BOOKSTORE
HOME  BOOKSTORE  COMMENTARY JOHN PART-3

 

မာတိကာ

ယောဟန် (၁-၆) - ယောဟန် (၇-၁၄)  ယောဟန် (၁၅-၂၁)

 

 

ယော ၁၅

၁  ငါသည်မှန်သော စပျစ်နွယ်ပင်ဖြစ်၏။ [A] ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။ 


၂  ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍အသီးသီးစေခြင်းငှါ၊ သုတ်သင်ရှင်းလင်းတော်မူ၏။ 


၃  သင်တို့သည် ငါဟော ပြောသော စကားအားဖြင့်၊ ယခုပင်ရှင်းလင်းလျက်ရှိကြ၏။ 


၄  ငါ၌တည်နေကြလော့။  [C] ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။ 


၅  ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်းသူ၌ တည်၏၊ ထိုသူသည် များစွာသောအသီးကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။ 


၆  ငါ၌မတည်သောသူသည် သွေ့​ခြောက် သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကို ခံရ၏။ ထိုသို့သောအခက်များကို လူတို့သည်စုသိမ်း၍၊ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။ 


၇  သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။ 


၈  သင်တို့သည် များစွာသောအသီးကို သီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။   


၉  ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့  ငါသည် သင်တို့ကိုချစ်၏။ ငါ၏ ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။ 


၁၀  ငါသည် ငါ့ခမည်းတော်၏ ပညတ်တို့ကို စောင့်ရှောက်၍၊ ခမည်းတော်၏ မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။ 


၁၁  သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှါ၎င်း၊ သင်တို့ဝမ်းမြောက်စရာ အကြောင်းစုံလင်စေခြင်းငှါ၎င်း၊ ဤစကားကို သင်တို့အား ဟောပြော၏။ 


၁၂  ငါ့ပညတ်ဟူမူကား၊ ငါသည်သင်တို့ကို ချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။

၁၃  ကိုယ်အဆွေတို့အဘို့ အလိုငှါ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌ မျှမရှိ။ 

၁၄  သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။ 


၁၅  ယခုမှစ၍ငါသည် သင်တို့ကို ကျွန်ဟူ၍မခေါ်။ ​ကျွန်မူကား၊ ကိုယ်သခင် ပြုသောအမှုကိုမသိ။ သင်တို့ကို အဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အားငါပြသ၏။ 


၁၆  သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည်သင်တို့ကို ရွေးကောက်သဖြင့်၊  သင်တို့သည်သွား၍ တည်ကြည်သော အသီးကိုသီးမည် အကြောင်းနှင့်၊ ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာ တောင်းသမျှတို့ကို ရမည်အကြောင်း၊ သင်တို့ကိုငါခန့်ထား၏။ 


၁၇  သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ ဤပညတ်တို့ကို ငါပေး၏။ 

၁၈  လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊သင်တို့ကိုမမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။ 


၁၉  သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့် ဆက်ဆံသောသင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူ ဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။ 


၂၀  ​ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်၊  ဟုငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင်၊ သင်တို့ကို ညဉ်းဆဲကြလိမ့်မည်။ ငါ့စကားကို နားထောင်လျှင်၊ သင်တို့၏ စကားကို နားထောင်ကြလိမ့်မည်။ 


၂၁  ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ [O]ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။ 


၂၂  ငါသည်လာ၍၊ ထိုသူတို့အား မဟောမပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ မိမိတို့အပြစ်ကိုဝှက်၍ မထားနိုင်ကြ။ 


၂၃  ငါ့ကိုမုန်းသောသူသည် ငါ့ခမည်းတော်ကိုမုန်း၏။ 


၂၄  ငါသည် အခြားသူ မပြုဘူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ သူတို့သည် ထိုအမှုကိုမြင်ရ၍ ငါနှင့်ခမည်းတော်ကို မုန်းကြ၏။ 


၂၅  သို့ဖြစ်လျှင် အကြောင်းမရှိဘဲ ငါ့ကိုမုန်းကြ၏၊ [P]၊ ဟုသူတို့၏ပညတ္တိကျမ်းစာ၌(a)  ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။ 


၂၆  ခမည်းတော်ထံမှ ထွက်လာ၍ သမ္မာတရား [Q]နှင့် ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ [R] ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။

 
၂၇  သင်တို့သည်လည်း ရှေ့ဦးစွာမှစ၍ ငါနှင့်အတူ ရှိနေသောကြောင့် သက်သေခံရကြလိမ့်မည်။ 

ယော ၁၆

၁။ သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကို ငါပြော၏။ ၂လောကီသား တို့သည် သင်တို့ကို တရားစရပ်မှနှင်ထုတ် လိမ့်မည်။ သင်တို့ကို သတ်သော သူမည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သော အချိန်ကာလ ရောက်လိမ့်မည်။

 သခင်ယေရှုက ယုံကြည်သူများစိတ်မပျက်ဘို့ရန် သူတို့ တွေ့ကြုံရမည့် အရာများကို ကြိုတင် ပြောထားသည်။ ယုံကြည်သူများကို လောကီသားများကတရားစရပ်မှနှင်ထုတ် ကြလိမ့်မည်ဟုဆိုသည်။ တရားစရပ်သည် အခြား ဘာသာဝင် များ၏ တရားစရပ်များကို ဆိုလိုမည် မထင်၊ ထာဝရ ဘုရားကို ကိုးကွယ်သော ဂျူးများနှင့် ခရစ်ယာန် များ၏ တရားစရပ်များ ဖြစ်မည်။ ယုံကြည်သူများကို တရားစရပ်တို့ မှနှင်ထုတ်သည် သာမက၊ သူတို့ကို သတ်မည်ဟုဆိုသည်။ ထိုသို့ သတ်ခြင်းသည် ဘုရား မယုံကြည် သောကြောင့် မဟုတ်ဘဲ၊ ဘုရား ဘက်၌ စိတ်အားကြီး သောကြောင့် ဖြစ်မည်။ သူတို့ အမြင်၌ ယုံကြည်သူများသည် လမ်းလွှဲသော သူများဟု မြင်သောကြောင့် တရားလမ်းမလွှဲစေဘို့ရန် သတ်ခြင်း ဖြစ်သည်။ ထိုသို့ သတ်သော သူတို့ ကဘုရားဝတ်ပြုပြီဟု ထင်မှတ်လိမ့်မည်ဟုဆိုသည်။ ယနေ့ ခရစ်ယာန် များကို သတ်သော သူတို့သည် သာသနာ ပများ သာမက ခရစ်ယာန် အချင်းချင်းလည်း ဖြစ်တတ်သည်။ ထို့ကြောင့် ထိုသို့ ခံရလျှင် စိတ်မပျက်ရ၊ သခင်ဘုရား၏ စကား မှန်ကန်ကြောင်း သက်သေ ဖြစ်သည်။

၃။ ခမည်းတော်ကို မသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ ပြုကြလိမ့်မည်။ ၄ ထိုအချိန်ကာလ ရောက် သောအခါ၊ ငါသည် အထက် ကဤသို့ ပြောပြီးသည်ကို သင်တို့ အောက်မေ့စေခြင်းငှါ ယခုပင်ငါဟောပြော၏။ အစအဦး၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့ မပြောဘူးသေး။

  ယုံကြည်သူများကို အဘယ်ကြောင့်နှင်ထုတ်ခြင်း၊ သတ်ဖြတ်ခြင်း ဖြစ်မည်နည်းဟူမူကား၊ ခမည်းတော် ဘုရား ကိုလည်း မသိ၊ ခရစ်တော် ကိုလည်း မသိသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ကိုးကွယ်သူတိုင်း၊ ဘုရားသခင်ကို ကောင်းစွာ သိကြသည် မဟုတ်။ ခရစ်တော်သည် တပည့်တော်တို့ ထံမှ ခွဲခွါခါနီးပြီ ဖြစ်သောကြောင့် ထိုအရာများကို ပြောခြင်း ဖြစ်သည်။ ၅။ ငါ့ကို စေလွှတ် တော်မူသော သူထံသို့ ယခုငါသွားရမည် ဖြစ်၍ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့ မမေးကြ။ သခင်ယေရှုသည် ခမည်းတော် ရှိရာကောင်းကင်သို့ ပြန်သွားရတော့မှာ ဖြစ်သည်။

၆။ ဤကြောင်း အရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည် အလွန် ဝမ်းနည်းခြင်းသို့ ရောက်ကြ၏။ တပည့်တော် များသည် သခင်ဘုရား ကသူသွားမည့် အကြောင်းကို ပြော သောအခါ အလွန် ဝမ်းနည်း ကြသည်။ ကျွန်ုပ်တို့လည်း အချင်းချင်းခွဲခွါမည့် အခါအလွန် ဝမ်းနည်းတတ်ကြသည် မဟုတ်လော။ ရ။ ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့ အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ ဆီသို့ မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ ဆီသို့ ငါစေလွှတ်မည်။

သခင်ယေရှု ကသူသွားခြင်းသည် သူတို့အတွက် ကောင်းသည်ဟုဆိုသည်။ အကြောင်းမှာ သူသည်ကိုယ်ခန္ဓာအားဖြင့် သူတို့နှင့် နေလျှင် တနေရာထဲ၌ သာရှိမည်။ ဥပဇဏျယ်ဆရာ တည်းဟူသောသန့်ရှင်းသော ဝိညာဉ်တော် ရောက်လာလျှင် ယုံကြည်သူ တိုင်း ထံ၌ ရှိနိုင်မည်။ ဥပဇဏျယ်ဟူသော စကားသည် ပဠိစကား ဖြစ်၍ ဂရိတ်လို (Paraklētos) ပါရာခလေတော့၊ ကူညီမည့်သူဟု အဓိပ္ပါယ်ရှိသည်။ 

၈။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင် ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ် ကင်းခြင်းကို၎င်း၊ အပြစ် စီရင်ခြင်းကို၎င်းလောကီသား တို့အား ထင်ရှားစွာ ဘော်ပြမည်။ ၉ ငါ့ကို မယုံကြည် ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။ 

ဥပဇဏျာယ်ဆရာ တည်းဟူသောသန့်ရှင်းသော ဝိညာဉ်တော်က ပြုလုပ် မည့် အရာများကို သခင်ယေရှုက ကြိုတင် ပြောပြခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆရာဝန်ကဲ့သို့ လုပ်မည်။ ဆရာဝန်သည် လူနာ၏ ရောဂါကို ရှာ၍ ၊ ရောဂါကို မည်ကဲ့ကုသမည်၊ မကုသလျှင် ဘာ ဖြစ်မည်ဟူသောအရာ များကို လူနာအား ပြောပြတတ်သည်။ ထို့နည်းတူ သန့်ရှင်းသော ဝိညာဉ်တော် ကလူများ သူတို့၏ အပြစ်ကို ဖေါ်ပြမည်။ မည်ကဲ့သို့ အပြစ် ကင်း (​ဖြောင့်မတ်) နိုင်မည်၊ အပြစ်ကို မည်ကဲ့သို့ စီရင်မည်ဟူသောအရာ များကို ဖေါ်ပြမည်ဟုဆိုသည်။ သို့သော် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော် လက်ခံသည်ဟုဆိုသော သူများ ကပေါက်ကရအလုပ်များကို လုပ် ကြသည်။ ဝိညာဉ်၌ လဲခြင်း၊ မူးခြင်း၊ ပြေးလွှားခြင်း၊ အတောမသတ်နိုင်အောင် ရီခြင်း၊ တိရစ္ဆာန်ကဲ့သို့ ဟောင်ခြင်း အူခြင်း အသံပြုခြင်းများပြုလုပ် ကြသည်။ ထိုသူများ ကသူတို့ ကဲ့သို့ လက်မခံသော သူများကို၊ သန့်ရှင်းသော ဝိညာဉ်တော် လက်မခံ သူများဟု စွပ်စွဲ ကြသည်။ သူတို့ လက်ခံသော ဝိညာဉ်သည် သန့်ရှင်းသော ဝိညာဉ်တော် မဟုတ်၊ ညစ်ညူးသော နတ်ဆိုး၏ ဝိညာဉ် ဖြစ်သည်။ တမန်တော် များသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝ သောအခါ ရဲရင့်စွာ တရားဟောသည်ဟု သာတွေ့ရသည်။ ယနေ့ ခံယူကြသော၊ လဲခြင်း၊ အမျိုးမျိုးသော အသံပြုခြင်း၊ ရီခြင်းများ မတွေ့ရချေ။ 

၁၀။ ငါသည် ခမည်းတော် ထံသို့ သွားမည် ဖြစ်၍ ၊ သင်တို့သည် နောက်တဖန် ငါ့ကို မတွေ့မမြင်ရသောကြောင့်၊ အပြစ် ကင်းခြင်းကို ဘော်ပြမည်။ 

သခင်ယေရှုသည် ခမည်းတော် ထံသို့ ပြန်သွား သောအခါ သူတို့ သာကျန်ရစ်သောကြောင့် အပြစ် ကင်းခြင်းကို ဖေါ်ပြမည်ဟုဆိုသည်။ လူသည် ခေါင်းရှေ့တွင် အပြစ် မလုပ်ရဲ၊ မလုပ်တတ်ကြသော်လည်း၊ နောက်ကွယ်တွင် အပြစ် မျိုးစုံလုပ်တတ်သည် မဟုတ်လော။ ထို့ကြောင့် သူတို့၏ ခေါင်းမရှိတော့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်က ယုံကြည်သူများကို အပြစ် ကင်းဘို့ ဖေါ်ပြမှာ ဖြစ်သည်။ 

၁၁။ ဤလောကကို အစိုးရသော မင်းသည် အပြစ် စီရင်ခြင်းကို ခံရသောကြောင့် အပြစ် စီရင်ခြင်းကို ဘော်ပြမည်။ 

ဤလောကကို အစိုးရသော မင်းသည် စာတန် ဖြစ်သည်။ လူသည် စာတန်ကို ကြောက်သောကြောင့် အပြစ် လုပ်တတ် ကြသည်။ သို့သော် စာတန်ကို ဘုရား ကပြစ်စီရင်မှာ ဖြစ်သောကြောင့် ကြောက်စရာ မရှိချေ။ ထိုစာတန်ကို ဘုရားသခင်က အပြစ် စီရမည့် အရာကို သိလျှင် သူ့ကို ကြောက်စရာ မလိုတော့ချေ။ ၁၂။ သင်တို့အား ငါပြောစရာ စကား အများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သခင်ယေရှု ကတမန်တော် များကို စကားပြောစရာ အများရှိသော်လည်း၊ သူတို့သည် ဝိညာဉ် ပိုင်း၌ နုနယ် သေးသောကြောင့် များများမပြောနိုင်ခြင်း ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း ဝိညာဉ် ပိုင်း၌ ခလေး ဖြစ်နေလျှင် နက်နဲသောအရာ ၊ ကျေခဲသော စကား များကို ပြော၍ မရချေ။ ပြောလျှင်လည်း နည်းမလည်နိုင်သည် သာမကအလွှဲယူခြင်းဖြင့် ပြသနာများတတ်သည်။

၁၃။ သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည်ကိုယ်အလိုအလျောက်ဟောပြောမည် မဟုတ်။ ကြားသမျှ တို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာ တို့ ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။

ခရစ်တော်က ဝိညာဉ်တော်သည် သမ္မာတရားကို သင်တို့အား အကြွင်းမဲ့သွန်သင်ပြသလိမ့်မည်ဟုဆိုသောကြောင့် ဝိညာဉ်တော်သည် ပုဂ္ဂိုလ် ဖြစ်ကြောင်း ထင်ရှားသည်။ အဘယ်ကြောင့်နာမည်ခံ ခရစ်ယာန်များသမ္မာတရား မသိနိုင်သနည်းဟူမူကား ဝိညာဉ်တော် မရရှိသောကြောင့် ဖြစ်သည်။ ဒုတိယမွေးသော ခရစ်ယာန် အများစုလည်း အဘယ်ကြောင့် သမ္မာတရား မသိနိုင်သနည်းဟူမူကား၊ ဝိညာဉ်တော်၏ အုပ်စိုးခြင်းကို လက်မခံသောကြောင့် ဖြစ်သည်။ ထို့အပြင် ကျမ်းစာ မဖတ်ကြသောကြောင့် ဖြစ်သည်။ ဝိညာဉ်တော်သည် အသစ်သောအရာ များ မဟုတ်ဘဲ၊ ကြားသမျှ ဟောပြောမည်ဟုဆိုသည်။ ထိုကြားသမျှ တို့သည် ကျမ်းစာ ထဲ၌ ဖေါ်ပြပြီး ဖြစ်သည်။ ထို့ကြောင့် သမ္မာတရား သိဘို့ရန် ကျမ်းစာကို ဝိညာဉ်တော်၏ အလင်းပေးမှုအားဖြင့် ဖတ်ရှု၊ ဆင်ခြင်ရမည်။ 

၁၄။ ထိုသူသည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့် စပ်ဆိုင်သောအရာ ကို ယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။ ၁၅ ခမည်းတော်နှင့် စပ်ဆိုင်သမျှသည် ငါနှင့် စပ်ဆိုင်၏။ ထိုကြောင့်ငါနှင့် စပ်ဆိုင်သောအရာ ကို ယူ၍ သင်တို့အား ဘော်ပြလိမ့်မည်ဟု ငါပြော၏။ 

သန့်ရှင်းသော ဝိညာဉ်တော်၏ အဓိကအလုပ်သည် ခရစ်တော်၏ ဘုန်းကို ထင်ရှားစေဘို့ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်နှင့် ဆိုင်သောအရာ များကို ယုံကြည်သူများအား ဘော်ပြလိမ့်မည်။ ခရစ်တော်နှင့် ခမည်းတော် သည်လည်း စပ်ဆိုင် ကြသည်။ ထို့ကြောင့် ခမည်းတော် ဘုရားနှင့် ခရစ်တော်နှင့် မဆိုင်သော ဝိညာဉ်သည်၊ စာတန်၏ ဝိညာဉ် ဖြစ်၍ ဝေးဝေးမှရှောင်ဘို့ ဖြစ်သည်။ 

၁၆။ ခဏကြာပြီးမှသင်တို့သည် ငါ့ကို မမြင်ရကြ။ တဖန် ခဏကြာပြီးမှငါ့ကို မြင်ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော် ထံသို့ သွားမည်ဟု မိန့်တော်မူ၏။ ၁ရတပည့်တော် အချို့ကလည်း၊ ခဏကြာပြီးမှသင်တို့သည် ငါ့ကို မမြင်ရကြ။ တဖန် ခဏကြာပြီးမှငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍ ၎င်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော် ထံသို့ သွားမည်ဟူ၍ ၎င်း၊ မိန့်တော်မူသော စကားသည် အဘယ်သို့ နည်း။ ၁၈ ခဏဟူ၍ မိန့်တော်မူသော်အဘယ်သို့ ဆိုလိုသနည်း။ မိန့်တော်မူသော စကားကို အ​ကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်း ပြောဆို ကြ၏။

အဘယ်ကြောင့်ယေရှု ကသူ့တပည့်များ ကခဏကြာပြီးမှသူ့ကို မမြင်ဘဲ၊ ခဏကြာပြီးမှပြန်မြင်ကြမည်နည်းဟူမူကား၊ သူသည် သူ့ခမည်းတော် ထံသို့်သွားမှာ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရာသည် အသေခံ ပြီးမှသုံးရက်သင်္ဂြိုလ်ခြင်းကို ခံချိန်တွင် သူ့ ဝိညာဉ် ကောင်းကင် တက်မည့်အရာကို ဆိုလိုခြင်း ဖြစ်သည်။ ရှင်ပြန်ထမြောက် လာသောအခါ သူ့ကို ပြန်မည်ကြလိမ့်မည်။ 

၁၉။ တပည့်တော် တို့သည် မေးလျှောက်လိုသည်ကို ယေရှု သိမြင် တော်မူ လျှင်၊ ခဏကြာပြီးမှသင်တို့သည် ငါ့ကို မမြင်ရကြ။ တဖန် ခဏကြာပြီးမှငါ့ကို မြင်ပြန်ကြလိမ့်မည်ဟု ငါပြောသော စကားကို သင်တို့သည် အချင်းချင်းဆင်ခြင်ကြသလော။ ၂၀ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငို​ကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည်။ လောကီသား တို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့ မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။

အဘယ်ကြောင့် တပည့်တော်များငိုကြွေးမြည်တမ်း ချိန်တွင် လောကီသားများဝမ်းမြောက် ကြမည်နည်း။ အကြောင်းမှာ သခင်ယေရှု သေသောကြောင့် တပည့်တော် များသည် ငိုကြွေးမြည်တမ်း၍ လောကီသား များသည် သူ့ကို သတ်နိုင်သောကြောင့် ဝမ်းမြောက် ကြမည့် အရာကို ဆိုလိုသည်။ တပည့်တော် များ၏ ဝမ်းနည်းခြင်းသည် သူရှင်ပြန်ထမြောက် လာသောအခါ ဝမ်းမြောက်ခြင်း သို့ဖြစ်လိမ့်မည်။ 

၂၁။ မိန်းမသည် သားကို ဘွားစဉ်အခါဘွားရသောအချိန် စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဘွားမြင်ပြီးမှဤလောက၌ လူတယောက်ကို ဘွားမြင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၍ ၊ အထက် ခံရသော ဝေဒနာကို မေ့လျော့ တတ်၏။ ၂၂ ထိုနည်းတူ ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း နောက်တဖန် သင်တို့ကို ငါတွေ့မြင်သဖြင့် သင်တို့သည် စိတ်နှ လုံးဝ မ်းမြောက်ခြင်းရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူ မျှလုယူဖျက်ဆီးခြင်းငှါ မတတ်နိုင်။

သခင်ယေရှု ကသူအသေခံခြင်းကို မိန်းမကသား ဘွားခြင်းနှင့် နှိုင်းယှဉ်ထားသည်။ မိန်းမသည် သားဘွားမည့် အရာကို အလိုရှိသော်လည်း သူခံရမည့် ဝေဒနာကို စဉ်းစားပြီး ဝမ်းနည်းတတ်သည်။ သို့သော် သားဘွားပြီးလျှင် သူခံရသော ဝေဒနာကို မေ့လျော့ တတ်သည်ဟုဆိုသည်။ တပည့်တော် များလည်း သူတို့၏ သခင်အသေခံ ချိန်တွင် ခဏဝမ်းနည်းသော်လည်း၊ ရှင်ပြန်ထမြောက် လာသောအခါ ဝမ်းမြောက်ခြင်းရှိကြမည်ဟုဆိုသည်။ ထိုဝမ်းမြောက်ခြင်းသည် အဘယ်သူ ကမျှလုယူဖျက်ဆီးနိုင်မည် မဟုတ်ဟုဆိုသည်။ တပည့်တော် များ၏ အဓိက သက်သေခံခြင်းသည် သခင်ယေရှု အသက် ရှင်ကြောင်း ဖြစ်၍ (တ ၂:၃၂၊ ၃:၁၅)၊ ထိုအရာကို ယုံကြည် သောကြောင့် ဘာသာရေးခေါင်းဆောင်များကထိုအကြောင်းကို မဟောပြောဘို့ ခြိမ်း​ခြောက်ကြသော်လည်း လုံးဝ မကြောက်ကြတော့ချေ။ သေသည် အထိ ထိုအရာကို ဟောပြော ကြသည်။ 

၂၃။ ထိုနေ့၌ သင်တို့သည် ငါ့ကို အလျှင်း မမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငါ၏ နာမကို အမှီပြု၍ ခမည်းတော် မှာ ဆုတောင်း သမျှ တို့ကို ခမည်းတော်သည် ပေးတော်မူမည်။ ၂၄ ယခုတိုင်အောင် ငါ၏ နာမကို အမှီပြု၍ သင်တို့သည် အဘယ်ဆုကို မျှမတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာ အကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။

ထိုနေ့၌ ဟူသောအရာသည် ရှင်ပြန်ထမြောက် ပြီးသောအရာ ကို ဆိုသည်။ ရှင်ပြန်ထမြောက်ပြီး သောအခါ တမန်တော် များသည် မေးခွန်းများများမမေးခဲ့ကြတော့ချေ။ ယေရှု ကသူ့နာမနှင့် ဆုတောင်းဘို့ မပြော သေးသောကြောင့် မတောင်းကြခြင်း ဖြစ်သည်။ ထိုအချိန် မှစ၍ သူ့နာမနှင့် ခမည်းတော်ထံ ဆုတောင်းဘို့ သင်ပေးသည်။ ယနေ့ အချို့သော သူများ ကသခင်ယေရှု နာမနှင့် သူ့ထံ၌ ဆုတောင်း ကြသည်။ သခင်ယေရှု သင်ပေးသည် မှာသူ့နာမအားဖြင့် ခမည်းတော် ထံသို့ ဆုတောင်းဘို့ ဖြစ်သည်။ ဆုတောင်းခြင်းသည် ဝမ်းမြောက်စရာ စုံလင်စေဘို့ရန် ဖြစ်သည်ဟုဆိုသည်။ ဘုရား အလိုတော် အတိုင်းများများ ဆုတောင်းသော သူများသည် ဝမ်းမြောက်သော သူများ ဖြစ်သည်။ အကြောင်းမှာ သူတို့ တောင်းသော ဆုများကို ရရှိ ကြသည်။ သို့သော် များစွာသော လူများသည် အဘယ်ကြောင့်ဆုမတောင်းချင် ကြသနည်း။ သူတို့ တောင်းသော ဆုမရှိသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်မရရှိကြသနည်း။ အလိုတော် အတိုင်း မတောင်း၊ သူတို့ ဇာတိအလို ဆန္ဒအတိုင်း သာတောင်းကြသည် (ယာ ၄:၃)။ ဝမ်းမြောက်စရာ စုံလင်မည့် အကြောင်း ယခုမှစ၍ များများ ဆုတောင်း ကြပါစို့။ 

၂၅။ ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟော မပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာ တို့ကို သင်တို့အား အတိအလင်းဘော်ပြသော အချိန်ကာလ ရောက်လိမ့်မည်။

ပုံဥပမာအားဖြင့် ဟောပြောခြင်းသည် နားမလည် တတ်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် မဟောပြောခြင်းသည် နားလည်သောကြောင့် ဖြစ်သည်။ ဆိုလိုရင်း နားလည်သော သူကို ဥပမာအားဖြင့် ပြောနေစရာ မလိုချေ။ ဝိညာဉ် ပိုင်းရင့်ကျက်လာသောအခါ သမ္မာတရား များကို အလွယ်တကူ နားလည်လာလိမ့်မည်။ အရိပ်ပြလျှင် အကောင်မြင်လာကြလိမ့်မည်။ 

၂၆။ ထိုကာလ၌ သင်တို့သည် ငါ၏ နာမကို အမှီပြု၍ ဆုတောင်း ကြလိမ့်မည်။ သင်တို့ အဘို့ အလိုငှါ ငါသည် ခမည်းတော်ကို တောင်းမည်ဟု မဆို။ ၂၇ အကြောင်းမူကား၊ သင်တို့သည် ငါ့ကို ချစ်ကြ၍ ၊ ငါသည် ဘုရားသခင် အထံတော် မှကြလာသည်ကို ယုံကြသောကြောင့် ခမည်းတော်သည်ကိုယ်တော်တိုင် သင်တို့ကို ချစ် တော်မူ၏။ 

 ထိုကာလ ဆိုသည်မှာ သခင်ဘုရား အသေခံ၍ ရှင်ပြန်ထမြောက် ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် ပေးသည့်ကာလကို ဆိုလိုသည်။ ထိုအချိန် မှစ၍ ယနေ့ တိုင် ယုံကြည်သူများကသခင်ယေရှု၏ နာမဖြင့် ဆုတောင်း နေကြပြီ။ သခင်ယေရှု ကခမည်းတော်သည် ယုံကြည်သူများကို ချစ် တော်မူ ကြောင်းကို ဖေါ်ပြသည်။ သခင်ယေရှုသည် လူများနှင့် ခမည်းတော် အကြား ပေါင်းကူးပေးသောသူ ဖြစ်သည်။ ခမည်းတော် ကသင်နှင့် ​ကျွန်ုပ်ကို ချစ်ကြောင်း သိလျှင် ကြောက်စရာ မလို၊ ခင်မြင်ရင်းနှီးစွာ မိဿဟာယဖွဲ့ပြီး လိုအပ်သမျှကို တောင်းရှောက်နိုင်သည်။

၂၈။ ငါသည် ခမည်းတော် ထံမှ ထွက်၍ ဤလောကသို့ ကြလာပြီ။ တဖန် ဤလောကမှ ထွက်၍ ခမည်းတော် ထံသို့ သွားဦးမည်ဟု မိန့်တော်မူ၏။ 

သခင်ဘုရား ကသူသည် ခမည်းတော် ထံမှ လာ၍ ခမည်းတော် ထံပြန်သွားမည့် အရာများကို တပည့်တော်များအား ထပ်မန်၍ ပြောပြန်သည်။ 

၂၉။ တပည့်တော်တို့ ကလည်း၊ ကိုယ်တော်သည် ယခုတွင် ပုံဥပမာကို မဆောင်ဘဲ အတည့်အလင်းဟော တော်မူ၏။ ၃၀ အလုံးစုံတို့ကို သိတော်မူသည် ကို၎င်း၊ အဘယ်သူ မျှကိုယ်တော်ကို မေးမြန်းစေခြင်းငှါ အလိုတော် မရှိသည်ကို၎င်း၊ ယခုတွင် အ​ကျွန်ုပ်တို့ သိကြပါ၏။ အ​ကျွန်ုပ်တို့သည် ဤအကြောင်းကို ထောက်၍ ကိုယ်တော်သည် ဘုရား သခင့်အထံတော် မှကြလာ တော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏။

ယခုတိုင်သခင်ယေရှု သာလျှင် စကားပြောသော်လည်း ဤနေရာ၌ တပည့်တော်များကလည်း တုံ့ပြန်လာ ကြသည်။ ပုံဥပမာမဆောင်ဘဲ အတည့်အလင်းဟောပြောခြင်း အထက်၌ ဖေါ်ပြ သကဲ့သို့ နားလည်လာခြင်း၊ ရင့်ကျက်လာခြင်းကို ဖေါ်ပြသည်။ တပည့်တော်များကသူသည် ဘုရားသခင် ထံမှ ကြွလာ တော်မူ ကြောင်းကို ယုံပါသည်ဟု ဝန်ခံ ကြသည်။ 

၃၁။ ယေရှု ကလည်း၊ ယခုတွင် ယုံကြပြီလော။ ၃၂ သင်တို့သည် ကွဲပြား၍ ငါ့ကို တကိုယ်တည်း နေစေခြင်းငှါ စွန့်ပစ်လျက် အသီးအသီးမိမိတို့ နေရာသို့ ပြေးသွားမည်အချိန် ကာလသည် လာ၍ ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည် တကိုယ်တည်း နေသည် မဟုတ်။ ခမည်းတော်သည် ငါနှင့်အတူ ရှိတော်မူ၏။ 

တပည့်တော်များကသူ့ကို ယုံကြပြီဟုဆိုပြီးမှသူတို့သည် ကွဲပြား၍ သူ့ကို စွန့်ပစ်မည့် အရာကို ဟောသွားသည်။ အဘယ်ကြောင့် စွန့်ပစ်ကြမည်နည်း။ ကြောက်သောကြောင့် ဖြစ်သည်။ ယုံကြည်သူများလည်း ဘုရားကို ယုံကြည်သည်ဟု ဝန်ခံပြီးမှ စိုးရိမ် တတ်ကြသည်။ တပည့်တော် များက စွန့်သော်လည်း သခင်ယေရှု ကသူသည် တကိုယ်တည်း မနေခမည်းတော်သည် သူနှင့်အတူ အမြဲရှိကြောင်း ပြောသည်။ ​ကျွန်ုပ်တို့လည်း ဒုက္ခ ရောက် သောအခါ တယောက် တည်းဟု ထင်တတ်သော်လည်း ထိုအချိန်၌ပင် ဘုရားသည် ငါတို့နှင့်အတူ ရှိကြောင်း သတိရကြစို့။ 

၃၃။ သင်တို့သည် ငါ့ကို အမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကို ငါဟောပြောပြီ။ သင်တို့သည်လောက၌ ဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ် ကြနှင့်။ ငါသည်လောကကိုအောင် ပြီဟု မိန့်တော်မူ၏။ 

သခင်ယေရှု ကငြိမ်သက်ခြင်းသည် သူ့ကို အမှီပြုပြီးမှရှိမည်ဟုဆိုသည်။ လူသည် ငွေ အပေါ်၊ အားကိုးရသော လူအပေါ်၊ ကျန်းမာရေးအာမခံ အပေါ်အမှီပြု၍ ငြိမ်သက်တတ်သည်။ ထိုအရာများသည် ပျောက်နိုင်၊ ပြောင်းလဲနိုင်သောကြောင့် အမှီမပြုသင့်ချေ။ ဘယ် သောအခါ၌ မျှ မပြောင်းမလဲကူညီမစနိုင်သော သခင်ယေရှုကို အမှီပြုမှသာလျှင် စစ်မှန်သော ငြိမ်သက်ခြင်းရရှိနိုင်မှာ ဖြစ်သည်။ သခင်ယေရှု ကလောက မှာဆင်းရဲ ဒုက္ခ ခံရမည့် အရာကို ပြောသွားသည်။ လူသည် ဤလောက၌ ကောင်းကင် ကဲ့သို့ နေချင် ကြသည်။ သို့သော် ဤလောကသည် ရန်သူ စာတန် နယ်မြေ ဖြစ်၍ မသိမ်းရသေးချေ။ ထို့ကြောင့် ဤလောက၌ ဇိမ်ခံဘို့ မရည်ရွယ်သင့်ချေ။ ဤလောက၌ ဇိမ်ခံလိုခြင်းသည် ယုံကြည်သူ၏ အမှား ဖြစ်သည်။ ရန်သူနယ်မြေ ဖြစ်၍ စာတန် နှောက်ရှက်ခြင်းကြောင့် ဒုက္ခ ဆင်းရဲခြင်းရှိမည်။ သို့သော် စိုးရိမ်စရာ မလို၊ သခင်ယေရှု ကလောကကိုအောင် ပြီ။ ထို့ကြောင့် သူကို မှီခိုခြင်းအားဖြင့် ငြိမ်သက်ခြင်းရရှိနိုင်သည်။

.

ယော ၁၇

၁။ ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ ကြည့်မျှော်၍ ၊ အိုအဘ၊ အ​ကျွန်ုပ်အချိန် ရောက်ပါပြီ။

သခင်ယေရှု ပင်လျှင် ခမည်းတော် ဘုရားထံ ဆုတောင်းလျှင်၊ ​ကျွန်ုပ်တို့ ယုံကြည်သူများသည် သာ၍ ဆုတောင်း သင့်သည်။ 

၂။ ကိုယ်တော်သည် သားတော် လက်သို့ အပ် ပေးတော်မူ သမျှသော သူတို့အား ထာဝရ အသက်ကို ပေးစေခြင်းငှါ၊ လူမျိုး အပေါင်းတို့ကို အစိုးရသော အခွင့်တန်ခိုးကို သားတော် အားပေးတော်မူသည် နှင့် အညီ၊ သားတော်သည်ကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ ဘုန်းကို ထင်ရှားစေ တော်မူပါ။ 

ခရစ်တော်၏ ဆုတောင်း ချက်အရ လူသားများကို သူ့ထံသို့ ခမည်းတော် ကအပ်ပေးကြောင်း သိရသည်။ ထိုသို့ အပ်ပေးသော သူများ ကိုလည်း ထာဝရ အသက် ပေးသည်။ ထာဝရ အသက်သည်ကိုယ်တိုင်လုပ်ယူ၍ မရပါ။ သားတော် ကပေးမှသာလျှင် ရနိုင်သည်။ လူမျိုး အပေါင်းတို့ကို အစိုးရသော အခွင့်တန်ခိုးကို သားတော် အားပေးတော်မူသည်ဟုဆိုသော်လည်း၊ ယနေ့ တိုင်သားတော်သည် အစိုးမရသေးချေ။ ထိုအခွင့်သည် အနှစ်တစ်ထောင်အုပ်စိုး သောအခါ၌ ပြည့်စုံမည့် အရာ ဖြစ်သည်။ သားတော် ကခမည်းတော်၏ ဘုန်းကိုလောက၌ လူသားများထံထင်ရှား စေခဲ့သည်။ အံ့ဩဘွယ်နိမိတ်လက္ခဏာများ ပြုလုပ်ခြင်းဖြင့် ထင်ရှား စေခဲ့သည်။ ထိုကြောင့်သားတော် ကလူနာများ ကျန်းမာစေ၍ လူသေများ ထမြောက် စေ သောအခါ တိုင်း လူများ ကခမည်းတော် ဘုရားကို ချီးမွမ်းတတ်ကြခြင်း ဖြစ်သည်။ ယခုသားတော်၏ ဘုန်းကိုလည်း ထင်ရှားစေဘို့ ဆုတောင်းသည်။ 

၃။ ထာဝရ အသက် ဟူမူကား၊ မှန်သော ဘုရားသခင် တဆူတည်း ဖြစ်တော်မူသောကိုယ်တော်ကို၎င်း၊ စေလွှတ် တော်မူသော ယေရှုခရစ် ကို၎င်း၊ သိ​ကျွမ်းခြင်း တည်း။

သခင်ယေရှုက၊ ထာဝရ အသက်သည် တဆူတည်းသော ဘုရားနှင့် စေလွှတ် တော်မူသော ယေရှုခရစ် ကကို သိ​ကျွမ်းခြင်း ဖြစ်သည်ဟုဆိုသည်။ ထိုသို့ ဘုရားကို သိ​ကျွမ်းလျှင် သူလုပ်ဆောင်သောအရာ ၊ ပေးသောအရာ ကို လက်ခံယုံကြည်ခြင်းဖြင့် ထာဝရ အသက် ရမှာ ဖြစ်သည်။ 

၄။ အ​ကျွန်ုပ်သည် မြေကြီး ပေါ်မှာကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါပြီ။ အ​ကျွန်ုပ်ဆောင်ရွက်စရာဘို့ အ​ကျွန်ုပ်၌ အပ် ပေးတော်မူ သော အမှုကို အ​ကျွန်ုပ်ဆောင်ရွက်၍ ပြီး ပါပြီ။

သခင်ယေရှု ကမြေကြီး ပေါ်၌ ခမည်းတော်၏ ဘုန်းကို အံ့ဩဘွယ်နိမိတ်လက္ခဏာများ ပြခြင်း ဖြစ်၎င်း၊ ခမည်းတော်၏ အလိုတော်နှင့် စကား လုံးဝ နားထောင်ခြင်း ဖြင့်၎င်း၊ ထင်ရှား စေခဲ့ပြီး ဖြစ်သည်။ ယုံကြည်သူများကလည်း မ ယုံကြည်သူများကဘုရားကို သိရှိနိုင်ဘို့ အလိုငှါ စကား နားထောင်ခြင်းအားဖြင့် ဘုန်းထင်ရှားစေရမည်။ သားတော် ကသူသည် အပ် ပေးတော်မူ သောအမှု များကို ဆောင်ရွက်ပြီဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း ဆောင်ရွက်စရာများဆောင်ရွက်ခဲ့ကြပြီး ပြီလော။ 

၅။ အိုအဘ၊ ဤကမ္ဘာမတည်မရှိမီအထံတော်၌ အ​ကျွန်ုပ်ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း အ​ကျွန်ုပ်ကို အထံတော်၌ ချီးမြှောက် တော်မူပါ။

သခင်ယေရှုသည် ကောင်းကင်၌ နေခဲ့စဉ်၌ ဘုရား ဘုန်းအသရေရှိခဲ့သည်။ ဤလောကသို့ ဆင်းသက် သောအခါ ထိုဘုန်းအသရေများကို ထားခဲ့သည်။ 

၆။ ဤလောက ထဲမှယူ၍ အ​ကျွန်ုပ်၌ အပ် ပေးတော်မူ သော သူတို့အား အ​ကျွန်ုပ်သည်ကိုယ်တော်၏ နာမကို ပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည် ပိုင် တော်မူ သဖြင့် အ​ကျွန်ုပ် အားပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို သူတို့သည် စောင့်ကြပါ၏။ 

ယုံကြည်သူများသည် ဤလောက ထဲ၌ နေခဲ့ ကြသည်။ သူတို့ကို ခမည်းတော် ကယူ၍ သားတော်ကို အပ်ခဲ့သည်။ သင်လည်း ယုံကြည်သူ ဖြစ်လျှင် ခမည်းတော် ကသား တော် ထံအပ်ထားသောသူ ဖြစ်ကြောင်း သိသင့်သည်။ သခင်ယေရှု ကပြမှသာလျှင် လူသည် ခမည်းတော်ကို သိနိုင်သည်။ ထိုသူများကို ခမည်းတော်နှင့် သားတော် ကပိုင် တော်မူသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်လည်း စောင့်ကြသည်ဟု သခင်ယေရှု ကဆိုသည်။ သင်သည် နှုတ်ကပတ်တော်ကို စောင့်ပါသလား။ ရ။ အ​ကျွန်ုပ် အားပေးတော်မူ သမျှ တို့သည်ကိုယ်တော်မှ ဖြစ်ကြောင်းကို သူတို့သည် ယခုသိကြပါ၏။ 

၈။ အကြောင်းမူကား၊ အ​ကျွန်ုပ် အားပေးတော်မူ သမျှသောအရာ တို့ကို သူတို့အား အ​ကျွန်ုပ်ပေး၍ သူတို့သည် ခံယူသဖြင့်၊ အ​ကျွန်ုပ်သည် အထံတော် မှကြလာသည်ကို အတတ်သိကြသည်နှင့်ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ် တော်မူသည်ကို ယုံကြပါ၏။

အ​ကျွန်ုပ်် အားပေးတော်မူ သမျှ ဆိုသည်မှာ နှုတ်ကပတ်တော်နှင့် သူ၏ လုပ်ဆောင်မှု များကို ဆိုလိုသည်။ ခရစ်တော်သည် ခမည်းတော် ထံမှ ရသော နှုတ်ကပတ်တော်ကို ယုံကြည်သူများထံပေးခြင်းဖြင့် ယုံကြည်သူများက ခရစ်တော်သည် ခမည်းတော် စေလွှတ် တော်မူသောသူ ဖြစ်ကြောင်း သိရသည်ဟုဆိုသည်။ ဤအရာ၌ ယုံကြည်သူများအတွက် အထူးအဆန်း မဟုတ်သော်လည်း သူ့ကို မ ယုံကြည်သူများအတွက် လက်မခံနိုင်ကြချေ။ ထို့ကြောင့် ယုဒလူများ ကသူ့ကို နားမလည် နိုင်ကြခြင်း ဖြစ်သည်။ 

၉။ သူတို့ အဘို့ အလိုငှါ အ​ကျွန်ုပ် ဆုတောင်း ပါ၏။ လောကီသားတို့ အဘို့ အလိုငှါ ဆုတောင်းသည် မဟုတ်ပါ။ အ​ကျွန်ုပ် အားပေးတော်မူသော သူတို့သည်ကိုယ်တော်၏ လူဖြစ်သောကြောင့်၊ ထိုသူတို့ အဘို့ အလိုငှါ ဆုတောင်း ပါ၏။ 

ခရစ်တော် ကလောကီသားများအတွက် ဆုမတောင်း၊ ယုံကြည်သူများအတွက် သာလျှင် ဆုတောင်းသည်ဟုဆိုသည်။ အကြောင်းမှာ ယုံကြည်သူများသည်ကိုယ်တော်၏ လူဖြစ်ကြသောကြောင့် ဖြစ်သည်။ 

၁၀။ အ​ကျွန်ုပ်နှင့် စပ်ဆိုင်သောအရာ ရှိသမျှ တို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့် စပ်ဆိုင်သောအရာ ရှိသမျှတို့ သည်လည်း အ​ကျွန်ုပ်နှင့် စပ်ဆိုင်၍ ၊ ထိုအရာတို့ အားဖြင့် အ​ကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။

သားတော်သည် ခမည်းတော်နှင့် စပ်ဆိုင်သောကြောင့် သားတော်နှင့် စပ်ဆိုင်သမျှ တို့သည် ခမည်းတော် နှင့်လည်း စပ်ဆိုင်သည်။ ခမည်းတော်နှင့် စပ်ဆိုင်သမျှ တို့လည်း သားတော်နှင့် စပ်ဆိုင်သည်။ ဤအရာ၌ အထူးတလည်ထူးခြားမှု မရှိပါ။ သားနှင့် အဘသည် ဆိုင်ကြသောကြောင့် သူတို့နှင့် ဆိုင်သမျှသည်အတူ တူပင် ဖြစ်သည်။ ၁၁။ ယခုမှစ၍ အ​ကျွန်ုပ်သည် ဤလောက၌ မရှိပါ၊ ဤသူတို့ မူကား၊ ဤလောက၌ ရှိရစ်ရကြပါမည်။ အ​ကျွန်ုပ်သည်ကိုယ်တော် ထံသို့ သွားရပါမည်။ သန့်ရှင်း တော်မူသော အဘ၊ ကိုယ်တော်နှင့် အ​ကျွန်ုပ်သည် တလုံးတဝတည်း ဖြစ်သကဲ့သို့ အ​ကျွန်ုပ် အားပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌ တည်စေ တော်မူပါ။

