သတင်းကောင်းစာစောင်

MAY 2015

မာတိကာ

  • အမှာစာ
  • မွေးဘွားခြင်း 
  • ပေးကမ်းခြင်း 
  • ကောင်းကင်၌ ချမ်းသာဘို့ 
  • ကျမ်းစာဖတ်ကြစို့ ( ဗျာဒိတ်ကျမ်း၁၆) 
  • ဝမ်းနည်းခြင်း 
  • အစီအစဉ်နှင့် ခရီးစဉ်

အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယနေ့ တိုင်သွားလာလှုပ်ရှားနိုင်ကြသေးသည်။ ယခင်လ၌ ဖေါ်ပြ သကဲ့သို့ ယခုနှစ်သည် ချီဆောင်ခြင်း နှစ်လည်း ဖြစ်နိုင်သည်။ အစ္စရေးနိင်ငံသည် ယခုအခါ အကျဉ်းကြပ်ဆုံးအ​ခြေအနေသို့ ရောက်ပြီ။ သူ၏အားအထားရဆုံး အမေရိကန်က သူ့ကို ပြန်တိုက်မည့် အ​ခြေအနေရှိသည်။ အစ္စရေးက အီရန်အနုမြူဗုံးထုတ်လုပ်မည့် စက်ရုံများ ဗုံးကြဲပါက အမေရိကန်က ထိုဗုံးကြဲလေယဉ်များကို အီရန်မရောက်မှီ ပစ်ချမည့်အကြောင်hhttp://www.israel. nationalnews.com/News/News.aspx/ 191966#.VUK2MZtFBqk ၌ဖတ်ရှုနိုင်သည်။ ကျမ်းစာက ကြိုတင်ဟောထားသည့်အတိုင်း အစ္စရေးကို နိုင်ငံတိုင်းက တိုက်ခိုက်မည်ဟူသောအရာ ပြည့်စုံခြင်းဖြစ်သည်။ အမေရိကန်ကအစ္စရေးကို လုံခြုံရေးကောင်စီ၌ ဗီတိုအာဏာဖြင့် ကာကွယ်လေ့ရှိသော်လည်း ယခုအခါ ကာကွယ်မည့်အစား အပြစ်တင်မည့်သူ ဖြစ်နိုင်သည်။ ကမ္ဘာကပါလက်စတင်းနိုင်ငံ ထူထောင်ခွင့်ပြုလိုက်ပါက အစ္စရေးနိုင်ငံကဆန့်ကျင်မည်။ ထိုအခါ စီးပွားရေး၊ နိင်ငံရေး၊ စစ်ရေးအရ အစ္စရေးနိုင်ငံကို အရေးယူနိုင်သည်။ ထိုအခါ အစ္စရေးကဘုရားကို အားကိုးခြင်းအားဖြင့် အချိန်ကုန်ဆုံးနိုင်သည် (ဇာခရိ ၁၂)။ 

အမေရိကန်ပြည်ထောင်စုမြို့ကြီးများ၌ လူမဲများနှင့်ရဲများသည် ပြသနာဖြစ်နေကြသည်။ ထိုသို့ဖြစ်ခြင်းသည် လူများငတ်ပြတ်လာခြင်း၊ အကျင့်ပျက်ပြားခြင်း၊ မတရားမှုများပြားခြင်းများကြောင့်ဖြစ်သည်။ ထိုပြသနာများကို ကိုယ်တိုင်မခံစားသော်လည်း အနှေးနှင့်အမြန် ပြသနာကြုံတွေ့နိုင်သည်။ နောက်ဆုံးသောကာလ၏ လက္ခဏာဖြစ်သည်။ ချီဆောင်ခြင်းအလွန်နီးပြီ။ မိတ်ဆွေ၊ လောကအရာများ၌ ဗျာမများတော့ဘဲ မိမိဝိညာဉ် ကယ်တင်ခြင်းသို့ရောက်မရောက်၊ မိသားစုဝင်များ၊ ညီအစ်ကိုမောင်နှမများ၊ မိတ်ဆွေများကယ်တင်ခြင်းသို့ ရောက်မရောက်အတွက် ပူပန်၍ အစွမ်းကိုပြောပြကြပါစို့။ 

 

မွေးဘွားခြင်း 
 ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်ရ တဖန်၊ ရေနှင့် ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရ ဇာတိပကတိ ( ကိုယ်ခန္ဓာ) မွေးသောအရာသည် ဇာတိပကတိ ဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။ (ယော ၃:၃၊ ၅၊ ၆) ဟုဆိုထားသည်။ ဒုတိယမွေးခြင်း သိဘို့ရန် ပဌမမွေးခြင်းကို သိဘို့လိုသည်။ 
 
ပဌမမွေးခြင်း 

ပဌမမွေးခြင်းသည် ကိုယ်ခန္ဓာဖြစ်၍ မိခင်ဝမ်းမှမွေးသည်။ ပဌမကိုယ်ခန္ဓာအားဖြင့် မမွေးသောသူသည် ဤလောကကို မမြင်ပါ၊ ဝင်လည်း မဝင်နိုင်ပါ။ ပဌမမွေးနိုင်ဘို့ရန် အမိဝမ်းထဲ၌ ၉ လနေရသည်။ ပဌမမွေးဘို့ရန် ခလေးသည် ဘာမျှမလုပ်ပါ။ လုပ်လည်းမလုပ်နိုင်ပါ။ အမိဝမ်းထဲ၌ရှိနေ၍ သူ့ကိုသူလည်းမသိပါ။ ပဌမမွေး ဘို့ရန် ခလေးသည် မကြိုးစားပါ။ သူမွေးသောအခါလည်းမနာပါ။ မိခင်သာလျှင်နာသည်။ မည်သူမဆိုပဌမ မွေးခြင်းကိုမသိကြပါ။ မိခင်ကပြောပြခြင်းကို ယုံကြည်ခြင်းအားဖြင့် လက်ခံကြသည်။ 
 
အာဒံ၌၊ ယေရှုခရစ်၌ 

ဒုတိယမွေးခြင်းသည်လည်း ပဌမမွေးခြင်းနှင့် သဘောတူသည်။ လူသည် အာဒံမှမွေးဘွားကြသောကြောင့် အာဒံ၏အဖြစ်အားလုံးကို အမွေခံကြသည်။ တရုပ်ဖြစ်ဘို့ရန် ကြိုးစား၍မရပါ။ တရုပ်မိဘထဲမှ မွေးဘွားသောသူတိုင်းသည် တရုပ်ဖြစ်ကြသည်။ ထိုနည်းတူ အာဒံမှမွေးဘွားသောသူတိုင်းသည် အာဒံနှင့်အတူ အပြစ်သား၊ စာတန်သား၊ အပြစ်၏ ကျွန်၊ ဖြစ်သည်။ ထိုအာဒံသား၊ စာတန်သား၊ အပြစ်သားကို ဘုရားသခင်က ကောင်းကင်နိုင်ငံသို့ လက်မခံနိုင်ပါ။ ဒုတိယအကြိမ် ဘုရားသားအဖြစ် မွေးဘွားမှသာလျှင် ဘုရား၏နိုင်ငံသို့ ဝင်နိုင်မည်။ သင်သည် ပဌမမွေးဘွားခြင်းအားဖြင့် အာဒံ၌ရှိသည်။ ထိုအာဒံ၌ရှိသောသင့်ကို ဘုရားသခင်က ယေရှုခရစ်၌ ထည့်လိုက်သည်။ ကျမ်းစာက၊ ဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ (၁ ကော ၁:၃၀) ဟုဆိုသည်။ ထို့ကြောင့် သင်သည် ယေရှုခရစ်အထဲ၌ရှိပြီ။ ထိုအရာကို ယုံကြည်ရမည်။ ယေရှုခရစ်၌ရှိခြင်းသည် သူနှင့်အတူ သေဘို့ရန်ဖြစ်သည်။ အကြောင်းမူကား အာဒံ၌ရှိနေလျှင် သေခြင်း ဖြစ်ကြောင်း ကျမ်းစာက ဤသို့ဆိုထားသည်၊ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည် နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။ (၁ ကော ၁၅:၂၂)။ 
 
လူဟောင်းသေခြင်း 

အာဒံ၌ရှိသောသူကို လူဟောင်းဟုခေါ်သည်။ ထိုလူဟောင်းသည် အပြစ်သားဖြစ်၍ အပြစ်၏ကျွန်ဖြစ်သည်။ ထို့ကြောင့် ဘုရားစကားကို နားမထောင်နိုင်ချေ။ ထိုလူဟောင်းကို အကျင့်ကောင်းလာရန် ဘာသာရေးကသင်ပေးသည်။ ထိုလူဟောင်းကို ဘုရားစကားနားထောင်ရန် မည်မျှပင်သွန်သင်သော်လည်း မရပါ။ အကြောင်းမှာ အပြစ်၏ကျွန်ဖြစ်၍ သူ၏သခင်သည် အပြစ်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ထိုလူဟောင်းကို သတ်လိုက်သည်။ ကျမ်းစာက၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီ၊ ဟုငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှအပြစ်တရား၏ အစေကို မခံစေခြင်းငှါ၊ အပြစ်တရား၏ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။ သေသောသူသည် အပြစ်တရား၏ လက်မှလွတ်လျက်ရှိ၏။ (ရော ၆း၆ -ရ) ဟုဆိုထားသည်။ ငါတို့၏ လူဟောင်းသည် သေပြီ။ ထို့ကြောင့် အပြစ်၏ ​ကျွန်မှလွတ်ပြီ။ သေသောသူကို မြှုပ်နှံရသည်။ ကျမ်းစာက ဤသို့ရေးထားသည်၊ ယေရှုခရစ်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့မသိသလော။ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကိုခံကြ၏။ (ရော ၆း၃-၄) ဗတ္တိဇံသည် သင်္ဂြိုဟ်ခြင်းကို ဆိုလိုသည်။ သင်သည် ယေရှုခရစ်၌သေ၍ သင်္ဂြိုလ်ခြင်းကိုခံရပြီ။ 
 
ဒုတိယမွေးခြင်း 

 ယေရှုခရစ်၌သင်္ဂြိုလ်ခြင်းခံပြီးနောက် သူနှင့်အတူ ပြန်လည်ရှင်ပြန်ထမြောက်ကြောင်း ဤသို့ရေးထားသည်၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။ (ရော ၆း၄)။ ထိုသို့ ယေရှုခရစ်နှင့်ထမြောက်သောအခါ လူဟောင်းအဖြစ် မထမြောက်တော့ဘဲ လူသစ်အဖြစ် ထမြောက်သည်။ ထိုသို့ထမြောက်ခြင်းသည် ဒုတိယမွေးခြင်းဖြစ်သည်။ ထို့ကြောင့် ဒုတိယမွေးဘွားခြင်းသည် လူအားဖြင့်မဟုတ်၊ ဘုရားသခင်၏ ခရစ်တော်အားဖြင့် လုပ်ဆောင်ချက်ဖြစ်သည် (ယော ၁း၁၃)။ အကျင့်ပြောင်းလဲခြင်း သက်သက်လည်း မဟုတ်၊ ဘုရားတရားကြိုးစားခြင်းလည်းမဟုတ်။ ဘုရားသခင်က ယေရှုခရစ်အားဖြင့်သေစေ၍ သင်္ဂြိုလ်ပြီး နောက် အသစ်နှင့်ထမြောက်စေသောအားဖြင့်သာလျှင်ဖြစ်သည်။ ထိုဘုရားသခင်၏ လုပ်ဆောင်ချက်ကို နားလည်၍ လက်ခံယုံကြည်လျှင် မည်သူမဆို ဒုတိယမွေးဘွားနိုင်သည်။ မိတ်ဆွေ၊ သင်သည် ထိုသို့ယေရှုခရစ်အားဖြင့် ဒုတိယမွေးဘွားပြီ၊ ဟုယုံကြည်ပါသလော။ 
 
 ခလေးလေးဖြစ်မွေး

လူတိုင်းထင်မှတ်တတ်သည်မှာ ဒုတိယမွေးဘွားသောသူသည် အကျင့်အလွန်ကောင်း၍ ​ဖြောင့်မတ်စွာ အသက်ရှင်မည်ဟူ၍ဖြစ်သည်။ လူသည် ဒုတိယမွေးဘွားသောအခါ ဘာမဆိုလုပ်နိုင်သော လူကြီးအဖြစ် မွေးဘွားသည်မဟုတ်၊ ခလေးလေးအဖြစ်မွေးဘွားသည်။ ခလေးမွေးဘွားသောအခါ မိသားစုဝင်ဖြစ်သော်လည်း ဘာမျှတာဝန်ယူ လုပ်ဆောင်နိုင်ခြင်းမရှိသေးချေ။ ထိုနည်းတူ၊ ဝိညာဉ်ပိုင်း မွေးဘွားသောအခါ ဘုရား၏ မိသားစုဝင်ဖြစ်၍ ကောင်းကင်ရောက်မည်ဖြစ်သော်လည်း လုပ်ဆောင်နိုင်မှု အလွန်နည်းသည်။ လူတိုင်း ဒုတိယမွေးဘွားလျှင်တော်ပြီ၊ ဟုထင်တတ်ကြသည်။ ခလေးမွေးဘွားလျှင် အဆုံးမဟုတ်သေး၊ အစသာလျှင် ဖြစ်သေးသည်။ ခလေးသည် ကြီးထွားခြင်းရင့်ကျက်ခြင်းရှိဘို့ လိုသေးသည်။ ထိုနည်းတူ ဒုတိယမွေးဘွားသောသူသည် ကြီးထွားရင့်ကျက်ခြင်းရှိဘို့ လိုသေးသည်။ ခလေးမကြီးထွားလျှင် ခလေးကိုယ်တိုင် စိတ်မကောင်းမရှိပါ၊ မိဘများသာလျှင် ဝမ်းနည်းတတ်သည်။ ထိုနည်းတူ၊ ဝိညာဉ်ခလေးများမကြီးထွားလျှင် သူတို့၌ ပြသနာဟုမမြင်၊ သို့သော် ဘုရားသခင်နှင့် ဝိညာဉ်ဖခင်မိခင်များဝမ်းနည်းရသည်။ 
 
 သန့်ရှင်းခြင်း 

 ခလေးတိုင်း မကြည့်ရှုလျှင် ညစ်ညူးကြသည်။ မိမိတို့မစင်နှင့် တကိုယ်လုံးရှုပ်ပွတတ်သည်။ ထို့ကြောင့် မိဘများက သန့်ရှင်းရေးလုပ်ပေးဘို့လိုသည်။ ခလေးများမိဘများက သန့်ရှင်းပေးသောကြောင့် လူတိုင်း ကနမ်းရှုချင်တတ်ကြသည်။ ထိုနည်းတူ၊ ဝိညာဉ်ခလေးများသည် မွေးကင်းစ၌ သန့်ရှင်းစွာ အသက်ရှင်သောကြောင့် လူတိုင်းကချစ်တတ်ကြသည်။ သို့သော် ခလေးတိုင်း လေးဘက်ကုန်းသွားတတ်သောအခါ ကြမ်းပျဉ်ပေါ်၌ တွေ့သမျှကို ပါးစပ်၌ ထည့်တတ်ကြသကဲ့သို့ မကြီးထွားသော ဝိညာဉ်ခလေးများလည်း အရက်၊ ဆေးလိပ်၊ ကွမ်းယာ၊ ခိုင်နီး၊ ကွမ်းပေါင်း၊ ဘီယာများသောက်စားခြင်းဖြင့် ကယ်တင်ခြင်း မထိခိုက်ပါဟု သုံးစွဲတတ်ကြသည်။ ထို့အပြင် ပွဲလုပ်ခြင်း၊ အပျော်အပါးလိုက်စားခြင်း၊ တီဗီ၊ အင်တာနက်သုံးခြင်း၊ အီလက်ထော နစ်ကစားခြင်းများကို အပြစ်မရှိဟု ထင်တတ်သည်။ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ သက်သေခံခြင်း၊ ဘုရားစကားနားထောင်ခြင်းကိုမူ မလုပ်လိုကြချေ။ ထိုအရာများသည် မွေးဘွားသော်လည်း ခလေးဖြစ်ခြင်း၏ လက္ခဏာများဖြစ်သည်။ ခလေးသည် ကြီးထွား၍ လူပျိုအပျို ဖြစ်လာသောအခါ ခလေးအရာများကို လုပ်ခိုင်းလျှင်လည်း လုံးဝမလုပ်လိုတော့ချေ။ ရှင်ပေါလုက၊ ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကား ပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏အရာများကို ငါပယ်ရှား၏။ (၁ ကော ၁၃း၁၁) ဟုဆိုခဲ့သည်။ ထို့ကြောင့် ယုံကြည်သူတယောက် ညစ်ညူးသောအရာကို လုပ်သေးလျှင် ခလေးဖြစ်၍ သန့်ရှင်းရေးကို ဦးစားပေးလာလျှင် လူပျိုအပျိုဖြစ်ကြောင်း ထင်ရှားသည်။ အလုပ်ကိုဦးစားပေးလာလျှင် လူကြီးအရွယ်ရောက်ကြောင်း သိနိုင်သည်။ 
 
 ခလေးများပါရမည်

ချီဆောင်ခြင်း၌ ဒုတိယမွေးဘွားသူတိုင်း မပါရ၊ အသက်တာသန့်ရှင်းသူများ၊ ကြွလာခြင်းကိုမြော်လင့်စောင့်စားသူများသာလျှင်ပါမည်၊ ဟုဟောပြောကြသည်။ ထို့ကြောင့် အချို့သောသူများသည် ကွမ်းယာ၊ ဆေးလိပ်၊ ခိုင်နီး၊ အရက်များသုံးစွဲခြင်းကို ဖြတ်ကြသည်။ ထိုအရာများဖြတ်ခြင်းသည် အလွန်ကောင်းပါသည်။ သို့သော် ထိုအရာများ မသုံးစွဲခြင်းကြောင့် ချီဆောင်ခြင်း၌ ပါဝင်မည်မဟုတ်ပါ။ အိမ်ထောင်မိသားစုပြောင်းရွှေ့သောအခါ သန့်ရှင်းခြင်းမရှိသော ခလေးများကိုထားခဲ့၍ လူကြီးမိဘများသာပြောင်းရွှေ့ခြင်း မရှိဘူးချေ။ ခလေးများမပါလျှင် မိဘများလုံးဝ ပြောင်းရွှေ့မည်ဟုတ်။ မိဘများက ခလေးများကို မသန့်ရှင်းသောကြောင့် မထားခဲ့ချေ။ သန့်ရှင်းခြင်း ပြုလုပ်နိုင်သည့်အရွယ်ထိလည်းမစောင့်။ ပြောင်းရွှေ့ ချိန်တန်လာလျှင် ညစ်ညူးသောခလေးများလည်း ခေါ်သွားကြသည်။ အကြောင်းမှာ မိသားစုဝင်များ ဖြစ်သောကြောင့် ဖြစ်သည်။ 

ကောရိန္သုအသင်းသားများလည်း ခလေးများဖြစ်ကြသည်။ ရှင်ပေါလုက၊ ညီအစ်ကိုတို့၊ အထက်ကငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိ လူတို့အားင်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မ​ကြေနိုင်သောကြောင့် ငါမ​ကျွေးရ။ နို့ကိုသာတိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မ​ကြေနိုင်ကြသေး။ ယခုပင်လည်း၊ ဇာတိပကတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိပကတိလူဖြစ်ကြသည် မဟုတ်လော။ လောကီ ထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော၊ ဟုရေးခဲ့သည်(၁ ကော ၃:၁-၃) ။ ကောရိန္သုအသင်းတော်သည် ဝိညာဉ်ခလေးများဖြစ်၍ ဇာတိနှင့် အသက်ရှင်ကြသည်။ ဝိညာဉ်ပိုင်းနို့ကိုသာ သောက်ကြသည်။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိကြသေးသည်။ သို့သော် သူတို့သည် ချီဆောင်ခြင်း၌ ပါဝင်မည့်အကြောင်း ဤသို့ရေးထားသည်၊ နက်နဲသောအရာတခုကို ငါပြဦးမည်၊ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ (၁ ကော ၁၅:၅၁-၅၂) 

 အချို့သောသူများက ထိုသို့သွန်သင်ပါက ပေါ့ပျက်သောအသက်တာနှင့် အသက်ရှင်ကြမည်ဟု စိုးရိမ်ကြသည်။ မှန်ပါသည် အသက်တာမသန့်ရှင်းသောသူများလည်း ချီဆောင်ခြင်း၌ ပါဝင်မည် ဟုဆိုခြင်းအားဖြင့် အသက်တာပေါ့ပျက်နိုင်သည်။ သို့သော် အသက်တာကြီးထွားရင့်ကျက်လာအောင် သင်ပေးခြင်းဖြင့် သန့်ရှင်းသော အသက်တာနှင့် အသက်ရှင်လာနိုင်ကြမည်ဖြစ်သည်။ 

ပေးကမ်းခြင်း 

ယုံကြည်သူများသည် ပေးကမ်းခြင်းရှိဘို့ ကျမ်းစာက သွန်သင်ထားသည်။ အကြောင်းမှာ ဘုရားသခင် ကိုယ်တော်တိုင်သည် ပေးကမ်းသောသူဖြစ်သည်။ ကပ်စေးနည်းသောသူသည် ဘုရားသခင်၏ သားသမီး မဖြစ်နိုင်ချေ။ အကြောင်းမှာ ဘုရားသခင်သည် ရက်ရောသောဘုရားဖြစ်သည်။ 
 
 ဘုရားသခင် 

ကျမ်းစာ၌၊ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသောသားတော်ကို စွန့်တော်မူသည် တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။ (ယော ၃:၁၆) ဟုရေးထားသည်။ လူသည် သားသမီးမည်မျှပင်ရှိစေကာမူ သူတပါးသေမည့်နေရာ၌ ကိုယ့်သားသမီးတယောက် သေခိုင်းဘို့ရန် လုံးဝခွင့်ပြုနိုင်မည်မဟုတ်။ ဘုရားသခင်သည် လူသားများအသက်ရရှိဘို့ရန်အတွက် တပါးတည်းသောသားတော်ကို အသေခံစေခြင်းအားဖြင့် သူ၏မေတ္တာကိုသိရှိနိုင်သည်။ တဖန်၊ ​ဖြောင့်မတ်သောသူအတွက်ကြောင့် သေခံမည့်သူရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံဝံ့သောသူရှိကောင်းရှိလိမ့်မည်မှန်စေတော့။ ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏ (ရော ၅းရ-၈)။ မှန်ပါသည်။ ​ဖြောင့်မတ်သောသူသေမည့်အရာကို နှမြောကြသည်။ သို့သော်သူ့အတွက် ကိုယ်စားသေမည့်သူ ရှိနိုင်မည်မထင်။ အပြစ်ရှိသောသူသေမည့်အရာကိုမူ အဘယ်သူမျှ နှမြောမည်မဟုတ်။ သို့သော် ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့ကိုယ်စားအသေခံခြင်းဖြင့် ခမည်းတော်နှင့်သားတော်၏မေတ္တာ၊ ပေးဆပ်ခြင်းကိုတွေ့မြင်နိုင်သည်။ ဆက်၍ကြည့်ပါက ခရစ်တော်သည် ငါတို့အဘို့အလိုငှါ အသက်တော်ကို စွန့်တော်မူသည် အရာကို ငါတို့သည် ထောက်၍၊ မေတ္တာတော်ကို သိရကြပြီ။ (၁ ယော ၃း၁၆) ဟုတွေ့ရသည်။ သားတော်ကိုယ်တိုင် မိမိအသက်ကို ငါတို့အတွက် စွန့်သည်ဟုဆိုသည်။ 
 
အာဗြဟံ

ဘုရားသခင်ကအာဗြဟံကို အသက်ကြီးမှသားဣဇာက်ကို ပေးဘို့ရန်တောင်းခဲ့သည်။ ဘုရားသခင်သည်၊ အာဗြဟံကိုစုံစမ်းခြင်းငှါ၊ အာဗြဟံဟုခေါ်တော်မူ၍၊ အာဗြဟံက၊ အ​ကျွန်ုပ်ရှိပါ၏ဟုလျှောက်လျှင်၊ သင်သည် အလွန်ချစ်သော တယောက်တည်းသောသား ဣဇာက်ကိုယူ၍၊ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ၊ သူ့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်လော့၊ ဟုမိန့်တော်မူ၏ (ကမ္ဘာ ၂၂း၁-၂)။ ​ကျွန်ုပ်တို့အနေဖြင့် စုံစမ်းခြင်းငှါဟုဖတ်သောကြောင့် လွယ်ကူပေမဲ့ ထိုသို့မသိသောအာဗြဟံအတွက် လုံးဝလွယ်ကူမည် မဟုတ်။ ဘုရားသခင်ကသင်၏သားကို ထိုကဲ့သို့တောင်းလာလျှင် ပေးနိုင်မည်လော။ သို့သော် အာဗြဟံသည် သူ၏သားကိုသုံးရက်ခရီးဝေးသော မောရိတောင်ပေါ်၌ အမှန်တကယ်ပေးခဲ့သည်။ သားကိုယဇ်ကောင်အဖြစ်သတ်၍ ပေးမည့်ဆဲဆဲ ကောင်းကင်တမန်ကတားခဲ့သည်။ ထိုကြောင့် ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင်ပေါ်ကခေါ်လေ၏။ အာဗြဟံက၊ အ​ကျွန်ုပ်ရှိပါ၏ဟုလျှောက်လျှင်၊ ထိုလုလင်ကိုမထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည်ဘုရားသခင်ကို ကြောက်ရွံ့သည်ဟုယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား၊ သင်၌တယောက်တည်းသောသားကို ငါတောင်း၍၊ သင်သည်ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။ (က ၂၂း၁၁-၁၂) 

အာဗြဟံသည် ထိုသို့ဘုရားသခင်ကို သူ့သားအားပေးသောကြောင့် ဘာအကျိုးရရှိသနည်း။ ကျမ်းစာက၊ သင်သည် ဤအမှုကိုပြု၍၊ သင်၏သား သင်၌တယောက်တည်းသောသားကို၊ ငါ့အားမငြင်းသောကြောင့်၊ ငါသည် သင့်အား အစဉ်အမြဲကောင်းကြီးပေးမည်။ သင်၏အမျိုးအနွယ်ကိုလည်း၊ ကောင်းကင်ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒ​ရာသဲလုံးကဲ့သို့၎င်း၊ အစဉ်အမြဲပွါးများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးများကို အစိုးရလိမ့်မည်။ သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏စကားကို သင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏။ (က ၂၂း၁၆-၁၈)။ 

အာဗြဟံသည် ဘုရားသခင်တောင်းသောအရာကို မငြင်းပယ်သောကြောင့် သူ့ကိုဘုရားသခင်က အစဉ်အမြဲကောင်းကြီးပေးဘို့ ဂတိပြုထားသည်။ ထို့အပြင် သူ၏အမျိုးအနွယ်လည်း ကောင်းကင်ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒ​ရာသဲလုံးကဲ့သို့၎င်း၊ အစဉ်အမြဲပွါးများမည့်ဂတိရသည်။ သူ၏အမျိုးအနွယ်သည် ရန်သူတို့၏ မြို့တံခါးများကို အစိုးရမည်။ ထိုမျှသာမက သူ၏အမျိုးအနွယ် ( ခရစ်တော်)အားဖြင့် လူမျိုးအပေါင်း (သင်နှင့်​ကျွန်ုပ်အပါအဝင်) ကောင်းကြီးခံစားရမည်။ ယနေ့ယုံကြည်သူများ ကောင်းကြီးခံစားခြင်းသည် အာဗြံဟံ၏ ဘုရား စကားနားထောင်ခြင်းအားဖြင့်ဖြစ်သည်။ 
 
 ဒါဝိဒ်

 ဒါဝိဒ်မင်းသည် ဘုရားအလိုတော်မပါဘဲ သန်းခေါင်စာရင်းကောက်သောကြောင့် ဘုရားထံတော်မှ အပြစ် ဒဏ်ခံကာ တိုင်းသူပြည်သား ခုနှစ်သောင်းသေကြသည်။ ထိုအခါ နောင်တရ၍ ဘုရားသခင်ထံ၌ ပူဇော်ခြင်းကို ပြုလုပ်ဘို့ရန် အာရောန၏ ကောက်နယ်တလင်းသို့ ရောက်သွားသည်။ ထိုအခါ အာရောနက သူ၏နွားများနှင့်လှည်းများအားဖြင့် ယဇ်ပူဇော်ဘို့ပြောသောအခါ၊ ရှင်ဘုရင်ကလည်း၊ ထိုသိုငါမယူရ။ စင်စစ်အဘိုးပေး၍ငါဝယ်မည်။ ကိုယ်ငွေမကုန်ဘဲ ငါ၏ဘုရားသခင်ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ငါမပူဇော်လိုဟု အရောနအားဆိုသဖြင့်၊ ငွေအကျပ်ငါးဆယ်ကိုပေး၍၊ ထိုကောက်နယ်တလင်းနှင့်နွားတို့ကိုဝယ်ပြီးမှ၊ ထိုအရပ်၌ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကိုပူဇော်လေ၏။ (၂ရာ ၂၄း၂၄-၂၅)။ အချို့သောယုံကြည်သူများသည် ဘုရားသခင်၏ကျေးဇူးတော်ကို မသိသောကြောင့် ဘုရားသခင် ထံ၌ အဘယ်အရာကိုမျှ မပေးကြချေ။ ဘုရားသခင်ကို အချောင်ကိုးကွယ်ချင်ကြသည်။ ယုံကြည်သူသည် ဒါဝိဒ်ကဲ့သို့ ကိုယ့်ငွေမကုန်ဘဲ ဘုရားသခင်ကို မကိုးကွယ်သင့်ချေ။ 
 
လက်ချည်းမလာရ

ဘုရားသခင်က ဣသရေလများထံ၊ တဆေးမဲ့ပွဲခံချိန်၊ သိတင်းများပွဲခံချိန်၊ တဲပွဲခံချိန် တည်းဟူသော တနှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခင် ထာဝရဘုရားရွေးကောက်တော်မူသောအရပ်၌ ရှေ့တော်မှာမျက်နှာပြရကြမည်။ ထိုအခါ ထာဝရဘုရားထံတော်သို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။ သင်၏ဘုရားသခင် ထာဝရဘုရားကောင်းကြီး ပေးတော်မူသဖြင့်၊ လူအသီးသီးတို့သည် တတ်နိုင်သည်အတိုင်း ဆက်ရကြမည်၊ ဟုမှာထားခဲ့သည် (တရား၁၆း၁၆-၁ရ)။ ယုံကြည်သူများလည်း ထာဝရဘုရားက ကောင်းကြီးပေးထားသည့်အတိုင်း လက်ချည်းမပေါ်လာဘဲ ခံစားရသော ကောင်းကြီးများထဲမှ ထာဝရဘုရားထံ ရက်ရောစွာ ပြန်လည်ပေးသင့်သည်။ 
 
ဆယ်ဘို့တဘို့ 

လူသည် ဘုရားသခင်၏ ဥစ္စာတော်ကို လုယူရမည်လော။ သို့သော်လည်း သင်တို့သည် ငါဥစ္စာကို လုယူကြပြီ။ အ​ကျွန်ုပ်တို့သည် အဘယ်သို့ လုယူပါသနည်းဟု သင်တို့မေးလျှင်၊ ဆယ်ဘို့တဘို့ကို၎င်း၊ ပူဇော်သက္ကာတို့ကို၎င်း လုယူကြပြီ။ သင်တို့သည် ကျိန်ခြင်းအမင်္ဂလာကိုခံရကြ၏။ အကြောင်းမူကား၊ ပြည်သူပြည်သား အပေါင်းတို့သည် ငါ့ဥစ္စာကိုလုယူကြပြီ။ ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ၊ ပြုကြလော့။ ငါသည် မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည်။ မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့၊ ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ (မာလခိ ၃း၈-၁၀) ဆယ်ဘို့တဘို့သည် ဘုရား၏ဥစ္စာဖြစ်သည်။ ထိုအရာကို မပေးခြင်းသည် ဘုရားသခင်၏ဥစ္စာတော်ကို လုယူခြင်း (ထားပြတိုက်ခြင်း) ဖြစ်သည်။ ဆယ်ဘို့တဘို့မပေးခြင်းသည် ဘုရား၏ကျိန်ခြင်းကိုခံရသည်။ ထို့ကြောင့် ဘုရားသခင်၏ကောင်းကြီးကို ရသင့်သလောက်မရနိုင်ချေ။ ကောင်းကြီးရသည့်အတိုင်း ဆယ်ဘို့တဘို့မကပေးလှူကြစို့။ ဆယ်ဘို့တဘို့ကို ပေးလှူရာတွင်လည်း ဘုရား၏အိမ်တော်တည်းဟူသော မိမိတက်သောဘုရားကျောင်း၌ ပေးသင့်သည်။ အကြောင်းမှာ ကိုယ်ဘုရားကျောင်း၌ ငွေရေးကျေးရေးလုံလောက်မှ အသင်းတော်သည် ကောင်းစွာလည်ပတ်နိုင်သည်။ အချို့သောသူများသည် အသင်းတော်မှ ဝိညာဉ်ပိုင်း၊ ခန္ဓာပိုင်း၊ ကြည့်ရှုခြင်းခံလိုသော်လည်း အသင်းတော်၌ ဘာမျှမလှူ ဧည့်သည်ကဲ့သို့နေတတ်ကြသည်။ ထိုသူများသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံရ၍ ကောင်းကြီးပိတ်သောသူများဖြစ်သည်။ အချို့သောသူများသည် မိမိတက်သောအသင်းတော်၌ ဧည့်သည်ကဲ့သို့နေ၍ မြန်မာပြည်ရှိ အသင်းတော်၌ ဆယ်ဘို့တဘို့ပေးတတ်ကြသည်။ ထိုအရာလည်းမဖြစ်သင့်ချေ။ အကြောင်းမှာ မြန်မာပြည် ရှိ အသင်းတော်က ကိုယ့်ကို ဝိညာဉ်ရေးရာ၊ ကိုယ်ခန္ဓာရေးရာ၌ မကူညီနိုင်ချေ။ အရေးအကြောင်းရှိလျှင် ကိုယ်တက်နေသောအသင်းတော်က ကြည့်ရှုမည်ဖြစ်သည်။ ထို့ကြောင့် သူတပါး၏ဆက်ကပ်မှုဖြင့် အမြတ်ယူခြင်းမျိုး မဖြစ်ဘို့ရန် ကိုယ်တက်နေသောအသင်းတော်၌ မိမိ၏ဘဏ္ဍာ၊ စွမ်းအား၊ အချိန်ကိုပေးသင့်သည်။ 
 
အိတ်ပေါက်

ပရောဖက်ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာသည်ကား၊ အချင်းလူတို့၊ သင်တို့သည် အမိုးနှစ်ထပ်နှင့်ပြည့်စုံသောအိမ်၌ နေချိန်ရှိလျက်ပင်၊ အိမ်တော်ပျက်လျက်နေရမည်လော။ ယခုမှာကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သောအကျင့်တို့ကို ဆင်ခြင်ကြလော့။ သင်တို့သည်များစွာသောမျိုးစေ့ကို ကြဲသော်လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာမစားရကြ။ သောက်ရသော်လည်း ဝစွာမသောက်ရကြ။ အဝတ်ကိုဝတ်ရသော်လည်း နွေးစွာမဝတ်ရကြ။ အလုပ်လုပ်၍ အခကိုခံရသော်လည်း မလုံသောအိတ်ထဲမှာသိုထားရ၏။ (ဟဂ္ဂဲ ၁း၃-၆) 

ဘုရားသခင်က ဣသရေလလူများကို ဗိမာန်တော်ဆောက်ဘို့ ပြန်ခိုင်းသော်လည်း အတိုက်အခံရှိခြင်းကို အကြောင်းပြ၍ ဗိမာန်တော်ကိုမဆောက်ဘဲ မိမိတို့ကိုယ်ပိုင်အိမ်များကိုသာ ဆောက်နေကြသောကြောင့် အထက်ပါကဲ့သို့ ပရောဖက်ဟဂ္ဂဲအားဖြင့် အပြစ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်က သူတို့လုပ်သောအရာများကို ဆင်ခြင်ခိုင်းသည်။ သူတို့သည် များစွာသောမျိုးစေ့ကို ကြဲသော်လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာမစားရကြ။ သောက်ရသော်လည်း ဝစွာမသောက်ရကြ။ အဝတ်ကိုဝတ်ရသော်လည်း နွေးစွာမဝတ်ရကြ။ အလုပ်လုပ်၍ အခကိုခံရသော်လည်း မလုံသောအိတ်ထဲမှာသိုထားရ၏၊ ဟုသူတို့၏အပြစ်ကို နားဖေါ်ပြခဲ့သည်။

ယနေ့ယုံကြည်သူများ မလုံလောက်နိုင်ခြင်း၊ မပြည့်စုံနိုင်ခြင်း၊ ဖျားနာခြင်းများသည် ဘုရားအတွက် လုပ်သင့်သောအရာကိုမလုပ်ဘဲ ကိုယ်လိုချင်သောအရာကိုသာလျှင် လုပ်ခြင်းကြောင့်ဖြစ်နိုင်သည်။ ထို့ကြောင့် ကိုယ်လုပ်သောအရာကို ပြန်လည်ဆင်ခြင်ဘို့လိုသည်။ မိမိတက်သောအသင်းတော်၌ ပါဝင်နိုင်သမျှ ပါဝင်ဘို့ လိုသည်။ ဘုရားသခင်က အိတ်ပေါက်ကို ဖါပေးမှသာလျှင်လုံလောက်နိုင်မည်ဖြစ်သည်။ 
 
ဘုရားကမှုတ်လိုက်

ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အကျင့်ကိုဆင်ခြင်ကြလော့။ တောင်ပေါ်သို့တက်သွား၍ သစ်သားကိုဆောင်ခဲ့ပြီးလျှင် အိမ်တော်ကိုဆောက်ကြလော့။ ငါသည်လည်းအားရ၍ ငါ၏ဘုန်းသည် ထင်ရှားလိမ့်မည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ သင်တို့သည် များစွာရမည်ဟု မြော်လင့်သော်လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ရောက်သောအခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ ငါ့အိမ်သည် ပျက်လျက်ရှိသောကြောင့်၎င်း၊ သင်တို့သည် အသီးအသီး မိမိတို့အိမ်သို့ပြေးသောကြောင့်၎င်း၊ ဖြစ်သတည်း။ ထိုကြောင့် သင်တို့အပေါ်မှာ မိုးခေါင်သဖြင့်နှင်းမကျရ။ မြေသည်လည်း အသီးအနှံကိုမပေးရ။ မြေပေါ်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဆန်စပါး၊ ချိုသောစပျစ်ရည်၊ ဆီအပေါ်၌၎င်း၊ မြေထဲကထွက်သမျှအပေါ်၌၎င်း၊ လူသတ္တဝါတိရစ္ဆာန်အပေါင်းတို့၌၎င်း၊ လုပ်ဆောင်သမျှအပေါ်၌၎င်း၊ သွေ့​ခြောက်ခြင်းအမှုကို ငါမှာလိုက်လေပြီ၊ ဟုမိန့်တော်မူ၏။ (ဟဂ္ဂဲ ၁းရ-၁၁) 

အထက်ပါကျမ်းပိုဒ်ကြည့်သောအခါ များစွာရခြင်းသည်အရေးမကြီး၊ ဘုရားသခင်က မမှုတ်လိုက်ဘို့ အရေးကြီးသည်။ ပင်ပင်ပန်းပန်းအိပ်ရေးမဝဘဲ အချိန်ပိုလုပ်သော်လည်း ထာဝရဘုရားကအိမ်ရောက်သောအခါ မှုတ်လိုက်လျှင် အကျိုးမရှိ။ မည်ကဲ့သို့မှုတ်တတ်သနည်း။ ကျန်းမာရေးချို့တဲ့စေခြင်း၊ မမျှော်လင့်သောလျော်စရာရှိစေခြင်း၊ ပစ္စည်းများအချိန်မတန်ပျက်ခြင်း၊ မိဘဆွေမျိုးများအရေးပေါ်ပို့ဘို့လိုခြင်း စသည်ဖြင့် အမျိုးမျိုးသောအားဖြင့်မှုတ်နိုင်သည်။ ထို့ကြောင့်ကိုယ့်အကျင့်ကို ဆင်ခြင်စေချင်သည်။ 
 
မျိုးစေ့ကိုကြဲခြင်း 

အနည်းငယ်သောမျိုးစေ့ကို ကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာ ကြဲသောသူသည် များစွာ ရိတ်ရမည်ဟု မှတ်ကြလော့။ လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသော စိတ်နှင့် မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။ ကျမ်းစာ လာသည်ကား၊ သူသည် စွန့်ကြဲပြီ။ ဆင်းရဲသော သူတို့ အားပေးကမ်းပြီ။ သူ၏ ​ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့် အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာ အမျိုးမျိုး အစဉ်ရှိ၍၊ ကောင်းသော အကျင့် အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည်အကြောင်း၊ အမျိုးစုံသော မင်္လာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင် တတ်နိုင်တော်မူ၏။ မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုင်း၊ အစာအာဟာရကိုင်း၊ ပေးတော်မူသောသူသည်၊ သင်တို့အား မျိုးစေ့ကို ပေး၍ ပွားများ စေတော်မူမည်။ သင်တို့၏ ​ဖြောင့်မတ်ခြင်း ကိုလည်း ကွယ်ဝစေတော်မူမည်။ ထိုသို့ သင်တို့သည် စေတနာစိတ်နှင့် အမျိုးမျိုးသော စွန့်ကြဲပေးကမ်းခြင်း အလိုငှါ အရာရာ၌ ကွယ်ဝခြင်းရှိသည် ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာ အကြောင်းရှိလမ့်မည်။ 
 (၂ ကော ၉:၆-၁၁) 

ရှင်ပေါလုကလည်း ကောရိန်သု အသင်းတော် ထံအနည်းငယ်သော မျိုးစေ့ ကဲသောသူသည် အနည်းငယ်သာလျှင် ရိတ်သိမ်းရမည်။ များစွာ ကြဲသောသူသည် များစွာ ရိတ်ရမည်ဟု ရေးခဲ့သည်။ မျိုးစေ့သည် ရှိမှကြဲရသည် မဟုတ်၊ မရှိလျှင်လည်း ချေး၍ ဖြစ်စေ၊ ဝယ်၍ ဖြစ်စေကြဲရသည်။ မျိုးစေ့မကြဲလျှင် မည်မျှပင်မိုးရွာနေပူသော်လည်း ဘုရားသခင်က ကောင်းကြီး မပေးနိုင်ချေ။ မျိုးစေ့ကြဲသောအခါ အညံ့ဆုံးကို မကြဲရ၊ အကောင်းဆုံးကို ကြဲရသည်။ ထိုအပြင်အလှူလှူသောအခါ နှမြောသော စိတ်ဖြင့် မလှူရ ဟုဆိုပြန်သည်။ ဆင်းရဲသောသူများကိုလည်း ကူညီမစဘို့ လိုသည်။ နှမြောသောသူကို ဘုရားသခင် မနှစ်သက်၊ ရက်ရောသောသူကိုသာလျှင် ဘုရားသခင်နှစ်သက်သည်။ ယခုမှစ၍ ကိုယ်တတ်နိုင်သမျှ ဘုရား၏ အမှုတော် အတွက် ဖြစ်စေ၊ အသင်းတော် အတွက် ဖြစ်စေ၊ ဆင်းရဲသောသူ ဖြစ်စေပေးလှူကြပါစို့။ 
 
ဆုပေးဦးမည်

ယေရှုခရစ်တည်း ဟူသော၊ ချလျက် ရှိသော တိုက်မြစ်မှတပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိုင်။ ထိုတိုက်မြစ် အပေါ်၌ ရွှေ၊ ငွေ၊ ကျောက် ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက် ုိးများကို ထပ်ဆင့်၍ တည်ဆောက်သောသူရှိသမျှ၊ အသီးအသီး လုပ်သော အ လုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့ နည်းဟူမူကား၊ ဘော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်း လုပ်သော အ လုပ်သည် အဘယ်သို့သော အလုပ် ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်း လိမ့်မည်။ ထိုတိုက်မြစ် အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အ လုပ်သည် မြဲ၏၊ ထိုသူသည် အကျိုးကို ခံရလိမ့်မည်။ အကြင်သူ၏ အ လုပ်သည် ​ကျွမ်းလောင်၏၊ ထိုသူသည် အှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့် လွတ် သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ (၁ ကော ၃:၁၁-၁၅)။ 

ပေါလုက ယုံကြည်သူတိုင်း ယေရှုခရစ် တည်းဟူသော တိုက်မြစ်ပေါ်၌ အိမ် ဆောက်ကြသည် ဟုဆိုသည်။ သို့သော် အသုံးပြုသော ပစ္စည်းသည် မတူညီကြချေ။ မီးမလောင်နိင်သော ရွှေ၊ ငွေ၊ ကျောက်ကောင်းဖြင့် အိမ်ဆောက်သောသူရှိ သကဲ့သို့ မီးလောင်နိုင်သော သစ်သား၊ မြက်ပင်၊ ကောက်ရိုးတို့နှင့် ဆောက်သောသူများလည်းရှိသည်။ ထိုအရာများကို ချီဆောင်ခြင်း ပြီးမှ ကောင်းကင်၌ မီးဖြင့် စစ်ဆေးရမည် ဟုဆိုသည်။ မီးသည် မျက်နှာမလိုက်၊ လောင်နိုင်သမျှကိုလောင်သွားတတ် သကဲ့သို့ ဘုရားသခင်လည်း လူ့မျက်နှာမလိုက်ဘဲ အလုပ်ကို စစ်ဆေး၍ ဆုပေးမည် ဖြစ်သည်။ ထို့ကြောင့် ယုံကြည်ပြီး နောက်ကောင်းကင်သို့ အိမ်ဆောက်ပစ္စည်းများများပို့ဘို့ လိုသည်။ မည်သည့်အရာများကို မည်ကဲ့သို့ ပို့မည်နည်း။ မြေ ကြိီးပေါ်မှကောင်းကင် တက်နိုင်သောအရာသည် ဝိညာဉ်များသာလျှင် ဖြစ်သည်။ ထို့ကြောင့် ပျောက်ဆုံးဝိညာဉ် များဖမ်းခြင်း၊ ဝိညာဉ်များပြုစုပျိုးထောင်ခြင်း လုပ်ငန်းများ၌ မိမိ၏ ဘ ာ၊ စွမ်းအား၊ အချိန်များကို ပေးရမည်။ 

မည်ကဲ့သို့သော အရာများသည် မလောင်နိင်သော ရွှေ၊ ငွေ၊ ကျောက် ကောင်း ဖြစ်မည်နည်း။ ဝိညာဉ် သဘော၊ ဝိညာဉ်တော် ဦးဆောင်ခြင်းအားဖြင့် လုပ် ဆောင်သမျှသော အရာများသည် ရွှေ၊ ငွေ၊ ကျောက်ကောင်းများ ကဲ့သို့ဖြစ်မည်။ သို့မဟုတ် ဇာတိအားဖြင့် ဝါကြွားလိုသော စိတ်၊ သူတပါးကို ပြိုင်ခြင်းအားဖြင့် လုပ် ဆောင်သမျှတို့ သည်လောင်​ကျွမ်းနိုင်သော သစ်သား၊ မြက်ပင်၊ ကောက်ရိုးများ ဖြစ်မည်။ 
 
သူတပါး မသိစေနှင့် 

လူများကို မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့် မည်အကြောင်း သတိပြုကြလော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘထံမှ အကျိုးကို မခံမရကြ။ ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သော သူတို့သည် လူများ အချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်း ခရီး၌ မိမိတို့ ရှေ့မှာ တံပိုးခရာမှုတ်စေသည် နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထို သူတို့သည် မိမိတို့ အကျိုးကို ရကြပြီ။ သင်သည် အလှူဒါနကို ပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှ မသိ စေနှင့်။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏ အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူ လတံ့။ (မ ၆:၁-၄) 

ခရစ်တော် ကကုသိုလ်ပြုသောအခါ သာသနပလူများ ကဲ့သို့ သူတပါး မသိ မှာစိုး၍ တံပိုးခရာမှုတ်ပြီးမှမပြုဘို့ရန် ပြောထားသည်။ သာသနပလူများသည် လူ၏ အချီးအမွမ်းလိုချင် သောကြောင့် လူရှေ့မှာ သူတို့၏ ပေးလှူခြင်းများကို ကျေညာတတ်ကြသည်။ ယုံကြည်သူများသည် ဘုရားသခင်ထံမှ အကျိုးကို ရချင်လျှင် လူကို မသိစေဘဲ အားလုံး မြင်တော်မူသော ဘုရားရှေ့မှာ သာပေးလှူဘို့ ဖြစ်သည်။ 
 
ကောင်းကင်၌ ဘဏ္ဍာစုဘို့ 

 သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာမြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းဖူးကြလော့။ အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက်တတ်၏။ (မ ၆:၁၉-၂၁) 

ခရစ်တော် ကဘဏ္ဍာများကို မြေကြီး ပေါ်၌ မစုဆောင်းထားကြဘို့ အကြံပေး ထားသည်။ အကြောင်းမှာ မြေကြီးပေါ၌ စုဆောင်းပါက သံချေး၊ ပိုးရွဖျက်ဆီး၍ သူ ခိုးထွင်းဖောက်ခိုးယူနိင်သည်။ ထို့ကြောင့် ဘုရားကောင်းကြီး ပေးသော ဘဏ္ဍာများကို ကောင်းကင်ဘုံ၌ စုထားကြပါစို့။ မည်ကဲ့သို့ စုရမည်နည်း။ အထက်က ဖေါ်ပြ သကဲ့သို့ ဝိညာဉ်များကောင်းကင် တက်ဘို့ အတွက်၊ ဝိညာဉ်များဖမ်းသောသူများ ကူညီမစခြင်းအားဖြင့် စုဆောင်းနိုင်သည်။ ကောင်းကင်သို့ ဘဏ္ဍာများ ကို အသက်ရှင်စဉ်ကာလ၌သာလျှင် ပို့နိုင်သည်။ ကိုယ်ခန္ဓာသေသွားသောအခါ အခေါင်းထဲ၌ ထည့်ခြင်းဖြင့် ပါမသွား နိုင်ပါ။ ထို့ကြောင့် ကိုယ်ခန္ဓာအသက်ရှင်စဉ် အမြန် ပို့ကြပါစို့။ 


 

ကောင်းကင်ချမ်းသာဘို့

ငါတို့ သခင်ယေရှု ခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက် ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ၏။ (၂ ကော ၈:၉)။ ဤကျမ်းပိုဒ်ကို အသုံးပြု၍ ဇာတိလူများသည် ဤလောက၌ ချမ်းသာဘို့ သာလျှင် စိတ်ဝင်စား ကြသည်။ ဤကျမ်းပိုဒ်သည်လောက၌ ချမ်းသာဘို့ ပြောသလော ကောင်းကင်၌ ချမ်းသာဘို့ ပြောသလော ဟူသောအရာကို စစ်ဆေးဘို့ လိုသည်။ ရှင်ပေါလုသည် ကောင်းကင်၌ ချမ်းသာဘို့ ဆိုလိုခြင်း ဖြစ်မည်။ အကြောင်းမှာ၊ 


၁။ သခင်ယေရှုသည် ကောင်းကင်၌ ချမ်းသာသည် 

 ငါတို့ သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သခင်ယေရှုခရစ်သည် မည်သည့်နေရာ၌ စည်းစိမ်ရှိ၍ မည်သည့်နေရာ၌ ဆင်းရဲတော်မူ သနည်း။ သူသည် ကောင်းကင်၌ စည်းစိမ်ချမ်းသာ၍ မြေကြီး ပေါ်၌ ဆင်းရဲသည်။ အဘယ်ကြောင့် ယေရှုခရစ်သည် သူ၏ ဘုန်းစည်းစိမ်ကို မယူဆောင်လာ သနည်း။ သူကိုယ်တိုင်က မြေကြီး ပေါ်တွင် သံချေးပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖေါက် ခိုးယူနိုင်သည် ဟုဆိုသည်။ သူကိုယ်တိုင် မြေကြီး ပေါ်၌ ဆင်းရဲ ခံ၍ စည်းစိမ်မခံလျှင် ယုံ ကြည် သူများလည်း မြေကြီး ပေါ်၌ စည်းစိမ်မရှိသင့်ချေ။ 
 
၂။ ကောင်းကင်၌ ဘဏ္ဍာဆည်းဖူးခိုင်းသည် 

သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာမြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းဖူးကြလော့။ (မ ၆:၁၉-၂၁) ခရစ်တော် ကိုယ်တိုင်က ယုံကြည်သူများကို မြေကြီး ပေါ်၌ ဘဏ္ဍာကို မဆည်းဖူးခိုင်းလျှင် မြေကြီး ပေါ်၌ ချမ်းသာဘို့ မဟုတ်ကြောင်း ထင်ရှားနေသည်။ 
 
၃။ ရှင်ပေါလုကိုယ်တိုင် ဆင်းရဲသည် 

ငါတို့သည် အရှက်အကြောက်ခံရသောသူ ဖြစ်၍၊ ယခုတိုင်အောင် အစားအသောက် ငတ်မွတ်ခြင်း၊ အဝတ်နွမ်းပါးခြင်း၊ ိုက်ပုတ်ညင်းဆဲခြင်းကို ခံရကြ၏။ နေရာမကျသောသူ၊ ကိုယ်လက်နှင့် ပင်ပန်းစွာ လုပ်ဆောင်ရသောသူ ဖြစ်ကြ၏။ ကဲ့ ရဲ့ခြင်းကို ခံရသောအခါ မေတ္တာပို့ကြ၏။ ညဉ်းဆဲနှိပ်စက်ခြင်းကို ခံရသောအခါ သည်း ခံကြ၏။ အသရေရှုတ်ခြင်းကို ခံရသောအခါ တောင်းပန်ကြ၏။ ဤလောက၏ အညစ်အ​ကြေးကဲ့သို့င်း၊ အရပ်ရပ်ထဲကလှည်းပစ်သော တန်မြက် ချေး၊ အမှိုက်ကဲ့သို့င်း၊ ယခုတိုင်အောင် ဖြစ်ကြ၏။ (၁ ကော ၄:၁၁-၁၃) ရှင်ပေါလုကိုယ်တိုင် ဆင်း ဆင်းရဲ ရဲ၊ သူ့လက်ဖြင့် အလုပ်လုပ်လျက် အမှုတော်ဆောင်ခဲ့သည်။ သို့သော် ယနေ့ များစွာသော အမှုတော်ဆောင်များသည်လောက စည်းစိမ်တပ်မက်၍ အမှုတော်ဆောင်လို ကြသည်။ သင်ကိုယ်တိုင် ထိုသို့ဖြစ်လျှင် နောင်တရ၍ လောက ချမ်းသာခြင်းကို မရှာဘို့ အကြံပေးလိုပါသည်။ ဘုရားကောင်းကြီး ပေးလာလျှင် သူ့နိင်ငံတော် အတွက် ပြန်လည်အသုံးချဘို့ ဖြစ်ကြောင်း၊ ကိုယ်ကာယတပ်မက်ခြင်း အတွက် အသုံး မပြုသင့်ကြောင်း ပြောလိုပါသည်။ လောကအရာကို တပ်မက်လျှင် အသက်တာ၌ ခန်း​ခြောက်သွားနိင်သည်။ 

၄။ ပေတရုနှင့် ယောဟန်ဆင်းရဲသည် 

ပေတရုကလည်း၊ ငါ၌ ရွှေငွေမရှိ၊ ရှိသည် အရာကို သင့် အားပေးမည်။ နာဇရက်မြို့သား ယေရှု ခရစ်၏ နာမတော်အားဖြင့် ထ၍ လှမ်းသွားလော့ ဟုဆိုလျက်၊ သူ၏ လက်ျာလက်ကိုကိုင်ဆွဲချီ ကွလေသော ခဏချင်းတွင်၊ ​ခြေနှစ်ဘက်ဖ မျက်စိတို့သည် စွမ်းအားကို ရသဖြင့်၊ ုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်း သွားလေ၏။ (တမန် ၃:၆-၈)။ ပေတရုနှင့် ယောဟန်တို့သည် ဆင်းရဲ ကြသည်။ ထို့ကြောင့် ရွှေငွေမပေးနိုင်ခဲ့ကြ။ သို့သော် ရွှေငွေထက် ကောင်းသော ခရစ်တော် သူတို့၌ ရှိသည်။ ထိုခရစ်တော်အားဖြင့် တန်ခိုးပြနိုင်သည်။ ယုံကြည်သူ တိုင်း၌ ခရစ်တော် ရှိသော်လည်း ခရစ်တော်ထက် ရွှေငွေကို အားကိုး တပ်မက်သောကြောင့် တန် ခိုးမဲ့ နေကြခြင်း ဖြစ်သည်။ 

၅။ စမုရန အသင်းတော်သည် ဆင်းရဲသည် 

သင့်အကျင့်ကျင့်ခြင်း၊ ဒုက္ခ ခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ သို့သော်လည်း၊ သင်သည် ကွယ်ဝ ပြည့်စုံခြင်းရှိ၏။ (ဗျာ ၂:၉)။ ခရစ်တော် ကစမုရန အသင်းတော်သည် ဆင်းရဲသော်လည်း ချမ်းသာသည် ဟုဆိုသည်။ ထိုအသင်းတော်သည်လော က၌ ဆင်းရဲ၍ ကောင်းကင်၌၊ ခရစ်တော် အမြင်၌ ချမ်းသာသည်။ သင်သည်လောက၌ ချမ်းသာ သလောက ကောင်းကင်၌ ချမ်းသာ သလော။ 

၆။ လောဒိကိ အသင်းတော် ချမ်းသာသည် 

 သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘ ာများကို ဆည်းဖူးပြီ။ တစုံတခုကိုမျှ မလိုဟု ပြောဆို၍၊ ကိုယ်တိုင် ပင်ပန်းခြင်း၊ သနားဘွယ် ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။ သင်သည် ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့် ချွတ်ပြီးသော ရွှေကိုင်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အဝတ်ကိုင်းငါ့ထံမှာဝယ်လော့။ (ဗျာ ၃:၁ရ- ၁၈)။ လောက၌ ဥစ္စာကြွယ်ဝသော လောဒိကိ အသင်းတော်ကို ခရစ်တော်က ပင်ပန်းခြင်း၊ သနားဘွယ် ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကမ်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိဟု စာရေးခဲ့သည်။ ထိုအသင်းတော်သည် လူ့အမြင်၌ ချမ်းသာသော်လည်း ဘုရား အမြင်၌ ဆင်းရဲသည်။ လူသည် ဇာတိ ဖြစ်သောကြောင့် လောက၌ ချမ်းသာခြင်းကိုသာလျှင် လိုချင် တတ်ကြသည်။ 

ရ။ ရန်သူနယ်မြေ၌ စစ်တိုက်ရမည်

သင်သည်၊ ယေရှု ခရစ်ထံ၌ ကောင်းသော စစ်သူရဲကဲ့သို့၊ ဆင်းရဲ ဒုက္ခ ကိုသည်း ခံလော့။ စစ်သူရဲ မည်သည်ကား၊ မိမိကို စစ်သူရဲအရာ၌ ခန့်ထားသောသူကို နှစ်သက်စေခြင်းငှါ၊ လောကီမှု ရေးနှင့် ပွမ်းနှော ှုပ်ထွေးခြင်းကို ပယ်ရှားတတ်၏။ (၂ တိ ၂:၃-၄) ပေါလုကတိမောသေသည် ယေရှု၏ စစ်သား ဖြစ်သောကြောင့် ဆင်းရဲ ဒုက္ခ ကိုသည်း ခံဘို့ ရေးထားသည်။ စစ်သားသည် ရန်သူရှိသောကြောင့် ဖြစ်သည်။ ဤလောကသည် စာတန် ပိုင်သောကြောင့် ရန်သူနယ်မြေ ဖြစ်သည်။ ယုံကြည်သူများသည် ရန်သူနယ်မြေ၌ ရန်သူပေးသော ဥစ္စာကို တပ်မက်၍ ချမ်းသာချင် ကြသည်။ စစ်သားသည် ရန်သူပေးသောအရာကို ယူပါက စစ်ရှုံးပြီးသား ဖြစ်သည်။ ယုံကြည်သူများလည်းရန်သူနယ်မြေ၌ ရန်သူ၏ ဥစ္စာကို မတပ်မက်ကြစို့နှင့်။ စစ်သား ဖြစ်သည့် ဝိညာဉ် စစ်တိုက်ကြပါစို့။ 
 
၇။ လောက၌ ချမ်းသာချင်သူ

ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် အကျိုးစီးပွား ဖြစ်သည်ဟု သူတို့သည် စိတ်ထင်ကြ၏။ ထိုသို့သော သူတို့ကို ရှောင်လော့။ ရောင့်ရဲသော စိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။ အကြောင်းမူကား၊ ငါတို့သည် ဤလောက ထဲသို့ အဘယ်အရာမျှ မပါဘဲ လာသည် ဖြစ်၍ ထွက်သွားလျှင် လည်း၊ အဘယ်အရာကိုမျှ ယူ၍ မသွားနိုင်ဟု ထင်ရှားလျှက်ရှိ၏။ သို့ဖြစ်၍ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျှက် နေကြကုန်အံ့။ ငွေရတတ်ခြင်းငှါ အလိုရှိသော သူတို့သည် အပြစ် သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်ဆီးခြင်း၌ နစ်မွမ်းတတ်ကြ၏။ အကြောင်းမူကား၊ ငွေကို တပ် မက်ခြင်းသည် မကောင်းသောအမှု အပေါင်းတို့တွင် မူလအမြစ် ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်း တရားလမ်းမှလွှဲ သွား၍၊ ပူပန်ခြင်း ဝေဒနာ များနှင့် ကိုယ်ကိုကိုယ် ထုတ်ခြင်း ခပ်အောင် ထိုးကြ ပြီ။ (၁ တိ ၆ ; ၅-၁၀) 

ဘုရား အမှုတော်ဆောင်ခြင်းသည် လောက စည်းစိမ်ခံစားဘို့ အတွက် မဟုတ်။ သို့သော် ချမ်းသာ ကြွယ်ဝရမည်ဟု ဟောပြောသော ဆရာ များစွာ ရှိသည်။ ထိုသူများကို နားထောင်၍ အား ကျမည့် အစားရှောင်ဘို့ရန် ပေါလုကတိမောသေကို သတိပေးခဲ့သည်။ ငွေသည် လိုအပ်သည်။ သို့သော် တပ်မက်ခြင်းသည် မကောင်းပါ။ ဝိညာဉ်ပိုင်းခန်း​ခြောက်စေသောအရာသည် ငွေတပ်မက်ခြင်း ဖြစ်သည်။ 

ကျမ်းစာဖတ်ကြစို့

 ဗျာဒိတ်ကျမ်း ၁၆


၁။ ဗိမာန်တော် ထဲက ကြီးသော အသံကား၊ သွားကြလော့။ ဘုရားသခင်၏ အမျက်တော် ဖလား ခုနစ်လုံးကို မြေကြီး ပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင် တ မန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။ 

ဤဖလားခုနှစ်လုံးတရားစီရင်ခြင်းသည် နောက်ဆုံးသော တရားစီရင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှစ်ပေါင်းများ စွာသည်း ခံခဲ့သော အမျက်တော်ကို အကုန် အစင်သွန်းလောင်းခြင်း ဖြစ်သည်။ 

၂။ ပဌမ သူသည် သွား၍ မိမိဖလားကို မြေကြီး ပေါ်သို့ သွန်းလောင်းလျှင်၊ သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍ သူ၏ ုပ်တုကိုကိုးကွယ်သော လူတို့၌ အလွန်် ဆိုးသော အနာစိမ်းပေါက်လေ၏။ 

ဗျာ ၁၃၌ သားရဲ တည်းဟူသော အန္တီခရစ်က သူ၏ နံပါတ် ၆၆၆ကို လူတိုင်း နဖူး၌ ဖြစ်စေ၊ လက်ျာလက်၌ ဖြစ်စေခံ စေခဲ့သည်။ ထိုလက်မှတ်မခံသောသူများသည် ရောင်းဝယ်၍ မရသောကြောင့် အစာငတ်သေရမည် ဖြစ်သည်။ ထိုတံဆိပ်ခံသောသူများမူကား အလွန် အဆင်ပြေခဲ့မည်။ သို့သော် ကောင်းကင်တမန်က ဗျာ ၁၄:၉-၁၁၌ ဤသို့ သတိပေးခဲ့သည်၊ အကြင်သူသည်သားရဲနှင့် သူ၏ ုပ်တုကိုကိုးကွယ်၍၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည် ဖြစ်စေ၊ လက်၌ ခံသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို သောက် ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ ရှေ့၊ သိုးသငယ် ရှေ့တွင် ကန့်နှင့် ရောသော မီးထဲမှာ ပြင်းစွာသော ညဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုည ဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက် ရှိ၏။သားရဲနှင့် သူ၏ ုပ်တုကိုကိုးကွယ်၍၊ သူ၏ နာမတံဆိပ်လက်မှတ်ကို ခံသော သူတို့သည် နေ့ညဉ့်မပြတ် သက်သာမရ ကြဟု လိုက်၍ ကြီးသော အသံနှင့် ပြောဆို၏။ ဘုရားသခင်က အဘယ်ကြောင့်သားရဲ၏ တံဆိပ်ခံသောသူကို ထိုမျှလောက်အမျက်ဒေါသထွက်၍ ပြင်းစွာသော ညဉ်းဆဲခြင်းဖြင့် ဒဏ်ခပ်သနည်းဟူမူကား တံဆိပ်ခံခြင်းသည် ယပိုင်ဆိုင်မှုကို ပြသည်။ လူများသည် ဘုရား၏ လူမ ဖြစ်ချင်ဘဲ စာတန်၏ လူဖြစ်ချင် ကြသောကြောင့် ထိုကဲ့သို့ ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ လူသည် ရေရှည်ကို မကြည့်မမြင်နိုင်ကြ၊ လောလော ဆယ်အဆင်ပြေမည့် အရာကိုသာ ကြည့်ရှုတတ်ကြသည်။ 

သားရဲ၏ တံဆိပ်ခံသောသူများသည် ကမ္ဘာအဆက်ဆက် (ထာဝရ) ကန့်နှင့် ရောသော မီးထဲမှာပြင်းစွာ ခံရသည်သာမက မြေကြီး ပေါ်၌ အသက်ရှင်စဉ်တွင်လည်း တကိုယ်လုံးအနာစိမ်းပေါက်မည် ဖြစ်သောကြောင့် အသက်ရှင်ရကျိုးနပ်ကြမည် မဟုတ်။ ထိုသို့သော အနာစိမ်းကို ဘုရားသခင်က မောရှေအားဖြင့် အဲဂုတ္တု လူတို့အား ခံစား စေခဲ့ဘူးသည် (ထွက် ၉:၈-၁၀)။ ထို့ကြောင့် ယခု မည်မျှပင်ကယ်တင်ခြင်း အကြောင်းကို ပြော၍ ချီဆောင်ခြင်း အကြောင်း နီးကြောင်း၊ ဘေးဒဏ်ကြီးကာလ ဘယ်လောက်နီးကြောင်း ကြားနေရသောလည်း မယုံကြည်၊ ဂရုမစို်က်သောသူများ၊ ချီဆောင်ခြင်း၌ မပါ ဘေးဒဏ်ကြီး ကာလ၌ ရောက်သွားသောအခါ ၆၆၆ တံဆိပ်ကို မခတ်ကြဘို့ရန် သတိပေးလိုပါသည်။ ခဏအဆင်ပြေမည့် အရာကို မကြည့်ကြဘို့၊ ထာဝရ ကာလ တိုင်တည်မြဲမည့်အရာကို ကြည့်ကြဘို့ အထူး သတိပေးလိုပါသည်။ ထို့ထက် ကောင်းသောအရာမှာ ယခု ကယ်တင်ခြင်းကို လက်ခံလိုက်ဘို့ ဖြစ်သည်။ 
 
၃။ ဒုတိယ ကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏ အသွေးကဲ့သို့သော အသွေး ဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါ အပေါင်းတို့သည် သေကြ၏။ 

ရေကို အသွေး ဖြစ်စေခြင်းသည် ဗျာ ၈:၈-၉၌လည်း ဤသို့ တွေ့ခဲ့ရပြီ၊ ဒုတိယ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးလောင်သော တောင်ကြီးကို ပင်လယ်ထဲသို့ ချလိုက် သကဲ့သို့ဖြစ်၍၊ ပင်လယ်သုံးစုတစုသည် အသွေး ဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါသုံးစုတစုလည်း သေ၏။ သင်္ဘောသုံးစုတစုလည်း ပျက်၏။ အဲဂုတ္တု ပြည်၌လည်း နိုင်းမြစ်နှင့် ရေရှိသမျှကို သွေး ဖြစ်စေခဲ့ဘူးပြီ (ထွက် ရး၁ရ- ၂၁)။ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီး ဖန်ဆင်းရှင် ဖြစ်သောကြောင့် သူ့အတွက် ပင်လယ်ရေသွေး ဖြစ်စေခြင်းသည် ဘာမျှမခက်ချေ။ ယခုအခါ မြစ်ရေများ နိင်ငံအများ အပြား၌ သွေးကဲ့သို့ နိီသော အရာများ တွေ့မြင်ကြားနေရပြီ ဖြစ်သည်။ ထိုအရာကို လူသားများက အကြောင်း အမျိုးမျိုးဖြင့် မထူူးဆန်း သကဲ့သို့ ပေါ့ပျက်စွာ ထင်မှတ် ပြောဆို တတ်ကြသည်။ ပင်လယ်နှင့် ရေများကို သွေးကဲ့သို့ နီရဲ စေခြင်းသည် သောက်သုံး၍ မရအောင် ဒဏ်ခတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလသည် လုံးဝ လွယ်ကူမည် မဟုတ်။ 
 
၄။ တတိယ ကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့င်း၊ စမ်းရေတွင်း ပေါ်သို့င်း သွန်းလောင်းလျှင်၊ ထိုအရာတို့သည် အသွေး ဖြစ်ကြ၏။ 

မြစ်နှင့် စမ်းရေတွင်း သွေး ဖြစ်ခြင်းသည် ဘေးဒဏ်ကြီး ကာလ၌ ဒုတိယအ ကြိမ် ဖြစ်သည်။ ဗျာ ၈:၈-၁၁၌ ဤသို့ တွေ့ခဲ့ရပြီ၊ တတိယ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီးသည် ကောင်းကင် ကကျ၍၊ မြစ်သုံးစုတစုသိုင်း၊ စမ်းရေတွင်း သို့င်းရောက်၏။ ထိုကြယ်သည် ဒေါန ရွက်ဟူသော အမည်ရှိ၏။ ရေသုံးစုတစုသည် ဒေါနရွက် ဖြစ်၍ ရေခါးသောကြောင့်၊ လူအများတို့သည် သေကြ၏။ 
 
၅။ ကောင်းကင်တမန်ကလည်း ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဉ်ရှိတော်မူသော အရှင်၊ ကိုယ်တော်သည် ဤသို့ တရားစီရင်တော်မူသည် အမှု မှာ​ဖြောင့်မတ်တော်မူ၏။ ၆။ ထို သူတို့သည် သန့်ရှင်း သူတို့၏ အသွေး၊ ပရောဖက်တို့၏ အသွေးကို သွန်းလောင်းကြသည် ဖြစ်၍၊ သူတို့အား အသွေးကို တိုက်တော်မူပြီ။ သူတို့လည်း ခံထိုက် ကြပါ၏ဟု လျှောက်ဆိုသည်ကို ငါကြား၏။ 

အဘယ်ကြောင့် ဘုရားသခင်သည် ရေများကို အသွေးဖြစ်စေ ခြင်းအားဖြင့် လောကကို တရားစီရင်သည်ကို ကောင်းကင်တမန်က အထက်ပါကဲ့သို့ ရှင်းပြထားသည်။ လောကသား များသည် သန့်ရှင်းသူ တည်းဟူသော ဘုရားသခင်ကို ယုံကြည်သောသူများ၏ အသွေးကို သွန်းလောင်းကြသောကြောင့် သူတို့ ကိုလည်း အသွေး တိုက်ခြင်း ဖြစ်သည်။ စိုက်သည့်အတိုင်းရိတ်ရမည်ဟူသောအရာ ပြည့်စုံခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို မထီမဲ့မြင် ပြုသူများ၊ သူ့လူများကို သတ်ဖျက်သောသူများကို ချက်ချင်း ဂလဲစားမချေသော်လည်း ဘေးဒဏ်ကြီး ကာလ၌ ယခုကဲ့သို့ အတိုးချစီရင်သောကြောင့် ကောင်းကင်တမန်က ဘုရားသခင် မမှားကြောင်း၊ လော ကီသား များသည် ထိုသို့ ခံထိုက်ကြောင်းကို ထောက်ခံနေခြင်း ဖြစ်သည်။ 
 
၇။ ယဇ်ပလင်ကလည်း မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင် ဘုရားသခင်၊ ကိုယ်တော် စီရင်တော်မူခြင်း အရာတို့သည်ဟုတ်မှန်​ဖြောင့်မတ် ကြပါ၏ဟု လျှောက်ဆိုသော အသံကို ငါကြား၏။ 

ယဇ်ပလင်သည် ယဇ်ပူဇော်သော နေရာ ဖြစ်သည်။ ယဇ်ပူဇော်ခြင်းသည်လည်း တရားစီရင်ခြင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ အပြစ် မရှိပါက ယဇ်ပူဇော်စရာ လိုမည် မဟုတ်။ ယဇ််ပလင်သည် သက်မဲ့ ဖြစ်၍ စကားပြောနိင်သည် မဟုတ်။ သို့သော် ဘုရားသခင်က အသုံးပြုသောအခါ စကားပြောလာသည်။ စကား မပြောတတ်သော ဗာလံ၏ မြည်းလည်း စကားပြောခဲ့ဘူးသည်။ 
၈။ စတုတ ကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည် လူတို့ကို မီးလောင်ရသော အခွင့်ကို ရ၏။ ၉။ ပူအားကြီးသော အရှိန်ဖြင့် လူတို့သည်လောင်ခြင်းကို ခံရ၍၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းခြင်း အလိုငှါ နောင်တ မရကြ။ 

ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်သောကြောင့် နေကိုလည်း ကြိုက်နှစ်သက် သလိုလုပ်နိုင်ကြောင်း တွေ့ရသည်။ နေပူဒဏ်ခံဘူးသောသူတိုင်း သိနိုင်သည်။ ထိုနေ ပူဒဏ်ကြောင့်လူများသည် နောင်တရခြင်း၊ ဘုရားသခင် ထံတောင်းပန်ခြင်းများမပြု၊ ဘုရားသခင်ကို ကျိန်ဆဲ ကြသည်။ လူသည် မည်မျှခေါင်းမာ၍ ဘုရားသခင်ကို မုန်းကြောင်း ဤနေရာ၌ တွေ့နိုင်သည်။ ထိုသူများသည် မမွေးလျှင် သာ၍ ကောင်းသည်။ သင်လည်း ထိုသူများ ကဲ့သို့ ခေါင်းမာခြင်း မရှိဘို့ သတိပေးနေခြင်း ဖြစ်သည်။ ဘုရားသခင်က သူ့ထံသို့ လှည့်ဘို့ရန် ဒုက္ခ တွေ့စေသောအခါ နောင်တရ၍ သူ့ထံသို့ တိုးဝင် ချဉ်းကပ်၍ ကယ်တင်ခြင်းကို ရယူဘို့ လိုသည်။ 
 
၁၀။ ပဥ္စမ ကောင်းကင်တမန်သည် မိမိဖလားကိုသားရဲ၏ ပလင်ပေါ်သို့ သွန်းလောင်းလျှင်၊ သူ၏ နိုင်ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိတို့ လျှာကို ကိုက်ခဲကြ၏။ ၁၁။ မိမိတို့ ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့ အကျင့်ကိုလည်း နောင်တ မရကြ။ 

 ဘုရားသခင်သည် အဲဂုတ္တု ပြည်၌လည်း သုံးရက်လုံးလုံးမှောင်မိုက် အတိ ဖြစ်စေခြင်းအားဖြင့် တရားစီရင်ခဲ့ဘူးပြီ၊ တဖန် ထာဝရဘုရားက၊ အဲဂုတ္တု ပြည် တရှောက် လုံး၌ မှောင်မိုက်သာမည မဟုတ်၊ စမ်းသပ်၍ တွေ့ရသော မှောင်မိုက် ဖြစ်စေခြင်းငှါ၊ သင်၏ လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူသည် အတိုင်း၊ မောရှေသည် မိိမိလက်ကို မိုဃ်းကောင်းကင်သို့ ဆန့်၍၊ အဲဂုတ္တု ပြည် တ ရှောက်လုံး၌ ထူထပ်သော မှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။ ထိုအခါ တယောက်ကို တယောက် မမြင်နိုင်ကြ။ သုံးရက်ပတ်လုံး အဘယ်သူမျှ မိမိနေရာမှမထ ရကြ။ သို့ရာတွင် သရေလအမျိုးသား အပေါင်းတို့သည်၊ မိမိတို့ နေရာ၌ အလင်းကို ရကြ၏။ ထွက် ၁၀:၂၁-၂၃)။ ဗျာ ၆:၁၂၌လည်း၊ နေကို အမွှေးဖြင့် ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း စေခဲ့ပြီ။ လူသည် နေကိုလည်း ကိုးကွယ်တတ်ကြသည်။ ဖန်ဆင်းရှင်ကို မကိုးကွယ်ဘဲ ဖန်ဆင်းထားသော အရာများကို ကိုးကွယ်ခြင်းသည် အပြစ် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သူသည် နေကိုလည်း ဖန်ဆင်း၍ သူကြိုက်နှစ်သက် သလို လင်းစေမှောင်စေနိုင်ကြောင်း ဖေါ်ပြခြင်း ဖြစ်သည်။ လျှာကိုက်ခဲခြင်းသည် အလွန်ပြင်းထန်သော ဝေဒနာ ခံခြင်းကို ဖေါ်ပြခြင်း ဖြစ်သည်။သားရဲ တည်းဟူသော ကမ္ဘာ့ ခေါင်းဆောင်သည် စာတန်၏ တန်ခိုးကြောင့်အာဏာရှိ၍ အခိုက်အတန့်တန်ခိုးပြကြီး စိုးနိင်သော်လည်း ဘုရားသခင်က သူ့ကို မှောင်မိုက်ခြင်းအားဖြင့် တရားစီရင်ခြင်းသည် သူလည်း ဘုရားရှေ့၌ ဘာမျှ မဟုတ်ကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ 
 
၁၂။ ဆဌမ ကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ကြီး ပေါ်သို့ သွန်းလောင်းလျှင်၊ အရှေ့မျက်နှာဘုရင်တို့ သွားရာလမ်းကို ပြင်ဆင် စေခြင်း အလိုငှါ ထိုမြစ်ရေသည် ခန်း​ခြောက်လေ၏။ 

ဥဖရတ်မြစ်သည် အီရတ်ပြည်၌ စီးဆင်းသော မြစ် ဖြစ်သည်။ ထိုမြစ်သည် ရှေး အကျဆုံးသော မြစ် တခု ဖြစ်သည်။ ကောင်းကင်တမန် ကမိမိ ဖလားကိုလောင်းသောအခါ ထိုမြစ်သည် ခန်း​ခြောက်၍ အရှေ့ပြည် မှဘုရင်တို့ သွားရာလမ်းပွင့်သွားသည်။ အရှေ့ပြည် မှရှင်ဘုရင်သည် တရုတ်၊ အိန္ဒိယပြည်မှ ဖြစ်နိုင်သည်။ မည်သည့်အတွက် အရှေ့ပြည် မှဘုရင်များသည် လာကြသနည်း။ အောက်တွင် ဆက်ကြည့်ကြရအောင်။ 
 
၁၃။ ထိုအခါ၊ နဂါး၏ ခံတွင်း ထဲကင်း၊ သားရဲ၏ ခံတွင်း ထဲကင်း၊ မိစ္ဆာပရောဖက်၏ ခံတွင်း ထဲကင်း၊ ဘားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ် သုံးပါးထွက်သည်ကို ငါမြင်၏။ 

ဘေးဒဏ်ကြီး ကာလ၌ ကမ္ဘာကို အုပ်စိုးသော သုံးပါးတဆူနဂါး ( စာတန်)၊ သားရဲ (ကမ္ဘာ့ သမ္မတ)နှင့် မိစ္ဆာပရောဖက် (ကမ္ဘာ့ ဘာသာရေးခေါင်းဆောင်)တို့ထံမှ ညစ်ညူးသော ဝိညာဉ် များသည် ထွက်သည် ဟုဆိုသည်။ ထိုဝိညာဉ် များသည် ဘား ကောင်ကဲ့သို့ဖြစ်သည် ဟုဆိုသည်။ ဘားသည် ရွံစရာ ကောင်း၍ စားဘို့ရန် မဟုတ်။ ယ ခု အချို့သောသူများသည် ဘားသားကို စား ကြသည်။ ဘားသည် စားဘို့ရန် မဖန်ဆင်း သောကြောင့် မစားသင့်ချေ။ ဘားကဲ့သို့သော ညစ်ညူးသော ဝိညာဉ် များသည် ဘာ လုပ်ကြမည်နည်း။ အောက်၌ ဖေါ်ပြထားသည်။ 
 
၁၄။ နိမိတ်လက္ခဏာတို့ကို ပြသော နတ်ဆိုး၏ ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့ သည်လောကီတနိုင်ငံ လုံးတွင် ရှိသော ရှင်ဘုရင်တို့ထံသို့ ထွက် သွား၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်း အလိုငှါ စုဝေးစေကြ၏။ ၁၅။ ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်အမည်ရှိသော အရပ်၌ စုဝေးစေကြ၏။ 

အထက်၌ ဖေါ်ပြခဲ့သော ဝိညာဉ် များသည်လောကီနိင်ငံအရပ်ရပ်၌ ရှိသော ရှင်ဘုရင်တို့ကို အစ္စရေးနိင်ငံရှိအာမဂေဒုန်အရပ်၌ စစ်တိုက်ဘို့ရန် စုဝေးစေခြင်း ဖြစ်သည်။ ထိုအရပ်၌ မည်သူကို တိုက်မည်နည်း။ ဆက်၍ မဖေါ်ပြ သော်လည်း ခရစ်တော် ကြွ လာသောအခါ လောကီရှင်ဘုရင်များ ကတိုက်မည့် အကြောင်းကို ဤသို့ တွေ့ရသည်၊ သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်​ခြေများတို့သည် မြင်းစီးတော်မူသောသူနှင့် ဗိုလ်​ခြေတော်ကို စစ်တိုက်ခြင်းငှါ စည်းဝေးကြသည်ကို ငါမြင်၏။ 
 (ဗျာ ၁၉:၁၉)။ အန္တီခရစ်သည် အစ္စရေးနိုင်ငံကို သူ၏ ဗဟိုဌါနချုပ်အဖြစ် အသုံးပြုမည်ဟု ယူဆရသည်။ အကြောင်းမှာ ခရစ်တော်သည် အစ္စရေးနိင်ငံ ယေရုရှလင်မြို့ကို မြို့တော် အဖြစ်အနှစ်တစ်ထောင်ကာလ ပတ်လုံးအုပ်စိုးမှာသိသောကြောင့် အစ္စရေးနိင်ငံ မှာကြွလာမည့် ခရစ်တော်ကို စီးကြို၍ တိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ ခေါင်း ဆောင်များကို အားလုံး ဆင့်ခေါ်၍ အာမဂေဒုန်မှတိုက်ခြင်း ဖြစ်သည်။ ထိုစစ်ပွဲသည် ထူးခြားသော စစ်ပွဲ ဖြစ်သည်။ အကြောင်းမှာ လူသား အချင်းချင်းတိုက်ခိုက်ခြင်း မဟုတ်ဘဲ စာတန် ဦးဆောင်သော လူသားများနှင့် ခရစ်တော်နှင့် သူ၏ ဗိုလ်​ခြေများ တိုက်ခြင်း ဖြစ်သည်။ ထိုတိုက်ပွဲ၌ အန္တီခရစ်သည် အနုမြူဗုံးတပ်ထားသော ဒုံးပျံ အမျိုးမျိုး၊ လက် နက်ဆန်း အမျိုးမျိုး ​ြုဖင့် ခရစ်တော်နှင့် သူ၏ ကောင်းကင် တပ်များကို တိုက်ခိုက်မည် ဖြစ်သည်။ သို့သော် ထိုတိုက်ပွဲ၏ အ​ဖြေသည် ဤကဲ့သို့ ဖေါ်ပြပြီး ဖြစ်သည်၊ သားရဲကို ဘမ်း မိကြ၏။သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍၊ သူ၏ ုပ်တုကိုကိုးကွယ်သော သူတို့ကို လှည့် ဖြား၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက် ကိုလည်း ဘမ်းမိကြ၏။ အသက်ရှင်လျက် ရှိသော ထိုသူနှစ်ဦးကို ကန့်နှင့်လောင်သော မီးအိုင် ထဲသို့ ချပစ်ကြ 
၏။ ကွင်းသော သူတို့သည်၊ မြင်းစီးတော်မူသောသူ၏ ခံတွင်း တော် ထဲက ထွက်သော သံလျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက် အပေါင်းတို့သည် ဝစွာ စားရကြ၏။ (ဗျာ ၁၉:၂၀-၂၁)။ 

သားရဲ တည်းဟူသော အန္တီခရစ်ကမ္ဘာ့ ခေါင်းဆောင်နှင့် မိစ္ဆာပရောဖက် တည်းဟူသော ကမ္ဘာ့ ဘာသာရေးခေါင်းဆောင်တို့ကို အရှင်ဖမ်းမိကြ၍ ကန့်နှင့်လောင်သော မီးအိုင် ထဲသို့ ချပစ်လိုက် ကြသည်။ မီးအိုင် ထဲ၌ သူတို့ နှစ်ယောက်သည် အဦးဆုံးရောက် ရှိသွားသောသူများ ဖြစ်သည်။ နဂါး တည်းဟူသော စာတန် မူကား အနက်ဆုံးသောတွင်း၌ ချကြောင်း ဤသို့ တွေ့ရသည်၊ ရှေးမြွေဟောင်း၊ မာရ်နတ် စာတန် တည်းဟူသော နဂါးကိုကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ အနှစ်တထောင်မ ကုန်မီတိုင်အောင်၊ လူ အမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း အနက်ဆုံးသောတွင်း ထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှတဖန် ခဏလွှတ်ရဦးမည်။ (ဗျာ ၂၀:၂-၃) 

၁၆။ အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အဝတ်အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှါ နိုးလျက် နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္လာရှိ၏။ 

ခရစ်တော်သည် ဗျာဒိတ်ကျမ်း တခုလုံး၌ သူကြွလာမည့် အရာကို အထပ် ထပ်ပြောထားသည်။ အဘယ်ကြောင့်နည်းဟူမူကား သူ့ကို ကြိုဆိုနိုင်ဘို့၊ ပြင်ဆင် နိုင်ဘို့ရန် အခွင့်ပေးလိုသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဘေးဒဏ်ကြီး ကာလပြီး ခါနီးသည် အထိ သူကြွလာမည့် အရာကို ပြောသနည်းဟူမူကား ဤစာသည် ဘေးဒဏ်ကြီးကာလ အတွင်းမှာ နေသော သူတို့ကိုသာ ရေးသည် မဟုတ်။ ခေတ်အ ဆက်ဆက်၌ ရှိကြသောသူတိုင်း ယခုသင်နှင့် ​ကျွန်ပ်ကိုလည်း ရေးထားခြင်း ဖြစ်သည်။ ထိုကြောင့် အသင့် ပြင်ဆင် စေချင်သည်။ မည်ကဲ့သို့ ပြင်ဆင် မည်နည်း။ အာဒံနှင့် ဧဝတို့သည် အပြစ်လုပ်သောအခါ ကိုယ်တုံးလုံး ဖြစ်သွား ကြသည်။ သူတို့၏သား စဉ် မြေးဆက်တိုင်းလည်း ကိုယ်တုံးလုံး ဖြစ်ကြသည်။ ထို့ကြောင်အာဒံနှင့် ဧဝကို ဘုရားသခင်ကသား ရေပေးထား သကဲ့သို့ ​ကျွန်ပ်တို့ ကိုလည်း ခရစ်တော်ကို ပေးထားသည်။ ပေါလုက၊ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့ (ရော ၁၃:၁၄)ဟု ရေး ခဲ့သည်။ ထို့ကြောင့် သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြစို့။ ခရစ်တော် ဝတ် ဆောင်ခြင်း ဆိုသည်မှာ သူ့ကို အားကိုးခြင်း ဖြစ်သည်။ 
 
၁၇။ သတ္တမ ကောင်းကင်တမန်သည် မိမိဖလားကို အာကာသကောင်းကင် ပေါ်သို့ သွန်းလောင်းလျှင်၊ ပြီး ပြီဟု ကြီးသော အသံသည် ကောင်းကင် ဗိမာန်တော်၌ ရှိသော ပလင်တော် ထဲကထွက်၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်ကြ၏ မြေကြီးအပေါ်မှာ လူတို့ ဖြစ်သည့် ကာလ မှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက်ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး။ ၁၉။ မြို့ကြီးသည် သုံးဖြာကွဲပြား၍ လူ အမျိုးမျိုး နေသော မြို့တို့သည် ဗြုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော်၏ စပျစ်ရည်ဖ လားကို တိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ ​ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။ 

သတ္တမ ကောင်းကင်တမန် လောင်းသော ဖလားသည် နောက်ဆုံးဘုရားသခင်၏ အမျက်ဒေါသလောင်းခြင်း ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်း၌ လျှပ် စစ်ပြက်ခြင်း၊ မိုဃ်းချုန်းခြင်းသည် အမြဲပါဝင်လေ့ရှိသည်။ အကြီးမားဆုံး သောမြေ လှုပ်ခြင်းလည်း ဖြစ်သည်။ ထိုငလျှင်သည် ​ကျွန်းများကို လွင့်ပြေးစေ၍ တောင်များကိုလည်း ပျောက်စေသည်။ ထို့ကြောင့် ယခုအချိန်တွင် ဤလောက ကမ္ဘာကို တိုး တက်ဖွံ့ဖြိုးရေးလုပ်မည့်အချိန် မဟုတ်တော့ချေ။ အကြောင်းမှာ အားလုံး ပြန်ပျက် စီးမည့် အရာ ဖြစ်၍ ငွေကုန်၊ လူပင်ပန်းရုံရှိသည်။ သို့သော် ဘုရားသခင်၏ အစီအစဉ် မသိသောသူများသည် ဤလောက၌ မိမိတို့ မြို့ရွာများ တိုးတက်ရောလုပ်ကိုင် နေကြသည်။ ပျက်စီးသွားမည့် အရာများကို အာရုံမစိုက်ဘဲ ထာဝရ ခိုင်ခံ့မြဲမြံသော ကောင်းကင်ရွှေပြည်ကို မြော်မှန်း၍ လုပ်ကိုင်သင့်သည်။ ရှေးက ယုံကြည်သူ၊ အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ် နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှ ာ တ​ကျွန်းသူတနိုင်ငံ သား၊ ဧည့်သည် အာဂန္တု ဖြစ်သည်ကို ထင်ရှားစွာ ဝန်ခံလျက်၊ ယုံကြည်ခြင်း စိတ်နှင့် သေလွန် ကြ၏။ ၁၄ ထိုသို့ ဝန်ခံသော သူတို့သည် မိမိတို့ အဘပြည်ကို ရှာကြသည်ဟု အတည့် အလင်း ပြောဆို ကြ၏။ (ဟေ ၁၁:၁၃-၁၄)။ ဤလောကသည် ထို သူတို့နှင့် မထိုက် မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်း ထဲမှာ အပြောင်းပြောင်း အလည်လည်နေရကြ၏။ (ဟေ ၁၁:၃၈)။ ရှေှး ယုံကြည်သူများသည် ဤလောက၌ ဧည့်သည် ကဲ့သို့ နေကြသည်။ ဤလောကသည် သူတို့နှင့် မထိုက်တန်ဟု ခံယူ ကြသည်။ 

ယနေ့ ယုံကြည်သူများမူကား ဤလောကသည် ကောင်းကင်ထက် ကောင်းလွန်း၍ လောကသားများကဲ့သို့ တပ်မက်ကြသောကြောင့် ခရစ်တော် ကြွလာမှာပင်လျှင် မကြို ဆိုကြ၊ စိတ်မဝင်စားကြချေ။ ဤလောကသည် သူတို့အတွက် ထိုက်တန်လွန်းသည်။ 
 
၂၀။အချိန် အခွက်တဆယ်ရှိသော မိုဃ်းသီးသည် ကောင်းကင် ကလူတို့ အပေါ်သို့ ကျ လေ၏။ ၂၁။ ထိုမိုဃ်းသီးဘေးဒဏ် အလွန် ကြီးသည် ဖြစ်၍၊ လူတို့သည် မိုဃ်းသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ 

ဘုရားသခင်သည် အဲဂုတ္တု ပြည်၌ မိုဃ်းသီးအားဖြင့် တရားစီရင်ခဲ့ပြီ (ထွက် ၉:၂၄)။ ဘေးဒဏ်ကြီး ကာလ၌လည်း မိုဃ်းသီးအားဖြင့် တရားစီရင်ဦးမည်။အချိန် အခွက်တဆယ်သည် ပေါင်တရာ ဖြစ်သည်။ ထိုမျှလေးသော မိုဃ်းသီးသည် အိမ်ခေါင်မိုးကလည်း ခံနိုင်မည် မဟုတ်။ ယခုအခါ အမေရိကန်​ြ့့ပည်ထောင်စု တောင်ဒါကို တာ ပြည်နယ် ဠငလင​ေည ရွာလေး၌ ၂၀၁၀ ခုနှစ်ဇူလိုင်လ ၂၃ ရက်နေ့တွင် ကမ္ဘာ့ စံချိန်တင် မိုဃ်းသီးကျခဲ့ပြီ။ ထိုမိုဃ်းသီးသည် အချင်း၈ လက်မပတ်လည် ၁၈ လက်မကျော် အလေးချိန် ၂ ပေါင် နီးပါးရှိသည်။ ဘုရားသခင်က ယခုအခါ ဘေးဒဏ်ကြီးကာလ နီးကြောင်း သိစေရန် တနှစ်ပြီး တနှစ်ပို၍ ပို၍ ကြီးသော မိုဃ်းသီးများကို ကျစေသည်။ ထိုမိုဃ်းသီးဒဏ်ကြောင့်လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့၍ ယုံကြည် အားကိုး ခြင်းထက် ကျိန်ဆဲကြသည် ဟုဆိုသည်။ မယုံကြည် ချင်သောသူများသည် လက်ဝါးကပ်တိုင်မှာ သေသည် အထိ သရော်သော လူဆိုးကဲ့သို့ အဆုံးတိုင်အောင် ဘုရားကို ရန်ဖြစ်ကြသည်ကို ဝမ်းနည်းဘွယ်ရာတွေ့ရသည်။ သင်သည်လည်း ထိုကဲ့သို့သော သူမဖြစ်ဘို့ သတိပေးလိုပါသည်။ 

၀မ်းနည်းခြင်း 

Indianapolis Northside GBC  အသင်းသား Dar Wee ၆ နှစ်သည် ဧပြီလ ၁၅ ရက်နေ့ညနေ ၅ ခန့်တွင် ကား တိုက်ခံရ၍ ဆေးရုံ၌ ဧပြီလ ၁၉ ရက်နေ့တွင် ဆုံးသွားသည်။ ဧပြီလ ၂၅ ရက် နေ့တွင် သင်္ဂြိုလ်သည်။ သူသည် အဘိုးအဘွားတို့နှင့် နေထိုင်၍ အသင်းတော် စတင်သောအခါ အဘိုးအဘွားတို့နှင့် အသင်း ၀င်ခဲ့သည်။ သူကား တိုက်သေဆုံးခြင်းသည် ကျောင်းရှေ့လမ်း၌ လူကူးလမ်းမျဉ်းကျားနှင့် ရပ်ရန်ဆိုင်းဘုတ်မရှိသောကြောင့် ဖြစ်သည်။ ထိုမျဉ်းကျားနှင့် ရပ်ရန်ဆိုင်းဘုတ် ထားဘို့ရန် ကျောင်းမှလျှောက်ထားသော်လည်း စည်ပင်မှ နှောင့်နှေးသောကြောင့် သူသေသောအခါ မှသာ ချက်ချင်း အမြန် ပြုလုပ် လိုက် ကြသည်။ သူ၏ စျပနအခန်းအနား၌ လူဖြူ ၈၀ ခန့်နှင့် မြန်မာပြည်သား၁၀၀ ကျော်က လိုက်လံပို့ဆောင် ကြသည်။ 


အစီအစဉ်နှင့် ခရီး စဉ်များ 


  • ဆရာမောဇက်၊ ဆရာရှားနှင့် ဆရာယောသပ်တို့သည် ဧပြီလ ၂ရမှ ၃၀ ရက်နေ့အထိ Nashville GBC ၌ သွားရောက်ကာကျမ်းစာ သင်တန်းများ ပြုလုပ်ကြပါသည်။ ဆရာရှားနှင့် ဆရာယောသပ်တို့ ကအိမ်များတွင် သက်သေခံ သင်တန်းပေးခြင်းများကို ပြုလုပ် ကြရာ ကြားနာသောသူတိုင်း အလွန် အားရကျေ နပ်ကြကြောင်း သိရှိရပါသည်။ 
  • ဆရာမောဇက်နှင့် ဆရာရှား၊ ဆရာအား ဆာတို့သည် မေလ ၅မှ ၁၀ အတွင်း Pittsburgh, PA  သို့ သင်တန်းပေး သက်သေခံဘို့ အစီအစဉ်ရှိပါသည်။ 
  • ဆရာမဟန္နသည် မေလ ရမှ ၁၀ ထိLouisville, KY GBC သို့ သင် တန်းပေးဘို့ ရှိပါသည်။ 
  • မေလ ၂၂မှ ၂၃ ထိ အသင်းချုပ်နှစ်ပတ်လည် အစည်းအဝေးကို Syracuse မြို့၌ ကျင်းပဘို့ ရှိပါသည်။ 
  • ဇွန်လ ၁ ရက်နေ့မှစ၍ လကုန်အထိ အမှုတော်ဆောင်သင်တန်းကို Indianapolis မြို့၌ ပြုလုပ်ဘို့ ရှိပါသည်။ ဂိုဏ်းဂဏမရွေး၊ ပညာအဆင့်အတန်း မရွေးတက်ရောက်နိင်ပါသည်။ အသွားအပြန်စရိတ်သာကိုသာ ကိုယ်တိုင် ကျခံဘို့ လိုပါသည်။ ပျောက်ဆုံးဝိညာဉ် ဖမ်းနည်းနှင့် ပြုစုပျိုးထောင်နည်းများ၊ ချီဆောင်ခြင်းနှင့် ခေတ်ကာလ များသင်ကြမည် ဖြစ်ပါသည်။ ထိုအချိန်တွင် ဗအူ​ေညအ​ေ ွ​ြဃ၌လည်း လူငယ်သင်တန်းနှင့် ကလေးကျမ်းစာ သင်နည်းသင်တန်းများ ပြုလုပ်ဘို့ ရှိကြောင်း သိရှိရပါသည်။ 
  • ဇူလိုင်လ ၆-၁၂ အထိ ​ြငခ့ငါ​ေည ပြည်နယ် ​ြအေအူန ဃမနနု မြို့နယ်၌ လူငယ် ဃ​ောစငညါ ရှိပါသည်။ ပါဝင် လိုသူတိုင်း တက်ရောက်နိင်ပါသည

 

114 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


2015 MAY

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -