1

Commentary: John

Home   >   Bookstore    >   John

john

ယောဟန်ကျမ်း အနက်ဖွင့်ခြင်း

သိက္ခာတော်ရ ဆရာမောဇက်ထောင်ကျုံး

Commentary of John in Burmese
Copyright 2016 © Moses R. Cung

.

မာတိကာ

.

^

ယောဟန် ၁

ယောဟန် ခရစ်ဝင်ကျမ်း၏ ထူးခြားချက်မှာ အခြား ခရစ်ဝင်ကျမ်းများ ဖြစ်သော မဿဲ၊ မာကု၊ လုကာများနှင့် မတူချေ။ ထိုကျမ်းသုံးကျမ်းသည် ခရစ်တော်၏ သက်တော် စဉ်ကို ရေးသားရာတွင် တူညီချက်များသည်။ သို့သော် ယောဟန်သည် ထိုကျမ်းများ မရေးထားသောအရာ များကို ရေးထားသည်။ သမ္မာတရား၊ အသက်၊ ရှင်ပြန်ထမြောက်ခြင်း၊ စပျစ်နွယ်ပင်၊ ဟူသောအရာ များသည် ဤကျမ်း၌ သာလျှင် တွေ့ရသည်။ ယောဟန်ကသာလျှင် ခရစ်တော်ကို နှုတ်ကပတ်တော်ဟု ရေးထားသည်။ ဒုတိယ မွေးဘွားခြင်း အကြောင်းလည်း သူသာလျှင် ရေးသည်။ ယောဟန်သည် ခရစ်တော်၏ သက်တော် စဉ်နှင့် ပတ်သက်၍ အရေးကြီးသော အချက်များကို သာလျှင် ရေးသားသွားသည်။

၁။ အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရား သခင် ဖြစ်တော်မူ၏။ ၂။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။ ၃။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်း တော်မူ၏။ ဖန်ဆင်း တော်မူခြင်း နှင့် ကင်းလွတ် လျက် ဖြစ်သောအရာ တစုံ တခုမျှမရှိ။
ယောဟန်က ခရစ်တော်ကို နှုတ်ကပတ်တော်ဟု ခေါ်သည်။ အကြောင်းမှာ ခရစ်တော်သည် ဘုရားသခင်၏ နှုတ်ထွက်စကားကို ပြောသောသူ ဖြစ်သောကြောင့် ဖြစ်သည်။ နှုတ်ကပတ်တော် အစား ခရစ်တော်ဟု ရေးလျှင်၊ အစအဦး၌ ခရစ်တော် ရှိ၏။ ခရစ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ ခရစ်တော် သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ၂။ ထိုခရစ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။ ၃။ ထိုခရစ်တော်သည် ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်း တော်မူ၏။ ဤနေရာ၌ ခရစ်တော်သည် ဘုရားသခင်ဟုဆိုထားသည်။ ထို့အပြင် ခရစ်တော်သည် ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းသောကြောင့် သူသည် ဘုရား ဖြစ်ခြင်း၏ အရေအချင်းရှိကြောင်း တွေ့ရသည်။
၄။ ထိုနှုတ်ကပတ်တော်၌ အသက် ရှိ၏။ ထိုအသက် သည်လည်း လူတို့၏ အလင်း ဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။
နှုတ်ကပတ်တော်၌ အသက် ရှိသည်ဟုဆိုသည်။ ဤနေရာ၌ နှုတ်ကပတ်တော်သည် ကျမ်းစာကို ဆိုလိုခြင်း ဖြစ်လျှင် အသက် ရှိမည် မဟုတ်။ ခရစ်တော်က၊ “ကျမ်းစာ အားဖြင့် ထာဝရ အသက်ကို ရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာ ပင်ငါ၏ သက်သေ ဖြစ်၏။ သင်တို့သည် အသက်ကို ရအောင် ငါ့ထံသို့ လာခြင်းငှါ အလိုမရှိကြ။” (ယော ၅:၃၉-၄၀) ဟုဆိုခဲ့သည်။ ထို့ကြောင့် အထက်က ဖေါ်ပြသော နှုတ်ကပတ်တော်သည် ခရစ်တော်ကို ဆိုလိုခြင်း ဖြစ်သည်။ အသက်သည် မည်ကဲ့သို့ အလင်း ဖြစ်နိုင် သနည်း။ အသက် မရှိသော သူသည် အသေ ဖြစ်သည်။ သေသော သူသည် အမှောင်ထဲ၌ ရှိသကဲ့သို့ဖြစ်သည်။ ရောဂါနှင့် သေမည့် သူသည် မှောင်မိုက်၌ နေသကဲ့သို့ဖြစ်၍ မျှော်လင့်ချက်မရှိချေ။ သို့သော် မသေဘဲ အသက် ရှင်မည်ဟုဆိုပါက မျှော်လင့်ချက်ရှိလာ၍ အလင်း ဖြစ်သည်။
၆။ ယောဟန်အမည်ရှိသော သူတယောက်ကို ဘုရားသခင် စေလွှတ် တော်မူ၏။ ၇ ထိုသူကို လူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေခံ ဖြစ်၍ ၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါ လာ၏။
ဤယောဟန်သည် ဗတ္တိဇံယောဟန် ဖြစ်သည်။ သူသည် ဘုရားသခင်က စေလွှတ်သည်။ ယောဟန်သည် အလင်းတော် တည်းဟူသောခရစ်တော်၏ အကြောင်းကို သက်သေခံဘို့ရန် စေလွှတ်ခြင်း ခံသောသူ ဖြစ်သည်။
၈။ ထိုသူသည် အလင်းတော် မဟုတ်။ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါ သာလာ၏။ ၉ဟုတ်မှန်သော အလင်းမူကား၊ ဤလောကသို့ ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကို ပေးသောသူ ဖြစ်သတည်း။
ယောဟန်သည် အလင်း မဟုတ်ကြောင်းကို ထပ်မံ၍ ရေးထားသည်။ ဟုတ်မှန်သော အလင်းသည် သခင်ယေရှု ဖြစ်သည်။ ယေရှုကိုယ်တိုင်က ၊ “ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏ အလင်း ဖြစ်၏။” (ယော ၉:၅) ဟုဆိုခဲ့သည်။ အလင်းသည် ဘာကို ဆိုလိုသနည်း။ အလင်းနှင့် ပတ်သက်၍ ပေါလုက၊ “အပြစ် ထင်ရှားသောအရာ ရှိသမျှ တို့သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သောအရာ ရှိသမျှ သည်လည်း အလင်း ဖြစ်၏။” (ဧဖက် ၅:၁၃) ဟုဆိုသည်။ သင်သည် ခရစ်တော် မရရှိလျှင်၊ မှောင်မိုက် ဖြစ်ကြောင်း ပေါလုကဧဖက် အသင်းသားများထံဤသို့ ရေးထားသည်၊ “အထက် ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်း ဖြစ်ကြ၏။” (ဧဖက် ၅:၈)။ အလင်း ဖြစ်သော သူများ ကသာလျှင် အလင်းအကြောင်းကို ကောင်းစွာ သိနိုင်သည်။
၁၀။ ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောက ကိုလည်း ဖန်ဆင်း တော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကို မသိ။ ၁၁ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲ နေကြ၏။
ထိုသူသည် အထက်၌ ဖေါ်ပြသော အလင်းကို ဆိုလိုသည်။ ထိုသူသည် ခရစ်တော် ဖြစ်ကြောင်းလည်း ဖေါ်ပြခဲ့ပြီ။ ခရစ်တော်သည်လောက၌ ရှိခဲ့ပြီ။ လောက ကိုလည်း ဖန်ဆင်းခဲ့ပြီ။ သို့သော် သူဖန်ဆင်းထားသောလောက ကသူ့ကို မသိဟုဆိုသည်။ လောကသည် လူသားများကို ဆိုလိုသည်။ လောကသား များသည် သူတို့၏ ဖန်ဆင်းရှင် ခရစ်တော်ကို မသိကြချေ။ ကိုယ်မွေးထားသော သားသမီး များက မသိလက်မခံလျှင် မိဘအနေဖြင့် မည်မျှဝမ်းနည်းမည်နည်း။ ခရစ်တော်သည် သူဖန်ဆင်းထားသော လူများက လက်ခံကြဘဲ အပြစ်ကို သာရှာကြသည်။ ခမည်းတော် ဘုရားလည်း သူ​ကျွေးမွေး ပြုစုထားသော ဣသရေလ လူများ ကလက်မခံ သောအခါ အလွန် ကျေကွဲ ဝမ်းနည်းကြောင်း တွေ့ရသည် (ဟေရှာယ ၁:၂-၃)။ သင်သည် ဖန်ဆင်းရှင် ခရစ်တော်ကို သိရှိ လက်ခံပါသလား။
၁၂။ ထိုသူကို လက်ခံသမျှသော သူတည်း ဟူသောကိုယ်တော်ကို ယုံကြည်သော သူတို့ အား၊ ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့ မူကား၊ လူမျိုးနှင့် စပ်ဆိုင်၍ ဘွားသောသား မဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသား မဟုတ်။ လူအလိုအလျောက်ဘွားသောသား မဟုတ်။ ဘုရားသခင် ဘွား တော်မူသောသား ဖြစ်သတည်း။
ဤနေရာ၌ ထိုသူ တည်းဟူသောခရစ်တော်ကို ယုံကြည် လက်ခံသော သူတို့အား ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏ဟုဆိုသည်။ ထိုသား တို့သည် လူမျိုးနှင့် စပ်ဆိုင်၍ ဘွားသောသား မဟုတ်။ ဆိုလိုသည် မှာ ဣသရေလ လူမျိုး ဖြစ်သောကြောင့် ဘုရားသား ဖြစ်နိုင်သည် မဟုတ်ဟုဆိုလိုသည်။ မေထုန်သံဝါသအားဖြင့် ဘွားသောသား မဟုတ်ဆိုသည်မှာ၊ မိဘနှစ်ပါးဘုရားသား ဖြစ်သောကြောင့် မွေးဘွားလာသော သားသမီးသည် ဘုရားသား မဖြစ်နိုင်ချေ။ သူကိုယ်တိုင် ခရစ်တော် လက်ခံမှသာဘုရားသား ဖြစ်နိုင်မည်။ လူအလိုအလျောက်ဘွားသောသား မဟုတ်ဆိုသည်မှာ သင်းအုပ်ဆရာ၊ အမှုတော်ဆောင်ကအလိုရှိသောကြောင့် မည်သူကို မျှဘုရားသား ဖြစ်စေနိုင်သည် မဟုတ်ဟုဆိုခြင်း ဖြစ်သည်။ ထို့အပြင် ကိုယ်ဟာကို ဘုရားသား ဖြစ်ချင်သည်ဟု ဖြစ်နိုင်သည် မဟုတ်။ ဘုရားသခင် ဘွား တော်မူသောသား ဖြစ်သတည်းဟုဆိုခြင်းသည်၊ ဘုရားသခင်က သာလျှင် လူများကို ဘုရားသား ဖြစ်စေနိုင်သည်ဟုဆိုခြင်း ဖြစ်သည်။
၁၄။ နှုတ်ကပတ်တော် သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍ ၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာ တော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင် တည်နေ တော်မူသည် ဖြစ်၍ ၊ ခမည်းတော်၌ တပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့၊ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
နှုတ်ကပတ်တော် သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍ ဟု ထပ်မံဆိုသောကြောင့်၊ နှုတ်ကပတ်တော်သည် သခင်ယေရှုကို ဆိုလိုခြင်း ဖြစ်ကြောင်း ပို၍ ထင်ရှားသည်။ သခင်ယေရှုသည် လူများအတွက် ကျေးဇူးတော်နှင့် သစ္စာ တော်နှင့် ပြည့်စုံသည်ဟုဆိုသည်။ သူသည် ငါတို့၌ ရှိသည် ဆိုသည်မှာ လူများ ထံ၌ လူ့ဇာတိခံခြင်းကို ဆိုလိုသည်။ သခင်ယေရှုသည် ခမည်းတော် ဘုရား၏ ဘုန်းကို ထင်ရှားစေသောသူ ဖြစ်သည်။ ထို့ကြောင့် ဖိလိပ္ပုထံသခင်ယေရှုက၊ “ငါ့ကို မြင်သော သူသည် ခမည်းတော်ကို မြင်၏။” (ယော ၁၄:၉) ဟုဆိုခဲ့သည်။
၁၅။ ယောဟန်သည် ထိုသခင်၏ အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာသော သူသည် ငါမရှိမှီရှိနှင့်သည် ဖြစ်၍ ၊ ငါ့ထက် သာ၍ ကြီး မြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူကို ဆိုလိုသည်ဟု သက်သေခံလေ၏။
ယောဟန်ကသခင်ယေရှု အကြောင်းကို သက်သေခံသည်။ ယောဟန်သည် သခင်ယေရှုနှင့် ဆွေမျိုး တော်သည်။ အကြောင်းမှာ ယောဟန်၏ မိခင် ဧလိရှဗက်နှင့် မယ်တော် မာရိတို့သည် ဆွေမျိုးတော် ကြသည် (လု ၁:၃၆)။ ယောဟန်သည် သခင်ယေရှုထက် လူဇာတိအားဖြင့် ​ခြောက်လကြီးသည်။ အကြောင်းမူကား ယောဟန်ကို မိခင် ဧလိရှဗက်က ၆ လကိုယ်ဝန်ဆောင်ပြီးမှသခင်ယေရှုကို မိခင် မာရိကကိုယ်ဝန်စဆောင်သည် (လု ၁:၃၆)။ သို့သော် ယောဟန်ကသခင်ယေရှုသည် သူထက် အရင်ရှိနှင့်သည်ဟုဆိုခြင်းသည်၊ ဘုရား ဇာတိအားဖြင့်၊ ယောဟန်ထက် ကြီး ကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။ ယောဟန်ကသခင်ယေရှုသည် သူ့ထက် ကြီး မြတ်သည်ဟုဆိုသည်။
၁၆။ ထိုသူ၏ ပြည့်စုံခြင်း မှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကို ငါတို့ ရှိသမျှသည် ခံရကြပြီ။
ခရစ်တော်၏ ပြည့်စုံခြင်း အားဖြင့် ကျေးဇူးတပါးပြီး တပါးထပ်ဆင့်၍ ငါတို့ ရှိသမျှသည် ခံရကြပြီဟုဆိုသည်။ သို့သော် များစွာသော သူများသည်၊ မယုံကြည် သောကြောင့် ထိုကျေးဇူးများကို ခံစား သင့်သလောက်မခံစားရကြချေ။ ယုံကြည်သူများအနေဖြင့် သခင်ယေရှုသည်၊ ထာဝရ အသက်လည်း ဖြစ်သည်၊ ကျန်းမာခြင်း၊ စားသောက်စရာ၊ နေစရာ အိမ်၊ ကား၊ အဝတ်အစားအားလုံး ဖြစ်သည်။ ဤလောက၌ နေစဉ်၊ အသက်တာ၌ ခရစ်တော်၏ ပြည့်စုံ ခြင်းအားဖြင့် ၊ ကျေးဇူးတပါးပြီး တပါးခံစားသော သူများ ဖြစ်ကြပါစို့။
၁ရ။ အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာ တရားမူကား ယေရှုခရစ် အားဖြင့် ဖြစ်သတည်း။
ဘုရားသခင်က ပညတ်တရားကို မောရှေအားဖြင့် ပေးသည်။ ပညတ္တိကျမ်းများ ဖြစ်ကြသော၊ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း၊ ဝတ်ပြုရာကျမ်း၊ တောလည်ရာကျမ်း၊ တရားဟောရာကျမ်းများသည် ဘုရားသခင်က မောရှေအားဖြင့် ပေးထားသည်။ ထိုကျမ်းစာများ၌ ပညတ်တော် ၆၁၃ ပါးရှိသည်။ ကျေးဇူးတရားနှင့် သစ္စာ (သမ္မာ) တရားမူကား ယေရှုခရစ်အားဖြင့် ပေးသည်။ ကျေးဇူးတရားသည် သနားခြင်း (Grace)ကို ဆိုလိုသည်။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း၊ အပြစ် လွှတ်ခြင်း၊ ထာဝရ အသက်များ ရရှိနိုင်သည်။ သမ္မာတရားသည် ဘုရား၏ အကြံအစည်နှင့် လုပ်ဆောင်ချက် များ ဖြစ်သည်။ ခရစ်တော် ကငါသည် သမ္မာတရား ဖြစ်သည်ဟုဆိုသည် (ယော ၁၄:၆)။
၁၈။ ဘုရားသခင်ကို အဘယ်သူ မျှမမြင်စဖူးသော်လည်း၊ ခမည်းတော်၏ ရင်ခွင်၌ ရှိသော တပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေ တော်မူပြီ။
ခရစ်တော် ဤလောကသို့ လာရခြင်း၏ အကြောင်းရင်းများစွာ ထဲမှ တခုသည် ဘုရားသခင်၏ ပုံသဏ္ဍာန်ကို လူများ ကမြင်နိုင်ဘို့ရန် ဖြစ်သည်။ “ဖိလိပ္ပုကလည်း သခင်၊ ခမည်းတော်ကို အ​ကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ ပြတော်မူလျှင် အ​ကျွန်ုပ်တို့ အလို ပြည့်စုံပါမည်ဟု လျှောက်လျှင်၊ ယေရှုက၊ ဖိလိပ္ပုဤမျှကာလ ပတ်လုံးငါသည် သင်တို့နှင့်အတူ ရှိပြီးမှသင်သည် ငါ့ကို မသိသေးသလော။ ငါ့ကို မြင်သော သူသည် ခမည်းတော်ကို မြင်၏။” (ယော ၁၄:၉) ဟုဆိုခဲ့သည်။ ထို့ကြောင့် ခရစ်တော် ဤလောကသို့ ကြွလာခြင်းသည် ခမည်းတော်၏ ပုံသဏ္ဍာန်ကို လူများ ကသိမြင်နိုင်ဘို့ရန် ဖြစ်သည်။ ကျမ်းစာက၊ “ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့် အညီလူကို ဖန်ဆင်း တော်မူ၏။” (က ၁:၂ရ) ဟုဆိုရာတွင် ကျမ်းတတ်ပုဂ္ဂိုလ်များက၊ လူသည် ဘုရား ကဲ့သိုဆန္ဒရှိသည်၊ စဉ်းစားတတ်သည်၊ အသိဥာဏ်ရှိသည် စသည်ဖြင့် ဆို ကြသည်။ ခရစ်တော်သည် လူကဲ့သို့ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်လည်း လူကဲ့သို့ဖြစ်သည်။ သို့သော် သူသည် ဘုန်းရှိ၍ လူထက် အလွန် ထူးမြတ်သည်။ ခရစ်တော်သည် သူခေတ်ကလူများ ကလူကဲ့သို့ မြင် ကြသည်။
၁၉။ ယုဒလူတို့က၊ သင်သည် အဘယ်သူ နည်းဟု ယောဟန်ကို မေးမြန်းစေခြင်းငှါ ယဇ်ပုရောဟိတ် နှင့် လေဝိလူတို့ကို ယေရုရှလင် မြို့မှစေလွှတ် သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊ ၂၀ ငါသည် ခရစ်တော် မဟုတ်ဟု ထိမ်ဝှက်ခြင်း မရှိ၊ အတိအလင်း ပြောဆို၏။ ၂၁ ထိုသူတို့ ကလည်း၊ သို့ဖြစ်လျှင် သင်သည် အဘယ်သူ နည်း။ ဧလိယ ဖြစ်သလောဟု မေးပြန်၏။ ယောဟန်က၊ ငါသည် ဧလိယ မဟုတ်ဟုဆို၏။ ဤမည်သော ပရောဖက် ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟုဆိုပြန်၏။
ယုဒလူများ ကယောဟန်သည် မည်သူ ဖြစ်သည်ကို သိချင် ကြသည်။ အကြောင်းမှာ ဓမ္မဟောင်းကျမ်း၌ ခရစ်တော် ကြွလာမည့် အရာကို နေရာမြောက်များစွာ၌ ဗျာဒိတ်ပြုထားသည်။ ဣသရေလ တမျိုးသား လုံးသည် ခရစ်တော် ကြွလာမည့် အရာကို မျှော်လင့် နေကြသည်။ ထို့ကြောင့် ယောဟန်ကသူသည် သူတို့ မျှော်လင့်နေသော ခရစ်တော် မဟုတ်ကြောင်းကို ထိမ်ဝှက်ခြင်း မရှိဘဲ ပြောရခြင်း ဖြစ်သည်။ ခရစ်တော် မလာမှီဧလိယလာမည့် အကြောင်း ကိုလည်း ဤသို့ ရေးထားသည်၊ “ကြည့်ရှုလော့။ ထာဝရ ဘုရား၏ ကြောက်မက်ဘွယ်သော နေ့ရက်ကြီး မရောက်မှီ၊ ပရောဖက် ဧလိယကို သင်တို့ ရှိရာသို့ ငါစေလွှတ်မည်။” (မာလခိ ၄:၅)။ ဣသရေလ လူမျိုးများသည် ထမင်းစား သောအခါ ဧလိယအတွက် ဟူ၍ ထိုင်ခုံတလုံးကို အမြဲရာထားတတ် ကြသည်။ ထို့ကြောင့် ယောဟန်ကသူသည် သူတို့ မျှော်လင့်သော ပရောဖက် ဧလိယလည်း မဟုတ်ကြောင်း ပြောရခြင်း ဖြစ်သည်။ တဖန် မောရှေက၊ “သင်၏ ဘုရားသခင် ထာဝရ ဘုရားသည်၊ သင်၏ အမျိုးသား ချင်းတို့ အထဲ၌ ငါနှင့် တူသော ပရောဖက် တပါးကို သင့်အဘို့ ပေါ်ထွန်းစေ တော်မူမည်။ ထိုပရောဖက်၏ စကားကို နားထောင် ရမည်။” (တရား၁၈:၁၅) ဟူဆိုသောကြောင့် မောရှေကဲ့သို့သော ပရောဖက်ကို မျှော် နေကြသည်၊ ထို့ကြောင့် ယောဟန်က၊ သူတို့ မျှော်လင့်သော ပရောဖက်လည်း မဟုတ်ကြောင်း ပြောပြခြင်း ဖြစ်သည်။
၂၂။ ထိုသူတို့ ကလည်း၊ သင်သည် အဘယ်သူ နည်း၊ ငါတို့ကို စေလွှတ်သော သူတို့အား ပြန်လျှောက်စရာ ရှိစေခြင်းငှါ၊ သင်သည်ကိုယ်ကို အဘယ်သို့ ဆိုသနည်းဟု မေးပြန်ကြ၏။ ၂၃ ယောဟန်ကလည်း၊ ငါသည် ပရောဖက် ဟေရှာယဟောပြောသည်နှင့် အညီ၊ ထာဝရ ဘုရား၏ လမ်းခရီးတော်ကို ​ဖြောင့်စေကြလော့၊ ဟု တော၌ ဟစ်ကြော်သော သူ၏ အသံ ဖြစ်သည်ဟုဆို၏။ ၂၄ အစေခံသော သူတို့ကား၊ ဖာရိရှဲ ဖြစ်ကြသတည်း။
ဖာရိရှဲများ ကယောဟန်ထံသူ့ကိုယ်သူအဘယ်သူ ဖြစ်သနည်းဟု မေးသောအခါ ယောဟန်ကသူသည် (ဟေရှာယ ၄၀:၃-၄)၌ ဖေါ်ပြသော ထာဝရ ဘုရား၏ လမ်းခရီးတော်ကို ​ဖြောင့်စေဘို့ တော၌ ဟစ်ကြော်သောသူ ဖြစ်သည်ဟုဆိုသည်။ ယောဟန်သည် မည်သူအတွက် ဟစ်ကြော်သနည်း။ သခင်ယေရှု အတွက် ဖြစ်သည်။ သို့ဖြစ်လျှင် သခင်ယေရှုသည် ထာဝရ ဘုရား ဖြစ်သည်။
၂၅။ ထိုသူတို့ကလည်း သင်သည် ခရစ်တော် မဟုတ်၊ ဧလိယ မဟုတ်၊ ဤမည်သော ပရောဖက် မဟုတ်သည် မှန်လျှင် အဘယ်ကြောင့်ဗတ္တိဇံကို ပေးသနည်းဟု မေးပြန်ကြ၏။ ၂၆ ယောဟန်ကလည်း၊ ငါသည် ရေ၌ ဗတ္တိဇံကို ပေး၏။ သင်တို့ အလယ်၌ သင်တို့ မသိသော သူတယောက် ရှိ၏။ ၂ရထိုသူသည် ငါ့နောက်ကြွလာသော်လည်း ငါ့ထက် သာ၍ ကြီး မြတ်၏။ ထိုသူ၏ ​ခြေနင်းတော် ကြိုးကို မျှဖြည်ခြင်းငှါ ငါမထိုက်ဟု ပြန်ပြော၏။ ၂၈ ယောဟန်သည် ဗတ္တိဇံကို ပေးရာအရပ်၊ ယော်ဒန်မြစ်တဘက်ဗေသနိရွာ၌ ဤအမှုရာ ဖြစ်သတည်း။
ဗတ္တိဇံပေးခြင်းသည် ပင်တေကုတ္တေ နေ့မှစသည် မဟုတ်။ ဓမ္မဟောင်းကာလ ကတည်း ကရှိသောအရာ ဖြစ်သည်။ သို့သော် ရည်ရွယ်ချက်မတူကြချေ။ ယုဒလူများ ပေးသော ဗတ္တိဇံသည် သန့်ရှင်းရေးလုပ်ခြင်း၊ တပါးအမျိုးသားများယုဒဘာသာသို့ ဝင်ခြင်းများအတွက် ဖြစ်သည်။ ယောဟန်ပေးသော ဗတ္တိဇံသည် နိုင်ငံတော် ထဲဝင်ဘို့ရန် နောင်တရခြင်း (မ ၃း၁-၂)နှင့် ယေရှုသည် ယုဒလူများ မြော်လင့်စောင့်စားနေသော ခရစ်တော် ဖြစ်ကြောင်းကို ထင်ရှားစေဘို့ရန်ဖြစ်သည်။ (ယော ၁:၃၁-၃၄)
၂၉။ နက်ဖြန်နေ့၌ ယေရှု ကြွလာ တော်မူသည်ကို ယောဟန်သည် မြင်လျှင်၊ ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။
ယောဟန်၏ အမြင်သည် အခြားသော လူများ၏ အမြင်နှင့် မတူချေ။ သူသည် ဘုရား မြင်သည့်အတိုင်း မြင်သည်။ အခြားသော သူများက ခရစ်တော်ကို မြင် သောအခါ၊ သာမန်လူတယောက် အဖြစ်မြင်ကြသော်လည်း ယောဟန်ကဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ် အဖြစ်မြင်သည်။ ထိုအရာသည် ဣသရေလ လူများ၏ အပြစ်ကို ယူဆောင်သွားသော ဆိတ်သငယ်ကဲ့သို့ မြင်ခြင်း ဖြစ်သည်။ ဝတ် ၁၆:၂၀-၂၁၌ နှစ်စဉ်နှစ်တိုင်း ထီးစရီး တည်းဟူသောသတင်း ​ကျွတ်လတွင် ဘုရားသခင် စီရင်သည့်အတိုင်း၊ ယဇ်ပုရောဟိတ်မင်းသည် ဣသရေလ လူများ၏ အပြစ်များကို ဆိတ်ခေါင်းပေါ်တွင် တင်၍ တောသို့ စေလွှတ်ရသည်။ ထိုဆိတ်သည် လူများ၏ အပြစ်ကို ယူတင်ဆောင်ရွက်သွားသည်။ ထိုဆိတ်ကဲ့သို့ပင် ခရစ်တော်သည် ဤလောက လူသားများ၏ အပြစ်များကို ယူတင်ဆောင်ရွက်သွားခဲ့သည်။
၃၀။ ငါမရှိမှီရှိနှင့်သည် ဖြစ်၍ ၊ ငါ့ထက် သာ၍ ကြီး မြတ်သော သူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကို ဆိုလို၏။
ယောဟန်သည် ခရစ်တော်ထက် လူ့ဇာတိအားဖြင့် ၆ လကြီးသည်။ သို့သော် ဘုရား ဇာတိအားဖြင့် ဖြစ်လျှင် ယောဟန်ထက် ကြီးသည်။ ထိုအရာကို ယောဟန်ကပြောနှင့်ပြီး ဖြစ်၍ ဤနေရာ၌ ထပ်မံ၍ ပြောပြခြင်း ဖြစ်သည်။
၃၁။ အစကထိုသူကို ငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလ လူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ ဗတ္တိဇံကို ပေးလျက် လာ၏။
ယောဟန်၏ မိခင် ဧလိရှဗက်နှင့် ယေရှု၏ မိခင် မာရိတို့သည် ဆွေမျိုးတော် ကြသည်။ ယောဟန်သည် မိခင် ဝမ်း၌ ​ခြောက်လရှိ သောအခါ မာရိကဧလိရှဗက်ထံသို့ လည်၍ သုံးလခန့်နေခဲ့ဘူးသည်။ (လု ၁:၃၆-၃၉၊ ၅၆)။ သို့ဖြစ်လျှင် အဘယ်ကြောင့်ယောဟန်ကယေရှုကို မသိသနည်း။ ယောဟန်၏ မိဘများသည် အသက် ကြီး ပြီးမှသူ့ကို ရရှိသောကြောင့် ယောဟန်အရွယ်ရောက် သောအခါ သေသွားကြပြီး တော၌ နေ၍ ၊ မာရိနှင့် အဆက်အသွယ်မရှိတော့သောကြောင့် မသိခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် ခရစ်တော်ကို လူဇာတိအားဖြင့် သိသော်လည်း၊ ဘုရား ဇာတိပိုင်း မသိခြင်း ကိုလည်း ဆိုလိုခြင်း ဖြစ်နိုင်သည်။ ယောဟန်ကလူများကို အပြစ် နောင်တ ရရှိခြင်းနှင့် ဆိုင်၍ ဗတ္တိဇံပေးသည်။ သို့သော် ခရစ်တော်ကို ဗတ္တိဇံပေးရခြင်းသည် အပြစ် နောင်တ ရခြင်း မဖြစ်နိုင်ချေ။ ခရစ်တော်ကို ဣသရေလ လူတို့အား ထင်ရှားစေခြင်းငှါ ရေ၌ ဗတ္တိဇံကို ပေးခြင်း ဖြစ်သည်။
၃၂။ ထိုမှတပါး ဝိညာဉ်တော်သည် ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏ အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။ ၃၃ အစကထိုသူကို ငါမသိ။ ရေ၌ ဗတ္တိဇံကို ပေးစေခြင်းငှါ ငါ့ကို စေလွှတ် တော်မူသော သူက၊ အကြင်သူ၏ အပေါ်၌ ဝိညာဉ်တော် ဆင်းသက်၍ နားတော်မူသည်ကို သင်သည် မြင်လျှင်၊ ထိုသူကား၊ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ပေးသော သူပေတည်းဟု မိန့်တော်မူသည် နှင့် အညီ၊ ၃၄ ငါသည် မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူ ကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။
ဘုရားသခင်က ယောဟန်ထံ၊ အကြင်သူ၏ အပေါ်၌ ဝိညာဉ်တော် ဆင်းသက်၍ နားတော်မူသည်ကို သင်သည် မြင်လျှင်၊ ထိုသူကား၊ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ပေးသော သူပေတည်းဟု မိန့်တော်မူ ခဲ့သည်။ ဘုရားသခင်က ကြိုပြော သကဲ့သို့ပင်၊ “ယေရှုသည် ဗတ္တိဇံကို ခံတော်မူပြီးလျှင်၊ ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင် ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော် အပေါ်၌ နားတော်မူသည်ကို မြင်ရ၍ ၊ ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သား ပေတည်းဟု ကောင်းကင် ကအသံတော် ဖြစ်လေ၏။” (မ ၃:၁၆-၁ရ)။ ထိုကဲ့သို့ ယောဟန်သည် ဝိညာဉ်တော် ဆင်းသက်ခြင်းကို မျက်စိနှင့် မြင်၍ အသံတော် ကိုလည်း ကြားသောကြောင့်၊ သူသည် ဘုရားသခင်၏ သားတော် ဖြစ်ကြောင်းကို သက်သေခံခြင်း ဖြစ်သည်။ ဗတ္တိဇံ၏ အဓိပ္ပါယ်သည် နှစ်ခြင်း၊ မြှုပ်ခြင်း ဖြစ်သည်။ ရေထဲမှာ ဖြစ်လျှင် နှစ်ခြင်း ဖြစ်၍ ၊ ရေ မဟုတ်သောအရာ အထဲ၌ ဖြစ်လျှင် မြှုပ်ခြင်းကို ဆိုလိုသည်။ ဗတ္တိဇံအမျိုးမျိုးရှိသည်။ ထိုအထဲ၌ ယောဟန်ပြောသော ဗတ္တိဇံသည် သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံပေးခြင်းကို ဆိုလိုသည်။ “ငါသည် သင်တို့အားရေ၌ ဗတ္တိဇံကို ပေး၏။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်၌ သင်တို့ကို ဗတ္တိဇံပေးမည်ဟု ဟောသတည်း။” (မာ ၁:၈) သခင်ယေရှုကလည်း ကောင်းကင် မတက်မှီ၊ “ယောဟန်သည် ရေ၌ ဗတ္တိဇံကို ပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တ ၁:၅) ပေါလုက၊ “ယုဒလူ ဖြစ်စေ၊ ဟေလသလူ ဖြစ်စေ၊ ​ကျွန် ဖြစ်စေ၊ လူလွတ် ဖြစ်စေ၊ ငါတို့ ရှိသမျှသည် ဝိညာဉ်တော် တပါးတည်းအားဖြင့် တကိုယ်တည်း ထဲသို့ ဗတ္တိဇံကို ခံကြ၏။” (၁ ကော ၁၂:၁၃)
၃၅။ တဖန် ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့နှင့်အတူ ရပ်နေ၍ ၊ ၃၆ ယေရှု ကြွ တော်မူသည်ကို မြင်လျှင်၊ ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ဟုဆို၏၊ ၃၇ တပည့်နှစ်ယောက်တို့သည် ထိုစကားကို ကြားလျှင်၊ ယေရှု နောက်တော်သို့ လိုက်ကြ၏။
ယောဟန်သည် ဘုရား၏ အမြင်အားဖြင့် မြင်သောကြောင့် ယေရှုကို ဘုရားသခင်၏ သိုးသငယ်ဟုဆိုသည်။ သိုးသငယ်သည် နားထောင်ခြင်း၊ နှိမ့်ချခြင်းကို ပုံဆောင်သည်။ သိုးသငယ်သည် သိုးထိန်း၏ စကားကို နားထောင် သကဲ့သို့ ယေရှုလည်း ခမည်းတော်၏ စကားကို နားထောင်သည်။ ထိုမျှမက သိုးသငယ်သည် ဘုရားထံ ယဇ်ပူဇော်ရာတွင် အသုံးပြုသည်။ ထို့နည်းတူ ယေရှု သည်လည်း ဘုရားထံယဇ်အဖြစ် ပူဇော်မည့် ယဇ်ကောင်လည်း ဖြစ်သည်။ ယောဟန်၏ တပည့်တို့သည် ယေရှု နောက်သို့ လိုက်သွား ကြသည်။ ထိုအရာကို ယောဟန်ကမကန့်ကွက်ချေ။ များစွာသော ခေါင်းဆောင် များသည် သူ့တို့၏ တပည့်များက စွန့်ခွါပြီး အခြားသူထံ၌ စည်းကပ် သောအခါ စိတ်ဆိုးတတ် ကြသည်။
၃၈။ ယေရှုသည် လှည့်၍ ထိုသူတို့ လိုက်ကြသည်ကို မြင် တော်မူလျှင်၊ အဘယ်အလိုရှိသနည်းဟု မေးတော်မူ၏။ ထိုသူတို့က၊ ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာ နေတော်မူ သနည်းဟု မေးလျှောက်ကြ၏။ ရဗ္ဗိ၊ အနက်ကား၊ အရှင်ဘုရားဟုဆိုလိုသတည်း။ ၃၉ ယေရှုကလည်း လာ၍ ကြည့်ကြလော့ဟု မိန့်တော်မူ၏။ ထိုသူတို့သည် သွား၍ နေတော်မူ ရာအရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ဆယ်နာရီအချိန် ဖြစ်၍ မိုဃ်းချုပ်သည့်တိုင်အောင် အထံတော်၌ နေကြ၏။
ယောဟန်၏ တပည့်နှစ်ယောက်တို့ ကလိုက်သည်ကို မြင် သောအခါ ယေရှု ကဂရုစိုက်သည်။ အဘယ်အလိုရှိသနည်းဟု မေးသည်။ ထိုတပည့်တို့ကလည်း ပြောစရာ မရှိ၍ ဖြစ်မည်၊ အရှင်ဘုရား အဘယ်မှာ နေတော်မူ သနည်းဟု နှုတ်ဆက် ကြသည်။ သူတို့ လိုက်သော အချိန်သည် ဆယ်နာရီဟုဆိုသောကြောင့် ညမိုဃ်းမချုပ်မှီနှစ်နာရီ အလိုတွင် ဖြစ်သည်။ အကြောင်းမှာ ထိုခေတ်၌ နေနာရီ သာရှိသောကြောင့် နေထွက်ချိန်မှနေဝင်သည့်အချိန် ကြားကာလကို ၁၂ နာရီနှင့် ပိုင်းခြားသည်။ “ယေရှု ကလည်း၊ တနေ့တွင် တဆယ်နှစ်နာရီ ရှိသည် မဟုတ်လော။” (ယော ၁၁:၉) ဟုဆိုသည်။ ထို့ကြောင့် သူတို့၏ နာရီသည် နွေရာသီနှင့် ဆောင်းရာသီ၌ မတူချေ။ နွေရာသီ၌ နေ့တာရှည်၍ ဆောင်းရာသီ၌ တိုသောကြောင့် နွေရာသီတစ်နာရီသည် ဆောင်းရာသီတစ်နာရီထက် ပို၍ ရှည်လိမ့်မည်။

၄၀။ ယောဟန်၏ စကားကို ကြား၍ နောက်တော်သို့ လိုက်သော သူနှစ်ယောက်တို့တွင် တယောက် ကား ရှိမုန်ပေတရုညီ အ‌ေန္ဒြပေတည်း။ ၄၁ ထိုသူသည် မိမိအစ်ကို ရှိမုန်ကို ရှေ့ဦးစွာ တွေ့လျှင်၊ ငါတို့သည် မေရှိကို တွေ့ကြပြီဟု ပြောဆို လျက်၊ ၄၂ သူ့ကို ယေရှု ထံသို့ ပို့ဆောင်လေ၏။ မေရှိအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း။ ယေရှုသည် ထိုသူကို ကြည့်ရှု၍ ၊ သင်သည် ယောန၏သားရှိမုန် ဖြစ်၏ ကေဖအမည်သစ်ကို ရလတံ့ဟု မိန့်တော်မူ၏၊ ကေဖအနက်ကား ပေတရုဟုဆိုလိုသတည်း။                                                                                           ယေရှု နောက်လိုက် သွားသော ယောဟန်တပည့်နှစ်ယောက်တွင် တစ်ယောက်သည် ရှိမုန်ပေတရုညီ အ‌န်ဒြေဖြစ်သည်ဟုဆိုသည်။ သူသည် သူ၏ အစ်ကို ပေတရုကို ယေရှု ထံသို့ ပို့ဆောင်သည်။ အ‌န်ဒြေသည် ကျမ်းစာ ထဲ၌များများ စားစား ပြောဆို လုပ်ဆောင်မှု မတွေ့ရပါ။ သူ့အစ်ကို ပေတရုကို ယေရှု ထံသို့ အထက်က ဖေါ်ပြသည့်အတိုင်း ပို့ခဲ့သည်။ သခင်ယေရှု ကလူငါးထောင်အစာ​ကျွေး သောအခါ အ‌န်ဒြေမုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရှိသော ခလေးကို သခင်ယေရှု ထံမိတ်ဆက်ခဲ့သည် (ယော ၆:၈-၉)။ ဟေလသ တည်းဟူသောဂရိတ်လူမျိုးများ ကသခင်ယေရှုကို တွေ့မြင်ချင် ကြ သောအခါ၊ ဖိလိပ္ပုက အ‌‌န်ဒြေ ကို အဖေါ်ညှိ၍ သခင်ယေရှုကို ကြားပြောကြသည် (ယော ၁၂:၂၀-၂၂)။ ထို့ကြောင့် အ‌‌န်ဒြေ ၏ အလုပ်သည် ဆက်သွယ်ရေးလုပ်သောသူ၊ လူများကို သခင်ယေရှု ထံပို့သော သူဟု သိကြသည်။ သခင်ယေရှု၏ အခြားနာမည်သည် မေရှိ ဖြစ်သည်။ မေရှိသည် ဟေဗြဲစကား Mashiach ဖြစ်၍ အဓိပ္ပါယ်မှာ ကယ်တင်ရှင်၊ ဘိတ်သိက်ခံသော သူဟူ၍ ဖြစ်သည်။ ဂရိတ်စကား ဖြစ်လျှင် Christos အင်္လိပ်စကားအားဖြင့် Christ ဖြစ် ၍ မြန်မာစကား ဖြစ်လျှင် ခရစ်တော်ဟုဆိုသည်။ ပေတရု၏ မူလနာမည်သည် ရှိမုန် ဖြစ်သည်။ သခင်ယေရှု ကသူ့ကို ကေဖ သို့မဟုတ် ပေတရုဟု နာမည်ပြောင်းပေးလိုက်သည်။ ပေတရု၏ အဓိပ္ပါယ်သည် ကျောက်တုံးကလေးဟူ၍ ဖြစ်သည်။

၄၃။ နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ ကြွခြင်းငှါ အလိုတော် ရှိလျှင် ဖိလိပ္ပုကို တွေ့၍ ၊ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏၊ ၄၄ ဖိလိပ္ပုကား၊ အ​န်ဒြေနှင့် ပေတရုမွေးဖွားရာဗက်ဇဲဒမြို့မှလာသောသူ ဖြစ်သတည်း။                                                        နက်ဖြန်နေ့ဟူသောအရာ ကို ယောဟန်ကသုံးကြိမ်အသုံးပြု၍ (၂၉၊ ၃၅) ဤနေရာ၌ တတိယအကြိမ်သုံးခြင်း ဖြစ်သည်။ ယေရှု ကဖိလိပ္ပုကို တွေ့ သောအခါ သူ့ နောက်လိုက်ဘို့ ခေါ်ဘိတ်လိုက်သည်။ ဖိလိပ္ပု၊ အ​န်ဒြေနှင့် ပေတရုတို့သည် ဗက်ဇဲဒမြို့သားများဖြစ် ကြသည်။

၄၅။ ဖိလိပ္ပုသည် နာသနေလကို တွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၎င်း၊ ပရောဖက် တို့သည် သူတို့ ကျမ်း၌၎င်းအကြောင်း ပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သား ဖြစ်သော ယောသပ်၏သား ယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။
သခင်ယေရှု ကလူငါးထောင်အစာ​ကျွေးမည့် အချိန်တွင် ဖိလိပ္ပုကို၊ “ဤသူတို့ စားစရာ မုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟု မေးတော်မူ၏။ ထိုသို့ မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကို သိတော်မူ လျက် ပင်ဖိလိပ္ပုကို စုံစမ်းခြင်းငှါ သာမေး တော်မူ၏။ ဖိလိပ္ပုကလည်း ဤသူတို့သည် မုန့်တဖဲ့စီစေ့ငှအောင် ဒေနာရီ အပြားနှစ်ရာအဘိုးထိုက်သော မုန့်မလောက်ပါဟု လျှောက်လေ၏။” (ယော ၆:၅ -ရ)ဟုမေးခဲ့သည်။ ထို့ကြောင့် ဦးနှောက်နှင့် တွက်တတ်သော သူတို့ကို ဖိလိပ္ပုဟု ခေါ်လေ့ရှိ ကြသည်။ ဖိလိပ္ပုသည် သခင်ယေရှုနှင့် မပေါင်းဖေါ် သေးသော်လည်း ယေရှုသည် မောရှေ၏ ပညတ္တိကျမ်းနှင့် ပရောဖက် ကျမ်းတို့၌ ကြိုရေးထားခဲ့သောသူ ဖြစ်သည်ဟုဆိုနိုင်သည်။ မည်ကဲ့သို့ သိနိုင်သနည်း။ ဘုရားသခင်က သိ နားလည်စေ၍ ဖြစ်မည်။ နာသနေလထံ၌လည်း ယေရှုနှင့် သူ၏ မိသားစုအကြောင်းက သက်သေခံသည်။
၄၆။ နာသနေလကလည်း၊ နာဇရက်မြို့ထဲကကောင်းသောအရာ တစုံ တခုမျှထွက်နိုင်သလောဟု မေးလျှင်၊ ဖိလိပ္ပုက၊ လာ၍ ကြည့်ပါဟုဆို၏၊ ၄၇ နာသနေလလာသည်ကို ယေရှုသည် မြင် တော်မူလျှင်၊ လှည့်စားခြင်း အပြစ်နှင့် ကင်းလွတ်သော ဣသရေလ လူစစ်ကို ကြည့်လော့ဟု ထိုသူကို အမှတ်ပြု၍ မိန့်တော်မူ၏။
လူသည် တနေရာနှင့် တနေရာအထင်သေးတတ် ကြသည်။ ဖိလိပ္ပုအနေဖြင့် ယေရှုကို အလွယ်တကူယုံကြည် နိုင်သော်လည်း နာသနေလသည် ယေရှု၏ မွေးဇာတိကို သိသောအခါ အထင်သေးသည်။ နာဇရက်မြို့ထဲကကောင်းသောအရာ တစုံ တခုမျှထွက်နိုင်သလောဟု မေးခြင်းသည် သခင်ယေရှု အတွက် အလွန် ခံပြင်းစရာ ကောင်းသည်။ ထိုသို့ ဖိလိပ္ပုထံနာသနေလကပြောသောအရာ ကို သခင်ယေရှု ကသိ သောအခါ စိတ်မဆိုးဘဲ၊ “လှည့်စားခြင်း အပြစ်နှင့် ကင်းလွတ်သော ဣသရေလ လူစစ်ကို ကြည့်လော့” ဟုနာသနေလကို အကြောင်း ပြု၍ အကောင်းဘက်ကပြောလိုက်သည်။
၄၈။ နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သော အားဖြင့် အ​ကျွန်ုပ်ကို သိတော်မူ သနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကို မခေါ်မှီ၊ သင်သည် သင်္ဘောသဖန်းပင်အောက်၌ ရှိသည်ကို ငါမြင်သည်ဟု ပြန်၍ မိန့်တော်မူလျှင်၊ ၄၉ အရှင်ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူ၏၊
နာသနေလကသခင်ယေရှုကို အထင် သေးသော်လည်း၊ သခင်ယေရှု ကသူ့ကို အကောင်းပြော သောအခါ အံ့ဩ သွားသည်။ ​ကျွန်ပ်တို့လည်း သခင်ယေရှု ကဲ့သို့ ကိုယ့်ကို အထင် သေးသော သူတို့ကို အကောင်းပြောနိုင်လျှင် သူ၏ တပည့် ဖြစ်ကြောင်း ထင်ရှားမည်။ နာသနေလကကိုယ်တော်သည် အ​ကျွန်ပ်ကို အဘယ်သို့ သိတော်မူ သနည်းဟု မေးသော်ယေရှု ကဖိလိပ္ပုကသင့်ကို မခေါ်မှီသဖန်းပင်အောက်၌ သင့်ကို ငါမြင်သည်ဟုဆိုသည်။ ထို့ကြောင့် နာသနေလကကိုယ်တော်သည် ဘုရားသခင်၏ သားတော်၊ ဣသရေလ လူတို့၏ ရှင်ဘုရင်ဟု ပြန်လည်ဝန်ခံသွားခဲ့သည်။ အမှန်မှာ ထိုအချိန်တွင် သခင်ယေရှုသည် တန်ခိုးကိုလည်း မပြ၊ တရားလည်း မဟောသေးချေ။ သို့သော် နာသနေလကသူ့ကို ရှင်ဘုရင်အဖြစ် လက်ခံနေပြီး ဖြစ်သည်။ သူသာမကလူတိုင်း သခင်ယေရှုကို အစ၌ အထင်လွဲ၊ အထင်သေးခဲ့ ကြသည်။ နောက်ပိုင်းမှသူ့ကို ဘုရားနှင့် ကယ်တင်ရှင်အဖြစ် လက်ခံတတ် ကြသည်။
၅၀။ တဖန် ယေရှုက၊ သင်္ဘောသဖန်းပင်အောက်၌ သင့်ကို ငါမြင်သည်ဟုဆိုသောကြောင့် ယုံသလော။ ထိုမျှမကသင်သည် သာ၍ ကြီးစွာသော အကြောင်း အရာကို မြင်လတံ့။ ၅၁ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင် ဖွင့်လှစ်သည်ကို၎င်း၊ ဘုရားသခင်၏ ကောင်းကင်တမန် တို့သည် လူသား၏ အပေါ်၌ ဆင်းလျက် တက်လျက် ရှိနေသည်ကို၎င်း၊ သင်တို့သည် မြင်ရကြလတံ့ဟု မိန့်တော်မူ၏။
အမှန်မှာ သခင်ယေရှု ကနာသနေလကို သင်္ဘောသဖန်းပင်အောက်၌ မြင်သည် မဟုတ်။ သို့သော် ဘုရား ဖြစ်သောကြောင့် သိမြင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှု ကသူသည် ထိုမျှမကကြီးစွာသော အကြောင်း အရာတို့ကို မြင်ဘို့ ပြောထားသည်။ သခင်ယေရှု ကနာသနေလသာ မဟုတ်တော့ဘဲ သင်တို့ တည်းဟူသော ယုံကြည်သူများကကောင်းကင် ဖွင့်လှစ်၍ ကောင်းကင်တမန် များလူသား၏ အပေါ်မှာ ဆင်းလျက် တက်လျက် မြင်ကြလိမ့်မည်ဟုဆိုသည်။ “ယာကုပ်သည် ဗေရရှေဘရွာမှ ထွက်၍ ၊ ခါရန်ပြည်သို့ ခရီး သွားစဉ်တွင်၊ ၁၁ တစုံ တခုသော အရပ်သို့ ရောက်၍ ၊ မိုဃ်းချုပ်သောကြောင့်၊ ညဉ့်ကို လွန်စေမည်အကြံရှိသည် နှင့်၊ ထိုအရပ်၌ ကျောက်ကို ယူ၍ ခေါင်းအုံးဘို့ ထားပြီးလျှင် အိပ်လေ၏။ ၁၂ မြင်ရသော အိပ်မက်ဟူမူကား၊ မြေကြီး ပေါ်၌ လှေခါးထောင်လျက် အဖျားသည် မိုဃ်းကောင်းကင် တိုင်အောင် မှီ၏။ ဘုရားသခင်၏ ကောင်းကင်တမန် တို့သည်၊ ထိုလှေခါးဖြင့် ဆင်းလျက် တက်လျက် ရှိကြ၏။” (က ၂၈:၁၀-၁၂)ဟု ယာကုပ်က အိပ်မက်မက်ခဲ့ဘူးသည်။ သခင်ယေရှု ပြော သကဲ့သို့ သူ့ အပေါ်မှာ ကောင်းကင်တမန် များဆင်းသက်ခြင်းကို မြင်သော သူများ ကျမ်းစာ ထဲ၌ မတွေ့ရချေ။ သို့သော် သူကိုယ်တိုင်က ၊ “လူသားသည် မိမိအဘခမည်းတော်၏ ဘုန်း အာနုဘော် ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာ တော်မူ လတံ့။” (မ ၁၆:၂ရ)၊ “လူသားသည် မိမိဘုန်း အာနုဘော် ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် များအခြံအရံတို့နှင့် တကွကြွလာ တော်မူ သောအခါ ဘုန်းရှိသော ပလ္လင်တော် ပေါ်မှာ ထိုင်၍ ၊ ရှေ့တော်၌ လူမျိုး အပေါင်းတို့ကို စုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့် ဆိတ်တို့ကို တခြားစီခွဲထား သကဲ့သို့၊ သိုးတို့ကို လကျ်ာတော် ဘက်၊ ဆိတ်တို့ကို လက်ဝဲတော် ဘက်၌ ထား တော်မူ လတံ့။” (မ ၂၅:၃၁-၃၃) ဟုဆိုခဲ့သည်။

.

^

ယောဟန် ၂

၁။ သုံးရက်မြောက်သော နေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မင်္လာဆောင်ပွဲကို ခံကြစဉ်၊ ထိုပွဲ၌ ယေရှု၏ မယ်တော် ရှိ၏။ ၂ ယေရှုနှင့် တပည့်တော်တို့ ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။
မင်္လာဆောင်ပွဲသည် ဘုရားသခင်ကိုယ်တော်တိုင် စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပွဲတကာတို့ထက် ပါဝင်သင့်သောပွဲ ဖြစ်သည်။ မယ်တော် မာရိ၊ သခင်ဘုရားနှင့် တပည့်တော် များလည်း ပါဝင် ကြသည်။ ဖြစ်နိုင် ချေရှိသည် မှာယေရှု ဆွေမျိုးတော် သောကြောင့် သူတို့လည်း ခေါ်ဘိတ်ခြင်း ဖြစ်နိုင်သည်။
၃။ စပျစ်ရည်ကုန် သောအခါ၊ ယေရှု၏ မယ်တော်က၊ စပျစ်ရည်မရှိဟု ကြားပြော၏။
ပွဲ၌ စပျစ်ရည်ကုန်ခြင်းကို မယ်တော် မာရိကသား တော် ယေရှု ထံပြောသည်။ ထိုသို့ စပျစ်ရည်ကုန်ခြင်းကို သတိထားခြင်းသည်၊ မင်္လာဆောင်သော သူတို့သည် သူတို့၏ ဆွေမျိုးတော် စပ်၍ ဖြစ်မည်။
၄။ ယေရှု ကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ၏။
ဤနေရာ၌ သားတော် ကမယ်တော်ကို သင်သည် ငါနှင့် အဘယ်သို့ ဆိုင်သနည်းဟုဆိုခြင်းသည် လူ့မြင်၌ အလွန် ရိုင်းသည်။ အဘယ်ကြောင့်ထိုသို့ ဆိုသနည်း။ ဖြစ်နိုင်သည် မှာမယ်တော် ကသူ၏သား အကြောင်းကို သိ၍ သူ၏ တန်ခိုးအားဖြင့် ပြသနာ ​ ဖြေရှင်း ပေးဘို့ ပြောဆိုခြင်း ဖြစ်မည်။ ယေရှုသည် ခန္ဓာကိုယ်အားဖြင့် မယ်တော်နှင့် သက်ဆိုင်သော်လည်း ဝိညာဉ်အားဖြင့် မူဘာမျှမဆိုင်ဟုဆိုနိုင်သည်။ ယေရှု ကငါ့အချိန် မရောက်သေးဟု မိန့်တော်မူခြင်းသည် သူ့အချိန် မှသာ အလုပ်လုပ်တတ်ကြောင်း ထင်ရှားသည်။
၅။ မယ်တော် ကလည်း၊ သူစေခိုင်းသမျှ တို့ကို ပြုကြလော့ဟု အစေခံတို့အား ဆိုလေ၏။
အဘယ်ကြောင့်မယ်တော် ကသူစေခိုင်းသမျှ ပြုကြလော့ဟု အစေခံတို့ကို မှာသနည်း။ သူ့သား၏ အစွမ်းအစကို သိသောကြောင့် ဖြစ်မည်။ သားတော် ကငါ့အချိန် မရောက်သေးဟုဆိုသော်လည်း၊ သားတော်သည် တခုခုလုပ်မှာကို မယ်တော် ကသိသောကြောင့် ထိုကဲ့သို့ မှာခြင်း ဖြစ်မည်။ ​ကျွန်ပ်တို့လည်း ဘုရား ခိုင်းသမျှကို ပြုလုပ် သင့်သည်။ ယခုမူဘုရား ခိုင်းသော အမှုကို မလုပ်ဘဲကိုယ်လုပ်ချင်သောအရာ များကို သာလျှင် လုပ် နေကြသည်။
၆။ ယုဒဘာသာအလျောက်စင်ကြယ်ခြင်း အဘို့ အလိုငှာ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်း​ခြောက်လုံးထားလျက် ရှိ၏။ ရယေရှု ကလည်း၊ ဤရေအိုးတို့ကို ရေဖြည့်ကြဟု အစေခံတို့အား မိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံမတတ်ဖြည့်ကြ၏။ ၈ ယခုခပ်၍ ပွဲအုပ်ထံသို့ သွင်းကြလော့ဟု မိန့်တော်မူသည် အတိုင်း သွင်းကြ၏။
သဘာဝအားဖြင့် စပျစ်သီးမှစပျစ်ရည် ဖြစ်ဘို့ရန် အနည်းဆုံး​ခြောက်လလိုအပ်သည်။ နှစ်ကြာလေလေပျင်းလေလေကောင်းလေလေ ဖြစ်သည်။ ထို့အပြင် ရေမှစပျစ်ရည်သည် လူအားဖြင့် မလုပ်နိုင်ချေ။ သို့သော် သခင်ယေရှုသည် ဘုရား ဖြစ်သောကြောင့် ရေမှချက်ချင်း စပျစ်ရည် ဖြစ်စေနိုင်သည်။ ဤအရာအားဖြင့် သိပ္ပံပညာရှင်များ ကဤကမ္ဘာနှင့် နက္ခတ္တရာများသည် နှစ်သန်းပေါင်းများစွာမှ ဖြစ်ခဲ့သည် ဟူသောအရာ မမှန်ကြောင်း ချေပလိုက်သည်။ ဘုရား အတွက် နှစ်သန်းပေါင်းများစွာ မလို၊ အရာခပ်သိမ်းကို ချက်ချင်း ဖန်ဆင်းနိုင်သည်။ ကျောက်ထဲမှရေထွက်စေနိုင်သောသူ၊ လူသုံးလေးသန်းလောက်နှစ်ပေါင်းလေးဆယ်​ကျွေးနိုင်သောသူ၊ တညချင်းတွင် ပင်လယ်နီကို ပြတ်စေ၍ သူ့လူများကို ဖြတ်သန်းစေနိုင်သော ဘုရား အတွက် အရာခပ်သိမ်းသည် နှစ်သန်းပေါင်းများစွာ မလချေ။ များစွာသော တရားဟောဆရာများ ပင်လျှင် ကမ္ဘာကြီးကို နှစ်သန်းပေါင်းများစွာ ကြာ သကဲ့သို့ တရားဟော ကြသည်။ ရေနံ၊ ဓါတ်ငွေ့နှင့် ကျောက်မီးသွေးများသည် ကျောက် ဖြစ်ရုပ်ကြွင်းများမှ ဖြစ်သည်ဟု ယုံကြည်သည်။ ဘုရားသခင်က ရေနံကို ရေနံအဖြစ် ၎င်း၊ ဓါတ်ငွေ့ကို ဓါတ်ငွေ့အဖြစ် ၎င်း၊ ကျောက်မီးသွေးကို ကျောက်မီးသွေးအဖြစ် ၎င်း၊ ဖန်ဆင်းသည်။ ဘုရား အတွကနှစ်သန်းပေါင်းများစွာ ဓါတ်ပြောင်းစရာ မလိုပါ။
၉။ ပွဲအုပ်သည် စပျစ်ရည် ဖြစ်စေသော ရေကို မြည်းစမ်း၍ ၊ ထိုရေကို ခပ်သော အစေခံတို့သည် စပျစ်ရည်ကို အဘယ်မှာ ရသည်ကို သိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္လာဆောင်လုလင်အား အသံကို လွှင့်၍ ၊ ၁၀ အခြားသော သူမည်သည်ကား၊ ရှေ့ဦးစွာ ကောင်းသော စပျစ်ရည်ကို ထည့်၍ ဝစွာ သောက်ကြပြီးမှညံ့သော စပျစ်ရည်ကို ထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသော စပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို၏။
သခင်ယေရှု ပြုလုပ်သော စပျစ်ရည်သည်၊ စပျစ်သီးမှလုပ်သော စပျစ်ရည်ထက် ကောင်းသည်။ အရာခပ်သိမ်းသည် လူလုပ်သောအရာ ထက် ဘုရားသခင် လုပ်သောအရာသည် ပို၍ ကောင်းသည်။ သခင်ယေရှု လုပ်သော စပျစ်ရည်ကို အစေခံများ ကသိသော်လည်း ပွဲအုပ်က မသိချေ။ ထို့နည်းတူ ဘုရား လုပ်သောအရာ ကို စိတ်နှိမ့်ချသော သူများ ကသာ သိ၍ ငါသည် ပညာရှိ ဖြစ်သည် ဟူသော သူများက မသိနိုင်ချေ။ ဦးနှောက်သုံးသော သူများ ကဘုရား၏ အလုပ်ကို မသိနိုင်ကြချေ။
၁၁။ ထိုသို့ ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေ တော်မူ၏။ တပည့်တော်တို့ သည်လည်း ယုံကြည် ကြ၏။
ယောဟန် ခရစ်ဝင်ကျမ်း၌ အထက်ပါ နိမိတ်လက္ခဏာသည် ပဌမ ဦးဆုံးပြသောအရာ ဖြစ်သည်။ တပည့်တော်တို့ သည်လည်း ယုံကြည် ကြ၏ဟုဆိုသည်။ လူသည် နိမိတ်လက္ခဏာမြင်မှယုံကြည် တတ်ကြသည်။ သို့သော် နိမိတ်လက္ခဏာမမြင်ဘဲ ယုံကြည်ခြင်းသည် သာ၍ မင်္လာရှိကြောင်း ယေရှု ကသော မတ်ထံဤသို့ ဆိုခဲ့သည်၊ “သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသော သူတို့သည် မင်္လာရှိကြ၏ဟု မိန့်တော်မူ၏။” (ယော ၂၀:၂၉)။ ဖာရိရှဲများ ကနိမိတ်လက္ခဏာပြဘို့ တောင်း သောအခါ ယေရှုက၊ “ဆိုးညစ်၍ မျောက်မထားသော အမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက် ယောန၏ နိမိလက္ခဏာမှတပါးအဘယ်လက္ခဏာကို မျှသူတို့အား မပြရာဟု မိန့်တော်မူပြီးလျှင်၊ ထိုသူတို့ ရှိရာမှ ထွက်၍ ကြွ တော်မူ၏။” (မ ၁၆:၄)ဟု အပြစ် တင်ခဲ့သည်။ နိမိတ်လက္ခဏာတောင်းခြင်းသည် ဘုရားသခင်ကို ဆော်ကားခြင်း၊ သိက္ခာချခြင်း၊ မုသာပြောသော သူဟု စွပ်စွဲခြင်း ဖြစ်သည်။ သူတပါးကသင်၏ စကားကို မယုံဘဲ သက်သေပြခိုင်းလျှင် သင် ကျေနပ် ပါမယ်လော။
၁၂။ ထိုနောက်မယ်တော် မှစ၍ ညီတော်၊ တပည့်တော် တို့နှင့် တကွ၊ ကပေရနောင်မြို့သို့ ကြ တော်မူ၏။ ထိုမြို့မှာကြာမြင့်စွာ မနေဘဲ၊ ၁၃ ယုဒပသခါပွဲခံချိန်နီးသည် ရှိသော်၊ ယေရုရှလင် မြို့သို့ ကြ တော်မူ၏။
ယုဒလူများသည် ဗာဗုလုန်​ကျွန်မခံမှီတွင် ဘုရားကို စွန့်ကြသောကြောင့် ပသခါပွဲကို မပြုလုပ် တတ်ကြချေ။ ပသခါပွဲကို ဟေဇကိမင်းလက်ထက်၌၊ “ဒုတိယလတဆယ်လေးရက်နေ့တွင်၊ ပသခါသိုးငယ်တို့ကို သတ်ကြ၏။ ထိုသို့ ယေရုရှလင် မြို့၌ ကြီးစွာသော ဝမ်းမြောက်ခြင်းရှိ၏။ ဣသရေလ ရှင်ဘုရင်ဒါဝိဒ်သားရှောလမုန်လက်ထက် မှသည်၊ နောက်တဖန် ယေရုရှလင် မြို့၌ ထိုမျှလောက်ကြီးစွာသော ဝမ်းမြောက်ခြင်း မရှိ။” (၂ ချုပ် ၃၀:၁၅၊ ၂၆)ဟု မှတ်တမ်းတင်ထားသည်။ တဖန်၊ “ထိုသို့ယောရှိမင်းကြီး မိန့်တော်မူသည် အတိုင်း ပသခါပွဲကို ခံ၍ ၊ ထာဝရ ဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း ငါှထာဝရ ဘုရားအား ပြုရသော ဝတ်အလုံးစုံကို၊ ထိုနေ့ခြင်းတွင် ပြင်ဆင် ကြ၏။ စည်းဝေးသော ဣသရေလ အမျိုးသား တို့သည် ထိုအခါ ပသခါပွဲကို၎င်း၊ အဇုမပွဲကို၎င်း၊ ခုနစ်ရက်ပတ်လုံးခံကြ၏။ ယောရှိမင်းနှင့် ယဇ်ပုရောဟိတ်၊ လေဝိသား၊ စည်းဝေးသော ယုဒပြည်၊ ဣသရေလ ပြည် သား၊ ယေရုရှလင် မြို့သား အပေါင်းတို့ ခံသော ထိုပသခါပွဲကဲ့သို့သော ပွဲကို ပရောဖက် ရှမွေလလက်ထက် မှစ၍ ၊ ဣသရေလ နိုင်ငံ၌ မခံ။ ထိုသို့သော ပသခါပွဲကို ဣသရေလ ရှင်ဘုရင်တယောက် မျှမခံ။ ယောရှိမင်းနန်းစံဆယ်ရှစ်တွင် ထိုပသခါပွဲကို ခံကြ၏။” (၂ ချုပ် ၃၅:၁၆-၁၉)ဟု ရေးထားသည်။ သို့သော် ဗာဗုလုန်​ကျွန်ခံရာမှပြန်လာသော ယုဒလူတို့သည် ပသခါပွဲကို နှစ်တိုင်း ကျင်းပတတ် ကြသည်။ အကြောင်းမှာ ​ကျွန်ခံခြင်းဖြင့် သခ်န်းစာရလာကြ၍ ဘုရား ဘက်၌ စိတ်အားကြီး ကြသည်။
၁၄။ ဗိမာန်တော်၌ သိုး၊ နွား၊ ချိုးငှက်ရောင်းသော သူတို့ကို၎င်း၊ ပွဲစားများ ထိုင်လျက် ရှိသည်ကို၎င်း၊ တွေ့ တော်မူလျှင်၊ ၁၅ ရိုက်စရာဘို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူ အပေါင်းတို့ကို၎င်း၊ သိုး၊ နွားများကို၎င်း၊ ဗိမာန်တော် မှနှင်ထုတ် တော်မူ၍ ၊ ပွဲစားတို့၏ ငွေတင်ခုံများကို တွန်းပစ်မှောက်ထား တော်မူ၏၊ ၁၆ ချိုးငှက်ရောင်းသော သူတို့အား လည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏ အိမ်တော်ကို ပွဲတဲမလုပ်ကြနှင့်ဟု မိန့်တော်မူ၏၊ ၁ရကိုယ်တော်၏ အိမ်တော်၌ စွဲလန်းပူပန်ခြင်း စိတ်သည် အ​ကျွန်ုပ်ကို စားပါ၏ ဟူ၍ ကျမ်းစာ လာသည်ကို၊ ထိုအခါ တပည့်တော် တို့သည် မှတ်မိကြ၏။
အဘယ်ကြောင့်သခင်ဘုရားသည် ဗိမာန်တော်၌ သိုးနွားငှက်ရောင်းသော သူတို့ကို နှင်ထုတ် တော်မူ သနည်း။ သိုးနွားရောင်းသော သူတို့သည် ဘုရားကိုးကွယ်ခြင်း၌ ဘုရား၏ အလိုတော် ရှာခြင်းထက် အကျိုးစီးပွားကို ရှာကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်က လူတိုင်း စားလောက်သော အစာနှင့် သုံးဆောင်လောက်သောအရာ များကို ပေးထားပါသည်။ သို့သော် တင်းတိမ်ရောင့်ရဲခြင်း မရှိဘဲ၊ ကိုးကွယ်ခြင်း၌လည်း အကျိုးစီးပွားရှာကြံ ကြသည်။ ဘုရား၏ အိမ်တော်သည် ဆုတောင်းရာကိုးကွယ်ရာနေရာ ဖြစ်သော်လည်း၊ သူတို့ ကပွဲလုပ်သော နေရာအဖြစ် သုံး ကြသည်။ ယနေ့ များစွာသော အမှုတော်ဆောင်များ လည်း၊ ဘုရား နာမအားဖြင့်လောက အကျိုးစီးပွါးရှာ နေကြသည်။ ထိုသူများ အပေါ်သခင်ဘုရား အဘယ်မျှလောက်အမျက်ထွက် တော်မူ မည်နည်း။ ထိုအကျိုးရှာသော အမှုတော်ဆောင်များ ကိုလည်း အား ကျသောသူ၊ ထောက်ခံသော သူများစွာ ရှိကြသည်။ သင်သည် ထိုသို့ သောသူ ဖြစ်နေပါသလော။ အမြန်ဆုံး နောင်တ ရပါ။ ကြီးစွာသော အပြစ် ဖြစ်သည်။ “ကိုယ်တော်၏ အိမ်တော်၌ စွဲလန်းပူပန်ခြင်း စိတ်သည် အ​ကျွန်ုပ်ကို စားပါ၏။” ဟူသော ကျမ်းစာသည် ဆာလံ ၆၉:၉ကိုးကားခြင်း ဖြစ်သည်။
၁၈။ ယုဒလူတို့ ကလည်း၊ သင်သည် ဤသို့ ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်းဟုဆိုကြ၏။ ၁၉ ယေရှု ကလည်း၊ ဤဗိမာန်တော်ကို ဖြိုးဖျက်ကြလော့။ သုံးရက်အတွင်း တွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။
သခင်ယေရှု ကဗိမာန်တော်၌ ရောင်းဝယ်သော သူတို့ကို အထက်ပါ ကဲ့သို့ နှင််ထုတ်ခြင်းကြောင့် ယုဒလူတို့သည် မကျေမနပ် ဖြစ်ကြသည်။ ထို့ကြောင့် ထိုသို့ ပြုနိင်ရန်အဘယ်နိမိတ်လက္ခဏာကို ပြမည်နည်းဟု မေးကြသည်။ နိမိတ်လက္ခဏာပြခြင်းသည် ဘုရားသခင် ထံမှ လာသောသူ ဖြစ်ကြောင်းကို သက်သေပြခြင်း ဖြစ်သည်။ ပေါလုက၊ “ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကို ရှာတတ်ကြ၏။” (၁ ကော ၁:၂၃) ဟုဆိုခဲ့သည်။ ဆိုလိုသည် မှာယုဒလူတို့သည် ဘုရား ယုံကြည် ဘို့ရန် နိမိတ်လက္ခဏာကို တောင်းတတ် ကြသည်။ ဟေလသ (ဂရိတ်) လူတို့သည် ဘုရား စကားကို ပညာအားဖြင့် တွက်တတ် ကြသည်။ ယုဒလူတို့ ကနိမိတ်လက္ခဏာတောင်း သောအခါ သခင်ယေရှုက၊ ဗိမာန်တော်ကို ဖြိုဖျက်၍ ပြန်တည်ဆောက်မည့် အကြောင်း ပြောသည်။ ထိုအရာကို အောက်တွင် ဖေါ်ပြထားသည်။
၂၀။ ယုဒလူတို့က၊ အနှစ်လေးဆယ်​ခြောက်နှစ်ပတ်လုံးဤဗိမာန်တော်ကို တည်ဆောက်ရကြ၏။ သင်မူကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟုဆိုကြ၏။
သခင်ယေရှုနှင့် ယုဒလူများသည် စကားပြော သောအခါ ဘယ် သောအခါ မျှအဆင် မပြေတတ်ချေ။ သခင်ယေရှုက ဝိညာဉ် စကားပြော၍ ယုဒလူတို့ ကဇာတိစကားဖြင့် နားထောင် တတ်သည်။ ဝိညာဉ် လူနှင့် ဇာတိလူသည် မည်သို့ မျှပေါင်းဖေါ်၍ မရနိုင်ချေ။ ပေါလုက၊ “ဇာတိပကတိ နှင့် ဝိညာဉ် ပကတိသည် တပါးနှင့် တပါးဆန့်ကျင်သော အလိုရှိကြ၏။” (ဧဖက် ၅:၁ရ) ဟူ၍ ၎င်း၊ “ဇာတိပကတိ စိတ် သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင် ဘက် ဖြစ်၏။ ဘုရားသခင်၏ တရားတော် အလိုသို့ မလိုက်တတ်။ ထိုမျှမကမလိုက်နိုင်။” ၎င်း၊ (ရော ၈:ရ) ရေးထားသည်။ သင်လည်း ဝိညာဉ် လူဖြစ်လျှင် ဇာတိလူများနှင့် စကားပြောဆို ပေါင်းဖေါ်၍ ရမည် မဟုတ်ချေ။ အမြဲဆန့်ကျင်၍ အထင်လွှဲမှာ ဖြစ်သည်။ အံ့ဩခြင်း မရှိပါနှင့်။ ဝိညာဉ် လူများနှင့် ပေါင်း ဖေါ်ပြပါ။ ယုဒလူများ ပြောသော အနှစ်လေးဆယ်​ခြောက်နှစ်သည် ယေရုဗဗေလဆောက်သော ဒုတိယဗိမာန်တော် ဖြစ်သည်။ ရှောလမုန်ဆောက်သော ပဌမ ဗိမာန်တော်သည် ဗာဗုလုန်များ ကဘီစီ ၆၀၆တွင် မီးရှို့ဖျက်ဆီးခဲ့ပြီ။
၂၁။ ထိုသို့ မိန့်တော်မူ ရာ၌ မိမိကိုယ် တည်းဟူသောဗိမာန်ကို အမှတ်ပြု၍ မိန့်တော်မူ၏။
သခင်ယေရှု ပြောသော ဗိမာန်သည် မိမိကိုယ်ကို ပြောသည်ဟု ရှင်းပြထားသည်။ ဗိမာန်တော်သည် ဘုရား ကျိန်းဝပ်သော နေရာ ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်သည် ဘုရား ဖြစ်သောကြောင့်၊ သူ၏ကိုယ်ခန္ဓာသည် ဗိမာန်တော် ဖြစ်သည်။ ယနေ့ များစွာသော သူတို့သည် လူဆောက်သော ဘုရားကျောင်းများကို၊ ဗိမာန်တော်ဟု မသိသောကြောင့် ဆိုတတ် ကြသည်။ ဗိမာန်တော် ဖြစ်ဘို့ရန် မှာအထဲ၌ ဘုရားရှိရမည်။ ယနေ့ ဘုရားရှိခိုးကျောင်းများသည် ဗိမာန်တော်များမဟုတ်ပါ။ တရားစရပ် (ျပည​ေါသါကန) များ သာလျှင် ဖြစ်သည်။ စစ်မှန်သော ယုံကြည်သူများကို ပေါလုက၊ “သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ် တော်မူသည် ကို၎င်း၊ မသိကြသလော။ အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏၊ ထိုသူကို ဘုရားသခင် ဖျက်ဆီး တော်မူ လိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည် လည်း၊ ထိုဗိမာန်တော် ဖြစ်ကြ၏။” (၁ ကော ၃:၁၆-၁ရ) ဟုဆိုခဲ့သည်။ အဘယ်ကြောင့် ယုံကြည်သူများသည် ဗိမာန်တော် ဖြစ်နိုင် သနည်း။ အထဲ၌ ဘုရားသခင်၏ ဝိညာဉ် ရှိသောကြောင့် ဖြစ်သည်။
၂၂။ ထိုကြောင့်သေခြင်း မှထမြောက် တော်မူသည် နောက်၊ ထိုစကားတော်ကို တပည့်တော် တို့သည် မှတ်မိကြသဖြင့် ကျမ်းစာကို၎င်း၊ ယေရှု၏ နှုတ်ကပတ်တော်ကို၎င်းယုံကြ၏။
သခင်ယေရှု ကအထက်ပါ ကဲ့သို့ ဗိမာန်တော်ကို သုံးရက်အတွင်း တွင် တည်ဆောက်မည့် အကြောင်းကို တမန်တော်များကသခင်ဘုရားရှင်ပြန်ထမြောက် ပြီးမှသာလျှင် သဘောပေါက် ကြသည်။ သခင်ဘုရားသည် သူ၏ကိုယ်ခန္ဓာ တည်းဟူသောဗိမာန်တော် သေ၍ သင်္ဂြိုလ်ပြီး သုံးရက်မြောက်နေ့မှသာလျှင် ပြန်ထမြောက် ခဲ့သည်။ ထိုအရာကို ယုဒလူများက မသိခဲ့ကြချေ။ တမန်တော်များကသိနိုင်ဘို့ရန် သုံးနှစ်စောင့်ရသည်။ သင်သည် ဝိညာဉ်တော်က နားလည်ခွင့်မပေးပါက ယခုရှင်းပြသော်လည်း နားမလည် နိုင််ချေ။ တမန်တော် များက ခရစ်တော်၏ စကားကို သုံးနှစ်ပြီးမှမှတ်မိသေး၍ ယေရှု၏ စကားကို ယုံကြည် ကြသည်။
၂၃။ ပသခါပွဲအတွင်း တွင် ယေရှုသည် ယေရုရှလင် မြို့၌ ရှိ၍ ၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသော သူတို့သည် မြင်ရသဖြင့်ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။
ယေရှုသည် ပသခါပွဲ၌ နိမိတ်လက္ခဏာများကို ပြသည်ဟုဆိုသည်။ သို့သော် သူပြသော နိမိတ်လက္ခဏာများကို ယောဟန်ကမှတ်တမ်းမတင်ခဲ့ချေ။ သူ၏ ခရစ်ဝင်ကျမ်းနောက်ဆုံး၌ ဤသို့ ရေးထားသည်၊ “ယေရှု ပြု တော်မူသော အခြားအမှု အရာအများရှိသေး၏။ ထိုအမှု အရာရှိသမျှ တို့ကို အသီး အခြားရေးထားလျှင်၊ မြေကြီး မဆ့ံနိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” (ယော ၂၁:၂၅)။ “ပြ တော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသော သူတို့သည် မြင်ရသဖြင့်ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏” ဟုဆိုသော်လည်း၊ နောက်ပိုင်း၌ သူတို့သည် သခင်ဘုရားကို အမြဲအပြစ် ရှာ ကြသည်။ သူတို့သည် သခင်ဘုရားကို ယုံကြည်သည် မဟုတ်ဘဲ နိမိတ်လက္ခဏာကို သာယုံကြည် ကြသည်။ နိမိတ်လက္ခဏာယုံကြည်သော သူသည် ကြာရှည်မခံချေ။
၂၄။ သို့သော်လည်း ယေရှုသည် ထိုသူတို့၌ ကိုယ်ကို အပ်တော် မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသော သူတို့ကို သိတော်မူ၏။ ၂၅ လူ၏ အထဲ၌ ရှိသမျှကို သိတော်မူသောကြောင့်၊ လူ၏ အကြောင်းကို သက်သေခံစေခြင်းငှါ အဘယ်သူကို မျှအလိုတော် မရှိ။
သခင်ယေရှုသည် လူတိုင်း၏ စိတ်နှလုံးကို သိသောကြောင့် သူတို့၏ သက်သေခံပေးခြင်းကို အလိုတော် မရှိဟုဆိုသည်။ အကြောင်းမှာ မယုံကြည်ဘဲ၊ သို့မဟုတ် ကောက်ရိုးမီးလိုခဏစိတ်လှုပ်ရှားပြီး သက်သေခံသောအရာ များသည် အကျိုးမရှိချေ။

.

^

ယောဟန် ၃

၁။ ယုဒလူတို့တွင် အရာရှိ ဖြစ်သော နိကောဒင်အမည်ရှိသော ဖာရိရှဲတယောက်သည်၊ ၂ ညဉ့်အခါယေရှု ထံတော်သို့ လာ၍ ၊ အရှင်ဘုရား၊ ကိုယ်တော်သည် ပြတော်မူသော ဤနိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏ အခွင့်မရှိလျှင် အဘယ်သူ မျှမပြနိုင်သည်ကို အ​ကျွန်ုပ်တို့သည် ထောက်၍ ၊ ကိုယ်တော်သည် ဘုရားသခင့်အထံတော် မှကြွလာ တော်မူသော ဆရာ ဖြစ်ကြောင်းကို သိကြပါ၏ဟု လျှောက်သော်၊
ဖာရိရှဲအထဲမှယေရှုကို လက်ခံသော သူသည် အလွန်နည်းသည်။ နိကောဒင်သည် သခင်ယေရှုကို ဘုရားသခင် ထံတော် မှလာသောသူ ဖြစ်ကြောင်း ဝန်ခံသောသူ ဖြစ်သည်။ ဖာရိရှဲများနှင့် ပတ်သက်၍ “မင်းများ၊ ဖာရိရှဲများ တို့တွင် သူ့ကို ယုံကြည်သော သူတစုံတယောက် မျှရှိသလော။” (ယောရး၄၈)ဟု ရေးထားသည်။ “အထက် ကညဉ့်အခါ၌ အထံတော်သို့ လာသောသူ တည်းဟူသောထိုမင်းများ အဝင် ဖြစ်သော နိကောဒင်ကလည်း၊ ၅၁ ငါတို့ တရားသည် လူကို မစစ်၊ သူ့အမှုကို မသိမီကပင်ရှေ့မဆွကဆုံးဖြတ်တတ်သလောဟုဆိုလျှင်၊ ၅၂ သူတို့က၊ သင်သည်လည်း ဂါလိလဲပြည်သား ဖြစ်သလော။ စစ်ဦးလော့။ ဂါလိလဲပြည်၌ အဘယ်ပရောဖက် မျှမပေါ်မထွန်းသည်ကို မှတ်လော့ဟုဆိုကြပြီးမှ၊ ၅၃ ထိုသူ အပေါင်းတို့သည် မိမိတို့ အိမ်သို့ သွားကြ၏။” (ယောရး၅၀-၅၂)ဟု နိကောဒင်သည် သခင်ယေရှုကို ယုံကြည်သူ ဖြစ်ကြောင်း သိရသည်။ သူသည် အဘယ်ကြောင့်ညမှလာသနည်းဟူမူကား နေ့ခင်းမှာလာလျှင် အခြား သူများ ကသူ့ကို မြင်၍ အပြစ် တင်မှာကြောက်သောကြောင့် ဖြစ်မည်။
၃။ ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသော သူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍ မိန့်တော်မူ၏။
လူတိုင်း မိခင်မှ မွေးဘွားခြင်းဖြင့် ဤလောကသို့ ဝင်ရောက် ကြသည်။ မမွေးဘွားသော သူသည် ဤလောကသို့ မရောက်နိုင် သကဲ့သို့၊ ကောင်းကင် နိုင်ငံဝင်ဘို့ရန်လည်း မွေးဘွားမှသာလျှင် ရသည်ဟု သခင်ယေရှု ကဆိုသည်။ ထိုဒုတိယမွေးခြင်းကို အောက်တွင် အကျယ်တဝင့် ဖေါ်ပြသွားပါသည်။ သခင်ယေရှုက၊ သူ့ကို လက်ခံယုံကြည်သော ဖာရိရှဲကို ကျေးဇူးမတင်ချေ။ သခင်ယေရှုသည် လူမှုရေးမလုပ်ချေ။ ထို့ထက် လူများ၏ လိုအပ်ချက်ကို တိုက်ရိုက် ဖေါ်ပြတတ်သည်။
၄။ နိကောဒင်ကလည်း၊ အသက် ကြီးသော သူသည် မွေးခြင်းကို အဘယ်သို့ ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တဖန် ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။ ၅ ယေရှု ကလည်း၊ ရေနှင့် ဝိညာဉ်တော် မမွေးသော သူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။ ၆ ဇာတိပကတိ မွေးသောအရာသည် ဇာတိပကတိ ဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ် ဖြစ်၏။ ၇ ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်း မရှိနှင့်။ ၈ လေသည် အလိုရှိတိုင်း သွားလာ၏။ လေ၏ အသံကို သင်သည် ကြားရသော်လည်း အဘယ်အရပ်က ဖြစ်သည်၊ အဘယ်အရပ်သို့ သွားသည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော် မွေးသောသူ ဖြစ်သည်ဟု မိန့်တော်မူ၏။
သခင်ယေရှုက ဝိညာဉ် ပိုင်း မွေးဘွားခြင်း ပြောသော်လည်း၊ နိကောဒင်က နားမလည် နိုင်ချေ။ အကြောင်းမှာ ဇာတိကိုယ်ခန္ဓာပိုင်းနှင့် စဉ်းစားသောကြောင့် ဖြစ်သည်။ ယနေ့ များစွာသော သူများ လည်း၊ ဝိညာဉ် ပိုင်းအရာများကို နားမလည် နိုင်ခြင်းသည် ဇာတိပိုင်းနှင့် စဉ်းစားတွက်ချက်သောကြောင့် ဖြစ်သည်။ နိကောဒင်က၊ ခန္ဓာကိုယ် မိခင် ဝမ်းထဲသို့ ပြန်ဝင်ဘို့နှင့် စဉ်းစား သောအခါ လုံးဝ မဖြစ်နိုင်ချေ။ သခင်ယေရှုက၊ ရေနှင့် ဝိညာဉ်တော်အားဖြင့် မွေးရမည်ဟုဆိုသည်။ သို့ဖြစ်လျှင် ရေသည် အဘယ်အရာကို ဆိုလိုသနည်း။ များစွာသော သူများ ကရေနှစ်ခြင်းဟု ထင်ကြပြန်သည်။ ကျမ်းစာ၌ ရေသုံးမျိုး ဖေါ်ပြထားသည်။
(၁) သောက်သုံးရေ၊ ခရစ်တော် ကရှမာရိအမျိုးသမီးထံ၊ “ဤရေကို သောက်သော သူသည် နောက်တဖန် ရေငတ်ဦးမည်” (ယော ၄:၁၃) ဟုဆိုခဲ့သည်။ ဤနေရာ၌ သခင်ယေရှု ပြောသော ရေသည် သောက်သုံးရေ ဖြစ်သည်။
(၂) ဝိညာဉ်တော် ရေ၊ သခင်ယေရှုက၊ “ရေငတ်သော သူရှိလျှင် ငါ့ထံသို့ လာ၍ သောက်ကြလော့။ ၃၈ ငါ့ကို ယုံကြည်သော သူသည် ကျမ်းစာ လာသည် အတိုင်း အသက် ရေထွက်ရာစမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ၃၉ ထိုသို့ မိန့်တော်မူသော်၊ ယုံကြည်သော သူတို့သည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။” (ယောရး၃ရ- ၃၉)။ ဤနေရာ၌ သခင်ယေရှုက သန့်ရှင်းသော ဝိညာဉ်တော်ကို ရေဟု တင်စား၍ ပြောခြင်း ဖြစ်သည်။
(၃) နှုတ်ကပတ်တော် ရေ၊ ပေါလုက၊ ခရစ်တော်သည် အသင်းတော်ကို နှုတ်ကပတ်တော် ရေနှင့် ဆေးကြောသည်ဟုဆိုသည် (ဧ ၅:၂၆၊ ၂ရ)။ ဤနေရာ၌ ပေါလုကနှုတ်ကပတ်တော် ကျမ်းစာကို ရေးဟု ခေါ်သည်။ သို့ဖြစ်လျှင် ဘာရေနှင့် ဒုတိယမွေးရမည်နည်း။ သောက်သုံးရေမ ဖြစ်နိုင်။ သန့်ရှင်းသော ဝိညာဉ်တော်လည်း မဖြစ်နိုင်။ အကြောင်းမှာ ဝိညာဉ်တော်သည် ပါပြီး ဖြစ်သည်။ ထို့ကြောင့် နှုတ်ကပတ်တော် ရေဖြင့် မွေးဘို့ ဖြစ်မည်။ ဘုရားသခင်က သခင်ယေရှုအားဖြင့် မွေးဘွားပေးခြင်းကို နှုတ်ကပတ်တော်က ဖေါ်ပြခြင်းအားဖြင့် မွေးဘွားနိုင်သည်။ ပေတရုက၊ “သင်တို့သည် ဖောက်ပြန်ပျက်ဆီး တတ်သော မျိုးစေ့အားဖြင့် ဖြစ်ပွား (မွေး)သည် မဟုတ်။ မဖောက်ပြန်မပျက်ဆီး တတ်သော မျိုးစေ့ တည်းဟူသောအသက် ရှင်၍ အစဉ်အမြဲတည် တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော် အားဖြင့် ဖြစ်ပွား (မွေး) သောကြောင့်၊ ” (၁ ပေ ၁:၂၂-၂၃) ဟုဆိုသည်။ ယာကုပ်ကလည်း သမ္မာတရားအားဖြင့် ဖြစ်ပွား ( မွေးဘွား) သည်ဟုဆိုသည် (ယာ ၁:၁၈)။
သခင်ယေရှုက ဝိညာဉ်အားဖြင့် မွေးဘွားခြင်းသည် လေကဲ့သို့ဖြစ်သည်ဟုဆိုသည်။ လေသည် ရှိသော်လည်း မမြင်နိုင်၊ မဖမ်းနိုင်၊ သို့သော် တိုက်နိုင်သည်။ ထို့နည်းတူ ဝိညာဉ်တော်သည် မမြင်နိုင်၊ မကိုင်နိုင်သော်လည်းရှိသည်။
၉။ နိကောဒင်ကလည်း၊ ဤအမှု အရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟု လျှောက်ပြန်လျှင်၊ ၁၀ တဖန် ယေရှုက၊ သင်သည် ဣသရေလ လူတို့တွင် ဓမ္မဆရာ ဖြစ်လျက် ပင်ဤအမှု အရာကို မသိသလော။ ၁၁ ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည်ကိုယ်သိသောအရာ ကို ပြော၏၊ ကိုယ်မြင်သောအရာ ကို သက်သေခံ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။
သခင်ယေရှုက ဝိညာဉ် စကားကို ပြော သောအခါ၊ ကျမ်းတတ်ပုဂ္ဂိုလ် ဖြစ်သော နိကောဒင်က နားမလည် နိုင်သောကြောင့် အဘယ်သို့ဖြစ်နိုင် မည်နည်းဟုဆိုသည်။ ယနေ့ ဇာတိလူများ လည်း၊ ဘုရား၏ လုပ်ဆောင်မှု များကို နားမလည် နိုင်ကြချေ။ ဘုရားသခင်၏ လုပ်ဆောင်မှု များသည် သန့်ရှင်းသော ဝိညာဉ်တော်က ဖေါ်ပြမှသာလျှင် နားလည်နိင်သည်။ လူတိုင်း ထင်မှတ်သည် မှာကျမ်းစာ ကျောင်းတက်လျှင် ဝိညာဉ် ပိုင်းအရာများကို သိမည်ဟု ထင်မှတ် ကြသည်။ သို့သော် နိကောဒင်ကဲ့သို့ သိနိုင်မည် မဟုတ်။ သင်လည်း ဘုရား၏ လုပ်ဆောင်မှု များကို နားလည်လိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်ကို လက်ခံပါ။ အချို့သော သူများသည် ဝိညာဉ်တော် ရရှိသော်လည်း၊ ဇာတိအားဖြင့် အသက် ရှင်သောကြောင့် ဝိညာဉ် မျက်စိကန်းနားလေး နေကြသည်။
၁၂။ မြေကြီး အရာကို ငါပြော၍ သင်တို့သည် မယုံလျှင်၊ ကောင်းကင် အရာကို ငါပြော သောအခါ အဘယ်သို့ ယုံကြလိမ့်မည်နည်း။ ၁၃ ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ ရှိနေသော လူသား မှတပါးအဘယ်သူ မျှကောင်းကင်ဘုံသို့ မတက်ပြီ။
သခင်ယေရှု ကကောင်းကင် အရာကို မြေကြီး အရာများနှင့် နှိုင်းယှဉ်၍ ပြောသည်။ သို့သော် လူသားများကမယုံကြည် နိုင်ကြဟုဆိုသည်။ ထို့ကြောင့် ကောင်းကင် အရာကို တိုက်ရိုက်ပြောပါက ၊ ယုံကြည် ဘို့ရန် ပို၍ ခက်သည်။ လူသားသည် သခင်ယေရှု ဖြစ်သည်။ သူ့ကိုသူ လူသားဟု ခေါ်ခြင်းသည် လူ့ဇာတိခံယူခြင်း၊ လူသားများနှင့် တထပ်တည်း ဖြစ်ကြောင်းကို ဆိုလိုသည်။ သူသာလျှင် ကောင်းကင်ဘုံမှ လာသောကြောင့် ကောင်းကင် အကြောင်းကို ပြောပြနိုင်သူ ဖြစ်သည်။
၁၄။ မောရှေသည် တော၌ မြွေကို မြှောက်ထား သကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။ ၁၅ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည် သောသူ အပေါင်းတို့သည် ပျက်ဆီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရမည်အကြောင်း တည်း။
ဣသရေလ လူများသည်တော်၌ သွားကြစဉ်တွင်၊ လမ်းကြမ်း၍ အသွားခက်သောကြောင့် ညည်းတွားခဲ့ ကြသည်။ ထိုအခါ ဘုရားသခင်က မီးမြွေကို လွှတ်၍ မြွေကိုက်ခံသော သူများသည် သေ ကြသည်။ ထိုအခါ လူများ ကသူတို့ မှားကြောင်း တောင်းပန်ကြ သောအခါ၊ “ထာဝရ ဘုရား ကလည်း၊ မီးမြွေရုပ်ကို လုပ်၍ တိုင်ပေါ်မှာ မြှောက်ထားလော့။ အကိုက်ခံရသော သူတိုင်း ကြည့်ရှုလျှင် အသက် ချမ်းသာ ရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည် အတိုင်း၊ ၉ မောရှေသည် ​ကြေးဝါဖြင့် မြွေကို လုပ်၍ တိုင်ပေါ်မှာ မြှောက်ထားပြီးလျှင် မြွေကိုက်သော သူမည်သည်ကား ​ကြေးဝါမြွေကို ကြည့်ရှု သောအခါ အသက် ချမ်းသာ ရကြ၏။” (တော ၂၁:၈-၉)။ ဣသရေလ လူများသည် ဘုရား မယုံကြည်၊ ဘုရား၏ ဦးဆောင်မှုကို မကြိုက်နှစ်သက်၊ ခက်ခဲသောကြောင့် ဘုရားနှင့် မောရှေကို အပြစ် တင် ကြသည်။ အဘယ်ကြောင့်ဘုရား ကမြွေကို လွှတ်သနည်း။ ဘုရားကို ဆန့်ကျင်ခြင်းသည် မြွေ တည်းဟူသောစာတန်၏ သွေးဆောင်မှု၊ လက်ချက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် မြွေကို တရားစီရင်ခြင်း အဖြစ်​ကြေးဝါမြွေရုပ်ကို မြှောက်ထားခြင်း ဖြစ်မည်။ ထိုမြွေရုပ်ကို ကြည့်ခြင်းသည် ဘုရားကို ယုံကြည်ခြင်း ဖြစ်သည်။

လူသား တိုင်းလည်း မြွေတည်း ဟူသော၊ စာတန်၏ အဆိပ်မိသော သူများ ဖြစ်ကြသည်။ ထို့ကြောင့် သေကျေ ပျက်စီးရသည်။ ထိုစာတန်၏ တန်ခိုးကို ကြောက်၍ လူသားများသည် စာတန် ​ကျွန်ခံ နေကြသည်။ “ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံ တော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသောမာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူ တော်မူ၏။” (ဟေ ၂:၁၄-၁၅)။ ခရစ်တော်သည် လူ့ဇာတိခံကာလက်ဝါးကပ်တိုင်၌ အသေခံခြင်းအားဖြင့် စာတန်ကို အောင်မြင်ပြီး ဖြစ်သည်။ ထိုအရာကို ယုံကြည်သူသည် ပျက်စီးခြင်းသို့ မရောက်ထာဝရ အသက် ရှိဘို့ ဖြစ်သည်။

၁၆။ ဘုရားသခင်၏ သားတော်ကို ယုံကြည် သောသူ အပေါင်းတို့သည် ပျက်ဆီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့် တော်မူသည် တိုင်အောင်လောကီသား တို့ကို ချစ် တော်မူ၏။
ဘုရားသခင်၏ သားတော် ယေရှုကို ယုံကြည်သော သူအမျိုးမျိုးရှိသည်။ မူစလင်များ ကယေရှုကို ပရောဖက် တပါးအဖြစ်သာ ယုံကြည်သည်။ ဘုရား အဖြစ်မယုံကြည်ချေ။ ဘုရားဟု ယုံကြည်လျှင် ခွင့်မလွှတ်နိုင်၊ ငရဲမီးအိုင် ထဲဆင်းရမည့် အပြစ် ကျူးလွန်သည်ဟု ယုံကြည် ကြသည်။ ယေဟောဝါ သက်သေခံများ အနေဖြင့် ယေရှုကို ကောင်းကင် မိက္ခေလအဖြစ်သာ ယုံကြည်သည်။ ဘုရား အဖြစ်မကိုးကွယ်ကြချေ။ မောရ်မွန်းများ ကယေရှုကို ယုုံကြည်သော်လည်း သူသည် အစ၌ လူသား ဖြစ်၍ ၊ သူ၏ ကြိုးစား မှုကြောင့် ဘုရား ဖြစ်သွားသည်။ လူတိုင်း ယေရှု ကဲ့သို့ ကြိုးစားလျှင် ဘုရား ဖြစ်နိုင်သည်ဟု ယူဆကြပြန်သည်။ ထိုသို့ ယုံကြည်ခြင်းလည်း စာတန်၏ သွန်သင်မှု ဖြစ်၍ မမှန်ချေ။ ထိုယုံကြည်ခြင်း သုံးမျိုးသည် သားတော် ယုံကြည်သည်ဟု မဆိုနိုင်ချေ။ နာမည်ခံ ခရစ်ယာန်များကသား တော်ကို ဘုရား အဖြစ်ယုံကြည်သော်လည်း လေးလေးနက်နက်မထား၊ ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် အကျင့်ကို အားကိုး သည်။ ထို့ကြောင့် အကျိုးမရှိ။ သားတော်ကို ဘုရား အဖြစ်သာမက ကယ်တင်ရှင်အဖြစ် ယုံကြည်သူများသာလျှင် ပျက်ဆီးခြင်းသို့ မရောက်၊ ထာဝရ အသက် ရရှိမည်ဟု ယေရှုကိုယ်တိုင်က ပြောဆို ထားခြင်း ဖြစ်သည်။ ပျက်ဆီးခြင်းသည် မီးငရဲအိုင်ထဲဆင်းခြင်းကို ဆိုလိုသည်။ ဘုရားသခင်သည် လောကီသား တိုင်း၊ သင်အပါအဝင်၊ တပါးတည်းသော သားတော်ကို စွန့် တော်မူသည့်တိုင်အောင် ချစ်သည်။ တပါးတည်းသော သားကို စွန့်သည့်တိုင်ဟူသောအရာသည် အလွန် နက်နဲသည်။ မိဘများ သားသမီး မည်မျှပင် ရှိသော်လည်း၊ တခြား သူများ သေမည့် နေရာမှာကိုယ့် သားသမီး သေစေချင်မည် မဟုတ်ချေ။ သို့သော် ဘုရားသခင်က မူသူ၏ တပါးတည်းသော သားတော်ကို သေစေသည် အထိ သင့်ကို ချစ်သည်ကို ကောင်းစွာ ဆင်ခြင်ပါ။
၁ရ။ လောကီသား တို့အား အပြစ် စီရင်ခြင်းငှါ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ် တော်မူသည် မဟုတ်။ လောကီသား တို့သည်ကိုယ်တော််အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။
ဘုရားသခင်က သားတော် ဤလောကသို့ စေလွှတ်ခြင်းသည် အပြစ် စီရင်ဘို့ မဟုတ်၊ ကယ်တင်ဘို့ ဖြစ်သည်ဟု အတိအလင်း ဖေါ်ပြထားပါသည်။ သို့သော် လူများ ကသူ့ကို အထင်လွဲ နေကြသည်။ သခင်ယေရှုသည်လောက၌ အသက် ရှင်ခဲ့စဉ်တွင် မည်သူ့ကို မျှအပြစ် မစီရင်ခဲ့ပါ။ မှားယွင်းသော အမျိုးသမီးထံ၊ “ငါ သည်လည်း သင်၏ အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။” (ယော ၈:၁၁)
၁၈။ သားတော်ကို ယုံကြည်သော သူသည် အပြစ် စီရင်ခြင်းကို မခံရ။ မယုံကြည်သော သူမူကား၊ ဘုရားသခင်၌ တပါးတည်းသော သားတော်ကို မယုံကြည် သောကြောင့် ယခုပင်အပြစ် စီရင်ခြင်းကို ခံရ၏။
သားတော် ယုံကြည်သော သူသည် အပြစ် စီရင်ခြင်း မခံရဟုဆိုသည်။ ထို့ကြောင့် အပြစ် အတွက် တရားစီရင်ခြင်း မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော်သားတော်က လူသား အားလုံးအတွက် တရားစီရင်ခြင်း ခံပြီး သွားပြီ။ ကျမ်းစာက၊ “ခရစ်တော်သည် ကျမ်းစာ လာသည် အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံ တော်မူ၏။” (၁ ကော ၁၅:၃)၊ “ထိုသခင်သည် ငါတို့၏ အပြစ် မက၊ လောကီသား အပေါင်းတို့၏ အပြစ် ​ဖြေစရာ အကြောင်း ဖြစ်တော်မူ၏။” (၁ ယော ၂:၂) ဟုဆိုထားသည်။ သခင်ယေရှု ကသူ့ကို မယုံကြည်သော သူတို့သည် နောက်မှ မဟုတ်၊ ယခုပင်အပြစ် စီရင်ခြင်းကို ခံရသည်ဟုဆိုသည်။ လူသားများအနေဖြင့် ဘုရား အပေါ်အကြီးမားဆုံး သော အပြစ် ကျူးလွန် နိုင်သောအရာ သည်၊ သ့ူကို မယုံကြည်ခြင်း ဖြစ်သည်။ ဘုရားကို မယုံကြည်ခြင်းသည် အခြားသော အပြစ်များထက် ကြီးမားသော အပြစ် ဖြစ်သည်။ အကြောင်းမှာ ဘုရားကို မယုံကြည်ခြင်းသည် သူ့ကို အထင်သေးခြင်း၊ မလေးစားခြင်း၊ ဂရုမစိုက်ခြင်း၊ မုသာအပြစ် တင်ခြင်း ဖြစ်သည်။ သင်သည် ထိုအပြစ်ကို ကျူးလွန် နေပါသလား။ ဘုရား အကြိုက်နှစ်သက်ဆုံးသောအရာ သည်၊ သူ့ကို ယုံကြည် စိတ်ချအားကိုးခြင်း ဖြစ်၍ ၊ အမုန်းဆုံးသောအရာသည် သူ့ကို မယုံကြည်ခြင်း ဖြစ်သည်။ “ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရ ဘုရား ထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သောသူ ဖြစ်၏။ ၆ ထိုသူသည် လွင်ပြင်၌ ရှိသော သစ်ပင်​ခြောက်ကဲ့သို့ဖြစ်၍ ၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူ မျှမနေသော ဆားမြေ၊ သွေ့​ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။ ထာဝရ ဘုရားကို ကိုးစားသောသူ၊ ထာဝရ ဘုရားကို မိမိကိုးစားရာအကြောင်း ဖြစ်စေသော သူသည် ကောင်းကြီး မင်္လာကို ခံအပ်သောသူ ဖြစ်၏။ ထိုသူသည်ကား၊ ရေရှိသော အရပ်၌ စိုက်၍ မြစ်နားမှာအမြစ်ဖြာသဖြင့်၊ ပူသော အရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ်စရာ မရှိဘဲ၊ အစဉ်အမြဲအသီးကို သီးတတ်သော အပင်နှင့် တူ၏။” (ယေရမိ ၁ရး၅-၈) ဟုဆိုထားသည်။ ထာဝရ ဘုရား မယုံကြည်ခြင်း သည်၊ ကျိန်အပ်သော သူဟုဆိုသည်။ ထိုထက် ပြင်းထန်သော အပြစ် တင်ခြင်းသည် မရှိတော့ချေ။ သင်သည် ဘုရားကို မယုံကြည် နိုင်လျှင် အလွန် ဝမ်းနည်းစရာ၊ မမွေးလျှင် သာ၍ ကောင်းသည်။ အကြောင်းမှာ ဘုရား၏ အမျက်တော်ကို ခံမည့်သူ ဖြစ်သည်။
၁၉။ အပြစ် စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ ဝင်၍ ၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကို သာ၍ နှစ်သက်ကြ၏။ ၂၀ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူ အပေါင်းတို့သည် အလင်းကို မြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ် ပါသည်ကို မထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။
မယုံကြည်သော သူများကို အပြစ် စီရင်ခြင်းသည် အလင်း၌ မနေလိုကြခြင်း ဖြစ်သည်ဟုဆိုသည်။ မှန်ပါသည် ဘုရား အလိုတော် အတိုင်း မနေသော သူများသည် ဘုရားတရား ဟောပြောသော နေရာ၊ ဘုရားတရား အတိုင်း နေသော သူများ ထံ၌ လုံးဝ မနေလိုကြချေ။ ထိုသို့ဖြစ်ခြင်းသည် သူတို့၏ စိတ်နှလုံးကအပြစ်ကို သာနှစ်သက်၍ ​ဖြောင့်မတ်ခြင်းကို မနှစ်သက်သောကြောင့့် ဖြစ်သည်။ အပြစ် လုပ်သော သူသည် သူတပါးက မသိသော်လည်း သူတို့ စိတ်ထဲ၌ မသန့် ဖြစ်နေသောကြောင့် လူတောမတိုးရဲကြချေ။ သင်သည် ထိုသို့ သောသူ ဖြစ်ပါသလား။ ဖြစ်လျှင် နောင်တ ရ၍ အပြစ်ကို မဖုံးဘဲ ဝန်ချတောင်းပန်ပါ။ လူထံပြစ်မှား၍ သူသိလျှင် ကာယကံရှင်ထံဝန်ချတောင်းပန်၍ ၊ ဘုရား ထံ၌လည်း ဝန်ချတောင်းပန်ပါ။ ကာယကံရှင်ကသူ့ အပေါ်သင်ပြစ်မှားခြင်း မသိလျှင် ဘုရားသခင် ထံ၌ သာဝန်ချတောင်းပန်ပါ။
၂၁။ သမ္မာတရားကို ကျင့်သော သူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် ညီသည်ကို ထင်ရှားစေခြင်းငှါ အလင်းသို့ ချဉ်းကပ်သည်ဟု ဟော တော်မူ၏။
သမ္မာတရား အတိုင်း အသက် ရှင်သော သူများသည် သတ္တိရှိသည်။ လူတောတိုးသည်။ အပြစ် မရှိသောကြောင့် ရှက်စရာ မရှိချေ။ ထို့ကြောင့် အလင်း တည်းဟူသောသမ္မာတရား ဟောပြောသော နေရာ၌ ချဉ်းကပ်သည်။
၂၂။ ထိုနောက်မှယေရှုသည် တပည့်တော် တို့နှင့်အတူ ယုဒပြည်၏ ကျေးလက်သို့ ကြွ တော်မူလျှင်၊ ထိုအရပ်၌ တပည့်တော် တို့နှင့် တကွနေ တော်မူ၍ ဗတ္တိဇံကို ပေးလေ၏။ ၂၃ ယောဟန်သည် လည်း၊ ရှာလိမ်မြို့နှင့် အနီးအဲနုန်အရပ်၌ ရေများ သောကြောင့်၊ ဗတ္တိဇံကို ပေး၍ နေသဖြင့်၊ လူများတို့သည် လာ၍ ဗတ္တိဇံကို ခံကြ၏။ ၂၄ ယောဟန်သည် ထောင်ထဲသို့ မရောက်သေး။
ယေရှုသည်ကို်ယ်တိုင်ဗတ္တိဇံမပေးသော်လည်း တပည့်တော်များကပေးကြသည် (ယော ၄:၁-၂)။ ယောဟန်ပေးသော ဗတ္တိဇံသည် နိင်ငံတော် ထဲဝင်ဘို့ နောင်တ ရကြောင်း သက်သေပြသောအရာ ဖြစ်သည် (မ ၃:၁-၆)။ သခင်ယေရှု တပည့်များ ပေးသော ဗတ္တိဇံသည် အဘယ်အရာ ဖြစ်မည်နည်း။ သူလည်း နိင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိ တရားကို ဟောသောကြောင့် (မ ၄:၂၃) ယောဟန်ပေးသော နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံ ဖြစ်ပေလိမ့်မည်။ ယနေ့ ယုံကြည်သူများ၏ ဗတ္တိဇံသည် ထိုအရာနှင့် မတူ၊ ခရစ်တော်နှင့်အတူ သေ၍ ၊ သင်္ဂြိုလ်ခြင်း ခံ၍ ၊ ရှင်ပြန်ထမြောက်သည် ဟူသောအရာ ဖြစ်သည် (ရော ၆:၄)။
၂၅။ ထိုအခါ ယောဟန်၏ တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်း ပြု၍ ယုဒလူနှင့် ဆွေးနွေးငြင်းခုံုခြင်းရှိကြသဖြင့်၊ ၂၆ ယောဟန်ထံသို့ လာ၍ ၊ အရှင်ဘုရား၊ ယော်ဒန်မြစ်တဘက်၌ ကိုယ်တော်နှင့် တကွရှိ၍ ကိုယ်တော် သက်သေပေးသော သူသည် ဗတ္တိဇံကို ပေးလျက် နေ၏။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ၏ဟု လျှောက်လျှင်၊
ယောဟန်တပည့်များ ကသခင်ယေရှု ထံလူများသည် လာကြ သောအခါ မနာလို၍ ဖြစ်မည်၊ လူများသည် ယေရှု ထံသို့ သွားကုန်ကြပြီဟု လျှောက် ကြသည်။ ထိုအရာသည် လူ၏ ထုံးစံ ဖြစ်သည်။ကို ယ့်ခေါင်းဆောင်ကို အောင်မြင် ကျော်ကြားစေခြင်း ဖြစ်သည်။
၂ရ။ ယောဟန်က၊ ကောင်းကင်ဘုံမှ ပေးတော် မမူလျှင် လူသည် အဘယ်အရာကို မျှမခံနိုင်ရာ။ ငါသည် ခရစ်တော် မဟုတ်။ ၂၈ ခရစ်တော် ရှေ့၌ စေလွှတ်သောသူ ဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေ ဖြစ်ကြ၏။
ယောဟန်ကသခင်ယေရှုသည် ကောင်းကင်မှ မလာလျှင် အဘယ်အရာကို မျှမခံနိုင်ဟုဆိုခြင်းဖြင့် သူသည် ကောင်းကင်မှ လာကြောင်းကို ဆိုလိုသည်။ ယောဟန်ကသူသည် ဣသရေလ တမျိုးသား လုံး မျှော်လင့်နေသော ခရစ်တော် မဟုတ်ကြောင်းကို အတိအလင်းပြောပြလိုက်သည်။ သူသည် ခရစ်တော်၏ ရှေ့တော် ပြေး ဖြစ်ကြောင်း ဖေါ်ပြသည်။
၂၉။ မင်္လာဆောင်သတို့သမီးကို ရသော သူသည် မင်္လာဆောင်လုလင် ဖြစ်၏။ မင်္လာဆောင်လုလင်၏ အနားမှာနေ၍ သူ၏ စကားကို ကြားရသော အဆွေခင်ပွန်းသည် ထိုစကား သံကို ကြားသော အားဖြင့် ဝမ်းမြောက်ခြင်းရှိ၏။ ထိုနည်းတူ ငါ့၏ ဝမ်းမြောက်ခြင်း ပြည့်စုံ၏။
ယောဟန်ကသူသည် မင်္လာဆောင်သတို့သား မဟုတ်ကြောင်း၊ သူသည် မင်္လာဆောင်သတို့သား အရံသာ ဖြစ်ကြောင်း၊ သတို့သား အရံသည် သတို့သား အတွက် ဝမ်းမြောက် တတ် သကဲ့သို့ သူ သည်လည်း ဝမ်းမြောက်ကြောင်း ပြောပြသွားသည်။ သတို့ သားသည် ခရစ်တော် ဖြစ်၍ သတို့သမီးသည် အသင်းတော် ဖြစ်သည် (ဧဖက် ၅:၂၆၊ ၂ ကော ၁၁:၂)။
၃၀။ ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်။
မင်္လာဆောင်ပွဲနေ့၌ သတို့ သာနှင့် သာဓါတ်ပုံရိုက်လိုတတ် ကြသည်။ အရံများနှင့် ဓါတ်ပုံမရိုက်တတ်ကြပါ။ သတို့သား မရှိလျှင် အရံများသည် အဓိပ္ပါယ်မရှိပါ။ ထို့နည်းတူ ခရစ်တော် မရှိလျှင် ယောဟန်သည် အရေးမကြီးပါ။ ထို့ကြောင့် ခရစ်တော်သည် တိုးပွားလာသည်နှင့်အမျှ ယောဟန်သည် ဆုတ်ယုတ်သွားမှာ ဖြစ်သည်။ ​ကျွန်ပ်တို့၏ အသက်တာ၌လည်း ခရစ်တော်ကို တိုးပွားစေ၍ ကိုယ်ကိုကိုယ်မချီးမြှောက်သင့်ချေ။ လူများက ခရစ်တော်ထက် သင့်ကို ချီးမြှောက်လာလျှင် အမြန်ဆုံး ခရစ်တော်ကို သာချီးမြှောက်ခိုင်းပါ။ ချီမြှောက်ခြင်း ခံလျှင် အရသာရှိသည်။ ထိုအရာကို လက်မခံပါနှင့်။ သခင်ယေရှုကြောင့် ဖြစ်သည်ဟု အမြန်ဆုံး ဝန်ခံပါ။ သို့မဟုတ် ကျဆင်းသွားပေမည်။
၃၁။ အထက် မှလာသော သူသည် အလုံးစုံတို့၏ အထွဋ္ဋ် ဖြစ်၏။ မြေကြီးမှ ဖြစ်သော သူသည် မြေကြီးနှင့် စပ်ဆိုင်၍ မြေကြီး အရာကို ပြောတတ်၏။ ကောင်းကင်ဘုံမှ ကြွလာသော သူသည် အလုံးစုံတို့၏ အထွဋ္ဋ် ဖြစ်တော်မူ၏။
အထက် မှလာသော သူသခင်ယေရှုသည် အလုံးစုံတို့၏ အထွဋ္ဋ် ဖြစ်သည်။ မြေကြီးသား တို့သည် မြေကြီး အရာကို သာလျှင် ပြောတတ်သည်။ ထို့ကြောင့် ကောင်းကင် မတက်မည့်သူ များသည် ကောင်းကင် အရာပြောလျှင် စိတ်မဝင်စားတတ်ကြခြင်း ဖြစ်သည်။ မြေကြီး အရာကို ပြောလျှင် မူအလွန် စိတ်ဝင်စား၍ သဘောလည်း ပေါက်လွယ်တတ်ကြခြင်း ဖြစ်သည်။ သင်သည် အထက် အရာစိတ်ဝင်စားသလော၊ မြေကြီး အရာသာလျှင် စိတ်ဝင်စားသလော။
၃၂။ မြင်သမျှ ကြားသမျှတို့ ကိုလည်း သက်သေခံ တော်မူ၏။ ထို သက်သေခံချက်ကို အဘယ်သူ မျှမခံမယူ၊ ၃၃ သက်သေခံ တော်မူ ချက်ကို ခံယူသော သူသည်ကား၊ ဘုရားသခင်သည် သစ္စာ စောင့် တော်မူသည်ဟု တံဆိပ်ခတ်၏။
သခင်ယေရှုသည် ကောင်းကင် အရာကို သက်သေခံသော်လည်း လူများ ကလက်မခံနိုင်ကြချေ။ သို့သော် လက်ခံနိုင်သော သူကို ဘုရားသခင်က တံဆိပ်ခတ်သည်။ တံဆိပ်ခတ်ခြင်းသည် ယပိုင်ဆိုင်ခြင်းကို ဖေါ်ပြသည်။ သင်သည် သခင်ယေရှု ပြောသောအရာ များကို စိတ်ဝင်စားနိုင်၊ သဘော ပေါက်၍ အရသာတွေ့လျှင် အလွန် ဝမ်းမြောက်ပါ။ ဘုရားသခင်၏ အပိုင် ဖြစ်သောကြောင့် ဖြစ်သည်။
၃၄။ ဘုရားသခင် စေလွှတ် တော်မူသော သူသည် ဘုရားသခင်၏ စကားတော်ကို ပြောဆို တတ်၏။ ထိုသူအား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်း အရှည်မရှိဘဲ ပေးတော်မူ၏။
ဘုရားသခင် စေလွှတ် တော်မူသော သူသည် ဘုရားသခင်၏ စကားတော်ကို ပြောဆို တတ်သည်ဟုဆိုသည်။ ထို့ကြောင့် ဘုရာသခင်စေလွှတ်သော သူနှင့် မစေလွှတ်သော သူကို သူ၏ စကားအားဖြင့် သိနိုင်သည်။ သင်သည် ဘုရား၏ စကားကို ပြောဆို တတ်ပါသလား။ သူတပါးကို စစ်ဆေးချိန်တွင်ကိုယ့်ကိုကိုယ်လည်း စစ်ဆေးဘို့ လိုသည်။ ဘုရား စေလွှတ်သောသူ ဖြစ်လျှင် ဝိညာဉ်တော်ကို အတိုင်း အရှည်မရှိဘဲ ပေးသည် ဟူသောအရာသည် အဘယ်အရာနည်း။ ဝိညာဉ်တော်ကို ကြိုးနှင့် တိုင်း သကဲ့သို့ဖြစ်သည်။ ဆိုလိုသည် မှာအသက်တာ၌ အကန့်အသတ်မရှိဘဲ ဝိညာဉ်တော် အလုပ်လုပ်ခြင်း၊ ဝိညာဉ်တော် ကအသုံးပြုခြင်းကို ဆိုလိုသည်။
၃၅။ ခမည်းတော်သည် သားတော်ကို ချစ် တော်မူ၍ ၊ ခပ်သိမ်းသောအရာ တို့ကို သားတော် လက်သို့ အပ် ပေးတော်မူ ပြီ။
ခမည်းတော် ကသား တော်ကို ခပ်သိမ်းသောအရာ တို့ကို အပ်ပေးခြင်းသည် သူ့ကို ချစ်သောကြောင့် ဖြစ်သည်ဟုဆိုသည်။ ထိုခပ်သိမ်းသောအရာ တို့သည် အဘယ်အရာများ နည်း။ သခင်ယေရှုက၊ “ငါ၏ ခမည်းတော်သည် ခပ်သိမ်းသောအရာ တို့ကို ငါ၌ အပ် ပေးတော်မူ ပြီ။” (မ ၁၁:၂ရ)၊ “ကောင်းကင်ဘုံ၌၎င်း၊ မြေကြီး ပေါ်၌၎င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှ တို့ကို ငါခံရပြီ။” (မ ၂၈:၁၈) ဟုဆိုခဲ့သည်။ ထိုကြောင့်ခပ်သိမ်းသောအရာသည် စီရင်ပိုင်သော အခွင့်တန်ခိုး ဖြစ်သည်။
၃၆။ သားတော်ကို ယုံကြည်သော သူသည် ထာဝရ အသက်ကို ရ၏။ သားတော်ကို ပယ်သော သူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏ အပေါ်၌ ဘုရားသခင်၏ အမျက်တော် တည်နေသည်ဟု ယောဟန်ဟောပြောလေ၏။
ဘုရားကို ယုံကြည်လျှင် ထာဝရ အသက် ရ၍ အလွန် ကောင်းသည်။ သားတော် ပယ်လျှင် အသက် မတွေ့ရရုံမကဘုရား၏ အမျက်တော် ခံရသောသူ ဖြစ်သည်။ ဘုရား အမျက်ခံရသော သူသည် မည်မျှပင် လှပါစေ၊ ချမ်းသာ ပါစေ၊ ပညာရှိပါစေ၊ နာမည်ကျော် ကြားပါစေ၊ အား ကျစရာ မရှိပါ။ မကြာမှီဒုက္ခ ရောက်တော့မည်သူ၊ အပြစ် ငရဲသွားမည့်သူ ဖြစ်ကြောင်း သိ၍ လက်မထပ်သင့်ချေ။ သင်ကိုယ်တိုင်သည် ထိုသို့ သောသူ ဖြစ်လျှင် အမြန်ဆုံး သားတော်ကို ယုံကြည် လက်ခံပါ။ သို့မဟုတ် ပါက သင်၏ ရှေ့ရေးသည် အလွန် ကြောက်စရာနှင့် ဝမ်းနည်းစရာ ကောင်းသည်။ ဘုရားသခင်သည် သင့် အပေါ်၌ အမျက်တော် ထွက်နေလျှင် သင်သည် သာယာပျော်ရွှင်သော ဘဝကို တည်ဆောက်နိုင်မည် မဟုတ်ချေ။

.

^

ယောဟန် ၄

၁။ ယေရှုသည်ကိုယ်တိုင်ဗတ္တိဇံကို ပေးတော် မမူ။ ၂ တပည့်တော်တို့ သာလျှင် ပေးကြသော်လည်း၊ ယေရှုသည် ယောဟန်ထက် သာ၍ များသော သူတို့ကို တပည့်တော် ဖြစ်စေ၍ ဗတ္တိဇံကို ပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရား သိတော်မူ သောအခါ၊ ၃ ယုဒပြည်မှ ထွက်သွား၍ ဂါလိလဲပြည်သို့ တဖန် ကြွ တော်မူ စဉ်တွင်၊ ၄ရှမာရိပြည် အလယ်၌ ရှောက်သွားရ၏။
ယေရှု၏ တပည့်များ ပေးသော ဗတ္တိဇံအကြောင်းကို ယခင်လစာစောင်ထဲယော ၃:၂၂၌ ဖေါ်ပြခဲ့ပြီး ပြီ။ ဖာရိရှဲများသည် သခင်ဘုရား၏ လှုပ်ရှားမှု မှန်သမျှကို ဒေါက်ထောက်ကြည့်ရှု၍ အပြစ် ရှာနေ သူများ ဖြစ်သည်။ ယုံကြည်သူများလည်း သခင်ဘုရား၏ အလုပ်ကို လုပ်လျှင် အပြစ် တင်ဘို့ရန် ကြည့်ရှုနေ သူများရှိပေလိမ့်မည်။ ရှမာရိလူမျိုးသည် ကျမ်းစာ၌ ခဏခဏတွေ့ရသည်။ ဘီစိီရ ၂၂တွင် အာရှုရိရှင်ဘုရင်က၊ ဣသရေလ ပြည်ကို သိမ်းပိုက် သောအခါ သူတို့ကို အာရှုရိပြည်သို့ သိမ်းသွား၍ သူတို့ အစားဗာဗုလုန်မြို့သား၊ ကုသမြို့သား၊ အာဝမြို့သား၊ ဟာမတ်မြို့သား၊ သေဖရဝိမ်မြို့သား တို့ကို ဆောင်ခဲ့၍ ၊ ရှမာရိမြို့ရွာတို့တွင် ဣသရေလ အမျိုးသားကိုယ်စားထားသဖြင့် ထိုလူတို့သည် ရှမာရိမြို့ရွာတို့ကို သိမ်းယူ၍ နေရာကျကြ၏။ (၄ရာ ၁ရး၂၃-၂၄)။ ထို့ကြောင့် ရှမာရိလူမျိုးသည် အာရှုရိရှင်ဘုရင်ကသိမ်းမသွားဘဲ ကျန်ကြွင်းသော ဣသရေလများနှင့် တပါးအမျိုးသား မျာသွေးရောသော လူမျိုး ဖြစ်၍ ထာဝရ ဘုရားနှင့် သူတို့၏ နတ်ဘုရားများကိုလည်း ကိုးကွယ် ကြသည်။ ထို့ကြောင့် ဗာဗုလုန်​ကျွန်မှပြန်လာသော ယုဒလူများ ကမပေါင်းသင်းလိုကြခြင်း ဖြစ်သည်။ ယုဒလူများ ကရှမာရိလူများကို မပေါင်းဖေါ်လိုသောကြောင့် ဂါလိလဲပြည်သို့ သွား သောအခါ ခရီး ပို၍ ဝေးသော်လည်းရှမာရိပြည်ကို ရှောင်၍ ယောဒန်မြစ်ဘက်မှသွားတတ်ကြခြင်း ဖြစ်သည်။ သခင်ဘုရားသည် ယုဒပြည် မှဂါလိလဲပြည်သို့ သွား သောအခါ ယုဒလူများ ကဲ့သို့ ရှမာရိပြည်ကို မရှောင်ဘဲ အလယ်မှရှောက်သွားသည်။
၅။ ယာကုပ်သည် မိမိသား ယောသပ် အားပေးသော မြေအကွက်နှင့် အနီး၊ ရှမာရိနယ်၊ ရှုခါအမည်ရှိသော မြို့သို့ ရောက် တော်မူ၏။ ၆ ထိုအရပ်၌ ယာကုပ်၏ ရေတွင်းရှိ၏။ ယေရှုသည် ခရီး သွား၍ ပင်ပန်းသောကြောင့် ရေတွင်း နားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ​ခြောက်နာရီအချိန် ဖြစ်၏။
ယာကုပ်သည် မြေကွက်ဝယ်သောအရာ ကို အောက်ပါက ဲ့သို့ ရေးထားသည်၊ “ပါဒနာရံပြည် မှပြန်လာ၍ ၊ ခါနာန်ပြည်သို့ ရောက်သော လမ်းခရီး တွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာ ထဲကို ဆောက်လေ၏။ ၁၉ တဲဆောက်ရာမြေအကွက်ကို ရှေခင်၏ အဘ၊ ဟာမော်၏သားတို့ တွင်၊ ငွေတပိဿာအဘိုးပေး၍ ဝယ်ရသတည်း။” (က ၃၃:၁၈-၁၉) ထိုမြေကို ယောသပ် အားပေးကြောင်း ဤသို့ တွေ့ရသည်၊ “ထိုမှတပါးသင်၏ အစ်ကို တို့ အားပေးသည်ထက် သင့်အား သာ၍ ပေးသောအရာ ဟူမူကား၊ ငါ့ထား၊ ငါ့လေးဖြင့် အာမောရိအမျိုးသား လက်မှနှုတ်ယူသောအရာ ကို သင့်အား ငါပေးသည်ဟု ယောသပ်ကို ပြောဆို၏။” (က ၄၈:၂၂)။ ယေရှုသည် ဘုရား ဖြစ်သော်လည်း လူဇာတိပိုင်းအားဖြင့် ပင်ပန်းနိုင်ခြင်း ဖြစ်သည်။ “ထိုသို့ စုံးစမ်းနှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင် ခံ၍ ဒုက္ခ ဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံးစမ်းနှောင့်ရှက်ခြင်း အမှုနှင့် တွေ့ကြုံသော သူတို့ကို မစခြင်းငှါ တတ်နိုင် တော်မူ၏။” (ဟေ ၂:၁၈)။ ​ခြောက်နာရီသည် နေ့လည် ၁၂ နာရီ ဖြစ်သည်။
ရ။ ရှမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါ လာ၍ ယေရှုက၊ ငါသောက်ဘို့ ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။ ၈ အကြောင်းမူကား၊ တပည့်တော် တို့သည် စားစရာကို ဝယ်ခြင်းငှါ မြို့ထဲသို့ သွားကြသည် အခိုက် ဖြစ်သတည်း။
ရေခပ်ချိန်သည် နံနက်ပိုင်းနှင့် ညနေပိုင်း ဖြစ်တတ်သည်။ အဘယ်ကြောင့်နေ့လည်၌ ထိုမိန်းမသည် ရေခပ်သနည်း။ အပြစ်များသောကြောင့် ဖြစ်နိုင်သည်။ ယေရှု ကသောက်ရေတောင်းခြင်းသည် တကယ် ရေငတ်သောကြောင့် မဟုတ်ဘဲ၊ စကားပြောစနိုင်ဘို့ရန် ဖြစ်ဟန်ရှိသည်။ အကြောင်းမှာ ထိုမိန်းမကရေမပေးခဲ့ပါ။ အာဗြဟံ၏ ​ကျွန်ကလည်းရေဗက္ကာထံရေတောင်းခဲ့ဘူးသည် (က ၂၄:၁ရ)။ ဧလိယကလည်း မုဆိုးမထံရေတောင်းခဲ့ဘူူးသည် (၃ရာ ၁ရး၁၀)။ သခင်ဘုရားသည် တန်ခိုးရှိသော်လည်း သူ့တန်ခိုးအားဖြင့် အစာကို မဖြစ်စေပါ။ တပည့်တော် များကို ရှမာရိမြို့ထဲ၌ အစာဝယ်ခိုင်းသည်။ သူတို့လည်း ငွေအသုံးပြုကြောင်းလည်း တွေ့ရသည်။
၉။ ထိုမိန်းမကလည်း၊ သင်သည် ယုဒလူ ဖြစ်လျက် ပင်၊ ရှမာရိမိန်းမ ဖြစ်သော အ​ကျွန်ုပ်ကို အဘယ်ကြောင့်သောက်ဘို့ တောင်းသနည်းဟုဆို၏။ ဆိုသည် အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတိုို့နှင့် ပေါင်းဘော်ခြင်း မရှိ။
ဣသရေလ လူများ ကရှမာရိလူများကို အလွန် အထင်သေးသည်။ ယုဒလူများ ကသခင်ယေရှုကို အထင်သေး၍ ရှမာရိလူဟုဆိုခြင်းကို ဤသို့ တွေ့ရသည်၊ “ယုဒလူတို့ ကလည်း၊ သင်သည် ရှမာရိလူ ဖြစ်၏။ နတ်ဆိုးစွဲသော သူလည်း ဖြစ်၏ဟု ငါတို့ ပြောသော စကားသည် လျောက်ပတ်သည် မဟုတ်လောဟုဆိုကြ၏။” (ယော ၈:၄၈)။ သို့သော် သခင်ယေရှု ကရှမာရိလူများကို မပယ်ချေ။ သူခိုးထားပြများ ကရိုက်သော သူကို ရှမာရိလူကကြည့်ရှုသည်ဟု ဥပမာပေးခဲ့သည် (လု ၁၀:၂၅-၃ရ)။ နူနာစွဲသော သူဆယ်ယောက် သန့်ရှင်းစေ သောအခါ ရှမရိအမျိုးသား ကသာလျှင် သခင်ယေရှုကို ကျေးဇူးတင်ခဲ့သည် (လု ၁ရး၁၁-၁၉)။ ဖိလိပ္ပုကရှမာရိမြို့၌ တရားဟောကာနိုးကြားမှု ဖြစ်ခဲ့သည် (တ ၈:၅-၈)။ သခင်ယေရှု ကသောက်ဘို့ ရေတောင်း သောအခါ ရှမာရိအမျိုးသမီးအတွက် အလွန် အံ့ဩသည်။ ထို့ကြောင့် ရေမပေးဘဲ စကားပြော နေကြခြင်း ဖြစ်သည်။
၁၀။ ယေရှု ကလည်း၊ ဘုရားသခင့်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ ရေပေးပါဟုဆိုသော သူကား အဘယ်သူ ဖြစ်သည်ကို၎င်းသင်သည် သိလျှင် ထိုသူကို တောင်းလိမ့်မည်။ ထိုသူ သည်လည်း အသက် ရေကို ပေးလိမ့်မည်ဟု ပြန်၍ မိန့်တော်မူသော်၊
ရှမာရိအမျိုးသမီးကယေရှုကို မသိသောကြောင့် အံ့ဩသည်။ သို့သော် သခင်ယေရှု ကသူ့ကို အသက် ရေပေးဘို့ ကမ်းလှမ်းသည်။ သခင်ယေရှုသည် ရှမာရိအမျိုးသား အတွက် မလာခဲ့ပါ (မ ၁၀:၅)။ အကြောင်းမှာ သူတည်ထောင်မည့် နိင်ငံတော်သည် သူတို့နှင့် မဆိုင်၊ ဣသရေလများနှင့် သာဆိုင်သည်။ သို့သော် ဤနေရာ၌ သူကိုယ်တိုင်ရှမာရိအမျိုးသမီးကို အသက် ရေပေးဘို့ ကမ်းလှမ်းသည်။
၁၁။ မိန်းမက၊ သခင်၌ ရေခပ်စရာ မရှိ၊ ရေတွင်းလည်း နက်သည် ဖြစ်၍ အသက် ရေကို အဘယ်သို့ ရပါမည်နည်း။
သခင်ယေရှုက ဝိညာဉ် စကားပြော သောအခါ ရှမာရိအမျိုးသမီးကဇာတိစကား ထင်ပြီး နားမလည် ခဲ့ပါ။ သူသာမကကျမ်းတတ်ဖာရိရှဲနိကောဒင်လည်း ဒုတိယမွေးဘို့ လိုကြောင်း၊ ဝိညာဉ် စကားပြော သောအခါ မသိခဲ့ပါ (ယော ၃:၃-၅)။ သင်လည်း ဝိညာဉ် နားမရှိလျှင် ကျမ်းစာ ဖတ် သောအခါ နားလည်နိုင်မည် မဟုတ်။
၁၂။ ဤရေတွင်းကို ငါတို့ အဘယာကုပ်သည် ငါတို့ အားပေး၏။ သူ့ကိုယ်တိုင်မှစ၍ သားသမီး၊ တိရစ္ဆာန်များ တို့သည် ဤတွင်းရေကို သောက်ကြပြီ။ သခင်သည် ထိုသူထက် ကြီး မြတ်သလောဟုဆို၏။
ရှမာရိများသည် ကပြားများ ဖြစ်ကြသော်လည်း ယာကုပ်ကို အဘဟု လေးစား ကြသည်။ သူ၏ ရေတွင်း ကိုလည်း အလွန် မွန်မြတ်သော အမွေအဖြစ် ခံယူ ကြသည်။ ထိုမိန်းမကယေရှု ထံသူသည် ယာကုပ်ထက် ကြီး မြတ်သလောဟု မေးခဲ့သည်။
၁၃။ ယေရှု ကလည်း၊ ဤရေကို သောက်သော သူသည် နောက်တဖန် ရေငတ်ဦးမည်။ ၁၄ ငါပေးသော ရေကို သောက်သော သူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရ အသက် ရှင်ခြင်း အလိုငှါ ထွက်သော စမ်းရေ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
သခင်ယေရှု ကဤရေ တည်းဟူသောရေတွင်း ထဲမှရေသောက်သော သူသည် ရေငတ် မပြေနိုင်ဟုဆိုသည်။ ထိုရေသည် ဝိညာဉ် ရေးရာ၌လောက အရာများကို ပုံဆောင်သည်။ လောက အရာများ တည်းဟူသောငွေ၊ ပညာ၊ အာဏာ၊ နာမည်ကျော် ကြားခြင်း၊ အပျော်အပါး၊ လှပခြင်း၊ သီချင်း၊ ရုပ်ရှင်၊ ဖုန်း၊ အိမ်၊ ကား၊ များကို လူတိုင်း ကရေငတ် သကဲ့သို့ ရှာဖွေ ကြသည်။ ရှာသည့်အတိုင်းရရှိသော သူများသည် ကျေနပ်အားရခြင်း မရှိ၊ ပို၍ ပို၍ ငတ် ကြသည်။ လူအများစုသည် ထိုအရာများကို ရှာဖွေ ရင်း ကျေနပ်မှု မရဘဲ အသက် ဆုံးသွားကြပြီ။ သင်လည်း အငတ် မပြေနိုင်သော ဤလောက အရာများကို ရှာနေပါသေးသလား။ သခင်ယေရှု ကသူပေးသော ရေသည် အငတ်ပြေသည် သာမကအသက် ရေထွက်သော စမ်းရေ ဖြစ်မည်ဟုဆိုသည်။ စမ်းရေသည် အဆက်မပြတ် ရေထွက်သည်။ သခင်ယေရှု ဆိုလိုသော အသက် ရေသည် ဝိညာဉ် ရေးရာ ဖြစ်သည်။ လူသည် ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးခုပေါင်းစပ်ထားသည်။ ထိုအထဲ၌ ခန္ဓာနှင့် စိတ်အလိုသာရှာဖွေ ကြသည်၊ ဝိညာဉ် အလိုကိုမူမရှာကြချေ။ အမှန်မှာ ဝိညာဉ်သည် ဘုရားကို ဆာငတ်နေသည်။ ဆာလံဆရာက၊ “သမင်ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တ သကဲ့သိုု့အ​ကျွန်ုပ် ဝိညာဉ်သည်ကိုယ်တော်ကို တောင့်တပါသည် ဘုရား၊ ၊ ၂ ငါ့ ဝိညာဉ်သည် ဘုရားသခင် တည်းဟူသောအသက် ရှင် တော်မူသော ဘုရားကို ငတ်လှ၏၊ ၊ ၅ အိုငါ့ ဝိညာဉ် သင်သည် အဘယ်ကြောင့်ဍှုိးငယ်သနည်း။ ငါ့အထဲမှာအဘယ့်ကြောင့်မငြိမ်မဝပ်ရှိသနည်း၊ ၊ ” (ဆာ ၄၂:၁၊ ၂၊ ၅)။ သင်၏ ဝိညာဉ်လည်း ဘုရားကို ငတ်လှသည်။ ဝိညာဉ် ကဘုရား ငတ်သောကြောင့် စိတ်ငြိမ်သက်မှု မရှိ။ ထိုအခါ စိတ်ငြိမ်သက်ဘို့ မူးယစ်ဆေးဝါးအရက်များကို သောက်ရာမှအရက်သမားများ ဖြစ်သွား ကြသည်။
၁၅။ မိန်းမကလည်း၊ သခင်၊ အ​ကျွန်ုပ်သည် ရေငတ်ခြင်းနှင့်၎င်း၊ သည်ကို လာ၍ ရေခပ်ခြင်းနှင့်၎င်းကင်းလွတ် မည်အကြောင်း ထိုရေကို ပေးပါဟု တောင်းလျှင်၊
ရှမာရိအမျိုးသမီးကယေရှု ပေးမည့် အသက် ရေကိုတွင်းရေမှတ်၍ တောင်းသည်။ ယေရှုသည် ဝိညာဉ် စကားပြောသည်ကို မသိသေးချေ။ ရေတွင်းသို့ လာ၍ ရေခပ်ခြင်း မှလွတ်ဘို့သည် သူ့အတွက် အရေးကြီး ဆုံးဟု ထင်သည်။ ​ကျွန်ပ်တို့လည်း ဘုရား ထံမှ ဝိညာဉ် ပိုင်းထက်ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းကောင်းကြီး သာလျှင် လိုချင် တတ်ကြသည်။
၁၆။ ယေရှုက၊ သွားလော့။ သင်၏ လင်ကို ခေါ်၍ သည်ကို လာဦးလော့ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်သခင်ယေရှု ကသင်၏ လင်ကို ခေါ်ပါဟုဆိုသနည်း။ အမှန်မှာ သူ၏ အပြစ်ကို ဖေါ်ပြလိုသောကြောင့် ဖြစ်သည်။ အသက် ရေလိုချင်လျှင် အပြစ်ကို အရင်​ ဖြေရှင်းဘို့ လိုသည်။
၁ရ။ မိန်းမကလည်း၊ အ​ကျွန်ုပ်၌ လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသော စကားသည် မှန်၏။ ၁၈ အကြောင်းမူကား၊ သင်၌ လင်ငါးယောက်ရှိဘူးပြီ။ ယခုသင်နှင့် နေသော သူသည် သင်၏ လင် မဟုတ်။ ဤအရာ၌ သင်သည် မှန်သော စကားကို ပြောပြီဟု မိန့်တော်မူ၏။
ရှမာရိအမျိုးသမီးကသူ၌ လင်မရှိဟုဆိုသည်။ အကြောင်းမှာ သူ၏ အပြစ်ကို ဖုံးလိုသည်။ သူသာမကလူတိုင်းကိုယ့်အပြစ်ကို ဖုံးလို ကြသည်။ အပြစ် ဖုံးခြင်းသည် ရောဂါဖုံးခြင်းနှင့် တူသည်။ ဆရာဝန်ထံမှ ကုသမှု ခံလိုလျှင် ရောဂါကို မဖုံးရပါ။ ရှိသမျှ ရောဂါများကို ရှက်သည် ဖြစ်စေ ဖေါ်ပြရသည်။ သို့မှသာ ဆရာဝန်ကကူညီနိင်မှာ ဖြစ်သည်။ သင်လည်း ယေရှု ထံလာသောအခါ သင်၏ အပြစ်များကို မဖုံးပါနှင့်။ တရားဟောဆရာများ ကအပြစ် ပြော သောအခါ စိတ်မဆိုးပါနှင့်၊ အဆုံးတိုင်အောင် နားထောင်ပါ။ အပြစ် လွှတ်ခြင်းရရှိ၍ အသက် ရေသောက်ခွင့်ရရှိပါလိမ့်မည်။ ရှမာရိအမျိုးသမီးကအပြစ်ကို ဖုံးမိသောကြောင့် သခင်ဘုရား ကသူ၏ အပြစ်များကို ဖေါ်ပြလိုက်သည်။ သူ့အပြစ်ကို လူတိုင်း ကယနေ့ တိုင်အောင် သိကြသည်။ နောက်လူများကလည်း သိကြဦးမည်။ သခင်ဘုရား ထံ၌ အပြစ် မဖုံးကောင်းချေ။ အပြစ်သည် ဖုံးလျှင် ဖေါ်ထုတ်လို ကြသည်။ ဝန်ခံလျှင် ခွင့်လွှတ်တတ် ကြသည်။ “ငါသည် အပြစ်ကို မဘော်မပြဘဲ နေစဉ်အခါတနေ့လုံးညည်းတွားသော အားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ရ၏၊ ၊ ၄ နေ့ညဉ့်မပြတ်ကိုယ်တော်၏ လက်သည် အ​ကျွန်ုပ်ပေါ်မှာ လေး၍ အ​ကျွန်ုပ်၏ ချွေးသည် နွေကာလ၌ သွေ့​ခြောက်ခြင်း ကဲ့သို့ ဖြစ်ပါ၏၊ ၊ ၅ တဖန် အ​ကျွန်ုပ်သည်ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏၊ ၊ ပြုမိသော ဒုစရိုက်ကို ဝှက်၍ မထားပါ၊ ၊ ငါလွန်ကျုးသောအရာ ကို ထာဝရ ဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆို သောအခါ ကိုယ်တော်သည် အ​ကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကို လွှတ် တော်မူ၏၊ ၊ ” (ဆာ ၃၂:၃-၅)။
၁၉။ ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက် ဖြစ်သည်ကို အ​ကျွန်ုပ်ရိပ်မိပါ၏။ ၂၀ အ​ကျွန်ုပ်တို့ ဘိုးဘေးများသည် ဤတောင်ပေါ်၌ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင် မြို့၌ သာကိုးကွယ်ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊
သခင်ယေရှု ကသူ၏ အပြစ်ကို ဖေါ်ပြ သောအခါ အမျိုးသမီးသည် စကားပြောင်းသွားသည်။ ယေရှုကို ပရောဖက် ဖြစ်ကြောင်း သိသွားသည်။ ထို့ကြောင့် ကိုးကွယ်ခြင်း အကြောင်းကို ပြောသည်။ ရှမာရိအမျိုးသား များသည် ဂေရဇိန်တောင်ပေါ်၌ကိုးကွယ်တတ် ကြသည်။ “သင်တို့သည် သွား၍ ဝင်စားလတံ့သော ပြည်သို့ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားသည် ဆောင်သွင်း တော်မူပြီးမှ ၊ ကောင်းကြီး မင်္လာကို ဂေရဇိမ်တောင်ပေါ်၌၎င်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌၎င်းတင်ထားရကြမည်၊ ” (တရားဟော ၁၁:၂၉) ဟုဆိုခဲ့သောကြောင့် ဖြစ်သည်။ ယုဒလူတို့သည် ယေရုရှလင် မြို့၌ သာဘုရားကိုးကွယ်တတ် ကြသည်။

၂၁။ ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကို ယုံလော့။ ဤတောင်သို့ မလာ၊ ယေရှု ရှလင်မြို့သို့ မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည်အချိန်ကာလ ရောက်ဆဲရှိ၏။ သခင်ယေရှု ကဘုရားကိုးကွယ်သည့်နေရာပြောင်းမည့် အကြောင်းကို ပြောလိုက်သည်။ ကမ္ဘာဦးမှစ၍ မောရှေလက်ထက် အထိ နေရာတိုင်း မှကိုးကွယ်ခဲ့ ကြသည်။ မောရှေထံဝတ်ပြုခြင်း ဆိုင်ရာပညတ်ပေးသော နောက်တဲတော် မှသာဘုရားကိုးကွယ်ရမည်ဟုဆိုသည်။ အကြောင်းမှာ တဲတော်၌ ဘုရား ကျိန်းဝပ်သောကြောင့် ဖြစ်သည်။ ရှောလမုန်က ယေရုရှလင် မြို့တွင် ဗိမာန်တော် ဆောက် သောအခါ ထိုနေရာမှသာကိုးကွယ်ရသည်။ မောရှေအားဖြင့် ဘုရားက၊ “သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားသည်၊ သင်တို့ အမျိုးအနွယ်ရှိသမျှ တို့တွင် နာမတော်ကို တည်စေဘို့ ရာရွေးကောက်တာ်မူသော အရပ် တည်းဟူသောကျိန်းဝပ် တော်မူ ရာအရပ်ကို ရှာ၍ လာရကြမည်။ ၁၁ နာမတေဗာ်ကို တည်စေဘို့ ရာ၊ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားရွေးကောက် တော်မူသော အရပ်ရှိရမည်။ ၁၃ တွေ့မြင်ရာရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်ရမည်အကြောင်း သတိပြုကြလော့။ ၁၄ သင်တို့ အမျိုးတမျိုးတွင် ထာဝရ ဘုရားရွေးကောက် တော်မူသော အရပ်၌ မီးရှို့ရာယဇ်ကို ပူဇော်၍ ၊ ငါမှာထားသမျှကို ပြုရကြမည်။” (တရားဟော ၁၂:၅၊ ၁၁၊ ၁၃)ဟု မှာကြားခဲ့သည်။ ထို့ကြောင့် ဣသရေလ လူများသည် ဘုရားကိုးကွယ်ဘို့ရန် ယေရုရှလင်သို့ သွားတတ် ကြသည်။ သို့သော် သခင်ယေရှု သေ သောအခါ ဗိမာန်တော် ကုလားကာကွဲခြင်း ဖြင့်ကိုးကွယ်သော နေရာပြောင်းသွားခဲ့ပြီ။ ဗိမာန်တော် ထဲ၌ ဘုရား မရှိတော့ဘဲ ကောင်းကင် တက်သွားခဲ့ပြီ။ ထို့ကြောင့် ဘုရားကို ကောင်းကင်မှ ာကိုးကွယ်မည့် အချိန်် ဖြစ်သည်။ သို့သော် ဣသရေလ လူများက မသိသောကြောင့် ဗိမာန်တော်၌ ဆက်ကိုးကွယ်သေးသည်။ ထို့ကြောင့် အေဒီရဝတွင် ရောမစစ်သားများအားဖြင့် ဗိမာန်တော်ကို ဖျက်ဆီးခဲ့သည်။ ထိုနေရာ၌ ဗိမာန်မဆောက်နိုင်အောင် ဘုရားသခင်က မူစလင်များကို ဗာလီဆောက်ခွင့်ပေးခြင်းအားဖြင့် အကောင်းဆုံးသော အစောင့်များ ချထားသည်။ ထို့ကြောင့် ယနေ့ တိုင်သူတို့သည် ဗိမာန်တော် မဆောက်နိင်သေးခြင်း ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလတွင် အန္တီခရစ်ကသူတို့ကို ဆောက်ခွင့်ပေးဦးမည်။

၂၂။ သင်တို့သည်ကိုယ် မသိသောအရာ ကိုကိုးကွယ်ကြ၏။ ငါတို့သည်ကိုယ်သိသောအရာ ကိုကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်း အကြောင်းရှိ၏။
ယေရှု ကရှမာရိလူတို့သည် သူတို့ မသိသောအရာ ကိုကိုးကွယ်သည်ဟုဆိုသည်။ ထာဝရ ဘုရား မကိုးကွယ်သော သူများသည် သူတို့ မသိသော သူကိုကိုးကွယ် ကြသည်။ သူတို့ကိုးကွယ်သောအရာသည် စာတန် ဖြစ်သည်။ သူတို့ မသိသောကြောင့် သစ္စာရှိစွာကိုးကွယ်ကြခြင်း ဖြစ်သည်။ ယေရှု ကငါတို့သည်ကိုယ်သိသောအရာ ကိုကိုးကွယ်ကြ၏ဟုဆို သကဲ့သို့ သင်သည် သင်ကိုးကွယ်သော ဘုရားကို သိပါသလား။ သိလျှင် သူ့ကို အချစ်ဆုံး၊ အကြောက်ဆုံး၊ အကြည်ညိုဆုံး ဖြစ်မည်။ သ့ူကိုကိုးကွယ်ခြင်းလည်း ပင်ပန်းမည် မဟုတ်။ သင်သည် ဘုရားကိုးကွယ်ခြင်း၌ ဝန်လေးပင်ပန်းပြီး ပျင်းနေလျှင် သူ့ကို မသိသေးကြောင်း ထင်ရှားသည်။ သခင်ယေရှုက ကယ်တင်ခြင်း အကြောင်းသည် ယုဒလူတို့၌ ရှိသည်ဟုဆိုသည်။ အကြောင်းမှာ သူကိုယ်တိုင်သည် ယုဒလူ ဖြစ်သည်။ သူကတလောက လုံးကို ကယ်တင်သည်။
၂၃။ ကိုးကွယ်သော သူမှန်သမျှ တို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သမ္မာတရားနှင့်၎င်း၊ ကိုးကွယ်ရမည့်အချိန် ကာလသည် လာ၍ ယခုပင်ရောက်လျက် ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သော သူတို့ကို ခမည်းတော်သည် အလိုရှိ တော်မူ၏။
ဘုရားသခင်ကို နံဝိညာဉ်နှင့် သမ္မာတရားနှင့် ကိုးကွယ်ရမည့်အချိန် ကာလသည် လာ၍ ယခုပင်ရောက်လျက် ရှိသည်ဟုဆိုသည်။ အကြောင်းမှာ သခင်ယေရှုသည် အသေခံ၍ လူသားများအတွက် ကောင်းကင်နိင်ငံ၌ကိုးကွယ်မှာ ဖြစ်သည်။ ကျမ်းစာက၊ ” ယခုဆိုခဲ့ပြီးသော အကြောင်း အရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုး အာနုဘော် တော်၏ ပလ္လင်လကျ်ာဘက်မှာထိုင်နေ တော်မူ၏။ ၂ လူမဆောင်ဘဲ ထာဝရ ဘုရား ဆောက် တော်မူသော တဲတော် စစ်တည်း ဟူသော၊ သန့်ရှင်းရာ ဌာန၌ ဘုရားဝတ်ကို ပြုသောသူ ဖြစ်တော်မူ၏။” (ဟေ ၈:၁-၂) ဟုဆိုသည်။ ယေရှုသည် ငါတို့၏ ယဇ်ပုရောဟိတ် ဖြစ်လျက် ခမည်းတော်ကို ယုံကြည်သူများအတွက်ကိုးကွယ်သည်ဟုဆိုသည်။ များစွာသော ယုံကြည်သူများကသူတို့ စိတ်တိုင်း ကျကိုးကွယ်လျှင် ဘုရားသခင်က ျေနပ် မည်ဟု ထင်မှတ် ကြသည်။ ယဇ်ပုရောဟိတ်အားဖြင့်ကိုးကွယ်ခြင်းကို သာလျှင် ဘုရားသခင်က လက်ခံနိုင်သည်။ ယေရှုကို ယဇ်ပုရောဟိတ်မင်းအဖြစ် ဘုရားကိုယ်တိုင်က ခန့်အပ်ခဲ့သည် (ဆာ ၁၁၀:၄၊ ဟေ ၅:၆၊ ၁၀)။ သင်သည် ယဇ်ပုရောဟိတ် ယေရှု အားဖြင့် ဘုရားကို မကိုးကွယ်လျှင် ဘုရား၏ စိတ်တော်နှင့် တွေ့နိုင်မည် မဟုတ်။
၂၄။ ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည်၊ နံဝိညာဉ်နှင့်၎င်း၊ သမ္မာတရားနှင့်၎င်း၊ ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။
ယေရှုက ဘုရားသခင်သည် နံဝိညာဉ် ဖြစ်သည်ဟုဆိုသည်။ ဇာဒ္ဒုကဲများနှင့် ယေဟောဝါ သက်သေခံများ ကနံဝိညာဉ် မရှိဟုဆိုကြသည် (တမန် ၂၃:၈)။ နံဝိညာဉ် မရှိလျှင် ဘုရားကိုးကွယ်စရာ အကြောင်း မရှိ။ ထိုယုံကြည်ခြင်းသည် စာတန်၏ လှည့်ဖြားခြင်း ဖြစ်သည်။ ဘုရားသခင်ကို စိတ်နှင့် ခန္ဓာအားဖြင့်ကိုးကွယ်ရမည် မဟုတ်၊ ဝိညာဉ်အားဖြင့်ကိုးကွယ်ရမည်။ စိတ်နှင့် ကိုးကွယ်ခြင်း ဆိုသည်မှာ စိတ်ကျေနပ် ဘို့ကိုးကွယ်ခြင်း ဖြစ်သည်။ ခန္ဓာအားဖြင့်ကိုးကွယ်ခြင်းသည် စားသောက်စရာ ရှိမှကိုးကွယ်ခြင်း၊ အဝတ်အစားအလှပြဘို့ကိုးကွယ်ခြင်း ဖြစ်သည်။ ဘုရားသည် ဝိညာဉ် ဖြစ်သောကြောင့် လူ၏ ဝိညာဉ်ကို စကားပြောချင်သည်။ ပေါလုက၊ “ဘုရားသခင် ပေးတော်မူသောအရာ တို့ကို ငါတို့သည် လူပညာကို အမှီပြု၍ နားလည်သော စကားနှင့် မဟော။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်နှင့် စပ်ဆိုင်သောအရာ ကို ဝိညာဉ် စကား အားဖြင့် ဖွင့်ပြ၍ ပဲ့ပြင် တော်မူသော စကားနှင့် ငါတို့သည် ဟောကြ၏။ ဇာတိပကတိ လူသည် ဘုရားသခင်၏ ဝိညာဉ်တော် အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာ ဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ် အားဖြင့် သာပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိ လူသည် နားမလည် နိုင်။” (၁ ကော ၂:၁၃-၁၄) ဟုဆိုသည်။ သမ္မာတရားနှင့် ကိုးကွယ်ခြင်း ဆိုသည်မှာ ဘုရား၏ အလိုတော် အတိုင်းကိုးကွယ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်။ ခရစ်တော် ကသူသည် သမ္မာတရားဟုဆိုသည် (ယော ၁၄:၆)။ သန့်ရှင်းသော ဝိညာဉ်တော်လည်း သမ္မာတရား ဖြစ်သည် (ယော ၁၆:၁၃)။ နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်သည် (ယော ၁ရး၁ရ)။ ထို့ကြောင့် ဘုရားနှင့် သူ၏ အလိုတော် သိပြီး အလိုတော် အတိုင်း သူ့ကိုကိုးကွယ်ရမည်။
၂၄။ ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည်၊ နံဝိညာဉ်နှင့်၎င်း၊ သမ္မာတရားနှင့်၎င်း၊ ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။
ခရစ်တော်က ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏ဟုဆိုသည်။ ဇဒ္ဒုကဲများနှင့် ယေဟောဝါ သက်သေခံများ ကနံဝိညာဉ် ရှိသည်ဟု မယုံကြည် ကြချေ (တ ၂၃:၈)။ နံဝိညာဉ် ရှိကြောင်း မယုံကြည်လျှင် ဘုရားသခင်ကို မယုံကြည်ခြင်း ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် နံဝိညာဉ် ဖြစ်သည်။ ကောင်းကင်တမန် များလည်း နံဝိညာဉ် ဖြစ်၍ ဘုရားကိုးကွယ် ကြသည်။ မြေကြီး ပေါ်၌လည်း ဘုရားသခင်က လူသားများကို နံဝိညာဉ် ပါလျက် ဖန်ဆင်းသည်။ နံဝိညာဉ် ရှိသော ကောင်းကင်တမန် များနှင့် လူသားများသည် ဘုရားကို နံဝိညာဉ် ဖြင့်ကိုးကွယ်ရမည်။ ဝိညာဉ် ရှိသော်လည်း ဘုရား မကိုးကွယ်သော သူများသည် အပြစ်ရှိသည်။ ဘုရားကို စိတ်နှင့် ခန္ဓာအားဖြင့်ကိုးကွယ်ခြင်းလည်း မှားသည်။ စိတ်နှင့် ကိုးကွယ်ခြင်းသည် စိတ်ကျေနပ် ဘို့ကိုးကွယ်ခြင်း ဖြစ်သည်။ ခန္ဓာနှင့် ကိုးကွယ်ခြင်းသည် ခန္ဓာကိုယ်ကောင်းစားရေးအတွက် သာကြည့်သူ ဖြစ်သည်။
၂၅။ မိန်းမကလည်း၊ မေရှိကြွလာ တော်မူသည်ဟု အ​ကျွန်ုပ်သိပါ၏။ ရောက် တော်မူ သောအခါ အ​ကျွန်ုပ်တို့အား အလုံးစုံတို့ကို ဘော်ပြတော်မူ မည်ဟု လျှောက်ပြန်၏။ မေရှိအနက်ကား၊ ခရစ်တော်ဟုဆိုလိုသတည်း။
မေရှိသည် ဟေဗြဲစကား ဖြစ်၍ ခရစ်တော်သည် ဂရိတ်စကား ဖြစ်သည်။ အဓိပ္ပါယ်မှာဘိသိက်ခံသောသူ ဖြစ်သည်။ ဂျူး သို့မဟုတ် ဣသရေလ လူမျိုးများ ကမေရှိကြွလာမည်ဟု မျှော်လင့်ခဲ့ ကြသည်။ ထိုနည်းတူ ဂျူးကပြားများ ဖြစ်သော ရှမရိလူမျိုးများကလည်း မျှော်လင့် ကြသည်။
၂၆။ ယေရှု ကလည်း၊ သင်နှင့် စကားပြောသော ငါသည် မေရှိပင် ဖြစ်သည်ဟု မိန့်တော်မူ၏။
ယေရှု ကရှမာရိအမျိုးသမီးထံသူသည် မေရှိပင် ဖြစ်ကြောင်း ဖွင့်ပြောလိုက်သည်။ သူမသည် ယေရှု ပြောသောအရာ ကို ယုံကြည် သောကြောင့် မြို့သွား၍ အခြား သူများကို တဆင့်ပြောပြလိုက်သည် (၂၈)။
၂ရ။ ထိုအခါ တပည့်တော် တို့သည် ရောက်လာ၍ ၊ ထိုမိန်းမနှင့် စကားပြော တော်မူသည်ကို အံ့ဩခြင်းရှိကြ၏။ သို့သော်လည်း ၊ အဘယ်အလိုတော် ရှိသနည်း၊ ထိုမိန်းမနှင့် အဘယ်ကြောင့်စကား ပြော တော်မူ သနည်းဟု အဘယ်သမျှ မလျှောက်ကြ။
အဘယ်ကြောင့် တပည့်တော်များက သခင်ယေရှု ရှမာရိအမျိုးသမီးနှင့် စကားပြောသည်ကို အံ့ဩ ကြသနည်း။ အထက်၌ ဖေါ်ပြပြီး သကဲ့သို့ ဣသရေလ လူမျိုးများ ကရှမာရိလူမျိုးများကို အထင်သေး၍ မပေါင်းဖေါ်သောကြောင့် ဖြစ်သည်။
၂၈။ ထိုမိန်းမ သည်လည်းရေအိုးကို ထားခဲ့၍ မြို့ထဲသို့ သွားပြီးလျှင်၊ ၂၉ အ​ကျွန်ုပ်ပြုဘူးသမျှသော အမှုအရာ တို့ကို ထုတ်ဘော်သော သူကို လာ၍ ကြည့်ကြပါ။ ထိုသူသည် ခရစ်တော် မှန်လိမ့်မည်လောဟု လူများ တို့အား ပြောဆိုသော်၊ ၃၀ သူတို့သည် မြို့ထဲမှ ထွက်၍ အထံတော်သို့ သွားကြ၏။
ရှမာရိအမျိုးသမီးသည် ရေအိုးကို ထားခဲ့၍ မြို့ထဲရှိလူများကို အဘယ်ကြောင့်ယေရှု အကြောင်း ပြောသနည်း။ ရေခပ်ဘို့ လာသော်လည်း အဘယ်ကြောင့်ရေအိုးကို ထားခဲ့သနည်း။ သူသည် မေရှိကို တွေ့သောကြောင့် အလွန် ဝမ်းမြောက်၍ ဖြစ်မည်။ သူသည် ယေရှုကို ထိုတကြိမ်သာလျှင် တွေ့ဘူးပေလိမ့်မည်။ ယေရှုကလည်း သူ့အကြောင်းကို ပြောဘို့ မခိုင်းပါ။ သို့သော် အမြန်ဆုံး ပြောလိုက်သည်။ ယနေ့ ယေရှု ယုံကြည်သူများ၊ ယေရှု အကြောင်းကို အဘယ်ကြောင်း မသိ သေးသော သူများထံ မပြောကြသနည်း။ ထိုအမျိုးသမီးသည် ယေရှု အကြောင်းကို ပြော သောအခါ တိုတိုတုတ်တုတ်ဖြင့် ပြောပြသည်။ ယနေ့ သက်သေခံ သူများသည် မလိုအပ်သော စကား အပိုများစွာကို ပြောတတ် ကြသည်။ ထိုအမျိုးသမီးကဲ့သို့ လိုရင်းကို တိုတိုဖြင့် ပြောတတ်ကြဘို့ သင်သင့်သည်။ ရှမာရိမြို့သား များလည်း ထိုမိန်း မပြောသောအရာ ကို အရေးတယူသွား၍ ယေရှုကို တွေ့ဘို့ ထွက်သွား ကြသည်။ အရှေ့ပြည် မှပညာရှိများ ကယုဒရှင်ဘုရင်မွေးကြောင်း ပြောသော်လည်း ယေရုရှလင် မြို့သား များသည် ထွက်၍ မရှာကြပါ။ သင်သည် ရှမာရိမြို့သားများကဲ့သို့ လော ယေရုရှလင် မြို့သားများကဲ့သို့ လော။
၃၁။ မရောက်မှီတွင် တပည့်တော် တို့က၊ အရှင်ဘုရား၊ အစာကို သုံးဆောင် တော်မူ ပါဟု တောင်းပန်ကြလျှင်၊ ၃၂ သင်တို့ မသိသော စားစရာသည် ငါ၌ ရှိသည်ဟု မိန့်တော်မူ၏။ ၃၃ ထိုကြောင့်တပည့်တော် တို့က၊ တစုံတယောက်သော သူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်းမေးမြန်းကြလျှင်၊ ၃၄ ယေရှုက၊ ငါ့ကို စေလွှတ် တော်မူသော သူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကိုပြီး စီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။
ယေရှု တပည့်များ မသိသော အစာသည် အဘယ်အရာနည်း။ ယေရှု ကငါ့ကို စေလွှတ် တော်မူသော သူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကိုပြီး စီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏ဟုဆိုသည်။ ယေရှု ကရှမရိအမျိုးသမီးထံသူ့ကိုယ်သူမေရှိ ဖြစ်ကြောင်း ဖေါ်ပြ သောအခါ အစာစားစရာ မလိုတော့ချေ။ ယေရှုသည် ဤလောကသို့ အစာစားဘို့ အဓိကလာသည် မဟုတ်။ သူ့ခမည်းတော် ခိုင်းသော အမှုကိုပြီး စီးအောင် ဆောင်ရွက်ဘို့ လာသည်။ ယုံကြည်သူ တိုင်း သခင်ဘုရား ခိုင်းသော အမှုကိုပြီး စီးသည် အထိ ဆောင်ရွက်ကြလျှင် မည်မျှကောင်း၍ ဘုရားအားရကျေနပ် မည်နည်း။ ယခုမူကိုယ့်အလွန် ဆန္ဒကို သာအလေးထား၍ ဘုရား ခိုင်းသောအရာ ကို လုံးဝ မလုပ်လိုကြချေ။ ယေရှုသည် အစာစားစရာ မလိုလောက်သည် အထိ ဝမ်းမြောက်ကြောင်း ထင်ရှားသည်။ သင်လည်း ဝမ်းမြောက် လိုလျှင် သခင်ဘုရား အကြောင်းကို သူတပါးထံ၌ ပြောပြပါ။
၃၅။ ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလ ဖြစ်လိမ့်မည်ဟု သင်တို့ ဆိုတတ်သည် မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ ကြည့်ကြလော့။
သခင်ယေရှု ကစပါးများ ဝင်းဝင်းမှည့်နေပြီဟုဆိုခြင်းသည် တကယ့်စပါးပြောသည် မဟုတ်၊ လူဝိညာဉ်များရိတ်သိမ်းဘို့ မည့်သည့်အကြောင်း ဝိညာဉ် စကားပြောခြင်း ဖြစ်သည်။ အဘယ်ကြောင့်လေးလလိုသေးသည်ဟုဆိုသနည်း။ ပျင်းရိသော သူများ၏ အကြောင်း ပြချက်ကို ဆိုလိုခြင်း ဖြစ်သည်။ သင်သည် ဘုရား အတွက် သက်သေခံဘို့ အဘယ်သို့သော် ဆင်​ခြေများ ပေးနေဦးမည်နည်း။ ဝိညာဉ်များဝင်းဝင်းမှည့်နေသောအရာ ကို မမြင်ခြင်းသည် မျှော်၍ မကြည့်သောကြောင့်၊ ကိုယ်လိုချင်သောအရာ ကို သာဆိုက်ကြည့်သောကြောင့် ဖြစ်သည်။
၃၆။ စပါးရိတ်သော သူသည် အခကို ခံရ၍ ထာဝရ အသက် ရှင်ခြင်း အလိုငှါ အသီးအနှံကို စုသိမ်း၏။ သို့ဖြစ်လျှင် ပျိုးကြဲသော သူနှင့် စပါးရိတ်သော သူတို့သည်အတူ ဝမ်းမြောက် ကြလိမ့်မည်။ ၃ရတဦးကား ပျိုးကြဲ၏။ တဦးကား စပါးရိတ်၏ ဟူသော စကားသည် ဤအရာ၌ အမှန်ကျသတည်း။
ခရစ်တော် ကပျိုးကြဲသော သူနှင့် စပါးရိတ်သော သူသည်အတူ ဝမ်းမြောက် မည်ဟုဆိုသည်။ တကဲ့စပါးရိတ် သောအခါ လယ်သမားများ အလွန် ဝမ်းမြောက် တတ်ကြသည်။ ဆာလံဆရာကလည်း၊ “မျက်ရည်ကျလျက် မျိုးစေ့ကြဲသော သူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။ မျက်ရည်ကျလျက် ကြဲရန်မျိိုးစေ့ကို ဆောင်၍ ထွက်သွားသော သူသည်၊ ကောက်လှိုင်းများကို ဆောင်လျက် ရွှင်လန်းသော စိတ်နှင့် အမှန်ပြန်လာလိမ့်မည်။” ဟုဆိုသည် (ဆာ ၁၂၆:၅-၆)။ ရှင်ပေါလုကလည်း၊ “ငါသည် စိုက်ပျိုးသောသူ ဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူ ဖြစ်၏။ အပင်ကို ကြီး ပွါးစေသော သူကား၊ ဘုရားသခင် ပေတည်း။ စိုက်ပျိုးသောသူ မတတ်နိုင်။ ရေလောင်းသော သူလည်း မတတ်နိုင်။ ကြီး ပွါးစေ တော်မူသော ဘုရားသခင် သာလျှင် တတ်နိုင် တော်မူ၏။ သို့သော်လည်း ၊ စိုက်ပျိုးသော သူနှင့် ရေလောင်းသော သူသည် တလုံးတဝတည်း ဖြစ်၍ ၊ အသီးအသီးမိမိ လုပ်သည် အတိုင်း မိမိအကျိုးကို ခံရလိမ့်မည်။” ဟု ရေးခဲ့သည် (၁ ကော ၃:၆-၈)။
၃၈။ သင်တို့သည် လယ်မလုပ်သော အရပ်၌ စပါးရိတ်စေခြင်းငှါ သင်တို့ကို ငါစေလွှတ်၏။ အခြားသော သူတို့သည် လယ်လုပ်ကြ၍ ၊ သင်တို့သည် ထိုသူတို့၏ အလုပ်ထဲသို့ ဝင်ရကြ၏ဟု မိန့်တော်မူ၏။
သင်တို့ ဟူသောအရာသည် တမန်တော် များကို ဆိုသည်။ သူတို့သည် လယ်မလုပ်သော နေရာ၌ ခရစ်တော် ကစေလွှတ်သည်။ ထိုနေရာသည် ယုဒလူမျိုးများကို ဆိုလိုသည်။ အခြားသော သူတို့သည် လုပ်ကြ၍ ဟူသောအရာသည် ဓမ္မဟောင်းပရောဖက်များ၊ ယဇ်ပရောဟိတ်များနှင့် ဗတ္တိဇံယောဟန်ကို ဆိုလိုသည်။ သူတို့ ကယုဒလူများကို ဘုရား အကြောင်း ဟောပြောခဲ့ကြပြီ။ ထိုသူတို့ စခဲ့သော အလုပ်ထဲ၌ တမန်တော်များကအလုပ်ဝင်ကြခြင်း ဖြစ်သည်။ ယနေ့ အမှုတော်ဆောင်များနှင့် သက်သေခံများ လည်း၊ သူတပါးလုပ်ပြီးသော အလုပ်ထဲ၌ ဝင်ခြင်း ဖြစ်ဖြစ်သည်။ ထို့ကြောင့် အောင်မြင် လျှင်လည်း မဝါကြွားသင့်ချေ။ မအောင်မြင် လျှင်လည်း စိတ်ဓါတ်မကျသင့်ချေ။ သခင်ဘုရားကိုယ်တိုင်အသက်တော် ထင်ရှားစဉ်တွင် မအောင်မြင်ဘဲ၊ သူစိုက်ခဲ့သောအရာ ကို တမန်တော်များကရိတ်သိမ်းကြောင်း တွေ့ရသည်။
၃၉။ ရှမာရိမိန်းမက၊ အ​ကျွန်ုပ်ပြုဘူးသမျှသော အမှုအရာ တို့ကို သူသည် ထုတ်ဘော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌ နေသော ရှမာရိလူအများ တို့သည် ယေရှုကို ယုံကြည် ကြ၏။
ရှမာရိမိန်းမကသူပြုဘူးသော (ယောက်ျားငါးယောက်ရှိဘူးသော) အရာကို မရှက်မကြောက် ဖေါ်ပြသည်။ ထိုအရာသည် စစ်မှန်သော နောင်တ ရခြင်း ဖြစ်သည်။ များစွာသော သူတို့သည် မိမိတို့ အပြစ်ကို မဖေါ်ပြ လိုကြချေ။ သူတပါး မသိသော ပြစ်ကိုမူဘုရား ထံ၌ သာ ဖေါ်ပြရမည်၊ လူများ ထံမှ ာ မဖေါ်ပြ ရချေ။ အပြစ် ဖေါ်ပြတောင်းပန်ခြင်းသည် ဘုရားသခင်က နှစ်သက် သကဲ့သို့ လူများကလည်း နှစ်သက်၍ အပြစ် လွှတ်တတ်သည်။ အပြစ်ကို ဖုံးလျှင် လူများ ကပို၍ ဖေါ်ချင် ကြသည်။ ဖွင့်ပြ၍ ဝန်ခံလိုက်လျှင် လူများ ကစိတ်မဝင်စားတော့ချေ။ “၃ ငါသည် အပြစ်ကို မဘော်မပြဘဲ နေစဉ်အခါတနေ့လုံးညည်းတွားသော အားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ရ၏၊ ၊ ၄ နေ့ညဉ့်မပြတ်ကိုယ်တော်၏ လက်သည် အ​ကျွန်ုပ်ပေါ်မှာ လေး၍ အ​ကျွန်ုပ်၏ ချွေးသည် နွေကာလ၌ သွေ့​ခြောက်ခြင်း ကဲ့သို့ ဖြစ်ပါ၏၊ ၊ ၅ တဖန် အ​ကျွန်ုပ်သည်ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏၊ ၊ ပြုမိသော ဒုစရိုက်ကို ဝှက်၍ မထားပါ၊ ၊ ငါလွန်ကျုးသောအရာ ကို ထာဝရ ဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆို သောအခါ ကိုယ်တော်သည် အ​ကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကို လွှတ် တော်မူ၏၊ ၊ ” (ဆာ ၃၂:၃-၅) “ကိုယ်အပြစ် တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့ အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာ တရားနှင့်၎င်း၊ ​ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံ တော်မူ၏။” (၁ ယော ၁:၉)
၄၀။ ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ ရောက်လျှင်၊ မိမိတို့ အရပ်၌ နေတော်မူ မည်အကြောင်း တောင်းပန်ကြ၏။ ထိုအရပ်၌ နှစ်ရက်နေ တော်မူ၏။
ရှမာရိလူများက ခရစ်တော်ကို သူတို့ အရပ်၌ နေဘို့ တောင်းဆို သောအခါ အစီအစဉ်မရှိဘဲ၊ နှစ်ရက်နေ တော်မူသည်ဟုဆိုသည်။ ထိုအရာသည် နှုတ်ကပတ်တော်ကို ဆာငတ်ခြင်း၊ သခင်ယေရှုကို လက်ခံခြင်း ဖြစ်သည်။ သင်သည် သခင်ယေရှုနှင့် နှုတ်ကပတ်တော်ကို ရှမာရိလူများ ကဲ့သို့ ဆာငတ်ပါသလား။
၄၁။ အခြားသော သူအများ တို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍ ၊ ၄၂ ထိုမိန်းမအား၊ ယခု ဖြစ်လျှင် ငါတို့သည် သင်၏ စကားကြောင့် သာယုံကြည်သည် မဟုတ်။ စကားတော်ကို ကိုယ်တိုင်က ြားနာရ၍ ၊ ဤသူသည်လောကီသား တို့ကို ကယ်တင် တော်မူသော သခင် တည်းဟူသောခရစ်တော် အမှန်စင်စစ် ဖြစ်တော်မူ ကြောင်းကို သိသည်ဟုဆိုကြ၏။
ယုဒလူတို့၊ အထူးသဖြင့် ကျမ်းတတ်ပုဂ္ဂိုလ်ဖာရိရှဲများနှင့် ယဇ်ပရောဟိတ်များသည် သခင်ယေရှု၏ သွန်သင်ဟောပြောသောအရာ ကို သုံးနှစ်လုံးလုံးကြားရသော်လည်း မယုံကြည် ကြချေ။ ရှမာရိအမျိုးသားများမူကား နှစ်ရက်အတွင်း ၌ သခင်ယေရှုကိုလောကီသား၏ ကယ်တင်ရှင် ခရစ်တော်ဟု သိသွားကြသည်၊ အဘယ်ကြောင့်နည်း။ ယနေ့ အမည်ခံ ခရစ်ယာန်များနှင့် ကျမ်းစာကျောင်းထွက်အမှုတော်ဆောင်များ ကသခင်ယေရှုကို မသိ၊ အသုံးမပြု၊ မယုံကြည်၊ နှုတ်အားဖြင့် သာ လက်ခံ၍ နှလုံးသား မှမယုံကြည် တတ်ကြချေ။ သင်သည် ထိုကဲ့သို့ သောသူ ဖြစ်နေပါသလား။

၄၃။ နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှ ထွက်၍ နာဇရက်မြို့ကို ရှောင်လျက် ဂါလိလဲပြည်သို့ ကြွ တော်မူ၏။ ၄၄ အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည်ကိုယ်တိုင် သက်သေခံ တော်မူ၏။ ယေရှုသည် နာဇရက်မြို့ကို ရှောင်သည်ဟုဆိုသည်။ အကြောင်းမှာ နာဇရက်မြို့သားများကသူ့ကို မယုံကြည် လက်မခံကြသောကြောင့် ဖြစ်သည်။ အမှန်မှာ နာဇရက်မြို့သား များသည် အခြား သူများထက် အခွင့်ထူးရရှိကြသော်လည်း မသိသောကြောင့် ဆုံးရှုံး ကြသည်။ ယနေ့ တရားဟောဆရာများ၏ ဆွေမျိုးသား ချင်းများ၊ မြို့သူမြို့သား များလည်း ဘုရား ပေးသောအရာ ကို မသိသောကြောင့် မဟာဆုံးရှုံးမှု ခံစား နေတတ် ကြသည်။

၄၅။ ဂါလိလဲပြည်သို့ ရောက် တော်မူ သောအခါ၊ ဂါလိလဲလူတို့သည်ကိုယ်တော်ကို လက်ခံကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယေရုရှလင် မြို့၌ ခံသော ပွဲသို့ သွားတတ်သဖြင့်၊ ထိုပွဲအတွင်း တွင် ပြု တော်မူ သမျှ တို့ကို မြင်ခဲ့ကြ၏။
သခင်ဘုရားကို နာဇရက်မြို့သားများကလက်မခံသော်လည်း ဂါလိလဲလူတို့ကို လက်ခံ ကြသည်။ ထိုအရာသည် သူတို့အတွက် ကောင်းသောအရာ ဖြစ်သည်။ သင်လည်း နာဇရက်မြို့သားများကဲ့သို့ မဟုတ်ဘဲ၊ ဂါလိလဲလူများ ကဲ့သို့ ဘုရား ယုံကြည် လက်ခံသောသူ ဖြစ်နိုင် ပါစေ။
၄၆။ ရေကို စပျစ်ရည် ဖြစ်စေသော အရပ်၊ ဂါလိလဲပြည် ကာနမြို့သို့ တဖန် ကြွ တော်မူ၏။ ကပေရနောင်မြို့၌ အမတ်တယောက်၏ သားသည် အနာ ရောဂါစွဲလျက် ရှိ၏။ ၄ရယေရှုသည် ယုဒပြည် မှဂါလိလဲပြည်သို့ ရောက် တော်မူသည်ကို ထိုအမတ်သည် ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီး ဖြစ်သော မိမိသား ဆီသို့ ကြွ၍ အနာ ရောဂါကို ငြိမ်းစေ တော်မူ မည်အကြောင်း တောင်းပန်လေ၏။
အထက်၌ ဖေါ်ပြသော အမတ်သည် သခင်ယေရှုကို ယုံကြည်သော်လည်း သူကိုယ်တိုင်ကကြွ၍ သူ၏ သားကို ကျန်းမာစေချင်သည်။ လုကာရး၆၌ ဖေါ်ပြသော ရောမတပ်မှူးနှင့် မတူချေ။ ရောမတပ်မှူးသည် ယေရှု၏ နှုတ်ထွက်စကား၌ တန်ခိုးရှိကြောင်း ယုံကြည်သည်။ ထို့ကြောင့် သခင်ယေရှုကို သူ့အိမ်သို့ မလာဘဲ အမိန့်တော် သာပေးမည့် အကြောင်း ပြောခဲ့သည်။ သင်သည် ကျမ်းစာ၌ ပြောသောအရာ များကို ယုံကြည် နိုင်ပါသလော။
၄၈။ ယေရှု ကလည်း၊ သင်တို့သည် နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှု တို့ကို မမြင်ရလျှင် ယုံခြင်း မရှိကြဟု မိန့်တော်မူသော်၊ ၄၉ သခင်၊ အ​ကျွန်ုပ်သား မသေမှီကြွ တော်မူ ပါဟု အမတ်လျှောက်ပြန်၏။ ၅၀ ယေရှု ကလည်း၊ သွားလော့။ သင်၏ သားသည် အသက် ချမ်းသာ ရပြီဟု မိန့်တော်မူ၏။ ထိုအမတ်သည် ယေရှု မိန့်တော်မူသော စကားကို ယုံ၍ သွားလေ၏။
အမတ်သည် သခင်ယေရှု၏ အစွမ်းကို ယုံကြည်သော်လည်း၊ သူကိုယ်တိုင်ကကြွလာဘို့ တောင်းဆိုနေသည်။ လူအများစုသည် သူကဲ့သို့ပင် ဖြစ်ကြသည်။ သခင်ယေရှု ကရောမတပ်မှုး၏ ယုံကြည်ခြင်းကို အံ့ဩ ချီးမွမ်းသော်လည်း ဤအမတ်ကိုမူအပြစ် တင်သည်။ ယေရှု ကသင်တို့သည် နိမိတ်က္ခဏာမြင်မှယုံကြည် တတ်သည်ဟု အပြစ် တင်သည်။ သို့သော် အမတ်၏ သားကို ကျန်းမာစေသည်။
၅၁။ လမ်း၌ သွားစဉ်တွင် မိမိငယ်သား တို့သည် ခရီး ဦးကြိုလာ၍ ၊ ကိုယ်တော်၏ သားသည် အသက် ချမ်းသာ ရပါပြီဟု ကြားလျှောက်ကြ၏။ ၅၂ အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟု မေးလျှင်၊ မနေ့ ခုနစ်နာရီ အချိန်၌ ဖျားနာပျောက်ပါသည်ဟု လျှောက်ကြ၏။ ၅၃ ထိုအချိန်ကား၊ သင်၏ သားသည် အသက် ချမ်းသာ ရပြီဟု ယေရှု မိန့်တော်မူသောအချိန် ဖြစ်သည်ကို အဘသိ၍ ၊ ကိုယ်တိုင်မှစသော မိမိအိမ်သူအိမ်သား အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ၅၄ ဤနိမိတ်လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည် မှဂါလိလဲပြည်သို့ ကြွသည် နောက်၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာ ဖြစ်သတည်း။
အမတ်၏ သားသည်ကိုယ်တိုင်ထိတွေ့ခြင်း မရှိသော်လည်း သခင်ယေရှု ကသင်၏သား ချမ်းသာ ရပြီဟုဆိုသော အချိန်၌ ကျန်းမာကြောင်း တွေ့ရသည်။ ထို့ကြောင့် သခင်ဘုရား၏ နှုတ်တော် ထွက်စကားသည် တန်ခိုးရှိကြောင်း သိရသည်။ ​ကျွန်ုပ်တို့လည်း သခင်ဘုရားကို ကိုယ်တိုင်ကိုယ်ခန္ဓာအားဖြင့် မတွေ့ရသော်လည်း သူ၏ နှုတ်ကပတ်တော်ကို ဖတ်ရှု၍ ယုံကြည်လျှင် များစွာသော အကျိုးကျေးဇူူးခံစား နိုင်ပါသည်။ အမတ်ကသာ မဟုတ်သူ၏ အိမ်သူအိမ်သား များလည်း သခင်ယေရှုကို ယုံကြည်လာ ကြသည်။

.

^

ယော ၅

ကနားပြင်ပုံ (Colonade) ဗေသေသဒရေကန်ပုံ (Bethesda Pool)
၁။ ထိုနောက်မှယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင် မြို့သို့ ကြ တော်မူ၏။ ၂ ယေရုရှလင် မြို့၌ သိုးတံခါးနားမှာဟေဗြဲဘာသာစကား အားဖြင့် ဗေသေသဒ (​Bethesda) အမည်ရှိသော ရေကန်ရှိ၏။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ၏။ ၃။ ထိုကနားပြင်တို့၌ မျက်စိကန်း၊ ​ခြေမစွမ်း၊ ကိုယ်ပိန်​ခြောက်သော သူတို့ မှစ၍ အနာ ရောဂါစွဲသော သူများ အပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မြော်လင့်၍ နေကြ၏။ ၄ အကြောင်းမူကား၊ အချိန် တန်လျှင် ကောင်းကင်တမန်သည် ရေကန်သို့ ဆင်းသက်၍ ရေကို လှုပ်ရှားတတ်၏။ ထိုသို့ ရေလှုပ်ရှားသည် နောက်၊ ရှေ့ဦးစွာ ဝင်သော သူသည် မိမိ၌ စွဲသမျှသော အနာ ရောဂါနှင့် ကင်းလွတ်ခြင်းသို့ ရောက်တတ်၏။
အချို့သော ကျမ်းတတ်များ ကဤအပိုဒ်သည် မူရင်းကျမ်း၌ မပါပါဟုဆို ကြသည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်သည် နည်းမျိုးစုံဖြင့် လူနာများကို ကျန်းမာစေနိုင်သည်။ ပေတရု၏ အရိပ် (တ ၅:၁၅)၊ ပေါလု၏ ပုဝါ (တ ၁၉:၁၁-၁၂) အားဖြင့် ကျန်းမာစေကြောင်း တွေ့ရသည်။ ထို့ကြောင့် ကောင်းကင်တမန်အားဖြင့်လည်း ကျန်းမာစေနိုင်သည်။
၅။ ထိုအခါ သုံးဆယ်ရှစ်နှစ်ပတ်လုံးရောဂါစွဲသော သူတယောက်သည် ရေကန်နားမှာရှိ၏။ ၆ ထိုသူသည် တုံးလုံးနေသည်ကို ယေရှု မြင် တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျန်းမာခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။
အဘယ်ကြောင့်သခင်ယေရှု ကလူနာကို ကျန်းမာလိုသလောဟု မေးသနည်း။ လူနာတိုင်းသည် ကျန်းမာလိုကြသည် မဟုတ်လော။ အကြောင်းမှာ လူနာ၏ ဆန္ဒအပါဘဲ အဘယ်အမှုကို မျှမလုပ်လိုပါ။ ထို့ကြောင့်၊ ရေငတ်သော သူရှိလျှင် (ယောရး၃ရ)၊ ငါ၌ ဆည်းကပ်လိုသောသူ ဖြစ်လျှင် (မ ၁၆:၂၄) ဟုဆိုတတ်ခြင်း ဖြစ်သည်။ သခင်ဘုရားသည် အဘယ်အရာကို မျှ အတင်းဖြင့် မလုပ်၊ မပေးပါ။ ကာယကံရှင်၏ အလိုဆန္ဒကို တန်ဘိုး ထားသည်။
ရ။ နာသော သူကလည်း၊ သခင်၊ ရေလှုပ်ရှား သောအခါ ရေကန်ထဲသို့ အ​ကျွန်ုပ်ကို သွင်းထားမည့်သူ မရှိပါ။ အ​ကျွန်ုပ်သွားစဉ်တွင် အခြားသော သူသည် အ​ကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက်၏။
လူနာကသူ့ကို မေးသော သူကို မသိသောကြောင့် ရေကန်၌ သွင်းမည့်သူမရှိကြောင်း ပြောပြခြင်း ဖြစ်သည်။ သခင်ယေရှု ကကျန်းမာစေနိုင်ကြောင်း သိလျှင် ထိုသို့ ပြောမည် မဟုတ်။ ဝမ်းမြောက် ဝမ်းသာဖြင့် ကျန်းမာလိုသည်၊ မစ တော်မူ ပါဟု ပြောလိုက်ရုံ ဖြစ်သည်။ ​ကျွန်ပ်တို့လည်း ဘုရား၏ တန်ခိုးကို မသိသောကြောင့် လူ့နည်းလူ့ဟန်ဖြင့် တောင်းလျှောက်တတ်ကြသည် မဟုတ်လော။ ဘုရားသည် သူ့နည်းသူ့ဟန်ဖြင့် လုပ်ပါလိမ့်မည်။ ဘုရားကို ဆရာမလုပ်သင့်ပါ။ စာရကဘုရားကို ကူညီသောကြောင့် သူ့ယောက်ျားသည် ​ကျွန်မဟာဂရအားဖြင့် ဣရှာမေလမွေးခဲ့သည် မဟုတ်လော။
၈။ ယေရှုကလည်း ထလော့။ ကိုယ်အိပ်ယာကို ဆောင်၍ လှမ်းသွားလော့ဟု မိန့်တော်မူသည်၊ ၉ ခဏခြင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ ရောက်၍ ၊ မိမိအိပ်ရာကို ဆောင်လျက် လှမ်းသွား၏။
သခင်ယေရှုက ကောင်းကင်တမန် စောင့်စရာ မလိုဘဲ သူ၏ အမိန့်တခွန်းတည်းဖြင့် လူနာကို ကျန်းမာစေသည်။ ကျွန်ုပ်တို့၏ ပြသနာ ကိုလည်း သူ့နည်းဖြင့် ​ ဖြေရှင်း ပေးနိုင်သည်။ ထိုလူနာသည် ယေရှု၏ စကားကို သံသယမရှိဘဲ ချက်ခြင်း ထသကဲ့သို့ ​ကျွန်ုပ်တို့လည်း ဘုရား၏ စကားကို ယုံကြည်ခြင်းဖြင့် လုပ်သင့်သောအရာ များကို ချက်ခြင်း လုပ်ဆောင်ကြပါစို့။
၁၀။ ထိုနေ့သည် ဥပုသ်နေ့ ဖြစ်၏။ ထိုကြောင့်ယုဒလူတို့ ကဥပုသ်နေ့ ဖြစ်၏။ အိပ်ရာကို မဆောင်အပ်ဟု ရောဂါကင်းသော သူအား ဆိုကြ၏။ ၁၁ သူကလည်း၊ အ​ကျွန်ုပ်ကို ကျန်းမာစေသော သူက၊ ကိုယ်အိပ်ရာကို ဆောင်၍ လှမ်းသွားလော့ဟုဆိုသည်ဟု ပြန်ပြော၏။
အဘယ်ကြောင့်ယေရှုသည် လူနာများကို ဥပုသ်နေ့၌ ကျန်းမာစေတတ်သနည်း (မ ၁၂:၉-၁၃၊ လု ၁၃:၁၁-၁၄၊ ယော ၉)။ ဖာရိရှဲများ ကအပြစ် တင်မည့် အရာကို မသိသလော။ သိပါသည်။ သို့သော် သူသည် ဥပုသ်နေ့၏ အရှင် ဖြစ်ကြောင်း သိစေချင် သောကြောင့် ဖြစ်သည်။ လူနာများသည် ဥပုသ်နေ့၌လည်း မနားနိုင်ဘဲ အနာ ရောဂါခံစား နေကြသည်။ ထို့ကြောင့် ယေရှု ကဥပုသ်နေ့၌ နားရသော အခွင့်ကို ပေးတတ်ခြင်း ဖြစ်သည်။ ယုဒလူများ ကမူလူနာများ အနားယူခြင်းထက် ဥပုသ်နေ့စောင့်ခြင်းကို ပို၍ အလေးထား ကြသည်။
၁၂။ ယုဒလူတို့ ကလည်း၊ ကိုယ်အပ်ယာကို ဆောင်၍ လှမ်းသွားလော့ဟု သင့်အား ဆိုသော သူကား အဘယ်သူ နည်းဟု မေးမြန်းကြ၏။ ၁၃ ထိုသူကား အဘယ်သူ ဖြစ်သည်ကို ရောဂါကင်းသော သူသည် မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ စုဝေးလျက် ရှိသည် ဖြစ်၍ ယေရှုသည် မထင်မရှားထွက်ကြ တော်မူ၏။
လူနာသည် သူ့ကို ကျန်းမာစေသော သူကို မသိချေ။ အပြစ် တင်မစောစေချင်ပေ။ ​ကျွန်ုပ်တို့လည်းကိုယ့်ကို မစသော ဘုရားသခင်ကို မသိဘဲ ရှိတတ်ကြသည် မဟုတ်လော။ လူနာကယေရှုကို မျက်​ခြေပျက်သွား သကဲ့သို့ ကျွန်ုပ်တို့လည်း ကိစ္စဗျာများ သောကြောင့် အသက်တာ၌ ယေရှု ပျောက်သွားတတ်သည်ကို သထားကြစို့။
၁၄။ ထိုနောက်မှယေရှုသည် ဗိမာန်တော်၌ ထိုသူကို တွေ့ တော်မူလျှင် သင်သည် ကျန်းမာခြင်းရှိ၏။ သာ၍ ဆိုးသော ဘေးနှင့် ကင်းလွတ် မည်အကြောင်း နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ယေရှု ကထိုလူနာကို ပြန်၍ သတိပေးသနည်း။ သူ၏ အနာသည် ဒုစရိုက်အပြစ်ကြောင့် ဖြစ်သည်ကို ယေရှု၏ ဆုံးမခြင်းအားဖြင့် သိရသည်။ နောက်ထပ်မနာဘို့ရန် ဒုစရိုက်ကို ရှောင်ဘို့ သတိပေးသည်။ ​ကျွန်ုပ်တို့လည်း တခုခု ဖြစ်လျှင် ပဌမ ဦးဆုံးကိုယ့်အပြစ်ရှိမရှိစစ်ဆေးဘို့ လိုသည်။ အပြစ်ကြောင့် ဖြစ်လျှင် နောင်တ ရ၍ ၊ နောက်ထပ်မကျူးလွန်ဘို့ ဖြစ်သည်။
၁၅။ ထိုသူသည် သွား၍ မိမိကျန်းမာစေသော သူသည် ယေရှု ဖြစ်သည်ကို ယုဒလူတို့အား ကြားပြောလေ၏။
အဘယ်ကြောင့်ကျန်းမာလာသော လူနာကယုဒလူတို့ ထံသူ့ကို ကျန်းမာစေသော သသည် ယေရှု ဖြစ်ကြောင်း ပြောလိုက်သနည်း။ သူသည် ယုဒလူများ၏ အပြစ် တင်ခြင်းကို မခံလိုသောကြောင့်၊ ကြောက်သောကြောင့် ဖြစ်မည်။ ခရစ်တော်ကြောင့် သူတပါး၏ အပြစ် တင်ခြင်း၊ ငြိုဆူခြင်း ခံနိုင်ပါသလား။
၁၆။ ထိုအမှုကို ဥပုသ်နေ့၌ ပြု တော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကို ညှဉ်းဆဲကြ၏။
ယုဒလူများ ကလူနာကို ဥပုသ်နေ့၌ ကျန်းမာစေသောကြောင့် ယေရှုကို ညှဉ်းဆဲကြသည်ဟုဆိုသည်။ ဥပုသ်နေ့၌ တိရစ္ဆာန်ကိုတွင်း ထဲမှကယ်လျှင် အပြစ် တင်ကြမည် မဟုတ်။ ယေရှုကို မည်ကဲ့သို့ ညှဉ်းဆဲကြသည်ဟု မရေးသော်လည်း အပြစ် တင်ခြင်းအားဖြင့် ဖြစ်ပါလိမ့်မည်။
၁ရ။ ယေရှု ကလည်း၊ ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ် တော်မူသည် ဖြစ်၍ ငါသည်လည်း လုပ်၏ဟု ပြန်ပြော တော်မူ၏။
ဘုရားသခင်သည် ဖန်ဆင်းခြင်း အပြီး ခုနှစ် ရက်နေ့၌ အနားယူ တော်မူ၏ဟုဆိုခဲ့သည် (က ၂:၁-၃)။ သို့သော် လူကစကားတော် နားမထောင်၊ စာတန် စကားကို နားထောင်ခြင်း အားဖြင့် အပြစ် လုပ်သောကြောင့် ဘုရားသခင်သည် အနားမယူနိုင်တော့ဘဲ ယနေ့ တိုင်အောင် အလုပ်လုပ်ဘို့ လိုလာသည်။ ခရစ်တော် သည်လည်း အနားမယူဘဲ အလုပ်လုပ်သည်။
၁၈။ သို့ဖြစ်၍ ဥပုသ်နေ့ကို ဖျက်သည် သာမက၊ ဘုရားသခင်ကို မိမိအဘဟု ခေါ်၍ မိမိကို ဘုရားသခင်နှင့် ဗြုင်နှိုင်း တော်မူသောကြောင့်၊ ယုဒလူတို့သည်ကိုယ်တော်ကို သတ်ခြင်းငှါ သာ၍ ရှာကြံကြ၏။
ယေရှုသည် ဘုရား ဖြစ်သော်လည်း ယုဒလူများက မသိသောကြောင့် ဘုရား ဖြစ်ယောင်ဆောင်သည်ဟု ထင် နေကြသည်။ ဘုရား ဖြစ်ယောင်ဆောင်ခြင်းသည် သေပြစ်ပေးထိုက်သည် မှန်ပါသည်။ သို့သော် ယေရှုသည် ဘုရား အမှန် ဖြစ်သောကြောင့် သတ်သင့်သည် မဟုတ်၊ ကိုးကွယ်ရမှာ ဖြစ်သော်လည်း သူတို့က မသိနိုင်သောကြောင့် ထိုကဲ့သို့ သတ်ဘို့ရန် ကြံစည်ကြခြင်း ဖြစ်သည်။ လောက မှာယေရှုကို မသိခြင်း အရာသည် အဆိုးဆုံးသောအရာ ဖြစ်သည်။
၁၉။ ယေရှု ကလည်း၊ သင်တို့အား ငါ့အမှန်အကန်ဆိုသည်ကား၊ ခမည်းတော် ပြု တော်မူသော အမှုကို သားတော်သည် မြင်၍ သာပြု၏။ မိမိအလိုအလျောက်အဘယ်အမှုကို မျှမပြုနိုင်။ ခမည်းတော် ပြု တော်မူ သမျှ အတိုင်း သားတော်လည်း ပြု၏။ ၂၀ ခမည်းတော်သည် သားတော်ကို ချစ် တော်မူ၍ ပြု တော်မူ သမျှ တို့ကို သားတော်အား ပြတော်မူ၏။ သင်တို့သည် အံ့ဘွယ်ရှိစေခြင်းငှါ ဤမျှမကသာ ၍ ကြီးစွာသော အမှုအရာ တို့ကို သားတော်အား ပြတော်မူ လိမ့်မည်။
ယုဒလူများ ကသူ့ကို မသိနိုင်ကြသော်လည်း၊ ယေရှု ကသူသည် ခမည်းတော်နှင့် စပ်ဆိုင်ကြောင်းကို ဆက်၍ ပြောနေသည်။ သူသည် ခမည်းတော်နှင့် စပ်ဆိုင်ခြင်းသည် သူပြုသော အမှုများအားဖြင့် ဖြစ်ကြောင်း၊ နောက်ထပ်လည်း ကြီးစွာသောအမှု တို့ကို သူတို့သည် မြင်ရမည့် အကြောင်း ပြောနေသည်။ လောက မှာ သဘော မပေါက်နိုင်၊ လက်မခံချင်သော သူကို ရှင်းပြခြင်းသည် အခက်ဆုံးအရာ တခု ဖြစ်သည်။
၂၁။ ခမည်းတော်သည် သေလွန်သော သူတို့ကို ထမြောက် ရှင်ပြန်စေ တော်မူ သကဲ့သို့၊ ထိုနည်းတူ သားတော် သည်လည်း အလိုရှိသမျှသော သူတို့ကို ရှင်စေ၏။ ၂၂ လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည် နည်းတူ ၊ ၂၃ သားတော်ကို ရိုသေစေမည်အကြောင်း၊ ခမည်းတော်သည် အဘယ်သူကို မျှတရားစီရင်တော် မမူ။ တရားစီရင်ခြင်း အခွင့်ရှိသမျှကို သားတော်အား အပ် ပေးတော်မူ၏။ သားတော်ကို မရိုသေသော သူသည်ကား၊ သားတော်ကို စေလွှတ် တော်မူသော ခမည်းတော်ကို မရိုသေသောသူ ဖြစ်၏။
ယေရှု ကသူသည် ခမည်းတော် နည်းတူ ဖြစ်ကြောင်းကို အသက် ရှင်စေနိုင်ခြင်းအားဖြင့် ပြောပြနေသည်။ ခမည်းတော်ကို လက်ခံလျှင် သားတော် ကိုလည်း လက်ခံဘို့ လိုကြောင်း၊ သူသည် ဘုရား ဖြစ်ကြောင်းကို တရားစီရင်ပိုင်ခွင့်ရှိ ခြင်းအားဖြင့် လည်း သက်သေပြသည်။
၂၄။ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ် တော်မူသော သူကို ယုံကြည်သော သူသည် ထာဝရ အသက်ကို ရသည် ဖြစ်၍ အပြစ် စီရင်ခြင်းကို မခံရ။ သေခြင်း မှအသက် ရှင်ခြင်းသို့ ကူးမြောက်သောသူ ဖြစ်၏။ ၂၅ ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သော သူတို့သည် ဘုရားသခင် သားတော်၏ စကား သံကို ကြား၍ ၊ ကြားသော အားဖြင့် အသက် ရှင်ရမည့်အချိန် ကာလသည် လာ၍ ယခုပင်ရောက်လျက် ရှိ၏။ ၂၆ အကြောင်းမူကား၊ ခမည်းတော်သည်ကိုယ်၌ အသက် ရှိတော်မူသည် နည်းတူ သားတော်သည် မိမိ၌ အသက် ရှိရသော အခွင့်ကို ပေးတော်မူ၏။
ထာဝရ အသက် ဟူသော စကား လုံးသည် ဓမ္မသစ်ကျမ်းထဲ၌ အကြိမ် ၃၀ ဖေါ်ပြရာတွင် ယောဟန်က ၁၅ ကြိမ်အသုံးပြုထားသည်။ လူများသည် ထာဝရ အသက်၏ တန်ဘိုးကို မသိကြသောကြောင့် အလိုမရှိကြချေ။ ထို့ထက် ခဏသာတည်မည့် သခ်ါရအသက်၊ ကိုယ်ခန္ဓာအသက်ကို အလွန် တန်ဘိုး ထားအလိုရှိ ကြသည်။ ယေရှု ကသူ့ကို စေလွှတ် တော်မူသော ခမည်းတော်ကို ယုံကြည်လျှင် ထာဝရ အသက် ရမည်ဟုဆိုသည်။ အကျင့်အားဖြင့် မဟုတ်၊ ယုံကြည်ခြင်းအားဖြင့် သာရရှိနိုင်သည်။ ယုံကြည်ခြင်းအားဖြင့် အပြစ် စီရင်ခြင်း မှလည်း ကင်းလွတ် မှာ ဖြစ်သည်။ ယေရှု ကသူသည် ခမည်းတော် ကဲ့သို့ အသက် ရှိ၍ သူ၏ အသံကြားကို ရသောအားဖြင့် အသက် ရှင်မည့် အကြောင်း ပြောနေသော်လည်း နားမလည် နိုင်ကြပါ။ သင်သည် ထိုအရာကို နားလည်ပါသလား။
၂ရ။ သားတော်သည် လူသား ဖြစ်သောကြောင့် တရားစီရင်ခြင်း အခွင့်ကိုလည်း အပ် ပေးတော်မူ၏။ ၂၈ ဤအမှု အရာကို အံ့ဩခြင်း မရှိကြနှင့်။ သင်္ချိုင်းများ မှာရှိသောသူ အပေါင်းတို့သည် သားတော်၏ စကား သံကို ကြား၍ ၊ ၂၉ ထွက်ရမည့် အချိန်ကာလ ရောက်လတံ့။ ကောင်းသော အကျင့်ကို ကျင့်သော သူတို့သည် အသက် ရှင်ရာထမြောက် ခြင်းသို့၎င်း၊ ဆိုးယုတ်သော အကျင့်ကို ကျင့်သော သူတို့သည် အပြစ် စီရင်ရာထမြောက် ခြင်းသို့၎င်းထွက်ရကြလတံ့။
ယေရှု ကသူသည် တရားစီရင်ပိုင်ခွင့်ရှိကြောင်း၊ သင်္ချိုင်းမှာသေလွန်ခဲ့ပြီးသော သူများကလည်း သူ၏ အသံကို ကြားမည့် အကြောင်း ပြောပြနေသည်။ သို့သော် ယုဒလူများအတွက် နားမလည် နိုင်ပါ။ လူသည် သေပြီးလျှင် မဆုံးသေးကြောင်း၊ ထမြောက်ခြင်းရှိ၍ အသက် ရှင်ခြင်းသို့ ထမြောက် မည့်သူနှင့် အပြစ် စီရင်ခြင်း ခံဘို့ ထမြောက် မည့်သူများရှိကြောင်း ပြောနေသည်။ သင်သည် သေလွန်လျှင် မည်သည့်ထမြောက် ခြင်း၌ ထမြောက် မည်နည်း။
၃၀။ ငါသည်ကို ု်ယ်အလိုအလျောက်အဘယ်အမှုကို မျှမပြုနိုင်။ ငါသည် ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်း သည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည်ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ် တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏။
ယေရှု ကသူသည် သူ့ အလိုဆန္ဒအလျောက်ဘာမျှမလုပ်ကြောင်း၊ ခမည်းတော်၏ အလိုတော်ကို သာဆောင်ကြောင်း ပြောပြသည်။ ယုံကြည်သူ တိုင်းလည်းကိုယ့် အလိုဆန္ဒအတိုင်း အသက် မရှင်သင့်ချေ။ သို့သော် ပါးစပ်အားဖြင့် ဝန်ခံသော်လည်း လက်တွေ့မှာလူတိုင်းကိုယ့် အလိုဆန္ဒကို ဦးစားပေးအသက် ရှင် နေကြသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။ ထိုကြောင့် ဝိညာဉ် လူမ ဖြစ်နိုင် ကြခြင်း ဖြစ်သည်။
၃၁။ ငါသည်ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေမတည်။ ၃၂ ငါ၏ အကြောင်းကို သက်သေခံသော သူတပါးရှိသေး၏။ ထိုသူ၏ သက်သေတည်ကြောင်းကို ငါသိ၏။
ဘုရားသခင်က နှစ်ဦးသုံးဦး သက်သေခံခြင်း သာလျှင် တည်သည်ဟု သင်ပေးခဲ့သည် (တရားဟော ၁၉:၁၅)။ ထို့ကြောင့် ယေရှု ကသူ့အကြောင်း သက်သေခံသော သူတပါးရှိသေးကြောင်း ပြောပြခြင်း ဖြစ်သည်။ ထိုသူသည် ယောဟန်ကို ဆိုုိလိုသည် မဟုတ်ခမည်းတော်ကို ဆိုလိုကြောင်း အောက်၌ ဖေါ်ပြထားသည်။
၃၃။ သင်တို့သည် ယောဟန်ထံသို့ စေလွှတ်ကြ၏။ သူသည် သမ္မာတရား ဘက်၌ သက်သေခံ၏။ ၃၄သို့သော်လည်း လူပေးသော သက်သေကို ငါသည် ပမာဏမပြု။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း ဤစကားကို ငါပြော၏။ ၃၅ ယောဟန်သည် ညှိထွန်း၍ လင်းသော ဆီမီး ဖြစ်၏။ သင်တို့သည် သူ၏ အလင်း၌ ခဏသာမွေ့လျော်ခြင်းငှါ အလိုရှိကြ၏။
ယောဟန်သည် အဓိကအားဖြင့် ယေရှု၏ အကြောင်းကို သက်သေခံဘို့ရန် စေလွှတ်ခြင်း ခံသောသူ ဖြစ်သည် (ယော ၁:ရ၊ ၁၅၊ ၃:၂၆)။ ယောဟန်၏ ဟောပြောခြင်းကို ယုဒလူများ ကခဏသာ လက်ခံ ကြသည်။ သို့သော် ယေရှု ကယောဟန်၏ သက်သေခံခြင်းထက် ဘုရား၏ သက်သေခံခြင်းကို ပို၍ အမှီပြုသည်။ ​ကျွန်ုပ်တို့လည်း ဘုရား သက်သေခံခြင်းကို ပို၍ လိုချင် သင့်သည်။
၃၆။ ယောဟန်၏ သက်သေထက် သာ၍ ကြီးသော သက်သေသည် ငါ၌ ရှိ၏။ အကြင်အမှု တို့ကို ငါပြီး စီးစေခြင်းငှါ ခမည်းတော်သည် ငါ့လက်သို့ အပ် တော်မူ၍ ၊ ငါပြုသော ထိုအမှုတို့ သည်လည်း ငါ့ဘက်၌ နေ၍ ၊ ခမည်းတော်သည် ငါ့ကို စေလွှတ် တော်မူသည် အကြောင်းကို သက်သေခံကြ၏။
ယောဟန်၏ သက်သေခံခြင်းထက် ကြီးသော သက်သေသည် ဘုရားသခင်က ပြုလုပ်၍ ၊ ယေရှု ပြု တော်မူသော အမှုများအားဖြင့် ထင်ရှားသည်။ ယေရှုသည် ဘာအမှုများပြုသနည်း။ လူနာများကို ကျန်းမာစေသည်။ နူနာများကို သန့်ရှင်းစေသည်။ နတ်ဆိုးများ နှင်ထုတ်၍ သေသော သူများကို ရှင်စေသည်။ အစာပွားစေသေည်။ လှိုင်းတံပိုးများ ငြိမ်စေသည်။ ထိုအရာများသည် သူ၏ သက်သေများ ပင် ဖြစ်သည်။
၃၇။ ခမည်းတော် သည်လည်း ငါ့ဘက်၌ သက်သေခံ တော်မူ၏။ ခမည်းတော်၏ စကား သံတော်ကို သင်တို့သည် မကြား၊ သဏ္ဍာန်တော်ကို မမြင်၊ ၃၈ နှုတ်ကပတ်တော် သည်လည်း သင်တို့၌ မတည်။ အကြောင်းမူကား၊ စေလွှတ် တော်မူသော သူကို သင်တို့သည် မယုံကြည်ဘဲ နေကြ၏။
စေလွှတ် တော်မူသော သားတော် ယေရှုကို မယုံကြည် သောကြောင့် ခမည်းတော်၏ အသံကို မကြား၊ သဏ္ဍာန်တော် ကိုလည်း မမြင်ခြင်း ဖြစ်သည်။ အကြောင်းမှာ သားတော်သည် ခမည်းတော်ကို ထင်ရှားစေသည် (ယော ၁:၁၈)။ ထို့အပြင် ဘုရားသခင်သည် သားတော်အားဖြင့် လူများကို စကားပြောသည် (ဟေ ၁:၁၊ ၂)။
၃၉။ ကျမ်းစာ အားဖြင့် ထာဝရ အသက်ကို ရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာ ပင်ငါ၏ သက်သေ ဖြစ်၏။ ၄၀ သင်တို့သည် အသက်ကို ရအောင် ငါ့ထံသို့ လာခြင်းငှါ အလိုမရှိကြ။
ယုဒလူများ ကကျမ်းစာအားဖြင့် ထာဝရ အသက် ရမည်ဟု ထင်၍ ကျမ်းစာကို စေ့စေ့ကြည်ရှု သကဲ့သို့ ယနေ့ ခရစ်ယာန်များကလည်း ထင်ကြဆဲ ဖြစ်သည်။ ထို့ကြောင့် ကျမ်းစာကျောင်းဘွဲ့များများ ရရှိဘို့၊ ကျမ်းတတ်ဘို့ ကြိုးစား ကြသည်။ ထိုသူများကို အထင်ကြီး ကြသည်။ အသက်သည် ကျမ်းစာ၌ မရှိ၊ ယေရှု၌ သာရှိသည်။ အသက် ရရှိဘို့ရန် ယေရှု ထံသို့ လာကြကုန်အံ့။
၄၁။ လူပေးသော ဘုန်းအသရေကို ငါမခံ။ ၄၂သို့သော်လည်း ဘုရားသခင်ကို ချစ်ခြင်းမေတ္တာသည် သင်တို့၌ မရှိသည်ကို ငါသိ၏။
လူအများစုသည် လူလူချင်းပေးသော ဘုန်းကို အလွန် အလိုရှိ ကြသည်။ ထို့ကြောင့် ပွဲများ၊ စည်းဝေးပွဲများ၊ လူအုပ်များသော နေရာ၌ ချီးမြှောက်ခြင်း ခံဘို့ ကြိုးစား ကြသည်။ လူများ၏ ပယ်ခြင်းကို ကြောက် ကြသည်။ ယေရှုသည် လူပေးသော ဘုန်းထက် ဘုရား ပေးသော ဘုန်းကို အလိုရှိ သကဲ့သို့ ​ကျွန်ုပ်တို့လည်း လူပေးသော ဘုန်းထက် ဘုရား ပေးသော ဘုန်းကို လိုချင် ကြစို့။ ယေရှု ကယုဒလူတို့သည် ဘုရားကို မချစ်ကြကြောင်း ပြောသည်။ ​ကျွန်ုပ်တို့ ကောဘုရားကို ချစ်ကြပါသလော။
၄၃။ ငါသည် ခမည်းတော်၏ အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကို လက်မခံကြ။ အခြားသော သူသည် မိမိအခွင့်နှင့် ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။
ယေရှုသည် ဘုရား အခွင့်နှင့် ရောက်လာသော်လည်း ယုဒလူများ ကလက်မခံကြချေ။ ယနေ့ ခရစ်ယာန်များကလည်း ပါးစပ်အားဖြင့် သာယေရှုကို လက်ခံကြသော်လည်း အသက်တာကြည့်လျှင် လက်မခံကြချေ။ ယုဒလူများထက် သာ၍ ဆိုးသည်။ အခြားသော သူသည် အန္တီခရစ်ကို ဆိုလိုသည်။ ဘေးဒဏ်ကြီး ကာလ၌ ယုဒလူများ ကအန္တီခရစ်ကို လက်ခံကြမှာ ဖြစ်သည်။ ယနေ့လည်း ယေရှု နာမည်ခံသော တရားဟောဆရာအတုများကို သာလျှင် လက်ခံ ကြသည်။
၄၄။ အချင်းချင်းပေးသော ဘုန်းအရေကို သာခံ၍ ၊ ဘုရားသခင် သာလျှင် ပေးတော်မူ တတ်သော ဘုန်းအသရေကို အလိုမရှိသော သင်တို့သည် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။
ဘုရားသခင်ကို မယုံကြည် နိုင်ခြင်းသည် အချင်းချင်းပေးသော ဘုန်းကို လိုချင် သောကြောင့် ဖြစ်သည်။ အဓိပ္ပါယ်မှာလူလူချင်းကို သာလျှင် အဓိကထား၊ ဂရုစိုက်သောကြောင့် ဘုရားသခင်ကို ဂရုမစိုက်ကြခြင်း ဖြစ်သည်။ ဘုရားကို အဓိကထားသော သူများ ကမူလူပေးသော ဘုန်း၊ ချီးမွမ်းခြင်းထက် ဘုရား ပေးမည့် ဘုန်း၊ ချီးမွမ်းခြင်းကို လိုချင်သည်။ ထိုသူကို လူများ ကပျက်ရယ်ပြုတတ်ကြသောကြောင့် လူအများစုကလူကို သာအာရုံစိုက်ခြင်း ဖြစ်သည်။ လူပေးသော ဘုန်းသည် ယခုချက်ခြင်းရရှိသော်လည်း ဘုရား ပေးသော ဘုန်းသည် နောက်မှရရှိမှာ ဖြစ်သောကြောင့်လည်း မလိုချင် မစောင့်ချင် ကြခြင်း ဖြစ်သည်။
၄၅။ ခမည်းတော် ရှေ့၌ ငါသည် သင်တို့ကို အပြစ် တင်မည်ဟု မထင်ကြနှင့်။ သင်တို့ကို အပြစ် တင်သော သူတပါးရှိသေး၏။ ထိုသူကား သင်တို့ကိုးစားသော မောရှေပေတည်း။ ၄၆ သင်တို့သည် မောရှေ၏ စကားကို ယုံလျှင် ငါ့စကားကို မယုံဘဲ မနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည် ငါ့အကြောင်းကို ရေးထား၏။ ၄ရသူရေးထားသော စာကို သင်တို့သည် မယုံလျှင်၊ ငါ့စကားကို အဘယ်သို့ ယုံနိုင်မည်နည်းဟု ယုဒလူတို့အား မိန့်တော်မူ၏။
ယုဒလူများ ကယေရှုထက် မောရှေကို အလွန် လေးစား ကြသည်။ မျက်စိကန်းဘူးသော သူထံ၌၊ “သင်သည် သူ့တပည့် ဖြစ်၏။ ငါတို့ မူကား မောရှေ၏ တပည့် ဖြစ်ကြ၏။ ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထား တော်မူ ကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိဟု ကဲ့ရဲ့၍ ပြောဆို ကြလျှင်” (ယော ၉:၂၈) ဟုဆို ကြသည်။ ထိုသို့ မောရှေကို ယေရှုထက် ကြီး မြတ်သည်ဟုဆိုကြသော်လည်း၊ မောရှေကသူတို့ကို အပြစ် တင်မှာ ဖြစ်သည်။ အကြောင်းမှာ မောရှေသည် ယေရှု၏ အကြောင်းကို ရေးထားခြင်း ဖြစ်သည်။ သူရေးထားသော စာကို အလေးထားသော်လည်း ဆိုလိုရင်း နားမလည် ကြချေ။ ထို့ကြောင့် ကျမ်းစာကို အလေးထားသော်လည်း ဆိုလိုရင်း နားမလည်လျှင် အလွန် ကြောက်စရာ ကောင်းသည်။ ရိုးရိုးလေးနှင့် အလွန် အပြစ် ကြီး နိုင်သည်။

.

^

ယော ၆

၁။ ထိုနောက်မှယေရှုသည် တိဗေရိအိုင် တည်းဟူသောဂါလိလဲအိုင်ကို ကူး တော်မူ၏။ ၂ အနာ ရောဂါစွဲသော သူတို့၌ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို လူအစုအဝေး အပေါင်းတို့သည် မြင်ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။
ဂါလိလဲအိုင်ကို အမျိုးမျိုး ခေါ် ကြသည်။ ဤနေရာ၌ တိဗေရိအိုင်ဟူ၍ ၎င်း၊ (လု ၅:၁)၌ ဂနေ်သရက်အိုင်ဟူ၍ ၎င်း၊ ခေါ်သည်။ ခရစ်တော်၌ နောက်လိုက်သော သူအမျိုးမျိုးရှိသည်။ အံ့ဩဘွယ်သူပြုသောအရာ များကို မြင်ချင် သောသူ၊ အနာ ရောဂါငြိမ်းခြင်း ခံဘို့ လိုက်သောသူ၊ အပြစ် တင်ဘို့ လိုက်သောသူ (ဖါရိရှဲများ၊ ဇဒ္ဒုက္က​ဲများနှင့် ယဇ်ပုရောဟိတ် များ)၊ အစာ​ကျွေးတတ်သောကြောင့် လိုက်သောသူ၊ သူများ လိုက်၍ လိုက်သော သူဟူ၍ အအကြောင်း အမျိုးမျိုးကြောင့် လိုက် ကြသည်။ ယနေ့ တိုင်အောင် အကြောင်း အမျိုးမျိုးကြောင့် လိုက် ကြသည်။ သင်သည် မည်သည့်ရည်ရွယ်ချက်ကြောင့်လိုက်သနည်း။ အထက်ပါ ကျမ်းပိုဒ်၌ နိမိတ်လက္ခဏာမြင်သောကြောင့် လိုက်ကြသည်ဟုဆိုသည်။
၃။ ယေရှုသည် တောင်ပေါ်သို့ တက်ကြွ၍ တပည့်တော် တို့နှင့်အတူ ထိုင်တော်မူ၏။ ၄ ထိုအခါ ယုဒလူတို့၏ ပသခါပွဲခံချိန်ရောက်လုနီးသတည်း။
ယေရှုသည် ဗိမာန်တော်၊ အခန်းများ၌ သာမကနေရာတိုင်း၌ အမှုတော်ဆောင်သည်။ ခုတောင်ပေါ်၌ ရှိသည်။ ယနေ့ အမှုတော်ဆောင်များသည် ဘုရားရှိခိုးကျောင်းနှင့် အိမ်များ၌ သာတရားဟော ကြသည်။ အချို့သော သူများ ကဘုရားသည် သန့်ရှင်းသောကြောင့် လုပ်ငန်းခွင်နှင့် နေရာတကာ၌ ဘုရား အကြောင်း မဟော မပြောသင့်ဟုဆိုသော သူရှိသည်။ အမှန်မှာ ဘုရား အကြောင်းသည် နေရာတိုင်း၌ ပြောရ၊ ကျင့်ရမှာ ဖြစ်သည်။ နေ့စဉ် အသက်တာ ဖြစ်ရမည်။ ဘုရားကျောင်းနှင့် အပြင်၌ နေပုံထိုင်ပုံ၊ ပြောပုံများသည် တူညီနေရမည်။
၅။ ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေး အပေါင်းတို့သည် အထံတော်သို့ လာကြသည်ကို မြင် တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့ စားစရာ မုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟု မေးတော်မူ၏။ ၆ ထိုသို့ မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကို သိတော်မူ လျက် ပင်ဖိလိပ္ပုကို စုံစမ်းခြင်းငှါ သာမေး တော်မူ၏
သခင်ယေရှုသည် လူအစုအဝေးကို တရားသာမဟော၊ အနာ ရောဂါများကို သာမငြိမ်းစေဘဲ၊ ကိုယ်ကာယလိုအပ်သော အစာများ ကိုလည်း ​ကျွေးချင်သည်။ “ထိုကြောင့်အဘယ်သို့ စားသောက်ရအံ့နည်း၊ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ် ကြနှင့်။ ထိုအရာများကို သာ သာသနာ ပလူတို့သည် ရှာဖွေ တတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် သိတော်မူ၏။” (မ ၆:၃၁-၃၂) ဟုပြောခဲ့သည်။ ယခုလည်း တရားနာ ပရိသတ်များကို ကွေျးဘို့ရန် ရည်ရွယ်ပြီ။ သို့သော် ဖိလိပ္ပုကို စုံစမ်းခြင်းငှါ မေးတော်မူသည်။ ဘုရားသခင်သည် သူလုပ်မည့် အရာများကို သိသောကြောင့် သူ့ သားသမီး များအနေဖြင့် စိတ်ချလက်ချစောင့်ဘို့ လိုအပ်သည်။
ရ။ ဖိလိပ္ပုကလည်း ဤသူတို့သည် မုန့်တဖဲ့စီစေ့ငှအောင် ဒေနာရိအပြားနှစ်ရာအဘိုးထိုက်သော မုန့်မလောက်ပါဟု လျှောက်လေ၏။ ၈ ရှိမုန်ပေတရု၏ ညီအ​န်ဒြေ အမည်ရှိသော တပည့်တော်က၊ ၉ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက် ရှိပါ၏။ သို့သော်လည်း ဤမျှလောက်များစွာသော လူတို့သည် ရှိကြသည် ဖြစ်၍ ၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာ ရှိပါသနည်းဟု လျှောက်၏။
ဖိလိပ္ပုသည် သူ၏ ဦးနှောက်ကို သုံးလိုက်သည်။ ချက်ခြင်း တွက်၍ ဒေနာရိအပြားနှစ်ရာ (လူတယောက် ရက်ပေါင်းနှစ်ရာလုပ်စာ)ဖြင့် မလောက်ဘူးဟု ​ဖြေလိုက်သည်။ ​ကျွန်ုပ်တို့လည်း ဦးနှောက်သုံးလိုက်တတ် ကြသည်။ ကျမ်းစာက၊ “ထာဝရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။” (သု ၃:၅) ဟုဆိုသော်လည်းကိုယ်ဥာဏ်ကို အသုံးပြုတတ် ကြသည်။
၁၀။ ယေရှု ကလည်း၊ လူများ တို့ကို လျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက် ရှိသည် ဖြစ်၍ ၊ အရေအတွက် အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။
ယခုခေတ် တွင် လူငါးထောင်စုစည်းလျှင် အလွန် ရှုပ်ထွေးမှာ ဖြစ်သည်။ သူတို့ ခေတ်တွင် စံနစ်တကျရှိဘို့ လျောင်း (ထိုင်) ခိုင်း သောအခါ ခဏလေးတွင် ထိုင်နိုင် ကြသည်။ ယေရှုသည် မြက်ပေါသော တော၌လည်း တရားဟော၍ အစာလည်း ကွေျးနိုင်သည်။ ယခုခေတ် တွင်လည်း ဝိညာဉ်တော်က ဦးဆောင်လျှင် ထိုကဲ့သို့ ချက်ခြင်း နေရာတိုင်း၌ ပြုလုပ် နိုင်မည်။ ယခုခေတ် တွင် လူအနည်းအများ မေးသောအခါ အလွန် များသည်၊ နည်းသည်ဟု သာပြောတတ် ကြသည်။ အတိအကျ မပြောနိုင်ကြ။ သူတို့ မူကား လူငါးထောင်ခန့်မျှဟု ချက်ခြင်း ပြောနိင်သည်။
၁၁။ ယေရှုသည် မုန့်ကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှတပည့်တော် တို့အား ဝေငှ တော်မူ၍ ၊ တပည့်တော် တို့သည် လျောင်းသော သူတို့အား ဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကို လူများ လိုချင် သမျှ ဝေငှကြ၏။
ယေရှုသည် သူကိုယ်တိုင်ရှိသော အစာ မဟုတ်၊ ခလေး တယောက်၏ အစာဖြင့် လူများကို ကွေျးမွေးသည်။ သူတပါး၏ အစာဖြင့် ဧည့်သည်ကို မည်သူမျှကွေျးချင်မည် မဟုတ်။ သခင်ယေရှုသည် ဤလောက၌ မည်သည့်အရာမျှ မပိုင်။ မယ်တော် မာရိ၏သား အိမ်ကိုငှါး ၍ မွေးဖွားသည်။ ပေတရု၏ လှေကိုငှါး သည်။ သူတပါး၏ မြည်းကိုငှါး ၍ စီးသည်။ သူတပါး၏ အိမ်တွင် တပည့်တော် များကို နောက်ဆုံးညစာကွေျးသည်။ သူတပါး၏ သင်္ချိုင်းတွင် မြှုပ်ခြင်း ခံရသည်။ သူသည် ဤလောက၌ အိမ်ရှင်ကဲ့သို့ မနေ၊ ဧည့်သည် အဂန္တုကဲ့သို့ နေသည်။ ယုံကြည်သူများ၏ အသက်တာ၌ သာလျှင် အိမ်ရှင်လိုနေချင်သည် (ဗျာ ၃:၂၀)။ ​ကျွန်ုပ်တို့၏ ပြသနာသည် ဤလောက၌ ထာဝရ နေအိမ်မှတ်လျက် အိမ်ရှင်ကဲ့သို့ နေချင် သောကြောင့် ဖြစ်သည်။
၁၂။ ထိုသူတို့သည် ဝကြပြီးမှကိုယ်တော် ကဘာမျှမပျောက်စေခြင်းငှါ ကျန်ကြွင်းသော အကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော် တို့အား မိန့်တော်မူသည် ဖြစ်၍ ၊ ၁၃ စားသော သူတို့၌ ကျန်ကြွင်းသော မုယောမုန့်ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။
မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် လူငါးထောင်မကကို ကြွေး၍ ဝသည် သာမကကျန်ကြွင်းသော အကျိုးအပဲ့ကို ကောက်သိမ်း သောအခါ တဆယ်နှစ်တောင်းရသည်။ ထိုအရာသည် လူအတွက် အလွန် အံ့ဩစရာ ရှိသော်လည်း ဘုရား အတွက် ဘာမှအံ့ဩစရာ မရှိပါ။ ဣသရေလ လူသိန်း၃၀ ခန့်ကို နှစ်ပေါင်းလေးဆယ်မန္နမုန့်နှင့် ကွေျးမွေးခဲ့သည် မဟုတ်ပါလော။ ဘုရား အတွက် အလွန် လွယ်ကူသည်။ ထို့ကြောင့် အဘယ်သို့ စားသောက်ရအံ့နည်းဟု မစိုးရိမ်နှင့်ဟု ယေရှု ကပြောခဲ့သည် မဟုတ်လော။ ဘုရား အပေါ်လည်း လုံးဝ ယုံကြည် အားကိုး ကြပါစို့။ ​ကျွန်ုပ်တို့ ဖြစ်လျှင် အကျိုးအပဲ့များကို ကောက်သိမ်းကြမည် မဟုတ်။ သူတို့သည် တောလည်း ဖြစ်သောကြောင့် ဂရုစိုက်စရာလည်း မလို။ သို့သော် ဘုရားသည် စည်းကမ်းရှိသည်။ ယခုမှစ၍ အရာခပ်သိမ်း၌ စည်းကမ်းရှိကြပါစို့။
၁၄။ ထိုသို့ ယေရှု ပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများ တို့သည် မြင်လျှင်၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက် အမှန် ဖြစ်သည်ဟုဆိုကြ၏။ ၁၅ ထိုသူတို့သည်ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ လာ၍ အနိုင်အထက် ပြုကြမည်အကြောင်းကို ယေရှုသည် သိတော်မူလျှင်၊ တောင်ပေါ်သို့ တယောက် တည်း ကြွ တော်မူ ပြန်၏။
လူများသည် ယေရှု၏ တန်ခိုးအစွမ်းကို တွေ့မြင်ကြ သောအခါ ရှင်ဘုရင်အရာ၌ ချီးမြှောက်ဘို့ ကြံစည် ကြသည်။ သို့သော် သခင်ယေရှု ကလက်မခံလိုသောကြောင့် တောင်ပေါ်သို့ တယောက် တည်း ကြွသွားသည်။ အဘယ်ကြောင့်လက်မခံသနည်း။ သူ၏အချိန် မတန်သောကြောင့် ဖြစ်သည်။ သူ့ကို လူများက မဟုတ်၊ ခမည်းတော် ဘုရား ကချီးမြှောက်မှာ ဖြစ်သည်။ ထို့အပြင် လူများ၏ ချီးမြှောက်ခြင်းသည် ခဏသာခံမှာ ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း လူများ မဟုတ်ဘဲ ဘုရားသခင်၏ ချီးမြှောက်ခြင်းကို သာလိုချင် ကြစို့။
၁၆။ ညအချိန် ရောက် သောအခါ တပည့်တော် တို့သည် အိုင်သို့ သွား၍ လှေထဲသို့ ဝင်ပြီးလျှင်၊ ကပေရနောင်မြို့သို့ ရောက်အံ့သောငှါ အိုင်ကို ကူးကြ၏။ ၁၇ ထိုအခါ မှောင်မိုက် ဖြစ်၍ ယေရှုသည် သူတို့ ရှိရာသို့ မရောက်သေး။ ၁၈ လေပြင်းမုန်တိုင်း လာ၍ လှိုင်းတံပိုးထလေ၏။ ၁၉ ခရီး တတိုင်ခွဲနှစ်တိုင်လောက်တက်ခတ်၍ ရောက် သောအခါ၊ ယေရှုသည် အိုင်ပေါ်မှာ စက်တော် ဖြန့်၍ လှေအနီးသို့ ချဉ်း တော်မူသည်ကို သူတို့သည် မြင်၍ ကြောက်လန့်ခြင်းရှိကြ၏။ ၂၀ကိုယ်တော် ကလည်း၊ ငါပင် ဖြစ်သည်၊ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူလျှင်၊ လှေထဲသို့ကိုယ်တော်ကို ဝမ်းမြောက်စွာ ခံယူကြ၏။ ၂၁ လှေ သည်လည်းရောက်လိုသော အရပ်သို့ တခဏခြင်းတွင် ဆိုက်လေ၏။ လူများသည် အိမ်သို့ ပြန်သွားကြ၍ ၊ တပည့်တော် များသည် အိုင်ကို လှေဖြင့် ကူးကာကပေရနောင်မြို့ဖက်သို့ သွားကြသည်။
ယေရှု မူကား တောင်ပေါ်တွင် တယောက် တည်း နေသည်။ ခမည်းတော်နှင့် မိဿဟာယဖွဲ့ခြင်း ဖြစ်မည်။ တပည့်တော် များသည် အိုင်ထဲ၌ လေပြင်းမုန်တိုင်းနှင့် ရင်ဆိုင် ကြသည်။ ယေရှုသည် တောင်ပေါ်မှဆင်း၍ ရေပေါ်၌ လမ်းလျှောက်၍ တပည့်တော်တို့ ထံသွားသည်။ တပည့်တော်များကယေရှုကို ဖုတ်တစေဈဟု ထင်မှတ်ကြ၍ ကြောက် ကြသည်။ ပေတရုကကိုယ်တော် မှန်လျှင် သူလည်း ယေရှု ထံလာဘို့ လျှောက်ခဲ့သည်။ ယေရှု ကလာခွင့်ပြု၍ ပေတရုသည် ရေပေါ်၌ သွားနိုင်ခဲ့သော်လည်း ဘေးနား၌ လေပြင်းမုန်တိုင်းကို မြင် သောအခါ ကြောက်၍ ရေနစ်ခဲ့သည်။ ယေရှု ကသူ့ကို ယုံကြည်ခြင်းအား နည်းသော သူဟုဆိုခဲ့သည် (မ ၁၄:၂၃-၃၃)။ ကျွန်ုပ်တို့လည်း လေပြင်းမုန်တိုင်း တည်းဟူသောပြသနာ များကို သာကြည့်မြင် သောအခါ ကြောက်လန့်၍ မလုပ်သင့််သောအရာ များကို လုပ်မိတတ် ကြသည်။ ပေတရုလည်း ယေရှုကို ကြည့်ခဲ့စဉ်တွင် ရေပေါ်၌ လမ်းလျှောက်နိုင်ခဲ့သော်လည်း ဘေးကြည့်၍ လေပြင်းမုန်တိုင်းကို ကြည့် သောအခါ ကြောက်၍ ရေနစ်ခဲ့သည်။ ​ကျွနိုပ်တို့လည်း ပြသနာကို မကြည့်ဘဲ ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့ (ဟေ ၁၂:၂)။ ယေရှု ပါ သောအခါ လှိုင်းတံပိုးလည်း ချက်ခြင်း ငြိမ်း၍ ရောက်လိုသော အရပ်သို့လည်း တခဏတွင် ရောက်သွားသည်။ လောကကို ကြည့်လျှင် မကြောက်လျှင်လည်း တပ်မက်မည်။ ကြောက်လျှင်လည်း ဆုံးရှုံးမည်။ ထို့ကြောင့် ယေရှုကို မျက်​ခြေမပျက်ကြည့်ဘို့ လိုသည်။
၂၂။ အိုင်တဘက်၌ နေသော လူအစုအဝေးတို့သည်ကား၊ ၂၃ အထက် ကသခင်ဘုရားသည် ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကို စားကြရာအရပ်နှင့် အနီး၊ တိဗေရိမြို့မှ အခြားသော လှေငယ်များ လာသော်လည်း၊ မနေ့၌ တပည့်တော်တို့ ဝင်သော လှေမှတပါးအဘယ်လှေမျှမရှိသည်ကို၎င်း၊ ယေရှုသည် ထိုလှေထဲသို့ တပည့်တော် တို့နှင့်အတူ ဝင်တော် မမူဘဲ လျက်၊ တပည့်တော်တို့ သာသွားကြသည်ကို၎င်းမြင်ကြ၍ ၊ ၂၄ ထိုအရပ်၌ ယရှုမှစသော တပည့်တော်တို့ မရှိသည်ကို သိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကို ရှာခြင်းငှါ ကပေရနောင်မြို့သို့ သွားကြ၏။ ၂၅ အိုင်တဘက်၌ တွေ့လျှင် အရှင်ဘုရား၊ အဘယ် သောအခါ ဤအရပ်သို့ ကြွလာ တော်မူ သနည်းဟု မေးလျှောက်ကြ၏။
လူများသည် ယေရှုကို ရှာ ကြသည်။ တပည့်တော် များသည် ယေရှု မပါဘဲ လှေဖြင့် တဖက်ကမ်းသို့ ကူးကြသည်ကို လူများ ကသတိထားမိ ကြသည်။ အခြားသော လှေလည်း မရှိ။ သို့သော် မည်ကဲ့သို့ ယေရှုသည် တပည့်တော်များနှင့် အိုင်တဘက်သို့ ရောက်သွားသည်ကို မသိကြသောကြောင့် အံ့ ကြသည်။ ယေရှု ရေပေါ်၌ စက်တော် ဖြန့် (လမ်းလျှောက်) သည်ကို မသိမမြင်ကြ။ ထို့ကြောင့် အံ့ဩ နေကြခြင်း ဖြစ်သည်။
၂၆။ ယေရှု ကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကို ရှာသည် မဟုတ်။ ၂၇ မုန့်ကို စား၍ ဝသောကြောင့် သာရှာကြ၏။ ပျက်စီးတတ်သော အစာကို ရခြင်းငှာ မကြိုးစား ကြနှင့်။ လူသားသည် သင်တို့ အားပေး၍ ထာဝရ အသက်နှင့် အမျှတည်တတ်သော အစာကို ရခြင်းငှါ ကြိုးစား ကြလော့။ ထိုသားသည် ခမည်းတော် ဘုရား၏ တံဆိပ်ခတ်ခြင်းကို ခံသောသူ ဖြစ်သည်ဟု မိန့်တော်မူ၏။
လူများ ကသူ့ကို ရှာကြသော်လည်း ယေရှုသည် သူတို့၏ ရည်ရွယ်ချက်မမှန်သောကြောင့် အလိုမကျချေ။ လူများသည် ထာဝရ တည်မည့် ဝိညာဉ် အစာကို ရှာစေချင်သည်။ သို့သော် သူတို့သည် လူ့ထုံးစံအတိုင်း ခဏသာခံသောကိုယ်ကာယအစာကို သာရှာ နေကြသည်။ ယုဒလူများ သာမကယနေ့ ခရစ်ယာန် အများစုလည်း ဝိညာဉ် အစာထက်၊ ခန္ဓာအစာကို သာလျှင် ရှာ နေကြသည်။ သခင်ယေရှု၏ အကြံပေးချက်အတိုင်း ထာဝရ အသက်နှင့် အမျှတည်တတ်သော အစာကို ရှာကြစို့။ ထိုအစာကို လူသား တည်းဟူသောသခင်ယေရှု ကပေးမှာ ဖြစ်သည်။ ပရောဖက် ဟေရှယအားဖြင့်လည်း ဤကဲ့သို့ အကြံပေးခဲ့ဘူးပြီ၊ “၁ အိုရေငတ်သောသူ အပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသော သူတို့၊ လာကြ၊ ၊ ဝယ်၍ စားသောက်ကြလော့၊ ၊ ငွေမပါဘဲ အဘိုးကို မပေးဘဲ လာ၍ စပျစ်ရေနှင့် နို့ကို ဝယ်ကြလော့။ ၂ အစာ မဟုတ်သောအရာ ဘိုု့သင်တို့ ငွေကို၎င်း၊ အမွတ် မပြေနိုင်သောအရာ အဘို့ သင်တို့ ဥစ္စာကို၎င်းအဘယ်ကြောင့်ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့ နားထောင့်လျက်၊ ကောင်းသော အစာကို စားကြလော့။ သင်တို့၏ ဝိညာဉ်သည် ချိုသောအရာ တို့၌ မိမိကို မိမိမွေ့လျော်စေလိမ့်မည်။ ၃ နူးညွတ်သော နားနှင့် ငါ့ထံသို့ လာကြလော့။ နားထောင် ကြလော့။သို့ ပြုလျင်သင်တို့၏ ဝိညာဉ်သည် အသက် ရှင်ရလိမ့်မည်။” (ဟေရှာ ၅၅:၁-၃) သခင်ယေရှုသည် ဘုရား၏ တံဆိပ်ခတ်ခြင်း ခံသောသူ ဖြစ်သည်ဟုဆိုခြင်းသည် အသိအမှတ်ပြုခြင်းကို ဆိုုလိုသည်။ သူကိုယ်တိုင်၊ “ထာဝရ ဘုရား၏ ဝိညာဉ်တော်သည် ငါ့ အပေါ်မှာ တည် တော်မူ၏၊ ၊ အကြောင်းမူကား၊ ဆင်းရဲသား တို့အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကို ဘိသိက် ပေးတော်မူ ပြီ၊ ၊ ” ဟုဆိုခဲ့သည် (လု ၄:၁၈၊ ဟေရှာယ ၆၁:၁)
၂၈။ ထိုသူတို့ ကလည်း၊ ဘုရားသခင်၏ အလိုတော်နှင့် ညီသော အကျင့်ကို ကျင့်ခြင်းငှါ အဘယ်သို့ ပြုရပါမည်နည်းဟု မေးလျှောက်ကြ၏။ ၂၉ ယေရှုကလည်း ဘုရားသခင် စေလွှတ် တော်မူသော သူကို ယုံခြင်း အကျင့်ကား၊ အလိုတော်နှင့် ညီသော အကျင့်တည်းဟု မိန့်တော်မူ၏။
ယုဒလူများ ကဘုရား၏ အလိုတော်နှင့် ညီသော အကျင့်သည် အဘယ်အရာ ဖြစ်သည်ကို မေးမြန်း ကြသည်။ ထိုအခါ ယေရှု ကဘုရား စေလွှတ် တော်မူသော သူကို ယုံကြည်ခြင်းသည် အလိုတော်နှင့် ညီသော အကျင့် ဖြစ်သည်ဟုဆိုသည်။ ဘုရား စေလွှတ် တော်မူသော သူသည် သူကိုယ်တိုင်ပင် ဖြစ်သည်။ ယေရှုကို ယုံကြည်ခြင်းသည် ဘုရား၏ အလိုတော် ဖြစ်သည် အကြောင်းမှာ ကယ်တင်ခြင်းနှင့် အရာခပ်သိမ်းသည် ယေရှု၌ ရှိသည်။
၃၀။ ထိုသူတို့ ကလည်း၊ အ​ကျွန်ုပ်တို့သည်ကိုယ်မျက်စိနှင့် မြင်၍ ကိုယ်တော်ကို ယုံကြည် မည်အကြောင်း အဘယ်နိမိတ်လက္ခာကို ပြတော်မူ သနည်း။ အဘယ်အမှုကို ပြု တော်မူ သနည်း။ ၃၁ ကျမ်းစာ၌ လာသည်ကား၊ ထိုသူတို့ စားစရာဘို့ ကောင်းကင်မှ မုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့် အညီ၊ ငါတို့ ဘိုးဘေးများသည် တော၌ မန္နကို စားကြသည်ဟု လျှောက်ကြ၏။
ယုဒလူများသည် ယေရှု ပွားစေသော မုန့်နှင့် ငါးကို စားခဲ့ပြီးသော်လည်း နိမိတ်လက္ခဏာကို ထပ်တောင်းခြင်းသည် အံ့ဩစရာ ဖြစ်သည်။ သူတပါးထံ၌ ပြုသော နိမိတ်လက္ခဏာပင် မဟုတ်၊ သူတို့ကိုယ်တိုင်သူ​ကျွေးသော အစာကို ဝစွာ စားပြီးမှထိုသို့ ဆိုခြင်းသည် သူ့ကို မသိခြင်း၊ လက်မခံခြင်း၊ နှလုံးခိုင်မာခြင်း ဖြစ်သည်။ သူတို့ ဘိုးဘေးများ တော၌ နှစ်ပေါင်းလေးဆယ်မန္နမုန့်ဖြင့် ​ကျွေးခြင်း သာလျှင် အသိအမှတ်ပြု ကြသည်။ ကျွန်ုပ်တို့လည်း များစွာသော ကောင်းကြီးများခံစားရရှိသော်လည်း မသိတတ်ကြချေ။
၃၂။ ယေရှုကလည်း ငါအမှန်အကန်ဆိုသည်ကား၊ မောရှေသည် ကောင်းကင် မုန့်ကို သင်တို့အား မပေး။ ခမည်းတော်သည် မှန်သော ကောင်းကင် မုန့်ကို သင်တို့ အားပေးတော်မူ၏။ ၃၃ ဘုရားသခင်၏ မုန့်မူကား၊ ကောင်းကင်မှ ဆင်းသက်၍ လောကီသား တို့အား အသက်ကို ပေးသော မုန့်ပေတည်းဟု မိန့်တော်မူလျှင်၊ ၃၄ သခင်၊ ထိုမုန့်ကို အ​ကျွန်ုပ်တို့အား အစဉ်မပြတ် ပေးတော်မူ ပါဟု လျှောက်ကြ၏။
ယုဒလူများက သူတို့၏ ဘိုးဘေးများ၊ ဘုရားသခင်က မန္နမုန့်ပေးခြင်းကို ဂုဏ်ယူ ကြသည်။ ဆိုလိုရင်းမှာ ဘုရားသခင်က ဂရုစိုက်​ကျွေးမွေးသော လူမျိုး ဖြစ်ကြောင်း၊ သူတို့သည် သာမန်လူများ မဟုတ်ကြောင်းကို ဖေါ်ပြလို ကြသည်။ သို့သော် ယေရှု ကသူတို့ ဘိုးဘေးများ စားသော မန္နသည် မှန်သော မုန့်၊ ထာဝရ အသက် ပေးသော မုန့် မဟုတ်ကြောင်း၊ ယခုမှန်သော အသက် မုန့် ပေးတော်မူ ကြောင်းကို ပြောပြသည်။ ထိုမုန့်သည် ကောင်းကင်မှ ဆင်းသက်၍ လောကီသား တို့အား အသက်ကို ပေးသော မုန့်ဟု သူ့ကို သူဆိုလိုသည်။ သို့သော် ယုဒလူများက သဘော မပေါက်ကြချေ။ ထို့ကြောင့် ထိုုမုန့်ကို ထပ်၍ တောင်းခြင်း ဖြစ်သည်။ များစွာသော ခရစ်ယာန် များလည်း ယေရှုကို လက်ခံသည်၊ ယုံကြည်သည်ဟု ဝန်ခံကြသော်လည်း၊ သူ့ကို မစားကြဘဲ နေကြသည်။ သင်သည် ထိုမုန့်ကို စားပြီး ပြီလော။
၃၅။ ယေရှု ကလည်း၊ ငါသည် အသက် မုန့် ဖြစ်၏။ ငါ့ထံသို့ လာသော သူသည် နောက်တဖန် အဆာအမွတ်မခံရ။ ငါ့ကို ယုံကြည်သော သူသည် နောက်တဖန် ရေငတ်မခံရ။ ၃၆သို့သော်လည်း သင်တို့သည် ငါ့ကို မြင်လျက် ပင်မယုံကြည် ကြဟု ငါဆိုခဲ့ပြီ။ ၃၇ ခမည်းတော်သည် ငါ့ အားပေးတော်မူ သမျှသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသော သူကို ငါသည် အလျှင်း မပယ်။
ယုဒလူများက မသိနိုင်သောကြောင့် ယေရှု ကငါသည် အသက် မုန့် ဖြစ်၏ဟု တည့်တည့်ပြောလိုက်သည်။ သူ့ထံလာသော သူသည် တဖန် မဆာမမွတ်ရဟုဆိုသည်။ သို့သော် ယုဒများ ကသူ့ကိုယ်မြင်လျက် ပင်ယုံကြည် ကြပါသလော၊ မယုံကြည် ကြပါ။ ယနေ့ ​ကျွန်ုပ်တို့ အနေဖြင့် ယေရှုကို ကိုယ်ခန္ဓာအားဖြင့် မမြင်ရသော်လည်း စိတ် ဝိညာဉ်အားဖြင့် မြင်နိုင်သည်။ သို့သော် ယုဒလူများ နည်းတူ မ ယုံကြည်သူ ကအများစု ဖြစ်နေသည်။ ခမည်းတော် ကပေးမှသာလျှင် ယေရှု ထံသို့ လာနိုင်သည်ဟုဆိုသည်။ သူ့ထံသို့ လာသော သူကို ယေရှု ကအလျှင်း မပယ်ကြောင်း ပြောထားသည်။ ဘုရား ကအဘယ်သူကို မျှ အတင်း မခေါ်၊ သူ့ထံလာလျှင်လည်း လုံးဝ မပယ်ဟုဆိုသောကြောင့်၊ လူတိုင်း သူ့ထံသို့ လာသင့်သည်။ သင်သည် ယေရှု ထံသို့ စိတ်နှလုံးအ​ကျွင်းမဲ့လာပါသလား။ လာလျှင် သင့်ကို မပယ်၊ လုံးဝ လက်ခံကြောင်း စိတ်ချပါ။
၃၈။ အကြောင်းမူကား၊ ငါသည်ကိုယ်အလိုသို့ လိုက်ခြင်းငှါ ကောင်းကင်မှ ဆင်းသက်သည် မဟုတ်၊ ငါ့ကို စေလွှတ် တော်မူသော သူ၏ အလိုတော်သို့ လိုက်ခြင်းငှါ ဆင်းသက်၏။
ယေရှု ကသူသည် သူ့ အလိုလိုက်ခြင်းငှါ ကောင်းကင်မှ ဆင်းသက်သည် မဟုတ်၊ သူ့ကို စေလွှတ် တော်မူသော သူ၏ အလိုက်ခြင်းငှါ ဆင်းသက်သည်ဟုဆိုသည်။ သူလည်း အလိုဆန္ဒရှိလိမ့်မည်။ သို့သော် ခမည်းတော်၏ အလိုတော်ကို ဦးစားပေးသည်။ ​ကျွန်ုပ်တို့လည်းကိုယ့် အလိုဆန္ဒကို ငြင်းပယ်ပြီး၊ ဘုရား၏ အလိုဆန္ဒကို လိုက်ဘို့ လိုသည်။ ဘုရား သားတော် ပင်လျှင် ခမည်းတော်၏ အလိုတော်ကို လိုက်လျှင် အဘယ်ကြောင့်​ကျွန်ုပ်တို့ ကကိုယ် အလိုဆန္ဒကို လိုက် နေကြသနည်း။ ကိုယ့် အလိုဆန္ဒလိုက်သမျှ ကာလ ပတ်လုံးဘုရား အလိုတော်ကို လိုက်နိုင်မည် မဟုတ်။ ဘုရား အလိုမလိုက်မခြင်း စိတ်ပျော်ရွှင်မှု နှင့်အားရကျေနပ်မှု ရှိနိုင်မည် မဟုတ်။ မင်္လာရှိသောသူ ဖြစ်လိုလျှင် ဘုရား စကား နားထောင် ရမည်။
၃၉ ငါ့ကို စေလွှတ် တော်မူသော ခမည်းတော်၏ အလိုတော်ကား၊ ငါ့ အားပေးသော သူတို့တွင် တစုံတယောက်ကို မျှငါမပျောက်စေရဘဲ နောက်ဆုံးသော နေ့၌ ထိုသူ အပေါင်းတို့ကို ထမြောက် စေခြင်း ငှါ၎င်း၊ ၄၀ သားတော်ကို ကြည့်မြင်၍ ယုံကြည်သော သူရှိသမျှ တို့သည် ထာရအသက်ကို ရစေခြင်း ငှါ၎င်း၊ အလိုတော် ရှိ၏။ ငါသည်လည်း နောက်ဆုံးသော နေ့၌ ထိုသူတို့ကို ထမြောက် စေမည်ဟု မိန့်တော်မူ၏။
ယေရှု ကလူများကို ခမည်းတော် ကသူ အားပေးသည်ဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း ဘုရား ပေးမှလူများ ရရှိနိုင်မည်။ ဇာတိနှင့် မကြိုးစားရ။ ခမည်းတော် ကပေးသော သူတိုင်းကို မပျောက်စေဘို့သည် အလိုတော် ဖြစ်သည်။ သားသမီး များသည် ဘုရား ပေးသော ဝိညာဉ်များဖြစ်သည်။ ကိုယ့် သားသမီးများကို မပျောက်စေဘဲ ကောင်းကင်သို့ ခေါ်နိုင်ဘို့သည် မိဘတိုင်း၏ တာဝန် ဖြစ်သည်။ ယေရှုသည် သူ့ အားပေးသမျှသော သူတို့ကို ထမြောက် စေဘို့ တာဝန် ရှိသည်။ တဖန် သားတော်ကို ယုံကြည်သော သူတိုင်း ထာဝရ အသက်ကို ရခြင်းသည် ဘုရား၏ အလိုတော် ဖြစ်သည်။ စာတန် ကမူထာဝရ သေစေချင်သည်။ သင်သည် ထာဝရ အသက် မရလျှင် ဘုရား၏ အလိုတော် မပြည့်ကြောင်း သိပါ။
၄၁။ ငါသည် ကောင်းကင်မှ ဆင်းသက်သော မုန့် ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊ ၄၂ ဤသူသည် ယောသပ်၏သား ယေရှု ဖြစ်သည် မဟုတ်လော။ သူ၏ မိဘကို ငါတို့ သိသည် မဟုတ်လော။ ငါသည် ကောင်းကင်မှ ဆင်းသက်၏ဟု သူသည် အဘယ်သို့ ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။
ယုဒလူများ ကယေရှုကို လုံးဝ မသိနိုင်ကြချေ။ သူတို့ ကယေရှု၏ လူဇာတိအပိုင်းကို သာသိမြင်ကြ၍ ဘုရား ဇာတိပိုင်းကို မသိကြချေ။ သူတို့သည် ဇာတိပိုင်းအရာကို သာသိ၍ ဝိညာဉ် ပိုင်း လုံးဝ မသိကြချေ။ ​ကျွန်ုပ်တို့လည်း ဇာတိပိုင်းသာသိ၍ ဝိညာဉ် ပိုင်း မသိလျှင် ခရစ်တော်ကို နားလည်နိ်ုင်မည် မဟုတ်ချေ။ ရှင်ပေါလုက၊ “ဇာတိပကတိ လူသည် ဘုရားသခင်၏ ဝိညာဉ်တော် အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာ ဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ် အားဖြင့် သာပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိ လူသည် နားမလည် နိုင်။” (၁ ကော ၂:၁၄)ဟု ရေးခဲ့သည်။
၄၃။ ယေရှု ကလည်း၊ ငါ့ကို အချင်းချင်းကဲ့ရဲ့၍ အပြစ် မတင်ကြနှင့်။ ၄၄ ငါ့ကို စေလွှတ် တော်မူသော ခမည်းတော်သည် သွေးဆောင်တော် မမူလျှင်၊ အဘယ်သူ မျှငါ့ထံသို့ မလာနိုင်။ လာသော သူကို နောက်ဆုံးသော နေ့၌ ငါထမြောက် စေမည်။
သခင်ယေရှုကို ယုဒလူများ ကအမြဲကဲ့ရဲ့ပြစ်တင်တတ် ကြသည်။ ထို့ကြောင့် ငါ့ကို ကဲ့ရဲ့၍ အပြစ် မတင်ကြနှင့် ဟုဆိုခြင်း ဖြစ်သည်။ သင်သည် သခင်ယေရှုကို အပြစ် တင်သော သူလော၊ ကြည်ညိုလေးစားအားကိုးသော သူလော။ သခင်ယေရှု ထံသို့ ခမည်းတော် ကသွေးဆောင်တော် မမူလျှင် မလာနိုင်ဟု သူကဆိုသည်။ သို့ဖြစ်လျှင် အဘယ်ကြောင့်သူ့ထံသို့ မလာသော သူများကို အပြစ် တင်ဦးမည်နည်း။ ထိုအရာသည် ဏမေ​ေိသထ ဖြစ်သည်။ ဏမေ​ေိသထသည် မှန်ကန်သောအရာ နှစ်ခုဆန့်ကျင်ခြင်း ဖြစ်သည်။ ယေရှု ကသူ့ထံသို့ လာသော သူကို နောက်ဆုံးသော နေ့၌ ထမြောက် စေဘို့ ဂတိပေးထားသည်။ အကြောင်းမှာ လူသည် သေရမှာကို အကြောက်ဆုံး ဖြစ်သောကြောင့် ဖြစ်သည်။
၄၅။ အနာဂတ္တိကျမ်း ၌ လာသည်ကား၊ ထိုသူ အပေါင်းတို့သည် ဘုရားသခင် ဆုံးမသွန်သင် တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟု လာသည်နှင့် အညီ၊ ခမည်းတော် ထံ၌ နားထောင်၍ နည်းခံသော သူမှန်သမျှ တို့သည် ငါ့ထံသို့ လာကြ၏။
“သင်၏ သားသမီး အပေါင်းတို့သည် ထာဝရ ဘုရား ဆုံးမသွန်သင် တော်မူသောသူ ဖြစ်၍ ၊ များစွာသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြလိမ့်မည်။” (ဟေရှာယ ၅၄:၁၃) အထက်ပါ ပရောဖက် ပြုချက်သည် သခင်ယေရှု လူ့ဇာတိခံခဲ့စဉ်ကတပိုင်းတစ ပြည့်စုံခဲ့ပြီးသော်လည်း၊ အနှစ်တစ်ထောင်ကာလ၌ အပြည့်အဝ ပြည့်စုံဦးမှာ ဖြစ်သည်။ ယေရှု လူ့ဇာတိခံခဲ့စဉ်ကသွန်သင်သော်လည်း၊ လူအများ အထူးသဖြင့် ခေါင်းဆောင် များက လုံးဝ လက်မခံခဲ့ကြချေ။ သို့သော် အနှစ်တစ်ထောင်ကာလတွင် မူအားလုံးက နားထောင် ကြမှာ ဖြစ်ကြောင်း ဤသို့ ရေးထားသည်၊ “နောက်ဆုံးသော ကာလ၌ ထာဝရ ဘုရား၏ အိမ်တော် တည်သော တောင်သည် တောင်ကြီး တောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်၊ ၊ ခပ်သိမ်းသော လူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်၊ ၊ များပြားသော သူတို့ ကလည်း၊ လာကြလော့၊ ၊ ထာဝရ ဘုရား၏ တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့၊ ၊ လမ်းခရီးတော် တို့ကို ပြသသွန်သင် တော်မူ၍ ၊ ငါတို့သည် ​ခြေတော် ရာသို့ လိုက်သွားကြမည်ဟု ခရီး သွားလျက် ပြောဆို ကြလိမ့်မည်၊ ၊ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင် မြို့မှ၎င်းပေါ်ထွက်လိမ့်မည်၊ ၊ ” (ဟေရှာယ ၂:၂-၃)
၄၆။ ထိုသို့ ငါဆိုသော်၊ ဘုရားသခင့်အထံတော် ကကြွလာသော သူမှတပါးတစုံတယောက်သော သူသည် ခမည်းတော်ကို မြင်ခဲ့ပြီဟု မဆိုလို။ ကြွလာသော သူမူကား၊ ခမည်းတော်ကို မြင်ခဲ့ပြီ။ ၄ရငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သော သူသည် ထာဝရ အသက်ကို ရ၏။
ယေရှုသည် ဘုရားသခင့်အထံတော် မှကြွလာသောသူ ဖြစ်ကြောင်း၊ သူသာလျှင် ခမည်းတော်ကို မြင်ကြောင်း၊ သူ့ကို ယုံကြည်သော သူသည် ထာဝရ အသက် ရကြောင်း ပြောခဲ့သည်။ ယခု​ကျွန်ုပ်တို့အတွက် သူ့ကို ယုံကြည် ဘို့သည် အလွန် လွယ်သော်လည်း၊ ထိုသူများအတွက် လုံးဝ မလွယ်ကူပေ။ အကြောင်းမှာ သူတို့ အမြင်၌ ယေရှုသည် သာမန်လူ ဖြစ်၍ ယောသပ်နှင့် မာရိတို့၏သား မျှသာ ဖြစ်သည်။ ထိုမျှသာမကဘာသာရေးခေါင်းဆောင်များ၊ ကျမ်းတတ်ပုဂ္ဂိုလ်များ ကလက်မခံကြချေ။ လူအများစုသည် ခေါင်းဆောင် များ၏ စကားကို နားထောင် တတ်ကြသည်။
၄၈။ ငါသည် အသက် မုန့် ဖြစ်၏။ ၄၉ သင်တို့ ဘေးများသည် တော၌ မန္နကို စားလျက် သေရကြ၏။ ၅၀ ကောင်းကင်မှ ဆင်းသက်သော မုန့်ကို စားသော သူသည် သေခြင်းနှင့် ကင်းလွတ်၏။ ၅၁ ငါသည် ကောင်းကင်မှ ဆင်းသက်သော အသက် မုန့် ဖြစ်၏။ ဤမုန့်ကို စားသော သူမည်သည်ကား၊ အစဉ်မပြတ် အသက် ရှင်လိမ့်မည်။ ငါပေးသော မုန့်ကား၊ လောကီသား တို့၏ အသက် အဘို့ အလိုငှါ စွန့်သော ငါ၏ အသား ပေတည်းဟု မိန့်တော်မူ၏။
ယေရှု ကသူသည် အသက် မုန့် ဖြစ်သည်ဟုဆိုရာတွင် ဝိညာဉ် ပိုင်းအတွက် ပြောသည်။ ယုဒလူများ ကကိုယ်ခန္ဓာပိုင်းဖြင့် စဉ်းစား သောအခါ လုံးဝ မဖြစ်နိုင်ချေ။ ယေရှု ကသူတို့ ဘိုးဘေးများသည် တော၌ နှစ်ပေါင်းလေးဆယ်လှည့်လည်စဉ်တွင် မန္နမုန့်စားသော်လည်း သေ ကြသည်။ သို့သော် သူ့ကို ုစားသော သူသည် သေခြင်းနှင့် ကင်းလွတ် မည်ဟုဆိုသည်။ သူ့ကို မည်ကဲ့သို့ စားနိုင်မည်နည်း။ ဆက်လက်ကြည့်ကြပါစို့။
၅၂။ ထိုအခါ ယုဒလူတို့က၊ ဤသူသည် မိမိအသားကို ငါတို့ စားစရာဘို့ အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်းငြင်းခုံကြ၏။
ယုဒလူများ ကဇာတိအမြင်အားဖြင့် သာမြင်သောကြောင့် ယေရှု၏ အသား စားဘို့သည် လုံးဝ နားမလည် နိုင်ကြချေ။ ယနေ့ များစွာသော အသင်းတော် များလည်း ပွဲတော် မင်္လာ၌ စားသော မုန့်သည် တကယ် ပင်ယေရှု၏ အသား စားသည်ဟု ထင်မှတ် ကြသည်။ ထိုမုန့်ကို မစားလျှင် အသက် မရနိုင်ဟု ထင်မှတ်ကာမုန့်စားခွင့်မရမှာကို အလွန် စိုးရိမ် ကြသည်။
၅၃။ ယေရှု ကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏ အသားကို မစား၊ အသွေးကို မသောက်လျှင် သင်တို့၌ အသက် မရှိ။ ၅၄ ငါ၏ အသားကို စား၍ ငါ၏ အသွေးကိုလည်း သောက်သော သူသည် ထာဝရ အသက်ကို ရ၏။ ထိုသူကို နောက်ဆုံးသော နေ့၌ ငါထမြောက် စေမည်။ ၅၅ ငါ၏ အသားသည် စားစရာ ကောင်း၏။ ငါ၏ အသွေးလည်း သောက်စရာ ကောင်း၏။ ၅၆ ငါ၏ အသား အသွေးကို သောက်စားသော သူသည် ငါ၌ တည်၏။ ထိုသူ၌လည်း ငါတည်၏။ ၅၇။ အသက် ရှင် တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ် တော်မူ၍ ၊ ငါသည် ခမည်းတော် အားဖြင့် အသက် ရှင်သည် နည်းတူ ၊ ငါ့ကို စားသော သူသည် ငါ့အားဖြင့် အသက် ရှင်လိမ့်မည်။ ၅၈ ဤမုန့်ကား၊ ကောင်းကင်မှ ဆင်းသက်သော မုန့် ဖြစ်၏။ သင်တို့ ဘိုးဘေးများသည် မန္နကို စားလျက် သေရ သကဲ့သို့ မဟုတ်။ ဤမုန့်ကို စားသော သူသည် အစဉ်မပြတ် အသက် ရှင်လိမ့်မည်ဟု၊ ၅၉ ကပေရနောင်မြို့မှာတရားစရပ်၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ၏။
ယုဒလူများက နားမလည်နိင်သော်လည်း ယေရှု ကသူ့အသား စားဘို့နှင့် အသွေးသောက်ဘို့ကို ဆက်လက် ပြောဆို နေသည်။ ယုဒလူများ ကသူတို့သည် မန္နမုန့်စားသော သူများ၏သား စဉ်မြေးဆက် ဖြစ်ကြောင်းကို အလွန် ဂုဏ်ယူ ကြသည်။ ဂုဏ်လည်း ယူသင့်သည်။ အကြောင်းမှာ ဘုရားသခင်က အထူးဂရုစိုက်​ကျွေးမွေး ပြုစုသော လူမျိုး ဖြစ်သည်။ သို့သော် မန္နမုန့်သည် သူတို့ကို ထာဝရ အသက် မရှင်စေနိုင်ချေ။ သူမူကား ထာဝရ အသက် ပေးပိုင်သည်။
၆၀။ တပည့်တော် အများ တို့သည် ကြားလျှင်၊ ထိုစကားသည် အလွန် ခက်လှ၏။ အဘယ်သူ နားခံနိုင်မည်နည်းဟုဆိုကြ၏။ ၆၁ ထိုသို့ တပည့်တော်တို့ ကဲ့ရဲ့အပြစ် တင်သည်ကို ယေရှုသည် အလိုအလျောက်သိ တော်မူလျှင်၊ ဤတရားစကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော။ ၆၂ လူသားသည် အရင်နေရာအရပ်သို့ တဖန် ကြွတက်သည်ကို မြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည်နည်း။
ယုဒလူများ ကသာ မကတပည့်တော်များကပင်လျှင် ယေရှု၏ စကားကို နားမလည် နိုင်ကြချေ။ ထို့ကြောင့် သခင်ယေရှုက လူသားသည် ကောင်းကင်သို့ ပြန်သွားသည်ကို မြင်လျှင် မည်ကဲ့သို့ ထင်မှတ်ကြမည်နည်းဟုဆိုသည်။ ဟုတ်ပါသည် ဝိညာဉ် စကားကို ဇာတိနားဖြင့် နားမလည် နိုင်ပါ။ ထို့ကြောင့် ယေရှု ကနားရှိသော သူသည် ကြားပါစေဟု ပြောတတ်ခြင်း ဖြစ်သည်။ တပည့်တော် များဟုဆိုရာတွင် တမန်တော် ၁၂ ပါးကို ဆိုလိုသည် မဟုတ်ကြောင်း အောက်ပိုင်၌ ပြန်တွေ့ရမည်။
၆၃။ ဝိညာဉ် သာလျှင် အသက် ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်း မတတ်နိုင်။ ငါပြောသော စကားသည် ဝိညာဉ် ဖြစ်၏။ အသက်လည်း ဖြစ်၏။ ၆၄သို့သော်လည်း သင်တို့တွင် မယုံကြည်သော သူအချို့ရှိ၏။ ၆၅ ထိုကြောင့်ငါ၏ ခမည်းတော်သည် အခွင့်ပေးတော် မမူလျှင်၊ အဘယ်သူ မျှငါ့ထံသို့ မလာနိုင်ဟု အထက် ကငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသည် အကြောင်း ဟူမူကား၊ အဘယ်သူ မယုံကြည်သည်ကို၎င်း၊ အဘယ်သူသည်ကိုယ်တော်ကို အပ်နံှမည်ကို၎င်း၊ ယေရှုသည် အစအဦး၌ သိတော်မူ၏။
ယေရှု ကသူပြောသော စကားသည် ဝိညာဉ် ပိုင်းဆိုင်ရာ ဖြစ်ကြောင်း၊ ဝိညာဉ် စကား ဖြစ်ကြောင်းကို ရှင်းလင်းစွာ ဖေါ်ပြလာသည်။ ဝိညာဉ် စကားကို ဘုရားသခင်က နားလည်စေမှသာလျှင် နားလည်နိုင်သည်။ သင်လည်း ဝိညာဉ် စကား နားလည်နိုင်ဘို့ ဘုရား ထံ၌ ဆုတောင်းပါ။ ယေရှုသည် မည်သူကသူ့ကို ယုံကြည်သည် မယုံကြည်သည်ကို အစအဦးကတည်း ကသိ တော်မူသည်။
၆၆။ ထိုအခါ မှစ၍ တပည့်တော် အများ တို့သည် ကိုယ်တော်နှင့် မပေါင်းဘော်ဘဲ ဆုတ်သွားကြ၏။ ၆၇ ထိုကြောင့်ယေရှုသည် တကျိပ်နှစ်ပါးသော သူတို့ အား၊ သင်တို့ သည်လည်း ထွက်သွားခြင်းငှါ အလိုရှိကြသလောဟု မေးတော်မူလျှင်၊
ဤနေရာ၌ တပည့်တော် အများဟုဆိုသောအရာသည် တမန်တော် ၁၂ ပါးကို ဆိုလိုသည် မဟုတ်။ သူ့ နောက်လိုက်၍ သူ့ကို ယုံကြည်သူများကို ဆိုလိုသည်။ ထိုသူတို့သည်၊ ယေရှု၏ စကား နားမလည် နိုင်သောကြောင့် နောက်ဆုတ်သွား ကြသည်။ ထိုသို့ နောက်ဆုတ်သွားခြင်းသည် ယနေ့ တိုင် ဖြစ်နေဆဲ ဖြစ်သည်။ ဘုရားသခင်၏ လုပ်နည်းကို နားမလည်သော သူများက၊ ယုံကြည်ခြင်းအားဖြင့် အသက် ရှင်လုပ်ဆောင်ခြင်းကို နားမလည် သောအခါ၊ နောက်ဆုတ်သွားတတ် ကြသည်။ သင်သည် ထိုသို့ သောသူ ဖြစ်ပါသလား။
၆၈။ ရှိမုန်ပေတရုက၊ သခင်၊ အ​ကျွန်ုပ်တို့သည် အဘယ်သူ ထံသို့ သွားရပါမည်နည်း။ ထာဝရ အသက်နှင့် ယှဉ်သော စကားသည်ကိုယ်တော်၌ တည်ပါ၏။ ၆၉ကိုယ်တော်သည် ခရစ်တော် တည်းဟူသောအသက် ရှင် တော်မူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ကို အ​ကျွန်ုပ်တို့ ယုံကြည် သိမှ တ်ကြပါသည်ဟု လျှောက်လေ၏။
သင်တို့ သည်လည်း ထွက်သွားခြင်းငှါ အလိုရှိကြသလောဟု မေးတော်မူလျှင်၊ ပေတရုကကိုယ်တော် ထံမှ အဘယ်သူ ထံသို့ သွားရပါမည်နည်း။ ကိုယ်တော်၌ သာထာဝရ အသက် ရှိသည်ဟု ​ဖြေခဲ့သည်။ ယုံကြည်သူများအသက်တာ၌ အကြောင်း အမျိုးမျိုးကြောင့် နောက်ဆုတ်ချင်သော အချိန်များရှိတတ်သည်။ ထိုသူများသည် မကြီး ထွားမရင့်ကျက်သောကြောင့် ဖြစ်သည်။ စိတ်ပျက်၊ အား နည်းချိန်၌ ဖြစ်စေ၊ ဝမ်းမြောက် လွန်သော အချိန်၌ ဖြစ်စေ၊ အကောင်းအဆိုးမဆုံးဖြတ်ဘို့ သတိထားရမည်။ ထိုအချိန််၌ စိတ်သည် မမှန်သောကြောင့် ငြိမ်သက်စွာ နေသင့်သည်။ စိတ်ပြန်မှန်လာမှဆုံးဖြတ်ပါ။ တမန်တော် ထဲ၌ ပေတရုကသာလျှင် သွက်လက်၍ ခရစ်တော်၏ မေးခွန်းများကို အများအားဖြင့် ​ဖြေနိုင်သည်။
ရဝ။ ယေရှု ကလည်း၊ တကျိပ်နှစ်ပါးသော သင်တို့ကို ငါရွေးကောက်သည် မဟုတ်လော။ သို့သော်လည်း သင်တို့ တွင်၊ ရန်သူတယောက် ပါသည်ဟု မိန့်တော်မူ၏။ ၇၁ ထိုသို့ မိန့်တော်မူသော်၊ တကျိပ်နှစ်ပါးအဝင် ဖြစ်၍ ကိုယ်တော်ကို အပ်နှံမည့်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်ကို ဆိုလိုသတည်း။
ယေရှု ကသူ့ကို အပ်နှံမည့်သူ ယုဒရှကာရုတ်ကို အစကတည်း ကသိသည်။ သို့သော် အဘယ်ကြောင့်ယေရှု ကတပည့်တော် အဖြစ်ရွေးကောက်ခဲ့သနည်း။ ကျမ်းစာ ပြည့်စုံဘို့ရန်နှင့် အဖွဲ့ အစည်းအထဲ၌ သူကဲ့သို့သော သူရှိတတ်ကြောင်း သိစေဘို့ရန် ဖြစ်သည်။ သင်သည် ယုဒရှကာရုတ်ကဲ့သို့သော သူမဖြစ်ဘို့ အရေးကြီးသည်။

.

^

ယောဟန် ရ

၁။ ထိုနောက်မှယေရှုသည် ဂါလိလဲပြည်၌ လှည့်လည် တော်မူ၏။ ယုဒလူတို့သည်ကိုယ်တော်ကို သတ်အံ့သောငှါ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှါ အလိုတော် မရှိ။
ယုဒလူများသည် ဗာဗုလုန်​ကျွန်ခံရာမှ ပြန်လာသောအခါ၊ ဘာသာရေးဘက်၌ စိတ်အားကြီး သူများသည် ယေရုရှလင် မြို့နှင့် ပတ်ဝန်းကျင်ယုဒပြည်၌ အ​ခြေချ ကြသည်။ စိုက်ပျိုးရေးစီးပွါးရေးဘက်စိတ်အားကြီး သူများသည် ဂါလိလဲပြည်၌ အ​ခြေချ ကြသည်။ ယေရှုသည် ဘာသာရေး၌ စိတ်အားကြီး သူများ ကသတ်ဘို့ ရှာကြံ ကြသည်။ အကြောင်းမှာ ဘာသာရေးသမားများ၏ အမှားများကို သခင်ယေရှု ကဖေါ်ထုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဂါလိလဲပြည်၌ လှည့်လည်ရခြင်း ဖြစ်သည်။
၂။ ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊ ၃ ညီတော် တို့က၊ သင်ပြုသောအမှု တို့ကို တပည့်များ တို့သည် မြင်စေခြင်းငှါ ဤအရပ်မှ ထွက်၍ ယုဒပြည်သို့ ကြွပါ။ ၄ ကျော်စောကိတ္တိကို အလိုရှိသော သူမည်သည်ကား၊ မထင်ရှားသော အားဖြင့် အဘယ်အမှုကို မျှမပြုတတ်။ ဤအမှု တို့ကို သင်သည် ပြုလျှင်၊ ဤလောက၌ ကိုယ်ကို ထင်ရှားစွာ ပြပါဟု၊ ၅ မယုံကြည် သောကြောင့် ယေရှုအား ဆိုကြ၏။
သကေနေပွဲသည် တဲပွဲ ဖြစ်သည် (ဝတ် ၂၃)။ ဣသရေလ လူများ နှစ်ပေါင်းလေးဆယ်တောလည်ရာတွင် ဘုရားသခင်၏ ​ကျွေးမွေး မစ ဦးဆောင်ခြင်းကို သတိရဘို့ ကျင်းပသောပွဲ ဖြစ်သည်။ အနှစ်တစ်ထောင်ကာလတွင် ခရစ်တော် ကဤလောကကို အုပ်ချုပ်၍ သာယာဝပြောမည့် အရာကိုလည်း ညွှန်ပြသည်။ သခင်ဘုရား၏ ညီတော်များက သူတို့၏ အကိုကို မယုံကြည့်ခဲ့ကြသောကြောင့်၊ ကျော်စောချင်လျှင် ပွဲသို့ သွားပါဟု သရော်၍ ပျက်ရယ်ပြုကြခြင်း ဖြစ်သည်။ သူ၏ ညီတော်များမှာ၊ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒတို့ ဖြစ်သည် (မ ၁၃:၅၅)။ သူ၏ ညီတော် များသည် နောက်ပိုင်း၌ သူတို့၏ အကိုကို ပြန်လည်ယုံကြည်၍ အမှုတော်ဆောင်များ ဖြစ်ကြသည်။ ယာကုပ်သည် ယေရုရှလင် မြို့ အသင်းတော်၏ သင်းအုပ် ဖြစ်၍ ယာကုပ်ဩဝါဒစာကို ရေးသောသူ ဖြစ်သည်။ ပေါလုကသခင်ဘုရား၏ ညီတော် ယာကုပ်တွေ့ခဲ့ကြောင်း (ဂလာ ၁:၁၉)၌ ရေးထားသည်။ ယုဒလည်း ဩဝါဒစာကို သူ့နာမည်နှင့် ရေးထားသည်။ ယုဒက၊ “ယေရှုခရစ်၏ ​ကျွန် ဖြစ်သော ယာကုပ်ညီငါယုဒ” (ယုဒ ၁:၁)ဟု ရေးခဲ့သည်။ ယာကုပ်ကလည်း၊ “ဘုရားသခင်နှင့် အရှင် ယေရှုခရစ်၏ ​ကျွန်ငါယာကုပ်” (ယာ ၁:၁)ဟု သူတို့ကို သူတို့ ယေရှုခရစ်၏ ​ကျွန်ဟု ပြန်ဝန်ခံ ကြသည်။
၆။ ယေရှု ကလည်း၊ ငါ့အချိန် မရောက်သေးသင်တို့ဘို့ ခပ်သိမ်းသောအချိန် သင့်လျက် ရှိ၏။ သခင်ယေရှု ကငါ့အချိန် မရောက်သေးဟုဆိုတတ်သည်။ သူသည် သတ်မှတ်ထားသော အချိန်နှင့် အလုပ်လုပ်တတ်သည်။
ကျွန်ပ်တို့လည်းအချိန် စောင့်တတ်ဘို့ လိုသည်။ လူပျိုအပျိုများသည်အချိန် မတန်မှားယွင်းတတ်ကြသောကြောင့် ဘဝပျက် ကြသည်။ အဘယ်ကြောင့်သင်တို့ အဘို့ ခပ်သိမ်းသောအချိန် သင့်လျက် ရှိသည်ဟုဆိုသနည်း။ အရေးမကြီး သော၊ စိီမံကိန်းပန်းတိုင်မရှိသော သူများ အတွက်၊ စျေးသွားဘို့၊ ပွဲသွားဘို့၊ သူများ အိမ်လည်ဘို့ ဆိုလျှင်လည်း ခေါ်တိုင်း လိုက်တတ်သည်။ အကြောင်းမှာ ရည်ရွယ်ချက်မရှိသောကြောင့့် ဖြစ်သည်။
ရ။ လောကီသား တို့သည် သင်တို့ကို မမုန်းနိုင်၊ ငါ့ကို မုန်းကြ၏။ အကြောင်းမူကား၊ ငါသည် သူတို့၏ အကျင့်ဆိုးညစ်ကြောင်းကို သက်သေခံ၏။
အဘယ်ကြောင့်လောကီသားများကသခင်ယေရှုကို မုန်းကြသနည်း။ သူတို့၏ အကျင့်ဆိုးညစ်ကြောင်းကို သက်သေခံသောကြောင့် ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း လူများ၏ အပြစ်ကို ပြောလျှင် အမုန်းခံမှာ ဖြစ်သည်။ သခင်ဘုရား၏ ​ကျွန်မှန်လျှင် လူများ၏ အမုန်းကိုလည်း ခံ၍ သူတို့ကို အပြစ် နွံထဲမှဆွဲနှုတ်ဘို့ လိုသည်။
၈။ ထိုပွဲွသို့ သင်တို့ သွားကြလော့။ ၉ ငါမသွားသေး။ ငါ့အချိန် မပြည့်စုံသေးဟု မိန့်တော်မူပြီးလျှင်၊ ဂါလိလဲပြည် မှာနေ တော်မူ၏။ ၁၀။ ညီတော်တို့ သွားပြီးမှကိုယ်တော်သည် ထိုပွဲသို့ မထင်မရှားကြွ တော်မူ၏။
သခင်ဘုရားသည် အဘယ်ကြောင့်ပွဲသို့ မသွားဟုဆိုပြီးမှပြန်သွားသနည်း။ သူ့ညီတော်များနှင့်အတူ မသွားလိုသောကြောင့့် ဖြစ်မည်။ ထို့ကြောင့် ယောဟန်က မထင်မရှားကြွ တော်မူ၏ဟု ရေးထားသည်။ သို့သော် နောက်ပိုင်းတွင် ထင်ရှားစွာ ဆုံးမဩဝါဒပေးကြောင်း တွေ့ရသည်။
၁၁။ ထိုပွဲ၌ ယုဒလူတို့က၊ ယေရှုသည် အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေ ကြ၏။ ၁၂ လူအစုအဝေးတို့သည်ကိုယ်တော်ကို အကြောင်း ပြု၍ အုတ်အုတ်သဲသဲ ဖြစ်ကြ၏။ အချို့တို့က၊ သူသည် သူတော် ကောင်း ဖြစ်သည် ဟူ၍ ၎င်း၊ အချို့တို့က၊ သူတော် ကောင်း မဟုတ်၊ လူများကို လှည့်ဖြားသည် ဟူ၍ ၎င်းဆိုကြ၏။ ၁၃သို့သော်လည်း ယုဒလူတို့ကို ကြောက်သောကြောင့် အဘယ်သူ မျှအတည့်အလင်း မပြောဝံ့ကြ။
လူများသည် သခင်ယေရှုကို ရှာ နေကြသည်။ သူ့ကို ကြိုက်နှစ်သက်သော သူများရှိသလို၊ လှည့်ဖြားသော သူဟု စွပ်စွဲသော သူများလည်းရှိသည်။ သူပင်လျှင် ထိုသို့ စွပ်စွဲလျှင် ကျွန်ုပ်တို့လည်း မတရားသဖြင့် စွပ်စွဲမည့်သူများရှိမှာသေချာသည်။ ယုဒလူများကို ကြောက်သောကြောင့် ယေရှု အကြောင်းကို အတည့်အလင်း မပြောဝံံ့ကြဟုဆိုသည်။ ထိုသူများ ပင်လျှင် ယုဒလူများ မဟုတ်လော။ ဟုတ်ပါသည်။ သို့သော် ထိုသို့ ပြောသော သူများသည် လူနည်းစု ဖြစ်ပေလိမ့်မည်။ လူထု၏ အပြစ် တင်မှာကို စိုးရိမ် ကြသည်။
၁၄။ ထိုပွဲကို ခံစဉ်တွင်၊ ယေရှုသည် ဗိမာန်တော်သို့ တက်၍ ဆုံးမဩဝါဒ ပေးတော်မူ၏။ ၁၅ ယုဒလူတို့သည် အံ့ဩ၍ ၊ ဤသူသည် စာမသင်ဘဲ လျက် အဘယ်သို့ တတ်ဘိသနည်းဟုဆိုကြ၏။
ယေရှုသည် မထင်မရှားကြွသောကြောင့် အစပိုင်း၌ လူများ ကမတွေ့၍ ရှာကြခြင်း ဖြစ်သည်။ သို့သော် ယခုဗိမာန်တော်သို့ တက်၍ ဆုံးမဩဝါဒပေးနေပြီ။ သူသည် ကျမ်းတတ်ပုဂ္ဂိုလ်ဖာရိရှဲများ ထံ၌ စာမသင်သောကြောင့် လူများ ကအံ့ဩ နေကြခြင်း ဖြစ်သည်။ သူ၏ အဖြစ်မှန်ကို သိကြပါက အံ့စရာ မလို၊ သူ့ကို ယုံကြည်၍ ကိုးကွယ်ရုံသာရှိသည်။ ယနေ့ လူများစွာ တို့လည်း သူ့ကို မသိကြသောကြောင့်၊ သူ့ကို ဂရုမစိုက်မကိုးကွယ်ဘဲ နေကြသည်။ သင်သည် ထိုသို့ သောသူ မဟုတ်ဘို့ ဘုရားသခင်က သင်၏ မျက်စိကို ဖွင့် ပေးတော်မူ ပါစေသော်။
၁၆။ ယေရှု ကလည်း၊ ငါဟောသော ဒေသနာသည် ငါ၏ ဒေသနာ မဟုတ်။ ငါ့ကို စေလွှတ် တော်မူသော သူ၏ ဒေသနာ ဖြစ်၏။ ၁၇ ထိုသူ၏ အလိုတော်သို့ လိုက်ချင်သော သူမည်သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ ဒေသနာတော် ဖြစ်သလော၊ ငါသည်ကိုယ်အလိုအလျောက်ဟောပြောသလောဟု ပိုင်းခြား၍ သိလိမ့်မည်။ ၁၈ကိုယ်အလိုအလျောက်ဟောပြောသော သူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ မိမိကို စေလွှတ် တော်မူသော သူ၏ ဘုန်းအသရေကို ရှာသော သူမူကား၊ ယုံလောက်သောသူ ဖြစ်၏။ ထိုသူ၌ မုသာမရှိ။
ယေရှု ကသူသည် ပေါက်ကရသူ့ သဘောနှင့် မဟောကြောင်း၊ သူ့ကို စေလွှတ်သော သူရှိကြောင်း ပြောပြသည်။ သူ့ကို စေလွှတ်သော သူသည် ခမည်းတော် ဘုရား ဖြစ်သည်။ ဘုရား၏ အလိုတော်ကို လိုက်ချင်သော သူကသာလျှင် ယေရှု၏ ဒေသနာကို နားလည်နိုင်သည်။ ယနေ့ များစွာသော အမှုတော်ဆောင်များနှင့် ယုံကြည်သူများအဘယ်ကြောင့်ဘုရား၏ အလိုတော်ကို နားမလည် နိုင်ကြသနည်းဟူမူကား၊ ဘုရား၏ အလိုတော်ကို မရှာဘဲကိုယ်ဆန္ဒကို သာလုပ်ချင် ကြသောကြောင့် ဖြစ်သည်။ ကိုယ်အလိုအလျောက်ဟောပြောသော သူသည် မိမိဘုန်းအသရေကို ရှာသောသူ ဖြစ်သည်ဟုဆိုသည်။ ​ကျွန်ုပ်တို့သည် ဘုရား ဘုန်းကို သာလျှင် ရှာကြစို့။
၁၉။ မောရှေသည် ပညတ်တရားကို သင်တို့ အားပေးသည် မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံတယောက် မျှမကျင့်။ ငါ့ကို သတ်အံ့သောငှါ အဘယ်ကြောင့်ရှာကြံကြသနည်းဟု မိန့်တော်မူ၏။
မောရှေပေးသော ပညတ်တရားကို ယုဒလူများ တယောက် ကမျှမကျင့်ကြောင်း ယေရှုအားဖြင့် သိရသည်။ အကြောင်းမှာ ပညတ်တရားသည် ဇာတိစွမ်းအားဖြင့် မကျင့်နိုင်ချေ။ ယုဒလူများ ကယေရှုကို သတ်ဘို့ ရှာကြံကြောင်း ဒုတိယအကြိမ် ပြောပြန်သည် (ရး၁)။
၂၀။ လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူ ဖြစ်၏။ သင့်ကို သတ်အံ့သောငှါ အဘယ်သူ ရှာကြံသနည်းဟုဆိုကြ၏။
လူများ ကယေရှုသည် နတ်ဆိုးစွဲသည်ဟု စွပ်စွဲ ကြသည်။ လူများ ကနတ်ဆိုးစွဲသူဟုဆိုလျှင် သင်ခံနိုင်ပါမည်လော။ ယေရှုသည် သူတို့ မျှော်လင့်စောင့်စားနေသော မေရှိယဟု သိလျှင် ထိုကဲ့သို့ လုံးပြောရဲကြမည် မဟုတ်။ မသိခြင်းသည် အလွန် ခက်လှပါတကား။ ကျွန်ုပ်တို့လည်းကိုယ် မသိသောအရာ အတွက် ပြောတတ်ဆိုတတ် ကြသည်။ ထို့ကြောင့် ဘုရားသခင်က သမ္မာတရား သိစေဘို့ ဆုတောင်း ကြစို့။
၂၁။ ယေရှု ကလည်း၊ ငါပြုသောအမှု တခုကို သင်တို့ ရှိသမျှသည် အံ့ဩခြင်းရှိကြ၏။ ၂၂ မောရှေသည် အရေဖျားလှီးခြင်း တရားကို သင်တို့ အားပေး၏။ ထိုသို့ ဆိုသော်မောရှေမှအစစွာ ခံရသည်ဟု မဆိုလို။ ဘိုးဘေးများ မှဆက်ခံရသတည်း။ ထိုကြောင့်ဥပုသ်နေ့၌ သင်တို့သည် အရေဖျားလှီးခြင်းကို ပေးကြ၏။ ၂၃ မောရှေ၏ တရားမပြတ် စေခြင်းငှါ လူသည် ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကို ခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတကိုယ်လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကို အမျက်ထွက်ရာသလော။ ၂၄ မျက်နှာကို သာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။
အရေဖျားလှီးခြင်းသည် ဘုရားသခင်က အာဗြဟံထံခိုင်းသောအရာ ဖြစ်သည် (က ၁ရ)၊ မောရှေအားဖြင့် ပေးသည် မဟုတ်။ ဣသရေလ လူများသည်သား ယောက်ျားများကို ရှစ်ရက်မြောက်သော နေ့၌ အရေဖျားလှီးပေးတတ် ကြသည်။ ထိုရှစ်ရက်မြောက်နေ့သည် ဥပုသ်နေ့ ဖြစ်လျှင်လည်း အရဖျားလှီးပေးတတ် ကြသည်။ ထို့ကြောင့် သခင်ဘုရားက၊ သင်တို့သည် မောရှေ၏ တရားကို မပြတ် စေခြင်းငှါ ဥပုသ်နေ့၌ အရေဖျားလှီးတတ် ကြသည်။ သို့သော် ယေရှု ကလူနာကို ဥပုသ်နေ့၌ ကျန်းမာစေ သောအခါ အဘယ်ကြောင့်အပြစ် တင်ကြသနည်း၊ ဟုဆိုခြင်း ဖြစ်သည်။
၂၅။ ထိုအခါ ယေရုရှလင် မြို့သား အချို့ကလည်း၊ ဤသူကို သတ်အံ့သောငှါ ရှာကြသည် မဟုတ်လော။ ၂၆ ကြည့်ပါ။ သူသည် ထင်ရှားစွာ ဟောပြော၍ အဘယ်မြစ်တားခြင်းကို မျှမပြုကြပါတကား။ ဤသူသည် ခရစ်တော် ဖြစ်ကြောင်းကို မင်းများ တို့သည် အမှန်သိကြသလော။ ၂၇သို့သော်လည်း ဤသူသည် အဘယ်က ဖြစ်သည်ကို ငါတို့ သိကြ၏။
ခရစ်တော်သည် ကြွလာ တော်မူ သောအခါ အဘယ်က ဖြစ်တော်မူသည်ကို အဘယ်သူ မျှ မသိရဟုဆိုကြ၏။ ဣသရေလ လူများ ကယေရှုကို ခရစ်တော် အဖြစ်လက်မခံနိုင်ကြချေ။ အကြောင်းရင်းမှာသူတို့ ကြိုက်နှစ်သက်သလို တန်ခိုးနှင့် အာဏာနှင့် ခန်းနားကြီး ကျယ်စွာ မလာသောကြောင့် ဖြစ်သည်။ ထို့ကြောင့် “ဤသူသည် ယောသပ်၏သား ယေရှု ဖြစ်သည် မဟုတ်လော။ သူ၏ မိဘကို ငါတို့ သိသည် မဟုတ်လော။ ငါသည် ကောင်းကင်မှ ဆင်းသက်၏ဟု သူသည် အဘယ်သို့ ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။” (ယော ၆:၄၂) ဟုဆိုခဲ့ပြီး ပြီ။ ယောရး၄၁၌လည်း တွေ့ရဦးမည်။ ယော ၉:၂၉၌လည်း “ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထား တော်မူ ကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိ” ဆို ကြသည်။ ထိုသို့ မသိနိုင်ခြင်းသည် လူ့အမြင်၊ ဇာတိမျက်စိဖြင့် ကြည့်သောကြောင့် ဖြစ်သည်။ ယေရှုကို ခရစ်တော် ဖြစ်ကြောင်း မသိခြင်းသည် အလွန် ဆုံးရှုံးခြင်း ဖြစ်သည်။ တမန်တော် များ၏ အဓိကဟောပြောသော အချက်မှာ၊ “သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်သော ယေရှုကို ဘုရားသခင်သည် ခရစ်တော် အရာ၌၎င်း၊ အစိုးရသော အရှင်အရာ၌၎င်းခန့်ထား တော်မူသည် အကြောင်းကို ဣသရေလ အမျိုးသား အပေါင်းတို့ အတပ်အမှန်သိမှ တ်ကြလော့ဟု ပေတရုဟောလေ၏။” (တမန် ၂:၃၆)။ “ရှောလု သည်လည်းအား တိုးပွားသဖြင့် ဒမာသက်မြို့၌ နေသော ယုဒလူတို့သည် ပြောသမျှသော စကားကို ချေ၍ ၊ ယေရှုသည် ခရစ်တော် ဖြစ်ကြောင်းကို ထင်ရှားစွာ ပြ၏။” (တမန် ၉:၂၂) ပေါလုက၊ “ငါဟောပြောသော ယေရှုသည် ခရစ်တော် ဖြစ်သည် ဟူသော အကြောင်း အရာတို့ကို ရှင်းလင်းစွာ ဖွင့်ပြလေ၏။” (တ ၁ရး၃)
၂၈။ ယေရှု ကလည်း၊ သင်တို့သည် ငါ့ကို သိကြ၏။ ငါသည် အဘယ်က ဖြစ်သည် ကိုလည်း သိကြ၏။ သို့သော်လည်း ငါသည်ကိုယ်အလိုအလျောက်လာသည် မဟုတ်။ ငါ့ကို စေလွှတ် တော်မူသော သူသည် သစ္စာနှင့် ပြည့်စုံ တော်မူ၏။ ထိုသူကို သင်တို့ မသိကြ။ ၂၉ ငါမူကား သိ၏။ အကြောင်းမူကား၊ ထိုသူ၏ အထံတော် မှငါလာ၏။ သူ သည်လည်း ငါ့ကို်စေလွှတ် တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩဝါဒ ပေးတော်မူ စဉ်တွင် ကြွေးကြော်၍ မိန့်တော်မူလျှင်၊ ၃၀ကိုယ်တော်ကို ဘမ်းဆီးခြင်း အခွင့်ကို ရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏အချိန် မစေ့မရောက် သေးသောကြောင့် အဘယ်သူ မျှမဘမ်းမဆီးကြ။
ယေရှု ကသင်တို့သည် ငါ့ကို သိကြ၏ဟုဆိုရာတွင် လူဇာတိပိုင်းကို ဆိုလိုသည်၊ ဘုရား ဖြစ်ခြင်း ပိုင်းကို မသိကြခြင်း ဖြစ်သည်။ ယေရှု ကသူသည် သူ့ သဘောနှင့် မလာကြောင်း၊ သူ့ကို စေလွှတ် တော်မူသောသူ တည်းဟူသောခမည်းတော် ဘုရားကို သူတို့ မသိကြောင်း ပြောလိုက်သည်။ အကယ်၍ ခမည်းတော်ကို သိလျှင် ယေရှု ကိုလည်း သိမှ ာ ဖြစ်သည်။ ထိုသို့ ပြောသော်လည်း သူ့အချိန် မရောက် သေးသောကြောင့် မဖမ်းကြသေးချေ။
၃၁။ လူအစုအဝေးထဲ၌ ပါသော သူအများ တို့သည် ယုံကြည်သည် ဖြစ်၍ ၊ ခရစ်တော်သည် ကြွလာ တော်မူ သောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက် သာ၍ များသော နိမိတ်လက္ခဏာတို့ကို ပြတော်မူ မည်လောဟုဆိုကြ၏။
လူအစုအဝေးထဲ၌ ယေရှုကို ယုံကြည်သူများလည်းရှိကြသည်။ ထိုသို့ ယုံကြည်ခြင်း သည်လည်း နိမိတ်လက္ခဏာများ မြင်သောကြောင့် ဖြစ်ဟန်ရှိသည်။ ထို့ကြောင့် ခရစ်တော် ကြွလာသောအခါ သာ၍ များသော နိမိတ်လက္ခဏာပြမည်လောဟုဆို ကြသည်။ တပါးအမျိုးသား ဖြစ်သော ​ကျွန်ုပ်တို့အတွက် ယေရှုနှင့် ခရစ်တော်သည်အတူ တူဟု ယုံသော်လည်း၊ သူတို့ အမြင်၌ ယေရှုသည် လူသား ဖြစ်၍ ခရစ်တော်သည် ကယ်တင်ရှင်မေရှိယ ဖြစ်သည်။ သူကို ယုံကြည်သော သူများ အနေဖြင့် ယေရှုဟု ယုံကြည်သော်လည်း ခရစ်တော် အနေနှင့် မယုံကြည် သေးကြောင်း ထင်ရှားသည်။

၃၂။ ထိုသို့ လူများ အုတ်အုတ်သဲသဲ ဖြစ်ကြသည်ကို ဖာရိရှဲတို့သည် ကြားလျှင်၊ ယဇ်ပုရောဟိတ် အကြီး တို့နှင့် တိုင်ပင်ပြီးမှကိုယ်တော်ကို ဘမ်းဆီးစေခြင်းငှါ မင်းလုလင်တို့ကို စေလွှတ်ကြ၏။ ဖာရိရှဲတို့သည် သာမန်လူထဲမှကျမ်းစာ လေ့လာ၍ ၊ ဘုရား၌ စိတ်အားကြီးသော သူများ ဖြစ်သည်။ ယဇ်ပုရောဟိတ််များသည် အာရုန်အနွယ်မှသာ ဖြစ်၍ ဇဒ္ဒုကဲများ ဟုလည်း ခေါ်တတ်သည်။ ယေရှုကို လက်ခံသူနှင့် လက်မခံ သူများ အုတ်အုတ်သဲသဲ ဖြစ်လာသောအခါ ဖာရိရှဲတို့နှင့် ယဇ်ပုရောဟိတ် များက စိုးရိမ် လာကြသောကြောင့် သူ့ဘမ်းဘို့ လုလင်တို့ကို စေလွှတ်ကြခြင်း ဖြစ်သည်။

၃၃။ ယေရှု ကလည်း၊ ငါသည် သင်တို့နှင့်အတူ ခဏသာနေပြီးလျှင်၊ ငါ့ကို စေလွှတ် တော်မူသော သူထံသို့ သွားရမည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ၃၄ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟု မိန့်တော်မူလျှင်၊ ၃၅။ ယုဒလူတို့က၊ ငါတို့ မတွေ့စေခြင်းငှါ သူသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း။ ဟေလသလူတို့တွင် အရပ်ရပ်သို့ ကွဲပြား လျက် နေသော သူတို့ ရှိရာသို့ သွား၍ ဟေလသလူတို့အား တရားဟောလိမ့်မည်လော။ ၃၆ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟူသော စကားသည် အဘယ်သို့ ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ၏။
အဘယ်ကြောင့်ယေရှု၏ စကားကို နားမလည် နိုင်ကြသနည်းဟူမူကား၊ သူတို့ အမြင်၌ ယေရှုသည် သာမန်လူ၊ ယောသပ်နှင့် မာရိတို့၏သား ဖြစ်သောကြောင့် ဖြစ်သည်။ ယေရှု ဆိုလိုသည် မှာသူသည် မှာသူသည် မကြာမှီကောင်းကင်သို့ တက်သွားတော့မည့် အကြောင်းကို ပြောခြင်း ဖြစ်သည်။
၃၇။ ထိုပွဲကို ခံ၍ နောက်ဆုံး ဖြစ်သော နေ့မြတ်၌ ယေရှုသည် ရပ်၍ ကြွေးကြော် တော်မူသည်ကား၊ ရေငတ်သော သူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့။ ၃၈ ငါ့ကို ယုံကြည်သော သူသည် ကျမ်းစာ လာသည် အတိုင်း အသက် ရေထွက်ရာစမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ၃၉ ထိုသို့ မိန့်တော်မူသော်၊ ယုံကြည်သော သူတို့သည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော် မမူ သေးသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော် မမူသေး။
သကေနေ တည်းဟူသောတဲပွဲသည် သတ္တမလတည်း ဟူူသော ထေးရှရေးလ (သတင်း ကွဋ္ဌတ်လ)တွင် ကျ၍ ခုနှစ်ရက် ကျင်းပတတ် ကြသည်။ ယေရှု ကရေငတ်သော သူဟုဆိုရာတွင် သောက်ရေကို ဆိုလိုသည် မဟုတ်၊ ဝိညာဉ် အတွက် ရေ ဖြစ်သော သန့်ရှင်းသော ဝိညာဉ်တော်ကို ဆိုလိုခြင်း ဖြစ်သည်။ အမှန်မှာ လူတိုင်း သန့်ရှင်းသော ဝိညာဉ်တော်ကို ဆာငတ် ကြသည်။ သို့သော် မသိ သောအခါလောက အရာကို အလွှဲလွှဲအချော်ချော်ရှာဖွေ တတ်ကြသည်။ သင်လည်း ထိုရေ တည်းဟူသောသန့်ရှင်းသော ဝိညာဉ်တော် လိုအပ်သည်။ သင်ရရှိပြီး ပြီလော။
၄၀။ စကားတော်ကို ကြားသော သူအများ တို့က၊ ဤသူသည် လာလတံ့သော ပရောဖက် အမှန် ဖြစ်သည်ဟုဆိုကြ၏။ ၄၁ အချို့ကလည်း၊ ဤသည်သည် ခရစ်တော် ဖြစ်သည်ဟုဆိုကြ၏။ အချို့ကလည်း၊ ခရစ်တော်သည် ဂါလိလဲပြည်သား ဖြစ်ရသလော။ ၄၂ ခရစ်တော်သည် ဒါဝိဒ်အမျိုး၊ ဒါဝိဒ်နေရာ ဌာန၊ ဗက်လင်ရွာသား ဖြစ်ရမည်ဟု ကျမ်းစာ လာသည် မဟုတ်လောဟုဆိုကြ၏။ ၄၃ ထိုသို့ လူများတို့သည် ကွဲပြား ကြသည် ဖြစ်၍ ၊ အချို့တို့သည်ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ အလိုရှိကြ၏။ ၄၄သို့သော်လည်း အဘယ်သူ မျှမဘမ်းမဆီးကြ။
ယုဒလူများ ကယေရှုကို အမျိုးမျိုး ထင်မှတ် ကြသည်။ အချို့ကပရောဖက် အဖြစ်သာယုံကြည် ကြသည်။ အချို့က ခရစ်တော် အဖြစ် လက်ခံ ကြသည်။ သို့သော် မသေချာသောကြောင့် အချင်းချင်းငြင်းခုံ နေကြခြင်း ဖြစ်သည်။ အမှန်မှာ သူသည် ဒါဝိဒ်အမျိုးလည်း ဖြစ်၍ ဗက်လင်မြို့မှာလည်း မွေးဘွားခဲ့သည်။ သို့သော် သူမွေးသည့်နေရာကို မသိကြတော့ချေ။ အကြောင်းမှာ နာဇရက်မြို့၌ ကြီး ပြင်းသည်။ သူ့အချိန် မရောက် သေးသောကြောင့် မဖမ်းဆီးကြသေးချေ။
၄၅။ ထိုအခါ မင်းလုလင်တို့သည် ယဇ်ပုရောဟိတ် အကြီး၊ ဖာရိရှဲထံသို့ ပြန်၍ ၊ ထိုမင်းတို့က၊ အဘယ်ကြောင့်သူ့ကို မဆောင်ခဲ့ကြသနည်းဟု မေးမြန်းလျှင်၊ ၄၆ မင်းလုလင်တို့က၊ ထိုသူဟောပြော သကဲ့သို့ အဘယ်သူ မျှမဟောစဖူးပါဟု လျှောက်ကြ၏။ ၄ရဖာရိရှဲတို့ ကလည်း၊ သင်တို့ကို ပင်လှည့်ဖျားပြီလော။ ၄၈ မင်းများ၊ ဖာရိရှဲများ တို့တွင် သူ့ကို ယုံကြည်သော သူတစုံတယောက် မျှရှိသလော။ ၄၉ တရားကို မသိသော ဤလူမျိုးများ တို့သည် ကျိန်ခြင်းကို ခံရသောသူ ဖြစ်သည်ဟုဆိုကြ၏။
အော် မသိတတ်ကြပါတကား။ ဖာရိရှဲတို့သည် ကျမ်းတတ်ဟုဆိုသော်လည်း သူတို့၏ သခင်၊ ကယ်တင်ရှင်မေရှိယကို မယုံကြည် ကြဘဲ ဖမ်းဘို့ လုလင်များကို စေလွှတ် ကြသည်။ သူတို့ကိုယ်တိုင်မင်းများ၊ ဖာရိရှဲတိုတွင် ယေရှုကို ယုံကြည်သူ တယောက် မျှမရှိဟု နှုတ်ဖြင့် ဝန်ခံ ကြသည်။ တရားကို မသိသောကြောင့် ဤလူမျိုးသည် ကျိန်ခြင်း ခံရသည်ဟုဆို ကြသည်။ အမှန်မှာ တရားကို မသိကျိန်ခြင်း ခံသော သူတို့သည် သူတို့ သာလျှင် ဖြစ်နေသည်။ ယနေ့ အမှုတော်ဆောင်များစွာနှင့် ခရစ်ယာန် များစွာလည်း သမ္မာတရားကို မသိသောကြောင့် သူတပါးကို တရားစီရင်တတ် ကြသည်။
၅၀။ အထက် ကညဉ့်အခါ၌ အထံတော်သို့ လာသောသူ တည်းဟူသောထိုမင်းများ အဝင် ဖြစ်သော နိကောဒင်ကလည်း၊ ၅၁ ငါတို့ တရားသည် လူကို မစစ်၊ သူ့အမှုကို မသိမီကပင်ရှေ့မဆွကဆုံးဖြတ်တတ်သလောဟုဆိုလျှင်၊ ၅၂ သူတို့က၊ သင်သည်လည်း ဂါလိလဲပြည်သား ဖြစ်သလော။ စစ်ဦးလော့။ ဂါလိလဲပြည်၌ အဘယ်ပရောဖက် မျှမပေါ်မထွန်းသည်ကို မှတ်လော့ဟုဆိုကြပြီးမှ၊ ၅၃ ထိုသူ အပေါင်းတို့သည် မိမိတို့ အိမ်သို့ သွားကြ၏။
နိကောဒင်ဖာရိရှဲ ဖြစ်သော်လည်း ယေရှုကို ယုံကြည်သည်။ သို့သော် ထင်ရှားစွာ သူ၏ ယုံကြည်ခြင်းကို မဖေါ်ဝင့်ချေ။ ထို့ကြောင့် ယေရှု ထံသို့ ညအခါလာခဲ့သည် (ယော ၃:၁-၆)။ ယေရှု မြှုပ်နှံရာတွင်လည်း အရိမသဲမြို့သား ယောသပ်နှင့်အတူ ပါဝင်ခဲ့သည် (ယော ၁၉:၃၉)။ သူကအမှု မသိဘဲ တရားမစီရင်သင့်ကြောင်း သူ့အဖေါ်များကို ပြော သောအခါ၊ ဖေါ်များ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရသည်။

.

^

ယောဟန် ၈

၁။ ယေရှု သည်လည်း သံလွင်တောင်သို့ ကြ တော်မူ၏။ ၂ နံနက် စောစော ဗိမာန်တော်သို့ တဖန် ကြွ တော်မူ၍ လူအပေါင်းတို့သည် အထံတော်သို့ လာကြ၏။ ထိုအခါ ထိုင်တော်မူ၍ ဆုံးမဩဝါဒပေးစဉ်တွင်၊ ၃ မှားယွင်းခြင်း အမှုကို ပြုလျက် နေသော မိန်းမတယောက်ကို တွေ့လျှင်၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့သည် ခေါ်ခဲ့၍ အလယ်၌ ထားပြီးမှ၊ ၄ အရှင်ဘုရား၊ ဤမိန်းမသည် မှားယွင်းခြင်း အမှုကို ပြုစဉ်တွင် ပင်တွေ့မိပါသည်။ ၅ ထိုသို့သော မိန်းမကို ကျောက်ခဲနှင့် ပစ်ရမည်ဟု မောရှေသည် အ​ကျွန်ုပ်တို့အား ပညတ်တရား၌ စီရင်ထုံးဖွဲ့ပါပြီ။သို့ ရာတွင်ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူ မည်နည်းဟု လျှောက်ကြ၏။ ၆ ထိုသို့ လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ် တင်ခွင့်ရှိစေခြင်းငှါ စုံစမ်း နှောင့်ရှက်သော အားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ ရေးသား၍ နေတော်မူ၏။
ဖာရိရှဲ တို့သည် သူတို့၏ ထုံးစံအတိုင်း ယေရှုကို အပြစ် ရှာချင် သောကြောင့် မှားယွင်းသော အမျိုးသမီးကို သူ့ထံသို့ ခေါ်၍ တရားစီရင်ခိုင်းခြင်း ဖြစ်သည်။ အမျိုးသမီး၏ အပြစ်သည် သူတို့ အဓိကထားသည် မဟုတ်၊ သခင်ယေရှုကို အပြစ် ထောင်​ခြောက်ဆင်ခြင်း ဖြစ်သည်။ အဘယ်၍ ယေရှု ကထိုအမျိုးသမီးကို ခဲနှင့် ပေါက်ပါဟုဆိုလျှင်၊ “ငါ့စကားကို ကြားသော သူသည် မယုံကြည်ဘဲ နေလျှင် ထိုသူကို ငါသည် အပြစ် မစီရင်။ လောကီသား တို့ကို အပြစ် စီရင်အံ့သောငှါ ငါလာသည် မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါ ငါလာ၏။” (ယော ၁၂:၄ရ)ဟု သူပြောသောအရာ နှင့် ဆန့်ကျင်မည်။ အကယ်၍ မပစ်နှင့် ဟုဆိုလျှင် လည်း၊ ပညတ်တော်ကို မလိုက်ချိုးဖေါက်သည်ဟု စွတ်စွဲကြဦးမည်။ ထိုသို့ သူတို့၏ ဥာဏ်ကို သိသောကြောင့် စကား မပြောဘဲ အောက်သို့ ငုံ့လျက် မြေ၌ ရေးသား နေခြင်း ဖြစ်သည်။
ရ။ ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြ သောအခါ ကိုယ်ကို လှန် တော်မူ၍ ၊ သင်တို့တွင် အပြစ် ကင်းသော သူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့် ပစ်စေဟု မိန့်တော်မူပြီးမှ ၊ ၈ တဖန် အောက်သို့ ငုံ့၍ မြေ၌ ရေးသားတော်မူ ပြန်၏။
သူတို့ စိတ်ထဲ၌ ယေရှု အကျပ်တွေ့သွားပြီ၊ ဟုအားရကျေနပ် နေကြလိမ့်မည်။ ထိုကြောင့််အထပ်ထပ်မေးကြခြင်း ဖြစ်မည်။ သူတို့ နေဖြင့် ပိုင်ပြီ၊ ယေရှုကို အပြစ် တင်၍ ရတော့မည်ဟု စိတ်ထဲမှာတွေးကြစဉ်တွင်၊ ယေရှုက၊ “သင်တို့တွင် အပြစ် ကင်းသော သူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့် ပစ်စေ” ဟပြောလိုက်သည်။
၉။ ထိုသူတို့သည် ကြားရလျှင် မိမိတို့ စိတ်နှလုံးသည် မိမိတို့ အပြစ်ကို ဘော်ပြသဖြင့်၊ အသက် ကြီးသော သူမှစ၍ အငယ်ဆုံးသော သူတိုင်အောင် တယောက် နောက်တယောက် ထွက်သွားကြ၏။ ယေရှုသည် တယောက် တည်း ကျန်ရစ် တော်မူ၍ ၊ မိန်းမသည် အလယ်၌ ရပ်နေ၏။
အမျိုးသမီးကို တရားစွဲအပြစ် တင် သူများသည် ယေရှု ထံလာသောအခါ မိမိတို့၏ အပြစ်ကို မမြင် မသိချေ။ အမျိုးသမီး၏ အပြစ်ကို သာမြင်၍ အားရကျေနပ်စွာ ဖြင်ယေရှု၏ အပြစ်ကို ပါ ဖေါ်ပြဘို့ ရည်ရွယ်ခဲ့ ကြသည်။ သို့သော် ယေရှု၏ စကားက သူတို့၏ အပြစ်များကို စစ်ဆေးစေသည်။ ထိုသို့ မိမိတို့ အပြစ်ကို စစ်ဆေး သောအခါ အပြစ် ကင်းသော သူတယောက် မျှမရှိ၊ အားလုံးထွက်သွား ကြသည်။ အဘယ်ကြောင့်အသက် ကြီးသော သူများ ကစထွက်သွားကြသနည်းဟူမူကား၊ လူသည် အသက် ကြီး လေလေအပြစ်များလေလေ ဖြစ်သည်။ သင်နှင့် ​ကျွန်ုပ်လည်း သူတပါးအပြစ်ကို သာမြင်သလော။ သူတပါး၏ အပြစ်ကို မြင်နေချိန်တွင်ကိုယ့်အပြစ်ကို မမြင်နိုင်ချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြည့်မှသာလျှင်ကိုယ့်အပြစ်ကို မြင်နိုင်သည်။ ကျမ်းစာသည် မှန်ကဲ့သို့ ကိုယ့်ကိုယ်ကို မြင်စေနိုင်သည်။
၁၀။ ထိုအခါ ယေရှုသည်ကိုယ်ကို လှန် တော်မူ ပြန်၍ ၊ ထိုမိန်းမမှတပါးအဘယ်သူကို မျှမမြင်လျှင်၊ အချင်းမိန်းမ၊ သင့်ကို အပြစ် တင်သော သူတို့သည် အဘယ်မှာ ရှိကြသနည်း။ သင်၏ အမှုကို အဘယ်သူ မျှမစီရင်လောဟု မေးတော်မူ၏။ ၁၁ ထိုမိန်းကလည်း၊ အဘယ်သူ မျှမစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်း သင်၏ အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။
သခင်ယေရှုသည် လူများ၏ အပြစ်ကို တရားစီရင်ဘို့ရန် မလာ၊ အပြစ်မှ ကယ်တင်ဘို့ရန် လာသည်ဟုဆိုသည့်အတိုင်း အမျိုးသမီး၏ အပြစ်ကို မစီရင်ခဲ့ချေ။ ထိုအမျိုးသမီးသည် သခင်ယေရှုကြောင့် ထိုနေ့တွင်ကိုယ်ခန္ဓာသေခြင်း မှလွတမြောက်သည် သာမက၊ အပြစ် လွှတ်ခြင်း ကိုလည်း ခံစားရသည်။ သင်လည်း ယနေ့ သခင်ဘုရားအားဖြင့် အပြစ် လွတ်ခြင်းရရှိနိင်သည်။
၁၂။ တဖန်တုံယေရှုက၊ ငါသည် ဤလောက၏ အလင်း ဖြစ်၏။ ငါ့နောက်သို့ လိုက်သော သူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏ အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။
ကျွန်ုပ်တို့ အနေဖြင့်လောက အလင်းကို သိကြသည်။ အလင်းမရှိလျှင် အပြစ် ကလွှဲ၍ ကောင်းသောအရာ များ မလုပ်နိုင်ချေ။ အလင်းမရှိလျှင် မျက်စိကန်းနှင့် တူ၍ ဘာမျှလုပ်နိုင်မည် မဟုတ်။ ယေရှု ပြောသော အလင်းသည် ဝိညာဉ် ပိုင်း ဖြစ်သည်။ လူသည် ဝိညာဉ် ပိုင်းအလင်းမရှိသောကြောင့် ဝိညာဉ် ရေးရာ၌ မျက်စိကန်း ဖြစ်နေကြသည်။ ထို့ကြောင့် ဤလောက အရာများကို သာလျှင် စွဲလန်း၍ ဝိညာဉ် ပိုင်းအရာကို တန်ဘိုး မထားကြချေ။ ထို့ကြောင့် ဘုရား ခိုင်းသော အလုပ်မလုပ်နိုင်ကြချေ။ ဝိညာဉ် ပိုင်းအရာများကို စွဲလန်းခြင်း လုံးဝ မရှိကြချေ။
၁၃။ ဖာရိရှဲတို့ ကလည်း။ သင်သည်ကိုယ်အကြောင်းကို သက်သေခံ၏၊ သင်၏ သက်သေမတည်ဟုဆိုကြ၏။
လူသည် ပြုမိသော ဒုစရိုက်၊ ပြစ်မှားမိသော အပြစ်ကို စစ်ကြော သောအခါ၊ သက်သေခံတဦးတည်းရှိလျှင် သူ၏ စကား မတည်ရ။ သက်သေခံနှစ်ဦး၊ သုံးဦးအားဖြင့် စကားရှိသမျှ တို့သည် တည်ရလိမ့်မည်။ (တရားဟော ၂၉:၁၅) မောရှေကျမ်းစာ၌ အထက်ပါ ကဲ့သို့ ရှိသောကြောင့် ယုဒလူများ ကယေရှုကို သင်၏ သက်သေမတည်ဟုဆိုရခြင်း ဖြစ်သည်။
၁၄။ ယေရှု ကလည်း၊ ငါသည်ကိုယ်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည် အဘယ်အရပ်ကလာသည်ကို၎င်း၊ အဘယ်အရပ်သို့ သွားသည်ကို၎င်းငါသိ၏။ သင်တို့ မူကား မသိကြ။ ၁၅ သင်တို့သည် ဇာတိပကတိ အတိုင်း စီရင်တတ်ကြ၏။ ငါမူကား အဘယ်သူကို မျှမစီရင်။ ၁၆ ငါသည် စီရင်သော်လည်း ငါ၏ စီရင်ခြင်းသည် တည်၏။ အကြောင်းမူကား၊ ငါသည် တယောက် တည်း နေသည် မဟုတ်။ ငါ့ကို စေလွှတ် တော်မူသော ခမည်းတော်သည် ငါ့ဘက်၌ နေတော်မူ၏။
ယေရှု ကသူသည် အဘယ်အရပ်ကလာ၍ အဘယ်အရပ်သို့ သွားသည်ကို သိ၏ဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း အဘယ်အရပ်ကလာ၍ အဘယ်အရပ်သို့ သွားသည်ကို သိကြပါသလော။ သင်သည် ကယ်တင်ခြင်း စိတ်ချမှု ရရှိပြီးသူ ဖြစ်လျှင် သိပါလိမ့်မည်။ ယုဒလူတို့ မူကား အဘယ်အရပ်သို့ သွားသည်ကို မသိကြပါ။ ယေရှု ကယုဒလူတို့သည် ဇာတိပကတိ အတိုင်း စီရင်တတ်သည်ဟုဆိုသည်။ ဆိုလိုသည် မှာ ဝိညာဉ် ပိုင်း မသိသောကြောင့် ဇာတိအတိုင်း စီရင်ခြင်း ဖြစ်သည်။ ယေရှုနှင့် ယုဒလူတို့၏ ပြသနာသည် ထိုအရာပင် ဖြစ်သည်။ ယေရှုက ဝိညာဉ် ပိုင်းစကား ပြောသော်လည်း၊ ယုဒလူများ ကဇာတိပိုင်းနှင့် ပြောသောကြောင့် ဘယ် သောအခါ မျှ သဘော ချင်းမတူညီနိုင်ကြချေ။ ယနေ့ ဝိညာဉ် လူနှင့် ဇာတိလူများလည်း ထိုပြသနာကြောင့် ကွဲပြားခြင်း၊ အထင်လွှဲခြင်း ဖြစ်နေကြခြင်း ဖြစ်သည်။ ယေရှု ကသူသည် အဘယ်သူကို မျှတရားမစီရင်ဟုဆိုသည်။ စီရင်လျှင်လည်း ခမည်းတော်နှင့်အတူ ရှိသောကြောင့် သူ၏ စီရင်ချက်သည် တည်သည်ဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း ယေရှု ကဲ့သို့ သူတပါးစီရင်ဘို့ မဟုတ်ပါ။
၁ရ။ သက်သေခံနှစ်ဦးတို့၏ စကားသည် တည်ရ၏ဟု သင်တို့ ပညတ္တိကျမ်းစာ၌ လာ၏။ ၁၈ ငါသည်ကိုယ်အကြောင်းကို သက်သေခံသောသူ ဖြစ်၏။ ငါ့ကို စေလွှတ် တော်မူသော ခမည်းတော် သည်လည်း ငါ့အကြောင်းကို သက်သေခံ တော်မူသည်ဟု မိန့်တော်မူ၏။
ယေရှု ကသူသည် ခမည်းတော်နှင့်အတူ သက်သေခံသောကြောင့် သူ၏ သက်သေခံချက်သည် တည်သည်၊ တရားဝင်သည်ဟုဆိုသည်။ ယုံကြည်သူများလည်း သမ္မာတရားကို သက်သေခံ သောအခါ ဇာတိလူများ ကအပြစ် တင်၊ အထင်လွှဲမှားကြမှာ ဖြစ်သည်။ ယေရှု ပင်လျှင် ခံရလျှင် ကျွန်ုပ်တို့လည်း ခံရမှာ ဖြစ်သည်။
၁၉။ ထိုသူတို့ ကလည်း၊ သင်၏ ခမည်းတော်သည် အဘယ်မှာ ရှိသနည်းဟု မေးကြ၏။ ယေရှု ကလည်း၊ သင်တို့သည် ငါ့ကို မသိကြ။ ငါ့ခမည်းတော် ကိုလည်း မသိကြ။ ငါ့ကို သိလျှင် ငါ့ခမည်းတော် ကိုလည်း သိကြလိမ့်မည်ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ယုဒလူများ ကယေရှုကို ထိုကဲ့သို့ မေးသနည်းဟူမူကား၊ ဇာတိမျက်စိအားဖြင့် ကြည့်ကြသောကြောင့် ဖြစ်သည်။ သူတို့ အမြင်၌ ယေရှုသည် လက်သမားသား ယောသပ်၏သား ဖြစ်နေသည်။ ဘုရားသခင်၏သား ဖြစ်ကြောင်းကို မသိ၊ လက်မခံနိုင်ကြချေ။
၂၀။ ဗိမာန်တော်၌ ဆုံးမဩဝါဒ ပေးတော်မူ စဉ်ဤစကားတော်ကို ဘဏ္ဍာတိုက်မှာမိန့်¹မက် တော်မူ၏။ ကိုယ်တော်၏အချိန် မစေ့မရောက် သေးသောကြောင့် အဘယ်သူ မျှကိုယ်တော်ကို မဘမ်းဆီးကြ။
ယေရှုသည် ကွယ်ရာမှာပြောသည် မဟုတ်၊ ဗိမာန်တော် အထဲမှပြောသည်။ သူ၏အချိန် မရောက် သေးသောကြောင့် မဘမ်းဆီးကြဟုဆိုသည်။ ​ကျွန်ုပ်တို့လည်းအချိန် မတန်လျှင် အဘယ်အမှုနှင့် မျှမပတ်သက်နိုင်ချေ။
၂၁။ တဖန် ယေရှု ကငါသည် သွားရမည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ကိုယ်အပြစ်၌လည်း သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟု မိန့်တော်မူ၏။ ၂၂ ယုဒလူတို့ ကလည်း၊ ငါသွားရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟု သူသည် ဆိုသော်၊ ကိုယ်အသက်ကို သတ်မည်လောဟုဆိုကြ၏။
ယေရှု သွားမည့် နေရာသည် ကောင်းကင် ဖြစ်သည်။ ယုဒလူများ သွားမည့် နေရာသည် ငရဲ ဖြစ်သည်။ ထို့ကြောင့် ယေရှု ကသင်တို့ မရောက်နိုင်ကြဟုဆိုခြင်း ဖြစ်သည်။ ထိုသို့ မသိသောကြောင့် သူ့ကို သူသတ်သေဘို့ ဖြစ်လိမ့်မည်ဟုဆိုကြခြင်း ဖြစ်သည်။ ယနေ့ လူများစွာလည်း မိမိတို့ သွားမည့် နေရာကို မသိကြချေ။ သင်သည် သင်သွားမည့် နေရာကို သိပါသလော။
၂၃။ ယေရှု ကလည်း၊ သင်တို့သည် အောက်သား ဖြစ်ကြ၏။ ငါမူကား အထက်သား ဖြစ်၏။ သင်တို့သည်လောကီသား ဖြစ်ကြ၏။ ငါမူကားလောကီသား မဟုတ်။ ၂၄ ထိုကြောင့်သင်တို့သည်ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု ငါဆို၏။ ငါသည် ဤမည်သောသူ ဖြစ်သည်ကို သင်တို့သည် မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။
အောက်သား ဆိုသည်မှာ မြေကြီး သားကို ဆိုလိုသည်။ အထက်သား ဆိုသည်မှာ ကောင်းကင် သားကို ဆိုုလိုသည်။ ယေရှု ကသင်တို့သည်လောကီသား ဖြစ်ကြသည်ဟုဆိုသည်။ လောကီသားသည် မြေကြီးသားနှင့် တူသည်။ သူမူကားလောကီသား မဟုတ်၊ ကောင်းကင်သား ဖြစ်သည်။ ယုဒလူတို့သည်လောကီသား ဖြစ်ကြသောကြောင့် အပြစ်ရှိ၍ သေကြမည်။ ယေရှုက၊ ‘ငါသည် ဤမည်သော သူ’ဟုဆိုခြင်းသည် သူတို့ မျှော်လင့်သော ကယ်တင်ရှင်မေရှိကို ဆိုလိုသည်။
၂၅။ ထိုသူတို့ ကလည်း၊ သင်သည် အဘယ်သူ နည်းဟု မေးလျှင်၊ ယေရှုက၊ ငါသည် သင်တို့အား အစဉ် ပြောဆိုသည် အတိုင်း ငါဖြစ်၏။ ၂၆ သင်တို့ အမှု၌ ငါပြောဆို စီရင်စရာ များစွာ ရှိ၏။ သို့သော်လည်း ငါ့ကို စေလွှတ် တော်မူသော သူသည် သစ္စာနှင့် ပြည့်စုံ တော်မူ၏။ သူ၏ အထံတော်၌ ငါကြားသမျှကို သာဤလောက၌ ငါဟောပြောသည်ဟု မိန့်တော်မူ၏။ ၂၇ ခမည်းတော်ကို ရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိပ်မိကြ။
ယေရှု ကသူသည် ဤမည်သောသူ ဖြစ်သည်ဟုဆိုသောကြောင့် ယုဒလူများ ကသင်သည် အဘယ်သူ ဖြစ်သနည်းဟု ပြန်မေးရခြင်း ဖြစ်သည်။ ဝိညာဉ် မျက်စိကန်းကြသောကြောင့် သူတို့သည် နားမလည် နိုင်ကြချေ။
၂၈။ ထိုကြောင့်ယေရှုက၊ သင်တို့သည် လူသားကို မြှောက်ထား သောအခါ၊ ငါသည် ဤမည်သောသူ ဖြစ်သည်ကို၎င်း၊ ငါသည်ကိုယ်အလိုအလျောက်အဘယ်အမှုကို မျှမပြုဘဲ၊ ငါ့ခမည်းတော်သည် ငါ့အား နည်း ပေးတော်မူသည် အတိုင်း ငါဟောပြောသည်ကို၎င်း၊ သင်တို့သည် သိကြလိမ့်မည်။ ၂၉ ငါ့ကို စေလွှတ် တော်မူသော သူသည် ငါနှင့်အတူ ရှိတော်မူ၏။ ငါကို တကိုယ်တည်း နေစေခြင်းငှါ ခမည်းတော်သည် စွန့်ပစ်တော် မမူ၊ အကြောင်းမူကား နှစ်သက် တော်မူသော အမှုကို အစဉ်မပြတ် ငါပြုသည်ဟု မိန့်တော်မူ၏။
ယေရှု ကသူတို့သည် သူ့ကို လက်ဝါးကပ်တိုင်တော်၌ မြှောက်ထား၍ သတ်ကြမည်ဟုဆိုသည်။ ထိုအချိန် မှသာသူသည် ဤမည်သောသူ (မေရှိ) ဖြစ်ကြောင်းကို သိကြလိမ့်မည်ဟုဆိုသည်။ ယေရှု ကသူသည် တယောက် တည်း မဟုတ်၊ ခမည်းတော်နှင့်အတူ အမြဲရှိကြောင်း ပြောသည်။ ​ကျွန်ုပ်တို့ နှင့်လည်းအတူ အမြဲရှိကြောင်း သတိရကြစို့။ ယေရှုသည် ခမည်းတော််နှစ်သက် တော်မူသောအရာ ကို သာအစဉ်ပြု သကဲ့သို့ ​ကျွန်ုပ်တို့လည်း ပြုကြပါစို့။
၃၀။ ထိုစကားတော်ကို မိန့်တော်မူ စဉ်၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ၃၁။ ထိုအခါ ယေရှုက၊ သင်တို့သည် ငါ၏ ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန် ဖြစ်ကြ၏။ ၃၂ သမ္မာတရား ကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။
ယောဟန်ကယုဒလူတို့ ကသူကို ယုံကြည် ကြသည်ဟုဆိုသော်လည်း နောက်ပိုင်း၌ သံသယပြန်ရှိကြသည်ကို တွေ့ရဦးမည်။ ယေရှု၏ တပည့်တော် မှန်လျှင် သူ၏ ဒေသနာတော်၌ တည်ရမည်၊ လိုက်နာရမည်။ သမ္မာတရား သိခြင်း ဖြစ်လွတ်လိမ့်မည်ဟုဆိုသည်။ သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင် နှင့် သူ၏ အကြံအစည်များကို ဆိုလိုသည်။ သမ္မာတရား သိသော သူများသည် ရိုးရာယဉ်ကျေးမှုများ၊ အယူသေးမှုများ၊ လွှဲမှားသော အယူဝါဒနှင့် ကျင့်ထုံးများမှ လွတ်မြောက်နိုင်သည်။
၃၃။ ယုဒလူတို့ ကလည်း၊ ငါတို့သည် အာဗြဟံအမျိုး ဖြစ်ကြ၏။ အဘယ်သူ ထံ၌ တရံတခါမျှ​ကျွန်မခံကြ။ လွှတ်လိမ့်မည်ဟူ၍ သင်သည် အဘယ်သို့ ပြောဆို သနည်းဟု မေးမြန်းကြ၏။ ယေရှု ကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ ၃၄ ဒုစရိုက်ကို ပြုသမျှသော သူတို့သည် ဒုစရိုက်၏ ​ကျွန် ဖြစ်ကြ၏။ ၃၅ ​ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည် မဟုတ်။သား မူကား အစဉ်အမြဲနေ၏။ ၃၆ ထိုကြောင့်သားသည် သင်တို့ကို လွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။
ယုဒလူများ ကအာဗြဟံ၏ အမျိုး ဖြစ်ခြင်းကို အလွန် ဝါကြွားစိတ်ချ ကြသည်။ ထို့ကြောင့် ယောဟန်က၊ “အာဗြဟံသည် ငါတို့ အဘ ဖြစ်သည် ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့ မှအာဗြဟံသား တို့ကို ထုတ်ဘော်ဖန်ဆင်းနိုင် တော်မူသည်ဟု ငါအမှန်ဆို၏။” (မ ၃:၉)။ ထို့အပြင် သူတို့သည် အဲဂုတ္တု ​ကျွန်၊ ဗာဗုလုန်၊ ပါရှား၊ ဂရိတ်​ကျွန်များ ခံခဲ့ကြဘူးပြီ။ ဤစကားကို ပြောကြစဉ်တွင် ရောမ​ကျွန် ဖြစ်ကြသည်။ သို့သော အဘယ်သူ ထံ၌ တရံတခါမျှ​ကျွန်မခံကြဟု ​ေဗျာင်လိမ် ကြသည်။ သူတို့ ကဲ့သို့ပင်​ကျွန်ုပ်တို့လည်းလောက ​ကျွန်၊ အလုပ်​ကျွန်ုပ်၊ ဝါသနာ​ကျွန်ခံ နေကြမှန်း မသိတတ်ကြချေ။ ​ကျွ​ဲနွားများသည် ​ကျွန် ဖြစ်မှန်း မသိကြသောကြောင့် ပိုင်ရှင်အိမ်သို့ သစ္စာရှိစွာ ပြန်လာ၍ ပိုင်ရှင်တင်သော ထမ်းပိုးများကို ဆွဲ နေကြသည်။ ​ကျွန်ုပ်တို့လည်း တိရစ္ဆာန်များ ကဲ့သို့ ​ကျွန် ဖြစ်နေကြမှန်း မသိကြချေ။ ယုဒလူများနှင့် ​ကျွ​ဲနွားများ ကလွတ်ခြင်း အခွင့်ကို မလိုချင် ကြ သကဲ့သို့ ​ကျွန်ဘဝ၌ ပျော်မွေ့ နေကြသည်။ ယရှုကဒုစရိုက်အပြစ် လုပ်သမျှ တို့သည် ဒုစရိုက်၏ ​ကျွန် ဖြစ်သည်ဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း ဒုစရိုက်လုပ်ဘူးသောကြောင့် ဒုစရိုက်၏ ​ကျွန် ဖြစ်ကြသည်။ ​ကျွန် ဖြစ်သောကြောင့် ဘုရားသခင်၏ အလိုတော်ကို မဆောင်ရွက်နိုင်ကြခြင်း ဖြစ်သည်။ ဒုစရိုက်​ကျွန်မှသားတော် ယေရှု ကသာလျှင် လွှတ်ပေးနိုင်သည်။
၃၇။ သင်တို့သည် အာဗြဟံအမျိုး ဖြစ်ကြသည်ကို ငါသိ၏။ သို့သော်လည်း ငါ၏ ဒေသနာသည် သင်တို့၌ တည်နေရာကို မရသောကြောင့် သင်တို့သည် ငါ့ကို သတ်အံ့သောငှါ ရှာကြံကြ၏။ ၃၈ ငါသည် ငါ့ခမည်းတော် ထံ၌ မြင်ခဲ့ပြီးသည် အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏ အဘထံ၌ မြင်ခဲ့ပြီးသည် အတိုင်း ပြုကြ၏ဟု မိန့်တော်မူ၏။
ယုဒလူတို့သည် အာဗြဟံအမျိုး ဖြစ်ကြောင်း ယေရှု ကမငြင်းပါ။ သို့သော် အာဗြဟံအမျိုး ဖြစ်ရုံဖြင့် လွတ်ခြင်း အခွင့်မရနိင်ပါ။ သူတို့သည် ယေရှု၏ ဒေသနာတော်၌ တည်မှသာလျှင် လွတ်ခြင်း အခွင့်ရကြမှာ ဖြစ်သည်။ သူတို့သည် ယေရှုကို သတ်ဘို့ ရှာကြံ ကြသည်။
၃၉။ ထိုသူတို့ ကလည်း၊ အာဗြဟံသည် ငါတို့ အဘ ဖြစ်၏ဟုဆိုကြ၏။ ယေရှု ကလည်း၊ သင်တို့သည် အာဗြဟံ၏သား မှန်လျှင် အာဗြဟံ၏ အကျင့်ကို ကျင့်ကြလိမ့်မည်။ ၄၀ ဘုရားသခင့်အထံတော်၌ ကြားရသော သစ္စာ တရားကို သင်တို့အား ဟောပြောသောသူ တည်းဟူသောငါ့ကို သတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူ ကျင့်သည် မဟုတ်။ ၄၁ သင်တို့သည် သင်တို့ အဘ၏ အကျင့်ကို ကျင့်ကြ၏ဟု မိန့်တော်မူ၏။ ထိုသူတို့ ကလည်း၊ ငါတို့သည် မျောက်မထားသော အမျိုး မဟုတ်။ ဘုရားသခင် တည်းဟူသောငါတို့ အဘတပါးတည်းရှိတော်မူသည်ဟုဆိုကြ၏။
ယေရှု ကသင်တို့သည် သင်တို့ အဘထံ၌ မြင် သကဲ့သို့ ပြုကြသည်ဟုဆိုသောကြောင့်၊ ငါတို့သည် အာဗြဟံ၏ သားများဖြစ်ကြသည်ဟုဆိုသည်။ သို့သော် ယေရှု ကသူတို့သည် အာဗြဟံသားများမဟုတ်၊ ဟုတ်လျှင် သူ့ကို သတ်အံ့သောငှါ ရှာကြမည် မဟုတ်ဟုဆိုသည်။ ထိုအခါ သူတို့ ကသူတို့သည် မျောက်မထားသော အမျိုး မဟုတ်ကြောင်း၊ ဘုရားသခင်သည် သူတို့ အဘ ဖြစ်သည်ဟုတ်ဆိုကြပြန်သည်။
၄၂။ ယေရှု ကလည်း၊ ဘုရားသခင်သည် သင်တို့ အဘမှန်လျှင်၊ သင်တို့သည် ငါ့ကို ချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင့်အထံတော်မှ ထွက်ကြရောက်လာ၏။ ကိုယ်အလိုအလျောက်လာသည် မဟုတ်။ ဘုရားသခင်သည် ငါ့ကို စေလွှတ် တော်မူ၏။ ၄၃ အဘယ်ကြောင့်ငါ့စကားကို နားမလည် ကြသနည်း။ ငါ၏ ဒေသနာကို နားမခံမယူနိုင်သောကြောင့် သာသင်တို့သည် ငါ့စကားကို နားမလည် ကြ။ ၄၄ သင်တို့သည် သင်တို့၏ အဘ တည်းဟူသောမာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့ အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာ မှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာ တရားမရှိသောကြောင့် သစ္စာ တရား၌ မတည်မနေ။ သူသည် မုသာစကားကို ပြော သောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏ အဘလည်း ဖြစ်၏။
ယေရှု ကသူတို့သည် ဘုရားသား များလည်း မဟုတ်၊ ဟုတ်လျှင် ယေရှုကို လက်ခံကြလိမ့်မည်။ သူတို့သည် မာရ်နတ်သားများဖြစ် ကြသည်။ မာရ်နတ်သား ဖြစ်ကြောင်း သူတို့၏ အကျင့်အားဖြင့် ထင်ရှားသည်။ သူတို့သည် မာရ်နတ်ကဲ့သို့ မုသာပြော၍ မုသာ၌ ကျင်လည်ကြသည်ဟုတ်ဆိုသည်။
၄၅။ ငါသည် သစ္စာ စကားကို ပြောသောကြောင့် သင်တို့ မယုံကြ။ ၄၆ ငါ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူ ဘော်ပြသနည်း။ သစ္စာ စကားကို ငါပြောသည် မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း။ ၄၇ ဘုရားသခင်နှင့် စပ်ဆိုင်သော သူသည် ဘုရားသခင်၏ စကားတော်ကို နားထောင် တတ်၏။ သင်တို့သည် ဘုရားသခင်နှင့် မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။
သစ္စာ စကားသည် သမ္မာတရားကို ဆိုလိုသည်။ ဘုရားနှင့် ဆိုင်သမျှ တို့သည် သစ္စာ တရား တည်းဟူသောသမ္မာတရားကို နားလည် နားထောင် ကြသည်ဟုဆိုသည်။ သင်လည်း သမ္မာတရား နားမလည်၊ စိတ်မဝင်စားလျှင် ဘုရားသား ဖြစ်ခြင်းကို ပြန်လည်စစ်ဆေးဘို့ လိုသည်။ မုသာစကား၌ သာပျော်မွေ့၍ နားလည်လျှင် မာရ်နတ်၏သား ဖြစ်နိုင်သည်။

၄၈။ ယုဒလူတို့ ကလည်း၊ သင်သည် ရှမာရိလူ ဖြစ်၏။ နတ်ဆိုးစွဲသော သူလည်း ဖြစ်၏ဟု ငါတို့ ပြောသော စကားသည် လျောက်ပတ်သည် မဟုတ်လောဟုဆိုကြ၏။ ယေရှု ကသင်တို့သည် မာရ်နတ်သားဟုဆိုသောကြောင့် သူတို့ကလည်း သင်သည် ရှမာရိလူ၊ နတ်ဆိုးစွဲသူဟု စွပ်စွဲ ကြသည်။ အပြန်အလှန်စွပ်စွဲ နေကြသည်။ အမှန်မှာ ယုဒလူများ မှားသည်။ ယနေ့ ယေရှု မရရှိ သူများ ကလည်း၊ ရရှိ သူများကို ပြောင်းပြန်စွပ်စွဲတတ် ကြသည်။

၄၉။ ယေရှု ကလည်း၊ ငါသည် နတ်ဆိုးစွဲသောသူ မဟုတ်။ ငါ့ခမည်းတော်ကို ချီးမြှောက်၏။ သင်တို့သည် ငါ့ကို ရှုတ်ချကြ၏။ ၅၀ ငါသည်ကိုယ်ဘုန်းအသရေကို မရှာ။ ငါ၏ ဘုန်းအသရေကို ရှာ၍ စီရင် တော်မူသော သူရှိသေး၏။ ၅၁ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သော သူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်ဟု မိန့်တော်မူ၏။
ယေရှုကလည်း သူသည် နတ်ဆိုးစွဲသူ မဟုတ်ကြောင်း၊ သူသည် ခမည်းတော်ကို ချီးမြှောက်ကြောင်း၊ သူတို့ ကသူ့ကို ရှုတ်ချသော်လည်း ဘုရား ကသူ့ကို လက်ခံကြောင်း ပြောပြသည်။ ယေရှု ပင်လျှင် ထိုကဲ့သို့ ရှုတ်ချအပြစ် တင်လျှင် ယုံကြည်သူများကိုလည်း အပြစ် တင်မှာ ဖြစ်သည်။ ထိုအရာကို သိခြင်းဖြင့် စိတ်သက်သာရာရနိုင်သည်။ ယေရှု ကသူ့စကား နားထောင်လျှင် သေခြင်းနှင့် ကင်းလွတ် နိုင်ကြောင်း ပြောသည်။ မှန်ပါသည်၊ ကိုယ်ခန္ဓာသေလျှင်လည်း ပြန်ရှင်မည်။ ယုံကြည်သူသည် ထာဝရ အသက် ရရှိပြီး သောကြောင့် မသေနိင်တော့ပါ။
၅၂။ ယုဒလူတို့ ကလည်း၊ သင်၌ နတ်ဆိုးစွဲသည်ကို ယခုငါတို့ သိကြ၏။ အာဗြဟံမှစ၍ ပရောဖက် တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင်သော သူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်ဟုဆိုပါသည် တကား။ ၅၃ ငါတို့ အဘအာဗြဟံထက် သင်သည် သာ၍ ကြီး မြတ်သလော။ သူသည် သေပြီ။ ပရောဖက် တို့လည်း သေကြပြီ။ သင်သည် အဘယ်သို့သော သူ၏ အရောင်ကို ဆောင်သနည်းဟုဆိုကြ၏။
ယေရှု စကားကို ယုဒလူများ နားမလည် နိုင်ပါ။ ထိုကြောင့်နတ်ဆိုးစွဲသူ၊ ရောင်ဆောင်သော သူဟု ထင် နေကြခြင်း ဖြစ်သည်။ ယေရှုထက် အာဗြဟံကို လေးစား၍ အမြတ်တနိုးရှိ ကြသည်။ အမှန်မှာ အာဗြဟံကို ဖန်ဆင်းရှင်သည် ယေရှု ပင် ဖြစ်သည်။
၅၄။ ယေရှု ကလည်း၊ ငါသည်ကိုယ်ဂုဏ်ကို ပြလျှင်၊ ငါ့ဂုဏ်သည် အချည်းအနှီး ဖြစ်၏။ ငါ့ခမည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေ တော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ ဘုရား ဟူ၌ သင်တို့ ခေါ်ဝေါ်တတ်ကြ၏။ ၅၅သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့ မသိကြ။ ငါမူကား သိ၏။ ငါမသိဟု ငါဆိုလျှင် သင်တို့ ကဲ့သို့ မုသာသုံးသောသူ ဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားတော် ကိုလည်း နားထောင်၏။
ယေရှု ပင်လျှင် သူ့ဂုဏ်ကို သူမပြ၊ ခမည်တော်၏ ပြခြင်းကို အမှီပြုသည်။ ​ကျွန်ုပ်တို့ မူကားကိုယ်ဂုဏ်ကို ပြချင် တတ်ကြသည်။ ထိုအရာသည် အလွန် မှားသည်။ ယုဒလူများ ကဘုရား သိသည်ဟုဆိုကြသော်လည်း မသိကြ သကဲ့သို့ ​ကျွန်ုပ်တို့လည်း မသိကြချေ။ သိကြလျှင် ဘုရား စကား နားထောင် မည်၊ အလိုတော်ကို သာလျှင် ရှာကြမည်။ ဘုရား အတွက် အသက် ရှင်ခြင်းသည် အလွန် လွယ်ကူမည်။ သားတော်သည် ခမည်းတော်ကို သိသောကြောင့် လောက၌ သူ့အလိုတော် အတိုင်း အသက် မရှင်ဘဲ ခမည်းတော် အလိုကို သာလျှင် ရှာခြင်း ဖြစ်သည်။
၅၆။ သင်တို့ အဘအာဗြဟံသည် ငါကြလာမည့်အချိန် ကာလကို မြော်မြင်ခြင်းငှါ အလွန် အလိုရှိ၏။ မြင်ရ သောအခါ ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။
ယေရှု ကအာဗြဟံသည် သူကြွလာမှာကို မြော်၍ မြင်လျှင် ဝမ်းမြောက်သည်ဟုဆိုသည်။ အာဗြဟံသည် ယေရှု လူ့ဇာတိမခံမှီသေသွားပြီ၊ အဘယ်ကြောင့်မြင်သည်ဟုဆိုသနည်းဟူမူကား၊ မြင်ခဲ့လျှင် လက်ခံယုံကြည်၍ ဝမ်းမြောက် မှာကို သိသောကြောင့် ထိုကဲ့သို့ဆိုခြင်း ဖြစ်သည်။ အာဗြဟံသည် ဝိညာဉ် လူဖြစ်သောကြောင့် ယေရှုကို မြင်လျှင် ချက်ချင်း သိ၍ ယုံကြည် လက်ခံမှာသေချာသည်။
၅၇။ ယုဒလူတို့ ကလည်း၊ သင်၏ အသက်သည် အနှစ်ငါးဆယ်မျှမရှိဘဲ လျက် သင်သည် အာဗြဟံကို မြင်လေပြီတကားဟုဆိုကြ၏။ ၅၈ ယေရှု ကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမ ဖြစ်မှီငါ ဖြစ်၏ဟု မိန့်တော်မူ၏။
ယုဒလူများ ကယေရှု၏ ဆိုလိုရင်းကို နားမလည် နိုင်ကြချေ။ ယေရှု ကသူ၏ ဘုရား ဇာတိအကြောင်းကို ပြောသည်။ သူသည် ဇာတိအားဖြင့် အသက် ငယ်သော်လည်း ဝိညာဉ်အားဖြင့် ဘုရား ဖြစ်၍ အာဗြဟံထက် အသက် ကြသည်။
၅၉။ ထိုအခါကိုယ်တော်ကို ခဲနှင့် ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့ အလယ်၌ ရှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြ တော်မူ၏။
ယေရှု ပြော သကဲ့သို့ ယုဒလူများ ကသူ့ကို ခဲနှင့် ပစ်ဘို့ ကြိုးစား ကြသည်။ အလွန် ဝမ်းနည်းစရာ ပင်။ သူတို့ ကယေရှု၏ အဖြစ်မှန်ကို သိပါက ၊ ရှိခိုးကိုးကွယ်ကြမှာ ဖြစ်သည်။ မသိခြင်းသည် အလွန် ဆိုးပါတကား။ သင်သည် ဘုရားနှင့် သခင်ယေရှုကို အမှန်သိပါသလား။ သိလျှင် သင်၏ ဘဝသည် အလွန် ထူးခြားမှာ ဖြစ်သည်။ အကျင့်အကြံအပြု အမူ များသည် လုံးဝ ခြားနားသွားမှာ ဖြစ်သည်။ ဘုရားရှင်ကသင့်ကို ဝိညာဉ် မျက်စိဖွင့်ပေးပါစေသော်။

.

^

ယော ၉

၁။ လမ်း၌ သွား တော်မူ စဉ်၊ အမိဝမ်းတွင်း ကပင်မျက်စိကန်းသော သူတယောက်ကို တွေ့မြင် တော်မူ၏။ ၂ တပည့်တော် တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏ အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။
တပည့်တော် များ၏ မေးခွန်းအရ၊ ဒုက္ခိတ ဖြစ်ခြင်းသည်ကိုယ့်အပြစ် သို့မဟုတ် မိဘအပြစ်ကြောင့် ဖြစ်နိုင်သည့် သဘော ရှိသည်။ အထက်၌ ဖေါ်ပြသော မျက်စိကန်းသည်နှင့် ပတ်သက်၍ သခင်ဘုရား ကအောက်၌ အ​ဖြေပေးထားသည်။
၃။ ယေရှု ကလည်း၊ ကိုယ်အပြစ်ကြောင့် မဟုတ်။ မိဘအပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏ အမှုတော်ကို သူ၌ ထင်ရှားစေမည်အကြောင်း တည်း၊
မျက်စိကန်းသူသည် သူ့အပြစ် မိဘအပြစ်ကြောင့် မဟုတ်၊ ဘုရားသခင်၏ အမှုတော် ထင်ရှားစေဘို့ရန် ဖြစ်သည်ဟု သခင်ဘုရား က​ဖြေလိုက်သည်။ မည်ကဲ့သို့ ထင်ရှားမည်နည်း။ သခင်ဘုရား ကမျက်စိမြင်စေခြင်းအားဖြင့် ထင်ရှားသည်။ သင်နှင့် သင်နှင့် ပတ်သက်သော သူလည်း အပြစ်ကြောင့် ဒုက္ခ ရောက်နိုင် သကဲ့သို့၊ ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေဘို့ရန်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် စိတ်မပျက်ဘဲသည်း ခံ၍ ဘုရား၏ ဘုန်းထင်ရှားသည် အထိ စောင့်ဘို့ လိုသည်။
၄။ ငါ့ကို စေလွှတ် တော်မူသော သူ၏ အမှုကို နေ့အချိန် ရှိစဉ်တွင် ငါပြုမည်။ အဘယ်သူ မျှအမှု မပြုနိုင်သောအချိန် တည်းဟူသောညဉ့်အချိန် လာသေး၏။
ယေရှု ကနေ့နှင့် ညပြောသောအရာသည် ဝိညာဉ် ပိုင်း ဖြစ်သည်။ ဤလောကသည် ဝိညာဉ် ပိုင်း၌ ည ဖြစ်သည်။ အကြောင်းမှာ အလင်း တည်းဟူသောဘုရားသခင် (၁ ယော ၁:၅၊ ယော ၉:၅) မရှိသောကြောင့် ဖြစ်သည်။ ည ဖြစ်သောကြောင့် ယုံကြည်သူများကို သင်တို့သည် ဤလောက၏ အလင်း ဖြစ်သည် (မ ၅:၁၃) ဟုဆိုရခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် သခင်ဘုရား ကနေ့အချိန် ရှိစဉ်တွင်ဟုဆိုသောအရာသည် အဘယ်အရာကို ဆိုလိုသနည်း။ သူကိုယ်တိုင်က ၊ ‘ငါသည် ဤလောက၏ လင်း ဖြစ်၏ ‘ဟု အောက်တွင် ဆိုသည်။ ထို့ကြောင့် သူရှိစဉ်သည် အလင်း ဖြစ်သည်။ အဘယ်သူ မျှအမှု မပြုနိုင်သော အချိန်သည် ဘေးဒဏ်ကြီး ကာလကို ဆိုုလိုခြင်း ဖြစ်မည်။
၅။ ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏ အလင်း ဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ ၆ မြေပေါ်မှာ ထွေး၍ တံထွေးနှင့် ရွံ့လုပ်ပြီးမှကန်းသော သူ၏ မျက်စိကို ရွံ့နှင့် လူး၍ ၊ ၇ သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကို ဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက်ကား စေလွှတ်သည်ဟုဆိုသတည်း။ ထိုသူသည် သွား၍ ဆေးပြီးမှ၊ မျက်စိမြင်လျက် ပြန်လေ၏။
ယေရှု ကငါသည် ဤလောက၏ အလင်း ဖြစ်သည်ဟုဆိုရာတွင် ဘာကို ဆိုလိုသနည်း။ အလင်း၏ အလုပ်သည် ထင်ရှားစေသည်။ ပေါလုက၊ “အပြစ် ထင်ရှားသောအရာ ရှိသမျှ တို့သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သောအရာ ရှိသမျှ သည်လည်း အလင်း ဖြစ်၏။” ဟုဆိုသည် (ဧဖက် ၅:၁၃)။ သို့ဖြစ်လျှင် ယေရှုသည် ဘာကို ထင်ရှားစေသနည်း။ လူများ၏ အပြစ်၊ စိတ်နှလုံးအကြံ အစည်များကို ထင်ရှားစေသည်။ သင်ယေရှု ကအဘယ်ကြောင့်မျက်စိပြန်မြင်စေဘို့ရန် တံထွေးနှင့် ရွှံ့လုပ်သနည်း။ ရွှံ့ကို မျက်ကန်းသူ၏ မျက်စိ၌ လူးပေးသည်။ ဆေးအဖြစ် အသုံးပြုခြင်း ဖြစ်သလော။ ဖြစ်နိုင် ချေမှာလူအားလုံးသည် ရွှံ့ တည်းဟူသောဤလောက အရာများအားဖြင့် မျက်စိကန်းကြကြောင်းကို ဖေါ်ညွှန်းခြင်း ဖြစ်နိုင်သည်။ မျက်စိ၌ ရည်းစားမြင်ယောင်နေလျှင် ဘုရားကို မမြင်နိုင်ပါ။ လူအများစု၏ ဝိညာဉ် မျက်စိကို ရွှေငွေများ ကဖုံးနေတတ်သည်။ သင်စွဲလန်းသောအရာသည် ရွှံ့ ဖြစ်သည်။ ထိုအရာကို ရေ တည်းဟူသောနှုတ်ကပတ်တော် ကဆေးကြောမှသာလျှင် မျက်စိပြန်မြင်လာနိုင်သည်။ မျက်စိကန်းသူအတွက် ရှိလောင်ရေကန်အထိ သွား၍ ဆေးဘို့ရန်သည် ခက်ခဲသောအရာ ဖြစ်သည်။ သို့သော် သူသည် သခင်ဘုရား ခိုင်းသည့်အတိုင်း နာခံ သောအခါ မျက်စိပြန်မြင်သည်။ သင်လည်း ဝိညာဉ် မျက်စိမြင်လိုလျှင် ကျမ်းစာ ဖတ်၍ နာခံဘို့ လိုသည်။
၈။ သူသည် သူတောင်းစား ဖြစ်သည်ကို အိမ်နီးချင်းမှစ၍ မြင်ဘူးသော သူတို့က၊ ဤသူသည် ထိုင်၍ တောင်းသောသူ ဖြစ်သည် မဟုတ်လောဟုဆိုကြ၏။ ၉ လူအချို့က၊ ဟုတ်ကဲ့ဟုဆိုကြ၏။ အချို့ကလည်း၊ ထိုသူနှင့် တူသည်ဟုဆိုကြ၏။ ထိုသူကလည်း၊ အ​ကျွန်ုပ်သည် ထိုသူပင် ဖြစ်သည်ဟုဆို၏။
မျက်စိကန်းဘူးသော သူကို အိမ်နီးချင်းများ မှစ၍ မြင်ဘူးသော သူများ ကသေချာစွာ မမှတ်မိကြချေ။ အကြောင်းမှာ သူသည် မျက်စိမြင်လာသောအခါ ထူးခြားသွားသောကြောင့် ဖြစ်သည်။ သို့သော သူကမရှက်မကြောက်အကျွန်ုပ်သည် ထိုသူပင် ဖြစ်သည်ဟု ဝန်ခံလိုက်သည်။ ထို့နည်းတူ ဝိညာဉ် ရေးရာ၌ ဒုတိယ မွေးဘွားသော သူများကို သူတပါးကသေချာစွာ မသိလျှင်လည်းကိုယ်ကိုယ်ကို သိရမည်။ အမှန်တကယ် ပြောင်းလဲလာ သူများ ကသူတို့ကို သူတို့ မရှက်ကြောက်ဘဲ သက်သေခံရဲ ကြသည်။
၁၀။ သူတို့ ကလည်း၊ အဘယ်သို့ သင်၏ မျက်စိပွင့်သနည်းဟု မေးမြန်းကြလျှင်၊ ၁၁ ထိုသူက၊ ယေရှု အမည်ရှိသော သူတယောက်သည် ရွံ့လုပ်၍ အ​ကျွန်ုပ်မျက်စိကို လူးပြီးမှ၊ ရှိလောင်ရေကန်သို့ သွား၍ မျက်စိကို ဆေးလော့ဟုဆိုသည် အတိုင်း အ​ကျွန်ုပ်သွား၍ ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။
လူများ ကသင်မည်ကဲ့သို့ မျက်စိမြင်နိုင်သနည်းဟု မေးသောအခါ၊ ထိုသူကလိုရင်းကို တိုတိုလေးနှင့် ပြောတတ်သည်။ ယနေ့ သက်သေခံ သူများ မူကား မလိုအပ်သောအရာ များ ကရှည်လျားစွာဖြင့် သက်သေခံကြ သောအခါ လိုရာမရောက်ဘဲ၊ ရှုပ်ထွေးကုန်တတ်သည်။ မျက်စိကန်းဘူးသူ၏ သက်သေခံနည်းကို သင်ယူကြပါစို့။
၁၂။ လူများကလည်း ထိုသူသည် အဘယ်မှာ ရှိသနည်းဟု မေးမြန်းကြလျှင်၊ အ​ကျွန်ုပ် မသိဟုဆို၏။ ၁၃ လူများ သည်လည်း မျက်စိကန်းဘူးသော ထိုသူကို ဖာရိရှဲထံသို့ ပို့ကြ၏။ ၁၄ ယေရှုသည် ရွံ့လုပ်၍ သူ၏ မျက်စိကို ဖွင့် တော်မူသော နေ့သည် ဥပုသ်နေ့ ဖြစ်သတည်း။
မျက်စိကန်းဘူးသူသည် သခင်ယေရှုကို ထောက်ခံနေသော်လည်း ဘယ်မှာ ရှိသည် မကို မသိမျက်​ခြေပျက်သွားသည်။ ​ကျွန်ုပ်တို့လည်း သခင်ယေရှုကို ယုံကြည် ချိန်၌ မျက်​ခြေပျက်သွားတတ်သည်။ အဘယ်ကြောင့်လူများ ကမျက်စိကန်းဘူးသော သူကို ဖာရိရှဲများ ထံသို့ ပို့သနည်း။ ဖာရိရှဲများသည် စစ်ဆေးရေးအဖွဲ့ ဖြစ်သည်။ လူများ ကအထင်ကြီး၍ သူတို့သည် အတည်ပြုမည့်သူများအဖြစ်လူများက လက်ခံသည်။ ယေရှု ကထိုသို့ မျက်စိဖွင့်သော နေ့သည် ဥပုသ်နေ့ ဖြစ်နေသည်။ ယေရှုသည် လူနာများ ကမတောင်းဆိုသော်လည်း ဥပုသ်နေ့၌ အနာပျောက်စေတတ်သည်။ အကြောင်းမှာ သူသည် လူများကို သနား၍ အနားယူစေချင် သောကြောင့် ဖြစ်သည်။ လူနာသည် နာနေလျှင် မနားရပါ၊ ဒုက္ခ ရောက်နေသည်။ အနာ ရောဂါပျောက်ကင်းမှသာအနားယူခွင့်ရှိသည်။
၁၅။ တဖန် ဖာရိရှဲတို့ ကအဘယ်သို့ သင်၏ မျက်စိမြင်သနည်းဟု မေးပြန််လျှင်၊ အ​ကျွန်ုပ်မျက်စိ၌ သူသည် ရွံ့ကို ထည့်၍ အ​ကျွန်ုပ်ဆေးလျှင် မျက်စိမြင်ပြီဟုဆို၏။
မျက်စိကန်းဘူူးသော သူသည် စစ်ဆေးရေးအဖွဲ့များ ထံရောက် သောအခါ စစ်ဆေးခြင်း ခံပါလေတော့သည်။ သူ၏ မျက်စိမည်ကဲ့သို့ ပြန်မြင်သည်ကို မေးသောအခါ ယခင်ကဲ့သို့ တိုတိုတုတ်တုတ်နှင့် ​ဖြေလိုက်သည်။
၁၆။ ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင် စေလွှတ် တော်မူသောသူ မဟုတ်ဟုဆိုကြ၏။ အချို့တို့က၊ ဆိုးသော သူသည် ဤသို့သော နိမိတ်လက္ခာတို့ကို အဘယ်သို့ ပြနိုင်သနည်းဟုဆိုကြ၏။ ထိုသို့ အချင်းချင်းမသင့်ကွဲပြားခြင်းသို့ ရောက်ကြ၏။
ဖာရိရှဲများသည် သူုတို့၏ ထုံးစံအတိုင်း အပြစ် တင်ဘို့ သာရှာ နေကြသည်။ မျက်စိကန်းသော သူ၏ ဒုက္ခ ​ ဖြေရှင်း သွားသည်ထက် ဥပုသ်နေ့မစောင့်ခြင်းကို အပြစ် မြင် နေကြသည်။ ထို့ကြောင့် ဥပုသ်နေ့၌ မျက်စိပြန်မြင်စေသော ယေရှုကို ဘုရားသခင်က စေလွှတ်သောသူ မဟုတ်ဟု မှတ်ချက်ချ ကြသည်။ သို့သော် အချို့ကဆိုးသော သူသည် မည်ကဲ့သို့ နိမိတ်လက္ခဏာပြုနိုင်မည်နည်းဟု အချင်းချင်းကွဲပြား ကြသည်။
၁ရ။ တဖန် မျက်စိကန်းဘူးသော သူအား၊ သင်၏ မျက်စိကို ဖွင့်သော သူသည် အဘယ်သို့ သောသူ ဖြစ်သနည်းဟု မေးကြလျှင်၊ ပရောဖက် ဖြစ်သည်ဟုဆို၏။
မျက်စိကန်းဘူးသော သူကသခင်ယေရှုကို ကောင်းစွာ မသိသေးချေ။ သူကသခင်ယေရှုကို ပရောဖက် အဖြစ်သာသိသည်။ သူသည် မျက်စိမမြင်ဘူးသောကြောင့် မသိလျှင်လည်း အပြစ် တင်စရာ မရှိပါ။ ထို့နည်းတူ ဒုတိယ မွေးဘွားခါစလူများ အနေဖြင့် သခင်ယေရှုကို ကောင်းစွာ မသိတတ်ကြပါ။ မူစလင်များကလည်း သခင်ယေရှုကို ပရောဖက် တယောက် အနေနှင့် သာယုံကြည် ကြသည်။ ဘုရား အနေဖြင့် မယုံကြည် ကြပါ။
၁၈။ ထိုသူသည် အထက် ကမျက်စိမမြင်၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ၏ မိဘကို ခေါ်၍ ၊ ၁၉ ဤသူသည် သင်တို့ ဆိုသည် အတိုင်း အမိဝမ်းတွင်း ကပင်မျက်စိကန်းသော သင်တို့၏သား မှန်သလော။သို့ မှန်လျှင် အဘယ်သို့ ယခုမျက်စိမြင်သနည်းဟု မေးကြ၏။
ယုဒလူများ ကမျက်စိကန်းသူကို သခင်ယေရှု ကပြန်မြင်စေသည်ကို မယုံကြည် ကြချေ။ သူတို့သည် နိမိတ်လက္ခဏာရှာသော အမျိုး ဖြစ်သော်လည်း (၁ ကော ၁:၂၂-၂၃)၊ နိမိလက္ခဏာတွေ့ သောအခါ မယုံကြည် တတ်ကြချေ။ ထို့ကြောင့် သူတို့ကို ဘုရားသခင်ကအား မရချေ။ ယုဒလူတို့ ကကာယကံရှင်ကို မေးရုံဖြင့် မကျေနပ် သေးဘဲ မိဘများကို ပါစစ်ဆေး ကြသည်။ ထိုသူသည် သူတို့၏သား မှန်မမှန်၊ မှန်လျှင် မည်ကဲ့သို့ မျက်စိပြန်မြင်သည်ကို မေးကြသည်။
၂၀။ မိဘတို့ ကလည်း၊ ဤသူသည် အ​ကျွန်ုပ်တို့၏သား မှန်သည်ကို၎င်း၊ အမိဝမ်းတွင်း ကပင်မျက်စိကန်းသည်ကို၎င်းအ​ကျွန်ုပ်တို့ သိကြပါ၏။ ၂၁ အဘယ်ကြောင့် ယခုမျက်စိမြင်သည်ကို၎င်း၊ အဘယ်သူသည် သူ၏ မျက်စိကို ဖွင့်သည်ကို၎င်း၊ အ​ကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက် အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကို မေးကြပါလော့။ သူသည်ကိုယ်အကြောင်းကို ကိုယ်တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။ ၂၂ ဤသို့ ပြောသည် အကြောင်းကား၊ ယေရှုသည် ခရစ်တော် ဖြစ်သည်ဟု ဝန်ခံသော သူမည်သည်ကို တရားစရပ်မှနှင်ထုတ် ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်နှင့် ကြပြီ။ ၂၃ ထိုကြောင့်မိဘတို့၊ သူသည် အသက် အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကို မေးကြပါလော့ဟု ယုဒလူတို့ကို ကြောက်၍ ပြောကြ၏။
မိဘများ ကယုဒလူများ မေးသော မေးခွန်းအချို့သာလျှင် ​ဖြေသည်။ သူသည် သူတို့၏သား မှန်ကြောင်း မွေးစကပင်မျက်စိကန်းကြောင်း ​ဖြေ ကြသည်။ မည်ကဲ့သို့ မျက်စိပြန်မြင်သည်ကို သိနေကြသော်လည်း မပြောချင် ကြပါ။ အကြောင်းမှာ ယေရှုသည် ခရစ်တော် ဖြစ်သည်ဟု ဝန်ခံသော သူကို တရားစရပ်မှနှင့် ထုတ်မည်ဟု တိုင်ပင်နှင့်သောအရာ ကို သိသောကြောင့် ဖြစ်သည်။ မိဘများသည် သခင်ယေရှုထက် လူများ၏ ပယ်ခြင်းကိုကို ကြောက် ကြသည်။ များစွာသော သူတို့လည်း ကယ်တင်ခြင်းနှင့် သမ္မာတရားကို ကြားသိကြ သောအခါ၊ မှန်မှန်းကောင်းမှန်းသိသော်လည်း၊ အမျိုးနှင့် အသင်းတော်၊ အသိုင်းအဝိုင်းကို ပို၍ ချစ်၊ ကြောက်သောကြောင့် သခင်ယေရှုကို ပယ်တတ် ကြသည်။ သင်သည် ထိုသို့ သောသူ ဖြစ်နေပါသလား။
၂၄။ ထိုကြောင့်၊ မျက်စိကန်းဘူးသော သူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းလော့။ ထိုသူသည် လူဆိုး ဖြစ်ကြောင်းကို ငါတို့ သိ၏ဟုဆိုကြလျှင်၊ ၂၅ လူဆိုး ဖြစ်သည် မဖြစ်သည်ကို အ​ကျွန်ုပ် မသိ။ အ​ကျွန်ုပ်သည် အထက် ကမျက်စိကန်း၍ ယခုမျက်စိမြင်သည် အကြောင်း တခုကို အ​ကျွန်ုပ်သိသည်ဟုဆို၏။
မျက်စိကန်းဘူးသူကို ပြန်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းခိုင်းသည်။ သူတို့သည် လျှာနှစ်ခွရှိ၍ စကား နှစ်မျိုးပြောနေမှန်း မသိကြချေ။ သူတို့ ချီးမွမ်းခိုင်းသော ဘုရားသည် သူတို့ကိုယ်တိုက်ကရှုတ်ချသော သခင်ယေရှု ပင် ဖြစ်သည်။ သခင်ယေရှုကို လူဆိုးဟု သတ်မှတ်လိုက် ကြသည်။ သူတို့ အမြင် အတိုင်း ဥပုသ်ကို မစောင့်သောကြောင့် လူဆိုးဘွဲ့ကို ပေးလိုက် ကြသည်။ ယုံကြည်သူများလည်း မိိမိတို့ အမြင် အတိုင်း မမြင်သူတိုင်းကို ထိုကဲ့သို့ အထင်လွှဲတတ် ကြသည်။ မျက်စိကန်းဘူးသော သူကယေရှုသည် လူဆိုး ဖြစ်သည် မဖြစ်သည်ကို မသိဟုဆိုလိုက်သည်။ သူသိသည် မှာယခင်ကသူသည် မျက်စိကန်း၍ ယခုမျက်စိမြင်သည့်အကြောင်း တခုသာသူသိကြောင်း ပြောလိုက်သည်။ သူသည်ကိုယ်တိုင် အကျိုးခံစား သောကြောင့် မကြောက်ပါ။ သင်လည်းကိုယ်တိုင်ခံစားလျှင် ဘာမျှကြောက်စိတ်ရှိမည် မဟုတ်ပါ။
၂၆။ တဖန် ထိုသူတို့က၊ သူသည် သင်၌ အဘယ်သို့ ပြုသနည်း။ သင်၏ မျက်စိကို အဘယ်သို့ ဖွင့်သနည်းဟု မေးကြလျှင်၊ အ​ကျွန်ုပ်တခါပြောပြီ၊ သင်တို့ နားမကြားကြ။ ၂၇ အဘယ်ကြောင့်တဖန် ကြားချင် သနည်း။ သူ့တပည့် ဖြစ်ချင် သလောဟုဆို၏။
မျက်စိကန်းဘူးသူသည် နှစ်ခါမြောက်မေးခွန်းမေးခံ သောအခါ စိတ်မရှည်နိုင်တော့ပါ။ သူ့ကို မေးသော သူများကို ယေရှု၏ တပည့် ဖြစ်ချင် သလောဟု ဘုကျကျပြန်မေးလိုက်သည်။ သူသည် သတ္တိရှိသည်။
၂၈။ ထိုသူတို့ ကလည်း၊ သင်သည် သူ့တပည့် ဖြစ်၏။ ငါတို့ မူကား မောရှေ၏ တပည့် ဖြစ်ကြ၏။ ၂၉ ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထား တော်မူ ကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိဟု ကဲ့ရဲ့၍ ပြောဆို ကြလျှင်၊
ယုဒလူများ ကသူတို့သည် မောရှေတပည့် ဖြစ်သည်ဟုဆို ကြသည်။ အမှန်မှာ မောရှေသည် ဘုရား အသုံးပြုသော လူသား မျှသာ ဖြစ်သည်။ ယေရှုသည် သူကိုယ်တိုင်မောရှေကို ဖန်ဆင်းသောသူ ဖြစ်သည်။ မသိ သောအခါ အရှင်ကို ပယ်၍ ​ကျွန်ကို အားကိုး ကြသည်။ ယနေ့ များစွာသော သူတို့လည်း ဖန်ဆင်းရှင်ဘုရားကို မသိ သောအခါ ဖန်ဆင်းထားသောအရာ များကို ယုံကြည် အားကိုး ကြသည်။ ပြော၍ လည်း မရသောအခါ၊ သနားရုံကလွှဲလျှင် ဘာမျှ မတတ်နိုင်ပါ။ သင်သည်လည်း ထိုကဲ့သို့သောသူ ဖြစ်နေပါသလား။
၃၀။ သူသည် အ​ကျွန်ုပ်မျက်စိကို ဖွင့်သော်လည်း အဘယ်က ဖြစ်သည်ဟု သင်တို့ မသိကြသည်ကို အံ့ဩဘွယ်ရှိ၏။ ၃၁ ဘုရားသခင်သည် လူဆိုးတို့ စကားကို နားထောင်တော် မမူသည်ကို ငါတို့ သိကြ၏။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်သို့ လိုက်သောသူ ဖြစ်လျှင် ထိုသူ၏ စကားကို နားထောင် တော်မူ၏။ ၃၂ အမိဝမ်းတွင်း ကပင်မျက်စိကန်းသော သူကို မျက်စိမြင်စေခြင်းငှါ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍ မကြားစဖူး။ ၃၃ ထိုသူသည် ဘုရားသခင် စေလွှတ် တော်မူသောသူ မဟုတ်လျှင် အဘယ်အမှုကို မျှ မတတ်နိုင်ဟု ပြောဆို၏။
မိဘများသည် ကြောက်သော်လည်း မျက်စိကန်းသော သူသည် လုံးဝ မကြောက်ချေ။ ဖာရိရှဲများနှင့် ယုဒလူများကို တရားဟောဆုံးမလိုက်သည်။ ယေရှုသည် ဘုရား လူမဟုတ်လျှင် ဘုရားသခင်က သူ၏ စကားကို နားထောင် မည်နည်းဟုဆိုလိုက်သည်။ အမိဝမ်းတွင်း ကပင်မျက်စိကန်းသူကို မျက်စိမြင်စေခြင်းသည် ဘုရားသခင် ထံမှ မဟုတ်လျှင် မည်သို့ တတ်နိုင်မည်နည်းဟု သူတို့ကို ပြောလိုက်သည်။ သူသည်ကိုယ်တိုင်ခံစား သောကြောင့် ရှင်းလင်းစွာ ပြတ်သားစွာ သိမြင်၍ ပြောနေခြင်း ဖြစ်သည်။ တရားစရပ်မှနှင်ထုတ် မည့် အရာကိုလည်း မမှု နိုင်ချေ။ များစွာသော ယုံကြည်သူများသည် အသင်းတော် အသိုင်းအဝိုင်းမှနှင်ထုတ် ခံမှာကို ကြောက်တတ် ကြသည်။
၃၄။ ထိုသူတို့ ကလည်း၊ သင်သည် မွေးစကပင်တကိုယ်လုံး၌ ဒုစရိုက်အပြစ် စွဲသောသူ ဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည် တကားဟု ပြောဆို ကြပြီးလျှင်၊ ထိုသူကို တရားစရပ်မှနှင်ထုတ် ကြ၏။
ဖာရိရှဲများများပြန်ပြောရဲသော သတ္တိသည် မနည်းပါ။ ထိုသို့ ပြောရဲသောကြောင့်လည်း သူ့ကို တရားစရပ်မှနှင်ထုတ် လိုက် ကြသည်။ သူတို့၏ အမြင် မှာတကိုယ်လုံးဒုစရိုက်အပြစ်ကြောင့် မွေးစကပင်မျက်စိကန်းသည် ဟူ၍ ဖြစ်သည်။
၃၅။ နှင်ထုတ်သည် အကြောင်းကို ယေရှုသည် ကြားပြီးမှထိုသူကို တွေ့ တော်မူလျှင်၊ သင်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည် သလောဟု မေးတော်မူ၏။ ၃၆ သခင်၊ အ​ကျွန်ုပ်ယုံကြည် ရမည်အကြောင်း ဘုရားသခင်၏ သားတော် ကား အဘယ်သူ နည်းဟု မေးလျှောက်သော်၊ ၃၇ ယေရှုက၊ သင်သည် ထိုသူကို မြင်ခဲ့ပြီးသည် သာမက၊ သင်နှင့် ယခုစကား ပြောသော သူသည် ဘုရားသခင်၏ သားတော် ဖြစ်၏ဟု မိန့်တော်မူလျှင်၊ ၃၈ သခင်၊ အ​ကျွန်ုပ်ယုံကြည် ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုးကွယ်လေ၏။
မျက်စိကန်းဘူးသော သူသည် မကြောက်ဘဲ ယေရှုကို ထောက်ခံသောကြောင့် တရားစရပ်မှနှင်ထုတ် ခံရသည်။ သို့သော် ထိုသို့ နှင်ထုတ် ခံခြင်းသည် ပို၍ ကောင်းသည်။ အကြောင်းမှာ ယေရှုသည် တရားစရပ်ထဲ၌ မရှိပါ။ အကယ်နှင်ထုတ်ခြင်း မခံခဲ့လျှင် ယေရှုနှင့် ပြန်တွေ့ရမှာ မဟုတ်။ ယနေ့ များစွာသော သူများလည်း သတ္တိမရှိသောကြောင့် ကယ်တင်ခြင်းနှင့် သမ္မာတရား မဟောပြောသော အသင်းတော်များ၌ စွဲကပ် နေကြသည်။ အသင်းတော်နှင့် အမျိုး အပေါင်းအသင်းများကို မခွဲရဲကြသောကြောင့် ယေရှုနှင့် ဝေးကွာကာနောက်ဆုံးခမ်း​ခြောက်သော အသက်တာနှင့် အသက် ရှင် ကြသည်။ ထိုသူကို ယေရှု ကဘုရား၏ သားတော်ကို ယုံကြည် သလောဟု မေးသောအခါ သူ မသိချေ။ ထို့ကြောင့် ယေရှု ကသူသည် ဘုရား၏ သားတော် ဖြစ်ကြောင်း ပြောပြလိုက်သည်။ ထိုအခါ သူသည် သံသယမရှိ၊ နှစ်ခါမစဉ်းစားဘဲ ယေရှုကို ယုံကြည်၍ ညွတ်ပြပ်ကိုးကွယ်လိုက်သည်။ သူ၏ ဝိညာဉ် မျက်စိပါလင်းသွားသည်။ ထိုသူသည် တနေ့ချင်းတွင်ကိုယ်ကာယမျက်စိနှင့် ဝိညာဉ် မျက်စိမြင်သွားသည်။ မည်မျှအားရစရာ ကောင်းသနည်း။ များစွာသော သူတို့သည်ကိုယ်ကာယမျက်စိမြင်သော်လည်း ဝိညာဉ် မျက်စိကန်း နေကြသည်။ သတ္တိမရှိ၊ မပြတ် သားသော သူများသည် ဝိညာဉ် မျက်စိကန်းသဖြင့် ဘုရား ပြင်ဆင် ပေးသောအရာ များ မမြင်သောကြောင့် ထာဝရ ဆုံးရှုံးရ ကြသည်။
၃၉။ ထိုအခါ ယေရှု ကလည်း၊ မျက်စိမမြင်သော သူသည် မြင်စေခြင်း ငှါ၎င်း၊ မြင်သော သူသည် မျက်စိကန်းစေခြင်း ငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။
ယေရှု ကသူသည် ဝိညာဉ် မျက်စိမမြင်သော သူတို့ကို မြင်စေခြင်းငှါ လာသည်ဟုဆိုသည်။ သင်သည် ဝိညာဉ် မျက်စိမြင်လိုပါသလား။ သခင်ဘုရား ထံချဉ်းကပ်ပါ။ စိတ်နှလုံးအကြွင်းမဲ့နှင့် လာပါက သခင်ဘုရား ကသေချာပေါက်မြင်စေပါလိမ့်မည်။ သခင်ဘုရားသည် ဝိညာဉ် မျက်စိမြင်သည်ဟု ထင်သော သူများ၊ ကျမ်းတတ်ပုဂ္ဂိုလ်များ၊ အမှုတော်ဆောင်များ၊ မျက်စိကန်းစေခြင်းငှါ တရားစီရင်၍ လာသည်ဟုဆိုသည်။ ထိုကဲ့သို့ သူမဖြစ်ပါစေနှင့်။
၄၀။ အထံတော်၌ ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကို ကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။ ၄၁ ယေရှု ကလည်း၊ သင်တို့သည် မျက်စိကန်းသည် မှန်လျှင် အပြစ် မရှိ။ ငါတို့ မျက်စိမြင်သည်ဟု ယခုဆိုကြ၏။ ထိုကြောင့်သင်တို့၌ အပြစ် တည်သည်ဟု မိန့်တော်မူ၏။
ဖာရိရှဲများသည် တရားစရပ်မှမျက်စိကန်းဘူးသော သူကိုနှင့် ထုတ်သော်လည်း၊ သူထွက်သွား သောအခါ နောက်မှလိုက် နေကြသည်။ ထို့ကြောင့် ထိုသူနှင့် ယေရှု စကားပြောသောအရာ ကို ကြားကြခြင်း ဖြစ်သည်။ သူတို့သည် တချိန်လုံးသူတပါးအပြစ် ရှာသော စာတန်ကိုယ်စားလှယ်များ ဖြစ်သည်။ သူတို့ ကယေရှုထံ၊ ငါတို့သည် မျက်စိကန်းသလောဟု စိတ်မလုံသောကြောင့် မေးကြ သောအခါ၊ ယေရှု ကသင်တို့သည် မျက်စိကန်းသည် မှန်လျှင် အပြစ် မရှိ၊ ယခုငါတို့ မျက်စိမြင်သည်ဟုဆိုသောကြောင့် အပြစ်ရှိသည်ဟုဆိုသည်။ သင်သည် မျက်စိကန်းသလော၊ မြင်သလော။ ကိုယ်ကိုယ်ကို ပြန်လည်စစ်ဆေးစေလို ပါသည်။

.

^

ယော ၁၀

၁။ ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့ တံခါးဝဖြင့် မဝင် အခြားလမ်းဖြင့် ကျော်ဝင်သော သူသည် သူခိုးထားပြ ဖြစ်၏။
သခင်ယေရှုက လူသားများ နားလည်နိုင်သော ဥပမာအားဖြင့် တရားဟော၊ သွန်သင်တတ်သည်။ သူကိုယ်တိုင်က ၊ “မြေကြီး အရာကို ငါပြော၍ သင်တို့သည် မယုံလျှင်၊ ကောင်းကင် အရာကို ငါပြော သောအခါ အဘယ်သို့ ယုံကြလိမ့်မည်နည်း။” ဟု နိကောဒင်ထံ၌ ဆိုခဲ့သည် (ယော ၃:၁၂)။ ထို့ကြောင့် လူများ သိနိုင်သော သိုးနှင့် ပတ်သက်သောအရာ နှင့် ကောင်းကင် အရာကို ရှင်းပြခြင်း ဖြစ်သည်။သို့ ခြံထဲသို့ တံခါးဝဖြင့် မဝင် အခြားလမ်းဖြင့် ကျော်ဝင်သော သူသည် သူခိုးထားပြ ဖြစ်သည်ဟုဆိုသည်။ ထိုသူခိုးထားပြများသည် မည်သူတို့ ဖြစ်သနည်း။ အောက်တွင် ဆက်လက်ကြည့်ကြပါစို့။
၂။ သိုးထိန်းမူကား၊ တံခါးဝဖြင့် ဝင်တတ်၏။ ၃ ထိုသူအား တံခါးစောင့်လည်း ဖွင့်တတ်၏။ သူ၏ စကား သံကို သိုးတို့သည် နားထောင် တတ်ကြ၏။ သူသည် မိမိသိုးတို့ကို နာမည်ဖြင့် ခေါ်၍ ပြင်သို့ ထုတ်ဆောင်တတ်၏။ ၄ သိုးများကို ထုတ် သောအခါ သိုးတို့ ရှေ့မှာ သွား၍ သိုးများသည် သူ၏ စကား သံကို ​ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။
သိုးထိန်းသည် တံခါးဝဖြင့် ဝင်တတ်၏ ဆိုသည်မှာ သူခိုးနှင့် ခွဲခြားပြခြင်း ဖြစ်သည်။ သူခိုးမူကား အထက်၌ အခြားလမ်းဖြင့် ကျော်ဝင်တတ်သည်ဟုဆိုသည်။ သိုးထိန်း၏ အသံကို သိုးတို့က နားထောင်သည်ဟုဆိုသည်။ ဘုရားသခင်က သိုးနှင့် ဆိတ်ကို ဆင်တူရိုးမှားဖန်ဆင်းသည်။ အကြောင်းမှာ ဆိတ်သည် အစာကို မက်၍ စကား နားမထောင်တတ်။ သိုးတို့ မူကား အစာထက် သိုးထိန်းစကား ကုုိ နားထောင် တတ်သည်။ ယုံကြည်သူများသည် သိုးကဲ့သို့ သခင်စကားကို နားထောင်၍ မ ယုံကြည်သူများသည် ဆိတ်ကဲ့သိုု့သခင်စကားထက် မိမိတို့ လိုချင်သော အနောက်လိုက် တတ်ကြသည်။ သင်သည် သိုးကဲ့သို့ လော၊ ဆိတ်ကဲ့သို့လောဟူသောအရာ ကို စဉ်းစားဘို့ လိုသည်။ သိုးထိန်းသည် သိုးတို့ကို နာမည်ဖြင့် ခေါ်သည်ဟုဆိုသည်။ ထို့နည်းတူ ယေရှု ကသူ၏ လူများကို နာမည်ဖြင့် အားလုံးသိသည်။ သိုးထိန်းသည် သိုးတို့ ရှေ့မှ ဦးဆောင်၍ သိုးတို့ ကလိုက်တတ်သည်။ ဆိတ်များ မူကား နောက်မှဒုတ်ဖြင့် ရိုက်ဘို့ လိုသည်။ သိုးတို့သည် သိုးထိန်း၏ အသံကို ​ကျွမ်းသည်။ သင်သည် သခင်ယေရှု၏ အသံ တည်းဟူသောကျမ်းစာကို တန်ဘိုး ထား၍ ဖတ်ရှု နားလည်ပါသလော။ ကျမ်းစာကို နားမလည် နိုင်၊ မဖတ်ချင်လျှင် သင်သည် ဆိတ် ဖြစ်ကြောင်း ထင်ရှားသည်။
၅။ မဆိုင်သော သူတို့၏ စကား သံကို မ​ကျွမ်းသောကြောင့်၊ မဆိုင်သော သူနောက်သို့ မလိုက်ဘဲ ပြေးတတ်ကြသည်ဟု မိန့်တော်မူ၏။
တခါတုန်းကသိုးခိုးသော သူကို တရားရုံး၌ သိုးပိုင်ရှင်ကတရားစွဲသည်။ တရားသူကြီး ကနှစ်ယောက်စလုံးသိုးကို အသံနှင့် ခေါ်ခိုင်းသည်။ ခိုးသော သူကခေါ် သောအခါ သိုးက မသိချေ။ ပိုင်ရှင်ကခေါ် သောအခါ သိုးက နားလည်သည်ဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း သခင်ယေရှု၏ သိုးဖြင့်လျှင် သူ၏ အသံကို နားလည်မှာ ဖြစ်သည်။
၆။ ထိုဥပမာပုံကို ယေရှု ဟော တော်မူသည် တွင်၊ ပရိတ်သတ်တို့သည် မိန့်တော်မူသော စကားတော်၏ အနက်အဓိပ္ပါယ် ကို နားမလည် ကြ။
ယေရှု ကထိုဥပမာကို ပြော သောအခါ အဘယ်ကြောင့် နားမလည် ကြသနည်း။ သူ၏ သိုးများ မဖြစ်ကြသောကြောင့် ဖြစ်သည်။ သူ၏ သိုးများ မဖြစ်သောကြောင့် ဘုရားသခင်က နားလည်ခွင့်မပေးချေ။ သခင်ယေရှု ကပေတရုထံ၊ “ရှိမုန်ဗာယောန၊ သင်သည် မင်္လာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်း အရာကို သင့်အား ဘော်ပြသည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော်ပြတော်မူ သတည်း။” ဟုဆိုခဲ့သည် (မ ၁၆:၁ရ)။ ထို့ကြောင့် ဘုရား၏ စကား နားလည်ဘို့ရန် ဘုရားကိုယ်တိုင်က ဖေါ်ပြဘို့ လိုသည်။ ထိုသို့ ဖေါ်ပြဘို့ရန် သူ၏ သိုး ဖြစ်ပြီး လိုချင် တောင့်တဘို့ လိုသည်။

ယေရှု သိုးတံခါးဝ

ရ။ ထိုကြောင့်တဖန် ယေရှုက၊ ငါအမှန်အကန်ဆိုသည်ကား၊ ငါသည် သိုးဝင်သော တံခါးဝ ဖြစ်၏။ ၈ ငါ့ရှေ့၌ ပေါ်လာသော သူရှိသမျှ တို့သည် သူခိုးထားပြ ဖြစ်ကြ၏။ ထိုသူတို့၏ စကား သံကို သိုးတို့သည် နားမထောင်ကြ၊ ၉ ငါသည် တံခါးဝ ဖြစ်၏။ ငါဖြင့် ဝင်သော သူသည် ဘေးနှင့် ကင်းလွတ် လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။
ယေရှု ကသူသည် တံခါးဝ ဖြစ်သည်ဟုဆိုသည်။ တံခါးဝသည် ဝင်ထွက်သောသော နေရာ ဖြစ်သည်။ ဆိုလိုသည် မှာကောင်းကင်သို့ ဝင်သော တံခါးဝကို ဆိုလိုခြင်း ဖြစ်သည်။ ယော ၁၄:၆၌လည်း သူသည် လမ်းခရီးဟုဆိုသည်။
၁၀။ သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါ သာလာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက် လွတ်ရုံမျှမကအထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။
သခင်ယေရှု ကသူသည် သူခိုးနှင့် ဆန့်ကျင် ဖက် ဖြစ်ကြောင်း နှိုင်းယှဉ်ပြသွားသည်။ သူခိုးသည် အိမ်ရှင်အတွက် ကောင်းကျိုးပေးဘို့ မလာ၊ ခိုးခြင်း သတ်ခြင်း ဖျက်ဆီးခြင်းငှါ သာလာသည်။ ထိုသူခိုးသည် စာတန်၏ အကျင့် ဖြစ်သည်။ သို့သော် ယေရှု ကသူလာရခြင်း အကြောင်းသည် လူသားများအတွက် ဆိုးကျိုး မဟုတ်၊ အသက် လွတ်ရုံမျှမကအထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသည်ဟုဆိုသည်။ အသက် လွတ်ခြင်း ဆိုသည်မှာ ငရဲသွားမည့် အရာမှလွတ်ခြင်းကို ဆိုုလိုသည်။ အသက်နှင့် ပြည့်စုံခြင်း ဆိုသည်မှာ လိုအပ်သောအရာ များနှင့် ပြည့်စုံခြင်း ဖြစ်သည်။ ဥစ္စာချမ်းသာ ကြွယ်ဝခြင်းကို ဆိုလိုသည် မဟုတ်။ အကြောင်းမူကား ဥစ္စာချမ်းသာ ကြွယ်ဝသော်လည်း အသက်တာ၌ မပြည့်စုံမှု မြောက်များစွာ ရှိနိုင်သည်။ ဆာလံဆရာက၊ “ထာဝရ ဘုရားသည် ငါ၏ သိုးထိန်း ဖြစ်တော်မူ၏၊ ၊ ငါသည် ဆင်းရဲ မခံရ၊ ” ဟုဆိုသည် (ဆာ ၂၃:၁)။ မြန်မာလိုငါသည် ဆင်းရဲ မခံရဟုဆိုသော်လည်း ဟေဗြဲနှင့် အင်္လိပ်ကျမ်းများ၌၊ ‘ငါသည် လိုလေသေးမရှိရ’ဟုဆိုသည်။ လိုလေသေးမရှိရဟုဆိုခြင်းသည် လိုအပ်သောအရာ များကို ရှိခြင်း ဖြစ်သည်။ မရှိလျှင်လည်း တင်းတိမ်ရောင့်ရဲခြင်း ဖြစ်သည်။

ယေရှုသိုးထိန်း

၁၁။ ငါသည် ကောင်းသော သိုးထိန်းလည်း ဖြစ်၏။ ကောင်းသော သိုးထိန်းသည် သိုးတို့ အဘို့ အလိုငှါ မိမိအသက်ကို စွန့်တတ်၏။
သခင်ယေရှု ကသူသည် ကောင်းသော သိုးထိန်း ဖြစ်သည်ဟုဆိုသည်။ ကောင်းသော သိုးထိန်း၏ အရည်အချင်းမှာသိုးတို့ အဘို့ မိမိအသက်ကို စွန့်ခြင်း ဖြစ်သည်။ ဒါဝိဒ်သည် ကောင်းသော သိုးထိန်း ဖြစ်သည်။ ဝက်ဝံနှင့် ခြင်္သေ့တို့ ကသူ့သိုးများ ကိုက် သောအခါ သက် စွန့်၍ ထိုသားရဲများ နှုတ်မှသိုးများကို ကယ်ခဲ့သည် (၁ရာ ၁ရး၃၄-၃၆)။ ယနေ့ သိုးထိန်းများ တည်းဟူသောဘုရား၏ အမှုတော်ဆောင်များသည်၊ လောက ဥစ္စာပစ္စည်းရရှိဘို့ အတွက် မဟုတ်ဘဲ၊ သိုး တည်းဟူသော ယုံကြည်သူများကောင်းစားရေးအတွက် အမှု ဆောင်သင့်သည်။ မိဘများလည်း သားသမီးများကို ထိန်းသော သိုးထိန်းများ ဖြစ်သင့်သည်။ ကိုယ့်ဆန္ဒ ပြည့်စုံရေးထက် သားသမီးများကို ဘုရားသခင် သိစေဘို့၊ သွန်သင်ကာကွယ်ဘို့ လိုသည်။
၁၂။ သိုးများကို ပိုင်သော သိုးထိန်း မဟုတ်၊ သူငှါး ဖြစ်သော သူမူကား၊ တောခွေးလာသည်ကို မြင်လျှင်၊ သိုးတို့ကို ပြစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေး သည်လည်း သိုးတို့ကို လုယက်၍ ကွဲလွင့်စေ၏။ ၁၃ သူငှါးသည် သူငှါး ဖြစ်၍ သိုးတို့၏ အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။
သိုးထိန်းကောင်း မဟုတ်သော သူတို့သည် သူငှါးဟု ခေါ်သည်။ သူငှါးသည် တောခွေးများ လာသောအခါ သိုးများကို ပြစ်ထား၍ ထွက်ပြေးသဖြင့် တောခွေးတို့သည် သိုးတို့ကို ကိုက်စားတတ်သည်။ ယနေ့ များစွာသော အမှုတော်ဆောင်များသည်၊ သူငှါး များ ဖြစ်ကြသောကြောင့် သိုးတို့ အရေးထက် မိမိတို့ အရေးပို၍ ဂရုစိုက် ကြသည်။ ယုံကြည်သူများကို မှားယွင်းသော ဩဝါဒမှမ ကယ်တင်နိုင်ချေ။ သိုးများ ကွဲလွင့်လျှင်လည်း အရေးမစိုက်တတ်ချေ။ မိဘများလည်း သားသမီးများကို သွန်သင်မည့် အစားဖျက်ဆီး နေကြသည်။ ဖျက်ဆီးနေမှန်းလည်း မသိတတ်ကြချေ။ အလွန် ပင်ဝမ်းနည်းစရာ ဖြစ်သည်။ သားသမီး များဆိုးသွမ်းလာသောအခါ စိတ်ရှုပ်၍ အိမ်မှနှင်ထုတ်ဘို့ သာလျှင် သိတတ် ကြသည်။
၁၄။ ငါသည် ကောင်းသော သိုးထိန်း ဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍ ၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏ သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့ သည်လည်း ငါ့ကို သိကြ၏။
ကောင်းသော သိုးထိန်း၏ အခြားသော အရည်အချင်း တခုသည်၊ သိုးတို့ကို သိ၍ သိုးတို့ကလည်း သိုးထိန်းကို သိခြင်း ဖြစ်သည်။ အငယ် ၂၊ ၅၊ ၈၌လည်း သိုးတို့သည် သိုးထိန်း၏ အသံကို နားလည်သည်ဟုဆိုသည်။ သိုးထိန်း မဟုတ်သော သူ၏ အသံကို နားမလည် ဟုဆိုသည်။
၁၅။ ငါသည်ကိုယ်အသက်ကို သိုးတို့ အဘို့ အလိုငှါ စွန့်၏။ ၁၆ ဤသိုးခြံသို့ မဝင်သော အခြားသိုးတို့ ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့ သည်လည်း ငါ့စကား သံကို နားထောင် သဖြင့်၊ သိုးခြံ တခုသိုးထိန်းတပါးတည်းရှိရလိမ့်မည်။
တဖန် သခင်ယေရှု ကသူသည် သိုးတို့ အဘို့ အလိုငှါ သူ၏ အသက်ကို စွန့်သည်ဟု ပြောသည်။ ထိုအရာသည် အသေခံ သောအခါ ပြည့်စုံခဲ့ပြီ။ သခင်ဘုရား ကသိုးခြံသို့ မဝင်သော အခြားသိုးများလည်း ငါပိုင်သေးသည်ဟုဆိုသည်။ ထိုသိုးများသည် ရိုမင်ကက်သလိပ်များက အခြားသော ခရစ်ယာန်များဖြစ်၍ အားလုံးသူတို့ ဆီသို့ ပြန်လာမည်ဟု ဟောပြောသွန်သင် မျှော်လင့် ကြသည်။ သူတို့ ထင် သကဲ့သို့ မဟုတ်ပါ။ သိုးခြံထဲသို့ မဝင် သေးသော သိုးများသည်၊ ကယ်တင်ခြင်းသို့ မရောက် သေးသော သူများ၊ ကယ်တင်ခြင်း အကြောင်း ကြား၍ ယုံကြည် လာသောအခါ ဝင်လာမည့်သူများဖြစ်သည်။ သိုးများသည် ကယ်တင်ခြင်းသို့ ရောက်သော သူများ သာလျှင် ဖြစ်သည်။
၁ရ။ ငါသည်ကိုယ်အသက်ကို စွန့်၍ နောက်တဖန် ယူဦးမည် ဖြစ်သောကြောင့်၊ ငါ့ခမည်းတော်သည် ငါ့ကို ချစ် တော်မူ၏။ ၁၈ ငါ့အသက်ကို အဘယ်သူ မျှမလုမယူ။ ကိုယ်အလိုအလျောက်ငါ စွန့်၏။ ကိုယ်အသက်ကို စွန့်ရသော အခွင့်နှင့် နောက်တဖန် ကိုယ်အသက်ကို ယူပြန်ရသော အခွင့်သည် ငါ၌ ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူပြီဟု မိန့်တော်မူ၏။
သခင်ယေရှု ကသူသည် သူ့အသက်ကို ကိုယ်အလိုအလျောက် စွန့်သည်ဟုဆိုသည်။ အသက်ကို ပြန်ယူရသော အခွင့်လည်းရှိသည်ဟုဆိုသည်။ ထို့ကြောင့် ခရစ်တော်ကို သတ်သော သူသည် သူကိုယ်တိုင်လည်း ဖြစ်သည်ဟုဆိုနိုင်သည်။ လူသည် အသက် စွန့်နိုင်သော်လည်း ပြန်မယူနိုင်ပါ။ သို့သော် သခင်ယေရှုသည် အသက် ပြန်ယူူနိုင်သောကြောင့် ဘုရား ဖြစ်ကြောင်း ထင်ရှားသည်။
၁၉။ ထိုစကားတော်ကြောင့် ယုဒလူတို့သည် တဖန် ကွဲပြားခြင်းရှိကြ၏။ ၂၀ လူများတို့ ကသူသည် နတ်ဆိုးစွဲ၍ အရူး ဖြစ်၏။ သူ့စကားကို အဘယ်ကြောင့် နားထောင် သနည်းဟုဆိုကြ၏။ ၂၁ အချို့တို့ ကသူစကားသည် နတ်ဆိုးစွဲသော သူ၏ စကား မဟုတ်။ နတ်ဆိုးသည် မျက်စိကန်းသော သူတို့ကို မြင်စေခြင်းငှါ တတ်နိုင်သလောဟုဆိုကြ၏။
သခင်ဘုရားကို နားမလည် နိုင်ကြသောကြောင့် သူ၏ စကား ကိုလည်း နားမလည် နိုင်ကြချေ။ ထို့ကြောင့် နတ်ဆိုးစွဲသူအရူးဟု ထင်ကြသည်။ အမှန်မှာ သူသည် လုံးဝ မရူးပါ။ လူသားများသာလျှင် အရူး ဖြစ်ကြသည်။ အချို့သော သူများ ကအခန်း၉ မှာမွေးကတည်း ကမျက်စိကန်းသော သူကို ပြန်မြင်စေနိုင်သည်ကို ထောက်၍ အရူး မဟုတ်ဟုဆို ကြသည်။

၂၂။ ဆောင်းကာလ ဖြစ်၍ အက်နိပွဲ (The feast of the dedication)ကို ယေရုရှလင် မြို့၌ ခံကြ သောအခါ၊ ၂၃ ယေရှုသည် ဗိမာန်တော် နားမှာရှောလမုန်ကနားပြင်၌ စကြံ သွား တော်မူ စဉ်တွင်၊ ၂၄ ယုဒလူတို့သည်ကိုယ်တော်ကို ဝန်းရံ၍ ၊ သင်သည် အဘယ်မျှကာလ ပတ်လုံးငါတို့ကို ယုံမှားစေမည်နည်း။ ခရစ်တော် မှန်လျှင် အတိအလင်းပြောပါဟုဆိုကြ၏။ အက်နိပွဲသည် ဗိမာန်တော်ကို ပြန်လည်သန့်စင်၍ ဆက်ကပ်သောပွဲ ဖြစ်သည်။ ခရစ်တော် လူ့ဇာတိမခံမှီတွင် ဂရိတ်စစ်ဗိုလ်ဗညအငသခ့ကျနစငစ့​ေညနျကဗိမာန်တော်၌ ရုပ်တုများ ထား၍ ညစ်ညူးသော ဝက်ကိုလည်း ပူဇော်ခြင်းဖြင့် ညစ်ညူး စေခဲ့သည်။ သူ့ကို ​ဲကိ​ေျ​ြခေခဘေနေကျသား အဖများ ဦးဆောင်ခြင်း ဖြင့်တော် လှန်၍ အောင် နိုင် သောအခါ ဗိမာန်တော် ပြန်လည် သန့်ရှင်းစေ၍ ရှစ်ရက်လုံးလုံးပွဲလုပ်၍ ဆက်ကပ် ကြသည်။ ထိုပွဲကို နှစ်စဉ် ကျင်းပ၍ ၊ ယနေ့ တိုင်အောင် ကျင်းပကြသေးသည်။ ထိုပွဲသို့ သခင်ဘုရားလည်း ပါဝင်ခဲ့သည်။ ထိုအချိန်သည် ခရစ္စမတ် ကျင်းပရာသီ ဖြစ်သော ဒီဇဘ်ာလတွင် ဖြစ်သည်။ ယုဒလူများ ကသခင်ဘုရားသည် သူတို့ကို ယုံမှားစေသည်ဟု စွပ်စွဲ ကြသည်။ ခရစ်တော် မှန်လျှင် အတိအလင်းပြောပါဟုဆို ကြသည်။

၂၅။ ယေရှု ကလည်း၊ ငါပြောပြီ။ သင်တို့သည် မယုံကြ။ ငါ့ခမည်းတော်၏ အခွင့်နှင့် ငါပြုသောအမှု တို့သည် ငါ၏သက်သေ ဖြစ်ကြ၏။ ၂၆သို့သော်လည်း သင်တို့သည် မယုံကြ။ အဘယ်ကြောင့်မယုံကြသနည်းဟူမူကား၊ သင်တို့သည် ငါ့သိုးတို့ အဝင် မဟုတ်။ အထက် ကငါပြောသည် အတိုင်း၊ ၂၇ ငါ့သိုးတို့သည် ငါ့စကား သံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ၂၈ ထာဝရ အသက် ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်ဆီးခြင်း နှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ အဘယ်သူ မျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။
သခင်ဘုရား ကငါပြောပြီဟုဆိုသည်။ ထိုမျှသာမကသူပြုသော အမှုသည် သူ၏ သက်သေ ဖြစ်သည်ဟုဆိုသည်။ သို့သော် သူတို့ မယုံကြည်ခြင်းသည် သခင်ဘုရား၏ သိုးများ မဟုတ်သောကြောင့် ဖြစ်သည်။ ယခုပင်လျှင် သင်သည် သိုး မဟုတ်လျှင် ဤအကြောင်း အရာများ သိ နားလည်နိုင်မည် မဟုတ်ချေ။ ယေရှု၏ သိုးများသည် သူ၏ အသံကို နားလည်၍ နားထောင် ကြသည်။ သင်သည် နှုတ်ကပတ်တော်ကို နားထောင် ချင် ပါသလား။ နားလည်နိုင်ပါသလား။ သိုး ဖြစ်လျှင် သခင်ယေရှု နောက်လိုက် မှာ ဖြစ်သည်။ သင်သည် သိုး ဖြစ်လျှင် သခင်ဘုရား ကသင့်ကို သိသည်။ ထာဝရ အသက် ကိုလည်း ပေးသည်။ ထို့ကြောင့် ပျက်ဆီးခြင်း နှင့် အစဉ်ကင်းလွတ်မည်။ ပျက်ဆီးခြင်းသည် ငရဲမီးအိုင်၌ သွားခြင်းကို ဆိုလိုသည်။ သင်သည် သိုးမှန်လျှင် သခင်ဘုရား လက်ထဲ၌ ရှိသောကြောင့် အဘယ်သူ ကမျှသင့်ကို နှုတ်ယူ၍ ရမည် မဟုတ်ချေ။
၂၉။ ထိုသိုးတို့ကို ငါ၌ အပ် ပေးတော်မူ သော ငါ့ခမည်းတော်သည် ခပ်သိမ်းသော သူတို့ထက် ကြီး မြတ် တော်မူသည် ဖြစ်၍ ၊ အဘယ်သူ မျှထိုသိုးတို့ကို ငါ့ခမည်းတော်၏ လက်မှမနှုတ်မယူနိုင်ရာ။ ၃၀ ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်း ဖြစ်သည်ဟု မိန့်တော်မူ၏။
သိုးများသည် သခင်ယေရှု လက်ထဲ၌ သာမက၊ ခမည်းတော် ဘုရား၏ လက်ထဲ၌လည်းရှိသောကြောင့် စာတန် ကသူတို့ကို ခိုး၍ ရမည်ဟုတ်ချေ။ သခင်ယေရှုနှင့် ခမည်းတော် ဘုရားသည် တလုံးတဝတည်း ဖြစ်သည်။

ယေရှုကို ခဲနှင့်ပစ်ဘို့ကြံ

၃၀။ ထိုအခါ ယုဒလူတို့သည်ကိုယ်တော်ကို ခဲနှင့် ပစ်ခြင်းငှါ တဖန် ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ၃၂ ယေရှု ကလည်း၊ ငါသည် ငါ့ခမည်းတော်၏ အခွင့်နှင့် ကောင်းသောအမှု အများ တို့ကို သင်တို့အား ပြပြီ။ ထိုအမှု တို့တွင် အဘယ်မည်သော အမှုကြောင့် ငါ့ကို ခဲနှင့် ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊ ၃၃ ယုဒလူတို့က၊ ကောင်းသော အမှုကြောင့် ခဲနှင့် ပစ်မည် မဟုတ်။ သင်သည် လူဖြစ်လျက် ပင် ဘုရားသခင် ဖြစ်ရောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသော စကားကြောင့် ခဲနှင့် ပစ်မည်ဟုဆိုကြ၏။
အဘယ်ကြောင့်ယုဒလူများ ကယေရှုကို ခဲနှင့် ပစ်ဘို့ ကြံစည်ကြသနည်း။ သူတို့ အမြင်၌ ယေရှုသည် သာမန်လူ ဖြစ်သည်။ ဘုရားဟု မသိမမြင်နိုင်ကြချေ။ သာမန် လူသား အနေဖြင့် ဘုရား ဖြစ်ဟန်ဆောင်သည်ဟု မြင်ကြသောကြောင့် ကျောက်ခဲနှင့် အသေသတ်ဘို့ ကြံစည် ကြသည်။ ​ကျွန်ုပ်တို့လည်း သခင်ယေရှုကို သာမန် လူသား ကဲ့သို့ မြင်ကြသောကြောင့်အား မကိုး ကြခြင်း ဖြစ်သည်။ သူတို့ ကဲ့သို့ ခဲနှင့် ပေါက်သတ်ဘို့ မကြံသော်လည်း၊ သူ့စကား နားမထောင်၊ လှစ်လှုိရှုခြင်းအားဖြင့် သူ့ကို ငြင်းပယ်ကြသည် မဟုတ်လော။
၃၄။ ယေရှု ကလည်း၊ သင်တို့သည် ဘုရား ဖြစ်ကြ၏၊ ငါဆိုသည်ဟု သင်တို့၏ ပညတ္တိကျမ်းစာ၌ လာသည် မဟုတ်လော။ ၃၅ ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရသော သူတို့ကို ဘုရား ဟူ၍ ခေါ်ရလျှင်၎င်း၊ ကျမ်းစကားကို မပယ်ရလျှင်၎င်း၊ ၃၆ ခမည်းတော်သည် သန့်ရှင်းစေ၍ ၊ ဤလောကသို့ စေလွှတ် တော်မူသော သူက၊ ငါသည် ဘုရားသခင်၏ သားတော် ဖြစ်သည်ဟု ဆိုသောကြောင့်၊ သင်သည် ဘုရားသခင်ကို လွန်ကျူး၍ ပြောသည်ဟု ထိုသူအား ဆိုရာသလော။
ယေရှု ကူးကားသော ကျမ်းသည် ဆာလံ ၈၂:၆ ဖြစ်သည်။ ထိုကျမ်း၌ ဣသရေလ ခေါင်းဆောင် များကို ဘုရား များဟု ခနဲ့သောအားဖြင့် ဆိုသည်။ ထိုအရာကို ဣသရေလ လူများ ကအပြစ် မမြင်၊ ထိုဆာလံကိုလည်း ကျမ်းစာ ထဲမှမပယ်ကြချေ။ ခမည်းတော်က သန့်ရှင်းစေ၍ ဤလောကသို့ စေလွှတ် တော်မူသော သူသည် သခင်ယေရှု ကသူ့ကို သူဆိုလိုခြင်း ဖြစ်သည်။ သူကငါသည် ဘုရားသခင်၏ သားတော် ဖြစ်သည်ဟုဆို သောအခါ သူတို့ ကအပြစ် မြင်သည်။ ထိုသို့ မဖြစ်သင့်ပါဟုဆိုလိုခြင်း ဖြစ်သည်။ ဤနေရာ၌ ခရစ်တော် ကဆာလံဆရာရေးထားသည့်အတိုင်း ဣသရေလ လူများသည် ဘုရားများဖြစ်သည်ဟု ထောက်ခံနေခြင်း မဟုတ်ပါ။ သူတို့သည် မျက်နှာလိုက်၍ အပြစ် တင်ချင် သူကို တင်နေခြင်းကို ဆိုလိုသည်။
၃၇။ ငါသည် ငါ့ခမည်းတော်၏ အမှု တို့ကို မပြုလျှင် ငါ့ကို မယုံကြနှင့်။ ၃၈ ပြုလျှင် ငါ့ကို မယုံသော်လည်း ထိုအမှု တို့ကို ယုံကြလော့။ ထိုသို့ ယုံလျှင် ခမည်းတော်သည် ငါ၌ ရှိတော်မူသည် ကို၎င်း၊ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်းယုံ၍ သိမှ တ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
ခရစ်တော် ကသူ့ကို မယုံလျှင်လည်း သူပြုသော အမှုကို ယုံစေချင်သည်။ သူသည် ခမည်းတော် ဘုရား၏ အမှုတော်ကို ပြုနေခြင်း ဖြစ်သည်။ သို့သော် သူတို့သည် ထိုသို့ မမြင်နိုင်။ ယေရှုသည် သာမန်လူ၊ လမ်းလွှဲဆရာဟု မြင်နေသောကြောင့် ဘယ်လိုမှပြော၍ မရဖြစ်နေသည်။ ယနေ့ ဝိညာဉ်တော် မရ၊ ဘုရားက မဖေါ်ပြသော သူတို့လည်း အလွှဲယူနေတတ် ကြသည်။ အလွန် ဝမ်းနည်းသည် မှအပဘာမျှလုပ်၍ မရပါ။ သင်သည် ထိုသို့သော သူမဖြစ်ဘို့ လိုအပ်သည်။

ယေရှု ယော်ဒန်မြစ်သို့ သွား

၃၉။ ထိုအခါကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ တဖန် ရှာကြပြန်လျှင်၊ ထိုသူတို့၏ လက်မှ ထွက်ကြွ တော်မူ၏။ ၄၀ ယောဟန်သည် ဗတ္တိဇံကို ရှေ့ဦးစွာ ပေးရာအရပ်၊ ယော်ဒန်မြစ်တဘက်သို့ တဖန် ကြွ၍ ထိုအရပ်၌ နေတော်မူ၏။
သခင်ယေရှုသည်လောက၌ အလည်လာခဲ့စဉ်တွင် ရန်သူနယ်မြေ၌ ဖြစ်သောကြောင့်၊ သူ့ကို အမြဲအပြစ် ရှာကာ၊ သတ်ဘို့ရန် ကြံစည် ကြသည်။ ထို့ကြောင့် သူဖန်ဆင်းထားသော မြေကြီး ပေါ်၌ သူဖန်ဆင်းထားသော လူသားများကို ရှောင်နေရသည်။ သူပင်လျှင် ထိုကဲ့သို့ ခံရလျှင် ယုံကြည်သူများကိုလည်း အပြစ် ရှာကြမှာ ဖြစ်သည်။
၄၁။ လူများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကို မပြ။ သို့သော်လည်း ဤသူ၏ အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ဟုဆိုကြသဖြင့်၊ ၄၂ ထိုအရပ်၌ လူများ တို့သည်ကိုယ်တော်ကို ယုံကြည် ကြ၏။
ယောဟန်သည် နိမိတ်လက္ခဏာမပြ၊ သို့သော် ယေရှု၏ အကြောင်းကို သာဟောပြောသည်။ သူဟောပြောသောအရာ အားဖြင့် ယေရှုကို လူများ ကယုံကြည် ကြသည်။ ​ကျွန်ုပ်တို့လည်း နိမိတ်လက္ခဏာမပြလျှင် လည်း၊ သမ္မာတရားကို ဟောပြောလျှင် လူများ ယုံကြည် လာကြမှာ ဖြစ််သည်။ နိမိတ်လက္ခဏာသည် ဘုရားသခင်က ပြသောအခါမှ ဖြစ်သည်။ ကယ်တင်ခြင်း သမ္မာတရား ပြောဘို့သည် ​ကျွန်ုပ်တို့၏ တာဝန် ဖြစ်သည်။ နိမိတ်လက္ခဏာပြခြင်းသည် ဘုရား၏ တာဝန် ဖြစ်သည်။

[Part 1] [Part 2]