ဤစကား ပြောချိန်တွင် သခင်ယေရှုသည် ဤလောက မှခွဲခွါမည့်အချိန် နီးပြီ။ ကောင်းကင် မတက်မှီ၊ အသေမခံမှီ ယုံကြည်သူများအတွက် ဆုတောင်း ပေးသောအရာ ဖြစ်သည်။ ခမည်းတော်ကို သန့်ရှင်း တော်မူသော အဘဟု ခေါ်သည်။ ခမည်းတော်နှင့် သားတော်သည် တလုံးတဝတည်း ဖြစ်သည်။ တလုံးတဝတည်း ဆိုသည်မှာ၊ တ သဘော ထဲ၊ အမြင် တူ၊ အကြံတူ၊ အကြိုက်တူခြင်း ဖြစ်သည်။ လူသားများမူကား တယောက် တမျိုးစီ ဖြစ်ကြသည်။ ထို့ကြောင့် မကျေနပ်ခြင်း၊ အတင်း ပြောခြင်း၊ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်း၊ ကွဲပြားခြင်း ဖြစ်ကြသည်။ ယုံကြည်သူများလည်း ဘုရားနှင့် တလုံးတဝ တည်း ဖြစ်ဘို့ လိုသည်။ သို့မှသာ မည်မျှပင် ရှိရှိညီညွတ်နိုင်မှာ ဖြစ်သည်။ 

၁၂။ အ​ကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့် တကွရှိစဉ်ကာလ၊ သူတို့ကို ကိုယ်တော်၏ နာမ၌ တည်စေပါပြီ။ အ​ကျွန်ုပ် အားပေးတော်မူသော သူတို့ကို အ​ကျွန်ုပ်စောင့်မပါပြီ။ ထိုသူတို့တွင် ပျက်ဆီးခြင်း၏သား တယောက် မှတပါး၊ အဘယ်သူ မှပျက်ဆီးခြင်းသို့ မရောက်ပါ။ ထိုသူသည် ပျက်ဆီးခြင်းသို့ ရောက်သည် အကြောင်းကား၊ ကျမ်းစာ ပြည့်စုံမည်အကြောင်း တည်း။ 

သခင်ယေရှု ကသူ၏ ခမည်းတော် ထံဤလောက၌ သူ့ကို တာဝန် ပေးအပ်ထားသောအရာ များ အောင်မြင်ပြီး မြောက်ကြောင်းကို သတင်း ပို့နေခြင်း ဖြစ်သည်။ သူ၏ တာဝန် မှတပည့်တော် များကို ခမည်းတော်၏ နာမ၌ တည်စေဘို့နှင့် စောင့်မဘို့ ဖြစ်သည်။ သူသည် တာဝန် ကျေပြွန်စွာ ထမ်းဆောင်ခဲ့သည်။ ​ကျွန်ုပ်တို့လည်း ဘုရား ပေးထားသော တာဝန် များကို ကျေပြွန်ဘို့ လိုသည်။ သို့သော် များသော အားဖြင့် တာဝန် ကျေပြွန်ဘို့ထက် တာဝန် ပင်လျှင် လုံးဝ မထမ်းဆောင်ကြချေ။ အကြောင်းမှာ ကိုယ့် အလိုဆန္ဒလိုက်ဘို့ သာလျှင် လုပ် ကြသည်။ ခရစ်တော် ကပျက်ဆီးခြင်း၏သား တည်းဟူသောယုဒရုကာရုတ်သာလျှင် ပျက်ဆီးကြောင်း ပြောထားသည်။ သူ သည်လည်း ကျမ်းစာ ပြည့်စုံမည့် အကြောင်းဟုဆိုသည်။ ထိုကျမ်းစာသည်၊ “အကယ်စင်စစ်ငါယုံ၍ ငါ့မုန့်ကို စားသော အဆွေခင်ပွန်းသည် ငါ့ကို ​ခြေနှင့် ကျောက်သတည်း၊ ၊ ” (ဆာ ၄၁:၉) 

၁၃။ ယခုတွင် အ​ကျွန်ုပ်သည်ကိုယ်တော် ထံသို့ သွားရမည် ဖြစ်၍ ၊ ဤသူတို့သည် အ​ကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်း နှင့် ပြည့်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အ​ကျွန်ုပ်ပြောပါ၏။ 

ခရစ်တော်က ယုံကြည်သူများ၏ ဝမ်းမြောက်ခြင်းသည် သူ့ကို အမှီပြုသဖြင့် ဖြစ်ရမည်ဟုဆိုသည်။ အဘယ်ကြောင့် ယုံကြည်သူများဝမ်းမြောက်ခြင်း မရှိ၊ ကုန်ဆုံးတတ်သနည်းဟူမူကား ခရစ်တော်၌ ဝမ်းခြင်း မဟုတ်ဘဲ၊ လောက အောင်မြင် မှု၊ ဥစ္စာပစ္စည်းရရှိမှု၊ လူအပေါ်၌ ဝမ်းမြောက် တတ်ကြသောကြောင့် ဖြစ်သည်။ ယခုမှစ၍ မပြောင်းလဲသော ခရစ်တော်၌ ဝမ်းမြောက် ကြစို့။ မည်ကဲ့သို့ ခရစ်တော်၌ ဝမ်းမြောက် ရမည်နည်း။ ခရစ်တော် ရှိလျှင် အရာခပ်သိမ်းရှိပြီ။ သူရှိလျှင် ကြောက်စရာ၊ စိုးရိမ် စရာ၊ ဝမ်းနည်းစရာ မရှိချေ။ 

၁၄။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို ဤသူတို့အား အ​ကျွန်ုပ်ပေးပါပြီ။ အ​ကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံ သကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့် လောကီသား တို့သည် ဤသူတို့ကို မုန်းကြပါ၏။

ခရစ်တော် ကတပည့်တော်များအား နှုတ်ကပတ်တော် ပေးပြီဟုဆိုသည်။ ကျွန်ုပ်တို့ နှုတ်ကပတ်တော် ရရှိကြပါသလား။ ခရစ်တော် ကသူသည်လောကနှင့် မဆက်ဆံ သကဲ့သို့ ယုံကြည်သူများလည်း မဆက်ဆံဟုဆိုသည်။ ထိုအရာသည် ကျွန်ုပ်တို့၏ အသက်တာ၌ မှန်ပါသလား။ ဤလောကနှင့် ဆက်ဆံနေပါသေးသလား။ 

၁၅။ ဤသူတို့ကို ဤလောက မှနှုတ်ယူ တော်မူ မည်အကြောင်း အ​ကျွန်ုပ်တောင်းသည် မဟုတ်ပါ။ မကောင်းသော အမှုအရာ နှင့် ကင်းလွတ် စေခြင်ငှါ စောင့်မ တော်မူ မည်အကြောင်းကို သာတောင်းပါ၏။

အဘယ်ကြောင့် ယုံကြည်သူများကို ဤလောက မှနှုတ်ယူဘို့ မတောင်းပေးသနည်း။ ထိုသို့ နှုတ်ယူသွားလျှင် မည်သူက သက်သေခံတော့မည်နည်း။ ယုံကြည်သူများသည် ဒုက္ခ ဆင်းရဲ ရှိသော်လည်း ဤလောက၌ နေဘို့ လိုသည်။ ဤလောကသည် မကောင်းသောကြောင့် ထိုအထဲမှစောင့်မဘို့ရန် သာတောင်းလျှောက်ပေးသည်။ 

၁၆။ အ​ကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံ သကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။ 

ခရစ်တော်က ယုံကြည်သူများသည် ဤလောကနှင့် မဆက်ဆံပါဟု စိတ်ချစွာ ဆုတောင်း ပေးသည်။ ကျွန်ုပ်တို့သည် ခရစ်တော် ကစိတ်ချစွာ တောင်းပေး သကဲ့သို့ဖြစ်ကြပါသလား။ ၁ရ။ ကိုယ်တော်၏ သမ္မာတရား အားဖြင့် သူတို့ကို သန့်ရှင်းစေ တော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရား ဖြစ်ပါ၏။ ယုံကြည်သူများ၏ အသက်တာ သန့်ရှင်းခြင်းသည် သမ္မာတရားအားဖြင့် သာလျှင် ဖြစ်နိုင်သည်။ လူ့စည်းကမ်း၊ ကြိုးစားအား ထုတ်ခြင်း၊ အပြစ် ချုပ်တည်းခြင်းအားဖြင့် မဟုတ်။ ထိုနှုတ်ကပတ်တော်သည် သမ္မာတရား ပင် ဖြစ်သည်။ 

၁၈။ ကိုယ်တော်သည် အ​ကျွန်ုပ်ကို ဤလောကသို့ စေလွှတ် တော်မူသည် နည်းတူ ၊ အ​ကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။

သခင်ယေရှု ပင်လျှင် ကောင်းကင်ဘုံမှ ဤလောကသို့ စေလွှတ်ခြင်း ခံရလျှင်၊ သခင်ယေရှုက ယုံကြည်သူများကို ဤလောကသို့ စေလွှတ်ခြင်းသည် လုံးဝ မခက်ခဲသင့်ချေ။ သို့သော် ယုံကြည်သူ အများစုသည် လုံးဝ စေလွှတ်ခြင်းကို မခံလိုကြခြင်းသည် အလွန် ပင်အံ့ဩ စရာ၊ ဝမ်းနည်းစရာ၊ ရှက်စရာ ဖြစ်သည်။ ယုံကြည်သူများကို စေလွှတ် သောအခါ အကျိုးမပေးဘဲ လုံးဝ မနေ၊ လောက ကောင်းကြီးနှင့် နောင်ကာလ၌ ထာဝရ ကောင်းကြီးများကစောင့်ကြိုနေသည်။ 

၁၉။ သမ္မာတရား အားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အ​ကျွန်ုပ်သည် သူတို့ အဘို့ အလိုငှါကိုယ်ကို သန့်ရှင်းစေပါ၏။ 

ညစ်ညူးခြင်း သည်လောက အရာ၊ မုသာတရားအားဖြင့် ဖြစ်သည်။ လူကို သန့်ရှင်းစေနိုင်သောအရာသည် သမ္မာတရား ဖြစ်သည်။ ထိုသို့ သမ္မာတရားအားဖြင့် သန့်ရှင်းစေနိုင်ရန် ခရစ်တော်သည် သူ့ကိုယ်သူ သန့်ရှင်းစေပြီ။ မည်ကဲ့သို့ သန့်ရှင်းစေသနည်း။ လောကနှင့် မပေါင်းဖေါ်ခြင်းအားဖြင့် ဖြစ်သည်။ 

၂၀။ ထိုသူတို့ အဘို့ကို သာအ​ကျွန်ုပ် ဆုတောင်းသည် မဟုတ်ပါ။ သူတို့ ဟောပြောခြင်း အားဖြင့် အ​ကျွန်ုပ်ကို ယုံကြည်သော သူတို့ အဘို့ ကိုလည်း ဆုတောင်း ပါ၏။

သခင်ယေရှု ကလောက သားများအတွက် ဆုမတောင်းသော်လည်း၊ တမန်တော်များ၊ ယုံကြည်သူများနှင့် သူတို့ ဟောပြောခြင်းအားဖြင့် ယုံကြည် လာမည့်သူများတိုင်အောင် ကြို၍ ဆုတောင်း ပေးသည်။ ထို့ကြောင့် သင်နှင့် ​ကျွန်ုပ်အတွက်လည်း သခင်ယေရှုက ဆုတောင်း ခဲ့ပြီး ဖြစ်သည်။ မည်မျှဂုဏ်ယူ ဝမ်းမြောက်စရာ ဖြစ်သနည်း။ 

၂၁။ ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ် တော်မူသည် ကိုလောကီသား တို့သည် ယုံကြမည်အကြောင်း၊ ထိုသူ အပေါင်းတို့သည် တလုံးတဝတည်း ဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အ​ကျွန်ုပ်၌ ရှိတော်မူ၍ အ​ကျွန်ုပ် သည်လည်းကိုယ်တော်၌ ရှိသကဲ့သို့၊ ထိုသူ အပေါင်းတို့သည် ငါတို့၌ တလုံးတဝတည်း ဖြစ်စေခြင်းငှါ ဆုတောင်း ပါ၏။ 

ခရစ်တော်နှင့် ခမည်းတော်သည် တလုံးတဝတည်း ဖြစ်သည်ဟုဆိုသည်။ တလုံးတဝတည်း ဆိုသည်မှ သဘော ထားတူညီခြင်း၊ ရည်ရွယ်ချက်မှစ၍ ခံစားချက်အစစအရာရာ တူညီခြင်း ဖြစ်သည်။ လူသားများမူကား အလွန် ချစ်ပြီး ယူကြသော လင်မယားလည်း နောက်ပိုင်းမှာကွဲပြား တတ်ကြသည်။ မောင်နှမ များလည်း တခြားစီ ဖြစ်တတ် ကြသည်။ မိသားစုမှစ၍ အသင်းတော် အတွင်း ၌လည်း ဆန့်ကျင် ဘက် ဖြစ်တတ်ကြသောကြောင့် မလိုအပ်ဘဲ ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း၊ ကွဲကွာခြင်းများဖြင့် နိဂုံးချုပ်တတ်သည်။ ခမည်းတော်နှင့် သားတော် ဘုရား တို့သည် တလုံးတဝတည်း ဖြစ်သကဲ့သို့ ယုံကြည်သူများလည်း တလုံးတဝတည်း ဖြစ်စေချင်သည်။ ထိုသို့ဖြစ်နိုင် ရန်ကိုယ့် အလိုဆန္ဒကို ပယ်၍ ဘုရား၏ အလိုတော်ကို သာ လက်ခံဘို့ ဖြစ်သည်။ သို့မှသာ ဘုရားနှင့် ဆိုင်သော သူများ ဖြစ်ကြောင်း ထင်ရှားမှာ ဖြစ်သည်။ 

၂၂။ ငါတို့သည် တလုံးတဝတည်း ဖြစ်သကဲ့သို့ အ​ကျွန်ုပ်သည် သူတို့၌ ရှိ၍ ၊ ၂၃ကိုယ်တော် သည်လည်း အ​ကျွန်ုပ်၌ ရှိတော်မူသော အားဖြင့် သူတို့သည် တလုံးတဝတည်း ဖြစ်၍ ၊ တလုံးတဝတည်း၌ စုံလင်စေခြင်း ငှါ၎င်း၊ ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ် တော်မူ ကြောင်းနှင့် အ​ကျွန်ုပ်ကို ချစ် တော်မူ သကဲ့သို့ သူတို့ ကိုလည်း ချစ် တော်မူ ကြောင်းကိုလောကီသား တို့သည် သိစေခြင်း ငှါ၎င်း၊ ကိုယ်တော်သည် အ​ကျွန်ုပ် အားပေးတော်မူသော ဘုန်းအသရေကို အ​ကျွန်ုပ်သည် သူတို့ အားပေးပါပြီ။

တဖန် ခရစ်တော် ကသူနှင့် ခမည်းတော်သည် တလုံးတဝတည်း ဖြစ်ခြင်းကို ဆက်ပြောသည်။ သူတို့ သာလျှင် မဟုတ်၊ ယုံကြည်သူများလည်း တလုံးတဝတည်း ဖြစ်ခြင်းဖြင့် စုံလင်မည်ဟုဆိုသည်။ တလုံးတဝ တည်းသည်၊ အမြင်၊ အကြံအစည်၊ အကျင့်၊ အပြုမူများ တူညီခြင်း ဖြစ်သည်။ လူသည် ဘုရားနှင့် တလုံးတဝ တည်း ဖြစ်လျှင် မည်မျှကောင်းမွန်၍ သာယာမည်နည်း။ ဘုရားနှင့် တလုံးတဝ တည်း ဖြစ်သော သူသည် စုံလင်သောသူ ဖြစ်သည်။ ခမည်းတော်နှင့် သားတော် ဘုရား တို့သည် တဦးနှင့် တဦးအလွန် ချစ် ကြသည်။ ထို့နည်းတူ ယုံကြည်သူများလည်း ဘုရားနှင့် ၎င်း၊ အချင်းချင်း အကြား၌ ၎င်း၊ ချစ်ခြင်းမေတ္တာရှိရမည်။ ခရစ်တော် ကသူသည် ခမည်းတော် ကစေလွှတ် တော်မူ ကြောင်း၊ သူ့ သဘောနှင့် မလာကြောင်း ကိုလည်း လောက သားများသိစေချင်သည်။ ယုဒလူများ၏ ပြသနာ မှာ ခရစ်တော်ကို ခမည်းတော် ဘုရား ကစေလွှတ် တော်မူခြင်းကို မသိ၊ လက်မခံခြင်း ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း ထိုအရာကို မသိလျှင် ခရစ်တော်သည် တန်ဘိုး မရှိ၊ အကျိုးလည်းရမည် မဟုတ်။ ခရစ်တော် ကခမည်းတော် ပေးသော ဘုန်းကို တပည့်တော်များထံပြပြီဟုဆိုသည်။ မည်သို့ ပြတော်မူ သနည်း။ သူ့လုပ်ဆောင်ချက်၊ အံ့ဘွယ်နိမိတ်လက္ခဏာများ ပြခြင်းဖြင့် ပြခဲ့ပြီ။ 

၂၄။ အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီအ​ကျွန်ုပ်ကို ချစ်၍ အ​ကျွန်ုပ် အားပေးတော်မူသော ဘုန်းတော်ကို အ​ကျွန်ုပ် အားပေးတော်မူသော သူတို့သည် ရှုမြင်ရမည်အကြောင်း၊ အ​ကျွန်ုပ်ရှိရာအရပ်၌ အ​ကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှါ အ​ကျွန်ုပ်အလိုရှိပါ၏။

ခရစ်တော် ကသူ့ကို ခမည်းတော် ကကမ္ဘာမတည်မရှိမှီကတည်း ကသူ့ကို ချစ်၍ ဘုန်းကိုလည်း ပေးထားပြီဟုဆိုသည်။ ထိုဘုန်းကို တပည့်တော်များကရှုမြင်ဘို့ရန် ခမည်းတော်သည် သူနှင့်အတူ ရှိစေချင်သည်။ 

၂၅။ တရား တော်မူသော အဘ၊ လောကီသား တို့သည်ကိုယ်တော်ကို မသိသော်လည်း အ​ကျွန်ုပ်သိပါ၏။ 

 လောကီသားများကခမည်းတော် ဘုရားကို မသိကြသောကြောင့်၊ မတရားစွပ်စွဲ ကြသည်။ သို့သော် သားတော် ကသူ့ကို သိနေသည်။ ခမည်းတော်သည် မတရားသော အမှုကို ပြုတော် မမူပါ။ လူများ ကခမည်းတော် ဘုရားသည် လူများကို သေစေသောကြောင့် မတရားဟုဆို ကြသည်။ အပြစ် သားများသေခြင်းသည် ဘုရား စကား နားမထောင်သောကြောင့် ဖြစ်သည်။ ဘုရား၏ အပြစ် မဟုတ်ချေ။

၂၆။ ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ် တော်မူ ကြောင်းကို ထိုသူတို့သည် သိကြပါ၏။ ကိုယ်တော်သည် အ​ကျွန်ုပ်ကို ချစ် တော်မူသော မေတ္တာသည် သူတို့၌ ရှိစေခြင်း ငှါ၎င်း၊ အ​ကျွန်ုပ်သည် သူတို့၌ ရှိစေခြင်း ငှါ၎င်း၊ ကိုယ်တော်၏ နာမကို အ​ကျွန်ုပ်သည် သူတို့အား ပြညွှန်ပါပြီ ဖြစ်၍ အစဉ်ပြညွှန်ပါမည်ဟု မိန့်မြွက် တော်မူ၏။ 

ခရစ်တော်ကို ခမည်းတော် ကစေလွှတ် တော်မူကြောင်း သိသော သူတို့သည်လောကီသားများမဟုတ်၊ တပည့််တော်များသာလျှင် ဖြစ်သည်။ တပည့်တော်များ၌ကိုယ်တော်၏ ချစ်ခြင်းမေတ္တာရှိခြင်းသည် ခရစ်တော်၏ အလိုတော် ဖြစ်သည်။ သင်၌ ဘုရား၏ ချစ်ခြင်းမေတ္တာရှိပါသလား။ ထိုအပြင် ခရစ်တော်သည် တပည့်တော် တို့၌ အစဉ်ရှိ နေကြောင်း သိစေချင်သည်။ ခရစ်တော် ကခမည်းတော်၏ နာမကို တပည့်တော်များထံပြညွှန်၍ အစဉ်လည်း ပြညွှန်ပါမည်ဟုဆိုသွားသည်။ ယုံကြည်သူများ၏ တာဝန် သည်လည်း ဘုရား၏ နာမကို လူတိုင်း သိစေဘို့ရန် ဖြစ်သည်။ ဘုရား၏ နာမလူများ ကသိစေဘို့ရန်၊ ဝိညာဉ်တော် ဦးဆောင်ပြီး နှုတ်အားဖြင့် ပြောပြရမည်။ အသက်တာအားဖြင့်လည်း ပြဘို့ လိုသည်။

.

ယော ၁၈

၁။ ထိုသို့ မိန့်မြွှက် တော်မူပြီးမှ ယေရှုသည် တပည့်တော် တို့နှင့်အတူ ကေ​ြဒုန်ချောင်းတဘက်သို့ ကြွ၍ ၊ ထိုအရပ်၌ ရှိသော ဥယျာဉ်သို့ ဝင် တော်မူ၏။ ၂ ထိုအရပ်သို့ ယေရှုသည် တပည့်တော် တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကို သိသည် ဖြစ်၍ ၊ ၃ စစ်သူရဲတတပ်ကို၎င်း၊ ယဇ်ပုရောဟိတ် အကြီး တို့နှင့် ဖာရိရှဲတို့ စေလွှတ်သော မင်းလုလင်တို့ကို၎င်းခေါ်ခဲ့၍ ၊ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကို လက်စွဲလျက် လာကြ၏။

 ကေ​ဒြုန်ချောင်းသည် ယေရုရှလင် ဗိမာန်တော်နှင့် သံလွင်တောင် အကြားတွင် ရှိသည်။ ထိုချောင်းဖြတ်၍ ဂေသရှေမန်ဥယာဉ်၌ ယေရှုနှင့် တပည့်တော် များသည် ဆုတောင်း တတ်သည်။

၄။ ယေရှုသည်ကိုယ်၌ ဖြစ်လတံ့သမျှသော အမှုအရာ တို့ကို သိတော်မူ လျက်၊ လာသော သူတို့ ဆီသို့ သွား၍ အဘယ်သူကို ရှာကြသနည်းဟု မေးတော်မူ၏။

သခင်ယေရှုသည် ဘုရား ဖြစ်သောကြောင့် သူ၌ ဖြစ်လတံ့သော အမှုအရာ အားလုံးကို သိတော်မူသောကြောင့် အေးဆေးစွာဖြင့် အဘယ်သူကို ရှာသနည်းဟု မေးနိုင်ခြင်း ဖြစ်သည်။ သူ၌ ကြောက်ရွံ့ခြင်း မရှိချေ။ ဝိညာဉ်တော် ကအုပ်စိုးသော သူတိုင်း ဒုက္ခ ပြသနာကို ကြောက်ရွံ့ခြင်း မရှိဘဲ ရင်ဆိုင်နိုင် ကြသည်။ ပေတရုနှင့် ယောဟန်တို့လည်း လူအကြီး အကဲများ ကစစ်ဆေးမေးမြန်းကြ သောအခါ လုံးဝ မကြောက်ကြချေ (တ ၄)။ ပေါလုလည်း သူ့ကို ဖမ်းမည်ဟု သိရသော်လည်း ယေရုရှလင် မြို့သို့ တားဆီး၍ မရဘဲ အရောက်သွားခဲ့သည် (တ ၂၁)။

၅။ နာဇရက်မြို့သား ယေရှုကို ရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည် ထိုသူ ဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ် သည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။

အခြားသော အချိန်များ၌ ယေရှုသည် သူ့ကို ဖမ်းဘို့ရန် ကြိုးစား ကြ သောအခါ၊ ရှောင်သွားတတ်သည်။ အကြောင်းမှာ သူ၏အချိန် မကျရောက် သေးသောကြောင့် ဖြစ်သည်။ ယခုမူမရှောင်တော့ဘဲ အဖမ်းခံသည်။

၆။ ငါသည် ထိုသူ ဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့ လှန်၍ မြေပေါ်၌ လဲကြ၏။ 

ယေရှု ကငါသည် ထိုသူ ဖြစ်၏ဟုဆို သောအခါ သူ့ကို ဖမ်းမည့်သူ များသည် နောက်သို့ လှန်၍ မြေပေါ်၌ လဲ ကြသည်။ ထိုသူများသည် ယေရှု၏ လူများ မဟုတ်၊ ရန် သူများ ဖြစ်သည်။ ယခုခေတ် တွင် နောက်လန်လဲကျခြင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းဟု လွှဲမှားစွာ ယူဆကြသောကြောင့် အလွန် လိုချင် ကြသည်ကို အံ့ဩဘွယ်တွေ့မြင်နေရသည်။ သင်သည် လဲချင် သလော။ ကျမ်းစာ ကမလဲဘဲ ခိုင်မြဲစွာ ရပ်တည်ဘို့ ပြောထားသည် (ဧဖက် ၆:၁၃၊ ၁ ကော ၁၆:၁၃)။

ရ။ အဘယ်သူကို ရှာကြသနည်းဟု တဖန် မေးတော်မူလျှင်၊ နာဇရက်မြို့သား ယေရှုကို ရှာကြသည်ဟု ထိုသူတို့သည် ဆိုကြ၏။ ယေရှု ကရန် သူများ ထံအဘယ်သူကို ရှာကြသနည်းဟု တဖန် မေးပြန်သည်။ သူတို့သည် နောက်လှန်လဲကြသော်လည်း လုံးဝ မလျှော့ဘဲ နာဇရက်မြို့သား ယေရှုကို ရှာကြသည်ဟုဆို ကြသည်။ အဘယ်ကြောင့်ထိုသို့ ဒုတိယအကြိမ် မေးသည်ကို ကျမ်းစာက မဖေါ်ပြ သောကြောင့် စဉ်းစားဘို့ လိုသည်။ ယေရှု၏ တန်ခိုးကို မြင်တွေ့ခံစားခြင်းဖြင့် သူတို့ စိတ်ပြောင်းမလားဟု ဖြစ်နိုင်သည်။ သူတို့သည် လုံးဝ စိတ် မပြောင်းလဲဘဲ သူတို့၏ ရည်ရွယ်ချက်ကို ပြော ကြသည်။

၈။ ယေရှု ကလည်း၊ ငါသည် ထိုသူ ဖြစ်၏ဟု ငါပြောပြီ။ သို့ဖြစ်၍ ငါ့ကို ရှာလျှင် ဤသူတို့သည် သွားပါလေစေဟု မိန့်တော်မူ၏။ ၉ကိုယ်တော်သည် အ​ကျွန်ုပ် အားပေးတော်မူသော သူတို့တွင် အဘယ်သူ မျှပျက်ဆီးခြင်းသို့ မရောက်ပါဟူသော အထက် စကားတော်ကို ပြည့်စုံစေခြင်းငှါ ဤသို့ မိန့်တော်မူ၏။

သခင်ယေရှု ကငါ ဖြစ်သည်ဟု ပြောပြီး တပည့်တော် များကို သွားခွင့်ပေးဘို့၊ မဖမ်းဘို့ ပြောလိုက်သည်။ သခင်ယေရှု၏ ခံရမည့် အရာ၌ မည်သူမျှကူညီခံစား ပေး၍ မရ၊ သူတယောက် တည်း ကသာ ခံရမည်။ ထို့ကြောင့် ယုံကြည်သူများလည်း ဒုက္ခ ဆင်းရဲ ခံသောအခါ စာမေးပွဲကို တယောက် တည်း ​ဖြေဘို့ လို သကဲ့သို့ အခြား သူများ မပါဘဲ ခံဘို့ လိုကြောင်း သိထားသင့်သည်။ တပည့်တော်များအဖမ်းအဆီး၊ အသတ်မခံရမည့် အကြောင်းကို ကျမ်းစာ ကဟောပြောထားပြီး ဖြစ်၍ ဤနေရာ၌ ပြည့်စုံသည်။

၁၀။ ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ ပါသော ထားကို ဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ ​ကျွန်တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။ ထို​ကျွန်၏ အမည်ကား မာလခု ဖြစ်သတည်း။ ၁၁ ယေရှုကလည်း ထားကို အိမ်၌ သွင်းထားလော့။ ခမည်းတော်သည် ငါ့ အားပေးတော်မူသော ခွက်ကို ငါမသောက်ရာသလောဟု ပေတရုအား မိန့်တော်မူ၏။

ပေတရုသည် သူ၏ သခင်ကို ကာကွယ်၍ ယဇ်ပုရောဟိတ်၏ ​ကျွန်နားရွက်ကို ထားနှင့် ခုတ်သည်။ သို့သော် အံ့ဩစရာ ကောင်းသည် မှာပေတရု အပေါ်ရန် သူများ ကအရေးမယူခြင်းသည်၊ ယေရှု၏ တန်ခိုးကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ် ရန် သူများသည် ယေရှု အပေါ်သာအာရုံစိုက်သောကြောင့် ဖြစ်နိုင်သည်။ ထိုကဲ့သို့ ပေတရုကသူ၏ သခင်ကို ကာကွယ်သော်လည်း ယေရှု ကသူ၏ လုပ်ရပ်ကို မထောက်ခံချေ။ သူသည် ခမည်းတော် ပေးသော ခွက် တည်းဟူသောသေခြင်းကို ရင်ဆိုင်ရမည်ဟုဆိုသည်။ ဇာတိလူသည် ဘုရား၏ အကြံကို နားမလည် သောအခါ၊ အလွှဲလွှဲအချော်ချော်ဖြင့်အား ဆိုက်မိတတ်သည်။ ဘုရားကို ကိုယ့်ဥာဏ်ကိုယ့်အစွမ်းနှင့် မကူညီကြစို့နဲ့။ သူခိုင်းသောအရာ ကို သာလုပ်ကြစို့။

၁၂။ ထိုအခါ တပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကို ဘမ်းဆီး၍ ချည်နှောင်ပြီးလျင် အန္နတ်မင်းထံသို့ ရှေ့ဦးစွာ ယူသွားကြ၏။ ၁၃ အန္နတ်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်း ဖြစ်သော ကယာဖ၏ ယောက္ခမ ဖြစ်သတည်း။ ၁၄ ထိုကယာဖကား၊ လူတယောက်သည် လူများတို့အတွက် ပျက်ဆီးသော်သာ၍ ကောင်းသည်ဟု ယုဒလူတို့နှင့် တိုင်ပင် ပြောဆိုသော သူပေတည်း။ (ယော ၁၁:၅၀)

ခါတိုင်း ယုဒလူများ ကယေရှုကို ဖမ်းမည်၊ သတ်မည်ကြံ သောအခါ သူတို့ အလယ်မှကြွသွားတတ်သော ယေရှုသည် ယခုအဖမ်းခံခြင်းသည်၊ သူ့အချိန် ကျရောက်သောကြောင့် ဖြစ်သည်။ သူ့ကိုယ်သူရန်သူလက်သို့ အပ်နှံခြင်း ဖြစ်သည်။ ယဇ်ပုရောဟိတ်မင်းသည် ကယာဖ ဖြစ်သော်လည်း၊ ယေရှုကို သူ့ထံသို့ မခေါ်ဘဲ ယောက္ခမအန္နတ်မင်းထံသို့ ခေါ်သွား ကြသည်။ အကြောင်းမှာ အန္န​ြတ်မင်းကို လူများ ကရိုသေလေးစားသောကြောင့် ဖြစ်မည်။

၁၅။ ရှိမုန်ပေတရုနှင့် အခြားသော တပည့်တော် တယောက်သည် ယေရှု နောက်တော်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအ​ကျွမ်း ဖြစ်၍ ၊ ယေရှုနှင့် တကွယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးထဲသို့ ဝင်လေ၏။ ၁၆ ပေတရုမူကား၊ ပြင်၌ တံခါးနားမှာရပ်နေ၏။ ထိုကြောင့်ယဇ်ပုရောဟိတ်မင်းနှင့် အ​ကျွမ်းဝင်သော တပည့်တော်သည် ထွက်၍ တံခါးစောင့်မိန်းမအား ပြောပြီးမှပေတရုကို သွင်းလေ၏။

အခြားသော တပည့်တော်သည် ဤစာကို ရေးသော ယာကုပ်၏ ညီယောဟန် ဖြစ်မည်ဟု ယူဆရသည်။ သူသည် မည်ကဲ့သို့ ယဇ်ပုရောဟိတ်မင်းနှင့် သိ​ကျွမ်းသည်ကို မသိရပါ။ ပေတရုသည် အိမ်ဝင်းထဲသို့ မဝင်နိုင် သောအခါ ယောဟန်ကသူ့ကို သွင်းပေးလိုက်သည်။

၁ရ။ တံခါးစောင့်မိန်းမကပေတရုအား၊ သင်သည် ထိုသူ၏ တပည့်တို့ အဝင် ဖြစ်သည် မဟုတ်လောဟုဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။

ပေတရုသည်ကိုယ်တော် ထံ၌ သူနှင့်အတူ အသေခံ မည်ဟု ဂတိပေးခဲ့သော်လည်း၊ ယခုတံခါးစောင့်မိန်းမထံ၌ ယေရှု ကကြိုပြောထား သကဲ့သို့ သူ့တပည့် မဟုတ်ကြောင်းကို ငြင်းဆိုလိုက်သည်။ သို့သော် ထိုအချိန်၌ စိတ်ထိခိုက်ခြင်း၊ နောင်တ ရခြင်း မရှိသေးချေ။

၁၈။ ထိုကာလ၌ ချမ်းသောကြောင့် ​ကျွန်များနှင့် မင်းလုလင်များ တို့သည် မီးခဲပုံကို ထည့်၍ မီးလှုံလျက် နေကြ၏။ ပေတရု သည်လည်း သူတို့နှင့် တကွရပ်၍ မီးလှုံလျက် နေ၏။

ပေတရုသည် ယုဒလူများနှင့် မီးလှုံလျက် နေသည်။ ယောဟန်သည် သူ့ကိုယ်သူ မဖေါ်ပြ ချေ။ အခြားသော တပည့်တော် များသည် ထွက်ပြေးကုန်ကြပြီ။ ယုံကြည်သူများလည်း ခေါင်းဆောင် ဒုက္ခ ရောက် သောအခါ၊ ကြောက်၍ ထွက်ပြေးကုန်တတ် ကြသည်။ သင်သည် ထိုသို့ သောသူ ဖြစ်ပါသလား။ တပည့်တော် များသည် သန့်ရှင်းသော ဝိညာဉ်တော် မရရှိ သေးသောကြောင့်၎င်း၊ မရင့်ကျက်ကြ သေးသောကြောင့်၎င်း၊ ကြောက်၍ ထွက်ပြေးကြခြင်း ဖြစ်သည်။ ယုံကြည်သူများလည်း မရင့်ကျက်လျှင် အားကိုး ၍ မရချေ။

၁၉။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် တပည့်တော် တို့ကို၎င်း၊ ဒေသနာတော်ကို၎င်း၊ အကြောင်း ပြု၍ ယေရှုကို မေးမြန်းစစ်ကြော၏။

ယေရှုသည် လူထု ပရိသတ်များ ထံ၌ သာတရားဟောတတ်၍ ယဇ်ပုရောဟိတ် များ မူကား နားမထောင်တတ်ကြချေ။ ထို့ကြောင့် ယေရှုကို စစ်ကြောမေးမြန်း နေကြခြင်း ဖြစ်သည်။ ယေရှုကို အမှန်အတိုင်း ဘုရား ဖြစ်ကြောင်း သိပါက ၊ သူ့ရှေ့၌ပင် ရပ်ရဲကြမည် မဟုတ်။ လူသည်ကိုယ် မသိသော သူရှိမှာသတ္တိရှိတတ် ကြသည်။

၂၀။ ယေရှု ကလည်း၊ ငါသည်လောက၌ ထင်ရှားစွာ ဟောပြောပြီ။ ယုဒလူ အပေါင်းတို့ စည်းဝေးရာတရားစရပ်၌၎င်း၊ ဗိမာန်တော်၌ ၎င်း၊ အစဉ်မပြတ် ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျင်းမဟော မပြော။ ၂၁ အဘယ်ကြောင့်ငါ့ကို မေးမြန်းသနည်း။ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသော သူတို့ကို မေးမြန်းလော့။ ငါပြောသော စကားကို ထိုသူတို့သည် သိကြ၏ဟု မိန့်တော်မူ၏။

ယေရှု ကသူသည် ထင်ရှားစွာ ဟောပြော၍ ယုဒလူများကလည်း ကြားသိကြသောကြောင့် သူတို့ကို မေးဘို့ ပြောလိုက်သည်။ ယေရှုသည် အလင်း ဖြစ်၍ ကွယ်ရာ၌ ဘာမျှမလုပ်ချေ။ ယုံကြည်သူများလည်း အလင်း ဖြစ်သောကြောင့် ဘယ်အရာမဆိုဖုံးကွယ်စရာ မလို၊ အလင်း၌ ပြုလုပ်ဘို့ ဖြစ်သည်။

၂၂။ ထိုသို့ မိန့်တော်မူလျှင်၊ အနီးအပါး၌ ရပ်နေသော မင်းလုလင်တယောက်က၊ သင်သည် ယဇ်ပုရောဟိတ်မင်းကို ဤသို့ ပြန်ပြောရာသလောဟုဆိုလျက် ယေရှုကို ရိုက်လေ၏။

မင်းလုလင် သည်လည်း ယေရှုကို မသိသောကြောင့် ခံပျင်း၍ ယေရှုကို ရိုက်လိုက်သည်။ သူသည် ဘုရား ဘက်၌ ရပ်တည်သည်ဟု ထင်သည်။ ထိုအရာကို ယေရှု ကဤသို့ ပြောခဲ့ပြီ၊ (သင်တို့ကို သတ်သော သူမည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သော အချိန်ကာလ ရောက်လိမ့်မည်။) (ယော ၁၆:၂)

၂၃။ ယေရှုကလည်း ငါ့စကား မမှန်လျှင် မမှန်ကြောင်းကို ပြပါ၊ မှန်လျှင် ငါ့ကို အဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ၏။ အန္နတ်မင်းသည်ကိုယ်တော်ကို ချည်နှောင်လျက် ရှိသည် အတိုင်း ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ပို့ စေခဲ့ပြီ။

ယေရှု ကမင်းလုလင်၏ ရိုက်ခြင်းကို လက်တုံ့မပြန်သော်လည်း၊ သူသည် မှန်သော စကားကို ပြောသည် ဖြစ်၍ အဘယ်ကြောင့်ရိုက်သနည်းဟု မေးလိုက်သည်။ ကိုယ်တော်ကို ရိုက်သော သူသည် ယေရှုကို ပြန်လည်သိခဲ့သည် ရှိသော အလွန် ရှက်၍ ဝမ်းနည်းမှာ ဖြစ်သည်။ အန္နတ်မင်းသည် ယေရှုကို ဘာမျှမေး၍ မရသောကြောင့် ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ပြန်ပို့လိုက်သည်။

၂၅။ ရှိမုန်ပေတရုသည် ရပ်၍ မီးလှုံလျက် နေသည်တွင် အချို့သော သူတို့က၊ သင်သည် သူ၏ တပည့်တို့ အဝင် ဖြစ်သည် မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။ ၂၆။ ပေတရုခုတ်၍ နားရွက်ပြတ်သော သူနှင့် ပေါက်ဘော်တော်သော ယဇ်ပုရောဟိတ်မင်း၏ ​ကျွန်တယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူ ရှိသည်ကို ငါမြင်ခဲ့ပြီ မဟုတ်လောဟုဆိုလျှင်၊ ၂၇ ပေတရုသည် တဖန် ငြင်းပြန်လေ၏၊ ထိုခဏခြင်းတွင် ကြက်တွန်လေ၏။

ပေတရုသည် သခင်ယေရှု ကြိုတင် ပြောထားသည့်အတိုင်း သုံးကြိမ်မြောက်အောင် သူ၏ သခင်ကို ငြင်းဆိုခဲ့သည်။ ပေတရုသည် သူ့သခင်ငြင်းဆိုခြင်းကို ကြက်ဖကသတိရစေသည်။ ထိုအခါ အပြင်သို့ ထွက်၍ ပြင်းစွာ ငိုကြွေးသည်ဟု၊ မဿဲ ၂၆:ရ ၅၊ မာ ၁၄:ရ ၂၊ လု ၂၂:၆၂ တို့၌ မှတ်တမ်းတင်ထားသည်။ ကျွန်ုပ်တို့လည်း အပြစ် ကျူးလွန်ခြင်းကို သိဘို့ရန် ဘုရားသခင်က သိနိုင်သော အချက်များကို ပေးတတ်သော်လည်း၊ မသိသော သူများ တတ်သည်။

၂၈။ နံနက်အချိန် ရောက်လျှင် ယေရှုကို ကယာဖထံမှ အိမ်တော် ဦးသို့ ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ် (အပြစ်) နှင့် ကင်းလွတ်၍ ပသခါပွဲကို ခံမည်အကြောင်း၊ အိမ်တော် ဦးထဲသို့ကိုယ်တိုင်မဝင်ကြ။ ၂၉ ထိုကြောင့်ပိလတ်မင်းသည် သူတို့ ရှိရာသို့ ထွက်၍ ဤသူ၌ အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော်၊ ၃၀ ဤသူသည် လူဆိုး မဟုတ်လျှင် အ​ကျွန်ုပ်တို့သည်ကိုယ်တော်၌ မအပ်ပါဟု လျှောက်ကြ၏။

ယုဒလူကြီးများကသခင်ယေရှုကို ပသာခါပွဲအတွင်း ၌ မသတ်ချင် ကြသော်လည်း၊ သူတို့ကိုယ်တိုင်က မစောင့်နိုင်ဘဲ တညလုံးမအိပ်ကြဘဲ သူ့ကို တရားစွဲ ကြသည်။ ယဇ်ပုရောဟိတ် အိမ်မှရောမဘုရင်ခံပိလတ်မင်းထံသို့ နံနက်အချိန်တွင် သွားကြသည်။ ပိလတ်မင်းသည် တပါးအမျိုးသား ဖြစ်သောကြောင့် ယုဒလူတို့သည် အိမ်တော် ဦးသို့ မဝင်ကြချေ။ ဝင်လျှင် သူတို့ကို သူတို့ ညစ်ညူး မည်ဟု ယူဆကြသည်။ ပိလတ်မင်းကအဘယ်ကြောင့်ယေရှုကို တရားစွဲကြသည်ကို မေးသောအခါ အကြောင်းရင်းတိတိကျကျ မပြောနိုင်ကြပါ။ ယခုခေတ် တွင်လည်း မတရားသော သူတို့သည် အပြစ် မရှိသော သူတို့ကို အကြောင်း မဲ့ကြံဖန်ပြီး အပြစ် တင်တရားစွဲတတ်သည်။

၃၁။ ပိလတ်မင်းကလည်း၊ သူ့ကို ယူ၍ သင်တို့ ဓမ္မသတ်အတိုင်း စီရင်ကြဟုဆို၏။ ယုဒလူတို့ ကလည်း၊ အ​ကျွန်ုပ်တို့သည် အဘယ်သူကို မျှမသတ်ပိုင်ပါဟု လျှောက်ကြ၏။ ၃၂ ထိုသို့ လျှောက်သော်၊ ယေရှုသည် အဘယ်သို့ မိမိသေရမည်အရိပ်ကို ပေး၍ ၊ မိန့်တော်မူသော စကားတော် ပြည့်စုံမည်အကြောင်း တည်း။

ယုဒလူတို့ ကယေရှုကို သတ်ချင် ကြသည်။ သို့သော် သူတို့ကိုယ်တိုင်မသတ်ချင် ကြ၊ ပိလတ်မင်းကို သတ်ခိုင်းသည်။ လူများစွာ တို့လည်း သူတို့ကိုယ်တိုင်မလုပ်ချင်သောအရာ ကို သူတပါးလုပ်ဘို့ ခိုင်းတတ် ကြသည်။

၃၃။ ပိလတ်မင်းသည် အိမ်တော် ဦးထဲသို့ တဖန် ဝင်၍ ယေရှုကို ခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု မေး၏။ ၃၄ ယေရှု ကလည်း၊ မင်းကြီးသည်ကိုယ်အလိုအလျောက်ဤသို့ မေးသလော။ သို့မဟုတ် သူတပါးတို့သည် ငါ၏ အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ၏။ ၃၅ ပိလတ်မင်းက၊ ငါသည် ယုဒလူ ဖြစ်သလော။ သင်၏ လူမျိုးနှင့် တကွ၊ ယဇ်ပုရောဟိတ် အကြီး တို့သည် သင့်ကို ငါ၌ အပ်ကြပြီ။ သင်သည် အဘယ်သို့ ပြုမိသနည်းဟု မေးလျှင်၊

ပိလတ်မင်းကယေရှုသည် ရှင်ဘုရင်ဟုတ် မဟုတ်မေးခြင်းသည် အလွန် အရေးကြီးသည်။ ယေရှု ကသူသည် ရှင်ဘုရင် ဖြစ်ကြောင်း ဝန်ခံလျှင် ရောမအစိုးရကို ပုန်ကန်ခြင်း ဖြစ်မည်။ ယေရှု ကတန်ပြန်မေးခွန်းပြန်မေးလိုက်သည်။ ပိလတ်ကသူသည် တာဝန် ရှိသောကြောင့် သူ့ကို စစ်ဆေးကြောင်း ပြောလိုက်သည်။

၃၆။ ယေရှုက၊ ငါ၏ နိုင်ငံသည် ဤလောကနှင့် မစပ်ဆိုင်။ ငါ၏ နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့ လက်သို့ မရောက်စေခြင်းငှါ ငါ၏ လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏ နိုင်ငံသည် ဤဒေသအရပ်နှင့် မစပ်ဆိုင်ဟု မိန့်တော်မူ၏။ ၃ရပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည် ရှင်ဘုရင်မှန်သလောဟု မေးသော်၊ ယေရှုက၊ မင်းကြီး မေးသည် အတိုင်း ငါသည် ရှင်ဘုရင်မှန်၏။ သမ္မာတရား ဘက်၌ သက်သေခံခြင်းငှါ ငါ၊သည် မွေးဘွားခြင်းကို ခံ၍ ဤလောကသို့ ကြလာပြီ။ သမ္မာတရားနှင့် စပ်ဆိုင်သမျှသော သူတို့သည် ငါ့စကားကို နားထောင် ကြသည်ဟု မိန့်တော်မူ၏။

ယေရှု ကသူသည် ရှင်ဘုရင်မှန်ကြောင်း ဝန်ခံလိုက်သည်။ သို့သော် သူပိုင်သော နိုင်ငံသည် ဤလောကနှင့် မဆိုင်ဟုဆိုသည်။ ယေရှုသည် လာမည့် အနှစ်တစ်ထောင်ကာလ၌၊ ဤမြေကြီး ပေါ်တွင် ရှင်ဘုရင်အဖြစ် အုပ်စိုးဦးမည်။ သို့သော် ထိုနိုင်ငံသည် ယခုခေတ် နှင့် မတူ၊ ကျမ်းစာက ကောင်းကင်သစ်နှင့် မြေကြီးသစ်ဟုဆိုသည် (ဟေရှာယ ၆၅:၁ရ)။ ယေရှု ကသူသည် သမ္မာတရား ဘက်၌ သက်သေခံခြင်းငှါ လာသည်ဟုဆိုသည်။ သမ္မာတရားသည် ဘုရားသခင်နှင့် သူ၏ အကြံအစည် ဖြစ်သည်။ ယေရှု ကသူသည် သမ္မာတရား ဖြစ်သည်ဟုဆိုခဲ့သည် (ယော ၁၄:၆)။ သမ္မာတရားနှင့် ဆိုင်သော သူတို့ ကသာလျှင် သမ္မာတရားကို နားလည်နိုင် ကြသည်။ လောကီပညာရှိများက နားမလည် နိုင်ကြချေ။

၃၈။ ပိလတ်မင်းကလည်း၊ သမ္မာတရား ကား အဘယ်သို့ နည်းဟု မေးပြီးမှ၊ တဖန် ယုဒလူတို့ ရှိရာသို့ ထွက်၍ ၊ ဤသူ၌ အဘယ်အပြစ်ကို မျှငါမတွေ့၊

ပိလတ်မင်းကယေရှု၏ အပြစ်ကို မတွေ့ရချေ။ သူသည် ရှင်ဘုရင် ဖြစ်သည်ဟု ဝန်ခံသော်လည်း အပြစ် မတင်ချေ။ သူ့ကို တရားစီရင်လောက်အောင် အဘယ်အပြစ် မျှမတွေ့။ ထို့ကြောင့် ယေရှုသည် အပြစ် ကင်းမဲ့သော ဘုရား ဖြစ်ကြောင်း ထင်ရှားသည်။

၃၉။ ပသခါပွဲ၌ လူတယောက်ကို သင်တို့အား ငါလွှတ်မြဲထုံးစံရှိသည် ဖြစ်၍ ၊ ယုဒရှင်ဘုရင်ကို လွှတ်စေချင် သလောဟု မေးလျှင်၊ ၄၀ တဖန် လူအပေါင်းတို့ ကဤသူကို မလွှတ်စေချင်ပါ၊ ဗာရဗ္ဗကို လွှတ်စေချင် ပါသည်ဟု အော်ဟစ်၍ လျှောက်ဆိုကြ၏။ ထိုဗာရဗ္ဗကား ထားပြ ဖြစ်သတည်း။

နိုင်ငံခေါင်းဆောင် များသည် နေ့ထူးနေ့မြတ်များ၌၊ အကျဉ်းသား များကို လူထုစိတ်ကျေနပ် စေရန်လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတတ် ကြသည်။ ယုဒလူများ ကျေနပ် စေရန်ပသခါပွဲ၌ လူတယောက်ကို လွှတ်လေ့ရှိသည်။ ထိုကြောင့်ပိလတ်မင်းကယုဒရှင်ဘုရင် တည်းဟူသောယေရှုကို လွှတ်ပေးရမလားဟု မေးရာတွင်၊ လူအပေါင်းကဗာရဗ္ဗကို လွှတ်ပေးဘို့ တောင်းဆို ကြသည်။ အပြစ် သား၊ ရာဇဝတ်သားထက် သခင်ယေရှုကို သေစေချင် ကြသည်။ သခင်ယေရှုကို မည်မျှမုန်းတီးကြသည်ကို သိမြင်နိုင်သည်။ ယနေ့ မ ယုံကြည်သူများကလည်း အပြစ် သားများထက်၊ ယေရှု ယုံကြည်သူများကို ပို၍ မုန်းတီးတတ် ကြသည်။

.

ယော ၁၉

 

၁။ ထိုအခါ ပိလတ်မင်းသည် ယေရှုကို ယူ၍ ရိုက်ပြီးမှ၊ ၂ စစ်သူရဲတို့သည် ဆူးပင်နှင့် ရက်သော ဦးရစ်ကို ခေါင်းတော်၌ တင်၍ ၊ နီမောင်းသော ဝတ်လုံနှင့် ခြုံစေပြီးလျှင်၊ ၃ ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္လာရှိစေသတည်းဟုဆို၍ ရိုက်ပုတ်ကြ၏။

ယေရှုသည် သူကိုယ်တိုင်အတွက် မဟုတ်ဘဲ၊ လူသား အားလုံးကိုယ်စားအရိုက်ခံရမည်ကို ဟေရှာယကဤသို့ ရေးသား ခဲ့ပြီ၊ “ထိုသူသည် ငါတို့ လွန်ကျူးသော အပြစ်များကြောင့် ၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏၊ ၊ ငါတို့၏ ငြိမ်သက်ခြင်း၊ ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည်၊ သူ့ အပေါ်သို့ ရောက်၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏၊ ၊ ” (ဟေရှာယ ၅၃:၅)။ ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သော်လည်း၊ ဣသရေလ လူများ၏ ဆန္ဒကို မလွန်ဆန်နိုင်သောကြောင့် သတ်မိန့်ကို ပေးလိုက်ခြင်း ဖြစ်သည်။ ဆူးပင်နှင့် ရက်သော ဦးရစ်ဆောင်းစေခြင်းနှင့် နီမောင်းသော ဝတ်လုံကို ခြုံစေခြင်းသည်၊ ရှင်ဘုရင် ဖြစ်သည်ဟုဆိုသောကြောင့် သရော်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် မဟုတ်မမှန်စွပ်စွဲခံရ၍ ထိုကဲ့သို့ သရော်ခြင်းသည် အလွန် ခံရခက်ပေလိမ့်မည်။ သို့သော် သူသည် တိတ်ဆိတ်စွာဖြင့် ခံနေသည်။ လူသားများမူမတရားခံရလျှင်၊ ပြန်၍ တိုက်ခိုက် တတ်ကြသည်။ ဤလောကသည် စာတန် အုပ်စိုးသောကြောင့်၊ တရားမျှတမှု ရှိမည် မဟုတ်။

၄။ ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကို မျှငါမတွေ့ကြောင်းကို သင်တို့ သိစေခြင်းငှါ၊ သူ့ကို သင်တို့ ရှိရာသို့ ငါထုတ်ပြသည်ဟုဆို၏။ ၅ ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီမောင်းသော ဝတ်လုံကို ဝတ်လျက် ပြင်သို့ ထွက်ကြွ တော်မူ၏။ ပိလတ်မင်းကလည်း၊ သူ့ကို ကြည့်ကြလော့ဟုဆို၏။

ပိလတ်မင်းကသခင်ယေရှု၌ အဘယ်အပြစ် မျှမတွေ့ချေ။ သို့သော် ဘုရားကိုးကွယ်၍ ၊ မေရှိကို မျှော်လင့်သော ဣသရေလ လူများအတွက် အသေသတ်ခံသင့်သည် အထိ အပြစ် မြင် ကြသည်။ ထို့နည်းတူ ခရစ်တော် နောက်လိုက်သော သူတို့ကိုလည်း ၊ သာသနာ ပလူများ မက၊ နာမည်ခံ ခရစ်ယာန် များ၏ အပြစ် တင်ခြင်းကို ခံရမည်ကို ကြိုတင် သိထားဘို့ လိုသည်။

၆။ ယဇ်ပုရောဟိတ် အကြီး တို့နှင့် လုလင်များတို့ ကထိုသူကို လက်ဝါးကပ်တိုင်မှာရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်းက၊ သင်တို့သည် သူ့ကို ယူ၍ လက်ဝါးကပ်တိုင်မှာရိုက်ထားကြ။ ငါသည် သူ၌ အပြစ်ကို မတွေ့ဟုဆိုလျှင်၊ ရယုဒလူတို့က၊ ဤသူသည် ဘုရားသခင်၏ သားတော် ဖြစ်ယောင်ဆောင်သောကြောင့် အ​ကျွန်ုပ်တို့၌ ရှိသာဓမ္မသတ်အတိုင်း သေထိုက်ပါသည်ဟု လျှောက်ကြ၏။

ပိလတ်မင်းကသူသည် ယေရှု အပြစ်ကို မတွေ့ဟု သေချာအောင် နောက်ဆုံး ပြောဆို ပြန်သည်။ သို့သော် ဣသရေလ လူများက၊ ကျောက်ခဲနှင့် ပေါက်ခြင်း မဟုတ်၊ ကျိန်ခြင်း ခံသော သူတို့ သာသတ်တတ်သော လက်ဝါးကပ်တိုင်ပေါ်သူ့ကို သတ်ဘို့ရန် တောင်းဆို ကြသည်။ သူတို့ စွဲတင်သော အပြစ်မှာ၊ ဘုရားသခင်၏ သားတော် ယောင်ဆောင်သည်ဟုဆိုသည်။ အမှန်မှာ သူတို့ နားလည်လွဲမှားခြင်း ဖြစ်သည်။ ယေရှုသည် ဘုရား၏ သားတော် ယောင်ဆောင်သည် မဟုတ်၊ အမှန်တကယ် ဖြစ်နေသည်။ ယနေ့ လူအများစုကလည်း၊ ဘုရား အပေါ်၊ စစ်မှန်သော ခရစ်ယာန်များအပေါ်အထင်လွှဲမှား နေကြသည်။

၈။ ထိုစကားကို ကြားလျှင် ပိလတ်မင်းသည် သာ၍ ကြောက်သဖြင့်၊ အိမ်တော် ဦးထဲသို့ ဝင်ပြန်၍ ၊ ၉ ယေရှု အား၊ သင်သည် အဘယ်က ဖြစ်သနည်းဟု မေးလျှင် တခွန်းကို မျှပြန်တော် မမူ။ ၁၀ ပိလတ်မင်းကလည်း၊ ငါနှင့် စကား မပြောသလော။ ငါသည် သင့်ကို လက်ဝါးကပ်တိုင်မှာရိုက်ထားပိုင်သည်ကို၎င်း၊ လွှတ်ပိုင်သည်ကို၎င်း၊ သင် မသိလောဟုဆိုသော်၊ ၁၁ အထက် အရပ်မှအခွင့်ကို မရလျှင် မင်းကြီးသည် ငါ့ကို အဘယ်သို့ မျှမပြုပိုင်။ ထိုကြောင့်ငါ့ကို မင်းကြီး လက်သို့ အပ်နှံသော သူသည် သာ၍ ကြီးသော အပြစ်ရှိသည်ဟု မိန့်တော်မူ၏။

ပိလတ်မင်းသည် ထာဝရ ဘုရား ယုံကြည်သူ မဟုတ်သော်လည်း၊ ယေရှုသည် ဘုရားသား ယောင်ဆောင်သည်ဟု စွပ်စွဲခံရ သောအခါ သာ၍ ကြောက်လာသည်။ ထို့ကြောင့် ယေရှုကို မေးခွန်းမေးပြန်သည်။ သို့သော် ယေရှု စကား မပြောတော့ချေ။ ထိုအခါ သူသည် ယေရှုကို သတ်ပိုင်လွှတ်ပိုင်ကြောင်းကို ပြော သောအခါ၊ ယေရှု ကခမည်းတော် ခွင့်မပြုလျှင် သူသည် ဘာမျှမလုပ်နိုင်ကြောင်း ပြောလိုက်သည်။ မှန်ပါသည်၊ ဘုရားသခင် ခွင့်မပြုလျှင် အဘယ်သူ မျှဘာမျှလုပ်ပိုင်ခွင့်မရှိပါ။ ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သော်လည်း၊ မလွှတ်ရဲသောကြောင့် မပြစ်မကင်းကြောင်း ယေရှု ကပြောလိုက်သည်။ သူထက် ဣသရေလ လူများ အပြစ်ရှိကြောင်း ယေရှု ကပြောလိုက်သည်။ ​ကျွန်ုပ်တို့လည်း အမှု မပတ်ချင် သောကြောင့် ရှောင်နေလျှင် လည်း၊ အပြစ် မကင်းကြောင်း သိသင့်သည်။

၁၂။ ထိုအခါ မှစ၍ ပိလတ်မင်းသည်ကိုယ်တော်ကို လွှတ်ခြင်းငှါ ရှာကြံလေ၏။ ယုဒလူတို့ ကလည်း၊ ထိုသူကို လွှတ်လျှင်ကိုယ်တော်သည် ကဲသာဘုရင်၏ အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ်သော သူမည်သည်ကား၊ ကဲသာဘုရင်၏ ရန်သူ ဖြစ်ပါသည်ဟု လျှောက်ကြ၏။

ပိလတ်မင်းကယေရှုသည် အပြစ် မရှိကြောင်း ကောင်းကောင်းသိသောကြောင့် လွှတ်ဘို့ ကြိုးစားသည်။ သို့သော် အခက်တွေ့နေသည်။ ဣသရေလ လူများက ကဲသာဘုရင်ကို မလိုလားကြသော်လည်း၊ ယေရှုကို သတ်ချင် သောကြောင့် ကဲသာဘုရင်ကို လက်ခံ ဟန်ဆောင် ကြသည်။ ​ကျွန်ုပ်တို့လည်း ဘုရား ဘက်၌ ရပ်တည် သောအခါ ရန် သူများ အချင်းချင်းပူးပေါင်းသွားနိုင်ကြောင်း သိဘို့ လိုသည်။

၁၃။ ထိုစကားကို ကြားလျှင် ပိလတ်မင်းသည် ယေရှုကို ပြင်သို့ ထုတ်ပြီးမှဟေဗြဲစကား အားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်းဟု ခေါ်ဝေါ်သော အရပ်၍ တရားပလ္လင်ပေါ်မှာ ထိုင်လေ၏။ ၁၄ ထိုနေ့အချိန်ကား၊ ပသခါအဘိတ်နေ့ တချက်တီး အချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊ ၁၅ ထိုသူကို ထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာရိုက်ထားပါဟု လူများ ဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း သင်တို့၏ ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရောဟိတ် အကြီး တို့က၊ အ​ကျွန်ုပ်တို့၌ ကဲသာဘုရင်မှတပါး အဘယ်ရှင်ဘုရင်မှမရှိပါဟု ပြန်ပြောကြ၏

။ ပိလတ်မင်းသည် ယေရှုကို လွှတ်လျှင် သူကိုယ်တိုင်အမှု ပတ်နိုင်သောကြောင့်၊ သတ်ဘို့ရန် ထုတ်ပေးလိုက်သည်။ ပိလတ်မင်းကသင်တို့၏ ရှင်ဘုရင်ကို သတ်ရမည်လောဟု မေးသောအခါ၊ ယဇ်ပုရောဟိတ် အကြီး တို့က၊ အ​ကျွန်ုပ်တို့၌ ကဲသာဘုရင်မှ တပါး အဘယ်ရှင်ဘုရင်မှ မရှိပါ၊ဟု ယေရှု အစား ကဲသာဘုရင်ကို ရွေးချယ်လိုက် ကြသည်။ ​ကျွန်ုပ်တို့လည်း မသိ သောအခါ ဘုရားထက် အခြားအရာကို ရွေးချယ် နေကြသည်။

၁၆။ ထိုအခါ ပိလတ်မင်းသည် ယေရှုကို လက်ဝါးကပ်တိုင်မှာရိုက်ထားစေခြင်းငှါ ထိုသူတို့ လက်သို့ အပ်သဖြင့်၊ သူတို့သည်ကိုယ်တော်ကို ယူ၍ ထုတ်သွားကြ၏။ ၁ရကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကို ထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သော အရပ်သို့ ထွက် တော်မူ၏။ ထိုအရပ်ကား ဟေဗြဲစကား အားဖြင့် ဂေါလဂေါသအမည်ရှိ၏။

ဣသရေလ လူများသည် သူတို့ တောင်းဆိုသောအရာ ရရှိသွားသောကြောင့်အားရစွာ ယေရှုကို သတ်ဘို့ ထုတ်သွား ကြသည်။ ​ကျွန်ုပ်တို့လည်း အပြစ် လုပ် သောအခါ အကောင်းထင်ပြီးအားရတက်ကြွစွာ လှုပ်ရှားတတ် ကြသည်။ လက်ဝါးကပ်တိုင်၌ ရိုက်သတ်မည့်သူ များသည် သူတို့ကိုယ်တိုင်လက်ဝါးကပ်တိုင်ကို ထမ်းခိုင်းတတ် ကြသည်။ ထို့ကြောင့် ယေရှုက၊ “ငါ၌ ဆည်းကပ်လိုသောသူ ဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။” (မ ၁၆:၂၄)ဟု ကြိုပြောရခြင်း ဖြစ်သည်။ လက်ဝါးကပ်တိုင်ထမ်းခြင်း ဆိုသည်မှာ၊ ကို ယ့်အပိုင်းသေခြင်း၊ ခရစ်တော် အလိုတော် အတိုင်း အသက် ရှင်ခြင်း ဖြစ်သည်။ ခရစ်တော် သတ်မည့် နေရာသည် ယေရုရှလင် မြို့အပြင်ဘက်၊ ဦးခေါင်းခွံအရပ် (ဂေါလဂေါသ)ဟု ခေါ်သော နေရာ ဖြစ်သည်။ ထိုနေရာကို ုငညါ​ဲ​ောနျ​ြငဘူန၌ ဃ​ေူလမေပကာရနီဟု ဘာသာပြန်သောကြောင့်၊ လူတိုင်း ကကာရနီ ဟူ၍ သာ သိနေကြသည်။ ( အခြားအင်္လိပ်ကျမ်းစာများနှင့် မြန်မာကျမ်းစာအုပ်၌ ကာရနီစလုံး မတွေ့ရပါ။ သို့သော် ဂေါလဂေါသထက် လူတိုင်း ကကာရနီကို ပို၍ သိကြသည်)

၁၈။ ထိုအရပ်၌ကိုယ်တော်ကို အခြားသော သူနှစ်ယောက်နှင့် တကွလက်ဝါးကပ်တိုင်မှာရိုက်ထားကြ၏။ ထိုသူနှစ်ယောက် အလယ်မှာ ယေရှုသည် နေရာကျသတည်း။

ယေရှုသည် လူဆိုးတို့နှင့် အသတ်ခံမည့် အကြောင်းကို ပရောဖက် ကဤသို့ ရေးထားနှင့် ပြီ၊ “ထိုသိုု့မိမိ အသက်ကို သေခြင်း၌ သွန်း၍ မတရားသော သူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သဖြင့်၊ လူများ တို့၏ အပြစ်ကို ဆောင်ရွက်၍ မတရားသော သူတို့ အဘို့ တောင်းပန်သောကြောင့်၊ လူကြီးတို့ကို သူတို့ အဘို့ ဖြစ်စေခြင်းငှါ ငါခွဲမည်၊ ၊ ” (ဟေရှာယ ၅၃:၁၂)။ ယေရှုသည် လူသား အားလုံး၏ အပြစ်ကို ယူတင်ဆောင်ရွက်သောကြောင့်၊ လူဆိုးများနှင့်အတူ ရိုက်သတ်ခြင်း ဖြစ်သည်။ ထိုသို့ ရိုက်သတ်ခြင်းသည် သင်နှင့် ​ကျွန်ုပ်ကိုယ်စား ဖြစ်၍ ၊ ထိုအရာကို ယုံကြည်လျှင် အပြစ် စီရင်ခြင်းမှ လွတ်မြောက်နိုင်သည် (ယော ၃:၁၈)။

၁၉။ ပိလတ်မင်း သည်လည်း ကမ္ဗည်းလိပ်စာကို ရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ၏။ လိပ်စာချက်ဟူမူကား၊ ယုဒရှင်ဘုရင်နာဇရက်မြို့သား ယေရှုဟု ရေးထားသတည်း။ ၂၀ ယေရှုကို လက်ဝါးကပ်တိုင်မှာရိုက်ထားသော အရပ်သည် မြို့နှင့် နီးသည် ဖြစ်၍ ၊ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများ တို့သည် ဘတ်ကြ၏။ ၂၁ ထိုကြောင့်ယုဒယဇ်ပုရောဟိတ် အကြီး တို့သည် ပိလတ်မင်းထံသို့ ဝင်၍ ၊ ယုဒရှင်ဘုရင်ဟု မရေးပါနှင့်။ ငါသည် ယုဒရှင်ဘုရင် ဖြစ်သည်ဟု သူဆိုကြောင်းကို ရေး တော်မူ ပါဟု လျှောက်ကြလျှင်၊ ၂၂ ပိလတ်မင်းက၊ ငါရေးပြီးသောအရာ ကို ငါရေးပြီဟု ပြန်ဆို၏။

ပိလတ်မင်းကယေရှု၏ ခေါင်းတော် ပေါ်၌ ယုဒရှင်ဘုရင်ဟု ရေးထားသည်။ ထိုအရာကို ထိုခေတ်၌ လူသိများသော ဘာသာသုံးမျိုးဖြင့် ရေးထားသည်။ ထိုသို့ ရေးခြင်းကို ယဇ်ပုရောဟိတ်မင်းတို့ ကမကျေနပ် ကြသောကြောင့် ပိလတ်မင်းကို ပြင်ခိုင်းသည်။ သို့သော် ပိလတ်မင်းကမပြင်လိုချေ။ သူတို့သည် မသိသောကြောင့် ထိုကဲ့သို့ သတ်၍ ငြင်းပယ်ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ကြွလာသောအခါ၊ သူတို့၏သား စဉ်မြေးဆက်များ ကရှင်ဘုရင်အဖြစ် လက်ခံကြမှာ ဖြစ်သည်။ သူတို့ မသိခြင်းသည် အလွန် ဆုံးရှုံးပါတကား။ လူများစွာလည်း ယေရှုကို ဘုရား ဖြစ်ကြောင်း၊ ရှင်ဘုရင် ဖြစ်ကြောင်း မသိကြသောကြောင့် လက်မခံ၊ မကိုးကွယ်ကြချေ။ သူ့ကို လက်ခံသော သူများ ကလည်း၊ ဝိညာဉ် ကယ်တင်ရှင်အဖြစ်သာ လက်ခံ၍ ၊ နေ့စဉ် အသက်တာ၌ အရှင်သခင်အဖြစ် မလက်ခံကြသောကြောင့်၊ သူ့အလိုတော်ကို မဆောင်၊ ကိုယ့် သဘောဖြင့် အသက် ရှင် နေကြသည်။

၂၃။ စစ်သူရဲတို့သည် ယေရှုကို လက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော် တို့ကို လေးပိုင်းပိုင်း၍ တယောက် တပိုင်းစီယူကြလေ၏။ အတွင်း အင်္ကျီတော်ကား၊ မချုပ်ဘဲ လျက် အထက် စွန်းမှသည် အောက်စွန်းတိုင်အောင် ယက်သော အင်္ကျီ ဖြစ်သောကြောင့်၊ ၂၄ ထိုသူတို့ ကအင်္ကျီကို မဆုတ်ကြနှင့်။ အဘယ်သူ ယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်းဆိုကြ၏။ ကျမ်းစာ လာသည်ကား၊ သူတို့သည် အ​ကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အ​ကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ ဟူသော အချက်စကားကို ပြည့်စုံစေ၍ ၊ စစ်သူရဲတို့သည် ထိုသို့ ပြုကြ၏။

ယေရှု၌ ကိုယ်ပိုင်ပစ္စည်းဟူ၍ ထိုအင်္ကျီသာလျှင် ရှိသည်။ ဤလောက၌ ဧည့်သည် အာဂန္တုအနေဖြင့် နေခဲ့သောကြောင့် ဘာမျှမပိုင်ခြင်း ဖြစ်သည်။ ယုံကြည်သူများအတွက် ပုံသက်သေကောင်း ဖြစ်သည်။ လောကသည် စာတန် ပိုင်သောကြောင့်၊ သူ့ဥစ္စာကိုများများ ပိုင်သော သူကို စာတန် ကကြိုက်နှစ်သက်သလို ကြိုးကိုင်နိုင်သည်။ ယေရှု၏ အင်္ကျီစာရေးတံချမည့် အရာကို ဒါဝိဒ်က ကြိုတင် ရေးသား ခဲ့ပြီ (ဆာ ၂၂:၁၈)။

၂၅။ ယေရှု၏ လက်ဝါးကပ်တိုင်တော် နားမှာမယ်တော်နှင့် မယ်တော်၏ ညီမ ဖြစ်သော ကလောဖ၏ မယားမာရိနှင့် မာဂဒလမာရိတို့သည် ရပ် နေကြ၏။ ၂၆ ထိုအခါ မယ်တော်နှင့် ချစ် တော်မူသော တပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင် တော်မူလျှင်၊ မယ်တော် အား၊ အချင်းမိန်းမ၊ သင်၏ သားကို ကြည့်ပါဟူ၍ ၎င်း၊ ၂၇ တပည့်တော်အား လည်း၊ သင်၏ အမိကို ကြည့်ပါဟူ၍ ၎င်းမိန့် တော်မူ၏။ ထိုအခါ မှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။

ယေရှု အသေခံ သောအခါ တပည့်တော်များထွက်ပြေးသွားကြသော်လည်း၊ အမျိုးသမီးများ မူကား အနားမှာရပ်၍ နေနေကြသည်။ သူတို့ အနေဖြင့် မကာကွယ်နိုင်သော်လည်း၊ ထိုသို့ ရပ်တည်ပေးခြင်းသည် အလွန် အရေးကြီးသည်။ ကျွန်ုပ်တို့လည်း ဒုက္ခ ရောက်သော သူများ၊ ကျေကွဲ ဝမ်းနည်းသော သူများကို အနား၌ နေပေးခြင်း ဖြင့် အားပေးရမည်။ ယေရှု ချစ် တော်မူသော တပည့်တော်သည် ဤစာကို ရေးသော သူယောဟန် ဖြစ်သည်။ ယေရှု ကယောဟန်ကို မယ်တော် စောင့်ရှောက်ဘို့ရန် မှာသည်။ မယ်တော်သည် မည်မျှဝမ်းနည်း ကျေကွဲ မည်နည်း။ ယောဟန်ကမယ်တော် မာရိကို မိမိအိမ်သို့ ခေါ်သွားသည်။

၂၈။ ထိုနောက်ကျမ်းစာ ပြည့်စုံစေခြင်းငှါ အမှု ရှိသမျှ ကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။ ၂၉ ထိုအရပ်၌ ပုံးရည်နှင့် ပြည့်သော အိုးတလုံးရှိသည် ဖြစ်၍ ၊ ထိုသူတို့သည် ရေမှိုတထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ဟု ဿုပ်ပင်အကိုင်းဖျား၌ တပ်၍ ခံတွင်း တော်သို့ ကပ်ထားကြ၏။ ၃၀ ယေရှုသည် ပုံးရည်ကို ခံပြီးမှ၊ အမှုပြီး ပြီဟု မိန့်တော်မူ လျက်၊ ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့် တော်မူ၏။

က ိုယ်ခန္ဓာဒဏ်ရာရသောကြောင့် ယေရှုသည် ရေငတ်သည်။ ထိုအရာသည် လူသားများငရဲ၌ ရေငတ်မည့် အစားအငတ်ခံခြင်း ဖြစ်သည်ဟုဆိုနိုင်သည်။ ပုံးရည်သည် စပျစ်ဝိုင်အချဉ် ဖြစ်သည်။ ထိုသို့ဖြစ်မည့် အရာကို ဆာလံ ၂၂:၁၅နှင့် ၆၉:၂၁၌ ရေးထားခဲ့ပြီ။ ယေရှုသည် မိမိအသက်ကို စွန့် တော်မူသည်ဟုဆိုသည်။ ယေရှု ကအမှုပြီး ပြီဟူသော စကားသည် လူများ ကယ်တင်ခြင်း လုပ်ငန်းပြီး ပြီ၊ အပြစ် ဆေးကြောခြင်းပြီး ပြီ၊ ယဇ်ပူဇော်ခြင်းပြီး ပြီ၊ လူများ၏ ပြသနာ အပေါင်း​ ဖြေရှင်း ပေးပြီဟူ၍ အဓိပ္ပါယ်များစွာ ရှိသည်။ ထိုအရာကို ယုံကြည်၍ ကျေးဇူးတော် ချီးမွမ်းဘို့ ဖြစ်သည်။

၃၁။ ထိုနေ့သည် အဘိတ်နေ့ ဖြစ်၍ ၊ နက်ဖြန်နေ့လည်း ကြီး မြတ်သော ဥပုသ်နေ့ ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍ ၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှါ ပိလတ်မင်းထံသို့ ဝင်ပြီးလျှင်၊ ​ခြေကို ချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။

အဘိတ်နေ့ဆိုသည်မှာ ကြိုတင် ပြင်ဆင်သော နေ့ဟုဆိုခြင်း ဖြစ်သည်။ နောက်တနေ့သည် ဥပုသ်နေ့ ဖြစ်သောကြောင့် ထိုနေ့မတိုင်မှီ ပြင်ဆင်ခြင်းကို ဆိုလိုသည်။ ဥပုသ်နေ့၌ ယေရှု၏ အလောင်းကို လက်ဝါးကပ်တိုင်၌ မထားလိုကြချေ။ လက်ဝါးကပ်တိုင်မှာရိုက်သတ် သောအခါ၊ မသေလျှင် ​ခြေကို ချိုးရသည်။ ထို့ကြောင့် ပိလတ်မင်းထံယေရှုနှင့် လူဆိုးနှစ်ယောက်၏ ​ခြေချိုးဘို့ရန် ခွင့်တောင်းခြင်း ဖြစ်သည်။

၃၂။ ထိုအခါ စစ်သူရဲတို့သည် သွား၍ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာရိုက်ထားသော သူနှစ်ယောက်တို့၏ ​ခြေကို ချိုးလေ၏။ ၃၃ ယေရှု ထံသို့ ရောက်၍ အသက် မရှိကြောင်းကို မြင်လျှင် ​ခြေကို မချိုးဘဲ၊ ၃၄ စစ်သူရဲတယောက်သည် နံဖေးတော်ကို လှံနှင့် ထိုးဖောက်၍ သွေးနှင့် ရေသည် ချက်ခြင်း ထွက်လာ၏။ ၃၅ ထိုအကြောင်း အရာကို မြင်သော သူသည် သက်သေခံ၏။ သူ၏ သက်သေခံချက် သည်လည်း မှန်ပေ၏။ သင်တို့သည် ယုံကြည် မည်အကြောင်း၊ သူပြောသော စကား မှန်သည်ကို သူသိ၏။ ၃၆ ထိုအကြောင်း အရာကား၊ သူ၏ အရိုးကို မချိုးရဟု ကျမ်းစာ လာချက် ပြည့်စုံမည်အကြောင်း တည်း။ ၃၇ တဖန် ကျမ်းစာ လာသည်ကား၊ ထိုသူတို့သည် မိမိတို့ ထိုးဖောက်သော သူကို ရှုမြင်ရကြလိမ့်မည်ဟု လာ၏။

လူဆိုးနှစ်ယောက်တို့သည် မသေ သေးသောကြောင့်၊ သူတို့၏ ​ခြေကို ချိုးရသည်။ သို့သော် ယေရှုသည် အသက် မရှိတော့သောကြောင့် ​ခြေမချိုးတော့ဘဲ၊ နံဖေးတော်ကို လှှံနှင့် ထိုးလိုက်သည်။ ထိုအရာသည် ကျမ်းစာ ပြည့်စုံမည့်အကြောင်း ဖြစ်သည်။ ပသခါ သိုးသငယ်ကို သတ် သောအခါ အရိုးမချိုးရဟုဆိုသည် (ထွက် ၁၂:၄၆၊ တော ၉:၁၂)။ ပသခါ သိုးသငယ်သည် ယေရှုကို ပုံဆောင်သည် (၁ ကော ၅:ရ)။ ဆာလံဆရာက၊ “​ဖြောင့်မတ်သော သူသည် များစွာသော ဒုက္ခ ဆင်းရဲကို ခံရသော်လည်း၊ ထာဝရ ဘုရားသည် ခပ်သိမ်းသော ဒုက္ခ ဆင်းရဲ ထဲကကယ်လွှတ် တော်မူ၏။ ၂၀ သူ၏ အရိုးရှိသမျှ တို့ကို စောင့်ရှောက် တော်မူသည် ဖြစ်၍ ၊ တစ်ချောင်းမျှမကျိုးမပဲ့ရ။” (ဆာ ၃၄:၁၉-၂၀) ဟုဆိုခဲ့သည်။ နံဖေးတော် လှန်ထိုးမည့် အရာကိုလည်း ကျမ်းစာ ကဤသို့ ရေးထားခဲ့ပြီ၊ “ကျေးဇူးတော်ကို ခံသော သဘော၊ ဆုတောင်း ပဌနာ ပြုသော သဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင် မြို့သားတို့ အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။” (ဇာခရိ ၁၂:၁၀)

၃၈။ ထိုနောက်မှအရိမသဲမြို့သား ယောသပ်သည် ယုဒလူတို့ကို ကြောက်၍ မထင်မရှားတပည့်တော် ဖြစ်သည် နှင့်၊ ပိလတ်မင်းထံသို့ ဝင်၍ ယေရှု၏ အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည် သွား၍ ယေရှု၏ အလောင်းတော်ကို ယူလေ၏။

အရိမသဲမြို့သား ယောသပ်သည် ယေရှုကို ယုံကြည်သော တပည့် ဖြစ်သော်လည်း၊ ယုဒလူများကို ကြောက်သောကြောင့် မထင်မရှား နောက်လိုက် သောသူ ဖြစ်သည်။ သူ့အကြောင်းကို မဿဲကဤသို့ ရေးထားသည်၊ “ယောသပ်သည် အလောင်းတော်ကို ယူ၍ ဖြူစင်သော ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ ၆၀ ကျောက်၌ ထွင်းသော မိမိသင်္ချိုင်းတွင်း သစ်ထဲမှာထားလေ၏။” (မ ၂ရး၅၉-၆၀)။ ယောသပ်သည် မိမိသင်္ချိုင်းတွင်းရှိသောကြောင့် ချမ်းသာ သောသူ၊ အရေးကြီး သောသူ ဖြစ်လိမ့်မည်။ ထို့ကြောင့် ပိလတ်မင်းထံ၌လည်း ယေရှု အလောင်းကို တောင်းရဲခြင်း ဖြစ်သည်။ သူသည် သူဌေး ဖြစ်ကြောင်း ဟေရှာယကဤသို့ ရေးခဲ့ပြီ၊ “ပြစ်မှားခြင်းကို မပြု၊ ၊ သူ၏ နှုတ်၌ မုသား မရှိသော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှါ စီရင်ကြ၏၊ ၊ သို့ ရာတွင် သေပြီးမှသူဌေး၌ ရှိ၏၊ ၊ ” (ဟေရှာယ ၅၃:၉) ဆိုလိုသည် မှာယေရှုသည် အသက် ရှင်ခဲ့စဉ်ကဆင်းရဲ ခဲ့သော်လည်း၊ သေ သောအခါ သူဌေးယောသပ်၏ သင်္ချိုင်း၌ မြှုပ်ခြင်းကို ခံရသည်။

၃၉။ အထက် ကညဉ့်အခါယေရှု ထံတော်သို့ လာသော နိကောဒင်သည် လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန် ရှိသော မုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပျောင်းကို ဆောင်လျက် လာ၏။ ၄၀ ထိုသူတို့သည် ယေရှု၏ အလောင်းတော်ကို ယူ၍ ၊ ယုဒလူတို့၏ သင်္ဂြိုလ်ခြင်းနှင့် ဆိုင်သော ပြင်ဆင်ခြင်း ထုံးစံရှိသည် အတိုင်း နံ့သာမျိုးနှင့် တကွပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။

နိကောဒင်လည်း ဖါရိရှဲအရာရှိ ဖြစ်သည်။ ယေရှုကို ယုံကြည်သော်လည်း၊ ယောသပ်ကဲ့သို့ လူများကို ကြောက်သောကြောင့် ထင်ရှားစွာ ယေရှု နောက်သို့ မလိုက်ရဲသောသူ ဖြစ်သည်။ သူသည် ယေရှု အလောင်းကို သင်္ဂြိုလ်ဘို့ရန် မုရန်၊ အကျော်ရောနှောသော နံ့သာပျောင်းကို ယူဆောင်သည်။ ထိုနံ့သာပျောင်းသည် တန်ဘိုးရှိ၍ ခရစ်တော်နှင့် ပတ်သက်၍ ဆာလံကျမ်း၌ ဤသို့ ရေးသား ခဲ့သည် “အို ဘုရားသခင်ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရ ပလ္လင် ဖြစ်ပါ၏၊ ၊ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံ ဖြစ်ပါ၏၊ ၊ ၇ကိုယ်တော်သည် ​ဖြောင့်မတ်ခြင်း တရားကို နှစ်သက်၍ မတရားသော အမှုကို မုန်း တော်မူ၏၊ ၊ ထိုကြောင့်အို ဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက်ကိုယ်တော်ကို ချီးမြှောက်၍ ဝမ်းမြောက်ခြင်း ဆီနှင့် ဘိသိက် ပေးတော်မူ ပြီ၊ ၊ ဆင်စွယ်ဘုံဗိမာန်ထဲကထုတ်သော အဝတ်တန်ဆာတော် ရှိသမျှ တို့သည် မုရန်၊ အကျော်၊ သစ်ကြံပိုးအမွှေးနှင့် ပြည့်စုံ၍ နှစ်သက် တော်မူ ဘွယ် ဖြစ်ကြပါ၏၊ ၊ ” (ဆာ ၄၅:၈)

၄၁။ လက်ဝါးကပ်တိုင်မှာရိုက်ထားသော အရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်၌ တယောက်ကို မျှမသင်္ဂြိုဟ်ဘူးသော သင်္ချိုင်းတွင်း သစ်ရှိ၏။ ၄၂ ယုဒလူတို့၏ ဘိတ်နေ့ ဖြစ်သောကြောင့်၊ အနီးအပါးတွင် ရှိသော ထိုသင်္ချိုင်းတွင်း ၌ အလောင်းတော်ကို ထားကြ၏။

ထိုသင်္ချိုင်းနှင့် ပတ်သက်၍ အငယ် ၃၉၌ ဖေါ်ပြခဲ့ပြီး ပြီ။ ယေရှုကို မြှုပ်နှံသော နေ့သည်သော ကြ်ာနေ့ ဖြစ်၍ ထိုနေ့မိုဃ်းချုပ်လျှင် ဥပုသ်နေ့ ဖြစ်တော့မှာ ဖြစ်သောကြောင့် ထိုအချိန် မရောက်မှီ အမြန်ဆုံး နီးရာသင်္ချိုင်း၌ မြှုပ်နှံလိုက်ကြခြင်း ဖြစ်သည်။ ထိုသို့ မြှုပ်နှံခြင်းကို ဟေရှာယကရေးထားနှင့် ပြီ၊ သို့မဟုတ် ထိုသို့ ရေးထားသည့်အတိုင်း ပြည့်စုံခဲ့သည်။

.

 

ယော ၂၀

 

၁။ ခုနစ်ရက်တွင် ပဌမ နေ့ရက်၊ မိုဃ်းမလင်းမှီ စောစော အချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်း ဝ၌ ပိတ်သော ကျောက်သည် ရွှေ့လျက် ရှိသည်ကို မြင်လျှင်၊ ၂ ရှိမုန်ပေတရုနှင့် ယေရှု ချစ် တော်မူသော အခြားတပည့်တော် ဆီသို့ ပြေးသွား၍ သင်္ချိုင်းတော် မှသခင်ကို ယူသွားကြပြီ။ အဘယ်မှာ ထားကြသည်ကို မသိဟု ပြောဆို၏။

ခုနှစ်ရက်တွင် ပဌမ နေ့ရက်သည် တနင်္နွေနေ့ ဖြစ်သည်။ မာဂဒလမာရိသည် အဘယ်ကြောင့်မိုဃ်းမလင်းမှီသင်္ချိုင်းသို့ သွားသနည်း။ သခင်ယေရှုကို ချစ်သောကြောင့် ဖြစ်သည်။ သခင်ယေရှုကို ချစ်သော သူများ အတွက်၊ စောလွန်းသည်၊ နောက်ကျလွန်းသည် မရှိပါ။အချိန် မရွေးသူ့အတွက် အသက် ရှင်ချင်သည်။ မဿဲ ခရစ်ဝင်ကျမ်း၌ မာဂဒလမာရိသည် အခြားသော မာရိနှင့် ဖြစ်၍ ကောင်းတမန်သည် ကျောက်ပေါ်မှာ ထိုင်လျက် မာရိတို့ကို သခင်ယေရှု ထမြောက် ပြီ ဖြစ်ကြောင်း၊ တမန်တော်တို့ ထံပြောခိုင်းသည်။ သို့သော ဤကျမ်း၌၊ သူတို့သည် သခင်ယေရှုကို ယူသွားကြပြီ၊ အဘယ်မှာ ထားကြသည်ကို မသိဟု၊ ယေရှု မရှင်ပြန်မထမြောက် သေး သကဲ့သို့ ရေးထားသည်။

၃။ ထိုအခါ ပေတရုနှင့် အခြားသော တပည့်တော်သည် ထွက်၍ ၊ သင်္ချိုင်းတော်သို့ သွားကြ၏။ ၄ ထိုသူနှစ်ယောက်တို့သည်အတူ ပြေးသည်တွင် အခြားသော တပည့်တော်သည် ပေတရုကို လွန်၍ ၊ သင်္ချိုင်းတော်သို့ အရင်ရောက်သည် ရှိသော်ငုံ့၍ ကြည့်သဖြင့်၊ ၅ ပိတ်ပုဆိုးရှိရစ်သည်ကို မြင်လျှင်၊ မဝင်ဘဲ နေ၏။

အခြားသော တပည့်တော်သည် ယောဟန် ဖြစ်မည်ဟု ယူဆရသည်။ သူသည် အသက် ပိုငယ်သောကြောင့် ပေတရုကို လွန်၍ သင်္ချိုင်းသို့ အရင်ရောက်သွားခြင်း ဖြစ်သည်။ သူသည် သင်္ချိုင်းထဲသို့ မဝင်ဘဲ အဝမှကြည့်၍ ပိတ်ပုဆိုးကို သာမြင်သည်။

၆။ ရှိမုန်ပေတရုသည် နောက်သို့ လိုက်၍ ရောက် သောအခါ၊ တွင်း ထဲသို့ ဝင်လျှင် ပိတ်ပုဆိုးရှိရစ်သည်ကို၎င်း၊ ၇ ခေါင်းတော်၌ ရှိသော ပဝါသည် ပုဆိုးနှင့်အတူ မရှိဘဲ တခြားဆီလိပ်လျက် ရှိသည်ကို၎င်းမြင်လေ၏။

ပေတရုသည် သင်္ချိုင်းတွင်း ထဲသို့ ဝင်သွားသည်။ သင်္ချိုင်းသည် ယခုခေတ် ကဲ့သို့ မြေကြီး အောက်မှာ မဟုတ်ဘဲ ကျောက်ကို ထွင်းထားသောကြောင့်တွင်းသည် မြေကြီးနှင့် တညီတည်း ဖြစ်မည် (မ ၂ရး၆၀)။ ထိုသို့ အတွင်းသို့ ဝင်သောကြောင့် ပိတ်ပုဆိုးသာမက၊ ပဝါသည် ပုဆိုးနှင့်အတူ မရှိဘဲ တခြားဆီလိပ်လျက် ရှိသည်ကို မြင်သည်။ ပေတရုသည် လူကြီး ဖြစ်သည့်အတိုင်း အတွင်းသို့ ဝင်သော ကြောင်ယောဟန်ထက် ပို၍ မြင်သည်။

၈။ ထိုအခါ သင်္ချိုင်းတော်သို့ အရင်ရောက်သော အခြားတပည့်တော်သည်၊ ဝင်၍ မြင်သဖြင့် ယုံလေ၏။ ၉ကိုယ်တော်သည် သေခြင်း မှထမြောက် ရမည်ဟူသော ကျမ်းစကားကို တပည့်တော် တို့သည် နားမလည် ကြသေး။ ၁၀ နောက်မှထိုသူနှစ်ယောက်တို့သည် မိမိတို့ အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။

သောမတ်သည် ရှင်ပြန်ထမြောက် သောကိုယ်တော်ကို မြင်သောကြောင့် ယုံကြည်သည် (ယော ၂၀:၂၄-၂၈)။ ယောဟန်သည် သင်္ချိုင်းတော် အထဲ၌ကိုယ်တော် မရှိသောကြောင့် ယုံကြည်သည်။ သို့သော် သခင်ယေရှုက၊ ငါ့ကို မမြင်ဘဲ ယုံသော သူတို့သည် မင်္လာရှိကြ၏ဟု မိန့်တော်မူ၏။

၁၁။ မာရိသည် သင်္ချိုင်းတော် အနားမှာငိုကြွေးလျက် ရပ်နေ၏။ ငိုကြွေးစဉ်ငုံ့၍ တွင်း ထဲသို့ ကြည့်လျှင်၊ ၁၂ ကောင်းကင်တမန် နှစ်ပါးတို့သည် ဖြူသော အဝတ်ကို ဝတ်ဆင်လျက်၊ ယေရှု၏ အလောင်းတော် လျောင်းရာအရပ်၊ ခေါင်းရင်း၌ တပါး၊ ​ခြေရင်း၌ တပါးထိုင်ကြသည်ကို မြင်လျှင်။ ၁၃ ထိုသူတို့က၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်းဟု မေးလျှင်၊ ​ကျွန်မ၏ သခင်ကို ယူသွားကြပြီ။ အဘယ်မှာ ထားကြသည်ကို မသိပါဟု ပြောဆို၏။

မာရိကသင်္ချိုင်းတွင်း ထဲကြည့် သောအခါ၊ ကောင်းကင်တမန် နှစ်ပါးကို မြင်တွေ့ရသည် သာမက၊ သူတို့နှင့် စကားပြောခွင့်ရခဲ့သည်။ အဘယ်ကြောင့်ထိုသို့ မြင်တွေ့စကား ပြောခွင့်ရသနည်း။ သခင်ယေရှုကို ချစ်သော စိတ်နှင့် ကြည့်ရှုသောကြောင့် ဖြစ်မည်။ ဘုရားသခင်က သူ့ကို မြင်ခွင့်ပေးသည်။ ပေတရုနှင့် ယောဟန်ကအဘယ်ကြောင့် ကောင်းကင်တမန် များကို မြင်ခွင့်စကား ပြောခွင့်မရရှိခဲ့ကြသနည်း။ မာရိလောက်စိတ်မထိခိုက်၊ မရှာသောကြောင့် ဖြစ်မည်။ ထို့ကြောင့် ​ကျွန်ုပ်တို့ လည်း၊ မာရိကဲ့သို့ စိတ်ထိခိုက်ပြီး လိုချင်သော စိတ်နှင့် ဘုရားကို ရှာလျှင်၊ အမှုတော်ဆောင်ကြီးများမတွေ့မြင်နိုင်သောအရာ များကို၊ ဘုရားသခင်က မြင်တွေ့ခွင့်ပေးမှာ ဖြစ်သည်။

၁၄။ ထိုသို့ ဆိုပြီးမှနောက်သို့ လှည့်လျှင်၊ ယေရှု ရပ်လျက် နေတော်မူသည်ကို မြင်သော်လည်း၊ ယေရှု ဖြစ်တော်မူသည်ကို မသိ။ ၁၅ ယေရှု ကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း၊ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည် သူ့ကို ဆောင်သွားသည် မှန်လျှင် အဘယ်မှာ ထားသည်ကို ​ကျွန်မအား ပြောပါ၊ ​ကျွန်မယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့် ဖြစ်သည်ဟု ထင်မှတ်လျက် ဆို၏။

မာရိသည် ကောင်းကင်တမန် များနှင့် စကားပြောခွင့်ရသည် သာမက၊ သခင်ယေရှုကိုယ်တိုင်နှင့်လည်း တွေ့မြင်စကား ပြောခွင့်ရသည်။ မည်မျှထူးမြတ်သနည်း။ သို့သော် ကောင်းစွာ မကြည့်သောကြောင့်၊ သခင်ကို ဥယျာဉ်စောင့်ဟု ထင်မှတ်သည်။ ကျွန်ုပ်တို့လည်း ဘုရားက ဖေါ်ပြသော်လည်း၊ မတွေ့မမြင်မှာကို စိုးရိမ် ရသည်။ သူသည် စိတ်ထိခိုက်လွန်းသောကြောင့် ငိုကြွေးနေသည်။ သခင်ယေရှု၏ အလောင်းကို ယူသွားဘို့ အထိ ပြောဆိုသည်။ ကျွန်ုပ်တို့လည်း သူကဲ့သို့ သခင်ယေရှုနှင့် ပတ်သက်၍ တယောက် တည်း ဖြစ်သော်လည်း တာဝန် ယူချင်သော စိတ်ရှိကြပါသလား။

၁၆။ ယေရှုကလည်း မာရိဟု ခေါ် တော်မူလျှင်၊ မာရိသည် လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား အရှင်ဘုရားဟု ဆိုလိုသတည်း။ ၁ရယေရှု ကလည်း၊ ငါ့ကို မဘက်နှင့် ဦး။ ငါသည် ငါ့ခမည်းတော် ထံသို့ မတက်ရသေး။ ငါ့ညီတို့ ရှိရာသို့ သွားလော့။ ငါ၏ ခမည်းတော် တည်းဟူသောသင်တို့၏ ခမည်းတော်၊ ငါ၏ ဘုရားသခင် တည်းဟူသောသင်တို့၏ ဘုရား သခင့်ထံတော်သို့ ငါတက်ရမည်အကြောင်း အရာကို ကြားပြောလော့ဟု မိန့်တော်မူသည် နှင့် အညီ၊

သခင်ယေရှု ကမာရိဟု ခေါ်မှမာရိကသူ၏ သခင်ကို သိလာသည်။ သူသည် ယေရှုကို ဘက်ဘို့ လုပ်သောကြောင့် သခင်ယေရှုက၊ ငါ့ကို မဘက်နှင့် ဦးဟုဆိုသည်။ အဘယ်ကြောင့်ဘက်ခွင့်မပေးသနည်း။ သူသည် ခမည်းတော် ထံသို့ မတက်ရ သေးသောကြောင့် ဟုဆိုသည်။ ထို့ကြောင့် အချို့သော သူများက၊ သခင်ယေရှုသည် သင်္ချိုင်း၌ကိုယ်ခန္ဓာသုံးရက်လျောင်းစဉ်တွင် ငရဲသွားသည် ဟူ၍ ၎င်း၊ သူ၏ ဝိညာဉ်သည် အိပ်ပျော်နေသည် ဟူ၍ ၎င်း၊ ပြော ကြသည်။ အမှန်မှာ ယေရှုသည် ဝိညာဉ် အားဖြင့် ကောင်းကင်သို့ တက်ခဲ့ပြီ။ သူခိုးဆီမှာယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိမည် (လု ၂၃:၄၃) ဟုဆိုခဲ့သည်။ ထို့အပြင် ၊ သူ၏ စိတ် ဝိညာဉ်ကို ခမည်းတော် ထံအပ်ပြီးမှအသက် ချုပ် တော်မူသည် (လု ၂၃:၄၆)။ ထို့ကြောင့် ယေရှုသည် စိတ် ဝိညာဉ်အားဖြင့် ကောင်းကင်သို့ တက်ခဲ့ပြီ။ သို့သော် ယဇ်ပုရောဟိတ် အနေဖြင့်၊ ကောင်းကင် သန့်ရှင်းရာထဲသို့၊ သူ၏ အသွေးနှင့် ကိုယ်ခန္ဓာကို မဆက်ကပ်ရသေးပါ။ ရှင်ပြန်ထမြောက် သောအခါ ယေရှုသည် ယဇ်ပုရောဟိတ် ဖြစ်၍ ကောင်းကင်သို့ တက်ကာ၊ သူ၏ ခန္ဓာနှင့် အသွေးကို ဆက်ကပ်ခဲ့သည် (ဟေ ၉:၁၁-၁၂၊ ၁၀:၁၀)။ ယဇ်ပုရောဟိတ် များသည် အသန့်ရှင်းဆုံးဌါနသို့ ဝင် သောအခါ၊ မည်သူကမျှ သူ့ကို မကိုင်မထိရပါ။ ထို့ကြောင့် သခင်ယေရှု ကမာရိကို ထိခွင့်မပေးခြင်း ဖြစ်သည်။

၁၈။ မာဂဒလမာရိသည် သွား၍ မိမိသည် သခင်ကို တွေ့မြင်သည်ကို၎င်း၊ ထိုသို့ မိန့်တော်မူသည် ကို၎င်း၊ တပည့်တော် တို့အား ကြားပြောလေ၏။

မာရိသည် သခင်ယေရှုကို တွေ့မြင်ပြီး နောက်တပည့်တော်တို့ ထံအားရဝမ်းမြောက်စွာ သတင်း ကြားပြောလိုက်သည်။ သခင်ယေရှုနှင့် တွေ့သူတိုင်း သူတပါးကို မကြား မပြောဘဲ မနေနိုင်ပါ။ ယနေ့တွင် မာရိကဲ့သို့ ခန္ဓာအားဖြင့် မတွေ့မြင်နိုင်တော့သော်လည်း စိတ် ဝိညာဉ် အားဖြင့် တွေ့မြင်သော သူတို့သည် မနေနိုင်ပါ။ သူတပါးကို ပြောချင်သည်။

၁၉။ ခုနစ်ရက်တွင် ပထမနေ့ ဖြစ်သော ထိုနေ့၌ ညအချိန် ရောက် သောအခါ၊ ယုဒလူတို့ကို ကြောက်၍ တံခါးများကို ပိတ်ထားလျက်၊ တပည့်တော် တို့သည် စည်းဝေးကြသော အရပ်သို့ ယေရှုသည် ကြွလာ၍ အလယ်မှာရပ် တော်မူ လျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်းဟု မိန့်တော်မူ၏။ ၂၀ ထိုသို့ မိန့်တော်မူပြီးမှ လက်တော်နှင့် နံဖေးတော်ကို ပြတော်မူ၏။ တပည့်တော် တို့သည် သခင်ကို မြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။

ခုနစ်ရက်တွင် ပထမနေ့သည် တနင်္နွေနေ့ ဖြစ်သည်။ စနေနေ့သည် ခုနစ် ရက်နေ့ ဖြစ်သည်။ ယေရှုကို ယုံကြည်သော သူများသည် သူတို့၏ သခင်ကို သတ်လိုက် သောအခါ အလွန် ကြောက်ရွံ့ ကြသည်။ အကြောင်းမှာ သူတို့၏ သခင်ကိုယ်တိုင်အသတ်ခံရသောကြောင့် သူတို့ကို ကာကွယ်မည့်သူ မရှိတော့ချေ။ ထို့ကြောင့် တံခါးများ ပိတ်လက်စည်းဝေးကြခြင်း ဖြစ်သည်။ ထိုသူတို့ အလည်၌ ယေရှုသည် ဘွားကနဲရောက်လာ၍ ၊ သင်တို့၌ ငြိမ်သက်ရှိရှိစေသတည်းဟု ပြောလိုက် သောအခါ၊ တပည့်တော် များသည် အလွန် ဝမ်းမြောက် ကြသည်။ သခင်ယေရှု ကသူသည် အမှန်တကယ် အသတ်ခံသောသူ ဖြစ်ကြောင်းကို သံမှူရိုက်ထားသော လက်တော်နှင့် နံဖေးတော်ကို ပြခြင်းဖြင့် သက်သေထူလိုက်သည်။

၂၁။ တဖန် ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ် တော်မူသည် နည်းတူ ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊ ၂၂ ထိုသူတို့ အပေါ်မှာ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့။ ၂၃ အကြင်သူ၏ အပြစ်ကို သင်တို့ လွှတ်လျှင် ထိုသူသည် အပြစ် လွတ်လျက် ရှိ၏။ အကြင်သူ၏ အပြစ်ကို သင်တို့ တည်စေလျှင်၊ ထိုသူသည် အပြစ် တည်လျက် ရှိ၏ဟု မိန့်တော်မူ၏။

ခမည်းတော် ကသူ့ကို စေလွှတ် သကဲ့သို့ သူကလည်း တပည့်တော် များကို စေလွှတ်သည်ဟုဆိုသည်။ စေလွှတ်ခြင်း ခံရသူသည် စေလွှတ်သူ၏ ဆန္ဒအတိုင်း လုပ်ရသည်။ မိမိဆန္ဒအတိုင်း မလုပ်ရ။ ​ကျွန်ုပ်တို့လည်း သခင်ဘုရား ကစေလွှတ်သောကြောင့် ကိုယ့်ဆန္ဒကို ဖယ်၍ သခင်ဘုရား၏ ဆန္ဒကို ပြုလုပ် ရမည်။ သူတို့ အပေါ်မှာ မှုတ်လျက် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့ဟုဆိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရား ဖြစ်၍ သူ၏ တရားဝင်လောက၌ ယုံကြည်သူ တိုင်းထံ၊ ကျိန်းဝပ်ခြင်းသည် ပင်တေကုတ္တေ နေ့ (တ ၂)၌ သာလျှင် ဖြစ်သည်။ သို့သော် သခင်ယေရှု ကတပည့်တော်များထံ ကြိုတင် ခံယူခိုင်းသည်။ သူတို့အား အပြစ် လွှတ်ခွင့်နှင့် တည်ခွင့်ကို ပေးသည်။ အမှန်မှာ အပြစ် တင်နိုင်လွှတ်နိုင်သော သူသည် ဘုရား သာလျှင် ဖြစ်သည် (ဆာ ၃၂:၂၊ မာ ၂:၅ -ရ)။ ဘုရားသခင်က ယေရှုခရစ်အားဖြင့် အပြစ် လွှတ်သောအရာ ကို၊ တပည့်တော်များအားဖြင့် ကျေညာစေသည်။ ထိုအရာကို ယုံကြည်သူသည် အပြစ် လွှတ်ခြင်းကို ခံစား၍ ၊ မ ယုံကြည်သူသည် မခံစားရခြင်းကို ဆိုလိုသည်။

၂၄။ ထိုသို့ ယေရှုသည် ကြွလာ တော်မူ သောအခါ တမန်တော် တကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟု အမည်ရှိသောသော မသည် ထိုတပည့်တော် တို့နှင့်အတူ မရှိ။ ၂၅ ထိုသူတို့ ကလည်း၊ အ​ကျွန်ုပ်တို့သည် သခင်ကို မြင်ရကြပြီဟုသော မအား ပြောဆို ကြလျှင်၊ သော မကလက်တော်၌ သံရိုက်ရာချက်ကို မမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့် မတို့ မစမ်း၊ နံဖေးတော် ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အ​ကျွန်ုပ်မယုံဟုဆို၏။

သောမသည် မျက်စိနှင့် မြင်မှ၊ လက်နှင့် စမ်းမှယုံကြည် မည်ဟုဆိုသည်။ သူ့ကို အပြစ် တင်မဆောဘို့ လိုသည်။ လူအများစုသည် သူကဲ့သို့ပင်မျက်စိနှင့် မြင်မှယုံကြည် တတ်ကြသည် မဟုတ်လော။

၂၆။ ထိုနောက်ရှစ်ရက်မြောက်သော နေ့၌ တပည့်တော် တို့သည် တဖန် အထဲမှာရှိကြ၍ သော မလည်း ပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါယေရှုသည် ကြွလာ၍ ၊ အလယ်မှာရပ် တော်မူ လျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်းဟု မိန့်တော်မူ၏။ ၂ရ။ ထိုအခါသော မအား၊ သင်၏ လက်ညှိုးကို ဆန့်၍ ငါ့လက်ကို ကြည့်လော့။ သင်၏ လက်ကို ဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်း မရှိနှင့် ယုံလော့ဟု မိန့်တော်မူ၏။ ၂၈သော မကလည်း၊ အ​ကျွန်ုပ်၏ အရှင်၊ အ​ကျွန်ုပ်၏ ဘုရားသခင် ပါတကားဟု ပြန်၍ လျှောက်၏။ ၂၉ ယေရှု ကလည်း၊ သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသော သူတို့သည် မင်္လာရှိကြ၏ဟု မိန့်တော်မူ၏။

နောက် တပတ်ကြာ သောအခါ၊ သော မကသခင်ယေရှုကို မြင်၍ ယုံကြည်သည်။ သို့သော် သခင်ယေရှု ကသူ့ကို မမြင်ဘဲ ယုံကြည်သော သူသည် မင်္လာရှိသည်ဟုဆိုသည်။ အကြောင်းမှာ မြင်ပြီးမှ ယုံကြည်သူသည် သခင်ဘုရားကို သိက္ခာချခြင်းနှင့် တူသည်။ အကြောင်းမှာ သခင်ဘုရားက၊ သေပြီးမှသုံးရက်မြောက်သော နေ့တွင် ထမြောက် မည်ဟူသော စကားကို မယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း မမြင်မှီဘုရား စကားကို ယုံကြည် ရမှာ ဖြစ်သည်။ ကယ်တင်ခြင်း အတွက် သာမက၊ နေ့စဉ် အသက်တာအတွက် ကူညီမစခြင်းများအတွက်လည်း ယုံကြည်ဘို့ လိုသည်။

၃၀။ ဤကျမ်းစာ၌ ရေး၍ မထားသော အခြားနိမိတ်လက္ခဏာများတို့ ကိုလည်း ယေရှုသည် တပည့်တော်တို့ မျက်မှောက်၌ ပြတော်မူ၏။ ၃၁ ယေရှုသည် ခရစ်တော် တည်းဟူသောဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ကို၊ သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ ယုံ၍ နာမတော် အားဖြင့် အသက်ကို ရမည်အကြောင်း၊ ဤမျှလောက်ရေးထားလျက် ရှိသတည်း။

ယေရှု ပြတော်မူသော နိမိတ်လက္ခဏာများစွာ ရှိသည်ဟုဆိုသည်။ သို့သော် အားလုံးကို ကျမ်းစာ၌ မရေးထားပါ။ အကြောင်းမှာ ရေးဘို့ရန် များ လွန်းသည်။ ကျမ်းစာ ရေးရခြင်းသည် သူ့ကို ယုံကြည်၍ အသက် ရဘို့ ဖြစ်သည်။ ဤကျမ်းပိုဒ်ကို စာတန် ကအသုံးပြု၍ ၊ သူလူများ ထံမှ ဘုရား စကား ဟူ၍ သူတပါးကို လိမ်ညာတတ်သော သူများရှိသည်။ ထို့ကြောင့် ကျမ်းစာ အပြင်ဘက်မှပြောသောအရာ များကို မယုံကြည်ဘို့ သတိထားရမည်။

.

ယောဟန် ၂၁

 

၁။ တဖန် ယေရှုသည် တိဗေရိအိုင်နားမှာတပည့်တော်တို့ အားကိုယ်ကို ပြတော်မူ၏။ ပြတော်မူသည် အကြောင်း အရာဟူမူကား၊ ၂ ရှိမုန်ပေတရုနှင့် ဒိဒုမုဟု အမည်ရှိသောသောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သား နှစ်ယောက်၊ အခြားသော တပည့်တော် နှစ်ယောက်တို့သည်အတူ ရှိကြ၏။

သခင်ယေရှုသည် ရှင်ပြန်ထမြောက်ပြီး နောက်၊ တပည့်တော်များထံ၌ သာကိုယ်ကို ပြတော်မူသည်။ မ ယုံကြည်သူများထံ၌ မပြချေ။ ထိုအရာအားဖြင့် သိနိင်သည်မှာ၊ ဘုရားသခင်သည် ယုံကြည်သူများသာလျှင် သမ္မာတရားကို သိစေ၍ ၊ မ ယုံကြည်သူများသည် မသိနိုင်ချေ။ တိဗေရိအိုင်သည် ဂါလိလဲအိုင် ဖြစ်သည်။ ယေရှု ကကိုယ်ကို ပြသောအခါ တပည့်တော် ခုနစ်ယောက်သာလျှင် ရှိသည်။

၃။ ရှိမုန်ပေတရုကအ​ကျွန်ုပ်သည် ငါးဘမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့ ကအ​ကျွန်ုပ်တို့လည်း လိုက်မည်ဟု ပြောဆိုသည်နှင့် ထွက်သွားကြ၏။ ချက်ခြင်း လှေထဲသို့ ဝင်၍ ထိုညဉ့်တွင် တကောင်ကို မျှမရကြ။

ရှိမုန်သည် တပည့်တော် များ၏ ခေါင်းဆောင် ဖြစ်သည်။ သူတို့ ထံယေရှု ကကိုယ်ကို အနည်းဆုံးနှစ်ကြိမ်ပြပြီးသော်လည်း၊ နားမလည် ကြသေးချေ။ သခင်ခိုင်းသော သက်သေခံခြင်း မလုပ်ဘဲ၊ နဂုိလ်အလုပ် ဖြစ်သော ငါးဖမ်းခြင်းကို ပြုလုပ် ကြသည်။ ဝိညာဉ် နုနယ် သေးသော သူများ လည်း၊ ယေရှု အလိုတော် ဖြစ်သော သက်သေခံခြင်းကို မပြုလုပ် လိုကြချေ။ သူတို့သည် တညလုံးဖမ်းသော်လည်း တကောင်မျှမရှိခြင်းသည် အံ့ဩစရာ ဖြစ်သည်။

၄။ နံနက်ရောက် သောအခါ ယေရှုသည် ကမ်းနားမှာရပ် တော်မူ၏။သို့ ရာတွင် ယေရှု ဖြစ်တော်မူသည်ကို တပည့်တော် တို့သည် မသိကြ။

တပည့်တော် များသည် ထိုကဲ့သို့ အသုံးပြု၍ မရ၊ နဂိုလ်အလုပ်၌ ပြန်လဲသွားကြသော်လည်း၊ ယေရှုသည် စိတ်မပျက်ဘဲ သူတို့ ရှိရာသို့ အရောက်လာသည်။ ယနေ့ ​ကျွန်ုပ်တို့ အကြိမ်ကြိမ်သခင်ဘုရားကို ဂတိပေး၍ ပျက်သော်လည်း၊ ကျွန်ုပ်တို့ကို နားလည်ပေးမည်ဟု ယုံကြည်သည်။ တပည့်တော် များသည် သူတို့၏ သခင် ဖြစ်မှန်းကို မသိကြဟုဆိုသည်။ အကြောင်းမှာ သူ့ကို မမျှော်လင့်သောကြောင့် ဖြစ်မည်။

၅။ ယေရှုကလည်း ချစ်သားတို့၊ စားစရာ တစုံ တခုရှိသလောဟု မေးတော်မူလျှင် မရှိပါဟု ပြန်ပြောကြ၏။

ယေရှု ကတပည့်တော် များကို ဖခင်ကသား များကို နှုတ်ဆက် သကဲ့သို့ ခေါ်သည်။ လူ့ဇာတိအားဖြင့် အရွယ်တူနိုင်ကြသော်လည်း၊ ဘုရား ဇာတိအားဖြင့် အလွန် ကွာခြားသည်။ သခင်ဘုရားသည် စားစရာကို တောင်းသော်လည်း၊ သူ၌ မုန့်နှင့် ငါးကင်ရှိပြီး ဖြစ်သည်။ ရှာမာရိအမျိုးသမီးထံမှလည်းရေတောင်းသော်လည်း မသောက်ခဲ့ပါ။

၆။ တဖန် ယေရှုက၊ လှေလက်ျာဘက်၌ ပိုက်ကွန်ကို ပစ်ချလော့။ ထိုသို့ ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍ များစွာသော ငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကို စွဲ၍ မရနိုင်။

ယေရှု ကလှေလက်ျာဘက်၌ ပိုကကွန်ပစ်ချခိုင်း သောအခါ သူတို့သည် နားထောင်၍ များစွာသော ငါးအုပ်မိ ကြသည်။ ထိုအဖြစ် အပျက်မျိုးကို အမှုတော် စတင်ခါစ၌လည်း ဖြစ်ခဲ့ဘူးသည် (လု ၅:၄ ¬- ၆)။ ထိုအဖြစ် အပျက်၌ သခင်ယေရှု ကရေနက်ရာသို့ ပိုက်ကွန်ချခိုင်း သောအခါ၊ ပေတရုကစောဒကတက်သော်လည်း၊ နားထောင်ခြင်းဖြင့် ချ သောအခါ များစွာသော ငါးများကို ရရှိခဲ့သည်။ ယခုတွင် ရေနက်ရာ သို့မဟုတ် တော့ဘဲ လက်ျာဘက်၌ ပိုက်ကွန်ကို ချခိုင်းသည်။ ပေတရုသည် ယခင်ကကဲ့သို့ မငြင်းတော့ဘဲ ချ သောအခါ များစွာသော ငါးကို ရရှိသည်။ တညလုံးငါးမရရှိခြင်းသည် ငါးမရှိသောကြောင့် မဟုတ်၊ သခင်ဘုရား ကမရရှိအောင် ပြုလုပ်ခြင်း ဖြစ်မည်။ သူ့အမိန့်တော်ကို နာခံ သောအခါ နည်းနည်း မဟုတ်၊ ပိုက်ကွန်စွဲ၍ မရနိုင်လောက်အောင် ရရှိကြခြင်းသည် သခင်ဘုရား၏ တန်ခိုးအားဖြင့် ဖြစ်မည်။ ယေရှုသည် တံငါသည် မဟုတ်၊ လက်သမား ဖြစ်သည်။ သို့သော် သူသည် အရာခပ်သိမ်း၏ အရှင် ဖြစ်ကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း အစွမ်းကုန် ကြိုးစားသော်လည်း မအောင်ဘဲ ရှိနိုင်သည်။ စိတ်မပျက်ဘဲ ဘုရား အားကိုး ခြင်း၊ နားထောင်ခြင်းအားဖြင့် အောင်မြင် နိုင်သည်။

ရ။ ထိုအခါ ယေရှု ချစ် တော်မူသော တပည့်တော်က၊ ငါတို့ သခင်ပေတည်းဟု ပေတရုအား ပြောဆို၏။ သခင် ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲ ရှိလျှက် အပေါ်အင်္ကျီကို သာဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။

ယေရှု ချစ် တော်မူသော တပည့်တော်သည် ဤစာကို ရေးသော ယောဟန်ပင် ဖြစ်သည်။ သူကသခင်ဘုရား ဖြစ်ကြောင်းကို အရင်သိသွားသည်။ ပေတရုသည် သခင် ဖြစ်ကြောင်းကို ကြား သောအခါ အဘယ်ကြောင့်အဝတ်ကို မခြုံဘဲ အိုင်ထဲသို့ ဆင်းသနည်း။ သူသည် စိတ်မြန်ကိုယ်မြန် ဖြစ်သောကြောင့် လုပ်မိရာလုပ်ခြင်း ဖြစ်မည်။

၈။ အခြားသော တပည့်တော် တို့သည်၊ ကမ်းနှင့် မနီးမဝေးအလံငါးဆယ်လောက်ကွာသည် ဖြစ်၍ ငါးများနှင့် ပိုက်ကွန်ကို ဆွဲငင်လျက် လှေစီး၍ လာကြ၏။ ၉ ကုန်းပေါ်သို့ ရောက် သောအခါ မီးခဲပုံကို၎င်း၊ ကင်ထားသော ငါးကို၎င်း၊ မုန့်ကို၎င်းတွေ့မြင်ကြ၏။ ၁၀ ယေရှုကလည်း ယခုရသော ငါးအချို့ကို ယူခဲ့ကြဟု မိန့်တော်မူ၏။

တပည့်တော် တို့သည် လှေတစီးနှင့် မဟုတ်ဘဲ၊ သီးခြားငါးဖမ်း ကြသည်။ သခင်ယေရှုသည် တပည့်တော်များဖမ်းသော ငါး မဟုတ်မည်ကဲ့သို့ ငါးရနိုင်သနည်း။ မုန့်ကိုလည်း ရှိသည်။ သူ၏ တန်ခိုးအားဖြင့် ရရှိခြင်း ဖြစ်ပေမည်။ ဘုရား အတွက် ဘာမျှအခက်အခဲမရှိပေ။ အရာခပ်သိမ်းကို မရှိသောအရာ ထဲမှဖန်ဆင်းနိုင်သည်။ လမ်းလွှဲသွားသော တပည့်တော်များကို၊ အစားအစာများနှင့် တည်ခင်းဧည့်ခံသည်။ ​ကျွန်ုပ်တို့လည်း သစ္စာ မရှိလမ်းလွှဲသွားလျှင်လည်း သခင်ဘုရားက၊ လက်ကမ်းကြိုဆို နေကြောင်း စိတ်ချနိုင်သည်။ ယေရှုသည် သူကပေးမည့် အရာသာမက၊ တပည့်တော်များဖမ်းမိသော ငါးများ ကိုလည်း ယူခိုင်းခြင်းသည်၊ သူတို့၏ လုပ်ဆောင်မှုကို လက်ခံခြင်း၊ တန်ဘိုး ထားခြင်းကို ဖေါ်ပြသည်။

၁၁။ ရှိမုန်ပေတရုသည် လှေပေါ်သို့ တက်၍ ၊ ငါးကြီး တရာငါးဆယ့်သုံးကောင်နှင့် ပြည့်လျက် ရှိသော ပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက်များသော်လည်း ပိုက်ကွန်သည် မဆုတ်ပြတ်ရှိ၏။

သူတို့သည် ငါးများကို အတိအကျရေတွက်သောကြောင့်၊ တရာငါးဆယ့်သုံးကောင်ဟုဆိုုနိုင်ခြင်း ဖြစ်သည်။ ကျွန်ုပ်လည်း အရာရာ၌ တိကျစွာ ရေတွက်တင်ပြတတ်ဘို့ လိုသည်။ လုကာ ၅:၄တွင် ငါးမရေတွက်ဘဲ များစွာ ရသည်ဟု သာရေးထားသည်။ ထိုအပြင်ပိုက်ကွန်ပျက်စရှိသည်ဟုဆိုသည်။ သို့သော် ယခုအဖြစ် အပျက်၌ ပိုက်ကွန်မဆုတ်ပြတ်ခြင်းကို မှတ်တမ်းတင်ထားခြင်းသည် ရည်ရွယ်ချက်ရှိလိမ့်မည်။ ဘုရား စကား နားထောင်လျှင် ​ကျွန်ုပ်တို့၏ အမှုတော်ဆောင်ခြင်း လုပ်ငန်း၌ မကဲွမပြားအောင်မြင်မှု ရရှိနိုင်သည်။

၁၂။ ယေရှု ကလည်း၊ လာ၍ နံနက်စာကို စားကြလော့ဟု မိန့်တော်မူ၏။ သခင် ဖြစ်တော်မူ ကြောင်းကို တပည့်တော် တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်သူ နည်းဟူ၍ တစုံတယောက် မျှမမေးမလျှောက်ဝံ့ကြ။ ၁၃ ယေရှုသည် လာ၍ မုန့်နှင့် ငါးကို ယူပြီးလျှင် သူတို့ အားပေးတော်မူ၏။

ယေရှုသည် နောက်ဆုတ်သွားသော၊ စကား နားမထောင်သော တပည့်တော် များကို အပြစ် မတင်ဘဲ၊ နံနက်စာဖြင့် ဧည့်ခံသည်။ ​ကျွန်ုပ်တို့လည်း လမ်းလွဲသွားသော၊ ညီအကို များကို ပြန်လည် လက်ခံသင့်သည်။ တပည့်တော် များသည် ယေရှုကို သိသောကြောင့် ဘာမျှမမေးဝံ့ကြချေ။ သူသည် ဖေါက်ပြန်သော တပည့်များကို ငါးနှင့် မုန့်​ကျွေးသည်။ ယေရှုသည် ရယူသောသူ မဟုတ်၊ ပေးသော သူသာလျှင် ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း သူတပါးထံမှ ရယူသောသူ မဟုတ်ဘဲ၊ ပေးသောသူ ဖြစ်ကြရမည်။ ပေါလုက“အ စွန့်အကြဲခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည် သာ၍ မင်္လာရှိသည်ဟု၊ သခင်ယေရှု မိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်” (တမန် ၂၀:၃၅) ဟုပြောဆို ခဲ့သည်။ ​ကျွန်ုပ်လည်းရယူသူထက်၊ ပေးသောသူ ဖြစ်ကြပါစို့။

၁၄။ ထိုပြ တော်မူခြင်းကား၊ ယေရှုသည် သေခြင်း မှထမြောက် တော်မူသည် နောက်၊ တပည့်တော်တို့ အားကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်း ဖြစ်သတည်း။

ရှင်ပြန်ထမြောက် ပြီးမှယေရှုသည် သုံးကြိမ်သာတပည့်တော်များထံကိုယ်ကို ပြတော်မူသည်။ ရှင်ပြန်ထမြောက် ပြီးမှကောင်းကင်သို့ ပြန်တက်ချိန်အထိ၊ ရက်ပေါင်းလေးဆယ်ရှိသော်လည်း၊ သုံးကြိမ်သာပြခြင်းသည် ထို့ထက် ပြဘို့ မလိုအပ်သောကြောင့် ဖြစ်မည်။

၁၅။ နံနက်စာကို စားကြသည် နောက်၊ ယေရှုက၊ ယောန၏သားရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည် သာ၍ ချစ်သလောဟု ရှိမုန်ပေတရုအား မိန့်တော်မူလျှင်၊ ဟုတ်ပါ၏ သခင်။ ကိုယ်တော်ကို အ​ကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏ သိုးသငယ် တို့ကို ​ကျွေးမွေးလော့ဟု မိန့်တော်မူ၏။ ၁၆ တဖန် ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကို ချစ်သလောဟု ဒုတိယအကြိမ်မေး တော်မူလျှင်၊ ဟုတ်ပါ၏ သခင်၊ ကိုယ်တော်ကို အ​ကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏ သိုးတို့ကို ထိမ်းလော့ဟု မိန့်တော်မူ၏။

ယောန၏သားရှိမုန်သည် ပေတရု ဖြစ်သည်။ ယေရှု ကပေတရုကို အခြားသော တပည့်တော် များထက် သူ့ကို ချစ်သလောဟု အဘယ်ကြောင့်မေးသနည်း။ သူသည် တမန်တော် များ၏ ခေါင်းဆောင်၊ မေးခွန်းမေးတိုင်း အမြန်ဆုံး ​ဖြေတတ်သောကြောင့် ဖြစ်မည်။ သခင်ယေရှုက၊ အဂပေမေတ္တာဖြင့် နှစ်ကြိမ်မေးသော်လည်း၊ ပေတရုကဖီလီယော်မေတ္တာဖြင့် သာ​ဖြေသည်။ အဂပေမေတ္တာသည် ဘုရား၏ မေတ္တာ ဖြစ်၍ ၊ ကိုယ်ကျိုး စွန့်သော မေတ္တာ ဖြစ်သည်။ ဖီလီယော်မေတ္တာသည် သူငယ်ခြင်း မေတ္တာ ဖြစ်သည်။ ( မြန်မာအသုံးအနှုန်းဖြင့် ရှင်းပြပါက ၊ လူပျိုကအပျိုကို ၁၅၀၀ အချစ်နှင့် ချစ်သလားဟု မေးသော်လည်း၊ အပျိုက ၅၂၈ အချစ်နှင့် ချစ်သည်ဟုဆိုလျှင် လူပျိုလိုချင်သော အချစ်မရသောကြောင့် ကျေနပ်မည် မဟုတ်။ ၁၅၀၀ အချစ်သည် သမီးရီးစားအချစ် ဖြစ်၍ ၅၂၈ အချစ်သည် မောင်နှမ အချစ် ဖြစ်သောကြောင့် ဖြစ်သည်။) သခင်ယေရှု ကသူ့ကို ချစ်လျှင်၊ သူ၏ သိုးတို့ကို ​ကျွေးမွေးဘို့ ထိမ်းဘို့ ပြောထားသည်။

၁ရ။ ယေရှုကလည်း ယောန၏သားရှိမုန်၊ သင်သည် ငါ့ကို ချစ်သလောဟု တတိယအကြိမ်မေး တော်မူလျှင်၊ သင်သည် ငါ့ကို ချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည် စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာ တို့ကို သိတော်မူ၏။ ကိုယ်တော်ကို ​ကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏ သိုးတို့ကို ​ကျွေးမွေးလော့။

ပေတရုကသူငယ်ချင်းအချစ်နှင့် သာ​ဖြေနေသောကြောင့်၊ တတိယအကြိမ်တွင် သခင်ယေရှု ကသူ့ကို သူငယ်ချင်းအချစ်နှင့် ချစ်သလောဟု မေးသည်။ ပေတရုလည်း သုံးကြိမ်တိုင်အောင် မေးသောကြောင့် စိတ်နာလာသည်။ ထိုသို့ သုံးကြိမ်မေးခြင်းသည် ပေတရုက သုံးကြိမ်ငြင်းဆိုခဲ့သောကြောင့် ဟုဆို ကြသည်။ အချို့ကသေချာအောင် မေးခြင်း ဖြစ်သည်ဟုဆို ကြသည်။ ထိုအရာတို့သည် မှန်နိုင်ပါသည်။ သို့သော် သခင်ယေရှု ကသူလိုချင်သော အ​ဖြေမရသောကြောင့် ဖြစ်နိုင်သည်။

၁၈။ ငါအမှန်အကန်ဆိုသည်ကား၊ သင်သည် ပျိုသော အသက် ရှိစဉ် ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာအရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အို သောအခါ လက်နှစ်ဖက်ကို ဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။

ယေရှု ကပေတရုသည် အရွယ်ငယ် သေးသောကြောင့်၊ သူလိုချင်သောအရာ ကို သာလုပ်သည်။ ရင့်ကျက်လာသောအခါ သူမလိုချင်သော အရပ်သို့ ယူသွားခြင်း ခံရမည်ဟု ဟောကိန်းထုတ်လိုက်သည်။ မှန်ပါသည် ပေတရုကဲ့သို့ ငယ်ရွယ်သော သူတိုင်းကိုယ့် အလိုဆန္ဒကို သာအလေးထား၍ လုပ်ချင် ကြသည်။ ရင့်ကျက်သော သူတိုင်း သူတပါး အလိုဆန္ဒကို လိုက်လျောတတ်သည်။ အထူးသဖြင့် ဝိညာဉ် ရေးရာ၌ ရင့်ကျက်သော သူများသည် ဘုရားသခင်၏ အလိုတော်ကို သာလုပ်လာ ကြသည်။

၁၉။ ထိုသို့ မိန့်တော်မူသော်၊ အဘယ်သို့သော သေခြင်း အားဖြင့် ပေတရုသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ ၊ ငါ့နောက်သို့ လိုက်လော့ဟု ပေတရုအား မိန့်တော်မူ ပြန်၏။

သခင်ယေရှု ကပေတရုသည် မည်ကဲ့သို့ သေမည်နည်းဟူသောအရာ ကို အရိပ်ပေးသည်ဟုဆိုသည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် ပေတရုသည် အသေသတ်ခြင်း ခံရမည်ဟု သိရသည်။ ပေတရုသည် အို သောအခါ လက်နှစ်ဖက်ဆန့်ပြီး သူ့ကို ယူသွားမည်ဆိုခြင်းသည် လက်ဝါးကပ်တိုင်၌ ရိုက်သတ်ခြင်း ခံရမည့် အရိပ် ဖြစ်သည်။ ကျမ်းစာက မဖေါ်ပြ သော်လည်း သမိုင်း၌ ပေတရုသည် လက်ဝါးကပ်တိုင်၌ ရိုက်သတ်ခြင်း ခံရသည်။ သို့သော် သူကိုယ်တိုင်၏ တောင်းဆိုချက်အတိုင်း လက်ဝါးကပ်တိုင်၌ ပြောင်းပြန်ရိုက်သတ်သည်ဟု သိရသည်။ အကြောင်းမှာ သူ့သခင်ကို ငြင်းပယ်ခဲ့သောကြောင့်၊ သူ့သခင်ကဲ့သို့ မသေထိုက်ဟုဆို၍ ပြောင်းပြန်ရိုက်သတ်ခိုင်းခြင်း ဖြစ်သည်။

၂၀။ ယေရှု ချစ် တော်မူ၍ အထက် ကညစာစား သောအခါ ရင်တော်ကို မှီ၍ လျောင်းလျက်၊ သခင်၊ ကိုယ်တော်ကို အပ်နှံသော သူကား အဘယ်သူ နည်းဟု မေးသော တပည့်တော် သည်လည်း နောက်တော်သို့ လိုက်သည်ကို ပေတရုသည် လှည့်၍ မြင်လျှင်၊ ၂၁ သခင်၊ ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊ ၂၂ ယေရှုက၊ ငါကြလာသည် ကာလ တိုင်အောင် ထိုသူကို နေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ်သို့ ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။

ယေရှု ချစ်တော်၍ မေးခွန်းမေးခဲ့သူသည် ဤစာကို ရေးသော ယောဟန် ဖြစ်သည်။ ပေတရုကသူသည် မည်ကဲ့သို့ သေမှာကို သိသောအခါ၊ ယောဟန်လည်း မည့် ကဲ့သို့ဖြစ်မည့် အရာကို သိချင်သည်။ ယေရှုက၊ သူကြွလာသည့်တိုင်အောင် သူ့ကို နေစေခြင်းငှါ အလိုရှိလျှင်၊ သင်သည် အဘယ်သို့ ဆိုင်သနည်းဟု ​ဖြေလိုက်သည်။ ထိုအရာသည် လူ၏ ထုံးစံ ဖြစ်သည်။ ကိုယ်တယေက်တည်း အဖြစ်ဆိုးမခံစား လိုကြချေ။

၂၃။ ထိုစကားတော်ကို ထောက်လျှင်၊ ညီအစ်ကို တို့က၊ ထိုတပည့်တော်သည် မသေရဟု အနှံ့အပြား ပြောဆို ကြ၏။ သို့သော်လည်း ထိုသူသည် မသေရဟု ယေရှု မိန့်တော်မူသည် မဟုတ်၊ ငါကြလာသည် ကာလ တိုင်အောင် ထိုသူကို နေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ်သို့ ဆိုင်သနည်းဟု မိန့်တော်မူ သတည်း။

ယောဟန်သည် ယေရှု ကြွလာသည့်တိုင်အောင် မသေရဟု သူတို့ ထင်ကြသည်။ သို့သော် ယောဟန်သည် ယေရှု မကြွလာမှီအေဒီ ၉၅ ခန့်တွင် သေသွားခဲ့ပြီ။ သို့ဖြစ်လျှင် ဘာကို ဆိုလိုသနည်း။ ယောဟန်သည် ယေရှု ကြွလာခြင်းကို ရူပါရုံအားဖြင့် အားလုံးမြင်၍ ဗျာဒိတ်ကျမ်းထဲ၌ အားလုံး ဖေါ်ပြခဲ့သည်။ ထိုအရာကို ဆိုလိုခြင်း ဖြစ်သည်။ မဿဲ ၁၆:၂၈၌လည်း ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော် တည်လျက် ကြွလာ တော်မူသည်ကို၊ ဤအရပ်၌ ရှိသော သူအချို့တို့သည် မမြင်မှီသေခြင်းသို့ မရောက်ရကြဟု တပည့်တော် တို့အား မိန့်တော်မူ၏။ ဟုဆိုခဲ့သည်။ ထိုအရာလည်း မဿ ၁ရ၌ ​ခြောက်ရက်ကြာ သောအခါ၊ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့က၊ တောင်ပေါ်မှာ ယေရှုနှင့်အတူ မောရှေနှင့် ဧလိယတို့ကို မြင်ခဲ့ခြင်းကို ဆိုလိုသည်။ ထိုအရာသည် ချီဆောင်ခြင်း၌ ဖြစ်မည့် အရာကို မြင်ခြင်း ဖြစ်သည်။ မောရှေသည် ချီဆောင်ခြင်း နေ့၌ ရှင်ပြန်ထမြောက် လာမည့် သန့်ရှင်း သူများကို ပုံဆောင်၍ ဧလိယသည် မသေဘဲကိုယ်ခန္ဓာပြောင်းလဲမည့်သူ များကို ပုံဆောင်သည်။

၂၄။ ထိုတပည့်တော်ကား၊ ဤအကြောင်း အရာတို့ကို သက်သေခံ၍ ရေးထားသောသူ ဖြစ်၏။ ၂၅ သူ၏ သက်သေခံချက်မှန်သည်ကို ငါတို့ သိကြ၏။ ယေရှု ပြု တော်မူသော အခြားအမှု အရာအများရှိသေး၏။ ထိုအမှု အရာရှိသမျှ တို့ကို အသီး အခြားရေးထားလျှင်၊ မြေကြီး မဆ့ံနိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။

နောက်ဆုံး၌ ယောဟန်ကသူသည် ဤစာကို ရေးသောသူ ဖြစ်သည်ဟုဆိုသော်လည်း သူ၏ နာမည်ကို မဖေါ်ပြ ချေ။ ယေရှုသည် များစွာသော အမှုတို့ ကိုလည်း ပြုသေးသည်။ အားလုံးရေးလျှင် မြေကြီး မဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟုဆိုသည်။ ထိုအရာကို အ​ခြေခံ၍ မှားယွင်းသော ဆရာများက၊ ကျမ်းစာသည် မပြည့်စုံဟုဆိုတတ် ကြသည်။ ထို့အပြင် သူတို့ ပြုလုပ် ပြောဆိုသောအရာ များသည်၊ ဘုရားသခင်က ဖေါ်ပြသည်ဟု အခွင့်ကောင်းယူ၍ ဟောပြောတတ် ကြသည်။ ဤမျှလောက်ရေးသော ကျမ်းစာ ပင်လျှင် မဖတ်ကြ၊ မသိကြသော သူများ ထံထိုသို့ ပြော သောအခါ၊ စာတန် အတွက် အကွက်ဝင်၍ သူတို့ လုပ်သမျှ၊ ပြုသမျှသည် ဘုရား ထံမှ ဖြစ်သည်ဟု လိမ်ညာ ပြောဆိုပြီး လူများစွာကို လမ်းလွဲသို့ ဦးဆောင်သွားတတ် ကြသည်။ ထို့ကြောင့် ယုံကြည်သူ တိုင်း ဗေရိမြို့သားများကဲ့သို့ဖြစ်သင့် ကြသည်။ ဗေရိမြို့သား တို့သည် သက်သာလောနိတ်မြို့သား တို့ထက် ထူးမြတ်သဖြင့်၊ အလွန် ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည် မမှန်သည်ကို သိခြင်း ငှာ၊ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။ (တမန် ၁ရး၁၁)။ သင်လည်း ယခုမှစ၍ ဗေရိမြို့သားများကဲ့သို့ သူတပါးသင်သမျှကို ချက်ချင်း မယုံဘဲ ကျမ်းစာကို နေ့တိုင်း စေ့စေ့ကြည့်ရှုသောသူ ဖြစ်ပါ။ သို့ဖြစ်လျှင် လိမ်လည်လှည့်ဖျားမှု များကို သိ၍ ရှောင်နိုင်ပေမည်။

 

မာတိကာ

ယောဟန် (၁-၆) - ယောဟန် (၇-၁၄)  ယောဟန် (၁၅-၂၁)

 MORE AT BOOKSTORE

 YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG