သတင်းကောင်းစာစောင်

JUNE 2009

 

မာတိကာ

  • ခရစ်တော် ပဌမ ကြိမ်ကြွလာခြင်းမှ ဒုတိယကြိမ်ကြွလာခြင်း အထိ 
  • ရှင်ယာကုပ်ဩဝါဒစာတွင် ဖေါ်ပြသည့် ယုံကြည်ခြင်းနှင့် အကျင့်တရား
  • မြန်မာပြည် ခရီး စဉ် (ယခင်လမှအဆက်) 
  • Syracuse အသင်းတော် အမှတ်တရ 
  • ဆရာမောဇက်တို့ လင်မယား ဧဝံဂေလိ ခရီး စဉ်

 

အမှာစာ

ဤသတင်းကောင်း စာစောင် ဆက်လက်ထုတ်ဝေခွင့်ပြုသော ဘုရားသခင်၏ နာမကို ရေးဦးစွာ ချီးမွမ်းပါသည်။


စာစောင်များကို လစဉ်ဝယ်ယူ အားပေးကြသော ယုံကြည်သူ အယောက်စီတိုင်း အပေါ်၌လည်း ဘုရားသခင်က ောင်းချီးပေးပါစေ။ ယခုကဲ့သို့ စာစောင်များ ဖတ်ရှုခြင်းသည် စာရှုသူမိတ်ဆွေ များ၏ ဝိညာဉ်ရေးရာ အသက်တာကြီး ထွားလာစေရန် အမှန်တစ်ကယ် အထောက် အကူပြုပါသည်။ ထို့အပြင် စာစောင်၌ ပါသော အချက်အလက်များကို သူတစ်ပါးထံ၌ ဆက်လက်ဝေငှနိုင်သည်။ နှုတ်ဖြင့် ဝေငှရန် ခက်ခဲသော ယုံကြည်သူများအတွက်စာစောင်ကို ဝယ်ယူလက်ဆင့်ကမ်း၍ လက်ဆောင်ပေးခြင်းသည်လည်း အကုန်အကျနည်းပါးပြီး သမ္မာတရားပြန့်ပွားရန် အလွန် ကောင်းသော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။“နှုတ်တရာ၊ စာတကြောင်း” ဆိုသကဲ့သို့ စာစောင်ဖတ်ရှုခြင်း၊ လက်ဆင့်ကမ်းဝေငှခြင်းသည် မည်မျှအကျိုးသက်ရောက်မှု ရှိသည်ကို လက် တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဆက်လက်ပါဝင်ကြပါရန် ခရစ်တော် နာမ၌ နိူး ဆော်ပါသည်။ စာရှုသူ ယုံကြည်သူများ ထံမှလည်း စာမူများ၊ ကဗျာများ၊ အကြံပြု စာနှင့် သက်သေခံချက်များရေးသား ပေးပို့ခြင်း အားဖြင့်လည်း ပါဝင်နိုင်ပါသည်။ ဤစာစောင် ဖြစ်မြောက်ရေးအတွက် သစ္စာရှိစွာဖြင့် ပါဝင်ကြသော ယုံကြည်သူများ အပေါ်၌လည်း ဘုရားသခင် ကောင်းချီးပေးပါစေ။

“စာရူသူအယောက်တိုင်း အပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ”
ဆရာနော်ဂျာ

.

 

ခရစ်တော် ပဌမ ကြွလာခြင်းမှဒုတိယကြွလာခြင်း အထိ


ခရစ်တော် ပဌမ အကြိမ်ကြွလာခြင်းသည် သူငယ်တော်အားဖြင့် လူ့ ဇာတိခံယူသောအခါ ဖြစ်သည်။ ခရစ်တော် ကြွလာခြင်းကြောင့် နှစ်ရေတွက်ပုံ ပြောင်းလဲသွားသည်။ ခရစ်တော် မကြွလာမှီကာလကို ဘီစီ (​Before Christ, B.C.(သို့) ခရစ်တော် မတိုင်မှီ)ဟု ခေါ်၍ ခရစ်တော် ကြွလာချိန်မှစ၍ အေဒီ (Anno Domini, A.D. (သို့) ခရစ်သက္ကရာဇ်)ဟု ခေါ်သည်။ ယခု ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသက်ရှင်ခဲ့ပါက အသက်တော် ၂၀၀၉ နှစ်ရှိမည် ဖြစ်သည်။

ခရစ်တော်သည် သက်တော် ၃၃ နှစ်တွင် ဤလောက လူသား အားလုံး ကိုယ်စား လက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်း ခံခဲ့ရသည်။ သုံးရက်မြောက်တွင် ရှင်ပြန်ထမြောက် ခဲ့သည်။ ထို့နောက် ယုံကြည်သူများထံတွင် ရက်ပေါင်း၄၀ ကိုယ်ထင်ပြပြီး နောက်တွင် ကောင်းကင်သို့ တက်သွားခဲ့သည်။ ထို့နောက်ရက် ပေါင်း၁၀ ပြီးမှ သန့်ရှင်းသော ဝိညာဉ်တော်ကို ပင်တေကုတ္တေနေ့တွင် ဤလော ကသို့ စေလွှတ်ခဲ့သည် (တ ၂)။ ထိုနေ့တွင် တမန်တော် ပေတရု၏ တရားဟော ချက်ဖြင့် လူ၃၀၀၀ ခရစ်တော်ကို ယုံကြည် လာ၍ ဗတ္တိဇံခံ ကြသည်။ ထိုနေ့တွင် ပင် အသင်းတော် စတင်ပေါ်ပေါက်လာသည်။ ထိုအသင်းတော်သည် ယခု နှစ်ပေါင်း၁၉ရ ၆ ရှိပြီ။ မကြာခင်ထို အသင်းတော်ကို သိမ်းဆည်းဘို့ရန် ခရစ် တော်သည် ပြန်လည်ကြွလာမည် ဖြစ်သည်။

ချီဆောင်ခြင်း  
ခရစ်တော်က အသင်းတော်ကို သိမ်းဆည်းမည့် အရာကို သန့်ရှင်းသူများချီဆောင်ခြင်းဟု ခေါ်သည်။ အင်္လိပ်လို (rapture)ဟု ခေါ်သည်။ ထိုချီ ဆောင်ခြင်း၌ ခရစ်တော်ကို လက်ခံ ရရှိသူများ သာလျှင် ပါဝင်မည် ဖြစ်သည်။ ချီဆောင်ခြင်းနှင့် ပတ်သက်၍ ရှင်ပေါလုက ညီအစ်ကိုတို့ ငါဆိုလိုသည်ကား၊ လူ့အသွေး အသားသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်။ ပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်ကို အမွေမခံနိုင်။ နက်နဲသောအရာ တခုကို ငါပြဦးမည်၊ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည် မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ယခုမျက်မှောက်ပုပ် တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သောအရာ အဖြစ်သို့ ဝင်စားရမည်။ (၁ ကော ၁၅:၅၀-၅၃)ဟု ရေးသား ခဲ့သည်။

အထက်ပါ ကျမ်းပိုဒ်များ အရ ဤပုပ်တတ်သော ကိုယ်ခန္ဓာသည် ဘုရားသခင်၏ နိင်ငံကို အမွေ မခံနိုင်သောကြောင့် မပုပ်နိင်သော ကိုယ်ခန္ဓာသို့ ပြောင်းရမည်။ ထိုသို့ ပြောင်းပါက နာနိုင် သေနိုင်တော့မည် မဟုတ်။ အင်္ဂါမစုံလင်ခြင်းနှင့် အားနည်းခြင်းမှ န်သမျှလည်း ရှိတော့မည် မဟုတ်သောကြောင့် မည်မျှဝမ်း မြောက် မျှော်လင့်စရာ ဖြစ်သနည်း။ မည်သည့်အချိန်တွင် ပြောင်းလဲမည်နည်း။ နောက်ဆုံးသော တံပိုးမှုတ်သောအခါ တခဏခြင်းတွင် မျက်စိတမှိတ်၌ ပြောင်း လဲမည် ဟုဆိုသည်။ ချီဆောင်ခြင်း ဖြစ်သောအခါ တံပိုးမှုတ်မည် ဖြစ်သည်။ ထိုအ သံကြားသည်နှင့် တပြိုင်နက်မျက်စိတမှိတ်၌ ​ကျွန်ပ်တို့၏ ကိုယ်ခန္ဓာပြောင်းလဲမည် ဖြစ်သည်။ ထို့ကြောင့် ထိုနေ့ရက်ကို အလွန် မျှော်လင့်ကြကုန်အံ့။ တဖန် ရှင် ပေါလုက ဤသို့ ရေးထားသေးသည် ညီအစ်ကိုတို့၊ မျှော်လင့်ခြင်း မရှိသော အခြားသူတို့သည် ဝမ်းနည်း သကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမူ အရာကို မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ။ ယေရှုသည် သေပြီးမှတဖန် ထမြောက်တော်မူသည်ကို ငါတို ့သည် ယုံကြည်လျှင်၊ ထိုနည်း တူယေရှု၌ အိပ်ပျော်သော သူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ ဆောင်တော်မူ လိမ့်မည်။ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား၊ သခင်ဘုရား ကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင် အဦးနေရာ ကျရကြမည် မဟုတ်။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသ ကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှါ၊ ထို သူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မ ပြတ်နေရကြလိမ့်မည်။ (၁ သက် ၄:၁၃-၁ရ)

အထက်ပါ ကျမ်းပိုဒ်အရယေရှု၌ အိပ်ပျော်ပြီးသော သူတို့သည် ဟုဆို ထားသည်။ ထို သူတို့သည် ယေရှုခရစ်ကို ယုံကြည်သူများဖြစ်သည်။ ယေရှုခရစ်ကို ယုံကြည်၍ သေသွားလျှင် သူတို့၏ ဝိညာဉ်သည် ကောင်းကင်သို့ ချက်ခြင်း ရောက်သွားကြောင်း ဤသို့ တွေ့ရသည် ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏ (လု ၂၃း၄၃)။ သခင်ယေရှု ကသူ့အနားမှာအရိုက်ခံရသော လူဆိုးထံထိုနေ့၌ ပရဒိသုဘုံ၌ တွေ့ဆုံမည့် အကြောင်း ပြောထားသည်။ ထို့ကြောင့် ခရစ်တော်နှင့် လူဆိုးသည် ချက်ခြင်း သူတို့ သေသည်နှင့် တပြိုင်နက်ပရဒိသုဘုံ တည်းဟူသော ကောင်းကင် နိုင်ငံသို့ ရောက်သွားကြောင်း ထင်ရှားသည်။ သူဌေးကြီးနှင့် လာဇရုအကြောင်း တွင်လည်း ခရစ်တော်က ဤသို့ ဆိုထားသည် တနေ့သ၌ ထိုဆင်းရဲ သားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ ရင်ခွင်သို့ ပို့ဆောင်ကြ၏။ (လု ၁၆:၂၂) လာဇရုသည် အာဗြဟံရင်ခွင် တည်းဟူသော ကောင်းကင် နိုင်ငံသို့ ချက်ချင်းရောက်သွားကြောင်း တွေ့ရသည်။ ထို့အပြင် ရှင်ပေါလုက စုတေ့၍ ခရစ်တော်နှင့်အတူ နေခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍ အလွန် ထူးမြတ်သော အကျိုး ဖြစ်၏။ (ဖိလိ ၁:၂၃) ရှင်ပေါလုကသူသေလျှင် ခရစ်တော်နှင့်အတူ ရှိမည် ဟုဆိုထားသည်။ ထို့ကြောင့် ယုံကြည်သူများ သေလျှင် သူတို့ ကိုယ်ခန္ဓာသည် မြေကြီးသို့ ရောက်၍ ဝိညာဉ်သည် ကောင်းကင်သို့ ချက်ချင်းရောက်သွားကြောင်း တွေ့ရသည်။

တဖန်၊ ယေရှု၌ အိပ်ပျော်သော သူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူ လိမ့်မည်၊ ဟုဆိုရာတွင် ယုံကြည်သော သူတို့၏ ဝိညာဉ်သည် ကောင်းကင်မှ ာရှိကြောင်း အထက်က ဖေါ်ပြခဲ့ပြီ။ ခရစ်တော်သည် ယုံ ကြည် သူများကို ကြိုဆိုဘို့ရန် ကြွ လာသောအခါ ယုံကြည်သူများ၏ ဝိညာဉ်သည်လည်း သူတို့၏ ကိုယ်ခန္ဓာရှိရာ နေရာအသီးသီးသို့ ဘုရားသခင်က ပို့ဆောင် တော်မူမည်။ အဘယ်ကြောင့်နည်းဟူမူကား သူတို့၏ ဝိညာဉ်နှင့် ကိုယ်ခန္ဓာသည် တခြားစီရှိသောကြောင့် ပြန်လည်ပေါင်းစည်းဘို့ လိုသည်။ သူတို့၏ ကိုယ်ခန္ဓာသည် မြေမှုန့်မှဝိညာဉ် ကိုယ်ခန္ဓာသို့ ပြောင်းလဲမည် ဖြစ်သည်။ ဤနေရာ၌ အချို့သောသူများ အံ့ဩ တတ်သည်မှာ ယုံကြည်သူများ၏ ကိုယ်ခန္ဓာကို မီးရှို့ပြီး ပြာ ဖြစ်သွားသောသူများ၊ သားရဲစားခြင်း ခံရ၍ သားရဲချေး ဖြစ်သွားသောသူ များသည် မည်ကဲ့သို့ ထနိင်မည်နည်းဟူ၍ ဖြစ်သည်။ သင်္ချိုင်းတွင်း၌ မြုပ်လျှင်လည်း အလွန် ကြာ​ညောင်းသောအခါ မြေမှုန့်ဖြစ်သွားမည် ဖြစ်သည်။ တမန်တော်များ၏ ကိုယ်ခန္ဓာသည် နှစ်ပေါင်းနှစ်ထောင် နီးပါးကြာပြီ ဖြစ်သောကြောင့် မြေမှုန့်သက်သက် ဖြစ်မှာသေချာသည်။ သို့သော် ဘုရားသခင်သည် ဝိညာဉ် ကိုယ်ခန္ဓာကို အလိုရှိသလိုဖန်ဆင်းနိုင်သည်။ ဤလောကကြီး ပင်လျှင် မရှိသောအရာ မှဖန်ဆင်းတော်မူသည် မဟုတ်လော။ ဘုရားသခင် မတတ်နိုင်သောအမှု တစုံတခုမျှမရှိ။

ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှါ၊ ထို သူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြ လိမ့်မည်။ ကောင်းကင်တမန် မင်းအသံပေး၍ တံပိုးမှုတ်သောအခါ သေလွန်သော သူတို့သည် ထမြောက် ကြလိမ့်မည်။ သို့သော် သခင်ဘုရားနှင့် အရင်တွေ့ ကြမည် မဟုတ်။ သူတို့ ထမြောက်ပြီး နောက်အသက်ရှင်သော ယုံကြည်သူများလည်း မပုပ်ပျက်နိင်သော ကိုယ်ခန္ဓာအဖြစ်သို့ ပြောင်းလဲ၍ အတူ တကွမိုဃ်းတိမ် ပေါ်သို့ တက်ကြလိမ့်မည်။

ထိုကဲ့သို့သော အဖြစ်မျိုးကို သခင်ဘုရား အသေခံ၍ ထမြောက်တော်မူသောအခါ ဖြစ်ခဲ့ဘူးပြီ။ ယေရှုသည် ကြီးသော အသံနှင့် တဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။ ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက် စွန်းမှ အောက်စွန်း တိုင်အောင် စုတ်ကွဲလေ၏။ မြေကြီး လှုပ်လေ၏။ ကျောက်များတို့သည် ကွဲပြား ကြ၏။ သင်္ချိုင်းတွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်း စက်လျက် ရှိသော သန့်ရှင်း သူတို့၏ အလောင်း များစွာတို့သည် ထကြ၍၊ ကိုယ်တော် ထမြောက်တော်မူသည် နောက်၊ ထို သူတို့သည် သင်္ချိုင်းတွင်း မှ ထွက်၍ သန့်ရှင်းသော မြို့ထဲသို့ ဝင်ပြီးလျှင်၊ လူ များစွာ တို့အား ထင်ရှားကြ၏။ (မ ၂ရး၅၀-၅၃)

ခရစ်တော် ထမြောက်သောအခါ ဓမ္မဟောင်းကာလ၌ သေလွန်ခဲ့သော ယုံ ကြည် သူများ ထမြောက် ကြပြီ။ သူတို့သည် သန့်ရှင်းသော မြို့ တည်းဟူသော ယေရုရှလင် မြို့၌ လူ များစွာတို့ ထံထင်ရှား ကြသည်။ သို့သော် အံ့ဩဘွယ် ကောင်းသည်မှာ ယေရုရှလင်မြို့ရှိ လူများသည် ပြောင်းလဲ၍ ခရစ်တော်ကို ပြန်လည် ယုံကြည် ကြသည်ဟု မတွေ့ရချေ။ ထို့ကြောင့် လူသည် မည်မျှပင်အံ့ဩဘွယ် နိမိတ်လက္ခဏာများ တွေ့ရသော်လည်း ဘုရားသခင်ကို မယုံကြည် နိင်ခြင်းသည် အံ့ဩဘွယ် ဖြစ်သည်။

ထိုသို့ ယုံကြည်သူများကောင်းကင်သို့ ချီဆောင်ခြင်းသည် သူတို့ကို ဤလောက၌ ကျရောက်မည့် ဘေးဒဏ်ကြီးကာလမှ ကယ်နှုတ်လိုက်ခြင်း ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလသည် ဤလောက၌ ဘုရားသခင်၏ အမျက်တော် သွန်းလောင်းသောအချိန် ဖြစ်သည်။ ယုံကြည်သူများသည် ထိုဘေးဒဏ်ကြီးကာလ သို့မဟုတ် ဘုရားသခင်၏ အမျက်တော်ကို ခံဘို့ရန် ရွေးချယ်ထားခြင်း မဟုတ် ကြောင်းကို ရှင်ပေါလုက ဤသို့ ရေးထားသည် အမျက်တော်ကို ခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည် မဟုတ်။ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ ခန့်ထားတော်မူ၏။ (၁ သက် ၅:၉)။

.

ရှင်ယာကုပ်ဩဝါဒစာတွင် ဖေါ်ပြသည့်ယုံကြည်ခြင်းနှင့် အကျင့်တရား

အာလ်ဖရစ် ဆန်းနော်

ရှင်ယာကုပ်ရေးသားသည့်ဩဝါဒစာသည် အနယ်နယ်အရပ်ရပ်သို့ ပြန့်နှံ့နေသည့် ဣသရေလ လူမျိုး (၁၂) မျိုးအထဲမှ ယုံကြည်သူများထံသို့ ရေးသားသည့်ဩဝါဒ ဖြစ်ကြောင်းကို ဦးစွာ သိရှိဖို့လိုအပ်သည်။ ရှင်ယာကုပ် (၁:၁၊ ၂)တွင် ငါယာကုပ်သည် အရပ်ရပ်၌ ကွဲပြား နေသော တဆယ့်နှစ်ပါးသော အမျိုးသားတို့ကို မေတ္တာနှင့် ပြောကြားလိုက်ပါ၏။ ညီအစ်ကိုတို့၊ သင်တို့၏ ယုံကြည်ခြင်းကို ... ဟု ရေးသားသည့်အပြင် (၂:၁) တွင်လည်း...ငါ့ ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်း အမှု မှာ ...ဟု ရေးသား ထားသည်ကို ထောက်ရှုခြင်းအားဖြင့် ယုံကြည် သူတို့ ထံရေးသားသည့် ဩဝါဒ ဖြစ်ကြောင်း ထင်ရှားပါသည်။ ခရစ်ယာန် ( ယုံကြည်သူ) များကယုံကြည်ခြင်းအားဖြင့် ပြုလုပ် ရမည့် အကျင့် (တသမု)နှင့် မလုပ်ရမည့် အရာများကို ဖေါ်ပြသည့် ဆုံးမဩဝါဒစာ ဖြစ်ပါသည်။

ကယ်တင်ခြင်း
ထာဝရ ငရဲသို့ ကျရောက်မည့် ဘေးမှကင်းလွတ် စေပြီး ထာဝရ အသက် ရသည့် ကယ်တင်ခြင်း၊ ရန်သူလက်မှ ကယ်တင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်မှ ကယ်တင်ခြင်း၊ ရောဂါဘေးမှ ကယ်တင်ခြင်း... စသည်ဖြင့် ကယ်တင်ခြင်းကို အဓိပ္ပါယ်အမျိုးမိျုးဖွင့်၍ ရပါသည်။ ထိုသို့ အဓိပ္ပါယ်ဖွင့်သည့်အခါ ကယ်တင်ခြင်း ဆိုသည့်စကား လုံး၏ အရှေ့နှင့် အနောက်ရှိအခန်းငယ်များသာမက၊ တခါတရံ အခန်းကြီးများကိုပါ သေသေချာချာ ဖတ်ရှုမှသာ မည်ကဲ့သို့သော ကယ်တင်ခြင်း ဖြစ်သည်ကို မှန်ကန်စွာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်မည် ဖြစ်ပါသည်။

ရန်သူဘေးမှကင်တင်ခြင်း
ထွက်မြောက်ရာကျမ်း (၁၄:၁၃) တွင် မောရှေက... စိုးရိမ်ခြင်း မရှိကြ နှင့်၊ ငြိမ်ဝပ်စွာ ရပ်နေကြ၊ ထာဝရဘုရားသည်၊ ယနေ့ ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှုကြလော့။ သင်တို့သည် ယနေ့ မြင်သော အဲဂုတ္တု လူတို့ကို နောက် တဖန် အလျင်းမမြင်ရကြ... ဟု ပြောခဲ့သည်။ ဣသရေလ လူမျိုးတို့၏ အရှေ့တွင် ပင်လယ်၊ အနောက်တွင် ဖါရောစစ်သားများကြား၌ အကျဉ်းအကြပ်အန္တရာယ်နှင့် ရင်ဆိုင်နေရစဉ် မောရှေ ပြောခဲ့သည့်စကား ဖြစ်ပါသည်။ ဣသရေလ လူမျိုးတို့ကို ရန်သူလက်မ ကျရောက်အောင် ထာဝရဘုရားကယ်တင်မည် ဖြစ်သည့်အတွက် ထာဝရဘုရား ပြုမည့် ကယ်တင်ခြင်းကို ကြည့်ရှုကြလော့ဟု အဓိပ္ပါယ်ဖေါ်၍ ရပါသည်။ ရှင်းလင်းစွာ သဘောပေါက်ဖို့အတွက် ထွက်မြောက်ရာကျမ်း အခန်းကြီး (၁၄) တခုလုံးဖတ်ရန်လိုပါသည်။ ထိုသို့ ဖတ်မှသာလျှင်(၁၄:၁၃)တွင် ဖေါ်ပြသည့် ကယ်တင်ခြင်းသည် ထာဝရ အသက် ရဖို့ရန် ကယ်တင်ခြင်း မဟုတ်ဘဲ ရန်သူလက်မှ လွတ်မြောက်ရန် ကယ်တင်ခြင်း ဖြစ်ကြောင်း ကောင်းမွန်စွာ သဘောပေါက် နားလည်လာမည် ဖြစ်ပါသည်။

အမြုံမဘဝမှ ကယ်တင်ခြင်း
ဓမ္မရာဇဝင်ပဌမ စောင် (၂:၁)တွင်... တဖန် ဟန္နာသည် ပဌနာ စကားကို မြွက်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ ရ¸င် လန်းလျှက်၊ ထာဝရဘုရားကြောင့် ငါ့ဦးချိုမြင့်လျက် ရှိ၏။ ကယ်တင်ခြင်း ကျေး ဇူးတော်ကြောင့် ဝမ်းမြောက်၍ ဝါကြွားစကားကို ပြောရ၏... ဟု ဖေါ်ပြထားပါသည်။ မည်ကဲ့သို့သော ကယ်တင်ခြင်း ခံရမှုကြောင့် ဟန္နဝမ်းမြောက် ပါသနည်း။ ဤ ကျမ်းပိုဒ် တခုတည်းဖြင့် အ​ဖြေ သိနိုင်ဖို့ မလုံလောက်ပါ။ ဓမ္မရာဇဝင် ပဌမ စောင် အခန်းကြီး (၁) တခုလုံးကို ဖတ်ပါက၊ ဟန္နသည် မြုံသော မိန်းမ ဖြစ်သည်။ စိတ်နှလုံး​ကြေကွဲစွာ ဖြင့်သား ဆုရပါက ထာဝရဘုရား ထံအပ်ပါမည်ဟု ဆု တောင်းသည် (၁:၁၁)။ ထာဝရဘုရားက ဟန္နအားသား ယောကျ်ားဖွားရသော ဆုကို ပေးသည် (၁:၂၀)။ သူမသည် ဂတိပြုသည့်အတိုင်း ထာဝရဘုရား ထံသားရှမွေလကို အပ်နှံသည် (၁:၂၄၊ ၂၅)။ မြုံသော ဘဝမှကင်းလွတ် ပြီးသား ဆုရသည့်အတွက် ဝမ်းမြောက် ကြောင်း၊ အမြံုမဘဝမှ ကယ်တင်ခြင်း ခံရကြောင်း၊ သူမ၏ ရန် သူတို့ ရှေ့မှာ ဝါကြွားနိုင်ပြီ ဖြစ်၍၊ သူမ၏ ဦးချို (ဂုဏ်အသရေ) မြင့်တက် လျှက်ရှိကြောင်း၊ ဝမ်းမြောက်စွာဖြင့် ချီးမွမ်းခြင်း ယဇ်ကို ပူဇော်ခြင်း ဖြစ်ပါသည်။ ဤနေရာ၌ ကယ်တင်ခြင်းမှ ာအမြံုမဘဝမှ လွတ်မြောက်သည့် ကယ်တင်ခြင်း ဖြစ်ကြောင်း ထင်ရှားပါသည်။

တမန်တော် ဝတ္တု (၄:၁၂)တွင် ဖေါ်ပြသည့် ကယ်တင်ခြင်း
တမန်တော် ဝတ္တု (၄:၁၂)တွင်... ထိုသခင် (ယေရှု)၏ နာမတော် မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှကောင်းကင် အောက်လူတို့တွင် မပေါ် မရှိ...ဟု တမန်တော် ပေတရုကလူတို့အား မြွက်ဆိုခ့​ဲသည်။ တမန်တော် ဝတ္တု (၄:၁၁)တွင် ...ထိုသခင်မှတပါး အဘယ်သူမျှ ကယ်တင်ခြင်း အမှုကို မတတ်နိုင် ... ဟု ဖေါ်ပြထားပါသည်။

သို့ဖြစ်၍ ဖေါ်ပြပါ ကယ်တင်ခြင်းသည် မည်ကဲ့သို့သော ကယ်တင်ခြင်း ဖြစ်ပါသနည်း။ အနာရောဂါပျောက်ကင်းဖို့ ကယ်တင်ခြင်းလော။ မဖြစ်နိုင်ပါ။ အနာရောဂါ ပျောက်ကင်းစေဖို့ ဆရာဝန်ကလဲတတ်နိုင်ကြပါသည်။ ရန်သူလက်မှ ကယ်တင်ခြင်းလော။ ဒါလဲမ ဖြစ်နိုင်ပါ။ တစုံတယောက်သောသူကရန်သူလက်မှ ကယ်တင်နိုင်ပါသည်။ မြံုသော ဘဝမှ ကယ်တင်ဖို့လော။ ဒါလဲမ ဖြစ်နိုင်ပါ။ ခေတ်သစ်ဆေးပညာဖြင့် များစွာသော သူတို့ကို အမြံုဘဝမှကင်းလွတ် စေနိုင်သည်။ သို့ဖြစ်လျှင် မည်ကဲ့သို့သော ကယ်တင်ခြင်း ဖြစ်ပါသလဲ။ လူလည်း မတတ် နိုင်၊ နတ်ဆိုးလဲ မတတ်နိုင်၊ စာတန် မာရ်နတ်ကလဲ မတတ်နိုင်၊ ကောင်းကင်တမန်တို့ ကလဲ မတတ်နိုင်သည့်အရာ တခုရှိပါသည်။ ထိုအရာကား ငရဲဘေးမှကယ် တင်ခြင်း ပေတည်း။ ငရဲဘေးမှ ကယ်တင်ပြီး ထာဝရ အသက် ပေးသောသူမှာသခင် ယေရှု ဖြစ်ပါသည်။ သခင်ယေရှု မှလွှဲ၍ မည်သူမှ မတတ်နိုင်ပါ။ သို့ဖြစ်၍ တမန်တော် ဝတ္တု (၄:၁၂)တွင် ဖေါ်ပြသည့် ကယ်တင်ခြင်းကို အ​ဖြေထုတ်ပါက ထာဝရ အသက်ရှင်ခြင်း တည်းဟူသော ကယ်တင်တင်ခြင်း ဖြစ်ကြောင်း ထင်ရှားနေပါသည်။

ရှင်ယာကုပ် (၂:၁၄)တွင် ဖေါ်ပြသည့် ကယ်တင်ခြင်း
ငါ့ ညီအစ်ကိုတို့၊ တစုံတယောက်သောသူကငါသည် ယုံကြည်ခြင်းရှိ၏ဟု ပြောလျက်၊ အကျင့်ကို မကျင့်ဘဲ နေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံ ကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော (၂:၁၄) ...ဆိုသည့်ကျမ်းပိုဒ်တွင် ဖေါ်ပြသည့်ယုံကြည်ခြင်း အကျင့်နှင့်တို့ကို လေ့လာဖို့လိုသည်။
တစုံတယောက်သောသူ... ယုံကြည်သူ ( ခရစ်ယာန်)
ယုံကြည်ခြင်း ... ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျှောက် (လုပ်ဆောင်ချက် သို့
အကျင့်) ရောက်သည် မဟုတ်၊ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။
(ဧဖက် ၂:၈) သားတော်ကို ယုံကြည်သောသူသည် ထာဝရ အသက်ကို ရ၏။
(ယောဟန် ၃:၃၆) ငါတို့ ကျင့်သော ​ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ် ... သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့် ငါတို့ကို ကယ်တင်တော်မူ၏။ (တိတု ၃:၅) ...ထိုကျမ်းပိုဒ်များ အရထာဝရ အသက်ရဖို့ရန်အကျင့်မလိုပါ။ ယုံကြည်ခြင်းရှိ ဖို့သာ လိုပါသည်။

ထိုကြောင့် ရှင်ယာကုပ် (၂:၁၄)တွင် ဖေါ်ပြသည့် ယုံကြည်ခြင်းသည် ထာဝရ အသက် ရဖို့ရန်အတွက် မဟုတ်ပါ။ ယုံကြည်သူ ( ခရစ်ယာန်)များက သူတို့၏ ဘဝအသက်တာတွင် ယုံကြည်ခြင်းဖြင့် ကျင့်ရမည့် အကျင့် ဖြစ် ပါသည်။

အကျင့်...ယာကုပ် (၂:၁၄)တွင် ဖေါ်ပြသည့်အကျင့်သည် မည်ကဲ့သို့သော အကျင့် ဖြစ်ကြောင်းကို ထိုကျမ်းပိုဒ်တပိုဒ်တည်းအားဖြင့် အ​ဖြေဖေါ်မရပါ။ ယာ ကုပ် (၂:၁၅၊ ၁၆)တို့ ဆက်လေ့လာပါက ထိုယုံကြည်သူ ( ခရစ်ယာန်)၌ ညီအစ်ကို နှမများရှိသည်။ သူတို့၌ စားစရာ၊ ဝတ်စရာ မရှိဘဲ ဆင်းရဲ ကြသည်။ ထိုယုံကြည်သူ ကစားစရာ၊ ဝတ်စရာ မထောက်ပံ့ဘဲ၊ ငြိမ်ဝတ်စွာ သွားပါ။ နွေးနွေးထွေး ထွေး နေကြပါ။ ဝစွာ စားကြပါဟု ပြောရုံဖြင့် မကယ်နိုင်ပါ။ လက်တွေ့မပါသည့် အတွက် အကျိုးမရှိပါ။ သေနေပါသည်။ လူသေနှင့် တူပါသည်။

ကယ်တင်ခြင်း ... (၂:၁၄)တွင် ဖေါ်ပြသည့် ကယ်တင်ခြင်းသည် ထာဝရ အသက် ရအောင် ကယ်တင်ခြင်း မဟုတ်ပါ။ ဆင်းရဲခြင်းမှ ကယ်တင်ရန် ဖြစ်ကြောင်း သဘော ပေါက်ဖို့ လိုပါသည်။

ကျမ်းပိုဒ်တပိုဒ်ကို မိမိကြိုက်သလိုမှားယွင်းစွာ အဓိပ္ပါယ်ဖွင့်ပြီး ဟောပြောသွန်သင် သူများကို ရှောင်ရှာနိုင်ဖို့ ရေးသား တင်ပြအပ်ပါသည်။

.

 

မြန်မာပြည် ခရီး စဉ်-ယခင်လမှအဆက်


မန္တလေးမှမုံရွာသို့
မန္တလေးသင်းအုပ်ဆရာအိမ်မှာနေ့လည်စာကို ဝလင်စွာ စားပြီး တဲ့ နောက်မုံရွာသို့ ခရီး ဆက်ကြတယ်။ နေ့လည်နေပူတဲ့အချိန် ဖြစ်လို့သိပ်တော့ မသက်သာဘူး။ လမ်းမှာဒီဇယ်ဆီကို ထည့်ပြီး ချင်းတောင်မှာစျေးပိုကြီးမည် ဖြစ်တဲ့ အတွက် သုံးပုံးအပိုဝယ်ထားတယ်။ မုံရွာမရောက်ခင် ရမိုင်မှာရှိတဲ့ကူတောပလ္လင် ရွာရောက်တဲ့အခါ ဗမာစစ်စစ် ယုံကြည်သူ ဦးဟန်စိုးအိမ်ကို လမ်းဘေးမှာရှာကြ တယ်။ သူ့အိမ်က ရှာလို့လွယ်တယ်။ ဘာကြောင့်လဲဆိုတော့ အိမ်မှာဟာလေ လုယ ဆိုင်းဘုတ်တင်ထားလို့ဘဲ။ လမ်းရဲ့ ညာဖက်မှာတွေ့ရတယ်။ ခဏဆင်းပြီး တော့သူ့အိမ်ထဲဝင်ရတယ်။ သူ့ကိုတော့ မတွေ့လိုက်ရဘူး။ သူ့ဇနီးနဲ့သမီးကိုဘဲ တွေ့ရတယ်။ သူတို့ ကလဲပြာပြာသလဲဧည့်ခံဘို့ ပြင်ပေမယ်လို့အချိန် မရှိ တော့တာနဲ့ကား ပေါ်တက်ကြပြီး မုံရွာကို ဆက်သွားကြတယ်။

ဦးဟန်စိုးအကြောင်းကို ဆရာကြီး ပါထောင်းက ပြောပြလိုအရမ်းရီ ရကြတယ်။ သူပြောတာက ဦးဟန်စိုးဟာ သူတို့ ရွာမှာနွားအလှပြိုင်ပွဲလုပ်တဲ့ အခါသူလည်း ပါဝင်တယ်။ လူတိုင်းက သူတို့ ရဲ့နွားနှင့် လှည်းတွေကို အမျိုးမျိုး လှပအောင် ချိတ်ဆွဲကြတယ်။ ဒါပေမဲ့ဦးဟန်စိုးကတော့သူရဲ့နွား တွေကို သန့်သန့်ရှင်းရှင်း ထားပေမယ်လို့ ဘာမှ အလှအပတွေ မဆင်ထားဘူး။ နွားလှည်းပေါ်မှာ ဟာလေလုယ ဆိုတဲ့ဆိုင်းဘုတ်ဘဲ တပ်ထားတယ်။ သူပြောတာကယုံ ကြည်သူ ဖြစ်ပြီး တဲ့နောက်ဟန် ဆောင်အလှတွေ မလိုတော့့ဘူးတဲ့။ ဒါနဲ့နွားလှည်းတွေ ပြိုင်ပွဲထဲမောင်း လာကြတဲ့အခါ ဦးဟန်စိုးရဲ့နွားလှည်း လဲဝင်လာသော လူတိုင်းက ဟာလေလုယ ဆိုပြီး ဩဘာပေးကြတယ်။ ဆုမရ ပေမယ့်လို့ ပရိသတ်ရဲ့ဩဘာပေးအခံရဆုံး ဖြစ်တယ်လိုဆိုတယ်။ အရင်တုံး ကဆိုရင်နွားသိုးကို မွေးထားပြီး သူ့အိမ်ရှေ့မှာ ဟာလေလုယ မျိုးသန့်နွားလို့ ဆိုင်းဘုတ်တပ်ထားတယ်။ အနီးအနားမှာမ ယုံကြည်သူများဝိုင်းရံထားပေမယ် လို့သူရဲ့ယုံကြည်ခြင်း ကတော့ စံနမူနာ ယူလောက်အောင် ခိုင်တယ်။

မုံရွာ ဦးဟန်စိုး ကိုယ်တော်ပလင်
မင်္လာဒုံမြိ့နယ်ပုလဲကျမ်းစာ ကျောင်းမှာ ပြုလုပ် တဲ့ရန်ကုန်သာသ နာနယ် ငွေရတုသဘင်ပွဲမှာ သူလဲရောက်လာတယ်။ သူ့ကို ဆရာများ ကသက် သေမခံခိုင်းရဲဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အထာကို သိကြတယ်။ တခါတုံး ကမုံရွာ အသင်းတော်မှာ သက်သေခံခိုင်းတာကြာလွန်းလို့ သူ့ကို အနောက်ကနေ ဆရာက ရပ်တော့ ရပ်တော့ဆိုပြီး လက်ပြတာ သူကဆက်လုပ် ဆက်လုပ်လို့ သဘောပေါက်တဲ့အတွက် အကြာကြီး ဆက် သက်သေခံတယ်လို့မုံရွာသင်းအုပ် ဆရာ ဖြစ်ခဲ့တဲ့ဆရာကျော်သာကဖောက်သယ်ချတာ တဝါးဝါးတဟားဟားနဲ့ နားထောင် ကြတယ်။ အဲဒါကြောင့်ပွဲတော်ကြီး မှာ သူ့ကို သီချင်းဘဲ ဆိုခိုင်းပြီး သက်သေမခံဘို့ ဆရာကျော်သာက သေသေချာချာမှာထားပေမယ်လို့စင်ပေါ် လဲရောက်ရောသူ့မှတ်စုစာအုပ်ထဲက ကျမ်းစာကို အရှည်ကြီး ဖတ်သွားတယ်။ နောက်မှဗမာသီချင်းကြီး နဲ့ဘုရား သီချင်းကို ဆိုသွားတဲ့အခါ ပရိသတ်ကြီး ကဩ ဘာပေးကြတယ်။ ဆရာပီတာ လိန်းမောင်းကလည်း လျှပ်စစ်ဂီတာနဲ့သီချင်းကို လိုက်ဖက်အောင် တီးပေးလိုက်တော့အတော့်ကို နားထောင် လို့ကောင်းတယ်။

မုံရွာသတင်းကောင်း နှစ်ခြင်း အသင်းတော်
မုံရွာရောက်တဲ့အခါ​ကျွန်နော် အခေါက်ခေါက်အခါခါ ရောက်ခဲ့ပေမယ့်လို့ အသင်းတော် ရှိတဲ့နေရာကို တိတိကျ ကျမမှတ်မိတော့ဆရာကြီး ထန်ကသူပါလာတဲ့ဟင်းဖုံး (hand phone) နဲ့လာကြိုဘို့ အသင်းတော် ကလူများကို ခေါ်တယ်။ အသင်းတော် အဆောက်အဦးကတော့ ဘုရားကျောင်းနဲ့ မတူဘူး။ လူနေအိမ်တိုက်ခန်းဘဲ ဖြစ်တယ်။ လေးအိမ်ထောင်နေတဲ့တိုက်ခန်း ဖြစ်ပြီး သုံးထပ်စီပိုင်ကြတယ်။ အသင်းတော် ကတော့အလယ်ခန်း ဖြစ်ပြီး အပေါ်ဆုံးထပ်မှာ ဘုရားရှိခိုးတဲ့နေရာ၊ အလယ်ခန်းမှာ သင်းအုပ်ဆရာ နေအိမ် အောက်ဆုံးထပ်ကတော့ ဧည့်ခန်းနဲမီးဖို ခန်း ရေချိုးခန်း ဖြစ်တယ်။ ​ကျွန်တော် အဲဒီ အောက်ဆုံးခန်းမှာ ဦးလာလ်အောင် နဲ့ ၂၀၀၁ ခုနှစ်တုံးကအိပ်ဖူးတဲ့နေရာ ဖြစ်တယ်။

မုံရွာ GBC
မုံရွာ အသင်းသားများသာမက အခြား အသင်းတော်က ယုံကြည်သူများနေ့လယ်ကတည်း က​ကျွန်နော်တို့ကို စောင့်ကြတယ်လို့သိရတယ်။ ​ကျွန်နော်တို့ လဲအစီအစဉ်တွေပြောင်းတာနဲ့ည ၅ နာရီလောက်မှဘဲ ရောက်ကြတယ်။ ရောက်ရောက်ချင်းဘဲ အပေါ်ဆုံးထပ်မှာ​ကျွန်နော်ကဘဲ ဦးဆောင်ပြီး ချီဆောင်ခြင်း အလွန် နီးပြီ ဖြစ်တဲ့အကြောင်းကို တနာရီလောက်ပြောပြတယ်။ သူတို့လည်း စိတ်ဝင်စားစွာ နဲ့ နားထောင် ကြတယ်။ပြီး တဲ့အခါထမင်းဆိုင်သို့ သွားကြပြီး ထမင်းစားကြတယ်။

မုံရွာမှဟားခါးသို့
ထမင်းဆိုင်မှာထမင်းစားပြီး တာနဲ့အချိန် မဖြုန်းတော့ဘဲ မုံရွာကနေ ထွက်ခွါပြီး ချင်းတောင်သို့ သွားတဲ့ကတ္တရာလမ်းပေါ်မှာ ​ကျွန်နော်တို့ ကားက ပြေးသွားတယ်။ လမ်းကောင်းတော့ ဘယ်အချိန် ကနေ အိပ်ပျော်သွားမှန်း မသိ ဘူး။ ​ကျွန်နော်အိပ်ရေးဝလို့ မဟုတ်ဘဲ ကား အရမ်းယိမ်းတာနဲ့ခေါင်းကဟိုဆောင့် ဒီဆောင့်နဲ့နိုးလာတယ်။ အရင်တုန်းကတော့ ကတ္တရာခင်းထားတယ် ထင်တယ်။ အခုတော့ လမ်းကချိုင့်ခွက်တွေများ တော့ကား လေးခမျာ ဘယ်ယိမ်း လိုက်ညာ ယိမ်းလိုက်နဲ့ ပုံမှန်လေးသွားနေတယ်။

Lamtuk, Haka Restaurant
တောထဲတနေရာမှာအပေါ့သွားချင် ကြတာနဲ့ ကားရပ်တယ်။ ကောင်းကင်မှာ ကြယ်တွေ တွေ့ရတယ်။ ဘာအသံမှမကြားဘူး။ တလောက လုံးက အေးဆေးစွာ အိပ်နေတယ်။ အပေါ့သွားမဲ့ restroom လဲတလောကလုံးပါဘဲ။ တနေရာမှာ လမ်းခွဲရှိတော့မှားသွား သေးတယ်။ သစ်ထုတ်လုပ်ရေးစခန်း ရောက်သွားတယ်။ လမ်းသိတဲ့လူကဆရာကြီး ထန်းတစ်ယောက်ဘဲ ရှိတယ်။ တော် သေးတယ်သူရှိပေလို့။ ဘယ်ချိန်က အိပ်ပျော်သွားမှန်း မသိဘူး။ ပြန်နိုး လာတဲ့အခါ ဂန့်ဂေါရောက်ပြီလားလို့ မေးတာ ကျော်သွားပြီလို့ ပြောကြတယ်။ နောက်ကား လမ်းကဂန့်ဂေါမြို့ကို မဖြတ်ဘူး။ မြို့နဲ့ကား လမ်းကနဲနဲဝေးတယ် လို့ပြောတယ်။ တဖန် အိပ်ပျော်သွားပြီး ပြန်နိုးလာတဲ့အခါ ချောက်ကမ်းပါးတွေ တွေ့ရတယ်။ ချင်းတောင် ဟားခါးမြို့ နယ် ရောက်သွားပြီလို့ သိရတယ်။ တောင်ပေါ်လမ်းကပိုကောင်းတယ်။ လှိမ့်တာတွေ သက်သာလာတယ်။


Lamtuk ရွာ
လမ်သုပ် (Lamtuk) ရွာရောက်တဲ့အခါစားသောက်ဆိုင်လေးမှာခဏ နားကြတယ်။ အဲဒီရွာက​ကျွန်နော်နဲ့နာမည်တူကို ထောင်ကျုံးတို့ ရဲ့ရွာလို့သိ ရတယ်။ ကော်ဖီတွေမှာပြီး မန္တလေး ကပါလာတဲ့မုန့်တွေကို စားကြတယ်။ တောင်ပေါ်ရွာလေးစတင်တွေ့ရတော့ တမျို းခံစားရတယ်။ ဆက်သွားတဲ့အခါ Zo Khua ရွာလေးရောက်သွား တယ်။ အဲဒီရွာမှာသတင်းကောင်း နှစ်ချင်း အသင်းတော် လေးရှိတာ ကြားဘူး တဲ့အတွက် ဘုရားရှိခိုး ကျောင်းရှေ့မှာ ကားရပ်ပြီး နားကြတယ်။ ဘုရားရှိခိုးကျောင်းထဲဝင်သွားတော့ယုံ ကြည် သူများ အစာရှောင် ဆုတောင်း တာ တွေ့ရတယ်။ မမျှော်လင့်ဘဲ တွေ့တော့ သူတို့ လဲအရမ်းအံံ့ဩကြတယ်။ အသင်းသား ကတော့မများ ဘူး။ အခြားနေရာသို့ ပြောင်းသွားကြတဲ့ အတွက် စုစုပေါင်း၁၆ယောက်လောက်ဘဲ ရှိတယ်လို့ သိရတယ်။

Zo Khua ကနေဟားခါး အထိ တော့ကတ္တရာလမ်း ဖြစ်လို့ အတော် လေးကောင်းတယ်။ ကား လမ်းကဟားခါးမြို့ အထက် တောင်ပေါ်ကနေဝင်တဲ့အတွက် တမြို့လုံးမြင်နိုင် တဲ့နေရာမှာရပ်ပြီး ဓါတ်ပုံတွေရိုက်ကြတယ်။ ဆရာကြီး ထန်းကနေရာတွေ အိမ်တွေ ရှင်းပြတယ်။ မကြာခင်မှာညနေနှစ်နာရီလောက်မှာ​ ကျွန်နော်တို့ ကား လေးက ဟားခါး သတင်းကောင်း အဖွဲ့ချုပ်ရုံးရှေ့မှာ ရပ်သွားတယ်။ ရုံးမှာ အတွင်းရေးမှုး ဆရာကြီး ထန်းတို့ မိသားစု နေကြတယ်။ နွေရာသီဆိုပေမယ့်အကျင့် ပါနေတော့ ရေအေးနဲ့ ရေမချိုးရဲကြဘူး။ သူတိုလည်း ဧည့်သည်များရဲ့အကြောင်းကို သိထားတော့ အိုးကြီး နဲ့ရေနွေးကြုိထားကြတယ်။ ရေချိုးပြီး ထမင်းစားပြီး တဲ့နောက်ခဏအိပ်ကြတယ်။ အမတို့ တော့မအိပ်တော့ဘဲ မြုိ့ထဲကို လျှောက် သွားကြတယ်။

ပြည်တော် သာဂျီဘီစီ

View of Haka from North-side of
ညရောက်လာတဲ့အခါဟားခါး အဖွဲ့ချုပ်စတင်ရာနှင့် အဖွဲ့ချုပ်အတွင်း အကြီး ဆုံး ဖြစ်တဲ့ပြည်တော် သာဂျီဘီစီ ဘုရားရှိခိုးကျောင်း၌ သင်တန်းစတင် ပေးလိုက်တယ်။ ​ကျွန်နော်တို့ ရောက်မဲ့အရာကို ကြို မပြောပေမယ့်တစ်ယောက် နဲ့တယောက် ပြောကြတာ ဘုရားကျောင်းအပြည့်ရောက်လာကြတယ်။ ဘုရားကျောင်းကနှစ်ထပ်သွပ်မိုးပျဉ်ကာ ဖြစ်ပြီး လူလေးငါးရာလောက်ဆန့်တယ်။ ခရစ်တော် ကြွလာတော့မည့် အရာကို ပြောပြတယ်။ ပါလာတဲ့ ချီဆောင်ခြင်း နဲ့ပတ် သက်တဲ့ီဠီကို လဲပြတယ်။ သူတို့ အရမ်း စိတ်လှုပ်ရှားကြတယ်။ နောက်တ နေ့တနင်္နွေနေ့လည်း ပြည်တော်သာ ဘုရားကျောင်းမှာဘဲ ဘုရားရှိခိုးကြတယ်။ ညနေပိုင်းတော့ မြို့သစ်ဘုရားရှိခိုးကျောင်းသို့ ကား နဲ့သွားကြတယ်။ လူကြီး အယောက် ၃၀လောက်ကစောင့် နေကြတာ သူတို့ ဆီမှာလည်း ချီဆောင်ခြင်း အကြောင်း ပြောခဲ့ရတယ်။ မြို့သစ်ကနေ မြို့ဟောင်း ဘုရားရှိခိုးကျောင်ု မှာ သွားကြပြီး လူအယောက် ၃၀လောက်က ကြိုဆိုကြတယ်။ သူတို့ ဆီမှာလည်း ခဏဟောပြောပြီး ဘုရားကျောင်းနားမှာရှိတဲ့ သင်းအုပ်ဆရာအိမ်မှာ အောင်လောက်ချဉ်နှင့် ပြောင်းဖူး ပြုပ်စားတာညနေစာတောင်စားလို့မရတော့ဘဲ အရမ်းဝသွားတယ်။ အဲဒီကနေ စျေးဟောင်း ဘုရားရှိခိုးကျောင်းသွားကြတယ်။ ပြည်တော်သာ အသင်းတော် ရဲ့အသင်းခွဲ ဖြစ်တယ်။ အိမ်ဟောင်းကို ဝယ်ပြီး နှစ်ထပ်ပျဉ်ထောင် အိမ်ဆောက်ကြတယ်။ လောလောဆယ် ခလေး တွေသင်တန်းလုပ်တဲ့ နေရာအဖြစ် အသုံးပြု ကြတယ်။ ဘုရားကျောင်း တော့ မဆောက်နိူင်ကြ သေးဘူး။

ညရောက်တဲ့အခါပြည်တော်သာ ဘုရားကျောင်းအပြည့် လူတွေက ရောက်လာကြတယ်။ လူသွားလမ်းမှာလည်း ပြည့်ကြပ်နေအောင် ထိုင်ကြတယ်။ ဘုရားကျောင်း အဝင်ဝမှာလည်း ပြည့်ကြပ်နေတယ်။ အဲဒီညမှာလည်း သင်တန်းဘဲ ဆက်လုပ်တယ်။

ဟားခါးအဖွဲ့ချုပ်
ဟားခါးအဖွဲ့ချုပ်အောက်၌ ဒေသနာျွှရ အသင်းတော် ၁၂ ပါးရှိတယ်။အချိန် ပြည့်ဆရာမ ၁၀ ဦး၊ အချိန် ပိုင်းဆရာ ၃ ဦး၊ စာရေး၁ ဦးရှိတယ်။ အမျိုးသမီးဌါနလဲအချိန် ပြည့်ဖွင့်လှစ်နိင်ပြီး ဆရာမ မချစ်ကအတွင်းရေးမှူး ဖြစ်တယ်။ လူငယ်ဌါနကတော့အချိန် ပိုင်းသာဖွင့်နိင်တယ်။ သာသနာ ပြုဌါနလည်း ဖွဲ့စည်းဖို့လှူပ်ရှားနေပြီလို့သိရပါတယ်။

ဟားခါးမှထန်တလန်သို့
ထန်တလန်မြို့ဟာဟားခါးမြို့ကနေ ၂၄ မိုင်ဘဲ ဝေးတယ်။ ဒါပေမယ့်​ ကျွန်နော်တခါမှ မရောက်ဘူးသေးဘူး။ ဒါကြောင့်ဖလမ်း မြို့သွားရင်းနဲ့ ခဏသွားကြရအောင် ဆိုပြီး သွားကြတယ်။ လမ်းကတော့ဖုံတအားများတယ်။ လမ်းမှာ လမ်း အလုပ်သမားတွေက အမျိုးသမီးတွေဘဲ တွေ့ရတွယ်။ လမ်းအင်္ျင်နီယာလည်း ဒို့ အသင်းတော် ကအမျိုးသမီး ဖြစ်တဲ့အကြောင်း သိရ တယ်။ ထန်တလန် အသင်းတော် ကတော့ စတင်တာမကြာသေးဘူး။ လူနေ အိမ်ကို သိန်း၁၅၀ နဲ့ဝယ်ပြီး ဘုရားကျောင်း လုပ်ရတယ်။ မြို့လယ်ဘော်လုံး ကွင်းနားမှာဆိုတော့အတော် ကောင်းတယ်။ ဂျီဘီစီ အသင်းသားများသာမက အခြား အသင်းသား များလည်း ​ကျွန်နော်တို့ကို ကြိုဆိုကြတယ်။ ချီဆောင်ခြင်း အကြောင်း အနည်းငယ်ပြောပြီး သူတို့ တည်ခင်းတဲ့ လကြ်ရည်နဲ့မုန့်တွေစားပြီး ဓါတ်ပုံရိုက်ကြတယ်။ ​ကျွန်နော်သိတဲ့လူဆိုလို့ဆရာမဟဲနီကိုဘဲ တွေ့ရတယ်။ သင်းအုပ်ဆရာတော့ပါရုန်း ဖြစ်တယ်။ သူကတော့ဧဝဂေလိခရီး သွားတာနဲ့မ တွေ့လိုက်ရဘူး။

ချွန်ကျုံးဂျီဘီစီ
ထန်တလန်မြို့မှပြန်ထွက်လာပြီး ဖလမ်းမြုိ့သို့ ဆက်သွားကြတယ်။ ဟားခါးမြို့ကနေ ၁၆ မိုင်ဝေးတဲ့ခွျန်ကျုံးရွာမှာနေ့လည်စာစားကြတယ်။ တန်လာနေ့ ဖြစ်ပေမယ့်လို့ အသင်းသား များ အယောက် ၅၀ လောက်ကလှိုက်လှဲစွာ ကြိုဆိုကြတယ်။ ချွန်ကျုံးရွာ ကအတော်ကြီး တယ်။ အသင်းသားလည်း အတော်များတယ်။ ဘုရားကျောင်းလည်း တိုက်အိမ်နဲ့ ဆောက်ထားတယ်။ ဆရာ နေအိမ်လည်း အတော်ကြီး တယ်။ ရုံးခန်းကို မှန်န့​ဲကာထားပြီး အထဲမှာကွန်ပြု တာနဲ့ ပရင်တာကိုလည်း တွေ့ရတယ်။ ဘုရားကျောင်းထဲ ဝင်ကြပြီး ချီဆောင်ခြင်း အကြောင်းကို ​ကျွန်နော်အနည်းငယ်ပြောပြတယ်။ သီချင်းဆိုပြီး ကောင်းကြီး ပေးပြီး နောက် သူတို့ကို နှုတ်ဆက်ပြီး ဖလမ်းမြို့ဖက်သို့ ဆက်ထွက်လာကြတယ်။ ရှင်ပေါလုရဲ့တတိယခရီး စဉ်အပြီးမှာလမ်းမှာရှိတဲ့ ယုံကြည်သူများကို နှုတ်ဆက် တာကို သတိရပြီး ဝမ်းသာဝမ်းနည်းခံစား မိတယ်။

ဒေါက်ထက် ဂျီဘီစီ
ချွန်ကျုံးကနေ နောက်ထပ် နှစ်မိုင်လောက် သွားတဲ့အခါ ဒေါက်ထက် ရွာ ရှိ အသင်းတော် မှာခဏနားကြတယ်။ အဲဒီ အသင်းတော် ဟာဆရမ Rang Khin Hniang ( ယခု Indianapolis မှာနေသည်)က ဦးဆောင်ပြီး တည်ထောင်ခဲ့တဲ့ အသင်းတော် ဖြစ်တယ်။ ဘုရားကျောင်းကလမ်းဘေးမှာရှိတော့အထဲဝင်ပြီး ခဏ စကား ပြောခဲ့ကြတယ်။ (နောက်လဆက်ရန်)

.

Syracuse အသင်းတော် အမှတ်တရ


Since the political turmoil in Myanmar began in the late 1990s, many refugees have settled throughout the United States, including Syracuse, New York. Most of these newcomers are Christians who long for fellowship to continue practicing their faith.

Mr. Zauja Lahtaw—a native Kachin—took it upon himself to minister spiritually to this community. Trained at a theological school, he began meeting with a small group of friends in 2005. Although not yet ordained, Mr. Lahtaw functioned as a pastor from the very start.

In late 2006 Rev. Moses Cung, pastor of Gospel Baptist Church in Rockville, MD, visited Syracuse at the invitation of a woman he had known previously. The visit sparked a close friendship between Rev. Cung and Mr. Lahtaw, who began meeting regularly to study Scripture and fellowship.

By 2007 both leaders felt it was time to formalize their gathering into an official church affiliated with Gospel Baptist Church of the USA. Rev. Cung had visited at least ten times by then, while Mr. Lahtaw held numerous consultations within the fellowship.


On October 28, 2007, Rev. Moses Cung—along with deacons and members from his Rockville church—traveled to Syracuse to officiate the establishment of the fifth Gospel Baptist Church in the United States. That same day Mr. Zauja Lahtaw was ordained as pastor.

Since then Pastor Lahtaw has faithfully shepherded this newly established congregation, fostering community and spiritual growth among Syracuse’s Myanmar refugees..

 

ဆရာမောဇက်တို့ လင်မယား ဧဝံဂေလိ ခရီး

ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် မေလ ၂၂ ရက်နေ့တွင် Battle Creek, Michigan သို့ ကားနှင့် ခရီး ထွက်နိင်ခဲ့ကြပါတယ်။ ​ကျွန်တော်တို့ လင် မယားကတော့ကိုယ့်ကား နဲ့သွားကြတယ်။ ကျွန်နော်တို့ အပြင် Khuang Ci pa တို့ လင်မယား၊ Bob Phunkulh မိသားစု၊ Chris Lamberth မိသားစု၊ Patrick Lamberth မိသားစု၊ Lani Alcoba သား အမိ Sum Sum တို့ နှစ်ယောက်အားလုံး ပေါင်း ခလေး လူကြီး၃၂ယောက်သွားကြတယ်။ ဘုရားသခင်အတူ ပါရှိလို့လူများ ပေမယ့်လို့မိုင် ၅၆၀ ဝေးတဲ့ခရီးကို နားချိန်အပါအ ဝင် ၉ နာရီဘဲ မောင်းရတယ်။ အားလုံး ပင်ပန်းခြင်းလည်း မရှိ၊ မူးတာလည်း မရှိဘဲ ချောမောစွာ ရောက်ရှိကြပါတယ်။

ထမင်းစားပြီး တဲ့နောက်  Pastor Ngun Hai တို့ အိမ်ကို သွားလည် ကြတယ်။ သူတို့ ကတော့မကြာသေးမှီ အသင်းသား အဖြစ်ဝင်တဲ့မိသားစု ဖြစ်တယ်။ GBCမှာ သမ္မာတရား ဟောတဲ့အတွက်ကြောင့် ဝင်ရခြင်း ဖြစ်တယ်။ သူကိုယ်တိုင်လည်းဘဲ မြန်မာပြည်မှာ အသင်းတော် ရှိတယ်။ တနင်္နွေနေ့မှာ ​ကျွန်နော်တို့ လင်မယား နဲ့ Lansing, မှာ တရားဟောဘို့ သွားကြတဲ့အခါမှော်ဘီ နဲ့တိုက်ကြီး မြို့မှာဘယ်လိုအမှု ဆောင်ရကြောင်း တွေပြောပြတဲ့အခါသူဟာယုံ ကြည်ခြင်း သက်သက်နဲ့အမှု ဆောင်ကြောင်း၊ လယ်ထွန်စပါးစိုက်ရင်းနဲ့ ခက်ခဲစွာ အမှုဆောင်ကြောင်းများကို သိခွင့်ရရှိခဲ့ပါတယ်။ အခုလည်းသား သတ်ရုံ မှာလင်မယား နှစ်ယောက်စလုံးလုပ်ကြတယ်။ ရတဲ့ငွေတွေနဲ့ မြန်မာပြည်မှာ အမှုဆောင် နေကြတယ်။ အမှုတော်ဆောင် ၁၅ယောက်မွေးထုတ်ဘို့ သုံးလ သင်တန်းအတွက် ငွေတွေပို့ပြီး တဲ့အကြောင်း သိရပါတယ်။ အမှုတော်ဆောင် တ့​ဲအခါနတ်ဆိုးနေတဲ့အိမ်ကိုလည်း ဘုရား နာမနဲ့ဝယ်ခဲ့တယ်။ အိမ်ဆောက် တဲ့အိမ်ရှင်ဟာသေဆုံးသွားခဲ့တယ်။ အဲသည် အိမ်ကို ဝယ်တဲ့လူလဲသေသွားလ့ုိ ဘယ်သူကမှမဝယ်ရဲတဲ့အိမ်ကို စျေးပေါပေါနဲ့ဝယ်ခဲ့တယ်။ တိုက်ကြီး မြို့လူတွေ ကဦးချင်းတော့ဘယ်တော့သေမလဲလို့စောင့် နေကြတယ်။ အိပ်မက်ထဲမှာလဲ စာတန် ကအဲသည် အိမ်ကို စောင့် နေကြောင်း ဘုရား နာမနဲ့မောင်းထုတ်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

၂၃ ရက်နေ့တော့Mike Thawng Lian Thang တို့အိမ်ထောင်ပြု အသိအမှတ်ညစာကို သူတို့ အိမ်မှာဘဲ ပြုလုပ် ကြပါတယ်။ အဲသည် ညမှာ Battle Creek ကအမျိုးတွေ အတော်များများ လာကြတယ်။ ညစာစားပြီး တဲ့ အခါ ချီဆောင်ခြင်း နဲ့ပတ်သက်တဲ့ DVD ကို ပြပြီး ခရစ်တော် လာခါနီးတဲ့အတွက် ကယ်တင်ခြင်းသို့ ရောက်ဘို့ လိုတဲ့အကြောင်းကို တရားဟောလိုက်ရ ပါတယ်။ နောက်နေ့တနင်္နွေနေ့မှာဘုရားကျောင်းတက်ကြတယ်။ ကျမ်းစာသင်တန်းပေးလိုက်ရတယ်။ တရားလည်း ဟောခွင့်ရရှိတယ်။ Thawng Lian Thang ရဲ့မိသားစုလဲ အသင်းသား ဝင်ကြတယ်။ ပွဲတော် မင်္လာလည်း ပေးတယ်။ Chris ကတပင်တိုင်သီချင်းဆိုပြီး KhuangCi Nu   က သက်သေခံ တယ်။ ​ကျွန်နော်တို့ အဖွဲ့ရောက်လာတဲ့အတွက် အသင်းသားများကထမင်းများယူလာပြီး ဘုရားကျောင်းမှာဘဲ စားကြတယ်။ ​ကျွန်နော်တို့ လင်မယား နဲ့ Pastor Ngun Hai ကတော့ထမင်း အမြန် စားပြီး Lansing, Michigan သို့ ကား နဲ့သွားကြတယ်။ Lansing မှာချင်းနှင့် ကရင်ပါဝင်တဲ့ အသင်းတော် လေးကို အားပေးကြတယ်။ ဘုရားကျောင်းတက်တဲ့လူက ၆၀လောက်ရှိတယ်။ Lansing ဟာဆိုရင် Michigan State ရဲ့မြို့တော် ဖြစ်တယ်။Battle Creek ကနေ မိနစ် ၅၀လောက်ဘဲ မောင်းရတယ်။

Battle Creek မှာ ညပိုင်းကျမ်းစာ သင်တန်းပြန်လုပ်ကြတယ်။ နောက် တနေ့လည်း နေ့ခင်းပိုင်းနဲ့ညပိုင်းမှာနှစ်ကြိမ်ကျမ်းစာ သင်တန်းလုပ်ကြတယ်။ ခရစ်တော် ကြွလာခါနီးတဲ့အကြောင်း နဲ့ပတ်သက်ပြီး သင်ပေးတဲ့အခါ မှာစိတ်ဝင်စားစွာ နဲ့ နားထောင် ကြတယ်။ ၂၆ ရက်နေ့အင်္ဂါနေ့မှာတော့ ​ကျွန်နော်တို့ လင်မယား Lansing သို့ ကျမ်းစာ သင်ပေးဘု့ိ သွားကြတယ်။ ရောက်ရောက်ချင်းဘဲ ကရင်ဗုဒဝဘာသာ ကနေ အိပ်မက်ထဲမှာသခင်ယေရှုကို နှစ် ကြိမ်တွေ့လို့ ခရစ်ယာန် ဖြစ်လာတဲ့မိသားစုအိမ်ကို သွားပြီး သင်တန်းပေးတယ်။ သူ့ခ လေးနှစ်ယောက်နဲ့ကယားလူမျိုးမိသားစု တွေကို ကျမ်းစာ သင်ပေးတဲ့အခါ အလွန်ဘဲ စိတ်ဝင်စားကြတယ်။ နှစ်အိမ်ထောင်စလုံး ထိုင်းနယ်စပ်ကနေ ရောက်တာ တပတ်လောက်ဘဲ ရှိသေးတယ်လို့ သိရပါတယ်။ နောက်နေ့တွေမှာတော့ ဆရာမဟန္နကသင်ပေးတယ်။ ခလေး တွေကအရမ်းဘဲ သွက်လက်ပြီး သင်ပေးလို့သိပ်ကောင်းတယ်။ ​ကျွန် နော်ကတော့ချင်းလူမျိုးတွေကို သင် ပေးတယ်။ ညနေပိုင်းနဲ့ညပိုင်းနှစ်ကြိမ်သင်ပေးတာ အလွန်ဘဲ နားထောင်ချင် ကြတယ်။ မစန​ြာလည်း စိတ်ဝင်စားစွာ ပါဝင်တယ်။ ထမင်းဟင်းလည်း ချက်ပေး တယ်။ သူကတော့အဖေကချင်း၊ အမေဗမာ၊ ရန်ကုန်မှာကြီး ပြင်းတော့ဗုဒဝဘာ သာဝင် ဖြစ်ရာကနေ Saya Peter Van Hnuai Sum ရဲ့ Grand Rapids သင်တန်းမှာ ခရစ်တော်ကို လက်ခံတဲ့သူ ဖြစ်တယ်။ သင်တန်းကသုံးရက်ထဲဆို တော့မဝကြဘူး။ ဩဂုတ်လနောက်ပိုင်းမှာပြန်လုပ်ဘို့ သဘောတူ ကြတယ်။

Lansing ကနေ၍ Indianapolis သို့ကား နဲ့ဘဲ ၂၉ ရက်နေ့မှာ ရောက်သွားကြတယ်။ ရောက်တဲ့ညမှာဘဲ ဘုရားကျောင်းမှာသင်တန်းပေးရ တယ်။ Indianapolis မှာချင်းအမျိုးသားများရဲ့ ဘုရားကျောင်း ၁၁ ကျောင်းရှိတယ်။ အဲသည် အသင်းတော်များရဲ့ဘော်လုံးပြိင်ပွဲရှိလို့ကျမ်းစာ သင်တန်းက ည၉ နာရီ မှဘဲ စနိုင်တယ်။ စနေနေ့တော့ ည၁၀မှ ၁၂ နာရီ ထိသင်ပေးတယ်။ နောက် ကျပေမယ်လို့ နားထောင်အား ကောင်း ကြတယ်။ နေခင်းပိုင်းတကြိမ်နဲ့ညပိုင်းတ ကြိမ်သင်ပေးရတယ်။ သင်တန်းတက်တဲ့ လူကတော့ ၄၀က နေ၆၀ ကြားရှိ တယ်။ ဆရာမဟန္နလည်း ခလေး တွေကို သင်ပေးတယ်။ ခလေး တွေကအစ ပိုင်းမှာသိပ်စိတ်မဝင်စားဘူး။ နောက်ပိုင်းမှာတော့အတော် လေးစိတ်ဝင်စားကြ တယ်။ ခလေး တယောက်က ခရစ်တော် လက်ခံလို့အရမ်းဝမ်းမြောက် ကြောင်း၊ ဘော်လုံးပွဲကြည့်တဲ့နေရာမှာလဲ ခရစ်တော် ရရှိလို့တချိန်လုံးရီရတဲ့အကြောင်း ဆရာမဆီမှာပြောပြတယ်။ နောက်တယောက် ကတော့ ခရစ်တော် ရဲ့သက်တော် စဉ်ရုပ်ရှင်ကို ကြည့်ပြီး ခရစ်တော်ကို စိတ်နှလုံးအထဲ၌ ဆုတောင်း ခေါ် ဘိတ်လိုက်တဲ့အကြောင်း သိရပါတယ်။

ကျွန်တော် ကတော့ ဒုတိယအကြိမ် ရောက်လာခြင်း ဖြစ်တယ်။ ယဇ်ပူဇော်ခြင်း နဲ့ပညတ်တော် အကြောင်း တွေကို သင်ပေးရတယ်။ ညပိုင်းသင်တန်းကို ည၈:၃၀ နာရီ မှပြန်စနိင်ပြီး၁၁ နာရီ မှာပြီး သွားတယ်။ သူတို့ ကတော့ နားထောင်ချင် သေးတယ်။ ဒါပေမဲ့အကျင့်ပါအောင် ဆိုပြီး အရမ်းနောက်ကျအောင် မသင်ပေးဘူး။ တနင်္နွေနေ့မှာတော့ Indianapolis မှာရှိတဲ့ချင်း အသင်းတော်များရဲ့တနှစ်နှစ်ခါ ပြုလုပ် ရဲ့မိဿဟာရမှာသွားကြတယ်။ အသင်းတော် အပါးပေါင်း၁၁ ပါးအထဲက ၅ ပါးလောက်ပဲ လာကြတယ်။ ​ကျွန်နော် တို့ကို ခေါ်ဘိတ်တဲ့ အသင်းတော် ကတော့ဖလမ်း ခရစ်ယာန် အသင်းတော်က ဖြစ်တယ်။ အဲဒီ အသင်းတော် ကသင်းအုပ်ဆရာနှစ်ပါးရှိတယ်။ ​ကျွန်နော်တို့ ကသင်းအုပ်ဆရာ Albert Kap အိမ်မှာတည်း ခိုကြပါတယ်။ ​ကျွန်နော်တို့ကို ထမင်းဆိုင်မှာ သုံးကြိမ်ခေါ်ပြီး ကျွေးမွေးကြတယ်။ သင်းအုပ်ဆရာ Hre Mang တို့ကလည်း သူတို့ အိမ်မှာချက် တဲ့ညစာကို ကျွေးမွေးကြတယ်။ သင်းအုပ်ဆရာ များနှင့်တကွ အသင်းသူ အသင်းသားများက လှိုက်လှဲစွာ ကြိုဆိုပြီး သင်တန်းတွေမှာလဲ တတတ်တအား သင်ကြားကြတယ်။ လူငယ်တွေလည်း တက်ကြွစွာ ပါဝင် ကြတယ်။ ခြုံပြီး ကြည့်တဲ့အခါ​ကျွန် နော်တို့ ရဲ့ ဧဝံဂေလိ ခရီး စဉ်ဟာအောင်မြင် တယ်လို့ယူဆပါတယ်။ ဆုတောင်း ပေးတဲ့လူတိုင်း ကိုလည်း ကျေးဇူးတင်ပါ တယ်။


Indianapolis Children

လာမည့် ခရီး စဉ်များ
ဇွန်လ ၂၆-၂၈  Indianapolis ဟားခါး အသင်းတော်
ဇွန်လ ၂၉-ဇူလိုင်လ ၃ Syracuse အသင်းတော်
ဇူလိုင် ၁၁မှ ၁၀ ရက်ခန့် Sweden နိင်ငံ့
ဇူလိုင် ၃၁မှ ဩဂုတ် ရထိ Buffalo, Ottawa
ဩဂုတ် လအလယ်မှာ Canada

5 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


2009 JUN

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -