
အမှာစာ
ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် ဤစာစောင်ဖတ်ရှုသူတိုင်း အပေါ် သက်ရောက်ပါစေသော်။ သခင်ယေရှု ကြွလာမည့်အချိန် နီးလာသည်နှင့်အမျှ ဝိညာဉ် ရေးမှာပို၍ ပို၍ ဆက်ကပ်ဘို့ လိုသည်။ ယခုနှစ်တန်ပိုးမှုတ်ပွဲသည် အောက် တို ဘာလ ၃ ရက်နေ့ ဖြစ်သည်။ တန်ပိုးမှုတ်ခြင်းသည် မြန်မာပြည် တောရွာများ၌ အချက်ပြသံချောင်းခေါက်ခြင်းနှင့် တူသည်။ ယေရှုသည် တန်ပိုးမှုတ်ခြင်းနှင့် တကွကြွလာမည် ဟုဆိုသည် (၁ ကော ၁၅:၅၂၊ ၁ သက် ၄:၁၆)။ ထို့ကြောင့် ထိုအချိန်တွင် ချီဆောင်ခြင်း ဖြစ်နိုင်သည်။ ဖြစ်မည်ဟု အဘယ်သူမျှ မပြောနိုင်ပါ။ သို့သော် အကယ်၍ ချီဆောင်ခြင်း ဖြစ်ပါက နှစ်လကျော်သာလျှင် ရှိတော့သည်။ ဘုရားသခင်ကသော ဒုံမြို့ မီးရှို့ဘို့ ရှိသောအခါ လောတမိသားစုကို မြို့ထဲမှ ထွက်သွားဘို့ ပြောသည်။ သို့သော် လောတနှင့် အိမ်သူအိမ်သား များသည်၊ “ဖင့်န$ဲသောအခါ၊ ထာဝရဘုရား သနားတော်မူသောကြောင့်၊ ကောင်းကင်တမန်တို့ သည်၊ သူနှင့် သူ၏ မယား၊ သူ၏ သမီးနှစ်ယောက်တို့ကို လက် ဆွဲ၍၊ မြို့ပြင်သို့ ထုတ်ဆောင်ကြ၏။” (က ၁၉:၁၆)။ လောတမိသားစုသည် အဘယ်ကြောင့် ဖင့်နွဲ့ကြသနည်း။ လောက ပစ္စည်းများ တပ်မက်သောကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ်၊ မထွက်ချင်သော သမီးများနှင့် မြေးများကြောင့် ဖြစ်နိုင်သည်။ ကောင်းကင် တ မန်များက နောက်လှည့်မကြည့်ဘို့ ပြောသော်လည်း၊ လောတမယားသည် နောက် လှည့်ကြည့်သောကြောင့် ဆားတိုင် ဖြစ်သွားသည် (က ၁၉:၂၆)။
သခင်ယေရှုက ဤသို့ လူတိုင်းကို သတိပေးထားသည်၊ “အရှင်သည် မိမိအိမ် သူအိမ်သား အပေါင်းတို့အားအချိန် တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသော ကျွန်ကား အဘယ်သူ နည်း။ ၄၆ အကြင်ကျွန်သည် ဤသို့ ပြုလျက် နေသည်ကို အရှင်သည် ပြန်လာ၍ တွေ့၏၊ ထိုကျွန်သည် မင်္လာရှိ၏။ ၄၇ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိိမိ ဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။ ၄၈ သို့မဟုတ် မူကား၊ အကြင်ကျွန်ဆိုးက အင့ါအရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည် နှင့်၊ ၄၉ ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသော သူတို့နှင့် တကွစားသောက်လျက် နေ၏။ ၅၀ ထိုကျွန်မကြည့် မမျှော်သော နေ့ရက်၊ မကြား မသိသောအချိန် နာရီ၌ သခင်သည် ရောက်လာလျှင်၊ ၅၁ ထိုကျွန်ကို ပြင်းပြစွာ ကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့် တကွနေရာချလတံ့။” (မ ၂၄:၄၅-၅၁)။ ဤသို့ သခင်ဘုရား သတိ ပေးသောအရာကို ဂရုမစိုက်ဘဲ မနေ၊ အသင့် ပြင်ဆင်သောသူ ဖြစ်ကြပါစို့။
ယခုလအတွက်...
အစိတ်ချလွန်၍ မပြင်ဆင်ကြ
“ဗေလရှာဇာမင်းကြီးသည် မှူးမတ်တထောင်ကို ခေါ်ပြီးလျှင် ကြီးစွာသော ပွဲကို လုပ်၍၊ မှူးမတ်တထောင်နှင့်တကွ စပျစ်ရည်ကို သောက်တော်မူ၏။ ၂ စပျစ်ရည်ကို မြည်းစမ်းသောအခါ၊ ယေရုရှလင်မြို့ဗိမာန်တော် ထဲက ခမည်းတော် နေဗုခဒ်နဇော သိမ်းယူဆောင်ခဲ့သော ရွှေဖလား၊ ငွေဖလားတို့နှင့် ကိုယ်တော်တိုင် မှစ၍ မင်းသား၊ မိဖုရား၊ မောင်မမိဿံတို့သည် သောက်ရမည်အကြောင်း၊ ထိုဖလားတို့ကို ယူခဲ့ရ မည်ဟု အမိန့်တော် ရှိသည် အတိုင်း၊ ၃ ယေရုရှလင်မြို့၌ ရှိသော ဘုရားသခင်၏ ဗိမာန်တော် တိုက်ထဲက သိမ်းယူဆောင်ခဲ့သော ရွှေဖလားတို့ကို ယူခဲ့၍၊ မင်းကြီး၊ မင်းသား၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် သောက်ကြ၏။ ၄ စပျစ်ရည်ကို သောက်၍၊ ရွှေဘုရား၊ ငွေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရားတို့ကို ချီးမွမ်းကြ၏။ (ဒံ ၅:၁-၄)
ဗေလရှာဇာမင်းကြီးသည် ပါးရှားစစ်သားများကဗာဗုလုန်မြို့ကို ဝိုင်းထား စဉ်တွင် အထက်ပါကဲ့သို့ ပွဲအကြီး အကျယ် လုပ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ လုပ် ရဲသနည်းဟူမူကား၊ ဗာဗုလုန်မြို့ရိုးကို အားကိုး သောကြောင့် ဖြစ်သည်။ ရန် သူတို့ကို တိုက်လှန်မည့်အစား မလိုအပ်သော ပွဲကို လုပ်သည်သာမက၊ ယေရုရှလင်မြို့ဗိိမာန်တော် မှသိမ်းထားသော ရွှေဖလားနှင့် ငွေဖလားများဖြင့် စပျစ်ရည်ကို သောက်ကာ၊ ရွှေဘုရား၊ ငွေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သား ဘုရား၊ ကျောက်ဘုရားတို့ကို ချီးမွမ်း ကြသည်။ ထို့ကြောင့် ထိုညချင်းတွင် ရန် သူတို့သည် ဗေလရှာဇာမင်းကို သတ်၍ နိင်ငံတော်ကို သိမ်းပိုက် ကြသည်။
ဗေလရှာဇာမင်းကို အပြစ်တင်နိုင်သည်။ သို့သော် ယနေ့ ခရစ်ယာန် များစွာတို့သည် ဘေးဒဏ်ကြီးကာလ ရောက်ဘို့ အလွန် နီးပြီ ဖြစ်သော်လည်း ဂရုမစိုက် ကြဘဲ၊ စာတန် ပိုင်သော ဤလောက နောက်သို့ လိုက် နေကြဆဲ ဖြစ်သည်။ သူတပါး အပြစ် မြင်ဘို့ လွယ်သော်လည်း ကိုယ့် အားနည်းချက်မြင်ဘို့ အလွန် ခက်တတ်သည်။ ဘေးဒဏ်ကြီး ကာလသည် လက်တကမ်းသာလိုတော့သည်။ ချီဆောင်ခြင်း ပြီးသည်နှင့် တပြိုင်နက် ဘေးဒဏ်ကြီးကာလ ရောက်သွားမည် ဖြစ်သည်။ ကမ္ဘာ့ အခြေအနေသည် တနေ့တခြား ထူးခြားပြောင်းလဲနေသည်။ ယခုအခါ အမေရိကန်ပြည် ထောင်စု၌ ရဲများနှင့် အဓိကအားဖြင့် လူမဲများ အကြား ပို၍ ပို၍ ု ပြသနာများလာသည်။ ဇူလိုင်လ အတွင်း၌ မယ်နေဆောတာပြည်နယ်နှင့် လူဝေယားနားပြည်နယ်၌ ရဲများ ကလူမဲ တယောက်ကို သေနပ်ဖြင့် ပစ်သတ်မှုကြောင့် မြို့ကြီးများ၌ ဆန္ဒပြ နေကြသည်။ ယခုအ ခါရဲများသည် ရင်တဒိတ်ဒိတ်ဖြင့် အလုပ်လုပ် ကြသည်။အချိန်မရွေး အသတ်ခံနိုင်သည်။ လူထုလည်းအချိန်မရွေး အသတ်ခံနိုင်သည်။ ထိုအရာများသည် ဘေးဒဏ်ကြီး ကာလအတွက် မီးမွှေးနေသော အရာများ ဖြစ်သည်။ ရဲများ အလုပ်မလုပ်တော့လျှင် ဥပဒေကစိုးမိုးခြင်း မရှိသောကြောင့် ကြောက်စရာ အလွန် ကောင်းလာလိမ့်မည်။ သို့သော် မြန်မာပြည်သား များသည် အမေရိကန်ပြည် ထောင်စု၌ နေကြသော်လည်း၊ မြန်မာပြည်သားများမထိလျှင် သတိမထား၊ ဂရုမစိုက်တတ်ကြချေ။
သမတရွေးကောက်ပွဲလည်း မျှော်လင့်ချက်မရှိချေ။ ဟီလာရီကရလျှင်လည်း ဒုစရိုက်ပိုများ၍ တိုင်း ပြည် ပို၍ ပျက်စီးမည်။ ဒေါ်နလ်ထရမ်းကရလျှင်လည်း လူမဲများ၊ စပဲနစ်များက ကျေနပ်မည် မဟုတ်၊ ဆန္ဒပြမှုနှင့် ပြစ်မှု များသည် ပို၍ ပို၍ များလာပေမည်။ အိုင်စစ်များ ကအရှေ့အလယ်ပိုင်း၌ ခေါင်းဖြတ်ခြင်းများကိုလည်း တွေ့မြင်နေ ကြသော်လည်း သတိမထားကြချေ။ ထိုအရာသည် ဘေးဒဏ်ကြီး ကာလ၌ အန္တီခရစ် ကဘုရား ယုံကြည်သူများကို ခေါင်းဖြတ်မည့် အရာကို သတိပေးနေခြင်း ဖြစ်သည်။ ကျမ်းစာ၌ “ပလ္လင်များကိုလည်း ငါမြင်၏၊ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရား စီရင်ရသော အခွင့်ကို ရကြ၏။သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက် မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲ နေ၍၊ ယေရှု၏ သက်သေခံတော်မူ ချက်နှင့် ဘုရား သခင်၏ နှုတ်ကပတ်တော် ကြာင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့် အတူစိုးစံရကြ၏။” (ဗျာ ၂၀:၄)ဟု တွေ့ရသည်။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလ၌ ယုံ ကြည်ခြင်းကြောင့် လည်ပင်းဖြတ်ခြင်း ခံမည့်သူ များစွာရှိသည်။ ထိုအရာများသည် မဝေးတော့ကြောင်း အိုင်စစ်များက သတိပေးနေသော်လည်း ဝိညာဉ် မျက်စိကမ်းသောအခါ သတိမထားကြချေ။ လူအများစုသည် အလုပ်နှင့် မိမိအလို ဆန္ဒပြည့်ဘို့ သာလျှင် လုပ် နေကြသည်။ ကာလ အချိန်ကို မသိကြချေ။
ခရစ်တော်က၊ “ထိုအချိန် နာရီကို ကား အဘယ်သူမျှ မသိ။ ကောင်းကင်တမန် မသိ။ ငါ့ ခမည်းတော် တပါးတည်း သာသိတော်မူ၏။” (မ ၂၄:၃၆) ဟုဆိုသောကြောင့် ခရစ်တော် ကြွလာမည့် အရာကို လုံးဝ မသိလိုကြချေ။ ခရစ်တော်က၊ “သင်္ဘော သဖန်းပင်ကို အစွဲပြု၍ ပုံသက်သေ တခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလ နီးသည်ကို သင်တို့ သိကြ၏။ ထိုနည်းတူ၊ ထိုအကြောင်း အရာအလုံးစုံတို့ကို မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။” (မ ၂၄:၃၂-၃၃) ဟုပြောသောအရာ ကိုမူ မသိလိုကြချေ။ ထိုအရာများ နောက်၊ “လူသားသည် ကြွ လာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ၃၈ ရေလွှမ်းမိုးခြင်း မဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သော နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြား စုံဘက်လျက် နေ၍၊ ၃၉ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့ နေကြသည် နည်းတူ၊ လူသား ကြွ လာသောအခါ ၌ ဖြစ်လိမ့်မည်။ ၄၀ ထိုအခါ လယ်၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။ ၄၁ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။ ၄၂ သင်တို့ အရှင်သည် အဘယ်အချိန် နာရီ၌ ရောက်လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။ ၄၃ သူခိုးလာမည့်အချိန် နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်မည်ကို သင်တို့ သိကြ၏။ ၄၄ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သောအချိန် နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” (မ ၂၄:၃ရ- ၄၄)ဟု စောင့် နေကြဘို့ ပြောသောအရာ ကိုလည်း မသိလိုကြချေ။
အဘယ်ကြောင့်လူများသည် ခရစ်တော် ကြွလာမည့် အရာကို မသိလိုကြ သနည်းဟူသောအရာ ကို၊ ပေတရုက ဤသို့ ရေးသွားသည်၊ “နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့ တပ်မက်ခြင်း အတိုိင်းကျင့်နေ၍၊ ၄ သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည် နောက်၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲ ဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။” (၂ ပေ ၃:၃)။ ဤလောကကို တပ်မက်သောသူ၊ ကိုယ်ကာယနှင့် စိတ်၏ တပ်မက်ခြင်းကို ကျင့်နေသောသူများသည် ခရစ်တော် ကြွလာမည့် အရာကို မနှစ်သက်၊ မကြားချင် ကြချေ။ သင်သည် ထိုသို့ သောသူ ဖြစ်ပါသလား။ ခရစ်တော်သည်လောကသား များ၏ သဘောတူယုံကြည် ချက်ယူမှာ မဟုတ်၊ ယုံကြည်သည် ဖြစ်စေ၊ မယုံကြည်သည် ဖြစ်စေ၊ သူ့အချိန် တန်လာလျှင် လာမည် ဖြစ်သည်။
ဗေလရှာဇာမင်းသည် ဗာဗုလုန်မြို့ရိုးစိတ်ချလွန်းသည်။ သင်သည် ဘယ် အရာကို စိတ်ချသနည်း။ လောလောဆယ်ဒေါ်လာရွှင်နေ၍ ထိုအရာကို အားကိုး ပါ သလား။ ဒေါ်လာသည်အချိန်မရွေး တန်ဘိုး လျော့နိုင်သည်။ မြန်မာနိင်ငံ၌ ငွေနှစ်ခါ သေဘူးပြီ။ ငွေသည် အစိုးရကအသက် သွင်းထားသည်။ အစိုးရက တရားမဝင်ကျေ ညာလိုက်လျှင် အသစ်စက်စက်လည်း ဘာမျှတန်ဘိုး မရှိတော့ချေ။ အမေရိကန်အစိုးရသည် ဒေါ်လာကို တရားမဝင်လုပ်မည်အထင်။ သို့သော် တကမ္ဘာလုံးကသုံးသော ငွေ ဖြစ်သည်။ နိင်ငံတိုင်းသည် ရောင်းဝယ်ရေး၌ ဒေါ်လာကိုသာလျှင် အသုံးပြု ကြသည်။ သို့သော် နိင်ငံတိုင်းက ဒေါ်လာကို မလိုချင် ဖြစ်နေကြပြီ။ အကယ်၍ နိင်ငံတိုင်း ကဒေါ် လာကို သွန်ပစ်ပါက ဒေါ်လာစျေး အလွန် ကျသွားကာ တန်ဘိုးရှိတော့မည် မဟုတ်။ မြန်မာကျပ်ငွေသည် ယခင်ကတန်ဘိုး အလွန် ရှိခဲ့သည်။ တစ်ဒေါ်လာလျှင် လေးကျပ် ကျော်လောက်သာရှိခဲ့သည်။ ယခုအခါ တစ်ဒေါ်လာကျပ် ၁၂၀၀လောက်ရှိနေသည်။ ထို့ကြောင့် ငွေကျေးအားကိုး၍ မရပါ။ အလုပ်ကောင်း၊ ဝင်ငွေကောင်း သူများ မည်မျှ ကြာကြာကောင်းမည်ကို မသိရပါ။ ထို့ကြောင့် ထာဝရဘုရား၌ ခိုလှုံကြပါစို့။ ကျမ်းစာက၊ “ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြု သဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရား ထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ် သောသူ ဖြစ်၏။ ၆ ထိုသူသည် လွင်ပြင်၌ ရှိသော သစ်ပင်ခြောက်ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှ မနေသော ဆားမြေ၊ သွေ့ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။ ၇ ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာအကြောင်း ဖြစ်စေသောသူသည် ကောင်းကြီး မင်္လာကို ခံအပ်သောသူ ဖြစ်၏။ ၈ ထိုသူသည်ကား၊ ရေရှိသော အရပ်၌ စိုက်၍ မြစ်နားမှာအမြစ်ဖြာသဖြင့်၊ ပူသော အရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ် စ ရာမရှိဘဲ၊ အစဉ်အမြဲအသီးကို သီးတတ်သော အပင်နှင့် တူ၏။” (ယေရမိ ၁ရး၅-၈)
ကယ်တင်ခြင်း
ဘုရားသခင်သည် လူတိုင်းကို ချစ်၍ ကယ်တင်ခဲ့ပြီ။ သို့သော် လူအားလုံး သည် ကယ်တင်ခြင်းသို့ မရောက်ကြပါ။ ဘုရားသခင်သည် လူအားလုံး ၏ အပြစ်ကို ခရစ်တော်အားဖြင့် ဖြေလွှတ်ခဲ့ပြီ။ သို့သော် လူအများစုတို့သည် အပြစ် လွှတ်ခြင်းသို့ မရောက်၊ နောက်ဆုံးသော ကာလ၌ ပလ္လင်ဖြူကြီးရှေ့၌ တရားစီရင်ခြင်း ခံရကြဦးမည်။ ဘုရားသခင်က လူအားလုံး ကို ထာဝရ အသက် ပေးပြီ။ သို့သော် လူအများစုသည် ထာဝရ အသက်ကို မရရှိကြသေးချေ။ ဘုရားသခင်က လူတိုင်း ကောင်းကင်နိင်ငံဝင်ခွင့် အခမဲ့ပေးထားပြီ။ သို့သော် လူအနည်းငယ်သာလျှင် ကောင်းကင်နိင်ငံသို့ ဝင်ရကြမည်။ ဘုရားသခင်က လူများကို ငရဲမှ လွတ်မြောက်စေပြီ။ သို့သော် လူအများစုသည် ငရဲထဲသို့ မလိုလားအပ်ဘဲ ဝင်ကြရဦးမည်။ အဘယ်ကြောင့်နည်း။
အတင်းအားဖြင့် မဟုတ်
ဘုရားသခင်က လူများကို ကယ်တင်သော်လည်း၊ အပြစ်ကို လွှတ်သော် လည်း၊ ထာဝရ အသက်ကို ပေး၍၊ ကောင်းကင်နိင်ငံဝင်ခွင့်အခမဲ့ပေးသော်လည်း၊ လူ၏ သဘောတူ ညီချက်မရှိဘဲ အတင်း မကယ်တင်ပါ၊ အပြစ် မလွှတ်ပါ၊ ထာဝရ အသက်ကို မပေးပါ၊ ကောင်းကင်သို့ မဝင်စေပါ။ ထို့ကြောင့် သင်၏ ဆုံးဖြတ်ချက်၊ သဘောတူညီချက်၊ ယုံကြည်ခြင်းသည် အလွန် အရေးကြီးသည်။ ကျမ်းစာ၌၊ “ယေရှုသည် ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့။ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာ လာသည် အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။” (ယော ရး၃ရ- ၃၈) ဟုဆိုသည်။ ရေမငတ်သောသူကို ယေရှု ကရေ အတင်း မတိုက်ပါ။ တဖန်၊ “ငါ့ထံသို့ လာသောသူကို ငါသည် အလျှင်း မပယ်။” (ယော ၆:၃ရ) ဟုဆိုသည်။ အဘယ်ကြောင့်သခင်ဘုရားက၊ “ကြားစရာ နားရှိသောသူ မည်သည်ကား ကြားပါစေ။” (မ ၁၁:၁၅၊ မာ ၄:၉၊ ၂၃၊ လု ၁၄:၃၅) ဟုဆို တတ်သနည်း။ ဆိုလိုသည်မှာ၊ အတင်း နားမထောင်ခိုင်းချေ။ ကြားချင်သော စိတ်ရှိ မှကြားနိင်ခွင့်ရှိသည်။ ထို့ကြောင့် သင်သည် ရေငတ်ပါသလား၊ ကြားချင် ပါသလား။ သခင်ဘုရားထံသို့ လာပါသလား၊ ဟူသောအရာသည် အရေးကြီးသည်။
ဘုရားကဖွင့်ပေးမှ
လူသည် နဂုိအားဖြင့် ဝိညာဉ်ပိုင်းနားလေးသောသူများ၊ ဝိညာဉ် မျက်စိကန်းသောသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဇာတိ ပိုင်းအရာများကိုသာ ကြားနိုင်၍ မြင်နိုင် ကြသည်။ ဝိညာဉ်ပိုင်းအရာများကိုမူ မည်မျှပင်ပြောပြသော်လည်း၊ အရိပ်ပင်မမြင်နိုင် ကြချေ။ ဘုရားသခင်က ဣသရေလ လူများနှင့် ပတ်သက်၍ ဤသို့ ဆိုခဲ့သည်၊ “ထာဝရဘုရားကလည်း ထိုလူမျိုးရှိရာသို့ သွားပြီးလျှင် သင်တို့သည် ကြားလျက် ပင်၊ အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်၊၊ မြင်လျက် ပင်အာရုံမပြုဘဲ မြင်ကြလိမ့်မည်ဟု ပြောလော့၊၊ သူတို့ မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံး မသိ၊ အကျင့် မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည် တိုင်အောင်၊ သူတို့ စိတ်နှလုံးကို မိုက်စေလော့၊၊ သူတို့ နားကိုလည်း ထိုင်းစေလော့၊၊ သူတို့ မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။” (ဟေရှာယ ၆:၉-၁၀)။ သခင်ယေရှုကလည်း ထိုအရာကိုကိုးကား၍ ဤသို့ ဆိုခဲ့သည်၊ “ဟေရှာယဟောဘူးသော အနာဂတ်စကား ဟူမူကား၊ သင်တို့သည် ကြားလျက် ပင် အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက် ပင်အာရုံမပြုဘဲ မြင်ကြလိမ့်မည်။ အကြောင်းမူကား၊ ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံး မသိ၊ အကျင့် မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည် တိုင်အောင်၊ သူတို့ စိတ်နှလုံးသည် မိုက်လျက်၊ နားသည် ထိုင်းလျက်၊ ကိုယ်မျက်စိကို ပိတ်လျက် ရှိကြ၏ ဟူသော စကားသည် ဤလူတို့၌ ပြည့်စုံခြင်းသို့ ရောက်သတည်း။” (မ ၁၃:၁၄-၁၅)
သခင်ယေရှု လာရခြင်း
မွေးကတည်း ကမျက်စိကန်းသောသူကို သခင်ယေရှု ကကိုယ်ကာယမျက် စိသာမက၊ ဝိညာဉ် မျက်စိကို ပါတနေ့တည်းတွင် မြင်စေသည်။ ထိုမျက်စိကန်းဘူးသောသူထံ၌၊ “ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်း ငှါ၎င်း၊ မြင်သောသူသည် မျက်စိကန်းစေခြင်း ငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာ ပြီဟု မိန့်တော်မူ၏။” (ယော ၉:၃၉)။ ထို့ကြောင့် ဝိညာဉ် မျက်စိမြင်ဘို့ရန် သခင်ယေရှုထံသို့ လာကြစို့။ မည်ကဲ့သို့ လာရမည်နည်း။ စိတ်နှလုံးထဲမှ လိုချင်သော စိတ်နှင့် ဝိညာဉ် မျက်စိမြင်ဘို့ တောင်းလျှောက်ရမည်။ ဆာလံဆရာက၊ “တရားတော်၌ အံ့ဘွယ်သောအရာ တို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ။” (ဆာ ၁၁၉:၁၈)ဟု ဆုတောင်း ခဲ့သည်။ သင်လည်း ထိုကဲ့သို့ ဆုတောင်းပါက ဘုရားသခင်ကသင်၏ ဝိညာဉ် မျက်စိဖွင့်ပေးမည် ဖြစ်သည်။
အဘယ်ကြောင့်မမြင်ကြသနည်း
ဖာရိရှဲများသည် ဘုရားတရား၌ အလွန် ကြိုးစား ကြသော်လည်း၊ ဝိညာဉ် မျက်စိကန်း ကြသည်။ ထို့ကြောင့် သခင်ယေရှုက ရှင်းပြသော အရာများကို မသိနားမ လည်နိင်ကြချေ။ သခင်ယေရှုက၊ “မျက်စိမမြင်သောသူသည် မြင်စေခြင်း ငှါ၎င်း၊ မြင်သောသူသည် မျက်စိကန်းစေခြင်း ငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီ၊ ” ဟုဆိုသောအခါ၊ “အထံတော်၌ ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကို ကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။ ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည် မှန်လျှင် အပြစ် မရှိ။ ငါတို့ မျက်စိမြင်သည်ဟု ယခုဆိုကြ၏။ ထိုကြောင့် သင်တို့၌ အပြစ် တည်သည်ဟု မိန့်တော်မူ၏။” (ယော ၉:၄၀-၄၁)။ မျက်စိကန်းခြင်းသည် အပြစ် မရှိပါ။ အကြောင်းမှာ လူသည် မွေးကတည်းက မျက်စိကန်းပြီးသားနှင့် မွေး ကြသည်။ မျက်စိကန်းခြင်းသည် မွေးရာပါ ဖြစ်သည်။ သို့သော် မျက်စိကန်းသည်ဟု မဝန်ခံချင်၊ ထို့ကြောင့် မျက်စိမြင်ဘို့ရန် ဘုရား ထံ၌ မချဉ်းကပ်မတောင်းလျှောက်ခြင်းသည် အပြစ်ရှိသည်။
မျက်စိမြင်မှမင်္လာရှိ
ကိုယ်ကာယမျက်စိထက် ဝိညာဉ် မျက်စိမြင်မှမင်္လာရှိသည်။ သခင်ယေရှုက တပည့်တော်များထံ၊ “သင်တို့ မျက်စိသည် မြင်သောကြောင့် မင်္လာရှိ၏။ သင်တို့ နားသည်လည်း ကြားသောကြောင့် မင်္လာရှိ၏။ ငါအမှန်ဆိုသည်ကား၊ သင်တို့ မြင် ရသောအရာ တို့ကို ပရောဖက် များနှင့် ဖြောင့်မတ်သောသူများတို့သည် မြင်ခြင်းငှါ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ ကြားရသောအရာ တို့ကို ကြားခြင်းငှါ အလိုရှိသော်လည်း မကြားရကြ။” (မ ၁၃:၁၆-၁ရ) ဟုဆိုခဲ့သည်။
မျက်စိကန်းစေသောအရာ
ဝိညာဉ် မျက်စိကန်းစေသောအရာ သည်လောက ဖြစ်သည်။ လောကအရာတည်း ဟူသော၊ ငွေ၊ အိမ်၊ ကား၊ အဝတ်အစား၊ အစားအသောက်၊ အပျော်အ ပါး၊ ပွဲ၊ ဝါသနာ၊ မိဘ၊ သား မယား၊ ချစ်သူ၊ ကျော်စောခြင်း၊ အီလက်ထောနစ်ပစ္စည်း၊ နိင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ပညာရေး၊ သီချင်း၊ အား ကစကားတို့သည် လူ၏ ဝိညာဉ် မျက်စိကန်းစေသည်။ ထိုအရာများ လိုချင် သောကြောင့်၊ ထိုအရာများ နောက် တကောက်ကောက်လိုက်ရင်းဖြင့်အချိန် ကုန်သည်။ အင်အား ကုန်သည်။ လောကအရာများ လိုချင် တပ်မက်သောကြောင့် ဝိညာဉ် မျက်စိကန်းမှန်းလည်း မသိ၊ ဂရုလည်း မစိုက်ကြချေ။ ထို့ကြောင့် မွေးကတည်း ကမျက်စိကန်း ဘူးသောသူကို သခင်ယေရှုက၊ သူ၏ မျက်စိ၌ ရွှံ့ကို လူး၍ ရှိလောင်ရေကန်၌ ဆေးခိုင်းခြင်း ဖြစ်သည်။ အမှန်မှာ ရွှံ့မလူး၊ ရေကန်၌ မဆေးဘဲ မျက်စိဖွင့်ပေးနိုင်သည်။ သို့သော်၊ လူတိုင်းရွှံ့တည်း ဟူ သောလောကအရာများက ပိတ်နေသောကြောင့် မျက်စိကန်းကြခြင်း ဖြစ်သည်။ ထိုအရာကို ရေ တည်းဟူသော နှုတ်ကပတ်တော်က ဆေးကြောပေးနိင်သည်။ အမှန် မှာထိုမျက်ကန်းသည် ရှိလောင်ရေအားဖြင့် မြင်ရသည် မဟုတ်။ သခင်ယေရှု၏ စကားကို နာခံခြင်းအားဖြင့် ပြန်မြင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သင်၏ မျက်စိလည်း နှုတ်ကပတ်တော်အားဖြင့် ဆေးကြော၍ မြင်နိုင်ပါလိမ့်မည်။ မိတ်ဆွေ၊ ဝိညာဉ် မျက်စိမြင် လိုပါသလား။ မြင်လိုလျှင် ဤသို့ ရိုးရိုးသားသား စိတ်ပါလျက် ဆုတောင်းပါ။ သခင်ယေရှု ဘုရား၊ ကျွန်ပ်သည် မွေးစကပင် ဝိညာဉ် မျက်စိကန်းပါ၏။ ယခုမြင်လိုပါသည်။ ဖွင့် ပေးတော်မူပါ။ အာမင်။ ဤသို့ ဆုတောင်းပါက သခင်ဘုရားကသင်၏ မျက်စိကို မြင်စေခြင်းအားဖြင့် ဘုရား မြင် သကဲ့သို့ မြင်၍ ဘုရား ပြောသမျှကို ယုံကြည် ကာလ ိုက် နာဘို့ရန် လုံးဝ ခက်ခဲမည် မဟုတ်။ မိတ်ဆွေကို ဘုရားရှင်က မျက်စိမြင်စေတော်မူပါ စေသော်။
တန်ပိုးမှုတ်ပွဲ
ဘုရားသခင်က ဣသရေလ လူများကို နှစ်စဉ်ပွဲခုနှစ်မျိုးလုပ်ဘို့ ပညတ်ထားသည်။ ထိုပွဲများသည် ခရစ်တော်၌ ဖြစ်ပျက်မည့် အရာများကို ဖေါ်ပြ သကဲ့သို့၊ခေတ် ကာလများကိုလည်း ဖေါ်ပြသည်။ ထိုပွဲများ သိခြင်းဖြင့် မည်ကဲ့သို့ အသက်ရှင်ရမှာကို သိနိုင်သည်။ ထိုပွဲများကို သုံးပိုင်းပိုင်းနိုင်သည်။ နိသန် (တခူး) လ၌၊ ပသခါပွဲ၊ အဇုမ ( တဆေးမဲ့မုန့်) ပွဲ၊ အဦးသီးသော အသီးပွဲများ ကျင်းပရသည်။ ဆီဗန် (နယုန်) လ၌၊ သတင်းပွဲ (ပင်တေကုတ္တေ ) ပွဲတမျိုးတည်းကို ကျင်းပ၍၊ ထေးစရေး (သတင်း ကျွတ်) လ၌၊ တန်ပိုးမှုတ်ပွဲ၊ အပြစ် ဖြေရာနေ့နှင့် သကေနေ (တဲ) ပွဲတို့ကို ကျင်းပရသည်။ ယခု
နှစ်တန်ပိုးမှုတ်ပွဲသည် အောက်တိုဘာလ ၃-၄ ရက်နေ့များ၌ ကျသည်။
ပသခါပွဲ
ပသခါပွဲသည် ဣသရေလ လူများ အဲဂုတ္တု ကျွန်မှ လွတ်မြောက်ဘို့ရန် ဘုရားသခင်ကပသခါ သိုးသငယ်ကို သတ်၍ အသွေးကို တံခါးထုတ်နှင့် တံခါးတိုင်၌ သုတ်ခိုင်းသည်။ အသွေးသုတ်ထားသော အိမ်အတွင်းရှိဣသရေလ လူများသည်၊ မသေရသော်လည်း အသွေးမသုတ်ထားသော အဲဂုတ္တု လူများ၏သား ဦးနှင့် တိရစ္ဆာန်သား ဦးများသည် သေရ ကြသည်။ ဣသရေလ လူများ၏သား ဦးများအစားပသခါ သိုးသငယ် သေ ရသည်။ ထိုအရာသည် ခရစ်တော် အသေခံခြင်းဖြင့် ပြည့်စုံခဲ့ပြီ။ ပေါလုက၊ “ခရစ်တော် တည်းဟူသော ငါတို့ ပသခါသိုးငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာ ဖြစ်၏။” (၁ ကော ၅:ရ)ဟု ရေးခဲ့သည်။ ထို့ကြောင့် ပသခါပွဲ ကျင်းပစရာ မလိုတော့ချေ။ ဣသရေလ လူများသည် တကမ္ဘာလုံးရှိ လူသားများကို ပုံဆောင်၍၊ အဲဂုတ္တု ပြည်သည် ဤလောကကို ပုံ ဆောင်သည်။ ဖါရောဘုရင်သည် စာတန်ကို ပုံဆောင်၍ ခါနန်ပြည်သည် ကောင်းကင်ကို ပုံဆောင်သည်။ ဣသရေလ လူများသည် အဲဂုတ္တု ကျွန်ခံ၍ မထွက်တတ် သကဲ့သို့ လူသား အားလုံး သည်လောက၌ စာတန် ကျွန်ခံ၍ မလွတ်နိုင်ကြချေ။ ထို့ကြောင့် ပသခါသိုး တည်းဟူသော ခရစ်တော် အသေခံ မှသာလျှင်လွတ်နိင်သော အခွင့်ရ ကြသည်။ ခရစ်တော်ကို ယုံကြည်လျှင် စာတန်နှင့်လောက ကျွန်မှ လွတ်မြောက်နိုင်သည်။
အဇုမပွဲ (ဝတ် ၂၃)
အဇုမပွဲသည် တဆေးမဲ့မုန့်ပွဲ ဖြစ်သည်။ ပသခါပွဲကို နိသန် (တခူး) လ ၁၄ ရက်နေ့ညတွင် ကျင်းပ၍၊ အဇုမပွဲကို ၁၅မှ ၂၁ ရက်နေ့အထိ၊ တပတ် ကျင်းပသည်။ ပသခါပွဲ ကျင်းပသည့်ညတွင် ဣသရေလ လူတို့သည် အဲဂုတ္တု ကျွန်မှ လွတ်မြောက်၍ အဲဂုတ္တု ပြည်မှ အလျှင်အမြန် ထွက်သောကြောင့် တဆေးမသုံးကြချေ။ တဆေးသည် အပြစ်ကို ပုံဆောင်သည်။ ခရစ်တော်က၊ ဖါရိရှဲတဆေး၊ ဇဒ္ဒုကဲတဆေး၊ ဟဲရုဒ်တဆေးများကို ရှောင်ခိုင်းသည် (မ ၁၆:၆၊ ၁၁-၁၂၊ လု ၁၂:၁၊ မာ ၈:၁၄-၁၅)။ ထိုတဆေးများ တည်းဟူသော ဟန်ဆောင်ခြင်း၊ မယုံကြည်ခြင်း၊ မာန်မာနရှိခြင်း အပြစ်များကို ဘုရားသခင်က ခရစ်တော် အပေါ်၌ တင်ခဲ့ပြီး ပြီ (ဟေရှာယ ၅၃:၆)။ ထိုအပြစ်များသည် ခရစ်တော်နှင့်အတူ သင်္ချိုင်း၌ မြှုပ်နှံခြင်းအားဖြင့် အဇုမပွဲသည် ပြည့်စုံခဲ့ပြီ။
အဦးသီးသော အသီး (ဝတ် ၂၃:၁၀-၁၄)
အဦးသီးသော အသီးကို နိသန် (တခူး) လ ၂၂ ရက်နေ့တွင် ကျင်းပခိုင်းသည်။ “သင်တို့သည် ငါပေးသော ပြည်သို့ ရောက်၍ စပါးရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်းတစည်းကို၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။ သင်တို့သည် စိတ်တော်နှင့် တွေ့ခြင်းငှါ၊ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။” (ဝတ် ၂၃:၁၀-၁၁)။ သီးနှံများစိုက်ပျိုး၍ အပင်ပေါက် လာသောအခါ အဦးသီးသော အသီးကို ဘုရားသခင်ထံ ဆက်ကပ်ပူဇော်ရသည်။ ဣသရေလ လူများ ပြုလုပ်သောအရာသည် အရိပ် ဖြစ်၍၊ ခရစ်တော် ရှင်ပြန်ထမြောက်သောအခါ ပြည့်စုံခဲ့ပြီ။ ပေါလုက၊ “ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သော သူတို့တွင် အဦးသီးသော အသီး ဖြစ်တော်မူပြီ။” (၁ ကော ၁၅:၂၀) ဟုဆိုသည်။
သတင်းများပွဲ (ပင်တေကုတ္တေ ပွဲ) (ဝတ် ၂၃:၁၅-၂၁)
ပင်တေကုတ္တေ ပွဲဟူသောစကား လုံးသည် ဓမ္မဟောင်းကျမ်း၌ မရှိ၊ ဓမ္မသစ် ကျမ်း၌ သုံးကြိမ်သာတွေ့ရသည် (တ ၂:၁၊ ၂၀:၁၆၊ ၁ ကော ၁၆:၈)။ ထိုပွဲကို ဓမ္မဟောင်း ကျမ်း၌ တသင်းပွဲဟု ခေါ်သည်။ ထိုပွဲသည် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်၍ အသင်းတော် စတင်တည်ထောင်ခြင်းအားဖြင့် ပြည့်စုံခဲ့ဲပြီး ဖြစ်သည် (တ ၂)။ ထိုပွဲတွင် တဆေးပါသော မုန့်နှစ်လုံးကို ပူဇော်ရသည်။ ထိုမုန့်နှစ်လုံးသည် ဣသရေလ လူမျိုးနှင့် တပါးအမျိုးသားကို ပုံဆောင်သည်။ အသင်းတော်သည် ထိုလူနှစ်မျိုးပေါင်းစပ်ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သတင်းများပွဲလည်း ပြည့်စုံခဲ့ပြီး ဖြစ်သည်။
အထက်ပါ ပွဲလေးမျိုးသည် အေဒီ ၃၃၌ ပြည့်စုံခဲ့ပြီး ပြီ။ ယခုနောက်ထပ်ပွဲ သုံးမျိုး ပြည့်စုံဘို့ရန် အနာဂါတ်မှာရှိသေးသည်။ ထိုပွဲများလည်း ခရစ်တော်က ပြည့်စုံ စေမည် ဖြစ်သည်။ ထိုပွဲများမှာ၊ တန်ပိုးမှုတ်ပွဲ၊ အပြစ် ဖြေရာနေ့နှင့် သကေနေ (တဲ)ပွဲတို့ ဖြစ်သည်။
တန်ပိုးမှုတ်ပွဲ
တပိုးမှုတ်ပွဲနှင့် ပတ်သက်၍ ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သတ္တမလ၊ ပဌမ နေ့ရက်၌ တန်ပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။ လောကီအလုပ်ကို မလုပ်ရ။ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။” (ဝတ်ပြု ၂၃:၂၃-၂၅) ဘုရားသခင်က ဣသရေလ လူများအား သူတို့၏ သတ္တမလ တည်းဟူသော ထေးစရေး (သ တင်းကျွတ်) လ၊ ပဌမ နေ့၌ တန်ပိုးမှုတ်ပွဲ ကျင်းပဘို့ ပညတ်ထားသည်။
တန်ပိုးမှုတ်ပွဲ၌ မှုတ်သော တန်ပိုးသည် သိုးချို ဖြစ်၍ နောက်ဆုံးသော တန်ပိုးဟု သိရသည်။ တန်မှုတ်ခြင်း၌ ရည်ရွယ်ချက်ရှိသည်။ မြန်မာပြည် တောရွာများ၌ လူတိုင်း နာရီ မရှိကြသောကြောင့်၊ သံချောင်းခေါက်ခြင်းအားဖြင့် အချက်ပြတတ်ကြသည်။ သံချောင်းမြန်မြန်ခေါက်လျှင် အရေးပေါ်ရှိသည်။ မီးလောင်ခြင်း၊ ရန်သူရွာ ထဲဝင်ခြင်း၊ သူခိုးရှိခြင်းများအတွက် သံချောင်းကို အမြန် ခေါက် ကြသည်။ သံချောင်းကို ဖြည်းဖြည်းလေးတ ချက်ခြင်း ခေါက်လျှင် လူသေရှိကြောင်း သိရသည်။ ပုံမှန်ခေါက်လျှင် ဘုရားရှိခိုးဘို့ ခေါ်ကြောင်း သိရသည်။ ဘုရားသခင်က ဣသရေလ လူများကို သံ ချောင်းအစား၊ တန်ပိုးမှုတ်ခြင်းအားဖြင့် အချက်ပြခိုင်းသည်။ စစ် တိုက်ဘို့ရန် သော်၎င်း၊ ဘုရားသခင် ထံလာ၍ ရှိခိုးဘို့ရန် သော်၎င်း၊ တန်ပိုးမှုတ်ခြင်းအားဖြင့် ခေါ်တတ်ကြသည်။ သို့ဖြစ်လျှင် တန်ပိုးမှုတ်ခြင်းသည် မည်သည့်အရာကို အချက်ပြခေါ်ခြင်း ဖြစ်မည်နည်း။ တန်ပိုးမှုတ်ခြင်းသည် ဣသရေလ လူများအတွက် စစ်တိုက်ဘို့၊ သူတို့ တိုင်း ပြည်သို့ ပြန်လာဘို့ ခေါ်ခြင်း ဖြစ်မည်။ သို့သော် စစ်မှန်သော အသင်းတော် အဘို့ ကောင်းကင်သို့ တက်ဘို့ရန် ခေါ်ခြင်း ဖြစ်မည်။
ချီဆောင်ခြင်း
ရှင်ပေါလုက ဤသို့ ရေးထားသည်၊ “နက်နဲသောအရာ တခုကို ငါပြဦးမည်၊ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည် မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသော တန် ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ယခုမျက်မှောက်ပုတ်တတ်သောအရာသည် ပုပ်နိုင်သော အဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအရာ အဖြစ်သို့ ဝင်စားရမည်။” (၁ ကော ၁၅:၅၁-၅၃)။
တဖန်၊ “ယေရှုသည် သေပြီးမှတဖန် ထမြောက်တော်မူသည်ကို ငါတို့သည်ယုံကြည်လျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သော သူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူ လိမ့်မည်။ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တ ဖန်ငါတို့ ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန် ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည် မဟုတ်။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တန်ပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်း သက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှါ၊ ထို သူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချည် ဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” (၁ သက် ၄:၁၄-၁ရ)။
ခရစ်တော်သည် အသင်းတော် သို့မဟုတ် ယုံကြည်သူများကို ချီဆောင်သောအခါ၊ တန်ပိုးမှုတ်မည် ဟုဆိုသည်။ ထို့ကြောင့် တန်ပိုးမှုတ်ပွဲသည် ယုံကြည်သူများအတွက် ချီဆောင်ခြင်းအားဖြင့် ပြည့်စုံဘို့ ရှိသည်။ ယခုနှစ်တန်ပိုးမှုတ်ပွဲသည်၊ အောက် တိုဘာ လ ၃ ရက်နေ့ ဖြစ်သည်။ ထိုအချိန်တွင် ယုံကြည်သူများချီဆောင်ခြင်း ဖြစ်နိုင်သည်။ ဖြစ်ကို ဖြစ်မည်ဟု မည်သူကမျှ မဆိုနိုင်ချေ။ သို့သော် ဖြစ်ခဲ့သည် ရှိသော် ဤလောကမှ ကောင်းကင် တက်မည့် အချိန်သည် မဝေးတော့ချေ။ ထို့ကြောင့် မယုံကြည်သူများ ကဲ့သို့ ဤလောကအရာများကို တပ်မက်ခြင်းဖြင့် အသက်တာ အသုံးမပြု သင့်တော့ချေ။ ဤလောက၌ နှစ်ရှည်လများ နေမှာကဲ့သို့ စီမံကိန်းများ မချမှတ်သင့် တော့ချေ။
အသင့် ပြင်ဘို့
ချီဆောင်ခြင်း ဖြစ်တော့မည် ဖြစ်သောကြောင့် မည်ကဲ့သို့ ပြင်ဆင် ရမည်နည်း။ အကောင်းဆုံးနှင့် အရေးကြီးဆုံး ပြင်ဆင် ဘို့ရန်မှာ၊ ကိုယ်တိုင် ချီဆောင်ခြင်း၌ ပါဝင်ဘို့ အရေးကြီးသည်။ ချီဆောင်ခြင်း၌ ပါဝင်ဘို့ရန်မှာ ခရစ်တော် ရရှိဘို့ လိုသည်။ သူ၏ ကယ်တင်ခြင်း စိတ်ချယုံကြည်ဘို့ လိုသည်။ ဝိညာဉ်အားဖြင့် ဒုတိယအကြိမ် မွေးဘွားဘို့ လိုသည်။ ထာဝရ အသက် ရရှိဘို့ လိုသည်။ ထိုသို့ မဖြစ်သေးပါက အမြန်ဆုံး ထိုအ ရာများကို လေ့လာ၍၊ စိတ်ချမှု မရှိမခြင်း မေးမြန်းရှာဖွေဘို့ လိုသည်။ ချီဆောင်ခြင်း၌ မပါဝင်ပါက၊ ဘေးဒဏ်ကြီး ကာလ၌ ရောက်ရှိသွားမည် ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလသည် အလွန် ခက်ခဲမည်။ စစ်ပွဲများ အကြီး အကျယ်တိုက်မည်။ အစာ ငတ်မွတ် ခေါင်း ပါးမည်။ ရောဂါမျိုးစုံ ဖြစ်မည်။ စာတန်နှင့် နတ်ဆိုးများ အလွန်သောင်းကြမ်းမည်။ ကမ္ဘာ့ လူဦးရေအများစုသေဆုံးကုန်မည်။ အန္တီခရစ်က ဤလောကကို အုပ်စိုး၍ လူတိုင်း၆၆၆ တံဆိပ်ခတ်ခိုင်းမည်။ ထို့ကြောင့် ထိုအရာများရှောင်နိုင်ဘို့ရန် ချီဆောင်ခြင်း၌ ပါဘို့ လိုသည်။ အကယ်၍ ချီဆောင်ခြင်း၌ မပါဘဲ ဘေးဒဏ်ကြီးကာလ ထဲ၌ ရောက် သွားပါက၊ သားရဲ၏ တံဆိပ် ဖြစ်သော ၆၆၆ကို အခတ်မခံပါနှင့်။ သို့သော် လွယ်ကူမည် မဟုတ်။ လည်ပျင်းဖြတ်ခံဘို့ လိုလိမ့်မည်။ ၆၆၆ တံဆိပ်ခတ်သည်ထက် အသေ ခံပါ။ အကြောင်းမှာ ထိုတံဆိပ်ခတ်သောသူများသည် ကယ်တင်ခြင်းသို့ ရောက်နိုင် တော့မည် မဟုတ်။ ငရဲထဲသို့ ဆင်းဘို့ သာလျှင် ဖြစ်လိမ့်မည်။
ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူများ အနေဖြင့် ကယ်တင်ခြင်းသို့ မရောက် သေးသော မိဘ ညီအစ်ကို မောင်နှမများ၊ သားသမီး မြေးများ၊ တူတူမများ ဆွေ မျိုးသား ချင်းများ၊ သူငယ်ချင်း၊ လုပ်ဘော်ဆောင်ဖက်များကို ကယ်တင်ခြင်းသို့ ရောက်နိုင်ဘို့ သက်သေခံပြောပြရမည်။ စိတ်ဝင်စားရန်လည်း ကြိုးစား ပြောဘို့ လိုသည်။ ဆုတောင်းခြင်းဖြင့် ဘုရား တန်ခိုးသုံးဘို့ လိုသည်။ ထိုအရာမှတပါး အခြားသော အရာများကို စိတ်ဝင်စားခြင်း၊ လုပ်ကိုင်ခြင်း၊ အချိန် ဖြုန်းခြင်း မပြုလုပ် သင့် တော့ချေ။ ဘယ်အရာကမှလူများ ကယ်တင်ခြင်း အကြောင်း ပြောခြင်းကို အဟန့်အ တားမ ဖြစ်စေသင့်ချေ။ ဝါသနာပါသောအရာ ပြုလုပ်ခြင်း၊ အလုပ်၌ နစ်မွန်းခြင်း၊ လူမျိုးရေး၊ နိင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများ၌ အချိန် မကုန်သင့်ချေ။ သက်သေ ခံဝေငှခြင်းကို အစွမ်းကုန်လုပ်သင့်သောအချိန် ဖြစ်သည်။
တန်ဘိုးရှိသောသူ
ဆရာခွန်ဝင်းအောင် သင်တန်းပေးရာမှကောက်နှုတ်ချက်များ
လူသည် တန်ဘိုးရှိသောသူမင်္လာရှိသောသူရှိသည်။ ထို့နည်းတူ တန်ဘိုး မရှိသောသူနှင့် မမွေးလျှင် သာ၍ ကောင်းသောသူလည်းရှိတတ်သည်။ ကျမ်းစာက၊ “မိစဉ်ဘဆက် ကျင်လည်သော အချည်းနှီး ကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်ဆီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည် မဟုတ်။ အဘယ် အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ် ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။” (၁ ပေ ၁:၁၈-၁၉) “အဘယ်သို့ နည်း။ သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော် တည်းဟူသော၊ သင်တို့ အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန် ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားကြစေလော့။” (၁ ကော ၆:၁၉-၂၀)။
ဒေါ်လာငွေများသည် စက္ကူသက်သက် ဖြစ်သည်။ သို့သော် အစိုးရကထို စက္ကူကို တန်ဘိုးရေးထားသောအခါ လူတိုင်း ကတန်ဘိုး ထား ကြသည်။ တစ်ဒေါ်လာ စက္ကူနှင့် နှစ်ဆယ်ဒေါ်လာသည် အရွယ်အစား၊ စက္ကူအမျိုးအစားအားဖြင့်အတူ တူ ပင် ဖြစ်သည်။ သို့သော် အစိုးရကနှစ်ဆယ်ဒေါ်လာကို တန်ဘိုးရှိရန်နံပါတ်တပ်လိုက်သောအခါ လူတိုင်း ကတစ်ဒေါ်လာထက် တန်ဘိုး ထား ကြသည်။ ထို့နည်းတူ လူသည်လည်း ဘုရားသခင်က တန်ဘိုး ထားသောသူနှင့် မထားသောသူရှိသည်။ လူ့အမြင်မှာ ရုပ်ချော၊ ရာထူးကြီး၊ ချမ်းသာ သောကြောင့် တန်ဘိုးရှိသော်လည်း၊ ဘုရားကတန် ဘိုးမထားလျှင် ဘုရား အမြင်၌ တန်ဘိုး မရှိချေ။ ရှောလုမင်းသည် သူတပါးထက် အရပ် မြင့်၍ ချောသည်။ ဘုရားသခင်က ရှင်ဘုရင်အဖြစ် ရွေးချယ်၍ တန်ဘိုးရှိသည်။ သို့သော် သူသည် ဘုရားကတန်ဘိုး ထား သကဲ့သို့ မနေ၊ ဘုရား၏ စကား နားမထောင်၊ မိမိစိတ်တိုင်း ကျအသက်ရှင်၊ ဘုရားအား မကိုး သောကြောင့် တန်ဘိုးရှိသင့်သလောက် မရှိချေ။ ဒါဝိဒ်သည် သိုးကျောင်းသား ဖြစ်သည်။ လူ့အမြင်၌ ဘာမျှတန်ဘိုး မရှိချေ။ သို့သော် ဘုရားကသူ၏ စိတ်နှလုံးကို ကြည့်၍ ရှင်ဘုရင် ဖြစ်ဘို့ ရွေးချယ်ကာ တန်ဘိုး ထားသည်။ ဒါဝိဒ်သည် ဘုရား၏ တန်ဘိုး ထားခြင်း ခံသကဲ့သို့၊ သူ့ကိုယ်သူတန်ဘိုးရှိအောင် နေသည်။ သူ့ကိုယ်သူအား မကိုးဘဲ ဘုရားကို အားကိုး သည်။ ထို့ကြောင့် ဂေါလျက်ကို ဘုရား တန်ခိုးအားဖြင့် နိင်သောအခါ၊ ဣသရေလ အမျိုးသမီးများက၊ ရှောလု အထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း (၁ရာ ၁၈:ရ)ဟု တန်ဘိုး ဖြတ် ကြသည်။ ရှောလုသည် ရှင်ဘုရင် ဖြစ်သော်လည်း ထောင်ဂဏန်းသာလျှင် တန်သည်။ ဒါဝိဒ်သည် သိုး ကျောင်းသား လေး ဖြစ်သော်လည်း အသောင်းသောင်းတန်သည်။ ဣသရေလ အမျိုး သမီးများ ကသာ မက၊ “လူများတို့ကလည်း၊ ကိုယ်တိုင် ကြွတော်မမူပါနှင့်။ ကျွန်တော်တို့ ပြေးသော်လည်း သူတို့သည် အမူ မထားကြပါ။ ကျွန်တော်တို့ တဝက်သေသော်လည်း သူတို့သည် အမူ မထားကြပါ။ ကိုယ်တော်မူကား၊ ကျွန်တော်တို့ တသောင်းထက် မြတ်တော်မူ၏။ သို့ဖြစ်၍ ကျွန်တော်တို့ကို မြို့ထဲကမစတော်မူလျှင် သာ၍ ကောင်း ပါလိမ့်မည်ဟု လျှောက်ကြ၏။” (၂ရာ ၁၈:၃) ဟုဆို ကြသည်။ ဒါဝိဒ်သည် လူတသောင်းထက် တန်ဘိုးရှိသည်။
ရုသသည် မောဘအမျိုးသမီး ဖြစ်သည်။ မုတ်ဆိုးမ ဖြစ်၍ ဣသရေလ လူများ၌ ဘာမျှတန်ဘိုး မရှိပါ။ သို့သော် သူသည် သူ၏ ယောက္ခမနောမိကို လုပ်ကျွေး၍၊ ထာဝရဘုရား ထံခိုလှုံသောအခါ ဘုရားက သူ့ကို တန်ဘိုး ထားခြင်း ခံရသည်။ သူ့ကို သူဌေးကြီး ဗောဇကလက်ထပ်၍ သား ဩဘက် မွေးဘွားသောအခါ အမျိုးသမီးများ ကနောမိ ထံ ဤသို့ ဆိုကြသည်၊ “သင့်ကို ချစ်၍ သား ခုနှစ်ယောက်ထက် သင့်အဘို့ သာ၍ ကောင်းသော သင်၏ ချွေးမသည်သားယောက်ျားကို ဘွားမြင်ပြီဟု ပြောဆို ကြ၏။” (ရုသ ၄:၁၅)။ ရုသသည် နောမိအတွက်သား ခုနှစ်ယောက်ထက် တန်ဘိုးရှိသည်ဟု အမျိုး သမီးများ ကတန်ဘိုး ဖြတ်သည်။ သင်သည် မည်မျှတန်ဘိုးရှိသနည်း။ အချို့သောသား များသည် တန်ဘိုး မရှိ၊ မမွေးလျှင် သာ၍ ကောင်းသည်ဟု မိဘများ၏ ကျိန်ခြင်းကို ခံကြရသည်။ ရုသ၏ ယောက္ခမပြည်တန်ဆာရာခပ်သည်လည်း လူ့အမြင်၌ တန်ဘိုးရှိသောသူ မဟုတ်ခဲ့ပါ။ သို့သော် ထာဝရဘုရား ထံခိုလှုံ၍ သူလှုိများကို ကူညီမစသောအခါ၊ သူနှင့် သူ၏ အိမ်သူအိမ်သား အားလုံး အသက် ချမ်းသာ ရသည်သာမက၊ စာလမုန် ကသူကို ယူ၍ သား ဗောဇကို မွေးသည်။ ဗောဇနှင့် ရုသမှဩဗက်၊ ဩဗက်မှယေရှဲ၊ ယေရှဲသား ဒါဝိဒ်၊ ဒါဝိဒ်သား ယေရှု မွေးဘွားခဲ့သည်။ ရာခပ်သည် အစ၌ တန်ဘိုး မရှိသော်လည်း ထာဝရဘုရား ထံခိုလှုံသောအခါ၊ တန်ဘိုးရှိလာသည်။
ကျွန်ပ်တို့လည်း အစ၌ တန်ဘိုး မရှိသော်လည်း ဘုရားသခင်က၊ ယေရှုခရစ်၏ အသွေးတော်အားဖြင့် ရွေးဝယ်ပြီ ဖြစ်သောကြောင့် တန်ဘိုးရှိလာသည်။ ထာဝရဘုရားကတန်ဘိုး ထားပြီ ဖြစ်သောကြောင့် တန်ဘိုးရှိရှိအသက်ရှင်ကြဘို့ ဖြစ်သည်။ တန်ဘိုးရှိခြင်းသည် မာန်မာနကြီးဘို့ မဟုတ်။ ဘုရား အားကိုး ခြင်းအားဖြင့် ဘုရား အလိုတော်အတိုင်း အသက်ရှင်ဘို့ ဖြစ်သည်။ ယခုမှစ၍ ကိုယ့်ကို ကိုယ်အား မငယ်၊ တန် ဘိုးမရှိဟု မမှတ်ဘဲ၊ ထာဝရဘုရားရှေ့၌ တန်ဘိုးရှိသောကြောင့် တန်ဘိုးရှိရှိအသက်ရှင် ကြပါစို့။
ကျမ်းစာဖတ်ကြစို့
ဟေဗြဲ ၈
၁။ ယခုဆိုခဲ့ပြီးသော အကြောင်း အရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သောယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုး အာနုဘော် တော်၏ ပလ္လင်လကျ်ာဘက်မှာထိုင်နေတော်မူ၏။
အခန်း ၇ ၌ ယေရှုခရစ်သည် ငါတို့၏ ယဇ်ပုရောဟိတ် ဖြစ်ကြောင်း သင်ခဲ့ရ ပြီ။ သူသည် အာဗြဟံထက်ကြီး မြတ်သည်။ လေဝိအမျိုးထက်လည်းကြီး မြတ်သည်။ သူသည် မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ် ဖြစ်သည်ဟု သိခဲ့ရပြီ။ သူသည် အာရုန်အမျိုးကဲ့သို့ အမွေအားဖြင့် မဟုတ်ဘဲ၊ အကျိန်အားဖြင့် ယဇ်ပုရောဟိတ် ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်က ခန့်ထားသော ယဇ်ပုရောဟိတ် ဖြစ်သည်။ ထိုသို့သော ယဇ်ပုရောဟိတ်မင်းငါတို့၌ ရှိ၍၊ ကောင်းကင်ဘုံ ခမည်းတော် ဘုရား၏ လက်ျာဘက်မှာထိုင်နေတော်မူသည် ဟုဆိုသည်။ အဘယ်ကြောင့်ထိုင်နေတော်မူ သနည်းဟူမူကား၊ သူ၏ အမှုဆောင်ရွက်စရာ ပြီးစီးပြီး သောကြောင့် ဖြစ်သည်။
၂။ လူမဆောင်ဘဲ ထာဝရဘုရား ဆောက်တော်မူသော တဲတော် စစ်တည်း ဟူသော၊ သန့်ရှင်းရာ ဌာန၌ ဘုရားဝတ်ကို ပြုသောသူ ဖြစ်တော်မူ၏။
ယေရှု ယဇ်ပုရောဟိတ် သည်၊ လူယဇ်ပုရောဟိတ် များကဲ့သို့ မြေကြီး ပေါ် မှာလူဆောက်သော၊ တဲတော်၌ အမှုဆောင်သောသူ မဟုတ်။ လူမဆောက်ဘဲ ဘုရား ဆောက်တော်မူသော ကောင်းကင် တဲတော် စစ်၌ အမှုဆောင်သောသူ ဖြစ်သည်။ သူသည် ဘုရားဝတ်ကို ပြုသောသူ ဖြစ်သည် ဟုဆိုသည်။ သူကိုယ်တိုင်သည် ဘုရား မဟုတ်လော၊ အဘယ်ကြောင့်ဘုရားဝတ်ပြုသေးသနည်း။ အကြောင်းမှာ သူသည် လူသားများအတွက် ယဇ်ပုရောဟိတ် ဖြစ်သောကြောင့်၊ သူတို့ ကိုယ်စား ဘုရားဝတ်ပြုပေးခြင်း ဖြစ်သည်။
၃။ ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သက္ကာနှင့် ယဇ်ကို ပူဇော်စေခြင်းငှါ ခန့်ထားလျက် ရှိသည် ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာ ယဇ်တစုံတခုရှိရ၏။
ယဇ်ပုရောဟိတ် များသည် ယဇ်ပူဇော်ပေးသောသူများ ဖြစ်၍၊ လူများက ပူဇော်စရာ ယဇ်ကောင်၊ မုန့်များနှင့် စပျစ်ရည်များကို ပေးရသည်။ ကျမ်းစာက၊ “ထိုအခါ ထာဝရဘုရား ထံတော်သို့ အဘယ််သူမျှလက်ချည်းမပေါ်မလာရ။” ( တရားဟော ၁၆:၁၆) ဟုဆိုထားသည်။ ငါတို့ ယဇ်ပုရောဟိတ်မင်း ဖြစ်သော သခင်ယေရှု၌လည်း ပူဇော်စရာ ယဇ်ရှိဘို့ လိုသည်။ ငါတို့အတွက် ပူဇော်မည် ဖြစ်သောကြောင့် မည်ကဲ့သို့သော ယဇ်ပေးကြမည်နည်း။ များသောအားဖြင့် အကျင့်၊ ကောင်းမှု ကုသိုလ်၊ ဆုတောင်းခြင်း၊ ဆယ်ဖုိ့တဖုိ့နှင့် အလှူငွေများ၊ ဘုရားတရား ကြိုးစားခြင်းများပေးရမည်ဟု ထင်မှတ်တတ်ကြသည်။
၄။ ပညတ်တရားအတိုင်း ပူဇော်သက္ကာကို ဆက်ကပ်သော ယဇ်ပုရောဟိတ် များရှိကြသည် ဖြစ်၍၊ ထိုသခင်သည် မြေကြီးပေါ်မှ ာ ရှိနေလျှင် ယဇ်ပုရောဟိတ် မလုပ်ရ။
သခင်ယေရှုသည် မြေကြီးပေါ်မှ ာ ရှိနေလျှင် ယဇ်ပုရောဟိတ် မလုပ်ရ ဟုဆိုသည်။ ထို့ကြောင့် ကောင်းကင် တက်ဘို့ လိုသည်။ ရှင်ပြန်ထမြောက်သောအခါ ကောင်းကင်တမန် များက၊ မာဂဒလမာရထံ၊ “အချင်းမိန်းမ၊ အယ်ကြောင့်ငိုကြွေး သနည်းဟု မေးလျှင်၊ ကျွန်မ၏ သခင်ကို ယူသွားကြပြီ။ အဘယ်မှာ ထားကြသည်ကို မသိပါဟု ပြောဆို၏။ ထိုသို့ ဆိုပြီးမှနောက်သို့ လှည့်လျှင်၊ ယေရှု ရပ်လျက် နေတော်မူသည်ကို မြင်သော်လည်း ယေရှု ဖြစ်တော်မူသည်ကို မသိ။ ယေရှုကလည်း၊ အချင်း မိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း၊ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည် သူ့ကို ဆောင်သွားသည် မှန်လျှင် အဘယ်မှာ ထားသည်ကို ကျွန်မအား ပြောပါ၊ ကျွန်မယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့် ဖြစ်သည်ဟု ထင် မှတ်လျက် ဆို၏။ ယေရှုကလည်း မာရိဟု ခေါ်တော်မူလျှင်၊ မာရိသည် လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား အရှင်ဘုရား ဟုဆိုလိုသတည်း။ ယေရှုကလည်း၊ ငါ့ကို မဘက်နှင့် ဦး။ ငါသည် ငါ့ ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ ရှိရာသို့ သွားလော့။ ငါ၏ ခမည်းတော် တည်းဟူသော သင်တို့၏ ခမည်းတော်၊ ငါ၏ ဘုရားသခင် တည်းဟူသော သင်တို့၏ ဘုရား သခင့်ထံတော်သို့ ငါတက်ရမည်အကြောင်း အရာကို ကြားပြောလော့ဟု မိန့်တော်မူသည်။” (ယော ၂၀:၁၃-၁ရ)
အဘယ့်ကြောင့်သခင်ဘုရားကမာရိထံ၊ ငါ့ကို မဖက်နှင့် ဦး ဟုဆိုသနည်းဟူ မူကား၊ သူသည် ယဇ်ပုရောဟိတ် အနေဖြင့် ခမည်းတော် ထံမတက်ရ သေးသောကြောင့် ဖြစ်သည်။ သူအသက် ချုပ်သောအခါ သူ၏ ဝိညာဉ်ကို ခမည်းတော်ထံသို့ အပ် နှံခဲ့သည်။ (လု ၂၃:၄၆)။ သူဘေးနားရှိလူဆိုးထံ၌လည်း၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည် (လု ၂၃:၄၃) ဟုဆိုခဲ့သည် မဟုတ်လော။ ထို့ကြောင့် သူသည် သင်္ချိုင်းတွင်း၌ အလောင်းမြှုပ်နှံချိန်တွင် သူ၏ ဝိညာဉ်သည် ကောင်းကင်သို့ ရှိခဲ့သည် မဟုတ်လောဟု မေးစရာ ရှိသည်။ မှန်ပါသည်၊ သူ၏ ဝိညာဉ်သည် ကောင်းကင် တက်ခဲ့ပြီ။ သို့သော် ယဇ်ပုရောဟိတ် အနေဖြင့် မတက်သေးချေ။ ရှင်ပြန်ထမြောက် ပြီးမှသာလျှင်ယဇ်ပုရောဟိတ် အနေဖြင့် တက်ရမည် ဖြစ်သည်။ ယဇ်ပုရောဟိတ် များသည် သန့်ရှင်းရာဌါနထဲသို့ ဝင်သောအခါ၊ အဘယ်သူ ကမျှ သူတို့ကို မထိရချေ။ ထို့ကြောင့် ယေရှု ကမာရိထံ၊ ငါ့ကို မဖက်နှင့် ဦး ဟုဆိုခြင်း ဖြစ်သည်။
၅။ မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့သောအခါ၊ တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီးသော ပုံနှင့် ညီလျော်စွာ အလုံးစုံတို့ကို လုပ်ခြင်းငှါ သတိပြုရမည်ဟု ဗျာဒိတ်တော်ကို ခံရသည် ဖြစ်၍၊ ထိုယဇ်ပုရောဟိတ်တို့သည် ကောင်းကင် အရာတို့၏ ပုံပမာအရိပ်နှင့် သာဆိုင်လျက် ဝတ်ကို ပြု နေကြ၏။
လောက မြေကြီး ပေါ်ရှိတဲတော်၌ ယဇ်ပူဇော်ခြင်း များသည် အရိပ်သာလျှင် ဖြစ်၍၊ အစစ်သည် ကောင်းကင်၌ သာလျှင် ရှိသည်။ ယခုအခါ အရိပ်ကုန်၍ အစစ်၌ ပူ ဇော်ခြင်းများကို ဖေါ်ပြနေခြင်း ဖြစ်သည်။
၆။ ထိုမှတပါး၊ ယေရှုသည် သာ၍ မြတ်သော ဂတိတော်တို့၌ တည်သော၊ သာ၍ မြတ်သော ပဋ္ဋိညာဉ်တရား၏ အာမခံ ဖြစ်သည်နှင့် အညီ၊ သာ၍ မြတ်သော ဝတ်ပြုခြင်း အခွင့် အရာကို ရတော်မူ၏။ ရ။ ပဌမ ပဋ္ဋိညာဉ်တရားသည် အပြစ်တင်ခွင့်မရှိသည် မှန်လျှင်၊ ဒုတိိယပဋ္ဋိညာဉ်တရားတည်ရသော အခွင့်ကို အဘယ်ကြောင့်ရှာရသနည်း။ ၈။ ပဌမ ပဋ္ဋိညာဉ်တရားကို ထာဝရဘုရားသည် အပြစ်တင်၍ မိန့်တော်မူသည်ကား၊ ၉။ ငါသည် ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တု ပြည် မှဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋ္ဋိညာဉ်တရားနှင့် ခြားနားသော ပဋ္ဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင် ငါပေးဘူးသော ပဋ္ဋိညာဉ်တရား၌ သူတို့သည် မတည်ကြ။ ငါသည်လည်း သူတို့ကို မကြည့်ရှုမပြုစုဘဲ နေ၏။
ယေရှုသည် သာ၍ မြတ်သော ဂတိတော်၌ တည်သော သာ၍ မြတ်သော ပဋ္ဋိညာဉ်တရား၏ အာမခံ ဖြစ်သည် ဟုဆိုသည်။ ပဋ္ဋိညာဉ် တရားဟောင်းသည် ဘုရားနှင့် ဣသရေလ လူများ သိနာတောင်၌ ပြုလုပ် ခဲ့ကြသည် (ထွက် ၂၄)။ ထိုအရာသည် အရိပ် ဖြစ်သည်။ ထိုပဋ္ဋိညာဉ်ကို ဣသရေလ လူများက မလိုက်ချိုးဖေါက်သောကြောင့်၊ ဘုရားသခင်က ပရောဖက် ယေရမိအားဖြင့် အသစ်ပေးမည့် အကြောင်း ပြောခဲ့သည် (ယေရ ၃၁:၃၁-၃၄)။ ပဋ္ဋိညာဉ်သစ် မပြုလုပ် နိုင် သေးသော်လည်း၊ ပဋ္ဋိညာဉ်တရား သစ်တည်စေဘို့ အတွက် ခရစ်တော် ကအသွေးသွန်းခဲ့ပြီးကြောင်း ဤသို့ ဆိုခဲ့သည်၊ “ခွက်ကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ သူတို့ အားပေးတော်မူ၍၊ သင်တို့ ရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား ပဋ္ဋိညာဉ်တရားသစ်နှင့် ဆိုင်၍ လူများတို့၏ အပြစ်ကို လွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေး ဖြစ်၏။” (မ ၂၆:၂ရ- ၂၈)။
၉။ နောင်ကာလ အခါ ဣသရေလ အမျိုးသားတို့၌ ငါပေးအံ့သော ပဋ္ဋိညာဉ်တရားဟူ မူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့ စိတ်ဝိညာဉ် ထဲသို့ သွင်းမည်။ သူတို့ နှလုံးပေါ်မှာ ငါရေးထားမည်။ ငါသည် သူတို့၏ ဘုရား ဖြစ်မည်။ သူတို့သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။ ၁၁။ ထို သူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီး ဆုံးသောသူတိုင်အောင် ထိုသူ အပေါင်းတို့သည် ငါ့ကို သိကြလိမ့်မည်။ ၁၂။ ထိုအခါ ငါသည် သူတို့ အပြစ်များကို သည်း ခံမည်။ သူတို့ ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက်မေ့ဘဲ နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ၁၃။ ပဋ္ဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူသည်တွင် ပဌမ ပဋ္ဋိညာဉ် တရားကို ဟောင်းစေတော်မူ၏။ ရွေ့လျော့၍ ဟောင်းသောအရာ မည်သည်ကား၊ ကွယ်
ပျောက်ခြင်းသို့ ရောက်လုနီးသတည်း။
အ ဖေါ်ပြပါပဋ္ဋိညာဉ်သစ် ပြုလုပ်မည့် အရာသည်၊ ယေရမိက ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ခရစ်တော်သည် ထိုပဋ္ဋိညာဉ်သစ် ပြုလုပ် ဘို့ရန် လာခဲ့သော်လည်း၊ ဣသရေလ လူများက သူ့ကို လက်မခံသောကြောင့်၊ ဘေးဒဏ်ကြီးကာလ အပြီး ဒုတိယအကြိမ် ရှင်ဘုရင်အဖြစ် ဘုန်းတန်ခိုးနှင့် ကြွလာမှ၊ ကျန်ကြွင်းသော ဣသရေလ လူများနှင့် ပြုလုပ်မည် ဖြစ်သည်။ ပဋ္ဋိညာဉ်သစ်အရ၊ အောက်ပါအချက်လေးချက်ပါဝင်မည် ဖြစ်သည်။
(က) ငါ့ပညတ်တို့ကို သူတို့ စိတ်ဝိညာဉ် ထဲသို့ သွင်းမည်။ သူတို့ နှလုံးပေါ်မှာ ငါရေး ထားမည်။
(ခ) ငါသည် သူတို့၏ ဘုရား ဖြစ်မည်။ သူတို့သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။
(ဂ) ထို သူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကို အချင်း ချင်း တယောက်ကို တယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီး ဆုံးသောသူတိုင်အောင် ထိုသူ အပေါင်းတို့သည် ငါ့ကို သိကြ လိမ့်မည်။
(ဃ) ငါသည် သူတို့ အပြစ်များကို သည်း ခံမည်။ သူတို့ ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက်မေ့ဘဲ နေမည်။
ယနေ့ ဝိညာဉ်အားဖြင့် ဒုတိယ မွေးဘွားပြီးသောသူများသည်၊ ဘုရားနှင့် ပဋ္ဋိညာဉ် (စာချုပ်) မပြုလုပ်သော်လည်း ပဋ္ဋိညာဉ်တရားသစ်၏ အကျိုးများ ခံစား ကြသည်။ ရှင်ပေါလုက၊ “သင်တို့သည် ငါတို့ စိတ်နှလုံးပေါ်၌ ရေးထားသော စာ၊ လူအ ပေါင်းတို့ သိ၍ ဘတ်တတ်သော ငါတို့ စာပင် ဖြစ်ကြသတည်း။ အဘယ်သို့ နည်းဟူမူကား၊ သင်တို့သည် မှင်နှင့် ရေးထားသောစာ မဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ရေး၍၎င်း၊ ကျောက်ပြားပေါ်၌ မရေးဘဲ အသားနှင့် ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍၎င်း၊ ငါတို့ ပြုစုသော ခရစ်တော်၏ စာထင်ရှားစွာ ဖြစ်ကြ၏။”
(၂ ကော ၂:၂-၃)ဟု ရေးထားသည်။ ယုံကြည်သူများ၏ စိတ်နှလုံးထဲ၌ ဝိညာဉ်တော်အားဖြင့် စာရေးပြီ။ ထို့ကြောင့် ယုံကြည်သူများသည် နာမည်ခံ ခရစ်ယာန် များထက် ကျမ်းစာ နားလည်မှတ်မိခြင်း ဖြစ်သည်။ ဒုတိယအချက်အနေဖြင့်် “ငါသည် သူတို့၏ ဘုရား ဖြစ်မည်။ သူတို့သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။” ဟူသောအရာလည်း ပြည့်စုံသည်။ ခရစ်တော်က ယုံကြည်သူများကို ကိုယ်စားပြုသော မာဂလဒမာရိထံ၌၊ “ငါ၏ ခမည်းတော် တည်းဟူသော သင်တို့၏ ခမည်းတော်၊ ငါ၏ ဘုရားသခင် တည်းဟူသော သင်တို့၏ ဘုရား သခင့်ထံတော်သို့ ငါတက်ရမည်အကြောင်း အရာကို ကြား ပြောလော့ဟု မိန့်တော်မူသည်။” (ယော ၂၀:၁ရ)။ တတိယအချက်အနေဖြင့်၊ ဒုတိယ မွေးဘွားပြီးသောသူများသည်၊ ဘုရား သိပါဟု ပြောနေစရာ မလို။ အားလုံး ဘုရား သိကြသည်။ နောက်ဆုံးအချက် ဖြစ်သော၊ “ငါသည် သူတို့ အပြစ်များကို သည်း ခံမည်။ သူတို့ ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက်မေ့ဘဲ နေမည်။” ဟူသော အပြစ် လွှတ်ခြင်း ကိုလည်း ခံစားရသည်။ ထိုအရာအားလုံး ကို ဣသရေလ လူများသည် ဒုတိယကြွလာမှခံစားရမည် ဖြစ်သည်။
ပွဲတော် ကြီး
နှစ်နှစ်တခါ ကျင်းပတတ်သော သတင်းကောင်း ပွဲတော် ကြီးကို၊ အင်ဒီယား နားပြည်နယ် Franklin မြို့၌ ဇူလိုင်လ ၁မှ ၃ ရက်နေ့အထိ၊ ဘုရားသခင်၏ ကျေး ဇူးတော်ကြောင့် အောင်မြင် စွာ ကျင်းပနိုင်ခဲ့သည်။ ထိုပွဲတော်၌ ပြည်နယ် များစွာ မှလူ ဦးရေ ၈၀၀ထက် မနည်း လာရောက်ပါဝင် ကြသည်။ ပွဲတော် ကြီး၏ ကျမ်းပိုဒ်မှာ၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။” (၂ တိ ၄:ရ) ဖြစ်သည်။သော ကြ်ာနေ့ညတွင် ဆရာဇော်ဂျာက ယုံကြည်သူများသည် ယေရှု စစ်သား ဖြစ်သောကြောင့် ဝိညာဉ် စစ်ပွဲတိုက်ရမည့် အကြောင်းကို အဓိကဟောပြောသွားပါသည်။ စနေနေ့ညတွင် မြန်မာပြည် မှဧည့်သည်တော် ဆရာခွန်ဝင်းအောင်က၊ ယုံကြည်သူများသည် ပေါလုကဲ့သို့ ပန်းတိုင်ရောက်အောင် ပြေး၍ ဆုရဘို့ ကြိုးစား မည့်အကြောင်း ဟောပြောသွားပါသည်။ တနင်္နွေနေ့နံနက်ဝတ်ပြုစည်းဝေး၌ ဆရာယောရှုက၊
ယုံကြည်သူများသည် ယုံကြည်ခြင်းကို စောင့်ရှောက်ဘို့ အဓိက ဟောပြောသွားသည်။ နောက်ဆုံးတနင်္နွေနေ့ညတွင် အိမ်ရှင် ဆရာမောဇက်က၊ ယုံကြည်သူများသည် စစ်တိုက်ဘို့၊ အပြေးပြိုင်၍ ဆုရရန် ကြိုးစား ဘို့နှင့် ယုံကြည်ခြင်းအားဖြင့် ချီ ဆောင်ခြင်း နေ့ရက်တိုင်အောင် လုပ်ဆောင်ဘို့ ဟောပြောသွားပါသည်။
စနေနေ့တွင် တနေကုန်နှင့် တနင်္နွေနေ့ညနေပိုင်းတွင် ကျမ်းစာ သင်တန်းများပြုလုပ် ကြပါသည်။ အင်္လိပ်ဘာသာဖြင့် ဆရာဂီဒီယန်ကသင်ပေး၍ မြန်မာဘာ သာဖြင့် ကယ်တင်ခြင်း သင်တန်းကို ဆရာခွန်ဝင်းအောင် ကသင်ပေးသည်။ ဆရာ မောဇက်နှင့် ဆရာဇော်ဂျာတို့က မြန်မာဘာသာဖြင့် ခရစ်ယာန် အသက်တာကို၎င်း၊ ဖလမ်းဘာသာဖြင့် ဆရာယောရှုက ကယ်တင်ခြင်း၊ ဆရာဟရန်းလှယ်ခွဲနှင့် ဆရာအဲန်းတို့က ကယ်တင်ခြင်းကို၎င်း၊ သင်ပေး ကြသည်။ ခလေး သူငယ်များလည်း ဆရာမများ ကသင်ပေးကြပါသည်။ သင်တန်းတိုင်း၌ အားရကျေနပ် ကြကြောင်း၊ ကယ် တင်ခြင်းရှင်းလင်းသွား သူများလည်းရှိကြောင်း သိရှိရပါသည်။ ဆရာမဟန္န ဦးဆောင်၍ အိမ်ရှင် အသင်းသားများနှင့် ဧဝံဂေလိ ဆရာများကလည်း စားသောက်စရာများကို နိင်နင်းစွာ ကျွေးမွေး နိင်ကြသောကြောင့် ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။
ပွဲတော် ကြီး၌ သာသနာ ပြုဆရာဆရာမ ၈ ဦးကို အသင်းချုပ်မှအမှုတော်ဆောင်အဖြစ် အသိအမှတ်ပြုကြပါသည်။ ဒေသန္တရ အသင်းတော်များမှဆရာ ၅ ဦး ကိုလည်း အမှုတော်ဆောင်များ အဖြစ် ဆုတောင်း ပေးအသိအမှတ်ပြု ကြသည်။ သင်း အုပ် ဆရာအဖြစ် ဆရာသုံးပါက ိုသော်၎င်း၊ သိက္ခာတော်ရ အဖြစ် ဆရာနှစ်ပါးကိုသော်၎င်း၊ အသိအမှတ်ပြုဘိသိက်ပေးကြပါသည်။ သာသာနပြုဒါရိုက်တာကိုလည်း ကုန် ပြုခြင်းနှင့် ဆုပေးခြင်း ပြုလုပ် ကြပါသည်။
အတ္တလန်တာမြို့ရှိ မြန်မာသတင်းကောင်း နှစ်ခြင်း အသင်းတော် (MGBC)ကိုလည်း၊ အသင်းချုပ်၌ အသင်းတော် တပါးအဖြစ် လက်ခံအတည်ပြုကြကာ ဇူလိုင် လ ၁၀ ရက်နေ့တွင် အသင်းချုပ်ဥက္ကဌနှင့် အတွင်းရေးမှုး ဦးဆောင်၍ ဆုတောင်း ပွဲပြု လုပ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်အတွင် အသင်းတော် အသစ် ၄ ပါးစတင်နိုင်သောကြောင့်
ယခုအခါ အမေရိကန်ပြည် ထောင်စု၌ သတင်းကောင်း နှစ်ခြင်း အသင်းတော် အပါး ပေါင်း၁ရ ပါးရှိလာပြီ ဖြစ်ပါသည်။ အသင်းတော်များလာသောကြောင့် ဒေသအ လိုက်အဖွဲ့ချုပ် သုံးခုအနေဖြင့် ဖွဲ့စည်းလိုက်ပါသည်။ မစ်အတ္တလန်တိတ်အဖွဲ့ချုပ် (Mid- Atlantic Association) ၌ အသင်းတော် သုံးပါး၊ မစ်ဝက်စတင် (Mid-West Association) အဖွဲ့ချုပ်၌ အသင်းတော် ၈ ပါး၊ စောက် အိစ် (South-East Association) အဖွဲ့ချုပ်၌ အသင်းတော် ၆ ပါးတို့ ဖြစ်သည်။ ချီဆောင်ခြင်း မဖြစ်သေးပါက ၂၀၁၈ ခုနှစ်သတင်းကောင်း ပွဲတော် ကြီးကို ြအေအူန ဃမနနု မြို့၌ ကျင်းပဘို့ရန် ရှိပါသည်။ ယုံ ကြည်သူတိုင်း ဂိုဏ်းဂဏမရွေးပါဝင်ဘို့ရန် ဘိတ်ခေါ်ပါသည်။
အမှုတော်ဆောင်သင်တန်း
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် သတင်းကောင်း ပွဲတော်ကြီး အပြီး၊ ဇူလိုင်လ ၅ ရက်နေ့မှစ၍ ၃၁ ရက်နေ့အထိ၊ ပျောက်ဆုံးဝိညာဉ် များဖမ်းနည်း၊ ဝိညာဉ် ခလေးများပြုစုပျိုးထောင်နည်း၊ ယုံကြည်ခြင်းနှင့် အသက်ရှင်လုပ်ဆောင်နည်းနှင့် ခေတ်ကာလ များအကြောင်းကို၊ အင်ဒီယာနာပုလစ်သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ ကျင်းပလျက် ရှိပါသည်။ အမှုတော်ဆောင်ချင် သူတိုင်း အခမဲ့တက်ရောက် ကြပါသည်။ အထူးသဖြင့် လူငယ်လူရွယ်များ၊ မိမိတို့၏ အရွယ်အကောင်းဆုံးကို ဘုရားသခင်အတွက် ပေးကြပါ။ ခရစ်တော် ကအမှုတော်ဆောင်ဘို့ရန် မည်သူကိုမျှ အတင်း မခေါ်ပါ။ သို့သော် အမှုတော်ဆောင်ချင်သောသူတိုင်းကို လက်ခံပါသည်။ အမှုတော်ဆောင်ဘို့ရန်၊ အင်္လိပ်စာနှင့် စကား တတ်လျှင် အလွန် ကောင်းပါသည်။ သို့သော် မတတ်လျှင်လည်း ဆောင်နိင်ပါသည်။ ကျမ်းစာကျောင်းအောင်လျှင် အလွန် ကောင်း ပါသည်။ သို့သော် ကျမ်းစာကျောင်းမတက်ဘူးလျှင်လည်း ဆောင်နိင်ပါသည်။ စိတ် ဝင်စားသောသူတိုင်း ဘိတ်ခေါ်အပ်ပါသည်။
ကျန်းမာရေးကဏ္ဍ
ဆေးချို ရောဂါ Diabetes
ဆီးချို ရောဂါကို နှစ်မျိုးခွဲထားသည်။ Type 1 Diabetes ဆီးချို ၁နှင့် ESihfType 2 Diabetes ဆီးချို ၂တို့ ဖြစ်သည်။ လူအများစု၌ ဆီးချို ၁သည် ခလေးများ၌ ရှိတတ်သည်။ လူအများစုသည် ဆီးချို ၂ ရှိ ကြသည်။
ဆီးချိုရှိသည့်လက္ခဏာများ
၁။ ဆီး (အပေါ့) ခဏခဏသွားတတ်သည်။
၂။ အရမ်းရေငတ်ခြင်း၊ ထမင်းစားနေသော်လည်း အရမ်းဆာခြင်း ဖြစ်တတ်သည်။
၃။ အလွန်ပင် ပန်းတတ်သည်။
၄။ မျက်စိကောင်းစွာ မမြင်နိုင်၊ မှုန်ဝါးဝါး ဖြစ်မည်။
၅။ အသား ပွန်းပဲ့ဒဏ်ရာရသောအခါ အနာကျက်ဘို့ ခက်သည်။
၆။ ပို၍ အစာစားသော်လည်း ကိုယ်အလေးချိန်လျော့သည်၊ (ဆီးချိုအမျိုး၁)
ရ။ လက်နှင့် ခြေထောက်နာကျင်သည်၊ ထုံသည်၊ တရွရွ ( Tingling) ဖြစ်သည်။ (ဆီးချိုအမျိုး၂)
ဖြစ်ရခြင်း အကြောင်းရင်းများ
၁။ Pancreas ပင်ခရက် (စ) ကလုံလောက်သော insulin အင်စိုလင်မထုတ်သောကြောင့် ဖြစ်သည်။
၂။ သင်၏ ကိုယ်ခန္ဓာမှထုတ်သော insulin အင်စိုလင်သည် အလုပ်မလုပ်သောကြောင့် ဖြစ်သည်။
၃။ သင်၏ အသဲသည် အချိုထုတ်မှုများလွန်းသည်။ သွေးထဲ၌ အချိုဓါတ်စုခြင်းများလာလျှင် ကြီးမားသော ကျန်းမာရေး ပြသနာ ဖြစ်နိုင်သည်။ ဆေးချို ၂ ကုသခြင်း၏ ရည် ရွယ်ချက်မှာသွေး၌ အချိုဓါတ်လျှော့ဘို့ရန် ဖြစ်သည်။ သတိထားရမည့် အချက်မှာသွေး ထဲ၌ အချိုဓါတ်နည်းလွန်းလျှင်လည်း မကောင်းချေ။
မည်ကဲ့သို့ ဆီးချိုမ ဖြစ်ဘို့ ကာကွယ်မည်နည်း
မီးမလောင်ခင်တား ဟုဆို သကဲ့သို့၊ မည်သည့် ရောဂါမဆိုမ ဖြစ်မှီကာကွယ်ဘို့ လိုသည်။ လူအများစု ခံယူချက်မှားသည်မှာ၊ ငါဆီးချိုမ ဖြစ်သေးဘူးဟု ကြိုက်သ လိုစားသောက်နေထိုင်ကြခြင်း ဖြစ်သည်။ ဆီးချိုသည် ရရှိ ပြီးလျှင် မပျောက်နိုင်သလောက် ဖြစ်သောကြောင့် မဖြစ် ခင်ကတည်း ကသတိထားဘို့ လိုသည်။ ဆီးချို ဖြစ်ပြီးလျှင် အခြားရောဂါများ အဓိကအားဖြင့်၊ နှလုံးနှင့် ဦးနှောက်သွေးကြောပိတ်ခြင်း၊ ကျောက် ကပ်နာခြင်းများဖြစ်နိုင် သောကြောင့် အလွန် ကြောက်စရာ ကောင်းသည်။
ဆီးချိုမ ဖြစ်ဘို့ ကာကွယ်ရမည့် အချက်များမှာ၊
၁။ ကိုယ်လက်လှုပ်ရှား၊ လေ့ကျင့်ခန်း ပြုလုပ်ဘို့ လိုသည်။
၂။ ဖိုင်ဗာ fiberများသော အစာ၊ များများ စားရန် (စားရမည့် အစာများတွင် ဖေါ်ပြသည်)
၃။ ဆန်ကြမ်း (ြမသတည မငခန) ဂျုံကြမ်း (တ့သူန ါမေငည) စားပါ။
၄။ ကိုယ်အလေးချိန်လျှော့ချပါ။
၅။ တိရစ္ဆာန်အဆီများရှောင်ပါ။
စားရမည့် အစာများ
၁။ အသားထက် ပဲ အမျိုးမျိုး ပို၍ စားပါ။ ပရိုတင်းအသား ဓါတ်များသည်။
၂။ အရောင်ရင့်သော ဟင်းရွက်များများစားပါ။ မုံညင်း၊ စပီးနပ်ရွက်များ
၃။ ရှောက်ခါးသီး Grapefruit လိမ္မော် oranges သံပုယို lemons သံပုရာ limes များစားပါ။
၄။ အာလူးထက် ကဇွန်းဥSweet Potatoes စားပါ။
၅။ ဘလူးဘယ်ရီ blueberries စတော် ဘယ်ရီstrawberries စားပါ။
၆။ ခရမ်းချဉ်သီး Tomatoes များများ စားပါ။
ရ။ ငါးသား Salmon များများ စားပါ။
၈။ ဆန်ကြမ်း whole grain ဂျုံကြမ်းစားပါ။
၉။ နပ် walnuts and flax စားပါ။
၁၀။ ပါးစပ်ကကြိုက်တာမစားနှင့်၊ ကိုယ်ခန္ဓာအတွက် ကောင်းမည့် အစာစားပါ။
အောက်ပါ တနဘစေါနများထဲမှကောက်နှုတ်ရေးသားခြင်း ဖြစ်ပါသည်။
http://www.januvia.com/sitagliptin/januvia/consumer/what-is-diabetes/index.xhtml
http://www.medicinenet.com/diabetes_mellitus/article.htm