သတင်းကောင်းစာစောင်

APRIL 2022

 

မာတိကာ

  • အိပ်ပျော်ရာမှနိုးကြစို့
  • အသင်းတော်သစ်များ
  • သာသနာနယ်မြေသစ်များ
  • သာသနာပြုအသင်းတော်များ

 

အိပ်ပျော်ရာမှနိုးကြစို့

ထိုမှတပါး၊ ငါတို့ကိုကယ်တင်သောကျေးဇူးတော်သည်၊ ငါတို့ယုံကြည်သောနေ့ရက်၌နီးသည်ထက်၊ ယခုသာ၍နီး သော ကြောင့်၎င်း၊ ၁၂ ညဉ့်အချိန်ကုန်လု၍နေ့အချိန်ရောက်လုသောကြောင့်၎င်း၊ ယခုအခါအိပ်ပျော်ရာမှနိုးရသောအ ချိန် ရောက် ခဲ့ပြီဟု၊ ငါတို့သည်သိ၍ကာလအချိန်ကိုထောက်လျက်၊ မှောင်မိုက်၏အကျင့်ကိုပယ်ရှား၍၊ အလင်း၏လက်နက်စုံကိုဝတ်ဆင်ဆောင် ရွက် ကြကုန်အံ့။ ၁၃ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုံ၌မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန် တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကိုကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့တင့်တယ်လျောက်ပတ်စွာ၊ ကျင့်ဆောင်ပြုမူကြကုန်အံ့။ ၁၄ သခင်ယေရှုခရစ် ကိုယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ်မက်ခြင်းအလို့ငှါမကြံစည်ကြနှင့်။(ရောမ ၁၃း၁၁-၁၄)

ကျမ်းစာကညဉ့်အချိန်ကုန်လု၍နေ့အချိန်ရောက်လုပြီဟုဆိုသည်။ ထို့ကြောင့်ဤလောကသည်ဝိညာဉ်ပိုင်း၌ညဥ့်အချိန်ဖြစ် သည်။ အဘယ်ကြောင့်ညဉ့်အချိန်ဖြစ်သနည်းဟူမူကား၊ အလင်းတည်းဟူသောဘုရားသခင် (၁ ယော ၁းရ) ဤလောက၌မရှိသော ကြောင့်ဖြစ်သည်။ ခရစ်တော်တည်းဟူသောအလင်း (ယောဟန် ၉း၅) ဆင်းသက်လာသောအခါ၊ ဤလောကသည်နေ့အချိန်ဖြစ်မည်။ ယခုခရစ်တော်ကြွလာခါနီးသောကြောင့်နေ့အချိန်ရောက်လုသည်။ ယုံကြည်သူများသည်ညဉ့်အချိန်ဖြစ်သောကြောင့်အိပ်ပျော်နေကြ သည်။ ထိုကြောင့်ပေါလုက၊ အိပ်ပျော်ရာမှနိုးရသောအချိန်ရောက်ပြီဟုဆိုသည်။ အိပ်ပျော်သောအခါအိပ်မက်မက်ကြသည်။ အိပ် မက်များသည်၊ အမှန်တကယ်မဟုတ်သော်လည်း၊ ခံစားချက်အပြည့်ရှိသည်။ သို့သော်အိပ်မက်များသည်နိုးသောအခါတခုမှမကျန် ပျောက်ကုန်သည်။ သို့ဖြစ်လျှင်ဝိညာဉ်အိပ်ပျော်နေသောသူများသည်၊ မည်သည့်အရာများမက်ကြသနည်း။ လူသားများပြုလုပ်သော အရာအားလုံး၊ တပ်မက်စွဲလန်းသောအရာအားလုံးသည်၊ အိပ်မက်များဖြစ်သည်။ အလုပ်လုပ်ခြင်း၊ အိမ်ပိုင်ခြင်း၊ ကားပိုင်ခြင်း၊ စား သောက်ခြင်း၊ ပျော်ပါးခြင်း၊ ဆင်းရဲဒုက္ခခံစားခြင်း၊ စစ်တိုက်ခြင်း၊ အားလုံးသည်ထာ၀ရကာလတိုင်အောင်ရှိကြမည်မဟုတ်၊ အကုန် အစင်ပျောက်ပျက်သွားမည့်အရာများဖြစ်သည်။

သင်သည်ကိုယ်လုပ်သောအရာ၊ ပိုင်ဆိုင်သောအရာများ၌အားရကျေနပ်လျှင်အိပ်မက်ကောင်းကောင်းမက်သူဖြစ်သည်။ ချင်း လူမျိုးများကအိပ်မက်ကောင်းကောင်းမက်ဘို့၊ ခွဲခွါသောအခါပြောတတ်ကြသည်။ သင်သည်ဒုက္ခဆင်းရဲအမျိုးမျိုးခံရလျှင်အိပ်မက် ဆိုးမက်နေခြင်းဖြစ်သည်။ သင်ခံစားရသောထိုဆင်းရဲခြင်းများလည်း၊ ထာ၀ရကာလ၌ကျန်ရစ်မည်မဟုတ်သောကြောင့်သည်းခံ ကောင်းသည်။ ထိုသို့လောကအရာများသည်ထာ၀ရကာလအတိုင်အောင်တည်မည်မဟုတ်သောကြောင့်၊ ထိုအရာများကိုအဓိက မထားသင့်ချေ။ ရှင်ပေါလုရေးထားသော၊  ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုံ၌မှီဝဲခြင်း၊ ကိလေသာ ညစ် ညူးခြင်း၊ ရန် တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့လည်းအိပ်မက်မက်ခြင်းဖြစ်သည်။ သို့သော်ဝိညာဉ်ပိုင်းမျက်စိကန်းနားလေးသောသူ များအနေဖြင့်ဤအရာများကိုသိရှိနားလည်နိုင်မည်မဟုတ်။

သို့ဖြစ်လျှင်ထာ၀ရကာလတိုင်အောင်တည်မည့်အရာများသည်အဘယ်အရာများဖြစ်မည်နည်း။ ကျမ်းစာက၊ “ပညာရှိသော သူတို့သည် လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်း တရားလမ်းထဲသို့ သွင်းသော သူတို့သည် လည်း၊ ကြယ်များ ကဲ့သို့၎င်း အစဉ်အမြဲထွန်းလင်းကြ လိမ့်မည်။”(ဒံယေလ ၁၂း၃) ဟုဆိုသည်။ ပညာရှိဆို သည်မှာလောကီပညာမဟုတ်၊ ဘုရားသခင်သိသောပညာဖြစ်သည် (၁ ကော ၂း၆-ရ)။ လူများကိုဖြောင့်မတ်ခြင်းတရားလမ်း ထဲသို့ သွင်း သောသူတို့ တည်း ဟူသော၊ ပျောက်ဆုံးဝိညာဉ်ဖမ်းသောသူများသည်ကြယ်များကဲ့သို့အစဉ်အမြဲထွန်းလင်းမည်ဟုဆိုသည်။ ထို ကြောင့်ယခုအချိန်တွင်ပျောက်ဆုံးဝိညာဉ်ဖမ်းခြင်း၌၊ ကိုယ်စွမ်းရှိသမျှ၊ အချိန်နှင့်ဘဏ္ဍာရှိသမျှအသုံးပြုသင့်သည်။ မကြာမှီချီဆောင် ခြင်းဖြစ်တော့မည်။ ဤလောကကိုစွဲလန်းချိန်မဟုတ်တော့ပါ။ ကောင်းကင်ကိုမော်ကြည့်၍၊ ကယ်တင်ခြင်းသို့မရောက်သေးသောသူ များ၊ လောကကိုစွဲလန်းနေသောသူများကိုသွေးဆောင်ခြင်း၊ သင်ပေးဝေငှခြင်း၊ ဆုတောင်းပေးခြင်း၊ ယုံကြည်သူများအချင်းချင်းအား ပေးမိဿဟာယဖွဲ့ခြင်းများပြုလုပ်နေမည့်အချိန်ဖြစ်သည်။ အိပ်မက်မက်နေရာမှနိုး၍ထာ၀ရကာလတည်မည့်အရာများကိုလုပ်သင့် သောအချိန်ဖြစ်သည်။

 

အသင်းတော်သစ်များ

ဘုရားသခင်ကျေးဇူးတော်ကြောင့်ယခုအခါအမေရိကန်ပြည်ထောင်စုသတင်းကောင်းနှစ်ခြင်းအသင်းတော်သာသာနာပြုဌါန အားဖြင့်အသင်းတော်ပေါင်း ၁၉ ပါးရှိနေပြီဖြစ်သည်။ နောက်ဆုံးတည်ထောင်သောအသင်းတော်သည်နယူးယောက်ပြည်နယ်၊ ဘာဖလိုမြို့တွင်ဖြစ်ပြီး၊ ဆရာနောနော်နှင့်ဆရာမနော်ရင်းမိသားစုအားဖြင့်စတင်ခြင်းဖြစ်ပါသည်။ ထိုအသင်းတော်ကိုဧပြီလ ၉ ရက် စနေနေ့တွင်အောင်မြင်စွာစတင်ဖွင့်လှစ်ပါသည်။ ယခုအခါအသင်းသားပေါင်း ()ဦးပါဝင်လျက်ရှိပါသည်။ ထိုအသင်းတော်အားဖြင့် ဘုရားဘုန်းတော်ထင်ရှား၍၊ လူအပေါင်းကယ်တင်ခြင်းသို့ရောက်ကာ၊ သမ္မာတရားသိပြီး၊ သမ္မာတရား၌ကျင်လည်သောသူများစွာ ရှိနိုင်ရန်ဆုတောင်းခြင်းအားဖြင့်ကူညီကြပါစို့။

မေလ ၁၄ ရက်နေ့တွင်လည်း၊ မယ်နီဆိုးတားပြည်နယ်၊ အယ်လဘလီမြို့ ၌အသင်းတော်သစ်စတင်ဘို့ရန်စီစဉ်ထားပါသည်။ ထိုအသင်းတော်ကိုဆရာဖိလိမုန်ကိုထူးမိသားစုအားဖြင့်ဦးဆောင်ခြင်းဖြစ်ပါသည်။

 

သာသနာနယ်မြေသစ်များ

 

မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ချားလော့မြို့တွင်၊ ဆရာစတီဗင်အင်ပီးအားဖြင့်သာသနာနယ်မြေစတင်လှုပ်ရှားနေပြီဖြစ် သည်။ ယခုအခါအမာခံလှုပ်ရှားပါဝင်သူနှစ်အိမ်ထောင်ရှိပြီးဖြစ်ပါသည်။ ပျောက်ဆုံးဝိညာဉ်မြောက်များစွာရရှိပြီး၊ များမကြာမှီအ အသင်းတော်ထောင်နိုင်ဘို့ဆုတောင်းခြင်းအားဖြင့်ပါဝင်ကြပါစို့။

နယူးယောက်ပြည်နယ်မြို့တော်၊ အော်ဘလီမြို့တွင်၊ ဆရာအင်ဒယိုးပွေးအာမိသားစုသည်၊ ဧပြီလ ၂၂ ရက်နေ့တွင်သာသနာ ပြုဘို့ထွက်ခွါသွားပြီးဖြစ်ပါသည်။ ထိုမြို့တွင်လည်းလူများစွာကယ်တင်ခြင်းသို့ရောက်၍၊ သမ္မာတရား၌ရပ်တည်နိုင်ရန်ဆုတောင်း ခြင်းအားဖြင့်ပါဝင်ကြပါစို့။

မီချီကင်ပြည်နယ်၊ ကရင်းရေးပစ်မြို့တွင်ကယ်တင်ခြင်းနှင့်သမ္မာတရားဖြန့်ဖြူးဘို့ရန်၊ သင်းအုပ်ဆရာပီတာထူးမိသားစုသည် များမကြာမှီ၊ ပြောင်းရွှေ့စတင်ဘို့ရန်ရှိပါသည်။ ဘုရားသခင်ကအောင်မြင်စွာသာသနာပြုပြီးအသင်းတော်ထောင်နိုင်သည်အထိအသုံး ပြုကောင်းကြီးပေးဘို့ဆုတောင်းကြပါစို့။

 

သာသနာပြုအသင်းတော်များ

 

 

7 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


2022 APR

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -