GOODNEWS
  HOME  GOODNEWS  2016 MAY
 


အမှာစာ

ယခုသည် နောက်ဆုံးသောကာလ ဖြစ်နေပြီ။ ကမ္ဘာအ​ခြေအနေများလည်း အလျှင်အမြန် ပြောင်းလဲနေသည်။ မြန်မာပြည်၌လည်း၊ အရပ်သား အစိုးရတက်လာသောကြောင့်၊ ဝမ်းမြောက် ရွှင်လမ်း အားရနေကြမည် ဖြစ်သည်။ သို့သော် ထိုအရာများသည် ကောင်းကင်သို့ သွားဘို့ရန်၊ ချီဆောင်ခြင်းကို မြော်ဘို့ရန် မဟုတ်ဘဲ၊ လောကအရာကို စွဲလမ်းဘို့ရန် ဖြစ်မှာစိုးရသည်။အချိန် နည်းလာသည်နှင့်အမျှ၊ စာတန်လည်း လူများကို လှည့်စားခြင်းကို ပို၍ ကြိုးစား လုပ်ဆောင်လေ ဖြစ်သည်။ လူတိုင်း စမတ်ဖုန်းနှင့် အင်တာနက်များသာလျှင် စိတ်ဝင်စားကိုင်တွယ် နေကြသည်။ ထိုသို့ဖြင့် အချိန်သည် ကုန် မှန်း မသိကုန်သွားမည် ဖြစ်သည်။ ကျမ်းစာဖတ်ဘို့ထက်၊ ဖုန်းကိုင်ဘို့ အတွက် စိတ်စွဲနေ ကြသည်။ ဘုရားကျောင်းထဲ၌ ပင်လျှင် ဖုန်းအားဖြင့် ကမ္ဘာပတ် နေကြသည်။ စမတ် ဖုန်းကြောင့် ဝိညာဉ်ရေးရာ၌လည်း စိတ်မဝင်စားနိင်ကြချေ။ ညနက်သည့်တိုင်အောင်လည်း ဖုန်းနှင့် ကွန်ပြူတာများ သုံးကြသောကြောင့်၊ အိပ်ရေးပျက်ကာ၊ ကျန်းမာရေးလည်း ထိခိုက် ကြသည်။ 

ဖုန်းနှင့် ကွန်ပြူတာများသည် အသုံးပြုတတ်လျှင် အလွန် အကျိုးပြုပါသည်။ အသုံးမပြုတတ်လျှင် ဘဝပျက်စီးစေသော၊ စာတန်၏ လက်နက်များ ဖြစ်သည်။ ထို့ကြောင့် စည်းကမ်းရှိစွာ ဖုန်းနှင့် ကွန်ပြူတာများကို အသုံးပြုကြပါစို့။ ထိုအရာများကို အကျိုးမပေးသော၊ လောကအရာများထက် ဝိညာဉ်ရေးရာအတွက် အသုံးပြုကြပါစို့။ 

ယခုလအတွက်...

  • မိခင်များနေ့
  • ငရဲမီးအိုင် 
  • ဘုရားသခင် အတွက် 
  • အသင်းတော် 
  • ကျမ်းစာဖတ်ကြစို့  (ဟေဗြဲ ၆) 
  • သတင်းကောင်း ပွဲတော်ကြီး 
  • အသင်းတော် ဖွင့်ပွဲ
  • အမှုတော်ဆောင်သင်တန်း
  • ကျမ်းမာရေးကဏ္ဍ 


မိခင်များနေ့

 ယခုနှစ် မိခင်များနေ့သည်၊ မေလ ၈ ရက်တနင်္နွေနေ့ ဖြစ်သည်။ လူတိုင်း မိခင် မရှိသောသူမရှိပါ။ မွေးစကပင် မိခင် သေဆုံးသွားသောကြောင့်သော်၊ အကြောင်း အမျိုးမျိုးကြောင့် မိခင် မတွေ့ဘူး သူများရှိတတ်ကြသည်။ ထိုသူများ အနေဖြင့် မိခင် ဆာငတ်တတ်ကြသည်။ သို့သော် အမေဟု ခေါ်စရာ မရှိသောကြောင့် သနားစရာ ဖြစ်သည်။ ထို့ကြောင့် မိခင် ရှိသူများ အနေဖြင့်၊ မိခင်ကို အသက်ရှင်စဉ်တွင် တတ် နိုင်သမျှ၊ ရိုသေလေးစား၊ ကြည့်ရှု၍၊ စိတ်မနာစေဘို့ ကြိုးစား သင့်သည်။ မိခင်များနေ့နှင့် ပတ်သက်၍၊ ခံစားချက် ရေးထားသော အရာများကို ကြည့်ကြပါစို့။ 

"အမေ၊ အမေဟာကျမအတွက် အထူး ဖြစ်တယ်ဆိုတာ မေမေဘယ်တော့ မှသိမယ် မဟုတ်။ ကျမကို အမေက မိခင် ဖြစ်ဘို့ သွန်သင်ခဲ့ တယ်။ နှစ်ပေါင်း များစွာ အမေကို ကျမကြည့်ခဲ့ပြီး၊ အခုဆိုရင် ကျမသမီးအတွက် အမေကဲ့သို့ ပုံသက်သေကောင်း ဖြစ်ဘို့ ကျမဟာအမေ့​ခြေရာအတိုင်း လိုက်ရှောက်နေပြီ။ အမေကို ကျမစိတ်နှလုံးအကြွင်းမဲ့ချစ်ပါတယ် အမေ။"

"မိခင် အလုပ်ဟာပြီး ဆုံးတယ်လို့မရှိဘူး။ မနက်ကနေညမိုးချုပ်အထိ အလုပ်လုပ်ပြီး သူရဲ့မေတ္တာနဲ့ သားသမီး တွေကို အမြဲရစ်ပတ်တယ်။ ဒါပေမဲ့ငါတို့ ကတ နှစ်တခါပဲ Happy Mothers Day"လို့ပြောတတ်ကြတယ်။"

လူတဦး၊ မိုင် ၂၀၀ ဝေးတဲ့နေရာမှာရှိတဲ့သူရဲ့ မိခင်ထံ၊ ပန်းပို့ဘို့ ပန်းဆိုင်သို့ သွားတယ်။ လမ်းဘေးမှာ ခလေး မငိုနေတာတွေ့တော့၊ ဘာကြောင့်ငိုရှုိက်နေတာလဲ ဆိုပြီး မေးပါတယ်။ ခလေး မလေးက၊ ကျမအမေကို ပန်းဝယ်ပေးချင် ပေမဲ့ငွေမလောက် ဘူး။ ပန်းကနှစ်ဒေါ်လာတန်တယ်၊ ကျမလက်ထဲမှာခုနှစ်ဆယ့်ငါးပြားဘဲ ရှိတယ်လို့ ပြောတာနဲ့၊ အဲဒီလူကြီးက၊ လာငါဝယ်ပေးမယ်လို့ပန်းဆိုင်ထဲဝင်သွားကြတယ်။ ပန်းကိုင်ပြီး ခလေး မကို အိမ်ပို့ဘို့ ပြောတော့၊ ခလေး မကသင်္ချိုင်းမှာလမ်းညွှန်သွားတယ်။ သင်္ချိုင်းမှာမကြာသေးမှီက မြှုပ်နှံတဲ့အအုတ်ဂူမှာ ခလေး မလေးကပန်းကို ထား တယ်။ အဲဒီလူကြီး လဲသူ့ မိခင်ကို ပန်းမပို့တော့ဘဲ၊ မိုင်နှစ်ရာမှာရှိတဲ့ မိခင်ကို တွေ့ဘို့ ကား မောင်းပြန်သွားတယ်။ 

ဖါရောဘုရင်က သရေလလူများ မွေးလာသော၊ သားယောက်ျားတိုင်းကို သတ်ဘို့ အမိန့်ထုတ်လိုက်တယ်။ ဒါပေမဲ့ မောရှေရဲ့မိဘတွေကတော့၊ မွေးလာတဲ့ မောရှေကို မသတ်ဘဲ သုံးလပတ်လုံးဖွက်ထားကြတယ်။ မဖွက်နိုင်တော့တဲ့အခါမှာ ပခက်လုပ်ပြီး ဖါရောဘုရင်ရဲ့သမီးရေချိုးမဲ့မြစ်ကမ်းနဘေးမှာထားတယ်။ ဖရောသမီးက ခလေးကို တွေ့သွားတော့ ခလေး အမမေရိအံက ခလေးထိန်းရှာပေးတယ်။ အဲဒီ ခလေးထိန်းကတော့သူ့ မိခင် ပါဘဲ။ မောရှေရဲ့ မိခင် ဟာ မောရှေကို ထိန်းရုံ မဟုတ်ဘဲ၊ သူတို့ လူမျိုးနဲ့ဘုရား အကြောင်း တွေကို သင်ပေးတယ်။ ဒါကြောင့် မောရှေဟာဘုရင့်နန်းတော် မှာနေရပေမဲ့ သူ့လူမျိုးကို ချစ်ပြီး သူလူမျိုးနဲ့ဒုက္ခ ဆင်းရဲကို ခံခဲ့တယ်။ နောက် ပိုင်းမှာထာဝရဘုရားက မောရှေကို၊ သရေလလူမျိုးများ ကယ်တင်ရှင်အဖြစ် အသုံးပြုခဲ့တယ်။ အဲဒါသူ မိခင် ရဲ့ငယ်ရွယ်စဉ်သွန်သင်မှုကြောင့် လဲ ဖြစ်တယ်။ (ထွက် ၂၊ ဟေ ၁၁:၂၃) မိခင် တိုင်း ကိုယ့် သားသမီးများကို ဘုရား သိဘို့၊ ကယ်တင်ခြင်းသို့ ရောက်ဘို့ သင်ပေးကြရအောင်။ ခလေးများကို ဤလောက၌ မွေးဘွားပေးရုံ မဟုတ်၊ ကောင်းကင်၌ ရောက်ဘို့ရန် ဒုတိယ မွေးဘွားနိုင်ဘို့ သင်ပေးကြပါစို့။ 

 

ငရဲမီးအိုင် 

လူသည် မွေးဘွား လာသောအခါ၊ ကောင်းကင် တက်ဘို့ မဟုတ်ဘဲ၊ ငရဲ မီးအိုင်သို့ ဆင်းဘို့ မွေးဘွားသည်။ သို့သော် မသိသောကြောင့် ခလေး မွေးဘွားသောအခါ၊ မိဘများ အလွန် ဝမ်းမြောက် ကြသည်။ မွေးနေ့များကိုလည်း အလွန် ဝမ်းမြောက်စွာ ကျင်းပ၍၊ "Happy Birthday!" ဟုဆို ကြသည်။ အမှန်မှာ လူသည် ငရဲသွားဘို့ မွေး ဘွားသောကြောင့်၊ အလွန် ဝမ်းနည်းစရာ ကောင်းသည်။ သို့သော် မွေးဘွားခြင်းသည် ကိုယ့် သဘောအားဖြင့် မဖြစ်သောကြောင့်၊ နောင်တရ၍လည်း မရ၊ မကျေနပ်၍လည်း မရချေ။ ပြန်မမွေးဘို့လည်း မဖြစ်နိင်တော့ချေ။ ထို့ကြောင့် မွေးရကျိုးနပ်ရန်၊ ဝိညာဉ်ပိုင်းအားဖြင့် ဒုတိယအကြိမ် မွေးဘို့ လိုသည်။ 

အံသွားခဲကြိတ်ရာအရပ်

လူသည် တနေ့သေရမှာသေချာနေသည်။ ထိုသို့ သေသောအခါကိုယ် ခန္ဓာသည် မြေမှုန့်သို့ သွား၍၊ စိတ်ဝိညာဉ်သည် ငရဲသို့ သွားမည် ဖြစ်သည်။ ထိုအကြောင်း အရာနှင့် ပတ်သက်၍၊ သခင်ယေရှု ဟောပြောသောအရာကို ကြည့်ကြပါစို့၊ ကောင်းကင် နိုင်ငံတော်သည် ကောင်းသော မျိုးစေ့ကို လယ်၌ ကြဲသောသူနှင့် တူ၏။ ၂၅ လူတို့သည် အိပ်ပျော်သောအခါ သူ၏ ရန်သူသည် လာ၍၊ ကောင်းသော စပါးနှင့် လက္ခဏာတူသော တောမျိုးစေ့ကို စပါးအထဲ၌ ကြဲ၍ သွားလေ၏။ ၂၆ အပင်ပေါက်၍ အသီးအနှံထွက်သောအခါ၊ တောပင်များလည်း ထင်ရှားလျှင်၊ ၂၇ ​ကျွန်တို့သည် အိမ် ရှင်ထံသို့ သွား၍ သခင်၊ ကောင်းသော မျိုးစေ့ကို လယ်၌ ကြဲတော်မူသည် မဟုတ်လော။ တောပင်တို့သည် အဘယ်က ဖြစ်သနည်းဟု လျှောက်ကြလျှင်၊ ၂၈ အိမ်ရှင်က၊ ဤအမှု ကားရန်သူပြုသောအမှု တည်းဟုဆို၏။ အ​ကျွန်ုပ်တို့သည် သွား၍ တောပင်တို့ကို ရွေးနှုတ်စေခြင်းငှာ အလိုတော် ရှိသလောဟု လျှောက်ကြလျှင်၊ ၂၉ အိမ်ရှင်က ထိုသို့ ငါအလိုမရှိ။ တောပင်တို့ကို ရွေးနှုတ်လျှင် စပါးပင်တို့ကို ရောနှော၍ နှုတ်မိမည် စိုးရိမ်စရာ အကြောင်းရှိ၏။ ၃၀ စပါးရိတ်သည် ကာလ တိုင်အောင် အပင်နှစ်မျိုးတို့သည်အတူ ကြီး ပွားပါလေစေ။ စပါးရိတ်သည် ကာလ ရောက်လျှင်၊ တောပင်တို့ကို ရှေ့ဦးစွာ ရွေး နှုတ်၍ မီး ှုိ့ခြင်းငှါ စည်းနှောင်ကြလော့။ စပါးကို ကား ကျီ၌ စုသိမ်းသွင်းထားကြလော့ဟု ရိတ်သော သူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏။ 

 ၃၆ ထိုနောက်မှယေရှုသည် လူအစုအဝေးများကို လွှတ်၍ အိမ်သို့ ဝင်တော်မူပြီးမှ၊ တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ ကြဲသော တောမျိုးစေ့၏ ဥပမာ အနက်အဓိပ္ပါယ်ကို အ​ကျွန်ုပ်တို့အား ဘော်ပြတော်မူပါဟု လျှောက်ကြလျှင်၊ ၃၇ ကိုတော်က၊ ကောင်းသော မျိုးစေ့ကို ကြဲသောသူသည် လူသား ဖြစ်၏။ ၃၈ လယ်ကား ဤလောက ဖြစ်၏။ ကောင်းသော အစေ့ကား နိုင်ငံတော်သား ဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသား ဖြစ်၏။ ၃၉ တောမျိုးစေ့ကို ကြဲသော ရန်သူကား မာရ်နတ် ဖြစ်၏။ စပါးရိတ်သော ကာလ ကား ဤကမ္ဘာကုန်သော ကာ ဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန် ဖြစ်၏။ ၄၀ တောပင်တို့ကို ရွေးနှုတ်၍ မီး ရှို့ သကဲ့သို့ ဤကမ္ဘာအဆုံး၌ ဖြစ်လ တံ့။ ၄၁ လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသော သူတို့နှင့် မတရားသော အမှုကို ပြုသောသူရှိသမျှတို့ကို နိုင်ငံတော် ထဲကရွေးနှုတ်၍၊ ၄၂ ငို​ေ ကွးခြင်း၊ အံသွား ခဲကြိတ်ခြင်းရှိရာမီးဖို၌ ချကြလတံ့။ ၄၃ ထိုအခါ ​ဖြောင့် မတ်သော သူတို့သည်၊ နေထွန်းလင်း သကဲ့သို့ မိမိတို့ အဘ၏ နိုင်ငံတော်၌၊ ထွန်းလင်းကြလတံ့။ ကြားစရာ နားရှိသောသူ မည်သည်ကား ကြားပါစေ။ (မ ၁၃:၂၄-၃၀၊ ၃၆-၄၃)။ 

အထက်ပါ ဥပမာ၌ တောမျိုးစေ့သည်၊ နတ်ဆိုးသား ဖြစ်သည် ဟုဆိုသည်။ ထိုနတ်ဆိုးသား များသည် ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် မယုံကြည် သောသူများဖြစ်သည်။ သူတို့ကို ကောင်းကင်တမန် များက၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာမီးဖို၌ ချလတ္တံ့ဟု ယေရှု ကဆိုသည်။ ထိုနေရာသည် ငရဲပင် ဖြစ်သည်။ ငရဲ၌ ရေမရှိ၊ ငိုကြွေးခြင်းနှင့် အံသွားခဲကြိတ်ခြင်း သာရှိသည်။ ငိုကြွေးခြင်းသည် ဝမ်းနည်းခြင်း၊ နာ ကျင်ခြင်း၊ ခက်ခဲခြင်းကို ဖေါ်ပြသည်။ အံသွားခဲကြိတ်ခြင်းသည်၊ အလွန် နာကျင်သောအခါ မှသာ ဖြစ်တတ်သည်။ ကမ္ဘာပေါ်ရှိ လူသား တိုင်းသည် ထိုနေရာသို့ ရောက် ဘို့ရန် မွေးဘွား ကြသည်။ သို့သော် ထိုအရာကို မသိကြသောကြောင့် မကြောက်ကြချေ။ သင်သည် ငရဲသို့ ရောက်မည့်သူ ဖြစ်ကြောင်း စဉ်းစားမိဘူးပါသလား။ 

ငရဲနှင့် မည်မျှဝေးကြသနည်း

လူသည် ငရဲနှင့် မည်မျှဝေးကြသနည်း။ တရားဟောဆရာက၊ လူသည် မသေမှီငါးမိနစ်အလိုတွင်၊ ခရစ်တော် လက်ခံလိုက်ပါက ကယ်တင်ခြင်းသို့ ရောက်၍၊ ကောင်းကင်နိင်ငံရောက်မည် ဖြစ်ကြောင်း ဟောပြောသည်။ ထိုအရာကို ကြားသော လူပျိုသည် အလွန် အားရစွာ၊ ငါမသေမှီငါးမိနစ်အလိုမှ ခရစ်တော် လက်ခံလိုက်မယ်၊ အခုတော့ကြိုက်သလိုပျော်ပါးအုံးမယ်။ ထိုအတွေးနှင့် ဘုရားကျောင်းမှဝမ်းမြောက်ဝမ်းသာထွက်သွားသည်။ နောက်မှသူစဉ်းစားသည်မှာ၊ ငါဘယ်တော့သေမလဲ၊ ဘယ်လိုသေမလဲ၊ ကား တိုက်သေမလား၊ ရောဂါနဲ့ကုတင်ပေါ်မှာ သေမလား၊ အသက် အိုပြီးမှသေမလား၊ ဘယ်နေရာမှာသေမလဲ၊ ဟူ၍ ဖြစ်သည်။ ထိုအရာများကို မသိသောအခါ၊ ငါဘယ်လိုသေမလဲ၊ ဘယ်တော့သေမလဲဆိုတာ မသိရင်၊ ဘယ်လို လုပ်မသေမှီငါးမိနစ်ကို သိနိုင်မလဲ၊ ဆိုုပြီး တရားဟောဆရာထံပြန်သွားကာ၊ ဆရာ ​ကျွန်တော် ဘယ်လိုလုပ်မသေမှီ ငါးမိနစ်ဆိုတာသိနိုင်မလဲဟု မေးသည်။ ဆရာက လည်း၊ ငါဘယ်သိမလဲ၊ ဟု ​ဖြေသည်။ ဒါဆိုရင်ဆရာပြောတဲ့မသေမှီငါးမိနစ်မှာ ဘယ်လို ခရစ်တော်ကို လက်ခံနိုင်မလဲ၊ ဟု မေးပြန်ရာ၊ ဆရာက၊ သေမည့်နေ့၊ အချိန် နားမလည်နိင်တဲ့အတွက်ကြောင့်၊ အခု လက်ခံဘို့ လိုတယ်၊ ဟု ​ဖြေလိုက်သည်။ လူတိုင်းအချိန်မရွေး သေနိုင် ကြသည်။ သေနတ်ပစ်ခံရ၍ ဖြစ်စေ၊ ကား တိုက်၍ ဖြစ်စေ၊ နှလုံးနှင့် ဦးနှောက်သွေးကြောပိတ်၍ ဖြစ်စေ၊ အချိန်မရွေး သေနိုင် ကြသည်။ အသက် ငယ်ရွယ်သောကြောင့်၊ မသေနိင်ဟု အာမခံချက်မရှိ။ခြင်းသည် အားသည် ဖြစ်စေ၊ မအားသည် ဖြစ်စေ၊ ကြောက်သည် ဖြစ်စေ၊ မကြောက်သည် ဖြစ်စေ၊ အချိန်မရွေး ဖြစ်နိင်သည်။ ထိုသို့ သေသွားသောအခါ၊ ခရစ်တော် မရရှိခဲ့ပါက၊ ငရဲထဲတန်းရောက် သွားမည် ဖြစ်သည်။ ထို့ကြောင့် လူတိုင်း ငရဲတံခါးဝ၌ ရှောက်သွားနေ သူများ ဖြစ်ကြသည်။ သို့သော် ဝိညာဉ် မျက်စိကန်းသောကြောင့်၊ သို့မဟုတ် ဝိညာဉ်ပိုင်းအမှောင်ထဲ၌ နေသောကြောင့်၊ မကြောက်ကြချေ။ 

 ယခုပင် ကယ်တင်ရာနေ့

မိတ်ဆွေ၊ ကယ်တင်ခြင်းသို့ မရောက်ဘဲ ဘယ်အရာကိုမျှ မလုပ်ပါနှင့်။ ကယ် တင်ခြင်းသို့ အရင်ရောက်ပြီးမှ အခြားသော အရာများ လုပ်ပါ။ များသောအားဖြင့်၊ ကျောင်းပြီးမှ၊ အိမ်ထောင်ပြုပြီးမှ၊ သင်တန်းပြီးမှစသည်ဖြင့် ကယ်တင်ခြင်းထက် အခြားသော အရာများကို၊ ဦးစားပေးတတ်ကြသည်။ သို့သော် ကျမ်းစာက၊ ယနေ့ နက် ဖြန် ဤမည်သော မြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တနှစ်ပတ်လုံးနေ၍၊ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့၊ ဟုဆိုတတ်သော သူတို့၊ နားထောင် ကြလော့။ နက် ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့ မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှကွယ်ပျောက်တတ်သော အခိုးအငွေ့ ဖြစ်၏။ (ယာကုပ် ၄:၁၃-၁၄) ဟုဆိုထားသည်။ သင်သည်အချိန်မရွေး သေသွားနိုင်သောကြောင့်၊ ဝိညာဉ် ကယ်တင်ခြင်း စိတ်ချမှု အရင်ရှာရမည်။ နောက်မှဟု ရက်မရွှေ့ပါနှင့်။ ထိုအရာသည် စာတန်၏ လှဲ့စားမှု ဖြစ်သည်။ ကျမ်းစာက၊ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့် အညီ ယခုပင်နှစ်သက်ဘွယ်သောအချိန် ရှိ၏။  ယခုပင် ကယ်တင်ရာနေ့ရက်ကာလ ရှိ၏။ (၂ ကော ၆:၂) ဟုဆိုထားသည်။ သင်၏ အသက် မကုန်မှီ ယခုအသက်ရှင်စဉ်၊ ဘုရား ပေးထားသော ထာဝရ အသက်ကို၊ လက် ခံပါ၊ ဆာငတ်ပါ။ နောက်မှ အခြားအရာကို လုပ်ပါ။ ဘုရားသခင်က၊ သင်၏ ဝိညာဉ် မျက်စိဖွင့် ပေးတော်မူပါစေသော်။ 

 ဘုရားသခင် အတွက် 


လူသည် အလိုအလျောက် ဖြစ်လာသည် မဟုတ်၊ ဘုရားသခင်က ဖန်ဆင်း ထားသည်။ သို့သော် အပြစ်ကြောင့် လူသည် ဘုရားသခင်နှင့် ပေါင်းဖေါ်၍ မရတော့ဘဲ၊ ငရဲသွားဘို့ရန် မွေးဘွားသည်။ ကျမ်းစာက၊ နားလည်သောသူ ဘုရားသခင်ကို ရှာသောသူတစုံတယောက် ရှိသည် မရှိသည်ကို သိမြင်ခြင်းငှါ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ ကြည့် ှုတော်မူ၏၊၊ လူအပေါင်းတို့သည် လမ်းလွဲကြပြီ၊၊ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏၊၊ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ၊၊ တယောက်မျှ မရှိ၊၊ (ဆာ ၁၄:၂-၃) ဟုဆိုသည်။ ဘုရား အမြင် မှာလူ အပေါင်းတို့သည် လမ်းလွဲကြပြီ။ ထိုလမ်းသည် ငရဲသို့ ပို့သောလမ်း ဖြစ်သည်။ ထို့အပြင် လူသည် ဘုရား အမြင်၌ ဆွေးမြေ့ယိုယွင်း၍ သုံး၍ မရတော့ချေ။ ကောင်းသော အကျင့်ကို ကျင့်သောသူလည်း မရှိချေ။ ဟေရှာယကလည်း၊ ငါတို့ ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည် (ဟေရှာယ ၅၃:၆) ဟုဆိုသည်။ လူသည် ဘုရား၏ လမ်းမလိုက်ဘဲ၊ ကိုယ့်လမ်းလိုက်သွား ကြသည်။ ကိုယ့်လမ်းဆိုသည်မှာ၊ ကိုယ့် သဘောကို ဆိုလိုသည်။ ဆက်၍၊ ထာဝရဘုရား မိန့်တော်မူသည် ဖြစ်၍၊ အို ကောင်းကင်၊ ကြားလော့၊ အိုမြေကြီး၊ နားထောင်လော့။ မိန့်တော်မူ ချက်ဟူမူကား၊ ငါ​ကျွေးမွေး ပြုစုသော သားသမီးတို့သည် ငါ့ကို ပုန်ကန်ကြပြီ၊၊ နွားသော်လည်း မိမိအရှင်ကို သိ၏၊၊ မြည်းသော်လည်း မိမိသခင်၏ မြင်းဇောင်းကို သိ၏၊၊ သရေလအမျိုးသားတို့ မူကား ငါ့ကို မသိကြ၊၊ ငါ၏ လူမျိုးမူကား၊ မဆင်ချင် တတ်ပါတကား၊၊ (ဟေရှာယ ၁:၂-၃) ဟုဆိုသေးသည်။ လူသည် နွားနှင့် မြည်းလောက်ပင် မသိတတ်ကြ ဟုဆိုသည်။ လူသည် ပိုင်ရှင်မဲ့ခွေးလေကဲ့သို့ဖြစ်သည်။ သို့သော် ကိုယ့်အ​ခြေအနေကို မသိသောကြောင့်၊ ပူပင်ခြင်း မရှိကြချေ။ 

လူ၏ ရည်ရွယ်ချက်

မိဘတိုင်းက၊ သားသမီး များအတွက် ရည်ရွယ်ထားသောအရာ မှာ၊ ပညာ တတ် ဖြစ်ရမည်။ ထို့နောက်ဝင်ငွေကောင်းသော အလုပ်လုပ်ရမည်။ ထို့နောက်အိမ် ထောင်ပြု၍ သားသမီး များမွေးရမည်။ အိမ်၊ ကား ပိုင်မည်ဟူ၍ ဖြစ်သည်။ အသင်းတော်၌ ပါဝင်လျှင် လည်း၊ ကောင်းကင်နိင်ငံတက်နိုင်ဘို့ မဟုတ်၊ လူလူချင်းမိဿဟာယဖွဲ့၊ အကူအညီရရှိဘို့၊ သေလျှင် သင်္ချိုင်း၌ ကောင်းစွာ ပို့ဆောင်ဘို့ ဖြစ်သည်။ ထို့ကြောင့် လူ၏ ရည်ရွယ်ချက်ကို ခြုံ၍ ကြည့်လျှင်၊ ဤလောက ပစ္စည်းများ ပိုင်၍ ဇိမ်ခံဘို့၊ ပြီးလျှင် သင်္ချိုင်း၌ ကောင်းစွာ မြှုပ်နှံခြင်း ခံဘို့ ဖြစ်သည်။ မြေကြီးမှ အပေါ်မတက်ချေ။ ထိုအရာသည် စာတန်၏ လှည့်စားမှု ဖြစ်သည်။ ကောင်းကင်နိင်ငံမရောက်လျှင်၊ ဝိညာဉ်သည် ထာဝရ ကာလ ပတ်လုံး မီးအိုင် ထဲဒုက္ခ ဆင်းရဲ ခံရမည် ဖြစ်သည်။ သို့သော် ထိုအရာကို မသိသောကြောင့် လူတိုင်း ကလိုချင် ကြသည်။ 

 ဘုရားသခင်၏ ရည်ရွယ်ချက်

ဘုရားသခင်၏ လူအတွက် ရည်ရွယ်ချက်သည်၊ ဤလောကကို ပိုင်ဘို့ မဟုတ်။ ကောင်းကင်နိင်ငံ၌ တက်၍ သူနှင့်အတူ နေဘို့ ဖြစ်သည်။ ထို့ကြောင့်၊ ခရစ်တော်က၊ လူသည် ဤစကြဝဠာကို အကွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေး ဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။ (မ ၁၆:၂၆) ဟုဆိုခဲ့သည်။ ခရစ်တော်က ဤလောကကို အားလုံး ပိုင်သော်လည်း၊ ဝိညာဉ် ငရဲသွားလျှင် အကျိုးမရှိဟု တွက်ပြခြင်း ဖြစ်သည်။ အကြောင်းမှာ ဤလောက၌ ခဏသာပိုင်၍၊ ထာဝရ ကာလ ပတ်လုံးငရဲမှာဒုက္ခ ခံခြင်းသည် လုံးဝ မတန်။ ထို့ကြောင့် ဤလော ကကို မချစ်ဘို့ သတိပေးခြင်း ဖြစ်သည်။ ယောဟန်ကလည်း၊ လောကကိုင်း၊ လော က၌ ရှိသောအရာ တို့ကိုင်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါ ကွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့် လောကီ တပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီကျင့်သောသူမူကား၊ နိစ္စထာဝရ တည်၏။ (၁ ယော ၂:၁၅-၁ရ) ဟုလောကကို မချစ်ဘို့ ပြောသည်။ အကြောင်းမူကားလောကကို ချစ်သောသူသည်၊ ခမည်းတော်ဘုရားကို မချစ် ဟုဆိုသည်။ လောက၌ ရှိသော ကိုယ်ကာယတပ်မက်ခြင်းနှင့် မျက်စိတပ်မက်ခြင်းသည် အဘယ်အရာများ နည်း။ ဇာတိအားဖြင့် လူကို ချစ်ခြင်း၊ အဝတ်အစားအိမ်၊ ကား၊ တီဗီ၊ ကွန်ပြူတာ၊ စမတ်ဖုန်း၊ ရုပ်ရှင်၊ အား ကစား၊ ပွဲအ မျိုးမျိုးတို့ ဖြစ်သည်။ ထိုအရာများကို ဘုရားထက် အရေးထား၊ အချိန် ပေး၊ စွဲလမ်းခြင်း သည်လောကကို ချစ်ခြင်း ဖြစ်သည်။ လောကီစည်းစိမ်၌ ဝါကြွားခြင်းသည်၊ ရွှေ ငွေဥစ္စာကြွယ်ဝခြင်း၊ ဂုဏ်ရှိခြင်း အပေါ် ကျေနပ် အားရ၍ သူတပါးကို အထင်သေးခြင်း ဖြစ်သည်။ ထိုအရာများသည် ဘုရားနှင့် မစပ်ဆိုင် ဟုဆိုသည်။ လူတိုင်း ထိုအရာများကို ချစ်သောကြောင့်၊ နေ့ည အလုပ်လုပ်ကြ၊ အချိန် စွမ်းအား အသုံးပြု ကြသည်။ ဤလောက၌ စည်းစိမ်ခံစားခြင်းသည် လူအတွက် ဘုရားသခင်၏ ရည်ရွယ်ချက် မဟုတ်ချေ။ အကြောင်းမူကား ထိုအရာများသည် မျက်လှည့်ကဲ့သို့ဖြစ်၍၊ ခဏသာလျှင် ရှိ၍ ကွယ်ပျောက်သွားမည် ဖြစ်သည်။ သို့သော် လူသည် မည်သို့ မျှပြော၍ မရ၊ ထိုအရာများ နောက်သို့ တကောက်ကောက်လိုက် နေကြသည်။ 

နေရာပြင်ပေးနေ

သခင် ယေရှုခရစ်က၊ သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည် ကြလော့။ ငါ့ကိုလည်း ယုံကြည် ကြလော့။ ငါ့အဘ၏ အိမ်တော်၌ နေစ ရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို၊ သင်တို့အား ငါမပြောဘဲ မနေ။ သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ (ယော ၁၄:၁-၃)ဟုမှာ ထားခဲ့သည်။ ယခုသခင်ယေရှု မတွေ့မမြင်ရခြင်းသည် ကောင်းကင်၌ နေရာအခန်းများပြင်ပေးနေသော ကြာင့် ဖြစ်သည်။ သို့သော် လူသားများကထိုအခန်းများကို စိတ် မဝင်စားကြချေ။ ထိုအခန်းများထက်၊ ဤလောက၌ ဆောက်သော အိမ်သစ်များ၊ အိမ် အိုများကို အလွန် စွဲလမ်း နေကြသည်။ လူဆောက်သော၊ ပျက်စီးတတ်သော အိမ်များ အတွက်၊ အချိန် ပိုအလုပ်များ လုပ်ခြင်း၊ အိမ်အတွင်း၌ ပရိဘောဂနှင့် ပစ္စည်း အမျိုးမျိုး ဝယ်၍ ဝါကြွားခြင်းကိုသာ လူတိုင်း၏ စိတ်နှလုံး၌ ရှိကြသည်။ ထို့ကြောင့် ခရစ်တော် လာခေါ်မည့် အရာကိုလည်း၊ စိတ်မဝင်စား၊ နားမထောင်ချင်၊ ခြိမ်း​ခြောက်သည်ဟု ယူဆကြသည်။ ခလေး တယောက်သည် သူတပါးအိမ်၌၊ ကစားစရာ ပစ္စည်း အမျိုးမျိုးနှင့် ကစားနေသောကြောင့်၊ မိဘများ ကလာခေါ်မည့် အရာကို မမျှော်၊ မကြိုက် သကဲ့သို့ဖြစ်သည်။ 
 
 ကယ်တင်ခဲ့

လူသည် အပြစ်၌ လဲ၍ အပြစ် ​ကျွန်ခံသောကြောင့်၊ မည်သို့မျှ ဘုရားသခင်နှင့် ပေါင်းဖေါ်၍ မရတော့ချေ။ ကျမ်းစာက၊ ခြားနားခြင်း အလျှင်း မရှိ။ အဘယ်ကြောင့် နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍၊ ဘုရားသခင့်ရှေ့တော်၌ အသရေ ပျက်ကြပြီ။ (ရော ၃:၂၂-၂၃) ဟုဆိုသည်။ လူသည် ကိုယ်ဟာကိုယ် ကယ်တင်ဘို့ ကြိုးစားသည်။ အကျင့်ကောင်းကျင့်ခြင်း၊ ကောင်းမှု ကုသိုလ်ပြုခြင်း၊ ဘုရားတရား ကြိုးစားအား ထုတ်ခြင်း ဖြင့်၊ အပြစ်သား ဘဝမှ လွတ်မြောက်ဘို့ ကြံစည်အား ထုတ်သည်။ သို့သော် မရပါ။ ထို့ကြောင့် ဘုရားသခင်က အခမဲ့ ကယ်တင်ခဲ့သည်။ ပေါလုက၊ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျာက်ရောက်သည် မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သ တည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည် မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါ ကွားစရာ အခွင့်မရှိ။ (ဧဖက် ၂:၈-၉) ဟုဆိုသည်။ ကယ်တင်ခြင်း သည်၊ လူ၏ လုပ်ဆောင်မှုအားဖြင့် ဖြစ်လျှင်၊ ကယ်တင်သည်ဟု ခေါ်တော့မည် မဟုတ်။ ပေါလုက၊ အကျင့်ရှိသောသူ မည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကို ခံရသည် မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။ အကျင့်မရှိသောသူ မည်သည်ကား၊ မတရားသောသူ၏ ဤပြစ်ကို ​ဖြေသောသူ၏ ဤပြစ်ကို ုယုံကြည်လျှင်၊ သူ၏ ယုံကြည်ခြင်းကို ​ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ်လျက် ရှိ၏။ (ရော ၄:၄-၅) ဟုဆိုထားသည်။ 
 
ယုံကြည်ဘို့ 

ဘုရားသခင်က လူတိုင်းကို ကယ်တင်သော်လည်း၊ လူအားလုံး သည် ကောင်းကင်ရောက်ကြမည် မဟုတ်။ အကြောင့်မူကား၊ ထိုကယ်တင်ခြင်းကို မယုံကြည် သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်မယုံကြသနည်းဟူမူကား၊ မကြား သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်မကြားသနည်း၊ မပြောသောကြောင့် သို့မဟုတ် မကြားချင် သောကြောင့် ဖြစ်သည်။ မကြားချင်သောသူကို ကူညီ၍ မရချေ။ မကြားသောသူ မူကား ပြောပြဘို့ လိုသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကြား၍၊ ယုံကြည် မှသာလျှင်ကယ်တင်ခြင်းသို့ ရောက်နိုင်သည်။ ကျမ်းစာက၊ အဘယ်သို့ နည်းဟူမူကား၊ သင်သည် သခင်ယေရှုကို နှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက် စေတော်မူပြီ၊ ဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ​ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးနှင့် ယုံကြည် ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။ (ရော ၁၀:၉-၁၁)။ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို၊ စိတ်နှလုံးဖြင့် ယုံကြည် ပါသလား။ နှုတ်ဖြင့် ဝန်ခံပါသလား။ စိတ်နှလုံးဖြင့် ယုံ ကြည်၍၊ နှုတ်ဖြင့် ဝန်ခံပါက၊ သင်သည် ကယ်တင်ခြင်းသို့ ရောက်မည်။ ဘုရား သခင်က၊ အခမဲ့ ကယ်တင်သောအရာ ကို၊ လက်ခံပါ၊ မငြင်းပါနှင့်။ ပို မူ၍ သိရှိလိုပါက၊ မရှင်းလင်းသေးပါက၊ ဆရာမောဇက်ထံဖုန်းအားဖြင့် ဖြစ်စေ၊ အီမဲလ်းအားဖြင့် ဖြစ်စေမေးပါ။ ကူညီဘို့ရန် အဆင်သင့်ရှိပါသည်။ 

 အသင်းတော် 

 

ယနေ့ ကမ္ဘာပေါ်၌ အသင်းတော် မြောက် များစွာ ရှိသည်။ သို့သော် ခရစ်တော် တည်ဆောက်သော အသင်းတော်သည်၊ အနည်းငယ်သာလျှင် ရှိ၍ အများစုသည်၊ လူတည်ဆောက်သော အသင်းတော်များဖြစ်သည်။ အသင်းတော်သည် ခရစ်တော် ကပိုင်၍ သူကိုယ်တိုင် တည်ဆောက်ဘို့ ဖြစ်သည်။ သူက၊ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ (မ ၁၆:၁၈) ဟုဆိုခဲ့သောကြောင့်၊ အသင်းတော် ပိုင်ရှင်သည် ခရစ်တော် ဖြစ်၍၊ တည်ဆောက်သောသူသည်လည်း ခရစ်တော် ပင် ဖြစ်ရမည်။ ယနေ့ အသင်းတော် အများစုသည်၊ လူမျိုးကပိုင်သော အသင်းတော်၊ ဂိုဏ်း ဂဏပိုင်သော အသင်းတော်၊ သင်းအုပ်ဆရာပိုင်သော အသင်းတော်၊ အသင်းတော် လူကြီးများပိုင်သော အသင်းတော်၊ အသင်းသားများပိုင်သော အသင်းတော် ဖြစ်နေကြသည်။ လူမျိုးကပိုင်သော အသင်းတော်သည်၊ ထိုလူမျိုး တိုးတက်ဘို့၊ စကား ထိမ်းသိမ်းဘို့ ရည်ရွယ်ချက်ရှိ၍၊ ခရစ်တော်နှင့် မဆိုင်သောကြောင့်၊ ခရစ်တော်၏ အလိုတော်သည် အရေးမကြီးချေ။ ဂိုဏ်းဂဏပိုင်သော အသင်းတော်သည်၊ ထိုဂိုဏ်း၏ လုပ်ရိုး လုပ်ထုံးသည် သာအရေးကြီး စေ၍၊ ခရစ်တော်သည် နေရာ မရရှိချေ။ သင်းအုပ်ဆရာ ပိုင်သော အသင်းတော်၌၊ သင်းအုပ်၏ အလိုဆန္ဒအတိုင်း သွား၍၊ ခရစ်တော်သည် အရေးမပါချေ။ အချို့ အသင်းတော် များသည်၊ ပြောနိုင်ဆိုနိင်တတ်နိုင်သော အသင်းတော် လူကြီး တယောက် နှစ်ယောက်၏ အလိုဆန္ဒအတိုင်း သွား၍၊ သူတို့ ကျေနပ် ဘို့သည် အရေးကြီးသည်။ အချို့ အသင်းတော်များ၌ ခရစ်တော် အလိုတော်ထက်၊ လူထုမဲဆန္ဒသည် အရေးကြီးသည်။ ဤ အသင်းတော် မျိုး၌၊ သင်းအုပ်ဆရာသည်လည်း အရေးမကြီးချေ။ အကြောင်းမှာ အသင်းသားများကမကြိုက်လျှင်၊ အသင်းအုပ်ဆ ရာကို နှင်ထုတ်၍၊ အခြားသင်းအုပ်ဆရာကို ခေါ်နိုင်သည်။ ထို့ကြောင့် သင်းအုပ်ဆရာသည်၊ အသင်းသား များ၏ အလိုဆန္ဒကို လိုက်လျောနေရသည်။ သင်၏ အသင်းတော်သည်၊ မည်သူကပိုင်သနည်း။ 

လူပိုင်သော အသင်းတော်များ

အထက်၌ ဖေါ်ပြသော၊ လူမျိုး၊ ဂိုဏ်းဂဏ၊ သင်းအုပ်၊ အသင်းသား ပိုင်သော အသင်းတော် များသည်၊ လူအင်အား၊ ငွေအင်အား၊ ဖွဲ့စည်းအုပ်ချုပ်ပုံအ​ခြေ ခံဥပဒေ၊ ခံယူထားသော ဩဝါဒ၊ အစည်းအဝေးဆုံးဖြတ်ချက် များသည် အရေးကြီးသည်။ ဘုရားကိုးကွယ်သည်၊ အမှုတော်ဆောင်သည် ဟုဆိုသော်လည်း၊ ဘုရား၏ တန်ခိုးသည် အရေးမကြီးချေ။ ထိုအသင်းတော်များ၌ ခရစ်တော်၏ ရည်ရွယ်ချက် ဖြစ်သော၊ လူတိုင်း ကယ်တင်ခြင်းသို့ ရောက်ရှိရေး၊ ဝိညာဉ်ပိုင်းတည်ဆောက်ရေးသည် အရေး လုံးဝ မကြီးချေ။ ကျမ်းစာထက်၊ လူ၏ ပညာ ဗဟုသုတ၊ လုပ်ထုံးလုပ်နည်းများကို အားကိုး သည်။ တခုခုလုပ်မည်ကြံလျှင်၊ ငွေရှိမရှိပဌမဦးဆုံး စစ်ဆေးသည်။ ခရစ်တော်၏ အလိုတော်ထက်၊ လူအများစု၏ သဘောတူ ဆုံးဖြတ်ချက်သည် အရေးကြီးသည်။ ယုံကြည်ခြင်းအားဖြင့် မဟုတ်၊ ရုပ်ဝတ္တုကို ကြည့်၍ လုပ်ဆောင်သည်။ လုပ် ဆောင်သော အရာများလည်း၊ ဝိညာဉ်ပိုင်းအတွက် မဟုတ်ဘဲ၊ အသင်းသား များ၏ စိတ်ကျေနပ်ဘို့၊ တက်ကြွဘို့၊ ပျော်ရွှင်ဘို့၊ အဓိကထားသည်။ 

အထက်ပါ အသင်းတော်များ၌၊ သင်းအုပ်ဆရာအမှုဆောင်များသည်၊ ကျမ်းစာကျောင်းဘွဲ့ရဘို့ အရေးကြီးသည်။ တရားမဟောတတ်၊ ကယ်တင်ခြင်းနှင့် သမ္မာ တရားမဟောနိုင်လျှင် လည်း၊ ကျမ်းစာ ဘွဲ့ကြီး ကြီးရရှိလျှင် ကျေနပ် အားရနေကြသည်။ သင်းအုပ်ဆရာများသည်၊ ပျောက်ဆုံးဝိညာဉ်များကို ဖမ်းရမှန်း မသိ၊ အပတ်တိုင်း သို့မဟုတ် တလလျှင် တကြိမ်နှစ်ကြိမ်တနင်္နွေနေ့၌ တရားဟောနိုင်လျှင် ကျေနပ် ကြသည်။ သင်းအုပ်ဆရာ၏ အ လုပ်သည်၊ အသင်းသားများအိမ်လည်ခြင်း၊ ခလေး မွေးလျှင် ဆုတောင်း ပေးခြင်း၊ လက်ထပ်ခြင်း၊ အသုဘချခြင်း၊ အသင်းသား များ၏ လူမှု ကိစ္စများ ကူညီခြင်းသည် အဓိက ဖြစ်သည်။ သင်သည် ထိုသို့သော အမှုတော်ဆောင် ဖြစ်ပါသလား။ 

အထက်ပါ အသင်းတော်များ၌၊ အသင်းသား များလည်း တနင်္နွေနေ့ဘုရားဝတ်ပြုခြင်း၊ အလှူငွေမှန်မှန်ထည့်ခြင်း၊ ပြုလုပ် နိုင်လျှင် ကျေနပ် နေကြသည်။ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်းများမရှိ၊ ထိုအရာများသည် သင်းအုပ်အလုပ်ဟု ထင်မှတ် ကြသည်။ ကျမ်းစာဖတ်လျှင် လည်း၊ ဝါသနာပါသောကြောင့်၊ အသုံးပြုဘို့ မဟုတ်ဘဲ၊ သိဘို့ ရာသက်သက် ဖတ်ရှုလေ့လာ ကြသည်။ မယုံကြည်သူများထံ၌ သက်သေမခံဘဲ၊ ဘုရားကျောင်း၌သာ သက်သေခံချင်သည်။ အပြင်လောက၌ ဘုရား ချီးမွမ်းခြင်း မလုပ်ဘဲ၊ အသင်းတော် အစည်းအဝေး၌ သာချီးမွမ်းလိုသည်။ ဘုရားကျောင်း၌ သာလျှင် ခရစ်ယာန် ဖြစ်၍၊ အပြင်လောက၊ လုပ်ငန်းခွင်၌ မယုံကြည်သူလောကသားများနှင့် ခွဲခြား၍ မရချေ။ ဘုရားကျောင်းအပြင်ဘက်၌ သက်သေခံတတ်သောသူများကို၊ အမြင် ကပ်၍ ချီဆောင်ခြင်း အကြောင်း ပြောလျှင်၊ ခြိမ်း​ခြောက်သည်ဟု ယူဆသည်။ လောကသားများနည်းတူ စဉ်းစား၊ ကျင့်ကြံပြုမူသောကြောင့် မယုံကြည်သူလောကသားများနှင့် ကွာခြင်းမှု မရှိချေ။ ထို့ကြောင့် လောကသားများကလည်း မမုန်း၊ အားရကျေနပ်စွာ ပေါင်းသင်းဆက်ဆံနိင်သည်။ သင်သည် ထိုသို့ သောသူ ဖြစ်ပါသလား။ 

အသင်းတော်၏ အုပ်မြစ်

ခရစ်တော်ကိုင်တိုင် ဤကဲ့သို့ ပြောခဲ့သည်၊ ငါဆိုသည်ကား၊ သင်သည် ပေတရု ဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ (မ ၁၆:၁၈)။ ပဌမ ဦးစွာ အသင်းတော်၏ အုပ် မြစ်ကို စစ်ဆေးကြပါစို့။ ခရစ်တော် ကသင်သည် ပေတရု (Petros) ဖြစ်သည် ဟုဆိုရာ တွင်၊ ကျောက်တုံးကလေးကို ဆိုလိုသည်။ သို့သော် ဤကျောက် ဟုဆိုသောအခါ၊ ကျောက်တုံးကြီး (Petra)ကို သုံးပြုသည်။ ထိုကျောက်တုံးကြီးသည်၊ ခရစ်တော် ကိုယ်တိုင် ပင် ဖြစ်သည်။ 

ရှင်ပေါလုက၊ ယေရှု ခရစ်တည်း ဟူသော၊ ချလျက် ရှိသော တိုက်မြစ်မှတ ပါး၊ အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိုင်။ (၁ ကော ၃:၁၁) ဟုဆိုထားသည်။ တဖန်၊ တမန်တော် မှစ၍ ပရောဖက်များ တည်းဟူသော တိုက်မြစ် အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက် ရှိကြ၏။ ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှု ခရစ် ဖြစ်သတည်း။ ထိုကျောက်နှင့် တတိုက်လုံးသည် စေ့စပ်၍ကြီး ပွား သဖြင့်၊ သခင်ဘုရား အဘို့ အလိုငှါ၊ သန့်ရှင်းသော ဗိမာန်တော် ဖြစ်၏။ (ဧဖက် ၂ ; ၂၀-၂၁)ဟု ရေးထားသည်။ ပေတရုကလည်း၊ လူတို့ ပယ်ထား၍ ဘုရားသခင် ရွေး ချယ်တော်မူသော၊ အသက် ကျောက်မြတ်တည်း ဟူသော၊ ထိုသခင်ထံသို့ သင်တို့သည် ရောက်၍၊ အသက် ကျောက်များ ကဲ့သို့ အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက် ရှိသဖြင့်၊ ဓမ္မတိုက် ဖြစ်ကြ၏။ (၁ ပေ ၂:၄-၅) ဆိုသည်။ ထို့ကြောင့် အသင်းတော်၏ အုပ်မြစ်သည်၊ သခင်ယေရှု သာလျှင် ဖြစ်သောကြောင့်၊ လူမျိုးရေး၊ လူမှုရေး၊ ဂိုဏ်းဂဏ၊ သင်းအုပ်ဆရာ၊ အသင်းတော် လူကြီးနှင့် အသင်းသား များသည် အပေါ်၌ မတည်ဆောက်ရချေ။ 

အသင်းတော် တည်ဆောက်သူ

အသင်းတော်ကို ခရစ်တော်က၊ သူကိုယ်တိုင် တည်ဆောက်ဘို့ ဤသို့ ဆို ခဲ့သည်၊ ငါ့အသင်းကို ငါတည်ဆောက်မည်။ ငါ့အသင်းကို တည်ဆောက်ပေးကြပါ ဟု မဆိုပါ။ ထို့ကြောင့် အသင်းတော်ကို ခရစ်တော် ကိုယ်တိုင် ကဆောက်ရမည်။ သို့ဖြစ်လျှင်၊ သင်းအုပ်ဆရာနှင့် အသင်းသား များသည်၊ ဘယ်နေရာကပါဝင်မည်နည်း။ သူတို့သည် ခရစ်တော်၏ အသုံးတော် ခံ၊ စေခံ သို့မဟုတ် ကရိယာတန်ဆာဗလာများ ဖြစ်သည်။ ဣသရေလများ တည်ဆောက်သော ပဌမ ဗိမာန်တော်ကို၊ ရှောလမုန်ကဆောက်သည်ဟု၊ ဆိုတတ်ကြသည်။ ထိုဗိမာန်တော်ကို ရှောလမုန်ကိုယ်တိုင်၊ လုပ်အားဖြင့် မတည်ဆောက်ဘဲ၊ လူ များစွာ ကတည်ဆောက်သော်လည်း၊ အဘယ်ကြောင့်ရှောလမုန် ဗိမာန်တော် ဟုဆိုသနည်းဟူမူကား၊ လူများ၏ အလိုဆန္ဒနှင့် မဟုတ်၊ ရှောလမုန်မင်း၏ အလိုတော်အတိုင်း တည်ဆောက်သောကြောင့် ဖြစ်သည်။ ဒုတိယဗိမာန်တော်ကိုလည်း၊ ယေရုဗဗေလက ဦးဆောင်သောကြောင့်၊ ယေရုဗဗေလဗိမာန်တော်ဟု ခေါ် တတ်သည်။ 

အသင်းတော်သည် အဘယ်အရာနည်း

အသင်းတော်သည် အဆောက်အဦး ဖြစ်သလော၊ အသင်းတော်သည် အဘယ်အရာနည်း။ အသင်းတော်သည် အဆောက်အဦးနှင့် ဘဏ္ဍာငွေများ၊ ပရိဘောဂများ မဟုတ်ပါ။ အသင်းတော်သည် အသက်ရှင်သော ဓမ္မကျောက်များ ပေါင်းစပ် ထားခြင်း ဖြစ်သည်။ တမန်တော် ပေတရုက၊ လူတို့ ပယ်ထား၍ ဘုရားသခင် ရွေး ချယ်တော်မူသော၊ အသက် ကျောက်မြတ်တည်း ဟူသော၊ ထိုသခင်ထံသို့ သင်တို့သည် ရောက်၍၊ အသက် ကျောက်များ ကဲ့သို့ အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက် ရှိသဖြင့်၊ ဓမ္မတိုက် ဖြစ်ကြ၏။ ဟုဆိုသည် (၁ ပေ ၂:၄-၅)။ ထာဝရ အသက် ရသော၊ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံသောသူများသည်၊ အသက် ကျောက်များ ဖြစ်သည် ဟုဆိုခြင်း ဖြစ်သည်။ အသက် ကျောက်ဆိုသည်မှာ၊ သေနေသော ကျောက် မဟုတ်၊ အသက်ရှင်သော ကျောက် ဟုဆိုလိုခြင်း ဖြစ်သည်။ အသင်းတော်၏ အုတ်မြစ်သည်၊ အသက်ရှင်သော ခရစ်တော် ဖြစ်သည့်နည်းတူ၊ ထိုအုတ်မြစ် အပေါ်၌ အသက်ရှင်သော ကျောက်တည်း ဟူသော၊ ထာဝရ အသက် ရသောသူများအားဖြင့်သာတည်ဆောက်နိုင်သည်။ သို့သော် ယနေ့ အသင်းတော် များစွာသည်၊ သေ နေသော ကျောက်များအားဖြင့် တည်ဆောက်သောကြောင့်၊ အသက်ရှင်ခြင်း လက္ခ ဏာမရှိခြင်း ဖြစ်သည်။ 

အသင်းတော်၏ ရည်ရွယ်ချက်

အသင်းတော်၏ အုတ်မြစ်နှင့် တည်ဆောက်သူသည်၊ ခရစ်တော် ဖြစ်သောကြောင့်၊ သူ၏ အလိုတော်အတိုင်း တည်ဆောက်ရမည်။ သို့ဖြစ်လျှင် ခရစ်တော်၏ အလိုတော်သည် အဘယ်အရာနည်း။ သူက ဤသို့ ဆိုထားသည်၊ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။ မရဏာနိင်ငံသည် သုံးမျိုးအဓိပ္ပါယ်ရှိသည်၊ သေခြင်း၊ သင်္ချိုင်း၊ နှင့် ငရဲ ဖြစ်သည်။ သေခြင်း၊ သင်္ချိုင်းနှင့် ငရဲတံခါးသည် လူသားများကို နေ့တိုင်း၊ ငရဲထဲသို့ ဆွဲချနေသည်။ မရဏာနိင်ငံသည်၊ အသင်းတော်ကို မနိုင် ရာ ဟုဆိုရာတွင်၊ အသင်းတော်သည် သေခြင်းကို အောင်မြင်၍၊ ငရဲတံခါးပိတ်ဘို့ရန် ဖြစ်သည်။ မည်ကဲ့သို့ အသင်းတော်က၊ မရဏာနိင်ငံ၏ တံခါးတို့ကို ပိတ်မည်နည်း။ ခရစ်တော်၏ ကယ်ခြင်း တရားကို ဟောပြောခြင်းအားဖြင့် ပိတ်နိုင်သည်။ လူသည် ကယ်တင်ခြင်း နားလည်၍၊ လက်ခံသောအခါ ငရဲမသွားရတော့ဘဲ၊ ကောင်းကင်သို့ သွားရမည် ဖြစ်သည်။ ထို့ကြောင့် အသင်းတော်၏ တခုတည်းသော တာဝန်သည်၊ ကယ် တင်ခြင်း တရားကို လူတိုင်း သိစေဘို့ ဖြစ်သည်။ 

ယေရှုက၊ ကောင်းကင် နိုင်ငံတော်၏သော့တို့ ကိုလည်း သင့်အား ငါပေးမည်။ သင်သည် မြေကြီးပေါ်မှ ာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင် လျှက်ရှိလိမ့်မည်။ မြေကြီးပေါ်မှ ာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ​ဖြေလွှတ်လျက် ရှိလိမ့်မည် (မ ၁၆:၁၉) ဟုသည်။ အဘယ်ကြောင့်ယေရှု ကပေတရုကို ကောင်းကင်သော့ကို ပေးသနည်းဟူမူကား၊ ပေတရုက၊ ကိုယ်တော်သည် ခရစ်တော် တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ဟု သိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် မည်သူ ဖြစ်သနည်း၊ ဟု သိသော ယုံ ကြည်သူ တိုင်းကို ကောင်းသော့ပေးထားသည်။ ပေတရုက ယုံကြည်သူများကို၊ အသက် ကျောက် (၁ ပေ ၂:၅) ဟုဆိုရာတွင်၊ Petros အစား Litho ဟူသောစကား လုံးကို သုံးသည်။ သို့သော် နှစ်မျိုးစလုံးသည် ကျောက်တုံး ဖြစ်သည်။ ထို့ကြောင့် ယုံ ကြည် သူများလည်း၊ ကောင်းကင်သော့ကို ပေးထားသည် ဟုဆိုနိုင်သည်။ ထိုကောင်း ကင်သော့သည်၊ ခရစ်တော်ကို သိခြင်း၊ ခရစ်တော်၏ ကယ်တင်ခြင်းကို သိခြင်း ဖြစ်သည်။ ထိုကယ်တင်ခြင်း တရားအားဖြင့် ကောင်းကင်သော့ကို ဖွင့်နိုင်သည်။ သို့သော် ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူများသည်၊ ထိုသော့ရှိမှန်းလည်း မသိ၊ သုံးလည်း မသုံးသောကြောင့်၊ လူများသည် ကောင်းကင်သို့ မဝင်နိုင်ခြင်း ဖြစ်သည်။ 

သင်သည် မြေကြီးပေါ်မှာ ချည်နှောင်သမျှသည်၊ ကောင်းကင်ဘုံ၌ ချည်နှောင် လျှက်ရှိလိမ့်မည်။ မြေကြီးပေါ်မှ ာ ဖြည်လွှတ်သမျှသည်၊ ကောင်းကင်ဘုံ၌ ​ဖြေလွှတ်လျက် ရှိလိမ့်မည် ဟူသောအရာ ကိုလည်း၊ အချင်းချင်း အပေါ်ပြစ်မှားသော အပြစ်ကို လွှတ်ခြင်းဟု ယူဆကြသည်။ ချည်နှောင်ခြင်း (အပြစ် တင်ခြင်း)နှင့် လွှတ်ခြင်း (အပြစ် မှလွှတ်ခြင်း)သည် ဘုရားကသာ တတ်နိုင်သည်။ သို့ဖြစ်လျှင် အဘယ်ကြောင့်ပေတရုသည် ချည်နှောင်ခြင်းနှင့် လွှတ်ခြင်း အခွင့်ကို ပေးသနည်း။ လူသားများသည်၊ စာတန်၊ အပြစ်နှင့် လောကအရာများက၊ ကောင်းကင် မတက်နိုင်အောင်၊ ဘုရား ထံမလာ နိုင်အောင် ချည်နှောင်ထားသည်။ သို့သော် ဘုရားသခင်က ခရစ်တော်အားဖြင့် အပြစ် လွှတ်ခြင်း အကြောင်းကို ပြော၍၊ ယုံကြည် လာသောအခါ၊ ထိုချည်နှောင်ခြင်းများမှ လွတ်၍၊ ဘုရားသခင် ထံဆက်ကပ်ကိုးကွယ်နိင် ကြသည်။ ထိုလွတ်ခြင်းကို ကောင်းစွာ နားလည်သောသူများသည်၊ လွတ်လပ်စွာ ဘုရားကို ကိုးကွယ်ခြင်း၊ အမှုဆောင်ခြင်းများပြုလုပ် နိင် ကြသည်။ ထိုအရာများကို ဟောပြောဘို့သည်၊ အသင်းတော်၏ တာ ဝန် ဖြစ်သည်။ 

ယနေ့ များစွာသော အသင်းတော် များသည်၊ မရဏာနိင်ငံ၏ တံခါးကို ပိတ် မည့် အစား၊ ပို၍ ကျယ်လာရန်တိုးချဲ့နေကြသည်။ မည်ကဲ့သို့ ချဲ့ကြသနည်း။ ကောင်း နိင်ငံရောက်နိုင်မည့် နည်းကို မပြောဘဲ၊ ဤလောကကို စွဲလမ်းရန်ဟောပြော နေကြသည်။ ဤလောက၌ တိုးတက်ရမည်၊ ဘုရားကောင်းကြီး ခံစားရမည်၊ ပညာတတ် ရမည်၊ကိုယ့်လူမျိုးကို ချစ်ရမည်၊ နိင်ငံရေး၌လည်း ပါဝင်ရမည်၊ ဟု အားပေးသွန်သင် နေသည်။ ဤလောကသည် စာတန် ကအုပ်စိုးသောကြောင့်၊ လောကအရာများကို ချစ်လျှင် စာတန်ကို ချစ်ရာရောက်သည်။ လူသည် နဂိုကတည်း ကလောကကို ချစ်သည်။ အသင်းတော် ကလောက၌ တိုးတက်ရေး ပြောဆိုသောအခါ၊ ပို၍ စွဲလမ်းကာ၊ လောကအရာအတွက် သာလျှင်၊ အချိန်၊ ဘဏ္ဍာ၊ စွမ်းအားများကို အသုံးပြု ကြသည်။ ဤလောကကို လိုက်ရင်း၊ ရှာရင်းဖြင့်အချိန် ကုန်ကာ၊ ကောင်းကင်နိင်ငံရောက်မည့် အရေးကို၊ ဂရုမစိုက်နိင်သောကြောင့်၊ အသက် ကုန်ဆုံးသောအခါ၊ ငရဲသို့ ရောက်ရသည်။ ထို့ကြောင့်၊ အသင်းတော်သည် မိမိတာဝန်ကို မကျေ၊ မရဏာနိင်ငံ၏ တံခါးကို ပိတ်မည့် အစား၊ ကျယ်သထက် ကျယ်ရန်တိုးချဲ့နေသည်။ သို့သော် အသင်းတော် များသည်၊ သူတို့ ဘာပြုကြသည်ကို မသိကြချေ။ သင်၏ အသင်းတော်သည်၊ ထိုကဲ့သို့သော အသင်းတော် ဖြစ်နေပါသလော။ 

အသင်းတော်ကို ဘာနှင့် တည်ဆောက်သနည်း

ကားထုတ်လုပ် သူများက၊ ကားသည် လူအင်အားဖြင့် မောင်းဘို့ မဟုတ်၊ ဓါတ်ဆီအားဖြင့် သွားဘို့ ပြု လုပ်သည်။ ကားကို လူအင်အားဖြင့် တွန်းဘို့၊ ဆွဲဘို့ မဟုတ်။ လူအင်အား သုံးပါက အကျိုးမရှိချေ။ လူပင်ပန်း၍ စိတ်ပျက်ရုံသာရှိသည်။ ထိုနည်း တူ အသင်းတော်၏ ပိုင်ရှင်သခင်ယေရှုက၊ အသင်းတော်ကို လူအင်အား၊ လူ့ဥာဏ်ဖြင့် ဆောက်ဘို့ရန် မရည်ရွယ်ပါ။ အသင်းတော်ကို သန့်ရှင်းသောဝိညာဉ်တော် တန် ခိုးအားဖြင့်၊ နှုတ်ကပတ်တော် တန်ခိုးအားဖြင့်၊ တည်ဆောက်သည်။ မည်သို့ တည်ဆောက်သနည်း။ သန့်ရှင်းသော် ဝိညာဉ်တော်က၊ ယုံကြည်သူ အများ၏ အထဲမှတည်ဆောက်သည်။ ပင်တေကုတ္တေနေ့၌ တမန်တော်များနှင့် ပေတရုအားဖြင့်၊ တည်ဆောက်သည်။ ထိုအသင်းတော် တည်ဆောက်သောအခါ၊ တမန်တော်များသည်၊ အစည်းအဝေးမထိုင်ချေ။ ရွှေငွေများကိုလည်း မကောက်မခံ၊ ဖွဲ့စည်း အုပ်ချုပ်ပုံနှင့် စည်းမျဉ်းစည်းကမ်းများလည်း မဆွဲကြချေ။ အဆောက်အဦးနှင့် ပရိ ဘောဂများလည်း မဆောက်မဝယ်ကြချေ။ တူရိယာများလည်း မပါချေ။ တမန်တော်များသည်၊ သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးနှင့် တရားဟောခြင်း၊ ဆုတောင်းခြင်း၊ လူနာများကို ကျန်းမာစေခြင်း၊ မုန့်ကို ဖဲ့ခြင်းများပြုလုပ် ကြသည် (တမန် ၂)။ ရှင်ပေါလုကလည်း အသင်းတော်များကို၊ ကယ်တင်ခြင်း တရားဟောခြင်း၊ နတ်ဆိုးများ နှင်ထုတ်ခြင်း၊ ဆုံးမဩဝါဒများကို ပေးခြင်း၊ နိမိတ်လက္ခဏာများကို ပြုခြင်းတို့ ဖြင့် တည် ဆောက်ခဲ့ ကြသည်။ 

ယနေ့ အသင်းတော်များ

ယနေ့ အသင်းတော် များသည်၊ ခရစ်တော် အုတ်မြစ် အပေါ်၌ မတည်ဆောက်၊ လူမျိုးရေး၊ လူမှုရေး၊ ဂိုဏ်းဂဏ၊ လူတဦး၊ လူတစု အပေါ်၌ တည်ဆောက်ကြသောကြောင့်၊ ခရစ်တော်၏ အသင်းတော်များမဟုတ်ချေ။ အပေါ်၌ ဆောက်သောသူများလည်း၊ အသက် ကျောက်တည်း ဟူသော၊ ကယ်တင်ခြင်းသို့ ရောက်သောသူများဖြင့် မဆောက်ဘဲ၊ လူတိုင်း ပါဝင်သောကြောင့်၊ သေနေသော ကျောက်များနှင့် တည်ဆောက် ကြသည်။ ရည်ရွယ်ချက်လည်း ငရဲတံခါးပိတ်ခြင်း တည်းဟူသော၊ ခရစ်တော်၏ ကယ်တင်ခြင်း တရားဟောဘို့ မဟုတ်၊ လူများ ငရဲကျမှာကို ဆီးတားပြီး ကောင်းကင် တံခါးဖွင့်ပေးဘို့ မဟုတ်။ လောက၌ အောင်မြင်ဘို့၊ ပျော်ရွှင်ဘို့၊ အမျိုးနှင့် စကား ထိမ်းသိမ်းဘို့၊ ဂိုဏ်းဂဏမပျောက်မပျက်သွားအောင် စောင့်ရှောက်ဘို့၊ သင်းအုပ်ဆရာ ဖြစ်လျှင် သူ၏ အလုပ်တည်မြဲဘို့၊ အစဉ်အလာကို ထိမ်းဘို့များသာလျှင် ဖြစ်သည်။ ထို့ကြောင့် ကယ်တင်ခြင်း တရားလည်း မဟော၊ အားလုံး ကယ် တင်ခြင်းသို့ ရောက်ပြီ၊ ခရစ်ယာန် အသက်တာကိုသာ သင်ပေးဘို့ လိုသည် ဟုဆို ကြသည်။ ကယ်တင်ခြင်းထက် ခေါင်းဆောင် သင်တန်းများကိုသာလျှင် သင်ချင် ကြသည်။ ဦးဆောင်သော သင်းအုပ်ဆရာမှစ၍ အသင်းတော် လူကြီးများ၊ အသင်းသား များသည် ကောင်းကင် ရောက်ဘို့ စိတ်မဝင်စားကြ။ ခရစ်တော် ကြွ လာမှာကိုလည်း မမြော်လင့်ကြချေ။ ထို့ထက်လောကအရာကိုသာလျှင် စိတ်ဝင် စားသည်။ ခရစ်တော် ကြွလာမည့် အရာနှင့် ဘေးဒဏ်ကြီးကာလ ရောက်မည့် အကြောင်း ပြောလျှင်၊ လူများကို ခြိမ်း​ခြောက်သည် ဟုဆို ကြသည်။ အမှန်မှာ ခရစ်တော် ကြွလာမည့် အရာသည်၊ ယုံကြည်သူများအတွက် မြော်လင့်ရာ၊ သက်သာရာ ဖြစ်သည်။ အဘယ်ကြောင့်ခြိမ်း​ခြောက်သည် ဟုဆိုကြသနည်းဟူမူကား၊ သူတို့သည် ချီဆောင်ခြင်း၌ မပါဘဲ၊ ဘေးဒဏ်ကြီး ကာလ၌ ရောက်ရှိသွားကြမည် ဖြစ်သောကြောင့် ဖြစ်သည်။ 

စာတန်ကိုးကွယ်ခြင်း 

အသင်းတော် အတုများသည်လောကအရာကိုသာလျှင် စိတ်ဝင်စား ကြသည်။ အမှန်မှာလောကသည် စာတန် အပိုင် ဖြစ်သည် (ယော ၁၄:၃၀)။ ပိုင်ရှင်စာ တန်ကို မကိုးကွယ်ဘဲလောကအရာကို မရနိင်ချေ။ စာတန် ကိုယ်တိုင်က ခရစ်တော်ထံ ငါ့ကိုကိုးကွယ်လျှင်၊ ဤအရာအလုံးစုံတို့ကို ပေးမည် ဟုဆိုခဲ့သည် မဟုတ်လော (မ ၄ ; ၈-၉)။ ထို့ကြောင့် ဤလောက တည်းဟူသော၊ စီးပွားရေး၊ နိင်ငံရေး၊ လူမျိုးရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဝါသနာများကို ဘုရားထက် အလေးထားလျှင်၊ ထိုအရာများကို ယပိုင်ဆိုင်သူ၊ စာတန်ကို ကိုးကွယ်ခြင်း ဖြစ်သည်။ စာတန်ကို သွယ်ဝိုက်သော နည်းဖြင့်ကိုးကွယ်သောကြောင့်၊ ဘုရားသခင်ကို မကိုးကွယ်လိုခြင်း ဖြစ်သည်။ အသင်းတော် အများစုသည်၊ စာတန်ကို ကိုးကွယ် နေကြသောကြောင့်၊ ခရစ်တော် ခိုင်းသော အလုပ်ကိုလည်း မလုပ်နိုင်ခြင်း ဖြစ်သည်။ 

အသုံးပြုသော တန်ခိုး

အထက်၌ ဖေါ်ပြသော အသင်းတော် များသည်၊ စာတန် အပိုင် ဖြစ်သောကြောင့်၊ ဘုရားသခင် ပေးသော တန်ခိုးများကို အသုံးမပြုနိုင်ကြချေ။ တမန်တော်များကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၊ နှုတ်ကပတ်တော် တန်ခိုးများထက်၊ ကျမ်းစာကျောင်းဘွဲ့နှင့် ပညာအင်အား၊ ငွေအင်အား၊ လူအင်အား၊ လူမှုရေးလိုအပ်ချက်ကူ ညီခြင်း၊ လူမျိုးရေးအ​ခြေခံခြင်း၊ များအားဖြင့် တည်ဆောက် ကြသည်။ ခရစ်တော် ခိုင်းသော ပျောက်ဆုံးဝိညာဉ် များဖမ်းခြင်း လုံးဝ မရှိဘဲ၊ လူ့ပညာ၊ လူ့အင်အားများဖြင့် အသင်းတော် တည်ဆောက် ကြသည်။ ထို့ကြောင့် အစည်းအဝေးများများထိုင်ကာ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအ​ခြေခံဥပဒေများရေးဆွဲခြင်း၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်း၊ ပါတီအုပ်စုဖွဲ့၍ တဖွဲ့နှင့် တဖွဲ့ငြင်းခုံကာ၊ ရာထူးလုခြင်း၊ အပြစ် ရှာခြင်း၊ များပြုလုပ် နေကြသည်။ ထိုအရာများသည် ဇာတိ ဖြစ်၍၊ ချစ်ခြင်းမေတ္တာလည်း မရှိ၊ ဝိညာဉ်တော် အားကိုး ခြင်းလည်း မရှိချေ။ ထို့ကြောင့် နှုတ်ကပတ်တော် ဟောပြောသော်လည်း၊ တန် ခိုးမပါသောကြောင့် လူများ ကယ်တင်ခြင်း သို့လည်း မရောက်၊ အကျင့်များလည်း မပြောင်းလဲ၊ အသင်းသား တိုးတက်ခြင်းလည်း မရှိချေ။ အသင်းတော် များသည်၊ ဝိညာဉ်ရေးရာ၌ ဝမ်းမြောက်မှု မရှိသောအခါ၊ ဇာတိအားဖြင့် ပျော်ရွှင်ဘို့ ပျော်ပွဲစားထွက်ခြင်း၊ တသင်းနှင့် တသင်းလည်ပတ်ခြင်း၊ သီချင်းဆိုပြိုင်ခြင်း၊ ရံပုံငွေရှာ၍ စျေးရောင်းခြင်း၊ ဧည့်သည် ဆရာကို ခေါ်ဘိတ်ခြင်း၊ ရိုးရာအကနှင့် ယဉ်ကျေးမှုများ၊ ဘာသာစကား တိုး တက်ထုတ်ဖေါ်ခြင်းများပြုလုပ် ကြသည်။ သင်၏ အသင်းတော်သည် ထိုကဲ့သို့သော အသင်းတော် ဖြစ်ပါသလား။ ထိုကဲ့သို့သော အသင်းတော် ဖြစ်လျှင်၊ ထိုနေရာ၌ သင်မ နေသင့်ချေ။ သင်ကိုယ်တိုင်လည်း အသက်မရှင်၊ သမ္မာတရား မသိလျှင် ထိုအသင်းတော် မျိုး၌၊ ပျော်ရွှင်နေမည် ဖြစ်သည်။ 

ကျမ်းစာဖတ်ကြစို့
ဟေဗြဲ ၆

၁။ ထိုကြောင့်၊ သေခြင်းနှင့် စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊ ဗတ္တိဇံတရားကို သွန်သင်ခြင်း၊ လက်ကို တင်ခြင်း၊ သေလွန်သော သူတို့၏ ထမြောက် ခြင်း၊ ထာဝရ စီရင်ဆုံးဖြတ်ခြင်း တည်းဟူသော မူလအမြစ်ကို ငါတို့သည် ပြန်၍ မတည်ဘဲ၊ ခရစ်တော်၏ ဘာသာ၌ အစအဦး ဖြစ်သော အကြောင်း အရာတို့ကို ထား၍၊ စုံလင်သော အဖြစ်သို့ တက်ကြကုန်အံ့။ ၃။ ဘုရားသခင်အခွင့် ပေးတော်မူ လျှင်၊ ငါတို့သည် ထိုသို့ ပြုကြမည်။ 

ဟေဗြဲ ၅၌ ဤစာကို လက်ခံ သူများသည်၊ ဝိညာဉ်ပိုင်း၌ ခလေး ဖြစ်ကြောင်း၊ သိခဲ့ရပြီ။ ယခုမူလအမြစ်တည်း ဟူသော၊ ဝိညာဉ်ပိုင်း၌ အ​ခြေခံတရားများကို ထားခဲ့၍၊ စုံလင်ခြင်း တည်းဟူသော၊ ရင့်ကျက်သောသူ ဖြစ်ဘို့ နိုးဆော်ထားသည်။ မူလအ မြစ် ဖြစ်သော အ​ခြေခံတရားများသည်၊ သေခြင်းနှင့် စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဗတ္တိဇံတရားကို သွန်သင်ခြင်း၊ လက်ကို တင်ခြင်း၊ သေလွန်သော သူတို့၏ ထမြောက် ခြင်း၊ ထာဝရ စီရင်ဆုံးဖြတ်ခြင်းတို့ ဖြစ်သည်။ ထိုအ ရာများသည် ယုံကြည် ခါစလူများကို သင်ပေးသောအရာ ဖြစ်သည်။ ယနေ့ ခရစ်ယာန်များလည်း၊ ထိုအ​ခြေခံတရားများကိုသာလျှင် သင်ပေးဘို့ လိုသည်။ အကြောင်းမှာ၊ ဝိညာဉ်ပိုင်း၌ မမွေးသောသူများ၊ သို့မဟုတ် ခလေးများဖြစ်သောကြောင့် ဖြစ်သည်။ 

၄။ အလင်းသို့ တခါရောက်၍၊ ကောင်းကင် ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူခြင်း၊ ၅။ ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကိုင်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကိုင်း၊ မြည်းစမ်းခြင်းရှိပြီးမှ၊ ၆။ ရွေ့လျော့ ဖေါက်ပြန်သော သူတို့သည်၊ မိမိတို့တွင် ဘုရားသခင်၏ သားတော်ကို၊ လက်ဝါးကပ် တိုင်မှာကွပ်မျက်၍၊ အသရေတော်ကို ှုတ်ချသောသူ ဖြစ်သောကြောင့်၊ နောက်တ ဖန်နောင်တ ရအံ့သောငှါ၊ အသစ်ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။ 

အထက်ပါ ကျမ်းပိုဒ်များသည်၊ ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူများ၊ ဖေါက်ပြန်ခြင်းဟု ယူဆကြသည်။ အမှန်မှာ ဤကျမ်းပိုဒ်များသည်၊ ကယ်တင်ခြင်းသို့ ရောက်သောသူကို ဆိုလိုခြင်း မဟုတ်ချေ။ အကြောင်းမှာ အလင်းသို့ ရောက်ခြင်းသည်၊ ဝိညာဉ်တော်နှင့် နှုတ်ကပတ်တော်၏ သွန်သင်မှုကို ခံခြင်း ဖြစ်သည်။ ကောင်းကင် ဆု ကျေးဇူးကို မြည်းစမ်းခြင်း၊ ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကိုင်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကိုင်း၊ မြည်းစမ်းခြင်းသည် ထိုအရာများကို ရရှိသည်ဟု မဆိုနိုင်ချေ။ ထမင်းဟင်း မြည်းစမ်းသောအခါ၊ အရသာသိသော်လည်း၊ ထမင်း စားသည်ဟု မဆိုနိင်ချေ။ ထို့ကြောင့် အထက် ဖေါ်ပြပါပုဂ္ဂိုလ်သည်၊ ကယ်တင်ခြင်း အကြောင်းကို သိရှိသော်လည်း၊ လက်မခံသောသူ ဖြစ်သည်။ လက်ထပ်ဘို့ စေ့စပ်ထားသော လည်း၊ နောက်ဆုတ်သွားသောကြောင့် လက်မထပ်သောသူနှင့် တူသည်။ ထို့သို့သော သူတို့သည်၊ ပြန်လည်ယုံကြည် နိုင်ဘို့ရန် ခက်ခဲသည်။ အကြောင်းမှာ ဦး နှောက်နှင့် သိသော်လည်း၊ နှလုံးသားက လက်မခံနိုင်ချေ။ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်ကလည်း၊ သူ့အပေါ်အလုပ်မလုပ်တော့သောကြောင့်၊ မယုံကြည် နိုင် တော့ချေ။ ထို့ကြောင့် သက်သေခံသောသူ၊ သင်တန်းပေးသောသူများကလည်း၊ ကယ် တင်ခြင်းသို့ ရောက်နိင်သည် အထိ၊ သက်သေခံဘို့၊ သင်ပေးဘို့ လိုအပ်သည်။ 

၇။ ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့ အဖန်ဖန်ကျသော မိုဃ်းရေကို သောက်၍၊ လုပ်သောသူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရား သခင်၏ ကောင်းကြီး မင်္လာကို ခံတတ်၏။ 

ဟင်းသီးဟင်းရွက် ဖြစ်စေသော မြေသည်၊ ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာခံတတ်သည် ဟုဆိုသည်။ အကြောင်းမှာ၊ စိုက်ပျိုးသူအတွက် အကျိုးပေးသည်။ ထိုမြေသည် လူ၏ စိတ်နှလုံးကို ပုံဆောင်သည် (မ ၁၃)။ အငယ် ၄-၆ အထိ ဖေါ်ပြသော လူကို မြေနှင့် နှိုင်းထားခြင်း ဖြစ်သည်။ မြေသည် မိုဃ်းရေကို သောက်၍၊ လူစား ဘို့ရန် ဟင်းသီးဟင်းရွက်ဖြစ်စေ သကဲ့သို့၊ စိတ်နှလုံးလည်း ဝိညာဉ်တော်၏ သွန်သင်ခြင်း၊ ဘုရားသခင်၏ ကျေးဇူးခံစားသည့်အတိုင်း၊ ဘုရားသခင်ကို ယုံကြည်၍၊ ဘုရားသခင် မျှော်လင့်သော အသီးကို သီးလျှင်၊ ကောင်းကြီး မင်္လာကို ခံအပ်သောသူ ဖြစ်သည်။ 

၈။ အကြင်မြေသည် ဆူးပင် အမျိုးမျိုးကို ဖြစ်စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကို မခံ ထိုက်။ ကျိန်ခြင်းကို ခံရသောအချိန် နီးသည် ဖြစ်၍၊ နောက်ဆုံး၌ မီးရှို့ခြင်းသို့ ရောက် တတ်၏။ 

မိုဃ်းရေသောက်သော်လည်း၊ ဆူးပင် အမျိုးမျိုးကို ပေါက်သော မြေသည်၊ ပြုစုခြင်းကို မခံထိုက်၊ ကျိန်ခြင်းကို ခံ၍၊ မီးရှို့ဘို့ သာသင့်သည်။ ထို့နည်းတူ၊ ကယ်တင်ခြင်း သမ္မာတရားကို၊ တချိန်လုံးကြားနေသော်လည်း၊ ပြောင်းလဲခြင်းသို့ မရောက်၊ ဘု ရားကို မယုံကြည်လျှင်၊ ကြည့်ရှုခြင်းကို မခံထိုက်၊ မီးငရဲအိုင်၌ ချဘို့ရန် သာရှိသည်။ 

၉။ ထိုသို့ ပြောသော်လည်း၊ ချစ် သူတို့၊ သင်တို့သည် ကယ်တင်ခြင်းနှင့် ယှဉ်သောအရာ၊ သာ၍ ကောင်းသောအရာ တို့နှင့် ဆိုင်သည်ကို၊ ငါတို့သည် သဘော ကျလျက် ရှိကြ၏။ 

ဟေဗြဲစာ လက်ခံသော သူတို့သည်၊ ကယ်တင်းခြင်းသို့ ရောက်သောသူများ၊ မဖေါက်ပြန်သောသူများ ဖြစ်သည်ဟု စာရေးသူကပြောထားသည်။ သူတို့သည် ဝိညာဉ်ပိုင်း၌ ခလေးများဖြစ်ကြောင်း၅:၁၁၌ ရေးခဲ့သည်။ 

၁၀။ အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်း သူတို့ကို အထက်ကလုပ်​ကျွေးသည်သာမက၊ ယခုပင်လုပ်​ကျွေးခြင်း အမှုကိုင်း၊ ထိုသို့ ပြုသောအားဖြင့် နာမတော်ကို ထောက်၍ ပြသော မေတ္တာကိုင်း၊ ဘုရားသခင်သည် မေ့လျော့သည် တိုင်အောင် 
 အဓမ္မအမှုကို ပြုတော်မူသည် မဟုတ်။ 

ဤစာ လက်ခံ သူများသည်၊ ဝိညာဉ်ရေးရာ၌ နုနယ်ကြသော်လည်း၊ သန့်ရှင်း သူများ တည်းဟူသော၊ ယုံကြည်သူများကို လုပ်ကြွေး၍၊ ဤစာရေးချိန်၌ ပင် လုပ် ​ကျွေးကြောင်း ဖေါ်ပြထားသည်။ ထိုသို့ သန့်ရှင်း သူများ လုပ်​ကျွေးခြင်းကို၊ ဘုရားသခင်က မေ့လျော့မည် မဟုတ်ကြောင်း၊ အသိအမှတ်ပြုမည် ဖြစ်ကြောင်းကို သိစေသည်။ အဘယ်ကြောင့် သူတို့သည် သန့်ရှင်း သူများကို လုပ်​ကျွေးကြသနည်းဟူမူကား၊ ဘုရားသခင်၏ နာမတော်ကို ထောက်၍ မေတ္တာပြခြင်း ဖြစ်သည်။ ယနေ့ ယုံကြည်သူများလည်း၊ သူတို့ ကဲ့သို့ပင်၊ လိုအပ်သောသူများကို ကူညီမစဘို့ လိုသည်။ 

၁၁-၁၂။ သင်တို့ ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့် သည်း ခံခြင်း အားဖြင့်၊ ဂတိတော်တို့ကို အမွေခံ ရသော သူတို့ နည်းတူ၊ ကျင့်နိုင်မည်အကြောင်း၊ ထိုသို့သော လုံ့လဝိရိယကို ထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသော မြော် လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှါ၊ ငါတို့သည် အလိုရှိကြ၏။ 

သင်တို့ ရှိသမျှသည် ခရစ်ယာန်များ၊ ယုံကြည်သူများကို ဆိုလိုသည်။ ဂတိတော်တို့ကို အမွေခံ ရသော သူတို့သည် အာဗြံနှင့်သားများကို ဆိုလိုသည်။ စာရေးသူက ဤစာ လက်ခံသောသူများသည်၊ ပျင်းရိခြင်း မရှိဘို့ သတိိပေး သွားသည်။ ပျင်းရိခြင်းသည် ယုံကြည်သူ အထဲ၌ ဖြစ်စေ၊ မယုံကြည်သူများအထဲ၌ ဖြစ်စေ၊ ပြသနာ လူများ ဖြစ်ကြသည်။ အကြောင်းမှာ၊ ပျင်းရိသောသူများ၏ တာဝန်ကို၊ အခြားသောသူများ ကဖြည့်ဆည်းပေးဘို့လိုသောကြောင့်၊ သူတပါးကို နစ်နာဆုံးရှုံးစေသည်။ ယုံကြည်သူ ဖြစ်လာလျှင် မပျင်းရိကြဘို့ရန် တိုက်တွန်းနိုးဆော်လိုပါသည်။ ရှောလ မုန်မင်းက၊ အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့ သွား၍၊ သူ၏ အပြု အမူတို့ကို ဆင် ခြင်သဖြင့် ပညာရှိစေလော့။ ပရွတ်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊ နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာ အစာကို ရှာဖွေ သိုထား တတ်၏။ အိုလူပျင်း၊ သင်သည် အဘယ်မျှကာလ ပတ်လုံးအိပ်လျက် နေလိမ့်မည်နည်း။ အဘယ်သောအခါ နိုးလိမ့်မည်နည်း။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊ ဆင်းရဲခြင်းသည် ခရီး သွားသောသူကဲ့သို့င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့င်း၊ ရောက်လာလိမ့်မည်။ဟု သတိပေးခဲ့သည် (သုတ္တံ ၆:၆-၁၁) 

ယုံကြည်ခြင်းနှင့် သည်း ခံခြင်း အားဖြင့်၊ ဂတိတော်တို့ကို အမွေခံ ရသော သူတို့ နည်းတူ၊ ကျင့်နိုင်မည်အကြောင်း၊ ယုံကြည်သူများသည်၊ ယုံကြည်ခြင်းနှင့် သည်း ခံ ခြင်းအားဖြင့်၊ ကျင့်ဘို့ လိုကြောင်း တွေ့ရသည်။ များစွာသော ယုံကြည်သူများသည်၊ ကယ်တင်ခြင်း အတွက် ယုံကြည်သော်လည်း၊ နေ့စဉ် အသက်တာ၌၊ ဘုရားသခင်က ကူညီမစမည်ဟု စိတ်မချကြသောကြောင့်၊ စိတ်ပင်ပန်းခြင်း၊ ကိုယ်ခန္ဓာပင်ပန်းခြင်းဖြင့် ပူပန်တတ်ကြသည်။ 

အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသော မြော်လင့်ခြင်း အချို့သော ယုံကြည်သူများသည်၊ အစပိုင်း၌ ယုံကြည်ခြင်း၊ မြော်လင့်ခြင်းရှိသော်လည်း၊ နောက် ပိုင်း၌ ဇာတိကြောင့်၊ စိုးရိမ် ပူပန်ခြင်း ဖြင့်၊ ဘုရားသခင်နှင့် ဝေးကွာတတ်သည်။ 

၁၃။ ဘုရားသခင်သည် အာဗြဟံ၌ ဂတိထားတော်မူသောအခါ၊ ကိုယ်တော်ထက် သာ၍ကြီး မြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုရန်မရှိသောကြောင့်၊ ကိုယ်တော်ကို တိုင်တည်၍၊ ၁၄။ ငါသည် သင့်အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင့်ကို အစဉ် အမြဲပွါးများ စေမည်ဟု ကိျန်ဆိုတော်မူ၏။ ၁၅။ ထိုသို့နှင့် အညီအာဗြဟံသည်သည်း ခံလျက် စောင့်နေပြီးမှ၊ ဂတိတော်ကို ဝင်စားလေ၏။ 

ဘုရားသခင်က အာဗြဟံကို၊ သူ၏သား ဇက်ကို ပူဇော်ခြင်းဖြင့် ဆက်ကပ် ခိုင်းသည်။ အာဗြဟံသည်၊ မငြင်းဘဲ သူ့သားကို ဆက်ကပ်သောအခါ၊ ဘုရားသခင်က၊ သင်သည် ဤအမှုကို ပြု၍၊ သင်၏သား သင်၌ တယောက် တည်းသောသားကို၊ ငါ့အား မငြင်းသောကြောင့်၊ ငါသည် သင့်အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင်၏ အမျိုးအနွယ်ကိုလည်း၊ ကောင်းကင် ကြယ်ကဲ့သို့င်း၊ သမုဒ္ဒ​ရာသဲလုံးကဲ့သို့င်း၊ အစဉ် အမြဲပွါးများ စေမည်။ သင်၏ အမျိုးအနွယ်သည် ရန် သူတို့၏ မြို့တံခါးများကို အစိုးရ လိမ့်မည်။ သင်၏ အမျိုးအနွယ်အားဖြင့်၊ လူမျိုး အပေါင်းတို့သည် ကောင်းကြီး မင်္လာကို ခံရကြလိမ့်မည်ဟု ငါ၏ စကားကို သင် နားထောင် သောကြောင့်၊ ငါသည် ကိုယ်ကိုကိုယ် တိုင် တည်၍ ကျိန်ဆို၏၊ ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏။ (က ၂၂း၁၆-၁၈) 

ထိုဂတိတော် အရ၊ ဘုရားသခင်က အာဗြဟံကို၊ အစဉ်အမြဲကောင်းကြီး ပေးမည်၊ သူ၏ အမျိုးအနွယ်ကိုလည်း ကောင်းကင် ကြယ်နှင့် သမုဒ္ဒ​ရာသဲလုံးကဲ့သို့ ပွားများစေဘို့၊ ဂတိပေးထားသည်။ ထိုဂတိတော်ကို အာဗြဟံသည်သည်း ခံ၍ စောင့်သည် ဟုဆိုသည်။ ​ကျွန်ပ်တို့လည်း အာဗြဟံကဲ့သို့၊ စိတ်ရှည်ဘို့ လိုသည်။ ဘုရားသခင်သည် ဂတိတော် ပေးသောအခါ၊ သူထက် ကြီးသောသူမရှိသောကြောင့်၊ သူ့ကို တိုင် တည်၍ ကျိန်ဆိုသည်၊ ဟုဆိုသည်။ တိုင်တည်ခြင်းသည် အလွန် အရေးကြီးသည်။ တိုင် တည်သောသူသည် အာမခံကဲ့သို့ဖြစ်သည်။ 

၁၆။ လူတို့သည် မိမိထက်ကြီး မြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုလေ့ရှိကြ၏။ မြဲမြံ စေတတ်သော အကျိန်သည် ငြင်းခုံခြင်းရှိသမျှကို ​ဖြေတတ်၏။ 

ကျိန်ဆိုခြင်း ဆိုသည်မှာ၊ ဂတိပြုခြင်းကို ဆိုလိုသည်။ ထိုသို့ ကျိန်ဆိုသောအခါ၊ မိမိထက်ကြီး မြတ်သောသူကို တိုင်တည်၍ ကိျန်ဆိုလေ့ရှိသည် ဟုဆိုသည်။ အာဗြံ ကလောတကို ကယ်ပြီး နောက်၊သော ဒုံမင်းထံကျိန်ဆိုသောအရာကို ဤသို့ တွေ့ရသည်၊သော ဒုံမင်းကြီးကလည်း၊ လူတို့ကို ​ကျွန်ုပ်အား ပြန်ပေးပါ။ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင် ယူပါလော့ဟု အာဗြံအား ပြောလိုလျှင်၊ အာဗြံက၊ မင်းကြီးသည် အာဗြံကို ငါရတတ်စေပြီဟု ပြောစရာ မရှိစေခြင်းငှါ လုလင်တို့သည် စားပြီးသောအရာ ကိုင်း၊ ​ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့ အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ ယူသော အဘို့ကိုင်းထား၍၊ မင်းကြီး၏ ဥစ္စာ၊ အပ်ခြည်တမျှင် ဖြစ်စေ၊ ​ခြေနင်းကြိုးတပင် ဖြစ်စေ၊ တစုံတခုကိုမျှ ငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ​ကျွန်ုပ်သည် လက်ကို ချီ၍ အဓိ ာန်ပြုပါပြီဟု၊သော ဒုံမင်းကြီးအား ပြောဆို လေ၏။ (က ၁၄:၂၁-၂၄)။ အာဗြံသည် ထာဝရဘုရား နာမအားဖြင့် ကျိန်ဆိုခြင်း ဖြစ်သည်။ကြီး မြတ်သော နာမအားဖြင့် ကျိန်ဆိုခြင်းသည် ခိုင်ခန့်မြဲမြံ၍၊ ငြင်းခုံစရာ မရှိချေ။ 
 
၁၇။ ထိုကြောင့်၊ ဂတိတော်ကို အမွေခံ ရသော သူတို့သည်၊ ဘုရားသခင်၏ အကြံအ စည်တော် မဖေါက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှါ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏။ 

ဂတိတော်ကို အမွေခံ ရသော သူတို့ တည်းဟူသော၊ အာဗြံနှင့် သားများအား၊ ဘုရားသခင်၏ အကြံအစည်တော် မဖေါက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှါ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏၊ ဟုဆိုသည်။ ဘုရားသခင်သည် အကျိန်မပါဘဲ နှင့်လည်း အာဗြံကို ပြောနိုင်သည်။ သို့သော် အာဗြံဘက်ကစိတ်ချရလေ အောင်၊ အကျိန်အားဖြင့် ဂတိပြုခဲ့သည်။ 
 
၁၈။ အကြောင်းမူကား၊ ဘုရားသခင်သည် မုသာမသုံးနိုင်သောအရာ တည်းဟူသော၊ မဖောက်ပြန် မပြောင်းလဲနိုင်သောအရာ နှစ်ပါးကို အမှီပြု၍၊ ကိုယ်ရှေ့၌ ထားသော မြော် လင့်ရာကို၊ ခိုလှုံခြင်းငှါ ပြေးသော ငါတို့သည်၊ သက်သာအားကြီး ကြမည်အကြောင်း တည်း။ 

ဘုရားသခင်၌၊ မုသာမသုံးနိုင်၊ မဖောက်ပြန် မပြောင်းလဲနိုင်ဟူသောအရာ နှစ်ခုရှိသည်။ လူသည် မုသာသုံးနိုင်သည်။ ထိုမျှသာမက၊ ဖောက်ပြန်နိုင်သည်။ ထိုအရာနှစ်ပါးကို အမှီပြု၍ ငါတို့ကို မြော်လင့်ခြင်း ပေးသည်။ ထိုမြော်လင့်ခြင်းကို အောက် ကျမ်းပိုဒ်၌ ဖေါ်ပြထားသည်။ 

၁၉။ ထိုမြော်လင့်ခြင်း မူကား၊ ကုလားကာအတွင်း၌ ချ၍ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့ ငါတို့၌ ရှိသတည်း။ 

ယုံကြည်သူများ၏ မြော်လင့်ခြင်းသည်၊ ကုလားကာအတွင်း၌ ချရမည်။ ထိုကုလားကာသည်၊ လူနေအိမ်၌ အသုံးပြုသော ကုလားကာကို ဆိုလိုသည် မဟုတ်။ တဲတော် သို့မဟုတ် ဗိမာန်တော်၌၊ သန့်ရှင်းရာဌါနတော်နှင့် အ သန့်ရှင်းဆုံးဌါနကို၊ ကာ ထားသော ကုလားကာ ဖြစ်သည်။ ထိုကုလားကာအတွင်း၊ အသန့်ရှင်းဆုံးဌါန၌ ဘု ရားသခင်၏ ပလင်တော် ရှိသည်။ ငါတို့၏ မြော်လင့်ခြင်းသည်၊ ဘုရားသခင် အပေါ်၌ ဖြစ်ရမည် ဟုဆိုလိုခြင်း ဖြစ်သည်။ ကျောက်ဆူးသည်၊ သင်္ဘောများရပ်နားသောအခါ ရေလယ်၌ ချ ထားသော သံ ဖြစ်သည်။ ကမ်းနားမည် ဖြစ်လျှင် သင်္ဘောအမျောသွားဘို့ တိုင်များ၊ သစ်ပင်များ၌ ကြိုးဖြင့် ချည်ထားတတ်သည်။ သို့သော် ရေလယ်၌မူ၊ ကျောက် ဆူးကို ရေအောက်ကြမ်းပြင်၌ ချထားတတ်သည်။ ထိုကျောက်ဆူးသည် ယုံကြည်သူများ၏ မြော်လင့်ခြင်းကို ပုံဆောင်သည်။ သင်၏ မြော်လင့်ခြင်းသည်၊ ဤလောကနှင့် လောကအရာများ၌ ချထားပါသလော။ သင်၏ မြော်လင့်ခြင်းကို ကောင်းကင် သန့်ရှင်းရာဌါန၌ ရှိတော်မူသော၊ ဘုရားသခင် အပေါ်၌ ချထားပါ။ 
 
၂၀။ မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ယေရှုသည်၊ ငါတို့အတွက်၊ ထိုအတွင်း အရပ်ထဲသို့ ရှေ့ဆောင်၍ ဝင်သောသူ ဖြစ်တော်မူ၏။ 

အခန်း ၅ ၌ မေလခိဇေဒက်အကြောင်း ပြောဘို့ ခက်လှသည် ဟုဆိုခဲ့သော် လည်း၊ ဤနေရာ၌ ပြန်လည်ပြောထားသည်။ ထိုအကြောင်းကို အခန်းရ၌ ပို၍ ရေး ထားသည်။ မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ယေရှုသည်၊ အထက်က ဖေါ်ပြသော၊ ကုလားကာအတွင်း၊ ကောင်းကင် အသန့်ရှင်းဆုံး ဌါနသို့ ဝင်၍၊ ယုံကြည်သူများကို ဦးဆောင်၍ ဝင်သွားသည် ဟုဆိုသည်။ 

သတင်းကောင်း ပွဲတော် ကြီး


 ယခုနှစ်သတင်းကောင်း ပွဲတော် ကြီးကို၊ Indianaပြည်နယ်၊ Indianapolis တောင်ဘက်မိုင် ၂၀လောက်ဝေးတဲ့ Franklin  မြို့မှာ ကျင်းပဘို့ ရှိပါတယ်။ ထိုပွဲတော် ကြီး၌ ကိုယ်ကာယပိုင်း မဟုတ်ဘဲ၊ ဝိညာဉ်ပိုင်းအစာဝလင်စွာ စားဘို့ ဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်သော ကြ်ာနေ့မှာ၊ ယုံကြည်သူများရောက်လာပြီး၊ အဲဒီညမှာဘဲ စစ်တပ်ပိုင် Johnson County Armory ၌ ညပိုင်းဝတ်ပြုစည်းဝေးစတင်ဘို့ ရှိပါတယ်။ စိတ်ဝင်စားသူတိုင်း ပါဝင်နိင်ပါသည်။ 

 အသင်းတော်ဖွင့်ပွဲ


ဆရာမောဇက် ဦးဆောင်သော သက်သေခံ (၁ရ) ဦးတို့သည်၊ ဧပြီလ ၂၅မှ မေလ (၁) ရက်နေ့အထိ၊ New York State, Rochester  မြို့၌ ကယ်တင်ခြင်း ဧဝံဂေလိ တရားဟောပြော သက်သေခံကြပါသည်။ Rochester မြိ့၌ မြန်မာတိုင်းရင်း သားများဖြစ်ကြသော၊ ကချင်၊ ကရင်၊ ကယား၊ ချင်းလူမျိုးနေထိုင်ကြပါသည်။ ဧပြီလ ၃၀ ရက်တနင်္နွေနေ့တွင်၊ ဆရာဝေလျံ ဦးဆောင်ခြင်းဖြင့် သတင်းကောင်း နှစ်ခြင်း အသင်းတော်ကို ဘုရားသခင်က တည်ထောင်သွားပါသည်။ 


 
အမှုတော်ဆောင်သင်တန်း


 ခရစ်တော် ကြွလာဘို့ နီးလာသည်နှင့် အမျှ၊ ကယ်တင်ခြင်း အကြောင်း ပြော ဘို့ရန် အလွန် လိုအပ်ပါသည်။ ထို့ကြောင့် အမှုတော်ဆောင်သင်တန်းကို၊ ဇူလိုင်လ ၄ ရက်နေ့မှ ၃၁ နေ့အထိ၊ ပြုလုပ်ဘို့ ရှိပါသည်။ ပျောက်ဆုံးဝိညာဉ် ဖမ်းလိုသူတိုင်း၊ သခင်ဘုရား၏ အလိုတော်ကို ဆောင်လိုသောသူတိုင်း၊ တက်ရောက်ဘို့ရန် ဘိတ်ခေါ် ပါသည်။ Indianapolis သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ ပြုလုပ်မည် ဖြစ်သည်။ တက်ရောက်လိုသူတိုင်း၊ ဆရာမောဇက်ထံဆက်သွယ်နိုင်ပါသည်။ ဖုန်း၂၄၀-၃၆ရ- ၅၃၆၆။ ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်း၌ သော်၊ ဝိညာဉ် ခလေးများပြုစုခြင်း၌ သော်၊ လူကိုယ်တိုင် ပါဝင်ခြင်းအားဖြင့် ဖြစ်စေ၊ အလှူငွေအားဖြင့် ဖြစ်စေပါဝင်နိုင်ပါသည်။ 

ကျန်းမာရေးကဏ္ဍ

၀မ်းချုပ်ခြင်း 

ဝမ်းချုပ်တတ်သောသူ၊ ဝမ်းမာသောသူသည် အလွန် ဒုက္ခ ရောက်တတ်သည်။ ထိုမျှသာမက ဝမ်းချုပ်ခြင်းသည် အခြားမလိုလားအပ်သော ရောဂါများလည်း ဖြစ်စေနိင်သည်။ လုံးဝ ၀ မ်းချုပ်လျှင် ဘာမျှလုပ်၍ မရတော့ချေ။ ​ကျွန်တော် ကိုယ်တိုင် သုံးကြိမ်ခံစား ဘူးသောကြောင့်၊ မည်မျှ ခက်ခဲသည်ကို သိရသည်။ ဝမ်းချုပ်ခြင်းကြောင့် လိပ်ခေါင်းနှင့် ဒူလာ ဖြစ်စေသည်။ ဝမ်းချုပ်သောအခါ ဝမ်းသွားဘို့ ညှစ်သောကြောင့်၊ စအိုဝ၌ သွေးများ ဥလာ၍၊ ဝမ်းမာထွက် လာသောအခါ ထိုသွေးဥကို ဖြတ်သန်း၍ ကွဲ သောကြောင့် သွေးထွက်ခြင်း ဖြစ်သည်။ ဝမ်းချုပ်တတ်သောသူသည် ဝမ်းပျော့ဆေး သောက်ဘို့ လိုသည်။ သို့သော် ဆေးသောက်ခြင်းထက်၊ ဝမ်းပျော့ဘို့ရန် ကြိုတင် ကာ ကွယ်ခြင်းသည် ပို၍ ကောင်းသည်။ မည်သည့် ရောဂါမဆို၊ ဆေးသုံးခြင်းသည် နောက်ဆုံးအဆင့် ဖြစ်သင့်သည်။ ပျော့ချုပ်၊ ဝမ်းမာစေသော အရာများသည် အကြောင်းရင်း များစွာ ရှိသည်။ ထိုအရာများ ထဲမှအချို့ကို ဖေါ်ပြလိုပါသည်။ 
 
၁။ ဖိုင်ဗာ (Fibre) အစာစားနည်းခြင်း 


ဖိုင်ဗာသည် အစာထဲ၌ ပါသော၊ အစာအိမ်ကမ​ခြေနိုင်သောအရာ ဖြစ်သည်။ အစာထဲ၌ ဖိုင်ဗာလုံလောက်စွာ ပါမှ၊ ကောင်းစွာ ဝမ်းသွားနိင်သည်။ ဖိုင်ဗာများသော အစာများမှာ၊ အခွံပါသော ဆန် ((brown rice, whole grains) သစ်သီးများနှင့် ဟင်းသီး ဟင်းရွက်များ၊ ပဲ အမျိုးမျိုး၊ မက်မွန်သီး (prunes)တို့ ဖြစ်သည်။ ထိုအစာများကိုများများ စားရမည်။ လျှာအရသာခံဘို့ မစားဘဲ၊ ကိုယ်ခန္ဓာကလိုအပ်သော အစာကို စားပါ။ 

၂။ ရေသောက်နည်းခြင်း 

လူတယောက်သည်၊ တရက်လျှင် ရေ ၂ လီတာသောက်ဘို့ လိုသည်။ ရေ သောက်နည်းသောအခါ၊ အူမကြီး (အစာအိမ်နှင့် စအို အကြား)၌ ရောက်သော လွှင့် ပစ်မည့် အစာများသည် ​ခြောက်၍၊ ဝမ်းမာခြင်း ဖြစ်သည်။ ထို့ကြောင့် ရေပုံမှန်သောက်ဘို့ လိုသည်။ 

၃။ ကော်ဖီနှင့် လဘက်ရည်

ကော်ဖီနှင့် လဘက်ရည်၌ ခယ်ဖင်း ဃ​ေ််နငညန ပါသည်။ ထိုခယ်ဖင်းသည် ဝမ်း ပျော့ခြင်း၊ မာခြင်း ဖြစ်စေနိုင်သည်။ လူတယောက်နှင့် တယောက် အပေါ် ခယ်ဖင်း၏ လုပ်ဆောင်ချက်သည် မတူညီချေ။ ထို့ကြောင့် ကော်ဖီနှင့် လဘက်ရည်သောက်သောအခါ၊ ဝမ်းပျော့မပျော့၊ ဝမ်းမာမမာကို ကိုယ့်ဟာကိုယ်သတိပြုပါ။ ဝမ်းမာစေ၊ ဝမ်း ချုပ်စေလျှင် ခယ်ဖင်းသောက်ခြင်းကို ရှောင်ပါ။ ခယ်ဖင်းသောက်ခြင်းကြောင့် ဝမ်းပျော့ စေလျှင် ဆက်သောက်ပါ။ 

၄။ ကိုယ်လက်လှုပ်ရှားခြင်း 

ကို်ယ်လက်လှုပ်ရှားခြင်း နည်းသောသူသည်၊ အစာအိမ်၌ အစာချေခြင်း လျော့နည်းစေသည်။ ထို့ကြောင့် တရက်လျှင် အနည်းဆုံး၊ မိနစ်သုံးဆယ်ကိုယ်လက် လှုပ်ရှားခြင်း ပြုလုပ်ပါ။ လမ်းလျှောက်ခြင်းသည် အလွယ်ဆုံး ဖြစ်သည်။ လမ်းမလျှောက် နိုင် သူများ၊ အိမ်တွင်း၌ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ 

၅။ ပန်းသီးဆိုင်ဒါ

ပန်းသီးဆိုင်ဒါ (Apple Cider vinegar)သည် ဝမ်းကောင်းစေသည်။ ပန်းသီး ဆိုင်ဒါတဇွန်းကို ရေတခွက်၌ ရော၍ တနေ့နှစ်ကြိမ်မှသုံးကြိမ်သောက်ခြင်းဖြင့် ဝမ်းမှန်စေ နိုင်သည်။ 

၆။ မက်နီဆီယံစားပါ

မက်နီဆီယံ (Magnesium)သည် ပဲနို့ရည်၊ နွားနို့၊ ထောပတ်သီး၊ စိမ်းသော ဟင်းသီးဟင်းရွက်၊ ငါး၊ ဘယ်ရီများ၊ ပဲမျိုး၌ ရှိသည်။ ထိုအရာများကို စားခြင်းအားဖြင့် ဝမ်းကောင်းစေသည်။ 

၇။ သံပုရာရည်သောက်ခြင်း 

သံပုရာရေကို ရေနွေး၌ ဖေျာ်သောက်ခြင်းသည် လည်း၊ ဝမ်းမှန်စေနိုင်သည်။ နံနက်ပိုင်းတွင် ကော်ဖီ၊ လဘက်ရည်မသောက်ဘဲ သံပုရာတဇွန်းကို၊ ဆားအနည်း ငယ်နှင့် ရေနွေး၌ ဖေျာ်သောက်ခြင်းဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်သည်။ 
health.facty.com/ailments/constipation/10-remedies-for-consti pa tion/ 8/#post#FglBaEk18dlAGf5c.97

ဂ။ ဖိုင်ဗာမှုန့်သောက်ပါ

အထက်ပါ နည်းများ အပြင်၊ ဖိုင်ဗာမှုန့်ကို သောက်နိုင်သည်။ ဖိုင်ဗာမှုန့်နှစ် မျိုးရှိသည်။ လိမေRာ်ဖေျာ်ရည်ကဲ့သို့ သောက်နိုင်သော အမျိုးကို မယ်တာမျိုးစီလ် (Meta Mucil)ဟု ခေါ်၍၊ ရေအေးတခွက်၌ လဖက်ရည်ဇွန်းတဇွန်းဖေျာ်သောက်နိုင်သည်။ အမြန် ပျစ်နိင်သောကြောင့် အမြန် သောက်ဘို့ လိုသည်။ ဖိုင်ဗာတမျိုးသည် ဗယ်နေ ဖိုင်ဗာ (Benefiber)ဟု ခေါ်သည်။ အဖြူရောင်အမှုန့်ဖြစ်၍၊ အနံ့အရသာမရှိ၊ ရေ၊ ဖေျာ်ရည်၊ ကော်ဖီ၊ ဟင်းချိုများ၌ ဖေျာ်နိုင်သည်။ ဖေျာ်ရည်များ၏ အရသာကို မပြောင်း စေသောကြောင့်၊ သောက်ရမှန်းပင် မသိရပါ။ စားသောက်ကုန်ရောင်းသော ဆိုင်တိုင်း၊ ဆေးဆိုင်၊ ကုန်စုံဆိုင်တိုင်း၌ ရှိသည်။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG