Book: Rapture And Second Coming

Home   >   Bookstore    >   Rapture & Second Coming

Rapture-and-secondcoming

ချီဆောင်ခြင်း နှင့် ဒုတိယကြွလာခြင်း
ဆရာမောဇက်ထောင်ကျုံး
Copyright 2011-2024 © Moses R. Cung

စကားချီး

ခရစ်တော်ဒုတိယအကြိမ်ကြွလာမည့်အရာကို ပြောသောအခါ စိတ်မဝင်စားသောသူများစွာရှိသည်။ ထိုသူများသည် ခရစ်တော်နှင့်မဆိုင်သောကြောင့် ဖြစ်နိုင်သည်။ ကိုယ်နှင့်မဆိုင်သောသူရောက်လာမည့်အရာကို မည်သူမျှစိတ်မဝင်စားတတ်ချေ။ ထို့ကြောင့်ခရစ်တော်ကြွလာမည့်အရာကိုစိတ်မဝင်စား၊ စိတ်မလှုပ်ရှားလျှင် ခရစ်တော်နှင့်မဆိုင်သောကြောင့်ဖြစ်မည်။ အချို့သော ယုံကြည်သူများသည် ခရစ်တော်ကြွလာမည့်အရာကို ဂရုမစိုက်ခြင်းသည် ခရစ်တော်ထက် ချစ်သောအရာရှိနေသောကြောင့်ဖြစ်သည်။ ကိုယ့်ရည်းစား၊ ကိုယ့်ခင်ပွန်းရောက်လာမည့်အရာကို စိတ်မဝင်စား၊ စိတ်မလှုပ်ရှားသည်သာမက မကြားချင်လျှင်ထိုသူသည်မရိုးသားတော့ချေ။ အခြားချစ်သူရှိနေသောကြောင့်ဖြစ်သည်။ သို့ဖြစ်လျှင် ယုံကြည်သူများသည် ခရစ်တော်ထက် မည်သည့်အရာကို ချစ်နေကြသနည်း။ လောကအရာကို ချစ်နေကြသည်။ ထို့ကြောင့်ခရစ်တော်ကြွလာမည့်အရာကို လှစ်လှိုရှုနေကြခြင်းဖြစ်သည်။

ကိုယ့်ချစ်သူ၊ သို့မဟုတ် အရေးကြီးသောဧည့်သည် ရောက်လာဘို့ရန်ရှိသောအခါ ကြိုတင်ပြင်ဆင်မှုများပြုလုပ်တတ်ကြသည်။ စားသောက်စရာများ၊ အိပ်မည့်နေရာများမှစ၍ အိမ်သန့်ရှင်းရေးများ ပြုလုပ်တတ်ကြသည်။ ထို့နည်းတူ ခရစ်တော်ကြွလာခါနီးသောကြောင့် ယုံကြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများလုပ်သင့်သည်။ များစွာသောယုံကြည်သူများသည် ခရစ်တော်ကြွလာခါနီးကြောင်းပြော၍မည်ကဲ့သို့ပြင်ဆင်မည်နည်းဟု မေးသောအခါ ဆုတောင်းမည်ဟူ၍သာဖြေတတ်ကြသည်။ ထိုအရာကိုကြည့်ခြင်းအားဖြင့် မည်မျှစိတ်မဝင်စားကြောင်းသိနိုင်သည်။

ကယ်တင်ရှင်နှင့်အရှင်သခင် ခရစ်တော်ကြွလာတော့မည်ဖြစ်သောကြောင့် အသင့်ပြင်ဆင်နိုင်ရန် ဤစာကိုရေးရခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ သခင်ဘုရားကြွလာသောအခါ အရှက်တကွဲအကျိုးနဲမဖြစ်ဘဲ၊ သာဓုသစ္စာရှိသောငယ်သားကောင်းဟု အချီးအမွမ်းခံနိုင်ရန်မိတ်ဆွေ၏ အသက်တာကို ဘုရားသခင်တို့ထိပါစေသော်။

Rev. Moses R. Cung

                                    နိဒါန်းမှမေးခွန်းများ

၁။ အဘယ့်ကြောင့်များစွာသောသူများသည်ခရစ်တော်ဒုတိယအကြိမ်ကြွလာမည့်အရာကိုစိတ်မဝင်စားကြသနည်း။……………………..

၂။ ကိုယ်နှင့်မဆိုင်သောသူရောက်မည့်အရာကိုစိတ်ဝင်စားတတ်ပါသလား။…………………………..

၃။ အဘယ့်ကြောင့်ကိုယ်ခင်ပွန်းရီးစားရောက်မည့်အရာကိုစိတ်မဝင်စားသနည်း။…………………………………………….

၄။ ခရစ်တော်ထက်မည်သည့်အရာကိုချစ်နေကြသနည်း။…………………………………………

၅။ ကိုယ့်ချစ်သူရောက်လာမည့်အချိန်တွင်မည်သည့်အရာများပြင်ဆင်တတ်ကြသနည်း။……………………………………………..

၆။ ခရစ်တော်ကြွလာမည့်အရာအတွက်မည်ကဲ့သို့ပြင်ဆင်မည်နည်း။……………………………………

မာတိကာ

  1. သင်ခန်းစာ (၁) ချီဆောင်ခြင်းအလွန်နီးပြီ
  2. သင်ခန်းစာ (၂) မှားယွင်းသော ယူဆချက်များ
  3. သင်ခန်းစာ (၃) ဘုရားသခင်၏အချိန် ဇယား
  4. သင်ခန်းစာ (၄) ကာလများ
  5. သင်ခန်းစာ (၅) ခေတ်များ
  6. သင်ခန်းစာ (၆) ခရစ်တော်ပဌမကြွလာခြင်းမှဒုတိယကြွလာခြင်းအထိ
  7. သင်ခန်းစာ (ရ) ချီဆောင်ခြင်း
  8. သင်ခန်းစာ (၈) မည်ကဲ့သို့နေရမည်နည်း
  9. သင်ခန်းစာ (၉) ယုံကြည်သူများဆုပေးပွဲ
  10. သင်ခန်းစာ (၁၀) သရဖူငါးမျိုး
  11. သင်ခန်းစာ (၁၁) သိုးသငယ်၏မင်္လာဆောင်ပွဲ
  12. သင်ခန်းစာ (၁၂) ဘေးဒဏ်ကြီးကာလ
  13. သင်ခန်းစာ (၁၃) စစ်ပွဲများ
  14. သင်ခန်းစာ (၁၄) ၆၆၆ တံဆိပ်ခတ်မည်
  15. သင်ခန်းစာ (၁၅) ခရစ်တော်အတုများ
  16. သင်ခန်းစာ (၁၆) စစ်တိုက်မည်
  17. သင်ခန်းစာ (၁ရ) ငလျှင်လှုပ်မည်
  18. သင်ခန်းစာ (၁၈) မိစ္ဆာပရောဖက်များ
  19. သင်ခန်းစာ (၁၉) ဗိမာန်တော်ပြန်ဆောက်မည်
  20. သင်ခန်းစာ (၂၀) သင်္ဘောသဖန်းရွက်နုပေါက်မည်
  21. သင်ခန်းစာ (၂၁) ယေရုရှလင် အရှေ့ဘက်တံခါးပေါက်
    .

    ^


    သင်ခန်းစာ (၁)
    ချီဆောင်ခြင်းအလွန်နီးပြီ

    သန့်ရှင်းသူများ၏ချီဆောင်ခြင်းသည်အလွန်နီးပြီဖြစ်သည်။ မိတ်ဆွေ အသင့်ပြင်ဆင်ပြီးပြီလော။ ခရစ်တော်မကြာမှီကြွလာတော့မည်။ ဘုရားသခင်သည် လူများကိုသတိမပေးဘဲဘယ်သောအခါမျှအလုပ်မလုပ်ပါ။ ဘုရားသခင်ကိုယ်တော်တိုင်က၊ “အဦးမှစ၍အဆုံးတိုင်အောင်၎င်း၊ ရှေးကာလမှစ၍မဖြစ်သေးသောအမူအရာတို့ကို၎င်း၊ ဘော်ပြလျက်ငါ့အကြံတည်လိမ့်မည်။”(ဟေရှာယ ၄၆း၁၀) “အကယ် စင်စစ်အရှင်ထာဝရဘုရားသည်မိမိ​ကျွန်ပရောဖက်တို့အားမဘော်မပြဘဲအဘယ်အမှုကိုမျှစီရင်တော်မမူ။” (အာမုတ် ၃းရ)

    ကမ္ဘာကြီးရေလွှမ်းမိုးခြင်းအားဖြင့်တရားစီရင်မည့်အရာကိုဘုရား သခင်သည်နောဧအားဖြင့်နှစ်ပေါင်းများစွာသတိပေးခဲ့သည် (ကမ္ဘာဦး ၆)။ သို့သော်နားမထောင်သောကြောင့်ရေထဲ၌အသက်ဆုံးရှုံးခဲ့ကြသည်။

    အဲဂုတ္တုပြည်၌ခုနစ်နှစ်အစာခေါင်းပါးမည်အကြောင်းကိုလည်း၊ ဘုရားသခင်ကဖါရောဘုရင်ကိုအိပ်မက်အားဖြင့်ဖေါ်ပြခဲ့ပြီး၊ ယောသပ်အားဖြင့်အနက်ဖွင့်ပေးခဲ့သည်။ ဖါရောဘုရင်သည်ဘုရားသခင် ၏သတိပေးခြင်းကိုလက်ခံသောကြောင့်ယောသပ်ကိုသူ့လက် အောက်၌အကြီးဆုံးရာထူးပေး၍ပြင်ဆင်စေခြင်းအားဖြင့်နားထောင်ခဲ့သည်။ ထို့ကြောင့်အစာခေါင်းပါးသောအခါပျက်စီးခြင်းမှကင်း လွတ်ခဲ့သည်။

    တဖန်အဲဂုတ္တုပြည်၌ကပ်ဆိုက်ရောက်မည့်အရာကို၊ မောရှေနှင့်အာရုန်အားဖြင့်သတိပေးခဲ့သည်။ သို့သော်ဖါရောဘုရင်ကမယုံကြည်ဂရုမစိုက်ခဲ့ချေ (ထွက်မြောက်ရာ ရ မှ ၁၂)။ ထို့ကြောင့်ဘုရားသခင်ကအဲဂုတ္တုပြည်ကိုကပ် ၁၀ မျိုးဖြင့်ဒဏ်ခတ်ခြင်းအားဖြင့်ဖျက်ဆီးခဲ့ရသည်။

    နိနေဝေမြို့ကြီးအပြစ်ကြီး၍တရားစီရင်မည့်အရာကိုဘုရားသခင်ကယောနအားဖြင့်သတိပေးခဲ့သည်။ ထိုမြို့သူမြို့သားတို့သည်ဘုရား သခင်၏သတိပေးခြင်းကိုယုံကြည်၍၊ အစာရှောင်ဆုတောင်းကြသောကြောင့်ဘုရားသခင်၏တရားစီရင်ခြင်းမှလွတ်ခဲ့ဘူးသည် (ယောန ၃)။

    သောဒုံနှင့်ဂေါမောရမြို့ကို၊ ကန့်မီးနှင့်တရားစီရင်သောအခါ၌လည်း ကောင်းကင်တမန်များကိုယ်တိုင်ဆင်း၍၊ သတိပေးခဲ့သော်လည်းမယုံကြည်ကြသောကြောင့်၊ တရားစီရင်ခြင်းခံခဲ့ကြရသည် (ကမ္ဘာဦး ၁၉)။ ထို့ကြောင့်ဘုရားသခင်သည်အပြစ်သားများကိုတရားစီရင်သောအခါ၊ သတိမပေးဘဲစီရင်လေ့မရှိချေ။

    ခရစ်တော်ဒုတိယအကြိမ်ကြွလာမည့်အရာကို၊ သူကိုယ်တိုင်ကပြောခဲ့၍၊ အခြားသောကျမ်းစာရေးသောသူများကလည်းရေးသားခဲ့သည်။ သို့သော်လူသားများသည်၊ ဘုရားသခင်နှင့်သူ၏တန်ခိုးကိုမယုံကြည်သောအခါ၊ ခရစ်တော်၏ဒုတိယကြွလာမည့်အရာကိုလည်းမယုံ ကြည်ကြချေ။ ထို့ကြောင့်တမန်တော်ရှင်ပေတရုက၊ “ရှေ့ဦးစွာသိမှတ်အပ်သောအရာဟူမူကား၊ နောက်ဆုံးသောကာလ၌ ပြက် ယယ်ပြုတတ်သောသူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေ၍၊ သခင်ဘုရားကြွလာမည်ဟူသောဂတိတော်သည်၊ အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာ တို့ကိုဖန်ဆင်းစကဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွပေါ်လာကြလိမ့်မည်။” (၂ ပေ ၃:၃-၄) ဟုကြိုတင်ရေး ထားခဲ့သည်။

    ဆက်လက်၍ပေတရုက၊ “ချစ်သူတို့၊ ထာဝရဘုရားမှာကာလတရက်သည်၊ အနှစ်တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည်တရက်ကဲ့သို့ဖြစ်သည်အရာတခုကိုမမေ့လျော့ကြနှင့်။ လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည်ဂတိတော်အရာမှာနှေးတော်မမူ။ ငါတို့တွင်အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည်နောင် တရစေခြင်းငှါအလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏။ သူခိုးသည်ညအခါလာသကဲ့သို့၊ ထာဝရဘုရား၏နေ့ရက်သည်လာလိမ့်မည်။ ထိုနေ့၌မိုးကောင်းကင်သည်ကြီးစွာသောအသံနှင့်တကွပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည်ပူအားကြီး၍ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာပြုလုပ်သမျှသောအရာတို့သည်ကျွမ်းလောင်ကြလိမ့်မည်။ သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့ သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုးကောင်းကင်သည်မီးနှင့်ပျက်၍၊ လောကဓာတ်တို့သည်ပူအားကြီးလျက်၊ အရည်ကျိုခြင်းကိုခံရသောနေ့တည်းဟူသော၊ ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည်မြော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။ ယခုရှိသမျှ​သောအရာတို့သည်ပျက်သော်လည်း၊ ​ဖြောင့်မတ်ခြင်းတရားတည်နေရာမိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုငါတို့သည်ဂတိတော်နှင့်အညီမြော်လင့်ကြ၏။” ဟုရေးထားသည် (၂ ပေ ၃း၈-၁၃)။

    ရှင်ပေတရုရေးထားသည်အတိုင်းဘုရားသခင်သည်၊ အဘယ်သူမျှမပျက်စီးစေချင်သောကြောင့်၊ ယခုတိုင်အောင်စောင့်ရခြင်းဖြစ်သည်။ ဤလောကဓါတ်ရှိသမျှတို့သည်အားလုံးပျက်စီးမည်ဖြစ်သောကြောင့်၊ ထိုအရာများကိုစွဲလမ်းခြင်းမရှိသင့်ချေ။ ရှင်ပေတရုပြောသည့်အတိုင်း၊ ဘုရားသခင်၏နေ့ရောက်လိမ့်မည်၊ ဟုငါတို့သည်မြော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ စောင့်မြော်သင့်သည်။ မသိသေးသောသူများကိုသတိပေးသင့်သည်။ ပျက်စီးတော့မည့်အရာများအတွက်အချိန်မပေးသင့်ပါ။ ထိုသို့ဆိုသောအခါအလုပ်မလုပ်ရ၊ ကျောင်းမတက်ရ၊ ဟုဆိုလိုခြင်းမဟုတ်ပါ။ ကိုယ့်ချစ်သူသို့မဟုတ်အရေးကြီးသောပုဂ္ဂိုလ်ကိုယ့်ထံသို့ရောက်ခါနီးတွင်မည်ကဲ့သို့ရှိကြသနည်း။ ကိုယ့်ကိုကိုယ်၎င်း၊ အိမ်ကို၎င်း၊ သန့်ရှင်းစေ၍လိုအပ်သည်များကိုပြင်ဆင်တတ်ကြသည်မဟုတ်လော။ ထိုနည်းတူသခင်ခရစ်တော်ကြွလာမည့်အရာကိုစိတ်လှူပ်ရှား၍၊ ကြိုတင်ပြင်ဆင်စရာများကိုပြင်ဆင်လျက်အသင့်စောင့်နေသင့်သည်။                              

    သင်ခန်းစာ (၁) မေးခွန်းများ

    ၁။ ဘုရားသခင်သည်လူများကိုကြိုတင်အသိမပေးဘဲအလုပ်လုပ်တတ်ပါသလော။ ……………………..

    ၂။ ဟေရှာယ ၄၆း၁၀ တွင်ဘုရားသခင်ကဘယ်အချိန်မှဘယ်အချိန်အထိဘော်ပြသနည်း။………………………….

    ၃။ ကမ္ဘာကြီးရေလွှမ်းမိုးမည့်အရာကိုဘုရားသခင်သည်ဘယ်သူအားဖြင့်သတိပေးခဲ့သနည်း။……………………သူတို့ယုံကြည်ပါသလော။……………..

    ၄။ ဖါရောဘုရင်သည်ဘုရားပြောသောအရာကိုယုံကြည်ပါသလော။ ……………..မည်ကဲ့သို့ယုံကြည်သည်ဟုဆိုနိုင်သနည်း။…………………

    ၅။ မောရှေနှင့်အာရုန်သတိပေးသောအရာများကိုအဲဂုတ္တုလူများယုံကြည်ပါသလော။………………မည်ကဲ့သို့ဖြစ်ကြသနည်း။ ………… ………

    ၆။ နိနေဝေမြို့သားများသည်ဘုရားသတိပေးသောအရာကိုမည်ကဲ့သို့တုံ့ပြန်ကြသနည်း။…………………………….

    ရ။ သောဒုံမြို့ကိုမည်သူတို့ကသတိပေးဘို့လာသနည်း။ …………… …..ယုံကြည်ကြပါသလော။……………………………..

    ၈။ ခရစ်တော်ဒုတိယအကြိမ်ကြွလာမည့်အရာကိုမည်သူတို့ကပြောသနည်း။……………………………………………..

    ၉။ အဘယ်ကြောင့်ခရစ်တော်ကြွလာမည့်အရာကိုပြက်ယယ်ပြုကြသနည်း။………………………..

    ၁၀။ ဘုရားသခင်သည်အဘယ်ကြောင့်ငါတို့ကိုသည်းခံတော်မူသနည်း။………………………………………….

    ၁၁။ ပေတရုကကောင်းကင်နှင့်မြေကြီးမည်ကဲ့သို့ဖြစ်မည်ဟုဆိုသနည်း။…………………………………………………

    ၁၂။ ဤလောကပျက်စီးမည်ဖြစ်သောကြောင့်မည်ကဲ့သို့နေသင့်သနည်း။…………………………………………………

    ၁၃။ ငါတို့သည်မည်သည့်အရာကိုမြော်လင့်ကြသနည်း။………… …………………

    ၁၄။ သခင်ယေရှုကြွလာမည့်အရာကိုသင်မည်ကဲ့သို့ပြင်ဆင်မည်နည်း။…………………………………

    ^

                      သင်ခန်းစာ (၂)

                     မှားယွင်းသောယူဆချက်များ

    သခင်ယေရှုကြွလာခြင်းနှင့်ပတ်သက်၍အမျိုးမျိုးယူဆချက်များရှိကြသည်။ ထိုယူဆချက်များမှာ၊

    ၁။ ပင်တေကုတ္တေနေ့၌ကြွရောက်ခဲ့ပြီ

    ပင်တေကုတ္တေနေ့၌သခင်ယေရှုကြွလာခဲ့ပြီ၊ ဟုယူဆသောသူများရှိသည်။ ထိုသူများအတွက်သခင်ယေရှုကြွလာမည့်အရာကိုမျှော်လင့်စရာမရှိ။ သို့သော်ပင်တေကုတ္တေနေ့၌သခင်ယေရှုကြွလာခြင်းသည်မဖြစ်နိုင်ပါ။ အကြောင်းမူကားထိုနေ့၌သခင်ယေရှုကြွလာခြင်းမဟုတ်ဘဲ၊ သခင်ယေရှုကပြောထားနှင့်သည့်အတိုင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကြွရောက်လာခြင်းသာဖြစ်သည်။

    ၂။ လူတယောက်ယုံကြည်လာသောအခါ
    လူတယောက်သခင်ယေရှုကိုယုံကြည်သောအခါသူ့အတွက်သခင်ယေရှုကြွရောက်သည်၊ ဟုယူဆသောသူများလည်းရှိကြသည်။ သို့သော်လူတယောက်ယုံကြည်ခြင်းသည်၊ သခင်ယေရှုကြွရောက် လာခြင်းမဟုတ်ဘဲ၊ အပြစ်သားသည်သခင်ယေရှုထံသို့ချဉ်းကပ်ခြင်းသာလျှင်ဖြစ်သည်။

    ၃။ လူများသေသောအခါ
    လူတယောက်သေဆုံးသောအခါ၊ သူ့အတွက်သခင်ယေရှုကြွရောက်ခြင်းဖြစ်သည်၊ ဟုအများသောသူများယူဆတတ်ကြသည်။ သို့သော်ထိုယူဆချက်သည်မမှန်နိုင်ပါ။ အကြောင်းမူကားလူများသေသောခါ ယုံကြည်သူဖြစ်လျှင်သခင်ယေရှုရှိသောနေရာ၊ ကောင်းကင်သို့သွားခြင်းဖြစ်၍၊ မယုံကြည်သူဖြစ်လျှင်ငရဲသို့သွားခြင်းဖြစ်သည်။ ကမ္ဘာပေါ်၌နေ့တိုင်းလူမြောက်များစွာသေလျက်ရှိသောကြောင့်၊ သခင်ယေရှုသည်အဆက်မပြတ်လူသေများထံသို့သွားဘို့လိုလိမ့်မည်။ ထိုအရာသည်မဖြစ်နိုင်ပါ။

    ၄။ ယေရုရှလင်မြို့ပျက်စီးသောအခါ

    အေဒီ ရ၀ ၌ယေရုရှလင်မြို့ပျက်စီးသောအခါ၊ သခင်ယေရှုကြွရောက်ခဲ့ပြီ၊ ဟုယုံကြည်သူလည်းရှိသည်။ ထိုယူဆချက်လည်းမမှန် နိုင်ပါ။ အကြောင်းမှာသခင်ယေရှုကြွလာသောအခါ၊ ယေရုရှလင်မြို့ကိုအုပ်ချုပ်ဘို့ရန်ကြွလာမည်ဖြစ်သည်။

    ၅။ ခရစ်ယာန်များပြန့်နှံ့ခြင်း
    ခရစ်ယာန်များပြန့်နှံ့သောအခါသခင်ယေရှုကြွရောက်ပြီ၊ ဟုဆိုသောသူလည်းရှိသည်။ ခရစ်ယာန်များပြန့်နှံ့ခြင်းသည်တဖြည်းဖြည်းဖြစ် ၍၊ သခင်ခရစ်တော်ကြွလာခြင်းသည်တကြိမ်သာလျှင်ဖြစ်မည်။ ထို့ကြောင့်အထက်ပါယူဆချက်များသည်တခုမျှမမှန်ပါ။

    .

    သင်ခန်းစာ (၂) မေးခွန်းများ

    ၁။ ပင်တေကုတ္တေနေ့၌သခင်ယေရှုကြွလာခဲ့သလော။.........................

    ၂။ ပင်တေကုတ္တေနေ့၌မည်သူကြွလာခဲ့သနည်း။……………………….

    ၃။ လူတယောက်ယုံကြည်လာသောအခါသခင်ယေရှုကြွလာသလော။…………………..

    ၄။ လူသေသောအခါသူ့အတွက်သခင်ယေရှုကြွလာပြီဟူသောအရာမှန်ပါသလော။………….အဘယ်ကြောင့်နည်း။…………………….

    ၅။ ယေရုရှလင်မြို့ပျက်သောအခါသခင်ယေရှုကြွလာပြီလော။………………….အဘယ်ကြောင့်နည်း။…………

    သင်ခန်းစာ (၃)

    ဘုရားသခင်၏အချိန်ဇယား

    (God's Time Table)

    ဤလောကကိုဘုရားသခင်ကဖန်ဆင်း၍သူ၏အစီအစဉ်အတိုင်းသွားနေသည်။ ဤကမ္ဘာကြီးသည်အစရှိသကဲ့သို့အဆုံးလည်းရှိကြောင်းကိုဖန်ဆင်းရှင်ထာဝရဘုရားကကျမ်းစာထဲတွင်ဖေါ်ပြထားသည်။ သို့သော်လူသားများကကျမ်းစာမဖတ်၊ စိတ်မဝင်စားကြသောအခါ မသိနားမလည်နိုင်ကြ။ ဘုရားသခင်သည် သူ၏အစီအစဉ်များကိုမဖေါ်မပြဘဲမနေ။ ကမ္ဘာဦးမှစ၍နောက်ဆုံးအထိဖေါ်ပြပြီးသောအရာများကို လေ့လာကြစို့။

    .

    ^

    သင်ခန်းစာ (၄)

    ကာလများ (Ages)

    ဤကမ္ဘာလောကကြီးကိုကာလအားဖြင့်သုံးကာလအဖြစ်ပိုင်း၍ရသည်။ ကာလပြောင်းလျှင်လူ့သက်တမ်းလည်းပြောင်းတတ်သည်။ ထိုကာလများမှာရေမလွမ်းမိုးမှီကာလ၊ ယခုနေ့ရက်ကာလနှင့် အနှစ်တစ်ထောင်ကာလတို့ဖြစ်သည်။

    ရေမလွှမ်းမိုးမှီကာလ (Antediluvian Age)
    ကမ္ဘာဦးမှစ၍ နောဧလက်ထက်ရေလွှမ်းမိုးသည်အထိကို ရေမလွှမ်းမိုးမှီကာလ (Antediluvian Age)ဟုခေါ်သည်။ ထိုကာလ၌လူ့သက်တမ်းသည်အနှစ် ၉၀၀ ကျော်ရှိကြသည်။ အာဒံသည်အသက် ၉၃၀ နှစ်၊ မသုရှေလ ၉၆၉ နှစ်၊ နောဧ ၉၅၀ နှစ်အသက်ရှင်သည် (ကမ္ဘာဦး ၅)။ ထိုကာလ၌လူများသည် ယခုခေတ်ကဲ့သို့ခြိုချာမည်မဟုတ်။ ကျန်းမာကြသောကြောင့်အသက် ၉၀၀ ကျော်အသက်ရှင်နိုင်ကြခြင်းဖြစ်မည်။ သို့သော်ထိုကာလရှိလူများသည်ဆိုးသွမ်းကြသောကြောင့် ရေလွှမ်းမိုးခြင်းဖြင့် သုတ်သင်ပယ်ရှင်းခြင်းခံရကြသည်။ နောဧနှင့်မိသားစု ၈ ဦးသာရေလွှမ်းမိုးခြင်းမှ ကင်းလွတ်ခဲ့ကြသည်။

    ယခုနေ့ရက်ကာလ (Present Age)
    နောဧခေတ်ရေလွှမ်းမိုးခြင်းမှ ခရစ်တော် ဒုတိယအကြိမ် ကြ လာမည့်အချိန် အထိကို ယခုနေ့ရက်ကာလ (present age)ဟု ခေါ်သည်။ ​ကျွန်ပ်တို့သည် ယခုနေ့ရက်ကာလ၌ ရှိနေကြသည်။ ရှင်ပေါလုက၊ “ယခုနေ့ရက်ကာလ တို့သည် ဆိုးယုတ်သောကြောင့် ကာလ အချိန်ကို ရွေးနှုတ်ကြလော့။ ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော် ရှိရာကို ပိုင်းခြား၍ သိသောသူ ဖြစ်ကြလော။ (ဧ ၅:၁၆-၁ရ) ဟုဆိုရာတွင် ဤကာလကို ဆိုလိုသည်။ ယခုနေ့ရက် ကာလသည် အဘယ်ကြောင့်ဆိုးယုတ်သည် ဟုဆိုသနည်းဟူမူကား လူ့ သက်တမ်းသည် အလွန် တိုတောင်းသည်။ ယခုနေ့ရက်ကာလတွင် လူ့ သက်တမ်းသည် အနှစ် ရဝ သာရှိသည်။ မောရှေက၊ “အ​ကျွန်ုပ်တို့၏ အသက် အရွယ်သည် အနှစ် ခုနစ်ဆယ်အတိုင်း အရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း ဝါကြားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အ​ကျွန်ုပ် တို့သည် စုတေ့ကြပါ၏။” (ဆာ ၉၀:၁၀) ဟုဆိုခဲ့သည်။

    နောဧနှင့် မဝေးလှသော အဗြာဟံသည် အသက် ၁ရ ၅ နှစ်သာ အသက်ရှင်တော့သည် (ကမ္ဘာ ၂၅:ရ)။ ဣဇက်သည် အသက် ၁၈၀ နှစ်ရှိသော်သေလေ၏ (ကမ္ဘာ ၃၅:၂၈)။ ယာကုပ်သည် အသက် ၁၄ရ နှစ်တွင်သေလေ၏ (ကမ္ဘာ ၄ရး၂၈)။ မောရှေသည်အနှစ် ၁၂၀သာ အသက်ရှင်ခဲ့သည် ( တရားဟော ၃၄:ရ)။ လူ့သက်တမ်းသည်အလျှင်အမြန်လျော့နည်းသွားသည်။ ယခုခေတ်တွင်လူ့သက်တမ်းသည်အနှစ် ရဝ မှ ၈၀ ဟုဆိုသော်လည်း မြန်မာပြည်သားများသည်အနှစ် ၅၀ မှ ၆၀ သာအသက်ရှင်ကြသည်။ ထိုကဲ့သို့လူ့သက်တမ်းတိုတောင်းသည်သာမက လူ့အသက်တာ၌ကျန်းမားရေးအားဖြင့်ဖြစ်စေ၊ စားဝတ်နေရေးအားဖြင့်ဖြစ်စေ၊ လူမှုရေးအားဖြင့်ဖြစ်စေ၊ ပြသနာများလွန်းသောကြောင့် ယခုနေ့ရက်ကာလတို့သည်ဆိုးယုတ်သည်ဟုဆိုရခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဆိုးယုတ်သောကာလ၌ လူသည်အသက်ရှည်ချင် ကြသည်။ သို့သော်ဘုရားသခင်က လူသားများကို အသက်မရှည်စေဘဲ တိုတောင်းစေခြင်းသည်ကောင်းကင်တက်မည့်သူများအတွက် ပို၍ကောင်းသည်။ ငရဲဆင်းမည့်သူများအတွက်မူ ဤလောက၌ အသက်ပိုရှည်လျှင် သာ၍ကောင်းသည်။ အကြောင်းမှာ ငရဲသည်ဤလောကထက်နှိုင်းဆ၍မရအောင် အလွန်ခက်ခဲသောနေရာဖြစ်သည်။ ထိုကြောင့်တိုတောင်းလှသောဤလောက အသက်တာအတွင်း၌ ဘုရားသခင်၏အလိုတော်ကိုသာရှာသင့်သည်။

    အနှစ်တစ်ထောင်ကာလ (​Millennial age)
    ခရစ်တော်ဒုတိယအကြိမ် ဤလောကသို့ကြွရောက်လာ၍ အနှစ်တစ်ထောင်အုပ်စိုးမည်ဖြစ်သည်။ ထိုအချိန်ကိုအနှစ်တစ်ထောင်ကာလ (​Millennial age)ဟုခေါ်သည်။ ထိုအချိန်၌လူ့သက်တမ်းသည် အနှစ် ၁၀၀၀ အထိပြန်လည်ရှည်မည်ဖြစ်သည်။ ကျမ်းစာက “ထိုမြို့၌အ သက် ငယ်သောသူငယ်မရှိရ၊၊ အသက်မပြည့်စုံသောလူအိုလည်းမရှိရ၊၊ အသက်တရာရှိလျက်သေသောသူကို သူငယ်ဟူ၍မှတ်ရ၏၊၊ အပြစ်ရှိသောသူသည် အသက်တရာရှိလျက်သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍မှတ်ရ၏၊၊ ” ဟုဆိုထားသည် (ဟေရှာ ၆၅:၂၀)။ ထိုကာလ၌ အသက် ၁၀၀ ရှိသောသူကို သူငယ်ဟုမှတ်ရသည်ဟုဆို သောကြောင့် အသက်ကြီးသောသူသည် အနှစ် ၁၀၀၀ အထိရှည်မည် ဖြစ်သည်။ ထိုကာလ၌အစာရေစာပေါများ၍ တိရစ္ဆာန်များလည်း အသားမစားဘဲ မြက်ကိုသာစားမည့်အကြောင်းဟေရှာယ ၆၅:၂၅ ၌ ဤသို့တွေ့ရသည်၊ “တောခွေးနှင့်သိုးသငယ်တို့သည်အတူ ကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့မြက်ကိုစားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာစားရလိမ့်မည်။ ငါ၏သန့်ရှင်းသောတောင်တပြင်လုံး၌ အချင်းချင်းညှင်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။”

    အနှစ်တထောင်ကာလ၌ ခရစ်တော်ကိုယ်တော်တိုင်ဤလောကကို အုပ်စိုးသောကြောင့်ဤလောကသည် ယခုကာလကဲ့သို့ဆိုးသွမ်းမည် မဟုတ်။ စစ်သားနှင့်ရဲများ၊ ထောင်များလည်းရှိတော့မည်မဟုတ်။ ကျမ်းစာက၊ “နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော် တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ မြှောက်၍တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကိုပြသသွန်သင်တော်မူ၍၊ ငါတို့သည်ခြေတော်ရာသို့လိုက်သွားကြမည်၊ ဟုခရီးသွားလျက်ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ် ထွက်လိမ့်မည်။ ထာဝရဘုရားသည် လူမျိုးတို့တွင်တရားစီရင်၍ များပြားသောလူတို့ကိုဆုံးမတော်မူသဖြင့် သူတို့ဓါးလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ၎င်း၊ လှံများကိုတံစဉ်ဖြစ်စေခြင်းငှါ၎င်း၊ ထုလုပ်ကြလိမ့်မည်။ တပြည်ကိုတပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်းနောက်တဖန်မသင်ရကြ။” ဟုဆိုသည် (ဟေရှယ ၂:၂-၄)။

    .

    ^

    ခေတ်များ (Dispensations)

    ကာလများကိုခေတ်များဖြင့်ထပ်မံပိုင်းခြားနိုင်သည်။ ကာလသုံးခုကို ခေတ်ခုနှစ်ခေတ်ဖြင့်ပိုင်းခြားနိုင်သည်။ ရေမလွှမ်းမိုးမှီကာလကိုဧဒင်ခေတ်နှင့်ရေမလွှမ်းမိုးမှီခေတ်ဟုနှစ်ပိုင်းပိုင်းနိုင်သည်။

    ဧဒင်ခေတ် (Edenic dispensation)
    ဧဒင်ခေတ် (သို့) အပြစ်ကင်းမဲ့သောခေတ်သည် ဖန်ဆင်းခြင်းမှအာဒံ နှင့်ဧဝအပြစ်ကျူးလွန်သည်အထိသာဖြစ်၍ မည်မျှကြာသည်ကိုမသိရချေ။ ဘုရားသခင်ကလူသားများဖန်ဆင်းခြင်း၏ရည်ရွယ်ချက်သည်ထိုခေတ်၌တွေ့ရသည်။ လူသည်အပြစ်ကင်း၍ ဘုရားသခင်နှင့်မိဿ ဟာယဖွဲ့နိင်သည်။ သေခြင်း၊ နာခြင်း၊ အိုခြင်းမရှိ၊ အလုပ်လုပ်စရာ ပင်မလို၊ အစစအရာရာကောင်းမွန်သည်။ လူသည်ဘုရား၏ဘုန်း တော်နှင့်ပတ်စည်းသောကြောင့် အဝတ်ဝတ်စရာပင်မလိုချေ။ ထိုခေတ်သည်အကောင်းဆုံးသောခေတ်ဖြစ်သည်။ သို့သော်စာတန်၏ သွေးဆောင်မှုကိုနာခံသောကြောင့် လူသည်ဘုရားစကားကိုနားမထောင်ဘဲအပြစ်သို့လဲကျသွားခဲ့သည်။ ထိုအချိန်မှစ၍ လူသည် ဘုရားသခင်နှင့်အဆက်အသွယ်ပြတ်၍ ဝိညာဉ်ပိုင်း၌သေကာစိတ်နှလုံးလည်းယိုယွင်းပျက်စီးသွားသည်။ ကိုယ်ခန္ဓာလည်း အနာရောဂါကျရောက်၍နောက်ဆုံး၌သေရသည်။ (ကမ္ဘာ ၁-၃)

    ရေမလွှမ်းမိုးမှီခေတ် (Antediluvian dispensation)
    ဤခေတ်သည် လူသားများအပြစ်လုပ်ချိန်မှစ၍ ရေလွှမ်းမိုးသည်အထိကိုဆိုလိုသည်။ ဤခေတ်၌လူသည်အပြစ်ကြောင့်ဘုရားသခင်  နှင့်အဆက်အသွယ်ပြတ်၍ ဘုရားဘုန်းတော်နှင့်ပတ်ရစ်ခြင်းမရှိတော့ချေ။ အပြစ်ကြောင့်သေခြင်း၊ နာခြင်း၊ ဒုက္ခမျိုးစုံတွေ့ရသည်။ အလုပ်လုပ်မှအစာစားရသည်။ ဤခေတ်၌စိုက်ပျိုးရေး၊ မွေးမြိုရေး၊ တူရိယာများတီးခြင်းအစပြုကြသည်။ ဤခေတ်လူသားများသည် အလွန်ဆိုးသွမ်းကြသောကြောင့် ဘုရားသခင်ကရေလွှမ်းမိုးစေခြင်းဖြင့် အဆုံးသတ်စေသည်။ နောဧနှင့်မိသားစု ၈ ယောက်သာလျှင် အသက်ချမ်းသာရာရကြသည်။ ယနေ့ကမ္ဘာပေါ်ရှိလူသားတိုင်းသည် နောဧနှင့်သားများမှဆင်းသက်သူများဖြစ်ကြသည် (ကမ္ဘာ ၃-ရ)။

    ယခုနေ့ရက်ကာလကို ခေတ်လေးခေတ်ဖြင့် ပိုင်းခြားနိုင်သည်။၎င်းတို့ မှာရေလွှမ်းမိုးပြီးခေတ်၊ ဘိုးဘေးများခေတ်၊ ပညတ်တော်ခေတ်နှင့် အသင်းတော်ခေတ်တို့ဖြစ်သည်။

    ရေလွှမ်းမိုးပြီးခေတ် (Post Diluvian Dispensation)
    ရေလွှမ်းမိုးပြီးခေတ်သည် ရေလွှမ်းမိုးပြီးမှဘိုးဘေးများခေတ်ကာလ တိုင်အောင်ဖြစ်သည်။ ဤခေတ်သည်နောဧမှအာဗြဟံကို ဘုရား သခင်ကရွေးကောက်သောအချိန်စပ်ကြားကာလဖြစ်သည်။ နောဧနှင့်သားများသည် ဘုရားသခင်ကိုယုံကြည်ကြသောကြောင့် ရေလွှမ်းမိုးခြင်းမှလွတ်ခဲ့သည်။ သို့သော်သူတို့၏သားစဉ်မြေးဆက်များသည် အလျှင်အမြန်ရုပ်တုကိုးကွယ်သောသူများဖြစ်သွားကြသည်။ မည်ကဲ့သို့ထိုသို့ဖြစ်နိုင်သနည်းဟုအံ့ဩပေလိမ့်မည်။ သင်းအုပ်ဆရာ သားသမီးများပင်လျှင်မယုံကြည်သူများဖြစ်နိုင်သည်မဟုတ်လော။ ထိုခေတ်လူများသည်ဘုရားမသိဘဲ မိမိတို့ကျော်စောဘို့အတွက်ဗာဗုလုန်ရဲတိုက်ဆောက်ကြသောကြောင့် ဘုရားသခင်ကစကားကွဲစေ၍ စုပေါင်းနေထိုင်၍မရဘဲ အရပ်ရပ်သို့ကွဲသွားခြင်းအားဖြင့်အဆုံးသပ်ခဲ့သည်။ (ကမ္ဘာ ရ-၁၁)

    ဘိုးဘေးများခေတ် (Patriachal dispensation)
    ဘုရားသခင်ကအာဗြဟံကိုရွေးကောက်သောအချိန်မှစ၍ ဘိုးဘေးများခေတ်စကာ မောရှေအားဖြင့်ပညတ်တော်ပေးချိန်အထိဖြစ် သည်။ ထိုခေတ်၌ဘုရားသခင်ကိုးကွယ်သောသူသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်နှင့်ယာကုပ်၏သားစဉ်မြေဆက်များသာလျှင်ဖြစ် သည်။ သူတို့သည်ခါနန်ပြည်၌အစာခေါင်းပါးသောကြောင့် အဲဂုတ္တု ပြည်သို့ပြောင်းရွှေ့သွားကြသည်။ နောက်ပိုင်း၌အဲဂုတ္တုကျွန်ခံသောကြောင့် ဘုရားသခင်ထံအော်ဟစ်၍ ဘုရားသခင်ကမောရှေအားဖြင့် ကယ်နှုတ်ခဲ့ရသည်။ (ကမ္ဘာ ၁၂-၅၀)

    ပညတ်တော်ခေတ် (Legal Dispensation)
    ပညတ်တော်ခေတ်သည် မောရှေထံပညတ်တော်ပေးသောအချိန် မှစ၍ ခရစ်တော်အသေခံသည်အထိကာလဖြစ်သည်။ ဘုရားသခင်သည် မောရှေအားဖြင့်ဣသရေလလူများကို၊ သိနာတောင်​ခြေ၌ ပညတ်တော်ပေးခဲ့သည်။ ထိုပညတ်တော်များသည်၊ ဝတ်ပြုခြင်း ဆိုင်ရာပညတ်တော်၊ အုပ်ချုပ်ရေးဆိုင်ရာပညတ်တော်၊ ကိုယ်ကျင့်ပိုင်းဆိုင်ရာပညတ်တော်၊ စားသောက်ခြင်းဆိုင်ရာပညတ်တော်များဖြစ်သည်။ ထိုအချိန်မှစ၍ဘုရားကိုးကွယ်သောအခါ၌လည်း၊ စံနစ်တ ကျဘုရားအလိုတော်အတိုင်းကိုးကွယ်ရသည်။ သို့သော်ဣသရေလ လူများသည် ဘုရားသခင်ကိုပညတ်တော်အတိုင်းမကိုးကွယ်ဘဲ ရုပ် တုများကိုသာလျှင်ကိုးကွယ်ကြသောကြောင့် နှစ်နိင်ငံကွဲသွားခဲ့သည်။ မြောက်ဖက်နိင်ငံကိုဣသရေလဟူ၍၎င်း၊ တောင်ဖက်နိင်ငံကိုယုဒဟူ၍၎င်းခေါ်သည်။

    ဣသရေလ နိင်ငံသည် အစမှစ၍ ရုပ်တုများကိုသာ ကိုးကွယ် သောကြောင့် အာရှုရိလက်၌၎င်း၊ တောင်ဖက်နိင်ငံယုဒသည်လည်း ဗာဗုလုန်လက်၌၎င်း၊ ဘုရားသခင်က အပ်နှံလိုက်သည်။ ထို့ကြောင့် နှစ်နိင်ငံစလုံး​ကျွန်ခံခဲ့ရသည်။ သို့သော် ယုဒလူများကို ပြန်လည်၍ မိမိတို့ နိင်ငံသို့ ပြန်လာခွင့်ပေးခဲ့သည်။ ထိုသို့ ပြန်လာသော သူတို့သည် ရုပ်တုမကိုးကွယ်တော့ဘဲ ဘုရားသခင်၌ အလွန် စိတ်အားကြီး ကြသည်။ သို့သော် မှန်သော နည်းဖြင့် မဟုတ်၊ မှားသော နည်းဖြင့် စိတ်အားကြီး သောကြောင့် ဘုရားသခင်၏ အလိုတော်ကို မသိကြ။ ထို့ကြောင့် သူတို့၏ ကယ်တင်ရှင်ကို ပင် နားမလည်ဘဲ လက်ဝါးကပ်တိုင်၌ ရိုက်သတ် ခဲ့ ကြသည်။ ထိုသို့ ခရစ်တော်ကို ရိုက်သတ်ခြင်းအားဖြင့် ပညတ်တော် ခေတ်သည် ကုန်ဆုံးခဲ့ရသည်။ ခရစ်တော်သည် ပညတ်တော်ကို စုံလင် စေသောသူ ဖြစ်သည်။ (ရော ၁၀:၄)

    အသင်းတော်ခေတ် (Ecclesiastical dispensation)
    ပင်တေကုတ္တေ နေ့၌ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်၍ အသင်းတော် စတင်ချိန်မှစ၍ အသင်းတော် သိမ်းဆည်းချိန်အထိ ကာလ ဖြစ်သည်။ အသင်းတော် ခေတ်သည် နှစ်ပေါင်း၂၀၀၀ နီးပါးရှိ ပြီ။ ယခုသည် အသင်းတော် ခေတ်၏ နောက်ဆုံးပိုင်း ဖြစ်နေပြီ။ မကြာမှီ သန့်ရှင်းသူများ ( အသင်းတော်)ကို ချီဆောင်၍ ဘေးဒဏ်ကြီးကာလ ခုနှစ်နှစ်ရောက်တော့မည် ဖြစ်သည်။ ထိုအချိန် ရောက်မည့် နိမိတ်လက္ခ ဏာများ အကုန် ပြည့်စုံပြီး ဖြစ်သည်။

    အသင်းတော် ခေတ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်သည် ဓမ္မ ဟောင်းခေတ်ကဲ့သို့ လူမျိုးတမျိုးတည်းကိုသာ မရွေးဘဲ လူမျိုးပေါင်းစုံ ထဲမှ ခရစ်တော်ကို လက်ခံသမျှသော သူတို့ကို လက်ခံ၍ ခရစ်တော် ဆောင် ရွက်ပြီး ခဲ့သော ကယ်တင်ခြင်း အကြောင်းကို ဖြန့်ဝေဟောပြောဘို့ရန် ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေဖုိ့ ဖြစ်သည်။ ဤခေတ်၌ လူတိုင်း ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်းသို့ ရောက်နိုင်သည်။ သို့သော် အ သင်း တော်သည်လည်း လွန်ခဲ့သော ခေတ်များ ကဲ့သို့ပင်တာဝန် မကျေ ပြွန်ဘဲလောကအရာ၌ ပါဝင်ပတ်သက်ခြင်းဖြင့် ဘုရားသခင်ပေးထားသော တာဝန်ကို မဆောင်ရွက်နိင်ဘဲ ဖြစ်နေသည်။ အသင်းတော် ခေတ်သည် ခရစ်တော် ရရှိသောသူများ အမှန်တကယ် ယုကြည် သူများကို ကောင်းကင်သို့ အရှင်လတ်လတ် ချီဆောင်ခြင်းဖြင့် အဆုံးသတ်မည် ဖြစ်သည် (၁ သက် ၄:၁၃-၁ရ)။ အသင်းတော် သိမ်း ဆည်းပြီး နောက် ဤလောက၌ ဘေးဒဏ်ကြီးကာလ ခုနှစ်နှစ်ပေါ်လာမည် ဖြစ်သည်။ ထိုကာလ၌ အန္တီခရစ်သည် တကမ္ဘာလုံးကို အုပ်စိုး၍ ဘုရားသခင်၏ တ ရားစီရင်ချိန်ကာလ ဖြစ်မည်။ ဘေးဒဏ်ကြီး ကာလသည် ခရစ်တော် ဒုတိယအကြိမ် ကြလာခြင်းဖြင့် နိဂုံးချုပ်မည် ဖြစ်သည်။

    မေရှိခေတ် (Messiah dispensation)
    ခရစ်တော် ဒုတိယအကြိမ် ကြရောက်လာချိန်မှစ၍ အနှစ် တစ်ထောင်အုပ်စိုးချိန်ပြီးသည် အထိ ဖြစ်သည်။ ခရစ်တော် ဒုတိယ အကြိမ်ကြ လာသောအခါ ဘေးဒဏ်ကြီးကာလ အတွင်း မသေမပျောက်ဘဲ ကျန်ကြင်းသော ကမ္ဘာပေါ်ရှိ လူသားများကို သိုးနှင့် ဆိတ်ခွဲ သကဲ့သို့ ခွဲလိမ့်မည်။ သိုးများ တည်းဟူသော ယုံကြည်သူများသာလျှင် အနှစ်တစ်ထောင် အုပ်စိုးခြင်း တည်းဟူသော မေရှိခေတ်၌ ရောက်ရှိသွားကြမည် ဖြစ်သည်။ ထိုခေတ်သည် သခင် ခရစ်တော်ကိုယ်တိုင် ယေရုရှလင်မြို့မှ တကမ္ဘာလုံးကို အုပ်စိုး၍ အလွန် ကောင်းမွန်သောခေတ် ဖြစ်မည်။ လူ၏ သက်တမ်းလည်း အနှစ်တစ်ထောင်အထိ ပြန်ရှည်လာမည်။သားရဲများ မရှိတော့ဘဲ အားလုံး သား ယဉ်များ ဖြစ်လာကြလိမ့်မည်။ လူသားများလည်း စစ်တိုက်ခြင်း မရှိတော့ဘဲ အားလုံး ငြိမ်းချမ်းစွာ နေထိုင်ကြမည် ဖြစ်သည်။

    ထိုခေတ်၌ မွေးဘွားလာကြသောသူများသည် နောက်ဆုံး၌ စာ တန်၏ လှည့်ဖျားမှုကို ယုံကြည်၍ သခင် ခရစ်တော်ကို တိုက်ခိုက် ကြမည်။ သို့သော် ကောင်းကင်မှ မီးကျခြင်းဖြင့် သူတို့ကို အဆုံးစီရင်ခြင်း (ဗျာ ၂၀:၈-၉)ဖြင့် ထိုခေတ်သည်လည်း အဆိုးနှင့် နိဂုံးချုပ်မည် ဖြစ်သည်။ ထိုခေတ်၌ စာတန်၏ သွေးဆောင်ခြင်း မခံရသော်လည်း အာဒံံအမျိုး ဖြစ်သောကြောင့် လူသည် မကောင်းနိုင်ကြောင်းင်ရှားစေသည်။

    .

    ^

    ခရစ်တော် ပဌမ ကြလာခြင်းသည် သူငယ်တော်အားဖြင့် လူ့ ဇာတိခံယူသောအခါ ဖြစ်သည်။ ခရစ်တော် ကြလာခြင်းကြောင့် နှစ် ရေတွက်ပုံပြောင်းလဲသွားသည်။ ခရစ်တော် မကြလာမီကို ဘီစီ ( ခရစ်တော် မတိုင်မှီ)ဟု ခေါ်၍ ခရစ်တော် ကြလာချိန်မှစ၍ အေဒီ ( ခရစ်သက္က ရာဇ်)ဟု ခေါ်သည်။ ယခု ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် ဤလော က၌ အသက်ရှင်ခဲ့ပါက အသက်တော် ၂၀၁၁ နှစ်ရှိမည် ဖြစ်သည်။

    ခရစ်တော်သည် သက်တော် ၃၃ နှစ်တွင်လောက လူသား အားလုံး ကိုယ်စားလက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်း ခံခဲ့ရသည်။ သုံးရက်မြောက်သော နေ့တွင် ရှင်ပြန်ထမြောက် ခဲ့သည်။ (၁ ကော၁၅:၃-၄) ထို့နောက် ယုံကြည်သူများထံတွင် ရက်ပေါင်း၄၀ကိုယ်ထင် ပြပြီး နောက်တွင် ကောင်းကင်သို့ တက်သွားခဲ့သည်။ ထို့နောက်ရက် ပေါင်း၁၀ ရက်ပြီးမှ သန့်ရှင်းသော ဝိညာဉ်တော်ကို ပင်တေကုတ္တေနေ့တွင် ဤလောကသို့ စေလွှတ်ခဲ့သည် (တ ၂)။ ထိုနေ့တွင် တမန်တော် ပေတရု၏ တရားဟောချက်ဖြင့် လူ၃၀၀၀ ခရစ်တော်ကို ယုံကြည် လာ၍ ဗတ္တိဇံခံ ကြသည်။ ထိုနေ့တွင် ပင် အသင်းတော် စတင်ပေါ်ပေါက်လာသည်။ ထိုအသင်းတော်သည် ယခုနှစ်ပေါင်း၁၉ရ ၁ ရှိပြီ။ မကြာမှီထို အသင်းတော်ကို သိမ်းဆည်းဘို့ရန် ခရစ်တော်သည် ပြန်လည်ကြလာ တော့မည် ဖြစ်သည်။

    .

    ^

    ခရစ်တော်က အသင်းတော် သိမ်းဆည်းမည့် အရာကို သန့်ရှင်း သူများ ချီဆောင်ခြင်းဟု ခေါ်သည်။ အင်္လိပ်လို Rစေအကမနဟု ခေါ်သည်။ ထိုချီဆောင်ခြင်း၌ ခရစ်တော်ကို လက်ခံ ရရှိသူများ သာလျှင် ပါ ဝင်မည် ဖြစ်သည်။ ချီဆောင်ခြင်းနှင့် ပတ်သက်၍ ရှင်ပေါလုက၊ “ညီအစ်ကိုတို့ ငါဆိုသည်ကား၊ လူ့အသွေးအသားသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်။ ပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်ကို အမွေမခံနိုင်။ နက်နဲသောအရာ တခုကို ငါပြဦးမည်။ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည် မဟုတ်။ သို့သော်လည်း နောက်ဆုံးသော တန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတိုရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ယခုမျက်မှောက်ပုတ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအရာ အဖြစ်သို့ ဝင်စားရမည်။” ဟု ရေးသား ခဲ့သည်။ (၁ ကော ၁၅:၅၀-၅၃)

    အထက်ပါ ကျမ်းပိုဒ်များ အရ ဤပုပ်တတ်သော ကိုယ်ခန္ဓာသည် ဘု ရား သခင်၏ နိင်ငံကို အမွေမခံနိင်သောကြောင့် မပုပ်နိင်သောကိုယ် ခန္ဓာသို့ ပြောင်းရမည်။ ထိုသို့ ပြောင်းပါက နာနိင်၊ သေနိင်တော့မည် မဟုတ်။ အင်္ဂါမစုံလင်ခြင်းနှင့် အားနည်းခြင်းမှ န်သမျှလည်းရှိတော့မည်မဟုတ်သောကြောင့် မည်မျှဝမ်းမြောက် မြော်လင့်စရာ ဖြစ်သနည်း။ မည်သည့်အချိန်တွင် ပြောင်းလဲမည်နည်း။ နောက်ဆုံးသော တန်ပိုးမှုတ်သောအခါ တခဏခြင်းတွင် မျက်စိတမှိတ်၌ ပြောင်းလဲမည် ဟုဆိုသည်။ ချီဆောင်ခြင်း ဖြစ်သောအခါ တန်ပိုးမှုတ်မည် ဖြစ်သည်။ ထိုအသံ ကြားသည်နှင့် တပြိုင်နက်မျက်စိတမှိတ်၌ ​ကျွန်ပ်တို့၏ ကိုယ်ခန္ဓာ ပြောင်းလဲမည် ဖြစ်သည်။ ထို့ကြောင့် ထိုနေ့ရက်ကို အလွန် မြော်လင့်ကြ ကုန်အံ့။

    တဖန် ရှင်ပေါလုက ဤသို့ ရေးထားသေးသည်၊ “ညီအစ်ကိုတို့၊ မြော်လင့်ခြင်း မရှိသော အခြားသူတို့သည် ဝမ်းနည်း သကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမူ အရာကို မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ။ ယေရှုသည် သေပြီးမှတဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံကြည်လျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သော သူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ ဆောင်တော်မူ လိမ့်မည်။ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား သခင်ဘုရားကြလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေ ရာကျရကြမည် မဟုတ်။ သခင်ဘုရားသည် ​ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှါ၊ ထို သူတို့နှင့်တကွ မိုယ်းတိမ် ပေါ်သ့ိုချီ ဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရ ကြလိမ့်မည်။” (၁ သက် ၄:၁၃-၁ရ)

    အထက်ပါ ကျမ်းပိုဒ်၌ “ယေရှု၌ အိပ်ပျော်ပြီးသော သူတို့သည် ” ဟုဆိုထားသည်။ ထို သူတို့သည် ယေရှုကို ယုံကြည်သူများဖြစ်သည်။ ယေရှုခရစ်ကို ယုံကြည်၍ သေသွားလျှင် သူတို့၏ ဝိညာဉ်သည် ကောင်းကင်သို့ ချက်ခြင်းရောက်သွားကြောင်း ဤသို့ တွေ့ရသည်၊ “ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့် အ တူပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏” (လု ၂၃:၄၃)။ သခင်ယေရှု ကသူ့အနားမှာအရိုက်ခံရသော လူဆိုးထံ ထိုနေ့တွင် ပရဒိသုဘုံ၌ တွေ့ ဆုံမည့် အကြောင်း ပြောထားသည်။ ထို့ကြောင့် ခရစ်တော်နှင့် လူဆိုးသည် ချက်ခြင်း သူတို့ သေသည်နှင့် တပြိုင်နက်ပရဒိသုဘုံ တည်းဟူသော ကောင်းကင်နိင်ငံသို့ ရောက်သွားကြောင်း ထင်ရှားသည်။ သူဌေးကြီးနှင့် လာဇရုအကြောင်း တွင်လည်း ခရစ်တော်က ဤသို့ ဆိုထားသည်၊ “တနေ့သ၌ ထိုဆင်းရဲ သားသည် သေလွန်၍၊ ကောင်းကင်တမန် တို့သည် အာဗြဟံ၏ ရင်ခွင်သို့ ပ့ိုဆောင်ကြ၏။” (လု ၁၆:၂၂) လာဇရုသည်် အာဗြဟံရင်ခွင် တည်းဟူသော ကောင်းကင်နိင်ငံသို့ ချက်ချင်းရောက် သွားကြောင်း တွေ့ရသည်။ ထို့အပြင် ရှင်ပေါလုက၊ “စုတေ့၍ ခရစ်တော်နှင့်အတူ နေခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍ အလွန်ထူးမြတ်သော အကျိုး ဖြစ်၏။” ဟုဆိုသည် (ဖိလိ ၁:၂၃)။ ရှင်ပေါလု ကသူသေလျှင် ခရစ်တော်နှင့်အတူ ရှိမည် ဟုဆိုထားသည်။ ထို့ကြောင့် ယုံကြည်သူများသေလျှင် သူတို့ ကိုယ်ခန္ဓာသည် မြေကြီးသို့ ရောက်၍ ဝိညာဉ်သည် ကောင်းကင်သို့ ချက်ချင်းရောက်သွားကြောင်း တွေ့ရသည်။

    “ယေရှု၌ အိပ်ပျော်သော သူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူ လိမ့်မည်၊ ” ဟုဆိုရာတွင် ယုံကြည်သော သူတို့၏ ဝိညာဉ်သည် ကောင်းကင်မှ ာရှိကြောင်း အထက်က ဖေါ်ပြခဲ့ပြီ။ ခရစ်တော်သည် ယုံကြည်သူများကို ကြုိဆိုဘို့ရန် ကြ လာသောအခါ ယုံ ကြည် သူများ၏ ဝိညာဉ်သည်လည်း သူတို့၏ ကိုယ်ခန္ဓာရှိရာနေရာအ သီးသီးသို့ ဘုရားသခင်က ပို့ဆောင်တော်မူမည်။ အဘယ်ကြောင့်နည်း
    ဟူမူကား သူတို့၏ ဝိညာဉ်နှင့် ကိုယ်ခန္ဓာသည် တခြားစီရှိသောကြောင့် ပြန်လည်ပေါင်းစည်းဘို့ လိုအပ်သည်။ သူတို့၏ ကိုယ်ခန္ဓာသည် မြေမှုန့်မှဝိညာဏ ကိုယ်ခန္ဓာသို့ ပြောင်းလဲမည် ဖြစ်သည်။ ဤနေရာ၌ အချို့သောသူများ အံ့ဩ တတ်ကြသည်မှာ ယုံကြည်သူများ၏ ကိုယ်ခန္ဓာကို မီးရှို့ပြီးးသောသူများ၊ သားရဲစားခြင်း ခံရ၍ သားရဲချေး ဖြစ်သွားသောသူများသည် မည်ကဲ့သို့ ထနိုင်မည်နည်းဟူ၍ ဖြစ်သည်။ သင်္ချိုင်းတွင်း၌ မြုပ် လျှင်လည်း အလွန် ကြာ​ညောင်းသောအခါ မြေမှုန့်ဖြစ်သွားမည် ဖြစ်သည်။ တမန်တော်များ၏ ကိုယ်ခန္ဓာသည် နှစ်ပေါင်းနှစ် ထောင် နီးပါးကြာပြီ ဖြစ်သောကြောင့် မြေမှုန့်သက်သက် ဖြစ်မှာသေချာသည်။ သို့သော် ဘုရားသခင်သည် ဝိညာဏ ကိုယ်ခန္ဓာကို အလိုရှိသလို ဖန်ဆင်းနိင်သည်။ ဤလောကကြီး ပင်လျှင် မရှိသောအရာ မှဖန်ဆင်းတော်မူ ခဲ့သည် မဟုတ်လော။ ဘုရားသခင် မတတ်နိင်သောအမှု တ စုံ တခုမျှမရှိ။

    “သခင်ဘုရားသည် ​ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအ သံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံ မှကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ” သခင်ဘုရား တည်းဟူသော ခရစ် တော်သည် ပဌမ ကြလာစဉ်ကကဲ့သို့ တိတ်ဆိတ်စွာ မဟုတ်ဘဲ ​ကြွေး ကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းဖြင့် ဆူညံစွာ ကြလာမည် ဖြစ်သည်။ ဆိုလိုသည်မှာ လူ တိုင်း ကကြားသိရမည် ဖြစ်သည်။ သို့သော် မယုံကြည်သူများကမိုးချုန်းသံဟု ကြားမည်လောဟု စဉ်းစားစရာ ရှိသည်။ အကြောင်းမှာ ဘုရားသခင်က သားတော် ထံ စကား ပြောသောအခါ မယုံကြည်သူများကမိုးချုန်းသည်ဟု ထင်ခဲ့ကြကြောင်း ဤသို့ တွေ့ရသည်၊ “အိုအဘ၊ ကိုယ်တော်၏ နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်ဓမတ်တော်မူ၏။ ထိုအခါ ကောင်းကင်မှ စကား သံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန် ချီးမြှောက် ဦးမည်ဟု လာ၏။ ဝန်းရံလျက် ရှိသော လူအစုအဝေးတို့သည် ကြားလျှင် မိုဃ်း ချုန်းသည် ဟုဆိုကြ၏။ အချို့ကလည်းကိုယ်တော်အား ကောင်းကင်တမန် ဓမက်သည် ဟုဆိုကြ၏။” (ယော ၁၂:၂၈-၂၉)။ ထို့ကြောင့် ချီဆောင်ခြင်း ဖြစ်သောအခါ ကျန်ရစ်မည့်သူများကကြားမည်လော၊ သိမည်လောဟူသောအရာကို ယခု မသိနိုင်။

    “ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြ လိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြင်းသော ငါတို့သည် အာကာ သကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်း ငါှ၊ ထို သူတို့နှင့် တ ကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” ကောင်းကင်တမန် မင်း ကအသံ ပေး၍ တံပိုးမှုတ်သောအခါ သေလွန်သော သူတို့သည် ထမြောက်ကြလိမ့်မည်။ သို့သော် သခင်ဘုရားနှင့် အရင်တွေ့ကြမည် မဟုတ်။ သူတို့ ထမြောက်ပြီး နောက်အသက်ရှင်သော ယုံကြည်သူများလည်း မပုပ်ပျက်နိင်သော ကိုယ်ခန္ဓာအဖြစ်သို့ ပြောင်းလဲ၍ အတူ တကွ မိုဃ်းတိမ်ပေါ်သို့ တက်ကြ လိမ့်မည်။ ထိုသို့ ယုံကြည်သူများသည် သခင်ဘုရားနှင့် နေသောအခါ ဘယ်သောအခါ မှခွဲကြတော့မည် မဟုတ်ချေ။

    ထိုကဲ့သို့သော အဖြစ်မျိုးကို သခင်ဘုရား အသေခံ၍ ထမြောက်တော်မူသောအခါ ဖြစ်ခဲ့ဘူးပြီ။ “ယေရှုသည် ကြီးသော အသံနှင့် တဖန် ​ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။ ထိုအခါ ဗိ မာန်တော်၏ ကုလားကာသည် အထက် စွန်းမှအောက်စွန်းတိုင်အောင် စုတ် ကွဲလေ၏။ မြေကြီး လှုပ်လေ၏။ ကျောက်များ တို့သည် ကွဲပြား ကြ၏။ သင်္ချိုင်းတွင်း တို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက် ရှိသော သန့်ရှင်းသူ တို့၏ အလောင်း များစွာ တို့သည် ထကြ၍၊ ကိုယ်တော် ထမြောက်တော်မူသည် နောက်၊ ထို သူတို့သည် သချ်ုိင်းတွင်း မှ ထွက်၍ သန့်ရှင်းသော မြို့ ထဲသို့ ဝင်ပြီးလျှင်၊ လူ များစွာတို့အား ထင်ရှားကြ၏” (မ ၂ရး။ ၅၀-၅၃)

    ခရစ်တော် ထမြောက်သောအခါ ဓမ္မဟောင်းကာလ၌ သေလွန်ခဲ့သော ယုံကြည်သူများထမြောက် ကြပြီ။ သူတို့သည် သန့်ရှင်းသော မြို့ တည်းဟူသော ယေရုရှလင် မြို့၌ လူ များစွာတို့ ထံထင်ရှား ကြသည်။ သို့သော် အံ့ဩဘွယ်ကောင်းသည်မှာ ယေရုရှလင်မြို့ရှိလူများသည် ပြောင်း လဲ၍ ခရစ်တော်ကို ပြန်လည်ယုံကြည် ကြသည်ဟု မတွေ့ရချေ။ ထို့ကြောင့် လူသည် မည်မျှပင်အံ့ဩဘွယ် နိမိတ်လက္ခဏာများ တွေ့ ရသော်လည်း ဘုရားသခင်ကို မယုံကြည် နိင်ခြင်းသည် အံ့ဩဘွယ် ဖြစ်သည်။

    ထိုသို့ ယုံကြည်သူများကောင်းကင်သို့ ချီဆောင်ခြင်းသည် သူတို့ကို ဤလောက၌ ကျရောက်မည့် ဘေးဒဏ်ကြီးကာလ မှကယ်နှုတ် လိုက်ခြင်း ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလသည် ဤလောကသို့ ဘုရား သခင၏ အမျက်တော်လောင်းသောအချိန် ဖြစ်သည်။ (ဗျာ ၆:၁၅-၁ရ)။ ၁ရ) ယုံကြည်သူများသည် ထိုဘေးဒဏ်ကြီးကာလ (သို့) ဘုရားသခင်၏ အမျက်တော်ကို ခံဘို့ရန် ရွေးချယ်ထားခြင်း မဟုတ်ကြောင်းကို ရှင်ပေါလုက ဤသို့ ရေးထားသည်၊ “အမျက်တော်ကို ခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည် မဟုတ်။ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပိုင်ရစေခြင်း ငါှခန့်ထားတော်မူ၏။” (၁ သက် ၅:၉)။

    .

    ^

    သင်ခန်းစာ (၈)

  22. မည်ကဲ့သို့နေရမည်နည်းယုံကြည်သူများသည် ချီဆောင်ခြင်း၌ ပါသွားမည့်သူများဖြစ်သောကြောင့် မည်ကဲ့သို့ အသက်ရှင်သင့်သည်ကို ကျမ်းစာ၌ ဤသို့ ရေးထားသည်၊ “သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာ သိကြ၏။ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ ဟုဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာ ရောက် သကဲ့သို့၊ သူတို့ အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်းရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။ သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ အပေါ်သို့ ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည် မဟုတ်။ သင်တို့ အပေါင်းသည် အလင်း၏ သား၊ နေ့၏သား ဖြစ်ကြ၏။ ညဉ့်၏ သား၊ မှောင်မိုက်၏သား မဟုတ်။ သို့ဖြစ်၍၊ အခြားသော သူတို့သည် အိပ်ပျော် သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။ အကြောင်းမူကား၊ အိပ်ပျော်သော သူတို့သည် ညဉ့်အခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသော သူတို့သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ၏။ နေ့၏သား ဖြစ်သော ငါတို့ မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်း တည်းဟူသော ရင်အုပ် တန်ဆာကို၎င်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်း တည်းဟူသော သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။” (၁ သက် ၅:၁-၈)အထက်ပါ ကျမ်းပိုဒ်များ အရမှောင်မိုက်၏ သားများ တည်းဟူသော မယုံကြည်သူများအတွက် သခင်ဘုရားသည် သူခိုးကဲ့သို့လာမည် ဖြစ်သည်။ သူခိုးသည် အိမ်ရှင်များ အိပ်ပျော်နေစဉ် မထင်မှတ်သော အချိန်၌ လာတတ်သည်။ ထို့ကြောင့် မယုံကြည်သူများသည် ခရစ်တော် လာသောအခါ အဆင်သင့်မရှိရကြ။ ယုံကြည်သူများ တည်းဟူသော နေ့၏ သားများအတွက် မူကား ခရစ်တော် ကြလာခြင်းသည် မထင်မှတ်သော အချိန်၌ ဖြစ်မည် မဟုတ်။ အကြောင်းမူကား နေ့အချိန်၌ အလင်းကြောင့် အရာခပ်သိမ်းကို မြင်နိင် သကဲ့သို့ ယုံကြည်သူများသည် သခင်ဘုရားလာ မည့် အချိန်ကို သိသောကြောင့် အဆင်သင့် ဖြစ်ရကြမည်။ ထို့ကြောင့် ယုံကြည်သူများသည် အိပ်မပျော်သင့်။ အိပ်ပျော်ခြင်း ဆိုသည်မှာ သတိမထားခြင်း၊ မစောင့်ခြင်းကို ဆိုလိုသည်။ ယုံကြည်သူများအနေဖြင့် ခရစ်တော် ကြလာမည့် အချိန်ကို စောင့်မြော်၍ သတိထားရမည်။ သေရည်သေရက်များနှင့် မူးခြင်းကို ရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်ဝသင့်သည်။ ယုံကြည်ခြင်း၊ ချစ်ခြင်း တည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊
    ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်း တည်းဟူသော သံခ မောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။

    .

    ^

    သင်ခန်းစာ (၉)

  23. ယုံကြည်သူများဆုပေးပွဲယုံကြည်သူများကောင်းကင်သို့ ချီဆောင်ခြင်း ခံပြီးသောအခါ လောက၌ နေစဉ် ဘုရားသခင် အတွက် လုပ်ဆောင်ခဲ့သော အရာများ အတွက်ဆုပေးပွဲရှိမည်။ ကျမ်းစာက၊ “အကြောင်းမူကား၊ ငါတို့ ရှိသမျှသည် ကိုယ်ခန္ဓာ၌ ကျင့်သော အကျင့်၊ ကောင်းမကောင်းရှိသည် အတိုင်း အကျိုး အပြစ်ကို အသီးအသီး ခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင််တော် ရှေ့၌ ပေါ်လာရကြမည်။” ဟုဆိုထားသည် (၂ ကော ၅:၁၀)။ ထိုတရား ပလ္လင်သည် အပြစ် စီရင်မည့် ပလ္လင် မဟုတ်၊ ဆုရမရစီရင်မည့် ပလ္လင် ဖြစ်သည်။ ဂရိတ်လိုဘီးမား ( ​ြ န ာ ​ေ) ဟူသော ပလ္လင် ဖြစ်သည်။ အိုလံပစ်အား ကစားပြိုင်ပွဲ ပြုလုပ်သောအခါ ဆုရမည့်သူများကို အဆုံးအဖြတ် ပေးသော ပလ္လင် ဖြစ်သည်။ ယုံကြည်သူများသည်ကိုယ်ခန္ဓ၌ နေစဉ်အဆိုး အကောင်းလုပ်သမျှ အပေါ် ခရစ်တော်၏ ပလ္လင်၌ စီရင်ခြင်း ခံရမည် ဖြစ်သည်။ခရစ်တော်ကိုယ်တိုင်က လည်း၊ “လူသားသည် မိမိအဘ ခမည်းတော်၏ ဘုန်း အာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံ တို့နှင့် ကြလာတော်မူ လတံ့။ ထိုအခါ လူအသီးအသီးကျင့်သော အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ် ပေးတော်မူ လတံ့။” (မ ၁၆:၂ရ) ဟုဆိုခဲ့သည်။ ထို့ကြောင့် ဆုပေးပွဲသည် ရှိဘို့ သေချာသည်။ ထိုအရာကို ရှင် ပေါလုကပို၍ ရှင်းလင်းစွာ ဤသို့ ရေးသား ခဲ့သည်၊ “အကြောင်းမူကား၊ ယေရှုခရစ် တည်းဟူသော၊ ချလျက် ရှိသော တိုက် မြစ်မှတပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိုင်။ ထိုတိုက်မြစ် အပေါ်၌ ရွှေ၊ ငွေ၊ ကျောက် ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သောသူရှိသမျှ၊ အသီးအသီး လုပ်သော အ လုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့ နည်းဟူမူကား၊ ဘော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှား စေလိမ့်မည်။ လူတိုင်း လုပ်သော အ လုပ်သည် အဘယ်သို့သော အလုပ် ဖြစ်သည်ကို မီးသည် စစ် အကြောစုံစမ်း လိမ့်မည်။ ထိုတိုက်မြစ် အပေါ်၌ ထပ် ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အ လုပ်သည် မြဲ၏၊ ထိုသူသည် အကျိုးကို ခံရလိမ့်မည်။ အကြင်သူ၏ အ လုပ်သည် ​ကျွမ်းလောင်၏၊ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့် လွတ် သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” (၁ ကော ၃:၁၁-၁၅)ယုံကြည်သူများကို ရှင်ပေါလုကအိမ်ဆောက်ခြင်းနှင့် နှိုင်း ထားသည်။ တိုက်အိမ်ဆောက်ရာတွင် ပဌမဦးဆုံး အုတ်မြစ်ချရသည်။ ထိုအုပ် မြစ်အပေါ်မှာ အိမ်ဆောက်ရသည်။ ယုံကြည်သူများလည်း ခရစ်တော် တည်းဟူသော အုတ်မြစ်အပေါ်မှာ မိမိတို့၏ အိမ်ကို ဆောက် ကြသည်။ သို့သော် ခရစ်တော် တည်းဟူသော ကျောက်အပေါ်မှာ မဆောက်ဘဲ မိမိတို့၏ လုပ်ဆောင်ချက် ထင်မြင်ချက် တည်းဟူသော သဲအပေါ်မှာ ဆောက်သောသူများလည်းရှိကြောင်း ခရစ်တော်က ဤသို့ ဆိုခဲ့သည်၊၊ “အ ကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားထောင်၏၊ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည် ရှိသော်၊ ကျောက်ပေါ်မှာ တည်သောကြောင့် မပြိုမ လဲနေ၏။ အကြင်သူသည် ငါဟော ပြောသော ဤစကားကို ကြား၍ နားမထောင်ဘဲ နေ၏၊ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့် တူကြောင်းကို ငါပုံပြမည်။ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက်လေသည်ဟု ဟောတော်မူ၏။” (မ ရး၂၄-၂ရ)

    ရှင်ပေါလုပြောသကဲ့သို့ ခရစ်တော် တည်းဟူသော အုတ်မြစ် မှတပါး အခြားသော အုတ်မြစ်ကို အဘယ်သူ ကမျှမချနိင်ချေ။ အခြားသော အုတ်မြစ်များသည် ခရစ်တော် ပြောသော သဲပေါ်ချသော အုတ် မြစ် ဖြစ်သည်။ သဲပေါ်ဆောက်သော အိမ်သည် မည်မျှပင်ကောင်းပါစေ၊ အုတ်မြစ်မခိုင်သောကြောင့် မိုးရွာ၍ လေတိုက်သောအခါ ပျက်စီးခြင်းသို့ ရောက်ရသည်။ ထို့နည်းတူ ယုံကြည်ခြင်းကို ခရစ်တော် အပေါ် မဟုတ်ဘဲ မိမိ၏ ကြိုးစား မှု၊ အကျင့်၊ ကုသိုလ်ကောင်းမှု၊ အတွေး အခေါ်များအပေါ်မှာ ဆောက်ပါက ထိုအရာများသည် မခိုင်မြဲသောကြောင့် ဆောက်သောသူအပါအဝင်အားလုံး ပျက်စီးမည် ဖြစ်သည်။ ထို့ကြောင့် မိမိ၏ ယုံ ကြည်ခြင်းသည် ခရစ်တော် အပေါ်မှာသာ တည်ဆောက်ဘို့ အလွန် အရေးကြီးသည်။

    ခရစ်တော် တည်းဟူသော အုတ်မြစ်အပေါ်မှာ ဆောက်သောသူများသည်လည်း အသုံးပြုသော ပစ္စည်း အပေါ်မူတည်၍ ဆုရ မရရှိကြကမည်။ အသုံးပြုသော ပစ္စည်းများသည် ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်နှင့် ကောက်ရိုးများ ဖြစ်သည်။ ထိုအိမ်များကို မီးနှင့် စစ်ဆေးမည် ဖြစ်သည်။ ရွှေ၊ ငွေ၊နှင့် ကျောက်ကောင်းများသည် မီးမလောင် နိင်သောကြောင့် ကျန်ရစ်၍ ဆောက်သောသူသည် ဆုရမည် ဖြစ်သည်။ သစ် သား၊ မြက်၊ ကောက်ရိုးများသည် မီးလောင်မည် ဖြစ်သောကြောင့် ဆောက်သောသူသည် ဆုရမည် မဟုတ်။ သို့သော်လည်း အိမ် မီးလောင်သောအခါ အုတ်မြစ်သည် မလောင်နိင်သောကြောင့် နေရာမပျောက် သကဲ့သို့ ထိုအိမ်ဆောက်သောသူလည်း ဆုမရသော်လည်း ကယ်တင်ခြင်း ဆုံးရှုံးမည် မဟုတ်။

    အချို့သောသူများက ကောင်းကင်နိင်ငံမှာဆုရစရာ မလို တော့ပါ။ ထိုကဲ့သို့ ဆုလိုချင် သေးလျှင် ဇာတိ သဘော ဖြစ်သည်။ ထိုကြောင့် ဆု မရလျှင်လည်း အရေးမကြီး ဟုဆိုတတ်ကြသည်။ သို့သော် ဘုရားသခင်က ဆုပေးမည်ဟု ပြောထားသောကြောင့် လိုချင်သော စိတ်ရှိဘို့ လိုသည်။ ဆုရဘို့ အရေးမကြီးလျှင် ဘုရားသခင်က ပြောထားမည် မဟုတ်။ ထို့ကြောင့် ဆုရဘို့ရန် အတွက်လောက အသက်ရှင်စဉ်ခ ဏအချိန် ရှိခိုက် ကြိုးစား ကြ ပါစို့။

    မီးမလောင်နိင်သော ရွှေ၊ ငွေ၊ ကျောက်ကောင်းများသည်မည် ကဲ့သို့သော အရာများ ဖြစ်မည်နည်းဟူမူကား ဘုရားသခင်၏ အမှုကို ဆောင်ရွက်ရာတွင် ဇာတိအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော် အုပ်စိုးခြင်းအားဖြင့် လုပ်ဆောင်သော အရာများ ဖြစ်မည်။ ဇာတိအားဖြင့်လည်း ဘုရား အမှုတော်ဆောင်နိင်သည်။ လူများ၏ အချီးအမွမ်းခံဘို့၊ ကိုယ်ကျိုး မြတ်ဘို့၊ နာမည်ကျော်ကြားဘို့ အတွက် ဖြစ်လျှင် သစ်သား၊ မြက်ပင်နှင့် ကောက်ရိုးကဲ့သို့ဖြစ်ပေမည်။ ထို့ကြောင့် ဝိညာဉ်တော် အုပ်စိုးခြင်းကို ဝန် ခံလျက် လုပ်ဆောင်ကြပါစို့။ ထို့အပြငလောကမှ ကောင်းကင်သို့ ရောက် မည့် အရာသည် လူ၏ ဝိညာဉ်များသာလျှင် ဖြစ်သည်။ ထို့ကြောင့် ပျောက် ဆုံး ဝိညာဉ် ဖမ်းခြင်း၌ အဓိကပါဝင်ကြပါစို့။

    .

    ^

  24. သင်ခန်းစာ (၁၀)
  25. သရဖူ ၅ မျိုး

    ကျမ်းစာထဲ၌ သရဖူ ၅ မျိုးပေးဘို့ ဖေါ်ပြထားသည်။၎င်းတို့မှာ၊ ၁။ မညှိုးနွမ်းနိင်သော သရဖူ ၂။ ဝမ်းမြောက်ခြင်း သရဖူ ၃။ မာတု ရသရဖူ ၄။ ​ဖြောင့်မတ်ခြင်း သရဖူ ၅။ သိုးထိန်းသရဖူတို့ ဖြစ်သည်။

    ၁။ မညိုးနွမ်းနိုင်သော သရဖူ (The Incoruptible Crown)
    မညှိုးနွမ်းနိုင်သော သရဖူနှင့် ပတ်သက်၍ ရှင်ပေါလုက၊ “မြေတ လင်း၌ ပြေးကြသော်လည်း တယောက် တည်းသာလျှင် ဆုကို ရသည်ဟု သင်တို့ မသိကြသလော။ ဆုကို ရမည်အကြောင်း ပြေးကြလော့။ ပွဲ၌ ပြိုင်၍ အချင်းချင်းတိုက်သောသူ မည်သည်ကား အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်း တတ်၏။ ထို သူတို့သည် ညှိုးနွမ်းပျက်ဆီးတတ်သော ပန်းဦးရစ်ကို ရခြင်း အလိုငှါ ပြုကြ၏။ ငါတို့ မူကား မညှိုးနွမ်းမပျက်ဆီး နိင်သော ပန်း ဦးရစ်ကို ရခြင်း အလိုငှါ ပြုကြ၏။ ထို့ကြောင့် ငါပြေးသောအခါ အမှန်တမဲ့ ပြေးသည် မဟုတ်၊ လက်ပွေ့သတ်သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး၍ သတ်သည် မဟုတ်။ သူတပါးကို ဆုံးမပြီးမှကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည့် အကြောင်းကိုယ်ကို ထိုး၍ နှိပ်စက်လေ့ ရှိ၏။” (၁ ကော ၉:၂၄-၂ရ)။ ဤဆုကို ကောင်းစွာ အပြေးပြိုင်ပွဲ၌ ပြေးသောသူ အားပေးမည့် ဆု ဖြစ်သည်။ ဤဆုရမည့် သူသည် ဇာတိအလို ဆန္ဒများကို ချုပ် တည်း၍ ကိုယ်ကိုကိုယ် ဆုံးမသောသူများ ဖြစ်သည်။အား ကစားပြိုင်ပွဲ၌ ဆုရဘို့ အလိုငှါ အသေအလဲလေ့ကျင့် ကြသည်။ မိမိ အလိုဆန္ဒများကို ချုပ်တည်း၍ သည်း ခံကြသည်။ ယခုခေတ် ရသောအား ကစားဆုများသည် တန်ဘိုးရှိသော အရာများရတတ်ကြ၍ တပ်မက်လောက်သည်။ ပေါလုတို့ ခေတ်၌ ရရှိသော ဆုသည် ဍှိုးနွမ်းတတ်သော သပြေရွက်ဖြင့် ပြုလုပ်သော ပန်းဦးရစ် ဖြစ်သည်။ ထိုအရာကို ရရှိဘို့ရန် အလွန် ကြိုး စားကြလျှင် ယုံကြည်သူများ ရရှိမည့် မညှိုးနွမ်းနိင်သော ပန်း ဦးရစ်သည် အလွန်လိုချင်ဘို့ ကောင်းသည်။ သို့သော် ယုံကြည်သူ အများစုသည် ထိုဆုကို မသိ၍ သော်၎င်း၊ သိသော်လည်း ဇာတိအလို ဆန္ဒပြင်း လွန်း၍ သော်၎င်း ထိုဆုကို ရရှိဘို့ရန် မပြေးကြ။ မည်သို့ ပြေးရမည်နည်း။ စည်းကမ်း အတိုင်း ပြေးရမည်။ ဘုရား အလိုတော်အတိုင်း လိုက် လျှောက်ရမည်။ ဇာတိအလို အဖြင့် အသက်မရှင်ရ။

    တခါတလေအပြစ် လုပ်သောသူများ၊ မုသာပြောသောသူများ၊ ကြံဖန်သောသူများသည် ဘုရားသခင်၏ ဆုံးမခြင်းကို မခံရသည်သာမက၊ အစဉ်ပြေကောင်းစားသည်ကို တွေ့မြင်သောအခါ ရိုးသားခြင်း၊ ချုပ် တည်းခြင်း၊ ဘုရား စကား နားထောင်၍ အလိုတော်အတိုင်း အသက်ရှင်ခြင်းသည် ခေတ်နောက်ကျသလိုလို၊ အသလိုလို၊ ရှုံးဆုံးသည်ဟု ထင် တတ်ကြသည်။ သို့သော် ဘုရားသခင်နှင့် တွေ့ဆုံးသောအခါ အဆုံး တိုင်အောင် တည်ကြည်သောသူများသည် မညှိုးနွမ်းနိင်သော သရဖူကို ရရှိမည် ဖြစ်သောကြောင့် စိတ်မပျက်သင့်။ အဆုံးတိုင်အောင် ပြေးလမ်းအ ပေါ်၌ ပြေးကြပါစို့။ ဤလောက အတွက် သာအသက် မရှင်ကြပါစို့နှင့်။ ဤလောကသည် အရိပ် ဖြစ်၍ အခိုးအငွေ့ကဲ့သို့ ပျောက်သွားကြလိမ့်မည်။ ထာဝရ တည်တန့်မည့် အနာဂတ်အတွက် အသက်ရှင်ကြစို့။ ခလေး ကဲ့သို့ အမြင် မတိုကြဘဲ လူကြီး ကဲ့သို့ ရှေ့ကို မြော်လင့်ကြပါစို့။

    ၂။ ဝမ်းမြောက်ခြင်း ( ဝိညာဉ် ဖမ်းခြင်း) သရဖူ (The Crown of Rejoicing)
    ဤသရဖူသည် ပျောက်ဆုံးဝိညာဉ် ဖမ်းသောသူများအတွက် ပေးမည့် သရဖူ ဖြစ်သည်။ ရှင်ပေါလုက၊ “ငါတို့ မြော်လင့်ခြင်း အကြောင်း ဝမ်းမြောက်ခြင်း အကြောင်း ဝါကြားခြင်း၏ ဦးရစ်သရဖူကား အဘယ်သို့သော အကြောင်း အရာနည်း။ ငါတို့ သခင်ယေရှုခရစ် ကြလာတော်မူသောအခါ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်း အရာ ဖြစ်ကြသည် မဟုတ်လော။ သင်တို့သည် ငါတို့၏ ဘုန်းအသရေ၊ ငါတို့၏ ဝမ်းမြောက်ခြင်း အကြောင်း ဖြစ်ကြသတည်း။” (၁ သက် ၂:၁၉-၂၀)။
    သက်သာလောနိတ် ယုံကြည်သူများသည် ရှင်ပေါလုအားဖြင့် ကယ်တင်ခြင်းသို့ ရောက်၍ ခရစ်တော်ကို ယုံကြည် လာကြ သူများ ဖြစ်သည်။ ရှင်ပေါလု၏ ဝိညာဉ် သားသမီး များဖြစ် ကြသည်။ ရှင်ပေါလုဖမ်းသော ဝိညာဉ်များဖြစ်သည်။ ထို့ကြောင့် သူတို့သည် ရှင်ပေါလုအတွက် ခရစ်တော်နှင့် တွေ့သောအခါ သူ၏ ကြားခြင်း အကြောင်း၊ ဝမ်းမြောက်ခြင်း အကြောင်း၊ သူ၏ ဦးရစ်သရဖူများ ဖြစ်ကြသည်။ ရှင်ပေါလုအနေဖြင့် ခရစ်တော်ထံသူ၏ ဝိညာဉ် သားသမီးများကို ဝမ်းမြောက်စွာ မိတ် ဆက်မည် ဖြစ်သည်။ ထိုအခါ သခင် ခရစ်တော်က ရှင်ပေါလုကို ဝမ်းမြော်က်ခြင်း (သို့) ဝိညာဉ် ဖမ်းခြင်း သရဖူကို ပေးမည် ဖြစ်သည်။

    ရှင်ပေါလုကဲ့သို့ ပျောက်ဆုံးဝိညာဉ် ဖမ်းသောသူတိုင်းလည်း ထိုသရဖူများ ပေးမည် ဖြစ်သည်။ ထို့ကြောင့် ပျောက်ဆုံးဝိညာဉ်များကို အချိန်အနည်းငယ်ရှိ သေးသော အချိန်၌ ဖမ်းကြစို့။သို့ပြုလျှင် ဝမ်းမြောက်ခြင်း၊ ဝါကြားခြင်းနှင့် ဦးရစ်သရဖူများ ရရှိမည် ဖြစ်သည်။

    ပရောဖက် ဒံယေလကလည်း၊ “ပညာရှိသော သူတို့သည်လည်း ကောင်းကင် မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူများ တို့ကို ​ဖြောင့်မတ်ခြင်း တရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း ကြယ်များကဲ့သို့၎င်း၊ အစဉ်အမြဲ ထွန်းလင်း ကြလိမ့်မည်။” ဟုဆိုထားသည် (ဒံ ၁၂:၃)။ လူများ တို့ကို ​ဖြောင့်မတ်ခြင်း လမ်းသို့ သွင်းသောသူသည် ပျောက်ဆုံးဝိညာဉ် ဖမ်းသောသူ ဖြစ်များသည်။ ထို သူတို့သည် ကြယ်များကဲ့သို့ အစဉ်အမြေ​ဲထွန်းလင်းကြလိမ့်မည်။ ဆိုလိုသည်မှာ အစဉ်အ မြဲထင်ရှားမည် ဖြစ်သည်။

    ၃။ အသက် (သို့) မာတုရသရဖူ (The Crown of Life)
    အသက် သရဖူနှင့် ပတ်သက်၍ ရှင်ယာကုပ်က ဤသို့ ရေးသား ထားသည်၊ “စုံစမ်း နှောင့်ရှက်ခြင်း ကိုသည်း ခံသောသူသည် မင်္လာ ရှိ၏။ အကြောင်းမူကား စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှသခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသော အသက် သရဖူကို ရလိမ့်မည်။” (ယာ ၁:၁၂)။ သခင်ယေရှုကလည်း ဤသို့ ပြောထားသည်၊ “သင်သည် ခံရမည့် အရာတစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံ စမ်းခြင်းကို ခံရမည်အကြောင်း မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍ သင်တို့သည် ဆယ်ရက်ပတ်လုံးဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ သေသည် တိုင်အောင် သစ္စာ စောင့်လော့။ သို့ဖြစ်လျှင် အသက် သရဖူကို ငါပေးမည်။” (ဗျာ ၂:၁၀)

    ၄။ ​ဖြောင့်မတ်ခြင်း သရဖူ The Crown Righteousness)
    “ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက် ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူ တည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူ မည်။ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူ အပေါင်းလည်း အပ်ပေးတော်မူ မည်။” (၂ တိ ၄:၈)။ မြန်မာကျမ်းစာအုပ်၌ ဓမ္မသရဖူ ဟုဆိုသည်။ အင်္လိပ်ကျမ်းစာအုပ်၌ ​ဖြောင့်မတ်ခြင်း သရဖူ ဟုဆိုသည်။ ထိုသရဖူသည် ခရစ်တော် ကြရောက် လာမည့် အရာကို မြော်လင့်သော သူတို့ အားပေးမည် ဖြစ်သည်။ ထိုသရ ဖူသည် ရရှိဘို့ရန် လွယ်သော်လည်း ရရှိမည့်သူ အလွန်နည်းပါးလိမ့်မည်။ အကြောင်းမူကား ခရစ်တော် ကြလာမည့် အရာကို မမြော်လင့်ကြသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်မမြော်လင့်ကြသနည်းဟူမူကား၊ အကြောင့်နှစ်ခုရှိသည်။ ပဌမ အကြောင်းမှာ ခရစ်တော်နှင့် မဆိုင်သောကြောင့်၊ အမည်ခံ ခရစ် ဖြစ်သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ သူနှင့် ဆိုင်သော်လည်း ခရစ်တော်ကို ချစ်သင့်သလောက် မချစ်သောကြောင့် ဖြစ်သည်။

    နာမည်ခံ ခရစ်ယာန် များသည် ခရစ်တော်နှင့် မဆိုင်ကြ။ သူတို့ကို သူတို့ ခရစ်ယာန်ဟု ထင်သော်လည်း ခရစ်တော်နှင့် မဆိုင်သောကြောင့် ခရစ်တော် အကြောင်း ကိုလည်း မသိ၊ သမံကာရှံကာသာလျှင် သိသည်။ သိချင် စိတ်လည်း မရှိ။ မိမိတို့ ဂိုဏ်းဂဏ၌ တည်ကြည်လျှင် ကျေနပ် နေကြသည်။ ထိုသူများ အနေဖြင့် ခရစ်တော် ကြလာမှာကို သိချင် စိတ်လည်း မရှိ။ ကိုယ်နှင့် မဆိုင်သော ဧည့်သည်ကို မည်သူကမျှ မကြုိတတ်ကြချေ။ လေ ဆိပ်၌ နေ့တိုင်း ဧည့်သည်များရောက်သော်လည်း ကိုယ်နှင့် မဆိုင်သောကြောင့် စိတ်လှုပ်ရှားခြင်းလည်း မရှိ။ ပြောလျှင်လည်း စိတ်မဝင်စား။ ထိုသူ များသည် ချီဆောင်ခြင်း၌လည်း ပါဝင်မည် မဟုတ်။ သနားရုံကလွဲလျှင် ဘာမျှ မတတ်နိုင်။

    ဒုတိယအမျိုးအစားသည် ခရစ်တော်ကို ကယ်တင်ရှင်အနေဖြင့် လက်ခံသော်လည်း ခရစ်တော်နှင့် မရင်းနှီး သောကြောင့် သံယောဇဉ်မရှိ သောကြောင့် သူကြလာမှာကိုလည်း စိတ်လှုပ်ရှားခြင်း မြော်လင့်ခြင်း မရှိချေ။ သားသမီး များမိဘနှင့်အတူ မနေကြောင့်ဦးနှောက်ကသိနေသော်လည်း သံယောဇဉ်မရှိခြင်းနှင့် တူသည်။ လူသည်အတူ တူနေသောသူနှင့် ရင်းနှီး၍ သံယောဇဉ်ရှိတတ်သည်။ ယုံကြည်သူများလည်း ခရစ်တော်ထက်လောကအရာများကိုသာ၍ ချစ် ကြသည်။ ထို့ကြောင့် သူ ကြလာ မှာကိုလည်း မမြော်လင့်ကြ။ ထိုသို့ မမြော်လင့်သောသူများကို လက် ဆောင်ပေးဘို့ရန်အား မရှိ။ ထို့ကြောင့် များစွာသော ယုံကြည်သူများသည် ချီဆောင်ခြင်းသို့ ရောက်သော်လည်း ထိုသရဖူကို ရရှိကြမည် မဟုတ်။ အနည်းငယ်သော ယုံကြည်သူများသည် သခင်ယေရှု ကြလာ မှာကို မြော်လင့် ကြသည်။ သို့သော် ထိုသို့ မြော်လင့်သောသူတိုင်းက ထိုသရ ဖူရမည်ဟု မထင်။ အကြောင်းမူကား အချို့သောသူများသည် ခရစ်တော်ကို မြော်လင့်၍ ချီဆောင်ခြင်း မြန်မြန် ဖြစ်စေချင်သည် မဟုတ်ဘဲလောက၌ ဒုက္ခ ဆင်းရဲ ခံသောကြောင့် ထိုဆင်းရဲခြင်းမှ မြန်မြန် လွတ်လိုသောကြောင့် ချီဆောင်ခြင်းကို မြော် ကြသည်။ အချို့သောသူများသည် မိမိချစ်သူရည်းစား၊ ခင်ပွန်းမြော် သကဲ့သို့ ခရစ်တော်ကို ချစ်သောကြောင့် သူကြလာမှာကို မြော်လင့်တောင့်တနေသည်။ ထိုသူများသာလျှင် ဓမ္မသ ရဖူကို ပေးမည် ဖြစ်မည်။ လူလည်းကိုယ်ကို အလွန် ချစ်၍ မြော် လင့်ကြိုဆိုသောသူကို လက်ဆောင်ပေးချင် ကြသည် မဟုတ်လော။ ထို့ကြောင့် ယ ခုမှစ၍ ခရစ်တော်ကို ချစ်နိင်ဘို့ရန်သူနှင့် မိဿဟာယများများဖွဲ့ကြစို့။ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ခရစ်တော်၏ ကယ်တင်ခြင်း အကြောင်းကို သူတပါးထံဝေငှခြင်း၊ ယုံကြည်သူများနှင့် မိဿ ဟာယဖွဲ့ခြင်း၊များကို ပြုလုပ် ကြပါစို့။

    ၅။ ဘုန်း (သို့) သိုးထိန်းသရဖူ (The Crown of Glory)
    “သင်းအုပ်အရာ၌၎င်း၊ ခရစ်တော်၏ ဝေဒနာကို သိမြင်သော သက်သေအရာ၌၎င်း၊ ခန့်ထားသောသူထင်ရှားစေတော်မူ လတံ့သော ဘုန်းအသရေတော်ကို ဆက်ဆံသောသူ ဖြစ်သော ငါပေတရုသည် သင်တို့တွင် ရှိသော သင်းအုပ်ချင်းတို့ကို တောင်းပန်ပါ၏။ သင်တို့နှင့်အတူ ရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်း အမှု မှာအနိင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။ အသီးအ သီး အုပ်သော အသင်းတော် တို့ကို အာဏာထား၍ အစိုးတရပြုသည် မဟုတ်ဘဲ သိုးတော်စုရှေ့မှာ ပုံသက်သေကို ပြသောသူ ဖြစ်ကြလော့။ သို့ဖြစ်လျှင် သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ သင်တို့သည် မညှိုး မနွမ်း တတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။” (၁ ပေ ၅:၁-၄)
    ဤသရဖူသည် အသင်းတော်၌ ယုံကြည်သူများကို ကောင်းစွာ ကြည့်ရှု၊ စောင့်ရှောက်၊ ကျွေးမွေးသော သင်းအုပ်များအတွက် ဖြစ်သည်။ သင်းအုပ် များစွာ ရှိသော်လည်း အားလုံး ကဘုန်းရှိသော သရဖူကို ရရှိ ကြမည် မဟုတ်။ အကြောင်းမူကား ရှင်ပေတရုက သတိပေးထားသော်လည်း နားမထောင်ဘဲ အသင်းတော် ကအာဏာထား၍ အစိုးတရ ပြုသောသူ၊ မစင်ကြယ်သော စီးပွားကို တပ်မက်၍ သင်းအုပ်လုပ်သောသူ များစွာ ရှိသည်။ ထိုသူများ၏ အကျင့်သည် ဤလောက၌ ပင် အလွန် ထင်ရှားသည်။ ထို သူတို့သည် လူ့အကြိုက်လိုက်၍ သော်၎င်း၊ ငွေရမည့် အကွက်ကိုသော်၎င်း၊ ကြည့်၍ သင်းအုပ်လုပ် ကြသည်။ များစွာသော သင်းအုပ်များသည် ခရစ်တော်က (မ ရး၁၅)၌ သတိပေးသည့် အတိုင်း သိုးရေခြုံသော တောခွေးများ ဖြစ်သည်။ ထိုသူများသည် ချီဆောင်ခြင်း၌လည်း မပါဝင် သောကြောင့် ဤဘုန်းကြီးသော သရဖူရဘို့ရန် မှာလုံး ဝအ​ခြေအနေမရှိ။ အချို့သော သိုးထိန်းများသည် ချီဆောင်ခြင်း၌ ပါသော်လည်း ဇာတိအားဖြင့်လောကအရာကိုသာ တပ်မက်လိုချင်၍ အသင်းတော်ကို ကောင်းစွာ မထိန်းသောကြောင့် ဘုန်းရှိသော သရဖူကို ရရှိကြမည် မဟုတ်။

    အနည်းငယ်သော သိုးထိန်းများသည် အသင်းတော်ကို စေတ နာ ထား၍ မေတ္တာဖြင့် ပုံသက်သေကောင်းပြကာအုပ်ထိန်းသောကြောင့် သိုး ထိန်းအကြီး တည်းဟူသော ခရစ်တော်သည် ကြ လာသောအခါ သူတို့ကိုသာ ဓု သစ္စာရှိသော ငယ်သားကောင်းဟု ချီးမွမ်း၍ ထိုဘုန်း ကြီးသော သရဖူကို ထိုက်ထိုက်တန်တန်ပေးမည် ဖြစ်သည်။ ထို့ကြောင့် သင်း အုပ် ဆရာတိုင်းသည် မိမိတို့ အ​ခြေအနေကို ပြန်လည်း ဆန်းစစ်၍ ထိုသရဖူ ရနိုင်ဘို့ အလို့ငှါ ကြိုးစား ကြပါစို့။

    .

    ^

    သင်ခန်းစာ (၁၁)

    သိုးသူငယ်၏မင်္လာဆောင်ပွဲ

    ယုံကြည်သူများသည် ထိုကဲ့သို့ ဆုပေးပွဲအပြီးမှာ သိုးသငယ်၏ မင်္လာဆောင်ပွဲ၌ ပါဝင်ကြမည် ဖြစ်သည်။ ကျမ်းစာ၌၊ “ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့ အကြောင်းမူကား၊ သိုးသငယ်၏ မင်္လာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည်ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသောသူအများ တို့၏ အသံ၊ သမုဒ္ဒ​ရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။ ထိုမိန်းမသည် စင်ကြယ် ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသော အခွင့်ကို ရ၏။ ထိုပိတ်ချော မူကား၊ သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သ တည်း။ ကောင်းကင် တ မန်ကလည်း၊ သိုးသငယ်၏ မင်္လာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသော သူတို့သည် မင်္လာရှိကြ၏ဟု ရေးထားလော့ ဟူ၍၎င်း၊ ဤစကားသည် ဘုရားသခင်၏ နှုတ်တော် ထွက်စင်စစ် ဖြစ်၏ ဟူ၍၎င်းငါ့အား ပြောဆို၏။” ဟု ပါရှိသည် (ဗျာ ၁၉:ရ- ၉)။

    အထက်ပါ ကျမ်းပိုဒ်များ၌ ပါသော သိုးသငယ်သည် ခရစ်တော်ကို ဆိုလိုခြင်း ဖြစ်သည်။ သူ၏ မိန်းမသည် အသင်းတော် ဖြစ်သည်။ အသင်း တော်သည် ခရစ်တော်၏ မိန်းမ ဖြစ်မည့် အကြောင်းကို ဧဖက် ၅:၂၆၌ ဤသို့ တွေ့ရသည်၊ “ထို အသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည် ဖြစ်၍၊ အညစ်အ​ကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည် တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော် ရေ၌ ဆေးကြောခြင်းအားဖြင့် စင်ကြယ် သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော် အဘို့ အလိုငှါ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။”
    သတို့သား ခရစ်တော်သည် သတို့သမီး လောင်း အသင်းတော်ကို ချစ်လွန်းသောကြောင့် အသက် ပေး၍ ရွေးဝယ် ကယ်တင်ခဲ့ပြီ။ ထိုမျှမက သတို့သမီး လောင်းသည် လှလှပပသန့် သန့်ရှင်းရှင်းဖြင့် တွေ့လိုသောကြောင့် သန့်ရှင်းရေးလုပ်နိင်ဘို့ရန် နှုတ်ကပတ်ကို ပေးထားခဲ့သည်။ ထိုနှုတ်ပတော် ရေဖြင့် သတို့့သ မီးလောင်းသည် နေ့တိုင်း သန့့်ရှင်းရေး လုပ်ဘို့ ဖြစ်သည်။ အာရွှေရုဘုရင်သည် မိဖုရားရှာတော် ပုံဖွင့်သောအခါ အပျိုကညာတို့သည်၊ “​ခြောက်လပတ်လုံးမုရန်ဆီ၊ ​ခြောက်လပတ် လုံးနံ့သာမျိုးအစရှိသော စင်ကြယ်စေသော ဆေးမျိုးကို သုံး၍ စင်ကြယ်ခြင်း အမှု ပြီးသည် တိုင်အောင် ထိုမျှကာလကို လွန်စေရ၏။” (ဧသတာ ၂:၁၂)။ လောက ရှင်ဘုရင်၏ မိဖုဘုရား ဖြစ်မည့်သူများပင်လျှင် ထိုကဲ့သို့ တနှစ်ပတ်လုံးစင်ကြယ်ခြင်း အမှုကို ပြုလုပ် ကြ၏။

    သို့သော်လည်း ခရစ်တော် ဘုရား၏ မိဖုရား ဖြစ်မည့် ယုံကြည်သူများသည် စင်ကြယ်ခြင်း အမှုကို လုံးဝ ဂရုမစိုက်၊ လောကအရာများနှင့် နေ့တိုင်း ညစ်ညူး စေကြသည်ကို တွေ့မြင်သောအခါ အလွန်ပင် စိတ် ပျက်စရာ ကောင်းသည်။ ယုံကြည်သူများသည် မင်္လာဆောင် မည့် အရာကိုလည်း မသိ၊ သို့မဟုတ် ဂရုမစိုက်ကြ။ သတို့သမီး လောင်း များသည် မင်္လာဆောင်မည့်အချိန် နီးလေလေစိတ်လှုပ်ရှား၍ အလုပ် ရှုပ်လေလေ ဖြစ်တတ်သည် မဟုတ်လော။ ထိုသို့ဖြစ်ရခြင်းသည် သတို့ သားကို ချစ်သောကြောင့် ဖြစ်သည်။ ကိုယ့်ချစ်သူ မဟုတ်၊ ပေးစားသောယောက်ျားနှင့် လက်ထပ်မည့်သူ များသည် မင်္လာမဆောင်ချင် ကြ။ မင်္လာဆောင်မည့်အချိန် နီးလေလေကြောက်လေလေ၊ စိုးရိမ် စိတ်ပျက် လေလေ ဖြစ်တတ်သည်။ ထို့နည်းတူ ယုံကြည်သူများလည်း သတို့ သားလောင်း သိုးသငယ်ကို မချစ်သောကြောင့် ဖြစ်လိမ့်မည်၊ စိတ် မလှုပ်ရှား၊ သန့်ရှင်းရေးလည်း မလုပ်၊ ညစ်ညူးစွာ အသက်ရှင်ကြသေးသည်။ ယ ခုမှစ၍ အလျှင်အမြန် ပြင်ဆင် ကြ၍ အလျှင်အမြန် သန့်ရှင်းရေးလုပ်ကြ ရအောင်။

    သတို့းသမီးလောင်းသည် စိတ်မလှုပ်ရှား၊ မပြင်ဆင်ခြင်းသည် အထက်၌ ဖေါ်ပြ သကဲ့သို့ မချစ်သောကြောင့် ဖြစ်သည်။ မချစ်ရခြင်းလည်း ပေးစားခြင်းကြောင့် ဖြစ်သည်။ ရှင်ပေါလုကကောရိန်သုအသင်းသားများကို ခရစ်တော်နှင့် ပေးစားကြောင်း ဤသို့ ရေးထားသည်၊ “အကြောင်းမူကား၊ ငါသည် သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့ သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြား ဆောင်နှင်းပြီး သောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သော စိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။” (၂ ကော ၁၁:၂)။

    အထက်ပါ ကျမ်းပိုဒ်၌ လင်တဦးနှင့် ထိမ်းမြား ဆောင်နှင်းပြီး သောကြောင့် ဟုဆိုထားသည်။ အမှန်မှာ စေ့စပ်ကြောင်း လမ်းထားပြီဟု ဘာသာ ပြန်ရမည် ဖြစ်သည်။ အင်္လိပ်ကျမ်းစာအုပ်များ၌ ဤသို့ တွေ့ရသည်၊ “ I betrothed you to one husband, so that to Christ I might present you as a pure virgin.”(NASV)

    Betroth ဟူသောအရာသည် စေ့စပ်ခြင်း ဖြစ်သည်။ ကောရိန်သု အသင်းသား များသည် ခရစ်တော်ကို မတွေ့ဘူးခဲ့ကြချေ။ ရှင်ပေါလုက သူတို့ကို ခရစ်တော်၏ သတို့သမီး ဖြစ်ဘို့ စေ့စပ်ပေးသည်။ ထို့နည်း တူယနေ့ ယုံကြည်သူများလည်း တရားဟောဆရာများက ခရစ်တော်နှင့် ပေးစား၍ စေ့စပ်ထား သောကြောင့် ခရစ်တော်ကို မချစ်ကြ သို့မဟုတ် ခရစ်တော်ထက် ချစ်သောအရာ ရှိနေသည်။ သို့သော် သူ၏ မေတ္တာ၊ စေတနာ၊ ကောင်းကြီးများကို တွေ့ခြင်းဖြင့် ချစ်နိင်သည်။ အာဗြာဟံ​ကျွန်ကဣဇက်အတွက် မိန်းမရှာ ပေးသောအခါ ရိဘက္ကကဣဇက်ကို မြင်ဘူးသည် မဟုတ်။ သို့သော် သူပေးသော ရွှေနားကပ်ရွှေလက်ကောက်များ တွေ့မြင်သောအခါ ချက်ခြင်း လိုက် ပါသွားသည်။ ထိုနည်းတူ ယုံကြည်သူများလည်း ခရစ်တော် ပေးသော ကောင်းကြီးများကို ကြည့်ခြင်းအားဖြင့် ခရစ်တော်ကို ချစ်၍ သူနှင့် တွေ့ ဘို့ရန် စိတ်စောသင့်သည်။

    .

    ^

    သင်ခန်းစာ (၁၂)
    ဘေးဒဏ်ကြီးကာလ

    ယုံကြည်သူများကောင်းကင်သို့ ချီဆောင်ခြင်း ခံပြီးသော နောက် ဤလောက၌ အနှေးနှင့် အမြန် ဘေးဒဏ်ကြီးကာလ စမည် ဖြစ်သည်။ ထိုဘေးဒဏ်ကြီးကာလ အကြောင်းကို သခင် ခရစ်တော် ကရှင်မ ဿဲ ၂၄နှင့် ဗျာဒိတ်ကျမ်း၆မှ ၁၉တွင် ဖေါ်ပြထားသည်။ ထိုကာလသည် အလွန် ခက်ခဲသောကြောင့် အဘယ်သူမျှ မခံနိုင်ဟု ခရစ်တော်က ဤသို့ ဆိုခဲ့သည်၊ “အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ယခုတိုင် အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတံ့သောကြီးစွာသော ဒုက္ခသည်ထိုကာလ၌ဖြစ်လိမ့်မည်။ ထိုကာလတာရှည်လျှင်အဘယ် သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဘို့အလိုငှါထိုကာလသည် တိုလိမ့်မည်။” (မ ၂၄:၂၁-၂၂)

    ထိုကာလကိုပရောဖက်ယေရမိကဤသို့ ရေးသားခဲ့သည်၊ “ယောက်ျားသည်သားဘွားတတ်သလော၊ ဟုမေးမြန်းကြည့်ရှုကြလော့။ မိန်းမသည်သားဘွားခြင်းဝေဒနာကိုခံရသောအခါမိမိခါး၌ လက်တင်သကဲ့သို့ယောက်ျားတိုင်းပြု၍၊ ခပ်သိမ်းသောသူတို့သည် မျက်နှာပျက်လျက်ရှိကြသည်ကိုအဘယ်ကြောင့်ငါမြင်ရသနည်း။ အလိုလေး၊ ထိုနေ့ရက်ကား၊ နှိုင်းစရာမရှိ၊ ကြီးသောနေ့ရက်ဖြစ်၏။ ယာကုပ်အမျိုး၌အမှုရောက်သောနေ့ရက်ဖြစ်၏။ သို့ရာတွင်၊ သူတို့သည်ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။” (ယေရမိ ၃၀:ရ)။ ယေရမိကဘေးဒဏ်ကြီးကာလကို "ယာကုပ်၌အမှုရောက်သောနေ့" ဟုဆိုသည်။ ယာကုပ်သည်ဣသရေလဖြစ်သည်။ ယောက်ျားတိုင်း မိန်းမများသားဘွားခြင်းဝေဒနာခံစားသကဲ့သို့၊ ယောက်ျားတိုင်းမိမိခါး၌လက်တင်သည်ဟုဆိုသည်။ ဆိုလိုသည်မှာအလွန်နာကျင်ခြင်းကို ဖေါ်ပြခြင်းဖြစ်သည်။

    ပရောဖက်မာလခိကလည်း၊ ထိုအရာကိုဤသို့ ရေးသားခဲ့သည်၊ “မီးဖို၌မီးလောင်သကဲ့သို့လောင်သောနေ့ရက်ကာလသည်ရောက်လိမ့်မည်။ မာနကြီးသောသူနှင့်ဒုစရိုက်ကိုပြုသောသူအပေါင်းတို့သည် အမှိုက်​ခြောက်ဖြစ်လိမ့်မည်။ သူတို့အရင်းအဖျားမျှမကျန်ကြွင်းစေခြင်းငှါ၊ ထိုနေ့ရက်သည်လောင်လိမ့်မည်၊ ဟုကောင်းကင်ဗိုလ်​ခြေအ ရှင်ထာဝရဘုရားမိန့်တော်မူ၏။” (မာလခိ ၄:၁) မီးဖို၌မီးလောင်သောအခါအလွန်ပူ၍အရာခပ်သိမ်း​ကျွမ်းလောင်သကဲ့၊ ဘေးဒဏ်ကြီးကာလ၌ယခုမာနကြီးသောကြောင့်ကယ်တင်ခြင်းတရားနားမထောင်ချင်သောသူများ၊ အပြစ်ဒုစရိုက်လုပ်နေသောသူများတို့သည် ပျောက်ပျက်ကုန်ကြလိမ့်မည်။ ထို့ကြောင့်ထိုကဲ့သို့သောသူများကို အားကျစရာမရှိ၊ သနားစရာသာလျှင်ဖြစ်သည်။ သင်ကိုယ်တိုင်ထိုကဲ့သို့သောသူမဖြစ်ဘို့အရေးကြီးသည်။

    ကမ္ဘာ့အစိုးရပေါ်လာမည်
    ဘေးဒဏ်ကြီးကာလ၌အန္တိခရစ်တည်းဟူသောစာတန်၏လူက၊ ဤလောကတခုလုံးကိုအုပ်ချုပ်မည်။ ထိုကာလ၌ကမ္ဘာ့အစိုးရပေါ်လာ၍ အာဏာရှင်တဦးတည်းကအုပ်ချုပ်မည်ဖြစ်သည်။ ထိုသူကိုပရောဖက်ဒံယေလကချိုငယ်တချောင်းဟုဆိုသည်၊ “ထိုညအခါတဖန်ငါသည်အာရုံပြုစဉ်၊ ကြီးစွာသောခွန်အားဖြင့်ပြည့်စုံ၍အလွန်ကြောက်မက်ဘွယ်သောစတုတ္ထသားရဲသည်ထင်ရှား၏။ ကြီးစွာသောသံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ကြွင်းသောအရာကိုခြေဖြင့်နင်းချေ၏။ သူသည်အရင်သားရဲရှိသမျှတို့ထက်ထူးခြား၏။ ချိုဆယ်ချောင်းလည်းရှိ၏။ ထိုချိုတို့ကိုငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ချိုငယ်တချောင်းသည်ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာအရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွနှုတ်လေ၏။ ထိုချိုငယ်သည်လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသောစကားကိုပြောတတ်သောနှုတ်နှင့်၎င်း၊   ပြည့်စုံ၏။” (ဒံယေလ ရးရ-၈)။

    ဒံယေလသည်ကြောက်မက်ဘွယ်သောသားရဲကိုမြင်သည်။ ထိုသားရဲ၌ချိုဆယ်ချောင်းရှိ၍၊ ထိုချိုများအလယ်၌ချိုငယ်တချောင်းပေါက်သည်။ ထိုသားရဲသည်အဘယ်အရာကိုဆိုလိုသနည်း။ ထိုသား ရဲသည်ရောမအင်ပိုင်ယာကိုဆိုလိုသည်။ ရှေးတုန်းကရှိခဲ့သော ရောမအင်ပိုင်ယာသည်၊ ဤနောက်ဆုံးသောကာလ၌ပြန်လည်ပေါ်ပေါက်မည့်အရာကိုကြိုတင်ဟောထားခြင်းဖြစ်သည်။ ထိုသားရဲ၌ချိုဆယ်ချောင်းရှိသည်ဟုဆိုသည်။ ထိုချိုဆယ်ချောင်းသည်နောက်ဆုံး၌ ပေါ်ပေါက်မည့်မင်း (သို့) ခေါင်းဆောင်ဆယ်ပါးကိုဆိုလိုသည်။ ထိုချိုများအလယ်၌ချိုငယ်တချောင်းပေါက်ပြန်သည်ဆိုခြင်းမှာထိုချို တည်းဟူသော မင်းဆယ်ပါးထဲမှခေါင်းဆောင်တဦးထပ်ပေါ်မည့် အရာကိုဆိုလိုသည်။ ထိုခေါင်းဆောင်သည်သူ့အရင်ရှိခဲ့သောချိုသုံးချောင်းတည်းဟူသောမင်းသုံးပါးကိုနှုတ်မည်။ နှုတ်မည်ဆိုခြင်းသည် ရာထူးမှဖြုတ်ချမှာကိုဆိုလိုသည်။ ထိုချိုငယ်သည်လူ့မျက်စိရှိ၍ကြီးစွာသောစကားပြောမည်ဟုဆိုသည်။ ထိုချိုငယ်သည်နောက်ဆုံးပေါ်ပေါက်လာမည့်ကမ္ဘာ့ခေါင်းဆောင်ကြီးကိုဆိုလိုသည်။

    ထိုချိုဆယ်ချောင်းသားရဲကို၊ တမန်တော်ယောဟန်ကလည်းဤ ကဲ့သို့မြင်ခဲ့ပြီးပြီ၊ “ပင်လယ်နား၌သဲပေါ်မှာငါရပ်၍သားရဲတကောင်သည်ခေါင်းခုနှစ်လုံးချိုဆယ်ချောင်းနှင့်တကွချိုပေါ်၌သရဖူဆယ်ဆူကိုဆောင်းလျက်၊ ခေါင်းပေါ်၌လည်းဘုရားသခင်၏အသရေတော်ကို ရှုတ်ချသောနာမရှိလျက်၊ ပင်လယ်ထဲကတက်သည်ကိုငါမြင်၏။ ထိုသို့ငါမြင်သောသားရဲသည်ကျားသစ်နှင့်တူ၏။ သူ၏​ခြေသည်ဝံ​ခြေကဲ့သို့ဖြစ်၏။ သူ၏နှုတ်သည်လည်းခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည်မိမိတန်ခိုးနှင့်မိမိပလ္လင်ကို၎င်း၊ ကြီးစွာသောအာဏာစက်ကို၎င်း၊ သားရဲ၌အပ်ပေး၏။”(ဗျာ ၁၃:၁-၂)

    ယောဟန်မြင်သောသားရဲသည်သူ့အရင်ဒံယေလကမြင်ခဲ့သောသားရဲ ဖြစ်သည်။ ထိုသားရဲ၏ကိုယ်ခန္ဓာသည်ကျားသစ်ကဲ့သို့ဖြစ်၍၊ သူ၏ ​ခြေသည်ဝက်ဝံ​ခြေကဲ့သို့ဖြစ်သည်။ သူ၏နှုတ်သည်ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်သည်။ ထိုသားရဲသုံးမျိုးကိုပရောဖက်ဒံယေလကမြင်ခဲ့ဘူးပြီ။ ကျားသစ်သည်ဂရိတ်အင်ပိုင်ယာ၊ ဝက်ဝံသည်မေဒိုပါးရှား (အီရန်) အင်ပိုင်ယာ၊ ခြင်္သေ့သည်ဗာဗုလုန်အင်ပိုင်ယာ(အီရတ်)ကိုဆိုလိုခြင်း ဖြစ်သည် (ဒံယေလ ၂ နှင့် ရ)။ ထို့ကြောင့်နောက်ဆုံးပေါ်ပေါက်မည့် ကမ္ဘာ့အင်ပိုင်ယာသည်၊ ထိုအင်ပိုင်ယာများ၏အရည်အချင်းများ ပေါင်းစပ်ထားခြင်းဖြစ်မည်။ ထိုကမ္ဘာ့ခေါင်းဆောင်သည်ဘုရားသခင် ကိုဆန့်ကျင်မည့်သူဖြစ်သည်။ ထိုသူကိုနဂါးတည်းဟူသောစာတန်ကမိမိ၏တန်ခိုးနှင့်ပလ္လင်ကို၎င်း၊ ကြီးစွာသောအာဏာစက်ကို၎င်း၊ ပေးမည်ဖြစ်သည်။

    သားရဲ၏ခေါင်းတလုံးသည်သေအောင်ကွပ်မျက်ပြီးသကဲ့သို့ဖြစ်၍၊ သေစေသောဒဏ်ချက်သည်ပျောက်လျက်ရှိ၏။ မြေကြီးသား အပေါင်းတို့သည်သားရဲနောက်သို့လိုက်၍အံ့ဩကြ၏။ ထိုသားရဲ၌ အာဏာစက်ကိုအပ်ပေးသောနဂါးကိုကိုးကွယ်ကြ၏။သားရဲကိုလည်း ကိုးကွယ်၍အဘယ်သူသည်သားရဲနှင့်တူသနည်း။ အဘယ်သူသည် သူ့ကိုစစ်ပြိုင်နိုင်သနည်း၊ ဟုပြောဆိုကြ၏။” (ဗျာ ၁၃:၃-၄) ထိုသားရဲ တည်းဟူသောအန္တိခရစ်သည်၊ သခင်ခရစ်တော်ကိုယှဉ်ပြိုင်အံတုသူ ဖြစ်သောကြောင့်ခရစ်တော်ကဲ့သို့သေပြီးမှရှင်ပြန်ထမြောက်မည် ဖြစ်သည်။ ထိုကမ္ဘာ့ခေါင်းဆောင်ကိုသေကြောင်းကြံကြ၍၊ သေရာမှရှင်ပြန်ထမြောက်ခြင်းအားဖြင့်မြေကြီးသားအပေါင်းသည်၊ သူ့နောက်သို့ လိုက်ကြမည်။ ထိုကာလရှိမြေကြီးသားအပေါင်းတို့သည် နဂါးတည်းဟူသောရှေးမြွေဟောင်းစာတန် (ဗျာ ၂၀:၂)ကိုကိုးကွယ်ကြလိမ့်မည်။

    စာတန်နှင့်အတူကမ္ဘာ့ခေါင်းဆောင်အန္တိခရစ်ကိုလည်းကိုးကွယ်၍ ချီးမွမ်းကြလိမ့်မည်။
    ထိုသားရဲသည်လည်း ကြီးစွာသောစကားကို၎င်း၊ ဘုရားသခင်ကို ပြစ်မှားသောစကားကို၎င်း၊ ပြောတတ်သောနှုတ်နှင့်ပြည့်စုံ၍ လလေးဆယ်နှစ်လပတ်လုံးစီရင်ရသောအခွင့်ကိုရ၏။ ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့်နာမတော်နှင့်တဲတော်ကို၎င်း၊ ကောင်း ကင်သားတို့ကို၎င်း၊ ပြစ်မှားခြင်းငှါနှုတ်ကိုဖွင့်ထား၏။” (ဗျာ ၁၃:၅-၆)။ ထိုကမ္ဘာ့ခေါင်းဆောင်ကြီးသည်ဘုရားသခင်စော်ကားသော စကားများကိုအကြီးအကျယ်ပြောမည်ဖြစ်သည်။ သူသည်ကမ္ဘာကို လလေးဆယ်နှစ်လ၊ သုံးနှစ်ခွဲအုပ်စိုးမည်ဖြစ်သည်။ ဤနေရာ၌ ဘေးဒဏ်ကြီးကာလ၏ဒုတိယသုံးနှစ်ခွဲကိုဆိုလိုခြင်းဖြစ်သည်။

    သန့်ရှင်းသူတို့ကိုစစ်တိုက်၍နိုင်ရသောအခွင့်ကိုရ၏။ အသီးအသီး ဘာသာစကားကိုပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့ကိုအုပ်စိုးရသောအခွင့်ကိုလည်းရ၏။ ကွပ်မျက်သောသိုးသငယ်၏အသက်စာ စောင်၌ကမ္ဘာဦးကပင်စာရင်းမဝင်သောမြေကြီးသားအပေါင်းတို့ သည်သားရဲကိုကိုးကွယ်ကြ၏။” (ဗျာ။ ၁၃:ရ-၈)။ ကျေးဇူးတော် ကာလတွင်မယုံကြည်သော်လည်း၊ ဘေးဒဏ်ကြီးကာလ၌ဘုရား သခင်ကိုပြန်လည်ယုံကြည်သူများရှိလိမ့်မည်။ ထိုသူများကိုသန့်ရှင်း သူများဟုခေါ်သည်။ ထိုကမ္ဘာ့ခေါင်းဆောင်အန္တိခရစ်သည်၊ ထိုယုံကြည်သူများကိုစစ်တိုက်၍နိုင်ရသောအခွင့်ကိုဘုရားသခင်က ပေးမည်။ သူသည်ကမ္ဘာပေါ်ရှိလူမျိုးအသီးသီးဘာသာစကားအမျိုးမျိုးပြောသောသူတို့ကိုအုပ်စိုးမည်။ ကွပ်မျက်ခြင်းခံရသောသိုးသ ငယ်တည်းဟူသော၊ ခရစ်တော်၏အသက်စာစောင်ထဲ၌စာရင်းမဝင်သောသူတို့သည်၊ ထိုကမ္ဘာ့ခေါင်းဆောင်ကိုကိုးကွယ်ကြလိမ့်မည်။ ထို သူတို့သည်ဝိညာဉ်မျက်စိကန်းသောကြောင့်၊ ဘုရားမှန်းဘုရားအတုမှန်းမသိ၊ အံ့ဩဘွယ်တန်ခိုးနိမိတ်များပြနိုင်၍အာဏာရှိသောကြောင့် ကိုးကွယ်ကြမည်။

    အဘယ်ကြောင့်ကမ္ဘာဦးကပင်စာရင်းမဝင်ဟုရေးထားသနည်း။ ထိုသို့ဖြစ်လျှင်သိုးသငယ်၏စာရင်း၌ပါဝင်ခြင်းမပါဝင်ခြင်းသည် ဘုရား သခင်ကကမ္ဘာဦးကတည်းကသတ်မှတ်ထားသည်မဟုတ်လော၊ ဟုဆိုနိုင်သည်။ လူ့အမြင်အားဖြင့်ထိုသို့ဖြစ်သော်လည်း၊ ဘုရားသခင်သည်အစကတည်းကမည်သူကယုံကြည်မည်ကိုသိထားနှင့်သောကြောင့်ဖြစ်သည်။ ထိုအရာကိုအချိန်အပိုင်းအခြားနှင့်အသက်ရှင်သောလူသားအနေဖြင့်နားလည်ဘို့ခက်ခဲသည်။

    ဒုစရိုက်လူပျက်စီးခြင်း၏သား
    ထိုကမ္ဘာ့ခေါင်းဆောင်ကိုရှင်ပေါလုကဒုစရိုက်လူဟုခေါ်သည်၊ “အဘယ်သူမျှသင်တို့ကိုအဘယ်သို့အားဖြင့်မလှည့်ဖြားစေနှင့်။ ထိုနေ့ရက်မရောက်မှီဖောက်ပြန်သင်းခွဲခြင်းသည်အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသောပျက်စီးခြင်း၏သားသည်ပေါ်လာရလိမ့်မည်။” (၂ သက် ၂:၃) အဘယ်ကြောင့်ကမ္ဘာ့ခေါင်းဆောင်ကြီးကို "ဒုစရိုက်လူ" ဟုခေါ်သနည်းဟူမူကား၊ အပြစ်ဒုစရိုက်လုပ်ခြင်း၏ခေါင်းဆောင် ဖြစ်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ဘေးဒဏ်ကြီးကာလ၌တရားမျှတမှုလုံးဝရှိမည်မဟုတ်။ ဒုစရိုက်အပြစ်သည်ယခုထက်သာ၍ လွန်ကဲစွာပြုလုပ်ကြလိမ့်မည်။ အဘယ်ကြောင့်ပျက်စီးခြင်း၏သားဟုခေါ်သနည်း။ ပျက်စီးခြင်းသည်အပြစ်ငရဲသွားခြင်းကိုဆိုလိုသည်။ ထိုကမ္ဘာ့ခေါင်းဆောင်ကြီးသည်နောက်ဆုံး၌အပြစ်ငရဲထဲသို့ ရောက်သွားမည်ဖြစ်သောကြောင့်ပျက်စီးခြင်း၏သား၊ ဟုဆိုခြင်းဖြစ်သည်။

    အန္တိခရစ်
    ရှင်ယောဟန်ကအန္တိခရစ် ဟုခေါ်သည်၊ “ချစ်သားတို့၊ ယခုကာလသည်နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ရန်သူတည်းဟူသောအန္တိခရစ်တော်ပေါ်လာကြောင်းကိုသင်တို့ကြားရသည် အတိုင်း၊ ယခုပင်အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခုကာလသည်နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏။” (၁ ယော ၂:၁၈)။ အဘယ်ကြောင့်ကမ္ဘာ့ခေါင်းဆောင်ကြီးကိုအန္တိခရစ်တော်ဟုခေါ်သနည်းဟူမူကား၊ အန္တိသည်ဆန့်ကျင်ဘက်ဟုဆိုလိုသည်။ သူသည် ခရစ်တော်ကိုဆန့်ကျင်ဘက်ပြုလုပ်မည်ဖြစ်သောကြောင့်အန္တိခရစ်ဟုခေါ်ရခြင်းဖြစ်သည်။ ရှင်ယောဟန်ကယခုပင်အန္တိခရစ်အများရှိသည်၊ ဟုဆိုရာတွင်ခရစ်တော်ကိုဆန့်ကျင်သောသူတိုင်းကိုဆိုလို သည်။

    မည်ကဲ့သို့အာဏာရသနည်း
    ထိုကမ္ဘာ့အာဏာရှင်သည်သွေးထွက်သန်ယူခြင်းမရှိဘဲအာဏာကို ရရှိလိမ့်မည်။ ကမ္ဘာ့စီးပွါးရေး၊ နိင်ငံရေး၊ ဘာသာရေးပြသနာသည် ​ဖြေရှင်း၍မရနိုင်အောင်ကြီးမားသောအခါ၊ ထိုပြသနာများကို ​ဖြေရှင်းပေးမည့်သူကိုတကမ္ဘာလုံးကမျှော်နေကြမည်ဖြစ်သည်။ ထိုအခါ ထိုပြသနာများကို ​ဖြေရှင်းနိုင်မည်၊ ဟုနှုတ်သတ္တိဥာဏ်သတ္တိရှိသောသူပေါ် လာ၍ လူအများကသူ့ကိုလိုလိုချင်ချင်ဖြင့်အာဏာလွှဲအပ်မည်ဖြစ်သည်။ ထိုသူသည်အစပိုင်း၌အလွန်အောင်မြင်သော်လည်း နောက်ပိုင်း၌ပြသနာများလာ၍၊ သူ့လက်ထက်၌စစ်ပွဲများဖြစ်၍ ငြိမ်သက်မှုသည်မြေကြီးပေါ်မှရုတ်သိမ်းမည်ဖြစ်သည်။ ထိုအရာများကို ဗျာဒိတ်ကျမ်း၌ဤသို့တွေ့ရသည်။

    သိုးသူငယ်သည်တံဆိပ်ခုနစ်ချက်တွင်တချက်ကိုဖွင့်သောအခါငါကြည့်လျှင်၊ မိုးကြိုးသံမြည်သကဲ့သို့၊ သတ္တဝါလေးပါးတွင်တပါးက၊ လာ၍ကြည့်လော့ဟုဆိုသည်ကိုငါကြား၏။ ထိုအခါငါကြည့်လျှင်၊ မြင်းဖြူတစီးရှိ၏။ မြင်းစီးသောသူသည်လေးကိုကိုင်၏။ သူ၌သရဖူကိုပေးတော်မူ၏။ အောင်မြင်လျက်၎င်း၊ အောင်မြင်ခြင်းငှါ၎င်း၊ ထွက်သွား၏။” (ဗျာ ၆:၁-၂)
    အထက်ပါကျမ်းပိုဒ်၌မြင်းဖြူစီးသောသူသည်၊ ခရစ်တော်ဟုထင် မှတ်နိုင်သည်။ အကြောင်းမှာခရစ်တော်သည်ဗျာ ၁၉:၁၂-၁၄ ၌မြင်း ဖြူစီး၍ဤလောကသို့ဒုတိယအကြိမ်ပြန်ကြွလာမည်ဖြစ်သည်။ အန္တိခရစ်သည်လည်းခရစ်တော်ကဲ့သို့မြင်းဖြူစီး၍ပေါ်ထွက်လာမည်။ သူ၏ခေါင်းပေါ်၌လည်းသရဖူပေးထားသည်။ သရဖူကိုပေးခြင်းသည် အာဏာကိုပေးခြင်းဖြစ်သည်။ သူသည်အထက်ကဖေါ်ပြပြီးခဲ့သည့်အတိုင်းစစ်မတိုက်ဘဲအာဏာရမည်ဖြစ်သည်။ အဘယ်ကြောင့်စစ်မတိုက်ဘဲဟုပြောနိုင်သနည်းဟူမူကား၊ သူ့လက်၌လေးကိုင်ထားသော် လည်းမြှားမတွေ့ရချေ။ သူသည်လူတိုင်းကကြိုဆိုလက်ခံချီးမြှောက်ကြသော်လည်းမကြာမှီတွင်ပြသနာများလာ၍စစ်တိုက်မည်။

    ဗိမာန်တော်ဆောက်ခွင့်ပေးမည်
    အန္တီခရစ်သည် ဘေးဒဏ်ကြီးကာလ အစပိုင်း၌ ဣသရေလ လူများနှင့် ပဋ္ဋိညာဉ်ဖွဲ့မည့် အကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “တ သီတင်းတွင် လူအများ တို့နှင့် ပဋ္ဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်း တဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာ ဘွယ်သောအရာ၏ အထွဋ္ဋ်ပေါ်သို့ ဖျက်ဆီးသောသူသည် ရောက်၍ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ပျက်စီးသော သူတို့ကို လွှမ်း မိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။” (ဒံ ၉:၂ရ)။

    အထက်ပါ ကျမ်းပိုဒ်၌ တသီတင်းဆိုသည်မှာ ခုနှစ်နှစ်ကို ဆိုလိုသည်။ တသီတင်းတွင် ခုနှစ်ရက်ရှိ၍ တရက်ကို တနှစ်ထားကာ (တော ၁၄:၃၄) ခုနှစ်ရက်သည် ခုနှစ်နှစ် ဖြစ်သည်။ အန္တီခရစ်သည် လူများ၊ ဣသရေလ များနှင့် တသီတင်း (ခုနှစ်နှစ်) စာချုပ်၍ ဗိမာန်တော် ပြန်လည် တည်ဆောက်ခွင့်ပေးလိမ့်မည်။ ဣသရေလ များလည်း ဗိမာန်တော် ဆောက်ပြီး နောက်ရှေးတုန်းကကဲ့သို့ ယဇ်ပူဇော်ခြင်းများပြန်လုပ်ကြလိမ့်မည်။ ထိုအရာသည် သူတို့၏ အလွန် တောင့်တသောအရာ ဖြစ်သည်။ ယခုတွင် ဗိမာန်တော် နေရာ၌ မူစလင်များ၏ ဗလီရှိသောကြောင့် မဆောက်နိုင်ကြချေ။

    ဗိမာန်တော် ဆောက်ဘို့ရန် ဣသရေလ လူများသည် ၁၉၉၅လောက်ကတင်ခဲ့ပြီ။ ယခုအခါ ဣသရေလ လူတိုင်းသည် ဘုရားဘက်မှာ စိတ်မဝင်စားသော်လည်း စိတ်ဝင်စားသောသူများ ကကြံစည်ကြခြင်း ဖြစ်သည်။ ဗိမာန်တော် ဆောက်ဘို့ ကြံရွယ်နေသော အဖွဲ့သည် Temple Institute ဟု ခေါ်သည်။ ထိုအဖွဲ့ကဗိမာန်တော် ဆောက်ဘို့ ထိုအဖွဲ့ကဗိမာန်တော် ဆောက်ဘို့ရန် အတွက် စုဆောင်းထားသော ပစ္စည်းများသည်ပြီး ပြည့်စုံသွားပြီ ဖြစ်သည်။အချိန်မရွေး ဆောက်နိင်ပြီ။ အခွင့်ရဘို့ သာလျှင် စောင့်ရတော့သည်။အချိန်မရွေး ဆောက်နိုင်ပြီ။ ထိုအခွင့်အရေးကို အန္တီခရစ်ပေါ်လာမှစာချုပ် ချုပ်၍ ဆောက်ခွင့်ပေးမည် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော် ကြလာဘို့ရန် အလွန် နီးနေပြီ။

    ယခုအချိန်တွင် ဗိမာန်တော် ဆောက်မည့် နေရာ၌ မူစလင်များ၏ ဗလီရှိနေသည်။ ထို့ကြောင့် ဣသရေလ လူများ ပင်လျှင် ထိုဗိမာန်တော် နေရာသို့ သွားလာခွင့် မရရှိကြချေ။ ထိုသို့ဖြစ်လျှင် မည်ကဲ့သို့ ဗိမာန်တော်ကို မည်ကဲ့သို့ ဆောက်နိင်မည်နည်းဟု မေးစရာ ရှိသည်။ အန္တီခရစ် ကအာဏာရ လာသောအခါ ပဋ္ဋိညာဉ်ဖွဲ့၍ ဆောက်ခွင့်ပေးမည်။ ထိုစာ ချုပ်အရမူစလင်ဗလီအနားမှာဆောက်မည့် အကြောင်း ကျမ်းစာထဲ၌ ဤသို့ တွေ့ရသည်၊ “တဖန်တုံလှံတံနှင့် တူသော ကျူပင်တလုံးကို ငါ့ အားပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော်၌ ကိုးကွယ်သော သူတို့ ကိုလည်း ရေတွက်လော့။ ဗိမာန်တော် တန်တိုင်းကို မတိုင်း နှင့်၊ ပယ်ထားလော့။ တပါးအမျိုးသား (အာရပ်များ) တို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို လလေးဆယ်နှစ်လပတ်လုံး (သုံးနှစ်ခွဲ) နင်း (အုပ်စိုး) ကြလိမ့်မည်။” (ဗျာ ၁၁:၁-၂)။

    အထက်ပါ ကျမ်းစာ အရဗိမာန်တော်ကို နဂုိမူလနေရာ၌ ပြန်ဆောက်မည် ဖြစ်သည်။ သို့သော် တံတိုင်း မခတ်ဘဲ ဗိမာန်တော် သာလျှင် ဆောက်မည် ဖြစ်သည်။ တံတိုင်းသည် တပါးအမျိုးသား တည်းဟူသော မူစလင်များ ကလောလောဆယ်ပိုင်ထားသည်။ ဣသရေလ လူများနှင့် အန္တီခရစ်ပဋ္ဋိညာဉ်စာချုပ်ချုုပ်သောအခါ၌လည်း တံတိုင်းတော်ကိုမူစလင် များ၏ လက်ထဲ၌ ထားမည် ဖြစ်သည်။ သူတို့ ကစာချုပ် ချုပ်ပြီး နောက်သုံး နှစ်ခွဲဆက်ပိုင်ဦးမည်။

    ဗိမာန်တော်၌ ရွံရှာဘွယ်
    တဖန် ဒံယေလကထိုကမ္ဘာ့ ခေါင်းဆောင်ကို ရွံရှာဘွယ် ဟုဆိုသည်။ “ထိုမင်း နောက်မှ စစ်လက်နက်တို့သည် ပေါ်လာသဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရာ ဌာနတော်ကို ညစ်ညူး စေ၍၊ နေ့ရက်အစဉ်ပြုသော ဝတ်ကို ပယ်ရှင်းကြလိမ့်မည်။ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာ ကိုလည်း တည်ထားကြလိမ့်မည်။” (ဒံ ၁၁:၃၁)။ သို့သော် အန္တီခရစ်သည် သီတင်းတဝက် တည်းဟူသော သုံးနှစ်ခွဲတွင် ပဋ္ဋိညာဉ်ကို ဖျက်၍ ယဇ်ပူ ဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို တားမြစ်မည်။ ထိုအရာကို သခင်ယေရှုက ပို၍ ရှင်းလင်းစွာ အောက်ပါကဲ့သို့ ပြောထားခဲ့သည်၊ “ထို့ကြောင့် ပရော ဖက်ဒံယေလဟောသည် အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် သန့်ရှင်းသော အရပ်ဌါန၌ စိုက်နေသည်ကို သင်တို့ မြင်ရလျှင် ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။ ထိုသို့ မြင်ရလှျင်ယုဒပြည်၌ ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးစေ။ အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ဥစ္စာကို ယူခြင်း ငါှမဆင်းစေနှင့်။ လယ်၌ ရှိသောသူသည်လည်း မိမိအဝတ်ကို ယူခြင်း ငါှနောက်သို့ မပြန်စေနှင့်။ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန် ခက်ကြလိမ့်မည်။ သင်တို့ ပြေးရသော အချိန်သည် ဆောင်းကာလ၌ မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း ဆုတောင်း ကြလော့။ အကြောင်းမူကား ကမ္ဘာ ဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလ တာ ရှည်လျှင် အဘယ်သူမျှ မ လွတ်နိုင်ရာ။ ရွေးချယ်သော သူတို့အဘို့ အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။” (မ ၂၄:၁၅-၂၂)

    ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် အန္တီခရစ် (သို့) သူ၏ ရုပ်တုကို ဆိုလိုသည်။ ဘုရား အမြင် (သို့) ဣသရေလ များ၏ အမြင်၌ ရွံ ရှာဘွယ်သောအရာသည် အခြားဘုရား (သို့) ရုပ်တု ဖြစ်သည်။ သန့်ရှင်းသော အရပ်ဌါနသည် ဗိမာန်တော်ကို ဆိုလိုသည်။ အန္တီခရစ်သည် အစပိုင်း၌ ဣသရေလများကို ဗိမာန်တော် ဆောက်ခွင့်ပေး၍ ယဇ်ပူဇော်ခြင်းများကို ခွင့်ပြုမည်။ သုံးနှစ်ခွဲရှိသောအခါ ဘုရားသခင်ထံ ယဇ်ပူဇော်ခြင်းကို တားမြစ်၍ သူကိုယ်တိုင်ဗိမာန်တော် ထဲ၌ ထိုင်လျက် ငါသည် ခရစ်တော် ဖြစ်သည် ငါ့ကိုကိုးကွယ်ကြ ဟုဆိုလိမ့်မည်။ ထိုအခါ ပရော ဖက်ဒံ ယေလ၏ ကျမ်းကို ဖတ်သောသူများ အနေဖြင့် နားလည်လာကြ လိမ့်မည်။ ဣသရေလ များသည် အန္တီခရစ်ကို မကိုးကွယ်ချင် ကြသောအခါ သူတို့ကို အန္တီခရစ်ကညှင်းဆဲသတ်ဖြတ်လိမ့်မည်။ ထို့ကြောင့် ခရစ်တော်က၊ ထိုသို့ မြင်ရလှျင်ယုဒပြည်၌ ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးစေ။ အိမ်မိုး ပေါ်မှာ ရှိသောသူသည် အိမ်ထဲကဥစ္စာကို ယူခြင်း ငါှမဆင်းစေနှင့်။ လယ်၌ ရှိသောသူသည်လည်း မိမိအဝတ်ကို ယူခြင်း ငါှနောက်သို့ မပြန်စေနှင့်၊ဟု အကြံပေးရခြင်း ဖြစ်သည်။ အကြောင်းမှာ အန္တီခရစ်ကသဲသဲမဲမဲ လိုက်လံသတ်ဖြတ်မည် ဖြစ်သည်။ ထိုသို့ သူတိုု့ပြေးသောအခါ၊ကိုယ် ဝန်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမ တို့သည် အလွန် ခက်ကြလိမ့်မည် ဟုဆိုသည်။ အကြောင်းမှာ စစ် အကြောင်းမှာ စစ် ပြေးရသောအခါ ကိုယ်ဝန်ဆောင်သော မိန်းမများနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလျှင်အမြန် ပြေးနိင်မည် မဟုတ်။

    “သင်တို့ ပြေးရသော အချိန်သည် ဆောင်းကာလ၌ မကျ၊ ဥပုသ်ဥပုသ်နေ့၌လည်း မကျမည်အကြောင်း ဆုတောင်း ကြလော့” ဟု ခရစ်တော် ကအဘယ်ကြောင့်အကြံပေးသနည်းဟူမူကား ဆောင်း ကာလတွင် အေးသောကြောင့် စစ်ပြေးရမှာ ခက်ခဲမည်။ အဝတ်အ ထည် များလည်း မယူမည့် အကြောင်း ပြောထားသောကြောင့် အ လွန် ခက်ခဲပေလိမ့်မည်။ ဥပုသ်နေ့၌ မကျမည့် အကြောင်း ပြောခြင်းမှာ ဘာသာရေးကိုင်းရှိုင်းသော ဣသရေလများအနေဖြင့် ဥပုသ်နေ့၌ ခရီး ဝေးဝေးသွားခွင့်မရှိ။ ဥပုသ်နေ့တရက်ခရီးသည် ယေရုရှလင်မြို့မှ သံ လွင်တောင်အထိ သာလျှင် ဖြစ်သည် (တ ၁:၁၂)။ ထိုအကွာအဝေးသည် အတောင် ၂၀၀၀၊ တမိုင်၏ ငါးပုံသုံးပုံလောက်ကွာဝေးသည်။ ထိုကြောင့် ဝေးဝေးပြေးနိုင်ကြမည် မဟုတ်။

    သံလွင်တောင်ပုံ။ ဤတောင်ပေါ်မှ ခရစ်တော် ကောင်းကင် သို့တက်ခဲ့၍ ဒုတိယကြိမ် ကြွလာသောအခါ ဤတောင်ပေါ်မှာ ဆင်း၍ တောင်နှစ်ခြမ်းကွဲမည်။

    .

    ^

    သင်ခန်းစာ (၁၃)
    စစ်ပွဲများ

    ဘေးဒဏ်ကြီး ကာလသည် ငြိမ်သက်ခြင်းနှင့် အစပျိုးခဲ့သော်လည်း စစ်ပွဲများနှင့် ပြည့်သော ကာလ ဖြစ်သည်။ ထိုကာလ၌ ကမ္ဘာ့ အကြီးမားဆုံးသော စစ်ပွဲများ တိုက်ကြလိမ့်မည်။ ပဌမ တိုက်ပွဲသည် ဆာလံ ၈၃ စစ်ပွဲ ဖြစ်နိုင်သည်။ ထိုနောက် ဂေါဂ မာဂေါဂ စစ်ပွဲ ဖြစ်နိုင်သည်။ ထိုစစ်ပွဲများအပြင်ဘေးဒဏ်ကြီးကာလ အလယ်၌ ကောင်းကင်စစ်ပွဲ ဖြစ်မည်။ ဘေးဒဏ်ကြီးကာလ အဆုံး၌ အာမေဂေဒုန်စစ်ပွဲ ဖြစ်မည်။

    ဆာလံ ၈၃ စစ်ပွဲ
    ဘေးဒဏ်ကြီး ကာလ၌ အစ၌ ကမ္ဘာပေါ်တွင် ငြိမ်သက်ခြင်း ခဏ တာရှိခဲ့သော်လည်း များမကြာမှီစစ်ပွဲ ဖြစ်မည့် အကြောင်း ဤသို့ တွေ့ ရသည်၊ “ဒုတိယတံဆိပ်ကို ဖွင့်သောအခါ၊ ဒုတိယသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ မြင်းနီတစီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီး ကရုပ်သိမ်းခြင်း ငှါ၎င်း၊ မြေကြီးသား တို့ကို အချင်းချင်း အသေသတ်စေခြင်း ငှါ၎င်းအခွင့်ရ၏။ သူ၌ ထား ကြီးကို ပေးတော်မူ၏။” (ဗျာ ၆:၃-၄)။ မြင်းစီးသောသူ၏ ပုံစံ မဖေါ်ပြ သော်လည်း သူ စီးသော မြင်းသည် အနီရောင် ဖြစ်သည်။ အနီ ရောင်သည် သွေးကို ဖေါ်ပြသည်။ ကမ္ဘာ့ အာဏာရှင်သည် သူအာဏာရ၍ မကြာမှီစစ်တိုက် မည့် အကြာင်းကို ဘုရားသခင်က ကြိုတင် ဖေါ်ပြထားသည်။ ထိုစစ်ပွဲသည် ဆာလံ ၈၃ စစ်ပွဲ ဖြစ်နိင်သည်။ ဆာလံ ၈၃ ထဲ၌ ဤသို့ ရေးသား ထားသည်၊ “အို ဘုရားသခင် တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ အို ဘုရားသခင်၊ အမိန့်တော် မရှိဘဲ ငြိမ်ဝပ်စွာ နေတော်မမူပါနှင့်။ ကိုယ်တော်၏ ရန်သူ တို့သည် ရုန်းရင်းခတ်ပြုကြပါ၏။ ကိုယ်တော်ကို မုန်းသော သူတို့သည် ထကြပါ၏။ ကိုယ်တော်၏ လူစုတဘက်၌ ပရိယာယ်ကို ကြံ၍ ကိုယ်တော် ကွယ်ကာတော်မူသော သူတို့ တဘက်၌ တိုင်ပင်ကြပါ၏။ ဣသရေလ၏ နာမကို နောက်တဖန် အောက်မေ့စရာ မရှိစေခြင်းငှါ လာကြ သူတို့ အမျိုးကို ပယ်ဖြတ်ကြကုန်အံ့ ဟုဆိုကြပါ၏။ သဘော တ ညီတညွတ်တည်း တိုင် ပင်၍ ကိုယ်တော် တဘက်၌ အချင်းချင်းသင်း ဖွဲ့သောသူဟူမူကား၊ ဧဒုံပြည်၌ နေသော ဘက်၌ အချင်းချင်းသင်းဖွဲ့သောသူဟူမူကား၊ ဧဒုံ ပြည်၌ နေသောသူဣရှာမေလအမျိုးသား၊ မောဘပြည်သား၊ ဟာဂရ ပြည်သား၊ ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက်ပြည်သား၊ တုရုမြို့ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက်ပြည်သား၊ တုရု မြို့သားနှင့်တကွ ဖိလိတ္တိအမျိုးသား တို့သည် သင်းဖွဲ့ကြပါ၏။ အာရှုရိအမျိုးသားတို့သည်လည်း ဝိုင်း၍ လောတအမျိုးသားတို့ ဘက်သို့ ဝင်ကြပါ၏။” (ဆာလံ ၈၃:၁-၈)။

    ဆာလံဆရာက အိမ်နီးချင်းအာရပ်နိင်ငံများက အစ္စရေးနိင်ငံကို စစ်တိုက်ဘို့ ရည်ရွယ်ထားခြင်းကို ဘော်ပြထားသည်။ ဧဒုံသည် ဣဇက်၏သား ဧသော၏ နာမည် ဖြစ်သည် ဣဇက်၏သား ဧသော၏ နာမည် ဖြစ်သည် (က ၂၅:၃၀)။ ဣရှမေလသည် အာဗြဟံမယား ငယ် ဟာဂရမှဘွားသောသား ဖြစ်သည်။ မောဘသည်လောတနှင့် သူ့သမီးကြီး မှရသောသား ဖြစ်သည်။ ဟာဂရသည် အာဗြဟံ၏ ​ကျွန်မဣရှမေ လ၏ မိခင် ဖြစ်၍ သူလာသော အဲဂုတ္တု ပြည်ကို ဆိုလိုသည်။ ဂေဗလပြည်သား များသည် ခါနန်ပြည်၌ ဣသရေလများမနေခင်ကတည်း ကနေသောသူများ ဖြစ်သည်။ သူတို့နှင့် ပတ်သက်၍ ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊၊ “နေထွက်ရာဘက်ဟေရမုန်တောင်​ခြေရင်း၌ ဗာလဂဒ်မြို့မှစ၍ ဟာမတ် ပြည် အဝင်တိုင်အောင် ဂေဗလပြည်၊ လေဗနုန်ပြည် တလျှောက်လုံး ကျန် သတည်း။” (ယောရှု ၁၃:၅)။


    အာမုန်သည်လောတနှင့် သူ၏ သမီးငယ်မှ မွေးသောသား ဖြစ်သည်။ အာမလက်သည် ဣသရေလများလမ်း၌ တိုက် ခိုက်သောသူများ ဖြစ်သည်။ တုရုသည် မြို့ ဖြစ်၍ ပင်လယ်ထဲ​ကျွန်းပေါ်၌ တည်ထားသော မြို့ ဖြစ်သည်။ ဖိလိတ္တိလူများသည် ခါနန်အမျိုး ဖြစ်၍ ဣသရေလ များ၏ အဓိကရန်သူ ဖြစ်သည်။ အထက် ဖေါ်ပြပါအမျိုးများသည် ယခုခေတ်၌ အစ္စရေးတိုင်း ပြည်နှင့် ပတ်လည်၌ ရှိသော လူမျိုးများ ဖြစ်သည်။ ယခုခေတ်တွင် လေဗနုန်၊ ဆီးရီးယား၊ ဂျော်ဒန်၊ ပါလက်စတင်း၊ ဆော်ဒီ အရဗျ၊ အီဂျစ် တည်းဟူသော အာရပ်နိင်ငံသားများဖြစ် ကြသည်။

    အထက်ပါ အစ္စရေး၏ အိမ်နီးချင်းနိင်ငံများသည် အစ္စရေးနိင်ငံကို တိုက်ခိုက် ဘို့ရန် တချိန်လုံးဆိုင်းပြင်း ကြသည်။ လက်နက်များ စုဆောင်း၍ တိုက်ခိုက်မည်။ ယခုအစ္စရေးကို တိုက်ခိုက် ဘို့ရန် အတက်ကြဆုံးသော အဖွဲ့များသည် မြောက်ဖက်လေဗနုန်နိင်ငံတွင် ဟက်စဘောလများ၊ ဂါဇာကမ်းမြောင်ဒေသတွင် ဟာမတ်များ၊ ယော်ဒန်မြစ်အနောက် ဘက် ကမ်း​ခြေရှမာရိနှင့် ဂျုိးဒီယားတွင် နေထိုင်သော ဖါသပါလက်စတင်းများ၊ ဆီးရီးယားနိင်ငံနှင့် ဂျော်ဒန်နိင်ငံတွင် ရှိသော ပါလက်စတင်းများ ဖြစ်သည်။ ထိုသူများကို အီရန်နိင်ငံက အားပေးကာလက်နက်ခဲယမ်း မီးကျောက်များကို ပို့ပေးနေသည်။

    ပါလက်စတင်းများ အနေဖြင့် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း ​ခြေ၊ ဂါဇာကမ်းမြောင်ဒေသနှင့် ယေရုရှလင်မြို့အရှေ့ဘက်ခြမ်းကို စု ပေါင်း၍ ပါလက်စတိုင်း နိင်ငံထူထောင်လိုသည်။ စာမျက်နှာ ၅၈ ပါမြေပုံ၌ အစ္စရေး နိင်ငံသည် အဝါရောင်၊ တောင်ဖက်၌ အီဂျစ်နိင်ငံသည် ခဲရောင်၊ အရှေ့ ဖက်၌ အစိမ်းရင့်ရောင်သည် ဂျော်ဒန်နိင်ငံ၊ မြောက်ဖက်၌ လိမေRာ်ရောင်သည် လေဗနုန်နိင်ငံ၊ အရှေ့မြောက်ဖက်၌ အစိမ်းရောင်နုသည် ဆီးရီးယား နိင်ငံ၊ အလယ်၌ အနီရောင်သည် ဂျော်ဒန် မြစ်အနောက်ဖက်ကမ်း​ခြေတို့ ဖြစ်သည်။ အလယ်၌ အပြာရင့်ရောင် သေးသေးလေးသည် ပင်လယ်သေ၊ အနောက်ဖက်တွင် မြေထဲပင်လယ်သည် အပြာရင့်ရှိ၍ ထိုပင်လယ်ကမ်း ​ခြေ၌ အစ္စရေးနိင်ငံနှင့် အီဂျစ်နိင်ငံ ကြားတွင် အနီရောင်သည် ဂါဇာကမ်း မြောင်ဒေသရှိသည် ပါလက်စတင်းများ ကဂျော်ဒန်မြစ်အနောက်ဖက်ကမ်း​ခြေ၊ ဂါဇာ ကမ်းမြောင်ဒေသနှင့် ယေရုရှလင်မြို့အရှေ့ဖက်ခြမ်းကို ပါလက်စ တင်းနိင်ငံ ထူထောင်ရာတွင် ကမ္ဘာ့ နိင်ငံအများစုကထောက်ခံမှု ရရှိမည် ဖြစ်သည်။ ထိုသို့ အချုပ်အခြာနိင်ငံထူထောင်ခြင်းကို အစ္စရေးနိင်ငံက လုံးဝ လက် မခံနိုင်ချေ။ အကြောင်းမှာ ယေရုရှလင်မြို့သည် အစ္စရေး များ၏ ထာဝရ မြို့တော် ဖြစ်သောကြောင့် မစွန့်လွှတ်လိုကြချေ။ ထို့အပြင် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း​ခြေကို စွန့်လွှတ်လိုက်ပါက အစ္စရေး နိင်ငံသည် ခါးပြတ်၍ လုံခြုံရေး လုံးဝ မရှိနိင် ဟုဆိုသည်။ သို့သော် ပါလက် စတင်းနိင်ငံထူ ထောင်ပါက ထိုဒေသများသည် အစ္စရေးနိင်ငံအတွက် နိင် ငံခြား ဖြစ်သွားမည်။ ထိုကြောင့် ပါလက်စတင်းနိင်ငံတွင် ရှိနေသော အစ္စရေးများနှင့် ပဋ္ဋိ ပက္ခ ဖြစ်လာမည်။ ထိုအခါ ပါလက်စတင်များ ကကမ္ဘာ့ ကုလသမဂ္ဂတွင် တိုင် တမ်း၍ ကုလသမဂ္ဂ ကအစ္စရေးနိင်ငံကို ရှုတ်ချကာ စီးပွါးရေးပိတ် ဆုမှုများဖြစ်လာနိုင်သည်။ ထိုထက် စစ်ရေးအရအစ္စရေးနိင်ငံကို တိုက် ခိုက်နိုင်သည်။ ထိုသို့ဖြင့် အစ္စရေးနိင်ငံသည် အိမ်နီးချင်းနိင် ငံများနှင့် စစ် ဖြစ်နိုင်သည်။ အစ္စရေးနိင်ငံသည် အိမ်နီးချင်းအာရပ်နိင်ငံ များနှင့် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးကျေညာသောအခါ တကြိမ်၊ ၁၉၅၆ ခုနှစ်တွင် တကြိမ်၊ ၁၉၆ရ ခုနှစ်နှင့် ၁၉ရ ၃ ခုနှစ်များတွင် လေးကြိမ်အကြီး အကျယ်စစ်တိုက် ခိုက်ခဲ့ဘူးပြီ။ ထိုစစ်ပွဲများတွင် အစ္စရေးနိင်ငံက အနိင်ရ၍ သူတို့၏ နယ် မြေသည် ပို၍ ပို၍ ကျယ်ပြန့်လာသည်။

    ဘုရားသခင်က ကူညီမည်
    အစ္စရေးများသည် အာရပ်နိင်ငံများနှင့် စစ်တိုက်သောအခါ အ မြဲအနိင်ရခြင်းသည် သူတို့တော် လွန်းသောကြောင့် မဟုတ်ပါ။ ဘုရားသခင်ကအမြဲကူညီသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ဆာလံ ၈၃ စစ်ပွဲ တွင်လည်း အစ္စရေးနိင်ငံကအနိင်ရရှိဘို့ ကျမ်းစာက ဤသို့ ကြိုတင် ရေး ထားခဲ့သည်၊ “ထာဝရဘုရား၏ ဗျာဒိတ်နှုတ်ကပတ်တော် တည်းဟူသော မိုဃ်းကောင်းကင်ကို ကြပ်၍ မြေကြီး တိုက်မြစ်ကို ချတော်မူ ထသော လူထဲ၌ လူ၏ ဝိညာဉ်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဣသ ရေလကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ်စေသော ဖလား ဖြစ်စေမည်။ ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေခြင်း ငှါ၎င်း၊ မြင်းစီးသူရဲ အပေါင်းတို့ကို အရူး ဖြစ်စေခြင်း ငှါ၎င်း၊ ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍ တပါးအမျိုးသား၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်မည်။ ယုဒ မင်းတို့ကလည်း ယေရုရှလင်မြို့သား တို့၏ ဘုရားသခင်က ောင်းကင် ဗိုလ် ​ခြေအရှင်ထာဝရဘုရားသခင်အားဖြင့် သူတို့သည် ငါ့ ခွန်အား ဖြစ်ကြ၏ဟု စိတ်ထဲမှာဆိုကြလိမ့်မည်။ ထိုကာလ၌ ငါသည် ယုဒ မင်းတို့ကို ထင်း ပုံတွင် မီးဖုိကဲ့သို့၎င်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့၎င်း ဖြစ်စေသဖြင့် လက်ျာ ဘက်လက်ဝဲဘက်ပတ်လည်၌ ရှိသော လူမျိုး အပေါင်း တို့ကို မီးလောင် လိမ့်မည်။ ယေရုရှလင်မြို့သည်လည်း မြို့ရာဟောင်း၌ တည်မြဲတည် လိမ့်မည်” (ဇာခရိ ၁၂:၁-၆)

    အထက်ပါ ဘုရားသခင်၏ နှုတ်ကပတ်တော် အရအစ္စရေးနိင်ငံသည် ပတ်ဝန်းကျင်၌ ရှိသော အာရပ်နိင်ငံများကို နိင်ကာ သူတို့၏ နယ် မြေများကို သိမ်းပိုက်မည်။ ထာဝရဘုရား အသုံးပြုမည့် လက်နက် များသည် လူတို့ မတတ်နိင်သော လက်နက်များ ဖြစ်သည်။ ဘုရား အသုံးပြုသော လက်နက်များ မှာရန်သူများကို အရူး ဖြစ်စေမည်။ သူတို့၏ မျက်စိများကို ကန်းစေမည်။ ယုဒအမျိုးသည် လက်ဝဲလကျ်ာ၌ ရှိသော လူမျိုး အပေါင်း ထံ မီးလောင်စေမည်။ ထာဝရဘုရားသည် သူ၏ မြို့ ယေရုရှလင်ကို စောင့် ရှောက်သဖြင့် တည်တန့်ခိုင်မြဲမည်။ ထို့ကြောင့် ကျမ်းစာကို ကြည့်သောသူ၊ ဘုရားသခင်ကို ယုံကြည်သောသူအတွက် နောက်ဆုံး သတင်းထက် ကျော်လွန်၍ ရှေ့အနာဂတ်၌ ဖြစ်မည့် အရာများကို ကြိုသိနိုင်သည်။

    ဒမသက်မြို့ပျောက်သွားမည်
    ကျမ်းစာ၌ ဒမသက်မြို့ ယခုဆီးရီးယားနိင်ငံ၏ မြို့တော်နှင့် ပတ် သက်၍ ဤသို့ ဆိုထားသည်၊ “ဒမသက်မြို့နှင့် ဆိုင်သော ဗျာဒိတ်တော် ကား ကြည့်ရှုလော့။ ဒမသက်မြို့သည် မြို့မ ဖြစ်အောင် ပျက်စီးရာပုံ ဖြစ်ရ၏။ အာရော်မြို့များကို စွန့်ပစ်သောကြောင့် သိုးစုတို့သည် ပိုင်၍ အဘယ် သူမျှမမောင်းဘဲ အိပ်ကြလိမ့်မည်။ ဧဖရိမ်ပြည်၌ မြို့မရှိရ။ ဒမသက်မြို့နှင့် ကျန်ကြင်းသော ရှုရိပြည်၌ မင်းအာဏာမရှိရ။ သူတို့သည် ဣသ ရေလ အမျိုးသား တို့၏ ဘုန်းအသရေကဲ့သို့ဖြစ်ရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာ ၁ရး၁-၃)။ အထက်ပါ ပရောဖက် ပြုချက်သည် တခါမှမ ပြည့်စုံသေးချေ။ ဒမသက်မြို့သည် ရှေးဟောင်းမြို့ ဖြစ်၍ တခါမှပျောက်ပျက်သွားခြင်း မရှိသေးချေ။ ဘေးဒဏ်ကြီးကာလ အထက်ပါ စစ်ပွဲ၌ ဣသရေလများကအ နုမြူဗုံးကြဲခြင်းဖြင့် ပျောက်သွားနိုင်သည်။ သို့မဟုတ် ဘုရားသခင်က သူ့တန်ခိုးအားဖြင့် ပျောက်သွားစေနိုင်သည်။

    ဂေါဂမာဂေါဂစစ်ပွဲ
    ဆာလံ ၈၃ စစ်ပွဲ၌ အစ္စရေး၏ အိမ်နီးချင်းနိင်ငံများရှုံးသောအခါ သူတို့၏ ဆရာကြီးများဖြစ်သော ဂေါဂ မာဂေါဂ အဖွဲ့များ ကအစ္စရေး နိင်ငံကို တိုက်ခိုက်ဘို့ ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “အချင်း လူသားရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား (ရုရှားပြည်) ဂေါဂမင်းတဘက်၌ မျက်နှာထား၍ ပရောဖက် ပြုလျက် အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ရောရှ မေရှက် တုဗလပြည် တို့ကို အစိုးရသော အိုဂေါဂမင်းသင့်တဘက်၌ ငါနေ၏။ သင့်ကို ငါပြန်လာစေမည်။ သင့်ပါးရိုးကို သံချိတ်နှင့် ချိတ်ပြီးလျှင် သင်မှစ၍ ထူး ဆန်းသော လက်နက်စုံ အမျိုးမျိုးကို ဆောင်သောသူ ဒုိင်းလွှားပါ၍ ထားကို လက်စွဲသော လူအလုံးအရင်းများနှင့် မြင်းစီးသူ ရဲဗိုလ်​ခြေ အပေါင်း တို့ကို ငါဆောင်ခဲ့မည်။ အသီးအသီး ဒုိင်းလွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသော ပေရသိပြည်သား (အီရန်) ကုရှပြည်သား (အီသယိုပြား) ဖုတပြည်သား (လိဗျား) ဂေါမာ (တူရဂီ)နှင့် သူ၏ တပ်များ၊ မြောက်ပြည်သား တောဂေါမအမျိုးနှင့် သူ၏ တပ်များအလုံးအရင်းများ အပေါင်းတို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည်။ (ယေဇ ၃၈:၂-၆)။

    ထိုစစ်ပွဲသည် ယေဇကျေလဟောဘူးသော ဂေါဂနှင့် မာဂေါဂ စစ်ပွဲ ဖြစ််သည်။ ယေဇကျေလက၊ “နောင်အခါ ဣသရေလ တိုင်း ပြည်ကို မြောက်ဖက်အစွန်းနိင်ငံမာဂေါဂကတိုက်ခိုက်မည်။” ဟုဆို ထားသည် (ယေဇ ၃၈:၁-၂၊ ၃၉:၁-၂)။ မာဂေါဂသည် ရုရှားနိင်ငံကို ဆိုလိုသည်။ ရုရှားနိင်ငံသည် ၁၉၁ရ ခုနှစ်မှစ၍ ကွန်မြူနစ်နိင်ငံထူထောင် ကာ အခြား အရာ၌ မတိုးတက်ဘဲ စစ်လက်နက်ထုတ်လုပ်သောအရာ၌ အလွန် တိုး တက်ခဲ့သည်။ ၁၉၄၈ ခုနှစ်အစ္စရေးနိင်ငံထူထောင်သောအခါ ပဌမဦးဆုံး အစ္စရေးနိင်ငံကို အသိအမှတ်ပြုသော နိင်ငံ၌ ပါဝင်သည်။ သိုသော်အစ္စ ရေး အာရပ်စစ်ပွဲများ၌ အာရပ်ဘက်မှအမြဲပါဝင်ကူညီလေ့ရှိသည်။ အကြောင်းမှာ အာရပ်နိင်ငံများသည် သူ၏ စစ်လက်နက်ပစ္စည်း အမြောက် အများ ဝယ်ယူသောကြောင့် ဖြစ်သည်။ ယခုအီရန်နိင်ငံ၏ အနုမြူဓါတ် ပေါင်းဖူကိုလည်း ဆောက်ပေးကာ အားပေးကူညီနေသော နိင်ငံ ဖြစ်သည်။ ရုရှားကအီရန်ကို အားပေးကူညီနေသောကြောင့် ကမ္ဘာက အီရန်၏ အန ုမြူဘုံးလုပ်မည်အရာ စိုးရိမ် သောကြောင့် တားမြစ်ခြင်းသည် အရာမ ရောက်နိင်ခြင်း ဖြစ်သည်။

    ထိုတိုက်ပွဲ၌ အခြားတိုင်း ပြည် များလည်း ပါမည့် အကြောင်း ဤသို့ တွေ့ရသည၊ ် “အသီးအသီးဒိုင်းလွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသော ပေရသိ (အီရန်) ပြည်သား၊ ကုရု (အီသီယိုးပြား) ပြည်သား၊ ဖုတ (လိဗျား) ပြည်သား၊ ဂေါမာ (တူရကီ)နှင့် သူ၏ တပ်များ၊ မြောက် ပြည်သား တောဂါမအမျိုးနှင့် သူ၏ တပ်များ အလုံးအရင်းများ အပေါင်း တို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည်။” (ယေဇ ၃၈:၅-၆) အထက် ဖေါ်ပြပါနိင်ငံများ၏ နောက်ခံသမိုင်းနှင့် ယခုအ​ခြေအနေများသည် အလွန် စိတ်ဝင်စားစရာ ကောင်းသည်။

    ပေရသိ (အီရန်နိင်ငံ)
    ပေရသိနိင်ငံသည် ပါးရှား (သို့) အီရန်နိင်ငံ ဖြစ်သည်။ ဧသတာ ဝတ္တု၌ ဟာမန်ကမောဒကဲကို မုန်းသောကြောင့် သူတယောက် တည်းမဟုတ်ယုဒလူ အပေါင်းတို့ကို သတ်ဘို့ ကြိုးစား ခဲ့ဘူးသည်။ သို့သော် ဟာမန်သည် မောဒကဲနှင့် ယုဒလူများကို မသတ်နိုင်သည်သာမက သူ့ကို ရှင်ဘုရင်အာရွှေရုကသေမိန့်ပေးခဲ့သည်။ (ဧသ ၂ -ရ) ထိုဟာမန်သည် သေသွားသော်လည်း သူ၏ အမျက်သည် ဣသရေလ အမျိုး အပေါ်၌ ယနေ့ တိုင်အောင် မပြေသေးကြောင်း တွေ့ရသည်။ ၁၉ရ ၉ ခုနှစ်အထိ ပါးရှား (သို့) အီရန်နိင်ငံသည် ရှားဘုရင်ကအုပ်ချုပ်ခဲ​ဲ့၍ အစ္စရေးနိင်ငံကို ပဌမဦးဆုံး အသိအမှတ်ပြုသော နိင်ငံ၌ ပါဝင်ခဲ့သည်။ သို့သော် ၁၉ရ ၉ ခု နှစ်တွင် ဘာသာရေးအစွန်းရောက်ခေါင်းဆောင် အရာ တိုလာခိုမီနီကတော် လှန်ရေး ပြုလုပ် ခဲ့သည်။ ထိုတော် လှန်ရေးကို အမေရိကန်သမ္မတ ဂျီမီကာတာကထောက်ခံသောကြောင့် အောင်မြင် ကာအီရန်နိင်ငံကိုမူစလင်ဘာသာရေးအစွန်းရောက်နိင်ငံအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထိုအချိန် မှစ၍ အီရန်နိင်ငံသည် အမေရိကန်နှင့် အစ္စရေးနိင်ငံကို အကြီး အကျယ်တိုက်ခိုက် နေသော နိင်ငံ ဖြစ်လာသည်။ အမေရိကန်ကို စာတန် ကြီး၊ အစ္စရေးနိင်ငံကို စာတန် ကလေးဟု ခေါ်သည်။ အီရန်နိင်ငံ၏ အဓိကရည်မှန်းချက်သည် အစ္စရေးနိင်ငံပျောက် သွားရန်ဖေျာက်ဖျက် ရေး ဖြစ်သည်။ ထို့ကြောင့် လေဗနုန်နိင်ငံ၌ ​ခြေကုပ်ယူသော ဟက်စဘော လအကြမ်းဘက်သမားများကို လက်နက် တပ်ဆင်ကာအစ္စရေးနိင်ငံကို ပစ်ဘို့ရန် ဒုံးပျံအမြောက်အများကို ပေးနေသော နိင်ငံ ဖြစ်သည်။ ထိုမျှသာ မက ရုရှားအကူအညီဖြင့် အနုမြူဗုံးလုပ် ဘို့ရန် ကြိုးစား နေသည်။ စစ် လက်နက်ပစ္စည်းများကိုလည်း အစွမ်းကုန် တီထွင်ထုပ်လုပ်နေသည်။ ယေဇကျေလ ၃၈၌ ရေးထားသည့်အတိုင်း အစ္စရေးနိင်ငံကို တိုက်ခိုက် ဘို့ရန် အဆင်သင့်ရှိနေသည်။

    ဂေါမာ (တူရကီနိင်ငံ)
    တူရကီနိင်ငံသည် မြောက်အတ္တလန်တစ်စာချုပ်ဝင်နိင်ငံ ဖြစ်၍ အနောက်အုပ်စုနှင့် အလွန် ရင်းနှီး ကာ ရုရှားနှင့် အဆင် မပြေသော နိင်ငံ ဖြစ်ခဲ့သည်။ ထိုမျှသာမက အစ္စရေးနိင်ငံနှင့် အလွန် ရင်းနှီး၍ ပူးတွဲစစ် လေ့ကျင့်ခန်းများလည်း နှစ်စဉ် ပြုလုပ် ခဲ့ ကြသည်။ အစ္စရေးနိင်ငံမှစစ် လက်နက်ပစ္စည်းမြောက် များစွာ ကိုလည်း ဝယ်ယူ၍ အစ္စရေးစစ်တပ်က လေ့ကျင့်ပေးခဲ့သော နိင်ငံ ဖြစ်သည်။ သို့သော် ၂၀၀၉ ခုနှစ်မှစ၍ ချက် ချင်းပြောင်းလဲကာ အစ္စရေးနိင်ငံနှင့် စစ်ပူတွဲလေ့ကျင့်ရေးကို ဖျက်လိုက်သည်။ အစ္စရေးနိင်ငံမကောင်းကြောင်းများကို ပြောကာအစ္စရေးနိင်ငံ၏ ရန်သူ အီရန်၊ ဆီးရီးယားတို့နှင့် အလျှင်အမြန် စာချုပ် အမျိုးမျိုးကို ချုပ် လာသည်။

    အစ္စရေးနိင်ငံက ဂါဇာကမ်းမြောင်ဒေသကို ကုန်းကြောင်းရေကြောင်း ပိတ်ဆို့ကာ ကမ္ဘာနှင့် အဆက်ဖြတ်လိုက်သည်။ အကြောင်းမှာ ဂါဇာကမ်းမြောင်ဒေသတွင် အုပ်ချုပ်သော ဟာမတ် (စ) များသည် အကြမ်းဖက်သမားများ ဖြစ်၍ အစ္စရေးနိင်ငံတိုက်ခိုက် ရေးသည်သူ တို့၏ တခုတည်းသော ရည်ရွယ်ချက် ဖြစ်သည်။ သူတို့သည် နိင်ငံခြားအ ထူးသဖြင့် အီရန်နိင်ငံမှ လက်နက်များ တင်သွင်းမှာကို စိုးရိမ် သောကြောင့် အစ္စ ရေးနိင်ငံက ကမ္ဘာနှင့် အဆက်ဖြတ်ခြင်း ဖြစ်သည်။ ၂၀၁၀ ခုနှစ်၌ တူရကီ နိင်ငံ ဦးဆောင်ခြင်းဖြင့် လူမှုရေးကူညီထောက်ပံ့ဘို့ ဟူ၍ အကြောင်း ပြကာတူရကီနိင်ငံမှသင်္ဘော ၆ စင်းသည် ဂါဇာကမ်းမြောင် ဒေသသို့ စေလွှတ်ခဲ့သည်။ အစ္စရေးနိင်ငံက ထိုသင်္ဘောများကို ဝင်ခွင့်ပေးမည် မဟုတ်ကြောင်း ကျေညာခဲ့သည်။ ထိုသင်္ဘောများ ဂါဇာ ဒေသ အနီးသို့ ရောက်သောအခါ အစ္စရေးစစ်သားများက အစ္စရေးနိင်ငံကမ်း ​ခြေသို့ ခေါ် ဆောင်သွားခဲ့ ကြသည်။ သို့သော် သင်္ဘောတစင်းပေါ်၌ အစ္စရေးတပ်သားများကို ရိုက်နှုိက်ထိုးသတ်ကြသောကြောင့် အစ္စရေးတပ်သားများက ထိုသူများကို သေနတ်ဖြင့် ပစ်သတ်သောကြောင့် တူရကီ နိင်ငံသား၉ယောက်သေဆုံးသွားသည်။ ထိုအရာကို တူရကီနိင်ငံက အစ္စရေးအ စိုးရထံတောင်းပန်ဘို့ ပြောသော်လည်း အစ္စရေးနိင်ငံက မတောင်းပန်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။ ထိုသို့ဖြင့် ကျမ်းစာက ကြိုတင် ပြောထားသည့် အတိုင်း တူရကီနိင်ငံသည် အစ္စရေးနိင်၏ ရန်သူနိင်ငံအဖြစ်သို့ အလျှင်အမြန် ပြောင်းလဲသွားသည်။

    တူရကီနိင်ငံသည် ထိုသို့ အစ္စရေးနိင်ငံနှင့် အဆင် မပြေနေသည့် အချိန်တွင် ယခင်ကရန်ဆောင်ခဲ့သော ရုရှားနိင်ငံနှင့် ဖက်လှ​ဲတကင်းရှိ လာသည်။ ရုရှားနိင်ငံသား များသည် တူရကီနိင်ငံ၌ အပန်း​ဖြေလည်ပတ် မှုများများ လာ၍ ရုရှားနိင်ငံသား များသည် တူရကီအမျိုးသမီးများနှင့် အိမ် ထောင်ကျမှုများပြားလာသည်။ ရုရှားအစိုးရသည် တူရကီအနိင်ငံနှင့် ပူးတွဲစာချုပ် အမျိုးမျိုး ယခုနောက်ပိုင်း၌ လုပ်လာကြခြင်းဖြင့် နောက်ဆုံးသော ကာလ၌ ကျမ်းစာ၌ ရေးထားနှင့်သည့်အတိုင်း အစ္စရေးနိင်ငံကို တိုက်ခိုက် ဘို့ရန် မဟာမိတ်လုပ်မည့် အကြောင်းများနီးသထက် နီးလာ ပြီ ဖြစ်သည်။

    ဖုတ (လိဗျားနိင်ငံ)
    ဂေါဂမာဂေါဂစစ်ပွဲတွင် လိဗျားနိင်ငံလည်း ပါဝင်မည် ဖြစ်သည်။ လိဗျားနိင်ငံသည် အီဂျစ်နိင်ငံ၏ အနောက်ဖက်တွင် ရှိ၍ ရေနံကြယ်ဝသော နိင်ငံ ဖြစ်သည်။ လူဦးရေ ၆ သန်းခန့်ရှိသည်။ ယခုအခါ စစ်အာ ဏာရှင် ကဒဖီးကို မလိုလားသော အဖွဲ့ကဆန္ဒပြ၍ ပြည်တွင်း စစ် ဖြစ်နေသည်။ နိင်ငံရေးမည်ကဲ့သို့ ပြောင်းလဲလျှင်လည်း မူစလင်နိင်ငံ ဖြစ်သောကြောင့် အစ္စရေးနိင်ငံကို မလိုလားသော နိင်ငံ ဖြစ်သည်။

    ကုရှ (အီးသယိုပြားနိင်ငံ)
    အီသယိုပြားနိင်ငံသည် အဖရိကတိုက်တွင် ရှိဆူဒန်နိင်ငံ တောင် ဖက်တွင် ရှိသည်။ ယခုအခါ ထူးခြားချက် မတွေ့ရသော်လည်း ဘုရား သခင်၏ နှုတ်တော် ထွက်စကားသည် မပြည့်စုံဘဲ မနေရ။

    မည်ကဲ့သို့ တိုက်မည်နည်း
    သင်သည် မိုဃ်းသက်မုန်တိုင်း ကဲ့သို့ တက်လာ၍ သင်၌ ပါသမျှသော တပ်သား အလုံးအရင်းနှင့်တကွ ထိုပြည်ကို မိုဃ်းအုံ သကဲ့သို့ဖြစ် လိမ့်မည်။ (ယေဇ ၃၈:၉)
    ထိုရန်သူများသည် ဣသရေလ တိုင်း ပြည် အပေါ်၌ မိုးအုပ် သကဲ့သို့ များစွာသော စစ်တပ်နှင့် ချီလာကြလိမ့်မည် (၃၈:၁၆)။ မိုး အုပ် သကဲ့သို့ ဟုဆိုခြင်းသည် များစွာသော တိုက်လေယဉ်များနှင့်လာ မည့် အရာကို ဆိုလိုနိင်သည်။ သို့သော် ဘုရားသခင်က ရန်သူများကို သူ၏ တန်ခိုးအားဖြင့် တိုက်ခိုက် အောင်မြင်မည်။ ဘုရားသခင်က ကြီးစွာသော မြေငလျှင် လှူပ်စေမည် (၃၈:၁၉-၂၀)။ “အကယ် စင်စစ်ထိုအခါ ဣသရေလ ပြည်၌ ကြီးစွာသော လှုပ်ရှားခြင်း ဖြစ်လိမ့်မည်ဟု ငါ၏ ဒေါသ မီးလောင်လျက် ငါပြောပြီ။ ပင်လယ်ငါး၊ မိုဃ်းကောင်းကင် ငှက်၊ တောတိရစ္ဆာန်နှင့် ​ေ မြ၌ တွားတတ်သော တိရစ္ဆာန်၊ မြေပေါ်မှာ ရှိသော လူအပေါင်းတို့သည် ငါ့ရှေ့မှာ တုန်လှုပ်ကြလိမ့်မည်။ တောင်တို့သည် ပြိုလျက် အစောက် မြင့်သော အရပ်တို့သည် လဲလျက် အလုံးစုံသော အုတ်ရိုးပြိုလျက် ရှိကြ လိမ့်မည်။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါ့တောင်များ အရပ်ရပ်တို့တွင် သူ့တဘက်၌ ထားကို ငါမှာလိုက် သဖြင့်၊ လူအပေါင်းတို့သည် တယောက်ကို တယောက် ထားနှင့် ခုတ်ကြလိမ့်မည်။ ငါသည် ကာလနာဘေး၊ အသေသတ်ခြင်း ဘေးအားဖြင့် သူ့ကို ဒဏ်ပေးမည်။ သူနှင့် သူ၌ ပါသော တပ်များ၊ အလုံးအရင်းများ ပေါ်မှာ လွှမ်းသော မိုဃ်းရေ၊ ကြီးသော မိုဃ်းသီး၊ ကန့်နှင့် ရောသော မီးမိုဃ်းကို ရွာစေမည်။ ထိုသို့ ငါသည်ကိုယ်ကို ချီးမြှောက်၍ ရိုသေဘွယ်သော ဂုဏ်လက္ခဏာကို ပြလျက်၊ များစွာသော လူမျိုးတို့ ရှေ့မှာ ထင်ရှားသောအခါ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်။” ဟု မိန့်တော်မူ၏။ (၃၈:၁၉-၂၃)
    ထိုစစ်ပွဲသည် မာဂေါဂ တည်းဟူသော ရုရှားပြည်နှင့်တကွ၊ ပေရ သိ(အီရန််) ပြည်သား၊ ကုရု (အီသီယိုးပြား) ပြည်သား၊ ဖုတ (လိဗျား) ပြည်သား၊ ဂေါမာ (တူရကီ)များက ဣသရေလ တိုင်း ပြည်ကို တိုက် မည့် စစ် ဖြစ်သည်။ တကမ္ဘာလုံးက ဣသရေလ တိုင်း ပြည်သည် အမှုန့်ဖြစ်သွားမည်ဟု ထင်မှတ်ကြလိမ့်မည်။ သို့သော် ဘုရားသခင်က တိုက် ပေးသဖြင့် ဣသရေလ ဖက်ကအနိင်ရမည် ဖြစ်သည်။ ဘုရားသခင် သုံးသော လက် နက်များ မှာမိုဃ်းရေ၊ မိုဃ်းသီး၊ ကန့်နှင့် ရောသော မီးမိုဃ်း၊ မြေငလျှင်၊ ရန်သူများ အချင်းချင်းရှုပ်ထွေးစေ၍ အချင်းချင်းသတ်ဖြတ်ခြင်းဖြင့် ဆုံးရှုံးစေမည် ဖြစ်သည်။ ထိုလက်နက်များကို ဘုရားသခင်က ဓမ္မဟောင်းကာလ၌လည်း အကြိမ်ကြိမ်သုံးခဲ့ဘူးပြီ။ ထိုအခါ ဘုရားသခင်၏ ဘုန်းတန် ခိုးသည် တကမ္ဘာလုံးကသိ၍ သူသည် ထာဝရဘုရား ဖြစ်ကြောင်းကို အသိအမှတ်ပြုကြမည် ဖြစ်သည်။

    အဆာငတ်မွက် ခေါင်းပါး မည်
    စစ် ဖြစ်ပြီးသောအခါ အစာ ငတ်မွတ်ခြင်းသည် ဖြစ်စမြဲ ဖြစ်သည်။ ထိုငတ်မွတ်ခြင်းကို ဤသို့ တွေ့ရသည်၊ “တတိယတံဆိပ်ကို ဖွင့်သောအခါ၊ တတိယသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင်၊ မြင်းနက်တစီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကို ကိုင်၏။ သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတပြားနှင့် ဂျုံဆန်တခွက်ကို ရ၏။ မုယောဆန်သုံးခွက်ကို ရ၏။ ဆီနှင့် စပျစ်ရည်ကို မပျက်စေနှင့် ဟုဆိုသည်ကို ငါကြား၏။ (ဗျာ ၆:၅-၆)။ ဘေးဒဏ်ကြီး ကာလ၌ အစာရေစာ ရှားပါးသောကြောင့် ယခုကဲ့သို့ ကြိုက်သလောက်ဝယ်၍ ရမည် မဟုတ်။ အကန့်အသတ်နှင့် ဝယ်ဘို့ လိုသည်သာမက အလွန် စျေး ကြီးမည်။ ဒေနာရိတပြားသည် လူကြီး တယောက်၏ တနေ့လုပ်အား ခ ဖြစ်သည်။ ထိုတနေ့လုပ်အား ခဖြင့် ဂျုံဆန်တခွက်၊ မုယောဆန် ဖြစ်လျှင် သုံးခွက်သာရမည် ဖြစ်သည်။ သို့သော် အဓိကအစာ မဟုတ်သော စပျစ် ရည်နှင့် ဆီမူကား လိုသလောက်ရရှိမည်။ ယခုပင်လျှင် ကမ္ဘာ့ အနှံ့ကောက် ပဲသီးနှံ့အထွက်နှုန်းကျဆင်းလျက် ရှိသောကြောင့် ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့က သတိပေးလျက် ရှိသည်။ နေရာအနှံ့မိုးခေါင်းသောကြောင့်၎င်း၊ မိုးများလွန်း၍ ရေလျှံမှုကြောင့်၎င်း၊ သဘာဝ ဘေးဒဏ် အမျိုးမျိုးကြောင့် ကောက်ပဲသီးနှံထုတ်လုပ်မှု လျော့နည်းလျက် ရှိသည်။ ထို့ကြောင့် အစား အသေက်စျေးနှုန်းများ တနေ့တခြား တက်လျက် ရှိသည်။ ဘေးဒဏ်ကြီး ကာလတွင် စစ်ရေးကြောင့်၎င်း၊ သဘာဝ ဘေးဒဏ်ကြောင့်၎င်း၊ စားနပ် ရိက္ခာ အလွန် ရှားပါးမည်။

    .

    ^

    သင်ခန်းစာ (၁၄)

    ၆၆၆ တံဆိပ်ခတ်မည်

    ဘေးဒဏ်ကြီး ကာလတွင် ငွေကျေးသုံးစွဲတော့မည် မဟုတ်ကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “ငွေရတတ်သောသူ၊ ဆင်းရဲ သောသူ၊ ​ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီး အငယ်ရှိသမျှ တို့သည် လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်း ငှါ၎င်း၊ ထိုတံဆိပ်လက်မှတ်တည်း ဟူသောသားရဲ၏ နာမ ဖြစ်စေ၊ နာ မ၏ အရေအတွက် ဖြစ်စေ၊ တခုခုကို မခံသောသူတယောက်မျှ မရောင်းမ ဝယ်စေခြင်း ငါှ၎င်း၊ စီရင်၏။ ဤအရာ၌ ပညာရှိ၏။ ဥာဏ်ရှိသောသူသည်သားရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက် ဖြစ်၏။ ​ခြောက်ရာ​ခြောက်ဆယ်​ခြောက်လည်း ဖြစ်၏။” (ဗျာ ၁၃:၁၆-၁၈)။

    အစ၌ လူသားများသည် ပစ္စည်းခြင်း လဲလှယ်ကြ၏။ ထိုမှလူသုံးများသော ပစ္စည်းများကို ငွေကျေးအဖြစ် အသုံးပြုကြ၏်။ ထိုမှတဆင့်ရွှေ ငွေများကို သုံးပြု၍ နောက်ပိုင်း၌ ရွှေဒင်္ါး၊ ငွေဒင်္ါးများကို အသုံးပြု ကြသည်။ နောက်ပိုင်း၌ ရွှေနှင့် အာမခံသော ငွေစက္ကူများကို အသုံးပြုကြရာတွင် ယ နေ့ အသုံးပြု နေကြသေးသည်။ သို့သော် အမေရိကန်ပြည်၌ ငွေစက္ကူသုံး စွဲမှုသည် ရောင်းဝယ်မှု အားလုံး ၏ နှစ်ဒသမငါးရာခိုင်နှုန်းလောက်သာ ရှိတော့သည်။ ငွေစက္ကူအစားချက်လက်မှတ်များ အသုံးပြု ကြသည်။ ထိုနောက် ခရဲဒစ်ခပ် credit (card)များကို အသုံးပြုလာ ကြသည်။ ထို့ အပြင်အဓိကရောင်းဝယ်မှု၊ တန်ဘိုး ကြီးသော အရာများရောင်း ဝယ် ရာတွင် ငွေနှင့် ချက်လက်မှတ် (check)များ၊ ခရဲဒစ်ခပ်များ မသုံး တော့ဘဲ အီလက်ထောနစ်ငွေလွှဲခြင်း Electronic (money transfer) ဖြင့် ဘဏ် တခုမှ တခုသို့ ငွေလွှဲတတ်ကြသည်။ ထိုအရာအားလုံး ကို ဘေးဒဏ်ကြီး ကာလ၌ ၆၆၆ဖြင့် အစားထိုးမည် ဖြစ်သည်။ ထိုအချိန်၌ ထိုတံ ဆိပ် မခတ်သောသူသည် ရောင်းဝယ်၍ ရမည် မဟုတ်။ ထိုတံဆိပ်ကို လက်ျာလက်၌၎င်း၊ နဖူး၌၎င်းခတ်မည် ဖြစ်သည်။ ထို ၆၆၆သည် ဂဏန်း ၁၈ လုံး ဖြစ်သည်။ ထိုရာကို သိနိုင်ရန် ယခု အသုံးပြုနေသော ခရဲဒစ်ခပ်ကို ကြည့်ကြစို့။

    အထက်ပါ ပုံ၌ ခရဲဒစ်ခပ်ကို တွေ့ရသည်။ ဂဏန်း၁၆ လုံးကို လေး အုပ်စုဖြင့် ရေးထားသည်။ ပဌမ အုပ်စ၌ ၄၀၀၀ ဒုတိယအုပ်စု၌ ဝ ၀၁၂ တတိယအုပ်စု၌ ၃၄၅၆ စတုတ္ထအုပ်စု၌ ၇၈၉၉ဟု တွေ့ရသည်။ ထိုအရာကို ၄၄၄၄ ဟုဆိုနိင်သည်။ ယင်းနံပါတ်များအပေါ်ရှိ ငွေရောင် အပြားလေးတွင် နံပါတ်များနှင့် တခြား အကြောင်းအရာများကို မှတ်သားထားသည်။

    ထို့နည်းတူ ၆၆၆သည် ဂဏန်း၁၈ လုံးသုံးအုပ် စုဖြင့် ရေးထားသောအရာ ဖြစ်နိုင်သည်။ ဥပမာ ဤကဲ့သို့ဖြစ်လိမ့်မည်၊ ၃၅၆၈၉၅ ၅၆၄၈၉၂ ၅၄၇၆၂၁။ ထိုအရာကို မိုက်ခရိုချစ် (ပ) (​Micro chip) အပြားတွင် မှတ်သားထားမည်း။ တချို့ မိုင်ခရိုချစ်များသည် ဆန်တစေ့သာသာရှိသည်။ တချို့သော မိုင်ခရိုချစ်များသည် ရေဒယိုဖရီကွမ်စီ အိုင်ဒီ (Redio Frequency ID or RFID) ခေါ် ဓါတ်လှိုင်း များလွှင့်နိုင်စွမ်းရှိသည်။ ထိုအရာ အထဲ၌ ကား မောင်းလိုင်စင်၊ မှတ်ပုံတင်နှင့် ခရဲဒစ်ခပ်များ ပါဝင်မည် ဖြစ်သည်။ ထို့ကြောင့် ပိုက်ဆံအိပ်သုံးဘို့ လိုတော့မည် မဟုတ်။ ကား သမားများကို ရဲကဖမ်းလျှင်လည်း စာရွက်စာတမ်းများ မတောင်းတော့ဘဲ ကား သမား၏ လက်ျာလက်ကို ထုတ်ခိုင်း၍ ကွန်ပြူတာစကင်နာ (Computer scanner)ဖြင့် ချိန် လိုက်သောအခါ ကား သမား၏ ရာဇဝင်အားလုံး ကို ရဲကား ထဲမှာရှိသော ကွန်ပြူတာထဲ၌ ပေါ်ကုန်မည် ဖြစ်သည်။ ပိုက်ဆံအိပ် ပျောက်ခြင်း၊ ကား လိုင်စင်မေ့ပျောက်ခြင်းများမရှိနိုင်တော့ချေ။ ထိုမျှသာ မကဆိုင်၌ ပစ္စည်းဝယ်သောအခါ၌လည်း ပိုက်ဆံမေ့ခြင်း မရှိနိင်တော့ချေ။ ကိုယ်ရောက်ရှိသော နေရာတိုင်း၌ ပစ္စည်းဝယ်နိုင်တော့မည် ဖြစ်သည်။ ယခုပင်လျှင် အမေရိကန်၌ ပိုက်ဆံဖြင့် ကားငှါးခြင်း လေယဉ်လက်မှတ်ဝယ်ခြင်းများ မပြုလုပ် ကြတော့ချေ။ ခရဲဒစ်ခပ် အားဖြင့်သား ဝယ်နိုင်ငါှးနိုင်သည်။


    ဆန်စေ့ထက် အနည်းငယ်ကြီးသည့် မိုက်ခရိုချစ် (ပ)... ၎င်းကို လက်၌ ထည့်ထားပုံ

    ထိုပိုက်ဆံမဲ့ရောင်းဝယ်ခြင်းကို ယခုပင်လျှင်တွင် ကျယ်စွာ အသုံးပြုနေပြီ။ ဘေးဒဏ်ကြီး ကာလ၌ လူတိုင်း ထိုမိုက်ခရိုချစ် (ပ)ကို သုံးဘို့ လို လိမ့်မည်။ ထိုအရာမရှိသောသူသည် အလုပ်ပင်လျှင် လုပ်နိင်မည် မဟုတ်။ ရောင်းဝယ်၍လည်း မရ။ ထိုအရာသည် မရှိမ ဖြစ်လိုအပ်သောအရာ ဖြစ်မည်။ ထိုအခါ လူတိုင်း ထိုတံဆိပ်ကို ခတ်ကြလိမ့်မည်။ သို့သော် ထိုတံ ဆိပ်ခပ်သောသူတိုင်း ဘုရား၏ အမျက်ဒေါသခံမည် ဖြစ်ကြောင်း ကျမ်းစာက ဤသို့ ကြိုတင် ရေးသား ထားသည်၊ “ထိုမှတပါး တတိယ ကောင်းကင်တမန် ကအကြင်သူသည်သားရဲနှင့် သူ၏ ရုပ်တုကိုကိုးကွယ်၍ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည် ဖြစ်စေ၊ လက်၌ ခံသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် စပျစ် ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ ရှေ့၊ သိုးသငယ် ရှေ့တွင် ကန့်နှင့် ရောသော မီးထဲ မှာပြင်းစွာသော ညှင်း ဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှင်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက် ဆက် တက်လျက် ရှိ၏။သားရဲနှင့် သူ၏ ရုပ်တုကိုကိုးကွယ်၍ သူ၏ နာမ တံဆိပ်လက်မှတ်ကို ခံသော သူတို့သည် နေ့ညဉ့် မပြတ် သက်သာမရကြဟု လိုက်၍ ကြီးသော အသံနှင့် ပြောဆို၏။” (ဗျာ ၁၄:၉-၁၁)။

    ထိုသို့သားရဲ၏ တံဆိပ်မခတ်လျှင်လည်း အဆာငတ်ခံပြီး သေဘို့ ရှိမည်။ တံဆိပ်ခတ်လျှင်လည်း ဘုရားသခင်၏ အမျက်တော် ခံရ၍ ထာဝရ မီးအိုင် ထဲမှာခံစားရမည်။ ထို့ကြောင့် ယခုကျေးဇူးတော် ကာလတွင် ကယ်တင်ခြင်း လက်ခံ၍ ချီဆောင်ခြင်း၌ ပါသွားဘို့ သာလျှင် လွတ် လမ်းရှိသည်။ အကယ်၍ လောလောဆယ် ကယ်တင်ခြင်းကို လက်မခံနိုင် သို့မဟုတ် မသိသောကြောင့် ဘေးဒဏ်ကြီးကာလ ရောက်သွားခဲ့သည် ရှိသော်ထိုတံဆိပ်ကို မခတ်ဘဲ အသေခံ ဘို့ရန် အကြံပေးလိုပါသည်။ ဗလာလောဆယ်ခက်သော်လည်း ထာဝရ ကာလ အတွက် ကောင်းသည်။

    လူများစွာသေမည်
    စစ် ဖြစ်ပြီး၊ အစာ ငတ်မွတ် ခေါင်းပါးခြင်း၏ နောက်တွင် သေခြင်းသည် အလိုလိုလိုက်လာမည် ဖြစ်ကြောင်း ဤသို့ တွေ့ရသည်၊ “စတုတ္တ တံဆိပ်ကို ဖွင့်သောအခါ၊ စတုတ္တသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင်၊ မြင်းမဲွတစီးရှိ၏။ မြင်း စီးသောသူသည် မရဏာဟူသော အမည်ရှိ၏။ မရဏာနိုင်ငံသည် ထိုသူ နောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစိတ်ကို အစိုးရ၍ ထား ဘေး၊ မွတ်သိပ်ခြင်း ဘေး၊ နာ၍ သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ် ပိုင်သော အခွင့်ကို ရ၏။” (ဗျာ ၆:ရ- ၈) အထက် ဖေါ်ပြပါစစ်ဘေး၊ မွတ် သိပ်ခြင်း ဘေး၊ နာ၍ သေဘေးနှင့် မြေသားရဲဘေးကြောင့်ကမ္ဘာ့ လူဦးရေ၏ လေးပုံတပုံသေဘို့ ဖြစ်သည်။ ယနေ့ ကမ္ဘာ့ လူဦးရေသည် သန်းပေါင်းရဝ ၀၀ နီးပါးရှိသည်။ ထိုအထဲမှလေးပုံတပုံသည် သန်းပေါင်း၂၀၀၀ နီး ပါး ဖြစ်သည်။ အဘယ်မျှလောက်စိတ်​ခြောက်ခြားဘွယ်ရာ ဖြစ်မည်နည်း။

    ဘုရား၏အမျက်တော်နေ့
    ဘေးဒဏ်ကြီး ကာလသည် ဘုရားသခင်၏ အမျက်တော် သွန်းလောင်းချိန် ဖြစ်ကြောင်းကို ဤသို့ တွေ့ရသည်၊ “ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၏။ နေသည် အမွေးဖြင့် ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏ လအလုံးသည်။ အသွေး ကဲ့သို့ဖြစ်၏။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင် အချိန်မတန်သော အသီး​ေကြ သကဲ့သို့၊ ကောင်းကင် ကြယ်တို့သည် မြေ ပေါ်သို့ ကျကြ၏။ မိုဃ်းကောင်းကင်သည် စာစောင်လိပ် သကဲ့သို့ လွင့် သွား၏ တောင်များ၊ ​ကျွန်းများ အပေါင်းတို့သည် မိမိတို့။ နေရာအ ရပ်မှ ရွေ့ကြ၏။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြယ်၊ ခွန် အားကြီးသောသူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်း တို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များ တို့ကို ခေါ်လျက်၊ ငါတို့ ပေါ်သို့ ကျ ကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည် နည်းဟု ပြောဆို ကြ၏။” (ဗျာ ၆:၁၂-၁ရ) ယနေ့ အာဏာရှင်များ၊ လူများအပေါ်မှာ ဝါကြားလျက် မာနထောင်လွှားသောသူများသည် ဘေးဒဏ်ကြီး ကာလ၌ ဘုရားသခင်၏ တရားစီရင်ခြင်း ခံရသောအခါ အလွန် ကြောက်ကြလိမ့်မည်။ သူတို့သာမက ယခု ကယ်တင်ခြင်း အကြောင်းကို နားမထောင်ချင်သောသူများ၊ ဂရုမစိုက်သောသူများလည်း ဘုရားသခင်၏ အမျက်ဒေါသထွက်သော နေ့မှာသေကြောင်း ကြံ စည်ကြလိမ့်မည်။ ထို့ကြောင့် ထိုနေ့မရောက်မှီ ဘုရားသခင်၏ ကယ် တင်ခြင်း ကျေး ဇူးတော်ကို လက်ခံဘို့ လိုသည်။

    တသိန်းလေးသောင်းလေးထောင်
    ဘေးဒဏ်ကြီး ကာလတွင် တကမ္ဘာလုံး၌ သက်သေခံမည့်သူ ဣသရေလ လူမျိုး၁၂ မျိုးအထဲမှတမျိုးလျှင် တစ်သောင်းနှစ်ထောင်စီ ဘုရားသခင်က တံဆိပ်ခတ်မည် (ဗျာ ရး၁-၈)။ အချို့သောသူများက ထိုသူများသည် သူတို့၏ အသင်းသားများဖြစ်သည်ဟု သွန်သင် ကြသည်။ ထိုသူများသည် တပါးအမျိုးသားများမပါဝင်ချေ။ ထို့အပြင် ထိုတံဆိပ်ခတ်ခြင်းသည် ယခုအချိန်မှာ မဟုတ်သေး။ ဘေးဒဏ်ကြီးကာလ မှာသာ ဖြစ်မည်။

    များစွာသော လူများ ကယ်တင်ခြင်းသို့ ရောက်
    ကျေးဇူးတော် ကာလ၌ ကယ်တင်ခြင်းကို လက်မခံခဲ့သော်လည်း ဘေးဒဏ်ကြီး ကာလ၌ များစွာသော လူများ ကယ်တင်ခြင်းသို့ ရောက်မည့် အကြောင်း ဤသို့ တွေ့ရသည်၊ “ထိုနောက်မှ ငါကြည့်လျှင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများ အပေါင်းတို့သည် ဖြူသော ဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက်၊ ပလ္လင်တော် ရှေ့၊ သိုးသငယ် ရှေ့မှာ ရပ်နေကြ၏။ သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့် သိုးသူငယ်သည် ကယ်တင်တော်မူခြင်း ချမ်းသာ ရှိတော်မူ စေသတည်းဟု ကြီးသော အသံနှင့် ​ကြွေးကြော် ကြ၏။ ပလ္လင်တော် မှစသော အသက်ကြီးသူ တို့နှင့် သတ္တဝါလေးပါး၏ ပတ်ဝန်းကျင်၌ ရပ်နေသော ကောင်းကင်တမန် အပေါင်းတို့သည်၊ ပလ္လင်တော် ရှေ့မှာ ပြပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊ အာမင်။ ငါတို့၏ ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီး မင်္လာ၊ ဘုန်း၊ ပညာနှင့် တကွကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အ သရေ၊ တန်ခိုးသတ္တိရှိတော်မူ စေ သတည်း။ အာမင်ဟု ပြောဆို ကြ၏။

    အသက်ကြီးသူ တပါးကလည်း၊ ဖြူသော ဝတ်လုံကို ဝတ်ဆင်သော ဤ သူတို့သည် အဘယ်သူ နည်း။ အဘယ်အရပ်ကလာကြသနည်းဟု ငါ့အား မေးမြန်းလျှင်၊ ငါက၊ သခင်၊ ကိုယ်တော် သိပါ၏ဟု ပြန်လျှောက်၏။ သူကလည်း၊ ဤ သူတို့သည် ကြီးစွာသော ဆင်းရဲ ဒုက္ခ အထဲကထွက်မြောက်၍၊ မိမိတို့ ဝတ်လုံကို သိုးသငယ်၏ အသွေး၌ လျှော်၍ ဖြူစေသောသူ ဖြစ်ကြသတည်း။ ထိုကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှာ နေရာကို ရ၍၊ ဗိမာန်တော်၌ ဘုရားဝတ်ကို နေ့ညဉ့်မပြတ် ပြုရကြ၏။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည်။ သူတို့သည် နောက်တဖန် ရေစာကို မငတ်မမွတ်ရကြ။ နေရောင်ခြည်အလျှင်း မထိရ။ အဘယ်အပူကိုမျှ မခံရကြ။ အကြောင်းမူကား၊ ပလ္လင်တော် အတွင်း၌ ရှိသော သိုးသငယ်သည် သူတို့ကို လုပ်​ကျွေး၍၊ အသက် စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့ မျက်စိ၌ မျက်ရည်ရှိသမျှ တို့ကို သုတ်တော်မူမည် ဟုဆို လေ၏။” (ဗျာ ရး၉-၁ရ)။

    ထို သူများသည် အထက်ကတံဆိပ်ခတ်သော ဣသရေလများက သက်သေခံသောကြောင့် ပြောင်းလဲလာသောသူများ ဖြစ်နိုင်သည်။ ထို့အပြင် ယခုအချိန်တွင် သတင်းကောင်းကို ကြားသော်လည်း ဂရုမစိုက်သောသူများ၊ ဘေးဒဏ်ကြီး ကာလ၏ ဒုက္ခ ဆင်းရဲကြောင့် ဘုရားသခင်ကို ပြန်လည်ယုံကြည်ကြခြင်းလည်း ဖြစ်မည်။ ထို့အပြင် များစွာသော ကျမ်းစာအုပ်များနှင့် ကယ်တင်ခြင်း စာအုပ်များ၊ ကက်စက်၊ စီဒီများ မှ တရားဟောချက်များကို ပြန်လည် နားထောင်၍ ယုံကြည်လာ သူများ ဖြစ်မည်။

    လည်ပင်းဖြတ်ခံ သူများ
    အထက်၌ ဖေါ်ပြသော ဘေးဒဏ်ကြီး ကာလ၌ ယုံကြည်သူများသည် လည်ပင်ဖြတ်ခံရသောသူများ ဖြစ်နိင်သည်။ ထိုအရာကို ဗျာ ၂၀:၄၌ ဤသို့ တွေ့ရသည်၊ “ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်၌ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲ နေ၍ ယေရှု၏ သက်သေခံတော်မူ ချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံကြ၏။” ထိုလည်ပင်းဖြတ်ခံ သူများသည် ခရစ်တော် ဒုတိယ အကြိမ်ရှင်ဘုရင်အဖြစ် ကြ လာသောအခါ ရှင်ပြန်ထမြောက် ကြမည်။ သူတို့သည် ဝိဥာဏ ကိုယ်ခန္ဓာဖြင့် ထမြောက်၍ ခရစ်တော်နှင့် အသင်းတော်နှင့်အတူ အနှစ်တထောင်၌ အုပ်စိုးသော လူတန်းစား ဖြစ်မည်။

    ယေရုရှလင်မြို့ပုံ၊ ဗိမာန်တော် နေရာ၌ မူစလင်များ၏ ဗလီတွေ့နိင်သည်

    .

    ^

    သင်ခန်းစာ (၁၅)
    အချိန်နီးကောင်းနိမိတ်များ

    ခရစ်တော်အတုပေါ်ပေါက်လာမည် (မ ၂၄:၅)

    ဤနောက်ဆုံးသော ကာလ၌ ခရစ်တော် အတုမြောက် များစွာ ပေါ်လာသည်။ ထိုသူများ အထဲမှနောက်ဆုံးနှင့် အသက် ထင်ရှားရှိသေးသောသူအချို့တို့၏ အကြောင်းကို ဖေါ်ပြရလျှင်၊ -

    ၁။ ​Jose Luis de Jesus Miranda (ဟိုစဲလိုဝစ်ဒီဇေရပ်မီရင်ဒါ)-သူသည် ပေါ်တိုရီကို ​ကျွန်း၌ ၁၉၄၆ ခုနှစ်တွင် မွေးဘွား ခဲ့သည်။ သူသည် ကျေးဇူးတော်၌ ကြီးထွားခြင်း အပြည် ပြည် ဆိုင်ရာအမှုတော် လုပ်ငန်း Creciendo en Gracia (Growing In Grace Internation-al Ministry, Inc.) တည်ထောင် သူနှင့် ဦးဆောင်သူ ဖြစ်သည်။ သူသည် ခရစ်တော်နှင့် အန္တီခရစ် ဖြစ်သည် ဟုဆိုကာ၊ လက်၌ ၆၆၆ မင်ကြောင်း ထိုးထားသည်။ သူက ခရစ်တော် ယေရှု လူဖြစ်သည်ဟု သူ့ကို သူ့ဆိုသည်။ သူ၌ နောက် လိုက်လူသန်းနှင့် ချီရှိသည်။ လက်တင်အမေရိကနှှင့်အမေရိကန် ပြည် ထောင်စု၌ နောက်လိုက် များစွာရှိသည်။ သူ၏ သွန်သင်ချက်မှာအပြစ် မရှိ၊ အားလုံး ကယ်တင်ခြင်းသို့ ရောက်ကြပြီ၊ စာတန်လည်း မရှိ၊ မိမိကြိုက် သလိုအသက်ရှင်ကြ၊ တကမ္ဘာလုံးကို ငါတို့ အုပ်ချုပ်မည်ဟူ၍ ဖြစ်သည်။ သူ့အကြောင်းကို၌ You tube ထဲ၌ ကြည့်နိုင်သည်။

    youtube.com/watch?v=22htEwXYkLU
    youtube.com/watch?v=8g7VmF6SI0M
    youtube.com/watch?v=1XcDTKoWxWQ

    ၂။ Sun Myung Moon (ဆွန်ယုံမွန်း) - သူသည်ကိုးရီးယားလူမျိုး ဖြစ်၍ ၁၉၂၀တွင် မွေးသောကြောင့် အသက် ရှိပြီ။ ယူနီဖီကဲ ရှင်း အသင်းတော် Uညင်ငခအေငသည ဃ့ကမခ့၏ ဖခင်နှင့် ခေါင်းဆောင် ဖြစ်သည်။ များစွာသော အဖွဲ့အစည်းများနှင့် စီမံကိန်းများကိုလည်း ဖွဲ့စည်းသည်။ ဝါရှင်တန်တိုင်း ျွှ​ေျ့ငညါအသည ဤငာနျ သတင်း စာပိုင်ရှင်လည်း ဖြစ်သည်။ သူသည် မေရှိ ဖြစ်သည်ဟု ကျေညာ၍ ခရစ်တော် ဒုတိယအကြိမ် ကြလာသောသူ ဖြစ်သည် ဟုဆိုသည်။ ခရစ်တော် ကမပြီး ပြတ်သောအမှုများကို ဆောင်ရွက်ဘို့ လာသည် ဟုဆိုသည်။ သူ့အသင်းသား များသည် ကမ္ဘာအနှံ့ရှိ၍ အသင်းသားများကို သူကိုယ် တိုင်တွဲဘက်ပေးကာစုပေါင်းလက်ထပ်ပွဲများကို ဘော်လုံး ကွင်းများ၌ ပြုလုပ်တတ်သည်။
    youtube.com/watch?v=lny7nFYZVKU
    http://en.wikipedia.org/wiki/Sun_Myung_Moon

    ၃။ James Warren "Jim" Jones (ဂျိမ်ဂျွန်း) (မေ ၁၃၊ ၁၉၃၁ - နိုဝင်ဘာ ၁၈၊ ၁၉ရ၃) - ဂျိမ်ဂျွန်းသည် ဖီးပါလ်းတင်း(မ)ပါလ်း People Temple အသင်းတော်၏ ဖခင်နှင့် ခေါင်းဆောင် ဖြစ်သည်။ သူသည် သူ့အသင်းသား၉၀၀ ကျော်နှင့် တောင်အမေရိကတိုက်ကိုင်ယာ နာ ွကပ​ေည​ေ နိင်ငံသို့ ကာလ ေဖိုးနီးယားပြည်နယ် မှပြောင်းရွှေ့သွားခဲ့ ကြသည်။ ထိုနေရာ၌ ပွဲတော် မင်္လာအဖြစ် အဆိပ်ရေကို သောက်ကာ ၁၉ရ ၃ ခုနှစ်နိုဝင်ဘာလ ၁၈ နေ့တွင် အားလုံး သေဆုံး ကြသည်။
    http://en.wikipedia.org/wiki/Jim_Jones

    ၄။ David Koresh (ဒဲဗစ်ခိုရက်စ)(ဩဂုတ် ၁ရ၊ ၁၉၅၉ -ဧပြီ ၁၉၊ ၁၉၉၃) - သူသည် Davidian Religious Sect ၏ ခေါင်းဆောင် ဖြစ်သည်။ သူ့အသင်းသား များနှင့် တ အိမ်ထဲ၌ နေ၍ အသင်းသား များ၏ မိန်းမများသမီး များနှင့် မှားယွင်းတတ်သည်။ သေနပ်များ စုဆောင်း ကာသေနပ်ပစ်လေ့ကျင့်တတ်ကြသည်။ အစိုးရက လက်နက်ချဘ့ုိရန်ပြောသော်လည်း လက်နက်မချဘဲ အသင်းသား များနှင့်အတူ သူတို့ နေသော အိမ်ကို မီးရှို့၍ သေဆုံးသွားခဲ့ ကြသည်။
    youtube.com/watch?v=b_6vrep7k9g

    ၅။ Sergei Torop (ဆာရ်ဂျီအိုင်တိုရော့) - ဤယာဉ်ထိန်းရဲဟောင်းသည် ရုရှားနိင်ငံ ဆိုင် ဗီးရီးယားကျေးလက်တောရွာ၌ ဆိုက်ဗီးရီးယားယေရှု အဖြစ်နာမည်ထွက်နေသောသူ ဖြစ်သည်။ သူ၌ နောက် လိုက် ၅၀၀၀ ခန့်တကမ္ဘာလုံးမှ ၁၀၀၀၀ ခန့်ရှိသည်။ သူသည် ခရစ်တော် ဖြစ်သည် ဟုဆိုသည်။ သူ့ကို ယုံ ကြည်ကိုးကွယ်သောသူများ အထဲ၌ ပညာရှင်များ၊ အတတ်ပညာရှင်များ၊ အနု ပညာရှင်များလည်း ပါဝင်သည်။
    youtube.com/watch?v=q6OknlMk2Cw
    youtube.com/watch?v=9x8yIZ2k4PM

    ၆။ Arnold Potter (အာနော်ပါးတာ) (၁၈၀၄-၁၈ရ၂) - သည် သူ့ကိုသူ မေရှိဟု ကျေညာသောသူ ဖြစ်သည်။
    http://en.wikipedia.org/wiki/Arnold_Potter

    ရ။ William W. Davies (ဝီလီလျံ ဒေးဗစ်) (၁၈၃၃-၁၉၀၆) သည် မောရ်မွန်အဖွဲ့မှခွဲထွက်သော ကောင်းကင်နိင်ငံတော်၏ ခေါင်းဆောင်် ဖြစ်သည်။ ၁၈၆၈ ခုနှစ်တွင်သားယောက်ျားရ လာသောအခါ ဝါလာဝါလာ ယေရှုသား နာမည်ကို ပေးသည်။ ၁၈၆၉ ခုနှစ်တွင် ဒုတိယသား ဒေးဗစ် မွေးဖွားသောအခါ သူ့ကိုယ်သူ ခမည်းတော် ဘုရား ဟုဆိုသည်။ ၁၈၈၀ ခုနှစ်တွင် သူ့သား နှစ်ယောက်စလုံးသေဆုံးသောအခါ ကောင်းကင်နိင်ငံတော် အဖွဲ့လည်း ပျက်စီးသွားသည်။
    http://en.wikipedia.org/wiki/William_W._Davies

    ၈။ Georges-Emest Roux ဂျော့ဧမက်စရော့စ (၁၉၀၃-၁၉၈၁)သည် ပြင်သစ်နိင်ငံသား ဖြစ်သည်။ စာတိုက်၌ အလုပ်လုပ်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် Universal Christian Church တည်ထောင်ခဲ့သည်။ သူသည် ခရစ်တော် ဝင်စားသူ ဖြစ်သည် ဟုဆိုသည်။ သူ့နောက်လိုက် အသင်းသား၂၀၀၀မှ ၃၀၀၀ အတွင်းရှိသည်။
    http://en.wikipedia.org/wiki/Universal_Alliance

    ၉။ Iesu Matayoshi အိုင်အေစူ မာတာယိုရှီ (၁၉၄၄ -) သည် ဂျာပန်နိင်ငံ အိုကေနာဝါ​ကျွန်းသား ဖြစ်သည်။ သူသည် ခရစ်ယာန် တရားဟော ဆရာ ဖြစ်ဘို့ သင်ကြားခဲ့သည်။ သူသည် ဘုရား ဖြစ်သည်ဟု ခံယူကာ နိင်ငံ ရေးတွင်လည်းရွေးကောက်ပွဲများ၌ ယှဉ်ပြိုင်သော်လည်း အရွေးမခံ ခဲ့ဘူးချေ။
    http://en.wikipedia.org/wiki/Mitsuo_Matayoshi

    ၁၀။ Father Divine (George Baker) ဖါဒါဒီဗိုင်း (၁၈ရ၆-၁၉၆၅) သည် အဖရိကန် အမေရိကန်လူမဲ ဖြစ်သည်။ ၁၉၀ရ မှစ၍ သူသေသည် အထိ လူမဲများ၏ ဝိညာဉ် ခေါင်းဆောင်ယောက် ဖြစ်သည်။ သူသည် ဘုရား ဖြစ်သည်ဟု ခံယူသည်။ ခေတ်သစ်လမ်းလွဲ (ဃကူအ) များ၏ ခေါင်းဆောင် တဦးဟု ယူဆကြသည်။
    http://en.wikipedia.org/wiki/Father_Divine

    ၁၁။ Jung Myung-Seok ဂျုန်ယုံဆီအုပ် (၁၉၄၅-)သည် တောင်ကိုးရီးယားနိင်ငံသား ဖြစ်သည်။ ဆုံယုံမွန်း အသင်းသား ဖြစ်ခဲ့သည်။ ထိုအသင်းမှ ခွဲထွက်ကာပရိုဗိဒင့် အသင်းတော်ကို ထောင်သည်။ သူ့ကိုယ်သူ ခရစ်တော် ဟုဆိုသည်။ သူ့အသင်း သူများနှင့် မှားယွင်းမှုများကြောင့် ၂၀၀၉ ခုနှစ်တွင် ထောင် ၁၀ ကျဘို့ ချမှတ်ခြင်း ခံခဲ့ရသည်။
    http://en.wikipedia.org/wiki/Jung_Myung_Seok#cite_note-2000jap-23

    ၁၂။ Yahweh ben Yahweh ရားဝေဘင်ရားဝေ (၁၉၃၅-၂၀၀ရ) သည် အမေရိကန်လူမဲ ဖြစ်သည်။ ဘုရားသခင်နှင့် ကျမ်းစာထဲမှပရော ဖက်များသည် လူမဲများ ဖြစ်သည် ဟုဆိုသည်။ လူဖြူများနှင့် ဂျူးလူမျိုး များသည် ဘုရား မဲ့များ ဖြစ်၍ လူကို ညှင်းဆဲသောသူများ ဖြစ်သည် ဟုဆိုသည်။ သူ့ကိုယ်သူဘုရား ဖြစ်သည် ဟုဆိုသည်။ လူ၁၀ယောက်ထက် မကသတ်မှုနှင့် ထောင်ကျခဲ့၍ ကင်ဆာ ရောဂါဖြင့် သေဆုံးခဲ့သည်။
    http://en.wikipedia.org/wiki/Yahweh_ben_Yahweh

    ၁၃။ Inri Cristo အင်ရီ ခရစ်တို (၁၉၄၈ -) သည် ဘရာဇီးလ်နိင်ငံသား ဖြစ်သည်။ ငယ်ရွယ်စဉ် မိခင်ကို အလုပ်ကူလုပ်၍ ကျောင်း ကောင်းကောင်း မတက်ခဲ့ချေ။ ရုပ်မြင်သံကြားအစီအစဉ်များ မှလူ သိများ သောသူ ဖြစ်သည်။ သူသည် ခရစ်တော် ဖြစ်သည် ဟုဆိုသည်။
    http://en.wikipedia.org/wiki/Inri_Cristo

    ၁၄။ Apollo Quiboloy အာပိုလိုကွေဘိုလွှဲ ( ၁၉၅၀ -)သည် ဖိလိပိုင် နိင်ငံသား ဖြစ်သည်။ ယူပီစီ အသင်းသား ဖြစ်ခဲ့သည်။ သူကိုယ်ပိုင် အသင်းတော် Kingdom Nation ကင်းဒမ်းနဲရှင်း အသင်းတော်ကို ထောင်၍ ပြည်တွင်း၌ အသင်းသား၄ သန်းနိင်ငံခြား၌ အသင်းသား သန်းကျော် ရှိသည်။ ခရစ်တော်သည် ခမည်းတော်ဘုရား ဖြစ်၍ သူသည် ခမည်းတော် ကခန့်အပ်ထားသော သားတော် ဖြစ်သည် ဟုဆိုသည်။
    http://en.wikipilipinas.org/index.php?title=Apollo_Quiboloy

    ၁၅။ David Icke ဒေးဗစ်အိုက် (၁၉၅၂ -)သည် ဂရိတ်ဗြိတိန် နိင်ငံသား ဖြစ်သည်။ သူ့ကိုယ်သူဘုရား၏ သားဟု ခေါ်၍ ခရစ်တော် ဝိညာဉ်၏ ဆက်သွယ်ရေး ဖြစ်သည် ဟုဆိုသည်။
    http://en.wikipedia.org/wiki/David_Icke

    .

    ^

    သင်ခန်းစာ (၁၆)

    စစ်တိုက်မည်

    စစ်တိုက်ခြင်းနှင့် စစ်တိုက်မည့် သတင်းများ (မ ၂၄:၆)

    ၁။ ပဌမ ကမ္ဘာစစ် (၁၉၁၄-၁၈)
    ပဌမ ကမ္ဘာစစ်ပွဲသည် အနောက်ဥရောပနိင်ငံများ နယ်မြေလုပွဲ ဖြစ်သည်။ ဤစစ်ပွဲ၌ အဖွဲ့နှစ်ဖွဲ့ရှိသည်။ မဟာမိတ်နိင်ငံများ၌ ပြင်သစ်၊ ဗြိတိန် အင်ပိုင်ယာ၊ ရုရှား၊ အီတလီ၊ အမေရိကန်၊ ဂျပန်၊ ရိုမေးနီးယား၊ ဆာဗီး ယား၊ ဘယ်ဂျီယံ၊ ဂရိတ်၊ ပေါ်တူကီနှင့် အခြားနိင်ငံများ ပါဝင်သည်။ ဝင် ရိုးတန်းနိင်ငံများ၌ ဂျာမဏီ၊ ဩစတေးယား၊ ဟန်ဂေရီ၊ အော်တိုမင်အင် ပိုင်ယာနှင့် ဘိုလ်ဂေးရီးယားများ ပါဝင်သည်။ ထိုစစ်ပွဲ၌ မဟာမိတ်များဘက်မှအနိင်ရသည်။ ထိုစစ်ပွဲကြောင့်သေဆုံးသူ ၁၆ သန်း၊ ဒဏ်ရာရ သူပေါင်း သန်း၂၁ ကျော်ရှိသည်။ ကုန်ကျငွေမှာ ၁၉၆ ဘီလီယံဒေါ်လာ ရှိသည်။ ဒုတိယကမ္ဘာစစ်ကလွှဲ၍ ကမ္ဘာမှာအကြီးမားဆုံးနှင့် အသေအ ပျောက်အများ ဆုံးစစ်ပွဲ ဖြစ်သည်။ စစ်ပွဲအပြီးတွင် နိင်ငံပေါင်းချုပ်အသင်းကြီး ဖွဲ့စည်း ကြသည်။

    ၂။ ဒုတိယကမ္ဘာစစ် (၁၉၃၉-၁၉၄၅)
    ဒုတိယကမ္ဘာစစ်သည် ပဌမ ကမ္ဘာစစ်၏ အကျိုးဆက် ဖြစ်သည်။ ပဌမ ကမ္ဘာစစ်၌ စစ်နိင်သော မဟာမိတ်နိင်ငံများက စစ်ရှုံးသော ဝင်ရိုး တန်းနိင်ငံများ အထူးသဖြင့် ဂျမဏီနိင်ငံကို စစ်လျော်ကျေး များစွာ တောင်းခြင်းဖြင့် ဒဏ်ခတ်သောအခါ ဂျာမဏီနိင်ငံသည် အလွန် ခက်ခဲလာသည်။ ထိုအခက်အခဲမှကျော်လွှာနိင်ရန် ဟစ်တလာက ဦးဆောင်သောအခါ ဂျမဏီနိင်ငံပြန်လည်ထူထောင်လာ၍ အခဲမ​ကြေစစ်ပွဲပြန်စလာခြင်း ဖြစ်သည်။ ပဌမ ကမ္ဘာစစ်ကဲ့သို့ပင်နှစ်ဖွဲ့စစ်တိုက် ကြသည်။ မဟာမိတ်နိင်ငံများ၌ ဆိုဗိယက်ယူနီယံ၊ အမေရိကန်ပြည် ထောင်စု၊ ယူနိက်တက်ကင်း ဒမ်း၊ တရုတ်၊ ပိုလန်၊ ပြင်သစ်၊ ကာနဒါ၊ ဩစတေးလျ၊ နယူးဇီလန်၊ တောင်အဖရိက၊ ဘယ်ဂျီယံ၊ နယ်သာလင်၊ ဂရိတ်၊ ယူကို ဆလားဗျား၊ နော်ဝေတို့ ပါဝင်ပြီး၊ ဝင်ရိုးတန်းနိင်ငံများ၌ ဂျမဏီ၊ ဂျပန်၊ အီတလီ၊ ဖင်လန်၊ ဟန်ဂေရီ၊ ရိုမီးနီးယား၊ ထိုင်း၊ ဘိုလ်ဂေးရီးယား၊ ခရိုးအေးရှား၊ ဆလိုဗေး ကီးယားနိင်ငံတို့ ပါဝင်သည်။ မဟာမိတ်နိင်ငံများ ကအနိင်ရ၍ ကမ္ဘာ့ ကု လ သမဂ္ဂအသင်းပေါ်ပေါက်လာသည်။ ဤစစ်ပွဲသည် ကမ္ဘာ့ အကြီးမားဆုံး၊ နိင်ငံနှင့် လူအများ ဆုံးပါဝင်သော စစ်ပွဲ ဖြစ်သည်။ သေဆုံးသူမှာသန်း ပေါင်း၆၂မှ ရ၈ ရှိမည်ဟု ခန့်မှန်းရသည်။ ကုန် ကျငွေမှာ ၁၀၉၁ ဘီလီယံ ဒေါ်လာရှိသည်။

    ၃။ စစ်အေးတိုက်ပွဲ (၁၉၄၅-၁၉၉၁)
    အရင်းရှင်နိင်ငံများနှင့် ကွန်မြူနစ်များ အကြားရန်ဆောင်နေခြင်း
    ဖြစ်သည်။ လက်နက်အပြိုင်အဆိုင်တီထွင် ပြုလုပ် ကြသည်။ ၁၉၆၂ ခုနှစ်တွင် ဆိုဗိယက်ယူနီယံက ကျူးဘားနိင်ငံတွင် အနုမြူထိတ်ဖူးတပ်ထားသော ဒုံပျံများ ထားရှိခြင်းကြောင့် အမေရိကန်ပြည် ထောင်စုနှင့် အနုမြူ စစ်ပွဲ ဖြစ်လုနီးရှိခဲ့သည်။ စစ်အေးတိုက်ပွဲသည် အမှန်တကယ် စစ် မတိုက်သော်လည်း အလွန် ကြောက်လန့်စရာ ကောင်းသော စစ်လက် နက်ပြိုင် ဆိုင်မှု ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗိယက်ယူနီယံပြိုလဲသောအခါ စစ် အေးတိုက်ပွဲလည်း ကုန်ဆုံးသွားသည်။ သို့သော် ယခုရုရှားပြန် လည်ထ လာသောကြောင့် စစ်အေးတိုက်ပွဲပြန်လည်စလာသည့် သဘော ရှိသည်။

    ၄။ ကိုးရီးယားစစ် (၁၉၅၀ ဇွန်- ၁၉၅၃ ဇူလိုင်)
    သေဆုံးသူ ၂ သန်း နီးပါးဒါဏ်ရာရ အမေရိကန်နှင့် တောင်ကိုးရီး ယားစစ်သား၅ သိန်းကျော်မြောက်နှင့် တောင်ကိုးရီးယားစစ် ဖြစ်သည်။ မြောက်သည် ကွန်မြူနစ် ဖြစ်၍ တရုတ်ကကူညီသည် တောင်သည် ဒီမိုက ရေစီ ဖြစ်၍ အမေရိကန်ကကူညီသည်။ စစ်မတိုက်တော့သော်လည်း တ ရားဝင်စစ်ပြေငြိမ်းခြင်း စာချုပ်မချုပ်သောကြောင့် စစ် ဖြစ်နေဆဲ သဘော ရှိသည်။ မြောက်ကိုးရိီးယားက အနုမြူဗုံးလုပ်သောကြောင့် မကြာခဏစစ် ဖြစ်မည့် အ​ခြေနေရှိနေသည်။အချိန်မရွေး စစ် ဖြစ်နိုင်သည်။

    ၅။ ဗိယက်နမ်စစ် (၁၉၆၂-၁၉ရ ၅)
    သေဆုံးသူအမေရိကန်စစ်သား၅၈၁၄၈ ရှိသည် တောင်နှင့် မြောက် ဗိယက်နမ်တိုက်ခိုက် ကြသည်။ တောင်ဖက်ကို အမေရိကန်ကကူညီ၍ ဒီမိုကရေစီလိုလားသည်။ မြောက်ဖက်သည် ကွန်မြူနစ် ဖြစ်၍ ရုရှားက ကူညီသည်။ မြောက်ဖက်ကနိင်၍ အားလုံး ကွန်မြူးနစ်နိင်ငံံ ဖြစ်သွားသည်။ ထိုစစ်ပွဲကြောင့်စစ်ရှုံးသော တောင်ဗိယက်နမ်သားများအမြောက် အများကို အမေရိကန်ကခေါ်သောကြောင့် အမေရိကန်ပြည် ထောင်စု၌ ဗိယက်နမ်လူဦးရေ အလွန် များခြင်း ဖြစ်သည်။

    ၆။ အစ္စရေးအာရပ်စစ်များ
    အစ္စရေးနှင့် အိမ်နီးချင်းအာရပ်နိင်ငံများသည် အစ္စရေးနိင်ငံထူ ထောင်ချိန်မှစ၍ အကြီး အကျယ်စစ် ၄ ကြိမ်တိုက်ခိုက် ခဲ့ကြပြီ။

    က။ ပထမစစ် (၁၉၄၈-၁၈၄၉)

    အစ္စရေးလွတ်လပ်ရေးစစ်ပွဲ ဖြစ်သည်။ အာရပ်နိင်ငံများ ဖြစ်သော၊ အီဂျစ်၊ ဆီးရီးယား၊ ဂျော်ဒန်၊ အီရတ်၊ ဆော်ဒီအရဗျား၊ ယေမင်၊ လေဗ နုန်နိင်ငံများ ကအစ္စရေးနိင်ငံထူထောင်ခါစကို တိုက်သည်။ ပါလက်စတင်းများကို အာရပ်နိင်ငံများက အစ္စရေးများထံမှ အပြင်ထွက်စေသည်။ အကြောင်းမှာ အစ္စရေးများသာရှိသောအခါ သူတိုု့တိုက်ထုတ်၍ နိင်သောအခါ ပါလက်စတင်းများကို နေရာပေးဘို့ ဖြစ်သည်။ ထိုသို့ မျှော်မှန်းထား သလိုမ ဖြစ်လာဘဲ အာရပ်များ စစ်ရှုံးသောကြောင့် ပါလက် စတင်းများ မိမိတို့ နေရင်းဒေသသို့ ပြန်မလာနိုင်တော့ဘဲ ဒုက္ခသည်များဖြစ်လာ ကြသည်။ ယနေ့ တိုင်ပါလက်စတင်းများ ဂျော်ဒန်မြစ်အနောက် ဖက်ကမ်း ​ခြေနှင့် ဂါဇာကမ်းမြောင်ဒေသ၌ စု နေကြသည်။ အာရပ်နိင်ငံများကလည်း သူတို့ ကူညီခဲ့သော ပါလက်စတင်းများကို ပြန်လည်း ကူ ညီခြင်း မရှိသောကြောင့် အစ္စရေးပါလက်စတင်း ပြသနာသည် ယ နေ့တိုင်အောင် ကမ္ဘာ့ ပြသနာ ဖြစ်လာသည်။

    ခ။ ဒုတိယစစ် (၁၉၅၆)
    စူအက်တူးမြောင်း ပြသနာကြောင့် အစ္စရေးနှင့် အီဂျစ်စစ် ဖြစ်ရသည်။ အီဂျစ်ကစူအက်တူးမြောင်းကို ပြည် သူပိုင်သိမ်းသောကြောင့် ဂရိတ်ဗြိတိန်နှင့် ပြင်သစ်နိင်ငံများက ပြန်လည် သိမ်းပိုက် ချင်သည်။ ထို့ နည်းတူ အစ္စရေးနိင်ငံကလည်း တူးမြောင်းကို အသုံးပြုချင်သည်။ ထို့ကြောင့် ပြင်သစ်နှင့် ဗြိတိန်ထောက်ခံမှုနှင့် အစ္စရေးကအီဂျစ်ကို ၁၉၅၆ ခုနှစ်အောက်တိုဘာလ ၂၉ ရက်နေ့တွင် စတင်တိုက်ခိုက်၍ ထိုနှစ်နိုဝဘ်ာလာ ၆ ရက်နေ့တွင် စစ်ပြေငြိမ်းသည်။

    ဂ။ တတိယစစ် ၁၉၆ရ (၆ ရက်ကြာစစ်ပွဲ) တတိယအကြိမ်အာရပ်အစ္စရေးစစ်ပွဲ ဖြစ်သည်။ အာရပ်နိင်ငံများ ဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား၊ အီရတ်၊ ဆော်ဒီအာရဗျား၊ ဆူဒန်၊ တူနီးရှား၊ မော်ရကို၊ အယ်လဂျီးရီးယားများ ပါဝင်သည်။ အစ္စရေးကနိင်၍ အီဂျစ်ထံမှ ဆိုင်းနိင်း​ကျွန်းဆွယ်နှင့် ဂါဇာကမ်းမြောင်ဒေသ၊ ဂျော်ဒန်ထံမှ ဂျော်ဒန် မြစ်အနောက်ဘက်ကမ်း​ခြေနှင့် ယေရုရှလင်မြို့အရှေ့ပိုင်း၊ ဆီးရီးယားထံမှ ဂုိလန် ကုန်းပြင်မြင့် သိမ်းပိုက် လိုက်သည်။ ယေရုရှလင်မြို့အားလုံး ကို ပဌမ အကြိမ်အစ္စရေးက ယပိုင်ဆိုင်သည်။ အစ်ဂျစ်ထံမှ သိမ်းပိုက်သော ဆိုင်းနိင်း ​ကျွန်းဆွယ်ကိုသာ ပြန်လည်အပ်နှံ၍ ဂျော်ဒန်ထံမှ သိမ်းသော ယေရုရှလင်မြို့ အရှေ့ဘက်ခြမ်း၊ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း​ခြေ (ဂျူးဒီးယားနှင့် စမားရီးယား) ကို၎င်း၊ ဆီးရီးယားထံမှ သိမ်းယူသော ဂုိလန်ကုန်ပြင် မြင့်ကို၎င်းပြန်မပေးတော့ချေ။ ယခုထိုစစ်မတိုင်မှီနယ်နိမိတ်အတိုင်း ပြန်ပေးဘို့ ပါလက်စတင်းများ ကတောင်းဆိုနေသည်။

    ဃ။ စတုတ္ထစစ် (၁၉ရ ၃)

    Yom Kippur War စစ်ပွဲဟု ခေါ်သည်။ အစ္စရေးများ အောက် တိုဘာလတွင် အပြစ် ​ဖြေရာနေ့ပွဲလုပ်ချိန်တွင် အီဂျစ်နှင့် ဆီးရီးယားတို့ ကအငိုက်ဖမ်း၍ တိုက်သော စစ်ပွဲ ဖြစ်သည်။ ထိုစစ်ပွဲတွင် အစ္စရေးများက နိုင်သည်။ အမေရိကန်ကစစ်လက်နက်ပစ္စည်းအမြောက်အများ အစ္စရေးထံသို့ ပို့်သည်။ ဆိုဗိယက်ယူနီယံက သူထောက်ခံသော အာရပ်များရှုံးသောအခါ စစ်ပွဲထဲဝင်ခါနီးသည် အထိ ဖြစ်လာသည်။ သို့သော် အမေရိကန် ကဆိုဗိယက်စစ်ထဲပါဝင်လျှင် သူလည်း ပါဝင်မည် ဟုဆိုသောကြောင့် ဆိုဗိယက်များ နောက်ဆုတ်ခဲ့ရသည်။ အစ္စရေးကနိင်သည်။

    ရ။ လောလောဆယ်အကျမ်းဖက်သမားများ စစ်ပွဲ၊

    ဤစစ်ပွဲသည် တနိင်ငံနှင့် တနိင်ငံတိုက်သော စစ်ပွဲ မဟုတ်။ အကြမ်းဖက်သမားများ ပြောက်ကြားတိုက်ရသော စစ်ပွဲ ဖြစ်၍ အလွန် ထူး ခြားပြီး မပြီး ပြတ်နိင်သော စစ်ပွဲ ဖြစ်သည်။

    က။ အဖကနစ္စတန်စစ် (၂၀၀၁ မှယနေ့ အထိ)
    အကြမ်းဖက်သမားခေါင်းဆောင် အိုစမာဗင်လာဒင်နှင့် သူ့ကို ထောက်ခံသူတယ်လေဘန်အစိုိးရကို အမေရိကန် ဦးဆောင်သော နေတိုး အဖွဲ့များ ကတိုက်ခိုက်သော စစ်ပွဲ ဖြစ်သည်။ အကြမ်းဖက်သမားများ ကုန် ဆုံးရန်ရည်ရွယ်သော်လည်း ယနေ့ တိုင်မအောင်မြင် နိင်သေးချေ။ မကြာ မှီကအိုစမာဗင်လားဒင်ကို သတ်နိင်သော်လည်း အကြမ်းဘက်သမား များသည် ပို၍ ပို၍ များလာသောကြောင့် အောင်မြင်ခြင်း မရှိနိင်သော စစ်ပွဲ ဖြစ်သည်။ အမေရိကန်နှင့် နေတိုးဘက်မှသေဆုံးသူ ၁ရ ၆၂ ရှိ၍၊ အာဖဂ နစ္စတန်နိင်ငံဖက်မှ ၆၀၀၀ နီးပါးရှိပြီ။ ကုန်ကျငွေ- ဒေါ်လာ ၆၏ ရဘီလီယံ (၂၀၁၀ ဖေဖဝါရီလအထိ)

    ခ။ အီရတ်၊ (၂၀၀၃ မတ် ၁၉မှ ယနေ့ အထိ)
    အကြမ်းဖက်သမားများကို ထောက်ခံသော အီရတ်အာဏာ ရှင်ဆဒမ်ဟူစိန်ကို ဖြုတ်၍ ဒီမိုကရေစီနိင်ငံထူထောင်ရန် အမေရိကန် ဦး ဆောင်သော နေတိုးအဖွဲ့၏ စစ်ပွဲ ဖြစ်သည်။ ဆဒမ်ဟူစိန်ကို ဖြုတ်၍ ဒီမိုက ရေစီနိင်ငံထူထောင်နိင်သော်လည်း အကြမ်းဖက်ပြည်တွင်း စစ်မကုန်နိင်အောင် ယနေ့ တိုင်တိုက်ခိုက် နေဆဲ ဖြစ်သည်။ သေဆုံးသူ- ၄၃၆၅၊ (၂၀၀၃မှ ၂၀၁၀ ဖေဖဝါရီ ၆ အထိ) ကုန်ကျငွေ-ဒေါ်လာ ၅ ဘီလီယံခွဲ

    အနာဂတ်မှာတိုက်မည့် စစ်ပွဲများ
    ၈။ ဆာလံ ၈၃ စစ်ပွဲ အစ္စရေးနှင့် အိမ်နီးချင်းနိင်ငံများ

    ၉။ ဒမသက်မြို့ လုံးဝ ပျောက်ခြင်း (ဟေရှယ ၁ရး၁-၃)
    ၁၀။ ဂေါဂ၊ မါဂေါဂစစ်ပွဲ (ယေဇကျေလ ၃ ဂ၊ ၃၉)
    အထက်ပါ စစ်ပွဲများကို စာမျက်နှာ ၅၅မှ ၆ရတွင် ဖေါ်ပြထားပြီး။

    လူမျိုးတမျိုးနှင့် တမျိုးတနိင်ငံနှင့် တနိင်ငံရန်ဘက်ပြုကြမည် (မ ၂၄:ရ)
    တိုင်း နိင်ငံတိုင်း၌ လူမျိုးရေး ပြသနာများများ ပြားလာသည် လူမျိုး တမျိုးနှင့် တမျိုး အကြား စစ်ပွဲများ သတ်ဖျက်မှုများနိင်ငံတိုင်း၌ ရှိသည်။

    အစာ ခေါင်းပါးမည် (မ ၂၄:ရ)
    ကမ္ဘာ့ လူဦးရေအများစုသည် အစာ ငတ်မွတ် ခေါင်းပါး နေသည် အလုပ်လက်မဲ့တကမ္ဘာလုံး၌ ပြန့်နှံ့နေပြီး တနေ့တခြား တိုးပါွးနေသည်။

    ကာလနာများပြားမည် (မ ၂၄:ရ)
    ကာလနာ၊ ရောဂါဆန်းများ မြောက်မြားစွာ ပေါ်လာသည်။ ကင်ဆာ ရောဂါ၊ အေအိုင်ဒီအက်စ ရောဂါ၊ နှလုံးသွေးကျောပိတ်၊ ဦးနှောက် သွေးကျောပိတ်၊ ဂျပန်တုတ်ကွေး၊ ကြက်တုတ်ကွေး၊ ဝက်တုတ်ကွေး၊ များစွာသော ရောဂါဆန်းများ ပေါ်ပေါက်လျက် ရှိသည်။

    .

    ^

    သင်ခန်းစာ (၁ရ)

    ငလျှင်လှုပ်မည်

    မြေကြီး လှုပ်မည် (မ ၂၄:ရ)
    မြေ ငလျှင်လှုပ်ခြင်းသည် တနေ့တခြား များလာသည်သာမက ပို၍ ပို၍ ပြင်းထန်လာသည်။ ၂၀၁၁ ခုနှစ်အတွင်း မှတ်သားလောက်သော ငလျှင်လှုပ်ခြင်း စာရင်းများကို အောက်တွင် ဖေါ်ပြထားသည်။
    Magnitude 7.2 ALASKA June 24, 2011
    Magnitude 6.0 NEW ZEALAND June 13, 2011
    Magnitude 5.8 TURKEY May 19, 2011

    Magnitude 5.1 SPAIN May 11, 2011

    Magnitude 6.8 LOYALTY ISLANDS May 10, 2011

    Magnitude 6.9 SOLOMON ISLANDS April 23, 2011

    Magnitude 7.1 JAPAN April 11, 2011

    Magnitude 7.1 JAPAN April 07, 2011

    Magnitude 6.5 MEXICO April 07, 2011

    Magnitude 6.7 INDONESIA April 03, 2011

    Magnitude 6.8 MYANMAR March 24, 2011

    Magnitude 6.6 JAPAN March 22, 2011

    Magnitude 6.3 VANUATU March 17, 2011

    Magnitude 9.0 HONSHU, JAPAN March 11, 2011

    Magnitude 5.4 MYANMAR-CHINA BORDER REGION March 10, 2011

    Magnitude 6.5 NEW GUINEA March 09, 2011

    Magnitude 7.2 JAPAN March 09, 2011
    Magnitude 6.6 SOLOMON ISLANDS March 07, 2011 Magnitude 6.5 SOUTH SANDWICH ISLANDS REGION

    March 06, 2011

    Magnitude 4.7 ARKANSAS February 28, 2011 Magnitude 6.1 NEW ZEALAND February 21, 2011 Magnitude 4.1 ARKANSAS February 18, 2011 Magnitude 6.6 CHILE February 14, 2011 Magnitude 6.8 CHILE February 11, 2011 Magnitude 6.5 CELEBES SEA February 10, 2011 Magnitude 7.2 PAKISTAN January 18, 2011 Magnitude 7.0 LOYALTY ISLANDS January 13, 2011 Magnitude 6.6 VANUATU January 09, 2011 Magnitude 4.1 CALIFORNIA January 08, 2011 Magnitude 7.1 CHILE January 02, 2011 Magnitude 7.0 ARGENTINA January 01, 2011

    ခရစ်တော်ကြောင့် မုန်းမည်ညှင်းဆဲမည် (မ ၂၄:၉)
    ခရစ်ယာန်များမာတုရအဖြစ် အသတ်ခံမှုသည် ၂၀ ရာစု တခုထဲ၌ ၁ ရာစုမှ ၁၉ ရာစုနှစ်အတွင်း အသတ်ခံရသောသူများထက် ပိုများသည်။ အထူးသဖြင့် မူစလင်နိင်ငံများ၊ ဟိန​ြူနိင်ငံ ဖြစ်သော အိန္ဒိယ၊ ကွန် မြူနစ်နိင်ငံများတွင် အသတ်ခံရ ကြသည်။

    အများသော သူတို့ ဖေါက်ပြန်မည် (မ ၂၄:၁၀)
    နောင်ကာလသည် ခဲယဉ်းသော ကာလ ဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့ နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ် ချစ်သောသူ၊ ငွေကို တပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော် ကား သောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ပကတိ ကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ကိုယ် ဣ​ေ​ြနကြို မချုပ်တည်း နိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကို ဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့် ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ် ခံစားခြင်းကိုသာ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော် ယောင်ဆောင်၍ မွေ့လျော်ခြင်း တန်ခိုးကို ငြင်းပယ်သောသူ၊ ဒုစရိုက်အ ပြစ်ဝန်ကို ထမ်းရွက်၍ အထူးထူး အပြားပြားသောလောဘကိလေသာ သွေးဆောင်ရာသို့ လိုက်၍၊ အစဉ်သင်သော်လည်း သမ္မာတရားကို လေ့ ကျက်ခြင်းသို့ မရောက်နိုင်သောသူ၊ သမ္မာတရားကို ဆီးတားသောသူ စိတ်နှလုံးယိုယွင်း၍ ယုံကြည် ယောင်ဆောင်သောသူ၊ များဖြစ်ကြလိမ့်မည် (၂ တိ ၃:၁ -ရ)။ ယခုခေတ် လူများသည် အထက်က ဖေါ်ပြသော အရာများ အတိုင်း ဖြစ်နေကြသည်။

    အချင်းချင်းတယောက်ကို တယောက် အပ်နှံကြမည် (မ ၂၄:၁၀)
    အမှန်မှာ ခရစ်တော် ပြောသော အရာများသည် ဘေးဒဏ်ကြီး ကာလ၌ ဖြစ်မည့် အရာများ ဖြစ်သည် ​ကျွန်ပ်တို့လည်း ဘေးဒဏ်ကြီး ကာလနှင့် နီး လွန်းသောကြောင့် ဘေးဒဏ်ကြီး ကာလ၌ ဖြစ်မည့် အရာများကို ခံစားရကြသည်။ အချင်း ချင်းယောက်ကို တယောက် အပ်နှံခြင်းသည် အဓိကအားဖြင့် ဘေးဒဏ်ကြီး ကာလ၌ အန္တီခရစ်က ဘုရားသခင်ကို ယုံ ကြည်သောသူများကို သဲသဲမဲမဲလိုက်သောအခါ ဖြစ်ပျက်မည့် အရာ ဖြစ်သည်။ အန္တီခရစ်၏ အုပ်စိုးခြင်းကို မလိုချင်၊ သူခတ်ခိုင်းသော ၆၆၆ တံဆိပ်ကို မခတ်လိုသောသူများကို အချင်းချင်းအပ်နှံကြလိမ့်မည်။

    အချင်းချင်းမုန်းကြလိမ့်မည် (မ ၂၄:၁၁)
    သာမန်အားဖြင့် လူသည််ရန်သူကိုသာ မုန်းတတ်သည်။ ပြိုင် ဖက်များကိုသာ မနာလိုတတ်သည်။ သို့သော် ခက်ခဲ လာသောအခါ အချင်းချင်းမုန်းကြလိမ့်မည်။ ယခုလည်း ကမ္ဘာ့ စိီးပွါးရေးကျဆင်း လာသောအခါ လူတိုင်း ခက်ခဲလာသည်။ ထိုအခါ တယောက်နှင့် တယောက် မနာ လိုပြိုင်လာနှောက်ရှက် လာသောအခါ အချင်းချင်းမုန်းကြလိမ့်မည်။

    .

    ^

    သင်ခန်းစာ (၁၈)

    မိစ္ဆာပရောဖက်များ

    မိစ္ဆာပရောဖက် အများ တို့သည် ပေါ်လာမည် (မ ၂၄:၁၁)

    ၁။ ချစ် သူတို့ ခပ်သိမ်းသော စိတ်ဝိညာဉ် တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ် တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်း ကြလော့။ အကြောင်းမူကား မိစ္ဆာပရောဖက် အများ တို့သည် ဤလော ကသို့ သွားကြပြီ။ ဘုရားသခင်၏ ဝိညာဉ်တော်ကို အဘယ်သို့ သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်ခံသော ဝိညာဉ် မည်သည်ကား၊ ဘုရားသခင်နှင့် စပ်ဆိုင်၏။ လူဇာ တိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်မခံသော ဝိညာဉ် မည်သည်ကား ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သော ဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည် အတိုင်း ဤလောကသို့ လာမည် ဖြစ်၍၊ ယခု ပင်လာလျက် ရှိသော အနီျွှ ခရစ်၏ ဝိညာဉ် ဖြစ်၏်။ (၁ ယော ၄:၁-၃)

    ၂။ အတွင်း၌ ကြမ်းတမ်းသော တောခွေး ဖြစ်လျက်၊ သိုးရေကို ခြုံ၍ သင်တို့ ရှိရာသို့ လာသော မိစ္ဆာပရောဖက် တို့ကို သတိနှင့် ရှောင်ကြလော့။ ထို သူတို့၏ အကျင့်ကို ထောက်၍ သူတို့၏ သဘောကို သိကြလိမ့်မည်။ ဆူးလေပင်၌ စပျစ်သီးကို ဆွတ်တတ်သလော။ ဆူးလေပင်၌ သဘေ်ာသဖန်းသီးကို ဆွတ်တတ်သလော။ ကောင်းသော အပင်သည် ကောင်းသော အသီး၊ မကောင်းသော အပင်သည် မကောင်းသော အသီးကို သီးတတ်၏။ ကောင်းသော အပင်သည် မကောင်းသော အသီး၊ မကောင်းသော အပင်သည် ကောင်းသော အသီးကို မသီးနိုင်။ ကောင်းသော အသီးမသီးသော အပင်ရှိသမျှ တို့ကို ခုတ်လှ​ဲ၍ မီးထဲသို့ ချလိုက် တတ်၏။ သို့ဖြစ်လျှင် ထိုပရောဖက် တို့၏ အကျင့်ကို ထောက်သော်သူ တို့၏ သဘောကို သိရကြလိမ့်မည်။ သခင်သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင်နိင်ငံတော်သို့ ဝင်ရလိမ့်မည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော်၏ အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ ကား သခင်၊ သခင် အ​ကျွန်ပ်တို့သည် ကို်ယ်တော် အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုး တို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန် ခိုးတို့ကို ပြပါပြီ မဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့ လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင် မသိ။ အဓမ္မအ မှုကို ပြုသော သူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထို သူတို့အား အတည့်အလင်း ငါ ပြောမည်။ (မ ရး၁၅-၂၃)

    ၃။ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။ အများသော သူတို့က ငါသည် ခရစ်တော် ဖြစ်၏ ဟုဆိုလျက် ငါ၏ အယောင်ကို ဆောင်၍ ပေါ်လာသဖြင့် လူအများ တို့ကို လှည့်ဖြားကြလိမ့်မည်။ (မ ၂၄:၄-၅)

    ၄။ ထိုအခါ သူတပါးက၊ အရပ်၌ ခရစ်တော် ရှိသည်၊ ထိုအရပ်၌ ရှိသည် ဟုဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက် တို့သည် ပေါ်လာ၍ ရွေး ချယ်သော သူတို့ကို ပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု တို့ကို ပြကြ လိမ့်မည်။ (မ ၂၄:၂၃-၂၄)

    ၅။ အခြားသောသားရဲတကောင်သည်၊ သိုးသား ငယ်၏ ချိုနှင့် တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကားပြောလျက် မြေကြီး ထဲက ထွက်သည်ကို ငါမြင်၏။ ထိုသားရဲသည် သူ့အရင် ဖြစ်သော ပဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဌမသားရဲကို မြေကြီး မှစ၍ မြေကြီးသား တို့သည်ကိုးကွယ် စေခြင်း ငါှ ပြု၏။ ကြီးစွာသော နိမိတ်လက္ခဏာတို့ ကိုလည်း ပြ၏။ လူတို့ မျက်မှောက်၌ ကောင်းကင် ကမြေကြီး အပေါ်သို့ မီးကို ဆင်းစေ၏။ ပဌမသားရဲရှေ့၌ ပြပိုင်သော နိမိတ်လက္ခဏာတို့အားဖြင့် မြေကြီးသား တို့ကို လှည့်ဖြား၏။ ထားနှင့် ခုတ်သော ဒဏ်ချက်ကို ခံရ၍ အသက်ရှင် သေးသောသားရဲ၏ ရုတ်တုကို လုပ်စေခြင်းငှါ မြေကြီးသား တို့ကို မှာထား၏။သားရဲ၏ ရုတ်တုသည် စကားပြောနိုင်မည်အကြောင်းနှင့် မိမိကို မကိုးကွယ်သောသူရှိသ မျှတို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုတ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်း ရ၏။ (ဗျာ ၁၃:၁၁-၁၅)။

    ၆။ ဝိညာဉ်တော်သည် အတည့်အလင်း ဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့် ခတ်ခြင်းကို ခံပြီးလျှင်၊ မုသာ စကားကို ပြောတတ်သော သူတို့၏ လှူိ့ဝှက်ခြင်း အားဖြင့်၊ လူအ ချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ် တ့ုိ၌၎င်း၊ နတ်ဘုရား တို့နှင့် စပ်ဆိုင်သော ဩဝါဒတို့၌ ၎င်းမှီဝဲ ဆည်းကပ်ကြလိမ့်မည်။ မင်္လာဆောင်ခြင်း အမှုကို မပြုရဟူ၍ ငှင်း၊ ယုံ ကြည်၍ သမ္မာတရားကို သိသော သူတို့သည် ကျေးဇူးတော်ကို သိသော စိတ်နှင့်တကွ သုံးဘို့ ရာ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော အစာမျိုးကို ရှောင်ရမည်ဟူ၍၎င်း၊ ပညတ်ထားကြလိမ့်မည်။ ဘုရားသခင် ဖန်ဆင်းတော်မူသမျှသည် သုံးစရာ ကောင်း၏။ ကျေးဇူးတော်ကို သိသော စိတ်နှင့် ခံယူလျှင်၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ။ အကြောင်းမူကား၊ ဘုရားသခင်၏ နှုတ်ကပတ်တော် တရားတော် အားဖြင့်၎င်း၊ ဆုတောင်းခြင်းအားဖြင့် ငှင်း၊ အရာရာ တို့သည် စင်ကြယ်လျက် ရှိကြ၏။ (၁ တိ ၄:၁-၅)။

    ရ။ နောင်ကာလ၌ လူတို့သည် စင်ကြယ်သော ဩဝါဒကို နားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင် မိမိတို့ တပ်မက်ခြင်း အတိုင်းများပြားသော ဆရာတို့ နောက်သို့ လိုက်ကြလိမ့်မည်။ သမ္မာတရားကို နားမထောင်ဘဲ ဒဏ္ဍာရီစကားကို နားထောင်၍ လွှဲသွားကြလိမ့်မည်။ (၂ တိ ၄:၃-၄)

    ၈။ အဘယ်သူမျှ သင်တို့ကို အဘယ်သို့ သာအားဖြင့် မလှည့်ဖြား စေနှင့် ထိုနေ့ရက်မရောက်မှီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင် ဖြစ်မည်။ ဒုစရိုက်လူ တည်းဟူသော ပျက်စီးခြင်း၏သား ပေါ်လာမည်။ ထိုသူသည် ဘုရားသခင်ကို၎င်း၊ ဘုရား ဟူ၍ ခေါ်သမျှ ရန်ဘက်ပြုမည် ကိုယ်ကိုကိုယ် ချီးမြောက်မည် ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်မည် ဘုရားသခင် ဖြစ်ယောင်ဆောင်မည်။ ငါတို့သည် သင်တို့နှင့်အတူ ရှိစဉ်အခါ၊ ထိုအကြောင်း အရာများကို ပြောပြီဟု သင်တိုသည် သတိမရကြသလော။ ထိုသူသည် မိမိကာလ အချိန်၌ ထင်ရှားစေခြင်းငှါ၊ ယခုဆီးတားသော အကြောင်း ကိုလည်း သင်တို့ သိကြ၏။ အဘယ်သို့ နည်းဟူမူကား၊ ဝှက် ထားလျက် ရှိသော ထိုအဓမ္မအရာသည် ယခုပင်ပြုပြင်ဆဲရှိ၏။ သို့သော် လည်း၊ ဆီးတားသောသူသည် ပယ်ရှင်းခြင်း သ့ုိမရောက်မှီတိုင်အောင် ဆီးတားလိမ့်မည်။ ပယ်ရှင်းခြင်းသို့ ရောက်သောအခါ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက် ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြလာတော်မူခြင်း၏ ရောင််ခြည်အားဖြင့် ပယ်ရှားတော်မူ လိမ့်မည်။ ထိုအဓမ္မလူ၏ လာခြင်း အကြောင်း ဟူမူကား၊ စာတန် ပြုပြင်သောအားဖြင့် မုသာနှင့် စပ်ဆိုင်သော ထူဆန်းသော တန်ခိုး၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှု အမျိုးမျိုးနှင့်၎င်း၊ ပျက်ဆီးခြင်းသို့ ရောက်သော သူတို့ တွင်၊ မတရားသော လှည့်ဖြားခြင်း အမျိုးမျိုးနှင့်၎င်းလာလိမ့်မည်။ အကြောင်းမူကား၊ ထို သူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား၌ မွေ့လျော်သော စိတ်ကို မခံမယူကြ။ ထို့ကြောင့် သမ္မာတရားကို မယုံဘဲ၊ မတရားသော အမှု၌ မွေ့ လျော်သောသူ အပေါင်း တို့သည် တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း မုသာစကားကို ယုံစိမ့်သောငှါ မိစ္ဆာဒိဌိပြုပြင်အား ထုတ်ခြင်း အခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူ လိမ့်မည်။ (၂ သက် ၂:၃-၁၂)။

    ၉။ မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝံကို လှည့်စား သကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သော စိတ်ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။ သင်တို့ ရှိရာသို့ ရောက်လာသောသူသည် ငါတို့ မဟော မပြော သေးသော ယေရှု တပါးကို ဟောပြောသော်၎င်း၊ သင်တို့သည် မခံရ သေးသော ဝိညာဉ်တော် တပါးကို ခံရသော်၎င်း၊ နားမ ထောင် သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်၎င်း၊ ထိုသူကိုသည်း ခံကောင်း၏ (၂ ကော ၁၁:၃-၄)။

    မတရားသော အမှုများပြား၍ ချစ်ခြင်းမေတ္တာ ခေါင်းပါးမည် (မ ၂၄:၁၂)
    တကမ္ဘာလုံး၌ မတရားမှုသည် အလွန်များပြားလာသည်။ ထို့ကြောင့် နေ့တိုင်း လူ့အခွင့်အရေးအကြောင်း၊ မတရားသော အမှုများအကြောင်း သတင်း သာလျှင် ကြားနေရ ကြသည်။

    ဧဝံဂေလိတရားကိုလောကီနိင်ငံအရပ်ရပ်၌ ဟောမည် ( မ၂၄:၁၄)
    ယခုအခါ တကမ္ဘာလုံး၌ ဧဝံဂေလိတရားကို အောက်ပါနည်းမျိုးစုံဖြင့် ဟောကြသည်။
    --- သာသနာ ပြုများအားဖြင့်
    --- စာအုပ်စာပေများအားဖြင့်
    --- ရုပ်မြင်သံကြား
    --- ရေဒီယို၊ ရုပ်ရှင်၊
    --- ကက်စက်၊ စီဒီ၊ ဒီဗီွဒီများအားဖြင့်
    --- အင်တာနက်အားဖြင့်
    --- ယုံကြည်သူများက သက်သေခံခြင်းအားဖြင့်
    --- တရားဟောပွဲ၊ သင်တန်း၊နှင့်
    --- စခန်းသွင်းသင်တန်းအားဖြင့်
    --- လူမှုရေးကူညီ ရင်းဖြင့်

    ထို့ကြောင့် လူတိုင်း ခရစ်တော်၏ ကယ်တင်ခြင်း အကြောင်းကို သိနိုင်သည်။

    .

    ^

    သင်ခန်းစာ (၁၉)

    ဗိမာန်တော်ပြန်ဆောက်မည်

    ဗိမာန်တော် ပြန်ဆောက်မည် (မ ၂၄:၁၅)
    ဘီစီ ၉၃၀ ခန့်တွင် ရှောလမုန်ကပဌမ ဗိမာန်တော် ဆောက်ခဲ့သည်။ ဘီစီ ၅၈၆တွင် ဗာဗုလုန်များ ကဖျက်စီးခဲ့သည်။ ဘီစီ ၅၁၅တွင် ဒုတိယဗိမာန်တော်ကို ပြန်ဆောက်သည်။ အေဒီ ရဝတွင် ရောမစစ်သားများကဖျက်စီးခဲ့သည်။ အေဒီ ၆၉၁တွင် မူစလင်များ၏ ဗာလီကို ဗိမာန်တော် နေရာ၌ ဆောက် ၁၉၆ရ ခုနှစ်တွင် အရှေ့ ယေရုရှလင်မြို့ကို အစ္စရေးများ ကပြန် သိမ်းပိုက် ၁၉၉၅ ခုနှစ်လောက်တွင် တတိယဗိမာန်တော် ဆောက်ဘို့ ပစ္စည်းများ စု ၂၀၀၅ ခုနှစ်ခန့်တွင် ဗိမာန်တော် ဆောက်မည့် ပစ္စည်း ဆုဆောင်း ပြီးစီး ချီဆောင်ခြင်း အပြီး ဘေးဒါဏ်ကြီး ကာလ အစပိုင်း၌ တတိယဗိမာန်တော် ပြန်ဆောက် နိင်သည်။

    ဗျာဒိတ်ကျမ်း၁၁:၁-၂ အရတတိယဗိမာန်တော်ကိုမူစလင်များ၏ ဗာလီနားတွင် ဆောက်နိုင်သည်။ “တဖန်တုံလှံတံနှင့် တူသော ကျူပင် တလုံးကို ငါ့ အားပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော်၌ ကိုးကွယ်သော သူတို့ ကိုလည်း ရေတွက်လော့။ ဗိမာန်တော် တန်တိုင်းကို မတိုင်း နှင့်၊ ပယ်ထားလော့။ တပါးအမျိုးသား တို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို လလေးဆယ်နှစ်လပတ်လုံးနင်းကြလိမ့်မည်။ (ဗျာ ၁၁:၁-၂)

    ယောဟန်က ဤအရာကို ရေးသောအခါ ယေရုရှလင် ဗိမာန် တော်သည် မရှိတော့ချေ။ ဗိမာန်တော် ဖျက်ဆီးခြင်းသည် အနှစ် ၂၀ ကျော် သွားပြီ ဖြစ်သည်။ သို့ဖြစ်လျှင် အဘယ်ဗိမာန်တော်ကို ဆိုလိုသနည်း။ တတိယအကြိမ်ဆောက်မည့် ဗိမာန်တော်ကို ဆိုလိုခြင်း ဖြစ်သည်။ ဗိမာန်တော် ဆောက်မည့် နေရာ၌ မူစလင်များ ကဗလီကြီး ဆောက်လိုက်သည်။ ထို့ကြောင့် ဗိမာန်တော် ဆောက်ဘို့ရန် အခက်အခဲရှိနေသည်။ သို့သော် အထက်ပါ ကျမ်းစာ အရ၊ ဗိမာန်တော်သည် ဗလီအနားတွင် ဆောက်ဘို့ ဖြစ်နိင်သည်။ ထို့ကြောင့် ဗိမာန်တော်နှင့် ဗိမာန်တော်၌ ကိုးကွယ်သော သူတို့ကို ရေတွက်ခိုင်းသော်လည်း တန်တိုင်းတော်ကို မတိုင်း ခိုင်းခြင်း ဖြစ်သည်။ တန်တိုင်းတော် အတွင်း၌ မူစလင်များ၏ ဗလီရှိ၍ တပါးအမျိုးသား တည်းဟူသော မူစလင်များကို ပေးပြီ။ သူတို့သည် ဗိမာန်တော် ဆောက်ပြီး နောက်လလေးဆယ်နှစ်လ (သုံးနှစ်ခွဲ) တန် တိုင်းတော်ကို ပိုင်ကြဦး မည့် အရာကို ဖေါ်ပြခြင်း ဖြစ်သည်။

    ဥပုသ်နေ့ပြန်စောင့်မည် (မ ၂၄:၂၀)
    အစ္စရေးလူမျိုးများ စု ယခုအခါသည် ဘုရားတရား ဘက်၌ စိတ်အား မထက် သန်ကြချေ။ သို့သော် ဘေးဒဏ်ကြီး ကာလတွင် အခက်အခဲကြောင့် ဘုရား ဘက်၌ ပြန်လည်စိတ်အားထက် သန်လာမည်။ ထိုအခါ ဥပုသ်နေ့ကိုလည်း ပြန်စောင့်လာကြလိမ့်မည်။ ယခုလည်း စောင့်သော်လည်း ဘေးဒဏ်ကြီးကာလ အတွင်း ပို၍ ကြိုးစား လာကြလိမ့်မည်။

    .

    ^

    သင်ခန်းစာ (၂၀)

    သင်္ဘောသဖန်းပင်အရွက်နုပြန်ပေါက်မည်

    “သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေ တခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလ နီးသည်ကို သင်တို့ သိကြ၏။ ထို့နည်းတူ ထိုအကြောင်း အရာအလုံးစုံတို့ကို မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။” (မ ၂၄:၃၂-၃၃)

    သင်္ဘောသဖန်းပင်ကို ခရစ်တော် ကကျိန်၍ ​ခြောက်သွေ့သွားခဲ့သည် (မ ၂၁:၁၈-၁၉)။ အဘယ်ကြောင့်ကျိန်သနည်းဟူမူကား၊ အရွက် ရှိသော်လည်း အသီးမသီးသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ကောင်းကြီး ခံစားသော်လည်း ဘုရားသခင် မြော်လင့်သော အသီးမ သီးချေ။

    သင်္ဘောသဖန်းပင်သည် အစ္စရေးနိင်ငံကို ပုံဆောင်သည်။ အစ္စရေး နိင်ငံလည်း ဘုရားသခင်၏ ကောင်းကြီး ခံစားသော်လည်း သူတို့၏ ရှင် ဘုရင်၊ သူတို့၏ ဘုရားသခင်၊ ကယ်တင်ရှင် ယေရှုခရစ်ကို လက်မခံဘဲ သတ်လိုက်ခဲ့ ကြသည်။ ထို့ကြောင့် သူတို့ နိင်ငံမှအေဒီ ရဝတွင် ရောမစစ် သားများ အသုံးပြုခြင်းအားဖြင့် သူတို့ နိင်ငံမှ နှင်ထုတ်ခြင်း ခံခဲ့ရ ကြသည်။ ထိုသို့အားဖြင့် သင်္ဘောသဖန်းပင် တည်းဟူသော အစ္စရေးနိင်ငံသည် ​ခြောက်သွေ့သေဆုံးသွားသည်။

    သို့သော် ၁၉၄၈ ခုနှစ်တွင် သင်္ဘောသဖန်းပင် တည်းဟူသော အစ္စရေးနိင်ငံပြန်လည်ထူထောင်ခြင်းဖြင့် သင်္ဘောသဖန်းပင်သည် အရွက် နုပေါက်လာသည်။ သင်္ဘောသဖန်ပင်အရွက်နုပေါက်လျှင် နွေကာလ နီးသည် ဟုဆိုသည်။ နွေကာလသည် ပူပြင်းသည်။ ထို့ကြောင့် နွေကာလသည် ဘေးဒါဏ်ကြီး ကာလကို ပုံဆောင်သည်။

    ထိုအကြောင်း အရာတို့ကို မြင်လျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူပြီ။ တံခါးဝသည် အိမ်ထဲမှ ထွက်ဘို့ သို့မဟုတ် အိမ်ထဲသို့ ဝင်ဘို့ကို ဆိုလိုခြင်း ဖြစ်သည်။ ခရစ်တော်သည် ကောင်းကင်တံခါးဝမှ ဤလောကသို့ ဆင်းသက်လာဘို့ရန် ရှိနေပြီ။ သို့သော် အများသော သူတို့သည် ထိုအရာကို မသိသောကြောင့် မပြင်ဆင် ကြ။ အဘယ်ကြောင့် မသိကြသနည်းဟူမူကား ခရစ်တော်ထက်လောကအရာကို ချစ်သောကြောင့် ဖြစ်သည်။

    နောဧလက်ထက် ကဲ့သို့ဖြစ်မည်
    လူသားသည် ကြ လာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်း မဖြစ်မှီကာလ၌ နောဧသည် သင်္ဘော ထဲသို့ ဝင်သော နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်း မြားစုံဘက်လျက် နေ၍ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့ နေကြသည် နည်းတူ လူသား ကြွ လာသောအခါ ဖြစ်လိမ့်မည်။ (မ ၂၄:၃၇-၃၉)

    နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသား လက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ ဝင်၍ ရေလွှမ်းခြင်း ဖြစ်သဖြင့် လူခပ်သိမ်း တို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စား သောက် ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက် အိမ်ဆောက်လျက် နေသကဲ့သို့၎င်း၊ လောတသည်သော ဒုံမြို့မှ ထွက်သော နေ့၌ ကောင်းကင်မှ ကန့်နှင့် ရောသော မီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်း သကဲ့သို့၎င်း၊ လူသား ပေါ်ထွန်းသော နေ့၌ ဖြစ်လိမ့်မည်။ (လု ၁ရး၂၆-၃၀)

    စားသောက်လျက်၊ ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ ထိမ်းမြား စုံဘက်လျက်၊ အိမ်ဆောက်လျက် ဟူသော အရာများသည် နေ့စဉ်သာ မန်လုပ်နေသော အရာများကို ဆိုလိုသည်။ အမှု မဲ့အမှတ်မဲ့နေခြင်းကို ဆိုလိုသည်။ ခရစ်တော် ကြလာမှာကို ဂရုမစိုက်ကြ။ မိမိတို့ အလိုဆန္ဒအတိုင်း သာလျှင် အသက်ရှင်လှုပ်ရှား ကြသည်။ ယနေ့ လူများလည်း ထိုကဲ့သို့ဖြစ် နေကြသည်။

    .

    ^

    ယေရုရှလင် အရှေ့ဘက်တံခါးပေါက်

     

    သင်ခန်းစာ (၂၁) ယေရုရှလင် အရှေ့ဘက်ဂိတ်
    ယေရုရှလင်မြို့ရိုး၌ တံခါးပေါက် ၈ ပေါက်ရှိသည်။ ထို၈ ပေါက် အနက်အရှေ့ဘက်တံခါးပေါက်သည် ထူးခြားသည်။ ထိုအရှေ့ဘက်တံ ခါး ပေါက်သည် ဗိမာန်တော် မှသံလွင်တောင်သို့ သွားရာတွင် အသုံးပြုသော တံခါး ဖြစ်သည်။ သခင်ယေရှု မြည်းကလေးစီး၍ ယေရုရှလင်မြို့သို့ ဝင်ရာတွင် ထိုတံခါးပေါက်မှဝင်သည်။ ထိုတံခါးပေါက်နှင့် ပတ်သက်၍ ပရောဖက် ယေဇကျေလက ဤကဲ့သို့ ဟောသွားခဲ့သည်၊ “ထို့နောက် သန့်ရှင်းရာအရပ်အရှေ့သို့ မျက်နှာပြုသော ပြင်တံခါးသို့ ဆောင် သွား၍ ထိုတံခါးသည် ပိတ်လျက် ရှိ၏။ ထာဝရဘုရားကလည်း၊ ဤတံခါးကို မဖွင့်ဘဲ ပိတ်ထားလျက် ရှိရမည်။ လူများ မဝင်ရကြ။ အကြောင်းမူကား ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ဝင်တော်မူသောကြောင့် ပိတ်ထားလျက် ရှိရမည်။ မင်းသား အဘို့ ဖြစ်၏။ မင်းသားသည် ထာဝရဘုရားရှေ့တော်၌ စားသောက်၍ ထိုတံခါးဝမှာထိုင်ရလိမ့်မည်။ မင်းသားသည် ထိုတံခါးမုတ်ဖြင့် ထွက်ဝင်ရလိမ့်မည်ဟု မိန့်တော်မူ၏။” (ယေဇ ၄၄:၁-၃)။

    အထက်ပါ ဘုရားသခင်၏ နှုတ်ကပတ်တော် အရ မြို့တံခါးဝသည် ပိတ်ရမည်။ လူများ ဝင်ထွက်မသွားရ။ မင်းသား လာမှသာလျှင်ဖွင့်၍ မင်းသားသည် ထိုတံခါးဝဖြင့် ဝင်မည် ဟုဆိုသည်။ ပရောဖက် ယေဇ ကျေလကဟောသော အချိန်သည် ဘီစီ ၅၀၀ ကျော်ခန့်မည် ဖြစ်သည်။ ယေရုရှလင်မြို့သည် ရောမများက ဖျက်စီးပြီးသော နောက် အေဒီ ၅၂၀ ခန့်တွင် ပြန်ဆောက်သည်ဟု ယူဆရသည်။ နောက်တဖန် အော်တိုမင် အင်ပိုင်ရာ (တူရကီ) ကအရှေ့အလယ်ပိုင်ကို အေဒီ ၁၅၁ရတွင် တိုက် ခိုက်အောင်မြင်သောအခါ စူလေမန်ကမြို့ရိုးဟောင်းကို ပြန်ပြင်ခိုင်းသည်။ ထိုသို့ ပြန်ပြင်သောအခါ အရှေ့တံခါးပေါက်ကို ပိတ်ခိုင်သည်။ အကြောင်းမှာ ယုဒဘာသာရေးဆရာများကို မေးသောအခါ ဤအရှေ့ ဘက်တံခါးပေါက်မှ ကယ်တင်ရှင်လာမည် ဟုဆိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုတံခါးကို အသေပိတ်သည်သာမက တံခါးပေါက်အရှေ့မှာ မူစလင်သင်္ချိုင်းထားရှိသည်။ အကြောင်းမှာ သန့်ရှင်းသော ယုဒကယ် တင်ရှင်သည် ညစ်ညူးသော သင်္ချိုင်းကို ဖြတ်ကျော်ချင်မည် မဟုတ်ဟုယူ ဆသည်။ ထိုအချိန် မှစ၍ ထိုတံခါးသည် ယခုတိုင်အောင် ပိတ်ထားလျက် ရှိသည်။ သမ္မာကျမ်းစာ ကဟောပြောထားသည် အတိုင်း တိကျစွာ မှန် ကန်နေသည်။

    ၁၉၆ရ ခုနှစ်တွင် အစ္စရေးတပ်သားများက ရှေ့ ယေရုရှလင်ကို ဂျော်ဒန်များထံမှ သိမ်းပိုက်သောအခါ စစ်သားများကထိုတံခါးပေါက်ကို ဖွင့်ဘို့ရန် ရည်ရွယ် ကြသည်။ သို့သော် သူတို့ အထဲမှ ဘာသာရေးကိုင်းရှိုင်း သူတယောက် ကအပြင်းအထန်ကန့်ကွက်သည်။ အကြောင်းမှာ ထိုတံခါးသည် ကယ်တင်ရှင် ခရစ်တော် ကြလာမှသာ ဖွင့်မည် ဟုဆိုသည်။ ထို့ကြောင့် ထိုတံခါးဝသည် ယနေ့ တိုင်အောင် ပိတ်ထားလျက် ရှိသည်။ ဘုရားသခင်ပြောထားသည့်အတိုင်း သခင်ယေရှု ဒုတိယ ကြ လာသောအခါ မှ သာလျှင် ပြန်ဖွင့်၍ ထိုတခါးဝမှဝင်မည် ဖြစ်သည်။ ခရစ်တော်သည် ထိုတံ ခါးဝမှအရှေ့တည့်တည့်တွင် ရှိသော သံလွင်တောင်ပေါ်မှကောင်းကင်သို့ တက်ကြသွားခဲ့သည်။ ထိုသံလွင်တောင်ပေါ်မှာ ပြန်ဆင်းကြလာ၍ ယေရု ရှလင်မြို့သို့ ထိုတံခါးဝမှပြန်ဝင်မည် ဖြစ်သည်။

    ကူးကားသော စာအုပ်များ
    Dispensational Truth by Rev. Clearence Larkin
    The Master Plan by Dr. David Reagan
    Pictures from Internet

    ^