GOODNEWS
  HOME  GOODNEWS  2016 AUG
 


အမှာစာ


 ချီဆောင်ခြင်းသည် သိုးသငယ် ကသူ၏ သတို့သမီး လောင်း ဖြစ်သော အသင်းတော်ကို ကြိုဆိုခြင်း ဖြစ်သည်။ သို့သော် အသင်းတော် အများစုသည် အဘယ်ကြောင့် ခရစ်တော် လာမည့် အရာကို မနှစ်သက်ကြသနည်း။ အဘယ်ကြောင့်သတို့ သားလောင်းလာမည့် အကြောင်း ပြောလျှင် ခြိမ်း​ခြောက်သည် ဟုဆိုကြသနည်း။ သတို့သမီး လောင်းသည် သတို့သားနှင့် မင်္လာဆောင်မည့် နေ့ထက် မျှော်လင့်သည့်အရာရှိတတ် သလော။ မင်္ဂလာဆောင်မည့် နေ့ကို လက်ချိုးရေတွက်၍ စောင့်တတ်သည် မဟုတ်လော။ သတို့သမီး လောင်းသည် မင်္ဂလာဆောင်မည့် အရာအတွက် ပြင်ဆင် တတ်သည် မဟုတ်လော။ အဘယ်ကြောင့် ယုံကြည်သူ ဟုဆို သူများသည် ခရစ်တော် လာမည့် အရာကို မကြားချင် ကြသနည်း။ အကြောင်းမှာ ခရစ်တော်ကို မချစ်သောကြောင့်၎င်း၊ သူနှင့် မင်္ဂလာဆောင်ဘို့ရန် မစေ့စပ်ထားခြင်းကြောင့်၎င်း၊ သူ့ထက် ချစ်သောသူရှိသောကြောင့်၎င်း၊ ခရစ်တော် လာမည့် အရာကို မကြားချင် မနှစ်သက်ခြင်း ဖြစ်သည်။ မချစ်သော်လည်း မိဘက အတင်း ပေးစားသောယောက်ျားနှင့် လက်ထပ်မည့် အပျိုသည် အလွန် စိတ်ညစ်စိတ်ဆိုးတတ်သည်။ မင်္ဂလာဆောင်ဘို့ရန်လည်း မပြင်ဆင်လို၊ မင်္ဂလာဆောင်မည့် နေ့ရက်နီးလေလေ၊ ကြောက်လေလေ ဖြစ်သည်။ နေ့စဉ် မျက်ရည်မျက် ခွက်နှင့် ငိုနေရသည်။ ထိုနည့်တူယနေ့ ခရစ်ယာန်များလည်း ခရစ်တော်နှင့် လက်မထပ်ချင် ကြသောကြောင့် သူလာမည့် အရာကိုလည်း မကြားချင်ကြခြင်း ဖြစ်သည်။ 

ယနေ့ ခရစ်ယာန်များနည်းတူ ဣသရေလ များလည်း ခမည်းတော်ဘုရားကို မချစ်မနှစ်သက်ကြကြောင်း ဤသို့ တွေ့ရေးထားသည်၊ “မင်္ဂလာဆောင်သတို့သမီးသည် မိမိခါးပန်းကို၎င်းမေ့လျော့ နိုင်သလော။ သို့သော်လည်း၊ ငါ၏ လူတို့သည် မရေ တွက်နိုင်အောင် များစွာသော ကာလ ပတ်လုံး ငါ့ကို မေ့လျော့ ကြပြီ။” (ယေရမိ ၂:၃၂)။ ထာဝရဘုရားသည် ဣသရေလ လူမျိုး၏ လင် ဖြစ်သည်၊ “သင့်ကို ဖန်ဆင်းသောသူသည် သင်၏လင် ဖြစ်တော်မူ၏။ နာမတော်ကား၊ ကောင်းကင်ဗိုလ်​ခြေ ရှင်ထာဝရဘုရား တည်း။” (ဟေရှာယ ၅၄:၅)။ ဣသရေလ လူမျိုးသည် ဘုရားသခင်ထက် ရုပ်တုများကို ချစ် သကဲ့သို့၊ ယနေ့ ခရစ်ယာန် များလည်း ခရစ်တော်ထက်လောကအရာများကိုသာ၍ ချစ်သည်။ လောကကို ချစ်သောသူသည်လောကကို ယပိုင်ဆိုင်သော စာတန်ကို ချစ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ယာကုပ်က၊ “မတရားသော မေထုန်၌ မှီဝဲသော ယောကျ်ားမိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်ကို မသိကြ သလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူ ဖြစ်၏။” (ယာ ၄:၄) ဟုဆိုထားခြင်း ဖြစ်သည်။ 

                 ခရစ်တော်ကို မချစ်၊ သူနှင့် လက်မထပ်လို၊ သူလာမည့် အကြောင်းကို မသိ ချင်သောသူများသည် ခရစ်တော်၏ ရန်သူ ဖြစ်သည်။ ပေါလုကကောရိန်သုအသင်းသားများကို ခရစ်တော်နှင့် စေ့စပ်ပေးကြောင်း ဖေါ်ပြခဲ့သည် (၂ ကော ၁၁:၂)။ ယနေ့ ခရစ်ယာန် များလည်း ခရစ်တော်နှင့် စေ့စပ်ဘို့ ဖြစ်သည်။ သို့သော် အမှန်တကယ် စေ့စပ်ကြသည် မဟုတ်၊ သဘော တရားသာစေ့စပ် ကြသည်။ ထို့ကြောင့် သူလာမည့် အရာကို မနှစ်သက်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူနှင့် လက်မထပ်ချင်သောသူများ အပေါ်အမျက်ဒေါသထွက်ရခြင်း ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌ ရှိသော လူများက၊ တောင်နှင့် ကျောက်များထံ၊ “ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအပ်ကြပါ။” ဟု အော်ဟစ်ကြသည် (ဗျာ ၆:၁၆)။ အဘယ်ကြောင့် သိုးသငယ်သည် အမျက်ထွက်သနည်းဟူမူကား၊ သူ့ကို လက်မထပ်ချင် သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သိုးသငယ် တည်းဟူသော ခရစ်တော်နှင့် လက်ထပ်ဘို့ရန် သဘောတူ လိုက်ပါ။ သို့မဟုတ်ပါက ဘေးဒဏ်ကြီး ကာလ၌ သိုးသငယ်၏ အမျက်ဒေါသ မီးလောင်ခြင်း ခံရမည် ဖြစ်သည်။ စေ့စပ်ထားသော အပျို မသည် လက်ထပ်မည့်သူကို သိ၍၊ သေချာဆုံးဖြတ်ထားသောသူ ဖြစ်သည်။ သင်သည် ယနေ့ အထိ ခရစ်တော်နှင့် လက်ထပ်မည့် အရာကို မသိ၊ မမျှော်လင့်၊ ကြောက် စရာ၊ ခြိမ်း​ခြောက်ခြင်း ထင်သေးလျှင်၊ ဧကန်အမှန်ဘေးဒဏ်ကြီး ကာလ၌ သူ၏ အမျက်ဒေါသခံမည့်သူ ဖြစ်ကြောင်း အသိပေးလိုပါသည်။အချိန် မနှောင်းမှီ ခရစ်တော်ကို လက်ခံလိုက်ပါ။ 

ယခုလအတွက်...

  • အသင့် ပြင်ဆင် ပြီလော
  • နောက်ဆုံးခေါ်ခြင်း (Final call) 
  • ကျမ်းစာဖတ်ကြစို့ (ဟေဗြဲ ၉) 
  • ကျမ်းမာရေးကဏ္ဍ
  • ကျမ်းစာထဲမှအသိရခက်သော အရာများ 
  • လူငယ်စခန်းသွင်းသင်တန်း

 


အသင့်ပြင်ဆင်ပြီလော


              မကြာမှီ ခရစ်တော် ယေရှု ဤလောကသို့ ကြွလာတော့မည် ဖြစ်သည်။ သူ့ကို ယုံကြည်သောသူများ၊ အာကာသကောင်းကင်သို့ ချီဆောင်သွားမည်။ ထိုအရာနှင့် ပတ်သက်၍ ကြိုတင် ဟောထားသောအရာများ၊ အားလုံး ပြည့်စုံနေပြီ ဖြစ်သည်။ ယ ခုအခါကောင်းကင်မှ တန်ပိုးမှုတ်သံကိုသာ စောင့်ရသောအချိန် ဖြစ်သည်။ ထိုချီဆောင်ခြင်း၌ မိတ်ဆွေလည်း ပါဝင်စေချင်သည်။ 

               ချီဆောင်ခြင်း၌ မိတ်ဆွေ မပါဝင်ပါက၊ ကမ္ဘာပေါ်၌ မကြုံစဘူးသော ဘေးဒဏ်ကြီး ကာလ ရောက်၍၊ အလွန် ဒုက္ခ ရောက်မည် ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလသည် ခုနှစ်နှစ်သာကြာမည် ဖြစ်သော်လည်း၊ စစ်တိုက်ခြင်း၊ အစာရေစာ ခေါင်းပါးခြင်း၊ ကပ်ရော ဂါဆိုက်ရောက်ခြင်း၊ ပင်လယ်လှိုင်းတံပိုးထခြင်း၊ မြေ ငလျှင်လှုပ်ခြင်း၊ ကောင်းကင် ကြယ်များ ကြွေကျခြင်း၊ နေမှောင်မဲ၍ လသည် အသွေးကဲ့သို့ နီရဲခြင်း စသည်ဖြင့် အလွန်​ခြောက်ခြားစရာ ဖြစ်မည်။ ထိုအချိန်၌ လူ များစွာ သေကျေ ပျက်စီး၍ ကမ္ဘာ့ လူဦးရေသည် အလွန် လျော့နည်းသွားမည်။ 

၆၆၆

                 တကမ္ဘာလုံးကို လူတဦးတည်း ကအုပ်ချုပ်၍၊ လူတိုင်း လက်ျာလက် သို့မဟုတ် နဖူး၌ ၆၆၆ တံဆိပ်ခတ်မည် ဖြစ်သည်။ ကျမ်းစာက၊ “ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ​ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီး အငယ်ရှိသမျှတို့သည် လက်ျာ လက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်း ငှါ၎င်း၊ ထိုတံဆိပ်လက် မှတ်တည်း ဟူသောသားရဲ၏ နာမ ဖြစ်စေ၊ နာမ၏ အရေအတွက် ဖြစ်စေ၊ တခုခုကို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်း ငှါ၎င်းစီရင်၏။ ဤအရာ၌ ပညာရှိ၏ ဥာဏ်ရှိသောသူသည်သားရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက် ဖြစ်၏။ ​ခြောက်ရာ​ခြောက်ဆယ်​ခြောက်လည်း ဖြစ်၏။” (ဗျာ ၁၃:၁၆-၁၈)ဟု ရေး ထားသည်။ ဘေးဒဏ်ကြီး ကာလ၌ ၆၆၆ တံဆိပ်မခတ်သောသူများသည် ရောင်း ဝယ်၍ ရတော့မည် မဟုတ်သောကြောင့် ငတ်သေဘို့ သာလျှင် ရှိမည်။ 

Social Security (SS)  နံပါတ်

               အမေရိကန်ပြည် ထောင်စု၌ ထိုသားရဲတံဆိပ်၏ ရှေ့ပြေးတံဆိပ်ကို အသုံးပြု နေကြပြီ။ ထိုအရာမှာSocial Security (SS)  နံပါတ် ဖြစ်သည်။ လူူတိုင်း မွေး ကင်းစမှစ၍ (SS) နံပါတ်ရှိ ကြသည်။ ထိုနံပါတ်မရှိလျှင် အလုပ်လျှောက်၍ မရ၊ အိုင်ဒီ လုပ်၍ မရ၊ ဘဏ်စာရင်းဖွင့်၍ မရ၊ တရားဝင်ဘာမျှလုပ်၍ မရချေ။ (SS) နံပါတ်သည် သုံးအုပ်စုဖြင့် ဖွဲ့ထားသည်။ ပဌမ အုပ်စု၌ ဂဏန်း ၃ လုံး၊ အလယ်၌ ၂ လုံး၊ နောက်ဆုံး၌ ၄ လုံး ဖြစ်သည်။ ထို့ကြောင့် ၃၂၄ ဟုဆိုနိုင်သည်။ ထိုနံပါတ်သည် လူနာမည်ထက် ပို၍ အရေးကြီးသည်။ လူတိုင်း၏ ရာဇဝင်ကို ထိုနံပါတ်အားဖြင့် အကုန်စစ်ဆေး နိင်သည်။ ထိုနံပါတ်သည် ဘေးဒဏ်ကြီး ကာလတွင် အသုံးပြုမည့် ၆၆၆၏ ရှေ့ပြေး နံပါတ် ဖြစ်သည်။ 

တယ်လေဖုန်းနံပါတ်

            အမေရိကန်ပြည် ထောင်စု၌ လူတိုင်း နီးပါးတယ်လေဖုန်းရှိကြပြီ။ ထိုနံပါတ်လည်း အုပ်စုသုံးခုဖြင့် ခွဲထား၍၊ ပဌမ အုပ်စု၌ ၃ လုံး၊ ဒုတိယအုပ်စု၌လည်း၊ ၃ လုံး၊ တတိယအုပ်စု၌ ၄ လုံး ဖြစ်သောကြောင့်၊ ၃၃၄ ဟုဆိုနိင်သည်။ ထိုနံပါတ်သည် ပိုင် ရှင်၏ ကိုယ်ပိုင်နံပါတ် ဖြစ်သည်။ 

ခရဲဒစ်ခတ် Credit Card

                 ခရဲဒစ်ခတ်လည်း လူတိုင်း နီးပါးသုံး နေကြပြီ။ ထိုခတ်သည် ဂဏန်း၁၆ လုံးရှိ၍ အုပ်စုလေးစုဖြင့် ရေးထား၍၊ ၄၄၄၄ ဖြစ်သည်။ ထိုခတ်သည် ငွေစက္ကူအစားသုံး ပြု နေကြသည်။ 
 
                ယခုအခါ ထိုတံဆိပ်များသည် အဆင်သင့်ရှိနေပြီ။ ထိုအရာကို မိုင်ခရိုချိတ် (microchip)ဟု ခေါ်၍ ဆန်တစေ့ခန့်သာလျှင် ရှိသည်။ ၂၀၁ရ ခုနှစ်တွင် အမေရိကန် ပြည် ထောင်စု၌ လူတိုင်း ကျန်းမာရေးအာမခံလုပ်ခိုင်း၍ ထိုမိုင်ခရိုချိတ်များကို အသုံးပြုဘို့ သမ္မတအိုဘားမားကပြောခဲ့သည်။ ထို့ကြောင့် ကျမ်းစာ၌ ရေးထားသော အရာများ ပြည့်စုံနေပြီ။ အိုင်ဒီ၊ (SS) နံပါတ်နှင့် ခရဲဒစ်ခတ်တို့ကို စုပေါင်း၍ မိုင်ခရိုချိတ်၌ ထည့် သွင်း အသုံးပြုဘို့ ဖြစ်သည်။

ဘုရားသခင်၏ အမျက်ဒေါသ

                  ထိုတံဆိပ်ခတ်လိုက်ပါက ကယ်တင်ခြင်းသို့ မရောက်နိုင်တော့ဘဲ ဘုရားသခင်၏ အမျက်ဒေါသကို ခံရမည် ဖြစ်ကြောင်း ဤသို့ ရေးထားသည် “တတိယကောင်း ကင်တမန်က၊ အကြင်သူသည်သားရဲနှင့် သူ၏ ရုပ်တုကိုကိုးကွယ်၍၊ သူ၏ တံဆိပ် လက်မှတ်ကို နဖူး၌ ခံသည် ဖြစ်စေ၊ လက်၌ ခံသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ ရှေ့၊ သိုးသငယ် ရှေ့တွင် ကန့်နှင့် ရောသော မီးထဲမှာ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအ ဆက်ဆက်တက်လျက် ရှိ၏။သားရဲနှင့် သူ၏ ရုပ်တုကိုကိုးကွယ်၍၊ သူ၏ နာမတံဆိပ် လက်မှတ်ကို ခံသော သူတို့သည် နေ့ညဉ့်မပြတ် သက်သာမရကြဟု လိုက်၍ ကြီးသော အသံနှင့် ပြောဆို၏။” (ဗျာ ၁၄:၉-၁၁) ထိုတံဆိပ်မခတ်သောသူများကို ကမ္ဘာ့ သမ္မတကြီး အမိန့်အရသဲသဲမဲမဲလိုက်၍ လည်ပင်းအဖြတ်ခံရမည် ဖြစ်သည် (ဗျာ ၆:၉၊ ၂၀:၄)။ “သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍ သူ၏ ရုပ်တုကိုကိုးကွယ်သော လူတို့၌ အလွန် ဆိုးသော အနာစိမ်းပေါက်လေ၏။” (ဗျာ ၁၆:၂)။ အထက်ပါ ဘုရားသခင်၏ နှုတ်ကပတ်တော် များသည် အမှန် ဖြစ်ပျက်မည် ဖြစ်သောကြောင့် ထိုဘေးဒဏ်မှလွတ်စိမ့်သောငှါ၊ ခရစ်တော်ကို ကယ်တင်ရှင်ဘုရား အဖြစ် လက်ခံပါ။ စိတ်နှလုံးထဲနေခွင့်ပြုပါ။ ခရစ်တော် ဘုရား ​ကျွန်ပ်စိတ်နှလုံးအထဲ၌ ဝင်၍ အသက်တာကို အုပ်စိုးတော်မူပါဟု ဆုတောင်းပါ။ 

နောက်ဆုံးခေါ်ခြင်း 

Final Call

                 လေယဉ်ပျံထွက်ခွါခါနီးသောအခါ၊ လိုက်ပါမည့် ခရီးသည်များကို အသံချဲ့စက်ဖြင့် နောက်ဆုံးခေါ်တတ်သည်။ ဤခေါ်ခြင်းသည် နောက်ဆုံးခေါ်ခြင်း ဖြစ်သည်ဟု ခေါ်တတ်သည်။ စကား နားမလည် သောကြောင့်သော်၎င်း၊ တခုခု၌ အာရုံစိုက် သောကြောင့်သော်၎င်း၊ ထိုခေါ်သံကို မကြားမိပါက၊ လေယဉ်ပျံထဲသို့ မဝင်သောကြောင့် ကျန်ရစ်တတ်သည်။ လေယဉ်ပျံကချန်ထားသောကြောင့် အစီအစဉ်များ ပျက်သွားနိုင်သည်။ ကြိုမည့်သူများအတွက်လည်း ကသိကအောင့် ဖြစ်နိုင်သည်။ သို့သော် သေရေးရှင်ရေး မဟုတ်ပါ။ များမကြာမှီ သန့်ရှင်း သူများ ချီဆောင်ခြင်း ဖြစ်တော့မည်။ ထိုအရာနှင့် ပတ်သက်၍ ကျမ်းစာက ဖေါ်ပြထားသောအရာ အားလုံး သည် ပြည့်စုံနေပြီ ဖြစ်သည်။ အချိန်မရွေး ချီဆောင်ခြင်း ဖြစ်နိုင် ပြီ။ သို့သော် ကျမ်းစာ နားမလည် သောကြောင့်၊ ဂရုမစိုက်ဘဲလောကအရာများကိုသာ ဂရုစိုက်သောကြောင့်၊ ထိုချီဆောင်ခြင်း၌ မပါဝင်ဘဲ ကျန်ရစ်သွားမည့်သူ များသည် အများစု ဖြစ်သည်။ ချီဆောင်ခြင်း၌ မပါဝင်လျှင် ဘေးဒဏ်ကြီး ကာလ၌ ရောက်သွားမည်။ ဘေးဒဏ်ကြီး ကာလ၌ ရောက်သွားပါက အလွန် ဆင်းရဲ ဒုက္ခ ရောက်ရှိမည် ဖြစ်သည်။ ထိုကာလနှင့် ပတ်သက်၍ ခရစ်တော်က၊ “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလ တာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့အဘို့ အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။” (မ ၂၄:၂၁-၂၂) ဟုဆိုခဲ့သည်။ ထိုဘေးဒဏ်ကြီး ကာလနှင့် ချီ ဆောင်ခြင်းသည် မည်မျှနီးသနည်း။ 

ဖေါက်ပြန်သင်းခွဲခြင်း 

                    ရှင်ပေါလုက၊ “အဘယ်သူမျှ သင်တို့ကို အဘယ်သို့အားဖြင့် မလှည့်ဖြား စေနှင့်။ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင် ဖြစ်၍၊ ” (၂ သက် ၂:၃)ဟု ရေးခဲ့သည်။ သခင်ယေရှု မကြွလာမှီ ဖောက်ပြန်သင်းခွဲခြင်း ပေါ်မည် ဟုဆိုသည်။ ဖောက်ပြန်သင်းခွဲခြင်းကို ဂရိတ်လို။ ἀποστασία apostasia, အင်္ဂလိပ်လို apostasy ဟု ခေါ်သည်။ ἀποστασία apostasia သည် မြန်မာကျမ်းစာ၌ အကျင့်စာရိတ္တဖေါက် ပြန်ခြင်း၊ အသင်းတော်များအဖွဲ့အစည်းများ ခွဲခြင်းဟု အဓိပ္ပါယ်ရသည်။ အင်္လိပ်စကား လုံး၌ apostasy သည် ယုံကြည်ခြင်းမှ လွှဲမှားခြင်း လမ်းလွှဲခြင်းဟု အဓိပ္ပါယ်ရသည်။ သို့သော် ဂရိတ်စကား လုံး၌ ထိုအရာများ ဖြစ်နိုင်သော်လည်း၊ ထိုအဓိပ္ပါယ်များထက် ခွဲ ခွါခြင်း၊ ထွက်ခွါခြင်း၊ကို ပို၍ ဆိုလိုကြောင်း အခြားကျမ်းပိုဒ်များ၌ ဤသို့ တွေ့ရသည်။ 

2 Tim 2:19 King James Bible: Nevertheless the foundation of God standeth sure, having this seal, The Lord knoweth them that are his. And, Let every one that nameth the name of Christ depart from iniquity.

သို့သော်လည်း သခင်ဘုရားသည် မိမိလူတို့ကို သိ​ကျွမ်းတော်မူ၏ ဟူ၍၎င်း၊ သခင်ဘုရား၏ နာမတော်ကို ဝန်ခံသောသူ မည်သည်ကား၊ မတရားသော အမှုကို ရှောင်ရ မည်ဟူ၍၎င်း၊ တံဆိပ်ခတ်လျက် ရှိသော ဘုရားသခင်၏ တိုက်မြစ်သည် ခိုင်ခံ့၍ တည်၏။ (၂ တိ ၂:၁၉)။

ဤနေရာ၌ မတရားသော အမှုကို ရှောင်ရမည်ဟု ဘာသာပြန်သည်။ Apostasia ကို ရှောင်ဟု ဘာသာပြန်သည်။ မတရားသော အမှုကို ဖေါက်ပြန်သင်းခွဲ မည်ဟု ဘာသာမပြန်ချေ။ 

Luke 4:13 English Standard Version: And when the devil had ended every temptation, he departed from him until an opportune time.

New American Standard Bible: When the devil had finished every temptation, he left Him until an opportune time.

ထိုသို့ မာရ်နတ်သည် စုံစမ်း သွေးဆောင်ခြင်း အမှု အလုံးစုံကို အကုန်အစင်ပြုပြီးလျှင်၊ အထံတော်မှ ထွက် သွား၍ ကာလ အတန်အရာနေလေ၏။ 


အထက်ပါ ကျမ်းပိုဒ်၌လည်း စာတန်သည် သခင်ယေရှုကို သွေးဆောင်၍ မရသောအခါ အထံတော်မှ ထွက် သွား၍ ဟု ဘာသာပြန်သည်။ ထိုစကား လုံးသည် apostasia ကို ဘာသာပြန်ခြင်း ဖြစ်သည်။ စာတန်သည် အထံတော် မှဖေါက်ပြန်သင်း ခွဲ၍ ဟု ဘာသာမပြန်ချေ။ ထို့ကြောင့် apostasia သည် ထွက်ခွါခြင်းကို ဆိုလိုကြောင်း ထင်ရှားသည်။ 

၂ သက် ၂:၃ကို အောက်ပါ အင်္ဂလိပ်ကျမ်းစာအုပ်များ၌ ဤကဲ့သို့ ရေးထားသည်။ 

Geneva Bible:Let no man deceive you by any means, for that day shall not come, except there come a departing first, and that the man of sin be dis - closed, even the son of  perdition,

World English Bible: Let no one deceive you in any way. For it will not be, unless the departure comes first, and the man of sin is revealed, the son of destruction, 

“ထိုနေ့ရက်မရောက်မှီ ခွဲခွါခြင်း၊ ချီဆောင်ခြင်း အရင် ဖြစ်၍၊ ဒုစရိုက်လူ တည်းဟူသော ပျက်စီးခြင်း၏ သားသည် ပေါ်လာရလိမ့်မည်။” ဟု ဘာသာပြန်သင့်သည်။ ဆိုလိုသည်မှာ ထိုနေ့ရက် တည်းဟူသော ဘေးဒဏ်ကြီးကာလ မရောက်မှီ ယုံကြည်သူများ ဤလောက မှခွဲခွါခြင်း သို့မဟုတ် ချီဆောင်ခြင်း အရင် ဖြစ်မည်။ ထို့ နောက်မှဒုစရိုက် လူ တည်းဟူသော ပျက်စီးခြင်း၏ သားသည် ပေါ်လာရလိမ့်မည်ဟု ဘာသာပြန်ရမည်။ ထိုသို့ဖြစ်လျှင် ယုံကြည်သူများသည် ဒုစရိုက်လူ တည်းဟူသော အန္တီခရစ်ကို မြင်ရမည် မဟုတ်။ 

ဒုစရိုက်လူပေါ်လာမည်

ဆက်၍ ရှင်ပေါလုက၊ “ဒုစရိုက်လူ တည်းဟူသော ပျက်စီးခြင်း၏ သားသည် ပေါ်လာရလိမ့်မည်။ ထိုသူသည် ဘုရားသခင် ဟူ၍၎င်း၊ ဘုရား ဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသောအရာ တို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ် ချီးမြောက်သော အားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကို ပြသောသူ ဖြစ်သတည်း။” (၂ သက် ၂:၄)။ ယုံကြည်သူများကို ကောင်းကင်သို့ ချီဆောင်ခြင်း အပြီးတွင် ဒုစရိုက်လူ တည်းဟူသော ပျက်စီးခြင်း၏ သားသည် ပေါ်လာမည် ဟုဆိုသည်။ သူသည် ဘုရားနှင့် ပတ်သက်သောအရာ မှန်သမျှကို ရန် ဘက်ပြု၍ ကိုယ်ကိုကိုယ် ချီးမြှောက်၍ အသစ်တည်ဆောက်မည့် ဗိမာန်တော်၌ ဘုရား ဖြစ်ယောင်ဆောင်လျက် ထိုင်လိမ့်မည် ဟုဆိုသည်။ သူသည် ဒုစရိုက် ပြုလုပ် သောသူ ဖြစ်သောကြောင့် ဒုစရိုက်လူဟု ခေါ်ခြင်း ဖြစ်သည်။ ပျက်စီးခြင်း၏သား (son of perdition) ဟုဆိုခြင်းသည် မီးငရဲအိုင်သို့ ဆင်းမည့် အရာကို ဆိုလိုသည်။ ကျမ်းစာထဲ၌ ပျက်စီးခြင်း၏ သားကို ဤနေရာနှင့် ယော ၁ရး၁၂ ၌ သခင်ယေရှုက ယုဒ ရှကာရုတ်ကို ခေါ်ခြင်းမှတပါး အခြားနေရာ၌ မတွေ့ရချေ။ 

လည်ပင်းဖြတ်မည်

ခရစ်တော်က၊ “ထိုကာလ၌ လူအများတို့သည် သင်တို့ကို ညှင်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှါ အပ်နှံကြလိမ့်မည်။ ငါ၏ နာမကြောင့်လည်း ခပ်သိမ်းသော လူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။” (မ ၂၄:၉) ဟုဆိုခဲ့သည်။ တဖန် “ပဥ္စမတံဆိပ်ကို ဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကြောင်း၎င်း၊ မိမိတို့ သက်သေခံချက်ကြောင်း၎င်း၊ အသေသတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။” (ဗျာ ၆:၉)ဟု ယောဟန်ကရေးခဲ့သည်။ ဆက်၍ “သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲ နေ၍၊ ယေရှု၏ သက်သေခံတော်မူ ချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကြာင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။” (ဗျာ ၂၀:၄) ဟု တွေ့ရသည်။ 

ဘေးဒဏ်ကြီး ကာလ၌ ယုံကြည်သူများကို ညှဉ်းဆဲ၍ လည်ပင်းဖြတ်မည် ဖြစ်သည်။ ထိုသူများသည် အသင်းတော် သို့မဟုတ် ကျေးဇူးတော် ကာလ၊ ယခုအချိန်၌ ယုံကြည်သူများမဟုတ်ချေ။ အသင်းတော် သို့မဟုတ် ကျေးဇူးတော် ကာလ တည်းဟူသော ယခုအချိန်၌ ယုံကြည်သူများသည် ချီဆောင်ခြင်း၌ ပါသွားမည် ဖြစ်သည်။ လည်ပင်းဖြတ်ခံမည့် ယုံကြည်သူများသည် ယခု အချိန်တွင် ကယ်တင်ခြင်း သတင်းကောင်းကြားသော်လည်း မယုံကြည်သူများ၊ မမှည့် သေးသောသူများ၊ ဘေးဒဏ်ကြီး ကာလ၏ ဒုက္ခကြောင့် ပြန်လည် ယုံကြည်သူများဖြစ်သည်။ ယခုအချိန်သည် ဘေးဒဏ်ကြီး ကာလနှင့် အလွန် နီးသောကြောင့် အိုင်စစ်များက လည်ပင်းဖြတ်ခြင်းကို ကြားမြင် နေကြခြင်း ဖြစ်သည်။ ထိုအရာသည် လူတိုင်းကို သတိပေးခြင်း ဖြစ်သော်လည်း ဂရုမစိုက်ကြချေ။ ထိုအရာသည် ဆီးရီးယားနိင်ငံ၌သာ ဖြစ်သည်ဟု ပေါ့ဆစွာ တွေးထင် ကြသည်။ သို့သော် ယခုအခါ ဆီးရီးယားနိင်ငံ၌သာ မဟုတ်တော့ချေ။ 
 ယခုနှစ်ဇူလိုင်လ (၂၆) ရက်နေ့၌ ပြင်သစ်ကက်သလိပ်ဘုန်းကြီးကို အကြမ်းဖက်သမားများကလည်ပင်းဖြတ်လိုက်သည်။ ထိုကြောင့် လည်ပင်းဖြတ်ခံခြင်းသည် ဆီးရီးယား နိင်ငံ၌သာ မဟုတ်တော့ချေ။ တကမ္ဘာလုံးနိင်ငံတိုင်း၊ နေရာတိုင်း၌ ဖြစ်နိုင်ကြောင့် သက်သေထူလိုက်ပြီ။ 

ယခုအခါ ဓားဖြင့် လူသတ်မှု ပို၍ ပို၍ များလာသည်။ သေနပ်သာလျှင် လက် နက် မဟုတ်ဓားလည်း လက်နက် ဖြစ်သည်။ ပြင်သစ်ပြည်၌ ထရပ်ကား ကြီးဖြင့် အကြမ်းဖက်သမားကပွဲ၌ ပါဝင်သူလူ ၈၄ ယောက်ကို ဇူလိုင်လ (၁၄) ရက်နေ့၌ တိုက် သတ်လိုက်သည်။ ထို့ကြောင့် အကြမ်းဖက်သမားများသည် အရာခပ်သိမ်းကို လက် နက်အဖြစ် အသုံးပြု နေကြပြီ။ ထမင်းချက်ရာတွင် အသုံးပြုသော ဓါတ်ငွေ့အိုးများလည်း ဆီးရီးယားနိင်ငံ၌ ဗုံးအဖြစ် အသုံးပြုကာ၊ သူတို့၏ မြို့တော် ဒမသက်မြို့လည်း အကုန်ပျက်စီး၍ လူသူကင်းမဲ့နေပြီ။ ထိုဓါတ်ငွေ့အိုးများသည် နေရာတိုင်း၌ အလွယ်တ ကူရနိင်သောကြောင့် အလွန် စိုးရိမ်စရာ ရှိသည်။ 

သံပိုက်လုံးများလည်း ဗုံး အဖြစ် အသုံးပြု နေကြသည်။ လက် နက်ဗုံးလုပ်နည်းများကို၌ သက ဤကဘန ထဲမှသင်ပေး နေကြသော်လည်း စစ် ဆေးတားမြစ်ခြင်း မရှိသောကြောင့်၊ လူတိုင်း ကနည်းသိရှိ အသုံးပြုနိုင်သည်။ ထို့ကြောင့် အဘယ်နေရာ၌ မျှလုံခြုံမှု မရှိတော့ချေ။ သို့သော် လူသည်ကို တိုင်မကြုံလျှင် ဘေးအန္တရယ်ဟု မမြင်တတ်ကြချေ။ လောဘလွန်ကျူး၍ ငွေကိုသာလျှင် ကြိုးစား၍ ရှာ နေကြသေးသည်။ မသေနိုင် သကဲ့သို့ အပျော်အပါးကိုသာလျှင် လိုက်စား နေကြသေးသည်၊ စာတန် လက်အောက်၌ အာဏာလု နေကြဆဲ ဖြစ်သည်။ စာတန် သွေးခွဲခြင်းအားဖြင့် လူမျိုးရေး၌ ပြင်းထန် နေကြဆဲ ဖြစ်သည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။ 

အင်ပိုင်ယာနိုင်ငံများ 

ကမ္ဘာ့ အင်ပိုင်ယာနိုင်ငံများသည် ထာဝရ မတည်မြဲချေ။ ကျမ်းစာထဲမှအဲဂုတ္တု၊ အာရှုရိ၊ ဗာဗုလုန်၊ မေဒုိပါးရှား၊ ဂရိတ်၊ ရောမအင်ပိုင်ယာများသည် ယခုမရှိတော့ချေ။ ယခုခေတ်တွင် အေဒီ ၁၅၀၀ ခန့်၌ စိပိန်နှင့် ပေါ်တူဂီတို့သည် ကမ္ဘာ့ အင်အားကြီး နိုင်ငံများ ဖြစ်ခဲ့သော်လည်း ယခုတတိယအဆင့်လောက်သာရှိသော နိုင်ငံများ ဖြစ်တော့သည်။ အေဒီ ၁ရဝ ၀လောက်မှ တိုးတက်လာသော ဗြိတိသျှအင်ပိုင်ယာ လည်း၊ နေမဝင်အင်ပိုင်ယာဟု ဝါကြွားခဲ့သော်လည်း ယနေ့ ဒုတိယအဆင့်နိုင်ငံသာ ဖြစ်တော့သည်။ အမေရိကန်ပြည် ထောင်စုသည် ဒုတိယကမ္ဘာစစ်အပြီးတွင် ကမ္ဘာ့ အချမ်းသာ ဆုံး အင်အားကြီး နိုင်ငံ ဖြစ်သော်လည်း၊ ယခုအကြွေး များစွာဖြင့် နေဝင်ခါနီး ဖြစ်နေပြီ။ အိုဘားမားသည် နောက်ဆုံးသမတ ဖြစ်နိုင်သည်ဟု ခန့်မှန်ဟောကိန်း ထုတ် နေကြသည်။ သူ၏ မဲဆွယ် တရားဟောရာတွင် အသုံးပြုသော အမှတ် တံဆိပ်သည် နေဝင်သည့်ပုံ ဖြစ်နေသည်။ 

အမေရိကန်နိုင်ငံသည် ဘုရား စွန့်သောကြောင့် ရန်သူတရုတ်ထံနည်းပညာနှင့် စက်ရုံအများစုကို ပေးလိုက်သောကြောင့် ပြည်တွင်း၌ အလုပ်လက်မဲ့ များစွာဖြင့် ဒုက္ခ ရောက်နေရပြီ။ အမေရိကန်နေဝင်ချိန်တွင် အရှေ့ဘက်မှ တရုတ်နေထွက်လာသည်။ နေဝင်သောကြောင့် လခြမ်း တည်းဟူသော မူစလင်များသောင်းကြမ်း နေကြခြင်း ဖြစ်သည်။ ကမ္ဘာ့ သတင်းများဆိုးအများစုသည် မူစလင်များအားဖြင့် ဖြစ်သည်။ သူတို့၏ သတင်းသည် အများစု ဖြစ်သည်။ မူစလင်များ တိုးတက်နေချိန်တွင်၊ ခရစ်ယာန် များသည် တနေ့တခြား လျော့နည်းလာသည်။ ဝိညာဉ် မျက်စိကန်းသောကြောင့်၊ ခရစ်ယာန် များသည် ထိုအရာများကို နားမလည်နိင်ကြချေ။ 

နေဝင်နေသော အမေရိကန် နေထွက်လာသော တရုတ်သောင်းကြမ်းမူစလင်

ဣသရေလ လူများနှင့် ကမ္ဘာ့ သမိုင်းအချိန် ပြဇယား

BC 4000            ကမ္ဘာဖန်ဆင်း
BC 2300            နောဧခေတ်ရေလွှမ်းမိုး
BC 2000            အာဗြဟံကို ဘုရားကခေါ်
BC 1491            မောရှေ ဦးဆောင်၍ အဲဂုတ္တု ​ကျွန်မှ ထွက်ဣသရေလ ပဌမ ရှင်ဘုရင် ရှောလု
BC 1000            ဒါဝိဒ်မင်းအုပ်စိုး 
BC 960              ရှောလမုန်ကပဌမ ဗိမာန်ဆောက်
BC 930              နိင်ငံတော် ကွဲ မြောက်ပိုင်း ဣသရေလ၊ တောင်ပိုင်းယုဒ
BC 722              ဣသရေလ အာရှုရိကသိမ်း
BC 606-585       ယုဒကို ဗာဗုလုန်ကသိမ်း၊ အစ္စရေးများ တပါးအမျိုးသား လက်အောက်၌ ရောက် (ဟောရှေ ၃:၄) 
BC 538-515       ယေရုဗဗေလ ဦးဆောင်၍ ဒုတိယဗိမာန်တော် ဆောက် 
0                        ခရစ်တော် လူဇာတိခံ (မ ၂၊ လု ၂) 
AD 33                ခရစ်တော် အသေခံ (မ ၂ရ၊ လု ၂၃) 
AD 70                ယေရုရှလင်မြို့နှင့် ဗိမာန်တော် ရောမများကဖျက်ဆီး၊ ယဇ်ပူဇော်ခြင်း ပပြောက် (ဟောရှေ ၃:၄) 
AD 691              ဗိမာန်တော် နေရာ၌ မူစလင်ဗလီဆောက်
AD 1099-1291  Crusade စစ်၊ ကက်သလိပ်များက ပါလက်စတိုင်းရှိမူစလင်နှင့် ဂျူးများ တိုက်
AD 1517-1919   ပါလက်စတိုင်း ဒေသကို အော်တိုမင်အင်ပိုင်ယာ(ယခုတူရကီ) ကအုပ်ချုပ်
AD 1948            အစ္စရေးနိင်ငံထူထောင်၊ အစ္စရေး-အာရပ်ပဌမ စစ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးစ
AD 1956            အစ္စရေး-အာရပ်ဒုတိယစစ်
AD 1967            အစ္စရေး-အာရပ်တတိယစစ်၊ ယေရုရှလင်မြို့အရှေ့ ခြမ်းအစ္စရေးကသိမ်း
AD 1973            အစ္စရေး-အာရပ်စတုတ္ထ္ဂစစ်
AD 2016            ယခုနှစ် ယေရှုသည် တံခါးဝတိုင်အောင် ရောက်ပြီ (မ ၂၄:၃၃) 
AD ?                  ချီဆောင်ခြင်း (၁ ကော ၁၅:၅၁-၅၃၊ ၁ သက် ၄:၁၄-၁ရ) 
AD ?                  တတိယဗိမာန်တော် ပြန်ဆောက်မည်၊ ယခင်အတိုင်း ယဇ်ပြန်ပူဇော်မည်

                          ဘေးဒဏ်ကြီးကာလ ခုနှစ်နှစ်၊ သုံးနှစ်ခွဲတွင် ယဇ်ပူဇော် ခြင်း ပပျောက်စေမည် (ဒံ ၉:၂ရ)

                          ခရစ်တော် ရှင်ဘုရင်အဖြစ် ဒုတိယအကြိမ် ကြွလာခြင်း (မ ၂၄:၂၉-၃၀) 

                         အနှစ် ၁၀၀၀ ကာလ (ဟေရှာ ၆၅:၁ရ- ၂၅၊ ဗျာ ၂၀း၁-၆) 
AD 3000?         ကမ္ဘာ့ အဆုံး (၂ ပေ ၃:၁၀) 


ကျမ်းစာဖတ်ကြစို့
ဟေဗြဲ ၉ 


၁။ တနည်းကား၊ ပဌမ ပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်၎င်း၊ လောကီ သန့်ရှင်းရာ ဌာနတော်နှင့်၎င်းစပ်ဆိုင်၏။ 

ပဌမ ပဋိညာဉ်တရားသိနာတောင်အောက်၌ မောရှေအားဖြင့် ဘုရားသခင်နှင့် ဣသရေလ လူများ ပြုလုပ်သောအရာ ဖြစ်သည် (ထွက် ၁၉:၅-၆၊ ၂၄:၁-၈)။ ထိုပဌမ ပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်၎င်း၊ လောကီ သန့်ရှင်းရာ ဌာနတော်နှင့်၎င်းစပ်ဆိုင်၏ ဟုဆိုသည်။ 

၂။ အဘယ်သို့ နည်းဟူမူကား၊ ဟဂျာဟု ခေါ်ဝေါ်သော ပဌမ တဲတော်သည်၊ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော် မုန့်နှင့် ပြင်ဆင်လျက် ရှိ၏၊ 

ဟဂျာဟူသော စကားသည် ဂရိတ်စကား ဖြစ်၍ Ἅγια အင်္ဂလိပ်အသံထွက် Hagia  ဖြစ်သည်။ အဓိပ္ပါယ်မှာ သန့်ရှင်း ဟူ၍ ဖြစ်သည်။ အခြားနေရာများ၌ သန့်ရှင်းရာဌါနဟု ခေါ်လေ့ရှိသည် (Holy place) တဲတော်၏ အပြင်ခန်း ဖြစ်သည်။ ထိုအ ခန်း၌ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော် မုန့်တင်သော စားပွဲများရှိသည်။ နံ့သာပေါင်းမွှေး မီးရှို့ ရာယဇ်ပလ္လင်လည်းရှိသော်လည်း ဤနေရာ၌ မဖေါ်ပြ ချေ။ 

၃။ ဒုတိယကုလားကာအတွင်း၌၊ ဟဂျာဟဂျုန်ဟု ခေါ်ဝေါ်သော တဲတော် ရှိ၏။ 

ဒုတိယကုလားကာသည် အသန့်ရှင်းဆုံးနှင့် သန့်ရှင်းရာဌါနကို ကာထားသော ကုလားကာ ဖြစ်သည်။ ဟဂျာဟဂျုန်သည် ဂရိတ်စကား ဖြစ်၍ Ἅγια ἁγίων အင်္ဂလိပ်အသံထွက် the holy of holies အသန့်ရှင်းဆုံးဟု အဓိပ္ပါယ်ရသည်။ ကုလားကာ အတွင်း၌ ရှိသော အခန်းကို အခြားနေရာများ၌ အသန့်ရှင်းဆုံးဌါနဟု ရေးထားသည်။ 

၄။ ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေဖြင့် မွမ်းမံသော ပဋိညာဉ်သေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နကို ထားသော ရွှေအိုး၊ အပွင့်ပွင့်အာရုန်၏ လှံတံ၊ ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့သည် ရှိကြ၏။ 

အ သန့်ရှင်းဆုံးဌါနကို ထိုတဲတော်ဟု ဤနေရာ၌ ရေးထားသည်။ အသန့်ရှင်း ဆုံးအခန်း၌ ပဋ္ဋိညာဉ်သေတ္တာရှိ၏။ အစ ပဌမ မောရှေက ပြုလုပ်သော အချိန်တွင် ပဋိညာဉ်သေတ္တာသာလျှင် ရှိခဲ့သည်။ နောက်ပိုင်း၌ မန္နမုန့်ကို အမှတ်တရအဖြစ် ရွှေ အိုး၌ ထားသည် (ထွက် ၁၆:၃၂-၃၃)။ ကောရဒါသန်အဘိရံတို့က မောရှေနှင့် အာရုန် ကိုတော် လှန်ပုန်ကန်ပြီး နောက် ဘုရားသခင်က မောရှေနှင့် အာရုန်ကို သူရွေးချယ် ကြောင်း၊ ဘိသိက်ကြောင်းကို ထင်ရှားစေရန် အာရုန်လှံတံကို အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့်လျက်၊ ဗာတံသီးကို သီးစေခြင်းအားဖြင့် သက်သေပြခဲ့သည်။ ထိုလှံတံကို အသန့်ရှင်းဆုံးဌါန၌ ဘုရားသခင်က ထားခိုင်းသည် (တောလည်ရာ ၁ရ)။ ဟေဗြဲစာရေးသောအချိန် အထိ ထိုပစ္စည်းသုံးမျိုးသည် အသန့်ရှင်းဆုံးဌါန၌ ရှိပုံရသည်။ သို့မဟုတ် ရှိခဲ့ဘူးသောအရာကို ဖေါ်ပြခြင်း ဖြစ်သည်။ 

၅။ ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ် ​ဖြေရာပလ္လင်ကို လွှမ်း မိုးလျက် ရှိကြ၏။ ထိုအရာများကို ယခုသေချာစွာ ပြောစရာ အကြောင်းမရှိ၊ 

ပဋိညာဉ်သေတ္တာ အပေါ်၌ ရွှေဖြင့် လုပ်ထားသော ခေရုဗိမ် ကောင်းကင်တမန် နှစ်ပါးသည် မျက်နှာချင်းဆိုင်လျက် အတောင်ခြင်း ထိစပ်လျက် ရှိသည်။ ထိုအ ရာများကို ယခုသေချာစွာ ပြောစရာ အကြောင်း မရှိဟု ရေးသည်။ ထိုသေတ္တာအဖုံးသည် ကောင်းကင်နိင်ငံရှိ ဘုရားသခင်၏ ပလ္လင်တော်ကို ပုံဆောင်သည်။ သေတ္တာ အဖုံးကို မြန်မာကျမ်းစာအုပ်၌ သေတ္တာအဖုံး ဟူ၍သာ ရေးထားသည်။ အင်္ဂလိပ်ကျမ်းစာ၌ ဂရုဏာပလ္လင် (​mercy seat)ဟု ရေးထားသည်။ ကောင်းကင် ရှိဘုရားသခင်၏ ပလ္လင်တော်သည် ယခုတိုင်ဂရုဏာပလ္လင် ဖြစ်သေးသည်။ သို့သော် ဘေးဒဏ်ကြီး ကာလ၌ တရားစီရင်ရာပလ္လင်၊ အမျက်တော်လောင်းသော ပလ္လင် ဖြစ်လာလိမ့်မည် (ဗျာ ၆:၁၆-၁ရ)။ ယခုကျေးဇူးတော် ကာလ ကုန်ခါနီးလေး ဖြစ်သည်။ ထိုကြောင့် ထိုအချိန် မတိုင်မှီတွင် အမြန်ဆုံး ကယ်တင်ခြင်းသို့ ရောက်ဘို့ ကယ်တင်ခြင်းကို အသေအလဲ သင်ယူ လက်ခံဘို့ လိုသည်။ ထိုမျှသာမက အခြားသူများကိုလည်း အမြန်ဆုံး ပြောပြဘို့ လိုသည်။ 

၆။ ထိုသို့ ခပ်သိမ်းသောအရာ တို့သည် ပြင်ဆင်လျက် ရှိသောအခါ၊ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြု၍ ပဌမ တဲတော် အတွင်းသို့ အစဉ်ဝင်ရကြ၏။ 

ယဇ်ပုရောဟိတ် များသည် နေ့တိုင်း ပဌမ တဲတော် တည်းဟူသော သန့်ရှင်းရာဌါန၌၊ နံ့သာပေါင်းမွှေး မီးရှို့ဘို့နှင့် ရွှေမီးခုံ၌ သံလွင်ဆီထပ်ထည့်ဘို့၊ မီးစာရှင်းလင်းဘို့ အတွက် နံနက်တစ်ကြိမ်ညနေတကြိမ်ဝင်ရသည်။ 

၇။ ဒုတိယတဲတော် အတွင်းသို့ ယဇ်ပုရောဟိတ်မင်းတပါးတည်း သာမိမိ အပြစ်ကြောင့်၎င်း၊ လူများ အပြစ်ကြောင့်၎င်း၊ ပူဇော်သော အသွေးကို ဆောင်၍ တနှစ်လျှင် တခါတည်း သာဝင်ရ၏။ 

ဒုတိယတဲတော် တည်းဟူသော အသန့်ရှင်းဆုံးဌါန၌ မူယဇ်ပုရောဟိတ်မင်းသာလျှင် ဝင်၍ ရသည်။ ရိုးရိုးယဇ်ပုရောဟိတ် များမဝင်ရ။ ယဇ်ပုရောဟိတ်မင်းပင်လျှင် တနှစ်လျှင် တကြိမ်သာအပြစ် ​ဖြေရာနေ့၌ ဝင်၍ ရသည်။ သူသည် သတင်း ​ကျွတ် လ၌ သာဝင်ရသည်။ ထိုနေ့၌ ယဇ်ပုရောဟိတ်မင်းသည် သူ၏ မိသားစုအတွက် အပြစ် ​ဖြေရာယဇ်နှင့် မီးရှို့ရာ ယဇ်ပူဇော်တတ်သည်။ ပရိသတ်အတွက်လည်း ထိုယဇ်နှစ် မျိုးပူဇော်ရသည် (ဝတ်ပြု ၁၆)။ 

၈။ ပဌမ တဲတော် မပျက်မှီတိုင်အောင်၊ သန့်ရှင်းရာ ဌာနသို့ သွားသောလမ်းမဖွင့်သေးသော အကြောင်းကို ထိုအမှု အရာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အရိပ် ပေးတော်မူ၏။ 

ပဌမ တဲတော်သည် မောရှေဆောက်သော တဲတော်ကို ဆိုလိုသည်။ ရှောလ မုန်၏ ဗိမာန်တော်လည်း မောရှေဆောက်သော တဲတော်နှင့် သဘောခြင်း တူသည်။ ထိုမြေကြီး ပေါ်၌ ဆောက်သော တဲတော်နှင့် ဗိမာန်တော် ရှိသော ကာလသည် အရိပ် ဖြစ်၍ ကောင်းကင် တဲတော် စစ်၌ ပူဇော်မည့် အရာကို သေချာစွာ မသိနိုင်သေးချေ။ 

၉။ ထိုတဲတော်ကား၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သော ကာလ တည်းဟူသော မျက်မှောက်ကာလ ပတ်လုံး ပုံပမာ ဖြစ်၏။ ထိုပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသော စိတ်ကို ထောက်လျှင် လည်း၊ ဝတ်ပြုသောသူအား စုံလင်ခြင်း အကျိုးကို မပေးနိုင်သည် ဖြစ်၍၊ ၁၀။ စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသော နှစ်စရာ တည်းဟူသော၊ ကိုယ်ခန္ဓာနှင့် ဆိုင်သော အထုံး အဖွဲ့များနှင့် တကွ အသစ် ပြုပြင်ခြင်း ကာလ တိုင်ရုံမျှသာတည်ရကြ၏။ 

ထိုတဲတော် ကား” ဟုဆိုသောအရာ သည်လောက၌ မောရှေဆောက်သော တဲတော်ကို ဆိုလိုသည်။ ထိုအရာသည် အရိပ် ဖြစ်၍ ယခုမျက်မှောက်ကာလ တည်းဟူသော ကောင်းကင် တဲတော် စစ်၌ ပူဇော်ခြင်းနှင့် ခွဲခြားရှင်းပြလိုခြင်း ဖြစ်သည်။ မြေကြီး ပေါ်ရှိတဲတော်၌ ဝတ်ပြုခြင်းသည် အရိပ်သာ ဖြစ်သောကြောင့် ဝတ်ပြုသောသူအား စုံလင်ခြင်း အကျိုးမပေးနိုင် ဟုဆိုသည်။ ထိုအရာသည် အစစ်မလာခင်အထိအတွက် သာယာယီအားဖြင့် ဝတ်ပြုခြင်း ဖြစ်သည်။ 

၁၁။ ယခုမှာလူလက်ဖြင့် မလုပ်၊ ဤလောက ဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီး မြတ်စုံ လင်သော တဲတော်၌၊ နောက်မင်္ဂလာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည်၊ 

တဲတော်သည် ကောင်းကင်နှင့် မြေကြီး ပေါ်၌ မောရှေဆောက်ခဲ့သော တဲတော် သာရှိသည်။ မြေကြီး ပေါ်ရှိတဲတော်သည် အဲဂုတ္တု ​ကျွန်မှ ထွက်၍ သိနာတောင်တွင် ဆောက်ခဲ့သည်။ ရှောလမုန်ကဗိမာန်တော် ဆောက်သောအခါ တဲတော်ကို အသုံးမပြုတော့ချေ။ ထိုအရာသည် မြေကြီး ပေါ်၌ လူလက်ဖြင့် ဆောက်ထားသော တဲတော် ဖြစ်သည်။ ယခုမှာလူလက်ဖြင့် မဆောက်၊ ဘုရားသခင် ဆောက်သော တဲတော်ကို ဆိုလိုသည်။ ဤလောက ဓာတ်နှင့် မစပ်ဆိုင်ဆိုသည်မှာ ဤလောက၌ မရှိ၊ ကောင်းကင်တဲတော်ကို ဆိုလိုသည်။ ထိုတဲတော်သည် သာ၍ကြီး မြတ်စုံလင်သော တဲတော်ဟု ခေါ်သည်။ ထိုတဲတော်၌ ဝတ်ပြုခြင်း၊ ယဇ်ပူဇော်ခြင်းကို ဆိုလိုသည်။ ယခင်၌ မြေကြီး တဲတော်၌ ဝတ်ပြုရသော်လည်း၊ ယခုမှာကောင်းကင် တဲတော်၌ ဝတ်ပြုရသည်။ ထို့ကြောင့် တဲတော် ပြောင်းသွားပြီး ဖြစ်သည်။ ထို့ကြောင့် ယေရုရှလင်မြို့ ဗိမာန်တော် အတွင်းရှိကုလားကာကွဲခဲ့ခြင်း ဖြစ်သည်။ 

 “နောက်မင်္ဂလာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည်၊ ” တဲတော် ပြောင်း သကဲ့သို့ ယဇ်ပုရော ဟိတ်လည်း ပြောင်းပြီ။ ယခင်ယဇ်ပူ ရောဟိတ်များသည် လူဖြစ်၍ ယခုယဇ်ပုရောဟိတ်သည် အပြစ်ကင်းသော ခရစ်တော် ဘုရား ဖြစ်သည်။ ယခုတဲတော်သည် သာ၍ ကောင်း သကဲ့သို့၊ ယဇ်ပုရောဟိတ်လည်း သာ၍ ကောင်းသည်။ 

၁၂။ ငါတို့အဘို့ ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာ ဌာနထဲသို့ တခါတည်း ဝင်တော်မူ၏။ 

ငါတို့အဘို့ ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍၊” ယခင်ရွေးနှုတ်ခြင်း များသည် အပြစ် မလုပ်ခင်အထိ သာခံတတ်သည်။ ယခုရွေးနှုတ်ခြင်း မူကား ထာဝရ ကာလ တိုင်ခံသည်။ 

ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့်” ယဇ်ပုရောဟိတ်မင်းသည် ဆိတ်နွားအသွေးနှင့် အ သန့်ရှင်းဆုံးဌါနထဲသို့ ဝင်တတ်ကြသည်။ သို့သော် ယဇ်ပုရောဟိတ် ယေရှုသည် မိမိအသွေးနှင့် သန့်ရှင်းရာဌါနသို့ ဝင်သည် ဟုဆိုသည်။ ထိုသို့ ဝင်ခြင်းသည် အသေခံ၍ ရှင်ပြန်ထမြောက် ပြီးမှ ဖြစ်သည်။ ထို့ကြောင့် ယေရှု၏ လုပ်ငန်းသည် လက်ဝါးကပ်တိုင်၌ အဆုံး မဟုတ်ဘဲ၊ ရှင်ပြန်ထမြောက်ပြီး ကောင်းကင် တက်ကာအ သန့်ရှင်းဆုံးဌါန၌ မိမိအသွေးပူဇော် မှသာ ပြီး ဆုံးသွားသည်။ 

 “သန့်ရှင်းရာ ဌာနထဲသို့ တခါတည်း ဝင်တော်မူ၏။” သန့်ရှင်းရာ ဌာနဟု ရေးသော်လည်း၊ အသန့်ရှင်းဆုံးဌါနကို ဆိုလိုခြင်း ဖြစ်သည်။ လူယဇ်ပုရောဟိတ်မင်းသည် တနှစ်တကြိမ်အ သန့်ရှင်းဆုံးဌါနထဲသို့ ဝင်ရသည်။ အကြောင်းမှာ တခါတည်းနှင့် မစုံလင်နိုင်သောကြောင့် ဖြစ်သည်။ ယေရှု မူကား တခါတည်း ဝင်ခြင်းသည် စုံလင် သောကြောင့် နောက်တဖန် ဝင်စရာ မလိုခြင်းကို ဖေါ်ပြသည်။ 

၁၃။ အကြောင်းမူကား၊ အညစ်အ​ကြေးရှိသော သူတို့အပေါ်၌ ဖြန်းသော နွားအသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ ပြာသည်၊ သူတို့ ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည်မှန်လျှင်၊ 

ဘုရားသခင်က မောရှေအားဖြင့် မစင်ကြယ်သော သူတို့သည် မည်ကဲ့သို့ သန့်ရှင်းခြင်း ပြုရမည်ကို ဤသို့ ညွှန်ကြားခဲ့သည်၊ “သတ်၍ သေသောသူ၊ နာ၍သေသောသူ၊ လူသေအရိုး၊ လူသင်္ချိုင်းကို လယ်ပြင်၌ တွေ့၍ ထိလျှင်၊ ခုနစ်ရက် ပတ်လုံးမစင်ကြယ် ဖြစ်လိမ့်မည်။ မစင်ကြယ်သောသူဘို့ အပြစ်ကင်းစေရာမီးရှို့သော နွားမ၏ ပြာအချို့ကိုယူ၍၊ စီးသော ရေနှင့်အတူ အိုး၌ ထည့်ပြီးမှ၊ စင်ကြယ်သောသူသည်၊ ဟု ဿုပ်ပင်ညွန့်ကို ရေ၌ နှစ်၍ တဲပေါ်မှာ၎င်း၊ တန်ဆာများ၊ တဲ၌ ရှိသော လူများ ပေါ်မှာ၎င်း၊ လူသေအရိုး၊ သတ်၍ သေသောသူ၊ နာ၍ သေသောသူ၊ သင်္ချိုင်းကို ထိသောသူပေါ်မှာ၎င်း၊ ထိုရေကို ဖြန်းရမည်။ စင်ကြယ်သောသူသည် မစင်ကြယ်သောသူကို သုံးရက်မြောက်သောနေ့၊ ခုနစ်ရက်မြောက်သော နေ့၌ ဖြန်းရမည်။ ခုနစ်ရက်မြောက်သော နေ့၌ ကိုယ်ကို သန့်ရှင်းစေလျက်၊ မိမိအဝတ်ကို လျှော်၍ ရေချိုးလျှင်၊ ညဦးအချိန်တွင် စင်ကြယ်လိမ့်မည်။” (တော ၁၉:၁၆-၁၉) လူသေအလောင်းကို လိုအပ်သောကြောင့် ထိလျှင် ဖြစ်စေ၊ မတော် တဆထိမိလျှင်ဖြစ်စေ မသန့်ရှင်းဟု ဘုရားသခင်က သတ်မှတ်ထားသည်။ ထိုသူသည် သန့်ရှင်းနိုင် ဘို့ရန် နွားမ၏ ပြာနှင့် အထက်၌ ဖေါ်ပြ သကဲ့သို့ သန့်ရှင်းရေးပြန်လုပ်ရသည်။

၁၄။ ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရ ဝိညာဉ်တော် အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သော အကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ် သိသော စိတ်ကို စင်ကြယ် စေခြင်းငှါ၊ သာ၍ တတ်နိုင်တော်မူသည် မဟုတ်လော။ 

ခရစ်တော်၏ ကိုယ်နှင့် အသွေးသည် နွားမကလေး၏ ပြာထက် သာ၍ မြတ်သည်။ ထိုခရစ်တော်၏ ကိုယ်တော်ကို ထာဝရ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ရှေ့၌ တင်လှူပူဇော်သည် ဟုဆိုသည်။ လောက၌ ပူဇော်သော အရာများသည် ဇာတိ ကိုယ်ခန္ဓာအားဖြင့် ဖြစ်သည်။ ခရစ်တော်၏ ကိုယ်နှင့် အသွေးမူကား ဝိညာဉ်အားဖြင့် ဖြစ်သောကြောင့် မပျောက်ပျက်နိုင်တော့ချေ။ ခရစ်တော်၏၌ ပူ ဇော်ခြင်းက ကိုယ်ကိုကိုယ် သိသော စိတ်ကို စင်ကြယ်စေခြင်းငှါ သာ၍ တတ်နိုင်သည် ဟုဆိုသည်။ ကိုယ်ကိုကိုယ် သိသော စိတ်စင်ကြယ်ခြင်း ဆိုသည်မှာ စိတ် ကြည်လင်ခြင်း၊ ရှင်းသွားခြင်း ကျေနပ်ခြင်းကို ဆိုလိုသည်။ ဘုရားကိုးကွယ်သောအခါ များသောအားဖြင့် စိတ်ကြည်လင်ခြင်း မရှိတတ်ချေ။ သို့သော် ခရစ်တော်၏ ပူဇော်ခြင်းကို နားလည်သောသူသည် စိတ်ကြည်လင်ခြင်းရရှိသည်။ အကြောင်းမှာ သူ့ကို ဘုရားသခင်က အပြစ် လွှတ်၍ လက်ခံကြောင်းကို သိသောကြောင့် ဖြစ်သည်။ 

၁၅။ ထိုကြောင့် ပဌမ ပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသော အပြစ်ကိုလည်း လွတ် စေခြင်းငှါ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသော သူတို့သည် ဂတိတော်နှင့် ယှဉ်သော ထာဝရ အမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည် ပဋိညာဉ် တရားသစ်၏ အာမခံ ဖြစ်တော်မူ၏။ 

ပဌမ ပဋိညာဉ်တရားသည် သိနာတောင်၌ မောရှေအားဖြင့် ဘုရားနှင့် ဣသရေလ လူများ လုပ်သော စာချုပ် ဖြစ်သည်။ ထိုတရားအရ ဣသရေလ လူများသည် ဘုရား စကား နားထောင် ရမည် ဖြစ်သော်လည်း၊ နားမထောင်နိုင်ခဲ့ကြချေ။ ထို့ကြောင့် ပဋိညာဉ်တရားသစ်ပေးမည်ဟု ဘုရားကဆိုခဲ့သည် (ယေရ ၃၁:၃၁)။ ပဌမ ပဋိညာဉ်တရားပြုရာတွင် နွားနှင့် ဆိတ်အသွေးအားဖြင့် တည် စေခဲ့သည်။ ပဋိညာဉ် တရားသစ်မူကား ခရစ်တော်အားဖြင့် တည်စေသည်။ ပဌမ ပဋိညာဉ်တရားအားဖြင့် အပြစ် မလွှတ်နိုင်သောအရာကို ခရစ်တော် အသေခံခြင်းအားဖြင့် လွှတ်နိုင်သည်။ ခရစ်တော်က၊ “ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့် ဆိုင်၍ လူများတို့၏ အပြစ်ကို လွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။” ဟုဆိုခဲ့သည် (မ ၂၆:၂၈)။ 

၁၆။ အမွေခံ စေခြင်းငှါ အခွင့်ပေး၍ စာချုပ်သည် အမှု မှာလည်း စာချုပ်တည်လျှင်စာ ချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ။ ၁ရ။ အကယ်၍ မသေလျှင်၊ ထိုစာချုပ်သည် မတည်၊ သေမှသာ တည်၏။ ၁၈။ ထိုကြောင့် ပဌမ ပဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေးနှင့်ကင်း၍ မစီရင်။ 

မိဘများက သားသမီးများကို အမွေပေးသောအခါ စာချုပ် ပြုလုပ် တတ်သည်။ အမွေသည် မိဘအသက်ရှင်စဉ်တွင် မပေးတတ်ချေ။ မိဘသေမှသာလျှင်ပေးတတ်သည်။ သို့သော် မိဘသေသွားသောအခါ၊ သူတို့ ကိုယ်တိုင် ဘာမျှ မပြောနိုင် တော့သောကြောင့် စာချုပ်ထဲ၌ မသေမှီက သူတို့၏ ဆန္ဒများကို ရေးတတ်သည်။ ထိုစာချုပ်သည် မိဘသေပြီးမှသာလျှင်ဖေါက်၍ ကြည့်ရသည်။ အမွေမှန်သမျှသည်စာ ချုပ်အတိုင်း တည်ရသည်။ ပဌမ ပဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေးအားဖြင့် စီရင်သည် ဟုဆိုသည်။ 

၁၉။ တရားတော်၌ ပါသမျှသော ပညတ်တို့ကို မောရှေသည် လူအပေါင်းတို့အားဟောပြောပြီးမှ၊ ရေနှင့် ရောနှောသော နွား၊ ဆိတ်၏ အသွေးကို ယူ၍၊ အနီ ဆိုးသော သိုးမွှေးတပ်သောဟု ဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကို၎င်းလူ အပေါင်းကို၎င်း ဖြန်းလျက်၊ ၂၀။ ဤအသွေးကား၊ သင်၌ ဘုရားသခင် ဝန်ခံတော်မူသော ပဋိညာဉ်၏ အသွေး ဖြစ်သည်ဟု ပြောဆို၏။ 

တရားတော်၌ ပါသမျှသော ပညတ်သည် ဘုရားကပြော၍ မောရှေကရေးသော စာ၊ ဋ္ဋိညာဉ်စာ ဖြစ်သည် (ထွက် ၂၄:၄၊ ရ)။ ထိုစာကို ကျမ်းစာဟု ခေါ်သည်။ မောရှေကဋ္ဋိညာဉ်စာနှင့် ဣသရေလ လူများကို ရေရောသော နွားနှင့် ဆိတ်အသွေးနှင့် ဖြန်းသည် ဟုဆိုသည်။ ထွက်မြောက်ရာ ၂၄ တွင် နွားအသွေးသာ ဖေါ်ပြသော်လည်း အထက်ပါ ကျမ်းစာ၌ ရေနှင့် ဆိတ်အသွေးကိုလည်း ဖေါ်ပြသည်။ ဋိညာဉ်တ ရားသစ်အတွက်မူ တိရစ္ဆာန်အသွေးမသုံးတော့ဘဲ၊ သခင်ယေရှု ကမိမိ အသွေးကို သွန်းကြောင်း သူကိုယ်တိုင် ဤသို့ ဆိုခဲ့သည်၊ “ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့် ဆိုင်၍ လူများတို့၏ အပြစ်ကို လွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေး ဖြစ်၏။” (မ ၂၆:၂၈) ဟုဆိုခဲ့သည်။ နွားနှင့် ဆိတ်အသွေး၌ ရေရောသည် ဟုဆိုသည်။ ထို့ကြောင့် ဖြစ်မည်၊ ခရစ်တော်၏ နံဘေးကို ရောမစစ်သား ကလှံနှင့် ထိုးသောအခါ သွေးနှင့် ရေ ထွက်သည်ဟု ယောဟန်ကရေးထားသည် (ယော ၁၉:၃၄) 

၂၁။ တဲတော်နှင့် ဝတ်ပြုသော တန်ဆာများကိုလည်း ထိုနည်းတူ အသွေးနှင့် ဖြန်းရ၏။ 

တဲတော်နှင့် ဝတ်ပြုသော တန်ဆာများကို အဘယ်ကြောင့်အသွေးနှင့် ဖြန်း သနည်း။ အကြောင်းမှာ တဲတော်နှင့် တန်ဆာများသည် ညစ်ညူးသော လူများ အလယ်၌ ရှိသောကြောင့် ညစ်ညူးသည်။ ဘုရားသခင်က၊ “ဣသရေလ အမျိုးသားတို့၏ မစင်ကြယ်သော အပြစ်ကြောင့်၎င်း၊ ပြစ်မှားသော အပြစ် အမျိုးမျိုးတို့ ကြောင့်၎င်း၊ သန့်ရှင်းရာ ဌာနတော် အဘို့ အပြစ် ​ဖြေခြင်းကို ပြုရမည်။ ထိုသို့ ဣသရေလ အမျိုးသားတို့၏ မစင်ကြယ်သော အပြစ် ထဲမှာ နေရသော ပရိသတ်စည်းဝေးရာ တဲတော် အဘို့ ပြုရမည်။” (ဝတ်ပြု ၁၆:၁၆)ဟု တဲတော် အတွက် အသွေးဖြင့် သန့်ရှင်းရေးလုပ် ခိုင်းသည်။ 

၂၂။ ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာ တို့ကို ကုန်မတတ်အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ် လွှတ်ခြင်း မရှိ။ 

ဘုရားသခင်က အပြစ်ကို အသွေးအားဖြင့်သာ စင်ကြယ်စေနိုင်သည်ဟု ပညတ်ထားခဲ့သည်။ “အသွေးမသွန်းလောင်းဘဲ အပြစ် လွှတ်ခြင်းမရှိ။” ဟု အဘယ်ကြောင့် ဆိုသနည်း။ “ခန္ဓာကိုယ်၏ အသက်သည် အသွေး၌ တည်၏” (ဝတ်ပြု ၁ရး၁၁) ဟုဆိုသည်။ ထို့ကြောင့် အသွေးသွန်းခြင်းသည် အသက် ပေးခြင်းကို ပုံဆောင်သည်။ အပြစ်၏ အခသည် သေခြင်း ဖြစ်သည် ဟုဆိုသည် (ရော ၆:၂၃)။ လူသည် အပြစ်ကြောင့် သေရမည်။ အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်က လူကို အသက် ပေးသောအခါ သူ၏ အလိုတော်အတိုင်း အသုံးပြုရမည်။ လူသည် ဘုရား အလိုတော်အတိုင်း အသက်ကို မသုံးသောအခါ၊ ဘုရားကလူ၏ အသက်ကို ပြန်တောင်းသည်။ သို့သော် လူသည် အသက်ကို မပေးနိုင်၊ ပေးလျှင် သေမည်။ ထို့ကြောင့် လူအသက် အစားတိရစ္ဆာန်အသက်ကို ပေးခိုင်းသည်။ တိရစ္ဆာန်အသက် ပေးကြောင်းကို အသွေး ဖြန်းခြင်းဖြင့် သက်သေပြသည်။ အသွေးကို ဘုရားရှေ့၌ ဖြန်းသောအခါ အသက် ပေးပြီ ဖြစ်ကြောင်း၊ အပြစ် အတွက် အသက်အား ဖြင်လျော်ပြီ ဖြစ်ကြောင်းကို သက်သေပြခြင်း ဖြစ်သည်။ 

အဘယ်ကြောင့် “ခပ်သိမ်းသောအရာ တို့ကို ကုန်မတတ်” ဟုဆိုသနည်း။ အပြစ် ​ဖြေရာ ယဇ်ပူဇော်သောအခါ ချမ်းသာသောသူများသည် နွားထီး၊ လူလတ် တန်းစားများသည် သိုး သို့မဟုတ် ဆိတ်၊ ဆင်းရဲသားတို့သည် ချိုး သို့မဟုတ် ခိုကောင်ဖြင့် ပူဇော်ရသည်။ သို့သော် အလွန် ဆင်းရဲသောသူများသည် ထိုအရာများကို မတတ် နိုင်သောကြောင့် ဂျုံမှုန့်အားဖြင့် အပြစ် ​ဖြေစေကြောင်း ဘုရားက ဤသို့ ဆိုထားသည်၊ “ခိုနှစ်ကောင် ဖြစ်စေ၊ ချိုးကလေးနှစ်ကောင် ဖြစ်စေ၊ တခုခုကို မတတ်နိုင်လျှင် ပြစ်မှားသောသူသည် အပြစ် ​ဖြေရာယဇ်အရာ၌ မုန့်ညက်တဩမဲကို ဆောင်ခဲ့၍ ဆက်ရမည်။ အပြစ် ​ဖြေရာယဇ် ဖြစ်သောကြောင့် ဆီကို မလောင်းရ။ လောဗန်ကို မတင်ရ။ ယဇ်ပု ရောဟိတ်ထံသို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်း တည်းဟူသော ပူဇော်သက္ကာအတွက် အတာကို ယူ၍ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အပြစ် ​ဖြေရာယဇ် ဖြစ်သတည်း။ ထိုသို့ ယဇ်ပုရောဟိတ် သည်၊ ထိုသူပြစ်မှားမိသော အပြစ် တစုံတခုအတွက် အပြစ် ​ဖြေခြင်းကို ပြုလျှင်၊ သူ၏ အပြစ် လွတ်လိမ့်မည်။” (ဝတ်ပြု ၅:၁၁-၁၃) 

၂၃။ ထိုကြောင့်၊ ကောင်းကင်ဘုံ၌ ရှိသောအရာ တို့၏ ပုံများကို ထိုသို့သော ယဇ်ပူ ဇော်ခြင်းအားဖြင့် စင်ကြယ်စေရမည် ဖြစ်၍၊ ကောင်းကင် အရာတို့ကိုသာ၍ မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။ 

မြေကြီး ပေါ်၌ ပူဇော်သော အရာများသည် အရိပ်သာလျှင် ဖြစ်၍ အစစ်သည် ကောင်းကင်၌ ရှိသည်။ မြေကြီး ပေါ်၌ ပူဇော်သော အရာများသည်၊ လူဆောက်သော တဲတော်၌ တိရစ္ဆာန်အားဖြင့် ပူဇော်သည်။ ကောင်းကင်၌ ပူဇော်သောအရာသည် ဘုရား ဆောက်သော တဲတော်၌ ယေရှု၏ အသွေးနှင့် ကိုယ်အားဖြင့် ပူဇော်သောကြောင့်သာ၍ မြတ်သော ပူဇော်ခြင်းဟု ခေါ်ခြင်း ဖြစ်သည်။ 

၂၄။ ထိုသို့နှင့် အညီ၊ မှန်သော သန့်ရှင်းရာ ဌာနတို့၏ ပုံ ဖြစ်သော၊ လူတို့ လက်ဖြင့် လုပ်သော သန့်ရှင်းရာ ဌာနထဲသို့ ခရစ်တော်သည် မဝင်ဘဲ၊ ငါတို့အတွက် ကြောင့်  ယခု ဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှါ၊ ကောင်ကင်ကိုယ်ထဲသို့ ဝင်တော်မူပြီ။ 

ငါတို့၏ ယဇ်ပုရောဟိတ် ခရစ်တော်သည် လူလက်နှင့် ဆောက်သောလော ကတဲတော် ထဲရှိ သန့်ရှင်းရာဌါနသို့ မဝင်ဘဲ၊ ဘုရား ဆောက်သော ကောင်းကင် သန့်ရှင်းရာဌါန၌ ကိုယ်ကို ပြခြင်းငှါ ဝင်သည်။ ထို့ကြောင့် သူ၏ ပူဇော်ခြင်းသည် သာ၍ မြတ်သည် ဟုဆိုလိုခြင်း ဖြစ်သည်။ 

၂၅။ သို့သော်လည်း၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာ ဌာနထဲသို့ သူတပါးအ သွေးနှင့် နှစ်တိုင်း အစဉ်ဝင်ရ သကဲ့သို့ ခရစ်တော်သည် အဖန် များစွာ ကိုယ်ကို ပူဇော် ရသည် မဟုတ်။၂၆။ ထိုသို့ ပူဇော်ရသည် မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန် များစွာ အသေခံတော်မူ ရ၏။ 

ယခုမူကား၊ ဤကပ်ကာလ အဆုံး၌ တခါတည်း ကိုယ်ကို ပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ၏။ လူယဇ်ပုရောဟိတ် များသည် နေ့တိုင်း၊ နှစ်တိုင်း ယဇ်ပူဇော်ရသည်။ အကြောင်းမှာ သူတို့၏ ပူဇော်ခြင်းသည် အရိပ်သာလျှင် ဖြစ်၍ ထပ်ခါထပ်ခါပူဇော်ဘို့ လိုသည်။ သို့သော် ခရစ်တော်၏ ပူဇော်ခြင်းသည် အစစ်၊ အကောင်အထည် ဖြစ်၍ တခါတည်း ပူဇော်ခြင်းအားဖြင့် ပြီးစီးသွားပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ ပူဇော်ခြင်းကို ယုံကြည်သော သူတို့သည် အပြစ်လုပ်တိုင်း ပူဇော်စရာ မလိုတော့ခြင်း ဖြစ်သည်။ မည်မျှဝမ်းမြောက်စရာ ရှိသနည်း။ 

၂၇။ လူသည် တခါတည်း သေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကို ခံရ သကဲ့သို့၊ 

လူသည် ခါတည်း သေ၍ ဟုဆိုသည်။ နှစ်ခါမသေရပါ။ ထိုနောက် အမှု မပြီး ဆုံးသေးပါ။ တရားစီရင်ခြင်း ခံရဦးမည် ဖြစ်သည်။ သို့သော် သားတော်ကို ယုံကြည်လျှင် အပြစ် စီရင်ခြင်း မခံရတော့ပါ (ယော ၃:၁၈)။ ယုံကြည်သူများသည် အလုပ်အ တွက်တာတရားစီရင်ခြင်း ခံရမည် ဖြစ်သည် (၂ ကော ၅:၁၀၊ ၁ ကော ၃:၁၁-၁၅)။ မယုံကြည်သူများမူကား ပလ္လင်ဖြူကြီးရှေ့၌ တရားစီရင်ခြင်း ခံရဦးမှ ဖြစ်သည် (ဗျာ ၂၀:၁၁-၁၅)။ 

၂၈။ ထိုနည်းတူ၊ ခရစ်တော်သည် လူများ အပြစ်တို့ကို ခံခြင်းငှါ တခါတည်း ကိုယ်ကို ပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မြော်လင့်လျက် နေသော သူတို့ကို ကယ်တင်ခြင်း အလိုငှါ၊ အပြစ်နှင့် မဆိုင်ဘဲ ပေါ်ထွန်းတော်မူ လတံ့။ 

ခရစ်တော်သည် အပြစ် ​ ဖြေရှင်း ဘို့ရန် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့် တုန်းကလူ့ဇာတိခံခဲ့ပြီး ပြီ။ ယခုအပြစ် အတွက် မဟုတ်ဘဲ၊ သူ့ကို ယုံကြည်သောသူများကို ဤလောက မှအပြီး အပိုင် ကယ်တင်ဘို့ရန် ကြွလာဦးမည်။ ထိုအချိန်ကို မြော်လင့် စောင့်စားဘို့ ဖြစ်သည်။ 


ကျန်းမာရေးကဏ္ဍ


ကျောက်ကပ် ရောဂါ

ကျောက်ကပ်နှစ်လုံးသည် သွေးကို သန့်စင်စေသည်။ သွေးထဲ၌ ဆားနှင့် သတ္တုများ ညိှညွတ်စေ၍ သွေးပေါင်ချိန်ထိန်းပေးသည်။ ကျောက်ကပ်ပျက်စီးသောအခါ ကိုယ်ခန္ဓာ၌ အညစ်​ကြေးရေများ စုဆောင်းလာနိုင်သည်။ ထိုအခါ အဆစ်ယောင်၊ အော့အန်၊ အားနည်း၊ မအိပ်နိုင်၊ အသက် ရှုမဝ ဖြစ်နိုင်သည်။ ထိုအရာကို မကုသပါ ကကျောက်ကပ်လုံးလုံးပျက်စီးသွားနိုင်သည်။ ထိုသို့ ပျက်စီးပါက အသက် အန္တရာယ် ရှိသည်။ ကျောက်ကပ်အလုပ်မလုပ်သောအခါ သွေးထဲ၌ ရှိမည့် ပရိုတင်း (အသား ဓါတ်) များဆီး၌ ပါသွားနိုင်သည်။ ကျောက်ကပ်ပျက်စေသော အရာများသည်၊ ကျောက် ကပ်၌ သွေးစီးမှု နည်းခြင်း၊ ကျောက်ကပ်ကိုယ်တိုင် ပျက်ခြင်း၊ ကျောက်ကပ်၌ ဆီးစုခြင်းတို့ ဖြစ်သည်။ ထိုအရာများသည် ထိခိုက်ဒဏ်ရာရခြင်း၊ ခန္ဓာကိုယ်၌ ရေနည်းခြင်း၊ ကူးဆက်တတ်သော ရောဂါကြောင့်၊ ဆီးလမ်းကြောင်း ပိတ်သောကြောင့်၊ သောက်သော ဆေးကြောင့်၊ ကိုယ်ဝန်ဆောင်သောကြောင့်၊ ဆီးချို ရောဂါရှိသောကြောင့် ဖြစ်နိုင်သည်။ 

မည်ကဲ့သို့ ကျောက်ကပ်မကောင်းကြောင်း သိနိုင်မည်နည်း။ သွေးနှင့် ဆီး စစ်ခြင်းဖြင့် သိနိင်သည်။ သွေးပေါင်ချိန်သည် အထက် ၁၃၀၊ အောက် ၈၀ ရှိရမည်။ ကျောက်ကပ်အလုပ်မလုပ်သောအခါ နှလုံးထိခိုက်၍ အကြောနှင့် အခြားအရာများ နာ နိုင်သည်။ ကျောက်ကပ်ကောင်းမကောင်းကို ဆေးခန်း၌ စစ်ဆေးခြင်းဖြင့် သိနိုင်သည်။GFR (glomerular filtration rate) သည် ၉၀ အထက် ရှိရမည်။ GFR  ၁၅ ထက် နည်းလျှင် သွေးဆေးဘို့ သို့မဟုတ် အစားထိုး လဲဘို့ လိုသည်။ 


မည်ကဲ့သို့ ကုသမည်နည်း။ ဆီးချိုနှင့် သွေးတိုးဆေးသုံးခြင်းဖြင့် ကူညီနိုင်သည်။ ကျောက်ကပ်မကောင်းတော့လျှင် သွေးဆေးခြင်းနှင့် အစားထူးလဲခြင်း သာလျှင် လိုအပ်သည်။ ibuprofen, Motrin, Advil နှင့် Aleve ဆေးများသည် ကျောက် ကပ် ရောဂါ ဖြစ်စေနိုင်သောကြောင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ရမည်။ ကျောက်ကပ်မကောင်းသောအခါ ဆိုဒီယံ (ဆား) ပိုတက်ဆီယံ၊ ဖေါစဖေါရပ်များ ကိုယ်ခန္ဓာမှမ စွန့်ပစ်နိုင်သောကြောင့် အစားအသောက်ဆင်ခြင်ရမည်။ ဆရာဝန်
ညွှန်သည့်အတိုင်း ကယ်လဆီယံ၊ ဗိုက်တမင်ဒီသုံးဘို့ လိုနိုင်သည်။ ဆီးချိုနှင့် သွေး တိုးရှိလျှင် အစားအသောက်ဆင်ခြင်ခြင်းသည် အလွန် အရေးကြီးသည်။ ဆီးချိုရှိလျှင် သတ်မှတ်ထားသည်ထက် အချိုမစားရ၊ သွေးတိုးရှိလျှင် ဆားလျှော့စားရမည်။ 


သတိထား၍ ဆင်ခြင်ရမည့်အစား အစာများ၊ နို့ထွက်အစားအစာ၊ အသား၊ သကြားနှင့် ဆေးသကြား၊ ခယ်ဖျင်းပါသော (Caffeine) ကော်ဖီ၊ လဘက်ရည်၊ ဆိုဒါ၊ Energy drink (Monstar, Red bulls) များ၊ ဆား။ သင်၏ ကျောက်ကပ်မကောင်းလျှင် ငှက်ပျောသီး၊ အာလူး၊ ခရမ်းချဉ်သီး၊ စပျစ်သီး​ခြောက်၊ prunes, collard greens, cantaloupe များလျှော့စားပါ။ အကိုက်အခဲပျောက်ဆေးဆက်တိုက်များများ မသောက် ရ။ ဆေးလိပ်မသောက်ရ။ http://www.webmd.com/a-to-z-guides/under standing-kidney-disease-basic-information
 

ကျမ်းစာထဲမှအသိခက်သော အရာများ 

ငါ့ကို မဘက်နှင့် ဦး

 “ယေရှုကလည်း၊ ငါ့ကို မဘက်နှင့် ဦး။ ငါသည် ငါ့ ခမည်းတော်ထံသို့ မတက် ရသေး။” (ယော ၂၀:၁ရ)။ ဤကျမ်းပိုဒ်ကြောင့် အချို့သောသူများက၊ ခရစ်တော်သည် သင်္ချိုင်း၌ အလောင်းရှိစဉ်တွင် ကောင်းကင်နိုင်ငံသို့ မတက်၊ ငရဲသို့ သွားသည်ဟုယူ ဆ ကြသည်။ ခရစ်တော်သည် ကိုယ်ခန္ဓာသင်္ချိုင်း၌ ရှိစဉ်တွင် သူ၏ ဝိညာဉ်သည် ကောင်းကင်သို့ တက်သွားကြောင်း အောက်ပါကျမ်း ပိုဒ်များ အရသိရသည်၊ ါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုအချိန်သည် မွန်းတည့်အချိန်လောက် ဖြစ်၍ သုံးချက်တီးအချိန် တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။ နေအရောင်ကွယ်ပျောက် လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။ ယေရှုသည်လည်း ကြီးသော အသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အ​ကျွန်ုပ်စိတ် ဝိညာဉ်ကို ကိုယ်တော် လက်၌ အ​ကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက် ချုပ်တော်မူ၏။” (လု ၂၃း၄၃-၄၆)။ ယေရှု ကလူဆိုးထံ၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံရရှိလိမ့်မည် ဟုဆိုသောကြောင့်၊ ထိုနေ့၌ သူတို့သည် ခန္ဓာအသက် ချုပ်သည်နှင့် တပြိုင်နက် ပရဒိ သုဘုံ၌ ရှိကြကြောင်း သိရသည်။ ယေရှုသည် လူမဟုတ်သောကြောင့် မုသာ မပြောနိုင်ချေ။ ထို့အပြင် ယေရှုသည် သူ၏ စိတ်ဝိညာဉ်ကို အဘ ခမည်းတော် ထံ၌ အပ်သောကြောင့်၊ ခမည်းတော် ရှိသော ကောင်းကင်ဘုံသို့ ရောက်ရှိသွားသည်။ ပရသိသုဘုံနှင့် ကောင်းကင်နိင်ငံလည်း တခုတည်း ဖြစ်ကြောင်း သိရသည်။ 


သို့ဖြစ်လျှင် အဘယ်ကြောင့်ယေရှု ကမာရိထံ၊ ငါ့ကို မဘက်နှင့် ဦး။ ငါခမည်းတော်ထံသို့ မတက်ရသေး ဟုဆိုသနည်း။ အကြောင်းမှာ ယေရှုသည် အသေခံ ချိန်တွင် သူ၏ စိတ်ဝိညာဉ် အားဖြင့်သာ ကောင်းကင်သို့ တက်၍၊ ရှင်ပြန်ထမြောက်သောအခါ ဝိဥာဏ ကိုယ်ခန္ဓာဖြင့် ထမြောက် လာသည်။ ထို့အပြင် ရှင်ပြန်ထမြောက် လာသောအခါ ယဇ်ပုရောဟိတ်မင်း ဖြစ်၍ သူ၏ ကိုယ်ခန္ဓာနှင့် အသွေးကို ခမည်းတော်ထံသို့ မဆက်ကပ်ရသေးချေ။ ယဇ်ပုရောဟိတ်မင်းများသည် တနှစ်တခါအသန့်ရှင်းဆုံး ဌါနသို့ ဝင်သောအခါ မည်သူကမျှ သူတို့ကို ထိ၍ မရချေ။ မာရိကယေရှုကို တွေ့ချိန်တွင် သူသည် ယဇ်ပုရောဟိတ် အနေဖြင့် သူ၏ ကိုယ်ခန္ဓာကို၎င်း၊ အသွေးကို၎င်း၊ ခမည်းတော်ထံသို့ မဆက်ကပ်သေး၍ ဖြစ်မည်။ ထို့ကြောင့် မာရိထံ၌ ငါ့ကို မဘက်နှင့် ဦး ဟုဆိုခြင်း ဖြစ်မည်။ သို့သော် နောက် တပတ်၌ ယေရှုက၊ “သော မအား၊ သင်၏ လက်ညှိုးကို ဆန့်၍ ငါ့လက်ကို ကြည့်လော့။ သင်၏ လက်ကို ဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်း မရှိနှင့် ယုံလော့ဟု မိန့်တော်မူ၏။” (ယော ၂၀:၂ရ)။ ယေရှုသည် ခမည်းတော် ထံ၌ မိမိ ကိုယ်ခန္ဓာနှင့် အသွေးကို ပူဇော်ပြီး သောကြောင့်သော မတ်ထံ သူ့ကို စမ်းသပ်ခိုင်းခြင်း ဖြစ်မည်။ 

ပါရာသိသုဘုံနှင့် တတိယကောင်းကင် 

ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။” (လု ၂၃:၄၃) ယေရှု ပြောသော ပရဒိသုဘုံသို့ ပေါလုသည် ရောက်ခဲ့၍ တတိယကောင်းကင် ဟုဆိုသည်။ “တဆယ်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့် ဖြစ်သော လူတယောက်ကို တတိယကောင်းကင်သို့ တိုင်အောင် ချီဆောင်သည် အကြောင်းကို ငါသိ၏။ ထိုအခါ သူ၌ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။ ဘုရားသခင် သိတော်မူ၏။ ထိုသူသည် ပရဒိသုဘုံသို့ ချီဆောင်ခြင်းကို ခံရ၍၊ လူမပြောအပ် မပြောနိုင်သော စကားကို ကြားသည် အကြောင်းကို ငါသိ၏။” (၂ ကော ၁၂:၂-၃)။ ထို့ကြောင့် တတိယကောင်းကင်နှင့် ပရဒိသုဘုံသည်အတူ တူ ပင် ဖြစ်သည်။ ပဌမ ကောင်းကင်သည် ကမ္ဘာ့ လေထုရှိသော နေရာကို ဆိုလိုသည်။ ဒုတိယကောင်းကင်သည် ထိုလေထု၏ အပြင်ဘက် အာကာသကောင်းကင် ဖြစ်သည်။ တတိယကောင်းကင်သည် ဘုရားသခင် နေသော နေရာ ဖြစ်သည်။ 

အာဗြဟံရင်ခွင်နှင့် ကောင်းကင်နိုင်ငံ


 “တနေ့သ၌ ထိုဆင်းရဲ သားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ ရင်ခွင်သို့ ပို့ဆောင်ကြ၏။” (လု ၁၆:၂၂)။ လာဇရုရောက်သော အာဗြဟံ၏ ရင်ခွင်သည် ဘယ်နေရာ ဖြစ်မည်နည်း။ သခင်ယေရှုက “ငါဆိုပြန်သည်ကား၊ လူများတို့ သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင် နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့၊ ” (မ ၈:၁၁) ဟုဆိုသည်။ ထို့ကြောင့် အာဗြဟံရင်ခွင်သည် ကောင်းကင်နိင်ငံ ဖြစ်သည်။ 

မရဏာနိုင်ငံ

မရဏာနိင်ငံသည် သင်္ချိုင်း သို့မဟုတ် ငရဲကို ဆိုလိုသည်။ ဟေဗြဲဘာသာအားဖြင့် Sheol စီအိုလ်၊ ဂရိတ်ဘာသာအားဖြင့် Hades  ဟဲဒစ် ဟုဆိုသည်။ ကျမ်းစာ၌ ထိုနှစ်မျိုးလုံးကို ဖေါ်ပြထားရာမည်သည့်အရာကို ဖေါ်ပြသည်ကို စာကြောင်း Context အားဖြင့် ခွဲခြားဘို့ လိုသည်။ 

သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင် ခွင်၌ လာဇရုကို၎င်း အဝေးကမြင်လျှင်၊ အိုအဘအာဗြဟံ၊ အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အ​ကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာ ခံရသောကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌ နှစ်၍ အ​ကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အ​ကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။" (လု ၁၆:၂၂-၂၄)။ သူဌေးကြီးရောက်သွားသော မရဏာနိင်ငံသည် သူကိုယ်တိုင် မီးလျှံ၌ ပြင်းစွာ ခံရသည် ဟုဆိုသည်။ ထို့ကြောင့် ငရဲ ပြည်ကို ဆိုလိုသည်။ 

သမုဒ္ဒ​ရာသည် မိမိ၌ ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာနှင့် မရဏာ နိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့ အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။ ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင် ထဲသို့ ချပစ်လေ၏။ ထိုသေခြင်း ကား ဒုတိယသေခြင်း ဖြစ်သတည်း။" (ဗျာ ၂၀:၁၃-၁၄) ဤနေရာ၌လည်း မရဏာနိင်ငံသည် ငရဲကို ဆိုလိုသည်။ မရဏာ သို့မဟုတ် ငရဲသည် အမှု မစစ်ရသေး၊ ဒီဂရေမချမှတ် သေးသောသူများ ခဏချုပ်ထားသော နေရာ ဖြစ်သည်။ ကယ်တင်ခြင်းသို့ မရောက် မီးအိုင် ထဲချပစ်ခြင်း ခံမည့်သူများနေရသော နေရာ ဖြစ်သည်။ 

 “ခရစ်တော်၏ ထမြောက်ခြင်း အကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော်၏ စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့ မရောက်ဟု အနာဂတံသဥာဏ်နှင့် ဟောလေ၏။ (တမန် ၂:၃၁) ဤကျမ်းပိုဒ်ကြောင့် ခရစ် တော်သည် ငရဲသို့ ဆင်းသွားသည် ဟုဆို ကြသည်။ ဤနေရာ၌ မရဏာနိင်ငံသည် ငရဲ မဟုတ်ပါ၊ သင်္ချိုင်းကို ဆိုလိုသည်။ ခရစ်တော်၏ အလောင်းကို သင်္ချိုင်းတွင်း၌ ထားခြင်းကို ဆိုလိုသည်။ 

လူငယ်စခန်းသွင်းသင်တန်း


ဩဂုတ်လ ၃-၈ ရက်အတွင်း သတင်းကောင်း နှစ်ခြင်း အသင်းချုပ်လူငယ်ဌါန မှကြီးမှုး၍၊ လူငယ်စခန်းသွင်း (Youth Camp) ကျမ်းစာသင်တန်းကို Tennessee  ပြည်နယ် Fall Creek State Park  စခန်း၌ ပြုလုပ် ကြသည်။ ထိုသင်တန်း၌ ပြည်နယ် အသီးသီးမှလူငယ်နှင့် ဆရာများ အယောက် ၁၉၅ ပါဝင်ကြသည်။ နံနက်ပိုင်း၌ ဆုတောင်းခြင်းကို နာရီဝက် ပြုလုပ်ပြီး ၉-၁၂ နာရီ တကြိမ်၊ ညနေပိုင်း ၁-၄ နာရီ အထိ တကြိမ်အတန်းများ ခွဲ၍ သင်ကြား ကြသည်။ အင်္ဂလိပ်လို ကယ်တင်ခြင်း ခရစ်ယာန် အသက်တာနှင့် တပည့်တော် သင်တန်းသုံးမျိုးဖြင့် သင် ကြသည်။ မြန်မာလို ကယ်တင်ခြင်းနှင့် အသက်တာသင်တန်းနှစ်မျိုး၊ ဖလမ်းလို ကယ်တင်ခြင်းနှင့် အသက်တာသင်တန်း နှစ်မျိုးဖြင့် သင်ပေး ကြသည်။ ညပိုင်းတွင် ဝတ်ပြုစည်းဝေး တရားဟောခြင်းအားဖြင့် ပြုလုပ် ကြရာလူငယ်များ အားရကျေနပ် ကြသည်။ ဧဝံဂေလိနှင့် သာသနာ ပြုဆရာ၊ ဆရာမများ ကထမင်းဟင်းများကို အကောင်းဆုံးချက်ပြုတ်ပေး ကြသည်။ ထိုသင်တန်းကို ချောချောမောမော ပြီးစီးအောင် ပြုလုပ် ခွင့်ပေးသော ဘုရားသခင်၏ နာမတော်ကို ချီးမွမ်းပါသည်။ ထိုသင်တန်းအားဖြင့် ကယ်တင်ခြင်း စိတ်ချမှု ရှိသောသူများရှိသလို၊ သမ္မာတရား ပို၍ နားလည်သွားသောသူများလည်းရှိကြသည်။ 

 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG