သတင်းကောင်းစာစောင်

MARCH 2024

မာတိကာ

  • အသင်းတော်ဆိုသည်မှာ
  • GBC Chicago, Iillinois ဖွင့်ပွဲ

 

အသင်းတော်ဆိုသည်မှာ

အသင်းတော်ဆိုသည်မှာ လူမှုရေးအဖွဲ့အစည်း၊ လူမျိုးနှင့်ယဉ်ကျေးမှု စကားထိန်းသိမ်းသောအဖွဲ့၊ ဘာသာရေးအဖွဲ့ အစည်း မဟုတ်ပါ။ အသင်း တော်သည် ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်၍ ဝိညာဉ်အသက် ရှင်သော သူများ စုစည်း ထားသော ဓမ္မတိုက်ဖြစ်သည်။ 

ခရစ်တော်၏ကိုယ်ခန္ဓာ

ရှင်ပေါလုက၊ ကောရိန္သုအသင်းတော်ထံဤသို့ စာရေးသည်၊  သင်တို့ သည် ခရစ်တော်၏ကိုယ် ဖြစ်ကြ၏။ အသီးသီး အင်္ဂါတော်ဖြစ်ကြ၏။(၁ ကော ၁၂း၂ရ) ဧဖက်အသင်းတော်ထံ၌လည်း ဤသို့စာရေးသည်၊ ထိုအသင်း တော်ကား၊ အလုံးစုံတို့ကိုအလုံးစုံတို့နှင့် ပြည့်စုံတော်မူသောသူ၏၊ ပြည့်စုံခြင်း တည်းဟူသော ခရစ်တော်၏ကိုယ် ဖြစ်သတည်း။ (ဧဖက် ၁း၂၃) ထိုအသင်း တော်ကို တည်ဆောက်ဘို့ အသုံးတော်ခံ အမှုဆောင်များနှင့်ပတ်သက်၍ ဤသို့ ရေးထားသည်၊  ခရစ်တော်၏ကိုယ်တော်ကို တည်ဆောက်၍၊ ဓမ္မဆရာ၏ အမှုကိုပြုတတ်မည်အကြောင်း၊ သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသ ခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့တို့ကို ပရောဖက် အရာ၌ ၎င်း၊ အချို့တို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာ အရာ၌၎င်း၊ ခန့်ထားတော်မူ၏။(ဧဖက် ၄း၁၁-၁၂) ထို့ကြောင့်၊ သတင်း ကောင်းနှစ်ခြင်းအသင်းတော်လည်း၊ ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်သည်။ 

အသင်းတော်၏ဦးခေါင်း

ရှင်ပေါလုက၊ ကောလောသဲအသင်းတော်ထံ ဤသို့စာရေးခဲ့သည်၊ သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မှီ ဖြစ်တော်မူ၍၊ ခပ်သိမ်း သောအရာတို့သည် တန်ခိုးတော်အားဖြင့်သာတည်ကြ၏။ အသင်းတော်တည်း ဟူသောကိုယ်၏ဦးခေါင်းတော်ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလ အရင်းဖြစ်၍၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏။ (ကောလောသဲ ၁း၁ရ-၁၈) ငါပေါလုသည်၊ ထိုတရားကို ဟောသောဆရာ ဖြစ်သည်နှင့်၊ သင်တို့ အဘို့အလိုငှါ ဆင်းရဲခံခြင်း၌ ယခုဝမ်းမြောက်၍၊ ခရစ်တော်၏ ဆင်းရဲဒုက္ခ အကြွင်းအကျန်ကို၊ အသင်းတော် တည်းဟူသော ကိုယ်တော်အဘို့အလိုငှါ၊ ငါ့ ကိုယ်ခန္ဓာ၌ ပြည့်စုံစေ၏။(ကောလောသဲ ၁း၂၄) ထို့ကြောင့်၊ သတင်းကောင်း နှစ်ခြင်းအသင်းတော်၏ ဦးခေါင်းသည် ခရစ်တော်ဖြစ်သည်။ ကိုယ်ခန္ဓာသည် ဦးခေါင်း၏ ဦးဆောင်မှုဖြင့် လှူပ်ရှားလုပ်ဆောင်သကဲ့သို့ ဤအသင်းတော် လည်း၊ ဦးခေါင်းတည်းဟူသော ခရစ်တော်၏ ဦးဆောင်မှုအားဖြင့်သာလျှင် လှူပ်ရှားလုပ်ဆောင်ဘို့ဖြစ်သည်။ 

အသင်းတော်၏ပိုင်ရှင်

ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက် ရှင်တော်မူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ဟု၊ ပြောဆိုနိုင် သောအခါ ခရစ်တော်ကပေတရုထံ၊ ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ် မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာ နိုင်ငံ၏ တံခါးတို့သည်မနိုင်ရာ။ (မဿဲ ၁၆း၁၈) ဟုဆိုခဲ့သည်။ ခရစ်တော်က၊ ငါ့အသင်း၊ ဟုဆိုသောကြောင့်၊ အသင်းတော်ပိုင်ရှင်သည် ခရစ်တော်ဖြစ်သည်။ အသင်းတော်သည် ခရစ်တော်က ပိုင်သောကြောင့်၊ အသင်းတော်သည် ပိုင်ရှင် ၏အလိုတော်ကို ဆောင်ရွက်ရမှာဖြစ်သည်။  များစွာသောအသင်းတော်များ သည် ခရစ်တော်ကမပိုင်သောကြောင့်၊ ခရစ်တော်၏အလိုတော်ကို လုံးဝမ ဆောင်ရွက်ကြချေ။ သင်းအုပ်ဆရာပိုင်သော အသင်းတော်သည် အသင်းအုပ် ဆရာအလိုဆန္ဒအတိုင်းဆောင်ရွက်သည်။ အသင်းတော်လူကြီးပိုင်သောအ သင်းတော်သည် အသင်းတော်လူကြီးများ၏ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင် ကြသည်။ အသင်းသားများပိုင်သော အသင်းတော်သည်၊ အများဆုပေးသောမဲ အတိုင်း လုပ်ဆောင်ကြသည်။ ဤသတင်းကောင်းနှစ်ခြင်းအသင်းတော်သည် ခရစ်တော်ကပိုင်သောကြောင့် ခရစ်တော်၏အလိုတော်ကိုသာ ဆောင်ရွက် ရမှာဖြစ်သည်။

အသင်းတော်တည်ဆောက်သူ

ခရစ်တော်က၊ ငါဆိုသည်ကား၊ သင်သည်ပေတရုဖြစ်၏။ ဤကျောက် ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါး တို့သည် မနိုင်ရာ။ (မဿဲ ၁၆း၁၈) ဟုဆိုသောကြောင့် အသင်းတော်တည် ဆောက်သူလည်း သင်းအုပ်ဆရာမဟုတ်၊ သင်းထောက်လူကြီးများလည်း မ ဟုတ်၊ အသင်းသားများလည်းမဟုတ်၊ ခရစ်တော်ပင်လျှင်ဖြစ်သည်။ သင်းအုပ် ဆရာသည် ပိုင်ရှင်ခရစ်တော်၏ အလိုတော်ကို ဆောင်ရွက်သော အသင်းခေါင်း ဆောင်ဖြစ်သည်။ သင်းထောက်လူကြီးများသည် လိုင်းလီဒါများဖြစ်သည်။ အသင်းသားများသည် ခရစ်တော်အလိုတော်ကို ဆောင်ရွက်မည့် အလုပ်သမား များဖြစ်သည်။ ထို့ကြောင့် သင်းအုပ်ဆရာအလိုဆန္ဒအတိုင်း မလုပ်ဆောင်ရ။ သင်းတော်ထောက်လူကြီးများ အလိုဆန္ဒအတိုင်းလည်း မလုပ်ရ။ အသင်းသား များ၏မဲဆန္ဒအတိုင်းလည်းမလုပ်ရ။ ပိုင်ရှင်ခရစ်တော်ကိုယ်တိုင် တည်ဆောက် ရမည်။ ခရစ်တော်ကိုယ်တိုင် သူ့ဆန္ဒအတိုင်းတည် ဆောက်နိုင်ရန်၊ သူ၏အလို တော်ကို အသင်းအုပ်ဆရာက နားလည်ပြီး အသင်းထောက်များနှင့် အသင်း သားမျာထံရှင်းပြရမည်။ ယေရုရှလင်ပဌမဗိမာန်တော်လည်း ရှောလမုန်မင်း ကဦးဆောင်သောကြောင့် ရှောလမုန်ဗိမာန်တော် ဟုဆိုလေ့ရှိသည်။ အမှန်မှာ ရှောလမုန်မင်းသည် ကိုယ်တိုင်ဆောက်လုပ်မည်မဟုတ်၊ သို့သော်သူ၏ဦး ဆောင်ခြင်းအားဖြင့်ဆောက်လုပ်သည်။ ထို့နည်းတူ သတင်းကောင်းနှစ်ခြင်း အသင်းတော်လည်း ခရစ်တော်ကဆောက်နိုင်ရန် သူ၏အလိုတော် ကိုသိဘို့ လိုသည်။ ခရစ်တော်က သူ၏အလိုတော်များကို ကျမ်းစာထဲ၌ ရေးထားပြီးသား ဖြစ်သည်။ ထိုကြောင့် အသင်းတော်ကိုကျမ်းစာထဲမှ ညွှန်ကြားချက်အတိုင်း ဆောက်ဘို့ ဖြစ်သည်။

အသင်းတော်၏တာဝန်

ခရစ်တော်က၊ ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက် ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကိုမရဏာနိုင်ငံ၏ တံခါး တို့သည် မနိုင်ရာ(မဿဲ ၁၆း၁၈) ဟုဆိုသည်။ မရဏာနိုင်ငံ၏ တံခါးမှ လူများ စွာတို့သည် မရဏာနိုင်ငံထဲသို့ နေ့တိုင်းဆင်းသွားကြသည်။ အသင်းတော်သည် ထိုတံခါးကိုပိတ်ရမည်။ မည်ကဲ့သို့ပိတ်ရမည်နည်း။ ခရစ်တော်၏ ကယ်တင် ခြင်း သတင်းကောင်းကို ပြောကြားခြင်းအားဖြင့် ပိတ်ရမည်။ ခရစ်တော်က၊ ဆက်၍ပေတရုထံ၊  ကောင်းကင်နိုင်ငံတော်၏သော့တို့ကိုလည်း သင့်အား ငါ ပေးမည်။ သင်သည်မြေကြီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာဖြည်လွှတ်သမျှသည် ကောင်းကင် ဘုံ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်၊  (မဿဲ ၁၆း၁၉) ဟုဆိုထားသည်။ သခင် ယေရှုကပေတရုကို ကောင်းကင်နိုင်ငံတော်၏သော့ ကိုပေးထားသည်ဟု ဆို သည်။ ထိုသော့ဖြင့်မြေကြီးပေါ်ရှိ လူသားများအတွက် ကောင်းကင်တံခါး ကိုဖွင့်ပေးရမည်။ ထိုသို့ဖြင့်လူများစွာတို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်နိုင်ကြမှာဖြစ်သည်။ ထိုသော့သည် ခရစ်တော်၏ကယ်တင်ခြင်း သတင်း ကောင်းဖြစ်သည်။ ထိုသတင်းကောင်းကို ဤအသင်းတော်သည် လူတိုင်းထံ ဟောပြောသက်သေခံရမည်။ ထိုအရာသည် ဤအသင်းတော်၏တာဝန်နှင့် အရေးကြီးဆုံးအလုပ်ဖြစ်သည်။ 

ပေတရုသည်မည်သူနည်း

ခရစ်တော်ကပေတရုကို ကောင်းကင်တံခါးသော့ပေးသည် ဟုဆိုသော ကြောင့် ပေတရုသည် မည်သူဖြစ်သနည်း။ ပေတရုဟူသောစကားလုံးသည် ဂရိတ်စကားလုံး Petros ပဲထရော့ဖြစ်၍ ကျောက်တုံးကလေးကိုဆိုလိုသည်။ ပေတရုဟူသောနာမည်ကို သခင်ယေရှုက၊ ယောန၏သားရှိမုန်ကိုပေးခြင်း ဖြစ်သည်။ ထိုပေတရုကို ခရစ်တော်က ငရဲတံခါးပိတ်ပြီး ကောင်းကင်တံခါး သော့ဖွင့်နိုင်ခွင့်ကို ပေးထားသည်။ ထိုသို့ပေးရခြင်းအကြောင်းရင်းမှာခရစ် တော်သည် မည်သူဖြစ်ကြောင်း သိရှိနားလည်၍ ဖြေဆိုနိုင်ခြင်းကြောင့်ဖြစ် သည်။ 

ပေတရုက၊ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ ရှိအသင်းတော်များထံ ဤသို့စာရေးခဲ့သည်၊ လူတို့ပယ်ထား၍ ဘုရားသခင် ရွေးချယ်တော်မူသော၊ အသက်ကျောက်မြတ် တည်းဟူသော၊ ထိုသခင်ထံသို့ သင်တို့သည်ရောက်၍၊ အသက်ကျောက်များကဲ့သို့၊ အဆင့် ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့်၊ ဓမ္မတိုက်ဖြစ်ကြ၏။ (၁ ပေ ၂း၄-၅)။ ပေတရုက သူကိုယ်တိုင်မက ခရစ်တော်ကို သိရှိယုံကြည်လက်ခံလာသော ယုံကြည်သူတိုင်းလည်း ပေတရုကျောက်တုံးကလေးများ၊ ဟုမခေါ်သော်လည်း အသက်ကျောက်များ၊ ဟုခေါ်သည်။ ဓမ္မတိုက်တည်းဟူသော အသင်းတော် သည် ထိုအသက်ကျောက်များအားဖြင့် တည်ဆောက်သည်၊ ဟုဆိုသည်။ ထို့ ကြောင့်၊  အသင်းတော်သည် အသက်ရှင်သောကျောက် ပေတရုများအားဖြင့် တည်ဆောက်ရမည်။ ထို့ကြောင့်သတင်းကောင်းနှစ်ခြင်း အသင်းတော်လည်း အသက်ရှင်သောကျောက်များဖြင့် ဆောက်ရမည်။ သေနေသော ကျောက်များ ဖြင့်မဆောက်ရ။ အသက်ရှင်သောကျောက်ဆိုသည်မှာ၊ တက်ကြွလှုပ်ရှားသော သူကိုဆိုလိုသည်မဟုတ်၊ ခရစ်တော်ကိုကယ်တင်ရှင်အဖြစ် လက်ခံသောသူ၊ ဒုတိယအကြိမ်ဝိညာဉ်အားဖြင့်မွေးဖွားပြီးသောသူ၊ ထာဝရအသက်ရရှိသော သူ၊ ကယ်တင်ခြင်းစိတ်ချသောသူကို ဆိုလိုခြင်းဖြစ်သည်။ သို့သော်၊ ကယ်တင် ခြင်းသို့မရောက်သော မိသားစုဝင်များလည်း ပါဝင်နေသောကြောင့်၊ အသင်း သားတိုင်းသည် အသက်ကျောက်များမဟုတ်ချေ။ 

ငရဲတံခါးချဲ့နေသောအသင်းတော်များ

ကမ္ဘာပေါ်ရှိအသင်းတော်အများစုသည် အသက်မရှင်၊ သေနေသော ကျောက်များအားဖြင့် တည်ဆောက်ကြသောကြောင့်၊ အသင်းတော်သည် နာမည်သာလျှင်ရှိ၍ ခရစ်တော်ကမပိုင်၊ ဦးမဆောင်ဘဲ စာတန်ကဦးဆောင်သည်။ ထို့ကြောင့်၊ ကမ္ဘာပေါ်ရှိအသင်းတော်အများစုသည် ငရဲတံခါးပိတ်မည့်အစား၊ ကျယ်အောင်ချဲ့နေပြီး၊ ကောင်းကင်တံခါးဖွင့်မည့်အစား၊ ပိတ်နေသော အသင်း တော်များဖြစ်ကြသည်။ အသင်းတော်များသည် မည်ကဲ့သို့ ငရဲတံခါး ချဲ့နေကြ သနည်း။ ခရစ်တော်၏ ကယ်တင်ခြင်းအကြောင်းကို မဟောမပြော၊ လောက၌ မည်ကဲ့သို့ တိုးတက်ကောင်းစား မည်ကိုသာ ဟောပြောနေကြသည်။ လူသည် လောကချစ်ပြီးသားဖြစ်သည်။ အသင်းတော်ကပါ လောကကောင်းကြီးကိုသာ ပြောသောအခါ အသင်းသားများသည်၊ လောကနောက်လိုက်သွားခြင်းဖြင့် ငရဲတံခါးသည်ပို၍ကျယ်လာသည်။ ကောင်းကင်ရောက်ကြောင်း တရားကို မဟောမပြောသောအခါ ကောင်းကင်တံခါးသည် ပိတ်နေသည်။ 

သတင်းကောင်းနှစ်ခြင်းအသင်းတော်

သတင်းကောင်းနှစ်ခြင်းအသင်းတော်သည် အသက်ရှင်သောကျောက် များအားဖြင့်သာ တည်ဆောက်၍၊ ပိုင်ရှင်သည် ခရစ်တော်ဖြစ်ကာ၊ ပိုင်ရှင်အလိုတော်အတိုင်း ငရဲတံခါးပိတ်၍ ကောင်းကင်တံခါးဖွင့်ရမည်။ ထိုသို့အလိုငှါ သင်းအုပ်ဆရာက ဦးဆောင်၍ အသင်းထောက်လူကြီးများ၊ အမျိုးသမီးခေါင်း ဆောင်များ၊ လူငယ်များ၊ အသင်းသားတိုင်း အသက်ရှင်လှူပ်ရှားရကြမည်။ လူတိုင်းထံ ကယ်တင်ခြင်းသတင်းကောင်းပြောပြ၍၊ ကယ်တင်ခြင်းသို့ရောက် ပြီးသောသူတိုင်းကို ဝိညာဉ်ရေးရာ၌ ကြီးထွားရင့် ကျက်လာအောင် ပြုစုပျိုး ထောင်သွားရမှာဖြစ်သည်။ ဝိညာဉ်ရေးရာ၌ ရင့်ကျက်လာသောသူများ ကို ကယ်တင်ခြင်းသတင်းကောင်း ပြန်ဝေငှရမှာဖြစ်သည်။ 

မေးခွန်းများ

၁။ အသင်းတော်သည်ဘယ်အရာများမဟုတ်သနည်း။......................................................................

၂။ အသင်းတော်သည်ဘယ်အရာဖြစ်သနည်း။....................................................................................

၃။ အသင်းတော်သည်မည်သူ၏ကိုယ်ဖြစ်သနည်း။........................................

၄။ အသင်းတော်၏ဦးခေါင်းသည်မည်သူနည်း။...........................ကျမ်းပိုဒ်ဖေါ်ပြပါ။.....................

၅။ ဦးခေါင်းသည်ကိုယ်ခန္ဓာ၌ဘာလုပ်သနည်း။............................................

၆။ အသင်းတော်သည်မည်သူ၏ဦးဆောင်မှုအတိုင်းသွားရမည်နည်း။...................................

၇။ အသင်းတော်ပိုင်ရှင်သည်မည်သူဖြစ်သနည်း။.........................................

၈။ များစွာသောအသင်းတော်များသည် အဘယ်ကြောင့်ခရစ်တော်အလိုတော် မဆောင်ကြသနည်း။.............................................

၉။ သင်းအုပ်ဆရာပိုင်သောအသင်းတော်သည် မည်သူ၏အလိုဆန္ဒအတိုင်းသွားသနည်း။ ..... .................................................

၁၀။ အသင်းတော်လူကြီးပိုင်သောအသင်းတော်သည် မည်ကဲ့သို့သွားသနည်း။ ...........................

၁၁။ အသင်းသားများပိုင်သောအသင်းတော်သည် မည်ကဲ့သို့သိနိုင်သနည်း။.................................

၁၂။ အသင်းတော်ကိုအသင်းအုပ်ဆရာ၊ အသင်းတော်လူကြီးများက ဆောက်ရမည်လော။........

၁၃။ အသင်းတော်ကို မည်သူကတည်ဆောက်ရမည်နည်း။................................

၁၄။ ခရစ်တော်ကအသင်းတော်ကို မည်သည့်အတွက် တည်ဆောက်မည်နည်း။..........................

၁၅။ သင်းအုပ်ဆရာသည်အသင်းတော်၌မည်ကဲ့သို့သောသူဖြစ်မည်နည်း။...................................

၁၆။ သင်းထောက်လူကြီးများသည် အသင်းတော်၌ မည်သည့်နေရာကဲ့သို့ဖြစ်သနည်း။..............

၁၇။ အသင်းသားများသည်အသင်းတော်၌ မည်ကဲ့သို့နေရမည်နည်း။...........................................

၁၈။ အသင်းတော်သည် မည်သူ၏ဆန္ဒအတိုင်း တည်ဆောက်ရမည်နည်း။................................

၁၉။ သင်းအုပ်ဆရာ၏ တာဝန်သည်အဘယ်အရာနည်း။..........................................................

၂၀။ သင်းထောက်များ၏ တာဝန်သည် ဘာဖြစ်မည်နည်း။..................................................

၂၁။ ပဌမယေရုရှလင်ဗိမာန်တော်ကို မည်သူဦးဆောင်ခြင်းဖြင့် ဆောက်ခဲ့သနည်း။......................

၂၂။ သတင်းကောင်းနှစ်ခြင်းအသင်းတော်သည် မည်သူကဆောက်ရမည်နည်း။............................

၂၃။ ခရစ်တော်၏အလိုတော်ကို မည်ကဲ့သို့ သိနိုင်မည်နည်း။..........................................

၂၄။ မရဏာနိုင်ငံ၏တံခါးသည် အဘယ်အရာနည်း။.................................................

၂၅။ အသင်းတော်သည် မရဏာနိုင်ငံတံခါးကို ဘာလုပ်ရမည်နည်း။..............................................

၂၆။ မရဏာနိုင်ငံ၏တံခါးကို မည်ကဲ့သို့ ပိတ်ရမည်နည်း။...................................................

၂၇။ ခရစ်တော်က ပေတရုကို ဘာသော့ပေးသနည်း။.........................................

၂၈။ ကောင်းကင်တံခါးသော့ဖြင့် ဘာလုပ်ရမည်နည်း။............................................

၂၉။ ကောင်းကင်တံခါးသော့သည် ဘယ်အရာဖြစ်သနည်း။.........................................

၃၀။ ကောင်းကင်တံခါးသော့ကို အသင်းတော်ထံပေးပါသလား။.............................................

၃၁။ အသင်းတော်၏ အဓိကတာဝန်သည် အဘယ်ရာနည်း။.....................................

၃၂။ ပေတရု၏ အဓိပ္ပါယ်သည်................................ဖြစ်သည်။

၃၃။ အဘယ်ကြောင့်ခရစ်တော်က ပေတရုကိုကောင်းကင် တံခါးသောပေးသနည်း။..................

၃၄။ ပေတရုကမည်သူတို့ကို အသက်ကျောက်ဟု စာရေးသနည်း။................................................

၃၅။ ဓမ္မတိုက်တည်းဟူသော အသင်းတော်ကို ဘာများအားဖြင့်ဆောက်မည်နည်း။....................

၃၆။ ဘုရားတရား၌ စိတ်အားကြီးသူ တက်ကြွသောသူတိုင်းသည် အသက်ကျောက်များဖြစ်သလော။. ...............

၃၇။ မည်သူတို့သာ အသက်ကျောက်များဖြစ်သနည်း။...................................................

၃၈။ သင်းလုံးကျွတ်အသက်ကျောက်များ ဖြစ်နိုင်ပါသလော။.................အဘယ်ကြောင့်နည်း။. ..............................................

၃၉။ ကမ္ဘာပေါ်ရှိအသင်းတော်အများစုသည် ငရဲတံခါးပိတ်ကြသလော။ ....................................

၄၀။ အသင်းတော်များသည် ငရဲတံခါးပိတ်မည့်အစား..............................တံခါးပိတ်နေကြသည်။

၄၁။ အသင်းတော်များသည်....................တံခါးချဲ့နေကြသည်။ 

၄၂။ အသင်းတော်များသည် ငရဲတံခါးကိုမည်ကဲ့သို့ ချဲ့နေကြသနည်း။....................................

၄၃။ လောကသားများသည် လောကနောက်လိုက်ခြင်းဖြင့် ငရဲတံခါးသည်.................လာသည်။

၄၄။ ကောင်းကင်တံခါးပိတ်ပြီး ငရဲတံခါးချဲ့နေသောအသင်းတော်၌ ပါသင့်သလား။...............

၄၅။ ငရဲတံခါးချဲ့နေသောအသင်းတော်မှချက်ခြင်းထွက် သင့်သလား၊ နောက်မှဖြည်းဖြည်းထွက်သင့်သလော။.........................

 

Gospel Baptist of Chicago အသင်းတော်ဖွင့်ပွဲ

အသင်းတော်ဖွင့်ပွဲ၌ပါဝင်သောသူများ

Chicago, Iillinois, မတ်လ ၁၆၊ ၂၀၂၄

ကျမ်းစာဖတ်ခြင်းနှင့်ဆုတောင်းခြင်း………..ဆရာဒေးဗစ်မောင်နိုင်

ပရိသတ်ချီးမွမ်းသီချင်း…………………… ဦးဆောင်သူဆရာအားဆာ၊      

                                                              ဆရာယောသပ်ဆန်း၊  

                                                              ဆရာမချီချီလီ

မိတ်ဆက်ခြင်းနှင့်ကြိုဆိုခြင်း………………ဆရာမောဇက်

အသင်းတော်ဖြစ်လာပုံသမိုင်း………………ဆရာဒေးဗစ်မောင်နိုင်

ကျေးဇူးတင်စကား…………………………ဆရာမရွှေစင်စု

အထူးဆုတောင်း……………………………Saya William ဦးဆောင်ရန်

တိုက်တွန်းအားပေးခြင်း…………………… ဆရာပေါလု

အသင်းတော်နှင့်ဆရာအပ်နှံခြင်း…………….အမှုတော်ဆောင်များအားလုံး

ဒေသနာဟောပြောခြင်း……………………  .ဆရာမောဇက်ထောင်ကျုံး

ကျေညာခြင်း………………………………

အပိတ်သီချင်း……………………………

ဆုတောင်းကောင်းကြီးပေးခြင်း……………….Rev. Moses Uk 

နေ့လည်စာစားမည့်နေရာ…………………… Golden Corral Restaurant, 154 S Gary Ave, Bloomingdale, IL 60108

အထက်ပါအစီအစဉ်အတိုင်း  Gospel Baptist of Chicago အသင်းတော် ဖွင့်ပွဲကို ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် မတ်လ ၁၆ ရက် စနေနေ့တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။ အသင်းတော်ဖွင့်ပွဲ၌ ပြည်နယ် အသီးသီးမှ သတင်းကောင်းနှစ်ခြင်း အသင်းသား ၁၀၀ ခန့်လာကြ၍ အိမ်ရှင် အသင်းသားများနှင့် လူဦးရေ ၁၂၀ ခန့်ပါဝင်ကြပါသည်။ ဖွင့်ပွဲမတိုင်မှီ အောက်ပါဆရာ၊ ဆရာမသည် မတ်လ ၁၂ နှင့် ၁၃ ရက်နေ့မှစ၍  တံခါးခေါက်ခြင်းနှင့် သင်တန်းများပြုလုပ်ကြပါသည်။ 

၁။ ဆရာဖိလိပ္ပု ဝင်းမောင်

၂။ ဆရာဧလိရှဲ

၃။ ဆရာနောနော်

၄။ ဆရာဝေလျံ

၅။ ဆရာဂျွန်ဝေါလ်

၆။ ဆရာအောင်နန်း

ရ။ ဆရာဧပဖြ

၈။ ဆရာယောသပ်ဆန်း

၉။ ဆရာမောဇက်

၁၀။ ဆရာမဟန္န

၁၁။ ဆရာနော်မိုင်မိသားစု

၁၂။ ဆရာအားဆာမိသားစု

၁၃။ ဆရာဗန်သီးထန် 

6 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


2024 MAR

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -