GOODNEWS
  HOME  GOODNEWS  2016 NOV
 


အမှာစာ
နိုဝင်ဘာလ ၈ ရက်နေ့တွင် သမ္မတရွေးကောက်ပွဲ ကျင်းပကြရာ၊ မထင်မှတ်ဘဲ ဒေါ်နာလ်ထမ်းကအနိင်ရရှိသွားကြောင်း သိရှိကြပြီ။ အကယ်၍ ဟီလရီကသာ နိင်ပါက တတိယကမ္ဘာစစ် ဖြစ်ဘို့ရန် အလွန် နီးသည် ဟုဆိုနိုင်သည်။ အကြောင်းမှာ ရုရှားနှင့် စစ် ဖြစ်ဘို့ရန် ပြင်ဆင် နေကြသည်။ ယခုဒေါ်နာလ်ထမ်းကနိင်သော်လည်း လူထု ဆန္ဒပြမှုများရှိနေသည်။ ဟီလရီကနိင်လျှင်လည်း အလားတူဆန္ဒပြမှုများရှိနိုင်သည်။ အမေရိကန်နှင့် ဥရောပနိင်ငံများသည် ဘုရားသခင်ကို စွန့်၍ ဆန့်ကျင် ကြသောကြောင့် နိင်ငံရေးအ​ခြေအနေများသည် မကောင်းပါ။ ထိုအချိန်တွင် မူစလင် ဘာသာဝင် များလည်း အလွန် ထကြွသောင်းကြမ်း နေကြသည်။ မူစလင်များသည် အနောက်နိင်ငံများ၌ အလွန်များပြားလာသည်။ ထို့အပြင် လူများ၏ အကျင့်စာရိတ္တလည်း အလွန် ပျက်ပြားလာသောကြောင့် ဘုရား၏ အမျက်တော်ကို နိုးဆော် နေကြသည်။ နောဧခေတ်၌ ကဲ့သို့၊ မြေကြီးသည်၊ ဘုရားသခင့်ရှေ့မှာ ပုတ်စပ်လျက် ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ (က ၆:၁၁)။ 

သဘာဝ ဘေးရန်များလည်း အလွန်များပြားကာလ ူ များစွာလည်း သေကျေ ပျက်စီးခဲ့ကြပြီ။ မြေ ငလျှင်လှုပ်ခြင်း၊ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေကြီး ​ကျွံကျခြင်း၊ တိရစ္ဆာန်များ အများ အပြားသေခြင်း၊ တော မီးလောင်ခြင်း စသည်ဖြင့် နေ့တိုင်း ကြားသိ နေကြကာမထူးဆန်း တော့ချေ။ ထိုအရာများသည် ဘေးဒဏ်ကြီး ကာလ၏ အရိပ်အရောင်များ ဖြစ်သော်လည်း လူအများစုသည် လုံးဝ သတိမထား မသိကြချေ။ ကယ်တင်ခြင်းသို့ ရောက်သောသူများ ပင်လျှင်လောကကို ချစ်ခြင်း၊ စွဲလန်းခြင်းကြောင့်အချိန် မရှိတော့ကြောင်းကို မသိကြချေ။ “သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့် မည်ကို သင်တို့သည် သေချာစွာ သိကြ၏။ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်း လွတ်၏ ဟုဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာ ရောက် သကဲ့သို့၊ သူတို့ အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်းရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။ သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ အပေါ်သို့ ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည် မဟုတ်။ သင်တို့ အပေါင်းသည် အလင်း၏ သား၊ နေ့၏သား ဖြစ်ကြ၏။ ညဉ့်၏ သား၊ မှောင်မိုက်၏သား မဟုတ်။ သို့ဖြစ်၍၊ အခြားသော သူတို့သည် အိပ်ပျော် သကဲ့သို့၊ ငါတို့သည် အိပ် မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။” (၁ သက် ၅:၂-၆) 

ယခုလအတွက်...

  • ကျေးဇူးတော် ချီးမွမ်းခြင်း (Thanksgiving) 
  • ဆရာမောဇက်ကျေးဇူးတော် ချီးမွမ်းခြင်း
  • တတိယကမ္ဘာစစ်
  • ကယ်တင်ခြင်း 
  • ကျမ်းစာဖတ်ကြစို့ (ဟေဗြဲ ၁၂) 
  • အမှုတော်ဆောင်သင်တန်း
  • အသင်းတော် ဖွင့်ပွဲ

 

 


ကျေးဇူးတော် ချီးမွမ်းခြင်း 

THANKSGIVING

 

ကျေးဇူးတော် ချီးမွမ်းခြင်းသည် ဤနိင်ငံစတင်ခါစ ၁၆၂၁၌ စတင်ခဲ့သည်။ ထိုအချိန်တွင် ယခုကဲ့ သို့မဟုတ်၊ ဥရောပ မှပြောင်းရွေ့ခါစ ဖြစ်သောကြောင့် တော ရိုင်းများကို ရှင်း၍၊ နှင်းကြားထဲ၌ မသေမပျောက်၊ သီးနှံများကို ပဌမ ရိတ်သိမ်းနိုင်သောပွဲ ဖြစ်သည်။ ထိုပွဲ၌ ပြောင်းဖူး၊ ရွှေဖရုံ၊ ကြက်ဆင်သား၊ သမင်သား၊များကို စား ကြသည်။ အမေရိကန်အင်ဒီယာန်များကိုလည်း ခေါ်ဘိတ်သောကြောင့် သူတို့ ကသမင် သားကို ယူဆောင်လာကြခြင်း ဖြစ်သည်။ နောက်ပိုင်း၌ ကျေးဇူးတော် ချီးမွမ်းခြင်းကို နိုဝဘ်ာလ နောက်ဆုံးပတ်၏ ကြာသပတေးနေ့ကို သမတ ရိုစဗ​ဲလ် (Rသသျနလနူအ)က ၁၉၄၁တွင် သတ်မှတ်လိုက်သည်။ ယခုနှစ် အမေရိကန် ကျေးဇူးတော် ချီးမွမ်းခြင်း နေ့သည် နိုဝဘ်ာလ ၂၄ ရက်နေ့ ဖြစ်သည်။ ထို့နေ့၌ ကျေးဇူးတော် ချီးမွမ်းခြင်း နေ့ ဟုဆိုသော်လည်း၊ လူအများစုသည်၊ ဘုရားသခင် ခံကျေးဇူးတော် ချီးမွမ်းကြသည် မဟုတ်။ မိသားစုဆုံဆည်းပွဲ၊ စားသောက်ပွဲသာလျှင် ဖြစ်သည်။ ဘုရားသခင်ကို စွန့်ကြသောအခါ ကျေးဇူးတော် ချီးမွမ်းခြင်း၏ အနှစ်သာရလည်း မရှိတော့ချေ။ 

ကျေးဇူးတော် ချီးမွမ်းခြင်းသည် ကောင်းကြီး ပေးတော်မူသော ဘုရားသခင်ကို ချီးမွမ်းဘို့ ဖြစ်သည်။ ကယ်တင်ခြင်းသို့ မရောက်သောသူသည် ဘုရားသခင်ထံ သူတောင်းစားကဲ့သို့ တောင်းလျှောက်ခြင်း သာလျှင် လုပ်တတ်သည်။ ခလေး များလည်း မိဘများထံ သူတို့၏ လိုချင်သော အရာများကို တောင်းလျှောက်ခြင်း သာလျှင် တတ်ကြသည်။ မိဘများကို ကျေးဇူးတင်ရမှန်း မသိတတ်ကြချေ။ သို့သော် ကယ်တင်ခြင်းသို့ ရောက်သောအခါ၊ ဘုရားသခင်၏ ကျေးဇူးတော်များကို ကျေးဇူးတင်တတ်လာ ကြသည်။ ဘုရားသခင်ကိုယ်တိုင်က၊ “ကျေးဇူးချီးမွမ်းခြင်း ယဇ်ကို ပူဇော်သောသူသည်၊ ငါ၏ ဘုန်းကို ထင်ရှားစေသောသူ ဖြစ်၏၊၊ ” (ဆာ ၅၀:၂၃) ဟုဆိုခဲ့သည်။ ကျေး ဇူးတော် ချီးမွမ်းခြင်းဖြင့် မည်ကဲ့သို့ ဘုရားသခင်၏ ဘုန်းထင်ရှားသနည်း။ ဘုရားသခင်၏ လုပ်ဆောင်ပေးသောအရာကို အခြားသောသူများထံ ပြောပြခြင်းအားဖြင့် သူတို့လည်း ဘုရားသခင်ကို သိလာ၊ ကိုးကွယ်၍၊ အားကိုး တတ်လာကြလိမ့်မည်။ 
 ရှင်ပေါလုကလည်း   “အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင် အလိုတော် ရှိ၏။” (၁ သက် ၅:၁၈)ဟု ရေးခဲ့သည်။ သူကိုယ်တိုင်လည်း ထောင်ထဲမှချီးမွမ်းခဲ့သည်။ “သန်းခေါင်အချိန်၌ ပေါလုနှင့် သိလတို့သည် ပဌနာ ပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲမှာနှောင်ဖွဲ့ခြင်းကို ခံရသော သူတို့သည် နားထောင် ကြ၏။” (တ ၁၆:၂၅) ပေါလုနှင့် သိလတို့သည် နေ့ခင်းပိုင်း၌ ကြိမ်လုံးနှင့် ရိုက်နှက်ခြင်း ခံ၍ ဒဏ်ရာရပြီးမှထိပ်ခတ်ခြင်း ခံရသည်။ သူတို့သည် မည်သည့်အရာအတွက် ဘုရားသခင်ကို ချီးမွမ်းခြင်း ဖြစ်မည်နည်း။ သခင်ယေရှုက၊ အကြင်သူသည် မိမိလက်ဝါးကပ် တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်၊ ထိုသူသည် ငါနှင့် မထိုက်မတန်။ (မ ၁၀:၃၈) ဟုဆိုခဲ့သည်။ သခင်အတွက် ရိုက်နှက်ခံခြင်းသည် လက်ဝါးကပ်တိုင်ထမ်း၍ သူ့နောက်သို့ လိုက်ခြင်း ဖြစ်၍၊ သူနှင့် ထိုက်တန်စေသည်။ ထို့ကြောင့် သူကိုယ်တိုင် ဤကဲ့သို့ စာရေးခဲ့သည်၊ “ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်းကို ထောက်သော်၊ ယခုမျက် မှောက်ကာလ၌ ခံရသော ဆင်းရဲ ဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘော ရှိ၏။” (ရော ၈:၁၈) “ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းထက် အလွန်ကြီး မြတ်လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဘို့ ဖြစ်စေတတ်၏။” (၂ ကော ၄:၁၈) “သင်တို့သည် အထက်ကမြင်သည် အတိုင်း၊ ယခုလည်း ကြားသည် အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည် နည်းတူ၊ သင်တို့သည် ခံရကြသည် ဖြစ်၍၊ ခရစ်တော်ကို ယုံကြည်ခြင်း အခွင့်မှတပါး၊ ခရစ်တော် အတွက်ကြောင့် ဆင်းရဲ ခံခြင်း အခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ၏။” (ဖိလိ ၁:၂၉)ဟု ရေးခဲ့သည်။ 

များသောအားဖြင့် ကျေးဇူးတော် ခံစား မှသာလျှင်ဘုရားကို ချီးမွမ်းတတ်ကြသည်။ ဒုက္ခ ဆင်းရဲ ခံရသောအခါ ချီးမွမ်းနိုင်သူသည် အလွန် ရှားသည်။ အကြောင်းမှာ ဒုက္ခ ရောက်စဉ်ချီးမွမ်းနိုင်သူသည် ဝိညာဉ်ရေးရာ၌ ကြီးထွားရင့်ကျက်သောသူများ ကသာ လုပ်နိုင်သောအရာ ဖြစ်သည်။ ယုံကြည်သူ အများစုသည် ဝိညာဉ်ရေးရာ၌ ခလေး ဖြစ်ကြသောကြောင့် ကောင်းကြီးခံစား မှသာလျှင်ချီးမွမ်းနိုင်ကြခြင်း ဖြစ်သည်။ ​ကျွန်ပ်တို့၏ ဝိညာဉ်ပိုင်းအရွယ်ကို မည့်သည့်အရာအတွက် ကျေးဇူးတော် ချီးမွမ်းသနည်းဟူသောအရာ အားဖြင့် တိုင်းတာ၍ သိနိုင်သည်။ သင်သည် ရှင်ပေါလုရေး သကဲ့သို့ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းနိုင်ပြီလော။ သင်သည် ဘုရားသခင် ထံအဘယ် အရာအတွက် ချီးမွမ်းပါသနည်း။ 

ဆရာမောဇက်၏ 
ကျေးဇူးတော် ချီးမွမ်းခြင်း 

 

ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းသည် ​ကျွန်ပ်၏ တခုတည်းသော လုပ်ငန်းနှင့် အ မှုတော် ဆောင်ခြင်း၏ ရည်ရွယ်ချက် ဖြစ်သည်။ သင်းအုပ်ဆရာလုပ်ခြင်းသည် ​ကျွန်ပ် အတွက် မရည်ရွယ်သောအရာ ဖြစ်သည်။ သို့သော် လိုအပ်သောကြောင့် သင်းအုပ် ဆရာကို ၁၉၈၃ ခုနှစ်မှစ၍ ယခုနှစ်တိုင်အောင် နှစ်ပေါင်း၃၃ နှစ် ပြုလုပ် ရပါပြီ။ ​ကျွန်ပ်၏ အလိုဆန္ဒသည် ပျောက်ဆုံးဝိညာဉ် များကယ်တင်ခြင်းသို့ ရောက်နိုင်ဘို့ရန် ကူညီခြင်း ဖြစ်သည့်အတိုင်း၊ သင်းအုပ်ဆရာလုပ်ရင်းဖြင့်လည်း ထိုအရာကို အမြဲ ပြုလုပ် ပါသည်။ ​ကျွန်တော် တယောက် တည်းလုပ်လျှင်များများ မဖမ်းနိုင်သောကြောင့် အဖေါ် လိုအပ်ကြောင်း သိ၍ အမှုတော်ဆောင်များကို မွေးထုတ်ခြင်းကို ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁ ခုနှစ်များတွင် သုံးနှစ်ဆက်တိုက် တပတ်ကြာသင်တန်းများကို ပြုလုပ် ခဲ့ပါသည်။ သို့သော် အမှုတော်ဆောင်များ မထွက်လာနိုင်ပါ။ ၂၀၁၂ ခုနှစ်တွင် နား၍ ၂၀၁၃ ခုနှစ်တွင် ပြန်လည်စတင်သောအခါ အောင်မြင်မှု ရရှိလာခဲ့့ပါသည်။ ယခုအခါ အမှုတော်ဆောင်သစ်များအားဖြင့်သာသနာ ပြုခြင်းနှင့် အသင်းတော်များတည်ထောင်ခြင်းများပြုလုပ် နိုင်ခဲ့ပြီ။ ပဌမဦးဆုံး သာသနာ ပြုသော နေရာသည်၊ Indianapolis မြောက် ပိုင်းတွင် ဖြစ်၍ ဆရာနိင်လင်းမိသားစုအားဖြင့် ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည်။ သူတို့ မိသားစုကို၍ ညိင​ေညစေသူငျ မြန်မာ အသင်းတော် မှအိမ်ငှါး ခသာလျှင် ကူညီခဲ့၍ ပျောက်ဆုံးဝိညာဉ် များဖမ်းကာ ၂၀၁၅ ခုနှစ်တွင် အသင်းတော် အဖြစ်စတင်နိုင်ခဲ့သည်။ ယခုအခါ အသင်းသား၁၀၀ ကျော်ရှိသည်။ အမှုတော်ဆောင် ၃ ဦးလည်း ဆက်ကပ်နိုင်ပြီး ဖြစ်သည်။ 

၂၀၁၅ ခုနှစ်ပဌမ လတွင် သာသနာ ပြုဆရာဘွဲလျန်ကင်းကို Nashville, TN ၌ သာသနာ ပြုအဖြစ် ထားရှိခဲ့သည်။ ထိုမြို့ရှိ ယုံကြည်သူ ၅ အိမ်ထောင်မှစတင်ကာ ၂၀၁၅ လတွင် အသင်းတော် အဖြစ်စတင်နိုင်ခဲ့ပြီ။ ယခုအခါ ချင်း လူမျိုးများ ထံ၌သာ မက၊ ကယားလူမျိုးများလည်း ပါဝင်လာသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ တတိယ သာသနာ နယ်သည်New York State, Rochester  မြို့တွင် ဖြစ်၍ သာသ နာပြုဆရာဝေလျံမိသားစုအားဖြင့် စတင်ခဲ့သည်။ ၂၀၁၆ ခုနှစ်လတွင် အသင်းသား၂၀ ဦးဖြင့် အသင်းတော် အဖြစ်ရပ်တည်နိုင်ပြီ ဖြစ်သည်။ Indianapolis အနောက်ဖက် ပိုင်းတွင်လည်း၂၀၁၅ ခုနှစ်မှဆရာရှားတို့ မိသားစုကို စေလွှတ်ခဲ့ရာ ၂၀၁၆ ခုနှစ် ဇွန်လတွင် အသင်းသား၂၀ ခန့်ဖြင့် အသင်းတော် အဖြစ်ရပ်တည်နိုင်ခဲ့ပြီ ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လတွင် Indiana ပြည်နယ် Fort Wayne မြို့သို့ သာသနာ ပြုဆရာ ယောသပ်ခင်မောင်ထွေးတို့ လင်မယားကို Indianapolis မြန်မာ အသင်းတော် မှအိမ်ငှါး ခသာလျှင် ကူညီခဲ့၍ ပျောက်ဆုံးဝိညာဉ် များဖမ်းကာ ယခုအခါ ယုံကြည်သူ ၃၀ ခန့်ဖြင့်  ယခုလ ၁၃ ရက်နေ့တွင် အသင်းတော် အဖြစ်ရပ်တည်နိုင်ပြီ ဖြစ်သည်။ ၂၀၁၆ အောက်တိုဘာလဆန်းပိုင်း၌ ဆရာအား ဆာနှင့် ဆရာဂဋ္ဌန်ရီးရယ်တို့ နှစ်ယောက်ကို Kentucky ပြည်နယ် Bowling Green  မြို့သို့ သာသနာ ပြုအဖြစ် စေလွှတ်ခဲ့ရာ၊  ယခုအခါ ယုံကြည်သူ ခလေး လူကြီး၁၅မှ ၂၅ ခန့်အထိ ဝတ်ပြုစည်းဝေးနိုင်ပြီး ဖြစ်သည်။ 

ဤ သာသနာ ပြုများသည် ပျောက်ဆုံးသော ဝိညာဉ်များ၊ တနည်းအားဖြင့် ကယ်တင်ခြင်း စိတ်ချမှု မရှိသောသူများကို ကယ်တင်ခြင်း အကြောင်း ဝေငှ၊ သင်ကြား ပေးခြင်းအားဖြင့် စတင်ခြင်း ဖြစ်သည်။ ငွေးကျေး၊ လောကအရာ ဖြစ်သော လူမှုရေး ကူညီခြင်း၊ လူမျိုးရေးအားဖြင့်သာသနာ ပြုကြသောသူများ မဟုတ်ချေ။ ထောက်ပံ့ ကျေးများလည်းများများ ရရှိသူများ မဟုတ်ချေ။ အများဆုံး ရရှိသူများ သည် တလလျှင် ဒေါ်လာ ၁၀၀၀ သာလျှင် ရရှိ ကြသည်။ အဘယ်ကြောင့် ထိုကဲ့သို့ သာသနာ ပြုနိုင်သနည်းဟူမူကား ဝိညာဉ်များကို ချစ်ခြင်း၊ ဂရုစိုက်ခြင်း၊ အားဖြင့်သာလျှင် ဖြစ်သည်။ လူများ၊ အသင်းတော်များကဂရုမစိုက်သောသူများ၊ အရက်သေစာ၌ ​ကျွန် ဖြစ်သောသူများ၊ ဖဲလောင်းကစား ပြုလုပ်သောသူများ၊ကို ဂရုစိုက်ဟောပြောခြင်းအားဖြင့် ပြောင်းလဲ သူများ ဖြစ်ကြသည်။ ခရစ်တော်နှင့် တမန်တော်များ၏ ​ခြေရာကို လိုက်၍ ပျောက်ဆုံးဝိညာဉ်များကို ဖမ်းခြင်းအားဖြင့် အလုပ်လုပ် ကြသည်။ ဤ သာသနာပြုလုပ် ငန်း၌ အစည်းအဝေးများများ မထိုင်ရပါ။ အလှူငွေများကိုလည်း အထူး တလည်မကောက်ကြပါ။ အသင်းတော်များက သူတို့ တတ်နိုင်သလောက်ပါဝင်ခြင်းနှင့် ယုံကြည်သူများ၏ ဆုတောင်းခြင်း၊ ပေးလှူခြင်းအားဖြင့် လှုပ်ရှားခြင်း ဖြစ်သည်။ တနင်္နွေနေ့၌ သာ တရားဟောခြင်း မျိုး မဟုတ်ဘဲ၊ နေ့တိုင်း ဆုတောင်းခြင်း၊ တအိမ် တက်ဆင်း သက်သေခံခြင်း၊ သင်တန်းပေးခြင်းအားဖြင့် ပြုလုပ်သောအရာ ဖြစ်သည်။ သင်လည်း ကိုယ်တိုင် အမှုတော်ဆောင်ခြင်း၊ ပေးလှူခြင်း၊ ဆုတောင်း ပေးခြင်း၊ နေရာ ထိုင်ခင်းပေးခြင်း၊ အားပေးခြင်းဖြင့် ပါဝင်နိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။ 

 

တတိယကမ္ဘာစစ်

 

ကိုယ့်ကိစ္စ၊ ကိုယ်ပြသနာနှင့် ဗျာများ နေချိန်တွင် တတိယကမ္ဘာစစ် ဖြစ်နိုင်ကြောင်း သတင်း ပေးလိုပါသည်။ ကျမ်းစာ၌ ခရစ်တော်က သူကြွလာခါနီးကြောင်း နိ မိတ်လက္ခဏာ တခုအဖြစ် ဤသို့ ပြောဆို သွားပါသည်၊ “သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်း စကားကို၎င်း ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ် တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှု အရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။ လူတမျိုးနှင့် တမျိုးတနိုင်ငံနှင့် တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။” (မ ၂၄:၆ -ရ)။ လူအများစုစိတ်ထဲ၌ စစ်သည် တိုင်း နိင်ငံ များစွာ၌ တချိန်လုံးတိုက် နေကြသည် မဟုတ်လော ဟုဆိုနိုင်သည်။ မှန်ပါသည်၊ တိုင်း နိင်ငံ များစွာ၌ အမြဲလိုလိုစစ်တိုက်ကြပါသည်။ သို့သော် ယခုစစ်ပွဲသည် ထိုးခြား၍ လှစ်လှုိရှု၍ မရသော စစ်ပွဲ ဖြစ်သည်။ 
 
ပဌမ ကမ္ဘာစစ်ပွဲ

စစ်ပွဲ များစွာ တိုက်ခဲ့ကြသော်လည်း ပဌမ ကမ္ဘာ့ စစ်သည် လွန်ခဲ့သော အနှစ် ၁၀၀၌ ဖြစ်ခဲ့သည်။ ၁၉၁၄ ဇူလိုင်လ ၂၈မှ ၁၉၁၈ နိုဝဘ်ာလ ၂၈ အတွင်း တိုက်ခိုက် ခဲ့ ကြသည်။ ထိုစစ်ပွဲသည် အဓိကဥရောပ၌ တိုက် ကြသည်။ မဟာမိတ်ဘက်၌ ပြင်သစ်၊ ဗြိတိသျှအင်ပိုင်ယာ ( မြန်မာနှင့် အိန္ဒိယအပါအဝင်)၊ ရုရှား၊ ဂျပန်၊ အီတလီ၊ အမေရိကန်များပါဝင်၍၊ တဘက်၌ ဂျာမဏီ၊ ဩစထေးယား၊ ဟန်ဂရီ၊ အော်တိုမင်အင်ပိုင်ယာ ( ယခုခေတ် တူရကီ) နိင်ငံများ ပါဝင်သည်။ ထိုစစ်ပွဲကြောင့်စစ်သား၁၀ သန်းခန့် သေ ဆုံး၍၊ ုု သန်း၂၀ ခန့်ဒဏ်ရာရကာ၊ ရသန်းကျော်ပျောက်ဆုံးသည်။ 
 
ဒုတိယကမ္ဘာစစ်ပွဲ

ဒုတိယကမ္ဘာစစ်သည် ၁၉၃၉ စက်တဘ်ာလ ၁ ရက်နေ့မှ ၁၉၄၅ စက်တဘ်ာ လ ၂ နေ့အထိ ၆ နှစ်ကြာသည်။ စစ်သားနှင့် အရပ်သား စုစုပေါင်း သန်းပေါင်းရဝ ကျော်သေဆုံး ကြသည်။ ဝင်ရိုးတန်းနိင်ငံများ ဘက်မှ ဂျာမဏီ၊ အီတလီ၊ ဂျပန်များ ပါ ဝင်၍၊ မဟာမိတ်ဘက်မှဂရိတ်ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊နှင့် အခြားနိင်ငံများ ပါဝင် ကြသည်။ ဒုတိယကမ္ဘာစစ်သည် ပဌမ ကမ္ဘာစစ်ထက် ပို၍ ကျယ်ပြန့် ကာ၊ သေကျေ ပျက်စီးမှုလည်း ကမ္ဘာ့ သမိုင်း၌ အများဆုံး ဖြစ်သည်။ ထိုစစ်ပွဲ၌ ​ကျွန်ပ်မိဘများလည်း၊ ဂျပန်စစ် ဟုဆိုကာ စစ်ပြေးရ ကြသည်။ ​ကျွန်တော်သည် ထိုစစ်ပွဲအပြီး၈ နှစ် မှာမွေးခဲ့သည်။ ထို့ကြောင့် ဒုတိယကမ္ဘာစစ်သည် ​ကျွန်ပ်တို့နှင့် သိပ်မဝေးခဲ့ချေ။ 
 
တတိယကမ္ဘာစစ်ပွဲ

ယခုအခါ တတိယကမ္ဘာစစ် ဖြစ်ဘို့ မီးမွှေးနေပြီ ဖြစ်သည်။ အကယ်၍ ဤစစ် ဖြစ်ပွားပါက တကမ္ဘာလုံးပြာကျသွားနိုင်သည့်အ​ခြေအနေရှိသည်။ အကြောင်းမှာ အနုမြူ လက်နက်များ၊ ဓါတုဗေဒလက်နက်များ၊ ဖျက်ဆီးအား ကောင်းသော လက်နက်များ အသုံးပြုမည် ဖြစ်သည်။ ထို့ကြောင့် အလွန် စိုးရိမ်စရာ ရှိသည်။ များစွာသောသူများက ချီဆောင်ခြင်းသော်၎င်း၊ ထိုစစ်ပွဲသော်၎င်းမ ဖြစ်သေး၊ ပြောခဲ့၊ ကြားခဲ့သည် မှာကြာ ပြီ ဟုဆို ကြသည်။ သို့သော် ချီဆောင်ခြင်းနှင့် အနာဂတ်စစ်ပွဲများသည် ချက်ချင်း ဖြစ်ပွား၍ ကြာမည် မဟုတ်။ အချို့ သူများသည် စစ် ဖြစ်ခြင်း ပင် မသိမှ ီအသေကောင် ဖြစ်သွားကြပါလိမ့်မည်။ ယခင်စစ်ပွဲများ ကဲ့သို့ နှစ်ရှည်လများ ကြာကြာတိုက်မည် မထင်ပါ။ ထို့ကြောင့် ထိုစစ်ပွဲများ မှလွတ်ဘို့ရန် လိုအပ်သည်။ လွတ်နိုင်မည့် နည်းလည်းသည် ချီဆောင်ခြင်း၌ ပါဝင်မှသာလျှင်ဖြစ်မည်။  
 
နောက်ခံသမိုင်း

ဒုတိယကမ္ဘာစစ်အပြီးမှစ၍ အနောက်တိုင်း နိင်ငံများသည် နှစ်အုပ်စုဖြင့် အုပ်စု ဖွဲ့ ကြသည်။ ဆိုဗိယက်ယူနီယံ ဦးဆောင်သော ဝါဆောအဖွဲ့ (Warsaw Pact) )တွင် ကွန် မြူနစ်နိင်ငံများ ဖြစ်သော ှသလငနအ Uညငသညယ ဗူဘ​ေညငယေ ဏသူညေိယ Rသာ​ညေငယေံကညါမပေယ န​အြှေနမာ​ညေပယ ဃဖနခ့သျူသလ​ေုင​ေ ​ေညိ ကြူါမေင​ေ ပါဝင်သည်။ အခြားတဖွဲ့သည် နေတိုးဟု ခေါ်၍ အရင်းရှင်နိင်ငံများ ဖြစ်သော အောက်ပါနိင်ငံများ ပါဝင်သည်။ွနူါငကာယ ဃ​ညေေိယေီနညာမေုယျမ​ညေခနယ၍ ခနူ​ညေိယ၍ အေူပယူကထနာဘသကမါယ အ့နွနအ့နမူ​ညေိယြဩမတပယေ ဏသမအကါေူယ ဤ့န Uညငအနိုငညိါသာ ​ညေိ အ့န Uညငအနှိအအနြေ၏၍ ည၁၉၅၂ှမနနခန ​ညေိ ဤကမုနပ ဘနခောနာနာဘနမယြြှနအြှနမာ​ညေပ ငည ၁၉၅၅ ​ညှေိစ​ငေည ငည ၁၉၈၂၏ 
 ဤနှစ်ဖွဲ့သည် အစဉ်သဖြင့် ရန်ဆောင်ယှဉ်ပြိုင် နေကြရာ ထိုအရာကို စစ် အေးတိုက်ပွဲ (ဃသူိ ျွှမေ)ဟု ခေါ်သည်။ ၁၉၈၉ ခုနှစ်တွင် ကွန်မြူနစ်နိင်ငံများ အာဏာ ပြိုကွဲ၍ အရင်းရှင်နိင်ငံများ ဖြစ်လာကြရာ၊ စစ်အေးတိုက်ပွဲလည်း ကုန်ဆုံးခဲ့သည်။ ဝါဆော အဖွဲ့လည်း၁၉၉၁ ခုနှစ်တွင် ဖျက်လိုက်ပြီးရုရှားတနိင်ငံတည်း သာကျန်ရစ် ခဲ့သည်။ ကျန်နိင်ငံများသည် နေတိုးအုပ်စု၌ ပါဝင်သွား ကြသည်။ သို့သော် ယခုအခါ စစ်အေးတိုက်ပွဲပြန်လည်စတင်နေပြီ။ 
 
Crimea  အရေးအခင်း

ရုရှားလူမျိုးအများစုနေထိုင်သော Crimea  ​ကျွန်းဆွယ်သည် Ukraine  နိင်ငံ၏ ပြည်နယ် တခု ဖြစ်ခဲ့သည်။ သို့သော် ၂၀၁၄ ခုနှစ်အစောပိုင်းတွင် Crimea  ​ကျွန်းဆွယ်ကို ရုရှားက သိမ်းပိုက် လိုက်သည်။ ထိုအရာကို Ukraine  နိင်ငံနှင့် အ နောက်အုပ်စုကကန့်ကွက် ကြသည်။ ထို့ကြောင့် ရုရှားခေါင်းဆောင်များကို အနောက် အုပ်စုကစီးပွားရေးပိတ်စို့ ကြသည်။ ထိုအချိန် မှစ၍ ရုရှားနှင့် အမေရိကန် ဦးဆောင်သော အနောက်အုပ်စုတို့၏ ဆက်ဆံရေးသည် တင်းမာလာ ကြသည်။ 
 
Edward Snowden  အရေးအခင်း

၂၀၁၃ ဇူလိုင်လတွင် Edward Snowden  ကအမေရိကန်အစိုးရ၏ လှုိ့ဝှက် စာမြောက် များစွာကို ခိုး၍ ဖြန့်ခြင်းကြောင့် သူ့ကို အစိုးရကဖမ်းချင်သည်။ သို့သော် ရုရှားနိင်ငံက ယခုတိုင်အောင် နိင်ငံရေးခိုလှုံခွင့်ပေးသောကြောင့် နှစ်နိင်ငံဆက်ဆံရေးထိခိုက်စေသည်။  
 
Syria အရေးအခင်း

ဆီးရီးယားသည် မူစလင်နိင်ငံ ဖြစ်၍ တောင်ဘက်တွင် အစ္စရေးနှင့် ဂျော်ဒန်၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် အီရတ်နိင်ငံ၊ မြောက်ဘက်တွင် တူရကီနိင်ငံ၊ အနောက်ဖက်တွင် လေဗနုန်နိင်ငံနှင့် မြေထဲပင်လယ်ရှိသည်။ သမ္မတအာဆဒ်ကအုပ် စိုး၍ သူသည် ရှေအာမူစလင် ဖြစ်သည်။ နိငံသား အများစုသည် ဆူနီမူစလင် ဖြစ်ကြသည်။ ၂၀၁၁ ခုနှစ်မှစ၍ နိင်ငံသားများကအစိုးရကို ဆန္ဒပြ၍ မပြီး ဆုံးနိင်ဘဲ ပြည်တွင်း စစ် ဖြစ်ကာ ယခုတိုင်အောင် မပြီး ပြတ်နိုင်သေးချေ။ အမေရိကန်နှင့် အနောက်အုပ်စု ကအာဆဒ်အစိုးရကို ဖြုတ်ချင်၍ အတိုက်အခံများကို ကူညီထောက်ပံ့နေသည်။ ရုရှား ကအာဆဒ်အစိုးရတည်မြဲဘို့ ထောက်ခံတိုက်ခိုက် ပေးသည်။ ရုရှား စစ်လေယဉ်များက ဆီးရီးယားဒုတိယမြို့အလက်ပိုကို ဗုံးကျ​ဲခြင်းကြောင့် အရပ်သားများသေဆုံးခြင်းနှင့် ပတ်သက်၍ အမေရိကန်က ရုရှားနှင့် ဆွေးနွေးညိှနှိုင်းခြင်းများကို မပြုလုပ် တော့ချေ။ ထို့အပြင် ရုရှားနိင်ငံအနီးနိင်ငံများ၌ စစ်လက်နက်နှင့် စစ်သားများတိုး၍ ချသောကြောင့် ရုရှားကအမေရိကန်သည် လက်ဦးပြီး သူတို့ကို တိုက်မည်ဟု ယူဆကာစစ်လေ့ ကျင့်မှုများ အကြီးအကျယ် ပြုလုပ် နေကြသည်။ ၂၀၁၆ အောက်တိုဘာလ ၄ ရက် နေ့တွင်၊ လူသန်းပေါင်း၄၀ ပါဝင်သော အနုမြူဗုံးတိုက်ပွဲ စစ်လေ့ကျင့်ခြင်းကို ရုရှား နိင်ငံ၌ ပြုလုပ် ခဲ့ ကြသည်။ ထိုကြောင့် အချိန်မရွေး တတိယကမ္ဘာစစ် ဖြစ်နိုင်သည်။ 

ကျမ်းစာ အရ

“ဒုတိယတံဆိပ်ကို ဖွင့်သောအခါ၊ ဒုတိယသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ မြင်းနီတစီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးက ရုပ်သိမ်းခြင်း ငှါ၎င်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်း ငှါ၎င်း၊ အခွင့်ရ၏။ သူ၌ ထားကြီးကို ပေးတော်မူ၏။ စတုတ္တတံဆိပ်ကို ဖွင့်သောအခါ၊ စတုတ္တသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင်၊ မြင်းမဲွတစီးရှိ၏။ မြင်းစီးသောသူသည် မရဏာဟူသော အမည်ရှိ၏။ မရဏာနိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစိတ်ကို အစိုးရ၍ ထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ နာ၍ သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သော အခွင့်ကို ရ၏။” (ဗျာ ၆:၃-၄၊ ရ- ၈)။ 

ချီဆောင်ခြင်း 

ထိုစစ်ပွဲများ မတိုင်မှီ ယုံကြည်သူများကို ကောင်းကင်သို့ ချီဆောင်ခြင်း ဖြစ်နိုင်သည်။ အကြောင်းမူကား၊ “အမျက်တော်ကို ခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည် မဟုတ်။ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ခံရစေခြင်းငှါ ခန့်ထားတော်မူ၏။” (၁ သက် ၅:၉)။ ထို့ကြောင့် ချီဆောင်ခြင်း၌ ပါဝင်ဘို့ လိုသည်။ ချီဆောင်ခြင်း၌ ပါဝင်နိုင်ရန် မှာဘုရား၏သား ဖြစ်ဘို့ လိုသည်။ ဘုရားသား ဖြစ်ရန် ဝိညာဉ်အားဖြင့် ဒုတိယမွေးဘို့ လိုသည်။ တနည်းအားဖြင့် ကယ်တင်ခြင်း စိတ်ချဘို့ လိုသည်။ ခရစ်တော်၏ ဝိညာဉ် သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော် ရရှိဘို့ လိုသည်။ 

 


 ကယ်တင်ခြင်း 

မိတ်ဆွေ သေလျှင် ဘယ်နေရာသို့ ရောက်မည်နည်း။ ကောင်းကင်နှင့် ငရဲရှိ ရာမည်သည့်နေရာသို့ ရောက်မည်ကို၊ လေးနက်စွာ စဉ်းစားဘူးပါသလား။ လူအများစုသည် သေပြီး နောက်သွားမည့် နေရာကို လုံးဝ မစဉ်းစားကြချေ။ ထို့ကြောင့် ပြင်ဆင် မှုလည်း မလုပ်ကြ။ ထိုသို့ မစဉ်းစားမ ပြင်ဆင်သော်လည်း၊ တမလွန်ဘဝသည် ကျော် လွှားနိင်မည် မဟုတ်ချေ။ မပြင်ဆင် ထားသောသူများအတွက် ငရဲသည် သူတို့၏ နေရာ ဖြစ်သည်။ အချို့သောသူများ ကသေပြီး နောက်သွားမည့် နေရာကို ကြိုတင် မသိနိုင်ဟု ယူဆကြသည်။ သို့သော် လောက ခရီး သွားလျှင် သွားမည့် နေရာကို ကြိုတင် သိရ သကဲ့သို့၊ တမလွန်၌ သွားမည့် နေရာကို ကြိုသိနိုင်သည်။ လူ့အစွမ်း၊ လူ့ပညာနှင့် မသိနိုင်သော်လည်း၊ ဖန်ဆင်းရှင် ဘုရားသခင်က လူများ၏ သွားမည့် နေရာကို ဖေါ် ပြထားသည်။ ထိုအရာကို မိတ်ဆွေ သိစေလို ပါသည်။ 

အမေရိကန်နိင်ငံဝင်ရောက်နိင်ဘို့သည် မြန်မာနိင်ငံသား အများစုအတွက် လုံးဝ မဖြစ်နိုင်ချေ။ အဓိကအခက်အခဲများမှာ ငွေကျေး မတတ်နိုင်ခြင်း၊ စကား မသိ မပြောတတ်ခြင်း၊ ပညာနှင့် စာမတတ်ခြင်းများအပြင် အခက်ဆုံးသည် ပြည် ဝင်ခွင့် ဗီဆာရရှိဘို့ရန် လုံးဝ မလွယ်ကူပါ။ ပညာတတ်၊ ငွေ​ကြေးရှိ၍၊ အင်္လိပ်စကား တတ်သော်လည်း အမေရိကန်မရောက်နိုင် သူ များစွာ ရှိသည်။ သို့သော် ယူအင်မှပွဲစား လုပ်ပေးလိုက်သောအခါ၊ မြန်မာနိင်ငံသား မြောက် များစွာ ရောက်ရှိလာနိုင်သည်။ တယောက်၊ တအိမ်ထောင်ထဲသာမက၊ သောင်းနှင့် ချီ၍ ရောက်ရှိလာနိုင် ကြသည်။ အကြောင်းရင်းမှာ အိမ်ရှင်နိင်ငံကသနားခြင်းကြောင့် ဖြစ်သည်။ ထို့နည်းတူ ကောင်းကင်နိင်ငံရောက်ဘို့ အရေးသည် လူ့နည်းလူ့ဟန်ဖြင့် ကြိုးစားပါက လုံးဝ မဖြစ်နိုင်ပါ။ 

 “ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ၏။ ၂၄ တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ၂၅ ထို သူတို့သည် ကြားလျှင် အလွန် မိန်းမော တွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆို ကြ၏။ ၂၆ ယေရှုသည်လည်း၊ သူတို့ကို ကြည့်ရှု၍ ဤအမှုကို လူမ တတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။” (မ ၁၉:၂၃-၂၆)။ 

အဘယ်ကြောင့်ငွေရတတ်သောသူသည် ကောင်းကင်သို့ ဝင်ခဲသနည်းဟူ မူကား၊ ကောင်းကင် ဝင်ဘို့ အရေးထက် သူတို့၏ ငွေကို စိတ်စွဲလမ်းသောကြောင့် ဖြစ်သည်။ သို့ဖြစ်လျှင် ဆင်းရဲသား များသည် ကောင်းကင်သို့ ဝင်လွယ်သလော။ ဆင်းရဲသား များလည်း ကောင်းကင်ထက် မြေကြီး အရာကို စွဲလမ်းလျှင် မလွယ်ကူပါ။ သို့ဖြစ်လျှင် မည်သူတို့ ဝင်နိုင်မည်နည်း။ ကောင်းကင် ဝင်ဘို့သည် လူ့အားဖြင့် လုံးဝ မဖြစ်နိုင်ပါ။ လူ့၏ ကြိုးစားမှုဖြင့် ဝင်ဘို့ ကြိုးစား ပါက၊ ကုလားအုပ်အပ်နဖား၌ လျှုိလျှင် ပို၍ လွယ် လိမ့်မည်။ ကုလားအုပ်သည် အပ်နဖား၌ မည်သို့ မျှမဝင်နိုင်ပါ။ သို့သော် ဘုရားသခင်က တတ်နိုင်သည်။ လူသည် ကောင်းကင်သို့ မဝင်နိုင်ခြင်းသည် အပြစ်ကြောင့် ဖြစ်သည်။ ဘုရားသခင်နှင့် ကောင်းကင်နိင်ငံသည် လုံးဝ အပြစ် မရှိပါ။ အပြစ်ရှိသော လူသားများကောင်းကင် ဝင်နိင်ဘို့ရန် အပြစ်ကင်းဘို့ လိုသည်။ ထိုအပြစ်သည် လူလူချင်း အပေါ်ပြစ်မှားခြင်းထက် ဘုရား အပေါ်ပြစ်မှားခြင်း ကအရေးကြီးသည်။ လူသည် မွေး ကတည်း ကဘုရား အပေါ်ပြစ်မှားပြီးသားနှင့် မွေးသည်။ ကျမ်းစာက၊ “အ​ကျွန်ုပ်သည် မွေးစကပင်အပြစ် ပါလျက် ရှိပါ၏၊၊ အမိဝမ်းထဲမှာပဋ္ဋိသန္ဓေယူစဉ်ပင်အပြစ် စွဲပါ၏၊၊ ” 
 (ဆာ ၅၁:၅) ဟုဆိုထားသည်။ ထိုသို့ မွေးကတည်းက အပြစ် ပါသောကြောင့် ဘုရား စကား နားမထောင်ကိုယ်ကြိုက်သလိုအသက်ရှင် ကြသည်။ “ငါတို့ ရှိသမျှသည် သိုး ကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည်၊ ” (ဟေရှာယ ၅၃ ; ၆)။ ထိုသို့ ဘုရားကို ဂရုမစိုက်ကိုယ်ကြိုက်သလိုအသက်ရှင်သော်လည်း ကိုယ့်အပြစ်ကို မသိကြချေ။

တဖန်၊ “ထာဝရဘုရားကို စွန့်ကြပြီ၊၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ၊၊ ကျောခိုင်း၍ ခွာသွားကြပြီ၊၊ ” (ဟေရှာယ ၁:၄)။ ​ကျွန်ပ်တို့သည် ဘုရားသခင်ကို ကျောခိုင်း၍ ကိုယ်လုပ်ချင်သောအရာကိုသာ လုပ် နေကြသည် မဟုတ်လော။ “သားသည် အဘကို ရိုသေတတ်၏။ ​ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင် ငါ့ကို အဘယ်သူ ရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ်သူ ကြောက်ရံွ့သနည်းဟု ကောင်းကင်ဗိုလ်​ခြေ အရှင် ထာဝရဘုရားသည် နာမတော်ကို မထိမဲ့မြင် ပြုသော ယဇ်ပုရောဟိတ်တို့ ကိုအား မေးတော်မူ၏။” 
 (မာလခိ ၁:၆)။ ရှေးကယဇ်ပုရောဟိတ် များကဲ့သို့ ​ကျွန်ပ်တို့လည်း ဘုရားကို ရိုကြောက် ရွံ့ခြင်း မရှိကြသည် မဟုတ်လော။ ဘုရားကို ကိုးကွယ်သော်လည်း မည်ကဲ့သို့ ကိုးကွယ် ကြသနည်း။ ဘုရားသခင်က၊ “ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏၊၊ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကို ကြောက်ရွံ့ကြ၏။” (ဟေရှာယ ၂၉:၁၃) ဟုဆိုခဲ့သည်။ ထိုအရာကို ခရစ်တော်က ဤကဲ့သို့ ကူးကားသည်၊ “ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက် ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏။” (မ ၁၅ ; ရ- ၉) ယနေ့ ဘုရားကိုးကွယ်ကြသော်လည်း ပါးစပ်ကသာလျှင် ဖြစ်၍ စိတ်မပါကြောင်း ဘုရားကသိနေသည်။ ထို့ကြောင့် အချည်းနှီးကိုးကွယ် ကြသည်။ လူလူချင်း ကျေနပ်ဘို့၊ အားကိုး ဘို့ကိုးကွယ် နေကြသည် မဟုတ်လော။ 
ထိုမျှလောက်အပြစ်ရှိသော်လည်း လူသားများကို ချစ်၍၊ “ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်တင်တော်မူ၏၊၊ ” (ဟေရှာယ ၅၃:၆)။ သူဟူသောအရာသည် သခင်ယေရှုကို ဆိုလိုသည်။ ကျမ်းစာက၊ “နက်ဖြန် နေ့၌ ယေရှု ကြွလာတော်မူသည်ကို ယောဟန်သည် မြင်လျှင်၊ ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။” (ယော ၁:၂၉) ဟုဆိုခဲ့သည်။ ထို့ကြောင့် သခင်ယေရှုသည် သင်၏ အပြစ်များကို ယူတင်ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ ပေါလုကလည်း၊ “အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ​ဖြောင့် မတ်သောသူ ဖြစ်မည်အကြောင်း တည်း။” (၂ ကော ၅:၂၁) ဟုဆိုခဲ့သည်။ လူသည် ဘုရားသခင် ရှေ့၌ ပညတ်တော် လိုက်လျှောက်ခြင်း၊ ဘုရားတရား ကြိုးစားခြင်းဖြင့် မ​ဖြောင့်မတ်နိင်ပါ။ လူရှေ့မှာ ​ဖြောင့်မတ်နိုင်သော်လည်း၊ ဘုရားရှေ့မှာ မ​ဖြောင့်မတ် နိုင်ပါ။ သို့သော် ငါတို့ ​ဖြောင့်မတ်နိုင်ရန် ဘုရားသခင်သည်၊ သားတော် ယေရှုကို အပြစ်သား ဖြစ်စေပြီ။ သူ၏ ​ဖြောင့်မတ်ခြင်းကို ငါတို့ အားပေးလိုက်ပြီ ဖြစ်သည်။

 “အစအဦး၌ သခင်ဘုရား ဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသော သူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်း တရားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ အပြစ် ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။” (ဟေ ၂:၃) 

 “ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည် တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့။ (ဟေ ၃:၁၂) 
 “ငါတို့သည် ဝမ်းမြောက်စရာ သိတင်းကို ထို သူတို့ ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူတို့ ကြားရသော တရားစကားသည်၊ ကြားရသော သူတို့ အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကို မပေး။” (ဟေ ၄:၂) 

နှစ်ယောက်ထဲမှတယောက် သိမ်း (မ ၂၄:၃ရ- ၄၄) 

 “လူသားသည် ကြွ လာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ၃၈ ရေလွှမ်းမိုးခြင်း မဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သော နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြား စုံဘက်လျက် နေ၍၊ ၃၉ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့နေ ကြသည် နည်းတူ၊ လူသား ကြွ လာသောအခါ ၌ ဖြစ်လိမ့်မည်။ ၄၀ ထိုအခါ လယ်၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။ ၄၁ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍၊ တယောက် မူကား နေရစ်ရလတံ့။ ၄၂ သင်တို့ အရှင်သည် အဘယ်အချိန် နာရီ၌ ရောက်လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။ ၄၃ သူခိုးလာမည်အချိန် နာရီကို အိမ်ရှင် သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်မည်ကို သင်တို့ သိကြ၏။ ၄၄ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သောအချိန် နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” 

အထက်ပါ ကျမ်းပိုဒ်သည် အငြင်းအခုံများသောအရာ ဖြစ်သည်။ အထက်ပါ ကျမ်းပိုဒ်သည် ချီဆောင်ခြင်းကို ဆိုလိုသလော၊ ဒုတိယအကြိမ် ကြွလာမှ ဖြစ်မည့် အရာကို ဆိုလိုသလော။ အချို့သောသူများက ဒုတိယအကြိမ် ကြွလာခြင်း၌ ဖြစ်မည့် အရာဟု ယူဆ သူများရှိကြသည်။ အကြောင်းမှာ မ၂၄သည် ဘေးဒဏ်ကြီးကာလ အတွက် ဖြစ်သည်၊ ဣသရေလ လူများအတွက် သတိပေးခြင်း ဖြစ်သည်ဟု ယူသောကြောင့် ဖြစ်သည်။ မှန်ပါသည် အငယ် ၁၅-၃၁ အထိသည် ဘေးဒဏ်ကြီး ကာလကို ပြောခြင်း ဖြစ်သည်။ သို့သော် အထက်ကျမ်းပိုဒ်များ၌ ဖေါ်ပြသောအရာသည် ဘေးဒဏ်ကြီး ကာလ၌ မဖြစ်နိင်ချေ။

အကြောင်းရင်းများမှာ၊ 

၁။ လူများသည် နောဧခေတ်၌ ကဲ့သို့ စားသောက်လျက် ထိမ်းမြာစုံဘက်လျက် နေ၍၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့ နေကြသည်၊ ဟုဆိုသည်။ ဘေးဒဏ်ကြီး ကာလ၊ အထူးသဖြင့် ဒုတိယပိုင်းသုံးနှစ်ခွဲ၌ ဘုရား၏ အမျက်တော်လောင်းသည်သာမက၊ စာတန်သည်လည်း မိမိအချိန် တိုတောင်းသည်ကို သိသောကြောင့် လောက ကြီး၌ အလွန်သောင်း ကြမ်းမည် ဖြစ်သည်။ ဤအချိန်၌ နဖူးနှင့် လက်ျာလက်၌ တံဆိပ်မခတ်သောသူများ၊ လည်ပင်းဖြတ်ခံမည့်အချိန် ဖြစ်မည်။ မည်သူမျှတရားမဟောနိုင်တော့သောကြောင့် ကောင်းကင်တမန်က တရားဟောမည့်အချိန် ဖြစ်သည် (ဗျာ ၁၄:၆)။ ထိုအချိန််တွင် မည်ကဲ့သို့ လက်ထပ်နိုင်မည်နည်း။ လုကာ ၁ရး၂၈၌၊ “လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသ ကဲ့သို့” ဟုဆိုသေးသည်။ ဘေးဒဏ်ကြီး ကာလ၌ မည်ကဲ့သို့ ရောင်းဝယ်လျက်၊ စိုက် ပျိုးလျက်၊ အိမ်ဆောက်လျက် နေနိုင်ကြမည်နည်း။ ထိုအရာများသည် ချီဆောင်ခြင်း မတိုင်မှီ ယခုအချိန်ကို ဆိုလိုခြင်း ဖြစ်သည်။

၂။ “ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့ နေကြသည် နည်းတူ၊ လူသား ကြွ လာသောအခါ ၌ ဖြစ်လိမ့်မည်။” နောဧခေတ်၌ နောဧ၏ ဟောပြောခြင်းအားဖြင့် ရေလွ$မ်းမိုးမည့် အကြောင်းကို သိကြသော်လည်း ဂရုမစိုက်အေးအေး ဆေးဆေး နေ၍ သတိမဲ့ နေကြသည်။ အကြောင်းမှာ သူတို့ ကြားသောအရာကို မယုံကြည် ကြသောကြောင့် ဖြစ်သည်။ ယခုခေတ် လူသားများလည်း ချီဆောင်ခြင်းနှင့် ဘေးဒဏ်ကြီးကာလ ရောက်မည့် အရာကို ကြားနေ ကြသော်လည်း မယုံကြည်၊ ဂရုမစိုက်၊ သတိမဲ့ နေကြသည်။ ဘေးဒဏ်ကြီး ကာလ၌ မည်သူမျှ ထိုကဲ့သို့ သတိမဲ့ကြမည် မဟုတ်။ ဒုက္ခ ဆင်းရဲခြင်းကြောင့် သခင်ယေရှုလာ မည့် အရာကိုသာလျှင် တမ်းတ မျှော်လင့်ကြမည် ဖြစ်သည်။ နိင်ငံတော် တည်ထောင် ပါစေသော်ဟု ဆုတောင်း နေကြမည် ဖြစ်သည်။ 

၃။ “တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။” ဟူသောအရာသည် ချီဆောင်ခြင်း၌ တကယ် ဖြစ်ပျက်မည့် အရာ ဖြစ်သည်။ ဒုတိယ မွေးဘွား သောသူ၊ ဘုရား သားသမီး များသိမ်းယူ၍ ကောင်းကင်သို့ ခေါ်ဆောင်သွားမည်။ အမည်ခံ ခရစ်ယာန်များနှင့် အခြားဘုရားကိုးကွယ်သောသူများသည် မြေကြီး ပေါ်၌ ကျန် ရစ်မည် ဖြစ်သည်။ ခရစ်တော်က မဿဲ ၂၄ ၌ မဖေါ်ပြ လျှင်လည်း ထိုကဲ့သို့ဖြစ်ပျက်မည် ဖြစ်သည်။ 

၄။ “သင်တို့ အရှင်သည် အဘယ်အချိန် နာရီ၌ ရောက်လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။” ဘေးဒဏ်ကြီး ကာလ၌ ရှိကြသောသူများ အနေဖြင့် ခရစ်တော် လာမည့် နေ့ကို မသိရသော်လည်း၊ အနီးဆုံးသိနိုင်သည်။ အကြောင်းမှာ ချီဆောင်ခြင်း အပြီး၌ ခုနှစ်နှစ်ကြာမည်ဟု သိနိုင်သည်။ ထို့ကြောင့် အထက်ပါ ကျမ်းပိုဒ်သည် ဒုတိယကြွလာခြင်း မဟုတ်ဘဲ ချီဆောင်ခြင်း အချိန်ကို ဖေါ်ပြခြင်း ဖြစ်မည်။ 

၅။ ကျမ်းစာ အနက်ဖွင့်သောအခါ ဝါကျ (ဃသညအနထအ)ကို ကြည့်ဘို့ လိုတတ်သော်လည်း၊ တခါတရံဝါကျကို ကြည့်၍ မရသော အချိန်လည်းရှိတတ်သည်။ ဥပမာ၊ ဟေရှာယ ၉:၆၌၊ “အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူ လိမ့်မည်။” ဟူသောအရာ၌ ခရစ်တော်၏ ပဌမနှင့် ဒုတိယကြွလာခြင်းကို ဝါကျ တခုတည်း၌ ရေးထားသည်။ “ငါတို့အဘ ို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။” ဟူသောအရာသည် ပဌမ ကြွလာခြင်းကို ဆိုလိုသော်လည်း၊ “ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။” ဟူသောအရာသည် ဤလောကကို အုပ်စိုးဘို့ရန် ဒုတိယကြွလာမှ ပြည့်စုံမည့် အရာ ဖြစ်သည်။ ထို့ကြောင့် မဿဲ ၂၄လည်း အားလုံး ဘေးဒဏ်ကြီးကာလ အတွင်း၌ ဖြစ်မည့် အရာများကိုသာ ဖြစ်သည်ဟု မဆိုနိုင်ချေ။ 

 

ကျမ်းစာဖတ်ကြစို့
ဟေဗြဲ ၁၂


သခင်ယေရှုကို စေ့စေ့ထောက်ရှုကြ

၁။ ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေ အပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက် ရှိကြသည် ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောက်ရှက် တတ်သော ဒုစရိုက်ကို၎င်းပယ်ရှား၍၊ ငါတို့ မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ ရောက်ခြင်းငှါ၊ အား မလျော့ဘဲ ပြေးကြကုန်အံ့။ 

 “ဤမျှလောက် များစွာသော သက်သေ အပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက် ရှိကြသည် ဖြစ်၍ ” ဤအရာသည် ဟေဗြဲ ၁၁၌ ဖေါ်ပြထားသော ရှေးယုံ ကြည် သူများ၏ အကြောင်း အရာကို ဆိုုလိုခြင်း ဖြစ်သည်။ 

ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောက်ရှက်တတ်သော ဒုစရိုက်ကို၎င်းပယ်ရှား၍ ” ခပ်သိမ်းသော ဝန်ဟူသော အရာများသည်လောကနှင့် ဆိုင်သော ဝန်ထုတ်ဝန်ပိုးများ ဖြစ်သည်။ ထိုဝန်များကို ခရစ်တော်က၊ “ဝန်လေးသောသူ အပေါင်းတို့၊ ငါထံသို့ လာကြလော့၊ ငါသည် နားရသော အခွင့်ပေးမည်။” (မ ၁၁ ; ၂၈)ဟု သူ့ထံသို့ လာ၍ ဝန်ချကာ၊ အနားယူဘို့ ခေါ်ဘိတ်သည်။ လူသည် ဝန်လေးသည့်အပြင်၊ ဒုစရိုက် ပြုလုပ်ခြင်းအားဖြင့် နှောက်ရှက်ခြင်း ခံတတ်သည်။ ထို့ကြောင့် ဒုစရိုက်ပြုခြင်းဖြင့် ပြသနာ ပို၍ များအောင် မပြုလုပ်ဘဲ နေကြပါစို့။ 

 “ငါတို့ မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ ရောက်ခြင်းငှါ၊ အား မလျော့ဘဲ ပြေးကြကုန်အံ့။” လူသည် ဘုရား ပေးထားသော ပန်းတိုင် မဟုတ်ဘဲ၊ ကိုယ့် ပန်းတိုင်ရှိ ကြသည်။ ဘုရား ပေးထားသော ပန်းတိုင်သို့ ပြေးကြစို့။ ပေါလုကသူသည်၊ “ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။” (၂ တိ ၄:ရ) ဟုဆိုုခဲ့သည်။ သူကိုယ်တိုင် မက ယုံကြည်သူ တိုင်းလည်း ဆုရဘို့ ပြေးမည့် အကြောင်း တိုက်တွန်းသည်၊ “မြေတလင်း၌ ပြိုင်၍ ပြေးကြသောသူ အပေါင်းတို့သည် ပြိုင်၍ ပြေးကြသော် လည်း၊ တယောက် တည်းသာလျှင် ဆုကို ရသည်ဟု သင်တို့ မသိကြသလော။ ဆုကို ရမည်အကြောင်း ပြေးကြလော့။” (၁ ကော ၉:၂၄)။ 

၂။ ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေှ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေတော်မူ၏။ 

 “ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို် စေ့စေ့ထောက်ရှုကြကုန်အံ့။” ယုံကြည်ခြင်းရှိဘို့ရန် အစအဦးစီရင်သူသည် သခင်ယေရှု ဖြစ်သည် ဟုဆိုသည်။ အကြောင်းမှာ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်သည် (ရော ၁၀:၁ရ)။ ယုံကြည် စရာကို သခင်ယေရှု ကသာလျှင် မပြုလုပ် ခဲ့လျှင် အဘယ်အရာကို ယုံကြည် မည်နည်း။ သူ၏ ကယ်တင်ခြင်း လုပ်ဆောင်ချက်များကို ယုံကြည် ကြသည် မဟုတ်လော။ ထိုသခင်ယေရှုကို စေ့စေ့ထောက်ရှုဘို့ တိုက် တွန်းထားသည်။ အကြောင်းမူကား သူကိုယ်တိုင် မည်ကဲ့သို့ အခက်အခဲများကို ကျော်လွှားသည်ကို သိခြင်းအားဖြင့်၊ နည်းသိသည်သာမက၊ ခွန်အားလည်းရရှိမည် ဖြစ်သည်။  

 “ထိုသခင်သည် မိမိရှေှ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ၊ ” 

သခင်ယေရှု ရှေ့၌ ထားရှိသော ဝမ်းမြောက်ခြင်းသည် အဘယ်အရာနည်း။ အသေခံ ပြီးမှချီးမြှောက်ခြင်း ခံ၍ ခမည်းတော်၏ နား၌ ထိုင်ခွင့် ဖြစ်သည်။ သူသည် သေ မည့် အရာကို မည်မျှကြောက်ကြောင်းကို ဂေသရှေမန်ဥယျဉ်၌ ဤကဲ့သို့ တွေ့နိ်ုင်သည်၊ “အိုအဘ၊ အလိုတော် ရှိလျှင် ဤခွက်ကို အ​ကျွန်ုပ်မှလွှဲတော်မူပါ။ သို့သော်လည်း အ​ကျွန်ုပ်အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည် အတိုင်း မဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။ ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။ ပြင်းစွာသော ဝေဒနာကို ခံလျက် အထူးသဖြင့် ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ ကျသော သွေးစက် ခဲကဲ့သို့ဖြစ်သတည်း။” (လု ၂၂:၄၂-၄၄)။ ထိုမျှလောက်ကြောက်သော်လည်း သူသည် အသေခံ ခဲ့သည်။ 

 “ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေတော်မူ၏။” သခင်ယေရှုသည် သူ၏ လုပ်ရမည့် အလုပ်များ ပြီးစီးသောကြောင့် ထိုင်နေခြင်း ဖြစ်သည်။ ထိုကဲ့သို့ ထိုင်မည့် အရာကို ဆာလံဆရာက ဤကဲ့သို့ ရေးခဲ့ပြီ၊ “ထာဝရဘုရားက သင်၏ ရန် သူတို့ကို သင်၏ ​ခြေတင်ရာ၊ ငါမချထားမှီတိုင်အောင်၊ ငါလက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူ၏၊၊ ” (ဆာ ၁၁၀:၁)။ ထိုအရာကို သခင်ယေရှု ကိုယ်တိုင် ဤသို့ ဆိုခဲ့သည်၊ “ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော်အားဖြင့် အဘယ်ကြောင့်ခေါ်သနည်း။ ၄၄ ဒါဝိဒ်၏ စကားမှာ၊ ထာဝရဘုရားက၊ သင်၏ ရန် သူတို့ကို သင်၏ ​ခြေတင်ရာငါမချမထားမှီတိုင်အောင် ငါ့လကျ်ာဘက်၌ ထိုင်နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။ ၄၅ ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင်၊ အဘယ်သို့ သူ၏သား ဖြစ်သနည်းဟု မေးတော်မူသည် ရှိသော်၊ ၄၆ အဘယ်သူမျှ စကား တခွန်းကို ပြန်လျှောက်ခြင်းငှါ မတတ်နိုင် ကြ။ ထိုနေ့မှစ၍ နောက် တဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။” (မ ၂၂:၄၃-၄၆) 

၃။ အပြစ်ရှိသော သူတို့ လက်တွင်၊ ထိုမျှလောက်ကြီးသော ဆီးတားနှောက်ရှက်ခြင်းကို ခံတော်မူသော သခင်ကို ထောက်ရှုဆင်ခြင်သော အားဖြင့်၊ အား လျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ် အံ့သောငှါ ကြိုးစား ကြလော့။ 

 “အပြစ်ရှိသော သူတို့ လက်တွင်၊ ထိုမျှလောက်ကြီးသော ဆီးတားနှောက်ရှက်ခြင်းကို ခံတော်မူသော သခင်” သခင်ယေရှုသည် ယုဒလူနှင့် ရောမအာဏာရှင်များလက်၌ ဘယ်အပြစ်မျှမကျူးလွန်ဘဲ ကြီးစွာသော ညှင်းဆဲနှိပ်စက်ခြင်းကို ခံခဲ့ရသည်။ သူသည် ဖန်ဆင်းရှင်ဘုရား ဖြစ်သော်လည်း၊ သူဖန်ဆင်းထားသော လူသားများက မသိသောကြောင့် ကြီးစွာသော နှိပ်စက်ညှင်းဆဲခြင်း ပြုလုပ် ခဲ့ ကြသည်။  

 “ထောက်ရှုဆင်ခြင်သော အားဖြင့်၊ အား လျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ် အံ့သောငှါ ကြိုးစား ကြလော့။” သခင်ယေရှု ပင်လျှင် နှိပ်စက်ခြင်း ခံရလျှင် ​ကျွန်ပ်တို့သည် နှိပ်စက်ခြင်း ခံဘို့ အဆင်သင့် ဖြစ်ရမည်။ သူကိုယ်တိုင် ဤသို့ ဆိုခဲ့သည်၊ “သူတို့သည် ငါ့ကို ညှဉ်းဆဲလျှင် သင်တို့ကို ညဉ်းဆဲကြလိမ့်မည်။” (ယော ၁၅:၂၀)။ “သင်တို့သည်လောက၌ ဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ် ကြနှင့်။ ငါသည်လောကကိုအောင် ပြီဟု မိန့်တော်မူ၏။” (ယော ၁၆:၃၃) 

၄။ သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေးထွက်သည် တိုင်အောင် မခံရကြသေး။ 

ယောသပ်သည် ဒုစရိုက်အပြစ်ကို တိုက်လှန်သောကြောင့် ထောင်ကျခဲ့ သည်။ ဒံယေလသည် လူကို မကိုးကွယ်လိုသောကြောင့် ခြင်္သေ့လှောင်အိမ်ထဲ၌ ချခြင်း ခံခဲ့ရသည်။ အကယ်၍ သာဘုရားကမကယ်လျှင် သူ့ကို ခြင်္သေ့များ ကကိုက်ဖျက်၍ သွေးထွက်ကာအသက် ရှုံးမည် ဖြစ်သည်။ သူ၏ သူငယ်ချင်းများလည်းရုပ်တုမကိုးကွယ် သောကြောင့် မီးဖုိထဲ၌ ပစ်ခြင်း ခံခဲ့ ကြသည်။ ခရစ်တော်သည် အပြစ်ကို တိုက်လှန် သောကြောင့် အသေသတ်ခြင်း ခံခဲ့ရသည်။ သထေဖန်သည် အပြစ်ကို တွန်းလှန်သောကြောင့် ခဲနှင့် ပေါက်ပစ်၍ အသေခံ ခဲ့ရသည်။ ​ကျွန်ပ်တို့သည် အပြစ် ဒုစရိုက်ကို တိုက် လှန်သောကြောင့် နှိပ်စက်ခြင်း၊ ရိုက်သတ်ခြင်း ခံဘူးကြပါသလော။ ကိုယ့်အပြစ်ကြောင့် သာလျှင် ခံကြသည် မဟုတ်လော။  

ဘုရား၏ ဆုံးမခြင်း 

၅။ ထိုမှတပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏ အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။ 

“ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။” ဤကျမ်းပိုဒ်သည် သုတ္တံ ၃:၁၁-၁၂ကို ကိုးကားခြင်း ဖြစ်သည်။ ရှောလမုန်က၊ “ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏ အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်စေနှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ တတ်၏။ နှစ်သက်တော်မူသော သားကို ဒဏ်ခတ်တော်မူ တတ်၏။” ဟု ရေးထားသည်။ 

“သင်၏ အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။” အဘယ်ကြောင့် ဘုရားသခင်သည် အပြစ်ကို စစ်ဆေးတော်မူ သနည်း။ အကြောင်းမှာ၊ အနာ သိမှ ဆေးရှိသည် ဟုဆိုသည့်အတိုင်း အပြစ် သိမှ မည်ကဲ့သို့ ​ဖြောင့်မတ်စေမည်ကို သိနိုင်သည်။ လူသည် မိမိအပြစ် မသိတတ်သောကြောင့် ခက်နေသည်။ ယောဟန်က၊ “ကိုယ်အပြစ် မရှိဟု ငါတို့သည် ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သမ္မာ တရားမရှိ။ ဒုစရိုက်ကို မပြုပြီဟု ငါတို့သည် ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ် တင် ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌ မရှိ။” (၁ ယော ၁:၈၊ ၁၀) ဟုဆိုခဲ့သည်။ ဤအ ပြစ်စစ်ဆေးခြင်းသည် တရားသူကြီး သို့မဟုတ် တရားလိုရှေ့နေကအပြစ် တင်ဘို့ စစ် ဆေးခြင်း မျိုး မဟုတ်ဘဲ၊ ဘခင်ကသား အပေါ်လိမ္မာစေချင်၍ အပြစ် စစ်ဆေးခြင်း ဖြစ်သည်။ 

၆။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်တော်မူ တတ်၏ဟု သူငယ်တို့ကို ဆို သကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ ကြသလော။ 

“ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ တတ်၏။” အဘယ်ကြောင့် ဘုရားသခင် သားသမီးများကို ဆုံးမသနည်းဟူမူကား၊ အပြစ် ဒုစရိုက်ကို ရှောင်ဘို့ အလိုရှိသောကြောင့် ဖြစ်သည်။ သန့်ရှင်းသော အသက်တာဖြင့် အသက်ရှင်နိင်ဘို့ရန် ဖြစ်သည်။ အလိုလိုက်ထားသော သားသမီး များသည် သေချာပေါက် ဆိုးသွမ်းတတ်သည်။ သားသမီးများကို မဆုံးမလျှင် ချစ်ရာမရောက်ချေ။ 

 “လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်တော်မူ တတ်၏ဟု သူငယ်တို့ကို ဆို သကဲ့သို့၊ ” လူတိုင်း ကြိုက်နှစ်သက်သည်မှာ ဆုံးမခြင်း ဒဏ်ခတ်ခြင်း မရှိခြင်း ဖြစ်သည်။ အပြစ် အတွက် ဒဏ်ခတ်ခြင်း မရှိလျှင် လူသည် အလွန် ဆိုးသွမ်း၍ ထိန်းမ ရသိမ်းမရ ဖြစ်မှာသေချာသည်။ ထို့ကြောင့် ဒဏ်ခတ်ခြင်းသည် လိုသည်။ အစိုးရကလည်း အပြစ်လုပ်သောသူများကို ဒဏ်ခတ်တတ်သောကြောင့် ငြိမ်သက်ခြင်းရှိနိုင်သည်။ မိဘများလည်း သားသမီး များအပြစ် လုပ်သောအခါ ဒဏ်မခတ်ဘဲ အလိုလိုက်လျှင် သားသမီး များသည် လူဆိုးများ ဖြစ်ကြမည်။ သားသမီး အလိုလိုက်လျှင် ဆိုးသွမ်း ကြသည်။ သို့သော် ချစ်ဇောကြောင့်မဆုံးမကြချေ။ ထိုမျှသာမက အပြစ် လုပ်သည်ဟု မမြင်ကြခြင်းသည် ပြသနာ ဖြစ်သည်။ 

 “သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ ကြသလော။” ယခု ခေတ်သည် သားသမီးများကို မဆုံးမသောခေတ် ဖြစ်သည်။ မိဘများ၊ ဆရာများက ခလေးများကို အလိုလိုက်သောခေတ် ဖြစ်သောကြောင့်၊ သားသမီး ဆုံးမသည့်ဩဝါဒလည်း မကြား မပြောကြချေ။ ဘုရားကျောင်း၊ စာသင်ကျောင်းများလည်း ခလေး အလိုလိုက်ကြသောကြောင့်သားသမီး ဆုံးမမည့် ဩဝါဒမကြားကြချေ။ 

၇။ သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကို ပြု သကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက်ရှိသလော။ 

ဘုရားသခင်က ဆုံးမလျှင်သား အပေါ်ဘခင်က ဆုံးမ သကဲ့သို့ဖြစ်သည်။ ဘုရား သားသမီး ဖြစ်ပြီး နောက်ပိုင်းတွင် အပြစ် တရားစီရင်ခြင်းမှ လွတ်ခဲ့ပြီ (ယော ၃:၁၈)။ ခရစ်တော်က လူအားလုံး ကိုယ်စားအပြစ် စီရင်ခြင်း တည်းဟူသော သေခြင်းကို လက်ဝါးကပ်တိုင်တော်၌ ခံခြင်းဖြင့် အပြစ် စီရင်ခြင်းမှ ကင်းလွတ် ခဲ့ပြီ။ ထိုအရာကို ယုံကြည်သောသူများသည် ဘုရား သားသမီး ဖြစ်၍ အဘကသားများကို ဆုံးမသ ကဲ့သို့ ဆုံးမမည် ဖြစ်သည်။ ကျမ်းစာ ရေးသော ခေတ်၌ ဘခင်တိုင်းက သားသမီးများကို ဆုံးမလေ့ရှိဟန်ရှိသည်။ သို့သော် ယခုခေတ်တွင် ဘခင်များက သားသမီးများကို မဆုံးမ သူများ လာသည်။ ဘခင်တိုင်း သားသမီး များကောင်းစား စေလိုပါက မျှော် လင့်စရာ ရှိစဉ်ငယ်ရွယ်စဉ်မှစ၍ ဆုံးမကြပါစို့။ 

၈။သား အပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲ နေလျှင်၊ သား အရင်း မဟုတ်၊ မင်းဦးမင်းလွင်ရသောသား ဖြစ်ကြ၏။ 

ဘုရား၏ သားသမီး ဖြစ်သည်ဟု ခံယူသော်လည်း အပြစ် ပြုလုပ်သောအခါ ဘုရား၏ ဆုံးမခြင်းကို မခံရလျှင်သားရင်း မဟုတ် ဟုဆိုသည်။ မင်းဦးမင်းလွင်ရသော သားသည် လက်မထပ်ဘဲ တရားမဝင်ရသော သားကို ဆိုလိုသည်။ ထိုသို့သောသားများကို မိခင် ကသာလျှင် ​ကျွေးမွေး ကြည့်ရှု၍ ဘခင်များ ကမ​ကျွေးမွေး မကြည့်ရှုသောကြောင့် ဆုံးမခြင်းလည်း မပြုလုပ် နိုင်ကြချေ။ သင်သည် အပြစ်လုပ်သော်လည်း ဆုံးမခြင်း မခံရလျှင် ဘုရား၏သား စစ် မဟုတ်သောကြောင့် ဝမ်းနည်းစရာ ကောင်းသည်။ ဘုရား သားဟုတ်မဟုတ်ကို ပြန်လည်း စစ်ဆေးစေလို ပါသည်။ 

၉။ တနည်းကား၊ ကိုယ်ကာယနှင့် စပ်ဆိုင်သော အဘတို့ လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့ လိုက်၍၊ အသက် ချမ်းသာ ရကြမည် မဟုတ်လော။ 

ဇာတိဘခင်များက ဆုံးမသောအခါ သူတို့ကို ကြောက်၍ ရိုသေ ကြသည်။ ထိုမျှ မက ဝိညာဉ် ဘခင် ဖြစ်သော ဘုရား၏ ဆုံးမခြင်းကိုသာ၍ ခံစား ကာလ ိမ္မာသင့််သည်။ 

၁၀။ အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့ လိုက်၍ တခဏသာဆုံးမပေး ကြ၏။ ကိုယ်တော်မူကား၊ မိမိသန့်ရှင်းခြင်း ပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှါ၊ ငါတို့ အကျိုးကို ထောက်၍ သာဆုံးမ ပေးတော်မူ၏။ 

ဘုရား၏ ဆုံးမခြင်းသည် သန့်ရှင်းသော အသက်တာနှင့် အသက်ရှင်ဘို့ရန် ဖြစ်သည်။ အကြောင်းမူကား ဘုရားသခင်သည် သန့်ရှင်းတော်မူသောကြောင့် သူနှင့် ဆက်ဆံဘို့ရန်မှာ သန့်ရှင်းရသည်။ “ငါသည် သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာ လာသတည်း။” (၁ ပေ ၁:၁၆၊ ဝတ် ၂၀:၂၆)။ 

၁၁။ ဆုံးမခြင်း မည်သည်ကား၊ ခံရစဉ်အခါဝမ်းမြောက်စရာ မထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကို ခံရသော သူတို့သည်၊ နောက်မှငြိမ်သက်ခြင်းနှင့် သက်ဆိုင်သော ​ဖြောင့်မတ်ခြင်း အကျိုးကို ခံရကြ၏။ 

ဆုံးမခြင်းသည် ခံရစဉ်တွင် ဝမ်းနည်းခြင်း၊ စိတ်ဆိုးခြင်း ဖြစ်တတ်သည်။ သို့သော်လည်း ဆုံးမခြင်းကြောင့် အသက်တာပြုပြင်ပြောင်းလဲလာပါက ငြိမ်သက်ခြင်းနှင့် ​ဖြောင့်မတ်ခြင်း အကျိုးရတတ်သည်။ ထို့ကြောင့် ဆုံးမခြင်းသည် ခံတတ်ဘို့ လိုသည်။ 

၁၂။ ထိုကြောင့်၊ တွဲလွှဲနေသော လက်တို့နှင့်အား မရှိသော ဒူးတို့ကို ခိုင်ခံ့စေကြလော့။ 

တွဲလွှဲသော လက်သည်အား မရှိခြင်းကြောင့် ဖြစ်သည်။ ပျင်းရိသောသူနှင့် နေမကောင်းသော သူတို့သည် အားနည်းတတ်သည်။ ထို့ကြောင့် ဝိညာဉ် အစာကို ဝ လင်စွာ စား၍၊ အပြစ် မလုပ်လျှင် အားရှိလာကာဘုရား ခိုင်းသော အရာများကို လုပ်နိုင်မည် ဖြစ်သည်။ 

၁၃၊ ​ခြေမစွမ်းသော သူတို့သည် အဆစ်မပြုတ်သည်သာမက ချမ်းသာ ရစေခြင်းငှါ၊ သင်တို့ သွားဘို့ ရာ​ဖြောင့်သောလမ်းတို့ကို ပြင်ဆင် ကြလော့။ 

​ခြေမစွမ်းလျှင် လမ်းရှောက်၍ မရသကဲ့သို့ ဝိညာဉ်ပိုင်း​ခြေမစွမ်းလျှင် ဝိညာဉ်အရာများ လုပ်နိင်မည် မဟုတ်ချေ။ အဆစ်ပြုတ်လျှင် လမ်း သွား၍ မရ၊ လက် ဖြစ်လျှင်လည်း ဘာမျှကိုင်၍ မရချေ။ ဝိညာဉ်ပိုင်းလည်း သန်မာကျန်းမာမှသာ ဝိညာဉ် လမ်းရှောက်နိုင်ပေမည်။ သွားသောလမ်းမည်ကဲ့သို့ ပြင်ဆင် မည်နည်း။ ကျမ်းစာက၊ “ထာဝ ရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေ ရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။  ငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။” (သု ၃:၅-၈) ဟုဆိုထားသည်။ 

၁၄။ လူအပေါင်းတို့သည် အသင့် အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်း ပါရမီကို၎င်း၊ မှီအောင် လိုက်ကြလော့။ သန့်ရှင်းခြင်း ပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။ 

လူသည် ခဏသာအသက်ရှင်ရသည်။ သို့သော် ထာဝရ အသက်ရှင်မှာကဲ့သို့ ခိုက်ရန် ဖြစ်ပွားတတ်ကြသည်။ ဘုရား သားသမီး ဖြစ်လျှင် လူတိုင်းနှင့် အသင့်အ တင့်နေရမည်။ “ဒုစရိုက်ကို လွှဲရှောင်၍ သုစရိုက်ကို ပြုလော့။ သူတပါးနှင့် အသင့် အတင့်နေခြင်းကို ရှာ၍ မှီအောင် လိုက်လော့။” (ဆာ ၃၄:၁၄)။ “ငြိမ်သက်ခြင်းနှင့်၎င်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်၎င်းယှဉ်သောအရာ တို့ကို မှီအောင် လိုက်ကြကုန် အံ့။” (ရော ၁၄:၁၉)။ 

သန့်ရှင်းခြင်းသည် စိတ်မှစ၍ ကိုယ်ခန္ဓာတိုင်အောင် ဖြစ်သည်။ ကိုယ်ခန္ဓာသည် စိတ်၏ စေခိုင်းသည့်အတိုင်း လုပ်တတ်သည်။ ခန္ဓာကိုယ်လည်း စိတ်မပါသော်လည်း တောင့်တမှု ရှိတတ်သည်။ ဥပမာအရက်မသောက်ချင် တော့သော်လည်း ခန္ဓာ ကတောင်းဆိုနေလျှင် စိတ်ကလိုက်လျောရသည်။ သို့သော် စိတ်၏ ခွင့်ပြုချက်လိုအပ်သည်။ သို့ဖြစ်၍ သန့်ရှင်းရေးသည် စိတ်နှလုံးမှစရသည်။ ယေရှုက၊ “စိတ်နှလုံးဖြူစင်သော သူတို့သည် မင်္လာရှိကြ၏။ အကြောင်းမူကား၊ ထို သူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။” (မ ၅:၈)။ စိတ်နှလုံးဖြူစင်ရန်ကျမ်းစာဖတ်၊ ဆင်ခြင်၊ လုပ်ဆောင်ဘို့ လိုသည်။ ဘုရား၏ ဦးဆောင်မှု လိုအပ်သည်။ 

၁၅။ သင်တို့တွင် တစုံတယောက်မျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မရဘဲ မနေစေခြင်း ငှါ၎င်း၊ ခါးစွာသော ပင်မြစ်ပေါက်၍ သင်တို့ နှောက်ရှက်သဖြင့်၊ လူအများတို့သည် အပြစ်နှင့် မညစ်ညူး စေခြင်း ငှါ၎င်း၊ မတရားသော မေထုန်၌ မှီဝဲသောသူမရှိစေခြင်း ငှါ၎င်း၊ တနပ်စာအဘို့နှင့်သား ဦးအရာကို ရောင်းသော ဧသော ကဲ့သို့၊ ဘုရားတရားကို မရိုသေပြုသောသူမရှိစေခြင်း ငှါ၎င်း၊ သတိနှင့် ကြည့်ရှုကြလော့။ 

 “သင်တို့တွင် တစုံတယောက်မျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မရဘဲ မနေစေခြင်း ငှါ၎င်း၊ ” စာရေးသူက ယုံကြည်သူတိုင်း ဘုရားသခင်၏ ကျေးဇူးတော်ကို ရစေချင်သည်။ ကျေးဇူးတော်သည် လူဆိုးလူကောင်းအားလုံး ရသောအရာ ရှိသည် (မ ၅:၄၅)။ သူရေးသောအရာသည် ထိုအရာ ဖြစ်မည် မထင်ပါ။ ယုံကြည်ခြင်းအားဖြင့် ရရှိသော ကျေးဇူးတော်ကို ဆိုလိုခြင်း ဖြစ်မည်။ 

 “ခါးစွာသော ပင်မြစ်ပေါက်၍ သင်တို့ နှောက်ရှက်သဖြင့်၊ လူအများတို့သည် အပြစ်နှင့် မညစ်ညူး စေခြင်း ငှါ၎င်း၊ ” ခါးစွာသော ပင်မြစ်ပေါက်ခြင်း ဆိုသည်မှာ မကောင်းသော အပြစ်ကို ကြံစည်ခြင်း ဖြစ်သည်။ လူစိတ်သည် အလွန် အံ့ဩစရာ ကောင်းသည်။ မကောင်းသော အကြံများလည်း ကြံစည်နိုင်သည်။ မောရှေကလည်း ခါးစွာသော အသီး၊ ဒေါနကို သီးတတ်သော အပင်မြစ်သည် သင်တို့တွင် ပေါက်မည်ဟု သတိပေးခဲ့သည် ( တရားဟော ၂၉:၁၈)။ လူသည် မိမိစိတ်ကို မနိင်သောကြောင့် အစဉ်မပြတ် ဘုရားကို အားကိုးဘို့ လိုသည်။ ညစ်ညူးသော အကြံအစည်၊ အတွေးများ ဧည့်မခံဘို့ အရေးကြီးသည်။ မကောင်းသော အကြံစိတ်ထဲ၌ ပေါ်လာလျှင် ကျမ်းစာဖတ်ခြင်း၊ ယုံကြည်သူများနှင့် မိဿဟာယဖွဲ့ခြင်း၊ ဖုန်းအားဖြင့် နှုတ်ကပတ်တော် ဆွေးနွေးခြင်း၊ ဆုတောင်းခြင်းများပြုလုပ် သင့်သည်။ 

 “မတရားသော မေထုန်၌ မှီဝဲသောသူမရှိစေခြင်း ငှါ၎င်း၊ ” လက်မထပ်ဘဲယောက်ျားမိ်န်းမအတူ နေခြင်းသည်၊ ဘုရား မုန်းသော အပြစ် တခု ဖြစ်သည်။ ထိုသို့ မရှိရန်အိမ်ထောင်ပြုပါ။ သို့မဟုတ် ဝိညာဉ်ပိုင်းဆိုင်ရာ ၌ အလုပ်ရှုပ်ပါ။ အပြာကားများမကြည့်ပါလေနှင့်။ အကျင့်ပါတတ်သည်။ 

 “တနပ်စာအဘို့နှင့်သား ဦးအရာကို ရောင်းသော ဧသော ကဲ့သို့ ဘုရား တ ရားကို မရိုသေပြုသောသူမရှိစေခြင်း ငှါ၎င်း” ဧသောကို ဘုရားသခင်ကသား ဦးအဖြစ် မွေးဘွားခွင့်ပေးသော်လည်း ထိုအရာကို မထီမဲ့မြင် ပြုခဲ့သည် (က ၂၅:၂၉-၃၄)။ ဘုရားတရားကို မရိုမသေပြုသောသူများလည်း ဧသော ကဲ့သို့ ဘုရား ပေးသော အရာများကို တန်ဘိုး မထားဘဲ နေတတ်ကြသည်။ လောကသားများကဲ့သို့ မနေဘို့ အရေးကြီးသည်။ 

၁ရ။ သင်တို့ သိသည် အတိုင်း ဧသောသည် နောက်မှကောင်းကြီး မင်္လာကို အမွေခံခြင်းငှါ အလိုရှိသောအခါ၊ ငြင်းပယ်ခြင်းကို ခံရ၏။ မျက်ရည်ကျ၍ ကောင်းကြီး မင်္လာကို အလွန် ရှာသော်လည်း၊ မိမိအဘ၏ စိတ်ပြောင်းလဲခြင်း အခွင့်ကို မတွေ့မရ။ 

ဧသောသည် ဘုရား ပေးသောသား ဦးအရာကို မထီမဲ့မြင် ပြုသောကြောင့်၊ သူ့ဖခင်ထံမှ ကောင်းကြီးကို မရရှိခဲ့ချေ။ ယနေ့ များစွာသော ယုံကြည်သူများလည်း၊ ဘုရား ပေးထားသောအရာကို မထီမဲ့မြင် ပြုကြသောကြောင့်၊ ဘုရား ထံတော် မှ များစွာသော ကောင်းကြီးများဆုံးရှုံး နေကြသော်လည်း မသိသောကြောင့် အရေးမစိုက်ကြချေ။ 

ယုံကြည်သူများရောက်သော နေရာ

၁၈။ ထိုမှတပါး၊ သင်တို့သည် လက်နှင့် တွေ့နိုင်သော တောင်သို့၎င်း၊ လောင်သော မီးသို့၎င်း၊ မဲသော တိမ်တိုက်၊ မှောင်မိုက်၊ မိုဃ်းသက်မုန်တိုင်းသို့၎င်း၊ ၁၉။ တံပိုးမှုတ်ခြင်း အသံသို့၎င်း၊ နှုတ်ကပတ်တော် အသံသို့၎င်း၊ ရောက်ကြသည် မဟုတ်။ ထိုအ သံတော်ကို ကြားသော သူတို့သည်၊ ထပ်၍ မိန့်တော်မမူမည်အကြောင်း တောင်းပန် ကြ၏။ ၂၀။ အဘယ်ကြောင့်နည်းဟူမူကား၊ တိရစ္ဆာန်သော်လည်း ထိုတောင်ကို ထိ မိလျှင်၊ ကျောက်ခဲနှင့် ပစ်၍ သေစေဟု ပညတ်တော်မူ သံကို လူတို့သည် နားမခံနိုင်ကြ။ ၂၁။ ထိုသို့ ထင်ရှားသောအရာသည် အလွန် ကြောက်မက်ဘွယ် ဖြစ်၍၊ မောရှေက၊ ငါသည် ကြောက်ရွံ့တုန်လှုပ်ခြင်းရှိသည် ဟုဆို၏။ 

ဣသရေလ လူများသည်၊ သိနာတောင်သို့ ရောက်သောအခါ၊ “သုံးရက် မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့် တ ကွမိုဃ်းတိမ်တိုက်လွှမ်းမိုး၍ ကြီးသော အသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ ရှိသော လူအပေါင်းတို့သည် တုန်လှုပ်ကြ၏။ ၁၇ မောရှေသည်လည်း ဘုရားသခင်နှင့် တွေ့စေခြင်းငှါ၊ လူများတို့ကို တပ်ထဲကဆောင်ခဲ့သဖြင့်၊ သူတို့သည် တောင်​ခြေရင်းအောက်၌ ရပ်နေကြ၏။ ၁၈ ထာဝရဘုရားသည် မီးဖြင့် လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင်လုံးမီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏ မီး ခိုးကဲ့သို့ တက်၍ တတောင်လုံးပြင်းစွာ လှုပ်လေ၏။” (ထွက် ၁၉:၁၆-၁၈) “လူ အပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်းခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်း အရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွေ့၍ အဝေး၌ ရပ်နေကြ၏။ ၁၉ မောရှေကိုလည်း၊ အ​ကျွန်ုပ်တို့အား ကိုယ်တော် မိန့်တော်မူပါ၊ အ​ကျွန်ုပ်တို့သည် နားထောင် ပါမည်။ အ​ကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော်မမူပါ စေနှင့်။ အ​ကျွန်ုပ်တို့သည် သေမည်ကို စိုးရိပ်ပါသည်ဟု လျှောက်ဆိုကြ၏။ ၂၀ မောရှေက လည်း၊   မစိုးရိမ် ကြနှင့်။ သင်တို့ကို စုံစမ်းခြင်း ငှါ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှါ၊ ဘုရားသခင်ကကြွလာတော်မူပြီဟု လူများတို့အား ပြောဆို၏။” (ထွက် ၂၀:၁၈-၂၀) ယနေ့ ယုံကြည်သူများသည် ထိုကဲ့သို့သော တောင်သို့ ရောက်ကြသည် မဟုတ် ဟုဆိုသည်။ ယုံကြည်သူများရောက်သော နေရာကို အောက်တွင် ဖေါ်ပြထားသည်။ 

၂၂။ သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော် တည်းဟူသော ကောင်းကင် ယေရှုရှလင်မြို့သို့၎င်း၊ အတိုင်း မသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့၎င်း၊ ၂၃။ ကောင်းကင် စာရင်း၌ ဝင်သောသား ဦးတို့၏ အသင်းတော်သို့၎င်း၊ ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူသော ဘုရားသခင် အထံတော်သို့၎င်း၊ စုံလင်ခြင်းသို့ ရောက်သောသူတော် ကောင်းတို့၏ စိတ်ဝိညာဉ်တို့ ထံသို့၎င်း၊ ၂၄။ ပဋ္ဋိညာဉ်တရားသစ်၏ အာမခံ တည်းဟူသော ယေရှု ထံတော်သို့၎င်း၊ အာ​ေဗြလ၏ အသွေး ပြောဆိုသောအရာထက် သာ၍ မြတ်သောအရာကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်းရောက်ကြ၏။ 

“သင်တို့သည် ဇိအုန်တောင်သို့၎င်း” ဇိအုန်တောင်သည် နှစ်နေရာရှိသည်။ မြေကြီး ပေါ်ရှိဇိအုန်တောင်သည် အစ္စရေးနိင်ငံ ယေရုရှလင်မြို့တည်ရှိသော တောင် ဖြစ်သည်။ အခြားဇိအုန်တောင်သည် ကောင်းကင်၌ ရှိသည်။ 

 “အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော် တည်းဟူသော ကောင်းကင်ယေရှု ရှလင်မြို့သို့၎င်း” ယေရုရှလင်မြို့လည်း နှစ်ခုရှိသည်။ မြေကြီး ယေရုရှလင်နှင့် ကောင်းကင် ယေရုရှလင်တို့ ဖြစ်သည်။ 

 “အတိုင်း မသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့၎င်း၊ ” ကောင်းကင်သည် အတိုင်း မသိ ကောင်းကင်တမန် များ၏ စည်းဝေးသော နေရာ ဖြစ်သည်။ 

 “ကောင်းကင် စာရင်း၌ ဝင်သောသား ဦးတို့၏ အသင်းတော်သို့၎င်း၊ ” သား ဦးသည် ဦးစားပေးခြင်း၊ အလေးထားခြင်း၊ အဘ၏ အရိုက်အရာကို ဆက်ခံခြင်းကို ဆိုလိုသည်။သား ဦး ဖြစ်ခြင်းသည် ဂုဏ်ယူစရာ ဖြစ်သည်။ ဧသောသည်သား ဦးအရာကို အစာနှင့် ရောင်းလိုက်ကြောင်း သိရပြီ။ အသင်းတော်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဖြစ်သည်။ ထိုအသင်းတော်သည်သား ဦးအရာကဲ့သို့ဖြစ်ကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ 

 “ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူသော ဘုရားသခင် အထံတော်သို့၎င်း၊ ” ခပ်သိမ်းသောသူ ဟုဆိုသောကြောင့် ယုံကြည်သူ မယုံကြည်သူ အားလုံး ဆိုလိုသည်။ ထိုသူများကို ဘုရားသခင်က တရားစီရင်မည် ဖြစ်သည်။ 

 “စုံလင်ခြင်းသို့ ရောက်သောသူတော် ကောင်းတို့၏ စိတ်ဝိညာဉ်တို့ ထံသို့၎င်း၊ ” လူ၏ ကြိုးစား လုပ်ဆောင်မှုအားဖြင့် မည်သူမျှစုံလင်ခြင်းသို့ မရောက်နိုင်ပါ။ လူတိုင်း၏ စုံလင်ခြင်း ဖြစ်သော ခရစ်တော် ယုံကြည်ခြင်းအားဖြင့်သာစုံလင်နိုင်သည်။ သူတော်ကောင်းလည်း လူ့အစွမ်းအားဖြင့် မဖြစ်နိုင်ပါ။ ခရစ်တော်၏ ကောင်းမြတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်နိုင်သည်။  

 “ပဋ္ဋိညာဉ်တရားသစ်၏ အာမခံ တည်းဟူသော ယေရှု ထံတော်သို့၎င်း၊ ”

 ပဋ္ဋိညာဉ်တရားသစ်သည် ဣသရေလနှင့် ဘုရား အကြား ခရစ်တော် ဒုတိယအကြိမ် ကြွလာမှ ပြုလုပ်မည့် အရာ ဖြစ်သည်။ ထိုတရားသစ်အတွက် ခရစ်တော်သည် အသွေးသွန်းခဲ့ပြီ (မ ၂၆:၂၈)။ ထို့ကြောင့် ဤနေရာ၌ ခရစ်တော်ကို ပဋ္ဋိညာဉ်တရား သစ်၏ အာမခံဟု ခေါ်ခြင်း ဖြစ်သည်။  

 “အာ​ေဗြလ၏ အသွေး ပြောဆိုသောအရာထက် သာ၍ မြတ်သောအရာကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်း” အာ​ေဗြလ၏ အသွေးသည် ကောင်းကင် ရှိဘုရား ထံ၌ အော်ဟစ်သည် ဟုဆိုသည် (က ၄:၁၀)။ အာ​ေဗြလ၏ အသွေးထက် သာ၍ မြတ်သော အသွေးသည် ခရစ်တော်၏ အသွေး ဖြစ်သည်။ ခရစ်တော်၏ အသွေးသည် ကောင်းကင်၍ ဘုရားသခင် ထံသို့သူ ကိုယ်တိုင် ကဖြန်းဆွတ် ခဲ့သည် (ဟေ ၉:၁၂)။ 

 “ရောက်ကြ၏။” ယုံကြည်သူများသည် ကိုယ်ခန္ဓာအားဖြင့် မြေကြီး ပေါ်၌ ရှိသေးသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် ကောင်းကင်သို့ ရောက်ကြောင်းကို အထက်၌ ဖေါ်ပြသော အရာများအားဖြင့် တင်စား ဖေါ်ပြခြင်း ဖြစ်သည်။ လူသည် အနာဂတ်ကို မပိုင်သောကြောင့် ကြိုတင် အပြတ် မပြောရဲကြချေ။ ဘုရားသခင်သည် အနာဂတ်ကိုလည်း ပိုင်သောကြောင့် မဖြစ် သေးသော အရာများကိုလည်း ဖြစ်ပြီး သကဲ့သို့ ပြောတတ်သည်။ ယုံကြည်သူများသည် ခန္ဓာကိုယ်၌ ရှိသေးသောကြောင့် မြေကြီး ပေါ်၌ နေသေးသော်လည်း တနေ့ ကောင်းကင်နိင်ငံရောက်မည့်သူများဖြစ်သည်။ ထိုကြောင့် စာရေးသူက “ရောက်ကြ၏။” ဟုဆိုခြင်း ဖြစ်သည်။  

၂၅။ သင်တို့သည် မိန့်တော်မူသောသူ၏ စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှ ာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏ စကားကို ငြင်း ပယ်သော သူတို့သည် အပြစ် မလွတ်ရသည် မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသောသူ၏ စကားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ သာ၍ ကြီးစွာသော အပြစ်နှင့် အဘယ်သို့ ကင်းလွတ် နိုင်မည်နည်း။ 

မြေကြီး ပေါ်၌ မောရှေမှစ၍ ပရောဖက်များအားဖြင့် မိန့်တော်မူသော စ ကားကို ငြင်းပယ်သောသူများသည် အပြစ် သင့်၍ နာခြင်း၊ သေခြင်း တိုင်အောင် ဖြစ်ကြသည်။ ထို့ကြောင့် ကောင်းကင်ဘုံမှ လာသော ဗျာဒိတ်သည် သားတော် ခရစ်တော်အားဖြင့်၎င်း၊ နှုတ်ကပတ်တော် ကျမ်းစာအားဖြင့်၎င်း ဖြစ်သည်။ ထိုအရာကို နားမထောင်လျှင် အပြစ်နှင့် မလွတ်နိုင် ဟုဆိုသည်။ ထို့ကြောင့် ကျမ်းစာဖတ်၍ ဘုရား စကား နားထောင် ကြပါစို့။ 
 
၂၆။ အထက်က ဗျာဒိတ်တော် အသံသည် မြေကြီးကို လှုပ်သည် ဖြစ်၍၊ ယခုတဖန် ငါသည် မြေကြီးနှင့် ကောင်းကင်ကို လှုပ်ဦးမည်ဟု ဂတိတော် ရှိ၏။ 

သိနာတောင်၌ ဗျာဒိတ်တော် ပေးခဲ့စဉ်မြေကြီး တုန်လှုပ်ခဲ့သည်။ ယခုမြေကြီးနှင့် ကောင်းကင်ကို လှုပ်ဦးမည် ဟုဆိုသည်။ ထိုအရာများသည် ယခုကမ္ဘာတဝှမ်း၌ မြေ ငလျှင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းများအားဖြင့် အစပိုင်းတွေ့မြင်ကြားသိ နေကြပြီ။ လူ များစွာလည်း သေကြပြီ။ သို့သော် လူအများစုက မသိ၊ မမှတ်ကြသေးချေ။ အနာဂတ်၌ ကောင်းကင် လှုပ်မည့် အရာနှင့် မြေကြီး လှုပ်မည့် အရာများကို ဗျာ ဒိတ်ကျမ်း၌ ကြိုတင် ဖေါ်ပြခဲ့ပြီ။ မိုဃ်းကောင်ကင်သည် စာစောင်လိပ် သကဲ့သို့ လွင့် သွား၏။ တောင်များ၊ ​ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။ (ဗျာ ၆:၁၂) အကြီးမားဆုံး မြေလှုပ်ခြင်းများကို ဗျာ ၆:၁၂၊ ၁၁:၁၃၊ ၁၆:၁၈တို့၌ တွေ့ မြင်နိင်သည်။ 

၂၇။ တဖန် ဟူသော စကား၏ အဓိပ္ပါယ်ကား၊ မလှုပ်သောအရာ တို့ကို တည်စေခြင်းငှါ၊ လှုပ်သောအရာ တို့ကိုလောကီအရာကဲ့သို့ ပယ်ဖျက်လိမ့်မည် ဟုဆိုလိုသတည်း။ ၂၈။ ထိုကြောင့်၊ ငါတို့သည် မလှုပ်နိုင်သော နိုင်ငံကို ရသည် ဖြစ်၍၊ ခန့်ငြားကြောက် ရွံ့သော သဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း၊ ကျေး ဇူးတော်ကို စွဲလမ်းကြကုန်အံ့။ 

ထိုကဲ့သို့ ဘုရားသခင်က ကောင်းကင်နှင့် မြေကြီးကို လှုပ်ဦးမည် ဖြစ်သော် လည်း၊ သူ့ကို ယုံကြည်သောသူများ အနေဖြင့် ကြောက်ရွံ့စရာ မလိုပါ။ အကြောင်းမူကား ငါတို့သည် မလှုပ်နိင်သော နိင်ငံကို ရရှိပြီး ဖြစ်သည်။ ထို့ကြောင့် ဘုရားကို ကြောက် ရွံ့ခြင်း၊ လေးစားခြင်းဖြင့် ကျေးဇူးတော်ကို စွဲလမ်းဘို့ တိုက်တွန်းခြင်း ဖြစ်သည်။  
 
၂၉။ ငါတို့ ဘုရားသခင်သည် လောင်သော မီး ဖြစ်တော်မူ၏။  

ဘုရားသခင်သည် လောင်သော မီး ဖြစ်သည် ဟုဆိုသည်။ “သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်လောင်သော မီး၊ သဝန်တိုသော ဘုရား ဖြစ်တော်မူ၏။”  (ဝတ် ၄:၂၄)။ ဆိုလိုသည်မှာ မီးသည် သေစေနိုင်ဖျက်ဆီးနိုင်သည်။ လောင်စရာ ရှိသမျှကို မျက်နှာမလိုက်ဘဲလောင်​ကျွမ်းနိုင်သည်။ ဘုရားသခင်သည်လည်း မျက်နှာ မလိုက်တတ်၊ အပြစ်ကို တရားမစီဘဲ မနေ၊ တရားသဖြင့် တရားစီရင်မည် ဖြစ်သောကြောင့်၊ ကြောက်ရွံ့ဘို့ လိုသည်။  

 

အမှုတော်ဆောင်သင်တန်းများ 

ချီဆောင်ခြင်း မဖြစ်သေးဘဲ၊ ကျေးဇူးတော် ကာလ ရှိသေးလျှင် အောက်ပါ ကဲ့သို့ အမှုတော်ဆောင်သင်တန်းများ ပြုလုပ်မည် ဖြစ်သည်။ ဒီဇဘ်ာလ ၅-၉နေ့ အထိ ၅ ရက်အမှုတော်ဆောင်မွမ်းမံသင်တန်းရှိပါမည်။ နှစ်သစ်သို့ ကူးမြောက်ရသော အခွင့်ပေးလျှင်၊ မတ်လအတွင်း သင်တန်းပြန်လုပ်ဘို့ ရှိပါသည်။ အမှန်တကယ် အမှုတော်ဆောင်ချင် သူများသာလျှင် လက်ခံပါမည်။ ထို့ကြောင့် အမှုတော်ဆောင်ချင် သူများ၊ သေသေချာချာစဉ်းစားပြီးမှတက်စေချင် ပါသည်။  

 

အသင်းတော်ဖွဲင့်ပွဲ


 နိုဝဘ်ာလ ၁၃ ရက်နေ့တွင် Indiana ပြည်နယ်၊ Fort Wayne မြို့၌ သတင်းကောင်း နှစ်ခြင်း အသင်းတော်ကို ဘုရားသခင်၏ ခွင့်ပြုခြင်းအားဖြင့် အောင်မြင် စွာ ဖွင့်နိုင်ပါသည်။ အသင်းတော်ကို ဆရာယောသပ် ဦးဆောင်၍ အသင်းသား၃၂ ရှိပါသည်။ ဖွင့်ပွဲ၌ Battle Creek,GBC  မှလူ ၄၀ ခန့်၊ Maryland မှ ၁၁ ဦး၊ Indianapolis မှ ၂၀ ကျော်၊ အိမ်ရှင်မြို့မှ ၅၀ ကျော်စုစုပေါင်း၁၄၀ ခန့်ပါဝင် ကြပါသည်။ 

 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG