wb-template

ယခုကမ္ဘာလောက ကြီးသည်၊ အဖက်ဖက်မှ ယိုယွင်းပျက်စီး၍ ဘေးဒဏ်ကြီး ကာလ နှင့် အလွန် နိးနေပြီ။ ထိုဘေးဒဏ်ကြီး ကာလကို ခရစ်တော် က၊ “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခ” ဟု ဆိုသည်။ မာလခိက၊ “မီးဖို၌ မီးလောင် သကဲ့သို့ လောင်သောနေ့ ရက်ကာလသည် ရောက်လိမ့်မည်။ မာန ကြီးသော သူနှင့် ဒုစရိုက်ကို ပြုသောသူ အပေါင်းတို့သည် အမှိုက်ခြောက် ဖြစ်လိမ့်မည်။ သူတို့ အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှါ ထိုနေ့ ရက်သည်လောင်လိမ့်မည်ဟု ကောင်းကင် ဗိုလ်​ခြေအရှင် ထာ၀ရ ဘုရား မိန့် တော်မူ၏။ ” (မာလခိ ၄:၁) ဟု ရေးထားသည်။ ယေရမိက၊ “ယောက်ျားသည် သားဘွား တတ်သလောဟု မေးမြန်းကြည့်ရှုကြလော့။ မိန်းမသည် သားဘွားခြင်း ဝေဒနာကို ခံရ သောအခါ၊ မိမိ ခါး၌ လက်တင် သကဲ့သို့ ယောက်ျား တိုင်း ပြု၍၊ ခပ်သိမ်းသောသူ တို့ သည် မျက်နှာပျက် လျက် ရှိကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ ၇ အလိုလေး၊ ထိုနေ့ရက်ကား၊ ခိုင်းနှိုင်းစရာ မရှိ။ ကြီးသော နေ့ရက် ဖြစ်၏။ ယာကုပ်အမျိုး၌ အမှုရောက်သော နေ့ရက် ဖြစ်၏။က် ဖြစ်၏။ ” (ယေရ ၀:၆-ရ) ဟုဆိုသည်။ ထိုနေ့ရက်သည် လက်တကန်းသာ ဝေးတော့သည်။ သို့သော် ဘုရားကို ခိုလှုံသော သူများ အတွက်၊ “ဘုရားသခင်သည် ငါတို့ ခိုလှုံရာ ဖြစ်၍ ခွန်အားကို ပေးတော်မူ၏၊၊ ဘေးရောက်သည် ကာလ အထူးသဖြင့် ကူမ တော်မူကြောင်း ထင်ရှားလျက် ရှိ၏၊၊ ၂ထိုကြောင့်ပထ၀ီမြေကြီးသည် ရွေ့သွား၍ တောင်များတုန်လှုပ်လျက် သမုဒ​ြရာသို့ ကျသော်လည်း ငါတို့သည် ကြောက်လန့်ခြင်း မရှိ၊၊ ၃ သမုဒ္ဒရာ ရေသည်ဟုန်းဟုန်းမြည်၍ မွှေနှောက်ပါလေစေ၊၊ လှိုင်းတံပိုးထသဖြင့် တောင်များ တုန်လှုပ်ပါစေလေ၊၊ ၄မြစ်တမြစ်ရှိသေး၏၊၊ ထိုမြစ်ရေသည် စီး၍ ဘုရားသခင်၏ မြို့တည်း ဟူသော အမြင့်ဆုံးသော ဘုရားကျိန်း၀ပ် တော်မူရာ သန့် ရှင်းသော မြို့တော်ကို ရွှင် လန်းစေတတ်၏၊၊ ၅ထိုမြို့သည် ဘုရားသခင်ကျိန်း၀ပ် တော်မူရာ ဖြစ်၍ တုန်လှုပ်ခြင်း မရှိရာ။ မိုဃ်းသောက်လင်းစ၌ ဘုရားသခင်က ူမ တော်မူ လိမ့်မည်။ ” (ဆာ ၄၆:၁-၁၁) ဘုရား ခိုလှုံနိုင်ဘို့ ရန်သခင်ယေရှုကို စိတ်နှလုံးထဲ၌ ခေါ်ဘိတ် လက်ခံပါ။ သို့မှသာ ဘေးဒဏ်ကြီး ကာလ မရောက်မှီ ချီဆောင်ခြင်း၌ ပါသွားမည် ဖြစ်သည်။ ဆရာမောဇက်ထောင်ကျုံး