Book: Law and Offering (b)

Home  > Bookstore > Law and Offering

Law-and-Offering

ပညတ်တော်နှင့် ယဇ်ပူဇော်ခြင်းများ

သိက္ခာတော်ရ ဆရာမောဇက်ထောင်ကျုံး

***PDF DOWNLOAD***

PART B

.

မာတိကာ

.

                                          သင်ခန်းစာ (၉)

    ကောင်းကင်တဲတော်အရိပ်

             ဘုရားသခင်ကလောက၌ ကောင်းကင်၏ အရိပ်တဲတော်ကို တည်ဆောက်ခိုင်းခဲ့သည်။ ထိုအရိပ်၌ကိုးကွယ်ချိန် ကုန်ဆုံးပြီးကြောင်း သိခဲ့ရပြီ။ သို့သော်ထိုအကြောင်းကို မသိသောကြောင့် အမျိုးမျိုး ပြုလုပ် နေသူများ အကြောင်းကို ဆက်လေ့လာကြစို့။

အရိပ်ကို ဆက်ချင်သူများ
ဣသရေလ လူများသည် ဗိမာန်တော် ပြောင်းရွှေ့သွားကြောင်းကို မသိ သောအခါ၊ ယေရုရှလင်မြို့ရှိဗိမာန်တော်၌ နောက်ထပ်နှစ်ပေါင်း ၄၀ ကိုးကွယ်ခဲ့ကြသေးသည်။ ကျမ်းစာကမဖေါ်ပြ သော်လည်း၊ သန့်ရှင်းရာဌါနကို ကာထားသော ကုလားကာကို အောက်မှအထက် စွန်းသို့ ပြန်လည်ချုပ်ကြမှာ ဖြစ်သည်။ ထိုဗိမာန်တော် မလိုတော့ကြောင်းနှင့် ဖျက်စီးရမည့် အကြောင်းကို သခင်ယေရှုကတပည့်တော်များထံဤသို့ ပြောကြားခဲ့သည်။ "ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွ တော်မူသည် ရှိသော်၊ တပည့်တော် တို့သည် ဗိမာန်တော်၏ တိုက်ဆောင်များကို ပြခြင်းငှါ အထံတော်သို့ ချဉ်းကပ်ကြ၏။ ယေရှု ကလည်း၊ ဤအရာအလုံးစုံကို သင်တို့သည် မြင်ကြသည်မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တခုပေါ်မှာတခုမျှမတည်မနေရဟု မိန့်တော်မူ၏။" (မ၂၄:၁-၂)။ သခင်ယေရှု ကြိုတင်ပြောထားသည့်အတိုင်း၊ ထိုဗိမာန်တော်ကို၊ ရောမစစ်သားများကအေဒီ ရဝ တွင် ရှင်းရှင်းဖျက်စီးခဲ့ကြသည်။ ထိုသို့ဖျက်စီးခြင်းသည် ဘုရားသခင်၏ အလိုတော်ဖြစ်ကြောင်းမသိသော ဣသရေလလူများသည် အေဒီ ၁၃၅ ၌ဗိမာန်တော်ပြန်လည်တည်ဆောက်ဘို့ရန် ကြံရွယ်သော်လည်း အထမမြောက်ခဲ့ကြချေ။ နောက်ပိုင်းတွင် မူစလင်များက၊ ထိုဗိမာန်တော်နေရာတွင်၊ သူတို့၏ ဗလီကို တည်ဆောက်ခြင်းအားဖြင့်၊ ဣသရေလလူများကနောက်ထပ်ဗိမာန်တော် မဆောက်နိုင်ရန်၊ ဘုရားသခင်ကအကောင်းဆုံးသောအစောင့်များကို ချထားသည်။ ထိုဗိမာန်တော်နေရာကိုအခြားလူမျိုးများပိုင်ပါက ဣသရေလ လူများ ကငွေနှင့်ဝယ်ယူ၍ သူတို့၏ဗိမာန်တော်ကို တည်ဆောက်လိုက်ကြမှာ သေချာသည်။ ယနေ့ ဣသရေလ လူများ၏အဓိက ဆုတောင်းချက်မှာ၊ ဗိမာန်တော် ပြန်လည်တည်ဆောက်၍ ရှေးကကဲ့သို့ယဇ်ပူဇော်ခြင်းအားဖြင့် ဘုရားသခင်ကို ကိုးကွယ်ဘို့ ဖြစ်သည်။ သူတို့သည်မည်မျှပင်ငိုယို၍ ဆုတောင်း နေစေကာမူ ဘုရားသခင်ကနားမညောင်းချေ။ အကြောင်းမှာ အရိပ်ခေတ်ကုန်ပြီ၊ ဗိမာန်တော်အစစ်၌ကိုးကွယ်ချိန်ရောက်ပြီ။ သို့သော်ဝမ်းနည်းစရာ ကောင်းသည်မှာ၊ ဣသရေလလူများကထိုအရာကို မသိကြချေ။ သူတို့၏ မသိခြင်းသည် ဘုရားသခင်၏စိတ်ကို မပြောင်းလဲစေနိုင်။ သူတို့သာလျှင်ဆုံးရှုံးရသည်။

ရိုမင်ကက်သလိပ်များ
ဣသရေလလူများကထိုသို့ ဗိမာန်တော် မဆောက်နိုင်သော်လည်း၊ ရိုမင်ကက်သလိပ်များကကမ္ဘာအနှံ့နေရာတိုင်း၌၊ ဗိမာန်တော်များကို ဆောက်လိုက်ကြသည်။ ထိုဗိမာန်တော်များ၌ သန့်ရှင်းရာဌါနများကို သတ်မှတ်၍၊ သာမန်လူများကို ဝင်ခွင့်မပေးဘဲ သူတို့၏ ဘုန်းကြီးများသာလျှင် ဝင်ခွင့်ရှိကြသည်။ သူတို့၏ ဘုန်းကြီးများလည်း ဣသရေလလူများ၏ ယဇ်ပုရောဟိတ် များကဲ့သို့၊ ဝတ်ရုံရှည်များကိုဝတ်ကြသည်။ ယဇ်ပုရောဟိတ်များ ကဲ့သို့ လုပ်ဆောင်ကြသည်။ သူတို့လည်းဘုရားသခင်၏ အကြံအစည်ကိုနားမလည် သောကြောင့်၊ ယေရှုခရစ်အားဖြင့် အကောင်အထည်ဖေါပြီးကြောင်းကို မသိ၍၊ အရိပ်ကိုအတုယူလုပ်ဆောင်နေကြခြင်းဖြစ်သည်။ ယဇ်ပုရောဟိတ် များသည် တဲတော် ထဲသို့ဝင်သောအခါ၊ ပရိသတ်များတိတ်ဆိတ်စွာနေသကဲ့သို့ ရိုမင်ကက်သလိပ်များလည်း ဘုရားကျောင်းထဲ၌ စကားမပြောဘဲ တိတ်ဆိတ်စွာနေကြခြင်းဖြစ်သည်။

အရိပ်လည်းမမြင် အကောင်လည်းမမြင်
ဣသရေလလူများကအရိပ်ကို တမ်းတလျက် နေကြချိန်တွင်၊ ရိုမင်ကက်သလိပ်များကအရိပ်၏အတုများကို နေရာအနှံ့ ပြုလုပ်ကြကြောင်း သိရပြီ။ သို့သော်အရိပ်လည်းမမြင်၊ အကောင်လည်းမမြင်သောအဖွဲ့များရှိသည်။ ထိုသူများသည်အချို့သောပရော်တက်စတင့်များဖြစ်သည်။ ပရော်တက်စတင့်များသည် ကက်သလိပ် မဟုတ်သော ခရစ်ယာန်များဖြစ်သည်။ အချို့သော ပရော်တက်စတင့်များသည် အရိပ်ကို မသိသောကြောင့် အတုယူဘို့လည်းမသိကြ။ ထိုအရာသည် ဣသရေလလူများ၏ ဓလေ့ဟု ယူဆသောကြောင့် အတုယူရမှန်းမသိ။ ထို့ကြောင့် ဘုရားကျောင်းများကိုဆောက်၍ သန့်ရှင်းရာဌါနလည်းမရှိ။ လူတိုင်းစင်ပေါ်တက်ကာတရားဟောခြင်း၊ သီချင်းဆိုခြင်း၊ ပြဇာတ်များပြခြင်း၊ သူတို့ လိုချင်သလိုအသုံးပြုကြသည်။ ထို့ကြောင့် ပရော်တက်စတင့်များ၏ ဘုရားကျောင်းများသည် ပွဲရုံဇာတ်ရုံများကဲ့သို့ ဆူညံနေခြင်းဖြစ်သည်။ ပရော်တက်စတင့်များသည် အရိပ်အကြောင်း မသိသောကြောင့်၊ အကောင်အထည်ကိုလည်း ကောင်းစွာမသိ။ ထိုကြောင့် ဘုရားသခင်ကို မိမိကြိုက်နှစ်သက်သလိုကိုးကွယ်ကြသည်။ ကျမ်းစာလည်း ဓမ္မသစ်ကျမ်းသာ အဓိကထား၍၊ ဓမ္မဟောင်းကျမ်းစာ အသုံးပြုသော သူများကို အထင်သေးသည်။ ဓမ္မဟောင်းကျမ်းသည် ငါတို့နှင့်မဆိုင်၊ ငါတို့သည် ဓမ္မသစ်အသင်းတော်များဖြစ်သည်ဟုဆိုတတ်ကြသည်။ သင်းအုပ်ဆရာများကို လည်း၊ ယဇ်ပုရောဟိတ်များဟု ထင်မှတ်ကြသည်။ ယဇ်ကောင်များလည်း အလှူငွေနှင့် အကျင့်သီလများ၊ ဟုထင်မှတ်ကြသည်။ ခရစ်တော် ကယ်တင်ရှင်အဖြစ် လက်ခံသော်လည်း ခရစ်တော်၏ လုပ်ဆောင်ချက်ကို မသိကြ။ ထို့ကြောင့် ကောင်းကင်နိုင်ငံရောက်နိုင်ရန်မှာမိမိတို့၏ အကျင့်နှင့် ဆက်ကပ်မှုကို အားကိုးလာကြသည်။ သို့သော်မိမိကိုယ်ကို မပြည့်စုံမှန်းသိနေ သောအခါ၊ ကောင်းကင်နိုင်ငံသို့ရောက်မည်ဟု စိတ်မချနိုင်ခြင်းဖြစ်သည်။ လောက၌ပူဇော်ခြင်း ဘုရားကိုးကွယ်ခြင်းသည် ကိုးကွယ်သောသူ၏ သြတ္တပ္ပစိတ်ကို မကြည်လင်စေနိုင်ချေ။ ကျမ်းစာ၌၊ "ထိုတဲတော်ကား၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သောကာလ တည်းဟူသော မျက်မှောက်ကာလ ပတ်လုံးပုံပမာဖြစ်၏။ ထိုပူဇော်သက္ကာနှင့် ယဇ်များ တို့သည်ကိုယ်ကိုကိုယ်သိသောစိတ်ကို ထောက်လျှင်လည်း၊ ဝတ်ပြုသောသူအား စုံလင်ခြင်း အကျိုးကိုမပေးနိုင်။"ဟုဆိုသည်။ (ဟေ၉:၉)။ ကိုယ်သိသောစိတ်ကို စုံလင်ခြင်းကို မပေးနိုင်ဆိုခြင်းသည် သြတ္တပ္ပစိတ်ကို မကြည်လင်စေနိုင်ဟုဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့်ဘုရားကိုးကွယ်နေသော်လည်းရှင်းရှင်းလင်းလင်းမရှိ။ ကောင်းကင်နိုင်ငံရောက်မည်၊ မရောက်မည်မသေချာ၊ အပြစ်စီရင်ခြင်းမှလွတ်ခြင်းမသိ။ ထို့ကြောင့်ဘုရားကိုးကွယ်ဘို့ရန်လည်းအား မရှိ။ ထုံးစံရှိသောကြောင့်၎င်:၊ အခြားသူများကကိုးကွယ်သောကြောင့်သာကိုးကွယ်နေရခြင်းဖြစ်သည်။

ဂဏန်းတွက်
ဂဏန်းသင်္ချာတွက်ရာတွင် အပိုင်းသုံးပိုင်းရှိသည်။ မေးခွန်း၊ တွက်နည်းနှင့်အဖြေတို့ဖြစ်သည်။ ပဌမဦးဆုံးမေးခွန်းကိုဖတ်၍ သိမှသာလျှင် တွက်၍ရသည်။ တွက်နည်းမှန်မှအဖြေမှန်ရနိုင်ကြောင်း လူတိုင်းသိသည်။ ဣသရေလလူများသည် ဂဏန်းတွက်နေသော်လည်း၊ အဖြေမရနိုင်ဘဲရှိသည်။ နောက်ဆုံး၌ အဖြေမရဘဲတွက်နေသောကြောင့်၊ တွက်ရင်းတန်းလန်းနှင့် ရပ်ခိုင်းလိုက်ခြင်းနှင့်တူသည်။ ထို့ကြောင့်ကသိကအောင့်ဖြစ်၍ ဆက်တွက်ဘို့ရန် ပြင်ဆင်နေသည်။ သို့သော်အခွင့်မရတော့ချေ။ ဆိုလိုသည်မှာ ဣသရေလလူများ၏ ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်းသည် အရိပ်ဖြစ်၍၊ အကောင်အထည် မဖေါ်နိုင်ဘဲ ဆက်၍ပူဇော်ချင်ကြသည်။ ယနေ့တိုင်အောင်အားမလိုအားမရ၊ ထိုအခွင့်အရေးရဘို့ရန် စောင့်မျှော်နေကြသည်။ သို့သော်မည်မျှပင် စောင့်မျှော်နေစေကာမူ ဘုရားသခင်က ခွင့်မပြုတော့ချေ။ ပရောဖက်ဟောရှေ ဟောထားသောအရာ ပြည့်စုံခြင်းသို့ ရောက်သည့်ကာလဖြစ်သည်။ ဟောရှေက၊ " ဣသရေလ အမျိုးသားတို့သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ၊ မင်းသားမရှိ၊ ယဇ်ပူဇော်ခြင်းမရှိ၊ ဆင်းတုမရှိ၊ သင်တိုင်းမရှိ၊ တေရပ်ရုပ်တုမရှိဘဲနေရကြလိမ့်မည်။" (ဟော၃:၄) ဟုဆိုခဲ့သည်။ ဣသရေလအမျိုးသားတို့သည် အေဒီ ရဝ မှစ၍၊ ယနေ့တိုင်အောင် နှစ်ပေါင်း ၂၀ဝ၀ နီးပါးယဇ်မပူဇော်ဘဲ နေရပြီ။ ရုပ်တုဆင်းတုများလည်း မကိုးကွယ်၊ ထာဝရဘုရားထံ၌လည်း ယဇ်မပူဇော်နိုင်တော့ချေ။ ဣသရေလအမျိုးသားတို့ ဂဏန်းတွက်၍ မပြီးနိုင်သော်လည်း၊ ရိုမင်ကက်သလိပ်များကသူတို့ နည်းတူမပြီးပြတ်နိုင်သောဂဏန်းကို တွက်နေကြသည်။ သို့သော် ရိုမင်ကက်သလိပ်များသည် ဣသရေလ အမျိုးသားတို့ ကဲ့သို့ ယဇ်ပူဇော်ခြင်းများမလုပ်ဘဲ ဟန်ပြသာလျှင် လုပ်နေကြသည်။ သူတို့၏ဘုန်းကြီးများက ယဇ်ပုရောဟိတ်ကဲ့သို့ ဝတ်ဆင်ကာ၊ ဟန်လုပ်နေကြသည်။ ထိုသို့ ဣသရေလအမျိုးသားတို့နှင့်ရိုမင်ကက်သလိပ်များက၊ ဂဏန်းတွက်၍ မပြီးနိုင်ချိန်တွင် မေးခွန်းကိုလည်းမသိ၊ တွက်နည်းလည်းမသိ၊ တွက်လည်းမတွက်ဘဲ အဖြေသာလျှင် ရရှိနေသောသူများ ပေါ်ပေါက်လာသည်။ ထိုသူများသည် ပရော်တက်စတင့်များပင်ဖြစ်သည်။ ပရော်တက်စတင့်များသည် အရိပ်ကိုလည်းမမြင်၊ အကောင်လည်းမမြင်၊ သို့သော်အဖြေရနေသော သူများဖြစ်သည်။ သို့သော်မည်ကဲ့သို့အဖြေရကြောင်းကို ရှင်းရှင်းလင်းလင်း မပြောနိုင်ဘဲနေကြသည်။ ပရော်တက်စတင့်များသည် ဣသရေလ အမျိုးသားတို့ ကဲ့သို့ ယဇ်ပုရောဟိတ်များလည်း အတုမယူ၊ သို့သော်ယခုနောက်ပိုင်းတွင်၊ ဝတ်ရုံကြီးများဝတ်လာကြသည်။ အမှုတော် ဆောင်များ ဝတ်ရုံများဝတ်လျှင်၊ ယုံကြည်သူတိုင်းဝတ်ဘို့လိုသည်။ အကြောင်းမှာ၊ ယုံကြည်သူများသည် ယဇ်ပုရောဟိတ်များဖြစ်သည်။ (၁ပေ၂:၉)၊ ဗိမာန်တော် အထဲ၌လည်း ဆူညံစွာပွဲလုပ်သကဲ့သို့ဖြစ်ကြသည်။ ရိုမင်ကက်သလိပ်များမူ၊ ဘုရားကျောင်းထဲ၌ တိတ်ဆိတ်စွာနေတတ်ကြသည်။ အကြောင်းမှာ ယဇ်ပုရောဟိတ်များ သန့်ရှင်းရာဌါနသို့ဝင်သောအခါ၊ ပရိသတ်များသည် အပြင်၌ တိတ်ဆိတ်စွာနေတတ်ကြသည်။

သင်ခန်းစာ (၉) မေးခွန်းများ

၁။ ဣသရေလလူများသည် ဗိမာန်တော်၌ ဘယ်နှစ်နှစ်ဆက်ကိုးကွယ်ကြသေးသနည်း။ …………………..
၂။ ဗိမာန်တော် ဖျက်စီးမည့် အကြောင်းကို ခရစ်တော် က……………………..များ ထံပြောပြခဲ့သည်။
၃။ ဗိမာန်တော် နေရာ၌ မည့်သည့်အရာရှိသနည်း။ ………………………………..
၄။ ဣသရေလ လူများ၏ အဓိကရည်ရွယ်ချက်သည်အဘယ်အရာနည်း။ ………………………………..
၅။ မည်သူများကအရိပ်ကိုအတုလုပ်နေကြသနည်း။ ………….မည်ကဲ့သို့ အတုလုပ်ကြသနည်း။ ………………………….
၆။ မည် သူများကအရိပ်မသိကြသနည်း။ …………………………………………….
ရ။ အဘယ်ကြောင့်ကက်သလိပ်ဘုရားကျောင်း၌ တိတ်ဆိတ်စွာနေကြ၍ ပရော်တက်စတင့်ဘုရားကျောင်းများ၌ဆူညံနေကြသနည်း။ ……………………………………….
၈။ လောက၌ ပူဇော်သောယဇ်သည် ပူဇော်သောသူ၏ စိတ်ကကြည်လင်စေနိုင်ပါသလော။ …………………………
၉။ ဂဏန်းတွက်ရာတွင်မပြီးပြတ်နိုင်သောအဖွဲ့သည်မည်သူများဖြစ်သနည်း။ …………………………………..
၁၀။ ဂဏန်းတွက်ခြင်းသည် မည်သည့်အရာကိုဆိုလိုသနည်း။ ………………………………………………
၁၁။ ဣသရေလ လူများသည် ဟောရှေကမည်ကဲ့သို့ဖြစ်မည်ဟု ဟောခဲ့သနည်း။ ………………………………….
၁၂။ မည်သည့်အဖွဲ့သည်။ ဂဏန်းကို ဆက်တွက်နေသနည်း။ပြီး ပြတ်နိုင်ပါသလော။ ……………………………..
၁၃။ အဘယ်ကြောင့် ရိုမင်ကက်သလိပ်ဘုန်းကြီးများဝတ်ရုံကြီးများဝတ်ကြသနည်း။ …………………………………
၁၄။ ဂဏန်းမတွက်ဘဲ အဖြေရနေ သူများသည် အဘယ်အဖွဲ့ ဖြစ်သနည်း။ …………………………………..
၁၅။ အဘယ်ကြောင့် ပရိုတက်စတင့်အမှုတော် ဆောင်များ ဝတ်ရုံများ ဝတ်လာကြသနည်း။ ………………………………

.

                                   သင်ခန်းစာ (၁၀)

       သာ၍ကြီးမြတ်သောယဇ်ပုရောဟိတ်

          လူယဇ်ပုရောဟိတ်များအကြောင်းသိရှိရပြီ။ သူတို့သည် အရိပ်များ ဖြစ်၍၊ စုံလင်ခြင်းမရှိကြချေ။ ယခုသာ၍ကြီးမြတ်သော ယဇ်ပုရောဟိတ် အကြောင်းကိုလေ့လာကြစို့။

ငါတို့၏ ယဇ်ပုရောဟိတ်
ခရစ်တော် ခရစ်တော်သည် အသေခံ သောအခါ၊ အရိပ်ခေတ်ကုန်သွားပြီ ဖြစ်သည်။ ဗိမာန်တော် ကြီး ဖြိုဖျက်သည်နှင့် အမျှယဇ်ပုရောဟိတ်လည်း ပြောင်းလဲသွားပြီ။ အာရုန်၏သား များသည် ယဇ်ပုရောဟိတ် မဟုတ်တော့ဘဲ၊ ယုဒအမျိုးထဲမှသခင်ယေရှုသည် ယဇ်ပုရောဟိတ် ဖြစ်ပြီ။ ထိုအကြောင်း အရာများကို ဟေဗြဲကျမ်းစာ၌ တွေ့ရှိနိုင်သည်။

အာရုန်အမျိုးယဇ်ပုရောဟိတ်
ယဇ်ပုရောဟိတ်သည် လူ့အလိုအားဖြင့် မဟုတ်၊ ဘုရားသခင် ရွေးကောက် တော်မူခြင်း အားဖြင့် ဖြစ်ကြောင်း အထက် ကသိရပြီ။ လူယဇ်ပုရောဟိတ် များနှင့် ပတ်သက်၍ ကျမ်းစာ၌ ဤသို့ ရေးသား ထားသည်။ "လူတို့တွင် ရွေးကောက်သော ယဇ်ပုရောဟိတ် မင်းမည်သည်ကား၊ ပူဇော်သက္ကာကို၎င်း အပြစ်ဖြေရာယဇ်ကို၎င်းပူဇော်၍၊ လူတို့အတွက် ဘုရားဝတ်ကိုပြုစေခြင်းငှါ ခန့်ထားတော်မူသောသူဖြစ်၏။ သူသည်ကိုယ်တိုင်နွမ်းရိအားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက်သောသူ၊ မှားယွင်းသောသူတို့ကိုသည်းခံခြင်းငှါ တတ်နိုင်၏။ ထိုအကြောင်းကြောင့်လည်း၊ လူများအပြစ်နှင့်မိမိအပြစ်ကို ဖြေခြင်းငှါ ပူဇော်ရ၏။ ဘုရားသခင်သည် အာရုန်ကို ခေါ် တော်မူသကဲ့သို့ ခေါ် တော်မူသောသူမှတပါး၊ အဘယ်သူမျှထိုအရာမြတ်ကို မသိမ်းမယူရ။" (ဟေဗြဲ၅:၁-၄) အထက်ပါ ကျမ်းပိုဒ်များအရ၊ လူယဇ်ပုရောဟိတ်များသည် နွမ်းရိအားနည်းခြင်းရှိသည်။ အကြောင်းမှာ သူတို့သည် လူသားများဖြစ်သောကြောင့် အပြစ်ရှိ၍၊ သူတို့ကိုယ်တိုင်အတွက် အပြစ် ဖြေရာယဇ်များ ပူဇော်ဘို့လိုသည်။ ထိုကြောင့် လူများ၏ မှားယွင်းခြင်းကိုလည်း သည်းခံနိုင်သည်။ သူတို့သည် ထိုသို့အားနည်းခြင်းရှိသော်လည်း သူတို့၏နေရာကို အဘယ်သူကမျှသိမ်းယူ၍မရ။ အကြောင်းမှာ၊ ခရစ်တော်၏ ယဇ်ပုရောဟိတ်အရာကို ပုံဆောင်ထားသောကြောင့်ဖြစ်သည်။

ဘုရားသခင်က ချီးမြောက်
ခရစ်တော်သည် ယဇ်ပုရောဟိတ်အရာကို မိမိကိုမိမိ မချီးမြှောက်ကြောင်း၊ ဆက်လက်၍ ကျမ်းစာကဤသို့ ရေးသားထားသည်။ "ထိုနည်းတူ၊ ခရစ်တော်သည် ယဇ်ပုရောဟိတ် မင်းအရာ၌ မိမိကို မိမိ ချီးမြှောက်သည် မဟုတ်။ သင်သည် ငါ့သား ဖြစ်၏။ ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီဟု မိန့်တော်မူသော သူသည် ခရစ်တော်ကို ချီးမြှောက် တော်မူ၏။" (ဟေဗြဲ၅:၅) သင်သည် ငါ့သား ဖြစ်၏၊ ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီ (ဆာ၂:ရ) ဟုဆိုသောသူသည် ခမည်းတော်ဘုရားပင်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်ကို ခမည်းတော်ဘုရားသခင်ကိုယ်တော်တိုင်က၊ ယဇ်ပုရာဟိတ်အဖြစ် ချီးမြှောက်ခြင်းဖြစ်သည်။

မေလခိဇေဒက်နည်းတူ
အာရုန်အနွယ်များသည် ယဇ်ပုရောဟိတ် အရာကို အမွေအားဖြင့် ခံစားရကြသည်။ သို့သော် ခရစ်တော်သည် ယဇ်ပုရောဟိတ် အရာကို အမွေအားဖြင့် ခံစားရသည် မဟုတ်။ ကျမ်းစာ၌ မည်သို့ ဆိုသနည်း၊ "ထိုသို့နှင့် အညီကျမ်းစာ တချက်လာသည်ကား၊ သင်သည် မေလခိဇေဒက် နည်းတူ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်ဟု လာသတည်း။" (ဟေ၅:၆) ထိုကျမ်းစာ တချက်သည် ဆာလံ ၁၁၀:၄ ထဲမှ ဖြစ်၍ ဤသို့ တွေ့ရသည်၊ "ထာဝရဘုရား ကသင်သည် မေလခိဇေဒက်နည်းတူထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည် ဟု ကျိန်ဆို၍ နောက်တဖန် စိတ်ပြောင်းလဲခြင်းရှိတော် မမူ။" ထို့ကြောင့် ခရစ်တော်သည် အမွေအားဖြင့် မဟုတ်ဘဲ၊ အကျိန်အားဖြင့် ယဇ်ပုရောဟိတ် အရာကို ရရှိသည်။

မေလခိဇေဒက်သည် မည်သူနည်း
မေလခိဇေဒက်သည် အဗြဟံကို ခရီး ဦးကြိုပြု၍၊ ကောင်းကြီး ပေးသောသူ ဖြစ်သည်။ မေလခိဇေဒက်နှင့် ပတ်သက်၍ ကမ္ဘာဦးကျမ်း၌ ဤမျှလောက်သာရေးထားသည်။ "အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည် လည်း၊ မုန့်နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီး လျှင်၊ ကောင်းကင် မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည် အာဗြံအား ကောင်းကြီး ပေးတော်မူ ပါစေသော၊ ဟု အာဗြံအား ကောင်းကြီး ပေး၍၊ သင်၏ ရန်သူတို့ကို သင်၏ လက်၌ အပ်နှံ တော်မူသော၊ အမြင့်ဆုံးသော ဘုရားသခင် လည်း၊ မင်္ဂလာရှိ တော်မူ စေသတည်းဟု မြွက်ဆို၏။ အာဗြံသည်။လည်း ဥစ္စာရှိသမျှ တို့ကို၊ ထိုမင်းအား ဆယ်ဘို့ တဘို့ လှူလေ၏။" (ကမ္ဘာ၁၄:၁၈-၂၀) လောတသည် ရန် သူများ ကသူနေသောသော ဒုံမြို့ကို တိုက်ခိုက်၍၊ သိမ်းသွား သောအခါ စစ်သုံ့ပန်းအဖြစ် ပါသွားသည်။ ထိုအခါ သူ၏ အမျိုးအဗြာဟံက၊ သူ၏ ကျွန်၃၁၈ယောက်တို့နှင့် လိုက်၍ လောတကို သိမ်းသွားသော ရန် သူများကို တိုက်၍၊ အောင်နိုင်ကာ လောာတနှင့်တကွ သူပိုင်သမျှကို ပြန်လည်ကယ်ဆယ်ခဲ့သည်။ ထိုအခါ ရှာလင်မင်းကြီး မေလခိဇေဒက်က၊ အဗြာဟံကို ခရီး ဦးကြိုပြု၍ အဗြာဟံက၊ ထိုမင်းကြီး ထံဆယ်ဘို့ တဘို့ လှူသည်။ မေလခိဇေဒက်ကလည်း အဗြာဟံကို ကောင်းကြီး ပေးခဲ့သည်။ ထိုရှာလင်မင်းကြီးနှင့် ပတ်သက်၍၊ ဟေဗြဲကျမ်း၌ ဤသို့ ရှင်းပြထားသည်။ "မင်းကြီး များကို လုပ်ကြံရာမှပြန်လာသော အာဗြဟံကို ခရီး ဦးကြိုပြု၍ ကောင်းကြီး ပေးပြီး လျှင်၊ အာဗြဟံလှူသော လက်ရဥစ္စာရှိသမျှကို ဆယ်ဘို့ တဘို့ ခံယူသော ထိုရှာလင်မင်းကြီး တည်း ဟူသော၊ အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် မေလခိဇေဒက်သည် နာမရင်းအနက်အားဖြင့် တရားမင်း၊ ထိုမှတပါး၊ ငြိမ်သက်ခြင်း မင်းဟုဆိုလိုသော ရှာလင်မင်း ဖြစ်လျက်၊ အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက် အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့် တူ၍၊ ယဇ်ပုရောဟိတ် အရာ၌ အစဉ်အမြဲတည်၏။" (ဟေ ရ:၁-၃) ခရစ်တော်သည် ထိုရှာလင်မင်းကဲ့သို့ ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သူတို့၏ တူညီချက်များ မှာနှစ်ဦးစလုံးသည် တရားသော မင်း ဖြစ်သည်။ ငြိမ်သက်ခြင်း၏ အရှင်များ ဖြစ်ကြသည်။ ခရစ်တော်သည် လူ့ဇာတိအားဖြင့် မိဘရှိသော်လည်း၊ အမှန်တကယ် မှာမိဘများ မဟုတ်၊ သူသည် ဝိညာဉ်တော် အားဖြင့် ပဋ္ဋိသန္ဓေတည်ခြင်း ဖြစ်သောကြောင့် ယောသပ်နှင့် မာရိတို့၏သား မဟုတ်။ ရှာလင်မင်းကြီးလည်း အဘမရှိအမိမရှိ၊ ရှေးမျိုးစဉ်မရှိဟုဆိုသည်။ နှစ်ဦးစလုံးသည် အသက် အပိုင်းအခြားမရှိ။ နှစ်ဦးစလုံးသည် ထာဝရ ဘုရား၏ ယဇ်ပုရောဟိတ် များ ဖြစ်ကြသည်။

မေလခိဇေဒက်သည် သာ၍ ကြီး
မေလခိဇေဒက်သည် အာရုန်အနွယ်ယဇ်ပုရောဟိတ် များထက် သာ၍ ကြီးကြောင်း ဤသို့ တွေ့ရသည်။ "အမျိုး၏ အဘအာဗြဟံသည် လက်ရဥစ္စာများကို ဆယ်ဘို့ တဘို့ လှူ၍ အလှူခံသော ထိုမင်းသည် အဘယ်မျှလောက်ကြီး မြတ်သည်။ကို ဆင်ခြင်ကြလော့။ ၅ယဇ်ပုရောဟိတ် မင်းအရာကို ခံသော လေဝိသား တို့သည်၊ အာဗြဟံအမျိုး ဖြစ်သော သူတည်း ဟူသော၊ မိမိတို့ ညီအစ်ကိုများလက်မှပညတ်တရားအတိုင်း၊ ဆယ်ဘို့ တဘို့ကို ခံရသော အခွင့်ရှိကြ၏။ ၆သူတို့ အမျိုး မဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏ လက်မှဆယ်ဘို့ တဘို့ကို ခံလေ၏။ ဂတိတော် တို့ကို ခံရသော သူကိုလည်း ကောင်းကြီး ပေးလေ၏။ ၇ကြီးသော သူသည် ငယ်သော သူကို၊ ကောင်းကြီး ပေးတတ်သည်ကို ငြင်းခုံဘွယ်မရှိ။ ၈ထိုမှတပါး၊ သေတတ်သော သူတို့သည် ယခုအခါ ဆယ်ဘို့ တဘို့ကို ခံလေ့ရှိ၏။ ထိုအခါ မူကား အသက် ရှင်သည်ဟု သက်သေခံခြင်းကို ရသော သူသည် ဆယ်ဘို့ တဘို့ကို ခံရ၏။ ၉ထိုမှတပါး၊ ဆယ်ဘို့ တဘို့ကို ခံတတ်သော လေဝိသည် အာဗြဟံအားဖြင့် ဆယ်ဘို့ တဘို့ကို ပေးပြီဟုဆိုစရာ အခွင့်ရှိ၏။ ၁၀အကြောင်းမူကား၊ မေလခိဇေဒက်သည် အာဗြဟံကို တွေ့ သောအခါ၊ လေဝိသည် မိမိ အဘ၏ကိုယ်၌ ရှိသတည်း။" (ဟေရ:၄-၁၀) အထက်ပါ ကျမ်းပိုဒ်အရ၊ မေလခိဇေဒက်သည် အာဗြာဟံထက် ကြီးသည်ဟုဆိုသည်။ အကြောင်းမူကား ကြီးသော သူက၊ ငယ်သော သူကို ကောင်းကြီး ပေးတတ်သည်။ အာဗြဟံကို မေလခိဇေဒက်ကကောင်းကြီး ပေးသောကြောင့်၊ မေလခိဇေဒက်သည် အာဗြဟံထက် ကြီးသည်။ ထို့အပြင်၊ မေလခိဇေဒက်သည် လေဝိအမျိုးထက်လည်း ကြီး မြတ်သည်။ လေဝိအမျိုးသည် မိမိ ညီအစ်ကိုများထံမှ ဆယ်ဘို့ တဘို့ကို ခံယူလေ့ရှိသည်။ သို့သော်လေဝိသည်။လည်း အာဗြဟံမှတဆင့်၊ မေလခိဇေဒက်ထံသို့ ဆယ်ဘို့ တဘို့ ပေးသည်ဟုဆိုသည်။ ထို့ကြောင့် မေလခိဇေဒက်သည် လေဝိအမျိုးထက်လည်း ကြီး မြတ်သည်။

ယဇ်ပုရောဟိတ် ယေရှုအားဖြင့်
ဣသရေလ လူများသည် ယဇ်ပုရောဟိတ် မှတဆင့် ဘုရားသခင်ကို ကိုးကွယ်ပူဇော်တတ် ကြသည်။ အာရုန်အနွယ်ယဇ်ပုရောဟိတ် များ ပူဇော်ခြင်းကို အားကိုး လျှင်၊ သူတို့ထက် ကြီး မြတ် တော်မူသော မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ် ယေရှု အားဖြင့် ပူဇော်ခြင်းသည် သာ၍ ကောင်းသည်။ ဟေဗြဲကျမ်းစာကို ရေးသော သူကဤသို့ ဆိုထားသည်။ "ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုခရစ် အားဖြင့် ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထိုသူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလ အစဉ်အသက် ရှင်သောကြောင့်သူတို့ကို အစဉ် ကယ်တင်ခြင်းငှါ တတ်နိုင် တော်မူ၏။"ဟုဆိုသည်။ (ဟေရ:၂၅)။ ထိုမျှသာမကယဇ်ပုရောဟိတ် ယေရှုခရစ် သည် အပြစ်နှင့် ကင်းစင်သောကြောင့် သာ၍ ကောင်းကြောင်း ဤသို့ တွေ့ရသည်။ "ထိုသို့သော ယဇ်ပုရောဟိတ် မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ် လျက် အပြစ် ရှိသော သူတို့နှင့် မဆက်ဆံ၊ ကောင်းကင်သား အပေါင်းတို့ထက် မြင့်မြတ်သောသူ ဖြစ်၍၊ ငါတို့နှင့်တော် သင့် တော်မူ၏။ အခြားသော ယဇ်ပုရောဟိတ် မင်းတို့သည်ကိုယ်အပြစ်ကြောင့်၎င်းလူများ အပြစ်ကြောင့်၎င်းနေ့တိုင်း ယဇ်ပူဇော်ရ သကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာ အကြောင်း မရှိ။ အဘယ်ကြောင့် နည်းဟူမူကား၊ မိမိကိုယ်ကို တခါတည်း ယဇ်ပူဇော်၍ ထိုအမှုကိုပြီး စေ တော်မူ ပြီ။ ပညတ်တရားသည် အပြစ် ရှိသော သူတို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား၏။ ပညတ်တရားနောက်၌ ကျိန်ဆို တော်မူသော ဗျာဒိတ် တော်မူကား၊ အစဉ်အမြဲစုံလင်ခြင်းသို့ ရောက်သော သားတော်ကို ခန့်ထားသတည်း။" (ဟေရ:၂၆-၂၈) "ယခုဆိုခဲ့ပြီးသော အကြောင်း အရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ် မင်းသည် ငါတို့၌ ရှိ၏။ ကောင်းကင် ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လကျာ်ဘက်မှာထိုင်နေ တော်မူ၏။ လူမဆောက်ဘဲ ထာဝရ ဘုရား ဆောက် တော်မူသော တဲတော် စစ်တည်း ဟူသော၊ သန့်ရှင်းရာ ဌာန၌ ဘုရားဝတ်ကို ပြုသောသူ ဖြစ်တော်မူ၏။" (ဟေ ၈:၁-၂) ထိုကဲ့သို့သော ယဇ်ပုရောဟိတ်ကို ဘုရားသခင်က ကျွန်ပ်တို့ အတွက် ပြင်ဆင် ပေးသည်။ ဘုရားသခင်ကိုယ်တိုင်ခွဲခန့်မှတ်သားသော ယဇ်ပုရောဟိတ် အားဖြင့်၊ သူ့ကိုကိုးကွယ်ချဉ်းကပ်လျှင် ဘုရားသခင်က ငြင်းပယ်စရာ အကြောင်း မရှိ။ ထို့ကြောင့် ခရစ်တော်ကိုယ်တိုင်က၊ "ငါ့ကို အမှီမပြုလျှင် အဘယ်သူ မျှခမည်းတော် ထံသို့ မရောက်ရ။" (ယော၁၄:၆) ဟုဆိုရခြင်း ဖြစ်သည်။ မိတ်ဆွေ၊ ယဇ်ပုရောဟိတ် ခရစ်တော်ကို အမှီမပြုအား မကိုးဘဲ၊ ဘုရားဝတ်ပြုခြင်း၊ ကိုးကွယ်ခြင်းသည် အချည်းနှီး ဖြစ်သည်။

သင်ခန်းစာ (၁၀) မေးခွန်းများ

၁။ ငါတို့၏ ယဇ်ပုရောဟိတ် အကြီးသည် မည်သူနည်း။ ……………………………………
၂။ မည်သည့်အချိန်၌ အာရုန်အနွယ်ယဇ်ပုရောဟိတ် ကုန်ဆုံးသနည်း။ …………………………………..
၃။ ခရစ်တော်ကို မည်သူကယဇ်ပုရောဟိတ် အဖြစ် ခန့်အပ်သနည်း။ ……….မည်ကဲ့သို့ ခန့်သနည်း။ …………………………….
၄။ ခရစ်တော်သည် ………………………………နည်းတူယဇ်ပုရောဟိတ် ဖြစ်သည်။
၅။ မေလခိဇေဒက်သည် မည်သူနည်း။ ……………………………………
၆။ ………………………..က……………….ကို ဆယ်ဘို့ တဘို့ လှူ၍ ………………………….က………………..ကို ကောင်းကြီး ပေးသည်။
ရ။ မေလခိဇေဒက်နှင့် အဗြာဟံမည်သူသည် သာ၍ ကြီး သနည်း။ …………………….
၈။ မေလခိဇေဒက်သည် ………………………………..အမျိုးထက်လည်း ကြီးသည်။
၉။ ယဇ်ပုရောဟိတ် ခရစ်တော်သည် လေဝိအမျိုးယဇ်ပုယောဟိတ်ထက် သာ၍ ……………….သည်။
၁၀။ ယဇ်ပုရောဟိတ် ခရစ်တော်ကို အားကိုးလျှင် ဘုရားသခင်က ငြင်းပယ်နိုင်မည်လော။ ………………….

.

သင်ခန်းစာ (၁၁)

သာ၍ ကောင်းသော ယဇ်ကောင်

ကမ္ဘာဦးမှစ၍ ခရစ်တော် လက်ထက် တိုင်အောင်၊ တိရစ္ဆာန်များကို ယဇ်ကောင်အဖြစ်ပူဇော်တတ်ကြသည်။ မုန့်ညက်၊ မုန့်အမျိုးမျိုးတို့ ကိုလည်း ပူဇော်တတ်ကြသည်။ သို့သော်ထိုအရာများသည် အရိပ်များသာဖြစ်၍ထာဝရဘုရား၊ အားရနှစ်သက်တော်မမူကြောင်း ကျမ်းစာကဤသိုဆိုခဲ့သည်။ "ထိုကြောင့်၊ ခရစ်တော်သည် ဤလောက ကသို့ ကြွလာ သောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အကျွန်ုပ်အဘို့ကိုယ်ခန္ဓာကို ပြင်ဆင် တော်မူ ပြီ။ မီးရှို့ရာယဇ်နှင့် အပြစ် ဖြေရာယဇ်များကိုအားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာလိပ်၌အကျွန်ုပ်အမှတ်ပြု၍ရေးထားသည်နှင့်အညီ၊ အကျွန်ုပ်သည် ကိုယ်တော်၏အလိုကိုဆောင်အံ့သောငှါသွားပါမည်ဟုအကျွန်ုပ်ဝန်ခံပါသည်ဟုလျှောက်ဆို၏။" (ဟေ၁၀:၅-၈)

ဘုရားသခင်သည်အဘယ်ကြောင့် ခရစ်တော်အဘို့၊ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူသနည်းဟူမူကား သူ၏ကိုယ်ခန္ဓာကို ယဇ်ကောင် အဖြစ်သုံးဘို့ရန်ဖြစ်သည်။ ခရစ်တော်သည်ကောင်းကင်၌ရှိနေလျှင်၊ ဝိညာဉ်အားဖြင့်ရှိသဖြင့်ယဇ်ကောင်မဖြစ်နိုင်ချေ။ အကြောင်းမှာ ဝိညာဉ်သည်မသေနိုင်ချေ။ ထို့ကြောင့်ယဇ်ကောင်အဖြစ်ပူဇော်နိုင်ရန်၊ ခမည်းတော်ဘုရားက၊ ခန္ဓာကိုယ် ပြင်ဆင်ပေးခြင်းဖြစ်သည်။ ထိုမျှသာမက၊ လူကိုကိုယ်စားပြုအသေခံမှာဖြစ်သောကြောင့်၊ လူကဲ့သို့ကိုယ်ခန္ဓာရှိရခြင်းဖြစ်သည်။ ကျမ်းစာက၊ "ထိုအလိုတော်နှင့် အညီ ယေရှုခရစ်၏ကိုယ်တော်ကို တခါတည်းပူဇော်သောအားဖြင့်၊ ငါတို့သည်စင်ကြယ်ခြင်းသို့ရောက်ကြ၏။" (ဟေ ၁၀:၁၀) ဘုရားသခင်သည်အရိပ်များဖြစ်သောတိရစ္ဆာန်နှင့်ပူဇော်ခြင်းကို၊ အားရနှစ်သက်တော်မမူသောအခါ သူ၏သားတော်ယေရှုခရစ်ကို၊ ကိုယ်ခန္ဓာပြင်ဆင်တော်မူသည်။ အဘယ်အတွက်ပြင်ဆင်တော်မူ သနည်း။ ယဇ်ကောင်ဖြစ်ဘို့ရန်ဖြစ်သည်။ ထိုသို့ယဇ်ကောင်ဖြစ်ဘို့ရန် ဘုရားသခင်သည် သားတော်ကို၊ ကမ္ဘာမတည်မရှိမှီကတည်းကခွဲခန့်မှတ်သားထားကြောင်း၊ ရှင်ပေတရုကဤသို့ ဆိုသည်။ "ထို ခရစ်တော်ကားဤကမ္ဘာမတည်မရှိမှီခန့်ထားတော်မူခြင်းကိုခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့အဘို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။" (၁ ပေ ၁:၂၀) ထိုကြောင့်အကြင်သူသည် ဘုရားသခင်ထံသိုချဉ်းကပ် သောအခါ၊ ယဇ်ကောင်အဖြစ်ယေရှုခရစ်ကိုမယူဆောင်ဘဲ၊ အခြားအရာများဖြစ်သောအကျင့်ကောင်းခြင်း၊ အလှူငွေ၊ ဆက်ကပ်ခြင်း ဆုတောင်းခြင်း၊ နှိမ့်ချခြင်း၊ ချစ်ခြင်းမေတ္တာများကို ယူဆောင်လာပါက၊ ဘုရားအမြင်၌ထိုအရာများသည်ညစ်သောအဝတ်စုတ်မျှသာ ဖြစ်၍ ကာဣနကဲ့သို့ဘုရားသခင်၏ ပယ်ခြင်းကိုခံရမည်သာ ဖြစ်သည်။ သို့သော်ဘုရားသခင်ကိုယ်တော်တိုင်ပြင်ဆင်ပေးသော သားတော်ယေရှုကို၊ ယဇ်ကောင်အဖြစ်ယူဆောင်လာပါက၊ ဘုရားသခင်၏စိတ်တော်နှင့်တွေ့၍ထိုသူ၏ပူဇော်ခြင်းသည်။ လည်း လက်ခံမည်သာဖြစ်သည်။

တဖန်ကျမ်းစာက၊ "ယခုမှာလူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်၌၊ နောက်မင်္ဂလာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သောခရစ်တော်သည် ငါတို့အဘို့ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ၍၊ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တခါတည်းဝင်တော်မူ၏။ အကြောင်းမူကား၊ အညစ်အကြေးရှိသောသူတို့အပေါ်၌ ဖြန်းသော နွားအသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ ပြာသည် သူတို့ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကိုပြုနိုင်သည်မှန်လျှင်၊ ထိုမျှမက၊ အပြစ်ကင်းသောကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏ အသွေးသည် သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကိုပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှါ၊ သာ၍ တတ်နိုင်တော်မူသည်မဟုတ်လော။ ထိုကြောင့် ပဌမပဋ္ဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကိုလည်း လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံတော်မူသည်ဖြစ်၍၊ ခေါ် တော်မူသော သူတို့သည် ဂတိတော်နှင့်ယှဉ်သော ထာဝရအမွေကို ခံရမည်အ ကြောင်း၊ ထိုသခင်သည် ပဋ္ဋိညာဉ်တရားသစ်၏ အာမခံ ဖြစ်တော်မူ၏။" (ဟေ၉:၁၁-၁၅) ဟုရေးထားသည်။

အထက်ပါ ကျမ်းပိုဒ်များအရ ခရစ်တော်သည် လောကတဲတော်၌ မဟုတ်၊ ကောင်းကင်တဲတော်စစ်၌၊ ကိုယ်တိုင်ယဇ်ပုရောဟိတ်ဖြစ်လျက်၊ နွားကလေးအသွေး၊ ဆိတ်အသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာဌါနထဲသို့ တခါတည်းဝင်တော်မူသည်ဟုဆို သည်။ အဘယ်ကြောင့်တခါတည်း ဝင်တော်မူသနည်းဟူမူကား နောက်တဖန် ဝင်စရာမလိုတော့သောကြောင့်ဖြစ်သည်။ ဓမ္မဟောင်းကာလ၌ လူသေကိုထိသောသူများသည်၊ မသန့်ရှင်းသည်ဖြစ်၍ နွားကလေး၏ပြာနှင့်ဆေးကြောရသည်(တော၁၉)။ သို့သော်ယခုအပြစ် ကင်းသောကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏အသွေးသည် သေခြင်းနှင့် စပ်ဆိုင်သော အကျင့်ကိုပယ်ရှင်း၍၊ သင်တို့သည် အသက် ရှင် တော်မူသောဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသောစိတ်ကို စင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူသည်ဟုဆိုသည်။ ခရစ်တော်၏ ပူဇော်ခြင်းသည် ယုံကြည်သူ၏ စိတ်ကို စင်ကြယ်စေနိုင်သည်။ ထို့ကြောင့် ခရစ်တော်၏ ပူဇော်ခြင်းသည် ယခင်တိရစ္ဆာန်ပူဇော်ခြင်းများထက် သာ၍ ကောင်းသည်။

သင်ခန်းစာ (၁၁) မေးခွန်းများ

၁။ ကမ္ဘာဦးမှစ၍ မည်သည့်အရာများကို ပူဇော်တတ်ကြသနည်း။ …………………………….
၂။ ထိုပူဇော်သက္ကာများသည် …………… ဖြစ်သည်။
၃။ ဘုရားသခင်သည် အဘယ်ကြောင့် ခရစ်တော်ကို ကိုယ်ခန္ဓာ ပြင်ဆင် ပေးတော်မူသနည်း။ ………………………..
၄။ ဘုရားသခင်သည် သားတော်ကို ယဇ်ကောင်ဖြစ်ဘို့ မည်သည့်အချိန်မှစ၍သတ်မှတ်ခဲ့သနည်း။ ……………………
၅။ ခရစ်တော် အားဖြင့် ဘုရားသခင်ကိုချဉ်းကပ်လျှင် ဘုရားသခင် လက်ခံတော်မူမည်လော။ ……………………………
၆။ ယခင်နှင့်ယခုယဇ်ကောင်တွင် မည့်သည့် ယဇ်ကောင်သည် သာ၍ ကောင်းသနည်း။ …………………………..
ရ။ ဓမ္မဟောင်းခေတ်၌ လူသေထိသော သူများသည် မည်သည့်အရာအားဖြင့် သန့်ရှင်းစေကြသနည်း။ ………………
၈။ ခရစ်တော်၏ ပူဇော်ခြင်းသည် ယုံကြည်သူ …………ကို သန့်ရှင်းစေနိုင်သည်။

.

သင်ခန်းစာ (၁၂)

ယဇ်ပူဇော်ခြင်းများ

ဣသရေလ လူမျိုးများ၏ ယဇ်ပူဇော်ခြင်းသည် သူတို့ကိုယ်တိုင်တီထွင်ခြင်း မဟုတ်ပေ။ ထာဝရ ဘုရားကိုယ်တိုင်ညွှန်ကြားချက်အတိုင်း ပူဇော်ခြင်း ဖြစ်သည်။ ယဇ်နာမည်များလည်း အမျိုးမျိုးရှိသည်။ ထိုယဇ်ပူဇော်ခြင်း များကို တတ်နိုင်သမျှ လေ့လာကြရမှာ ဖြစ်သည်။

မီးရှို့ရာယဇ် (Burnt offering)

"ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာတဲတော်ထဲကအသံကိုလွှင့်လျက် မောရှေကို ခေါ် တော်မူ၍၊ သင်သည်ဣသရေလအမျိုးသားတို့ကိုဆင့်ဆိုရမည်မှာ၊ သင်တို့တွင်တစုံတယောက်သောသူသည် ထာဝရဘုရားအားပူဇော်သက္ကာကိုပြုလိုလျှင်၊ ယဉ်သောတိရစ္ဆာန်တည်းဟူသောနွား၊ သိုး၊ ဆိတ်ကိုဆောင်ခဲ့၍ဆက်ရမည်။ ၃ နွားကိုမီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသောအထီးကိုဆောင်ခဲ့၍၊ ထာဝရဘုရားစိတ်တော်နှင့်တွေ့ခြင်းငှါ၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးအနားမှာဆက်ရမည်။ ၄ ပူဇော်သောနွား၏ခေါင်းပေါ်မှာမိမိ လက်ကိုတင်ရသဖြင့်၊ သူ၏အပြစ်ကိုဖြေမည်အကြောင်း လက်ခံတော်မူမည်။ ၅ ထာဝရ ဘုရားရှေ့တော်၌ ထိုနွားကိုသတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် အသွေးကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနားယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။ ၆ ပူဇော်သောသူသည် ထိုအကောင်၏အရေကိုချွတ်၍ အပိုင်းပိုင်းဖြတ်ရမည်။ ၇ အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည်၊ ယဇ်ပလ္လင်ပေါ်မှာမီးကိုထည့်၍ မီးပေါ်မှာထင်းကို ခင်းပြီးမှ၊ ၈ ထင်းပေါ်မှာခေါင်း၊ ဆီဥ၊ သားတစ်များကိုတင်ရမည်။ ၉ ခြေထောက်နှင့်အအူအစရှိသည်တို့ကို ရေနှင့်အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည် ထိုယဇ်တကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ မီးရှို့ရာယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သောပူဇော်သက္ကာဖြစ်သတည်း။" (ဝတ်ပြုရာ၁:၁-၉)

ဤယဇ်ပူဇော်ခြင်းများသည်မောရှေစီရင်ထားသည်မဟုတ်။ ဘုရားသခင်ကိုယ်တော်တိုင်တဲတော်အထဲမှအသံကိုလွှင့်၍၊ ပြောသောအရာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကိုယ်တိုင်၊ စီရင်သောအရာဖြစ်သည်။ တိရစ္ဆာန်များကိုလည်း ယဉ်သော တိရစ္ဆာန်များဖြစ်သော နွား၊ သိုး၊ ဆိတ်များကိုသာအသုံးပြုရသည်။ ကိုယ်လိုချင်သော အကောင်၊ တောကောင်များကိုသုံး၍မရချေ။ ထိုအရာများပင်လျှင်ဝတ်ပြုခြင်းဆိုင်ရာပညတ်များဖြစ်သည်။

နွားကို မီးရှို့ရာယဇ်ပြုလိုလျှင်၊
ယဇ်နာမည်သည်မီးရှို့ရာယဇ်ဖြစ်သည်။ မီးရှို့ရာယဇ်ကိုကျမ်းစာထဲ၌ ခဏခဏတွေ့ရသည်။ မီးရှို့ရာယဇ်သည်အပြစ်နှင့်မဆိုင်၊ ထို့ကြောင့်မပူဇော်မနေရမဟုတ်။ ပူဇော်လိုလျှင်ဟုဆိုသောကြောင့်ပူဇော်ချင်သောသူကပူဇော်တတ်သည်။

အပြစ် မပါသော အထီးကို ဆောင်ခဲ့၍
မီးရှို့ရာယဇ်ပူဇော်ရာတွင် အမကို အသုံးမပြုချေ။ ထို့အပြင်အပြစ် အနာအဆာမပါသော အကောင်များ သာပူဇော်ရသည်။ နောက်ပိုင်းတွင် ဣသရေလ လူများ ကအပြစ် အနာအဆာရှိသော အကောင်များကို ပူဇော်တတ်ကြောင်း မာလခိ ၁:၆-ရ ၌ တွေ့ရသည်။

ထာဝရ ဘုရား စိတ်တော်နှင့် တွေ့ခြင်းငှါ၊
ယဇ်ပူဇော်ရာတွင် ပူဇော်ရကျိုးနပ်ဘို့ရန် မှာ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့ဘို့ လိုသည်။ ဧည့်သည်။ကို ထမင်းစားဘို့ ဘိတ်ခေါ် သောအခါ၊ ဧည့်သည် ကျေနပ် ဘို့ရန်၊ သူကြိုက်သော အစားအစာကို ချက်ပေးဘို့ လိုသည်။ သို့မှသာ ဧည့်သည် စိတ်ချမ်းသာ မှာ ဖြစ်သည်။ အိမ်ရှင်ကသူကြိုက်နှစ်သက်သော အစာကို ချက်ပေး၍ အိမ်ရှင်သည် အားရပါးရ စားသော်လည်း၊ ဧည့်သည် ကမစားနိုင်လျှင်၊ အဘယ် အကျိုးရှိသနည်း။ ထို့နည်းတူဘုရား ထံယဇ်ပူဇော်သော်လည်း၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့လျှင် ဘာမျှ အကျိုးမရှိပေ။ ယနေ့ များစွာသော ခရစ်ယာန် များသည် ဘုရားသခင်ကို ကိုးကွယ် နေကြသော်လည်း၊ ဘုရားသခင်၏ အလိုတော်ကို မသိကြ၊ သိချင်သော စိတ်လည်း မရှိကြ။ မိမိတို့ စိတ် ကျေနပ် လျှင်တော် ပြီ။ ဘုရားသခင် ကျေနပ်သည် မကျေနပ်သည်ကို ဂရုမစိုက်ကြ။ အချင်းချင်း ကျေနပ် စေဘို့ သာလျှင် ဂရုစိုက် ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့ကြ။ ထိုမျှသာမက၊ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့မတွေ့ကိုလည်း မသိသောကြောင့် ပြသနာ မရှိ။ အသင်းတော် အတွင်း ၌ စည်းလုံးညီညွတ်နေလျှင်တော် ပြီ။ သင်သည် ထိုသို့ ဘုရားကိုးကွယ်ပါသလား။

ပရိသတ်စည်းဝေးရာတဲတော် တံခါးအနားမှာဆက်ရမည်
ယဇ်ကောင် များကို နေရာခပ်သိမ်း၌ ဆက်၍ မရပါ။ တဲတော် ဝင်းအတွင်း မီးရှို့ရာယဇ်ပလ္လင်ကြီး အနား၌ သာဆက်သနိုင်သည်။ ထိုနေရာကို ပရိသတ်စည်းဝေးရာတဲတော် တံခါးရှေ့ဟု ခေါ်သည်။ ထိုအရာ သည်လည်း ပညတ်တော် ဖြစ်သည်။

ပူဇော်သော နွား၏ ခေါင်းပေါ်မှာ မိမိ လက်ကို တင်ရသဖြင့်
နွားခေါင်းပေါ်၌ လက်တင်ခြင်းသည် နွားကို ကောင်းချီးပေးခြင်း မဟုတ်ပါ။ ဤနွားသည် ကျွန်ပ်ကိုကိုယ်စားပြုသည်။ ကျွန်ပ်ကိုယ်စားအသေခံ မည်ဟုဆိုလိုခြင်း ဖြစ်သည်။

သူ၏ အပြစ်ကို ဖြေမည်အကြောင်း
လက်ခံ တော်မူမည် မီးရှို့ရာယဇ်သည် အပြစ် ရှိသောကြောင့် ပူဇော်သည် မဟုတ်သို့သော်လူသည် အပြစ်သား ဖြစ်သောကြောင့် သူ၏ အပြစ်ကို ဖြေမည့် အကြောင်းဟုဆိုခြင်း ဖြစ်သည်။ အကယ်၍ အပြစ် ဖြေရာယဇ် ဖြစ်လျှင် မပူဇော်မနေရ ဖြစ်မည်။ ယခုမူကား ပူဇော်လိုမှပူဇော်ရသော ယဇ် ဖြစ်သည်။

ထာဝရ ဘုရားရှေ့တော်၌ ထိုနွားကို သတ်ပြီးလျှင်
နွားကို အရှင်လတ်လတ်ပူဇော်၍ မရပါ။ ဘုရားသခင့်ရှေ့တော်၌ သတ်ရသည်။ သေပြီးမှသာလျှင် မီးရှို့ရသည်။ အခြားနေရာ၌ သတ်ပြီးသား နှင့်လည်း အသား ယူလာ၍ မရ၊ ဘုရားရှေ့တော်၌ သတ်ရမည်။ အာရုန်၏သား ယဇ်ပုရောဟိတ် တို့သည် အသွေးကို ယူ၍၊ ပရိသတ်စည်းဝေးရာတဲတော် တံခါးအနား ယဇ်ပလ္လင် အပေါ်၌ ပတ်လည်ဖြန်းရမည်။ မီးရှို့ရာ ယဇ်ကောင်၏ အသွေးကို တဲတော် အထဲသို့ မယူဆောင်သွားပါ။ တဲတော် ရှေ့တံခါးနားမှာရှိသော ကြေးဝါ ယဇ်ပလ္လင်ကြီး ပတ်လည်၌၊ ယဇ်ပုရောဟိတ် များ ကဖြန်းရသည်။ ထိုယဇ်ပလ္လင်သည် လက်ဝါးကပ်တိုင်ကို ပုံဆောင်သည်။

ပူဇော်သော သူသည် ထိုအကောင်၏ အရေကို ချွတ်၍ အပိုင်းပိုင်းဖြတ်ရမည်
ပူဇော်သော သူကနွား၏ အရေခွံကို ချွတ်၍၊ အသား များကို အပိုင်းပိုင်းဖြတ်ရသည်။ မီးရှို့ဘို့ ဖြစ်သော်လည်း စံနစ်တကျပိုင်းဖြတ်ရသည်။ အာရုန်၏ သား၊ ယဇ်ပုရောဟိတ် တို့သည်၊ ယဇ်ပလ္လင်ပေါ်မှာ မီးကို ထည့်၍ မီးပေါ်မှာ ထင်းကို ခင်းပြီးမှ၊ ထင်းပေါ်မှာ ခေါင်း၊ ဆီဥ၊ သား တစ်များကို တင်ရမည်။ ခြေထောက်နှင့် အအူအစရှိသည် တို့ကို ရေနှင့် အရင်ဆေးရမည်။ ယဇ်ပုရောဟိတ် သည် ထိုယဇ်တကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့ယဇ် ဖြစ်သတည်း။ ပူဇော်သော သူကအဆင်သင့် ခုတ်ထစ် ပိုင်းဖြတ်ပြီးသော နွားသားကို၊ ယဇ်ပုရောဟိတ် ကယဇ်ပလ္လင်ပေါ်တွင် မီး အပေါ်၌ မီးရှို့ရသည်။ နွားခေါင်းခြေထောက်နှင့် အအူများ မကျန်အားလုံးကို မီးရှို့ရသည်။ ပူဇော်သော သူကစားသော အရာ တခုမျှမရှိ။ နွားတကောင်လုံးသည် ထာဝရ ဘုရား အဘို့ ဖြစ်သည်။ ယဇ်နာမည်လည်း မီးရှို့ရာယဇ် ဖြစ်သည်။

ထာဝရ ဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
မီးရှို့ရာယဇ်ပူဇော်ခြင်း၏ အကြောင်းရင်းမှာ၊ ဘုရားသခင် ရှေ့၌ မွှေးကြိုင်ဘို့ရန် ဖြစ်သည်။ လူသည် ဘုရားသခင် ရှေ့၌ နံစော်နေသည်။ ဆာလံ၃၈:၅၌၊ "အကျွန်ုပ်မိုက်သော အမှုကြောင့် အနာတို့သည် နံစော်၍ ရိယွဲလျက် ရှိကြပါ၏၊ "ဟု ဆာလံဆရာကရေးထားပါသည်။ လူသည် ကိုယ်ခန္ဓာအားဖြင့်လည်း နံစော်နေသောကြောင့် နေ့တိုင်းရေချိုး သန့်ရှင်းရေး လုပ်ဘို့လိုသည်။ ဝိညာဉ် ရေးရာ၌လည်း ဘုရားသခင် ရှေ့၌ နံစော်နေသည်။ ဘုရားသခင် ရှေ့၌ နံစော်ခြင်းသည် မျက်နှာမရခြင်းကို ဆိုလိုသည်။ ရှင်ပေါလုကရောမ၃:၂၃တွင်၊ "အဘယ်ကြောင့် နည်းဟူမူကား လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။"ဟုဆိုသည်။ လူသည် ဘုရားသခင် ရှေ့၌ နံစော်၍ မျက်နှာ မရတော့ချေ။ ဘုရားသခင် ရှေ့၌ မျက်နှာမရလျှင် ဘုရားသခင် ထံသို့ တိုးဝင်ချဉ်းကပ်၍ မရချေ။ ထိုသို့ တိုးဝင်ချဉ်းကပ်၍ မရလျှင်၊ အဘယ်ဆုကို မျှတောင်း၍ မရချေ။

မည်သည့်အရာပူဇော်မည်နည်း
ဣသရေလ ူတို့သည် ဘုရားသခင် ရှေ့၌ မွှေးကြိုင်အံ့သောငှါ၊ မီးရှို့ရာယဇ်ကို ပူဇော်တတ် ကြသည်။ သို့ဖြစ်လျှင် ကျွန်ပ်တို့သည် ဘုရားသခင် ရှေ့၌ ဘာပူဇော်မည်နည်း။ အကျင့်ကောင်းကျင့်ခြင်း၊ ဆယ်ဘို့ တဘို့နှင့် အလှူငွေပေးခြင်း၊ ဘုရား ဖက်၌ စိတ်အားကြီးခြင်း၊ သူတပါးကို ကူညီခြင်း၊ ဆင်းရဲ သားများအား မစခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ ကျမ်းစာ ဖတ်ခြင်းအား အားဖြင့် မွှေးကြိုင်နိုင်မည်လော။ ဘုရားသခင် ရှေ့၌ မမွှေးကြိုင်လျှင် အဘယ်အရာကို မျှရရှိမည် မဟုတ်။ လူကြီး ထံ၌ တခုခုအကူအညီ တောင်းလို သောအခါ မျက်နှာရဘို့ရန်၊ လက်ဆောင်ပါလာတတ် ကြသည်။ ထိုလက်ဆောင်ပင်လျှင် လူကြီး ကြိုက်သော အရာ ဖြစ်ရမည်။ သူမကြိုက်သော အရာကို ပေးပါကမပေးလျှင် သာ၍ ကောင်းမည် မဟုတ်လော။ လူကြီး ကကိုယ့်ကို မသိသောကြောင့် လက်ဆောင်အားဖြင့် မျက်နှာလုပ်ရသည်။ မဟုတ်လော။ ထို့ကြောင့် လူကြီး ဂရုစိုက်လောက်သော လက်ဆောင်ယူလာဘို့ လိုသည်။ လူကြီး ကြိုက်သော အရာကို ငါမသိဟု မရချေ။ မသိလျှင် သိသော သူများ ထံမေးမြန်းရသည်။ မရှိလျှင်လည်း အကြွေးနှင့်သော်၎င်းမရရအောင် ရှာကြံရသည်။ သို့မှသာ လျှင်ကိုယ်လိုချင်သော အရာကို လူကြီး ထံမှ ရရှိနိုင်ပေမည်။

ပူဇော်ပြီ
ဣသရေလ လူများ၏ ပူဇော်ခြင်းသည် အရိပ်သာလျှင် ဖြစ်သည်။ ဘုရားသခင်၌ လူသားများအတွက် အကြံ အစည်ရှိသည်။ ထိုအရာမှာ သားတော် ယေရှုခရစ်ကို ဤလောကသို့ ဆင်းသက်စေ၍၊ မီးရှို့ရာယဇ်အဖြစ် ပူဇော်ဘို့ ဖြစ်သည်။ ကျမ်းစာ၌၊ "ထိုကြောင့်၊ ခရစ်တော်သည် ဤလောကသို့ ကြွလာ သောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အကျွန်ုပ်အဘို့ကိုယ်ခန္ဓာကို ပြင်ဆင် တော်မူ ပြီ။ မီးရှို့ရာယဇ်နှင့် အပြစ် ဖြေရာယဇ်များကိုအားရနှစ်သက်တော် မမူ သောအခါ၊ ကျမ်းစာ လိပ်၌ အကျွန်ုပ်အမှတ်ပြု၍ ရေးထားသည်။ နှင့် အညီ၊ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်၊ ဟု အကျွန်ုပ် ဝန်ခံပါသည်ဟု လျှောက်ဆို၏။" (ဟေ၁၀:၅-ရ) ဤနေရာ၌ သခင်ယေရှုက မီးရှို့ရာယဇ်နှင့် အပြစ် ဖြေရာယဇ်များကိုအားရနှစ်သက်တော် မမူ သောအခါ၊ အကျွန်ပ်သည် ကိုယ်တော်၏ အလိုတော်ကို ဆောင်အံ့သောငှါ သွားပါမည်ဟု ဆိုသည်တွင် သခင်ယေရှုသည် မီးရှို့ရာနှင့် အပြစ် ဖြေရာယဇ်အဖြစ် အပူဇော်ခံဘို့ရန်၊ ဤလောကသို့ ဆင်းကြွလာခြင်းကို ဆိုလိုသည်။ အဘယ်ကြောင့် ဘုရားသခင်သည် ဣသရေလ လူများ၏ မီးရှို့ရာယဇ်နှင့် အပြစ် ဖြေရာယဇ်များကို အားရနှစ်သက်တော် မမူသနည်းဟူမူကား၊ သူတို့ ပူဇော်သော အရာအားလုံးသည် အရိပ် ဖြစ်သည်။ ဘုရားသခင်၏ မူလအစီအစဉ်မှာသားတော်ကို ပူဇော်ဘို့ရန် ကမ္ဘာမတည်မရှိမှီကပင်ခွဲ့ခန့်မှတ်သား ခဲ့ပြီ။ ကျမ်းစာက၊ "ထို ခရစ်တော် ကား ဤကမ္ဘာမတည်မရှိမှီခန့်ထား တော်မူခြင်းကို ခံနှင့်သည် ဖြစ်၍၊ ကိုယ်တော် အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့ အဘို့ ဤနောက်ဆုံးသော ကာလ၌ ထင်ရှား တော်မူပြီ။" (၁ပေ၁:၂၀) ဟုဆိုထားသည်။ ထို့ကြောင့် ခရစ်တော်သည် ယဇ်ကောင် အဖြစ်ပူဇော်ဘို့ရန် ဘုရားသခင်က ကမ္ဘာမတည်မရှိမှီခန့်ထား တော်မူပြီ။

ရှင်ပေါလုကလည်း ဤသို့ ရေးသား ထားသည်။ " ခရစ်တော်သည် ငါတို့ကို ချစ် တော်မူသော အားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ကိုယ်ကိုကိုယ်ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့ အတွက် စွန့် တော်မူသည်။ နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။" (ဧဖက်၅:၂)။ ရှင်ပေါလုက ခရစ်တော်သည် မီးရှို့ရာ ယဇ်အဖြစ် ပူဇော်သည်ဟု မဆိုသော်လည်း၊ ဘုရားသခင် ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ ပူဇော်သည်ဟုဆိုသောကြောင့် မီးရှို့ရာယဇ် ဖြစ်သည်။ ခရစ်တော်သည် ငါတို့ ဘုရားသခင် ရှေ့၌ မွှေးကြိုင်အံ့သောငှါ ပူဇော်ခဲ့ပြီ။ ထို့ကြောင့် ငါတို့သည် ခရစ်တော်၏ ပူဇော်ခြင်းကို လက်ခံလျှင်၊ အားကိုးလျှင် ဘုရားသခင် ရှေ့၌ မွှေးကြိုင်ပြီ။ ထိုသို့ဖြစ်ဘို့ အလိုငှါ၊ ဘုရားသခင်က ခရစ်တော်ကို၊ ငါတို့အား ပေးထားခြင်း ဖြစ်သည်။ ဣသရေလများကဲ့သို့ တိရစ္ဆာန်များကို ပူဇော်စရာ မလိုတော့ချေ။ ခရစ်တော်သည် ငါတို့၏ မီးရှို့ရာယဇ်ဟု ယုံကြည် လက်ခံဘို့ သာလိုသည်။ ခရစ်တော် ကလည်း ငါတို့ကို ချစ်သောကြောင့် မိမိ၏ကိုယ်ခန္ဓာကို ပူဇော်ခဲ့ပြီ။ သို့သော်များစွာသော သူများသည်၊ ထိုခရစ်တော်၏ ပူဇော်ခြင်းကို နားမလည် သောကြောင့်၊ မိမိတို့၏ အကျင့် ကြိုးစား မှု၊ လုပ်ဆောင်မှု၊ ပေးကမ်းကူညီမစမှု များကို အားကိုး ကြသေးသည်။ ထိုအရာများ အားဖြင့် ဘုရားသခင် ရှေ့၌ မွှေးကြိုင်နိုင်ပါက ခရစ်တော်သည် ဤလောကသို့ ကြွရောက် ၍ ပူဇော်စရာ မလို။ ထို့ကြောင့် ခရစ်တော်၏ ပူဇော်ခြင်းကို လက်ခံအားကိုးဘို့ လိုသည်။ ထိုအရာသည် အဘ ဘုရားသခင်၏ အစီအစဉ်အားဖြင့် ဖြစ်သည်။ ဘုရားသခင် အနေဖြင့် ခရစ်တော်၏ ပူဇော်ခြင်းကို လက်ခံပြီး ဖြစ်သည်။ သို့သော်လူ့အပိုင်းက နားမလည် သောကြောင့် လက်မခံကြ။ ထို့ကြောင့် ဘုရားသခင် ရှေ့၌ မမွှေးကြ။ ဘုရားသခင် ရှေ့၌ အဘယ်ကြောင့် မွှေးကြိုင်ဘို့ လိုသနည်း။ မွှေးကြိုင်ခြင်းသည် မျက်နှာရခြင်း၊ ဘုရား စိတ်တော်နှင့် တွေ့ခြင်း ဖြစ်သည်။ ဘုရား စိတ်တော်နှင့် မတွေ့ပါက မည်သည့်အရာမျှ ဘုရားသခင် ထံမှ ရရှိမည် မဟုတ်။ ထို့ကြောင့် ခရစ်တော်ကိုယ်တိုင် ဤသို့ ဆိုခဲ့သည်။ "ငါ့ကို အမှီမပြုလျှင် အဘယ်သူ မျှခမည်းတော် ထံသို့ မရောက်
ရ။" (ယော၁၄:၆)။

ထို့ကြောင့် ဘုရားသခင် ထံချဉ်းကပ် သောအခါ ခရစ်တော်ကို အမှီပြုဘို့ လိုအပ်သည်။ ဆုတောင်း သောအခါ၌ လည်း ခရစ်တော် နာမအားဖြင့် သာတောင်းဘို့ လိုအပ်သည်။ ခရစ်တော်က၊ "ငါ့နာမကို အမှီပြု၍ ခမည်းတော် မှာတောင်းသမျှ တို့ကို ရမည်အကြောင်း၊ သင်တို့ကို ငါခန့်ထား၏။" (ယော၁၅:၁၆) ဟုဆိုထားသည်။ တဖန်၊ "ငါအမှန်အကန် ဆိုသည်ကား၊ သင်တို့သည် ငါ၏ နာမကို အမှီပြု၍ ခမည်းတော် မှာ ဆုတောင်း သမျှ တို့ကို ခမည်းတော်သည် ပေးတော်မူမည်။" (ယော၁၆:၂၃) ဟုဆိုသည်။ ထို့ကြောင့် ဘုရားသခင် ထံ၌ ဆုတောင်း သောအခါ ခရစ်တော်၏ နာမကို အမှီပြုဘို့ လိုအပ်သည်။

သင်ခန်းစာ (၁၂) မေးခွန်းများ

၁။ ယဇ်ပူဇော်ခြင်း များကို မည်သူကခိုင်းသနည်း။ …………………………
၂။ ဤယဇ်ပူဇော်ခြင်း၏ နာမည်သည် …………………………… ဖြစ်သည်။
၃။ ယဇ်ပူဇော်ရာတွင် မည်သူ၏ စိတ်တွေ့ဘို့ လိုသနည်း။ ……………………………….ယနေ့ ခရစ်ယာန်များမည်သူ၏ စိတ် ကျေနပ်ဘို့ ရှာကြသနည်း။ …………………………………
၄။ ယဇ်ကောင် များကို မည့်သည့်နေရာ၌ ဆက်ရသနည်း။ ………………………………….
၅။ မီးရှို့ရာယဇ်သည် အပြစ် အတွက် ပူဇော်သလော။ ……………….မည့်သည့်အရာအတွက် ပူဇော်သနည်း။ ……………
၆။ လူသည် ဘုရားသခင် ရှေ့၌ မွှေးကြိုင်သလော၊ နံစော်သလော။ ……………………………
ရ။ ဣသရေလ လူများသည် ဘုရားသခင် ရှေ့၌ မွှေးကြိုင်ဘို့ရန် တိရစ္ဆာန်များကို ပူဇော်တတ်သည်။ ယခုကျွန်ပ်တို့ ဘာပူဇော်မည်နည်း။ ……………………..
၈။ ဣသရေလ လူများ ပူဇော်သော အရာသည် အ……………… ဖြစ်၍ သခင်ယေရှု ပူဇော်သော အရာသည် အ…………….. ဖြစ်သည်။
၉။ သင်သည် ဘုရားသခင် ရှေ့၌ မွှေးကြိုင်ပြီလော။ ……………………မည်ကဲ့သို့ မွှေးကြိုင်သနည်း။ ……………….
၁၀။ အဘယ်ကြောင့် ခရစ်တော်၏ နာမကို အမှီပြု၍ ဆုတောင်းဘို့ လိုသနည်း။ ………………………..

.

သင်ခန်းစာ (၁၃)

ဘောဇဉ်ပူဇော်သက္ကာ (GrainOffering)

"ထာဝရဘုရားအားဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ မုန့်ညက်ကို ဆက်ရမည်။ မုန့်ညက် အပေါ်မှာ ဆီကိုလောင်း၍ လောဗန်ကိုလည်း ထည့်ပြီးမှ၊ အာရုန်၏သားယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ် သည် မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှကိုယူ၍၊ ထိုအတွက်အတာကိုယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထာဝရဘုရားအားမီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သောပူဇော်သက္ကာဖြစ်သတည်း။ ကျန်ကြွင်းသောဘောဇဉ်ပူဇော်သက္ကာမူကား၊ အာရုန်နှင့်သူ၏သားတို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရားအားမီးဖြင့်ပြုသောပူဇော်သက္ကာထဲကအလွန်သန့်ရှင်းသောအရာဖြစ်၏။" (ဝတ်၂:၁-၃)။ ဘောဇဉ်ဆိုသည်မှာစားဘွယ်ခဲဘွယ်ကိုဆိုလိုခြင်းဖြစ်သည်။ ဘောဇဉ်ပူဇော်သက္ကာပူဇော်ရာတွင် ပစ္စည်းသုံးမျိုးပါဝင်သည်။ မုန့်ညက်၊ ဆီ (သံလွင်ဆီ)၊ နှင့်လောဗန်တို့ ဖြစ်သည်။ ယဇ်ပုရောဟိတ်များကမုန့်ညက်တလက်ဆွန်း၊ ဆီအချို့နှင့်လောဗန်ရှိသမျှကိုယဇ်ပလ္လင်ပေါ်၌မီးရှို့ရသည်။ ထိုအရာသည်ဘုရားသခင်ရှေ့၌ မွှေးကြိုင်သောယဇ်ဖြစ်သည်။ အပြစ်နှင့်ဆိုင်သောယဇ်မဟုတ်။ ကျန်ကြွင်းသောမုန့်ညက်နှင့်ဆီသည်ယဇ်ပုရောဟိတ်များအတွက် ဖြစ်သည်။ ဘုရားသခင်ကသူ့ဥစ္စာအထဲမှယဇ်ပုရောဟိတ်များကိုပေးခြင်းဖြစ်သည်။ ယဇ်ပုရောဟိတ်များသည် လယ်မလုပ်သောကြောင့် ဘုရားသခင်ကကျွေးမွေးသည်။ ဣသရေလလူများကကျွေးမွေးသည် မဟုတ်။ ထို့နည်းတူ၊ ယခုခေတ်၌ဘုရားအမှုတော်ဆောင်များကို၊ ယုံကြည်သူများကကျွေးမွေးသည်မဟုတ်၊ ဘုရားသခင်ကကျွေးမွေးသည်။ ယုံကြည်သူများကအမှုတော်ဆောင်များကိုကျွေးမွေးသည်ဟု ယူဆလျှင်၊ သူတို့လှူသောအလှူသည် ဘုရားသခင်ထံသို့လှူသည်မဟုတ်၊ အမှုတော်ဆောင်များထံလှူသောကြောင့် ဘုရားသခင်ထံတော်မှအဘယ် အကျိုးကိုမျှမခံစားရကြ။ ထို့ကြောင့်အလှူလှူသောအခါလူထံသို့မဟုတ်၊ ဘုရားသခင်ထံသို့လှူသည်ဟုယူဆရသည်။

မုန့်အမျိုးမျိုး
"မီးဖို၌ဖုတ်သောမုန့်ကိုဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ ဆီနှင့်မုန့်ညက်ဖြင့်လုပ်သောတဆေးမဲ့မုန့်ပြားသော်၎င်း၊ ဆီလူးသောတဆေးမဲ့မုန့်ကြွပ်သော်၎င်း ဖြစ်ရမည်။ သံပြားပူနှင့်လုပ်သောမုန့်ကိုဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရော၍တဆေးမပါသောမုန့်ညက်နှင့်လုပ်ရမည်။ ထိုမုန့်ကို ချိုးဖဲ့၍ဆီကိုလောင်းရမည်။ ဘောဇဉ်ပူဇော်သက္ကာဖြစ်သတည်း။ အိုးကင်းနှင့်ကြော်သောမုန့်ကိုဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရောသောမုန့်ညက်နှင့်လုပ်ရမည်။ ထိုဘောဇဉ်ပူဇော်သက္ကာအမျိုးမျိုးတို့ကို၊ ထာဝရဘုရားအထံတော်သို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အားဆက်ပြီးမှ၊ သူသည်ယဇ်ပလ္လင်သို့ ဆောင်ခဲ့ရမည်။ ထိုဘောဇဉ်ပူဇော်သက္ကာထဲကအတွက်အတာကိုနှိုက်ယူ၍ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထာဝရဘုရားအားမီးဖြင့်ဆက်ကပ်၍မွှေးကြိုင်သောပူဇော်သက္ကာဖြစ်သတည်း။ ကျန်ကြွင်းသောဘောဇဉ်ပူဇော်သက္ကာမူကား၊ အာရုန်နှင့်သူ၏သားတို့ အဘို့ဖြစ်ရမည်။ ထာဝရဘုရားအားမီးဖြင့်ပြုသောပူဇော်သက္ကာထဲကအလွန်သန့်ရှင်းသောအရာဖြစ်၏။" (ဝတ်၂:၄-၁၀)                         ထာဝရဘုရား၏ပညတ်ထားသည့်အတိုင်း၊ ဣသရေလလူများသည် ထာဝရဘုရားအား၊ မုန့်အမျိုးမျိုးကိုပူဇော်တတ်ကြသည်။ ထိုမုန့်များသည်ပြုလုပ်ပုံခြင်းမတူညီကြချေ။ မီးဖို၌ဖုတ်သောမုန့်ဖြစ်လျှင်ဆီနှင့်မုန့်ညက်ဖြင့်လုပ်သောတဆေးမဲ့မုန့်ပြားသော်၎င်း၊ ဆီလူးသောတဆေးမဲ့မုန့်ကြွပ်သော်၎င်း၊ သံပြားပူနှင့်လုပ်သောမုန့်၊ အိုးကင်းနှင့်ကြော်သော မုန့်တို့ဖြစ်သည်။ ထိုမုန့်များသည်တဆေးမဲ့ဖြင့်ပြုလုပ်သောမုန့်များ ဖြစ်သည်။ ထိုမုန့်များသည်ဆီဖြင့်ပြုလုပ်၍ထပ်၍ ဆီလောင်းရသည်။

တဆေး
ဘောဇဉ်ပူဇော်သက္ကာ၌ တဆေးမပါရ။ တဆေးသည် အပြစ်ကို ပုံဆောင်သည်။ ရှင်ပေါလုက၊ "သင်တို့သည် တဆေးမဲ့သည် ဖြစ်သည်နှင့် အညီ၊ အသစ်သော မုန့်စိမ်း ဖြစ်မည်အကြောင်း၊ ဟောင်းသော တဆေးကို သုတ်သင် ပယ်ရှင်းကြလော့။ အကြောင်းမူကား၊ ခရစ်တော် တည်း ဟူသော ငါတို့ ပသခါသိုးငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာ ဖြစ်၏။ ထိုကြောင့်၊ ဟောင်းသော တဆေး၊ ဆိုးညစ်မိုက်မဲခြင်း တဆေးတို့ကို ပယ်ပစ်၍၊ တဆေးမဲ့မုန့်တည်း ဟူသော ကြည်ဖြူခြင်း၊ သစ္စာ စောင့်ခြင်းနှင့် ပွဲခံကြကုန်အံ့။"ဟုဆိုသည်။ (၁ကော၅:ရ-၈)။ ထို့ကြောင့် တဆေးသည် ဆိုးညစ် မိုက်မဲခြင်းကို ဆိုလိုသည်။ သခင်ယေရှုက၊ "ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကို၊ သတိနှင့် ကြဉ်ရှောင်ကြဟု မိန့်တော်မူ၏။ တပည့်တော်တို့ ကလည်း၊ ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကို မိန့်တော်မူသည် ဟု အချင်းချင်း ဆွေးနွေး ပြောဆို ကြ၏။ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကို ကြဉ်ရှောင်ကြဟူသော စကားကို ငါပြောသည်။ တွင်၊ မုန့်ကို အမှတ်ပြု၍ ငါမပြောသည်ကို သင်တို့သည် နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော် တို့သည် မုန့်၏ တဆေးကို ကြဉ်ရှောင်ကြဟု မိန့်တော် မမူ။ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ သြဝါဒကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း။" (မ၁၆:၆၊ ၁၁-၁၂)

ဖာရိရှဲတဆေး
သို့ဖြစ်လျှင် ဖာရိရှဲတဆေးသည် အဘယ်အရာကို ဆိုလိုသနည်း။ ဖာရိရှဲတို့သည် လှိူ့ဝှက်သော သူဟု သခင်ယေရှု ကဆိုခဲ့သည်။ (မ၂၃:၁၃၊ ၁၅၊ ၂၃၊ ၂၅၊ ၂ရ၊ ၂၉) လှိူ့ဝှက်သော သူဆိုသည်မှာ ကိုယ်တိုင်မလုပ်ဘဲ လုပ် ဟန်ဆောင် သူများ၊ ပါးစပ်ကဘုရား ဘုရား လက်က၊ ကား ယားကား ယားကို ဆိုလိုခြင်း ဖြစ်သည်။ အင်္ဂလိပ် လို Hypocrisy ဟု ခေါ်သည်။ သခင်ယေရှုက၊ "ထိုအခါ အတိုင်း မသိများစွာသော လူတို့သည် စုဝေး၍ အချင်းချင်းနင်းမိမတတ် နေကြသည် ရှိသော်၊ ယေရှုသည် တပည့်တော် တို့အား မိန့်တော်မူသည်ကား၊ လျှို့ဝှက်ခြင်း တည်း ဟူသော ဖာရိရှဲတို့၏ တဆေးကို ရှေ့ဦးစွာ ကြဉ်ရှောင်ကြလော့။" (လု၁၂:၁) ဟုဆိုခဲ့သည်။ ထိုကြောင့် ဘုရားသခင် ကိုးကွယ်ရာတွင် ဟန်ဆောင်ခြင်း မပါရချေ။

ဇဒ္ဒုကဲတဆေး
ဇဒ္ဒုကဲတဆေးဆိုသည်မှာ မယုံကြည်ခြင်းကို ဆိုလိုသည်။ "ဇဒ္ဒုကဲများသည် ထမြောက်ခြင်း မရှိ၊ ကောင်းကင်တမန် မရှိ၊ နံ ဝိညာဉ် မရှိဟု ယူကြ၏။" (တ၂၃:၈)။ ထမြောက်ခြင်း မရှိ၊ ကောင်းကင်တမန် နှင့် နံ ဝိညာဉ် မရှိဟု ယူဆလျှင်၊ ဘုရားကိုးကွယ်စရာ အကြောင်း မရှိ။ ယခုခေတ်၌လည်း ထိုကဲ့သို့ ယူဆသော သူများရှိကြသည်။ ထိုသူများသည် လီဘယ်ရယ် (liberal) ဟု ခေါ်သည်။ ထို့ကြောင့် ဇဒ္ဒုကဲတဆေးဆိုသည်။ မှာမယုံကြည်ခြင်းကို ဆိုလိုသည်။

ဟေရုဒ်၏ တဆေး
"တပည့်တော် တို့သည် မုန့်ကို ယူခြင်းငှါ မေ့လျော့ ကြသဖြင့်၊ လှေပေါ်မှာ သူတို့၌ မုန့်တလုံး တည်း သာရှိ၏။ ကိုယ်တော် ကလည်း၊ ဖာရိရှဲတို့၏ တဆေးကို၎င်းဟေရုဒ်၏ တဆေးကို၎င်း သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ် တော်မူ၏။" (မာ၈:၁၄-၁၅) ဟေရုဒ်၏ တဆေးသည် ငါတည်း ဟူသော မာန်မာနကို ဆိုလိုခြင်း ဖြစ်သည်။ ဟေရုဒ်သည် ခရစ်တော်၏ အုပ်စိုးခြင်းကို အလိုမရှိ၊ သူကိုယ်တိုင်အုပ်စိုးချင်သည်။ ထို့ကြောင့် ခရစ်တော် မွေးဘွားခြင်းကို ကြား သောအခါ သတ်ဘို့ရန် ကြံစည်သည်။ ငါတည်း ဟူသော မာန်မာနရှိခြင်းသည်။ ဟေရုဒ်၏ တဆေး ဖြစ်သည်။ ထာဝရ ဘုရား ထံဆက်ကပ် ပူဇော် သောအခါ ဖါရိရှဲတဆေးတည်း ဟူသော လှိူ့ဝှက်ခြင်း၊ ဇဒ္ဒုကဲတဆည်းတည်း ဟူသော မယုံကြည်ခြင်း၊ ဟေရုဒ်၏ တဆေး ဖြစ်သော ငါတည်း ဟူသော မာန်မာနများ မပါဝင်ရ။

ဂျုံစေ့
ဣသရေလ လူများ ပူဇော်လေ့ရှိသော ထိုဘောဇဉ်ပူဇော်က္ကာသည် အရိပ် ဖြစ်၍၊ အကောင်အထည် သို့မဟုတ် ပြည့်စုံခြင်းသည် ခရစ်တော်၏ ပူဇော်ခြင်း၌ ဖြစ်သည်။ မုန့်ညက်သည် ဂျုံစေ့မှ ဖြစ်သည်။ ဂျုံစေ့သည်။လည်း အနှံမှ ဖြစ်၍ အနှံသည် လည်း၊ အပင်မှ ဖြစ်သည်။ သို့ဖြစ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ မုန့်ညက် ဖြစ်သနည်း။ မုန့်ညက် ဖြစ်ရန် အရင်ဂျုံစေ့ ဖြစ်ရမည်။ ခရစ်တော်သည် လူ့ဇာတိခံ သောအခါ ဂျုံစေ့ ဖြစ်သည်။ သူကိုယ်တိုင်ဤသို့ ဆိုခဲ့သည်။ "ငါအမှန်အကန်ဆိုသည်။ကား၊ မြေ၌ ကျသော စပါးစေ့သည် မပျက်လျှင် တခုတည်း နေ၏။ ပျက်လျှင် မူကား များစွာသော အသီးကို သီးတတ်၏။" (ယော၁၂:၂၄) ဤနေရာ၌ မြေ၌ ကျသော စပါးစေ့သည် သူကို တိုင်ပင် ဖြစ်သည်။ ခရစ်တော်သည် ဂျုံစပါးစေ့ ဖြစ်သည်။ မယ်တော် မာရိဝမ်းမှ မွေးဘွား သောအခါ ဂျုံစေ့လေး ဖြစ်ခဲ့သည်။

နေလှမ်း
ဂျုံစေ့သည် ကျိတ်နိုင်ဘို့ရန် နေ၌ အခြောက်လှမ်းရသည်။ မခြောက်ပါကကျိတ်၍ မရချေ။ သို့ဖြစ်လျှင် ခရစ်တော်သည် မည်သည့်အချိန်၌ အခြောက်လှမ်းခြင်း ခံခဲ့ရသနည်း။ ကျမ်းစာ၌၊ "ယေရှုသည် သန့်ရှင်းသော ဝိညာဉ် တော်နှင့် ပြည့်စုံလျက် ယော်ဒန်မြစ်နားမှပြန်စဉ်တွင် ဝိညာဉ် တော်သည် တောသို့ ပို့ဆောင် တော်မူ၏။ အရက်လေးဆယ်ပတ်လုံးမာရ်နတ်၏ စုံစမ်း သွေးဆောင်ခြင်းကို ခံတော်မူ၏။ ထိုကာလ ပတ်လုံးအစာအဟာရကို သုံးဆောင်တော် မမူ။ ထိုကာလ လွန်ပြီးမှမွတ်သိပ် တော်မူ၏။" (လု၄:၁-၂) ထိုသို့ ရက်ပေါင်းလေးဆယ်အစာရှောင် သောအခါ အခြောက်လှမ်းခြင်း ခံရသည်။ ထို့ကြောင့် မွတ်သိပ်ခြင်းသို့ ရောက်သည်။ သို့သော်မုန့်ညက်မ ဖြစ်သေးသောကြောင့် ဘောဇဉ် ပူဇော်သက္ကာအဖြစ် ပူဇော်၍ မရသေးချေ။

အမှုန့်ကျိတ်ခြင်း
ခရစ်တော်သည် ဂေသရှေမန်ဥယျာဉ်၌ ဆုတောင်း သောအခါ အမှုန့်ကျိတ်ခြင်း ခံရသည်။ ထို့ကြောင့် အလွန် ခံစားရ၍ အလွန် ကြောက်ခဲ့သည်။ ဂျုံစေ့သည် အမှုန့်ကျိတ် သောအခါ အသက် မရှိတော့ချေ။ ထို့နည်းတူ ခရစ်တော်လည်း အမှုန့်ကျိတ်ခြင်း ခံသောအခါ သေခဲ့သည်။ ထို့ကြောင့် ဤသို့ ဆုတောင်း ခဲ့သည်။ "အိုအဘ၊ အလိုတော် ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲ တော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည် အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်း တော်မူ၏။ ထိုအခါ ကောင်းကင်တမန် သည် ထင်ရှားလာ၍ ကိုယ်တော်ကိုအား ပေးရ၏။ ပြင်းစွာသော ဝေဒနာကို ခံလျက် အထူးသဖြင့် ကြိုးစား၍ ဆုတောင်း တော်မူ၏။ ချွေးထွက် တော်မူသည်။ကား၊ မြေပေါ်၌ ကျသော သွေးစက်ခဲကဲ့သို့ဖြစ်သတည်း။" (လုကာ၂၂:၄၂-၄၄) သခင်ယေရှုသည် ဂေသရှေမန်ဥယျာဉ်၌ အမှုန့်ကျိတ်ခြင်း ခံသောကြောင့်ကိုယ်ခန္ဓာတော် မှချွေးထွက် တော်မူသည်။ကား၊ မြေပေါ်၌ ကျသော သွေးစက်ခဲကဲ့သို့ဖြစ်သတည်းဟုဆိုသည်။ ထို့အပြင်သူ့ကို အခြားသော အချိန်၌ သတ်မည်ဟု ကြံစည်ကြ သောအခါ၊ ရှောင်ကွင်း တတ်သော်လည်း၊ ဂေသရှေမန်ဥယျဉ်၌ မူသေပြီး ဖြစ်သောကြောင့် ရန် သူများ ကသတ်ဘို့ရန် ရှာ သောအခါ၊ မရှောင်တော့ဘဲ သူ့ကိုယ်သူအပ်နှံလိုက်သည်။

မုန့်နယ်ခြင်း
မုန့်ညက်သည် မုန့် ဖြစ်ဘို့ နယ်ဘို့ လိုသည်။ ကောင်းကောင်းနယ်သော မုန့်သည် ပို၍ ကောင်းသည်။ သို့ဖြစ်လျှင်၊ ခရစ်တော်သည် မည်သည့်နေရာ၌ နယ်ကြသနည်း။ ဂေသရှေမန်ဥယျဉ်၌ အမှုန့်ကျိတ်ခြင်း ခံပြီးသော နောက်သူ့ကို ကောင်းစွာ နယ် ကြသည်။ ကျမ်းစာ၌ ဤသို့ တွေ့ရသည်။ "ထိုအခါ အချို့တို့သည်ကိုယ်တော်ကို တံထွေးနှင့် ထွေးကြ၏။ မျက်နှာတော်ကို ဖုံးပြီးလျှင် လက်သီးနှင့် ထိုးလျက်၊ ပရောဖက် ပြု၍ ဟော တော်မူ ပါဟုဆိုကြ၏။ မင်းလုလင်တို့ သည်လည်း ပါးတော်ကို လက်နှင့် ပုတ်ကြ၏။ (မာ၁၄:၆၅) "ခေါင်းတော်ကို ကျူလုံးနှင့် ရိုက်ခြင်း၊ တံထွေးနှင့် ထွေးခြင်း၊ ရှေ့တော် မှာဒူးထောက်၍ ပြပ်ဝပ်ခြင်း ကိုလည်း ပြုကြ၏။ ထိုသို့ကိုယ်တော်ကို ပြက်ယယ်ပြုသည်။ နောက်၊ နီမောင်းသော အဝတ်ကို ချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီး လျှင်၊ လက်ဝါးကပ်တိုင်မှာရိုက်ထားခြင်းငှါ ထုတ်သွားကြ၏။" (မာ၁၅:၁၉) ခရစ်တော်ကို လက်ဝါးကပ်တိုင်၌ မစွဲမှီပြင်းထံစွာ ရိုက်နှက်ခြင်း ခံခဲ့ရသည်။ ထိုအရာသည် မုန့်ညက်ကို ကောင်းစွာ နယ် သကဲ့သို့ဖြစ်သည်။ သို့သော်ပူဇော်၍ မဖြစ်သေးချေ။ မုန့်ညက်နယ်စဉ်တွင် အဘယ်သူ မျှသွားရေမယိုချေ။ ထို့နည်းတူ ခရစ်တော်ကို ရိုက်နှက်ချိန်တွင် အဘယ်သူ ကမျှလက်မခံကြသေးချေ။

မုန့်ဖုတ်ခြင်း၊ ကြော်ခြင်း၊ ကင်ခြင်း
မုန့်စိမ်းကို ကောင်းစွာ နယ်ပြီးသော နောက်မီးဖို၌ ဖုတ်ရ၊ ကြော်ရ၊ ကင်ရသည်။ သို့မှသာ စား၍ ရသည်။ ဘုရားသခင် ထံ၌လည်း ပူဇော်၍ ရသည်။ ခရစ်တော်သည် မုန့် ဖြစ်လျှင် မည်ကဲ့သို့ ကြော်ခြင်း၊ ဖုတ်ခြင်း၊ ကင်ခြင်း ခံရသနည်း။ လက်ဝါးကပ်တိုင်တော်၌ ရိုက်သတ်ခြင်း ခံရ သောအခါ ဖုတ်ခြင်း၊ ကင်ခြင်း၊ ကြော်ခြင်း ခံရသည်။ သို့မှသာ သူ့ကို စားနိုင်သည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် သူ့နဘေး၌ ရှိသော လူဆိုးကြီး ကပဌမ ဦးဆုံးစားခဲ့သည်။ သူ့နောက်တကောက်ကောက်လိုက်ခဲ့သော တမန်တော်များမူကား၊ ထိုမုန့်ကို စားမည့် အစားကြက်ပျောက်ငှက်ပျောက်ပျောက်သွား ကြသည်။ ထိုမုန့်သည် နောက်ပိုင်း၌ လူမြောက်များစွာတို့ ကစား၍ အသက် ရကြသည်။ နောက်ဆုံး၌ ကျွနိုပ်တို့လည်း စားခွင့်ရ ကြသည်။ "ယေရှု ကလည်း၊ ငါသည် အသက် မုန့် ဖြစ်၏။ သင်တို့ ဘိုးဘေးများသည် တော၌ မန္နကို စားလျက် သေရကြ၏။ ကောင်းကင် မှဆင်းသက်သော မုန့်ကို စားသော သူသည် သေခြင်းနှင့် ကင်းလွတ်၏။ ငါသည် ကောင်းကင် မှဆင်းသက်သော အသက် မုန့် ဖြစ်၏။ ဤမုန့်ကို စားသော သူမည်သည် ကား အစဉ်မပြတ် အသက် ရှင်လိမ့်မည်။ ငါပေးသော မုန့်ကား၊ လောကီသား တို့၏ အသက် အဘို့ အလိုငှါ စွန့်သော ငါ၏ အသား ပေတည်းဟု မိန့်တော်မူ၏။" (ယော၆:၄၈-၅၁) ခရစ်တော်၏ ပူဇော်ခြင်းသည် ပဌမ၌ ဘုရားသခင် အတွက် ဖြစ်သည်။ ခရစ်တော်သည် မုန့်အဖြစ် ပူဇော် သောအခါ ဘုရားသခင် ရှေ့တော်၌ မွှေးကြိုင်သော အနံ့ ဖြစ်သည်။ ထိုအရာသည် လောကီသားများအတွက် ဖြစ်သည်။ ခရစ်တော်၏ ပူဇော်ခြင်းကြောင့် သူ့ကို ယုံကြည်သော သူတိုင်း သည၊ ် ဘုရားသခင် ရှေ့၌ မွှေးကြိုင်ပြီ ဖြစ်သည်။ မွှေးကြိုင်ခြင်းသည်။လည်း မျက်နှာရခြင်း၊ အသရေရခြင်း ဖြစ်သည်။ ထိုကဲ့သို့ မွှေးကြိုင်သော ယဇ်အဖြစ် ပူဇော်ဘို့ရန် ခရစ်တော်ကို ခမည်းတော် ကစေလွှတ်၍၊ သားတော် ကနာခံသောကြောင့် ကျွနိုပ်တို့သည် ဘုရားသခင်က ပြန်လည် လက်ခံလာနိုင်ခြင်း ဖြစ်သည်။ ခမည်းတော်နှင့် သားတော်၏ ကျေးဇူးတော်ကို ချီးမွမ်းကြပါစို့။ ခရစ်တော် ကထိုကဲ့သို့ ပူဇော်ပြီး သောကြောင့်၊ ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်စရာ မလိုတော့ချေ။ ခရစ်တော်၏ ပူဇော်ခြင်း၌ ပြည့်စုံပြီ ဖြစ်သည်။ ခရစ်တော်၏ ဘောဇဉ်ပူဇော်သက္ကာပူဇော်ခြင်း၌၊ ဖာရိရှဲ တဆေးတည်း ဟူသော ဟန်ဆောင်ခြင်း၊ ဇဒ္ဒုကဲတဆေးတည်း ဟူသော မယုံကြည်ခြင်း၊ ဟေရုဒ်တဆေးတည်း ဟူသော မာန်မာနမရှိ။ ခရစ်တော်သည် တဆေးမဲ့မုန့် ဖြစ်သည်။

သင်ခန်းစာ (၁၃) မေးခွန်းများ

၁။ ဘောဇဉ်ပူဇော်သက္ကာပူဇော်ရာတွင် မည်သည့်အရာများ ပူဇော်သနည်း။ ……………………..
၂။ ဘောဇဉ်ပူဇော်သက္ကာသည် ဘုရားသခင် ရှေ့၌ ………………………ဘို့ရန် ဖြစ်သည်။
၃။ ဘောဇဉ်ပူဇော်သက္ကာအထဲမှအများစုကို မည်သူကရရှိသနည်း။ ………………………….
၄။ ဟေရုဒ်တဆေးသည် …………………. ဖြစ်သည်။
၅။ ဖာရိရှဲတဆေးသည် …………………. ဖြစ်သည်။
၆။ ဇဒ္ဒုကဲတဆေးဆိုသည်မှာ ……………………………. ဖြစ်သည်။
ရ။ ခရစ်တော်သည် မည်သည့်အချိန်၌ ဂျုံစေ့ ဖြစ်သနည်း။ ……………………………
၈။ ခရစ်တော်သည် မည်ကဲ့သို့ နေလှန်းခြင်း ခံခဲ့ရသနည်း။ …………………………….
၉။ ခရစ်တော်သည် မည်သည့်နေရာ၌ အကြိတ်ခံရသနည်း။ ……………………………..
၁၀။ ခရစ်တော်သည် မည်ကဲ့သို့ နယ်ခြင်း ခံရသနည်း။ …………………………………..
၁၁။ ခရစ်တော်သည် မည်ကဲ့သို့ ကြော်ခြင်း ခံရသနည်း။ ……………………………….
၁၂။ ခရစ်တော်ကို ပဌမ ဦးဆုံးစားသော သူသည် မည်သူနည်း။ …………………………..
၁၃။ ခရစ်တော်၏ ပူဇော်ခြင်းသည် ပဌမ၌ မည်သူအတွက် ဖြစ်သနည်း။ …………………
၁၄။ ယုံကြည်သူ များသည် ဘုရားသခင် ရှေ့၌ မည်ကဲ့သို့ မွှေးကြိုင်နိုင်သနည်း။ ……………….
၁၅။ မွှေးကြိုင်ခြင်း ဆိုသည် မှာ……………………………..ခြင်း ဖြစ်သည်။
၁၆။ သင်သည် ဘုရားသခင် ရှေ့၌ မွှေးကြိုင်ပြီလော။ ………………….မည်သို့ မွှေးကြိုင်သနည်း။ ……………………..

.

သင်ခန်းစာ (၁၄)

အဦးသီးသောအသီး

"အဦးသီးသော အသီးအနှံကို၊ ထာဝရ ဘုရားအား ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ စပါးနှံကို အရည်စစ်အောင် မီးနားမှာထား၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊ ဆီကိုလောင်း၍၊ လောဗန်ကို တင်လျက် ပူဇော်သက္ကာကို ပြုရမည်။ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်သတည်း။ ပွတ်ယူသော စပါးစေ့အချို့၊ ဆီအချို့၊ လောဗန်ရှိသမျှ တည်း ဟူသော ထိုဘောဇဉ်ပူဇော်သက္ကာအတွက် အတာကို၊ ယဇ်ပုရောဟိတ် သည် မီးရှို့ရမည်။ ထာဝရ ဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။" (ဝတ်၂:၁၄-၁၆) "သင်၏ မြေ၌ အဦးသီးသော အသီးအနှံ အကောင်းဆုံးကို၊ သင်၏ ဘုရားသခင် ထာဝရ ဘုရား၏ အိမ်တော် ထဲသို့ ဆောင်သွင်းရမည်။" (ထွက်၂၃:၁၉) "သင်တို့သည် ငါပေးသော ပြည်သို့ ရောက်၍ စပါးကို ရိတ် သောအခါ၊ အဦးရိတ်သော ကောက်လှိုင်းတစည်းကို၊ ယဇ်ပုရောဟိတ် ထံသို့ ဆောင်ခဲ့ရမည်။ သင်တို့သည် စိတ်တော်နှင့် တွေ့ခြင်းငှါ၊ ယဇ်ပုရောဟိတ် သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရ ဘုရားရှေ့တော်၌ ချီလွှဲရမည်။ ကောက်လှိုင်းကို ချီလွှဲသော နေ့၌ အခါမလည် အပြစ် မပါသော သိုးသငယ် အထီးကို ထာဝရ ဘုရားအဘို့ မီး မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။" (ဝတ်၂၃:၁၀-၁၂) ဣသရေလ ူများသည် နှစ်စဉ်နှစ်တိုင်း၊ အဦးသီးသော အသီးကို ဘုရားသခင် မှာထား တော်မူသည် အတိုင်း ပူဇော်တတ် ကြသည်။ အဦးသီးသော အသီးပူဇော်ရာတွင် စပါးနှံကို မီးနှင့် ချောက်အောင် ကင်၍ ပွတ်ယူပြီးမှဆီလောင်း၍ လောဗန်နှင့် ပူဇော်ရသည်။ သူတို့ ပူဇော်သော အဦးသီးသော အသီးကို အဘယ်ကြောင့် ဘုရားသခင်က ပူဇော်ခိုင်းသည်။ကို သူတို့ မသိကြ။ သူတို့ ပူဇော်သော အရာသည် အရိပ် ဖြစ်သည်။ သို့ဖြစ်လျှင် အကောင်အထည်သည် အဘယ်အရာနည်း။ အဦးသီးသော အသီးသည် လည်းခရစ်တော်၌ ပြည့်စုံခဲ့ပြီ။ မည်ကဲ့သို့ ပြည့်စုံသနည်း။

ခရစ်တော်၌ ပြည့်စုံခဲ့ပြီ
"ယေရှုသည် ကြီးသော အသံနှင့် တဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ် တော်မူ၏။ ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက် စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ မြေကြီး လှုပ်လေ၏။ ကျောက်များ တို့သည် ကွဲပြား ကြ၏။ သင်္ချိုင်းတွင်း တို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက် ရှိသော သန့်ရှင်း သူတို့၏ အလောင်းများစွာ တို့သည် ထကြ၍၊ ကိုယ်တော် ထမြောက် တော်မူသည်။ နောက်၊ ထိုသူတို့သည် သင်္ချိုင်းတွင်း မှ ထွက်၍ သန့်ရှင်းသော မြို့ထဲသို့ ဝင်ပြီး လျှင်၊ လူများစွာ တို့အား ထင်ရှားကြ၏။" (မ၂ရ:၅၀-၅၃)။ အထက်ပါ ကျမ်းပိုဒ်များ အရ ခရစ်တော်သည် သေသော သူတို့တွင် အဦးဆုံးထသောသူ ဖြစ်သည်။ ခရစ်တော် အရင်ထမြောက်သော သူများရှိကြသော်လည်း၊ ပုပ်ပျက်တတ်သောကိုယ်ခန္ဓာနှင့် ထမြောက် ကြခြင်း ဖြစ်သည်။ ဘုန်းရှိသောကိုယ်ခန္ဓာ သို့မဟုတ် ဝိဥဏ္ဏကိုယ်ခန္ဓာနှင့် ထမြောက်သော သူတို့တွင် ခရစ်တော်သည် ပဌမ ဦးဆုံးထမြောက် သောသူ ဖြစ်သည်။ သူသေ သောအခါ ရှေး သန့်ရှင်း သူများ သင်္ချိုင်းတွင်း မှထကြသော်လည်းကိုယ်တော် ထမြောက် တော်မူ ပြီးမှသာသင်္ချိုင်းတွင်း မှ ထွက် ကြသည်။ ထို့ကြောင့် ရှင်ပေါလုက၊ " ခရစ်တော်သည် သေခြင်း မှထမြောက် တော်မူ၍၊ အိပ်ပျော်သော သူတို့ တွင်၊ အဦးသီးသော အသီး ဖြစ်တော်မူ ပြီ။" (၁ကော၁၅:၂၀) ဟုဆိုသည်။ အဦးသီးသော အသီးတည်း ဟူသော၊ ခရစ်တော်သည် ထမြောက် တော်မူပြီး နောက်၊ နောက်တဖန် အဦးသီးသော အသီးကို ပူဇော်စရာ မလိုတော့ချေ။ သို့သော် ဣသရေလ လူများ အနေနှင့် ခရစ်တော်၌ ထိုသို့ ပြည့်စုံခြင်းကို မသိကြ သောအခါ၊ အဦးသီးသော အသီးကို ပူဇော် နေကြဦးမှာ ဖြစ်သည်။ ခရစ်ယာန်များ အနေနှင့် လည်း၊ ထိုသမ္မာတရားကို မသိကြ သောအခါ၊ တောရွာများ၌ မိမိတို့ တောင်ယာနှင့် လယ်မှ ထွက်သော အဦးသီးသော အသီးအနှံများကို ဘုရား ကျောင်း၌ လှူခြင်း အားဖြင့် ကျေနပ်အားရနေကြမှာ ဖြစ်သည်။ အဦးသီးသော အသီးအနှံများ ပူဇော်ခြင်းသည် ကောင်းပါသည်။ ထိုသို့ ပူဇော်ခြင်းသည် ကျေးဇူးတော် ချီးမွမ်းခြင်း ဖြစ်သည်။ ဘုရားသခင် ခိုင်းသော အဦးသီးသော အသီးပူဇော်ခြင်းသည် သခင်ယေရှု၌ ပြီး ပြည့်စုံပြီ ဖြစ်သည်။ အဘယ်ကြောင့် ခရစ်တော်၏ ရှင်ပြန်ထမြောက် ခြင်းကို အဦးသီးသော အသီးဟု ခေါ်သနည်း။ အကြောင်းမှာ မျိုးစေ့စိုက် သောအခါ၊ မြေကြီး အထဲမှအပင်ထွက်လာ၍ အသီးသီးရာတွင် ပဌမ ဦးဆုံးသော အသီးသည် အဦးသီးသော အသီး ဖြစ်သည်။ ထို့နည်းတူ ခရစ်တော်လည်း မျိုးစေ့စိုက် သကဲ့သို့ မြေကြီး ထဲမြှုပ်နှံခြင်း ခံရ၍၊ သေသော သူတို့တွင် မပုပ်ပျက်နိုင်သောကိုယ်ခန္ဓာဖြင့် ပဌမ ဦးဆုံးထမြောက် သောသူ ဖြစ်သည်။ ထို့ကြောင့် သူကို အဦးသီးသော အသီးဟု ခေါ်သည်။

သင်ခန်းစာ (၁၄) မေးခွန်းများ

၁။ အဦးသီးသော အသီးကို မည်သူကပူဇော်ခိုင်းသနည်း။ ……………………
၂။ အဦးသီးသော အသီးကို ပူဇော်ရာတွင် မည်သည့်အရာများ မီးရှိုပူဇော်ရသနည်း။ …………………..
၃။ အဦးသီးသော အသီးပူဇော်ခြင်းသည် အရိပ် ဖြစ်၍ မည်သူ၌ ပြည့်စုံခဲ့သနည်း။ ………………………..
၄။ အဦးသီးသော အသီးပူဇော်ခြင်းသည် ခရစ်တော် ……………………………ခြင်း၌ ပြည့်စုံခဲ့ပြီ။
၅။ အဦးသီးသော အသီးပူဇော်စရာ လိုသေးသလော။ ………………………..
၆။ ခရစ်ယာန် များ၏ အဦးသီးသော အသီးပူဇော်ခြင်းသည် အဘယ်အရာအတွက် ဖြစ်သနည်း။ ……………………..
ရ။ အဘယ်ကြောင့် ခရစ်တော်၏ ထမြောက် ခြင်းကို အဦးသီးသော အသီးဟု ခေါ်သနည်း။ ………………

.

သင်ခန်းစာ (၁၅)

မိဿဟာရယဇ် (Peace or Fellowship Offering)

"နွားကို မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ် မပါသော အထီးအမတကောင်ကောင်ကို၊ ထာဝရ ဘုရားရှေ့တော်၌ ဆက်ရမည်။ ပူဇော်သော နွား၏ ခေါင်းပေါ်မှာ မိမိ လက်ကို တင်၍၊ ပရိသတ်စည်ဝေးရာတဲတော် တံခါးနားမှာသတ်ပြီး လျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ် တို့သည်၊ အသွေးကို ယဇ်ပလ္လင် အပေါ်၌ ပတ်လည်ဖြန်းရမည်။ အအူကို ဖုံးသော ဆီဥ၊ အအူနှင့် ဆိုင်သမျှသော ဆီဥ၊ ခါးအတွင်း နား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့် တကွအသည်း ပေါ်၌ ရှိသော အမြှေးတို့ကို၊ မိဿဟာယ ယဇ်ကောင် ထဲကယူ၍ ထာဝရ ဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာကို ဆက်ပြီးမှ၊ အာရုန်၏သား တို့သည် ယဇ်ပလ္လင် အပေါ်၌ ရှိသော ထင်းမီးပေါ်မှာ တင်သော ယဇ်ကောင်နှင့်အတူ မီး မီးရှို့ရမည်။ ထာဝရ ဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။" (ဝတ်၃:၁-၅)။ မိဿဟာယ ယဇ်ပူဇော် သောအခါ အသွေး၊ ဝမ်းတွင်း ဆီနှင့် ကျောက်ကပ်နှစ်ခုသာ ဘုရားသခင် အတွက် ပေးရသည်။ ကျန်သော အသား များကို ယဇ်ပူဇော်သော သူကစားရသည်။ မိဿဟယယဇ်ပူဇော်ခြင်းသည် နှစ်မျိုးရှိသည်။ ၎င်းတို့ မှာကျေးဇူးတော် ဝန်ခံဘို့ ရာမိဿဟာယယဇ်နှင့် သစ္စာ ပြု၍ ပူဇော်သော မိဿဟာယ ယဇ်တို့ ဖြစ်သည်။ ထိုယဇ်နှစ်မျိုး၏ ခြားနားချက်မှာ၊ ကျေးဇူးတော် ဝန်ခံဘို့ ရာပူဇော်သော မိဿဟာယ ယဇ်အသားကို၊ ပူဇော်သော နေ့ခြင်းတွင် စားရမည်။ နံနက်တိုင်အောင် မကြွင်းစေရ (ဝတ်ရ:၁၅)။ သစ္စာ ပြု၍ ယဇ်ပူဇော်သည် ဖြစ်စေ၊ ကိုယ်အလိုအလျောက်ပူဇော်သည် ဖြစ်စေ၊ ပူဇော်သော နေ့ခြင်း တွင်၊ ယဇ်အသားကို စား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။" (ဝတ်ရ:၁၆) ဣသရေလ လူများသည် မိဿဟာယ ယဇ်ကို ပူဇော်တတ် ကြသည်။ သူတို့ ပူဇော်သော ယဇ်သည် လူနှင့် ဘုရားရန်သူ ဖြစ်ကြောင့် မိဿဟာယပြုဘို့ လိုကြောင်းကို ဖေါ်ပြသည်။ သူတို့ ပူဇော်သော ယဇ်သည် အရိပ် ဖြစ်သည်။

ရန်သူဖြစ်
လူသည် ဘုရား၏ ရန်သူ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်နှင့် ပတ်သက်၍ အဘယ်အရာကို မျှမကြားချင်၊ ဘုရား တရားပြောလာလျှင် အိပ်ငိုက် ကြသည်။ ထွက်ပြေးချင် ကြသည်။ လူသည် ဘုရား၏ ရန်သူ ဖြစ်သောကြောင့် ဘုရား၏ အကြောင်း ကိုလည်း စိတ်မဝင်စား၊ သိလည်း မသိ။ မည်မျှပင် ကြားသော်လည်း နားမလည် နိုင်၊ ပြန် မပြောနိုင်။ ဘုရားသခင် နေသော ကောင်းကင် နိုင်ငံသည်။ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဒုက္ခ ဆင်းရဲခြင်း၊ ပြသနာများမရှိဟု သိရသော်လည်း ကောင်းကင် နိုင်ငံကို စွဲလန်းခြင်း မရှိ။ သွားချင် စိတ်မရှိကြ။ ဘုရားသခင်က စာတန် ပိုင်သော ဤလောကကို မချစ်ဘို့ ပြောနေသော်လည်း၊ လောကနှင့်လောက အရာကို သာလျှင် စွဲလန်း ကြသည်။ ဘုရားသခင်နှင့် ရန် ဖြစ်နေမှန်းလည်း မသိ၊ သိလျှင်လည်း ပူပန်သော စိတ်မရှိ။ ဘုရားကိုးကွယ်လျှင်လည်း ဘုရား ကျေနပ် ဘို့ထက် မိမိ ကျေနပ်ဘို့ ပို၍ အရေးကြီးသည်။ ထို့ကြောင့် ဘုရားသခင်ကို အပေါ်ယံကိုးကွယ်၍ စိတ်နှလုံးမူကား လောက အရာသာလျှင် စွဲလန်းသည်။ ထိုအရာကို သခင်ယေရှု ကဤသို့ ပြောခဲ့သည်။ "လျှို့ဝှက်သော သူတို့၊ ဟေရှာယသည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက် ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏၊ ဟု နောက် ဖြစ်လတံ့သော အရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍ မိန့်တော်မူ၏။" (မ၁၅:ရ-၉)

မည်ကဲ့သို့ ရန်သူဖြစ်
လူသည် မည်ကဲ့သို့ ဘုရား၏ရန်သူ ဖြစ်လာသနည်း။ လူသား များ၏ဘခင် အာဒံကို ဘုရားသခင်က သူ၏ မိတ်ဆွေ သူ၏သား အနေဖြင့် ဖန်ဆင်းခဲ့သည်။ ကျမ်းစာ၌၊ "အာဒံအဘ ဘုရားသခင် ပေတည်း၊ "ဟုဆိုသည်။ (လု၃:၃ရ)။ သို့သော်အာဒံသည် ဘုရား၏ ရန်သူ စာတန်ကို ထောက်ခံ၍၊ သူ၏ စကားကို နားထောင် သောကြောင့် ဘုရား၏ ရန်သူ ဖြစ်လာသည်။ အာဒံမှဆင်းသက်လာသော လူသား တိုင်း လည်း၊ ဘုရား၏ ရန် သူများ အဖြစ် မွေးဘွားလာ ကြသည်။ ထို့ကြောင့် ဘုရား၏ အလေ့အလာကို နားမလည် ကြ၊ စိတ်လည်း မဝင်စားကြ။

ဘုရားဖက်မှ ရန်ငြိမ်း
သို့သော် ဘုရားသခင်သည် လူကို တဖက်သပ်မေတ္တာနှင့် ချစ်သောကြောင့်၊ ရန်ငြိမ်း၍ မိဿဟာယဖွဲ့ဘို့ စီစဉ်သည်။ သို့သော်ထိုအရာကို လူသားများသိမှာ မဟုတ်သောကြောင့်၊ အရိပ်နေဖြင့် ဣသရေလ လူများကို ကြိုတင် သင်တန်းပေး၍၊ မိဿဟာယယဇ်ကို ပူဇော် စေခဲ့သည်။ သို့သော်ဘုရား သင်၏အချိန် စေ့သောအခါ၊ သူ့သားတော် ယေရှုခရစ်ကို ဤလောကသို့ စေလွှတ်၍ လူနှင့် ဘုရားရန်ငြိမ်းစေဘို့ရန် သူ့ကိုယ်သူ မိဿဟာယ ယဇ်ကို ပူဇော် စေခဲ့သည်။ ထိုသို့ ခရစ်တော် ပူဇော်ခြင်းကြောင့် လူနှင့် ဘုရားသခင်သည် ရန်ငြိမ်း၍ မိဿဟာယ ဖွဲ့ခွင့်ရကြပြီ ဖြစ်သည်။ ကျမ်းစာ၌ ဤသို့ တွေ့ရသည်။ "ရန်သူ ဖြစ်လျက် ပင် ဘုရားသခင်၏ သားတော် အသေခံ တော်မူခြင်း အားဖြင့် ငါတို့သည် ဘုရားနှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည်။ မှန်လျှင်၊ မိဿဟာယဖွဲ့ပြီးမှအသက်တော် အားဖြင့် ကယ်တင် တော်မူခြင်းသို့ ရောက်မည်ဟု သာ၍ မြော်လင့်စရာ ရှိ၏။" (ရော၅:၁၀)။ " ဘုရားသခင်သည် ယေရှုခရစ် အားဖြင့် ငါတို့၏ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေ တော်မူ၏။ ထိုမိဿဟာယ တရားကို ဟောရသော အခွင့်အရာကို ငါတို့၌ အပ်ပေး တော်မူ၏။ ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော် အထဲ၌ ရှိနေလျက်၊ လောကီသား တို့၏ အပြစ်များကို မှတ်တော် မမူ၊ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေ တော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌ အပ်ပေး တော်မူ၏။ ထိုကြောင့် ငါတို့သည် ခရစ်တော်၏ သံတမန် ဖြစ်ကြ၏။ သင်တို့သည် ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့ အားဖြင့် နှိုးဆော်သွေးဆောင် တော်မူ သကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ကိုယ်စား ဖြစ်၍ သင်တို့ကို တောင်းပန်သွေးဆောင်ကြ၏။" (၂ကော၅:၁၈-၂၀)

ဣသရေလ လူများ
ဣသရေလ လူများ၏ မိဿဟာယယဇ်ပူဇော်ခြင်းသည် သခင်ယေရှု ပူဇော်ခြင်း အားဖြင့် ပြည့်စုံပြီ ဖြစ်သည်။ သို့သော်လည်း သူတို့သည် မသိသောကြောင့်၊ အရိပ်ကို ဆက်လက်၍ လုပ်ချင် ကြသေးသည်။ ခရစ်တော် ပူဇော်ပြီး နောက်နှစ်ပေါင်းလေးဆယ်မလိုအပ်ဘဲ ဆက်လက် ပူဇော်သောကြောင့် အေဒီရဝတွင် သူတို့ ပူဇော်သော နေရာဗိမာန်တော်ကို ရောမစစ်သားများအား ဖျက်စီးခွင့်ပေးလိုက်သည်။ ထို့ကြောင့် သူတို့သည် ဘုံပျောက်သွားကာ မိဿဟာယယဇ်မပူဇော်နိုင်ဘဲ ယနေ့ တိုင်အောင် ရှိကြသည်။

ခရစ်ယာန်များ
ခရစ်ယာန် ထဲ၌လည်း ထိုမိဿဟာယယဇ်ပူဇော်ခြင်း၏ အဓိပ္ပါယ်နှင့် ဘုရား သင်၏ ရည်ရွယ်ချက်ကို မသိသော သူများစွာ ရှိကြသည်။ အဘယ်ကြောင့် မသိကြသနည်းဟူမူကား၊ အကြောင်းရင်းများစွာ ရှိသည်။ ဘုရားသခင်၏ အလိုတော်ကို စိတ်မဝင်စား၊ ဂရုမစိုက်သောကြောင့်၎င်း ပြောမည့်သူ မရှိသောကြောင့်၎င်း မိဿဟာယ ပူဇော်ခြင်းသည် ဣသရေလ လူများ၏ ထုံးစံ ဖြစ်၍ ငါတို့နှင့် မဆိုင်ဟု ထင်သောကြောင့်၎င်း ဖြစ်သည်။ သို့သော် ခရစ်တော်၏ မိဿဟာယ ယဇ်ပူဇော်ခြင်းသည် လူတိုင်း အတွက် ဖြစ်သည်။ ဘုရားနှင့် ရန်ငြိမ်းခြင်းသည် ခရစ်တော်၏ ပူဇော်ခြင်း အားဖြင့် သာလျှင် ဖြစ်နိုင်သည်။ ထိုသမ္မာတရားကို သိခြင်း အားဖြင့် လူသည် ဘုရားနှင့် ရန်ငြိမ်း၍ ငြိမ်သက်ခြင်း အမှန်ကို ရရှိနိုင်ပြီ ဖြစ်သည်။

လူလူချင်းမိဿဟာယ
"သင်တို့သည် အထက် ကဝေးလျက် ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ ဖြစ်၍ အသွေးတော် အားဖြင့် အနီးသို့ ရောက်ကြပြီ။ အဘယ်သို့ နည်းဟူမူကား၊ ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်း အကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရားတည်း ဟူသော ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်း တော်မူ သဖြင့်၊ ပိုင်းခြားလျက် ရှိသော စပ်ကြားအုတ်တန်တိုင်း နံရံကို ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစုတည်း ဖြစ်စေ တော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီး လျှင်၊ ကိုယ်တော်၌ ထိုလူနှစ်စုတို့ကို လူသစ်တဦးတကိုယ်တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝတည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော် အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယ ဖွဲ့စေမည်အကြောင်း တည်း။ ထိုခရစ်တော်သည်။လည်း ကြွလာ၍၊ ဝေးလျက် ရှိသော သင်တို့ အား၎င်းနီးလျက် ရှိသော ငါတို့ အား၎င်းရန်ငြိမ်းခြင်း တရားတည်း ဟူသော ဧဝံဂေလိ တရားကို ဟော တော်မူ၏။ ထိုသို့ ခရစ်တော် အားဖြင့် ငါတို့ နှစ်ဦးသည် စိတ် ဝိညာဉ် တလုံးတဝတည်း ဖြစ်၍၊ ခမည်းတော် ထံသို့ တိုးဝင်ရမည့် အခွင့်ကို ရကြပြီ။" (ဧ၂:၁၃-၁၈)

အထက်ပါ ကျမ်းပိုဒ်အရ ခရစ်တော်၏ ပူဇော်ခြင်းသည် ဘုရားနှင့် လူစပ်ကြားရန်ငြိမ်းခြင်း သာမကလူလူချင်း အကြား၌ လည်းရန်ငြိမ်းခြင်း ဖြစ်စေသည်။ လူသည် ဘုရားနှင့် ရန်ဖြစ်သည် သာမကအခြားလူများ နှင့်လည်းရန် ဖြစ်နေကြသည်။ လူမျိုးမတူသောကြောင့်၎င်းအကျင့်ဓလေ့များ မတူသောကြောင့်၎င်း ရန်ဖြစ်နေကြသည်။ ယုဒလူများ ကတပါးအမျိုးသား များကို အပြစ်သား ဆိုကာမပေါင်းဖေါ်ချင် ကြ။ တပါးအမျိုးသားများကလည်း ယုဒလူများကို မပေါင်းဖေါ်ချင် ကြ။ သို့သော်သခင်ယေရှု အသေခံခြင်း အားဖြင့် ရန်ကို ငြိမ်းစေ၍ မိဿဟာယဖွဲ့နိုင်ကြပြီ။ ထို့ကြောင့် ရှင်ပေါလုက၊ " ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောကျာ်းမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့ အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။" (ဂလာ၃:၂၈) ဟုဆိုခဲ့သည်။ သို့သော်ဝမ်းနည်းဘွယ်အရာအဖြစ် အပျက်မှာ၊ ယခုနောက်ဆုံးသော ကာလ၌ ခရစ်တော် ကလူမျိုးများ ကြားပိုင်းခြားလျက် ရှိသော စပ်ကြားအုတ်တန်တိုင်း နံရံကို၊ လက်ဝါးကပ်တိုင်၌ အသေခံခြင်း ဖြင့် ဖြိုဖျက်၍ လူမျိုးနှစ်စုကို တစုတည်း ဖြစ်စေ တော်မူ ချိန်တွင်၊ လူမျိုးများ အကြား အုတ်တန်တိုင်း နံရံများကို တည်ဆောက် နေကြသည်။ လူမျိုးတိုင်းက ဘုရားသခင် ဖြစ်စေလိုသော ဆန္ဒထက် မိမိတို့ ဆန္ဒကို ဦးစားပေး ကြသည်။ လူမျိုးရေးအသင်းတော် များကို တည်ထောင်ခြင်း အားဖြင့် ခရစ်တော် ဖြိုဖျက်သော အုတ်တန်တိုင်း နံရံများကို တည်ဆောက် ကြသည်။ မဟုတ်လော။ လူမျိုးရေး အသင်းတော်များတည်ဆောက်နေလျှင် အဘယ်ကဲ့သို့ လူမျိုးခြားများကို ပေါင်းဖေါ်နိုင်မည်နည်း။ မည်ကဲ့သို့ ကယ်တင်ခြင်း အကြောင်း ပြောပြနိုင်မည်နည်း။ မည်ကဲ့သို့ ဘုရားသခင်၏ မေတ္တာတော်ကို ဖေါ်ပြနိုင်မည်နည်း။ ထိုသမ္မာတရားကို သိ၍ လက်ခံယုံကြည်သော သူတိုင်း လူမျိုးခွဲခြားခြင်း၊ အဆင့်ခွဲခြင်း၊ ရန် ဖြစ်ခြင်းများမ ရှိသင့်တော့ချေ။ လူတိုင်းနှင့် သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံလာနိုင်မှာ ဖြစ်သည်။ ထိုသို့မဟုတ်၊ လူမျိုးရေးကို ရှေ့တန်းတင်နေလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်သည် ကျွန်ပ်တို့ အားဖြင့် မပြည့်စုံ၊ ခရစ်တော် အသေခံခြင်း သည် အကျိုးမနပ်၊ အချည်းနှီးသာလျှင် ဖြစ်စေသည်။ မည်မျှပင် ကျေနပ်အားရသော်လည်း၊ ကိုယ့်လူမျိုးများ လာ၍ တောင့်တင်းလာသော်လည်း ဘုရားသခင်၏ ကောင်းကြီး ပေးခြင်း မခံနိုင်ချေ။ ထို့ကြောင့် ဘုရားသခင်၏ ရည်ရွယ်ချက်၊ သခင် ခရစ်တော်၏ အသေခံခြင်း အကျိုးနပ်စေရန်လူမျိုးအလိုက်အသင်းတော်များမတည်ဆောက်ဘဲ လူမျိုးတိုင်း ပါဝင်နိုင်သော အသင်းတော်များတည်ဆောက်ကြစို့။

သင်ခန်းစာ (၁၅) မေးခွန်းများ

၁။ မိဿဟာယယဇ်သည် ဘယ်နှစ်မျိုးခွဲထားသနည်း။ ……………………ထိုအရာများမှာ၊ ………………..နှင့် ………………………..တို့ ဖြစ်သည်။
၂။ မိဿဟာယယဇ်ပူဇော်ရာတွင် ဘုရားသခင် ထံမည့်သည် အရာများ မီးရှို့ရသနည်း။ ……………………………..
၃။ ကျန်သော အသား များကို မည်သူကစားရသနည်း။ ……………………………….
၄။ လူသည် ဘုရား၏ ရန်သူ ဖြစ်ကြောင်း အောက်ပါအချက်များ အားဖြင့် ထင်ရှားသည်။ …………………………..
၅။ လူသည် ဘုရားသခင် ကို……………နှင့် ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ……………………ကြ၏။ စိတ်နှလုံးမူကား ဘုရားနှင့် ………………၏။
၆။ လူသည် မည်ကဲ့သို့ ဘုရား၏ ရန်သူ ဖြစ်ရသနည်း။ ……………………………
ရ။ ဣသရေလ လူများသည် မိဿဟာယယဇ်ပူဇော်ခြင်း၏ ရည်ရွယ်ချက်ကို နားလည်ကြပါသလား။ ……………………အဘယ်ကြောင့် မိဿဟာယယဇ်မပူဇော်ကြတော့သနည်း။ ………………………………
၈။ အဘယ်ကြောင့် ခရစ်ယာန်များမိဿဟာယယဇ်အကြောင်း နားမလည် ကြသနည်း။ ………………………….
၉။ မိဿဟာယယဇ်ပူဇော်ခြင်းသည် မည်သို့ ပြည့်စုံသနည်း။ ………………………..
၁၀။ မိဿဟာယယဇ်ပူဇော်ခြင်းသည် ဘုရားနှင့် လူအကြားရန်ငြိမ်းစေသည် သာမက……………….ကားလည်းရန်ငြိမ်းစေသည်။
၁၁။ လူမျိုးရေးအသင်းတော် များသည် ရှိသင့်သလော။ …………………………..
၁၂။ မည်သည့်အသင်းတော်များတည်ထောင်သင့်သနည်း။ …………………………………….

.

သင်ခန်းစာ (၁၆)

အပြစ် ဖြေရာယဇ်ပူဇော်ခြင်း Sin Offering

ဘုရားသခင်က မောရှေအားဖြင့်၊ အပြစ် ဖြေရာယဇ်ပူဇော်နည်းကို၊ ဣသရေလ လူများအား သင်ပေးခဲ့သည်။ အပြစ် ကျူးလွန် သောအခါ နောင်တ ရရုံနှင့် မရပါ။ ဆုတောင်း၍ လည်း အပြစ် သား၏ ဆုတောင်းခြင်းကို ဘုရားသခင်က နားမထောင် (ဟေရှာ၅၉:၂)။ အပြစ်၏ အခသည် သေခြင်း ဖြစ်သည်။ ထို့ကြောင့် အပြစ်ကို အသက်နှင့် လျော်ရသည်။ ဆပ်ရသည်။ ထိုအရာကို နားလည်နိုင်ရန် အောက်ပါကျမ်းပိုဒ်ကို ကြည့်ကြစို့။ "တဖန် မောရှေအား ထာဝရ ဘုရားက၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆိုရမည်မှာ၊ တရားကို မသိ၊ ထာဝရ ဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍၊ မပြုအပ်သော အမှုကို ပြုမိသည်။ အရာတွင်၊ ဘိသိက်ခံသော ယဇ်ပုရောဟိတ် သည် လူများကို အပြစ် ထဲသို့ သွေးဆောင်၍ ကိုယ်တိုင် ပြစ်မှားလျှင်၊ ထိုအပြစ် အတွက် အပြစ် ဖြေရာဘို့ အပြစ် မပါ၊ အသက် ပျိုသော နွားထီးကို၊ ပရိသတ်စည်းဝေးရာတဲတော် တံခါးနားထာဝရ ဘုရားရှေ့တော်သို့ ဆောင်ခဲ့၍၊ ထာဝရ ဘုရားအား ဆက်ရမည်။ ထိုအခါ နွား၏ ခေါင်းပေါ်မှာ မိမိ လက်ကို တင်၍၊ ထာဝရ ဘုရားရှေ့တော်၌ နွားကို သတ်ရမည်။ ဘိသိက်ခံသော ယဇ်ပုရောဟိတ် သည် နွား၏ အသွေးကို ယူ၍၊ ပရိသတ်စည်းဝေးရာတဲတော်သို့ ဆောင်ခဲ့ပြီး လျှင်၊ မိမိ လက်ညှိုးကို အသွေး၌ နှစ်၍ သန့်ရှင်းရာ ဌာနတော် ကုလားကာရှေ့၊ ထာဝရ ဘုရားရှေ့တော်၌ ခုနစ်ကြိမ်ဖြန်းရမည်။ တဖန် ယဇ်ပုရောဟိတ် သည် ပရိသတ်စည်းဝေးရာတဲတော် အတွင်း၊ ထာဝရ ဘုရားရှေ့တော် မှာရှိသော နံ့သာပေါင်းမွှေးကို မီးရှို့ရာပလ္လင်ဦးချိုတို့၌ နွားအသွေးကို ထည့်၍၊ ကြွင်းသော အသွေးကို၊ ပရိသတ်စည်းဝေးရာတဲတော် တံခါးရှေ့၌ ရှိသော၊ မီးရှို့ရာယဇ်ပလ္လင် ခြေရင်းနားမှာ သွန်ရမည်။ မိဿဟာယ ယဇ်ပြုသော နွား၏ ဆီဥကို ယူ သကဲ့သို့၊ အပြစ် ဖြေရာယဇ်ပြုသော နွားအအူကို ဖုံးသော ဆီဥ၊ အအူနှင့် ဆိုင်သမျှသော ဆီဥ၊ ခါးအတွင်း နား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့် တကွအသည်း ပေါ်၌ ရှိသော အမြှေးတည်း ဟူသော နွားဆီဥရှိသမျှကို ယူ၍၊ မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ ရှို့ရမည်။ နွား၏ ခေါင်း၊ ခြေထောက်၊ အအူ၊ ချေးနုနှင့် တကွအရေ၊ အသား၊ ရှိသမျှ တည်း ဟူသော၊ နွားတကောင်လုံးကို တပ်ပြင်မှာ ပြာသွန်ထားရာ ရှင်းလင်းသော အရပ်သို့ ယူသွား၍ ထင်း အပေါ်၌ မီးရှို့ရမည်။ ပြာသွန်၍ ထားရာအရပ်၌ မီးရှို့ရမည်။" (ဝတ်ပြု၄:၁-၁၁)။ ဤနေရာ၌ အပြစ် ကျူးလွန်သော သူသည် ဘိသိက်ခံသော ယဇ်ပုရောဟိတ် ဖြစ်သည်။ ယဇ်ပုရောဟိတ် သည် ဘုရားသခင်၏ လူ၊ ဘုရားသခင်၏ အမှု ဆောင် ဖြစ်သည်။ သူကျူးလွန်သော အပြစ်လည်း တမင်သက်သက် မဟုတ်၊ တရားကို မသိ၍ ကျူးလွန် မိခြင်း ဖြစ်သည်။ သို့သော်ထာဝရ ဘုရားက၊ ထိုအပြစ် အတွက် အပြစ် မပေးဘဲ မနေ၊ လူသားများကဲ့သို့ နားလည်မှု အားဖြင့် ခွင့်မလွှတ်။ ကျမ်းစာက၊ " ဘုရားသခင် ထာဝရ ဘုရားသည် လောင်သော မီး၊ အပြစ် ရှိသည်ဟု ယုံလွယ်သော ဘုရား ဖြစ်တော်မူ၏။"ဟုဆိုထားသည်။ (တရားဟော၄:၂၄)။ မီးသည် ယုံကြည်သူ မယုံကြည်သူ အားလုံးလောင်စေသည်။ သိသည် ဖြစ်စေ မသိသည် ဖြစ်စေလောင်တတ်သည်။ ထို့နည်းတူ ဘုရားသခင်သည် သိသည် ဖြစ်စေ၊ မသိသည် ဖြစ်စေ၊ အပြစ် ကျူးလွန်လျှင် ပြစ်ဒဏ်ခံစေမည်သာ ဖြစ်သည်။ သို့မှသာ တရားသော တရားသူကြီး ဖြစ်ပေမည်။

ယဇ်ပုရောဟိတ် သေရမည်
ယဇ်ပုရောဟိတ် သည် အပြစ်ကြောင့် သေရမည်သာ ဖြစ်သည်။ သို့သော် ဘုရားသခင်သည် တရားသော ဘုရား ဖြစ်သည် သာမက၊ သနားခြင်း ဂရုဏာရှိသော ဘုရားလည်း ဖြစ်သောကြောင့် ယဇ်ပုရောဟိတ် သေရမည့် အစားနွားကို အသေခံ စေသည်။ နွား၌ အပြစ် မရှိ၊ သို့သော်ယဇ်ပုရောဟိတ် အစားအသေခံ ရမည်။ အပြစ်၏ အခသည် သေခြင်း ဖြစ်သောကြောင့်၊ အသက် ပေးရမည်။ သို့သော်ယဇ်ပုရောဟိတ် ကိုယ်တိုင်အသက် ပေး၍ အသေခံ လျှင်၊ အပြစ် လွှတ်ခြင်းကို ခံစား နိုင်မည် မဟုတ်။ ထို့ကြောင့်ကိုယ်စားအသေခံ မည့်သူ လိုအပ်သည်။ ယဇ်ပုရောဟိတ် ကိုယ်စား ဘုရားသခင်က နွား၏ အသက်ကို တောင်းသည်။

နွားခေါင်းပေါ်လက်တင်
ယဇ်ပုရောဟိတ် သည် နွား၏ ခေါင်းပေါ်တွင် မိမိ လက်ကို တင်ရသည်။ နွားကို ကောင်းကြီး ပေးသည် မဟုတ်။ ဤနွားသည် ကျွန်ပ်ကိုယ်စားအသေခံ ရမည်၊ အသက် ပေးရမည်ဟုဆိုလိုခြင်း ဖြစ်သည်။ နွား၏ အသက်သည် ယဇ်ပုရောဟိတ်၏ အသက်ကို ကိုယ်စားပြုမှာ ဖြစ်သည်။

နွားကိုသတ်
ထိုနွားကို သတ်၍ ဘိသိက်ခံသော ယဇ်ပုရောဟိတ် သည် နွား၏ အသွေးကို ယူ၍၊ ပရိသတ်စည်းဝေးရာတဲတော်သို့ ဆောင်ခဲ့ပြီး လျှင်၊ မိမိ လက်ညှိုးကို အသွေး၌ နှစ်၍ သန့်ရှင်းရာ ဌာနတော် ကုလားကာရှေ့၊ ထာဝရ ဘုရားရှေ့တော်၌ ခုနစ်ကြိမ်ဖြန်းရမည်။ ကုလားကာအတွင်း ၌ ပဋ္ဋိညာဉ်သေတ္တာတော် ပေါ်တွင် ထာဝရ ဘုရား ကျိန်းဝပ်သည်။ တဖန် ယဇ်ပုရောဟိတ် သည် ပရိသတ်စည်းဝေးရာတဲတော်တွင်း၊ ထာဝရ ဘုရားရှေ့တော် မှာရှိသော နံ့သာပေါင်းမွှေးကို မီးရှို့ရာပလ္လင်ဦးချိုတို့၌ နွားအသွေးကို ထည့်ရမည်။ နံ့သာပေါင်းမွှေးကို မီးရှို့ရာယဇ်ပလ္လင်၌ မီးရှို့ခြင်းသည် ဆုတောင်းခြင်းကို ပုံဆောင်သည်။ (ဆာလံ ၁၄၁:၂၊ ဗျာ၅:၈၊ ၈:၃)။ ဦးချိုသည် တိရစ္ဆာန်များ၏ တန်ခိုး ဖြစ်သည်။ ထိုကြောင့် နံ့သာပေါင်းမွှေး မီးရှို့ရာပလ္လင်ဦးချိုတို့သည်၊ ဆုတောင်းခြင်း၏ တန်ခိုးကို ဖေါ်ပြသည်။ ကြွင်းသော အသွေးကို၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးရှေ့၌ ရှိသော၊ မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာသွန်ရမည်။ မီးရှို့ရာယဇ်ပလ္လင်သည် လက်ဝါးကပ်တိုင်ကို ပုံဆောင်သည်။ ထိုနွား၏ အသွေးကို သုံးနေရာ၌ အသုံးပြုသည်။

ဆီဥနှင့် ကျောက်ကပ်
အပြစ် ဖြေရာယဇ်ပြုသော နွားအအူကို ဖုံးသော ဆီဥ၊ အအူနှင့် ဆိုင်သမျှသော ဆီဥ၊ ခါးအတွင်း နား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့် တကွအသည်း ပေါ်၌ ရှိသော အမြှေးတည်း ဟူသော၊ နွားဆီဥရှိသမျှကို ယူ၍၊ မီးရှို့ရာ ယဇ်ပလ္လင်ပေါ်မှာ ရှို့ရမည်။ ဝမ်းတွင်း ဆီမှန်သမျှနှင့် ကျောက်ကပ်နှစ်ခုသည် ဘုရား ဥစ္စာ ဖြစ်၍၊ မည်သည့်ပူဇော်သက္ကာတွင် မဆို မီးရှို့ရာယဇ်လ္လင်တွင် မီးရှို့ရသည်။

တပ်ပြင်၌ မီးရှို့
နွား၏ ခေါင်း၊ ခြေထောက်၊ အအူ၊ ချေးနုနှင့် တကွအရေ၊ အသား၊ ရှိသမျှ တည်း ဟူသော၊ နွားတကောင်လုံးကို တပ်ပြင်မှာပြာသွန်ထားရာရှင်းလင်းသော အရပ်သို့ ယူသွား၍၊ ထင်း အပေါ်၌ မီးရှို့ရမည်။ ပြာသွန်၍ ထားရာအရပ်၌ မီးရှို့ရမည်။ ပူဇော်သော သူကနွားသားကို မစားရ။ အားလုံးထာဝရ ဘုရား အတွက် ဖြစ်သည်။ နွားကို မီးရှို့လိုက် သောအခါ ပြာ ဖြစ်သွားသည်။

အပြစ် ခွင့်လွှတ်
ထိုသို့ နွား၏ အသွေးကို ဖြန်း၍၊ အသား များကို မီးရှို့ကာပြာ ဖြစ်သွားမှသာ၊ ယဇ်ပုရောဟိတ်၏ အပြစ်ကို ဘုရားသခင်က ခွင့်လွှတ်သည်။ ထိုသို့မဟုတ်ဘဲ ယဇ်ပုရောဟိတ် ကကျွန်တော် နောင်တ ရပါပြီ၊ နောက်တဖန် အပြစ် မကျူးလွန် တော့ပါ၊ ကျွန်ပ်ကို သနား တော်မူပါ၊ ဟု ဆုတောင်းရုံဖြင့် သူ၏ အပြစ်ကို မလွှတ်။ ဘုရားသခင်၏ တရားရုံးတော် မှတရားစီရင်ချက်အရ၊ အပြစ် အတွက် အသက် ပေးမှသူ၏ အပြစ်ကို လွှတ်နိုင်သည်။ သို့သော်ယဇ်ပုယောဟိတ်သည် သူ၏ အသက်ကို မပေးနိုင်။ ပေးလိုက်ပါကအပြစ်သား ဘဝနှင့် သေလွန်သွား၍၊ အပြစ် လွှတ်ခြင်းကို ခံစား နိုင်မည် မဟုတ်။ ထို့ကြောင့် သူ့ကိုယ်စားနွားကအသက် ပေးရသည်။ အဘယ်ကြောင့် နွား၏ အသွေးကို ဖြန်းရသနည်းဟူမူကား၊ ခန္ဓာကိုယ်၏ အသက်သည် အသွေး၌ ရှိသည်။ (ဝတ်ပြု ၁ရ:၁၁)။ ဘုရားသခင်က ယဇ်ပုရောဟိတ်၏ အသက်ကို အပြစ် အတွက် တောင်းသည်။ သူ့ကိုယ်စားနွားကအသက်ကို ပေးသည်။ နွားသည် သူ့ကိုယ်စားအသက် ပေးကြောင်းကို အသွေးအားဖြင့် သက်သေပြခြင်း ဖြစ်သည်။ ထိုအသွေးကို မြင် သောအခါ ဘုရားသခင်က ယဇ်ပုရောဟိတ် သည် မိမိ၏ အပြစ် အခအသက်ကို ပေးပြီဟု လက်ခံသည်။ ပြစ်ဒဏ်လျော်ပြီးသော ယဇ်ပုရောဟိတ်ကို၊ ဘုရားသခင်က နောက်ထပ်အပြစ် မပေးနိုင်တော့ချေ။ အပြစ် မရှိတော့သော ယဇ်ပုရောဟိတ် သည် ဘုရားသခင်က၊ ဖြောင့်မတ်သည်ဟု သတ်မှတ်လိုက်သည်။ နွား၏ ပြာသည်။လည်း အပြစ် ဒဏ်လျော်ပြီး ကြောင်းကို သက်သေပြသည်။ နွားသည် ပြာ ဖြစ်သွားသော နောက်၊ နောက်ထပ်မည်သို့ မျှလုပ်စရာ မရှိတော့ချေ။

ခရစ်တော်၌ ပြည့်စုံ
လူ၏ အပြစ် အတွက် တိရစ္ဆာန်များ ကအသေခံ ပေးခြင်းသည် အရိပ်မျှသာ ဖြစ်သည်။ အမှန်မှာ တိရစ္ဆာန်များသည် လူကိုကိုယ်စားမပြုနိုင်ချေ။ အကြောင်းမူကား လူ၏ တန်ဘိုးသည် တိရစ္ဆာန်၏ တန်ဘိုးထက် နှိုင်းဆ၍ မရနိုင်အောင် ကြီးမားသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ သားတော်ကို လူ့ဇာတိခံစေလျက်၊ လူကိုယ်ခန္ဓာကို ပေးခဲ့ကာလ ူသား များကိုယ်စားအပြစ် ကျွေးဆပ်ဘို့၊ ကမ္ဘာမတည်မရှိမှီကတည်း ကစီမံထားခဲ့သည်။ သို့သော် လူသား များက ခရစ်တော်၏ အသေခံခြင်းကို နားလည်မှာ မဟုတ်သောကြောင့်၊ တိရစ္ဆာန်များကို အရိပ်အဖြစ် အသေခံ စေသည်။ ဘုရားသခင်၏အချိန် စေ့သောအခါ၊ သားတော်ကို လူ့ဇာတိခံခိုင်း၍ ဤလောကသို့ စေလွှတ်ခဲ့သည်။ ထို့ကြောင့် သားတော်၏ လူ့ဇာတိခံခြင်းသည် လူသား များ၏ အပြစ် အတွက် အပြစ် ဒဏ်လျော်ပေးဘို့ရန် ဖြစ်သည်။ ကျမ်းစာက၊ " ခရစ်တော်သည် ကျမ်းစာ လာသည် အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံ တော်မူ၏။"ဟုဆိုထားသည်။ (၁ကော၁၅:၃)။ တဖန်၊ "ယခုမှာလူလက်ဖြင့် မလုပ်၊ ဤလောက ဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ ကြီး မြတ်စုံလင်သော တဲတော်၌၊ နောက်မင်္ဂလာ အကျိုးတို့၏ ယဇ်ပုရောဟိတ် မင်း ဖြစ်သော ခရစ်တော်သည် ငါတို့အဘို့ ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိ အသွေးတော်နှင့် သန့်ရှင်းရာ ဌာနထဲသို့ တခါတည်း ဝင် တော်မူ၏။"ဟုဆိုသည်။ (ဟေ၉:၁၁-၁၂) ဆက်လက်၍ " ယေရှုခရစ်၏ကိုယ်တော်ကို တခါတည်း ပူဇော်သော အားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။" (ဟေ၁၀:၁၀) ဟုဆိုသည်။

အပြစ် အခသေခြင်း
အပြစ်၏ အခသည် သေခြင်း ဖြစ်သည်ဟု ကျမ်းစာ ထဲ၌ ဤသို့ တွေ့ရသည်။ "အပြစ် တရား၏ အခကား သေခြင်း ပေတည်း။" (ရော၆:၂၃)။ ရော၅:၁၂၌ လည်း၊ "အပြစ် တရားသည် တယောက်သော သူအားဖြင့် ဤလောကသို့ ဝင်၍ အပြစ် တရားကြောင့် သေခြင်း တရားဝင်သည် နှင့် အညီလူ အပေါင်းတို့သည် အပြစ် ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။" (ရော၅:၁၂) ထိုအရာသည် ကမ္ဘာဦးကျမ်းထဲ၌ ဘုရားသခင်က အာဒံနှင့် ဧဝထံပေးသော ပညတ်မှစသည်။ ကျမ်း၌၊ "ထိုအခါ ထာဝရ အရှင် ဘုရားသခင်သည် လူကို ယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှါ ထား တော်မူ၏။ ထာဝရ အရှင် ဘုရားသခင်က လည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏ အသီးကို၊ သင်သည် စားရသော အခွင့်ရှိ၏။ ထိုအပင်၏ အသီးကို ကား မစားရ။ စားသော နေ့တွင် ဧကန်အမှန်သေရမည်၊ ဟု လူကို ပညတ်ထား တော်မူ၏။" (က၂:၁၅-၁ရ) အဘယ်ကြောင့် ဘုရားသခင်သည် အပြစ် အတွက် ပြစ်ဒဏ်ကို သေခြင်းဟု သတ်မှတ်သနည်း။ အဘယ်ကြောင့် ထောင်ဒဏ်၊ ကြိမ်ဒဏ်၊ အလုပ်ကြမ်းတို့ မသတ်မှတ်သနည်း။ ဥပမာအားဖြင့် ရှင်းပြရသော်၊ ဖခင်တယောက် ကသူ့သားကို ကား ပေးထားသည်။ ထိုကားသည် ကျောင်းတက် သောအခါ အသုံးပြုဘို့၊ ဘုရား ကျောင်းတက်၊ မိဿဟာယဖွဲ့ သောအခါ အသုံးပြုဘို့ ဖြစ်သည်။ သို့သော်သား ကကျောင်းမတက်၊ ဘုရား ကျောင်းနှင့် မိဿဟာယမသွား၊ သူငယ်ချင်းများနှင့် အပျော်အပါး သွားဘို့ရန် အသုံးပြုနေသောကြောင့်၊ သူ့အဖေကသူပေးထားသော ကားကို ပြန်သိမ်းယူလိုက်သည်။

အသက် တောင်း
ထိုနည်းတူ ဘုရားသခင်က လူကို အသက် ပေးထားသည်။ ထိုအသက်သည် ဘုရားသခင် အလိုတော် အတိုင်း အသုံးပြုဘို့ ဖြစ်သည်။ သို့သော်လူသည် ဘုရားသခင်၏ အလိုတော် အတိုင်း အသက် မရှင်၊ ကိုယ့်အလိုအတိုင်း သာအသက်တာကို အသုံးပြုအသက် ရှင်နေသည်။ (ဘုရားသခင် အလိုတော် အတိုင်း အသက် မရှင်ခြင်းသည် အပြစ် ဖြစ်သည်။) ထို့ကြောင့် ဘုရားသခင်က သူပေးထားသော အသက်ကို လူထံမှ ပြန်တောင်းသည်။ ဘုရားသခင်က အပြစ် အတွက် အသက်ကို ပြန်တောင်းသည်။ သို့သော်လူက ဘုရားသခင် တောင်းသော အရာအစားအပြစ် အတွက် ဆယ်ဘို့ တဘို့၊ အလှူတော် ငွေ၊ အကျင့်၊ ဆုတောင်းခြင်း၊ ကျမ်းစာ ဖတ်ခြင်း၊ ဘုရား ကျောင်းမှန်မှန် တက်ခြင်း၊ ဆက်ကပ်ခြင်း၊ ဆင်းရဲသား များကို မစခြင်း၊ ကုသိုလ်ကောင်းမှု စသော အရာများကို ပေးဘို့ ကြိုးစားသည်။ ထိုအရာများသည် ဘုရား တောင်းသော အရာများ မဟုတ်ပါ။ အသက် သာလျှင် ဖြစ်သည်။

အသက် မပေးနိုင်
လူသည် ဘုရား တောင်းသော မိမိ အသက်ကို မပေးနိုင်။ ပေးလိုက်ပါကအပြစ် သား၏ အသက်သည် ငရဲထဲသို့ ရောက်သွားမှာ ဖြစ်သည်။ ဘုရားသခင်သည် လူကို ချစ်သနားသောကြောင့်၊ ထိုသို့ ငရဲထဲသို့ မရောက်စေချင်။ သို့သော်အပြစ် အတွက် တရားမစီရင်ဘဲ မနေနိုင်။ အကယ်၍ လူကို သနားသောကြောင့် တရားမစီရင်ပါကမတရားသော တရားသူကြီး၊ မျက်နှာလိုက်သော တရားသူကြီး၊ ပြောသည့်အတိုင်း မလုပ်သော တရားသူကြီး ဖြစ်မည်။

ကိုယ်စားပေးမည့်သူ ပြင်ဆင်
ဘုရားသခင်သည် လူကို သနားသောကြောင့်၊ သူ့ကိုယ်စားအသက် ပေးသူကို ပြင်ဆင် ပေးသည်။ ထိုအသက်သည် သူ၏ သားတော် ခရစ်တော် ပင် ဖြစ်သည်။ ခရစ်တော်သည် ခမည်းတော်၏ အလိုတော် အတိုင်း အသက် ပေးခြင်း ဖြင့် လူသား အားလုံးကိုယ်စား၊ အပြစ် ဒဏ်သေခြင်းကို ဆပ်ခဲ့ပြီဖြစ်သည်။ ထိုအရာကို လူသားများအနေဖြင့် ယုံကြည် လက်ခံဘို့ သာလျှင် ဖြစ်သည်။ မိတ်ဆွေ၊ သင်၏ အပြစ် အတွက် ခရစ်တော်က၊ အသက် ပေးပြီ ဖြစ်သောကြောင့်၊ သင်သည် သေစရာ မလိုတော့ချေ။ သေလျှင်လည်း ပြန်လည် ရှင်ပြန်ထမြောက် မှာ ဖြစ်သောကြောင့် အိပ်ပျော်သည်ဟု၊ ကျမ်းစာက ဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် အပြစ် ဖြေရာယဇ်ပူဇော်စရာ မလိုတော့ချေ။ ခရစ်တော်၏ ပူဇော်ခြင်း၌ ပြီး ပြည့်စုံပြီ ဖြစ်သည်။

သင်ခန်းစာ (၁၆) မေးခွန်းများ

၁။ ထာဝရ ဘုရားသည် အပြစ် ကျူးလွန်လျှင် အပြစ် မပေးဘဲ နေသလော။ အဘယ်ကြောင့် နည်း။ ………………
၂။ ထာဝရ ဘုရားသည် ……………………….သော တရားသူကြီး ဖြစ်သည် သာမက……………….ဘုရားလည်း ဖြစ်သည်။
၃။ ဘုရားသခင်က ယဇ်ပုရောဟိတ် ကိုယ်စားဘယ်အရာကို အသေခံ စေသနည်း။ ………………
၄။ နွား၏ အသက်သည် ယဇ်ပုရောဟိတ်၏ …………………….ကိုကိုယ်စားပြုသည်။
၅။ နွား၏ အသွေးကို သုံးနေရာ၌ အသုံးပြုသည်။ ထိုနေရာများကို ဖေါ်ပြပါ။ …………………………….
၆။ ကျောက်ကပ်နှင့် ဆီဥကို မည်သည့်နေရာ၌ မီးရှို့ရသနည်း။ …………………………….
ရ။ ကျန်သော နွားတကောင်လုံးကို မည်သည့်နေရာ၌ မီးရှို့ရသနည်း။ ……………………………..
၈။ နောင်တ ရ၊ ဆုတောင်းရုံနှင့် ယဇ်ပုရာဟိတ်၏ အပြစ်သည် ဘုရား သင်ကလွှတ်နိုင်သလော၊ …………………………
၉။ နွား၏ အသွေးသည် နွား၏ အ…………………..နွား၏ အသက်သည် ယဇ်ပုရာဟိတ်၏ အ…………….ကိုကိုယ်စားပြုသည်။
၁၀။ တိရစ္ဆာန်များသည် လူကိုယ်စားအသက် ပေးနိုင်သလော။ ………………………..အဘယ်ကြောင့် တိရစ္ဆာန်များကို ပူဇော်ကြသနည်း။ ………………………..
၁၁။ ဘုရားသခင်သည် လူသား များ၏ အပြစ် အတွက် မည်သူကို အသက် ပေးခိုင်းသနည်း။ ……………………..
၁၂။ ဘုရားသခင်က အပြစ် အတွက် အသက်ကို ဘာကြောင့် တောင်းသနည်း။ ……………………….
၁၃။ ဘုရား အလိုတော် အတိုင်း အသက် မရှင်ခြင်းသည် …………………………… ဖြစ်သည်။
၁၄။ ခရစ်တော်က လူသား အားလုံးကိုယ်စားအသက် ပေးပြီ ဖြစ်သောကြောင့် သင်သည် အပြစ် ရှိသေးသလော။ ……….…..….
၁၅။ သင်သည် အပြစ် အတွက် သေစရာ လိုသေးသလော။ ………………………………
၁၆။ အပြစ် ဖြေရာယဇ်ပူဇော်စရာ လိုသေးသလော။ …………………………..

Scroll to Top