GOODNEWS
🎨
  HOME  GOODNEWS  2016 APR

အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်၊ ဧပြီလသို့ ရောက်ရှိကြပြီ။ ဤစာစောင်ရေးသောအခါ၊ စာဖတ် သူများအတွက် မည်မျှ အကျိုးရှိသည်ကို အားလုံး မသိရပါ။ သို့ဖြစ်၍ ဤစာစောင်အားဖြင့်၊ ကယ်တင်ခြင်းသို့ ရောက်သောသူများ၊ သမ္မာတရား သိရှိသွားသောသူများ၊ အသက်တာပြောင်းလဲခြင်းရှိသောသူများရှိလျှင်၊ ဆရာမောဇက်ထံစာအားဖြင့် ဖြစ်စေ၊ ဖုန်းအားဖြင့် ဖြစ်စေ၊ အသိပေးစေလို ပါသည်။ သို့မှသာ ပို၍ အကျိုးရှိစွာ စာရေးနိုင်ပေမည်။ ဤစာစောင်အားဖြင့် အသက်တာ ပြာင်းလဲသောသူနှစ်ယောက်တွေ့ရသည်။ တယောက်မှာ၊ ယခု Fort Wayne ၌ သာသနာပြုအဖြစ် အမှုတော်ဆောင်သော၊ ဆရာယောသပ်မင်း ဖြစ်၍၊ နောက် တယောက်သည်၊ ဃ့မေူသအအနယ ​ြဃ၌ နေထိုင်သူ ွမခေန ညက ဖြစ်သည်။ အချို့သော ယုံကြည်သူများသည်၊ ဘုရားသခင်အတွက် အမှုတော်ဆောင်ချင်သော်လည်း၊ မည်ကဲ့သို့ ဆောင်ရမှန်း မသိကြချေ။ ဤစာစောင်ကို ဝေငှခြင်းအားဖြင့် အလွယ်ဆုံးဆောင်နိုင်သည်။ ဆရာယောသပ်ကိုလည်း၊ ကိုအောင်လင်းက ဝေပေးခြင်းအားဖြင့်၊ ဤစာစောင်ကို ရရှိ၍ သူ၏ အသက်တာပြောင်းလဲစေသည်။ ွမခေန ညကလည်း U ဠ​ေည R​ေူ ဤ့​ေညါက ဤစာစောင်ကို ပေးခြင်းအားဖြင့်၊ သူ၏အသက်တာပြောင်းလဲသည်။ 

ယခုအခါ ဤစာစောင်ကို တလလျှင် စောင်ရေ ၅၀၀ ကျော်ထုတ်ဝေရသည်။ ရေးသောသူနှင့် ပုံနှိပ်ထုတ်ဝေသူသာမက၊ ဖြန့်ဖြိုးပေးသောသူလည်း လိုအပ်သည်။ Indianapolis ကဒေါ် Sung Rem သည် တလလျှင် စောင်ရေ ၁၀၀ ရောင်းချပေးနေသည်။ အခြားမြို့များမှလည်း မိမိတို့ အိပ်ဆိုက်ငွေဖြင့်ဝယ်၍၊ အခြားသူများကို အုပ်ရေ ၁၀ မှ ၃၀ အထိ၊ အခမဲ့ဝေပေး သူများရှိကြသည်။ သင်လည်း လူများ ဝိညာဉ်ကို သနားလျှင်၊ ဤစာစောင်ကို မှာယူ၍၊ ဖြန့်ဖြိုးဝေငှနိုင်ကြောင်း၊ သတင်းကောင်း ပါးလိုပါသည်။။ 

ယခုလအတွက်...

  • ဖန်ရှင်းရှင်ဘုရား 
  • စာတန် လှည့်ဖျားမှု 
  • ကယ်တင်ခြင်း 
  • စကားနားထောင်ခြင်း 
  • အချိန်နီးကြောင်း 
  • ကျမ်းစာဖတ်ကြစို့ (ဟေဗြဲ ၅) 
  • အမှုတော်ဆောင်သင်တန်း
  • ခရီးစဉ်များ 
  • သတင်းကောင်းပွဲတော်ကြီး 
  • ကျမ်းမာရေးကဏ္ဍ


ဖန်ဆင်းရှင်ဘုရား 


 များစွာသော ပညာရှင်များနှင့် ဘုရားမဲ့ဝါဒီများက၊ ဖန်ဆင်းရှင်ဘုရားမရှိ ဟုဆိုကြကာ၊ အဘယ်ဘုရားကိုမျှ မကိုးကွယ်ဘဲ နေကြသည်။ ထိုသူများ အထဲ၌ မိတ်ဆွေ ပါဝင်နေပါသလား။ ကျမ်းစာက ထိုသူများကို "လူမိုက်" ဟုခေါ်သည်။ ကျမ်းစာ၌၊ ဘုရားသခင်မရှိဟု မိုက်သောသူထင်တတ်၏။ ထိုသို့သောသူတို့သည်၊ ဆွေးမြေ့ယိုယွင်း၍၊ စက်ဆုပ်ဘွယ်သောအမှုကို ပြုတတ်ကြ၏။ ဟုဆိုထားသည် (ဆာ ၁၄:၁)။ အဘယ်ကြောင့်ဘုရားမရှိ ဟုဆိုကြသနည်း။ ကျမ်းစာမဖတ်၊ ဖတ်လျှင်လည်း လူရေးသောစာဟု ထင်မှတ်သောကြောင့် ဖြစ်သည်။ ကျမ်းစာသည် ဘုရားကရေးထားခိုင်းသောကြောင့်၊ ဘုရားကိုယ်တိုင်၊ သန့်ရှင်းသော ဝိညာဉ်တော်က မဖေါ်ပြလျှင်၊ အဓိပ္ပါယ် နားမလည်နိုင်ချေ။ 

                                     ဘုရားရှိကြောင်း အထောက်အထားများ
 
ဖန်ဆင်းထားသောအရာများ 

ရှင်ပေါလုကဖန်ဆင်းထားသော အရာများအားဖြင့်၊ ဘုရားရှိကြောင်း သိနိုင်သည်ဟု ဤသို့ ရေးထားသည်၊ သမ္မာတရားကို အဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော၊ ဘုရား မဲ့နေခြင်းအမှု၊ တရားကိုလွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တဘက်၌၊ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်း အရာတို့သည်၊ သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည်၊ သူတို့အား ပြတော်မူပြီ။ အဘယ်သို့ နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့်၊ ထာဝရအဖြစ်တော် တည်းဟူသော မျက်မမြင်ရသော၊ ဘုရားသခင်၏ အရာတို့သည်၊ ကမ္ဘာတည်သည် ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကို ချီးမွမ်းသင့်သည် အတိုင်းမချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသော စိတ်နှလုံးကို၊ မိုက်မဲခြင်းသို့ ရောက်ကြ၏။ ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍၊ မဖေါက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ဂုဏ်တော်ကို ပယ်လျက်၊ ဖေါက်ပြန်ပျက်စီးတတ်သော လူ၏ ရုပ်တု၊ သားငှက်အစရှိ တွားတတ်သော တိရစ္ဆာန်၏ ရုပ်တုကို၊ ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။ (ရော ၁:၁၈-၂၃) 

မှန်ပါသည်၊ အရာခပ်သိမ်းသည် ဖန်ဆင်းသူမရှိဘဲ မရှိနိုင်ချေ။ ဖန်ဆင်းခြင်းသည် မရှိသောအရာမှ ရှိအောင်ပြုလုပ်ခြင်းဖြစ်၍၊ လူကမတတ်နိုင်၊ ဘုရားသခင်သာလျှင် တတ်နိုင်သည်။ လူသည် ဘုရားဖန်ဆင်းပြီးသော အရာများကို၊ အမျိုးမျိုး ဖန်တီးပြုလုပ်ကြသည်။ ဖန်တီး၊ ပြုလုပ်ခြင်းပင်လျှင် အလွန်အရေးကြီးသည်။ စာရွက်သည်သစ်သား၊ ဝါးများမှပြုလုပ်ရသည်။ သို့သော် လူကမလုပ်လျှင်၊ ထိုသစ်သားနှင့် ဝါးများသည် နှစ်ပေါင်း မည်မျှပင်ကြာပါစေ၊ စာရွက်မဖြစ်နိုင်ပါ။ အိမ်နှင့်တကွ၊ အထဲ၌ရှိသမျှသော အရာများသည်၊ ပြုလုပ်သူမရှိလျှင် အလိုလိုဖြစ်လာမည်မဟုတ်။ ထို့ကြောင့်နေ့စဉ် အသုံးပြုသောအရာ မှန်သမျှသည် ပြုလုပ်သူရှိသည်။ အချို့သော ပစ္စည်းများသည်၊ သာမန်လူက ပြုလုပ်နိုင်သော်လည်း၊ အချို့သောပစ္စည်းများ၊ ဥပမာ လေယဉ်ပျံ၊ ဒုံးပျံတို့သည် ပညာရှိများ ကသာ ပြုလုပ်နိုင်သည်။ လူလုပ်သော အရာများပင်လျှင်၊ အလွန်အံ့ဩစရာကောင်းသည်။ ကိုယ်တိုင်မပြုလုပ်နိုင်သော်လည်း ပြုလုပ်နိုင်သူရှိသည်။ ဘုရားဖန်ဆင်းထားသော အရာများသည်၊ အလွန်အံ့ဩစရာကောင်းသည်။ လူကအားလုံး မသိနိုင်သော်လည်း ဖန်ဆင်းရှင်ရှိသည်။ ထိုဖန်ဆင်းရှင်သည်၊ ထာဝရဘုရားပင်ဖြစ်သည်။ 

ဒါဝိဒ်မင်းသည်၊ တောထဲ၌ သိုးထိန်းသောအခါ၊ သိုးများ၊ သစ်ပင်မြက်ပင်များ၊ တောတောင်မြစ်ချောင်းများ၊ မိုးကောင်းကင်နှင့် နေနက္ခတ်တာရာများကို၊ ကြည့်၍ ဆင်ခြင်ခြင်းဖြင့် ဘုရားသခင်ကိုသိသည်။ ထို့ကြောင့်၊ မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍၊ မိုးမျက်နှာကျက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။ တနေ့ကိုတနေ့ မွက်ဆို၍၊ တညကို တညသွန်သင်၏။ နှုတ်မွက်ခြင်း၊ စကားပြောခြင်းမရှိ။ သူတို့နှုတ်ထွက်သံကို မကြားရသော်လည်း၊ သူတို့၏ အသံသည် မြေတပြင်လုံး၌ နှံပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေ၏၊ ဟုရေးခဲ့သည် (ဆာ ၁၉:၁-၄)။ ဒါဝိဒ်မင်းသည် ကျမ်းစာဖတ်စရာ ရှိမည်မဟုတ်။ သူသည် နှုတ်တိုက်အလွတ်ကျက်ခြင်းနှင့် ဆင်ခြင်ခြင်းအားဖြင့်၊ ဘုရားသခင်ကို ယုံကြည်နိုင်ခြင်းဖြစ်မည်။ သူက၊ မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊၊ လူဆိုးတို့၏လမ်းတွင် မရပ်မနေ၊ မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏၊ ဟု ရေးခဲ့သည် (ဆာ ၁:၁-၂)။ 
 
မိဘများ 

လူတိုင်း မိဘနှစ်ပါးမှ မွေးဘွားကြသည်။ မိဘမရှိဘဲ လူမဖြစ်နိုင်ချေ။ မွေးကတည်းက မိဘသေသွား၍ မသိလျှင်လည်း၊ မိဘရှိသည်။ ထိုမျှသာမက၊ အဘိုးအဘွား၊ ဘေဘင်များလည်းရှိကြသည်။ ဘိုးဘွားဘေဘင်များရှိကြောင်း မည်ကဲ့သို့ သိနိုင်သနည်း။ အကောင်းဆုံးသောသက်သေမှာ၊ သင်ကိုယ်တိုင်ပင်ဖြစ်သည်။ သင်သည် ဘိုးဘွားဘေဘင်များကို မမှီ၊ မသိ၊ မမြင်ဘူးသော်လည်း သူတို့မရှိလျှင် သင်သည် လူမဖြစ်နိုင်ချေ။ ထို့ကြောင့် ဘိုးဘွားများကိုမသိ၊ သံယောယဉ်လည်း မရှိသော်လည်း၊ သူတို့ရှိခဲ့ကြောင်း လက်ခံဘို့လိုသည်။ ထို့နည်းတူ၊ ဘုရားက မဖန်ဆင်းလျှင် လူမရှိနိုင်ချေ။ 

မိဿဟာယဖွဲ့ဘို့ 

ဘုရားသခင်က လူကိုဖန်ဆင်းခြင်းသည်၊ သူနှင့်မိဿဟာယဖွဲ့ဘို့၊ သူ့ကိုကိုးကွယ်ဘို့၊ သူကကြည့်ရှုစောင့်ရှောက်​ကျွေးမွေးဘို့ဖြစ်သည်။ သို့သော်လူသည် အာဒံလက်ထက်မှစ၍၊ ဘုရားသခင်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သောကြောင့်၊ သူရှိခြင်းပင်လျှင် သံသယရှိလာခြင်းဖြစ်သည်။ ထိုအရာသည် မထူးဆန်းပါ။ မွေးကတည်းက မိဘနှင့်ကွဲသွားသောသူသည်၊ မိဘနှင့်ပြန်တွေ့သောအခါ၊ မိဘဟု မသိနိုင်၊ သံယောယဉ်လည်း မရှိနိုင်ချေ။ ပြောပြသောကြောင့်၊ ဦးနှောက်အားဖြင့် လက်ခံလျှင်လည်း၊ စိတ်ကလက်မခံ၊ မိဘဟု ခံစားချက် မရှိနိုင်ချေ။ အတူတကွပြန်လည်နေထိုင်မှ တဖြည်းဖြည်း၊ ခံစားချက်ပြန်ဝင်လာတတ်သည်။ ထို့ကြောင့် လူသားများလည်း၊ ဘိုးစဉ်ဘောင်ဆက်မှစ၍ ဘုရားနှင့် ဝေးကွာသောကြောင့်၊ ဘုရားသခင်ကို မယုံကြည်၊ ခံစားချက်မရှိ၊ သံသယရှိခြင်းဖြစ်သည်။ ဘုရားသခင်ယုံကြည်၍၊ ရင်းနှီးဘို့ရန်၊ အချိန်ယူဘို့လိုသည်။ မည်ကဲ့သို့ဘုရားရှိကြောင်း ပြန်ယုံနိုင်မည်နည်း။ ကျမ်းစာဖတ်ခြင်း၊ ကျမ်းစာနှင့် ပတ်သက်သောစာအုပ်များ ဖတ်ခြင်း၊ ယုံကြည်သူများနှင့် ပေါင်းဖေါ်ခြင်း၊ ဆင်ခြင်ခြင်းများအားဖြင့် ပြန်ယုံနိုင်သည်။ 
 

စာတန်၏လှည့်ဖျားမှု 


စာတန်သည် ဤလောကသားများကို အုပ်စိုး၍၊ ဘုရားစကား နားမထောင်ဘို့၊ ကောင်းကင်ရောက်ကြောင်းတရား မသိဘို့ရန်၊ နည်းမျိုးစုံဖြင့် ကြိုးစားနေသည်။ ​ကျွဲနွားများကို ဆား​ကျွေးလျှင်၊ အသာတကြည်လိုက်တတ်သည်။ အကြောင်းမှာ ဆားသည်သူတို့၏ အကြိုက် ဖြစ်သည်။ 

ထို့နည်းတူ စာတန်သည်လောကသားများ၏ အကြိုက်ကိုသိသည်။ လောကသားများသည် ဤလောကကို အလွန်ကြိုက်ကြသည်။ ခရစ်တော်က စာတန်ကို၊ "ဤလောကကို အစိုးရသောမင်း၊" ဟုခေါ်သည် (ယော ၁၄:၃၀)။ ပေါလုက၊ "ဤလောကကို အစိုးရသော ဘုရား၊" ဟုခေါ်သည် (၂ ကော ၄:၄)။ သူသည် ဘုရားဖြစ်ချင်သောကြောင့် ဘုရား၏ရန်သူဖြစ်သည်။ ထို့ကြောင့် သူပိုင်သော ဤလောကကို မချစ်ဘို့၊ ယောဟန်က ဤသို့သတိပေးခဲ့သည်၊ "လောကကို၎င်း၊ လောက၌ ရှိသောအရာတို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။" (၁ ယော ၂:၁၅)။ ယာကုပ်ကပို၍ ပြင်းထန်စွာ ဤသို့ သတိ ပေးသည်၊ "မတရားသောမေထုန်၌ မှီဝဲသောယောက်ျားမိန်းမတို့၊ လောကီမိဿဟာယသည်၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည်၊ ဘုရားသခင်၏ ရန်သူဖြစ်၏။" (ယာ ၄:၄)။ အဘယ်ကြောင့်လောကီမိဿဟာယသည်၊ ဘုရား၏ရန်သူ ဖြစ်နိုင်သနည်း။ အကြောင်းမှာ၊ လောကီမိဿဟာယဖွဲ့ခြင်းသည်၊ စာတန်နှင့် မိဿဟာယဖွဲ့ခြင်း၊ ဘုရားထက် စာတန်ကို ချစ်ခြင်းဖြစ်သည်။ 

အဘယ့်ကြောင့် လောကီမိဿဟာယဖွဲ့သောသူတို့ကို၊ ယာကုပ်ကမတရားသော မေထုန်၌ မှီဝဲသောသူတို့ ဟုဆိုသနည်း။ အကြောင်းမှာ လောကကို ချစ်သောသူသည်၊ ဘုရားအမြင်၌ မတရားသော မေထုန်မှီဝဲခြင်း ကဲ့သို့ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင် ဤသို့ဆိုထား သည်၊ " သင်၏ ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရား" (ထွက် ၂၀:၅)။ မြန်မာကျမ်းစာအုပ်၌၊ " သဝန်တိုတတ်သောဘုရား။"  ဟူသမျှကို " အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရား" ဟုဘာသာပြန်လိုက်သည်။ မူရင်းဟေဗြဲစာအုပ်နှင့် အင်္ဂလိပ်ကျမ်းစာအုပ်များ၌ "သဝန်တိုတတ်သောဘုရား"  ဟုတွေ့ရသည်။ (I the Lord your God am a jealous God)  သဝန်တိုခြင်းသည် ချစ်သူအကြား၌ ရှိတတ်သောအရာဖြစ်သည်။ အချစ်ကြီးလျှင် အမျက်ကြီးသည်၊ ဟူသောစကားပုံအတိုင်း၊ ဘုရားသခင်သည် လူသားများကို အလွန်ချစ်သောကြောင့်၊ အလွန်သဝန်တိုသည်။ ဘုရား၏ခံစားချက်ကို သိနိုင်ရန် ဥပမာအားဖြင့် ပေးလိုပါသည်။ မိန်းခလေးတယောက်ကို ယောက်ျားလေးတယောက်က၊ တန်ဘိုးကြီးသော စမတ်ဖုန်းလက်ဆောင်ပေးလိုက်ပါက၊ သူ့ကို ချစ်ကြောင်းကို ဖေါ် ပြသည်။ ထိုအရာကို မိန်းကလေးကယူလိုက်ပါက၊ သူ၏ရီးစားက မည်ကဲ့သို့ခံစားမည်နည်း။ ထိုမိန်းကလေးကသူ့ရီးစားထံ၊ ငါ့ကိုယောက်ျားလေးတယောက်က၊ ဖုန်းဝယ်ပေးလိုက်တယ်၊ ဟုပြောလျှင် သူ့ရီးစားသည် ဝမ်းသာမည်လော။ ထိုနည်းတူ၊ စာတန်ပိုင်သော ဤလောကကို ချစ်ခြင်းသည်၊ ဘုရားထက်စာတန်ကိုချစ်ခြင်း ဖြစ်သောကြောင့်၊ ဘုရားအမြင်၌၊ မတရားသောမေထုန်ပြုခြင်း ( တရားမဝင်မေထုန်ပြုခြင်း) ကဲ့သို့အပြစ်ကြီးသည်။ 

လောကအရာအားဖြင့် 

စာတန်က ခရစ်တော်ကို၊ ဤလောကအရာများအားဖြင့် သွေးဆောင်ခဲ့သည်။ "တဖန်မာရ်နတ်သည် ယေရှုကို မြင့်လှသော တောင်ပေါ်သို့ ဆောင် သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်း နိင်ငံတို့ကို၊ တခဏခြင်းတွင် ပြညွှန်၍၊ "ဤဘုန်းတန်ခိုး အာနုဘော်ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူ အားပေးရသည်ဖြစ်၍၊ ကိုယ်တော်အားပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအရာအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာဖြစ်လိမ့်မည်၊ ဟုလျှောက်လေ၏။ ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ၊ ဝတ်ပြုရမည်ကျမ်းစာလာသည်၊"  ဟုပြန်ပြောတော်မူ၏(လုကာ ၄:၅-၈)။ ခရစ်တော်သည် စာတန်၏ သွေးဆောင်မှုကို၊ ကျမ်းစာအားဖြင့် တိုက်ခိုက် အောင်မြင်ခဲ့သည်။ သခင်ဘုရားက ငြင်းဆိုခဲ့သော ဤလောကကို၊ မလိုချင်ကြစို့နှင့်။ နူနာစွဲသော ရှုရိဗိုလ်ချုပ်မင်းနေမန်ကို၊ ပရောဖက်ဧလိရှဲအားဖြင့် ဘုရားသခင်က သန့်ရှင်းစေခဲ့သည်။ ထိုအခါ နေမန်သည် အလွန်ဝမ်းမြောက်သောကြောင့်၊ ပရောဖက်ကို လက်ဆောင်ပေးချင်သည်။ သို့သော် ပရောဖက်ကသူ၏ လက်ဆောင်ကို လက်မခံခဲ့ချေ။ နေမန်ပေးသော လက်ဆောင်ကို၊ ပရောဖက်၏ ​ကျွန်ဂေဟာဇိက တပ်မက်၍ယူသောကြောင့်၊ သူသည် တကိုယ်လုံး နူနာစွဲ၍၊ သူ၏သခင်ထံမှ ထွက်သွားခဲ့ဘူးသည် (၄ ဓမ္မရာ ၅)။ သခင်ငြင်းခဲ့သောအရာကို မစွဲလမ်းသင့်ချေ။ သခင်ယေရှု က ငြင်းဆိုခဲ့သော ဤလောကကို၊ အဘယ်သူမျှ မတပ်မက်သင့်ချေ။ ဤလောကကို လိုချင်ပါက၊ စာတန်ကို ကိုးကွယ်ဘို့လိုသည်။ ဤလောကကို လိုချင်တပ်မက်၍၊ ပိုင်ဆိုင်သောသူများ ဘုရားကိုပင် မကိုးကွယ်နိုင်ကြတော့ဘဲ၊ ကိုးကွယ်လျှင်လည်း အပေါ်ယံသာလျှင် ဖြစ်သည်။ ဤလောက၊ ဟုဆိုရာတွင်၊ လေးမျိုးဖြင့် ဖေါ်ပြပါက ပို၍ ရှင်းလင်းမည်ဖြစ်သည်။ 
 
(၁) အပြစ်ဒုစရိုက်

အပြစ်ဒုစရိုက်တည်းဟူသော၊ သေရေသေရက်သောက်စားခြင်းဖြင့်၊ စာတန်သည် လူများစွာကို သွေးဆောင်သည်။ ထို့အပြင် မတရားသော မေထုန်မှီဝဲခြင်း၊ လိင်တူဆက်ဆံခြင်းများဖြင့်လည်း လူများစွာကို လိမ်ညာနေသည်။ လူ့အသက်ကိုသတ်ခြင်း၊ သူတပါးဥစ္စာကို ခိုးခြင်း၊ ဓါးပြတိုက်ခြင်း၊ ကိုယ်ခန္ဓာရောင်းစားခြင်းတို့ ဖြင့်လည်း လူကိုလှည့်စားသည်။ ထိုသို့သော အပြစ်လုပ်သောသူများက၊ သူတို့ ကိုယ်သူတို့လည်း မကောင်းသောသူ၊ ဟုသိမြင်ကြသည်။ ကောင်းကင်နိုင်ငံလည်း မမျှော်မှန်းကြချေ။ ငရဲကျမည်ကိုလည်း သိကြသည်။ သို့သော် ထိုအရာများအားဖြင့် ရူးမူးသောကြောင့်၊ ကြောက်ရမှန်းလည်း မသိကြသောကြောင့်၊ ဆက်၍လုပ်နေကြသည်။ 

(၂) အပျော်အပါး၊ ပွဲများ၊ အားကစား၊ ဝါသနာများ 

စာတန်အသုံးပြုသော၊ ဒုတိယလက်နက်သည် အပျော်အပါး၊ ပွဲများ၊ အားကစား၊ သီချင်း၊ ဝါသနာများဖြစ်သည်။ ထိုအရာများသည် အပေါ်ယံအားဖြင့်ကြည့်ပါက၊ အဘယ်အပြစ်မျှမရှိချေ။ သို့သော် ထိုအရာများ လိုက်စားသောသူသည်၊ ဘုရားတရားနှင့် ကယ်တင်ခြင်းကို စိတ်မဝင်စားနိုင်ကြချေ။ ထိုအရာများသာလျှင် စွဲလမ်းလိုက်စားသောကြောင့်၊ အချိန်ကုန်မှန်းမသိကုန်သွားကာ၊ နောက်ဆုံး၌ စာတန်နေရာ၊ ငရဲမီးအိုင်ထဲသို့ ဆင်းသွားရသည်။ ထို့ကြောင့် ထိုအရာများအားဖြင့် မိတ်ဆွေကို၊ စာတန်ကမလှည့်စားဘို့ သတိပေးလိုပါသည်။ ယနေ့ခရစ်ယာန်များသည်၊ ဓမ္မသီချင်းများ သီဆိုခြင်းဖြင့်၊ အပြစ်မရှိ၊ ဟုယူဆကြပေလိမ့်မည်။ သို့သော် ဓမ္မသီချင်းဆိုတိုင်း၊ ဘုရားသခင်က အားရကျေနပ်သည်မဟုတ်။ ကျမ်းစာ၌၊ "သင်တို့သီချင်းဆိုသံကို ပယ်ရှားကြလော့။ တယောထိုးသံကို ငါနားငြီးလှ၏။"  ဟုဆိုထားသည် (အာမုတ် ၅:၂၃)။ ဘုရား၏ကယ်တင်ခြင်းမသိ၊ သမ္မာတရားနားမလည်ဘဲ၊ သီချင်းကို ခံစားချက်ဖြင့် ဆိုနိုင်သည်။ ဥပမာ၊ အပျိုမနှင့် မချစ်ဘဲ သူ့ကိုရည်စူး၍ စပ်ဆိုထားသော သီချင်းကို၊ ခံစားချက်အပြည့်နှင့် ဆိုရုံဖြင့်၊ ထိုအပျိုမသည် ကျေနပ်အားရ၍၊ သင့်ကိုချစ်မည်မဟုတ်။ ထို့နည်းတူ၊ လောကသီချင်းမဟုတ်၊ ဓမ္မသီချင်းဆိုရုံဖြင့် ဘုရားကျေနပ်သည်မဟုတ်။ 

(၃) စီးပွားရေး၊ နိင်ငံရေး၊ လူမှုရေး၊ ပညာရေး

တတိယ စာတန်အသုံးပြုသော လက်နက်သည်၊ စီးပွားရေး၊ နိင်ငံရေး၊ လူမှုရေး၊ ပညာရေးတို့ဖြစ်သည်။ ထိုအရာများကို လူတိုင်း လိုက်စားကြသောကြောင့်၊ အပြစ်ရှိသည်၊ ဟုလုံးဝ မမြင်နိုင်ချေ။ ဤလောက၌ နေထိုင်ကြသောကြောင့် ထိုအရာများသည် လိုအပ်သည်။ သို့သော် ထိုအရာများကို၊ ဘုရားထက် အရေးထားလျှင် ထိုအရာများသည်၊ သင်၏ဘုရားဖြစ်သွားသည်။ ထိုအရာများ လိုက်စား၊ အဓိကထားသောကြောင့်၊ ဘုရားနှင့် သမ္မာတရားကိုပင် စိတ်မဝင်စားနိုင်တော့ချေ။ ထိုအရာများ လိုက်စားရင်းဖြင့်အချိန် ကုန်မှန်း မသိကုန်သွားကာ၊ သေလျှင် ငရဲသို့ ဆင်းသွားရမည်ဖြစ်သည်။ ထို့ကြောင့်ဘုရားထက် အဘယ်အရာကိုမျှ အလေးထား၍ မရချေ။ 

(၄) ဘာသာရေး

အချို့သောသူများသည်၊ အထက်၌ဖေါ်ပြသော အရာများအားဖြင့်၊ စာတန်ကမလှည့်စားနိုင်ချေ။ ထိုသူများသည် ဘုရားတရား လိုက်စားသောသူများဖြစ်သည်။ ထိုသူများကိုလည်း စာတန်က၊ အလွယ်တကူလှည့်စားနိုင်သည်။ မည်သို့လှည့်စားသနည်း။ ဘုရားတရား လိုက်စားသောသူများကို၊ ကျမ်းစာလေ့လာ၍ အလိုတော်နားမလည်ဘဲ၊ လူပညာအားဖြင့် ကျမ်းစာကို သင်ပေးသည်။ ထို့နောက်လူ့ဦးနှောက်အားဖြင့် အမှုတော်ဆောင်စေသည်။ ထိုသို့သောအားဖြင့်၊ အမှုတော်ဆောင်များစွာသည်၊ ဘုရားအတွက် လုပ်ဆောင်နေကြသောကြောင့်၊ ဖါရိရှဲများနှင့် ဇဒ္ဒုကဲများကဲ့သို့၊ လူများ၏ အထင်ကြီးခြင်း ခံရသော်လည်း၊ ကောင်းကင်တံခါးပိတ်သူများ ဖြစ်ကြောင်း ယေရှုက ဤသို့အပြစ်တင်ခဲ့သည်၊ "လှို့ဝှက်သောကျမ်းပြုဆရာဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာ ပိတ်ထား၍၊ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။"  (မ ၂၃:၁၃)။ ထို့ကြောင့် ဘုရားတရား၌ စိတ်အားထက်သန်သူတိုင်းကို၊ စာတန်ကမကြောက်သည်သာမက၊ အားပင်ပေးတတ်သည်။ 

စာတန်သည် လူများကို အဘယ်ကြောင့်၊ အထက်ပါကဲ့သို့ လှည့်ဖျားသနည်း။ အကြောင်းမှာ၊ သူသည် ကောင်းကင်သို့ ရောက်နိုင်တော့မည်မဟုတ်။ ခရစ်တော်က၊ "ငရဲသည် စာတန်နှင့် သူ၏အပေါင်းပါတို့အတွက်၊ ပြင်ဆင်ထားသောနေရာ"  ဟုဆိုသည် (မဿဲ ၂၅:၄၁)။ ယခုအချိန်အထိ၊ စာတန်သည် ကောင်းကင်၌ ဝင်ထွက်သွားလာနိုင်သေးသည်။ သို့သော် သူ့ကို ငရဲထဲသို့ အနှစ်တထောင်အုပ်စိုးခြင်း အပြီး၌ ချမည်ဖြစ်သည် (ဗျာ ၂၀:၁၀)။ စာတန်သည် ထိုအရာကိုသိ၍၊ လူသားများကိုလည်း သူနှင့်အတူ၊ ငရဲထဲသို့ ကျစေလိုသည်။ ထိုအရာကို မသိကြသော လူသားများအနေဖြင့်၊ စာတန်ပြင်ဆင်ထားသော ဤလောကကို၊ အလွန်တပ်မက်စွဲလမ်းကာ၊ သတ်ဘို့ရာခေါ်သော တိရစ္ဆာန်များကဲ့သို့၊ ဤလောကအရာကို ရှာဖွေခြင်းဖြင့်၊ စာတန်နောက်တကောက်ကောက် လိုက်နေကြသည်။ မိတ်ဆွေ၊ ယခုမှစ၍ စာတန်၏လှည့်ဖျားမှုကို မယုံပါနှင့်။ ကယ်တင်ခြင်းသို့ရောက်ဘို့၊ ကောင်းကင်ဘုံသို့တက်ဘို့ရန်၊ လိုချင်သောစိတ်ရှိပါ။ သင်ကိုယ်တိုင်က မလိုချင်လျှင် အဘယ်သူကမျှ သင့်ကိုမကူညီနိုင်ပါ။ ဘုရားသခင်သည် တန်ခိုးကြီးသော်လည်း၊ သင်ကိုယ်တိုင်က လိုချင်သောစိတ်မရှိဘဲ၊ သင့်ကိုအတင်းအဓမ္မ ကောင်းကင်သို့ခေါ်မည်မဟုတ်ပါ။ 

အကြံပေးချက်

အထက်ပါကဲ့သို့ စာတန်သည်၊ လူကိုနည်းမျိုးစုံဖြင့် လှည့်ဖျားနေသောကြောင့်၊ သူ၏လှည့်ဖျားခြင်းမှ လွတ်ဘို့ရန် အကြံပေးလိုပါသည်။ စာတန်သည် လူများကို လိမ်ဘို့ရန် အလွန်တော်သည်။ ထို့ကြောင့် ကျမ်းစာကို ဖတ်ပါ။ ကျမ်းစာဖတ်သောအခါ၊ ဆိုလိုရင်းအဓိပ္ပါယ် နားလည်းဘို့ ဖတ်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်က၊ လင်းပြမှသာလျှင် သိမြင်နိုင်သည်။ ထို့ကြောင့် ဆုတောင်းပြီးမှဖတ်ပါ။ သမ္မာတရား သင်ပေးသောနေရာ၌ သင်တန်းတက်ပါ။ ကောင်းကင်နိုင်ငံရောက်ကြောင်း မရှင်းပြနိုင်သော အသင်းတော်၌ မပါဝင်ပါနှင့်။ ဤလောက၌ အောင်မြင်ခြင်းနှင့် ချမ်းသာမည့်အရာကိုသာလျှင်၊ အဓိကထားသော ဘုရားကျောင်းနှင့် တရားဟောဆရာများကို ရှောင်ပါ။ ကယ်တင်ခြင်း ကောင်းစွာပြောနိင်သူကို ချဉ်းကပ်ပါ။ သင်၏ ဝိညာဉ်ရေးရာ၌ အားနည်းစေမည့် အရာများကိုရှောင်ပါ။ ကိုယ်ခန္ဓာနှင့် စိတ်ပင်ပန်းလွန်းလျှင်၊ ဝိညာဉ်ပိုင်း၌ စိတ်မဝင်စားနိုင်သောကြောင့်၊ အလုပ်ကိုလျှော့လုပ်ပါ။ ယခုအချိန်၌ ချမ်းသာဘို့ မလိုတော့ပါ။ မကြာမှီ ခရစ်တော်ကြွလာတော့မည် ဖြစ်သောကြောင့်၊ နေနိုင်ရုံ၊ စားနိုင်သောက်နိုင်ရုံ အလုပ်ကိုရွေးလုပ်ပါ။ လောဘမကြီးပါနှင့်။ ဖြစ်နိုင်လျှင် ညပိုင်းသင်တန်းတက်နိုင်ရန်၊ မိဿဟာယဖွဲ့နိုင်ရန် နေ့ခင်းအလုပ်သာလုပ်ပါ။ ဝိညာဉ်ပိုင်းဦးစားပေးပါ။ သိလိုသော အရာများရှိလျှင် စာရေးဆက်သွယ်ပါ။ ဖုန်းဆက်ပါ။ 

 ကယ်တင်ခြင်း 


 ကယ်တင်ခြင်းသည် လူ၏အကျင့်၊ ကြိုးစားအားထုတ်ခြင်းကြောင့်မဟုတ်၊ ဘုရားသခင်၏ သနားခြင်း ဂရုဏာသက် သက်ကြောင့်သာ ဖြစ်ကြောင်းကို၊ ရှင်ပေါလုက ဤသို့ ရေးထားသည်၊ "ယုံကြည်သောအားဖြင့်၊ ကျေးဇူးတော်ကြောင့်၊ ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။"  (ဧဖက် ၂:၈-၉) တိမောသေထံ၌လည်း ဤသို့ရေးထားသည်၊ "ငါတို့ကျင့်သော ​ဖြောင့်မတ်ခြင်း အကျင့်အားဖြင့်မဟုတ်ဘဲ၊ မိမိသနားခြင်း ဂရုဏာတော်နှင့်အညီ၊ ဒုတိယမွေးခြင်းနှင့် ဆိုင်သော ဆေးကြောအသစ်ပြုပြင် ခြင်းအားဖြင့်၊ ငါတို့ကို ကယ်တင်တော်မူ၏။"  (တိတု ၃:၅)။ 

အထက်ပါကဲ့သို့ ကျမ်းစာက၊ ကယ်တင်ခြင်းသည် လူ၏လုပ်ဆောင် ကြိုးစားအား ထုတ်မှုကြောင့်မဟုတ်၊ ဘုရားသခင်၏ သနားခြင်း ဂရုဏာအားဖြင့်သာဖြစ်သည် ဟုဆိုသော်လည်း၊ လူတိုင်း၏ စိတ်နှလုံးထဲ၌ သင်ပေးစရာမလိုဘဲ၊ အကျင့်နှင့် ကောင်းမှုကုသိုလ်အားဖြင့် ဖြစ်စေ၊ ဘုရားတရား၌ ကြိုးစားအားထုတ်ခြင်းအားဖြင့်ဖြစ်စေ၊ ရရှိနိုင်မည် ဟုထင်မှတ်နေကြသည်။ အကယ်၍ လူ၏ကြိုးစားအား ထုတ်မှုအားဖြင့် ကယ်တင်ခြင်းသို့ ရောက်နိုင်ပါက၊ ခရစ်တော်သည် ဤလောကသို့ဆင်း၍၊ အသေခံစရာ လိုတော့မည်မဟုတ်ချေ။ အဘယ်ကြောင့်ဘုရား၏ ကယ်တင်ခြင်းကို သဘောမပေါက်နိုင်ကြသနည်းဟူမူကား၊ ကိုယ်၏အမြင်၊ အကြံအစည်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်ဘို့ ကြိုးစားသောကြောင့်ဖြစ်သည်။ 

ကယ်တင်ခြင်းသည် လူအားဖြင့်မဟုတ်ကြောင်း၊ ကျမ်းစာက ဤသို့ရေးထားသည်၊ "သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေသတည်း၊ ဟုကြီးသော အသံနှင့် ကြွေးကြော်ကြ၏။ (ဗျာ ရး၁၀)။ ဤကျမ်းစာအရဖြစ်လျှင် ဘုရားသခင်နှင့် သိုးသငယ်သည်လည်း ကယ်တင်ဘို့ လိုသကဲ့သို့အဓိပ္ပါယ်ရှိသည်။ သို့သော် အင်္ဂလိပ်ကျမ်းစာ၌၊ "Salvation belongs to our God, who sits on the throne, and to the Lamb" ကယ်တင်ခြင်းသည် ဘုရားကပိုင်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်က ကယ်တင်နိုင်သည် ဟုဆိုလိုခြင်းဖြစ်သည်။ လူသည် ကိုယ့်ကိုယ်ကို ကယ်တင်ဘို့ ထင်မှတ် နေကြသည်။ ကိုယ့်ကိုယ်ကို မကယ်တင်နိုင်သောကြောင့်၊ ဘုရားသခင်က ကယ်တင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က မည်ကဲ့သို့ လူကိုကယ်တင်သွားသည်ကို ကျမ်းစာထဲမှကြည့်ကြပါစို့။ 

 ဣသရေလလူများ 

 ဣသရေလလူများသည် အဲဂုတ္တု ကျွန်မှ သူတို့ကိုယ်သူတို့ မကယ်တင်နိုင်ခဲ့ကြပါ။ အဲဂုတ္တုဘုရင်ဖါရော၏ကျွန်မှ မရုန်းထွက်နိုင်ကြပါ။ သို့သော် ဘုရားသခင်၏ မဟာတန်ခိုးတော်အားဖြင့်၊ ကယ်တင်မှသာ လွတ်မြောက်နိုင်ကြပါသည်။  ဣသရေလလူများသည် သူတို့၏ အပြစ်ကြောင့်၊ အဲဂုတ္တု ကျွန်မခံသကဲ့သို့၊ သင်သည်လည်း သင်၏အပြစ်ကြောင့်၊ စာတန်နှင့် အပြစ်ကျွန်ခံရသည်မဟုတ်။ အပြစ်သား ဖြစ်ပြီးသော အာဒံကြောင့်သင်သည်၊ အပြစ်သား၊ အပြစ်၏ကျွန်၊ စာတန်၏ကျွန်ခံနေရသည်။ ​ကျွဲ နွားများသည် လူ၏ကျွန်ခံနေမှန်း မသိ၊ ခိုင်းသမျှ လုပ်ရသကဲ့သို့ လူသည်လည်း၊ ​ကျွန်ဖြစ်မှန်းမသိကြချေ။ ထို့ကြောင့် ဘုရားသခင်က သနားသောကြောင့်၊ သားတော် ယေရှုကို ကယ်တင်စေခဲ့သည်။ သားတော်ယေရှု၏ ကယ်တင်ခြင်းကို သိရှိနားလည်၍၊ ယုံကြည်ခြင်းဖြင့် လက်ခံဘို့ သာလျှင် သင်လိုအပ်သည်။ သခင်ယေရှုသည် သင့်ကို မည်ကဲ့သို့ကယ်တင်သနည်း။ 

အပြစ်တရားစီရင်ခြင်း 

တလောကလုံး၏ တရားသူကြီးဖြစ်တော်မူသော၊ ထာဝရဘုရား၏ တရားရုံးတော်မှ အပြစ်၏အခသည် သေခြင်းဖြစ်သည် ဟုဆိုသည် (ရော ၅:၁၂၊ ရော ၆:၂၃)။ ကမ္ဘာပေါ်ရှိ လူသားအားလုံးသည်၊ အပြစ်ရှိသည် (ရော ၃:၂၃)။ ထို့ကြောင့် လူသားအားလုံး သေဘို့ ဖြစ်သည်။ သို့သော် ထိုသို့သေလျှင် ငရဲရောက်ဘို့သာရှိသည်။ ထို့ကြောင့် ဘုရားသခင်က လူသားများကို သနား၍၊ သူတို့ကိုယ်စား ခရစ်တော်ကို အသေခံစေသည် (၁ ကော ၁၅:၃)။ ခရစ်တော်က သူတို့ကိုယ်စားအသေခံခြင်းကို၊ ယုံကြည်သောသူတိုင်း အပြစ်စီရင်ခြင်းမှ ကင်းလွတ်ပြီဖြစ်သည်။ ကျမ်းစာက၊ "သားတော်ကို ယုံကြည်သောသူသည်၊ တရားစီရင်ခြင်းကိုမခံရ၊"  ဟုဆိုထားသည် (ယော ၃ ; ၁၈)။ သင့်အနေဖြင့် ထိုသို့ ဘုရားသခင် စီရင်တော်မူသောအရာကို၊ ယုံကြည်လျှင် အပြစ်စီရင်ခြင်းအတွက်၊ စိုးရိမ်စရာ မလိုတော့ချေ။ မိတ်ဆွေ၊ ကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍၊ သူကိုယ်တိုင် အတည်ပြုသောအရာ ဖြစ်သောကြောင့်၊ ယုံကြည်ရမည်။ 

အပြစ်ကို ဆေးကြောပြီ

 ဘုရားသခင်က၊ "အသွေးမသွန်းလောင်းလျှင် အပြစ်ဖြေလွှတ်ခြင်းမရှိ၊"  (ဟေဗြဲ ၉:၂၂) ဟုဆိုထားသောကြောင့်၊ လူ၏အပြစ်ကို သားတော်ယေရှု၏ အသွေးနှင့်ဆေးကြောခဲ့ပြီ။ ကျမ်းစာ၌၊ "ဘုရားသခင်၏သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။"  (၁ ယော ၁:ရ) ဟူဆိုထားသည်။ အပြစ်ရှိသမျှ ဆိုသောကြောင့်၊ ယခင်ပြုလုပ်သောအပြစ်၊ ယခုပြုလုပ်သောအပြစ်၊ နောင်၌ပြုလုပ်မည့်အပြစ် အားလုံးပါသွားပြီးဖြစ်သည်။ ထိုအရာကို သိသောအခါ၊ အပြစ်လွှတ်သောကြောင့်၊ ကိုယ်လုပ်ချင်သောအရာကို လုပ်နိုင်ပြီ၊ ဟုအလွဲယူဆ တတ်ကြသည်။ ထိုအရာသည် အပြစ်လွှတ်ခြင်း၏ ကျေးဇူးကို မသိသောကြောင့် ဖြစ်သည်။ အမှန်မှာ သင်သည် လူတယောက်အပေါ် အပြစ်ကျူးလွန်မိ၍၊ အလွန်ကြောက်လန့်၊ စိုးရိမ်နေချိန်၊ ဘာမျှမလုပ်တတ်ချိန်တွင်၊ သင်၏အပြစ်ကို လွှတ်လိုက်ပါက မည်မျှဝမ်းသာမည်နည်း။ နောင်၌လည်း အပြစ်လွှတ်ဦးမည် ဖြစ်သောကြောင့် သူ့အပေါ်အပြစ် ဆက်တိုက်လုပ်မည်လော။ ကျေးဇူးတင်လွန်းသောကြောင့်၊ နောက်ထပ်အပြစ် မလုပ်မိအောင် သတိထားမည် မဟုတ်လော။ ထို့ကြောင့် ဘုရားသခင်၏ အပြစ်လွှတ်ခြင်းကို အလွဲမသုံးစားသင့်ချေ။ 

​ဖြောင့်မတ်ပြီ

​ဖြောင့်မတ်ခြင်းသည် အပြစ်ကင်းခြင်းဖြစ်သည်။ ​ဖြောင့်မတ်သောသူသာလျှင် ကောင်းကင်တက်၍၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့နိုင်သည်။ လူသည် ​ဖြောင့်မတ်ခြင်းကို ပညတ်တော်လိုက်လျှောက်ခြင်း၊ အကျင့်ကောင်းခြင်း၊ ဘုရားတရား၌ ကြိုးစားအားထုတ်ခြင်းဖြင့် ရရှိမည်ဟုခံယူကြသည်။ သို့သော်ဖြောင့်မတ်ခြင်းသည်၊ လူအားဖြင့်မဟုတ်၊ ဘုရားသခင်က ပေးမှသာဖြစ်နိုင်သည်။ ​ကျွန်ုပ်တို့ အရင်  ဣသရေလလူများလည်း မှားခဲ့ကြောင်း ကျမ်းစာ၌ ဤသို့တွေ့ရသည်၊ "ထိုသူတို့သည် ဘုရားသခင်၏​ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ၊ ကိုယ်​ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်းတရားကို ဝန်မခံကြ။" (ရော ၁၀:၃)။ တဖန်၊ ​ဖြောင့်မတ်ခြင်းကို မှီအောင် မလိုက်သော တပါးအမျိုးသားတို့သည်၊ ​ဖြောင့်မတ်ခြင်းကို မှီကြ၏။ ထိုသို့ဆိုသော်ယုံကြည်ခြင်းအားဖြင့် မှီသောဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။ ​ဖြောင့်မတ်ခြင်းတရားကို မှီအောင်လိုက်သော  ဣသရေလ လူတို့ မူကား၊ ​ဖြောင့်မတ်ခြင်းတရားကို မမှီကြ။ အဘယ်ကြောင့်မမှီကြသနည်း။ ယုံကြည်ခြင်းအားဖြင့်မလိုက်၊ ပညတ်တရား၏အကျင့်အားဖြင့်သာလိုက်ကြသတည်း။ (ရော ၉:၃၀-၃၂)။ သင်သည် ဣသရေလလူများကဲ့သို့၊ ကိုယ့်အကျင့်အားဖြင့် ​ဖြောင့်မတ်ခြင်းရရန်မကြိုးစားဘို့ သတိပေးလိုပါသည်။ ယုံကြည်ခြင်း၏ ဖခင်အာဗြဟံပင်လျှင်၊ ​ဖြောင့်မတ်ခြင်းကို အကျင့်အားဖြင့် မရကြောင်း ဤသို့တွေ့ရသည်၊ "အာဗြဟံသည် အကျင့်အားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင် ဝါကြွားစရာ အကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။ ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ​ဖြောင့်မတ်ခြင်းဟုမှတ်တော်မူ၏။" (ရောမ ၄:၂-၃)။ ထိုသို့အာဗြဟံပင်လျှင် အကျင့်အားဖြင့်မဟုတ်၊ ဘုရား၏စကားကို ယုံကြည်ခြင်းအားဖြင့် ​ဖြောင့်မတ်ခြင်းသို့ ရောက်လျှင် (ကမ္ဘာဦး ၁၅:၁-၆)၊ သင်သည် မည်ကဲ့သို့ အကျင့်အားဖြင့်ဖြောင်မတ်နိုင်မည်နည်း။ 

 ဘုရားသခင်သည် အပြစ်သားများကို၊ သနားခြင်းအားဖြင့် ​ဖြောင့်မတ်ခြင်းပေးပြီ။ ကျမ်းစာက၊ "ယေရှုခရစ်ရွေးနှုတ်တော်မူသော အားဖြင့်၊ အဘိုးကိုမပေးဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်၊ ​ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။" (ရော ၃:၂၄)။ ​ကျွန်ုပ်တို့ ​ဖြောင့်မတ်နိုင်ဘို့ ဘုရားသခင်က သားတော်ကို အပြစ်တင်ခဲ့ပြီ။ "ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရား သခင်ရှေတော်၌ ​ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်း တည်း။" (၂ ကော ၅:၂၁)။ ခရစ်တော်သည် ငါတို့၏ဖြောင့်မတ်ခြင်းဖြစ်ကြောင်း ပေါလုက ဤသို့ရေးထားသည်၊ "ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင်စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ​ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်းဖြစ်တော်မူ၏။" ၁ ကော ၁:၃၀)။ ထို့ကြောင့် သင်သည် ဘုရားသခင်က၊ ယေရှုခရစ်အားဖြင့် ပေးသောဖြောင့်မတ်ခြင်းကို၊ ယုံကြည်ခြင်းအားဖြင့် လက်ခံလိုက်ပါ။ ထိုသို့ ယုံကြည်လျှင် သင်သည် ဘုရားရှေ့၌ ​ဖြောင့်မတ်ပြီ။ ​ဖြောင့်ပြီ ဖြစ်သောကြောင့် ​ဖြောင့်မတ်သောသူကဲ့သို့ အသက်ရှင်ပါ။ 

ထာဝရအသက် 

ဘုရားသခင်သည် လူတိုင်းကို ထာဝရအသက် ပေးထားကြောင်း ဤသို့ ရေးထားသည်၊ ဘုရားသခင်သည် ငါတို့အား ထာဝရ အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကို မရ။ (၁ ယော ၅:၁၁-၁၂)။ ထာဝရ အသက်သည်၊ ခရစ်တော် ဖြစ်သည်။ သူကိုယ်တိုင်က၊ ငါသည် အသက် ဖြစ်၏။ (ယော ၁၄:၆) ဟုဆိုခဲ့သည်။ ရှင်ပေါလုက၊ ငါတို့ အသက် တည်းဟူသော ခရစ်တော်၊ ဟုဆိုခဲ့သည် (ကော ၃:၄)။ သို့ဖြစ်လျှင် ခရစ်တော်သည် ကိုယ်ခန္ဓာအ သက်လော၊ ဝိညာဉ် အသက်လော။ ကိုယ်ခန္ဓာအသက်သည်၊ ဝိညာဉ် ဖြစ်သည်။ ဝိညာဉ်သည် ခန္ဓာထဲမှ ထွက်သွားသောအခါ၊ ခန္ဓာသေဆုံးသွားသည်။ ဝိညာဉ် အသက်သည် ခရစ်တော် ဖြစ်သည်။ ဝိညာဉ်သည် ခရစ်တော်နှင့် မဆက်သောအခါ သေသည် ဟုဆိုသည်။ သို့သော် ငရဲကျသွားသော ဝိညာဉ် များသည် ထာဝရ အသက်ရှင်မည် ဖြစ်သည်။ ဝိညာဉ်သည် ငရဲထဲ၌ သေသွားပါက ဘာမျှခံစားမည် မဟုတ်ချေ။ ထိုသို့ ခံစားချက် မရှိလျှင် ငရဲသည် ကြောက်စရာ မရှိ။ သို့သော် ငရဲကျသော ဝိညာဉ်သည် သေသည်ဟု ခေါ်သည်။ ထိုအရာသည် ဘုရားရှုဒေါင့်မှဆိုခြင်း ဖြစ်သည်။ 

ဘုရားသခင်သည် သင့်ကို ထာဝရ အသက် ပေးခဲ့ပြီ။ သင်လိုချင်လျှင် ယူဘို့ သာလျှင် ဖြစ်သည်။ မည်ကဲ့သို့ ယူမည်နည်း။ အသက်သည် သားတော်၌ ပါသောကြောင့်၊ သားတော်ကို ရရှိရမည်။ မည်ကဲ့သို့ သားတော်ကို ရယူမည်နည်း။ မိမိစိတ် နှလုံးအထဲ၌ ခေါ်ဘိတ် လက်ခံရမည်။ ခရစ်တော်ကို ဆုတောင်းခြင်းဖြင့် ဤသို့ ခေါ်ဘိတ် နိုင်သည်။ သခင်ယေရှု ဘုရား၊ ကိုယ်တော်သည် အသက် ဖြစ်ကြောင်း ယုံကြည် ပါ၏။ ​ကျွန်ပ်စိတ်နှလုံး၌ ဝင်တော်မူပါ။ ​ကျွန်ပ်အသက်တာကို အုပ်စိုးတော်မူပါ။ ​ကျွန်ပ်၏ အသက်တာကို ကိုယ်တော်၌ အပ်ပါ၏။ အာမင် သင်သည် ထိုကဲ့သို့ စိတ်ရင်းဖြင့် သူ့ကို ခေါ်ဘိတ်ပါက၊ သူသည် ဝင်လာ၍ ထာဝရ အသက်လည်း အလိုအလျောက်ရရှိမည် ဖြစ်သည်။ အကြောင်းမှာ ခရစ်တော်ကို ရသောသူသည်၊ ထာဝရ အသက်ကို ရရှိပြီ။

 

စကားနားထောင်ခြင်း 

လူအသက်တာ၌ လုပ်စရာ လုပ်ငန်း များစွာ ရှိသည်။ သိချင်စရာ များစွာရှိသည်။ သို့သော် ထိုအရာများသည် အားလုံး အကျိုးပေးနိုင်သည် မဟုတ်။ ကျမ်းစာလည်း သိစရာ များစွာရှိသည်။ သို့သော် စကား နားမထောင်ဘဲ မသိနိုင်သည်သာမက၊ များစွာ သိသော်လည်း၊ စကား နားမထောင်လျှင် အဓိပ္ပါယ်မရှိ။ ခရစ်တော် ကိုယ်တိုင်က၊ ငါ့စကားကို နားမထောင်ဘဲလျက်၊ ငါ့ကို သခင်၊ သခင်ဟု အဘယ်ကြောင့် ခေါ်ကြသနည်း။ ဟုဆိုခဲ့သည် (လု ၆:၄၆)။ ယုံကြည်သူ ခရစ်ယာန် များသည်၊ ကောင်းကင်နိင်ငံဝင်ဘို့ လက်မှတ်ရရုံဖြင့် ကျေနပ် နေကြသည်။ ဘုရားသား ဖြစ်သည်ဟု၊ ကောင်းကြီး မင်္လာကို အတင်း တောင်း နေကြသည်။ အနည်းငယ်သော ယုံကြည်သူများအနေဖြင့်၊ သမ္မာတရားကို သိလိုကြ၍၊ ကျမ်းစာဖတ်၊ သမ္မာတရားကို လေ့လာ နားလည် ကြသည်။ သို့သော် သခင်ဘုရား ခိုင်းသော အလုပ်ကိုမူမလုပ်လိုကြချေ။ ထိုသူ များသည်၊ မိဘလုပ်စာကိုသာ စား၍၊ အလုပ်မလုပ်လိုသော သားသမီး များနှင့် တူသည်။ ဘုရား စကား နားမထောင်ခြင်းကြောင့် ဆုံးရှုံးမှု များစွာရှိသည်။ 

၀ိညာဉ်တော်၏ ဦးဆောင်မှု မခံစား 

သခင်ဘုရား၏ အမိန့်တော်ကို၊ နားမထောင်ခြင်းကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်မှုကို၊ မခံစား နိုင်ချေ။ သခင်ဘုရား၏ အမိန့်တော်မှာ၊ သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသ မျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြလော့ ဟူ၍ ဖြစ်သည် (မ ၂၈:၁၉-၂၀)။ တဖန်၊ သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်း သက်သောအခါ၊ သင်တို့သည် တန်ခိုးကို ခံရ၍၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင်၊ ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ (တ ၁:၈)။ သန့်ရှင်းသော ဝိညာဉ်တော်သည် တန်ခိုး ဖြစ်၍၊ သက်သေခံနိုင်ဘို့ရန် ပေးခြင်း ဖြစ်သည်။ ဘုရားကျောင်းထဲ၌၊ ယုံကြည်သူများရှေ့တွင် အလွန် သက်သေ ခံချင် ကြသော်လည်း၊ အပြင်လောက ရှိမ ယုံကြည်သူများထံ၌၊ သက်သေမခံလိုကြချေ။ အကြောင်း အမျိုးမျိုး ပြကာ၊ လုံးဝ မလုပ်လိုကြချေ။ သင်သည် သခင်ဘုရား ခိုင်း သော၊ ထိုအလုပ်ကို မလုပ်မချင်း၊ ဝိညာဉ်တော်၏ ဦးဆောင်ခြင်း အပြည့်အဝ ခံစား နိုင်မည် မဟုတ်ချေ။ 

သခင်ဘုရားကအလုပ်ခိုင်းသောအခါ တွင်၊ လူအစွမ်းသတ္တိဖြင့် မလုပ်ခိုင်းပါ။ သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးဖြင့် လုပ်ဘို့ရန် ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော် ပေးရခြင်း ဖြစ်သည်။ သခင်ဘုရားက၊ ထို သူတို့ မှစ၍ တပါးအမျိုးသား တို့အား သက်သေ ဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့်သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။ သင်တို့ကို အပ်နှံသောအခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ် ကြနှင့်။ ပြောရသော စကားကို ထိုခဏခြင်းတွင် သင်တို့သည် ရကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့ အလိုအလျောက်ပြောကြသည် မဟုတ်။ သင်တို့ အဘ၏ ဝိညာဉ်တော်သည်၊ သင်တို့အားဖြင့် ပြောတော်မူ၏။ဟု ဂတိပေးခဲ့သည် (မ ၁၀:၁၈-၂၀)။ ထိုဂတိသည် မယုံကြည်သူများထံ သက်သေခံသောသူများကသာ၊ ခံစားရကြသည်။ မယုံကြည်သူများ၊ အမည်ခံ ခရစ်ယာန်များထံ၊ သက်သေခံ ဝေငှသောအခါ၊ အဘယ် စကား ပြောရမှန်း မသိသော်လည်း၊ အံ့ဩဘွယ် ဝိညာဉ်တော်က၊ ချောနေအောင် စကားပြောတတ်စေကြောင်း၊ သက်သေခံသောသူတိုင်းက တွေ့ကြုံရသည်။ သင်လည်း ထိုအရာကို လက်တွေ့ခံစား လိုလျှင်၊ ကယ်တင်ခြင်းသို့ မရောက် သေးသောသူများထံ၊ သက်သေခံပါ။ 

လုပ်ဆောင်မှု၏ အရသာမခံစား 


ကိုယ်ကာယပိုင်း၌ အလုပ်မလုပ်သောသူသည်၊ ပျင်းရိ၍ အလုပ်လုပ်ခြင်း၏ အရသာကို မခံစား နိုင်ချေ။ အလုပ်လုပ်သောသူသည် အလုပ် ပြီးစီးသွားသောအခါ၊ ကိုယ့်လက်ရာကို ကြည့်၍ အလွန် အားရပီတိ ဖြစ်တတ်သည်။ ထိုအရသာကို ပျင်းရိသော သူတို့ မသိ၊ မခံစားရချေ။ ကိုယ်စိုက်သော အပင်များ သီးပွင့် လာသောအခါ၊ အလွန် အားရကျေနပ် ကြပေလိမ့်မည်။ ဝိညာဉ်ပိုင်း၌လည်း၊ ဘုရား ခိုင်းသော အလုပ် မလုပ်သောသူသည်၊ အလုပ်လုပ်ခြင်း၏ အရသာကို မခံစား နိုင်ချေ။ သခင်ဘုရားကိုယ်တိုင် ဤသို့ ဆိုခဲ့သည်၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။ (ယော ၄:၃၄)။ သခင်ယေ ရှုသည်၊ ရှာမရိအမျိုးသမီးထံ သက်သေခံသောအခါ၊ အစာပင်စားစရာ မလိုတော့ချေ။ အကြောင်းမှာ၊ သူ့ကို စေလွှတ်တော်မူသောသူ၊ ခမည်းတော်၏ အမှုတော်ကို ပြီးစီးအောင် ဆောင်ရွက်သောကြောင့် ဖြစ်သည်။ သင်လည်း သခင်ဘုရား ခိုင်းသော အမှုကို ပြီးစီးအောင် ဆောင်ရွက်လျှင်၊ အလွန် ဝမ်းမြောက်မည် ဖြစ်ကြောင်း ဝေငှလိုသည်။ ရှင်ပေါလုကလည်း၊ ငါ့ကို ယဇ်ပေါ်မှာလောင်းရသောအချိန် ရှိပြီ။ စုတေ့ရသောအချိန် ရောက်လေပြီ။ ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။ ယခုမှ စ၍ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက် ရှိ၏။ (၂ တိ ၄:၆-၈)ဟု သူသေမည့် အရာကို သိသော်လည်း၊ ဘုရား ခိုင်းသော အမှုကို ပြီးစီးသည် အထိ၊ ဆောင်ရွက်သောကြောင့် မြော်လင့်ခြင်းရှိသည်။ သင်လည်း ဘုရား ခိုင်းသော အမှုကို ဆောင်ရွက်လျှင် မြော်လင့်ခြင်းရှိမည်။ 

သမ္မာတရား သိသင့်သလောက် မသိနိင်

ဘုရား ခိုင်းသော အလုပ်မလုပ်လျှင်၊ သမ္မာရားသိသင့်သလောက် မသိ နိုင်ချေ။ အကြောင်းမှာ၊ သမ္မာတရားသည် အလုပ်လုပ်ရာမှသိနိုင်သော အရာ များစွာရှိသည်။ ကျမ်းစာနှင့် ကျမ်းပိုဒ်များလည်း မမှတ်မိနိုင်ချေ။ တရားကိုလည်း နာ သင့်သလောက် မနာနိုင်ချေ။ အကြောင်းမှာ ဇာတိအရာကိုသာ စွဲလမ်းနေသည်။ ထို့ကြောင့် အစဉ်သင်သော်လည်း လေ့ကျက်ခြင်း မရှိနိင်ခြင်း ဖြစ်သည်။ သမ္မာတရား နုကိုသာ၊ သူတပါးထံမှ ကြားဘို့ လိုနေသည်။ သင်တို့သည် ကာလ ကြာသောကြောင့်၊ ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ဦးစွာ သင်ရသော တရားနုတို့ကို၊ သူတပါးထံ၌ တဖန် သင်ရသော အကြောင်းရှိသည် ဖြစ်၍၊ ​ကြေခဲသော အစာကို မသုံးဆောင်၊ နို့ကိုသာ သုံးဆောင်ရသောသူ ဖြစ်ကြ၏။ နို့ကိုသာ သုံးဆောင်သောသူ မည်သည်ကား၊ သူငယ် ဖြစ်သောကြောင့် ​ဖြောင့်မတ်ခြင်း တရား၌ လေ့လာခြင်း မရှိ။ (ဟေ ၅:၁၁-၁၃) 

၀ိညာဉ်လူမ ဖြစ်နိင်


အလုပ်မလုပ်သောသူသည်၊ ဝိညာဉ်လူမ ဖြစ်နိုင်ချေ။ အကြောင်းမှာ ဝိညာဉ်လူသည်၊ ဝိညာဉ်တော်၏ ဦးဆောင်ခြင်းကို နာခံသောသူ ဖြစ်သည်။ အလုပ်မလုပ်သောသူ၊ မလုပ်ချင်သောသူကို၊ ဝိညာဉ်တော် ကမ ဦးဆောင်နိုင်ချေ။ ဝိညာဉ်တော်သည် အတင်း ဦးဆောင်လေ့မရှိချေ။ ဝိညာဉ်တော် ကမ ဦးဆောင်လျှင် သင်သည် ဇာတိနှင့် အသက်ရှင်သည်။ ဇာတိနှင့် အသက်ရှင်လျှင်၊ ဇာတိအသီး များကိုသာလျှင် သီးမည် ဖြစ်သည်။ ဝိညာဉ်တော်က ဦးဆောင်လျှင်၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ စောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း၊ တည်းဟူသော ဝိညာဉ် အသီးများ သီးနိုင်မည် (ဂလာ ၅:၂၂-၂၃)။ ဇာတိအသက်တာဖြင့် အသက်ရှင်လျှင်၊ အောက်ပါဇာတိအသီးများ သီးမည် ဖြစ်သည်၊ ဇာတိပကတိ အကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့ မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာ ကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ်တုကို ကိုးကွယ်ခြင်း၊ သူတပါးကို ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ် ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကို ငြူ စူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှ စ၍ ထိုသို့သော အကျင့်ပေတည်း။ (ဂလာ ၅:၁၉-၂၁)။ 
 
လောကကို မစွန့်နိင်

သခင်ဘုရား ခိုင်းသော အလုပ်မလုပ်သောသူသည်၊ လောကအရာကို မစွန့်လွှတ်နိုင်ချေ။ ခလေး တယောက်သည်၊ ပစ္စည်းတခုနှင့် ဆော့ချိန်တွင်၊ အခြား ပစ္စည်းကို အလိုမရှိချေ။ ထို့နည်းတူ၊ လောကအရာကို လိုက်နေစဉ်တွင်၊ ဝိညာဉ် အရာကို အလိုမရှိချေ။ သင်သည် ကျမ်းစာ ကလောကကို မချစ်ဘို့ ရေးထားသောကြောင့်၊ လောကကို မချစ်ဘို့ သိနေသည်။ သို့သော် ဝိညာဉ်ရေးရာ၌ အလုပ်မလုပ်လျှင်လော ကကို မစွန့်လွှတ်နိင်ချေ။ ပေါလုက၊ ဒေမသည် ယခုဘဝကို နှစ်သက်သော စိတ်ရှိသည်နှင့် ငါ့ကို စွန်ပစ်၍၊ သက်သာလောနိတ်မြို့သို့ သွားပြီ။ ဟုဆိုသည် (၂ တိ ၄:၁၀)။ သူကိုယ်တိုင် မူကား၊ ငါဖြစ်လျှင်၊ ငါတို့ သခင်ယေရှု ခရစ်၏ လက်ဝါး ကပ်တိုင်တော် မှတပါး အဘယ်အရာ၌ မျှဝါ ကွားခြင်း မရှိပါစေနှင့်။ ထိုလက်ဝါး ကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဘို့ရိုက်ထားခြင်းကို ခံလျက် ရှိ၏။ ငါသည်လည်း ဤလောက အဘို့ ိုက်ထားခြင်းကို ခံလျက် ရှိ၏။ ဟုဆိုသည် (ဂလာ ၆:၁၄)။ 

 

အချိန် နီး​‌ကြောင်း


ခရစ်တော် ကသူကြွလာမည့် အရာနှင့် ပတ်သက်၍၊ နိမိတ်လက္ခဏာ တခုသည်၊ အစာ ခေါင်းပါးခြင်း ဖြစ်မည်၊ ဟုဆိုသည်။ အရပ်ရပ်တို့၌ အစာ ခေါင်းပါးခြင်း၊ -တို့သည် ဖြစ်ကြလိမ့်မည်။ (မ ၂၄:ရ) ဗျာဒိတ်ကျမ်း၌လည်း အစာ ခေါင်းပါး မည့် အရာနှင့် ပတ်သက်၍ ဤသို့ ရေးထားသည်၊ တတိယတံဆိပ်ကို ဖွင့်သောအခါ၊ တတိယသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင် မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။ သတ္တဝါလေးပါးအလယ်၌ ပြောသံဟူ မူကား၊ ဒေနရိတပြားနှင့် ဂျုံဆန်တခွက်ကို ရ၏။ မုယောဆန်သုံးခွက်ကို ရ၏်။ ဆီနှင့် စပျစ်ရည်ကို မပျက်စေနှင့် ဟုဆိုသည်ကို ငါကြား၏။ စတုတ္တတံဆိပ်ကို ဖွင့်သောအခါ၊ စတုတ္တသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင်၊ မြင်းမဲွတစီးရှိ၏။ မြင်းစီးသောသူသည် မရဏာဟူသော အမည်ရှိ၏။ မရဏာ နိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစိတ်ကို အစိုးရ၍ ထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ နာ၍ သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ် ပိုင်သော အခွင့်ကို ရ၏။ (ဗျာ ၆:၅-၈)။ 

ခရစ်တော်က၊ သူကြွလာမည့်အချိန် နီးခြင်းနှင့် ပတ်သက်၍၊ အစာ ခေါင်းပါးခြင်း ဖြစ်မည် ဟုဆိုသည်။ ဗျာဒိတ်ကျမ်း၌လည်း ချိန်ခွင်ကိုင်ခြင်းသည်၊ အစာခေါင်း ပါးသောကြောင့် ခွဲတန်းဖြင့် စားမည့် အရာကို ဖေါ်ပြသည်။ ဘေးဒဏ်ကြီး ကာလ၌၊ အစာ ခေါင်းပါး သောကြောင့်၊ ဒေနရိတပြား တည်းဟူသော လူကြီး တယောက်၏ တ ရက်လုပ်အား ခဖြင့်၊ ဂျုံဆန်တခွက်ကိုသာ ရရှိမည် ဟုဆိုသည်။ ယနေ့ အမေရိကန်၌ လူကြီး တယောက်၏ လုပ်အား ခသည်၊ ဒေါ်လာ ၆၀မှ ၁၀၀ ခန့်အထိ ရှိသည်။ ထိုငွေဖြင့် ဆန် ၂၅ ပေါင် သုံးလေးအိပ်လောက်ဝယ်နိုင်သည်။ ထိုဆန်ကို မိသားစုကလ ပေါင်း များစွာ စားဘို့လောက်သည်။ သို့သော် ဂျုံဆန်တခွက်သည် မိသားစုတနပ်စာ ပင်မလောက်ချေ။ ဘေးဒဏ်ကြီး ကာလ၌၊ ကမ္ဘာ့ လူဦးရေလေးပုံတပုံသေကြမည့် အရာ၌၊ စစ်ဘေး၊ မွတ်သိပ်ခြင်း ဘေး၊ နာ၍ သေဘေး၊ မြေသားရဲဘေးအားဖြင့် သေမည်။ ထိုအထဲ၌ မွတ်သိပ်ခြင်း တည်းဟူသော အစာ ခေါင်းပါးခြင်းလည်း အဓိကအ ချက် ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌၊ ပဌမဦးဆုံး စစ်တိုက်၍၊ ထို့ နောက်မှအစာ ခေါင်းပါးခြင်း ဖြစ်မည်။ အကြောင်းမှာ စစ်ပွဲကြောင့်စိုက်ပျိုးရိပ်သိမ်းနိုင်မည် မဟုတ်။ ထို့အပြင် စစ်ပွဲကြောင့်စစ်ပြေး၍ အနာရောဂါ အလွန်များမည်။ အစာ ငတ်မွတ်ခြင်းကြောင့် အဟာရချို့တဲ့၍၊ ရောဂါထူပျောမည်။ ထိုအနိဌာရုံများသည် များမကြာမှီ ဖြစ်တော့မည် ဖြစ်သောကြောင့်၊ ချီဆောင်ခြင်း၌ ပါဝင်ဘို့သည် အလွန် အရေးကြီးသည်။ 

ယခုအခါ ကမ္ဘာ့ နေရာပေါင်း များစွာ၌ အစာရေစာ ခေါင်းပါး လာသည်။ အမေရိကန်ပြည် ထောင်စု၌လည်း၊ စီးပွားရေးကျဆင်းလျက် ရှိသည်။ အင်တာနက်အားဖြင့် စျေးဝယ်သူ၊ များပြားလာသောကြောင့်င်း၊ စီးပွားရေးကျဆင်းသောကြောင့်င်း၊ ဆိုင်ကြီးများပိတ် နေကြောင်း အောက်ပါကဲ့သို့ တွေ့ရသည်။ 
၁။ ယခုနှစ်ကုန်တွင် အမြတ်မရသော Sears ဆိုင် ၅၀ ပိတ်ဘို့ ရှိသည်။ 
၂။ Sports Authority  ဆိုင် ၂၀၀ ပိတ်ဘို့ ရှိသည်။ 
၃။ ယခုနှစ်အတွင်း၌ Kohls ဆိုင် ၁၈ ဆိုင်ပိတ်ဘို့ ရှိသည်။ 
၄။ Target ဆိုင်လည်း၁၃ ဆိုင်ပိတ်ခဲ့ပြီး ပြီ။ 
၅။ ၂၀၁၅ ခုနှစ်အတွင်း၌ Best Buy ဆိုင်လည်း၃၀ ပိတ်ခဲ့ပြီ။ အခြားဆိုင်များလည်း ပိတ်ဘို့ သတင်း ထွက်နေသည်။ 
၆။ ၂၀၁၆ ခုနှစ်အတွင်း၌ Office Depot သည် ဆိုင်ပေါင်း ၄၀၀ ပိတ်ဘို့ ရှိသည်။ 
၇။ Wal-Mart လည်း အမေရိကန်ပြည်ထောင်စု၌ ဆိုင်ပေါင်း၁၅၄ အပါအဝင်၊ ကမ္ဘာအဝှမ်းစုစုပေါင်း၂၆၉ ဆိုင်ပိတ်နေသည်။ 
၈။ K-Mart  ဆိုင်လည်း ဆိုင်ပေါင်းနှစ်ဒါဇင်မကပိတ်ခဲ့ပြီ။ 
၉။ J.C. Penney သည် ၂၀၁၅ ခုနှစ်၌ ဆိုင် ၄၀ ပိတ်ခဲ့ပြီး ပြီ၊ ယခုနှစ်အတွင်း၌ ၄ရ ဆိုင်နောက်ထပ်ပိတ်ဘို့ ရှိသည်။ 
၁၀။ Macy’s ဆိုင်လည်း၃၆ ပိတ်၍ အလုပ်သမားပေါင်း၂၅၀၀ အလုပ်ပြုပ်မည်။ 
၁၁။ Gap  ဆိုင်လည်း မြောက်အမေရိကတိုက်မှာ ၁ရ ၅ ဆိုင်ပိတ်ဘို့ စီစဉ်နေသည်။ 
၁၂။ Aeropostale သည် ၈၄ ဆိုင်ပိတ်ဘို့ စီစဉ်နေသည်။ 
၁၃။ Finish Line လည်း နှစ်အနည်းငယ်အတွင်းမှာ ၁၅၀ ဆိုင်ပိတ်ဘို့  ကျေညာခဲ့ပြီ။ ဤအကြောင်းကို prophecynewswatch.com/article.cfm?recent_news id=157 ၌ ဖတ်ရှုနိုင်သည်။ 

အထက်ပါ ဆိုင်များ ပိတ်ခြင်းသည်၊ ငါနှင့် ဘာဆိုင်သနည်း ဟုဆိုနိုင်သည်။ ထိုဆိုင်များ ပိတ်ခြင်းသည်၊ ဝယ်မည့်သူ မရှိခြင်းကြောင့် ဖြစ်သည်။ ထိုအရာသည်လည်း အလုပ်လက်မဲ့များ လာခြင်းကြောင့် ဖြစ်သည်။ ထိုအလုပ်လက်မဲ့ခြင်းသည် တ နေရာမှတနေရာကူးဆက်လာနိုင်သည်။ အလုပ်လက်မဲ့များ၊ အလုပ်ရှိသော နေရာ၌ ပြောင်းလာကြခြင်းဖြင့်၊ အလုပ်ရှားပါးလာကာ၊ ကိုယ်လုပ်နေသော အလုပ်လည်းအချိန်မရွေး ပျက်နိုင်၊ အခြားသူများ ကနေရာယူနိုင်သည်။ 

 

ကျမ်းစာဖတ်ကြစို့
ဟေဗြဲ ၅


ယဇ်ပုရောဟိတ် 
၁။ လူတို့တွင် ရွေးကောက်သော၊ ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သက္ကာကိုင်း၊ အပြစ် ​ဖြေရာယဇ်ကိုင်း၊ ပူဇော်၍ လူတို့အတွက်၊ ဘုရားဝတ် ပြုစေခြင်းငှါ၊ ခန့်ထားတော်မူသောသူ ဖြစ်၏။ 

လူတို့တွင် ရွေးကောက်သော ယဇ်ပုရောဟိတ်မင်းသည်၊ အာရုန်ကို ဆိုလိုသည် (ထွက် ၂၈:၁၊ တော ၁၈:၁ -ရ)။ ယဇ်ပုရောဟိတ်မင်းသည်၊ လူများကိုယ်စား ဘုရားဝတ်ပြုပေးသောသူ ဖြစ်သည်။ ကောရ၊ ဒါသန်၊ အဘိရံတို့ ဦးဆောင်၍၊ မောရှေနှင့် အာရုန်တို့၏ ဦးဆောင်ခြင်းကို ဆန့်ကျင် ကာ၊ ယဇ်ပုရောဟိတ် ဖြစ်ဘို့ လူ၂၅၀တို့ကို ရွေးကောက်ခဲ့ ကြသည်။ ထိုအခါ ဘုရားသခင်က၊ ကောရ၊ ဒါသန်နှင့် အဘိရံတို့ကို မိသားစုအလိုက်မြေမျိုစေ ခြင်းအားဖြင့်၊ ပရိသတ်ထဲမှဖယ်ရှားခဲ့သည်။ ယဇ် ပုရောဟိတ် ဖြစ်ဘို့၊ သူတို့ ရွေးချယ်ထားသော လူ၂၅၀တို့လည်း ကောင်းကင်မှ မီးကျခြင်း ဖြင့်၊ သေကျေ ပျက်ဆီး ခဲ့ရသည် (တော ၁၆)။ ရှောလုမင်းလည်း ယဇ်ပုရောဟိတ်ကို မသုံးဘဲ၊ သူကိုယ်တိုင် ယဇ်ပူဇော်ခဲ့သောကြောင့်၊ ထာဝရဘုရားက သူ့ကို ရှင်ဘုရင် အရာမှ၊ ဖယ်ရှားခဲ့သည် (၁ရာ ၁၃)။ ယုဒရှင်ဘုရင်၊ ဩဇမင်းလည်း ယဇ်ပုရောဟိတ် အလုပ် ဖြစ်သော၊ နံ့သာပေါင်းမွှေးမီးရှို့ခြင်းကို သူကိုယ်တိုင် လုပ်ဘို့ ကြံစည်သောကြောင့်၊ နဖူး၌ နူနာစွဲခြင်းဖြင့် ဘုရားသခင်၏ ဒဏ်ခတ်ခြင်းကို ခံခဲ့ရသည် (၂ ချုပ် ၂၆း၁၆-၂၁)။ 

၂။ သူသည် ကိုယ်တိုင် နွမ်းရိ အားနည်းခြင်းရှိသည် ဖြစ်၍၊ မိုက်သောသူ၊ မှားယွင်းသော သူတို့ ကိုသည်း ခံခြင်းငှါ တတ်နိင်၏။ 

ယဇ်ပုရောဟိ်တ်မင်းသည်၊ လူများအတွက် ဘုရားဝတ်ပြုပေးသောသူ ဖြစ်သော်လည်း၊ သူတို့ ကိုယ်တိုင်လည်း လူသား ဖြစ်၍ အပြစ် မကင်းသောကြောင့်၊ လူများ၏ အပြစ်ကိုသည်း ခံနိုင်သည်။ အကယ်၍ သူသည် အပြစ်ကင်းသောသူ၊ ပြည့်စုံသောသူ ဖြစ်ပါက၊ လူများ၏ အပြစ်ကိုသည်း ခံနိုင်မည် မဟုတ်။ ဥပမာ၊ ကိုယ်တိုင် သူ့ဥစ္စာကို ခိုးလျှင်၊ သူတပါးကပစ္စည်ခိုးခြင်းကို ပြောရဲမည် မဟုတ်။ 

၃။ ထိုအကြောင်းကြောင့် လည်း၊ လူများ အပြစ်နှင့် မိမိအပြစ်ကို၊ ​ဖြေခြင်းငှါ ပူဇော်ရ၏။ 

ယဇ်ပုရောဟိတ်မင်းသည် သူတပါး၏ အပြစ် အတွက်သာမက၊ မိမိအပြစ် အတွက် ကိုလည်း အပြစ် ​ဖြေရာယဇ်ကို ပူဇော်ရသည်။ ယဇ်ပုရောဟိတ်မင်းသည်၊ အပြစ် ကျူးလွန် မိပါက၊ အပြစ် ​ဖြေရာ ယဇ်ပူဇော်မည့် အကြောင်းကို၊ ဝတ်ပြုရာ ၁၌ ဖေါ်ပြထားသည်။ ထိုမျှသာမက၊ နှစ်စဉ်သတ္တမလ၌ သူ၏ အပြစ်နှင့် ပရိသတ်များ၏ အပြစ် အတွက်၊ အပြစ် ​ဖြေရာ ယဇ်ပူဇော်နည်းကို ဝတ်ပြုရာ ၁၆၌ ဖေါ်ပြထားသည်။ 

၄။ ဘုရားသခင်သည်၊ အာရုန်ကို ခေါ်တော်မူ သကဲ့သို့၊ ခေါ်တော်မူသောသူမှတပါး၊ အဘယ်သူမျှ၊ ထိုအရာမြတ်ကို မသိမ်းမယူရ။ 

ယဇ်ပုရောဟိ်တ် ရာထူးသည်၊ ထူးမြတ်သောအရာ ဖြစ်သည်။ အကြောင်းမှာ လူများနှင့် ဘုရား အကြား၊ အမှုဆောင်ရွက်သောသူ ဖြစ်သည်။ စကားပြန် နှင့် တူသည်။ စကားပြန် များသည် အရာရှိများနှင့် ပေါင်းဖေါ်သောကြောင့်၊ အခွင့်အရေးသာ၍ ရတတ်သည်။ ယဇ်ပုရောဟိတ် အရာကို၊ အာရုန်၏ အမျိုးအနွယ်မှတပါး၊ အခြား  ဣသရေလ အမျိုးသားများက၊ မဆောင်ရွက်နိုင်ကြောင်းကို အငယ် ၁၌ ဖေါ်ပြခဲ့ပြီး ပြီ။ 

ခရစ်တော်သည် မေလခိဇေဒက်နှင့် တူ

၅။ ထိုနည်းတူ၊ ခရစ်တော်သည်၊ ယဇ်ပုရောဟိတ်မင်းအရာ၌၊ မိမိကို မိမိချီးမြှောက်သည် မဟုတ်။ သင်သည် ငါ့သား ဖြစ်၏။ ယနေ့ ပင်သင့်ကို၊ ငါဖြစ်ဘွားစေ ပြီဟု၊ မိန့်တော်မူသောသူသည်၊ ခရစ်တော်ကို ချီးမြှောက်တော်မူ၏။ 

ခရစ်တော်သည် ကောရအဖွဲ့၊ ရှောလုနှင့် ဩဇိမင်းတို့ ကဲ့သို့၊ သူ့ကိုယ်သူချီး မြှောက်သည် မဟုတ် ဟုဆိုထားသည်။ သင်သည် ငါ့သား ဖြစ်၏။ ယနေ့ ပင်သင့်ကို၊ ငါဖြစ်ဘွားစေပြီဟု၊ မိန့်တော်မူသောသူသည်၊ ခရစ်တော်ကို၊ ချီးမြှောက်တော်မူ၏။ သင်သည် ငါ့သား ဖြစ်၏ ဟုဆိုသောသူသည်၊ ထာဝရဘုရား ဖြစ်သည် (ဆာလံ ၂:ရ)။ 

၆။ ထိုသို့နှင့် အညီ၊ ကျမ်းစာ တချက်လာသည်ကား၊ သင်သည် မေလခိဇေ ဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်ဟု လာသတည်း။ 

ဘုရားသခင်သည်၊ ခရစ်တော်ကို ယဇ်ပုရော ဟိတ်အရာ၌ ချီးမြှောက်မည့် အကြောင်းကို၊ ဆာလံဆရာအားဖြင့် ဤကဲ့သို့ ကြိုတင် ရေးထားခဲ့သည်၊ ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန် စိတ်ပြောင်းလဲခြင်းရှိတော်မမူ။ (ဆာ ၁၁၀:၄)။

ခရစ်တော်၏ နားထောင်ခြင်း 

၇။ ထိုခရစ်တော်သည်၊ လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကယ် လွှတ်နိင်တော်မူသောသူကို၊ ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆု တောင်းပဌနာ ပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌ ချမ်းသာ ရသည် ဖြစ်၍၊ 

ခရစ်တော်သည် တရာမှာတရာလူ ဖြစ်သကဲ့သို့၊ ဘုရားလည်း ဖြစ်သည်။ သူသည် လူ့ဇာတိ၌ နေစဉ်တွင် သေခြင်းမှ လွတ်မြောက်ဘို့ရန် ဤကဲ့သို့ အော်ဟစ်၍ ဆုတောင်း ခဲ့ဘူးသည်။ ဂေသရှေမန်ဥယျဉ်၌၊ အိုအဘ၊ အလိုတော် ရှိလျှင် ဤခွက်ကို အ​ကျွန်ပ်မှလွှဲတော်မူပါ။ သို့သော်လည်း အ​ကျွန်ပ်အလိုရှိသည် အတိုင်း မဖြစ်ပါစေ နှင့်။ ကိုယ်တော် အလိုရှိသည် အတိုင်း ဖြစ်ပါစေသော ဟု၊ ဆုတောင်းတော်မူ၏။ ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍၊ ကိုယ်တော်ကို အားပေးရ၏။ ပြင်းစွာသော ဝေဒနာကို ခံလျက် အထူးသဖြင့် ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ ကျသော သွေးစက်ခဲကဲ့သို့ဖြစ်သတည်း။ (လု ၂၂:၄၂-၄၄)။ တပည့်တော် များ၏ အားပေးခြင်းကိုမျှ ော်လင့်သော်လည်း၊ သူတို့သည် အလွန် အိပ်ငိုက်ကြ သောကြောင့် လုံးဝအား မပေးနိုင်ကြချေ။ ထို့ကြောင့် ကောင်းကင်တမန်က အားပေးခဲ့သည်။ ဘုရားသား ဖြစ်သော်လည်း၊ လူ့အပိုင်းမှကြောက်ရွံ့၍ အော်ဟစ်ခဲ့ခြင်း ဖြစ်သည်။ 

ခရစ်တော်သည် လက်ဝါးကပ်တိုင်တော် မှလည်း ဤသို့ ကြွေးကြော်ခဲ့သည်၊ မွန်းတည့်အချိန် မှစ၍၊ သုံးချက်တီးအချိန် တိုင်အောင်၊ မြေတပြင်လုံး၌ မှောင်မိုက်အ တိ ဖြစ်လေ၏။ သုံးချက်တီးအချိန်၌၊ ယေရှုက၊ ဧလိဧလိလာ မာရှာဗသသာနိ၊ ဟု ကြီးသော အသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အ​ကျွန်ပ်ဘုရား၊ အ​ကျွန်ပ်ဘုရား၊ အဘယ်ကြောင့်အ​ကျွန်ပ်ကို စွန့်ပစ်တော်မူ သနည်း ဟုဆိုလိုသတည်း။ (မ ၂ရး၄၅-၄၆)။ အထက်ပါကဲ့သို့ ခရစ်တော်သည်၊ သေရမှာကြောက်သောကြောင့်၊ အဘ ခမည်းတော် ထံ၌ ဆုတောင်း ခဲ့သည်။ 

၈။ ဘုရားသခင်၏ သားတော် မှန်သော်လည်း၊ ဆင်းရဲ ဒုက္ခကို ခံသောအားဖြင့်၊ နားထောင်ခြင်း အကျိုးအကြောင်းကို သင်တော်မူ၏။ 

ခရစ်တော်သည်၊ ဘုရား သားတော် မှန်သော်လည်း၊ ဆင်းရဲ ဒုက္ခကို မရှောင်၊ ခမည်းတော်၏ စကားကို တသဝေမတိမ်း နားထောင် ခဲ့သည်။ သူကိုယ်တိုင် ဤသို့ ဆို ခဲ့သည်၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိင်။ ငါသည် ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော၊ ခမည်းတော်၏ အလိုသို့ လိုက်၏။ (ယော ၅:၃၀)။ တဖန်၊ ယေရှုက၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း အမှုသည်၊ ငါ့စားစရာ ဖြစ်၏။ (ယော ၄:၃၄) ဟုဆိုခဲ့သည်။ ခရစ်တော်သည် ဤလောက၌၊ ဇိမ်ခံဘို့၊ တန်ခိုးပြဘို့ မလာပါ။ ခမည်းတော် စကား နားထောင်၍ အလိုတော် ဆောင်ဘို့ လာခဲ့သည်။ သို့ဖြစ်လျှင်၊ ယုံကြည်သူများ၊ မည်ကဲ့သို့ အသက်ရှင်သင့်ကြသနည်း။ ဇိမ်ခံဘို့၊ ကောင်းကြီး ခံစားဘို့၊ အသက်ရှင်သင့်သလော၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်သင့်သလော။ 

၉။ ထိုသို့ စုံလင်ခြင်းသို့ ရောက်ပြီးမှ၊ ယုံကြည် နားထောင် သောသူ အပေါင်းတို့ အား၊ ထာဝရ ကယ်တင်ခြင်း ကျေးဇူးကို ပြုသောသူ ဖြစ်တော်မူ၍ 

ခရစ်တော်သည် ခမည်းတော် စကားကို နားထောင်၍၊ အလိုတော် ဆောင်ခြင်းအားဖြင့် စုံလင်ခြင်းသို့ ရောက်သည်။ ထို့ကြောင့် ဤသို့ ဆုတောင်း ခဲ့သည်၊ အ​ကျွန်ပ်သည် မြေကြီးပေါ်မှ ာ ကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ။ အ​ကျွန်ပ်ဆောင်ရွက်စရာဘို့ အ​ကျွန်ပ်အပ် ပေးတော်မူသော အမှုကို၊ အ​ကျွန်ပ်ဆောင်ရွက်၍ ပြီးပါပြီ (ယော ၁ရး၄)။ ထိုသို့ သူ၏ တာဝန်၊ ကယ်တင်ခြင်း လုပ်ငန်းကို အပြီး ဆောင်ရွက်သောကြောင့်၊ သင်နှင့် ​ကျွန်ပ်ကို ကယ်တင်နိုင်ခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် ​ကျွန်ပ်တို့လည်း ကိုယ်တော် ခိုင်းသော အလုပ်ကို ပြီးစီးသည် အထိ ဆောင်ရွက်သင့်သည်။ ပေါလုကဲ့သို့၊ ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံ ကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။ (၂ တိ ၄:ရ)ဟု ယုံကြည်သူတိုင်း ဆိုနိုင်လျှင် မည်မျှကောင်းမည်နည်း။ 

ခရစ်တော်သည် မေလခိဇေဒက်နည်းတူ 

၁၀။ မေလခိဇေဒက်ကဲ့့သို့သော ယဇ်ပုရောဟိတ်မင်းဟု၊ ဘုရားသခင် သမုတ်တော်မူခြင်းကို ခံရ၏။ ၁၁။ ထိုမေလခိဇေဒက်၏ အကြောင်းကို၊ ငါတို့ ပြောစရာ စကား အများရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဥာဏ်နုန့်သောကြောင့် အပြောခက် လှ၏။ 

စာရေးသူက မေလခိဇေဒက်အကြောင်းကို၊ များများ ပြောချင်သော်လည်း၊ ဤစာကို ရရှိသော သူတို့သည် ဝိညာဉ်ရေးရာ၌ နုနယ်လွန်းသောကြောင့် အပြောခက် လှသည် ဟုဆိုသည်။ မှန်ပါသည်၊ လူများသည် ဇာတိပိုင်းဆိုင်ရာ ပြောလျှင်၊ သိလွယ် ကြသော်လည်း၊ ဝိညာဉ်ရေးရာပြောပြလျှင် ကြောင် နေကြ၊ အနေတတ်ကြသည်။ သို့သော်စာရေးဆရာက၊ မေလခိဇေဒက်အကြောင်းကို၊ အခန်းရ၌ အကျယ်တဝင့်ပြန် လည် ဖေါ်ပြခဲ့သည်။ 

၀ိညာဉ်ပိုင်း ခလေးများ

၁၂။ သင်တို့သည် ကာလ ကြာသောကြောင့်၊ ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌၊ ရှေ့ဦးစွာ သင်ရသော တရားနုတို့ကို၊ သူတပါးထံ၌ တဖန် သင်ရသော အကြောင်းရှိသည် ဖြစ်၍၊ ​ကြေခဲသော အစာကို သုံး ဆောင်၊ နို့ကိုသာ သုံးဆောင်ရသောသူ ဖြစ်ကြ၏။ 

ဟေဗြဲစာကို လက်ခံသော ယုံကြည်သူများအပေါ်၌၊ စာရေးသူကအား မရကြောင်း တွေ့ရသည်။ သူတို့သည် ယုံကြည်သူ ဖြစ်လာခြင်းသည် ကြာပြီ ဖြစ်၍၊ သူတပါးကို သင်ပေးသော ဆရာအဖြစ်သို့ ပင်ရောက်သင့်ပြီ ဖြစ်သော်လည်း၊ ဆရာ ဖြစ်ဘို့ နေနေသာသာ၊ ကယ်တင်ခြင်း အကြောင်း နှင့်၊ ရှေ့ဦးစွာ သင်ရသော သမ္မာတ ရားများကို၊ သူတပါးထံ၌ သင်ဘို့ လို နေကြသေးသည်။ ​ကြေခဲသော အစာတည်း ဟူ သော၊ ဝိညာဉ်ရေးရာ၌ အဆင့်မြင့်သော အရာများကို မပြောပြနိင်ဘဲ၊ နို့ တည်းဟူသော တရားနုတို့ကိုသာ သုံးဆောင်ကြသေးသည်။ ယနေ့ ကယ်တင်ခြင်းသို့ ရောက် သော၊ ယုံကြည်သူများလည်း မကြီးထွားမရင့်ကျက်ဘဲ၊ သူတို့ ကဲ့သို့ပင် ဝိညာဉ်ပိုင်း ခလေးများဖြစ် နေကြသည်ကို၊ ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။ သင်သည် ဝိညာဉ်ပိုင်း ခလေး ဖြစ်နေပါသေးသလော။ ဖြစ်နေသေးလျှင် အမြန် ကြီးထွားရင့်ကျက်ဘို့ လို ကြောင်း၊ အသိပေးလိုပါသည်။ ဝိညာဉ်ပိုင်း ခလေး ဖြစ်ခြင်းဖြင့် ဆုံးရှုံးမှု များစွာရှိသည်။ ဝိညာဉ်ပိုင်းမကြီး ထွားမရင့်ကျက်ခြင်းကြောင့်၊ ညစ်ညူးသော အသက်တာကို နှစ်သက် နေသည်။ ကြီးမားသော အလုပ်ကို မလုပ်နိုင်ချေ။ သူတပါးကို အားကိုး ၍၊ ကြည့်ရှု စောင့်ရှောက်ဘို့ လိုနေသည်။ လောကသား နှင့် မခွဲနိင်အောင် တူညီနေမည် ဖြစ်သည်။ ဘုရား ခိုင်းသောအရာ မလုပ်နိုင်ဘဲ၊ ဘုရား ဘုန်းတော် ရှုပ်ချစရာ အသက်တာဖြင့် အသက်ရှင် နေမည် ဖြစ်သည်။ 

၁၃။ နို့ကိုသာ သုံးဆောင်သောသူ မည်သည်ကား၊ သူငယ် ဖြစ်သောကြောင့်၊ ​ဖြောင့်မတ်ခြင်း တရား၌ လေ့လာခြင်း မရှိ။ 

ဝိညာဉ်ပိုင်း ခလေး များသည် နို့ကိုသာ သုံးဆောင်သည်။ နို့သုံးဆောင်သောသူသည် ခလေးများ၊ လူမမာများနှင့် သက် ကြီးရွယ်အိုများ ဖြစ်သည်။ ထိုသုံးမျိုးစလုံးသည် အလုပ်မလုပ်နိုင်၊ သူတို့ကို ကြည့်ရှုဘို့ လိုသည်။ ဇာတိ ခလေး များသည် ညစ်ညူးသော အရာများကို မရွံရှာ၊ ကြိုက်နှစ်သက် ကြသည်။ ထို့ကြောင့် ဝိညာဉ် ခလေးများလည်း၊ ကယ်တင်ခြင်းသို့ ရောက်သော်လည်း၊ ကွမ်းယာ၊ ဆေးလိပ်၊ ခိုင်နီး၊ အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါးများကို မဖြတ်နိင်ကြချေ။ ပျော်ပွဲ၊ ရွှင်ပွဲများ၊ အား ကစားများ၊ ဝါသနာများကိုလည်း အလွန် လိုက်စားလို ကြသည်။ ထို့ပြင် ယခုခေတ် တွင်၊ ဝိညာဉ် ခလေး များသည် စမတ်ဖုန်းများ၊ ဖုိက်ဘုတ်၊ အင်တာနက်၊ အီလက်ထောနစ်ပစ္စည်းများနှင့်အချိန် ကုန် တတ်သည်။ ထိုအရာများရှိလျှင် ဘာမျှမလိုတော့ချေ။ ထို့ကြောင့် ​ဖြောင့်မတ်ခြင်း တည်းဟူသော၊ ဘုရားသခင်၏ အလိုတော် လိုက်ဘို့ရန် လေ့လာခြင်း မရှိ။ စိတ်မဝင် စားကြချေ။ 

ကြီးထွားရင့်ကျက်သောသူ
၁၄။ ကောင်းကျိုး မကောင်းကျိုးကို ပိုင်းခြား၍ သိနိင်သော ဥာဏ်ပေးတတ် သော၊ အကြား အမြင် အတွေ့အစမ်းများသောသူတည်း ဟူသော၊ စုံလင်သော အရွယ်ရှိသော သူတို့ မူကား၊ ​ကြေခဲသော အစာအဟာရကို သုံးဆောင်ရကြ၏။ 

စုံလင်သော အရွယ်ရှိသောသူတည်း ဟူသော၊ ဝိညာဉ်ပိုင်းရင့်ကျက်သောသူများသည်၊ ကောင်းကျိုး မကောင်းကျိုးများကို ပိုင်းခြား၍ သိနိင်သော ဥာဏ်ရှိသည်။ ထို့ သူများသည် အကျိုးမရှိသော အရာများ အတွက်၊ အချိန်၊ ဘ ာနှင့် စွမ်းအားများကို အသုံးမပြုလိုချေ။ ​ကြေခဲသော အစာတည်း ဟူသော၊ နက်နဲသော သမ္မာတရားများကို စိတ်ဝင်စား၍၊ လေ့လာဆည်းဖူးတတ်သည်။ ဘုရား၏ အလိုတော်ကို အလေး ထား၍၊ အလိုတော်အတိုင်း အသက်ရှင်လိုသည်။ အဓိပ္ပါယ်မဲ့သော အလုပ်များကို အလုပ်လိုတော့ချေ။ သင်သည် ထိုသို့ သောသူ ဖြစ်ပါသလား။ မဖြစ်သေးလျှင် ဖြစ်လာဘို့ လိုသည်။ 

အမှုတော်ဆောင်သင်တန်း


မတ်လ ၁၄မှ ၂၀ ရက်နေ့အထိ၊ သတင်းကောင်း နှစ်ခြင်း အမှုတော်ဆောင် များသည်၊ အတ္တလန်တာမြို့၌ သင်တန်း ပြုလုပ် ကြသည်။ ထိုသင်တန်း၌ ှပမခေကျန မြန်မာနှစ်ခြင်း အသင်းတော်၏ သင်းအုပ်ဆရာ ဂျော်ဂျာလထော်က၊ အဓိကသင်ပေး သွားသည်ဟု သိရှိရပါသည်။ ထိုသင်တန်း၌ ခေါင်းဆောင် အရည်အချင်းနှင့် တာဝန်များသင်ကြားကြကာ၊ သင်တန်းတက်ရောက် သူများ အလွန် အားရကျေနပ် ကြသည်။ ညနေပိုင်းတွင် အိမ်တံခါးခေါက်၍ သက်သေခံခြင်းများပြုလုပ် ကြရာတွင် လည်း၊ ကယ် တင်ခြင်းနှင့် သမ္မာတရား အလွန် ဆာငတ်သောသူမြောက် များစွာ တွေ့ရသောကြောင့်၊ အမှုတော်ဆောင်များ အလွန် ဝမ်းမြောက်စွာ ဘုရားသခင်၏ လမ်းပြမှုကို ချီးမွမ်းကြ ပါသည်။ ထိုသင်တန်း၌ မြို့ခံ ယုံကြည်သူများလည်း တက်ရောက် ကြသည်။ 
 

ခရီးစဉ်များ 


အမှုတော်ဆောင်သင်တန်းမှအပြန်တွင်၊ အချို့သော အမှုတော်ဆောင်များသည်၊ ချက်ချင်း အိမ်သို့ မပြန်ဘဲ ဧဝံဂေလိ ခရီး စဉ်များ ပြုလုပ် ကြပါသည်။ ဆရာနော်ဂျာ ဦးဆောင်သော မေရိလင်အဖွဲ့သည်၊ Charlotte, NC  မြို့၌ တညနား၍ ထိုမြို့ရှိယုံ ကြည် သူများနှင့် မိဿဟာယဖွဲ့ ကြသည်။ ဆရာမောဇက်နှင့် အဖွဲ့ ၅ယောက်သည် Nashville TN  မြို့နှင့်Bowling Green, KY  မြို့၌ ငါးညအိပ်၍ ဧဝံဂေလိ တရားဟော ကြသည်။Bowling Green, KY  မြို့၌ ကယားနှင့်ဘဲ ွလူမျိုးများ ထံလူကြီးနှင့် ခလေးများခွဲ၍ သင်ပေးကြရာ၊ အလွန် ဆာငတ်စွာ တရားနာကြပါသည်။ 

ဆရာအား ဆာ ဦးဆောင်၍ ရုသနှင့် မေရီတို့ သုံးယောက်သည်လည်း၊ မတ်လ ၁၄မှ ၂၀ ရက်နေ့အထိ Des Moines, IA  မြို့၌ ကယားလူမျိုးများထံ၊ ကျမ်းစာ သင် ပေးကြကာအောင်မြင်မှု ရရှိခဲ့ကြကြောင်း သိရှိရပါသည်။ ဆရာယောသပ်လည်း မတ် လမှစ၍ Fort Wayne, IN မြို့၌ ဧဝံဂေလိ တရားဟောဘို့ အိမ်ခန်းငှါး နိင်ပြီ ဖြစ်သောကြောင့်၊ ကျေးဇူးတော် ချီးမွမ်းပါသည်။ ကယ်တင်ခြင်း သတင်းကောင်းကို၊ ထိရောက်စွာ ဟောပြောသင်ပေးနိုင်ဘို့၊ ဆုတောင်း ပေးခြင်းဖြင့် ပါဝင်ကြပါစို့။ 

Saya Eng ကိုအသုံးပြု ခြင်းအားဖြင့်၊ Des Moines, IA  မြို့၌ သတင်းကောင်း နှစ်ခြင်း အသင်းတော်ကို မတ်လအတွင်း၌၊ စတင်နိုင်သောကြောင့် ကျေးဇူးတော် ချီး မွမ်းပါသည်။ ထိုအသင်းတော်၌ တိုင်းရင်းသား လူမျိုးပေါင်းစုံ ၂၀ ကျော်ပါဝင်သည်ဟု သိရှိရပါသည်။ ဆုတောင်းခြင်းဖြင့် သတိရကြပါစို့။ 

သတင်းကောင်း နှစ်ခြင်း အသင်းတော် မှအမှုတော်ဆောင် ၁၂ ဦးနှင့် ယုံကြည်သူ ၂ ဦး၊ စုစုပေါင်း၁၄ ဦးတို့သည်၊ ဧပြီလ ၄-၁၀ နေ့အထိ North Carolina ပြည် နယ်၊ Charlotte  မြို့၌ နေ့တိုင်း တအိမ်တက်ဆင်း၊ သက်သေခံခြင်းနှင့် ညပိုင်း၌ သင် တန်းနေရာ၌ ပြုလုပ်ခြင်း ဖြင့်၊ အမှုတော် မြတ်ကို ပြုလုပ် ဆောင်ရွက်ကြပါသည်။ ထိုသက်သေခံခြင်းနှင့် သင်တန်းမှလူ များစွာ ကယ်တင်ခြင်းသို့ ရောက်၍၊ သမ္မာတရား သိရှိ နားလည် ကြသည်။ သတင်းကောင်း နှစ်ခြင်း အသင်းတော် ကိုလည်း ဧပြီလ ၁၀ ရက် နေ့၌၊ ခရစ်တော် ကတည်ထောင်သွားရာ၊ အသင်းသား ပေါင်း၃၀ ပါဝင်ကြပါသည်။ 

 

သတင်းကောင်း ပွဲတော်ကြီး 

July 1 to 3, 2016

325 Minuteman Way, Franklin, IN 46131

အမေရိကန်ပြည် ထောင်စုသတင်းကောင်း နှစ်ခြင်း အသင်းတော်၏၊ နှစ်စဉ် ကျင်းပတတ်သော သတင်းကောင်း ပွဲတော် ကြီးကို ဇူလိုင်လ ၁မှ ၃ ရက်နေ့များတွင် ကျင်းပဘို့ ရှိပါသည်။ ထိုပွဲတော် ကြီး၌ ဤစာဖတ်သူအားလုံး လာရောက်ပါဝင်ကြဘို့ရန်၊ ဘိတ်ခေါ်ပါသည်။ ထိုပွဲတော်၌ ကျမ်းစာ အတန်းလိုက်သင်ခြင်းနှင့် တရောဟော ပွဲများ၊ နှစ်ရက်နှင့် သုံးည ပြုလုပ် သွားမည် ဖြစ်ပါသည်။ 

ကျမ်းမာရေးကဏ္ဍ

၀မ်းရှောအော့အန်ခြင်း 

 များစွာသော မြန်မာပြည်သား များသည်၊ မသိသောကြောင့် ကျန်းမာရေး ပိုင်း၌ အခက်အခဲတွေ့ရ ကြသည်။ ထို့ကြောင့် အထောက်အကူ ဖြစ်ဘို့ရန် ဆေးဘက် ဆိုင်ရာသိကောင်းစရာများကို ဖေါ်ပြလိုပါသည်။ ဤစာသည် အခက်အခဲရှိသောသူများကို၊ ကူညီဘို့ရန်သာ ဖြစ်၍၊ ဆရာဝန်နေရာယူခြင်း၊ အစားထူးခြင်း မဟုတ်ပါ။ ဝမ်းရှောအော့အန်ခြင်းသည်၊ အချိန် မှီမကုသပါက၊ အသက် သေသွားနိုင်သည်။ ဝမ်းရှောခြင်းကို အင်္လိပ်လို diarrhea ဟု ခေါ်သည်။ အော့အန်ခြင်းကို Vomitingဟု ခေါ်သည်။ တချိန်တည်း အော့အန်၍ ဝမ်းရှောလျှင်၊ အထက် လန်အောက်ရှောဟု ခေါ်သည်။ ထိုသို့ အထက် လံအောက်ရှော ဖြစ်ပါက၊ ဓါတ်ဆားရေသောက်ဘို့ လိုသည်။ ဓါတ်ဆားရေမရနိင်လျှင်၊ ဆားနှင့် သကြားအနည်းငယ်စီရော၍ သို့မဟုတ် သောက်ရေသန့် သို့မဟုတ် ဆော်ဒါ၊ သစ်သီးရည် (လိမ်မော်ရည်၊ စပျစ်ရည်မှအပ) များများ သောက်ရသည်။ ကိုယ်ခန္ဓာ၌ ရေနည်းသွားလျှင် အသက် အန္တရယ်ရှိသည်။ သောက်သောအခါ၌လည်း တ​ဖြေး​ဖြေးသောက်ရသည်။ လူကြီးများသည် ရေဆာခြင်းကို သိနိုင်သော်လည်း ခလေး များသည် ရေဆာခြင်းကို မပြောတတ်သောကြောင့်၊ လူကြီးများကသတိထားရသည်။ ကိုယ်ခန္ဓာ၌ ရေလိုခြင်းသည်၊ နှုတ်ခမ်း​ခြောက်ခြင်း၊ မျက်ခွက်ဝင်ခြင်း၊ အသက် ရှုနှင့် သွေးခုံနှုန်းမြန်ခြင်းအားဖြင့် သိနိုင်သည်။ ဓါတ်ဆားရည်ကိုလည်း သောက်နိုင်သည်။ ဝမ်းပိတ်ဆေးအဖြစ်၍ ​ြဦ၍ U​ြ ကြူအင-ှပာစ အသာ Rနူငန်ကို သောက်နိုင်သည်။ ဝမ်းပိတ်ဆေးနှင့် ဓါတ်ဆားရည်ကို ဆေးဆိုင်တိုင်း၊ စား သောက်ကုန်ဆိုင်ကြီး တိုင်းနှင့် Walmart ၌ ရရှိနိုင်သည်။ 
 (ဆေးသောက်မည့် အညွှန်း-နောက်မျက်နှာ၌ ဆက်ဖတ်ပါ) 

သတိထားရမည့် အချက်များ 

သင်၏ ချေးသည် မည်းနေလျှင် သို့မဟုတ် သွေးပါလျှင် ဤဆေးကို မသုံးပါနှင့်။ ကိုယ်ပူလျှင်၊ ချေး၌ ချွဲရှိလျှင်၊ အသဲ ရောဂါရှိခဲ့ဘူးလျှင် ဤဆေးမသောက်မှီဆရာဝန်မေးပါ။ ရောဂါတိုက်ဖျက်ဆေး antibiotics ဥပမာ Amoxicillin  သောက်လျှင် ဆရာဝန်ကို မေးပါ။ ဤဆေးသောက်သောအခါ၊ မောခြင်း၊ ခေါင်းမူးခြင်းများဖြစ်နိုင်သည်။ ကားနှင့် စက်များ မောင်းနှင်ခြင်း သတိပြုရမည်။ ဤဆေးသုံး၍ ​ခြေအနေဆိုးလာလျှင်၊ နှစ် ရက်ထက် ပို၍ ဝမ်းရှောလာလျှင်၊ ဝမ်းရောင်လာလျှင်၊ ဤဆေးကို မသုံးတော့ဘဲ ဆ ရာဝန်ထံသို့ သွားပါ။ ထိုအရာများသည် အရေးကြီးသော အချက်များ ဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင်နှင့် ခလေး နို့တိုက်သော မိခင်များ၊ ဤဆေးမသုံးမှီဆရာဝန်များကို မေးသင့်သည်။ ဤဆေးနှင့် အခြားဆေးဝါးများ၊ ခလေးများမှီနိင်သော နေရာ၌ မထားဘို့ သတိထားမည်။ အကယ်၍ ဤဆေးကို အညွှန်းထက် ပို၍ သောက်မိပါက၊ အဆိပ် ကာကွယ်သော ဌါနသို့ ချက်ခြင်း ဤနံပါတ်ခေါ်ပါ။ (၁-၈၀၀-၂၂၂-၁၂၂၂) အထက်ပါ အညွှန်းနှင့် အကြံပေးချက်အားလုံး သည်၊ ဤဆေးအဖုံး၌ ရေးထားသည့်အတိုင်း ဖြစ်ပါသည်။ 

အသက်နှင့် ခန္ဓအလေးချိန် 

IMODIUM® Multi-Symptom Relief

ဝါးနိုင်သော အမျိုး

IMODIUM®Multi-Symptom Relief

ဆေးလုံး

၁၂နှင့် အထက် 

 

ပဌမ ဝမ်းရှောပြီး နောက်နှစ်လုံးရေနှင့် ဝါးပြီးရေသောက်ပါ။ နောက် ထပ်ဝမ်းရှောသောအခါ နောက် တလုံး ဝါး၍ ရေသောက်ပါ။ ၂၄ နာ ရီအတွင်း၌ ၄ လုံးထက် ပိုမသောက်ရ။  ပဌမ ဝမ်းရှောပြီး နောက်နှစ်လုံးရေနှင့် သောက်ပါ။ နောက်ထပ် ဝမ်းရှောသောအခါ နောက်တလုံးရေနှင့် သောက်ပါ။ ၂၄ နာရီ အတွင်း၌ ၄ လုံးထက် ပိုမသောက်ရ။ 
၉မှ ၁၁ နှစ်
၆၀-၉၅ ပေါင် 
ပဌမ ဝမ်းရှောပြီး နောက်တစ် လုံးဝ ါးပြီးရေသောက်ပါ။ နောက်ထပ် ဝမ်းရှောသောအခါ နောက်တ ဝက်ဝါး၍ ရေသောက်ပါ။ ၂၄ နာရီ အတွင်း၌ ၃ လုံးထက် ပိုမ သောက်ရ။  ပဌမ ဝမ်းရှောပြီး နောက်တစ်လုံးရေနှင့် သောက်ပါ။ နောက်ထပ်ဝမ်းရှောသောအခါ နောက်တဝက် ရေနှင့် သောက်ပါ။ ၂၄ နာရီ အတွင်း၌ ၃ လုံးထက် ပိုမသောက်ရ။ 
၆မှ ၈ နှစ် ၄၈-၅၉ ပေါင်  ပဌမ ဝမ်းရှောပြီး နောက်တစ် လုံးဝ ါးပြီးရေသောက်ပါ။ နောက်ထပ် ဝမ်းရှောသောအခါ နောက်တ ဝက်ဝါး၍ ရေသောက်ပါ။ ၂၄ နာရီ အတွင်း၌ ၂ လုံးထက် ပိုမသောက် ရ။  ပဌမ ဝမ်းရှောပြီး နောက်တစ်လုံးရေနှင့် သောက်ပါ။ နောက်ထပ် ဝမ်းရှောသောအခါ နောက်တ ဝက်ရေနှင့် သောက်ပါ။ ၂၄ နာရီ အတွင်း၌ ၂ လုံးထက် ပိုမသောက် ရ။ 

 

 

 

MORE GOODNEWS

2025 2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG