်း၊ ဘုရားသခင်က အသုံးပြုလာ သောအခါ ၀ါကြွားတတ် ကြသည်။

“ငါ၏ နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ” ဤအသင်းတော်သည် သူတို့ အကြံအတိုင်း မလုပ်၊ သခင်ဘုရား၏ စကားကို နားထောင်သည်။ လူတိုင်းကိုယ်အကြံကို ကြိုက်နှစ်သက်တတ် ကြသည်။ အသိဆုံး၊ အတတ်ဆုံး ဖြစ်ချင် တတ် ကြသည်။ ဘုရားသခင်ထက် ပင်လျှင် တတ်စွမ်း ကြသည်။ ထိုအရာသည် လူ၏အား နည်းချက်နှင့် ပြသနာ ဖြစ်သည်။ ဘုရား စကား နားထောင် လိုက်လျှင် အကောင်းဆုံး ဖြစ်သည်။ ရှောလုမင်း၊ ဘုရား စကား နားမထောင်ဘဲ သူ့ သဘောနှင့် ယဇ်ပူဇော်ခဲ့သောကြောင့်၎င်း (၁ရာ ၁၃)၊ ရှင်းရှင်းဖျက်ဆီးရမည့် အာမလက်မင်းနှင့်၊ ဆူဖြိုးသော သိုးနွားများကို ယူဆောင်လာသောကြောင့်၎င်း (၁ရာ ၁၅)၊ ဘုရား အမြင်၌ ကြီးစွာသော အပြစ် ရှိ၍၊ ဘုရား၏ စိတ်တော်နှင့် မတွေ့သောကြောင့်၊ ရှင်ဘုရင်အရာမှပယ်ခြင်း ခံခဲ့ရသည်။ ဘုရား၏ အသိအမှတ်ပြုခြင်း မခံဘဲ ၃၈ နှစ်မင်းပြုသော်လည်း စိုးရိမ်ခြင်း၊ ကြောက်ခြင်းဖြင့် အသက် ရှင်ခဲ့ရသည်။ ​ကျွန်ပ်တို့ လည်း၊ ရှောလုမင်းကဲ့သို့ ဘုရား စကား ပယ်ကြပါသလား။ ကိုယ့်ဥာဏ်ကို အမှီပြုကြပါသလား။

၉။ ငါ၏ နာမကိုလည်း မစွန့်မပယ်။ ယုဒလူ ဖြစ်ယောင်ဆောင်၍ အမှန် မဟုတ်ဘဲ၊ မုသာစကားကို ပြောသော သူတည်း ဟူသော၊ စာတန်၏ အပေါင်းအသင်း၀င်သူအချို့တို့ကို သင်၌ ငါအပ်ပေးမည်။ သူတို့သည် လာ၍ သင်၏ ​ခြေရင်း၌ ပြပ်၀ပ်စေခြင်း ငှါ၎င်း၊ ငါသည် သင့်ကို ချစ်သည်ဟု သိစေခြင်း ငှါ၎င်းငါပြုမည်။
“ငါ၏ နာမကိုလည်း မစွန့်မပယ်” သခင်ယေရှု၏ နာမတော်သည် တန်ခိုးကြီး၍၊ နတ်ဆိုးများ ကအလွန် ကြောက် ကြသည်။ သို့သော် သူ့ကို မယုံကြည်သူများက၊ ယေရှု၏ နာမကို ဂရုမစိုက်ကြချေ။ မယုံကြည်သူများကြား၌ သခင်ယေရှု၏ နာမကို ချီးမွမ်းဘို့ရန် ခက်ခဲတတ်သည်။ အထူးသဖြင့် ရောမရှင်ဘုရင်များကို ကိုး ကွယ်ချိန်ကာလ တွင်၊ သခင်ယေရှု၏ နာမကို ချီးမွမ်းဘို့ အလွန် ခက်ပေလိမ့်မည်။ ယခုမူစလင်နိင်ငံများ၌ သခင်ယေရှုသည်၊ ဘုရား ဖြစ်သည်ဟုဆိုခြင်းသည်၊ အလွန် အပြစ် ကြီးသော ဒိဌိ ဖြစ်သည်။ ဖိလဒေလဖိအသင်းတော်သည်၊ အား အလွန် နည်းသော်လည်း၊ သခင်ယေရှု၏ နာမကို မစွန့်ပယ်ချေ။ သင်သည် ခက်ခဲသော အချိန်၌ သခင်ယေရှု၏ နာမကို ချီးမွမ်းရဲမည်လော။

“ယုဒလူ ဖြစ်ယောင်ဆောင်၍ အမှန် မဟုတ်ဘဲ၊ မုသာစကားကို ပြောသော သူတည်း ဟူသော၊ စာတန်၏ အပေါင်းအသင်း၀င်သူအချို့တို့ကို သင်၌ ငါအပ်ပေးမည်။” ထိုခေတ်၌ ယုံကြည်သူများကို နှောက်ရှက်သော သူများသည်၊ ယုဒလူမျိုးများ ဖြစ်ကြသည်။ ယခုခေတ်ဒုတိယ မွေးဘွား သူများကို ပြသနာ ပေးသော သူများသည်၊ နာမည်ခံ ခရစ်ယာန်များဖြစ်ကြ သကဲ့သို့ဖြစ်သည်။ ဇာတိအားဖြင့် ယုဒလူများ ဖြစ်ကြသော်လည်း၊ ၀ိညာဥ်အားဖြင့် ယုဒလူများ မဟုတ်ကြချေ (ရော ၂:၁ ရ- ၂၉)။ ဤလူများက ဘုရားသခင် ဘက်၌ စိတ်အားကြီး ကြသည်။ သို့သော် သမ္မတရားတည်း ဟူသော၊ ဘုရားသခင်၏ အလိုတော်ကို နားမလည် သောကြောင့်၊ မှားယွင်းစွာ စိတ်အားကြီးသည်ဟု ပေါလုကဆိုခဲ့သည် (ရော ၁၀:၁-၃)။ ဤလူများသည် မုသာသုံးသော သူများ ဖြစ်သည်။ သခင်ယေရှု ကယုဒလူများထံ၊ “သင်တို့သည် သင်တို့၏ အဘတည်း ဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့ အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာ မှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာ တရားမရှိသောကြောင့် သစ္စာ တရား၌ မတည်မနေ။ သူသည် မုသာစကားကို ပြော သောအခါ မိမိ ပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏ အဘလည်း ဖြစ်၏။” (ယော ၈:၄၄) ဟုဆိုခဲ့သည်။ ထို့ကြောင့် သခင်ယေရှု မယုံကြည်သော ယုဒများသည် မုသာသုံးသော သူများ ဖြစ်သည်။

“စာတန်၏ အပေါင်းအသင်း၀င်သူ”ဟု မြန်မာကျမ်းစာအုပ်၌ ဆိုသော်လည်း ဂရိတ်ကျမ်းစာ၌ συναγωγῆς အဂ်လိပ်လို (synagogue) ဟု တွေ့ရသည်။ မြန်မာလိုဘာသာပြန်ပါက၊ “စာတန်၏ တရားစရပ်” ဖြစ်သည်။ ယုဒလူမျိုးများ ဗာဗုလုန်​ကျွန်ခံချိန်တွင် ယေရုရှလင် ဗိမာန်တော် မရှိတော့သည် သာမက၊ တိုင်း တပါး၌ နေကြသောကြောင့် ဗိမာန်တော် အစား၊ ဘုရား၀တ်ပြုဘို့ရန် နှင့် ကျမ်းစာ ဖတ်ဘို့ရန် တရားစရပ်များကို ဆောက်လုပ် ကြသည်။ ထို့ကြောင့် တရားစရပ်သည် ဘုရားသခင်နှင့် ဆိုင်သော အဆောက်အဦး ဖြစ်သည်။ ထို့နည်းတူ၊ စာတန်၏ တရားစရပ်သည်၊ စာတန်နှင့် ဆိုင်သောအရာ ဖြစ်သည်။ ရှင်ပေါလုကကောရိန်သုမြို့ယုံကြည်သူများထံ၊ “အဘယ်သို့ နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနား တော်မူသော၊ ၀ိညာဥ်တော် တည်း ဟူသော၊ သင်တို့ အထဲ၌ ကျိန်း၀ပ်၍၊ သန့်ရှင်းသော ၀ိညာဥ်တော်၏ ဗိမာန် ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။” (၁ ကော ၆:၁၉) ဟုဆိုခဲ့သည်။ ထို့ကြောင့် စာတန် စရပ်များ လည်း၊ စာတန် ကျိန်း၀ပ်သော သူများ ဖြစ်ကြသည်။ ယုံကြည်သူများအထဲ၌ သန့်ရှင်းသော ၀ိညာဥ်တော် ကျိန်း၀ပ် သကဲ့သို့၊ ယုဒလူများ အထဲ၌လည်း စာတန် ကျိန်း၀ပ်သည်။

“သူတို့သည် လာ၍ သင်၏ ​ခြေရင်း၌ ပြပ်၀ပ်စေခြင်း ငှါ၎င်း၊ ငါသည် သင့်ကို ချစ်သည်ဟု သိစေခြင်း ငှါ၎င်းငါပြုမည်။” ဖိလဒေလဖိအသင်းတော်ကို ယုဒလူများ ကဖျက်ဆီးနေသော်လည်း၊ သခင်ယေရှု က သူတို့၏ ​ခြေရင်း၌ ပြပ်၀ပ်စေဦးမှာ ဖြစ်သည်။ ဆိုလိုသည် မှာယုဒလူများသည် ယုံကြည်သူများ၏ လက်အောက်၌ ရှိကြဦးမည်။ မည်မျှငြိမ်သက်၍ ကျေနပ်စရာ ကောင်းသနည်း။ ထိုအခါ သခင်ယေရှု ကယုံကြည်သူများကို၊ အဘယ်မျှလောက်ချစ်သည်ကို သိကြလိမ့်မည်။ သင်သည် သခင်ယေရှုကြောင့်၊ ညှင်းဆဲနှိပ်စက်ခြင်း ခံဘူးပါသလား။ စိတ်မပျက်နှင့်၊ သခင်ယေရှု ကသင့်ကို နှိပ်စက်ညှင်းဆဲနှိပ်စက်သော သူများကို၊ သင်ရှေ့၌ ပြပ်၀ပ်စေဦးမည့် အရာကို သိခြင်းဖြင့် ပို၍ ပင်သနားပါ။ ယောသပ်လည်း သူ့အကိုများကရောင်းစားခဲ့သော်လည်း၊ သူ့ရှေ့၌ ပြန်လည်ပြပ်၀ပ်ကြသည်ကို သတိရကြစို့။ ​ကျွန်ပ်တို့ကိုယ်တိုင်ခလဲ့စားချေစရာ မလိုပါ။

၃:၁၀။ သင်သည် ငါ၏သည်း ခံခြင်းနှင့် စပ်ဆိုင်သော နှုတ်ကပတ်တရားကို စောင့်ရှောက်သောကြောင့်၊ မြေကြီး အပေါ်၌ နေသော သူတို့ကို စုံစမ်း စေခြင်းငှါ၊ လောကီနိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာကာလ တွင်၊ သင့်ကို ငါစောင့်ရှောက်မည်။
ဤစုံစမ်းခြင်း သည် ဖိလိ​ေဒလဖိအသင်းတော်၌ သာရောက်ရှိမည် မဟုတ်၊ တကမ္ဘာလုံး၌ ရောက်ရှိမည့် အရာ ဖြစ်သည်။ သို့သော် တကမ္ဘာလုံးခြုံ၍ စုံစမ်းခြင်း သည် မရောက်ဘူးသေးချေ။ ထို့ကြောင့် ဤစုံစမ်းခြင်း သည် ရှေ့အနာဂါတ်မှာရှိသေးကြောင်း ထင်ရှားသည်။ များမကြာမှီ သန့်ရှင်း သူများ ချီဆောင်ခြင်း ဖြစ်၍၊ ထို့နောက်ဗျာ ၆မှ ၁၈တွင် ဖေါ်ပြထားသော ဘေးဒဏ်ကြီး ကာလ၊ ရောက်ရှိမည်။ ထိုအချိန်ကို ဆိုလိုခြင်း ဖြစ်သည်။ အချို့သော သူများက၊ စုံစမ်း ခက်ခဲခြင်းသည်၊ ခေတ်အဆက်ဆက်၌၊ ယုံကြည်သူ အချို့တို့က၊ ခံစား ကြပြီ။ ထို့ကြောင့် သီးသန့်၊ ရှေ့အနာဂတ်မှာရောက်စရာ၊ မရှိတော့ပါဟုဆို ကြသည်။ မှန်ပါသည်၊ ယုံကြည်သူများစွာ တို့သည်၊ အသင်းတော် စတင်ချိန်မှစ၍၊ ညှင်းဆဲနှိပ်စက်ခြင်းများခံစားရပြီ။ သို့သော် တကမ္ဘာလုံးမခံစားရသေးချေ။ ထိုမျှသာမက၊ ယနေ့ တိုင်အောင် ခံစား သော၊ စုံစမ်းခြင်း သည်၊ ယုံကြည်သူများ၌ သာ ဖြစ်၍၊ မယုံကြည်သူများမပါချေ။ ဗျာ ၆-၁၉၌ ဖေါ်ပြသော စုံစမ်းခြင်း သည်၊ ယုံကြည်သူများသာမက၊ မယုံကြည်သူများ၊ တကမ္ဘာလုံးရှိ လူသားများကခံစား မှာ ဖြစ်သည်။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလသည်၊ ရှေ့အနာဂတ်မှာရှိသေးကြောင်း ထင်ရှားသည်။

အချို့သော သူများက၊ အသင်းတော်သည်၊ ဘေးဒဏ်ကြီး ကာလ၌ ပါ၀င်သော်လည်း၊ ဒံယေလ၏ သူငယ်ချင်းသုံးယောက်၊ မီးဖုိထဲမှဘုရားက ကယ်တင် သကဲ့သို့၊ ကယ်တင်မည်ဟုဆို ကြသည်။ ဆိုလိုသည်မှာ၊ ချီဆောင်ခြင်းသည်၊ ဘေးဒဏ်ကြီး ကာလ၏ အလယ်၊ သုံးနှစ်ခွဲအချိန်တွင် ဖြစ်မည်။ အကြောင်းမူကား၊ ခရစ်တော်သည် နောက်ဆုံးသော တံပိုးမှုတ် သောအခါ၊ ရောက်လာမည် (၁ ကော ၁၅:၅၂) ဟုဆိုသောကြောင့်၊ နောက်ဆုံးသော တံပိုးမှုတ်ခြင်းသည် ဗျာ ၁၁:၁၅ မှာ ဖြစ်သည်။ ထိုတံပိုးမှုတ် သောအခါ၊ ဤလောက တနိင်ငံလုံးသည် ခရစ်တော်၏ နိင်ငံ ဖြစ်မည်ဟုဆိုသောကြောင့်၊ ထိုအချိန်၌ ချီဆောင်ခြင်း ဖြစ်၍၊ အသင်းတော်လည်း ဘေးဒဏ်ကြီး ကာလ၏ ပဌမ ပိုင်း၊ သုံးနှစ်ခွဲခံစား ဦးမည်ဟုဆိုသည်။

သို့သော် ဖိလဒေလဖိအသင်းတော် ထံ၌ ခရစ်တော်က၊ စုံစမ်းရာအထဲမှဟု မဆိုဘဲ၊ စုံစမ်းရာကာလ မှ၊ ဟုဆိုသောကြောင့်၊ ဘေးဒဏ်ကြီး ကာလ အတွင်း မှ မဟုတ်ဘဲ၊ ဘေးဒဏ်ကြီး ကာလမှ ကယ်တင်မှာ ဖြစ်သည်။ လောတနှင့် မိသားစု၊ သော ဒုံမြို့ အပေါ်မီးမိုဃ်းမရွာမှီ ကယ်တင်ခဲ့ သကဲ့သို့ဖြစ်မည်။ ထိုအပြင်ပေါလုက၊ “အမျက်တော်ကို ခံစေခြင်းငှါ၊ ဘုရားသခင်သည်၊ ငါတို့ကို ခန့်ထား တော်မူသည် မဟုတ်။ ငါတို့ သခင်ယေရှုခရစ် အားဖြင့်၊ ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ၊ ခန့်ထား တော်မူ၏။” (၁ သက် ၅:၉) ဟု ရေးထားသည်။ ဘေးဒဏ်ကြီး ကာလသည်၊ ဘုရားသခင်၏ အမျက်တော်၊ ဤလောကသို့ သွန်းလောင်းခြင်း ဖြစ်သည်။ ဘုရားသခင်သည်၊ သူ၏ သားသမီး များကို၊ အမျက်တော် ခံစား စေမည် မဟုတ်။ ထိုအပြင်၊ ဗျာ ၁မှ ၃တွင် အသင်းတော်၊ ဟူသော စကား လုံး၁၉ ကြိမ်တွေ့ရသော်လည်း၊ ဗျာ ၄မှ ၁၉ အတွင်း တွင် အသင်းတော် ဟူသော စကား လုံးတခါမှ မတွေ့ရတော့ချေ။ ထို့ကြောင့် အသင်းတော်သည်၊ ဘေးဒဏ်ကြီး ကာလ၌ မရှိတော့မည့် အရာသည်၊ ထင်ရှားလျက် ရှိသည်။ ထိုအပြင်အသင်းတော်၏၊ မင်္ဂလာရှိသော မြော်လင့်ရာသည်၊ သခင်ဘုရား ကြွလာခြင်း ဖြစ်၍ (တိတု ၂:၁၁)၊ ဘေးဒဏ်ကြီး ကာလ မဟုတ်ချေ။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလ မရောက်မှီ၊ ခရစ်တော် ကအသင်းတော်ကို ချီဆောင်ဘို့ ဖြစ်သည်။

အချို့သော သူများက၊ အသင်းတော်ကို၊ ဘေးဒဏ်ကြီး ကာလ အဆုံး၌၊ ချီဆောင်မည်ဟုဆိုကြပြန်သည်။ အထက် ကရေးထားသည် အတိုင်း၊ အသင်းတော်သည် အမျက်တော် ခံဘို့ရန် မဟုတ်။ ထို့အပြင်၊ ဘေးဒဏ်ကြီး ကာလ အပြီး၌၊ ခရစ်တော် ကြွလာခြင်းသည်၊ ဤလောကကို အုပ်စိုးဘို့ရန် ရှင်ဘုရင်အဖြစ် ကြွလာမှာ ဖြစ်သည်။ သို့ဖြစ်၍ မည်သည့်အချိန် တွင်၊ ယုံကြည်သူများကို ကောင်းကင်သို့ ခေါ်သွားနိင်မည်နည်း။

၁၁။ ငါသည် အလျင် အမြန် လာမည်။ သင်၏ သရဖူကို အဘယ်သူ မျှမယူစေခြင်းငှါ၊ ရခဲ့ပြီးသောအရာ ကို စွဲကိုင်လော့။
“ငါသည် အလျင် အမြန် လာမည်” ခရစ်တော် ကသူသည် အလျှင် အမြန် လာမည်ဟု၊ ဗျာ ၂၂:ရ၊ ၁၂၊ ၂၀၌လည်း ဆိုထားသည်။ သို့သော် သူသည် ထိုသို့ ပြောပြီးမှ၊ နှစ်ပေါင်းနှစ်ထောင် နီးပါးရှိပြီ၊ ယခုတိုင်အောင် မလာသေးပါလား၊ ဟုဆိုနိင်သည်။ ထိုသို့ ဆိုခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ ခရစ်တော်က၊ နှစ်ပေါင်းနှစ်ထောင်အတွင်းရှိလူသား တိုင်းကို၊ ကြိုတင် ပြင်ဆင် ထားစေချင်သည်။ ပေတရုက၊ “ချစ်သူတို့၊ ထာ၀ရ ဘုရား မှာကာလ တရက်သည်၊ အနှစ်တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည် တရက်ကဲ့သို့၎င်း၊ ဖြစ်သည် အရာ တခုကို မမေ့လျော့ ကြနှင့်။ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည် အတိုင်း၊ ထာ၀ရ ဘုရားသည် ဂတိတော် အရာမှာနှေးတော် မမူ။ ငါတို့တွင် အဘယ်သူ မျှမပျက်စီးဘဲ၊ ရှိသမျှ တို့သည် နောင်တ ရစေခြင်းငှါ အလိုတော် ရှိ၍၊ ငါတို့ ကိုသည်း ခံတော်မူ၏။” (၂ ပေ ၃:၈-၉) ဟု ရေးထားခဲ့ပြီ။ ထာ၀ရ ဘုရားသည်၊ ထာ၀ရအသက် ရှင်သောကြောင့် သူ့အတွက် နှစ်ပေါင်းတထောင်သည်၊ တရက်ကဲ့သို့ဖြစ်သည်။ ထို့ကြောင့် လူအတွက် အနှစ်နှစ်ထောင်သည် အလွန် ကြာ​ေညာင်းသော်လည်း၊ ဘုရားသခင် အတွက်မူ၊ နှစ်ရက်သာရှိသေးသည်။ ထို့အပြင်အဘယ်သူများမပျက်စီးဘဲ၊ ရှိသမျှတို့ (သင်အပါအ၀င်) သည် နောင်တ ရစေခြင်းငှါ အလိုတော် ရှိ၍၊ သင်ကို စောင့်နေခြင်း ဖြစ်သည်။

“သင်၏ သရဖူ” ဤသရဖူသည် ဘုရင်ဆောင်းသော သရဖူ မဟုတ်ဘဲ၊ အောင်မြင် သူများ ဆောင်းသော သရဖူ ဖြစ်သည်။ အောင်မြင် သူသည် ပျင်းရိသော သူများ မဟုတ်၊ ကြိုးစားသော သူများ သာလျှင် ဖြစ်တတ်သည်။ ထိုသရဖူကို ရရှိဘို့၊ ယုံကြည်သူ တိုင်း ကြိုးစား သင့်သည်။ “အဘယ်သူ မျှမယူစေခြင်း ငှါ” ပြိုင်ပွဲ၌ အောင်မြင်ခြင်း သရဖူရရှိဘို့ရန် လေ့ကျင့်ရုံနှင့် မရပါ။ ပြိုင်ပွဲပြီးသည် အထိ ကြိုးစား၍ ပြိုင်ဘို့ လိုသည်။ မည်မျှပင် ကြိုးစား ခဲ့သော်လည်း၊ တကယ့်ပြိုင်ပွဲမှာမပါ၀င်၊ သို့မဟုတ် ပေါ့ဆမိပါက၊ သင်ရရှိမည့် သရဖူကို သူတပါးကရရှိသွားမှာ ဖြစ်သည်။ ထို့ကြောင့် အဆုံးတိုင်အောင် ကြိုးစားဘို့ လိုသည်။

“ရခဲ့ပြီးသောအရာ ကို စွဲကိုင်လော့” ဤနေရာ၌လည်းရရှိပြီးသောအရာ ကို ဆွဲကိုင်ဘို့ ပြောထားသည်။ ဖိလဒေလဖိအသင်းတော်သည်၊ ဧ၀ံဂေလိဟောပြောသော အသင်းတော် ဖြစ်၍၊ ပျောက်ဆုံးသော ၀ိညာဥ်များ ဖမ်းသော အသင်းတော် ဖြစ်သည်။ ထို့ကြောင့် သူတို့ ရရှိမည့် သရဖူလည်း၊ ၀ိညာဥ်များ ဖမ်းသော သရဖူ ဖြစ်လိမ့်မည်။ ရှင်ပေါလုက၊ “ငါတို့ မြော်လင့်ခြင်း အကြောင်း၊ ၀မ်းမြောက်ခြင်း အကြောင်း၊ ၀ါကြွားခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သော အကြောင်း အရာနည်း။ ငါတို့ သခင်ယေရှုခရစ် ကြွလာ တော်မူ သောအခါ၊ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်း အရာ ဖြစ်ကြသည် မဟုတ်လော။ သင်တို့သည် ငါတို့၏ ဘုန်းအသရေ၊ ငါတို့၏ ၀မ်းမြောက်ခြင်း အကြောင်း ဖြစ်ကြသတည်း။” (၁ သက် ၂:၁၉-၂၀) ဟု ရေးထားသည်။ ရှင်ပေါလုကသူသည်၊ သက်သာလောနိတ် အသင်းသားများကို၊ ဖမ်းသောကြောင့်၊ သရဖူရရှိမည်ဟုဆိုသည်။ ခရစ်တော်က၊ ရရှိပြီးသောအရာ ကို စွဲကိုင်စေသောကြောင့်၊ အဆုံးတိုင်အောင် ပျောက်ဆုံး၀ိညာဥ်များ ဖမ်းဘို့ လိုသည်။

၁၂။ အကြင်သူသည် အောင်မြင်၏၊ ထိုသူကို ငါသည် ငါ၏ ဘုရားသခင့်ဗိမာန်တော်၌ တိုင် ဖြစ်စေမည်။ နောက်တဖန် သူသည် ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင့်နာမတော်ကို၎င်း၊ ငါ၏ ဘုရားသခင့်အထံတော်မှ ထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ်တည်း ဟူသော၊ ငါ၏ ဘုရားသခင့်မြို့တော်၏ နာမကို၎င်း၊ ငါ၏ နာမသစ်ကို၎င်း၊ ထိုသူ အပေါ်၌ ငါသည် အက္ခရာတင်မည်။
“အကြင်သူသည် အောင်မြင်၏” အောင်မြင်ခြင်းကို ဗျာ ၂:ရ၊ ၂၁:ရ၌လည်းရေးထားသည်။ အောင်မြင်ခြင်း သည် ခရစ်တော်အားဖြင့် ဖြစ်ကြောင့်ရှင်ပေါလုကဤသို့ ရေးထားသည်၊ “ငါတို့ သခင်ယေရှုခရစ် အားဖြင့် ငါတို့အား အောင်ခြင်း အခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီး လှစွတကား။” (၁ ကော ၁၅:၅ရ) ယောဟန်ကလည်း ဤသို့သား ခဲ့ပြီ၊ ” ဘုရားသခင်၏ သားတော် ဖြစ်သော သူမည်သည် ကား၊ လောကကိုအောင် တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်း ပေတည်း။” (၁ ယော ၅:၄)။ ထို့ကြောင့် အောင်မြင်ခြင်း သည်၊ ဘုရားကို ယုံကြည်ခြင်းအားဖြင့် သာလျှင် ဖြစ်သည်။

“ငါ၏ ဘုရားသခင့်ဗိမာန်တော်” ကောင်းကင် ဗိမာန်တော်၌၊ ဤလောက ကဲ့သို့ ဗိမာန်တော်ကို၊ သစ်သား၊ အုတ်ခဲ၊ ကျောက်များနှင့် ဆောက်တော့မည် မဟုတ်။ ထိုဗိမာန်တော်သည် အစစ် ဖြစ်၍၊ ဘုရားသခင်ကိုယ်တိုင်ဆောက်သည်။ ဘုရားသခင်က ျိန်း၀ပ် တော်မူ ရာနေရာလည်း ဖြစ်သည်။

“ထိုသူကို ငါသည် ငါ၏ ဘုရားသခင့်ဗိမာန်တော်၌ တိုင် ဖြစ်စေမည်” တိုင်သည် အိမ်၌ အမာခံ ဖြစ်သည်။ အဆောက်အဦးများသည် တိုင်များ အပေါ်မှီခို၍ ဆောက် ကြသည်။ ထို့ကြောင့် တိုင် ဖြစ်စေခြင်းသည်၊ အဓိကလူ ဖြစ်ခြင်း၊ အမာခံ ဖြစ်ခြင်းကို ဆိုလိုသည်။

၁၃။ ဝိညာဉ်တော်သည် အသင်းတော်တို့ အား၊ အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသော သူမည်သည် ကား ကြားပါစေ။
ဖိလဒေလဖိအသင်းတော်နှင့် ပတ်သက်သောအရာ များကိုလည်း၊ ၀ိညာဥ်နားရှိသော သူတိုင်း ကြားဘို့ လိုသည်။ သို့မှသာ အတုယူစဆရာရိှမည်။
အသင်းတော် သမိုင်း၌
ဖိလဒေလဖိအသင်းတော်သည် အသင်းတော် သမိုင်း၌ ပြန်ကြည့်ပါက၊ အေဒီ ၁ ရ၀၀မှ ၁၉၀၀ခန့်အတွင်းကို ပုံဆောင်သည်။ သာဒိအသင်းတော် ခေတ်၌၊ သေလု နီးပါးရှိသော အသင်းတော်သည်၊ ပြန်လည်ထလာ၍ သခင်ယေရှု ကခွန်အား အနည်းရှိသည်ဟုဆိုသည်။ သေနေသော သာဒိအသင်းတော်၊ ပြန်လည်အသက် ရှင်ခြင်း ဖြစ်၍၊ ဤအသင်းတော် ခေတ်၌ နိုးထမှု အကြီးမား ဆုံး ဖြစ်သည်။ နိုးကြားစေသူ (Revivalist) အမှုတော် ဆောင်များ ပေါ်ပေါက်၍၊ ဤခေတ်၌ လူများစွာ ကယ်တင်ခြင်းသို့ ရောက် ကြသည်။ နာမည်ကြီး အမှု ဆောင်များမှာ၊
John Wesley British 1703-1791
George Whitefield, British 1714-1770
Charles Finney, American 1792-1875,
Charles Spurgeon British 1834-1892
D.L. Moody, American 1837-1899

တို့ ဖြစ်သည်။

သာသနာ ပြုဆရာကြီးများများ
William Carey British 1761-1834 missionary to India, ခေတ်သစ် သာသနာ ပြုများ၏ ဖခင်ကြီး အိန္ဒိယပြည်
Adoniram Judson, American 1788-1850 Missionary to Burma, မြန်မာပြည် သာသနာ ပြုဆရာကြီး ယုဒသန်​
James Hudson Taylor, British 1832-1905 Missionary to China, တရုတ်ပြည် သာသနာ ပြုဆရာကြီး
David Livingstone, Scottish 1813-1873 Missionary to Africa, ဖရိကတိုက် သာသနာ ပြုဆရာကြီး

ဖိလ​‌ဒေလဖိအသင်းတော် ခေတ်၌၊ ခရစ်တော် ကအဘယ်သူ မျှမပိတ်နိင်သော၊ သာသနာ ပြုနယ်မြေတံခါးများ ဖွင့်ပေးသောကြောင့်၊ အမှောင်နယ်မြေ၌ သာသနာ ပြုဆရာများ သွားရောက်ကာ၊ အောင်မြင်မှု ရရှိ ကြသည်။ William Carey သည် အိန္ဒိယပြည် သို့ သွား၍ တံခါးဖွင့်ထားလျက် ရှိသည်ကို တွေ့ရသည်။ Adoniram Judson သည် မြန်မာပြည်သို့ သွား၍ တံခါးပွင့်လျက် ရှိသည်ကို တွေ့ရသည်။Hudson Taylor သည် တရုတ်ပြည်သို့၎င်း၊ David Livingstone သည် အဖရိကတိုက်သို့၎င်း၊ သာသနာ ပြု ကြသည်။ ယခင်၌ အနောက်တိုင်း ခရစ်ယာန်များက၊ အမှောင်နယ်မြေ၌ သာနာပြုဘို့ မရည်ရွယ်ခဲ့ကြသော်လည်း၊ ဤခေတ်၌ သာသနာ ပြုဆရာများ ပြန်လည်စေလွှတ်ခဲ့ ကြသည်။

မေးခွန်းများ
၁။ ဖိလဒေလဖိမြို့၏ အဓိပ္ပါယ်သည်၊ ————————————————————— ဖြစ်သည်။
၂။ ဖိလဒေလဖိမြို့ကို ——————-မြို့ငယ်လေးဟု အဘယ်ကြောင့်ဆိုသနည်း။ ————————————————–
၃။ ဤအသင်းတော်ကို ခရစ်တော် ကအပြစ် တင်ပါသလား။ ——————-
၄။ အဘယ်ကြောင့် ခရစ်တော်က၊ သူ့ကိုယ်သူဟုတ်မှန်သော သူဟု မိတ်ဆက်သနည်း။ —————————————————————————-
၅။ ဘုရားသခင်က ——————-အစား——————-ကို နန်းတော် အုပ်ခန့်လိုက်သည်။
၆။ အဘယ်သူ မျှမပိတ်နိုင်သော တံခါးကို သင့်ရှေ့၌ ငါဖွင့်ထားပြီ၊ ဟူသောအရာ သည် ဘာကို ဆိုလိုသနည်း။ ————————————–
ရ။ ဖိလဒေလဖိအသင်းတော်၏အား နည်းခြင်းသည်၊ သူတို့၏ ဘာ ဖြစ်သနည်း။ ————————————
၈။ ငါ၏ နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ၊ ဟူသောအရာ သည် ဘာကို ဆိုလိုသနည်း။ ———————————————————
၉။ မယုံကြည်သူများအထဲ၌၊ သခင်ယေရှု၏ နာမကို ထောက်ခံဘို့၊ ၀န်ခံဘို့ ခက်ခဲမည်လော။ ————————————–
၁၀။ ပဌမ ဦးဆုံးအသင်းတော်ကို ညှင်းဆဲသော သူများသည် ————————-လူမျိုးများ ဖြစ်သည်။
၁၁။ စာတန်၏ အပေါင်းအသင်းသည် ဘာကို ဆိုလိုသနည်း။ ————————–
၁၂။ ယုုုံကြည် သူများသည် မည်သူ၏ ဗိမာန် ဖြစ်ကြသနည်း။ ————————– စာတန် စရပ်၌ မည်သူကျိန်း၀ပ်သနည်း။ ————————–
၁၃။ သခင်ယေရှုက၊ ယုံကြည်သူများကို၊ စာတန်၏ တရားစရပ်များရှေ့၌ ————————စေမည်။
၁၄။ တကမ္ဘာလုံးစုံစမ်းရာကာလသည်၊ မည်သည့်အချိန်၌ ဖြစ်မည်နည်း။ ————————–
၁၅။ အသင်းတော်သည် ဘေးဒဏ်ကြီး ကာလ အထဲမှ ကယ်တင်မလား၊ ဘေးဒဏ်ကြီး ကာလ မတိုင်မှီ ကယ်တင်မလား။ ———————
၁၆။ ဗျာ ၆မှ ၁၈ အတွင်း ဖေါ်ပြသော ဘေးဒဏ်ကြီး ကာလသည်၊ ဖြစ်ပြီး ပြီလား၊ အနာဂတ်မှာရှိသေးသလား။ ————————–
၁ရ။ အဘယ်ကြောင့်အသင်းတော်သည် ဘေးဒဏ်ကြီး ကာလ မတိုင်မှီ ချီဆောင်မည်ဟုဆိုနိင်သနည်း။ ————————————
၁၈။ အသင်းတော်သည် ဘေးဒဏ်ကြီး ကာလ အလယ် သို့မဟုတ် အဆုံး၌ ချီဆောင်မည်ဟူသောအရာ သည် မှန်ပါသလော။ ——————အဘယ်ကြောင့်နည်း။ —————————————————————
၁၉။ ထာ၀ရ ဘုရား အတွက် အနှစ်တထောင်သည် ————————-ကဲ့သို့ဖြစ်သည်။
၂၀။ အဘယ်ကြောင့်ယခုတိုင်အောင် လူများကို စောင့်ရသနည်း။ —————————————–
၂၁။ ဖိလဒေလဖိအသင်းတော်သည် မည်ကဲ့သို့သော သရဖူရမည်နည်း။ ———————–အဘယ်ကြောင့်နည်း။ ———————–
၂၂။ အောင်မြင်ခြင်း အကြောင်းရေးသော ကျမ်းပိုဒ်များရေးပါ။ ———————————————————————
၂၃။ ဖိလဒေလဖိအသင်းတော် ခေတ်သည်၊ အသင်းတော် သမိုင်း၌ မည်သည့်ကာလကို၊ ပုံဆောင်သနည်း။ —————————-
၂၄။ ဤကာလ၌ ခရစ်ယာန်လောက၌ ဘာ ဖြစ်သနည်း။ ———————————————-
၂၅။ နိုးကြားစေသူတရားဟောဆရာများ၏ နာမည်များရေးပါ။ ———————————————————————————————————————————————————————————-
၂၆။ သာသနာ ပြုဆရာကြီး များ၏ နာမည်များရေးပါ။ —————————————————————————————————————————————————————————–

.

ဗျာဒိတ်ကျမ်း ၃ (၃:၁၄-၂၂)

မပူမအေးလောဒိကိအသင်းတော်

နောက်ခံသမိုင်း

လောဒိကိမြို့သည်၊ ဖိလဒေလဖိမြို့၏ အရှေ့တောင်ဖက်၊ မိုင် ၄၀အကွာ၊ ကောလောသဲမြို့သွားသော လမ်းပေါ်၌ ရှိသည်။ ဗျာဒိတ်ကျမ်းမရေးမှီ၊ ၃၅ နှစ်ခန့်တွင်၊ ငလျှင် အကြီး အကျယ်လှုပ်၍၊ အားလုံးပျက်စီးသော်လည်း၊ ချမ်းသာ ကြသောကြောင့် ပြန်လည်တည်ဆောက်နိင်ခဲ့ ကြသည်။ ထိုမြို့သည် ချမ်းသာခြင်းနှင့် မျက်စဥ်းဆေးထွက်ခြင်း၌ နာမည်ကြီးသည်။ သိုးမွှေးထုတ်လုပ်ရာ ဖြစ်၍၊ ဘဏ်လည်းရှိသည်။ လောဒိကိမြို့သည်၊ ကောလောသဲမြို့၊ ဟေရပေါလိမြို့တို့နှင့် အလွန် နီးသည်။ ပေါလုကကောလောသဲအသင်းတော်ထံ၊ “သင်တို့ အထဲက ဖြစ်သော ခရစ်တော်၏ ​ကျွန်၊ ဧပဖြသည် သင်တို့ကို နှုတ်ဆက်၏။ သင်တို့သည် စုံလင်လျက်၊ ဘုရားသခင်၏ အလိုတော်ကို အကုန်အစင်လေ့ကျက်လျက်၊ တည်ကြည်မည်အကြောင်း၊ သူသည် သင်တို့ အဘို့၊ ကာလ အစဥ် ကြိုးစား၍ ဆုတောင်း တတ်၏။ သင်တို့ မှစ၍လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ ရှိသော သူတို့ အဘို့၊ သူသည် အလွန် စေတနာစိတ်အားကြီးသည်ဟု၊ ငါသည် သူ၏ သက်သေ ဖြစ်၏။ ငါချစ်သော ဆေးသမားလုကာနှင့် ​ေဒမသည်၊ သင်တို့ကို နှုတ်ဆက်ကြ၏။ လောဒိကိမြို့၌ ရှိသော ညီအစ်ကို တို့ကို၎င်း၊ နံုဖမှစ၍ သူ၏ အိမ်၌ ရှိသော အသင်းတော်ကို၎င်း၊ နှုတ်ဆက်ကြလော့။ ဤစာကို သင်တို့သည် ဘတ်ပြီးမှ၊ လောဒိကိမြို့အသင်းတော်ကို ဘတ်စေကြလော့။ ထိုမြို့မှရသော စာကိုလည်း သင်တို့ ဘတ်ကြလော့။” (ကော ၄:၁၂-၁၆) ဟု စာရေးခဲ့သည်။ ကောလောသဲအသင်းတော် ထံရေးသော စာကို၊ အထက်ပါ ကဲ့သို့ ယနေ့ တိုင်ရှိသော်လည်း၊ လောဒိကိအသင်းတော် ထံရေးသော စာမူကား၊ ယနေ့ မရှိတော့ချေ။ အကြောင်းမှာ၊ လောဒိကိအသင်းတော်သည်၊ ၀ိညာဥ်ရေးရာ၌ မပူမအေး ဖြစ်သောကြောင့်၊ ပေါလု၏ စာကိုလည်း ဂရုမစိုက်ခြင်းကြောင့် ပျောက်သွားခြင်း ဖြစ်နိင်သည်။

သခင် ယေရှုခရစ်က၊ ဤအသင်းတော်သည် မပူမအေး၊ နွေးရုံသာရှိသော အသင်းတော်ဟုဆိုသည့်အတိုင်း၊ သူတို့ သောက်သုံးသော ရေလည်း နွေရုံသာရှိကြောင်း အံ့ဩဘွယ် ဖြစ်သည်။ ဟေရပေါလိမြို့မှရေပူစမ်းထွက်၍၊ ကောလောသဲမြို့မှရေအေးစမ်းထွက်သည်။ ဟေရပေါလိမြို့မှရေပူကိုလောဒိကိမြို့သို့ မြောင်းဖြင့် သွယ်ကြရာ၊ လောဒိကိမြို့ရောက် သောအခါ၊ မပူတော့ဘဲ နွေးရုံသာဖြင့် ရောက်ရှိသည်။ ကောလောသဲမြို့မှရေအေးကိုလည်း၊ သွယ်ကြ သောအခါ လမ်းခရီး၌ နေပူရှိန်ကြောင့််၊ မအေးတော့ဘဲ၊ နွေရုံသာဖြင့် ရောက်ရှိသည်။ ထို့ကြောင့် လောဒိကိမြို့သား တို့သည်၊ ရေအေးလည်း မဟုတ်၊ ရေပူလည်း မဟုတ်၊ နွေးရုံသာရေကို အသုံးပြု ကြသည်။ ရေပူ မဟုတ်၊ ရေအေး မဟုတ်၊ နွေးရုံသာရေသည် သောက်၍ မကောင်း သကဲ့သို့၊ ခရစ်တော် ကလည်း၊ လောဒိကိအသင်းတော်ကို၊ အအေး မဟုတ်၊ အပူ မဟုတ်၊ နွေးရံုရှိသောကြောင့် ငါ၏ ခံတွင်း သည် သင့်ကို ထွေးလုပြီ၊ ဟုဆိုရခြင်း ဖြစ်သည်။

သခင်ယေရှု ကမိတ်ဆက်ပုံ

၁၄။ လောဒိကိမြို့၌ ရှိသော အသင်းတော်၏ တမန်ကို၊ ဤသို့ ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝေနေယျသတ္တ၀ါတို့ အထွဋ္ဋ်၊ သစ္စာရှိ၍ဟုတ်မှန်သော သက်သေခံ၊ အာမင်၊ ၏ အမိန့်တော်ကား၊
” ဘုရားသခင်၏ ဝေနေယျသတ္တ၀ါတို့ အထွဋ္ဋ်”ဟုဆိုသောကြောင့် သင်ယေရှုသည်၊ ဖန်ဆင်းထားသော သတ္တ၀ါဟုဆိုလိုခြင်း မဟုတ်ချေ။ သူကိုယ်တိုင်သည်၊ ဖန်ဆင်းရှင်ဘုရား ဖြစ်ကြောင်း ယော ၁:၃၊ ၁၀၊ ကော ၁:၁၆များ၌ တွေ့နိင်သည်။ သို့သော် ဖန်ဆင်းထားသော၊ လူသတ္တ၀ါများနှင့် တူရန်၊ လူ့ဇာတိခံယူခဲ့သည်။ ယုံကြည်သူများကို ခရစ်တော်၌ လူသစ်ဟု ခေါ်သည် (၂ ကော ၅:၁ ရ၊ ဧဖက် ၅:၁ရ)။ ထိုလူသစ်များသည်၊ သခင်ယေရှု သင်္ချိုင်းမှထမြောက်ခြင်း အားဖြင့် ဖြစ်ရာ၊ သူသည် ၀ိဥာဏကိုယ်ခန္ဓာဖြင့် ပဌမ ဦးဆုံးထမြောက် သောသူ ဖြစ်သောကြောင့်၊ ဝေနေယျသတ္တ၀ါတို့ အထွဋ္ဋ်ဟု ခေါ်ခြင်း ဖြစ်သည်။

” သစ္စာရှိ၍ဟုတ်မှန်သော သက်သေခံ” သခင်ယေရှုခရစ် သည်၊ အဘခမည်းတော်၏ စိတ်ချရသော၊ သစ္စာရှိ၍ဟုတ်မှန်သော သက်သေခံ ဖြစ်သည်။ သူကိုယ်တိုင်က၊ “ငါသည်ကိုယ်အလိုအလျောက်ဟောပြောသည် မဟုတ်၊ ငါ့ကို စေလွှတ် တော်မူသော ခမည်းတော်သည် အဘယ်သို့ ငါဆုံးမဟောပြောရမည်ကို ပညတ် ပေးတော်မူ ပြီ။ ခမည်းတော်၏ ပညတ်တော်သည် ထာ၀ရအသက် ဖြစ်သည်ကို ငါသိ၏။ ထိုကြောင့်ဟောပြောသမျှ တို့ကို ခမည်းတော် မှာထား တော်မူသည် အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော်၍ မိန့်တော်မူ၏။”ဟုဆိုခဲ့သည် (ယော ၁၂:၄၉-၅၀)။ “အာမင်” ဟူသော စကားသည် ဟေဗြဲစကား ဖြစ်၍၊ ဂရိတ်၊ အဂ်လိပ်၊ မြန်မာစကားတို့ အားလုံးက၊ ဘာသာမပြန်တော့ဘဲ၊ အသံထွက်အတိုင်း အသုံးပြု ကြသည်။ အဓိပ္ပါယ်သည်၊ ‘ဟုတ်ပါသည် ‘၊ ‘မှန်ပါသည် ‘ဟူ၍ ဖြစ်သည် (တော ၅:၂၂)။ ဣသရေလ လူများ၊ ခါနန်ပြည်သို့ ၀င်၍၊ ဂေရဇိမ်တောင်ပေါ်မှကောင်းကြီး မင်္ဂလာနှင့်၊ ဧဗလတောင်ပေါ်မှကျိန်ခြင်း ဆို သောအခါ ပရိသတ်များက၊

‘အာမင်’ဟု ထောက်ခံခိုင်းခဲ့သည် (တရား၂ရ:၁၄-၂၆)။ ပေါလု၏ ဩ၀ါဒစာနောက်ဆုံးတိုင်း၌လည်း၊ အာမင်ဟု ရေးတတ်သည်။ “ညီအစ်ကိုတို့၊ ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၏ စိတ်နှလုံး၌ ရှိစေသတည်း။ အာမင်။” (ဂလာ ၆:၁၈)။ ခရစ်တော်၏ နာမည်လည်း ဖြစ်သည်။

အပြစ်တင်ခြင်း
၁၅။ သင်၏ အကျင့်ကို ငါသိ၏။ သင်သည် အဧ မဟုတ်၊ အပူ မဟုတ်သည်ကို ငါသိ၏။ ဧခြင်း ဖြစ်စေ၊ ပူခြင်း ဖြစ်စေ၊ တခုခုကို ငါအလိုရှိ၏။ ၁၆။ ထိုသို့ အဧ မဟုတ်၊ အပူ မဟုတ်၊ နွေးရံုရှိသောကြောင့် ငါ၏ ခံတွင်း သည် သင့်ကို ထွေးလုပြီ။
“သင်၏ အကျင့်ကို ငါသိ၏” သခင်ယေရှုသည်၊ လောဒိကိအသင်းတော်၏ အကျင့်၊ လုပ်ဆောင်ချက် များ ကိုလည်း သိသည်။ ထိုသို့ အသင်းတော်တိုင်း၏ လုပ်ဆောင်ချက် များကို၊ ခရစ်တော် ကသိရှိသောကြောင့် သတိထားကြဘို့ လိုသည်။

“သင်သည် အဧ မဟုတ်၊ အပူ မဟုတ်သည်ကို ငါသိ၏။ ဧခြင်း ဖြစ်စေ၊ ပူခြင်း ဖြစ်စေ၊ တခုခုကို ငါအလိုရှိ၏” ခရစ်ယာန် အသက်တာသုံးမျိုးရှိသည်။ ပဌမ တမျိုးသည် ပူခြင်း ဖြစ်သည်။ ဧမောက်လမ်းသို့ တပည့်တော် နှစ်ယောက်သွားစဥ်၊ သခင်ယေရှု ကသူတို့ကို၊ ကျမ်းစာ ရှင်းပြ သောအခါ၊ “တပည့်တော်တို့ ကလည်း၊ လမ်းခရီး၌ ငါတို့နှင့် ဟောပြော၍ ကျမ်းစာ အနက်ကို ဖွင့်ပြ တော်မူ သောအခါ၊ ငါတို့ စိတ်နှလုံးသည်၊ ယိုဖိတ်မတတ် ဖြစ်သည် မဟုတ်လောဟု၊ အချင်းချင်း ပြောဆို ကြ၏။” (လု ၂၄:၃၂)။ သန့်ရှင်းသော ၀ိညာဥ်တော် လှုပ်ရှား၍၊ သမ္မာတရား ဟောပြောသော နေရာ၌၊ ထိုကဲ့သို့ ခံစား တတ် ကြသည်။ ပင်တေကုတ္တေနေ့၌၊ ပေတရုက သန့်ရှင်းသော ၀ိညာဥ်တော် တန်ခိုးဖြင့်၊ တရားဟော သောအခါ၊ လူသုံးထောင်ပြောင်းလဲ ကြသည်။ တမန်တော် များ၏ သွန်သင်ခြင်း၌ ခိုင်ခန့်စွာ ရှိ၍၊ မုန့်ဖဲ့ခြင်း ဆုတောင်းခြင်းဖြင့် နေကြသည် (တ ၂:၄၂)။ ဘုရား တရား၌ တက်ကြွကြသောကြောင့်၊ “အိမ်၊ မြေကွက်ကို ပိုင်သော သူရှိသမျှ တို့သည် ရောင်းပြီးလျှင်၊ ရသော အဘိုးကို ယူဆောင်ခဲ့၍၊ တမန်တော် တို့၏ ​ခြေရင်း၌ ထားကြသဖြင့်၊ လူများ ဆင်းရဲသည် အတိုင်း၊ အသီးသီးတို့အား ဝေငှပေးကမ်းကြ၏။” (တ ၄:၃၄-၃၅)။ စိတ်တက်ကြွ သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စိတ်၀င်စားစွာ နားထောင် နိင်ကြသည်၊ အချင်းချင်းလည်း ချစ်ခင် ကြ၍၊ တယောက်နှင့် တယောက်လည်း ဂရုစိုက် ကြသည်။ ​ကျွန်ပ်တို့၏ အသင်းတော်နှင့် တဦးချင်းလည်း၊ ထိုကဲ့သို့ဖြစ်ပါသလား။

ခရစ်ယာန် အသက်တာတမျိုးသည်၊ အေးသော အသက်တာ ဖြစ်သည်။ ထိုသူသည် နာမည်ခံ ခရစ်ယာန် ဖြစ်၍၊ ဘုရားရှိခိုးဘို့လည်း ပျင်းသည်၊ တရားလည်း မနာချင်ပေ။ ဘုရားသခင်ထက်လောက အရာများ ဖြစ်သော၊ ငွေ၊ အလုပ်၊ အပျော်အပါးနှင့် အခြားအရာများကို သာနှစ်သက်၍ ဦးစားပေးသည်။ ထိုသူများသည် ခရစ်တော်က၊ အပြစ်လည်း မတင်၊ သူနှင့် မဆိုင်သောကြောင့် အရေးလည်း စိုက်မည် မဟုတ်ပါ။

ခရစ်ယာန် အသက်တာတမျိုးသည်၊ လောဒိကိအသင်းတော် ကဲ့သို့၊ မပူမအေးနွေးရုံသာရှိသော အသက်တာ ဖြစ်သည်။ ထိုသူများသည် ဘုရားရှိခိုးသော်လည်း၊ သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်ကို၊ အမှန်တကယ် လိုချင်သည် မဟုတ်။ ဘုရားရှိခိုးခြင်းသည် လူမျက်နှာထောက်ခြင်း၊ အစဥ်အလာ ဖြစ်ခြင်း၊ အပျင်းပြေခြင်း၊ မိမိ ခံစား ချက်အရသာခံလိုခြင်းများကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ဘုရား ကအသုံးမပြုနိင်ချေ။ သင်သည် ထိုသို့သော အသက်တာ ဖြစ်နေပါသလား။ ထိုသို့ဖြစ်လျှင် အမြန်ဆုံး နောင်တ ရ၍ ဆက်ကပ်ဘို့ လိုသည်။

၁ရ။ သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းဖူးပြီ။ တစုံ တခုကို မျှမလိုဟု ပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ် ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အ၀တ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။
“သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းဖူးပြီ။ တစုံ တခုကို မျှမလိုဟု ပြောဆို၍”လောဒိကိမြို့သည် ဘဏ်ရှိသော နေရာ၊ သိုးမွှေးအထည်အမျိုးမျိုး ထုတ်လုပ်သော နေရာ၊ ကုန်သွယ်ရာလမ်းမပေါ်၌ ရှိသောကြောင့် ချမ်းသာသည်။ မြို့ချမ်းသာ သကဲ့သို့ အသင်းတော်လည်း ချမ်းသာ သောကြောင့်၊ တစုံ တခုကို မျှမလိုဟု ပြောနိင် ကြသည်။ အသင်းတော် ချမ်းသာ သောကြောင့် သူတို့၏ ဘုရား ကျောင်းနှင့် အထဲရှိပစ္စည်းများ လည်း၊ အကောင်းဆုံးများ အသုံးပြုကြပေလိမ့်မည်။ ဤအသင်းတော်သို့ သွားလည်ပါက၊ သူတို့၏ ဘုရား ကျောင်းကောင်းကြောင်း၊ အလှူငွေများ ကြောင်း၊ ဘုရားသခင်၏ နိင်ငံတော် အတွက် မည်မျှပါ၀င်ကြောင်း၊ သီချင်းနှင့် တူရိယာများလည်း မည်မျှကောင်းကြောင်းများ၊ ၀ါကြွားကြပါလိမ့်မည်။ သို့သော် သခင် ခရစ်တော်၏ အမြင်၌၊ သူတို့သည် ပင်ပန်း၍ သနားဘွယ် ဖြစ်နေသည်။ စမုရနအသင်းတော်သည်၊ လောက၌ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသော်လည်း၊ ခရစ်တော် ကချမ်းသာသည်ဟုဆိုသည်။ ထိုအသင်းတော်သည် ကောင်းကင်၌ ချမ်းသာသည်။ ကောင်းကင်၌ ချမ်းသာစရာ လိုသလားဟု မေးနိင်သည်။ ခရစ်တော်က၊ “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာမြေကြီး ပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖောက်မခိုးမယူရာ၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းဖူးကြလော့။” (မ ၆:၁၉-၂၀) ဟု အကြံပေးခဲ့သည် မဟုတ်လော။ ယုံကြည်သူများသည် ကောင်းကင်၌ ချမ်းသာ မည့် အကြောင်း၊ ရှင်ပေတရုကဤကဲ့သို့ ရေးထားခဲ့သည်၊ “ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ” (၁ ပေ ၁:၃)။ ဤလောကသည် ခရစ်တော် ပြော သကဲ့သို့ သူခိုးပေါများသော နေရာ ဖြစ်သည် သာမက၊ သံချေးပိုးရွဖျက်ဆီးတတ်သည်။ ထို့ကြောင့် ကောင်းကင်၌ ချမ်းသာဘို့ လိုသည်။ ခရစ်တော်လည်း ဤလောကသို့ ဆင်းခဲ့ သောအခါ၊ သူ၏ ဘုန်းစည်းစိမ်ကို ကောင်းကင်၌ ထားခဲ့သည်။ အကြောင်းမှာ သူ၏ ဘုန်းစည်းစိမ်ကို ဤလောကသို့ ယူဆောင်လာပါက၊ အခိုးခံရမှာ ဖြစ်သည်။ ပေါလုက၊ “ငါတို့ သခင်ယေရှုခရစ် သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲ တော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက် ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ၏။” (၂ ကော ၈:၉) ဟု ရေးခဲ့သည်။ ဤအရာကို အချို့သော သူများ ကလောက၌ ချမ်းသာဘို့၊ ဟု ယူဆ ကြသည်။ ယုံကြည်သူများသည် ကောင်းကင်၌ ချမ်းသာဘို့ ဖြစ်သည်။ ဤလောကသည် ရန်သူ စာတန်၏ နယ်မြေ ဖြစ်သည်။ ရန်သူနယ်မြေ၌ ဇိမ်ခံဘို့ မဟုတ်၊ စစ်တိုက်ရမည်။

“မျက်စိကန်းခြင်း၊ “လောဒိကိအသင်းတော်သည်၊ ဆင်းရဲသည် သာမကမျက်မမြင်၊ မျက်စိကန်း နေကြသေးသည်။ သူတို့သည်ကိုယ်ခန္ဓာမျက်စိကန်းကြသလော၊ မဟုတ်နိင်ပါ။ ၀ိညာဥ်မျက်စိကန်းကြခြင်း ဖြစ်သည်။ ခရစ်တော်က၊ “လျှို့၀ှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကို အပြင်၌ ဆေးကြောကြ၏။ အတွင်း ၌ ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက် ရှိ၏။ မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း ၌ ရှေ့ဦးစွာ ဆေးကြောလော့။သို့ ပြုလျှင် အပြင်ကား သန့်ရှင်းလိမ့်မည်။” (မ ၂၃:၂၅-၂၆) ဟု အပြစ် တင်ခဲ့သည်။ ဖာရိရှဲများသည် ဇာတိမျက်စိကန်းကြသည် မဟုတ်၊ ၀ိညာဥ်မျက်စိကန်း ကြသည်။ လောဒိကိအသင်းတော်လည်း၀ိညာဥ်မျက်စိကန်းသည်။ ယနေ့ ယုံကြည်သူ အများစုလည်း၀ိညာဥ်မျက်စိကန်း ကြသည်။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလ ရောက်တော့မည့် အရာကိုလည်း မမြင်သောကြောင့်၊ ပြင်ဆင်မှု မလုပ်ကြခြင်း ဖြစ်သည်။

“အ၀တ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား”လောဒိကိအသင်းတော်သည်၊ ဆင်းရဲ ပင်ပန်း၍ မျက်စိကန်းသည် သာမက၊ ကို်ယ်တုံးလုံး ဖြစ်နေသည်။ လောဒိကိမြို့မှသိုးမွှေးများ ထွက်သောကြောင့်၊ သူတို့သည် အ၀တ်အစားလှလှ၀တ်၍ ဘုရားရှိခိုးကြမှာသေချာသည်။ သို့သော် ခရစ်တော်၏ အမြင်၌ သူတို့သည် အ၀တ်အချည်းစည်း ဖြစ်နေကြသည်။ သူတို့သည်ကိုယ်တုံးလုံး ဖြစ်ကြောင်း အဘယ်ကြောင့် မသိသနည်းဟူမူကား၊ မျက်စိကန်းကြသောကြောင့် ဖြစ်သည်။ ကိုယ်တုံးလုံးဆိုသည်မှာ အပြစ် ရှိခြင်းကို ဆိုလိုသည်။ အာဒံနှင့် ဧ၀အပြစ် ကျူးလွန် သောအခါ၊ အ၀တ်အချည်းစည်းရှိကြောင်း ချက်ချင်း သိကြသည်။ ရှက်သောကြောင့် သစ်ရွက်ဖြင့် ဖုံးအုပ် ကြသည်။ ဘုရားသခင်က သနားသောကြောင့်၊ သားရေကို ပေးသည်။ လူသည် အပြစ် ကျူးလွန် သောအခါ၊ လူများရှေ့၌ ရှက်၍ကိုယ်တုံးလုံးကဲ့သို့ ခံစားရသည်။ ခလေး လေးများ မူကား အပြစ် မလုပ်သောကြောင့်၊ ကိုယ်တုံးလုံး ဖြစ်သော်လည်း မရှက်ကြချေ။ သူတို့ကိုယ်တိုင်မက၊ မြင်သော သူများကလည်း မရှက်ပေးကြချေ။ ထို့ကြောင့် ကိုယ်တုံးလုံးဆိုသည်မှာ အပြစ် ရှိခြင်းကို ဆိုလိုသည်။ ဘုရားသခင်က၊ အာဒံနှင့် ဧ၀တို့ကို၊ သားရေပေး သကဲ့သို့၊ ​ကျွန်ပ်တို့ ကိုလည်း ဘုရားသခင်က၊ ယေရှုခရစ် တည်း ဟူသော ၀တ်လုံကို ပေးထားသည်။ ပေါလုက၊ “သခင် ယေရှုခရစ်ကို ယူတင်၀တ်ဆောင်ကြလော့။” (ရော ၁၃:၁၄) ဟု ရေးထားသည်။

လောဒိကိအသင်းတော်သည်၊ သခင်ယေရှုကို မ၀တ်ကြချေ။ အကြောင်းမှာ အငယ် ၁၈၌ သခင်ယေရှု ကသူ့ထံမှ အ၀တ်၀ယ်ဘို့ ပြောထားသည်။ အငယ် ၂၀၌လည်း သခင်ယေရှုသည်၊ တံခါးရှေ့၌ ရပ်နေသည်ကို တွေ့ရသည်။ ခရစ်တော်သည် သူတို့ ထံ၌ မရှိချေ။ ထို့ကြောင့် သူတို့၏ အပြစ် ဖုံးမည့်သူ မရှိသောကြောင့် ကိုယ်တုံးလုံး ဖြစ်ရခြင်း ဖြစ်သည်။ ​ကျွန်ပ်တို့လည်း သူတို့ ကဲ့သို့၊ ရှက်စရာကိုယ်တုံးလုံး ဖြစ်နေကြပါသလား။

၁၈။ သင်သည် ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့် ချွတ်ပြီးသော ရွှေကို၎င်း၊ အ၀တ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အ၀တ်ကို၎င်းငါ့ထံမှ ာ၀ယ်လော့။ သင်၏ မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဥ်းခတ်လော့ဟု သင့်အား ငါသည် အကြံပေး၏။
“သင်သည် ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့် ခဋ္ဌတ်ပြီးသော ရွှေကို ငါ့ထံမှ ာ၀ယ်လော့” ခရစ်တော် ကလောဒိကိအသင်းတော်ကို၊ သူ့ထံမှ မီးနှင့် ခဋ္ဌတ်ပြီးသော ရွှေကို ၀ယ်ခိုင်းသည်။ ထိုရွှေသည် တကယ့်ရွှေ ဖြစ်ပါမည်လော။ သခင် ခရစ်တော် ဤလောက၌ ကျင်လည်ခဲ့စဥ်၌၊ ရွှေအသုံးပြုဘူူးပါသလော။ လောက ပစ္စည်းများသည် သခင် ခရစ်တော် အတွက် တန်ဘိုးရှိမည် မဟုတ်။ သခင် ခရစ်တော် ပြောသော ချမ်းသာခြင်း ကြည့်ကြပါစို့။ စမုရနအသင်းတော်သည်၊ ကုန်းကောက်စရာ မရိှလောက်အောင် ဆင်းရဲသော်လည်း၊ ခရစ်တော် ကချမ်းသာသည်ဟုဆိုသည် (ဗျာ ၂:၉)။ အဘယ်ကြောင့်ဆင်းရဲသော စမုရနအသင်းတော်ကို၊ ချမ်းသာသည်ဟုဆိုသနည်း။ ခရစ်တော် ကချမ်းသာမှုကို၊ လောက ဥစ္စာဖြင့် မတိုင်း တာကြောင်း ထင်ရှားသည်။ သူ၏ စကား နားထောင်၍၊ သူ့အတွက် ဒုက္ခ ဆင်းရဲ ခံခြင်းကို၊ ချမ်းသာသည်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော်၊ သခင်၏ စကားကို နားထောင် သောကြောင့်၊ လောက၌ မချမ်းသာ နိင်ကြဘဲ၊ သူတို့၏ ဥစ္စာဘဏ္ဍာများကို ကောင်းကင်သို့ ပို့လိုက် ကြသည်။ ထို့ကြောင့် စမုရနအသင်းတော်သည်၊ မြေကြီး ပေါ်၌ ဆင်းရဲ၍၊ ကောင်းကင် နိင်ငံ၌ ချမ်းသာသည်။ သခင်ယေရှု၏ စကား နားမထောင်ခဲ့သည် ရှိသော်၊ မြေကြီး ပေါ်၌ မချမ်းသာလျှင် လည်း၊ အလွန် ဆင်းရဲမည် မဟုတ်။

လောဒိကိအသင်းတော်သည်၊ မြေကြီး ပေါ်၌ ခရစ်တော်ကြောင့်၊ ဒုက္ခ ဆင်းရဲ မခံစားချေ။ အဘယ်ကြောင့်ဆိုသော်ဒုက္ခ ဆင်းရဲ ခံစားလောက်အောင်၊ သခင်ဘုရား၏ စကား နားမထောင်ချေ။ ခရစ်တော်၏ အကြောင်းကို သူတပါးထံ၌ မပြောကြ။ မယုံကြည်သူများကမနာလိုမုန်းတီးလောက်အောင်၊ အလုပ်မလုပ်ကြချေ။ စာတန်၏ မနာလိုလောက်အောင် မနေကြချေ။ ထို့ထက်လောက သားများနည်းတူ၊ စာတန် ပိုင်သော ဤလောကကို ရှာဖွေ ကြသောကြောင့်၊ သူတို့ ထံ၌ သခင် ခရစ်တော် ပင်မရှိတော့ချေ။ သခင် ခရစ်တော် သူတို့၌ မရှိသည် ကိုလည်း မသိကြ၊ ပြသနာ ဟုလည်း မမြင်ကြချေ။ သခင် ခရစ်တော် မပါဘဲ၊ ဘုရားရှိခိုး၊ သီချင်းဆို၊ တရားဟော၊ ပွဲလုပ်ကြ၍ အလွန် ပျော်ရွှင် ကြသည်။ သခင် ခရစ်တော် ရှိသည် ထက်၊ သူတို့၏ အလိုဆန္ဒ ပြည့်စုံဘို့သည် သာ၍ အရေးကြီးသည်။ သခင်ဘုရား၏ တံခါးခေါက်သံပင်လျှင် မကြားနိင်ကြတော့ချေ။

ယနေ့ အသင်းတော် အများစု၏ အလိုဆန္ဒနှင့် ရည်ရွယ်ချက်လည်း၊ ဘုရား ကျောင်းကောင်းကောင်းရှိဘို့၊ အထဲ၌ အီလက်ထောနစ်ကရိယာအကောင်းဆုံးများ တပ်ဆင်ဘို့၊ တက်ကြွစည်းလုံး၍ လူဦးရေများဘို့တို့ ဖြစ်သည်။ တဦးချင်းနှင့် အသင်းတော်၌၊ သခင် ခရစ်တော် ရှိသည် မရှိသည်ကို ဂရုမစိုက်ကြချေ။ ကောင်းကင်၌ ချမ်းသာဘို့ ထက်၊ မြင်နိင်သော ဤလောက၌ ချမ်းသာဘို့ ပို၍ လိုချင် ကြသည်။ ထို့ကြောင့် လောက သားများနှင့် မထူးခြားကြချေ။ ခရစ်တော် ကတပည့်တော်များထံ၊ “သင်တို့သည်လောကီနှင့် ဆက်ဆံလျှင်၊ လောကီသား တို့သည်၊ မိမိတို့နှင့် ဆက်ဆံသော သင်တို့ကို၊ ချစ်ကြလိမ့်မည်။ သင်တို့သည်လောကီနှင့် မဆက်ဆံ၊ လောကီထဲကငါရွေးကောက်သောသူ ဖြစ်သောကြောင့်၊ လောကီသား တို့သည် သင်တို့ကို မုန်းကြ၏။” (ယော ၁၅:၁၉) ဟုဆိုခဲ့သောအရာ သည် ငါတို့၏ အသက်တာ ဖြစ်ပါသလော။ အဘယ်ကြောင့်လောကီသားများက၊ ယုံကြည်သူများကို မမုန်းသနည်း။

ကျမ်းစာ ကဤလောက၌ ရွှေငွေရှိဘို့ မပြော၊ မတိုက်တွန်းဘူးပါ။ ရွှေထက် တန်ဘိုးရှိသောအရာ ကို ရှိစေချင်သည်။ ရွှေထက် တန်ဘိုးရှိသောအရာ သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ “နှုတ်တော် ထွက်တရားတော်သည်၊ ရွှေငွေအထောင်၊ အသောင်းထက် မက၊ အ​ကျွန်ုပ်၌ သာ၍ ကောင်းပါ၏။ ——-အ​ကျွန်ုပ်မူကား၊ ပညတ်တော် တို့ကို၊ ရွှေထက် မကရွှေစင်ထက် သာ၍ နှစ်သက်ပါ၏၊၊ ” (ဆာ ၁၁၉:ရ ၂၊ ၁၂ရ)။ ပေတရုကလည်း ယုံကြည်ခြင်း သည်၊ ပျက်ဆီး တတ်သော ရွှေထက် သာ၍ မြတ်သည်ဟုဆိုသည် (၁ ပေ ၁:၆ -ရ)။ ထို့ကြောင့် သခင်ယေရှုက၊ သူ့ထံ၌ ရွှေ၀ယ်ခိုင်းခြင်းသည်၊ နှုတ်ကပတ်တော် အတိုင်း အသက် ရှင်ဘို့ ဖြစ်သည်။ သင်သည် နှုတ်ကပတ်တော်ကို တန်ဘိုး ထားပါသလား။

“အ၀တ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အ၀တ်ကို၎င်းငါ့ထံမှ ာ၀ယ်လော့။” သခင် ခရစ်တော်က၊ သူ့ထံမှ ရွှေသာမက၊ ဖြူသော အ၀တ်ကိုလည်း၀ယ်ခိုင်းသည်။ ထိုဖြူသော အ၀တ်သည်၊ သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သတည်း (ဗျာ ၁၉:၈)။ သန့်ရှင်း သူများ၏ ​ဖြောင့်မတ်ခြင်းသည်၊ သခင်ယေရှုခရစ် ဖြစ်သည် (၁ ကော ၁:၃၀)။ ထို့ကြောင့် ယေရှုခရစ် တော်သည်၊ ဖြူသော အ၀တ် ဖြစ်သည်။ လောဒိကိအသင်းတော်က၊ သခင်ယေရှုကို အပြင်၌ ထားသောကြောင့် သူတို့သည် အ၀တ်အချည်းစည်းရိှခြင်း ဖြစ်သည်။ ထို့ကြောင့် အ၀တ်ဖြူ၀ယ်ခိုင်းခြင်းသည်၊ သူ့ကို ပြန်လည် လက်ခံဘို့ ဖြစ်သည်။ ​ကျွန်ပ်တို့၏ အသင်းတော် လည်း၊ အ၀တ်အချည်းစည်း ဖြစ်နေပါသလော။ လောက အ၀တ်အစားကောင်းများ ပြိုင်၀တ်ရင်းဖြင့်၊ ဘုရားသခင် ရှေ့၌ကိုယ်တုံးလုံး ဖြစ်နေကြပါသလား။ ထိုသို့ဖြစ်နေပါက၊ အရှက်တကဲွ အကျိုးနဲမ ဖြစ်ရန်၊ သခင်ယေရှုခရစ်ကို အမြန် ၀တ်ဆင်ဘို့ အကြံပေးလိုပါသည်။

“သင်၏ မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဥ်းခတ်လော့”လောဒိကိမြို့မှခန္ဓာမျက်စဥ်းဆေးထုတ်လုပ်သော်လည်း၊ သူတို့၏ ၀ိညာဥ်မျက်စိမလင်းစေနိင်ပါ။ ကိုယ်ခန္ဓာမျက်စိမြင်ခြင်း သာလျှင် မလုံလောက်ပါ။ ၀ိညာဥ်မျက်စိလည်း မြင်ဘို့ လိုသည်။ ယေရှု ကမျက်စဥ်းခတ်ဘို့ အကြံပေးသည်။ ထိုမျက်စဥ်းကို အဘယ်ကရရှိမည်နည်း။ သခင်ယေရှု ထံမှ ၀ယ်ရမည်။ ၀ိညာဥ်မျက်စဥ်းသည် ယေရှု ထံ၌ သာလျှင် ရှိသည်။ သခင်ယေရှု ကမွေးစကပင်မျက်စိကန်းသော သူကို၊ ပြန်မြင်စေ သောအခါ၊ သူ၏ ခန္ဓာကိုယ်မျက်စိသာမက၊ ၀ိညာဥ်မျက်စိကို ပါမြင်စေသည်။ မည်ကဲ့သို့ မြင်စေသနည်းဟူမူကား၊ ယေရှုက၊ “သင်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည် သလောဟု မေးတော်မူ၏။ သခင်၊ အ​ကျွန်ုပ်ယုံကြည် ရမည်အကြောင်း ဘုရားသခင်၏ သားတော် ကား အဘယ်သူ နည်းဟု မေးလျှောက်သော်၊ ယေရှုက၊ သင်သည် ထိုသူကို မြင်ခဲ့ပြီးသည် သာမက၊ သင်နှင့် ယခုစကား ပြောသော သူသည် ဘုရားသခင်၏ သားတော် ဖြစ်၏ဟု မိန့်တော်မူလျှင်၊ သခင်၊ အ​ကျွန်ုပ်ယုံကြည် ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုး ကွယ်လေ၏။” (ယော ၉:၃၅-၃၈) ထိုမျက်ကန်းသည် တနေ့အတွင်း ၌၊ ခန္ဓာမျက်စိနှင့် ၀ိညာဥ်မျက်စိမြင်ခွင့်ရရှိခဲ့သည်။ သခင်ယေရှု၏ နှုတ်ထွက်စကားက၊ သူ၏ ၀ိညာဥ်မျက်စိကို မြင်စေသည်။ “ယေရှု ကလည်း၊ မျက်စိမမြင်သော သူသည် မြင်စေခြင်း ငှါ၎င်း၊ မြင်သော သူသည် မျက်စိကန်းစေခြင်း ငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။” (ယော ၉:၃၉)။ ထို့ကြောင့် ၀ိညာဥ်မျက်စိဖွင့်ပေးနိင်သော သူသည် သခင်ယေရှု ပင် ဖြစ်သည်။

ကျမ်းစာ ထဲ၌ ဘုရားသခင်က သာလျှင်၊ မျက်စိမြင်စေနိင်ကြောင်း တွေ့ရသည်။သော ဒုံမြို့သား တို့ကို ကောင်းကင်တမန် များက၊ မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့်၊ သူတို့သည် တံခါးကို ရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏ (က ၁၉:၁၁)။ ဟာဂရသည် အာဗြဟံကနှင်ထုတ် သောအခါ၊ သူ၏သားရေငတ်၍ သေမည်ကို မကြည့်ရက်ပေ။ “ထိုအခါ ဘုရားသခင်သည် ဟာဂရ၏ မျက်စိကို ဖွင့် တော်မူ သဖြင့်၊ သူသည် ရေတွင်းကို မြင်လေသော်၊ သွား၍ ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အားရေကို တိုက်လေ၏။” (က ၂၁:၁၉) ရှုရိတတ်သားများကဧလိရှဲကို ဖမ်းဘို့ရန်၊ ​ေဒါသန်မြို့ကို ဝိုင်းထား သောအခါ၊ ဧလိရှဲ၏ ​ကျွန်သည် အလွန် ကြောက်လန့်ခဲ့သည်။ ထိုအခါ ဧလိရှဲက၊ “အိုထာ၀ရ ဘုရား၊ ဤသူသည် မြင်နိုင်မည်အကြောင်း သူ၏ မျက်စိကို ဖွင့် တော်မူ ပါဟု ဆုတောင်းသည် အတိုင်း ထာ၀ရ ဘုရားသည်၊ ထိုလုလင်၏ မျက်စိကို ဖွင့် တော်မူ သဖြင့်၊ ဧလိရှဲပတ်လည်၌ တတောင်လုံးသည် မီးမြင်း၊ မီးရထားနှင့် ပြည့်သည်ကို မြင်လေ၏။ ရှုရိလူတို့သည် ရောက်လာ သောအခါ၊ ဧလိရှဲက၊ အိုထာ၀ရ ဘုရား၊ ဤ သူတို့၏ မျက်စီမမြင်စေခြင်းငှါ၊ ဒဏ်ခတ် တော်မူ ပါဟု ဆုတောင်းသည် အတိုင်း၊ ဒဏ်ခတ် တော်မူ၏။” (၄ရာ ၆:၁ ရ- ၁၈) ပရောဖက် ဟေရှာယထံ၊ “ထာ၀ရ ဘုရားကလည်း ထိုလူမျိုးရှိရာသို့ သွားပြီးလျှင် သင်တို့သည် ကြားလျက် ပင်၊ အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်၊၊ မြင်လျက် ပင်အာရုံမှပြုဘဲ မြင်ကြလိမ့်မည်ဟု ပြောလော့၊၊ သူတို့ မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံး မသိ၊ အကျင့် မပြောင်းလဲ၊ သူတို့ အနာ ရောဂါကို ငါမငြိမ်းစေရသည် တိုင်အောင်၊ သူတို့ စိတ်နှလုံးကို မိုက်စေလော့၊၊ သူတို့ နားကိုလည်း ထိုင်းစေလော့၊၊ သူတို့ မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။” (ဟေရှာ ၆:၉-၁၀) ထို့ကြောင့် မျက်စိကန်းစေနိင်၊ မြင်စေနိင်သော သူသည် ဘုရားသခင် သာလျှင် ဖြစ်သည်။

လောဒိကိအသင်းတော်သည်၊ မျက်စိပြန်မြင်ဘို့ရန် သခင်ယေရှု ထံသို့ လာဘို့ လိုသည်။ အသင်းတော် များစွာ လည်း၊ ၀ိညာဥ်မျက်စိကန်း ကြသည်။ ထို့ကြောင့် ကောင်းကင် အရာကို မစွဲလမ်းနိင်ဘဲ၊ မြေကြီး အရာကို သာစွဲလမ်း၍၊ ရှာဖွေ နေကြသည်။ မြေကြီး အရာတို့သည် ခဏသာတည်မှာ ဖြစ်သော်လည်း၊ ထိုအရာများ၌ ပျော်မွေ့ နေကြသည်။ ၀ိညာဥ်မျက်စိကန်းသောကြောင့် ငရဲမီးအိုင် ထဲဆင်းမည့်သူများကိုလည်း သနားခြင်း မရှိနိင်ခြင်း ဖြစ်သည်။ ၀ိညာဥ်မျက်စိကန်းသောကြောင့်၊ မကြောက်မည့် အရာများကို ကြောက်၍၊ ကြောက်မည့် အရာကို မကြောက်ခြင်း ဖြစ်သည်။ ဧလိရှဲ၏ ​ကျွန်လည်း၀ိညာဥ်မျက်စိကန်းသောကြောင့်၊ ရှုရိတပ်သား များကို အလွန် ကြောက်၍၊ ဧလိရှဲက ဆုတောင်း ပေးခြင်း ဖြင့်၊ မျက်စိမြင် သောအခါ လုံး၀ကြောက်စိတ်ရှိတော့မည် မဟုတ်ချေ။ အကြောင်းမှာ သူတို့ ဘက်၌ ရန် သူများထက်များသော ကောင်းကင်တမန် တပ်များသည် ဝိုင်းရံထားသည်။ ​ကျွန်ပ်တို့လည်း၀ိညာဥ်မျက်စိမြင် သောအခါ သတ္တိများရှိလာမှာ ဖြစ်သည်။ ၀ိညာဥ်မျက်စိမြင်ဘို့ ဘုရား ထံ၌ တောင်းလျှောက်ကြပါစို့။

၁၉။ ငါချစ်သမျှသော သူတို့၏ အပြစ်ကို ငါစစ်ဆေး၍ သူတို့ကို ဆုံးမတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကိုကိုယ် နိုးဆော်လော။ နောင်တ ရလော့။
သခင်ယေရှုသည် သူ့ကို ဂရုမစိုက်ဘဲ အိမ်ပြင်၌ ထားသော၊ လောဒိကိအသင်းတော်ကို ချစ်သေးသည်။ မချစ်လျှင် အပြစ်ကို စစ်ဆေး၍၊ ဆုံးမမည် မဟုတ်။ ဟေဗြဲရေးသော သူကလည်း၊ “ထိုမှတပါး၊ ငါ့သား၊ ထာ၀ရ ဘုရား ဆုံးမ တော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏ အပြစ်ကို စစ်ဆေး တော်မူ သောအခါ စိတ်မပျက်နှင့်။ ထာ၀ရ ဘုရားသည် ချစ် တော်မူသော သူကို ဆုံးမ တော်မူ တတ်၏။ လက်ခံ တော်မူ သမျှသောသား တို့ကို ဒဏ်ခတ် တော်မူ တတ်၏ဟု သူငယ်တို့ကို ဆို သကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩ၀ါဒစကားကို မေ့လျော့ ကြသလော။ သင်တို့သည် ဆုံးမ တော်မူခြင်းကို ခံလျှင်၊ သား တို့ကို ပြု သကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြု တော်မူ၏။” (ဟေ ၁၂:၅ -ရ)။ တဦးချင်း ဖြစ်စေ၊ အသင်းတော် ဖြစ်စေ၊ ဆုံးမခြင်းကို ခံနိင်သလော။ ဆုံးမခြင်းကို မခံလျှင်သားရင်း မဟုတ်။ မင်းဦးမင်းလွင်ရသော (မိဘလက်မထပ်ဘဲ ရသော)သား ဖြစ်မည်။
၂၀။ ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါ၀င်၍ သူနှင့်အတူ စားသောက်မည်။ သူ သည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။
သခင် ယေရှုခရစ် သည် အသင်းတော် အတွင်း မှာရှိသေးသလော။ အသင်းတော်သည် သူပိုင်သင့်သည် မဟုတ်လော။ လောဒိကိအသင်းတော်၌ ခရစ်တော် မပါချေ။ သူသည် အိမ်ပြင်တံခါး၀၌ ခေါက်နေသည်။ ယနေ့ ​ကျွန်ပ်တို့၏ အသင်းတော်၌ သခင် ခရစ်တော် ရှိပါသလား။ လောဒိကိ အသင်းသားများကအဘယ်ကြောင့်တံခါးခေါက်သံကို မကြားကြသနည်း။ သူတို့၏ အလိုဆန္ဒ ပြုလုပ် ကြ၍၊ ကျေနပ် ကြသောကြောင့် ဖြစ်မည်။ ခရစ်တော်ကို တံခါးဖွင့်ပေးလျှင် သူသည် ၀င်၍ စားသောက်မည်ဟုဆိုသည်။ ဧည့်သည်သည် စားသောက်ခြင်း အမှုကို မစီရင်တတ်ချေ။ အိမ်ရှင်သာလျှင် စားသောက်ခြင်း အမှုကို ပြင်ဆင် တတ်သည်။ ဧည့်သည်သည် အိမ်ရှင်က၀င်ခွင့်ပြု သောအခါ၊ ဧည့်ခန်း၌ သာထိုင်တတ်သည်။ မီးဖုိချောင်ထဲ၌ မ၀င်တတ်ချေ။ သို့သော် ခရစ်တော်သည် သူ၀င် သောအခါ၊ ဧည့်သည် အဖြစ်မ၀င်ဘဲ အိမ်ရှင်အဖြစ် ၀င်ချင်သည်။ ထို့ကြောင့် စားသောက်ခြင်း အကြောင်းကို ပြောခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် တံခါးဖွင့်ပေးသူသည် ဘာ ဖြစ်မည်နည်း။ ဧည်သည် ဖြစ်သွားမည်။ ဆိုလိုသည် မှာ ခရစ်တော် လက်ခံ သောအခါ၊ သူသည် သခင် ဖြစ်၍ သူ၏ အလိုဆန္ဒအတိုင်း သာအရာရာကို လုပ်ရသည်။ မိမိ ဆန္ဒကို ငြင်းပယ်ဘို့ လိုသည်။
၂၁။ ငါသည် အောင်မြင်၍၊ ငါ့ခည်းတော်၏ ပလ္လင်တော် ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်နေ သကဲ့သို့၊ အောင်မြင်သော သူသည် ငါ၏ ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်နေရသော အခွင့်ကို ငါပေးမည်။ ၂၂။ ၀ိညာဥ်တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသော သူမည်သည် ကား ကြားပါစေဟု မိန့်တော်မူ၏။
ခရစ်တော်သည်လောကသို့ ဆင်း သောအခါ၊ ခမည်းတော် ခိုင်းသော အမှုကိုပြီး စီးအောင် ဆောင်ရွက်သောကြောင့်၊ အောင်မြင်၍၊ ပလ္လင်တော် ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်ရသော အခွင့်ကို ရသည်။ ယုံကြည်သူများလည်း ယုံကြည်ခြင်းအားဖြင့် အောင်မြင်ခြင်းရမည့် အကြောင်း ယောဟန်ကဤသို့ ရေးထားသည်၊ ” ဘုရားသခင်၏ သားတော် ဖြစ်သော သူမည်သည် ကား၊ လောကကိုအောင် တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်း ပေတည်း။ ယေရှုသည် ဘုရားသခင်၏ သားတော် ဖြစ်သည်ကို ယုံကြည်သော သူမှတပါး၊ အဘယ်သူသည်လောကကိုအောင် နိုင်သနည်း။” (၁ ယော ၅:၄-၅)။ ထို့ကြောင့် သားတော်ကို ယုံကြည်လျှင်၊ အောင်မြင်သော သူများ ဖြစ်ကြသည်။ အောင်မြင်သော သူူ ဖြစ်လျှင်၊ ခရစ်တော်နှင့်အတူ ပလ္လင်ပေါ်မှာ ထိုင်ရသော အခွင့်ကို၊ ရရှိကြမည်။
အသင်းတော် သမိုင်း၌
လောဒိကိအသင်းတော်သည်၊ အသင်းတော် သမိုင်း၌ အေဒီ ၁၉၀၀မှ ချီဆောင်ခြင်း နေ့အထိ ပုံဆောင်သည်။ ထို့ကြောင့် ယခုသည်လောဒိကိအသင်းတော် ခေတ်၌ ရှိကြသည်။ ဤခေတ်၌ အသင်းတော်သည် မပူ၊ မအေး၊ နွေးရုံဖြင့် ရှိသည်။ လောဒိကိအသင်းတော် ကဲ့သို့၊ ယခုခေတ်အသင်းတော်များ၊ ယုံကြည်သူများသည်လောက ပိုင်းချမ်းသာ ဘို့ကို သာလျှင် ရှာဖွေ၊ ဟောပြော ကြသည်။ အသင်းတော် များသည်၊ ဘုရား ကျောင်းကောင်းကောင်းဆောက်၍ ပိုင်ဘို့၊ အလှူငွေများ၍ လူများဘို့၊ အသင်းသား များ၏ လူမှု ရေးပိုင်းဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးဘို့၊ လောက၌ တိုးတက်ကြီး ပွားဘို့ သာလျှင် အာရုံပြု ကြသည်။ ငွေရှိလျှင် အမှု ဆောင်နိင်မည်ဟု ယူဆ ကြသည်။ သို့သော် ဘုရားသခင်က၊ “ဤအမှုသည် ဗိုလ်​ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့၀ိညာဥ်အားဖြင့် ဖြစ်လိမ့်မည်ဟု၊ ကောင်းကင် ဗိုလ်​ခြေအရှင်ထာ၀ရ ဘုရား မိန့်တော်မူ၏။” (ဇာခရိ ၄:၆)။ “ပေတရုကလည်း၊ ငါ၌ ရွှေငွေမရှိ၊ ရှိသည် အရာကို သင့်အား ပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော် အားဖြင့် ထ၍ လှမ်းသွားလော့ဟုဆိုလျက်၊ သူ၏ လက်ျာလက်ကိုကိုင်ဆွဲချီကြွလေသော ခဏချင်းတွင်၊ ​ခြေနှစ်ဘက်ဖမျက်စိတို့သည်၊ စွမ်းအားကို ရသဖြင့်၊ ရုတ်တရက်ထ၍၊ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။” (တ ၃:၆-၈)

လောဒိကိအသင်းတော်သည်၊ ယေရှုခရစ် မပါသော်လည်း အဆင်ပြေနေသည်။ ထို့နည်းတူ၊ ယနေ့ အသင်းတော် အများစုလည်း၊ သခင်ယေရှုခရစ် ရှိဘို့ ထက်၊ အလှူငွေများဘို့၊ လူများဘို့၊ လောက ပစ္စည်းဥစ္စာပိုင်ဘို့ သာလျှင် စိတ်၀င်စား ကြသည်။ ဘုရား၏ အလိုတော်ကို တကယ် ရှာသည် မဟုတ်၊ ပျောက်ဆုံး၀ိညာဥ်များကို သနား၍ ကယ်တင်ခြင်း တရားဟောဘို့ မဟုတ်၊ ဘုရား၀တ်၌ မွေ့လျော်ခြင်းသည်၊ ကြီးစွာသော အကျိုးစီးပွား ဖြစ်သည်ဟု ထင်သောကြောင့်၊ အမှုတော် ဆောင် သူများ လှသည်။ ထိုသူတို့သည် အသင်းတော်၌ လူများ မှသာလျှင်၊ အလှူငွေရှိမှသာလျှင် လုပ်ဆောင်နိင် ကြသည်။ လူနည်းသွားလျှင်၊ ငွေမရှိလျှင် မလုပ်လိုကြတော့ချေ။ ထိုသို့သော သူမဖြစ်ဘို့ အရေးကြီးသည်။ ဘုရား၏ အမှုတော် မြတ်သည်၊ ငွေအားဖြင့်၊ ပညာအားဖြင့်၊ ဥပ​ေဒအားဖြင့် တည်ဆောက်၍ မရပါ။ သန့်ရှင်းသော ၀ိညာဥ်တော်၏ ဦးဆောင်ခြင်းအားဖြင့် သာလျှင်၊ လုပ်ဆောင်နိင်သည်။

မေးခွန်းများ

၁။ လောဒိကိမြို့သည် အဘယ်ကြောင့်ချမ်းသာ သနည်း။ ————————————————————————————
၂။ ———————မြို့မှရေပူ၊ ———————မြို့မှရေအေးကို သွယ်၍ ———————မြို့ရောက် သောအခါ နွေးရုံသာရှိတော့သည်။
၃။ လောဒိကိအသင်းတော်သည် ———————လည်း မဟုတ်၊ ———————လည်း မဟုတ်၊ ———————ရုံသာရှိသည်။
၄။ လောဒိကိအသင်းတော်သည် ချမ်းသာ သလော၊ ဆင်းရဲ သလော။ —————————————————————
၅။ ပေါလုသည်လောဒိကိအသင်းတော် ထံစာပို့ပါသလား။ ———————အဘယ်ကြောင့်မရှိတော့သနည်း။ ——————————————
၆။ ကိုယ်တုံးလုံးဆိုသည်မှာ ———————–ရှိခြင်း ဖြစ်သည်။
ရ။ အာဒံနှင့် ဧ၀တို့ကို ဘုရားသခင်က ဘာပေးထားသနည်း။ ———————
၈။ ဘုရားသခင်က ငါတို့ ခြုံဘို့ရန် ဘာကို ပေးထားသနည်း။ ———————
၉။ လောဒိကိအသင်းတော်သည် သခင်ယေရှုခရစ်ကို ၀တ်ခြုံကြပါသလော။ ———————အဘယ်သို့ သိနိင်သနည်း။ ———————
၁၀။ ယုံကြည်သူများသည် မည်သည့်နေရာ၌ ချမ်းသာဘို့ ဖြစ်သနည်း။ ——————————————
၁၁။ စမုရနအသင်းတော်သည် အဘယ်ကြောင့်ဆင်းရဲ သနည်း။ —————————————————————လောဒိကိအသင်းတော်သည် အဘယ်ကြောင့်ချမ်းသာ သနည်း။ —————————————————————
၁၂။ လောဒိကိအသင်းတော်၌ ခရစ်တော် ရှိပါသလော။ ——————–မည်သည့်နေရာ၌ ရရှိသနည်း။ ———-
၁၃။ သင်၏ အသင်းတော်၌ ခရစ်တော် ရှိမရှိသည် အရေးကြီး ပါသလော။ ———————
၁၄။ ယနေ့ အသင်းတော် အများစု၏ ရည်ရွယ်ချက်များသည် ———————————————————————————— ဖြစ်သည်။
၁၅။ ကျမ်းစာ ကရွှေထက် ဘာကို တန်ဘိုးရှိသည်ဟုဆိုသနည်း။ ———————ကျမ်းပိုဒ်များ ဖေါ်ပြပါ။ ——————————————
၁၆။ သင်၏ အသင်းတော်သည် အ၀တ်အစားအကောင်းစား၀တ်သော်လည်းကိုယ်တုံးလုံး ဖြစ်နေပါသလော။ ————————
၁ရ။ သန့်ရှင်း သူများ၏ အ၀တ်သည် အဘယ်အရာနည်း။ —————————————————————
၁၈။ ၀ိညာဥ်မျက်စိသည် မည်သူကသာ မြင်စေနိင်သနည်း။ ———————
၁၉။ အဘယ်ကြောင့်ကောင်းကင် မစွဲလမ်းကြသနည်း။ ——————————————
၂၀။ အဘယ်ကြောင့်သတ္တိမရှိကြသနည်း။ ——————————————
၂၁။ ခရစ်တော်သည် တံခါးဖွင့်ပေး သောအခါ အဘယ်ကြောင့်စားသောက်မည့် အကြောင်းကို ပြောသနည်း။ ————————————–
၂၂။ အသက်တာ၏ သခင်သည် မည်သူ ဖြစ်ရမည်နည်း။ ———————
၂၃။ အောင်မြင်သော သူကို ဘာပေးမည်နည်း။ ——————————————
၂၄။ အောင်မြင်ခြင်း သည် ဘာအားဖြင့် ရနိင်သနည်း။ ———————
၂၅။ လောဒိကိအသင်းတော် ခေတ်သည်၊ အသင်းတော် သမိုင်း၌ မည်သည့်အချိန် ဖြစ်သနည်း။ ——————————————
၂၆။ အသင်းတော်သည်၊ အဆောက်အဦး၊ ငွေ၊ ပစ္စည်းများ အားဖြင့် တည်ဆောက်၍ ရပါသလော။ ——————————————
၂ရ။ အသင်းတော်ကို ဘာအားဖြင့် ဆောက်ရမည်နည်း။ —————————————————————

.

ဗျာဒိတ်ကျမ်း ၄

ကောင်းကင်မြင်ကွင်း

အခန်းကြီး လေးသည် ကောင်းကင် မြင်ကွင်း ဖြစ်သည်။ ဘုရားသခင်သည် လူအချို့တို့ကို ကောင်းကင် မြင်ခွင့်ပေးခဲ့သည်။ မောရှေ (ထွက် ၂၅:၄၀)။ ဟေရှာယ (ဟေရှာယ ၆:၁-၄)၊ ယေဇကျေလ (ယေဇ ၁:၄-၂၈)၊ ဒံယေလ (ဒံရ:၉-၁၄)၊ ပေါလု (၂ ကော ၁၂:၂-၃)တို့ ဖြစ်သည်။

၁။ ထိုနောက်မှငါကြည့်လျှင်၊ ကောင်းကင်၌ တံခါးဖွင့်ထားလျက် ရှိ၏။ ရှေ့ဦးစွာ ကြားရသော အသံဟူမူကား၊ ဤအရပ်သို့ တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့် ပြောလျက် ရှိသော တံပိုးခရာသံကဲ့သို့ မြည်လေ၏။
ထိုနောက်မှဟူသောအရာ သည်၊ အခန်းကြီး သုံး၌ အသင်းတော်များအကြောင်းကို ဆိုလိုသည်။ ကောင်းကင်၌ တံခါးဖွင့်လျက် ရှိ၏ဟုဆိုသည်။ ကောင်းကင်သည် ၀ိညာဥ်လောက ဖြစ်သောကြောင့်၊ ဤရုပ်လောက မှမမြင်နိင်ချေ။ ကျမ်းစာ၌ ကောင်းကင်ကို တိုက်ရိုက်တွေ့မြင်သော သူနှစ်ယောက်တွေ့ရသည်။ တယောက်သည် ငရဲထဲမှသူဌေးကြီး ဖြစ်သည်။ “သူဌေး သည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်း၊ အဝေးကမြင်လျှင်၊ ” (လု ၁၆:၂၂-၂၃)။ နောက်တယောက် ကောင်းကင် မြင်သော သူသည် အသေသတ်ခြင်း ခံရသော သထေဖန် ဖြစ်သည် “သူ သည်လည်း သန့်ရှင်းသော ၀ိညာဥ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ ယေရှု ရပ်နေသည်ကို၎င်းမြင်လျှင်၊ ကြည့်ပါ။ ကောင်းကင် ဖွင့်လှစ်သည်ကို၎င်း၊ လူသားသည် ဘုရားသခင်၏ လက်ျာတော် ဘက်၌ ရပ်နေသည်ကို၎င်းငါမြင်သည်ဟုဆို၏။” (တမန် ရ:၅၅-၅၆)။ အနာဂတ်မှာကောင်းကင်ကို တိုက်ရိုက်မြင်မည့်သူ များသည် ဘေးဒဏ်ကြီး ကာလ၌ ရှိသောလောက သားများဖြစ်သည်၊ “မိုဃ်းကောင်ကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ​ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသော သူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း ၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌ ၎င်း၊ ပုန်းရှောင်လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များ တို့ကို ခေါ်လျက်၊ ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင် တော်မူသော သူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆို ကြ၏။” (ဗျာ ၆:၁၄-၁ရ)။ မိတ်ဆွေသည် ချီဆောင်ခြင်း ထဲ၌ မပါလျှင်၊ ဤအုပ်စုအထဲ၌ ပါစရာ အကြောင်းရှိသည်။ ဤအုပ်စု၌ ပါပါကအလွန် ၀မ်းနည်းစရာ ကောင်းမည်။ ထိုကြောင့်ယခုအချိန် ကောင်းရှိစဥ်တွင် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အမှန် လက်ခံဘို့ လိုသည်။

“ဤအရပ်သို့ တက်လော့” ထိုိနေရာသည် ကောင်းကင် ဖြစ်သည်။ ယောဟန်ကို ဘုရားသခင်က ကောင်းကင်သို့ တက်ခိုင်းခြင်း ဖြစ်သည်။

“နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်” ယောဟန်အား ထိုကဲ့သို့ ပြောသောကြောင့် နောက်ပိုင်းရေးထားသောအရာ များသည်၊ နောင်၌ ဖြစ်မည့် အရာများ ဖြစ်သည်။ နောင် ဖြစ်မည့် အရာများ ပြောနိင်သော သူသည်၊ ဘုရားသခင် သာလျှင် ဖြစ်သည်။ အကြောင်းမှာ သူသည် အရာခပ်သိမ်းကို အုပ်စိုးပိုင်သသောသူ ဖြစ်သည်။

“ငါနှင့် ပြောလျက် ရှိသော တံပိုးခရာသံကဲ့သို့ မြည်လေ၏။” တံပိုးခရာအသံသည် စကား ကဲ့သို့ အဓိပ္ပါယ်မရှိချေ။ ဆိုလိုသည် မှာအသံကျယ်လောင်ခြင်းကို ဆိုလိုသည်။ ယောဟန်သည် ဘုရားသခင်က စကား ပြော သောအခါ တိုးတိုး မပြောဘဲ ကျယ်လောင်စွာ ပြောသည်။

၂။ ထိုအခါ ၀ိညာဥ်တော်ကို ငါသည် ချက်ခြင်း ခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင် တခုတည်လျက် ရှိ၏။ ပလ္လင်ပေါ်မှာ ထိုင်သော သူလည်းရှိ၏။
ယောဟန်သည် ၀ိညာဥ်တော်ကို ချက်ခြင်း ခံရသည်ဟုဆိုခြင်းသည်၊ ၀ိညာဥ်တော် ကလွှမ်းခြုံသွားခြင်း၊ ဇာတိအားဖြင့် မဟုတ်ခြင်းကို ုဆိုလိုသည်။ သူသည် ၀ိညာဥ်အားဖြင့် ကောင်းကင်သို့ ရောက်သွားပြီး ပလ္လင် တခုကို မြင်သည်။ ထိုပလ္လင်ပေါ်၌ ထိုင်သော သူ၏ ပုံပန်းသဏ္ဍာန်ကို အငယ် ၃၌ ဖေါ်ပြထားသည်။
၃။ ထိုသူ၏ အဆင်းအရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့် တူ၏။ ပလ္လင်၏ ပတ်၀န်းကျင်၌ကား၊ မြကျောက်အဆင်းအရောင်နှင့် တူသော သက်တံ့ရှိ၏။
ယောဟန်ကထာ၀ရ ဘုရားကို မြင်သော်လည်း၊ ကျောက်အရောင်အ၀ါနှင့် သာရေးသား သွားသည်။ နဂါးသွဲ့ကျောက်သည် jasper ဖြစ်၍ ပတ္တမြားကျောက်သည် Ruby ဖြစ်သည်။ သက်တံ့သည် အရောင်ခုနှစ်ခုရိှသည်။ သို့သော် ယောဟန်မြင်သော သက်တန့်သည် အစိမ်းရင့်ရောင်ရှိသော မြကျောက်နှှင့်တူသည်။ သက်တံ့သည် ဘုရားနှင့် မြေကြီး အကြား ပြုသော ပဋ္ဋိညာဥ် ဖြစ်သည်၊ ဘုရားသခင်က၊ “ငါသည် မိုဃ်းကို အုံ့စေ သောအခါ၊ မိုဃ်းတိမ်၌ သက်တံ့သည် ထင်ရှားလိမ့်မည်။ ထိုအခါ ငါတဘက်၊ သင်တို့ မှစ၍၊ အသက် ရှင်သော သတ္တ၀ါ၊ တိရစ္ဆန်ရှိသမျှတို့ တဘက်၌ ရှိသော၊ ငါ၏ ပဋ္ဋိညာဥ်ကို ငါအောက်မေ့သဖြင့်၊ ခပ်သိမ်းသော သတ္တ၀ါတို့ကို ဖျက်ဆီးခြင်းငှါ၊ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ မိုဃ်းတိမ်၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီး ပေါ်မှာ အသက် ရှင်သော သတ္တ၀ါတိရစ္ဆာန် အပေါင်းတို့ စပ်ကြားမှာရှိသော ထာ၀ရ ပဋ္ဋိညာဥ်ကို ငါအောက်မေ့မည်။” (က ၉:၁၄-၁၆) ဟုဆိုသည်။ ဘုရားသခင်သည် ရေဖြင့် လူများကို မဖျက်ဆီးတော့မည့် အမှတ်သဂေ်တ ဖြစ်သည်။ ထို့ကြောင့် သက်တန့်မြင်တိုင်း၊ ဘုရားသခင်၏ မေတ္တာကို သိမြင်နိင်သည်။ သို့သော် ယခုအခါ လိင်တူဆက်ဆံသော သူများက၊ သူတို့၏ အမှတ်တံဆိပ်အဖြစ် အသုံးပြု ကြသည်။ မည်သို့ ပင်သုံးစေကာမူ သူတို့၏ အကျင့်သည်၊ ဘုရား မုန်းသော အပြစ် ဖြစ်သောကြောင့်၊ တရားစီရင်ခြင်းမှ လွတ်မြောက်နိင်မည် မဟုတ်။
၄။ ထိုပလ္လင်၏ ပတ်၀န်းကျင်၌ အခြားသော ပလ္လင်နှစ််ဆယ်လေးပလ္လင်ရှိ၏။ ထိုပလ္လင်တို့ အပေါ်၌ အသက် ကြီး သူနှစ်ဆယ်လေးပါးတို့သည် ဖြူသော အ၀တ်ကို ၀တ််ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင် နေကြ၏။
နှစ်ဆယ့်လေးပလ္လင်ပေါ်၌ ထိုင်သော၊ အသက် ကြီး သူနှစ်ဆယ့်လေးပါးတို့သည်၊ မည်သူတို့ ဖြစ်သနည်း။ မြန်မာကျမ်းစာနှင့် King James ကျမ်းစာ အရ ဖြစ်လျှင်၊ ထိုသူတို့သည် ယုံကြည်သူ အသင်းတော်ကို ဆိုလိုသည်။ ယောဟန်က”ထိုစာစောင်ကို ခံယူ သောအခါ၊ သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူနှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်း သူတို့၏ ပဌနာ တည်း ဟူသော၊ မီးရှို့ရာနံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍၊ သိုးသငယ် ရှေ့၌ ပြပ်၀ပ်လျက်၊ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသော အားဖြင့်၊ အသီးအသီးဘာသာစကားကို ုပြောသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှအ​ကျွန်ုပ်တို့ကို ယူ၍၊ အသွေးတော်နှင့် ဘုရားသခင် အဘို့၊ ရွေးနှုတ် တော်မူ၏။ အ​ကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီး ပေါ်မှာ စိုးစံရသော အခွင့်ကို ပေးတော်မူ၏။” (ဗျာ ၅:၈-၁၀) ဟု ရေးထားသည်။ အ​ကျွန်ပ်တို့ကိုဟုဆိုသောကြောင့်၊ ထိုအသက် ကြီး သူများသည်၊ သူတို့ အကြောင်းကို ပြောခြင်း ဖြစ်သည်။ အသီးအသီးဘာသာစကားကို ုပြောသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့သည်၊ တပါးအမျိုးသားများဖြစ်၍၊ အသွေးတော်နှင့် ဘုရားသခင် အဘို့ ရွေးနှုတ် တော်မူ၏၊ ဟုဆိုသောကြောင့်၊ အသင်းတော် ဖြစ်သည်ဟု ယူနိင်သည်။ ထို့အပြင် ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီး ပေါ်မှာ စိုးစံရသော အခွင့်ကို ပေးတော်မူ၏၊ ဟုဆိုသောကြောင့် (၁ ပေ ၂:၉) အရယုံကြည်သူများဖြစ်သည်။ ထိုသူတို့သည် ဖြူသော အ၀တ်ကို ၀တ်ဆင်သည်ဟုဆိုသည်။ ဖြူသော အ၀တ်သည် ​ဖြောင့်မတ်ခြင်း ဖြစ်ကြောင်း ဤသို့ ရေးထားသည်၊ “ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ၀တ်ဆင်ရသော အခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သတည်း။” (ဗျာ ၁၉:၈)။

“ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင် နေကြ၏။” ခေါင်းပေါ်၌ ဆောင်းသော ရွှေသရဖူသည် အောင်မြင်သော သူများ ကဆောင်းသော သရဖူ ဖြစ်သည်။ ရှင်ဘုရင်သရဖူ မဟုတ်။ ရှင်ဘုရင်သရဖူသည် အမွေအားဖြင့် လက်ဆင့်ကမ်းရတတ်သည်။ အောင်မြင်ခြင်း သရဖူသည် အမွေအားဖြင့် မဟုတ်၊ ကိုယ်တိုင်လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်သည်။

၅။ ပလ္လင်တော် ထဲကလျှပ်စစ်ပြက်၏။ စကား ပြောသံ၊ မိုဃ်းကြိုးသံလည်း မြည်၏။ ပလ္လင်တော် ရှေ့၌ ဘုရားသခင်၏ ၀ိညာဥ်ခုနှစ်ပါးတည်း ဟူသော၊ မီးခွက်ခုနှစ်လုံးတို့သည် ထွန်းလျက် ရှိကြ၏။
လျှပ်စစ်ပြက်ခြင်း၊ မိုဃ်းကြိုးသံမြည်ခြင်း များသည်၊ ဘုရားသခင်၏ ဘုန်းတန်ခိုးကို ဖေါ်ပြခြင်း ဖြစ်သည်။ ထာ၀ရ ဘုရားသည် လျှပ်စစ်ပြက်ခြင်း၊ မိုဃ်းကြိုးသံမြည်ခြင်း၊ မီးလောင်ခြင်းများအားဖြင့် လူများရှေ့၌၊ သူ၏ တန်ခိုးပြတတ်သည်။ ထာ၀ရ ဘုရားသည်၊ သိနာတောင်ပေါ်မှ ဣသရေလ လူများကို ဤသို့ စကား ပြောခဲ့သည်၊ “သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်းနှင့် တကွမိုဃ်းတိမ်တိုက်လွှမ်းမိုး၍၊ ကြီးသော အသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ ရှိသော လူအပေါင်းတို့သည် တုန်လှုပ်ကြ၏။” (ထွက် ၁၉:၁၆)။ ပညတ်တော် ဆယ်ပါးပေး သောအခါ၌လည်း၊ ဤသို့ တွေ့ရသည်၊ “လူ အပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်း အရာတို့ကို မြင် သောအခါ၊ ကြောက်သောကြောင့် ရွေ့၍ အဝေး၌ ရပ် နေကြ၏။ မောရှေကိုလည်း၊ အ​ကျွန်ုပ်တို့ အားကိုယ်တော် မိန့်တော်မူပါ၊ အ​ကျွန်ုပ်တို့သည် နားထောင် ပါမည်။ အ​ကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော် မမူပါစေနှင့်။ အ​ကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ် ပါသည်ဟု လျှောက်ဆိုကြ၏။ မောရှေကလည်း၊ မစိုးရိမ် ကြနှင့်။ သင်တို့ကို စုံစမ်းခြင်း ငှါ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း၊ ကိုယ်တော်ကို ကြောက်စေခြင်းငှါ၊ ဘုရားသခင်က ြွလာ တော်မူ ပြီ၊ ဟု လူများ တို့အား ပြောဆို၏။ လူများတို့ သည်လည်း အဝေး၌ ရပ် နေကြ၏။ မောရှေမူကား၊ ဘုရားသခင် ရှိတော်မူ ရာထူထပ်သော မှောင်မိုက်သို့ ချဥ်းကပ်လေ၏။ ထာ၀ရ ဘုရား ကလည်း၊ ဣသရေလ အမျိုးသားတို့ အား၊ ပြန်ပြောရသော စကား ဟူမူကား၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ။” (ထွက် ၂၀:၁၈-၂၂) ဟုဆိုခဲ့သည်။ ဘုရားသခင်က သူ၏ ဘုန်းတန်ခိုးကို ပြသောအခါ၊ ဣသရေလ လူများသည်၊ အလွန် ကြောက်ရွံ့တုန်လှုပ် ကြသည်။ ယနေ့ လူများသည် ဘုရား၏ ဘုန်းကို မမြင်၊ မကြားသောကြောင့် မကြောက်ကြ၊ ဂရုမစိုက်ကြချေ။

“ဘုရားသခင်၏ ၀ိညာဥ်ခုနှစ်ပါးတည်း ဟူသော မီးခွက်ခုနှစ်လုံး” ၀ိညာဥ်တော်သည် မီးခွက်နှင့် နှုိင်းထားသည်။ အဘယ်ကြောင့်နည်းဟူမူကား၊ မီးခွက်သည် လင်းစေသောအရာ ဖြစ်သည်။ မီးခွက်ကို လင်းစေသောအရာ သည်၊ သံလွင်ဆီ ဖြစ်သည်။ ထိုသံလွင်ဆီသည် ၀ိညာဥ်တော်နှင့် တူသည်။ လူသည် မီးခွက် ဖြစ်၍၊ လူကို လင်းစေသောအရာ သည်၊ သန့်ရှင်းသော ၀ိညာဥ်တော် ဖြစ်သည်။

၆။ ပလ္လင်တော် ရှေ့၌လည်း၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏ အတွင်း ၌၎င်း၊ ပတ်၀န်းကျင်၌၎င်း၊ မျက်စိနှင့် တကိုယ်လုံးပြည့်သော သတ္တ၀ါလေးပါးရှိ၏။
ကျောက်သလင်းနှင့် တူသော ဖန်ရေကန်သည်၊ တဲတော် ရှေ့၌ ရှိသော ​ကြေး၀ါအင်တုံ ဖြစ်မည်။ ထိုအင်တုံ၌ ရေထည့်ထား၍၊ ထိုရေဖြင့် ယဇ်ပုရောဟိတ် များ သန့်ရှင်းရေးလုပ်ရသည်။ ယဇ်ကောင်များကိုလည်း ဆေးကြောရသည်။ ဘုရား ထံယဇ်ပူဇော် သောအခါ၊ သန့်ရှင်းဘို့ လိုအပ်သည်။ ကောင်းကင် ရှိဖန်ရေကန်သည်၊ သန့်ရှင်းခြင်းကို ဖေါ်ပြခြင်း ဖြစ်မည်။ “မျက်စိနှင့် တကိုယ်လုံးပြည့်သော သတ္တ၀ါလေးပါးရှိ၏။” သတ္တ၀ါလေးပါးတို့သည် တကိုယ်လုံးမျက်စိနှင့် ပြည့်သည်ဟုဆိုသည်။ မျက်စိသည် မြင်နိင်ခြင်းကို ဖေါ်ပြသည်။ လူ၌ မျက်စိနှစ်လုံးသာရှိသောကြောင့် အရှေ့နှင့် ဘေးကို သာမြင်နိင်သည်။ အနောက်ဘက်မမြင်နိင်ချေ။ တကိုယ်လုံးမျက်စိရှိသောကြောင့် အရပ်လေးမျက်နှာမြင်နိ်င်ကြောင်းကို ဖေါ်ပြသည်။ ထိုသတ္တ၀ါလေးပါးကို အောက်ပါကျမ်းပိုဒ်များ၌လည်း တွေ့ရသည်၊ ဗျာ ၅:၆-၁၄၊ ၆:၁-၈၊ ၁၄:၃၊ ၁၅:ရ၊ ၁၉:၄။
ရ။ ပဌမ သတ္တ၀ါသည် ခြင်္သေ့နှင့် တူ၏။ ဒုတိယသတ္တ၀ါသည် နွားသငယ်နှင့် တူ၏။ တတိယသတ္တ၀ါသည် လူမျက်နှာရှိ၏။ စတုတ္ထသတ္တ၀ါသည် ပျံလျက် ရှိသော လင်းယုန်နှင့် တူ၏။
သတ္တ၀ါလေးပါးကို ပရောဖက် ယေဇကျေလကလည်း ဤကဲ့သို့ မြင်ဘူးပြီ၊ “ငါကြည့်ရှု၍ ပြင်းစွာသော လေ၊ ကြီးစွာသော မိုဃ်းတိမ်၊ ထွန်းလင်းသော မီးစက်သည် မြောက််မျက်နှာမှပေါ်လာ၏။ မီးစက်ထဲကဟရှမေလရွှေရောင်ထွက်လေ၏၊၊ ထိုမီးစက်ထဲမှာသတ္တ၀ါလေးပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တ၀ါတို့၏ အဆင်းသဏ္ဍာန်ဟူမူကား၊ လူ၏ ပုံသဏ္ဍာန်ကို ဆောင်၍ မျက်နှာလေးခုစီ၊ အတောင်လည်း လေးခုစီရှိကြ၏။ ​ခြေထောက်သည် ​ဖြောင့်သော ​ခြေထောက် ဖြစ်၏။ ​ခြေဘ၀ါးသည် နွားသငယ်၏ ​ခြေဘ၀ါးကဲ့သို့ဖြစ်၍ ဦးသစ်သော ​ကြေး၀ါကဲ့သို့ တောက်လေ၏။ ကိုယ်လေးမျက်နှာအတောင်အောက်၌ လူလက်ရှိ၏၊ ထိုလေးပါးတို့သည် မျက်နှာတို့နှင့်၎င်း၊ အတောင်တို့နှင့်၎င်း၊ ပြည့်စုံကြ၏။ အတောင်ချင်း တခုနှင့် တခုစပ်လျက် ရှိ၍၊ ထိုသတ္တ၀ါတို့ သွား သောအခါ တပါးမျှမလည်ဘဲ၊ တည့်တည့်သွားတတ်ကြ၏။ မျက်နှာအဆင်းသဏ္ဍာန်ဟူမူကား၊ သတ္တ၀ါလေးပါးတို့သည် လကျ်ာဘက်၌ လူမျက်နှာ၊ ခြင်္သေ့မျက်နှာနှင့်၎င်း၊ လက်ဝဲဘက်၌ နွားမျက်နှာ၊ လင်းယုန်မျက်နှာနှင့် ပြည် စုံကြ၏။” (ယေဇ ၁:၄-၁၀)

ထိုသတ္တ၀ါများကို၊ မြေကြီး ပေါ်မှာ နေသော လူသားများအနေဖြင့်၊ ရှင်းလင်းစွာ နားမလည်နိင်ချေ။ သတ္တ၀ါလေးပါးသည် သခင်ယေရှုကို သရုပ်ဖေါ်သော ခရစ်၀င်ကျမ်းလေးကျမ်းနှင့် တူသည်။ မဿဲက ခရစ်တော်ကို်ရှင်ဘုရင်အဖြစ် ရုပ်လုံးဖေါ်၍၊ တောဘုရင်ခြင်္သေ့နှင့် တူသည်။ မျိုးစဥ်ဆက်ကိုလည်း အာဗြဟံမှစတင်၍ ဖေါ်ပြသည်။ မာကုက ခရစ်တော်ကို အစေခံ​ကျွန်အဖြစ် ဖေါ်ပြ၍၊ နွားကဲ့သို့ဖြစ်သည်။ မျိုးစဥ်ဆက်ကိုလည်း မဖေါ်ပြဘဲ၊ ဘုရား၏ ​ကျွန်ဗတ္တိဇံယောဟန်မှစတင်၍၊ အစပြုလိုက်သည်။ လုကာက ခရစ်တော်ကို လူသား အနေဖြင့် သရုပ်ဖေါ်၍၊ မျိုးစဥ်ဆက်ကိုလည်း အာဒံမှစသည်။ ယောဟန်က ခရစ်တော်ကို ဘုရား အဖြစ် ဖေါ်ပြ၍၊ ကောင်းကင်၌ ပျံဝဲသော လင်းယုန်နှင့် တူသည်။ မျိုးစဥ်ဆက်ကိုလည်း ဘုရား မှစသည်။ ထိုသတ္တ၀ါလေးပါးသည်၊ ဘုရားသခင်၏ ပလ္လင်တော် အနားမှာရှိသောကြောင့်၊ ကောင်းကင်တမန် များဖြစ်နိင်သည်။

၈။ ထိုသတ္တ၀ါလေးပါးတို့၏ကိုယ်ပတ်၀န်းကျင်၌၊ တပါးတပါးလျှင် အတောင်​ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့် ပြည့်ကြ၏။ သူတို့ ကလည်း၊ အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဥ်ရှိ တော်မူသော ထာ၀ရ အရှင် ဘုရားသခင်သည်၊ သန့်ရှင်း တော်မူ၏၊ သန့်ရှင်း တော်မူ၏၊ သန့်ရှင်း တော်မူ၏ဟု နေ့ညဥ့်မပြတ် ငြိမ်၍ မနေဘဲ ပြောဆို ကြ၏။
သတ္တ၀ါလေးပါးတို့သည် အတောင်​ခြောက်ခုစီရှိသည်ဟုဆိုသည်။ ယေဇကျေလကအတောင်လေးခုစီဖြင့် မြင်ခဲ့သည်။ အတွင်း ၌ မျက်စိနှင့် ပြည့်ခြင်းသည်၊ အရာခပ်သိမ်းမြင်နိင်ခြင်း ဖြစ်သည်။ သူတို့သည် ကောင်းကင်တမန် များဖြစ်သည်။ သူတို့ ကထာ၀ရ ဘုရားကို သန့်ရှင်း တော်မူ၏ဟု နေ့ညဥ့်မပြတ် ပြောဆို၏ဟုဆိုသောအရာ သည်လောက လူသားများအတွက် နားလည်ဘို့ ခက်သည်။ အကြောင်းမှာ လူသည် ငြေးငွေ့တတ်၊ ပင်ပန်းတတ်သည်။ သို့သော် ကောင်းကင်၌ ထိုသို့မဟုတ်။ နေ့ညဥ့်မပြတ်ဟုဆိုရာကောင်းကင်၌ နေမရှိတော့သောကြောင့် နေ၀င်နေထွက်ခြင်း မရှိ။ ထို့ကြောင့် ညဥ့်လည်းရှိမည် မဟုတ်။ ထိုအရာသည် မြေကြီး ပေါ်မှ နားလည်နိင်ရန်ရေးသားခြင်း ဖြစ်သည်။ ဆိုလိုသည် မှာအဆက်မပြတ်ဟုဆိုခြင်း ဖြစ်သည်။ သတ္တ၀ါများ၏ ပြောဆိုခြင်း သည်၊ ဘုရားသခင်၏ ကျေးဇူးတော် မဟုတ်ဘဲ၊ ဂုဏ်တော်ကို ချီးမွမ်းခြင်း ဖြစ်သည်။ ယုံကြည်သူများလည်း ကောင်းကင် ရောက်လျှင်၊ ထိုကဲ့သို့ ချီးမွမ်းရကြဦးမည် ဖြစ်သောကြောင့်၊ ယခုမှစ၍ ဘုရား၏ ဂုဏ်တော် များကို ချီးမွမ်းသင့်သည်။
၉။ ပလ္လင်ပေါ်မှာ ထိုင်၍၊ ကမ္ဘာအဆက်ဆက်အသက် ရှင် တော်မူသော သူ၏ ဘုန်းအသရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တ၀ါတို့သည် ချီးမွမ်းကြ သောအခါ၊
ပလ္လင်ပေါ်မှာ ထိုင်၍ ကမ္ဘာအဆက်ဆက်အသက် ရှင် တော်မူသော သူသည်၊ ထာ၀ရ ဘုရား ဖြစ်သည်။ ကမ္ဘာအဆက်ဆက်ဟူသောအရာ သည်၊ အစဥ်ထာ၀ရ ဟူသော အဓိပ္ပါယ်ရှိသည်။ ထိုအရာသည် ဘုရား၏ ဂုဏ်တော် ဖြစ်သည်။ သူတို့သည် ဘုရား၏ ဘုန်းတော်နှင့် ဂုဏ်တော် များကို ချီးမွမ်း ကြသည်။
၁၀။ အသက် ကြီး သူနှစ်ဆယ်လေးပါးတို့သည်၊ ပလ္လင်တော် ပေါ်မှာ ထိုင် တော်မူသော သူရှေ့၌ ပြပ်၀ပ်လျက်၊ ကမ္ဘာအဆက်ဆက်အသက် ရှင် တော်မူသော သူကို၊ ကိုး ကွယ်လျက်၊ ၁၁။ အိုထာ၀ရ ဘုရား၊ ကိုယ်တော်သည်၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်း တော်မူ ပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့် ဖြစ်၍၊ ဖန်ဆင်းလျက် ရှိကြပါ၏။ ထိုကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစား ထိုက် တော်မူ၏ဟု လျှောက်ဆို၍၊ ပလ္လင်တော် ရှေ့၌ မိမိတို့ သရဖူများကို ချထားကြ၏။
အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊ ထာ၀ရ ဘုရားရှေ့၌ ပြပ်၀ပ်လျက်ကိုး ကွယ်သည်၊ ဟုဆိုသည်။ ပြပ်၀ပ်ခြင်းသည် နှိမ့်ချခြင်းကို ဖေါ်ပြသည်။ ယနေ့ ယုံကြည်သူများသည် ဘုရားကိုး ကွယ် သောအခါ၊ ပြပ်၀ပ်ခြင်း မပြုကြချေ။ ဘုရားသခင်သည် ကောင်းကင် မှာရှိ၍၊ လူသည် မြေကြီး ပေါ်မှာ ရှိသောကြောင့် ဖြစ်မည်။ အသက် ကြီး သူတို့က ဘုရားသခင်ကို ဖန်ဆင်းရှင် ဖြစ်ကြောင်း၊ ဘုန်းအသရေ၊ တန်ခိုးတော်ကို၊ ခံထိုက်ကြောင်း ချီးမွမ်း ကြသည်။ သူတို့၏ သရဖူများ ကိုလည်း မဆောင်းဘဲ ရှေ့တော်၌ ချထား ကြသည်။ သရဖူများသည် သူတိုိ့ရရှိသော အောင်မြင်ခြင်း သရဖူများ ဖြစ်သည်။ ထိုသရဖူများ ချခြင်းသည် နှိမ့်ချခြင်း၊ ရိုသေခြင်းကို ဖေါ်ပြသည်။ ဘုရားသခင် ရှေ့၌ မည်သူမျှ၊ ၀ါကြွားထိုက်သော သူမရှိ။ ယနေ့ လူသား များသည်၊ ဘုရားသခင်နှင့် ဝေးလွန်းသောကြောင့်၊ မိမိတို့၏ အစွမ်း၊ သတ္တိ၊ အောင်မြင်ခြင်း၊ ယပိုင်ဆိုင်မှု များကို ဂုဏ်ယူ ၀င့်ကြွားတတ် ကြသည်။ ဘုရားသခင် ရှေ့၌ ရှိလျှင်၊ မည်သူကမျှထိုကဲ့သို့ နေရဲမည့်သူမရှိ။ ထိုကြောင့်ယခုကတည်းက၊ ဘုရားရှေ့မှာ ရှိကြောင်းကို သိ၍၊ နှိမ့်ချစွာ နေသင့်သည်။

မေးခွန်းများ

၁။ ကောင်းကင် မြင်ခဲ့သော သူများသည်၊ —————————————————————————————————————
၂။ ယောဟန်သည် မည်သည့်နေရာသို့ ရောက်သွားသနည်း။ —————————————————
၃။ ယောဟန်ကို မည်သည့်အချိန်၌ ဖြစ်မည့် အရာများကို ဖေါ်ပြသနည်း။ —————————————————
၄။ သက်တန့်သည် ဘာကို ဆိုလိုသနည်း။ —————————————————
၅။ ပလ္လင်တော် ပေါ်၌ မည်သူထိုင်သနည်း။ ———————–သူ့ကို ဘာနှင့် ဖေါ်ပြသနည်း။ —————————————
၆။ အသက် ကြီး သူနှစ်ဆယ့်လေးပါးတို့သည်၊ မည် သူများ ဖြစ်နိင်သနည်း။ ———————————-အဘယ်ကြောင့်နည်း။ —————————————————
ရ။ အဘယ်ကြောင့် ဘုရားသခင်က လူများကို မိုဃ်းကြိုးသံ၊ ကြီးသော အသံနှင့် စကား ပြောသနည်း။ —————————————————
၈။ တကိုယ်လုံးမျက်စိနှင့် ပြည့်သော သူများသည်၊ မည်သူတို့ ဖြစ်မည်နည်း။ —————————————————
၉။ သတ္တ၀ါလေးပါးက ဘုရားသခင်၏ ဘာကို ချီးမွမ်းကြသနည်း။ ————————————————— ၁
၀။ ကမ္ဘာအဆက်ဆက်သည်၊ ဘာကို ဆိုလိုသနည်း။ ————————————————— ၁
၁။ အသက် ကြီး သူတို့ ကအဘယ်ကြောင့် သူတို့၏ သရဖူကို ချထားကြသနည်း။ ———————————————-

.

ဗျာဒိတ်ကျမ်း ၅

ကောင်းကင် မြင်ကွင်းအဆက်

ဗျာဒိတ် အခန်းကြီး ငါးသည် အခန်းကြီး လေး၏ အဆက် ဖြစ်သည်။ ကောင်းကင် မြင်ကွင်းကို ဆက်လက် ဖေါ်ပြထားသည်။

၁။ ထိုအခါ တဘက်တချက်၌ အက္ခရာတင်၍၊ တံဆိပ်ခုနှစ်ချက်ခတ်သော စာစောင်ကို ပလ္လင်တော် ပေါ်မှာ ထိုင် တော်မူသော သူ၏ လက််ျာလက်၌ ငါမြင်၏။
ပလ္လင်တော် ပေါ်တွင် ထိုင် တော်မူသော သူသည်၊ ထာ၀ရ ဘုရားသခင် ဖြစ်သည်။ သူ၏ လက်ျာလက်၌ စာစောင်ကိုင်ထားသည်။ ထိုစာစောင်၌ တဘက်တချက်၌ စာရေးထားကာ၊ တံဆိပ်ခုနှစ်ချက်ဖြင့် ခတ်ထားသည်။ ထိုစာစောင်၌ ရေးထားသောအရာ များကို အခန်းကြီး ၆၊ ရနှင့် ၈တွင် တွေ့နိင်သည်။
၂။ အားကြီးသော ကောင်းကင်တမန် တပါးက၊ ထိုစာစောင်ကို ဖွင့်၍ တံဆိပ်တို့ကို ခွါခြင်းငှါ အဘယ်သူ ထိုက်သနည်းဟု ကြီးသော အသံနှင့် ကြွေးကြော်လျက် ရှိသည်ကို ငါမြင်၏။
ကောင်းကင်တမန်ကို အားကြီးသော သူဟုဆိုထားသည်။ ကောင်းကင်တမန် များသည် လူနှင့် နှုိင်းဆ၍ မရအောင် အားကြီး ကြသည်။ ကောင်းကင်တမန် တပါးတည်း ကအာရှုရိစစ်သား၊ တသိန်းရှစ်သောင်းငါးထောင်ကို တညတည်း၌ သတ်နိင်သည် (ဟေရှာယ ၃ရ:၃၆)။ သူတို့သည် ၀ိညာဥ် ဖြစ်သောကြောင့် အားကြီးသည်။ ထိုသူကတံဆိပ်ခွါမည့်သူကို ရှာနေသည်။
၃။ ထိုစာစောင်ကို ဖွင့်၍ ကြည့်ခြင်းငှါ၊ ကောင်းကင်၊ မြေကြီး၊ မြေကြီး အောက်၌ အဘယ်သူ မျှ မတတ်နိုင်။ ထိုစာစောင်ကို ဖွင့်၍ ကြည့်ထိုက်သောသူ၊ တယောက်ကို မျှရှာ၍ မတွေ့သောကြောင့်၊ ငါသည် များစွာ ငို​ကြွေးလေ၏။
စာစောင်ကို ဖွင့်၍ ကြည့်ခြင်းငှါ၊ ကောင်းကင် မြေကြီး မြေကြီး အောက်၌၊ အဘယ်သူ မျှမရှိဟုဆိုသည်။ ထိုသို့ မရှိသောကြောင့် ယောဟန်သည်၊ များစွာ ငိုကြွေးသည်။ အဘယ်ကြောင့်နည်း။ သူကိုယ်တိုင်အဘယ်ကြောင့်ငိုကြွေးသည်ကို မဖေါ်ပြ သောကြောင့်၊ အဘယ်သူ ကမျှ မသိနိင်ချေ။ သို့သော် ငိုကြွေးခြင်းသည် ၀မ်းနည်းခြင်း၏ လက္ခဏာ ဖြစ်သည်။ သူသည် အလွန် ၀မ်းနည်းသည်။
၄။ ထိုအခါ အသက် ကြီးသော သူတပါးက၊ မငို​ကြွေးနှင့်။ ယုဒအမျိုးခြင်္သေ့တည်း ဟူသော ဒါ၀ိဒ်၏ အမြစ်သည်
ယောဟန်ကို အသက် ကြီးသော သူကမငိုကြွေးဘို့ ပြောသည်။ အဘယ်ကြောင့်နည်းဟူမူကား စာစောင်ဖွင့်နိင်မည့်သူ ရှိပြီ။ ထိုသူသည် ယုဒအမျိုး၊ ခြင်္သေ့၊ ဒါ၀ိဒ်၏ အမြစ် ဖြစ်သည်။ ထိုသူသည် ခရစ်တော် ပင် ဖြစ်သည်။ ခရစ်တော်သည် ယုဒအမျိုးမှလူ့ဇာတိကို ခံယူသည်။ ခြင်္သေ့သည် တောဘုရင်ဟုဆိုလေ့ရှိသည်။ ခရစ်တော်သည် ဘုရင် ဖြစ်သည်။ သူ မွေးဘွား သောအခါ ယုဒရှင်ဘုရင်ဟုဆိုသည်။ ခရစ်တော်သည် ဘုရင်မလုပ်ဘူးသော်လည်း၊ အနှစ်တစ်ထောင်ကာလ တွင်၊ ဘုရင် ဖြစ်မှာ ဖြစ်သောကြောင့် ဘုရင်ဟုဆိုသည်။ ဒါ၀ိဒ်၏ အမြစ်ဆိုသည်မှာ၊ ဒါ၀ိဒ်၏ ဘိုးဘွား ဖြစ်ခြင်းကို ုဆိုလိုသည်။ လူ့ဇာတိအားဖြင့် ဒါ၀ိဒ်၏သား စဥ်မြေးဆက် ဖြစ်သော်လည်း၊ ဘုရား ဇာတိအားဖြင့် ဒါ၀ိဒ်၏ အမြစ် ဖြစ်သည်။ ထိုအရာကို သူကိုယ်တိုင်ကဖာရိရှဲများထံ၊ ဤသို့ မေးခဲ့ဘူးသည်၊ “ဖာရိရဲှတို့သည် စုဝေး၍ နေကြစဥ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ ထင်မှတ်ကြသနည်း။ အဘယ်သူ၏သား ဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါ၀ိဒ်၏သား ဖြစ်သည်ဟု လျှောက်ကြသော်၊ သို့ဖြစ်လျှင် ဒါ၀ိဒ်သည် ခရစ်တော်ကို သခင်ဟူ၍၊ ၀ိညာဥ်တော် အားဖြင့် အဘယ်ကြောင့်ခေါ်သနည်း။ ဒါ၀ိဒ်၏ စကားမှာ၊ ထာ၀ရ ဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ ​ခြေတင်ရာငါမချမထားမှီတိုင်အောင်၊ ငါ့လကျ်ာဘက်၌ ထိုင်နေလော့၊ ဟု ငါ၏ သခင်အား မိန့်တော်မူသည်ဟု ဒါ၀ိဒ်ဆိုသတည်း။” (မ ၂၂:၄၁-၄၄)။ ဖာရိရှဲများသည် ခရစ်တော် မေးသော မေးခွန်းကို၊ မ​ဖြေနိင်ခဲ့ကြချေ။ အကြောင်းမှာ ခရစ်တော်၏ အဖြစ်တော်ကို မသိသောကြောင့် ဖြစ်သည်။
၅။ ထိုစာစောင်ကို၎င်း၊ တံဆိပ်ခုနှစ်ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင် လေပြီဟု ငါ့ကို ပြောဆို၏။
ခရစ်တော်သည်၊ စာစောင်၏ တံဆိပ်ခုနှစ်ချက်ကို ဖွင့်ခြင်းငှါ၊ အောင်မြင် လေပြီဟုဆိုသည်။ ထိုကြောင့်အသက် ကြီး သူတပါးက၊ ယောဟန်ကို မငိုကြွေးဘို့ နှစ်သိမ့်ခဲ့ခြင်း ဖြစ်သည်။ ခရစ်တော်သည် ဘာအောင်မြင် သနည်း။ စာစောင်အထဲ၌ ပါသော အကြောင်း အရာများသည်၊ ကောင်းကင်နှင့် မြေကြီး အပေါ် ဘုရားသခင်၏၊ တရားစီရင်သော အချက်များ ဖြစ်သည်။ ထိုအရာကို ခရစ်တော် ကသာလျှင် ဖွင့်ပြနိင်သည်။ အကြောင်းမှာ၊ သူကိုယ်တိုင်က၊ “ယေရှုသည် အနီးအပါးသို့ ချဥ်း တော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီး ပေါ်၌၎င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှ တို့ကို ငါခံရပြီ။”ဟုဆိုခဲ့သည် (မ ၂၉:၁၈)။ တဖန်၊ “ငါသည်လောကကိုအောင် ပြီဟု မိန့်တော်မူ၏။” (ယော ၁၆)
၆။ ထိုအခါ ပလ္လင်တော် မှစသော၊ သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူတို့ အလယ်၌၊ အသေသတ်ပြီး သကဲ့သို့သော သိုးသငယ်သည်၊ ရပ်လျက် ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီး တပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ၀ိညာဥ် ခုနစ်ပါးတည်း ဟူသော၊ မျက်စိ ခုနစ်လုံးနှင့် ချိုခုနှစ်ချောင်းရှိ၏။
အသေသတ်ပြီး သကဲ့သို့သော သိုးသငယ်သည်၊ အဘယ်သူ နည်း။ ခရစ်တော် ပင် ဖြစ်သည်။ သူသည် ဘုရား စကားကို တသဝေမတိမ်း နားထောင် သောကြောင့်၊ သိုးသငယ်ဟု တင်စားသည်။ အသေသတ်ပြီး သကဲ့သို့ ဆိုခြင်းသည်၊ သေပြီးမှရှင်ပြန်ထမြောက် ခဲ့ပြီး သောကြောင့် ဖြစ်သည်။ သူသည် ခမည်းတော် ရှေ့၊ သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူတို့ အလယ်၌ ရပ်သည်။ ဘုရားသခင်၏ ၀ိညာဥ်ခုနှစ်ပါးသည်၊ ဘုရားသခင်၏ နံပါတ် ဖြစ်သည်။ ခုနှစ်သည် ပြည့်စုံခြင်း ဖြစ်သည်။ ရက်သတ္ တပတ်၌ ခုနှစ်ရက်ရှိသည်။ မျက်စိသည် အားလုံးကို မြင်ခြင်း၊ ချိုသည် အစွမ်းသတ္တိရှိခြင်းကို ဆိုလိုသည်။
၇။ သူသည် လာ၍ ပလ္လင်တော် ပေါ်မှာ၊ ထိုင် တော်မူသော သူ၏၊ လက်ျာလက်မှစာစောင်ကို ခံယူလေ၏။
ခရစ်တော်သည်၊ ပလ္လင်တော် ပေါ်မှာ ထိုင် တော်မူသော သူ၏၊ လက်ျာလက်မှစာစောင်ကို၊ ဖွင့်ဘို့ရန် ယူလေသည်။
၈။ ထိုစာစောင်ကို ခံယူ သောအခါ၊ သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူနှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်း သူတို့၏ ပဌနာ တည်း ဟူသော၊ မီးရှို့ရာနံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍၊ သိုးသငယ် ရှေ့၌ ပြပ်၀ပ်လျက်၊
သန့်ရှင်းသူတို့သည်၊ ယုံကြည်သူများကို ဆိုလိုသည်။ ယခုခေတ်၌ ယုံကြည်သူများ ဟူ၍သာ ခေါ်ရဲ ကြသည်။ ထိုကျမ်းစာ ရေးသားသော ခေတ်၌၊ ယုံကြည်သူများကို သန့်ရှင်း သူများဟု ခေါ် ကြသည်။ ယခုခေတ်တွင်၊ အနေအထိ ုင်အပြု အမူ အစားအသောက်၊ မသန့်ရှင်းသောကြောင့် သန့်ရှင်း သူများဟု မခေါ်ရဲကြခြင်း ဖြစ်သည်။ တဲတော်နှင့် ဗိမာန်တော်၌ နံနက်ညနေ၊ တရက်တွင် နှစ်ကြိမ်ယဇ်ပုရောဟိတ် များက၊ နံ့သာပေါင်းမွှေးကို မီးရှို့တတ်သည်။ ထိုအရာသည် သန့်ရှင်း သူများ၏ ပဌနာ၊ ဆုတောင်းခြင်းဟုဆိုသည်။ သားသမီး များ၊ ချစ်သူ၏ စကားသည် ချို၍ မွှေး သကဲ့သို့၊ ယုံကြည်သူများ၏ ဆုတောင်း သံလည်း၊ ဘုရားသခင် အတွက် နံ့သာပေါင်းမွှေးကဲ့သို့ဖြစ်သည်။ နံ့သာပေါင်းမွှေးကို ရွှေလင်ပန်း၌ ထည့်တတ်သည်။

“စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍၊ ” စောင်းသည် တီးဘို့ရန် ဖြစ်သည်။ အသက် ကြီး သူနှစ်ဆယ့်လေးပါးတို့သည်၊ သန့်ရှင်း သူတို့၏ ပဌနာ တည်း ဟူသော၊ မီးရှို့ရာနံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍၊ သိုးသငယ် ရှေ့၌ ပြပ်၀ပ်လျက်၊ ဟုဆိုခြင်းသည် သိုးသငယ် တည်း ဟူသော ခရစ်တော်ကို၊ ကိုး ကွယ်ကြခြင်း ဖြစ်သည်။ သူတို့သည် သန့်ရှင်း သူတို့၏ ဆုတောင်းသောအရာ နှင့်၊ ချီးမွမ်းသော သီချင်းများအားဖြင့်၊ ကိုး ကွယ်ကြခြင်း ဖြစ်သည်။ ထိုအရာကို ဗတ္တိဇံဆရာယောဟန်၏ ဖခင်၊ ယဇ်ပုရောဟိတ် ဇာခရိနှင့် ဣသရေလ လူများ လုပ်ဆောင်မှု၌၊ တွေ့မြင်နိင်သည်။ ပရိသတ်များ ကပြင်၌ ဆုတောင်း ကြစဥ်တွင်၊ ယဇ်ပုရောဟိတ် ဇာခရိသည်၊ သန့်ရှင်းရာဌါနတော်၌ နံ့သာပေါင်းမွှေးကို မီးရှို့နေသည် (လု ၁:၈-၁၀)။

၉။ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသော အားဖြင့်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ၊ အ​ကျွန်ုပ်တို့ကို ယူ၍၊ အသွေးတော်နှင့် ဘုရားသခင် အဘို့ ရွေးနှုတ် တော်မူ၏။
အသက် ကြီး သူနှစ်ဆယ့်လေးပါးတို့သည်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်တို့ အထဲမှ ဖြစ်သောကြောင့်၊ ကောင်းကင်တမန် များမဟုတ်ဘဲ ယုံကြည်သူများဖြစ်သည်။ သူတို့သည် ကောင်းကင် ရောက်ယုံကြည်သူများကို ပုံဆောင်သည်။ သူတို့က ခရစ်တော်ထံ၊ အသေခံခြင်းအားဖြင့် အသွေးတော်နှင့် ဘုရားသခင် အဘို့ ရွေးနှုတ် တော်မူသည်၊ ဟုဆိုသောကြောင့် ကောင်းကင်တမန် များမဟုတ်ကြောင်း ပို၍ သေချာစေသည်။ ကောင်းကင်တမန် များသည် ရွေးနှုတ်စရာ မလို။ ထိုအပြင်၊ “အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ”ဟုဆိုသောကြောင့် သူတို့သည် လူအမျိုးမျိုး အထဲမှ ဖြစ်သည်။
၁၀။ အ​ကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီး ပေါ်မှာ စိုးစံရသော အခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကို ခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက် တော်မူ၏၊ ဟု အသစ်သော သီချင်းကို သီ၍ လျှောက်ဆိုကြ၏။
အသက်ကြီးသူများက သူတို့သည် ဘုရားသခင် ရှေ့၌၊ ရှင်ဘုရင်အရာ၊ ယဇ်ပုရောဟိတ် အရာ၊ မြေကြီး ပေါ်မှာ စိုးစံရသော အခွင့်ကို ပေးသည်ဟုဆိုထားသည်။ ထိုအရာကို ပေတရုကယုံကြည်သူများထံဤသို့ စာရေးခဲ့သည်၊ “သင်တို့ မူကား မှောင်မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်း တော်မူသော သူ၏၊ ဂုဏ်ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ် တော်မူသော အမျိုး ဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက် တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။” (၁ ပေ ၂:၉)။ ယုံကြည်သူများသည် ယဇ်ပုရောဟိတ် ဖြစ်သည်။ ယဇ်ပုရောဟိတ် များ၏ အလုပ်သည် လူများအတွက် ဘုရား ထံ ဆုတောင်း ပေးခြင်း နှင့်၊ ဘုရားကိုယ်စားလူများကို ဘုရား၏ အလိုတော် သင်ပေးခြင်း ပြုလုပ် ရသည်။ ထို့ကြောင့် ယုံကြည်သူ တိုင်း ထိုအလုပ်ကို လုပ်ရမည်။ ထိုအရာကို ယခုအချိန်တွင် ပြုလုပ် ရမည်။ အနှစ်တစ်ထောင်ကာလတွင် ယုံကြည်သူများသည်၊ မြေကြီး ပေါ်သို့ ခရစ်တော်နှင့်အတူ ဆင်းသက်၍၊ အုပ်စိုး သူများ ဖြစ်မည်။ ထိုကြောင့်ယခုအချိန် တွင်၊ သခင်၏ စကား နားထောင်ခြင်းအားဖြင့် သင်ထားရမည်။ အသက် ကြီး သူများက၊ တံဆိပ်ခတ်သော စာစောင်ကို ဖွင့်ထိုက်သည် ဟူသော သီးချင်းအားဖြင့်၊ ခရစ်တော်ကို ဂုဏ်ပြုသီချင်းသီဆို ကြသည်။ ထိုကြောင့်သူတို့ လက်၌ စောင်းကိုင်ကြခြင်း ဖြစ်သည်။
၁၁။ ထိုအခါ ငါကြည့်၍၊ ပလ္လင်တော် မှစသော သတ္တ၀ါတို့ နှင့်၊ အသက် ကြီး သူတို့၏ ပတ်၀န်းကျင်၌၊ ကု​ဋေသင်္ချေမကအတိုင်း မသိများစွာ သော၊ ကောင်းကင်တမန် တို့၏ အသံကို ငါကြား၏။
ဤလောက၌ လူအများစုက ဘုရားသခင်ကို ဂရုမစိုက်၊ မကိုး ကွယ်၊ စကား နားမထောင်ကြသော်လည်း၊ ဘုရားသခင်၌ သူ့ကိုကိုး ကွယ်ခစားမည့်သူ၊ ကု​ဋေသင်္ချေမကအတိုင်း မသိများစွာသော ကောင်းကင်တမန် များရှိကြောင်း၊ သိရ သောအခါ အလွန်အားရစရာ ကောင်းသည်။
၁၂။ ထိုသူတို့ ကလည်း၊ အသေသတ်ခြင်းကို ခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီး မင်္ဂလာကို ခံထိုက် တော်မူ၏ ဟု၊ ကြီးသော အသံနှင့် ပြောဆို ကြ၏။
ထိုကောင်းကင်တမန် များကလည်း၊ ခရစ်တော်၏ ဂုဏ်တော်နှင့် ဘုန်းတော်ကို ချီးမွမ်း ကြသည်။ ထို့ကြောင့် ယုံကြည်သူများအနေဖြင့်၊ ခရစ်တော်၏ ဂုဏ်တော်နှင့် ဘုန်းတော် များကို ဆင်ခြင်၍၊ အစဥ်သဖြင့် ချီးမွမ်းသင့်သည်။ ယခုမူကား သူ၏ ဘုန်းနှင့် ဂုဏ်တော်ကို မချီးမွမ်းဘဲ၊ မိမိ အလိုဆန္ဒကို သာဖြည့်ဆည်းပေးဘို့ရန် ဆုတောင်း တတ် ကြသည်။ တောင်းသော ဆုများ လည်း၊ ၀ိညာဥ်ရေးရာထက်၊ ကိုယ်ခန္ဓာအတွက် သာလျှင် တောင်းတတ် ကြသည်။ ဆုတောင်းရာတွင် ပင်၀ိညာဥ် သဘော မရှိ၊ ဇာတိ သဘော ကအားကြီး ပေါ်လွင်နေသည်။
၁၃။ ကောင်းကင်၊ မြေကြီး၊ မြေကြီး အောက်၊ သမုဒ္ဒ​ရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တ၀ါ အပေါင်းတို့က၊ ပလ္လင်တော် ပေါ်မှာ ထိုင် တော်မူသော သူနှင့် သိုးသငယ်သည်၊ ကမ္ဘာအဆက်ဆက်ကောင်းကြီး မင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိ တော်မူ စေသတည်း၊ ဟုပြောဆို ကြသည်ကို ငါကြားလေ၏။
ပလ္လင်တော် ပေါ်မှာ ထိုင် တော်မူသော သူသည်၊ ခမည်းတော် ဘုရား ဖြစ်သည်။ သိုးသငယ်သည် ခရစ်တော် ဖြစ်သည်။ ခမည်းတော်နှင့် ခရစ်တော်ကို ကောင်းကင်၊ မြေကြီး၊ မြေကြီး အောက်၊ သမုဒ္ဒ​ရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တ၀ါ အပေါင်းတို့က၊ ချီးမွမ်းကြသောကြောင့်၊ ခရစ်တော်သည် ဘုရား ဖြစ်ကြောင်း ထင်ရှားသည်။ ယေဟော၀ါသက်သေခံများ ကသူတို့သည် ခရစ်တော်ကို ယုံကြည်သည်ဟုဆို ကြသည်။ သို့ဖြစ်လျှင် ခရစ်တော်ကို ကိုး ကွယ်သလောဟု မေးပါ။ သူတို့က ခရစ်တော်ကို ဘုရား အဖြစ်မယုံကြည် သောကြောင့်၊ မကိုး ကွယ်လိုကြချေ။ မူစလင်များကလည်း ခရစ်တော်ကို ယုံကြည်သည်ဟုဆိုသော်လည်း၊ ဘုရား အဖြစ်လက်မခံကြချေ။ သူသည် ပရောဖက် ဖြစ်၍၊ မိုဟာမက်ထက် ပင်နိမ့်သော ပရောဖက်ဟု ုယုံကြည် ကြသည်။ ထို့ကြောင့် သူတို့ ယုံကြည်သော ယေရှုသည်၊ ကျမ်းစာ အထဲမှယေရှု မဟုတ်၊ အခြားသော ယေရှု ဖြစ်သည်။ မူစလင်များအတွက် ယေရှုခရစ်ကို ဘုရား အဖြစ်ကိုး ကွယ်ခြင်းသည်၊ ခွင့်မလွှတ်နိ်င်သော၊ ငရဲရောက်စေသော အပြစ် အကြီး ဆုံး ဖြစ်သည်။ သို့သော် ဤကျမ်းပိုဒ်အရကောင်းကင်၊ မြေကြီး၊ မြေကြီး အောက်၊ သမုဒ္ဒ​ရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တ၀ါ အပေါင်းတို့ ကခမည်းတော်နှင့် သားတော်၏ ဘုန်းတော်၊ ဂုဏ်တော် များကို ချီးမွမ်း ကြသည်။ ယုံကြည်သူ တိုင်းကလည်း ထိုကဲ့သို့ ဘုန်းတော်နှင့် ဂုဏ်တော် များကို ချီးမွမ်းသင့်သည်။ သက်ရှိသတ္တ၀ါများ ကဘုရားကို၊ ချီးမွမ်းဘို့နှင့် ချီးမွမ်းကြောင်း ဆာလံဆရာကများစွာ ရေးထားသည်။
၁၄။ သတ္တ၀ါလေးပါးတို့ကလည်း အာမင်ဟု ခေါ်ဝေါ်ကြ၏။ အသက် ကြီး သူတို့ သည်လည်း ပြပ်၀ပ်၍ကိုး ကွယ်ကြ၏။
အာမင်ဟူသောအရာ သည် သဘောတူခြင်းကို ုဆိုလိုသည်။ သတ္တ၀ါလေးပါကဝေနေယျသတ္တ၀ါ အပေါင်းတို့၏ ဘုရားသခင်နှင့် ခရစ်တော်ကိုး ကွယ်ချီးမွမ်းခြင်းကို၊ သဘောတူ ကြသည်။ အသက် ကြီး သူတို့ကလည်း ပြပ်၀ပ်ကိုး ကွယ် ကြသည်။ သင်သည် ခမည်းတော်နှင့် သားတော်ကို၊ ကိုး ကွယ်ဘို့ရန် သဘောတူ ပါသလော။

ဗျာ ၅ မေးခွန်းများ

၁။ ပလ္လင်တော်၏ လက်ျာဖက်မှာဘာရှိသနည်း။ —————————————————
၂။ ခရစ်တော်သည် အဘယ်ကြောင့်ခြင်္သေ့ဟုဆိုသနည်း။ —————————————————
၃။ ဒါ၀ိဒ်၏ အမြစ်သည် ဘာကို ဆိုလိုသနည်း——————————————၊ အနွယ်သည် ဘာကို ဆိုလိုသနည်း။ ———————————————–
၄။ အသေသတ်ပြီး သကဲ့သို့သော သိုးသငယ်သည် အဘယ်သူ နည်း။ —————————————————
၅။ သန့်ရှင်း သူများသည် မည်သူတို့ ဖြစ်သနည်း။ —————————————————ယခုခေတ်တွင် မည်သို့ ခေါ်ကြသနည်း။ ———————–
၆။ နံ့သာပေါင်းမွှေး မီးရှို့ခြင်းသည် ဘာကို ပုံဆောင်သနည်း။ —————————————————
ရ။ အသက် ကြီး သူတို့သည် မည်သူကို၊ မည်ကဲ့သို့ ကိုး ကွယ်ကြသနည်း။ —————————————————
၈။ အသက် ကြီး သူများသည် မည်သူတို့ အထဲမှရွေးနှုတ်သော သူများ ဖြစ်ကြသနည်း။ —————————————————
၉။ ယုံကြည်သူများသည် မည်သည့်ရာထူးကို ရကြသနည်း။ —————————————————
၁၀။ ခရစ်တော်သည်ကိုး ကွယ်ခြင်း ခံသင့်သလော။ —————————-အဘယ်ကြောင့်နည်း။ ————————————————
၁၁။မည် သူများက ခရစ်တော်ကို မကိုး ကွယ်ချင် ကြသနည်း။ ————————————————အဘယ်ကြောင့်နည်း။ ———————————–
၁၂။ သင်သည် ခရစ်တော်ကို ကိုး ကွယ်သလော။ ————————————————
၁၃။ ယုံကြည်သူများ၊ ခရစ်တော်၏ ဘာကို ချီးမွမ်းသင့်သနည်း။ —————————————————

.

ဗျာဒိတ် ၆

ဘေးဒဏ်ကြီးကာလအစ

ဗျာ ၆ မှစ၍ ၁၈ အထိ သည်၊ ဘေးဒဏ်ကြီး ကာလ အကြောင်းကို ဖေါ်ပြထားသည်။ ဘေးဒဏ်ကြီး ကာလသည် မဖြစ်သေး၊ အနာဂတ်မှာ ဖြစ်မည့် အရာ ဖြစ်သော်လည်း၊ ဘုရားသခင်သည် အနာဂတ်ကို ပိုင်သအုပ်စိုးသူ ဖြစ်သောကြောင့်၊ ဖြစ်ပြီး သကဲ့သို့ ရေးသား နိင်ခြင်း ဖြစ်သည်။ ထိုအနာဂတ်မှာ ဖြစ်ပျက်မည့် အရာများကို သိသောအခါ၊ ယခုဤလောက အသက် ရှင်ချိန်တွင်၊ ဘာလုပ်သင့်သည်ကို သိနိင်ပေမည်။ ယခုမူကား၊ ဤကျမ်းကို မသိကြသောကြောင့်၊ ဤလောက၌ ထာ၀စဥ်နေမည်ကဲ့သို့ စီမံကိန်းများ ချမှတ်၍၊ ဤလောကကို စွဲလမ်း နေကြသည်။

မြင်းဖြူစီးသောသူ (ငြိမ်သက်ခြင်း)
၁။ သိုးသငယ်သည်၊ တံဆိပ် ခုနစ်ချက်တွင် တချက်ကို ဖွင့် သောအခါ၊ ငါကြည့်လျှင်၊ မိုဃ်းကြိုးသံမြည် သကဲ့သို့၊ သတ္တ၀ါလေးပါးတွင် တပါးက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။ ၂။ ထိုအခါ ငါကြည့်လျှင်၊ မြင်းဖြူတစီးရှိ၏။ မြင်းစီးသော သူသည် လေးကိုကိုင်၏။ သူ၌ သရဖူကို ပေးတော်မူ၏။ အောင်မြင် လျက်၎င်း၊ အောင်မြင်ခြင်း ငါှ၎င်းထွက်သွား၏။
တံဆိပ်ဖွင့်သူသည် သိုးသငယ် တည်း ဟူသော သခင်ယေရှု ဖြစ်သည်။ ထိုကြောင့်မြင်းဖြူစီးသော သူသည် သခင်ယေရှု မဖြစ်နိင်ချေ။ သခင်ယေရှုသည်၊ ဘေးဒဏ်ကြီး ကာလ အဆုံးတွင် မြင်းဖြူစီး၍ ကြွလာမည့် အရာကို၊ ဗျာ ၁၉:၁၁-၁၆၌ တွေ့မြင်နိင်သည်။ ထိုအချိန်တွင် သခင်ယေရှုသည်၊ ကယ်တင်ရှင် မဟုတ်တော့ဘဲ တရားစီရင်မည့်သူ၊ အုပ်ချုပ်မည့်သူ ဖြစ်လာမည်။ သူသည် ဘုရင်တကာတို့၏ ဘုရင်၊ အရှင်တကာတို့၏ အရှင် ဖြစ်မည်။ အထက်ပါ မြင်းဖြူစီးသော သူသည်၊ ဘေးဒဏ်ကြီး ကာလ၏ အစပိုင်း၌ ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှု မဖြစ်နိင်ချေ။ သို့သော် မြင်းဖြူစီးသောကြောင့် သခင်ယေရှုနှင့် တူသည်။ ထိုသူသည် ယေရှု အတု ဖြစ်သည်။ သူသည် လေးကိုကိုင်သော်လည်း မြှားမကိုင်ချေ။ လေးသည် စစ်တိုက် သောအခါ အသုံးပြုသော လက်နက် ဖြစ်သည်။ မြှားမကိုင်ခြင်းသည် ပစ်ပြီး သောကြောင့် လော၊ သူ၏ နောက်ကြောမှာပါလာသလော၊ ဟူသောအရာ သည် မသိနိင်ချေ။ သူ၌ သရဖူပေးသည်ဟုဆိုသည်။ ထိုသရဖူသည် ရှင်ဘုရင်သရဖူ (Diadem) မဟုတ်ဘဲ၊ အောင်မြင် သူ၏ သရဖူ (Stephanos) ဖြစ်သည်။ သရဖူပေးခြင်း ခံသောကြောင့်၊ စစ်တိုက်ခြင်းအားဖြင့် မဟုတ်ဘဲ၊ လူများ ကသူ့ကို လိုလိုချင် ချင် ဖြင့်၊ အာဏာကို ပေးခြင်း ဖြစ်မည်။ သူသည် အောင်မြင် လျက်၎င်း၊ အောင်မြင်ခြင်း ငါှ၎င်းထွက်သွားသည်။ ထိုသူသည် ကမ္ဘာ့ အာဏာရှင် ဖြစ်သော်လည်း၊ စစ်မတိုက်ဘဲ အာဏာရရှိ၍ ကမ္ဘာကြီးသည်၊ သူ၏ လက်၌ ခဏငြိမ်သက်မှာ ဖြစ်သည်။
မြင်းနီစီးသောသူ (စစ်ပွဲ)
၃။ ဒုတိယတံဆိပ်ကို ဖွင့် သောအခါ၊ ဒုတိယသတ္တ၀ါက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။ ၄။ ထိုအခါ မြင်းနီတစီးထွက်၍၊ စီးသော သူသည် ငြိမ်၀ပ်ခြင်းကို၊ မြေကြီး ကရုပ်သိမ်းခြင်း ငှါ၎င်း၊ မြေကြီးသား တို့ကို အချင်းချင်းအသေသတ်စေခြင်း ငှါ၎င်း၊ အခွင့်ရ၏။ သူ၌ ထားကြီးကို ပေးတော်မူ၏။
ဒုတိယတံဆိပ်ဖွင့် သောအခါ၊ မြင်းနီတစီးထွက်၍၊ မြင်းစီးသော သူ၏ အရောင်ကို မပြောချေ။ ထိုသူသည် ငြိမ်၀ပ်ခြင်းကို မြေကြီး မှရုပ်သိမ်းခြင်းနှင့် မြေကြီးသား တို့ကို၊ အချင်းချင်းအသေသတ်ခြင်းငှါ အခွင့်ရသည်၊ ဟုဆိုသောကြောင့် သူသည် ကမ္ဘာပေါ်၌ စစ်ပွဲများ ဖြစ်စေမည့် အရာကို ဖေါ်ပြသည်။ သူ၌ ပေးသော ထားကြီးသည် စစ်တိုက် သောအခါ အသုံးပြုသော (Makhaira) ထား ဖြစ်သည်။ မြင်းစီးသော သူသည် ပဌမ မြင်းစီးသော သူပင် ဖြစ်မည်။ မြင်းအရောင်နီခြင်းသည်၊ သွေးချောင်းစီးမည့် အရာကို ဖေါ်ပြသည်။ ကမ္ဘာကြီးသည် အစ၌ ငြိမ်၀ပ်သော်လည်း၊ စစ်အကြီး အကျယ်တိုက်ခိုက်ခြင်း ဖြင့် လူများ စွာ၊ သေကျေ ပျက်စီးမည့် အရာကို ဖေါ်ပြသည်။ ယခုကမ္ဘာနိင်ငံတိုင်းသည် စစ်လက်နက်အပြိုင်ထုတ်လုပ် နေကြသည်။ ကမ္ဘာသိပ္ပံပညာရှင်ထက် ၀က်ကျော်သည်၊ စစ်လက်နက်အသစ်အဆန်းထုတ်လုပ်နိင်ဘို့ တီထွင်စမ်းသပ် နေကြသည်။ ထိုစစ်လက်နက်များသည် ဘေးဒဏ်ကြီး ကာလ မှာအသုံးပြုမည့် အရာများ ဖြစ်သည်။
မြင်းနက်စီးသောသူ (ငတ်မွက် ခေါင်းပါးခြင်း)
၅။ တတိယတံဆိပ်ကို ဖွင့် သောအခါ၊ တတိယသတ္တ၀ါက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင်၊ မြင်းနက်တစီးရှိ၏။ မြင်းစီးသော သူသည် ချိန်ခွင်ကိုကိုင်၏။ ၆။ သတ္တ၀ါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ​ေဒနာရိတပြားနှင့် ဂျုံဆန်တခွက်ကို ရ၏။ မုယောဆန်သုံးခွက်ကို ရ၏။ ဆီနှင့် စပျစ်ရည်ကို မပျက်စေနှင့် ဟုဆိုသည်ကို ငါကြား၏။
တတိယတံဆိပ်ကို ဖွင့် သောအခါ၊ မြင်းနက်တစီးထွက်လာသည်။ မြင်းစီးသော သူသည် ချိန်ခွင်ကိုကိုင်သည်ဟုဆိုခြင်းသည်၊ တိုင်း တာခြင်းကို ဆိုလိုသည်။ အစာ ငတ်မွတ် ခေါင်းပါး မှုကြောင့်၊ လူများသည် မိမိတို့ ကြိုက်နှစ်သက်သလောက်အစာ၀ယ်ခွင့်၊ ၀ယ်စရာ မရှိသောကြောင့်၊ မိမိကို တာ (ခွဲတန်း) အရသာ၀ယ်နိင်၊ ၀ယ်ခွင့်ရှိမည့် အရာကို ဖေါ်ပြသည်။ ​ေဒနာရိတပြားနှင့် ဂျုံဆန်တခွက်၊ မုယောဆန်သုံးခွက်ကို ရသည်ဟုဆိုခြင်းသည်၊ ကုန်စျေးနှုန်းအလွန် တက်ခြင်းကို ဆိုလိုသည်။ ​ေဒနာရိတပြားသည် လူကြီး တယောက်၏ တနေ့လုပ်အား ခ ဖြစ်သည်။ ထိုတနေ့လုပ်အား ခသည် ဂျုံဆန်တခွက်၊ မုယောဆန် (ဂျုံကြမ်း) သုံးခွက်သာရနိင်သည်။ ထိုကြောင့်လူကြီး တယောက် လုပ်အားသည်၊ မိသားစုတနပ်စာပင်မရနိင်ကြောင်း ဖေါ်ပြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ထိုကဲ့သို့ အစာ ခေါင်းပါး သနည်းဟူမူကား၊ စစ် ဖြစ်သောကြောင့် စိုက်ပျိုးရေးမလုပ်နိင်သည် သာမက၊ လမ်းပန်းဆက်သွယ်ရေးမှစ၍၊ အိုးအိမ်အဆောက်အအိုးများ၊ ပျက်စီးခြင်း၊ ရာသီဥတုမမှန်ခြင်းများကြောင့် ဖြစ်သည်။ ထိုသို့ အစာ ငတ်မွတ် ခေါင်းပါးလျှင် သေဘို့ သာလျှင် ရှိတော့သည်။ စစ်ကြောင့်မသေသော သူများ၊ ငတ်မွတ်ခြင်း ဖြင့် သေရကြမည်။ ဆီနှင့် စပျစ်ရည်ကို မပျက်စေနှင့် ဆိုခြင်းသည်၊ အဓိကအစာ မဟုတ်သောအရာ များ ပေါများမည်။ ထိုအရာများလည်း ထုတ်လုပ်နိင်သောကြောင့် ပေါများခြင်း မဟုတ်၊ လူတိုင်း ကအဓိကအစာ ဖြစ်သော ဂျုံနှင့် မုယောကို သာ၀ယ်ကြလိမ့်မည်။ ဆီနှင့် စပျစ်ရည်တို့ကို မ၀ယ်နိင်သောကြောင့် ပေါများခြင်း ဖြစ်မည်။ ယခုအခါ ကမ္ဘာ့ စားနပ်ရိက္ခာထုတ်လုပ်မှုသည်၊ လူဦးရေနှင့် မလိုက်နိင်အောင်၊ နည်းပါးသောကြောင့် နိင်ငံများစွာ၌၊ ငတ်မွတ် ခေါင်းပါးမှု ကြုံတွေ့ နေရပြီ ဖြစ်သည်။ ရာသီဥတုဖေါက်ပြန်ခြင်းကြောင့်သော်၎င်း၊ စစ်တိုက်ခြင်းနှင့် ဆူပူသောင်းကြမ်းမှုကြောင့်သော်၎င်း၊ အစာထုတ်လုပ်မှု နည်းပါးခြင်း ဖြစ်သည်။
မြင်းမွဲစီးသောသူ (သေခြင်း)
ရ။ စတုတ္တတံဆိပ်ကို ဖွင့် သောအခါ၊ စတုတ္ထသတ္တ၀ါက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။ ၈။ ထိုအခါ ငါကြည့်လျှင်၊ မြင်းမဲွတစီးရှိ၏။ မြင်းစီးသော သူသည် မရဏာဟူသော အမည်ရှိ၏။ မရဏာနိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစိတ်ကို အစိုးရ၍ ထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ နာ၍ သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သော အခွင့်ကိုရ၏။
စတုတ္ထတံဆိပ်ကို ဖွင့် သောအခါ၊ မြင်းမဲွတစီးထွက်လာ၍ မြင်းစီးသော သူသည်၊ မရဏာအမည်ရှိသည်။ မရဏာကို အဂ်လိပ်ကျမ်းစာ၌ Death, and Hades ဟု ဘာသာပြန်သည်။ မရဏာသည် သင်္ချိုင်းနှင့် သေခြင်းကို ဆိုလိုသည်။ သို့သော် ငရဲကိုလည်း ဆိုလိုသည်။ ထို့ကြောင့် စာကြောင်း (Context) ဖြင့် ကြည့်ဘို့ လိုသည်။ ဥပမာ၊ ဒါ၀ိဒ်မင်းက၊ သခင်ယေရှု သေခြင်း မှပြန်လည်ထမြောက် မည့် အရာကို ဤသို့ ရေးသား ခဲ့သည်၊ “ကိုယ်တော်သည် အ​ကျွန်ုပ်၏ ၀ိညာဥ်ကို မရဏာနိုင်ငံ (Sheol, Hades)၌ ပစ်ထားတော် မမူ။ ကိုယ်တော်၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော် မမူဘဲ လျက်၊ အသက် ရှင်ခြင်း လမ်းကို ပြဍ¸န် တော်မူ လိမ့်မည်။” (ဆာ ၁၆:၁၀- ၁၁၊ တမန် ၂:၂ရ)။ ဤနေရာ၌ သခင်ယေရှုသည် ငရဲထဲသို့ ရောက်သွားသည် မဟုတ်၊ သင်္ချိုင်းတွင်း ၌ မြှုပ်နှံခြင်းကို ဆိုလိုသည်။ သို့သော် သူဌေးကြီးနှင့် ပတ်သက်၍ ဤသို့ ရေးထားသည်၊ “တနေ့သ၌ ထိုဆင်းရဲသား (လာဇရု) သည် သေလွန်၍၊ ကောင်းကင်တမန် တို့သည် အာဗြဟံ၏ ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေး သည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာ (Sheol, Hades) နိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်း၊ အဝေးကမြင်လျှင်၊ အိုအဘအာဗြဟံ၊ အ​ကျွန်ုပ်ကို ကယ်မသနား တော်မူပါ။ အ​ကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာ ခံရသောကြောင့်၊ လာဇရုသည် မိမိ လက်ဖျားကို ရေ၌ နှစ်၍၊ အ​ကျွန်ုပ်လျှာကို အေးစေခြင်းငှါ၊ သူ့ကို အ​ကျွန်ုပ်ရှိရာသို့ စေလွှတ် တော်မူ ပါဟု ဟစ်ကြော်လေ၏။” (လု ၁၆:၂၂-၂၄)။ သူဌေးကြီးသည် သင်္ချိုင်း၌ ရှိခြင်းကို ဆိုလိုသည် မဟုတ်၊ မရဏာနိင်ငံရှိမီးလျှံ၌ ပြင်းစွာ ခံရ၍၊ ရေငတ်သောကြောင့် ရေတောင်းကြောင်း တွေ့ရသည်။

အထက်၌ ဖေါ်ပြသော မရဏာနိင်ငံသည်၊ သေခြင်းကို ဆိုလို၍ ကယ်တင်ခြင်းသို့ မရောက်ကြသောကြောင့် ငရဲထဲသို့ ကျမည့်သူများဖြစ်သည်။ မြေကြီး လေးစိတ်တစိတ်သည် ထားဘေး (စစ်ပွဲ)၊ မွတ်သိပ်ခြင်း ဘေး၊ နာ၍ သေဘေး (ရောဂါ)၊ မြေသားရဲဘေးအားဖြင့် သေရကြမည်။ ယခုကမ္ဘာ့ လူဦးရေသည် သန်းပေါင်းရ၀၀၀ကျော်ရိှသည်။ ထိုအထဲမှသန်းပေါင်း၁ ရ၀၀ခန့်သေဆုံးသွားကြရမည်။ ထိုအရာသည် ကမ္ဘာ့ သမိုင်းမှာအကြီးမား ဆုံးသော သေဆုံးမှု၊ ​ခြောက်ခြားစရာ အကောင်းဆုံး ဖြစ်လိမ့်မည်။ ထိုအရာသည် မကြာမီှ ဖြစ်တော့မှာ ဖြစ်သောကြောင့် ထိုအချိန် မတိုင်မှီ၊ ကယ်တင်ခြင်းသို့ ရောက်၍၊ ချီဆောင်ခြင်း၌ ပါ၀င်နိင်ဘို့ အလွန် အရေးကြီးသည်။

ဘေးဒဏ်ကြီး ကာလ မာတုရများ
၉။ ပဥ္စမတံဆိပ်ကို ဖွင့် သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကြောင်း၎င်း၊ မိမိတို့ သက်သေခံချက်ကြောင်း၎င်း၊ အသေသတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကိုယဇ်ပလ္လင်အောက်၌ ငါမြင်၏။
ဘေးဒဏ်ကြီး ကာလ၌၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စွဲကိုင်သောကြောင့်၎င်း၊ သက်သေခံချက်ကြောင့်၎င်းမာတုရအဖြစ် အသေခံ မည့်သူ များစွာရှိသည်။ ထိုသူများ၏ ၀ိညာဥ်များသည်၊ ယဇ်ပလ္လင်အောက်၌ မြင်ရခြင်းသည်၊ သူတို့ကို ယဇ်ကောင် ကဲ့သို့ အသတ်ခံရသောကြောင့် ဖြစ်သည်။ ကျေးဇူးတော် ကာလ၌ ယေရှုခရစ် တော်သည်၊ သူတို့အတွက် ယဇ်ကောင် ဖြစ်သော်လည်း၊ လက်မခံခဲ့သောကြောင့် သူတို့ကိုယ်တိုင်၊ ယဇ်ကောင် ကဲ့သို့ ပူဇော်ခံခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ သို့သော် လူသည်ကိုယ်တိုင်အသေခံခြင်း ဖြင့် ကယ်တင်ခြင်းသို့ မရောက်နိင်ချေ။ ထိုသူများသည် ကျေးဇူးတော် ကာလ၌၊ ကယ်တင်ခြင်းသို့ မရောက်သော်လည်း၊ ဘေးဒဏ်ကြီး ကာလ၌ ပြန်ရောက် ကြသည်။ ဘေးဒဏ်ကြီး ကာလ ယုံကြည်သူများလည်း၊ ယေရှုခရစ်၏ အသွေးတော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြသည် (ဗျာ ၁၂:၁၁)
၁၀။ သူတို့ ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင် တော်မူသော အရှင်၊ မြေပေါ်မှာ နေသော သူတို့သည်၊ ငါတို့ အသွေးကို သွန်းကြသော အပြစ်နှင့် အလျောက်၊ ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလ ပတ်လုံး၊ နေတော်မူ မည်နည်း၊ ဟု ကြီးသော အသံနှင့် ကြွေးကြော်ကြ၏။
ဤဘေးဒဏ်ကြီး ကာလ မာတုရများသည်၊ ကျေးဇူးတော် ကာလ ယုံကြည်သူများနှင့် မတူချေ။ သူတို့၏ ရန် သူများ အပေါ်ကလဲ့စားချေဘို့ ဆုတောင်း ကြသည်။ သခင်ယေရှုသည် အသေသတ်ခြင်း ခံသောအခါ၊ ဤသို့ ဆုတောင်း ခဲ့သည်၊ “ယေရှု ကလည်း၊ အိုအဘ၊ သူတို့၏ အပြစ်ကို လွှတ် တော်မူပါ။ သူတို့သည်ကိုယ်ပြုသော အမှုကို မသိကြဟု မြွက်ဆို တော်မူ၏။” (လုကာ ၂၃:၃၄)။ သထေဖန်ကလည်း၊ သူ့ကို ကျောက်ခဲ့နှင့် ပစ်သတ်သော သူများ အတွက်၊ ဤသို့ ဆုတောင်း ခဲ့သည်၊ “ဒူးထောက်လျက်၊ သခင်၊ ဤသူတို့ ပြုသော ဒုစရိုက်အပြစ်ကို၊ မှတ်တော် မမူပါနှင့် ဟု၊ ကြီးသော အသံနှင့် ကြွေးကြော်ပြီးမှကျိန်းစက်လေ၏။” (တမန် ရ:၆၀)။ သို့သော် ဘေးဒဏ်ကြီး ကာလ မာတုရများ မူကား၊ သူတို့၏ ရန် သူများ၊ သူတို့ကို သတ်သော သူများကို ဘုရားသခင်က၊ တရားစီရင်ဘို့ရန် တောင်းဆို ကြသည်။
၁၁။ ထိုသူတို့၌ ဖြူသော ၀တ်လုံကို ပေးတော်မူ၏။ သူတို့ နည်းတူအသေသတ်ခြင်းကို ခံရလတံ့သော၊ မိမိ လုပ်ဘော်ဆောင်ဘက်ညီအစ်ကို တို့သည် ပြည့်စုံခြင်းသို့ မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏။
ဘေးဒဏ်ကြီး ကာလ မာတုရများကို၊ ဖြူသော ၀တ်လုံ ပေးတော်မူ ၏ဟုဆိုထားသည်။ ဖြူသော ၀တ်လုံသည် ​ဖြောင့်မတ်ခြင်း ဖြစ်သည်။ ဗျာ ၁၉:၈၌၊ “ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ၀တ်ဆင်ရသော အခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သတည်း။”ဟုဆိုထားသည်။ ထိုသူတို့၏ အော်ဟစ်သံ သို့မဟုတ် ဆုတောင်း သံကို ချက်ချင်း အ​ဖြေပေးသည်။ သူတို့ နည်းတူအသေသတ်ခြင်း ခံမည့်သူများရှိသေးသည်။ ထိုသူများ ပြည့်စုံမှသာတရားစီရင်မှာ ဖြစ်သည်။ ထိုမာတုရများသည် ဘေးဒဏ်ကြီး ကာလ အပြီးတွင် ထမြောက်၍၊ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံမည့် အကြောင်း ဤသို့ တွေ့ရသည်၊ “ပလ္လင်များ ကိုလည်း ငါမြင်၏၊ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။သားရဲနှင့် သူ၏ ရုပ်တုကို မကိုး ကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲ နေ၍၊ ယေရှု၏ သက်သေခံ တော်မူ ချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကြာင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ၀ိညာဥ်များကို ငါမြင်၏။ သူတို့သည် အသက် ရှင်၍၊ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။” (ဗျာ ၂၀:၄)။
အမျက်တော် နေ့ကြီး
၁၂။ ဆဌမတံဆိပ်ကို ဖွင့် သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၏။ နေသည် အမွေးဖြင့် ရက်သော အ၀တ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။
ဘေးဒဏ်ကြီး ကာလ တွင်၊ မကြာခဏမြေလှုပ်ခြင်း ဖြစ်၏ (ဗျာ ၈:၅၊ ၁၁:၁၃၊ ၁၉၊ ၁၆:၁၈)။ ထိုမြေလှုပ်ခြင်း များသည် ကမ္ဘာပေါ်၌ အကြီးမား ဆုံးသောအရာ များ ဖြစ်၍၊ ​ကျွန်းများရွေ့သွားကြ၍၊ တောင်များ ပျောက်သွား ကြသည်။ ခရစ်တော်ကလည်း သူကြွလာမည့် နိမိတ်များ ထဲ၌ မြေလှုပ်မည့် အကြောင်း ပြောသွားသည် (မ ၂၄:ရ)။ ယခုအခါ ကမ္ဘာပေါ်၌ မြေလှုပ်ခြင်းသည် အဆက်မပြတ် ဖြစ်နေပြီ။ သို့သော် လူအများစုတို့သည် သတိမထားကြသေးချေ။

နေသည် မည်းသွားသည်ဟုဆိုသည်။ သခင်ယေရှု ကနေသည် မှောင်သွားမည်ဟု မ၂၄:၂၉၌ ကြိုပြောခဲ့ပြီ။ ယခုအခါ နေသည် မကြာခဏပေါက်ကဲွ နေကြောင်း သိရသည်။ လသည် အသွေးကဲ့သို့ဖြစ်၏ဟုဆိုသည်။ ၂၀၁၄ ခုနှစ်ဧပြီလ ၁၅ ရက်နေ့ (ပဿခါပွဲ)၊ နှင့် အောက်တိုဘာလ ၈ ရက်နေ့ (သကေနေ သို့မဟုတ် တဲပွဲ) တွင်၎င်း၊ ၂၀၁၅ နှစ်ဧပြီလ ၄ ရက်နေ့ (ပဿခါပွဲ)နှင့် စက်တဘ်ာလ ၂၈ ရက်နေ့ (သကေနေ သို့မဟုတ် တဲပွဲ) အချိန်တွင် လသည် နီခဲ့ပြီ။ ၂၀၁၅ ခုနှစ်မတ်လ ၂၀ ရက်နေ့ (နိသန် ၁ ရက်နေ့) တွင်လည်း ဥရောပမြောက်ဘက်နိင်ငံနောဝေနှင့် ဆီွဒင်နိင်ငံများ၌ နေကြက်ခဲ့သည်။ ထိုသို့ လလေးကြိမ်ဆက်တိုက်နီတိုင်း ဣသရေလ လူတို့၌ တခုခု ဖြစ်တတ်သည်။

၁၃။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန် မတန်သော အသီးကြွေ သကဲ့သို့၊ ကောင်းကင် ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။
ကောင်းကင် ကြယ်အချို့တို့သည် ကမ္ဘာထက် အဆပေါင်းများစွာ ကြီး ကြသည်။ ထိုကြောင့်မြေကြီး ပေါ်သို့ ကျမည့် ကြယ်တို့သည် တကယ့်ကြယ်များ မဟုတ်ဘဲ ဥက္ကာပျံများ ဖြစ်နိင်သည်။ ယခုအခါ ဥက္ကာပျံ (ကြယ်ပျံ) များ ပို၍ ပို၍များပြားလာသည်။ ၂၀၁၃ ခုနှစ်ဖေဖ၀ါရီလ ၁၅ ရက်နေ့တွင်လည်းရုရှားနိင်ငံကျေးလက်၌ တန် ၁၀ရှိသော ဥက္ကာပျံကျ၍ အနီးအနားတွင် ရှိသော လူ၁၅၀၀ခန့်ဒဏ်ရာရှိခဲ့ ကြသည်။ ၂၀၁၂ ခုနှစ်ဇွန်လအထိ ဥက္ကာပျံမြေကြီး ပေါ်၌ ၁၁၀၃ ခုကျခဲ့ပြီ။ ထိုကြယ်များသည် ကျောက်တုံးကြီးများဖြစ်၍ တနာရီ မိုင် ၆သောင်းမှတသိန်းအထိ အမြန် နှုန်းနှင့် ပျံသန်းသောကြောင့် မီးခဲကြီးများဖြစ်၍ လင်းခြင်း ဖြစ်သည်။ ထိုကြယ်ပျံများသည် အာကာသ၌ ပျံသန်း နေကြသည်။ ထိုကြယ်တလုံး မြို့ကြီး ပေါ်၌ ကျပါက၊ အိုးအိမ်အဆောက်အဦးများ မှအစ၊ လူအားလုံးမြှုပ်စရာ မလိုဘဲ ပြာ ဖြစ်သွားကြမည်။ ထိုကြယ်များသည်အချိန် မရွေးကျကာ၊ သေဆုံးနိင် ကြသည်။ လူကတားဆီး၍ မရပါ။
၁၄။ မိုဃ်းကောင်းကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ​ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။
မိုဃ်းကောင်းကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏ဟုဆိုရာတွင်၊ ထိုကဲ့သို့ မဖြစ်ဘူးသောကြောင့် ယုုံဘို့ရန် ခက်နိင်သည်။ သို့သော် ဖန်ဆင်းရှင်ဘုရား အတွက် ဘာမျှမခက်ချေ။ တောင်များ ​ကျွန်းများလည်း နေရာမှရွေ့ကြမည်။ ထိုအရာသည် ကြီးစွာသော ငလျှင် လှုပ်ခြင်းကြောင့် ဖြစ်မည်ကို ဗျာ ၁၆:၁၈၌လည်း ဖေါ်ပြထားသည်။ ထိုသို့ မိုဃ်းကောင်းကင် လွင့်သွားသောကြောင့် မြေကြီး ပေါ်မှကောင်းကင် နိင်ငံကို မြင်နိင်ကြမည်။ ခဲနှင့် ပေါက်ခြင်း ခံသော သတေဖန်လည်း၊ ကောင်းကင်ကို တိုက်ရိုက်မြင်ခဲ့ဘူးကြောင်း ဤသို့ ရေးသား ထားသည်၊ “သူ သည်လည်း သန့်ရှင်းသော ၀ိညာဥ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ ယေရှု ရပ်နေသည်ကို၎င်းမြင်လျှင်၊ ကြည့်ပါ။ ကောင်းကင် ဖွင့်လှစ်သည်ကို၎င်း၊ လူသားသည် ဘုရားသခင်၏ လက်ျာတော် ဘက်၌ ရပ်နေသည်ကို၎င်း၊ ငါမြင်သည်ဟုဆို၏။” (တမန် ရ:၅၅-၅၆) သတေဖန်သည် ကောင်းကင်ကို မြင်သော်လည်း၊ သူ့ကို ပေါက်သော လူများ ကမြင်ကြမည် မဟုတ်။ လာဇရုနှင့် သူဌေးကြီး အကြောင်း၌လည်း၊ သူဌေးကြီး ကလာဇရုကို အာဗြဟံရင်ခွင်၌ မြင်ခဲ့သည် (လု ၁၆:၂၂-၂၃)။ သူဌေးကြီးသည် မရဏာနိင်ငံတည်း ဟူသော ငရဲမှ၊ အာဗြဟံရင်ခွင်တည်း ဟူသော ကောင်းကင် နိင်ငံကို မြင်ခဲ့ဘူးသည်။
၁၅။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသော သူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း ၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌ ၎င်း၊ ပုန်းရှောင်လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များ တို့ကို ခေါ်လျက်၊ ၁၆။ ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင် တော်မူသော သူ၏ မျက်နှာနှင့်၊ သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ ၁ရ။ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆို ကြ၏။
လောကီဘုရင်များ၊ စစ်သူကြီး များသည်၊ အာဏာရှိသောကြောင့် လူတိုင်း ကကြောက် ကြသည်။ သူဌေး၊ သူကြွယ်များသည် ဥစ္စာပစ္စည်းကြွယ်၀သောကြောင့် လူများ၏ အားကိုး ခြင်းနှင့် လေးစားခြင်း၊ ကြောက်ရွံ့ခြင်း ခံရ ကြသည်။ သို့သော် တရားစီရင်ခြင်းနေ့၊ ဘုရားသခင်၏ အမျက်တော် ထင်ရှားသော နေ့တွင်မူ၊ ထိုသူများသည် အလွန် ကြောက်လန့်သောကြောင့်၊ မြေတွင်း ၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌ ၎င်း၊ ပုန်းရှောင်လျက် နေကြသည်။ ထိုသူများသည် လူများ အပေါ်အာဏာပြ၊ ကြီး စိုးခဲ့ကြသော်လည်း၊ ဘုရားသခင် ရှေ့တွင် မူပုန်းရှောင် နေကြသည်။ ထိုအချိန်၌၊ သူတို့သည် ဘုရားသခင် ထံ၌ အညံ့ခံ၊ အရှုံးခံသည်ထက် တောင်နှင့် ကျောက်များ ထံ ဆုတောင်း ကြသည်။ သူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း၊ သနားခြင်း၊ အပြစ် လွှတ်ခြင်း ခံဘို့ ထက်၊ ဘာမျှမလုပ်နိင်သော တောင်များ၊ သကျောက်များ၊ ရုပ်တုများ ထံ ဆုတောင်း ကြသေးသည်။

ယခုအခါ၊ ကမ္ဘာ့ နိင်ငံတိုင်း၌၊ ခေါင်းဆောင်များ၊ သူဌေးများသည် မြေအောက်၌၊ တိုက်ခန်းများ ဆောက် နေကြသည်။ သူတို့သည် ကမ္ဘာပေါ်၌၊ အနုမြူဗုံးစစ်ပွဲများ တိုက်သည် ရှိသော်ဟူ၍၊ အသက် ချမ်းသာ ရာရဘို့ ထိုကဲ့သို့ မြေအောက်တိုက်ခန်းများ ဆောက်ကြခြင်း ဖြစ်သည်။ သို့သော် သူတို့ မသိသည်မှာ၊ ထိုတိုက်ခန်းများသည် သူတို့၏ သင်္ချိုင်းများ ဖြစ်၍၊ ငွေကုန်ကျေးကျများစွာ ခံလျက် တည်ဆောက်ကြခြင်း ဖြစ်သည်။ ဘုရားသခင်က၊ “သင်သည် လင်းယုန်ကဲ့သို့ ကိုယ်ကို ချီးမြှောက်၍၊ ကြယ်တို့တွင် အသိုက််ကို လုပ်သော်လည်း၊ ထိုအရပ်မှသင့်ကို ငါနှိမ့်ချမည်ဟု ထာ၀ရ ဘုရား မိန့်တော်မူ၏။” (ဩဗဒိ ၁:၄)။ ထို့ကြောင့် အကောင်းဆုံးခိုလှုံရာသည်၊ ဘုရားသခင် ဖြစ်ကြောင်း ဤသို့ ရေးထားသည်၊ “ထာ၀ရ ဘုရားသည် ကောင်း တော်မူ၏။ အမှု ရောက် သောအခါ ရဲတိုက် ဖြစ်တော်မူ၏။ ခိုလှုံသော သူတို့ကို သိမှတ် တော်မူ၏။” (နာဟုံ ၁:ရ)

ဗျာ ၆ မေးခွန်းများ

၁။ မြင်းဖြူစီးသော သူသည် မည်သူနည်း။ ———————–အာဏာကို မည်သို့ ရသနည်း။ —————————————————
၂။ မြင်းနီစီးသော သူသည် ကမ္ဘာပေါ်၌ ဘာ ဖြစ်စေမည်နည်း။ —————————————————
၃။ မြင်းနက်သည် ဘာကို ဆိုလိုသနည်း။ —————————————အဘယ်ကြောင့်စားနပ်ရိက္ခာရှားပါးမည်နည်း။ —————————————————
၄။ မြင်းမွဲသည် ဘာကို ုိဆိုလိုသနည်း။ ————————အဘယ်ကြောင့်လူများ သေကြမည်နည်း။ —————————————————
၅။ ကမ္ဘာ့ လူဦးရေမည်မျှသေမည်နည်း။ —————————————————
၆။ ဘေးဒဏ်ကြီး ကာလ၌ ကယ်တင်ခြင်းသို့ ရောက်မည့်သူ ရှိကြပါသလား။ —————————————————
ရ။ ဘေးဒဏ်ကာလ၌ အသတ်ခံမည့်သူများကသူတို့ ရန်သူတို့ကို ဘာ ဖြစ်ဘို့ တောင်းကြသနည်း။ —————————————————
၈။ ဘေးဒဏ်ကြီး ကာလ၌ အသတ်ခံမည့်သူများ၊ အနှစ်တထောင်ကာလ၌ ဘာ ဖြစ်မည်နည်း။ —————————————————
၉။ ဘေးဒဏ်ကြီး ကာလ၌ နေ၊ လ၊ ကြယ်များ ဘာ ဖြစ်မည်နည်း။ —————————————————
၁၀။ မြေလျှင် လှုပ် သောအခါ တောင်များ ​ကျွန်းများ ဘာ ဖြစ်ကြမည်နည်း။ —————————————————
၁၁။ ကမ္ဘာ့ ခေါင်းဆောင်များဘုရား၏ အမျက်တော် ကြီး နေ့၌ ဘာလုပ်ကြမည်နည်း။ —————————————————
၁၂။ ဘေးဒဏ်ကြီး ကာလနှင့် လွတ်လိုပါသလား။ —————————————————

.

ဗျာဒိတ်ကျမ်း ရ

၁၄၄၀၀၀ တံဆိပ်ခတ်

၁။ ထိုနောက်မှမြေကြီး၊ ပင်လယ်၊ သစ်ပင်များ တို့၌ လေမလာစေခြင်းငှါ၊ ကောင်းကင်တမန် လေးပါးတို့သည် မြေ၏ လေးမျက်နှာလေတို့ကို ကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏။
‘ထိုနောက်မှ’သည် ဗျာ ၆ ထဲမှဆဌမတံဆိပ်နောက်မှ ဖြစ်မည်။ ‘လေမလာစေခြင်းငှါ ‘ဟူသောအရာ သည် တရားစီရင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အကြောင်းမှာ နောက်စာပိုဒ်၌၊ ‘မြေနှင့် ပင်လယ်ကို ညှဥ်းဆဲရသော အခွင့်ရှိသော ကောင်းကင်တမန် လေးပါး’ဟုဆိုသောကြောင့် သူတို့သည် မြေနှင့် ပင်လယ် အပေါ်၌ ညှဥ်းဆဲနိင်ကြောင်း ထင်ရှားသည်။
လေသည် မမြင်နိင်သော်လည်း တန်ခိုးရှိသည်။ လေငြိမ်နေလျှင် ကြောက်စရာ မရှိသည် သာမက၊ ရှိမှန်းပင် မသိရချေ။ သို့သော် အရှိန်ပြင်းစွာ ဖြင့် တိုက်လာ သောအခါ၊ များစွာ ဖျက်စီး၍ အလွန် ကြောက်စရာ ကောင်းသည်။ ဘုရားသခင် သည်လည်း ယခုမရှိ သကဲ့သို့ဖြစ်သော်လည်း၊ အမျက်​ေဒါသလောင်၍ တရားစီရင် သောအခါ၊ အလွန် ကြောက်စရာ ကောင်းသည်။ ယခု ဘုရားသခင်သည် ငြိမ်ချက်သား ကောင်းနေသောကြောင့် လူများစွာတို့ ကရှိမှန်း မသိ၊ ဂရုမစိုက်ကြသော်လည်း တရားစီရင်ခြင်း နေ့၌ လှစ်လှူိရှုနိင်သော သူရှိမည် မဟုတ်။

‘ကောင်းကင်တမန် လေးပါး’ ကောင်းကင်တမန် များသည် ဘုရား၏ ကအစေခံ​ကျွန်များ ဖြစ်သည်။ ဘုရား ခိုင်းသည့်အတိုင်း လုပ်ဆောင် ကြသည်။ ‘မြေကြီး လေးမျက်နှာ’မြေကြီးသည် လုံးသည် မဟုတ်လော၊ လေးမျက်နှာရှိနိင်မည်လောဟု မေးစရာ ရှိသည်။ သို့သော် အရှေ့အနောက်၊ တောင်မြောက်ဟု လေးမျက်နှာပြောတတ်ကြသည် မဟုတ်လော။ ထို့ကြောင့် မြေကြီး လေးမျက်နှာသည် တကမ္ဘာလုံးကို ဆိုလိုခြင်း ဖြစ်သည်။

၂။ အသက်ရှင်တော်မူသောဘုရားသခင်၏၊ တံဆိပ်ပါသောကောင်းကင်တမန်တပါးသည်၊ အရှေ့မျက်နှာကတက်လာသည်ကိုငါမြင်၏။ သူသည်လည်း၊ မြေနှင့်ပင်လယ်ကိုညှဥ်းဆဲရသောအခွင့်ရှိသော၊ ကောင်းကင်တမန်လေးပါးကို၊ အသံလွှင့်၍၊ ၃။ ငါတို့ဘုရားသခင်၏ ​ကျွန်တို့ကို၊ နဖူး၌တံဆိပ်မခတ်မှီတိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကိုမညှဥ်းဆဲပါနှင့်၊ ဟုကြီးသောအသံနှင့်ကြွေးကြော်လေ၏။

အသက်ရှင်တော်မူသောဘုရားသခင်၏၊ တံဆိပ်ပါသောကောင်းကင်တမန်တပါး” ကောင်းကင်တမန်နှစ်မျိုးရှိသည်။ ဘုရားသခင်ထံ၌သစ္စာရှိသောကောင်းကင်တမန်များနှင့်၊ စာတန်နောက်လိုက်သောကောင်းကင်တမန်များဖြစ်သည်။ ထိုသို့နှစ်မျိုးရှိသောကြောင့်၊ ဘုရားသခင်၏တံဆိပ်ပါသော၊ ကောင်းကင်တမန်ဟုဆိုခြင်းဖြစ်သည်။ တံဆိပ်ပါခြင်းသည်ဘုရားပိုင်ဖြစ်ကြောင်းထင်ရှားစေသည်။

အရှေ့မျက်နှာကတက်လာသည်ကိုငါမြင်၏။” အရှေ့မျက်နှာသည်နေထွက်ရာဖက် ဖြစ်သည်။ ထိုကောင်းကင်တမန်သည်နေထွက်ရာဖက်အရှေ့ဘက်မှတက်လာသည်ဟုဆိုသည်။

ဘုရားသခင်၏ကျွန်တို့ကိုနဖူး၌တံဆိပ်မခတ်မှီ“ဟုဆိုသည်။ ထို​ကျွန်များသည်တသိန်းလေးသောင်းလေးထောင်ရှိ၍၊ ဣသရေလလူမျိုးဆယ့်နှစ်မျိုးထဲကသာဖြစ်သည်။ တပါးအမျိုးသားများမပါချေ။ ထို​ကျွန်များသည်အဘယ်အတွက်ကြောင့်၊ တံဆိပ်ခတ်ခြင်းခံကြသနည်း။

၄။ တံဆိပ်ခတ်ခြင်းကိုခံရသောသူအရေတွက်ကိုငါကြား၍၊ ဣသရေလအမျိုးသားတို့၌ အသီးအသီးသောအမျိုးအနွယ်ထဲကလူတသိန်းလေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်ခြင်းကိုခံရကြ၏။ ၅။ ယုဒအမျိုးထဲကတသောင်းနှစ်ထောင်၊ ရုဗင်အမျိုးထဲကတသောင်းနှစ်ထောင်၊ ဂဒ်အမျိုးထဲကတသောင်းနှစ်ထောင်။ ၆။ အာရှာအမျိုးထဲကတသောင်းနှစ်ထောင်၊ နဿလိအမျိုးထဲကတသောင်းနှစ်ထောင်၊ မနာရှေအမျိုးထဲကတသောင်းနှစ်ထောင်၊ရ။ ရှိမောင်အမျိုးထဲကတသောင်းနှစ်ထောင်၊ လေ၀ိအမျိုးထဲကတသောင်းနှစ်ထောင်၊ ဣသခါအမျိုးထဲကတသောင်းနှစ်ထောင်၊ ၈။ ဇာဗုလုန်အမျိုးထဲကတသောင်းနှစ်ထောင်၊ ယောသပ်အမျိုးထဲကတသောင်းနှစ်ထောင်၊ ဗယ်ာမိန်အမျိုးထဲကတသောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ်ခြင်းကို ခံရကြ၏။
ရုဗင်သည်အကြီးဆုံးဖြစ်သော်လည်း၊ သူ့ဖခင်ယာကုပ် (ဣသရေလ)၏အိပ်ရာကို ညစ်ညူးစေသောကြောင့်၊ ပဌမဦးဆုံး၌မရေးချေ။ ယောသပ်နှင့်မနာရှေသည်သားအဖ ဖြစ်သည်။ သို့သော်နှစ်မျိုးကဲ့သို့ရေးထားသည်။ ယောသပ်၏သားငယ်ဧဖရိမ်သည်မပါချေ။ ဧဖရိမ်အမျိုးသည်မာနထောင်လွှားတတ်သောကြောင့်မပါ၀င်ခြင်းဖြစ်နိင်သည်။ ဧဖရိမ်ကိုဘုရားသခင်ကချီးမြှောက်သောကြောင့်၊ အမျိုးဆယ်မျိုးကိုလည်းကိုယ်စားပြု၍၊ သူ့နာမည်နှင့်ခေါ်တတ်သည်။ ဒန်အမျိုးလည်းမပါချေ။ သူတို့သည်တရားသူကြီးမှတ်စာ ၁၈ ၌ ရေးထားသည့်အတိုင်း၊ ရုပ်တုကိုးကွယ်ခြင်းကိုအစပြုသောအမျိုးဖြစ်သောကြောင့် မပါ၀င်ခြင်းဖြစ်နိုင်သည်။ ထိုမျှသာမက၊ ယာကုပ်ကသားများကိုကောင်းကြီးပေးရာတွင်၊ ဒန်နှင့်ပတ်သက်၍၊ “ဒန်သည်ဣသရေလအနွယ်တစုံတပါးကဲ့သို့၊ မိမိလူတို့ကိုစီရင်လိမ့်မည်။ ဒန်သည်လမ်း၌နေသောမြွေဖြစ်လိမ့်မည်။ မြင်းစီးသောသူကိုနောက်သို့လဲစေခြင်းငှါ လမ်းကြားမှာနေ၍၊ မြင်း​ခြေကိုကိုက်တတ်သောမြွေဆိုးဖြစ်လိမ့်မည်။” (က ၄၉:၁၆-၁ရ) ဟုဆိုခဲ့သည်။ ယာကုပ်၏စကား၌၊ ‘မိမိလူတို့ကိုစီရင်လိမ့်မည်”ဒန်သည်လမ်း၌နေသော ​မြွေဖြစ်လိမ့်မည်”မြင်း​ခြေကိုကိုက်တတ်သော​မြွေဆိုးဖြစ်လိမ့်မည်’ဟုဆိုခြင်းများသည် အဘယ်အရာနည်း။ ​မြွေသည်စာတန်ကိုပုံဆောင်သည်။ ထို့ကြောင့်အန္တိခရစ်သည်ဒန်အမျိုးထဲမှပေါ်ပေါက်လာပါမည်လောဟုတွေးသောသူများရှိကြသည်။ မည်သည့်အတွက်ဒန်သည်၊ တံဆိပ်ခတ်ခြင်း၌မပါ၀င်ခြင်းကိုအတိအကျမသိရပါ။

ယေဟော၀ါသက်သေခံများ (​Jehovah Witness) ကထို ၁၄၄၀၀၀ သည်သူတို့ဖြစ်သည်ဟုဆိုခဲ့သည်။ သူတို့၏အသင်းသားများ၊ ထိုမျှမကများလာသောအခါ၊ သူတို့အထဲမှအောင် မြင်သောသူများဖြစ်သည်ဟုဆိုကြပြန်သည်။ ထိုသူများသည်တပါးအမျိုးသားများအထဲမှလုံး၀မဟုတ်နိုင်ပါ။ သူတို့၏အမျိုးကိုအတိအကျဖေါ်ပြထားသည်။ ထိုကြောင့်ထိုသူများသည်၊ ဘေးဒဏ်ကြီးကာလမှာ၊ ဘုရားအသုံးပြုမည့်ဣသရေလများသာလျှင်ဖြစ်သည်။ မည်သည့်အဖွဲ့ကမျှသူတို့ဖြစ်သည်၊ ဟုဆိုလျှင်မယုံကြဘို့အရေးကြီးသည်။

လူများစွာကယ်တင်ခြင်းသို့ ရောက်ခြင်း
၉။ ထိုနောက်မှငါကြည့်လျှင်၊ အသီးအသီးဘာသာစကားကိုပြောသောလူမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍၊ အဘယ်သူမျှမရေတွက်နိုင်သောလူများအပေါင်းတို့သည် ဖြူသော၀တ်လုံကို၀တ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ် ရှေ့မှာရပ်နေကြ၏။             

တသိန်းလေးသောင်းလေးထောင်တို့တံဆိပ်ခတ်ပြီးမှယောဟန်ကရေတွက်၍မရနိင်အောင်များသောတပါးအမျိုးသားများကိုမြင်သည်။ ထိုသူများသည်ဖြူသော၀တ်လုံကို ၀တ်ဆင်သည်။ ဖြူသော၀တ်လုံသည်သိုးသငယ်၏အသွေး၌လျှော်၍ဖြူစေသောအ၀တ် ဖြစ်ကြောင်းအငယ် ၁၄ ၌တွေ့ရသည်။

စွန်ပလွံခက်ကိုကိုင်လျက် ‘စွန်ပလွံခက်ကိုကိုင်ခြင်းသည်အဘယ်အရာကိုဆိုလိုသနည်း။ “ယေရှုသည်ယေရုရှလင်မြို့သို့ကြွလာတော်မူသည်ကို၊ ထိုပွဲသို့လာသောသူအစုအဝေး အပေါင်းတို့သည်ကြားရလျှင်၊ စွန်ပလွံခက်များကိုကိုင်လျက်၊ ကိုယ်တော်ကိုခရီးဦးကြိုပြုအံ့သောငှါထွက်သွားကြ၍၊ ဟောရှဏ္ဏဖြစ်စေသတည်း။ ထာ၀ရဘုရား၏အခွင့်နှင့်ကြွလာ တော်မူသောဣသရေလရှင်ဘုရင်သည်၊ မင်္ဂလာရှိစေသတည်း၊ ဟု ကြွေးကြော်ကြ၏။ ကျမ်းစာ၌လာသည်ကား၊ အိုဇိအုန်သတို့သမီး၊ မစိုးရိမ်နှင့်။ သင်၏အရှင်မင်းကြီးသည်၊ မြည်းကလေးကိုစီး၍သင်ရှိရာသို့ကြွလာတော်မူသည်ကို၊ ကြည့်ရှုလော့ဟုရေးထားသည်နှင့်အညီ၊ ယေရှုသည်မြည်းကလေးကိုတွေ့၍ စီးတော်မူ၏။” (ယော ၁၂:၁၃-၁၅) ဤနေရာ၌ယေရှုသည်ရှင်ဘုရင်အဖြစ်ယေရုရှလင်မြို့သို့မြည်းကလေးကိုစီး၍လာခြင်း ဖြစ်သည်။ လူများကလည်းစွန်ပလွံခက်များကိုကိုင်လျက်၊ ရှင်ဘုရင်အဖြစ်ကြိုဆိုကြသည်။ စွန်ပလွံခက်ကိုင်ခြင်းနှင့်ပတ်သက်၍ဘုရားသခင်ကမောရှေအားဖြင့်ဤသို့ ပြောထားခဲ့သည်၊ “သင်တို့သည်သတ္တမလဆယ်ငါးရက်နေ့မှစ၍ခုနစ်ရက်ပတ်လုံး၊ ထာ၀ရ ဘုရားဘို့သကေနေပွဲကိုခံရကြမည်။” (၀တ်ပြု ၂၃:၃၄)။ “ပဌမနေ့၌ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုဃ်းမခပင်အစရှိသောအရွက်များသောအပင်၏အကိုင်းအခက်တို့ကိုယူ၍၊ သင်တို့၏ဘုရားသခင်ထာ၀ရဘုရားရှေ့တော်၌၊ ခုနစ်ရက်ပတ်လုံးရွှင်လန်းခြင်းကို ပြုရကြမည်။” (၀တ်ပြု ၂၃:၄၀) “ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှနှုတ်ဆောင် သောအခါ၊ သစ်ခက်တဲ၌နေစေကြောင်းကိုသင်တို့အမျိုးအစဥ်အဆက်တို့သည်၊ သိမှတ်မည်အကြောင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ သစ်ခက်တဲ၌ခုနစ်ရက်ပတ်လုံးနေရကြမည်။” (၀တ်ပြု ၂၃:၄၂)။ သကေနေပွဲသည်၊ တဲပွဲ (the Feast of Tabernacle) ဖြစ်သည်။ ခရစ်တော်လည်းထိုပွဲ၌ပါ၀င်ခဲ့သည် (ယောရ:၂)။ ထိုပွဲသည်ဣသရေလလူများ တော၌လည်၍၊ ဘုရားသခင်က​ကျွေးမွေးခြင်းကို၊ သတိရအောက်မေ့ဘို့ရန်ဖြစ်သကဲ့သို့၊ အနှစ်တစ်ထောင်ကာလမှာလည်း၊ သခင်ယေရှုကအုပ်ချုပ်သောအခါ၀လင်စွာ​ကျွေးမွေးခြင်း၊ ငြိမ်သက်စွာနေထိုင်ခြင်းကိုပုံဆောင်သည်။ ယေရှုကိုစွန်ပလွံခက်များကိုင်၍ကြိုဆိုခြင်းသည်၊ ရှင်ဘုရင်အဖြစ်လက်ခံခြင်းကိုဆိုလိုခြင်းဖြစ်သည်။

၁၀။ သူတို့ကလည်း၊ ပလ္လင်ပေါ်မှာထိုင်တော်မူသောငါတို့၏ဘုရားသခင်နှင့်သိုးသငယ်သည်၊ ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်း၊ ဟုကြီးသောအသံနှင့်​ကြွေးကြော်ကြ၏။
ကယ်တင်ခြင်းသည်၊ လူ၏လုပ်ဆောင်မှုအားဖြင့်မဟုတ်၊ ဘုရားသခင်နှင့်သိုးသငယ်တို့၏လုပ်ဆောင်ခြင်းဖြစ်သည်။ ကျမ်းစာ၌၊ “ကောင်းကင်ဘုံ၌စည်းဝေးသောသူအများတို့၏အသံကြီးကား၊ ဟာလေလုယ၊ ငါတို့ဘုရားသခင်၏ကယ်တင်တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း။” (ဗျာ ၁၉:၁)၊ “ထာ၀ရဘုရား၏ကျေးဇူးတော်ကြောင့်ချမ်းသာရပါ၏၊၊” (ဆာ ၃:၈) “ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။” (ဧဖက် ၂:၈) ဟုပါရှိသည်။
၁၁။ ပလ္လင်တော်မှစသော၊ အသက် ကြီးသူတို့နှင့်သတ္တ၀ါလေးပါး၏ ပတ်၀န်ကျင်၌ရပ်နေသော၊ ကောင်းကင်တမန်အပေါင်းတို့သည်၊ ပလ္လင်တော်ရှေ့မှာပြပ်၀ပ်၍ဘုရားသခင်ကို ကိုးကွယ်လျက်၊ ၁၂။ အာမင်၊ ငါတို့၏ဘုရားသခင်သည်ကမ္ဘာအဆက်ဆက်ကောင်းကြီး မင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုး၊ သတ္တိရှိတော်မူ စေသတည်း၊ အာမင်ဟုပြောဆိုကြ၏။
အထက်၌လူမျိုးအပေါင်းတို့က၊ ဘုရားသခင်နှင့်သိုးသငယ်ကိုချီးမွမ်းကြ သောအခါ၊ ကောင်းကင်တမန်အပေါင်းကလည်း၊ ဘုရားသခင်ရှေ့မှာပြပ်၀ပ်၍ကိုးကွယ်ကြကာ၊ ဘုရား၏ဘုန်းတော်ကိုခုနှစ်မျိုးဖြင့်ရေတွက်ချီးမွမ်းကြသည်။ ထိုအရာများမှာ၊ ‘ကောင်းကြီးမင်္ဂလာ၊ ဘုန်း၊ ပညာ၊ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုး၊ သတ္တိ’ တို့ ဖြစ်သည်။ ​ကျွန်ပ်တို့လည်းဘုရား၏ဘုန်းတော်ကိုချီးမွမ်းတတ်ဘို့၊ ချီးမွမ်းကြဘို့လိုအပ်သည်။ လူလူချင်း၏အောင်မြင်မှု၊ ထိုးခြားမှုများကိုချီးမွမ်းတတ်ကြသော်လည်း၊ ဘုရား၏ ဘုန်းကိုမူမချီးမွမ်းတတ်ကြခြင်းသည်၊ မသိသောကြောင့်၊ မဆင်ခြင်သောကြောင့် ဖြစ်သည်။ ယခုမှစ၍ဘုရား၏ဘုန်းတော်များကို၊ များများလေ့လာ၊ ဆင်ခြင်၍ချီးမွမ်းကြပါစို့။
၁၃။ အသက်ကြီးသူတပါးကလည်း၊ ဖြူသော၀တ်လုံကို၀တ်ဆင်သောဤသူတို့သည် အဘယ်သူနည်း။ အဘယ်အရပ်ကလာကြသနည်း၊ ဟုငါ့အားမေးမြန်းလျှင်၊ ၁၄။ ငါက၊ သခင်၊ ကိုယ်တော်သိပါ၏ဟုပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည်ကြီးစွာသော ဆင်းရဲဒုက္ခအထဲကထွက်မြောက်၍၊ မိမိတို့၀တ်လုံကိုသိုးသငယ်၏အသွေး၌လျှော်၍ဖြူစေသောသူဖြစ်ကြသတည်း။
အသက်ကြီးသူကအငယ် ၁၃ မှာသူမေးသောအရာကိုသူကိုယ်တိုင်ကပြန်​ဖြေသည်။ ထိုသူများသည် “ကြီးစွာသောဆင်းရဲဒုက္ခအထဲကထွက်မြောက်၍၊ မိမိတို့၀တ်လုံကိုသိုးသငယ်၏အသွေး၌လျှော်၍၊ ဖြူစေသောသူဖြစ်ကြသည်”ဟုဆိုသည်။ ကြီးစွာသောဆင်းရဲဒုက္ခသည်၊ ဘေးဒဏ်ကြီးကာလကိုဆိုလိုသည်။ ထို့ကြောင့်ဘေးဒဏ်ကြီး ကာလ၌၊ ကယ်တင်ခြင်းသို့ရောက်မည့်သူများစွာရှိသည်။ သူတို့သည်လည်းခရစ်တော်၏ အသွေးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ကြသည်။ မည်ကဲ့သို့ကယ်တင်ခြင်းသို့ ရောက်ကြောင်းကိုမပြောပြချေ။ ထိုသူများသည်အငယ် ၄-၈ ထဲ၌တံဆိပ်ခတ်ခြင်းခံသောဣသရေလလူမျိုး ၁၄၄၀၀၀ တို့၏တရားဟောခြင်းအားဖြင့်၊ ပြောင်းလဲခြင်းဖြစ်ကြလိမ့်မည်ဟုယူဆရသည်။ အကြောင်းမူကား ထို ၁၄၄၀၀၀ တို့ကိုအငယ် ၃ ၌ဘုရားသခင်၏ ​ကျွန်များဟုဆိုသည်။ ​ကျွန်သည်အလုပ်လုပ်ဘို့ဖြစ်သည်၊ ဇိမ်ခံဘို့မဟုတ်။ ထိုသူများကို ဘေးဒဏ်ကြီးပဌမပိုင်းသုံးနှစ်ခွဲအတွင်း၊ တကမ္ဘာလုံး၌တရားဟောဘို့ရန်တံဆိပ်ခတ်ထားခြင်းဖြစ်မည်။ ခရစ်တော်ကလည်းဘေးဒဏ်ကြီးကာလ၌၊ တရားဟောမည်ဟုဆိုခဲ့သည်၊ “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း၊ နိုင်ငံတော်နှင့်ယှဥ်သောဧ၀ံဂေလိတရားကို၊ လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတံ့။” (မ ၂၄:၁၄)။ တံဆိပ်ခတ်ရခြင်းအကြောင်းလည်း၊ စာတန်နှင့်အပေါင်းပါများကနှောက်ရှက်၍မတားနိုင်အောင်၊ ဘုရားသခင်ကသူ၏လူများဖြစ်ကြောင်း၊ သူပိုင်ကြောင်းကိုထင်ရှားစေခြင်းဖြစ်မည်။ ယနေ့ယုံကြည်သူများလည်း၊ ဘုရားသခင်ကတံဆိပ်ခတ်ထားသည်။ “သင်တို့သည်လည်း၊ ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဥ်သော၊ ဧ၀ံဂေလိတရားတည်းဟူသောသမ္မာတရားကို၊ ကြားနာရ၍၊ ထိုခရစ်တော်ကိုယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဥ်သောသန့်ရှင်းသော၀ိညာဥ်တော်၏၊ တံဆိပ်ခပ်ခြင်းကိုခံရကြပြီ။” ဟုဆိုသည် (ဧဖက် ၁:၁၃)။ သို့သော်ယနေ့ယုံကြည်သူအများစု ၉၅ ရာခိုင်နှုန်းသည်၊ ဘုရားခိုင်းသောအမှုတည်းဟူသော၊ ဧ၀ံဂေလိတရားကိုမဟောဘဲ၊ လောကသားများနည်းတူ၊ လောကအရာကိုသာရှာနေကြသည်ကို၊ ၀မ်းနည်းဖွယ်ရာတွေ့မြင်နေရသည်။
၁၅။ ထိုကြောင့်၊ ဘုရားသခင်၏ပလ္လင်တော်ရှေ့မှာနေရာကိုရ၍၊ ဗိမာန်တော်၌ဘုရား ၀တ်ကိုနေ့ညမပြတ််ပြုရကြ၏။ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူသည်၊ သူတို့တွင် ကျိန်း၀ပ်တော်မူမည်။
ပလ္လင်တော်ရှေ့၌နေရာကိုရ၍” ဟူသောအရာသည်၊ ဘုရားသခင်ရှေ့၌နေရာရရှိခြင်းဖြစ်သည်။ ဘုရားသခင်ရှေ့၌နေရာရခြင်းသည်၊ အခွင့်ထူးခံစားခြင်းဖြစ်သည်။ ပွဲ၌ သော်၎င်း၊ အရာရှိများရှေ့၌သော်၎င်း၊ လူအများရှေ့၌သော်၎င်း၊ နေရာရသောသူသည်အားရကျေနပ်တတ်ကြသည်။ ထိုထက်ဘုရားရှေ့ ၌နေရာရခြင်းသည်မည်မျှဂုဏ်ယူသင့်သနည်း။

ဗိမာန်တော်၌ဘုရား၀တ်ကိုနေ့ညမပြတ်ပြုရကြ၏။” ကောင်းကင်၌နေ့ညမရှိတော့ချေ။ ထိုကြောင့်အဆက်မပြတ်ဟုဆိုလိုခြင်းဖြစ်မည်။ ၀ိညာဥ်သတ္တ၀ါတိုင်း၏တာ၀န်မှာ၊ ဘုရားသခင်ကိုကိုးကွယ်ခြင်းဖြစ်သည်။ ဤလောက၌ဘုရား၀တ်ပြုခြင်းသည်၊ ငြေးငွေ့စရာဟုထင်မှတ်ကြသည်။ သို့သော်၀ိညာဥ်လူများအတွက်ဘုရား၀တ်ပြုခြင်းသည်၊ ၀မ်းမြောက်စရာဖြစ်သည်။ လောက၌အလုပ်ကြောင့်သော်၎င်း၊ ခလေးကြည့်ရှုဘို့လိုအပ်သောကြောင့်သော်၎င်း၊ အတားအဆီးကြောင့်သော်၎င်း၊ ဘုရား၀တ်မပြုနိင်သော်လည်း၊ ကောင်းကင်၌လွတ်လပ်စွာဘုရား၀တ်ပြုနိင်ခြင်းသည်၊ ၀ိညာဥ်လူများအတွက်အလွန်အားရစရာကောင်းမည့်အရာဖြစ်သည်။

ပလ္လင်ပေါ်မှာထိုင်တော်မူသောသူသည်၊ သူတို့တွင်ကျိန်း၀ပ်တော်မူမည်။” ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူသည်ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်သည်ဣသရေလလူများနှင့် တော၌နေခဲ့သည်။ ဘုရားသခင်နှင့်နေထိုင်ခြင်းသည်လုံခြုံသည်၊ စိတ်ချရသည်၊ ၀မ်းမြောက်စရာဖြစ်သည်။ ယခုယုံကြည်သူများ၌ဘုရားသခင်သည်၊ ၀ိညာဥ်အားဖြင့်ကျိန်း၀ပ်သော်လည်းအားမရတတ်ကြချေ။ သို့သော်ကောင်းကင်၌ယုံကြည်သူများထံ၊ ဘုရားသခင်သည်ထာ၀ရကျိန်း၀ပ်တော်မူမည်။ အဘယ်မျှလောက်၀မ်းမြောက်စရာဖြစ်မည်နည်း။

၁၆။ သူတို့သည်နောက်တဖန်ရေစာကိုမငတ်မမွတ်ရကြ။ နေရောင်ခြည်အလျှင်းမထိရ။ အဘယ်အပူကိုမျှမခံရကြ။ ၁၇။ အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ရှိသောသိုးသငယ်သည်၊ သူတို့ကိုလုပ်​ကျွေး၍၊ အသက်စမ်းရေတွင်းသို့လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း၊ သူတို့မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်ဟုဆိုလေ၏။
ဘေးဒဏ်ကြီးကာလအတွင်း၌အစာရေစာခေါင်းပါးခြင်းကြောင့်၎င်း၊ သားရဲ၏ တံဆိပ်ဖြစ်သော ၆၆၆ကို မခတ်သောကြောင့်၎င်း၊ အစာရေစာမ၀ကြသောသူများ၊ ကောင်းကင်နိုင်ငံရောက်သောအခါ၊ မငတ်မမွက်ရကြတော့ချေ။ အဘယ်မျှလောက်အားရ၀မ်းမြောက်စရာဖြစ်မည်နည်း။ သူတို့ကိုသိုးသငယ်က​ကျွေး၍၊ အသက်စမ်းရေ တွင်းသို့လမ်းပြမည်ဟုဆိုသည်။ ကောင်းကင်၌အစာရေစာလိုဦးမည်လော။ ခရစ်တော် ကလောက၌နေစဥ်၊ “ရေငတ်သောသူရှိလျှင်ငါ့ထံသို့လာ၍သောက်လော့။ ငါ့ကိုယုံကြည်သောသူသည်၊ ကျမ်းစာလာသည့်အတိုင်း၊ အသက်ရေထွက်ရာစမ်းရေတွင်းဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏။ ထိုသို့ဆိုသော်ယုံကြည်သောသူတို့သည်၊ ခံရလတံ့သော၀ိညာဥ်တော်ကို ရည်မှတ်၍၊ မိန့်တော်မူ၏။” (ယောရ:၃ ရ- ၃၉) ဟုဆိုခဲ့သည်။ ခရစ်တော်ကရေဟုဆိုရာတွင်၊ သောက်သုံးရေကိုဆိုလိုသည်မဟုတ်၊ ၀ိညာဥ်တော်ကိုဆိုလိုသည်။ ထိုကြောင့်ကောင်းကင်ရောက်ယုံကြည်သူများလည်း၊ လောကအစာရေစာကိုမစားတော့ဘဲ၊ ၀ိညာဥ်တော်နှင့်အတူနေထိုင်မှာဖြစ်သောကြောင့်၊ စာမွတ်စရာအကြောင်းမရှိတော့ချေ။

နေရောင်ခြည်အလျှင်းမထိရ။ အဘယ်အပူကိုမျှမခံရကြ” ဟူသောအရာသည်ယခုနေပူခြင်းကိုပြောသည်မဟုတ်။ ဘေးဒဏ်ကြီးကာလ၌နေအလွန်ပူမည့်အကြောင်းဤသို့တွေ့ရသည်၊ “စတုတ္ထ္ဂကောင်းကင်တမန်သည်မိမိဖလားကိုနေပေါ်သို့သွန်းလောင်းလျှင်၊ နေသည် လူတို့ကိုမီးလောင်ရသောအခွင့်ကိုရ၏။ ပူအားကြီးသောအရှိန်ဖြင့်လူတို့သည်လောင်ခြင်းကိုခံရ၍၊ ထိုဘေးဒဏ်တို့ကိုအစိုးပိုင်တော်မူသော၊ ဘုရားသခင်၏နာမတော်ကိုကျိန်ဆဲကြ၏။” (ဗျာ ၁၆:၈-၉)။ သို့သော်ကောင်းကင်သို့ရောက်သောအခါ၊ နေပူဒဏ်ခံရတော့မည် မဟုတ်ဟူသောအရာသည်၊ သူတို့အတွက်အလွန်အဓိပ္ပါယ်ရှိသည်။ ဆာလံဆရာကလည်း၊ “နေ့အချိန်၌နေအားဖြင့်၎င်း၊ ညအချိန်၌လအားဖြင့်၎င်း၊ အထိအခိုက်မရှိရာ။” (ဆာ ၁၂၁:၆) ဟုဆိုခဲ့သည်။

ဘုရားသခင်သည်လည်း၊ သူတို့မျက်စိ၌မျက်ရည်ရှိသမျှတို့ကို၊ သုတ်တော်မူမည်ဟုဆိုလေ၏။” ဘုရားသခင်သည်၊ ယုံကြည်သူများ၏ဒုက္ခ ဆင်းရဲခံခြင်းကို၊ သနားကျင်နာသည်။ လောကသည်စာတန်၏နိုင်ငံဖြစ်သောကြောင့်၊ ယုံကြည်သူများသည်၊ ဒုက္ခဆင်းရဲအမျိုးမျိုးခံရသည်။ ဘေးဒဏ်ကြီးကာလယုံကြည်သူများလည်း၊ အလွန်ဆင်းရဲခြင်းခံခဲ့ရသည်။ သူတို့၏၀မ်းနည်းခြင်းမျက်ရည်သည်၊ ကောင်းကင်ထိရောက်သည်။ သို့သော်ဘုရားသခင်ကိုယ်တော်တိုင်က၊ သုတ်တော်မူမည်ဟုဆိုသောကြောင့်၊ အလွန်အားရနှိမ့်သိမ့်မှုရရှိမှာ ဖြစ်သည်။ တိုင်းသူပြည်သားများဒုက္ခဆင်းရဲခံရသောအခါ၊ နိင်ငံခေါင်းဆောင်များကနှစ်သိမ့်လျှင်၊ သက်သာရာရတတ်သကဲ့သို့၊ ဘုရားသခင်ကိုယ်တော်တိုင်၏နှစ်သိမ့်ခြင်းသည်၊ အလွန်ပင်အားရစရာကောင်းပေမည်။ ရှင်ပေါလုက၊ “အဘယ်သူမျှကြံ၍မမှီနိုင်သော၊ ဘုရားသခင်၏ငြိမ်သက်ခြင်းသည်၊ ယေရှုခရစ်အားဖြင့်သင်တို့၏စိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်။” (ဖိလိ ၄:၆) ဟုဆိုခဲ့သည်။

ဗျာ ရ မေးခွန်းများ

၁။ အဘယ်ကြောင့် လူသားများသည်၊ ဘုရားသခင်ကိုမကြောက်ကြသနည်း။ —————————————————-
၂။ ၁၄၄၀၀၀ များသည်မည်သူများ ဖြစ်သနည်း။ —————————————————
၃။ တံဆိပ်ခတ်ခြင်း၌ မပါသော အမျိုးများ ဖေါ်ပြပါ။ ——————————————————————————————————
၄။ ဘေးဒဏ်ကြီး ကာလ၌ လူမည်မျှ ကယ်တင်ခြင်းသို့ ရောက်မည်နည်း။ —————————————————
၅။ စွန်ပလွံခက်ကိုင်ခြင်းသည် ဘာကို ဆိုလိုသနည်း။ ——————————————————————————————————
၆။ ကယ်တင်ခြင်းသို့ ရောက်ဘို့ ဘာလုပ်ရမည်နည်း။ ——————————————————————————————————
ရ။ အဘယ်ကြောင့်ဘုရား၏ ဘုန်းကို မချီးမွမ်းတတ်ကြသနည်း။ ——————————————————————————————————
၈။ ဘေးဒဏ်ကြီး ကာလ ယုံကြည်သူများသည်၊ မည် သူများ ကသက်သေခံခြင်း ဖြစ်မည်နည်း။ —————————————————
၉။ ယနေ့ ယုံကြည်သူများသည်၊ တံဆိပ်ခတ်ခြင်း ခံရပါသလော။ —————————————————
၁၀။ ဘုရားသခင်၏ ​ကျွန်သည် ဘာလုပ်ရမည်နည်း။ ——————————————————————————————————
၁၁။ ဘုရားသခင် ရှေ့၌ နေရာရရှိခြင်းသည် အရေးကြီး ပါသလား။ —————————————————
၁၂။ ဘုရားသခင်နှင့်အတူ နေလိုပါသလား။ ————————အဘယ်ကြောင့်နည်း။ —————————————————
၁၃။ ကောင်းကင်၌ အစာ ငတ်မွတ်ခြင်းရှိပါဦးမည်လော။ —————————————————
၁၄။ ဘေးဒဏ်ကြီး ကာလ၌ နေမည်ကဲ့သို့ဖြစ်မည်နည်း။ —————————————————
၁၅။ ကောင်းကင်၌ မျက်ရည်ရှိသေးသလော။ —————————————————
၁၆။ ဘုရားသခင်၏ နှစ်သိမ့်ခြင်းသည် အရေးကြီး ပါသလော။ ———————————————–

ဆက်ဖတ်ရန် (PART C)