GOODNEWS
  HOME  GOODNEWS  2016 JAN
 


အမှာစာ

မင်္လာနှစ်သစ်ပါဟု နှုတ်ခွန်းဆသသော်လည်း၊ ကယ်တင်ခြင်းသို့ မရောက်သောသူများ အတွက်၊ အမင်္လာနှစ်သစ် ဖြစ်နေသည်။ အကြောင်းမှာ၊ ငရဲသို့ ဆင်း ဘို့ရန်၊ တနှစ်နီးသွားပြန်ပြီ။ သို့သော် လူအများစုသည်၊ ထိုအရာကို မသိသောကြောင့်၊ နှစ်သစ်ကို အားရကျေနပ်စွာဖြင့် ကြိုဆို ကြသည်။ ချီဆောင်ခြင်းသို့ ရောက် မည့်သူများအတွက်၊ ခရစ်တော် ကြွလာခြင်းသည်၊ မင်္လာရှိသော၊ မြော်လင့်ရာ ဖြစ်သည် (တိတု ၂:၁၁)။ သို့သော် ချီဆောင်ခြင်း၌ မပါမည့်သူများအတွက်၊ ခရစ်တော် ကြွလာမည့် အရာသည်၊ အမင်္လာ ဖြစ်သည်။ ဖန်ဆင်းထားသော အရာများ ကြည့် ခြင်းအားဖြင့်၊ ဘေးဒဏ်ကြီး ကာလသည် အလွန် နီးနေပြီ။ နေလည်း ခဏခဏပေါက် ကွဲနေသည်။ လေပြင်းမုန်တိုင်းလည်း တိုင်း နိင်ငံ များစွာ၌ တိုက်၍ လူ များစွာ သေ၊ အိုးအိမ် များစွာ ပျက်စီးစေသည်။ လေဆင်နှမောင်းလည်း မကြာခဏတိုက်ခတ်၍ များစွာ သေကျေ ပျက်စီး ကြသည်။ မီးတောင်လည်း ခဏခဏပေါက်၍၊ မြေငလျှင်လည်း မကြာခဏလှုပ်သည်။ မိုဃ်းများ လွန်းခြင်း၊ မိုဃ်းခေါင်လွန်းခြင်း များလည်း တိုင်နိင်ငံ အနှံ့အပြား၌ ဖြစ်နေသည်။ မူစလင်များလည်း ဆူပွက် နေကြကာ၊ တိုင်း နိင်ငံ များစွာ၌ အန္တရာယ် အလွန်ကြီး လာသည်။ သေနပ်ပစ်မှုလည်း တနေ့တခြား များပြားလာ၍၊ လုံခြုံမှု မရှိတော့ချေ။ ရောဂါ အမျိုးမျိုးလည်း ဖြစ်ပွားပြန့်ပွားနေသည်။ အစာရေစာလည်း ခေါင်းပါး၍ စျေးလည်း တရိပ်ရိပ်တက်နေသည်။ လူ့များ၏ အကျင့်လည်း၊ တနေ့ တခြားပျက်ပြားလာ၍ စိတ်ပျက်စရာ ဖြစ်လာသည်။ ထို့ကြောင့် ခရစ်တော် မကြွလာ လို့မရတော့ပါ။ များမကြာမှီ ခရစ်တော် ကြွ လာသောအခါ၊ သင်လည်း ချီဆောင်ခြင်း၌ ပါဝင်နိင်ရန်၊ ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံဘို့ ဘိတ်ခေါ်လိုပါသည်။ 

ယခုလအတွက်...

  • ကယ်တင်ခြင်း 
  • ကိုယ့်အဆင့်ကို တိုးမြှင့်ပါ
  • ကျမ်းစာဖတ်ကြစို့  (ဟေဗြဲ ၂) 
  • ဘုရား သားများဖြစ်ကြ၏ 
  • သက်သေခံခြင်း 
  • သတိထားမည့် အရာများ 
  • ခရီး စဉ်

 

ကယ်တင်ခြင်း 

ထိုပွဲကို ခံ၍ နောက်ဆုံး ဖြစ်သော နေ့မြတ်၌  ယေရှုသည် ရပ်၍ ​ေ ကွး ကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့။ ၃၈ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာ လာသည် အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ၃၉ ထိုသို့ မိန့်တော်မူသော်၊ ယုံကြည်သော သူတို့သည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။  ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မမူသေး။ (ယော ရး၃ရ- ၃၉) 

 ဝိညာဉ်တော်နှင့် မင်္လာဆောင်သတို့သမီးက၊ လာခဲ့ပါ ဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါ ဟုဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကို မပေးဘဲ အသက်ရေကို ယူပါစေ။ (ဗျာ ၂၂:၁ရ) 

ဘုရားသခင်သည် လူသားများကို ချစ်၍၊ ထာဝရ ပျက်စီးမည့် အရာကို အလိုမရှိချေ။ ထို့ကြောင့် သားတော် ယေရှုကို၊ လူ့ဇာတိခံယူခိုင်း၍ လူသားများ၏ အပြစ်ကို၊ အသွေးအားဖြင့် ဆေးကြော၍၊ အသက်အားဖြင့် ပြစ်ဒဏ်သေခြင်းကို လျော် စေခဲ့သည်။ သားတော် ယေရှု လည်း၊ ခမည်းတော်၏ အလိုတော် အတိုင်း၊ မိမိအသက်ကို စွန့်၍ အပြစ် ငရဲမှ ကယ်တင်ခြင်း လုပ်ငန်းကို၊ ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး ပြီ။ ထိုကယ်တင်ခြင်းကို လူတိုင်း၊ ယုံကြည်ခြင်းအားဖြင့် ရယူနိုင်သည်။ သို့သော်၊ ဘုရားသခင်သည် လူတို့၏ အလိုဆန္ဒမပါဘဲ၊ အတင်း အဓမ္မမ ကယ်တင်ပါ။ ထိုကယ် တင်ခြင်းကို အလိုရှိသောသူတည်း ဟူသော၊ ရေငတ်သော သူတို့ သာလျှင် ပေးသည်။ အဘယ်ကြောင့်၊ ဘုရားသခင်သည် လူများကို၊ အတင်း မကယ်တင်သနည်း။ ဖြစ်နိုင် ချေမှာ၊ ဘုရားသခင်သည် လူကို ခလေး ကဲ့သို့ မဟုတ်၊ လူကြီး ကဲ့သို့ ဆက်ဆံသည်။ လူသည် မိမိဆန္ဒအလျောက် ဘုရားသခင်ကို ရှာ၍၊ သို့မဟုတ် ဘုရားသခင်ကိုယ်စား၊ သမ္မာတရားကို ဟောပြောသောသူများကို လက်ခံ၍၊ ကယ်တင်ခြင်းကို လက်ခံစေ ချင်သည်။ ထို့ကြောင့်၊ အိုရေငတ်သောသူ အပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသော သူတို့၊ လာကြ၊၊ ဝယ်၍ စားသောက်ကြလော့၊၊ ငွေမပါဘဲ အဘိုးကို မပေးဘဲ လာ၍ စပျစ်ရေနှင့် နို့ကို ဝယ်ကြလော့။ အစာ မဟုတ်သောအရာ ဘို့သင်တို့ ငွေကိုင်း၊ အမွတ် မပြေနိုင်သောအရာ အဘို့ သင်တို့ ဥစ္စာကိုင်း အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့ နားထောင်လျက်၊ ကောင်းသော အစာကို စားကြလော့။ သင်တို့၏ ဝိညာဉ်သည် ချိုသောအရာ တို့၌ မိမိကို မိမိမွေ့လျော်စေ လိမ့်မည်။ နူးညွတ်သော နားနှင့် ငါ့ထံသို့ လာကြလော့။ နားထောင် ကြလော့။သို့ ပြုလျင် သင်တို့၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ဟု ခေါ်နေသည် (ဟေရှာယ ၅၅:၁-၃)။ 

ဘုရားသခင်က မိတ်ဆွေကို၊ အထက်ပါကဲ့သို့ ခေါ်နေသည်။ လူတိုင်း ဝိညာဉ် ရေငတ် နေကြသည်။ ဝိညာဉ် အတွက် ရေသည်၊ ထာဝရဘုရား ကိုယ်တော်တိုင် ဖြစ်သည်။ ထိုသို့ ဝိညာဉ် ရေငတ်သောအခါ၊ စိတ်မပျော်ရွှင်နိုင်ကြချေ။ စိတ်ပျော်ရွှင်၊ ငြိမ်သက်နိုင်ဘို့ရန်၊ ငွေကို အသုံးပြု၍၊ အမျိုးမျိုး ဝယ် ကြသည်။ သို့သော် ဘုရားသခင်က၊ အစာ မဟုတ်သောအရာ ဘို့ သင်တို့ ငွေကိုင်း၊ အမွတ် မပြေနိုင်သောအရာ အဘို့ သင်တို့ ဥစ္စာကိုင်း အဘယ်ကြောင့်ကုန်စေကြသနည်း၊ ဟု မိတ်ဆွေ ွကို ခေါ်နေသည်။ မိတ်ဆွေ၊ ကိုယ့် ဝိညာဉ်က၊ ဘုရားကိုသာလျှင် ငတ်နေသည်။ ထိုအရာကို သိနားလည်စေချင်သည်။ လောကအရာများသည်၊ မည်မျှပင်လိုက်စားသော်လည်း၊ ဆားရေသောက် သကဲ့သို့ ဘယ်သောအခါ မျှ၊ ကျေနပ်ခြင်း မပေးနိုင်ပါ။ အကယ်၍ ကျေနပ်မှု ရနေလျှင် လည်း၊ ထာဝရ ကာလ၌ မီးငရဲအိုင်ထဲ၌ အလွန် ဆင်းရဲခြင်း ဒုက္ခ ခံစားရမှာ၊ ဖြစ်သည်။ 
 
ဘဝအရှုံးပေးသူများ 

အချို့သောသူများသည်၊ ကိုယ့်ကိုယ်ကို အပြစ်တင်လျက်၊ ဘုရားသခင်ကလည်း လက်ခံနိုင်မည် မဟုတ်ဟု၊ ဘဝကို အရှုံးပေးသောသူများလည်းရှိကြသည်။ ထို့ကြောင့်၊ ဘုရားထံသို့ မချဉ်းကပ်ဝန့်၊ ယုံကြည်သူများ ထံ၌လည်း မပေါင်းဖေါ်ရဲဘဲ၊ အပြစ် နွံထဲ၌ နစ်နေ သူများရှိကြသည်။ အပြစ်ကို သိလျက်နှင့် မလုပ်ဘဲ မနေနိုင်သူ များလည်းရှိကြသည်။ သင်သည် ထိုကဲ့သို့ ဘဝကို အရှုံးပေးသောသူ ဖြစ်လျှင်၊ သတင်းကောင်းပြောလိုပါသည်။ သင့်ကို ဘုရားသခင်က ချစ်သည်၊ ဟု သိစေချင်သည်။ ရှင်ပေါလုက၊ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက် ကြောင့်၊ အသေခံတော်မူသည် ဖြစ်၍၊ ဘုရားသခင်သည်၊ ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို၊ ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ဟု ရေးထားသည် (ရော ၅:၈)။ ဘုရားသခင်က၊ လူသည် အပြစ်သား ဖြစ်ကြောင်း၊ အပြစ် မလုပ်ဘဲ မနေနိုင်ကြောင်းကို၊ သိပြီးသား ဖြစ်သည်။ ထို့ကြောင့်၊ သင်လည်း ဘုရားသခင်က၊ အပြစ်ရှိလျက် ပင်ချစ်သည်ဟု သိစေချင်သည်။ 

သခင်ယေရှုက၊ ကျန်းမာသော သူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသော သူတို့ သာလျှင် အလိုရှိကြ၏။ ​ဖြောင့်မတ်သော သူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ ငါလာသည် မဟုတ်၊ ဆိုးသော သူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။ ဟုဆိုသည် (မာ ၂:၁ရ) သခင်ယေရှုသည် သူ့ကိုယ်သူဆေးသမား၊ ဆရာဝန်နှင့် နှိုင်းထားသည်။ ဆရာဝန်များသည် လူနာများ ကုသဘို့ရန် ဖြစ်သည်။ လူ၏ အနာသည် ပြင်းထန်လေလေ၊ ဆရာဝန်ကဂရုစိုက်လေလေ ဖြစ်သည်။ ထို့နည်း တူ၊ ခရစ်တော်လည်း အပြစ်သားများကို၊ ကယ်ဘို့ လာသည် ဟုဆိုသည်။ လူနာသည် ဆရာဝန်အား မကိုးဘဲ၊ ကိုယ်ကိုယ်ကို ကုသတတ်သည်။ သို့သော်၊ မတတ်နိုင် တော့သောအခါ၊ ဆရာဝန်ထံချဉ်းကပ်တတ်သည်။ ဆရာဝန်ကသူ၏ အနာ ပြင်းထန်သောကြောင့်၊ ကုသဘို့ရန် ငြင်းမှာ မဟုတ်။ ထိုနည်းတူ၊ သင်သည် ကိုယ်ကိုယ်ကို အပြစ်သား ဖြစ်ကြောင်း သိ၍ ဝန်ခံလျှင်၊ သခင်ယေရှု ထံလာပါ။ အကျင့်ကောင်းမှ မဟုတ်၊ ရှိသည့်အတိုင်း လာပါ။အား မနာ၊ မရှက်ပါနှင့်။ သခင်ယေရှုသည်၊ သင်ကဲ့သို့သော အပြစ်သားများကို ချစ်၍၊ ကုသပေးနေသည်။ မယုံကြည် လျှင်လည်း စမ်းသပ်ကြည့်ပါ။ ဘဝကို အရှုံးမပေးပါနှင့်။ 

မည်ကဲ့သို့ သခင်ယေရှု ထံလာမည်နည်း။ သခင်ယေရှုသည် သင့်အနားမှာ ရှိနေသည်။ ဤသို့ လက်ခံပါ၊ သခင်ယေရှု ဘုရား၊ ကိုယ်တော်သည် အပြစ်သားများကယ်ဘို့ လာသည်ဟု သိရပါသည်။ ​ကျွန်ပ်သည် အပြစ်သား ဖြစ်ပါ၏။ ကိုယ်တော်၏ စကား အတိုင်း၊ ယခုကိုယ်တော် ထံလာပါပြီ။ ​ကျွန်ပ်ကို လက်ခံတော်မူပါ။ ​ကျွန်ပ်၏ စိတ်နှလုံးတံခါးဖွင့်ပေးပါ၏။ ဝင်တော်မူပါ။ ​ကျွန်ပ်၏ အပြစ်များကို လွှတ်တော်မူပါ။ ​ကျွန်ပ်၏ အသက်တာကို အုပ်စိုးတော်မူပါ။ 

 ရှင်ပေါလုကလည်း၊  ယေရှု ခရစ်သည် အပြစ်ရှိသော သူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ ကွလာတော်မူသည် ဟူသော စကားသည် သစ္စာ စကား ဖြစ်
၏။ အကွင်းမဲ့ခံယူအပ်သော စကားလည်း ဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီး ဆုံး ဖြစ်၏။ သို့သော်လည်း၊ ထာဝရ အသက် အလိုငှါ ယုံကြည် လတံ့သော သူတို့ လိုက်စရာ ပုံသက်သေ ဖြစ်စေခြင်းငှါ၊ အကြီး ဆုံးသော အပြစ်ရှိသော ငါ၌၊  ယေရှု ခရစ်သည် ခပ်သိမ်းသော ခန္တီတော်ကို ပြတော်မူ မည်အကြောင်း၊ ငါ့ကို သနားတော်မူပြီ။ ဟုဆိုသည် (၁ တိ ၁:၁၅-၁ရ)။ 

လောက၌ စည်းစိမ်၌ ကျေနပ် သူများ 

အချို့သောသူများသည်လောက၌ ပျော်မွေ့ နေကြသည်။ လုပ်အား ခကောင်း ကောင်းရ၍၊ ဝင်ငွေမှန်မှန်ရှိသောကြောင့်၊ လိုချင်သော အရာများကို ဝယ်နိုင်သောသူများသည်၊ ဤလောက၌ ကျေနပ် အားရလျက်၊ နောင်တ မလွန်အတွက် ဘာမျှမ စဉ်းစားကြချေ။ လောလောဆယ်အဆင်ပြေမှု အပေါ်၌ စိတ်ချကာ၊ ဝိညာဉ် ရေးရအတွက် ပြင်ဆင်မှု မရှိကြချေ။ ထိုသူများကို သခင်ယေရှု၏ စကားအားဖြင့် သတိပေးလို ပါသည်။ သခင်ယေရှုက၊ သူဌေးတယောက်သည် နီမောင်းသော ကမ`လာနှင့် ပိတ် ချောကို ဝတ်ဆင်၍၊ ကာမဂုဏ် စည်းစိမ်၌ နေ့တိုင်း ပျော်မွေ့လျက် နေ၏။ လာဇ ုအ မည်ရှိသောသူဆင်းရဲ တယောက်သည် တကိုယ်လုံး၌ အနာစိမ်းပေါက်၍၊ သူဌေး၏ စားပွဲမှကျသော စားနုပ် စားပေါက်ကို စားပါရစေဟု တောင့်တသော စိတ်နှင့် သူဌေး အိမ်တံခါးနားမှာတုံးလုံးနေ၏။ ခွေးတို့သည် လာ၍ အနာစိမ်းများကိုလျက် ကြ၏။ တနေ့သ၌ ထိုဆင်းရဲ သားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သ+ဂ ုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကိုင်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇ ုကိုင်း အဝေးကမြင်လျှင်၊ အိုအဘအာဗြဟံ၊ အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အ​ကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာ ခံရသောကြောင့်၊ လာဇ ုသည် မိမိလက်ဖျားကို ရေ၌ နှစ်၍ အ​ကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အ​ကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။ အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာ ရသည်ကိုင်း၊ လာဇ ုသည် ဆင်းရဲစွာ နေရသည်ကိုင်းအောက်မေ့လော့။ ယခုမူကား၊ သူသည် သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခ ဝေဒနာကို ခံရ၏။ ထိုမှတပါး၊ ငါတို့နှင့် သင်တို့ စပ်ကြား၌ အလွန် နက်လှသော ချောက်ကြီး တည်လျက် ရှိ၏။ ထိုကြောင့် ဤအရပ်မှသင်တို့ ရှိရာသို့ ကူးချင်သောသူမကူးနိုင်။ ထိုအရပ်မှငါတို့ ရှိရာသို့ ကူးချင်သောသူလည်း မကူးနိုင် ဟုဆို၏။ 
 (လု ၁၆:၁၉-၂၆) 

သူဌေးကြီးသည် ယခုဘဝ အတွက်သာ ပြင်ဆင်သောကြောင့်၊ မရဏာနိင်ငံ တည်းဟူသော ငရဲထဲ၌ ပြင်းပြစွာသော ဝေဒနာ ခံစားရသည်။ ထိုနည်းတူ သင်လည်း၊  ယခုဘဝ အတွက် သာအသက်ရှင်၍ ကျေနပ် နေလျှင်၊ နောင်ဘဝ၌ သူဌေးကဲ့သို့ ဝေဒ နာခံရမှာ စိုးရိမ်စရာ ရှိသည်။ ထို့ကြောင့်၊ ယခုအချိန် ရှိသေးချိန်တွင်၊ ဘုရားသခင် ပေးသော၊ ကယ်တင်ခြင်းကို လက်ခံဘို့ လိုသည်။ ဤလောက စည်းစိမ်သည်၊ နောင် တမလွန်ဘဝအတွက်၊ အာမခံချက်မပေးနိုင်ပါ။ 

 

ကိုယ့်အဆင့်ကို တိုးမြှင့်ပါ

 

 အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသော အမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ်သော အမှု၌ သစ္စာ မရှိသောသူသည် ကြီးသော အမှု၌လည်း သစ္စာ မရှိ။ (လု ၁၆:၁၀) အကြင်သူသည် ရတတ်၏၊ ထိုသူ၌ ကွယ်ဝပြည့် စုံခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည်။  (မ ၁၃:၁၂) ထိုကြောင့် အခွက်တဆယ်ကို ထိသူ၏ လက်မှနှုတ်ကြ၊ အခွက်တရာရှိသောသူကို ပေးကြ။ အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏၊ ထိုသူ၌ ကွယ်ဝ ပြည့်စုံစေခြင်းငှါ ပေးဦးမည်။ (မ ၂၅:၂၈-၂၉) 

ဘဏ်မှခရဲဒစ်ခတ် (Credit Card) အသုံးပြုသောအခါ၊ အနိမ့်ဆုံးသော အဆင့်နှင့် အ​ကျွေးဆပ်တတ်သောသူကို၊ ဘဏ်ကချေးငှါး ခွင့် (Credit limit) မတိုး ပေးတတ်ချေ။ ဘဏ်မှချမှတ်သော အ​ကျွေးဆပ်မည့် အနိမ့်ဆုံးအရာထက်၊ နှစ်ဆသုံး ဆဖြင့် အ​ကျွေးဆပ်ပါက၊ ချက်ချင်း ဘဏ်ကချေးငှါး ခွင့် (Credit limit)ကို တိုးပေးမည် ဖြစ်သည်။ ထိုသို့ အ​ကျွေးကိုများများ ဆပ်တတ်လျှင်၊ ဘဏ်ကလည်း ချေးငှါး ခွင့်ကို တိုး ပေးသွားမည် ဖြစ်သည်။ ထိုသို့သောအားဖြင့် ကိုယ့်အဆင့်ကို မြှင့်တင်နိုင်သည်။ လူတောထဲမှာလည်း၊ ကိုယ်တတ်​ကျွမ်းသောအရာ ကို၊ အသုံးမပြုလို သို့မဟုတ် အပြု ရဲလျှင်၊ လူများ ကသင့်ကို မသိသောကြောင့် အဘယ်အရာမျှ ခိုင်းမည် မဟုတ်ချေ။ ထို့ကြောင့်၊ ဝါကြွားလိုသောအားဖြင့် မဟုတ်ဘဲ၊ ကိုယ့်အဆင့်ကို မြှင့်တင်ဘို့ လိုသည်။ 

ဘုရားသခင်လည်း ဘဏ်ကဲ့သို့ဖြစ်သည်။ အနည်းငယ်သော အမှု၌ သစ္စာရှိသောသူများကို၊ ကြီးသောအမှု အပ်မည် ဖြစ်သည်။ ထို့ကြောင့် ကြီးသောအမှု အပ်ခြင်း ခံဘို့ရန်၊ ငယ်သော အမှု၌ သစ္စာရှိရမည် ဟုဆိုသည်။ လူအများစုသည်၊ အနည်းငယ်သော အမှု၌၊ သစ္စာ မရှိကြသောကြောင့်၊ ဘုရားသခင်က ကြီးသော အမှုကို၊ မအပ် နိုင်ခြင်း ဖြစ်သည်။ ဘုရားသခင်က၊ လူတိုင်းကို အစွမ်းအစပေးထားကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီး ခံရကြသည်နှင့် အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော် ဘ ာစိုး ကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။ ဘုရားသခင်သည် အရာရာ၌  ယေရှု ခရစ်အားဖြင့် ဘုန်းတော် ထင်ရှားစေမည်အကြောင်း၊ ဟောပြောသောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်နှင့် အညီဟောပြောစေ။ အခြားသော အမှုကို ဆောင် ရွက်သောသူသည်၊ ဘုရားသခင် ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ (၁ ပေ ၄:၁၀-၁၁)။ ထို့အပြင်၊ ထိုသို့ ပေးတော်မူသော ကျေးဇူးတော် အတိုင်း ငါတို့သည် အသီးသီးအပြားပြားသော ဆုများကို ခံရသည် ဖြစ်၍၊ ပရောဖက် အရာရှိလျှင်၊ ယုံကြည်ခြင်း ပမာဏကို ရသည် အတိုင်း ပရောဖက် ပြုကြ ကုန်အံ့။ ၇ ဓမ္မဆရာအရာရှိလျှင်၊ ဓမ္မဆရာ၏ အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ ၈ နိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲ ဝေငှသောသူသည် လျစ်လျုသော စိတ်နှင့် ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်း အမှုကို ပြုသောသူသည် စေတနာစိတ်နှင့် ပြုစေ။ (ရော ၁၂:၆-၈)ဟု ရေးထားသည်။ 

များစွာသော ယုံကြည်သူများသည်၊ မိမိတို့ ရရှိထားသော အစွမ်းအစ၊ ဝိညာဉ်ဆုကျေးဇူးများကို အသုံးမပြုကြချေ။ အဘယ်ကြောင့် အသုံးမပြုကြသနည်းဟူမူကား၊ မိမိရရှိထားသော ဝိညာဉ်ဆုကျေးဇူးကို၊ တန်ဘိုး မထားခြင်းနှင့် မသိ သောကြောင့် ဖြစ်သည်။ ဝိညာဉ်ဆုကျေးဇူး (ှစငမငအက​ေူ ါင်အ)သည် မွေးရာပါလက် ဆောင် ဖြစ်သည်။ လူတိုင်း ကိုယ်ခန္ဓာပိုင်း မွေးဘွားသောအခါ၊ အစွမ်းအစရရှိ ကြသည်။ ထိုအရာများမှာ၊ အသံကောင်းခြင်း၊ အား ကစားတော်ခြင်း၊ စကား တတ် လွယ်ခြင်း၊ ခွန်အားကြီးခြင်း၊ ပညာသင်သောအခါ သူတပါးထက် တတ်လွယ်ခြင်း၊ လက်မှု ပညာ၌ တတ်လွယ်၍ လက်ရာကောင်းမွန်ခြင်း၊ စသည် ဖြင့်၊ ကိုယ့်အသက် မွေးဝမ်းကျောင်းပြုဘို့ အတွက်၊ ဘုရားသခင်က အစွမ်းသတ္တိများကို၊ လက်ဆောင် ပေးထားသည်။ သို့သော် ဘုရား ပေးထားသော အစွမ်းအစများကို၊ မသုံး တတ်ခြင်း၊ အလွှဲသုံးစားခြင်း ပြုပါက၊ အကျိုးမပြုဘဲ၊ ဆိုးကျိုးသာလျှင် ဖြစ်စေတတ်သည်။ ရုပ် ရည်လှပ သူများလည်း၊ အသုံးမပြုမစောင့်ရှောက်တတ်သောအခါ၊ အကျင့်ပျက်သောသူအဖြစ် ဘုရား ပေးသော ရုပ်ရည်ကို၊ ဖျက်ဆီးကာကိုယ်ကျိုးနည်းတတ်သည်။ ဘုရား ပေးထားသော အစွမ်းအစကို၊ အသုံးပြုသည်သာမက၊ တိုးပွားစေတတ်သောသူသည်၊ ထိုလက်ဆောင်အားဖြင့် တိုးတက်ကြီး ပွား၍၊ ကိုယ်တိုင် မက၊ အခြားသူများ ပင်လျှင် ကူညီနိုင်သည် အထိ၊ အကျိုးပြုတတ်သည်။ 

ထို့နည်းတူ၊ ဝိညာဉ်ပိုင်း၌ မွေးဘွား လာသောအခါ၊ ဘုရားသခင်က၊ လက် ဆောင်ပေးထားသည်။ ထိုအရာကို အသုံးပြုရမည်။ အသုံးပြုပါက၊ ဘုရားသခင်က ထပ်၍ ပေးဦးမည်။ များစွာသော ယုံကြည်သူများ၊ အဘယ်ကြောင့်ဘုရား ပေးသော လက်ဆောင်အစွမ်းအဆကို အသုံးမပြုသနည်းဟူမူကား၊ ကိုယ်ရသော လက် ဆောင်ကို မသိခြင်းကြောင့် ဖြစ်သည်။ အဘယ်ကြောင့် မသိသနည်းဟု မေးပြန်လျှင် အသုံးမပြု၊ မစမ်းသပ်သောကြောင့် ဖြစ်သည်။ အသံကောင်းသောသူသည်၊ သီချင်း မဆိုလျှင် မည်သို့ မျှမိမိ အသံကို သိနိုင်မည် မဟုတ်။ ဘော်လုံးကန်တတ်သောသူသည်၊ ဘော်လုံးကွင်း၌ ဆင်း၍ မကန်ဘူးလျှင် သိမည် မဟုတ်ချေ။ ထို့နည်းတူ၊ ဝိညာဉ်ပိုင်း၌ သက်သေခံတတ်သော ဆုကို၊ သက်သေမခံဘူးလျှင် သိနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဘုရား ပေးသော ဝိညာဉ်ဆုကို အသုံးပြုရမည်။ ဝိညာဉ်ဆုရမရမည်သို့ သိနိုင်မည်နည်း။ အသုံးပြုကြည့်သောအခါ၊ လွယ်ကူပေလိမ့်မည်။ ထို့အပြင် အ ထူးဝန်လေးပင်ပန်းခြင်းရှိမည်မည်ဟုတ်။ ဆုမရလျှင် မည်မျှပင်ကြိုးစားသော်လည်း၊ များစွာ မတိုးတက်တတ်ချေ။ ထို့ကြောင့် ယခုမှစ၍၊ ဘုရားကပေးထားသော ဆုကို သိနိုင်ရန်၊ အမျိုးမျိုး သောက၌ ပါဝင်ကြည့်ပါ။ ထိုသို့ ပါဝင်သောအခါ၊ တခေါက် တည်းနှင့် သိနိုင်မည် မဟုတ်။ အတော် အတန်ပါဝင်ဘို့ လိုသည်။ ဘုရား ပေးထားသော လက်ဆောင် ဖြစ်လျှင်၊ ထိုအရာ၌ ပျော်မွေ့လိမ့်မည်။ လွယ်ကူစွာ အသုံးပြုနိင် လိမ့်မည်။ 

ဝိညာဉ် လက်ဆောင်များ အသုံးမပြုခြင်း၏ အခြားအကြောင်းရင်းတခုမှာ၊ ဘုရား ပေးထားသောအရာကို မနှစ်သက်ခြင်း၊ တန်ဘိုး မထားခြင်းကြောင့် ဖြစ်သည်။ ဘုရား ဖြစ်စေချင်သောအရာကို မလုပ်ချင်ဘဲ၊ ကိုယ်ဖြစ်ချင်သောအရာကိုသာ လုပ် သောကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်ခြင်း လည်း၊ ဘုရား အလိုတော်ကို မရှာဘဲ၊ သူတ ပါးကဲ့သို့ဖြစ်ချင် သောကြောင့် ဖြစ်သည်။ လူအများစု၏ အားနည်းချက်မှာ၊ ကိုယ်ရ ထားသော ဝိညာဉ်ဆုကျေးဇူးကို အလိုမရှိ၊ အသုံးမပြုဘဲ သူတပါးရရှိသောအရာ ကိုသာ၊ အား ကျတတ်သည်။ ထိုသို့ဖြစ်ခြင်းသည် လည်း၊ ဝိညာဉ်ပိုင်း၌ လူကြီး မဖြစ်၊ ခလေး ဖြစ်သောကြောင့် ဖြစ်သည်။ ခလေး များသည်၊ သူတို့ကိုင်သော ပစ္စည်းကို မကြိုက်ဘဲ၊ သူတပါးကိုင်သော ပစ္စည်းများကိုသာ၊ လုချင်ကိုင်ချင် တတ်ကြသည်။ အမှန်မှာ သူတပါး၌ ရှိသော ပစ္စည်းသည်၊ ကိုယ်ပိုင်သော ပစ္စည်းထက် ကောင်းချင်မှ ကောင်းမည်။ သို့သော်၊ ခလေး သဘာဝ အရ၊ ကိုယ်ပိုင်သောအရာထက်၊ သူတပါး ပိုင်သောအရာကို အားရတတ်သည်။ ထို့ကြောင့် ယုံကြည်သူ တိုင်း၊ ဝိညာဉ်ပိုင်း၌ ကြီးထွားရင့်ကျက်သောသူများ ဖြစ်ဘို့ လိုသည်။ 

ကျမ်းစာဖတ်ကြစို့
ဟေဗြဲ ၂

 

၁။ ထိုကြောင့်၊ ငါတို့သည် ကြားရသော ဒေသနာတော်ကို မမေ့မလျော့မည်အ ကြောင်း၊ စိတ်နှလုံး၌ သာ၍ မှတ်မိစွဲလမ်းခြင်းရှိရကြမည်။ 

ဒေသနာတော် တည်းဟူသော သမ္မာတရား၊ ကယ်တင်ခြင်း တရား၊ကို မမေ့လျော့ဘို့ ဤနေရာ၌ တိုက်တွန်းထားသည်။ လူသည် မေ့လွယ်သောသူနှင့် မမေ့တတ်သောသူဟူ၍ နှစ်မျိုးရှိသည်။ သင်သည် မေ့တတ်သောသူများ ဖြစ်လျှင်၊ ဤတိုက်တွန်းစာသည် သင့်အတွက် ဖြစ်သည်။ မည်ကဲ့သို့ မမေ့ဘဲ မှတ်မိနိုင်မည် နည်းဟူူမူကား၊ အလေးထား၊ ဂရုစိုက်၊ တန်ဘိုး ထားရမည်။ တန်ဘိုး ထားသောအရာကို မေ့ဘို့ ခက်သည်။ ထို့ကြောင့် သမ္မာတရားကို တန်ဘိုး ထားပါ။ ပို၍ မှတ် မိပါလိမ့်မည်။ 

၂။ ကောင်းကင်တမန် များအားဖြင့် ထားတော်မူသော ဗျာဒိတ်တော်သည်၊ တည်၍ ပြစ်မှားလွန်ကျူးခြင်း အမှု အမျိုးမျိုးတို့ သည်၊ ခံထိုက်သော အပြစ် ဒဏ်ကို ခံရသည် မှန်လျှင်၊ 

ကောင်းကင် တန်မန်များအားဖြင့် ထားတော်မူသော ဗျာဒိတ်တော်၊ ဟုဆိုသောအရာသည် ဓမ္မဟောင်းကျမ်း၌ များများ မတွေ့ရချေ။ အသတ်ခံရသော သထေ ဖန်က၊ သင်တို့သည် ကောင်းကင်တမန် များခင်းကျင်းသောအားဖြင့် ပညတ်တ ရားတော်ကို ခံရသော်လည်း မစောင့်မရှောက်ကြဟု သတေဖန် မွက်ဆို၏။ (တ ရး၅၃) ဟုပြောသောအရာ နှင့်၊ ရှင်ပေါလုက၊ သို့ဖြစ်၍ ပညတ်တရားသည် အဘယ် အကျိုးရှိသနည်းဟူမူကား၊ ဂတိတော်ကို ခံသော အမျိုးအနွယ်မ ဖြစ်မှီတိုင်အောင်၊ ဒုစ ုိက်များကြောင့် ထိုတရားကို ထပ်၍ ပေးတော်မူ၏။ ထိုတရားကို ကောင်းကင်တမန် များအားဖြင့် အာမခံ၏ လက်၌ ထားတော်မူ၏။ (ဂလာ ၃:၁၉)ဟု ရေးသော အရာများကိုသာလျှင် တွေ့ရသည်။ 

၃။ အစအဦး၌ သခင်ဘုရား ဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသော သူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြော သော၊ ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်း တရားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ အပြစ် ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။ 

သခင်ဘုရားသည် ခရစ်တော်ကို ဆိုလိုသည်။ ဟေဗြဲရေးသူက၊ ဒေသနာ စကားသည် သခင်ဘုရားကစ၍ ဟောပြောသည်၊ ဟုဆိုသောကြောင့် ဓမ္မဟောင်း ကာလကို မဆိုလိုမှန်းထင်ရှားသည်။ ကယ်တင်ခြင်း တရားကို တမန်တော်များက ဆက်ဟော၍ နိမိ်တ်လက္ခဏာများနှင့် သက်သေထူသည်။ ယနေ့ တိုင်အောင်၊ သမ္မာ တရားဟောသော နေရာ များစွာတို့၌၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများအားဖြင့် သက်သေထူတတ်သည်။ 

 ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်း တရားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ အပြစ် ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း ဤမျှလောက်ကြီးစွာသော ကယ်တင်ခြင်း ဟုဆိုသည်။ ကယ်တင်ခြင်းသည် အကြီးမားဆုံး သောအရာ ဖြစ်သည်။ ထိုအရာကို နားမထောင်လျှင် အပြစ် ဒဏ်နှင့် မလွတ်နိုင် ဟုဆိုသည်။ ထို့ကြောင့် ထိုကယ်တင်ခြင်းကို၊ ဂရုစိုက် နားထောင်၍ ယုံကြည်ဘို့ တိုက်တွန်းလိုပါသည်။ 

၄။ ထိုသက်သေခံသော သူတို့နှင့်အတူ ဘုရားသခင်သည် နိမိတ်လက္ခဏာ၊ အံ့ ဘွယ်သောအမှု အားဖြင့်င်း၊ ထူးဆန်းသော တန်ခိုး အထူးထူး အပြားပြားအားဖြင့်င်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်း ဝေငှသော ဆုကျေးဇူး အားဖြင့်င်း သက်သေခံတော်မူပြီ။ 

သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။ ယုံကြည်၍ ဗတ္တိဇံကို ခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ် စီရင်ခြင်းကို ခံရလတံ့။ ယုံကြည်သော သူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာ ဟူမူကား၊ ငါ၏ နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ် ကြလတံ့။ ထူးခြားသော ဘာ သာစကား မျိုးတို့ကို ပြောကြလတံ့။ ​ေ မွတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ် ကြလတံ့။ မကျန်းမမာသော သူတို့အပေါ်မှာ လက်ကို တင်၍ ချမ်းသာ ပေးကြလတံ့ဟု မိန့်တော်မူ၏။ ထိုသို့ သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍ ဘုရားသခင်၏ လက်ျာတော် ဘက်၌ ထိုင်နေတော်မူ၏။ တပည့်တော်တို့သည်လည်း ထွက် သွား၍၊ သခင်ဘုရားသည် မစတော်မူသည် နှင့်င်း၊ သူတို့၌ ဖြစ်သော နိမိတ်လက္ခဏာအားဖြင့် နှုတ်ကပတ်တရားတော်ကို တည်စေတော်မူသည် နှင့်င်း၊ ခပ်သိမ်းသော အရပ်တို့၌ တရားဟောကြ
၏။ (မာ ၁၆:၁၅-၂၀)။ 

သခင်ဘုရား မှာထား သကဲ့သို့၊ တမန်တော်များသည်၊ ပင်တေကုတ္တေနေ့ မှစ၍၊ ကယ်တင်ခြင်း တရားကို၊ နေ့တိုင်း ဟောပြော ကြသည်။ တမန်တော်များ၏ တရားဟောချက်ကို၊ အသင့် နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကို ခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည် ဝင်ကြ၏။ ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကို ခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကို ဖဲ့ခြင်း၊ ပဌနာ ပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏။ လူအပေါင်းတို့သည် ကြောက်လန့်ခြင်းရှိသည် ဖြစ်၍ တမန်တော်တို့သည် များစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။ (တ ၂:၄၁-၄၃) 

၅။ ငါတို့ ပြောဆို သော၊ နောင်ကပ်ကမ္ဘာကို အုပ်စိုးရသော အခွင့်ကို၊ ကောင်းကတမန်တို့၌၊ အပ်ပေးတော်မူသည် မဟုတ်။ 

ယနေ့ ယုံကြည်သူများသည် နောင်ကပ်ကမ္ဘာတည်း ဟူသော၊ အနှစ်တ ထောင်ကာလ၌၊ အုပ်စိုးရသော အခွင့်ကို ပေးထားသည်။ သို့သော် ထိုအခွင့်အရေးကို၊ ကောင်းကင်တမန်တို့၌၊ အပ်တော်မမူ ဟုဆိုသည်။ ထို့ကြောင့် ယနေ့ ယုံကြည်သူများသည်၊ အခွင့်ထူးခံသောသူများ ဖြစ်ကြသည်။ ထိုသို့ နောင်ကမ္ဘာ၌ အုပ်စိုး မည့်သူများဖြစ်သောကြောင့်၊ ယခု စာတန် အုပ်စိုးသော ဤလောကကို တပ်မက်ခြင်း မရှိသင့်ချေ။ ယခုလောကကို အုပ်စိုးလိုလျှင်၊ စာတန်၏ လက်အောက်မည် ဖြစ်မည်။ ထို့ကြောင့်၊ စာတန် လက်အောက်၌ ဘယ်အရာကိုမျှ တပ်မက်ခြင်း မရှိသင့်ချေ။ 

၆။ ကျမ်းစာ တချက်၌ တယောက်သောသူက၊ လူသည် အဘယ်သို့ သောသူ ဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူ ရသနည်း။ လူသားသည် အဘယ်သို့ သောသူ ဖြစ်၍၊ အကြည့်အ ှု ကွလာတော်မူ ရသနည်း။ ရ။ သူ့ကို ကောင်းကင်တမန်တို့ အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ။ သူ၏ ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။ ဖန်ဆင်းတော်မူသော အရာများကို အုပ်စိုးစေ၍၊ ၈။ ခပ်သိမ်းသောအရာ တို့ကို သူ၏ ​ခြေအောက်၌ ချထားတော်မှု ပြီဟု သက်သေခံသတည်း။ ခပ်သိမ်းသောအရာ တို့ကို ချထားတော်မူ၏ ဟုဆိုသော်၊ မချထားဘဲ ကျန်ရစ်သောအရာ အစုံ တခုမရှိရ။ ယခုမူကား၊ ခပ်သိမ်းသောအရာ တို့သည် ချထားလျက် ရှိသည်ကို ငါတို့ မမြင် ရကြသေး။ 

အထက်ပါ ကျမ်းပိုဒ်သည် ကိုယ်တော်သည် လူကို ပမာဏပြု၍ စိတ်စွဲ လမ်းတော်မူ မည်အကြောင်း၊ သူ့ကို နံနက်တိုင်း အကြည့်အ ှု ကွလာ၍၊ ခဏခဏစုံစမ်းတော်မူ မည်အကြောင်း၊ လူသည် အဘယ်သို့ သောသူ ဖြစ်ပါသနည်း၊၊ 
 (ယောဘ ရး၁ရ- ၁၈) လူသည် အဘယ်သို့ သောသူ ဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူ ရသနည်း။ လူသားသည် အဘယ်သို့ သောသူ ဖြစ်၍ အကြည့် အှု ကွလာတော်မူ ရသနည်း၊၊ သူ့ကို ကောင်းကင်တမန်တို့ အောက်၌ အနည်းငယ် နှိမ့်တော်မူပြီ၊၊ (ဆာ ၈:၄) ဟူသောအရာ ကိုကိုးကားခြင်း ဖြစ်သည်။ 

ဤနေရာ၌ လူသည်၊ ကောင်းကင်တမန်ထက် နိမ့်ကြောင်း တွေ့ရသည်။ သို့သော်၊ ဘုရားသခင်သည် လူကို ပမာဏပြု၍၊ အကြည့်အရှုကြွလာ​ေတော်မူသည်။ ထို့ကြောင့်၊ အား ငယ်စရာ မလိုချေ။ သင်နှင့် ​ကျွန်ပ်ကို ဘုရားသခင်က၊ ဂရုစိုက်ကြောင်း သိပါ။ လူများ ကသင့်ကို ဂရုမစိုက်လျှင် လည်း၊ ဘုရားသခင်က ဂရုစိုက်သောကြောင့် ကျေနပ် အားရစရာ ဖြစ်သည်။ ခရစ်တော် ကိုယ်တိုင် လည်း၊ လူ့ဇာတိခံခဲ့စဉ်၌၊ ကောင်းကင်တမန်တို့ အောက်အနည်းငယ်နှိမ့်ချခြင်း ခံခဲ့သည်။ သူ၏ ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။ ဖန်ဆင်းတော်မူသော အရာများကို အုပ်စိုးစေ၍၊

၈။ ခပ်သိမ်းသောအရာ တို့ကို သူ၏ ​ခြေအောက်၌ ချထားတော်မှု ပြီ။ 

ဤနေရာ၌ ဘုရားသခင်က၊ အာဒံကို ဘုန်းနှင့် ပတ်ရစ်၍၊ ဖန်ဆင်းထားသော အရာများကို၊ အုပ်စိုး စေခဲ့ခြင်းကို ဆိုလိုသည် (က ၁:၂၈)။ အာဒံသည်၊ ဘုရားသခင်က၊ သူဖန်ဆင်းထားသောအရာ အလုံး အပေါ်၌၊ အစိုးရသော အခွင့်ထူးကို ပေးအပ်ခဲ့သည်။ ထို့ကြောင့်၊ ဖန်ဆင်းထားသော အရာများသည်၊ အာဒံ၏ အမိန့် အတိုင်း နာခံခဲ့ ကြသည်။ 

 ယခုမူကား၊ ခပ်သိမ်းသောအရာ တို့သည် ချထားလျက် ရှိသည်ကို ငါတို့ မမြင်ရကြသေး။ အာဒံသည်၊ အထက်၌ ဖေါ်ပြ သကဲ့သို့၊ ဖန်ဆင်းထားသမျှ အပေါ်၊ အုပ်စိုးရသော အခွင့်ကို၊ ဘုရား စကား နားမထောင် ခြင်းအားဖြင့်၊ ဆုံးရှုံးခဲ့ ရသည်။ ဖန်ဆင်းထားသော အရာများသည်၊ စာတန် လက်ထဲရောက်ရှိသွားသည်။ ထို့ကြောင့်၊ စာတန်က၊ မာရ်နတ်သည်  ယေရှုကို မြင့်လှသောတော် ပေါ်သို့ ဆောင် သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြဍန်၍၊ ဤ ဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ (လု ၄:၅-၆)ဟု ယေရှု ထံ၌ ဝင့်ကြွားစွာ ပြောနိုင်ခြင်း ဖြစ်သည်။ ခပ်သိမ်းသောအရာ တို့သည်၊ ယေရှု လက်အောက်၌ သော်၊ ယုံကြည်သူများလက်၌ သော်၊ မချသေးချေ။ ဒုတိယအကြိမ် ကြွလာမှ ပြည့်စုံမည့် အရာ ဖြစ်သည်။ 
 
၉။  ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက် ကြောင့် အသေခံ ရသော အခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမန်တို့ အောက်၌ အနည်းငယ် နှိမ့်ပြီးမှ၊ အသေခံ ရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေပတ်ရစ်လျက် ရှိသည်ကို ငါတို့ မြင်ကြ၏။ 

 ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက် ကြောင့် အသေခံ ရသော အခွင့်ရှိစေခြင်းငှါ၊ ကျမ်းစာ ရေးသူကယေရှုသည်၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်၊ လူအပေါင်းတို့အတွက် ကြောင့် အသေခံသည် ဟုဆိုသည်။ အသေခံခြင်း သည်၊ ကျေးဇူးတော် ဟုဆိုနိုင်ပါမည်လော။ လူ့အ မြင်အားဖြင့် ဖြစ်လျှင်၊ သေခြင်းသည် အမင်္လာ ဖြစ်သည်။ သို့သော် ဘုရား အမြင်၌ သေခြင်းသည်၊ အားလုံး အမင်္လာ မဟုတ်ချေ။ ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသော သူတို့၏ သေခြင်း အရာသည် အဘိုးကြီး လှ၏၊၊ (ဆာ ၁၁၆:၁၅) တဖန်၊ တဖန်တုံ၊ ကောင်းကင် အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသော သူတို့သည် မင်္လာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့ မှန်ပေ၏။ ထို သူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏ဟု မိန့်တော်မူ၏။  (ဗျာ ၁၄:၁၃) ဟု ရေးထားသည်။ ယေရှု အသေခံခြင်း သည်၊ ရိုးရိုး မဟုတ်၊ လူအပေါင်းတို့အတွက်၊ အပြစ်၏ ​ကျွေးသေခြင်းကို ဆပ်ပေးခြင်း ဖြစ်သောကြောင့် မွန်မြတ်သည်၊ တန်သည်။ ထိုသို့ သေခြင်းသည် ဘုရားသခင်၏ ခွင့်ပြုခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျေးဇူးတော် ဟုဆိုရခြင်း ဖြစ်သည်။ 

ကောင်းကင်တမန်တို့ အောက်၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံ ရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေပတ်ရစ်လျက် ရှိသည်ကို ငါတို့ မြင်ကြ၏။ 

ယေရှုသည်လောက၌ လူ့ဇာတိခံစဉ်၊ ကောင်းကင်တမန် များအောက်၌၊ အနည်းငယ်နှိမ့်ချခြင်း ခံသောကြောင့်၊ ရှင်ပြန်ထမြောက်၍ ကောင်းကင် တက်သောအခါ၊ ဘုန်းအသရေပတ်ရစ်လျက် ရှိသည်။ ထို့ကြောင့် ယုံကြည်သူများလည်း၊ လောက၌ ခဏအသက်ရှင်စဉ်၊ သခင်ဘုရားကဲ့သို့ နှိမ့်ချခြင်း ခံရလျှင်၊ ကျေးဇူးတော်ဟု ခံယူ၍၊ ကောင်းကင်၌ ဘုန်းအသရေရမည့် အရာကို မြော်လင့်သင့်သည်။ 
 
၁၀။ အကြောင်းမူကား၊ များစွာသောသားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သော အရှင်သည်၊ ဒုက္ခ ဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရ မည်အကြောင်း၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသော ဘုရားသည် စီရင်တော်မူ အပ်၏။ 

များစွာသောသားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သော အရှင် သခင်ယေရှုသည်၊ လူများကို အပြစ် ​ကျွန်နှင့် အမျိုးမျိုးသော ဒုက္ခများထဲမှ ကယ်တင်သည်သာမက၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သည် ဟုဆိုသည်။ ထိုနေရာသည် ကောင်းကင် ဖြစ်သည်။ ခရစ်တော် ကိုယ်တိုင်သည် ကောင်းကင်၌ ဘုန်း စည်းစိမ်ရှိသည်။ ယုံကြည်သူများလည်း ကောင်းကင်၌ ဘုန်းစည်းစိမ်ရှိဘို့ ခေါ်ဆောင်သည်။ ထို့ကြောင့် အမြင် တို၍ စိတ်မမြန်ဘဲ၊ ထိုဘုန်းစည်းစိမ်ရှိရာကို မြော်လင့်၍ ဒုက္ခ ဝေဒနာကို ခံသင့်သည်။ 

ဒုက္ခ ဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ အဘယ်ကြောင့် ဒုက္ခ ဝေဒနာသည် စုံလင်ခြင်း ဖြစ်သနည်း။ ကျောင်းတက်သောအခါ၊ စာမေး ပွဲ​ဖြေမှစုံလင်ခြင်းရှိသည် မဟုတ်လော။ စာမေးပွဲသည် ဒုက္ခ ဝေဒနာ ကဲ့သို့ဖြစ်သည်။ ဒုက္ခ ဝေဒနာ ခံစားသောသူများသည်၊ ရင့်ကျက်တတ်သည်။ ဒုက္ခ ဝေဒနာ မခံစား ဘူးသောသူများသည်၊ ပြသနာ အခက်အခဲကို မ​ဖြေရှင်း တတ်၊ ခလေး ကဲ့သို့ဖြစ် ကြသည်။ 

ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်း၍၊ အုပ်စိုးတော်မူသော ဘုရားသည်၊ စီရင်တော်မူ အပ်၏။ ယေရှုခရစ် ဒုက္ခ ဝေဒနာ ခံစား၍၊ သို့ ပြီးမှဘုန်းတော် ဝင်စားစေခြင်း သည်၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသော ဘုရားက၊ စီရင်ခြင်း ဖြစ်သည်။ ပညာအမျှော်အမြင် ရှိသောသူဌေးမိဘများသည်၊ သားသမီးများကို ဘော်ကျော့မထားကြချေ။ သားသမီးများကို အစေခံ​ကျွန်ကဲ့သို့၊ ခပ်သိမ်းသော အလုပ်ကို အောက်​ခြေသိမ်းလုပ်ခိုင်းသည်။ အကြောင်းမှာ၊ မိဘများ သေပြီး နောက် သူတို့ကို်ယ်တိုင်အောက်​ခြေသိမ်းလုပ်တတ်ဘို့ရန် ဖြစ်သည်။ အမျှော်အမြင် မရှိသော မိဘများသည်၊ သားသမီးများကို ဘာမျှမလုပ်ခိုင်း၊ ​ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်၊ ဘော်ကျော့ထားကာအစေခံများကိုသာ အစစအရာရာ လုပ် ခိုင်း ကြသည်။ ထိုသားသမီး များသည်၊ မိဘများ သေဆုံးသောအခါ ဘာမျှမလုပ်တတ် သောကြောင့်၊ အစေခံ​ကျွန်များ လက်အောက်မှာ ရောက်သွားတတ်သည်။ အရာ ခပ်သိမ်းကို အစေခံ​ကျွန်များ အားကိုး သဖြင့်၊ အစေခံ​ကျွန်များ၏ လှည့်စားခြင်းအားဖြင့် ဆင်းရဲ မဲွတေသွားနိုင်သည်။ ထို့ကြောင့် မိဘတိုင်း၊ ကိုယ့် သားသမီးများကို အမှန် တကယ် ချစ်ပါက၊ သူတို့ ငယ်ရွယ်တောင်ကျေးမှစ၍၊ အလုပ်မျိုးစုံကို လုပ်စေ ခြင်းအားဖြင့်၊ ဒုက္ခ မျိုးစုံကို ခံစား စေသင့်သည်။ 
 
၁၁။ သန့်ရှင်းစေတတ်သောသူနှင့် သန့်ရှင်းစေအပ်သောသူများတို့သည် တပါး တည်းသော ပကတိရှိကြ၏။ ထိုကြောင့်၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်း စေအပ်သော သူတို့ကို ညီအစ်ကို ဟူ၍ ခေါ်ခြင်းငှါ ရှက်ကြောက်တော်မမူ။ ထိုသို့ ခေါ်သော အချက်ဟူမူကား၊ ၁၂။ သိတင်းတော်ကို အ​ကျွန်ုပ် ညီအစ်ကိုတို့အား အ​ကျွန်ုပ်ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍ သီချင်းဆို ပါမည်ဟု လာသတည်း။ 

သန့်ရှင်းစေတတ်သောသူ သခင်ယေရှု ဖြစ်သည်။ သန့်ရှင်းစေအပ်သောသူများသည် ယုံကြည်သူများကို ဆိုလိုသည်။ တပါးတည်းသော ပကတိ ရှိကြ၏ ဟုဆိုခြင်းသည် ကွာခြားမှု မရှိ၊ အတူ တူ ဖြစ်သည် ဟုဆိုခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သခင်ယေရှုသည် ကိုယ်တိုင် သန့်ရှင်း သကဲ့သို့၊ သူကို ယုံကြည် သောသူများကို သန့်ရှင်းစေသောကြောင့်၊ အတူ တူ ဖြစ်သည်။ 

ထိုကြောင့်၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သော သူတို့ကို ညီအစ်ကို ဟူ၍ ခေါ်ခြင်းငှါ ရှက်ကြောက်တော်မမူ ဟုဆိုသည်။ ထိုအရာကို သိနိုင်ရန်မှာ၊ လူတယောက်သည် ပညာတတ်သောကြောင့်၊ ပညာရှိများနှင့် ပေါင်း ဖေါ်နိုင်သည်။ သူ၏ ညီများကိုလည်း ပညာတတ်အောင် သင်ပေးသောကြောင့်၊ သူ့ညီများကို သူ၏ အပေါင်းအဖေါ်များနှင့် ပေါင်းဖေါ်စေဘို့ရန် မရှက်၊ အကြောင်းမူကား၊ သူ့ညီများလည်း ပညာတတ်သောကြောင့်၊ အောက်တန်းမကျချေ။ ထို့နည်းတူ သခင်ယေရှုသည် ငါတို့ကို သန့်ရှင်းစေသောကြောင့်၊ ငါတို့ကို သူ၏ ညီဟု မိတ်ဆက်ခြင်း၊ ပေါင်းဖေါ်ခြင်းငှါ မရှက်ချေ။ 

ထိုသို့ ခေါ်သော အချက်ဟူမူကား၊ ၁၂။ သိတင်းတော်ကို အ​ကျွန်ုပ် ညီအစ်ကိုတို့အား အ​ကျွန်ုပ်ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍ သီချင်းဆိုပါမည်ဟု လာသတည်း။ 

အထက်ပါ ကျမ်းပိုဒ်သည် ဆာလံ ၂၂:၂၂၌ ဤသို့ တွေ့ရသည်၊ အ​ကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့အား ကြားပြောပါမည်၊၊ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ ကယ်တင်ခြင်းသို့ ရောက်သောသူများသည် သတင်းတော်ကို မကြားပြောရဲကြ၊ မပြောချင် ကြချေ။ သတင်း ဆိုးများ၊ အရေးမကြီးသောအရာများ၊ အတင်း စကားများမူ၊ တား၍ မရလောက်အောင်ကို ပြောချင် တတ်ကြသည်။ ဘုရားနှင့် ပတ်သက်သော အရာများကို ပရိသတ်အလယ်မှာ၊ မရှက်မကြောက် ပြောရဲဘို့ လိုသည်။ 
 
၁၃။ တချက်ကား၊ ငါသည် ဘုရားသခင်ကို ကိုးစားမည်ဟု လာသတည်း။ တဖန်ကား၊ ငါမှစ၍ ငါ့အား ဘုရားသခင် ပေးတော်မူသောသူငယ်တို့သည် ရှိကြ၏ဟုလာ သတည်း။ 

အထက်ပါ ကျမ်းပိုဒ်သည်၊ ဟေရှာယ ၈:၁ရ- ၁၈ကို ကိုးကားခြင်း ဖြစ်သည်။ ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရားကို ငါသည် ဆိုင်းငံ့လျက် မြော်လင့်မည်၊၊ ၁၈ ငါမှစ၍ ငါ့အား ထာဝရဘုရား ပေးတော်မူသောသူငယ်တို့သည် ရှိကြ၏၊၊ 
 
၁၄-၁၅ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှါင်း၊ သေဘေးကို ကြောက်၍ တသက် လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါင်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေး အသားကို ဆောင်ယူတော်မူ၏။ 

ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့် ထိုသူငယ်တို့သည်၊ လူသားများကို ဆိုလိုသည်။ လူသားများသည် အသွေးအသားရှိ ကြသည်။ 

သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုး စာတန် မာရ်နတ်သည် သေခြင်း တရားကို အစိုးရသည် ဟုဆိုသည်။ စာတန် မရှိလျှင်၊ သေခြင်းလည်းရှိမည် မဟုတ်။ 

သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါ စာတန်သည် သူ၏ တန်ခိုး၊ သေခြင်းဖြင့် လူများကို ခြိမ်း​ခြောက်၍၊ လူများသည် သေရမှာကြောက်သောကြောင့်၊ ဘုရားသခင်နှင့် မိဿဟာယမဖွဲ့နိုင်၊ ဘုရား အလိုတော်ကို မဆောင်နိုင်ကြခြင်း ဖြစ်သည်။ ထိုသူများကို ကယ်လွှတ်ဘို့ရန် ဟုဆိုသည်။ 

ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏ ခရစ်တော်သည် လူသားများကို ကောင်းကင်မှ မကယ်တင်နိုင်ချေ။ အကြောင်းမှာ ကောင်းကင်၌ ဝိညာဉ်အားဖြင့် ရှိ၍၊ မသေနိုင်ချေ။ ထို့ကြောင့် လူ့ဇာတိခံယူကာအသေခံသည်။ အသေခံပြီး နောက်၊ ရှင်ပြန်ထမြောက် ခြင်းအားဖြင့်၊ သေခြင်းကို အောင်မြင်ကြောင်း သက်သေပြသည်။ ထို့ကြောင့် သူ့ကို ယုံကြည်သူ သည်၊ သေခြင်းကို ကြောက်စရာ မလိုတော့ချေ။ သူက၊  ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင် လိမ့်မည်။ ၂၆ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူရှိသမျှ တိုိ့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ (ယော ၁၁:၂၅-၂၆) 

၁၆။ အကြောင်းမူကား၊ ခရစ်တော်သည် ကောင်းကင်တမန်တို့ကို မစတော်မူသည် မဟုတ်၊ အာဗြဟံအမျိုးကို မစတော်မူ၏။ 

ခရစ်တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင် ဖြစ်၍၊ ဂတိတော် အတိုင်း အမွေခံ၏ အရာ၌ တည်ကြ၏ (ဂလာ ၃:၂၉) ယုံကြည်သူများသည် အာဗြဟံ 
၏ အမျိုးအနွယ် ဖြစ်သောကြောင့် ခရစ်တော်သည်၊ ယုံကြည်သူများကို မစတော်မူသည်။ 
 
၁၇။ ထိုကြောင့်၊ ခရစ်တော်သည် လူတို့၏ အပြစ် ​ဖြေစရာ အကြောင်းကို စီရင်၍၊ ဘုရားသခင်နှင့် စပ်ဆိုင်သောအရာ တို့၌က ုဏာနှင့င်း၊ သစ္စာ နှင့င်း ပြည့်စုံသော ယဇ်ပုရောဟိတ် အကြီး ဖြစ်အံ့သောငှါ၊ မိမိ ညီအစ်ကိုတို့ နှင့် လုံးလုံးတူရသော အကြောင်းရှိ၏။ 

ခရစ်တော်သည် ယဇ်ပုရောဟိတ် ဖြစ်ကြောင်းကို၊ ဤနေရာ၌ ပဌမဦးဆုံး ဖေါ်ပြထားသည်။ သူသည် ယဇ်ပုရောဟိတ် ဖြစ်ကြောင်းကို၊ အခန်းကြီး ၄၊ ၅၊ ရ၊ ၈များ၌ ပြန်တွေ့ရမည်။ ဘုရားကိုးကွယ်သောအခါ၊ ယဇ်ပုရောဟိတ်ကို ကျော်၍ မရ၊ သူ့ကို အားကိုးရသည်။ ခရစ်တော်သည် ယဇ်ပုရောဟိတ် ဖြစ်ဘို့ရန်၊ မိမိ ညီအစ်ကို တည်းဟူသော၊ လူသားများနှင့် လုံးလုံးတူဘို့ရန်၊ လူ့ဇာတိခံယူခဲ့သည်။ 

၁၈။ ထိုသို့ စုံးစမ်း နှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင် ခံ၍ ဒုက္ခ ဆင်းရဲခြင်း၌ ကျင် လည်သောကြောင့်၊ စုံစမ်း နှောင့်ရှက်ခြင်း အမှုနှင့် တွေ့ကြုံသော သူတို့ကို၊ မစခြင်းငှါ တတ်နိုင်တော်မူ၏။ 

ခရစ်တော် ယဇ်ပုရောဟိတ် ဖြစ်၍၊ လူသားများကို မစမည့်သူ ဖြစ်သောကြောင့်၊ သူတို့၏ ခံစားချက် များ၊ ဒုက္ခ ဆင်းရဲခြင်းနှင့် စုံစမ်း နှောက်ရှက်ခြင်း များကိုလည်း၊ ခံစားရသည် ဟုဆိုသည်။ ထို့ကြောင့် သူသည် လူသားများကို မစခြင်းငှါ တတ် နိုင်တော်မူသည်။ 

 

ဘုရားများဖြစ်ကြ၏


သင်တို့သည် ဘုရားများဖြစ်ကြ၏၊ ဟူသောအရာကို သတင်းကောင်းစာ စောင်၌ ရေးခဲ့ပြီး ပြီ။ ထိုအရာကို မသိ၊ မဖတ်မိသောသူများ အတွက်၊ နောက်တဖန် ရေးလိုပါသည်။ တရားဟောဆရာတပါးက၊ ဘုရားသခင်သည် အလွန် သဘော ကောင်းသည်။ အကြောင်းမှာ၊ ကောင်းကင် ရောက်သောအခါ၊ ယုံကြည်သူများကို ဘုရား ဖြစ်ခွင့်ပေးမည်၊ ဟုပြောသောအခါ ကြားနာသောသူများက၊ အလွန် သဘော ကျ၍၊ အာမင် ဟုဆို ကြသည်။ ဘုရား ဖြစ်ချင်ခြင်း သည်၊ အပြစ် တကာ့ထဲ၌ အကြီး ဆုံးသော အပြစ် ဖြစ်သည်။ သို့သော်၊ ကျမ်းစာ နားမလည် ကြသောအခါ၊ ဘုရား ဖြစ်မည့် အကြောင်း ပြောသောအခါ၊ အလွန် အားရကျေနပ် ကြသည်ကို၊ ဝမ်းနည်းဘွယ် တွေ့မြင်ရသည်။ ဘုရား ဖြစ်မည့် အရာသည် ဆာလံ ၈၂၌ ရေးထားခြင်း ဖြစ်သည်။ ထိုအရာကို အပိုဒ်တိုင်း လေ့လာကြစို့။ 

ဆာလံ ၈၂
၁။ ဘုရားသခင်သည် ဘုရားတို့၏ ပရိသတ်၌ ရပ်လျက် နေတော်မူ၍၊ ဘုရားတို့ အလယ်၌ စီရင်တော်မူ၏။ 

ဘုရားသခင်သည် ထာဝရဘုရားကို ဆိုုလိုခြင်း ဖြစ်သည်။ ဘုရားတို့ ဆိုသည်မှာ အဘယ်သူများဖြစ်သနည်း။ အောက်ကျမ်းပိုဒ်များက ဖေါ်ပြပါလိမ့်မည်။ 

၂။ သင်တို့သည် မတရားသော သူတို့၏ မျက်နှာကို ထောက်၍၊ အဘယ်မျှကာလ ပတ်လုံးမတရားသဖြင့် စီရင်ကြမည်နည်း။ 

သင်တို့သည် အထက်က ဖေါ်ပြသော ဘုရားများဖြစ်သည်။ ထိုသူများသည် တရားစီရင်နိုင်သော အဆင့်ရှိ သူများ ဖြစ်သည်။ သူတို့သည် မတရားသော သူတို့၏ မျက်နှာကို ထောက်၍ တရားစီရင် ကြသည်။ 
 
၃။ ဆင်းရဲသောသူနှင့် မိဘမ ှိသော သူတို့ကို စောင့်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သော သူတို့ ဘက်၌ တရားစီရင်ကြလော့။ 

ထိုဘုရားများကို ဆင်းရဲသောသူနှင့် မိဘမရှိသော သူတို့ကို စောင့်မကြလော့၊ ဟုဆိုသောကြောင့် သူတို့သည် ထိုသူများကို မစောင့်မကြောင်း ထင်ရှားသည်။ သူတို့သည် ငြိုငြင်သောသူနှင့် ငတ်မွတ်သောသူများကိုလည်း ဂရုမစိုက် သောကြောင့် သူတို့ ဘက်၌ တရားစီရင်ဘို့ ပြောထားသည်။ 
 
၄။ ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့ကို မတရားသောသူ၏ လက်မှကယ် နှုတ်ကြလော့။ 

ထိုဘုရားများထံ၊ ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့ကို မတရားသောသူ၏ လက်မှကယ်နှုတ်ဘို့၊ ဘုရားသခင်က ပြောသည်။ ထို့ကြောင့် သူတို့သည် ကယ်နှုတ်နိုင်သော၊ အခွင့်နှင့် အာဏာရှိသည်။ သို့ဖြစ်လျှင် ထိုသူများသည်၊ မည်သူတို့ ဖြစ်နိ်ုင်သနည်း။ သူတို့သည် သရေလခေါင်းဆောင်များဖြစ်သည်။ 
 
၅။ သူတို့သည် မသိ၊ နားမလည် ကြ။ မှောက်မိုက်၌ ကျင်လည်ကြ၏။ မြေကြီး တိုက်မြစ် အပေါင်းတို့သည် လှုပ် ှားလျက် ှိကြ၏။ 

သူတို့သည် မသိ နားမလည် ကြဟူသောအရာ သည်၊ ထိုဘုရားများဖြစ်သည်။ သူတို့သည် မှောင်မိုက်၌ ကျင်လည် ကြသည်။ ဘုရားသည် အလင်း ဖြစ်သည်။ ဘုရား အလိုတော်အတိုင်း တရားမစီရင်ခြင်းသည်၊ မှောင်မိုက်၌ ရှိကြ သောကြောင့် ဖြစ်သည်။ မြေကြီး တိုက်မြစ် အပေါင်းတို့သည် လှုပ် ှားလျက် ှိ ကြ၏။ ဟုဆိုခြင်းသည် မခိုင်တော့ကြောင်း၊ တရားစီရင်ခြင်း ခံတော့မည့် အကြောင်းကို ဆိုလိုသည်။ ထိုဘုရားများကို ဘုရားသခင်က မကြာမှီတရားစီရင်၍၊ ပျက်စီးကြမည့် အကြောင်းကို ဆိုလိုသည်။ 
 
၆။ သင်တို့သည် ဘုရား ဖြစ်ကြ၏။ ှိသမျှတို့သည် အမြင့်ဆုံးသော ဘုရား၏သား ဖြစ်ကြ၏ဟု ငါဆိုသတည်း။ 

သင်တို့သည် ဘုရား ဖြစ်ကြ၏ ဟုဆိုခြင်းသည်၊ ဘုရားသခင်က သရေလ ခေါင်းဆောင်များကို ရွဲ့၍ ပြောသောအရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်၊ သူတို့သည် ဘုရားကဲ့သို့ ဘုရား နေရာကို ယူသောကြောင့် ဖြစ်သည်။ ဘုရားသည် သူ့သဘောနှင့် အရာခပ်သိမ်းကို လုပ်နိုင်သည်။ လူလည်း ဘုရားကဲ့သို့ ငါ့ သဘော ဟုဆိုတတ်သည်။ ထို့ကြောင့် ဘုရား၏ သဘောကို လက်မခံ၊ ငါ့ သဘော ဟုဆိုသောသူတိုင်းသည်၊ ဘုရားများဖြစ် ကြသည်။ ဘုရား များသည် ကျမ်းစာဖတ်စရာ မလို။ ထို့ကြောင့် ကျမ်းစာ မဖတ်သူတိုင်းသည် ဘုရား ဖြစ်သည်။ ဘုရားသခင် ဆုတောင်းစရာ မလို၊ သူ သဘောနှင့် လုပ်နိုင်သည်။ ထို့ကြောင့် ဆုမတောင်းသောသူတိုင်းသည်၊ ဘုရား ဖြစ်သည်။ ဘုရား ခိုင်းသောအရာကို မလုပ်သောသူလည်း ဘုရား ဖြစ်သည်။ သင်သည် ကျမ်းစာ မဖတ်၊ ဆုမတောင်း၊ ဘုရား ခိုင်းသောအရာကို မလုပ်၊ ကိုယ့် သဘောနှင့် သာအသက်ရှင်လျှင် သင်သည် ဘုရား ဖြစ်သည်။ လူတိုင်းသည် ဘုရားများဖြစ် ကြသည်။ ဘုရားများကို ကျမ်းစာ သင်ပေးဘို့ မလွယ်ပါ။ ဘုရားများကို အလုပ်ခိုင်း၍ မလွယ်ပါ။ ကောင်းကင် ရောက်မှသာ၊ ဘုရားများဖြစ် ကြမည် မဟုတ်၊ ယခုမြေကြီး ပေါ်၌ ပင်လျှင်၊ ဘုရားများဖြစ်ကြသည် မဟုတ်ပါလော။ ဘုရား ဖြစ်သောသူများကို၊ ဘုရားသခင်က၊ ကောင်းကင် တက်ခွင့်ပေးမည် မဟုတ်။ အကြောင်းမူကား၊ ဘုရား ဖြစ်သောသူသည်၊ သူ၏ ရန်သူ ဖြစ်သည်။ 

ရ။ သို့သော်လည်း၊ သင်တို့သည် လူကဲ့သို့ သေ၍၊ အခြားသော မင်းကဲ့သို့ ဆုံး ှုံးခြင်းသို့ ရောက်ကြလိမ့်မည်။ 

ဘုရား များသည် တကဲ့ဘုရားများမဟုတ်သောကြောင့်၊ ဘုရားသခင်က လူကဲ့သို့ သေ၍၊ အခြားသော မင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည် ဟုဆိုသည်။ 

၈။ အို ဘုရားသခင်၊ ထ၍ မြေကြီးကို တရားစီရင်တော်မူပါ။ ကိုယ်တော်သည် လူမျိုး အပေါင်းတို့ကို အပိုင်ရတော်မူ၏။ 

ဆာလံဆရာက၊ မြေကြီးကို တရားစီရင်ဘို့ ခေါ်ဘိတ်သည်။ ဘုရားသခင်သည် လူမျိုး အပေါင်းတို့ကို တရားစီရင်ပိုင်သည်။ ဤအရာကို သခင်ယေရှု ကပြောဆိုသောကြောင့်၊ သခင်ယေရှု ကလူများ ဘုရား ဖြစ်မည့် အရာကို ထောက်ခံခြင်း ဖြစ်သည်ဟု ယူဆကြသည်။ ထိုအရာကို ယော ၁၀:၃၁ -၌ တပိုဒ်ခြင်း လေ့လာကြပါစို့၊ 

၃၁။ ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့် ပစ်ခြင်းငှါ တဖန် ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ၃၂။  ယေရှုကလည်း၊ ငါသည် ငါ့ ခမည်းတော်၏ အခွင့်နှင့် ကောင်းသောအမှု အများတို့ကို သင်တို့အား ပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သော အမှုကြောင့် ငါ့ကို ခဲနှင့် ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊ 

ယုဒလူများ ကယေရှုကို ကျောက်ခဲနှင့် ပစ်ဘို့ရန် လုပ်သောအခါ၊ သခင်ယေရှု ကအဘယ်အမှုကြောင့် ငါ့ကို ခဲနှင့် ပစ်ကြမည်နည်းဟု မေးသည်။ 

၃၃။ ယုဒလူတို့က၊ ကောင်းသော အမှုကြောင့် ခဲနှင့် ပစ်မည် မဟုတ်။ သင်သည် လူဖြစ်လျက် ပင် ဘုရားသခင် ဖြစ်ရောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသော စကားကြောင့် ခဲနှင့် ပစ်မည် ဟုဆိုကြ၏။ 

ယုဒလူများ ကယေရှုကို ခဲနှင့် ပစ်ခြင်းသည်၊ လူဖြစ်လျက်နှင့် ဘုရား ဖြစ်ရောင်ဆောင်သောကြောင့်ဟု ​ဖြေ ကြသည်။ ယုဒလူများ အမြင်၌၊ ဘုရား ဖြစ်ယောင် ဆောင်ခြင်းသည်၊ အကြီး ဆုံးသော အပြစ်၊ အသတ်ခံသင့်သော အပြစ် ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်က၊ အခြားဘုရားကိုးကွယ်သောသူပင်လျှင်၊ ခဲနှင့် ပစ်၍ သတ်ခိုင်းသည် ( တရားဟော ၁၃:၆-၁၁)။ ကိုယ်တိုင် ဘုရား ဖြစ်သည် ဟုဆိုသူသည်၊ ကိုးကွယ်သည်ထက် သာ၍ အပြစ်ရှိသည် မဟုတ်လော။ 
 
၃၄။  ယေရှုကလည်း၊ သင်တို့သည် ဘုရား ဖြစ်ကြ၏၊ ငါဆိုသည်ဟု သင်တို့၏ ပညတ္တိကျမ်းစာ၌ လာသည် မဟုတ်လော။ ၃၅။ ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရသော သူတို့ကို ဘုရား ဟူ၍ ခေါ်ရလျှငင်း၊ ကျမ်းစကားကို မပယ်ရလျှငင်း၊ ၃၆။ ခမည်းတော်သည် သန့်ရှင်းစေ၍၊ ဤလောကသို့ စေလွှတ်တော်မူသောသူက၊ ငါသည် ဘုရားသခင်၏ သားတော် ဖြစ်သည် ဟုဆိုသောကြောင့်၊ သင်သည် ဘုရားသခင်ကို လွန်ကျူး၍ ပြောသည်ဟု ထိုသူအား ဆိုရာသလော။ 

သခင်ယေရှု ကဆိုလိုသည်မှာ၊ သင်တို့၏ ပညတ္တိကျမ်းစာ၌၊ သင်တို့သည် ဘုရား ဖြစ်ကြ၏ ဟုဆိုသော်လည်း၊ သင်တို့သည် ထိုကျမ်းစာကို မပယ်ကြဘဲ လက်ခံ ကြသည်။ သို့သော် ငါက၊ ငါသည် ဘုရားသခင်၏ သားတော် ဖြစ်သည် ဟုဆိုသောအခါ အဘယ်ကြောင့်၊ ငါ့ကို အပြစ် မြင်ကြသနည်း။ သင်တို့သည် မျက်နှာလိုက်သည် ဟုဆိုခြင်း ဖြစ်သည်။ ဤနေရာ၌ ခရစ်တော်က၊ သင်တို့သည် ဘုရားများဖြစ်ကြ၏ ဟုဆိုရာတွင်၊ သူတို့သည် တကယ် ပင်ဘုရား ဖြစ်သည်၊ ဟု ထောက်ခံခြင်း မဟုတ်ပါ။ သူတို့သည် ကျမ်းစာကို ပယ်သင့်သည်။ သို့သော် မပယ်ဘဲ လက်ခံ ကြသည်။ သို့သော် သူက၊ သူသည် ဘုရားသား ဖြစ်သည်၊ ဟုဆိုရာတွင် မူအပြစ် မြင်ကြသည်၊ ဟုဆိုခြင်း ဖြစ်သည်။ 

 ယုံကြည်သူများသည်၊ ကျမ်းစာ မဖတ်သောကြောင့် သမ္မာတရားကို မသိ ကြ၊ ဖတ်လျှင်လည်း ဆိုလိုရင်းကို နားမလည်ကြခြင်းကြောင့်၊ သူတပါးကမည်သို့ ပင် လိမ်စေကာမူ၊ ယုံကြည် တတ်ခြင်းသည် အလွန် ဆိုးသည်။ ကျမ်းစာများများ အလွတ်နှင့် ပြောနိင်ရုံနှင့် မပြီးပါ။ ဆိုလိုရင်း နားလည်ဘို့ လိုသည်။ ထိုသို့ နားလည်ရန်၊ ဗေရိမြို့ သားများကဲ့သို့ ကျမ်းစာကို၊ စေ့စေ့လေ့လာ ဖတ်ရှုဘို့ လိုသည်။ မိတ်ဆွေ၊ ယခုမှစ၍ ကျမ်းစာကို၊ သေချာစွာ နားလည်ဘို့ ဖတ်ပါ။ ဆုတောင်းပါ။ ဘုရားသခင်က ဖေါ်ပြ ပါလိမ့်မည်။ 

 သက်သေခံခြင်း 


သခင်ယေရှုက၊ သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ၂၀ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည် တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ (မ ၂၈:၁၉-၂၀) 

 ဤမဟာစေခိုင်းချက်သည်၊ တမန်တော်များနှင့် အမှုတော်ဆောင်များ အတွက်သာလျှင် ဖြစ်သလော။ ယုံကြည်သူတိုင်း အတွက် ဖြစ်သလော။ ဤထက် ပါ ကျမ်းပိုဒ်သာလျှင် ကြည့်ပါက၊ နှစ်မျိုးစလုံးအတွက် ဖြစ်သည်ဟု ယူဆနိုင်သည်။ ထိုကြောင့် ဤကျမ်းပိုဒ်ကို ကြည့်ဘို့ လိုသည်၊ ထိုသို့ မရှိသော်လည်း၊ သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေ ုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ (တ ၁:၈)။ သန့်ရှင်းသော ဝိညာဉ်တော်သည်၊ တန်ခိုး ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ် ပေးရခြင်း၏ အကြောင်းရင်းတခုသည်၊ သက်သေခံဘို့ ဖြစ်သည်။ ထို့ကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော် ရရှိသောသူတိုင်း၊ တန် ခိုးရှိ၍ သက်သေခံဘို့ ဖြစ်သည်။ သက်သေခံမည်နေရာလည်း၊ ယေ ုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ဖြစ်သည်။ လူတိုင်း၏ ယေရုရှလင်သည်၊ ကိုယ်နေသော မြို့ရွာ ဖြစ်သည်။ ယုဒပြည်သည် ကိုယ်လူမျိုးကို ဆိုလိုသည်။ မြေကြီးစွန်းတိုင်အောင်သည်၊ တကမ္ဘာလုံးရှိလူတိုင်းကို ဆိုလိုသည်။ ထို့ကြောင့် သက်သေခံခြင်းသည်၊ ယုံကြည်သူတိုင်း အတွက် ဖြစ်၍၊ သက်သေခံမည့် နေရာလည်း၊ ကိုယ့် နေရာမှစ၍၊ လူမျိုးတိုင်း ထံ၌ ဖြစ်သည်။ 

သခင်ယေရှုက၊ ကောင်းကင် မတက်မှီ ထိုကဲ့သို့ မှာထားသော်လည်း၊ တမန်တော်ကြီး များသည်၊ ယေရုရှလင်မြို့မှမထွက်ချင်ဘဲ၊ ယေရုရှလင်မြို့၌ ကြီးမားသော အသင်းတော်ကို၊ တည်ထောင် ကြသည်။ ထိုအသင်းတော်သည် အစ၌ လူဦးရေ ၁၂၀၊ ထိုမှ ၃၀၀၀၊ နောက်၌ ၅၀၀၀ ဖြစ်လာသည်။ သူတို့သည်၊ ယုဒပြည် မှစ၍၊ ရှမာရိ ပြည်၊ မြေကြီးစွန်းတိုင်အောင် သွား၍၊ သက်သေခံဘို့ ဖြစ်သည်။ သို့သော် လုံးဝ နားမလည်၊ သို့မဟုတ်၊ မသွားချင် ကြချေ။ ထိုယေရုရှလင် အသင်းတော်သည်၊ နိင်ငံအ ရပ်ရပ်မှပင်တေကုတ္တေ ျွှပွဲ ကျင်းပဘို့ရန်၊ လာသော ဂျူးလူမျိုးများ ဖြစ်သည်။ သူတို့သည် ကမ္ဘာ့ အရပ်ရပ်သို့ သွားမည့် အစား၊ မိမိတို့ အိမ်၊ လယ်များကို ရောင်းကာ၊ ယေရုရှလင်မြို့၌ စုပေါင်းနေထိုင် ကြသည်။ ထို့ကြောင့် အစားအစာဝေငှခြင်း၌၊ ပြသနာ ရှိလာသောကြောင့်၊ အစာဝေပေးသူ ( အသင်းတော် လူကြီး) ခုနှစ်ယောက်၊ ရွေးကောက်ဘို့ လို လာသည်။ ထိုသို့ သခင်ဘုရား၏ အမိန့်တော်ကို၊ နားမလည် ကြသောကြောင့်၊ ဘုရားသခင်က သူတို့ကို ကြီးစွာသော ညှင်းဆဲနှိမ့်စက်ခြင်းဖြင့် နှင်ထုတ်ဘို့ လိုလာသည်။ ထိုအခါ ယေ ုရှလင်မြို့၌ ရှိသော အသင်းတော်သည် ပြင်းစွာသော ညဉ်းဆဲခြင်းကို ခံရသဖြင့်၊ တမန်တော်တို့ မှတပါးသင်းဝင်သူ အပေါင်းတို့သည်၊ ယုဒပြည်၊ ရှမာရိ ပြည် အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြား ကြ၏။ (တ ၈:၁)။ 

တမန်တော်ကြီး များသည်၊ ပဌမ ဦးစွာ ယုံကြည်သူများကို ဦးဆောင်၍၊ အရပ်ရပ်သို့ သက်သေခံဘို့ ဖြစ်သော်လည်း၊ တမန်တော်တို့ မှအပ ယုံကြည်သူများသာလျှင်၊ အရပ်ရပ်သို့ ကွဲပြား သွားကြသည်။ အဘယ်ကြောင့်၊ တမန်တော်ကြီး များသည်၊ ယေရုရှလင်မြို့မှမထွက်ချင် ကြသနည်း။ သူတို့သည်၊ အမာခံ၊ ဒုက္ခ ဆင်းရဲကို မမှုဘဲ၊ သခင်ဘုရား နာမဖြင့် အသေခံ မည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် တမန်တော် အဝင်၊ ယောဟန်၏ အကို ယာကုပ်လည်း၊ အသတ်ခံရသည် (တ ၁၂:၁-၂)။ ပေတရုလည်း သတ်ဘို့ရန် ဖမ်းထားသော်လည်း၊ ဘုရားသခင်က ကောင်းကင်တမန် တော်အားဖြင့်၊ ကယ်ခဲ့သည် (တ ၁၂:၃-၂၀)။ အမှန်မှာ တမန်တော်များသည်၊ သခင်ဘုရား မှာကြားခဲ့ သကဲ့သို့၊ စောစော ထွက်သွားခဲ့ကြလျှင် ထိုကဲ့သို့ဖြစ်မည် မဟုတ်ချေ။ 

ယုံကြည်သူများ

အရပ်ရပ်သို့ ကွဲပြား ကြသော ယုံကြည်သူများသည်၊ ဘာလုပ်ကြသနည်း။ ထိုကြောင့် အရပ်ရပ်သို့ ကွဲပြားသော သူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော် တည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။ (တ ၈:၄)။ ထို့ကြောင့် ပဌမဦးဆုံး အခြားလူမျိုးများထံ ဧဝံဂေလိ တရားဟောသောသူများသည်၊ တမန်တော်များမဟုတ်၊ သာမန် ယုံကြည်သူများဖြစ်သည်။ ယုံကြည်သူများသည်၊ ယေရုရှလင်မြို့၌ နေစဉ်တွင်၊ တရားမဟောဘဲ နားထောင်သောသူများ ဖြစ်ကြသည်။ သို့သော်၊ အရပ်ရပ်သို့ ကွဲပြားကြသောအခါ၊ တရားဟော ကြသည်။ ထို့ကြောင့် ယနေ့ ယုံကြည်သူ တိုင်းသည်၊ တရားဟောရမည်။ 

ဖိလိပ္ပု

ပဌမဦးဆုံး ရှာမရိလူမျိုးများ ထံ၌ တရားဟောသောသူသည်လည်း၊ တမန်တော်များမဟုတ်၊ အစာဝေသူဖိလိပ္ပု ဖြစ်သည်။ ဖိလိပ္ပုသည်လည်း၊ ရှမာရိမြို့သို့ သွား၍ ခရစ်တော်၏ အကြောင်းကို ဟောလေ၏။ လူအစုအဝေးတို့သည် ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏ စကားကို တညီတညွတ် တည်းနားထောင် ကြ၏။ အကြောင်းမူကား၊ နတ်ဆိုးစွဲသောသူများတို့၏ အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာသော အသံနှင့် အောဟစ်လျက် ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ​ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိအဖြစ်သို့ ရောက် ကြ၏။ ထိုမြို့သူမြို့သားတို့သည် အလွန် ဝမ်းမြောက်ခြင်းရှိကြ၏။ (တ ၈:၅-၈) အဘယ်ကြောင့် တမန်တော်များသည် ရှမာရိမြို့သို့ သွား၍ ဧဝံဂေလိတရားကို မဟော သနည်း။ ဖိလိပ္ပုသည် တမန်တော်များအဝင် မဟုတ်၊ သို့သော် သူ တရားဟောသောအခါ၊ ဘုရားသခင်က၊ နိမိတ်လက္ခဏာများနှင့် အတည်ပြုသည်။ တမန်တော်များအထဲမှှ ပေတရုနှင့် ယောဟန်သာ၊ လူသိများ ကြသည်။ ကျန်သော တမန်တော်များ၏ အကြောင်း၊ အဘယ်ကြောင့် မသိရသနည်း။ အလုပ်မလုပ်သောကြောင့် ဖြစ်သည်။ ဖိလိပ္ပုသည် အဘယ်ကြောင့်ဘုရားက အသုံးပြုသနည်း။ ဧဝံဂေလိတရားကို ဟောသောကြောင့် ဖြစ်သည်။ 

သူသည် ရှမာရိမြို့သားများထံဟောသောကြောင့်၊ ဆက်၍ ဘုရားသခင်က အဲသရောပိအမတ်ထံ စေလွှတ်ကာ၊ ဧဝံဂေလိတရားကို ဟောခိုင်းသည်။ ထိုအ မတ်လည်း ယုံကြည်၍၊ လမ်း၌ ပင် ဗတ္တိဇံခံခဲ့သည်။ ထိုအမတ်လည်း ဝမ်းမြောက်ဝမ်းသာ၊ မိမိတိုင်း ပြည်သို့ ပြန် သွား၍၊ ဖိလိပ္ပုသည်လည်း၊ ဝိညာဉ်တော်အားဖြင့် ဆောင်သွားပြီး အာဇုတ်မြို့၌ ပေါ်လာ၍၊ ထိုမြို့မှကဲသရိမြို့တိုင်အောင် မြို့ရွာအစဉ် အတိုင်းရှောက် သွား၍ ဧဝံဂေလိတရားကို ဟောလေ၏။ (တ ၈:၂၆-၄၀)။ ဖိလိပ္ပုသည် ဝိညာဉ်တော် ကဆောင်သွားခြင်း ပင်လျှင် ခံရသည်။ အဘယ်ကြောင့်နည်း။ သခင်ဘုရား ခိုင်းသော အလုပ်ကို လုပ်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်သူ ကဲ့သို့ တမန်တော် ကြီးများ၌ မဖြစ်သနည်း။ သခင်ဘုရား ခိုင်းသော အမှုကို မလုပ် သောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ မည်သူမဆို သန့်ရှင်းသောဝိညာဉ်တော် ရရှိသောသူတိုင်းသည်၊ ဧဝံဂေလိတရားကို၊ လူတိုင်းထံသို့ ဟောပြောဘို့ ဖြစ်သည်။ ထိုသို့ ဟောပြောပါက၊ အံ့ဩဘွယ် နိမိတ်လက္ခဏာများကလိုက်လာမည် ဖြစ်သည်။ 

ရွေးချယ် သူများသာ

ယနေ့ ယုံကြည်သူများသည်၊ ဧဝံဂေလိတရားကို မဟောပြော၊ သက်သေ မခံလိုကြချေ။ အကြောင်း ပြချက်မှာ၊ ဟောပြောခြင်းသည် ဘုရားသခင်က ရွေးချယ် ထားသောသူများ၊ အတွက် ဖြစ်သည် ဟုဆိုသည်။ သခင်ဘုရားက၊ သန့်ရှင်းသောဝိညာဉ်တော် ပေးရခြင်းသည်၊ သက်သေခံဘို့ ဖြစ်သည် ဟုဆိုသော်လည်း၊ လုံးဝ သက် သေမခံလိုကြချေ။ ထိုသို့ သက်သေမခံကြသောကြောင့်၊ အသက်တာ၌ ဘုရားသခင် အလုပ်မလုပ်နိုင်ချေ။ သက်သေမခံကြသောကြောင့်၊ လောကအရာများကို စွဲလမ်း ကြသည်။ လောကကို ချစ်ခြင်းသည်၊ စာတန်ကိုးကွယ်ခြင်း ဖြစ်သည်။ အကြောင်းမှာ၊ စာတန်က ခရစ်တော်ထံ၊ တဖန် မာရ်နတ်သည်  ယေရှုကို မြင့်လှသောတော် ါ်သို့ ဆောင် သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြဍန်၍၊ ၆ ဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူ အားပေးရသည် ဖြစ်၍ ကိုယ်တော် အားပေးပါမည်။ ၇ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်လေ၏။ (လု ၄:၅ -ရ)။ ထို့ကြောင့် လောက လိုချင် သောသူ၊ လောက နောက်လိုက်သောသူများသည်၊ စာတန်ကိုးကွယ် သူများ ဖြစ်သည်။ ထို့ကြောင့် ယာကုပ်က၊ မတရားသော မေထုန်၌ မှီဝဲသော ယော ကျ်ားမိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင့်ဘက် ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူ ဖြစ်၏။ဟု ပြတ်သားစွာ ဆိုသည် (ယာ ၄:၄)။ အဘယ်ကြောင့်၊ လောကနှင့် မိဿဟာယဖွဲ့သောသူသည်၊ မတရားသော မေထုန်၌ မှီဝဲသူ ဟုဆိုသနည်း။ အကြောင်းမှာ၊ ဘုရားကို ချစ်မည့် အစားလောကကို ချစ်သောကြောင့် ဖြစ်သည်။ လောကကို ချစ်သောသူသည်၊ စာတန်ကို ချစ်သောသူ ဖြစ်သည်။ ထိုကြောင့် ဘုရား အမြင်၌၊ လောကကို ချစ်သောသူသည် မတရားသော မေထုန်ကို မှီဝဲသောသူ ဖြစ်သည်။ 


 

သတိထားရမည့် အချက်များ 

၁။ ဝမ်းသာလွန်းချိန်၊ ဝမ်းနည်းလွန်းချိန်၌ ဆုံးဖြတ်ချက် မချနှင့်၊ စိတ်အေး အေးရှိချိန်မှာသေသေချာချာစဉ်းစားပြီးမှဆုံးဖြတ်ချက် ချပါ။သို့ပြုလျှင် အမှားနည်း ပေလိမ့်မည်။ 
၂။ အလျှင် တဆော၊ ဂတိ သစ္စာ မပြုပါနှင့်၊ မှားတတ်သည်။ သေသေချာချာ စဉ်းစားပြီးမှဂတိပြုပါ။ နောင်တရစရာ နည်းလိမ့်မည်။ 
၃။ နှာခေါင်းကို သူများရှေ့၌ မကလော်နှင့်။ ထိုင်သောအခါ၊ ​ခြေထောက်ကို ု မကိုင််နှင့်။ နှာခေါင်းကိုင်ပြီး၊ ​ခြေထောက်ကိုင်ပြီးမှ၊ လက်ဆွဲနှုတ်ဆက်လျှင် သူတပါး အတွက် ရွံစရာ ကောင်းသည်။ 
၄။ ကြားသမျှ မယုံနှင့်။ ကြားသမျှလည်း အရေးမယူနှင့်။ ငြင်းခုံခြင်း မပြု နှင့်။ ပြသနာများတတ်သည်။ သိသမျှလည်း သူတပါးကို မပြောနှင့်။ ပြောသင့် မပြော သင့်စဉ်းစားပါ။ သူတပါးတည်ဆောက်စရာ မရှိသော စကားများကို၊ မပြောနှင့်။ သူတပါးအတွက် အကျိုးရှိမည့် စကား များကိုသာလျှင် ပြောပါ။ 
 
စိတ်ဓါတ်က ရောဂါ၏ လက္ခဏာများ 

အရာရာ၌ ညီးတွားမည်၊ အလိုမကျ ဖြစ်မည်။ လူတိုင်း မကောင်းမြင်မည်၊ အမြင် ကပ်မည်။ သူတပါးကို အပြစ်တင်မည်။ ဝန်ခံခြင်း မရှိ၊ အကြံပေး၍ မရ။ တယောက်တည်း နေချင်မည်။ အစာကိုသာ တချိန်လုံးစားချင် နေမည်။ အိပ်မပျော်နိုင်ဘဲ ရှိမည်။ ဤလက္ခဏာများရှိလျှင်၊ ဝိညာဉ်လူများထံ၌ သော်၊ စိတ် ရောဂါဆရာ ဝန်များ ထံ၌ သော်၊ အကူအညီတောင်းသင့်သည်။ စိတ်ဓါတ်ကျခြင်းကို ဂရုမ စိုက်ပါက၊ ကြာလာလျှင်၊ ကိုယ်ကိုယ်ကို သတ်သေချင် လာလိမ့်မည်။ ကိုယ်တိုင် ဖြစ်စေ၊ အနီးအပါး၌ ရှိသောသူများ၊ ထိုသို့သော လက္ခဏာ ဖြစ်လာလျှင်၊ အမြန်ဆုံး အ ကူအညီရှာပါ။ 

 

ခရီး စဉ်

ဆရာမောဇက်ထောင်ကျုံးသည်၊ ဒီဇဘ်ာလ ၂၁ ရက်နေ့တွင်၊ အမှုတော်ဆောင်သစ်မွေးထုတ်ဘို့ရန်၊ ဩစ​တြေးလျနိင်ငံသို့၊ ခရီး ထွက်ခွါသွားပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်၊ ကောင်းမွန်စွာ ၂၃ ရက်နေ့တွင် Melbourne မြို့အ နောက်ဘက်မိုင် ၄၀ ခန့်ဝေးသော Melton  မြို့သို့ ရောက်ရှိသွားပါသည်။ ထိုမြို့၌ ၂၀၁၅ ခုနှစ်ဇန္နဝါရီလတွင်၊ သတင်းကောင်း နှစ်ခြင်း အသင်းတော်ကို၊ ဘုရားသခင်က တည်ထောင်ခဲ့ပါသည်။ ထိုအသင်းတော်၌ အမှုတော်ဆောင်သင်တန်း ပြုလုပ်ခြင်း ဖြစ်ပါသည်။ ထိုသင်တန်း၌ နေ့ခင်းဘက်၌ လူ၁၀ ခန့်၊ ညပိုင်း၌ ၂၀ ခန့်တက် ရောက်ကြပါသည်။ ညနေပိုင်းတွင်၊ အိမ်တံခါးများ ခေါက်၍၊ သက်သေခံကြပါသည်။ Melton မြို့၌ မြန်မာပြည်သားများအယောက် ၃၁ လောက်သာရှိသည်။ ထို့ကြောင့်၊ အခြားမြို့များသို့ သွားကာ သက်သေခံ ကြသည်။ သူတို့သည် ဘုရားသခင်၏ အမှုတော် မြတ်အတွက်၊ အလွန် စိတ်အားကြီး ကြသည်။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG