GOODNEWS
  HOME  GOODNEWS  2017 NOV
 


အမှာစာ
 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယနေ့ တိုင်အသက်ရှင်လှုပ်ရှားသွားလာနိင်ကြသေးသည်။ အရာခပ်သိမ်းသည် အစရှိ သကဲ့သို့ အဆုံးလည်းရှိသည်ကို လူတိုင်း သိကြသည်။ ဤကမ္ဘာကြီးလည်း အစရှိသောကြောင့် အဆုံးရှိမည် ဖြစ်သည်။ ထာဝရ တည်မည့်အရာမရှိချေ။ လူလည်း မွေးနေ့ရှိ သကဲ့သို့ သေနေ့ ရှိသည်။ ရှောလမုန်မင်းက၊ “ဘွားချိန်နှင့် သေချိန်လည်းရှိ၏၊၊ ” (ဒေ ၃:၂) ဟုဆိုခဲ့သည်။ ထိုသို့ သေနေ့ရှိမည် ဖြစ်သောကြောင့် တမလွန်ဘဝမှာဘယ်သွားမှာကို သိဘို့၊ ကြိုတင် ပြင်ဆင်ဘို့ လိုသည်။ ယခု ကိုယ်ခန္ဓာအသက်သည် နိဒါန်းသာလျှင် ဖြစ်၍ အလွန် ဆုံး အနှစ် ရဝ- ၈၀ သာလျှင် ရှိမည် ဖြစ်သည်။ မောရှေက၊ “အ ​ကျွန်ုပ်တို့၏ အသက် အရွယ်သည် အနှစ် ခုနစ်ဆယ် အတိုင်း အရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်း နည်းခြင်း ဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အ​ကျွန်ုပ်တို့သည် စုတေ့ကြပါ၏။” (ဆာ ၉၀:၁၀)ဟု ရေးခဲ့သည်။ လူအများစုသည် ထိုမျှလောက်ပင်မ ရောက်ဘဲ သေဆုံးသွား ကြသည်။ သင်နှင့် ​ကျွန်ုပ်လည်း တနေ့သေဘို့ သေချာနေသည်။ ဤလောက၊ ဖန်ဆင်းထားသော အရာများလည်း တနေ့ပျက်စီးသွားကြမည် ဖြစ်သည်။ ထိုကြောင့် မသေမှီ၊ ဤလောက မပျက်စီးမှီ၊ တမလွန်ဘဝအတွက် ကြိုတင် ပြင်ဆင် ထားဘို့ လိုသည်။ လူသည် တိရစ္ဆာန် မဟုတ်၊ ဘုရားကဲ့သို့ ဝိညာဉ် ရှိသည်။ ထိုဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှမထွက်မှီဖန်ဆင်းရှင်ဘုရားနှင့် ဆက်ဘို့ လိုသည်။ သို့မှသာ ကိုယ်ခန္ဓာထဲမှ ထွက်သွားသောအခါ ကောင်းကင်သို့ တက်သွားမည် ဖြစ်သည်။ ဘုရားနှင့် ဆက်ဘို့ရန် ဘုရားကိုယ်တိုင် ပြင်ဆင် ပေးထားပြီ။ စိတ်ဝင်စားပါက စာအားဖြင့် ဖြစ်စေ၊ ဖုန်းအားဖြင့် ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ၊ ဆရာမောဇက်နှင့် အဖွဲ့ထံဆက်သွယ်နိင်ပါသည်။ 

ယခုလအတွက်... 

  • ကျေးဇူးတော် ချီးမွမ်းခြင်း
  • အီလက်ထောနစ် အသုံးပြုခြင်း 
  • ဘုရားသခင်၏ အလိုတော်ကို ဆောင်သောသူ
  • ယောက်ျားများ သင်တန်း
  • အဘယ်ကြောင့် ခလေးများဆိုးကြသနည်း
  • ကျမ်းစာဖတ်ကြစို့
  • အမှုတော်ဆောင်သင်တန်း

 

 
ကျေးဇူးတော် ချီးမွမ်းခြင်း 

အမေရိကန်ပြည် ထောင်စု၌ ကျေးဇူးတော် ချီးမွမ်းခြင်း ( Thanksgiving Day)ကို နိုဝင်ဘာလ၏ နောက်ဆုံးကြသပတေးနေ့အဖြစ် သတ် မှတ်ထားသည်။ ကျေးဇူးတော် ချီးမွမ်းခြင်းကို အင်္လန်နိင်ငံမှပဌမဦးဆုံး လာရောက်သောသူများ ကစတင်ခဲ့ ကြသည်။ တချိန်တည်း၌ မလာကြသောကြောင့် နေရာနှင့် နေ့ရက်နှစ်လများကွာခြား ကြသည်။ ထိုအထဲ၌ အထင်ရှားဆုံးမှာမေဖလားဝါးရွက်လှေဖြင့် လာရောက်သောသူများက ယခုမေစဂျုးဆက်ပြည်နယ်ပလီမတ် (Massachusetts,  Plymouth) ၌ ၁၆၂၁ ခုနှစ်ဆောင်းရာသီတွင် ကျင်းပသောအရာ ဖြစ်သည်။ ထိုပွဲ၌ ဒေသခံအင်ဒီယာန် လူများလည်း ဘိတ်ခေါ်၍ သုံးရက်ပွဲ ကျင်းပ ကြသည်။ ဥရောပသား များသည် ဤနိင်ငံသို့ လာရောက်ခြင်းသည် ချမ်းသာဘို့ မဟုတ်ဘဲ ဘုရားသခင်ကို လွတ်လပ်စွာကိုးကွယ်နိင်ဘို့ရန် အဓိက ဖြစ်သည်။ အတ္တလန် တိတ်သမုဒ္ဒ​ရာထဲ၌ ရက်ပေါင်း၆၆ ကြာခဲ့၍ လူပေါင်း၁၀၂ ထဲမှထက် ဝက်လောက်သေဆုံးကုန် ကြသည်။ သူတို့ကို အင်ဒီယာန် လူမျိုးစကွန်တို (Squanto) က ပြောင်း ဖူးစိုက်ပျိုးနည်း၊ မယ်ပယ်သကြား (maple) ပင်မှအရည်ချိုယူနည်း၊ ငါးဖမ်းနည်းများ သင်ပေးခဲ့သည်။ တနှစ်ကြာသောအခါ သီးနှံများရိတ်သိမ်း နိင် သောကြောင့် ကျေးဇူးတော် ချီး မွမ်းကြခြင်း ဖြစ်သည်။ အင်ဒီယာန် လူမျိုးများကိုလည်း ဖိတ်ကြား၍ သူတို့လည်း သမင်ငါးကောင်ယူဆောင်လာ ကြသည်။ ထိုသို့ ဘုရားသခင်ကို ချီးမွမ်းခြင်းဖြင့် စတင်ခဲ့သော်လည်း ယခုအခါ၊ မူလ ရည်ရွယ်ချက်များ ပျောက်ကာ၊ ဘုရားသခင် ထံမချီးမွမ်းကြတော့ဘဲ စားပွဲ၊ ပျော်ပွဲ၊ စျေးရောင်းပွဲသာ ပြုလုပ် ကြတော့သည်။ ယုံကြည်သူများအနေဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ရည်တွက်၍ ချီးမွမ်းခြင်းကိုသာလျှင် ပြုလုပ် သင့်သည်။ 

ဘုရား ဘုန်းထင်ရှားစေဘို့ 

 “ကျေးဇူးချီးမ$မ်းခြင်း ယဇ်ကို ပူဇော်သောသူသည် ငါ၏ ဘုန်းကို ထင်ရှားစေသောသူ ဖြစ်၏၊၊ ” (ဆာ ၅၀:၂၃ က)။ ဘုရားသခင်က ကျေး ဇူးတော် ချီးမွမ်းခြင်းသည် ဘုရား၏ ဘုန်းထင်ရှားစေသည် ဟုဆိုသည်။ မည်ကဲ့သို့ ဘုရား၏ ဘုန်းထင်ရှားစေသနည်း။ ကျေးဇူးတော် ချီးမွမ်းသောသူကဘုရား၏ လုပ် ဆောင်ချက်၊ ကျေးဇူးများကို ရေတွက်ချီးမွမ်းခြင်းအားဖြင့် အခြားသောသူများကလည်း၊ ကျေးဇူူးရှင်ဘုရားကို သိရှိလာမည် ဖြစ်သည်။ ထိုသို့သောအားဖြင့် ဘုရား ဘုန်းထင်ရှားစေမည် ဖြစ်သည်။ပွဲ ပြုလုပ် ရုံသက်သက်ဖြင့် ထင်ရှားမည် မဟုတ်၊ ကျေးဇူးရှင်ကို လူသိရှင်ကြားချီး မွမ်းမှသိကြမည် ဖြစ်သည်။ သင်၌ ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းစရာ ရှိပါသလား။ 

ရှမာရိလူ

“ယေရုရှလင် မြို့သို့ ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့် ဂါလိလဲပြည် စပ်ကြား၌ ရှောက်သွားတော်မူ၏။ ၁၂ရွာတရွာသို့ ဝင်တော်မူသည် တွင်၊ နူနာစွဲသောသူတကျိပ်တို့သည် ခရီး ဦးကြိုပြု၍ အဝေးကရပ်လျက်၊ ၁၃ သခင်ယေရှု၊ အ​ကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော် ကြ၏။ ၁၄ ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကို်ယ်ကို ပြကြလော့ဟု မိန့်တော်မူသည် အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။ ၁၅ ထို သူတို့တွင် တယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသော အသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။ ၁၆ ​ခြေတော် ရင်း၌ ပြပ်ဝပ်၍ ကျေးဇူးတော်ကြီး လှ ပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူ ဖြစ်သတည်း။ ၁၇ ယေရှုကလည်း၊ တကျိပ်သော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည် မဟုတ်လော။ ကိုးယောက်သော သူတို့သည် အဘယ်မှာ ရှိကြသနည်း။ ၁၈ ဤ တပါးအမျိုးသားကို ထား၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူ တယောက်မျှ မရှိသလောဟု မေးတော်မူပြီးမှ၊ ၁၉ သင်ထ၍ သွားလော့။ သင်၏ ယုံကြည်ခြင်းသည် သင်၏ အနာကို ငြိမ်း စေပြီဟု ထိုသူအား မိန့်တော်မူ၏။” (လု ၁ရး၁၁-၁၉)။ 
သခင်ယေရှု ကနူနာစွဲ သူများကို ကျေးဇူးမတင်ခိုင်းပါ။ သို့သော် ကျေးဇူးတော် ချီးမွမ်းတတ်ခြင်းကို သခင်ယေရှု ကတန်ဘိုး ထားသည်။ အခြားသောသူ များသည် ကျေးဇူးတင်ခြင်းထက် ယဇ်ပုရောဟိတ်က သူတို့သည် သန့်ရှင်းပြီ ဖြစ်ကြောင်း၊ လူတောတိုးနိင်ပြီ ဖြစ်ကြောင်း ကျေညာခြင်း ခံဘို့ သာလျှင် စိတ်စော ကြသည်။ ရှမာရိအမျိုးသားလည်း ကျန်သောကိုးယောက်နည်းတူ သန့်ရှင်း၍ လူတောတိုးနိင်ပြီ ဖြစ်ကြောင်း ကျေညာခြင်းကို အလွန် တောင့်တမည် ဖြစ်သည်။ သို့သော် ထိုအရာမတိုင်မှီကျေးဇူးရှင်ကို မည်သူကမျှ မခိုင်းဘဲ ပြန်လာ၍ ကြီးသော အသံ (တိုးတိုးတိတ်တိတ် မဟုတ်)နှင့် ဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းသည်။ ထိုသို့ ချီးမွမ်းခြင်းကို သခင်ယေရှုက နှစ်သက်သည်။ ​ကျွန်ုပ်တို့လည်း ဘုရား ပေးသော ကောင်းကြီးများကို မမေ့သင့်ချေ။ ဆာလံဆရာက၊ “ကျေးဇူးတော်ကြီး လှပါ၏ဟု မဟာ ပရိသတ်အလယ်မှာ အ​ကျွန်ုပ်ဝန်ခံပါမည်၊၊ များစွာသော လူစုတွင် ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ ” (ဆာ ၃၅:၁၈) ဟုဆို သကဲ့သို့ ​ကျွန်ုပ်တို့လည်း ယုံကြည်သူ၊ မယုံကြည်သူများရှေ့မှာ ဘုရားကို ချီးမွမ်းသင့်သည်။ 
 
အရာရာ၌ 

ပေါလုက၊ “အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော် ရှိ၏။” (၁ သက် ၅:၁၈) ရေးခဲ့သည်။ လူတိုင်း ကောင်းစားသောအခါ ချီးမွမ်းဘို့ လွယ်ကူသည်။ သို့သော် ဒုက္ခ ဆင်းရဲ ချိန်တွင် ချီး မွမ်းဘို့ အလွန် ခက်သည်။ အရာရာ၌ ဟုဆိုသောအခါ အ​ခြေနေကောင်းသည် ဖြစ်စေ၊ မကောင်းသည် ဖြစ်စေပါဝင်သည်။ သားသမီး ဆယ်ယောက်နှင့် သိုးနွားကုလား အုပ်များ အကုန် သေကျေ ပျောက်ဆုံးကုန်သောအခါ၊ “ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏၊၊ ဆံပင် ကိုလည်း ရိတ်၍ မြေပေါ်မှာ ဝပ်လျက်ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ် မပါဘဲ အမိဝမ်းထဲက ထွက်လာ၏၊၊ ၂၁ အဝတ် မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်၊၊ ထာဝရဘုရား ပေးတော်မူ၏၊၊ ထာဝရဘုရားလည်းရုပ်သိမ်းတော်မူ၏၊၊ ထာဝရဘုရား၏ နာမတော်သည် မင်္လာရှိပါစေသတည်း ဟုဆိုလေ၏၊၊ ” (ယောဘ ၁:၂၀-၂၁)။ ထိုမျှသာမက သူ၏ ကိုယ်ခန္ဓာ တခုလုံးလည်း အနာစိမ်းများပေါက်သောအခါ၊ “ငါတို့သည် ဘုရားသခင်၏ လက်တော် မှသုခချမ်းသာကို ခံယူသည် ဖြစ်၍ ဒုက္ခ ဆင်းရဲကို မခံမယူရာသလော ဟုဆို၏၊၊ ” (ယောဘ ၂:၁၀)။ ​ကျွန်ုပ်တို့လည်း ယောဘ ကဲ့သို့ ဆိုနိင်ဘို့ လိုသည်။ ထိုသို့ ဆိုနိင်ရန်ဘုရားနှင့် အစဉ်မိဿဟာယဖွဲ့ဘို့ လိုသည်။ ဘုရားသခင်သည် ယုံကြည်သူ သားသမီး များအပေါ်ဘယ်သောအခါ မျှမကောင်းသောအရာကို ရောက်စေတော်မူမည် မဟုတ်၊ ရောက်လျှင်လည်း အဓိပ္ပါယ်မဲ့ ဖြစ်မည် မဟုတ်ဟု စိတ်ချမှသာလျှင်မည်သည့်အချိန် မျိုးတွင် မဆိုကျေးဇူးတော် ချီးမွမ်းနိင်မည် ဖြစ်သည်။ 
ပေါလုနှင့် သိလလည်း နေ့ခင်း၌ အရိုက်ခံပြီး ညထောင်ထဲရောက်သောအခါ သန်းခေါင်ယံ၌ ဘုရားသခင်ကို ချီးမွမ်းနိင်ခဲ့ကြသည်၊ “သန်း ခေါင်အချိန်၌ ပေါလုနှင့် သိလတို့သည် ပဌနာ ပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲမှာနှောင်ဖွဲ့ခြင်းကို ခံရသော သူတို့သည် နားထောင် ကြ၏။ ၂၆ ထိုခဏခြင်းတွင် မြေကြီးသည် ပြင်းစွာ လှုပ်သောကြောင့် ထောင်​ခြေရင်းလည်း လှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ခြင်း ပွင့်၍ လူအပေါင်းတို့သည် နှောင် ဖွဲ့ခြင်းနှင့် လွတ်ကြ၏။ ၂၇ ထောင်မှူးသည် နိုး၍ ထောင်တံခါးများ ပွင့်လျက် ရှိသည်ကို မြင်လျှင်၊ နှောင်ဖွဲ့ခြင်းကို ခံရသော သူတို့သည် ထွက်ပြေးကြပြီဟု ထင် မှတ်သည်နှင့် ထားကို အိမ်မှဆွဲထုတ်၍ ကိုယ်အသက်ကို သတ်မည်ပြုလေ၏။ ၂၈ ပေါလုက လည်း၊ ကိုယ်ကို အပြစ် မပြုနှင့်။ ငါတို့ အပေါင်းသည် ရှိကြ၏ဟု ကြီးသော အသံနှင့် ဟစ်၍ ပြောဆို၏။” (တမန် ၁၆:၂၅-၂၈)။ အဘယ်ကြောင့်ပေါလုတို့သည် ထိုကဲ့သို့ ဘုရားသခင်ကို ချီးမွမ်းနိင်ကြသနည်း။ ဝိညာဉ်လူများ ဖြစ်သောကြောင့် ဖြစ်သည်။ ဇာတိလူအတွက် လုံးဝ မဖြစ်နိင်ချေ။ သူတို့၏ ချီး မွမ်းချိန်သည် ညသန်းခေါင်ယံ၊ မီးမရှိမှောင်မိုက်ထဲ၊ သံကြိုးနှင့် ချီနှောင်ခံနေချိန်၊ ပရိသတ်လည်း ထောင်သားများသာ ဖြစ်သည်။ အရိုက်ခံသောကြောင့် အနာတရ ဖြစ်နေချိန်တွင် ချီးမွမ်းနိင်သည်။ ဘာများ ချီးမွမ်းကြသနည်း။ သူက ဤကဲ့သို့ ရေးထားသည်၊ “ထိုမျှမက၊ ဒုက္ခ ဆင်းရဲခြင်းကို ခံ၍ ဝါ​ေကြွားဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခ ဆင်းရဲခြင်း သည်သည်း ခံခြင်းကို ပြုစုတတ်၏။ သည်း ခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မြော်လင့်ခြင်းကို ပြုစုတတ်၏။” (ရော ၅:၃-၄)။ ​ကျွန်ုပ်တို့ ဘာချီးမွမ်းမည်နည်း။

​ကျွန်တော်လည်း၆၄ နှစ်တိုင်အောင် အသက်ရှင်ခွင့်၊ ၃၈ နှစ်အချိန် ပြည့်အမှုတော်ဆောင်နိင်ခွင့်များအတွက် ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ထိုမျှသာမက သတင်းကောင်း စာစောင်ကိုလည်း ၂၀၀၉မှ ယခုတိုင်လတိုင်း ထုတ်ဝေနိင်သောကြောင့် ကျေးဇူးတော် ချီးမွမ်းမိသည်။ အမှုတော်ဆောင်အသစ်နှစ်ဆယ်ကျော်ကိုလည်း ဘုရားသခင်က ပေးသောကြောင့် ဘုရားသခင်ကို အလွန် ချီးမွမ်းသည်။ ထိုအမှုတော်ဆောင်များအားဖြင့် ပျောက်ဆုံးသော ဝိညာဉ် များစွာ ကိုလည်း ရိတ်သိမ်းနိင်သောကြောင့် ချီးမွမ်းပါသည်။ “ငါမသေရ သေး၊၊ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်ကို ကြားပြောရဦးမည်၊၊ ” (ဆာ ၁၁၈:၁ရ) 


အီလက်ထောနစ် အသုံးပြုခြင်း 


 “လူကို နိုင်သောအရာသည် လူ၏ သခင် ဖြစ်၏။” (၂ ပေ ၂:၁၉) အောက်တိုဘာလ ၂၂ ရက်တနင်္နွေနေ့တွင် အီလက်ထောနစ်ပစ္စည်းများ ဖြစ်သော တီဗီ၊ အိုင်ပက်၊ စမတ်ဖုန်း၊ ကွန်ပြူတာများ သုံးခြင်းကို လိုအပ်သည်ထက် မသုံးဘဲ လျှော့ချဘို့ အသင်းတော်၌ ​ကျွန်တော် ဟောပြောခဲ့ပါသည်။ ထိုအရာများ သုံးခြင်းကြောင့် ကောင်းကျိုးထက် ဆိုးကျိုး များစွာ ရှိသည်။ အဓိကဆိုးကျိုးများမှာ၊ ထိုအရာများ အတွက်အချိန် အလွန် သုံးသောကြောင့်၊ ဝိညာဉ်ပိုင်းနှင့် အခြား လိုအပ်သော အရာများ အတွက်အချိန် မပေးနိင်တော့ပါ။ ညနက်သည် တိုင်အောင် အသုံးပြုသောကြောင့် အိပ်ချိန်နည်း၍ အိပ်ရေးပျက်သောကြောင့်၊ ကျန်းမာရေး ထိခိုက်လာသည်။ အိပ်ရေးမဝသောကြောင့် ဥာဏ်ထိုင်းခြင်း၊ စိတ်တိုစိတ်မြန်ခြင်း၊ ရန်ဖြစ်ခြင်းများပွားများ စေသည်။ သတင်း ဆိုးများနှင့် မသန့်ရှင်းသော အရာများကြည့်ခြင်းဖြင့် စိတ်ညစ်ညူး စေ၍ လူသည် အမှိုက်ပုံး ဖြစ်စေသည်။ အင်တာနက်ထဲမှရည်းစားထားခြင်းဖြင့် လင်မယား အကြား ပြသနာများဖြစ်လာ၍ ကွာရှင်းမှု များသည်။ မိခင် များလည်း မိသားစုနှင့် အိမ်မှု ကိစ္စများ မဆောင်ရွက်တော့သောကြောင့် ပြသနာများလွန်းသည်။ ဖခင်များလည်း အီလက်ထောနစ်ကြောင့် ဖခင် တာဝန် ပင်မယူနိင်တော့ဘဲ အိမ်ထောင်ပျက်စီးရသည်။ သားသမီး များလည်း ဆိုဆုံးမ၍ မရဘဲ အပြစ် မျိုးစုံကျူးလွန် ရသည်။ ဒုစရိုက်အပြစ် မျိုးစုံလည်း သင်ကြ၍ ကျူးလွန် နေကြသည်။ ခလေး များလည်း ထိုအရာများ စွဲလန်းသောကြောင့် စရိုက်ကြမ်းလာပြီး စိတ်တိုစိတ်မြန်ကာမည်သို့ မျှဆုံးမ၍ မရတော့ချေ။ မျက်စိများလည်း ပျက်ကာငယ်ငယ်ရွယ်ရွယ်နှင့် မျက်မှန်အထူကြီး တပ်ဘို့ လိုလာ ကြသည်။ ထိုအရာများကြောင့် ကိုယ်လက်လှုပ်ရှားမှုလည်း မရှိသောကြောင့် ကိုယ်ခန္ဓာ ဝစေပြီး ကျန်းမာရေးထိခိုက်စေသည်။ ထို့ကြောင့် ကျန်းမာသန်စွမ်းသော မိသားစု ဖြစ်ဘို့၊ အီလက်ထောနစ်ပစ္စည်းများကို လိုအပ်သည်ထက် ပို၍ မသုံးဘို့ရန် အကြံပေးလိုပါသည်။ အရေးကြီးသော စာများ၊ ဘဏ်စာရင်းများ စစ်ဆေးခြင်း၊ ကျောင်းစာများ သင်ခြင်း၊ ပညာပေးသော အရာများအတွက် သာလျှင် အသုံးပြုသင့်သည်။ အပျင်း​ဖြေကြည့်ခြင်း၊ အပျော်သုံးခြင်းများအတွက် လုံးဝ မသုံးသင့်ချေ။ ထိုအရာထက် မိသားစုအတူ တကွ စကား ပြောခြင်း၊ ဆော့ကစားခြင်း၊ အိမ်မှု ကိစ္စများ ဆောင်ရွက်ခြင်း၊ လမ်းရှောက်ခြင်း၊ လေ့လာရေးခရီး သွားခြင်း၊ ဘုရားရှိခိုးခြင်း၊ ယုံကြည်သူများနှင့် မိဿဟာယဖွဲ့ခြင်း၊ သက်သေခံခြင်း၊ ဆုတောင်းခြင်း၊ သူတပါးကို ကူညီခြင်းများပြုလုပ် သင့်သည်။ ခလေးများအနေဖြင့် နောက်အကျဆုံး၉ နာရီ၊ လူကြီးများ၁၀ နာရီ အိပ်သင့်သည်။ အိပ်ရေးဝမှကျန်းမာကာစိတ်ရွှင်လန်းစေသည်။ လုပ်လေရာရာ၌ အောင်မြင် နိင်မည်။ ယုံကြည်သူ တဦး၏ သက်သေခံချက်၊ ၈ နှစ်ရှိသော ခလေးသည် နံနက်တိုင်း သူ့မိခင်နှင့် ရန်ဖြစ်ပြီးမှကျောင်းသွားတတ်သည်။ အကြောင်းမှာ ညနက်အထိ ထိုင်သောကြောင့် ဖြစ်သည်။ သူ့မိခင် ကသားကို အတင်း စောစော အိပ်ခိုင်းသောအခါ၊ နံနက်ကျောင်းသွားဘို့ရန်၊ ရန်မ ဖြစ်တော့ဘဲ ဝမ်းမြောက်စွာနှင့် သွားနိင်သည်။ တနှစ်ခွဲရှိသော ခလေးလည်း သူ့မိဘများ ကအနှောက်အရှက်မရှိဘို့ရန် ဖုန်းနှင့် ဆော့ခိုင်းတတ်သည်။ ထိုခလေးလည်း ဖုန်းစွဲလာကာဖုန်းမရှိဘဲ မနေ နိင် ဖြစ်လာသည်။ သူကြည့်သော အရာများလည်း မကောင်းသော အရာများကိုသာ ကြည့်ရှုတတ်သည်။ ခလေးများဖုန်းမကိုင်ကောင်းမှန်းသိ လာသောအခါ မိဘများကဖုန်းမကိုင်ခိုင်းတော့ဘဲ ဖုန်းပျက်သွားပြီဟု ပေးမဆော့တော့သောအခါ ခလေးလည်း နဂုိလ်အတိုင်း ပြန်ကောင်းလာသည်။ သင်၏ မိသားစုသာယာပျော်ရွှင်ပြီး ပြသနာ ကင်းဝေးလိုလျှင် အီလက်ထောနစ်ပစ္စည်းများကို တတ်နိင်သမျှ အသုံးမပြုကြပါနှင့်။ ခလေး၅ယောက်ဆူဆုံးမ၍ မရအရမ်းသောင်းကြမ်းသောကြောင့် ဤကဲ့သို့ ပြုပြင် ကြသည်။ ခလေးများကို အီလက်ထောနစ်ပစ္စည်းများ မကိုင်ခိုင်းဘဲ၊ ညစောစော အိပ်ခိုင်းသည်။ အချိုစာများကို လျှော့​ကျွေးသည်။ သရေစာ ဖြစ်သော အာလူးကျော်၊ မုန့်များကို မ​ကျွေးဘဲ အဟာရရှိသော အစာများကိုသာ တနေ့သုံး ကြိမ်​ကျွေးသည်။ မိဘများနှင့် အပြင်မှတနေ့တစ်နာရီ ဆော့ကစား ကြသည်။ ထိုခလေး များသည် တပတ်ကြာသောအခါ အားလုံး ပုံမှန်ပြန် ဖြစ်သွား ကြသည်။ ထို့ကြောင့် သားသမီးများကို ချစ်လျှင် ကြည့်ရှုတတ်ဘို့ လိုသည်။ 

 


 ဘုရားသခင်၏ အလိုတော်ကို ဆောင်သောသူ
Lal Tan Puia


 (မ၊ ၇:၂၁ က)၌ ခရစ်တော်က “သခင်၊ သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင် နိုင်ငံတော်သို့ ဝင်ရလိမ့်မည် မဟုတ်” ဟုဆိုထားသည်။ ယနေ့ ခရစ်တော်အား “သခင်၊ သခင်” ဟု ခေါ်သော သူတို့သည် ဘုရားမဲ့ တရားမဲ့ (ဗအ့နငျအ)တို့ မဟုတ်၊ ဗုဒဝ ဘာသာဝင်တို့ မဟုတ်၊ မွတ်ဆလင်လည်း မဟုတ် သကဲ့သို့ ဟိန​ြူ ဘာသာဝင်တို့လည်း မဟုတ်ပေ။သို့ ဆိုလျှင် ခရစ်တော်ကို “သခင်၊ သခင်” ဟု ခေါ်သော သူတို့သည် ခရစ်ယာန်တို့ မှတပါး အခြားသူများ မရှိတော့ပါ။ ခရစ်ယာန် တိုင်း ယေရှုခရစ် တော်အား “သခင်၊ သခင်” ဟု လျှောက်တတ်ကြသည်။ သို့သော် ထိုသို့ လျှောက်တတ်သော ခရစ်ယာန် တိုင်း ကောင်းကင်ဘုံသို့ ဝင်ရမည် မဟုတ်ကြောင်း ခရစ်တော် ကအတိအလင်းပြ ဌာန်းထားပြီး ဖြစ်သည်။ သခင်ဟု ခေါ်သောသူတိုင်း မဝင်ရဘူးဆိုလျှင် မည်ကဲ့သို့သော ပုဂ္ဂိုလ်မှသာ ဝင် ရမည်နည်း။ ယေရှုက၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော “ငါ့ ခမည်းတော်၏ အလိုကို ဆောင်သောသူ” သာလျှင် ဝင်ရလိမ့်မည် ဟုဆိုထားသည်။ ခရစ်တော်၏ တုန့်ပြန်မှုသည် ခရစ်ယာန်တို့အတွက် အင်မတန် စိတ်ပျက်စရာ မဟုတ်ပါလား။ ခရစ်တော်၏ ငြင်းပယ်ခြင်းကို ခံရသော နေ့၌ ခရစ်ယာန်တို့သည် နားမလည် နိုင်၊ မခံစား နိုင်ပဲ၊ ခရစ်တော်အား ပြန်လည် စောဒက တက်ကြလိမ့်မည်။ 

 “ကိုယ်တော်အခွင့်ကိုယ်တော်အခွင့်ကိုယ်တော်အခွင့်” ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြား တပါးသော ဘုရား အခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ်ခြင်းကို ခံရမည်ဟု (တရား၊ ၁၈:၂၀) ‘အခွင့်တော်၊ အလိုတော်၊ သင်တို့ကို ငါအလျှင်း မသိ။ အဓမ္မအမှုကို ပြုသော သူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထို သူတို့အား အတည့် အလင်းငါပြောမည်။” ဟုဆိုထားသည်။ “ရေနှင့် ဝိညာဉ်တော် မမွေးသောသူမဝင်ရ” (ယော၊ ၃:၅)။ ထို့ကြောင့် အထက် ဖေါ်ပြပါ ကျမ်းချက်များ အရ ရေနှင့် ဝိညာဉ် မွေးဖွါးခြင်းသည် ဘုရား အလိုတော် ဖြစ်ကြောင်း တွေ့ရသည်။ မမွေးလျှင် မဝင်ရ။ ထို့ကြောင့် ရေနှင့် ဝိညာဉ် မွေးဖွား သောသူ ဖြစ်မှသာလျှင်ကောင်းကင် နိုင်ငံ ဝင်ရမည် ဖြစ်သည်။ သို့ဖြစ်လျှင် ရေနှင့် ဝိညာဉ် မွေးခြင်း အကြောင်းကို တစ်စေ့တ စောင်း စမ်းစစ်လေ့လာကြည့်ပါစို့။ ရေနှင့် ဝိညာဉ် ‘မွေးဖွားခြင်း ’ဆိုသည့်အတွက်ကြောင့် ‘နှစ်ခြင်း ’ မဟုတ်ကြောင်း ထင်ရှားသည်။ နှစ်ခြင်း မလိုအပ်ကြောင်း ဆိုလိုသည် မဟုတ်ပါ။ မွေး ဖွားခြင်း မရှိပဲ နှစ်ခြင်း မရှိနိုင်သဖြင့် အရေးကြီးသည့် မွေးဖွားခြင်းကို အဓိကထား လေ့လာချင် ပါသည်။ ယေရှုက၊ “ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန် ဆိုသည်” (ယော၊ ၃:၃)။ မိခင် ဝမ်းမှမွေးဖွားလာသည့် ​ကျွန်ုပ်တို့၏ ဇာတိခန္ဓာမွေးဖွားခြင်းသည် ပထမမွေးခြင်း ဖြစ်သည်။ မြေမှုန့်မှလာသော အပုပ်ကောင်သည် ကောင်းကင်ဘုံသို့ မဝင်စားနိုင်ကြောင်းရှင်းလင်းစွာ နားလည် ရသည်။ ပထမအကြိမ်မွေးဖွားခြင်းသည် မိဘမှမွေးဖွားခြင်း ဖြစ်သည်။ ထိုအမိအဖမှမွေးဖွားခြင်း အစဉ်အဆက်သည် ကမ္ဘာဦး ဖခင်နှင့် မိခင် ဖြစ်သော အာဒံနှင့် ဧဝအားဖြင့် ဆင်းသက်လာခြင်း ဖြစ်သဖြင့် သင်နှင့် ​ကျွန်ုပ်၏ ပထမမွေးခြင်းသည် ကျိန်ခြင်း သင့်လျက် ရှိသည်။ အကြောင်းမှာ အာဒံနှင့် ဧဝသည် ‘မစားရ၊ စားလျှင် စားသော နေ့၌ ဧကန်အမှန် သေရမည်’ဟု ဘုရားကပညတ်ထားသော ကောင်းမကောင်း သိ​ကျွမ်းရာအသီးကို စားမိသောကြောင့် ဘုရား အမျက်တော် တည်းဟူသော ‘အပြစ်၏ အခသေခြင်း တရား’သည် ဤလောက ထဲသို့ ဝင်ရောက် လာခဲ့သည်။ ထိုဧဒင်မှဆင်းသက်လာသော အာဒံအမျိုးအနွယ် သင်နှင့် ​ကျွန်ုပ်တို့ သေလျှင် အသက် ဝိညာဉ်သည် ငရဲသို့ ဆင်းသွားရမည်။ ပထမမွေးခြင်းသည် အမင်္လာမွေးခြင်း ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်က မင်္လာ ရှိသော ဒုတိယမွေးဖွားခြင်း ခံဖို့ လိုကြောင်း မိန့်တော်မူခြင်း ဖြစ်သည်။ မိတ်ဆွေ၊ သင်လည်း မိရိုးဖလာ ခရစ်ယာန် ဖြစ်ရုံဖြင့် ကောင်းကင် နိုင်ငံတော် ဝင်ရမည် မဟုတ်ကြောင်း နားလည် သဘောပေါက်သင့်သည်။ သဘော မပေါက်သေးပါက သင်သည် ခေတ်သစ် နိကောဒင် ဖြစ်သည်။ ကောင်းကင် နိုင်ငံတော် ဝင်ရန် ဒုတိယမွေးဖွားဖြင်း ခံဘို့ လိုသည်။ ဒုတိယအကြိမ် မွေးဖွားရန်ဆန္ဒရှိပါသလား။ 

ပထမမွေးခြင်းဖြင့် ကောင်းကင်ဘုံမဝင်နိုင်သဖြင့်၊ ကောင်းကင် နိုင်ငံတော် ဝင်နိုင်ရန် လူတိုင်း ဒုတိယမွေးဖွားခြင်း ခံဘို့ လိုသည်။ ပထမမွေးခြင်းသည် ဇာတိ (ခန္ဓာ) မွေးခြင်း ဖြစ်သည်။ မြေမှုန့်မှလာသော ဇာတိခန္ဓာကိုယ်သည် တနေ့ သေမည်၊ ကြွေကျမြေခမည်၊ ပုပ်ပျက်ကာလာရာ လမ်းကြောင်း၊ ဇာတိ မြေကြီးဆီသို့ ပြန်သွားရမည် (က၊ ၃:၁၉ ခ)။ “လူသည် တခါတည်း သေ၍ နောက်မှတရားစီရင်ခြင်း ခံရ” (ဟေ၊ ၉:၂၇) ကြောင်းနှင့် (ရော၊ ၆:၂၃) အရကောင်းကင် တရားရုံးတော်မှ သေမိန့်ချသည့် သမ္မန်စာ ရောက်နေပြီ ဖြစ်သဖြင့်၊ သေခြင်းကို မည်သို့ ရင်ဆိုင်မည်နည်း။ ဘုရားကျောင်းသွား၊ ဘာသာရေးသက်သက်ဖြင့် ကိုယ့်ကို ကိုယ်နှစ်သိမ့် ကျေနပ် ကာ၊ စိတ်၏ လှည့်စားခြင်း အောက်၌ အပူအပင်မရှိ၊ အရူးစိတ် ချမ်းသာ အဖြစ်မျိုးတလွှဲဆံပင်ကောင်းနေတာမျိုး မဖြစ်သင့်တော့ပါ။ ဘာသာရေး ခရစ်ယာန်၊ လူမျိုးရေး ခရစ်ယာန်၊ ဂိုဏ်းဂန ခရစ်ယာန်၊ ဆွေ စဉ်မျိုးဆက် ခရစ်ယာန်၊ ‘ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက်ရောက်’၊ ‘ငါ့လှေငါထိုး ပဲခူးရောက်ရောက်’ မာနသွေးနထင်ရောက်ပြီး လမ်းလျှောက် ရင်းလမ်းပျောက်နေသည့်အဖြစ်မှ လွတ်မြောက်သင့်ပြီ။ မထုံတက်တေး ဖင်လေး၍ အထနှေးခဲ့လျှင် လက်တကမ်း၌ ရှိသော သေခြင်း တရားသည် သင့်ထံ ရုတ်တရက်ရောက်ရှိလာမည် ဖြစ်သည်။ ‘ငါသိ၊ ငါတတ်၊ ငါတော်၊ ငါမှန်၊ ငါဘုရင်၊ ငါဘုရား၊ ငါမှ ငါ၊ မာန ဝင့်ကြွားနေသော ဇာတိလူ သင့် ဝိညာဉ်သည် ငရဲပြည်သို့ အခမဲ့ တန်းဆင်းသွားမည် ဖြစ်သည်။အချိန် လေးရှိခိုက် အတ္တ အိပ်မက်ဆိုးမှ နိုးထဘို့အချိန် ရောက် ပြီ။ သေခြင်းကို လျှော့မတွက်ပါနဲ့မိတ်ဆွေ။ 

ယနေ့ တစက္ကန့်လူနှစ်ယောက်နှုန်းသေနေသည်။ စက္ကန့်လက်တံတချက်လှုပ်ရှားသွားတိုင်း လူနှစ်ယောက်စီကို အလှည့်ကျ ခေါ်ထုတ်သွားသည်။ မသွား ချင်၍ မရ၊ သွားရဦးမည်။ သွားနှင့် သူတို့လည်းများလှပြီ။ အမိ၊ အဖ၊ ညီ၊ အစ်ကို မောင်နှမ၊ မိတ်ဆွေ၊ ချစ်ရသောသူများ ခွဲခွါရသည့်အချိန် အခါသည် ရင်နာစရာ ကောင်းလှသည်။ သေခြင်း နောက်နောင်ဘဝရှိကြောင်း ယုံကြည်သူ တစ်ယောက် အနေဖြင့် ယခု အချိန်သည် အကောင်းဆုံး ပြင်ဆင် ရမည့်အချိန် ဖြစ်သည်။ သိပ်မကြာမီသင့်အလှည့်ရောက်လာဦးမည် ဖြစ်သည်။ အသင့် ဖြစ်ပြီလား၊ မိတ်ဆွေ။ သေပြီး နောက် လူသားတို့ သွားရမည့် ‘ငရဲဘုံ’နှင့် ‘ကောင်းကင်ဘုံ’ ရှိကြောင်း၊ သူဌေးကြီးနှင့် ဆင်းရဲသား လာဇရုအကြောင်းအားဖြင့် ခရစ်တော် ဘုရားကသေမင်းခေါ်သံ ဗျာဒိတ်တော်ကို လူ့ဘုံလောကသား တို့ အားပေးထား ပြီးသား ဖြစ်သည် (လု၊ ၁၆:၁၉-၃၁)။ လူ့ဘုံကို ခေတ္တအလည် ရောက်ရှိလာသော ရွှေဧည့်သည် အနေဖြင့် အပြန်လမ်းလေးစိတ်ချ စေချင် ပါသည်။ မည်သည့်ဘုံကို သင်ကြိုက်ပါသနည်း။ ငရဲဘုံနှင့် ကောင်းကင်ဘုံစိတ်ကြိုက်ရွေးပါ၊ ကောင်းကင် လမ်းနှင့် ငရဲလမ်း၊ စိတ်ကြိုက်လှမ်းပါ၊ ချစ်သော မိတ်ဆွေ။ ‘ရေနှင့် ဝိညာဉ်တော် မွေးခြင်း ’ကို မည်သို့ နားလည်သနည်း။ ‘ရေ’ ဟုဆိုရာတွင် ​ကျွန်ုပ်တို့ သောက်သုံးနေသော ရေကို ဆိုလိုခြင်း မဖြစ်နိုင်။ ထိုရေမျိုး၌ လူကို မွေးဖွား လေ့ မရှိပါ။ ထိုရေမျိုး၌ မွေးဖွါးသော သတ္တဝါများမှာ ငါး၊ ဖါး အစရှိသည့် ရေသတ္တဝါများ၊ ပိုးလောက်လန်းများသာရှိသည်။ သို့ဖြစ်လျှင် မည်ကဲ့သို့သော ရေ ဖြစ်မည် နည်း။ ဧဖက် ၅:၂၇တွင် “နှုတ်ကပတ်တော် ရေ” ဟူ၍ ရူပကအလက်ာဖြင့် ထပ်တူပြုတင်စားထားရာ နှုတ်ကပတ်တော်ကို ဆိုလိုကြောင်း နားလည်ရသည်။ ထို့ကြောင့် နှုတ်ကပတ်တော်၌ မွေးဖွားရမည် ဖြစ်သည်။ နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်သည်။ ဘုရားသခင်၏ အလို တော်လည်း ဖြစ်သည်။ ခရစ်တော်သည် နှုတ်ကပတ်တော် ဖြစ်၍၊ သမ္မာတရားလည်း ဖြစ်သောကြောင့် ခရစ်တော်အားဖြင့် မွေးဖွါးခြင်းကို ဆိုလိုသည်။ ခလေးသည် မိခင် မှမွေးဖွားရန် မိခင် ဝမ်းထဲ၌ အရင်တည်ရှိဘို့ လိုသည်။ ပြီးမှမွေးဖွားသည်။ ထိုနည်းတူ၊ ခရစ်တော်အားဖြင့် မွေးဖွားရန်၊ ခရစ်တော် အထဲ၌ အရင် ‘တည်ရှိ’ဘို့ လိုသည်။ မည်သို့ တည်ရှိနိုင်သနည်း။ “ငါသည်လည်း မြေကြီးနှင့် ခွ့ါ၍ မြှောက်ထားခြင်းကို ခံရလျှင် လူအ ပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်” ဟု မိန့်တော်မူ၏ (ယော၊ ၁၂:၃၂)။ ခရစ်တော် ကား တိုင်တက်သောအခါ သူကိုယ်တိုင် လောကသား အပေါင်းတို့ကို သူ့အထဲ၌ ထည့်ထားလိုက်သည်။ ဘုရားသခင်ကလည်း ​ကျွန်ုပ်တို့ကို ခရစ်တော် အထဲ၌ ထည့်ထားလိုက်သည် (၁ ကော ၁:၃၀)။ သန့်ရှင်းသောဝိညာဉ်တော် ဘုရားသခင်ကလည်း သင်နှင့် ​ကျွန်ုပ်ကို ခရစ်တော် ထဲ၌ ထည့်ထားလိုက်သည် (၂ ကော၊ ၁:၂၁-၂၂)။ ခရစ်တော်သည် လက်ဝါး ကပ်တိုင်တော်တွင် မိမိအသက်ကို စွန့်တော်မူသည်။ စာတန် သား၊ အာဒံသား၊ ငရဲသွားမည့် မွေးရာပါအပြစ်နှင့် လူ၊ ‘လူဟောင်း’ဟု သမုတ်ခံ ရသော သင်နှင့် ​ကျွန်ုပ်လည်း ထိုခရစ်တော်နှင့်အတူ ကား တိုင်ပေါ်၌ သေပွဲဝင်ကြရသည်။ “ထိုမှတစ်ပါး ငါတို့ လူဟောင်းသည် ထိုသခင်နှင့်အတူ အသေသတ်ခြင်းကို ခံရပြီဟု ငါတို့ သိကြ၏” (ရော၊ ၆:၆)။ ခရစ်တော် အသေခံခြင်းအားဖြင့် ငရဲသွားမည့် အပြစ် တရား၏ ကိုယ်ကို ဖျက်စီး ပစ် လိုက်သည်။ ခရစ်တော်ကို မြှုပ်နှံသည့်အခါ​ကျွန်ုပ်တို့လည်း ထိုသခင်နှင့်အတူ မြှုပ်နှံခြင်း ခံရသည်။ ထိုသခင်ထမြောက်သောအခါ ထိုသခင်နှင့်အတူ ​ကျွန်ုပ်တို့လည်း ထမြောက် ကြသည်။ “အသစ်သော အသက်၌ ကျင်လည်ရကြသတည်း” (ရော၊ ၆:၄)။ ခရစ်တော် အထဲမှရှင်ပြန်ထ မြောက်ခြင်းသည် အသစ်သော အသက်၌ ကျင်လည်ရခြင်း အတွက် ​ကျွန်ုပ်တို့အား ဘဝသစ်ကို ပေးခြင်း၊ တနည်းအားဖြင့် ခရစ်တော် အထဲက ဘဝသစ်တဖန် ပြန်လည် မွေးဖွားခြင်း ဖြစ်သည်။ ယော ၁:၁၂၌လည်း “ထိုသူကို လက်ခံသမျှသောသူ တည်းဟူသော ကိုယ်တော်ကို ယုံကြည်သော သူတို့ အား၊ ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။” ဟုဆိုထားသည်။ ထို့ကြောင့် ဘုရား သားတော် ယေရှုခရစ် တော်၏ အသေခံခြင်း၊ အမြှုပ်နှံခံခြင်း၊ ရှင်ပြန်ထမြောက် ခြင်းကို ယုံကြည် သောသူ အတွက်သား ဖြစ်ရသော အခွင့်ကို ပေးသည်။သား ဖြစ်ခြင်းသည် မွေး ဖွားခြင်းအားဖြင့် ဖြစ်၍၊ ထိုမွေးဖွားခြင်းသည်လည်း ယုံကြည်ခြင်း အားဖြင့်သာ ဖြစ်ကြောင်း သိရသည်။ 

နှုတ်ကပတ်တော် + ယုံကြည်ခြင်း = (မွေးဖွားခြင်း)သား ကောင်းကင် နိုင်ငံတော် 

ရှင်ပေတရုက ‘နှုတ်ကပတ်တော် ’သည် ‘ဧဝံဂေလိတရား’ ဖြစ်ကြောင်း၊ အသက်ရှင်၍၊ မဖေါက်ပြန်မပျက်ဆီးတတ်သော ‘မျိုးစေ့ ဖြစ်ကြောင်း၊ ထိုမျိုးစေ့ကို သူကိုယ်တိုင် ရရှိ၍ သူကိုယ်တိုင် ပြန်လည် ဝေမျှခြင်း ဖြစ်ကြောင်း၊ သင်တို့သည်လည်း ‘နှုတ်ကပတ်တော် ’အားဖြင့် မွေးဖွားသောသူများ ဖြစ်ကြောင်း သက်သေခံသည် (၁ ပေ၊ ၁:၂၃၊ ၂၅။ ၁ ကော၊ ၁၅:၃-၄)။ ဧဝံဂေလိတရားဆိုသည်မှာ “​ကျွန်ုပ်တို့ အပြစ်ကြောင့် အသေခံတော်မူ၍၊ သင်္ဂြိုဟ်ပြီးမှသုံးရက် မြောက်သော နေ့၌ ရှင်ပြန်ထမြောက်တော်မူခြင်း” ‘ငါသည် သင့်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင်သည် ကိုလည်း ကောင်း၊ လွှတ်ပိုင်သည် ကိုလည်း ကောင်း သင်မ သိသလော’ (၁ ကော၊ ၁၅:၃-၄)၌ ဘုရားသခင်၏ အလိုတော်ကို ဆောင်သောသူ အဓိကဇာတ်ကောင်သည် ယေရှုခရစ် တော် ဖြစ်ကြောင်း တွေ့ရသည်။ ဤလောက၌ အဘယ်သူမျှ ဘုရားသခင်၏ အလိုတော်ကို ဆောင်နိုင်သူမရှိ။ အလိုတော်ကို ဆောင်သောသူလည်း မရှိ။ သို့ဖြစ်လျှင် မည်သူ ကောင်းကင်ဘုံကို ဝင်စားနိုင်မည် နည်း။ ဤလောကတွင် မည်သူမျှမ​ဖြောင့် မတ်၊ မည်သူမျှ အသုံးမရသောကြောင့် ဘုရားသခင်သည် သူ၏ တပါးတည်းသော သားတော် ‘​ဖြောင့် မတ်သောသူ’ကို ​ကျွန်ုပ်တို့ အားပေးသနားတော်မူသည်။ ​ကျွန်ုပ်တို့သည် ​ဖြောင့်မတ်၍ မဟုတ်၊ အပြစ်ကင်း၍ မဟုတ်၊ ။ “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် ကြောင့် အသေခံတော်မူသည် ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏” (ရော၊ ၅:၈)။ ​ကျွန်ုပ်တို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ​ကျွန်ုပ်တို့အတွက် အသေခံ၍ အနိှုင်းမရှိ မေတ္တာရှင် ဘုရား၏ တဖက်သတ် အချစ်ကို လက်တွေ့ပြ ခဲ့သည်။ “ထိုကြောင့်၊ တယောက်သောသူ၏ ပြစ်မှားခြင်း အားဖြင့်၊ လူအပေါင်းတို့သည် အပြစ် စီရင်ခြင်းနှင့် တွေ့ကြုံရ ကြသည့်နည်းတူ၊ တယောက်သောသူ၏ ​ဖြောင့်မတ်ခြင်း အားဖြင့်၊ လူအပေါင်းတို့သည် အသက်နှင့် ယှဉ်သော ​ဖြောင့်မတ်ရာသို့ ရောက်ခြင်း အခွင့်ကို ရကြ၏။” (ရော၊ ၅:၁၈)။ ထိုဧဝံဂေလိတရားကို ကြား၍၊ ယုံ ကြည် လက်ခံခြင်းအားဖြင့် ဘုရားသခင်က ဖွားသောသား ဖြစ်ရသည်။ (ယော၊ ၁:၁)၌ “အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ ‘နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏ ’” ဟု တွေ့ ရသည်။ ဘုရား သားသည် နှုတ်ကပတ်တော်၏သား (သို့) နှုတ်ကပတ်တော် ရေအားဖြင့် မွေးဖွားလာသောသူ ဖြစ်သည်။ ခရစ်တော်သည် ဘုရားသခင်၏ အလိုတော်ကို ဆောင်သောသူ ဖြစ်သောကြောင့်၊ ခရစ်တော် အထဲက မွေးဖွား လာသောသူသည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ပြီးရာရောက် သကဲ့သို့၊ ခရစ်တော်သည် နှုတ်ကပတ်တော် ဖြစ်သောကြောင့် ခရစ်တော် အထဲမှ မွေး ဖွား လာသောသူသည် နှုတ်ကပတ်တော်၌ မွေးသောသူ ဖြစ်သည်။ ထို့ကြောင့် နှုတ်ကပတ်တော် ထဲ၌ နေ၍ နှုတ်ကပတ်တော်အားဖြင့် နှုတ်ကပတ်တော် အဘို့ အလို့ငှါ ဘုရားသခင်၏ အလိုတော်ကို ဆောင်သောသူ ဖြစ်ကြဘို့ နှုတ်ကပတ်တော်အားဖြင့် မွေးဖွားသောသူအယောက်တိုင်း ဖြစ်ကြကုန်စို့။ 
 

ယောက်ျားများ သင်တန်း


အောက်တိုဘာလ ၂ရ- ၂၈တွင် သတင်းကောင်း နှစ်ခြင်း အသင်းတော် အင်ဒီယားနားမှအမျိုးသားများသင်တန်းကို တညနှင့် တရက် ပြုလုပ် ခဲ့ ကြသည်။ ထိုသင်တန်း၌ ယောက်ျားပေါင်း၂ရ ဦးပါဝင် ကြသည်။ ထိုသင်တန်း၌ သင်သော အရာများကို အနည်းငယ် ဖေါ်ပြလိုပါသည်။ယောက်ျားတိုင်း၊ ဘုရားနှင့် ပတ် သက်၍ တာဝန်၊ ခင်ပွန်းသည် တာဝန်၊ ဖခင်တာဝန်များကျေပြွန်ဘို့ လိုအပ်ကြောင်း၊ သင်တန်းမတက် ဖြစ်သောသူများအတွက် အကျဉ်းချုံး၍ ဖေါ်ပြလိုက်ပါသည်။ 

ဘုရား၏ လူ

ယောက်ျားတိုင်းသည် ဘုရားသခင်၏ လူ(အ့န ာ​ေည သ် ွသိ) ဖြစ်ဘို့ ပေါလုကတိမောသေထံ ဤသို့ စာရေးခဲ့သည်၊ “အို ဘုရားသခင်၏ လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ​ဖြောင့်မတ်စွာ ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သီးခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက်လော့။ ၁၂ ယုံကြည်ခြင်းနှင့် ဆိုင်၍ ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုလော့။ ထာဝရ အသက်ကို ကိုင် ယူလော့။ ထိုအသက်ကို ရမည်အကြောင်း၊ သင်သည် ခေါ်တော်မူခြင်းကို ခံရ၍၊ သက်သေအများတို့ ရှေ့၌ ကောင်းမွန်စွာ ဝန်ခံပြီ။ ၁၃ ငါတို့ သခင်ယေရှုခရစ် ထင်ရှားပေါ်ထွန်းတော်မူသည် တိုင်အောင်၊ သင်သည် အညစ်အ​ကြေးနှင့် ကင်းစင်၍ အပြစ်တင်ခွင့်မရှိဘဲလျက်၊ ပညတ်တော်ကို စောင့်ရှောက်မည် အကြောင်း၊ ၁၄ အလုံးစုံတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင် ရှေ့မှာ၎င်း၊ ပုန္တိပိလတ်မင်းထံ ကောင်းသော ဝန်ခံခြင်း ဘက်၌ သက်သေခံတော်မူသော ယေရှုခရစ် ရှေ့မှာ၎င်း၊ ငါသည် သင့်ကို ပညတ် ထား၏။” (၁ တိ ၆:၁၁-၁၄) “အရပ်ရပ်တို့၌ ယောကျ်ားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ၊ သန့်ရှင်းသော လက်ကို ချီ၍ ဆုတောင်း စေခြင်းငှါ ငါအလိုရှိ၏။” (၁ တိ ၂:၈)။ “သင်တို့သည် သတိနှင့် စောင့် နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ယောက်ျားအစွမ်းသတ္တိနှင့်တကွ ခွန်အား စုံလင်လျက် နေကြလော့။ ၁၄ သင်တို့သည် ခပ်သိမ်းသော အမှုတို့ကို ချစ်ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။” (၁ ကော ၁၆:၁၃-၁၄) 

ကြောက်တတ်၊ အား ငယ်တတ်သောယောက်ျားများကိုလည်း ဘုရားသခင်က ဟေရှာယအားဖြင့် ဣသရေလကို အားပေးသကဲ့သို့ အားပေးလိုသည်။ “ငါ့​ကျွန် ဣသရေလ၊ ငါရွေးချယ်သောသူယာကုပ်၊ ငါ့အဆွေအာဗြဟံ၏ သား၊ ၉ မြေကြီး အစွန်းအနားမှငါလက်ဆွဲ၍ ခေါ်သောသူ၊ သင်သည် ငါ့​ကျွန် ဖြစ်၏ ဟူ၍၎င်း၊ သင့်ကို ငါရွေးချယ်ပြီ၊ သင့်ကို မပစ်မပယ်ဟူ၍၎င်း၊ ဂတိကို ခံရသောသူ၊၊ ၁၀ မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့ သစ္စာ လက်ျာလက်ဖြင့် ထောက်ပင့်မည်။ ၁၁ သင့်၌ အမျက်ထွက်သော သူတို့သည် ရှက်ကြောက်ခြင်းနှင့် မျက်နှာ ပျက်ခြင်းရှိကြလိမ့်မည်။ သင်၌ ရန်ပြုသော သူတို့သည် အဘယ်မျှ မဟုတ် သကဲ့သို့ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်၊၊ ၁၂ သင်နှင့် ဆန့်ကျင်ဘက်ပြုသော သူတို့ကို သင်သည် ရှာ၍ မတွေ့ရ၊၊ သင့်ကို စစ်တိုက်သော သူတို့သည် အဘယ်မျှ မဟုတ် သကဲ့သို့၎င်း၊ အနတ္တသက်သက် ကဲ့သို့ဖြစ်ကြလိမ့်မည်။ ၁၃ အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာဝရဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အား ဆိုလျှက်၊ သင်၏ လက်ျာလက်ကိုကိုင်မည်။ ၁၄ အိုတီကောင် ယာကုပ်၊ အမျိုးငယ် ဣသရေလ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ကို မစသောသူ ဖြစ်၏၊၊ သင့်ကို ရွေးနှုတ်သောသူသည်၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရား ဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ၁၅ ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက် အသစ် ဖြစ်စေရမည်။ သင်သည် တောင်ကြီးတို့ကို နယ်၍ ညက်စေမည်။ တောင် ငယ်တို့ကို ဖွဲကဲ့သို့ဖြစ်စေမည်။ ၁၆ သူတို့ကို လှေ့၍၊ လေသည် သူတို့ကို တိုက်သွားလိမ့်မည်၊၊ မုန်တိုင်း လွှင့်လိမ့်မည်၊၊ သင်မူကား ထာဝရဘုရား၌ ဝမ်းမြောက် လိမ့်မည်၊၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရား၌ ဝါကြွား လိမ့်မည်၊၊ ” (ဟေရှာယ ၄၁:၈-၁၆) 
 
 ခရစ်ယာန် အိမ်ထောင်

“ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့် ကြ၏။ ၂ စောစော ထလျက်၊ ညဉ့် နက်သည့် တိုင်အောင် မအိပ်ဘဲ နေလျက်၊ ပင်ပန်းစွာ အစာစားလျက် နေသော်လည်း အကျိုးမရှိ၊ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူသောသူအား အမှန် ပေးတော်မူ၏။ ၃ ဘွားမြင်သော သားသမီးတို့သည် ထာဝရဘုရား ဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာ ဖြစ်ကြ၏။ ၄ အသက် ပျိုစဉ်၊ ဘွားမြင်သော သားသမီးတို့သည် သူရဲလက်၌ ရှိသော မြှားကဲ့သို့ဖြစ်ကြ၏။ ၅ မိမိမြှားတောင့်ကို သူတို့နှင့် ပြည့်စေသောသူသည် မင်္လာရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်း မရှိ။ ရန် သူတို့ကို တံခါးဝ၌ ဆီးတားကြလိမ့်မည်။” (ဆာ ၁၂ရး၁-၅) “ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော်သို့ လိုက်သွားသမျှသော သူတို့သည် မင်္လာရှိကြ၏။ ၂ ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ် ဆောင်၍ ရသော အစာကို စားရလိမ့်မည်။ မင်္လာရှိ၍ ကောင်းစားရလိမ့်မည်။ ၃ သင်၏ မယားသည် သင့်အိမ်နားမှာ များစွာ အသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီးတို့သည် သင့် စားပွဲပတ်လည်၌ စိုက် ပျိုးသော သံလွင်ပင်များ ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။ ၄ ထာဝရဘုရားကို ကြောက်ရွံ့သောသူသည် ထိုသို့သော မင်္လာရှိရလိမ့်မည်။” (ဆာ ၁၂၈:၁-၄) 

ဘုရားသခင်က အိမ်ကို မည်ကဲ့သို့ ဆောက်မည်နည်း။ အိမ်သည် အိမ်ထောင်ကို ဆိုလိုသည်။ အိမ်ထောင်သည် လင်နှင့်မယား မှစသည်။ လင်မယား နှစ်ယောက်စလုံးသည် ဘုရားသခင်က ကြိုက်နှစ်သက်သလို ပုံသွင်းနိင်သောသူများ ဖြစ်ရမည်။ လင်မယား နှစ်ယောက်စလုံးဘုရားနှင့် အဆက်အသွယ်ရှိသောသူများ ဖြစ်ရမည်။ တနည်း၊ ကယ်တင်ခြင်း စိတ်ချသောသူ၊ ထာဝရ အသက် ရသောသူ၊ ဒုတိယအကြိမ် ဝိညာဉ်အားဖြင့် မွေးသောသူများ ဖြစ်ရမည်။ သို့မှသာ ဘုရားသခင်က စကားပြောနိင်၊ ညွှန်ကြားနိင်မည် (၁ ကော ၂:၁၉)။ လင်မယား နှစ်ယောက်သည် ဘုရားကို ချစ်သောသူ (တရား၆:၅၊ မ၂၂:၃ရ)၊ ဘုရားကို ကြောက်ရွံ့သောသူ (၁ရာ ၁၂:၂၄၊ ဆာ ၁၂၈:၁၊ လု ၁၂:၅)၊ ဘုရားကို လေးစားသောသူ၊ ဘုရားကို အားကိုး သောသူ (ဆာ ၁၁၈:၈၊ ၉ ယေရမိ ၁ရး၅-၈)၊ ဘုရားနှင့် အစဉ် မိဿဟာရဖွဲ့သောသူများ ဖြစ်ရမည် (ဆာ ၁:၁-၃)။ သို့မှသာ ဘုရားသခင်က ဆောက်နိင်မည်။ ဘုရားသည် လူ၏ ဆန္ဒမပါဘဲ အတင်း မဆောက်ပါ။ ဘုရားသခင်က၊ “သင့်ကို ငါသွန်သင်မည်၊၊ သင်သွားရမည်လမ်းကို ပြတော်မူမည်၊၊ သင့်ကို ကြည့်ရှုပြုစုမည်၊၊ ဥာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်နှင့်၊၊ ” (ဆာ ၃၂ ; ၈) ဟုဆိုထားသည်။ တဖန်၊ “ထာဝရဘုရားသည် ကောင်းသော သဘော ​ဖြောင့်မတ်သော သဘောနှင့် ပြည့်စုံတော်မူသည် ဖြစ်၍ အပြစ်ရှိသော သူတို့ကို လမ်းပြတော်မူ၏၊၊ ” (ဆာ ၂၅:၈) 
 

လင်ယောက်ျားတာဝန် 

၁။ ချစ်ရမည်
 “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ သကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ထိုအ သင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည် ဖြစ်၍၊ အညစ်အ​ကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့် တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော် ရေ၌ ဆေးကြောခြင်းအားဖြင့် စင်ကြယ် သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော် အဘို့ အလိုငှါ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။ ၂၈ ထိုနည်းတူ၊ယောက်ျားတို့သည် မိမိကိုယ်ကို ချစ် သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကို ချစ်သောသူ ဖြစ်၏။” (ဧဖက် ၅:၂၅-၂၈) 

“သင်တို့သည် ငါ့ထံသို့ ပေးလိုက်သော စာ၌ ပါသောအရာ မှာ၊ယောက်ျားသည် မိန်းမနှင့် မဆက်ဆံဘဲ နေလျှင်၊ ၂။ ကောင်းသော် လည်း၊ မတ ရားသော မေထုန်နှင့် ကင်းလွတ် မည်အကြောင်း၊ယောက်ျားတိုင်း မိမိမယားရှိစေလော့။ မိန်းမ တိုင်း မိမိလင်ရှိစေလော့။ ၃။ယောက်ျားသည် ဆက် ဆံခြင်း ဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်း ဝတ်ကို မိမိလင်အား ပြုစေလော့။ ၄။ မိန်းမသည် မိမိကိုယ်ကို မပိုင်၊ လင်သည် ပိုင်၏။ ထိုနည်း တူယောက်ျားသည်လည်း မိမိကိုယ်ကို မပိုင်၊ မယားသည် ပိုင်၏။ ၅။ အချင်း ချင်းခင်ပွန်းဝတ်ကို မပယ် မရှောင်ကြနှင့်။ ထိုသို့ ဆိုသော်၊ ဆုတောင်းခြင်း ဝတ်ကို ပြုရသော အခွင့် ရှိစေခြင်းငှါ၊ သဘောတူ၍ ခင်ပွန်း ဝတ်ကို ခဏမျှ မရှောင်ရဟု မဆိုလို။ ထိုသို့ ရှောင်လျှင်၊ ကိုယ်ကို မချုပ် တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင် ရသော အခွင့် မရှိစေခြင်းငှါ၊ နောက်တဖန်အတူ နေကြလော့။ ၆။ သို့ရာတွင် ပညတ်မထားဘဲ အခွင့်ပေးခြင်းအားဖြင့်သာငါဆို၏။ ရ။ လူအပေါင်းတို့သည် ငါကဲ့သို့ဖြစ်စေခြင်းငှါ ငါအလိုရှိ၏။ သို့သော် လည်း၊ လူအသီးအသီးတို့သည် ဘုရားသခင် ပေးသနားတော်မူသည် အတိုင်း အသီးအသီးသော ဆုကျေးဇူးကို ခံရကြ၏။ ၈။ ထိုကြောင့်၊ မယားမရှိသော သူတို့နှင့် မုတ် ဆိုးမတို့ကို ငါဆိုသည်ကား၊ ထို သူတို့သည် ငါကဲ့သို့ နေလျှင် ကောင်း၏။ ၉။ သို့သော်လည်း၊ ကာမ ဂုဏ်ကို မချုပ်တည်း နိုင်လျှင် ထိမ်းမြား စုံဘက်ခြင်းကို ပြုကြစေ။ ကိလေ သာစိတ် ပူပန်ခြင်းရှိသည်ထက် ထိမ်း မြားစုံ ဘက်ခြင်း ပြုသော်သာ၍ ကောင်း၏။ ၁၀။ ခင်ပွန်းရှိသော သူတို့ကိုလည်း၊ ငါပညတ်သည်သာ မက၊ သခင်ဘုရား ပညတ်တော်မူသည်ကား၊ မယားသည် မိမိခင်ပွန်းကို မစွန့်ပစ်စေနှင့်။ ၁၁။ စွန့်ပစ်လျှင် မိမိခင်ပွန်း မရှိဘဲ နေစေ။ သို့မဟုတ်လျှင်၊ ခင်ပွန်း ဟောင်းထံသို့ ပြန်၍ အသင့် အတင့်နေစေ၊ ယောကျ်ားသည်လည်း မိမိမယားနှင့် မကွာ စေနှင့်။ ၁၂။ ကြင်းသော သူတို့ကို သခင်ဘုရားသည် ကိုယ်တိုင် မပညတ်ဘဲ၊ ငါပညတ်သည်ကား၊ တစုံတယောက်သော ညီ အစ်ကိုသည် မယုံကြည်သော မယားရှိ၍၊ ထိုမ ယားသည် မိမိခင်ပွန်းနှင့် နေခြင်းငှါ အလိုရှိလျှင် မကွာစေနှင့်။ ၁၃။ ထိုနည်းတူ မိန်းမသည်လည်း၊ မယုံကြည်သော ခင်ပွန်းရှိ၍၊ ထိုခင်ပွန်းသည် မိမိမယားနှင့် နေခြင်းငှါ အလိုရှိလျှင် မကွာ စေ နှင့်။ ၁၄။ အကြောင်းမူကား၊ မယုံကြည်သော လင်သည် မိမိမယား အဘို့ စင်ကြယ်၏။ မယုံကြည်သော မယားသည်လည်း မိမိလင်အဘို့ စင်ကြယ်၏။ သို့မဟုတ်လျှင် သင်တို့၏ သားသမီးသည် မစင်ကြယ်။ ယခုတွင် စင် ကြယ်ကြ၏။ ၁၅။ သို့သော်လည်း မယုံကြည်သောသူသည် ကွာသွား လိုုလျှင် ကွာသွားစေ။ ထိုသို့ပြုလျှင် တပည့်တော်သည် ယာကျ်ား ဖြစ်စေ၊ မိန်းမ ဖြစ်စေ၊ ချည်နှောင်ခြင်း မရှိ။ ငါတို့သည် အသင့် အတင့် နေစေခြင်းငှါ ဘုရားသခင်၏ ပညတ်တော် ရှိ၏။ ၁၆။ အချင်းမိန်းမ၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့ သိသနည်း။ အချင်းယောကျ်ား၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့ သိသနည်း။ (၁ ကော ရး၁-၁၆) “သင်၏ စမ်းရေတွင်း၌ မင်္လာရှိစေ၍၊ အသက် အရွယ်ပျိုစဉ်ကာလ၊ ပေါင်းဘော်သော မယားနှင့်အတူ ပျော်မွေ့လော့။” (သု ၅:၁၈) 

ယောက်ျားတိုင်း ပေးစားခြင်း ကလွှဲလျှင် မိန်းမကို ချစ်သောကြောင့်ယူ ကြသည်။ သို့သော် အချိန််ကြာ လာသောအခါ အလုပ်ပင်ပန်းခြင်း၊ ခလေးများကြောင့် ပြသနာများခြင်း၊ ငွေကျေးမလုံလောက်ခြင်း၊ အခြားအကြောင်း အမျိုးမျိုးကြောင့် လင်မယား ကြားချစ်ခြင်း မေတ္တာလျော့လာနိင်သည်။ သစ်ပင်များ မြေ ဩဇာခမ်း သကဲ့သို့ ချစ်ခြင်းမေတ္တာသည် လျော့နည်းလာနိင်သည်။ ထို့ကြောင့် ပေါလုကကိုယ့်ခင်ပွန်းကို ချစ်ဘို့ ရေးရခြင်း ဖြစ်သည်။ သင်၏ အိမ်ထောင်၌ ချစ်ခြင်းမေတ္တာလျော့နေပြီလော။ လျော့နေလျှင် စိုးရိမ်စရာ ရှိသည်။ အချစ် လုံးဝ မခမ်းသွားမှီပြန်၍ ရှင်သန်ကြီး ထွားရန် ပြုလုပ်ဘို့ လိုသည်။ 

၂။ ​ကျွေးမွေးရမည်

ကိုယ်အသားကို မုန်းသောသူ တယောက်မျှ မရှိ။ ခရစ်တော်သည် အသင်းတော်ကို ​ကျွေးမွေး ပြုစုတော်မူ သကဲ့သို့၊ ခပ်သိမ်းသော သူတို့သည် မိမိတို့ အသားကို ​ကျွေးမွေး ပြုစုတတ်ကြ၏။ (ဧဖက် ၅:၂၉)။ လက်ထပ်သောအခါ သတို့သမီး လှသလားဟူ၍၎င်း၊ သတို့သား ဘာ အလုပ်လုပ်သနည်းဟူ၍၎င်း၊ မေးတတ်ကြသည်။ အကြောင်းမှာယောက်ျားသည် မိသားစု​ကျွေးမွေးဘို့ တာဝန် ရှိသောကြောင့် ဖြစ်သည်။ယောက်ျား ဖြစ်သော်လည်း မိသားစုကို မ​ကျွေးမွေး နိင်လျှင်ယောက်ျားမပီသချေ။ 

၃။ ကောင်းစွာ ဆက်ဆံရမည်

ယောက်ျားတို့၊ ဆုတောင်းခြင်း အမှု၌ အဆီးအတားမရှိစေခြင်းငှါ အသက်ရှင်ခြင်း ကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံ ရသောသူချင်းကဲ့သို့ သတိပညာနှင့် လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူ နေ၍ အားနည်းသောသူကို ပြုသင့်သည် အတိုင်း သူ့ကို စောင့်မပြုစုကြလော့။ (၁ ပေ ၃:ရ)။ လင်မယား ကြားကွာရှင်းမှု အများစုသည် ကောင်းစွာ မဆက်ဆံကြသောကြောင့့် ဖြစ်သည်။ 

၄။ ဦးဆောင်ရမည်

ထာဝရ အရှင် ဘုရားသခင်က လည်း၊ယောက်ျားသည် တယောက် တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဘို့ ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။ (က ၂:၁၈)။ ဖန်ဆင်းရှင်ဘုရားကယောက်ျားသည် ဦးဆောင်သူ၊ မိန်းမသည် အထောက်အမဖြင့် ဖန်ဆင်းသည်။ ထိုအရာကို ဆန့်ကျင်လျှင် ပြသနာ ဖြစ်လာမှာသေချာသည်။ ထို့ကြောင့်ယောက်ျားများကိုယ့်မိသားစုကို အစစအရာရာ၌ ဦးဆောင်ပါ။ အာဏာရှင်ကဲ့သို့ မဟုတ်၊ မေတ္တာနှင့် ဦးဆောင်ရမည်။ ကိုယ်ခန္ဓာပိုင်းသာမက ဝိညာဉ်ပိုင်း၌လည်း ဦးဆောင်ရမည်။ များစွာသော ယေက်ျားများသည် အထူးသဖြင့် ဝိညာဉ်ရေးရာ၌ မိန်းမ ဦးဆောင်စေတတ်ကြသည်။ ထိုသို့ မဖြစ်ရ၊ ကိုယ်တိုင် ဦးဆောင်ရမည်။ 

၅။ ဂရုစိုက်၊ နားလည်ပေးရမည်

ကိုယ်အမှု အရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှု အရာကို အချင်းချင်းရှုမှတ်ကြလော့။ (ဖိလိ ၂:၄)။ယောက်ျားအနေဖြင့် မိန်းမ၏ အလိုဆန္ဒများကိုလည်း လိုက်ဘို့ လိုသည်။ ကိုယ့် သဘော သာလျှင် အရေးမပေးရ၊ မိန်းမများ၏ ခံစားချက် များကိုလည်း သိတတ်ဘို့ လိုသည်။ 

၆။ အနိင်မကျင့်ရ

အချင်းယောကျ်ားတို့၊ ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ကြမ်းတမ်းစွာ မပြုကြနှင့်။ (ကော ၃:၁၉)။ မိန်းမကို်အနိင်ကျင့်ဘို့ ယူသည် မဟုတ်။ ရီးစားဘဝ၌ သူ့ကို်ချစ်၍ အလိုလိုက် သကဲ့သို့ ဆက်ဆံလျှင် ပြသနာ ရှိမည် မဟုတ်။ 

၇။ လင်မယား မကွာရ

 “ဖာရိရဲှတို့သည် အထံတော်သို့ လာ၍ လူသည် ခပ်သိမ်းသော အပြစ်ကြောင့် မိမိမယားနှင့် ကွာအပ်သလောဟု စုံးစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်ကြသော်၊ ၄ ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောကျ်ားနှင့် မိန်းမ နှစ်ယောက်တည်းကို ဖန် ဆင်းတော်မူ၏။ ၅ ထိုအကြောင်းကြောင့် ယောကျ်ားသည် ကိုယ်မိဘကို စွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တသား တ ကိုယ်တည်း ဖြစ်ရလိမ့် မည်ဟု ကျမ်းဆိုသည်ကို သင်တို့ မဘတ်ဘူးသလော။ ၆ ထိုကြောင့် လင် မယားတို့သည် နှစ်ဦး မဟုတ် တဦးတည်း ဖြစ်၏။ ဘုရားသခင် ဘက်စပ်၍ ထမ်းဘိုးတင်တော်မူသောအရာကို လူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ၏။” (မ ၁၉:၃-၆)

“တဖန် သူတို့ ပြုသောအမှု ဟူမူကား၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ကို မျက်ရည်ကျ+ခင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့် ဖုံးအုပ်ကြပြီ။ ထိုကြောင့်၊ ပူဇော် သက္ကာကို မှတ်တော်မမူ။ သင်တို့ လက်မှနှစ်သက်သော စိတ်နှင့် ခံတော်မမူ။ ၁၄ အဘယ်ကြောင့် နည်းဟု သင်တို့ မေးလျှင်၊ သင့်အသက် ပျို စဉ်အခါလက်ထပ်၍၊ နောက်တဖန် သစ္စာ မစောင့်၊ ပြစ်မှားသော မယား တ ဘက်နှင့် သင့်တဘက်၌ ထာဝရဘုရားသည် သက်သေ ဖြစ်တော်မူ၏။ ထိုမယားသည် သင်၏ အဆွေခင်ပွန်း၊ သင်းဖွဲ့သော ပဋ္ဋိညာဉ်နှင့် ဆိုင်သော မယား ဖြစ်သတည်း။ ၁၅ တဦးတည်းကိုသာ ဖန် ဆင်းတော်မူပြီမဟုတ်လော။ သို့သော်လည်း၊ ကိုယ်တော်၌ ပဋ္ဋိညာဉ် ဝိညာဉ် အကျန်အကြွင်းရှိ၏။ အဘယ်ကြောင့် တဦးတည်းကိုသာ ဖန်ဆင်းတော်မူ သနည်းဟူမူကား၊ ဘုရားသခင်နှင့် ထိုက်တန်သော အမျိုးကို ရှာ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍၊ ကိုယ်စိတ် သဘောကို ချုပ််တည်း ကြလော့။ အသက် ပျိုစဉ်အခါ လက်ထပ်သော မယားကို သစ္စာ ဖျက်၍ မပြစ်မှားကြနှင့်။ ၁၆ မယားကို စွန့်ခြင်း အမှု မိမိခင်ပွန်း၌ ပြစ်မှားသော အပြစ်ကို ဖုံးအုပ်ခြင်း အမှုကို ငါမုန်းသည် (်သမ၍ ့အေန ိငလသမခန) ဟု၊ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ် ​ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ ထိုကြောင့် ကိုယ်စိတ် သဘောကို ချုပ်တည်း ကြလော့။ သစ္စာကို မဖျက်ကြနှင့်။” (မာလခိ ၂:၁၃-၁၆) 

လင်မယား ကွာရှင်းခြင်းသည် ဘုရားသခင်က မုန်းသည်။ အသင်းတော်ကလည်း အလိုမရှိချေ။ သားသမီး များလည်းရင်နာသည်။ ဆွေမျိုးသား ချင်းများလည်း ဝမ်းနည်း ကျေကွဲ ရသည်။ လင်မယား ကွာခြင်းကို စာတန်နှင့် သူ၏ လူများ ကသာလျှင် အလိုရှိသည်။ လင်မယား ပြသနာကို ကွာရှင်းခြင်းဖြင့် မ​ဖြေရှင်း သင့်ပါ။ ဘုရား ထံချဉ်းကပ်၍ သူ၏ စကားကို နာခံခြင်းဖြင့် ပြေလည်စေနိင်သည်။ ရှေ့နေထံ၊ တရားသူကြီး ထံသွားခြင်းထက် သင်းအုပ်ဆရာ၊ ဘုရား အမှုတော်ဆောင်များထံ၌ သွား၍ အကြံတောင်းခြင်း၊ ဆုတောင်း ခံခြင်း၊ ​ ဖြေရှင်း ပေးခြင်းများယူသင့်သည်။ ရှောလမုန်ကလည်း၊ “လူသည် တယောက် တည်းထက် နှစ်ယောက် သာ၍ကောင်း၏။ ကြိုးစားအား ထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။ ၁၀ တယောက် လဲလျှင် တစ်ယောက်ထူလိမ့်မည်။ တယောက် တည်းသောသူလဲလျှင် မူကား အကျိုးနည်းပြီ။ ထူသောသူမရှိ။ ၁၁ လူသည် နှစ်ယောက်အတူ အိမ်လျှင် နွေးတတ်၏။ တယောက် တည်းသောသူမူကား၊ အဘယ်သို့ နွေး နိုင်သနည်း။ ၁၂ လူတယောက်သည် တယောက်ကို နိုင်လျှင် ထိုလူကို နှစ်ယောက် ဆီးတားနိုင်၏။ သုံးလွန်းတင်သော ကြိုးသည်လည်း အလွယ်တကူ မပြတ် တတ်။ (ဒေ ၄:၉-၁၂)။ လင်မယား နှစ်ယောက်ပေါင်းပြီး ဘဝတည်ဆောက်လျှင် ပင် ခက်ခဲသည့်ကြား၌ ကွာရှင်းလျှင် ပို၍ ခက်ခဲမည်။ လင်မယား ကွာ ရှင်းမှု အားလုံး သည် “ငါ့ သဘော” ဟူသောအရာ မှစသည်။ အစကတည်း ကဘုရား သဘောကို မလိုက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကိုယ့် သဘောကို ဖယ်၍ ဘုရား သဘောနှင့် အိမ်ထောင်များကို တည်ဆောက်ကြပါစို့။ 

ဖခင်တာဝန် 

 “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်၊ သခင်ဘုရား၏ အလိုတော်နှင့် ညီသော ဆုံးမသွန်သင်ခြင်းကို ပြုလျက် ​ကျွေး မွေးကြလော့။” (ဧဖက် ၆:၄) “အဘသည်သားတို့ကို သနားစုံမက်သည် နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သော သူတို့ကို သနားစုံမက်တော်မူ၏။” (ဆာ ၁၀၃:၁၃) “သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကို ပြု သကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက် ရှိသလော။ ၈သား အပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲ နေလျှင်၊ သား အရင်း မဟုတ်၊ မင်းဦးမင်းလွင်ရသောသား ဖြစ်ကြ၏။ ၉ တနည်းကား၊ ကိုယ်ကာယနှင့် စပ်ဆိုင်သော အဘတို့ လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘ အလိုသို့ လိုက်၍၊ အသက် ချမ်းသာ ရကြမည် မဟုတ်လော။ ၁၀ အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့ လိုက်၍ တခဏသာဆုံးမပေး ကြ၏။ ကိုယ်တော်မူကား၊ မိမိသန့်ရှင်းခြင်း ပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှါ၊ ငါတို့ အကျိုးကို ထောက်၍ သာဆုံးမ ပေးတော်မူ၏။ ၁၁ ဆုံးမခြင်း မည်သည်ကား၊ ခံရစဉ်အခါဝမ်း မြောက်စရာ မထင်၊ ဝမ်းနည်းစရာ ထင် တတ်၏။ သို့သော် လည်း၊ ဆုံးမခြင်းကို ခံရသော သူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့် သက်ဆိုင်သော ​ဖြောင့်မတ်ခြင်း အကျိုးကို ခံရကြ၏။” (ဟေ ၁၂:ရ- ၁၁) “မိမိ နိုင်ငံတော်နှင့် ဘုန်းတော် ထဲသို့ သင်တို့ကို ခေါ်သွင်းတော်မူသော ဘုရားသခင်နှင့် အထိ ုက်အလျောက်သင်တို့သည် ကျင့်ဆောင်စေခြင်းငှါ၊ အဘသည် မိမိသားတို့ကို ပြု သကဲ့သို့ ငါတို့သည် သင်တို့ ရှိသမျှကို အဘယ်သို့ တိုက်တွန်း သွေး ဆောင်၍ မှာထားသည်ကို သင်တို့ သိကြသည်နှင့် အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်း​ဖြောင့်မတ်လျက်၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် နေကြသည်ကို သင်တို့သည် သက်သေ ဖြစ်ကြ၏။ ဘုရားသခင်သည်လည်း သက်သေ ဖြစ်တော်မူ၏။ (၁ သက် ၂:၁၂) 
 
၁။ သားသမီးများကို ချစ်ခြင်းမေတ္တာပြရမည်

ဖခင် များစွာတို့သည် အလုပ်နှင့် ဝါသနာအတွက် သာလျှင်အချိန် ပေးတတ်ကြသည်။ သားသမီး များနှင့်အချိန် ယူရမည်။ အထူးသဖြင့် ငယ်ရွယ်လေ လေ အချိန်များများ ပေးဘို့ လိုသည်။ သူတို့နှင့် ဆော့ကစားရမည်။ ဖက်ရမည်၊ နမ်းရမည်။ သူတို့ကို ချစ်ကြောင်း စကားအားဖြင့် ဖြစ်စေ၊ အထိ အတွေ့အားဖြင့် ဖြစ်စေပြရမည်။ သူတို့အတွက် အချိန် ပေးရမည်။ 

၂။ ​ကျွေးမွေးရမည်

လူတိုင်း သားသမီးရရှိလာလျှင် ​ကျွေးမွေးဘို့ လိုအပ်ကြောင်း သိကြသည်။ သားသမီး များမ​ကျွေးမွေး နိင်ပါက မရရှိလျှင် သာ၍ ကောင်းသည်။ သူတပါးကို အားကိုး၍ သားသမီး များမမွေးသင့်ချေ။ 

၃။ စောင့်ရှောက်ရမည်

သားသမီး များသည် ဘုရား ပေးထားသော အမွေများ ဖြစ်သောကြောင့် ကောင်းစွာ စောင့်ရှောက်ရမည်။ ကိုယ်ခန္ဓာပိုင်းသာမက စိတ်ပိုင်း၊ ဝိညာဉ်ပိုင်းလည်း စောင့်ရှောက်ဘို့ လိုသည်။ 

၄။ သွန်သင်ရမည်

သားသမီးများကို အစစအရာရာ သွန်သင်ရမည်။ ကိုယ်ခန္ဓာနှင့် ဆိုင်သောအရာ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ ဝိညာဉ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ သွန်သင်ရမည်။ သူတို့ကို သွန်သင်နိင်ရန်ကိုယ်တိုင် သင်ယူဘို့ လိုသည်။ ငယ်ရွယ်စဉ်ကတည်းက အလုပ်လုပ်သောသူ၊ သင်ယူသော ဖခင် များသည် သားသမီးများကို သွန် သင် တတ်ကြလိမ့်မည်။ 

၅။ အားပေးရမည်

သားသမီး များသည် ဖခင်၏ အားပေးခြင်း အလွန် လိုအပ်သည်။ သားသမီးများကို အားပေးခြင်းအားဖြင့် သူတို့သည် ဖေါ်ပြ၍ မရနိင်သောအား တက်ခြင်းရှိနိင်သည်။ အချို့သော ဖခင်များသည် သားသမီးများကို အားပေးခြင်းထက်၊ တချိန်လုံးအပြစ် မြင်ကာဆဲဆူတတ်ကြသည်။ 

၆။ ဆုံးမရမည်

ဖခင်များသည် သားသမီးများကို ​ကျွေးမွေး၊ ချစ်ရုံနှင့် မပြီးပါ။ ဆုံးမဘို့ တာဝန် ရှိသည်။ မိခင်၏ ဆုံးမခြင်းနှင့် ဘခင်၏ ဆုံးမခြင်းသည် မတူပါ။ ဖခင်များကို ဘုရားသခင်က တာဝန် ပေးထား သကဲ့သို့၊ တန်ခိုးလည်း ပေးထားသည်။ မိခင် ကဆယ်ကြိမ်ဆုံးမခြင်းထက် ဖခင်၏ တစ်ကြိမ်ဆုံးမခြင်းသည် ထိ ရောက်မှု ပိုရှိသည်။ 

၇။ မိဿဟာယဖွဲ့ရမည်

သားသမီး များနှင့်အတူ သွားလာကြပါ။ ခရီး သွားခြင်း၊ စျေးသွားခြင်း၊ အပြင်၌ ဆော့ကစားခြင်း၊ အိမ်တွင်း၌ ဆော့ ကစားခြင်း များသည် အလွန် အရေးကြီးသည်။ ထိုအရာများသည် အသက် ၁၀ နှစ်အောက်အ ရွယ်၌သာ ပြုလုပ် နိင်ပေလိမ့်မည်။ ဆယ်ကျော် သက်အရွယ် သားသမီး များသည် မလိမ္မာလျှင် မိဘများနှင့်အတူ မသွားလာချင် တော့ပါ။ 
  
 ဖခင်မကောင်းလျှင် အိမ်ခေါင်မိုးပျက်ခြင်းနှင့် တူသည် မိခင် အကျင့်ပျက်လျှင် အိမ်ထရံမရှိခြင်းနှင့် တူသည် သားသမီး ပျက်လျှင် အိမ်တွင်းရှုပ်ပွခြင်းနှင့် တူသည် အိမ်ထောင်ပျိုကွဲလျှင် အိမ်ပျက်စီးခြင်းနှင့် တူသည်။ အိမ်ခေါင်မိုးပျက်လျှင် မလုံခြုံတော့ပါ ထရံမရှိလျှင်လည်း မိုးလုံလေလုံမ ဖြစ်တော့ပါ အိမ်ရှုပ်ပွနေလျှင် နေ၍ မပျော်တော့ပါ အိမ်ပျက်သွားလျှင် နေ၍ မရတော့ပါ။


 
အဘယ်ကြောင့် ခလေးများဆိုးကြသနည်း


ယနေ့ ကာလ ခလေး များသည် အလွန် ဆိုးသွမ်းလာ ကြသည်။ အချို့သော မိဘများ စိတ်ညစ် ကြသည်။ သို့သော် အချို့သော မိဘများသည် ကိုယ့်သား သမီးများ ဆိုးသည်ကို ပင် မသိကြသေးချေ။ ထို့ကြောင့် လူတောလည်း မတိုးနိင်၊ အိမ်ထောင်၌လည်း ပြသနာများ၊ နောက်ဆုံးမှာကိုယ် အလွန် ချစ်သော ခလေးများကို အိမ်မှ ထွက်သွားဘို့ လိုချင်လာ ကြသည်။ သားသမီးများကို ဆဲကြကျိန်ကြ၍ သေလျှင် ပင်ဝမ်းမနည်းတတ်သော မိဘများ ဖြစ်လာ ကြသည်။ ထိုသို့ဖြစ်ရခြင်းသည် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်သည်။ 

နောက်ဆုံးသော ကာလ

ကျမ်းစာက ဤသို့ ရေးထားသည်၊ “နောင်ကာလ လသည် ခဲယဉ်းသော ကာလ ဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့ နည်းဟူမူကား၊ ၂ လူတို့သည် ကိုယ်ကိုကိုယ် ချစ်သောသူ၊ ငွေကို တပ်မက် သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကား သောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ၃ ပကတိကြင် နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်း နိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ ၄ သစ္စာကို ဖျက် တတ်သောသူ၊ သတိ ပေးခြင်း ကိူမခံသောသူ၊ မာန်မာနနှင့် ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ် ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊ ၅ မွေ့လျော်ခြင်း တန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။” (၂ တိ ၃:၁-၅)။ 

မိဘများက အလိုလိုက်သောကြောင့်

သားသမီး များဆိုးခြင်းသည် မိဘများက အလိုလိုက်သောကြောင့် ဖြစ်သည်။ ယခုခေတ် မိဘအချို့သည် သားသမီးများကို အလွန် ချစ်ပြီး အလိုလိုက် ကြသည်။ သားသမီးများကို တန်ဘိုးရှိသော ဖုန်း၊ အိုင်ပက်၊ တီဗီ၊ ကွန်ပြူတာများ မှစ၍ သူတို့ကိုင်လိုဆော့လိုသော အရာများကို လွတ်လပ်စွာ ပေးကြသည်။ သူတို့ တောင်းဆိုသမျှကို ဝယ်ပေး ကြသည်။ ကိုယ့်အိမ်မှာသာမက၊ သူတပါးအိမ်နှင့် နေရာတိုင်း၌ အလိုလိုက် ကြသည်။ကိုယ် ခလေး ငိုမှာကို အလွန် စိုးရိမ်ပြီး သူ့ဆန္ဒ လိုက်ဘို့ သာလျှင် စိတ်ရှိ ကြသည်။ ထိုကဲ့သို့သော သားသမီး များသည် မိဘကိုသာမက၊ ကျောင်းနှင့် နေရာတိုင်း၌ ဗိုလ်ကျလို၍ မည်သူကိုမျှ မကြောက်ကြချေ။ မိဘကို မကြောက်၊ အလိုလိုက်သော ခလေးသည် သူတပါးကိုလည်း ဂရုမစိုက်တတ်ကြချေ။ ထိုခလေးများကြီး လာသောအခါ မိဘကို အလွန် စိတ်ဆင်းရဲ စေမည်။ ထိုခလေး များသည် အလွန် ပျင်းရိ၍ အကောင်းဆုံးလိုချင် ကြသည်။ မိဘများကိုယ့် သားသမီး များကောင်းစား လိုလျှင် အလိုမလိုက်ပါနှင့်။ ခလေးများကို အီလက်ထော့ နစ်ပစ္စည်းများ အပေးပါနှင့်။ ထိုအရာထက် ကိုယ်ကာယဆော့ကစားမည့် အရာများကို ပေးပါ။ သူတို့ နှင့်လည်း ဆော့ကစားပါ။အတူ တူ တခု မဟုတ် တခု ပြုလုပ် ကြပါ။ အဝတ်လျှော်၊ အပင်စိုက်၊ ကာယလေ့ကျင့်ခန်းလုပ်ခြင်း၊ စကားပြောခြင်း၊ စကား သင်ခြင်း၊ သူများ အိမ်လည်ခြင်း စသည်ဖြင့် သူတို့ စိတ်အာရုံပြောင်းရန်ကြိုး စားပါ။ 

မသွန်သင်သောကြောင့်

အချို့သော မိဘများသည် သားသမီးများကို မသွန်သင်ကြချေ။ သားသမီးများကို အားလုံး လုပ်ပေးခြင်းသည် သူတို့ကို မချစ်ရာရောက်သည်။ အကြောင်းမှာ ဘာမျှမလုပ်တတ်သောကြောင့် ပျင်းရိမည်။ ထိုမျှသာမက ဘာမျှမလုပ်တတ်သောကြောင့် သူတပါး၏ ​ကျွန်ခံရမည် ဖြစ်သည်။ သားသမီးများကို ငယ်ရွယ်သော အချိန်မှစ၍ သူတို့နှင့် ထိုက်တန်သော အလုပ်များကို လုပ်ခိုင်းဘို့ လိုသည်။ နှစ်နှစ်သုံးနှစ်ရှိသော ခလေးများကို ဖိနပ်များ စံနစ်တကျထားဘို့ ခိုင်းရမည်။ သူတို့ ဆော့သော ကစားစရာ အရုပ်များကို စံနစ်တကျပြန်သိမ်းခိုင်းရမည်။ မသိမ်းလိုလျှင် ဆော့ခွင့်မပေးခြင်းဖြင့် အကြပ်ကိုင်ရမည်။ သူတို့ ဖွသော အမှိုက်များကို ပြန်ကောက် ခိုင်းရမည်။ ထမင်းစားစားပွဲ၌ သာအစာစားခိုင်းရမည်။ ဆော့ရင်းသွားရင်းဖြင့် အစာမစားခိုင်းသင့်ချေ။ စည်းကမ်းရှိအောင် သင်ပေးရသည်။

မဆုံးမသောကြောင့်

ကျမ်းစာက၊ “အဘမဆုံးမသောသား တစုံတယောက် ရှိသလော။” (ဟေ ၁၂:၅)ဟု ရေးထားသည်။ ကျမ်းစာ ခေတ်၌ ဖခင်တိုင်းက သားသမီးများကို ဆုံးမတတ်ကြသည်ဟု သိရသည်။ သို့သော် ယခုခေတ်တွင် မိဘ တိုင်းသည် သားသမီးများကို မဆုံးမတော့ပါ။ သားသမီး ဆုံးမသော မိဘသည် အနည်းစု ဖြစ်လာသည်။ သားသမီး များသည် နားမထောင်လျှင်၊ အပြစ်လုပ်လျှင် ဆုံးမဘို့ ဖြစ်သည်။ ဆုံးမခြင်းသည် ဘုရား၏ နည်းဖြစ်သည်။ ယဇ်ပုရောဟိတ် ဧလိကသူ၏ သားများမဆုံးမသောကြောင့် ဘုရားသခင်က ဧလိ အပေါ်၌ အမျက်ထွက်၍ သူ၏ အိမ်၌ အစဉ်အမြဲဒဏ်ပေးဘို့ ဆိုထားသည် (၁ရာ ၃:၁၃)။ သူ၏သားတို့ ကိုလည်း တနေ့ချင်းတွင် သေစေသည်။ 

မိဘများ ကြမ်းတမ်းသောကြောင့် အချို့သော မိဘများသည် သားသမီး များအပေါ်ကြမ်းတမ်းစွာ ဆက်ဆံ ကြသည်။ လင်မယား ပြသနာ ခဏခဏရှိသောအခါ သားသမီး များအပေါ်ကောင်း ကောင်းမဆက်ဆံနိင်ခြင်းလည်းရှိကြသည်။ အလုပ်ပင်ပန်းခြင်း၊ ငွေကျေးမလုံလောက်ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ အခြား ပြသနာများကြောင့် စိတ်ရှုတ်မှုများကာ သားသမီး များအပေါ်ကြမ်းတမ်းစွာ ဆက်ဆံလျှင် သားသမီး များခမျာ၊ မိဘကို ကြောက်ခြင်း၊ ဝမ်းနည်းခြင်းဖြင့် ရင်ထဲ၌ ခံစား ကာပျက်စီးခြင်းသို့ ရောက်သွား တတ်သည်။ ထို့ကြောင့် မည်မျှပင်အဆင် မပြေလျှင်လည်း သားသမီး များအပေါ်စိတ်ရှည်ပြီး၊ ငြင်သာစွာ ယုယပြုစုဘို့ လိုအပ်သည်။ ထို့ကြောင့် ဘုရား အားကိုးဘို့ လိုခြင်း ဖြစ်သည်။ 

ဘုရားတရား၌ မနေကြသောကြောင့်

မိသားစုအိမ်ထောင်သည် ဘုရား မဆောက်လျှင် အချည်းနှီး ဖြစ်သည်ဟု ဆာလံ ၁၂ရ၌ ရေးထားသည့်အတိုင်း ဘုရားကို မတည်ဆောက်ခိုင်းသော မိသားစုများသည် ပြသနာ ဖြစ်လာခြင်းသည် မထူးဆန်းပါ။ ဘုရားတရား၌ နေခြင်းသည် နောင်တ မလွန်ဘဝအတွက်သာမက လောလောဆယ်ဘဝအတွက်လည်း အလွန် ကောင်းသည်။ မိဘများကိုယ်တိုင် ဘုရားတရား နှင့် နေမှ သားသမီး များလည်း လိုက်လာမည် ဖြစ်သည်။ ဆာလံ ၁၂၈၌ “ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော်သို့ လိုက်သွားသမျှသော သူတို့သည် မင်္လာရှိကြ၏။ ၃ သင်၏ မယားသည် သင့်အိမ်နားမှာ များစွာ အသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီးတို့သည် သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင်များ ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။” ဟု ရေးထားသည့်အတိုင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် ယခုမှစ၍ သားသမီးများကိုသာ အပြစ်တင်၍ ဆူခြင်းများမလုပ်ဘဲ ဘုရားတရား၌ လိုက်စား၍ မိသားစုအားလုံး ဘုရားကြောက်ရွံ့ရိုသေဘို့ တိုက်တွန်းနိုးဆော်အပ်ပါသည်။ 

 

ကျမ်းစာဖတ်ကြစို့
ယော ၅


 ၁။ ထိုနောက်မှ ယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြတော်မူ၏။ ၂ ယေရုရှလင်မြို့၌ သိုးတံခါးနားမှာဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒ (Bethesda) အမည်ရှိသော ရေကန်ရှိ၏။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ၏။ 
 
၃။ ထိုကနားပြင်တို့၌ မျက်စိကန်း၊ ​ခြေမစွမ်း၊ ကိုယ်ပိန်​ခြောက်သော သူတို့ မှစ၍ အနာရောဂါစွဲသောသူများ အပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မြော် လင့်၍ နေကြ၏။ ၄ အကြောင်းမူကား၊ အချိန် တန်လျှင် ကောင်းကင်တမန်သည် ရေကန်သို့ ဆင်းသက်၍ ရေကို လှုပ်ရှားတတ်၏။ ထိုသို့ ရေလှုပ်ရှားသည် နောက်၊ ရှေ့ဦးစွာ ဝင်သောသူသည် မိမိ၌ စွဲသမျှသော အနာရောဂါနှင့် ကင်းလွတ်ခြင်းသို့ ရောက်တတ်၏။

အချို့သော ကျမ်းတတ်များက ဤအပိုဒ်သည် မူရင်းကျမ်း၌ မပါပါ ဟုဆို ကြသည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်သည် နည်းမျိုးစုံဖြင့် လူနာများကို ကျန်း မာစေနိင်သည်။ ပေတရု၏ အရိပ် (တ ၅:၁၅)၊ ပေါလု၏ ပုဝါ (တ ၁၉:၁၁-၁၂)အားဖြင့် ကျန်းမာစေကြောင်း တွေ့ရသည်။ ထို့ကြောင့် ကောင်းကင်တမန်အားဖြင့်လည်း ကျန်းမာစေနိင်သည်။ 

၅။ ထိုအခါ သုံးဆယ်ရှစ်နှစ် ပတ်လုံးရောဂါစွဲသောသူတယောက်သည် ရေကန်နားမှာရှိ၏။ ၆ ထိုသူသည် တုံးလုံးနေသည်ကို ယေရှု မြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျန်းမာခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။

အဘယ်ကြောင့်သခင်ယေရှု ကလူနာကို ကျန်းမာလိုသလောဟု မေးသနည်း။ လူနာတိုင်းသည် ကျန်းမာလိုကြသည် မဟုတ်လော။ အကြောင်းမှာ လူနာ၏ ဆန္ဒအပါဘဲ အဘယ်အမှုကိုမျှ မလုပ်လိုပါ။ ထို့ကြောင့်၊ ရေငတ်သောသူရှိလျှင် (ယော ရး၃ရ)၊ ငါ၌ ဆည်းကပ်လိုသောသူ ဖြစ်လျှင် (မ ၁၆:၂၄) ဟုဆိုတတ်ခြင်း ဖြစ်သည်။ သခင်ဘုရားသည် အဘယ်အရာကိုမျှ အတင်းဖြင့် မလုပ်၊ မပေးပါ။ ကာယကံရှင်၏ အလိုဆန္ဒကို တန်ဘိုး ထားသည်။ 

၇။ နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အ​ကျွန်ုပ်ကို သွင်းထားမည့်သူ မရှိပါ။ အ​ကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အ​ကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက်၏။ 

လူနာက သူ့ကို မေးသောသူကို မသိသောကြောင့် ရေကန်၌ သွင်းမည့်သူမရှိကြောင်း ပြောပြခြင်း ဖြစ်သည်။ သခင်ယေရှု ကကျန်းမာစေနိင်ကြောင်း သိလျှင် ထိုသို့ ပြောမည် မဟုတ်။ ဝမ်းမြောက်ဝမ်းသာဖြင့် ကျန်းမာလိုသည်၊ မစတော်မူပါဟု ပြောလိုက်ရုံ ဖြစ်သည်။ ​ကျွန်ပ်တို့လည်း ဘုရား၏ တန်ခိုးကို မသိသောကြောင့် လူ့နည်းလူ့ဟန်ဖြင့် တောင်းလျှောက်တတ်ကြသည် မဟုတ်လော။ ဘုရားသည် သူ့နည်းသူ့ဟန်ဖြင့် လုပ်ပါလိမ့်မည်။ ဘုရားကို ဆရာမလုပ်သင့်ပါ။ စာရကဘုရားကို ကူညီသောကြောင့် သူ့ယောက်ျားသည် ​ကျွန်မဟာဂရအားဖြင့် ဣရှာမေလမွေးခဲ့သည် မဟုတ်လော။ 

၈။ ယေရှုကလည်း ထလော့။ ကိုယ်အိပ်ယာကို ဆောင်၍ လှမ်းသွားလော့ဟု မိန့်တော်မူသည်၊ ၉ ခဏခြင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ ရောက်၍၊ မိမိအိပ်ရာကို ဆောင်လျက် လှမ်းသွား၏။

သခင်ယေရှုက ကောင်းကင်တမန် စောင့်စရာ မလိုဘဲ သူ၏ အမိန့်တခွန်းတည်းဖြင့် လူနာကို ကျန်းမာစေသည်။ ကျွန်ုပ်တို့၏ ပြသနာ ကိုလည်း သူ့နည်းဖြင့် ​ ဖြေရှင်း ပေးနိင်သည်။ ထိုလူနာသည် ယေရှု၏ စကားကို သံသယမရှိဘဲ ချက်ခြင်း ထသကဲ့သို့ ​ကျွန်ုပ်တို့လည်း ဘုရား၏ စကားကို ယုံကြည်ခြင်းဖြင့် လုပ်သင့်သော အရာများကို ချက်ခြင်း လုပ်ဆောင်ကြပါစို့။ 

၁၀။ ထိုနေ့သည် ဥပုသ်နေ့ ဖြစ်၏။ ထိုကြောင့် ယုဒလူတို့က ဥပုသ်နေ့ ဖြစ်၏။ အိပ်ရာကို မဆောင်အပ်ဟု ရောဂါကင်းသောသူအား ဆိုကြ၏။ ၁၁ သူကလည်း၊ အ​ကျွန်ုပ်ကို ကျန်းမာစေသောသူက၊ ကိုယ်အိပ်ရာကို ဆောင်၍ လှမ်းသွားလော့ ဟုဆိုသည်ဟု ပြန်ပြော၏။

အဘယ်ကြောင့်ယေရှုသည် လူနာများကို ဥပုသ်နေ့၌ ကျန်းမာစေတတ်သနည်း (မ ၁၂:၉-၁၃၊ လု ၁၃:၁၁-၁၄၊ ယော ၉)။ ဖာရိရှဲများ ကအပြစ် တင်မည့် အရာကို မသိသလော။ သိပါသည်။ သို့သော် သူသည် ဥပုသ်နေ့၏ အရှင် ဖြစ်ကြောင်း သိစေချင် သောကြောင့် ဖြစ်သည်။ လူနာများသည် ဥပုသ်နေ့၌လည်း မနားနိင်ဘဲ အနာရောဂါခံစား နေကြသည်။ ထို့ကြောင့် ယေရှု ကဥပုသ်နေ့၌ နားရသော အခွင့်ကို ပေးတတ်ခြင်း ဖြစ်သည်။ ယုဒလူများ ကမူလူနာများ အနားယူခြင်းထက် ဥပုသ်နေ့စောင့်ခြင်းကို ပို၍ အလေးထား ကြသည်။ 

၁၂။ ယုဒလူတို့ကလည်း၊ ကိုယ်အပ်ယာကို ဆောင်၍ လှမ်းသွားလော့ဟု သင့်အား ဆိုသောသူကား အဘယ်သူ နည်းဟု မေးမြန်းကြ၏။ ၁၃ ထိုသူကား အဘယ်သူ ဖြစ်သည်ကို ရောဂါကင်းသောသူသည် မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ စုဝေးလျက် ရှိသည် ဖြစ်၍ ယေရှုသည် မထင်မရှားထွက်ကြတော်မူ၏။

လူနာသည် သူ့ကို ကျန်းမာစေသောသူကို မသိချေ။ အပြစ်တင်မစောစေချင်ပေ။ ​ကျွန်ုပ်တို့လည်း ကိုယ့်ကို မစသော ဘုရားသခင်ကို မသိဘဲ ရှိတတ်ကြသည် မဟုတ်လော။ လူနာကယေရှုကို မျက်​ခြေပျက်သွား သကဲ့သို့ ကျွန်ုပ်တို့လည်း ကိစ္စဗျာများ သောကြောင့် အသက်တာ၌ ယေရှု ပျောက်သွားတတ်သည်ကို သိထားကြစို့။ 

၁၄။ ထိုနောက်မှ ယေရှုသည် ဗိမာန်တော်၌ ထိုသူကို တွေ့တော်မူလျှင် သင်သည် ကျန်းမာခြင်းရှိ၏။ သာ၍ ဆိုးသော ဘေးနှင့် ကင်းလွတ်မည် အကြောင်း နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။

အဘယ်ကြောင့်ယေရှု ကထိုလူနာကို ပြန်၍ သတိပေးသနည်း။ သူ၏ အနာသည် ဒုစရိုက်အပြစ်ကြောင့် ဖြစ်သည်ကို ယေရှု၏ ဆုံးမခြင်းအားဖြင့် သိရသည်။ နောက်ထပ်မနာဘို့ရန် ဒုစရိုက်ကို ရှောင်ဘို့ သတိပေးသည်။ ​ကျွန်ုပ်တို့လည်း တခုခု ဖြစ်လျှင် ပဌမဦးဆုံး ကိုယ့်အပြစ်ရှိမရှိစစ်ဆေးဘို့ လိုသည်။ အပြစ်ကြောင့် ဖြစ်လျှင် နောင်တရ၍၊ နောက်ထပ်မကျူးလွန်ဘို့ ဖြစ်သည်။ 

၁၅။ ထိုသူသည် သွား၍ မိမိကျန်းမာစေသောသူသည် ယေရှု ဖြစ်သည်ကို ယုဒလူတို့အား ကြားပြောလေ၏။

အဘယ်ကြောင့်ကျန်းမာလာသော လူနာကယုဒလူတို့ ထံ သူ့ကို ကျန်းမာစေသော သသည် ယေရှု ဖြစ်ကြောင်း ပြောလိုက်သနည်း။ သူသည် ယုဒလူများ၏ အပြစ်တင်ခြင်းကို မခံလိုသောကြောင့်၊ ကြောက်သောကြောင့် ဖြစ်မည်။ ခရစ်တော်ကြောင့် သူတပါး၏ အပြစ်တင်ခြင်း၊ ငြိုဆူခြင်း ခံနိင်ပါသလား။ 

၁၆။ ထိုအမှုကို ဥပုသ်နေ့၌ ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကို ညှဉ်းဆဲကြ၏။

ယုဒလူများ ကလူနာကို ဥပုသ်နေ့၌ ကျန်းမာစေသောကြောင့် ယေရှုကို ညှဉ်းဆဲကြသည် ဟုဆိုသည်။ ဥပုသ်နေ့၌ တိရစ္ဆာန်ကိုတွင်း ထဲမှကယ်လျှင် အပြစ်တင်ကြမည် မဟုတ်။ ယေရှုကို မည်ကဲ့သို့ ညှဉ်းဆဲကြသည် မရေးသော်လည်း အပြစ်တင်ခြင်းအားဖြင့် ဖြစ်ပါလိမ့်မည်။ 

၁၇။ ယေရှုကလည်း၊ ငါ့ ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည် ဖြစ်၍ ငါသည်လည်း လုပ်၏ဟု ပြန်ပြောတော်မူ၏။

ဘုရားသခင်သည် ဖန်ဆင်းခြင်း အပြီး ခုနှစ် ရက်နေ့၌ အနားယူတော်မူ၏ ဟုဆိုခဲ့သည် (က ၂:၁-၃)။ သို့သော် လူကစကားတော် နားမထောင်၊ စာတန် စကားကို နားထောင်ခြင်းအားဖြင့် အပြစ်လုပ်သောကြောင့် ဘုရားသခင်သည် အနားမယူနိင်တော့ဘဲ ယနေ့ တိုင်အောင် အလုပ်လုပ်ဘို့ လိုလာသည်။ ခရစ်တော်သည်လည်း အနားမယူဘဲ အလုပ် လုပ်သည်။ 

၁၈။ သို့ဖြစ်၍ ဥပုသ်နေ့ကို ဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘဟု ခေါ်၍ မိမိကို ဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ ယုဒလူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ သာ၍ ရှာကြံကြ၏။

ယေရှုသည် ဘုရား ဖြစ်သော်လည်း ယုဒလူများက မသိသောကြောင့် ဘုရား ဖြစ်ယောင်ဆောင်သည်ဟု ထင် နေကြသည်။ ဘုရား ဖြစ်ယောင်ဆောင်ခြင်းသည် သေပြစ်ပေးထိုက်သည် မှန်ပါသည်။ သို့သော် ယေရှုသည် ဘုရား အမှန် ဖြစ်သောကြောင့် သတ်သင့်သည် မဟုတ်၊ ကိုးကွယ်ရမည် ဖြစ်သော်လည်း သူတို့က မသိ နိင်သောကြောင့် ထိုကဲ့သို့ သတ်ဘို့ရန် ကြံစည်ကြခြင်း ဖြစ်သည်။ လောက မှာယေရှုကို မသိခြင်း အရာသည် အဆိုးဆုံးသောအရာ ဖြစ်သည်။ 

၁၉။ ယေရှုကလည်း၊ သင်တို့အား ငါ့အမှန်အကန်ဆိုသည်ကား၊ ခမည်းတော် ပြုတော်မူသော အမှုကိုသားတော်သည် မြင်၍ သာပြု၏။ မိမိအလို အလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှ အတိုင်း သားတော်လည်း ပြု၏။ ၂၀ ခမည်းတော်သည် သားတော်ကို ချစ်တော်မူ၍ ပြုတော်မူသမျှတို့ကိုသားတော်အား ပြတော်မူ၏။ သင်တို့သည် အံ့ဘွယ်ရှိစေခြင်းငှါ ဤမျှမ ကသာ၍ ကြီးစွာသော အမှုအရာတို့ကိုသားတော်အား ပြတော်မူ လိမ့်မည်။

ယုဒလူများက သူ့ကို မသိနိင်ကြသော်လည်း၊ ယေရှု ကသူသည် ခမည်းတော်နှင့် စပ်ဆိုင်ကြောင်းကို ဆက်၍ ပြောနေသည်။ သူသည် ခမည်းတော်နှင့် စပ် ဆိုင်ခြင်းသည် သူပြုသော အမှုများအားဖြင့် ဖြစ်ကြောင်း၊ နောက်ထပ်လည်း ကြီးစွာသော အမှုတို့ကို သူတို့သည် မြင်ရမည့် အကြောင်း ပြောနေသည်။ လောကမှာ သဘော မပေါက်နိင်၊ လက်မခံချင်သောသူကို ရှင်းပြခြင်းသည် အခက်ဆုံးအရာ တခု ဖြစ်သည်။ 

၂၁။ ခမည်းတော်သည် သေလွန်သော သူတို့ကို ထမြောက် ရှင်ပြန်စေတော်မူ သကဲ့သို့၊ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသမျှသော သူတို့ကို ရှင်စေ၏။ ၂၂ လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည် နည်းတူ၊ ၂၃ သားတော်ကို ရိုသေစေမည်အကြောင်း၊ ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရား စီရင်ခြင်း အခွင့် ရှိသမျှကိုသားတော်အား အပ်ပေးတော်မူ၏။ သားတော်ကို မရိုသေသောသူသည်ကား၊ သားတော်ကို စေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူ ဖြစ်၏။

ယေရှု ကသူသည် ခမည်းတော် နည်းတူ ဖြစ်ကြောင်းကို အသက်ရှင်စေနိင်ခြင်းအားဖြင့် ပြောပြနေသည်။ ခမည်းတော်ကို လက်ခံလျှင် သားတော် ကိုလည်း လက်ခံဘို့ လိုကြောင်း၊ သူသည် ဘုရား ဖြစ်ကြောင်းကို တရားစီရင်ပိုင်ခွင့်ရှိ ခြင်းအားဖြင့်လည်း သက်သေပြသည်။ 

၂၄။ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရ အသက်ကို ရသည် ဖြစ်၍ အပြစ် စီရင်ခြင်းကို မခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူ ဖြစ်၏။ ၂၅ ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သော သူတို့သည် ဘုရားသခင် သားတော်၏ စကား သံကို ကြား၍၊ ကြားသောအားဖြင့် အသက်ရှင် ရမည့်အချိန် ကာလသည် လာ၍ ယခုပင် ရောက်လျက် ရှိ၏။ ၂၆ အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက် ရှိတော်မူသည် နည်းတူ သားတော်သည် မိမိ၌ အသက် ရှိရသော အခွင့်ကို ပေးတော်မူ၏။

ထာဝရ အသက် ဟူသောစကား လုံးသည် ဓမ္မသစ်ကျမ်းထဲ၌ အကြိမ် ၃၀ ဖေါ်ပြရာတွင် ယောဟန်က ၁၅ ကြိမ် အသုံးပြုထားသည်။ လူများသည် ထာဝရ အသက်၏ တန်ဘိုးကို မသိကြသောကြောင့် အလိုမရှိကြချေ။ ထို့ထက် ခဏသာတည်မည့် သခ်ါရအသက်၊ ကိုယ်ခန္ဓာအသက်ကို အလွန် တန်ဘိုး ထားအလိုရှိ ကြသည်။ ယေရှုက သူ့ကို စေလွှတ်တော်မူသော ခမည်းတော်ကို ယုံကြည်လျှင် ထာဝရ အသက် ရမည် ဟုဆိုသည်။ အကျင့်အားဖြင့် မဟုတ်၊ ယုံကြည်ခြင်းအားဖြင့်သာ ရရှိနိင်သည်။ ယုံကြည်ခြင်းအားဖြင့် အပြစ် စီရင်ခြင်းမှလည်း ကင်းလွတ်မည် ဖြစ်သည်။ ယေရှု ကသူသည် ခမည်းတော် ကဲ့သို့ အသက် ရှိ၍ သူ၏ အသံကြားကို ရသောအားဖြင့် အသက်ရှင်မည့် အကြောင်း ပြောနေသော်လည်း နားမလည်နိင်ကြပါ။ သင်သည် ထိုအရာကို နားလည်ပါသလား။ 

၂၇။ သားတော်သည် လူသား ဖြစ်သောကြောင့် တရားစီရင်ခြင်း အခွင့်ကိုလည်း အပ်ပေးတော်မူ၏။ ၂၈ ဤအမှု အရာကို အံ့ဩခြင်း မရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူ အပေါင်းတို့သည် သားတော်၏ စကား သံကို ကြား၍၊ ၂၉ ထွက်ရမည့် အချိန်ကာလ ရောက်လတံ့။ ကောင်းသော အကျင့်ကို ကျင့်သော သူတို့သည် အသက်ရှင်ရာထမြောက်ခြင်း သို့၎င်း၊ ဆိုးယုတ်သော အကျင့်ကို ကျင့်သော သူတို့သည် အပြစ် စီရင်ရာ ထမြောက် ခြင်းသို့၎င်း ထွက်ရကြလတံ့။ 

ယေရှု ကသူသည် တရားစီရင်ပိုင်ခွင့်ရှိကြောင်း၊ သင်္ချိုင်းမှာသေလွန်ခဲ့ပြီးသောသူများကလည်း သူ၏ အသံကို ကြားမည့် အကြောင်း ပြောပြနေသည်။ သို့သော် ယုဒလူများအတွက် နားမလည်နိင်ပါ။ လူသည် သေပြီးလျှင် မဆုံးသေးကြောင်း၊ ထမြောက်ခြင်းရှိ၍ အသက်ရှင်ခြင်းသို့ ထမြောက် မည့်သူနှင့် အပြစ် စီရင်ခြင်း ခံဘို့ ထမြောက် မည့်သူများရှိကြောင်း ပြောနေသည်။ သင်သည် သေလွန်လျှင် မည်သည့်ထမြောက် ခြင်း၌ ထမြောက် မည်နည်း။ 

၃၀။ ငါသည်ကိုယ် အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီ ညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏။

ယေရှု ကသူသည် သူ့အလိုဆန္ဒအလျောက်ဘာမျှမလုပ်ကြောင်း၊ ခမည်းတော်၏ အလိုတော်ကိုသာ ဆောင်ကြောင်း ပြောပြသည်။ ယုံကြည်သူ တိုင်းလည်း ကိုယ့် အလိုဆန္ဒအတိုင်း အသက်မရှင်သင့်ချေ။ သို့သော် ပါးစပ်အားဖြင့် ဝန်ခံသော်လည်း လက်တွေ့မှာလူတိုင်း ကိုယ့် အလိုဆန္ဒကို ဦးစားပေးအသက်ရှင်နေ ကြသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။ ထိုကြောင့် ဝိညာဉ်လူမ ဖြစ်နိင်ကြခြင်း ဖြစ်သည်။ 

၃၁။ ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေမတည်။ ၃၂ ငါ၏အကြောင်းကို သက်သေခံသောသူတပါးရှိသေး၏။ ထိုသူ၏ သက်သေတည် ကြောင်းကို ငါသိ၏။

ဘုရားသခင်က နှစ်ဦးသုံးဦး သက်သေခံခြင်း သာလျှင် တည်သည်ဟု သင်ပေးခဲ့သည် ( တရားဟော ၁၉:၁၅)။ ထို့ကြောင့် ယေရှု ကသူ့အကြောင်း သက်သေခံသောသူတပါးရှိသေးကြောင်း ပြောပြခြင်း ဖြစ်သည်။ ထိုသူသည် ယောဟန်ကို ဆိုုိလိုသည် မဟုတ် ခမည်းတော်ကို ဆိုလိုကြောင်း အောက်၌ ဖေါ်ပြထားသည်။ 

၃၃။ သင်တို့သည် ယောဟန်ထံသို့ စေလွှတ်ကြ၏။ သူသည် သမ္မာတရား ဘက်၌ သက်သေခံ၏။ ၃၄သို့သော်လည်း လူပေးသော သက်သေကို ငါသည် ပမာဏမပြု။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း ဤစကားကို ငါပြော၏။ ၃၅ ယောဟန်သည် ညှိထွန်း၍ လင်းသော ဆီမီး ဖြစ်၏။ သင်တို့သည် သူ၏ အလင်း၌ ခဏသာမွေ့လျော်ခြင်းငှါ အလိုရှိကြ၏။

ယောဟန်သည် အဓိကအားဖြင့် ယေရှု၏ အကြောင်းကို သက်သေခံဘို့ရန် စေလွှတ်ခြင်း ခံသောသူ ဖြစ်သည် (ယော ၁:ရ၊ ၁၅၊ ၃:၂၆)။ ယောဟန်၏ ဟောပြောခြင်းကို ယုဒလူများ ကခဏသာ လက်ခံ ကြသည်။ သို့သော် ယေရှု ကယောဟန်၏ သက်သေခံခြင်းထက် ဘုရား၏ သက်သေခံခြင်းကို ပို၍ အမှီပြုသည်။ ​ကျွန်ုပ်တို့လည်း ဘုရား သက်သေခံခြင်းကို ပို၍ လိုချင် သင့်သည်။ 

၃၆။ ယောဟန်၏ သက်သေထက် သာ၍ ကြီးသော သက်သေသည် ငါ၌ ရှိ၏။ အကြင်အမှုတို့ကို ငါ ပြီးစီးစေခြင်းငှါ ခမည်းတော်သည် ငါ့လက်သို့ အပ်တော်မူ၍၊ ငါပြုသော ထိုအမှုတို့သည်လည်း ငါ့ဘက်၌ နေ၍၊ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည် အကြောင်းကို သက်သေခံကြ၏။

ယောဟန်၏ သက်သေခံခြင်းထက် ကြီးသော သက်သေသည် ဘုရားသခင်က ပြုလုပ်၍၊ ယေရှု ပြုတော်မူသော အမှုများအားဖြင့် ထင်ရှားသည်။ ယေရှုသည် ဘာအမှုများပြုသနည်း။ လူနာများကို ကျန်းမာစေသည်။ နူနာများကို သန့်ရှင်းစေသည်။ နတ်ဆိုးများ နှင်ထုတ်၍ သေသောသူများကို ရှင်စေသည်။ အစာ ပွားစေသေည်။ လှိုင်းတံပိုးများ ငြိမ်စေသည်။ ထိုအရာများသည် သူ၏ သက်သေများ ပင် ဖြစ်သည်။ 

၃၇။ ခမည်းတော်သည်လည်း ငါ့ဘက်၌ သက်သေခံတော်မူ၏။ ခမည်းတော်၏ စကား သံတော်ကို သင်တို့သည် မကြား၊ သဏ္ဍာန်တော်ကို မမြင်၊ ၃၈ နှုတ်ကပတ် တော်သည်လည်း သင်တို့၌ မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တို့သည် မယုံကြည်ဘဲ နေကြ၏။

စေလွှတ်တော်မူသော သားတော် ယေရှုကို မယုံကြည် သောကြောင့် ခမည်းတော်၏ အသံကို မကြား၊ သဏ္ဍာန်တော် ကိုလည်း မမြင်ခြင်း ဖြစ်သည်။ အကြောင်းမှာ သားတော်သည် ခမည်းတော်ကို ထင်ရှားစေသည် (ယော ၁:၁၈)။ ထို့အပြင် ဘုရားသခင်သည် သားတော်အားဖြင့် လူများကို စကားပြောသည် (ဟေ ၁:၁၊ ၂)။ 

၃၉။ ကျမ်းစာအားဖြင့် ထာဝရ အသက်ကို ရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့် ရှုကြ၏။ ထိုကျမ်းစာ ပင်ငါ၏ သက်သေ ဖြစ်၏။ ၄၀ သင်တို့သည် အသက်ကို ရအောင် ငါ့ထံသို့ လာခြင်းငှါ အလိုမရှိကြ။

ယုဒလူများ ကကျမ်းစာအားဖြင့် ထာဝရ အသက် ရမည်ဟု ထင်၍ ကျမ်းစာကို စေ့စေ့ကြည်ရှု သကဲ့သို့ ယနေ့ ခရစ်ယာန်များကလည်း ထင်ကြဆဲ ဖြစ်သည်။ ထို့ကြောင့် ကျမ်းစာကျောင်းဘွဲ့များများ ရရှိဘို့၊ ကျမ်းတတ်ဘို့ ကြိုးစား ကြသည်။ ထိုသူများကို အထင်ကြီး ကြသည်။ အသက်သည် ကျမ်းစာ၌ မရှိ၊ ယေရှု၌ သာရှိသည်။ အသက် ရရှိဘို့ရန် ယေရှုထံသို့ လာကြကုန်အံ့။ 

၄၁။ လူပေးသော ဘုန်းအသရေကို ငါမခံ။ ၄၂သို့သော်လည်း ဘုရားသခင်ကို ချစ်ခြင်းမေတ္တာသည် သင်တို့၌ မရှိသည်ကို ငါသိ၏။

လူအများစုသည် လူလူချင်းပေးသော ဘုန်းကို အလွန် အလိုရှိ ကြသည်။ ထို့ကြောင့် ပွဲများ၊ စည်းဝေးပွဲများ၊ လူအုပ်များသော နေရာ၌ ချီးမြှောက်ခြင်း ခံဘို့ ကြိုးစား ကြသည်။ လူများ၏ ပယ်ခြင်းကို ကြောက် ကြသည်။ ယေရှုသည် လူပေးသော ဘုန်းထက် ဘုရား ပေးသော ဘုန်းကို အလိုရှိ သကဲ့သို့ ​ကျွန်ုပ်တို့လည်း လူပေးသော ဘုန်းထက် ဘုရား ပေးသော ဘုန်းကို လိုချင် ကြစို့။ ယေရှု ကယုဒလူတို့သည် ဘုရားကို မချစ်ကြကြောင်း ပြောသည်။ ​ကျွန်ုပ်တို့ ကောဘုရားကို ချစ်ကြပါ သလော။ 

၄၃။ ငါသည် ခမည်းတော်၏ အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကို လက်မခံကြ။ အခြားသောသူသည် မိမိအခွင့်နှင့် ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။

ယေရှုသည် ဘုရား အခွင့်နှင့် ရောက်လာသော်လည်း ယုဒလူများက လက်မခံကြချေ။ ယနေ့ ခရစ်ယာန်များကလည်း ပါးစပ်အားဖြင့်သာယေရှုကို လက်ခံ ကြသော်လည်း အသက်တာကြည့်လျှင် လက်မခံကြချေ။ ယုဒလူများထက် သာ၍ ဆိုးသည်။ အခြားသောသူသည် အန္တီခရစ်ကို ဆိုလိုသည်။ ဘေးဒဏ်ကြီး ကာလ၌ ယုဒလူများ ကအန္တီခရစ်ကို လက်ခံကြမည် ဖြစ်သည်။ ယနေ့လည်း ယေရှု နာမည်ခံသော တရားဟောဆရာအတုများကိုသာလျှင် လက်ခံ ကြသည်။ 

၄၄။ အချင်းချင်းပေးသော ဘုန်းအရေကိုသာ ခံ၍၊ ဘုရားသခင် သာလျှင် ပေးတော်မူ တတ်သော ဘုန်းအသရေကို အလိုမရှိသော သင်တို့သည် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။

ဘုရားသခင်ကို မယုံကြည် နိင်ခြင်းသည် အချင်းချင်းပေးသော ဘုန်းကို လိုချင် သောကြောင့် ဖြစ်သည်။ အဓိပ္ပါယ်မှာလူလူချင်းကိုသာလျှင် အဓိကထား၊ ဂရု စိုက်သောကြောင့် ဘုရားသခင်ကို ဂရုမစိုက်ကြခြင်း ဖြစ်သည်။ ဘုရားကို အဓိကထားသောသူများ ကမူလူပေးသော ဘုန်း၊ ချီးမွမ်းခြင်းထက် ဘုရား ပေးမည့် ဘုန်း၊ ချီးမွမ်းခြင်းကို လိုချင်သည်။ ထိုသူကို လူများ ကပျက်ရယ်ပြုတတ်ကြသောကြောင့် လူအများစုကလူကိုသာ အာရုံစိုက်ခြင်း ဖြစ်သည်။ လူပေးသော ဘုန်းသည် ယခု ချက်ခြင်းရရှိသော်လည်း ဘုရား ပေးသော ဘုန်းသည် နောက်မှရရှိမည် ဖြစ်သောကြောင့်လည်း မလိုချင် မစောင့်ချင်ကြခြင်း ဖြစ်သည်။

၄၅။ ခမည်းတော် ရှေ့၌ ငါသည် သင်တို့ကို အပြစ်တင်မည်ဟု မထင်ကြနှင့်။ သင်တို့ကို အပြစ်တင်သောသူတပါးရှိသေး၏။ ထိုသူကား သင်တို့ကိုးစားသော မောရှေ ပေတည်း။ ၄၆ သင်တို့သည် မောရှေ၏ စကားကို ယုံလျှင် ငါ့စကားကို မယုံဘဲ မနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည် ငါ့အကြောင်းကို ရေးထား၏။ ၄ရသူရေး ထားသော စာကို သင်တို့သည် မယုံလျှင်၊ ငါ့စကားကို အဘယ်သို့ ယုံနိုင်မည်နည်းဟု ယုဒလူတို့အား မိန့်တော်မူ၏။ 

ယုဒလူများ ကယေရှုထက် မောရှေကို အလွန် လေးစား ကြသည်။ မျက်စိကန်းဘူးသောသူထံ၌၊ “သင်သည် သူ့တပည့် ဖြစ်၏။ ငါတို့ မူကား မောရှေ၏ တပည့် ဖြစ်ကြ၏။ ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိဟု ကဲ့ရဲ့၍ ပြောဆို ကြ လျှင်” (ယော ၉:၂၈) ဟုဆို ကြသည်။ ထိုသို့ မောရှေကို ယေရှုထက်ကြီး မြတ်သည် ဟုဆိုကြသော်လည်း၊ မောရှေက သူတို့ကို အပြစ်တင်မည် ဖြစ်သည်။ အကြောင်းမှာ မောရှေသည် ယေရှု၏ အကြောင်းကို ရေးထားခြင်း ဖြစ်သည်။ သူရေးထားသော စာကို အလေးထားသော်လည်း ဆိုလိုရင်း နားမလည် ကြချေ။ ထို့ကြောင့် ကျမ်းစာကို အလေးထားသော်လည်း ဆိုလိုရင်း နားမလည်လျှင် အလွန် ကြောက်စရာ ကောင်းသည်။ ရိုးရိုးလေးနှင့် အလွန် အပြစ်ကြီး နိင်သည်။ 
 

အမှုတော်ဆောင်သင်တန်း


 နိုဝဘ်ာလ ၆မှ ၁၀ ရက်နေ့အထိ အမှုတော်ဆောင်များသည် အတ္တလန်တာသတင်းကောင်း နှစ်ခြင်း အသင်းတော်၌ ဆရာယောရှုနှင့် ဆရာနော်ဂျာအားဖြင့် ကျမ်းစာ သင်တန်း ပြုလုပ် နိင််ကြပါသည်။ 
 ထိုအချိန်တွင် ပင်Syracuse, New York ၌ သိက္ခာတော်ရ ဆရာ Zau Ja သည် သူ၏ အသင်းသားများရယောက်တို့နှင့် အမှုတော်ဆောင်သင်တန်းပြု လုပ်ကြပါသည်။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG