GOODNEWS
  HOME  GOODNEWS  2016 JUN
 


အမှာစာ

 ဘုရားသခင်၏ ကျေးဇူးတော် ယနေ့ တိုင်ခံစား ကြသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ ဤလောကသည် ဘုရားက ဖန်ဆင်း၍ သူ၏ အကြံအစည်အတိုင်း သွား နေပါသည်။ ထိုအရာကို ကျမ်းစာနှင့် ကမ္ဘာ့ အဖြစ်အပျက်များ ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ ကျမ်းစာလည်း မဖတ် နားမလည်၊ ကမ္ဘာပေါ်၌ ဖြစ်ပျက်သော အရာများကိုလည်း မသိလျှင်၊ အချိန် နားမလည် နိုင်ပါ။အချိန် နားမလည်ခြင်းအားဖြင့် ဆုံးရှုံးမှု များစွာ ရှိပါသည်။ ခရစ်တော် ကဖာရိရှဲများထံ၊ “သင်တို့သည် ညဦးယံ၌ ပြောဆို တတ်သည်ကား၊ ယခုမိုဃ်းတိမ်နီသည် ဖြစ်၍ မိုးကြည်လင်လိမ့်မည် ဟုဆိုတတ်ကြ၏။ နံ နက်ယံ၌ကား၊ ယခုမိုးအုံ့လျက် ရှိ၏။ နီမောင်းသော အဆင်းလည်းရှိ၏။ ယနေ့ မိုဃ်း သက်မုန်တိုင်း လာလိမ့်မည် ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သော သူတို့၊ သင်တို့သည် မိုဃ်း ကောင်းကင်၏ မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ မသိနိုင်ကြ။” (မ ၁၆:၂-၃)ဟု အပြစ်တင်ခဲ့ဘူးသည်။ ကပ်ကာလ မသိ သောကြောင့် ပျက်စီးတော့မည့်လောကကို အလွန် ချစ်ကြသေးသည်။ နှစ်ပေါင်း များစွာ အသက်ရှင်ဦးမည်ကဲ့သို့ လောဘကြီး ကြသေးသည်။ ပေတရု၏ စာအားဖြင့် အကြံ ပေးလိုပါသည်။ “သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့် တကွပျောက် သွားလိမ့်မည်။ လောက ဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီး ကိုယ်မှစ၍၊ မြေကြီးပေါ်မှ ာ ပြုလုပ် သမျှသောအရာ တို့သည် ​ကျွမ်းလောင်ကြလိမ့်မည်။ သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုဃ်းကောင်းကင်သည် မီးနှင့် ပျက်၍ လောက ဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်း ဟူသော၊ ဘုရားသခင်၏ နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မြော်လင့် တောင့်တလျက်၊ သန့်ရှင်းသော အကျင့်ကို ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း အားဖြင့်၊ အဘယ်သို့ သောသူ ဖြစ်အပ်ကြသနည်း။” (၂ ပေ ၃:၁၀-၁၂) 

  • ဖခင်များ နေ့
  • ထာဝရ အသက် 
  • ပဋ္ဋိညာဉ် တရားဟောင်းနှင့် အသစ်
  • ကျမ်းစာဖတ်ကြစို့ (ဟေဗြဲ ၇) 
  • အသင်းတော် ဖွင့်ပွဲ
  • သတင်းကောင်း ပွဲတော်ကြီး 
  • အမှုတော်ဆောင်သင်တန်း
  • ကျမ်းမာရေးကဏ္ဍ

 

 


ဖခင်များနေ့


ယခုနှစ်ဖခင်များ နေ့သည်၊ ဇွန်လ ၁၉ ရက်နေ့၌ ကျရောက်သည်။ ဖခင်များနေ့ ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်သည်၊ ဖခင်များကို ဂုဏ်ပြုလေးစားခြင်း ဖြစ်သည်။ ဖခင်အသက်ရှင် သေးသော သားသမီး များအနေဖြင့်၊ ဖခင်များကို အသက်ရှင် ခိုက်ရိုသေလေးစား၊ ဂရုစိုက်ဘို့ လိုသည်။ သေပြီးမှနောင်တ ရနေလျှင်လည်း အကျိုးမရှိပါ။ ဖခင်များ နေ့နှင့် ပတ်သက်၍၊ သားသမီး များတာဝန်နှင့် ဖခင်များ၏ တာဝန်ကို ဖေါ်ပြလိုပါသည်။ 

သားသမီးတာဝန် 

 သားသမီး များ၏ ဖခင် အပေါ်တာဝန်သည်၊ ချစ်ခြင်း၊ စကား နားထောင်ခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ တို့ ဖြစ်သည်။ ယခုခေတ်သည် မိဘများကို မရိုသေသောခေတ် ဖြစ်သည်။ အစိုးရနှင့် လူမှု အသိုင်းအဝိုင်းက၊ သားသမီးများကို ဦးစားပေးသောခေတ် ဖြစ်သည်။ မိဘများက သားသမီးများကို ဆူဆုံးမခွင့်မရှိသော ခေတ်ရောက် နေပြီ။ ထိုအရာသည် စာတန်၏ လှည့်စားမှု ကနိင်နေခြင်း ဖြစ်သည်။ ခလေးများကျောင်းတက်သည်နှင့် တပြိုင်နက်၊ မိဘများ ကရိုက်လျှင် ၉၁၁ ခေါ်ဘို့ သင်ပေးသည်။ ထို့ကြောင့် မိဘများက သားသမီးများကို မဆုံးမတတ်သည့်ကြားက၊ မဆုံးမ ရဲတော့ဘဲ သားသမီး များပျက်စီးဘို့ ရေလာမြောင်းပေးလုပ်ပေးသည့်ခေတ် ဖြစ်သည်။ သို့သော် သားသမီး များအနေဖြင့်၊ ပတ်ဝန်းကျင်ကမည်ကဲ့သို့ သင်ပေးပါစေ၊ ကျမ်းစာ အတိုင်း မိဘကို ရိုသေဘို့ လိုသည်။ 

ကျမ်းစာ၌၊ “သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့် အညီ မိဘ စကားကို နားထောင် ကြလော့။ မိဘစကားကို နားထောင်ခြင်း အမှုသည် တရားသောအမှု ဖြစ်၏။ မိဘကို ရိုသေစွာ ပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍၊ အသက်တာရှည်မည်အကြောင်း ဟူ၍၊ ဂတိတော်နှင့် ဆိုင်သော ပဌမ ပညတ် ဖြစ်၏။” (ဧဖက် ၆:၁-၃)ဟု ပေါလုကရေးထားသည။ မိိဘသည် အဘယ်ကြောင့်ရိုသေဘို့ လိုသနည်း။ မိဘမရှိဘဲ သားသမီး မရှိနိုင်ချေ။ မိဘသည် 
အစားထိုး လဲမရှိနိင်ပါ။ မိဘသည် ပညာရှိမှ၊ တော်မှ၊ တတ်မှသာ ရိုသေရမှာ မဟုတ်၊ မတော် မတတ်လျှင်လည်းရိုသေရမည်။ ရိုသေခြင်းသည် သားသမီး များ၏ အတတ် နိုင်ဆုံးသောအရာ ဖြစ်သည်။ မိဘများကို မည်မျှပင်​ကျွေးမွေး ထောက်ပံ့နိုင်သော် လည်း၊ မရိုသေမလေးစားလျှင် အကျိုးမရှိချေ။ “မိဘကို ကျိန်ဆဲသောသူသည်၊ အသေ သတ်ခြင်းကို အမှန်ခံရမည်။” (ထွက် ၂၁:၁ရ)ဟု ဘုရားသခင်က ဆိုထားသည်။ 

ကျမ်းစာထဲမှ ဖခင်စကား နားထောင်သော ပုံသက်သေကောင်းများ ကြည့်ကြပါစို့။ 

သခင်ယေရှု 

“ယေရှုက၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။” (ယော ၄:၃၄) “ယေရှုက လည်း၊ သင်တို့အား ငါ့အမှန်အကန်ဆိုသည်ကား၊ ခမည်းတော် ပြုတော်မူသော အမှုကိုသားတော်သည် မြင်၍ သာပြု၏။ မိမိအလိုအလျောက်အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှ အတိုင်း သားတော်လည်း ပြု၏။” (ယော ၅:၁၉) “ငါသည်ကိုယ် အလိုအလျောက်အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည် အတိုင်း တရား စီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏။” (ယော ၅:၃၀) “အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ လိုက်ခြင်းငှါ ကောင်းကင်မှ ဆင်းသက်သည် မဟုတ် ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့ လိုက်ခြင်းငှါ ဆင်းသက်၏။” (ယော ၆:၃၈) 

သခင်ယေရှု ဤလောက ကသို့ ကြွရောက် လာခြင်း၌ အဓိပ္ပါယ်နှင့် ရည်ရွယ်ချက် များစွာရှိသည်။ ထိုအရာများ အထဲ၌သား အနေဖြင့် ဖခင်ကို မည်ကဲ့သို့ နားထောင် သင့်သည် ဟူသောအရာ ကို၊ သူကိုယ်တိုင် အသက်တာအားဖြင့် ပြသသွားသည်။ သူသည် ခမည်းတော်၏ စကားကို လုံးဝ နာခံသည်။ သူ့သဘောကို ရှေ့တန်းမတင်ချေ။ ခမည်းတော် လုပ်သည့်အတိုင်း သာ လုပ်သည်။ ထို့ကြောင့် ဤကဲ့သို့ ဆုတောင်း နိုင်သည်၊ “အ​ကျွန်ုပ်သည် မြေကြီးပေါ်မှ ာ ကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါပြီ။ အ​ကျွန်ုပ် ဆောင်ရွက်စရာဘို့ အ​ကျွန်ုပ်၌ အပ်ပေးတော်မူသော အမှုကို အ​ကျွန်ုပ်ဆောင်ရွက်၍ ပြီး ပါပြီ။” (ယော ၁ရး၄)။ ထို့ကြောင့် ခမည်းတော်က၊ “ကိုယ်တော်ကို အလွန် ချီး မြှောက်၍ ဘွဲ့နာမတကာတို့ထက်ကြီး မြတ်သောဘွဲ့နာမတော်ကို ပေးသနားတော်မူ၏။” (ဖိလိ ၂:၉)။ သားသမီး တိုင်း အတွက် စကားအားဖြင့်သာမက၊ အသက်တာအားဖြင့် ပုံသက်သေကောင်းပြသသွားသည်။ 

ရေခပ်သားများ

ရေခပ်သား များသည် သူတို့၏ ဖခင်ယောနဒပ်စကားကို နားထောင်၍ ဘုရားသခင် ကိုယ်တော်တိုင် ချီးကျူးသော စကားမှာ “စပျစ်ရည်ကို မသောက်ရဟု၊ ရေခပ်သား ယောနဒပ်သည် မိမိသားတို့၌ ထားသော ပညတ်စကား အတိုင်း၊ သူတို့သည် ကျင့်၍ ယနေ့ တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲ နေလျက်၊ အဘ၏ ပညတ်စကားကို နားထောင် ကြ၏။” (ယေရမိ ၃၅:၁၄) ဟုဆိုသည်။ 

ဘုရားသခင်က ရေခပ်သားများက သူတို့၏ ဖခင်ယောနဒပ်စကား နားထောင်ခြင်းကို၊ ယေရမိအားဖြင့် ယုဒလူများ ကဘုရား စကား နားမထောင်ခြင်း အတွက် ပုံ သက်သေအနေဖြင့် ခိုင်းနှိုင်းပြောသွားသည်။ ရေခပ်သား များသည် ယောနဒပ်၏ စကားကို နားထောင် လိုက်နာ ကြသည်။ ထို့ကြောင့် ဘုရားသခင်က၊ “သင်တို့သည် သင်တို့ အဘယောနဒပ်၏ ပညတ်စကားကို နားထောင်၍၊ သူစီရင်ထုံးဖွဲ့သမျှ အတိုင်း ကျင့်စောင့်သောကြောင့်၊ ရေခပ်သား ယောနဒပ်အမျိုး၌ ငါ့အမှု ထမ်းတို့သည် အစဉ် ရှိကြလိမ့်မည်ဟု ဣသရေလ အမျိုး၏ ဘုရားသခင်က ောင်းကင် ဗိုလ်​ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။” (ယေရမိ ၃၅:၁၈-၁၉)။ သားသမီး တိုင်းလည်းရေခပ်သားများကဲ့သို့ မိဘစကားကို နားထောင် သင့်သည်။ 
 
ဖခင်တာဝန် 

ဖခင်များ နေ့၌ ဖခင်များ၏ တာဝန် ကိုလည်း အနည်းငယ် ဖေါ်ပြလိုပါသည်။ ဖခင်၏ တာဝန်များမှာ၊ သားသမီးများကို ​ကျွေးမွေးခြင်း၊ သွန်သင်လမ်းပြခြင်း၊ ချစ်ခြင်း၊ စောင့်ရှောက်ခြင်း၊ ဆုံးမခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ တို့ ဖြစ်သည်။ ထိုအရာများကိုမျှ မျှတတ အသုံးပြုတတ်ရမည်။ အချို့သော ဖခင်များသည်၊ သားသမီးများကို ​ကျွေးမွေးခြင်း၊ ချစ်ခြင်း၊ စောင့်ရှောက်ခြင်း များကိုသာ လုပ်၍ သွန်သင်ခြင်းနှင့် ဆုံးမခြင်း မရှိ ကြချေ။ သားသမီးများကို အလိုလိုက်၍ ဖျက်ဆီး နေကြသည်။ စကား နားမထောင်သော သားသမီး များသည်၊ မိဘက အလိုလိုက်သောကြောင့် အဓိက ဖြစ်သည်။ သို့သော် မိဘများသည် သားသမီးများကို ချစ်လွန်းသောကြောင့်၊ အလိုလိုက်မှန်းပင်မ သိကြချေ။ သားသမီး များ၏ အလိုဆန္ဒကိုသာ လိုက်၍၊ မဆုံးမသောကြောင့် သူတို့သည် ရိုင်းသော စိတ်ရှိ၍၊ လူတောထဲ၌လည်း မိဘမျက်နှာပျက်စေတတ်သည်။ သားသမီး အလိုလိုက်ခြင်းသည် ချစ်လွန်းခြင်း၊ လူစင်မမှီ၊ ကျန်းမာရေးချို့တဲ့၍ သနားခြင်းတို့ ကြောင့့်် ဖြစ်တတ်သည်။ သို့သော် မိဘ၏ တာဝန်မှာ၊ နားမထောင်လျှင် ဆုံးမဘို့ ဖြစ်သည်။ ဆုံးမလျှင်လည်း နည်း အမျိုးမျိုးရှိသည်။ အချို့သော မိဘများသည်၊ သားသမီးများကို အဆမတန်ဆုံးမတတ်ပြန်သည်။ မိန်းမနှင့် စိတ်ဆိုးလျှင်လည်း သားသမီးများကို မဆီမဆိုင်အသား ကုန်ရိုက်တတ်သည်။ ထိုသို့ဖြစ်တတ်သောကြောင့် အစိုးရက သားသမီးများကို ရိုက်ခြင်း တားမြစ်ခြင်း ဖြစ်သည်။ 

ကျမ်းစာ၌ ဖခင်သည်သားများကို ဆုံးမလေ့ရှိကြောင်း ဤသို့ ရေးထားသည်၊ “အဘမဆုံးမသောသား တစုံတယောက် ရှိသလော။သား အပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲ နေလျှင်၊ သား အရင်း မဟုတ်၊ မင်းဦးမင်းလွင် ရသောသား ဖြစ်ကြ၏။” (ဟေ ၁၂:ရ- ၈)။ ဘုရားသခင်ကလည်း သူချစ်သောသားတို့ကို ဆုံးမတတ်သည်၊ “ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေ နှင့်။ သင်၏ အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်စေနှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ တတ်၏။ နှစ်သက်တော်မူသော သားကို ဒဏ်ခတ်တော်မူ တတ်၏။” (သုတ္တံ ၃:၁၁-၁၂)။ ထို့ကြောင့် ဆုံးမခြင်းသည် ဘုရား၏ နည်းလမ်း ဖြစ်သည်။ ဆုံးမခြင်းနှင့်အတူ သွန်သင်ခြင်းလည်း လိုအပ်သည်။ ဖခင်များသည် သားသမီးများကို အရာခပ်သိမ်းသင်ပေးဘို့ လိုအပ်သည်။ အဓိကအားဖြင့် ဘုရား အလိုတော်၊ ကျမ်းစာကို သင်ပေးဘို့ လိုသည်။ သို့သော် ဖခင်အများစုသည် သားသမီး များဘုရား သိဘို့၊ ကယ်တင်ခြင်းသို့ ရောက်ဘို့၊ ကောင်းကင်နိင်ငံရောက်ဘို့ အရေးကို ဂရုမစိုက်မသင်ပေးကြချေ။ အကြောင်းမှာ ကိုယ်တိုင်လည်း ထိုအရာများကို မသိ၊ ဂရုမစိုက်ခြင်းကြောင့် ဖြစ်သည်။

ကျမ်းစာထဲမှဖခင်ကောင်းများ အနည်းငယ် ဖေါ်ပြလိုပါသည်။ 

ဘုရားသခင် 
ဘုရားသခင်သည် ဖခင်ကောင်းပီသသည်။ လူသားများကို ချစ်၍ သနားသည်၊ “အဘသည်သားတို့ကို သနားစုံမက်သည် နည်းတူ၊ ထာဝရဘုရားသည် ကြောက် ရွံ့သော သူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား၊ ငါတို့ ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။” (ဆာ ၁၀၃ ; ၁၃-၁၄)။ ဘုရားသခင်သည် သူ၏သားတို့ကို ဆုံးမတော်မူသည်၊ “ထာဝရဘုရား ဆုံး မတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏ အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မ ပျက်စေနှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ တတ်၏။ နှစ်သက်တော်မူသော သားကို ဒဏ်ခတ်တော်မူ တတ်၏။” (သုတ္တံ ၃:၁၁-၁၂)။ ဘုရားသခင်သည် လူသားများကို သွန်သင်တော်မူ၏။ 

အာဗြဟံ

“ထာဝရဘုရားကလည်း၊ ငါပြုမည်အမှုကို အာဗြဟံအား မဘော်မပြဘဲ ဝှက်ထားရမည်လော။ အာဗြဟံသည်ကြီး မြတ်၍၊ တန်ခိုးနှင့် ပြည့်စုံသော လူမျိုးများ ဖြစ်လိမ့်မည်။ လူမျိုး အပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီး မင်္လာကို ခံရကြလိမ့်မည်။ အကြောင်းမူကား၊ သူသည် မိမိနောက်၌ ဖြစ်သော သားများ၊ အိမ် သူများတို့အား ပညတ်မည်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား၏ တရားလမ်းသို့ လိုက်၍၊ ဟုတ်မှန်​ဖြောင့်မတ်စွာ ကျင့်ကြလိမ့်မည်။ သို့ဖြစ်၍ ဂတိတော် ရှိသည် အတိုင်း၊ ထာဝရဘုရားသည် အာဗြဟံ၌ ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော် ရှိ၏။” (က ၁၈:၁ရ- ၁၉)။ အာဗြဟံသည် ဘုရားသခင်က ဖခင်ကောင်း ဖြစ်လိမ့်မည် ဟုဆိုသည်။ ထိုနည်းတူ ဖခင်တိုင်းလည်း ဘုရား၏ စိတ်ချသောသူ၊ သားသမီးများကို သွန်သင်သောသူ ဖြစ်ဘို့ လိုအပ်သည်။ 

ယောဘ

“ယောဘ၏သားတို့သည် နှစ်စဉ်အတိုင်း၊ အသီးအသီး ဘွားသော နေ့ရောက်လျှင်၊ မိမိတို့ အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်း ခေါ်၍ အတူ စားသောက်လေ့ ရှိကြ၏၊၊ ပွဲခံသော နေ့ရက်လွန်သောအခါ၊ ယောဘသည် သူတို့ကို ခေါ်၍ သန့်ရှင်း စေပြီးလျှင် နံနက် စောစော ထ၍ သူတို့ အရေအတွက် အတိုင်း မီးရှို့သော ယဇ်ကို ပူဇော် လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပယ်ကြပြီလောဟု ယောဘအောက်မေ့၏၊ ထိုသို့ ယောဘသည် အစဉ်ပြုမြဲ ရှိ၏၊၊ ” (ယောဘ ၁:၄-၅)။ ယောဘသည် ဖခင်ပီသသည်။ သူ့သားသမီး များအတွက် ဘုရား ထံအပြစ် ပြုလုပ် မှာစိုးသောကြောင့် မီးရှို့ရာ ယဇ်ပူဇော်လေ့ရှိသည်။ ယနေ့ ဖခင် အချို့တို့သည် သားသမီး များအတွက် ဆုမတောင်းပေး၊ ဘုရားကို ယုံကြည်ကိုးစားဘို့ ပုံသက်သေမပြနိုင်ကြချေ။ မိခင်များက ဦးဆောင်ဘို့လိုသောသူရှိ သကဲ့သို့၊ အချို့သော ဖခင်များသည် မိခင် ဦးဆောင်မှုကို ပင်နှောက်ရှက်သောသူများလည်းရှိတတ်သည်။ အမှန်မှာ ဖခင်များသည် သားသမီး များ၏ ကိုယ်ကာယနှင့် စိတ်ပိုင်းအတွက်သာ မဟုတ်၊ ဝိညာဉ်ပိုင်းအတွက် ပါ ဦးဆောင်လမ်းပြသင့်သည်။ 

ထာဝရ အသက် 

သက်ရှိသတ္တဝါတိုင်းသည် အသက်ရှင်ခြင်းကို လိုချင် ကြသည်။ ယင်ကောင်၊ ခြင်ကောင်များလည်း၊ သတ်မည်ကြံလျှင်၊ ပျံသန်းသွား ကြသည်။ လူလည်း သေချင်သည် ဟုဆိုသော်လည်း ဖျားနာသောအခါ၊ မသေချင် သောကြောင့်၊ ဆရာဝန်ထံချဉ်း ကပ်ကုသခြင်းကို ခံကြရသည်။ လူတိုင်း မသေချင် သောကြောင့်၊ အလုပ်လုပ် ကြသည်။ သေချင်လျှင် အလုပ်မလုပ်ဘဲ၊ အစာငတ်ခံ၍ သေသွားနိုင်သည်။ သို့မဟုတ် နည်းအ မျိုးမျိုးဖြင့် အသက်ကို ဆုံးစေနိုင်သည်။ ဒုက္ခ ပြသနာများလှသော၊ ဤသခ်ါရ (ခဏ) အသက်ပင်လျှင် ထိုသို့ နှမျောလျှင်၊ သုခချမ်းသာ မည့် ထာဝရ အသက်ကို၊ အမှန်တကယ် သိပါက၊ မလိုချင် သောသူ လုံးဝ ရှိမည် မဟုတ်ချေ။ 

ထာဝရ အသက် အခမဲ့ပေး

လူ မတတ်နိုင်သော ထိုထာဝရ အသက်ကို အသက် ဖန်ဆင်းသော ဘုရားက၊ လူများကို အခမဲ့ပေးကြောင်း၊ ဤသို့ ရေးထားသည်၊ “ဘုရားသခင်သည်၊ ငါတို့အား ထာဝရ အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ ဘုရားသခင်၏ သားတော်ကို၊ ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော်ကို၊ မရသောသူမူကား အသက်ကို မရ။” (၁ ယော ၅:၁၁-၁၂)။ ထာဝရဘုရားကအခမဲ့ပေးသော ထိုအသက်ကို၊ မိတ်ဆွေ ရယူလိုပါသလား။ 

ထာဝရ အသက်သည် အဆုံးမရှိသော အသက်ဖြစ်သည်။ ထိုအသက်ကို ထာဝရဘုရားက၊ လူသားများကို ပေးသည်။ အချို့သော ဘာသာနှင့် အတွေးအခေါ် သမားများက၊ ထာဝရ အသက်ကို အလိုမရှိကြချေ။ အကြောင်းမှာ၊ ဒုက္ခ ပြသနာ များသည် အသက်ရှင်သောကြောင့် ဖြစ်သည်ဟု မြင် ကြသည်။ ထို့ကြောင့် ထာဝရ အသက်ရှင်ရလျှင်၊ ဒုက္ခ ပြသနာ ရှိဦးမည်ဟု ယူဆ၍ အလိုမရှိခြင်း ဖြစ်သည်။ သို့သော် ထိုအ ရာသည်၊ လူ၏ အတွေးအခေါ် ဖြစ်၍ မမှန်ချေ။ အသက်ကို ဖန်ဆင်းသော ဘုရားက၊ လူကို ထာဝရ အသက် ပေးကြောင်း၊ ဤသို့ ရေးထားသည်၊ “ဘုရားသခင်သည်၊ ငါတို့အား ထာဝရ အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ ဘုရားသခင်၏ သားတော်ကို၊ ရသောသူသည် အသက်ကို ရ၏။ ဘုရာသခင်၏ သားတော်ကို၊ မရသောသူမူကား အသက်ကို မရ။” (၁ ယော ၅:၁၁-၁၂)။ ထာဝရဘုရားကအခမဲ့ပေးသော ထိုအသက်ကို၊ မိတ်ဆွေ ရယူလိုပါသလား။ 

ထာဝရ အသက် ရှာသူ

သခင်ယေရှုထံသို့ “အရာရှိတယောက်က၊ ကောင်းမြတ်သော ဆရာ၊ ထာဝရ အသက်ကို အမွေခံ ရအံ့သောငှါ အ​ကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊ ၁၉ ယေရှုက၊ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင် တပါးတည်း သာကောင်းမြတ်တော်မူ၏။ ၂၀ သင်သည် ပညတ်တော်တို့ကို သိသည် မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကို မသတ်နှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သော သက်သေကို မခံနှင့်။ မိဘကို ရိုသေစွာ ပြုလော့ဟု မိန့်တော်မူလျှင်၊ ၂၁ အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သော အရွယ်မှစ၍ အ​ကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက်ပြန်သည်ကို ယေရှုသည် ကြားလျှင် သင်သည် တခုလိုသေး၏။ ၂၂ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသော သူတို့ အားပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။သို့ ပြီးမှလာ၍ ငါ့ နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။ ၂၃ ထိုသူသည် များစွာသော ဥစ္စာကို ရတတ် သောသူ ဖြစ်၍၊ ထိုစကားကို ကြားလျှင် အလွန် စိတ်မသာသည်နှင့် သွားလေ၏။”  (လု ၁၈:၁၈-၂၃) 

ထိုအရာရှိသည် လူအတွက် အဓိကလိုအပ်ချက် ဖြစ်သော၊ ထာဝရ အသက် ရရှိဘို့ရန် မေးခဲ့သည်။ ထို့အပြင် ထိုအသက် ပိုင်ရှင်ထံ၌ မေးခြင်းသည် အလွန် သင့် လျော်သည်။ ထို့သော်သူ မသိသည်မှာ၊ ထာဝရ အသက် ရရှိဘို့ရန်၊ လူ့ဘက်မှဘာ မှလုပ်ဆောင်၍ မရခြင်း ဖြစ်သည်။ ထို့ကြောင့် ယေရှုက၊ ထာဝရ အသက် ရလိုလျှင်၊ ပညတ်တော် လိုက်လျှောက်ဘို့ ပြောသည်။ အမှန်မှာ ပညတ်တော် လိုက်လျှောက်ခြင်းဖြင့် ထာဝရ အသက် မရနိုင်ပါ။ အကြောင်းမှာ မည်သူက မျှပညတ်တော်ကို မလိုက် လျှောက်နိုင်ချေ။ သို့ဖြစ်လျှင် အဘယ်ကြောင့်သခင်ယေရှုက၊ ပညတ်တော်ကို လိုက် လျှောက်ဘို့ ပြောသနည်း။ အကြောင်းမှာ သူ၏ အပြစ်ကို သိစေချင်သည်။ ပညတ် တော်သည် အပြစ်ကို ဖေါ်ပြသည် (ရော ရးရ)။ ထို့အပြင် ယေရှု မျှော်လင့်သည်မှာ၊ ပညတ်တော် မလိုက်လျှောက်နိုင်ပါ၊ ဟု ဖြစ်နိုင်သည်။ သို့သော် အရာရှိသည် ထင်သ ကဲ့သို့ မဟုတ်၊ ငယ်ရွယ်စဉ်မှစ၍ လိုက်လျှောက်ပြီ ဟုဆိုသည်။ ကျမ်းစာ ကပညတ်တော် လိုက်လျှောက်နိုင်သူတယောက်မျှ မရှိ ဟုဆိုသည် (ရော ၃:၁၀၊ ၂၀၊ ဂလာ ၃ ; ၁၁)။ ထိုအခါ သခင်ဘုရားက၊ ရှိသမျှ ရောင်း၍ ဆင်းရဲသားတို့ကို ပေးပြီးမှသူ့နောက် လိုက်ဘို့ ပြောသောအခါ၊ စိတ်ပျက်၍ ထာဝရ အသက် ပိုင်ရှင်ထံမှ ထွက်သွားသည်။ သူသည် ထာဝရ အသက်ထက်၊ လောက ပစ္စည်းကို တန်ဘိုး ထားမက်မောသည်။ 

ယနေ့ များစွာသော လူများလည်း၊ ထာဝရ အသက်ထက်၊ မမြဲသော ဤလောက ပစ္စည်းများကို တပ်မက်၍၊ ထိုအရာများ နောက်သို့ တကောက်ကောက်လိုက် ကြသည်။ သင်သည်် ထိုသို့ သောသူ ဖြစ်ပါသလော။ မိမိအသက်တာကို သေချာစွာ စမ်းစစ်စေ ချင်သည်။ 
         
အသက်သည် ဝိညာဉ် 

ခန္ဓာကိုယ်အသက်သည်၊ ဝိညာဉ် ဖြစ်သည်။ အကြောင်းမှာ ခရစ်တော်က၊ တရားစရပ်မှုး ယာဣရု၏ သမီးကို အသက် ပြန်သွင်းသောအခါ၊ သူမ၏ “စိတ် ဝိညာဉ် ပြန်လာ၍ မိန်းမငယ်သည် ချက်ခြင်း ထလေ၏။” (လု ၈:၅၅)။ သခင်ဘုရား ကိုယ်တော်တိုင်နှင့် ပတ်သက်၍၊ “ယေရှုသည်လည်း ကြီးသော အသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အ​ကျွန်ုပ်စိတ် ဝိညာဉ်ကို ကိုယ်တော် လက်၌ အ​ကျွန်ုပ်အပ်ပါ၏၊ ဟု မိန့်တော်မူလျက် အသက် ချုပ်တော်မူ၏။” (လု ၂၃:၄၆)ဟု တွေ့ရသည်။ ယေရှုသည် သူ၏ စိတ်ဝိညာဉ်ကို၊ ခမည်းတော် ထံအပ်သောအခါ၊ ခန္ဓာကိုယ်အသက် ဆုံးသည်။ 

၀ိညာဉ်အသက် ယေရှု 

ခန္ဓာကိုယ်အသက်သည် ဝိညာဉ် ဖြစ်သကဲ့သို့၊ ဝိညာဉ်၏ အသက်သည် သခင်ယေရှု ဖြစ်သည်။ “ယေရှုက၊ ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။” ပေါလုကယေရှုသည် ငါတို့၏ အသက် ဖြစ်ကြောင်း၊ ဤသို့ ရေးထားသည်၊ “ငါတို့ အသက် တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ၊ ငါတို့သည်လည်း ထိုသခင်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလတ္တံ။” (ကော ၃ ; ၄)။ ထို့ကြောင့် ထာဝရ အသက် ရလိုလျှင်၊ သခင်ယေရှုကို ရရှိရမည်။ သူ့ကို မရရှိဘဲ၊ ထာဝရ အသက် မရနိုင်ချေ။ ထို့ကြောင့် ယောဟန်က၊ သားတော်ကို ရသောသူသည်၊ အသက်ကို ရသည် ဟုဆိုရခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် သင်သည် သားတော်ကို ရရှိပြီး ပြီလော။ မရရှိသေးလျှင် ယခုပင်ခေါ်ဘိတ် လက်ခံပါ။ သခင်ဘုရားက၊ “ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာ ၃:၂၀)ဟု သင်၏ စိတ်နှလုံးတံခါးကို ဖွင့်ပေးဘို့ ခေါက် နေသည်။ သင်သည် စိတ်နှလုံးတံခါးကို ဖွင့်ပေးပါက၊ သူသည် ဝင်လာ၍ စားသောက်ခြင်းကို ပြုမည်။ အဘယ်ကြောင့်သခင်ယေရှုသည်၊ စားသောက်ခြင်းကို ပြောသနည်း ဟူမူကား၊ စားသောက်ခြင်းကို ပြင်ဆင်သောသူသည်၊ အိမ်ရှင် ဖြစ်သည်။ သူသည် သင်၏ အသက်တာ၌ ဝင်ရောက်သောအခါ၊ ဧည့်သည် အဖြစ် မဟုတ်၊ အိမ်ရှင် အဖြစ်ဝင်ရောက်မည် ဖြစ်သည်။ သူသည် သင့်ကို အုပ်စိုး၊ ဦးဆောင်မည် ဖြစ်သည်။ 

 

ပဋ္ဋိညာဉ်တရားဟောင်းနှင့် သစ်

Old and New Covenant

 


 
ပဋ္ဋိညာဉ်တရားကို အင်္လိပ်လို၊ Testament or Covenantဟု ခေါ်သည်။ အဓိပ္ပါယ်မှာလူနှစ်ဦး သို့မဟုတ် နှစ်ဖွဲ့ သဘောတူ ညီသော စာချုပ် ဖြစ်သည်။ ဓမ္မဟောင်း ကျမ်းကို အင်္လိပ်ကျမ်း၌ Old Testament (OT) ဟု ခေါ်၍၊ ဓမ္မသစ်ကျမ်းကို New Testament (NT) ဟု ခေါ်သည်။ မြန်မာကျမ်းစာအုပ်၌ အဘယ့်ကြောင့်၊ ဓမ္မဟောင်းနှင့် ဓမ္မသစ်ဟု ခေါ်သည်ကို မသိရပါ။ အင်္လိပ်ကျမ်းစာ ကဲ့သို့ ပဋ္ဋိညာဉ် တရားဟောင်းနှင့် ပဋ္ဋိညာဉ်တရားသစ်ဟု ခေါ်သင့်သည်ဟု ယူဆပါသည်။ ဘုရားသခင်သည်ခေတ် အဆက်ဆက်၌၊ လူများတို့ နှင့် ပဋ္ဋိညာဉ်ပြုခဲ့သည်။ နောဧနှင့် ပြုသော ပဋ္ဋိညာဉ်သည် နောက်တဖန် ကမ္ဘာကို ရေလွှမ်းမိုးခြင်းဖြင့် မဖျက်စီးဘို့ ဖြစ်သည် (က ၉:၁၆)။ အာဗြဟံနှင့် ပြုသော ပဋ္ဋိညာဉ်အရ၊ ခါနန်ပြည်ကို ပေးသည် (က ၁၅:၁၈)၊ သား စဉ်မြေးဆက် ပေးမည် (က ၁ရ)။ သို့သော် ပဋ္ဋိညာဉ် တရားဟောင်းသည်၊ ဣသရေလ လူများနှင့် သိနာတောင်တွင် ပြုလုပ် ခဲ့သည်။ 

ပဋ္ဋိညာဉ် တရားဟောင်း

ပဋ္ဋိညာဉ် တရားဟောင်းနှင့် ပတ်သက်၍ ကျမ်းစာ၌ အောက်ပါကဲ့သို့ တွေ့ရသည်။ “ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန် နားထောင်၍၊ ငါ့ပဋ္ဋိညာဉ်ကို စောင့်ရှောက်လျှင်၊ အခြားသော လူမျိုးတကာတို့ထက် သင်တို့သည်၊ ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ ဥစ္စာ ဖြစ်၏။ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး ဖြစ်ရကြ လိမ့်မည်၊ ဟူသော အမိန့်တော်ကို၊ ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။” (ထွက် ၁၉:၅-၆)။ ဤပဋ္ဋိညာဉ်ကို ဘုရားသခင်သည်၊ ဣသရေလ လူမျိုးနှင့် သိနာတောင်တွင် ပြုလုပ် ခဲ့သည်။ ဣသရေလ လူမျိုးများက ဘုရားသခင်၏ ပဋ္ဋိညာဉ်ကို စောင့်ရှောက်ပါက၊ သူတို့သည် လူမျိုးတကာတို့ထက် သူပိုင်ထိုက်သော ဘဏ္ဍာ ဖြစ်မည်။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုးလည်း ဖြစ်မည်။ 
 
ပဋ္ဋိညာဉ်တရားအသွေးဖြင့် တည်စေ

“တဖန် ထာဝရဘုရားက၊ သင်သည် အာရုန်၊ နာဒပ်၊ အဘိဟု အစရှိသော ဣသရေလ အမျိုး၊ အသက်ကြီးသူ ခုနစ်ကျိတ်နှင့်တကွ၊ ထာဝရဘုရား အထံတော်သို့ တက်၍၊ သူတို့သည် ဝေးဝေးကိုးကွယ်ကြစေ။ ၂ သင်တယောက် တည်းသာ ထာဝရဘုရား ထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသောသူမချဉ်းမကပ်ရ။ လူများတို့သည် သင်နှင့်အတူ မတက်ရကြဟု မောရှေအား မိန့်တော်မူ၏။ ၃ မောရှေသည်လည်း လူများတို့ ရှိရာသို့ လာ၍၊ ထာဝရဘုရား၏ စကားတော် အလုံးစုံကို၎င်း၊ စီရင်တော်မူ ချက်အလုံးစုံကို၎င်းပြန်ကြား၍၊ လူများ အပေါင်းကလည်း၊ ထာဝရဘုရား မိန့်တော်မူသမျှ အတိုင်း၊ အ​ကျွန်ုပ်တို့ ပြုပါမည်ဟု၊ တသံတည်း ပြန်ပြောကြ၏။ ၄ မောရှေသည်၊ ထာဝရဘုရား၏ စကားတော် အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက် စောစော ထ၍၊ တောင်​ခြေရင်း၌ ယဇ်ပလ္လင်ကို၎င်း၊ ဣသရေလ အမျိုးတစ်ဆယ်နှစ်မျိုးနှင့် အမျှ၊ ကျောက်တိုင်တစ်ဆယ်နှစ်တိုင်ကို၎င်းတည်လေ၏။ ၅ ဣသရေလ အမျိုးသား လူပျိုတို့ကို စေခိုင်းသည် အတိုင်း၊ သူတို့သည် နွားများကို ယူ၍၊ ထာဝရဘုရားရှေ့မှာ မီးရှို့သော ယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ကြ၏။ ၆ မောရှေသည်လည်း၊ အသွေး တဝက်ကို အင်တုံ၌ ထည့်၍၊ တဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းလေ၏။ ၇ ပဋ္ဋိညာဉ်စာ ကိုလည်း ယူ၍၊ ပရိသတ်များရှေ့မှာ ဘတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရား မိန့်တော်မူသမျှ အတိုင်း၊ အ​ကျွန်ုပ်တို့ ပြုပါမည်၊ နားထောင် ပါမည်ဟု၊ ပြောဆို ကြ၏။ ၈ မောရှေသည်လည်း၊ အသွေးကို ယူ၍ လူများအပေါ်မှာ ဖြန်းလျက်၊ ဤအသွေးကား ဤအမှု အရာတို့ တွင်၊ သင်တို့၌ ထာဝရဘုရား ဝန်ခံတော်မူသော၊ ပဋ္ဋိညာဉ်၏ အသွေး ဖြစ်သည်ဟု ပြောဆို၏။” (ထွက် ၂၄:၁-၈) 

လင်မယား လက်ထပ်သောအခါ၊ သင်းအုပ်ဆရာက သဘောတူ စာချုပ် ချုပ်ပေး သကဲ့သို့၊ မောရှေသည် ဘုရားနှင့် ဣသရေလ လူမျိုး အကြား၌၊ ပဋ္ဋိညာဉ်ပြု ပေးသောသူ ဖြစ်သည်။ ဘုရား ပြောသောစကား များကိုလည်း၊ မောရှေကရေးမှတ် ထား၍၊ ထိုစာကို ပဋ္ဋိညာဉ်စာဟု ခေါ်သည်။ မောရှေသည် ပဋ္ဋိညာဉ်စာကို ပရိသတ်များရှေ့မှာ ဘတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရား မိန့်တော်မူသမျှ အတိုင်း၊ အ​ကျွန်ုပ်တို့ ပြုပါမည်၊ နားထောင် ပါမည်ဟု၊ ဂတိပြု ကြသည်။ ပဋ္ဋိညာဉ်စာချုပ်ကိုလည်း နွားအသွေးအားဖြင့် တည်စေကာ၊ လူများ အပေါ်နှင့် ပဋ္ဋိညာဉ်စာ အပေါ်၌ ဖြန်း ကာ၊ ဤအသွေးကား ဤအမှု အရာတို့ တွင်၊ သင်တို့၌ ထာဝရဘုရား ဝန်ခံတော်မူ သော၊ ပဋ္ဋိညာဉ်၏ အသွေး ဖြစ်သည်ဟု ပြောဆို၏။ 
 
ပဋ္ဋိညာဉ်တရားသစ်ပေးမည်

 ဣသရေလ လူမျိုးများသည်၊ အထက်ပါကဲ့သို့ ဘုရားသခင်နှင့် ပဋ္ဋိညာဉ်ပြု ခဲ့သော်လည်း၊ ဘုရားသခင်၏ စကားကို နားမထောင်၊ ပဋ္ဋိညာဉ်ကို ချိုးဖေါက် ကြသည်။ ထို့ကြောင့် ပရောဖက် ယေရမိက ဤသို့ ရေးခဲ့သည်၊ “ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဤလူမျိုး၏ ဘိုဘေးတို့ကို လက်ဆွဲ၍၊ အဲဂုတ္တု ပြည် မှဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋ္ဋိညာဉ်တရားနှင့် ခြားနားသော ပဋ္ဋိညာဉ်တရားသစ်ကို၊ ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသော ပဋ္ဋိညာဉ်တရားကို သူတို့သည် ဖျက်၍၊ ငါသည်လည်း သူတို့ကို ရွံရှာ၏။ နောင်ကာလ အခါ ဣသရေလ အမျိုးသားတို့၌ ငါပေးအံ့သော ပဋ္ဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ၏ ပညတ်တရားကို သူတို့ အတွင်း ထဲသို့ သွင်းမည်။ သူတို့ နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရား ဖြစ်မည်။ သူတို့သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။ ထို သူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကို အချင်းချင်း တယောက်ကို တယောက် ဆုံး မဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီး ဆုံးသောသူတိုင်အောင်၊ ထိုသူ အပေါင်းတို့သည် ငါ့ကို သိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့ အပြစ်များကို သည်း ခံမည်။ သူတို့ ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲ နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။” (ယေရ ၃၁:၃၁-၃၄) 

ပဋ္ဋိညာဉ် တရားဟောင်းသည်၊ ဘုရားသခင်နှင့် ဣသရေလ လူများ အကြား၌ ပြုလုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပဋ္ဋိညာဉ်တရားသစ်ကိုလည်း၊ ဣသရေလ လူမျိုးများနှင့်သာ ပြုလုပ်မည် ဖြစ်သည်၊ တပါးအမျိုးသား များနှင့် မဆိုင်ချေ။ ဘုရားသခင်က အသစ် ပေးမည့် ပဋ္ဋိညာဉ်တရားအရ၊ အချက်လေးချက်ကို တွေ့မြင်ရသည်။ ထိုအရာများမှာ၊ 

  • ၁။ ပညတ်တရားကို ကျောက်ပြားပေါ်၌ မရေးတော့ဘဲ၊ သူတို့ အထဲ၌ သွင်းမည်၊ နှလုံးပေါ်မှာ ရေးထားမည်။ 
  • ၂။ ထာဝရဘုရားသည် သူတို့၏ ဘုရား ဖြစ်မည်။ သူတို့လည်း ဘုရား၏ လူဖြစ်ကြလိမ့်မည်။ 
  • ၃။ ထာဝရဘုရားကို သိဘို့ ဆုံးမစရာ လိုတော့မည် မဟုတ်၊ အငယ်ဆုံးမှစ၍ အကြီးဆုံးတိုင်အောင် သိကြလိမ့်မည်။ 
  • ၄။ သူတို့၏ အပြစ် ဒုစရိုက်များကိုသည်း ခံမည်၊ မအောက်မေ့ဘဲ နေမည်။ 


ပဋ္ဋိညာဉ်တရားနှင့် ဆိုင်သော အသွေး

သခင် ယေရှုခရစ်သည် ဣသရေလ လူများနှင့် ပဋ္ဋိညာဉ်တရားသစ်လုပ်ဘို့ ဆင်းကြွလာခဲ့သော်လည်း၊ လုပ်ခွင့်မရလိုက်ချေ။ သို့သော် ပဋ္ဋိညာဉ်တရားသစ်နှင့် ဆိုင်သော အသွေးသွန်းမည့် အရာကို ဤကဲ့သို့ ပြောဆို သွားသည်၊ “ထိုအခါ စားလျက် နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှမုန့်ကို ဖဲ့၍၊ ဤမုန့် ကား ငါ၏ ကိုယ်ဖြစ်၏။ ယူ၍ စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့ အားပေးတော်မူ၏။ ၂၇ ခွက်ကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ သူတို့ အားပေးတော်မူ၍၊ သင်တို့ ရှိသမျှသည် သောက်ကြလော့။ ၂၈ ဤခွက်ကား ပဋ္ဋိညာဉ်တရားသစ်နှင့် ဆိုင်၍၊ လူများတို့၏ အပြစ်ကို လွတ်စေခြင်းငှါ၊ သွန်းသော ငါ၏ အသွေး ဖြစ်၏။” (မ ၂၆:၂၆-၂ရ)။ ထို့ကြောင့် သခင်ယေရှု အသေခံသောအခါ၊ သွန်းသော အသွေးသည် ပဋ္ဋိညာဉ်တရားသစ်အတွက် ဖြစ်ကြောင်း သိရှိရသည်။ ဣသရေလ လူမျိုးများသည်၊ သူတို့ မြော်လင့်သော သခင်ယေရှုကို အထင်လွှဲသောကြောင့်၊ သတ်လိုက်သောအခါ၊ ပဋ္ဋိညာဉ်တရားသစ်ကို မပြုလုပ် လိုက်ရသော်လည်း၊ ပဋ္ဋိညာဉ်တရားသစ်နှင့် ဆိုင်သော အသွေးသွန်းခဲ့ရပြီ။ 

ပဋ္ဋိညာဉ်တရားသစ်နှင့် ဆိုင်

ထို့ကြောင့် ယုံကြည်သူများသည်၊ ပဋ္ဋိညာဉ်တရားသစ်နှင့် ဆိုင်သော ပွဲတော် မင်္လာကိုလည်း ယူကြခြင်း ဖြစ်သည်။ ပွဲတော် မင်္လာပေးသောအခါ၊ သင်းအုပ် ဆရာကစပျစ်ရည်သောက်ခါနီးတွင်၊ “ဤခွက်ကား ပဋ္ဋိညာဉ်တရားသစ်နှင့် ဆိုင်၍ လူများတို့၏ အပြစ်ကို လွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေး ဖြစ်၏။” (မ ၂၆:၂၈) “ဤခွက်ကား ငါ၏ အသွေး၌ တည်သော ပဋ္ဋိညာဉ်တရားသစ် ဖြစ်၏။ ဤခွက်ကို သောက်သောအခါ၊ ငါ့ကို အောက်မေ့ဘို့ ရာသောက်ကြလော့ဟု မိန့်တော်မူ၏။” (၁ ကော ၁၁:၂၅) ဟုဆိုတတ်ကြသည် မဟုတ်လော။ သင်သည် ထိုကဲ့သို့ ပဋ္ဋိညာဉ်တရား သစ်နှင့် ဆိုင်သောသူ ဖြစ်ပါသလော။ အကယ်၍ မဖြစ်ပါက ပွဲတော် မင်္လာပါဝင်စား သောက်ခြင်းသည် အဓိပ္ပါယ်မရှိချေ။ 

ယဇ်ပုရောဟိတ်မျိုး

ဣသရေလ လူများသည် ဘုရား စကား နားထောင် နိုင်မှ ယဇ်ပုရောဟိတ် မျိုး ဖြစ်ခွင့်ပေးသည်။ သို့သော် ယေရှုကို ယုံကြည်သူများသည် ယဇ်ပုရောဟိတ် မျိုး ဖြစ်ကြောင်း ရှင်ပေတရုက “သင်တို့ မူကား မှောင်မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေး ချယ်တော်မူသော အမျိုး ဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။” (၁ ပေ ၂ ; ၈-၉)ဟု ရေးခဲ့သည်။ ထို့ကြောင့် သင်သည် သခင်ယေရှုကို လက်ခံလျှင် ယဇ်ပုရောဟိတ် ဖြစ်ကြောင်း သိစေချင်သည်။ ယုံကြည်သူများသည် ဘုရားသခင်နှင့် ပဋ္ဋိညာဉ်လည်း မပြု၊ စကားလည်း နားမထောင်နိုင်သော်လည်း၊ သူတို့ ကိုယ်စားသခင်ယေရှုက နားထောင် သောကြောင့်၊ ပဋ္ဋိညာဉ်တရားသစ်၏ အကျိုးကို ခံစားရခြင်း ဖြစ်သည်။ ထိုပဋ္ဋိညာဉ် တရားသစ်အရ၊ ယုံကြည်သူ အစစ်များသည်၊ ရွေးချယ်ထားသော အမျိုး၊ မင်းစည်းစိမ် ရှိသော ယဇ်ပုရောဟိတ် အမျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်း အသင်း၊ ဘုရား၏ ဘဏ္ဍာများ ဖြစ်ကြသည်။ လူတိုင်း မိမိဘဏ္ဍာကို သိ၍ ဂရုစိုက်စောင့် ရှောက် ကြသည်။ ယုံကြည်သူများသည် ဘုရား၏ ဘဏ္ဍာများ ဖြစ်ကြသောကြောင့် ဘုရား၏ စောင့်ရှောက်ခြင်း ဂရုစိုက်ခြင်း ခံရသည်။ မင်းစည်းစိမ်ရှိသော ယဇ်ပုဟိတ်အ မျိုး ဖြစ်သောကြောင့်၊ ဘုရား၏ ကောင်းကြီးကို ခံစားရရှိ ကြသည်။ အဘယ်မျှလောက် ကျေးဇူးတော် ချီးမွမ်းသင့်သနည်း။ 
 
ဒုတိယကြွလာမှ

ယုံကြည်သူများသည် ထိုကဲ့သို့ ပဋ္ဋိညာဉ်တရားသစ်၏ အကျိုးကို ခံစားရသော် လည်း၊ မူလဂတိပေးထားသော ဣသရေလ လူမျိုးများ မူကား၊ ခရစ်တော် ဒုတိယ
အကြိမ်ကြွလာမှသာ ခံစားရမည် ဖြစ်သည်။ “ကယ်လွှတ်သော သခင်သည် ဇိအုန် တောင်၌ ပေါ်ထွန်း၍၊ မတရားသော အမှုကို ယာကုပ်အမျိုးသားတို့ မှလွှဲတော်မူ လတံ့။ သူတို့ အပြစ်များကို ငါပယ်ရှင်းသောအခါ၊ သူတို့၌ ငါပေးသော ပဋ္ဋိညာဉ်တရားသည် ထိုသို့သော တရား ဖြစ်၏ဟု လာသတည်း။” (ရော ၁၁:၂၆-၂ရ) 

 

ကျမ်းစာဖတ်ကြစို့
ဟေဗြဲ ၇


ယဇ်ပုရောဟိတ် မေလခိဇေဒက်

၁။ မင်းကြီးများကို လုပ်ကြံရာမှ ပြန်လာသော အာဗြဟံကို ခရီး ဦးကြိုပြု၍ ကောင်းကြီး ပေးပြီးလျှင်၊ ၂။ အာဗြဟံလှူသော လက်ရဥစ္စာရှိသမျှကို ဆယ်ဘို့ တဘို့ ခံယူသော ထိုရှာလင်မင်းကြီး တည်းဟူသော အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် မေလခိဇေဒက်သည်၊ နာမရင်းအနက်အားဖြင့် တရားမင်း၊ ထိုမှတပါး၊ ငြိမ်သက်ခြင်း မင်း ဟုဆိုလိုသော ရှာလင်မင်း ဖြစ်လျက်၊ ၃။ အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက် အပိုင်း အခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့် တူ၍၊ ယဇ်ပုရောဟိတ် အရာ၌ အစဉ်အမြဲတည်၏။ 

မေလခိဇေဒက်အကြောင်းကို ကျမ်းစာ၌ ဤမျှလောက်သာရေးထားသည်၊ “အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိ ဇေဒက်သည်လည်း၊ မုန့်နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင်၊ ကောင်းကင် မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည်၊ အာဗြံအား ကောင်းကြီး ပေးတော်မူပါစေသော ဟု၊ အာဗြံအား ကောင်းကြီး ပေး၍၊ သင်၏ ရန် သူတို့ကို သင်၏ လက်၌ အပ်နှံတော်မူ သော၊ အမြင့်ဆုံးသော ဘုရားသခင် လည်း၊ မင်္လာရှိတော်မူ စေသတည်းဟု မြွက် ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ ကို၊ ထိုမင်းအား ဆယ်ဘို့ တဘို့ လªလေ၏။” 
 (က ၁၄:၁၉-၂၀)။ 

လောတမိသားစုကို ရန်သူများက သိမ်းသွားသောအခါ၊ အာဗြဟံကကယ် နှုတ်ခဲ့သည်။ ထိုအခါ အာဗြဟံကို ရှာလင်မင်းကြီး မေလခိဇေဒက်က မုန့်နှင့် စပျစ် ရည်နှင့် ကြိုဆိုသည်။ မေလခိဇေဒက်သည် အမြင့်ဆုံးသော ဘုရား၏ ယဇ်ပုရောဟိတ် ဖြစ်သည် ဟုဆိုသည်။ ထိုခေတ်၌ လူသား အားလုံး သည် ရုပ်တုကိုးကွယ်သည်ဟု ထင် ရသော်လည်း၊ ထာဝရဘုရားကို ကိုးကွယ်သောသူလည်းရှိကြောင်း တွေ့ရသည်။ သို့သော် မေလခိဇေဒက်၏ အကြောင်းကို၊ ကျမ်းစာ ကအနည်းငယ်သာရေးထားသောကြောင့် သူ၏ အကြောင်းကိုများများ မသိရချေ။ ဟေဗြဲစာရေးသောသူက မေလခိ ဇေဒက်နှင့် ခရစ်တော် တူညီသော အချက်များကို ရေးထားသည်။ နှစ်ဦးစလုံးသည် မိဘမရှိ ဟုဆိုသည်။ သခင်ယေရှုသည် လူမိခင် မာရိနှင့် ဖခင်ယောသပ်ရှိသော်လည်း သူတို့သည် မိဘအစစ်များ မဟုတ်။ မယ်တော်မာရိ၏ ဝမ်းကိုငှါး၍ လူ့ဇာတိခံယူခြင်း သာလျှင် ဖြစ်သည်။ ရှေးမျိုးစဉ်မရှိ ဟုဆိုရာတွင် သခင်ယေရှုသည် လူ့ဇာတိအားဖြင့် ယုဒအမျိုး ဖြစ်သော်လည်း၊ ဘုရား ဇာတိအားဖြင့် ရှေးမျိုးစဉ်ဆက်မရှိချေ။ မေလခိဇေဒက်၏ အသက် အပိုင်း အခြားကို မသိရချေ။ သခင်ယေရှုသည် လူ့ဇာတိအားဖြင့် သက်တော် ၃၃ အထိ အသက်ရှင်သော်လည်း၊ ဘုရား ဇာတိအားဖြင့်မူ ထာဝရ အသက်ရှင်သည်။ ထို့ကြောင့် သခင်ယေရှုနှင့် မေလခိဇေဒက်တို့သည် တူညီသည် ဟုဆိုရခြင်း ဖြစ်သည်။ 

မေလခိဇေဒက်သည် အာဗြဟံထက်ကြီး 

၄။ အမျိုး၏ အဘအာဗြဟံသည်၊ လက်ရဥစ္စာများကို ဆယ်ဘို့ တဘို့ လှူ၍ အလှူ ခံသော ထိုမင်းသည်၊ အဘယ်မျှလောက်ကြီး မြတ်သည်ကို ဆင်ခြင်ကြလော့။ 

ဣသရေလ လူမျိုးများက သူတို့၏ အဘအာဗြဟံကို အလွန် လေးစား ကြည်ညို ကြသည်။ သို့သော် အာဗြဟံက လှူသော ဆယ်ဘို့ တဘို့ကို လက်ခံသော မေလခိဇေဒက်သည်၊ အလွန်ကြီး မြတ်ကြောင်း ဆင်ခြင်ဘို့ တိုက်တွန်းသည်။ 
 
၅။ ယဇ်ပုရောဟိတ်မင်းအရာကို ခံသော လေဝိသားတို့သည် အာဗြဟံအမျိုး ဖြစ်သောသူတည်း ဟူသော၊ မိမိတို့ ညီအစ်ကိုများလက်မှ ပညတ်တရားအတိုင်း ဆယ်ဘို့ တဘို့ကို ခံရသော အခွင့်ရှိကြ၏။ 

လေဝိအမျိုးသည် အားလုံး ယဇ်ပုရောဟိတ် မဖြစ်ကြချေ။ သို့သော် ယဇ် ပုရောဟိတ် အမျိုးဟု ခေါ်၍ ယဇ်ပုရောဟိတ် များ၏ အလုပ်ကူလုပ်သောသူများ ဖြစ်ကြသည်။ ထို့ကြောင့် လယ်မစိုက်ဘဲ၊ ဣသရေလ လူများ လှူသော ဆယ်ဘို့ တဘို့ကို စား ကြသည်။ သူတို့သည် ဣသရေလ လူမျိုးဆယ့်နှစ်မျိုးရှိသော မြို့များ၌ နေထိုင်ကြ၍၊ တိရစ္ဆာန်များကိုသာ မွေးနိင် ကြသည်။ ဆယ်ဘို့ တဘို့ စားသောကြောင့် အခြားသော ဣသရေလ လူမျိုးများထက် အဆင့်မြင့်သည် ဟုဆိုနိင်သည်။ 

၆။ သူတို့ အမျိုး မဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏ လက်မှဆယ်ဘို့ တဘို့ကို ခံလေ၏။ ဂတိတော်တို့ကို ခံရသောသူကိုလည်း ကောင်းကြီး ပေးလေ၏။ ရ။ ကြီးသောသူသည် ငယ်သောသူကို ကောင်းကြီး ပေးတတ်သည်ကို ငြင်းခုံဘွယ်မရှိ။ 

မေလခိဇေဒက်သည် လေဝိအမျိုး မဟုတ်သော်လည်း၊ အာဗြဟံလက်မှ ဆယ်ဘို့ တဘို့ကို ခံသည်။ ထို့အပြင် ဂတိတော်ကို ခံရသော အာဗြဟံကိုလည်း ကောင်းကြီး ပေးသွားသည်။ ကြီးသောသူကငယ်သောသူကို ကောင်းကြီး ပေးတတ်သည် ဟုဆိုသည်။ ထို့ကြောင့် မေလခိဇေဒက်သည် လေဝိအမျိုးထက်လည်းကြီး မြတ်ကြောင်း ဖေါ်ပြလိုခြင်း ဖြစ်သည်။ 
 
၈။ ထိုမှတပါး၊ သေတတ်သော သူတို့သည် ယခုအခါ ဆယ်ဘို့ တဘို့ကို ခံလေ့ရှိ၏။ ထိုအခါ မူကား အသက်ရှင်သည်ဟု သက်သေခံခြင်းကို ရသောသူသည် ဆယ်ဘို့ တဘို့ကို ခံရ၏။ 

သေတတ်သော သူတို့သည် လေဝိအမျိုးကို ဆိုလိုသည်။ သူတို့သည် ဆယ်ဘို့ တဘို့ ခံသည်။ အသက်ရှင်သည်ဟု သက်သေခံခြင်းကို ရသောသူသည် မေလခိ ဇေဒက်နှင့် ယေရှုခရစ်ကို ဆိုလိုသည်။ သူတို့သည် ထာဝရ အသက်ရှင်သောကြောင့် ဖြစ်သည်။ 

မေလခိဇေဒက်သည် လေဝိအမျိုးထက်ကြီး 

၉။ ထိုမှတပါး၊ ဆယ်ဘို့ တဘို့ကို ခံတတ်သော လေဝိသည်၊ အာဗြဟံအားဖြင့် ဆယ်ဘို့ တဘို့ကို ပေးပြီ ဟုဆိုစရာ အခွင့်ရှိ၏။ ၁၀။ အကြောင်းမူကား၊ မေလခိဇေဒက်သည် အာဗြဟံကို တွေ့သောအခါ၊ လေဝိသည် မိမိအဘ၏ ကိုယ်၌ ရှိသတည်း။ 

လေဝိအမျိုးသည် ဆယ်ဘို့ တဘို့ ခံတတ်သောကြောင့်၊ ဣသရေလ လူများ အမြင်၌ အဆင့်မြင့် ကြသည်။ သူတို့သည် ဆယ်ဘို့ တဘို့ကို ခံတတ်သော်လည်း၊ သူတို့ ကိုယ်တိုင်လည်း အာဗြဟံအားဖြင့် မေလခိဇေဒက်ထံ၊ ဆယ်ဘို့ တဘို့ ပေးပြီ ဟုဆိုသည်။ အကြောင်းမှာ အာဗြဟံက မေလခိဇေဒက်ထံဆယ်ဘို့ တဘို့ ပေးသောအခါ၊ လေဝိသည် အာဗြဟံ၏ ကိုယ်ထဲ၌ ရှိသည် ဟုဆိုသည်။ အမှန်မှာ အာဗြဟံကဆယ်ဘို့ တဘို့ ပေးသောအခါ၊ သား ဣဇက်ပင်မမွေးသေးချေ။ လေဝိသည် ယာကုပ်၏ တတိယသား ဖြစ်၍၊ ယာကုပ်သည် ဣဇက်၏သား ဖြစ်သည်။ ထို့ကြောင့် လေဝိသည် အာဗြဟံ၏ မြစ် ဖြစ်သည်။ ထို့ကြောင့် အာဗြဟံကဆယ်ဘို့ တဘို့ ပေးသောအခါ မြစ်လေဝိသည် လုံးဝ မရှိသေးချေ။ သို့သော် ဟေဗြဲဆရာကသူ၏အဘ အာဗြဟံ၌ ရေတွက်လိုက်သည်။ 

၁၁။ တနည်းကား၊ လေဝိမှဆင်းသက်သော ယဇ်ပုရောဟိတ် အမျိုးနှင့် စပ်ဆိုင်လျက်၊ လူများတို့သည် ပညတ်တရားတော်ကို ခံကြသောကြောင့်၊ ထိုအမျိုးအားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင်သည် မှန်လျှင်၊ အခြားသော ယဇ်ပုရောဟိတ် သည်၊ အာရုန်နည်း တူမခေါ်ဝေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာ အကြောင်း၊ အဘယ်သို့ ရှိသေးသနည်း။ 

လေဝိအမျိုးယဇ်ပုရောဟိတ်သည် စုံလင်၍ ပြည့်စုံသည် မှန်လျှင်၊ အခြားသော ယဇ်ပရောဟိတ်ကို ပေါ်စရာ မလို ဟုဆိုသည်။ ယခုမူအာရုန်နည်းတူ မခေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ခေါ်တော်မူသော၊ ယဇ်ပုရောဟိတ် ပေါ်ထွန်းသောကြောင့်၊ လေဝိအမျိုးယဇ်ပုရောဟိတ်သည် မစုံလင်ကြောင်း ထင်ရှားသည်။ 

ယဇ်ပုရောဟိတ် အမျိုးပြောင်းလဲ

၁၂။ ယဇ်ပုရောဟိတ် အမျိုးသည် ပြောင်းလဲလျှင်၊ ပညတ်တရားသည် မပြောင်းလဲဘဲ မနေနိုင်ရာ။ 

ယဇ်ပုရောဟိတ် အမျိုးသည် ပြောင်းလဲပြီ။ လေဝိအမျိုးမှယုဒအမျိုးသို့ ပြောင်း လဲသည်။ ထို့ကြောင့် ပညတ်တရားလည်း ပြောင်းလဲဘို့ လိုသည် ဟုဆိုသည်။ ပညတ် တရားပြောင်းလဲသည် ဟုဆိုရာတွင်၊ ကိုယ်ကျင့်တရားပိုင်းပညတ်ဟု ထင်ကြပေလိမ့်မည်။ ပြောင်းလဲသော ပညတ်သည်၊ ဝတ်ပြုခြင်း ဆိုင်ရာပညတ်မှ၊ လေဝိအမျိုးသားများသာလျှင် ယဇ်ပုရောဟိတ် ဖြစ်ရမည်ဟူသောအရာ ဖြစ်သည်။ ဘုရားသခင်က သခင်ယေရှုကို၊ မေလခိဇေဒက်နည်းတူ အကျိန်အားဖြင့် ရွေးကောက်လိုက်သောကြောင့်၊ ပညတ်တရားအတိုင်း မဟုတ်တော့ချေ။ 

၁၃။ ထိုဗျာဒိတ်တော်ကို ခံရသောသူသည်၊ ယဇ်ပလ္လင်ဝတ်ကို တယောက်မျှ မပြုရသော အမျိုးနှင့် စပ်ဆိုင်ပေ၏။ ၁၄။ အကြောင်းမူကား၊ ငါတို့ သခင်သည် ယုဒအမျိုး ထဲ၌ ပေါ်ထွန်းသည်ဟု ထင်ရှားလျက် ရှိ၏။ ထိုအမျိုးသည် ယဇ်ပုရောဟိတ် အရာနှင့် စပ်ဆိုင်သည်ဟု မောရှေသည် တခွန်းကိုမျှ မပြော။ 

ဗျာဒိတ်တော် ခံရသောသူသည်၊ သခင်ယေရှုကို ဆိုလိုသည်။ သူ၏ အမျိုး ဖြစ်သော ယုဒအမျိုးသည် ယဇ်ပလ္လင်ဝတ်နှင့် မပတ်သက်ချေ။ ဆိုလိုသည်မှာ ယဇ် ပုရောဟိတ် မျိုး မဟုတ်ချေ။ သို့သော် ဘုရားသခင်က သခင်ယေရှုကို ယဇ်ပုရောဟိတ် အဖြစ်ခန့်သည်။ ဓမ္မဟောင်းကာလ၌၊ ယဇ်ပုရောဟိတ် မဟုတ်သောသူများက၊ ယဇ်ပူဇော်သောအခါ အပြစ်ရှိသည်။ ကောရ၊ ဒါသန်၊ အဘိရံတို့ ဦးဆောင်၍ အသက် ကြီးသူ ၂၅၀တို့ကို ယဇ်ပုရောဟိတ် ခန့်ကြသောအခါ၊ ကောရ၊ ဒါသန်နှင့် အဘိရံတို့ကို မြေမျိုစေခြင်းအားဖြင့် အဆုံးစီရင်ခဲ့သည်။ အသက် ကြီးသူ ၂၅၀တို့လည်း ကောင်းကင်မှ မီးကျကာလ ောင်​ကျွမ်းခြင်းအားဖြင့် သေခဲ့ကြသည် (တော ၁၆)။ ရှောလုမင်း လည်း၊ ယဇ်ပုရောဟိတ် ရှာမွေလကို မစောင့်နိုင်ဘဲ၊ သူကိုယ်တိုင် ယဇ်ပူဇော်သောကြောင့် ဘုရားသခင်က ရှင်ဘုရင်အရာမှပယ်ခဲ့သည် (၁ရာ ၁၃)။ ဩဇိမင်းလည်း ဘုရားကောင်းကြီးခံစား လာသောအခါ၊ မာနရှိ၍ နံ့သာပေါင်းမွှေး မီးရှို့ဘို့ ကြံရွယ်သောအခါ၊ နဖူး၌ နူနာခြင်းဖြင့် ဒဏ်ခတ်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် အာရုန်အမျိုး မဟုတ်ဘဲ ယဇ်ပုရောဟိတ် လုပ်ခြင်းသည် အလွန် အပြစ် ကြီး၍ ကြောက်စရာ ကောင်းသည်။ သို့သော် သခင်ယေရှုကိုမူ၊ ထာဝရဘုရားကိုယ်တိုင်က ရွေးချယ်ခြင်း ဖြစ်သည်။ 

၁၅။ ထိုမှတပါး၊ မေလခိဇေဒက်နည်းတူ အခြားသော ယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည် မှန်လျှင်၊ ယဇ်ပုရောဟိတ် အမျိုးပြောင်းလဲပြီဟု သာ၍ ထင်ရှား၏။ 

သခင်ယေရှုခရစ်ကို၊ မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ် အရာခန့်ထား သောကြောင့်၊ ယဇ်ပုရောဟိတ် အမျိုးပြောင်းလဲပြီဟု ထင်ရှားသည်။ သို့သော် ထိုအရာကို ဣသရေလ ူများ ကသိကြသည် မဟုတ်။ ခရစ်ယာန်များကလည်း အများအားဖြင့် မသိကြချေ။ 

၁၆။ ထိုယဇ်ပုရောဟိတ် သည်၊ ကိုယ်ခန္ဓာနှင့် စပ်ဆိုင်သော တရားအတိုင်း ခန့်ထားလျက် ရှိသည် မဟုတ်။ ထာဝရ အသက်၏ တန်ခိုး အာနုဘော် အတိုင်း ခန့်ထားလျက် ရှိသတည်း။ ၁ရ။ အကြောင်းမူကား၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ် ပုရောဟိတ် ဖြစ်သည်ဟု သက်သေခံတော်မူ သတည်း။

ထာဝရဘုရားက သားတော်ကို ယဇ်ပုရောဟိတ် ခန့်ရာတွင်၊ ဇာတိအားဖြင့် ခန့်ထားသည် မဟုတ်၊ တန်ခိုးတော်အားဖြင့် ခန့်ထားသည် ဟုဆိုသည်။ အမှန် မှာသားတော်ကို ယဇ်ပုရောဟိတ် ခန့်ထားဘို့ရန် သည်၊ ကမ္ဘာမတည်မရှိမှီကတည်းက ရည်ရွယ်ထားသော်လည်း၊ လူများက နားလည်မှာ မဟုတ်သောကြောင့်၊ အာရုန် အမျိုးကို ရွေး၍ ယဇ်ပုရောဟိတ် လုပ်စေခြင်း ဖြစ်သည်။ လူယဇ်ပုရောဟိတ်သည် အရိပ် ဖြစ်၍၊ သခင်ယေရှု၏ ယဇ်ပုရောဟိတ် ဖြစ်ခြင်းသည်၊ အစစ် သို့မဟုတ် အကောင် အထည် ဖြစ်သည်။ 

၁၈။ ပညတ်တရားသည် အဘယ်သူကိုမျှ စုံလင်ခြင်းသို့ မပို့နိုင်သည် ဖြစ်၍၊ 

ပညတ်တရားသည် လူကို စုံလင်ခြင်းသို့ မပို့နိင် ဟုဆိုသည်။ ပညတ် ဟုဆိုသည်တွင် ကိုယ်ကျင့်တရားပိုင်းဆိုင်ပညတ် ဖြစ်သော၊ မိဘကို ရိုသေပါ၊ သူ့မယားကို မပြစ်မှားနှင့်၊ သူ့ဥစ္စာကို မခိုး၊ မတပ်မက်ရဟူသော အရာများ ဟု၊ ချက်ခြင်း မြင်တတ်ကြသည်။ ထိုအရာများသည် ခရစ်တော် လက်ခံပြီး၌လည်း လိုက်လျှောက်ရမည့် အရာများ ဖြစ်သည်။ သို့သော် ဇာတိ၊ လူ့အစွမ်းဖြင့် မဟုတ်၊ ဝိညာဉ်တော်အားဖြင့် လိုက် လျှောက်မည့် အရာ ဖြစ်သည်။ 

၁၉။ ရှေးပညတ် တရားဟောင်းသည်၊ အား မရှိ၊ အကျိုးကို မပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ ရောက်ရ၏။ သို့သော်လည်း၊ သာ၍ မြတ်သော မြော်လင့်ခြင်း အခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့် ငါတို့သည်၊ ဘုရားသခင့်အထံတော်သို့ တိုးဝင််ချဉ်းကပ်ရကြ၏။ 

အထက်၌ ဖေါ်ပြသော ပညတ် တရားဟောင်းသည်၊ ဝတ်ပြုခြင်း ဆိုင်ရာပညတ်ကို ဆိုလိုသည်။ ဝတ်ပြုခြင်း ဆိုင်ရာပညတ်အရ အာရုန်နှင့် သားများသာယဇ်ပုရော ဟိတ်လုပ်နိုင်သည်။ ဘုရားသခင်က အာရုန်ထံ မောရှေအားဖြင့် ဤသို့ ပညတ်ထားသည်၊ “သင်နှင့် သင်၏သားတို့ သည်၊ ယဇ်ပလ္လင်နှင့် ဆိုင်သော အမှု၊ ကုလားကာအတွင်း၌ ဆောင်ရွက်စရာ အမှု ရှိသမျှတို့ ကို၊ ယဇ်ပုရောဟိတ် ပြု၍ ဆောင်ရွက်ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ် အရာကို ငါပေးပြီ။ မဆိုင်သောသူသည် အနီးအပါးသို့ ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။” 
(တော ၁၈:ရ)။ သခင်ယေရှု ဤလောကသို့ ဆင်း၍ အသေခံပြီး ထမြောက် လာသောအခါ၊ အာရုန်အနွယ်များ၏ ယဇ်ပုရောဟိတ် ဖြစ်ခြင်း ကုန်ဆုံး၍၊ သခင်ယေရှု ကအ စားထိုးလိုက်သည်။ သခင်ယေရှု၏ ယဇ်ပုရောဟိတ် လုပ်ခြင်းသည် သာ၍ ကောင်းသည်။ ယဇ်ပုရောဟိတ် အရာသည် လူနှင့် ဘုရားကြားဆက်ဆံပေးသောသူ ဖြစ်သည်။ 

ယခုခေတ် စကားပြန် များနှင့် တူသည်။ အင်္လိပ်စကား မတောက်တခေါက်တတ်သောသူထက်၊ အင်္လိပ်စကား ကောင်းစွာ ပြောတတ်သောသူ၏ စကားပြန် ခြင်းသည်၊ သာ၍ ကောင်းသည်။ ထို့နည်းတူ အာရုန်အနွယ်များ၏ ယဇ်ပုရောဟိတ်ထက် သခင်ယေရှုခရစ်၏ ယဇ်ပုရောဟိတ် ဖြစ်ခြင်းသည် သာ၍ မြော်လင့်စရာ ရှိသည်။ 
 
ယေရှုသည် အကျိန်အားဖြင့် 

၂၀။ ထို သူတို့သည် အကျိန်တော် မရှိဘဲ၊ ယဇ်ပုရောဟိတ် အရာကို ရကြ၏။ ၂၁။ ယေရှု မူကား၊ အကျိန်တော် မရှိဘဲ ယဇ်ပုရောဟိတ် အရာကို မရ။ ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်ဟု၊ ကျိန်ဆို၍၊ နောက် တဖန် စိတ်ပြောင်းလဲခြင်းရှိတော်မမူသည်နှင့် အညီ၊ ယေရှုသည် အကျိန်တော်ကို ခံ၍၊ ယဇ်ပုရောဟိတ် အရာကို ရသည် အတိုင်း၊ ၂၂။ သာ၍ မြတ်သော ပဋ္ဋိညာဉ်တရား၏ အာမခံ ဖြစ်၏။ 

အာရုန်အနွယ်ယဇ်ပုရောဟိတ် များသည်၊ အကျိန်အားဖြင့် မဟုတ်ဘဲ၊ အမွေအားဖြင့် ယဇ်ပုရောဟိတ် ရာထူးကို ရရှိ ကြသည်။ သို့သော် သခင်ယေရှုသည် အမွေအားဖြင့် မဟုတ်ဘဲ၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည် အကျိန်အားဖြင့် ရရှိသည် (ဆာ ၁၁၀:၄)။ ထိုသို့ ကျိန်ဆိုခြင်းသည် သခင်ယေရှု လူ့ဇာတိမခံမှီ၊ နှစ်ပေါင်း၁၀၀၀ ခန့်က ဖြစ်သည်။ ထိုသို့ ကျိန်ဆိုပြီး နောက်လည်း ထာဝရဘုရားသည် စိတ်ပြောင်းလဲခြင်း မရှိ ဟုဆိုသည်။ ဆိုလိုသည်မှာ ကျိန်ဆိုသည့် အတိုင်း တည်စေသည်။ ယေရှုသည် အကျိန်တော်အားဖြင့် ယဇ်ပုရောဟိတ် အရာကို ရရှိသောကြောင့်၊ သာ၍ မြတ်သော ပဋ္ဋိညာဉ်တရား၏ အာမခံ ဖြစ်၏။ 

၂၃။ ထို သူတို့သည်လည်း သေရသောကြောင့် အစဉ်မတည်နိုင်သည် ဖြစ်၍ အများရှိရကြ၏။ ၂၄။ ယေရှု မူကား၊ နိစ္စထာဝရ တည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားလျက် ရှိ၏။ 

အာရုန်အနွယ်ယဇ်ပုရောဟိတ် များသည်၊ လူဖြစ်ကြသောကြောင့် သေ ကြသည်။ ထို့ကြောင့်သား စဉ်မြေးဆက်လက်ဆင့်ကမ်းဘို့ လိုသည်။ သို့သော် သခင်ယေရှု မူကား ထာဝရ အသက်ရှင်သောကြောင့်၊ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်။ အေဒီ ၃၃ မှစ၍ ယခုနေ့ရက်တိုင်အောင် ယဇ်ပုရောဟိတ် ဖြစ်ခဲ့ပြီ။ နောင်၌လည်း ဖြစ်ရဦးမည်။ 

ယေရှုအားဖြင့် ချဉ်းကပ်

၂၅။ ထိုကြောင့်၊ အကြင် သူတို့သည်၊ ယေရှုခရစ်အားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထို သူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလ အစဉ် အသက်ရှင်သောကြောင့်၊၊ သူတို့ကို အစဉ် ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။ 

လူယဇ်ပုရောဟိတ် များပင်လျှင် အားကိုးရလျှင်၊ ဘုရား ဖြစ်သော ယေရှုယဇ်ပုရောဟိတ်သည် အတိုင်းထက် အလွန် ကောင်းသည်။ စကားပြန် မရှိဘဲ ရုံးသွားခြင်း သည်၊ အချည်းနှီး ဖြစ်သည်။ အကြောင်းမှာ စကား မပေါက်သောကြောင့်၊ အဘယ်အရာကိုမျှ အပြောမလုပ်နိုင်ချေ။ ထို့ကြောင့် စကားပြန် မပါလျှင် ရုံးမသွားခြင်းက သာ၍ ကောင်းသည်။ စကားပြန်လည်း အတောက်တခေါက်စကား နားလည်သောသူထက်၊ မ$တ်နေအောင် စကား နားလည်သောသူကို အားကိုး ပါက၊ အလွန် ကောင်း၍ အရာရောက်သည်။ ထိုနည်းတူ ယဇ်ပုရောဟိတ် ယေရှုအားဖြင့် ဘုရား ထံချဉ်းကပ်ပါက၊ အလွန် ကောင်း၍ အရာရောက်သည်။ 

၂၆။ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အ​ကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိသော သူတို့နှင့် မဆက်ဆံ၊ ကောင်းကင်သား အပေါင်းတို့ထက် မြင့်မြတ်သောသူ ဖြစ်၍၊ ငါတို့နှင့် တော် သင့်တော်မူ၏။ 

ငါတို့၏ ယဇ်ပုရောဟိတ် သည်၊ လူမဟုတ်သောကြောင့်၊ အပြစ် မရှိကောင်း ကင်သား အပေါင်း တည်းဟူသော ကောင်းကင်တမန် များထက် ပင် မြင့်မြတ်သောကြောင့်၊ ငါတို့အတွက် တော် သင့်သည် ဟုဆိုသည်။ ယေရှုကို ယဇ်ပုရောဟိတ် အဖြစ် နားမလည်သောသူများသည်၊ ကိုယ့် ခံစားချက် နှင့် လုပ်ဆောင်ချက်ကို အမှီပြု၍ ဘုရားကို ချဉ်းကပ်ကြသောကြောင့် အကျိုးမရှိချေ။ 

၂ရ။ အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်၎င်း၊ လူများ အပြစ်ကြောင့်၎င်း၊ နေ့တိုင်း ယဇ်ပူဇော်ရ သကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာ အကြောင်း မရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိကိုယ်ကို တခါတည်း ယဇ်ပူဇော်၍ ထိုအမှုကိုပြီး စေတော်မူပြီ။ 

လူယဇ်ပုရောဟိတ် များသည်၊ သူတို့ ကိုယ်တိုင် အပြစ် ပြုတတ်သောကြောင့်၊ သူတပါးအပြစ် အတွက်သာမက၊ သူတို့ ကိုယ်တိုင် အတွက်လည်း အပြစ် ​ဖြေရာယဇ် ပူဇော်ရသည်။ သို့သော် သခင်ယေရှုသည် အပြစ် မရှိသောကြောင့်၊ သူကိုယ်တိုင် အတွက် အပြစ် ​ဖြေရာ ယဇ်ပူဇော်စရာ မလိုချေ။ ထိုမျှသာမက၊ တိရစ္ဆာန်ကို ယဇ်ကောင် အဖြစ်မသုံးတော့ဘဲ၊ သူကိုယ်တိုင်သည် ယဇ်ကောင် အဖြစ်ပေးထားသောကြောင့်၊  ယဇ်ပူဇော်ခြင်းမှ န်သမျှကိုပြီး ပြည့်စုံပြီ ဖြစ်သည်။ ထိုကြောင့် နောက်ထပ် ယဇ်ပူဇော်စ ရာမလိုတော့ချေ။ 

၂၈။ ပညတ်တရားသည် အပြစ်ရှိသော သူတို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား၏။ ပညတ်တရားနောက်၌ ကျိန်ဆိုတော်မူသော ဗျာဒိတ်တော်မူကား၊ အစဉ်အမြဲစုံ လင်ခြင်းသို့ ရောက်သော သားတော်ကို ခန့်ထားသတည်း။ 

ဝတ်ပြုခြင်း ဆိုင်ရာပညတ်တရားက၊ အပြစ်ရှိသော အာရုန်နှင့်သားများကိုယဇ်ပုရောဟိတ် အရာ၌ ခန့်ထားသည်။ ပညတ်တရားနောက်၌ အမွေအားဖြင့် မဟုတ်ဘဲ၊ အကျိန်အားဖြင့် မူအစဉ်အမြဲစုံလင်သော သားတော်ကို၊ ယဇ်ပုဟိတ်အရာ၌ ခန့် ထားသည်။ ထို့ကြောင့် ယခင်ယဇ်ပုရောဟိတ်ထက်၊ ယခုယဇ်ပုရောဟိတ်သည် သာ၍ ကောင်းသည် ဟုဆိုလိုခြင်း ဖြစ်သည်။ ခရစ်ယာန်များအနေဖြင့် ယဇ်ပုရောဟိတ်နှင့် ယဇ်ပူဇော်ခြင်း များသည်၊ ဣသရေလ လူများနှင့် သာဆိုင်၍ ငါတို့နှင့် မဆိုင်၍ ထင်မှတ် တတ်ကြသည်။ အမှန်မှာ သူတို့ ပြုလုပ်သောအရာသည် အရိပ် ဖြစ်၍၊ ယခု ယေရှုခရစ် 
ယဇ်ပုရောဟိတ်သည် အစစ်၊ အကောင် ဖြစ်သည်။ ထို့ကြောင့် သာ၍ အရေးကြီးသည်။ သို့သော် ထိုအရာကို မသိသော ခါ၊ ဂရုမစိုက်၊ ပယ်ထား ကြသည်။ ထို့ကြောင့် ဘုရားကိုးကွယ်သောအခါ၊ ကောင်းနိုးရာရာနှင့် ကိုးကွယ်၍ အချည်းနှီး ဖြစ်သည်။ 

 အသင်းတော် ဖွင့်ပွဲ


 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်၊ သမ္မာတရား သင်ကြားပေးမည့် အသင်းတော်များကို၊ ဘုရားသခင်က တနှစ်ပြီး တ နှစ်တိုးပွားစေပါသည်။ ယခုနှစ်အတွင်း အသင်းတော် နှစ်ပါးကို၊ Charlotte, NC နှင့် Rochester, NY ၌ ဘုရားသခင်က တည်ထောင်ပြီး၊ တတိယမြောက် အသင်းတော်ကို Indianapolis Westside, Speedway၌ ဇွန်လ ၅ ရက်နေ့၌ အသင်းသား၂၂ယောက်အားဖြင့် စတင်တည် ထောင်နိုင်ပါသည်။ ထိုအသင်းတော် သစ်များကို ဘုရားသခင်က၊ ကြီးထွားရင့်ကျက် စေဘို့ ဆုတောင်း ပေးကြပါစို့။ 

သတင်းကောင်း ပွဲတော်ကြီး 


သတင်းကောင်း ပွဲတော် ကြီးကို၊ ဇူလိုင်လ ၁-၃ အတွင်း၊ Indiana  ပြည်နယ် Franklin  မြို့၌ ကျင်းပကြတော့မည် ဖြစ်ပါသည်။ ထိုပွဲတော် ကြီးသည်၊ ဝိညာဉ်ရေးရာပွဲတော် ဖြစ်၍၊ ကိုယ်ကာယပိုင်းအတွက် မဟုတ်ချေ။ သမ္မာတရား သင်ကြားခြင်း၊ ဟောပြောခြင်း များကိုသာ ပြုလုပ်မည် ဖြစ်သည်။ စနေနေ့တွင် တနေကုန်ကျမ်း သင် ကြ၍၊သော ကြ်ာ၊ စနေ၊ တနင်္နွေညများတွင် တရားဟော ခြင်းအားဖြင့်၊ ဝိညာဉ် အစာစားကြရမည် ဖြစ်သည်။ အမှုတော်ဆောင်များ ဘိသိက်ခြင်းနှင့် ဆုတောင်းခြင်း များလည်း ပြုလုပ် ကြမည် ဖြစ်ပါသည်။ စိတ်ဝင်စားသောသူတိုင်း ပါဝင်နိုင်ပါသည်။ 

အမှုတော်ဆောင်သင်တန်း


 ယခုနှစ်ဇူလိုင်လ ၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ၊ အမှုတော်ဆောင်သင် တန်းကို၊ Indianapolis သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ ပြုလုပ်မည် ဖြစ်သည်။ ယုံကြည်သူများ၏ အဓိကအ လုပ်သည်၊ လောက အလုပ်လုပ်ဘို့ မဟုတ်၊ ဘုရားသခင်၏ အမှုတော်ကို ဆောင်ဘို့ ဖြစ်သည်။ အဘယ်ကြောင့်အမှုတော် မဆောင်ချင် ကြ သနည်းဟူမူကား၊ အမှုတော်ဆောင်နည်း မသိသောကြောင့် ဖြစ်သည်။ အမှုတော်ကို ဘုရားသခင်က၊ အထူးရွေးချယ်ထားသောသူများ ကသာလျှင် ဆောင်နိုင်သည် ဟူ၍၎င်း၊ ကျမ်းစာကျောင်းအောင်များကသာလျှင် လုပ်နိုင်သည် ဟူ၍၎င်း၊ အမှုတော်ဆောင်လျှင် မည်သူက​ကျွေးမွေး မည်နည်းဟူ၍၎င်း၊ စိုးရိမ် သောကြောင့် ဖြစ်သည်။ အမှန်မှာ အမှုတော်ဆောင်ဘို့ရန်၊ ကျမ်းစာကျောင်းအောင်စရာ မလိုပါ။ ဘုရားသခင်က အ ထူးရွေးချယ်မှ မဟုတ်ပါ။ ဝိညာဉ်၌ ဒုတိယ မွေးဘွား၍၊ စိတ်နှိမ့်ချသောသူ၊ နာခံတတ် သောသူ၊ ဘုရားကို ယုံကြည်သောသူတိုင်း ကဆောင်နိုင်သည်။ ခရစ်တော်က၊ ကျမ်း တတ်ပုဂ္ဂိုလ်များ မရွေးခဲ့ပါ။ တံငါသည်များနှင့် အခွန်ခံများ၊ သာမန်လူများကို ရွေးချယ် ခဲ့သည်။ ဘုရား၏ အသုံးတော် ခံလိုသောသူတိုင်း အမှုတော်ဆောင်နိုင်သည်။ ကျမ်းစာမတတ်ပါ၊ ဘာမျှ မသိပါဟု သင်ဆိုလျှင်၊ ထိုအရာသည် အမှုတော်ဆောင်ဘို့ရန်၊ သင်၏ အရည်အချင်း ဖြစ်သည်။ ဘုရားသခင်က၊ မသိမတတ်သောသူများကို အသုံးပြုနိုင်သည်။ သို့သော် ကြံဖန်လိုသောသူများ၊ ဥာဏ်သုံးသောသူများကို အသုံးမပြု နိုင်ပါ။ 


 ဤသင်တန်း၌ ပျောက်ဆုံးဝိညာဉ် ဖမ်းနည်း၊ ဝိညာဉ် ခလေးများကို ကြည့် ရှုနည်း၊ ခေတ်ကာလနှင့် ကျမ်းစာဖတ်နည်းများ သင်ပေးမည် ဖြစ်ပါသည်။ ဘုရားသခင်က၊ “သင်သည််ဥစ္စာကြွယ်ဝသောအခါ၊ ဝမ်းမြောက် ရွှင်လန်းသော စိိတ်နှင့်၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ အမှုတော် ကိို၊ မဆောင်မရွက်သော ကြောင့််၊ ထာဝရဘုရား စေလွှတ်တော်မူသော ရန်သူ၏ အမှုကို၊ သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းနှင့်တကွ၊ အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည် မပျက်စီးမှီတိုင်အောင်၊ သင့်လည်ပင်း၌ သံထမ်းဘိုးကို တင်ထားတော်မူမည်။” ( တရားဟော ၂၈:၄ရ- ၄၈)ဟု သတိပေးထားပါသည်။ ထို့ကြောင့် အကောင်း ဆုံးသော အရွယ်နှင့် အချိန်ကို၊ ကယ်တင်ရှင်ဘုရား အတွက် အသုုံးပြုဘို့ရန် ဘိတ်ခေါ် ပါသည်။ 

ကျန်းမာရေးကဏ္ဍ


နှလုံးနှင့် ဦးနှောက်သွေးကြောပြတ်ခြင်း 

http://www.cdc.gov/nchs/fastats/leading-causes-of-death.htm အရ ၂၀၁၃ ခုနှစ်အမေရိကန်ပြည် ထောင်စု၌ သေသော စာရင်းသည် အောက်ပါအ တိုင်း ဖြစ်သည်။ 

Heart disease:နှလုံးသွေးကျောပြတ်............................................ ၆၁၄,၃၄၈
Cancer ကင်ဆာ........................................................................ ၅၉၁,၆၉၉
Chronic lower respiratory diseases အသက် ရှုကြပ်.................. ၁၄၇,၁၀၁
Accidents (unintentional injuries) မတော် တဆ.......................... ၁၃၆,ဝ ၅၃
Stroke (cerebrovascular diseases) ဦးနှောက်သွေးကြောပြတ်...... ၁၃၃,၁၀၃
Alzheimer's disease သတိမေ့ ရောဂါ............................................ ၉၃,၅၄၁
Diabetes ဆီးချို.......................................................................... ၇၆,၄၈၈
Influenza and Pneumonia တုတ်ကွေးနှင့် အဆုတ်အအေးပတ်.......... ၅၅,၂၂၇

အမေရိကန်ပြည် ထောင်စု၌ သေဆုံးမှု အများဆုံးသည်၊ ခလေး သတ်သေခြင်းအားဖြင့် ဖြစ်၍၊ တနှစ်လျှင် ခလေး တသန်းပတ်ဝန်းကျင်သေရ ကြသည်။ (abort73.com/abortion_facts/us_abortion_statistics/)။ ဒုတိယအသေ အပျောက်အများ ဆုံးသော ရောဂါသည်၊ နှလုံးသွေးကြောပိတ်ခြင်းကြောင့် ဖြစ်၍၊ နှစ် စဉ်လူ ၆ သိန်းကျော်၊ ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့် တနှစ်လျှင်၊ လူ၁ သိန်း ကျော်သေရ ကြသည်။ ထို့ကြောင့် သွေးကြောပိတ်ခြင်း နှစ်ခုပေါင်းလျှင် တနှစ်လျှင် လူရသိန်းကျော်သေရ ကြသည်။ လူတိုင်း ကြောက်သော ကင်ဆာ ရောဂါကြောင့်သေသောသူသည်၊ တတိယအများ ဆုံး ဖြစ်၍ တနှစ်လျှင် ၆ သိန်းအောက်သေရ ကြသည်။ မြန်မာပြည် သာအများစုသည် သက္ကရာဇ် ၂၀၀ရ နောက်ပိုင်းမှရောက်ရှိ ကြသည်။ သို့သော် ယခုအခါ၊ နှလုံးနှင့် ဦးနှောက်သွေးကျောပိတ်ခြင်းကြောင့် သေဆုံးသူသည်၊ယောက် ၂၀မှ ၅၀ အတွင်းရှိလိမ့်မည်ဟု ခန့်မှန်းထားပါသည်။ သွေးကြောပိတ်ခြင်းသည် ကြိုတင် အချက်မပြတတ်သောကြောင့်၊ လူတိုင်း ကမကြောက်ကြချေ။ သို့သော် အချိန်မရွေး ချက်ချင်း သေဆုံးနိုင်သောကြောင့် အလွန် ကြောက်စရာ ကောင်းသည်။ 

လက္ခဏာများ 

နှလုံးသွေးကြောပြတ်ဘို့ လက္ခဏာများမှာ၊ ရင်ကြပ်ခြင်း၊ နာခြင်း၊ နားနေသောအခါ နာခြင်း၊ ခေါင်းမူးခြင်း dizziness ချွေးထွက်ခြင်း၊ အစာမ​ကြေခြင်း၊ အော့ အန်ခြင်း၊ လည်ပင်း သို့မဟုတ် လက်မောင်းမအီမသာရှိခြင်း သို့မဟုတ် ကြပ်ခြင်း (arm or neck discomfort or tightness)၊ စိုးရိမ်ခြင်း၊ နှလုံးခုံမမှန်ခြင်း၊ အသက် ရှုကြပ်ခြင်း၊ ပခုံး၌ မအီမသာရှိခြင်း၊ ပင်ပန်းခြင်း fatigue၊ လေးလံခြင်း (light headedness)  များခံစား နိုင်သည်။ 
 
ဖြစ်ရသည့်အကြောင်းရင်းနှင့် ကုနည်

သွေးအထဲ၌ မကောင်းသော ခေါ်လက်စထရောလ် (bad cholesterol) ရှိသောကြောင့် ဖြစ်သည်။ ထိုခေါ်လက်စထရောလ်များ လာသောအခါ သွေးကြော ပိတ်၍၊ လေဖြတ်ခြင်း၊ ချက်ချင်း သေဆုံးခြင်း ဖြစ်စေနိုင်သည်။ ခေါ်လက်စထရောလ် ဖြစ်စေသော အရာများမှာ၊ 
၁။ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်။ ဆေးလိပ်သောက်ခြင်း ဖြတ်ပါ။ 
၂။ သွေးကျောပိတ်စေသော အစာများ မစားပါနှင့်။ ထိုအစာများမှာ၊ တိရစ္ဆာန်အဆီ၊ အရေခွံ၊ ဦးနှောက်၊ ခြင်ဆီ၊ ကြက်ဥအနှစ်၊ ပုဇွန်၊ ဆား၊ ငါးပိ၊ ငံပြာရည်၊ 
၃။ ကောင်းသော ခေါ်လက်စထရောလ် (Good cholesterol) ဖြစ်စေသော အစာများစားပါ။ ငါးဆီ၊ ထောပတ်သီး၊ ပဲ အမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ 
များစားပါ။ 
၄။ ကျန်းမာရေးပုံမှန်စစ်ဆေးပါ။ အထူးသဖြင့် ခေါ်လက်စထရောလ်စစ်ဆေးပါ။ 
၅။ ဆီးချိုမ ဖြစ်ဘို့ ကာကွယ်ပါ။ အချိုရေ၊ သကြား၊ များရှောင်ပါ။ နို့ဆီမသောက်ပါနှင့်။ 
၆။ ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ တပတ် ၅ ကြိမ်မိနစ် ၃၀ အနည်းဆုံးလမ်းလျှောက်ပါ။ ချွေးထွက်လေလေကောင်းလေလေ ဖြစ်သည်။ 
ရ။ ကိုယ်ပေါင်ချိန်ထိမ်းပါ။ ကိုယ်ပေါင်ချိန်လေးခြင်း ဖြင့်၊ နှလုံးထိနိုင်သည်၊ ခေါ်လက်စထောလ်တက်စေသည်၊ သွေးတိုးစေသည်၊ ဆီးချို ဖြစ်စေသည်။ 
၈။ စိတ်ဖိစီးမှု မခံပါနှင့်။ များများ အလုပ်လုပ်ပါ။ ပူပန်မှု နည်းရမည်။ 
၉။ အရက်၊ ဘီယာများ မသောက်ပါနှင့်။ 
၁၀။ ခေါ်လက်စထောလ်ထိမ်းသော ဆေးသောက်ပါ။ သို့သော် ထိုဆေးသည် နောက်ဆုံးအဆင့် ဖြစ်သင့်သည်။ အချို့သောသူများသည် ဆေးအားကိုး၍ ကိုယ်စားချင်သော အရာများကို မရှောင်ဘဲ စားသောကြောင့်၊ မသေသင့်ဘဲ သေသွား ကြသည်။ 

http://www.mayoclinic.org/diseases-conditions/heart-attack/basics/lifestyle-home-remedies/con-20019520

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG