Book: Dispensations

Home   >   Bookstore    >   Dispensations

dispensation

ခေတ်ကာလများ

သိက္ခာတော်ရ ဆရာမောဇက်ထောင်ကျုံး

DISPENSATIONS
Copyright 2016 © Moses Cung

.

ထိုကြောင့်ပညာမဲ့ကဲ့သို့ မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည့် အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည်၊ ဆိုးယုတ်သောကြောင့် ကာလအချိန်ကိုရွေးနှုတ်ကြလော့။ ထိုကြောင့်သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကိုပိုင်းခြား၍၊ သိသောသူဖြစ်ကြလော့။” (ဧဖက် ၅:၁၅-၁ရ)

မေးခွန်းများ

၁။ အဘယ်ကြောင့် ယခုနေ့ရက်ကာလ တို့သည် ဆိုးယုတ်သည်ဟုဆိုသနည်း။
၂။ ယခုနေ့ရက်ကာသည် ဘယ်အချိန်မှစ၍ ဘယ်အချိန် အထိဖြစ်မည်နည်း။
၃။ မည်ကဲ့သို့ ကာလအချိန်ကိုရွေးနှုတ်ရမည်နည်း။

မာတိကာ

.

^

ကာလများ

        ထိုအရာများသိဘို့ရန်၊ ကျမ်းစာကဤလောကကို၊ ကာလသုံးကာလဖြင့်ပိုင်းခြားခြင်းကိုသိဘို့လိုသည်။ ထိုအရာတို့မှာ၊
၁။ ရေမလွှမ်းမိုးမှီကာလ (​Before flood age )
၂။ ယခုနေ့ရက်ကာလ (Present age )
၃။ အနှစ် ၁၀၀၀ ကာလ (​Millennial age)တို့ ဖြစ်သည်။ ကာလပြောင်းလျှင်လူ့သက်တန်းနှင့်တိရစ္ဆာန်လောကနေပုံပြောင်းသည်။

၁။ ရေမလွှမ်းမိုးမှီကာလ (B​efore flood age, Antediluvian age)
ထိုကာလသည်ကမ္ဘာဦးမှစ၍၊ နောဧခေတ်ရေလွှမ်းမိုးသည်အထိကာလဖြစ်သည်။ ထိုကာလသည်အကြမ်းအားဖြင့်နှစ်ပေါင်း၂၀၀၀ ခန့်ဖြစ်သည်။ ထိုကာလတွင်လူ့သက်တန်းသည် ၉၀၀ ကျော်ရှိကြသည် (က ၅)

၁။ အာဒံ----- ၉၃၀ နှစ် (က ၅:၅)
၂။ နောဧ----- ၉၅၀ နှစ် (က ၉:၂၉)
၃။ မသုရှေလ-- ၉၆၉ နှစ် (က ၅:၂ရ)

ထိုမျှလောက်အသက်ရှည်ခြင်းသည် ကျန်းမာခြင်းကြောင့်ဖြစ်သည်။ ဆေးမစား၊ သောက်ရေသန့်မသုံးသော်လည်း ကျန်းမာကြသည်။ စားဝတ်နေရေးလည်းအဆင်ပြေ၍၊ ယခုကဲ့သို့ လူမှု ဒုက္ခများရှိမည်မဟုတ်ချေ။ ယခုနေ့ရက်ကာလထက်အလွန်းကောင်းသည်။

၂။ ယခုနေ့ရက်ကာလ (Present age )
နောဧခေတ်ရေလွှမ်းမိုးပြီးမှ၊ ခရစ်တော်ဒုတိယအကြိမ်ကြွလာသည်အထိ၊ နှစ်ပေါင်း ၄၀၀၀ ဖြစ်သည်။ ဤကာလသည်အဆိုးဆုံးဖြစ်၍၊ လူသက်တန်းသည်အလွန်တိုတောင်းသည်။ ရေမလွှမ်းမိုးမှီကာလနှင့်မဝေးသောသူများ၏သက်တန်းသည်ချက်ချင်းတိုတောင်းသွားကြသည်၊

၁။ အာဗြဟံ---- ၁ရ၅ နှစ် (က ၂၅:ရ)
၂။ ဣဇက်----- ၁၈၀ နှစ် (က ၃၅:၂၈)
၃။ ယာကုပ်---- ၁၄ရ နှစ် (က ၄ရး၂၈)
၄။ မောရှေ----- ၁၂၀ နှစ် (တရားဟော ၃၄:ရ)
၅။ ယောရှု---- ၁၁၀ နှစ်သာအသက်ရှင်ကြသည်။

အထက်ပါပုဂ္ဂိုလ်များသည် အာဒံတို့၏အသက် ၆ ပုံ ၁ ပုံသာအသက်ရှင်ကြသည်။ ထိုသူများသည်ယခုခေတ်နှင့်နှိုင်းပါက၊ အလွန်အသက်ရှည်ကြသေးသည်။ ယခုခေတ်လူ့သက်တန်းနှင့်ပတ်သက်၍၊ မောရှေကဤသို့ရေးသားထားသည်၊ “အ​ကျွန်ုပ်တို့၏ အသက်အရွယ်သည်၊ အနှစ်ခုနစ်ဆယ်အတိုင်းအရှည်ရှိပါ၏။ အားကြီး၍အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည်ပင်ပန်းခြင်းနှင့်ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်းမြန်မြန်လွန်၍၊ အ​ကျွန်ုပ်တို့သည်စုတေ့ကြပါ၏။” (ဆာ ၉၀:၁၀)။ မြန်မာပြည်သားများ၏သက်တန်းသည်အနှစ် ၆၀ သာရှိသည်။ နောဧတို့၏အသက်နှင့်နှိုင်းယှဉ်ပါက ၁၂ ပုံ ၁ ပုံမျှသာလျှင်ရှိသည်။ ထိုသို့ သက်တန်းအလွန်တိုတောင်းသည်သာမက၊ လူမှုဒုက္ခမျိုးစုံခံစားကြရသေးသည်။ အစားအသောက်ဆင်းရဲခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ အကျင့်စာရိတ္တပျက်ပြားခြင်း၊ ပညာမဲ့ခြင်း၊ စကားအခက်အခဲရှိခြင်း၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ပြသနာမျိုးစုံရင်ဆိုင်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းများကြောင့် ယခုနေ့ရက်ကာလသည်၊ ဆိုးယုတ်သည်ဟုဆိုရခြင်းဖြစ်သည်။ ကာလအချိန်ကိုမည်ကဲ့သို့ ရွေးနှုတ်ရမည်နည်း။ မြို့တမြို့သို့ကိစ္စရှိသောကြောင့်ခရီးသွားရာတွင်၊ တလနေဘို့ရန်ကြံစည်သော်လည်း၊ အရေးပေါ်ကိစ္စပေါ်လာသောကြောင့်၊ နှစ်ရက်သာနေဘို့ဖြစ်ပါက၊ အရေးကြီးသော ကိစ္စများကိုသာဆောင်ရွက်မှာဖြစ်သည်။ အရေးမကြီးသောအရာများကိုဖျက်ဘို့ လိုသည်။ ထိုနည်းတူယခုနေ့ရက်ကာလတွင်လူ့သက်တန်းအလွန်တိုတောင်းသောကြောင့်၊ အရေးကြီးသောကိစ္စများကိုသာဆောင်ရွက်ရမည်။ သို့သော် ကာလအချိန်ကိုမသိသောကြောင့် အနှစ် ၆၀သည် အလွန်ကြာ​ညောင်းသည်ဟု ထင်၍၊ အချိန်ဖြုန်းနေကြသည်။ သခင်ဘုရား (ယေရှု)၏ အလိုတော်ကို ပိုင်းခြား၍ သိသောသူဖြစ်ကြလော့ဟု ပေါလုကအကြံပေးခဲ့သည်။

ယခုနေ့ရက်ကာလကိုနှစ်ပိုင်းပိုင်းနိုင်သည်။ (၁) ရေလွှမ်းမိုးပြီးမှ ခရစ်တော် လူ့ဇာတိခံယူချိန်အထိ နှစ်ပေါင်း၂၀၀၀ နှင့်    (၂) ခရစ်တော်လူ့ဇာတိခံယူချိန်မှစ၍ ခရစ်တော်ဒုတိယအကြိမ်ကြွလာသည်အထိနှစ်ပေါင်း၂၀၀၀ တို့ဖြစ်သည်။ ယခုနေ့ရက်ကာလသည် အကြမ်းအားဖြင့်နှစ်ပေါင်း၄၀၀၀ ကြာမှာဖြစ်သည်။ ၂၀၂၀ ခုနှစ်သည်ယခုနေ့ရက်ကာလ၏အဆုံးပိုင်းတွင်ရှိသည်။ ထိုသို့ သိခြင်းသည်အလွန်အရေးကြီးသည်။ သို့မှသာပြင်ဆင်မှုများပြုလုပ်နိုင်သည်။

၃။ အနှစ် ၁၀၀၀ ကာလ (​Millennial age)
အနှစ်တစ်ထောင်ကာလသည်ခရစ်တော်ဒုတိယအကြိမ်ရှင်ဘုရင်အဖြစ်ကြွလာချိန်မှစ၍၊ အနှစ် ၁၀၀၀ အုပ်စိုးချိန်ပြီးသည်အထိဖြစ်သည်။ အနှစ် ၁၀၀၀ ကာလနှင့်ပတ်သက်၍၊ ဤသို့ရေးထားသည်၊ “ကြည့်ရှုလော့။ မိုဃ်းကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုငါဖန်ဆင်းမည်၊၊ အရင်မိုဃ်းကောင်းကင်နှင့်မြေကြီးကိုမအောက်မေ့ရ၊၊ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလာတံ့သောအရာကြောင့်၊ သင်တို့သည်အစဉ်အမြဲဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်၊၊ ယေရုရှလင် မြို့ကို ဝမ်းမြောက်စရာ အကြောင်း၊ မြို့သား တို့ကို ရွှင်လန်းစရာ အကြောင်း၊ ဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏၊၊ ငါသည် လည်း၊ ယေရုရှလင် မြို့ကြောင့်ဝမ်းမြောက် မည်၊၊ ငါ၏ လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန် မကြားရ၊ ထိုမြို့၌ အသက် ငယ်သော သူငယ်မရှိရ၊၊ အသက် မပြည့်စုံသော လူအိုလည်း မရှိရ၊၊ အသက် တရာရှိလျက် သေသော သူကို၊ သူငယ်ဟူ၍ မှတ်ရ၏၊၊ အပြစ်ရှိသော သေသော သူသည်၊ အသက် တရာရှိလျက် သေလျှင်၊ ကျိန်ခြင်းကို ခံရသော သူဟူ၍ မှတ်ရ၏၊၊ ထိုသူတို့သည်၊ ကိုယ်ဆောက်သော အိမ်၌ နေကြလိမ့်မည်၊၊ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်၊၊ သူတို့သည် အိမ်ကို ဆောက်၍၊ အခြားသော သူနေရမည် မဟုတ်၊၊ သူတို့သည် စပျစ်ဥယျာဉ်ကို စိုက်၍၊ အခြားသော သူစားရမည် မဟုတ်၊၊ ငါ၏ လူတို့ အသက်သည်၊ သစ်ပင်၏ အသက် ကဲ့သို့ဖြစ်၍၊ သူတို့သည်ကိုယ်ပြုစုသောအရာ ကို၊ ကြာမြင့်စွာ သုံးဆောင်ကြရလိမ့်မည်။ ငါရွေးကောက်သော သူတို့သည်၊ အချည်းနှီးမလုပ်မဆောင်ရကြ။ အသက် တိုသော သားကို မဖွားမမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရ ဘုရား ပေးတော်မူသော ကောင်းကြီး မင်္လာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။ ငါသည် သူတို့ မခေါ်မှီကပင်ထူးမည်။ လျှောက်စဉ်တွင် ပင်ငါ နားထောင်မည်။ တောခွေးနှင့် သိုးသငယ် တို့သည်၊ အတူ ကျက်စားကြလိမ့်မည်။ ခြင်္သေ့သည်၊ နွားကဲ့သို့ မြက်ကို စားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကို သာစားရလိမ့်မည်။ ငါ၏ သန့်ရှင်းသော တောင်တပြင်လုံး၌၊ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ၊ဟု ထာဝရ ဘုရား မိန့်တော်မူ၏။” (ဟေရှာယ ၆၅:၁ရ- ၂၅)

အထက်ပါ ကျမ်းပိုဒ်များသည်၊ ထာဝရ ကာလ မဟုတ်၊ အနှစ် ၁၀၀၀ ကာလ ဖြစ်သည်။ အကြောင်းမူကား အိမ်ဆောက်ခြင်း၊ စိုက်ပျိုးခြင်းများရှိသေးသည်။ သေခြင်းနှင့် ကျိန်ခြင်း များလည်းရှိသေးသည်။ လူ၏ သက်တန်းလည်း အနှစ် ၁၀၀၀ အထိ ပြန်ရှည်မည်။ အကြောင်းမူကား၊ အသက် တရာရှိလျက် သေသော သူကို၊ သူငယ်ဟု ခေါ်သောကြောင့်၊ အသက် ကြီးသော သူသည် သူငယ်၏ ဆယ်ဆတည်း ဟူသော၊ အနှစ် ၁၀၀၀ အထိ ပြန်ရှည်မည်။ အစာရေစာလည်း ပေါများ၍၊ ယခုခံစား နေကြသော လူမှု ဒုက္ခ အပေါင်းရှိတော့မည် မဟုတ်။ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် နေထိုင်ကြမည့် အချိန်ကာလ ဖြစ်သည်။ ကျန်းမာကြမည်။ ငြိမ်းချမ်းမည်။သားရဲမရှိတော့ဘဲ၊ တိရစ္ဆာန်လောက၌လည်း၊ အချင်းချင်းကိုက်စားခြင်း မရှိတော့ချေ။ ခရစ်တော်ကိုယ်တိုင်အုပ်စိုးသောကြောင့်၊ ဤလောကသည် ကောင်းကင်နိင်ငံကဲ့သို့ဖြစ်၍၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်ဟု ခေါ်ခြင်း ဖြစ်သည်။ ခရစ်တော် ကသင်ပေးခဲ့သော၊ “နိင်ငံတော် တည်ထောင်ပါစေသော်” ဟူသောအရာ ပြည် စုံခြင်း ဖြစ်မည်။ သုံးကာလ အထဲတွင် အကောင်းဆုံးသော ကာလ ဖြစ်သည်။ ထိုကာလသည် မဝေးတော့ချေ။

    မေးခွန်းများ

၁။ ဤလောကသည်၊ ကာလ ဘယ်နှစ်ခုနှင့် ပိုင်းထားသနည်း။..........................

၂။ ကာလများဖေါ်ပြပါ။ ..............................................................................

၃။ ယခုနေ့ရက်ကာလသည်၊ မည်သည့်အချိန် မှစ၍ မည်သည့်အချိန်၌ ဆုံးမည်နည်း။ ....................................................

၄။ အဘယ်ကြောင့် ယခုနေ့ရက်ကာလသည် ဆိုးသည်ဟုဆိုသနည်း။ ..........................................

၅။ မည်သည့်ကာလသည် အကောင်းဆုံး ဖြစ်သနည်း။ အဘယ်ကြောင့်နည်း။......................

၆။ အာဒံအသက်.......... နောဧအသက်.............. မသုရှေလအသက်.................... ရှင် ကြသည်။

ရ။ အာဗြဟံ......... ယာကုပ်.......... ယောသပ်.......... မောရှေ.......... ယောရှု.......... အသက် ရှင် ကြသည်။

၈။ ယခုနေ့ရက်ကာလ၏ သက်တန်းသည်.......... ရှိသည်ဟု၊ .............. က..............၌ ရေးထားသည်။

၉။အချိန် ကာလကို မည်ကဲ့သို့ ရွေးနှုတ်မည်နည်း။..........................

၁၀။ ဟေရှာယ ၆၅ ၌ ဖေါ်ပြသော၊ မိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်သည်၊ မည်သည့်အချိန် ကာလကို ဆိုလိုသနည်း ။.......................... အဘယ်ကြောင့်ထိုသို့ ပြောနိုင်သနည်း။ .........................

၁၁။ အနှစ်တထောင်ကာလ၌ ဖြစ်မည့် အရာများကို ဖေါ်ပြပါ။..........................

.

^

ခေတ်များ

ဤလောကကို သုံးကာလနှင့် ခွဲခြားကြောင်း သိခဲ့ရပြီ။ ထိုသုံးကာလကို ခေတ်ရှစ်ခေတ်ဖြင့် ထပ်မံခွဲခြားနိုင်သည်။ ခေတ်ပြောင်းလဲလျှင် ဘုရားသခင်က လူများ အပေါ်အုပ်ချုပ်ဆက်ဆံပုံပြောင်းလဲသည်။ ဤလောက၌ ရှိသော ခေတ်ရှစ်ခေတ်တို့မှာ၊ -

၁။ အပြစ် ကင်းမဲ့သော ခေတ် Innocence Dispensation (က ၁:၁-၃:ရ)
၂။ဩတ္တပ္ပခေတ် Conscience Dispensation(က ၃:၈-၈:၂၂)
၃။ လူအုပ်စိုးသော ခေတ် Human Government Dispensation(က ၈-၁၁)
၄။ ဂတိတော် ခေတ်၊ ဘိုးဘေးများ ခေတ် Promise or Patriarchal Dispensation (က ၁၂ -ထွက် ၁၈)
၅။ ပညတ်တော် ခေတ် Dispensation of Law (ထွက် ၁၉ -တမန် ၁)
၆။ အသင်းတော် ခေတ် Dispensation of Church (တမန် ၂ -ဗျာ ၃)
ရ။ အန္တီခရစ်ခေတ် Antichrist Dispensation (ဗျာ ၆-၁၉)
၈။ အနှစ်တစ်ထောင်၊ မေရှိယခေတ် Millennial Dispensation(ဗျာ ၂၀-၆)

၁။ အပြစ် ကင်းမဲ့သော ခေတ် Innocence Dispensation (က ၁:၁ မှ ၃:ရ ထိ)
ဤခေတ်သည် ဘုရားသခင်က၊ အာဒံနှင့် ဧဝတို့ ဖန်ဆင်းချိန်မှစ၍ သူတို့ အပြစ်၌ လဲသွားသည့်အချိန် အထိ ဖြစ်၍၊ မည်မျှကြာသည်ကို မသိရပါ။ ဤခေတ်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းရည်ရွယ်ချက်အတိုင်း သွားသော ခေတ် ဖြစ်သည်။ လူသည် အပြစ် မရှိသောကြောင့် လူမှု ဒုက္ခ ပြသနာ လုံးဝ မရှိခဲ့ချေ။ လူသည် သန့်ရှင်းသောကြောင့် ဘုရားနှင့် မိဿဟာယဖွဲ့နိုင်ပြီး ကြောက်စိတ်၊ ရှက်စိတ်၊ စိုးရိမ် စိတ်များ မရှိချေ။ ကျန်းမာလျက် သေဘို့လည်း မဟုတ်ချေ။ အဝတ်အစားလည်း မရှိ၊ ဘုရား ဘုန်းတော်နှင့် ပတ်ရစ်သောကြောင့် အဆင်ပြေသည်။ တိရစ္ဆာန်များလည်း ဘေးအန္တရယ်မပေး၊ လူများနှင့် နေထိုင်နိုင်သည်။ အလုပ်လည်း လုပ်စရာ မလို၊ စားစရာများအဆင်သင့်ရှိသည်။ အလွန် ကောင်းသော ခေတ် ဖြစ်သည်။ ထိုခေတ်နှင့် အနီးစပ်ဆုံးသည် အနှစ်တစ်ထောင်ခေတ်၌ ပြန်ရှိဦးမှာ ဖြစ်သည်။ ဤခေတ်သည် အာဒံဧဝဘုရား စကား နားမထောင်ဘဲ၊ တားမြစ်ထားသော ကောင်းမကောင်း သိ​ကျွမ်းရာအသီးကို စားခြင်းဖြင့် ကုန်ဆုံးသွားခဲ့သည်။

၂။ဩတ္တပ္ပခေတ် Conscience Dispensation (က ၃:၈ မှ ၈:၂၂ ထိ)
ဤခေတ်သည် လူသား နှစ်ဦးကောင်းမကောင်းသိနိုင်သော အသီးစားသောကြောင့်၊ အပြစ်သို့ လဲသွားချိန်မှစ၍၊ နောဧခေတ်ရေလွှမ်းမိုးသောအချိန် ကြားကာလ ဖြစ်သည်။ ဤခေတ်တွင် လူများသည် မိမိတို့ ဩတ္တပ္ပစိတ်ရှိသည့်အတိုင်း အသက် ရှင် ကြသည်။ ဤခေတ်တွင် လူသတ်မှုလည်း စတင်လာသည်။ ဘုရားထံ ယဇ်ပူဇော်ခြင်းလည်း ပြုလုပ်လာ ကြသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အနုပညာများလည်း စတင်လာ ကြသည်။ ဤခေတ်လူများသည် ကျဆင်းသော ကောင်းကင်တမန် များနှင့်လည်း ဆက်ဆံကြသောကြောင့်၊ ကိုယ်ကောင်ကြီးသော လူများလည်းရှိကြသည် (က ၆)။ လူ၏ စိတ်နှလုံးကြံ အစည်ရှိသမျှ တို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်း သက်သက်ရှိသောကြောင့် ဘုရားသခင်က ရေလွှမ်းမိုးစေခြင်းအားဖြင့် အဆုံးစီရင်လိုက်သည်။ နောဧနှင့် မိသားစုရှစ်ယောက်သာလျှင် ဘုရား စကား နားထောင် သောကြောင့် သင်္ဘောဆောက်၍ အသက် ရှင် ကြသည်။ ယနေ့ ကမ္ဘာ့ လူသား အားလုံးသည် ထိုရှစ်ယောက်သော သူများ၏သား စဉ်မြေးဆက်များ ဖြစ်ကြသည်။

၃။ လူအုပ်စိုးသော ခေတ် Dispensation of Human Government (က ၈ မှ ၁၁ ထိ)
ဤခေတ်သည် နောဧနှင့် မိသားစုမှစ၍၊ ဗာဗုလုန်ရဲတိုက်ဆောက်သော ကာလကို ဆိုလိုသည်။ နောဧနှင့် မိသားစုသည် ထာဝရ ဘုရားကို ကိုးကွယ်ခဲ့ကြသော်လည်း၊ သူတို့၏သား မြေးများသည် အလျှင်အမြန် ဘုရားကို စွန့်ပြီး၊ ရုပ်တုကိုးကွယ် ကြသည်။ ထိုအရာသည် အံ့ဩစရာ မရှိ၊ အဲဂုတ္တု ပြည်၌ ဘုရား လုပ်သော အံ့ဩဘွယ်နိမိတ်လက္ခဏာများ တွေ့မြင်ခဲ့သည် သာမက၊ ပင်လယ်နီကိုလည်း တညတည်း အတွင်း ဖြတ်သန်းခွင့်ပေးပြီး၊ ကောင်းကင်မှ မန္နမုန့်နှင့် ကျောက်ထဲမှရေစားသောက်သော သူများသည် အလျှင်အမြန် ဘုရားကို စွန့်၍ ရုပ်တုကိုးကွယ်ခဲ့ကြသည် မဟုတ်လော။ ဘုရား အမှုတော်ဆောင်သင်းအုပ်ဆရာများ၏ သားသမီး များလည်း၊ ဘုရားကို မယုံကြည်ဘဲ လမ်းလွဲသွားတတ်ကြသည် မဟုတ်လော။ ထို့ကြောင့် နောဧ၏သား စဉ်မြေးဆက်များလည်းရုပ်တုများကိုးကွယ်၍ ဗာဗုလုန်ရဲတိုက်ကို ဆောက်ကြသောကြောင့်၊ ဘုရားသခင်က စကား ကွဲစေကာပေါင်းဖေါ်၍ မရအောင် ပြုလုပ်ခြင်းအားဖြင့် အရပ်ရပ်သို့ ကွဲပြား စေခြင်း အားဖြင့် လူအုပ်စိုးသော ခေတ်လည်း အဆိုးနှင့် ကုန်ဆုံးခဲ့ရသည်။

၄။ ဂတိတော် ခေတ်၊ ဘိုးဘေးများ ခေတ် Dispensation of Grace or Patriarchal  (က ၁၂ မှ ထွက် ၁၈ ထိ)
ဤခေတ်သည် ရုပ်တုကိုးကွယ်သော သူများ ထဲမှ၊ ဘုရားသခင်က အာဗြံကို ရွေးကောက်ခြင်းအားဖြင့် စတင်ခဲ့သည်။ ဘုရား ကအာဗြံကို ဥရအရပ်မှခါနန်ပြည်သို့ သွားခိုင်းသည်။ ထိုပြည်ကို ပေးဘို့ ဂတိပေးသော်လည်း၊ သူသည် ဧည့်သည် ကဲ့သို့ လှည့်လည်သွားလာ၍ သေဆုံးခဲ့ရသည်။ ဘုရား၏ ဂတိတော်သည် အာဗြာဟံသား ဣဇက်၊ သူ၏ မြေးယာကုပ်လက်ထက် တွင်လည်း မပြည့်စုံခဲ့ချေ။ ယာကုပ်ကို ဣသရေလ ဟူ၍ နာမည်ပြောင်းပြီး သူ၏ မိသားစု ရဝ ယောက်တို့ကို အဲဂုတ္တု ပြည်သို့ အစာ ခေါင်းပါးခြင်းအားဖြင့် ပို့လိုက်သည်။ ထိုပြည်တွင် မင်းမျိုးမင်းနွယ်ဖြင့် ရောက်ခဲ့ကြသော်လည်း၊ နောက်ပိုင်း၌ အဲဂုတ္တု ​ကျွန်ခံခြင်းအားဖြင့် နိဂုံးချုပ်သည်။ ဤခေတ်သည် နှစ်ပေါင်း၄၃၀ ကြာသည်။

၅။ ပညတ်တော် ခေတ် Dispensation of Law (ထွက် ၁၉ မှ တမန် ၁ ထိ)
ဤခေတ်သည် ဣသရေလ လူမျိုးများ အဲဂုတ္တု ​ကျွန်ခံရာမှ ဘုရားသခင်က၊ မောရှေအားဖြင့် ကယ်တင်ကာ၊ သိနာတောင်၌ ပညတ်တော် ပေးလိုက်ချိန်မှစ၍၊ ပင်တေကုတ္တေ နေ့၌ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်ကာ၊ အသင်းတော် တည်ထောင်သည် ကြားကာလ ဖြစ်သည်။ ဤခေတ်သည် အကြမ်းအားဖြင့် နှစ်ပေါင်း၁၅၀၀ ခန့်ကြာ​ညောင်းသည်။ ဘုရားသခင်ကသည် ဣသရေလ လူမျိုးကို ပြုစုပျိုးထောင်၍၊ ကမ္ဘာလုံးအတွက် ယဇ်ပုရောဟိတ် များ အဖြစ်အသုံးပြုဘို့၊ သူ၏ အကြောင်းကို တပါးအမျိုးသားများထံကြားပြောဘို့ရန် ရည်ရွယ်သော်လည်း မအောင်မြင် ခဲ့ပါ။ ဣသရေလ လူမျိုးများသည် ဘုရား၏ ​ကျွေးမွေးခြင်း၊ ကာကွယ်ခြင်း ပြုစုခြင်း ခံကြသော်လည်း အစဉ်သဖြင့် ဘုရားကို ဆန့်ကျင် ကာ၊ ပတ်ဝန်းကျင်လူမျိုးများ၏ ဘုရား များကို သာလျှင်ကိုးကွယ် ကြသည်။ ထို့ကြောင့် တပါးအမျိုးသား များ၏ ​ကျွန်အဖြစ် ဘုရားသခင်က မကြာခဏရောင်းစားခဲ့သည်။ သို့သော် မမှတ်ကြပါ။ နောက်ဆုံး၌ ဣသရေလကို အာရှုရိ​ကျွန်၊ ယုဒကို ဗာဗုလုန်​ကျွန်အဖြစ် သိမ်း စေခဲ့သည်။ ဣသရေလ များသည် ဘုရား ထံပြန်မလာတော့ဘဲ၊ တပါးအမျိုးသားများကြား၌ ပျောက်ဆုံးသွား ကြသည်။ ယုဒလူများ မူနောင်တ ရ၍ ဘုရားသခင်က ခါနန်ပြည်သို့ ပြန်ခေါ်သော်လည်းကိုယ့်မင်းကိုယ့်ချင်းနှင့် မနေနိုင်တော့ဘဲ တိုင်း တပါးသား များ၏ အုပ်စို့ခြင်းကို ခံကြသည်။ ပြန်လာသော ယုဒများသည် နောင်တ ရ၍ ဘုရား ဘက်၌ စိတ်အားကြီးသော်လည်း၊ ဘုရား၏ အလိုတော် နားမလည်ဘဲ ကြိုးစား ကြသည်။ ထို့ကြောင့် ကျမ်းစာ များကို များစွာ ကူးလာကြပြီး၊ ထိုကျမ်းစာ ကူးရေး သူများကို စာရေးများဟု ခေါ်သည်။ ထိုကျမ်းစာ များကို သေသေချာချာလေ့လာပြီး၊ အဓိပ္ပါယ်ဖွင့်ပြီး အတတ်နိုင်ဆုံးကျင့်သုံးသော လူတန်းစားပေါ်လာ၍ ဖာရိရှဲများဟု ခေါ်သည်။ ထိုသို့ ဘုရားတရား ဖက်မှာစိတ်အားကြီး ချိန်တွင် သခင်ယေရှု လူ့ဇာတိခံ၍ သူတို့ကို တည့်မတ်ပေးဘို့ရန် ပြောသော်လည်း၊ လက်မခံဘဲ သူ့ကို လက်ဝါးကပ်တိုင်၌ သတ်လိုက် ကြသည်။ ထိုသို့ ဘုရား၏ သားတော်ကို သတ်လိုက်ကြသောကြောင့်၊ ဘုရားသခင်က သူတို့ကို အေဒီ ရဝ တွင် ရောမစစ်သားများအသုံးပြုခြင်းအားဖြင့် သတ်ဖြတ်၍ လွတ်မြောက် သူများသည် အတိုင်း တိုင်း အပြည် ပြည် သို့ထွက်ပြေးခြင်းအားဖြင့် နိဂုံးချုပ်လိုက်သည်။

၆။ အသင်းတော် ခေတ် Dispensation of Church (တမန် ၂ မှ ဗျာ ၃ ထိ)
ဣသရေလများကဘုရား ဘက်၌ စိတ်အားကြီးသော်လည်း၊ ဘုရား၏ အလိုတော် မသိဘဲ သားတော်ကို သတ်သောကြောင့်၊ ဘုရားသခင်က လူမျိုးတမျိုးကို သာမရွေးတော့ဘဲ၊ လူအမျိုးမျိုး ထဲမှသူ့ကို ယုံကြည်သူများကို သန့်ရှင်းသော ဝိညာဉ်တော် ပေးခြင်းအားဖြင့် အသင်းတော် တည်ထောင်လိုက်သည်။ ထို အသင်းတော်ကို ပင်တေကုတ္တေ နေ့တွင် စတင်၍ ဘုရား၏ ဂုဏ်ကျေးဇူးတော် များကို ဖေါ်ပြဘို့ရန် (၁ ပေ ၂:၉)နှင့် ကယ်တင်ခြင်း အကြောင်း သက်သေခံဘို့ရန် (မ ၂၈:၁၉-၂၀၊ တမန် ၁:၈) တာဝန် ပေးထားသည်။ အသင်းတော်သည် အစပိုင်း၌ ဣသရေလ လူများ ကသာ စတင်ခဲ့သော်လည်း၊ နောက်ပိုင်း၌ တပါးအမျိုးသားများသာ ဖြစ်လာ ကြသည်။ အသင်းတော် သည်လည်း ဣသရေလ လူများ ကဲ့သို့ ဘုရား၏ စကား နားမထောင်ဘဲ၊ ကောင်းကြီးကို သာလျှင် ခံစား လို၍ ပါးစပ်အားဖြင့် သာကိုးကွယ်၍ စိတ်နှလုံးမပါချေ။ ထို့ကြောင့် အသင်းတော် အများစုသည် ဘေးဒဏ်ကြီး ကာလ၌ ကျရောက် ခြင်းအားဖြင့်၊ တရားစီရင်ခြင်း ခံမှာ ဖြစ်သည်။ စစ်မှန်သော အသင်းတော် သာလျှင် သခင်ယေရှု ကြွလာသောအခါ၊ ကောင်းကင်သို့ ချီဆောင်သွားမှာ ဖြစ်သည် (၁ ကော ၁၅:၅၁-၅၃၊ ၁ သက် ၄:၁၄-၁၈)။ ယခု အသင်းတော် ခေတ်တွင် ​ကျွန်ုပ်တို့သည် နောက်ဆုံးလူများ ဖြစ်၍၊ မကြာမှီ ခရစ်တော် ကြွလာသောအခါ ချီဆောင်ခြင်း၌ ပါဘို့သည် အလွန် အရေးကြီးသည်။ အသင်းတော် ခေတ်လည်း အနည်းငယ် ချီဆောင်ခြင်း၌ ပါ၍၊ အများစုဘေးဒဏ်ကြီးကာလ ထဲရောက်သွားခြင်းအားဖြင့် နိဂုံးချုပ်တော့မှာ ဖြစ်သည်။

ရ။ အန္တိ ခရစ်ခေတ် Dispensation of Antichrist (ဗျာ ၆ မှ ၁၉ ထိ)
ဤခေတ်သည် စစ်မှန်သော အသင်းတော်ကို ချီဆောင်သွားချိန်မှစ၍ ခရစ်တော် ဒုတိယအကြိမ် ကြွလာသည်အချိန် အထိ ခုနနှစ်ကြာမှာ ဖြစ်သည်။ ထိုအချိန်ကို ဘေးဒဏ်ကြီး ကာလဟု ခေါ်၍၊ ဘုရား၏ ရန်သူ ခရစ်တော် အတု တည်းဟူသောအန္တီခရစ်ကတကမ္ဘာလုံးကို အုပ်ချုပ်မှာ ဖြစ်သည်။ ဤခေတ်သည် အလွန် တိုတောင်းသော်လည်း ဘုရား ကသူ့ကို မယုံကြည် လိုသော ဤလောက သားများအပေါ်အမျက်ဒေါသလောင်းချိန် ဖြစ်သောကြောင့် အလွန် ခက်ခဲမည်။ ဤခေတ်တွင် ဘုရား ပြန်လည် ယုံကြည်သူများရှိသော်လည်း၊ လည်ပင်းဖြတ်ခံခြင်းအားဖြင့် သာ ကယ်တင်ခြင်းသို့ ရောက်မည့်အချိန် ဖြစ်သည်။ စာတန်သည် ဘုရားကို အစဉ်အမြဲအံတုကာဤလောကကို အုပ်ချုပ်ချင်သည့်အတိုင်း ထိုအချိန်တွင် အစွမ်းကုန်ဤလောကကို အုပ်ချုပ်၍၊ ခရစ်တော် ဒုတိယအကြိမ် ရှင်ဘုရင်အဖြစ် ကြွလာသောအခါ၊ စာတန်နှင့် သူ၏ လူများကို တရားစီရင်ခြင်းအားဖြင့် အဆုံးသတ်မှာ ဖြစ်သည်။ စာတန်ကို အနက်ဆုံးသောတွင်း ထဲသို့ အနှစ်တစ်ထောင် ထောင်ချ၍၊ အန္တီခရစ်နှင့် မိစ္ဆာပရောဖက် တို့ကို အရှင်လတ်လတ်၊ ထာဝရ မီးအိုင် ထဲသို့ ချပစ်မှာ ဖြစ်သည်။ ဤခေတ်ကို ဗျာဒိတ်ကျမ်း အခန်းကြီး ၆ မှ ၁၉တွင် အသေးစိပ် ဖေါ်ပြထားသည်။

၈။ အနှစ်တစ်ထောင်၊ မေရှိယခေတ် Millennial Dispensation (ဗျာ ၂၀)
ဤခေတ်သည် ခရစ်တော် ဒုတိယအကြိမ် ရှင်ဘုရင်အဖြစ် ကြွလာချိန်မှစ၍၊ ဤလောကကို အနှစ်တစ်ထောင်အုပ်စိုးအပြီး ထိကြာ​ညောင်းမှာ ဖြစ်သည်။ ဤခေတ်၌ ခရစ်တော် ကဤလောကကို သံလှံတံနှင့် အုပ်ချုပ်၍၊ စစ်မှန်သော အသင်းတော်လည်း မိဖုရားအနေဖြင့် ခရစ်တော်နှင့်အတူ အုပ်ချုပ်မှာ ဖြစ်သည်။ ဤခေတ်တွင် လူ့သက်တန်းလည်း အနှစ်တစ်ထောင်အထိ ပြန်ရှည်၍၊ လူတိုင်း ကျန်းမာကြမည်။ စကား နားမထောင် သူများ သာလျှင် ကျိန်ခြင်း ခံ၍ သေကြရမှာ ဖြစ်သည်။ စစ်တိုက်ခြင်း မရှိတော့ဘဲ စစ်လက်နက်ပစ္စည်းများကို လယ်ထွန်ကရိယာများ အဖြစ်အသုံးပြုကြရမှာ ဖြစ်သည်။ အစာရေစာပေါများ၍ ဝလင်စွာ စားကြမည်။ တိရစ္ဆာန်များလည်းသားရဲမရှိတော့ဘဲ၊ အတူ နေထိုင်ကြမည်။ စစ်ပြေးဒုက္ခ သည်လည်း မရှိတော့ဘဲ အလွန် ကောင်းမွန်သော ခေတ် ဖြစ်မည် (ဟေရှာယ ၂၊ ၄၊ ၉၊ ၁၁၊ ၆၅)။ သို့သော် အနှစ်တစ်ထောင် ကုန်ဆုံး သောအခါ၊ စာတန်ကို ထောင်ထဲမှလွှတ်၍ လူများကို လှည့်ဖြားကာ၊ ခရစ်တော်ကို တိုက်ခိုက် ကြမည်။ သူတို့ကို ကောင်းကင်မှ မီးဖြင့် ရှို့၍ အသေသတ်ခြင်း ခံကြမည်။ ထို့နောက်ပလ္လင်ဖြူကြီး တရားစီရင်ခြင်းဖြင့် (ဗျာ ၂၀) ဤခေတ်သည် ကုန်ဆုံးကာထာဝရ ကာလ ဆက်သွားမှာ ဖြစ်သည်။

ဤ ခေတ်ကာလ များသိခြင်းဖြင့် လူသည် အမျိုးမကောင်းကြောင်း သိနိုင်သည်။ လူထင်မှတ်တတ်သည် မှာအပြစ် လုပ်ခြင်းသည်၊ အစာရေစာမဝသောကြောင့်၊ ပတ်ဝန်းကျင်မကောင်းသောကြောင့်၊ အုပ်ချုပ်ရေးမကောင်းသောကြောင့်၊ ပညာမရှိသောကြောင့် ဟူ၍ အကြောင်း အမျိုးမျိုး ပြတတ် ကြသည်။ သို့သော်လည်း မည်မျှပင် အ​ခြေနေကောင်းပါစေလူသည် မကောင်းနိုင်ပါ။ ထိုသို့ဖြစ်ခြင်းသည် လူသည် အမျိုးမကောင်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်း လိုအပ်သည်။ လူသည် အာဒံ၌ မွေးဘွားကြသောကြောင့်၊ အာဒံကဲ့သို့ အပြစ် သားများဖြစ် ကြသည်။ မည်မျှပင် ဆုံးမသွန်သင်၍၊ ဒုက္ခ ရောက်သော်လည်း မကောင်းနိုင်ပါ။ သို့သော် လူသည် ခရစ်တော်၌ ရှိလျှင်၊ အသစ်သော သတ္တဝါ ဖြစ်၍ ဟောင်းသောအရာ တို့သည် ကုန်ဆုံးကာ၊ ခပ်သိမ်းသောအရာ တို့သည် အသစ် ဖြစ်ကြသည် (၂ ကော ၅:၁ရ)။ သင်သည်လည်း ခရစ်တော်၌ မရှိလျှင် လူဟောင်း ဖြစ်နေသဖြင့် မည်သို့ မျှမကောင်းနိုင်ပါ။ လူ့အမြင်၌ ကောင်းလျှင် လည်း၊ ဘုရား အမြင်၌ မကောင်းနိုင်ပါ။ ထို့ကြောင့် လူသစ် ဖြစ်ဘို့ရန် သခင်ယေရှု ထံသို့ လာပါ။ ယေရှုက၊ “ငါ့ထံသို့ လာသော သူကို ငါသည် အလျှင်း မပယ်။” (ယော ၆:၃ရ) ဟုဆိုသည်။ တဖန်၊ “လူသားသည် ပျောက်သော သူတို့ကို ရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇကဲကို မိန့်တော်မူ၏။” (လု ၁၉:၁၀)။ ထို့ကြောင့် ယခုပင်လျှင် သခင်ယေရှု ထံစိတ်နှလုံးအကြွင်းမဲ့လာပါ။

မေးခွန်းများ

၁။ ဤလောကကို ခေတ်ဘယ်နှစ်ခေတ်ဖြင့် ပိုင်းခြားနိုင်သနည်း။ ................................................

၂။ ထိုခေတ်အားလုံးကို ဖေါ်ပြပါ။ ....................................................................................................................................................................................................

၃။ အပြစ် ကင်းမဲ့သော ခေတ်၏ ထူးခြားချက်များ ဖေါ်ပြပါ။ ..................................................................................................................................................

၄။ ဩတ္တပ္ပခေတ်သည် ဘယ်အချိန် မှစ၍ ဘယ်အချိန် အထိ ဖြစ်သနည်း။ ..................................................................................................

၅။ အဘယ်ကြောင့်ရေလွှမ်းမိုးသနည်း။ ..................................................................................................

၆။ လူအုပ်စိုးသော ခေတ်တွင် ဘာကိုးကွယ်ကြသနည်း။................................................

ရ။ ဂတိတော် သို့မဟုတ် ဘိုးဘေးများ ခေတ်သည် မည်ကဲ့သို့ နိဂုံးချုပ်သနည်း။....................

၈။ ပညတ်တော် ခေတ်သည် မည်သည့်အချိန် မှစ၍ မည်သည့်အချိန် ထိ ဖြစ်သနည်း။ ..................................................................................................

၉။ ပညတ်တော် ခေတ်တွင် မည်သည့်လူတန်းစားပေါ်ပေါက်သနည်း။ ........................................

၁၀။ အဘယ်ကြောင့်သခင် ယေရှုခရစ်ကို သတ်လိုက်ကြသနည်း။ ........................................

၁၁။ အသင်းတော်၏ တာဝန်သည် အဘယ်အရာ ဖြစ်သနည်း။ ...............................................

၁၂။ အသင်းတော် ခေတ်မည်ကဲ့သို့ ကုန်ဆုံးမည်နည်း။...............................................

၁၃။ အန္တီခရစ်ခေတ်သည် မည်မျှကြာမည်နည်း။...............................................

၁၄။ အဘယ်ကြောင့် ဘုရားသခင်သည် မြေကြီး အပေါ်အမျက်ဒေါသထွက်သနည်း။ ..................................................................................................

၁၅။ အနှစ်တစ်ထောင်ခေတ်၏ ထူးခြားချက်များ ဖေါ်ပြပါ။ .................................................................................................................................................

.

^

ဝိညာဉ် ပိုင်းနေ့နှင့်ည

“ထိုမှတပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည်၊ ငါတို့ ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခုသာ၍ နီးသောကြောင့်၎င်း၊ ညဉ့်အချိန် ကုန်လု၍၊ နေ့အချိန် ရောက်လုသောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော်ရာမှနိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍၊ ကာလ အချိန်ကို ထောက်လျက်၊ မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင် ဆောင်ရွက်ကြကုန်အံ့။ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ဗြုင်ခြင်း အမှု တို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ၊ ကျင့်ဆောင်ပြုမူကြကုန်အံ့။ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏ တက်မက်ခြင်း အလို့ငှါ မကြံစည်ကြနှင့်။” (ရော ၁၃:၁၁-၁၄)

အထက်ပါ ကျမ်းပိုဒ်၌ ပေါလုက၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည်၊ ငါတို့ ယုံကြည်သော နေ့ရက်၌ နီးသည် ထက်၊ ယခုသာ၍ နီးသောကြောင့် ဟုဆိုထားသည်။ သို့ဖြစ်လျှင် ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည်၊ အဘယ်အရာကို ဆိုလိုသနည်း။ ထိုအရာသည်၊ ဤလောက မှအပြီး အပိုင် ကယ်တင်ခြင်း တည်း ဟူသော၊ ချီဆောင်ခြင်း နေ့ရက်ကို ဆိုလိုသည်။ ငါတို့ ယုံကြည်သော နေ့ရက်သည်၊ ကယ်တင်ခြင်းကို လက်ခံသော နေ့ကို ဆိုလိုသည်။ ထို့ကြောင့် တနည်းအားဖြင့် ဆိုလျှင် ချီဆောင်ခြင်း နေ့ရက်သည်၊ လူတိုင်း၏ ကယ်တင်ခြင်း သဘော ပေါက်သော နေ့ရက်ထက်၊ သာ၍ နီးပြီဟုဆိုလိုခြင်း ဖြစ်သည်။

ညဉ့်အချိန်
ညဉ့်အချိန် ကုန်လု၍၊ နေ့အချိန် ရောက်လုသောကြောင့်၊ ဟုဆိုပြန်သည်။ ဤအရာသည် ရုပ်လောက နေ့နှင့် ညကို ဆိုလိုသည် မဟုတ်၊ ဝိညာဉ် ပိုင်းနေ့နှင့် ညကို ဆိုလိုခြင်း ဖြစ်သည်။ ထိုအရာသိဘို့ရန် မှာနေနှင့် အလင်း၊ အမှောင်များ သိဘို့ရန် လိုအပ်သည်။

ဘုရားသခင်သည် အလင်း
ကျမ်းစာက၊ “ဘုရားသခင်သည် အလင်း ဖြစ်တော်မူ၏။” (၁ ယော ၁:၅) ဟုဆိုထားသည်။ ယေရှုက၊ “ငါသည် ဤလောက၏ အလင်း ဖြစ်၏။ ငါ့နောက်သို့ လိုက်သော သူသည်၊ မှောင်မိုက်၌ မသွားမလာ၊ အသက်၏ အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။” (ယော ၈:၁၂)။ ထို့ကြောင့် ဘုရားသခင် ရှိသော နေရာသည် အလင်း သို့မဟုတ်နေ့ ဖြစ်သည်။ အာဒံနှင့် ဧဝတို့ လင်မယား အပြစ် မလုပ်မှီတွင်၊ ဤလောကသည် အလင်း ဖြစ်ခဲ့သည်။ ဘုရားသခင်က အုပ်စိုးခဲ့သည်။ သို့သော် လူလင်မယား တို့က စာတန် စကား နားထောင် ချိန်မှစ၍၊ ဤလောကသည် အမှောင်ထုကြီး ကလွှမ်းမိုးသွားခဲ့သည်။ ခရစ်တော် လူ့ဇာတိခံယူချိန်တွင် အလင်း ဖြစ်ခဲ့သည်။ ထို့ကြောင့် ခရစ်တော်သည် ဂါလိလဲပြည်၌ နေစဉ်၊ အလင်း ဖြစ်ကြောင်းကို ကျမ်းစာ၌ ဤသို့ ရေးထားသည်၊ “ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင် တည်းဟူသောအိုင်နားရှောက်သော လမ်း၊ ယော်ဒန်မြစ်တဖက်၊ တပါးအမျိုးသား နေရာဂါလိလဲပြည်၊ မှောင်မိုက်ထဲမှာရှိနေသော လူများ တို့သည်၊ ကြီးစွာသော အလင်းကို မြင်ရ၍၊ သေမင်း၏ နိုင်ငံအရိပ်တွင် ရှိနေသော သူတို့၌ အလင်းပေါ်ထွက်လျက် ရှိ၏။” (မ ၄:၁၅-၁၆)။

အလင်း၏ အလုပ်
အလင်းသည် အရာခပ်သိမ်းကို ထင်ရှားစေကြောင်း၊ ပေါလုကဤသို့ ရေးထားသည်၊ “အပြစ် ထင်ရှားသောအရာ ရှိသမျှ တို့သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သောအရာ ရှိသမျှသည် လည်း၊ အလင်း ဖြစ်၏။” (ဧ ၅:၁၃)။ ခရစ်တော်ကို သတ်ရခြင်း အကြောင်းရင်း တခုသည် လူများ၏ အပြစ်ကို ထင်ရှားစေသောကြောင့် ဖြစ်သည်။ သူရှိနေလျှင် လူများသည် အပြစ် မလုပ်နိင်ချေ။ အပြစ် မှန်သမျှသည် အမှောင်၌ လုပ်ရသည်။ ခရစ်တော်ကို သတ်လိုက်သောကြောင့်၊ လောကသည် မှောင်မိုက်ဖုံးလွှမ်းသွားခဲ့ပြန်သည်။

ယုံကြည်သူများသည် အလင်း
ခရစ်တော်ကို ယုံကြည်သူများသည် အလင်းဟု ခေါ်သည်။ ခရစ်တော်က၊ “သင်တို့သည် ဤလောက၏ အလင်း ဖြစ်ကြ၏။” (မ ၅:၁၄) ဟုဆိုခဲ့သည်။ ရှင်ပေါလုကလည်း၊ “အထက် ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သား ကဲ့သို့ ကျင့် နေကြလော့။” (ဧဖက် ၅:၈) ဟုဆိုသည်။ အဘယ်ကြောင့် ယုံကြည်သူများသည် အလင်း ဖြစ်နိင်သနည်း။ အကြောင်းမှာ၊ ယုံကြည်သူများ၏ အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော် ရှိသောကြောင့့့် ဖြစ်သည်။ ယုံကြည်သူများသည်၊ ဘုရားကိုယ်စားမှောင်မိုက်၌ လင်းမည့်သူများဖြစ် ကြသည်။ ထို့ကြောင့် ဤလောကသည်နေ့ မဟုတ်ည ဖြစ်သေးသည်။

ညဉ့်ကို လေးပိုင်းပိုင်း
ဤလောကသည် မှောင်မိုက်ည ဖြစ်ကြောင်း သိရပြီ။ သို့ဖြစ်လျှင် ညဦးလော၊ သန်းခေါင်လော၊ မိုဃ်းလင်းခါနီးပြီလော။ ခရစ်တော်က၊ သူကြွလာမည့် အချိန်နှင့် ပတ်သက်၍၊ ဤသို့ ဥပမာအားဖြင့် သတိပေးခဲ့သည်၊ “လူတဦးသည် အခြားသော ပြည်သို့ သွားမည်အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့ လက်သို့ အပ်၍၊ သူတို့ ဆောင်ရွက်စရာ အမှုကို အသီးအသီးခွဲခန့်စီမံ၍၊ တံခါးမှူးကို စောင့်နေစေဟု မှာထားပြီးမှသွားသည် ဖြစ်၍၊ အိမ်ရှင်သည် ညဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန် တို့တွင် အဘယ်အချိန်၌ လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။ သို့မဟုတ် အမှတ်တမဲ့လာ၍ သင်တို့ အိပ်ပျော်သည်ကို တွေ့လိမ့်မည်။ စောင့် နေကြလော့ဟု သင်တို့အား ငါဆိုသည် အတိုင်း၊ ခပ်သိမ်းသော သူတို့အား ငါဆိုသည်ဟု မိန့်တော်မူ၏။” (မာ ၁၃:၃၄-၃ရ)။ လူတဦးသည် ခရစ်တော်ကိုယ်တိုင် ဖြစ်သည်။ ငယ်သား တို့သည် ယုံကြည်သူများဖြစ်သည်။ ခရစ်တော် ကသူ၏ ဥပမာ၌ ညကို လေးပိုင်းပိုင်းထားသည်။ ညဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့ ဖြစ်သည်။

ညဉ့်ဦးအချိန်
ညဦးအချိန်သည် မိုဃ်းချုပ်မှ ၉ နာရီ ခန့်အထိ အချိန်ကို ဆိုလိုသည်။ ထိုအချိန်၌ မည်သူမျှမအိပ်သေးချေ။ လူကြီး များလည်း စကားပြောကြ၍၊ ခလေး များလည်း ဆော့ကစားကြသောကြောင့်၊ ဆူညံနေဆဲ ဖြစ်သည်။ အသင်းတော် သမိုင်း၌၊ ညဥ့်ဦးအချိန်သည် အသင်းတော် စတင်ချိန်၊ အေဒီ ၃၃ မှအေဒီ ၃၁၃ ခန့်အထိကို ဆိုလိုသည်။ ထိုအချိန်တွင် ယုံကြည်သူများသည်၊ ယုံကြည်ခြင်း အတွက် အသက် ရှင် ကြသည်။ ခရစ်တော် အတွက် အသက် ရှင်ခြင်းသည်၊ အလုပ်အတွက်ထက် အရေးကြီးသည်။ ယုံကြည်သူများသည်၊ ယုံကြည်ခြင်း အတွက် အနစ်နာခံ၍၊ ညှင်းဆဲခြင်းနှင့် သတ်ဖြတ်ခြင်းများခံခြင်း ဖြင့်၊ ဝိညာဉ် ပိုင်း၌ လုံးဝ မအိပ်ဘဲ၊ သစ္စာရှိစွာ လုပ်ဆောင်ရပ်တည် ကြသည်။ ထိုအချိန်တွင် အိမ်ရှင် ခရစ်တော်သည် ကြွမလာခဲ့ပါ။

သန်းခေါင်အချိန်
သန်းခေါင်အချိန်၌ လူတိုင်း အိပ်စက်၍၊ မြို့ရွာများ၌ ဆူညံခြင်း မရှိတော့ချေ။ တိတ်စိတ်စွာ အိပ်မောကျနေတတ် ကြသည်။ ထိုအချိန်သည် အသင်းတော် သမိုင်း၌၊ အေဒီ ၃၁၃မှ ၁၅၁ရခုနှစ်အတွင်း ကိုကိုယ်စားပြုသည်။ အေဒီ ၃၁၃တွင် ရောမဧကရာဇ်မင်းကွန်စတင်တိုင်းနှင့် သူ၏ စစ်သား များသည်၊ ခရစ်တော်၏ ကယ်တင်ခြင်းနှင့် သမ္မာတရား မသိဘဲ ခရစ်ဘာသာသို့ ဝင်၍၊ ခရစ်ယာန် များကို မညှင်းဆဲတော့ဘဲ၊ လွတ်လပ်ခွင့်ပေးသည် သာမက၊ ချီးမြှောက် သောအခါ ခရစ်ယာန် များသည် ကယ်တင်ခြင်းနှင့် သမ္မာတရား အကြောင်း မပြောတော့ဘဲ၊ ဝိညာဉ် ပိုင်း၌ အိပ်ပျော်သွား ကြသည်။ ထိုကာလတွင် လူများ ကယ်တင်ခြင်းသို့ ရောက်သောသူ အလွန်နည်းပေလိမ့်မည်။ ထိုအချိန်တွင် လည်း၊ အိမ်ရှင် ခရစ်တော်သည် ကြွမလာခဲ့ပါ။

ကြက်ဦးတွန်ချိန်
ကြက်ဦးတွန်ချိန်သည်၊ နံနက် ၂-၄ နာရီ ခန့်တွင် ကြက်ဖကြီးများတွန်ချိန် ဖြစ်သည်။ ထိုအချိန်တွင် အသက်ကြီးသူ များ ကသာ ကြက်တွန်သံကို ကြားတတ် ကြသည်။ ငယ်ရွယ်သော သူများသည် အိပ်မောကျနေသောကြောင့်၊ ကြက်ဖကြီးများတွန်ခြင်းကို မကြားတတ်ကြချေ။ ကြက်တွန်ခြင်းသည် အချိန်ကို ဖေါ်ပြခြင်း ဖြစ်သည်။ နေ့အချိန်တွင် နေကို ကြည့်ခြင်းအားဖြင့်အချိန် သိနိင်သည်။ သို့သော် ညအချိန်တွင် နေမရှိသည် သာမက၊ လူများသည် အိပ် နေကြ၍ မှောင်မဲနေသည်။ ထိုအချိန်တွင်အချိန် သိဘို့ရန် ဘုရားသခင်က၊ ကြက်ဖများကို တွန်ခိုင်းခြင်း ဖြစ်သည်။ ကြက်ဦးတွန်ချိန်တွင် ကြက်ဖကြီးများသာတွန်တတ်သည်။ ကြက်ဖကလေးများသည် နံနက်မိုဃ်းလင်းခါနီးမှသာတွန်တတ် ကြသည်။ ကြက်ဦးတွန်ချိန်သည် အသင်းတော် သမိုင်း၌ အေဒီ ၁၅၁ရ မှ ၁၉၀၀ ခန့်အထိ အချိန်ကို ဆိုလိုသည်။ ထိုအချိန်တွင် ကြက်ဖကြီးများဖြစ်ကြသော Martin Luther, John Calvin, Huldrych Zwingli တို့ မှစ၍ သမ္မာတရားကို ထုတ်ဖေါ်သော ရှေ့ပြေးတော် လှန်ရေးသမားများ ပေါ်ပေါက်ခဲ့သည်။ သူတို့က ကယ်တင်ခြင်းသည် အကျင့်အားဖြင့် မဟုတ်၊ ယုံကြည်ခြင်းအားဖြင့် ဖြစ်ကြောင်းကို စတင်ဖေါ်ထုတ်ဟောပြော ကြသည်။ “​ဖြောင့်မတ်သော သူသည် ယုံကြည်ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်” (ဟဗက္ကု ၂:၄၊ ရော ၁:၁ရ၊ ဂလာ ၃:၁၁၊ ဟေ ၁၀:၃၈) ဟူသောအရာ ကို အဓိကထားဟောပြော ကြသည်။ ထိုနောက်တွင် သာသနာ ပြုခြင်းများကိုလည်း ပေါ်ပေါက်လာ၍ တကမ္ဘာလုံး၌ သာသနာ ပြုများ စေလွှတ်ကာ ကယ်တင်ခြင်း တရားကို ဟောပြော ကြသည်။ ထင်ရှားသော သာသနာ ပြုများမှာ၊ ​John Wesley, George Whitefield, William Carey, Adoniram Judson, George Muller, David Livingstone, Hudson Taylor တို့ ဖြစ်သည်။ သို့သော် ထိုအချိန်တွင် လည်း၊ အိမ်ရှင် ခရစ်တော်သည် ကြွမလာခဲ့ချေ။

နံနက်အချိန်
နံနက်အချိန်သည် နံနက်လေးနာရီ ခန့်မှမိုဃ်းလင်းသည်အချိန် အထိကို ဆိုလိုသည်။ ဆောင်းတွင်း ၌ နံနက် စောစော မိုဃ်းသောက်ကြယ် ထွက်တတ်သည်။ နံနက် စောစော ထသူများ ကသာလျှင် ထိုမိုဃ်းသောက်ကြယ်ကို မြင်တတ် ကြသည်။ အအိပ်မက် သူများသည် မိုဃ်းသောက်ကြယ်ကို မမြင်ဘူးကြချေ။ မိုဃ်းသောက်ကြယ်သည် ခဏသာမြင်ရ၍ နေထွက် သောအခါ ပျောက်ကွယ် သွားသည်။ အအိပ်ပုပ်သော သူများသည် နေထွက်မှသာလျှင် ထတတ် ကြသည်။

မိုဃ်းသောက်ကြယ်
ဝိညာဉ် ပိုင်း၌ နံနက်အချိန်သည် အေဒီ ၁၉၀၀ ခန့်မှ ခရစ်တော် ဒုတိယအချိန် ကြွလာသည့်အချိန် ထိ ဖြစ်သည်။ ယခုအချိန်သည် နံနက်မိုဃ်းသောက်ကြယ်ထွက်ခါနီးအချိန် ဖြစ်သည်။ မိုဃ်းသောက်ကြယ်ထွက်ခြင်းနှင့် နေထွက်ခြင်းကို ခွဲခြားသိဘို့ လိုသည်။ မိုဃ်းသောက်ကြယ်သည် ခရစ်တော် ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်က၊ “ငါသည်ကား၊ ဒါဝိဒ်၏ အမြစ် ဖြစ်၏။ အနွယ်လည်း ဖြစ်၏။ ထွန်းတောက်သော မိုဃ်းသောက်ကြယ်လည်း ဖြစ်၏။” (ဗျာ ၂၂:၁၆) ဟုဆိုသည်။ အဘယ်ကြောင့် ခရစ်တော်သည်၊ မိုဃ်းသောက်ကြယ်ဟုဆိုသနည်း။ မိုဃ်းသောက်ကြယ်သည်၊ နံနက်ပိုင်း၌ အထင်ရှားဆုံးကြယ် ဖြစ်သည်။ ခရစ်တော်သည် နံနက်ပိုင်း၌ မိုဃ်းသောက်ကြယ်ထွက် သကဲ့သို့၊ သန့်ရှင်း သူများကို ချီဆောင်ဘို့ရန် ကြွလာမှာ ဖြစ်သည်။ ထိုအခါ စောစော ထသော သူတည်း ဟူသော၊ ကယ်တင်ခြင်းသို့ ရောက်သော သူများကိုသာ၊ ကောင်းကင်သို့ ချီဆောင်သွားမှာ ဖြစ်သည်။ အအိပ်ပုပ်သောသူ တည်းဟူသောကယ်တင်ခြင်းသို့ မရောက်သော သူများ မူကား၊ ကျန်ရစ်မှာ ဖြစ်သည်။ သင်သည် အအိပ်ပုပ်သောသူ ဖြစ်ပါသလော။

ခရစ်တော်သည် နေမင်းကြီး
ခရစ်တော်သည် နေမင်းကြီးလည်း ဖြစ်သည်။ ခရစ်တော် ဒုတိယအကြိမ် ကြွလာသောအခါ၊ တကမ္ဘာလုံးရှိလူတိုင်း ကသိမြင်မှာ ဖြစ်သည်။ သူကိုယ်တိုင်က၊ “ခရစ်တော်သည် တော၌ ရှိသည်ဟုဆိုသော်လည်း မထွက်သွားကြနှင့်။ တိုက်ခန်း၌ ရှိသည်ဟုဆိုသော်လည်း မယုံကြနှင့်။ လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်း သကဲ့သို့၊ လူသားသည် ကြွလာ တော်မူ လတံ့။ အသေကောင်ရှိရာ၌ လင်းတတို့သည် စုဝေးကြလတံ့။ ထိုကာလ၏ ဒုက္ခ ဆင်းရဲခြင်း နောက်ရုတ်ခနဲနေသည် မိုက်လိမ့်မည်။ လသည် အရောင်ကို မပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင် တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီး ပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော် ကို ဆောင်လျက်၊ မိုဃ်းတိမ်ကို စီး၍ ကြွလာ တော်မူသည်ကို မြင်ရကြလိမ့်မည်။ လူသားသည် မိမိတမန် တို့ကို စေလွှတ်၍ တံပိုးခရာကို ပြင်းစွာ မှုတ်စေ တော်မူ သဖြင့်၊ သူတို့သည် ရွေးချယ် တော်မူသော သူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင် အောက်ထက် ဝန်းကျင်တို့ မှခေါ်၍ စုရုံးကြလတံ့။” (မ ၂၄:၂၆-၃၁) ဟုဆိုခဲ့သည်။

ခရစ်တော် ဒုတိယအကြိမ် ကြွလာခါနီး၌ နေသည် မှောင်သွားမည်။ ထိုအခါ ခရစ်တော်သည် ဘုန်းတန်ခိုးနှင့် လင်း၍ ကြွလာသောကြောင့် နေထွက် သကဲ့သို့ဖြစ်မည်။ နေထွက် သောအခါ နေရာတိုင်း၌ လင်းသောကြောင့် မသိဘဲ မရှိနိုင် သကဲ့သို့၊ ခရစ်တော် ဒုတိယအကြိမ် ကြွလာသောအခါ ဖြစ်မည်။ ခရစ်တော်သည် နေကဲ့သို့ ထွက်မည့် အရာကို ဓမ္မဟောင်း၌လည်း ဤသို့ တွေ့ရသည်၊ “မီးဖို၌ မီးလောင် သကဲ့သို့ လောင်သော နေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသော သူနှင့် ဒုစရိုက်ကို ပြုသောသူ အပေါင်းတို့သည် အမှိုက်​ခြောက် ဖြစ်လိမ့်မည်။ သူတို့ အရင်းအဖျားမျှမကျန်ကြွင်းစေခြင်းငှါ ထိုနေ့ရက်သည်လောင်လိမ့်မည်ဟ၊ ုကောင်းကင် ဗိုလ်​ခြေအရှင်ထာဝရ ဘုရား မိန့်တော်မူ၏။ ငါ၏ နာမတော်ကို ကြောက်ရံွ့သော သင်တို့၌ ကား၊ တရားတော် နေမင်းသည်၊ အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်း တော်မူမည်။ သင်တို့သည် ထွက်သွား၍ တင်းကုပ်၌ နွားသငယ် သကဲ့သို့ ခုန်ကြလိမ့်မည်။ ထိုသို့ ငါစီရင်သော နေ့ရက်၌ သူတို့သည် သင်တို့ ​ခြေဘဝါးအောက်၌ မြေမှုန့်ကဲ့သို့ဖြစ်ကြလိမ့်မည်၊ဟု ကောင်းကင် ဗိုလ်​ခြေအရှင်ထာဝရ ဘုရား မိန့်တော်မူ၏။” (မာလခိ ၄:၁)။

မီးဖို၌ မီးလောင် သကဲ့သို့ လောင်သော နေ့ရက်သည်၊ ဘေးဒဏ်ကြီး ကာလကို ဆိုလိုသည်။ ယခုမာနကြီးသော သူနှင့် ဒုစရိုက်ပြုသော သူတို့သည် ဘေးဒဏ်ကြီး ကာလ၌၊ အမှိုက်​ခြောက်ကဲ့သို့ဖြစ်၍ အရင်းအဖျားမျှမကျန်လောင်လိမ့်မည်။ ဆိုလိုသည် မှာ သူတို့၏ သမိုင်းနှင့် နာမည်များ ပင်မကျန်ဘဲ သေဆုံးကြမည်။ ဘုရားကို ကြောက်ရွံ့သော ဣသရေလ လူများသည် ဘေးဒဏ်ကြီး ကာလ၌ ဘုရား၏ ကွယ်ကာမှုကြောင့် ကျန်ကြွင်း၍၊ ခရစ်တော် ဒုတိယအကြိမ် နေမင်းကြီး ကဲ့သို့ ကြွလာသောအခါ၊ နွားတင်းကုပ်၌ နွားသငယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ နွားတင်းကုပ်၌ နွားသငယ်များသည် ကြိုးနှင့် ချည်နှောင်ခြင်း မပြုသောကြောင့် ခုန်ပေါက်တတ် ကြသည်။ ဆိုလိုသည် မှာလွတ်လပ်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ဖေါ်ပြသည်။

အိပ်ပျော်ကြ

လူများသည် မည်ကဲ့သို့ အိပ်ပျော် နေကြသနည်း။ ဤလောက အရာများကို ရှာဖွေခြင်း၊ ဇာတိအလို ဆန္ဒများကို လိုက်ခြင်း ဖြင့်၊ အိပ်ပျော် နေကြသည်။ များစွာသော သူများသည်၊ အလုပ်လုပ်ဘို့ သာလျှင် အဓိကထား၍၊ ငွေရှာခြင်း အားဖြင့် အိပ်ပျော် နေကြသည်။ အလုပ်လုပ်သောကြောင့် ပင်ပန်း၍ ဝိညာဉ် ပိုင်းအတွက်အချိန် မပေးနိုင်၊ စိတ်မဝင်စားနိုင်ကြခြင်းသည် အိပ်ပျော်ခြင်း ဖြစ်သည်။ ကျောင်းသားများလည်း၊ ကျောင်းစာကို အဓိကထား ခြင်းအားဖြင့်၊ ဝိညာဉ် ပိုင်း၌ လုံးဝ မနိုးဘဲ အိပ်ပျော် နေကြသည်။ အချို့သော သူများသည် နိင်ငံရေး၊ လူမျိုးရေးကို လိုက်စားခြင်းများဖြင့်၎င်း၊ အပျော်အပါးလိုက်စားခြင်း အားဖြင့်၎င်း၊ ဝိညာဉ် ရေးရာ၌ နိုး၍ မရနိုင်လောက်အောင်၊ တခေါခေါ အိပ်ပျော် နေကြသည်။ များစွာသော သူများသည် မူးယစ်ဆေးဝါးသုံးစွဲ၊ အရက်သေစာများ သောက်ကျူးခြင်း၊ အား ကစားလိုက်စားခြင်း၊ မိန်းမယောက်ျားလိုက်စားခြင်းများအားဖြင့်၊ အိပ်ပျော် နေကြသည်။ ထိုသူများထက် အသိရခက်သော အိပ်ပျော် သူများမှာ၊ ကယ်တင်ခြင်းသို့ မရောက်၊ သမ္မာတရား မသိသော်လည်း၊ ဘုရားတရား လိုက်စားခြင်း၊ ဘုရားကို ချီးမွမ်းသီချင်းဆိုခြင်း၊ တရားဟောနေသူ၊ အမှုတော်ဆောင်များ ဖြစ်သည်။ ထို့အပြင် ကယ်တင်ခြင်းသို့ ရောက်သော်လည်း၊ လောက အရာကို တပ်မက်သော အမှုတော်ဆောင်များလည်း အိပ်ပျော် နေကြသည်။ အိပ်ပျော် သောအခါ အိပ်မက်မက်တတ် ကြသည်။ အိပ်မက်ထဲ၌ ခံစားချက်များရှိပြီး၊ နိုးလာသောအခါ ဘာမျှမရှိသကဲ​ဲ့သို့၊ ယခုလိုက်စားရှာဖွေ အရသာခံသောအရာ များ လည်း၊ ခရစ်တော် ကြွလာသောအခါ၊ အိပ်မက်ကဲ့သို့ အကုန်ပျောက်ပျက်သွားကြမှာ ဖြစ်သည်။ ထိုသို့ အိပ်ပျော်နေသာ သူများက၊ ခရစ်တော် ကြွလာမည့် အရာကို ဂရုမစိုက်၊ သိလည်း မသိ၊ ပြောလျှင်လည်း ပျက်ရယ်ပြုခြင်းများသာ ပြုလုပ် ကြသည်။ ထိုသူများကို ခရစ်တော်က ချီဆောင်သွားမည် မဟုတ်။ သင်သည် အိပ်ပျော်နေပါသေးသလော။

မေးခွန်းများ

၁။ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည်၊ ဘာကို ဆိုလိုသနည်း။ ..........................................

၂။ ငါတို့ ယုံကြည်သော နေ့ရက်သည်၊ ဘယ်အချိန်ကို ဆိုလိုသနည်း။ .............................................

၃။ ညဉ့်အချိန် ကုန်လု၍ ဟူသောအရာသည် ရုပ်လောကလော၊ ဝိညာဉ်လောကကို ဆိုလိုသလော။ ..................................................

၄။ အလင်းသည် မည်သူနည်း။ ..................................................

၅။ အလင်း၏ အလုပ်သည် .................................................. ဖြစ်သည်။

၆။ အဘယ်ကြောင့် ယုံကြည်သူများသည် အလင်း ဖြစ်နိင်သနည်း။..................................................

ရ။ ခရစ်တော် ကညဉ့်ကို ဘယ်နှစ်ပိုင်းပိုင်းထားသနည်း။ ..................................................

၈။ အသင်းတော် သမိုင်း၌ ညဉ့်ဦးအခိျန်သည် အဘယ်အချိန် ဖြစ်သနည်း။ ...................................

၉။ ယုံကြည်သူများမအိပ်ဘဲ နေခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။...............................

၁၀။ အသင်းတော် သမိုင်း၌ သန်းခေါင်အချိန်သည် အဘယ်ချိန် ဖြစ်သနည်း။................................

၁၁။ အသင်းတော် အိပ်မောကျနေခြင်းသည် ဘာကို ဆိုလိုသနည်း။ ..................................................

၁၂။ ကြက်ဦးတွန်ချိန်တွင် မည်ကဲ့သို့သော ကြက်များ သာတွန်တတ်သနည်း။..........................

၁၃။ အသင်းတော် သမိုင်း၌ ကြက်ဦးတွန်ချိန်သည် အဘယ်အဘယ်ချိန်နည်း။.......................

၁၄။ ဝိညာဉ် ပိုင်းကြက်ဖကြီး များ၏ နာမည်များ ဖေါ်ပြပါ။ ..................................................

၁၅။ ဝိညာဉ် ပိုင်းကြက်ဖကြီး များ၏ အဓိကကျမ်းပိုဒ်များသည် အဘယ်အရာနည်း။..........

၁၆။ နံနက်အချိန်သည် ဝိညာဉ် ပိုင်း၌ မည်သည့်အချိန် မှမည်သည့်အချိန် ထိ ဖြစ်သနည်း။

၁ရ။ မိုဃ်းသောက်ကြယ်သည် မည်သူနည်း။.................................................. အဘယ်ကြောင့်နည်း။ ..................................................

၁၈။ နေမင်းကြီးသည် အဘယ်သူ နည်း။..................................................

၁၉။ မီးဖုိ၌ မီးလောင် သကဲ့သို့ လောင်သော နေ့ရက်သည် ဘာကို ဆိုလိုသနည်း။..............

၂၀။ ခရစ်တော် ဒုတိယအကြိမ် ကြွလာသောအခါ လူတိုင်း သိမြင်မည်လော။.......................... အဘယ်ကြောင့်နည်း။ ..........................................

၂၁။ ဝိညာဉ် ပိုင်း၌မည် သူများ အိပ်ပျော် နေကြသနည်း။ ..................................................

၂၂။ ဘုရားတရား လိုက်စားသော သူများလည်း အိပ်ပျော် နေကြပါသလား။ အဘယ်ကြောင့်နည်း။ ..................................................

၂၃။ အိပ်ပျော် သူများကို ချီဆောင်ပါမည်လော။ ..................................................

၂၄။ သင်သည် အိပ်ပျော်နေပါသလား။ ..................................................

.

^

အဘယ့်ကြောင့် ချီဆောင်သနည်း

အချို့သော သူများနှင့် ဆရာများက ချီဆောင်ခြင်းရှိတော့မည် မဟုတ်ဟုဆို ကြသည်။ ထိုသူများသည် ချီဆောင်ခြင်း၌ ပါဝင်မည် မဟုတ်သောကြောင့်၊ ထိုသို့ ဆိုရခြင်း ဖြစ်သည်။ ကျမ်းစာ၌ ဧနောက်နှင့် ဧလိယတို့ သာလျှင် ချီဆောင်ခဲ့ဘူူးသည်။ လူအများ ချီဆောင်ခြင်းသည် မရှိဘူးသေးချေ။ အချို့သော သူများက ချီဆောင်ခြင်း၌ ပါဝင်ဘို့ရန် ဒုတိယ မွေးဘွားရုံဖြင့် မရ၊ အသောက်အစားအနေအထိ ုင်၊ အကျင့်အကြံ သန့်ရှင်းမှသာလျှင် ပါဝင်မည်ဟု ဟောပြော ကြသည်။ ထို့ကြောင့် ချီဆောင်ခြင်းသည်မည် သူများအတွက် ဖြစ်၍ မည်သူတို့ ပါဝင်မည်ကို လေ့လာကြပါစို့။

ဘုရား၏ အိမ်တော် သားများသိမ်း
ဘေးဒဏ်ကြီး ကာလသည် ဘုရားသခင်က၊ ဤလောကသို့ အမျက်ဒေါသမီးသွန်းလောင်းချိန် ဖြစ်သည်။ ကျမ်းစာ၌၊ “မီးဖို၌ မီးလောင် သကဲ့သို့ လောင်သော နေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသော သူနှင့် ဒုစရိုက်ကို ပြုသောသူ အပေါင်းတို့သည် မှိုက်​ခြောက် ဖြစ်လိမ့်မည်။ သူတို့ အရင်းအဖျားမျှမကျန်ကြွင်းစေခြင်းငှါ၊ ထိုနေ့ရက်သည်လောင်လိမ့်မည်၊ဟု ကောင်းကင် ဗိုလ်​ခြေအရှင်ထာဝရ ဘုရား မိန့်တော်မူ၏။” ဟု ရေးထားသည် (မာလခိ ၄:၁)။ ထိုမီးလောင်သော နေ့သည်၊ ဘေးဒဏ်ကြီး ကာလကို ဆိုလိုသည်။ တဖန်၊ “လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသော သူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း ၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌ ၎င်း၊ ပုန်းရှောင်လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များ တို့ကို ခေါ်လျက်၊ ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆို ကြ၏။” ဟု ရေးထားသည် (ဗျာ ၆:၁၅-၁ရ)။

ထိုသို့ ဘုရားသခင်သည်၊ မြေကြီး ပေါ်သို့ အမျက်ဒေါသလောင်းချိန်တွင်၊ သူ၏ အိမ်တော်သား များကို ိိိိိ၊ လောက သားများနှင့်အတူ အမျက်တော် ခံစား စေချင်မည် မဟုတ်။ အပြစ် ကြီး လှသောသော ဒုံနှင့် ကောမောရမြို့များ မီးနှင့် မရှို့မှီတွင်၊ ​ဖြောင့်မတ်သောလောတ၏ မိသားစုကို၊ ကောင်းကင်တမန် နှစ်ပါးအားဖြင့် ကယ်နှုတ်ခဲ့သည်။ ထို့နည်းတူ ဘုရားသခင်သည်၊ ဘေးဒဏ်ကြီးကာလ မတိုင်မှီတွင်၊ သူ၏ အိမ်တော် သားများကို၊ ဤလောက မှကောင်းကင် သို့၊ ဘေးလွတ်ဘို့ရန် ချီဆောင်သွားမှာ ဖြစ်သည်။ ပေါလုက၊ “အမျက်တော်ကို ခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထား တော်မူသည် မဟုတ်။ ငါတို့ သခင်ယေရှုခရစ် အားဖြင့် ကယ်တင်ခြင်းကို ခံရစေခြင်းငှါ ခန့်ထား တော်မူ၏။” ဟု ရေးထားသည် (၁ သက် ၅:၉)

ထို့ကြောင့် ချီဆောင်ခြင်း၌ ပါဝင်မည့်သူ များသည် ဘုရား သားများ၊ သူ၏ အိမ်တော် သားများသာလျှင် ဖြစ်သည်။ အကျင့်ကောင်းသောကြောင့်၊ အသောက်အစား သန့်ရှင်းသောကြောင့်၊ ဘုရားတရား ကြိုးစား သောကြောင့် မဟုတ်။ အိမ်ပြောင်းရွှေ့ သောအခါ၊ မြို့ရွာပြောင်း သောအခါ၊ နိုင်ငံခြားသို့ ပြောင်းသွား သောအခါ၊ ကိုယ့်မိသားစုကို သာလျှင် ခေါ်သွားတတ် ကြသည်။ ထိုသို့ ပြောင်းရွှေ့ သောအခါ၊ ချစ်စရာ ကောင်းသော ခလေး တိုင်းကို ခေါ်သွားလေ့မရှိချေ။ မိသားစုအိမ်ပြောင်း၊ ရွာပြောင်း၊ နေရာပြောင်း သောအခါ သန့်ရှင်းသူ၊ အလုပ်လုပ်နိင်သူ၊ အသုံးဝင်သော သူများ သာလျှင် ပြောင်းရသည် မဟုတ်။ ကိုယ့်ဟာကိုယ်မ သန့်ရှင်းနိုင်သော ခလေးများ၊ အလုပ်မလုပ်နိုင်၊ ကိုယ်လက်အင်္ဂါချို့တဲ့သော မိသားစုဝင်များလည်း ပြောင်းရသည်။ မိဘများ အိမ်ကောင်းအိမ်သန့်ငှါး သောအခါ၊ နံရံ၌ ရေးခြစ်တတ်သော ခလေး များကို ထားခဲ့၍ မပြောင်း၊ သူတို့ မပါလျှင် လုံးဝ မပြောင်းကြချေ။ အဘယ်ကြောင့်ခလေးများနှင့် အင်္ဂါချို့တဲ့သော သူများလည်း ပြောင်းရသနည်း။ မိသားစုဝင် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ချီဆောင်ခြင်း၌ ပါဘို့ရန်မှာ၊ ဘုရား၏ အိမ်တော် သားများဖြစ်ဘို့ သာလျှင် လိုအပ်သည်။ အသက်တာ သန့်ရှင်းဘို့သည် လိုအပ်သည်။ ဘုရား၏ အလိုတော်လည်း ဖြစ်သည်။ အသက်တာမ သန့်ရှင်း သူများသည်၊ ချီဆောင်ခြင်း၌ ပါဝင်မှာ ဖြစ်သော်လည်း၊ ဘုရား၏ ချီးမွမ်းခြင်း မခံဘဲ မျက်နှာပူမည့်သူများဖြစ်သည်။

မွေးဘွားခြင်းအားဖြင့် သာလျှင်
အဘယ်သူ မျှအကျင့်ကောင်းသောကြောင့်၊ လှသောကြောင့်၊ ချစ်စရာ ကောင်းသောကြောင့် မိဘ၏ သားသမီး မဖြစ်ရပါ။ မိသားစုဝင် ဖြစ်ဘို့ရန်မှာ၊ မိဘအထဲမှ မွေးဘွားဘို့ လိုသည်။ မည်မျှပင် အရုပ်ဆိုးသော်လည်း၊ ကိုယ်လက်အင်္ါချို့တဲ့သော်လည်း၊ နားမထောင်ဆိုးသွမ်းသော်လည်း၊ မိခင် ထဲမှ မွေးဘွားလာလျှင် မိသားစုဝင် ဖြစ်ရသည်။ မိဘနှစ်ပါး၏ အသွေးအသားမှ မွေးဘွားသော သူတိုင်းသည်၊ မိသားစုဝင်များ ဖြစ်ကြသည်။

ဒုတိယ မွေးဘွားခြင်း အားဖြင့်
ထိုနည်းတူ ဘုရား၏ သားသမီး ဖြစ်ဘို့ရန်မှာ၊ ဝိညာဉ် အားဖြင့် ဒုတိယအကြိမ် မွေးဘွားဘို့ လိုသည်။ သို့ဖြစ်လျှင် မည်ကဲ့သို့ ဘုရား သားသမီး အဖြစ် မွေးဘွားရမည်နည်း။ မွေးဘွားခြင်းသည် ခလေး၏ လုပ်ဆောင်ခြင်း၊ ကြိုးစားခြင်း လုံးဝ မပါချေ။ မိခင် ကဝမ်း၌ကိုး လလွယ်၍၊ အချိန် တန် သောအခါ မွေးဘွားလိုက်သည်။ ဘုရား သားသမီး အဖြစ် မွေးဘွားဘို့ရန်၊ ကျမ်းစာ ကဤသို့ ဆိုထားသည်၊ “ထိုသူကို လက်ခံသမျှသော သူတည်း ဟူသော၊ ကိုယ်တော်ကို ယုံကြည်သော သူတို့ အား၊ ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။ ထိုသားတို့ မူကား၊ လူမျိုးနှင့် စပ်ဆိုင်၍ ဘွားသောသား မဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသား မဟုတ်။ လူအလိုအလျောက်ဘွားသောသား မဟုတ်။ ဘုရားသခင် ဘွား တော်မူသောသား ဖြစ်သတည်း။” (ယော ၁:၁၂-၁၃) ဘုရားသား ဖြစ်ခြင်းသည် ထိုသူတည်း ဟူသော၊ သခင်ယေရှုခရစ်ကို ယုံကြည် လက်ခံခြင်းအားဖြင့် ဖြစ်သည်ဟု၊ အထက်ပါ ကျမ်းပိုဒ်ကဆိုထားသည်။ ခရစ်ယာန် တိုင်း သခင်ယေရှုခရစ်ကို ယုံကြည် လက်ခံသည်ဟု ခံယူ ကြသည်။ သို့ဖြစ်လျှင် အားလုံးသည် ဘုရား သားများဖြစ်ကြသလော၊ မဖြစ်ပါ။ သို့ဖြစ်လျှင် မည်ကဲ့သို့ဖြစ်မည်နည်း။

ဘုရားက မွေးဘွားစေ
မွေးဘွားခြင်းသည် အကျင့်ပြောင်းလဲခြင်း၊ ကောင်းသောအရာ ကို ကြိုးစား လုပ်ဆောင်ခြင်းအားဖြင့် မဟုတ်ပါ။ မွေးဘွားနိုင်ဘို့ရန် မှာ မိခင် ဝမ်း၌ အရင်ရှိရသည်။ ထိုနည်းတူ ဒုတိယ မွေးဘွားနိုင်ဘို့ရန် ခရစ်တော် အထဲ၌ ရှိရသည်။ လူတိုင်း မိခင် ဝမ်းမှမွေး သောအခါ အာဒံသား၊ အပြစ် သား၊ စာတန်သား အဖြစ် မွေးဘွား ကြသည်။ မည်သူမျှဘုရားသား အဖြစ်မမွေးကြပါ။ သူ၏သား မဟုတ်သော လူသားများကို၊ ဘုရားသခင်က သူ၏ အိမ်တော်၊ ကောင်းကင် နိုင်ငံသို့ ဝင်ခွင့်မပြုပါ။ ကောင်းကင်၊ ဘုရား အိမ်တော်သို့ ဝင်နိုင်ဘို့ရန်၊ ဘုရားသား အရင် ဖြစ်ရမည်။ ဘုရားသခင်က သူ၏သား အဖြစ် မွေးဘွားနိုင်ရန်၊ အာဒံသား ဖြစ်သော လူသားများကို သခင်ယေရှု အထဲ၌ ထည့်လိုက်သည်။ ကျမ်းစာက၊ “ထို ဘုရားသခင် အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည် နေကြ၏။” ဟုဆိုသည် (၁ ကော ၁:၃၀)။ ထိုသို့ ယေရှုခရစ်၌ ထည့်ခြင်းကို ယုံကြည်ခြင်းဖြင့် လက်ခံရမည်။ အဘယ်ကြောင့် ဘုရားသခင်က၊ လူကို ယေရှုခရစ်၌ ထည့်သနည်း၊ ရေတွက်သနည်းဟူမူကား၊ အာဒံသား၊ စာတန် သား၊ အပြစ်သား ဖြစ်နေလျှင် ဘုရားနှင့် မဆိုင်ပါ၊ ဘုရား စကား ကိုလည်း နားမထောင်နိုင်ပါ။ ထိုကြောင့်အာဒံသား၊ စာတန် သား၊ အပြစ်သား မှအဆုံးသတ်ဘို့ရန်၊ ယေရှုခရစ် ထဲ၌ ထည့်၍၊ သူနှင့်အတူ လက်ဝါးကပ်တိုင်၌ အသေရိုက်ထားလိုက်သည် (ရော ၆:၆၊ ဂလာ ၂:၂၀)။ ထိုသို့ သေသွားပြီး နောက်သင်္ချိုင်းထဲ၌ မြှုပ်နှံလိုက်သည် (ရော ၆:၄)။ ထိုအရာကို ဗတ္တိဇံဟု ခေါ်သည်။ ထိုနောက် ယေရှုခရစ် ထမြောက် တော်မူ သောအခါ၊ အသစ်သော အသက်တာဖြင့််ထမြောက် လာသည်။ ထိုသို့ ထမြောက် လာသော သူသည် လူသစ် ဖြစ်၍ (ရော ၆:၄၊ ၂ ကော ၅:၁ရ) ဘုရားသခင်၏သား ဖြစ်သည်။ ထိုအရာသည် လူ၏ လုပ်ဆောင်ချက် အားဖြင့် မဟုတ်၊ လူ့အလိုအားဖြင့်လည်း မဟုတ်။ ဘုရားသခင်က ယေရှုခရစ်အားဖြင့် လုပ်ဆောင်သောအရာ ဖြစ်သည် (၂ ကော ၅:၁၈၊ ယော ၁:၁၃)။ ထိုသို့ ဘုရားသခင်က ယေရှုခရစ်အားဖြင့်၊ မွေးဘွားစေခြင်းကို ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်။

ခန္ဓာနှင့် ဝိညာဉ် မွေးခြင်း နှိုင်းယှဉ်ချက်
ကိုယ်ခန္ဓာ မွေးဘွား သောအခါ၊ မိခင် သာအနာခံစား၍ ခလေးသည် ဘာမျှ မသိပါ။ ဝိညာဉ် ပိုင်း မွေးဘွား သောအခါ၌လည်း ခရစ်တော် သာလျှင် အနာခံ၍ လူသည် ဘာမျှမခံစားပါ။ ခန္ဓာမွေး သောအခါ မိခင် သာသွေးသွန် သကဲ့သို့ ဝိညာဉ် ပိုင်းမွေး သောအခါ၊ ခရစ်တော် သာလျှင် သွေးသွန်ရသည်။ ခန္ဓာကိုယ်အရင်မွေး၍ နောက်မှသိရ သကဲ့သို့၊ ဝိညာဉ် မွေးခြင်း သည်လည်း အရင် ဖြစ်၍ နောက်မှသိရသည်။ မိခင် မရှိလျှင် ခန္ဓာမမွေးနိုင် သကဲ့သို့၊ ခရစ်တော် မရှိလျှင် ဝိညာဉ် ပိုင်းမမွေးနိုင်ပါ။ ခန္ဓာပိုင်းမွေးသော သူများ သာလျှင်၊ ဤလောကသို့ ဝင်နိုင် သကဲ့သို့၊ ဝိညာဉ် ပိုင်းမွေးသော သူများ သာလျှင်၊ ကောင်းကင် နိုင်ငံဝင်စားသော အခွင့်ရှိသည်။ ခန္ဓာပိုင်းမွေး သောအခါ၊ ခလေး လေးအဖြစ် မွေး၍ မသန့်ရှင်း၊ အလုပ်လည်း မလုပ်နိုင်၊ ကြီး ထွားဘို့ လို သကဲ့သို့၊ ဝိညာဉ် ပိုင်းမွေး သောအခါ၊ ဝိညာဉ် ခလေး လေး ဖြစ်၍ သန့်ရှင်းခြင်းလည်း မရှိ၊ အလုပ်လည်း မလုပ်နိုင်၊ ကြီး ထွားဘို့ လိုသည်။ ခန္ဓာကိုယ်မွေး သောအခါ၊ မိဘပိုင်သောအရာ အားလုံးကို ခလေး ကပိုင်သည်။ မိဘပိုင်သမျှသည် ခလေးက မသိတတ်၊ အသုံးမပြုတတ်သော်လည်း သူ၏ အမွေ ဖြစ်သည်။ ထို့နည်းတူ ဘုရားသခင်၏ မိသားစု၌၊ ခရစ်တော်အားဖြင့် မွေးဘွားလာသောအခါ၊ ဘုရား ပိုင်သမျှသောအရာ ကိုသား ကအမွေအဖြစ် ပိုင်သည်။ ထိုကြောင့်ငယ်ရွယ်သည် ဖြစ်စေ၊ ကြီးသည် ဖြစ်စေ၊ သန့်ရှင်းသည် ဖြစ်စေ၊ ညစ်ညူးသည် ဖြစ်စေ၊ အဘဘုရား နိုင်ငံသည်၊ ဝိညာဉ်အားဖြင့် မွေးသော သူများ၏ အမွေ ဖြစ်သည် (ရော ၈:၁ရ)။

ကောရိန်သု အသင်းသားများ
ကောရိန်သု အသင်းသား များလည်း မသန့်ရှင်းကြချေ။ ဇာတိနှင့် အသက် ရှင်၍ ဝိညာဉ်၌ ခလေးများဖြစ်ကြသည် (၁ ကော ၃:၁-၃)။ သို့သော် ပေါလုကသူတို့ လည်း၊ ချီဆောင်ခြင်း၌ ပါမည်အကြောင်း၊ ဤသို့ ရေးထားသည်၊ “နောက်ဆုံးသော တန်ပိုးမှုတ် သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန်ရောက် သောအခါ၊ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည်၊ ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” (၁ ကော ၁၅:၅၁-၅၂)။ ထို့ကြောင့် ချီဆောင်ခြင်း၌ ဘုရား၏ အိမ်တော်သား တိုင်း၊ သားသမီး တိုင်း၊ မည်သည့်အရွယ် ဖြစ်စေ၊ မည်သည့်အ​ခြေအနေတွင် ရှိပါစေ၊ ပါဝင်သွားမှာ ဖြစ်သည်။ အကယ်၍ မပါပါက၊ အိမ်တော်သား မစစ်သောကြောင့် ဖြစ်သည်။

သန့်ရှင်းရသည်
ချီဆောင်ခြင်း၌ ပါဝင်မှာစိတ်ချသောကြောင့်၊ ကိုယ်လုပ်ချင်သောအရာ ကို လုပ်ဘို့ မဟုတ်ချေ။ သားသမီး များသည် မိဘ၏ မျက်နှာ ဖြစ်သည်။ သားသမီး ကောင်းလျှင် မိဘမျက်နှာရသည်၊ မကောင်းလျှင် မိဘမျက်နှာအိုးမဲသုတ်ရာရောက်သည်။ ထို့ကြောင့် ဝိညာဉ် ပိုင်း၌ ခလေး ဖြစ်နေလျှင် ညစ်ညူး၍၊ အဘဘုရား၏ မျက်နှာကို ညစ်ညူး စေ ကြသည်။ ခလေး များသည် ကြမ်းပျဉ်ပေါ်၌ တွေ့သမျှကို ိပါးစပ်ထဲ၌ ထည့်တတ်သည်။ ထို့နည်းတူ ဝိညာဉ် ပိုင်း မွေးဘွားရုံသာမွေး၍၊ မကြီး ထွားသော ခလေး များသည် ညစ်ညူးသောအရာ များကို မရွံမရှာလုပ် နေကြမှာ ဖြစ်သည်။ ဝိညာဉ် ပိုင်းညစ်ညူး စေသောအရာ များကို၊ ပေါလုကဤသို့ ရေးထားသည်၊ “ဇာတိပကတိ အကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့ မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာ ကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကို ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ဗြုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကဲွပြားခြင်း၊ သင်းခွဲခြင်း၊ သူ့ အကျိုးကို ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်း မှစ၍ ထိုသို့သော အကျင့်ပေတည်း။” (ဂလာ ၅:၁၉-၂၁)။ အထက် ဖေါ်ပြပါတို့ကို လုပ်ချင်၊ လုပ်နေသေးလျှင် သင်သည်၊ ဝိညာဉ် ခလေး သို့မဟုတ်၊ ဝိညာဉ် ပိုင်း၌ မမွေး သေးသော၊ ဇာတိလူ ဖြစ်ကြောင်း ထင်ရှားသည်။

ချီဆောင်ခြင်း၌ ခလေး အဆင့်များမည်
ဘုရားသခင်၏ သားသမီး အများစုသည်၊ ခလေး အဆင့်ဖြင့် ချီဆောင်ခြင်း ခံရမှာ ဖြစ်သည်။ ထိုအရာသည် ဝမ်းနည်းစရာ ကောင်းသည်။အချိန် ကြာလာသောအခါ၊ ဝိညာဉ်၌ ကြီး ထွားရင့်ကျက်သော သူများ ဖြစ်သင့်သည်။ ကြီး ထွားရင့်ကျက်သော သူများသည် မိဘ၏ အလုပ်ကို ကူညီတတ် သကဲ့သို့၊ ဝိညာဉ် ပိုင်းကြီး ထွားရင့်ကျက်သော သူများသည်၊ ဘုရား ခိုင်းသော အလုပ်များကို လုပ်၍၊ သန့်ရှင်းသော အသက်တာဖြင့် အသက် ရှင်ကြမှာ ဖြစ်သည်။ ချီဆောင်ခြင်း၌ ပါသည် သာမကခလေး ဘဝဖြင့် မဟုတ်၊ ကြီး ထွားရင့်ကျက်သော အသက်တာဖြင့် ပါဝင်သော သူများ ဖြစ်ကြပါစို့။

မေးခွန်းများ

၁။ ဘေးဒဏ်ကြီး ကာလသည် ဘုရား .................................................လောင်းအချိန် ဖြစ်သည်။

၂။ ဘုရား၏ အမျက်တော်ကို ုဘုရား၏ အိမ်တော် သားများခံစား စေမည်လား။...................

၃။သော ဒုံမြို့မှမည်သူကို ဘုရား ကကယ်ခဲ့သနည်း။ ..................................................

၄။ ဘုရား၏ အိမ်တော်သား မည်ကဲ့သို့ဖြစ်ရမည်နည်း။ .................................................

၅။ မိသားစုဝင် ဖြစ်ဘို့ရန် လှဘို့၊ တော်ဘို့၊ ချစ်စရာ ကောင်းဘို့ လိုပါသလား။...............

၆။ ဘုရား သားသမီး ဖြစ်ဘို့ ကြိုးစား၍ ရပါသလား။ .................................................

ရ။ ဘုရား သားသမီး မဖြစ်မှီမည်သူ၏ သားသမီး ဖြစ်ကြသနည်း။ .................................................

၈။ ဘုရား ကမည်သူအထဲ၌ ထည့်သနည်း။.................................................

၉။ ခရစ်တော်၌ ထည့်ခြင်းသည် ဘာ ဖြစ်ဘို့ ဖြစ်သနည်း။ .................................................

၁၀။ မည်သည့်အချိန်၌ ဘုရားသား ဖြစ်ရသနည်း။..................................................

၁၁။ ဘုရားသား ဖြစ်ခြင်းသည်........................................... က.........................................အားဖြင့် လုပ်ဆောင်ချက် ဖြစ်သည်။

၁၂။ ခန္ဓာကို မွေးဘွားခြင်းနှင့် ဝိညာဉ် မွေးဘွားခြင်းများနှိုင်းယှဉ်၍ ရေးထားပါ။ ..............................................................................................................................................................

၁၃။ ကောရိန်သု အသင်းသား များသည် မည့်သည့်အရွယ် ဖြစ်ကြသနည်း။.........................

၁၄။ ကောရိန်သု အသင်းသား များသည် ချီဆောင်ခြင်း၌ ပါမည်လော။..................................

၁၅။ ချီဆောင်ခြင်း၌ ဝိညာဉ် ခလေးများပါပါမည်လော။............... အဘယ်ကြောင့်နည်း။..................

၁၆။ ခလေး များသည် မည်သူ၏ မျက်နှာ ဖြစ်သနည်း။..................................................

၁ရ။ ခလေးသည် တွေ့သမျှ က..................................................၌ ထည့်တတ်သည်။

၁၈။ ဝိညာဉ်.................................................. များလည်း အပြစ် မျိုးစုံ လုပ်တတ်သည်။

၁၉။ မိဘအလုပ်က .................................................. သူများ ကသာလျှင် ကူညီတတ်သည်။

၂၀။ ဘုရား ခိုင်းသော အလုပ်က.................................. သူများ ကသာလျှင် လုပ်တတ် ကြသည်။

.

^

စစ်သားများနောက်တန်းပြန်

လောက စစ်သား များသည် ရှေ့တန်း၌ စစ်တိုက်သည် ဖြစ်စေ၊ မတိုက်သည် ဖြစ်စေတသက်လုံးမနေရပါ။ နောက်တန်းရှိတပ်ရင်းသို့ ပြန်သွားတတ် ကြသည်။ ထို့နည်းတူ ယေရှု စစ်သားများလည်း၊ ရှေ့တန်း တည်းဟူသောဤလောက မှကောင်းကင် ဌါနချုပ်သို့ ပြန်သွားဘို့ လိုသည်။ ထိုသို့ ပြန်သွားမည့် အချိန်သည် ချီဆောင်ခြင်း နေ့ရက်၌ ဖြစ်သည်။

ယေရှုခရစ်ထံ၌ ကောင်းသော စစ်သူရဲ
ယေရှုခရစ်ကို ယုံကြည်သော သူတိုင်းသည်၊ ယေရှု စစ်သားများဖြစ်ကြောင်း ပေါလုကရေးထားသည်။ ပေါလုကသူ၏ ဝိညာဉ်သား တိမောသေထံ၊ “ငါ့သား၊ သင်သည် ယေရှုခရစ်၌ ရှိသော ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့။ ၂ သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ ကြားရပြီးသောအရာ တို့ကို၊ သစ္စာနှင့် ပြည့်စုံ၍ သူတပါးတို့ကို သွန်သင်ခြင်းငှါ၊ တတ်စွမ်းနိုင်သော သူတို့၌ အပ်ပေးလော့။ ၃ ထိုသို့ အလိုငှါ သင်သည်၊ ယေရှုခရစ် ထံ၌ ကောင်းသော စစ်သူရဲကဲ့သို့၊ ဆင်းရဲ ဒုက္ခ ကိုသည်း ခံလော့။ ၄ စစ်သူရဲမည်သည်ကား၊ မိမိကို စစ်သူရဲအရာ၌ ခန့်ထားသော သူကို နှစ်သက်စေခြင်းငှါ၊ လောကီမှု ရေးနှင့် ပြွမ်းနှောရှုပ်ထွေးခြင်းကို ပယ်ရှားတတ်၏။” (၂ တိ ၂:၁-၄)ဟု စာရေးခဲ့သည်။

ပေါလုကတိမောသေသည် ယေရှု စစ်သား ဖြစ်၍၊ သူ့ကို စစ်သူရဲအရာ၌ ခန့်ထားသော သူသည် ယေရှု ဖြစ်သောကြောင့်၊ ယေရှု နှစ်သက်စေခြင်း ငှါလောကီမှု ရေးနှင့် ပြွမ်းနှောရှုပ်ထွေးခြင်း မပြုဘို့ သတိပေးထားသည်။ ယုံကြည်သူ တိုင်းသည် ယေရှု၏ စစ်သားများဖြစ် ကြသည်။ သို့သော် မိမိကိုယ်ကို စစ်သား ဖြစ်မှန်း မသိကြဘဲ၊ ရိက္ခာကို သာထုတ်ချင် ကြသည်။ ယခုမှစ၍ ကိုယ်ကိုကိုယ်စစ်သား ဖြစ်ကြောင်း သိ၍၊ စစ်တိုက်ကြပါစို့။ တိုက်ဘို့ အမိန့်ပေါလုက၊ “ငါ့သား တိမောသေ၊ သင့်ကို ရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို သင်သည် အမှီပြု၍၊ ယုံကြည်ခြင်းကို၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို၎င်း၊ စွဲလမ်း၍ ကောင်းသော စစ်ကို တိုက်စေခြင်းငှါ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့် အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်း အခွင့်ကို သင်၌ ငါအပ်ပေး၏။” (၁ တိ ၁:၁၈) ဟူ၍ ၎င်း၊ “ယုံကြည်ခြင်း နှင့် ဆိုင်၍ ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုလော့။” (၁ တိ ၆:၁၂) ဟူ၍ ၎င်း၊ စစ်တိုက်ဘို့ရန် မှာကြားခဲ့သည်။ အကြောင်းမှာ သူသည် ရန်သူနယ်မြေ၌၊ လူများ ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် ကူညီနေသောကြောင့်၊ စာတန် ကတိုက်ခိုက် မှာ ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူ တိုင်း လည်း၊ ရန်သူ စာတန်ကို တိုက်ခိုက်ဘို့ လိုအပ်သည်။

ပေါလုကိုယ်တိုင်လည်းတိုက်
ပေါလုသည် တိမောသေကို သာစစ်တိုက်ခိုင်းသည် မဟုတ်၊ သူကိုယ်တိုင်လည်း တိုက်ခိုက်ကြောင်း ဤသို့ ရေးထားသည်၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသော လမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။” (၂ တိ ၄:ရ)။ ကောရိန်သု အသင်းတော် ထံ၌လည်း ဤသို့ ရေးထားသည်၊ “သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌လောကီဝေါဟာရအားဖြင့်၊ အထက် ကငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။” (၁ ကော ၁၅:၃၂)။ ပေါလုသည် ဧဖက်မြို့၌သားရဲတို့နှင့် တိုက်သည်ဟုဆိုသည်။ သူပြောသောသားရဲသည် တိရစ္ဆာန်သားရဲကို ပြောသည် မဟုတ်၊ သူဟောပြောသော သမ္မာတရား ကယ်တင်ခြင်း အကြောင်းကို မကြိုက်နှစ်သက်သောကြောင့် သူ့ကို တိုက်ခိုက်သော ယုဒလူများကို ဆိုလိုသည်။ ဧဖက်မြို့သည် အာရှိပြည်၌ ရှိသည်။ ထိုမြို့၌ သူတို့ ခံရသောအရာ ကို ဤသို့ ရေးထားခဲ့သည်၊ “ညီအစ်ကိုတို့၊ အာရှိပြည်၌ ငါတို့ ခံရသော ဆင်းရဲခြင်း တည်းဟူသောအသက် မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင် အတိုင်းထက် အလွန် လေးသော ဆင်းရဲ ခံရကြောင်းကို သင်တို့ မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ။ ၉ ငါတို့သည် မိမိကိုယ်ကို အစဉ်မကိုးစားဘဲ၊ သေသော သူတို့ကို ထမြောက် စေ တော်မူသော ဘုရားသခင်ကို ကိုးစားမည်အကြောင်း သေစေ၊ဟု စီရင်ခြင်းကို ကိုယ်တိုင်ခံရ သကဲ့သို့ဖြစ်၏။ ၁၀ ထိုဘုရားသခင်သည် ငါတို့ကို ထိုမျှလောက်ကြီးစွာသော သေဘေးမှကယ်လွှတ် တော်မူပြီ။ ယခု၌လည်း ကယ်လွှတ် တော်မူ သေး၏။” (၂ ကော ၁:၈-၁၀)။ ထို့ကြောင့် ပေါလုသည် တိမောသေကို စစ်တိုက်ဘို့ ပြော သောအခါ၊ သူကိုယ်တိုင်လည်း တိုက်ခဲ့ကြောင်း တွေ့ရသည်။

သခင်ယေရှုလည်းတိုက်
သခင်ယေရှုသည် ဤလောကသို့ လူဇာတိခံ၍ ဆင်းကြွခဲ့စဉ်၊ နေ့တိုင်းရန် သူများနှင့် တိုက်ခိုက် ခဲ့သည်။ ယောဟန်က၊ “သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲ နေကြ၏။” (ယော ၁:၁၁)ဟု ရေးခဲ့သည်။ တဖန်၊ “ယုဒလူတို့ ကလည်း၊ သင်သည် ရှမာရိလူ ဖြစ်၏။ နတ်ဆိုးစွဲသော သူလည်း ဖြစ်၏ဟု ငါတို့ ပြောသော စကားသည် လျောက်ပတ်သည် မဟုတ်လောဟုဆိုကြ၏။” (ယော ၈:၄၈)။ ဆက်၍ ဖတ်လျှင်၊ “ထိုအခါ ယုဒလူတို့သည်ကိုယ်တော်ကို ခဲနှင့် ပစ်ခြင်းငှါ တဖန် ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှု ကလည်း၊ ငါသည် ငါ့ခမည်းတော်၏ အခွင့်နှင့် ကောင်းသောအမှု အများ တို့ကို သင်တို့အား ပြပြီ။ ထိုအမှု တို့တွင် အဘယ်မည်သော အမှုကြောင့် ငါ့ကို ခဲနှင့် ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊ ယုဒလူတို့က၊ ကောင်းသော အမှုကြောင့် ခဲနှင့် ပစ်မည် မဟုတ်။ သင်သည် လူဖြစ်လျက် ပင် ဘုရားသခင် ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသော စကားကြောင့် ခဲနှင့် ပစ်မည်ဟုဆိုကြ၏။” (ယော ၁၀:၃၁-၃၃) “နတ်ဆိုးစွဲသော လူကန်းလူအတယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြလျှင်၊ ထိုလူကန်းလူအသည် မျက်စိမြင်၍ စကားပြောနိုင်အောင် ကယ်မ တော်မူ၏။ ၂၃ လူအစုအဝေး အပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤသူသည် ဒါဝိဒ်၏ သားတော် ဖြစ်လိမ့်မည်လောဟု ပြောဆို ကြ၏။ ၂၄ ဖာရိရှဲတို့သည် ကြားလျှင်၊ ဤသူသည် နတ်ဆိုးမင်းဗေလဇေဗုလကို အမှီပြု၍ သာနတ်ဆိုးတို့ကို နှင်ထုတ်သည်ဟုဆိုကြ၏။” (မ ၁၂:၂၂-၂၄)

ယေရှုကလည်း ယုဒလူများကို၊ “သင်တို့သည် သင်တို့၏ အဘ တည်းဟူသောမာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့ အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာ မှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာ တရားမရှိသောကြောင့် သစ္စာ တရား၌ မတည်မနေ။ သူသည် မုသာစကားကို ပြော သောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏ အဘလည်း ဖြစ်၏။” (ယော ၈:၄၄) ဟုဆိုသည်။ တဖန် ယေရှုက၊ “အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည် အဆိုး ဖြစ်လျက် ကောင်းသော စကားကို အဘယ်သို့ ပြောနိုင်မည်နည်း။ စိတ်နှလုံးအပြည့်ရှိသည် အတိုင်း နှုတ်မြွက်တတ်၏။” (မ ၁၂:၃၄) ဟုဆိုသည်။ အဘယ်ကြောင့်သခင်ဘုရားနှင့် ယုဒလူတို့သည်၊ အမြဲတန်းထိုကဲ့သို့ တိုက်ခိုက် ကြသနည်း။ ရန်သူ ဖြစ်ကြသောကြောင့် ဖြစ်သည်။ နောက်ဆုံး၌ ယေရှုကို သတ်လိုက် ကြသည်။ ယေရှုသည် ရန်သူနယ်မြေမှာဇိမ်ခံဘို့ မလာဘဲ စစ်တိုက်ခဲ့သည်။

ယုံကြည်သူများ
ယေရှုကို ယုံကြည်သူများသည် ယေရှု စစ်သားများဖြစ်ကြကြောင်း ပေါလုကဧဖက် အသင်းတော် ထံဤသို့ ရေးထားသည်၊ “ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ဗြုင်တိုက်လှန််ရကြသည် မဟုတ်။ အထွဋ္ဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ဗြုင်တိုက်လှန်ရကြ၏။” (ဧဖက် ၆:၁၂)။ သို့ဖြစ်၍ ယုံကြည်သူများသည်၊ ရန်သူနယ်မြေမှာနေ့တိုင်း စစ်တိုက်သင့်သည်။ ထို့ကြောင့်၊ “ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူ ဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ ၂၅ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက် ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက် ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” (မ ၁၆:၂၄-၂၅) ဟုဆိုခဲ့ခြင်း ဖြစ်သည်။ စစ်တိုက်ရာတွင် အသက် ရှုံးနိုင်သည်။ ထို့ကြောင့် အသက် မနှမျောဘို့ အရှုံးခံဘို့ ပြောခြင်း ဖြစ်သည်။ “သင်တို့ သွားလေသည် အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ် တို့ကို စေလွှတ် သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။” (လု ၁၀:၃) ဟုလည်း ဆိုသည်။ တဖန်၊ “သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။” (မ ၂၈:၁၉) ဟူ၍ ၎င်း၊ “သင်တို့ အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက် သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍၊ ယေရုရှလင် မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီး စွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တမန် ၁:၈) တန်ခိုးသည် အဘယ်ကြောင့်လိုသနည်း။ ရန်သူကို တိုက်ဘို့ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများသည် ကောင်းကြီး ခံစား၍ ဇိမ်ခံနေဘို့ မဟုတ်၊ ကိုယ် အလိုဆန္ဒကို လုပ်ဘို့ မဟုတ်၊ သခင်ဘုရား ခိုင်းသော စစ်ကို တိုက်ဘို့ ဖြစ်သည်။

ရန်သူသိဘို့လို
စစ်တိုက် သောအခါ ရန်သူကို ကောင်းစွာ သိဘို့ လိုသည်။ ရန်သူကို ကြို မသိထားလျှင် ဆုံးရှုံးဘို့ များသည်။ ယုံကြည်သူ ယေရှု စစ်သား များ၏ ရန်သူကို ပေါလုကဤကဲ့သို့ရေးပြီး သတိပေးသွားသည်၊ “ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ဗြုင်တိုက်လှန််ရကြသည် မဟုတ်။ အထွဋ္ဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ဗြုင်တိုက်လှန်ရကြ၏။” (ဧဖက် ၆:၁၂)။ ရန်သူသည် အသွေးအသား မရှိ၊ နတ်ဆိုးတို့ ဖြစ်သောကြောင့် ဇာတိလက်နက်ဖြင့် တိုက်၍ မရနိုင်ချေ။ ယုံကြည်သူများအသုံးပြုတတ်သော လက်နက်များမှာ၊ ကျမ်းစာကျောင်းဆင်းဘွဲ့၊ အင်္လိပ်စာတတ်ခြင်း၊ ငွေ၊ လူအင်အား၊ စည်းကမ်းရှိခြင်း၊ ကြိုးစားခြင်း၊ လူ့ဥာဏ်များ၊ လောကီပညာများ၊ အဆောက်အဦးနှင့် ကားများ၊ အီလက်ထောနစ်ပစ္စည်းများ၊ နည်းပညာများ ဖြစ်သည်။ ထိုအရာများအားဖြင့် စာတန် ဝိညာဉ် ဆိုးများကို လုံးဝ မနိုင်နိုင်ချေ။ ထိုအရာများကို ကျမ်းတတ်ပုဂ္ဂိုလ်ဖာရိရှဲများ၊ ဇဒ္ဒုကဲများ၊ ယဇ်ပုရောဟိတ် များ ကအသုံးပြု၍ မအောင်မြင် ခဲ့ကြချေ။

သုံးရမည့် လက်နက်
ယေရှု စစ်သား များ၏ အကြီးမားဆုံး၊ အထိ ရောက်ဆုံးသော လက်နက်သည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ စာတန်ကို တိုက်ခိုက် သောအခါ၊ လူ့အစွမ်းအစများ မကိုးစားဘဲ၊ ထာဝရ ဘုရားကို သာကိုးစားရမည်။ ကျမ်းစာ၌ ထာဝရ ဘုရားသည် ငါတို့၏ ခွန်အား ဗလ၊ အစွမ်းသတ္တိ ဖြစ်ကြောင်း ဤသို့ ရေးထားသည်။ “ထာဝရ ဘုရားသည် ငါ၏ ခွန်အား ဗလ၊ ငါ၏ အကွယ်အကာ ဖြစ်တော်မူ၏၊၊ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍ ငါ့ကို စောင့်မ တော်မူသောကြောင့်၊ ငါ့နှလုံးသည် ရွှင်လန်းလျက် ရှိ၏၊၊ သီချင်းဆိုလျက် ဂုဏ်တော်ကို ငါချီးမွမ်းမည်။” (ဆာ ၂၈:ရ) “ဘုရားသခင်သည် ငါတို့ ခိုလှုံရာ ဖြစ်၍ ခွန်အားကို ပေးတော်မူ၏၊၊ ဘေးရောက်သည် ကာလ အထူးသဖြင့် ကူမ တော်မူကြောင်း ထင်ရှားလျက် ရှိ၏၊၊ ” (ဆာ ၄၆:၁) “အရှင်ထာဝရ ဘုရားသည် ငါ၏ အစွမ်းသတ္တိ ဖြစ်တော်မူ၏။” (ဟဗက္ကုတ် ၃:၁၉) “ထာဝရ ဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကို ကယ်တင်သော အရှင် ဖြစ်တော်မူ၏။” (ထွက် ၁၅:၂) “မ စိုးရိမ် နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့ သစ္စာ လက်ျာလက်ဖြင့် ထောက်ပင့်မည်။ ၁၁ သင့်၌ အမျက်ထွက်သော သူတို့သည် ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းရှိကြလိမ့်မည်။ သင်၌ ရန်ပြုသော သူတို့သည် အဘယ်မျှ မဟုတ် သကဲ့သို့ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်၊၊ ၁၂ သင်နှင့် ဆန့်ကျင် ဘက်ပြုသော သူတို့ကို သင်သည် ရှာ၍ မတွေ့ရ၊၊ သင့်ကို စစ်တိုက်သော သူတို့သည် အဘယ်မျှ မဟုတ် သကဲ့သို့၎င်း၊ အနတ္တသက်သက်ကဲ့သို့ဖြစ်ကြလိမ့်မည်။ ၁၃ အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာဝရ ဘုရားက၊ မစိုးရိမ် နှင့်။ ငါမစမည်ဟု သင့်အား ဆိုလျှက်၊ သင်၏ လက်ျာလက်ကိုကိုင်မည်။” (ဟေရှာယ ၄၁:၁၀-၁၃)

ဤကျမ်းပိုဒ်များသည် သိဘို့ သက်သက် မဟုတ်၊ တရားဟောရာတွင် သာသုံးဘို့ မဟုတ်၊ ရန်သူ စာတန်နှင့် သူ၏ လူများကို တိုက်ခိုက် ရာတွင် ခိုလှုံအားကိုး ဘို့ရာ ဖြစ်သည်။ လူသည် တရားဟောရာတွင် ဖြစ်စေ၊ ဘုရားကျောင်းမှာ ဖြစ်စေ၊ ဘုရား အားကိုးဘို့ ပြောကြသော်လည်း၊ တကယ် လက်တွေ့ရန်သူ၏ တိုက်ခိုက်ခြင်း ခံသောအခါ၊ ထာဝရ ဘုရားကိုအား မကိုး တော့ဘဲ လူကို သာလျှင် အားကိုး တတ်ကြသည်။ “ထာဝရ ဘုရား၌ ခိုလှုံခြင်းသည် လူကိုကိုးစားခြင်းထက် သာ၌ ကောင်း၏၊၊ ၉ ထာဝရ ဘုရားကို ခိုလှုံခြင်းသည် မင်းကိုကိုးစားခြင်းထက် သာ၍ ကောင်း၏၊၊ ၁၀ လူအမျိုး အပေါင်းတို့သည် ငါ့ကို ဝိုင်းကြသော်လည်း၊ ထာဝရ ဘုရား၏ နာမတော် အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊ ၁၁ ငါ့ကို ဝိုင်းကြ၏၊၊ ဝိုင်းသော်လည်း ထာဝရ ဘုရား၏ နာမတော်အား ဖြင့သူတို့ကို ပယ်ဖြတ်ရ၏၊၊ ၁၂ ပျားများ ကဲ့သို့ ငါ့ကို ဝိုင်း၍ အုံကြသော်လည်း၊ ဆူးပင်ကိုလောင်သော မီးကဲ့သို့ ငြိမ်းကြ၏၊၊ ထာဝရ ဘုရား၏ နာမတော် အားဖြင့် သူတို့ကို ပြယ်ဖြတ်ရ၏၊၊ ” (ဆာ ၁၁၈:၈-၁၂) ပေါလုက၊ “ညီအစ်ကိုတို့၊ သခင်ဘုရား အားဖြင့်၎င်း၊ တန်ခိုးတော် အရှိန်အားဖြင့်၎င်း၊ ခိုင်ခန့်ခြင်းရှိကြလော့။” (ဧဖက် ၆:၁၀) ဟုဆိုထားသည်။

ဘုရားတပ်ဆင်ပေးသောလက်နက်
စစ်တိုက် သောအခါ အသုံးပြုမည့် လက်နက်များကို၊ စေခိုင်းသူကတပ်ဆင်ပေးရသည်။ ပေါလုက၊ “အဘယ်သူသည်ကိုယ်စရိတ်ကို သုံး၍ စစ်မှုကို ထမ်းရသနည်း။” (၁ ကော ၉:ရ) ဟုဆိုသည်။ ထို့ကြောင့် လက်နက်ကိုလည်း ဘုရားကိုယ်တိုင်က တပ်ဆင်ပေးကြောင်း ဤသို့ ရေးထားသည်၊ “မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင် တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ ၁၂ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ဗြုင်တိုက်လှန််ရကြသည် မဟုတ်။ အထွဋ္ဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ဗြုင်တိုက်လှန်ရကြ၏။ ၁၃ ထိုကြောင့်ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကိုပြီး စီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင််ဆင် တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။ ၁၄ သစ္စာ တည်းဟူသောခါးပန်းကို စည်းလျက်၊ ​ဖြောင့်မတ်ခြင်း ပါရမီ တည်းဟူသောရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ၁၅ ငြိမ်သက်ခြင်းနှင့် ယှဉ်သော ဧဝံဂေလိ တရားကို ဟောပြောအံ့သောငှါ၊ ပြင်ဆင်သော အဖြစ် တည်းဟူသော​ခြေစွပ်ကို စွပ်လျက် ခံရပ်ကြလော့။ ၁၆ မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်သော၊ ယုံကြည်ခြင်း တည်းဟူသောလွှားကိုလည်း ခပ်သိမ်းသော လက်နက်တို့ အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။ ၁၇ ကယ်တင်ခြင်း တည်းဟူသောသံခမောက်လုံးကို၎င်း၊ ဘုရားသခင်၏ နှုတ်ကပတ် တည်းဟူသောဝိညာဉ်တော်၏ ထားကို၎င်းယူကြလော့။” (ဧဖက် ၆:၁၁-၁၆) ဘုရား တပ်ဆင်ပေးသော လက်နက်များ မှာ

သစ္စာ တည်းဟူသောခါးပန်း
သစ္စာသည် သမ္မာတရားကို ဆိုလိုသည်။ သမ္မာတရားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ အကြံတော်ကို ဆိုလိုသည်။ ပေါလုက၊ “သင်မူကား၊ ဝန်ခံ တော်မူသောသူ၊ ရှက်ကြောက်စရာ အကြောင်း မရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမား ဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှါ ကြိုးစားအား ထုတ်လော့။” (၂ တိ ၂:၁၅)ဟု တိမောသေကို မှာကြားခဲ့သည်။ သမ္မာတရား တည်းဟူသောဘုရားသခင်၏ အကြံတော် နားမလည်ဘဲ၊ ကိုယ့်အကြံကို အသုံးပြု၍ ဘုရား အမှုတော်ဆောင်လျှင် လည်း၊ ဆန့်ကျင် ဘက် ဖြစ်နေမည်။ ပေါလုလည်း၊ ရှောလုဘဝ၌ ဘုရား ဘက်၌ စိတ်အားကြီး၍ အလွန် ကြိုးစား ခဲ့သော်လည်း ခရစ်တော်က၊ “အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲသနည်း” (တမန် ၉:၄) ဟုဆိုခဲ့သည် မဟုတ်လော။ ခရစ်တော် ကသူ့ကို ညှဉ်းဆဲခြင်းသည်၊ “ဒုတ်ခဋ္ဌန်ကို ​ခြေနှင့် ကျောက်လျှင် ခက်လှသည်၊ ” (တမန် ၂၆:၁၄) ဟုဆိုသည်။ ထို့ကြောင့် စာတန် နိုင်ဘို့ရန် သမ္မာတရားကို သိရမည်။ ယောဟန်က၊ “သင်သည် သမ္မာတရား၌ ကျင်လည်သည် အတိုင်း၊ သင်၌ ရှိသော သမ္မာတရား၏ အကြောင်းကို၊ ညီအစ်ကို တို့သည် လာ၍ သက်သေခံကြ သောအခါ၊ ငါသည် အလွန် ဝမ်းမြောက်ခြင်းရှိ၏။ ၄ ငါ၏ သားသမီး တို့သည်၊ သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်း ထက်၊ သာ၍ ဝမ်းမြောက်ခြင်း မရှိ။” (၃ ယော ၃-၄) ဟုဆိုခဲ့သည်။ ​

ဖြောင့်မတ်ခြင်း ပါရမီ တည်းဟူသောရင်အုပ်တန်ဆာ
စစ်သား များသည် ရင်အုပ်တန်ဆာကို ဝတ်ဆင်တတ် ကြသည်။ အကြောင်းမှာ ရင်အုပ်သည်ကိုယ်ခန္ဓာ၌ အပစ်မှတ်အကျယ်ဆုံးနေရာ ဖြစ်သောကြောင့်၊ ရန်သူကရင််အုပ်ကို ပစ်မှတ်ထားတတ်သည်။ ဝိညာဉ် ရေးရာ၌၊ ​ဖြောင့်မတ်ခြင်းသည် အလွန် အရေးကြီးသည်။ ဘုရား ပေးသော ​ဖြောင့်မတ်ခြင်းသည် ယေရှုခရစ် ကိုယ်တိုင် ဖြစ်သည် (၁ ကော ၁:၃၀)။ ခရစ်တော်သည် ဘုရားရှေ့၌ ငါတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သည်။ သို့သော် လူများ ကထိုအရာကို မမြင်နိုင်ချေ။ လူရှေ့မှာ ​ဖြောင့်မတ်နိုင်ဘို့ရန် မှာငါတို့၏ ကျင့်ကြံပြုမူခြင်းများဖြစ်သည်။ ကျင့်ကြံပြုမူခြင်း မမှန်ပါက၊ စာတန် လူများ ကထိုအား နည်းချက်ကို ထောက်၍၊ တိုက်ခိုက် သောအခါ ဆုံးရှုံးမှု ဖြစ်လာနိုင်သည်။ ထိုကျင့်ကြံပြုမူခြင်းလည်း ဇာတိအားဖြင့် ကြိုးစားအား ထုတ်ခြင်း မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော် အုပ်စိုးခြင်းအားဖြင့် ရရှိသော ​ဖြောင့်မတ်ခြင်း ဖြစ်ရမည်။ ထို​ဖြောင့်မတ်ခြင်းရှိသော သူကို ရန်သူကမည်သို့ မျှဒုက္ခ မပေးနိုင်ချေ။

ဧဝံဂေလိ တရားဟောပြောရန် ပြင်ဆင်သောခြေစွပ်
ဧဝံဂေလိ ဟောပြောခြင်းသည် ယေရှု စစ်သား များ၏ ​ခြေစွပ်လက်နက် ဖြစ်သည်။ ယနေ့ ယုံကြည်သူ အများစုသည် ဧဝံဂေလိ တရားကို ဟောပြောခြင်း မရှိသောကြောင့်၊ ရန်သူ၏ အနိုင်ကျင့်ခြင်းကို ခံနေကြသည်။ သို့သော်လည်း ထိုအရာကို မသိကြသောကြောင့် ဧဝံဂေလိ ဟောဘို့ ပြော သောအခါ၊ အမျိုးမျိုး ဆင်​ခြေပေးတတ် ကြသည်။ ဧဝံဂေလိ ဟောခြင်းသည်၊ တရားဟောဆရာများ၏ လုပ် ဖြစ်သည်၊ ငါမဟောတတ်ဘူး၊ မအား ဘူး၊ ကျမ်းစာ နားမလည် ဘူးဟူ၍ အကြောင်း အမျိုးမျိုး ပြကြသည်။ ဧဝံဂေလိသည် သခင်ယေရှုက၊ အပြစ်သား များကို ကယ်တင်ခြင်း အကြောင်း ဖြစ်၍ ရိုးရိုးလေး ဖြစ်သည်။ ဝိညာဉ်တော် ကအသုံးပြုလျှင် လူများ ပြောင်းလဲမှာ ဖြစ်သည်။ ထို့ကြောင့် ဧဝံဂေလိ ဟောပြောခြင်းသည် စာတန်ကို တိုက်ခိုက်ခြင်း၊ စာတန် လက်ထဲမှလူများကို လုယူခြင်း ဖြစ်သောကြောင့် အလွန် အရေးကြီးသည်။

ယုံကြည်ခြင်း တည်းဟူသောလွှား
ယုံကြည်ခြင်းသည် လွှားနှင့် နှိုင်းယှဉ်ထားသည်။ မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို လွှား တည်းဟူသောယုံကြည်ခြင်းအားဖြင့် ကာသတ်နိုင်သည်။ မာရ်နတ်ကလူများကို အသုံးပြုပြီး၊ အတင်း ပြောခြင်း၊ အပြစ် တင်ခြင်း၊ ခြိမ်း​ခြောက်ခြင်း၊ ပျက်ယယ်ပြုခြင်းများပြုလုပ် သောအခါ၊ ယုံကြည်ခြင်းရှိလျှင် လုံးဝ စိတ်ဓါတ်မကျဘဲ၊ ခရစ်ယာန် အသက်တာကို ဆက်လက်ရပ်တည်နိုင်မှာ ဖြစ်သည်။ ဤယုံကြည်ခြင်းသည် ကယ်တင်ခြင်းကို ယုံကြည်ခြင်း မဟုတ်ဘဲ၊ စစ်တိုက်ရာတွင် ဘုရားသခင်အားဖြင့် အောင်မြင် မည်ဟူသော ယုံကြည်ခြင်း ဖြစ်သည်။ ယုံကြည်ခြင်း သည်ကိုယ်ကိုယ်ကို ယုံခြင်း မဟုတ်ဘဲ၊ ဘုရားကို ယုံကြည် အားကိုးခြင်း ဖြစ်သည်။ များစွာသော ယုံကြည်သူများအဘယ်ကြောင့်ဆုံးရှုံးကြသနည်း၊ အဘယ်ကြောင့်အမှု မဆောင်နိုင်သနည်းဟူမူကား၊ ဘုရားကို မယုံကြည်၊ လောကကို စွဲလန်းပြီး၊ ဇာတိနှင့် အသက် ရှင်သောကြောင့် ဖြစ်သည်။ ဘုရားနှင့် အမြဲမိဿဟာယဖွဲ့၍၊ အလိုတော် ဆောင်ရွက်သော သူတို့သည် ဘုရားကိုလည်း၊ ယုံကြည် အားကိုးရဲသည်။ အောင်မြင် မှုလည်းရရှိ ကြသည်။

ကယ်တင်ခြင်း သံခမောက်လုံး
ဤ ကယ်တင်ခြင်းသည် ယုံကြည် ခါစမှာရှိသောအရာ မဟုတ်ဘဲ၊ နေ့စဉ် အသက်တာတွင် စာတန် မာရ်နတ်နှင့် တိုက်ခိုက် ရာတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ကယ်တင်ခြင်း သုံးမျိုးရှိသည်။ အပြစ် တရားစီရင်ခြင်းမှ ယေရှုခရစ် အသေခံခြင်းဖြင့် ကယ်တင်ခဲ့ပြီ။ နေ့စဉ် အသက်တာတွင် အပြစ် သွေးဆောင်ခြင်းမှ ကယ်တင်နေဆဲ ဖြစ်သည်။ ချီဆောင်ခြင်း နေ့၌ အပြစ်လောကမှ ကယ်တင်ဦးမှာ ဖြစ်သည်။ လက်ဝါးကပ်တိုင်တွင် ဝိညာဉ် ကယ်တင်ခဲ့ပြီ။ နေ့စဉ် အသက်တာတွင် စိတ်ပိုင်းနှင့် ခန္ဓာပိုင်းကို မိမိ၏ ယုံကြည်ခြင်း အပေါ်မူတည်၍ ကယ်တင်နေဆဲ ဖြစ်သည်။ ချီဆောင်ခြင်း နေ့၌ကိုယ်ခန္ဓာနှင့် စိတ်ကို အပြီး အပိုင် ကယ်တင်၍ လုံးဝ ဖျားနာခြင်း၊ စိတ်ပျက်ဆင်းရဲခြင်းရှိတော့မည် မဟုတ်။ ယခုလောက၌ အသက် ရှင်စဉ်တွင် ဘုရားသခင်က၊ အပြစ် သွေးဆောင်ခြင်းနှင့် ခန္ဓာစိတ် ပြသနာမှ ကယ်တင်ဘို့ရန် ဘုရား ထံချဉ်းကပ်ဘို့ လိုသည်။

နှုတ်ကပတ် တည်းဟူသောဝိညာဉ်တော်၏ထား
အထက်၌ ဖေါ်ပြသော စစ်လက်နက်များမှာ၊ ကိုယ်ကိုကိုယ်ကာကွယ်ဘို့ အသုံးပြုမည့် ခံစစ်လက်နက်များ ဖြစ်သည်။ နှုတ်ကပတ်တော် တည်းဟူသောဝိညာဉ်တော် ထားသည် တိုက်စစ်လက်နက် ဖြစ်သည်။ ထားကိုင်ထားလျှင် ရန်သူကအနီးကပ်မတိုက်ခိုက် ရဲချေ။ အကြောင်းရန်သူကို ထားနှင့် ခုတ်သတ်နိုင်သည်။ ထို့နည်းတူ နှုတ်ကပတ်တော်သည် စာတန် ကကြောက်သော လက်နက် ဖြစ်သည်။ ကျမ်းစာက၊ “ဘုရား၏ နှုတ်ကပတ်တရားတော်သည် အသက် ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက် တကာတို့ထက် ထက်ခြင်း နှင့် ပြည့်စုံသည် ဖြစ်၍၊ အသက်နှင့် စိတ် ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်းပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များ ကိုလည်း သိမြင်တတ်၏။” (ဟေ ၄:၁၂) ဟုဆိုထားသည်။ ယေရှုလည်း စာတန်ကို နှုတ်ကပတ်တော်အားဖြင့် အနိုင်ယူခဲ့သည် (မ ၄:၁-၁၁)။ နှုတ်ကပတ်တော်ကို မှန်ကန်စွာ ပိုင်းခြား နားလည်၍၊ အသက်တာ၌ ကျင်လည်သော သူကို စာတန် ကမည်သို့ မျှမထိခိုက်နိုင်သည် သာမက၊ စာတန်ကို အောင်မြင် နိုင်သည်။

မေးခွန်းများ

၁။ ပေါလုကတိမောသေကို ဘာလုပ်ခိုင်းသနည်း။ ............................................

၂။ ပေါလုကိုယ်တိုင်သည် စစ်တိုက်ပါသလော။ ........................................................................................

၃။ ယေရှုလည်း စစ်မည်ကဲ့သို့ တိုက်ခဲ့သနည်း။ .....................................................................

၄။ ယုံကြည်သူများသည် ယေရှု.........................များဖြစ် ကြသည်။

၅။ ငါတို့၏ ရန်သူသည် မည်ကဲ့သို့သောအရာ ဖြစ်သနည်း။ ...................................................................

၆။ ယေရှု စစ်သား များ၏ အကြီးမားဆုံး သော လက်နက်သည် ............................................ ဖြစ်သည်။

ရ။ ဟဗက္ကုတ် ၃:၁၉ကို ရေးပါ။ .......................................................................................

၈။ ခါးပန်းသည် ဘာကို ဆိုလိုသနည်း။......................................................

၉။ ​ဖြောင့်မတ်ခြင်း ဘယ်နှစ်မျိုး...................... ရှိသနည်း။ ဘုရားရှေ့၌ .................................. အားဖြင့် ​ဖြောင့်မတ်နိုင်သည်။

၁၀။ လူရှေ့၌ မည်ကဲ့သို့ ​ဖြောင့်မတ်ရမည်နည်း။ ........................................................................................

၁၁။ ​ခြေစွပ်သည် မည်သည့်အရာကို ဆိုလိုသနည်း။............................................

၁၂။ လွှားသည် မည်သည့်အရာကို ဆိုလိုသနည်း။............................................

၁၃။ ကယ်တင်ခြင်း သုံးမျိုး ဖေါ်ပြပါ။ ........................................................................

၁၄။ ဝိညာဉ် တိုက်ပွဲ၌ စာတန်ကို ထိုးစစ်ဆင်နိုင်သော လက်နက်သည်.................. ဖြစ်သည်။

၁၅။ ချီဆောင်ခြင်းသည် ယေရှု စစ်သား များ.............................ပြန်ချိန် ဖြစ်သည်။

.

^

သံတမန် ဖွဲ့ရုပ်သိမ်း

တနိင်ငံနှင့် တနိင်ငံစစ်တိုက် သောအခါ၊ သံတမန် အဖွဲ့များကို ကြိုတင် ရုပ်သိမ်းတတ် ကြသည်။ ဘေးဒဏ်ကြီး ကာလသည် ကောင်းကင်နှင့် မြေကြီး စစ်ပွဲ၊ မြေကြီးသား အချင်းချင်းစစ်ပွဲ၊ ကောင်းကင် စစ်ပွဲများ ဆင်န$​ဲသည့်အချိန် ဖြစ်သည်။ မြေကြီးသည် ဘုရားသခင်က ဖန်ဆင်း၍၊ အာဒံထံ၌ အုပ်စိုးဘို့ရန် အပ်နှံခဲ့သည်။ ကျမ်းစာက၊ “အချင်းတို့၊ များပြားစွာ မွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက် ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန် အပေါင်းတို့ကို၎င်း၊ အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီး ပေးတော်မူ၏။” (က ၁:၂၈)။ သို့သော် အာဒံနှင့် ဧဝတို့ ကဤလောက အုပ်စိုးခြင်း အခွင့်ကို၊ စာတန် ထံသို့ ကောင်းမကောင်း သိ​ကျွမ်းရာအပင်၏ အသီးကို စားဘို့ ပြောခြင်းကို နားထောင်ခြင်းအားဖြင့် ရောင်းလိုက်သည်။ ထို့ကြောင့် ဤလောကသည် စာတန်က ယပိုင်ဆိုင်အုပ်စိုးကြောင်း၊ ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “မာရ်နတ်သည် ယေရှုကို မြင့်လှသောတော် ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍၊ ၆ ဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူ အားပေးရသည် ဖြစ်၍ ကိုယ်တော် အားပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည်ကိုယ်တော်၏ ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်လေ၏။” (လု ၄:၅ -ရ)။ ထိုသို့ ပြော သောအခါ ယေရှုက စာတန် ထံ၌၊ သူသည် မအုပ်စိုးကြောင်း မပိုင်ကြောင်းကို မချေပခဲ့သောကြောင့် ဤလောကသည် စာတန် ကပိုင်ကြောင်း ဝန်ခံခြင်း ဖြစ်သည်။

ထို့အပြင် ယေရှုက၊ “ ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကို ခံရ၏။ ယခုတွင် ဤလောကကို အစိုးရသော မင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရလိမ့်မည်။” (ယော ၁၂:၃၁) ဟူ၍ ၎င်း၊

“ဤလောကကို အစိုးရသော မင်းသည် လာဆဲ ဖြစ်၏။ လာသော်လည်း ငါ၌ အဘယ်အခွင့်အရာကို မျှ မတွေ့ရ။” (ယော ၁၄:၃၀) ဟုဆိုသည်။ ထို့ကြောင့် ဤလောကသည် စာတန် ကပိုင်ကြောင်း ထင်ရှားသည်။

ပေါလုကလည်း၊ “ထိုသို့ မယုံကြည်သော သူတို့ကား၊ ဘုရားသခင်၏ ပုံသဏ္ဍာန်တော် တည်းဟူသောခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂေလိ တရား၏ အရောင်သည် အလင်းကို မပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသော ဘုရားသည် သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏။” (၂ ကော ၄:၄)ဟု ရေးထားသည်။ ထိုသို့ ဤလောကသည် စာတန် ကပိုင်သောကြောင့် ဘုရား အတွက် ရန်သူနယ်မြေ ဖြစ်သည်။ ဤလောကသား များသည် စာတန်၏ လူများ ဖြစ်ကြောင်း ဤသို့ ရေးထားသည်၊ “လောကီသား အပေါင်းတို့သည် မာရ်နတ်၏ လက်၌ ရှိကြသည်ကို၎င်းငါတို့ သိကြ၏။” (၁ ယော ၅:၁၉)။ လောကီသား များသည် စာတန် ကချယ်လှယ် နေကြောင်း ပေါလုကဤသို့ ရေးထားသည်၊ “သင်တို့သည် အထက် ကလောကီတရားသို့ လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်း တည်းဟူသောငြင်းဆန်သော သူတို့၌ ချယ်လှယ်သော ဝိညာဉ်၏ အလိုနှင့် အညီ၊ ဒုစရိုက်အပြစ် တို့၌ ကျင်လည်ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက် ရှိနေသော သင်တို့ကို ပင် ဘုရားသခင်သည် အသက် ရှင်စေ တော်မူပြီ။” (ဧဖက် ၂:၁-၂)။

လောကသား များသည် စာတန်၏ ​ကျွန်ခံ နေကြကြောင်း၊ ဤသို့ တွေ့ရသည်၊ “ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံ တော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသောမာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူ တော်မူ၏။” (ဟေဗြဲ ၂:၁၄-၁၅) ဣသရေလ များသည် စာတန်၏ သားများဖြစ်ကြောင်း ယေရှု ကဤသို့ ဆိုသည်၊ “သင်တို့သည် သင်တို့၏ အဘ တည်းဟူသောမာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့ အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။” (ယော ၈:၄၄)။

ထို့ကြောင့် လူသားများသည် ဘုရား၏ ရန် သူများ ဖြစ်ကြသည်။ သို့သော် ဘုရားသခင်က လူသားများကို ချစ်သနားသောကြောင့်၊ ရန်သူ စာတန် လက်မှသားတော် ယေရှုခရစ် အသေခံ စေခြင်းအားဖြင့် သူနှင့် ရန်ငြိမ်းရသော အခွင့်ကို ပေးပြီ။ ပေါလုက၊ “ရန်သူ ဖြစ်လျက် ပင် ဘုရားသခင်၏ သားတော် အသေခံ တော်မူခြင်း အားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည် မှန်လျှင်၊ ” (ရော ၅:၁၀) ဟူ၍ ၎င်း၊

“ဘုရားသခင်သည် ယေရှုခရစ် အားဖြင့် ငါတို့၏ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေ တော်မူ၏။ ထိုမိဿဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌ အပ် ပေးတော်မူ၏။ ၁၉ ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော် အထဲ၌ ရှိနေလျက်၊ လောကီသား တို့၏ အပြစ်များကို မှတ်တော် မမူ၊ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေ တော်မူ၏။” (၂ ကော ၅:၁၈-၁၉)။ ထိုသို့ ဘုရားသခင်သည် လူသားများ၏ အပြစ်ကို လွှတ်၍ သူနှင့် မိဿဟာယဖွဲ့ဘို့၊ အလိုရှိသည်။ ဆက်၍ ပေါလုက၊ “ထိုမိဿဟာယတရားကိုလည်း ငါတို့၌ အပ် ပေးတော်မူ၏။ ၂၀ ထိုကြောင့်ငါတို့သည် ခရစ်တော်၏ သံတမန် ဖြစ်ကြ၏။” (၂ ကော ၅:၂၀)။

လူလူချင်းကြားရန်ငြိမ်းစေရန်
၁၃ သင်တို့သည် အထက် ကဝေးလျက် ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ ဖြစ်၍ အသွေးတော် အားဖြင့် အနီးသို့ ရောက်ကြပြီ။ ၁၄-၁၅ အဘယ်သို့ နည်းဟူမူကား၊ ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်း အကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရား တည်းဟူသောရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်း တော်မူ သဖြင့်၊ ပိုင်းခြားလျက် ရှိသော စပ်ကြားအုတ်တန်တိုင်း နံရံကို ဖြိုးဖျက်၍ လူမျိုးနှစ်စုတို့ကို တစုတည်း ဖြစ်စေ တော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီးလျှင်၊ ၁၆ကိုယ်တော်၌ ထိုလူစုနှစ်စုတို့ကို လူသစ်တဦးတကိုယ်တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝတည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော် အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်း တည်း။ ၁၇ ထိုခရစ်တော် သည်လည်း ကြွလာ၍၊ ဝေးလျက် ရှိသော သင်တို့ အား၎င်း၊ နီးလျက် ရှိသော ငါတို့ အား၎င်း၊ ရန်ငြိမ်းခြင်း တရား တည်းဟူသောဧဝံဂေလိ တရားကို ဟော တော်မူ၏။ ၁၈ ထိုသို့ ခရစ်တော် အားဖြင့် ငါတို့ နှစ်ဦးသည် စိတ် ဝိညာဉ် တလုံးတဝတည်း ဖြစ်၍၊ ခမည်းတော် ထံသို့ တိုးဝင်ရမည့် အခွင့်ကို ရကြပြီ။ (ဧဖက် ၂:၁၃-၁၈)

ယုံကြည်သူများသည် ခရစ်တော်၏ သံတမန်များဖြစ် ကြသည်။ သံတမန် အလုပ်သည် နိုင်ငံအချင်းချင်းငြိမ်းချမ်းပြေလည်ဘို့ရန် ဆက်သွယ် ပြောဆိုဘို့ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ သံတမန်များလည်း၊ ဘုရားနှင့် လူများရန်ငြိမ်းခြင်း အကြောင်းကို ပြောပြဘို့ရန် တာဝန် ပေးထားသည်။ သံတမန် များသည် အစိုးရကစားနပ်ရိက္ခာအားလုံးတာဝန် ယူ သကဲ့သို့၊ ယေရှု၏ သံတမန် များလည်း စားနပ်ရိက္ခာများကို အပြည့်အဝ ပေးထားသည်။

သို့သော် ယုံကြည်သူများသည် မိမိတို့ တာဝန်ကို မသိကြ။ လူများ ထံဘုရားနှင့် ရန်မ ဖြစ်တော့ဘဲ ရန်ငြိမ်းခြင်း တရားကို ပြောပြဘို့ရန် ဖြစ်သည်။ သံတမန် အလုပ်သည် ရန်ဖြစ်နေသော သူများ ကြားရန်ငြိမ်းခြင်း အကြောင်း ပြောဘို့ ဖြစ်သောကြောင့် မလွယ်ကူပါ၊ ရင်လေးစရာ ဖြစ်သည်။ အဘယ်ကြောင့်လူများသည် ဘုရား အကြောင်း မကြားချင် ကြသနည်းဟူမူကား၊ သူတို့သည် ဘုရား၏ ရန် သူများ ဖြစ်ကြသောကြောင့် ဖြစ်သည်။ မည်သို့ ပင် ခက်ခဲသော်လည်း၊ သံတမန်သည် မိမိကို စေခိုင်းသော ဘုရား ပေးထားသော တာဝန်ကို ဆောင်ရွက်ရမှာ ဖြစ်သည်။ သို့သော် သံတမန် များသည် မိမိတို့ တာဝန်ကို ဆောင်ရွက်သည်ထက် ဤလောကကို အုပ်စိုးသော စာတန်၏ လူများနှင့် မိဿဟာယဖွဲ့ နေကြသည်။ စာတန်ကို တိုက်မည့် အစား၊ သူပေးထားသော ဤလောကကို ချစ်ခြင်း၊ ယပိုင်ဆိုင်ခြင်းဖြင့် သံအမတ်အလုပ်ကို မလုပ်နိုင်ကြသည်ကို ဝမ်းနည်းစွာ တွေ့မြင်နေရသည်။

မည်သူ့ပင် ဖြစ်စေ၊ ဘုရားသခင်သည် သူ၏ သံအမတ်များကို ရုပ်သိမ်းတော့မည်။ အကြောင်းမူကား ဘေးဒဏ်ကြီး ကာလသည် စစ်ပွဲများစွာ တိုက်ရသောအချိန် ဖြစ်သည်။ ယေဇ ၃၈-၃၉၌ ဖေါ်ပြသော ဂေါဂမာဂေါဂစစ် (ဗျာ ၆:၅-၆)၊ ကောင်းကင် စစ် (ဗျာ ၁၂)၊ အာမေဂဒုန်စစ် (ဗျာ ၁၆၊ ၁၉)၊ များတိုက်ကြမှာ ဖြစ်သည်။ ထိုကဲ့သို့ စစ်ပွဲများ တိုက်ကြမှာ ဖြစ်သောကြောင့်၊ ခရစ်တော်သည် သူ၏ သံတမန်များကို၊ စစ်မတိုက်မှီတွင် ကောင်းကင်သို့ ခေါ်ဆောင်သွားမှာ ဖြစ်သည်။ ကယ်တင်ခြင်းသို့ ရောက်သွားသော ယုံကြည်သူများသည်၊ ခရစ်တော်၏ သံတမန်များဖြစ်သည်။ ခရစ်တော်သည် သူ၏ သံတမန် အဖွဲ့ကို သာလျှင် ရုပ်သိမ်းမှာ ဖြစ်သောကြောင့် ချီဆောင်ခြင်း၌ ပါဝင်မည့် သူသည်၊ ခရစ်တော်၏ သံအမတ်များ ဖြစ်ဘို့ လိုသည်။

မေးခွန်းများ

၁။ နိုင်ငံနှစ်နိုင်ငံစစ်မတိုက်မှီဘာလုပ်တတ်ကြသနည်း။ ..............................................................

၂။ ဤလောကသည် မည်သူကအုပ်စိုးသနည်း။ ..............................................................

၃။ လောကသား များသည် မည်သူ၏ ​ကျွန် ဖြစ်ကြသနည်း။ ..............................................................

၄။ လူသားများသည် မည်သူ၏ ရန်သူ ဖြစ်ကြသနည်း။..............................................................

၅။ ဘုရားသခင်က သူ၏ ရန်သူ လူသားများကို ခရစ်တော်အားဖြင့် ဘာလုပ်သနည်း။........

၆။ ဘုရားသခင်သည် လူသားများနှင့် ဘာလုပ်ချင် သနည်း။ ...........................................................

ရ။ ရန်ငြိမ်းခြင်း အရာကို မည်သူတို့အား ပြောခိုင်းသနည်း။ ..............................................................

၈။ ယုံကြည်သူများသည် ခရစ်တော်၏ ဘာ ဖြစ်ကြသနည်း။ ...........................................................

၉။ ချီဆောင်ခြင်း၌ မည်သူတို့ ပါဝင်မည်နည်း။..............................................................

၁၀။ သင်သည် ခရစ်တော်၏ သံတမန် ဖြစ်ပါသလော။ ..............................................................

.

^

အလုပ်သမားများ အိမ်ပြန်

ချီဆောင်ခြင်းသည် အလုပ်သမားများ တနေကုန် အလုပ်လုပ်၍၊ ညမိုးချုပ်လာသောကြောင့် အိမ်ပြန်ခြင်း ဖြစ်သည်။ ယုံကြည်သူများသည်၊ ခရစ်တော်၏ ဥယဉ်တည်း ဟူသော၊ ဤလောက၌ အလုပ်လုပ်သော သူများ ဖြစ်ကြသည်။ ထိုအရာနှင့် ပတ်သက်၍ ခရစ်တော် ကဤသို့ ဥပမာပေးဟောပြောသွားခဲ့သည်။ ​

ကျွန်ကောင်းနှင့် ကျွန်ဆိုး (မ ၂၄:၄၅-၅၁)
“အရှင်သည် မိမိအိမ်သူအိမ်သား အပေါင်းတို့အားအချိန် တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့် ၎င်း၊ သတိပညာနှင့် ၎င်း ပြည့်စုံသော ​ကျွန်ကား အဘယ်သူ နည်း။ ၄၆ အကြင်​ကျွန်သည် ဤသို့ ပြုလျက် နေသည်ကို အရှင်သည် ပြန်လာ၍ တွေ့၏၊ ထို​ကျွန်သည် မင်္လာရှိ၏။ ၄၇ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိိမိဥစ္စာရှိသမျှ တို့ကို ထို​ကျွန်၌ အပ်လိမ့်မည်။ ၄၈ သို့မဟုတ် မူကား၊ အကြင်​ကျွန်ဆိုးကင့ါအရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည် နှင့်၊ ၄၉ ​ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသော သူတို့နှင့် တကွစားသောက်လျက် နေ၏။ ၅၀ ထို​ကျွန်မကြည့်မမျှော်သော နေ့ရက်၊ မကြား မသိသောအချိန် နာရီ၌ သခင်သည် ရောက်လာလျှင်၊ ၅၁ ထို​ကျွန်ကို ပြင်းပြစွာ ကွပ်မျက်ဆုံးမ၍ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့် တကွနေရာချလတံ့။” (မ ၂၄:၄၅-၅၁)

သခင်ယေရှု ကအထက်ပါ ဥပမာကို ပေးချိန်တွင် အသင်းတော်သည် မစတင်သေးချေ။ ထို့ကြောင့် ထိုဥပမာသည် ဣသရေလ များကို ဆိုလိုခြင်း ဖြစ်နိုင်သည်။ သို့သော် နောက်ပိုင်း အသင်းတော်၌ ပါဝင်မည် ယုံကြည်သူများကိုလည်း ဆိုလိုသည်။ အဓိကသွန်သင်ချင်သောအရာသည် သစ္စာရှိ၍ သတိပညာနှင့် ကိုယ့်ကို အပ်နှံထားသော အလုပ်ကို လုပ်ဘို့ ဖြစ်သည်။ ထိုသို့သော ​ကျွန်ကို မင်္လာရှိသော ​ကျွန်ဟု ခေါ်သည်။ ကျွန်ုပ်တို့လည်း မင်္လာရှိသော ​ကျွန် ဖြစ်ဘို့ လိုသည်။ ​ကျွန်ဆိုးမူကား အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သဖြင့်၊ ​ကျွန်ချင်းတို့ကို ရိုက်၍ သေသောက်ကြူးသော သူတို့နှင့် စားသောက်နေသည်ဟုဆိုသည်။ ယနေ့ ခရစ်ယာန် အများစုလည်း ထို​ကျွန်ဆိုးကဲ့သို့၊ သတိမထား၊ သခင်ယေရှု လာမည့် အချိန်ကို မမျှော်၊ ကိုယ့်တာဝန်ကို မလုပ်ဘဲ၊ လောက သားများနှင့်အတူ သေသောက်ကြူး နေကြသည် မဟုတ်လော။ သင်သည် ထိုသို့ သောသူ ဖြစ်သင့်ပါသလော။ မင်္လာရှိသော ​ကျွန် ဖြစ်ဘို့ ကြိုးစား ကြပါစို့။

အခြားပြည်သို့ သွားသောလူ (မ ၂၅:၁၄-၃၀)
“ဥပမာကား၊ လူတဦးသည် အခြားသော ပြည်သို့ သွားမည်ဟု အကြံရှိလျက်၊ မိမိငယ်သား တို့ကို ခေါ်၍ မိမိဥစ္စာများကို အပ်ပေး၏။ သူတို့သည် အသီးအသီးအစွမ်းသတ္တိရှိသည် အတိုင်း၊ တဦး၌ ငွေအခွက်ငါးဆယ်၊ ၁၅ တဦး၌ အခွက်နှစ်ဆယ်၊ တဦး၌ အခွက်တဆယ်ကို အပ်ပေးပြီးမှချက်ခြင်း သွားလေ၏။ ၁၆ အခွက်ငါးဆယ်ကို ခံသော သူသည် သွား၍ ကုန်သွယ်ခြင်းကို ပြုသဖြင့် အခြားသော အခွက်ငါးဆယ်ကို အမြတ်ရလေ၏။ ၁၇ ထိုနည်းတူ အခွက်နှစ်ဆယ်ကို ခံသော သူသည် လည်း၊ အခြားသော အခွက်နှစ်ဆယ်ကို အမြတ်ရလေ၏။ ၁၈ အခွက်တဆယ်ကို ခံသော သူမူကား၊ သွား၍ မြေ၌တွင်း တူးပြီးလျှင် အရှင်၏ ငွေကို ဝှက်ထားလေ၏။

၁၉ ကာလ ကြာမြင့်ပြီးမှထိုငယ်သား တို့၏ အရှင်သည် လာ၍၊ သူတို့ကို စာရင်းယူလေ၏။ ၂၀ အခွက်ငါးဆယ်ကို ခံသော သူသည် ချဉ်းကပ်၍၊ အခြားသော အခွက်ငါးဆယ်ကို ဆက်လျက်၊ သခင်၊ ကိုယ်တော်သည် အ​ကျွန်ုပ်၌ အခွက်ငါးဆယ်ကို အပ် ပေးတော်မူ၏။ အခြားသော အခွက်ငါးဆယ်ကို အ​ကျွန်ုပ်အမြတ်ရပါပြီဟု လျှောက်လေ၏။ ၂၁ အရှင်ကလည်း၊ သာဓု၊ သစ္စာ ရှိသော ငယ်သား ကောင်း။ သင်သည် အမှု ငယ်၌ သစ္စာ စောင့်လေပြီ။ များစွာသောအမှု အခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကို ဝင်စားလော့ဟု မိန့်တော်မူ၏။ ၂၂ အခွက်နှစ်ဆယ်ကို ခံသောသူ သည်လည်း ချဉ်းကပ်၍ သခင်၊ ကို တော်သည် အ​ကျွန်ုပ်၌ အခွက်နှစ်ဆယ်ကို အပ် ပေးတော်မူ၏။ အခြားသော အခွက်နှစ်ဆယ်ကို အ​ကျွန်ုပ်အမြတ်ရပါပြီဟု လျှောက်လေသော်၊ ၂၃ အရှင်က၊ သာဓု သစ္စာရှိသော ငယ်သား ကောင်း။ သင်သည် အမှု ငယ်၌ သစ္စာ စောင့်လေပြီ။ များစွာသောအမှု အခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကို ဝင်စားလော့ဟု မိန့်တော်မူ၏။

၂၄ အခွက်တဆယ်ကို ခံသောသူ သည်လည်း ချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် ခဲယဉ်းသောသူ ဖြစ်သည်နှင့်ကိုယ်မစိုက်မပျိုးသော အရပ်၌ ရိတ်၍၊ ကိုယ်မဖြန့်မကြဲသော အရပ်၌ စုသိမ်းတတ်သည်ကို အ​ကျွန်ုပ်သိ၍၊ ၂၅ ကြောက်သောကြောင့်၊ အခြားသို့ သွား၍ ကိုယ်တော်၏ ငွေအခွက်တဆယ်ကို မြေ၌ ဝှက်ထားပါပြီ။ ယခုကိုယ်တော်၏ ဥစ္စာရှိပါသည်ဟု လျှောက်၏။ ၂၆ အရှင်ကလည်း၊ ဆိုးညစ်ပျင်းရိသော ငယ်သား၊ ငါသည်ကိုယ်မစိုက်မပျိုးသော အရပ်၌ ရိတ်၍၊ ကိုယ်မဖြန့်မကြဲသော အရပ်၌ စုသိမ်းသည်ကို သင်သိသည် မှန်လျှင်၊ ၂၇ ငါ့ငွေကို ပွဲစားလက်သို့ အပ်ရမည်။ ထိုသို့ အပ်လျှင်၊ ငါပြန်လာသောအခါ ငွေရင်းနှင့် အတိုးကို ရနိုင်၏။ ၂၈ ထိုကြောင့်အခွက်တဆယ်ကို ထိုသူ၏ လက်မှနှုတ်ကြ၊ အခွက်တရာရှိသော သူကို ပေးကြ။ ၂၉ အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏၊ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကို ပင်နှုတ်လိမ့်မည်။ ၃၀ အသုံးမရသော ထိုငယ်သားကို ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ထုတ် ချလိုက်ကြဟု စီရင် တော်မူ၏။” (မ ၂၅:၁၄-၃၀)

အထက်ပါ ဥပမာ၌ အခြားသော ပြည်သို့ သွားသော လူတဦးသည်၊ သခင်ယေရှုကိုယ်တိုင် ဖြစ်သည်။ အခြားသော ပြည်သည် ကောင်းကင် နိုင်ငံ ဖြစ်သည်။ ​ကျွန်များသည် သခင်ယေရှုကို ယုံကြည်သူများဖြစ်သည်။ သူတို့သည် မိမိတို့ အရည်အချင်းအတိုင်း ငွေခွက်များကို အပ်နှံခြင်း ခံရသည်။ အခွက်ငါးဆယ်နှင့် နှစ်ဆယ်ရသော သူများသည်၊ သခင်၏ ဥစ္စာကို တိုးပွားအောင် လုပ်ကြသောကြောင့် သခင်က၊ သာဓု၊ သစ္စာ ရှိသော ငယ်သား ကောင်းဟု ချီးမွမ်းခြင်း ခံသည် သာမက၊ သူ့သခင်နှင့်အတူ စည်းစိမ်ခံစားရသော အခွင့်ကို ပေးသည်။ အနည်းငယ်သော အမှု၌ သစ္စာ စောင့်သောကြောင့်၊ များစွာသောအမှု အခွင့်ကို သူ၌ အပ်ဦးမည်ဟု သခင်ကဆိုသည်။ ​ကျွန်ုပ်တို့လည်း ဤလောက ခဏအသက် ရှင်စဉ်တွင်၊ သခင်ဘုရား ကများစွာ တိုးပွားစေလိုသည်။ ဤလောက မှကောင်းကင် တက်မည့် အရာသည် ဝိညာဉ်များသာလျှင် ဖြစ်သည်။ အခြားသောအရာ များသည် အားလုံးပျောက်ပျက်သွားမည့် အရာများ ဖြစ်သောကြောင့် လိုချင် တောင့်တစရာ မရှိချေ။

ထို့ကြောင့် ဘုရား ကအပ်နှံသော ကယ်တင်ခြင်း သမ္မာတရား အားဖြင့် အခြားသော သူများ ကယ်တင်ခြင်းသို့ ရောက်ရန်ပြောပြသင့်သည်။ ဘဏ္ဍာငွေများလည်းရတတ်သော အခွင့်ပေးလျှင်၊ ပျောက်ဆုံးသော ဝိညာဉ်များကယ်တင်ခြင်း လုပ်ငန်း၌ ရင်းနှီး မြှုပ်နှံသင့်သည်။ လောကသည် ဇိမ်ခံမည့် နေရာနှင့်အချိန် မဟုတ်သေးချေ။ ဘုရား ကအစွမ်းအစပေးသည့်အတိုင်း လုပ်ဆောင်ကြပါစို့။

ငွေအခွက်တစ်ဆယ်ရသော သူသည်၊ သူ၏ သခင်ကို အပြစ် တင်ပြီးမှ၊ ငွေအခွက်တဆယ်ကို မြေ၌ ဝှက်ထားသည်ဟုဆိုသည်။ ယနေ့ သင်သည် ဘုရား ပေးထားသောအရာ များကို မြေ၌ ဝှက်ထားပါသလား။ မြေ၌ ဝှက်ထားခြင်း ဆိုသည်မှာ၊ ပျက်စိီးမည့်အရာအတွက် ငွေသုံးခြင်း၊ အချိန်နှင့် အစွမ်းကို သုံးခြင်း ဖြစ်သည်။ ထိုငယ်သားကို သခင်ကဆိုးညစ်ပျင်းရိသော ငယ်သား၊ ဟုဆိုသည်။ ယနေ့ ယုံကြည်သူ အများစုသည် ထိုအုပ်စုထဲ၌ ပါဝင် နေကြသည်။ မိတ်ဆွေ၊ ဆိုးညစ်ပျင်းရိသော ငယ်သား မဖြစ်ချင် ပါနှင့်။ အကျိုးဘာမျှမရှိပါ။ သခင်ခိုင်းသောအရာ ကို လုပ်ကြရအောင်။ ထိုဆိုးညစ်ပျင်းရိသော ငယ်သားကို ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ထုတ် ချလိုက်ကြဘို့ ပြောခြင်း အရာမှာ၊ ကယ်တင်ခြင်းနှင့် ရော၍ စဉ်းစား သောအခါ ရှုပ်ထွေးသွားတတ်သည်။ ထိုငယ်သားသည် သခင်ကို ပင်လျှင်၊ အပြစ် မြင်၍ စွတ်စွဲရဲသောကြောင့် သခင်ကို ယုံကြည် အားကိုး သောသူ မဟုတ်ကြောင်း ထင်ရှားသည်။

၁၀ မြို့အုပ် ၅ မြို့အုပ် (လုကာ ၁၉:၁၁-၂ရ)
“ထိုအခါ ယေရှု ရှလင်မြို့အနီးသို့ ရောက် တော်မူ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ခြင်း ပေါ်ထွန်းမည်ဟု လူများ ထင်မှတ်သောကြောင့်၊ ပရိသတ်အလယ်၌ ထပ်၍ မိန့်တော်မူသော ဥပမာကား၊ ၁၂ အမတ်တယောက်သည် မင်းကြီး အရာကို ခံလို၍ မိမိပြည်သို့ ပြန်လာမည်ဟု အကြံရှိလျက် ဝေးသော ပြည်သို့ သွား၏။ ၁၃ မသွားမှီမိမိ ငယ်သား တကျိပ်ကို ခေါ်၍၊ ငွေတပိဿာစီအပ်ပေးလျက် ငါပြန်၍ မလာမှီတိုင်အောင် ကုန်သွယ်ခြင်း အမှုကို ပြုကြလော့ဟု မှာထားလေ၏။ ၁၄ ပြည်သား အချို့တို့သည် ထိုအမတ်ကို မနာလို၍၊ ထိုသူ၏ အအုပ်အချုပ်ကို ငါတို့ မခံလိုပါဟု တမန်ကို သူ့နောက်သို့ စေလွှတ်ကြ၏။ ၁၅ ထိုအမတ်သည် မင်းကြီး အရာကို ခံ၍ ပြန်လာ တော်မူ သောအခါ၊ ငွေခံသော ငယ်သား တို့သည် အသီးသီးအဘယ်မျှလောက်အမြတ်ရသည်ကို သိခြင်းငှါ၊ သူတို့ကို ခေါ်ချေဟု အမိန့်တော် ရှိ၏။

၁၆ ပထမသူသည် လာ၍၊ သခင်၊ ကိုယ်တော် ပေးသော ငွေတပိဿာအားဖြင့် အခွက်တဆယ်အမြတ်ရပါပြီဟု လျှောက်လျှင်၊ ၁၇ သခင်က၊ သာဓု၊ ငယ်သား ကောင်း၊ သင်သည် အမှု ငယ်၌ သစ္စာ စောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုးလော့ဟု မိန့်တော်မူ၏။ ၁၈ ဒုတိယသူသည် လာ၍ သခင်၊ ကိုယ်တော် ပေးသော ငွေတပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီဟု လျှောက်လျှင်၊ ၁၉ သခင်က၊ သင်သည် မြို့ငါးမြို့ကို အုပ်စိုးလော့ဟု မိန့်တော်မူ၏။ ၂၀ အခြားသော သူသည် လာ၍၊ သခင်၊ အ​ကျွန်ုပ်သည် ပဝါ၌ ထုတ်ထားသောကိုယ်တော်၏ ငွေတပိဿာရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသောသူ ဖြစ်သည် နှင့်၊ ၂၁ကိုယ် မသိုမထားသော ဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ ရိတ်တတ်သည်ကို အ​ကျွန်ုပ်ထောက်၍ ကိုယ်တော်ကို ကြောက်ပါသည်ဟု လျှောက်လျှင်၊ ၂၂ သခင်က၊ ဆိုးညစ်သော ငယ်သား၊ သင်၏ စကားကို သာလိုက်၍ သင်၏ အမှုကို ငါစီရင်မည်။ ငါသည် ခဲယဉ်းသော သူဖြင်လျက်ကိုယ် မသိုမထားသော ဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ ရိတ်သည်ကို သင်သိသည် မှန်လျှင်၊ ၂၃ ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့်မအပ်သနည်း။ ထိုသို့ အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့် အတိုးကို ရနိုင်သည်ဟု မိန့်တော်မူပြီးသော်၊ ၂၄ အခြွေအရံတို့ အား၊ ငွေတပိဿာကို သူ့လက်မှနှုတ်ကြ။ အခွက်တဆယ်ရှိသောသူ အားပေးကြဟု မိန့်တော်မူ၏။ ၂၅ အခြွေအရံတို့ ကလည်း၊ သခင်၊ ထိုသူ၌ အခွက်တဆယ်ရှိပါ၏ဟု လျှောက်ကြလျှင်၊ ၂၆ ငါဆိုသည်ကား၊ အကြင်သူသည် ရတတ်၏၊ ထိုသူ အားပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကို ပင်နှုတ်လိမ့်မည်။ ၂၇ ထိုမှတပါးငါ၏ အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာ သတ်ကြဟု စီရင် တော်မူသည်ဟု မိန့်တော်မူ၏။” (လုကာ ၁၉:၁၁-၂ရ)

အထက်ပါ ဥပမာသည် မဿဲ ၂၅:၁၄-၃၀ ထဲမှဥပမာနှင့် ခပ်ဆင်ဆင် ဖြစ်သည်။ ဤဥပမာ၌ လူတဦး မဟုတ်ဘဲ၊ အမတ်တယောက်သည် မင်းကြီး အရာကို ခံဘို့ မိမိပြည်သို့ ပြန်သွားသည်ဟုဆိုသည်။ ထိုအမတ်သည် သခင်ယေရှု ပင် ဖြစ်သည်။ မိမိပြည်သည် ကောင်းကင် ဖြစ်သည်။ သူသည် လူ့ဇာတိခံခဲ့စဉ်ကဘုရင်အဖြစ် မွေးဘွားခဲ့သော်လည်း၊ သူ၏ လူများ ကလက်မခံသောကြောင့် မိမိပြည်သို့ ပြန်သွား၍၊ ရှင်ဘုရင်အဖြစ် ပြန်လာမှာ ဖြစ်သည်။ ပြည်သား အချို့တို့သည် ထိုအမတ်ကို မနာလို၍၊ ထိုသူ၏ အအုပ်အချုပ်ကို ငါတို့ မခံလိုပါဟု တမန်ကို သူ့နောက်သို့ စေလွှတ်သော သူတို့သည်၊ ဣသရေလ လူများ ဖြစ်သည်။ သူတို့ ကလက်မခံသော လည်း၊ ခရစ်တော်သည် ရှင်ဘုရင် ဖြစ်မှာ ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုကို မဆန့်ကျင် ကြဘို့ အရေးကြီးသည်။

အမတ်ကငယ်သား တကျိတ် (ဆယ်ယောက်)ကို ခေါ်၍ ငွေတပိဿစီအပ်ပေးသည်။ ထိုငယ်သား တို့သည် အမြတ်ရရှိဘို့ရန် ပြုလုပ် ကြဘို့ ဖြစ်သည်။ ပဌမ ငယ်သား ကကိုယ်တော် ပေးသော ငွေတပိဿာအားဖြင့် အခွက်တဆယ်အမြတ်ရပါပြီဟု လျှောက်လျှင်၊ သခင်က၊ သာဓု၊ ငယ်သား ကောင်း၊ သင်သည် အမှု ငယ်၌ သစ္စာ စောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုးလော့ဟုဆိုသည်။ ထိုငယ်သားသည် ခရစ်တော် ရှင်ဘုရင်အဖြစ် ပြန်လာ၍ အနှစ်တစ်ထောင်အုပ်စိုး သောအခါ၊ မြို့ဆယ်မြို့ကို အုပ်စိုးခွင့် ပေးမှာ ဖြစ်သည်။ ထို့နည်းတူ ဒုတိယလူလည်း အမြတ်ငါးပိသာရရှိသောကြောင့် မြို့ငါးမြို့အုပ်စိုးရသော အခွင့်ပေးမှာ ဖြစ်သည်။ ဤအရာအားဖြင့် ယနေ့ ယုံကြည်သူများ၏ လုပ်ဆောင်မှုသည် အချည်းနှီးမ ဖြစ်ကြောင်း၊ အနှစ်တစ်ထောင်ကာလ၌ မြို့အုပ်များ ဖြစ်မှာ ဖြစ်သောကြောင့်၊ ကြိုးစား၍ သခင်ဘုရား အတွက် အလုပ်လုပ်ဘို့ လိုအပ်သည်။ သင်သည် ထိုငယ်သား နှစ်ယောက်ကဲ့သို့ လုပ်ဆောင်သောသူ ဖြစ်ပါသလော။ အခြားသော ငယ်သားသည် အလုပ်မလုပ်ဘဲ၊ ကိုယ်တော်သည် ခဲယဉ်းသောသူ ဖြစ်သည် နှင့်၊ ကိုယ် မသိုမထားသော ဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ ရိတ်တတ်သည်ကို အ​ကျွန်ုပ်ထောက်၍ ကိုယ်တော်ကို ကြောက်ပါသည် စွပ်စွဲရဲသည်။ ပျင်းရိသော သူများသည် သူတပါးကို အပြစ် တင်တတ်သည်။ ယနေ့ ယုံကြည်သူ အများစုလည်း သခင်ဘုရား ခိုင်းသောအရာ ကို မလုပ်ချင်ဘဲ၊ လုပ်ခိုင်းသော သူတို့ကို အပြစ် မြင်တတ် ကြသည်။ သင်သည် ထိုငယ်သား ကဲ့သို့ဖြစ်နေပါသလား။

ဘုရားသခင်သည် ကြိုးစားသော သူကို သာ၍ ပေးကာ၊ ပျင်းရိသော သူကို ရှိသမျှ ပင် ယူ၍ ရှိသော သူကို ပေးတတ်ကြောင်း သခင်ယေရှု ကပြောသွားသည်။ ယခုခေတ် တွင် ဘုရားနှင့် ဆန့်ကျင် သောကြောင့် ပျင်းရိသော သူကို သနား၍၊ ကြိုးစားသော သူ၏ ဥစ္စာများကို လုယူကာပျင်းရိသော သူများကို ပေးဝေတတ်သည်။ ဆင်းရဲ သူတိုင်းသည် မပေးသင့်ချေ။ ကိုယ်လက်အင်္ါချို့တဲ့သောကြောင့် ဒုက္ခ ိတများကို ကူညီသင့်သော်လည်း၊ ကိုယ်လက်အင်္ါ ပြည့်စုံရက်သားနှင့် ပျင်းရိသော သူများကို မကူညီသင့်ချေ။ ယနေ့ ကမ္ဘာကို ပျက်စေသော သူများသည် ထိုပျင်းရိသော သူများကို သနားသော သူများ ဖြစ်သည်။ ထိုသူများက၊ လူ့အခွင့်အရေးဟူ၍ ၎င်း၊ လူမှု အဆင့်အတန်းခွဲခြားသည် ဟူ၍ ၎င်း၊ အမျိုးမျိုး နာမည်ပေး၍ အပြစ် မြင် ကြသည်။ ချမ်းသာသော သူများ ကဖိနှိပ်မှု များကိုမူတိုက်ဖျက်ရမှာ ဖြစ်သည်။ အနှစ်တစ်ထောင်ကာလ တွင်၊ ခရစ်တော်နှင့်အတူ မြို့ရွာများကို အုပ်ချုပ်သောသူ ဖြစ်ဘို့၊ ယခု ချီဆောင်ခြင်း မတိုင်မှီသခင်ဘုရား၏ စကား နားထောင်ပြီး သူခိုင်းသော အလုပ်ကို လုပ်ကြပါစို့။

^

Scroll to Top