ဘုရား၏ဘုန်းတော်ကိုထင်ရှားစေသည်
 

ဘုရား၏အလိုတော်ဖြစ်သည်

၁၁ ယေရုရှလင်မြို့သို့ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့်ဂါလိလဲပြည်စပ်ကြား၌၊ ရှောက်သွားတော်မူ၏။၁၂ ရွာတရွာသို့ ဝင်တော်မူသည်တွင်၊ နူနာစွဲသောသူတကျိပ်တို့သည်ခရီးဦးကြိုပြု၍၊ အဝေးကရပ်လျက်၊၁၃ သခင်ယေရှု၊ အကျွန်ုပ်တို့ကိုကယ်မသနားတော်မူပါဟု၊ ဟစ်ကြော်ကြ၏။၁၄ ယေရှုသည်မြင်တော်မူလျှင်၊ သင်တို့သည်ယဇ်ပုရောဟိတ်ထံသို့သွား ၍၊ ကိုယ်ကိုပြကြလော့ဟု၊ မိန့်တော်မူသည်အတိုင်း၊ သူတို့သည်သွားစဉ်တွင်သန့်ရှင်းခြင်းသို့ရောက်ကြ၏။၁၅ ထိုသူတို့တွင်တယောက်သောသူသည်၊ အနာရောဂါကင်းလွတ်သည်ကိုသိမြင်လျှင်၊ ပြန်လာ၍ကြီးသောအသံနှင့်ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းလေ၏။၁၆ ခြေတော်ရင်း၌ပြပ်ဝပ်၍၊ကျေးဇူးတော်ကြီးလှပါသည်ဟု၊ ဝန်ခံလေ၏။ ထိုသူသည်ရှမာရိလူ ဖြစ်သတည်း။၁၇ ယေရှုကလည်း၊ တကျိပ်သောသူတို့သည်သန့်ရှင်းခြင်းသို့ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သော သူတို့သည်၊ အဘယ်မှာရှိကြသနည်း။၁၈ ဤတပါးအမျိုးသားကိုထား၍၊ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းခြင်းငှါ၊ ပြန် လာသောသူတယောက်မျှမရှိသလောဟု၊ မေးတော်မူပြီးမှ၊၁၉ သင်ထ၍သွားလော့၊ သင်၏ယုံကြည်ခြင်းသည်၊ သင်၏ အနာကိုငြိမ်းစေပြီဟု၊ ထိုသူအားမိန့်တော်မူ၏။(လုကာ ၁ရး၁၁-၁၈) ထို့ကြောင့်ဘုရားသခင်ထံမှသင်ရသောကျေးဇူး တော်များကိုမရေတွက်မချီးမွမ်းလျှင်၊ ဘုရားသခင်ဘ၀မကျကြောင်းသိနိုင်သည်။

ကျေးဇူးတော်ချီးမွမ်းဘို့တိုက်တွန်း

အရာရာ၌ ကျေးဇူးကိုချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည်ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ဘုရားသခင်အလိုတော်ရှိ၏(၁ သက် ၅း၁၈)

ခပ်သိမ်း သောအရာတို့၌၊ ကျေးဇူးတော်ကြီးလှပါ၏ဟု၊ ငါတို့သခင်ယေရှုခရစ်၏နာမတော်ကိုထောက်၍၊ ခမည်းတော်ဘုရားသခင့်ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့(ဧဖက် ၅း၂၀)

စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏နာမတော်ကိုထောက်၍ခပ်သိမ်းသောအမှုတို့ကိုပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟုထိုသခင်ကိုအမှီပြု၍ ခမည်းတော်ဘုရားသခင့်ရှေ့၌ဝန်ခံကြလော့(ကော ၃း၁ရ)

ခရစ်တော်လည်းခမည်းတော်ကိုချီးမွမ်း

ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာအလိမ္မာနှင့်ပြည့်စုံသော သူတို့အားဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက်သူငယ်တို့အားဘော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကိုအကျွန်ုပ်ချီးမွမ်းပါ၏(မဿဲ ၁၁း၂၅)

ယေရှုသည်လာဇရုကိုသေခြင်းမှထမြောက်စေသောအခါအောက်ပါကဲ့သို့ခမည်းတော်ကိုချီးမွမ်းခဲ့သည်၊ ထိုအခါသေလွန်သောသူ၏အင်္ချိုင်းမှကျောက်ကိုရွေ့ကြ၏။ ယေရှုသည်လည်းအထက်သို့ ကြည့်မျှော်လျက်၊ အဘ၊ ကိုယ်တော်သည်အကျွန်ုပ်စကားကိုနားထောင်တော်မူသောကျေးဇူးတော်ကြီးလှပါ၏(ယောဟန် ၁၁း၄၁)

မုန့်နှင့်ငါကိုလူ ၅၀၀၀ ကျွေးသောအခါ၌ဤကဲ့သို့ချီးမွမ်းခဲ့သည်၊ ယေရှုသည်မုန့်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ တပည့်တော်တို့အားဝေငှတော်မူ၍၊ တပည့်တော်တို့သည်လျောင်းသောသူတို့အားဝေငှပြန် (ယော ၆း၁၁)

တဖန်လူ ၄၀၀၀ အစာကျွေးသောအခါ၌လည်းဤကဲ့သို့ချီးမွမ်းခဲ့သည်၊ မုန့်ခုနစ်လုံးနှင့်ငါးတို့ကိုလည်းယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ မုန့်နှင့်ငါးကိုဖဲ့၍တပည့်တော်တို့အားပေးတော်မူ၏။ တပည့်တော်တို့လည်းလူပေါင်းတို့အားပေးကြ၏(မဿဲ ၁၅း၃၆)ကျေးဇူးချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည်ငါ၏ဘုန်းကိုထင်ရှားစေသောသူဖြစ်၏၊၊ မိမိသွားသောလမ်းကိုဆင်ခြင်သောသူအားလည်းကယ် တင်တော်မူခြင်းကျေးဇူးကိုငါပြမည်ဟုဘုရားသခင်မိန့်တော်မူ၏၊၊(ဆာလံ ၅၀း၂၃) သင်ကျေးဇူးတော်ချီးမွမ်းခြင်းအားဖြင့်၊ အခြားသူများ၊ မယုံကြည်သူများက၊ ဘုရားသခင်ကိုသိ နိုင်သည်။ သူ၏ဘုန်းကိုချီးမွမ်းကြပါလိမ့်မည်။

နောက်ဆုံးညစာစားသောအခါ၌ဤကဲ့သို့ချီးမွမ်းခဲ့သည်၊ ခွက်ဖလားကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ ဤခွက်ကိုယူ၍အချင်းချင်းဝေကြလော့(လုကာ ၂၂း၁ရ) ခရစ်တော်ပင်လျှင်ခမည်းတော်ကိုအထက်ပါကဲ့ သို့ချီးမွမ်းလျှင်အဘယ်ကြောင့်ကျွန်ုပ်တို့လည်းမချီးမွမ်းရမည်နည်း။

ဆာလံဆရာကလည်းချီးမွမ်းခိုင်း

ငါမူကားထာဝရဘုရား၏တရားသောအမှုတော်ကိုချီးမွမ်း၍၊ အမြင့်ဆုံးသောထာဝရဘုရား၏နာမတော်ကိုထောမနာသီချင်းဆိုပါမည်၊၊(ဆာလံ ရး၁ရ)

ဖြောင့်မတ်သောသူတို့ထာဝရဘုရားကိုအမှီပြု၍ရွှင်လန်းစွာသီချင်းဆိုကြလော့၊၊ ထောမနာပြုခြင်းအကျင့်သည်သဘော ဖြောင့်သောသူတို့နှင့်ထိုက်တန်လျောက်ပတ်ပေ၏၊၊ စောင်းတီး၍ထာဝရဘုရားကိုချီး မွမ်းကြလော့၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့်ထောမနာသီချင်းဆိုကြလော့၊၊(ဆာလံ ၃၃း၁-၂)

အကျွန်ုပ်၏ရှင်ဘုရင်အကျွန်ုပ်၏ ဘုရားသခင်ကိုယ်တော်ကို ချီးမြှောက်ပါမည်၊၊ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်၊၊ ကိုယ်တော်ကိုနေ့တိုင်းအစဉ်ကောင်းကြီးပေးပါမည်၊၊ နာမတော်ကိုကမ္ဘာအဆက်ဆက်ချီးမွမ်းပါမည်၊၊ ထာဝရဘုရားသည်ကြီးမြတ်၍အလွန်ချီးမွမ်းဘွယ်ဖြစ်တော်မူ၏၊၊ ကြီးမြတ်တော်မူခြင်းကိုစစ်၍မကုန်နိုင်၊၊ အမှုတော်တို့ကိုလူမျိုးအဆက်ဆက်တို့သည်ချီးမွမ်း၍တန်ခိုးတော်များကိုဟော ပြောကြပါလိမ့်မည်၊၊ အကျွန်ုပ်သည်လည်းဘုန်းတန်ခိုးအာနုဘော်တော်ကို၎င်း၊ အံ့ဘွယ်သောအမှုတော်တို့ကို၎င်း၊မြွက်ဆိုပါ၏၊၊(ဆာလံ ၁၄၅း၁-၅)

ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးကိုချီးမွမ်းကြလော့။(၁ ချုပ် ၁၆း၃၄)

ပေါလုလည်းကျေးဇူးတော်အမြဲချီးမွမ်းခဲ့သည်
 
သင်တို့၏ယုံကြည်ခြင်းအရာသည်၊ မြေတပြင်လုံး၌အနှံ့အပြားကျော်စောသည်ဖြစ်၍၊ သင်တို့အကြောင်းကြောင့်ယေရှုခရစ်တော်အားဖြင့်၊ ငါ၏ဘုရားသခင်ကျေးဇူးတော်ကိုရှေ့ဦးစွာငါချီးမွမ်း၏(ရော ၁း၈)

အထက်ကခရစ်တော်၏သက်သေကို၊ သင်တို့တွင်တည်စေသည်ရှိသော်၊ သင်တို့သည်ထိုခရစ်တော်အားဖြင့်၊၆ အရာရာ၌နှုတ်သတ္တိ၊ ဥာဏ်သတ္တိအပေါင်းနှင့်ကြွယ်ဝပြည့်စုံကြသည်ဖြစ်၍၊ ယေရှုခရစ်အားဖြင့်သင်တို့အားပေးတော်မူသော၊ ဆုကျေးဇူးတော်ကိုငါထောက်၍၊ သင်တို့အကြောင်းကြောင့်၊ ငါ့ဘုရားသခင်၏ကျေးဇူးတော်ကို၊ အစဉ်မပြတ်ချီးမွမ်း၏(၁ ကော ၁း၄-၆)

ငါသည်ဆုတောင်းပဌနပြုသောအခါခါ၊ ဝမ်းမြောက်သောစိတ်နှင့်သင်တို့ရှိသမျှအဘို့ကို၊ အစဉ်ဆုတောင်းပဌနာပြုလျက်၊ သင်တို့ကိုအောက် မေ့သောအခါခါ၊ သင်တို့သည်ရှေ့ဦးစွာသောနေ့ရက်မှစ၍၊ ယခုတိုင် အောင်ဧဝံဂေလိတရားကိုဆက်ဆံ၍၊ ခံစားကြောင်းကိုငါထောက်သဖြင့်၊ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏(ဖိလိ ၁း၃-၅)

သင်တို့သည်ယေရှုခရစ်ကိုယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကိုချစ်ကြသည်ဟု၊ ငါတို့သည်ကြားသဖြင့်၎င်း၊ သမ္မာတ ရားတည်းဟူသောဧဝံဂေလိတရားကို၊ သင်တို့သည်အထက်ကကြားသိကြသည်အတိုင်း၊ သင်တို့အဘို့ကောင်းကင်ဘုံ၌ သိုထားသော၊ မြော်လင့်ရာကိုထောက်သဖြင့်၎င်း၊ သင်တို့အဘို့အစဉ်မပြတ်ဆုတောင်း၍၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော၊ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကြ၏(ကောလောသဲ ၁း၃-၅)

ငါတို့အဘတည်းဟူသောဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည်ယုံကြည်သောစိတ်နှင့်အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့်ကြိုးစားအားထုတ်ခြင်း၊ ငါတို့သခင်ယေရှုခရစ်ကိုမြော်လင့်သောစိတ်နှင့်တည် ကြည်ခြင်းတို့ကို၊ ငါတို့သည်အစဉ်မပြတ်အောက်မေ့လျက်၊ ဘုရားသခင်ချစ်တော်မူသောညီအစ်ကိုတို့၊ သင်တို့ခံရသောရွေးကောက်တော်မူခြင်းကိုသိလျက်၊ သင်တို့အပေါင်းကိုအကြောင်းပြုသဖြင့်ဘုရားသခင်၏ကျေးဇူးတော်ကိုကာလအစဉ်ချီးမွမ်း၍၊ သင်တို့အဘို့အလိုငှါဆုတောင်းပဌနာပြု လျက်နေကြ၏(၁ သက် ၁း၂-၄)

ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းသည်အလွန်တိုးပွား၍၊ လူတိုင်းအသီးအသီးတို့သည်၊ အချင်းချင်းချစ်ခြင်းမေတ္တာနှင့်ပြည့်စုံကြသည်ဖြစ်၍၊ ငါတို့သည်ပြုသင့်သည်အ တိုင်းသင်တို့ကြောင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုအစဉ်မပြတ်ချီးမွမ်းကြ၏(၂ သက်သာ ၁း၃)

သင်၏မျက်ရည်ကိုငါအောက်မေ့သောအခါ၊ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း၊ သင့်ကိုတွေ့မြင်ခြင်းငှါအလွန်လွမ်းသောစိတ်ရှိသဖြင့် ၎င်း၊ သင်၏အဘွားလောဣ၊ အမိဥနိတ်၌အရင်တည်သောယုံကြည်ခြင်း တည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊သင်၌လည်းတည်သောယုံကြည်ခြင်းစစ်ကိုမှတ်မိသဖြင့်၎င်း၊နေ့ညဉ့်မပြတ်ဆုတောင်းပဌနာပြု သည်တွင်၊ သင့်ကိုမခြားမလပ်အောက်မေ့သည်ဖြစ်၍၊ ငါ့ဘိုးဘေးကိုးကွယ်သည်အတိုင်း၊ ကိုယ်ကိုကိုယ်သိသောစိတ်စင်ကြယ်ခြင်းနှင့်တကွ၊ ငါကိုးကွယ်သောဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏(၂ တိမောသေ ၁း၃-၅)

သာသနာပြုလုပ်ငန်း

ဘုရားသခင်၏ကျေးဇူးတော်ကြောင့်ယခုအခါ၊ အမေရိကန်ပြည်ထောင်စုသတင်းကောင်းနှစ်ခြင်းအ အသင်းတော်၊ သာသနာပြုဌါနမှဖွင့်လှစ်တည်ထောင်သောအသင်းတော်များသည် ၂၂ ပါးရှိလာပြီဖြစ်သည်။ ထိုအ သင်းတော်များ၌အသင်းသားပေါင်း ၁၃၀၆ ဦးရှိပါသည်။ ထို့အပြင်အမေရိကန်ရှိဆရာများမှဦး ဆောင်၍ မြန်မာ နိုင်ငံ၌အသင်းတော်ပေါင်း ၆ နေ ရာ၌တည်ထောင်၍ အသင်းသားပေါင်း ၁၅၀ ရှိပါသည်။ ထို့အပြင်သာသနာ ပြု အသင်းတော်များမှဆရာ၊ ဆရာမများနှင့်အချို့သောအသင်းသားများ သည်၊ နေ့တိုင်းသင်တန်းပေးခြင်း၊ သက်သေ ခံခြင်းများပြုလျက်ရှိကြပါ သည်။ ထို့ကြောင့်အသင်းတော်များသည်၊ မသေ၊ လေမဖြတ်ဘဲအ သက်ရှင်လျက်ရှိ သည်။ ယခင်နှစ်အသင်းသားဦးရေ ၁၀၄၁ ယခုနှစ် ၁၃၀၆ တနှစ်အတွင်းအသင်းသား ၂၆၅ ယောက်တိုးတက်ခြင်း ဖြစ်ပါသည်။

မြန်မာကျမ်းစာအုပ်

အွန်လိုင်းမှ မြန်မာကျမ်းစာကိုလည်းပြုလုပ်နိုင်သောကြောင့်ကျေးဇူးတော်ချီးမွမ်းပါသည်။ ထိုကျမ်း စာကို www.gospelmyanmarbible.com တွင်ဖတ်ရှုနိုင်ပါသည်။

၁။ သတ်ပုံအမှားများနှင့်စကားလုံးအပိုအလိုများကိုစီစစ်ပြုပြင်နေဆဲဖြစ်ပါသည်။ မကြာမှီအားလုံးစစ်ဆေးပြု ပြင်နိုင်ဘို့ ဆုတောင်းပေးစေချင်ပါသည်။

၂။ ကျမ်းပြိုင်များကိုလည်းထည့်ထားပေးပါသည်။ ကျမ်းပြိုင်များကိုအင်္ဂလိပ်စာဖြင့် [A][B][C] စသည်ဖြင့်တွေ့ပါ လိမ့်မည်။ ထို စကားလုံးများကိုနှိပ်လိုက်ပါကကျမ်းပြိုင်များတွေ့ပါလိမ့်မည်။

၃။ စကားလုံးရှင်းပြချက်(Comment) များကို (a) (b) ဖြင့်တွေ့နိုင်ပါသည်။ ထိုစကားလုံးများကိုနှိပ်လိုက်ပါက၊ စာမျက်နှာအောက်ဆုံးပိုင်း၌ရှင်းပြချက်များတွေ့ပါလိမ့်မည်။

၄။ စာလုံးအကြီးအသေးချဲ့ချုံ့လိုပါက -AA+ ဘေးနားကအပေါင်း+နှင့်အနှုတ်-လက္ခဏာကိုနှိပ်ပါ။

၅။ စာမျက်နှာတခုတည်းမဟုတ်၊ နှစ်ခုမှသုံးခုအထိတပြိုင်တည်းကြည့်လိုပါက split screen ကိုနှိပ်ခြင်းအား ဖြင့်ဖွင့်နိုင်ပါသည်။ ပဌမစာမျက်နှာ၌အ ကျယ်ချဲ့လွန်လျှင် split screen မပေါ်နိုင်ပါ။

၆။ နောက်စာမျက်နှာနှင့်အရှေ့စာမျက်နှာသို့ပြောင်းလိုလျှင်၊ စာမျက်နှာဘေးတဘက်တချက်၌မျှားပေါ်လာ လိမ့် မည်။ ထိုမျှားကိုနှိပ်ပါ။ မျှားသည်ပဌမစာမျက်နှာအကျယ် ၁၂၅% အောက် မှာ သာပေါ် နိုင်ပါသည်။

ရ။ ကျမ်းစာကိုလက်ဝဲဖက်၌အခန်းငယ်များ(verses) တန်းစီစေလိုလျှင်  v ကိုနှိပ်ပါ။ စာပိုဒ်(paragraph) အလိုက် ဖတ် လိုလျှင် p ကိုနှိပ်ပါ။

၈။ စာလုံးများကိုအလယ်မှာစုလိုလျှင်အတွင်းဘက်သို့ပြသောမျှားတံနှစ်ခုကိုနှိပ်ပါ။ စာမျက်နှာအပြည့်ဖြစ် စေလို လျှင်အပြင်သို့ပြသောမျှားတံနှစ်ခုကိုနှိပ်ပါ။

၉။ ကိုယ်စိတ်ကြိုက်ပုံစံရွေးပြီးလျှင် setting  သို့သွားပါ။ အောက်ဆုံ၌ yes သို့မဟုတ် no ကိုတွေ့လိမ့်မည်။ yes ကိုနှိပ်လိုက်လျှင်ကျမ်းစာဖွင့်တိုင်း၊ ကိုယ်ရွေးပြီး သောပုံစံ အတိုင်းထွက်လာပါလိမ့်မည်။

၁၀။  ကျမ်းစာကလုံးများကိုရှာဖွေနိုင်သည်။ ဥပမာ ထာ၀ရဘုရားဟူသောစကား လုံးကို ရှာလိုလျှင်ရှာရန် ဘားထဲ ၌ ဇော်ကုဒ်စလုံးအားဖြင့်ရိုက်နှိပ်ပါကတွေ့နိုင်သည်။ မြန်မာစာလုံးမရိုက်တတ်လျှင် ကျမ်း စာထဲမှစကား လုံးများ ကို copy နှင့် paste လုပ်ခြင်းအားဖြင့်ရှာရန်ဘား၌ထည့်၍ရှာနိုင်သည်။

၁၁။ ကျမ်းစာအုပ်နာမည်အခန်းကြီးအခန်းငယ်ကိုမြန်မာလိုအင်္ဂလိပ်စာလုံးနှစ်မျိုးဖြင့်ရိုက်၍ရှာနိုင်သည်။


ကယ်တင်ခြင်းကျမ်းစာသင်တန်းများ

ယခုအခါကယ်တင်ခြင်းသင်တန်းများကိုအမှုတော်ဆောင်များသာမက၊ ယုံကြည်သူတော်တော်များများ ကသင်ပေးလာနိုင်ကြသောကြောင့်ကျေးဇူးတော်ချီးမွမ်းပါသည်။

ကယ်တင်ခြင်းသင်ခန်းစာများကိုမြန်မာနိုင်ငံရှိစကားတော်တော်များများအားဖြင့်ဘာသာပြန်ထုတ်လုပ် နိုင်သောကြောင့်ကျေးဇူးတော်ချီးမွမ်းပါသည်။ ထိုသင်ခန်းစာများကို www.gbcusa.org ၌ဖတ်ရှုနိုင်ပါသည်။

အွန်လိုင်းမှဖတ်ရှုနိုင်သောဘာသာစကားများမှာ၊   အင်္ဂလိပ်၊ မြန်မာ၊ ကချင်၊ စကောကရင်၊ ကယား၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ မတူ၊ မရာ၊ မီရိုးဘာသာစကားများဖြစ်သည်။ထို့အပြင်နိုင်ငံခြားဘာသာအနေဖြင့် တရုပ်မင်ဒရင်၊ ဖိလိပီနိုး စကားဖြင့်လည်း www.gbcusa.net ၌ဖတ်ရှုနိုင်ပါသည်။ ကျန်ကမ္ဘာ့ဘာသာစကားများအားဖြင့်လည်း၊ google အားဖြင့်ဘာသာပြန်ထားပါသည်။

ကယ်တင်ခြင်းသင်ခန်းစာဖြင့်ကျမ်းစာသင်ခြင်း၏အကျိုးများ

၁။ ကယ်တင်ခြင်းအကြောင်းကိုအခြေခံမှစတင်၍အဆင့်ဆင့်ရှင်းပြသောကြောင့်သင်ပေးသူနှင့်သင်ကြားသူအ တွက်သိရှိနားလည်လွယ်သည်။ အချိတ်အဆက်ရှိသည်။၂။ သင်ပေးသူအနေဖြင့်အထူးတလည်ပြင်ဆင်စရာမလိုချေ။

၃။ သင်ခန်းစာတိုင်းသည်ဆက်စပ်မှုရှိသော်လည်းအကြောင်းအရာထပ်တလဲလဲမဟုတ်သောကြောင့်ငြေးငွေ့စရာ    မရှိချေ။

၄။ သင်ခန်းစာတိုင်း၌မေးခွန်းများဖြေရသဖြင့်သင်ကြားသောအရာသိမသိနားလည်နိုင်သည်၊ မှတ်မိနိုင်သည်။ အဖြေမှန်ဖြေနိုင်သောအခါဝမ်းမြောက်အားတက်စေသည်။

၅။ လူတယောက်နှင့်တယောက်မတူကြပါ။ အချို့သောသူများသည် သင်ခန်းစာ ၁ နှင့် ၂ လောက်နှင့်ပင်စိတ်လှုပ် ရှားပြီးစိတ်ဝင်စားသွားကြသည်။ အချို့သောသူများ သင်ခန်းစာ ရ  ၁၃  ၁ရ စသည်ဖြင့်စတင်သဘောပေါက်ကြ သည်။ မည်သို့ပင်ဖြစ်စေ၊ စိတ်ဓါတ်မကျဘဲပုံမှန်သင်သွားခြင်းဖြင့်နောက်ဆုံး၌ကယ်တင်ခြင်းသဘောပေါက်သွား ကြသည်။

၆။ ဤသင်ခန်းစာအားဖြင့်ကယ်တင်ခြင်းသို့ရောက်သွားသောသူများသည်အမြင်တူ၊ အကြံတူ၊ သဘောချင်းတူညီ လာကြသည်။

ရ။ ကယ်တင်ခြင်းသင်ခန်းစာသင်ပေးသူ၊ မအားလျှင်အခြားသင်ပေးဘူးသောသူကိုတာဝန်လွှဲပေး၍ရသည်။

၈။ သင်ခန်းစာများသည်မတိုမရှည်ဖြစ်သောကြောင့်တစ်နာရီအတွင်းပြီးနိုင်သည်။

၉။ သင်ခန်းစာအားဖြင့်ဝိညာဉ်တော်ဘော်ပြ၍သမ္မာတရားများပွားများပြောတတ်လာကြသည်။

၁၀။ ဤသင်ခန်းစာများကိုအွန်လိုင်းမှရရှိနိုင်သောကြောင့်တကမ္ဘာလုံးမှအသုံးပြုနိုင်သည်။