GOODNEWS
  HOME  GOODNEWS  2018 JAN
 


 

အမှာစာ
 ဘုရာသခင်၏ ကျေးဇူးတော်ကြောင့် နှစ်သစ်သို့ ရောက်ပြီ။ နှစ်ဟောင်း၌ မည်သို့သော အောင်မြင်မှု ရှိကြသနည်း။ နှစ်သစ်၌ မည်ကဲ့သို့သော ပန်းတိုင်ထားကြသနည်း။ ​ကျွန်ုပ်အနေဖြင့် ၂၀၁ရ ခုနှစ်၌ ဘုရားသခင်က ၁၂ လလုံးလုံးသတင်းကောင်း စာစောင်ကို ရေးသား ထုတ်ဝေရသော အခွင့့်၊ ၉ နှစ်မြောက်ထုတ်ဝေနိုင်သောအရာ အတွက် ကျေးဇူးတော် ချီးမွမ်းသည်။ ၂၀၁၈ ခုနှစ်အတွင်းလည်း လတိုင်း ထုတ်ဝေနိုင်ဘို့ရန် မှန်း ဆုတောင်း ထားသည်။ နှစ်ဟောင်းအတွင်း၌ ကယ်တင်ခြင်း စာအုပ်ကို ကရင်ဘာသာဖြင့် ထုတ်ဝေနိုင်ခဲ့သည်။ ယခုနှစ်တွင် ကယားဘာသာစကားဖြင့် ထုတ်ဝေနိုင်ပြီ ဖြစ်၍ ယခုလတွင် ဖြန့်ဝေနိုင်တော့မည် ဖြစ်သောကြောင့် ကျေးဇူးတော် ချီးမွမ်းသည်။ အသင်းတော် အဆောက်အဦးလည်း ဆောက်နိုင်တော့မည် ဖြစ်သောကြောင့် ကျေးဇူးတော် ချီး မွမ်းသည်။ ဖွင့်ပွဲလုပ်နိုင်လျှင် စာစောင်ဖတ်ရှုသူတိုင်း ဘိတ်ခေါ်ပါသည်။ အစစအရာ ရာစီစဉ်ထားသည့်အတိုင်း ချောမောစွာ ပြီးစီးနိုင်လျှင် ဇူလိုင်လ ကုန်လောက်၌ ဖွင့်ပွဲ လုပ်နိုင်မည်ဟု မျှော်လင့်ထားသည်။ 

လူတိုင်း ကနှစ်သစ်ကို အားရစွာ ကြိုဆိုကြသော်လည်း၊ ချီဆောင်ခြင်းသည် အလွန် နီးနေပြီ ဖြစ်သည်။ ယခုနှစ် စက်တဘ်ာလ ၁၀-၁၁ ရက်နေ့များသည် တံပိုး မှုတ်ပွဲ ဖြစ်သည်။ ထိုအချိန်၌ ချီဆောင်ခြင်း ဖြစ်မည်ဟု မဆိုနိုင်သော်လည်း ဖြစ်နိုင်သည်။ အကယ်၍ ချီဆောင်ခြင်း ဖြစ်ပါက အဆင်သင့်ရှိပြီလော။ ကယ်တင်ခြင်း စိတ်ချမှု၊ ချီဆောင်ခြင်း၌ ပါမည်ဟု စိတ်ချပြီလော။ ကိုယ်တိုင် စိတ်ချလျှင် လည်း၊ မိသားစုဝင်များ၊ သူငယ် ချင်းများ၊ ဆွေမျိုးသား ချင်းများ၊ လုပ်ဘော်ကိုင်ဘက်များ ပါဝင်မည်လော။ ယခုနှစ်တွင် မည်မျှ သက်သေခံမည်နည်း။ မည်ကဲ့သို့ သက်သေခံမည်နည်း။ လူကိုယ်တိုင် ပြော ပြခြင်း၊ စာရေးခြင်း၊ ဖုန်းခေါ်ခြင်း၊ သင်တန်း၌ ခေါ်ခြင်း၊ ကူညီမစခြင်းဖြင့် ဟောပြော သက်သေခံနိင်သည်။ ဆန္ဒရှိ၍ စတင်မှသာလျှင်ဖြစ်မြောက်နိုင်မည်။ ယခင်နှစ်ကဲ့သို့ အလဟသအချိန် မကုန်စေဘို့ အကြံပေးလိုပါသည်။ 

ယခုလအတွက်...

  • နှစ်သစ်
  • တံခါးနားရောက်ပြီ
  • ယေရုရှလင်မြို့ လေးသောကျောက် 
  • အချစ်ဆိုသည်မှာ 
  •  သန့်ရှင်းသောဝိညာဉ်တော် 
  • ကျမ်းစာဖတ်ကြစို့ (ယောဟန် - ၆) 
  • ကမ္ဘာ့ သတင်း 
  •  သာသနာ ပြုလုပ် ငန်းအတွက် ပါဝင်ခြင်း 

 

နှစ်သစ်

ဘုရားသခင်၏ ကျေးဇူးတော် မကုန် သေးသောကြောင့် နှစ်သစ်သို့ ရောက်ရှိလာ ကြသည်။ အချို့သော ချစ်သူများသည် နှစ်သစ်မကူးနိုင်ဘဲ နှစ်ဟောင်း၌ ဘဝကုန် ဆုံးခဲ့ ကြသည်။ အချို့သောသူများသည် အသက်ကြီး သောကြောင့် သေကြရသော်လည်း၊ အချို့သောသူများသည် ငယ်ရွယ်သော်လည်း၊ မသေချင် သေးကြသော်လည်း သေကြရသည်။ ​ကျွန်ုပ်တို့လည်း ကိုယ့်ကိုယ်ကို စောင့်ရှောက်တတ်သောကြောင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အသက်ရှင်ကြခြင်း ဖြစ်သည်။ ငယ် ရွယ်စဉ်တုံးကအသက်ကြီးချင် ကြသော်လည်း၊ အသက်ကြီး လာသောအခါ အရသာ မရှိတော့ချေ။ အစားအသောက်သော်၎င်း၊ ကျားမချစ်ခြင်းသော်၎င်း၊ ချမ်းသာ ကြွယ် ဝခြင်းနှင့် နာမည်ကျော်ကြားခြင်း များလည်း အရသာခံသင့်သလောက် မခံစားရတော့ချေ။ ဒါဝိဒ်မင်းသည်သား အဗရှလုံဘေးမှပြေးသောအခါ၊ “ဂိလဒ်ပြည်သား ဗာဇိလဲသည်လည်း ရောဂေလိမ်မြို့မှလာ၍ ရှင်ဘုရင်ကို ယော်ဒန်မြစ်တဘက်သို့ ပို့ခြင်း ငှါကိုယ် တော်နှင့်အတူ ကူးလေ၏။ ၃၂ ဗာဇိလဲသည် အသက် ရှစ်ဆယ်ရှိ၍ အိုသောသူ ဖြစ်၏။ ရှင်ဘုရင်သည် မဟာနိမ်မြို့မှာတပ်ချသော ကာလ ပတ်လုံးရှင်ဘုရင်ကို လုပ်​ကျွေး၏။ အလွန် ရတတ်သောသူလည်း ဖြစ်၏။ ၃၃ရှင်ဘုရင်ကလည်း ငါနှင့်အတူ လိုက်လော့။ ယေရုရှလင်မြို့၌ သင့်ကို ငါနှင့်အတူ ငါလုပ်​ကျွေးမည်ဟု ဗာဇိလဲအား အမိန့်ရှိလျှင်၊ ၃၄ ဗာဇိလဲက၊ အရှင်မင်းကြီးနှင့်အတူ ယေရုရှလင်မြို့သို့ သွားရမည်အကြောင်း ​ကျွန်တော် အသက်သည် အဘယ်မျှလောက်ကျန်ကြွင်းပါသေးသနည်း။ ၃၅ ယနေ့ ​ကျွန်တော် အသက်ရှစ်ဆယ်ရှိပါပြီ။ ကောင်းမကောင်းကို ​ကျွန်တော် ပိုင်းခြား၍ သိနိုင်ပါမည်လော။ ကိုယ်တော် ​ကျွန်သည် အစားအသောက်အရသာကို မြည်းနိုင်ပါမည်လော။ သီချင်းသည်ယောက်ျား၊ သီချင်းသည် မိန်းမဆိုသော အသံကို ကြားနိုင်ပါမည်လော။ ကိုယ်တော် ​ကျွန်သည် အရှင်မင်းကြီးကို အဘယ်ကြောင့် နှောက်ရှက်ရပါမည်နည်း။” (၂ရာ ၁၉း၃၁-၃၅) ဟုဆိုခဲ့သော စကားကို ငယ်ရွယ်သောသူများ အနေဖြင့် လုံးဝ သဘောပေါက်နိုင်၊ ဂရုစိုက်နိင်မည်မထင်။ ကိုယ်တိုင် အသက် ကြီးသောသူများကသာလျှင် နားလည်နိုင်ကြသည်။ 

ဘုရား ပေးသော ပညာကို ရရှိသူရှောလမုန်မင်းက၊ “ဖြစ်ဘူးသောအရာသည် ဖြစ်လတံ့သောအရာနှင့် တူ၏။ ယခုပြုသော အမှုသည် ပြုလတံ့သော အမှုနှင့် တူ၏။ နေအောက်မှာအသစ်သော အမှုအရာမရှိ။ ၁၀ ကြည့်ပါ။ အသစ်ဖြစ်၏ ဟုဆိုရသော အမှုအရာ တစ်စုံတစ်ခုရှိသလော။ ထိုအမှုအရာသည်၊ ရှေးကာလ၌ဖြစ်ဘူးပြီ။ ၁၁ ရှေးဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့တတ်၏။ နောက်၌ ဖြစ်လတံ့သော အမှုအရာတို့ကိုလည်း၊ ထိုအမှုအရာနောက်၌ ဖြစ်လတံ့သော သူတို့သည် မေ့လျောကြလိမ့်မည်။” (ဒေသနာ ၁:၉-၁၁) ဟုဆိုခဲ့သည်။ သေဆုံးသွားသောသူများကိုလည်း သေခါစ၌ ကျန်ရစ် သူများ အသဲကွဲမတတ် ငိုကြွေးမြည်တမ်းကြသော်လည်း၊ ကြာလာသောအခါ မေ့လျော့တတ်ကြသည်။ လူများတီထွင်သော စက်ပစ္စည်းများနှင့် အချို့သော အရာများ အသစ်အဆန်း ဖြစ်သည် ဟုဆိုသော်လည်း သဘော တရားသည်အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ရှောလမုန်က၊ “မိုးကောင်းကင် အောက်၌ ပြုသမျှတို့ကို ဥာဏ်ပညာအားဖြင့် ရှာဖွေ စစ်ဆေးခြင်းငှါ နှလုံးထား၏၊၊ လူသားတို့ ကျင်လည်ရာဘို့ ထိုပင်ပန်းစေသော အမှုကို ဘုရားသခင် ပေးတော်မှု ပြီ၊ ၁၄ နေရောင်အောက်မှာပြုလေ သမျှသော အမှုအရာတို့ကို ငါမြင်ပြီ၊၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသောအမှု ဖြစ်ကြ၏၊၊” (ဒေသနာ ၁:၁၃-၁၄) ဟုဆိုထားသည်။ ထို့ကြောင့် သူအကြံပေးသည်မှာ၊ “အချင်းလူပျို၊ အသက် ပျိုသောအခါ ပျော်မွေ့လော့၊ အသက် ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသောလမ်းကိုလိုက်လော့။ သို့ရာတွင်၊ ထိုအမှု အလုံးစုံတို့ကို ဘုရားသခင် စစ်ကြော၍၊ သင့်ကိုအပြစ် ပေးတော်မူမည်ဟု အောက်မေ့လော့။” (ဒေသနာ ၁၁:၉)။ တဖန်၊ “ငါနေ၍ မပြောနိုင် ဟုဆိုရသော ကာလသည်မနီး၊ ဆိုးသော ကာလ မရောက်မှီ၊ ယခုအသက် ပျိုစဉ်အခါပင်၊ သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။ ၂ နေနှင့် အလင်း၊ လနှင့် ကြယ်တို့သည် ကွယ်၍ မိုဃ်းရွာပြီးမှ၊ အထပ်ထပ်ရွာတက်သော ကာလ မရောက်မှီအောက် မေ့လော့။” (ဒေသနာ ၁၂:၁-၂)။ 

လူအသက်ရှင်ခြင်း၏ ရည်ရွယ်ချက်သည် အဘယ်အရာနည်း။ ဖန်ဆင်းရှင် ဘုရား၏ အလိုတော်ကို သိသော ဆာလံဆရာက၊ “ငါမသေရသေး၊၊ အသက်ရှင်၍ ထာ ဝရဘုရား၏ အမှုတော်ကို ကြားပြောရဦးမည်၊၊ ” (ဆာ ၁၁၈:၁ရ) ဟုရေးခဲ့သည်။ သင်သည် ဘာလုပ်ဘို့ အသက်ရှင်သနည်း။ ကိုယ့်ဆန္ဒလိုက်ဘို့လော။ ဘုရား၏ အမှုတော် ကြားပြောဘို့လော။ ဘုရားအမှုတော် ကြားပြောလျှင် လုံးဝနောင်တရမည် မဟုတ်။ ကိုယ့် အလိုဆန္ဒလိုက်လျှင် မဆုံးနိုင်သော နောင်တရလိမ့်မည်။ ယခုနှစ်သစ်မှစ၍ သင်သည် ဘုရား၏ အလိုတော် ဆောင်သောသူ ဖြစ်နိုင် ပါစေ။ 


တံခါးနားရောက်ပြီ


ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် မိုဃ်းကောင်းကင်က ဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူ မည်အကြောင်း တောင်းပန်ကြသောအခါ သခင်ယေရှုက၊ “လျှို့ဝှက်သော သူတို့၊ သင်တို့သည် မိုးကောင်းကင်၏ မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ မသိနိုင်ကြ။” (မ ၂၄:၃၃) ဟုအပြစ်တင်ခဲ့ဘူးသည်။ ယနေ့ ယုံကြည်သူများအပါအဝင်၊ လောကသား များသည် ကပ်ကာလများကို မသိကြသောကြောင့် အမင်္လာ ဖြစ်ကြသည်။ ကပ်ကာလများကို မသိသည်သာမက၊ သိသောသူများက သတိပေးခြင်း ကိုလည်း မလိုချင်၊ အပြစ် မြင် ကြသည်။ ကယ်တင်ခြင်းသို့ မရောက်သောသူများက မသိမကြိုက်ခြင်းသည် သဘာဝကျပါသည်။ သို့သော် ကယ်တင်ခြင်းသို့ ရောက်၍၊ သမ္မာတရား သိသည် ဟုဆိုသောသူများက မသိခြင်း၊ မသိချင်ခြင်းသည် အလွန် အံ့ဩစရာ ဖြစ်သည်။ 

 “လူသားသည် ကြွ လာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ၃၈ ရေလွှမ်းမိုးခြင်း မဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သော နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြား စုံဘက်လျက် နေ၍၊ ၃၉ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့ နေကြသည် နည်းတူ၊ လူသား ကြွ လာသောအခါ ၌ ဖြစ်လိမ့်မည်။ ၄၀ ထိုအခါ လယ်၌ ရှိသောသူ နှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။ ၄၁ ကြိတ် ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။ ၄၂ သင်တို့ အရှင်သည် အဘယ်အချိန် နာရီ၌ ရောက်လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။ ၄၃ သူခိုးလာမည်အချိန် နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်မည်ကို သင်တို့ သိကြ၏။ ၄၄ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သောအချိန် နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” (မ ၂၄:၃ရ- ၄၄) သခင်ဘုရားကြွလာ မည့် အရာကို စောင့်မျှော်သောသူများအတွက် မဟုတ်၊ မစောင့်မျှော်သောသူများကို သတိပေးခြင်း ဖြစ်သည်။ 

သခင်ဘုရားက သူကြွလာခါနီးသောအခါ နောဧခေတ်ကဲ့သို့ဖြစ်မည် ဟုဆိုသည်။ နောဧခေတ်၌ ရေလွှမ်းမိုးမည့်အရာကို နောဧအားဖြင့် သတိပေးနေသော်လည်း၊ လူများတို့သည် စားသောက်လျက်၊ ထိမ်းမြား စုံဘက်လျက် သာရှိ ကြသည်။ လုကာက၊ “ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့၎င်း၊ လောတသည်သော ဒုံမြို့မှ ထွက်သော နေ့၌ ကောင်းကင်မှ ကန့်နှင့် ရောသော မီးမိုးရွာ၍ ထိုလူ အပေါင်းတို့ကို သုတ် သင်ပယ်ရှင်း သကဲ့သို့၎င်း၊ လူသား ပေါ်ထွန်းသော နေ့၌ ဖြစ်လိမ့်မည်။” (လုကာ ၁ရး၂၈-၃၀) ဟုရေးသားခဲ့သည်။

 “၄၅ အရှင်သည် မိမိအိမ်သူအိမ်သား အပေါင်းတို့အားအချိန် တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်၎င်း၊ သတိ ပညာနှင့်၎င်း ပြည့်စုံသော ​ကျွန်ကား အဘယ်သူ နည်း။ ၄၆ အကြင်​ကျွန်သည် ဤသို့ ပြုလျက် နေသည်ကို အရှင်သည် ပြန်လာ၍ တွေ့၏၊ ထို​ကျွန်သည် မင်္လာရှိ၏။ ၄၇ ငါအမှန် ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထို​ကျွန်၌ အပ်လိမ့်မည်။ ၄၈ သို့မဟုတ် မူကား၊ အကြင်​ကျွန်ဆိုးက င့ါအရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည် နှင့်၊ ၄၉ ​ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသော သူတို့နှင့် တကွစားသောက်လျက် နေ၏။ ၅၀ ထို​ကျွန်မကြည့်မမျှော်သော နေ့ရက်၊ မကြား မသိသောအချိန် နာရီ၌ သခင်သည် ရောက်လာလျှင်၊ ၅၁ ထို​ကျွန်ကို ပြင်းပြစွာ ကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွား ခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့် တကွနေရာချလတံ့။” (မ ၂၄း၄၅-၅၁) ဤဥပမာ၌ ယုံကြည်သူများအဆင်သင့်စောင့်ဘို့ကို သွန်သင်ခြင်းဖြစ်သည်။ 

 “၁ ထိုအခါ ကောင်းကင် နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီး ဦးကြိုပြုအံ့သောငှါ မီးခွက်ကိုကိုင်ယူ၍ ထွက်သွားသော သတို့သမီး တကျိပ်နှင့် တူ၏။ ၂ ထိုသတို့သမီးတို့တွင် ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကား အမိုက် ဖြစ်ကြ၏။ ၃ မိုက်သော သူတို့သည် မီးခွက်တို့ကိုသာ ယူ၍ ဆီကို မယူကြ။ ၄ ပညာသတိ ရှိသော သူတို့ မူကား၊ မီးခွက်နှင့်တကွ ဘူး၌ ပါသော ဆီကိုလည်း ယူကြ၏။ ၅ မင်္ဂလာဆောင် လုလင်သည် မလာဘဲ နေစဉ်၊ ထိုသတို့သမီး အပေါင်းတို့သည် ငိုက်၍ အိပ်ပျော်ကြ၏။ ၆ သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီး ဦးကြိုပြုခြင်းငှါ ထွက် သွားကြကုန်ဟု ကြွေးကြော်လျှင်၊ ၇ ထိုသတို့သမီး အပေါင်းတို့သည် ထ၍ မီးခွက်များကို ပြင်ဆင် ကြ၏။ ၈ မိုက်သော သူတို့ ကငါတို့ ဆီမီးသေပါပြီ။ သင်တို့ဆီကို အနည်းငယ်ပေးပါ ဟု ပညာရှိသော သူတို့အား တောင်းကြ၏။ ၉ ပညာရှိသော သူတို့ကလည်း၊ သင်တို့ အဘို့နှင့် ငါတို့အဘို့ဆီမလောက်။ ထိုကြောင့် ဆီရောင်းသောသူရှိရာသို့ သွား၍ ကိုယ်သုံးဘို့ ဝယ်လျှင် သာ၍ ကောင်းသည်ဟု ပြန်ပြောကြ၏။ ၁၀ ထိုသူတို့သည် ဆီဝယ်သွားသည် အခိုက်တွင် မင်္ဂလာဆောင်လုလင်သည် လာ၍၊ အသင့် ရှိသော သတို့သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ ဝင်ကြပြီးလျှင် တံခါးကို ပိတ်ထား၏။ ၁၁ ထိုနောက် ကြွင်းသော သတို့သမီးတို့သည် လာ၍ အရှင်၊ အရှင်၊ ​ကျွန်မတို့အား တံခါးကို ဖွင့်ပါဟု တောင်း လျှောက်ကြသော်၊ ၁၂ အရှင်ကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိဟု ပြန်ပြောလေ၏။ ၁၃သို့ဖြစ်၍ လူသားသည် ကြွလာအံ့သော နေ့ရက်အချိန် နာရီကို သင်တို့သည် မသိသောကြောင့် စောင့် နေကြလော့။” (မ ၂၅:၁-၁၃) ဤဥပမာ၌ ဆီတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော် ရှိမရှိကို အဓိကသွန်သင်လိုခြင်းဖြစ်သည်။ ချီဆောင်ခြင်း၌ ပါဘို့ရန် သန့်ရှင်းသော ဝိညာဉ်တော်ကို ရရှိထားသောသူ ဖြစ်ရမည်။ သင်ရရှိပြီလော။ 

ရှင်ပေါလုက၊ “ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလ အချိန်ကို ရွေးနှုတ်ကြလော့။ ၁၇ ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော် ရှိရာကို ပိုင်းခြား၍ သိသောသူ ဖြစ်ကြလော့။” (ဧဖက် ၅:၁၆-၁ရ)ဟု ရေးခဲ့သည်။ တဖန်၊ “သူခိုးသည် ညအခါလာ သကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။ ၃ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ ဟုဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာရောက် သကဲ့သို့၊ သူတို့ အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်းရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။ ၄ သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ အပေါ်သို့ ရောက်လာ မည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည် မဟုတ်။ ၅ သင်တို့ အပေါင်းသည် အလင်း၏ သား၊ နေ့၏သား ဖြစ်ကြ၏။ ည၏ သား၊ မှောင်မိုက်၏သား မဟုတ်။ ၆သို့ဖြစ်၍၊ အခြားသော သူတို့သည် အိပ်ပျော် သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာ သတိရှိ၍ စောင့်ကြကုန်အံ့။” ဟု ရေးခဲ့သည် (၁ သက် ၅:၂-၆)။ သက်သာလောနိတ် အသင်းသား များသည် သခင်ဘုရား လာမည့် အရာကို စောင့်မျှော်နေသောသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့အတွက် ပူစရာ မလို။ အိပ်မပျော်မိဘို့ရန် သတိပေးခြင်း ဖြစ်သည်။ 
 ရောမ အသင်းတော် ထံ၌လည်း၊ “ထိုမှတပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူး တော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခုသာ၍ နီးသောကြောင့်၎င်း၊ ၁၂ ညအချိန် ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော် ရာမှနိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍ ကာလ အချိန်ကို ထောက်လျက်၊ မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြ ကုန်အံ့။ ၁၃ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထံ၌ မှီဝဲခြင်း၊ ကိလေ သာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း အမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။” (ရော ၁၃:၁၁-၁၃) ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းတို့သည် ဝိညာဉ်ပိုင်း အိပ်ပျော်ခြင်း၏ လက္ခဏာများ ဖြစ်သည်။ သင်သည် ထိုအရာများ၌ ပျော်မွေ့နေသေးလျှင် အိပ်ပျော်၍ အိပ်မက် မက် နေသောသူ ဖြစ်သည်။ အိပ်မက်၌ ခံစားချက် ရှိသည်။ ကြောက်ခြင်း၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်းများ မည်မျှပင်ခံစားသော်လည်း နိုးလာသည်နှင့် တပြိုင်နက် ထိုအရာများသည် ပျောက်ကွယ်သွားတတ်သည်။ ထို့နည်းတူ ယနေ့ လူများ တပ်မက်သောအရာ၊ ဝါသနာပါသောအရာ၊ လုပ်ဆောင်၊ ယပိုင်ဆိုင်သော အရာများလည်း မကြာမှီပျောက်ကွယ် သွားမည် ဖြစ်သော သောကြောင့် ထိုအရာများ အတွက်အချိန် ကုန်၊ ငွေကုန်၊ ပင်ပန်း အားရခြင်း မပြုလုပ် သင့်တော့ချေ။ ထာဝရ တည်မည့် အရာများကိုသာ ရှာဖွေ လုပ်ကိုင်သင့်သည်။ 

 “အကြောင်းမူကား၊ မင်္ဂလာရှိသော မြော်လင့်ရာကို၎င်း၊ကြီး မြတ်သော ဘု ရားသခင်တည်း ဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည် မြော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ ကျေးဇူး တော်သည် ထင်ရှားပေါ်ထွန်းလျက် ရှိ၏။” (တိတု ၂:၁၁-၁၃) ခရစ်တော် လာမည့် အရာကိုမျှ ော်လင့် သူတို့ အနေဖြင့် ဘုရားဝတ်၌ မွေ့လျော်သင့်သည်။ ဘုရားဝတ်၌ မွေ့လျော်သောသူသည် လုံးဝ နောင်တရမည် မဟုတ်။ 

ရှေ့ဦးစွာ သိမှတ်အပ်သောအရာ ဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက် ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့ တပ်မက်ခြင်း အတိုင်းကျင့်နေ၍၊ ၄ သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည် နောက်၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲ ဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။ ၈ ချစ် သူတို့၊ ထာဝရဘုရားမှာ ကာလ တရက်သည်၊ အနှစ်တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည် တရက်ကဲ့သို့၎င်း ဖြစ်သည် အရာ တခုကို မမေ့လျော့ ကြနှင့်။ ၉ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည် အတိုင်း၊ ထာဝရဘုရားသည် ဂတိတော် အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော် ရှိ၍၊ ငါတို့ ကိုသည်း ခံတော်မူ၏။ ၁၀ သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသော အသံနှင့် တကွပျောက် သွားလိမ့်မည်။ လောက ဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီး ကိုယ်မှစ၍၊ မြေကြီးပေါ်မှ ာ ပြုလုပ် သမျှသောအရာ တို့သည် ​ကျွမ်းလောင်ကြလိမ့်မည်။ ၁၁-၁၂ သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုးကောင်းကင်သည် မီးနှင့် ပျက်၍ လောက ဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်း ဟူသော၊ ဘုရားသခင်၏ နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မြော် လင့်တောင့်တလျက်၊ သန့်ရှင်းသော အကျင့်ကို ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း အားဖြင့်၊ အဘယ်သို့ သောသူ ဖြစ်အပ်ကြသနည်း။ ၁၃ ယခုရှိသမျှသောအရာ တို့သည် ပျက်ရသော်လည်း၊ ​ဖြောင့်မတ်ခြင်း တရားတည်နေရာမိုဃ်း ကောင်းကင်သစ်နှင့် မြေကြီး သစ်ကို ငါတို့သည် ဂတိတော်နှင့် အညီမြော်လင့်ကြ၏။ ၁၄ ထိုသို့ မြော်လင့်ခြင်းရှိသောကြောင့်၊ ချစ် သူတို့၊ သင်တို့သည် အညစ်အ​ကြေးနှင့် ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ ငြိမ်ဝပ်စွာ ရောက်မည်အကြောင်း ကြိုးစားအား ထုတ်ကြလော့။” (၂ ပေ ၃:၃-၁၄) 

 ခရစ်တော် ကြွလာမည့် အရာကို ပျက်ရယ်ပြုသောသူများရှိခြင်းအားဖြင့် နောက်ဆုံးသောကာလ ဖြစ်ကြောင်း သိရသည်။ သင်သည် ထိုသို့ သောသူ ဖြစ်နေပါသလား။ ခရစ်တော် ကြွလာမည့် အရာကို မနှစ်သက်သောသူများသည် မိမိတို့ တပ်မက်ခြင်း အတိုင်း ကျင့် နေကြသောကြောင့် ဖြစ်သည် ဟုဆိုသည်။ ယခုအချိန် တွင်လောဘမကြီး သင့် တော့ပါ။ သင်သည် မည်မျှပင်ချမ်းသာသော်လည်း ကြာကြာမခံတော့ပါ။ ယခုအချိန်တွင် စီးပွါး တိုးတက်နေသောသူများ၊ ရာထူးကောင်း၍ အလုပ်များ နေသောသူများ မဖြစ် သင့်တော့ပါ။ ကျမ်းစာသာမက၊ လူသားများ၏ အကျင့်၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေးများ ကြည့်လျှင်လည်း နောက်ဆုံးသောကာလ ဖြစ်နေပြီ။ မြေကြီးနှင့် ရာသီဥတု ဖေါက်ပြန်ခြင်း၊ နေပေါက်ကွဲနေခြင်း၊ နက္ခတ္တရာများ ကြည့် ခြင်းအားဖြင့်လည်း စိုးရိမ် စရာများသာလျှင် ဖြစ်သည်။ ငြိမ်သက်ခြင်းလည်း မရှိတော့ပါ။ အချိန်မရွေး သေနိုင်၊ နာနိုင်၊ ပြသနာ တွေ့နိုင် ကြသည်။ ဘုရားကျောင်းများလည်း မလုံခြုံတော့ပါ။ ဘုရားကျောင်းများ၌ သေနပ်ပါဘို့ ပြော နေကြပြီ။ ကျောင်းဆရာများလည်း သေနပ် ဆောင်ဘို့ ဆွေးနွေး နေကြပြီ။ သခင်ဘုရား၌ သာခိုလှုံ၍ သူကြွလာမည့် အချိန်ကို မြော် လင့်ကြပါစို့။ 


ယေရုရှလင်မြို့ လေးသောကျောက် 

 

ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ် (ဒယိမ်းဒယိုင်) စေသော ဖလား ဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်းထားစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။ ၃ ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ​ကြေမွကြလိမ့်မည်။ လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။ (ဇာခရိ ၁၂:၂-၃) 

ပရောဖက် ဇာခရိအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂၄၀၀ ခန့်က ယေရုရှလင် မြိ့နှင့် ပတ်သက်သော ဟောထားချက်သည် ယနေ့ ​ကျွန်ုပ်တို့ မျက်မှောက်တွင် ပြည့်စုံလျက် ရှိကြောင်းကို ဖေါ်ပြလိုပါသည်။ ယေရုရှလင်မြို့သည် ပတ်လည်၌ ရှိသော လူမျိုး (အာရပ်လူမျိုး) များအတွက် ဒယိမ်းဒယိုင် ဖြစ်စေသော ဖလား ဖြစ်စေမည်ဟု ဘုရား သခင်ကပြောခဲ့သည်။ မြန်မာကျမ်းစာအုပ်၌ တုန်လှုပ်စေသော ဖလားဟု ဘာသာပြန်ထားသည်။ တုန်လှုပ်ခြင်းသည်ကြောက်ခြင်း၊ အံ့ဩခြင်းကိုဆိုလိုသည်။ ဟေဗြဲကျမ်းစာ၌၊ רַ֫עַל (ra·‘al)သည် ဇာ ၁၂:၂ ၌သာတစ်ကြိမ်ပါ၍ "တုန်လှုပ်စေသော" ဟု ဘာသာပြန်သည်။ အရက်မူးသမားသည် ကိုယ်ခန္ဓာကို မထိမ်းနိုင်ဘဲ ဒယိမ်းဒယိုင် ဖြစ်ခြင်းကို ဆိုလိုသည်။ ဆိုလိုသည်မှာ ယေရုရှလင်မြို့အရေးသည် အာရပ်နှင့် မူစလင်များအတွက် မူးစေသောအရာ ဖြစ်သည်။ ထို့အပြင်၊ “ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ့ကြေမွကြလိမ့်မည်။” ဟုဆိုထားရာ၊ ယခုလူမျိုး အပေါင်း တည်းဟူသော ကမ္ဘာ့ နိင်ငံအများစုအတွက် လေးသော ကျောက် ဖြစ်နေပြီ။ ယေရုရှလင်မြို့သည် ၁၉၄၈ ခုနှစ်အစ္စရေးနိင်ငံထူထောင်သောအခါ မြို့အနောက်ခြမ်းကို ရရှိ၍ ၁၉၄၉ ခုနှစ်တွင် သူတို့ မြို့တော် အဖြစ်သတ်မှတ်သည်။ မြို့အရှေ့ခြမ်းသည် ဂျော်ဒန်နိုင်ငံက ပိုင်၍ ၁၉၆ရ ခုနှစ်​ခြောက်ရက်ကြာစစ်ပွဲတွင် အစ္စရေးများက သိမ်းပိုက် လိုက်ကာ ၁၉၈၀ ခုနှစ်တွင် တမြို့လုံးသည် အစ္စရေးမြို့တော် အဖြစ် အစ္စရေးများ ကကျေညာသည်။ သို့သော် ကမ္ဘာ့ နိင်ငံအများစုက သဘောမတူကြချေ။ မြို့အရှေ့ခြမ်းကို အနာဂတ်ပါလက် စတင်းများ၏ မြို့တော် အဖြစ်ရာထား ကြသည်။ 

၁၉၉၅ ခုနှစ်တွင် အမေရိကန်လွှတ်တော်က၊ ယေရုရှလင်မြို့သည် အစ္စရေး၏ မြို့တော် အဖြစ်အသိအမှတ်ပြု၍ ၁၉၉၉ ခုနှစ် မေလ ၃၁ ရက်နေ့မတိုင် မှီအမေရိကန် သံရုံးကို ဤနူ ဗလငလ မြို့မှ ယေရုရှလင်မြို့သို့ ပြောင်းရွှေ့ရမည်ဟု ဆုံးဖြတ်ခဲ့သည်။ သို့သော် ထိုဆုံးဖြတ်ချက်ကို သမ္မတများက ကမ္ဘာ့ နိင်ငံများ၊ မူစလင်နိင်ငံများကို ကြောက် သောကြောင့် အကောင်အထည်မဖော်ရဲဘဲ အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ ကြသည်။ ယခု သမ္မတထမ်းကဒီဇဘ်ာလ ၆ ရက်နေ့တွင် ယေရုရှလင်မြို့သည် အစ္စရေးနိင်ငံ၏ မြို့တော် ဖြစ်သည်ဟု ကျေညာလိုက်သည်။ အမေရိကန်သံရုံးကိုလည်း ယေရုရှလင်မြို့၌ ပြောင်းရွှေ့ရမည် ဟုဆိုသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဒီဇဘ်ာလ ရရက်နေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ပြုလုပ် ကာ၊ အဖွဲ့ဝင် ၁၅ နိင်ငံ အနက် ၁၄ နိင်ငံက အမေရိကန်ကို အပြစ်တင်၍ ဆန့်ကျင် ကြသည်။ အမေရိကန်၏ ကုလသမဂ္ဂကိုယ်စားလှယ် နီကီဟယ်လီ       (အိန္ဒိယလူမျိုး)က၊ ကမ္ဘာ့ကုလသမဂ္ဂသည် အစ္စရေးနိင်ငံကို ဆန့်ကျင်သည့်နေရာ၌ အထူးစုစည်းသည့်နေရာ ဟုဆိုသည်။ ဒီဇဘ်ာ လ ၂၁ ရက်နေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေညီလာခံ၌ အမေရိကန်၏ ဆုံးဖြတ် ချက်ကို နိင်ငံပေါင်း၈ နိင်ငံကထောက်ခံ၍၊ ၁၂၈ နိင်ငံကကန့်ကွက် ကြသည်။ ၃၅ နိင်ငံ ကမဲမထည့်ရဲဘဲ နေကြသည်။ ကမ္ဘာ့ ခေါင်းဆောင်များက အမေရိကန်သမ္မတဆုံးဖြတ် ချက်ကို ပြစ်တင်ဝေဖန်ကြ၍၊ လူထုဆန္ဒပြပွဲများလည်း ပြုလုပ် ကြသည်။ ထိုအရာအားလုံး သည် ကျမ်းစာက ကြိုတင် ပြောထားသည့်အတိုင်း ဖြစ်သည်။ 

နောက်ဆုံးတွင် ယေရုရှလင်မြို့နှင့် အစ္စရေးနိင်ငံကို တိုက်ကြလိမ့်မည်။ “ထာဝရဘုရား၏ နေ့ရက်သည် ရောက်သောအခါ၊ သူတပါးတို့သည် သင်၏ ဥစ္စာကို လုယူ၍ သင့်အလယ်၌ ဝေဖန်ကြလိမ့်မည်။ ယေရုရှလင်မြို့ကို တိုက်စေခြင်းငှါ၊ လူမျိုး အပေါင်းတို့ကို ငါစုဝေးစေမည်။ မြို့ကို တိုက်ယူပြီးလျှင်၊ အိမ်တို့ကို လုယက်၍၊ မိန်းမတို့ကို အဓမ္မပြုကြလိမ့်မည်။ မြို့သား တဝက်ကို သိမ်း သွား၍၊ တဝက်သာမြို့၌ ကျန်ကြွင်းလိမ့်မည်။ ထာဝရဘုရားသည်လည်း၊ စစ်တိုက်ရာကာလ၌ တိုက် သကဲ့သို့ ထိုလူမျိုးတို့ကို တိုက် သွားတော်မူမည်။ ထိုနေ့ရက်၌ ​ခြေတော်သည် ယေရုရှလင်မြို့အရှေ့၊ သံလွင်တောင် ပေါ်မှာရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှအနောက်ဘက်တိုင်အောင် အလယ်၌ကွဲသဖြင့်၊ အလွန် ကြီးသော ချိုင့် ဖြစ်လိမ့်မည်။ တောင်တဝက်မြောက်ဘက်သို့၎င်း၊ တဝက်သည် တောင်ဘက်သို့၎င်းရွှေ့ရလိမ့်မည်။ သင်တို့သည် ငါ့တောင်ကြားချိုင့်လမ်းဖြင့် ပြေးကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင်၊ မှီလိမ့်မည်။ ယုဒရှင်ဘုရင် ဩဇိမင်းလက်ထက်၊ မြေကြီး လှုပ်၍ သင်တို့သည် ပြေးသကဲ့သို့ တဖန် ပြေးကြလိမ့်မည်။” (ဇာခရိ ၁၄:၁-၅) ထိုကဲ့သို့ သိနေသောသူများ အတွက်အချိန် မရှိတော့ကြောင်း သိရသဖြင့် ဤလောကကို စွဲလမ်းခြင်း မရှိတော့ပါ။ 

 

အချစ်ဆိုသည်မှာ 
Lal tan puia


 ​ကျွန်တော် နှစ်သက်မြတ်နိုးသည့်သီချင်းတပုဒ်ရှိသည်။ သီချင်းအမည်က "Love Story" ဖြစ်သည်။ သံစဉ်လည်း ကောင်း၍၊ စာသားလည်း ကောင်းသည်။ အချစ်ကို တင်စားဖွဲ့ဆိုထားပုံမှာ အင်မတန်ခမ်းနားလွန်းလှသည်။ ဂန္ဓဝင်မြောက်သီချင်း ဖြစ်သည်။ လောက သီချင်းသည်များက သီဆို နေကြသော်လည်း အတွင်း သန္ဓေကလော ကနှင့် မဆိုင်၊ နက်ရှိုင်းလွန်းသည်။ အချစ်သည် သမုဒ္ဒ​ရာမတည်ရှိမီ၊ အဆုံးအစ မသိရသည့်စကြာဝဠာကြီး မတည်ရှိမီက ပင်အစပြုသည့်အကြောင်း၊ ခံစားချက် ကိုကြီး ကျယ် ခမ်းနားစွာ ဖွဲ့ဆိုထားသည်။ ‘ဘုရား ’ ဆိုသည့်ဝေါဟာရကို ဖျောက်ထားသော်လည်း နက်ရှိုင်းသော ဘုရား၏ မေတ္တာကို ​ကျွန်တော် ခံစား မိသည်။ နောက်ထပ်အချစ်သီချင်း တပုဒ်ရှိသေးသည်။ သံစဉ်တေးသွားရေးစပ်သူနာမည်ကို ​ကျွန်တော် မသိပါ။ သို့သော်၊ စာသားကို ရေးစပ်သောသူသည် ရှင်ယောဟန် ဖြစ်သည်။ သီချင်းခေါင်းစဉ်မှာ ‘ယော၊ ၃:၁၆ ’ ဖြစ်သည်။ “ဘုရားသခင်၏ သားတော်ကို ယုံကြည် သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်။ ထာဝရ အသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တပါး တည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။” ရှင်ယောဟန်ကို ​ကျွန်တော် နှစ်သက်သည်။ ဒါဝဒ်မင်းကြီး ကိုလည်း အလားတူ ပင်မြတ်နိုးပါသည်။ သူတို့နှစ်ဦးစလုံးသည် ဘုရား၏ အချစ်ကို နက်ရှိုင်းစွာခံစား ဖေါ်ကျူး တတ်သည်။ 

၁ ယော၊ ၄:၈ ၌ ‘ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏’ ဟုဆိုထားသည်။ ချစ်ခြင်းမေတ္တာကို သင်မည်ကဲ့သို့ နားလည်သနည်း။ ချစ်ခြင်းမေတ္တာသည် သက် ဝင်မှု ရှိသည်။ စီးဆင်းမှု ရှိသည်။ လှုပ်ရှားမှု ရှိသည်။ ဘုရားသခင်သည် လောကီသားတို့ကို ချစ်သောကြောင့် သူ၏ တပါးတည်းသော သားတော်ကို ပေးသည်။ သားတော်သည်လည်း အပြစ်သားတို့ကို ချစ်သောကြောင့် ​ကျွန်ုပ်တို့သည် အပြစ်ရှိစဉ်ပင်​ကျွန်ုပ်တို့အတွက် အသေခံသည်။ ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ပြီး နောက်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို အ​ကျွန်ုပ်တို့နှင့် အစဉ်မပြတ် ရှိနေဘို့ စေလွှတ်ပေးသည်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပေးဆပ်ခြင်း (သို့) ပေးကမ်းခြင်းဟု ဖွင့်ဆိုနိုင်သည် (ရော ၅:၈။ ယော ၁၅:၂၆)။ အချစ်ကို အတွေးအခေါ်ပညာရှင်များ၊ အချစ်ဒဿန ပညာရှင်များက အမျိုးမျိုး ဖွင့်ဆို ကြသည်။ သင့်အတွက် ချစ်ခြင်းမေတ္တာသည် ပေးဆပ်ခြင်းဟုတ်ပါသလား။ သင်စိတ်ဝင်စားသော အချစ်က မည်သည့်ချစ်ခြင်း မေတ္တာမျိုး နည်း။ 

အချစ်ကို နှစ်မျိုးခွဲထားသည်။ မြန်မာလို ၅၂၈ မေတ္တာနှင့် ၁၅၀၀ မေတ္တာ ဟူ၍ အဓိကနှစ်မျိုးခွဲထားသည်။ ၅၂၈ မေတ္တာတွင် မောင်နှမ အချစ်၊ မိဘ သားသမီး အချစ်၊ သူငယ်ချင်းအချစ်ဟူ၍ ၃ မျိုးထပ်ခွဲထားသည်။ ၁၅၀၀ မေတ္တာသည် အားလုံး နားလည်သည့်သမီးရည်းစားအချစ် ဖြစ်သည်။ လောကတွင် အချစ်သီချင်းတွေ အင်မ တန်ရေပန်းစားသည်။ အချစ်ဇာတ်လမ်း၊ အချစ်ရုပ်ရှင်၊ အချစ်ဝတÎု၊ အချစ်သီချင်း၊ အချစ်နှင့် ပတ်သက်သမျှ အတော် လေးလူကြိုက်များ ကြသလို၊ စီးပွားလည်း ဖြစ်စေသည်။ အကြောင်းမှာ လူတွေအချစ်အကြောင်းကို စိတ်ဝင်စားသည်။ သင်ကောအချစ်အ ကြောင်းကို စိတ်ဝင်စားပါသလား။ အချစ်အကြောင််းစိတ်မဝင်စားသောသူများသည်များသောအားဖြင့် ခက်ထန်သည်။ ဘဝ​ခြောက်သွေ့သည်။ ဆက်ဆံရေး မပြေပြစ်တတ်ပေ။ အချစ် မသိသောသူသည် အမုန်းဖက်၌ သာရှိနေတတ်၍ အမုန်း၏ ဆိုးကျိုးများသာ သီးပွင့်ဘို့ ရှိသည်။ အမှန်စင်စစ်၊ သက်ရှိလောကကြီး ကအချစ်ငတ်နေသည်။ 

သမ္မာကျမ်းစာ တအုပ်လုံးလည်း ချစ်ခြင်းမေတ္တာအကြောင်း ပင် ဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ဘုရားကသိနာတောင်၌ မောရှေအားဖြင့် ပညတ်တော် (၁၀) ပါးကို ပေးသည်။ ထိုပညတ်တော် (၁၀) ပါးကို ပြန်ချံု့လိုက်ပါက တစ်မှလေးအထိသည် ဘုရားသခင်နှင့် လူတို့ စပ်ကြားချစ်ခြင်း မေတ္တာ ဖြစ်ပြီး၊ ငါးမှ​ခြောက်အထိ်သည် လူလူ ချင်းစောင့်ရှောက်ရမည့် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ထို့ကြောင့် ဓမ္မဟောင်းကျမ်းမှပညတ်တော် (၁၀) ပါးကို အနှစ်ချုပ်လိုက်သောအခါ ချစ်ခြင်းမေတ္တာနှစ်မျိုးသာ ဖြစ်သည်။ ယေ ရှုက၊ “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်း သတ္တိရှိသမျှနှင့် ချစ်လော့။ ဤပညတ်သည် ပဌမပညတ်ဖြစ်၏။ ထိုမှတပါးကိုယ်နှင့် စပ် ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။ ဤပညတ်တို့ထက် သာ၍ကြီးသော ပညတ်တော် မရှိဟု ပြန်၍ မိန့်တော်မူ၏ (မာ၊ ၁၂:၃၀-၃၁)။ 

ဣသရေလ လူမျိုးကျမ်းပြုဆရာတစ်ဦး၏ မေးမြန်းချက်ကို အထက်ပါ အတိုင်း ခရစ်တော်က ​ ဖြေရှင်း ထားသည်။ ပညတ်တော် ဆယ်ပါးကို အနှစ်ချုပ်သည့်အခါချစ်ခြင်း မေတ္တာနှစ်မျိုးသာရရှိသည်။ ထို့အပြင် ‘ထိုနှစ်မျိုးသည်လည်း သဘောတူ၏ ’ဟူ၍ ထပ်၍ ဆိုထားသည်။ ဤပညတ်နှစ်မျိုးကို သေချာစွာ ပြန်လည်သုံးသပ်သောအခါ လူကို ဗဟိုပြုထားသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ပထမပညတ်တွင် လူကဘုရားအား လူ့စိတ်၊ လူ့ဥာဏ်၊ လူ့စွမ်း အားရှိသမျှနှင့် ချစ်ဘို့ ဖြစ်သလို၊ ဒုတိယပညတ်တွင်လည်း ‘ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှ’ ဆိုသည့်လူ ဖြစ်သည့်မိမိ ကိုယ်ကို ဗဟိုပြု ထားကြောင်း ထင်ရှားသည်။ လူသာပဒါန၊ လူသာအဓိက ဖြစ်နေသည်။ သို့ရာတွင် ခရစ်တော်သည် ပညတ်သစ်ကို ပေးခဲ့ရာတွင်မူ မည်သို့ ဆိုထားသနည်း။ “သင်တို့သည် အချင်းချင်းတယောက်ကို တယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်း တူအချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။” (ယော၊ ၁၃:၃၄)။ အဘယ့်ကြောင့် ပညတ်သစ်ကို ပေးသနည်း။ အထက်ကဓမ္မဟောင်းကာလ၌ ပေးသော ပညတ် တော်သည် လူကဘုရားကို အစွမ်းကုန်ချစ်ခြင်းနှင့် ‘ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှ’ဆိုသည့်လူကို ဗဟိုပြုသော ချစ်ခြင်းမေတ္တာ ဖြစ်သောကြောင့် လူကအလယ် ဗဟိုတွင် တည်ရှိနေသည်။ ယခုပညတ်သစ်တွင် မူကား၊ ‘ငါသည် သင်တို့ကို ချစ်သည့် နည်းတူ ’ ဆိုသည့် ခရစ်တော်ကို ဗဟိုပြုသည့်ချစ်ခြင်း မေတ္တာ ဖြစ်သည်။ လူသည် အဓိကစံတန်ဘိုး မဟုတ်တော့ဘဲ ခရစ်တော် သာလျှင် မူလဗဟိုပြုစံတန်ဘိုး ဖြစ်လာသည်။ တနည်းအားဖြင့် အလယ်ဗဟို၌ ဘုရား မေတ္တာရှိပြီး၊ ဘုရားကို ဗဟိုပြုသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ယခင်ပညတ်ဟောင်းချစ်ခြင်းသည် ကောင်းသော်လည်း၊ လူတွင် ဖြစ်တည်သော ချစ်ခြင်းမေတ္တာအဆင့်မျှသာ ဖြစ်ပြီး၊ အကန့်အသတ်ရှိသည်။ ရန်သူကို မချစ်နိုင်။ မိမိကို မုန်းသောသူ၊ စော်ကားသောသူကို ပြန်မချစ်နိုင်။ ခရစ်တော် ပေးသော ပညတ်တွင်မူ ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် စံနှုန်း ဖြစ်လာသည်။ ဘုရား၏ မေတ္တာတော်သည် စံတန်ဘိုး ဖြစ်ပြီး၊ ဘုရား မေတ္တာသည် အကန့်အသတ်မရှိ၊ တဖက် သတ်မေတ္တာ၊ အနန္တချစ်ခြင်း မေတ္တာ ဖြစ်သည်။ 

‘ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်လော့’ဟူသည့်ကျမ်းချက်ကို မသိသလို၊ သိသလိုလို၊ ရူးချင် ယောင်ဆောင်သော ကျမ်းတတ်ဖာရိရှဲကို ခရစ်တော် ကမည်ကဲ့သို့ ပြန်လည်ပညာပေးလိုက်သနည်း။ “ကောင်းသော ရှမာရိအကြောင်း”ကို ဥပမာပေး၍ ထိုရှမာရိကဲ့သို့ ပြုလော့ဟု အတိအလင်းအမိန့်ပေးပြီးသား ဖြစ်သည်။ လူ၏ ချစ်ခြင်းသည် အရိပ်လိုသောကြောင့် အပင်ကို ရေလောင်းခြင်း မျိုး ဖြစ်သည်။ တ နည်းအားဖြင့် လှသောကြောင့် ချစ်သည်။ စကား နားထောင် သောကြောင့် ချစ်သည်။ ချမ်းသာ သောကြောင့် ချစ်သည်။ အားကိုးရသောကြောင့် ချစ်သည်၊ အဆိုပါအချစ်အားလုံး သည် ‘သောကြောင့် ’အချစ် ဖြစ်သည်။ ဘုရား၏ ချစ်ခြင်းမှာမူအပြစ်ရှိသော်လည်း ချစ်သည်။ ရန်သူ ဖြစ်နေသော်လည်း ချစ်သည်။ သူ့ကို မုန်းသော်လည်း ချစ်နေဆဲ ဖြစ်သည်။ မချစ်ထိုက်သော်လည်း ချစ်သည်။ ထို့ကြောင့် ဘုရား အချစ်သည် ‘သော်လည်း ’ အချစ် ဖြစ်သည်။ 

ဘုရားက ​ကျွန်တော်တို့ကို အရင်ချစ်သည်။ ထို့ကြောင့် ခရစ်တော်ကို ​ကျွန်ုပ်တို့ အားပေးသည်။ ခရစ်တော်ကလည်း အသေခံခြင်းဖြင့် အချစ်သက်သေပြခဲ့သည်။ ကား တိုင်ပေါ်တွင် သူ့အသက်ကို သတ်သော သူတို့ကို ပင် ခွင့်လွှတ်ခဲ့သည်။ ခမည်းတော်ဘုရား ထံထို သူတို့အား ခွင့်လွှတ်ဘို့ တောင်းပန်ပေးခဲ့သည်။ လက်ဝါးကပ်တိုင်တွင် အသေခံသည် အထိ နိှမ့်ချအစေခံကာ သက်သေပြခဲ့သည်။ ထိုသက်သေတို့သည် ခရစ်တော်က ​ကျွန်ုပ်တို့ကို ချစ်သောကြောင့် နှိမ့်ချခြင်း၊ ပေးဆပ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ကျေးဇူးပြုခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ခရစ်တော် နည်းတူ ​ကျွန်ုပ်တို့သည် အချင်းချင်းချစ်ကြရမည်။ ခွင့်လွှတ်ရမည်။ ကျေးဇူးပြု ကြရမည်။ ခရစ်တော်ကို ​ကျွန်တော်တို့က မချစ်သော်လည်း၊ သူက​ကျွန်တော်တို့ကို အရင်ချစ်သည်။ အလားတူပင်သူက ကိုယ့်ကို အရင်ချစ်ဘို့ မဟုတ်၊ ကိုယ်က သူ့ကို အရင်ချစ်ဘို့ လိုသည်။ အချစ်တွင် ပေးဆပ်ခြင်း ဟုဆိုသော်လည်း ထိုပေးဆပ်ခြင်းကို အသေးစိပ် ပြန်ခွဲကြည့်ပါက သနားခြင်း၊ ခွင့်လွှတ်ခြင်း၊ ကျေးဇူးပြုခြင်း၊ စေတနာထားခြင်း၊ ကရုဏာရှိခြင်း၊ ကိုယ်ချင်းစာခြင်း၊ စိတ်ရှည်ခြင်း၊ သည်း ခံခြင်း၊ အနစ်နာခံခြင်း၊ အစရှိသည်တို့ ပါဝင်နေပေသည်။ ‘သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်လော့’ ဟူသည့်အတွက် ‘ကိုယ်တော်ကို ချစ်ပါသည်’ ဟုပါးစပ်ကတဖွဖွပြောကာမျှဖြင့် မပြီးပါ။ ‘ချစ်ပါသည်’ ဟုသီချင်းဆိုပြခြင်း၊ ပါးစပ်အားဖြင့်သာ ချစ်ခြင်းသည် ဘုရားကို ချစ်ရာမရောက်၊ ယေရုရှလင်နှင့် ယေရိခေါမြို့ အကြား ခရီး သွားသည့်ယဇ်ပုရောဟိတ်နှင့် လေဝိလိုလူမျိုးသာ ဖြစ်သည်၊ ဘုရားကချစ်ခိုင်းသလိုမချစ်ဘဲ၊ ဘာသာရေးအလုပ်ကို ဗန်းပြပြီး ချစ်ခြင်း မျိုး ပင် ဖြစ်သည်။ ဘုရားသခင်ကို ချစ်ခြင်း၌ တိုက်ရိုက်ချစ်၍ မရ။ သူခိုင်းသည့်အရာကို လုပ် ဆောင်ခြင်း ကသာ ဘုရားကို ပြန်ချစ်ရာရောက်သည်။ ထို့ကြောင့် ဘုရားသခင်ကို ချစ်လော့ဆိုရာ၌ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်ဘို့ ဖြစ်သည်။ လူလူချင််း ချစ်ခြင်းအားဖြင့် ဘုရားသခင်ကို ချစ်ရာရောက် သကဲ့သို့၊ ခရစ်တော် ပေးသော ပညတ် သစ်အတိုင်း အချင်းချင်းတယောက်ကို တယောက် ချစ်မည်ဆိုပါက ခရစ်တော်ကို ချစ် ရာရောက်မည်။ ဘုရားကျောင်းတက်၊ ကျမ်းစာဖတ်၊ ဆုတောင်း နေပြီး၊ ဟိုတစ်ယောက်ကို မမြင်ချင်၊ စကား မပြောနိုင်၊ နှုတ်မဆက်နိုင် ဖြစ်နေပါက ခရစ်တော်၏အမိန့် ‘အချင်းချင်းချစ်ကြလော့’၊ “ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်လော့” ဆိုသည့် ပညတ်သစ်ကို မလိုက်လျှောက်ခြင်းပင်ဖြစ်သည်။ 

ယခုခေတ် ခရစ်ယာန်များက ကလေးစရိုက်ဖြင့် ဘုရားသခင်ကြိုက်သည်ဟု သူတို့ ယူဆသည့်အရာများကို လုပ်ပြခြင်းဖြင့် ဘုရားသခင်၏ စကားကို နားထောင်သည့်သူတော် ကောင်းယောင်ဆောင် ကြသည်။ အထူးသဖြင့် မိမိကြိုက်နှစ်သက်သည့် အရာများနှင့်သော်လည်း ကောင်း၊ ဝါသနာအရသော်လည်း ကောင်း၊ အ​ခြေအနေပေး နေ၍ သော်လည်း ကောင်း ဘုရားကို ချီးမွမ်းလိုက်၊ ဂုဏ်ပြုလိုက်၊ တောင်းပန်လိုက်၊ ဆက်ကပ်ပြလိုက်ဖြင့် အရှုပ်တွေလုပ်၍ ဟုတ် နေကြသည်။ အမှန်စင်စစ် ဘုရားသခင်သည် “ယဇ်ပူဇော်ခြင်းထက် သနားခြင်း ကရုဏာအကျင့်ကို၎င်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ​ကျွမ်းဝင်ခြင်းကို၎င်း ငါနှစ်သက်၏” (ဟော၊ ၆:၆) ဟုဆိုထားသည်။ ဘုရားသခင်၏ ပညတ်တော် ဟူမူကား၊ သားတော် ယေရှုခရစ်ကို ယုံကြည် ရမည်။ သားတော် ပညတ်တော်မူသည် အတိုင်း၊ “အချင်းချင်းချစ်ရမည်” ဟူသော ပညတ်တော် ပေတည်း (၁ ယော၊ ၃:၂၃)။ ထို့ကြောင့် ဘုရားသခင် ခိုင်းသည်မှာ သားတော် ယေ ရှု ခရစ်တော်ကို ယုံဘို့ ဖြစ်ပြီး၊ ခရစ်တော်၏ မိန့်တော်မူ ချက်သည်လည်း အချင်းချင်းချစ် ကြဘို့ ဖြစ်သည်။ တမန်တော် ရှင်ယောဟန်က၊ “ဘုရားသခင်ကို ချစ်သောသူသည် မိမိ ညီအစ်ကို ( ယုံကြည်သူ အချင်းချင်း)ကို ချစ်ရမည်” ဟူသော ပညတ်တော်ကို ငါတို့သည် ခရစ်တော်ထံ၌ ခံရကြပြီ” ဟုဆိုသည် (၁ ယော ၄:၂၁)။ ရှင်ပေတရုကလည်း၊ “အခြားသော အမှုအရာထက်မက၊ အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ်၏။ မြည်တမ်းခြင်းမရှိဘဲ အချင်းချင်းဧည့်သည် ဝတ်ကို ပြုကြလော့” (၁ ပေ၊ ၄:၈-၉)ဟု ရေးထားသည်။ 
 ခရစ်တော်ကို ယုံကြည်သူများအား ဖမ်းဆီးဘို့ ရောမစစ်သား များနှင့်အတူ ထွက်လာသော ရှောလု၊ ဒမသက်မြို့အနီးအရောက် ကောင်းကင်မှ ပေါ်လာသော အလင်းတန်းကြီးသည် သူ့အပေါ်သို့ ရုတ်တရက် ကျရောက်သည့်အခါ သူသည် မြေပေါ်၌ လဲကျသွားသည်။ ထိုအချိန်တွင် “ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကို ညှင်းဆဲ သနည်း” ဟု သူ့အား ခရစ်တော် ကမေးခဲ့သည်။ အကြောင်းမှာ ယုံကြည်သူများကို ဖမ်းပြီး ညှင်းဆဲခြင်းသည် အသင်းတော်ကို ညှင်းဆဲခြင်း ဖြစ်ပြီး၊ အသင်းတော်ကို ညှင်းဆဲခြင်းသည် ခရစ်တော်ကို ညှင်းဆဲခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုကို ဆောင်လို့ ခရစ်တော်ကို ယုံရမည်၊ ခရစ်တော်ကို ယုံလျှင် သူ၏ အမိန့်တော် အတိုင်း အချင်းချင်းချစ်ကြရမည် ဖြစ်သည်။ အထူးသဖြင့် ယုံကြည်သူ အချင်းချင်းကို ဆိုလိုကြောင်း အထက်၌ ရှင်ယောဟန်နှင့် ရှင်ပေတရုတို့ကလည်းရှင်းပြထားသည်။ အသင်းတော်ကို ညှင်းဆဲခြင်းသည် ခရစ်တော်ကို ညှင်းဆဲခြင်း ဖြစ်၍၊ အသင်းတော်ကို ပြုစုခြင်း၊ ပျိုး ထောင်ခြင်းသည် ခရစ်တော်ကို ချစ်ခြင်း ဖြစ်သည်။ ထို့ကြောင့် အသင်းတော်၌ ​ကျွန်ုပ်တို့ ဆက်ကပ်သမျှ အချိန်၊ ဘဏ္ဍာ၊ စွမ်းအားတို့သည် ခရစ်တော်အား ချစ်ခြင်း၊ ခရစ်တော်အား ပြုစုခြင်း ပင် ဖြစ်သည်။ ထိုသို့ ခရစ်တော်ကို ချစ်လျှင် ဘုရားသခင်၏ ပညတ်တော်ကို စောင့်ရှောက်ရာရောက်သည်။ ခရစ်တော်သည် အသင်းတော်ကို အသက် စွန့်၍ ရွေးနှုတ်ချစ်တော်မူသည် အတိုင်း၊ ​ကျွန်တော်တို့လည်း၊ ခရစ်တော် နည်းတူ အ ချင်းချင်း ချစ်ကြခြင်းဖြင့် ရင်ထဲက အချစ်သီချင်းကို ရင်ခုန်စွာ ရေးဖွဲ့သီကျူးကြပါစို့။ 


 
သန့်ရှင်းသောဝိညာဉ်တော် 


 ဤလောကကို ဘုရားနှင့် ပတ်သက်၍ သုံးပိုင်းပိုင်းထားသည်။ ဓမ္မဟောင်း ကာလသည် ခမည်းတော် ခေတ်၊ ဓမ္မသစ်ကာလသည် သန့်ရှင်းသောဝိညာဉ်တော် ခေတ်၊ အနှစ်တစ်ထောင်ကာလသည် သားတော်ခေတ် တို့ ဖြစ်သည်။ ဓမ္မဟောင်းနှင့် သစ််ကြားကာလကိုသားတော်ခေတ် ဟုဆိုနိုင်သည်။ သို့သော် နှစ်ပေါင်း၃၃ နှစ်သာလျှင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပတ်သက်၍ လွဲမှားသော အယူဝါဒများရှိသည်။ ကယ်တင်ခြင်းသို့ မရောက်သောသူများက ဝိညာဉ်တော်ကိုဂရုမစိုက်၊ သိလည်းမသိ၊ အသုံးလည်းမပြုကြချေ။ ပင်တေကုတ္တေ (Pentecostal) များကစာတန်၏ ဝိညာဉ်များကိုပါ စစ်ဆေးခြင်းမရှိဘဲ အားလုံး သန့်ရှင်းသော ဝိညာဉ်တော်ဟု လက်ခံယုံကြည်ကြသည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပတ်သက်၍ အကျဉ်းချုံးသိဘို့ရန် ဖေါ်ပြလိုပါသည်။ 

ပင်တေကုတ္တေ အသင်းတော်များက၊ ကယ်တင်ခြင်းသို့ ရောက်ပြီးသော်လည်း မပြီး သေးပါ၊ သန့်ရှင်းသောဝိညာဉ်တော် ရရှိဘို့ လိုသည်။ သန့်ရှင်းသောဝိညာဉ်တော် ရရှိခြင်းသည် အခြားသော ဘာသာ ( မသိနိုင်သော ဘာသာ) စကားပြောမှသာဖြစ်သည် ဟုဆိုကြသည်။ အခြားသော ဘာသာ စကား ပြောမှသာ ဝိညာဉ်တော်အားဖြင့် ဗတ္တိဇံခံသည် ဟုဆိုသည်။ အခြားသော ဘာသာ စကားပြောဘို့ရန်လည်း သွန်သင်ကြသည်။ ထိုအရာများသည် မှန်ပါသလော။ ထိုအရာများ မှန်မမှန်ကို အတွေ့အကြုံ ခံစားချက် နှင့် ကြည့်ပါက အမှန်သိနိုင်မည် မဟုတ်။ ယုံကြည် မည့် အရာများကို ကျမ်းစာအားဖြင့် လေ့လာမှသာလျှင်သိရှိနိုင်သည်။ ခံစားချက် နှင့် အတွေ့အ ကြုံများသည် စာတန်နှင့် ဝိညာဉ်ဆိုးများကလည်း ပြုလုပ် နိုင်သောကြောင့် စိတ်မချရချေ။ သို့ဖြစ်လျှင် ကျမ်းစာ၌ မည်ကဲ့သို့ ဆိုထားသနည်း။ 

ယုံကြည်သောအချိန်တွင် 

လူတယောက်သည် မည်သည့်အချိန်တွင် သန့်ရှင်းသောဝိညာဉ်တော် ရရှိ သနည်း။ ရှင်ပေါလုက၊ “သင်တို့သည်လည်း ကယ်တင်တော်မူခြင်း အကြောင်းနှင့် ယှဉ်သော ဧဝံဂေလိတရား တည်းဟူသော သမ္မာတရားကို ကြားနာရ၍၊ ထိုခရစ်တော်ကို ယုံကြည် ပြီးမှ၊ ဂတိတော်နှင့် ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရကြပြီ။” (ဧဖက် ၁:၁၃) ဟုဆိုသည်။ ထို့ကြောင့် ကယ်တင်ခြင်း ဧဝံဂေလိတရားကို ကြား၍ ယုံကြည်သော အချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်ကို ရရှိပြီ ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော် ရရှိဘို့ရန် ကယ်တင်ခြင်း တရားကို ကြားသိ၍ ယုံ ကြည်ဘို့ သာလျှင် လိုအပ်သည်။ ခရစ်တော်၏ ကယ်တင်ခြင်း အကြောင်းကို ယုံကြည် နိုင်ခြင်း ပင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ မစခြင်းကြောင့် ဖြစ်သည်။ 

သန့်ရှင်းသောဝိညာဉ်တော် ရရှိဘို့ရန် စောင့်၍ ဆုတောင်းစရာ လိုသည် ဟုဆိုပြန်သည်။ ကျမ်းစာက “ထို တမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှမထွက်မသွားဘဲ ခမည်းတော်၏ ဂတိကို ငံ့နေမည်အကြောင်းမှာတော်မူ၍၊ ထိုဂတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည် ကြားသိရကြပြီ။ ၅ ဂတိတော် အချက်ဟူ မူကား ယောဟန်သည် ရေ၌ ဗတ္တိဇံကို ပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တမန် ၁:၄-၅)။ တမန်တော်များနှင့် ယုံကြည်သူ ၁၂၀ယောက်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ဆုတောင်းခြင်းအားဖြင့် ဆယ်ရက်စောင့်ပြီးမှရရှိ ကြသည်။ သို့သော် ပင်တေကုတ္တေနေ့တွင် ပေတရု တရားဟောခြင်းအားဖြင့် လူ၃၀၀၀တို့သည် စောင့်စရာ၊ ဆုတောင်း စရာမလိုဘဲ ချက်ခြင်း သန့်ရှင်းသော ဝိညာဉ်တော်ကို ရရှိကြသည် (တမန် ၂)။ ထိုနောက် ပိုင်းတွင်လည်း သန့်ရှင်းသောဝိညာဉ်တော် ရရှိဘို့ရန် စောင့်ခြင်း မတွေ့ရတော့ပါ။ ပေါလုရေးထား သကဲ့သို့ ကယ်တင်ခြင်း တရားကို ယုံကြည်သည်နှင့် တပြိုင်နက် သန့်ရှင်းသောဝိညာဉ်တော် ရရှိ ကြသည်။ 

တန်ခိုးနိမိတ်

သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားသော ဘာသာ စကား ပြောမှရရှိသည် မဟုတ်ပါ။ အခြားသော ဘာသာ စကား ပြောခြင်းသည် ဝိညာဉ်ဆုကျေးဇူး ဖြစ်သည်။ “ပင်တေကုတ္တေပွဲနေ့ ရောက်သောအခါ ထိုသူ အပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေး၍ နေကြ၏။ ၂ ထိုအခါ လေပြင်းမုန်တိုင်း ကဲ့သို့သော အသံသည် တခဏခြင်းတွင် ကောင်းကင်မှလာ၍၊ ထို သူတို့ နေထိုင်သော အိမ်ကို ဖြည့်လေ၏။ ၃ ထိုခဏခြင်းတွင် ကွဲပြားသော လျှာတို့သည် မီးလျှာကဲ့သို့ ထင်ရှား၍၊ ထိုသူအသီးသီးတို့ အပေါ်၌ တည်နေကြ၏။ ၄ ထိုသူ အပေါင်းတို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသော အခွင့်ကို ပေးတော် မည်သည်အတိုင်း အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။” (တမန် ၂:၁-၄)။ 

ပင်တေကုတ္တေ နေ့တွင် တမန်တော်များနှင့် ယုံကြည် သူတို့ အပေါ် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ၊ အချက်သုံးချက်တွေ့ရသည်။ လေပြင်းမုန်တိုင်း ကဲ့သို့ အသံကြားရ ကြသည်။ ယုံကြည်သူများအပေါ်၌ မီးလျှာကဲ့သို့ တွေ့ရသည်။ အမျိုးမျိုးသော ဘာသာစကား (လူ့ဘာသာစကား ၁၆ မျိုး) ပြောကြသည်။ အကြောင်းမှာ သန့်ရှင်းသောဝိညာဉ်တော် ဤလောက၌ အမြဲနေဘို့ ဆင်းသက်နေ့ ဖြစ်သောကြောင့် ဖြစ်သည်။ ကျေးရွာကို မြို့အဖြစ် သတ်မှတ်သော နေ့၌ ဆူညံစွာ ပွဲလုပ်သော်လည်း နောက်ပိုင်းတွင် မလုပ်တော့ပါ။ ထိုနည်းတူ သန့်ရှင်းသောဝိညာဉ်တော် ဆင်း သက်သောအခါ အထက်၌ ဖေါ်ပြ သကဲ့သို့ ဆူညံစွာ ရှိခဲ့သော်လည်း၊ နောက်ထပ်လူ ၃၀၀၀ ပြောင်းလဲသောအခါ ထိုအရာများ မရှိတော့ပါ။ လူ၅၀၀၀ အထိ တိုးတက် လာသောအခါ ၌လည်း မတွေ့ရတော့ပါ။ ထို့အပြင် ပင်တေကုတ္တေနေ့၌ ပြောသော စကားသည် လူ့ဘာသာစကား၁၆ မျိုး ဖြစ်သည်။ ယနေ့ ပြောသောစကား များသည် မသိ နိုင်သော စကားများဖြစ်၍ လုံးဝ မတူပါ။ 

ဆုတောင်းပေးမှ

အချို့သောသူများက သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်လူများ ကဆု တောင်းပေးမှသာ ရရှိနိုင်သည်ဟု အောက်ပါကျမ်းပိုဒ်အားဖြင့် ဆိုကြသည်၊ “ရှမာရိ မြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ ရှိသော တမန်တော်တို့သည် သိတင်း ကြားလျှင်၊ ပေတရုနှင့် ယောဟန်တို့ကို စေလွှတ်ကြ၏။ ၁၅ ထိုမြို့သူမြို့သားတို့သည် သခင်ယေရှု၏ နာမ၌ ဗတ္တိဇံကို ခံရုံမျှသာရှိသ ဖြင့်၊ ၁၆ တစုံတယောက် သောသူ အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သက် ရောက်တော်မမူသေးသည် ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ်တော်ကို ခံရမည်အကြောင်း ထိုမြို့သူမြို့သားတို့ အဘို့ ဆုတောင်း၍၊ ၁၇ ထို သူတို့ အပေါ်၌ လက်ကို တင်သောအားဖြင့် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံရကြ၏။” (တမန် ၈:၁၄-၁ရ)။ အဘယ်ကြောင့်ရှမာရိ ယုံကြည်သူများသည် ပေတရုလက်တင်မှသာ သန့်ရှင်းသောဝိညာဉ်တော် ရသနည်းဟူမူကား၊ ထိုခေတ်၌ လူကို သုံးမျိုးဖြင့် ခွဲထားသည်။ ယုဒလူ၊ ရှမာရိလူ၊ တပါးအမျိုးသား ဟူ၍ ဖြစ်သည်။ ထိုလူမျိုးသုံးမျိုးစလုံးအတွက် ကောင်းကင််တံခါးသော့ဖွင့်ဘို့ ယေရှုကပေတရုကို တာဝန် ပေးထားသည်။ အကြောင်းမှာ သူကယေရှုသည် ခရစ်တော် ဖြစ်ကြောင်းကို ဖေါ်ပြနိုင်သောကြောင့် ဖြစ်သည် (မ ၁၆:၁၃-၂၀)။ ရှမာရိအမျိုးသားများကို ဖိလိပ္ပုက တရားဟောခြင်းအားဖြင့် ယုံကြည် ကြသော်လည်း ပေတရုကဖွင့်ပွဲလုပ်ဘို့ လိုသည်။ ဗိမာန်တော်ကို အလုပ်သမားများက ဆောက်သော်လည်း ရှောလမုန်ကဖွင့်ပွဲလုပ် သကဲ့သို့ဖြစ်သည်။ ထို့ကြောင့် တပါးအမျိုးသား များအတွက် ကောနိလိအိမ်တွင် ပေတရုက ဖွင့်ပွဲလုပ်ရခြင်း ဖြစ်သည် (တမန် ၁၀)။ ယုဒလူများအတွက် ပင်တေကုတ္တေနေ့၌ ပေတရုကဖွင့်ပွဲလုပ်ပေးသည် (တမန် ၂)။ ထို့နောက်ပိုင်းတွင် တကြိမ်သာယောဟန်ဗတ္တိဇံခံသောသူများကို ပေါလုကဗတ္တိဇံ ပေး၍ လက်တင်မှ သန့်ရှင်းသောဝိညာဉ်တော် ရရှိကြသည် (တမန် ၁၉:၁ -ရ)။ ထိုအ ရာများ ကလွှဲလျှင် လက်တင် ဆုတောင်း ပေးမှရရှိသူမရှိချေ။ ထို့ကြောင့် ယနေ့ လူတိုင်း ကယ်တင်ခြင်း တရားကို ယုံကြည် လက်ခံသည်နှင့် တပြိုင်နက် သန့်ရှင်းသော ဝိညာဉ်တော်ကို ရရှိ ကြသည်။ လက်တင်စရာ မလိုပါ။ 

သက်သေခံဘို့ 

 သခင်ဘုရားက သန့်ရှင်းသောဝိညာဉ်တော် ပေးရခြင်း၏ အကြောင်းများကို ု ဤသို့ ပြောထားခဲ့သည်၊ “ထိုသို့ မရှိသော်လည်း၊ သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တမန် ၁:၈)။ သန့်ရှင်းသော ဝိညာဉ်တော်သည် တန်ခိုး ဖြစ်သည်။ ထိုတန်ခိုးဖြင့် သက်သေခံဘို့ ဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော် ရရှိသောသူအများစုသည် သက်သေမခံဘဲ နေကြသည်။ ထို့ကြောင့် အသက်တာ၌ ဝမ်းမြောက်မှု၊ အောင်မြင် မှုများ မရရှိနိုင်ချေ။ သက်သေခံခြင်းသည် ယုံကြည်သူများ၏ အဓိကအလုပ် ဖြစ်သည်။ ထိုအရာကို မလုပ်ဘဲ အခြားမခိုင်းသော အရာများကိုသာ လုပ် နေကြသောကြောင့် လူ များစွာတို့သည် ကယ်တင်ခြင်း မသိဘဲ ပျက်ဆီးခြင်းသို့ ရောက်ရ ကြသည်။ သက်သေမခံခြင်းသည် ဘုရား ဘုန်းတော်လည်း မထင်ရှား၊ လူများလည်း ကယ်တင်ခြင်းသို့ မရောက်၊ ယုံကြည်သူများလည်း ဝမ်းမြောက်မှု မရှိချေ။ ယခုမှစ၍ သက်သေခံ ကြပါစို့။ သက်သေမခံတတ်လျှင် ဆရာမောဇက်ထံဖုန်းအားဖြင့် ဆက်သွယ်ပါ။

၀ိညာဉ်၌လဲခြင်း 

ယနေ့ ဝိညာဉ်၌ လဲခြင်း၊ ငိုခြင်း၊ ရီခြင်း၊ ပြေးလွှားခြင်း၊ တိရစ္ဆာန်ကဲ့သို့ အသံ ပြုခြင်းမှ စ၍ အမျိုးမျိုး ကြားသိ၊ တွေမြင်နေရသည်။ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု ဖြစ်ပါသလော။ ထိုအရာများ သိဘို့ရန် ကျမ်းစာကို ကြည့်ဘို့လိုသည်။ အတွေ့အကြုံ ခံစားချက်နှင့် စစ်ဆေးပါက သိနိုင်မည် မဟုတ်ပါ။ ခရစ်တော်က ဝိညာဉ်တော်၏ အလုပ်များကို ကြိုတင်ဖေါ်ပြသွားသည်။ “ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင် ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ် စီရင်ခြင်းကို၎င်းလောကီသားတို့အား ထင်ရှားစွာ ဘော်ပြမည်။ ၉ ငါ့ကို မယုံကြည် ကြသောကြောင့် ဒုစရိုက် အပြစ်ကို ဘော်ပြမည်။ ၁၀ ငါသည် ခမည်းတော်ထံသို့ သွားမည် ဖြစ်၍၊ သင်တို့သည် နောက်တဖန် ငါ့ကို မတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဘော်ပြမည်။ ၁၁ ဤလောကကို အစိုးရသော မင်းသည် အပြစ် စီရင်ခြင်းကို ခံရသောကြောင့် အပြစ် စီရင်ခြင်းကို ဘော်ပြမည်။ ၁၂ သင်တို့အား ငါပြောစရာ စကား အများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ ၁၃ သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက် လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြင်းမဲ့သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည် မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာ တို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။ ၁၄ ထိုသူသည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့် စပ်ဆိုင်သောအရာကို ယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။ ၁၅ ခမည်းတော်နှင့် စပ်ဆိုင်သမျှသည် ငါနှင့် စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့် စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်ဟု ငါပြော၏။” (ယော ၁၆:၈-၁၅) 

ဆရာဝန်ထံလူနာလာလျှင်၊ ရောဂါကို ရှာဖွေ ဖေါ်ပြသည်။ ထိုနောက် မည်ကဲ့သို့ ကုသမည်ကို ရှင်းပြသည်။ မကုသလျှင် သေမည်၊ မည်ကဲ့သို့ဖြစ်မည်များကို ပြောပြ တတ်သည်။ ထို့နည်းတူ ယေရှုက ဝိညာဉ်တော်သည် ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ် စီရင်ခြင်းကို၎င်း ဖေါ်ပြမည် ဟုဆိုသည်။ သမ္မာတရား ကိုလည်း ဖေါ် ပြမည် ဟုဆိုသည်။ ယနေ့ တွေ့မြင်နေရသော၊ လဲခြင်း၊ ရီခြင်း၊ ပြေးလွှားခြင်းများကို ယေရှုသာမက တမန်တော်များက မပြောကြချေ။ ပြုလည်း မပြုလုပ် ကြချေ။ ထို့ကြောင့် ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မဟုတ်ဘဲ၊ စာတန်၏ ဝိညာဉ်များဖြစ်သည်။ ထိုအရာများကို ဟိန​ြို ဘာသာဝင်များ၊ ဗုဒဝ ဘာသာဝင်များ၊ အထက် လမ်းအောက်လမ်းဆရာများ၏ လုပ်ဆောင်ချက် များ၌လည်း တွေ့မြင်နိုင်သည်။ တမန်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသောအခါ ရဲရင့်စွာ သက်သေ ခံ၊ တရားဟော ကြသည်။ ထို့ကြောင့် ထိုအရာများကို လုံးဝ လက်မခံသင့်ချေ။ အခြားသူများကိုလည်း သတိပေးသင့်သည်။ ကျမ်းစာ ကိုလည်း ဖတ်၍ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားဘို့ လိုသည်။ 

 


ကျမ်းစာဖတ်ကြစို့
ယော ၆

၃၈။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ လိုက်ခြင်းငှါ ကောင်းကင်မှ ဆင်းသက်သည်မဟုတ်၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့ လိုက်ခြင်းငှါ ဆင်းသက်၏။ 
 ယေရှု ကသူသည် သူ့အလိုလိုက်ခြင်းငှါ ကောင်းကင်မှ ဆင်းသက်သည် မဟုတ်၊ သူ့ကို စေလွှတ်တော်မူသောသူ၏ အလိုက်ခြင်းငှါ ဆင်းသက်သည် ဟုဆိုသည်။ သူလည်း အလိုဆန္ဒရှိလိမ့်မည်။ သို့သော် ခမည်းတော်၏ အလိုတော်ကို ဦးစားပေးသည်။ ​ကျွန်ုပ်တို့လည်း ကိုယ့် အလိုဆန္ဒကို ငြင်းပယ်ပြီး၊ ဘုရား၏ အလိုဆန္ဒကို လိုက်ဘို့ လိုသည်။ ဘု ရားသားတော် ပင်လျှင် ခမည်းတော်၏ အလိုတော်ကို လိုက်လျှင် အဘယ်ကြောင့်​ကျွန်ုပ်တို့ ကကိုယ် အလိုဆန္ဒကို လိုက် နေကြသနည်း။ ကိုယ့် အလိုဆန္ဒလိုက်သမျှ ကာလ ပတ် လုံးဘုရား အလိုတော်ကို လိုက်နိုင်မည် မဟုတ်။ ဘုရား အလိုမလိုက်မခြင်း စိတ်ပျော်ရွှင်မှု နှင့် အားရကျေနပ်မှု ရှိနိုင်မည် မဟုတ်။ မင်္လာရှိသောသူ ဖြစ်လိုလျှင် ဘုရား စကား နားထောင်ရမည်။ 

၃၉ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုတော်ကား၊ ငါ့ အားပေးသော သူတို့တွင် တစုံတယောက်ကိုမျှ ငါမပျောက်စေရဘဲ နောက်ဆုံးသော နေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ၎င်း၊ ၄၀ သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာရအသက်ကို ရစေခြင်း ငှါ၎င်း၊ အလိုတော်ရှိ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်၊ ဟုမိန့်တော်မူ၏။ 

ယေရှု ကလူများကို ခမည်းတော်က သူ အားပေးသည် ဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း ဘုရား ပေးမှလူများ ရရှိနိုင်မည်။ ဇာတိနှင့် မကြိုးစားရ။ ခမည်းတော် ကပေးသောသူတိုင်းကို မပျောက်စေဘို့သည် အလိုတော် ဖြစ်သည်။ သားသမီး များသည် ဘုရား ပေးသော ဝိညာဉ်များဖြစ်သည်။ ကိုယ့် သားသမီးများကို မပျောက်စေဘဲ ကောင်းကင်သို့ ခေါ်နိုင်ဘို့သည် မိဘတိုင်း၏ တာဝန် ဖြစ်သည်။ ယေရှုသည် သူ့အားပေးသမျှသော သူတို့ကို ထမြောက် စေဘို့ တာဝန် ရှိသည်။ တဖန် သားတော်ကို ယုံကြည်သောသူတိုင်း ထာဝရ အသက်ကို ရခြင်းသည် ဘုရား၏ အလိုတော် ဖြစ်သည်။ စာတန် ကမူထာဝရ သေ စေချင်သည်။ သင်သည် ထာဝရ အသက် မရလျှင် ဘုရား၏ အလိုတော် မပြည့်ကြောင်း သိပါ။ 

၄၁။ ငါသည် ကောင်းကင်မှ ဆင်းသက်သော မုန့် ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့ က၊ ၄၂ ဤသူသည် ယောသပ်၏သား ယေရှု ဖြစ်သည် မဟုတ်လော။ သူ၏ မိဘကို ငါတို့ သိသည် မဟုတ်လော။ ငါသည် ကောင်းကင်မှ ဆင်းသက်၏ဟု သူသည် အဘယ်သို့ ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။ 

ယုဒလူများ ကယေရှုကို လုံးဝ မသိနိုင်ကြချေ။ သူတို့ ကယေရှု၏ လူဇာတိအ ပိုင်းကိုသာ သိမြင်ကြ၍ ဘုရား ဇာတိပိုင်းကို မသိကြချေ။ သူတို့သည် ဇာတိပိုင်းအရာကိုသာ သိ၍ ဝိညာဉ်ပိုင်း လုံးဝ မသိကြချေ။ ​ကျွန်ုပ်တို့လည်း ဇာတိပိုင်းသာသိ၍ ဝိညာဉ်ပိုင်း မသိလျှင် ခရစ်တော်ကို နားလည်နိ်ုင်မည် မဟုတ်ချေ။ ရှင်ပေါလုက၊ “ဇာတိပကတိ လူသည် ဘုရားသခင်၏ ဝိညာဉ်တော် အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာ ဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ် အားဖြင့်သာ ပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိ လူသည် နားမလည် နိုင်။” (၁ ကော ၂:၁၄)ဟု ရေးခဲ့သည်။ 

၄၃။ ယေရှုကလည်း၊ ငါ့ကို အချင်းချင်းကဲ့ရဲ့၍ အပြစ်မတင်ကြနှင့်။ ၄၄ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်။ လာသောသူကို နောက်ဆုံးသော နေ့၌ ငါထမြောက်စေမည်။ 

သခင်ယေရှုကို ယုဒလူများက အမြဲကဲ့ရဲ့ပြစ်တင်တတ်ကြသည်။ ထို့ကြောင့် ငါ့ကို ကဲ့ရဲ့၍ အပြစ် မတင်ကြနှင့် ဟုဆိုခြင်းဖြစ်သည်။ သင်သည် သခင်ယေရှုကို အပြစ်တင်သောသူလော၊ ကြည်ညိုလေးစား အားကိုးသောသူလော။ သခင်ယေရှုထံသို့ ခမည်းတော်က သွေးဆောင်တော်မမူလျှင် မလာနိုင်၊ ဟုသူကဆိုသည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် သူ့ထံသို့ မလာသောသူများကို အပြစ်တင်ဦးမည်နည်း။ ထိုအရာသည် ဏမေ​ေိသထ ဖြစ်သည်။ ဏမေ​ေိသထ သည် မှန်ကန်သောအရာ နှစ်ခုဆန့်ကျင်ခြင်း ဖြစ်သည်။ ယေရှုက သူ့ထံသို့ လာသောသူကို နောက်ဆုံးသော နေ့၌ ထမြောက် စေဘို့ ဂတိ ပေးထားသည်။ အကြောင်းမှာ လူသည် သေရမှာကို အကြောက်ဆုံး ဖြစ်သောကြောင့် ဖြစ်သည်။ 

၄၅။ အနာဂတ္တိကျမ်း၌ လာသည်ကား၊ ထိုသူ အပေါင်းတို့သည် ဘုရားသခင် ဆုံးမသွန် သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟု လာသည်နှင့် အညီ၊ ခမည်းတော် ထံ၌ နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့ လာကြ၏။ 

 “သင်၏ သားသမီး အပေါင်းတို့သည် ထာဝရဘုရား ဆုံးမသွန်သင်တော်မူ သောသူ ဖြစ်၍၊ များစွာသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြလိမ့်မည်။” (ဟေရှာယ ၅၄း၁၃) အထက်ပါ ပရောဖက် ပြုချက်သည် သခင်ယေရှု လူ့ဇာတိခံခဲ့စဉ်ကတပိုင်းတစပြည့် စုံခဲ့ပြီးသော်လည်း၊ အနှစ်တစ်ထောင်ကာလ၌ အပြည့်အဝ ပြည့်စုံဦးမည် ဖြစ်သည်။ ယေရှုလူ့ဇာတိခံခဲ့စဉ်ကသွန်သင်သော်လည်း၊ လူအများအထူးသဖြင့် ခေါင်းဆောင်များက လုံးဝလက်မခံခဲ့ကြချေ။ သို့သော် အနှစ်တစ်ထောင်ကာလတွင် မူအားလုံး ကနား ထောင်ကြမည် ဖြစ်ကြောင်း ဤသို့ ရေးထားသည်၊ “နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော် တည်သော တောင်သည် တောင်ကြီး တောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်၊၊ ခပ်သိမ်းသော လူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြ လိမ့်မည်၊၊ များပြားသော သူတို့ကလည်း၊ လာကြလော့၊၊ ထာဝရဘုရား၏ တောင် တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့၊၊ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ​ခြေတော် ရာသို့ လိုက်သွားကြမည်ဟု ခရီး သွားလျက် ပြောဆို ကြလိမ့်မည်၊၊ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း ပေါ်ထွက်လိမ့်မည်၊၊ ” (ဟေရှာယ ၂:၂-၃) 

၄၆။ ထိုသို့ ငါဆိုသော်၊ ဘုရားသခင့်အထံတော်က ကြွလာသောသူမှတပါး တစုံတယောက်သောသူသည် ခမည်းတော်ကို မြင်ခဲ့ပြီဟု မဆိုလို။ ကြွလာသောသူမူကား၊ ခမည်းတော်ကို မြင်ခဲ့ပြီ။ ၄ရ။ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ 

ယေရှုသည် ဘုရားသခင့်အထံတော် မှကြွလာသောသူ ဖြစ်ကြောင်း၊ သူသာလျှင် ခမည်းတော်ကို မြင်ကြောင်း၊ သူ့ကို ယုံကြည်သောသူသည် ထာဝရ အသက် ရကြောင်း ပြောခဲ့သည်။ ယခု​ကျွန်ုပ်တို့အတွက် သူ့ကို ယုံကြည် ဘို့သည် အလွန် လွယ်သော်လည်း၊ ထိုသူများအတွက် လုံးဝ မလွယ်ကူပေ။ အကြောင်းမှာ သူတို့ အမြင်၌ ယေ ရှုသည် သာမန်လူ ဖြစ်၍ ယောသပ်နှင့် မာရိတို့၏သား မျှသာ ဖြစ်သည်။ ထိုမျှသာမက ဘာသာရေးခေါင်းဆောင်များ၊ ကျမ်းတတ်ပုဂ္ဂိုလ်များက လက်မခံကြချေ။ လူအများစုသည် ခေါင်းဆောင် များ၏ စကားကို နားထောင် တတ်ကြသည်။ 

၄၈။ ငါသည် အသက်မုန့် ဖြစ်၏။ ၄၉။ သင်တို့ ဘေးများသည် တော၌ မန္နကို စားလျက် သေရကြ၏။ ၅၀။ ကောင်းကင်မှ ဆင်းသက်သော မုန့်ကို စားသောသူသည် သေခြင်းနှင့် ကင်းလွတ်၏။ ၅၁။ ငါသည် ကောင်းကင်မှ ဆင်းသက်သော အသက်မုန့် ဖြစ်၏။ ဤမုန့်ကို စားသောသူ မည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသော မုန့်ကား၊ လောကီသားတို့၏ အသက်အဘို့ အလိုငှါ စွန့်သော ငါ၏ အသား ပေတည်း၊ ဟုမိန့်တော်မူ၏။ 

ယေရှုက၊ သူသည်အသက် မုန့်ဖြစ်သည် ဟုဆိုရာတွင် ဝိညာဉ်ပိုင်းအတွက် ပြောသည်။ ယုဒလူများက ကိုယ်ခန္ဓာပိုင်းဖြင့် စဉ်းစားသောအခါ လုံးဝ မဖြစ်နိုင်ချေ။ ယေရှုကသူတို့ ဘိုးဘေးများသည် တော၌ နှစ်ပေါင်းလေးဆယ်လှည့်လည်စဉ်တွင် မန္နမုန့်စားသော်လည်း သေ ကြသည်။ သို့သော် သူ့ကို ုစားသောသူသည် သေခြင်းနှင့် ကင်း လွတ်မည် ဟုဆိုသည်။ သူ့ကို မည်ကဲ့သို့ စားနိုင်မည်နည်း။ ဆက်လက်ကြည့်ကြပါစို့။

၅၂။ ထိုအခါ ယုဒလူတို့က၊ ဤသူသည် မိမိအသားကို ငါတို့ စားစရာဘို့ အဘယ်သို့ ပေးနိုင်သနည်း၊ ဟုအချင်းချင်းငြင်းခုံကြ၏။ 

ယုဒလူများ ကဇာတိအမြင်အားဖြင့်သာမြင်သောကြောင့် ယေရှု၏ အသားစားဘို့သည် လုံးဝနားမလည် နိုင်ကြချေ။ ယနေ့ များစွာသော အသင်းတော် များလည်း ပွဲတော်မင်္ဂလာ၌ စားသော မုန့်သည် တကယ် ပင်ယေရှု၏ အသား စားသည်ဟု ထင်မှတ်ကြသည်။ ထိုမုန့်ကို မစားလျှင် အသက် မရနိုင်ဟု ထင်မှတ်ကာ မုန့်စားခွင့်မရမှာကို အလွန် စိုးရိမ်ကြသည်။ 

၅၃။ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏ အသားကိုမစား၊ အသွေးကို မသောက်လျှင် သင်တို့၌ အသက် မရှိ။ ၅၄ ငါ၏ အသားကို စား၍ ငါ၏ အသွေးကိုလည်း သောက်သောသူသည် ထာဝရ အသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသော နေ့၌ ငါထမြောက်စေမည်။ ၅၅ ငါ၏ အသားသည် စားစရာ ကောင်း၏။ ငါ၏ အသွေးလည်း သောက်စရာ ကောင်း၏။ ၅၆ ငါ၏ အသား အသွေးကို သောက်စားသောသူသည် ငါ၌ တည်၏။ ထိုသူ၌လည်း ငါတည်၏။ ၅၇။ အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူ၍၊ ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ၊ ငါ့ကို စားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။ ၅၈ ဤမုန့်ကား၊ ကောင်းကင်မှ ဆင်းသက်သောမုန့် ဖြစ်၏။ သင်တို့ ဘိုးဘေးများသည် မန္နကို စားလျက် သေရ သကဲ့သို့ မဟုတ်။ ဤမုန့်ကို စားသောသူသည် အစဉ်မပြတ် အသက်ရှင်လိမ့်မည်ဟု၊ ၅၉ ကပေရနောင်မြို့မှာတရားစရပ်၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ၏။ 

ယုဒလူများက နားမလည်နိင်သော်လည်း ယေရှု ကသူ့အသား စားဘို့နှင့် အ သွေးသောက်ဘို့ကို ဆက်လက် ပြောဆို နေသည်။ ယုဒလူများက သူတို့သည် မန္နမုန့်စားသောသူများ၏သား စဉ်မြေးဆက် ဖြစ်ကြောင်းကို အလွန် ဂုဏ်ယူကြသည်။ ဂုဏ်လည်း ယူသင့်သည်။ အကြောင်းမှာ ဘုရားသခင်က အထူးဂရုစိုက်​ကျွေးမွေး ပြုစုသော လူမျိုးဖြစ်သည်။ သို့သော် မန္နမုန့်သည် သူတို့ကို ထာဝရ အသက်မရှင်စေနိုင်ချေ။ သူမူကား ထာဝရ အသက် ပေးပိုင်သည်။ 

၆၀။ တပည့်တော် အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနားခံနိုင်မည်နည်း ဟုဆိုကြ၏။ ၆၁ ထိုသို့ တပည့်တော်တို့ ကဲ့ရဲ့အပြစ် တင်သည်ကို ယေရှုသည် အလိုအလျောက်သိတော်မူလျှင်၊ ဤတရားစကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော။ ၆၂ လူသားသည် အရင်နေရာအရပ်သို့ တဖန် ကြွတက်သည်ကို မြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည်နည်း။ 

ယုဒလူများ ကသာမက တပည့်တော်များကပင်လျှင် ယေရှု၏ စကားကို နားမလည်နိုင်ကြချေ။ ထို့ကြောင့် သခင်ယေရှုက လူသားသည် ကောင်းကင်သို့ ပြန်သွားသည်ကို မြင်လျှင် မည်ကဲ့သို့ ထင်မှတ်ကြမည်နည်း ဟုဆိုသည်။ ဟုတ်ပါသည် ဝိညာဉ် စကားကို ဇာတိနားဖြင့် နားမလည် နိုင်ပါ။ ထို့ကြောင့် ယေရှုကနားရှိသောသူသည် ကြားပါစေ၊ ဟုပြောတတ်ခြင်း ဖြစ်သည်။ တပည့်တော်များ၊ ဟုဆိုရာတွင် တမန်တော် ၁၂ ပါးကို ဆိုလိုသည် မဟုတ်ကြောင်း အောက်ပိုင်၌ ပြန်တွေ့ရမည်။ 

၆၃။ ဝိညာဉ် သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်း မတတ်နိုင်။ ငါပြောသော စကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်း ဖြစ်၏။ ၆၄သို့သော်လည်း သင်တို့တွင် မယုံကြည်သောသူအချို့ရှိ၏။ ၆၅ ထိုကြောင့် ငါ၏ ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်ဟု အထက်က ငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသည် အကြောင်း ဟူမူကား၊ အဘယ်သူ မယုံကြည်သည်ကို၎င်း၊ အဘယ် သူသည် ကိုယ်တော်ကို အပ်နှံမည်ကို၎င်း၊ ယေရှုသည် အစအဦး၌ သိတော်မူ၏။ 

ယေရှု ကသူပြောသော စကားသည် ဝိညာဉ်ပိုင်းဆိုင်ရာ ဖြစ်ကြောင်း၊ ဝိညာဉ် စကား ဖြစ်ကြောင်းကို ရှင်းလင်းစွာ ဖေါ်ပြလာသည်။ ဝိညာဉ် စကားကို ဘုရားသခင်က နားလည်စေမှသာလျှင်နားလည်နိုင်သည်။ သင်လည်း ဝိညာဉ် စကား နားလည်နိုင်ဘို့ ဘုရား ထံ၌ ဆုတောင်းပါ။ ယေရှုသည် မည်သူက သူ့ကို ယုံကြည်သည် မယုံကြည်သည်ကို အစအဦးကတည်း ကသိတော်မူသည်။ 

၆၆။ ထိုအခါ မှစ၍ တပည့်တော် အများတို့သည် ကိုယ်တော်နှင့် မပေါင်းဘော်ဘဲ ဆုတ်သွားကြ၏။ ၆၇ ထိုကြောင့် ယေရှုသည် တကျိပ်နှစ်ပါးသော သူတို့အား၊ သင်တို့သည်လည်း ထွက်သွားခြင်းငှါ အလိုရှိကြသလောဟု မေးတော်မူလျှင်၊ 

ဤနေရာ၌ တပည့်တော်အများ၊ ဟုဆိုသောအရာသည် တမန်တော် ၁၂ ပါးကို ဆိုလိုသည်မဟုတ်။ သူ့နောက်လိုက်၍ သူ့ကို ယုံကြည်သူများကို ဆိုလိုသည်။ ထိုသူတို့သည်၊ ယေရှု၏ စကား နားမလည် နိုင်သောကြောင့် နောက်ဆုတ်သွား ကြသည်။ ထိုသို့ နောက်ဆုတ်သွားခြင်းသည် ယနေ့ တိုင် ဖြစ်နေဆဲဖြစ်သည်။ ဘုရားသခင်၏ လုပ်နည်းကို နားမလည်သောသူများက၊ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လုပ်ဆောင်ခြင်းကို နားမလည်သောအခါ၊ နောက်ဆုတ်သွားတတ်ကြသည်။ သင်သည် ထိုသို့ သောသူ ဖြစ်ပါသလား။ 

၆၈။ ရှိမုန်ပေတရုက၊ သခင်၊ အ​ကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရပါမည်နည်း။ ထာဝရ အသက်နှင့် ယှဉ်သော စကားသည် ကိုယ်တော်၌ တည်ပါ၏။ ၆၉ ကိုယ်တော်သည် ခရစ်တော် တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ကို အ​ကျွန်ုပ်တို့ ယုံကြည် သိမှတ်ကြပါသည်ဟု လျှောက်လေ၏။ 

သင်တို့သည်လည်း ထွက်သွားခြင်းငှါ အလိုရှိကြသလောဟု မေးတော်မူလျှင်၊ ပေတရုကကိုယ်တော်ထံမှ အဘယ်သူထံသို့ သွားရပါမည်နည်း။ ကိုယ်တော်၌ သာထာ ဝရအသက် ရှိသည်ဟု ​ဖြေခဲ့သည်။ ယုံကြည်သူများအသက်တာ၌ အကြောင်း အမျိုး မျိုးကြောင့်နောက်ဆုတ်ချင်သော အချိန်များရှိတတ်သည်။ ထိုသူများသည် မကြီးထွား မရင့်ကျက်သောကြောင့် ဖြစ်သည်။ စိတ်ပျက်၊ အားနည်းချိန်၌ ဖြစ်စေ၊ ဝမ်းမြောက် လွန်သော အချိန်၌ ဖြစ်စေ၊ အကောင်းအဆိုးမဆုံးဖြတ်ဘို့ သတိထားရမည်။ ထိုအချိန်၌ စိတ်သည် မမှန်သောကြောင့် ငြိမ်သက်စွာ နေသင့်သည်။ စိတ်ပြန်မှန်လာမှဆုံးဖြတ်ပါ။ တ မန်တော် ထဲ၌ ပေတရုကသာလျှင် သွက်လက်၍ ခရစ်တော်၏ မေးခွန်းများကို အများအားဖြင့် ​ဖြေနိုင်သည်။ 

၇ဝ။ ယေရှုကလည်း၊ တကျိပ်နှစ်ပါးသော သင်တို့ကို ငါရွေးကောက်သည် မဟုတ်လော။ သို့သော်လည်း သင်တို့ တွင်၊ ရန်သူတယောက် ပါသည်ဟု မိန့်တော်မူ၏။ ၇၁ ထိုသို့ မိန့်တော်မူသော်၊ တကျိပ်နှစ်ပါးအဝင် ဖြစ်၍ ကိုယ်တော်ကို အပ်နှံမည့်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်ကို ဆိုလိုသတည်း။ 

ယေရှုက သူ့ကို အပ်နှံမည့်သူ ယုဒရှကာရုတ်ကို အစကတည်း ကသိသည်။ သို့သော် အဘယ်ကြောင့်ယေရှုက တပည့်တော် အဖြစ်ရွေးကောက်ခဲ့သနည်း။ ကျမ်းစာ ပြည့်စုံဘို့ရန်နှင့် အဖွဲ့အစည်းအထဲ၌ သူကဲ့သို့သောသူရှိတတ်ကြောင်း သိစေဘို့ရန်ဖြစ်သည်။ သင်သည် ယုဒရှကာရုတ်ကဲ့သို့သောသူမဖြစ်ဘို့ အရေးကြီးသည်။ 

 

ကမ္ဘာ့သတင်းခေါင်းစဉ်များ


၁။ အမေရိကန်နိင်ငံကအစ္စရေးနိင်ငံမြို့တော်သည် ယေရုရှလင်မြို့ ဖြစ်ကြောင်း ဒီဇင်္ဘာလ ၆ ရက်နေ့တွင် ကျေညာလိုက်သည်။ 
၂။ ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၁၄ နိင်ငံကအမေရိကန်၏ ဆုံးဖြတ်ချက်ကို ဒီဇင်္ဘာလ ရ ရက်နေ့တွင် ကန့်ကွက် ကြသည်။ 
၃။ ကမ္ဘာ့ ကုလသမဂ္ဂညီလာခံ၌ ၁၂၈ နိင်ငံကအမေရိကန်ဆုံးဖြတ်ချက်ကို ဒီဇဘ်ာလ ၁ရ ရက်နေ့တွင် ကန့်ကွက်ကြသည်။ ၈ နိင်ငံကထောက်ခံ ကြသည်။ ၃၅ နိုင်ငံက မဲမထည့်ဘဲ ရှောင်ကြသည်။ 
၄။ အမေရိကန်ပြည်ထောင်စု တခုလုံး၌ အလွန် အေးသည်။ အချို့နေရာများ၌ -၂၀F လောက်အထိကျဆင်းသည်။ 

 

 သာသနာ ပြုလုပ်ငန်းအတွက် ပါဝင်ခြင်း 

 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယခုခါ သာသနာ ပြုလုပ် ငန်းအောင်မြင်လျက်ရှိပါသည်။ ထိုသာသနာ ပြုလုပ် ငန်းအားဖြင့် ပျောက်ဆုံးသော ဝိညာဉ်များကယ် တင်ခြင်းသို့ ရောက်၍ ဝမ်းမြောက် ကြပါသည်။ ထိုသူများအားဖြင့် အသင်းတော် အပါး ပေါင်းရပါးတည်ထောင်နိုင်ပြီး ဖြစ်သည်။ သာသနာ ပြုဆရာများလည်း အခက်အခဲ မျိုးစုံ၊ တိုက်ခိုက်မှု မျိုးစုံထဲတွင် စိတ်ပျက်လိုက်၊ အားပြန်တက်လိုက်ဖြင့် လုပ်ဆောင်နေ ကြပါသည်။ ယုံကြည်သူများ၏ ဆုတောင်းပေးခြင်း၊ အလှူငွေအားဖြင့် ပါဝင်ခြင်းသည် အလွန်ထိရောက်မှု ရှိပါသည်။ ယခုအခါ သာသနာ ပြုဆရာများ နေအိမ်ငှါးရမ်းဘို့၊ ဘုရားကျောင်းများငှါးရမ်းဘို့ မှစ၍ အခြားလိုအပ်ချက်များလည်းရှိပါသည်။ ထို့ကြောင့် ဘုရား အမှုတော် မြတ်ကြီး၌ ပါဝင်လို သူများ နည်းများ မဆို လစဉ်ပါဝင်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။ တစ်လ ၁၀၊ ၅၀၊ ၁၀၀ စသည်ဖြင့် ကိုယ်တတ်နိုင် သမျှကို ပါဝင်နိုင်ပါသည်။

 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG