GOODNEWS
  HOME  GOODNEWS  2016 OCT
 


အမှာစာ

ယခုလ ၃-၄ ရက်နေ့များသည် တံပိုးမှုတ်ပွဲ ဖြစ်၍၊ ကျမ်းစာထဲမှပရောဖက် ပြုချက်ကို ယုံကြည်သူများအနေဖြင့်၊ သန့်ရှင်း သူများ၏ ချီဆောင်ခြင်း ဖြစ်မည်လောဟု မြော်လင့် ကြသည်။ သို့သော် ဘုရားသခင်၏အချိန် မကျရောက် သေးသောကြောင့် ယခု တိုင် ဤလောက၌ အသက်ရှင်နေထိုင်ကြခြင်း ဖြစ်သည်။ ထိုသို့ ချီဆောင်ခြင်း ဖြစ်မည့် အချိန်ကို စောင့်ကြခြင်းသည် နှစ်အတော် အတန်ကြာပြီး ဖြစ်သည်။ သို့သော် ခရစ်တော် မကြွရောက်လာ သေးသောကြောင့်၊ အချို့သော ယုံကြည်သူများသည် စိတ် ပျက်အား လျော့နိုင်သည်။ သို့သော် စိတ်ဓါတ်ကျအား လျော့ခြင်း မရှိဘို့ အားပေးလိုပါသည်။ ချီဆောင်ခြင်း ဖြစ်မည့် အရာသည် သခင်ယေရှု ကိုယ်တိုင် ကပေါလုထံပြောသောအရာ ဖြစ်သည် (၁ ကော ၁၅:၅၁-၅၂၊ ၁ သက် ၄:၁၄-၁၈)။ ဧလိယ ချီဆောင်မည့် အရာကို ဧလိရှဲကသိသောကြောင့် သူ့ကို ထပ်ချက်မကွာလိုက်ခဲ့သည်။ အခြားသော ပရော ဖက်များကလည်း သိကြ၍ ဧလိရှဲကို ပြောခဲ့ကြသည် (၄ရာ ၂)။ ဧလိယကို ချီဆောင်ခြင်းသည် ကြာကြာမစောင့်ရပါ။ သို့သော် ယုံကြည်သူများကို ချီဆောင်မည့် အရာသည် ယခုတိုင်စောင့်ရသည်။ ထိုသို့အချိန် မကျ သေးသောကြောင့် ပျောက်ဆုံးဝိညာဉ် များစွာ ဖမ်းမည့်အချိန် ရသောကြောင့် ထိုသူများအတွက် အလွန် ကောင်းသည်။ သို့သော် ကယ်တင်ခြင်း မသိ လက်မခံသောသူများ ပို၍ ပို၍ မွေးဘွားလာသောကြောင့် ရင်လေးစရာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရား၏ အစီအစဉ် ဖြစ်သောကြောင့် ဝိညာဉ်များကယ်တင်ခြင်းသို့ ရောက်ဘို့ရန် အတွက် သာ၍ ကြိုးစား ဆောင်ရွက်ကြ ပါစို့ဟု တိုက်တွန်း အားပေးလိုပါသည်။ ​ြမေ​ေညအေ့​ေ အဓိပ္ပါယ်မှာ၊ သခင်ဘုရားကြွလာတော်မူမည် သို့မဟုတ် ကြွလာတော်မူပါဟူ၍ ဖြစ်သည်။ 

ယခုလအတွက်...

  • ကယ်တင်ခြင်း 
  • ဘုရားက ဦးဆောင်မည်
  • သက်သေခံချက်
  • ဧလိယကို အပြစ်တင်
  • ကျမ်းစာဖတ်ကြစို့ (ဟေဗြဲ ၁၁) 
  • ကမ္ဘာ့ အ​ခြေအနေ
  • အမှုတော်ဆောင်ခြင်း 

 

ကယ်တင်ခြင်း 

 သင်သေလျှင် မည်သည့်နေရာသို့ ရောက်မည်နည်း ဤမေးခွန်းကို စဉ်း စားဘူးပါသလား။ လူသည် ဤလောက၌ ထာဝရ အသက်ရှင်မည့်သူ မရှိ။ ကျမ်းစာက လူသည် တခါတည်း သေ၍ နောက်မှတရားစီရင်ခြင်းရှိမည် ဟုဆိုသည် (ဟေ ၉:၂ရ)။ ထို့ကြောင့် မသေမှီ ကြိုတင် ပြင်ဆင်ဘို့ လိုသည်။ လူအများစုကအထက်ပါ မေးခွန်းကို၊ သေမှမသေသေးတာ၊ ဘယ်လိုလုပ်သိမလဲဟု ​ဖြေတတ်ကြသည်။ လူသည် ဤလောက၌ ခရီးသည် ဖြစ်သည် (၁ ပေ ၁:၁ရ)။ လူတယောက်သည် လမ်းပေါ်မှာ လျှောက် သွား၍၊ သူ့ကို ဘယ်ကလာသည်၊ ဘယ်နေရာရောက်သည်၊ ဘယ်ကို သွား မည်ကို မေးပြီး မပြောနိုင်လျှင် မည်ကဲ့သို့ ထင်မည်နည်း။ အရူး ဖြစ်သည် မဟုတ်လော။ ထို့နည်းတူ လူသည်၊ မိခင် ဝမ်းမှမွေးလာ၍၊ လောလောဆယ်မြေကြီး ပေါ်၌ ရှိသည်၊ သေလျှင် သင်္ချိုင်းတွင်း၌ နေမည်ဟု ကိုယ်ခန္ဓာနှင့် ပတ်သက်သောအရာကို ​ဖြေရုံနှင့် မပြီးပါ။ သင်သည် တိရစ္ဆာန် မဟုတ်ပါ၊ ဝိညာဉ် ရှိသည်။ ကိုယ်ခန္ဓာသည် သေလျှင် မြေမှုန့်ဖြစ်သွားသော်လည်း၊ ဝိညာဉ်သည် မသေနိုင်၊ ထာဝရ အသက်ရှင်မည် ဖြစ်သည်။ သို့သော် အသက်ရှင်စဉ် ကယ်တင်ခြင်းသို့ မရောက်လျှင် ထာဝရ မီးအိုင် ထဲ၌ ဒုက္ခ ခံစားရမည် ဖြစ်သည်။ ထို့ကြောင့် မသေမှီ ကြိုတင်၊ ကိုယ်သွားမည့် နေရာကို ပြင်ဆင်ဘို့၊ သိဘို့ လိုသည်။ 

လူအချို့တို့သည် သေလျှင် ကိုယ်ခန္ဓာမြှပ်မည့် သင်္ချိုင်းအုတ်ဂူ ပြုလုပ်ခြင်း၊ သားသမီး များအမွေးပေးခြင်း၊ အသုဘအတွက် ကုန်ကျမည့် အရာများ စုဆောင်းခြင်းဖြင့် ပြင်ဆင် တတ်ကြသည်။ ထိုအရာများ ပြင်ဆင်ခြင်းသည် ကောင်းပါသည်။ သို့သော် ဝိညာဉ် ငရဲမီးအိုိင်ထဲသွားရလျှင် လုံးဝ အကျိုးမရှိချေ။ အဓိက ပြင်ဆင် ရမည့် အရာသည် မိမိဝိညာဉ် ငရဲမီးအိုင် မှလွတ်၍ ကောင်းကင်နိင်ငံဝင်ဘို့ ဖြစ်သည်။ ကောင်းကင်နိင်ငံရောက်မည်လောဟု မေးလျှင် အချို့သောသူများက၊ ရောက်မည်ဟု ​ဖြေ တတ်ကြသည်။ အဘယ့်ကြောင့်ရောက်မည်ဟု ပြောနိုင်သနည်းဟု မေးလျှင်၊ မကောင်းသော အကြံများ မကြံပါ၊ သူ့မယားကိုလည်း မပြစ်မှားပါ၊ လူများကို ကူညီဘို့ သာလျှင် ကြိုးစား ပါသည် စသည်ဖြင့် ​ဖြေတတ်ကြသည်။ သင်သည် ထိုကဲ့သို့ မိမိအကျင့်ကို အမှီပြုလျှင်၊ ကျမ်းစာ လာသည်ကား၊ ​ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။ ၁၁ နားလည်သောသူမရှိ။ ဘုရားသခင်ကို ရှာသောသူမရှိ၊ ၁၂ လူအ ပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူ ဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှ မရှိ။ (ရော ၃:၁၀-၁၂) ဟုဆိုထားပါသည်။ ထို့ကြောင့် မိမိကုသိုလ်ကောင်းမှု အကျင့်အားဖြင့် ကောင်းကင်နိင်ငံ ရောက်နိုင်သောသူမရှိချေ။ 

များစွာသောသူများသည်၊ ငရဲရောက်မည်ဟု သိသော်လည်း၊ ကြောက်ရွံ့ခြင်း မရှိ၊ ငရဲမှလွတ်လမ်းကို မရှာ၊ ဝိညာဉ် ကခံ စားမည့် အရာကို လုံးဝ ဂရုမစိုက်ကြချေ။ သင်သည် ထိုကဲ့သို့ သောသူ ဖြစ်ပါသလော။ သခင်ယေရှု ကငရဲသည်၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာမီးဖုိ (မ ၁၃:၄၂) ဟုဆိုသည်။ ငိုကြွေးခြင်းသည် ဝမ်း နည်းခြင်း၊ ကြောက်ရွံ့ခြင်း၊ နာကျင်ခြင်းကို ဖေါ်ပြသည်။ အံသွားခဲကြိတ်ခြင်းသည် မကျေနပ်ခြင်း၊ နာကျင်ခြင်းကို ဖေါ်ပြသည်။ မီးဖုိသည် ပူလောင်ခြင်းကို ဖေါ်ပြသည်။ ထိုနေရာသည် ဘုရားကို ဆန့်ကျင်သော စာတန် အတွက် ဖန်ဆင်းထားသည် (မ ၂၅ ; ၄၁)၊ လူသားများအတွက် မဟုတ်ချေ။ သို့သော် စာတန်သည် သူတယောက် ထဲမီးအိုင် ထဲသို့ မကျချင်ဘဲ၊ ဘုရား ချစ်တော်မူသော သင်နှင့် လူသားများကိုလည်း၊ ကျရောက် စေချင်သည်။ ထို့ကြောင့် ဘုရားသခင်က သင်ကို ခရစ်တော်အားဖြင့် ကယ်တင်သော အကြောင်း အရာကို၊ မသိစေချင်ဘဲ ကြားမိမှာစိုးသောကြောင့် လောကအရာများအားဖြင့် အာရုံပြောင်းအောင် ဆွဲဆောင်နေသည်။ သင်နှင့် လူအများစုသည်စာ တန်၏ လိမ်လည်လှဲ့ဖျားမှုကို ယုံပြီး၊ သတ်ဘို့ ရာခေါ်သွားသော တိရစ္ဆာန်ကဲ့သို့ စာတန် နောက်ကို တကောက်ကောက်လိုက်နေသည်။ ကျမ်းစာက၊ သူတို့ မူကား၊ ဘမ်း၍ ဖျက်ဆီးဘို့ ရာဖန်ဆင်းသော တိရစ္ဆာန်သက်သက်ကဲ့သို့၊ မိမိတို့ နားမလည်သောအရာကို ကဲ့ရဲ့လျက်၊ မိမိတို့ ပုပ်ပျက်သောအားဖြင့် အကုန်အစင်ပျက်စီးခြင်းသို့ ရောက်၍၊ မတရားသော အမှု၏ အပြစ်ကို ခံရကြလိမ့်မည်။ (၂ ပေ ၂:၁၂) ဟုဆိုသည်။ သင်သည် ဤလောက တည်းဟူသော၊ အပျော်အပါး၊ အလုပ်၊ ငွေ၊ ပညာ၊ နိင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ အီလက်ထောနစ်ပစ္စည်းများအားဖြင့် စာတန်က၊ ကောင်းကင် ဝင်ဘို့ စိတ်မဝင်စားရန်လိမ်လည် နေကြောင်း သိပါ။ 

ခရစ်တော်က၊ လူသည် ဤစကြဝဠာကို အကွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ံှုးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။ (မ ၁၆:၂၆) ဟုဆိုခဲ့သည်။ သို့သော် လူသည် အဝေးမှ ု ံသောကြောင့် မမြင်နိုင်၊ အနီးကိုသာလျှင် မြင်၍ ဂရုစိုက်သောကြောင့် လောလောဆယ်အရသာ ခံဘို့ကိုသာလျှင် ရွေးချယ် ကြသည်။ သခင်ယေရှုက ခဏဇိမ်ခံခဲ့သောသူဌေးကြီးနှင့် ပတ်သက်၍ ဤသို့ ဟောပြောခဲ့သည်၊ တနေ့သ၌ ထိုဆင်းရဲ သားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သ+ဂ ုဟ်ခြင်းကို ခံရလေ၏။ ၂၃ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကိုင်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇ ုကိုင်း အဝေး ကမြင်လျှင်၊ ၂၄ အိုအဘအာဗြဟံ၊ အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အ​ကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာ ခံရသောကြောင့်၊ လာဇ ုသည် မိမိလက်ဖျားကို ရေ၌ နှစ်၍ အ​ကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အ​ကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ် ကြော်လေ၏။ ၂၅ အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာ ရသည်ကိုင်း၊ လာဇ ုသည် ဆင်းရဲစွာ နေရသည်ကိုင်း အောက်မေ့လော့။ ယခု မူကား၊ သူသည် သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခ ဝေဒနာကို ခံရ၏။ ၂၆ ထိုမှတပါး၊ ငါတို့နှင့် သင်တို့ စပ်ကြား၌ အလွန် နက်လှသော ချောက်ကြီး တည်လျက် ရှိ၏။ ထိုကြောင့် ဤအရပ်မှသင်တို့ ရှိရာသို့ ကူးချင်သောသူမကူးနိုင်။ ထိုအရပ်မှငါတို့ ရှိရာသို့ ကူးချင်သောသူလည်း မကူးနိုင် ဟုဆို၏။ (လု ၁၆:၂၂-၂၆)။ သင်ထိုသူဌေးကြီး ကဲ့သို့ မဖြစ်ပါနှင့်။ 

ဘုရားသခင်သည် သင်ကို ကယ်တင်ခဲ့သော်လည်း သင်ကဂရုမစိုက်မယုံ ကြည်လျှင် အတင်း ကယ်တင်မည် မဟုတ်။ သင်၌ ဆုံးဖြတ်နိုင်သော ဥာဏ်ပေးထားပြီး ဖြစ်သည်။ လက်ခံနိုင်သော နှလုံးသား ပေးထားပြီ။ ဘုရားသခင်သည် ခလေး ကဲ့သို့ မဟုတ်လူကြီး ကဲ့သို့ သင့်ကို ဆက်ဆံသည်။ ထို့ကြောင့် ဆာငတ်သောသူ၊ လိုချင်သောသူကိုသာလျှင် မည်သူမဆို ကယ်တင်မည် ဖြစ်သည်။ သခင်ယေရှုက၊ ငါ့ထံသို့ လာသောသူကို ငါသည် အလျှင်း မပယ်။ (ယော ၆:၃ရ) ဟုဆိုခဲ့သည်။ တဖန် ယေရှုက၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့။ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာ လာသည် အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသော်၊ ယုံကြည်သော သူတို့သည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ (ယော ရး၃ရ- ၃၉)။ 

ရေငတ်ခြင်း ဆိုသည်မှာ ဝိညာဉ် ရေကို ဆိုလိုသည်။ သင်၏ ဝိညာဉ်သည် ဘုရားသခင်ကို ငတ် နေကြောင်း ကျမ်းစာ၌ ဤကဲ့သို့ ဖေါ်ပြထားသည်၊ ၁ သမင်ဒ ရယ်သည် ရေစီးသော ချောင်းကို တောင့်တ သကဲ့သို့၊ အ​ကျွန်ုပ် ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည် ဘုရား၊၊ ၂ ငါ့ ဝိညာဉ်သည် ဘုရားသခင် တည်းဟူသော၊ အသက်ရှင်တော်မူသော ဘုရားကို ငတ်လှ၏၊၊ အဘယ်ကာလမှ ဘုရားသခင် ထံတော်သို့ ရောက်၍ မျက်နှာပြရအံ့နည်း။ ၅ အိုငါ့ ဝိညာဉ် သင်သည် အဘယ်ကြောင့် 
ညှိငယ်သနည်း။ ငါ့အထဲမှာအဘယ့်ကြောင့်မငြိမ်မဝပ်ရှိသနည်း၊၊ ဘုရားသခင်ကို မြော်လင့်လျက် နေလော့၊၊ (ဆာလံ ၄၂:၁၊ ၂၊ ၅) သင်၏ ဝိညာဉ်သည် သခင်ဘုရားကို ငတ်လှသည်။ သင်၏ အထဲ၌ မငြိမ်ဝပ်ရှိ၍၊ ရေဆာသော အပင်ကဲ့သို့ ဍှုိးငယ်နေသည်။ ထို့ကြောင့် သင်၏ စိတ်နှလုံးလည်း ဝမ်းနည်းကျေကွဲလျက် ညှိုးငယ်နေခြင်း ဖြစ်သည်။ ထိုအရာကိုလောက ပစ္စည်း၊ အပျော်အပါးများအားဖြင့် ဖြည့်ဆည်းနိုင်သည် မဟုတ်၊ သခင်ယေရှု ကသာလျှင် ကျေနပ် အားရမှု ပေးနိုင်သည်။ 

သခင် ယေရှုခရစ်သည် သင်၏ အထဲ၌ ဝင်ဘို့ရန် ဤကဲ့သို့ တံခါးခေါက်နေပါသည်၊ ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။ (ဗျာ ၃:၂၀)။ မိတ်ဆွေ၊ သခင်ယေရှုကို စိတ်နှလုံးတံခါးဖွင့်၍ ဝင်ခိုင်းပါ။ ဤကဲ့သို့ ဆုတောင်းပါ၊

သခင်ယေရှု ဘုရား၊ ကိုယ်တော်ကို ​ကျွန်ပ်၏ ကယ်တင်ရှင်ဘုရား ဖြစ်ကြောင်း ဝန်ခံ ပါ၏။ ​ကျွန်ပ်၏ စိတ်နှလုံးတံခါးဖွင့်ပါပြီ။ ဝင်တော်မူပါ။ ​ကျွန်ပ်၏ အသက်တာကို အုပ် စိုးတော်မူပါ။ အာမင်။ သင်သည် အမှန်တကယ် ခေါ်ဘိတ်ပါက သူသည် ဝင်မှာသေ ချာသည်။ သူဝင်လျှင် သင်သည် ထာဝရ အသက် ရရှိပြီ။ သူ၏ အုပ်စိုးခြင်းကို ဝန်ခံပါ။ ကျမ်းစာဖတ်ပါ။ ဆုတောင်းပါ။ သင်၏ ဝိညာဉ် အစာစား တတ်ဘို့ရန် ဆရာမောဇက်ထံ၊ ဖုန်းဖြင့် ဖြစ်စေ၊ အီမဲလ်ဖြင့် ဖြစ်စေဆက်သွယ်နိုင်ပါသည်။ ဘုရားသခင်က ောင်းကြီး ပေးတော်မူပါစေသော်။ 

 

ဘုရားက ဦးဆောင်မည်

ကားသည် စက်ကမှောင်းနှင်သည်။ စက်သည်လည်း ဓါတ်ဆီက အားပေးသည်။ စက်ကို စတာတာမော်တာကနိုးသည်။ စတာတာမော်တာကို ဘယ်ထရီက အားပေးသည်။ ထို့နည်းတူ လူသည် ဘုရားအားဖြင့် အသက်ရှင်ရမည် ဖြစ်သည်။ ဘုရားကလူသည် သူ၏အားဖြင့် အသက်ရှင်စေလိုသော်လည်း၊ အတင်း အဓမ္မဖြင့် မလုပ်ပါ။ လူ၏ ခွင့်ပြုချက်၊ တောင်းဆိုချက်၊ အလိုဆန္ဒမရှိဘဲ မဦးဆောင်ပါ။ လူ၌လည်း အားရှိသည်။ လူ၏ အားသည် အကန့်အသတ်ရှိ၍ ဘုရားအားနှင့် နှိုင်းယှဉ်ပါက ဘာမျှ မဟုတ်ချေ။ ကားနှင့် နှိုင်းယှဉ်ပါက လူ၏ အားသည် ဘယ်ထရီအားနှင့် တူ၍ ဘုရား၏ အားသည် စက်အားနှင့် တူသည်။ လူ၏အားနှင့် အစွမ်းသည် အလွန်နည်းသော်လည်း အဘယ့်ကြောင့်ဘုရားကပေးသေးသနည်းဟူမူကား ဘုရား၏အားနှင့် အစွမ်းကို ရွေး ချယ်နိုင်ဘို့ရန် ဖြစ်သည်။ ဘုရားသခင်သည် လူကို စက်ကဲ့သို့ မောင်းနှင်ဘို့ရန် မဖန် ဆင်းပါ။ စက်သည် သက်မဲ့ ဖြစ်သည်။ လူသည် သက်ရှိသတ္တဝါ ဖြစ်သည်။ လူသည် ကိုယ်
၏ အားနည်းချက်ကို သိ၍ အားကြီးသော ဘုရားသခင်ကို အားကိုးရမည်။ သို့သော် ဘုရားထက် ကိုယ့်ကိုယ်ကို ဖြစ်စေ၊ အခြားလူကို ဖြစ်စေအားကိုး နေတတ်ကြသည်။ 

ဘုရား အားကိုးလော့

ထာဝရဘုရားကို စိတ်နှလုံးအ ကွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ ၆ သွားလေရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ၇ ငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစ ိုက်ကို ရှောင်လော့။ ၈သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍၊ အိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။ (သုတ္တံ ၃:၅-၈) 

အထက်ပါ ကျမ်းပိုဒ်သည် ကျမ်းစာ အလွတ်ကျက်သူတိုင်း နီးပါးကရကြပါ လိမ့်မည်။ သို့သော် လက်တွေ့ကျင့်သုံးသောသူ အလွန်နည်းပေလိမ့်မည်။ ကျမ်းစာသည် အလွတ်ကျက်ရုံ၊ သိရုံဖြင့် အကျိုးမပေးပါ။ ကျင့်သုံးမှသာလျှင်အကျိုးရှိသည်။  ထာဝရဘုရားကို စိတ်နှလုံးအ ကွင်းမဲ့ကိုးစားလော့။ ကျမ်းစာ ကထာဝရဘုရားကို စိတ်နှလုံးတဝက် သို့မဟုတ် အများစုဖြင့်ကိုးစားလော့ဟု မပြောပါ။ စိတ်နှလုံး အကြွင်းမဲ့ကိုးစားဘို့ ပြောသည်။ သို့ဖြစ်လျှင် ယုံကြည်သူများသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားကြပါသလော။ ဆန့်ကျင်ဘက် ဖြစ်နေသည်။ ထာဝရဘုရားကို လုံးဝ မကိုးစားကြချေ။ ထို့ထက် ကိုယ့်ဥာဏ်ကို အမှီပြု နေကြသည်။ ကိုယ့်ကို ကိုယ်ကိုးစား၍ မရလျှင် အခြားလူကိုကိုးစားတတ်ကြသည်။ ယခုမှစ၍ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားကြပါစို့။ 

ကိုယ်ဥာဏ်ကို အမှီမပြုနှင့် ကိုယ်ဥာဏ်ကို အမှီမပြုဘို့ ပြောထားသည်။ သို့ဖြစ်လျှင် အဘယ်ကြောင့်ဘုရားကလူကို အသုံးမပြုမည့် စဉ်းစားတတ်သော ဥာဏ် ပေးသေးသနည်းဟု မေးစရာ ရှိလာသည်။ ဥာဏ်ပေးရခြင်း အကြောင်းသည် ဘုရားကို သိဘို့၊ သူ့ကို အားကိုး ဘို့၊ ရွေးချယ်ဘို့ရန် ပေးထားခြင်း ဖြစ်သည်။ လူ့ဥာဏ်နှင့် အ စွမ်းအစအားဖြင့် ဘဝတည်ဆောက်ဘို့ ပေးခြင်း မဟုတ်ပါ။ သို့သော် လူသည် ဘုရားကိုအား မကိုး တော့ဘဲ၊ ကိုယ့်ဥာဏ်နှင့် စွမ်းအားကိုသာလျှင် အားကိုး အသုံးပြုတော့သည်။ ထို့ကြောင့် သူ၏ ဘဝသည် မ​ဖြောင့်ဖြိုးနိုင်၊ အဟန့်အတား၊ အခက်အခဲ၊ ပြသ နာမျိုးစုံခံစားရ၊ တွေ့ကြုံရသည်။ သို့သော် လူသည် သူ၏ ပြသနာကို နားမလည် နိုင်၊ ဘုရားထံသို့ သွားရမည့်အစား၊ ကိုယ်ကဲ့သို့သော လူသား ထံ၌ အကူအညီတောင်းခံ တတ်သည်။ သင်သည် မည်သည့်အချိန်၌ နားလည်၍ ဘုရားသခင်ကို အားကိုးမည် နည်း။ 

သွားလေရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သွားလေရာ၌ ဟုဆိုခြင်းသည် အချိန်မရွေး ဖြစ်သည်။အချိန်မရွေး ထာဝရဘုရားကို မျက်မှောက်ပြုကြပါ သလော။ ဘုရားကျောင်း၌ သို့မဟုတ် တရားနာတုန်းမျက်မှောက်ပြုသော်လည်း၊ ပြီးလျှင် လူနှင့် လောကအရာများကိုသာ လျှင်၊ မျက်မှောက်ပြုကြသည် မဟုတ်လော။ မျက် မှောက်ပြုခြင်း ဆိုသည်မှာ ဂရုစိုက်ခြင်း၊ အလေးထားခြင်း၊ သတိမူခြင်း ဖြစ်သည်။ သင်သည် ထာဝရဘုရားကို အစဉ်သဖြင့် မျက်မှောက်ပြုပါသလော။ ဝတ်ပြုသော အချိန်၌ သာလျှင် မဟုတ်ရပါ။ 


လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ဘုရားသခင်က လမ်းခရီး ပဲ့ပြင်လျှင် ​ဖြောင့်ဖြိုး၍ အစဉ်ပြေပါလိမ့်မည်။ ဆာလံဆရာက၊ သင့်ကို ငါသွန်သင်မည်၊၊ သင် သွားရမည်လမ်းကို ပြတော်မူမည်၊၊ သင့်ကို ကြည့် ှုပြုစုမည်၊၊ ဥာဏ်ပညာမဲ့သော မြင်း လားကဲ့သို့ မဖြစ်နှင့်၊၊ (ဆာ ၃၂:၈) ဟုဆိုသည်။ ထာဝရဘုရား၏ သွန်သင်ခြင်း၊ လမ်း ပြခြင်းကို အလိုရှိကြပါသလား။ ပညာရှိများ၏ သွန်သင်ခြင်းကို အလိုရှိ၍ ငွေကုန်ကျေး ကျ များစွာဖြင့် ကျောင်းတက်ကြ၊ သင်တန်းတက်ကြသည် မဟုတ်လော။ သို့သော် ဘု ရား၏ သွန်သင်ခြင်းကိုမူအလိုမရှိကြ၊ တန်ဘိုး မထား၊ စိတ်မဝင်စားခြင်းသည် အလွန် ဝမ်းနည်းစရာပင် ဖြစ်သည်။ 

ထာဝရဘုရား၏ အစွမ်း မသိသောကြောင့် 

လူသည် ထာဝရဘုရားကို အဘယ်ကြောင့်စိတ်နှလုံးအကြွင်းမဲ့အား မကိုး သနည်းဟူမူကား၊ သူ၏ အစွမ်းအစကို မသိသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီး အရာခပ်သိမ်းကို ဖန်ဆင်းသည်ဟု သိ၍ ယုံကြည်သည် ဟုဆိုသော်လည်း၊ ​ကျွန်ပ်တို့၏ ပြသနာကို ​ ဖြေရှင်း ပေးနိုင်သည်ဟု မယုံကြည် ကြချေ။ 

ယုံကြည်လျှင် အကြွင်းမဲ့အားကိုး မှာသေချာသည်။ ကျမ်းစာက၊ ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသော ဘုရားသခင် ဖြစ်ကြောင်းကိုင်း၊ မြေကြီးစွန်း တိုင်အောင် ဖန်ဆင်းတော်မူသော အရှင် ဖြစ်ကြောင်းကိုင်း၊ မောတော်မူခြင်း၊ ပင် ပန်းတော်မူခြင်း မရှိ၊ စစ်၍ မကုန်နိုင်သော ဥာဏ်နှင့် ပြည့်စုံတော်မူကြောင်းကိုင်း၊ သင်သည် မသိ၊ မကြားဘူးသလော။ ထိုဘုရားသည် မောသော သူတို့ အား၊ ခွန်အားကို ပေးတော်မူ၏။ နွမ်းနွယ်သော သူတို့ အား၊ အစွမ်းသလ္လိနှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။ ၃၀ လူပျိုတို့သည် မော၍ ပင်ပန်းခြင််းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ၃၁ ထာဝရဘုရားကိုမျှ ော်လင့်သော သူတို့ မူကား၊ အား ပြည့်ကြလိမ့်မည်။ လင်းယုန် ကဲ့သို့ မိမိတို့ အတောင်ကို အသစ်ပြုပြင်ကြ လိမ့်မည်။ ပြေးသောလည်း မပင်ပန်း၊ ခရီး သွားသောအခါ မမောရကြ။ (ဟေရှာယ ၄၀:၂၈-၃၁) ဟုဆိုသည်။ ထို့ကြောင့် ဘုရား၏ အစွမ်းအစကို သိဘို့ရန် လေ့လာ၊ ဆင်ခြင်ကြပါစို့။ ဘုရား၏ အစွမ်းအစကို သိသွားပါက သူ့ကိုအား မကိုးဘဲ မနေနိုင် တော့ပါ။ ယခုမူကား ဘုရားသည် ကိုယ်နှင့် မဆိုင် သကဲ့သို့ ဂရုမစိုက်သောကြောင့် စိတ်မဝင်စား၊ မဆင်ခြင်ကြချေ။ ထို့ကြောင့်အား မကိုးခြင်းဖြင့် များစွာ ဆုံးရှုံးရသည်။ ဘုရားအား မကိုးလျှင် လူ့စွမ်းအားကို အားကိုး လာသည်။ 

ယောဘသည် ဘုရား၏ အစွမ်းအစကို သိ လာသောအခါ၊ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကိုင်း၊ အကြံအစည်တော်ကို အဘယ် သူမျှမတားဆီး နိုင်ကြောင်းကိုင်း၊ အ​ကျွန်ုပ်သိပါ၏၊၊ (ယောဘ ၄၂:၂) ဝန်ခံသွားသည်။ နေဗုခဒ်နဇောမင်းကြီးလည်း ထာဝရဘုရားကတိရစ္ဆာန်ကဲ့သို့ဖြစ်စေပြီး နောက်၊ ဘုရား၏ အစွမ်းအစကို သိ လာသောအခါ၊ ဤကဲ့သို့ ဝန်ခံသွားခဲ့သည်၊ ကာလအချိန် စေ့သောအခါ၊ ငါနေဗုခဒ်နဇောသည် ကောင်းကင်သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံးသော ဘုရားကို ကောင်းကြီး ပေး၍၊ ထာဝရ အသက်ရှင်တော်မူသော ဘုရားကို ချီးမွမ်းထောမနာပြု၏။ အာဏာတော်သည် ထာဝရ အာဏာ ဖြစ်၏။ နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက်တည်၏။ ၃၅ မြေကြီးသား အပေါင်းတို့သည် အဘယ်မျှ မဟုတ် သကဲ့သို့ဖြစ်ကြ၏။ ကောင်းကင်ဗိုလ်​ခြေ တို့၌ င်း၊ မြေကြီးသားတို့၌ င်း အလိုတော် ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှမဆီးတားနိုင်။ အဘယ်သို့ ပြုသနည်းဟု ကိုယ်တော်ကို ဆိုနိုင်သောသူ မရှိ။ ၃၆ ထိုအခါ င့ါစိတ်ပကတိ ဖြစ်ပြန်၍၊ ငါ့နိုင်ငံ၏ အသရေကို ယမန်ကဲ့သို့ တင့်တယ်ခြင်း အရောင်အဆင်းနှင့် ပြည့်စုံ၍၊ တိုင်ပင်သော မှူးတော် မတ်တော်တို့သည် ညီလာ ခံဝင်ကြလျှင်၊ ငါ၏ အာဏာတည်မြဲတည်၏။ ငါ့ဘုန်း အာနုဘော်လည်း ယခင်ထက် တိုးပွား၏။ ၃၇ ယခုတွင် ငါ့နေဗုခဒ်နဇောသည် ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင်ကို ချီးမွမ်းထောပနာပြု၏။ စီရင်ဖန်ဆင်းတော်မူသမျှသောအရာ တို့သည် သစ္စာနှင့် ပြည့် စုံ၍ တရားနှင့် ညီလျော်ကြ၏။ မာနထောင်လွှားသော သူတို့ကို နှိမ့်ချခြင်းငှါ တတ်နိုင်တော်မူ၏၊ ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။ (ဒံယေလ ၄:၃၄-၃ရ)။ 

သခင်ယေရှု၏ အစွမ်းအစကို သိသော ရောမတပ်မှုး ကသူ၏ ငယ်သားကို ကျန်း မာစေဘို့ အကူအညီတောင်းသောအခါ၊ ယေ ှုကလည်း ငါလာ၍ ချမ်းသာ ပေးမည်ဟု မိန့်တော်မူလျှင်၊ ၈ တပ်မးက၊ သခင်၊ ​ကျွန်တော်၏ အိမ်မိုးအောက်သို့ ကွဝင်တော်မူခြင်း ကျေးဇူးတော်ကို ​ကျွန်တော် မခံထိုက်ပါ။ အမိန့်တော် တခွန်းရှိလျှင် ​ကျွန်တော်၏ ငယ်သားသည် ချမ်းသာ ရပါလိမ့်မည်။ ၉ ဥပမာကား၊ ​ကျွန်တော်သည် မင်းအောက်၌ ​ကျွန်ခံသောသူ ဖြစ်သော်လည်း၊ စစ်သူရဲများကို အုပ်စိုး၍၊ တဦးကို သွားချေ ဟုဆိုလျှင် သွားပါ၏။ တဦးကို လာခဲ့ ဟုဆိုလျှင် လာပါ၏။ ​ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူး လျှောက်လေ၏။ (မ ၈:ရ- ၉)။ ရောမတပ်မှုးက ထိုကဲ့သို့ သခင်ယေရှုကို ယုံကြည်သည်။ သူ၏ အစွမ်းအစကို နားလည်သည်။ အားကိုး သည်။ 

မျက်စိကန်းနှစ်ယောက်ကလည်း သခင်ယေရှု၏ အစွမ်းအစကို သိသောအခါ၊ လူများ က​ေငါက်ကြသော်လည်း မကြောက်ရွံ့ဘဲ ဤသို့ အကူအညီတောင်းကြသည်၊ ယေ ှုသည် ကွသွားတော်မူကြောင်းကို လမ်းနားမှာထိုင်နေသော လူကန်း နှစ်ယောက်တို့သည် ကြားရလျှင်၊ ဒါဝိဒ်၏ သားတော် အရှင်၊ အ​ကျွန်ုပ်တို့ကို ကယ်မ သနားတော်မူပါဟု ဟစ်ကြော်လေ၏။ ၃၁ ထို သူတို့ကို တိတ်ဆိတ်စွာ နေစေခြင်းငှာ လူအစုအဝေးတို့သည် ​ေငါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော် အရှင်၊ အ​ကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြ၏။ ၃၂ ယေ ှုသည်လည်း ရပ်တော်မူလျက် ထို သူတို့ကို ခေါ်၍ သင်တို့၌ အဘယ်သို့ ပြုစေလို သနည်းဟု မေးတော်မူလျှင်၊ ၃၃ သခင်၊ အ​ကျွန်ုပ်တို့ မျက်စိကို ပွင့်လင်းစေခြင်းငှာ ပြုတော်မူပါဟု လျှောက် ကသော်၊ ၃၄ ယေ ှုသည် သနားခြင်း စိတ်တော် ရှိ၍ သူတို့ မျက်စိကို လက်နှင့်တို့တော်မူ၏၊ ထိုခဏခြင်းတွင် ထို သူတို့သည် မျက်စိမြင်၍ နောက်တော်သို့ လိုက်ကြ၏။ (မ ၂၀ ; ၃၀-၃၄) မျက်စိကန်းသူနှစ်ယောက်တို့သည် ပတ်ဝန်းကျင်လူများကို ဂရုမစိုက်ကြချေ။ သူတို့ မျက်စိပြန်မြင်ဘို့ သာလျှင် အရေးကြီးသည်။ သူတို့ ကဲ့သို့ပင်ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ၊ သခင်ယေရှု၏ အစွမ်းကို ယုံကြည်၍ လိုက်သင့်သည်။ ယခုမူဘာမျှမကူ ညီနိုင်သော၊ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်း၊ အသင်းသားများကို ကြောက်ခြင်း၊ အား နာခြင်းဖြင့် သခင်ယေရှုကိုအား မကိုးရဲကြခြင်းသည်၊ ကိုယ့်အပြစ်ကိုယ့်အရှုံး ဖြစ်သည်။ 



သက်သေခံချက်
ဆရာဗန်ထာအုပ်


တခါတုန်းက ယုံကြည်သူ တယောက် ဆံသဆိုင်မှာဆံပင်ညှပ်ပြီး၊ ဆံပင် ညှပ်ပေးသူထံ ဘုရားသခင် ရဲ့ကောင်းမြတ်ခြင်းကို သက်သေခံနေတယ်။ အဲဒီအခါ ဆံပင်ညှပ်သူက၊ ဘာ ဖြစ်လို့ ဘုရားသခင် ဟာ ကောင်းမြတ်ပြီး မေတ္တာရှိရင်၊ လူများကို ဒုက္ခ ထဲမှမ ကယ်တင်တာလဲ လို့မေးလာတယ်။ ထိုအခါ ယုံကြည်သူက၊ သင်လဲ ဆံပင်ကို လှလှလေးညှပ်ပေးတတ်ပေမယ်လို့ ဘာ ဖြစ်လို့လူများ ဆံပင်ရှည်ပြီး ပုံပျက် ပန်းပျက်နေတဲ့လူတွေကို မညှပ်ပေးတာလဲလို့ သူ့ကို ပြန်မေးလိုက်တယ်။ ဆံပင်ညှပ် သူက၊ သူတို့ ကမှငါဆီလာပြီး မညှပ်ခိုင်းတာကိုး၊ ငါဘယ်လိုလုပ်ညှပ်ပေးနိုင်မလဲ၊ လို့ပြန်​ဖြေတယ်။ အဲဒီအခါဆံပင်ညှပ်ခံတဲ့လူက၊ အဲသည် လိုဘဲ၊ ဘုရား လဲလူတွေကို ကူညီမစချင် ပေမယ်လို့ သူတို့ ကမှဘုရားရှင်ထံမလာတာကိုး လို့ပြန်​ဖြေလိုက် သတဲ့ဗျာ။ 

ဧလိယကို အပြစ်တင်

ထိုနောက်မှအိမ်ရှင်မ၏ သားသည် ပြင်းပြစွာသော အနာရောဂါစွဲ သောကြောင့် အသက် ချုပ်၏။ မိန်းမကလည်း အို ဘုရားသခင်၏ လူ၊ ကိုယ်တော်သည် ​ကျွန်မနှင့် အဘယ်သို့ ဆိုင်သနည်း။ ​ကျွန်မအပြစ်တို့ကို အောက်မေ့စေ၍၊ ​ကျွန်မ သားကို သတ်အံ့သောငှါ ​ကျွန်မဆီသို့ ကွလာတော်မူ သလောဟု ဧလိယအား ဆိုသော်၊ ၁၉ သင်၏ သားကို ငါ့ အားပေးလော့ ဟုဆိုလျက်၊ မိန်းမရင်ခွင်ထဲကယူ၍ မိမိနေရာအထက် အခန်းသို့ ဆောင်သွားသဖြင့်၊ မိမိအိပ်ရာပေါ်မှာ ထားပြီးလျှင်၊ ၂၀ အ​ကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အ​ကျွန်ုပ်တည်း ခိုသော ဤမုတ်ဆိုးမ၌ ဘေးဥပဒ်ပြု၍၊ သူ၏ သားကို သေစေတော်မူ မည်လောဟု ထာဝရဘုရားကို ​ေ ကွးကြော်လေ၏။ ၂၁ တဖန် သူငယ်အပေါ်မှာ မိမိကိုယ်ကို သုံးကြိမ်လှန်လျက်၊ အ​ကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ဤသူငယ်၏ ဝိညာဉ်ကို တဖန် ဝင်စေတော်မူပါဟု ထာဝရဘုရားကို ​ေ ကွးကြော်ပြန်၏။ ၂၂ ဧလိယစကားကို ထာဝရဘုရားကြားတော်မူ၍၊ သူငယ်၏ ဝိညာဉ်သည် ဝင်သဖြင့်၊ သူသည် အသက်ရှင်ပြန်၏။ ၂၃ ဧလိယသည် သူငယ်ကို အထက် အခန်းမှအောက်သို့ ယူ သွား၍ ကြည့်လော့။ သင်၏သား အသက် ပြီ ဟုဆိုလျက် အမိ၌ အပ်လေ၏။ ၂၄ မိန်းမကလည်း၊ ဤအမှုကို ထောက်ထား၍ ကိုယ်တော်သည် ဘုရားသခင်၏ လူဖြစ်ကြောင်းကိုင်း၊ ကိုယ်တော် ဆင့်ဆိုသော ထာဝရဘုရား၏ စကားတော်ဟုတ်မှန်ကြောင်းကိုင်း၊ ​ကျွန် မသိပါသည်ဟု ဧလိယအား ဆို၏။ (၃ရာ ၁ရး၁၈-၂၄) 

ဘုရားသခင်က ပရောဖက် ဧလိယကို ဇိဒုန်ပြည်၊ ဇရတ္တမြို့ရှိမုတ်ဆိုးမထံသို့ စေလွှတ်ခဲ့သည်။ ထိုမုတ်ဆိုးမသည်သား ငယ်နှင့် နောက်ဆုံးမုန့်ဖုတ်၍ စားပြီးမှ သေဘို့ ပြင်သောသူ ဖြစ်သည်။ သို့သော် ဘုရားသခင်က ဧလိယအားဖြင့် မုတ်ဆိုးမ၏ မုန့်ညက်နှင့် ဆီသည် မကုန်၊ အစာ ခေါင်းပါးသည့်ကာလ ပတ်လုံးစားခြင်းအားဖြင့် အသက်ဆက်ခဲ့သူ ဖြစ်သည် (၃ရာ ၁ရး၁-၁ရ)။ သို့သော် အထက်ပါ ကျမ်းပိုဒ်၌ တွေ့ရသ ကဲ့သို့၊ မုတ်ဆိုးမ၏ သားသည် နေမကောင်း ဖြစ်၍ သေသွားသည်။ ထိုအခါ မုတ်ဆိုးမ ကဧလိယကို ​ကျွန်မသားကို သတ်အံ့သောငှါ ​ကျွန်မဆီသို့ ကွလာတော်မူ သလောဟု အပြစ်တင်သည်။ အမှန်မှာ ဧလိယသာမလာခဲ့လျှင် သူတို့သား အမိသည် အစာ ငတ်သေလောက်ပြီ။ ဧလိယကယ်၍ သာအသက် ဆက်ခဲ့သော်လည်း ထိုကျေးဇူးကို မသိတော့ချေ။ သို့သော် ဧလိယက ဆုတောင်း ပေးသောအခါ ထိုသားသည် အသက် ပြန်ရှင်ကြောင်း တွေ့ရသည်။ ​ကျွန်ပ်တို့လည်း ဘုရားသခင်၏ ကျေးဇူးတော် မြောက် များစွာ ခံစားသော်လည်း ကျေးဇူးတင်ရမှန်းပင် မသိ၊ ဒုက္ခ ပြသနာ တွေ့သောအခါ ဘုရားသခင်ကို အပြစ်တင်တတ်ကြသည် မဟုတ်လော။ ယခုမှစ၍ ဘုရားသခင်၏ ကျေးဇူးတော် အပေါင်းကို ရေတွက်၍ အစဉ်ချီးမွမ်းကြပါစို့။ 

 

ကျမ်းစာဖတ်ကြစို့ 
ဟေဗြဲ ၁၁


၁။ ယုံကြည်ခြင်းသည် မြော်လင့်သောအရာ တို့ကို မျက်မှောက်ပြုခြင်း ဖြစ်၏။ မမြင် သေးသောအရာ တို့ကို သိမှတ်စွဲလမ်းခြင်း အကြောင်း ဖြစ်၏။ 

ဤကျမ်းပိုဒ်၌ ယုံကြည်ခြင်း၏ အနက်အဓိပ္ပါယ်ကို ဖေါ်ပြထားသည်။ များသောအားဖြင့် တမန်တော်သော မကဲ့သို့ ယုံကြည် နိုင်ဘို့ရန် မျက်စိနှင့် မြင်တွေ့ချင် ကြသည်။ မျက်စိနှင့် မြင်ပြီးလျှင် ယုံကြည်စရာ မလိုတော့ချေ။ ယုံကြည်ခြင်းသည် မမြင် သေးသောအရာ ဖြစ်ရမည်။ ထိုအရာကို မျက်မှောက်ပြု၍၊ သိမှတ်စွဲလမ်းခြင်း ဖြစ်သည် ဟုဆိုသည်။

၂။ ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။ 

ရှေး ယုံကြည်သူများ တည်းဟူသော နောဧ၊ အာဗြဟံ၊ မောရှေ၊ ဒံယေလတို့သည် သူတို့၏ ယုံကြည်ခြင်းကြောင့် ချီးမွမ်းခြင်း ခံရသည် ဟုဆိုသည်။ 

၃။ ယခုမြင်ရသောအရာ တို့သည်၊ အရင်ထင်ရှားသောအရာ ထဲကမ ဖြစ်ဘဲ၊ လောက ဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့် သာတည်သည်ကို ငါတို့သည် ယုံ ကြည်ခြင်းအားဖြင့် သိကြ၏။ 

ယခုမြင်ရသော အရာများ ဖြစ်သော မြေကြီးနှင့် မြေကြီး ပေါ်၌ ရှိသမျှသောအရာများ၊ နေလကြယ်နက္ခတ္တာရာများသည် မရှိသောအရာ မှဘုရား၏ အမိန့်တော်အားဖြင့် တည်ရှိကြသည် ဟုဆိုသည်။ လူ၏ ပညာဦးနှောက်ဖြင့် မတွက်နိုင်ပါ။ လူဖန် တီး ပြုလုပ်သော အရာများ ပင်လျှင် နားမလည် နိုင်၊ အံ့ဩ ရသည် မဟုတ်လော။ ဘုရား၏ အစွမ်းနှင့် လုပ်ဆောင်ချက် များသည် လူ့ပညာနှင့် မသိနိုင်ချေ။ ဘုရား၏ အစွမ်းအ စကို မယုံကြည်သူများက အရာခပ်သိမ်းသည် သူ့အလိုလို ဖြစ်၍၊ သဘာဝ ဖြစ်သည် ဟုဆိုသည်။ သူ့အလိုအလျောက် အဘယ်အရာမှမ ဖြစ်နိုင်ပါ။ ဥပမာ၊ လူက မပြုလုပ်လျှင် သစ်သားသည် နှစ်ပေါင်း မည်မျှပင်ကြာပါစေ၊ စားပွဲမ ဖြစ်နိုင်ပါ။ ထို့ကြောင့် ဖန် ဆင်းရှင်ဘုရားရှိသည်ဟု ယုံကြည် ရသည်။ 

၄။ အာဗေလသည်၊ ကာ န ပူဇော်သော ယဇ်ထက် သာ၍ မြတ်သော ယဇ်ကို၊ ယုံ ကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သော ယဇ်ကို ပူဇော်၍၊ မိမိ​ဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့ နည်းဟူမူကား၊ သူလှူသော အလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင် တရားဟောသေး၏။ 

အာဗေလသည် ယုံကြည်ခြင်းအားဖြင့် အကို ကာ နထက် မြတ်သော ယဇ် ပူဇော်သည်။ ထို့ကြောင့် အသက် တိုတောင်းသော်လည်း အကျိုးရှိသည်။ ယနေ့ တိုင်အောင် သူ့ကို ယုံကြည်သူများက စံနမူနာထား၍ ပြော ကြသည်။ အသက် ရှည်ပြီး မယုံ ကြည်သည်ထက် အာဗေလကဲ့သို့ အသက် တိုပြီး ယုံကြည်သောသူသည် သာ၍ မင်္ လာရှိသည်။ ကာ နသည် သူ့ညီထက် အသက် ရှည်သော်လည်း အကျိုးမရှိပါ။ ဒုစရိုက် အပြစ်ကို ကျူးလွန်၍ ဘုရားထံမှ ထွက်ခွါသွားသည်။ သူ့အကြောင်း ကိုလည်း နောက် ထပ် မသိရတော့ပါ။ 

၅။ ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့် လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန် မပေါ် မရှိ။ သူသည် ဘဝ မပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူ ဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။ 

ဧနောက်သည် အသက် သုံးရာ​ခြောက်ဆယ်အသက်ရှင်သည်။ သူသည် ဘုရားသခင်နှင့် နှစ်ပေါင်းသုံးရာသွားလာ၍ ဘုရားသခင်က ရုပ်သိမ်းလိုက်သည် (က ၅:၂၁-၂၄)။ အဘယ်ကြောင့် ဘုရားသခင်က ရုပ်သိမ်းသနည်းဟူမူကား ဘုရား စိတ်တော်နှင့် တွေ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်က သူ့ကို မြေကြီး ပေါ်၌ သွားလည်၍ ပေါင်းဖေါ်သည်ထက် ကောင်းကင်သို့ ခေါ်၍ ပေါင်းဖေါ်ချင်သည်။ လူသားများလည်း သူငယ်ချင်းများကို အဝေးမှာသွားလည်သည်ထက် ကိုယ့်အနီးသို့ ခေါ်၍ ပေါင်းဖေါ်ချင် ကြသည်။ ဘုရားသခင်သည် ​ကျွန်ပ်တို့နှင့် ပေါင်းဖေါ်ချင် ပါမည်လော။ သို့မဟုတ် သင်သည် ဘုရားသခင်နှင့် ပေါင်းဖေါ်ချင် ပါသလော။ 

၆။ ယုံကြည်ခြင်း မရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေွွ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင် ရှိတော်မူသည် ကိုင်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုး ပေးတော်မူသည် ကိုင်း၊ ယုံကြည် ရမည်။ 

ဘုရား စိတ်တော်နှင့် တွေ့ဘို့ရန်မှာ သူ့ကို ယုံကြည် စိတ်ချရမည်။ လူတိုင်း ကိုယ့်ကို စိတ်မချသောသူ၊ သံသယရှိသောသူကို မနှစ်သက်ကြပါ။ ယခုမှစ၍ ဘုရားသခင်ကို ယုံကြည် စိတ်ချပါ။ ဘုရား ထံချဉ်းကပ်သောသူသည် ဘုရားရှိကြောင်းနှင့် သူထံချဉ်းကပ်သောသူကို အကျိုးပေးကြောင်း ယုံကြည် ရမည် ဟုဆိုသည်။ ထိုအရာ များသည် အလွန် ကောင်း၍ လွယ်ကူသည် မဟုတ်ပါလော။ 

၇။ နောဧသည် မမြင် သေးသော အမှုအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကို ခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သော စိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကို တည်လေ၏။ ထိုသို့ ယုံကြည်ခြင်း အားဖြင့်လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့် ယှဉ်သော ​ဖြောင့်မတ်ခြင်း ကိုလည်း အမွေခံ ရ၏။ 

နောဧနှင့် မိသားစုသည် မယုံကြည်သူများအလယ်၌ ဘုရားသခင်၏ ဗျာဒိတ်တော်ကို ယုံကြည်၍ သင်္ဘောဆောက်ခြင်းအားဖြင့် ပြင်ဆင် ခဲ့သည်။ ထို့ကြောင့် မယုံ ကြည် သူများနှင့်အတူ မပျက်စီးဘဲ လွတ်မြောက်ခဲ့၍ နောင်လာနောက်သားများကို ပုံသက်သေကောင်းပြသနိုင်ခဲ့သည်။ သူတို့သည် မိသားစုတစုတည်း ဖြစ်သော်လည်း စိတ်မပျက်ဘဲ ဘုရား စကား နားထောင် သကဲ့သို့၊ ​ကျွန်ပ်တို့လည်း ပတ်ဝန်းကျင်ထက် ဘုရား စကားကို နားထောင် သင့်သည်။ ဘုရားသခင်ထံမှ ​ဖြောင့်မတ်ခြင်း ကိုလည်း ရရှိသည်။ 

၈။ အာဗြဟံသည် အမွေခံ ရလတံ့သော ပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင် မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။ 

ယခု တိုးတက်သော ခေတ်တွင် ပင် လူအများစုသည် ကိုယ်မရောက်ဘူးသော နေရာ၌ မသွားလိုကြချေ။ ရောက်ဘူးသော နေရာသို့ ပင် မပြောင်းလိုကြချေ။ အာဗြဟံတို့ ခေတ်တွင် တိုင်း တပါးသို့ သွားဘို့သည် အလွန် ခက်ခဲသောအရာ ဖြစ်မည်။ သို့သော် သူသည် ဘုရားသခင်၏ ခေါ်တော်မူသော အသံကို နားထောင်၍၊ ယုံ ကြည်ခြင်းအားဖြင့် ဘုရား နောက်လိုက် နိုင်ခဲ့သည်။ ​ကျွန်ပ်တို့လည်း ဘုရားသခင် ခိုင်းသောအရာကို ယုံကြည်ခြင်းအားဖြင့် လိုက်နာဘို့ လိုအပ်သည်။ 

၉။ သူတပါးပိုင်သော ပြည်၌ ဧည့်သည် နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ ယုံကြည်ခြင်းအားဖြင့် ဧည့်သည် ဖြစ်၍ နေ၏။ ထိုဂတိတော်ကို အမွေခံ ရသော အဘော်အဘက် တည်းဟူသော ဇက်၊ ယာကုပ်တို့နှင့်အတူ တဲ၌ နေလေ၏။ ၁၀။ အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသော မြို့ကို မြော်လင့်သတည်း။ 

အာဗြဟံသည် ဘုရားသခင်က ခေါ်သောအခါ သူတပါးပိုင်သော ပြည် တည်းဟူသော ခါနန်ပြည်၌၊ အိမ်ရှင်ကဲ့သို့ နေသည် မဟုတ်၊ ဧည့်သည် ကဲ့သို့ နေသည်။ လူတိုင်း ဧည့်သည် ကဲ့သို့ထက် အိမ်ရှင်လိုနေချင် ကြသည်။ အကြောင်းမှာ ဧည့်သည်သည် အိမ်ရှင်၏ အလိုဆန္ဒကိုသာ လိုက်နာနေရသည်။ သို့သော် အာဗြဟံသည် ဧည်သည် ကဲ့သို့ တဲ၌ အပြောင်းပြောင်းအလည်လည်နေခဲ့သည်။ အကြောင်းမူကား ဘုရားသခင်တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသော ကောင်းကင်နိင်ငံကို မြော်လင့်သည် ဟုဆိုသည်။ ​ကျွန်ပ်တို့လည်း ဤလောက၌ ခဏနေစဉ်တွင် အိမ်ရှင်ကဲ့သို့ မဟုတ်၊ ဧည့်သည် ကဲ့သို့ နေသင့်သည်။ 

၁၁။ သူ၏ ခင်ပွန်းစာရာသည်လည်း အရွယ်လွန်သောအခါ၊ ပ ိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလန်းခြင်းရှိ၏။ 

ဘုရားသခင်သည် အာဗြဟံနှင့် စာရာတို့ကို အမွေခံ မည့်သူသားယောက်ျား ပေးမည်ဟု ဂတိပြုသော်လည်း ချက်ချင်း မပေးခဲ့ပါ။ သူလည်း အသက် ကြီး၍ စာရာလည်းသား ဖွားနိုင်သော အသက် အရွယ်လွန်ပြီးမှသာ အမွေခံ မည့်သူ သားကို ပေးခဲ့သည်။ အကြောင်းမှာ လူ့သဘာဝအားဖြင့် ရသောသား မဟုတ်ဘဲ၊ ဘုရားသခင် ပေးသောသား ထင်ရှားစေဘို့ရန် အရွယ်လွန်မှ၊ လူ့အားဖြင့် မဖြစ်နိုင် တော့မှသာ ပေးခဲ့သည်။ ထိုအရာကို ယုံကြည်ခြင်းအားဖြင့် ခံရလေသည် ဟုဆိုသည်။ ထိုသို့ ပြုခြင်းအားဖြင့် ယုံ ကြည်သူ တိုင်းလည်း ဘုရား အပေါ်ယုံကြည် လာဘို့၊ စောင့်စားလာဘို့ သင်တန်းပေးသည်။ ဘုရားသခင်သည် တတ်နိုင်တော်မူကြောင်းကို ​ကျွန်ပ်တို့ ယုံကြည် ပါသလား။ 

၁၂။ သို့ဖြစ်၍၊ ထိုအမှု အရာ၌ လူသေနှင့် တူသောသူတယောက်သည်၊ အရေအ တွက်အားဖြင့် ကောင်းကင် ကြယ်ကဲ့သို့င်း၊ သမုဒ္ဒ​ရာကမ်းနား၌ မရေတွက်နိုင်သော သဲလုံးကဲ့သို့င်း၊ များစွာသော သူတို့၏ အဘ ဖြစ်သတည်း။ 

ဘုရားသခင်က အာဗြဟံတို့ လင်မယားကိုသာ းသမီး ချက်ချင်း မပေးသော် လည်း၊ အရွယ်လွန်သောအခါ ကောင်းကင် ကြယ်နှင့် အမျှ၊ သမုဒ္ဒ​ရာသဲလုံးနှင့် အမျှသားရလိမ့်မည်ဟု ဂတိပြုခဲ့သည် (က ၁၅:၆)။ လက်တွေ့မှာတကယ် ပင် ပြည့်စုံခဲ့သည်။ ကောင်းကင် ကြနှင့် အမျှ၊ သမုဒ္ဒ​ရာသဲလုံးနှင့် အမျှဟူသောအရာသည် အလွန်များကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။ 

၁၃။ ယခုဆိုခဲ့ပြီး သောသူ အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေး ဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှ ာ တ​ကျွန်းသူတနိုင်ငံ သား၊ ဧည့်သည် အာဂန္တု ဖြစ်သည်ကို ထင်ရှားစွာ ဝန်ခံလျက်၊ ယုံကြည်ခြင်း စိတ်နှင့် သေလွန်ကြ၏။ 

ယခုဆိုခဲ့ပြီးသော သူတို့သည် နောဧနှင့် အာဗြဟံတို့ ဖြစ်သည်။ သူတို့သည် အထက်၌ ကောင်းကင်နိင်ငံကို မြေှှှှာ်လင့်သည် ဟုဆိုသည်။ သူတို့သည် မြော်လင့်သောအရာကို လက်စုတ်လက်ကိုင်မဖမ်းနိုင်သောကြောင့် စိတ်နှလုံးနှင့် ဘက်ယမ်းလျက် မြေကြီးပေါ်မှ ာ ဧည့်သည် ကဲ့သို့ နေပြီးမှ ယုံကြည်ခြင်း စိတ်နှင့် သေလွန် ကြသည်။ ​ကျွန်ပ်တို့လည်း သူတို့ ကဲ့သို့ ခဏသာထင်ရှားမည့် ဤလောကအရာများကို မစွဲလန်းဘဲ ကောင်းကင်နိင်ငံကို စိတ်နှလုံးနှင့် ဘက်ယမ်းလက် နေကြကုန်အံံ့။ ဤလောက၌ အိမ် ရှင်ကဲ့သို့ မဟုတ်ဘဲ ဧည့်သည် ကဲ့သို့ နေကြကုန်အံ့။ ပြသနာ အားလုံး သည် အိမ်ရှင်ကဲ့သို့ ဤလောက၌ နေချင် ကြသောကြောင့် ဖြစ်သည်။ 

၁၄။ ထိုသို့ ဝန်ခံသော သူတို့သည် မိမိတို့ အဘပြည်ကို ရှာကြသည်ဟု အတည့်အ လင်း ပြောဆို ကြ၏။ 

အထက်ပါ ယုံကြည်သော သူတို့သည် ခါနန်ပြည်ကို ရှာသည် မဟုတ်၊ ခိုင်ခံ့ မြဲမြံသော ကောင်းကင်နိင်ငံကို ရှာ ကြသည်။ ​ကျွန်ပ်တို့လည်း မကြာမှီဒုက္ခ ရောက် တော့မည့် ဤလောကကို မရှာဘဲ၊ ကောင်းကင်နိင်ငံကို ရှာကြပါစို့။ 

၁၅။ ထို သူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည် မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ၏။ 

အထက် ကထွက်သော ပြည်သည် အချို့လူများ ကအဲဂုတ္တု ပြည် ဟုဆိုကြသည်။ သို့သော် ထိုပြည် မဟုတ်၊ ဥရမြို့နှင့် ခါရန် အရပ်တို့ ဖြစ်သည်။ ထိုဒေသသည် ဥဖရနှင့် တိုက်ဂရစ်မြစ်ဝှမ်းလွင်ပြင်၊ ယခုခေတ် အီရတ်ပြည် ဖြစ်၍ မြေဩဇာ ကောင်း၍ မြစ်ရေသောက်သုံးသော နေရာ ဖြစ်သည်။ ထိုနေရာကို အောက်မေ့လျှင် သူတို့သည် ပြန်သွားနိုင်သည်။ သို့သော် ဘုရား ခေါ်သော နေရာ ခါနန်ပြည် မှာသေသည် အထိ နေကြသည်။ 

၁၆။ ထိုပြည်ကို မအောက်မေ့ဘဲ၊ ကောင်းကင် ပြည် တည်းဟူသော သာ၍ မြတ်သော ပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့နှင့် သူတို့၏ ဘုရား ဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ၊ သူတို့ နေစရာဘို့ မြို့ကို တည်ထောင်တော်မူပြီ။ 

အာဗြဟံနှင့်သား များသည် ဥရအရပ်ထက် ကောင်းကင် ပြည်ကိုသာ၍ တောင့်တ ကြသည်။ ထို့ကြောင့် ခရစ်တော်က ကောင်းကင်နိင်ငံကို အာဗြဟံရင်ခွင်ဟု တင်စားခဲ့သည် (လု ၁၆:၂၂)။ အာဗြဟံသည် ကောင်းကင်နိင်ငံ၌ ရှိသည် (မ ၈ ; ၁၁)။ ​ကျွန်ပ်တို့လည်း ဤလောကထက် ကောင်းကင် ပြည်ကိုသာ၍ တောင့်တလို ချင်သော စိတ်ရှိရမည်။ ဘုရားသခင်သည် အာဗြဟံ၏ ဘုရား၊ ဇက်၏ ဘုရား၊ယာကုပ်၏ ဘုရားဟု သူ့ကိုယ်သူမိတ်ဆက်သည် (ထွက် ၃:၆)။ သူတို့၏ ဘုရားဟု ခေါ်ဝေါ်ခြင်းကို မရှက် ဟုဆိုသည်။ ဘုရားသည် သင်၏ ဘုရားဟု ခေါ်ဝေါ်ခြင်းကို ရှက်တော်မူ မည်လော။ 

၁၇။ အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဇာက်ကို ပူဇော်၏။ ၁၈။ ဇာက်၌သာ သင်၏ အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော် မှစ၍ ဂတိတော်များကို ခံရသောသူသည်၊ မိမိ၌ တယောက် တည်းသော ထိုသားကို ပူဇော်၏။ ၁၉။ ထိုသို့ ပူဇော်သောအခါ သေခြင်းမှ ထမြောက် စေခြင်းငှါ၊ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည် အောက်မေ့၏။ ထိုသားကို ပုံစကားအားဖြင့် သေခြင်း ထဲကရ၏။ 

အာဗြဟံသည် သူ၏ ဇာတိသားရှမေလကို ဘုရားက နှင်ထုတ် ခိုင်းသောအခါ၊ အလွန် ခက်ခဲခဲ့သည်။ (က ၂၁:၁၁) သို့သော် သား ဇက်ပူဇော်ဘို့ရန် တောင်းသောအခါတွင်မူ ခက်ခဲခြင်း မရှိဘဲ လုပ်နိုင်သည် (က ၂၂)။ အဘယ်ကြောင့် နည်း။သားရှမေလ နှင်ထုတ် မည့် အချိန်တွင် ယုံကြည်ခြင်း မရှိ၊ မရင့်ကျက်သေး သောကြောင့် ဖြစ်သည်။ ဇက်ပူဇော်မည့် အချိန်တွင် မူရင့်ကျက်လာသည်၊ ယုံ ကြည်ခြင်းလည်းရှိသည်။ ယနေ့ ယုံကြည်သူများအဘယ်ကြောင့် ဘုရား အတွက် ဘာမျှမလုပ်နိုင်သနည်း။ ယုံကြည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ 

၂၀။ ဇာက်သည်လည်း၊ ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ကို အမှတ်ပြု၍ ယာကုပ်နှင့် ဧသောကို ကောင်းကြီး ပေး၏။ 

ဇာက်သည်သား ငယ်ယာကုပ်ကို ဤသို့ ကောင်းကြီး ပေးခဲ့သည်၊ ငါ့ သား၏ အနံ့သည်၊ ထာဝရဘုရားကောင်းကြီး ပေးတော်မူသော လယ်၏ အမွှေးအကြိုင်နှင့် တူ၏။ ထိုကြောင့်၊ ဘုရားသခင်သည် မိုဃ်းကောင်းကင်၏ နှင်းကိုင်း၊ မြေကြီး၏ ဆီဥကိုင်း၊ များစွာသော ဆန်စပါး၊ စပျစ်ရည်ကိုင်း၊ သင့် အားပေးတော်မူ စေသ တည်း။ ၂၉ သူတပါးတို့သည် သင်၌ ​ကျွန်ခံ၍၊ အပြည် ပြည်တို့သည် သင့်ရှေ့မှာ ဦးညွှတ် ရကြစေသတည်း။ သင်သည် သင်၏ ညီအစ်ကိုတို့ ရှေ့၌ အရှင် ဖြစ်၍၊ သင့်အမိ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲသောသူ အပေါင်းတို့သည် ကျိန်ဆဲခြင်းကို ခံရကြစေသတည်း။ သင့်ကို ကောင်းကြီး ပေးသောသူ အပေါင်းတို့သည် ကောင်းကြီးကို ခံရကြစေသတည်းဟု ကောင်းကြီး ပေးလေ၏။ (က ၂ရး၂ရ- ၂၉)သားကြီး ဧသော ကိုလည်း ဤကဲ့သို့ ကောင်းကြီး ပေးခဲ့သည်၊ အဘ ဇာက်က လည်း၊ ကြည့် ှုပါ။ သင်၏ နေရာသည် မြေကြီး၏ ဆီဥနှင့်င်း၊ အထက် မိုဃ်းကောင်း ကင်၏ နှင်းနှင့်င်း ပြည့်စုံလိမ့်မည်။ ၄၀ ထားဖြင့် အသက်ကို မွေးရလိမ့်မည်။ ညီ၌ ​ကျွန်ခံရ လိမ့်မည်။ နောက်တဖန် အစိုးရသောအခါ၊ သူတင်သော ထမ်းဘိုးကို သင်၏ လည်ပင်း မှချိုးပယ်လိမ့်မည်ဟု ပြန်၍ ဆိုလေ၏။ (က ၂ရး၃၉-၄၀)။ အဖကောင်းကြီး ပေးသည့် အတိုင်း ယာကုပ်သည် ဘုရားသခင်၏ ကောင်းကြီးကို ခံစား သောသူ ဖြစ်သည်၊ သူ၏ နာမည်ကိုလည်း သရေလဟု ပြောင်း၍ သူ၏ အမျိုးသာလျှင် သရေလလူမျိုး ဖြစ်သည်။ ဖခင်တိုင်း ကိုယ့် သားသမီး များအပေါ် မကျိန်ဆဲဘဲ ကောင်းကြီး ပေးဘို့ လို အပ်သည်။ 

၂၁။ ယာကုပ်သည်လည်း၊ သေချိန်နီးသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ယောသပ်၏သား နှစ်ယောက်ကို ကောင်းကြီး ပေး၍၊ တောင်ဝေးထိပ် အပေါ်မှာကိုးကွယ်လေ၏။ 

ယာကုပ်သည် ယောသပ်၏သား နှစ်ယောက်တို့ တွင်၊ သား ငယ်ဧဖရိမ်ကိုသားကြီး မနာရှေအရှေ့မှာ ထား၍ ဤကဲ့သို့ ကောင်းကြီး ပေးခဲ့သည်၊ အဘသည် ငြင်း၍၊ ငါသိ၏ ငါ့သား၊ ငါသိ၏။ သူသည် ကြီးစွာသော လူစု ဖြစ်လိမ့်မည်။ သို့သော်လည်း သူ့ညီသည် သူ့ထက် သာ၍ကြီး သဖြင့်၊ သူ၏ အမျိုးအနွယ်သည် များစွာသော လူအ စုစု ဖြစ်လိမ့်မည် ဟုဆို၏။ ၂၀ တဖန် ဘုရားသခင်သည် သင့်ကို ဧဖရိမ်ကဲ့သို့င်း၊ မနာရှေ ကဲ့သို့င်း၊ ဖြစ်စေတော်မူပါစေသော ဟူ၍၊ သရေလအမျိုးသားတို့သည် သင်အားဖြင့် ကောင်းကြီး ပေးကြလိမ့်မည်ဟု ထိုနေ့၌ သူတို့ကို ကောင်းကြီး ပေးလေ၏။ (က ၄၈၁၉-၂၀)။ သူပေးသည့်အတိုင်း ဧဖရိမ်သည် သရေလလူမျိုး၌ လူမျိုးကြီး ဖြစ်ခဲ့သည်။ တိုင်း ပြည် နှစ်ခြမ်းခွဲသောအခါ၌လည်း မြောက်ဖက်တိုင်း ပြည်ကို သရေလပြည်ဟု ခေါ်၍ ဧဖရိမ်ဟုလည်း ခေါ်တတ်သည်။ 

၂၂။ ယောသပ်သည် သေဆဲရှိသောအခါ၊ ယုံကြည်ခြင်းအားဖြင့် သရေလအမျိုးတို့၏ ထွက်မြောက်ခြင်း အရာကို ပြ၍ မိမိအိုးတို့၏ အကြောင်းကို မှာထားလေ၏။ 

ယောသပ်သည် ဘုရားသခင် ယုံကြည်၍ သူ၏ အကြံအစည်ကို သိသောကြောင့် ဤကဲ့သို့ မှာထားသည်၊ ​ကျွန်ုပ်သေတော့မည်။ အကယ်စင်စစ် ဘုရား သခင်သည် သင်တို့ကို အကြည့်အ ှု ကွလာတော်မူမည်။ အာဗြဟံ၊ ဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသော ပြည် သို့၊ ဤပြည် မှဆောင်သွားတော်မူ မည်ဟု အစ်ကိုတို့အား ဆို၏။ ၂၅ တဖန်တုံ၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အ ှု ကွလာတော်မူမည်။ အ​ကျွန်ုပ်အ ိုးတို့ကို ဤအရပ်မှယူသွားရမည်ဟူ၍ သရေလ အမျိုးသားတို့ကို ကျိန်ဆိုစေ၏။ (က ၅၀:၂၄-၂၅) သူမှာထားသည့်အတိုင်း ဘုရားသခင်သည် သရေလလူတို့ကို ဘုရားသခင်က အဲဂုတ္တု ပြည် မှကယ်နှုတ်၍ သူ၏ အရိုးတို့ ကိုလည်း ယူသွား ကြသည်။ အထက်ကာလ၌ ယောသပ်က၊ အကယ်စင် စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အ ှု ကွလာတော်မူမည်။ ​ကျွန်ုပ်အ ုိးတို့ကို ဤအရပ်မှယူသွားရမည်ဟူ၍ သရေလအမျိုးသားတို့ကို ကျပ်ကျပ်ကျိန်ဆိုစေ သောကြောင့်၊ သူ၏ အုိးတို့ကို မောရှေသည် မိမိ၌ ယူဆောင်လေ၏။ (ထွက် ၁၃:၁၉)။ 

၂၃။ မောရှေကို ဘွားမြင်ပြီးမှ အဆင်းလှသောသူငယ် ဖြစ်သည်ကို မိဘတို့သည် မြင်လျှင်၊ ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံး သူ့ကို ဝှက်ထားလေ၏။

မောရှေ မွေးဘွားချိန်တွင် သရေလလူများသည် အလွန် တိုးပွားသောကြောင့်၊ ဖါရောဘုရင်ကလည်း၊ သရေလအမျိုးသားတို့ တွင်၊ ဘွားမြင်သောသူငယ်ယောက်ျား အပေါင်းတို့ကို မြစ်ထဲသို့ ချပစ်စေ။ မိန်းမကိုမူကား အသက်ရှင် စေဟု မိမိလူအပေါင်းတို့ကို မှာထားတော်မူ၏။ (ထွက် ၁:၂၂)။ သို့သော် မောရှေ၏ မိဘတို့ ကထိုအမိန့်တော်ကို နာမခံဘဲသား မောရှေကို အိမ်၌ သုံးလထားခဲ့ ကြသည်။ 

၂၄-၂၆။ မောရှသည် အသက် အရွယ်ကြီးသောအခါ၊ အပြစ်ရှိသော ကာမဂုဏ်ကို ခဏ ခံစားခြင်းထက်၊ ဘုရားသခင်၏ လူတို့နှင့်အတူ ညဉ်းဆဲခြင်းကိုသာ၍ အလိုရှိသဖြင့်င်း၊ အဲဂုတ္တု ပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်း ဒုက္ခသည်၊ သာ၍ မြတ်သော စည်းစိမ် ဖြစ်သည်ကို စိတ်ထင်သဖြင့်င်း၊ ယုံကြည်ခြင်း စိတ်ရှိ၍ ဖာရော ဘုရင်သမီး၏သား ဟူ၍ ခေါ်ဝေါ်ခြင်း အခွင့်ကို ပယ်၏။ အကြောင်းမူကား၊ နောက်ရ လတံ့သော အကျိုးကို ထောက်စာမြော်လင့်လျက် နေ၏။ ၂ရ။ ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင် အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တု ပြည်ကို စွန့်သွား၏၊ အကြောင်းမူကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိ သကဲ့သို့ တည်ကြည်ခြင်းရှိ၏။ 

လူသည် ကောင်းစားသောအခါ အလွယ်တကူဘဝမေ့တတ်သည်။ သို့သော် မောရှေသည် နန်းတော်၌ ကောင်းစားသောအခါ ဘဝကို မမေ့၊ ဘုရားသခင်ကို ယုံ ကြည်သောကြောင့် မိမိလူမျိုးတို့ကို အကြည့်အရှုကြွခဲ့သည်။ သရေလလူမျိုးကို ကူညီခြင်းသည် အန္တရာယ် ရှိကြောင်း သိသော်လည်း ကူညီခဲ့သည် (ထွက် ၂:၁၁-၁၆)။ ထိုသို့ ကူညီခဲ့သောကြောင့် နန်းတော်မှ ထွက်ပြေး၍ မိဒျန်တော၌ သိုးထိန်းဘဝဖြင့် နှစ်ပေါင်း၄၀ နေခဲ့ရသည်။ ​ကျွန်ပ်တို့လည်း ခဏကောင်းစား ချိန်တွင် ဇိမ်မခံဘဲ၊ ဘုရား ခိုင်းသော အမှုကို လုပ်ကြပါစို့။ 

၂၈။သား ဦးများကို ဖျက်ဆီးသောသူသည်၊ သရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှါ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကိုင်း၊ အသွေးဖြန်းဆွတ်ခြင်းကိုင်းစောင့်လေ၏။ 

သရေလလူများသည် အဲဂုတ္တု ပြည်မှ ထွက်မည့် ညတွင်၊ ထာဝရဘုရား မှာထားတော်မူသည့်အတိုင်း၊ ပသခါပွဲကို ယုံကြည်ခြင်းအားဖြင့် ကျင်းပခဲ့ကြသည် (ထွက် ၁၂)။ ပသခါသိုး၏ အသွေးကိုလည်း ဘုရား မှာထားသည့်အတိုင်း တံခါးထုတ်နှင့် တံခါးတိုင်၌ ထိုးခဲ့ ကြသည်။ 

၂၉။ သရေလလူတို့သည် ကုန်းကြောင်း သွား သကဲ့သို့၊ ယုံကြည်ခြင်းအားဖြင့် ဧဒုံပင်လယ်အလယ်၌ ရှောက်သွားရကြ၏။ ထို သူတို့ နည်းတူ အဲဂုတ္တု လူတို့သည် သွား မည်အား ထုတ်သောအခါ နစ်မြုပ်ကြ၏။ 

ဘုရားသခင်သည် ဖါရောစစ်သားများက သရေလလူများကို လိုက်သောအခါ၊ ဧဒုံပင်လယ်ကို ကွဲစေ၍ ပင်လယ်အထဲ မှ သူတို့ကို ဖြတ်သန်း စေခဲ့သည်။ ဖါရောစစ်သား များလည်း ဖြတ်သန်းသောအခါ သူတို့ကို ပင်လယ်ပြန်စေ့စေခြင်းအားဖြင့် ရေထဲ၌ နစ်မြှုပ် စေခဲ့သည်။ (ထွက် ၁၄) 

၃၀။ ယေရိခေါမြို့ကို ခုနစ်ရက်ပတ် လုံးဝိုင်း၍ လှည့်ပြီးမှယုံကြည်ခြင်းအားဖြင့် မြို့ရိုးသည် ပြိုလဲ၏။ 

ဘုရားသခင်က သရေလလူများကို ယေရိခေါမြို့တိုက်ရာတွင် ခုနှစ်ရက် ပတ် လုံးဝိုင်း၍ လှည့်ပတ်ခိုင်းသည်။ အဘယ်ကြောင့်မြို့ရိုးကို ခုနှစ်ရက်ပတ်ခိုင်းသနည်းဟူမူကား၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ စကား နားထောင်ခြင်းကို စုံစမ်းခြင်း ဖြစ်မည်။ သူတို့သည် ဘုရား ပြောသည့်အတိုင်း ခုနှစ်ရက်ပတ်လုံးစကား မပြောဘဲ ပတ်ခြင်းအားဖြင့် အောင်မြင်ခြင်းရသည်။ ခုနှစ် ရက်နေ့တွင် ခုနှစ်ကြိမ်ပတ်၍ နောက်ဆုံး၌ ကြွေးကြော်သောအခါ မြို့ရိုးသည် အကုန်အစင်ပြိုလဲသည်။ ​ကျွန်ပ်တို့လည်း ဘုရား စကားကို ယုံကြည်ခြင်းအားဖြင့် နာခံလျှင် အောင်မြင်မှု သေချာပေါက်ရရှိမည် ဖြစ်သည်။ 

၃၁။ ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံ ကြည်သော သူတို့နှင့်အတူ မပျက်စီးဘဲ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာ ရ၏။ 

ပြည့်တန်ဆာရာခပ်က သူလျှုိများကို အဆွေဖွဲ့၍ လက်ခံခြင်းသည် လွယ် ကူသည် မဟုတ်။ သူ၏ အမျိုးကို သစ္စာ ဖေါက်ခြင်း ဖြစ်သည်သာမက၊ သူ၏ မြို့သားများကသိသွားပါက အသတ်ခံမှာသေချာသည်။ ယေရိခေါမြို့သား များသည် ထာဝရဘုရား၏ အစွမ်းအစကို ယုံကြည် ကြသည်။ သို့သော် အညံ့မခံကြချေ။ ရာခပ်မူကား ထာဝရဘုရားကို ယုံကြည်ခြင်းအားဖြင့် အသက် ရင်း၍ သူလျှုိများကို ကူညီခဲ့သည်။ ထို့ကြောင့် အသက် ချမ်းသာ ရာရရှိခဲ့သည်။ ယုံကြည်ခြင်းသည် လုပ်ဆောင်မှုဖြင့် သက် သေထူရမည် ဖြစ်သည်။ 

၃၂။ ထိုမှတပါး၊ အဘယ်သို့ ပြောစရာ ရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖ သ၊ ဒါဝိဒ်၊ ရှမွေလ မှစ၍ ပရောဖက်တို့ အကြောင်းများကို ပြော၍ မကုန်နိုင်။ 

ဂိဒေါင်သည် ဘုရား စကား နားထောင်ခြင်းအားဖြင့် ရန်သူများကို လူ၃၀၀နှင့် နိင်ခဲ့သည် (သူကြီး၆-၈)။ ဗာရက်သည် ထာဝရဘုရား၏ အကူအညီအားဖြင့် ရန် သူတို့ကို နိင်ခဲ့သည် (သူကြီး၄-၅)။ ရံှဆုန်သည် ဖိလိလ္လိလူတို့အား (သူကြီး၁၃-၁၆)၊ ယေဖသသည် အာမုန်အမျိုးသားတို့ကို (သူကြီး၁၁-၁၂)၊ ယုံကြည်ခြင်းအားဖြင့် အနိင်ရခဲ့သည်။ (သူကြီး၁၁)။ ဒါဝိဒ်သည် ဘုရား အားကိုးခြင်းအားဖြင့် ဝက်ဝံနှင့် ခြင်္သေ့ကို၊ ဖိလိတ္တိလူဂေါလျက်ကို နိုင်ခဲ့သည်။ ထိုမျှသာမက သရေလ လူများ၏ အအောင်မြင် ဆုံး၊ နာမည်အကြီး ဆုံးသော ရှင်ဘုရင် ဖြစ်နိုင် ခဲ့သည်။ ရှမွေလသည်လည်း ဘုရား အပေါ်အား ထားခြင်းအားဖြင့် အောင်မြင်သော ယဇ်ပုရောဟိတ်နှင့် ပရောဖက် ဖြစ်ခဲ့သည်။ 

၃၃။ ထို သူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသော တိုင်းနိုင်ငံကို အောင်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဂတိတော်ကို ဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကို ပိတ်ခြင်း၊ ၃၄။ မီးအ ရှိန်ကို ငြိမ်းစေခြင်း၊ ထားလက်နက်ဘေးနှင့် ကင်းလွတ်ခြင်း၊ အနာမှထမြောက်၍ ကျန်း မာခြင်း၊ စစ်တိုက်သောအခါ ခွန်အားနှင့် ပြည့်စုံခြင်း၊ တပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်း အမှုများကို ပြုကြ၏။ 

အခြားသော တိုင်းနိုင်ငံကို အောင်ခြင်း၊ (သူကြီး၄၊ ရ၊ ၁၁၊ ၁၄၊ ၂ရာ ၅၊ ၈၊ ၁၀) 

တရားသဖြင့် စီရင်ခြင်း၊ ရှမွေလသည် တရားသဖြင့် စီရင်ခဲ့သည် (၁ရာ ၁၂:၄) ဒါဝိဒ်လည်း တရားသဖြင့် စီရင်ခဲ့သည် (၂ရာ ၈:၁၅) 

ဂတိတော်ကို ဝင်စားခြင်း၊ ယောရှုနှင့် ကာလက်တို့သည် ယုံကြည်ခြင်း ကြောင့် ဘုရားသခင် ဂတိပြုတော်မူသော ခါနန် ပြည်ကို ဝင်စားခွင့်ရရှိခဲ့ကြသည် (တော ၃၂:၁၁-၁၂) 

ခြင်္သေ့နှုတ်ကို ပိတ်ခြင်း၊ ဒံယေလသည် ဘုရားကို ယုံကြည်ခြင်းအားဖြင့် ခြင်္သေ့တွင်း၌ ချခြင်း ခံရသော်လည်း၊ သူ့ကို မကိုက်သတ်ဘဲ ဘုရားသခင်က ကာကွယ် ခဲ့သည် (ဒံ ၆:၂၂) 

မီးအရှိန်ကို ငြိမ်းစေခြင်း၊ ဒံယေလ၏ သူငယ်ချင်းသုံးယောက် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် နေဗုခဒ်နဇောမင်းတည်ထားသော ရွှေရုပ်တုကို မကိုးကွယ်ချင် သောကြောင့်၊ မီးဖုိထဲ၌ ချပစ်ခြင်း ခံသော်လည်း မလောင်ဘဲ အသက်ရှင်ခဲ့ ကြသည်။ (ဒံ ၃:၁၉-၂ရ) 

ထားလက်နက်ဘေးနှင့် ကင်းလွတ်ခြင်း၊ ဒါဝိဒ်ကို ဖိလိလ္လိတပ်နှင့် တိုက်သောအခါ မောပန်း၍ ရန်သူလက်မှအဘိရဲှက ကယ်နှုတ်ခဲ့သည် (၂ရာ ၂၁:၁၅-၁ရ)၊ ဧလိရှဲရှုတိတပ်များက ဝိုင်းထားသော်လည်း၊ ရန် သူတို့ကို မြို့ရိုးရှိသော ရှမာရိမြို့တွင်းသို့ ခေါ်ဆောင်သွားကာ၊ သူတို့ကို အစာ​ကျွေးပြီးမှပြန်လွှတ်လိုက်သည် (၄ရာ ၆ ; ၈-၂၃)၊ ရှုရိတပ်ကရှမာရိမြို့ကို ကြာမြင့်စွာ ဝိုင်းထားပြီးမှ ဘုရားသခင်က စစ်ချီသံ ကြားစေ၍၊ ရန် သူတို့သည် ကြောက်အား လန့်အားဖြင့် ထွက်ပြေးခဲ့သည် (၄ရာ ရ)၊ 

အနာမှထမြောက်၍ ကျန်းမာခြင်း၊ ဟေဇကိမင်းသည် ဘုရားသခင်က သေမည် ဟုဆိုသော်လည်း၊ ငိုကြွေးလျက် တောင်းပန်သောအခါ ဘုရားသခင်က သူ့ကို ပြန်လည်ကျန်းမာ စေခဲ့သည် (၄ရာ ၂၀)။ 
စစ်တိုက်သောအခါ ခွန်အားနှင့် ပြည့်စုံခြင်း၊ ဘုရား၏ တန်ခိုးအားဖြင့် ဂိဒေါင် ဦးဆောင်၍ မိဒျန်စစ်တတ်ကို အောင်မြင် နိုင်ခဲ့သည် (သူကြီးရ)။ 
တပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်း ယုဒရှင်ဘုရင်ယောရုဖတ်နှင့် တပ်များသည်၊ ရန်သူအမ္မုန်အမျိုးသား မောဘအမျိုးသား၊ ဧဒုံ (စိရတောင်သား)တို့ တဘက်၌ ထာဝရဘုရားကို ချီးမွမ်းကြသောအခါ၊ ရန် သူတို့သည် အချင်းချင်းသတ် ဖြတ်၍ တယောက် မကျန်အသေကောင် ဖြစ်ကြသည် (၆ရာ ၂၀:၁-၃၀)။ 

၃၅။ မိန်းမတို့သည်လည်း၊ သေခြင်းမှ ထမြောက်သော မိမိတို့ သားကို ရပြန်ကြ၏။ အချို့သော သူတို့သည်၊ သာ၍ မြတ်သော ထမြောက် ခြင်းသို့ ရောက်လိုသောငှါ၊ လွှတ်ခြင်းကို မခံမယူဘဲ ပြင်းစွာသော ညဉ်းဆဲခြင်းကို ခံကြ၏။ 

မိန်းမတို့သည်လည်း၊ သေခြင်းမှ ထမြောက်သော မိမိတို့ သားကို ရပြန်ကြ၏ ဧလိယကဇိဒုန်ပြည် ဇရတ္တမြို့ရှိသူ၏ အိမ်ရှင်မုဆိုးမ၏ သားကို အသက် ပြန်ရှင် စေခဲ့သည် (၃ရာ ၁ရး၂၃)။ ဧလိရှဲကလည်း သူ၏ အိမ်ရှင်မရှုနင်အမျိုးသမီး၏ သားကို အသက် ပြန်ရှင် စေခဲ့သည် (၄ရာ ၄:၃၆)။ 
 
၃၆။ အချို့သော သူတို့သည် ကဲ့ရဲ့ ိုက်ပုတ်ခြင်း၊ ခြည်နှောင်ခြင်းကို ခံ၍ ထောင်ထဲမှာ နေရသဖြင့်၊ စုံစမ်းခြင်းကို ခံရကြ၏။ 

ယောသပ်သည် အစ်ကို များ၏ မနာလိုမုန်းတီးမှုကြောင့် နာကျင်စွာ ရိုက် ပုတ်ပြီးမှ​ကျွန်အဖြစ် ရောင်းစားခြင်း ခံခဲ့ရသည်။ (က ၃ရး၂၃-၂၈)၊ တဖန် ပေါတိဖါမိန်းမ ကတပ်မက်၍ သူနှင့် မှားယွင်းဘို့ သွေးဆောင်၍ မရသောအခါ၊ မတရားစွပ်စွဲခြင်း ခံ၍ ထောင်ထဲ၌ လှောင်ထားခြင်း ခံခဲ့ရသည် (က ၃၉)။ ယေရမိသည် ယုဒ ယေရုရှလင်မြို့ကို ဗာဗုလုန်များ ကတိုက်၍ အောင် မည့်အကြောင်းကို ပြောသောအခါ၊ သူ့ကို ထောင် ချခဲ့ကြသည် (ယေရမိ ၃၂:၁-၅၊ ၃ရ) 

၃ရ။ ကျောက်ခဲနှင့် ပစ်ခြင်း၊ လွှနှင့် အပိုင်းပိုင်းတိုက်ဖျက်ခြင်း၊ စုံစမ်း နှောက်ရှက်ခြင်း၊ ထားလက်နက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ အလွန် ဆင်းရဲလျက် ညဉ်းဆဲနှိပ်စက်ခြင်းကို ခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍ လှည့်လည်ရကြ၏။ 

ကျောက်ခဲနှင့် ပစ်ခြင်း၊ သရေလဘုရင်အာဟပ်၏ မိန်းမယေဇဗေလက၊ စပျစ်ခြံပိုင်ရှင်နာဗုတ်ကို ခဲနှင့် ပေါက်၍ သတ်ခဲ့သည် (၃ရာ ၂၁)။ ယုဒရှင်ဘုရင် ယောရှမင်းက၊ ယဇ်ပုရောဟိတ် ဇာခရိကို ခဲနှင့် ပေါက်စေ၍ သတ်ခဲ့သည် (၆ရာ ၂၄ ; ၁ရ- ၂၂)။ သခင်ယေရှုက ယေရုရှလင်မြို့နှင့် ပတ်သက်၍ ဤသို့ ဆိုခဲ့သည်၊ အိုယေ ုရှ လင်မြို့၊ ယေ ုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသား ငယ်တို့ကို အတောင်အောက်၌ စု ံုး သကဲ့သို့ သင်၏သားတို့ကို စု ံုးစေခြင်းငှါ ကြိမ်ဖန် များစွာ ငါအလိုရှိ ပြီ။ သင်မူကား အလိုမရှိ။ (မ ၂၃:၃ရ) 

လွှနှင့် အပိုင်းပိုင်းတိုက်ဖျက်ခြင်း၊ ကျမ်းစာ၌ လွှနှင့် အပိုင်းပိုင်းဖျက်ခြင်း မတွေ့ ရချေ။ ပရောဖက် ဟေရှယကို မနာရှေမင်းကလွှနှင့် ပိုင်းဖျက်သည်ဟု သမိုင်း၌ ရှိသည်။  စုံစမ်း နှောက်ရှက်ခြင်း၊ ယောဘသည် စုံစမ်း နှောက်ရှက်ခြင်း အခံရဆုံး ဖြစ်သည်။ သူ့သားသမီး၁၀ သေဆုံးသွားကြသည့်အပြင်၊ သူ၏ တိရစ္ဆာန်အားလုံးလည်း ဆုံးရှုံးခဲ့သည် (ယောဘ ၁-၂)။ 

၃၈။ ဤလောကသည် ထို သူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်း ထဲမှာ အပြောင်းပြောင်းအလည်လည်နေရကြ၏။ 

ဤလောကသည် ထို သူတို့နှင့် မထိုက်မတန် ဘုရားသခင်၌ ယုံကြည် အားကိုးသော သူတို့သည်၊ ဤလောက၌ နေချင်သော စိတ်မရှိကြချေ။ ဤလောကသည် စာတန် ပိုင် ဖြစ်၍ သူတို့နှင့် မထိုက်တန်ချေ။ သို့သော် ယနေ့ ယုံကြည်သူများအတွက် မူကား ဤလောကသည် နေဘို့ရန် အလွန် ထိုက်တန်သော နေရာ ဖြစ်နေသည်။ 

သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်း ထဲမှာ အပြောင်းပြောင်းအ လည်လည်နေရကြ၏ ရှေး သန့်ရှင်း သူများသည် တောကြိုတောင်ကြားဥမင်မြေတွင်း၌ ပြောင်းပြောင်းအလည်လည်နေရသည် ဟုဆိုသည်။ ယနေ့ တရုတ်ပြည် ရှိမြေအောက် အသင်းတော် လည်း၊ အတည်တကျမရှိဘဲ မြို့ရွာများ၌ ထွက်ပြေးတိမ်းရှောင် နေကြသည်။ နေရပ်လိပ်စာမရှိနိုင်ကြချေ။ သို့သော် ရောက်လေရာရာ၌ သတင်းကောင်းကို ကြားပြောကြသောကြောင့် ဝမ်းမြောက်မှု ရှိကြသည်။ သူတို့၏ ဝမ်းမြောက်သောအရာ နှင့် ​ကျွန်ပ်တို့၏ ဝမ်းမြောက်သောအရာသည် အလွန် ကွာခြားပါသည် တကား။ သူတို့သည် ဘုရား အလိုတော် ဆောင်၍ ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်း၌ ဝမ်းမြောက်သည်။ ​ကျွန်ပ်တို့ မူကားလောက ပစ္စည်းဥစ္စာရရှိခြင်း၌ ဝမ်းမြောက် ကြသည် မဟုတ်လော။ 

၃၉။ ထိုသူ အပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိတော် အတိုင်း အကျိုးကျေးဇူးကို မခံရကြ။ 

ယုံကြည်သူများသည်လောက၌ နေစဉ် သူတို့၏ ယုံကြည်ခြင်း အတွက် ချီး မွမ်းခြင်း ခံရသော်လည်း၊ ဂတိတော် အတိုင်း အကျိုးကို မခံရ ဟုဆိုသည်။ အဘယ်ကြောင့် နည်းဟူမူကား၊ သူတို့ ခံရမည့် ဂတိတော်သည် ဤလောက၌ မဟုတ်၊ ကောင်းကင်နိင်ငံ၌ ဖြစ်သောကြောင့် ဖြစ်သည်။ ​ကျွန်ပ်တို့လည်း ဤလောက၌ မဟုတ်၊ ကောင်းကင်နိင်ငံ၌ အကျိုးခံစား မည့် အရာကို မြော်လင့်ခြင်းဖြင့် အသက်ရှင်လုပ်ဆောင်သင့်သည်။ 

၄၀။ အဘယ်ကြောင့်နည်းဟူမူကား၊ ထို သူတို့သည် ငါတို့ မပါဘဲ စုံလင်ခြင်းသို့ မရောက် ရမည်အကြောင်း ဘုရားသခင်သည် ငါတို့အဘို့ အလိုငှါ သာ၍ မြတ်သော ကျေးဇူးကို ကြံစည်တော်မူ၏။ 

ယုံကြည်သူများ၏ အကျိုးခံစားခြင်း သည်၊ ယုံကြည်သူများအားလုံး စုံလင်မှ ဖြစ်သည်။ ထို့ကြောင့် အရင်ကောင်းကင် ရောက်သော်လည်း၊ သူတို့သည် ​ကျွန်ပ်တို့ကို စောင့် နေကြသေးသည်။ ချီဆောင်ခြင်း အပြီး၌ ပေးမည့် ဆုပေးပွဲကို ဆိုလိုသည်။ 

 

ကမ္ဘာ့ အ​ခြေအနေ


များစွာသောသူများသည် ကိုယ့်စီမံကိန်းနှင့် ပြသနာများအတွက် အလုပ်ရှုပ် နေချိန်တွင်၊ ကမ္ဘာ့ ပြသနာ များသည် တနေ့တခြား များပြားလာသည်။ ကျမ်းစာထဲမှ ခရစ်တော် ကြွလာမည့် အရာ၊ ဘေးဒဏ်ကြီး ကာလ၌ ဖြစ်မည့် အရာများ တနေ့တခြား ပြည် စုံလာသည်။ ထိုအရာများ ထဲမှအနည်းငယ် ဖေါ်ပြလိုပါသည်။ 

နိင်ငံရေး

အမေရိကန်နှင့် ရုရှားအ​ခြေအနေသည် လုံးဝ မကောင်းမပါ။ ရုရှားကယူခရင်းနိင်ငံ ခရိုင်းမီးယား​ကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်တွင် သိမ်းချိန်မှစ၍ နှစ်နိင်ငံဆက်ဆံရေး စတင်တင်းမာခဲ့ပါသည်။ ယခုဆီးရီးယားနိင်ငံနှင့် ပတ်သက်၍ ပြသနာ ရှိလာကြပြန်သည်။ ရုရှားကအာဆဒ်အစိုးရကို ကူညီ၍ အမေရိကန်ကသူပုန်များကို ကူညီသည်။ 

ယခုအ​ခြေအနေပို၍ စိုးရွားလာသည်။ ရုရှားသည် ယေဇ ၃၈-၃၉၌ အစ္စရေးနိင်ငံကို တိုက်ခိုက် မည့် ဂေါဂမာဂေါဂအဖွဲ့ဝင်များနှင့် တနေ့တခြား ပူးပေါင်းလာသည်။ အစ္စရေးကို ​ခြေမှုန်းဘို့ ကြိုးစား နေသော အီရန်နှင့် အလွန် နီးကပ်ပူးပေါင်း နေကြပြီ။ တူရကီနိင်ငံနှင့် မတည့်ကြသော်လည်း ယခုနှစ်တူရကီနိင်ငံ၌ အာဏာသိမ်းမှု မအောင်မြင်ခြင်းနှင့် ပတ်သက်၍၊ တူရကီသည် ရုရှားနှင့် ပြန်လည်ပူးပေါင်းနေပြီ ဖြစ်သည်။ ရုရှားနိင်ငံ ကအမေရိကန်ကို မကြာခဏရန်စနေတတ်သည်။ 

ဘာသာရေး

ခရစ်ယာန်များ တနေ့တခြား ဘုရားကို ယုံကြည်ခြင်း၌ လျော့နည်းပြီး၊ ဘုရား မကြိုက်သော အပြစ်များတိုး၍ လုပ်နေချိန်တွင်၊ မူစလင်များသည် သူတို့၏ ယုံကြည်ခြင်း အတွက်၊ အသက် ပေးအသေခံ နေကြသည်။ ယခုအခါ အနောက်တိုင်း နိင်ငံများ၌ မူစလင်များကို ဒုက္ခသည်များအဖြစ် လက်ခံ ကြသည်။ အမေရိကန်၌ တနှစ်လျှင် နှစ် သိန်းခွဲ လက်ခံသည်။ ဥရောပ၌ မူစလင်လူဦးရေ ၄၆ သန်းကျော်ရှိနေပြီ။ မူစလင်တိုင်းသည် အကြမ်းဖက် မဟုတ်သော်လည်း သူတို့ အထဲ၌ အကြမ်းဖက်သမား များစွာ ရှိနေသည်။ ဥရောပတိုင်း ပြည်များ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီနိင်ငံများ၌ မူစလင်များသည် သူတို့ အယူဝါဒလွှမ်းမိုးဘို့ ဆန္ဒပြ၊ အကြမ်းဖက် နေကြသည်။ သို့သော် အိမ်နိင်ငံသားများကကြောက် နေကြပြီ။ ခရစ်ယာန်များက ထာဝရဘုရားကို စွန့်သောကြောင့် ဒုက္ခ ပေးမည့်သူများကို ကြိုဆို လက်ခံ နေကြခြင်း ဖြစ်သည်။ ဘုရား စွန့်လျှင် မျက်စိကန်း၍ ရန်သူကို ပင် နားမလည် နိုင်တော့ချေ။ ဘေးဒဏ်ကြီး ကာလ၌ ယုံကြည်သူများကို လည်ပင်းဖြတ်မည်သူများ ဖြစ်သည် (ဗျာ ၂၀:၄)။ 

လူများ၏ အကျင့်

ဘေးဒဏ်ကြီးကာလ နီးလာသောကြောင့် လူများ၏ အကျင့်လည်း အလွန် ဆိုးဝါးလာသည်။ လိင်တူဆက်ဆံမှု များလည်း အလွန်များပြားလာသည်သာမက၊ အလွန်သောင်းကြမ်းလာသည်။သား အမိ၊ သမီးအဘ၊ မောင်နှမအတူ ယူသော သတင်း များလည်း ကြားနေရသည်။ တိရစ္ဆာန်များနှင့် မှားယွင်းခြင်း များလည်း တွေ့မြင်နေရသည်။ ပေါလုက၊ သူတို့သည် မိမိတို့ ကိုယ်ကာယ၏ အသရေကို အချင်းချင်း ှုတ်ချမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို သူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်း လက်သို့ အပ် လိုက်တော်မူ၏။ (ရော ၁:၂၄) ဟူသောအရာ ပြည့်စုံနေပြီ။ 

 

အမှုတော်ဆောင်သင်တန်း


တတိယအကြိမ်မြောက်သတင်းကောင်း နှစ်ခြင်း အသင်းတော် အမှုတော်ဆောင်များ သင်တန်းကို၊ စက်တဘ်ာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ Maryland ပြည်နယ် Rockville သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ ကျင်းပနိင်ခဲ့သည်။ ထိုသင်တန်း၌ အမှုတော်ဆောင်များနှင့် စိတ်ဝင်စားသူစုစုပေါင်း၃၀ ခန့်တက်ရောက်နိင် ကြသည်။ ၂၀ ရက်နေ့၌ မန္တလေးမြို့ သတင်းကောင်းနှစ်ခြင်း သင်းအုပ်ဆရာခွန်ဝင်းအောင်က၊ အသက်တာပိုင်းသင်ပေးသည်။ ၂၁ ရက်နေ့တွင်Syracuse Myanmar Baptist Church, NY သင်းအုပ်ဆရာ Zau Ja က ခေတ်ကာလ များအကြောင်းကို၊ ၂၂-၂၃ ရက်နေ့များတွင် ဆရာ မောဇက်ထောင်ကျုံးက၊ အမှုတော်ဆောင်နည်းများကို၊ သင်ပေး ကြသည်။ ညနေပိုင်းတွင် သက်သေခံထွက်ကြ၍၊ ညပိုင်းတွင် မိမိတို့ တည်းခိုုသည့်နေရာများ၌ ကျမ်းစာ သင်တန်းများ ပြုလုပ် ကြသည်။ 

၂၀၁ရ ခုနှစ်ဇူလိုင်လ ၄ ရက်နေ့တွင်၊ အသင်းချုပ်အ စည်းအဝေး ပြုလုပ်၍၊ ၅ -ရ ရက်နေ့များတွင် အမှုတော်ဆောင် သင်တန်းကို Michigan  ပြည်နယ် Battle Creek  မြို့သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ ပြုလုပ် ကြမည် ဖြစ်ပါသည်။ 

ချီဆောင်ခြင်း မဖြစ်သေးပါက ၂၀၁ရ ခုနှစ်အမှုတော်ဆောင်သင်တန်းကို မတ်လ ၆-၃၁၌ လေးပတ် ကျင်းပဘို့ ဖြစ်ပါ လိမ့်မည်။ ထိုသင်တန်း၌ တက်ရောက်လို သူများ ဆရာမောဇက်ထံဆက်သွယ်နိင်ပါသည်။ နေရာ- သတင်းကောင်း နှစ်ခြင်း အသင်းတော်၊ အင်ဒီယားနားပိုလစ်မြို့ ဖြစ်ပါသည်။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG