Commentary: John (Part 2)

Home   >   Bookstore    >   John

john

ယောဟန်ကျမ်း အနက်ဖွင့်ခြင်း

သိက္ခာတော်ရ ဆရာမောဇက်ထောင်ကျုံး

 

.

မာတိကာ

.

^

ယော ၁၁

၁။ ညီအစ်မမာရိနှင့် မာသတို့ နေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသော သူတယောက်သည် နာလျက် နေလေ၏။ ၂ နာလျက် နေသော လာဇရု၏ နှမမာရိကား၊ သခင်ဘုရားကို ဆီမွှေးနှင့် လိမ်း၍ ​ခြေတော်ကို မိမိဆံပင်နှင့် သုတ်သော မာရိ ဖြစ်သတည်း။ ၃ ညီအစ်မတို့သည် အထံတော်သို့ စေလွှတ်၍ ၊ သခင်၊ ကိုယ်တော် ချစ် တော်မူသော သူသည် နာလျက် နေပါသည်ဟု လျှောက်ကြ၏။
ဤလာဇရုသည် လုကာ ၁၆:၁၉၌ ဖေါ်ပြသော သူတောင်းစားလာဇရုနှင့် မတူပါ။ နာမည်တူခြင်း သာလျှင် ဖြစ်သည်။ ကျမ်းစာ၌ မာရိလည်း ​ခြောက်ယောက်ရှိသည်။ ဤမာရိသည် ကျမ်းစာ ထဲ၌ ​ခြောက်ယောက်ရှိသည်။ ဤမာရိသည် လာဇရုနှင့် မာသတိုိ့၏ နှမ ဖြစ်သည်။ သူတို့ မိဘများကို မဖေါ်ပြ သောကြောင့် မသိရပါ။ ဤမောင်နှမ သုံးယောက်သည် သခင်ဘုရား ချစ်သော သူများ ဖြစ်သည်။ လာဇရုနေမကောင်း ဖြစ်သောအခါ သခင်ဘုရား ထံအချိန် မှီသတင်း ပို့ခဲ့ ကြသည်။

၄။ ထိုစကားကို ယေရှုသည် ကြား တော်မူလျှင်၊ ထိုအနာသည် သေနာ မဟုတ်။ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသော အနာ ဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏ သားတော်သည် ဘုန်းထင်ရှားခြင်းရှိိလိမ့်မည်ဟု မိန့်တော်မူ၏။ ၅ ယေရှုသည် မာသကို၎င်း၊ သူ၏ ညီမနှင့် လဇရုကို၎င်းချစ် တော်မူ၏။ ၆ လာဇရုနာသည်ကို ကြား တော်မူလျှင်၊ ကြတော် မမူဘဲ ထိုအရပ်၌ နှစ်ရက်နေ တော်မူ၏။
အဘယ်ကြောင့်သခင်ယေရှုသည် လာဇရုနာကြောင်း သိသော်လည်း ချက်ချင်း မလာသနည်း။ ဘုရား ဖြစ်သည့်အတိုင်း အစအဆုံးသိသည်။ ထိုအနာသည် သေနာ မဟုတ်၊ သူ၏ ဘုန်းထင်ရှားစေမည့် အနာ ဖြစ်သည်ဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း ထိုကဲ့သို့ ဘုရား ဘုန်းထင်ရှားစေမည့် အနာ၊ ပြသနာများရင်ဆိုင်တတ် ကြသည်။ သို့သော် မသိ သောအခါ စိတ်ပူပန်တတ် ကြသည်။ သခင်ယေရှုသည် တမင်သက်သက်မသွားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့လည်း ဆုတောင်းသောအရာ ချက်ချင်း မရသောအခါ စိတ်မပျက်ကြစို့နှင့်။

ရ။ ထိုနောက်မှတပည့်တော်တို့ အား၊ ယုဒပြည်သို့ တဖန် သွားကြကုန်အံ့ဟု မိန့်တော်မူလျှင်၊ ၈ တပည့်တော် တို့က၊ အရှင်ဘုရား၊ ယုဒလူတို့သည် ယခုပင်ကိုယ်တော်ကို ခဲနှင့် ပစ်ခြင်းငှါ ရှာကြံလျက် ပင်ထိုအရပ်သို့ တဖန် ကြ တော်မူ ဦးမည်လောဟု လျှောက်ကြ၏။
သခင်ဘုရား၏ လုပ်ရပ်ကို တပည့်တော်များ နားမလည် နိုင်ချေ။ ယုဒပြည်၌ သူ့ကို ခဲနှင့် ပေါက်ဘို့ ကြံစည်ခဲ့ကြသည်ကို တပည့်တော်များမမေ့ကြချေ။ သို့သော် သခင်ဘုရား မကြောက်ပါ။ အကြောင်းမှာ ဘုရားသခင်ကို ဘယ်အရာကမှမဆီးတားနိုင်၊ မခြိမ်း​ခြောက်နိုင်ချေ။

၉။ ယေရှု ကလည်း၊ တနေ့တွင် တဆယ်နှစ်နာရီ ရှိသည် မဟုတ်လော။ လူသည် နေ့အချိန်၌ သွားလာလျှင်၊ နေရောင်အလင်းကို မြင်ရသောကြောင့် ထိမိ၍ မလဲတတ်။ ၁၀ ညဉ့်အချိန်၌ သွားလာလျှင် မူကား၊ အလင်းမရှိသောကြောင့် ထိမိ၍ လဲတတ်၏ဟု မိန့်တော်မူပြီးမှ၊
သူတို့ ခေတ်တုန်းကတနေ့တွင် ဆယ်နှစ်နာရီနှင့် ပိုင်းခြားသည်။ မိုဃ်းလင်းမှမိုဃ်းချုပ်အထိ ဆယ့်နှစ်နာရီ ရှိသည်။ ထို့ကြောင့် နွေရာသီနာရီသည််ဆောင်းရာသီနာရီထက် ရှည်လျားသည်။ လူသည် အလင်း၌ သာသွားလာနိုင်သည်။ အလင်းမရှိလျှင် သွားလာ၍ မရချေ။ ရုပ်လောက၌ ထိုသို့ဖြစ်သည့်အတိုင်း ဝိညာဉ်လောက၌လည်း၊ ဝိညာဉ် အလင်းမရှိလျှင် မမြင်နိုင်၊ အလုပ်မလုပ်နိုင်ချေ။ အန္တရာယ် မမြင်သော သူများသည် မကြောက်တတ်ကြချေ။ ယနေ့ လူအများစုသည် ဝိညာဉ် အလင်းမရှိသောကြောင့် ဘေးဒဏ်ကြီး ကာလ၌ ခက်ခဲမည့်အရာနှင့် မီးငရဲအိုင်၌ ခက်ခဲမည့်အရာများကို မမြင်ကြသောကြောင့် မည်သို့ မျှပြော၍ မရ၊ စိတ်ဆိုးနေတတ် ကြသည်။

၁၁။ ငါတို့ အဆွေလာဇရုသည် အိပ်ပျော်၏။ သူ့ကို နိုးခြင်း အလိုငှါ ငါသွားမည်ဟု မိန့်တော်မူ၏။ ၁၂ တပည့်တော်တို့ ကလည်း၊ သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်ဟု လျှောက်ကြ၏။ ၁၃ ယေရှုသည် လာဇရုသေကြောင်းကို ရည်မှတ်၍ မိန့်တော်မူသော်လည်း၊ ပကတိ အိပ်ပျော်ကြောင်းကို မိန့်တော်မူသည်ဟု တပည့်တော် တို့သည် ထင်မှတ်ကြ၏။
ခရစ်တော်သည်များသော အားဖြင့် ဝိညာဉ် ပိုင်းစကား ပြောတတ်သည်။ ထို့ကြောင့် ဖာရိရဲှများက နားမလည် နိုင်ခြင်း ဖြစ်သည်။ ဤနေရာ၌လည်း လာဇရု ဝိညာဉ် ပိုင်း၌ အိပ်ပျော်ခြင်းကို ပြောသော်လည်း တပည့်တော်များကဇာတိပိုင်း အိပ်ပျော်ခြင်းဟု ထင်မှတ် ကြသည်။

၁၄။ ထိုကြောင့်ယေရှုက၊ လာဇရုသေပြီ။ သင်တို့သည် ယုံကြည် မည်အကြောင်း၊ ၁၅ ထိုအရပ်၌ ငါမရှိသည်ကို ထောက်၍ သင်တို့အတွက် ငါဝမ်းမြောက်ခြင်းရှိ၏။ သူ့ဆီသို့ ယခုသွားကြကုန်အံ့ဟု အတည့်အလင်းမိန့် တော်မူ၏။
တပည့်တော်များက နားမလည် သောအခါ သခင်ဘုရား ကလာဇရုသေပြီဟု ပြောသည်။ လာဇရုသေသည်ကို သခင်ဘုရား ဝမ်းမြောက်သည်။ အကြောင်းမှာ သူ့ကို ရှင်ပြန်စေ သောအခါ တပည့်တော်များကသူ့ကို ယုံကြည် ကြမှာ ဖြစ်သည်။

၁၆။ ဒိဒုမုအမည်ရှိသောသော မက၊ အ​ကျွန်ုပ်တို့လည်း လိုက်၍ သခင်နှင့်အတူ အသေခံ ကြကုန်အံ့ဟု တပည့်တော် ချင်းတို့အား ပြောဆို၏။
များသောအားဖြင့် ပေတရုကနှုတ်မြန်တတ်သော်လည်း ဤနေရာ၌သော မကဦးသွားသည်။ သခင်ဘုရားက ဝိညာဉ် ပိုင်းပြော သော်လည်းသော မကကိုယ်ခန္ဓာပိုင်းသေဘို့ ပြောသည်။ အကြောင်းမှာ ယေရှုကို ယုဒလူများ ကသတ်ဘို့ ကြံစည်ခဲ့ကြသောကြောင့် ဖြစ်သည်။ အော်၊ မသိတတ်ပါတကား။ ယနေ့ ယုံကြည်သူများလည်း ဝိညာဉ် ပိုင်းမလင်း သောအခါ မလိုအပ်သောအရာ များ ပြောဆို ကြံစည်လုပ်ဆောင်တတ် ကြသည်။ ရှင်းပြ၍ လည်း မရ၊ တား၍ လည်း မရ၊ မည်သို့ မျှပြော၍ မရသော အ​ခြေအနေရှိတတ်သည်။ သခင်ယေရှု ကလည်းသော မ၏ စကားကို မပြန်၊ တိတ်ဆိတ်စွာ နေသကဲ့သို့ ဝိညာဉ် လူများလည်း ဇာတိသမားများ၏ စကားကို အကုန်မ​ဖြေဘဲ တိတ်ဆိတ်စွာ နေမည့်အချိန် ရှိတတ်သည်။

၁ရ။ ယေရှုသည် ရောက် တော်မူ သောအခါ၊ လာဇရုကို သင်္ဂြိုဟ်၍ သင်္ချိုင်းတွင်း ၌ လေးရက်လွန်လေပြီ။ ၁၈ ဗေသနိရွာသည် ယေရုရှလင် မြို့နှင့် တတိုင်လောက်သာကွာသည် ဖြစ်၍ ၊ ၁၉ မာသနှင့် မာရိတို့၏ မောင်သေသောကြောင့်၊ သူတို့ကို နှစ်သိမ့်စေလိုသောငှါ ယုဒလူများ တို့သည် လာကြ၏။
အချို့လူမျိုးများ၌ သေခြင်းသည် ဂရုမစိုက်ကြသော်လည်း၊ အချို့လူမျိုးများ၌ သေခြင်းသည် အလွန် အရေးထားတတ် ကြသည်။ ဣသရေလ လူမျိုးများလည်း သေခြင်းကို အလေးထားသော အမျိုး ဖြစ်ကြသည်။ ထို့ကြောင့် လာဇရုသေခြင်းသည် လေးရက်ရှိသွားပြီ ဖြစ်သော်လည်း မိသားစုနှစ်သိမ့်ခြင်းကို ပြုလုပ် ကြသေးသည်။ ဗေသနိရွာသည် ယေရုရှလင် မြို့မှတတိုင် (တမိုင်ကျော် ၃ ကီလိုမီတာခန့်) ဝေးသည်။ နှစ်သိမ့် သူများသည် ယေရုရှလင် မြို့သားများဖြစ်ဟန်ရှိသည်။

၂၀။ ယေရှု ကြလာ တော်မူ ကြောင်းကို မာသသည် ကြားလျှင်၊ ကိုယ်တော်ကို ခရီး ဦးကြိုပြုခြင်းငှါ သွား၏။ မာရိမူကား အိမ်၌ ထိုင်လျက် နေရစ်၏။ ၂၁ မာသက၊ သခင်၊ ကိုယ်တော် ရှိတော်မူလျှင် ​ကျွန်မ၏ မောင်မသေပါ။ ၂၂ ယခုသေလျက် ရှိသော်လည်းကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်း တော်မူ သမျှ အတိုင်း ဘုရားသခင် ပေးတော်မူ မည်ကို ​ကျွန် မသိပါသည်ဟု လျှောက်၏။
မာသသည် ယေရှု ကြွလာ တော်မူကြောင်း သိသောအခါ ညီမမာရိကို ပင် မပြောတော့ဘဲ ခရီး ဦးကြိုပြုသွားသည်။ သခင်ယေရှု သာရှိခဲ့လျှင် သူ့မောင်သည် သေမည် မဟုတ်ဟု ယူကျုံးမရ ဖြစ်၍ သခင်ဘုရားကို ဆိုသည်။ သို့သော် စိတ် လုံးဝ မပျက်သေး၊ သခင်ဘုရားက ဆုတောင်း ပေးလျှင် ရနိုင်သေးသည်၊ မျှော်လင့်ချက်ရှိသေးသည်ဟုဆိုသည်။

၂၃။ ယေရှု ကလည်း၊ သင်၏ မောင်သည် ထမြောက် လိမ့်မည်ဟု မိန့်တော်မူ၏။ ၂၄ မာသကလည်း၊ နောက်ဆုံးသော နေ့ တည်းဟူသောထမြောက် ရာကာလ၌ သူသည် ထမြောက် လိမ့်မည်ကို ​ကျွန် မသိပါသည်ဟု လျှောက်၏။
ဓမ္မဟောင်းခေတ်၌ ယုံကြည်သူများထမြောက် မည့် အရာကို ယုံကြည် ကြသည်။ “ထိုကာလ အခါမြေမှုန့်၌ အိပ်ပျော်သော သူများ တို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရ အသက် ရှင်ခြင်းနှင့် ၎င်း၊ အချို့တို့ကား၊ ရှက်ကြောက်ခြင်း၊ ထာဝရ အသရေပျက်ခြင်းနှင့် ၎င်း၊ နိုးကြလိမ့်မည်။” (ဒံ ၁၂:၂)။ “ကိုယ်တော်၏ လူသေတို့သည် အသက် ရှင်ကြပါလိမ့်မည်၊ ၊ ငါ၏ အသေကောင်တို့ သည်လည်း ထမြောက် ကြပါလိမ့်မည်၊ ၊ မြေမှုန့်၌ နေသော သူတို့၊ နိုး၍ သီချင်းဆိုကြလော့၊ ၊ အကြောင်းမူကား၊ ကိုယ်တော်၏ နှင်းသည် မြက်ပင်တို့ကို ပေါက်စေသော နှင်းကဲ့သို့ဖြစ်၍ ၊ မြေ သည်လည်း မိမိသင်္ချိုင်းသား တို့ကို ထုတ်ဘော်ရပါလိမ့်မည်။” (ဟေရှာယ ၂၆:၁၉)

၂၅။ ယေရှု ကလည်း၊ ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက် ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သော သူသည် သေလွန်သော်လည်းရှင်လိမ့်မည်။ ၂၆ ငါ့ကို ယုံကြည်၍ အသက် ရှင်သော သူရှိသမျှ တိုိ့ သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ ငါ့စကားကို ယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏။ ၂၇ကိုယ်တော်သည် ခရစ်တော် တည်း ဟူသောလောကသို့ ကြလာ တော်မူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ကို ​ကျွန်မယုံပါသည်ဟု လျှောက်၏။
သခင်ယေရှု ကမာသထံအလွန် အရေးကြီးသော အသက် ရှင်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်း အကြောင်းကို ဖေါ်ပြလိုက်သည်။ ဘုရားကို ယုံကြည်ခြင်း၏ အဓိကအချက်သည် အသက် ရှင်ခြင်း အကြောင်း ဖြစ်သည်။ လူလုပ်သော ဘာသာများ၌လည်း ပညတ်တော်များနှင့် အမျိုးစုံသော လုပ်ထုံးလုပ်နည်းများရှိကြသည်။ ထူးဆန်းသောအရာ များလည်း ပြုလုပ် နိုင် ကြသည်။ သို့သော် အဘယ်ဘာသာမှထာဝရ အသက် ရှင်ခြင်းနှင့် ရှင်ပြန်ထမြောက် ခြင်းကို ဂတိမပြုနိုင် ကြသည်။ သခင်ယေရှု ကသူသည် အသက် ရှင်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း အကြောင်း ဖြစ်သည်ကို ကျေညာလိုက်သည်။ သေခြင်းကို အောင်မြင်သူ ဖြစ်ကြောင်း၊ သူ့ကို ယုံကြည်သူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် မည့် အကြောင်းကို ဂတိပြုခြင်းသည် အလွန် အရေးကြီး၍ လူတိုင်း၏ မျှော်လင့်တောင့်တသောအရာ ဖြစ်သည်။

၂၈။ ထိုသို့ လျှောက်ပြီးမှမာသသည် သွား၍ မိမိညီမမာရိအား၊ အရှင်ဘုရားရောက်လာ တော်မူပြီ။ သင့်ကို ခေါ် တော်မူသည်ဟု တိတ်ဆိတ်စွာ ခေါ်လေ၏။ ၂၉ မာရိသည် ထိုစကားကို ကြားလျှင် အလျှင် တဆောထ၍ အထံတော်သို့ သွားလေ၏။ ၃၀ ထိုအခါ ယေရှုသည် ရွာထဲသို့ မဝင်သေး။ မာသခရီး ဦးကြိုပြုသော အရပ်၌ ရှိတော်မူ သတည်း။
သခင်ဘုရားနှင့် မာရိနှင့် မာသတို့၏ ရင်းနှီး မှုသည် ဤနေရာ၌ အလွန် ထင်ရှားသည်။ မာရိသည် သခင်ဘုရား လာကြောင်း ကြားသိ သောအခါ အလျှင် တဆောထ၍ ထွက်သွားသည်။ ​ကျွန်ုပ်တို့လည်း သခင်ဘုရားနှင့် ပတ်သက်လာလျှင် မာရိကဲ့သို့ စိတ်လှုပ်ရှားစွာ လုပ်သင့်သည်။

၃၁။ ထိုကြောင့်နှစ်သိမ့်စေသော စကားကို ပြောလျက် မာရိနှင့်အတူ အိမ်၌ ရှိသော ယုဒလူတို့သည် မာရိ အလျင်တဆော ထ၍ ထွက်သွားသည်ကို မြင်ကြလျှင်၊ ငို​ကြွေးခြင်းငှါ သင်္ချိုင်းသို့ သွားပြီဟုဆို၍ သူ့နောက်သို့ လိုက်ကြ၏။
ယုဒလူများလည်း သေလွန်သော သူအတွက် အထပ်ထပ်ငိုကြွေးတတ်ကြောင်း ဤနေရာ၌ သိရသည်။ နှစ်သိမ့်ခြင်းငှါ လာကြသော သူများလည်း မာရိထွက်သွား သောအခါ နောက်မှလိုက် ကြသည်။

၃၂။ မာရိသည် ယေရှု ရှိတော်မူ ရာအရပ်သို့ ရောက်၍ ကိုယ်တော်ကို မြင်လျှင် ​ခြေတော် ရင်း၌ ပြပ်ဝပ်လျက်၊ သခင်၊ ကိုယ်တော် ရှိတော်မူလျှင် ​ကျွန်မ၏ မောင်မသေပါဟု လျှောက်၏။ ၃၃ မာရိမှစ၍ လိုက်လာသော ယုဒလူတို့သည် ငို​ကြွေးကြသည်ကို ယေရှုသည် မြင် တော်မူ သောအခါ၊ အလွန် ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍ ၊ ၃၄ အလောင်းကို အဘယ်မှာ ထားကြသနည်းဟု မေးတော်မူလျှင်၊ သခင်ကြ၍ ကြည့် တော်မူ ပါဟု လျှောက်ကြ၏။
မာရိလည်း သူ့မောင်သေခြင်းနှင့် ပတ်သက်၍ သခင်ယေရှု မရှိခဲ့သည်ကို ယူကျုံးမရ ဖြစ်နေသည်။ ထို့ကြောင့် ထပ်၍ ငွေကြွေးပြန်သည်။ အလွန် ရင်းနှီးသော သူများ တွေ့ဆုံကြ သောအခါ ဖြစ်လေ့ ဖြစ်ထရှိသောအရာ ဖြစ်သည်။

၃၅။ ယေရှုသည် မျက်ရည်ကျ တော်မူ၏။ ၃၆ ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန် ချစ် တော်မူ ပါသည် တကားဟုဆိုကြ၏။ ၃၇ အချို့တို့က၊ မျက်စိကန်းသော သူကို မြင်စေ တော်မူသော ဤသခင်သည်၊ လာဇရုကို မသေစေခြင်းငှါ မတတ်နိုင် သလောဟုဆိုကြ၏။
ယေရှု ဘာကြောင့်မျက်ရည်ကျသနည်း။ လူသားများနည်းတူ သူ၏ အဆွေသေဆုံးသောကြောင့် ငို်ကြွေးခြင်းလော။ မဖြစ်နိုင်ပါ။ အကြောင်းမူကား၊ မကြာမှီသူကရှင်ပြန်ထမြောက် စေတော့မှာ ဖြစ်သည်။ သို့ဖြစ်လျှင် အဘယ်ကြောင့်မျက်ရည်ကျ တော်မူ သနည်း။ သူတို့၏ မယုံကြည်ခြင်းကြောင့် ဖြစ်နိုင်သည်။ သို့သော် ကျမ်းစာ ကအကြောင်းရင်း မဖေါ်ပြ သောကြောင့် အတိအကျ မသိရပါ။ အချို့သော သူများ ကမျက်စိကန်းသူကို မြင်စေနိုင်လျှင် သေသော သူကို မရှင်စေနိုင်သလောဟု မေးခွန်းထုတ် ကြသည်။ ထိုအရာကို အောက်တွင် လက်တွေ့ပြသပါလိမ့်မည်။

၃၈။ တဖန် ယေရှုသည် အလွန် ညှိုးငယ်သော စိတ်နှင့် သခõျုင်းတွင်းသို့ ရောက် တော်မူ၏။ ထိုတွင်းသည် မြေတွင်း ဖြစ်၏။ ကျောက်နှင့် ပိတ်ထား၏။ ၃၉ ကျောက်ကို ရွေ့ကြလော့ဟု ယေရှုသည် မိန့်တော်မူလျှင်၊ သေလွန်သော သူ၏ နှမမာသက၊ သခင်၊ ယခု ဖြစ်လျှင် နံလိမ့်မည်။ လေးရက်ရှိပါပြီဟု လျှောက်၏။
အဘယ်ကြောင့်ယေရှုသည် အလွန် ညှိုးငယ်သော စိတ်ရှိသနည်း။ အချို့သော သူများ ကသူလည်း လူသားများကဲ့သို့ဝမ်းနည်းသည်။ လူများ ခံစား သကဲ့သို့ ခံစားသည်ဟုဆို ကြသည်။ အတိအကျ မသိရသော်လည်း၊ သူတို့ မယုံကြည် သောကြောင့် ဖြစ်နိုင်သည်။ သင်္ချိုင်းတွင်း ဝကို ပိတ်သော ကျောက်ကို သူ့တန်ခိုးနှင့် မရွေ့ဘဲ လူများကို ခိုင်းသနည်း။ သူတို့လည်း ပါဝင်နိုင်ဘို့ရန် ဖြစ်မည်။ သူလုပ်မည့် အပိုင်းသည် လူများ မတတ်နိုင်သော အသက် သွင်းခြင်း ဖြစ်၍ ၊ လူများ တတ်နိုင်သောအရာသည် ကျောက်ရွေ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့လည်းကိုယ်တတ်နိုင်သော အပိုင်းကို လုပ်၍ လူမတတ်နိုင်သောအမှု မှာဘုရား အားကိုး ကြစို့။

၄၀။ ယေရှု ကလည်း၊ သင်သည် ယုံလျှင် ဘုရားသခင်၏ ဘုန်း အာနုဘော် တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။
ယုံကြည်လျှင် ဘုရား၏ ဘုန်း အာနုဘော် တော်ကို မြင်ရလ်ိမ့်မည်ဟုဆိုသည်။ ယနေ့ ဘုရား ဘုန်းတော် မထင်ရှားမမြင်ရခြင်းသည် မယုံကြည်ခြင်းကြောင့် ဖြစ်သည်။

၄၁။ ထိုအခါ သေလွန်သော သူ၏ သင်းချိုင်းမှ ကျောက်ကို ရွေ့ကြ၏။ ယေရှု သည်လည်း အထက်သို့ ကြည့်မျှော်လျက်၊ အဘ၊ ကိုယ်တော်သည် အ​ကျွန်ုပ်စကားကို နားထောင် တော်မူသော ကျေးဇူးတော် ကြီး လှပါ၏။ ၄၂ကိုယ်တော်သည် အ​ကျွန်ုပ်စကားကို အစဉ်မပြတ် နားထောင် တော်မူသည်ကို အ​ကျွန်ုပ်သိပါ၏။ သို့သော်လည်း ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ် တော်မူသည်ကို ဝန်းရံလျက် ရှိသော ဤလူ အပေါင်းတို့သည် ယုံကြည် စေခြင်းငှါ သူတို့၏ အကျိုးကို ထောက်၍ ဤသို့ အ​ကျွန်ုပ်လျှောက်ပါ၏ဟု မြိန့်မြွက် တော်မူပြီးမှ ။
သခင်ယေရှု ခမည်းတော် ထံဆုမတောင်းဘဲ လာဇရုကို ရှင်ပြန်ထမြောက် စေနိုင်မှာ ဖြစ်သည်။ အကြောင်းမှာ သူသည် ဘုရား ဖြစ်သည်။ သို့သော် အဘယ်ကြောင့်ခမည်းတော်ထံ ဆုတောင်း သေးသနည်း။ ခမည်းတော်ကို ချီးမြှောက်ခြင်း ဖြစ်သလို လူသားများကိုလည်း သူကဲ့သို့ ခမည်းတော်ထံ ဆုတောင်းဘို့ သင်ပေးခြင်း ဖြစ်မည်။ သူကခမည်းတော်ထံ၊ ကိုယ်တော်သည် အကျွန်ုပ်၏ စကားကို အစဉ်မပြတ် နားထောင် တော်မူသည်ဟုဆိုသည်။ အဘယ်ကြောင့်နည်းဟူမူကား သူကခမည်းတော်၏ စကားကို တသဝေမတိမ်း နားထောင် တတ်သောကြောင့် ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း ဘုရား စကားကို တသဝေမတိမ်း နားထောင်လျှင် ဆုတောင်း သမျှ ရကြလိမ့်မည်။ လာဇရုရှင်ပြန်စေမည့် အရာသည် သူနာမည်ကြီးဘို့၊ တန်ခိုးပြဘို့ မဟုတ်ဘဲ သူ့အနားမှာရှိသော သူများ ကယုံကြည်ခြင်းဖြင့် အကျိုးရရှိဘို့ ဖြစ်သည်ဟုဆိုသည်။

၄၃။ လာဇရုထွက်၍ လာလော့ဟု ကြီးသော အသံနှင့် ဟစ်ခေါ် တော်မူ၏။ ၄၄ ထိုအခါ သေလွန်သော သူသည် မိမိ​ခြေလက်၌ ပုဆိုးနံငယ်နှင့် ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပဝါနှင့် စည်းလျက် ထွက်လာ၏။ ယေရှု ကလည်း၊ သူ့ကို ဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။ ယေရှု ကအသက် သေသောကို အမိန့်ပေးသည်။ သေသော သူလည်း နာခံသည်။ ယနေ့ ယုံကြည်သူများကို ဘုရား ကအမိန့်ပေးသော်လည်း နားမထောင်ကြ၊ မကြားကြ၊ နားမလည် ကြသည်ကို ဝမ်းနည်းဘွယ်တွေ့မြင်နေရသည်။ သေသော သူထက် နားပင်းကြပါတကား။ လာဇရုသည် ထလာသော်လည်း အဝတ်နှင့် စည်းထားလျက် ရှိသောကြောင့် မလှုပ်ရှားနိုင်သေးချေ။ ယနေ့ ဒုတိယမွေးသော သူများလည်း ဝိညာဉ် ပိုင်းအသက် ရှင်လာကြသော်လည်း လွတ်လပ်စွာ မလှုပ်ရှားနိုင်ကြသေးချေ။ သခင်ယေရှုက၊ “သမ္မာတရား ကိုလည်း သိသဖြင့် ထိုသမ္မာတရားသည် သင်တို့ကို လွှတ်လိမ့်မည်” ဟုဆိုခဲ့သည် မဟုတ်လော (ယော ၈:၃၂)။ သမ္မာတရား သိ၍ သမ္မာတရား၌ ကျင်လည်မှသာလျှင် လွတ်လပ်စွာ လှုပ်ရှားနိုင်သည်။ သင်သည် လွတ်လပ်စွာ လှုပ်ရှားနိုင်ပါသလော။

၄၅။ ထိုအခါ မာရိဆီသို့ လာသော ယုဒလူအများ တို့သည် ယေရှု ပြု တော်မူသော အမှုကို မြင်လျှင်၊ ကိုယ်တော်ကို ယုံကြည် ကြ၏။ ၄၆ အချို့မူကား၊ ဖာရိရှဲတို့ ထံသို့ သွား၍ ယေရှု ပြု တော်မူသော အမှုကို ကြားပြောကြ၏။
ယေရှုပြုတော်မူသော အမှုကို မြင်၍ အချို့ယုံကြည် လာကြသော်လည်း၊ အချို့တို့သည် ဖာရိရှဲများ ထံကြားပြော ကြသည်။ ထိုသူများသည် မယုံကြည် သောကြောင့် ဖြစ်မည်။ ယနေ့လည်း အချို့သော သူများသည် သူတို့ ကဲ့သို့ မယုံကြည်ဘဲ၊ ဂုိဏ်းဂဏ၌ စွဲလန်းသော သူများသည် ယုံကြည် ဘို့ထက် အပြစ် ရှာ၍ ဆန့်ကျင်ဘို့ သာလုပ်တတ်သော သူများရှိကြသည်။ သင်သည် ထိုကဲ့သို့ သောသူ ဖြစ်နေပါသလော။

၄၇။ ထိုအခါ ယဇ်ပုရောဟိတ် အကြီး တို့နှင့် ဖာရိရှဲများသည် လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့သည် အဘယ်သို့ ပြုလျက် နေကြသနည်း။ ထိုသူသည် များစွာသော နိမိတ်လက္ခဏာကို ပြ၏။ ၄၈ သူ့ကို ဤသို့ အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည် ကြလိမ့်မည်။ ရောမလူတို့ သည်လည်း လာ၍ ငါတို့ အရပ် ဌာနကို၎င်း၊ ငါတို့ အမျိုးကို၎င်းသုတ်သင် ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆို ကြ၏။
ယဇ်ပုရောဟိတ် အကြီး တို့နှင့် ဖာရိရှဲတို့သည် ဝမ်းသာအားရစွာ သူတို့၏ မေရှိယကို ကြိုဆို လက်ခံမည့် အစား၊ စိုးရိမ် ပူပန်လက် အစည်းအဝေးလုပ် ကြသည်။ သခင်ယေရှု ကလာဇရုကို ရှင်ပြန်ထမြောက် စေခြင်းအားဖြင့် သူသည် အသက် သခင် ဖြစ်ကြောင်း၊ ဘုရား ဖြစ်ကြောင်းကို သက်သေပြသော်လည်း၊ လုံးဝ ဆန့်ကျင် ကြသည်။ ယနေ့ များစွာသော ခရစ်ယာန် အမှုတော်ဆောင်များလည်း သူတို့ ကဲ့သို့ပင်၊ လူများ ကယ်တင်ခြင်းသို့ ရောက် သောအခါ စိုးရိမ် ပူပန်တတ် ကြသည်။ ထိုအရာသည် လူ၏ အမြင်၊ စာတန်၏ အကြံအစည် ဖြစ်သည်။ သခင်ယေရှု ကနိမိတ်လက္ခဏာများ ပြခြင်းဖြင့် ရောမများ ကသုတ်သင် ပယ်ဘို့ ဆက်စပ်မှု မရှိချေ။ အမှန်မှာ သူတို့သည် ရောမများ၏ လက်အောက်ခံ ဖြစ်ပြီးသား ဖြစ်သည်။ အကြောင်း မရှိအကြောင်းရှာခြင်း ဖြစ်သည်။

၄၉။ ထိုသူတို့ အဝင်၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်း ဖြစ်သော ကယာဖအမည်ရှိသော သူက၊ သင်တို့သည် အလျင်း မသိကြ။ ၅၀ ယုဒလူမျိုးအကုန်အစင်ပျက်စီးသည် ထက်၊ လူတယောက်သည် လူများတို့အတွက် သေသော်သာ၍ ကောင်းသည်ကို သင်တို့သည် မဆင်ခြင်ပါတကားဟု ပြောဆို၏။
ယဇ်ပုရောဟိတ်မင်းသည် သာမန်လူ မဟုတ်၊ ကိုးကွယ်ခြင်း ဆိုင်ရာ၌ အကြီး ဆုံး ဖြစ်၍ တခေတ်တွင် တဦးသာလျှင် ရှိသည်။ ကယာဖသည် ယဇ်ပုရောဟိတ်မင်း ဖြစ်သော်လည်း သခင်ယေရှု သူ၏ သခင်၊ သူ၏ ဘုရား၊ သူ၏ ကယ်တင်ရှင်ကို မသိချေ။ ထို့ကြောင့် လူအများ သေသည်ထက် လူတယောက် ယေရှု သေလျှင် သာ၍ ကောင်းသည်ဟုဆိုသည်။ ယနေ့ ယုံကြည်သူများလည်း ဘုရားကို သိသင့်သည့်အတိုင်း မသိ၊ အလိုတော်ကို မသိလျှင် အလွှဲလွှဲအချော်ချော်ဖြင့် အသက် ရှင်လှုပ်ရှားတတ်သည်။

၅၁။ ထိုစကားကို ကိုယ်အလိုအလျောက် ပြောဆိုသည် မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်း ဖြစ်လျက်၊ ယေရှုသည် ထိုအမျိုးအတွက် သေရမည်ဟူ၍ ၎င်း၊ ၅၂ ထိုအမျိုးအတွက် သာမကအရပ်ရပ်တို့၌ ကွဲပြား လျက် ရှိသော ဘုရားသခင်၏သား များကိုအတူ စုဝေးစေခြင်းငှါ သေရမည်ဟူ၍ ၎င်း၊ ပရောဖက် ဥာဏ်နှင့် ဟောပြော၏။
ယဇ်ပုရောဟိတ်မင်းကယာဖသည် သခင်ယေရှု အပေါ်အမြင် မမှန်သော်လည်း၊ ရည်ရွယ်ချက်နှင့် စိတ်ထားမမှန်သော်လည်း၊ ယောဟန်ကပရောဖက် ဥာဏ်အားဖြင့် ဟောသည်ဟုဆိုသည်။ ပရောဖက် ဗာလမ်ကဲ့သို့ဖြစ်သည်။

၅၃။ ထိုနေ့မှစ၍ ကိုယ်တော်၏ အသက်ကို သတ်ခြင်းငှါ တိုင်ပင်ကြံစည်ကြ၏။ ၅၄ ထိုကြောင့်၊ ယေရှုသည် နောက်တဖန် ယုဒလူတို့တွင် ထင်ရှားစွာ မလှည့်လည်ဘဲ၊ ထိုအရပ်မှ ထွက်၍ တောနှင့် အနီးဧဖရိမ်အမည်ရှိသော မြို့သို့ ကြ၍ တပည့်တော် တို့နှင့်အတူ နေတော်မူ၏။
သခင်ယေရှုကို အကြိမ်ကြိမ်သတ်ဘို့ ကြိုးစား ခဲ့ကြသော်လည်း၊ ထိုနေ့မှစ၍ အမှန်တကယ် သတ်ဘို့ရန် တိုင်ပင်ကြံစည်ကြသည်ဟုဆိုသည်။ ထို့ကြောင့် ယေရှုသည် မထင်မရှားလှည့်လည်၍ ဧဖရိမ်မြို့သို့ ကြွ၍ နေတော်မူသည်ဟုဆိုသည်။ သူသည် အသတ်ခံမည့် အကြောင်း သိသော်လည်း၊ သူ၏အချိန် မတန် သေးသောကြောင့် ထိုကဲ့သို့ ပုန်းရှောင်ခြင်း ဖြစ်သည်။

၅၅။ ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကို သန့်ရှင်းစေခြင်းငှါ ပွဲမခံမှီအရပ်ရပ်တို့ မှယေရှု ရှလင်မြို့သို့ လာကြ၏။ ၅၆ ထိုသူတို့သည် ယေရှုကို ရှာဖွေ၍ ၊ အချင်းတို့၊ အဘယ်သို့ ထင်ကြသနည်း။ သူသည် ပွဲသို့ မလာသလောဟု ဗိမာန်တော်၌ ရပ်လျက် အချင်းချင်းမေးမြန်းကြ၏။ ၅၇ ထိုအခါ အဘယ်သူသည် ယေရှု ရှိရာအရပ်ကို သိလျှင် သူ့ကို ဘမ်းဆီးစေခြင်းငှါ ပြညွှန်ရမည်ဟု ယဇ်ပုရောဟိတ် အကြီး တို့နှင့် ဖာရိရှဲတို့သည် မှာခဲ့ကြပြီ။
ယုဒလူများသည် ဗာဗုလုန်​ကျွန်ခံရာမှပြန်လာကြ သောအခါ နှစ်စဉ်မှန်မှန်ပသခါပွဲ ကျင်းပတတ် ကြသည်။ ထိုအချိန် တွင်လည်း နိုင်ငံအနှံအပြားတွင် ပြန့်နှံ့နေသော ယုဒလူများသည် ပသခါပွဲခံဘို့ရန် ယေရုရှလင် မြို့သို့ ရောက်ရှိ ကြသည်။ သူတို့သည် ပွဲခံဘို့ လာသော်လည်း သခင်ယေရှုကို ရှာဖွေ ကြသည်။ နေကောင်းစေဘို့၊ နိမိတ်လက္ခဏာကြည့်ဘို့၊ အစာ​ကျွေးခြင်း ခံဘို့ ဟူ၍ အကြောင်း အမျိုးမျိုးကြောင့် ရှာကြခြင်း ဖြစ်မည်။ သို့သော် ယဇ်ပုရောဟိတ် များနှင့် ဖာရိရဲှများ ကသတ်ဘို့ရန် ရှာ ကြသည်။ ​ကျွန်ုပ်တို့လည်း သခင်ယေရှုကို မည်သည့်အရာအတွက် ရှာကြသနည်း။

.

^

ယော ၁၂

၁။ ပသခါပွဲခံချိန်​ခြောက်ရက်လို သေး သောအခါ၊ အထက် ကသေလွန်၍ သေခြင်း မှထမြောက် စေ တော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည် ရောက် တော်မူ၏။ ၂ ထိုကြောင့်ထိုသူတို့သည် ပွဲလုပ်ကြသဖြင့် မာသသည် လုပ်​ကျွေးမှုကို ဆောင်၍ ၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသော သူတို့ အဝင် ဖြစ်၏။
ယုဒလူများသည် အဲဂုတ္တု ပြည် မှခါနန်ပြည်သို့ ရောက်သော ခါပသခါပွဲကို နှစ်တိုင်း ကျင်းပဘို့ မှထားသော်လည်း ဘုရား ယုံကြည်သော ရှင်ဘုရင်များ အုပ်စိုးချိန်၌ သာ ကျင်းပတတ် ကြသည်။ အဘယ်ကြောင့်မ ကျင်းပတတ်ကြသနည်းဟူမူကား သူတို့၏ ဘုရားကို စွန့်၍ အခြားဘုရား များကို ကိုးကွယ်တတ်ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ဗာဗုလုန်​ကျွန်ခံစေ၍ ထိုအချိန် မှသာ
သင်ခန်းစာရ ကြသည်။ ဗာဗုလုန်​ကျွန်ခံရာမှပြန်လာသောအခါ နှစ်တိုင်း ပသခါပွဲ ကျင်းပတတ် ကြသည်။ သခင်ယေရှုလည်း ထိုပွဲ၌ ပါဝင်တတ်ကြောင်း တွေ့ရသည်။ သခင်ဘုရားသည် ပသခါပွဲခံချိန်မရောက်မှီလာဇရုတို့ နေသော ဗေသနိရွာသို့ ရောက်၍ သူ့အတွက် ပွဲလုပ် ကြသည်။ ထိုပွဲ၌ မာသကလုပ်ကွေျး၍ လာဇရုသည်ကိုယ်တော်နှင့်အတူ လျောင်း (ထိုင်) နေသည်။

၃။ ထိုအခါ မာရိသည် အဘိုးများစွာ ထိုက်သော နာဒုဆီမွှေးစစ်အကျပ်သုံးဆယ်ကို ယူ၍ ၊ ယေရှု၏ ​ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့် သုတ်သဖြင့်၊ ထိုဆီ၏ အမွှေးသည် တအိမ်လုံးကို နှံ့ပြား၏။ ၄ တပည့်တော်တို့ အဝင် ဖြစ်၍ ကိုယ်တော်ကို အပ်နှံမည့်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်က၊ ၅ ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဘိုးနှင့် ရောင်း၍ ဆင်းရဲသော သူတို့အား အဘယ်ကြောင့်မပေးသနည်းဟုဆို၏။ ၆ ထိုသို့ ဆိုသော်ဆင်းရဲသော သူတို့ အကျိုးကို ထောက်၍ ဆိုသည် မဟုတ်။ မိမိသည် သူခိုး ဖြစ်လျက်၊ တပည့်တော်များသုံးရန်ငွေအိတ်ကို ဆောင်၍ နှိုက်ယူတတ်သောကြောင့် သာဆိုသတည်း။
၏ယေရှု၏ ​ခြေတော်ကို ဆီမွှေးလိမ်းသော သူမာရိသည် မဿဲ ၂၆:၆-၁၃နှင့် မာကု ၁၄:၃-၉၌ ဖေါ်ပြသော အမျိုးသမီးနှင့် မတူပါ။ လိမ်းရခြင်း၏ အကြောင်းရင်းကို အောက်တွင် ယေရှု ကရှင်းပြသည်။ ယေရှုကို အပ်နှံမည့်သူ ယုဒရှကာရုတ်ကသူ့သခင်ထိုကဲ့သို့ ဆီလိမ်းခြင်းကို သဘောမတူ၊ အလဟသဖြုန်းသည်ဟု ယူဆသည်။ ထိုသို့ ဆိုသောကြောင့် ယောဟန်ကသူ၏ အကျင့်နှင့် စိတ်ထားကို ဖေါ်ပြလိုက်သည်။ အချို့သော သူများ၊ မ ယုံကြည်သူများသည် ဘုရား အတွက် ဆက်ကပ်လှူဒါန်းခြင်းသည် ဖြုန်းသည်ဟု ယူဆကြသည်။ သင်မည်ကဲ့သို့ ထင်သနည်း။

ရ။ ယေရှုသည် လည်း၊ ထိုမိန်းမကို ရှိစေတော့။ ငါ၏ အလောင်းကို သင်္ဂြိုဟ်ခြင်းငှါ ပြင်ဆင်သော နေ့တိုင်အောင် သူသည် ဤဆီမွှေးကို သိုထားပြီ။ ၈ ဆင်းရဲသော သူတို့ ကား သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား၊ အစဉ်ရှိသည် မဟုတ်ဟု မိန့်တော်မူ၏။
သခင်ယေရှု ကမာရိ၏ ဆီလိမ်းခြင်းကို လက်ခံသည် သာမက၊ အကြောင်းရင်းကို ပါ ဖေါ်ပြလိုက်သည်။ သူသေတော့မှာ ဖြစ်သောကြောင့် ပြင်ဆင်ခြင်း ဖြစ်သည်။ သူသည် တခါသာသေ၍ ဆင်းရဲသား များသည် အစဉ်ရှိကြမည်။ ထို့ကြောင့် ဆင်းရဲ သားများကူညီခြင်းသည် ကောင်း၍ ဘုရား အလိုတော် ဖြစ်သော်လည်း၊ ၊ ၊ သူ့ကို ဆီလောင်းခြင်းသည် ထိုအချိန်၌ ရွေးချယ်သင့်သောအရာ ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း ဘုရား အတွက် ဆက်ကပ်ခြင်းသည်၊ လူမှုရေးလုပ်ခြင်းထက် လိုအပ်သောအချိန် ရှိတတ်သည်။

၉။ ထိုအရပ်၌ ယေရှု ရှိတော်မူသည်ကို ယုဒလူများ အပေါင်းတို့သည် သိလျှင်၊ ကိုယ်တော်ကြောင့် သာလာသည် မဟုတ်။ သေခြင်း မှထမြောက် စေ တော်မူသော လာဇရုကို မြင်ခြင်းငှါ လာကြ၏။ ၁၀ ထိုသို့ ယုဒလူများ တို့သည် လာဇရုကို အကြောင်း ပြုသဖြင့် ထွက်သွား၍ ၊ ၁၁ ယေရှုကို ယုံကြည် သောကြောင့်၊ ယဇ်ပုရောဟိတ် အကြီး တို့သည် လာဇရုကိုလည်း သတ်ခြင်းငှါ တိုင်ပင်စီရင်ကြ၏။
ယုဒလူများသည် သခင်ယေရှုကို လာဇရုထမြောက် စေခြင်းကြောင့် ယုံကြည် ကြသည်ဟုဆိုသည်။ သူတို့သည် သခင်ယေရှုကြောင့် သာ မဟုတ်၊ လာဇရုကို မြင်ချင် သောကြောင့်လာ ကြသည်။ ယုဒလူများ ကလာဇရုသည် သေခြင်း မှထမြောက် သောကြောင့် မြင်ချင် ကြသည်။ လာဇရုသည် ဘာမျှမလုပ်ပါ။ သို့သော် လူများ ကမြင်ချင်သည်။ ​ကျွန်ုပ်တို့လည်းရှင်ပြန်ထမြောက်သော အသက်တာရှိလျှင် လူများ ကစိတ်ဝင်စား၍ သခင်ယေရှုကို ယုံကြည် လာကြမှာ ဖြစ်သည်။ ယဇ်ပုရောဟိတ် အကြီး တို့သည် သူတို့၏ ဘုရားကို ယုံကြည်ကိုးကွယ်မည့် အစားသခင်ယေရှု မက၊ လာဇရုကို ပါသတ်ချင် ကြသည်။ ဝိညာဉ် မျက်စိကန်းလျှင် ဘုရား ကိုတော် လှန်ပုန်ကန်ပြီးသား ဖြစ်သည်။

၁၂။ နက်ဖြန်နေ့၌ ယေရှုသည် ယေရုရှလင် မြို့သို့ ကြွလာ တော်မူသည်ကို၊ ထိုပွဲသို့ လာသော သူအစုအဝေး အပေါင်းတို့သည် ကြားရလျှင်၊ ၁၃ စွန်ပလွံခက်များကို ကိုင်လျက်၊ ကိုယ်တော်ကို ခရီး ဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၍ ၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏ အခွင့်နှင့် ကြွလာ တော်မူသော ဣသရေလ ရှင်ဘုရင်သည် မင်္လာရှိစေသတည်းဟု ကြွေးကြော်ကြ၏။ ၁၄။ ကျမ်းစာ၌ လာသည်ကား၊ ၁၅ အိုဇိအုန်သတို့သမီး၊ မစိုးရိမ် နှင့်။ သင်၏ အရှင်မင်းကြီးသည် မြည်းကလေးကို စီး၍ သင်ရှိရာသို့ ကြွလာ တော်မူသည်ကို ကြည့်ရှုလော့ဟု ရေးထားသည်နှင့် အညီ၊ ယေရှုသည် မြည်းကလေးကို တွေ့၍ စီး တော်မူ၏။ (ဇာခရိ ၉:၉)
ယေရှုသည် ရှင်ဘုရင်အဖြစ် သူ့ကိုယ်သူဆက်ကပ်ခြင်း ဖြစ်သည်။ ထိုအရာကို ပရောဖက် ဇာခရိက ကြိုတင် ဟောထားနှင့် ပြီ။ ပရိသတ်များကလည်း လှုိက်လှ​ဲစွာ ကြိုဆို လက်ခံ ကြသည်။ သို့သော် ခေါင်းဆောင်များကလက်မခံသောကြောင့် ယေရှုသည် ရှင်ဘုရင် ဖြစ်လာဘဲ နောက် တပတ်၌ အသေသတ်ခဲ့ ကြသည်။

၁၆။ ထိုအကြောင်း အရာကို တပည့်တော် တို့သည် အစအဦး၌ နားမလည်သော်လည်း၊ ကိုယ်တော်ကို ရည်မှတ်၍ ထိုသို့ ရေးထားသည်ကို၎င်း၊ ကိုယ်တော်အား ထိုသို့ ပြုကြသည်ကို၎င်း၊ ဘုန်းပွင့် တော်မူသည် နောက်သတိရ၍ မှတ်မိကြ၏။
တပည့်တော်များက သူတို့၏ သခင်ကို အဘယ်ကြောင့်လူထုကကြိုဆို လက်ခံကြသည် အစ၌ မသိခဲ့ကြသော်လည်း ဘုန်းပွင့် တော်မူသည် နောက်သိ ကြသည်။ ဘုန်းပွင့် တော်မူခြင်းသည် သေခြင်း မှထမြောက် ခြင်းကို ဆိုလိုသည်။

၁ရ။ နောက်တော်သို့ လိုက်သော လူအစုအဝေးတို့သည်ကား လာဇရုကို သင်္ချိုင်းတွင်း မှခေါ်၍ သေခြင်း မှထမြောက် စေ တော်မူသည် အကြောင်းကို သက်သေခံကြ၏။ ၁၈ ထိုနိမိတ်လက္ခဏာကို ပြတော်မူသည်ဟု လူများတို့သည် သိတင်း ကြားသောကြောင့် ခရီး ဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၏။ ၁၉ ဖာရိရှဲအချင်းချင်းတို့ လည်း၊ သင်တို့သည် အလျှင်း မတတ်နိုင်။ ဤလောကသည် ထိုသူနောက်သို့ လိုက်သွားပါပြီတကားဟု ပြောဆို ကြ၏
လူများ ကသခင်ယေရှုသည် လာဇရုကို သေခြင်း မှထမြောက် စေကြောင်းကို သက်သေခံ ကြသည်။ ထိုသို့ အချင်းချင်း ပြောဆို သောကြောင့် လူများ ကသူ့ကို ကြိုဆိုကြခြင်း ဖြစ်သည်။ ထိုသို့ လူများ ကယေရှုကို ကြိုဆို လက်ခံကြသောကြောင့် ဖာရိရှဲများ စိုးရိမ်လာ ကြသည်။ သူတို့သည် သခင်ယေရှုကို ကြိုဆို လက်ခံမည့်အစား စိုးရိမ်ခြင်းသည် လက်မခံခြင်းကို ဖေါ်ပြသည်။ ယနေ့ အမှုတော်ဆောင်အများစုလည်း ဖာရိရှဲများ ကဲ့သို့ သခင်ယေရှု ကြွလာမည့် အရာကို အလိုမရှိ၊ မကြားချင်၊ သရော် ကြသည်။ ထိုသူများ ထံ၌ ယုံကြည်သူများမ ရှိသင့်ချေ။

၂၀။ ကိုးကွယ်ခြင်း အမှုနှင့် ထိုပွဲသို့ ရောက်လာသော သူတို့တွင် ဟေလသလူအချို့ပါ၏။ ၂၁ ထိုသူတို့သည် ဂါလိလဲပြည် ဗက်ဇ​ဲဒမြို့သား ဖြစ်သော ဖိလိပ္ပုထံသို့ သွား၍ အ​ကျွန်ုပ်တို့သည် ယေရှုကို မြင်ချင် ပါသည်၊ ခင်ဗျားဟု တောင်းပန်ကြ၏။ ၂၂ ဖိလိပ္ပုသည် သွား၍ အ​ေ¹န​ြကို ကြားပြောပြီးမှထိုသူနှစ်ယောက်တို့သည် ယေရှုကို လျှောက်၏။
ယုဒပွဲ၌ ပါဝင်သော ဟေလေသလူများသည် ယုဒဘာသာ၌ ဝင်သော သူများ ဖြစ်နိုင်သည်။ သို့မဟုတ် ဟေလေသစကား ပြောသော ယုဒလူများ ဖြစ်နိုင်သည်။ ဟေလေသသည် ဂရိတ်ကို ဆိုလိုခြင်း ဖြစ်သည်။ သူတို့ ကယေရှုကို တွေ့မြင်လို ကြသည်။ သို့သော် ယုဒလူများကို ကြောက်သောကြောင့်၊ သို့မဟုတ် ဧည့်သည် ဖြစ်သောကြောင့် တမန်တော်များထံချဉ်းကပ်ခြင်း ဖြစ်သည်။

၂၃။ ယေရှုကလည်း လူသားသည် ဘုန်းပွင့်ရသောအချိန် ရောက်လာပြီ။ ၂၄ ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ ကျသော စပါးစေ့သည် မပျက်လျှင် တခုတည်း နေ၏။ ပျက်လျှင် မူကား များစွာသော အသီးကို သီးတတ်၏။ ၂၅ မိမိအသက်ကို နှမြောသော သူသည် အသက် ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသော သူမူကား၊ ထာဝရ အသက်ကို စောင့်ရှောက်လျက် နေ၏ တော်သည်။ ၂၆ ငါ၏ အမှုကို ဆောင်ရွက်သောသူ ဖြစ်လျှင် ငါ့နောက်သို့ လိုက်ရမည်။ ငါ၏ အမှု ဆောင် သည်လည်း ငါရှိရာအရပ်၌ ရှိလိမ့်မည်။ ငါ၏ အမှုကို ဆောင်ရွက်သောသူ ဖြစ်လျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက် တော်မူ လတံ့။
ယေရှုက လူသားသည် ဘုန်းပွင့်ရသောအချိန် ရောက်လာပြီဟုဆိုခြင်းသည်၊ သူသေ၍ ရှင်ပြန်ထမြောက် မည့် အရာကို ဆိုလိုခြင်း ဖြစ်သည်။ ယေရှု ကထိုခေတ်လူများ နားလည်နိုင်သော စိုက်ပျိုးရေးအကြောင်းနှင့် သူ့ကိုယ်သူ ဖေါ်ပြသည်။ စပါး (ဂျုံ) စေ့သည် မြေ၌ ကျ၍ ပျက်မှသာလျှင် အပင်ပေါက်၍ များစွာ သီးတတ်သည်ဟုဆိုသည်။ ထို့နည်းတူ သူလည်း သေ၍ မြှုပ်နှံခြင်း ခံပြီးရှင်ပြန်ထမြောက် မှသာလျှင် များစွာ ပွားများ မည်ဟုဆိုသည်။ သူသာမကသူ့ကို ယုံကြည်သူများလည်း အသက်ကို မနှမြောရ။ အသေခံ မှာကို မကြောက်မှသာလျှင် များစွာ ပွားများ နိုင်သည်ဟုဆိုလိုခြင်း ဖြစ်သည်။ ဟေလသလူများလည်း သူ့ထံသို့ လာလိုလျှင် အပြစ် တင်ခြင်း၊ အသေသတ်ခြင်းကို ခံရမည်ဟုဆိုလိုခြင်းလည်း ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း သခင်ဘုရား အတွက် အသေခံ မှသာလျှင် များစွာ ပွားများ နိုင်မှာ ဖြစ်သည်။ သူ၏ အမှု ဆောင်သည်သူ နောက်လိုက် ရမည်။ ဆိုုလိုသည် မှာသူကဲ့သို့ မကြောက်ဘဲ အသေခံ နိုင်ရမည်။ သို့မှသာ ခမည်းတော် ကချီးမြှောက် တော်မူ မည်ဟုဆိုသည်။ သင်သည် ဘုရား ချီးမြှောက်ခြင်းကို လိုချင် သလော၊ လူချီးမြှောက်ခြင်းကို လိုချင် သလော။

၂ရ။ ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက်ရမည်နည်း။ ထိုအချိန် မှအ​ကျွန်ုပ်ကို ကယ်တင် တော်မူ ပါအဘဘုလျှောက်ရမည်လော။ အကြောင်းရှိ၍ သာထိုအချိန်သို့ ရောက်လာပြီ။ ၂၈ အိုအဘ၊ ကိုယ်တော်၏ နာမတော်ကို ချီးမြှောက် တော်မူ ပါဟု မိန့်မြွက် တော်မူ၏။ ထိုအခါ ကောင်းကင်မှ စကား သံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန် ချီးမြှောက်ဦးမည်ဟု လာ၏။ ၂၉၀န်းရံလျက် ရှိသော လူအစုအဝေးတို့သည် ကြားလျှင် မိုဃ်းချုန်းသည်ဟုဆိုကြ၏။ အချို့ကလည်းကိုယ်တော်အား ကောင်းကင်တမန် မြွက်သည်ဟုဆိုကြ၏။ ၃၀ ယေရှု ကထိုစကား သံသည် ငါ့အဘို့ အလိုငှါ လာသည် မဟုတ်၊ သင်တို့ အဘို့ အလိုငှါ လာ၏။
အဘယ်ကြောင့်ယေရှုသည် စိတ်နှလုံးပူပန်ခြင်းရှိသနည်း။ သေရမှာကြောက်သောကြောင့် လော။ ရှင်ပြန်ထမြောက် မှာ ဖြစ်သောကြောင့် သေရမှာကြောက်စရာ ရှိမည် မဟုတ်။ သို့သော် ခမည်းတော်၏ အမျက်တော် လူသားများကိုယ်စားခံရ၍ ၊ အဆက်ပြတ်မှာကို စိုးရိမ်ခြင်း ဖြစ်နိုင်သည်။ ခမည်းတော် ထံနာမတော် ချီးမြှောက်ဘို့ တောင်းလျှောက် သောအခါ ခမည်းတော် ကငါချီးမြှောက်ခဲ့ပြီဟုဆိုသည်။ သူဗတ္တိဇံခံခဲ့စဉ်၊ “ရေမှပေါ်ထစဉ်တွင် ကောင်းကင် ကွဲ၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော် အပေါ်၌ ဆင်းသက် တော်မူသည်ကို မြင်ရ၍ ၊ ၁၁ သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သား ပေတည်းဟု ကောင်းကင် ကအသံတော် ဖြစ်လေ၏။” ဟု ခမည်းတော် ဘုရား ကစကား ပြောခြင်းအားဖြင့် သားတော်ကို မြှောက်ခဲ့ပြီ (မာ ၁:၁၀-၁၁)။ သို့သော် လူများ ကခမည်းတော်၏ စကားပြောသံကို နားမလည်၊ မိုဃ်းချုန်းသည် သို့မဟုတ် ကောင်းကင်တမန် ကစကား ပြောသည်ဟုဆို ကြသည်။ ထိုအသံသည် ခရစ်တော် အတွက် မဟုတ်၊ လူများ ကသူ့ကို နားလည်ဘို့ ဖြစ်သည်ဟုဆိုသော်လည်း နားမလည် ကြချေ။ ယနေ့ သင်သည် ဘုရား၏ နှုတ်ကပတ်တော်ကို ဖတ်ရှု သောအခါ နားလည်နိုင်ပါသလား။ အရသာတွေ့နိုင်ပါသလား။

၃၁။ ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကို ခံရ၏။ ယခုတွင် ဤလောကကို အစိုးရသော မင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရလိမ့်မည်။ ၃၂ ငါသည်လည်း မြေကြီးနှင့် ခွါ၍ မြှောက်ထားခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။ ၃၃ ထိုသို့ မိန့်တော်မူသော်၊ မိမိသည် အဘယ်သို့ သေရမည်အရိပ်ကို ပေးတော်မူ၏။
ဤလောကကို အစိုးရသော မင်းသည် စာတန် ဖြစ်သည်။ စာတန်၏ လက်နက်သည် သေခြင်း ဖြစ်သည်။ “ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံ တော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသောမာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူ တော်မူ၏။” (ဟေ ၂:၁၄-၁၅)

၃၄။ လူများတို့ ကလည်း၊ ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟု ပညတ္တိကျမ်း၌ လာကြောင်းကို အ​ကျွန်ုပ်တို့ ကြားသိရပြီ။ သို့ဖြစ်လျှင် လူသားသည် မြှောက်ထားခြင်းကို ခံရမည်ဟု သင်သည် အဘယ်သို့ ဆိုသနည်း။ ထိုလူသားသည် အဘယ်သို့သော သူနည်းဟုဆိုကြ၏။
ခရစ်တော်သည် အစဉ်အမြဲတည်သည် ဟူသော ကျမ်းအတိအကျမရှိပါ။ သို့သော် ခရစ်တော်သည် ဘုရား ဖြစ်သောကြောင့် အစဉ်တည်မည်ဟုဆိုနိုင်သည်။ ခရစ်တော်သည် လူ့ဇာတိအားဖြင့် သူတို့နှင့် နေ၍ သူတို့ ကသတ်မည့် အရာကို ပြောသော်လည်း နားမလည် နိုင်ကြပါ။ ဇာတိလူများသည် သူတို့ ဘာ ဖြစ်မည်ဟူသောအရာ ကို မသိနိုင်ချေ။

၃၅။ ယေရှု ကလည်း၊ အလင်းသည် သင်တို့တွင် ခဏသာရှိိ၏။ အလင်းရှိစဉ်အခါသွားလာကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့ကို မှီလိမ့်မည်။ မှောင်မိုက်၌ သွားသော သူသည် အဘယ်ဆီသို့ မိမိသွားသည်ကို မိမိမသိ။ ၃၆ အလင်းရှိစဉ်အခါအလင်း၏သား ဖြစ်အံ့သောငှါ အလင်းကို ယုံကြည် ကြလော့ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည် ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင် လျက် နေတော်မူ၏။
ယေရှု ပြောသော အလင်းသည် ဝိညာဉ် စကား ဖြစ်သည်။ ဇာတိလူက နားမလည် နိုင်ချေ။ သင်သည်လည်း ယုဒလူများ ကဲ့သို့ ဝိညာဉ် မျက်စိကန်းလျှင် သူပြောသောအရာ ကို နားလည်နိုင်မည် မဟုတ်။ အလင်းသည် သခင်ယေရှု ပင် ဖြစ်သည်။ သူ့ကို လက်မခံလျှင် ဝိညာဉ် အလင်းမရရှိနိုင်ချေ။ သူ့ကို မရရှိလျှင် သူပြောသောအရာ များသည် အဓိပ္ပါယ်မရှိ ဖြစ်မည်။ အလင်းရရှိဘို့ရန် မှာသူ့ကို ရရှိဘို့ ဖြစ်သည်။

၃၇။ ထိုမျှလောက်ကြီးစွာသော နိမိတ်လက္ခဏာတို့ကို သူတို့ မျက်မှောက်၌ ပြတော်မူသော်လည်း သူတို့သည် ယုံကြည်ခြင်းသို့ မရောက်ကြ။ ၃၈ ပရောဖက် ဟေရှာယဟောဘူးသည်ကား၊ အိုထာဝရ ဘုရား၊ အ​ကျွန်ုပ်တို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံပါသနည်း။ ထာဝရ ဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှား တော်မူ သနည်းဟူသော စကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။ (ဟေရှာယ ၅၃:၁)
လူထင်မှတ်သည် မှာ ဘုရားသခင်က နိမိတ်လက္ခဏာများများပြလျှင် သူ့ကို ယုံကြည် မည်ဟူ၍ ဖြစ်သည်။ သို့သော် အထက်ပါ ကျမ်းပိုဒ်အရလူသည် နိမိတ်လက္ခဏာများ မြင်ရသော်လည်း မယုံကြည် နိုင်ပါ။ ထို့ကြောင့် ပေါလုက၊ “ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကို ရှာတတ်ကြ၏။ ငါမူကား၊ လက်ဝါးကပ်တိုင်မှာအသေခံ တော်မူသော ခရစ်တော်၏ အကြောင်း အရာကို ဟောပြောကြ၏။” (၁ ကော ၁:၂၂-၂၃)

၃၉။ တဖန် ပရောဖက် ဟေရှာယဟောပြန်သည်ကား၊ ၄၀ သူတို့ မျက်စိမမြင်၊ စိတ်နှလုံး နားမလည်၊ အကျင့် မပြောင်းလဲ၊ သူတို့ အနာ ရောဂါကို ငါမငြိမ်းစေသည် တိုင်အောင် သူတို့ မျက်စိကို ကွယ်စေ တော်မူ၏။ သူတို့ စိတ်နှလုံးကို မိုက်စေ တော်မူ၏ ဟူသော စကားကြောင့် ထိုသူတို့သည် ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။ (ဟေရှာယ ၆:၉-၁၀) ၄၁ ဟေရှာယသည် ဘုန်း အာနုဘော် ကို မြင်၍ ဗျာဒိတ်တော်ကို ပြန်စဉ်တွင် ထိုစကားကို ဟောပြောသတည်း။
မျက်စိနှစ်မျိုးရှိသည်။ ဇာတိမျက်စိနှင့် ဝိညာဉ် မျက်စိ ဖြစ်သည်။ လူသည် ဒုတိယမ မွေးဘွားလျှင် ဇာတိမျက်စိသာလျှင် မြင်နိုင်သည်။ ဘုရားသခင်က ဝိညာဉ် မျက်စိမြင်စေမှသာလျှင် ဝိညာဉ် ပိုင်းအရာများ မြင်နိုင်သည်။ ဘုရားသခင်က စိတ်နှိပ်ချသောသူ၊ သူ့ကို အားကိုးသော သူတို့ကို သာလျှင် ဝိညာဉ် မျက်စိမြင်စေသည်။ သင်သည် ဝိညာဉ်များစိမြင်နိုင်ပါသလော။ မမြင်နိုင်လျှင် ဘုရား ထံနှိပ်ချခြင်းနှင့် တောင်းပါ။

၄၂။ သို့သော်လည်း အရာရှိအများ တို့သည်ကိုယ်တော်ကို ယုံကြည် ကြ၏။ တရားစရပ်မှဖာရိရှဲတို့သည် နှင်ထုတ် မည်ကို စိုးရိမ် သောကြောင့် ထင်ရှားစွာ ဝန်မခံကြ။ ၄၃ အကြောင်းမူကား၊ ဘုရားသခင် ပေးတော်မူသော ဘုန်းအသရေထက် လူတို့ ပေးသော ဘုန်းအသရေကို သာ၍ နှစ်သက်ကြ၏။
အရာရှိအများ တို့သည် အဘယ်ကြောင့်ယေရှုကို ယုံကြည် ကြသော်လည်း ထင်ရှားစွာ မဝန်ခံကြသနည်း။ တရားစရပ်မှနှင်ထုတ် မှာကို ကြောက်သောကြောင့် ဖြစ်သည်။ လူပေးသော ဘုန်းကို ဘုရား ပေးသော ဘုန်းထက် နှစ်သက် ကြသည်။ ယနေ့ များစွာသော သူများလည်း လူ၏ ချီးမွမ်းခြင်း၊ ၊ လက်ခံခြင်းကို လိုချင် သောကြောင့် ဘုရား ဘက်၌ မရပ်တည်လိုကြချေ။ သင်သည် မည်သို့ သောသူ ဖြစ်သနည်း။

၄၄။ ယေရှု ကလည်း၊ ငါ့ကို ယုံကြည်သော သူသည် ငါ့ကို သာယုံကြည်သည် မဟုတ်၊ ငါ့ကို စေလွှတ် တော်မူသော သူကို ယုံကြည်၏။ ၄၅ ငါ့ကို ကြည့်မြင်သော သူသည် ငါ့ကို စေလွှတ် တော်မူသော သူကို ကြည့်မြင်၏။
ယေရှု ကသူ့ကို ယုံကြည်သော သူသည် သူ့ကို စေလွှတ် တော်မူသော ခမည်းတော်ကို ယုံကြည်သည်ဟုဆိုသည်။ ယနေ့ ခရစ်တော်ကို ယုံကြည်လျှင် ခမည်းတော် ဘုရားကို ယုံကြည်သည်။ သင်သည် ခရစ်တော်ကို အကြွင်းမဲ့ယုံကြည် ပါသလား။

၄၆။ ငါ့ကို ယုံကြည် သမျှသော သူတို့သည် မှောင်မိုက်၌ မနေစေခြင်းငှါ ငါသည် အလင်း ဖြစ်လျက် ဤလောကသို့ ကြွလာပြီ။ ၄၇ ငါ့စကားကို ကြားသော သူသည် မယုံကြည်ဘဲ နေလျှင် ထိုသူကို ငါသည် အပြစ် မစီရင်။ လောကီသား တို့ကို အပြစ် စီရင်အံ့သောငှါ ငါလာသည် မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါ ငါလာ၏။
ခရစ်တော်ကို ယုံကြည်လျှင် အလင်း၌ ရှိသည်။ အလင်း၌ ရှိလျှင် အရာခပ်သိမ်းကို မြင်နိုင်သောကြောင့် ခလုပ်တိုက်စရာ အကြောင်း မရှိ။ သူ့ကို အမှောင်သားများက မသိသော်လည်း သူကအမှောင်သား များကို သိနိုင်သည်။ ခရစ်တော် ကသူသည် အပြစ် စိရင်ဘို့ မလာ၊ ကယ်တင်ဘို့ လာသည်ဟုဆိုပြန်သည် (ယော ၃:၁ရ)။ ထို့နည်းတူ ယုံကြည်သူများလည်း သူတပါးကို သက်သေခံ သောအခါ သူတို့၏ အပြစ်ကို စီရင်ခြင်း မျိုးဖြင့် မဟုတ်ဘဲ ကယ်တင်ခြင်း အကြောင်း သက်သေခံရမည်။

၄၈။ ငါ့ကို ပယ်၍ ငါ့စကားကို နားမခံသော သူအား အပြစ် စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင်နောက်ဆုံးသော နေ့၌ ထိုသူအား အပြစ် စီရင်လိမ့်မည်။ ၄၉ အကြောင်းမူကား၊ ငါသည်ကိုယ်အလိုအလျောက်ဟောသည် မဟုတ်၊ ငါ့ကို စေလွှတ် တော်မူသော ခမည်းတော်သည် အဘယ်သို့ ငါဆုံးမဟောပြောရမည်ကို ပညတ် ပေးတော်မူ ပြီ။ ခမည်းတော်၏ ပညတ်တော်သည် ထာဝရ အသက်ဖြစ်သည်ကို ငါသိ၏။ ၅၀ ထိုကြောင့်ဟောပြောသမျှ တို့ကို ခမည်းတော် မှာထား တော်မူသည် အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော်၍ မိန့်တော်မူ၏။
ခရစ်တော် စကားကို ပယ်လျှင် ခမည်းတော် ဘုရားကို ပယ်ခြင်း ဖြစ်သည်။ ခရစ်တော် ဟောပြောသောအရာ ကို မယုံကြည်လျှင် ထိုစကား ကသူ့ကို စီရင်လိမ့်မည်။ ခရစ်တော်သည် သူ့ သဘောနှင့် မဟော၊ ခမည်းတော် ဟောစေလိုသည့်အတိုင်း သာဟောသည်။ ​ကျွန်ုပ်တို့လည်းကိုယ့် သဘော အကြံနှင့် မဟောရ၊ ကျမ်းစာ အတိုင်း သာဟောရသည်။ ခမည်းတော်၏ ပညတ်တော်သည် ထာဝရ အသက်ဖြစ်သည်ဟုဆိုသည်။

.

^

ယောဟန် ၁၃

၁။ ပသခါပွဲမခံမှီ၌ ယေရှုသည် ဤလောက မှခမည်းတော် ထံသို့ ပြောင်းရသော အချိန်​ရောက်သည်ကို သိတော် မူသည် ဖြစ်၍ ၊ ဤလောက၌ ရှိသောမိမိ လူတို့ကို ချစ် တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော် မူ၏။
ပသခါပွဲသည် ဣသရေလ လူများ အဲဂုတ္တု​ကျွန်ရာမှ လွတ်မြောက်နိင််ဘို့ရန် ဘုရားသခင်က ကျင်းပခိုင်းသောပွဲ ဖြစ်သည်။ သိုးသို့မဟုတ် ဆိတ်သငယ်ကို သတ်၍ အသွေးကို တံခါးထုတ်နှင်တံခါးတိုင်တို့၌ ထိုးခြင်းအားဖြင့် ကောင်းကင်တမန်က အဲဂတ္တုလူများကို တရားစီရင် သောအခါ ဣသရေလ လူများ မူကား တရားစီရင်ခြင်းမှ လွတ်မြောက်ခဲ့သည်။ ထိုအရာကိသခင်ယေရှုလည်း ပါဝင် ကျင်းပတတ်သည်။ နောက်ဆုံး၌ သူသည် ပသခါ သိုးသငယ် အဖြစ်အသတ်ခံရမှာ ဖြစ်သည်။ လူလူချင်းချစ်ခြင်း မေတ္တာသည်ခဏသာတည်တတ်သည်။ သခင်ယေရှု ကသူ့လူူချစ်ခြင်းသည် အဆုံးတိုင်အောင် ချစ်သည်ဟုဆိုသည။် ခရစ်တောရ်ရှိ သူများ အနေဖြင့် အခြား သူများကို အဆုံးတိုင်အောင် ဖြစ်ဘို့ဖြစ်သည်။

၂။ ကိုယ်တော်ကို အပ်နံှမည်အကြောင်း၊ မာရ်နတ်သည် ရှိမုန်၏သား ယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံပေးသွင်းနှင့် သတည်း။
မာရ်နတ်သည် လူကို ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ကြောင်း တွေ့ရသည်။ ယုဒရှကာရုတ်ကိုလည်း သူ၏ သခင်ကို အပ်နှံဘို့ရန် အကြံပေးသည်။ ထိုကြောင့်ကျွန်ုပ်တို့လည်း ထိုသို့ စာတန်၏ အကြံပေးခြင်း မခံဘို့ သတိထားရမည်။ သူသည် ပေတရုကသတိပေး သကဲ့သို့ ဟောက်သော ခြင်္သေ့ကဲ့သို့ လှည့်လည်၍ စောင့်နေသည် (၁ ပေ ၅:၈)။ ထို့ကြောင့် ရှင်ယာကုပ်ရေးထား သကဲ့သို့၊ သူ့ကို ဆီးတားရမည် (ယာ ၄:ရ)။ ထိုအခါ ညစာကုစိားကြစဉ်၊

၃။ ခမည်းတော်သည် အလုံးစုံတို့ကို သူ၏ လက်သို့ အပ် ပေးတော်မူသည် ကို၎င်း၊ သူသည် ဘုရားသခင့်ထံတော်မှ ထွက်လာသည်ကို၎င်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကို၎င်း၊ ယေရှုသည် သိတော်မူသည် နှင့်၊ ၄ စားပွဲမှထ၍ ဝတ်လုံတော်ကို ခဋ္ဌတ်ပြီးလျှင်၊ ပဝါကို ယူ၍ ခါးကို စည်း တော်မူ၏။ ၅ ထိုနောက်မှရေကို အင်တုံ၌လောင်း၍ တပည့်တော် တို့၏ ​ခြေကို ဆေးပြီးမှခါး၌ စည်းသော ပဝါနှင့် သုတ် တော်မူ၏။
အဘယ်ကြောင့်သခင်ဘုရား ကတပည့်တော် များ၏ ​ခြေကို ဆေးပေးသနည်း။ နှုတ်ဆက်ခြင်း ဖြစ်သည်။ သူသည် သူတို့ကို ဤလောက၌ ထားခဲ့၍ ကောင်းကင်တ်ုိ့ပြန်တက်မှာ ဖြစ်သည်။ ထို့အပြင် အခြားအချက်များလည်း အောက်ပိုင်းတွင် ဖေါ်ပြသွားသည်။

၆။ ရှိမုန်ပေတရုဆီသို့ ရောက် တော်မူ သောအခါ ထိုတပည့်တော် ကသခင်၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ​ခြေကို ဆေး တော်မူ မည်လောဟု မေးလျှောက်၏။ ရယေရှု ကလည်း၊ သင်သည် ငါပြုသော အမှုကို ယခု နားမလည် သေး။ နောက်မှသိလိမ့်မည်ဟု မိန့် တော်မူ၏။
ပေတရုကသူ၏ ​ခြေဆေးမည့် အရာကို ဆီးတားသည်။ အကြောင်းမှာအား နာသောကြောင့် ဖြစ်မည်။ သူသည် သခင်ယေရှု၏ ရည်ရွယ်ချက်ကို နားမလည်၊ ထို့ကြောင့် သင်သည် နောက်မှ နားလည်လိမ့်မည်ဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း ကြုံတွေ့ရသောအရာ များကို ချက်ချင်း နားမလည် တတ်ကြ၊ နောက်မှ နားလည်တတ် ကြသည်။

၈။ ပေတရုကလည်း၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ​ခြေကို အလျင်းဆေးတော် မမူရဟု လျောက်၏။ ယေရှု ကလည်း၊ သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့် မဆက်ဆံရဟု မိန့်တော်မူ၏။ ၉ ရှိမုန်ပေတရုကလည်း၊ အ​ကျွန်ုပ််၏ ​ခြေကို သာမဆေးပါနှင့်။ လက်ကို၎င်း၊ ဦးခေါင်းကို၎င်းဆေး တော်မူ ပါဟု လျှောက်ပြန်၏။
ပေတရုကသူ၏ ​ခြေဆေးပေးမည့် အရာကို လုံးဝ ငြင်းဆိုသောအခါ၊ ယေရှု ကငါမဆေးပေးလျှင် သင်သည် ငါနှင့် မဆက်ဆံရဟု ဆသိုည်။ ပေတရုအခက်တွေ့သွားသည်။ ထိုအခါ ​ခြေသာလျှင် မဟုတ်၊ လက်နငှ့်ဦးခေါင်းပါဆေးပေးဘို့ ပြောလာသည်။ ထိုသို့ ပေတရုကငြင်းဆိုပြီးပြောသောကြောင့် သခင်ယေရှု၏ လုပ်​‌ဆောင်ချက်များ ပို၍ အောက်ပိုင်းတွင် ထင်ရာှးလာသည်။ ပေတရုကသာ အခြားတမန် တော်များကဲ့သို့ ဘာမှ မပြောဘဲ ​ခြေဆေးခြင်းကို လက်ခံပါက သခင်ယေရှု၏ ရည်ရယွ်ချက်များ သိတောမ့ည် မဟုတ်။ ထို့ကြောင့် တိပ်ဆိတ်စွာ နေခြင်းသည် အပြစ် နည်းသော်လည်း၊ သိသင့်သိထိုက်သောအရာ များ ဆုံးရှုံးတတ်သည်။

၁၀။ ယေရှု ကလည်း၊ ရေချိုးပြီးသော သူမည်သည်ကား၊ ​ခြေဆေးခြင်းမှတပါး ဆေးရသော အကြောင်း မရှိ။ တကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော လည်း၊ အချို့မစင်ကြယ်ဟု မိန့်တော် မူ၏။ ၁၁ ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် တချို့မစင်ကြယ်ဟု မိန့်တော် မသူတည်း။
ပေတရုကလက်နငှ့်ခေါင်းကို ပါဆေးပေးဘို့ ပြောသောကြောင့်၊ သခင်ယေရှု ကရေချိုးပြီးသော သူသည် ​ခြေသာလျှင် ဆေးစရာ လိုကြောင်း ပြောလိုက်သည်။ သို့ဖြစ်လျှင်​ရေချိုးပြီးခြင်းသည် ဘာကို ဆိုလိုသနည်း။ ရေချိုး သောအခါ တကိုယ်လုံး သန့်ရှင်းသွားသည်။ တပည့်တော် များသည် ဘယ်အချိန်၌ရေချိုးပြီး ခဲ့ကြ၍ သန့်ရှင်းစင်ကြယ်ကြသနည်း။ သခင်ယေရှုကို ယုံကြည်ခြင်း အားဖြင့် ဖြစ်မည်။ အကြောင်းမူကား သခင်ယေရှုသည် ငါတို့၏ ​ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း ဖြစ်သည် (၁ ကော ၁:၃၀)။ အချု့ိမစင်ကြယ်ဟုဆိုခြင်းသည် ယုဒရှကာရုတ်ကို ဆိလုုိခြင်း ဖြစ်သည်။ ယုဒရှကာရုတ်သည် သခင်ယေရှုကို နောက်လိုက်သော်လည်း၊ ယုံကြည်ခြင်း အားဖြင့် မဟုတ်၊ သခင်ယေရှု ရှင်ဘုရင် ဖြစ်လာသောအခါ ရာထူးရလိုသောကြောင့် ဖြစ်မည်။ ထို့ကြောင့် မစင်ကြယ်ခြင်း ဖြစ်သည်။ များစွာသော ခရစ်ယာန်များလည်း၊ သခင်ယေရှုကို ယုံကြည် သောကြောင့် မဟုတ်၊ အကြောင်း အမျိုးမျိုးကြောင့် ခရစ်ယာန် ဖြစ်ကြသည်။ ထိုသူများသည် ရေမချိုးရ သေးသောကြောင့် မစင်ကြယ်ကြချေ။

၁၂။ ထိုသို့ သူတို့၏ ​ခြေကို ဆေး တော်မူပြီးမှ တဖန် ဝတ်လုံကို ဝတ်၍ လျောင်း တော်မူ လျက် သင်တို့၌ ငါပြုခဲ့သော အမှုကို နားလည်ကြသလော။ ၁၃ သင်တို့သည် ငါ့ကို အရှင်ဘုရား ဟူ၍ ၎င်း၊ သခင်ဟူ၍ ၎င်းခေါ်တတ်ကြ၏။ ထိုစကား လည်းဟုတ်မနှ်သော စကား ဖြစ်၏။ အကြောင်းမူကား၊ သင်တို့ ခေါ်ကြသည် အတိုင်း ငါမှန၏်။ ၁၄ ငါသည် သခင် ဖြစ်လျက်၊ အရှင်ဘုရားလည်း ဖြစလ်ျက်နှင့် သင်တို့၏ ​ခြေကို ဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ ​ခြေကို ဆေးရမည်။ ၁၅ ငါသည် သင်တို့၌ ပြု သကဲ့သို့ သင်တို့သည် ပြုစေခြင်းငှါ ပုံသက​ေ်သကို ပြခဲ့ပြီ။
သခင်ယေရှု ကသူပြုသောအရာ ကို နားလည်ကြသလောဟု မေးပြနသ်ည်။ မည်သူကမျှ မ​ဖြေမှီသူကိုယ်တိုင်က ဆက်၍ ရှင်းပြသွားသည်။ သူတို့ ကသူ့ကို အရှင်ဘုရား (ဆရာ) ဟူ၍ ၎င်း၊ သခင်ဟူ၍ ၎င်းခေါ်တတ်ကြ၍ သူတို့ ခေါ်သည့်အတိုင်းလည်း မှန်သည်ဟု ဝန်ခံသည်။ သူသည် ဆရာနှင့် သခင် ဖြစ်သော လ်ည်းတပည့်တော် များ၏ ​ခြေကို ဆေးခြင်းဖြင့် နှိမ့်ချခြင်းကို သင်ပေးသွားသည်။ လူတိုင်း၏ ပြသနာသည် နိမ့်ချမှု မရှိခြင်း ဖြစ်သည်။ တတ်နိုင်လျှင် ဆရာနှင့် သခင် ဖြစ်ချင် ကြသည်။ မတတ်သာ သောအခါ ကိုယ်ထက် ကြီးသော သူထံတွင် နိှမခ့်ျတတ် ကြသည်။ ကိုယ်နငှ့်တန်းတူ၊ ကိုယ့်ထက် နိမ့်ကျသူရှေ့၌ နှိမ့်ချဘို့ သည်အလွန်ခက်သည်။ စစ်မနှ်သော နှိမ့်ချခြင်းသည် သခင်ယေရှု ကဲ့သို့ ကိုယ့်ထက် နိမ့်ကျသော သူထံနှိမ့်ချခြင်း ဖြစ်သည်။

၁၆။ ငါအမှန်အကန်ဆုသိည်ကား၊ ​ကျွန်သည် သခင်ထက် သာ၍ ကြီး မြတ်သည် မဟုတ်။ တမန် သည်လည်း စေလွှတ်သော သူထက် သာ၍ ကြီး မြတ်သည် မဟုတ်။ ၁၇ ဤအရာများကို သင်တို့ သိ၍ သိသည် အတိုင်း ကျင့်လျှင် မင်္လာရှိကြ၏။
ကျွန်သည်သခင်ထက် မကြီး မြတ်၊ တမန်လည်း စေလွှတ်သူထက် မကြီး မမြတ်၊ ထို့နည်းတူ တပည့်တော် များလည်း သခင်ယေရှုထက် မကြီး မြတ်ကြချေ။ သို့သော် သူတို့ကို သခင်က​ခြေဆေးပေး သကဲ့သို့ သူတို့လည်း သူတို့ထက် နှိမ့်သော သူများရှေ့တွင် နိမှ့်ချလျှင် မင်္လာရှိသည်။

၁၈။ သင်တို့ ရှိသမျှကို ငါရည်မှတ်၍ ပြောသည် မဟုတ်။ ငါရွေးကောက်သော သူတို့ကို ငါသိ၏။ ကျမ်းစာ ချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူ စားသော သူသည်၊ ငါ့ကို ​ခြေနှင့် ကျောက်သတည်း။
အကယ်စင်စစ်ငါယုံ၍ ငါ့မုန့်ကို စားသော အဆွေခင်ပွန်းသည် ငါ့ကို ​ခြေနှင့် ကျောက်သတည်း၊၊ (ဆာ ၄၁:၉) သခင်ယေရှုသည် သူရွေးကောက်သော သူအားလုံးကို သိသည်။ သို့သော် အဘယ်ကြောင့်သူ့ကို အပ်နံမှည့်သူယုဒရှကာရုတ်ကို ရွေးကောက်ခဲ့သနည်း။ အကြောင်းမှာ ကျမ်းစာ ပြည့်စုံဘို့ရန် ဖြစ်သည်ဟု သူကိုယ်တိုင်က ပြောသည်။ ယုဒရှကာရုတ်သည် သူ့သခင်နငှ့်အတူ စားသောက်သော်လည်း သူ့သခင်ကို ​ခြေနှင့် ကန်ကျောက်သည်။ သခင်ယေရှု ပင်လျှင် သူ၏ တပည့်တော် ကထိုကဲ့သို့ ကန်ကျောက်လျှင် ငယ်သားများကဆရာကို ဆန့်ကျင်ခြင်းသည် မဆန်းပေ။

၁၉။ ထိုအမှု အရာ ရောက်​သောအခါငါသည် ဤမည်သောသူ ဖြစ်သည်ကို သင်တို့ သည်ယုံကြည်စေခြင်းငှါ မရောက်မှီ ယခုပင်သင်တို့အား ငါပြောနှင့်ပြီ။
သခင်ယေရှု ကထိုကဲ့သို့ ယုဒရှကာရုတ်ကကန်ကျောက်မည့် အရာကို ကြိုပြောခြင်းသည် တကယ် ဖြစ်လာသောအခါ သူ့ကို ယုံကြည် မည့် အကြောင်း ဖြစ်သည်။ သူသည် ဘုရား ဖြစ်သောကြောင့် ထိုကဲ့သို့ ကြိုပြောနိုင်ခြင်း ဖြစ်သည်။

၂၀။ ငါအမှန်အကန်ဆိုသည်ကား၊ ငါစေလွှတ်သော သူကို လက်ခံသော သူသည် ငါ့ကို လက်ခံ၏။ ငါ့ကို လက်ခံသော သူသည် ငါ့ကို စေလွှတ်တော် မူသောသူကို လက်ခံသည်ဟု မိန့်တော် မူ၏။
သခင်ယေရှု ကသူစေလွှတ်သော သူကို လက်ခံသော သူသည် သူ့ကို လက်ခံခြင်း၊ သူ့ကို လက်ခံသော သူသည် သူူ့ကို စေလွှတ်သော ခမည်းတော်ကို လက်ခံခြင်း ဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် အမှန်တကယ် ခရစ်တော် ကစေလွှတ်သော သူတည်း ဟူသောအမှု ဆောင်ကို လက်ခံခြင်းသည် အလွနအ်ရေးကြီးသည်။

၂၁။ ထိုသို့ ယေရှုသည် မိန့်တော်မူပြီးမှစိတ်နလှံးတော် ပူပန်ခြင်းရှိ၍၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့တွင် တစုံတယောက်သော သူသည် ငါ့ကို အပ်နှံလိမ့်မည်ဟု သက်သေခံလျက်မိန့်တော် မူ၏။ ၂၂ အဘယ်သူကို ရည်ဆောင်၍ မိန့် တော်မူသည်ကို တပည့်တော် တို့သည် တွေးတောခြင်းရှိသဖြင့်၊ အချင်းချင်းတယောက်ကို တယောက် ကြည့်ရှုကြ၏။
ယေရှုလည်း စိတ်နလှုံးပူပန်တော် မူတတ်ကြောင်း တွေ့ရသည်။ ထို့ကြောင့် စိတ်နလှုံးပူပန်တတ်ခြင်းသည် အပြစ် ဖြစ်သည် မဟုတ်ဟု ယူဆနိုင်သည်။ သို့သော် နလှုံးပူပန်ခြင်းပြီး နောက်၊ နောကဆ်က်တွဲမပြုသင့်သော အပြစ်များပြုလုပ​ြ်ခင်းသည် အပြစ်​ဖြစ်သည်။ သခင်ယေရှုသည် ဘုရား ဖြစ်သောကြောင့် သူ့ကို အပ်နှံမည့်သူကို ကြိုသိနေသည်။ သို့သော် တပည့်တော်များက မသိသောကြောင့် တယောက် နငှ့်တယောက် ကြည့်ရှုကြခြင်း ဖြစ်သည်။

၂၃။ ယေရှု ချစ် တော်မူသော တပည့်တော်သည် ရင်ခွင်တော် နားမာှလျောင်းသဖြင့်၊ ၂၄ အဘယ်သူကို ရည်ဆောင်၍ မိန့်တော် မသူနည်းဟု မေးစေခြင်းငှါ၊ ရှိမုန်​‌ပေတရုသည် ထိုတပည့်တော်ကို အမှတ်ပေး၏။ ၂၅ ထိုတပည့်တော်သည် ယေရှု၏ ရင်တော်ကို မှီ၍ လျောင်းနေလျက်၊ သခင်၊ အဘယ်သူ နည်းဟု လျှောက်၏။ ၂၆ ယေရှုကလည်း ဤမုန့်တလုပ်စာအကို ငါနှစ်၍ ပေးသောသူ ဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တလုပ်စာကို နှစ်ပြီးမှ ရိမှုန်၏သား ယုဒရှကာရုတ် အားပေးတော်မူ၏။
ယေရှု ချစ်တော် မူ သောတပည့်တော်သည် ဤစာရေးသူယောဟန် ဖြစ်သည်။ သူသည် သခင်ဘုရား၏ ရင်ခွင်၌ လျောင်းတတ်သည်။ ပေတရုကယောဟန်ကို သခင်ယေရှု ထံအဘယ်သူ ကအပ်နံမှည့်သူ ဖြစ်ကြောင်းကို မေးခိုင်းသည်။ ယောဟန်ကမေး သောအခါ သခင်ယေရှု ကမုန့်တလုပစ်ာကိသုူပေးသောသူ ဖြစ်သည်ဟုဆိုသည်။ သခင်ယေရှု က မုန့်တလုပ်ကို ယုဒရှကာရုတ်အား ပေးခြင်းဖြင့် သူသည် သခင်ယေရှုကို အပ်နှံမည့်သူ ဖြစ်ကြောင်း ဖေါ်ပြလိုက်သည်။

ရ။ ထိုသူသည် မုန့်တလုပ်စာကို ခံပြီးမှ၊ စာတန်သည် သူ့အထဲသို့ ဝင်လေ၏။ ယေရှု ကလည်း၊ သင်ပြုရသော အမှုကို အလျင် အမြန် ပြုလော့ဟု ထိုသူအား မိန့်တော် မူ၏။ ၂၈ အဘယ်ကြောင့်ထိုသို့ မိန့်တော်မူသည်ကို စားပွဲ၌ လျောင်းသော သူတို့တွင် အဘယ်သူမျှ မသိ။ ၂၈ အချို့တို့ ကယုဒရှကာရုတ်သည် ငွေအိတ်ကို ဆောင်သောကြောင့်၊ ဤပွဲ၌ ငါတို့ သုံးစရာ အဘို့ကို ဝယ်လောဟ့ူ၍ ၎င်း၊ သို့မဟုတ် ဆင်းရဲသော သူတို့အား တစုံ တခုကို ပေးလော့ဟူ၍ ၎င်း၊ ယေရှု မိန့်တော် မသူည်ဟု ထင်မှတ်ကြ၏။ ၃၀ ယုဒရှကာရုတ်သည် မုန့်တလုပ်စာကို ခံပြီးမှချက်ခြင်း ထွက်သွား၏။ ထိုအချိန်ကားညအချိန် ဖြစ်၏။
အဘယ်ကြောင့်ယုဒအထဲ၌ စာတန် ဝင်နိုင်သနည်းဟူမူကား ယေရှုကို အမှန်တကယ် မယုံကြည် သောကြောင့် ဖြစ်မည်။ သခင်ယေရှုသည် ဘုရား ဖြစ်သောကြောင့်အစစအရာရာကို သိနားလည်နေသည်။ ယုဒကသူ့ကို အပ်နှံမည့် အရာကိသိုသော်လည်း မတားသည် သာမကမြန်​မြန် လုပ့်ခိုင်းသေးသည်။တပည့်တော်များက မူ မသိကြသောကြောင့်၊ အမျိုးမျိုးတွေးထင် ကြသည်။ သခင်ယေရှု ကသူ့ကို အပ်နံမှည့်သူအဖြစ် အတည့်အလင်း ဖေါ်ပြသော်လည်း ယုဒသည် စိတ်ပြောင်းလဲခြင်း မရှိ၊သူလုပ်မည့်အရာကို ဆက်လုပ်သွားသည်။ ယုဒထွက်သွားသော အချိန်သည်ညအချိန် ဖြစ်သည်ဟု ဆိုသည်။ အပြစ်သားများ၏ အလုပ်လုပ်ချိန်သည် ညအချိန်​ဖြစ်သည်။

၃၁။ ထိုသူသွားသည် နောက်၊ ယေရှုက၊ ယခုတွင် လူသားသည် ဘုနး်ထင်ရှားခြင်းရသှိည် ဖြစ်၍ ၊ ဘုရားသခင် သည်လည်း လူသား အားဖြင့် ဘုန်းတော် ထင်ရာှးခြင်းရှိ၏။ ၃၂ ဘုရားသခင်သည် လူသား အားဖြင့် ဘုန်းတော် ထင်ရာှးခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင် အားဖြင့် သူ၏ ဘုန်းကို ထင်ရာှးစေ တော်မူ လိမ့်မည်။
ကာလ မကြာမမြင့်မှီသူ၏ ဘုန်းကို ထင်ရှားစေတောမ်ူလိမ့်မည်။ လူသားသည် မည်ကဲ့သို့ ဘုန်းထင်ရှားမည်နည်း။ အသေခံ၍ ရှင်ပြန်ထမြောက် ခြင်းအားဖြင့် ထင်ရှားမှာ ဖြစ်သည်။ မသေလျှင် ရငှ်ပြန်ထမြောက်ခြင်း မရှိနိုင်ချေ။ ထို့ကြောင့် ဘုန်းထင်ရှားဘို့ရန် အသေခံဘို့ လိုသည်။လူ့အမြင်အားဖြင့် ပြသနာ အခက်အခဲရှိမှဘုရား ဘုန်းထင်ရှားနိုင်သည်။ ထို့ကြောင့် ယုံကြည်သူ၏ အသက်တာ၌လည်း အခက်အခဲရိမှသှာလျှင် ဘုရား၏ တန်ခိုးထင်ရှားသောကြောင့် ဒုက္ခ ပြသနာ များကို ကြောက်သင့်၊ ရှောင်သင့်သည် မဟုတ်။

၃၃။ ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟု ယုဒလူတို့အား ငါပြော သကဲ့သို့ ယခုသင်တို့အား ငါပြော၏။
ယေရှု ကသူနငှ့်ရွယ်တူများ ဖြစ်သော တပည့်တော် များကို အဘယ်ကြောင့်ချစ်သား တို့ဟု ဆိသုနည်း။ သူသည် ဘုရား ဇာတိအားဖြင့် သူတို့ထက် ကြီး သောကြောင့် ဖြစ်သည်။ သူသည် တပည့်တော်များနငှ့်ခဏသာနေရသည်ဟုဆိုသည်။ သူတို့ ကသူ့ကို ရှာကြလိမ့မ်ည်၊ သို့သော် သူ့ထံသို့ မရောက်နိငု်ဟုဆိုသည်။ အကြောင်းမှာ ကောငး်ကင်သို့ တက်သွားမှာ ဖြစ်သောကြောင့် ဖြစ်သည်။

၃၄။ သင်တို့သည် အချင်းချင်းတယောက်ကို တယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ ၃၅ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့ သညထ်ိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ၏ တပည့် ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော် မူ၏။
သခင်ယေရှု၏ တပည့်အမှတ်အသားသည် အချင်းချင်းချစ်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် အချင်းချင်းချစ်ခြင်း မရနှိုင်လျှင် ယေရှု တပည့်မဖြစသ်ကဲ့သို့ဖြစ်သည်။ သို့သော် ယေရှု တပည့် မဟုတ်၊ အတုများ စွာရှိသည်။ ယေရှု တပည့်အချင်းချင်းများ သာလျှင် ချစ်နိုင်ကြမည်။ သင်သည် ယေရှု တပည့်အစစ် ဖြစ်ပါသလော။

၃၆။ ရှိမုန်​ပေတရုက၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော် မူမည်နည်းဟု မေးလျှောက်လျှင်၊ ယေရှုက၊ ငါသွားရာအရပ်သို့ သင်သည် ယခုမလိုက်နုငိ်။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။
ယေရှု ကငါသွားရာအရပ်သို့ သင်တို့မရောက်နိင်ကြဟု ဆိုသောအခါထိုအချိန်အခါ၌ တပည့်တော်များက နားမလည် နိင်ခဲ့ချေ။ ယခုအချိန်တွင်သူသွားမည့် နေရာကိုနုားလည်လာနိုင်သည်။ သူသွားမည့် နေရာသည် ကောင်းကင်ဖြစ်သည်။

၃၇။ ပေတရုကလည်း၊ သခင်၊ အ​ကျွန်ုပ်သည်ကိုယ်တော် နငှ့်အတူ အဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော် အဘို့အ​ကျွနုပ််၏ အသက်ကို စွန့်ပါမည်ဟု လျှောက်လျှင်၊ ၃၈ ယေရှုက၊ ငါ့အဘိုသင့်အသက်ကို စွန့်မည်လော၊ ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မှီသင်သည် သုံးကြိမ် ​မြောက်အောင်ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော် မူ၏။
ပေတရု၌ ဇာတိအတွေးသာရှိသောကြောင့် သခင်ယေရှုနှင့်အတူ လိုက်နိင်မည်ဟုဆိုသည်။ ထိုမျှသာမကကိုယ်တော် အတွက် အသက် စွန့်မည်ဟု ဆိုသည်။ ယခုလည်း ယုံကြည် ခါစများ ကသူတို့ မသိ၊ မလုပန်ငို်သောအရာ များကို ပြောဆို တတ်ကြသည်။ နောက်ပိုင်းမှသူတို့ အရှက်ပြန်ကွဲတတ်သည်။ ယေရှု ကအကုန်အစင်သိသောကြောင့် ပေတရု၌ ဖြစ်မည့်အရာများကို ပါတခါတည်း ဗျာဒိတ်ပြုလိုက်သည်။ သူသည် သခင်ဘုရားကို ကြက်မတွန်မှီသုံးကြိမ် ငြင်းပယ်မည်ဟု အတိအကျပြောလိုက်သည်။ ​ကျွန်ပ်တို့လည်း စိတ်အားကြီး ချိန်တွင်အမျိုးမျိုးပြောတတ် ကြသည်။ ထို့ကြောင့် အလွန်ဝမ်းမြောက်ချိန်တွင်ဂတိမပေး လိုက်နှင့်။ အလွန်ဝမ်းနည်းချိန် စိတ်ဓါတ်ကျနေချိန်တွင်လည်း ဘာမျှ မပြောလိုက်နငှ့်။ စိတ်ငြိမ်ချိန်၊ ကြိုတင် စဉ်းစားပြီးမှသာဂတိပေးခြင်း၊ ဆုံး​ဖြတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

.

^

ယောဟန် ၁၄

၁။ တဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည် ကြလော့။ ငါ့ကိုလည်း ယုံကြည် ကြလော့။
သခင်ယေရှု ကရှေ့အနာဂတ်အတွက် မစဉ်းစားနှင့်ဟု မဆိုပါ၊ စိတ်နှလုံးမပူပန်ဘို့ ပြောခြင်း ဖြစ်သည်။ စိတ်နှလုံးပူပန်ခြင်းသည် ဘုရားကို မယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူဌေးကြီးနှင့် ခရီး သွားသော သူသည် စားသောက်ဘို့၊ အိပ်မည့် နေရာ၊ ယဉ်စီးဘို့များအတွက် ဘာမျှပူပင်မည် မဟုတ်ချေ။ ထုုိ့နည်းတူ အရာခပ်သိမ်းကို တတ်စွမ်းနိုင်သော ဘုရားကို ယုံကြည်သူသည် ပူပန်မှု မရှိရချေ။ ရှိလျှင် မယုံကြည် သောကြောင့် ဖြစ်သည်။ ဘုရားကို မယုံကြည်ခြင်းသည် သူ့ကို အထင်သေးခြင်း၊ စော်ကားခြင်း၊ သိက္ခာချခြင်း ဖြစ်သည်။ ထို့ကြောင့် ဟေဗြဲဆရာက၊ ယုံကြည်ခြင်း မရှိလျှင် ဘုရား၏ စိတ်တော်နှင့် မတွေ့နိုင်ဟုဆိုရခြင်း ဖြစ်သည် (ဟေ ၄:၁၂)။

၂။ ငါ့အဘ၏ အိမ်တော်၌ နေစရာ အခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲ မနေ။ သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ၃ ငါသည် သွား၍ သင်တို့ နေစရာ အရပ်ကို ပြင်ဆင် ပြီးမှတဖန် လာပြန်၍ ၊ ငါရှိရာအရပ်၌ သင်တို့ ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။
သခင်ယေရှု ကသူ၏ အဘအိမ်၌ နေစရာ အခန်းများရှိသည်ဟုဆိုသော်လည်း ယုံကြည်သူများကထိုအခန်းများကို စွဲလန်းခြင်း လုံးဝ မရှိကြချေ။ ထို့ထက် လူသားများဆောက်သော အိမ်သစ်အိမ်ဟောင်းများ ဝယ်ဘို့၊ ငှါး ဘို့ကို သာလျှင် စိတ်စွဲလန်း ကြသည်။ သခင်ယေရှု ကအိမ်ခန်းများ ပြင်ပြီးလျှင် လာခေါ်မည်ဟုဆိုသော်လည်း ဂရုမစိုက်ကြ။ ထို့ကြောင့် လူသားသည် ကြွလာသောအခါ ယုံကြည်သူ တွေ့ပါမည်လောဟုဆိုခဲ့သည် (လု ၁၈:၈)။

၄။ ငါသည် အဘယ်အရပ်သို့ သွားသည်ကို၎င်း၊ လမ်းခရီးကို၎င်း၊ သင်တို့ သိကြ၏ဟု မိန့်တော်မူသည်။ ၅သော မကလည်း၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွား တော်မူသည်ကို အ​ကျွန်ုပ်တို့ မသိသည် ဖြစ်၍ ၊ လမ်းခရီးကို အဘယ်သို့ သိနိုင်ပါမည်နည်းဟု လျှောက်လျှင်၊ ၆ ယေရှုက၊ ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူ မျှခမည်းတော် ထံသို့ မရောက်ရ။
သခင်ယေရှု ဘယ်အရပ်သို့ သွားသည်ကို မသိသောကြောင့် လမ်းလည်း မသိကြောင်းသော မကပြောလိုက်သည်။ ယနေ့ လူသားများစွာသည် လမ်း မသိကြ၊ ဘယ်အရပ်သို့ သွားကြသည် ကိုလည်း မသိ၊ ဂရုမစိုက်ကြချေ။ လူသည် ထာဝရ ကာလသို့ နေ့တိုင်း သွား နေကြသည်။ သို့သော် ကောင်းကင် နိုင်ငံသို့ မသွားဘဲ ငရဲမီးအိုင် ဖက်သို့ သွား နေကြသည်။ ထို့ကြောင့် ယေရှု ကငါသည် ကောင်းကင် သွားသော လမ်းခရီး ဖြစ်သည်ဟုဆိုရခြင်း ဖြစ်သည်။ ယေရှု ကသူသည် သမ္မာတရားလည်း ဖြစ်ကြောင်း ပြောသွားသည်။ သမ္မာတရားသည် ဘုရားနှင့် သူ၏ အကြံအစည်လုပ်ဆောင်မှုများဖြစ်သည်။ သမ္မာတရားသည် ထာဝရ မပြောင်းမလဲရှိသည်။ မုသာတရား၏ ဆန့်ကျင် ဘက် ဖြစ်သည်။ သခင်ယေရှု ကသူသည် အသက်လည်း ဖြစ်သည်ဟုဆိုသေးသည်။ ထိုအသက်သည် ခဏသာတည်သောကိုယ်ခန္ဓာအသက် မဟုတ်၊ ထာဝရ တည်မည့် ဝိညာဉ် အသက်ဖြစ်သည်။ ခရစ်တော်နှင့် မဆက်လျှင် လူ၏ ဝိညာဉ်သည် အသက် မရှိ၊ ထာဝရ မီးအိုင် ထဲဆင်းသွားရမှာ ဖြစ်သည်။

ရ။ သင်တို့သည် ငါ့ကို သိလျှင် ငါ့ခမည်းတော်ကို မသိဘဲ မနေရကြ။ ယခုမှစ၍ ခမည်းတော်ကို သိမြင်ကြ၏ဟု မိန့်တော်မူသည်။ ၈ ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အ​ကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ ပြတော်မူလျှင် အ​ကျွန်ုပ်တို့ အလို ပြည့်စုံပါမည်ဟု လျှောက်လျှင်၊ ၉ ယေရှုက၊ ဖိလိပ္ပုဤမျှကာလ ပတ်လုံးငါသည် သင်တို့နှင့်အတူ ရှိပြီးမှသင်သည် ငါ့ကို မသိသေးသလော။ ငါ့ကို မြင်သော သူသည် ခမည်းတော်ကို မြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အ​ကျွန်ုပ်တို့အား ပြတော်မူ ပါဟု သင်သည် အဘယ်သို့ ဆိုရသနည်း။
သခင်ယေရှု ကသူ့ကိုယ်မြင်သော သူသည် ခမည်းတော်ကို မြင်ပြီဟုဆိုသည်။ သို့ဖြစ်လျှင် တပည့်တော်များကဘာကို မြင်သနည်း။ ယေရှု၏ကိုယ်ခန္ဓာကို မြင် ကြသည်။ ယေရှု၏ကိုယ်ခန္ဓာသည် လူသားများ၏ကိုယ်ခန္ဓာနှင့် တူသည်။ ဘုရားသခင်က၊ ငါတို့ ပုံသဏ္ဍာန်နှင့် တညီတသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့။ (က ၁:၂၆) ဟုဆိုရာတွင် ဓမ္မပညာရှင်များ ကကိုယ်ခန္ဓာကို ဆိုလိုသည် မဟုတ်၊ လူသည် ဘုရား ကဲ့သို့ စဉ်းစားတတ်ခြင်း၊ ဆန္ဒရှိခြင်း၊ ခံစား တတ်ခြင်း ဖြစ်သည်ဟုဆို ကြသည်။ သို့သော် သခင်ယေရှု ကငါ့ကို မြင်သော သူသည်ဟုဆိုရာတွင် မျက်စိနှင့် ကိုယ်ခန္ဓာမြင်ခြင်းကို ဆိုလိုသည်။ ယောဟန်ကလည်း၊ ဘုရားသခင်ကို အဘယ်သူ မျှမမြင်စဖူးသော်လည်း၊ ခမည်းတော်၏ ရင်ခွင်၌ ရှိသော တပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေ တော်မူပြီ။ (ယော ၁:၁၈)ဟု ရေးခဲ့သည်။ ထို့ကြောင့် ယေရှုသည် ခမည်းတော်၏ ပုံသဏ္ဍာန်တော်ကို လူသားများကသိမြင်နိုင်ဘို့ရန် ကြွလာခြင်း ဖြစ်သည်။ ဘုရားသည် လူများနှင့် တူသော်လည်း သူသည် ဘုန်းရှိသောကြောင့် နေအလင်းကဲ့သို့ လူ့မျက်စိနှင့် ကြည့်၍ မရလောက်အောင် တောက်ပ၍ ကြက်သရေရှိသည်။ လူသည် အပြစ်ကြောင့် ကြက်သရေမရှိချေ။

၁၀။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည် ကို၎င်းမယုံသလော။ ငါဟောပြောသော စကားကို ကိုယ်အလိုအလျှောက်ငါဟောပြောသည် မဟုတ်။ ငါပြုသောအမှု တို့အား ငါ၌ တည်နေ တော်မူသော ခမည်းတော်သည် ပြု တော်မူ၏။
သခင်ယေရှု ကသူသူပြုသော အမှုတို့ အပေါ်၌ သူ့ကို သူဂုဏ်မယူဘဲ ခမည်းတော်ကို ဂုဏ်ပြုသည်။ ​ကျွန်ုပ်တို့လည်း ကိုယ့်ကိုကိုယ် ဂုဏ်မပြုဘဲ ဘုရားသခင်ကို ဂုဏ်ပြုသင့်သည်။ ​ကျွန်ုပ်ကိုယ်တိုင်လည်းကိုယ့်ကိုကိုယ်ချီမွမ်းမိတတ်သည်။ အလွန် ပင်မှားယွင်းသော စိတ်ထား ဖြစ်သည်။

၁၁။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည် ကို၎င်းယုံကြလော့။ ငါ့စကားကို မယုံလျှင်၊ ငါ့အမှု တို့ကို ထောက်၌ ယုံကြလော့။
ခရစ်တော်နှင့် တကွခမည်းတော်သည် လူသားများ၏ ယုံကြည်ခြင်းကို အလွန် တန်ဘိုး ထားသည်။ လူများ၏ မယုံကြည်ခြင်းသည် သူတို့အတွက် အနာဆုံး ဖြစ်သည်။ လူသည် ဘုရားကို ဘာမျှလက်ဆောင်မပေးနိုင်၊ ဘာမျှမလုပ်ပေးနိုင်သော်လည်း ယုံကြည်လျှင် အလွန် ဝမ်းမြောက်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည် ကြစို့။ ယုံကြည်ခြင်းအားဖြင့် ဘာမျှအရှုံးမရှိပါ။ အမြတ်သာလျှင် ဖြစ်သည်။ လူသည် လူလူချင်းကို အလွယ်တကူယုံတတ်ကြသော်လည်း ဘုရား မူကား မယုံကြည် တတ်ကြခြင်းသည် အလွန် မှားယွင်းသည်။

၁၂။ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သော သူသည် ငါပြုသောအမှု တို့ကို ပြုလိမ့်မည်။ ထိုအမှု တို့ထက် သာ၍ ကြီးသော အမှုတို့ ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော် ထံသို့ သွား၍ ၊ ၁၃ သင်တို့သည် ငါ၏ နာမကို အမှီပြုလျက် ဆုတောင်း သမျှ အတိုင်း ငါပြုမည်။ အကြောင်းမူကား၊ ခမည်းတော်သည် သားတော် အားဖြင့် ဘုန်းထင်ရှား တော်မူခြင်းရှိမည်အကြောင်း တည်း။
ခရစ်တော် ကသူ့ကို ယုံကြည်သူသည် သူပြုသောအမှု များကို ပြုသည် သာမက၊ ထိုအမှု တို့ထက် သာ၍ ကြီးသော အမှုတို့ ကိုလည်း ပြုခွင့်ပေးသည်။ ထိုသို့ ပြုနိုင်ခြင်းသည် သူကိုယ်တိုင်က ပြုမှာ ဖြစ်သောကြောင့် ဖြစ်သည်။ ခရစ်တော်သည် သူကိုယ်တိုင်အမှု အားလုံးကို မလုပ်လိုချေ။ ယုံကြည်သူများအားဖြင့် ပြုလုပ် လိုသည်။ သို့သော် လူသည် စာတန်၏ လှည့်ဖျားသွေးဆောင်မှုကြောင့်၎င်း၊ ဇာတိအားဖြင့် အသက် ရှင်မှုကြောင့်၎င်း၊ ခရစ်တော် ပြုသောအမှု တို့ကို ပင်မပြုနိုင်ကြသည် မှာဝမ်းနည်းဘွယ် ဖြစ်သည်။ အချို့သော သူများက စာတန်အားဖြင့် အံ့ဩဘွယ်လုပ်၍ ယေရှု နာမအားဖြင့်ဟုဆိုတတ်ကြပြန်သည်။ ထို့ကြောင့် ကိုယ်တော့နာမအားဖြင့် နတ်ဆိုးတို့ နှင်ထုတ်သည်၊ များစွာသော အံ့ဩဘွယ်အမှု တို့ကို ပြုကြပြီဟု လျှောက် သောအခါ အဓမ္မအမှု အမှုကို ပြုသော သင်တို့ကို ငါအလျှင်း မသိဟု ငါဆိုမည်ဟု ယေရှု ကပြောသွားသည် (မရး၂၁-၂၃)။ ထို့ကြောင့် အံ့ဘွယ်အမှု ပြုသော သူတိုင်း ကိုလည်း သတိထားဘို့ လိုသည်။

၁၄။ သင်တို့သည် ငါ၏ နာမကို အမှီပြု၍ တစုံ တခုသော ဆုကို တောင်းလျှင်၊ တောင်းသည် အတိုင်း ငါပြုမည်။
ခရစ်တော် ကသူ့နာမအားဖြင့် ခမည်းတော်ထံ ဆုတောင်း ခိုင်းသည်။ ယခုခေတ် တွင် ယူပီစီများ ကဲ့သို့ ယေရှု နာမဖြင့် ခမည်းတော်ထံ သို့ မဟုတ်ပဲ သူ့(ယေရှု)ထံသို့ ဆုတောင်း တတ်ကြသည်။ ထိုအရာသည် အဓိပ္ပါယ်မရှိပါ။ ခရစ်တော်က ယုံကြည်သူများ၏ ဆုတောင်းသည့်အတိုင်း ပြုလုပ်ဘို့ ကတိတော် ပေးထားသည်။

၁၅။ ငါ့ကို ချစ်လျှင် ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကို တောင်း၍ ၊ ၁၆ ခမည်းတော်သည် သမ္မာတရားကို ပြသော ဝိညာဉ်တော် တည်းဟူသောတပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ သင်တို့ အားပေးတော်မူမည်။
ခရစ်တော်ကို ချစ်ခြင်းသည် သူ၏ ပညတ်တို့ကို စောင့်ရှောက်ခြင်းအားဖြင့် သိနိုင်သည်။ ရီးစားကို ချစ်လျှင် သူတားမြစ်သောအရာ များကို အခက်အခဲမရှိဘဲ ရှောင်နိုင်သည်။ ခရစ်တော်က သမ္မာတရားကို ပြသသော ဝိညာဉ်တော်ကို ပေးဘို့ ဂတိပြုထားသည်။ ဝိညာဉ်တော်သည် ယုံကြည်သူများနှင့် အစဉ်မပြတ် နေဘို့လည်း ပြောထားသည်။ သူပြောခဲ့စဉ်ကမပေးသေးချေ။ ယခုတွင် ဝိညာဉ်တော်ကို ယုံကြည်သူ တိုင်း ပေးနေပြီ။ သင်မရရှိသေးလျှင် ဆုတောင်းခြင်းဖြင့် လက်ခံပါ။ ဝိညာဉ်တော် ရရှိပြီးလျှင် သမ္မာတရား သိလာနိုင်လိမ့်မည်။

၁ရ။ ထိုဝိညာဉ်တော်ကိုလောကီသား တို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူ တည်နေ၍ ၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့ သိရကြ၏။
သန့်ရှင်းသော ဝိညာဉ်တော်ကိုလောကီသားများက မသိသောကြောင့် လက်မခံကြဟုဆိုသည်။ ဝိညာဉ်တော်သည် ဘုရား ဖြစ်သည်။ ဘုရား မရှိသည်ထက် ဘုရားရှိခြင်းသည် ဖေါ်ပြ၍ မရနိုင်လောက်အောင် ကွာခြားသည်။ ဝိညာဉ်တော် မရလျှင် ထာဝရ အသက်လည်း မရှိသောကြောင့် သေလျှင် ကောင်းကင် နိုင်ငံမသွားဘဲ ငရဲနိုင်ငံသို့ ဆင်းသွားရမှာ ဖြစ်သည်။ လူ၌လောကီရွှေငွေ၊ ပညာ၊ ခင်ပွန်း၊ မိဘ၊ သားသမီး၊ များမရှိသည်ထက် သန့်ရှင်းသော ဝိညာဉ်တော် မရှိခြင်းသည် ဆုံးရှုံးမှု အကြီး ဆုံး ဖြစ်သည်။

၁၈။ ငါသည် သင်တို့ကို မိဘမဲ့ ဖြစ်စေခြင်းငှါ စွန့်ပစ်မည် မဟုတ်။ သင်တို့ ဆီသို့ လာဦးမည်။
တပည့်တော် များသည် ယေရှုနှင့် သွားလာသောအခါ အလွန် လုံခြုံ၍ ဝမ်းမြောက် ငြိမ် ကြသည်။ သူတို့ သခင်ကထွက်ခွါသွား သောအခါ သူတို့ အလွန် ဝမ်းနည်းသည်၊ ငြိမ်သက်မှုလည်း မရှိတော့ချေ။ ထို့ကြောင့် သခင်သူတို့ကို မိဘမဲ့ကဲ့သို့ မစွန့်ဟု ဂတိပြုနေခြင်း ဖြစ်သည်။ သူသည်ကိုယ်ခန္ဓာအားဖြင့် မဟုတ်တော့ဘဲ ဝိညာဉ်အားဖြင့် သူတို့နှင့်အတူ ရှိဘို့ ပြောနေခြင်း ဖြစ်သည်။

၁၉။ ခဏကြာပြီးမှလောကီသား တို့သည် ငါ့ကို မမြင်ရကြ။ သင်တို့ မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက် ရှင်သောကြောင့် သင်တို့ သည်လည်း အသက် ရှင်ရကြလိမ့်မည်။
ခဏကြာပြီးမှဟူသောအရာသည် သူသေသည့်အချိန်ကို ပြောခြင်း ဖြစ်သည်။ ရှင်ပြန်ထမြောက် သောအခါ သခင်ယေရှုသည် လောကီသား များထံကိုယ် မထင်ရှားတော့ဘဲ ယုံကြည်သူများထံ၌ သာလျှင်ကိုယ်ထင်ရှားတော့သည်။ သူသည် အသက် ရှင်သောကြောင့် သူတို့လည်း အသက် ရှင်မည့် အကြောင်း ဂတိပေးထားသည်။

၂၀။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ သင်တို့သည် ငါ၌ ရှိသည်ကို၎င်း၊ ငါသည် သင်တို့၌ ရှိသည်ကို၎င်း၊ ထိုနေ့၌ သင်တို့သည် သိရကြလိမ့်မည်။
ထိုနေ့၌ ဟူသောအရာသည် တမန်တော်များအတွက်၊ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်၍ သူတို့၌ ရှိသော ပင်တေကုတ္တေ နေ့ကို ဆိုလိုခြင်း ဖြစ်မည်။ ကျွန်ုပ်တို့အတွက် မူ ကယ်တင်ခြင်း သတင်းကောင်းကို ယုံကြည် လက်ခံသောနေ့ ဖြစ်သည် (ဧ ၁:၁၃)။

၂၁။ ငါပညတ်တို့ကို ရ၍ စောင့်ရှောက်သော သူသည် ငါ့ကို ချစ်သောသူ ဖြစ်၏။ ငါ့ကို ချစ်သော သူကို ငါ့ခမည်းတော်သည် ချစ် တော်မူမည်။ ငါသည်လည်း ထိုသူကို ချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော်မူ၏။
ခရစ်တော်ကို ချစ်ခြင်းသည် သူ၏ ပညတ်တို့ကို စောင့်ရှောက်ခြင်းအားဖြင့် ထင်ရှားသည်။ သူ့ကို ချစ်သည်ဟုဆိုသော်လည်း သူ၏ ပညတ်တို့ကို မစောင့်ရှောက်လျှင် ပါးစပ်ချစ်ခြင်း သာလျှင် ဖြစ်သည်။ ခရစ်တော်ကို ချစ်သော သူကို ခမည်းတော်ကလည်း ချစ်သည်ဟုဆိုသည်။ မည်မျှလိုချင်စရာ ကောင်းသနည်း။ လူ၏ ချစ်ခြင်းကို ပင်ဂုဏ်တတ် ကြသည်။ အထူးသဖြင့် အရေးကြီးသော သူများ၏ ချစ်ခြင်းကို လိုချင် ကြသည်။ ထို့ထက် သာမကဘုရား၏ ချစ်ခြင်းသည် အလွန် ဂုဏ်ယူ ဘွယ်ရာကောင်းသည်။ သခင်ယေရှု ကသူ့ကို ချစ်သော သူထံ၌ကိုယ်တိုင်ထင်ရှားဘို့ ပြောထားသည်။ မည်ကဲ့သို့ ထင်ရှားမည်နည်း။ ဝိညာဉ်အားဖြင့်၊ စိတ်ငြိမ်သက် ခြင်းအားဖြင့် ၊ နည်းမျိုးစုံနှင့် ထင်ရှားမှာ ဖြစ်သည်။

၂၂။ ယုဒရှကာရုတ် မဟုတ်၊ အခြားသော ယုဒက၊ သခင်၊ ကိုယ်တော်သည်လောကီသား တို့အား မထင်မရှားဘဲ အ​ကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှား တော်မူ မည်နည်းဟု မေးလျှောက်၏။
ယုဒက သခင်ယေရှုသည် လောကီသားများထံ မထင်ရှားဘဲ တပည့်တော်များထံသာထင်ရှားမည်နည်းဟု မေးခြင်းသည် ယုံကြည်သူ တိုင်း သိချင် ကြလိမ့်မည်။ အဘယ်ကြောင့်လောကီသားများထံ မထင်ရှားသနည်းဟူမူကား၊ သူတို့ ကယေရှုကို မယုံကြည်၊ တန်ဘိုး မထားသောကြောင့် ထင်ရှားနေလျှင်လည်း အကျိုးမရှိ၊ သူ၏ အပြစ်ကို သာလျှင် ရှာနေမှာ ဖြစ်သည်။ သူသည်လောကီသား များကို ကျန်းမာစေပြီး နိမိတ်လက္ခဏာများကို ပြနေသော်လည်း နားမလည် နိုင်၊ အပြစ် သာမြင် ကြသည်။ ထို့ကြောင့် ယုံကြည်သူများထံ၌ သာထင်ရှားခြင်း ဖြစ်သည်။

၂၃။ ယေရှု ကလည်း၊ ငါ့ကို ချစ်သော သူသည် ငါ့စကားကို နားထောင် လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကို ချစ် တော်မူသည်။ ငါတို့ သည်လည်း သူ့ဆီသို့ ကြွ၍ နေရာချမည်။
အငယ် ၂၁၌ ပြောခဲ့ သကဲ့သို့ ငါ့ကို ချစ်သော သူသည် ငါ့စကားကို နားထောင် လိမ့်မည်ဟုဆိုပြန်သည်။ သူ့ကို ချစ်သော သူထံ၌ ခမည်းတော်နှင့်အတူ ရှိမည်ဟုဆိုသည်။ ​ကျွန်ုပ်တို့၏ အသက်တာ၌ ဘုရားရှိလျှင် ငြိမ်သက်မှု၊ ကျေနပ် မှု၊ ဝမ်းမြောက် မှု၊ မျှော်လင့်ချက်များရှိမှာ ဖြစ်သည်။ အဘယ်အရာမျှ စိုးရိမ်ခြင်းရှိမည် မဟုတ်။

၂၄။ ငါ့ကို မချစ်သော သူသည် ငါ့စကားကို နားမထောင်။ သင်တို့ ကြားသော စကားသည် ငါ့စကား မဟုတ်။ ငါ့ကို စေလွှတ်် တော်မူသော ခမည်းတော်၏ စကားတော် ဖြစ်၏။ ၂၅ ငါသည် သင်တို့နှင့်အတူ ရှိစဉ်တွင် ဤစကားကို ပြောခဲ့ပြီ။
သခင်ယေရှု ကသူ့ကို မချစ်လျှင် သူ့စကားကို နားထောင်မည် မဟုတ်ဟုဆိုခဲ့သည်။ ယနေ့ ခရစ်ယာန် အများစုအဘယ်ကြောင့် ခရစ်တော်၏ စကားကို နားမထောင်ကြသနည်း။ သူ့ကို မချစ်သောကြောင့် ဖြစ်သည်။ ကိုယ့်ချစ်သူ၏ စကား နားထောင် ဘို့သည် လုံးဝ မခက်ချေ။ မချစ်သော သူ၏ စကားကိုမူ လုံးဝ နားမထောင်နိုင်ချေ။ ချစ်ခြင်းသည် မိဿဟာရဖွဲ့ခြင်းအားဖြင့် ဖြစ်သည်။ ခလေးများကမိဘများကို ချစ်ခြင်းသည် သွေးသားတော် စပ်ခြင်းထက် အမြဲအတူ နေခြင်းကြောင့် ဖြစ်သည်။ သွေးသားတော် စပ်သော်လည်းအတူ မနေလျှင် မချစ်နိုင်ချေ။ ထို့ကြောင့် ခရစ်တော် ချစ်ဘို့ရန် နှုတ်ကပတ်တော်များများ ဖတ်ရမည်၊ လက်တွေ့ကျင့်သုံးရမည်။

၂၆။ ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ် တော်မူသော ဥပဇ္ဈာယ်ဆရာ တည်းဟူသောသန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာ တို့ကို ပြသသွန်သင် တော်မူ၍ ၊ ငါပြောခဲ့သမျှသော စကား တို့ကို မှတ်မိသော ဥာဏ်ကို သင်တို့ အားပေးတော်မူမည်။
သခင်ယေရှု ကသူ့တပည့်များကို သန့်ရှင်းသော ဝိညာဉ်တော် ပေးမည့် အကြောင်း၊ သူမရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော် ကခပ်သိမ်းသောအရာ တို့ကို ပြသသွန်သင်ပေးမည့် အကြောင်း ပြောသွားသည်။ တပည့်တော်များအနေဖြင့် သခင်ယေရှုနှင့်အတူ နေခြင်းကို ပို၍ လိုချင် မှာ ဖြစ်သော်လည်း၊ ယုံကြည်သူများအတွက် မူသခင်ယေရှုနှင့်အတူ နေခွင့်မရသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော် ကသွန်သင်ခြင်းသည် ပို၍ ကောင်းသည်။ သန့်ရှင်းသော သိညာဉ်တော် ကသွန်သင်လျှင် သမ္မာတရားကို သိရှိ နားလည်၍ မှတ်မိနိုင်သော ဥာဏ်လည်း ပေးသည်။ တရားဟောသင်တန်းပေးနေစဉ်မှာပင်လျှင် နားလည်သော အခွင့်ပေးတတ်သည်။

၂ရ။ ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည် မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်း မရှိစေနှင့်။
ဤလောကသည် ရန်သူ စာတန် နယ်မြေ ဖြစ်သောကြောင့် ကြောက်လန့်စရာ များသည်။ အလိုလိုနေရင်းဖြင့် ပင်ကြောက်လန့်နိုင်သည်။ သို့သော် သခင်ယေရှု ကလောကီသားတို့ ပေးသော ငြိမ်သက်ခြင်း မျိုး မဟုတ်သူ၏ ငြိမ်သက်ခြင်းကို ပေးဘို့ ပြောထားသည်။ သခင်ယေရှုကို ယုံကြည် အားကိုးလျှင် ထိုငြိမ်သက်ခြင်းကြောင့် အဘယ်အမှု အရာကို မျှ စိုးရိမ်ခြင်းရှိမည် မဟုတ်ချေ။

၂၈။ ငါသည် ယခုသွားသော်လည်း သင်တို့ ဆီသို့ လာဦးမည်ဟု ငါပြောသော စကားကို သင်တို့ ကြားရကြပြီ။ သင်တို့သည် ငါ့ကို ချစ်လျှင် ခမည်းတော် ထံသို့ ငါသွားမည်ကို ဝမ်းမြောက် ကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ခမည်းတော်သည် ငါ့ထက် သာ၍ ကြီး မြတ် တော်မူ၏။
သခင်ယေရှု ကတပည့်တော် များကို ထားခဲ့သော်လည်း ဝိညာဉ်တော်အားဖြင့် လာဦးမည်ဟုဆိုခဲ့သည်။ သူ့ကို ချစ်လျှင် ခမည်းတော် ထံသို့ သူသွားခြင်း ကိုလည်း ဝမ်းမြောက် မည်ဟုဆိုသည်။ အကြောင်းမှာ ခမည်းတော်သည် သူ့ထက် သာ၍ ကြီး မြတ်သည်ဟုဆိုခြင်း များသည် ဘာကို ဆိုလိုသနည်း။ သူနှင့် နေလျှင် တပည့်တော် များသည် လိုလေသေးမရှိ၊ ဘာမျှ စိုးရိမ်စရာ မရှိ။ အကြောင်းမှာ သူကအစစအရာရာကို ကာကွယ်စောင့်ရှောက်ပေးသောကြောင့် ဖြစ်သည်။ သူထက် ခမည်းတော်သည် သာ၍ ကြီး သောကြောင့် ခမည်းတော်၏ စောင့်ရှောက်ခြင်းသည် ပို၍ လိုချင်၍ ဝမ်းမြောက်စရာ ဖြစ်သည်။

၂၉။ ထိုအမှု အရာရောက် သောအခါ သင်တို့သည် ယုံကြည် စေခြင်းငှါ၊ မရောက်မှီ ယခုပင်သင်တို့အား ငါပြောနှင့်ပြီ။
သခင်ယေရှုသည် ဘုရား ဖြစ်ကြောင်းကို အမှုအရာ များ မရောက်မှီ ကြိုတင် ပြောပြနိုင်ခြင်းဖြင့် ထင်ရှားစေသည်။ စာတန်လည်း အတော် အတန်ကို ကြိုတင် ပြောနိုင်သော်လည်း အားလုံးမမှန်တတ်ချေ။ ဘုရားသည် ကြိုတင် ပြောသမျှ မှန်ကန်သည်။ ထို့အပြင် ကြိုတင် ပြောပြခြင်းအားဖြင့် အမှု ကြုံလာသောအခါ ယုံမှားခြင်းကို ကင်းစေသည်။

၃၀။ ယခုမှစ၍ ငါသည် သင်တို့နှင့် များစွာ မပြောရ။ အကြောင်းမူကား ဤလောကကို အစိုးရသော မင်းသည် လာဆဲ ဖြစ်၏။ လာသော်လည်း ငါ၌ အဘယ်အခွင့်အရာကို မျှ မတွေ့ရ။
ဤလောက မင်းသည် စာတန်ကို ဆိုလိုသည်။ ဤလောကသည် ဘုရား ကဖန်ဆင်းသော်လည်း ယခု စာတန် ကပိုင်ထားသည်။ ဘုရား ကဤလောကကို အာဒံအား အပ်နှံခဲ့သော်လည်း အာဒံက စာတန်၏ စကားကို နားထောင်ခြင်းဖြင့် စာတန် ထံ၌ အပ်နှံလိုက်သည် (လု ၄:၅)။ ထို့ကြောင့် သခင်ယေရှု ကဤလောကသည် စာတန် ကအုပ်စိုးကြောင်း ဝန်ခံသည်။ ထို့ကြောင့် စာတန် အပိုင် ဖြစ်သော ဤလောကကို သခင်ယေရှု ကမပိုင်လိုခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ကြွလာမှသာလျှင် စာတန်ကို ထောင်ချ၍ ဤလောကကို အုပ်စိုးဦးမှာ ဖြစ်သည်။ ထို့ကြောင့် ထိုအချိန် မတိုင်မမှီဤလောကကို မတပ်မက်သင့်ချေ။ ခရစ်တော် ကဤလောကကို မပိုင်သောကြောင့် စာတန် ကသူ့ကို မည်သို့ မျှခိုင်း၍ မရချေ။ ဤလောကကိုများများ ပိုင်လေလေ စာတန် ကသူကြိုက်နှစ်သလိုခိုင်းစား၍ ရသည်။

၃၁။ ငါသည် ခမည်းတော်ကို ချစ်သည်ကို၎င်း၊ ခမည်းတော် မှာ တော်မူသည် အတိုင်း ငါပြုသည်ကို၎င်းလောကီသားတို့ သိမည်အကြောင်း တည်း။ ဤအရပ်မှထ၍ သွားကြကုန်အံ့။
သခင် ယေရှုခရစ် ကသူသည် ခမည်းတော်ကို ချစ် တော်မူ ကြောင်းကို ဖေါ်ပြသည်။ ထိုသို့ ချစ်သည်ကိုလောကီသားတို့ သိမည့် အကြောင်းဟုဆိုသည်။ သားတော် ကခမည်းတော်ကို ထိုသို့ ချစ် သကဲ့သို့ ​ကျွန်ုပ် ယုံကြည်သူများကလည်း ခမည်းတော်ကို ချစ်ဘို့ လိုအပ်သည်။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ဘို့လည်း ပညတ်တော် ဖြစ်သည် (တရားဟော ၆:၅၊ မ၂၂:၃ရ)။ သားတော်ကို ချစ်ဘို့လည်း အထက်၌ ပြောထားသည်။ ဘုရားသခင်၏ အိမ်တော်သား များသည် ချစ်ခြင်းမေတ္တာအားဖြင့် ပေါင်းစည်းဘို့ ဖြစ်သည်။ သားတော်သည် ခမည်းတော်ကို ချစ်ခြင်း အကြောင်း ကား ခမည်းတော်၏ အလိုတော်ကို တသဝေမတိမ်းလိုက်ခြင်းအားဖြင့် ဖေါ်ပြသည်။

john 15 missing

.

^

ယော ၁၆

၁။ သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကို ငါပြော၏။ ၂လောကီသား တို့သည် သင်တို့ကို တရားစရပ်မှနှင်ထုတ် လိမ့်မည်။ သင်တို့ကို သတ်သော သူမည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သော အချိန်ကာလ ရောက်လိမ့်မည်။
သခင်ယေရှုက ယုံကြည်သူများစိတ်မပျက်ဘို့ရန် သူတို့ တွေ့ကြုံရမည့် အရာများကို ကြိုတင် ပြောထားသည်။ ယုံကြည်သူများကို လောကီသားများကတရားစရပ်မှနှင်ထုတ် ကြလိမ့်မည်ဟုဆိုသည်။ တရားစရပ်သည် အခြား ဘာသာဝင် များ၏ တရားစရပ်များကို ဆိုလိုမည် မထင်၊ ထာဝရ ဘုရားကို ကိုးကွယ်သော ဂျူးများနှင့် ခရစ်ယာန် များ၏ တရားစရပ်များ ဖြစ်မည်။ ယုံကြည်သူများကို တရားစရပ်တို့ မှနှင်ထုတ်သည် သာမက၊ သူတို့ကို သတ်မည်ဟုဆိုသည်။ ထိုသို့ သတ်ခြင်းသည် ဘုရား မယုံကြည် သောကြောင့် မဟုတ်ဘဲ၊ ဘုရား ဘက်၌ စိတ်အားကြီး သောကြောင့် ဖြစ်မည်။ သူတို့ အမြင်၌ ယုံကြည်သူများသည် လမ်းလွှဲသော သူများဟု မြင်သောကြောင့် တရားလမ်းမလွှဲစေဘို့ရန် သတ်ခြင်း ဖြစ်သည်။ ထိုသို့ သတ်သော သူတို့ ကဘုရားဝတ်ပြုပြီဟု ထင်မှတ်လိမ့်မည်ဟုဆိုသည်။ ယနေ့ ခရစ်ယာန် များကို သတ်သော သူတို့သည် သာသနာ ပများ သာမက ခရစ်ယာန် အချင်းချင်းလည်း ဖြစ်တတ်သည်။ ထို့ကြောင့် ထိုသို့ ခံရလျှင် စိတ်မပျက်ရ၊ သခင်ဘုရား၏ စကား မှန်ကန်ကြောင်း သက်သေ ဖြစ်သည်။

၃။ ခမည်းတော်ကို မသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ ပြုကြလိမ့်မည်။ ၄ ထိုအချိန်ကာလ ရောက် သောအခါ၊ ငါသည် အထက် ကဤသို့ ပြောပြီးသည်ကို သင်တို့ အောက်မေ့စေခြင်းငှါ ယခုပင်ငါဟောပြော၏။ အစအဦး၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့ မပြောဘူးသေး။
ယုံကြည်သူများကို အဘယ်ကြောင့်နှင်ထုတ်ခြင်း၊ သတ်ဖြတ်ခြင်း ဖြစ်မည်နည်းဟူမူကား၊ ခမည်းတော် ဘုရား ကိုလည်း မသိ၊ ခရစ်တော် ကိုလည်း မသိသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ကိုးကွယ်သူတိုင်း၊ ဘုရားသခင်ကို ကောင်းစွာ သိကြသည် မဟုတ်။ ခရစ်တော်သည် တပည့်တော်တို့ ထံမှ ခွဲခွါခါနီးပြီ ဖြစ်သောကြောင့် ထိုအရာများကို ပြောခြင်း ဖြစ်သည်။

၅။ ငါ့ကို စေလွှတ် တော်မူသော သူထံသို့ ယခုငါသွားရမည် ဖြစ်၍ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့ မမေးကြ။
သခင်ယေရှုသည် ခမည်းတော် ရှိရာကောင်းကင်သို့ ပြန်သွားရတော့မှာ ဖြစ်သည်။

၆။ ဤကြောင်း အရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည် အလွန် ဝမ်းနည်းခြင်းသို့ ရောက်ကြ၏။
တပည့်တော် များသည် သခင်ဘုရား ကသူသွားမည့် အကြောင်းကို ပြော သောအခါ အလွန် ဝမ်းနည်း ကြသည်။ ကျွန်ုပ်တို့လည်း အချင်းချင်းခွဲခွါမည့် အခါအလွန် ဝမ်းနည်းတတ်ကြသည် မဟုတ်လော။

ရ။ ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့ အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ ဆီသို့ မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ ဆီသို့ ငါစေလွှတ်မည်။
သခင်ယေရှု ကသူသွားခြင်းသည် သူတို့အတွက် ကောင်းသည်ဟုဆိုသည်။ အကြောင်းမှာ သူသည်ကိုယ်ခန္ဓာအားဖြင့် သူတို့နှင့် နေလျှင် တနေရာထဲ၌ သာရှိမည်။ ဥပဇဏျယ်ဆရာ တည်းဟူသောသန့်ရှင်းသော ဝိညာဉ်တော် ရောက်လာလျှင် ယုံကြည်သူ တိုင်း ထံ၌ ရှိနိုင်မည်။ ဥပဇဏျယ်ဟူသော စကားသည် ပဠိစကား ဖြစ်၍ ဂရိတ်လို (Paraklētos) ပါရာခလေတော့၊ ကူညီမည့်သူဟု အဓိပ္ပါယ်ရှိသည်။

၈။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင် ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ် ကင်းခြင်းကို၎င်း၊ အပြစ် စီရင်ခြင်းကို၎င်းလောကီသား တို့အား ထင်ရှားစွာ ဘော်ပြမည်။ ၉ ငါ့ကို မယုံကြည် ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။
ဥပဇဏျာယ်ဆရာ တည်းဟူသောသန့်ရှင်းသော ဝိညာဉ်တော်က ပြုလုပ် မည့် အရာများကို သခင်ယေရှုက ကြိုတင် ပြောပြခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆရာဝန်ကဲ့သို့ လုပ်မည်။ ဆရာဝန်သည် လူနာ၏ ရောဂါကို ရှာ၍ ၊ ရောဂါကို မည်ကဲ့ကုသမည်၊ မကုသလျှင် ဘာ ဖြစ်မည်ဟူသောအရာ များကို လူနာအား ပြောပြတတ်သည်။ ထို့နည်းတူ သန့်ရှင်းသော ဝိညာဉ်တော် ကလူများ သူတို့၏ အပြစ်ကို ဖေါ်ပြမည်။ မည်ကဲ့သို့ အပြစ် ကင်း (​ဖြောင့်မတ်) နိုင်မည်၊ အပြစ်ကို မည်ကဲ့သို့ စီရင်မည်ဟူသောအရာ များကို ဖေါ်ပြမည်ဟုဆိုသည်။ သို့သော် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော် လက်ခံသည်ဟုဆိုသော သူများ ကပေါက်ကရအလုပ်များကို လုပ် ကြသည်။ ဝိညာဉ်၌ လဲခြင်း၊ မူးခြင်း၊ ပြေးလွှားခြင်း၊ အတောမသတ်နိုင်အောင် ရီခြင်း၊ တိရစ္ဆာန်ကဲ့သို့ ဟောင်ခြင်း အူခြင်း အသံပြုခြင်းများပြုလုပ် ကြသည်။ ထိုသူများ ကသူတို့ ကဲ့သို့ လက်မခံသော သူများကို၊ သန့်ရှင်းသော ဝိညာဉ်တော် လက်မခံ သူများဟု စွပ်စွဲ ကြသည်။ သူတို့ လက်ခံသော ဝိညာဉ်သည် သန့်ရှင်းသော ဝိညာဉ်တော် မဟုတ်၊ ညစ်ညူးသော နတ်ဆိုး၏ ဝိညာဉ် ဖြစ်သည်။ တမန်တော် များသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝ သောအခါ ရဲရင့်စွာ တရားဟောသည်ဟု သာတွေ့ရသည်။ ယနေ့ ခံယူကြသော၊ လဲခြင်း၊ အမျိုးမျိုးသော အသံပြုခြင်း၊ ရီခြင်းများ မတွေ့ရချေ။

၁၀။ ငါသည် ခမည်းတော် ထံသို့ သွားမည် ဖြစ်၍ ၊ သင်တို့သည် နောက်တဖန် ငါ့ကို မတွေ့မမြင်ရသောကြောင့်၊ အပြစ် ကင်းခြင်းကို ဘော်ပြမည်။
သခင်ယေရှုသည် ခမည်းတော် ထံသို့ ပြန်သွား သောအခါ သူတို့ သာကျန်ရစ်သောကြောင့် အပြစ် ကင်းခြင်းကို ဖေါ်ပြမည်ဟုဆိုသည်။ လူသည် ခေါင်းရှေ့တွင် အပြစ် မလုပ်ရဲ၊ မလုပ်တတ်ကြသော်လည်း၊ နောက်ကွယ်တွင် အပြစ် မျိုးစုံလုပ်တတ်သည် မဟုတ်လော။ ထို့ကြောင့် သူတို့၏ ခေါင်းမရှိတော့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်က ယုံကြည်သူများကို အပြစ် ကင်းဘို့ ဖေါ်ပြမှာ ဖြစ်သည်။

၁၁။ ဤလောကကို အစိုးရသော မင်းသည် အပြစ် စီရင်ခြင်းကို ခံရသောကြောင့် အပြစ် စီရင်ခြင်းကို ဘော်ပြမည်။
ဤလောကကို အစိုးရသော မင်းသည် စာတန် ဖြစ်သည်။ လူသည် စာတန်ကို ကြောက်သောကြောင့် အပြစ် လုပ်တတ် ကြသည်။ သို့သော် စာတန်ကို ဘုရား ကပြစ်စီရင်မှာ ဖြစ်သောကြောင့် ကြောက်စရာ မရှိချေ။ ထိုစာတန်ကို ဘုရားသခင်က အပြစ် စီရမည့် အရာကို သိလျှင် သူ့ကို ကြောက်စရာ မလိုတော့ချေ။

၁၂။ သင်တို့အား ငါပြောစရာ စကား အများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။
သခင်ယေရှု ကတမန်တော် များကို စကားပြောစရာ အများရှိသော်လည်း၊ သူတို့သည် ဝိညာဉ် ပိုင်း၌ နုနယ် သေးသောကြောင့် များများမပြောနိုင်ခြင်း ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း ဝိညာဉ် ပိုင်း၌ ခလေး ဖြစ်နေလျှင် နက်နဲသောအရာ ၊ ကျေခဲသော စကား များကို ပြော၍ မရချေ။ ပြောလျှင်လည်း နည်းမလည်နိုင်သည် သာမကအလွှဲယူခြင်းဖြင့် ပြသနာများတတ်သည်။

၁၃။ သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည်ကိုယ်အလိုအလျောက်ဟောပြောမည် မဟုတ်။ ကြားသမျှ တို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာ တို့ ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။
ခရစ်တော်က ဝိညာဉ်တော်သည် သမ္မာတရားကို သင်တို့အား အကြွင်းမဲ့သွန်သင်ပြသလိမ့်မည်ဟုဆိုသောကြောင့် ဝိညာဉ်တော်သည် ပုဂ္ဂိုလ် ဖြစ်ကြောင်း ထင်ရှားသည်။ အဘယ်ကြောင့်နာမည်ခံ ခရစ်ယာန်များသမ္မာတရား မသိနိုင်သနည်းဟူမူကား ဝိညာဉ်တော် မရရှိသောကြောင့် ဖြစ်သည်။ ဒုတိယမွေးသော ခရစ်ယာန် အများစုလည်း အဘယ်ကြောင့် သမ္မာတရား မသိနိုင်သနည်းဟူမူကား၊ ဝိညာဉ်တော်၏ အုပ်စိုးခြင်းကို လက်မခံသောကြောင့် ဖြစ်သည်။ ထို့အပြင် ကျမ်းစာ မဖတ်ကြသောကြောင့် ဖြစ်သည်။ ဝိညာဉ်တော်သည် အသစ်သောအရာ များ မဟုတ်ဘဲ၊ ကြားသမျှ ဟောပြောမည်ဟုဆိုသည်။ ထိုကြားသမျှ တို့သည် ကျမ်းစာ ထဲ၌ ဖေါ်ပြပြီး ဖြစ်သည်။ ထို့ကြောင့် သမ္မာတရား သိဘို့ရန် ကျမ်းစာကို ဝိညာဉ်တော်၏ အလင်းပေးမှုအားဖြင့် ဖတ်ရှု၊ ဆင်ခြင်ရမည်။

၁၄။ ထိုသူသည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့် စပ်ဆိုင်သောအရာ ကို ယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။ ၁၅ ခမည်းတော်နှင့် စပ်ဆိုင်သမျှသည် ငါနှင့် စပ်ဆိုင်၏။ ထိုကြောင့်ငါနှင့် စပ်ဆိုင်သောအရာ ကို ယူ၍ သင်တို့အား ဘော်ပြလိမ့်မည်ဟု ငါပြော၏။
သန့်ရှင်းသော ဝိညာဉ်တော်၏ အဓိကအလုပ်သည် ခရစ်တော်၏ ဘုန်းကို ထင်ရှားစေဘို့ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်နှင့် ဆိုင်သောအရာ များကို ယုံကြည်သူများအား ဘော်ပြလိမ့်မည်။ ခရစ်တော်နှင့် ခမည်းတော် သည်လည်း စပ်ဆိုင် ကြသည်။ ထို့ကြောင့် ခမည်းတော် ဘုရားနှင့် ခရစ်တော်နှင့် မဆိုင်သော ဝိညာဉ်သည်၊ စာတန်၏ ဝိညာဉ် ဖြစ်၍ ဝေးဝေးမှရှောင်ဘို့ ဖြစ်သည်။

၁၆။ ခဏကြာပြီးမှသင်တို့သည် ငါ့ကို မမြင်ရကြ။ တဖန် ခဏကြာပြီးမှငါ့ကို မြင်ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော် ထံသို့ သွားမည်ဟု မိန့်တော်မူ၏။ ၁ရတပည့်တော် အချို့ကလည်း၊ ခဏကြာပြီးမှသင်တို့သည် ငါ့ကို မမြင်ရကြ။ တဖန် ခဏကြာပြီးမှငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍ ၎င်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော် ထံသို့ သွားမည်ဟူ၍ ၎င်း၊ မိန့်တော်မူသော စကားသည် အဘယ်သို့ နည်း။ ၁၈ ခဏဟူ၍ မိန့်တော်မူသော်အဘယ်သို့ ဆိုလိုသနည်း။ မိန့်တော်မူသော စကားကို အ​ကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်း ပြောဆို ကြ၏။
အဘယ်ကြောင့်ယေရှု ကသူ့တပည့်များ ကခဏကြာပြီးမှသူ့ကို မမြင်ဘဲ၊ ခဏကြာပြီးမှပြန်မြင်ကြမည်နည်းဟူမူကား၊ သူသည် သူ့ခမည်းတော် ထံသို့်သွားမှာ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရာသည် အသေခံ ပြီးမှသုံးရက်သင်္ဂြိုလ်ခြင်းကို ခံချိန်တွင် သူ့ ဝိညာဉ် ကောင်းကင် တက်မည့်အရာကို ဆိုလိုခြင်း ဖြစ်သည်။ ရှင်ပြန်ထမြောက် လာသောအခါ သူ့ကို ပြန်မည်ကြလိမ့်မည်။

၁၉။ တပည့်တော် တို့သည် မေးလျှောက်လိုသည်ကို ယေရှု သိမြင် တော်မူ လျှင်၊ ခဏကြာပြီးမှသင်တို့သည် ငါ့ကို မမြင်ရကြ။ တဖန် ခဏကြာပြီးမှငါ့ကို မြင်ပြန်ကြလိမ့်မည်ဟု ငါပြောသော စကားကို သင်တို့သည် အချင်းချင်းဆင်ခြင်ကြသလော။ ၂၀ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငို​ကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည်။ လောကီသား တို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့ မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။
အဘယ်ကြောင့် တပည့်တော်များငိုကြွေးမြည်တမ်း ချိန်တွင် လောကီသားများဝမ်းမြောက် ကြမည်နည်း။ အကြောင်းမှာ သခင်ယေရှု သေသောကြောင့် တပည့်တော် များသည် ငိုကြွေးမြည်တမ်း၍ လောကီသား များသည် သူ့ကို သတ်နိုင်သောကြောင့် ဝမ်းမြောက် ကြမည့် အရာကို ဆိုလိုသည်။ တပည့်တော် များ၏ ဝမ်းနည်းခြင်းသည် သူရှင်ပြန်ထမြောက် လာသောအခါ ဝမ်းမြောက်ခြင်း သို့ဖြစ်လိမ့်မည်။

၂၁။ မိန်းမသည် သားကို ဘွားစဉ်အခါဘွားရသောအချိန် စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဘွားမြင်ပြီးမှဤလောက၌ လူတယောက်ကို ဘွားမြင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၍ ၊ အထက် ခံရသော ဝေဒနာကို မေ့လျော့ တတ်၏။ ၂၂ ထိုနည်းတူ ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း နောက်တဖန် သင်တို့ကို ငါတွေ့မြင်သဖြင့် သင်တို့သည် စိတ်နှ လုံးဝ မ်းမြောက်ခြင်းရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူ မျှလုယူဖျက်ဆီးခြင်းငှါ မတတ်နိုင်။
သခင်ယေရှု ကသူအသေခံခြင်းကို မိန်းမကသား ဘွားခြင်းနှင့် နှိုင်းယှဉ်ထားသည်။ မိန်းမသည် သားဘွားမည့် အရာကို အလိုရှိသော်လည်း သူခံရမည့် ဝေဒနာကို စဉ်းစားပြီး ဝမ်းနည်းတတ်သည်။ သို့သော် သားဘွားပြီးလျှင် သူခံရသော ဝေဒနာကို မေ့လျော့ တတ်သည်ဟုဆိုသည်။ တပည့်တော် များလည်း သူတို့၏ သခင်အသေခံ ချိန်တွင် ခဏဝမ်းနည်းသော်လည်း၊ ရှင်ပြန်ထမြောက် လာသောအခါ ဝမ်းမြောက်ခြင်းရှိကြမည်ဟုဆိုသည်။ ထိုဝမ်းမြောက်ခြင်းသည် အဘယ်သူ ကမျှလုယူဖျက်ဆီးနိုင်မည် မဟုတ်ဟုဆိုသည်။ တပည့်တော် များ၏ အဓိက သက်သေခံခြင်းသည် သခင်ယေရှု အသက် ရှင်ကြောင်း ဖြစ်၍ (တ ၂:၃၂၊ ၃:၁၅)၊ ထိုအရာကို ယုံကြည် သောကြောင့် ဘာသာရေးခေါင်းဆောင်များကထိုအကြောင်းကို မဟောပြောဘို့ ခြိမ်း​ခြောက်ကြသော်လည်း လုံးဝ မကြောက်ကြတော့ချေ။ သေသည် အထိ ထိုအရာကို ဟောပြော ကြသည်။

၂၃။ ထိုနေ့၌ သင်တို့သည် ငါ့ကို အလျှင်း မမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငါ၏ နာမကို အမှီပြု၍ ခမည်းတော် မှာ ဆုတောင်း သမျှ တို့ကို ခမည်းတော်သည် ပေးတော်မူမည်။ ၂၄ ယခုတိုင်အောင် ငါ၏ နာမကို အမှီပြု၍ သင်တို့သည် အဘယ်ဆုကို မျှမတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာ အကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။
ထိုနေ့၌ ဟူသောအရာသည် ရှင်ပြန်ထမြောက် ပြီးသောအရာ ကို ဆိုသည်။ ရှင်ပြန်ထမြောက်ပြီး သောအခါ တမန်တော် များသည် မေးခွန်းများများမမေးခဲ့ကြတော့ချေ။ ယေရှု ကသူ့နာမနှင့် ဆုတောင်းဘို့ မပြော သေးသောကြောင့် မတောင်းကြခြင်း ဖြစ်သည်။ ထိုအချိန် မှစ၍ သူ့နာမနှင့် ခမည်းတော်ထံ ဆုတောင်းဘို့ သင်ပေးသည်။ ယနေ့ အချို့သော သူများ ကသခင်ယေရှု နာမနှင့် သူ့ထံ၌ ဆုတောင်း ကြသည်။ သခင်ယေရှု သင်ပေးသည် မှာသူ့နာမအားဖြင့် ခမည်းတော် ထံသို့ ဆုတောင်းဘို့ ဖြစ်သည်။ ဆုတောင်းခြင်းသည် ဝမ်းမြောက်စရာ စုံလင်စေဘို့ရန် ဖြစ်သည်ဟုဆိုသည်။ ဘုရား အလိုတော် အတိုင်းများများ ဆုတောင်းသော သူများသည် ဝမ်းမြောက်သော သူများ ဖြစ်သည်။ အကြောင်းမှာ သူတို့ တောင်းသော ဆုများကို ရရှိ ကြသည်။ သို့သော် များစွာသော လူများသည် အဘယ်ကြောင့်ဆုမတောင်းချင် ကြသနည်း။ သူတို့ တောင်းသော ဆုမရှိသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်မရရှိကြသနည်း။ အလိုတော် အတိုင်း မတောင်း၊ သူတို့ ဇာတိအလို ဆန္ဒအတိုင်း သာတောင်းကြသည် (ယာ ၄:၃)။ ဝမ်းမြောက်စရာ စုံလင်မည့် အကြောင်း ယခုမှစ၍ များများ ဆုတောင်း ကြပါစို့။

၂၅။ ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟော မပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာ တို့ကို သင်တို့အား အတိအလင်းဘော်ပြသော အချိန်ကာလ ရောက်လိမ့်မည်။
ပုံဥပမာအားဖြင့် ဟောပြောခြင်းသည် နားမလည် တတ်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် မဟောပြောခြင်းသည် နားလည်သောကြောင့် ဖြစ်သည်။ ဆိုလိုရင်း နားလည်သော သူကို ဥပမာအားဖြင့် ပြောနေစရာ မလိုချေ။ ဝိညာဉ် ပိုင်းရင့်ကျက်လာသောအခါ သမ္မာတရား များကို အလွယ်တကူ နားလည်လာလိမ့်မည်။ အရိပ်ပြလျှင် အကောင်မြင်လာကြလိမ့်မည်။

၂၆။ ထိုကာလ၌ သင်တို့သည် ငါ၏ နာမကို အမှီပြု၍ ဆုတောင်း ကြလိမ့်မည်။ သင်တို့ အဘို့ အလိုငှါ ငါသည် ခမည်းတော်ကို တောင်းမည်ဟု မဆို။ ၂၇ အကြောင်းမူကား၊ သင်တို့သည် ငါ့ကို ချစ်ကြ၍ ၊ ငါသည် ဘုရားသခင် အထံတော် မှကြလာသည်ကို ယုံကြသောကြောင့် ခမည်းတော်သည်ကိုယ်တော်တိုင် သင်တို့ကို ချစ် တော်မူ၏။
ထိုကာလ ဆိုသည်မှာ သခင်ဘုရား အသေခံ၍ ရှင်ပြန်ထမြောက် ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် ပေးသည့်ကာလကို ဆိုလိုသည်။ ထိုအချိန် မှစ၍ ယနေ့ တိုင် ယုံကြည်သူများကသခင်ယေရှု၏ နာမဖြင့် ဆုတောင်း နေကြပြီ။ သခင်ယေရှု ကခမည်းတော်သည် ယုံကြည်သူများကို ချစ် တော်မူ ကြောင်းကို ဖေါ်ပြသည်။ သခင်ယေရှုသည် လူများနှင့် ခမည်းတော် အကြား ပေါင်းကူးပေးသောသူ ဖြစ်သည်။ ခမည်းတော် ကသင်နှင့် ​ကျွန်ုပ်ကို ချစ်ကြောင်း သိလျှင် ကြောက်စရာ မလို၊ ခင်မြင်ရင်းနှီးစွာ မိဿဟာယဖွဲ့ပြီး လိုအပ်သမျှကို တောင်းရှောက်နိုင်သည်။

၂၈။ ငါသည် ခမည်းတော် ထံမှ ထွက်၍ ဤလောကသို့ ကြလာပြီ။ တဖန် ဤလောကမှ ထွက်၍ ခမည်းတော် ထံသို့ သွားဦးမည်ဟု မိန့်တော်မူ၏။
သခင်ဘုရား ကသူသည် ခမည်းတော် ထံမှ လာ၍ ခမည်းတော် ထံပြန်သွားမည့် အရာများကို တပည့်တော်များအား ထပ်မန်၍ ပြောပြန်သည်။

၂၉။ တပည့်တော်တို့ ကလည်း၊ ကိုယ်တော်သည် ယခုတွင် ပုံဥပမာကို မဆောင်ဘဲ အတည့်အလင်းဟော တော်မူ၏။ ၃၀ အလုံးစုံတို့ကို သိတော်မူသည် ကို၎င်း၊ အဘယ်သူ မျှကိုယ်တော်ကို မေးမြန်းစေခြင်းငှါ အလိုတော် မရှိသည်ကို၎င်း၊ ယခုတွင် အ​ကျွန်ုပ်တို့ သိကြပါ၏။ အ​ကျွန်ုပ်တို့သည် ဤအကြောင်းကို ထောက်၍ ကိုယ်တော်သည် ဘုရား သခင့်အထံတော် မှကြလာ တော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏။
ယခုတိုင်သခင်ယေရှု သာလျှင် စကားပြောသော်လည်း ဤနေရာ၌ တပည့်တော်များကလည်း တုံ့ပြန်လာ ကြသည်။ ပုံဥပမာမဆောင်ဘဲ အတည့်အလင်းဟောပြောခြင်း အထက်၌ ဖေါ်ပြ သကဲ့သို့ နားလည်လာခြင်း၊ ရင့်ကျက်လာခြင်းကို ဖေါ်ပြသည်။ တပည့်တော်များကသူသည် ဘုရားသခင် ထံမှ ကြွလာ တော်မူ ကြောင်းကို ယုံပါသည်ဟု ဝန်ခံ ကြသည်။

၃၁။ ယေရှု ကလည်း၊ ယခုတွင် ယုံကြပြီလော။ ၃၂ သင်တို့သည် ကွဲပြား၍ ငါ့ကို တကိုယ်တည်း နေစေခြင်းငှါ စွန့်ပစ်လျက် အသီးအသီးမိမိတို့ နေရာသို့ ပြေးသွားမည်အချိန် ကာလသည် လာ၍ ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည် တကိုယ်တည်း နေသည် မဟုတ်။ ခမည်းတော်သည် ငါနှင့်အတူ ရှိတော်မူ၏။
တပည့်တော်များကသူ့ကို ယုံကြပြီဟုဆိုပြီးမှသူတို့သည် ကွဲပြား၍ သူ့ကို စွန့်ပစ်မည့် အရာကို ဟောသွားသည်။ အဘယ်ကြောင့် စွန့်ပစ်ကြမည်နည်း။ ကြောက်သောကြောင့် ဖြစ်သည်။ ယုံကြည်သူများလည်း ဘုရားကို ယုံကြည်သည်ဟု ဝန်ခံပြီးမှ စိုးရိမ် တတ်ကြသည်။ တပည့်တော် များက စွန့်သော်လည်း သခင်ယေရှု ကသူသည် တကိုယ်တည်း မနေခမည်းတော်သည် သူနှင့်အတူ အမြဲရှိကြောင်း ပြောသည်။ ​ကျွန်ုပ်တို့လည်း ဒုက္ခ ရောက် သောအခါ တယောက် တည်းဟု ထင်တတ်သော်လည်း ထိုအချိန်၌ပင် ဘုရားသည် ငါတို့နှင့်အတူ ရှိကြောင်း သတိရကြစို့။

၃၃။ သင်တို့သည် ငါ့ကို အမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကို ငါဟောပြောပြီ။ သင်တို့သည်လောက၌ ဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ် ကြနှင့်။ ငါသည်လောကကိုအောင် ပြီဟု မိန့်တော်မူ၏။
သခင်ယေရှု ကငြိမ်သက်ခြင်းသည် သူ့ကို အမှီပြုပြီးမှရှိမည်ဟုဆိုသည်။ လူသည် ငွေ အပေါ်၊ အားကိုးရသော လူအပေါ်၊ ကျန်းမာရေးအာမခံ အပေါ်အမှီပြု၍ ငြိမ်သက်တတ်သည်။ ထိုအရာများသည် ပျောက်နိုင်၊ ပြောင်းလဲနိုင်သောကြောင့် အမှီမပြုသင့်ချေ။ ဘယ် သောအခါ၌ မျှ မပြောင်းမလဲကူညီမစနိုင်သော သခင်ယေရှုကို အမှီပြုမှသာလျှင် စစ်မှန်သော ငြိမ်သက်ခြင်းရရှိနိုင်မှာ ဖြစ်သည်။ သခင်ယေရှု ကလောက မှာဆင်းရဲ ဒုက္ခ ခံရမည့် အရာကို ပြောသွားသည်။ လူသည် ဤလောက၌ ကောင်းကင် ကဲ့သို့ နေချင် ကြသည်။ သို့သော် ဤလောကသည် ရန်သူ စာတန် နယ်မြေ ဖြစ်၍ မသိမ်းရသေးချေ။ ထို့ကြောင့် ဤလောက၌ ဇိမ်ခံဘို့ မရည်ရွယ်သင့်ချေ။ ဤလောက၌ ဇိမ်ခံလိုခြင်းသည် ယုံကြည်သူ၏ အမှား ဖြစ်သည်။ ရန်သူနယ်မြေ ဖြစ်၍ စာတန် နှောက်ရှက်ခြင်းကြောင့် ဒုက္ခ ဆင်းရဲခြင်းရှိမည်။ သို့သော် စိုးရိမ်စရာ မလို၊ သခင်ယေရှု ကလောကကိုအောင် ပြီ။ ထို့ကြောင့် သူကို မှီခိုခြင်းအားဖြင့် ငြိမ်သက်ခြင်းရရှိနိုင်သည်။

.

^

ယော ၁ရ

၁။ ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ ကြည့်မျှော်၍ ၊ အိုအဘ၊ အ​ကျွန်ုပ်အချိန် ရောက်ပါပြီ။
သခင်ယေရှု ပင်လျှင် ခမည်းတော် ဘုရားထံ ဆုတောင်းလျှင်၊ ​ကျွန်ုပ်တို့ ယုံကြည်သူများသည် သာ၍ ဆုတောင်း သင့်သည်။

၂။ ကိုယ်တော်သည် သားတော် လက်သို့ အပ် ပေးတော်မူ သမျှသော သူတို့အား ထာဝရ အသက်ကို ပေးစေခြင်းငှါ၊ လူမျိုး အပေါင်းတို့ကို အစိုးရသော အခွင့်တန်ခိုးကို သားတော် အားပေးတော်မူသည် နှင့် အညီ၊ သားတော်သည်ကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ ဘုန်းကို ထင်ရှားစေ တော်မူပါ။
ခရစ်တော်၏ ဆုတောင်း ချက်အရ လူသားများကို သူ့ထံသို့ ခမည်းတော် ကအပ်ပေးကြောင်း သိရသည်။ ထိုသို့ အပ်ပေးသော သူများ ကိုလည်း ထာဝရ အသက် ပေးသည်။ ထာဝရ အသက်သည်ကိုယ်တိုင်လုပ်ယူ၍ မရပါ။ သားတော် ကပေးမှသာလျှင် ရနိုင်သည်။ လူမျိုး အပေါင်းတို့ကို အစိုးရသော အခွင့်တန်ခိုးကို သားတော် အားပေးတော်မူသည်ဟုဆိုသော်လည်း၊ ယနေ့ တိုင်သားတော်သည် အစိုးမရသေးချေ။ ထိုအခွင့်သည် အနှစ်တစ်ထောင်အုပ်စိုး သောအခါ၌ ပြည့်စုံမည့် အရာ ဖြစ်သည်။ သားတော် ကခမည်းတော်၏ ဘုန်းကိုလောက၌ လူသားများထံထင်ရှား စေခဲ့သည်။ အံ့ဩဘွယ်နိမိတ်လက္ခဏာများ ပြုလုပ်ခြင်းဖြင့် ထင်ရှား စေခဲ့သည်။ ထိုကြောင့်သားတော် ကလူနာများ ကျန်းမာစေ၍ လူသေများ ထမြောက် စေ သောအခါ တိုင်း လူများ ကခမည်းတော် ဘုရားကို ချီးမွမ်းတတ်ကြခြင်း ဖြစ်သည်။ ယခုသားတော်၏ ဘုန်းကိုလည်း ထင်ရှားစေဘို့ ဆုတောင်းသည်။

၃။ ထာဝရ အသက် ဟူမူကား၊ မှန်သော ဘုရားသခင် တဆူတည်း ဖြစ်တော်မူသောကိုယ်တော်ကို၎င်း၊ စေလွှတ် တော်မူသော ယေရှုခရစ် ကို၎င်း၊ သိ​ကျွမ်းခြင်း တည်း။
သခင်ယေရှုက၊ ထာဝရ အသက်သည် တဆူတည်းသော ဘုရားနှင့် စေလွှတ် တော်မူသော ယေရှုခရစ် ကကို သိ​ကျွမ်းခြင်း ဖြစ်သည်ဟုဆိုသည်။ ထိုသို့ ဘုရားကို သိ​ကျွမ်းလျှင် သူလုပ်ဆောင်သောအရာ ၊ ပေးသောအရာ ကို လက်ခံယုံကြည်ခြင်းဖြင့် ထာဝရ အသက် ရမှာ ဖြစ်သည်။

၄။ အ​ကျွန်ုပ်သည် မြေကြီး ပေါ်မှာကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါပြီ။ အ​ကျွန်ုပ်ဆောင်ရွက်စရာဘို့ အ​ကျွန်ုပ်၌ အပ် ပေးတော်မူ သော အမှုကို အ​ကျွန်ုပ်ဆောင်ရွက်၍ ပြီး ပါပြီ။
သခင်ယေရှု ကမြေကြီး ပေါ်၌ ခမည်းတော်၏ ဘုန်းကို အံ့ဩဘွယ်နိမိတ်လက္ခဏာများ ပြခြင်း ဖြစ်၎င်း၊ ခမည်းတော်၏ အလိုတော်နှင့် စကား လုံးဝ နားထောင်ခြင်း ဖြင့်၎င်း၊ ထင်ရှား စေခဲ့ပြီး ဖြစ်သည်။ ယုံကြည်သူများကလည်း မ ယုံကြည်သူများကဘုရားကို သိရှိနိုင်ဘို့ အလိုငှါ စကား နားထောင်ခြင်းအားဖြင့် ဘုန်းထင်ရှားစေရမည်။ သားတော် ကသူသည် အပ် ပေးတော်မူ သောအမှု များကို ဆောင်ရွက်ပြီဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း ဆောင်ရွက်စရာများဆောင်ရွက်ခဲ့ကြပြီး ပြီလော။

၅။ အိုအဘ၊ ဤကမ္ဘာမတည်မရှိမီအထံတော်၌ အ​ကျွန်ုပ်ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း အ​ကျွန်ုပ်ကို အထံတော်၌ ချီးမြှောက် တော်မူပါ။
သခင်ယေရှုသည် ကောင်းကင်၌ နေခဲ့စဉ်၌ ဘုရား ဘုန်းအသရေရှိခဲ့သည်။ ဤလောကသို့ ဆင်းသက် သောအခါ ထိုဘုန်းအသရေများကို ထားခဲ့သည်။

၆။ ဤလောက ထဲမှယူ၍ အ​ကျွန်ုပ်၌ အပ် ပေးတော်မူ သော သူတို့အား အ​ကျွန်ုပ်သည်ကိုယ်တော်၏ နာမကို ပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည် ပိုင် တော်မူ သဖြင့် အ​ကျွန်ုပ် အားပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို သူတို့သည် စောင့်ကြပါ၏။
ယုံကြည်သူများသည် ဤလောက ထဲ၌ နေခဲ့ ကြသည်။ သူတို့ကို ခမည်းတော် ကယူ၍ သားတော်ကို အပ်ခဲ့သည်။ သင်လည်း ယုံကြည်သူ ဖြစ်လျှင် ခမည်းတော် ကသား တော် ထံအပ်ထားသောသူ ဖြစ်ကြောင်း သိသင့်သည်။ သခင်ယေရှု ကပြမှသာလျှင် လူသည် ခမည်းတော်ကို သိနိုင်သည်။ ထိုသူများကို ခမည်းတော်နှင့် သားတော် ကပိုင် တော်မူသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်လည်း စောင့်ကြသည်ဟု သခင်ယေရှု ကဆိုသည်။ သင်သည် နှုတ်ကပတ်တော်ကို စောင့်ပါသလား။

ရ။ အ​ကျွန်ုပ် အားပေးတော်မူ သမျှ တို့သည်ကိုယ်တော်မှ ဖြစ်ကြောင်းကို သူတို့သည် ယခုသိကြပါ၏။

၈။ အကြောင်းမူကား၊ အ​ကျွန်ုပ် အားပေးတော်မူ သမျှသောအရာ တို့ကို သူတို့အား အ​ကျွန်ုပ်ပေး၍ သူတို့သည် ခံယူသဖြင့်၊ အ​ကျွန်ုပ်သည် အထံတော် မှကြလာသည်ကို အတတ်သိကြသည်နှင့်ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ် တော်မူသည်ကို ယုံကြပါ၏။
အ​ကျွန်ုပ်် အားပေးတော်မူ သမျှ ဆိုသည်မှာ နှုတ်ကပတ်တော်နှင့် သူ၏ လုပ်ဆောင်မှု များကို ဆိုလိုသည်။ ခရစ်တော်သည် ခမည်းတော် ထံမှ ရသော နှုတ်ကပတ်တော်ကို ယုံကြည်သူများထံပေးခြင်းဖြင့် ယုံကြည်သူများက ခရစ်တော်သည် ခမည်းတော် စေလွှတ် တော်မူသောသူ ဖြစ်ကြောင်း သိရသည်ဟုဆိုသည်။ ဤအရာ၌ ယုံကြည်သူများအတွက် အထူးအဆန်း မဟုတ်သော်လည်း သူ့ကို မ ယုံကြည်သူများအတွက် လက်မခံနိုင်ကြချေ။ ထို့ကြောင့် ယုဒလူများ ကသူ့ကို နားမလည် နိုင်ကြခြင်း ဖြစ်သည်။

၉။ သူတို့ အဘို့ အလိုငှါ အ​ကျွန်ုပ် ဆုတောင်း ပါ၏။ လောကီသားတို့ အဘို့ အလိုငှါ ဆုတောင်းသည် မဟုတ်ပါ။ အ​ကျွန်ုပ် အားပေးတော်မူသော သူတို့သည်ကိုယ်တော်၏ လူဖြစ်သောကြောင့်၊ ထိုသူတို့ အဘို့ အလိုငှါ ဆုတောင်း ပါ၏။
ခရစ်တော် ကလောကီသားများအတွက် ဆုမတောင်း၊ ယုံကြည်သူများအတွက် သာလျှင် ဆုတောင်းသည်ဟုဆိုသည်။ အကြောင်းမှာ ယုံကြည်သူများသည်ကိုယ်တော်၏ လူဖြစ်ကြသောကြောင့် ဖြစ်သည်။

၁၀။ အ​ကျွန်ုပ်နှင့် စပ်ဆိုင်သောအရာ ရှိသမျှ တို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့် စပ်ဆိုင်သောအရာ ရှိသမျှတို့ သည်လည်း အ​ကျွန်ုပ်နှင့် စပ်ဆိုင်၍ ၊ ထိုအရာတို့ အားဖြင့် အ​ကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။
သားတော်သည် ခမည်းတော်နှင့် စပ်ဆိုင်သောကြောင့် သားတော်နှင့် စပ်ဆိုင်သမျှ တို့သည် ခမည်းတော် နှင့်လည်း စပ်ဆိုင်သည်။ ခမည်းတော်နှင့် စပ်ဆိုင်သမျှ တို့လည်း သားတော်နှင့် စပ်ဆိုင်သည်။ ဤအရာ၌ အထူးတလည်ထူးခြားမှု မရှိပါ။ သားနှင့် အဘသည် ဆိုင်ကြသောကြောင့် သူတို့နှင့် ဆိုင်သမျှသည်အတူ တူပင် ဖြစ်သည်။

၁၁။ ယခုမှစ၍ အ​ကျွန်ုပ်သည် ဤလောက၌ မရှိပါ၊ ဤသူတို့ မူကား၊ ဤလောက၌ ရှိရစ်ရကြပါမည်။ အ​ကျွန်ုပ်သည်ကိုယ်တော် ထံသို့ သွားရပါမည်။ သန့်ရှင်း တော်မူသော အဘ၊ ကိုယ်တော်နှင့် အ​ကျွန်ုပ်သည် တလုံးတဝတည်း ဖြစ်သကဲ့သို့ အ​ကျွန်ုပ် အားပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌ တည်စေ တော်မူပါ။
ဤစကား ပြောချိန်တွင် သခင်ယေရှုသည် ဤလောက မှခွဲခွါမည့်အချိန် နီးပြီ။ ကောင်းကင် မတက်မှီ၊ အသေမခံမှီ ယုံကြည်သူများအတွက် ဆုတောင်း ပေးသောအရာ ဖြစ်သည်။ ခမည်းတော်ကို သန့်ရှင်း တော်မူသော အဘဟု ခေါ်သည်။ ခမည်းတော်နှင့် သားတော်သည် တလုံးတဝတည်း ဖြစ်သည်။ တလုံးတဝတည်း ဆိုသည်မှာ၊ တ သဘော ထဲ၊ အမြင် တူ၊ အကြံတူ၊ အကြိုက်တူခြင်း ဖြစ်သည်။ လူသားများမူကား တယောက် တမျိုးစီ ဖြစ်ကြသည်။ ထို့ကြောင့် မကျေနပ်ခြင်း၊ အတင်း ပြောခြင်း၊ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်း၊ ကွဲပြားခြင်း ဖြစ်ကြသည်။ ယုံကြည်သူများလည်း ဘုရားနှင့် တလုံးတဝ တည်း ဖြစ်ဘို့ လိုသည်။ သို့မှသာ မည်မျှပင် ရှိရှိညီညွတ်နိုင်မှာ ဖြစ်သည်။

၁၂။ အ​ကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့် တကွရှိစဉ်ကာလ၊ သူတို့ကို ကိုယ်တော်၏ နာမ၌ တည်စေပါပြီ။ အ​ကျွန်ုပ် အားပေးတော်မူသော သူတို့ကို အ​ကျွန်ုပ်စောင့်မပါပြီ။ ထိုသူတို့တွင် ပျက်ဆီးခြင်း၏သား တယောက် မှတပါး၊ အဘယ်သူ မှပျက်ဆီးခြင်းသို့ မရောက်ပါ။ ထိုသူသည် ပျက်ဆီးခြင်းသို့ ရောက်သည် အကြောင်းကား၊ ကျမ်းစာ ပြည့်စုံမည်အကြောင်း တည်း။
သခင်ယေရှု ကသူ၏ ခမည်းတော် ထံဤလောက၌ သူ့ကို တာဝန် ပေးအပ်ထားသောအရာ များ အောင်မြင်ပြီး မြောက်ကြောင်းကို သတင်း ပို့နေခြင်း ဖြစ်သည်။ သူ၏ တာဝန် မှတပည့်တော် များကို ခမည်းတော်၏ နာမ၌ တည်စေဘို့နှင့် စောင့်မဘို့ ဖြစ်သည်။ သူသည် တာဝန် ကျေပြွန်စွာ ထမ်းဆောင်ခဲ့သည်။ ​ကျွန်ုပ်တို့လည်း ဘုရား ပေးထားသော တာဝန် များကို ကျေပြွန်ဘို့ လိုသည်။ သို့သော် များသော အားဖြင့် တာဝန် ကျေပြွန်ဘို့ထက် တာဝန် ပင်လျှင် လုံးဝ မထမ်းဆောင်ကြချေ။ အကြောင်းမှာ ကိုယ့် အလိုဆန္ဒလိုက်ဘို့ သာလျှင် လုပ် ကြသည်။ ခရစ်တော် ကပျက်ဆီးခြင်း၏သား တည်းဟူသောယုဒရုကာရုတ်သာလျှင် ပျက်ဆီးကြောင်း ပြောထားသည်။ သူ သည်လည်း ကျမ်းစာ ပြည့်စုံမည့် အကြောင်းဟုဆိုသည်။ ထိုကျမ်းစာသည်၊ “အကယ်စင်စစ်ငါယုံ၍ ငါ့မုန့်ကို စားသော အဆွေခင်ပွန်းသည် ငါ့ကို ​ခြေနှင့် ကျောက်သတည်း၊ ၊ ” (ဆာ ၄၁:၉)

၁၃။ ယခုတွင် အ​ကျွန်ုပ်သည်ကိုယ်တော် ထံသို့ သွားရမည် ဖြစ်၍ ၊ ဤသူတို့သည် အ​ကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်း နှင့် ပြည့်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အ​ကျွန်ုပ်ပြောပါ၏။
ခရစ်တော်က ယုံကြည်သူများ၏ ဝမ်းမြောက်ခြင်းသည် သူ့ကို အမှီပြုသဖြင့် ဖြစ်ရမည်ဟုဆိုသည်။ အဘယ်ကြောင့် ယုံကြည်သူများဝမ်းမြောက်ခြင်း မရှိ၊ ကုန်ဆုံးတတ်သနည်းဟူမူကား ခရစ်တော်၌ ဝမ်းခြင်း မဟုတ်ဘဲ၊ လောက အောင်မြင် မှု၊ ဥစ္စာပစ္စည်းရရှိမှု၊ လူအပေါ်၌ ဝမ်းမြောက် တတ်ကြသောကြောင့် ဖြစ်သည်။ ယခုမှစ၍ မပြောင်းလဲသော ခရစ်တော်၌ ဝမ်းမြောက် ကြစို့။ မည်ကဲ့သို့ ခရစ်တော်၌ ဝမ်းမြောက် ရမည်နည်း။ ခရစ်တော် ရှိလျှင် အရာခပ်သိမ်းရှိပြီ။ သူရှိလျှင် ကြောက်စရာ၊ စိုးရိမ် စရာ၊ ဝမ်းနည်းစရာ မရှိချေ။

၁၄။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို ဤသူတို့အား အ​ကျွန်ုပ်ပေးပါပြီ။ အ​ကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံ သကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့် လောကီသား တို့သည် ဤသူတို့ကို မုန်းကြပါ၏။
ခရစ်တော် ကတပည့်တော်များအား နှုတ်ကပတ်တော် ပေးပြီဟုဆိုသည်။ ကျွန်ုပ်တို့ နှုတ်ကပတ်တော် ရရှိကြပါသလား။ ခရစ်တော် ကသူသည်လောကနှင့် မဆက်ဆံ သကဲ့သို့ ယုံကြည်သူများလည်း မဆက်ဆံဟုဆိုသည်။ ထိုအရာသည် ကျွန်ုပ်တို့၏ အသက်တာ၌ မှန်ပါသလား။ ဤလောကနှင့် ဆက်ဆံနေပါသေးသလား။

၁၅။ ဤသူတို့ကို ဤလောက မှနှုတ်ယူ တော်မူ မည်အကြောင်း အ​ကျွန်ုပ်တောင်းသည် မဟုတ်ပါ။ မကောင်းသော အမှုအရာ နှင့် ကင်းလွတ် စေခြင်ငှါ စောင့်မ တော်မူ မည်အကြောင်းကို သာတောင်းပါ၏။
အဘယ်ကြောင့် ယုံကြည်သူများကို ဤလောက မှနှုတ်ယူဘို့ မတောင်းပေးသနည်း။ ထိုသို့ နှုတ်ယူသွားလျှင် မည်သူက သက်သေခံတော့မည်နည်း။ ယုံကြည်သူများသည် ဒုက္ခ ဆင်းရဲ ရှိသော်လည်း ဤလောက၌ နေဘို့ လိုသည်။ ဤလောကသည် မကောင်းသောကြောင့် ထိုအထဲမှစောင့်မဘို့ရန် သာတောင်းလျှောက်ပေးသည်။

၁၆။ အ​ကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံ သကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။
ခရစ်တော်က ယုံကြည်သူများသည် ဤလောကနှင့် မဆက်ဆံပါဟု စိတ်ချစွာ ဆုတောင်း ပေးသည်။ ကျွန်ုပ်တို့သည် ခရစ်တော် ကစိတ်ချစွာ တောင်းပေး သကဲ့သို့ဖြစ်ကြပါသလား။

၁ရ။ ကိုယ်တော်၏ သမ္မာတရား အားဖြင့် သူတို့ကို သန့်ရှင်းစေ တော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရား ဖြစ်ပါ၏။ ယုံကြည်သူများ၏ အသက်တာ သန့်ရှင်းခြင်းသည် သမ္မာတရားအားဖြင့် သာလျှင် ဖြစ်နိုင်သည်။ လူ့စည်းကမ်း၊ ကြိုးစားအား ထုတ်ခြင်း၊ အပြစ် ချုပ်တည်းခြင်းအားဖြင့် မဟုတ်။ ထိုနှုတ်ကပတ်တော်သည် သမ္မာတရား ပင် ဖြစ်သည်။

၁၈။ ကိုယ်တော်သည် အ​ကျွန်ုပ်ကို ဤလောကသို့ စေလွှတ် တော်မူသည် နည်းတူ ၊ အ​ကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။
သခင်ယေရှု ပင်လျှင် ကောင်းကင်ဘုံမှ ဤလောကသို့ စေလွှတ်ခြင်း ခံရလျှင်၊ သခင်ယေရှုက ယုံကြည်သူများကို ဤလောကသို့ စေလွှတ်ခြင်းသည် လုံးဝ မခက်ခဲသင့်ချေ။ သို့သော် ယုံကြည်သူ အများစုသည် လုံးဝ စေလွှတ်ခြင်းကို မခံလိုကြခြင်းသည် အလွန် ပင်အံ့ဩ စရာ၊ ဝမ်းနည်းစရာ၊ ရှက်စရာ ဖြစ်သည်။ ယုံကြည်သူများကို စေလွှတ် သောအခါ အကျိုးမပေးဘဲ လုံးဝ မနေ၊ လောက ကောင်းကြီးနှင့် နောင်ကာလ၌ ထာဝရ ကောင်းကြီးများကစောင့်ကြိုနေသည်။

၁၉။ သမ္မာတရား အားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အ​ကျွန်ုပ်သည် သူတို့ အဘို့ အလိုငှါကိုယ်ကို သန့်ရှင်းစေပါ၏။
ညစ်ညူးခြင်း သည်လောက အရာ၊ မုသာတရားအားဖြင့် ဖြစ်သည်။ လူကို သန့်ရှင်းစေနိုင်သောအရာသည် သမ္မာတရား ဖြစ်သည်။ ထိုသို့ သမ္မာတရားအားဖြင့် သန့်ရှင်းစေနိုင်ရန် ခရစ်တော်သည် သူ့ကိုယ်သူ သန့်ရှင်းစေပြီ။ မည်ကဲ့သို့ သန့်ရှင်းစေသနည်း။ လောကနှင့် မပေါင်းဖေါ်ခြင်းအားဖြင့် ဖြစ်သည်။

၂၀။ ထိုသူတို့ အဘို့ကို သာအ​ကျွန်ုပ် ဆုတောင်းသည် မဟုတ်ပါ။ သူတို့ ဟောပြောခြင်း အားဖြင့် အ​ကျွန်ုပ်ကို ယုံကြည်သော သူတို့ အဘို့ ကိုလည်း ဆုတောင်း ပါ၏။
သခင်ယေရှု ကလောက သားများအတွက် ဆုမတောင်းသော်လည်း၊ တမန်တော်များ၊ ယုံကြည်သူများနှင့် သူတို့ ဟောပြောခြင်းအားဖြင့် ယုံကြည် လာမည့်သူများတိုင်အောင် ကြို၍ ဆုတောင်း ပေးသည်။ ထို့ကြောင့် သင်နှင့် ​ကျွန်ုပ်အတွက်လည်း သခင်ယေရှုက ဆုတောင်း ခဲ့ပြီး ဖြစ်သည်။ မည်မျှဂုဏ်ယူ ဝမ်းမြောက်စရာ ဖြစ်သနည်း။

၂၁။ ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ် တော်မူသည် ကိုလောကီသား တို့သည် ယုံကြမည်အကြောင်း၊ ထိုသူ အပေါင်းတို့သည် တလုံးတဝတည်း ဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အ​ကျွန်ုပ်၌ ရှိတော်မူ၍ အ​ကျွန်ုပ် သည်လည်းကိုယ်တော်၌ ရှိသကဲ့သို့၊ ထိုသူ အပေါင်းတို့သည် ငါတို့၌ တလုံးတဝတည်း ဖြစ်စေခြင်းငှါ ဆုတောင်း ပါ၏။
ခရစ်တော်နှင့် ခမည်းတော်သည် တလုံးတဝတည်း ဖြစ်သည်ဟုဆိုသည်။ တလုံးတဝတည်း ဆိုသည်မှ သဘော ထားတူညီခြင်း၊ ရည်ရွယ်ချက်မှစ၍ ခံစားချက်အစစအရာရာ တူညီခြင်း ဖြစ်သည်။ လူသားများမူကား အလွန် ချစ်ပြီး ယူကြသော လင်မယားလည်း နောက်ပိုင်းမှာကွဲပြား တတ်ကြသည်။ မောင်နှမ များလည်း တခြားစီ ဖြစ်တတ် ကြသည်။ မိသားစုမှစ၍ အသင်းတော် အတွင်း ၌လည်း ဆန့်ကျင် ဘက် ဖြစ်တတ်ကြသောကြောင့် မလိုအပ်ဘဲ ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း၊ ကွဲကွာခြင်းများဖြင့် နိဂုံးချုပ်တတ်သည်။ ခမည်းတော်နှင့် သားတော် ဘုရား တို့သည် တလုံးတဝတည်း ဖြစ်သကဲ့သို့ ယုံကြည်သူများလည်း တလုံးတဝတည်း ဖြစ်စေချင်သည်။ ထိုသို့ဖြစ်နိုင် ရန်ကိုယ့် အလိုဆန္ဒကို ပယ်၍ ဘုရား၏ အလိုတော်ကို သာ လက်ခံဘို့ ဖြစ်သည်။ သို့မှသာ ဘုရားနှင့် ဆိုင်သော သူများ ဖြစ်ကြောင်း ထင်ရှားမှာ ဖြစ်သည်။

၂၂။ ငါတို့သည် တလုံးတဝတည်း ဖြစ်သကဲ့သို့ အ​ကျွန်ုပ်သည် သူတို့၌ ရှိ၍ ၊ ၂၃ကိုယ်တော် သည်လည်း အ​ကျွန်ုပ်၌ ရှိတော်မူသော အားဖြင့် သူတို့သည် တလုံးတဝတည်း ဖြစ်၍ ၊ တလုံးတဝတည်း၌ စုံလင်စေခြင်း ငှါ၎င်း၊ ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ် တော်မူ ကြောင်းနှင့် အ​ကျွန်ုပ်ကို ချစ် တော်မူ သကဲ့သို့ သူတို့ ကိုလည်း ချစ် တော်မူ ကြောင်းကိုလောကီသား တို့သည် သိစေခြင်း ငှါ၎င်း၊ ကိုယ်တော်သည် အ​ကျွန်ုပ် အားပေးတော်မူသော ဘုန်းအသရေကို အ​ကျွန်ုပ်သည် သူတို့ အားပေးပါပြီ။
တဖန် ခရစ်တော် ကသူနှင့် ခမည်းတော်သည် တလုံးတဝတည်း ဖြစ်ခြင်းကို ဆက်ပြောသည်။ သူတို့ သာလျှင် မဟုတ်၊ ယုံကြည်သူများလည်း တလုံးတဝတည်း ဖြစ်ခြင်းဖြင့် စုံလင်မည်ဟုဆိုသည်။ တလုံးတဝ တည်းသည်၊ အမြင်၊ အကြံအစည်၊ အကျင့်၊ အပြုမူများ တူညီခြင်း ဖြစ်သည်။ လူသည် ဘုရားနှင့် တလုံးတဝ တည်း ဖြစ်လျှင် မည်မျှကောင်းမွန်၍ သာယာမည်နည်း။ ဘုရားနှင့် တလုံးတဝ တည်း ဖြစ်သော သူသည် စုံလင်သောသူ ဖြစ်သည်။ ခမည်းတော်နှင့် သားတော် ဘုရား တို့သည် တဦးနှင့် တဦးအလွန် ချစ် ကြသည်။ ထို့နည်းတူ ယုံကြည်သူများလည်း ဘုရားနှင့် ၎င်း၊ အချင်းချင်း အကြား၌ ၎င်း၊ ချစ်ခြင်းမေတ္တာရှိရမည်။ ခရစ်တော် ကသူသည် ခမည်းတော် ကစေလွှတ် တော်မူ ကြောင်း၊ သူ့ သဘောနှင့် မလာကြောင်း ကိုလည်း လောက သားများသိစေချင်သည်။ ယုဒလူများ၏ ပြသနာ မှာ ခရစ်တော်ကို ခမည်းတော် ဘုရား ကစေလွှတ် တော်မူခြင်းကို မသိ၊ လက်မခံခြင်း ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း ထိုအရာကို မသိလျှင် ခရစ်တော်သည် တန်ဘိုး မရှိ၊ အကျိုးလည်းရမည် မဟုတ်။ ခရစ်တော် ကခမည်းတော် ပေးသော ဘုန်းကို တပည့်တော်များထံပြပြီဟုဆိုသည်။ မည်သို့ ပြတော်မူ သနည်း။ သူ့လုပ်ဆောင်ချက်၊ အံ့ဘွယ်နိမိတ်လက္ခဏာများ ပြခြင်းဖြင့် ပြခဲ့ပြီ။

၂၄။ အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီအ​ကျွန်ုပ်ကို ချစ်၍ အ​ကျွန်ုပ် အားပေးတော်မူသော ဘုန်းတော်ကို အ​ကျွန်ုပ် အားပေးတော်မူသော သူတို့သည် ရှုမြင်ရမည်အကြောင်း၊ အ​ကျွန်ုပ်ရှိရာအရပ်၌ အ​ကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှါ အ​ကျွန်ုပ်အလိုရှိပါ၏။
ခရစ်တော် ကသူ့ကို ခမည်းတော် ကကမ္ဘာမတည်မရှိမှီကတည်း ကသူ့ကို ချစ်၍ ဘုန်းကိုလည်း ပေးထားပြီဟုဆိုသည်။ ထိုဘုန်းကို တပည့်တော်များကရှုမြင်ဘို့ရန် ခမည်းတော်သည် သူနှင့်အတူ ရှိစေချင်သည်။

၂၅။ တရား တော်မူသော အဘ၊ လောကီသား တို့သည်ကိုယ်တော်ကို မသိသော်လည်း အ​ကျွန်ုပ်သိပါ၏။ လောကီသားများကခမည်းတော် ဘုရားကို မသိကြသောကြောင့်၊ မတရားစွပ်စွဲ ကြသည်။ သို့သော် သားတော် ကသူ့ကို သိနေသည်။ ခမည်းတော်သည် မတရားသော အမှုကို ပြုတော် မမူပါ။ လူများ ကခမည်းတော် ဘုရားသည် လူများကို သေစေသောကြောင့် မတရားဟုဆို ကြသည်။ အပြစ် သားများသေခြင်းသည် ဘုရား စကား နားမထောင်သောကြောင့် ဖြစ်သည်။ ဘုရား၏ အပြစ် မဟုတ်ချေ။

၂၆။ ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ် တော်မူ ကြောင်းကို ထိုသူတို့သည် သိကြပါ၏။ ကိုယ်တော်သည် အ​ကျွန်ုပ်ကို ချစ် တော်မူသော မေတ္တာသည် သူတို့၌ ရှိစေခြင်း ငှါ၎င်း၊ အ​ကျွန်ုပ်သည် သူတို့၌ ရှိစေခြင်း ငှါ၎င်း၊ ကိုယ်တော်၏ နာမကို အ​ကျွန်ုပ်သည် သူတို့အား ပြညွှန်ပါပြီ ဖြစ်၍ အစဉ်ပြညွှန်ပါမည်ဟု မိန့်မြွက် တော်မူ၏။
ခရစ်တော်ကို ခမည်းတော် ကစေလွှတ် တော်မူကြောင်း သိသော သူတို့သည်လောကီသားများမဟုတ်၊ တပည့််တော်များသာလျှင် ဖြစ်သည်။ တပည့်တော်များ၌ကိုယ်တော်၏ ချစ်ခြင်းမေတ္တာရှိခြင်းသည် ခရစ်တော်၏ အလိုတော် ဖြစ်သည်။ သင်၌ ဘုရား၏ ချစ်ခြင်းမေတ္တာရှိပါသလား။ ထိုအပြင် ခရစ်တော်သည် တပည့်တော် တို့၌ အစဉ်ရှိ နေကြောင်း သိစေချင်သည်။ ခရစ်တော် ကခမည်းတော်၏ နာမကို တပည့်တော်များထံပြညွှန်၍ အစဉ်လည်း ပြညွှန်ပါမည်ဟုဆိုသွားသည်။ ယုံကြည်သူများ၏ တာဝန် သည်လည်း ဘုရား၏ နာမကို လူတိုင်း သိစေဘို့ရန် ဖြစ်သည်။ ဘုရား၏ နာမလူများ ကသိစေဘို့ရန်၊ ဝိညာဉ်တော် ဦးဆောင်ပြီး နှုတ်အားဖြင့် ပြောပြရမည်။ အသက်တာအားဖြင့်လည်း ပြဘို့ လိုသည်။

.

^

ယော ၁၈

၁။ ထိုသို့ မိန့်မြွှက် တော်မူပြီးမှ ယေရှုသည် တပည့်တော် တို့နှင့်အတူ ကေ​ြဒုန်ချောင်းတဘက်သို့ ကြွ၍ ၊ ထိုအရပ်၌ ရှိသော ဥယျာဉ်သို့ ဝင် တော်မူ၏။ ၂ ထိုအရပ်သို့ ယေရှုသည် တပည့်တော် တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကို သိသည် ဖြစ်၍ ၊ ၃ စစ်သူရဲတတပ်ကို၎င်း၊ ယဇ်ပုရောဟိတ် အကြီး တို့နှင့် ဖာရိရှဲတို့ စေလွှတ်သော မင်းလုလင်တို့ကို၎င်းခေါ်ခဲ့၍ ၊ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကို လက်စွဲလျက် လာကြ၏။
ကေ​ဒြုန်ချောင်းသည် ယေရုရှလင် ဗိမာန်တော်နှင့် သံလွင်တောင် အကြားတွင် ရှိသည်။ ထိုချောင်းဖြတ်၍ ဂေသရှေမန်ဥယာဉ်၌ ယေရှုနှင့် တပည့်တော် များသည် ဆုတောင်း တတ်သည်။

၄။ ယေရှုသည်ကိုယ်၌ ဖြစ်လတံ့သမျှသော အမှုအရာ တို့ကို သိတော်မူ လျက်၊ လာသော သူတို့ ဆီသို့ သွား၍ အဘယ်သူကို ရှာကြသနည်းဟု မေးတော်မူ၏။
သခင်ယေရှုသည် ဘုရား ဖြစ်သောကြောင့် သူ၌ ဖြစ်လတံ့သော အမှုအရာ အားလုံးကို သိတော်မူသောကြောင့် အေးဆေးစွာဖြင့် အဘယ်သူကို ရှာသနည်းဟု မေးနိုင်ခြင်း ဖြစ်သည်။ သူ၌ ကြောက်ရွံ့ခြင်း မရှိချေ။ ဝိညာဉ်တော် ကအုပ်စိုးသော သူတိုင်း ဒုက္ခ ပြသနာကို ကြောက်ရွံ့ခြင်း မရှိဘဲ ရင်ဆိုင်နိုင် ကြသည်။ ပေတရုနှင့် ယောဟန်တို့လည်း လူအကြီး အကဲများ ကစစ်ဆေးမေးမြန်းကြ သောအခါ လုံးဝ မကြောက်ကြချေ (တ ၄)။ ပေါလုလည်း သူ့ကို ဖမ်းမည်ဟု သိရသော်လည်း ယေရုရှလင် မြို့သို့ တားဆီး၍ မရဘဲ အရောက်သွားခဲ့သည် (တ ၂၁)။

၅။ နာဇရက်မြို့သား ယေရှုကို ရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည် ထိုသူ ဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ် သည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။
အခြားသော အချိန်များ၌ ယေရှုသည် သူ့ကို ဖမ်းဘို့ရန် ကြိုးစား ကြ သောအခါ၊ ရှောင်သွားတတ်သည်။ အကြောင်းမှာ သူ၏အချိန် မကျရောက် သေးသောကြောင့် ဖြစ်သည်။ ယခုမူမရှောင်တော့ဘဲ အဖမ်းခံသည်။

၆။ ငါသည် ထိုသူ ဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့ လှန်၍ မြေပေါ်၌ လဲကြ၏။
ယေရှု ကငါသည် ထိုသူ ဖြစ်၏ဟုဆို သောအခါ သူ့ကို ဖမ်းမည့်သူ များသည် နောက်သို့ လှန်၍ မြေပေါ်၌ လဲ ကြသည်။ ထိုသူများသည် ယေရှု၏ လူများ မဟုတ်၊ ရန် သူများ ဖြစ်သည်။ ယခုခေတ် တွင် နောက်လန်လဲကျခြင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းဟု လွှဲမှားစွာ ယူဆကြသောကြောင့် အလွန် လိုချင် ကြသည်ကို အံ့ဩဘွယ်တွေ့မြင်နေရသည်။ သင်သည် လဲချင် သလော။ ကျမ်းစာ ကမလဲဘဲ ခိုင်မြဲစွာ ရပ်တည်ဘို့ ပြောထားသည် (ဧဖက် ၆:၁၃၊ ၁ ကော ၁၆:၁၃)။

ရ။ အဘယ်သူကို ရှာကြသနည်းဟု တဖန် မေးတော်မူလျှင်၊ နာဇရက်မြို့သား ယေရှုကို ရှာကြသည်ဟု ထိုသူတို့သည် ဆိုကြ၏။
ယေရှု ကရန် သူများ ထံအဘယ်သူကို ရှာကြသနည်းဟု တဖန် မေးပြန်သည်။ သူတို့သည် နောက်လှန်လဲကြသော်လည်း လုံးဝ မလျှော့ဘဲ နာဇရက်မြို့သား ယေရှုကို ရှာကြသည်ဟုဆို ကြသည်။ အဘယ်ကြောင့်ထိုသို့ ဒုတိယအကြိမ် မေးသည်ကို ကျမ်းစာက မဖေါ်ပြ သောကြောင့် စဉ်းစားဘို့ လိုသည်။ ယေရှု၏ တန်ခိုးကို မြင်တွေ့ခံစားခြင်းဖြင့် သူတို့ စိတ်ပြောင်းမလားဟု ဖြစ်နိုင်သည်။ သူတို့သည် လုံးဝ စိတ် မပြောင်းလဲဘဲ သူတို့၏ ရည်ရွယ်ချက်ကို ပြော ကြသည်။

၈။ ယေရှု ကလည်း၊ ငါသည် ထိုသူ ဖြစ်၏ဟု ငါပြောပြီ။ သို့ဖြစ်၍ ငါ့ကို ရှာလျှင် ဤသူတို့သည် သွားပါလေစေဟု မိန့်တော်မူ၏။ ၉ကိုယ်တော်သည် အ​ကျွန်ုပ် အားပေးတော်မူသော သူတို့တွင် အဘယ်သူ မျှပျက်ဆီးခြင်းသို့ မရောက်ပါဟူသော အထက် စကားတော်ကို ပြည့်စုံစေခြင်းငှါ ဤသို့ မိန့်တော်မူ၏။
သခင်ယေရှု ကငါ ဖြစ်သည်ဟု ပြောပြီး တပည့်တော် များကို သွားခွင့်ပေးဘို့၊ မဖမ်းဘို့ ပြောလိုက်သည်။ သခင်ယေရှု၏ ခံရမည့် အရာ၌ မည်သူမျှကူညီခံစား ပေး၍ မရ၊ သူတယောက် တည်း ကသာ ခံရမည်။ ထို့ကြောင့် ယုံကြည်သူများလည်း ဒုက္ခ ဆင်းရဲ ခံသောအခါ စာမေးပွဲကို တယောက် တည်း ​ဖြေဘို့ လို သကဲ့သို့ အခြား သူများ မပါဘဲ ခံဘို့ လိုကြောင်း သိထားသင့်သည်။ တပည့်တော်များအဖမ်းအဆီး၊ အသတ်မခံရမည့် အကြောင်းကို ကျမ်းစာ ကဟောပြောထားပြီး ဖြစ်၍ ဤနေရာ၌ ပြည့်စုံသည်။

၁၀။ ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ ပါသော ထားကို ဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ ​ကျွန်တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။ ထို​ကျွန်၏ အမည်ကား မာလခု ဖြစ်သတည်း။ ၁၁ ယေရှုကလည်း ထားကို အိမ်၌ သွင်းထားလော့။ ခမည်းတော်သည် ငါ့ အားပေးတော်မူသော ခွက်ကို ငါမသောက်ရာသလောဟု ပေတရုအား မိန့်တော်မူ၏။
ပေတရုသည် သူ၏ သခင်ကို ကာကွယ်၍ ယဇ်ပုရောဟိတ်၏ ​ကျွန်နားရွက်ကို ထားနှင့် ခုတ်သည်။ သို့သော် အံ့ဩစရာ ကောင်းသည် မှာပေတရု အပေါ်ရန် သူများ ကအရေးမယူခြင်းသည်၊ ယေရှု၏ တန်ခိုးကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ် ရန် သူများသည် ယေရှု အပေါ်သာအာရုံစိုက်သောကြောင့် ဖြစ်နိုင်သည်။ ထိုကဲ့သို့ ပေတရုကသူ၏ သခင်ကို ကာကွယ်သော်လည်း ယေရှု ကသူ၏ လုပ်ရပ်ကို မထောက်ခံချေ။ သူသည် ခမည်းတော် ပေးသော ခွက် တည်းဟူသောသေခြင်းကို ရင်ဆိုင်ရမည်ဟုဆိုသည်။ ဇာတိလူသည် ဘုရား၏ အကြံကို နားမလည် သောအခါ၊ အလွှဲလွှဲအချော်ချော်ဖြင့်အား ဆိုက်မိတတ်သည်။ ဘုရားကို ကိုယ့်ဥာဏ်ကိုယ့်အစွမ်းနှင့် မကူညီကြစို့နဲ့။ သူခိုင်းသောအရာ ကို သာလုပ်ကြစို့။

၁၂။ ထိုအခါ တပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကို ဘမ်းဆီး၍ ချည်နှောင်ပြီးလျင် အန္နတ်မင်းထံသို့ ရှေ့ဦးစွာ ယူသွားကြ၏။ ၁၃ အန္နတ်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်း ဖြစ်သော ကယာဖ၏ ယောက္ခမ ဖြစ်သတည်း။ ၁၄ ထိုကယာဖကား၊ လူတယောက်သည် လူများတို့အတွက် ပျက်ဆီးသော်သာ၍ ကောင်းသည်ဟု ယုဒလူတို့နှင့် တိုင်ပင် ပြောဆိုသော သူပေတည်း။ (ယော ၁၁:၅၀)
ခါတိုင်း ယုဒလူများ ကယေရှုကို ဖမ်းမည်၊ သတ်မည်ကြံ သောအခါ သူတို့ အလယ်မှကြွသွားတတ်သော ယေရှုသည် ယခုအဖမ်းခံခြင်းသည်၊ သူ့အချိန် ကျရောက်သောကြောင့် ဖြစ်သည်။ သူ့ကိုယ်သူရန်သူလက်သို့ အပ်နှံခြင်း ဖြစ်သည်။ ယဇ်ပုရောဟိတ်မင်းသည် ကယာဖ ဖြစ်သော်လည်း၊ ယေရှုကို သူ့ထံသို့ မခေါ်ဘဲ ယောက္ခမအန္နတ်မင်းထံသို့ ခေါ်သွား ကြသည်။ အကြောင်းမှာ အန္န​ြတ်မင်းကို လူများ ကရိုသေလေးစားသောကြောင့် ဖြစ်မည်။

၁၅။ ရှိမုန်ပေတရုနှင့် အခြားသော တပည့်တော် တယောက်သည် ယေရှု နောက်တော်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအ​ကျွမ်း ဖြစ်၍ ၊ ယေရှုနှင့် တကွယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးထဲသို့ ဝင်လေ၏။ ၁၆ ပေတရုမူကား၊ ပြင်၌ တံခါးနားမှာရပ်နေ၏။ ထိုကြောင့်ယဇ်ပုရောဟိတ်မင်းနှင့် အ​ကျွမ်းဝင်သော တပည့်တော်သည် ထွက်၍ တံခါးစောင့်မိန်းမအား ပြောပြီးမှပေတရုကို သွင်းလေ၏။
အခြားသော တပည့်တော်သည် ဤစာကို ရေးသော ယာကုပ်၏ ညီယောဟန် ဖြစ်မည်ဟု ယူဆရသည်။ သူသည် မည်ကဲ့သို့ ယဇ်ပုရောဟိတ်မင်းနှင့် သိ​ကျွမ်းသည်ကို မသိရပါ။ ပေတရုသည် အိမ်ဝင်းထဲသို့ မဝင်နိုင် သောအခါ ယောဟန်ကသူ့ကို သွင်းပေးလိုက်သည်။

၁ရ။ တံခါးစောင့်မိန်းမကပေတရုအား၊ သင်သည် ထိုသူ၏ တပည့်တို့ အဝင် ဖြစ်သည် မဟုတ်လောဟုဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။
ပေတရုသည်ကိုယ်တော် ထံ၌ သူနှင့်အတူ အသေခံ မည်ဟု ဂတိပေးခဲ့သော်လည်း၊ ယခုတံခါးစောင့်မိန်းမထံ၌ ယေရှု ကကြိုပြောထား သကဲ့သို့ သူ့တပည့် မဟုတ်ကြောင်းကို ငြင်းဆိုလိုက်သည်။ သို့သော် ထိုအချိန်၌ စိတ်ထိခိုက်ခြင်း၊ နောင်တ ရခြင်း မရှိသေးချေ။

၁၈။ ထိုကာလ၌ ချမ်းသောကြောင့် ​ကျွန်များနှင့် မင်းလုလင်များ တို့သည် မီးခဲပုံကို ထည့်၍ မီးလှုံလျက် နေကြ၏။ ပေတရု သည်လည်း သူတို့နှင့် တကွရပ်၍ မီးလှုံလျက် နေ၏။
ပေတရုသည် ယုဒလူများနှင့် မီးလှုံလျက် နေသည်။ ယောဟန်သည် သူ့ကိုယ်သူ မဖေါ်ပြ ချေ။ အခြားသော တပည့်တော် များသည် ထွက်ပြေးကုန်ကြပြီ။ ယုံကြည်သူများလည်း ခေါင်းဆောင် ဒုက္ခ ရောက် သောအခါ၊ ကြောက်၍ ထွက်ပြေးကုန်တတ် ကြသည်။ သင်သည် ထိုသို့ သောသူ ဖြစ်ပါသလား။ တပည့်တော် များသည် သန့်ရှင်းသော ဝိညာဉ်တော် မရရှိ သေးသောကြောင့်၎င်း၊ မရင့်ကျက်ကြ သေးသောကြောင့်၎င်း၊ ကြောက်၍ ထွက်ပြေးကြခြင်း ဖြစ်သည်။ ယုံကြည်သူများလည်း မရင့်ကျက်လျှင် အားကိုး ၍ မရချေ။

၁၉။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် တပည့်တော် တို့ကို၎င်း၊ ဒေသနာတော်ကို၎င်း၊ အကြောင်း ပြု၍ ယေရှုကို မေးမြန်းစစ်ကြော၏။
ယေရှုသည် လူထု ပရိသတ်များ ထံ၌ သာတရားဟောတတ်၍ ယဇ်ပုရောဟိတ် များ မူကား နားမထောင်တတ်ကြချေ။ ထို့ကြောင့် ယေရှုကို စစ်ကြောမေးမြန်း နေကြခြင်း ဖြစ်သည်။ ယေရှုကို အမှန်အတိုင်း ဘုရား ဖြစ်ကြောင်း သိပါက ၊ သူ့ရှေ့၌ပင် ရပ်ရဲကြမည် မဟုတ်။ လူသည်ကိုယ် မသိသော သူရှိမှာသတ္တိရှိတတ် ကြသည်။

၂၀။ ယေရှု ကလည်း၊ ငါသည်လောက၌ ထင်ရှားစွာ ဟောပြောပြီ။ ယုဒလူ အပေါင်းတို့ စည်းဝေးရာတရားစရပ်၌၎င်း၊ ဗိမာန်တော်၌ ၎င်း၊ အစဉ်မပြတ် ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျင်းမဟော မပြော။ ၂၁ အဘယ်ကြောင့်ငါ့ကို မေးမြန်းသနည်း။ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသော သူတို့ကို မေးမြန်းလော့။ ငါပြောသော စကားကို ထိုသူတို့သည် သိကြ၏ဟု မိန့်တော်မူ၏။
ယေရှု ကသူသည် ထင်ရှားစွာ ဟောပြော၍ ယုဒလူများကလည်း ကြားသိကြသောကြောင့် သူတို့ကို မေးဘို့ ပြောလိုက်သည်။ ယေရှုသည် အလင်း ဖြစ်၍ ကွယ်ရာ၌ ဘာမျှမလုပ်ချေ။ ယုံကြည်သူများလည်း အလင်း ဖြစ်သောကြောင့် ဘယ်အရာမဆိုဖုံးကွယ်စရာ မလို၊ အလင်း၌ ပြုလုပ်ဘို့ ဖြစ်သည်။

၂၂။ ထိုသို့ မိန့်တော်မူလျှင်၊ အနီးအပါး၌ ရပ်နေသော မင်းလုလင်တယောက်က၊ သင်သည် ယဇ်ပုရောဟိတ်မင်းကို ဤသို့ ပြန်ပြောရာသလောဟုဆိုလျက် ယေရှုကို ရိုက်လေ၏။
မင်းလုလင် သည်လည်း ယေရှုကို မသိသောကြောင့် ခံပျင်း၍ ယေရှုကို ရိုက်လိုက်သည်။ သူသည် ဘုရား ဘက်၌ ရပ်တည်သည်ဟု ထင်သည်။ ထိုအရာကို ယေရှု ကဤသို့ ပြောခဲ့ပြီ၊ (သင်တို့ကို သတ်သော သူမည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သော အချိန်ကာလ ရောက်လိမ့်မည်။) (ယော ၁၆:၂)

၂၃။ ယေရှုကလည်း ငါ့စကား မမှန်လျှင် မမှန်ကြောင်းကို ပြပါ၊ မှန်လျှင် ငါ့ကို အဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ၏။ အန္နတ်မင်းသည်ကိုယ်တော်ကို ချည်နှောင်လျက် ရှိသည် အတိုင်း ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ပို့ စေခဲ့ပြီ။
ယေရှု ကမင်းလုလင်၏ ရိုက်ခြင်းကို လက်တုံ့မပြန်သော်လည်း၊ သူသည် မှန်သော စကားကို ပြောသည် ဖြစ်၍ အဘယ်ကြောင့်ရိုက်သနည်းဟု မေးလိုက်သည်။ ကိုယ်တော်ကို ရိုက်သော သူသည် ယေရှုကို ပြန်လည်သိခဲ့သည် ရှိသော အလွန် ရှက်၍ ဝမ်းနည်းမှာ ဖြစ်သည်။ အန္နတ်မင်းသည် ယေရှုကို ဘာမျှမေး၍ မရသောကြောင့် ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ပြန်ပို့လိုက်သည်။

၂၅။ ရှိမုန်ပေတရုသည် ရပ်၍ မီးလှုံလျက် နေသည်တွင် အချို့သော သူတို့က၊ သင်သည် သူ၏ တပည့်တို့ အဝင် ဖြစ်သည် မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။ ၂၆။ ပေတရုခုတ်၍ နားရွက်ပြတ်သော သူနှင့် ပေါက်ဘော်တော်သော ယဇ်ပုရောဟိတ်မင်း၏ ​ကျွန်တယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူ ရှိသည်ကို ငါမြင်ခဲ့ပြီ မဟုတ်လောဟုဆိုလျှင်၊ ၂၇ ပေတရုသည် တဖန် ငြင်းပြန်လေ၏၊ ထိုခဏခြင်းတွင် ကြက်တွန်လေ၏။
ပေတရုသည် သခင်ယေရှု ကြိုတင် ပြောထားသည့်အတိုင်း သုံးကြိမ်မြောက်အောင် သူ၏ သခင်ကို ငြင်းဆိုခဲ့သည်။ ပေတရုသည် သူ့သခင်ငြင်းဆိုခြင်းကို ကြက်ဖကသတိရစေသည်။ ထိုအခါ အပြင်သို့ ထွက်၍ ပြင်းစွာ ငိုကြွေးသည်ဟု၊ မဿဲ ၂၆:ရ ၅၊ မာ ၁၄:ရ ၂၊ လု ၂၂:၆၂ တို့၌ မှတ်တမ်းတင်ထားသည်။ ကျွန်ုပ်တို့လည်း အပြစ် ကျူးလွန်ခြင်းကို သိဘို့ရန် ဘုရားသခင်က သိနိုင်သော အချက်များကို ပေးတတ်သော်လည်း၊ မသိသော သူများ တတ်သည်။

၂၈။ နံနက်အချိန် ရောက်လျှင် ယေရှုကို ကယာဖထံမှ အိမ်တော် ဦးသို့ ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ် (အပြစ်) နှင့် ကင်းလွတ်၍ ပသခါပွဲကို ခံမည်အကြောင်း၊ အိမ်တော် ဦးထဲသို့ကိုယ်တိုင်မဝင်ကြ။ ၂၉ ထိုကြောင့်ပိလတ်မင်းသည် သူတို့ ရှိရာသို့ ထွက်၍ ဤသူ၌ အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော်၊ ၃၀ ဤသူသည် လူဆိုး မဟုတ်လျှင် အ​ကျွန်ုပ်တို့သည်ကိုယ်တော်၌ မအပ်ပါဟု လျှောက်ကြ၏။
ယုဒလူကြီးများကသခင်ယေရှုကို ပသာခါပွဲအတွင်း ၌ မသတ်ချင် ကြသော်လည်း၊ သူတို့ကိုယ်တိုင်က မစောင့်နိုင်ဘဲ တညလုံးမအိပ်ကြဘဲ သူ့ကို တရားစွဲ ကြသည်။ ယဇ်ပုရောဟိတ် အိမ်မှရောမဘုရင်ခံပိလတ်မင်းထံသို့ နံနက်အချိန်တွင် သွားကြသည်။ ပိလတ်မင်းသည် တပါးအမျိုးသား ဖြစ်သောကြောင့် ယုဒလူတို့သည် အိမ်တော် ဦးသို့ မဝင်ကြချေ။ ဝင်လျှင် သူတို့ကို သူတို့ ညစ်ညူး မည်ဟု ယူဆကြသည်။ ပိလတ်မင်းကအဘယ်ကြောင့်ယေရှုကို တရားစွဲကြသည်ကို မေးသောအခါ အကြောင်းရင်းတိတိကျကျ မပြောနိုင်ကြပါ။ ယခုခေတ် တွင်လည်း မတရားသော သူတို့သည် အပြစ် မရှိသော သူတို့ကို အကြောင်း မဲ့ကြံဖန်ပြီး အပြစ် တင်တရားစွဲတတ်သည်။

၃၁။ ပိလတ်မင်းကလည်း၊ သူ့ကို ယူ၍ သင်တို့ ဓမ္မသတ်အတိုင်း စီရင်ကြဟုဆို၏။ ယုဒလူတို့ ကလည်း၊ အ​ကျွန်ုပ်တို့သည် အဘယ်သူကို မျှမသတ်ပိုင်ပါဟု လျှောက်ကြ၏။ ၃၂ ထိုသို့ လျှောက်သော်၊ ယေရှုသည် အဘယ်သို့ မိမိသေရမည်အရိပ်ကို ပေး၍ ၊ မိန့်တော်မူသော စကားတော် ပြည့်စုံမည်အကြောင်း တည်း။
ယုဒလူတို့ ကယေရှုကို သတ်ချင် ကြသည်။ သို့သော် သူတို့ကိုယ်တိုင်မသတ်ချင် ကြ၊ ပိလတ်မင်းကို သတ်ခိုင်းသည်။ လူများစွာ တို့လည်း သူတို့ကိုယ်တိုင်မလုပ်ချင်သောအရာ ကို သူတပါးလုပ်ဘို့ ခိုင်းတတ် ကြသည်။

၃၃။ ပိလတ်မင်းသည် အိမ်တော် ဦးထဲသို့ တဖန် ဝင်၍ ယေရှုကို ခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု မေး၏။ ၃၄ ယေရှု ကလည်း၊ မင်းကြီးသည်ကိုယ်အလိုအလျောက်ဤသို့ မေးသလော။ သို့မဟုတ် သူတပါးတို့သည် ငါ၏ အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ၏။ ၃၅ ပိလတ်မင်းက၊ ငါသည် ယုဒလူ ဖြစ်သလော။ သင်၏ လူမျိုးနှင့် တကွ၊ ယဇ်ပုရောဟိတ် အကြီး တို့သည် သင့်ကို ငါ၌ အပ်ကြပြီ။ သင်သည် အဘယ်သို့ ပြုမိသနည်းဟု မေးလျှင်၊
ပိလတ်မင်းကယေရှုသည် ရှင်ဘုရင်ဟုတ် မဟုတ်မေးခြင်းသည် အလွန် အရေးကြီးသည်။ ယေရှု ကသူသည် ရှင်ဘုရင် ဖြစ်ကြောင်း ဝန်ခံလျှင် ရောမအစိုးရကို ပုန်ကန်ခြင်း ဖြစ်မည်။ ယေရှု ကတန်ပြန်မေးခွန်းပြန်မေးလိုက်သည်။ ပိလတ်ကသူသည် တာဝန် ရှိသောကြောင့် သူ့ကို စစ်ဆေးကြောင်း ပြောလိုက်သည်။

၃၆။ ယေရှုက၊ ငါ၏ နိုင်ငံသည် ဤလောကနှင့် မစပ်ဆိုင်။ ငါ၏ နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့ လက်သို့ မရောက်စေခြင်းငှါ ငါ၏ လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏ နိုင်ငံသည် ဤဒေသအရပ်နှင့် မစပ်ဆိုင်ဟု မိန့်တော်မူ၏။ ၃ရပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည် ရှင်ဘုရင်မှန်သလောဟု မေးသော်၊ ယေရှုက၊ မင်းကြီး မေးသည် အတိုင်း ငါသည် ရှင်ဘုရင်မှန်၏။ သမ္မာတရား ဘက်၌ သက်သေခံခြင်းငှါ ငါ၊သည် မွေးဘွားခြင်းကို ခံ၍ ဤလောကသို့ ကြလာပြီ။ သမ္မာတရားနှင့် စပ်ဆိုင်သမျှသော သူတို့သည် ငါ့စကားကို နားထောင် ကြသည်ဟု မိန့်တော်မူ၏။
ယေရှု ကသူသည် ရှင်ဘုရင်မှန်ကြောင်း ဝန်ခံလိုက်သည်။ သို့သော် သူပိုင်သော နိုင်ငံသည် ဤလောကနှင့် မဆိုင်ဟုဆိုသည်။ ယေရှုသည် လာမည့် အနှစ်တစ်ထောင်ကာလ၌၊ ဤမြေကြီး ပေါ်တွင် ရှင်ဘုရင်အဖြစ် အုပ်စိုးဦးမည်။ သို့သော် ထိုနိုင်ငံသည် ယခုခေတ် နှင့် မတူ၊ ကျမ်းစာက ကောင်းကင်သစ်နှင့် မြေကြီးသစ်ဟုဆိုသည် (ဟေရှာယ ၆၅:၁ရ)။ ယေရှု ကသူသည် သမ္မာတရား ဘက်၌ သက်သေခံခြင်းငှါ လာသည်ဟုဆိုသည်။ သမ္မာတရားသည် ဘုရားသခင်နှင့် သူ၏ အကြံအစည် ဖြစ်သည်။ ယေရှု ကသူသည် သမ္မာတရား ဖြစ်သည်ဟုဆိုခဲ့သည် (ယော ၁၄:၆)။ သမ္မာတရားနှင့် ဆိုင်သော သူတို့ ကသာလျှင် သမ္မာတရားကို နားလည်နိုင် ကြသည်။ လောကီပညာရှိများက နားမလည် နိုင်ကြချေ။

၃၈။ ပိလတ်မင်းကလည်း၊ သမ္မာတရား ကား အဘယ်သို့ နည်းဟု မေးပြီးမှ၊ တဖန် ယုဒလူတို့ ရှိရာသို့ ထွက်၍ ၊ ဤသူ၌ အဘယ်အပြစ်ကို မျှငါမတွေ့၊
ပိလတ်မင်းကယေရှု၏ အပြစ်ကို မတွေ့ရချေ။ သူသည် ရှင်ဘုရင် ဖြစ်သည်ဟု ဝန်ခံသော်လည်း အပြစ် မတင်ချေ။ သူ့ကို တရားစီရင်လောက်အောင် အဘယ်အပြစ် မျှမတွေ့။ ထို့ကြောင့် ယေရှုသည် အပြစ် ကင်းမဲ့သော ဘုရား ဖြစ်ကြောင်း ထင်ရှားသည်။

၃၉။ ပသခါပွဲ၌ လူတယောက်ကို သင်တို့အား ငါလွှတ်မြဲထုံးစံရှိသည် ဖြစ်၍ ၊ ယုဒရှင်ဘုရင်ကို လွှတ်စေချင် သလောဟု မေးလျှင်၊ ၄၀ တဖန် လူအပေါင်းတို့ ကဤသူကို မလွှတ်စေချင်ပါ၊ ဗာရဗ္ဗကို လွှတ်စေချင် ပါသည်ဟု အော်ဟစ်၍ လျှောက်ဆိုကြ၏။ ထိုဗာရဗ္ဗကား ထားပြ ဖြစ်သတည်း။
နိုင်ငံခေါင်းဆောင် များသည် နေ့ထူးနေ့မြတ်များ၌၊ အကျဉ်းသား များကို လူထုစိတ်ကျေနပ် စေရန်လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတတ် ကြသည်။ ယုဒလူများ ကျေနပ် စေရန်ပသခါပွဲ၌ လူတယောက်ကို လွှတ်လေ့ရှိသည်။ ထိုကြောင့်ပိလတ်မင်းကယုဒရှင်ဘုရင် တည်းဟူသောယေရှုကို လွှတ်ပေးရမလားဟု မေးရာတွင်၊ လူအပေါင်းကဗာရဗ္ဗကို လွှတ်ပေးဘို့ တောင်းဆို ကြသည်။ အပြစ် သား၊ ရာဇဝတ်သားထက် သခင်ယေရှုကို သေစေချင် ကြသည်။ သခင်ယေရှုကို မည်မျှမုန်းတီးကြသည်ကို သိမြင်နိုင်သည်။ ယနေ့ မ ယုံကြည်သူများကလည်း အပြစ် သားများထက်၊ ယေရှု ယုံကြည်သူများကို ပို၍ မုန်းတီးတတ် ကြသည်။

.

^

ယော ၁၉

၁။ ထိုအခါ ပိလတ်မင်းသည် ယေရှုကို ယူ၍ ရိုက်ပြီးမှ၊ ၂ စစ်သူရဲတို့သည် ဆူးပင်နှင့် ရက်သော ဦးရစ်ကို ခေါင်းတော်၌ တင်၍ ၊ နီမောင်းသော ဝတ်လုံနှင့် ခြုံစေပြီးလျှင်၊ ၃ ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္လာရှိစေသတည်းဟုဆို၍ ရိုက်ပုတ်ကြ၏။
ယေရှုသည် သူကိုယ်တိုင်အတွက် မဟုတ်ဘဲ၊ လူသား အားလုံးကိုယ်စားအရိုက်ခံရမည်ကို ဟေရှာယကဤသို့ ရေးသား ခဲ့ပြီ၊ “ထိုသူသည် ငါတို့ လွန်ကျူးသော အပြစ်များကြောင့် ၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏၊ ၊ ငါတို့၏ ငြိမ်သက်ခြင်း၊ ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည်၊ သူ့ အပေါ်သို့ ရောက်၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏၊ ၊ ” (ဟေရှာယ ၅၃:၅)။ ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သော်လည်း၊ ဣသရေလ လူများ၏ ဆန္ဒကို မလွန်ဆန်နိုင်သောကြောင့် သတ်မိန့်ကို ပေးလိုက်ခြင်း ဖြစ်သည်။ ဆူးပင်နှင့် ရက်သော ဦးရစ်ဆောင်းစေခြင်းနှင့် နီမောင်းသော ဝတ်လုံကို ခြုံစေခြင်းသည်၊ ရှင်ဘုရင် ဖြစ်သည်ဟုဆိုသောကြောင့် သရော်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် မဟုတ်မမှန်စွပ်စွဲခံရ၍ ထိုကဲ့သို့ သရော်ခြင်းသည် အလွန် ခံရခက်ပေလိမ့်မည်။ သို့သော် သူသည် တိတ်ဆိတ်စွာဖြင့် ခံနေသည်။ လူသားများမူမတရားခံရလျှင်၊ ပြန်၍ တိုက်ခိုက် တတ်ကြသည်။ ဤလောကသည် စာတန် အုပ်စိုးသောကြောင့်၊ တရားမျှတမှု ရှိမည် မဟုတ်။

၄။ ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကို မျှငါမတွေ့ကြောင်းကို သင်တို့ သိစေခြင်းငှါ၊ သူ့ကို သင်တို့ ရှိရာသို့ ငါထုတ်ပြသည်ဟုဆို၏။ ၅ ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီမောင်းသော ဝတ်လုံကို ဝတ်လျက် ပြင်သို့ ထွက်ကြွ တော်မူ၏။ ပိလတ်မင်းကလည်း၊ သူ့ကို ကြည့်ကြလော့ဟုဆို၏။
ပိလတ်မင်းကသခင်ယေရှု၌ အဘယ်အပြစ် မျှမတွေ့ချေ။ သို့သော် ဘုရားကိုးကွယ်၍ ၊ မေရှိကို မျှော်လင့်သော ဣသရေလ လူများအတွက် အသေသတ်ခံသင့်သည် အထိ အပြစ် မြင် ကြသည်။ ထို့နည်းတူ ခရစ်တော် နောက်လိုက်သော သူတို့ကိုလည်း ၊ သာသနာ ပလူများ မက၊ နာမည်ခံ ခရစ်ယာန် များ၏ အပြစ် တင်ခြင်းကို ခံရမည်ကို ကြိုတင် သိထားဘို့ လိုသည်။

၆။ ယဇ်ပုရောဟိတ် အကြီး တို့နှင့် လုလင်များတို့ ကထိုသူကို လက်ဝါးကပ်တိုင်မှာရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်းက၊ သင်တို့သည် သူ့ကို ယူ၍ လက်ဝါးကပ်တိုင်မှာရိုက်ထားကြ။ ငါသည် သူ၌ အပြစ်ကို မတွေ့ဟုဆိုလျှင်၊ ရယုဒလူတို့က၊ ဤသူသည် ဘုရားသခင်၏ သားတော် ဖြစ်ယောင်ဆောင်သောကြောင့် အ​ကျွန်ုပ်တို့၌ ရှိသာဓမ္မသတ်အတိုင်း သေထိုက်ပါသည်ဟု လျှောက်ကြ၏။
ပိလတ်မင်းကသူသည် ယေရှု အပြစ်ကို မတွေ့ဟု သေချာအောင် နောက်ဆုံး ပြောဆို ပြန်သည်။ သို့သော် ဣသရေလ လူများက၊ ကျောက်ခဲနှင့် ပေါက်ခြင်း မဟုတ်၊ ကျိန်ခြင်း ခံသော သူတို့ သာသတ်တတ်သော လက်ဝါးကပ်တိုင်ပေါ်သူ့ကို သတ်ဘို့ရန် တောင်းဆို ကြသည်။ သူတို့ စွဲတင်သော အပြစ်မှာ၊ ဘုရားသခင်၏ သားတော် ယောင်ဆောင်သည်ဟုဆိုသည်။ အမှန်မှာ သူတို့ နားလည်လွဲမှားခြင်း ဖြစ်သည်။ ယေရှုသည် ဘုရား၏ သားတော် ယောင်ဆောင်သည် မဟုတ်၊ အမှန်တကယ် ဖြစ်နေသည်။ ယနေ့ လူအများစုကလည်း၊ ဘုရား အပေါ်၊ စစ်မှန်သော ခရစ်ယာန်များအပေါ်အထင်လွှဲမှား နေကြသည်။

၈။ ထိုစကားကို ကြားလျှင် ပိလတ်မင်းသည် သာ၍ ကြောက်သဖြင့်၊ အိမ်တော် ဦးထဲသို့ ဝင်ပြန်၍ ၊ ၉ ယေရှု အား၊ သင်သည် အဘယ်က ဖြစ်သနည်းဟု မေးလျှင် တခွန်းကို မျှပြန်တော် မမူ။ ၁၀ ပိလတ်မင်းကလည်း၊ ငါနှင့် စကား မပြောသလော။ ငါသည် သင့်ကို လက်ဝါးကပ်တိုင်မှာရိုက်ထားပိုင်သည်ကို၎င်း၊ လွှတ်ပိုင်သည်ကို၎င်း၊ သင် မသိလောဟုဆိုသော်၊ ၁၁ အထက် အရပ်မှအခွင့်ကို မရလျှင် မင်းကြီးသည် ငါ့ကို အဘယ်သို့ မျှမပြုပိုင်။ ထိုကြောင့်ငါ့ကို မင်းကြီး လက်သို့ အပ်နှံသော သူသည် သာ၍ ကြီးသော အပြစ်ရှိသည်ဟု မိန့်တော်မူ၏။
ပိလတ်မင်းသည် ထာဝရ ဘုရား ယုံကြည်သူ မဟုတ်သော်လည်း၊ ယေရှုသည် ဘုရားသား ယောင်ဆောင်သည်ဟု စွပ်စွဲခံရ သောအခါ သာ၍ ကြောက်လာသည်။ ထို့ကြောင့် ယေရှုကို မေးခွန်းမေးပြန်သည်။ သို့သော် ယေရှု စကား မပြောတော့ချေ။ ထိုအခါ သူသည် ယေရှုကို သတ်ပိုင်လွှတ်ပိုင်ကြောင်းကို ပြော သောအခါ၊ ယေရှု ကခမည်းတော် ခွင့်မပြုလျှင် သူသည် ဘာမျှမလုပ်နိုင်ကြောင်း ပြောလိုက်သည်။ မှန်ပါသည်၊ ဘုရားသခင် ခွင့်မပြုလျှင် အဘယ်သူ မျှဘာမျှလုပ်ပိုင်ခွင့်မရှိပါ။ ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သော်လည်း၊ မလွှတ်ရဲသောကြောင့် မပြစ်မကင်းကြောင်း ယေရှု ကပြောလိုက်သည်။ သူထက် ဣသရေလ လူများ အပြစ်ရှိကြောင်း ယေရှု ကပြောလိုက်သည်။ ​ကျွန်ုပ်တို့လည်း အမှု မပတ်ချင် သောကြောင့် ရှောင်နေလျှင် လည်း၊ အပြစ် မကင်းကြောင်း သိသင့်သည်။

၁၂။ ထိုအခါ မှစ၍ ပိလတ်မင်းသည်ကိုယ်တော်ကို လွှတ်ခြင်းငှါ ရှာကြံလေ၏။ ယုဒလူတို့ ကလည်း၊ ထိုသူကို လွှတ်လျှင်ကိုယ်တော်သည် ကဲသာဘုရင်၏ အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ်သော သူမည်သည်ကား၊ ကဲသာဘုရင်၏ ရန်သူ ဖြစ်ပါသည်ဟု လျှောက်ကြ၏။
ပိလတ်မင်းကယေရှုသည် အပြစ် မရှိကြောင်း ကောင်းကောင်းသိသောကြောင့် လွှတ်ဘို့ ကြိုးစားသည်။ သို့သော် အခက်တွေ့နေသည်။ ဣသရေလ လူများက ကဲသာဘုရင်ကို မလိုလားကြသော်လည်း၊ ယေရှုကို သတ်ချင် သောကြောင့် ကဲသာဘုရင်ကို လက်ခံ ဟန်ဆောင် ကြသည်။ ​ကျွန်ုပ်တို့လည်း ဘုရား ဘက်၌ ရပ်တည် သောအခါ ရန် သူများ အချင်းချင်းပူးပေါင်းသွားနိုင်ကြောင်း သိဘို့ လိုသည်။

၁၃။ ထိုစကားကို ကြားလျှင် ပိလတ်မင်းသည် ယေရှုကို ပြင်သို့ ထုတ်ပြီးမှဟေဗြဲစကား အားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်းဟု ခေါ်ဝေါ်သော အရပ်၍ တရားပလ္လင်ပေါ်မှာ ထိုင်လေ၏။ ၁၄ ထိုနေ့အချိန်ကား၊ ပသခါအဘိတ်နေ့ တချက်တီး အချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊ ၁၅ ထိုသူကို ထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာရိုက်ထားပါဟု လူများ ဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း သင်တို့၏ ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရောဟိတ် အကြီး တို့က၊ အ​ကျွန်ုပ်တို့၌ ကဲသာဘုရင်မှတပါး အဘယ်ရှင်ဘုရင်မှမရှိပါဟု ပြန်ပြောကြ၏
ပိလတ်မင်းသည် ယေရှုကို လွှတ်လျှင် သူကိုယ်တိုင်အမှု ပတ်နိုင်သောကြောင့်၊ သတ်ဘို့ရန် ထုတ်ပေးလိုက်သည်။ ပိလတ်မင်းကသင်တို့၏ ရှင်ဘုရင်ကို သတ်ရမည်လောဟု မေးသောအခါ၊ ယဇ်ပုရောဟိတ် အကြီး တို့က၊ အ​ကျွန်ုပ်တို့၌ ကဲသာဘုရင်မှ တပါး အဘယ်ရှင်ဘုရင်မှ မရှိပါ၊ဟု ယေရှု အစား ကဲသာဘုရင်ကို ရွေးချယ်လိုက် ကြသည်။ ​ကျွန်ုပ်တို့လည်း မသိ သောအခါ ဘုရားထက် အခြားအရာကို ရွေးချယ် နေကြသည်။

၁၆။ ထိုအခါ ပိလတ်မင်းသည် ယေရှုကို လက်ဝါးကပ်တိုင်မှာရိုက်ထားစေခြင်းငှါ ထိုသူတို့ လက်သို့ အပ်သဖြင့်၊ သူတို့သည်ကိုယ်တော်ကို ယူ၍ ထုတ်သွားကြ၏။ ၁ရကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကို ထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သော အရပ်သို့ ထွက် တော်မူ၏။ ထိုအရပ်ကား ဟေဗြဲစကား အားဖြင့် ဂေါလဂေါသအမည်ရှိ၏။
ဣသရေလ လူများသည် သူတို့ တောင်းဆိုသောအရာ ရရှိသွားသောကြောင့်အားရစွာ ယေရှုကို သတ်ဘို့ ထုတ်သွား ကြသည်။ ​ကျွန်ုပ်တို့လည်း အပြစ် လုပ် သောအခါ အကောင်းထင်ပြီးအားရတက်ကြွစွာ လှုပ်ရှားတတ် ကြသည်။ လက်ဝါးကပ်တိုင်၌ ရိုက်သတ်မည့်သူ များသည် သူတို့ကိုယ်တိုင်လက်ဝါးကပ်တိုင်ကို ထမ်းခိုင်းတတ် ကြသည်။ ထို့ကြောင့် ယေရှုက၊ “ငါ၌ ဆည်းကပ်လိုသောသူ ဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။” (မ ၁၆:၂၄)ဟု ကြိုပြောရခြင်း ဖြစ်သည်။ လက်ဝါးကပ်တိုင်ထမ်းခြင်း ဆိုသည်မှာ၊ ကို ယ့်အပိုင်းသေခြင်း၊ ခရစ်တော် အလိုတော် အတိုင်း အသက် ရှင်ခြင်း ဖြစ်သည်။ ခရစ်တော် သတ်မည့် နေရာသည် ယေရုရှလင် မြို့အပြင်ဘက်၊ ဦးခေါင်းခွံအရပ် (ဂေါလဂေါသ)ဟု ခေါ်သော နေရာ ဖြစ်သည်။ ထိုနေရာကို ုငညါ​ဲ​ောနျ​ြငဘူန၌ ဃ​ေူလမေပကာရနီဟု ဘာသာပြန်သောကြောင့်၊ လူတိုင်း ကကာရနီ ဟူ၍ သာ သိနေကြသည်။ ( အခြားအင်္လိပ်ကျမ်းစာများနှင့် မြန်မာကျမ်းစာအုပ်၌ ကာရနီစလုံး မတွေ့ရပါ။ သို့သော် ဂေါလဂေါသထက် လူတိုင်း ကကာရနီကို ပို၍ သိကြသည်)

၁၈။ ထိုအရပ်၌ကိုယ်တော်ကို အခြားသော သူနှစ်ယောက်နှင့် တကွလက်ဝါးကပ်တိုင်မှာရိုက်ထားကြ၏။ ထိုသူနှစ်ယောက် အလယ်မှာ ယေရှုသည် နေရာကျသတည်း။
ယေရှုသည် လူဆိုးတို့နှင့် အသတ်ခံမည့် အကြောင်းကို ပရောဖက် ကဤသို့ ရေးထားနှင့် ပြီ၊ “ထိုသိုု့မိမိ အသက်ကို သေခြင်း၌ သွန်း၍ မတရားသော သူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သဖြင့်၊ လူများ တို့၏ အပြစ်ကို ဆောင်ရွက်၍ မတရားသော သူတို့ အဘို့ တောင်းပန်သောကြောင့်၊ လူကြီးတို့ကို သူတို့ အဘို့ ဖြစ်စေခြင်းငှါ ငါခွဲမည်၊ ၊ ” (ဟေရှာယ ၅၃:၁၂)။ ယေရှုသည် လူသား အားလုံး၏ အပြစ်ကို ယူတင်ဆောင်ရွက်သောကြောင့်၊ လူဆိုးများနှင့်အတူ ရိုက်သတ်ခြင်း ဖြစ်သည်။ ထိုသို့ ရိုက်သတ်ခြင်းသည် သင်နှင့် ​ကျွန်ုပ်ကိုယ်စား ဖြစ်၍ ၊ ထိုအရာကို ယုံကြည်လျှင် အပြစ် စီရင်ခြင်းမှ လွတ်မြောက်နိုင်သည် (ယော ၃:၁၈)။

၁၉။ ပိလတ်မင်း သည်လည်း ကမ္ဗည်းလိပ်စာကို ရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ၏။ လိပ်စာချက်ဟူမူကား၊ ယုဒရှင်ဘုရင်နာဇရက်မြို့သား ယေရှုဟု ရေးထားသတည်း။ ၂၀ ယေရှုကို လက်ဝါးကပ်တိုင်မှာရိုက်ထားသော အရပ်သည် မြို့နှင့် နီးသည် ဖြစ်၍ ၊ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများ တို့သည် ဘတ်ကြ၏။ ၂၁ ထိုကြောင့်ယုဒယဇ်ပုရောဟိတ် အကြီး တို့သည် ပိလတ်မင်းထံသို့ ဝင်၍ ၊ ယုဒရှင်ဘုရင်ဟု မရေးပါနှင့်။ ငါသည် ယုဒရှင်ဘုရင် ဖြစ်သည်ဟု သူဆိုကြောင်းကို ရေး တော်မူ ပါဟု လျှောက်ကြလျှင်၊ ၂၂ ပိလတ်မင်းက၊ ငါရေးပြီးသောအရာ ကို ငါရေးပြီဟု ပြန်ဆို၏။
ပိလတ်မင်းကယေရှု၏ ခေါင်းတော် ပေါ်၌ ယုဒရှင်ဘုရင်ဟု ရေးထားသည်။ ထိုအရာကို ထိုခေတ်၌ လူသိများသော ဘာသာသုံးမျိုးဖြင့် ရေးထားသည်။ ထိုသို့ ရေးခြင်းကို ယဇ်ပုရောဟိတ်မင်းတို့ ကမကျေနပ် ကြသောကြောင့် ပိလတ်မင်းကို ပြင်ခိုင်းသည်။ သို့သော် ပိလတ်မင်းကမပြင်လိုချေ။ သူတို့သည် မသိသောကြောင့် ထိုကဲ့သို့ သတ်၍ ငြင်းပယ်ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ကြွလာသောအခါ၊ သူတို့၏သား စဉ်မြေးဆက်များ ကရှင်ဘုရင်အဖြစ် လက်ခံကြမှာ ဖြစ်သည်။ သူတို့ မသိခြင်းသည် အလွန် ဆုံးရှုံးပါတကား။ လူများစွာလည်း ယေရှုကို ဘုရား ဖြစ်ကြောင်း၊ ရှင်ဘုရင် ဖြစ်ကြောင်း မသိကြသောကြောင့် လက်မခံ၊ မကိုးကွယ်ကြချေ။ သူ့ကို လက်ခံသော သူများ ကလည်း၊ ဝိညာဉ် ကယ်တင်ရှင်အဖြစ်သာ လက်ခံ၍ ၊ နေ့စဉ် အသက်တာ၌ အရှင်သခင်အဖြစ် မလက်ခံကြသောကြောင့်၊ သူ့အလိုတော်ကို မဆောင်၊ ကိုယ့် သဘောဖြင့် အသက် ရှင် နေကြသည်။

၂၃။ စစ်သူရဲတို့သည် ယေရှုကို လက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော် တို့ကို လေးပိုင်းပိုင်း၍ တယောက် တပိုင်းစီယူကြလေ၏။ အတွင်း အင်္ကျီတော်ကား၊ မချုပ်ဘဲ လျက် အထက် စွန်းမှသည် အောက်စွန်းတိုင်အောင် ယက်သော အင်္ကျီ ဖြစ်သောကြောင့်၊ ၂၄ ထိုသူတို့ ကအင်္ကျီကို မဆုတ်ကြနှင့်။ အဘယ်သူ ယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်းဆိုကြ၏။ ကျမ်းစာ လာသည်ကား၊ သူတို့သည် အ​ကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အ​ကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ ဟူသော အချက်စကားကို ပြည့်စုံစေ၍ ၊ စစ်သူရဲတို့သည် ထိုသို့ ပြုကြ၏။
ယေရှု၌ ကိုယ်ပိုင်ပစ္စည်းဟူ၍ ထိုအင်္ကျီသာလျှင် ရှိသည်။ ဤလောက၌ ဧည့်သည် အာဂန္တုအနေဖြင့် နေခဲ့သောကြောင့် ဘာမျှမပိုင်ခြင်း ဖြစ်သည်။ ယုံကြည်သူများအတွက် ပုံသက်သေကောင်း ဖြစ်သည်။ လောကသည် စာတန် ပိုင်သောကြောင့်၊ သူ့ဥစ္စာကိုများများ ပိုင်သော သူကို စာတန် ကကြိုက်နှစ်သက်သလို ကြိုးကိုင်နိုင်သည်။ ယေရှု၏ အင်္ကျီစာရေးတံချမည့် အရာကို ဒါဝိဒ်က ကြိုတင် ရေးသား ခဲ့ပြီ (ဆာ ၂၂:၁၈)။

၂၅။ ယေရှု၏ လက်ဝါးကပ်တိုင်တော် နားမှာမယ်တော်နှင့် မယ်တော်၏ ညီမ ဖြစ်သော ကလောဖ၏ မယားမာရိနှင့် မာဂဒလမာရိတို့သည် ရပ် နေကြ၏။ ၂၆ ထိုအခါ မယ်တော်နှင့် ချစ် တော်မူသော တပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင် တော်မူလျှင်၊ မယ်တော် အား၊ အချင်းမိန်းမ၊ သင်၏ သားကို ကြည့်ပါဟူ၍ ၎င်း၊ ၂၇ တပည့်တော်အား လည်း၊ သင်၏ အမိကို ကြည့်ပါဟူ၍ ၎င်းမိန့် တော်မူ၏။ ထိုအခါ မှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။
ယေရှု အသေခံ သောအခါ တပည့်တော်များထွက်ပြေးသွားကြသော်လည်း၊ အမျိုးသမီးများ မူကား အနားမှာရပ်၍ နေနေကြသည်။ သူတို့ အနေဖြင့် မကာကွယ်နိုင်သော်လည်း၊ ထိုသို့ ရပ်တည်ပေးခြင်းသည် အလွန် အရေးကြီးသည်။ ကျွန်ုပ်တို့လည်း ဒုက္ခ ရောက်သော သူများ၊ ကျေကွဲ ဝမ်းနည်းသော သူများကို အနား၌ နေပေးခြင်း ဖြင့် အားပေးရမည်။ ယေရှု ချစ် တော်မူသော တပည့်တော်သည် ဤစာကို ရေးသော သူယောဟန် ဖြစ်သည်။ ယေရှု ကယောဟန်ကို မယ်တော် စောင့်ရှောက်ဘို့ရန် မှာသည်။ မယ်တော်သည် မည်မျှဝမ်းနည်း ကျေကွဲ မည်နည်း။ ယောဟန်ကမယ်တော် မာရိကို မိမိအိမ်သို့ ခေါ်သွားသည်။

၂၈။ ထိုနောက်ကျမ်းစာ ပြည့်စုံစေခြင်းငှါ အမှု ရှိသမျှ ကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။ ၂၉ ထိုအရပ်၌ ပုံးရည်နှင့် ပြည့်သော အိုးတလုံးရှိသည် ဖြစ်၍ ၊ ထိုသူတို့သည် ရေမှိုတထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ဟု ဿုပ်ပင်အကိုင်းဖျား၌ တပ်၍ ခံတွင်း တော်သို့ ကပ်ထားကြ၏။ ၃၀ ယေရှုသည် ပုံးရည်ကို ခံပြီးမှ၊ အမှုပြီး ပြီဟု မိန့်တော်မူ လျက်၊ ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့် တော်မူ၏။ က
ိုယ်ခန္ဓာဒဏ်ရာရသောကြောင့် ယေရှုသည် ရေငတ်သည်။ ထိုအရာသည် လူသားများငရဲ၌ ရေငတ်မည့် အစားအငတ်ခံခြင်း ဖြစ်သည်ဟုဆိုနိုင်သည်။ ပုံးရည်သည် စပျစ်ဝိုင်အချဉ် ဖြစ်သည်။ ထိုသို့ဖြစ်မည့် အရာကို ဆာလံ ၂၂:၁၅နှင့် ၆၉:၂၁၌ ရေးထားခဲ့ပြီ။ ယေရှုသည် မိမိအသက်ကို စွန့် တော်မူသည်ဟုဆိုသည်။ ယေရှု ကအမှုပြီး ပြီဟူသော စကားသည် လူများ ကယ်တင်ခြင်း လုပ်ငန်းပြီး ပြီ၊ အပြစ် ဆေးကြောခြင်းပြီး ပြီ၊ ယဇ်ပူဇော်ခြင်းပြီး ပြီ၊ လူများ၏ ပြသနာ အပေါင်း​ ဖြေရှင်း ပေးပြီဟူ၍ အဓိပ္ပါယ်များစွာ ရှိသည်။ ထိုအရာကို ယုံကြည်၍ ကျေးဇူးတော် ချီးမွမ်းဘို့ ဖြစ်သည်။

၃၁။ ထိုနေ့သည် အဘိတ်နေ့ ဖြစ်၍ ၊ နက်ဖြန်နေ့လည်း ကြီး မြတ်သော ဥပုသ်နေ့ ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍ ၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှါ ပိလတ်မင်းထံသို့ ဝင်ပြီးလျှင်၊ ​ခြေကို ချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။
အဘိတ်နေ့ဆိုသည်မှာ ကြိုတင် ပြင်ဆင်သော နေ့ဟုဆိုခြင်း ဖြစ်သည်။ နောက်တနေ့သည် ဥပုသ်နေ့ ဖြစ်သောကြောင့် ထိုနေ့မတိုင်မှီ ပြင်ဆင်ခြင်းကို ဆိုလိုသည်။ ဥပုသ်နေ့၌ ယေရှု၏ အလောင်းကို လက်ဝါးကပ်တိုင်၌ မထားလိုကြချေ။ လက်ဝါးကပ်တိုင်မှာရိုက်သတ် သောအခါ၊ မသေလျှင် ​ခြေကို ချိုးရသည်။ ထို့ကြောင့် ပိလတ်မင်းထံယေရှုနှင့် လူဆိုးနှစ်ယောက်၏ ​ခြေချိုးဘို့ရန် ခွင့်တောင်းခြင်း ဖြစ်သည်။

၃၂။ ထိုအခါ စစ်သူရဲတို့သည် သွား၍ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာရိုက်ထားသော သူနှစ်ယောက်တို့၏ ​ခြေကို ချိုးလေ၏။ ၃၃ ယေရှု ထံသို့ ရောက်၍ အသက် မရှိကြောင်းကို မြင်လျှင် ​ခြေကို မချိုးဘဲ၊ ၃၄ စစ်သူရဲတယောက်သည် နံဖေးတော်ကို လှံနှင့် ထိုးဖောက်၍ သွေးနှင့် ရေသည် ချက်ခြင်း ထွက်လာ၏။ ၃၅ ထိုအကြောင်း အရာကို မြင်သော သူသည် သက်သေခံ၏။ သူ၏ သက်သေခံချက် သည်လည်း မှန်ပေ၏။ သင်တို့သည် ယုံကြည် မည်အကြောင်း၊ သူပြောသော စကား မှန်သည်ကို သူသိ၏။ ၃၆ ထိုအကြောင်း အရာကား၊ သူ၏ အရိုးကို မချိုးရဟု ကျမ်းစာ လာချက် ပြည့်စုံမည်အကြောင်း တည်း။ ၃၇ တဖန် ကျမ်းစာ လာသည်ကား၊ ထိုသူတို့သည် မိမိတို့ ထိုးဖောက်သော သူကို ရှုမြင်ရကြလိမ့်မည်ဟု လာ၏။
လူဆိုးနှစ်ယောက်တို့သည် မသေ သေးသောကြောင့်၊ သူတို့၏ ​ခြေကို ချိုးရသည်။ သို့သော် ယေရှုသည် အသက် မရှိတော့သောကြောင့် ​ခြေမချိုးတော့ဘဲ၊ နံဖေးတော်ကို လှှံနှင့် ထိုးလိုက်သည်။ ထိုအရာသည် ကျမ်းစာ ပြည့်စုံမည့်အကြောင်း ဖြစ်သည်။ ပသခါ သိုးသငယ်ကို သတ် သောအခါ အရိုးမချိုးရဟုဆိုသည် (ထွက် ၁၂:၄၆၊ တော ၉:၁၂)။ ပသခါ သိုးသငယ်သည် ယေရှုကို ပုံဆောင်သည် (၁ ကော ၅:ရ)။ ဆာလံဆရာက၊ “​ဖြောင့်မတ်သော သူသည် များစွာသော ဒုက္ခ ဆင်းရဲကို ခံရသော်လည်း၊ ထာဝရ ဘုရားသည် ခပ်သိမ်းသော ဒုက္ခ ဆင်းရဲ ထဲကကယ်လွှတ် တော်မူ၏။ ၂၀ သူ၏ အရိုးရှိသမျှ တို့ကို စောင့်ရှောက် တော်မူသည် ဖြစ်၍ ၊ တစ်ချောင်းမျှမကျိုးမပဲ့ရ။” (ဆာ ၃၄:၁၉-၂၀) ဟုဆိုခဲ့သည်။ နံဖေးတော် လှန်ထိုးမည့် အရာကိုလည်း ကျမ်းစာ ကဤသို့ ရေးထားခဲ့ပြီ၊ “ကျေးဇူးတော်ကို ခံသော သဘော၊ ဆုတောင်း ပဌနာ ပြုသော သဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင် မြို့သားတို့ အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။” (ဇာခရိ ၁၂:၁၀)

၃၈။ ထိုနောက်မှအရိမသဲမြို့သား ယောသပ်သည် ယုဒလူတို့ကို ကြောက်၍ မထင်မရှားတပည့်တော် ဖြစ်သည် နှင့်၊ ပိလတ်မင်းထံသို့ ဝင်၍ ယေရှု၏ အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည် သွား၍ ယေရှု၏ အလောင်းတော်ကို ယူလေ၏။
အရိမသဲမြို့သား ယောသပ်သည် ယေရှုကို ယုံကြည်သော တပည့် ဖြစ်သော်လည်း၊ ယုဒလူများကို ကြောက်သောကြောင့် မထင်မရှား နောက်လိုက် သောသူ ဖြစ်သည်။ သူ့အကြောင်းကို မဿဲကဤသို့ ရေးထားသည်၊ “ယောသပ်သည် အလောင်းတော်ကို ယူ၍ ဖြူစင်သော ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ ၆၀ ကျောက်၌ ထွင်းသော မိမိသင်္ချိုင်းတွင်း သစ်ထဲမှာထားလေ၏။” (မ ၂ရး၅၉-၆၀)။ ယောသပ်သည် မိမိသင်္ချိုင်းတွင်းရှိသောကြောင့် ချမ်းသာ သောသူ၊ အရေးကြီး သောသူ ဖြစ်လိမ့်မည်။ ထို့ကြောင့် ပိလတ်မင်းထံ၌လည်း ယေရှု အလောင်းကို တောင်းရဲခြင်း ဖြစ်သည်။ သူသည် သူဌေး ဖြစ်ကြောင်း ဟေရှာယကဤသို့ ရေးခဲ့ပြီ၊ “ပြစ်မှားခြင်းကို မပြု၊ ၊ သူ၏ နှုတ်၌ မုသား မရှိသော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှါ စီရင်ကြ၏၊ ၊ သို့ ရာတွင် သေပြီးမှသူဌေး၌ ရှိ၏၊ ၊ ” (ဟေရှာယ ၅၃:၉) ဆိုလိုသည် မှာယေရှုသည် အသက် ရှင်ခဲ့စဉ်ကဆင်းရဲ ခဲ့သော်လည်း၊ သေ သောအခါ သူဌေးယောသပ်၏ သင်္ချိုင်း၌ မြှုပ်ခြင်းကို ခံရသည်။

၃၉။ အထက် ကညဉ့်အခါယေရှု ထံတော်သို့ လာသော နိကောဒင်သည် လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန် ရှိသော မုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပျောင်းကို ဆောင်လျက် လာ၏။ ၄၀ ထိုသူတို့သည် ယေရှု၏ အလောင်းတော်ကို ယူ၍ ၊ ယုဒလူတို့၏ သင်္ဂြိုလ်ခြင်းနှင့် ဆိုင်သော ပြင်ဆင်ခြင်း ထုံးစံရှိသည် အတိုင်း နံ့သာမျိုးနှင့် တကွပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။
နိကောဒင်လည်း ဖါရိရှဲအရာရှိ ဖြစ်သည်။ ယေရှုကို ယုံကြည်သော်လည်း၊ ယောသပ်ကဲ့သို့ လူများကို ကြောက်သောကြောင့် ထင်ရှားစွာ ယေရှု နောက်သို့ မလိုက်ရဲသောသူ ဖြစ်သည်။ သူသည် ယေရှု အလောင်းကို သင်္ဂြိုလ်ဘို့ရန် မုရန်၊ အကျော်ရောနှောသော နံ့သာပျောင်းကို ယူဆောင်သည်။ ထိုနံ့သာပျောင်းသည် တန်ဘိုးရှိ၍ ခရစ်တော်နှင့် ပတ်သက်၍ ဆာလံကျမ်း၌ ဤသို့ ရေးသား ခဲ့သည် “အို ဘုရားသခင်ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရ ပလ္လင် ဖြစ်ပါ၏၊ ၊ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံ ဖြစ်ပါ၏၊ ၊ ၇ကိုယ်တော်သည် ​ဖြောင့်မတ်ခြင်း တရားကို နှစ်သက်၍ မတရားသော အမှုကို မုန်း တော်မူ၏၊ ၊ ထိုကြောင့်အို ဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက်ကိုယ်တော်ကို ချီးမြှောက်၍ ဝမ်းမြောက်ခြင်း ဆီနှင့် ဘိသိက် ပေးတော်မူ ပြီ၊ ၊ ဆင်စွယ်ဘုံဗိမာန်ထဲကထုတ်သော အဝတ်တန်ဆာတော် ရှိသမျှ တို့သည် မုရန်၊ အကျော်၊ သစ်ကြံပိုးအမွှေးနှင့် ပြည့်စုံ၍ နှစ်သက် တော်မူ ဘွယ် ဖြစ်ကြပါ၏၊ ၊ ” (ဆာ ၄၅:၈)

၄၁။ လက်ဝါးကပ်တိုင်မှာရိုက်ထားသော အရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်၌ တယောက်ကို မျှမသင်္ဂြိုဟ်ဘူးသော သင်္ချိုင်းတွင်း သစ်ရှိ၏။ ၄၂ ယုဒလူတို့၏ ဘိတ်နေ့ ဖြစ်သောကြောင့်၊ အနီးအပါးတွင် ရှိသော ထိုသင်္ချိုင်းတွင်း ၌ အလောင်းတော်ကို ထားကြ၏။
ထိုသင်္ချိုင်းနှင့် ပတ်သက်၍ အငယ် ၃၉၌ ဖေါ်ပြခဲ့ပြီး ပြီ။ ယေရှုကို မြှုပ်နှံသော နေ့သည်သော ကြ်ာနေ့ ဖြစ်၍ ထိုနေ့မိုဃ်းချုပ်လျှင် ဥပုသ်နေ့ ဖြစ်တော့မှာ ဖြစ်သောကြောင့် ထိုအချိန် မရောက်မှီ အမြန်ဆုံး နီးရာသင်္ချိုင်း၌ မြှုပ်နှံလိုက်ကြခြင်း ဖြစ်သည်။ ထိုသို့ မြှုပ်နှံခြင်းကို ဟေရှာယကရေးထားနှင့် ပြီ၊ သို့မဟုတ် ထိုသို့ ရေးထားသည့်အတိုင်း ပြည့်စုံခဲ့သည်။

.

^

ယော ၂၀

၁။ ခုနစ်ရက်တွင် ပဌမ နေ့ရက်၊ မိုဃ်းမလင်းမှီ စောစော အချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်း ဝ၌ ပိတ်သော ကျောက်သည် ရွှေ့လျက် ရှိသည်ကို မြင်လျှင်၊ ၂ ရှိမုန်ပေတရုနှင့် ယေရှု ချစ် တော်မူသော အခြားတပည့်တော် ဆီသို့ ပြေးသွား၍ သင်္ချိုင်းတော် မှသခင်ကို ယူသွားကြပြီ။ အဘယ်မှာ ထားကြသည်ကို မသိဟု ပြောဆို၏။
ခုနှစ်ရက်တွင် ပဌမ နေ့ရက်သည် တနင်္နွေနေ့ ဖြစ်သည်။ မာဂဒလမာရိသည် အဘယ်ကြောင့်မိုဃ်းမလင်းမှီသင်္ချိုင်းသို့ သွားသနည်း။ သခင်ယေရှုကို ချစ်သောကြောင့် ဖြစ်သည်။ သခင်ယေရှုကို ချစ်သော သူများ အတွက်၊ စောလွန်းသည်၊ နောက်ကျလွန်းသည် မရှိပါ။အချိန် မရွေးသူ့အတွက် အသက် ရှင်ချင်သည်။ မဿဲ ခရစ်ဝင်ကျမ်း၌ မာဂဒလမာရိသည် အခြားသော မာရိနှင့် ဖြစ်၍ ကောင်းတမန်သည် ကျောက်ပေါ်မှာ ထိုင်လျက် မာရိတို့ကို သခင်ယေရှု ထမြောက် ပြီ ဖြစ်ကြောင်း၊ တမန်တော်တို့ ထံပြောခိုင်းသည်။ သို့သော ဤကျမ်း၌၊ သူတို့သည် သခင်ယေရှုကို ယူသွားကြပြီ၊ အဘယ်မှာ ထားကြသည်ကို မသိဟု၊ ယေရှု မရှင်ပြန်မထမြောက် သေး သကဲ့သို့ ရေးထားသည်။

၃။ ထိုအခါ ပေတရုနှင့် အခြားသော တပည့်တော်သည် ထွက်၍ ၊ သင်္ချိုင်းတော်သို့ သွားကြ၏။ ၄ ထိုသူနှစ်ယောက်တို့သည်အတူ ပြေးသည်တွင် အခြားသော တပည့်တော်သည် ပေတရုကို လွန်၍ ၊ သင်္ချိုင်းတော်သို့ အရင်ရောက်သည် ရှိသော်ငုံ့၍ ကြည့်သဖြင့်၊ ၅ ပိတ်ပုဆိုးရှိရစ်သည်ကို မြင်လျှင်၊ မဝင်ဘဲ နေ၏။
အခြားသော တပည့်တော်သည် ယောဟန် ဖြစ်မည်ဟု ယူဆရသည်။ သူသည် အသက် ပိုငယ်သောကြောင့် ပေတရုကို လွန်၍ သင်္ချိုင်းသို့ အရင်ရောက်သွားခြင်း ဖြစ်သည်။ သူသည် သင်္ချိုင်းထဲသို့ မဝင်ဘဲ အဝမှကြည့်၍ ပိတ်ပုဆိုးကို သာမြင်သည်။

၆။ ရှိမုန်ပေတရုသည် နောက်သို့ လိုက်၍ ရောက် သောအခါ၊ တွင်း ထဲသို့ ဝင်လျှင် ပိတ်ပုဆိုးရှိရစ်သည်ကို၎င်း၊ ၇ ခေါင်းတော်၌ ရှိသော ပဝါသည် ပုဆိုးနှင့်အတူ မရှိဘဲ တခြားဆီလိပ်လျက် ရှိသည်ကို၎င်းမြင်လေ၏။
ပေတရုသည် သင်္ချိုင်းတွင်း ထဲသို့ ဝင်သွားသည်။ သင်္ချိုင်းသည် ယခုခေတ် ကဲ့သို့ မြေကြီး အောက်မှာ မဟုတ်ဘဲ ကျောက်ကို ထွင်းထားသောကြောင့်တွင်းသည် မြေကြီးနှင့် တညီတည်း ဖြစ်မည် (မ ၂ရး၆၀)။ ထိုသို့ အတွင်းသို့ ဝင်သောကြောင့် ပိတ်ပုဆိုးသာမက၊ ပဝါသည် ပုဆိုးနှင့်အတူ မရှိဘဲ တခြားဆီလိပ်လျက် ရှိသည်ကို မြင်သည်။ ပေတရုသည် လူကြီး ဖြစ်သည့်အတိုင်း အတွင်းသို့ ဝင်သော ကြောင်ယောဟန်ထက် ပို၍ မြင်သည်။

၈။ ထိုအခါ သင်္ချိုင်းတော်သို့ အရင်ရောက်သော အခြားတပည့်တော်သည်၊ ဝင်၍ မြင်သဖြင့် ယုံလေ၏။ ၉ကိုယ်တော်သည် သေခြင်း မှထမြောက် ရမည်ဟူသော ကျမ်းစကားကို တပည့်တော် တို့သည် နားမလည် ကြသေး။ ၁၀ နောက်မှထိုသူနှစ်ယောက်တို့သည် မိမိတို့ အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။
သောမတ်သည် ရှင်ပြန်ထမြောက် သောကိုယ်တော်ကို မြင်သောကြောင့် ယုံကြည်သည် (ယော ၂၀:၂၄-၂၈)။ ယောဟန်သည် သင်္ချိုင်းတော် အထဲ၌ကိုယ်တော် မရှိသောကြောင့် ယုံကြည်သည်။ သို့သော် သခင်ယေရှုက၊ ငါ့ကို မမြင်ဘဲ ယုံသော သူတို့သည် မင်္လာရှိကြ၏ဟု မိန့်တော်မူ၏။

၁၁။ မာရိသည် သင်္ချိုင်းတော် အနားမှာငိုကြွေးလျက် ရပ်နေ၏။ ငိုကြွေးစဉ်ငုံ့၍ တွင်း ထဲသို့ ကြည့်လျှင်၊ ၁၂ ကောင်းကင်တမန် နှစ်ပါးတို့သည် ဖြူသော အဝတ်ကို ဝတ်ဆင်လျက်၊ ယေရှု၏ အလောင်းတော် လျောင်းရာအရပ်၊ ခေါင်းရင်း၌ တပါး၊ ​ခြေရင်း၌ တပါးထိုင်ကြသည်ကို မြင်လျှင်။ ၁၃ ထိုသူတို့က၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်းဟု မေးလျှင်၊ ​ကျွန်မ၏ သခင်ကို ယူသွားကြပြီ။ အဘယ်မှာ ထားကြသည်ကို မသိပါဟု ပြောဆို၏။
မာရိကသင်္ချိုင်းတွင်း ထဲကြည့် သောအခါ၊ ကောင်းကင်တမန် နှစ်ပါးကို မြင်တွေ့ရသည် သာမက၊ သူတို့နှင့် စကားပြောခွင့်ရခဲ့သည်။ အဘယ်ကြောင့်ထိုသို့ မြင်တွေ့စကား ပြောခွင့်ရသနည်း။ သခင်ယေရှုကို ချစ်သော စိတ်နှင့် ကြည့်ရှုသောကြောင့် ဖြစ်မည်။ ဘုရားသခင်က သူ့ကို မြင်ခွင့်ပေးသည်။ ပေတရုနှင့် ယောဟန်ကအဘယ်ကြောင့် ကောင်းကင်တမန် များကို မြင်ခွင့်စကား ပြောခွင့်မရရှိခဲ့ကြသနည်း။ မာရိလောက်စိတ်မထိခိုက်၊ မရှာသောကြောင့် ဖြစ်မည်။ ထို့ကြောင့် ​ကျွန်ုပ်တို့ လည်း၊ မာရိကဲ့သို့ စိတ်ထိခိုက်ပြီး လိုချင်သော စိတ်နှင့် ဘုရားကို ရှာလျှင်၊ အမှုတော်ဆောင်ကြီးများမတွေ့မြင်နိုင်သောအရာ များကို၊ ဘုရားသခင်က မြင်တွေ့ခွင့်ပေးမှာ ဖြစ်သည်။

၁၄။ ထိုသို့ ဆိုပြီးမှနောက်သို့ လှည့်လျှင်၊ ယေရှု ရပ်လျက် နေတော်မူသည်ကို မြင်သော်လည်း၊ ယေရှု ဖြစ်တော်မူသည်ကို မသိ။ ၁၅ ယေရှု ကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း၊ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည် သူ့ကို ဆောင်သွားသည် မှန်လျှင် အဘယ်မှာ ထားသည်ကို ​ကျွန်မအား ပြောပါ၊ ​ကျွန်မယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့် ဖြစ်သည်ဟု ထင်မှတ်လျက် ဆို၏။
မာရိသည် ကောင်းကင်တမန် များနှင့် စကားပြောခွင့်ရသည် သာမက၊ သခင်ယေရှုကိုယ်တိုင်နှင့်လည်း တွေ့မြင်စကား ပြောခွင့်ရသည်။ မည်မျှထူးမြတ်သနည်း။ သို့သော် ကောင်းစွာ မကြည့်သောကြောင့်၊ သခင်ကို ဥယျာဉ်စောင့်ဟု ထင်မှတ်သည်။ ကျွန်ုပ်တို့လည်း ဘုရားက ဖေါ်ပြသော်လည်း၊ မတွေ့မမြင်မှာကို စိုးရိမ် ရသည်။ သူသည် စိတ်ထိခိုက်လွန်းသောကြောင့် ငိုကြွေးနေသည်။ သခင်ယေရှု၏ အလောင်းကို ယူသွားဘို့ အထိ ပြောဆိုသည်။ ကျွန်ုပ်တို့လည်း သူကဲ့သို့ သခင်ယေရှုနှင့် ပတ်သက်၍ တယောက် တည်း ဖြစ်သော်လည်း တာဝန် ယူချင်သော စိတ်ရှိကြပါသလား။

၁၆။ ယေရှုကလည်း မာရိဟု ခေါ် တော်မူလျှင်၊ မာရိသည် လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား အရှင်ဘုရားဟု
ဆိုလိုသတည်း။ ၁ရယေရှု ကလည်း၊ ငါ့ကို မဘက်နှင့် ဦး။ ငါသည် ငါ့ခမည်းတော် ထံသို့ မတက်ရသေး။ ငါ့ညီတို့ ရှိရာသို့ သွားလော့။ ငါ၏ ခမည်းတော် တည်းဟူသောသင်တို့၏ ခမည်းတော်၊ ငါ၏ ဘုရားသခင် တည်းဟူသောသင်တို့၏ ဘုရား သခင့်ထံတော်သို့ ငါတက်ရမည်အကြောင်း အရာကို ကြားပြောလော့ဟု မိန့်တော်မူသည် နှင့် အညီ၊

သခင်ယေရှု ကမာရိဟု ခေါ်မှမာရိကသူ၏ သခင်ကို သိလာသည်။ သူသည် ယေရှုကို ဘက်ဘို့ လုပ်သောကြောင့် သခင်ယေရှုက၊ ငါ့ကို မဘက်နှင့် ဦးဟုဆိုသည်။ အဘယ်ကြောင့်ဘက်ခွင့်မပေးသနည်း။ သူသည် ခမည်းတော် ထံသို့ မတက်ရ သေးသောကြောင့် ဟုဆိုသည်။ ထို့ကြောင့် အချို့သော သူများက၊ သခင်ယေရှုသည် သင်္ချိုင်း၌ကိုယ်ခန္ဓာသုံးရက်လျောင်းစဉ်တွင် ငရဲသွားသည် ဟူ၍ ၎င်း၊ သူ၏ ဝိညာဉ်သည် အိပ်ပျော်နေသည် ဟူ၍ ၎င်း၊ ပြော ကြသည်။ အမှန်မှာ ယေရှုသည် ဝိညာဉ် အားဖြင့် ကောင်းကင်သို့ တက်ခဲ့ပြီ။ သူခိုးဆီမှာယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိမည် (လု ၂၃:၄၃) ဟုဆိုခဲ့သည်။ ထို့အပြင် ၊ သူ၏ စိတ် ဝိညာဉ်ကို ခမည်းတော် ထံအပ်ပြီးမှအသက် ချုပ် တော်မူသည် (လု ၂၃:၄၆)။ ထို့ကြောင့် ယေရှုသည် စိတ် ဝိညာဉ်အားဖြင့် ကောင်းကင်သို့ တက်ခဲ့ပြီ။ သို့သော် ယဇ်ပုရောဟိတ် အနေဖြင့်၊ ကောင်းကင် သန့်ရှင်းရာထဲသို့၊ သူ၏ အသွေးနှင့် ကိုယ်ခန္ဓာကို မဆက်ကပ်ရသေးပါ။ ရှင်ပြန်ထမြောက် သောအခါ ယေရှုသည် ယဇ်ပုရောဟိတ် ဖြစ်၍ ကောင်းကင်သို့ တက်ကာ၊ သူ၏ ခန္ဓာနှင့် အသွေးကို ဆက်ကပ်ခဲ့သည် (ဟေ ၉:၁၁-၁၂၊ ၁၀:၁၀)။ ယဇ်ပုရောဟိတ် များသည် အသန့်ရှင်းဆုံးဌါနသို့ ဝင် သောအခါ၊ မည်သူကမျှ သူ့ကို မကိုင်မထိရပါ။ ထို့ကြောင့် သခင်ယေရှု ကမာရိကို ထိခွင့်မပေးခြင်း ဖြစ်သည်။

၁၈။ မာဂဒလမာရိသည် သွား၍ မိမိသည် သခင်ကို တွေ့မြင်သည်ကို၎င်း၊ ထိုသို့ မိန့်တော်မူသည် ကို၎င်း၊ တပည့်တော် တို့အား ကြားပြောလေ၏။
မာရိသည် သခင်ယေရှုကို တွေ့မြင်ပြီး နောက်တပည့်တော်တို့ ထံအားရဝမ်းမြောက်စွာ သတင်း ကြားပြောလိုက်သည်။ သခင်ယေရှုနှင့် တွေ့သူတိုင်း သူတပါးကို မကြား မပြောဘဲ မနေနိုင်ပါ။ ယနေ့တွင် မာရိကဲ့သို့ ခန္ဓာအားဖြင့် မတွေ့မြင်နိုင်တော့သော်လည်း စိတ် ဝိညာဉ် အားဖြင့် တွေ့မြင်သော သူတို့သည် မနေနိုင်ပါ။ သူတပါးကို ပြောချင်သည်။

၁၉။ ခုနစ်ရက်တွင် ပထမနေ့ ဖြစ်သော ထိုနေ့၌ ညအချိန် ရောက် သောအခါ၊ ယုဒလူတို့ကို ကြောက်၍ တံခါးများကို ပိတ်ထားလျက်၊ တပည့်တော် တို့သည် စည်းဝေးကြသော အရပ်သို့ ယေရှုသည် ကြွလာ၍ အလယ်မှာရပ် တော်မူ လျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်းဟု မိန့်တော်မူ၏။ ၂၀ ထိုသို့ မိန့်တော်မူပြီးမှ လက်တော်နှင့် နံဖေးတော်ကို ပြတော်မူ၏။ တပည့်တော် တို့သည် သခင်ကို မြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။
ခုနစ်ရက်တွင် ပထမနေ့သည် တနင်္နွေနေ့ ဖြစ်သည်။ စနေနေ့သည် ခုနစ် ရက်နေ့ ဖြစ်သည်။ ယေရှုကို ယုံကြည်သော သူများသည် သူတို့၏ သခင်ကို သတ်လိုက် သောအခါ အလွန် ကြောက်ရွံ့ ကြသည်။ အကြောင်းမှာ သူတို့၏ သခင်ကိုယ်တိုင်အသတ်ခံရသောကြောင့် သူတို့ကို ကာကွယ်မည့်သူ မရှိတော့ချေ။ ထို့ကြောင့် တံခါးများ ပိတ်လက်စည်းဝေးကြခြင်း ဖြစ်သည်။ ထိုသူတို့ အလည်၌ ယေရှုသည် ဘွားကနဲရောက်လာ၍ ၊ သင်တို့၌ ငြိမ်သက်ရှိရှိစေသတည်းဟု ပြောလိုက် သောအခါ၊ တပည့်တော် များသည် အလွန် ဝမ်းမြောက် ကြသည်။ သခင်ယေရှု ကသူသည် အမှန်တကယ် အသတ်ခံသောသူ ဖြစ်ကြောင်းကို သံမှူရိုက်ထားသော လက်တော်နှင့် နံဖေးတော်ကို ပြခြင်းဖြင့် သက်သေထူလိုက်သည်။

၂၁။ တဖန် ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ် တော်မူသည် နည်းတူ ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊ ၂၂ ထိုသူတို့ အပေါ်မှာ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့။ ၂၃ အကြင်သူ၏ အပြစ်ကို သင်တို့ လွှတ်လျှင် ထိုသူသည် အပြစ် လွတ်လျက် ရှိ၏။ အကြင်သူ၏ အပြစ်ကို သင်တို့ တည်စေလျှင်၊ ထိုသူသည် အပြစ် တည်လျက် ရှိ၏ဟု မိန့်တော်မူ၏။
ခမည်းတော် ကသူ့ကို စေလွှတ် သကဲ့သို့ သူကလည်း တပည့်တော် များကို စေလွှတ်သည်ဟုဆိုသည်။ စေလွှတ်ခြင်း ခံရသူသည် စေလွှတ်သူ၏ ဆန္ဒအတိုင်း လုပ်ရသည်။ မိမိဆန္ဒအတိုင်း မလုပ်ရ။ ​ကျွန်ုပ်တို့လည်း သခင်ဘုရား ကစေလွှတ်သောကြောင့် ကိုယ့်ဆန္ဒကို ဖယ်၍ သခင်ဘုရား၏ ဆန္ဒကို ပြုလုပ် ရမည်။ သူတို့ အပေါ်မှာ မှုတ်လျက် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့ဟုဆိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရား ဖြစ်၍ သူ၏ တရားဝင်လောက၌ ယုံကြည်သူ တိုင်းထံ၊ ကျိန်းဝပ်ခြင်းသည် ပင်တေကုတ္တေ နေ့ (တ ၂)၌ သာလျှင် ဖြစ်သည်။ သို့သော် သခင်ယေရှု ကတပည့်တော်များထံ ကြိုတင် ခံယူခိုင်းသည်။ သူတို့အား အပြစ် လွှတ်ခွင့်နှင့် တည်ခွင့်ကို ပေးသည်။ အမှန်မှာ အပြစ် တင်နိုင်လွှတ်နိုင်သော သူသည် ဘုရား သာလျှင် ဖြစ်သည် (ဆာ ၃၂:၂၊ မာ ၂:၅ -ရ)။ ဘုရားသခင်က ယေရှုခရစ်အားဖြင့် အပြစ် လွှတ်သောအရာ ကို၊ တပည့်တော်များအားဖြင့် ကျေညာစေသည်။ ထိုအရာကို ယုံကြည်သူသည် အပြစ် လွှတ်ခြင်းကို ခံစား၍ ၊ မ ယုံကြည်သူသည် မခံစားရခြင်းကို ဆိုလိုသည်။

၂၄။ ထိုသို့ ယေရှုသည် ကြွလာ တော်မူ သောအခါ တမန်တော် တကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟု အမည်ရှိသောသော မသည် ထိုတပည့်တော် တို့နှင့်အတူ မရှိ။ ၂၅ ထိုသူတို့ ကလည်း၊ အ​ကျွန်ုပ်တို့သည် သခင်ကို မြင်ရကြပြီဟုသော မအား ပြောဆို ကြလျှင်၊ သော မကလက်တော်၌ သံရိုက်ရာချက်ကို မမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့် မတို့ မစမ်း၊ နံဖေးတော် ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အ​ကျွန်ုပ်မယုံဟုဆို၏။
သောမသည် မျက်စိနှင့် မြင်မှ၊ လက်နှင့် စမ်းမှယုံကြည် မည်ဟုဆိုသည်။ သူ့ကို အပြစ် တင်မဆောဘို့ လိုသည်။ လူအများစုသည် သူကဲ့သို့ပင်မျက်စိနှင့် မြင်မှယုံကြည် တတ်ကြသည် မဟုတ်လော။

၂၆။ ထိုနောက်ရှစ်ရက်မြောက်သော နေ့၌ တပည့်တော် တို့သည် တဖန် အထဲမှာရှိကြ၍ သော မလည်း ပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါယေရှုသည် ကြွလာ၍ ၊ အလယ်မှာရပ် တော်မူ လျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်းဟု မိန့်တော်မူ၏။ ၂ရ။ ထိုအခါသော မအား၊ သင်၏ လက်ညှိုးကို ဆန့်၍ ငါ့လက်ကို ကြည့်လော့။ သင်၏ လက်ကို ဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်း မရှိနှင့် ယုံလော့ဟု မိန့်တော်မူ၏။ ၂၈သော မကလည်း၊ အ​ကျွန်ုပ်၏ အရှင်၊ အ​ကျွန်ုပ်၏ ဘုရားသခင် ပါတကားဟု ပြန်၍ လျှောက်၏။ ၂၉ ယေရှု ကလည်း၊ သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသော သူတို့သည် မင်္လာရှိကြ၏ဟု မိန့်တော်မူ၏။
နောက် တပတ်ကြာ သောအခါ၊ သော မကသခင်ယေရှုကို မြင်၍ ယုံကြည်သည်။ သို့သော် သခင်ယေရှု ကသူ့ကို မမြင်ဘဲ ယုံကြည်သော သူသည် မင်္လာရှိသည်ဟုဆိုသည်။ အကြောင်းမှာ မြင်ပြီးမှ ယုံကြည်သူသည် သခင်ဘုရားကို သိက္ခာချခြင်းနှင့် တူသည်။ အကြောင်းမှာ သခင်ဘုရားက၊ သေပြီးမှသုံးရက်မြောက်သော နေ့တွင် ထမြောက် မည်ဟူသော စကားကို မယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း မမြင်မှီဘုရား စကားကို ယုံကြည် ရမှာ ဖြစ်သည်။ ကယ်တင်ခြင်း အတွက် သာမက၊ နေ့စဉ် အသက်တာအတွက် ကူညီမစခြင်းများအတွက်လည်း ယုံကြည်ဘို့ လိုသည်။

၃၀။ ဤကျမ်းစာ၌ ရေး၍ မထားသော အခြားနိမိတ်လက္ခဏာများတို့ ကိုလည်း ယေရှုသည် တပည့်တော်တို့ မျက်မှောက်၌ ပြတော်မူ၏။ ၃၁ ယေရှုသည် ခရစ်တော် တည်းဟူသောဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ကို၊ သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ ယုံ၍ နာမတော် အားဖြင့် အသက်ကို ရမည်အကြောင်း၊ ဤမျှလောက်ရေးထားလျက် ရှိသတည်း။
ယေရှု ပြတော်မူသော နိမိတ်လက္ခဏာများစွာ ရှိသည်ဟုဆိုသည်။ သို့သော် အားလုံးကို ကျမ်းစာ၌ မရေးထားပါ။ အကြောင်းမှာ ရေးဘို့ရန် များ လွန်းသည်။ ကျမ်းစာ ရေးရခြင်းသည် သူ့ကို ယုံကြည်၍ အသက် ရဘို့ ဖြစ်သည်။ ဤကျမ်းပိုဒ်ကို စာတန် ကအသုံးပြု၍ ၊ သူလူများ ထံမှ ဘုရား စကား ဟူ၍ သူတပါးကို လိမ်ညာတတ်သော သူများရှိသည်။ ထို့ကြောင့် ကျမ်းစာ အပြင်ဘက်မှပြောသောအရာ များကို မယုံကြည်ဘို့ သတိထားရမည်။

.

^

ယောဟန် ၂၁

၁။ တဖန် ယေရှုသည် တိဗေရိအိုင်နားမှာတပည့်တော်တို့ အားကိုယ်ကို ပြတော်မူ၏။ ပြတော်မူသည် အကြောင်း အရာဟူမူကား၊ ၂ ရှိမုန်ပေတရုနှင့် ဒိဒုမုဟု အမည်ရှိသောသောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သား နှစ်ယောက်၊ အခြားသော တပည့်တော် နှစ်ယောက်တို့သည်အတူ ရှိကြ၏။
သခင်ယေရှုသည် ရှင်ပြန်ထမြောက်ပြီး နောက်၊ တပည့်တော်များထံ၌ သာကိုယ်ကို ပြတော်မူသည်။ မ ယုံကြည်သူများထံ၌ မပြချေ။ ထိုအရာအားဖြင့် သိနိင်သည်မှာ၊ ဘုရားသခင်သည် ယုံကြည်သူများသာလျှင် သမ္မာတရားကို သိစေ၍ ၊ မ ယုံကြည်သူများသည် မသိနိုင်ချေ။ တိဗေရိအိုင်သည် ဂါလိလဲအိုင် ဖြစ်သည်။ ယေရှု ကကိုယ်ကို ပြသောအခါ တပည့်တော် ခုနစ်ယောက်သာလျှင် ရှိသည်။

၃။ ရှိမုန်ပေတရုကအ​ကျွန်ုပ်သည် ငါးဘမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့ ကအ​ကျွန်ုပ်တို့လည်း လိုက်မည်ဟု ပြောဆိုသည်နှင့် ထွက်သွားကြ၏။ ချက်ခြင်း လှေထဲသို့ ဝင်၍ ထိုညဉ့်တွင် တကောင်ကို မျှမရကြ။
ရှိမုန်သည် တပည့်တော် များ၏ ခေါင်းဆောင် ဖြစ်သည်။ သူတို့ ထံယေရှု ကကိုယ်ကို အနည်းဆုံးနှစ်ကြိမ်ပြပြီးသော်လည်း၊ နားမလည် ကြသေးချေ။ သခင်ခိုင်းသော သက်သေခံခြင်း မလုပ်ဘဲ၊ နဂုိလ်အလုပ် ဖြစ်သော ငါးဖမ်းခြင်းကို ပြုလုပ် ကြသည်။ ဝိညာဉ် နုနယ် သေးသော သူများ လည်း၊ ယေရှု အလိုတော် ဖြစ်သော သက်သေခံခြင်းကို မပြုလုပ် လိုကြချေ။ သူတို့သည် တညလုံးဖမ်းသော်လည်း တကောင်မျှမရှိခြင်းသည် အံ့ဩစရာ ဖြစ်သည်။

၄။ နံနက်ရောက် သောအခါ ယေရှုသည် ကမ်းနားမှာရပ် တော်မူ၏။သို့ ရာတွင် ယေရှု ဖြစ်တော်မူသည်ကို တပည့်တော် တို့သည် မသိကြ။
တပည့်တော် များသည် ထိုကဲ့သို့ အသုံးပြု၍ မရ၊ နဂိုလ်အလုပ်၌ ပြန်လဲသွားကြသော်လည်း၊ ယေရှုသည် စိတ်မပျက်ဘဲ သူတို့ ရှိရာသို့ အရောက်လာသည်။ ယနေ့ ​ကျွန်ုပ်တို့ အကြိမ်ကြိမ်သခင်ဘုရားကို ဂတိပေး၍ ပျက်သော်လည်း၊ ကျွန်ုပ်တို့ကို နားလည်ပေးမည်ဟု ယုံကြည်သည်။ တပည့်တော် များသည် သူတို့၏ သခင် ဖြစ်မှန်းကို မသိကြဟုဆိုသည်။ အကြောင်းမှာ သူ့ကို မမျှော်လင့်သောကြောင့် ဖြစ်မည်။

၅။ ယေရှုကလည်း ချစ်သားတို့၊ စားစရာ တစုံ တခုရှိသလောဟု မေးတော်မူလျှင် မရှိပါဟု ပြန်ပြောကြ၏။
ယေရှု ကတပည့်တော် များကို ဖခင်ကသား များကို နှုတ်ဆက် သကဲ့သို့ ခေါ်သည်။ လူ့ဇာတိအားဖြင့် အရွယ်တူနိုင်ကြသော်လည်း၊ ဘုရား ဇာတိအားဖြင့် အလွန် ကွာခြားသည်။ သခင်ဘုရားသည် စားစရာကို တောင်းသော်လည်း၊ သူ၌ မုန့်နှင့် ငါးကင်ရှိပြီး ဖြစ်သည်။ ရှာမာရိအမျိုးသမီးထံမှလည်းရေတောင်းသော်လည်း မသောက်ခဲ့ပါ။

၆။ တဖန် ယေရှုက၊ လှေလက်ျာဘက်၌ ပိုက်ကွန်ကို ပစ်ချလော့။ ထိုသို့ ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍ များစွာသော ငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကို စွဲ၍ မရနိုင်။
ယေရှု ကလှေလက်ျာဘက်၌ ပိုကကွန်ပစ်ချခိုင်း သောအခါ သူတို့သည် နားထောင်၍ များစွာသော ငါးအုပ်မိ ကြသည်။ ထိုအဖြစ် အပျက်မျိုးကို အမှုတော် စတင်ခါစ၌လည်း ဖြစ်ခဲ့ဘူးသည် (လု ၅:၄ ¬- ၆)။ ထိုအဖြစ် အပျက်၌ သခင်ယေရှု ကရေနက်ရာသို့ ပိုက်ကွန်ချခိုင်း သောအခါ၊ ပေတရုကစောဒကတက်သော်လည်း၊ နားထောင်ခြင်းဖြင့် ချ သောအခါ များစွာသော ငါးများကို ရရှိခဲ့သည်။ ယခုတွင် ရေနက်ရာ သို့မဟုတ် တော့ဘဲ လက်ျာဘက်၌ ပိုက်ကွန်ကို ချခိုင်းသည်။ ပေတရုသည် ယခင်ကကဲ့သို့ မငြင်းတော့ဘဲ ချ သောအခါ များစွာသော ငါးကို ရရှိသည်။ တညလုံးငါးမရရှိခြင်းသည် ငါးမရှိသောကြောင့် မဟုတ်၊ သခင်ဘုရား ကမရရှိအောင် ပြုလုပ်ခြင်း ဖြစ်မည်။ သူ့အမိန့်တော်ကို နာခံ သောအခါ နည်းနည်း မဟုတ်၊ ပိုက်ကွန်စွဲ၍ မရနိုင်လောက်အောင် ရရှိကြခြင်းသည် သခင်ဘုရား၏ တန်ခိုးအားဖြင့် ဖြစ်မည်။ ယေရှုသည် တံငါသည် မဟုတ်၊ လက်သမား ဖြစ်သည်။ သို့သော် သူသည် အရာခပ်သိမ်း၏ အရှင် ဖြစ်ကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း အစွမ်းကုန် ကြိုးစားသော်လည်း မအောင်ဘဲ ရှိနိုင်သည်။ စိတ်မပျက်ဘဲ ဘုရား အားကိုး ခြင်း၊ နားထောင်ခြင်းအားဖြင့် အောင်မြင် နိုင်သည်။

ရ။ ထိုအခါ ယေရှု ချစ် တော်မူသော တပည့်တော်က၊ ငါတို့ သခင်ပေတည်းဟု ပေတရုအား ပြောဆို၏။ သခင် ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲ ရှိလျှက် အပေါ်အင်္ကျီကို သာဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။
ယေရှု ချစ် တော်မူသော တပည့်တော်သည် ဤစာကို ရေးသော ယောဟန်ပင် ဖြစ်သည်။ သူကသခင်ဘုရား ဖြစ်ကြောင်းကို အရင်သိသွားသည်။ ပေတရုသည် သခင် ဖြစ်ကြောင်းကို ကြား သောအခါ အဘယ်ကြောင့်အဝတ်ကို မခြုံဘဲ အိုင်ထဲသို့ ဆင်းသနည်း။ သူသည် စိတ်မြန်ကိုယ်မြန် ဖြစ်သောကြောင့် လုပ်မိရာလုပ်ခြင်း ဖြစ်မည်။

၈။ အခြားသော တပည့်တော် တို့သည်၊ ကမ်းနှင့် မနီးမဝေးအလံငါးဆယ်လောက်ကွာသည် ဖြစ်၍ ငါးများနှင့် ပိုက်ကွန်ကို ဆွဲငင်လျက် လှေစီး၍ လာကြ၏။ ၉ ကုန်းပေါ်သို့ ရောက် သောအခါ မီးခဲပုံကို၎င်း၊ ကင်ထားသော ငါးကို၎င်း၊ မုန့်ကို၎င်းတွေ့မြင်ကြ၏။ ၁၀ ယေရှုကလည်း ယခုရသော ငါးအချို့ကို ယူခဲ့ကြဟု မိန့်တော်မူ၏။
တပည့်တော် တို့သည် လှေတစီးနှင့် မဟုတ်ဘဲ၊ သီးခြားငါးဖမ်း ကြသည်။ သခင်ယေရှုသည် တပည့်တော်များဖမ်းသော ငါး မဟုတ်မည်ကဲ့သို့ ငါးရနိုင်သနည်း။ မုန့်ကိုလည်း ရှိသည်။ သူ၏ တန်ခိုးအားဖြင့် ရရှိခြင်း ဖြစ်ပေမည်။ ဘုရား အတွက် ဘာမျှအခက်အခဲမရှိပေ။ အရာခပ်သိမ်းကို မရှိသောအရာ ထဲမှဖန်ဆင်းနိုင်သည်။ လမ်းလွှဲသွားသော တပည့်တော်များကို၊ အစားအစာများနှင့် တည်ခင်းဧည့်ခံသည်။ ​ကျွန်ုပ်တို့လည်း သစ္စာ မရှိလမ်းလွှဲသွားလျှင်လည်း သခင်ဘုရားက၊ လက်ကမ်းကြိုဆို နေကြောင်း စိတ်ချနိုင်သည်။ ယေရှုသည် သူကပေးမည့် အရာသာမက၊ တပည့်တော်များဖမ်းမိသော ငါးများ ကိုလည်း ယူခိုင်းခြင်းသည်၊ သူတို့၏ လုပ်ဆောင်မှုကို လက်ခံခြင်း၊ တန်ဘိုး ထားခြင်းကို ဖေါ်ပြသည်။

၁၁။ ရှိမုန်ပေတရုသည် လှေပေါ်သို့ တက်၍ ၊ ငါးကြီး တရာငါးဆယ့်သုံးကောင်နှင့် ပြည့်လျက် ရှိသော ပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက်များသော်လည်း ပိုက်ကွန်သည် မဆုတ်ပြတ်ရှိ၏။
သူတို့သည် ငါးများကို အတိအကျရေတွက်သောကြောင့်၊ တရာငါးဆယ့်သုံးကောင်ဟုဆိုုနိုင်ခြင်း ဖြစ်သည်။ ကျွန်ုပ်လည်း အရာရာ၌ တိကျစွာ ရေတွက်တင်ပြတတ်ဘို့ လိုသည်။ လုကာ ၅:၄တွင် ငါးမရေတွက်ဘဲ များစွာ ရသည်ဟု သာရေးထားသည်။ ထိုအပြင်ပိုက်ကွန်ပျက်စရှိသည်ဟုဆိုသည်။ သို့သော် ယခုအဖြစ် အပျက်၌ ပိုက်ကွန်မဆုတ်ပြတ်ခြင်းကို မှတ်တမ်းတင်ထားခြင်းသည် ရည်ရွယ်ချက်ရှိလိမ့်မည်။ ဘုရား စကား နားထောင်လျှင် ​ကျွန်ုပ်တို့၏ အမှုတော်ဆောင်ခြင်း လုပ်ငန်း၌ မကဲွမပြားအောင်မြင်မှု ရရှိနိုင်သည်။

၁၂။ ယေရှု ကလည်း၊ လာ၍ နံနက်စာကို စားကြလော့ဟု မိန့်တော်မူ၏။ သခင် ဖြစ်တော်မူ ကြောင်းကို တပည့်တော် တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်သူ နည်းဟူ၍ တစုံတယောက် မျှမမေးမလျှောက်ဝံ့ကြ။ ၁၃ ယေရှုသည် လာ၍ မုန့်နှင့် ငါးကို ယူပြီးလျှင် သူတို့ အားပေးတော်မူ၏။
ယေရှုသည် နောက်ဆုတ်သွားသော၊ စကား နားမထောင်သော တပည့်တော် များကို အပြစ် မတင်ဘဲ၊ နံနက်စာဖြင့် ဧည့်ခံသည်။ ​ကျွန်ုပ်တို့လည်း လမ်းလွဲသွားသော၊ ညီအကို များကို ပြန်လည် လက်ခံသင့်သည်။ တပည့်တော် များသည် ယေရှုကို သိသောကြောင့် ဘာမျှမမေးဝံ့ကြချေ။ သူသည် ဖေါက်ပြန်သော တပည့်များကို ငါးနှင့် မုန့်​ကျွေးသည်။ ယေရှုသည် ရယူသောသူ မဟုတ်၊ ပေးသော သူသာလျှင် ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း သူတပါးထံမှ ရယူသောသူ မဟုတ်ဘဲ၊ ပေးသောသူ ဖြစ်ကြရမည်။ ပေါလုက“အ စွန့်အကြဲခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည် သာ၍ မင်္လာရှိသည်ဟု၊ သခင်ယေရှု မိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်” (တမန် ၂၀:၃၅) ဟုပြောဆို ခဲ့သည်။ ​ကျွန်ုပ်လည်းရယူသူထက်၊ ပေးသောသူ ဖြစ်ကြပါစို့။

၁၄။ ထိုပြ တော်မူခြင်းကား၊ ယေရှုသည် သေခြင်း မှထမြောက် တော်မူသည် နောက်၊ တပည့်တော်တို့ အားကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်း ဖြစ်သတည်း။
ရှင်ပြန်ထမြောက် ပြီးမှယေရှုသည် သုံးကြိမ်သာတပည့်တော်များထံကိုယ်ကို ပြတော်မူသည်။ ရှင်ပြန်ထမြောက် ပြီးမှကောင်းကင်သို့ ပြန်တက်ချိန်အထိ၊ ရက်ပေါင်းလေးဆယ်ရှိသော်လည်း၊ သုံးကြိမ်သာပြခြင်းသည် ထို့ထက် ပြဘို့ မလိုအပ်သောကြောင့် ဖြစ်မည်။

၁၅။ နံနက်စာကို စားကြသည် နောက်၊ ယေရှုက၊ ယောန၏သားရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည် သာ၍ ချစ်သလောဟု ရှိမုန်ပေတရုအား မိန့်တော်မူလျှင်၊ ဟုတ်ပါ၏ သခင်။ ကိုယ်တော်ကို အ​ကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏ သိုးသငယ် တို့ကို ​ကျွေးမွေးလော့ဟု မိန့်တော်မူ၏။ ၁၆ တဖန် ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကို ချစ်သလောဟု ဒုတိယအကြိမ်မေး တော်မူလျှင်၊ ဟုတ်ပါ၏ သခင်၊ ကိုယ်တော်ကို အ​ကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏ သိုးတို့ကို ထိမ်းလော့ဟု မိန့်တော်မူ၏။
ယောန၏သားရှိမုန်သည် ပေတရု ဖြစ်သည်။ ယေရှု ကပေတရုကို အခြားသော တပည့်တော် များထက် သူ့ကို ချစ်သလောဟု အဘယ်ကြောင့်မေးသနည်း။ သူသည် တမန်တော် များ၏ ခေါင်းဆောင်၊ မေးခွန်းမေးတိုင်း အမြန်ဆုံး ​ဖြေတတ်သောကြောင့် ဖြစ်မည်။ သခင်ယေရှုက၊ အဂပေမေတ္တာဖြင့် နှစ်ကြိမ်မေးသော်လည်း၊ ပေတရုကဖီလီယော်မေတ္တာဖြင့် သာ​ဖြေသည်။ အဂပေမေတ္တာသည် ဘုရား၏ မေတ္တာ ဖြစ်၍ ၊ ကိုယ်ကျိုး စွန့်သော မေတ္တာ ဖြစ်သည်။ ဖီလီယော်မေတ္တာသည် သူငယ်ခြင်း မေတ္တာ ဖြစ်သည်။ ( မြန်မာအသုံးအနှုန်းဖြင့် ရှင်းပြပါက ၊ လူပျိုကအပျိုကို ၁၅၀၀ အချစ်နှင့် ချစ်သလားဟု မေးသော်လည်း၊ အပျိုက ၅၂၈ အချစ်နှင့် ချစ်သည်ဟုဆိုလျှင် လူပျိုလိုချင်သော အချစ်မရသောကြောင့် ကျေနပ်မည် မဟုတ်။ ၁၅၀၀ အချစ်သည် သမီးရီးစားအချစ် ဖြစ်၍ ၅၂၈ အချစ်သည် မောင်နှမ အချစ် ဖြစ်သောကြောင့် ဖြစ်သည်။) သခင်ယေရှု ကသူ့ကို ချစ်လျှင်၊ သူ၏ သိုးတို့ကို ​ကျွေးမွေးဘို့ ထိမ်းဘို့ ပြောထားသည်။

၁ရ။ ယေရှုကလည်း ယောန၏သားရှိမုန်၊ သင်သည် ငါ့ကို ချစ်သလောဟု တတိယအကြိမ်မေး တော်မူလျှင်၊ သင်သည် ငါ့ကို ချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည် စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာ တို့ကို သိတော်မူ၏။ ကိုယ်တော်ကို ​ကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏ သိုးတို့ကို ​ကျွေးမွေးလော့။
ပေတရုကသူငယ်ချင်းအချစ်နှင့် သာ​ဖြေနေသောကြောင့်၊ တတိယအကြိမ်တွင် သခင်ယေရှု ကသူ့ကို သူငယ်ချင်းအချစ်နှင့် ချစ်သလောဟု မေးသည်။ ပေတရုလည်း သုံးကြိမ်တိုင်အောင် မေးသောကြောင့် စိတ်နာလာသည်။ ထိုသို့ သုံးကြိမ်မေးခြင်းသည် ပေတရုက သုံးကြိမ်ငြင်းဆိုခဲ့သောကြောင့် ဟုဆို ကြသည်။ အချို့ကသေချာအောင် မေးခြင်း ဖြစ်သည်ဟုဆို ကြသည်။ ထိုအရာတို့သည် မှန်နိုင်ပါသည်။ သို့သော် သခင်ယေရှု ကသူလိုချင်သော အ​ဖြေမရသောကြောင့် ဖြစ်နိုင်သည်။

၁၈။ ငါအမှန်အကန်ဆိုသည်ကား၊ သင်သည် ပျိုသော အသက် ရှိစဉ် ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာအရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အို သောအခါ လက်နှစ်ဖက်ကို ဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။
ယေရှု ကပေတရုသည် အရွယ်ငယ် သေးသောကြောင့်၊ သူလိုချင်သောအရာ ကို သာလုပ်သည်။ ရင့်ကျက်လာသောအခါ သူမလိုချင်သော အရပ်သို့ ယူသွားခြင်း ခံရမည်ဟု ဟောကိန်းထုတ်လိုက်သည်။ မှန်ပါသည် ပေတရုကဲ့သို့ ငယ်ရွယ်သော သူတိုင်းကိုယ့် အလိုဆန္ဒကို သာအလေးထား၍ လုပ်ချင် ကြသည်။ ရင့်ကျက်သော သူတိုင်း သူတပါး အလိုဆန္ဒကို လိုက်လျောတတ်သည်။ အထူးသဖြင့် ဝိညာဉ် ရေးရာ၌ ရင့်ကျက်သော သူများသည် ဘုရားသခင်၏ အလိုတော်ကို သာလုပ်လာ ကြသည်။

၁၉။ ထိုသို့ မိန့်တော်မူသော်၊ အဘယ်သို့သော သေခြင်း အားဖြင့် ပေတရုသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ ၊ ငါ့နောက်သို့ လိုက်လော့ဟု ပေတရုအား မိန့်တော်မူ ပြန်၏။
သခင်ယေရှု ကပေတရုသည် မည်ကဲ့သို့ သေမည်နည်းဟူသောအရာ ကို အရိပ်ပေးသည်ဟုဆိုသည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် ပေတရုသည် အသေသတ်ခြင်း ခံရမည်ဟု သိရသည်။ ပေတရုသည် အို သောအခါ လက်နှစ်ဖက်ဆန့်ပြီး သူ့ကို ယူသွားမည်ဆိုခြင်းသည် လက်ဝါးကပ်တိုင်၌ ရိုက်သတ်ခြင်း ခံရမည့် အရိပ် ဖြစ်သည်။ ကျမ်းစာက မဖေါ်ပြ သော်လည်း သမိုင်း၌ ပေတရုသည် လက်ဝါးကပ်တိုင်၌ ရိုက်သတ်ခြင်း ခံရသည်။ သို့သော် သူကိုယ်တိုင်၏ တောင်းဆိုချက်အတိုင်း လက်ဝါးကပ်တိုင်၌ ပြောင်းပြန်ရိုက်သတ်သည်ဟု သိရသည်။ အကြောင်းမှာ သူ့သခင်ကို ငြင်းပယ်ခဲ့သောကြောင့်၊ သူ့သခင်ကဲ့သို့ မသေထိုက်ဟုဆို၍ ပြောင်းပြန်ရိုက်သတ်ခိုင်းခြင်း ဖြစ်သည်။

၂၀။ ယေရှု ချစ် တော်မူ၍ အထက် ကညစာစား သောအခါ ရင်တော်ကို မှီ၍ လျောင်းလျက်၊ သခင်၊ ကိုယ်တော်ကို အပ်နှံသော သူကား အဘယ်သူ နည်းဟု မေးသော တပည့်တော် သည်လည်း နောက်တော်သို့ လိုက်သည်ကို ပေတရုသည် လှည့်၍ မြင်လျှင်၊ ၂၁ သခင်၊ ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊ ၂၂ ယေရှုက၊ ငါကြလာသည် ကာလ တိုင်အောင် ထိုသူကို နေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ်သို့ ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။
ယေရှု ချစ်တော်၍ မေးခွန်းမေးခဲ့သူသည် ဤစာကို ရေးသော ယောဟန် ဖြစ်သည်။ ပေတရုကသူသည် မည်ကဲ့သို့ သေမှာကို သိသောအခါ၊ ယောဟန်လည်း မည့် ကဲ့သို့ဖြစ်မည့် အရာကို သိချင်သည်။ ယေရှုက၊ သူကြွလာသည့်တိုင်အောင် သူ့ကို နေစေခြင်းငှါ အလိုရှိလျှင်၊ သင်သည် အဘယ်သို့ ဆိုင်သနည်းဟု ​ဖြေလိုက်သည်။ ထိုအရာသည် လူ၏ ထုံးစံ ဖြစ်သည်။ ကိုယ်တယေက်တည်း အဖြစ်ဆိုးမခံစား လိုကြချေ။

၂၃။ ထိုစကားတော်ကို ထောက်လျှင်၊ ညီအစ်ကို တို့က၊ ထိုတပည့်တော်သည် မသေရဟု အနှံ့အပြား ပြောဆို ကြ၏။ သို့သော်လည်း ထိုသူသည် မသေရဟု ယေရှု မိန့်တော်မူသည် မဟုတ်၊ ငါကြလာသည် ကာလ တိုင်အောင် ထိုသူကို နေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ်သို့ ဆိုင်သနည်းဟု မိန့်တော်မူ သတည်း။
ယောဟန်သည် ယေရှု ကြွလာသည့်တိုင်အောင် မသေရဟု သူတို့ ထင်ကြသည်။ သို့သော် ယောဟန်သည် ယေရှု မကြွလာမှီအေဒီ ၉၅ ခန့်တွင် သေသွားခဲ့ပြီ။ သို့ဖြစ်လျှင် ဘာကို ဆိုလိုသနည်း။ ယောဟန်သည် ယေရှု ကြွလာခြင်းကို ရူပါရုံအားဖြင့် အားလုံးမြင်၍ ဗျာဒိတ်ကျမ်းထဲ၌ အားလုံး ဖေါ်ပြခဲ့သည်။ ထိုအရာကို ဆိုလိုခြင်း ဖြစ်သည်။ မဿဲ ၁၆:၂၈၌လည်း ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော် တည်လျက် ကြွလာ တော်မူသည်ကို၊ ဤအရပ်၌ ရှိသော သူအချို့တို့သည် မမြင်မှီသေခြင်းသို့ မရောက်ရကြဟု တပည့်တော် တို့အား မိန့်တော်မူ၏။ ဟုဆိုခဲ့သည်။ ထိုအရာလည်း မဿ ၁ရ၌ ​ခြောက်ရက်ကြာ သောအခါ၊ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့က၊ တောင်ပေါ်မှာ ယေရှုနှင့်အတူ မောရှေနှင့် ဧလိယတို့ကို မြင်ခဲ့ခြင်းကို ဆိုလိုသည်။ ထိုအရာသည် ချီဆောင်ခြင်း၌ ဖြစ်မည့် အရာကို မြင်ခြင်း ဖြစ်သည်။ မောရှေသည် ချီဆောင်ခြင်း နေ့၌ ရှင်ပြန်ထမြောက် လာမည့် သန့်ရှင်း သူများကို ပုံဆောင်၍ ဧလိယသည် မသေဘဲကိုယ်ခန္ဓာပြောင်းလဲမည့်သူ များကို ပုံဆောင်သည်။

၂၄။ ထိုတပည့်တော်ကား၊ ဤအကြောင်း အရာတို့ကို သက်သေခံ၍ ရေးထားသောသူ ဖြစ်၏။ ၂၅ သူ၏ သက်သေခံချက်မှန်သည်ကို ငါတို့ သိကြ၏။ ယေရှု ပြု တော်မူသော အခြားအမှု အရာအများရှိသေး၏။ ထိုအမှု အရာရှိသမျှ တို့ကို အသီး အခြားရေးထားလျှင်၊ မြေကြီး မဆ့ံနိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။
နောက်ဆုံး၌ ယောဟန်ကသူသည် ဤစာကို ရေးသောသူ ဖြစ်သည်ဟုဆိုသော်လည်း သူ၏ နာမည်ကို မဖေါ်ပြ ချေ။ ယေရှုသည် များစွာသော အမှုတို့ ကိုလည်း ပြုသေးသည်။ အားလုံးရေးလျှင် မြေကြီး မဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟုဆိုသည်။ ထိုအရာကို အ​ခြေခံ၍ မှားယွင်းသော ဆရာများက၊ ကျမ်းစာသည် မပြည့်စုံဟုဆိုတတ် ကြသည်။ ထို့အပြင် သူတို့ ပြုလုပ် ပြောဆိုသောအရာ များသည်၊ ဘုရားသခင်က ဖေါ်ပြသည်ဟု အခွင့်ကောင်းယူ၍ ဟောပြောတတ် ကြသည်။ ဤမျှလောက်ရေးသော ကျမ်းစာ ပင်လျှင် မဖတ်ကြ၊ မသိကြသော သူများ ထံထိုသို့ ပြော သောအခါ၊ စာတန် အတွက် အကွက်ဝင်၍ သူတို့ လုပ်သမျှ၊ ပြုသမျှသည် ဘုရား ထံမှ ဖြစ်သည်ဟု လိမ်ညာ ပြောဆိုပြီး လူများစွာကို လမ်းလွဲသို့ ဦးဆောင်သွားတတ် ကြသည်။ ထို့ကြောင့် ယုံကြည်သူ တိုင်း ဗေရိမြို့သားများကဲ့သို့ဖြစ်သင့် ကြသည်။ ဗေရိမြို့သား တို့သည် သက်သာလောနိတ်မြို့သား တို့ထက် ထူးမြတ်သဖြင့်၊ အလွန် ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည် မမှန်သည်ကို သိခြင်း ငှာ၊ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။ (တမန် ၁ရး၁၁)။ သင်လည်း ယခုမှစ၍ ဗေရိမြို့သားများကဲ့သို့ သူတပါးသင်သမျှကို ချက်ချင်း မယုံဘဲ ကျမ်းစာကို နေ့တိုင်း စေ့စေ့ကြည့်ရှုသောသူ ဖြစ်ပါ။ သို့ဖြစ်လျှင် လိမ်လည်လှည့်ဖျားမှု များကို သိ၍ ရှောင်နိုင်ပေမည်။
^