GOODNEWS
  HOME  GOODNEWS  2016 MAR
 


အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်သည်၊ ​ကျွန်ပ်တို့ အပေါ်၌ ယနေ့ တိုင်တည်ရှိ သေးသောကြောင့်၊ ကျေးဇူးတော် ချီးမွမ်းပါ၏။ ယုံကြည်သူများ၊ ဤလောကမှ ထွက် ခွါဘို့ရန်၊ တနေ့တခြား နီးကပ်လာပြီ။ သို့သော် ထိုအရာကို မသိသောသူများ အနေ ဖြင့်၊ အေးအေး ဆေးဆေး နေနိုင်ကြသော်လည်း၊ အချိန် အခါကို သိသောသူများ အနေ ဖြင့်မူ၊ သူတို့အတွက် ပူပင်သော ကရောက်ရ ကြသည်။ ထို့ကြောင့် အပြင်းအထန်ဆု တောင်းပေး နေကြသည်။အချိန် နီးကြောင်းကို၊ ကျမ်းစာ နားလည်၍၊ ကမ္ဘာ့ အဖြစ်အ ပျက်များ နားလည်၊ ထိုနှစ်ခုကို ချိန်ကိုက် ခြင်းအားဖြင့်၊ သိနိုင်သည်။ ကျမ်းစာလည်း မဖတ် နားမလည်၊ ကမ္ဘာမှာဘာ ဖြစ်ပျက်နေသည် ကိုလည်း မသိ၊ အလုပ်နှင့် အိမ်၊ ကိုယ့် ပြသနာနှင့်သာရှုပ်နေသောသူများ အနေဖြင့်၊ ခရစ်တော် ကြွလာမည့် အချိန်ကို မသိ နိုင်ချေ။ 

 ယခုအခါ၊ အမေရိကန်သမတရွေးကောက်ပွဲ၊ မြန်မာနိင်ငံ၌ နိင်ငံရေးအာဏာ လွှဲပြောင်းမည့် အရာများကိုသာ၊ စိတ်ဝင်စားလျှင်၊ ခရစ်တော် ကြွလာမည့် အရာသည်၊ လုံးဝ သိနိုင်မည် မဟုတ်ချေ။ ရှင်ပေါလုကဖန်ဆင်းထားသော အရာများ (နေ၊ ကြယ်၊ နက္ခတ်တရာများ၊ မြေကြီး သမုဒ္ဒ​ရာ၊ သက်ရှိသက်မဲ့အရာအားလုံး )သည် ပျက်စီးခြင်းသို့ အလိုလိုသွားသည် မဟုတ်။ ဘုရားသခင်က သွားစေသောကြောင့် သွားရသည်။ ဖန်ဆင်းထားသောအရာ အားလုံး သည် ယခုအခါ၊ ခလေး မွေးနာခံစား နေရသည် ဟုဆိုသည် (ရော ၈:၁၈-၂၂)။ မိခင်က ခလေးကို၊ ကိုး လလွယ်၍ မွေးနာကျ ပြီးမှမွေးတတ်ကြသည်။ ထို့နည်းတူ ဘေးဒဏ်ကြီးကာလ လည်း၊ ဖန်ဆင်းထားသောအရာ အားလုံး၊ အသစ်မွေးဘို့၊ ခလေး မွေးနာခံစား ချိန် ဖြစ်မည်။ 

ဤလောကကို ဘုရားသခင်က၊ အကောင်းဖန်ဆင်းခဲ့သော်လည်း၊ အာဒံ၏ အပြစ်ကြောင့် ဖျက်စီးဘို့ရန် ဘုရားကကျိန်ခဲ့သည် (က ၃:၁ရ)။ ဘုရားသခင်က၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ဖန်ဆင်းဦးမည် (ဟေရှာ ၆၅:၁ရ)။ ထို့ကြောင့် ဤလောကကို မစွဲလမ်းတော့ဘဲ၊ ကောင်းကင် ဘက်မျှော်ကြည့်ကြဘို့ရန် တွန်းနိုးဆော်လိုပါသည်။ 

ယခုလအတွက်...

  • ခရစ်တော် အသေခံခြင်း ရှင်ပြန်ထမြောက်ခြင်း 
  • မည်သည့်နေရာ၌ ခိုလှုန်ကြမည်နည်း
  • ကျမ်းစာဖတ်ကြစို့ (ဟေဗြဲ ၄) 
  • ဝိညာဉ်ရေးရာလက်ဆင့်ကန်းခြင်း
  • နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသူနှင့် ခန့်ညားသူ
  • ကျမ်းမာရေးကဏ္ဍ
  • အမှုတော်ဆောင်သင်တန်း
  • တနှစ်မြောက်ကျေးဇူးတော် ချီးမွမ်းခြင်း 
  • Youth Camp 

 

 


ယေရှု ခရစ်အသေခံခြင်း 

 

 ယခုနှစ်မတ်လ ၂၅ ရက်နေ့သည်၊ သခင်ယေရှု အသေခံသောနေ့ ဖြစ်သည်။ အဘယ်ကြောင့်သခင်ယေရှုသည် အသေခံဘို့ လိုသနည်း၊ အသေမခံဘဲ လူများကို မကယ်တင်နိုင်သလော၊ သခင်ယေရှု အသေခံ ခြင်းအားဖြင့်၊ ဘာ အကျိုးအမြတ်ရှိ သနည်း၊ ဟူသော အရာများကို စဉ်းစားကြပါစို့။ ပဌမ ဦးစွာ ဘုရားသခင်သည်၊ လူကဲ့သို့ မဟုတ်ပါ။ သူသည် တရားသော တရားသူကြီး ဖြစ်သည် (ဆာလံ ရး၁၁)။ လူတရား သူကြီး များသည် မျက်နှာလိုက်တတ်သည်။ ထာဝရဘုရား မူကား၊ သူ၏ တရားဥပဒေ အတိုင်း တရားစီရင်သော၊ တရားသူကြီး ဖြစ်သည်။ 

အပြစ်၏ အခပေးဆပ်ဘို့ 

ထာဝရဘုရားကိုယ်တိုင်က၊ အပြစ်၏ အခကား သေခြင်း ဖြစ်သည်၊ ဟုဆိုသည် (ရော ၅:၁၂၊ ၆:၂၃)။ ဘုရား၏ အချစ်တော်၊ အာဒံနှင့် ဧဝတို့သည်၊ ဘုရား ပညတ်ထားသော၊ ကောင်းမကောင်း သိ​ကျွမ်းရာ အပင်၏ အသီးကို စားကြသောကြောင့်၊ သူတို့သည် သေရသည် (က ၂:၁၆-၁ရ)။ သူတို့ကို ချစ်သောကြောင့် သူ၏ ဥပဒေကို၊ ချိုးဖေါက်၍ မရပါ။ လူသားများဖြစ်လျှင်၊ သားသမီး များကအပြစ် ကျူး လွန်သောအခါ၊ ကိုယ်ထားသော ဥပဒေကို၊ လှစ်လျုိရှုကာအရေးမယူဘဲ နေတတ်သည်။ ထာဝရဘုရား မူကား၊ လူကဲ့သို့ သူ၏ ဥပဒေကို လှစ်လျုိရှု၍ မရပါ။ အကယ်၍ လှစ်လျုိရှုလိုက်ပါက၊ သူသည် မတရားသော တရားသူကြီး၊ မျက်နှာလိုက်သောသူ၊ မတည်ကြည်သောသူ ဖြစ်မည်။ ထို့ကြောင့် အာဒံနှင့် ဧဝကို အပြစ် ခံစေသည်။ ထို့ကြောင့် သူတို့သည် ကိုယ်ခန္ဓာသေ၍၊ ဝိညာဉ်လည်း ဘုရားသခင် နှင့်၊ အဆက်ပြတ် စေခဲ့သည်။ အာဒံနှင့် ဧဝမှ မွေးဘွားသော၊ လူသား တိုင်းလည်း ကိုယ်ခန္ဓာသေ၍ ဝိညာဉ် ဘုရားသခင်နှင့် အဆက်ပြတ်ရ ကြသည်။ 

ထိုအပြစ်၏ အခကို ပေးဆပ်ဘို့ လိုသည်။ သို့သော် လူသားများထဲ၌၊ အပြစ် အတွက် အသေခံ နိင်မည့်သူ၊ အပြစ်ကင်းသောသူမရှိပါ။ ထို့ကြောင့် ဘုရားသခင်ကိုယ်တိုင်က၊ သားတော် ယေရှုကို လူ့ဇာတိခံယူစေ၍၊ လူသားများကိုယ်စားအ ပြစ်၏ အခသေခြင်းကို ဆပ်စေသည်။ ကျမ်းစာက၊ ခရစ်တော်သည် ကျမ်းစာ လာသည် အတိုင်း၊ ငါတို့ အပြစ်ကြောင့် အသေခံတော်မူ၏။ ဟုဆိုထားသည် (၁ ကော ၁၅:၃)။ ထို့ကြောင့် သူသည်၊ လူသား အားလုံး ၏ အပြစ် ​ကျွေးကို ဆပ်လိုက်ပြီ ဖြစ်သည်။ ထိုအရာကို တရားသူကြီး ဖြစ်သော၊ ဘုရားသခင်က လက်ခံခဲ့ပြီ။ ထို့ကြောင့် ခရစ်တော် ကိုယ်တို်ုင်က၊ သားတော်ကို ယုံကြည်သောသူသည်၊ အပြစ် စီရင်ခြင်းကို မခံ ရ၊ ဟုဆိုရခြင်း ဖြစ်သည် (ယော ၃:၁၈)။ 

လူဟောင်းသေစေဘို့ 

ခရစ်တော် သေဘို့ လိုရခြင်း အကြောင်းရင်းတခုသည်၊ လူဟောင်းသေစေဘို့ရန် ဖြစ်သည်။ ပေါလုက၊ ထိုမှတပါးငါတို့၏ လူဟောင်းသည်၊ ထိုသခင်နှင့် အတူ၊ လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်း ခံရပြီဟု၊ ငါတို့ သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှအပြစ် တရား၏ အစေကို မခံစေခြင်းငှါ၊ အပြစ် တရား၏ ကိုယ်ကို ဖျက်စီးမည့် အကြောင်း တည်း။ ဟုဆိုသည် (ရော ၆:၆)။ လူဟောင်းဆိုသည်မှာ၊ မိခင် ဝမ်းမှ မွေးဘွားလာသောအရာကို ဆိုလိုသည်။ ထိုလူဟောင်းသည် အပြစ် တရား၏ ​ကျွန် ဖြစ်သောကြောင့် (ယော ၈:၃၄)၊ အပြစ် မလုပ်ဘဲ မနေနိုင်ချေ။ မည်မျှပင်ဆုံး မ၍၊ ဒုက္ခ ခံရသော်လည်း လူဟောင်းသည် မမှတ်နိုင်၊ မလိမ္မာနိုင်ချေ။ လူကလူဟောင်းကို ပြုပြင်ဘို့ ကြိုးစားသော်လည်း မရပါ။ ထို့ကြောင့် ထိုလူဟောင်းကို၊ ဘုရားသခင်က ခရစ်တော်နှင့် အတူ၊ လက်ဝါးကပ်တိုင်၌ အသေခံ စေသည်။ ပေါလုက၊ သေသောသူသည် အပြစ် တရား၏ လက်မှလွတ်လျက် ရှိ၏။ ဟုဆိုသည် (ရော ၆:ရ)။ 

ဇာတိသေစေဘို့ 

ဇာတိသည် ဝိညာဉ် သဘော မရှိခြင်းကို ဆိုုလိုသည်။ လူသည် ဝိညာဉ်တော် ကမအုပ်စိုးလျှင်၊ ဇာတိကအုပ်စိုးသည်။ ပေါလုက၊ ဇာတိပကတိ ရှိသော သူတို့သည်၊ ဇာတိပကတိနှင့် ဆိုင်သောအရာ တို့ကို၊ စွဲလမ်းသောစိတ်သဘော ရှိကြ၏။ ဝိညာဉ်ပကတိရှိသော သူတို့ မူကား၊ ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သောအရာ တို့ကို၊ စွဲလမ်းသောစိတ်သဘော ရှိကြ၏။ ဇာတိပကတိစိတ်သဘောသည်၊ သေခြင်း အကြောင်း ဖြစ်၏။ ဝိညာဉ်ပကတိစိတ် သဘောသည်၊ အသက်ရှင်ခြင်း အကြောင်းနှင့် ငြိမ်သက်ခြင်း အကြောင်း ဖြစ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိစိတ်သဘောသည်၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ဘုရားသခင်၏ တရားတော် အလိုသို့ မလိုက်တတ်။ ထိုမျှမက မလိုက်နိင်။ ထို့ကြောင့်၊ ဇာတိပကတိ၌ ကျင် လည်သော သူတို့သည်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်ကြ။ ဟုဆိုသည် (ရော ၈:၅-၈)။ အဘယ်ကြောင့်၊ ဘုရား အလိုတော်ကို မလိုက်ချင် သနည်းဟူမူကား၊ ဇာတိကြောင့် ဖြစ်သည်။ ထိုမျှသာမက၊ ဘုရား အလိုတော်ကို လိုက်လိုလျှင်လည်း မလိုက်နိုင်။ ကိုယ်ကိုယ်ကို လိုက်နိုင်သည်ဟု ထင်လျှင် လည်း၊ ဘုရား၏ စိတ်တော်နှင့် မတွေ့နိုင်။ ထိုဇာတိကို မည်သို့ မျှလူကမထိမ်းတတ်၊ မထိမ်းနိုင်ချေ။ ထို့ကြောင့် ဘုရားသခင်က၊ ဇာတိပကတိကို ခရစ်တော်အားဖြင့် ဤသို့ ​ ဖြေရှင်း လိုက်သည်၊ ခရစ်တော်နှင့် စပ်ဆိုင်သော သူတို့သည် ဇာတိပကတိ ကိုင်း၊ ဇာတိပကတိ စိတ်များနှင့် အလိုဆန္ဒများကိုင်း၊ လက်ဝါးကပ်တိုင်မှာရိုက်ထားကြပြီ။ (ဂလာ ၅:၂၄)။ 

လောက သေစေဘို့ 

လူသည်လောကကို အလွန် ချစ်သည်။ လောကသည် စာတန် လက်ထဲ၌ ရှိသည်။ ထို့ကြောင့် စာတန်ကို ခရစ်တော်က၊ ဤလောကကို အုပ်စိုးသော မင်း၊ ဟု ခေါ်သည် (ယော ၁၄:၃၀)။ ပေါလုက၊ ဤလောက၏ ဘုရား၊ ဟု ခေါ်သည် (၂ ကော ၄:၄)။ စာတန်က၊ ဤလောကသည် သူ့လက်သို့ အပ်ထား၍၊ သူပိုင်သည် ဟုဆိုသည် (လု ၄:၅)။ စာတန်က ခရစ်တော်ကို၊ ဤလောက ပေးဘို့ ကမ်းလှမ်းသော်လည်း၊ ခရစ်တော် ကငြင်းပယ်ခဲ့သည်။ အကြောင်းမှာ၊ ဤလောက ပိုင်လိုလျှင် စာတန်ကို ကိုးကွယ်ဘို့ လိုသည်။ ထို့ကြောင့် ယောဟန်က၊ လောကကိုင်း၊ လောက၌ ရှိသောအရာ ကိုင်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ (၁ ယော ၂:၁၅)ဟု သတိပေးနေသော်လည်း၊ လောကကို မချစ်ဘဲ မနေနိုင်ကြချေ။ ယာကုပ်က၊ မတရားသော မေထုန်၌ မှီဝဲသောယောက်ျားမိန်း မတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်ကို မသိ ကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည်၊ ဘုရားသခင်၏ ရန်သူ ဖြစ်၏။ (ယာ ၄:၄)ဟု ပြင်းထန်စွာ သတိပေးသော်လည်း မရပါ၊ ချစ်မြဲချစ် နေကြသည်။ ထို့ကြောင့် ဘုရားသခင်က၊ သူ၏ ပညာတော်အားဖြင့်၊ ထိုပြသနာကို ဤသို့ ​ ဖြေရှင်း လိုက်သည်၊ ငါဖြစ်လျှင်၊ ငါတို့ သခင်ယေရှု၏ လက်ဝါးကပ်တိုင်တော် မှတပါး၊ အဘယ်အရာ၌ မျှဝါကြွားခြင်း မရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ၊ ဤလော ကသည် ငါ့အဘို့ ရိုက်ထားခြင်းကို ခံလျက် ရှိ၏။ ငါသည်လည်း ဤလောက အဘို့ ရိုက် ထားခြင်းကို ခံလျက် ရှိ၏။ (ဂလာ ၆:၁၄)။ 

ဤအရာသည် ဝိညာဉ်ရေးရာနုနယ် သေးသောသူများ အတွက်၊ လုံးဝ နားမလည်နိုင်၊ မပြည့်စုံနိင်သောအရာ ဖြစ်သည်။ ဝိညာဉ်ရေးရာ၌ ကြီးထွားရင့်ကျက် လာသောသူမူကား၊ လောကကို မချစ်တော့ဘဲ၊ လောကနှင့် ပတ်သက်လာလျှင် သေ နေသည်။ လောကကို မချစ်ဘို့ ကြိုးစား သေးလျှင်၊ မသေသေးကြောင်း ထင်ရှားသည်။ လောက ဟုဆိုရာတွင်၊ စီးပွားရေး၊ နိင်ငံရေး၊ လူမျိုးရေး၊ လူမှုရေး၊ ဝါသနာ၊ အပျော် အပါး၊ ပွဲ အမျိုးမျိုး၊ ပညာရေး၊ ဘာသာရေး အားလုံး ကို ဆိုလိုသည်။ ဘုရား အတွက် အသက်ရှင်သူ၊ သေသောသူအတွက်၊ ထိုအရာများသည် အရသာမရှိတော့ချေ။ အထူးတလည်ရှောင်စရာ၊ ချုပ်တည်းစရာ မလိုဘဲ၊ ထိုအရာများ၌ မပျော်တော့ချေ။ ဝိညာဉ်ပိုင်းရင့်ကျင်လာလျှင်၊ ဘုရားဝတ်၌ သာမွေ့လျော်နေမည် ဖြစ်သည်။ 

 

ရှင်ပြန်ထမြောက်ခြင်း 


 ၂၀၁၆ ခုနှစ် ရှင်ပြန်ထမြောက် ခြင်းသည် မတ်လ ၂ရ ရက်နေ့ ဖြစ်သည်။ တကမ္ဘာလုံးရှိ ခရစ်ယာန် များသည်၊ ရှင်ပြန်ထမြောက်ခြင်း အတွက်၊ ပွဲလုပ်ကြမည် ဖြစ်သည်။ သို့သော် ဘုရားသခင် မုန်းသော ပွဲ၊ သူ့ကို နှောက်ရှက်ပွဲများ ဖြစ်မှာ စိုးရိမ် ရသည်။ အကြောင်းမှာ၊ သရေလလူမျိုးများ ကဲ့သို့၊ ဘုရားကျေနပ် ဘို့ရန် မဟုတ်ဘဲ၊ ကိုယ်ကျေနပ် ဘို့ရန် လုပ်ကြမည် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်က သရေလလူမျိုးများထံ၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသော နေ့ကိုလည်း ရွံရှာ၏။ အဓဝအမှုနှင့် ရောနှောသော၊ ဓမ္မစည်းဝေးခြင်းတို့ ကိုသည်း မခံနိုင်။ ငါ့ ဝိညာဉ်သည်၊ သင်တို့ လဆန်းနေများ နှင့်၊ သင်တို့ ပွဲများကို မုန်း၏။ ငါ့ကို နှောက်ရှက်စရာ ဖြစ်၏။ သည်း ခံခြင်းအားဖြင့် ငါပင်ပန်း၏။ ဟုဆိုခဲ့သည် (ဟေရှာယ ၁ ; ၁၃-၁၄)။ အဘယ်ကြောင့် ဘုရားသခင်က၊ သရေလလူများ၏ ပွဲများ၊ ဓမ္မစည်းဝေးခြင်းများကို မုန်းသနည်း။ အကြောင်းမှာ၊ ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကို ကြောက်ရွံ့ကြ၏။ ဟုဆိုခဲ့သည် (ဟေရှာယ ၂၉:၁၃)။ လူပင်လျှင် နှုတ်နှင့်သာချစ်၍၊ စိတ်နှလုံးနှင့် မချစ်သောသူကို၊ အလိုရှိပါသလား။ ယနေ့ ခရစ်ယာန် အများစုသည်၊ ပါးစပ်နှင့် သာဘုရားကို ကိုးကွယ်၍၊ စိတ်နှလုံးမပါကြချေ။ ထို့ကြောင့် မည်မျှပင်ကြားသော်လည်း၊ သမ္မာတရားကို မသိ နိုင်၊ မမှတ်မိနိုင်ကြချေ။ ဘုရားရှိခိုးသောအခါ၌လည်း ကြာကြာမရှိခိုးလိုကြချေ။ တ နာရီ၊ တနာရီ ခွဲလောက်သာလျှင် ခံနိုင်သည်။ နှစ်နာရီထက်များလာလျှင်၊ စိတ်ဆိုး နေတော့သည်။ အမှန်မှာ ကိုယ့်ချစ်သူ၊ ကြည်ညိုသောသူနှင့် တွေ့သောအခါ၊ နှစ် နာရီ သာတွေ့လျှင် အားရကျေနပ်မည် မဟုတ်။ ထို့ကြောင့် ဘုရားကို စိတ်မပါဘဲ၊ ကိုးကွယ်ခြင်းသည် ဘုရားကို နှောက်ရှက်ရာရောက်သည်။ 

အကျိုးရှိဘို့ 

 ခရစ်တော်၏ ရှင်ပြန်ထမြောက် ခြင်းသည်၊ ယုံကြည်သူများ၏ အဓိကယုံကြည်ခြင်း ဖြစ်သည်။ ရှင်ပေါလုက၊ ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူကြောင်းကို၊ ဟောပြောရသည် ဖြစ်၍၊ သေသော သူတို့သည်၊ ထမြောက်ခြင်း မရှိဟု သင်တို့တွင် အချို့သော သူတို့သည်၊ အဘယ်ကြောင့်ဆိုရကြသနည်း။ သေသော သူတို့သည်၊ ထမြောက်ခြင်း မရှိလျှင်၊ ခရစ်တော်သည် ထမြောက် တော်မမူ။ ခရစ် တော်သည် ထမြောက် တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ၊ သင်တို့ ယုံ ကြည်ခြင်း၌လည်း အကျိုးမရှိ။ဟု ရေးထားသည် (၁ ကော ၁၅:၁၂-၁၄)။ 

စာတန်၏ တန်ခိုးဖျက်ဘို့ 

စာတန်၏ တန်ခိုးသည်၊ သေခြင်း ဖြစ်သည်။ ထိုသေခြင်းဖြင့် လူများကို ခြိမ်း ​ခြောက်ကာ၊ ​ကျွန်ခံစေသည်။ ကျမ်းစာက၊ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသောအားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူတည်း ဟူသော၊ မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှါ၊ သေဘေးကို ကြောက်၍၊ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါင်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။ ဟုဆိုသည် (ဟေ
၂:၁၄-၁၅)။ လူသည် သေရမှာကြောက်သောကြောင့်၊ ဘုရား ထံမလာနိုင်၊ မဆက် ကပ်ရဲ၊ စာတန် ထံ၌ ​ကျွန်ခံနေရ ကြသည်။ မည်ကဲ့သို့ ​ကျွန်ခံသနည်းဟူမူကား၊ လောက အလုပ်နှင့်လောကအရာများကိုသာ ရှာ ကြသည်။ သို့သော် သခင်ယေရှုက၊ သေခြင်းကို အောင်မြင်၍၊ ရှင်ပြန်ထမြောက် လာသောအခါ၊ စာတန်၏ တန်ခိုးက ခရစ်တော်ကို မနိုင်တော့ချေ။ ခရစ်တော်က၊ ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ဟုဆိုခဲ့သည် (ယော ၁၁:၂၅)။ ခရစ်တော်၏ ထိုဂတိသည်၊ သူ့ကို သေခြင်းက မအောင် နိုင်သောအခါ၊ စိတ်ချစရာ၊ ယုံကြည်စရာ ဖြစ်လာသည်။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သောသူသည်၊ စာတန်၏ ​ကျွန်မခံတော့ဘဲ၊ ဘုရား၏ အလိုတော်ကို၊ လွတ်လပ်စွာ ဆောင်ရွက်လာနိုင်ပြီီီီီ။ ထို့ကြောင့် ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း သည်၊ အလွန် အရေးကြီးသည်။ 

အသစ်သော အသက်တာ

ခရစ်တော် ရှင်ပြန်ထမြောက် လာခြင်းသည်၊ လူသားများအတွက် အသစ်သော အသက်တာ ဖြစ်စေသည်။ လူဟောင်း တည်းဟူသော မွေးရာပါလူသည် ခရစ်တော်နှင့် အတူ၊ လက်ဝါးကပ်တိုင်၌ သေခဲ့ပြီ (ရော ၆:၆)။ ထိုလူဟောင်းကို ခရစ်တော်နှင့်အတူ မြှုပ်နှံပြီး နောက်၊ ခရစ်တော်နှင့်အတူ အသစ်သော အသက်နှင့် ရှင်ပြန်ထ မြောက်ပြီ။ ခရစ်တော်သည်၊ ခမည်းတော်၊ ဘုန်းတန် ခိုးအားဖြင့် သေခြင်းမှ ထ မြောက်တော်မူသည် နည်းတူ၊ ငါတို့သည်လည်း အသစ်သော အသက်တာ၌၊ ကျင် လည်ရကြသတည်း။ (ရော ၆:၄)။ ထို့ကြောင့် ခရစ်တော် ထမြောက် ခြင်းသည်၊ အသစ်သော အသက်တာဖြင့်၊ ယုံကြည်သူများထမြောက် နိုင်ဘို့ရန် ဖြစ်သောကြောင့် အရေးကြီးသည်။ 

စာတန် မိသားစုမှဘုရား မိသားစုသို့ 

မြို့ရွာ၊ အိမ်ပြောင်းရွှေ့သောအခါ၊ မိသားစုဝင်များကိုသာ ခေါ်သွားလေ့ရှိသည်။ မိသားစုဝင် ဖြစ်လျှင်၊ အကျင့်ဆိုးသည် ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ၊ မိဘများကမထားဘဲ ခေါ်သွားတတ်သည်။ အကျင့်ကောင်းသော၊ ချစ်စရာ ကောင်းသော အိမ် နီးနားချင်း၊ ခလေးများကို ခေါ်သွားလေ့မရှိပါ။ ထိုနည်းတူ၊ ချီဆောင်ခြင်းသည်၊ ဘုရားသခင်က သူ၏ မိသားစုဝင်များကိုသာ လျှင်၊ ကောင်းကင်သို့ ခေါ်သွားမည် ဖြစ်သည်။ အကြောင်းမှာ၊ ချီဆောင်ခြင်း အပြီး၌ ဤလောကကို သူ၏ အမျက်ဒေါသလောင်း၍၊ ထိုအထဲ၌ သူ၏ မိသားစုဝင်များကို မပါဝင်စေချင်ပေ။သော ဒုံနှင့် ဂေါမောရမြို့များ၊ ကန့်နှင့် ရောသော မီးဖြင့် တရားစီရင်သောအခါ၊ ဘုရားသခင်သည် လောတနှင့် မိသားစုကို၊ ကယ်တင်ခဲ့သည် (က ၁၉)။ ထိုနည်းတူ ဘေးဒဏ်ကြီးကာလ မရောက်မှီတွင်၊ ဘုရားသခင်က၊ သူ၏ သားသမီးများကို ကောင်းကင်သို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။ ထို့ကြောင့် ချီဆောင်ခြင်း၌ ပါဝင်ဘို့ရန်၊ ဘုရား၏ မိသားစုဝင် ဖြစ်ဘို့ လိုသည်။ သို့ဖြစ်လျှင် သင်သည် မည်သူ၏ သားသမီး ဖြစ်သနည်း။ 

စာတန်သားသမီး

လူသည် မည်သူ၏ သားသမီး ဖြစ်ကြမှန်း မသိကြ၊ သတိမထားကြချေ။ သားသမီး ဖြစ်ခြင်းသည် မွေးဘွားခြင်းအားဖြင့် ဖြစ်သည်။ လူတိုင်း စာတန်၏ သားသမီး အဖြစ် မွေးဘွား ကြသည်။ သရေလလူများက၊ သူတို့သည် ဘုရား၏ သားများဖြစ်ကြသည် ဟုဆိုသောအခါ ခရစ်တော်က၊ သင်တို့သည် သင်တို့ အဘ တည်းဟူသော မာရ် နတ်မှဆင်းသက်ကြ၏ (ယော ၈:၄၄) ဟုဆိုခဲ့သည်။ သရေလများ ကဲ့သို့ပင်လူတိုင်းသည် မာရ်နတ်မှဆင်းသက် ကြသည်။ ထို့ကြောင့် သင်၏ ခလေးသည် ချစ်စရာ ကောင်း၍ လှပလျှင် လည်း၊ မာရ်နတ် တည်းဟူသော စာတန်၏ သားသမီး ဖြစ်ကြောင်းကို သိစေချင်သည်။ အဘယ်ကြောင့်လူသည် စာတန်၏ သားသမီး ဖြစ်နိုင် သနည်း။ ပဌမ ဦး ဆုံးသော လူအာဒံသည်၊ ဘုရား၏သား ဖြစ်ခဲ့သော်လည်း၊ စာတန်၏ စကား နားထောင်သောကြောင့် စာတန်၏သား ဖြစ်သွားခဲ့သည်။ သူမှဆင်းသက်လာသော လူသား တိုင်း လည်း၊ စာတန်၏ သားသမီး များဖြစ် ကြသည်။ 

လူသည် စာတန်၏ သားသမီး ဖြစ်ကြောင်း ဤအချက်များအားဖြင့် ထင်ရှားသည်။ မုသာပြောတတ်ခြင်း၊ အပြစ် ကျူးလွန်ခြင်း၊ ဤလောကနှင့် လောကအရာကိုသာလျှင် ချစ်ခြင်း၊ ဘုရားနှင့် သမ္မာတရားကို စိတ်မဝင်စား၊ နားမလည် နိုင်ခြင်း၊ ကောင်းကင်စွဲလမ်းခြင်း မရှိခြင်းတို့သည် စာတန် သားသမီး မှန်းသိသာထင်ရှားစေသည်။ လူသည် မိမိရန်သူကို အိမ်၌ မခေါ်ထားချင် သကဲ့သို့ ဘုရားသခင်သည်လည်း၊ သူ၏ ရန်သူ ဖြစ်သော စာတန် သားသမီးများကို၊ ကောင်းကင်သို့ ခေါ်မည် မဟုတ်။ လူသည် စာတန် သားသမီး များဖြစ်ကြသောကြောင့်၊ စာတန် အတွက် ပြင်ဆင် ထား သော၊ ငရဲမီးအိုင် ထဲသို့ ဆင်းသွားဘို့ ရှိသည်။ (မ ၂၅:၄၁)။ သို့သော် ထိုအရာသည်လောလောဆယ်မခံစား၊ မဖြစ် သေးသောကြောင့် လူသည် လုံးဝ မကြောက်ချေ။စာ တန်ကလည်း လူကို တတ်နိင်သမျှ သူနှင့်အတူ ငရဲထဲဆင်းဘို့ရန် ဤလောကအရာများအားဖြင့် ဆွဲဆောင်လိမ်ညာနေသည်။ ဘုရားသခင်သည် သူ၏ သားသမီး များမဟုတ်သောလောကီသားများကို၊ ကောင်းကင်နိင်ငံသို့ ခေါ်သွားမည် မဟုတ်။ ထို့ကြောင့် ချီဆောင်ခြင်း၌လည်း လူတိုင်း ပါမည် မဟုတ်ချေ။ အဘယ်ကြောင့် များစွာ သော၊ သင်းအုပ်ဆရာများ၊ အမှုတော်ဆောင်များနှင့် ခရစ်ယာန်များ၊ ခရစ်တော် လာ၍ ချီဆောင်မည့်အရာကို စိတ်မဝင်စားသနည်းဟူမူကား၊ သူတို့ ပါဝင်မှာ မဟုတ် သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော် ကြွလာမည့် အရာကို မကြားချင် ကြချေ။ ထိုအရာပင်လျှင် စာတန် သားသမီး မှန်းထင်ရှားစေသည် မဟုတ်လော။ 

ဘုရား သားသမီး 

ဘုရား သားသမီး ဖြစ်ဘို့ရန်၊ အကျင့်ကောင်းကျင့်ရမည်၊ ဘုရားတရား၌ ကြိုးစားရမည်ဟု ယူဆတတ်ကြသည်။ သားသမီး ဖြစ်ခြင်းသည်၊ ကြိုးစားခြင်း၊ အကျင့်ကောင်းခြင်းဖြင့် မဖြစ်ဘူးပါ။ သားသမီး များသည် မိဘနှစ်ပါးမှ မွေးဘွားခြင်းအားဖြင့်သာလျှင် ဖြစ်သည်။ ဝိညာဉ်ပိုင်း မွေးဘွားခြင်း သိဘို့ရန်၊ ကိုယ်ခန္ဓာပိုင်း မွေးဘွားခြင်း သိဘို့ လိုသည်။ ကိုယ်ခန္ဓာသည် မိခင် ဝမ်းမှ မွေးဘွားရသည်။ မိခင် ကကိုး လွယ်ပြီးမှ မွေးဘွားရသည်။ ထို့နည်းတူ ဝိညာဉ်ပိုင်းမွေးဘို့ရန် ဘုရားသခင်က၊ စာတန် သားသမီး ဖြစ်ပြီးသော လူသားများကို၊ ခရစ်တော် အထဲ၌ ထည့်ကာ ခရစ်တော်နှင့် အတူ၊ လက်ဝါးကပ်တိုင်၌ အသေခံ စေခဲ့သည် (ရော ၆:၆)။ ထို့နောက် ခရစ်တော်နှင့် အတူ၊ မြှုပ်နှံခြင်းကို ခံကာ ခရစ်တော်နှင့်အတူ ထမြောက် ရသည် (ရော ၆:၄၊ ဧဖက် ၂:၆)။ ကျမ်းစာ၌၊ ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက် စေတော်မူသော၊ ဘုရားသခင်၏ ပြုပြင်အား ထုတ်တော်မူခြင်းကိုယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကို ခံ၍ ထိုသခင်နှင့်အတူ ထမြောက် ခြင်းသို့ ရောက် ကြ၏။ ဟုဆိုထားသည် (ကော ၂:၁၂)။ ထိုသို့ ထမြောက် လာသောသူသည် လူသစ် ဖြစ်သည်။ ပေါလုက၊ လူ မည်သည်ကား ခရစ်တော်၌ ရှိလျှင်၊ အသစ်သော သတ္တဝါ ဖြစ်။ ဟောင်းသောအရာ တို့သည် ကုန်ဆုံး၍၊ ခပ်သိမ်းသောအရာ တို့သည်၊ အသစ် ဖြစ်ကြ၏။ ဟုဆိုသည် (၂ ကော ၅:၁ရ)။ ထိုသို့ ဘုရားသခင် ထမြောက် စေသောအရာ ကို၊ ယုံကြည်ခြင်းအားဖြင့် လက်ခံရသည်။ ထို့ကြောင့် လူသစ် သို့မဟုတ်၊ ဝိညာဉ်ပိုင်းမွေးဖွားခြင်းသည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက် ဖြစ်သည်။ လူ့၏ လုပ်ဆောင်ချက် တခုမျှမပါချေ။ 

ထိုသို့ ဘုရားသခင်က ခရစ်တော်အားဖြင့်၊ လုပ်ဆောင်ခြင်းကို ယုံကြည်သောသူသာလျှင်၊ ဘုရားသား ဖြစ်ရသည်။ ခရစ်တော်နှင့်အတူ ထမြောက်သောအခါ၊ အသစ်သော အသက်တာဖြင့် မွေးဘွားရသည်။ ထိုသူသာလျှင် ဘုရား၏ မိသားစုဝင် ဖြစ်သည်။ ထိုအရာကို အကျဉ်းချုပ်၍ ယောဟန်က ဤသို့ ရေးထားသည်၊ ထိုသူ ( ခရစ်တော်)ကို လက်ခံသမျှသောသူတည်း ဟူသော၊ ကိုယ်တော်ကို ယုံကြည်သော သူတို့ အား၊ ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။ ထိုသားတို့ မူကား၊ လူမျိုးနှင့် စပ်ဆိုင်၍ ဘွားသောသား မဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသား မဟုတ်။ လူအလိုအလျောက်ဘွားသောသား မဟုတ်။ ဘုရားသခင် ဘွားတော်မူသောသား ဖြစ်သတည်း။ ဟုဆိုသည် (ယော ၁:၁၂-၁၃)။ ဘုရားသခင်သည် ချီဆောင်ခြင်း၌ သူ၏ မိသားစုဝင်၊ သားသမီးများကို ကောင်းကင်သို့ ခေါ်ဆောင် သွားမည် ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလသည်၊ သူ၏ အမျက်ဒေါသမြေကြီး ပေါ်သို့လောင်းချိန် ဖြစ်သည် (ဗျာ ၆:၁၆-၁ရ)။ ဘုရားသခင်သည်၊သော ဒုံမြို့နှင့် ဂေါမောရ မြို့များကို၊ မီးရှို့သောအခါလောတ၏ မိသားစုကို ဆွဲနှုတ်ခဲ့သည် (က ၁၉)။ ထို့နည်း တူ၊ ဘုရားသခင်သည်၊ သူ၏ အမျက်ဒေါသမြေကြီး ပေါ်လောင်းချိန်တွင် သူ၏ သားသမီးများကို၊ ဒုက္ခ ခံစား စေမည် မဟုတ်။ ထို့ကြောင့်၊ သူ၏ သားသမီး ဖြစ်ဘို့ရန်သူ စီစဉ်ထားသော၊ ခရစ်တော်အားဖြင့် ဒုတိယမွေးခြင်းကို လက်ခံယုံကြည်ဘို့ လိုသည်။ ထိုအရာကို ကျမ်းစာအားဖြင့် သိရသည်။ ထို့ကြောင့် ပေတရုက၊ သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဘွားသည် မဟုတ်၊ မဖောက်ပြန် မပျက်စီးတတ်သော မျိုးစေ့တည်း ဟူသော၊ အသက်ရှင်၍ အစဉ်အမြဲတည်တော်မူ သော၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဘွား ( မွေးဘွား) သောကြောင့်၊ ဟု ရေး ထားခြင်း ဖြစ်သည်။ 


မည်သည့်နေရာ၌ ခိုလှုန်ကြမည်နည်း


 လူသားများသည် ဘုရားကို မသိသောအခါ၊ အသက် ချမ်းသာ ရာရဘို့ အတွက်နည်းမျိုးစုံဖြင့် လွတ်လမ်းရှာဖွေ တတ်ကြသည်။ ထာဝရဘုရား၌ ခိုလှုံခြင်းသည်၊ အကောင်းဆုံးသောအရာ ဖြစ်ကြောင်းကို၊ မသိကြသောအခါ အောက်ပါအရာများ၌ ခိုလှုံတတ်ကြသည်။ 

မြေအောက်ဘန်ကာများ 

အာဏာရှင်ခေါင်းဆောင် များသည်၊ သူတပါး၏ အသက်ကို တန်ဘိုး မထား၊ရက်စက်စွာ သတ်ဖြတ်တတ်သော်လည်း၊ သူတို့ ကိုယ်တိုင် အသက် ဘေးနှင့် ကြုံတွေ့ လာသောအခါ တွင်၊ ခိုလှုံရာပုန်းရှောင်မည့် နေရာကို ရှာဖွေ တတ်ကြသည်။ ဒုတိယ ကမ္ဘာစစ် ဖြစ်စေခဲ့သူ၊ ဂျမဏီအာဏာရှင်ဟစ်တလားလည်း၊ စစ်ရှုံးသောအခါ မြေ အောက်တိုက်ခန်း၌ ပုန်းရှောင်ခဲ့သည်။ ထိုနောက် သူ့ကိုယ် သူသေနပ်ဖြင့် အဆုံးစီ ရင်ခဲ့သည်ဟု သိရသည်။့ history.com/this-day-in-history/adolf-hitler-commits-suicide အီရတ် အာဏာရှင်ဆာဒမ်ဟူစိန်လည်း၊ အာဏာရှိစဉ်တွင် လူ များစွာကို သတ်ဖြတ်ခဲ့သည်။ သို့သော် စစ်ရှုံးသောအခါ မြေအောက်တိုက်ခန်းထဲ၌ ပုန်းရှောင်ခဲ့သည်။ သူ့ကို အမေရိ ကန်တပ်သားများက၊ ဖမ်းဆီးခဲ့ ကြသည်။ သူ့ကို ၂၀၀၆ ခုနှစ်ဒီဇဘ်ာလ ၃၀ ရက်နေ့ တွင်၊ လည်ပင်းကြိုးဆွဲခြင်းဖြင့် အဆုံးစီရင်ခြင်း ခံခဲ့ရသည်။ 

လောကီဘုရင်၊ မှုး မတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌ င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌ င်း၊ ပုန်းရှောင်လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက် နေ၍၊ (ဗျာ ၆:၁၅)။ 

ကမ္ဘာကြီးသည် တနေ့တခြား စစ်တိုက်ဘို့ရန် ပြင်ဆင် နေသည်။ တိုင်း နိင်ငံ တိုင်းသည် စစ််တိုက်လက်နက်အသစ်အဆန်းများကို ထုတ်လုပ်စုဆောင်း၊ ရောင်းချ နေကြသည်။ ယခုထုတ်လုပ်သော လက်နက်များသည်၊ ကမ္ဘာကြီးကို ပြာကျသွားနိုင်သော လက်နက်များ ဖြစ်သည်။ ကမ္ဘာ့ ခေါင်းဆောင်များ၊ ချမ်းသာသောသူများသည်၊ တတိယကမ္ဘာစစ် ဖြစ်မှာကြောက်သောကြောင့် ဖြစ်စေ၊ ကမ္ဘာ့ ပြသနာ ဖြစ်မည့် အရာ ကြောက်သောကြောင့် ဖြစ်စေ၊ တောင်များ အောက်မြေကြီး ထဲ၌၊ မြေအောက်တိုက် ခန်းများ အကြီး အကျယ်ဆောက်လုပ် နေကြသည်။ သို့သော် ထိုတိုက်ခန်းများသည်၊ သူတို့၏ သင်္ချိုင်းများ ဖြစ်မည်။ အကြောင်းမူကား ဘုရားသခင်၏ အမျက်တော် ထင်ရှားသောနေ့ (ဘေးဒဏ်ကြီး ကာလ)၌၊ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၏။ နေသည် အမွှေးဖြင့် ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်
၏။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန် မတန်သော အသီးကြွေ သကဲ့သို့၊ ကောင်းကင် ကြယ် (ကြယ်ပျံ)တို့သည် မြေပေါ်သို့ ကျကြ၏။ မိုဃ်းကောင်း ကင်သည်၊ စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ​ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။ဟု ရေးထားသည် (ဗျာ ၆:၁၂-၁၄) ဘေးဒဏ်ကြီး ကာလသည်၊ ဘုရားသခင်၏ အမျက်တော် မြေကြီး ပေါ်၌ သွန်းလောင်းသောအချိန် ဖြစ်သည်။ ထိုအချိန်၌ ဖန်ဆင်းထားသော၊ နေ၊ လ၊ ကြယ်နက္ခတ်တာရာများလည်း ပျက်စီးမည်။ မြေကြီးလည်း ပျက်စီးမည်။ တောင်များ ​ကျွန်းများလည်းရွေ့ကြ၊ ပျောက်ကွယ်ကြလိမ့်မည်။ ထို့ကြောင့် တောင်များ အောက်၌၊ ခိုလှုံသောသူများသည်လည်း သေကျေ ပျက်စီးကြလိမ့်မည်။ ဘုရား၏ တရားစီရင်ခြင်းမှ လွတ်နိုင်သော နေရာမရှိ။ ထို့ကြောင့် ယခုအချိန် ကောင်းရှိစဉ်တွင်၊ အညံ့ခံ၍ ထာဝရဘုရား ထံခိုလှုံဘို့ရန် အကြံပေးလိုပါသည်။ 

ကြယ်တို့တွင် အသိုက်ဆောက်

အာကာသ၌ ​ြဂိုလ်တုများ လွတ်တင်နေခြင်း၏ အ ရည်ရွယ်ချက်တပိုင်းသည်၊ ဤကမ္ဘာမှ အခြားကမ္ဘာသို့ ပြောင်းရွှေ့နေထိုင်ဘို့ ဖြစ်သည်။ သို့သော် အံ့ဩဘွယ် ကောင်းသည်မှာ၊ အာကာသကောင်းကင်၌၊ ​ြဂိုလ်ကမ္ဘာ များစွာ ရှိသော်လည်း၊ လူနေနိုင်ဘို့ရန်၊ ရေနှင့် လေရှိသော ​ြဂိုလ်ကမ္ဘာမရှိခြင်း ဖြစ်သည်။ အကယ်၍ လူနေနိုင်သော ​ြဂိုလ်ရှိ၍၊ လူများ ပြောင်းရွှေ့နေထိုင်နိုင်လျှင် လည်း၊ ဘုရားသခင်၏ လက်မှမ လွတ်မြောက်နိုင်ကြောင်း၊ ဤသို့ တွေ့ရသည်။ ဘုရာသခင်က၊ သင်သည် လင်း ယုန်ကဲ့သို့ ကိုယ်ကို ချီးမြှောက်၍၊ ကြယ်တို့တွင် အသိုက်ကို လုပ်သော်လည်း၊ ထိုအ ရပ်မှသင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ (ဩဗဒိ ၁း၄) 

ရွှေငွေစုစောင်းကြ

အချို့သောသူများသည်၊ ငတ်မွက် ခေါင်းပါးမှု ရောက်ရှိမှာသိသောကြောင့်၊ ရွှေငွေများကို ဝယ်ယူစုစောင်း ကြသည်။ ထိုအရာများသည် အကောင်းဆုံးသော ပြင်ဆင်မှု မဟုတ်ချေ။ အကြောင်းမှာ ငတ်မွတ် ခေါင်းပါးမှု ရောက် လာသောအခါ၊ ရွှေငွေ များသည် စား၍ ရမည် မဟုတ်။ ကျမ်းစာ ကမကြာမှီအစာရေစာ ခေါင်းပါးခြင်းရောက် မည့် အရာကို၊ ဤသို့ ရေးထားခဲ့ပြီ၊ တတိယတံဆိပ်ကို ဖွင့်သောအခါ၊ တတိယ သတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင် မြင်း နက်တစီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။ သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတပြားနှင့် ဂျုံဆန်တခွက်ကို ရ၏။ မုယောဆန် သုံးခွက်ကို ရ၏။ ဆီနှင့် စပျစ်ရည်ကို မပျက်စေနှင့် ဟုဆိုသည်ကို ငါကြား၏။ (ဗျာ ၆:၅-၆)။ ဘေးဒဏ်ကြီး ကာလ၌၊ အစာ ခေါင်းပါး လွန်းသောကြောင့်၊ လူကြီး တနေ့လုပ်စာဖြင့်၊ ဂျုံ ဆန်တခွက်ကိုသာ ဝယ်နိုင်မည်။ ဆီနှင့် စပျစ်ရည်မူမဝယ်နိုင်သောကြောင့် ရှိနေမည်။ ထိုအချိန််တွင် မည်မျှပင်ချမ်းသာသော်လည်း၊ ဘေးပတ်ဝန်းကျင်၌ ငတ်မွတ်ခြင်းကြောင့်၊ အလွန် ကြောက်စရာ ကောင်းမည်။ မြန်မာနိင်ငံတွင် ၁၉၈၈ ခုနှစ်အရေး အခင်း၌၊ ဆန်ထမ်းသောသူများကို လုကြသည်ကို သတိရစေချင်သည်။ လူသည် ငတ် လာသောအခါ၊ အဘယ်အရာကိုမျှ ဂရုမစိုက်နိင်တော့ချေ။ ထို့ကြောင့် ရွှေငွေ၊ ဖြင့် လုံခြုံမှု မရှိ။ ချီဆောင်ခြင်း၌ ပါဝင်မှသာလျှင်စိတ်ချရသည်။ 

အရေးပေါ်အစားအစာများ 

လူအချို့တို့သည် သဘာဝ ဘေးဒဏ်ကြောင့် ဖြစ်စေ၊ စစ် ဖြစ်သောကြောင့် ဖြစ်စေ၊ အကြောင်း အမျိုးမျိုးကြောင့် အစားအစာ ခေါင်းပါးသည် ရှိသော်ဟု စိုးရိမ် ပူ ပန်လျက်၊ အရေးပေါ်အစားအစာများကို ထုတ်လုပ်ရောင်းချ၊ ဝယ်ယူ နေကြသည်။ ထိုအစားအစာများသည်၊ တပတ်စာ၊ တလစာ၊ ​ခြောက်လစာ၊ တနှစ်စာစသည်ဖြင့် အမျိုးမျိုးရှိသည်။ ထိုအစားအစာများကို စုစောင်းခြင်းဖြင့် လုံခြုံမှု မရှိပါ။  wikihow.com/Prepare-for-Economic-Collapse

 


ကျမ်းစာဖတ်ကြစို့
ဟေဗြဲ ၄


ဘုရားသခင်၏ ချမ်းသာ

၁။ ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင်ရသော အခွင့်ကို ပေးသော ဂတိ တော်သည် ငါတို့၌ ရှိရစ်လျက် နှင့်၊ သင်တို့တွင် အချို့တို့သည် မမှီဘဲ နေမည်ကို စိုးရိမ်ကြကုန်အံ့။ 

ဘုရားသခင်သည် သရေလလူများကို၊ အဲဂုတ္တု ​ကျွန်မှနှုတ်၍ ဘုရားသခင်၏ ချမ်းသာ (နားခြင်း) တည်းဟူသော၊ ခါနန် ပြည်သို့ ပို့ဆောင်ဘို့ ရည်ရွယ်ခဲ့သည်။ ဘုရားသခင်က၊ ခါနန်ပြည်သည်၊ နို့နှင့် ပျားရည်စိီးသော ပြည်ဟု တင်စားထားသည်။ နို့နှင့် ပျားရည်စီးခြင်း ဆိုသည်မှာ၊ မြေဩဇာကောင်း၍ အစာရေစာပေါများ ကြွယ်ဝခြင်းကို ဆိုလိုသည်။ သို့သော် သူတို့သည် မယုံကြည် သောကြောင့် ဝင်ခွင့် မရရှိခဲ့ကြချေ။ ထိုနည်းတူ၊ ယနေ့ ယုံကြည်သူများကိုလည်း၊ ဘုရားသခင်က သူ၏ ချမ်းသာ ထဲသို့ ဝင်ခွင့်ပေးနေသည်။ ဆိုလိုသည်မှာ၊ သူကိုယ်တိုင် ​ကျွန်ပ်တို့ကို တာဝန် ယူမည် ဖြစ်သည်။ သို့သော် စာရေးသူက၊ အချို့တို့သည် ထိုချမ်းသာ ထဲသို့ မဝင်မှာကို စိုးရိမ်ဘို့ သတိပေးထားသည်။ 

၂။ ငါတို့သည် ဝမ်းမြောက်စရာ သိတင်းကို ထို သူတို့ ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူတို့ ကြားရသော တရားစကားသည်၊ ကြားရသော သူတို့ အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကို မပေး။ 

ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်သည် (ရော ၁၀:၁ရ)။ သို့သော် ကြားရုံဖြင့် ယုံကြည်သည်ဟု မဆိုနိုင်သေးချေ။ ကြားသောအရာကို သဘောတူ လက် ခံမှသာလျှင်ယုံကြည်သည် ဟုဆိုနိုင်သည်။ သရေလလူများသည်၊ နို့နှင့် ပျားရည် စီးသော ခါနန်ပြည် အကြောင်းကို ကြားနေရ ကြသည်။ သို့သော် သူတို့သည် မယုံကြည် နိုင်ကြချေ။ ထို့ကြောင့် အကျိုးမခံစား ခဲ့ကြချေ။ မယုံကြည်သောသူအားလုံး သည် တော၌ သေကျေ ပျက်စီးခဲ့ ကြသည်။ 

၃။ ငါတို့ မူကား၊ ယုံကြည် သောသူ ဖြစ်၍ ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင်ရကြ၏။ ထိုသို့နှင့် အညီ ဗျာဒိတ်တော်ကား၊ သူတို့သည် ငါ၏ ချမ်းသာ ထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု လာ၏။ ချမ်းသာ ဟုဆိုသော်၊ ကမ္ဘာဦးကပင်အမှု အရာတို့ကို ပြီးစီး၍ ငြိမ်ဝမ်တော်မူ ရာချမ်းသာ ဟုဆိုလိုသတည်း။ 

ဟေဗြဲစာရေးသူက၊ ငါတို့ မူကား၊ ယုံကြည် သောသူ ဖြစ်၍၊ ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင်ရကြ၏။ ဟုဆိုထားသည်။ ချမ်းသာကို နားခြင်း (Rနျအ)ဟု သိထားဘို့ လိုသည်။ ချမ်းသာ တည်းဟူသော နားခြင်းသည်၊ ဘုရားသခင်ကို အမှီပြု၊ အားကိုး သောကြောင့် ပူပင်သော ကမရောက်ခြင်း၊ကို ဆိုလိုသည်။ ကိုယ့်ထက် တတ် စွမ်းနိုင်သောသူကို၊ အားကိုးသောအခါ၊ စိတ်ချမ်းသာ၍ အပူအပင်ကင်းသွားကာ အနားယူတတ်သည် မဟုတ်လော။ ဘုရားကို ယုံကြည် အားကိုးသောသူသည်၊ အနားယူသောသူ ဖြစ်သည်။ 

ထိုသို့နှင့် အညီ ဗျာဒိတ်တော်ကား၊ သူတို့သည် ငါ၏ ချမ်းသာ ထဲသို့ မဝင် ရကြဟု၊ အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု လာ၏။ ဤကျမ်းပိုဒ်သည် ဆာလံ ၉၅:၁၁ကို ကိုးကားခြင်း ဖြစ်သည်။ သရေလူများသည်၊ ဘုရားသခင်ကို အနှစ်လေးဆယ် ပတ်လုံးအနည်းနည်းစုံစမ်း၍၊ သူ၏ အမှုတို့ကို မြင်ရသော တောတွင်၊ သူ့ကို ဆန့်ကျင်ဘက်ပြုသည် ဟုဆိုသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို ရွံရှာသည်။ စိတ်သ ဘောမှားယွင်းတတ်သော လူမျိုး၊ ဘုရား၏ အလေ့အလာတို့ကို နားမလည် ကြချေ။ ထို့ကြောင့် ဘုရားသခင်က သူ၏ ချမ်းသာ (မနျအ) တည်းဟူသော၊ ခါနန်ပြည်သို့ ဝင် ခွင့်မရဘို့ရန် ကျိန်ဆိုခြင်း ဖြစ်သည်။ 

ချမ်းသာ ဟုဆိုသော်၊ ကမ္ဘာဦးကပင်အမှု အရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်တော်မူရာချမ်းသာ ဟုဆိုလိုသတည်း။ ချမ်းသာ၏ အဓိပ္ပါယ်၊ ဆိုလိုရင်းကို ပြန်ဖေါ်ပြထားသည်။ ချမ်းသာ ဆိုခြင်းသည်၊ ငြိမ်ဝပ်စွာ နေခြင်း၊ အနားယူခြင်းကို ဆိုလိုသည်။ 

၄။ ခုနစ်ရက်မြောက်သော နေ့ကို အကြောင်း၊ ပြု၍ ကျမ်းစာ တချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ ခုနစ်ရက်မြောက်သော နေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ဟု လာသတည်း။ 

ဤကျမ်းပိုဒ်သည်၊က ၂:၂ကို ကိုးကားခြင်း ဖြစ်သည်။ ဘုရားသခင်သည် ​ခြောက်ရက်အတွင်း ဖန်ဆင်းခြင်းကို ပြုလုပ်၍၊ ခုနှစ်ရက်မြောက်နေ့တွင် အနားယူသည်။ 

၅။ ထိုကျမ်းစာ၌ တဖန် လာသည်ကား၊ သူတို့သည် ငါ၏ ချမ်းသာ ထဲသို့ မဝင်ရကြဟု လာသတည်း။ 

ဆာလံ ၉၅:၁၁ကို တဖန် ဆိုခြင်း ဖြစ်သည်။ 

၆။ ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်းမြောက်စရာ သိတင်းကို ရှေ့ဦးစွာ ကြားရသော သူတို့သည် မယုံကြည် သောကြောင့် မဝင်ရကြပြီ။ 

ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏ ဟူသောအရာကို ဂရိတ်နှင့် အင်္လိပ် ကျမ်းစာများ၌၊ အချို့သော သူတို့အတွက် ဝင်စရာ ရှိသေး၏ ျငညခန ငအ မနာ​ေငညျ်သမ ျသာန အသ နညအနမ ငအယဟု တွေ့ရသည်။ ထို့ကြောင့် ဝင်စရာ၊ အနားယူခြင်းသည် အနာ ဂတ်မှာရှိသေးကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။  ဝမ်းမြောက်စရာ သိတင်းကို၊ ရှေ့ဦးစွာ ကြားရသော သူတို့သည်၊ မယုံ ကြည်သောကြောင့် မဝင်ရကြပြီ။ ဟုဆိုရာတွင် ခါနန်ပြည် ဝင်မည့် အရာကို၊ ဘုရားသခင်က ဝမ်းမြောက်စရာ သိတင်း ဟုဆိုသည်။ သို့သော် မယုံကြည်သော သရေလ လူများ အတွက်၊ ခါနန်ပြည် ဝင်မည့် အရာသည် ဝမ်းမြောက်စရာ သိတင်း မဟုတ်ချေ။ ယနေ့ လည်း၊ ကောင်းကင်နိင်ငံဝင်မည့် အရာသည်၊ ဝမ်းမြောက်စရာ သိတင်း ဖြစ်သော်လည်း၊ လူအများစု၊ ခရစ်ယာန် အများစုအတွက် ဝမ်းမြောက်စရာ မဟုတ်ချေ။ ထို့ကြောင့် ဝင်နိုင်ကြမည် မဟုတ်။

ရ။ တဖန်တုံ၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ရှိသည် ဖြစ်၍ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့် ဟုဆိုသည် ဖြစ်၍၊ ဤမျှလောက်ကာလ ကြာ ပြီမှ၊ ယနေ့ဟု ဒါဝိဒ်ကျမ်းစာ၌ လာသောအခါ၊ တစုံတခုသော နေ့ရက်ကို သေချာစွာ မှတ်သား သတည်း။ 

ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ရှိသည် ဖြစ်၍ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်၊ ဟု ဒါဝိဒ်က၊ ဆာ ၉၅:၈တွင် ဆိုထားသည်။ သရေလလူများ စိတ်နှလုံးခိုင်မာ၍၊ ခါနန်ပြည် မဝင်နိုင်ခြင်းသည်၊ ယောရှုလက်ထက်တွင် ဖြစ်၍ ဘီစီ ၁၄၀၀ ခန့်တွင် ဖြစ်သည်။ ဒါဝိဒ်ကစိတ်နှလုံးမခိုင်မာကြနှင့် ဟုဆိုခြင်းသည်၊ ဘီစီ ၁၀၀၀ ခန့််တွင် ဖြစ်သည်။ ထိုအချိိ်န်တွင် သရေလလူများသည်၊ ခါနန်ပြည်၌ နှစ်ပေါင်း၄၀၀ ကျော်နေထိုင်ခဲ့ကြပြီ။ ထို့ကြောင့် ဒါဝိဒ်ဆိုလိုသော နေ့ရက်သည်၊ ခါနန်ပြည် ဝင်မည့် အရာ မဟုတ်ဘဲ၊ အခြားသော နေ့ရက် ဖြစ်မည် ဟုဆိုသည်။ 

၈။ ယောရှုသည် ထို သူတို့ကို ချမ်းသာ ပေးသည် မှန်လျှင်၊ ထိုနောက် အခြားသော နေ့ရက်ကို အဘယ်ဆိုဘွယ်ရှိသနည်း။ ၉။ ထိုကြောင့်၊ ဘုရားသခင်၏ လူတို့ အဘို့ အလိုငှါ ငြိမ်ဝပ်ခြင်း ချမ်းသာ တမျိုးသည် ကျန်ရစ်သေး၏။ 

ယောရှုသည် ထို သူတို့ကို ချမ်းသာ (နားရသော အခွင့်) ပေးသည် ဟုဆိုခြင်းသည်၊ ခါနန်ပြည်သို့ ဦးဆောင်ခြင်းကို ဆိုလိုသည်။ ယောရှုကသူ၏ လူမျိုးများကို၊ ခါနန်ပြည်သို့ ဦးဆောင်သွားပြီး ပြီ ဖြစ်သောကြောင့်၊ ခါနန်ပြည် ဝင်မည့် အရာကို မဆို လို၊ အခြားသော နေ့ရက်၊ ဘုရားသခင်၏ လူတို့ အဘို့ ငြိမ်ဝပ်ခြင်း ချမ်းသာ တမျိုးရှိ သေးသည် ဟုဆိုသည်။ 

၁၀။ ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည် နည်းတူ၊ ထိုချမ်းသာ ထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာ တိ့ုကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေရ၏။ 

ချမ်းသာကို ငြိမ်ဝပ်စွာ နေခြင်းဟု ဤနေရာ၌ တိကျစွာ ပြန်လည် ဖေါ်ပြသည်။ ဘုရားသခင်သည် ဖန်ဆင်းခြင်း အမှု ပြီးစီးသောအခါ၊ ငြိမ်ဝပ်စွာ နေသည်။ ထို့နည်း တူ၊ ထိုချမ်းသာ ထဲသို့ ဝင်ရသောသူသည်လည်း၊ မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ် ဝပ်စွာ နေရ၏ ဟုဆိုထားရာ၊ ထိုအရာသည် ဘာကို ဆိုုလိုသနည်း။ ငြိမ်ဝပ်စွာ နေသော သူတို့သည်၊ ဘုရားသခင်ကို အားကိုးသော သူတို့ ဖြစ်သည်ဟု အငယ် ၃၌ ဖေါ်ပြခဲ့ပြီး ပြီ။ သင်သည် နောင်ဘဝအတွက် ဘုရားကို အားကိုး ပါသလော။ ယခုဘဝ နေ့ စဉ်အသက်တာအတွက်လည်း ဘုရားသခင်ကို အားကိုး ပါသလော။ အားကိုးလျှင် ငြိမ်သက်ခြင်းရှိလိမ့်မည်၊ မဟုတ်လျှင် ပူပန်သော ကရောက်နေမည်။ 

၁၁။ ထိုကြောင့်၊ သရေလလူတို့သည် မယုံကြည်သော စိတ်ရှိသဖြင့် လဲ သကဲ့သို့ ငါတို့သည် မလဲ၊ ထိုချမ်းသာ ထဲသို့ ဝင်ရမည် အကြောင်း ကြိုးစားအား ထုတ် ကြကုန်အံ့။ 

ဟေဗြဲစာရေးသူက၊ ယုံကြည်သူ တိုင်း၊ မယုံကြည်သော သရေလလူများကဲ့သို့ မလဲဘဲ၊ ထိုချမ်းသာ တည်းဟူသော ဘုရားသခင်၌ ငြိမ်ဝပ်ခြင်းသို့ ဝင်ကြဘို့ တိုက်တွန်းထားသည်။ 

နှုတ်ကပတ်တရားတော် 

၁၂။ ဘုရား ဘုရား၏ နှုတ်ကပတ်တရားတော်သည်၊ အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည် ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကိုင်း၊ အုိးဆစ်နှင့် ခြင်ဆီကိုင်း၊ ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။ 

အဘယ်ကြောင့်စာရေးသူက၊ ဘုရား၏ ချမ်းသာ ပြောနေစဉ်တွင်၊ နှုတ် ကပတ်တော် အကြောင်းကို ရေးသွားသနည်း။ ဘုရားသခင်ကို ယုံကြည်လျှင်၊ သူ၏ နှုတ်ကပတ်တော်ကို ယုံကြည်ဘို့ လိုသည်။ ထို့ကြောင့် နှုတ်ကပတ်တော်နှင့် ဘုရားကို ခွဲ၍ မရပါ။ နှုတ်ကပတ်တော်သည်၊ အသက်ရှင်သည် ဟုဆိုသည်။ လူ၏ စကားသည် သေ သွား၍ တန်ဘိုး မရှိ ဖြစ်တတ်သည်။ နှုတ်ကပတ်တော်သည်၊ ပြောသောသူကိုယ်တိုင် အသက်ရှင်နေသောကြောင့် အသက်ရှင်ခြင်း ဖြစ်သည်။ 

တန်ခိုးနှင့် ပြုပြင်ခြင်း နှုတ်ကပတ်တော်သည် တန်ခိုးရှိ၍၊ လူကို ပြုပြင် နိုင်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကို ဖန်ဆင်း၍၊ ချုပ်ကိုင်ထိမ်းသိမ်းထားသည်။ ထို့ကြောင့် အကျင့် ဆိုးသော လူသားများ၊ မယုံ ကြည်သောသူများကို ပြုပြင်ပြောင်လဲပေးနိင်သည်။ 

သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည် ဖြစ်၍၊ သန်လျက်သည် နှစ်ဖက်ထက်၍ ဝေှ့ရမ်းကာထိုးလဲထိုးနိုင်သည်။ သို့သော် နှုတ်ကပတ်တော်သည်၊ သန်လျက်ထက် ထက်သည် ဟုဆိုသည်။ အသက်နှင့် စိတ်ဝိညာဉ်ကို၊ အုိးဆစ်နှင့် ခြင်ဆီကို၊ ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏ ဟုဆိုသည်။ 

စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။ ထို့ကြောင့် တ ရားဟောဆရာများက၊ နှုတ်ကပတ်တော်ကို ဟောသောအခါ၊ ကြားနာ သူများ ထိ၍ စိတ်ဆိုးတတ်သည်။ ငါ့အကြောင်းကို ဘယ်သူက တရားဟောဆရာကို ပြော သနည်း၊ ဟု သံသယရှိတတ်သည်။ သင်၏ အကြောင်းကို၊ တရားဟောဆရာကမသိပါ။ နှုတ်ကပတ်တော် ပြောသောကြောင့်၊ နှုတ်ကပတ်တော် ကသင်၏ အပြစ်ကို ဖေါ်ပြနေခြင်း ဖြစ်သည်။ ၁၃။ ငါတို့ကို စစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသောအရာ တစုံတခု မျှမရှိ။ ခပ်သိမ်းသောအရာ တို့သည် အကွယ်အကာမရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက် ရှိကြ၏။ 

ငါတို့ကို စစ်ကြောစီရင်တော်မူသောသူသည်၊ ဘုရားသခင် ဖြစ်သည်။ သူ့ရှေ့၌ အဘယ်အရာကိုမျှ ဖုံး၍ မရချေ။ လှူိ့ဝှက်စွာ ပြုလုပ် သမျှကို၊ ဘုရားသခင်က အားလုံး သိမြင်နေသည်။ သူ့ရှေ့၌ အရာခပ်သိမ်းသည် အကွယ်အကာမရှိဘဲ၊ လှန် ထားလျက် ရှိသည်။ ထိုအရာကို သိသောသူအနေဖြင့်၊ မိမိအကျင့်ကို သတိ ထားရသည်။ မသိသောသူမူကား လုပ်ချင်တိုင်း လုပ် နေကြသည်။ 

ယဇ်ပုရောဟိတ်မင်း

၁၄။ ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ကြဝင်တော်မူသော၊ ယဇ်ပုရောဟိတ်မင်း အကြီး တည်းဟူသော၊ ဘုရားသခင်၏ သားတော် ယေ ှုသည်၊ ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည် ကြကုန်အံ့။ 

စာရေးသူက၊ အချက်မပေးဘဲ ယဇ်ပုရောဟိတ်မင်းအကြောင်းကို ရေးလိုက်သည်။ သရေလလူများ အတွက်၊ ယဇ်ပုရောဟိတ်သည် အလွန် အရေးကြီးသော် လည်း၊ တပါးအမျိုးသားများအတွက် ယဇ်ပုရောဟိတ်၏ အလုပ်နှင့် အရာရောက်ပုံကို မသိသောကြောင့်၊ ဂရုစိုက်ကြမည် မဟုတ်ချေ။ သရေလလူတယောက်သည်၊ ဘုရားကိုးကွယ်လိုလျှင်၊ ချက်ချင်း ယဇ်ပုရောဟိတ်ကို သတိရအားကိုးရသည်။ အပြစ်ကျူးလွန်လျှင် လည်း၊ ယဇ်ပုရောဟိတ် မှတဆင့်သာလျှင်၊ အပြစ် ​ဖြေရာယဇ်ကို ပူဇော်နိုင်သည်။ ကျေးဇူးတော် ချီးမွမ်းလိုလျှင် လည်း၊ ယဇ်ပုရောဟိတ်ကို ကျော်၍ မရ။ သူတို့၏ အသက်တာ၌၊ ယဇ်ပုရောဟိတ်သည် အလွန် အရေးကြီးသည်။ ထို့ကြောင့် သရေလလူမျိုးအတွက်၊ ယဇ်ပုရောဟိတ် အားကိုးဘို့ ပြောလျှင်၊ ချက်ချင်း သဘောပေါက်နာလည်၍၊ တန်ဘိုးလည်းရှိသည်။ 
 အဘယ်ကြောင့်ယဇ်ပုရောဟိတ် သည်၊ အရေးကြီး သနည်းဟူမူကား၊ ဘုရားသခင်ကယဇ်ပုရောဟိတ်အားဖြင့်သာ၊ သူ့ကို ချဉ်းကပ်ဘို့ ပညတ်ထားသောကြောင့် ဖြစ်သည်။ တပါးအမျိုးသားများအနေဖြင့် လည်း၊ ထိုအရာကို နားလည်ဘို့ လိုသည်။ 
ယဇ်ပုရောဟိတ်အား မကိုးဘဲ၊ ဘုရားကို ချဉ်းကပ်ပါက၊ ကျိန်ခြင်း အမင်္လာသာလျှင် ရရှိမည် ဖြစ်သည်။ ဘုရားသခင်က၊ အာရုန်သားများမဟုတ်တော့ဘဲ၊ မိမိ၏ သားတော် ယေရှုကို၊ တလောက လုံး လူသားများအတွက်၊ ယဇ်ပုရောဟိတ် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ယဇ်ပုရောဟိတ် ယေရှုကို၊ အားကိုးဘို့ လိုသည်။ ထိုအရာကို အခန်းကြီး ငါးမှဆက်ပြောသွားမည် ဖြစ်သည်။ 

၁၅။ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်၊ ငါတို့ ခံရသော ဆင်းရဲ ဒုက္ခများကြောင့်၊ မကြင် နာနိုင်သောသူ မဟုတ်။ ငါတို့ ခံရသည် နည်းတူ၊ အမျိုးမျိုးသော စုံစမ်း နှောင့်ရှက်ခြင်းတို့ ကို၊ ခံဘူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစ ုိက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။ 

ငါတို့ ယဇ်ပုရောဟိတ်မင်းယေရှုသည်၊ ငါတို့ ခံရသော ဆင်းရဲ ဒုက္ခများကို၊ ဤလောက၌ လူဇာတိအဖြစ် အသက်ရှင်ချိန်တွင်၊ အကုန်အစင်ခံခဲ့ရပြီး ဖြစ်သည်။ ထို့ကြောင့်၊ လူသားများ၏ ဒုက္ခနှင့် ခံစားချက် များကို အားလုံး သိရှိခံစား ခဲ့ပြိီ။ လူသည် ကိုယ်တိုင် ခံစားမှ သဘောပေါက်၊ ကိုယ်ချင်းစာတတ်သည်။ ထို့ကြောင့် သခင်ယေရှုသည်၊ လူသားများက သဘောပေါက် နားလည်နိုင်ရန်၊ လူ့ဇာတိခံယူခြင်း ဖြစ်သည်။ သူသည်လောက၌ နေစဉ်၊ အစဉ်သဖြင့် အပြစ်တင်ခြင်း၊ ဆဲဆူခြင်း၊ စွန့်ပစ်ခြင်း၊ ငတ် မွက်ခြင်း၊ ရိုက်ပုတ်ခြင်း၊ အသေသတ်ခြင်းများကို ခံခဲ့ရသည်။ ထို့ကြောင့် ငါတို့၏ အခက်အခဲနှင့် ခံစားချက် များကို သိ၍၊ သနားကြင်နာနိုင်သောသူ ဖြစ်သည်။ သူသည် ထိုကဲ့သို့ လောက ဒဏ်၊ ဘဝဒဏ်ကို ခံခဲ့ရသော်လည်း၊ ဒုစရိုက်အပြစ်ကို မကျူးလွန်ခဲ့ချေ။ 

၁၆။ ထိုကြောင့်၊ ငါတို့သည် သနားခြင်းက ုဏာကိုင်း၊ တော် လျော်သော မစခြင်း ကျေးဇူးတော်ကိုင်း၊ ခံရမည်အကြောင်း၊ ရဲရင့်သော စိတ်နှင့် ကျေးဇူးပလင်တော်သို့ တိုးဝင်ချဉ်းကပ်ကုန်ကြကုန်အံ့။ 

ရုံးသွားသောအခါ၊ စကားပြန် သည်၊ ကိုယ်နှင့် မသိသည်သာမက၊ ကြမ်း တမ်းသောသူ၊ စိတ်ဆိုးစိတ်တိုတတ်သောသူ ဖြစ်လျှင်၊ ကြောက်၍ ကောင်းစွာ မပြောနိုင်၊ အထစ်ထစ်အ​ေငါ့​ေငါ့ ဖြစ်တတ်သည်။ သို့မဟုတ်ဘဲ စကားပြန်သည် ကိုယ်နှင့် ရင်းနှီး သောသူ ဖြစ်လျှင်၊ ရိုးသား နှိမ့်ချသောသူ ဖြစ်လျှင်၊ စိတ်ချ၍ အား တက်တတ်သည်။ ကိုယ်ပြောချင်သော အရာများကိုလည်း၊ အကုန်အစင်ပြော ဖြစ်၍၊ အားရကျေနပ် တတ်သည်။ ယဇ်ပုရောဟိတ် များလည်း၊ ဘုရားနှင့် လူအကြားရပ်တည်ပေး သောသူ ဖြစ်သောကြောင့်၊ စကားပြန် ကဲ့သို့ဖြစ်သည်။ ငါတို့၏ ယဇ်ပုရောဟိတ်မင်းသည်၊ ငါတို့၏ ခံစားချက် များကို သိသည်သာမက၊ သူကိုယ်တိုင် ခံစား ဘူးသောကြောင့်၊ ဘုရာသခင်ထံသို့ ချဉ်းကပ်သောအခါ အကောင်းဆုံးပြောပေးမည် ဖြစ်သည်။ 

ထို့ကြောင့်၊ ငါတို့သည် သနားခြင်းက ုဏာကိုင်း၊ တော် လျော်သော မစခြင်း ကျေးဇူးတော်ကိုင်း၊ ခံရမည်အကြောင်း၊ ရဲရင့်သော စိတ်နှင့် ကျေးဇူးပလင်တော်သို့ တိုးဝင် ချဉ်းကပ်ကုန်ကြကုန်အံ့၊ ဟု စာရေးသူကကန်တော်တို့ကို တိုက်တွန်း အားပေးခြင်း ဖြစ်သည်။ 

 

၀ိညာဉ်ရေးရာလက်ဆင့်ကမ်းခြင်း 
ဆရာအားဆာ


ရှေ့ဥိီးစွာ ဒီစာကို ရေးခွင့်ရတဲ့အတွက်၊ ဘုရားသခင် ရဲ့နာမတော်ကို ချီးမွမ်း ပါတယ်။ ဒီကနေ့ ဝိညာဉ်ရေးရာသည်၊ အလွန် အရေးကြီး ပါတယ်။ ​ကျွန်တော်တို့ ရဲ့ လာမဲ့မျိုးဆက်သစ်တွေကိုလည်း၊ ဝိညာဉ်ရေးရာလက်ဆင့်ကမ်းဘို့ အင်မတန်လို အပ်တယ်ဆိုတာကို အသိပေးလိုပါတယ်။ 

ယောရှုရဲ့အသက်တာ

ယောရှုက သရေလလူမျိုးကို ဦးဆောင်ပြီး၊ ရှိတ္တိမ်မြို့ကို ရောက်တဲ့အခါမှာ၊ ယေရိခေါမြို့ကို ဝင်သိမ်းဘို့ရန် ဖြစ်လာတယ်။ ဒါကြောင့်သူလျှုိနှစ်ယောက်ကို စေလွှတ်ခဲ့တယ်။ နုန်၏သား ယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မှ၊ တိတ်ဆိတ်စွာ စေလွှတ်လျက်၊ ခါနန်ပြည် ယေရိခေါမြို့ကို သွား၍ ကြည့်ရှုကြလော့ဟု၊ မှာထား လိုက်သည့်အတိုင်း၊ သူတို့သည် သွားပြီးလျှင်၊ ရာခပ် အမည်ရှိသော ပြည်တန်ဆာ မိန်းမအိမ်သို့ ဝင်၍ နေလေ၏။ဟု ပါရှိတယ် (ယောရှု ၂:၁)။ပြီး တော့မှသူလျှုိနှစ်ယောက်က၊ ယေရိခေါမြို့ကို သွားလေ့လာရာကနေပြန်လာတဲ့အခါမှာ၊ အကယ်စင် စစ်ထာဝရဘုရားသည်၊ ထိုပြည် တရှောက်လုံးကို၊ ငါတို့ လက်သို့ အပ်တော်မူပြီ။ ငါတို့ကြောင့် ပြည် သူပြည်သား အပေါင်းတို့သည်၊ စိတ်ပျက်လျက် ရှိကြပါ၏ ဟု၊ ယောရှုအား လျှောက်ဆို၏။ (ယောရှု ၂:၂၄)။ သူတို့ ကအဲဒီအချိန်မှာ၊ ယောဒန်မြစ်ရဲ့အ ရှေ့ဘက်ကမ်းမှာရောက်နေတယ်။ သူတို့ လှမ်းကြည့်ရင်ခါနန်ပြည်ကို မြင်နေရတယ်။ ထိုနေရာဟာလွန်ခဲ့တဲ့နှစ်ပေါင်း၄၀ တုန်းက၊ မောရှေက စေလွှတ်စဉ်၊ ရောက်ခဲ့ဘူး တဲ့နေရာ ဖြစ်တယ်။ မောရှေကပြည်ကို စုံစမ်း ဘို့ရန်သူလျှုိ ၁၂ယောက်ကို လွှတ်ပြီး ပြန်လာတော့၊ နှစ်ဖွဲ့ ဖြစ်လာခဲ့တယ်။ ယောရှုနဲ့ကာလက်ကတဖွဲ့၊ ကျန်တဲ့ဆယ်ယောက်ကတဖွဲ့။ ဒါကြောင့်၊ သရေလလူမျိုးတွေ၊ စစ်မတိုက်လိုက်ရပဲနှစ်ပေါင်း၄၀ တောလည်ရတယ်။ ယောရှုနဲ့ကာလက်က၊ ဘုရားသခင်က ထိုပြည်ကို ငါတို့ လက်သို့ အပ်တော်မူပြီ၊ သွားပြီး သိမ်းပိုက် ကြစို့လို့ပြောပေမဲ့၊ ကျန်တဲ့ဆယ်ယောက်က၊ အဲဒီလူမျိုးတွေကကြီးမား လွန်းလှတယ်၊ ငါတို့ ဟာ သူတို့ ရှေ့မှာ နှံကောင်လောက်ဘဲ ဖြစ်တယ်၊ သူတို့ စားတဲ့စပျစ်ခိုင်တခိုင်ဟာ၊ ငါတို့ လူနှစ်ယောက်တောင်ထမ်းရ တာ၊ ဆိုပြီး သူတို့ စိတ်ဝမ်းကွဲသွားခဲ့ကြတယ်။ 

ဒါကို ယောရှုက နားလည်း တဲ့အခါ၊ သူ့အလှည့်မှာသူလှူိနှစ်ယောက်ပဲ စေလွှတ်ခဲ့တယ်။ ဒါကြောင့် သူတို့ ခါနန်ပြည်ကို ဝင်စားခွင့်ရခဲ့ကြတယ်။ ဘုရားကတိထားခဲ့ တဲ့နို့်နဲ့ပျားရည်စီးတဲ့မြေကို ဝင်စားခွင့်ရခဲ့ကြတယ်။ပြီး တော့ရန်သူခုနှစ်မျိုးကိုအောင် တဲ့နယ်မြေလဲ ဖြစ်တယ်။ တနည်းအားဖြင့် ခါနန်ပြည် ဟာ၊ နို့နဲ့ပျားရည်စီးတာ တခု တည်းမဟုတ်ပဲ၊ အောင် ပွဲခံတဲ့နေရာလဲ ဖြစ်တယ်။ ဒါကြောင့်ခါနန်ပြည် ဆိုတာ၊ အောင် ပွဲခံခြင်း နဲ့အတူ၊ ဘုရားသခင် ရဲ့အမွေခံ ရာနေရာ ဖြစ်တယ်။ သူတို့ အောင်မြင် တယ်ဆိုတာ၊ အလုပ်ရုံမှာအောင်မြင် တာ၊ စီးပွားရေးမှာအောင်မြင် တာ၊ လောကအရာထဲမှာအောင် တာကို ပြောတာ မဟုတ်ပဲ၊ ကျမ်းစာ ကပြောတ့​ဲအောင်မြင်ခြင်း ဆိုတာ၊ ဘုရားသခင် ရဲ့နှုတ်ကပတ်တော် အတိုင်း အသက်ရှင်ခြင်း၊ ဘုရားသခင်ကို အားကိုး ခြင်းအားဖြင့် အသက်ရှင်ခြင်း ဖြစ်တယ်။ ဘုရား မပါတဲ့လောက အောင်မြင်ခြင်း ဟာ၊ ခဏသာတည်သလို၊ ဘုရားရဲ့အမြင် မှာလဲအောင်မြင် သောသူ မဟုတ် ပါဘူး။ ဒါကြောင့်မိတ်ဆွေ၊ လူတွေအမြင် မှာအောင်မြင် တာထက်၊ ဘုရားသခင် ရဲ့ အမြင် မှာအောင်မြင်သူ ဖြစ်ဖုိ့အရေးကြီး ပါတယ်။ ယောရှုဟာဘုရား ပေးတဲ့ကတိတော် မြေကို၊ သူတယောက် ထဲဝင်စားတာ မဟုတ်ပဲ၊ သူရဲ့မိသားစုဝင်တွေအားလုံး ပါတယ်ဆိုတာတွေ့ရတယ်။ပြီး တော့ယောရှုဟာ၊ ဘုရားသခင်ကိုသာ အားကိုး ပြီး၊ အသက်ရှင်တယ်ဆိုတာလည်း တွေ့ရတယ်။ ဒါကြောင့်ယောရှုက၊ သရေလလူတွေ နဲ့အ​ခြေအတင်ပြောတဲ့အခါ၊ ငါနဲ့ငါ့အိမ်သား ဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်၊ လို့ပြောရခြင်း ဖြစ်တယ် (ယောရှု ၂၄:၁၅)။ မိတ်ဆွေ၊ သင်လဲဘယ်အ​ခြေအ နေမျိုးမဆို၊ ဘုရားရဲ့နှုတ်ကပတ်တော် အတိုင်း၊ အသက်ရှင်ပြီး၊ သားသမီးများကိုလည်း ဝိညာဉ်ရေးရာလက်ဆင့်ကမ်းသင်သောသူ ဖြစ်ပါ။ 

အမေရိကန်နိင်ငံအ​ခြေအနေ

ကျနော်တို့ ဒီနိင်ငံရောက်တဲ့အခါမှာ၊ ဘုရားကျောင်းမြောက် များစွာ တွေ့ ရတယ်။ လမ်းတကွေ့ချိုးလိုက်တာနဲ့ဘုရားကျောင်း တခုတွေ့ရတယ်။ ဒါပေမဲ့ဘုရားကျောင်းအများစုဟာလေလံတင်ရောင်းချခြင်း၊ ဘုရားရှိခိုးမဲ့သူမရှိခြင်း၊ စသည်ဖြင့် များစွာ တွေ့ရတယ်။ လူမရှိတော့ဘူး။ နုယူးယောက်ပြည်နယ်ဖက်မှာဆိုရင်၊ ဘုရားကျောင်းကြီး ထဲမှာ၊ အစားအသောက်တွေရောင်းချနေတာမျိုးတွေ့ရတယ်။ ဒါဘာကြောင့် လဲ၊ မိဘလူကြီးများက သားသမီးများကို ဝိညာဉ်ရေးရာလက်ဆင့်မကမ်း နိုင်ကြလို့ ဖြစ်တယ်။ အခုလက်ရှိဘုရားကျောင်းတွေမှာလဲ၊ အသက် ကြီးရွယ်အို တွေပဲရှိကြတော့တယ်။ လူငယ်တွေဟာဆိုရင်၊ ဘုရားကျောင်းဟာ သူတို့ နဲ့မဆိုင် သလိုပဲ။ အမေရိကန်နိင်ငံဟာတချိန်တုန်းက သာသနာ ပြု များစွာ စေလွှတ်နိုင်ခဲ့တယ်။ နိင်ငံကို လဲနှုတ်ကပတ်တော်အားဖြင့် အစပြုခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ ရဲ့ သားသမီး တွေကို ဘုရား ယုံကြည်ဘို့ သွန်သင်ခြင်း အားနည်းတဲ့အခါမှာ၊ ဝိညာဉ်ရေးရာမှာ တဖြည်းဖြည်းကျဆင်းလာတယ်။ လူ့အခွင့်အရေးဆိုတာတွေပေါ်ပေါက်လာတယ်။ ဘုရား မဲ့ဝါဒတွေ၊ အခုဆိုရင်လိင်တူလက်ထပ်ခြင်း တွေတရားဝင်ခွင့်ပြုနေပြီ။ ဘုရားကို စွန့်တဲ့နိင်ငံ ဖြစ်နေပြီ။ 

မိတ်ဆွေ၊ သင်ရဲ့ သားသမီး တွေလဲဒီနိင်ငံမှာကြီး ပြင်းမယ်၊ ဒီနိင်ငံစကား တွေပြောလာကြတယ်၊ ဒီနိင်ငံရဲ့အကျင့်စရိုက်တွေ၊ အယူအဆတွေနဲ့အသက်ရှင် လာတော့မယ်။ အဲဒီကြားထဲမှာမိဘတွေလဲ၊ ပညာရေးကို ပဲဦးစားပေးနေမယ်၊ အလုပ်အတွက် ပဲအချိန် ကုန်နေမယ်ဆိုရင်၊ နောင်ရေးအတွက် အင်မတန် စိုးရိမ် စရာ၊ ဝမ်းနည်းဖွယ်ရာတွေကြုံတွေ့လာမည် ဖြစ်တယ်။ အသက်တာမှာနှုတ်ကပတ်တော်အားဖြင့်သာ မဟုတ်ရင်၊ ကလေးတွေရဲ့အနာဂတ်ဟာရင်လေးစရာ ပါပဲ။ ဒါကြောင့်၊ သားသမီး တွေကို နှုတ်ကပတ်တော် သိရှိအောင်၊ သွန်သင်ပေးဘို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျနော်တို့ ရဲ့ယဉ်ကျေးမှု တွေ၊ ဘာသာစကား တွေ၊ လူမျိုးချစ်တတ်ဖုိ့တွေ၊ သင်ပေးတာထက်၊ ဘုရားကို သိဖုိ့သင်ပေးပါ။ ကိုယ်လူမျိုး မသိတာထက်၊ ဘုရားကို မသိတာဟာ၊ ထာဝရ နဲ့ဆိုင်တဲ့အရာ ဖြစ်တယ်ဆိုတာမမေ့ကြပါစို့နဲ့။ 

ယေရှုခရစ်က၊ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍၊ မိမိအသက် ဝိညာဉ် ရှုံးလျှင်၊ အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို၊ အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။ဟု သတိပေးထားပါတယ် (မ ၁၆:၂၆)။ သူတို့ ရဲ့အသက်တာမှာ၊ ကယ်တင်ခြင်းသို့ ရောက်ပြီး၊ ဘုရား နဲ့အတူ အသက်ရှင်လာမှသာ လျှင်၊ အဖက် ဖက်မှာအောင်မြင် ပြီး၊ လိမ္မာသောသူများ ဖြစ်လာမည် ဖြစ်တယ်။ ကျမ်းစာ ကလူမိုက်ကို လိမ္မာစေသောအရာ က၊ နှုတ်ကပတ်တော် ဖြစ်တယ်လို့ပြောပါတယ်။ ဒါကြောင့်၊ ဘုရား စကားအားဖြင့်သာလျှင် လိမ္မာသော သားသမီး များဖြစ်လာမည် ဖြစ်သောကြောင့်၊ ဒီကနေ့ကစပြီး မိမိ သားသမီးများကို နေ့တိုင်းအချိန် ယူပြီး၊ ကျမ်းစာ သင် ပေးကြပါစို့လို့ခွန် အားပေးချင် ပါတယ်။ စာဖတ်သူအယောက်တိုင်း၊ ဘုရားသခင် အထူးကောင်းကြီး ပေးပါစေ။ 


 
နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသူနှင့် ခန့်ညားသူ
ဆရာမဟန္န


သုတ္တံ ၁၃:၁၃၌၊ နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသောသူသည်၊ ပျက်စီး လိမ့်မည်။ ပညတ်တရားတော်ကို ခန့်ညားသောသူမူကား ချမ်းသာ ရလိမ့်မည် (တငူူ ဘန မနတမေိနိ)။ဟု ပါရှိသည်။ ထာဝရဘုရားက၊ သရေလအမျိုးသား ဖြစ်စေ၊ တပါး အမျိုးသား ဖြစ်စေ၊ ရဲရင့်စွာ ပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုမသေရာသို့ ရောက်သည် ဖြစ်၍၊ ထိုသူကို သူ၏ အမျိုးမှပယ်ရှင်းရမည်။ ထာဝရဘုရား၏ စကားတော်ကို မထီမဲ့မြင် ပြု၍၊ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်း ပယ်ရှင်းရမည်။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ၏။ (တောလည် ၁၅:၃၀-၃၁)။ ကျမ်းစာထဲမှဘုရား၏ နှုတ်ကပတ်တော်ကို ခန့်ညား (လေးစား)သောသူများနှင့် မထီ မဲ့မြင် ပြုသောသူများကို လေ့လာကြစို့။ 

အဲဂုတ္တု လူများ 

ထာဝရဘုရားကဖါရောဘုရင်အား၊ ကြည့်ရှုလော့။ အဲဂုတ္တု ပြည် တည်သည် ကာလ မှစ၍၊ ယခုတိုင်အောင် မရွာဘူးသော အလွန် ကြီးစွာသော မိုဃ်းသီးရွာခြင်းကို နက်ဖြန်နေ့ ဤအချိန်၌ ငါဖြစ်စေမည်။ ထို့ကြောင့် ယခု စေလွှတ်၍၊ လယ်ပြင်၌ ရှိသော တိရစ္ဆာန်များနှင့် ရှိလေသမျှတို့ကို သိမ်းယူလော့။ အိမ်သို့ မဆောင်လျှင်၊ လယ်ပြင်၌ တွေ့ သမျှသော လူနှင့် တိရစ္ဆဈာန်တို့ အပေါ်မှာ၊ မိုဃ်းသီးကျ၍၊ သူတို့သည် သေကြလိမ့်မည် အကြောင်းကို ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။ (ထွက် ၉:၁၈-၁၉) 

ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော၊ ဖါရောဘုရင်၏ ​ကျွန်တို့သည်၊ မိမိ​ကျွန်နှင့် မိမိတိရစ္ဆာန်တို့ကို အိမ်သို့ ပြေးစေကြ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပမာဏမပြုသော သူတို့သည်၊ မိမိ​ကျွန်မိမိ တိရစ္ဆာန်တို့ကို လယ် 
ပြင်၌ ထားကြ၏။ (ထွက် ၉:၂၀-၂၁)။ 

ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို၊ မထီမဲ့မြင် ပြုသော သူတို့၌ မည်သို့ဖြစ်သနည်း။ ထိုသို့ ထာဝရဘုရားသည်၊ အဲဂုတ္တု ပြည်၌ မိုဃ်းသီးရွာစေတော်မူ သဖြင့်၊ အဲဂုတ္တု ပြည် တည်ထောင်သည် ကာလ မစ၍၊ တခါမျှမ ဖြစ်ဘူးသော မိုဃ်းသီး၊ မီးနှင့် ရော၍ အလွန် ပြင်းထန်စွာ သော၊ မိုဃ်းသီး ဖြစ်လေ၏။ အဲဂုတ္တု ပြည် တရှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသော လူနှင့် တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များတို့ကို မိုဃ်း သီးထိလေ၏။ (ထွက် ၉:၂၃-၂၅) 

အာသမင်း (King Asa) 

အာသမင်းသည် ဘုရား အားကိုး ခဲ့သောကြောင့်၊ စစ်သူရဲတသန်း၊ ရထားသုံးရာနှင့် လာသော၊ ကုရှရှင်ဘုရင်ကို နိင်ခဲ့သည် (၂ ချုပ် ၁၄)။ သို့သော် သရေလရှင်ဘုရင်ဗာရှာက၊ ရာမမြို့ကို တည်သည့်အမှု တွင်၊ ထာဝရဘုရားကိုအား မကိုးဘဲ၊ ရှုရိရှင်ဘုရင်ဗဟ်ာဒဒ်ကို အားကိုး ခဲ့သည်။ ထိုသို့ အားကိုး သောကြောင့် ရှုရိရှင်ဘုရင်သည်၊ သူ့ဘက်၌ နေသောကြောင့် သရေလလူများသည် နောက်ဆုတ်သွား ကြသည်။ သို့သော် ထိုသို့ လူကို အားကိုး သောကြောင့်၊ ပရောဖက် ဟာနန်က သူ့ကို ဤသို့ ဆုံးမခဲ့သည် မင်းကြီးသည် မိမိဘုရာသခင်ထာဝရဘုရားကို မခိုလှုံ၊ ရှုရိရှင်ဘုရင်ကို ခိုလှုံသောကြောင့်၊ ရှုရိရှင်ဘုရင်၏ ဗိုလ်​ခြေတို့သည် မင်းကြီး လက်မှလွတ်သွားကြပြီ။ ကုရှလူနှင့် လိဗုလူတို့သည် ရထားများ၊ မြင်းစီးသူရဲများနှင့်တကွ၊ အားကြီးသော အလုံးအရင်း ဖြစ်သည် မဟုတ်လော။ သို့သော်လည်း မင်း ကြီးသည်၊ ထာဝရဘုရားကို ခိုလှုံသောကြောင့်၊ ထိုအလုံးအရင်းကို မင်းကြီး လက်သို့ အပ်နှံတော်မူပြီ။ ထာဝရဘုရားသည် စုံလင်သော စေတနာစိတ်ရှိသော သူတို့ ဘက်၌၊ ခိုင်ခံစွာ နေခြင်းငှါ၊ မြေကြီး တပြင်လုံးကို အနှံ့အ ပြားကြည့်ရှုလျက် ရှိတော်မူ၏။ ဤအမှု၌ မင်းကြီးသည် မိုက်စွာ ပြုပြီ။ ယခုမှစ၍ စစ်မှု ရှိလိမ့်မည် ဟုဆို၏။ ထိုသို့ ဆိုသောကြောင့်၊ အာသသည် ပရောဖက်ကို အမျက်ထွက်၍ ထောင်ထဲမှာလှောင် ထား၏။ ထိုကာလ၌ ပြည် သူပြည်သား အချို့ကိုလည်း ညှဉ်းဆဲ၏။ နန်းစံသုံးဆယ်ကိုးနှစ် တွင်၊ ​ခြေတော်၌ အနာရောဂါစွဲ၍၊ ပြင်းစွာ ခံရသော်လည်း၊ ထာဝရဘုရားကို မဆည်းကပ်၊ ဆေးသမားတို့ကိုသာ ဆည်းကပ်လေ၏။ (၂ ချုပ် ၁၆)။ ထိုအနာဖြင့် သေဆုံးရ၏။ အာသသည် ထာဝရဘုရား၏ စကားကို၊ နားမထောင်၊ မထီမဲ့မြင် ပြုသောကြောင့်၊ အစကောင်းသော်လည်း၊ အဆုံးမကောင်းခဲ့ချေ။ 

ဟေဇကိမင်း (Hezekiah) 

ဟေဇကိမင်းသည် စိတ်နှလုံးအကြွင်းမဲ့၊ ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူ ဖြစ်သည်။ သူ့ဖခင်အာခတ်မင်းသည် ရုပ်တုများကိုးကွယ်သောကြောင့်၊တိုင်း ပြည်သည် အလွန် ဆင်းရဲ ခံခဲ့ရသည်။ သို့သော် သားတော် ဟေဇကိသည်၊ ထာဝရဘုရားကို်စိတ်နှလုံးအကြွင်းမဲ့ရှာသောကြောင့်၊ အာရှုရိရှင်ဘုရင်လက်မှ၊ ဘုရားသခင်က ကယ်တင်ခဲ့သည် (၂ ချုပ် ၃၄)။ ထာဝရဘုရားကဟေရှာယအားဖြင့်၊ ကိုယ်အိမ်အမှုကို စီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့်တော်ကို ပြန်လေ၏။ ဟေဇကိမင်းသည်လည်း၊ ထရံသို့ မျက်နှာလှည့်၍၊ အိုထာဝရဘုရား၊ အ​ကျွန်ပ်သည် ရှေ့တော်၌ သစ္စာ စောင့်လျက် စုံလင်သော စိတ်နှလုံးနှင့် ကျင့်၍၊ နှစ်သက်တော်မူသည် အတိုင်း ပြုကြောင်းကို အောက်မေ့တော်မူပါ။ အ​ကျွန်ပ်တောင်း ပန်ပါ၏ဟု အလွန် ငိုကြွေးလျက် ထာဝရဘုရားကို ဆုတောင်း လေ၏။ (ဟေရှာယ ၃၈:၁-၃)။ ဟေဇကိမင်းသည်၊ ထာဝရဘုရား၏ စကားကို မထီမဲ့မြင် မပြုပါ။ မင်းကြိီး ဖြစ်သော်လည်း ဘုရားသခင် ရှေ့၌ ငို်ကြွေးလျက် တောင်းပန်သည်။ ထို့ကြောင့် ဘုရားသခင်က သူ့ကို နောက်ထပ် ဆယ့်ငါးနှစ်အသက်ရှင်ရသော အခွင့်ကို ပေးသည်။ 

ယောရှိမင်း (Josiah) 

ယောရှိမင်းသည် ဘုရားသခင်ကို လေးစားယုံကြည် သောသူ ဖြစ်သည်။ ထိုခေတ်၌ ထာဝရဘုရား၏ နှုတ်ကပတ်တော် ကျမ်းစာသည် မရှိသလောက် ရှားပါးသည်။ သူ၏ ​ကျွန်တို့ ကဗိမာန်တော် ထဲ၌၊ ကျမ်းစာကို တွေ့သောအခါ မင်းကြီးရှေ့မှာ ဖတ်ပြ ကြသည်။ ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍၊ ယခုတွေ့သော ကျမ်းစကားကြောင့်၊ ငါ့အတွက် လူများ အတွက်၊ ယုဒအမျိုးသား အပေါင်းတို့အတွက်၊ ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဘို့ ဤကျမ်းစာ၌ ရေး ထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည်၊ နားမထောင်မကျင့်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌၊ ပြင်းစွာ အမျက်ထွက်တော်မူ လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရားက၊ ရှင်ဘုရင်ဘတ်သော ကျမ်းစကား လာသမျှ အတိုင်း၊ ငါသည် ဤအရပ်၌၊ ဤအရပ်သားတို့၌၊ ဘေးရောက်စေမည်။ အကြောင်းမူကား၊ သူတို့သည် ငါ့ကို စွန့်ကြပြီ။ မိမိလုပ်သောအရာ တို့ ဖြင့်၊ ငါ့အမျက်ကို နိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားတို့ ရှေ့မှာ၊ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ထိုကြောင့် ဤအရပ်၌၊ ငါ့အမျက်မီးသည် မငြိမ်းဘဲလောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။ သို့သော် ထာဝရဘုရား၏ စကားကို၊ ကြောက်ရွံ့သော ယောရှိမင်းနှင့် ပတ်သက်၍ ထာဝရဘုရားက၊ ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့် ကျိန်ဆဲရာ ဖြစ်ရကြလိမ့် မည်ဟု ဤအရပ်ကို၊ ဤအရပ်သားတို့ ကို၊ ငါခြိမ်းချောက်သော စကားကို သင်သည် ကြားသောအခါ၊ နူးညံ့သော စိတ်ရှိ၍ ထာဝရဘုရားရှေ့တော်၌ ကိုယ်ကို ိ နှိမ့်ချခြင်း၊ ကိုယ်အဝတ်ကို ဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကို ပြုသောကြောင့်၊ သင့် စကားကို ငါနားထောင်၏။ ငါသည် သင့်ကို ဘိုးဘေးစုဝေးရာသို့ ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာ သင်္ချိုင်းသို့ ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့သော ဘေးကို၊ သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု၊ မိန့်တော်မူ၏။ (၄ရာ ၂၂)။ 

ကျန်းမာရေးကဏ္ဍ


 ကိုယ်ခန္ဓာကျန်းမာခြင်းသည်၊ ဝိညာဉ်ရေးရာအတွက် အရေးကြီး သော၊ အရာ တခု ဖြစ်သည်။ ကျန်းမာခြင်း ချို့တဲ့နေလျှင် ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ သက်သေခံခြင်းများလျော့နည်းစေနိင်သည်။ ထိုမျှသာမက၊ စောစော စီးစီး အသက် ဆုံးလျှင်၊ မိသားစုဝင်များ၊ ယုံကြည်သူများဝမ်းနည်းကျေ ကွဲလျက်၊ အားနည်းစေသည်။ ထို့အပြင် နေမကောင်းသောအခါ အလုပ်မလုပ်နိုင် သောကြောင့်၊ ဝင်ငွေနည်း၍ အစိုးရနှင့် အခြားသူများ အတွက်၊ ဝန်ထုတ်ဝန်ပိုး ဖြစ်သည်။ ဆေးရုံတက်ရလျှင်လည်း ကိုယ့်အတွက်သာမက၊ အခြားသူများ အတွက်လည်း တာဝန် ပိုပေး သကဲ့သို့ဖြစ်သည်။ ထို့ကြောင့် မီးမလောင်မှီတား ဟုဆို သကဲ့ သို့၊ မဖျားမနာမှီအတတ်နိင်ဆုံးအနေအထိ ုင်၊ အစားအသောက်၊ ဆင်ခြင်ဘို့ လိုသည်။ 

၁။ နှလုံးနှင့် ဦးနှောက်သွေးကြောပိတ်

အမေရိကန်ပြည် ထောင်စု၌၊ ကင်ဆာ ရောဂါနှင့် အခြားသော ရောဂါများထက်၊ နှလုံးသွေးကျောနှင့် ဦးနှောက်သွေးကျော ပိတ်ခြင်းကြောင့် သေဆုံးသောသူသည်၊ အများဆုံး ဖြစ်သည်။ ၂၀၁၅ ခုနှစ်၌ နှလုံးသွေးကျောပိတ်သောကြောင့် သေ ဆုံးသူသည် ၆ သိန်းကျော်ရှိသည်။ ထိုအထဲ၌ မြန်မာပြည်သား များလည်း တယောက်ပြီး တယောက် သေ နေကြသည်။ နှလုံးနှင့် ဦးနှောက်သွေးကြောပိတ်ခြင်းသည် အစား အသောက်နှင့် အနေအထိ ုင်မမှန်ခြင်းကြောင့် ဖြစ်သည်။ ထိုအနာဖြင့် မသေဘို့ အောက် ပါအချက်များ လိုက်နာပါ။ 

  • ၁။ ဆား၊ သကြားလျှော့စားပါ။ ငါးဆီကလွှဲလျှင် တိရစ္ဆာန်ဆီများ လုံးဝ မစားပါနှင့်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများများစားပါ။
  • ၂။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ ( တပတ်လျှင် မိနစ် ၁၅၀)။ တရက်လျှင် ၁၀ မိနစ်သုံး ကြိမ်လမ်းလျှောက်ပါ။
  • ၃။ အရက်မသောက်ပါနှင့်။
  • ၄။ ဆေးလိပ် လုံးဝ မသောက်ပါနှင့်။ 

၂။ ကင်ဆာ ရောဂါ

အမေရိကန်ပြည် ထောင်စု၌၊ ဒုတိယအသေအများ ဆုံးရောဂါသည်၊ ကင် ဆာ ရောဂါ ဖြစ်သည်။ ၂၀၁၅ ခုနှစ်၌ ကင်ဆာ ရောဂါ အမျိုးမျိုးဖြင့် သေဆုံးသူသည် ငါး သိန်းကျော်၊ ​ခြောက်သိန်း နီးပါးရှိသည်။ ကင်ဆာ ရောဂါ အမျိုးမျိုးရှိရာ၊ အများဆုံး သေဆုံးစေသောအရာ သည်၊ အဆုတ်ကင်ဆာ ဖြစ်သည်။ ထိုရောဂါဖြင့် ၂၀၁၅ ခုနှစ်၌ လူတသိန်း​ခြောက်သောင်း နီးပါးသေဆုံးသည်။ ထိုအဆုတ်ကင်ဆာသည် ဆေးလိပ် သောက်ခြင်းနှင့် ပတ်သက်သောကြောင့်၊ ဆေးလိပ် လုံးဝ မသောက်သင့်ချေ။ 

၃။ ရင်ကျပ် ရောဂါ

တတိယလူသေအများ ဆုံးရောဂါသည်၊ ရင်ကျပ်၊ အသက် ရှုကျပ် ရောဂါ ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အမေရိကန်ပြည် ထောင်စု၌ ရင်ကျပ် ရောဂါဖြင့် သေဆုံး သူသည်၊ တသိန်းငါးသောင်းခန့်ရှိသည်။ ဤ ရောဂါကို အောက်ပါအချက်များရှောင်ခြင်းအားဖြင့် ကာကွယ်နိင်သည်။ ဆေးလိပ်မသောက်ခြင်း၊ ဆေးလိပ်သောက်သူ ဘေးနား၌ မနေခြင်း၊ ညစ်ညမ်းသော လေကို ရှောင်ခြင်း၊ ဓါတုဗေဒဆေးငွေ့များရှောင်ခြင်း၊ ဖုံမရှုခြင်းအားဖြင့် ကာကွယ်နိင်သည်။ 

သန့် သန့်ရှင်းရှင်းနေထိုင်ခြင်းသည် အလွန် အရေးကြီးသည်။ အိမ်၊ ကား၊ အလုပ်ခွင်များ၌ အတတ်နိုင်ဆုံး၊ သန့်ရှင်းစွာ နေပါ။ ညစ်ညူးသော အလုပ်များကို ရှောင်ပါ။ ကျန်းမာရေးကို ဂရုစိုက်ပါ။ အ​ခြေအနေအရမနေပါနှင့်။ အ​ခြေအနေကို အကောင်းဆုံး ဖြစ်အောင် ဖန်တီးပါ။ အောက်ပါအင်တာနက်ဝက်ဖက်၌ ဖတ်နိင်သည်။ medicalnewstoday.com/articles/282929.php

အမှုတော်ဆောင်သင်တန်း


လစဉ်လုပ်နေကျအမှုတော်ဆောင်သင်တန်းကို၊ ဖေဖဝါရီလ ၂၂မှ ၂၆ နေ့အထိ အင်ဒီယားနားပိုလစ်သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ အောင်မြင် စွာ ကျင်းပနိုင်ခဲ့ပါသည်။ ထိုသင်တန်း၌ အမှုတော်ဆောင်များ အပြင် အမှုတော် မဆောင် သေးသောသူများလည်း တက်ရောက်ကာ၊ နေ့တိုင်း၁၅ယောက်ခန့်တက် ရောက်နိုင်ကြပါသည်။ ထိုသင်တန်း၌ အမှုတော်ဆောင်များ၏ အကျင့်သိက္ခာများ အကြောင်း နှင့်၊ အမှုဆောင်ရာတွင် အဓိကလုပ်ဆောင်၍ အောင်မြင် နိင်သော နည်းများကို သင်ကြားကြပါသည်။ ညပိုင်း၌လည်း အသင်းတော်၌၊ သက်သာလောနိတ် ဩဝါဒကို သင်ကြားကြကာလ ူ ၄၀ ကျော်တက်ရောက်နိင်ကြပါသည်။ ထိုသင်တန်းအားဖြင့် ကျမ်းစာ ပို၍ သိရှိ နားလည်ကြပါသည်။ 

သတင်းကောင်း နှစ်ချင်း အသင်းချုပ်မှ ဦးဆောင်၍၊ မတ်လ ၁၄မှ ၂၂နေ့ အထိ အတ္တလန်တာသတင်းကောင်း နှစ်ခြင်း အသင်းတော်၌၊ အမှုတော်ဆောင်သင် တန်း ပြုလုပ် ကျင်းပမည် ဖြစ်သည်။ ထိုသင်တန်း၌ အမှုတော်ဆောင်ယောက် ၂၀ ကျော် ပါဝင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ ထိုအချိန်တွင် ဆရာအား ဆာနှင့် အဖွဲ့သည်ီနျဩငညနျယ၍ သတ​ေ၌ ကယားလူမျိုးများထံ ကယ်တင်ခြင်း သင်တန်းပေးကြမည် ဖြစ်သည်။ 

တနှစ်မြောက်ကျေးဇူးတော် ချီးမွမ်းခြင်း 

Indianapolis Northside သတင်းကောင်း နှစ်ခြင်း အသင်းတော်သည် ၂၀၁၅ ခုနှစ်မတ်လတွင်၊ တည်ထောင်သော အသင်းတော် ဖြစ်သည်။ ဆရာနိင်လင်းနှင့် မိသားစုကိုIndianapolis Southside GBC မှ ၂၀၁၄ ခုနှစ်တွင်၊ အိမ်ငှါးခြင်းဖြင့် စေလွှတ်ခဲ့သည်။ တနှစ်ပြည့်သောအခါ၊ ယုံကြည်သူ အလူငယ်များနှင့် အသင်းတော် စခြင်း ဖြစ်သည်။ တနှစ်အတွင်းမှာ ဘုရားသခင်က၊ အသင်းသား၁၀၀ ကျော် လာပြီ ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းသည်၊ ဆရာနိင်လင်းနှင့် လူငယ်များ၊ အဆက်မပြတ် သက်သေခံ၊ သင် တန်းပေးခြင်းကြောင့့် ဖြစ်သည်။ အတိုက်အခံနှင့် အဟန့်အတား မြောက် များစွာ အထဲမှ၊ ကြီးထွားလာသော အသင်တော် ဖြစ်သည်။ ထိုအသင်းတော်မှ၊ လူငယ်သုံးယောက်လည်း၊ အချိန် ပြည့်ထောက်ပံ့​ကြေးအနည်းငယ်သာရ ရှိပြီး၊ မနားမနေပျောက်ဆုံးဝိညာဉ်များကို ကယ်တင် နေကြသည်။ မတ်လ ၆ ရက် နေ့တွင်၊ တနှစ်မြောက် ကျေးဇူးတော် ချီးမွမ်းပွဲ ပြုလုပ် ကာ၊ အနီးအနား၌ ရှိသော သတင်းကောင်း နှစ်ခြင်း အသင်းသားများနှင့်၊ လူ၂၀၀ နီးပါးပါဝင်ကြပါသည်။ ချီး မွမ်းခြင်းသည် ဘုရားကသာ ခံစား ပါစေသော်။ 

 

Youth Camp 

 


ဩဂုတ်လပဌမပတ်လောက်တွင်၊ သတင်းကောင်း နှစ်ခြင်း အသင်းချုပ်လူ ငယ်ဌါနမှကြီး မှုး ၍၊ နွေရာသေစခန်းသွင်းကျမ်းစာသင်တန်းကို Tennessee ပြည်နယ်၌ ပြုလုပ်ဘို့ ရှိပါသည်။ ထိုသင်တန်း၌ လူငယ်အယောက် ၂၀၀ ခန့်ပါဝင်ဘို့ ခန့်မှန်း ထားပါသည်။ ပါဝင်လိုသူတိုင်း၊ နေရာနှင့် နေ့ရက်များ၊ လိုအပ်ချက်များကို လူငယ် ဌါန၌ စုံစမ်း နိင်ပါသည် 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG