GOODNEWS
  HOME  GOODNEWS  2017 AUG
 


အမှာစာ

ဘုရားသခင်၏၏ ကျေးဇူးတော် ကာလ တည် သေးသောကြောင့် ဤစာ စောင်ကို ဖတ်ရသည်။ ကျေးဇူးတော် ကာလသည် ကုန်ခါနီးနေပြီ။ စက်တဘ်ာလ ၂၁-၂၂ ရက်နေ့များသည် တံပိုးမှုတ်ပွဲ ဖြစ်သည်။ ချီဆောင်ခြင်း ဖြစ်နိုင်သည်။ အကယ်၍ ဖြစ်ခဲ့သော် သင်သည် ကောင်းကင်သို့ တက်မည်လော။ အလေးအနက်စဉ်း စားပါ။ သင်၏ မိသားစုဝင်များ၊ ဆွေမျိုးသား ချင်း၊ သူငယ်ချင်းများ ကောတက်မည်လော။ လူသည် ဝိညာဉ် ရှိသည်။ ထို့ကြောင့် ကိုယ်ခန္ဓာနှင့် စိတ်အတွက်သာ အသက်မရှင်သင့်ချေ။ ယခုမူ လူအများစုသည် ကိုယ်ခန္ဓာနှင့် စိတ် အလိုဆန္ဒသာလျှင် အဓိကထား၍ မိမိဝိညာဉ် အတွက် လုံးဝ မစဉ်းစား၊ မပြင်ဆင် ကြချေ။ လူ များစွာ သေ ကြပြီ ဖြစ်သော်လည်း သင်ခန်းစာမယူတတ်ကြချေ။ ခရစ်တော်က၊ “လူသည် ဤ စကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။” (မ ၁၆:၂၆)ဟု သတိပေးနေပါသည်။ မိတ်ဆွေ၊ ကိုယ့် ဝိညာဉ်ကို သနားပါ။ ဝိညာဉ် ငရဲရောက်သွားပြီးလျှင် ပြန်လမ်းမရှိတော့ပါ။ ဝိညာဉ် ကောင်းကင် ရောက်ရှိဘို့သည် အရာခပ်သိမ်းထက် အရေးကြီးသည်။ 


ကောင်းကင် ရောက်နိုင်ရန်လည်း ဘုရားသခင်က အခမဲ့အခွင့်ပေးထား ပါသည်။ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက် ရ၏။ ကိုယ်အလိုအလျာက်ရောက်သည် မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည် မဟုတ်” (ဧဖက် ၂:၈-၉)။ “ငါတို့ ကျင့်သော ​ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်း ကရုဏာတော်နှင့် အညီ ဒုတိယမွေးခြင်းနှင့် ဆိုင်သော ဆေးကြောခြင်း အားဖြင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။” (တိတု ၃:၅)။ “ဘုရားသခင်သည် ငါတို့အား ထာဝရ အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော် မရသောသူမူကား အသက်ကို မရ။” (၁ ယော ၅:၁၁-၁၂)။ သားတော် ယေရှုကို ဆုတောင်းခြင်းဖြင့် စိတ် နှလုံးထဲ၌ ခေါ်ဘိတ် လက်ခံပါ။ 

ယခုလစာစောင်တွင်...

  • အဘယ်ကြောင့် ချီးဆောင်သနည်း
  • ဘုရား၏ အိမ်တော် သားများသိမ်း
  • သံအမတ်ရုပ်သိမ်း
  • သတို့သမီး လောင်းကြိုခြင်း 
  • အသင့် ပြင်ဆင််ပြီးလော
  • ကျမ်းစာဖတ်ကြစို့ (ယော-၃) 
  • အမှုတော်ဆောင်သင်တန်း

 

အဘယ့်ကြောင့် ချီဆောင်သနည်း


 အချို့သောသူများနှင့် ဆရာများက ချီဆောင်ခြင်းရှိတော့မည် မဟုတ် ဟုဆို ကြသည်။ ထိုသူများသည် ချီဆောင်ခြင်း၌ ပါဝင်မည် မဟုတ်သောကြောင့်၊ ထိုသို့ ဆိုရခြင်း ဖြစ်သည်။ ကျမ်းစာ၌ ဧနောက်နှင့် ဧလိယတို့ သာလျှင် ချီဆောင်ခဲ့ဘူးသည်။ လူအများ ချီဆောင်ခြင်းသည် မရှိဘူးသေးချေ။ အချို့သောသူများက ချီဆောင်ခြင်း၌ ပါဝင်ဘို့ရန် ဒုတိယ မွေးဘွားရုံဖြင့် မရ၊ အသောက်အစားအနေအထိ ုင်၊ အကျင့်အ ကြံ သန့်ရှင်းမှသာလျှင်ပါဝင်မည်ဟု ဟောပြော ကြသည်။ ထို့ကြောင့် ချီဆောင်ခြင်းသည်မည်သူများအတွက် ဖြစ်၍ မည်သူတို့ ပါဝင်မည်ကို လေ့လာကြပါစို့။ 

ဘုရား၏ အိမ်တော် သားများသိမ်း

ဘေးဒဏ်ကြီး ကာလသည် ဘုရားသခင်က၊ ဤလောကသို့ အမျက်ဒေါသ မီးလောင်းချိန် ဖြစ်သည်။ ကျမ်းစာ၌၊ “မီးဖို၌ မီးလောင် သကဲ့သို့ လောင်သော နေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကို ပြုသောသူအ ပေါင်းတို့သည် အမှိုက်​ခြောက် ဖြစ်လိမ့်မည်။ သူတို့ အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှါ၊ ထိုနေ့ရက်သည်လောင်လိမ့်မည်၊ ဟု ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။” ဟု ရေးထားသည် (မာလခိ ၄:၁)။ ထို မီးလောင်သော နေ့သည်၊ ဘေးဒဏ်ကြီး ကာလကို ဆိုလိုသည်။ တဖန်၊ “လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြယ်၊ ခွန်အားကြီးသောသူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသော နေ့ကြီးရောက် ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆို ကြ၏။” ဟု ရေးထားသည် (ဗျာ ၆:၁၅-၁ရ)။ 

ထိုသို့ ဘုရားသခင်သည်၊ မြေကြီး ပေါ်သို့ အမျက်ဒေါသလောင်းချိန်တွင်၊ သူ၏ အိမ်တော် သားများကို၊ လောကသားများနှင့်အတူ အမျက်တော် ခံစား စေ ချင်မည် မဟုတ်။ အပြစ်ကြီး လှသောသော ဒုံနှင့် ဂေါမောရမြို့များ မီးနှင့် မရှို့မှီတွင်၊ ​ဖြောင့် မတ်သောလောတ၏ မိသားစုကို၊ ကောင်းကင်တမန် နှစ်ပါးအားဖြင့် ကယ်တယ်နှုတ် ခဲ့သည်။ ထို့နည်းတူ ဘုရားသခင်သည်၊ ဘေးဒဏ်ကြီးကာလ မတိုင်မှီတွင်၊ သူ၏ အိမ်တော် သားများကို၊ ဤလောက မှကောင်းကင် သို့၊ ဘေးလွတ်ဘို့ရန် ချီဆောင်သွားမည် ဖြစ်သည်။ ထို့ကြောင့် ချီဆောင်ခြင်း၌ ပါဝင်မည့်သူ များသည် ဘုရား သားများ၊ သူ၏ အိမ်တော် သားများသာလျှင် ဖြစ်သည်။ ပေါလုက၊ “အမျက်တော်ကို ခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည် မဟုတ်။ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ခံရစေခြင်းငှါ ခန့်ထားတော်မူ၏။” (၁ သက် ၅:၉)ဟု ရေးထားသည်။ အကျင့်ကောင်းသောကြောင့်၊ အသောက်အစား သန့်ရှင်းသောကြောင့်၊ ဘုရားတရား ကြိုးစားသောကြောင့် မဟုတ်။ အိမ်ပြောင်းရွှေ့သောအခါ၊ မြို့ရွာပြောင်းသောအခါ၊ နိင်ငံခြားသို့ ပြောင်းသွားသောအခါ၊ ကိုယ့်မိသားစုကိုသာလျှင် ခေါ်သွားတတ်ကြသည်။ ထိုသို့ ပြောင်းရွှေ့သောအခါ၊ ချစ်စရာ ကောင်းသော ခလေး တိုင်းကို ခေါ်သွားလေ့မရှိချေ။ မိသားစုအိမ်ပြောင်း၊ ရွာပြောင်း၊ နေရာပြောင်းသောအခါ သန့်ရှင်းသူ၊ အလုပ်လုပ်နိုင်သူ၊ အသုံးဝင်သောသူများသာလျှင် ပြောင်းရသည် မဟုတ်။ ကိုယ့်ဟာကိုယ်မ သန့်ရှင်းနိုင်သော ခလေးများ၊ အလုပ်မလုပ်နိုင်၊ ကိုယ်လက်အင်္ဂါချို့တဲ့သော မိသားစုဝင်များလည်း ပြောင်းရသည်။ မိဘများ အိမ် ကောင်းအိမ်သန့်ငှါးသောအခါ၊ နံရံ၌ ရေးခြစ်တတ်သော ခလေးများကို ထားခဲ့၍ မပြောင်း၊ သူတို့ မပါလျှင် လုံးဝ မပြောင်းကြချေ။ အဘယ်ကြောင့် ခလေးများနှင့် အင်္ဂါ ချို့တဲ့သောသူများလည်း ပြောင်းရသနည်း။ မိသားစုဝင် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ချီဆောင်ခြင်း၌ ပါဘို့ရန်မှာ၊ ဘုရား၏ အိမ်တော် သားများဖြစ်ဘို့ သာလျှင် လိုအပ်သည်။ သို့ဖြစ်လျှင် မည်ကဲ့သို့ ဘုရား၏ အိမ်တော် သားများဖြစ်နိုင် မည်နည်း။ 

မွေးဘွားခြင်းအားဖြင့်သာလျှင် 

အဘယ်သူမျှ အကျင့်ကောင်းသောကြောင့်၊ လှသောကြောင့်၊ ချစ်စရာ ကောင်းသောကြောင့် မိဘ၏ သားသမီး မဖြစ်ရပါ။ မိသားစုဝင် ဖြစ်ဘို့ရန်မှာ၊ မိဘ အထဲမှ မွေးဘွားဘို့ လိုသည်။ မည်မျှပင်အရုပ် ဆိုးသော်လည်း၊ ကိုယ်လက်အင်္ဂါချို့ တဲ့သော်လည်း၊ နားမထောင်ဆိုးသွမ်းသော်လည်း၊ မိခင် ထဲမှ မွေးဘွားလာလျှင် မိသားစုဝင် ဖြစ်ရသည်။ မိဘနှစ်ပါး၏ အသွေးအသားမှ မွေးဘွားသောသူတိုင်းသည်၊ မိသားစုဝင်များ ဖြစ်ကြသည်။  

ဒုတိယ မွေးဘွားခြင်းအားဖြင့် 

ထို့နည်းတူ ဘုရား၏ သားသမီး ဖြစ်ဘို့ရန်မှာ၊ ဝိညာဉ်အားဖြင့် ဒုတိယ အကြိမ် မွေးဘွားဘို့ လိုသည်။ သို့ဖြစ်လျှင် မည်ကဲ့သို့ ဘုရား သားသမီး အဖြစ်မွေး ဘွားရမည်နည်း။ မွေးဘွားခြင်းသည် ခလေး၏ လုပ်ဆောင်ခြင်း၊ ကြိုးစားခြင်း လုံး ဝမပါချေ။ မိခင် ကဝမ်း၌ ကိုး လလွယ်၍၊ အချိန် တန်သောအခါ မွေးဘွားလိုက်သည်။ ဘုရား သားသမီး အဖြစ် မွေးဘွားဘို့ရန်၊ ကျမ်းစာက ဤသို့ ဆိုထားသည်၊ “ထိုသူကို လက်ခံသမျှသောသူတည်း ဟူသော၊ ကိုယ်တော်ကို ယုံကြည်သော သူတို့ အား၊ ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။ ထိုသားတို့ မူကား၊ လူမျိုးနှင့် စပ်ဆိုင်၍ ဘွားသောသား မဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသား မဟုတ်။ လူအလိုအလျောက်ဘွားသောသား မဟုတ်။ ဘုရားသခင် ဘွားတော်မူသောသား ဖြစ်သတည်း။” (ယော ၁:၁၂-၁၃) ဘုရားသား ဖြစ်ခြင်းသည် ထိုသူတည်းဟူသော၊ သခင်ယေရှုခရစ်ကို ယုံကြည် လက်ခံခြင်းအားဖြင့် ဖြစ်သည်ဟု၊ အထက်ပါ ကျမ်းပိုဒ်ကဆိုထားသည်။ ခရစ်ယာန် တိုင်း သခင်ယေရှုခရစ်ကို ယုံကြည် လက်ခံသည်ဟု ခံယူ ကြသည်။ သို့ဖြစ်လျှင် အားလုံး သည် ဘုရား သားများဖြစ်ကြ သလော၊ မဖြစ်နိုင်ပါ။ သို့ဖြစ်လျှင် မည်ကဲ့သို့ဖြစ်မည်နည်း။ 

ဘုရားက မွေးဘွားစေ

မွေးဘွားခြင်းသည် အကျင့်ပြောင်းလဲခြင်း၊ ကောင်းသောအရာကို ကြိုး စားလုပ်ဆောင်ခြင်းအားဖြင့် မဟုတ်ပါ။ မွေးဘွားနိုင်ဘို့ရန်မှာ မိခင် ဝမ်း၌ အရင်ရှိရသည်။ ထိုနည်းတူ ဒုတိယ မွေးဘွားနိုင်ဘို့ရန် ခရစ်တော် အထဲ၌ ရှိရသည်။ လူတိုင်း မိခင် ဝမ်းမှမွေးသောအခါ အာဒံသား၊ အပြစ်သား၊ စာတန်သား အဖြစ် မွေးဘွား ကြသည်။ မည်သူမျှဘုရားသား အဖြစ်မမွေးကြပါ။ သူ၏သား မဟုတ်သော လူသားများကို၊ ဘုရားသခင်က သူ၏ အိမ်တော်၊ ကောင်းကင်နိင်ငံသို့ ဝင်ခွင့်မပြုပါ။ ကောင်းကင်၊ ဘုရား အိမ်တော်သို့ ဝင်နိုင်ဘို့ရန်၊ ဘုရားသား အရင် ဖြစ်ရမည်။ ဘုရားသခင်က သူ၏သား အဖြစ် မွေးဘွားနိုင်ရန်၊ အာဒံသား ဖြစ်သော လူသားများကို သခင်ယေရှု အထဲ၌ ထည့်လိုက်သည်။ ကျမ်းစာက၊ “ထို ဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည် နေကြ၏။” ဟုဆိုသည် (၁ ကော ၁:၃၀)။ ထိုသို့ ယေရှုခရစ်၌ ထည့်ခြင်းကို ယုံကြည်ခြင်းဖြင့် လက်ခံရမည်။ 
 အဘယ်ကြောင့် ဘုရားသခင်က၊ လူကို ယေရှုခရစ်၌ ထည့်သနည်း၊ ရေ တွက်သနည်းဟူမူကား၊ အာဒံသား၊ စာတန် သား၊ အပြစ်သား ဖြစ်နေလျှင် ဘုရားနှင့် မဆိုင်ပါ၊ ဘုရား စကား ကိုလည်း နားမထောင်နိုင်ပါ။ ထိုကြောင့် အာဒံသား၊ စာ တန်သား၊ အပြစ်သား မှအဆုံးသတ်ဘို့ရန်၊ ယေရှုခရစ် ထဲ၌ ထည့်၍၊ သူနှင့်အတူ လက်ဝါးကပ်တိုင်၌ အသေရိုက်ထားလိုက်သည်။ ကျမ်းစာက၊ “ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့ သိကြ၏။” (ရော ၆:၆)၊ “ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာအသေခံ ပြီ။” (ဂလာ ၂:၂၀)ဟု ရေးထားသည်။ ထိုသို့ သေသွားပြီးသော နောက် သင်္ချိုင်းထဲ၌ မြှုပ်နှံ လိုက်သည်။ “ယေရှုခရစ်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသော အားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။” (ရော ၆:၃-၄)။ ထိုနောက် ယေရှုခရစ် ထမြောက်တော်မူသောအခါ၊ အသစ်သော အသက်တာဖြင့််ထမြောက် လာသည်။ ထိုသို့ ထမြောက် လာသောသူသည် လူသစ် ဖြစ်၍ (ရော ၆:၄၊ ၂ ကော ၅:၁ရ) ဘုရားသခင်၏သား ဖြစ်သည်။ ထိုသို့ ယေရှုခရစ်အားဖြင့် ထမြောက်သောအရာသည် ဒုတိယ မွေးဘွားခြင်း ဖြစ်သည်။ ထိုအရာသည် လူ၏ လုပ်ဆောင်ချက်အားဖြင့် မဟုတ်၊ လူ့အလိုအားဖြင့်လည်း မဟုတ်။ ဘုရားသခင်က ယေရှုခရစ်အားဖြင့် လုပ်ဆောင်သောအရာ ဖြစ်သည် ( ၂ ကော ၅:၁၈၊ ယော ၁:၁၃)။ ထိုသို့ ဘုရားသခင်က ယေရှုခရစ်အားဖြင့်၊ မွေးဘွားစေခြင်းကို ယုံ ကြည်ခြင်းအားဖြင့် လက်ခံရမည်။ 

ခန္ဓာနှင့် ဝိညာဉ် မွေးခြင်း နှိုင်းယှဉ်ချက်

 ကိုယ်ခန္ဓာ မွေးဘွားသောအခါ၊ မိခင် သာအနာခံစား၍ ခလေးသည် ဘာမျှ မသိပါ။ ဝိညာဉ်ပိုင်း မွေးဘွားသောအခါ၌လည်း ခရစ်တော် သာလျှင် အနာခံ၍ လူသည် ဘာမျှမခံစားပါ။ ခန္ဓာမွေးသောအခါ မိခင် သာသွေးသွန် သကဲ့သို့၊ ဝိညာဉ်ပိုင်းမွေးသောအခါ၊ ခရစ်တော် သာလျှင် သွေးသွန်ရသည်။ ခန္ဓာကိုယ်အရင်မွေး၍ နောက်မှသိရ သကဲ့သို့၊ ဝိညာဉ် မွေးခြင်းသည်လည်း အရင် ဖြစ်၍ နောက်မှသိရသည်။ မိခင် မရှိလျှင် ခန္ဓာမမွေးနိုင် သကဲ့သို့၊ ခရစ်တော် မရှိလျှင် ဝိညာဉ်ပိုင်းမမွေး နိုင်ပါ။ ခန္ဓာပိုင်းမွေးသောသူများသာလျှင်၊ ဤလောကသို့ ဝင်နိုင် သကဲ့သို့၊ ဝိညာဉ်ပိုင်းမွေးသောသူများသာလျှင်၊ ကောင်းကင်နိင်ငံဝင်စားသော အခွင့်ရှိသည်။ ခန္ဓာ ပိုင်းမွေးသောအခါ၊ ခလေး လေးအဖြစ် မွေး၍ မသန့်ရှင်း၊ အလုပ်လည်း မလုပ်နိုင်၊ ကြီးထွားဘို့ လို သကဲ့သို့၊ ဝိညာဉ်ပိုင်းမွေးသောအခါ၊ ဝိညာဉ် ခလေး လေး ဖြစ်၍ သန့်ရှင်းခြင်းလည်း မရှိ၊ အလုပ်လည်း မလုပ်နိုင်၊ ကြီးထွားဘို့ လိုသည်။ ခန္ဓာကိုယ်မွေးသောအခါ၊ မိဘပိုင်သောအရာ အားလုံး ကို ပိုင်သည်။ မိဘပိုင်သမျှသည် ခလေးက မသိတတ်၊ အသုံးမပြုတတ်သော်လည်း သူ၏ အမွေ ဖြစ်သည်။ ထို့နည်းတူ ဘုရားသခင်၏ မိသားစု၌၊ ခရစ်တော်အားဖြင့် မွေးဘွား လာသောအခါ၊ ဘုရား ပိုင်သမျှသောအရာကိုသာ းက အမွေအဖြစ် ပိုင်သည်။ ထိုကြောင့် ငယ်ရွယ်သည် ဖြစ်စေ၊ ကြီးသည် ဖြစ်စေ၊ သန့်ရှင်းသည် ဖြစ်စေ၊ ညစ်ညူးသည် ဖြစ်စေ၊ အဘ ဘုရား နိင်ငံသည်၊ ဝိညာဉ်အားဖြင့် မွေးသောသူ၏ အမွေ ဖြစ်သည် (ရော ၈:၁ရ)။ 

ကောရိန်သု အသင်းသားများ

ကောရိန်သု အသင်းသား များလည်း မသန့်ရှင်းကြချေ။ ဇာတိနှင့် အသက်ရှင်၍ ဝိညာဉ်၌ ခလေးများဖြစ်ကြသည် (၁ ကော ၃:၁-၃)။ သို့သော် ပေါလုက သူတို့လည်း၊ ချီဆောင်ခြင်း၌ ပါမည်အကြောင်း၊ ဤသို့ ရေးထားသည်၊ “နောက်ဆုံးသော တန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည်၊ ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” (၁ ကော ၁၅:၅၁-၅၂)။ ထို့ကြောင့် ချီဆောင်ခြင်း၌ ဘုရား၏ အိမ်တော်သား တိုင်း၊ သားသမီး တိုင်း၊ မည်သည့်အရွယ် ဖြစ်စေ၊ မည်သည့်အ​ခြေအနေတွင် ရှိပါစေ၊ ပါဝင်သွားမည် ဖြစ်သည်။ အကယ်၍ မပါပါက၊ အိမ်တော်သား မစစ်သောကြောင့် ဖြစ်သည်။ 

သန့်ရှင်းရသည် 

ချီဆောင်ခြင်း၌ ပါဝင်မှာစိတ်ချသောကြောင့်၊ ကိုယ်လုပ်ချင်သောအရာကို လုပ်ဘို့ မဟုတ်ချေ။ သားသမီး များသည် မိဘ၏ မျက်နှာ ဖြစ်သည်။ သားသမီး ကောင်းလျှင် မိဘမျက်နှာရသည်၊ မကောင်းလျှင် မိဘမျက်နှာအိုးမဲသုတ်ရာရောက်သည်။ ထို့ကြောင့် ဝိညာဉ်ပိုင်း၌ ခလေး ဖြစ်နေလျှင် ညစ်ညူး၍၊ အဘဘုရား၏ မျက်နှာကို ညစ်ညူး စေ ကြသည်။ ခလေး များသည် ကြမ်းပျဉ်ပေါ်၌ တွေ့သမျှကို ိပါးစပ်ထဲ၌ ထည့် တတ်သည်။ ထို့နည်းတူ ဝိညာဉ်ပိုင်း မွေးဘွားရုံသာမွေး၍၊ မကြီးထွားသော ခလေး များသည် ညစ်ညူးသော အရာများကို မရွံမရှာလုပ် နေကြမည် ဖြစ်သည်။ ဝိညာဉ်ပိုင်းညစ်ညူး စေသော အရာများကို၊ ပေါလုက ဤသို့ ရေးထားသည်၊ “ဇာတိပက တိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့ မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာ ကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကို ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ် ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကို ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှ စ၍ ထိုသို့သော အကျင့်ပေတည်း။” (ဂလာ ၅:၁၉-၂၁)။ အထက် ဖေါ်ပြပါတို့ကို လုပ်ချင်၊ လုပ်နေသေးလျှင် သင်သည်၊ ဝိညာဉ် ခလေး သို့မဟုတ်၊ ဝိညာဉ်ပိုင်း၌ မမွေး သေးသော၊ ဇာတိလူ ဖြစ်ကြောင်း ထင်ရှားသည်။ 

ချီဆောင်ခြင်း၌ ခလေး အဆင့်များ မည်

ဘုရားသခင်၏ သားသမီး အများစုသည်၊ ခလေး အဆင့်ဖြင့် ချီဆောင်ခြင်း ခံရမည် ဖြစ်သည်။ ထိုအရာသည် ဝမ်းနည်းစရာ ကောင်းသည်။အချိန် ကြာ လာသောအခါ၊ ဝိညာဉ်၌ ကြီးထွားရင့်ကျက်သောသူများ ဖြစ်သင့်သည်။ ကြီးထွားရင့်ကျက်သောသူများသည် မိဘ၏ အလုပ်ကို ကူညီတတ် သကဲ့သို့၊ ဝိညာဉ်ပိုင်းကြီး ထွားရင့် ကျက်သောသူများသည်၊ ဘုရား ခိုင်းသော အလုပ်များကို လုပ်၍၊ သန့်ရှင်းသော အသက်တာဖြင့် အသက်ရှင်ကြမည် ဖြစ်သည်။ ချီဆောင်ခြင်း၌ ပါသည်သာမက ခလေး ဘဝဖြင့် မဟုတ်၊ ကြီးထွားရင့်ကျက်သော အသက်တာဖြင့် ပါဝင်သောသူများ ဖြစ်ကြပါစို့။ 

သံအမတ်ရုပ်သိမ်း

နိင်ငံနှင့် တနိင်ငံစစ်တိုက်သောအခါ၊ သံတမန် အဖွဲ့များကို ကြိုတင် ရုပ်သိမ်း တတ်ကြသည်။ ဘေးဒဏ်ကြီး ကာလသည် တိုတောင်းသော်လည်း စစ်ပွဲများ အဆက်မပြတ် တိုက်ကြမည် ဖြစ်သည်။ အစ္စရေးနှင့် အိမ်နီးချင်းနိင်ငံများ တိုက်ပွဲ၊ ကောင်းကင်စစ်ပွဲ၊ ကောင်းကင်နှင့် မြေကြီး သားများတိုက်ပွဲများ တိုက်ခိုက် ကြမည် ဖြစ်သည်။ ထိုစစ်ပွဲများ မတိုင်မှီ ခရစ်တော် ကသူ၏ သံအမတ်များကို ဤလောက မှရုပ်သိမ်း သွားမည် ဖြစ်သည်။ စစ်မှန်သော ယုံကြည်သူများသည် ခရစ်တော်၏ သံတမန်များဖြစ်ကြောင်း ပေါလုက ဤသို့ ရေးထားသည်၊ “ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ငါတို့၏ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာ ယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌ အပ်ပေးတော်မူ၏။ ၁၉ ထိုတရား ဟူမူကား၊ ဘုရားသခင်သည် ခရစ်တော် အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကို မှတ်တော်မမူ၊ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌ အပ်ပေးတော်မူ၏။ ၂၀ ထိုကြောင့် ငါတို့သည် ခရစ်တော်၏ သံတမန် ဖြစ်ကြ၏။ သင်တို့သည် ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နိုးဆော်သွေးဆောင်တော်မူ သကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စား ဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။” (၂ ကော ၅:၁၈-၂၀)။ သင်သည် ခရစ်တော်၏ သံတမန် ဖြစ်လျှင် ဘေးဒဏ်ကြီးကာလ မတိုင်မှီကောင်းကင် တက်ရမည်။ 

ဂေါဂမာဂေါတစစ်ပွဲ

ဤစစ်ပွဲသည် အတိုင်း တိုင်း အပြည် ပြည်မှ ပြန်လာသော ဣသရေလ လူများကို ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော ဂေါဂမင်း ဦးဆောင်၍ တိုက်ခိုက်မည့် စစ် ဖြစ်သည်။ ထိုစစ်ပွဲတိုက်မည့် အကြောင်းကို ဘီစီ ၆၀၀ ခန့်တွင် ပရော ဖက် ယေဇကျေလကဟော ဤသို့ ဟောခဲ့သည်၊ “တဖန် ထာဝရဘုရား၏ နှုတ်က ပတ်တော်သည် ငါ့ဆီသို့ ရောက်၍၊ အချင်း လူသားရောရှပြည်၊ မေရှက်ပြည်၊ တုဗ လပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတဘက်၌ မျက်နှာထား၍ ပရော ဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အိုဂေါဂမင်း၊ သင့်တဘက်၌ ငါနေ၏။ သင့်ကို ငါပြန် လာစေမည်။ သင့်ပါးရိုးကို သံချိတ်နှင့် ချိတ်ပြီးလျှင်၊ သင်မှစ၍၊ ထူးဆန်းသော လက် နက်စုံ အမျိုးမျိုးကို ဆောင်သောသူ၊ ဒိုင်းလွှားပါ၍ ထားကို လက်စွဲသော လူအလုံး အရင်းများနှင့် မြင်း၊ မြင်းစီးသူရဲဗိုလ်​ခြေ အပေါင်းတို့ကို ငါဆောင်ခဲ့မည်။ အသီးအ သီးဒိုင်းလွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသော ပေရသိပြည်သား၊ ကုရှပြည်သား၊ ဖုတပြည်သား၊ ဂေါမာနှင့် သူ၏ တပ်များ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ၏ တပ်များ အလုံးအရင်းများ အပေါင်းတို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည်။ သင်သည် မိမိ၌ စုဝေးသော လူအလုံးအရင်းများနှင့်တကွ ကိုယ်ကို ပြင်ဆင်လော့၊ ပြင်ဆင်လျက် နေလော့။ သူတို့ကို စောင့်လျက် နေလော့။ ကြာမြင့်စွာ ကာလလွန်ပြီးမှသင်သည် အုပ်ချုပ်ရသော အခွင့်ရှိလိမ့်မည်။ ထားဘေးနှင့် လွတ်၍ လူ အမျိုးမျိုးထဲကနှုတ်သော ပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံလျက် နေသော ဣသရေလ တောင်တို့ အပေါ်သို့၊ တဖန် ဆောင်ခဲ့သော ပြည်သားတို့ ရှိရာသို့ နောင်ကာလ၌ သင်သည် စစ်ချီ၍ လာလိ်မ့်မည်။ ထိုပြည်သားတို့သည် လူ အမျိုးမျိုး ထဲကနှုတ်ဆောင် သောသူ ဖြစ်၍၊ တပြည် လုံးငြိမ်ဝပ်လျက် ရှိနေသောအခါ၊ သင်သည် မိုဃ်းသက်မုန်တိုင်း ကဲ့သို့ တက်လာ၍၊ သင်၌ ပါသမျှသော တပ်သား အလုံးအရင်းနှင့်တကွ၊ ထိုပြည်ကို မိုဃ်းအုံ့ သကဲ့သို့ဖြစ်လိမ့်မည်။ အရှင်ထာဝဘုရား မိန့်တော်မူသည်ကား၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့၍ မကောင်းသော အကြံအစည်ကို ကြံစည်လျက်၊ ရွာဇနပုဒ်များသော ပြည်၊ မြို့ရိုးမရှိ၊ တံခါးကျင်နှင့် တံခါးမရှိ၊ စိုးရိမ်စရာ အကြောင်း အလျှင်း မရှိ၊ ငြိမ်ဝပ်သော ပြည်သားတို့ ရှိရာသို့ ငါချီ သွား၍၊ သူတို့ ဥစ္စာကို လုယက်သိမ်းယူမည်။ အရင်ဆိတ်ညံ၍ ယခုလူနေသော အရပ်တို့ကို၎င်း၊ လူ အမျိုးမျိုး ထဲကစုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကို ရတတ်၍၊ ပြည် အလယ်၌ နေသော သူတို့ကို၎င်းတိုက်မည်ဟု ကြံစည်လိမ့်မည်။ ရှေဘပြည်သား၊ ဒေဒန်ပြည်သား၊ တာရှုကုန်သည်များ၊ ခြင်္သေ့ပျို အပေါင်းတို့က၊ ကိုယ်တော်သည် သူ့ဥစ္စာကို ဝေငှ၍ ရွှေငွေကို၎င်း၊ တိရစ္ဆာန်များနှင့် ဥစ္စာများကို၎င်း၊ သိမ်းသွားလျက် များစွာ လုယက်ဖျက်ဆီးခြင်းငှါ အပေါင်းအသင်းကို စုဝေးစေပြီလောဟု မေးမြန်းကြလိမ့်မည်။” (ယေဇ ၃၈:၁-၁၃) 

အထက်ပါ စစ်ပွဲ၌ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အိုဂေါဂ မင်း ဦးဆောင်၍၊ ပေရသိပြည်သား (အီရန်)၊ ကုရှပြည်သား (ဆူဒန်)၊ ဖုတပြည်သား၊ (လစ်ဗျား) ဂေါမာ (တူရကီ)နှင့် သူ၏ တပ်များ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ၏ တပ်များ အလုံးအရင်းများ အပေါင်းတို့က၊ ထားဘေးနှင့် လွတ်၍ လူ အမျိုးမျိုး ထဲကနှုတ်သော ပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံလျက် နေသော ဣသရေလ တောင်တို့ အပေါ်သို့ တဖန် ဆောင်ခဲ့သော ပြည်သားတို့ ရှိရာသို့ တိုက်လိမ့်မည်။ လူအမျိုး မျိုးထဲကနှုတ်သော ပြည်သားသည် ဣသရေလ လူများ ဖြစ်သည်။ ကြာမြင့်စွာ ဆိတ် ညံလျက် နေသော ဣသရေလ တောင်တို့ အပေါ်သို့ တဖန် ဆောင်ခဲ့သော ပြည်သားသည်လည်း ဣသရေလများဖြစ်သည်။ သူတို့သည် အေဒီ ရဝမှ ၁၉၀၀ အထိ သူတို့ ပြည်၌ မနေဘဲ အတိုင်း တိုင်း အပြည် ပြည်၌ နေထိုင် ကြသည်။ သူတို့ ပြည်သည် နှစ်ပေါင်း၁၈၀၀ ကျော်ဆိတ်ညံလျက် ရှိခဲ့သည်။ ရောရှသည် ယခုခေတ်တွင် ရုရှား ပြည်ဟု ယူဆကြသည်။ ယခုအခါ ရုရှားသည် အီရန်၊ တူရကီနိင်ငံများနှင့် မဟာမိတ် ပြုလုပ်လျက် ရှိသည်။ မာဂေါဂအဖွဲ့သည် ဣသရေလ တိုင်း ပြည်ကို တိုက်သောအခါ၊ မိုဃ်းသက်မုန်တိုင်း ကဲ့သို့ တက်လာ၍၊ သင်၌ ပါသမျှသော တပ်သား အလုံးအ ရင်းနှင့်တကွ၊ ထိုပြည်ကို မိုဃ်းအုံ့ သကဲ့သို့ တိုက်မည် ဟုဆိုသည်။ မိုဃ်းအုံ့ သကဲ့သို့ ဟုဆိုသောအရာသည် တိုက်လေယဉ် များစွာနှင့် ဒုံပျံမြောက် များစွာဖြင့် တိုက်မည့် အရာကို ဆိုလိုခြင်း ဖြစ်မည်။ ဤတိုက်ပွဲသည် မဝေးတော့ချေ။ ရုရှားအုပ်စုသည် စု စည်းလျက် ရှိနေပြီ။ 

ယေရုရှလင်မြို့တုန်လှုပ်စေသော ဖလား

“ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ်စေသော ဖလား ဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်းထားစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။ ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ့​ကြေမွကြလိမ့်မည်။ လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသ မျှသော မြင်းတို့ကို မိန်းမောတွေဝေစေခြင်း ငှါ၎င်း၊ မြင်းစီးသူရဲ အပေါင်းတို့ကို အရူး ဖြစ်စေခြင်း ငှါ၎င်း၊ ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တပါးအမျိုးသား၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်မည်။ ယုဒမင်းတို့က လည်း၊ ယေရုရှလင်မြို့သားတို့၏ ဘုရားသခင်က ောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရားဖြင့် သူတို့သည် ငါ့ခွန်အား ဖြစ်ကြ၏ဟု စိတ်ထဲမှာဆိုကြလိမ့်မည်။ ထိုကာလ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့၎င်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့၎င်း ဖြစ်စေသဖြင့်၊ လက်ျာဘက်၊ လက်ဝဲဘက်၊ ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့ကို မီးလောင််လိမ့်မည်။ ယေရုရှလင်မြို့သည်လည်း မြို့ရာဟောင်း၌ တည်မြဲတည် လိမ့်မည်။ ထာဝရဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာ ကယ်တင်တော်မူမည်။ ထိုကြောင့် ဒါဝိဒ်မင်းမျိုး၏ ဘုန်းနှင့် ယေရုရှလင်မြို့သားတို့၏ ဘုန်းသည် ယုဒပြည် တ ဘက်၌ မဝါကြွားရ။ ထိုကာလ၌ ထာဝရဘုရားသည် ယေရုရှလင်မြို့သားတို့ကို ကွယ် ကာစောင့်မတော်မူ သဖြင့်၊ အားနည်းသောသူသည် ထိုကာလ၌ ဒါဝိဒ်မင်းကဲ့သို့၎င်း၊ ဒါဝိဒ်မင်းမျိုးသည် ဘုရားသခင်ကဲ့သို့၎င်း၊ သူတို့ ရှေ့မှာ ထာဝရဘုရား၏ ကောင်းကင်တမန် ကဲ့သို့၎င်း ဖြစ်လိမ့်မည်။” (ဇာခရိ ၁၂:၂-၈)

အထက်ပါ ဇာခရိရေးသားသော စစ်ပွဲသည်၊ ယေဇကျေလရေးထားသော ဂေါဂ၊ မာဂေါဂစစ်ပွဲ ဖြစ်နိင်သည်။ ဇာခရိသည် ဗာဗုလုန်​ကျွန်ခံပြီးမှရေးသောကြောင့် ဘီစီ ၅၀၀ ခန့်၌ ရေးထားသည်။ အထက်၌ ရေးသားသော စစ်သည်၊ ဂရိတ်များက တိုက်ခိုက်သော စစ်မ ဖြစ်နိင်ချေ။ အကြောင်းမှာ ယေရုရှလင်မြို့သည် ပတ်လည်၌ ရှိသော အာရပ်များအတွက် တုန်လှုပ်စေသော (မူးဝေစေသော) ဖလား မဟုတ်သ ကဲ့သို့၊ လေးသော ကျောက် မဟုတ်ခဲ့ချေ။ ထိုနည်းတူ အေဒီ ရဝ မှာရောမများက တိုက်ခိုက် ဖျက်စီးခဲ့သော စစ်လည်း မဖြစ်နိုင်ချေ။ အကြောင်းမှာ ရောမများက ယေရုရှလင်မြို့ကို နိင်၍ ဖျက်စီးလိုက်သည်။ အထက်ပါ စစ်ပွဲသည် ဣသရေလများကို ဘုရားက ကူညီသောကြောင့် အောင်မြင် သည်။ ထို့ကြောင့် ထိုစစ်ပွဲသည် အနာ ဂတ်မှာရှိသေးသည်။ 

ယေရုရှလင်မြို့သည် အေဒီ ရဝ၌ ရောမများ ကဖျက်စီးပြီး နောက်ဣသရေ လလူများ ကမပိုင်တော့ချေ။ သူတို့သည် အတိုင်း တိုင်း အပြည် ပြည်၌ ထွက်ပြေးပြန့် နှံ့သွားခဲ့ ကြသည်။ ၁၉၀၀ နောက်ပိုင်းမှတဖြည်းဖြည်းပြန်လာကြကာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကျေညာသောအခါ ယေရုရှလင်မြို့အနောက်ဖက်ခြမ်းကို ယပိုင်ဆိုင် ကြသည်။ ၁၉၆ရ ခုနှစ် ၆ ရက်ကြာစစ်ပွဲ၌ ပဌမ အကြိမ် ယေရုရှလင်မြို့အရှေ့ဖက် ခြမ်းကို ပါ ဣသရေလ လူများက ယပိုင်ဆိုင်လာသည်။ ထိုအချိန် မှစ၍ ယေရုရှလင်မြို့သည် ဇာခရိရေးထား သကဲ့သို့ ပတ်လည်၌ ရှိသော အာရပ်နိင်ငံများ အတွက်၊ ဒ ယိမ်းဒယိုင်မူးဝေစေသော မြို့ ဖြစ်လာသည်။ ဆိုလိုသည်မှာ ယေရုရှလင်မြို့အရှေ့ ခြမ်းကို ပါလက်စတင်းများ၏ မြို့တော် အဖြစ် ပြန်လည်ရရှိလို ကြသည်။ ထိုအရာသည် ကမ္ဘာ့ ကုလသမဂ္ဂ၌ ယခုတိုင်မ​ဖြေရှင်း နိုင်သော ပြသနာ ဖြစ်သည်။ ပရောဖက် ရေးသား သကဲ့သို့ ယေရုရှလင်မြို့သည် ​ ဖြေရှင်း၍ မရနိုင်သော လေးသော ကျောက် ဖြစ်လာသည်။ ထိုကျောက်ကို ချီမသောသူတိုင်း ကျိုးပဲ့​ကြေမွ ကြသည်။ အမေရိကန် သမ္မတများက ယေရုရှလင်မြို့နှင့် အစ္စရေးနိင်ငံအကြောင်း ဆွေးနွေးတိုင်း၊ အမေရိကန်ပြည် ထောင်စု၌ သဘာဝ ဘေးဒဏ်များ ဖြစ်သော၊ ဟာရီခင်း (ံကမမငခ​ေညန) လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ တောမီးအကြီး အကျယ်လောင်ခြင်း၊ လေဆင်နှ မောင်းတိုက်ခတ်၍ လူများ သေခြင်း အိုးအိမ် များစွာ ပျက်စီးခြင်း၊ စီးပွားရေးကျဆင်းခြင်းများဖြစ်တတ်သည်။ ဥရောပယူနီယံအဖွဲ့ဝင် ၂ရ နိင်ငံများ၏ နိင်ငံခြားရေးဝန်ကြီးများက ၂၀၀၉ ခုနှစ် ဒီဇဘ်ာလ ၈ ရက်နေ့တွင် ယေရုရှလင်မြို့အရှေ့ဘက် ခြမ်းသည်၊ ပါလက်စတင်းများ၏ မြို့တော် ဖြစ်ရမည်ဟု ဆုံးဖြတ်ချက် ချ ကြသည်။ ထိုသို့ ဆုံးဖြတ်ချက် ချပြီး၄ လ မြောက် ၂၀၁၀ ခုနှစ်ဧပြီလ ၁၄မှ ၂၀ ရက်နေ့ အတွင်း ဥရောပနိင်ငံ ၂၀တို့ ကို၊ အိုက်စလင်​ကျွန်းမှ ပေါက်ကွဲသော မီးတောင် ပြာက လေယဉ်များ မပျံသန်းနိုင်အောင် ဖုံးအုပ်ခဲ့သည်။ ထို့ကြောင့် ယေရုရှလင်မြို့သည် လေးသော ကျောက်၊ ပြသနာ ​ ဖြေရှင်း၍ မရသော မြို့ ဖြစ်နေပြီ။ 

“လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။” ဟုဆိုသည့်အတိုင်း ယခုအခါ အစ္စရေးနိင်ငံသည်၊ ကမ္ဘာ့ နိင်ငံ များစွာ ကဝိုင်းပယ်ထား ကြသည်။ ဤပရောဖက် ပြုချက် ပြည့်စုံသောအခါ တိုင်း နိင်ငံ များစွာတို့သည် အစ္စရေးနိင်ငံကို တိုက်ခိုက် ကြလိမ့်မည်။ 
 “ထိုကာလ၌ ရှိသမျှသော မြင်းတို့ကို မိန်းမောတွေဝေစေခြင်း ငှါ၎င်း၊ မြင်း စီးသူရဲ အပေါင်းတို့ကို အရူး ဖြစ်စေခြင်း ငှါ၎င်း ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တပါးအမျိုးသား၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ် ခတ်မည်။ ယုဒမင်းတို့ကလည်း၊ ယေရုရှလင်မြို့သားတို့၏ ဘုရားသခင်က ောင်း ကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားဖြင့် သူတို့သည် ငါ့ခွန်အား ဖြစ်ကြ၏ဟု စိတ်ထဲမှာ ဆိုကြလိမ့်မည်။” ဤစစ်ပွဲ၌ ဘုရားသခင်က ဣသရေလ လူတို့ကို ကူညီမစမည် ဖြစ်သည်။ မြင်းရှိသမျှတို့သည် မိန်းမောတွေဝေမည် ဟုဆိုသည်။ ယခုခေတ် စစ်ပွဲတွင် မြင်းများ မသုံးတော့ချေ။ မြင်းများသည် စစ်တိုက်ယဉ်များကို ဆိုလိုခြင်း ဖြစ်မည်။ ထိုစစ်တိုက်ယဉ်များ ဖြစ်သော၊ တိုက်လေယဉ်၊ တင့်ကား၊ သံချပ်ကာကား၊ ဒုံပျံအ မျိုးမျိုးတို့သည် မိန်းမောတွေဝေစေမည်ဆိုခြင်းသည်၊ သုံး၍ မရအောင် ကြောင်စေမည်။ ဘုရားသခင်၌ လူလုပ်သော အရာများကို ဖျက်ဆီးဘို့ရန် လုံးဝ မခက်ချေ။ မြင်း စီးသူရဲများ တည်းဟူသော၊ စစ်တိုက်လက်နက် အမျိုးမျိုး မောင်းနှင်သောသူများကိုလည်း ရူးစေမည်။ ထိုအခါ ဣသရေလ လူများက ထာဝရဘုရားသခင်သည် ငါ့၏ ခွန် အားဟု စိတ်ထဲမှဝန်ခံမည်။ အစ္စရေးများသည် အာရပ်များနှင့် အကြီးအကျယ် ၆ ကြိမ်ထက် မနည်းစစ်တိုက်ခဲ့ပြီ။ တိုက်တိုင်း အောင်မြင် ကြသည်။ အကြောင်းမှာ ထာဝရဘုရားကကူညီတတ်သည်။ သို့သော် ထာဝရဘုရားကကူညီခြင်းကို ကမ္ဘာ ကသိအောင် ဝန်မခံဘူးကြချေ။ သို့သော် အထက်ပါ စစ်ပွဲတွင်မူ ဘုရား၏ ကူညီခြင်းကို ဝန်ခံကြလိမ့်မည်။ သို့သော် စိတ်ထဲမှ ဖြစ်မည်။ 

“ထိုကာလ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့၎င်း၊ ကောက် လှိုင်းတွင် မီးစကဲ့သို့၎င်း ဖြစ်စေသဖြင့်၊ လက်ျာဘက်၊ လက်ဝဲဘက်၊ ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့ကို မီးလောင််လိမ့်မည်။” ဆိုလိုသည် မှထင်းပုံ၌ မီးဖုိရှိလျှင် မီးလောင်မည်။ ကောက်လှိုင်းလည်း မီးလောင်ဘို့ အလွန် လွယ်သည်။ ထို့ကြောင့် မီးစကျလျှင် ချက်ချင်း မီးလောင်နိုင်သည်။ ယနေ့ အစ္စရေးနိင်ငံသည် ပါလက်စတင်းများကဒုံးပျံဖြင့် ပစ်ခတ်တိုင်း၊ ချက်ချင်း ဂလဲ့စားချေတတ်သည်။ အိမ်နီးချင်းနိင်ငံများနှင့်လည်း မကြာခဏတိုက်ခိုက် တတ်သည်။ ရှေ့အနာဂတ်၌လည်း အကြီး အကျယ်တိုက်ကြဦးမည်။ 
 “ယေရုရှလင် မြို့သည်လည်း မြို့ရာဟောင်း၌ တည်မြဲတည်လိမ့်မည်။ ထာ ဝရဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာက ကယ်တင်တော်မူမည်။” တိုင်း နိင်ငံမြို့ များသည် ဘုရား လက်ထဲမှာရှိသည်။ ဟေရှာယ ၁ရ၌ ဒမသက်မြို့ပျက်စီးမည့် အကြောင်းရေးထားသည်။ ယနေ့ ပင်ထိုပရောဖက် ပြုခြင်းသည် ​ကျွန်ပ်တို့၏ မျက်စေ့ အောက်၌ ပြည့်စုံနေပြီ။ ဒမသက်မြို့သည် ပြည်တွင်း စစ်ကြောင့်ပျက်စီးနေပြီ။ ဆာ လံဆရာက၊ “ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။” (ဆာ ၁၂ရး၁) ဟုဆိုသောအရာသည် အလွန် မှန်သည်။ ဘုရားသခင်က ယေရုရှလင်မြို့ကို စောင့်ရှောက်သဖြင့်၊ မပျက်စီးဘဲ တည်မြဲလိမ့် မည်ဟု ကြိုတင် ပြောထားသည်။ 

“ထာဝရဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာက ကယ်တင်တော်မူမည်။ ထိုကြောင့် ဒါဝိဒ်မင်းမျိုး၏ ဘုန်းနှင့် ယေရုရှလင်မြို့သားတို့၏ ဘုန်းသည် ယုဒပြည် တဘက်၌ မဝါကြွား။ ထိုကာလ၌ ထာဝရဘုရားသည် ယေရုရှလင်မြို့သားတို့ကို ကွယ်ကာစောင့်မတော်မူ သဖြင့်၊ အားနည်းသောသူသည် ထိုကာလ၌ ဒါဝိဒ်မင်း ကဲ့သို့၎င်း၊ ဒါဝိဒ်မင်းမျိုးသည် ဘုရားသခင်ကဲ့သို့၎င်း၊ သူတို့ ရှေ့မှာ ထာဝရဘုရား၏ ကောင်းကင်တမန် ကဲ့သို့၎င်း ဖြစ်လိမ့်မည်။” ဘုရားသခင်သည် ယုဒလူတို့ကို ကယ်တင်မည့် အကြောင်း ပြောထားသည်။ ထိုသို့ ကယ်တင်သောအခါ၊ ဒါဝိဒ်မင်း မျိုး၏ ဘုန်းနှင့် ယေရုရှလင်မြို့သားတို့၏ ဘုန်းသည် ဝါကြွားစရာ မရှိချေ။ အကြောင်းမှာ သူတို့၏ အစွမ်းအစအားဖြင့် မဟုတ်ဘဲ၊ ထာဝရဘုရား၏ အစွမ်းအစအားဖြင့် အောင်မြင်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားကွယ်ကာသောအခါ အားနည်းသောသူသည် ဒါဝိဒ်မင်းကဲ့သို့ဖြစ်မည် ဟုဆိုသည်။ ဒါဝိဒ်သည် ခြင်္သေ့နှင့် ဝက်ဝံကိုသော်၎င်း၊ ဖိလိတ္တိလူဂေါလျက်ကိုသော်၎င်းအောင် နိုင်ခဲ့သည်။ ကောင်းကင် တ မန်များလည်း အလွန် တန်ခိုးကြီးသည်။ ကောင်းကင်တမန် တပါးတည်းက အာရှုရိ စစ်သား၁၈၅၀၀၀ကို တညတည်းတွင် သတ်နိုင်သည် (၄ရာ ၁၉:၃၅)။ 

ကောင်းကင်စစ်

“ကောင်းကင်၌ စစ် ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏ တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့ နေစရာ မရှိ။ ၈-၉ ထိုအခါ၊ ဤလောက တနိုင်ငံ လုံးကို လှည့်​ြ့ဖား၍ မာန်နတ် စာတန် အမည်ရှိသော ရှေးမြွေဟောင်း တည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏ တမန်တို့ ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ ၁၀ ကောင်းကင်ဘုံ၌ ကြီးသော အသံကား၊ ယခုမှာ ကယ်တင်ခြင်း ဖြစ်၏။ တန်ခိုးတော်လည်း ဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ ခရစ်တော်၏ အာဏာတော် စက်လည်း ဖြစ်၏။ အကြောင်းမူကား၊ ငါတို့ ညီအစ်ကိုများကို ငါတို့ ဘုရားသခင့်ရှေ့တော်၌ နေ့ ညဉ့်မပြတ် အပြစ်တင်သော ရန်သူကို အောက်သို့ ချလေပြီ။ ၁၁ သူတို့သည် သိုးသ ငယ်၏ အသွေးအားဖြင့်၎င်း၊ မိမိတို့ သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်၎င်းအောင်မြင်၍၊ အသေခံသည် တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။ ၁၂ ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင် လယ်သည် အမင်္လာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလ တခဏ သာရှိသည်ကို သိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ ရှိရာသို့ ဆင်းလေ ပြီ ဟုဆိုကြသည်ကို ငါကြား၏။” (ဗျာ ၁၂:ရ- ၁၂) 

 စာတန်သည် ကောင်းကင်တမန် မင်း ဖြစ်ခဲ့သည်။ သို့သော် ဘုရား ဖြစ်ချင် သောကြောင့်၊ ဘုရားသခင်က သူ့ကို ကောင်းကင်မှ ချခဲ့သည် (ဟေရှာယ ၁၄:၁၂-၁၅)။ သို့သော် ယနေ့ တိုင်အောင် စာတန်နှင့် သူ၏ တမန် များသည်၊ ကောင်းကင်၌ တက်နိုင်သော အခွင့်ရှိသေးသည်။ ယောဘကိုလည်း ဘုရားသခင် ရှေ့၌ အပြစ်တင်ခဲ့သည် (ယောဘ ၁)။ ယုံကြည်သူများကိုလည်း နေ့ညဉ့်မပြတ် အပြစ်တင်နေ ဆဲ ဖြစ်သည်။ သို့သော် ဘုရားသခင်က သူ၏ စကားကို နားမထောင်သောကြောင့် ယုံကြည်သူများသည် ကောင်းကြီးခံစား နိင်ခြင်း ဖြစ်သည်။ သို့သော် ဘေးဒဏ်ကြီး ကာလ၏ အလယ်သုံးနှစ်ခွဲတွင်၊ စာတန်နှင့် သူ၏ တမန် များသည် ကောင်းကင် တ မန်များနှင့် စစ်တိုက်ကြမည် ဖြစ်သည်။ စာတန်နှင့် သူ၏ တမန် များသည် စစ်ရှုံးသောကြောင့် ကောင်းကင်၌ တက်ခွင့်မရှိတော့ဘဲ မြေကြီး ပေါ်သို့ ချပစ်ခြင်း ခံရမည် ဖြစ်သည်။ ထိုအခါ စာတန်သည် အလွန် စိတ် ဆိုးသောကြောင့် မြေကြီးသား အပေါင်းကို အလွန် နှိပ်စက်မည် ဖြစ်သည်။ ထိုကြောင့် ဘေးဒဏ်ကြီး ကာလ၏ ဒုတိယပိုင်းသုံး နှစ်ခွဲသည် ခရစ်တော်က ဘေးဒဏ်ကြီး ကာလ ဟုဆိုခြင်း ဖြစ်သည်။ ဘုရားသခင်ကသာမက ာကွယ်ပါက အဘယ်သတ္တဝါမှအသက် ရှိနိုင်မည် မဟုတ်။ သို့သော် ထိုအချိန်တွင် ဘုရားသခင်က သူ၏ လူများကို ကွယ်ကာဦးမည် ဖြစ်သည်။ 

နဂါးနှင့် ဣသရေလ စစ်ပွဲ

“ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။ ၁၄ မိန်းမသည် ထိုမြွေနှင့် လွတ်၍၊ တကာလ၊ နှစ် ကာလ၊ ကာလ တဝက်ပတ်လုံး​ကျွေးမွေးခြင်းကို ခံရာ အရပ် တည်းဟူသော တော အရပ်သို့ ပျံနိုင်မည်အကြောင်း၊ လင်းယုန်ကြီး၏ အတောင်နှစ်ဘက်ကို ရလေ၏။ ၁၅ ထိုအခါ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှါ၊ နဂါးသည် မိမိခံတွင်း ထဲက မြစ်ရေစီး သကဲ့သို့ ရေကို မိန်းမနောက်၌ ထုတ်ပစ်လေ၏။ ၁၆ မြေကြီးသည် မိန်းမကို မစ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်း ထဲက ထုတ်ပစ်သော မြစ်ရေကို မျို လေ၏။ ၁ရ။ နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍၊ ယေရှု၏ သက်သေခံတော်မူ ချက်ကို စွဲလန်းသောသူ တည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါ သွား၏။” (ဗျာ ၁၂:၁၃-၁ရ)

နဂါးသည် မြေကြီးသို့ ချခြင်း ခံသောအခါ အလွန် အမျက်ထွက်၍၊ သားယောက်ျား တည်းဟူသော ယေရှုကို ဘွားမြင်သော မိန်းမကို ညှဉ်းဆဲသည် ဟုဆိုသည်။ ထိုမိန်းမသည် ဣသရေလ ဖြစ်သည်။ ထို့ကြောင့် သမိုင်းတလျှောက် စာတန်သည်၊ ဣသရေလ လူများကို အမျိုးတုံးဘို့ရန် သတ်ဖြတ်ဘို့ ကြံရွယ်ခြင်း ဖြစ်သည်။ အဲ ဂုတ္တုပြည် တွင်လည်းသားယောက်ျားတိုင်းကို မြစ်ထဲသို့ ချခြင်းဖြင့် သတ်ခဲ့သည်။ ပါးရှားနိုင်ငံတွင်လည်း ဟာမန်အားဖြင့် ဣသရေလ လူမျိုးအားလုံး သတ်ဖြတ်ဘို့ ရည်ရွယ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင်လည်း ဟစ်တလာအားဖြင့် ၆ သန်းသတ် ဖြတ်ခဲ့သည်။ ဘေးဒဏ်ကြီး အလယ်တွင် စာတန်သည် နောက်ဆုံး ဣသရေလ လူမျိုးကို သတ်ဖြတ်ဘို့ ကြိုးစား လိမ့်မည်။ နဂါးသည် မိမိခံတွင်း ထဲကမြစ်ရေဖြင့် မိန်းမကို သတ်ဘို့ ရှိသည်။ မြစ်ရေသည် စစ်သားများဖြစ်နိုင်သည်။ သို့သော် မြေကြီးက မိန်းမကို မစလိုက်မည် ဖြစ်သည်။ ထိုစစ်သားများကို မြေမျိုလိုက်မည်ဟု ယူဆရသည်။ ထို့ကြောင့် ဣသရေလ လူများသည် နဂါးလက်မှလွတ်ကြလိမ့်မည်။ ထိုသို့ ဣသ ရေလကို မသတ်နိင်သောအခါ၊ နဂါးသည် မိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ် တိုက်ခြင်းငှါ သွားသည် ဟုဆိုသည်။ မိန်းမ၏ အမျိုးအနွယ်သည် ဘုရားကို ယုံကြည်သော တပါးအမျိုးသားများဖြစ်မည်။ 

အာမေဂဒုန်စစ်

ကျမ်းစာ၌၊ “ထိုအခါ ကောင်းကင်ဘုံဖွင့်လှစ်လျက် ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသောသူသည် သစ္စာ ဟူသော အမည်၊ သမ္မာဟူသော အမည် ရှိသတည်း။ ထိုသူသည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော် ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင် မှတပါး၊ အဘယ်သူမျှ မသိသော နာမတော်သည် ရေးထားလျက် ရှိ၏။ အသွေး၌ နှစ်ပြီးသော အဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဟူသော အမည်ရှိ၏။ ကောင်းကင်ဗိုလ်​ခြေ တို့သည် မြင်းဖြူကို စီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကို ဝတ်လျက် နောက်တော်သို့ လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခပ်စရာဘို့၊ ထက်သော သံလျက်သည် ခံတွင်း တော် ထဲကထွက်၏၊ သူတို့ကို သံလှံတံနှင့် အုပ် စိုးတော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာ တန်ဆာကို ဖိနင်းတော်မူမည်။ ဘုရင်တို့၏ ဘုရင်၊ သခင်တို့၏ သခင်ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌၎င်း၊ ပေါင်တော်၌၎င်း၊ ရေးထားလျက် ရှိ၏။ ကောင်းကင်တမန် တပါးသည် နေထဲမှာ ရပ်လျက် ရှိသည်ကို ငါမြင်၏။ သူသည် မိုဃ်းကောင်းကင် အလယ်၌ ပျံတတ်သော ငှက် အပေါင်းတို့ကို ကြီးသော အသံနှင့် ခေါ်၍၊ လာကြလော့။ ရှင်ဘုရင်အသား၊ စစ်သူကြီး အသား၊ သူရဲအသား၊ မြင်းအသား၊ မြင်းစီးသောသူအသား၊ အစေခံ​ကျွန်၊ လူလွတ်၊ အကြီး အငယ်အ မျိုးမျိုးသော လူတို့၏ အသားကို စားအံ့သောငှါ၊ကြီး မြတ်တော်မူသော ဘုရား သခင်၏ ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်၏။သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်​ခြေများတို့သည် မြင်းစီးတော်မူသောသူနှင့် ဗိုလ်​ခြေတော်ကို စစ်တိုက်ခြင်းငှါ စည်းဝေးကြသည်ကို ငါမြင်၏။သားရဲကို ဘမ်းမိကြ၏။သားရဲ၏ တံ ဆိပ်လက်မှတ်ကို ခံ၍၊ သူ၏ ရုပ်တုကိုကိုးကွယ်သော သူတို့ကို လှည့်ဖြား၍ သားရဲ ရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက် ကိုလည်း ဘမ်းမိကြ၏။ အသက်ရှင်လျက် ရှိသော ထိုသူနှစ်ဦးကို ကန့်နှင့်လောင်သော မီးအိုင် ထဲသို့ ချပစ်ကြ၏။ ကြွင်းသော သူတို့သည်၊ မြင်းစီးတော်မူသောသူ၏ ခံတွင်း တော် ထဲက ထွက်သော သံလျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက် အပေါင်းတို့သည် ဝစွာ စားရကြ၏။” (ဗျာ ၁၉:၁ရ- ၂၁) 

အထက်ပါ စစ်ပွဲသည် ဘေးဒဏ်ကြီး ကာလ၌ နောက်ဆုံးတိုက်သော စစ်ပွဲ ဖြစ်သည်။ ခရစ်တော်သည် ဘုန်းတန်ခိုးနှင့် ကြွ လာသောအခါ၊ စာတန်၊ အန္တီခရစ်၊ မိစ္ဆာပရောဖက်နှင့် သူတို့၏ လူများက အစွမ်းကုန်တိုက်ကြမည် ဖြစ်သည်။ တိုက်မည့် နေရာလည်း အစ္စရေးတိုင်း ပြည်၌ ရှိသော မေဂေဒုိလွင်ပြင်၌ ဖြစ်မည်။ စာတန်နှင့် လောကီသား များသည် လူလုပ်သော ဒုံးပျံ၊ အနုမြူဗုံးများ၊ လက်နက်မျိုးစုံဖြင့် ခရစ်တော်ကို တိုက်ကြပါလိမ့်မည်။ စာတန်လည်း သူ၏ လက်နက်အစွမ်းကုန် အသုံးပြု ပါလိမ့်မည်။ သို့သော်၊ “မြင်းစီးတော်မူသောသူ၏ ခံတွင်း တော် ထဲကထွက်သော သံလျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏” ဟုဆိုသည်။သားရဲ တည်းဟူသော ကမ္ဘာ့ ခေါင်းဆောင်နှင့် မိစ္ဆာပရောဖက် တည်းဟူသော ကမ္ဘာ့ ဘာသာရေးခေါင်းဆောင်တို့ကို အရှင်ဖမ်း၍ မီးအိုင် ထဲသို့ ချပစ်မည် ဟုဆိုသည်။ သူတို့သည် မီးအိုင် ထဲသို့ ပဌမဦးဆုံး ရောက်ရှိသောသူများ ဖြစ်သည်။ 
 စာတန်၊ အန္တီခရစ်၏ စစ်သား များသည် အားလုံး သေ၍ ကောင်းကင် ငှက်များက သူတို့၏ အသားများကို စားကြရမည် ဖြစ်သည်။ စာတန်ကိုမူမသတ်သေးဘဲကိုင်ဖမ်း၍ အနက်ဆုံးသောတွင်း ထဲ၌ အနှစ်တထောင်၊ ထောင်ချမည် ဖြစ်သည်။ “တ ဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးကို ကိုင်လျက် ကောင်းကင် ကဆင်းသက်သည်ကို ငါမြင်၏။ ရှေးမွေဟောင်း၊ မာရ်နတ်စာ တန် တည်းဟူသော နဂါးကိုကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ အနှစ် တထောင်မကုန်မီတိုင်အောင်၊ လူ အမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသောတွင်း ထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခပ်လေ၏။ အနှစ်တထောင် ကုန်ပြီးမှတဖန် ခဏလွှတ်ရဦးမည်။” (ဗျာ ၂၀:၁-၃) 

ဘေးဒဏ်ကြီး ကာလသည် စစ်ပွဲ များစွာ တိုက်ရသောအချိန် ဖြစ်သည်။ ယေဇ ၃၈-၃၉၌ ဖေါ်ပြသော ဂေါဂမာဂေါဂစစ် (ဗျာ ၆:၅-၆)၊ ကောင်းကင် စစ် (ဗျာ ၁၂)၊ အာမေဂဒုန်စစ် (ဗျာ ၁၆၊ ၁၉)၊ များတိုက်ကြမည် ဖြစ်သည်။ ထိုကဲ့သို့ စစ်ပွဲများ ကျင်းပမည် ဖြစ်သောကြောင့်၊ ခရစ်တော်သည် သူ၏ သံတမန်များကို၊ စစ်မ တိုက်မှီတွင် ကောင်းကင်သို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။ ကယ်တင်ခြင်းသို့ ရောက် သွားသော ယုံကြည်သူများသည်၊ ခရစ်တော်၏ သံတမန်များဖြစ်ကြောင်း၊ ရှင်ပေါလုက ဤသို့ ရေးသား ထားသည်၊ “ဘုရားသခင်သည် ခရစ်တော် အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကို မှတ်တော်မမူ၊ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌ အပ်ပေးတော်မူ၏။ ၂၀ ထိုကြောင့် ငါတို့သည် ခရစ်တော်၏ သံတမန် ဖြစ်ကြ၏။” (၂ ကော ၅:၁၉-၂၀)။ ခရစ်တော်သည် သူ၏ သံတမန် အဖွဲ့ကိုသာလျှင် ရုပ်သိမ်းမည် ဖြစ်သောကြောင့် ချီဆောင်ခြင်း၌ ပါဝင်မည့် သူသည်၊ ခရစ်တော်၏ သံအမတ်များ ဖြစ်ဘို့ လိုသည်။ 

သတို့သမီးလောင်းကြိုခြင်း 


 “ငါသည် သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီး ကညာကဲ့သို့ ခရစ်တော်အား ဆက်သအံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် စေ့စပ်ပြီး သောကြောင့် ဝိညာဉ်ပိုင်းသဝန်တိုသော စိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။ (၂ ကော ၁၁:၂) 

ချီဆောင်ခြင်းသည် ခရစ်တော်က သူ၏ သတို့သမီး လောင်းကို လက်ထပ် ဘို့ရန် ကြိုဆိုခြင်း ဖြစ်သည်။ ရှင်ပေါလုကကောရိန်သု အသင်းတော်ထံ သင်တို့ကို ခရစ်တော်နှင့် စေ့စပ်ပေးသည် ဟုဆိုသည်။ သင်သည် ခရစ်တော်ကို လက်ထပ်ဘို့ရန် စေ့စပ်ထားပြီး ပြီလော။ များစွာသော သူတို့သည် ခရစ်တော်နှင့် စေ့စပ်ထားခြင်း မရှိသောကြောင့် ခရစ်တော် ကြွလာမှာကို မသိ၊ ဂရုမစိုက်၊ မမြော်လင့်၊ မကြားချင် ကြချေ။ ကိုယ်နှင့် မဆိုင်သောသူရောက်လာမည့် အရာကို မည်သူကမြော်လင့်မည် နည်း။ များစွာသော ခရစ်ယာန် များသည် ခရစ်တော်နှင့် မည်သို့ ဆိုုင်သည်ကို မသိကြချေ။ ထိုအရာကို သိရှိ နားလည်နိုင်ရန် လူသိနည်း၊ ဆိုင်နည်း၆ မျိုးကို ဖေါ်ပြ လိုသည်။ 

၁။ မသိ၊ကိုယ် မသိသောသူကို ငါ့လူဟု မဆိုနိုင်ချေ။ အလွန် ချောသောကြောင့် ငါ့မိန်းမ ဟုဆိုလျှင် ပါးရိုက်ခံမှာ၊ တရားစွဲခံမှာသေချာသည်။ 

၂။ မျက်မှန်းတန်း၊ မျက်မှန်းတန်းဆိုသည်မှာ မြင်ဘူးသည်၊ သူ့အကြောင်းကို ကြားဘူးသည်၊ သို့သော် သေချာစွာ မသိသောသူ ဖြစ်သည်။ ထိုသူကို မကူညီ၊ လေဆိပ်မှာ သွား၍ မကြိုချေ။ အကြောင်းမှာ ကိုယ့်ကို ဂရုစိုက်မည် မဟုတ်။ 

၃။ ခင်မြင်၊ ခင်မြင်သောသူနှင့် စကားပြောချင်သည်။ အချင်းချင်းလည်း အတော် အတန်သိ ကြသည်။ သို့သော် တကူးတက လေဆိပ်၌ ကြိုဆိုမည် မဟုတ်။ အကူအညီတောင်းမှသာ ကြိုဆိုနိုင်သည်။ ခင်မြင်သောသူကို ငါပိုင်သည်ဟု မဆို နိုင်ချေ။ 

၄။ ချစ်သူ၊ ချစ်သူ၏ အကြောင်းကို များစွာ သိ၍ အချင်းချင်းလည်း ခဏ ခဏတွေ့ ကြသည်။ သို့သော် လက်မထပ် သေးသောကြောင့် တယောက်နှင့် တယောက်မပိုင်သေးချေ။ သူတပါးကလက်ထပ်သွားနိုင်သည်။ 

၅။ စေ့စပ်၊ လက်ထပ်ဘို့ရန် စေ့စပ်ထားသောသူသည် ချစ်ကြိုက်ကြသည်သာမက အလွန် ရင်းနှီး ကာ တယောက်နှင့် တယောက် ဂရုစိုက် ကြသည်။ သစ္စာ မရှိဘဲ အခြားသူကို ချစ်ခြင်းဖြင့် စေ့စပ်ခြင်း ပျက် သွားမှာကို စိုးရိမ် ကြသည်။ အထူးသဖြင့် အပျို၊ လူပျိုများနှင့် ပေါင်းသင်းဆက်ဆံခြင်းကို အထူးဂရုစိုက်ရှောင် ရှားရသည်။အောင် သွယ်ပေးသောသူကလည်း စိုးရိမ်ခြင်းနှင့် ဂရုစိုက်ကြည့်ရှုနေ တတ်သည်။ 

၆။ လက်ထပ်၊ လက်ပြီးသောသူသည် ငါ့အပိုင် ဟုဆိုနိုင်သည်။ မခွဲတော့ဘဲ အမြဲအတူ နေထိုင်သွားလာ၍ ဆိုးတူ ကောင်းဖက်ဘဝတည်ဆောက်ကြ သူများ ဖြစ်သည်။ ခင်ပွန်းသည်၏ အကြောင်းများကိုလည်း အသိဆုံး ဖြစ်ကြ၍ တညအိမ် မပြန်လျှင်လည်း အသဲအသန်မေးမြန်းရှာဖွေ တတ်ကြသည်။ အကြောင်း မသိဘဲ တရက်မှမခွဲနိုင်၊ တယောက်နှင့် တယောက် ယပိုင်ဆိုင် ကြသည်။ 

သို့ဖြစ်လျှင် သင်သည် သခင်ယေရှုနှင့် မည်သည့်အဆင့်တွင် ရှိသနည်း။ သခင်ယေရှုကို ချစ်လျှင် သူ့အကြောင်းကို ကြားချင်မည်။ သူနှင့် ဆိုင်သော ကျမ်းစာကို ဖတ်ချင်မည်။ ရီးစားတွေ့ဘို့ အလွန် မျှော် သကဲ့သို့ သူကြွလာမည့် အရာကိုမျှ ော်မည်။ ပင်ပန်းနွမ်းနယ်သမျှ ရီးစားနှင့် တွေ့သောအခါ ညိှုးနွမ်းနေသော အပင်ရေလောင်းထား သကဲ့သို့ လန်းဆန်းသွားရမည်။ ရီးစားအကြောင်း ပြောလျှင် အလွန် အားရရွှင်လန်း၍ မမောနိုင်မပန်းနိုင် ဖြစ်သကဲ့သို့ ခရစ်တော် အကြောင်းကို ကြား ချင်မည်။ သို့သော် သင်သည် ခရစ်တော် အကြောင်းကို ကြားလျှင် ရီးစားတွေ့သ ကဲ့သို့ အားရရွှင်လန်းပါသလား။ ထိုသို့ မဖြစ်လျှင် သင်သည် နံပါတ်လေးမ ဖြစ်၊ နံပါတ် နှစ် သို့မဟုတ်၊ နံပါတ်သုံးသာလျှင် ဖြစ်မည်။ များစွာသော ခရစ်ယာန် များသည် ခရစ်တော်နှင့် မျက်မှန်းတန်းရုံမျှသာ ဖြစ်ကြသည်။ ထို့ကြောင့် သူ့အကြောင်း ပြော ခိုင်းလျှင်လည်း ပြောစရာ မရှိ၊ စိတ်လည်း မဝင်စား၊ သူကြွလာမည့် အရာကိုလည်း မကြိုဆို စိတ်မဝင်စားကြခြင်း ဖြစ်သည်။ ချီဆောင်ခြင်း အကြောင်းနှင့် ဘေးဒဏ်ကြီး ကာလ အကြောင်း ပြောလျှင် ခြိမ်းချောက်သည်ဟု ထင်မှတ်တတ်ကြသည်။ ထို့ကြောင့် ထိုအရာများကို မကြားလိုကြ၊ စိတ်ဆိုးကြခြင်း ဖြစ်သည်။ 

သခင်ယေရှု ကသင့်ကို လက်ထပ်ဘို့ရန် စေ့စပ်လိုသည်။အောင် သွယ် တည်းဟူသော တရားဟောဆရာများ၊ သက်သေခံ သူများကို စေလွှတ်၍ သင့်ကို ပြောပြသော်လည်း သင် လက်မခံဘဲ ငြင်းဆိုလျှင်၊ သင့်အပေါ်၌ သခင်ယေရှုသည် အမျက်ဒေါသထွက်မည် ဖြစ်ကြောင်း ကျမ်းစာက ဤသို့ ရေးထားသည်၊ “မိုဃ်းကောင်း ကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ​ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။ ၁၅လောကီ ဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြယ်၊ ခွန်အားကြီးသောသူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ၁၆ ငါတို့ အပေါ်သို့ ကျ ကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအပ်ကြပါ။” (ဗျာ ၆:၁၄-၁၆)။ အဘယ်ကြောင့်သိုးသ ငယ်အမျက်ထွက်သနည်း။ သိုးသငယ်သည် သခင်ယေရှု ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလသည် သူ့ကို လက်မထပ်ချင်၊ စေ့မစပ်ချင်သောသူများ အပေါ် အမျက်ဒေါသလောင်းခြင်း ဖြစ်သည်။ ထိုသူများ အထဲ၌ သင်မပါဝင်စေချင်ပါ။ ထို့ကြောင့် ယခုအ ချိန်ကောင်းရှိချိန်တွင် အမြန်ဆုံး ခရစ်တော်ကို လက်ထပ်ဘို့ စေ့စပ်လိုက်ပါ။ ခရစ်တော်ကို ချစ်ပါ။ သူကသင့်ကို အသက် ပေးချစ်သည်။ သူ၏ ချစ်ခြင်းမေတ္တာကို ဆင် ခြင်ပါ။ သင့်အတွက် အသေခံခြင်းကို စဉ်းစားပါ။ 

အသင့် ပြင်ဆင် ပြီလော


မကြာမှီ ခရစ်တော် ယေရှု ဤလောကသို့ ကြွလာတော့မည် ဖြစ်သည်။ သူ့ကို ယုံကြည်သောသူများ၊ အာကာသကောင်းကင်သို့ ချီဆောင်သွားမည်။ ထိုအ ရာနှင့် ပတ်သက်၍ ကြိုတင် ဟောထားသောအရာများ၊ အားလုံး ပြည့်စုံနေပြီ ဖြစ်သည်။ ယခုအခါ ကောင်းကင်မှ တန်ပိုးမှုတ်သံကိုသာ စောင့်ရသောအချိန် ဖြစ်သည်။ ထိုချီဆောင်ခြင်း၌ မိတ်ဆွေလည်း ပါဝင်စေချင်သည်။

ချီဆောင်ခြင်း၌ မိတ်ဆွေ မပါဝင်ပါက၊ ကမ္ဘာပေါ်၌ မကြုံစဘူးသော ဘေးဒဏ်ကြီး ကာလ ရောက်၍၊ အလွန် ဒုက္ခ ရောက်မည် ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလသည် ခုနှစ်နှစ်သာကြာမည် ဖြစ်သော်လည်း၊ စစ်တိုက်ခြင်း၊ အစာရေစာ ခေါင်းပါးခြင်း၊ ကပ် ရောဂါဆိုက်ရောက်ခြင်း၊ ပင်လယ်လှိုင်းတံပိုးထခြင်း၊ မြေ ငလျှင်လှုပ်ခြင်း၊ ကောင်းကင်ကြယ်များ ကြွေကျခြင်း၊ နေမှောင်မဲ၍ လသည် အသွေးကဲ့သို့ နီရဲခြင်း စသည်ဖြင့် အလွန် ​ခြောက်ခြားစရာ ဖြစ်မည်။ ထိုအချိန်၌ လူ များစွာ သေကျေ ပျက်စီး၍ ကမ္ဘာ့ လူဦးရေသည် အလွန် လျော့နည်းသွားမည်။ 

၆၆၆
 တကမ္ဘာလုံးကို လူတဦးတည်း ကအုပ်ချုပ်၍၊ လူတိုင်း လက်ျာလက် သို့မဟုတ် နဖူး၌ ၆၆၆ တံဆိပ်ခတ်မည် ဖြစ်သည်။ ကျမ်းစာက၊ “ငွေရတတ်သောသူ၊ ဆင်းရဲ သောသူ၊ ​ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီး အငယ်ရှိသမျှတို့သည် လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်း ငှါ၎င်း၊ ထိုတံဆိပ် လက်မှတ်တည်း ဟူသောသားရဲ၏ နာမ ဖြစ်စေ၊ နာမ၏ အရေအတွက် ဖြစ်စေ၊ တ ခုခုကို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်း ငှါ၎င်းစီရင်၏။ ဤအရာ၌ ပညာရှိ၏ ဥာဏ်ရှိသောသူသည်သားရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက် ဖြစ်၏။ ​ခြောက်ရာ​ခြောက်ဆယ်​ခြောက်လည်း ဖြစ်၏။” (ဗျာ ၁၃:၁၆-၁၈)ဟု ရေးထားသည်။ ဘေးဒဏ်ကြီး ကာလ၌ ၆၆၆ တံဆိပ်မခတ်သောသူများသည် ရောင်းဝယ်၍ ရတော့မည် မဟုတ်သောကြောင့် ငတ်သေဘို့ သာလျှင် ရှိမည်။ 
 
Social Security (SS) နံပါတ်
 အမေရိကန်ပြည် ထောင်စု၌ ထိုသားရဲတံဆိပ်၏ ရှေ့ပြေးတံဆိပ်ကို အသုံးပြု နေကြပြီ။ ထိုအရာမှာ Social Security (SS) နံပါတ် ဖြစ်သည်။ လူူတိုင်း မွေးကင်းစမှစ၍ (SS) နံပါတ်ရှိ ကြသည်။ ထိုနံပါတ်မရှိလျှင် အလုပ်လျှောက်၍ မရ၊ အိုင်ဒီလုပ်၍ မရ၊ ဘဏ်စာရင်းဖွင့်၍ မရ၊ တရားဝင်ဘာမျှလုပ်၍ မရချေ။ (SS) နံပါတ်သည် သုံးအုပ်စုဖြင့် ဖွဲ့ထားသည်။ ပဌမ အုပ်စု၌ ဂဏန်း၃ လုံး၊ အလယ်၌ ၂ လုံး၊ နောက်ဆုံး၌ ၄ လုံး ဖြစ်သည်။ ထို့ကြောင့် ၃၂၄ ဟုဆိုနိုင်သည်။ ထိုနံပါတ်သည် လူနာမည်ထက် ပို၍ အရေးကြီးသည်။ လူတိုင်း၏ ရာဇဝင်ကို ထိုနံပါတ်အားဖြင့် အကုန်စစ်ဆေးနိုင်သည်။ ထိုနံပါတ်သည် ဘေးဒဏ်ကြီး ကာလတွင် အသုံးပြု မည့် ၆၆၆၏ ရှေ့ပြေးနံပါတ် ဖြစ်သည်။ 

တယ်လေဖုန်းနံပါတ်

 အမေရိကန်ပြည် ထောင်စု၌ လူတိုင်း နီးပါးတယ်လေဖုန်းရှိကြပြီ။ ထိုနံပါတ်လည်း အုပ်စုသုံးခုဖြင့် ခွဲထား၍၊ ပဌမ အုပ်စု၌ ၃ လုံး၊ ဒုတိယအုပ်စု၌လည်း၃ လုံး၊ တတိယအုပ်စု၌ ၄ လုံး ဖြစ်သောကြောင့်၊ ၃၃၄ ဟုဆိုနိုင်သည်။ ထိုနံပါတ်သည် ပိုင်ရှင်၏ ကိုယ်ပိုင်နံပါတ် ဖြစ်သည်။ 

ခရဲဒစ်ခတ် Credit Card

 ခရဲဒစ်ခတ်လည်း လူတိုင်း နီးပါးသုံး နေကြပြီ။ ထိုခတ်သည် ဂဏန်း၁၆ လုံးရှိ၍ အုပ်စုလေးစုဖြင့် ရေးထား၍၊ ၄၄၄၄ ဖြစ်သည်။ ထိုခတ်သည် ငွေစက္ကူအစား သုံးပြု နေကြသည်။  အထက်၌ ဖေါ်ပြသော (ss) နံပါတ်၊ ဖုန်းနံပါတ်၊ ခရဲဒစ်ခတ်များ အားလုံး ကို ပေါင်း၍ တစ်ခုတည်း အဖြစ် ပြုလုပ်မည် ဖြစ်သည်။ ထိုအရာကို မိုင်ခရိုချိတ် (​Microchip)ဟု ခေါ်၍ ဆန်တစေ့ခန့်သာလျှင် ရှိသည်။ ယခုအခါ လူတိုင်း ပိုက်ဆံအိပ်ဆောင် ရကြသည်။ ပိုက်ဆံအိပ်ထဲ၌ ပိုက်ဆံ၊ အိုင်ဒီ၊ ခရဲဒစ်ခတ်များကို ထည့်ထား ကြသည်။ 

ဘေးဒဏ်ကြီး ကာလ၌ ပိုက်ဆံအိပ်ပပျောက်သွားလိမ့်မည်။ ပိုက်ဆံအိပ်ပျောက်လျှင် အလွန် ပူပင်သော ကရောက်တတ်ကြသည်။ သို့သော် အထက်ပါ မိုင်ခရိုချိန်သုံးသောအခါ အလွန် အဆင်ပြေမည်။ မေ့ပျောက်နိုင်တော့မည်ဟုတ်သောကြောင့် လူတိုင်းက ကြိုက်နှစ်သက်ကြကာထိုတံဆိပ်ကို ခတ်ကြလိမ့်မည်။ ထိုတံဆိပ်ရှိသော သူတို့ သာလျှင် တရားဝင် အလုပ်လုပ်နိုင်မည်။ ဘဏ်စာရင်းဖွင့်နိင်၍ အိုင်ဒီများလည်း ပြုလုပ် နိုင်မည်။ ရောင်းဝယ်ခြင်း၌လည်း ထိုတံဆိပ်ကိုသာ အသုံးပြုသဖြင့် မရှိမ ဖြစ်လိုအပ်သောအရာ ဖြစ်မည်။ သို့သော် ထိုတံဆိိပ်ရှိလျှင် ဘုရား အမျက်တော် ခံမည့် အကြောင်း ဤသို့ ရေးထားသည်၊ “ထိုမှတပါး၊ တတိယ ကောင်းကင်တမန်က၊ အကြင်သူသည်သားရဲနှင့် သူ၏ ရုပ်တုကိုးကွယ်၍၊ သူ၏ တံဆိပ်လက် မှတ်ကို နဖူး၌ ခံသည် ဖြစ်စေ၊ လက်၌ ခံသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ ရှေ့၊ သိုးသငယ် ရှေ့တွင် ကန့်နှင့် ရောသော မီးထဲမှာ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက် ရှိ၏။သားရဲနှင်သူ၏ ရုပ်တုကိုကိုးကွယ်၍၊ သူ၏ နာမတံဆိပ်လက်မှတ်ကို ခံသော သူတို့သည် နေ့ညဉ့်မပြတ် သက်သာမရကြဟု လိုက်၍ ကြီးသော အသံနှင့် ပြောဆို၏။” (ဗျာ ၁၄:၉-၁၁)။ “သားရဲ၏ တံဆိပ်လက် မှတ်ကို ခံ၍ သူ၏ ရုပ်တုကိုကိုးကွယ်သော လူတို့၌ အလွန်် ဆိုးသော အနာစိမ်းပေါက် လေ၏။” (ဗျာ ၁၆:၂)။ 

သို့သော် ထိုတံဆိပ်မခတ်သောသူများ ဘာ ဖြစ်မည်နည်း။ ရောင်းဝယ်၍ မရသည်သာမက လည်ပျင်းဖြတ်ခံမည့် အကြောင်း ဤသို့ တွေ့ရသည်၊ “သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲ နေ၍၊ ယေရှု၏ သက်သေခံတော်မူ ချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကြာင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။” (ဗျာ ၂၀:၄)။ တံဆိပ်ခတ်လျှင် ဘုရား၏ အမျက်ဒေါသခံမည်။ မခတ်လျှင် စာတန်၏ အမျက်ဒေါ သခံမည်။ သင်သည် ဤမျှ သတိပေးသော်လည်း ခရစ်တော် မရဘဲ ဘေးဒဏ်ကြီးကာလ ရောက်သွားပါက ခဏအဆင်ပြေမည့် အရေးအတွက် တံဆိပ်မခတ်လိုက် ပါနှင့်။ ထာဝရ ကာလ၌ ကောင်းကင် ရောက်လိုလျှင် အငတ်ခံ၍ လည်ပျင်းလည်း အဖြတ်ခံပါ။ ထို့ထက် ကောင်းသောအရာသည် ယခုကျေးဇူးတော် ကာလ၌ ခရစ်တော်ကို ကယ်တင်ရှင်ဘုရား အဖြစ် လက်ခံပါ။ စိတ်နှလုံးထဲ၌ ခေါ်ဘိတ်ပါ။ ခရစ်တော် မရမချင်းအငြိမ်မနေပါနှင့်။ ဘုရားရှင်ကသင့်ကို သိနားလည်ခွင့်ပေးပါစေ။

 

ကျမ်းစာဖတ်ကြစို့
ယော ၃


၁။ ယုဒလူတို့တွင် အရာရှိ ဖြစ်သော နိကောဒင်အမည်ရှိသော ဖာရိရှဲတယောက်သည်၊ ၂ ညဉ့်အခါ ယေရှု ထံတော်သို့ လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် ပြတော်မူသော ဤ နိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏ အခွင့်မရှိလျှင် အဘယ် သူမျှမပြနိုင်သည်ကို အ​ကျွန်ုပ်တို့သည် ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင့် အထံတော်မှ ကြွလာတော်မူသော ဆရာ ဖြစ်ကြောင်းကို သိကြပါ၏ဟု လျှောက်သော်၊ 

ဖာရိရှဲအထဲမှယေရှုကို လက်ခံသောသူသည် အလွန်နည်းသည်။ နိကောဒင်သည် သခင်ယေရှုကို ဘုရားသခင် ထံတော် မှလာသောသူ ဖြစ်ကြောင်း ဝန်ခံသောသူ ဖြစ်သည်။ ဖာရိရှဲများနှင့် ပတ်သက်၍ “မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကို ယုံ ကြည်သောသူတစုံတယောက်မျှ ရှိသလော။” (ယော ရး၄၈)ဟု ရေးထားသည်။ “အထက် ကညဉ့်အခါ၌ အထံတော်သို့ လာသောသူ တည်းဟူသော ထိုမင်းများ အဝင် ဖြစ်သော နိကောဒင်ကလည်း၊ ၅၁ ငါတို့ တရားသည် လူကို မစစ်၊ သူ့အမှုကို မသိမီကပင် ရှေ့မဆွကဆုံးဖြတ်တတ်သလော ဟုဆိုလျှင်၊ ၅၂ သူတို့က၊ သင်သည်လည်း ဂါလိလဲပြည်သား ဖြစ်သလော။ စစ်ဦးလော့။ ဂါလိလဲပြည်၌ အဘယ်ပရော ဖက်မျှမပေါ်မထွန်းသည်ကို မှတ်လော့ ဟုဆိုကြပြီးမှ၊ ၅၃ ထိုသူ အပေါင်းတို့သည် မိမိတို့ အိမ်သို့ သွားကြ၏။” (ယော ရး၅၀-၅၂)ဟု နိကောဒင်သည် သခင်ယေရှုကို ယုံ ကြည်သူ ဖြစ်ကြောင်း သိရသည်။ 

၃။ ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍ မိန့်တော်မူ၏။ 

လူတိုင်း မိခင်မှ မွေးဘွားခြင်းဖြင့် ဤလောကသို့ ဝင်ရောက် ကြသည်။ မမွေးဘွားသောသူသည် ဤလောကသို့ မရောက်နိုင် သကဲ့သို့၊ ကောင်းကင်နိင်ငံဝင် ဘို့ရန်လည်း မွေးဘွားမှသာလျှင်ရသည်ဟု သခင်ယေရှု ကဆိုသည်။ ထိုဒုတိယမွေးခြင်းကို အောက်တွင် အကျယ်တဝင့် ဖေါ်ပြသွားပါသည်။ 

၄။ နိကောဒင်ကလည်း၊ အသက် ကြီးသောသူသည် မွေးခြင်းကို အဘယ်သို့ ခံနိုင် ပါမည်နည်း။ အမိဝမ်းထဲသို့ တဖန် ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။ ၅ ယေရှုကလည်း၊ ရေနှင့် ဝိညာဉ်တော် မမွေးသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။ ၆ ဇာတိပကတိ မွေးသောအရာသည် ဇာတိပကတိ ဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ် ဖြစ်၏။ ၇ ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်း မရှိနှင့်။ ၈ လေသည် အလိုရှိတိုင်း သွားလာ၏။ လေ၏ အသံကို သင်သည် ကြားရသော်လည်း အဘယ် အရပ်က ဖြစ်သည်၊ အဘယ်အရပ်သို့ သွားသည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော် မွေးသောသူ ဖြစ်သည်ဟု မိန့်တော်မူ၏။ 

သခင်ယေရှုက ဝိညာဉ်ပိုင်း မွေးဘွားခြင်း ပြောသော်လည်း၊ နိကောဒင်က နားမလည် နိုင်ချေ။ အကြောင်းမှာ ဇာတိ ကိုယ်ခန္ဓာပိုင်းနှင့် စဉ်းစားသောကြောင့် ဖြစ်သည်။ ယနေ့ များစွာသောသူများလည်း ဝိညာဉ်ပိုင်းအရာများကို နားမလည် နိုင်ခြင်းသည် ဇာတိပိုင်းနှင့် စဉ်းစားတွက်ချက်သောကြောင့် ဖြစ်သည်။ နိကောဒင် ကခန္ဓာကိုယ် မိခင် ဝမ်းထဲသို့ ပြန်ဝင်ဘို့နှင့် စဉ်းစားသောအခါ လုံးဝ မဖြစ်နိုင်ချေ။ သခင်ယေရှုက၊ ရေနှင့် ဝိညာဉ်တော်အားဖြင့် မွေးရမည် ဟုဆိုသည်။ သို့ဖြစ်လျှင် ရေသည် အဘယ်အရာကို ဆိုလိုသနည်း။ များစွာသောသူများက ရေနှစ်ခြင်းဟု ထင်ကြပြန်သည်။ ကျမ်းစာ၌ ရေသုံးမျိုး ဖေါ်ပြထားသည်။ (၁) သောက်သုံးရေ၊ ခရစ်တော် ကရှမာရိအမျိုးသမီးထံ၊ “ဤရေကို သောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည်” (ယော ၄:၁၃) ဟုဆိုခဲ့သည်။ (၂) ဝိညာဉ်တော် ရေ၊ သခင်ယေရှုက၊ “ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍ သောက်ကြလော့။ ၃၈ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာ လာသည် အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ၃၉ ထိုသို့ မိန့်တော်မူသော၊ ယုံကြည်သော သူတို့သည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။” (ယော ရး၃ရ- ၃၉)။ နှုတ်ကပတ်တော် ရေ၊ ပေါလုက၊ ခရစ်တော်သည် အသင်းတော်ကို နှုတ်ကပတ်တော် ရေနှင့် ဆေးကြောသည် ဟုဆိုသည် (ဧ ၅:၂၆၊ ၂ရ)။ 

သို့ဖြစ်လျှင် ဘာရေနှင့် ဒုတိယမွေးရမည်နည်း။ သောက်သုံးရေမ ဖြစ်နိုင်။ သန့်ရှင်းသော ဝိညာဉ်တော်လည်း မဖြစ်နိုင်။ အကြောင်းမှာ ဝိညာဉ်တော်သည် ပါပြီး ဖြစ်သည်။ ထို့ကြောင့် နှုတ်ကပတ်တော် ရေဖြင့် မွေးဘို့ ဖြစ်မည်။ ဘုရားသခင်က သခင်ယေရှုအားဖြင့် မွေးဘွားပေးခြင်းကို နှုတ်ကပတ်တော်က ဖေါ်ပြခြင်းအားဖြင့် မွေးဘွားနိုင်သည်။ ပေတရုက၊ “သင်တို့သည် ဖောက်ပြန်ပျက်ဆီးတတ်သော မျိုး စေ့အားဖြင့် ဖြစ်ပွား (မွေး)သည် မဟုတ်။ ၂၃ မဖောက်ပြန်မပျက်ဆီးတတ်သော မျိုးစေ့ တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ် ကပတ်တော်အားဖြင့် ဖြစ်ပွား (မွေး) သောကြောင့်၊ ” (၁ ပေ ၁:၂၂-၂၃) ဟုဆိုသည်။ ယာကုပ်ကလည်း သမ္မာတရားအားဖြင့် ဖြစ်ပွား ( မွေးဘွား) သည် ဟုဆိုသည် (ယာ ၁:၁၈)။ 

သခင်ယေရှုက ဝိညာဉ်အားဖြင့် မွေးဘွားခြင်းသည် လေကဲ့သို့ဖြစ်သည် ဟုဆိုသည်။ လေသည် ရှိသော်လည်း မမြင်နိုင်၊ မဖမ်းနိုင်၊ သို့သော် တိုက်နိုင်သည်။ ထို့နည်းတူ ဝိညာဉ်တော်သည် မမြင်နိုင်၊ မကိုင်နိုင်သော်လည်း ရှိသည်။ 

၉။ နိကောဒင်ကလည်း၊ ဤအမှု အရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟု လျှောက်ပြန်လျှင်၊ ၁၀ တဖန် ယေရှုက၊ သင်သည် ဣသရေလ လူတို့တွင် ဓမ္မဆရာ ဖြစ်လျက် ပင် ဤအမှု အရာကို မသိသလော။ ၁၁ ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကို ပြော၏၊ ကိုယ်မြင်သောအရာကို သက်သေခံ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။ 

သခင်ယေရှုက ဝိညာဉ် စကားကို ပြောသောအခါ ကျမ်းတတ်ပုဂ္ဂိုလ် ဖြစ်သော နိကောဒင်က နားမလည် နိုင်သောကြောင့် အဘယ်သို့ဖြစ်နိင်မည်နည်း ဟုဆိုသည်။ ယနေ့ ဇာတိလူများလည်း ဘုရား၏ လုပ်ဆောင်မှုများကို နားမလည် နိုင် ကြချေ။ ဘုရားသခင်၏ လုပ်ဆောင်မှု များသည် သန့်ရှင်းသောဝိညာဉ်တော် ကဖေါ် ပြမှသာလျှင်နားလည်နိင်သည်။ လူတိုင်း ထင်မှတ်သည် မှာကျမ်းစာ ကျောင်းတက်လျှင် ဝိညာဉ်ပိုင်းအရာများကို သိမည်ဟု ထင်မှတ် ကြသည်။ သို့သော် နိကောဒင် ကဲ့သို့ သိနိင်မည် မဟုတ်။ သင်လည်း ဘုရား၏ လုပ်ဆောင်မှုများကို နားလည်လိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်ကို လက်ခံပါ။ အချို့သောသူများသည် ဝိညာဉ်တော် ရရှိသော်လည်း ဇာတိအားဖြင့် အသက်ရှင်သောကြောင့် ဝိညာဉ်ပိုင်း၌ မျက် စိကန်းနားလေး နေကြသည်။ 

၁၂။ မြေကြီး အရာကို ငါပြော၍ သင်တို့သည် မယုံလျှင်၊ ကောင်းကင် အရာကို ငါပြောသောအခါ အဘယ်သို့ ယုံကြလိမ့်မည်နည်း။ ၁၃ ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ ရှိနေသော လူသား မှတပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့ မတက်ပြီ။ 

သခင်ယေရှုက ကောင်းကင် အရာကို မြေကြီး အရာများနှင့် နှိုင်းယှဉ်၍ ပြောသည်။ သို့သော် လူသားများက မယုံကြည် နိုင်ကြ ဟုဆိုသည်။ ထို့ကြောင့် ကောင်းကင် အရာကို တိုက်ရိုက်ပြောပါက ယုံကြည် ဘို့ရန် ပို၍ ခက်သည်။ လူသားသည် သခင်ယေရှု ဖြစ်သည်။ သူ့ကိုသူ လူသားဟု ခေါ်ခြင်းသည် လူ့ဇာတိခံယူခြင်း၊ လူသားများနှင့် တထပ်တည်း ဖြစ်ကြောင်းကို ဆိုလိုသည်။ သူသာလျှင် ကောင်းကင်ဘုံမှ လာသောကြောင့် ကောင်းကင် အကြောင်းကို ပြောပြနိုင်သူ ဖြစ်သည်။ 

၁၄။ မောရှေသည် တော၌ မြွေကို မြှောက်ထား သကဲ့သို့ လူသားသည် မြှောက် ထားခြင်းကို ခံရမည်။ ၁၅ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအ ပေါင်းတို့သည် ပျက်ဆီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရမည်အကြောင်း တည်း။ 

 ဣသရေလ လူများသည် လမ်းကြမ်း၍ အသွားခက်သောကြောင့် ညည်း တွားခဲ့ ကြသည်။ ထိုအခါ ဘုရားသခင်က မီးမြွေကို လွှတ်၍ မြွေကိုက်ခံသောသူများသည် သေ ကြသည်။ ထိုအခါ လူများက သူတို့ မှားကြောင်း တောင်းပန်သောအခါ၊ “ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကို လုပ်၍ တိုင်ပေါ်မှာ မြှောက်ထားလော့။ အကိုက်ခံရသောသူတိုင်း ကြည့်ရှုလျှင် အသက် ချမ်းသာ ရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည် အတိုင်း၊ ၉ မောရှေသည် ​ကြေးဝါဖြင့် မြွေကို လုပ်၍ တိုင်ပေါ်မှာ မြှောက် ထားပြီးလျှင် မြွေကိုက်သောသူ မည်သည်ကား ​ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက် ချမ်းသာ ရကြ၏။” (တော ၂၁:၈-၉)။ ဣသရေလ လူများသည် ဘုရား မယုံကြည် သောကြောင့်၊ ဘုရား၏ ဦးဆောင်မှုကို မကြိုက်နှစ်သက်သောကြောင့်၊ ခက်ခဲသောကြောင့် ဘုရားနှင့် မောရှေကို အပြစ်တင် ကြသည်။ အဘယ်ကြောင့် ဘုရားကမြွေကို လွှတ်သနည်း။ ဘုရားကို ဆန့်ကျင်ခြင်းသည် မြွေ တည်းဟူသော စာတန်၏ သွေးဆောင်မှု၊ လက်ချက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် မြွေကို တရား စီရင်ခြင်း အဖြစ်​ကြေးဝါမြွေရုပ်ကို မြှောက်ထားခြင်း ဖြစ်မည်။ ထိုမြွေရုပ်ကို ကြည့်ခြင်းသည် ဘုရားကို ယုံကြည်ခြင်း ဖြစ်သည်။ 
 လူသား တိုင်းလည်း မြွေ တည်းဟူသော စာတန်၏ အဆိပ်မိသောသူများ ဖြစ်ကြသည်။ ထို့ကြောင့် သေကျေ ပျက်ဆီးရသည်။ ထိုစာတန်၏ တန်ခိုးကို ကြောက်၍ လူသားများသည် စာတန် ​ကျွန်ခံ နေကြသည်။ “ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။” (ဟေ ၂:၁၄-၁၅)။ ခရစ်တော်သည် လူ့ဇာတိခံကာလက်ဝါးကပ်တိုင်၌ အသေခံခြင်းအားဖြင့် စာတန်ကို အောင်မြင်ပြီး ဖြစ်သည်။ ထိုအရာကို ယုံကြည်သူသည် ပျက်စီးခြင်းသို့ မရောက် ထာဝရ အသက် ရှိဘို့ ဖြစ်သည်။ 

၁၆။ ဘုရားသခင်၏ သားတော်ကို ယုံကြည် သောသူ အပေါင်းတို့သည် ပျက်ဆီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါး တည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။ 

 ဘုရားသခင်၏ သားတော် ယေရှုကို ယုံကြည်သောသူ အမျိုးမျိုးရှိသည်။ မူစလင်များ ကယေရှုကို ပရောဖက် တပါးအဖြစ်သာ ယုံကြည်သည်။ ဘုရား အဖြစ် မယုံကြည်ချေ။ ဘုရားဟု ယုံကြည်လျှင် ခွင့်မလွှတ်နိုင်၊ ငရဲမီးအိုင် ထဲဆင်းရမည့် အပြစ်ကျူးလွန်သည်ဟု ယုံကြည် ကြသည်။ ယေဟောဝါ သက်သေခံများ အနေဖြင့် ယေရှုကို ကောင်းကင် မိက္ခေလအဖြစ်သာ ယုံကြည်သည်။ ဘုရား အဖြစ်မကိုးကွယ် ကြချေ။ ထိုနှစ်မျိုးသည် သားတော် ယုံကြည်သည်ဟု မဆိုနိုင်ချေ။ နာမည်ခံ ခရစ် ယာန်များက သားတော်ကို ဘုရား အဖြစ်ယုံကြည်သော်လည်း လေးလေးနက်နက် မထား၊ ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် အကျင့်ကို အားကိုး သည်။ ထို့ကြောင့် အ ကျိုးမရှိ။ သားတော်ကို ဘုရား အဖြစ်သာမက ကယ်တင်ရှင်အဖြစ် ယုံကြည်သူများသာလျှင် ပျက်ဆီးခြင်းသို့ မရောက်၊ ထာဝရ အသက် ရရှိမည်ဟု ယေရှု ကိုယ်တိုင်က ပြောဆို ထားခြင်း ဖြစ်သည်။ ပျက်ဆီးခြင်းသည် မီးငရဲအိုင်ထဲဆင်းခြင်းကို ဆိုလိုသည်။ 
 ဘုရားသခင်သည် လောကီသား တိုင်း၊ သင်အပါအဝင်၊ တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် ချစ်သည်။ တပါးတည်းသော သားကို စွန့်သည့်တိုင်ဟူသောအရာသည် အလွန် နက်နဲသည်။ မိဘများသားသမီး မည်မျှ ပင်ရှိသော်လည်း တခြား သူများ သေမည့် နေရာမှာ ကိုယ့် သားသမီး သေစေချင်မည် မဟုတ်ချေ။ သို့သော် ဘုရားသခင်က မူသူ၏ တပါးတည်းသော သားတော်ကို သေစေသည် အထိ သင့်ကို ချစ်သည်ကို ကောင်းစွာ ဆင်ခြင်ပါ။ 
၁ရ။ လောကီသားတို့အား အပြစ် စီရင်ခြင်းငှါ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည် မဟုတ်။ လောကီသားတို့သည် ကိုယ်တော််အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။ 

ဘုရားသခင်က သားတော် ဤလောကသို့ စေလွှတ်ခြင်းသည် အပြစ် စီ ရင်ဘို့ မဟုတ်၊ ကယ်တင်ဘို့ ဖြစ်သည် ဟ ုအတိအလင်း ဖေါ်ပြထားပါသည်။ သို့သော် လူများက သူ့ကို အထင်လွဲ နေကြသည်။ သခင်ယေရှုသည်လောက၌ အသက်ရှင်ခဲ့စဉ်တွင် မည်သူ့ကိုမျှ အပြစ် မစီရင်ခဲ့ပါ။ မှားယွင်းသော အမျိုးသမီးထံ၊ “ငါသည်လည်း သင်၏ အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။” (ယော ၈:၁၁) 

၁၈။ သားတော်ကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသော သားတော်ကို မယုံကြည် သောကြောင့် ယခုပင်အပြစ် စီရင်ခြင်းကို ခံရ၏။ 

သားတော် ယုံကြည်သောသူသည် အပြစ် စီရင်ခြင်း မခံရ ဟုဆိုသည်။ ထို့ကြောင့် အပြစ် အတွက် တရားစီရင်ခြင်း မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သားတော်က လူသား အားလုံး အတွက် တရားစီရင်ခြင်း ခံပြီး သွားပြီ။ ကျမ်းစာက၊ “ခရစ်တော်သည် ကျမ်းစာ လာသည် အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံတော်မူ၏။” (၁ ကော ၁၅:၃)၊ “ထိုသခင်သည် ငါတို့၏ အပြစ် မက၊ လောကီသား အပေါင်းတို့၏ အပြစ် ​ဖြေစရာ အကြောင်း ဖြစ်တော်မူ၏။” (၁ ယော ၂:၂) ဟုဆိုထားသည်။ 

သခင်ယေရှုက သူ့ကို မယုံကြည်သော သူတို့သည် နောက်မှ မဟုတ်၊ ယ ခုပင် အပြစ် စီရင်ခြင်းကို ခံရသည် ဟုဆိုသည်။ လူသားများအနေဖြင့် ဘုရား အပေါ် အကြီးမားဆုံးသော အပြစ် ကျူးလွန် နိုင်သောအရာ သည်၊ သ့ူကို မယုံကြည်ခြင်း ဖြစ်သည်။ ဘုရားကို မယုံကြည်ခြင်းသည် အခြားသော အပြစ်များထက် ကြီးမားသော အပြစ် ဖြစ်သည်။ အကြောင်းမှာ ဘုရားကို မယုံကြည်ခြင်းသည် သူ့ကို အထင်သေးခြင်း၊ မလေးစားခြင်း၊ ဂရုမစိုက်ခြင်း၊ မုသာအပြစ် တင်ခြင်း ဖြစ်သည်။ သင်သည် ထိုအပြစ်ကို ကျူးလွန် နေပါသလား။ ဘုရား အကြိုက်နှစ်သက်ဆုံးသောအရာ သည်၊ သူ့ကို ယုံကြည် စိတ်ချအားကိုးခြင်း ဖြစ်၍၊ အမုန်းဆုံးသောအရာသည် သူ့ကို မယုံ ကြည်ခြင်း ဖြစ်သည်။ “ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရား ထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူ ဖြစ်၏။ ၆ ထိုသူသည် လွင်ပြင်၌ ရှိသော သစ်ပင်​ခြောက် ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှ မနေသော ဆား မြေ၊ သွေ့​ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။ ၇ ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာအကြောင်း ဖြစ်စေသောသူသည် ကောင်းကြီး မင်္လာကို ခံအပ်သောသူ ဖြစ်၏။ ၈ ထိုသူသည်ကား၊ ရေရှိသော အရပ်၌ စိုက်၍ မြစ် နားမှာအမြစ်ဖြာသဖြင့်၊ ပူသော အရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ်စရာ မရှိဘဲ၊ အစဉ်အမြဲအသီးကို သီးတတ်သော အပင်နှင့် တူ၏။” (ယေရမိ ၁ရး၅-၈) 


၁၉။ အပြစ် စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍ နှစ်သက်ကြ၏။ ၂၀ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူ အပေါင်းတို့သည် အလင်းကို မြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ် ပါသည်ကို မထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။ 

မယုံကြည်သောသူများကို အပြစ် စီရင်ခြင်းသည် အလင်း၌ မနေလိုကြခြင်း ဖြစ်သည် ဟုဆိုသည်။ မှန်ပါသည် ဘုရား အလိုတော်အတိုင်း မနေသောသူများသည် ဘုရားတရား ဟောပြောသော နေရာ၊ ဘုရားတရား အတိုင်း နေသောသူများ ထံ၌ လုံးဝ မနေလိုကြချေ။ ထိုသို့ဖြစ်ခြင်းသည် သူတို့၏ စိတ်နှလုံးက အပြစ်ကိုသာ နှစ်သက်၍ ​ဖြောင့်မတ်ခြင်းကို မနှစ်သက်သောကြောင့့် ဖြစ်သည်။ အပြစ်လုပ်သောသူသည် သူတပါးက မသိသော်လည်း သူတို့ စိတ်ထဲ၌ မသန့် ဖြစ်နေသောကြောင့် လူတောမတိုးရဲကြချေ။ သင်သည် ထိုသို့ သောသူ ဖြစ်ပါသလား။ ဖြစ်လျှင် နောင်တရ၍ အပြစ်ကို မဖုံးဘဲ ဝန်ချတောင်းပန်ပါ။ လူထံပြစ်မှား၍ သူသိလျှင် ကာယကံရှင်ထံ ဝန်ချတောင်းပန်၍ ဘုရား ထံ၌လည်း ဝန်ချတောင်းပန်ပါ။ ကာယကံရှင်ကသူ့အ ပေါ်သင်ပြစ်မှားခြင်း မသိလျှင် ဘုရားသခင် ထံ၌ သာဝန်ချတောင်းပန်ပါ။ 

၂၁။ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် ညီသည်ကို ထင်ရှားစေခြင်းငှါ အလင်းသို့ ချဉ်းကပ်သည်ဟု ဟောတော်မူ၏။ 

သမ္မာတရား အတိုင်း အသက်ရှင်သောသူများသည် သတ္တိရှိသည်။ လူတောတိုးသည်။ အပြစ် မရှိသောကြောင့် ရှက်စရာ မရှိချေ။ ထို့ကြောင့် အလင်း တည်းဟူသော သမ္မာတရား ဟောပြောသော နေရာ၌ ချဉ်းကပ်သည်။ 

၂၂။ ထိုနောက်မှယေရှုသည် တပည့်တော်တို့ နှင့်အတူ ယုဒပြည်၏ ကျေးလက်သို့ ကြွတော်မူလျှင်၊ ထိုအရပ်၌ တပည့်တော်တို့ နှင့်တကွ နေတော်မူ၍ ဗတ္တိဇံကို ပေးလေ၏။ ၂၃ ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့် အနီးအဲနုန်အရပ်၌ ရေများ သောကြောင့်၊ ဗတ္တိဇံကို ပေး၍ နေသဖြင့်၊ လူများတို့သည် လာ၍ ဗတ္တိဇံကို ခံကြ၏။ ၂၄ ယော ဟန်သည် ထောင်ထဲသို့ မရောက်သေး။ 

ယေရှုသည်ကို်ယ်တိုင်ဗတ္တိဇံမပေးသော်လည်း တပည့်တော်များကပေး ကြသည် (ယော ၄:၁-၂)။ ယောဟန်ပေးသော ဗတ္တိဇံသည် နိင်ငံတော် ထဲဝင်ဘို့ နောင်တရကြောင်း သက်သေပြသောအရာ ဖြစ်သည် (မ ၃:၁-၆)။ သခင်ယေရှု တ ပည့်များ ပေးသော ဗတ္တိဇံသည် အဘယ်အရာ ဖြစ်မည်နည်း။ သူလည်း နိင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောသောကြောင့် (မ ၄:၂၃) ယောဟန်ပေးသော နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံ ဖြစ်ပေလိမ့်မည်။ ယနေ့ ယုံကြည်သူများ၏ ဗတ္တိဇံသည် ထိုအရာနှင့် မတူ၊ ခရစ်တော်နှင့်အတူ သေ၍၊ သင်္ဂြိုလ်ခြင်း ခံ၍၊ ရှင်ပြန်ထ မြောက်သည် ဟူသောအရာ ဖြစ်သည် (ရော ၆:၄)။ 

၂၅။ ထိုအခါ ယောဟန်၏ တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်း ပြု၍ ယုဒလူနှင့် ဆွေးနွေးငြင်းခုံုခြင်းရှိကြသဖြင့်၊ ၂၆ ယောဟန်ထံသို့ လာ၍၊ အရှင်ဘုရား၊ ယော် ဒန်မြစ်တဘက်၌ ကိုယ်တော်နှင့်တကွ ရှိ၍ ကိုယ်တော် သက်သေပေးသောသူသည် ဗတ္တိဇံကို ပေးလျက် နေ၏။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ၏ဟု လျှောက်လျှင်၊ 

ယောဟန်တပည့်များက သခင်ယေရှု ထံလူများသည် လာကြသောအခါ မနာလို၍ ဖြစ်မည်၊ လူများသည် ယေရှုထံသို့ သွားကုန်ကြပြီဟု လျှောက် ကြသည်။ ထိုအရာသည် လူ၏ ထုံးစံ ဖြစ်သည်။ကိုယ့်ခေါင်းဆောင်ကို အောင်မြင် ကျော်ကြား စေခြင်း ဖြစ်သည်။ 

၂ရ။ ယောဟန်က၊ ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် အဘယ်အရာကိုမျှ မခံနိုင်ရာ။ ငါသည် ခရစ်တော် မဟုတ်။ ၂၈ ခရစ်တော် ရှေ့၌ စေလွှတ်သောသူ ဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေ ဖြစ်ကြ၏။ 

ယောဟန်ကသခင်ယေရှုသည် ကောင်းကင်မှ မလာလျှင် အဘယ်အရာကိုမျှ မခံနိုင် ဟုဆိုခြင်းဖြင့် သူသည် ကောင်းကင်မှ လာကြောင်းကို ဆိုလိုသည်။ ယော ဟန်ကသူသည် ဣသရေလ တမျိုးသား လုံး မျှော်လင့်နေသော ခရစ်တော် မဟုတ် ကြောင်းကို အတိအလင်းပြောပြလိုက်သည်။ သူသည် ခရစ်တော်၏ ရှေ့တော် ပြေး ဖြစ်ကြောင်း ဖေါ်ပြသည်။ 

၂၉။ မင်္လာဆောင်သတို့သမီးကို ရသောသူသည် မင်္လာဆောင်လုလင် ဖြစ်၏။ မင်္လာဆောင်လုလင်၏ အနားမှာနေ၍ သူ၏ စကားကို ကြားရသော အဆွေခင်ပွန်းသည် ထိုစကား သံကို ကြားသောအားဖြင့် ဝမ်းမြောက်ခြင်းရှိ၏။ ထိုနည်းတူ ငါ့၏ ဝမ်းမြောက်ခြင်း ပြည့်စုံ၏။ 

ယောဟန်ကသူသည် မင်္လာဆောင်သတို့သား မဟုတ်ကြောင်း၊ သူသည် မင်္လာဆောင်သတို့သား အရံသာ ဖြစ်ကြောင်း၊ သတို့သား အရံသည် သတို့သား အတွက် ဝမ်းမြောက် တတ် သကဲ့သို့ သူသည်လည်း ဝမ်းမြောက်ကြောင်း ပြောပြသွားသည်။ သတို့ သားသည် ခရစ်တော် ဖြစ်၍ သတို့သမီးသည် အသင်းတော် ဖြစ်သည် (ဧဖက် ၅:၂၆၊ ၂ ကော ၁၁:၂)။ 

၃၀။ ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်။ 

မင်္လာဆောင်ပွဲနေ့၌ သတို့ သာနှင့်သာဓါတ်ပုံရိုက်လိုတတ်ကြသည်။ အရံများနှင့် ဓါတ်ပုံမရိုက်တတ်ကြပါ။ သတို့သား မရှိလျှင် အရံများသည် အဓိပ္ပါယ်မရှိပါ။ ထို့နည်းတူ ခရစ်တော် မရှိလျှင် ယောဟန်သည် အရေးမကြီးပါ။ ထို့ကြောင့် ခရစ်တော်သည် တိုးပွားလာသည်နှင့်အမျှ ယောဟန်သည် ဆုတ်ယုတ်သွားမည် ဖြစ်သည်။ ​ကျွန်ပ်တို့၏ အသက်တာ၌လည်း ခရစ်တော်ကို တိုးပွားစေ၍ ကိုယ်ကိုကိုယ် မချီးမြှောက်သင့်ချေ။ လူများက ခရစ်တော်ထက် သင့်ကို ချီးမြှောက်လာလျှင် အမြန်ဆုံး ခရစ်တော်ကိုသာ ချီးမြှောက်ခိုင်းပါ။ ချီမြှောက်ခြင်း ခံလျှင် အရသာရှိသည်။ ထိုအရာကို လက်မခံပါနှင့်။ သခင်ယေရှုကြောင့် ဖြစ်သည်ဟု အမြန်ဆုံး ဝန်ခံပါ။ သို့မဟုတ် ကျဆင်းသွားပေမည်။ 

၃၁။ အထက် မှလာသောသူသည် အလုံးစုံတို့၏ အထွဋ္ဋ် ဖြစ်၏။ မြေကြီးမှ ဖြစ်သောသူသည် မြေကြီးနှင့် စပ်ဆိုင်၍ မြေကြီး အရာကို ပြောတတ်၏။ ကောင်းကင်ဘုံမှ ကြွလာသောသူသည် အလုံးစုံတို့၏ အထွဋ္ဋ် ဖြစ်တော်မူ၏။ 

အထက် မှလာသောသူ သခင်ယေရှုသည် အလုံးစုံတို့၏ အထွဋ္ဋ် ဖြစ်သည်။ မြေကြီးသားတို့သည် မြေကြီး အရာကိုသာလျှင် ပြောတတ်သည်။ ထို့ကြောင့် ကောင်းကင် မတက်မည့်သူ များသည် ကောင်းကင် အရာပြောလျှင် စိတ်မဝင်စား တတ်ကြခြင်း ဖြစ်သည်။ မြေကြီး အရာကို ပြောလျှင် မူ အလွန် စိတ်ဝင်စား၍ သဘောလည်း ပေါက်လွယ်တတ်ကြခြင်း ဖြစ်သည်။ သင်သည် အထက် အရာ စိတ်ဝင်စား သလော၊ မြေကြီး အရာသာလျှင် စိတ်ဝင်စားသလော။ 

၃၂။ မြင်သမျှ ကြားသမျှတို့ ကိုလည်း သက်သေခံတော်မူ၏။ ထိုသက်သေခံချက်ကို အဘယ်သူမျှ မခံမယူ၊ ၃၃ သက်သေခံတော်မူ ချက်ကို ခံယူသောသူသည်ကား၊ ဘုရားသခင်သည် သစ္စာ စောင့်တော်မူသည်ဟု တံဆိပ်ခတ်၏။ 

သခင်ယေရှုသည် ကောင်းကင် အရာကို သက်သေခံသော်လည်း လူများက လက်မခံနိုင်ကြချေ။ သို့သော် လက်ခံနိုင်သောသူကို ဘုရားသခင်က တံဆိပ် ခတ်သည်။ တံဆိပ်ခတ်ခြင်းသည် ယပိုင်ဆိုင်ခြင်းကို ဖေါ်ပြသည်။ သင်သည် သခင်ယေရှု ပြောသော အရာများကို စိတ်ဝင်စားနိုင်၊ သဘောပေါက်၍ အရသာတွေ့လျှင် အလွန် ဝမ်းမြောက်ပါ။ ဘုရားသခင်၏ အပိုင် ဖြစ်သောကြောင့် ဖြစ်သည်။ 

၃၄။ ဘုရားသခင် စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏ စကားတော်ကို ပြောဆို တတ်၏။ ထိုသူအား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်း အရှည် မရှိဘဲ ပေးတော်မူ၏။ 

ဘုရားသခင် စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏ စကားတော်ကို ပြောဆို တတ်သည် ဟုဆိုသည်။ ထို့ကြောင့် ဘုရာသခင် စေလွှတ်သောသူနှင့် မ စေလွှတ်သောသူကို သူ၏ စကားအားဖြင့် သိနိုင်သည်။ သင်သည် ဘုရား၏ စကားကို ပြောဆို တတ်ပါသလား။ သူတပါးကို စစ်ဆေးချိန်တွင် ကိုယ့်ကို ကိုယ်လည်း စစ် ဆေးဘို့ လိုသည်။ ဘုရား စေလွှတ်သောသူ ဖြစ်လျှင် ဝိညာဉ်တော်ကို အတိုင်း အရှည်မရှိဘဲ ပေးသည် ဟူသောအရာသည် အဘယ်အရာနည်း။ ဝိညာဉ်တော်ကို ကြိုးနှင့် တိုင်း သကဲ့သို့ဖြစ်သည်။ ဆိုလိုသည်မှာ အသက်တာ၌ အကန့်အသတ်မရှိဘဲ ဝိညာဉ်တော် အလုပ်လုပ်ခြင်း၊ ဝိညာဉ်တော်က အသုံးပြုခြင်းကို ဆိုလိုသည်။ 

၃၅။ ခမည်းတော်သည် သားတော်ကို ချစ်တော်မူ၍၊ ခပ်သိမ်းသောအရာ တို့ကိုသားတော် လက်သို့ အပ်ပေးတော်မူ ပြီ။ 

ခမည်းတော်က သားတော်ကို ခပ်သိမ်းသောအရာ တို့ကို အပ်ပေးခြင်းသည် သူ့ကို ချစ်သောကြောင့် ဖြစ်သည် ဟုဆိုသည်။ ထိုခပ်သိမ်းသောအရာ တို့သည် အဘယ်အရာများ နည်း။ သခင်ယေရှုက၊ “ငါ၏ ခမည်းတော်သည် ခပ်သိမ်းသောအရာ တို့ကို ငါ၌ အပ်ပေးတော်မူ ပြီ။” (မ ၁၁:၂ရ)၊ “ကောင်းကင်ဘုံ၌၎င်း၊ မြေကြီး ပေါ်၌၎င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။” (မ ၂၈:၁၈) ဟုဆို ခဲ့သည်။ ထိုကြောင့် ခပ်သိမ်းသောအရာသည် စီရင်ပိုင်သော အခွင့်တန်ခိုး ဖြစ်သည်။ 

၃၆။ သားတော်ကို ယုံကြည်သောသူသည် ထာဝရ အသက်ကို ရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏ အပေါ်၌ ဘုရားသခင်၏ အမျက်တော် တည်နေသည်ဟု ယောဟန်ဟောပြောလေ၏။ 

ဘုရားကို ယုံကြည်လျှင် ထာဝရ အသက် ရ၍ အလွန် ကောင်းသည်။ သားတော် ပယ်လျှင် အသက် မတွေ့ရရုံမက ဘုရား၏ အမျက်တော် ခံရသောသူ ဖြစ်သည်။ ဘုရား အမျက်ခံရသောသူသည် မည်မျှပင်လှပါစေ၊ ချမ်းသာ ပါစေ၊ ပညာရှိပါစေ၊ နာမည်ကျော်ကြားပါစေ၊ အား ကျစရာ မရှိပါ။ မကြာမှီဒုက္ခ ရောက်တော့မည်သူ၊ အပြစ် ငရဲသွားမည့်သူ ဖြစ်ကြောင်း သိ၍ လက်မထပ်သင့်ချေ။ သင်ကိုယ်တိုင်သည် ထိုသို့ သောသူ ဖြစ်လျှင် အမြန်ဆုံး သားတော်ကို ယုံကြည် လက်ခံပါ။ သို့မဟုတ် ပါ ကသင်၏ ရှေ့ရေးသည် အလွန် ကြောက်စရာနှင့် ဝမ်းနည်းစရာ ကောင်းသည်။ ဘု ရားသခင်သည် သင့်အပေါ်၌ အမျက်တော် ထွက်နေလျှင် သင်သည် သာယာပျော် ရွှင်သော ဘဝကို တည်ဆောက်နိုင်မည် မဟုတ်ချေ။ 

အမှုတော်ဆောင်သင်တန်း


 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကြိုတင် ဆုတောင်း ထားသည့်အ တိုင်း အမှုတော်ဆောင်သင်တန်းကို ဩဂုတ်လ ၁ ရက်နေ့မှစတင် ပြုလုပ် နေပါပြီ။ အမှုတော်ဆောင် မဟုတ်သောသူများလည်း တက်သောကြောင့် လူ၂၅မှ ၃၂ အထိ တက်ကြပါသည်။ ဤစာရေးချိန်တွင် သင်တန်းမပြီး သေးပါ။ ဩဂုတ်လကုန် မှပြီး သွားမည် ဖြစ်ပါသည်။ ဆုတောင်းခြင်းဖြင့် ပါဝင်နိုင်ပါသည်။ 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG