GOODNEWS
  HOME  GOODNEWS  2017 JUL
 


အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယနေ့ တိုင်အသက်ရှင်သွားလာ လှုပ်ရှားနိုင်ကြသေးသည်။ သခင်ဘုရားကြွလာမည့် အချိန်သည် သာ၍ သာ၍ နီး လာပြီ။ သို့သော် များစွာသောသူများသည် ထိုအရာကို မသိ၊ ဂရုမစိုက်ဘဲ မိမိတို့ အလိုဆန္ဒအတိုင်း အသက်ရှင် နေကြသေးသည်။ စက်တဘ်ာလ ၂၁-၂၂ ရက်နေ့ များသည် တံပိုးမှုတ်ပွဲ ဖြစ်သည်။ မြန်မာပြည် တောရွာများ၌ သံချောင်းခေါက်ခြင်းဖြင့် အချက်ပြ သကဲ့သို့ ဣသရေလ လူများသည် တံပိုးမှုတ်ခြင်းဖြင့် အချက်ပြတတ်ကြသည်။ ခရစ်တော်သည် တံပိုးမှုတ်ခြင်းနှင့် တကွ ကောင်းကင်တမန် မင်းအသံ ပေးခြင်းဖြင့် ကြွလာမည် ဟုဆိုသောကြောင့် (၁ ကော ၁၅:၅၁-၅၃၊ ၁ သက် ၄ ; ၁၄-၁ရ) ယခုနှစ်တံပိုးမှုတ်ပွဲ၌ ခရစ်တော် ကြွလာနိုင်သည်။ ကြွလာမည်ဟု အတိ အကျ မပြောနိုင်ပါ။ သို့သော် အကယ်၍ ကြွလာပါက သည် ချီဆောင်ခြင်း၌ ပါမည်လော။ သင်၏ သားသမီး၊ မိဘ ညီအစ်ကို မောင်နှမများပါမည်လော။ သင်၏သူ ငယ်ချင်းလုပ်ဘော်ကိုင်ဘက်များ၊ ဆွေမျိုးသား ချင်းများ ပါမည်လော။ အကယ်၍ မပါပါက ဘေးဒဏ်ကြီးကာလ အထဲ၌ ရောက်သွားပြီး ကြီးစွာသော ဒုက္ခ ဆင်းရဲ ခံရမည် ဖြစ်သည်။ ပေါလုက၊ “သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ် စစ်ကြောကြလော့။ ကိုယ်ကိုကိုယ် စုံစမ်း ကြလော့။” (၂ ကော ၁၃:၅)ဟု သတိပေးထားသည်။ 

ဩဂုတ်လ ၂၁ ရက်နေ့တွင် အမေရိကန်ပြည် ထောင်စုပြည်နယ် ၁၃ ခု၌ နေ၂ မိနစ်ခွဲကြတ်မည် ဖြစ်သည်။ နေကြတ်ချိန်သည် တနေရာနှင့် တနေရာမတူညီ ကြချေ။ အရှေ့ပိုင်းစံတော် ချိန်ဖြင့် နေ့လည် ၁၂မှ ညနေ ၄ နာရီ အတွင်း ဖြစ်လိမ့်မည်။ ထိုနေကြတ်ခြင်းဖြင့် ကျမ်းစာထဲ၌ နေကြတ်ဘူးခြင်းများကို သတိရစေသည်။ “တဖန် ထာဝရဘုရားက၊ အဲဂုတ္တု ပြည် တရှောက်လုံး၌ မှောင်မိုက်သာမည မဟုတ်၊ စမ်းသပ်၍ တွေ့ရသော မှောင်မိုက် ဖြစ်စေခြင်းငှါ၊ သင်၏ လက်ကို မိုဃ်း ကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူသည် အတိုင်း၊ ၂၂ မောရှေသည် မိိမိလက်ကို မိုဃ်းကောင်းကင်သို့ ဆန့်၍၊ အဲဂုတ္တု ပြည် တရှောက်လုံး၌ ထူ ထပ်သော မှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။” (ထွက် ၁၀:၂၂)။ ခရစ်တော် အသေခံသောအခါ၌လည်း၃ နာရီ မှောင်ခဲ့ဘူးသည် “မွန်းတည့်အချိန်မှ စ၍ သုံးချက်တီးအချိန် တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။” (မ ၂ရး၄၅)။ ဘေးဒဏ်ကြီး ကာလ၌ နေကြတ်ဦးမည်၊ “ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၏။ နေသည် အမွေးဖြင့် ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။” (ဗျာ ၆:၁၂)။ “ငါနေ၍ မပြောနိုင် ဟုဆိုရသော ကာလသည် မနီး၊ ဆိုးသော ကာလ မရောက်မှီီ၊ ယ ခုအသက် ပျိုစဉ်အခါပင်၊ သင့်ကို ဖန်ဆင်းတော်မူသော အရှင်ကို အောက်မေ့လော့။ ၂ နေနှင့် အလင်း၊ လနှင့် ကြယ်တို့သည် ကွယ်၍ မိုဃ်းရွာပြီးမှ၊ အထပ်ထပ်ရွာတက်သော ကာလ မရောက်မှီ အောက်မေ့လော့။” (ဒေသနာ ၁၂:၁-၂) 

ယခုလအတွက်...

  • ကယ်တင်ခြင်း 
  • အမှားနှင့် စ ကြသည်။ 
  • သခ်ါရအသက် မှထာဝရ အသက်သို့ 
  • အလိုတော်၌ ဆုတောင်းခြင်း အသက်တာ (၂) 
  • အဘယ်ကြောင့် နားမထောင်ကြသနည်း
  • ကျမ်းစာဖတ်ကြစို့ (ရှင်ယောဟန် ခရစ်ဝင်-၂) 
  • လူငယ်စခန်းသွင်းသင်တန်းရ 
  • အမူတော် ဆောင်သစ်များ 
  •  တလလုံးလုံးအမှုတော်ဆောင်သင်တန်း

 

 ကယ်တင်ခြင်း 

 

 များစွာသော လူများ ကယ်တင်ခြင်းသို့ မရောက်ခြင်းသည် မသိခြင်း၊ ဂရု မစိုက်ခြင်းကြောင့် ဖြစ်သည်။ အဘယ်ကြောင့် မသိကြသနည်းဟူမူကား ပြောပြသောသူမရှိသောကြောင့် ဖြစ်သည်။ ထိုမျှသာမက ကိုယ်ကိုယ်တိုင်ကလည်း ယခု ဘဝသာလျှင် အာရုန်စိုက်၍ နောင်တ မလွန်ဘဝကို မစဉ်းစားသောကြောင့် ဖြစ်သည်။ သင်သည် ထိုကဲ့သို့ သောသူ ဖြစ်ပါက ယခုဘဝ ထက် နောင်ဘဝကို ဂရုစိုက် စဉ်းစားဘို့ အကြံပေးလိုပါသည်။ ယခုဘဝ သည် အရိပ် ဖြစ်၍ နောင်တ မလွန်ဘဝသည် မကုန်ဆုံးနိုင်၊ ထာဝရ တည်ရှိမည့် အရာ ဖြစ်သောကြောင့် အကောင် ဟုဆို နိုင်သည်။ ယခုဘဝ ကိုသာ စဉ်းစား၍ ကာမဂုဏ် ခံစားသောသူနှင့် ပတ်သက်၍ သခင်ဘုရားက ဤသို့ ဆိုထားသည်၊ “ယဖန်တုံ၊ သူဌေးတယောက်သည် နီမောင်းသော ကမ`လာနှင့် ပိတ်ချောကို ဝတ်ဆင်၍၊ ကာမဂုဏ် စည်းစိမ်၌ နေ့တိုင်း ပျော်မွေ့လျက် နေ၏။ လာဇရုအမည်ရှိသောသူဆင်းရဲ တယောက်သည် တကိုယ်လုံး၌ အနာစိမ်းပေါက်၍၊ သူဌေး၏ စားပွဲမှ ကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသော စိတ်နှင့် သူဌေးအိမ်တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည် လာ၍ အနာစိမ်းများကိုလျက် ကြ၏။ တနေ့သ၌ ထိုဆင်းရဲ သားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေ ဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်း အဝေးကမြင်လျှင်၊ အိုအဘအာဗြဟံ၊ အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အ​ကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာ ခံရသောကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌ နှစ်၍ အ​ကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အ​ကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။ အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာ ရသည်ကို၎င်း၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကို၎င်း အောက်မေ့လော့။ ယခုမူကား၊ သူသည် သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခ ဝေ ဒနာကို ခံရ၏။ ထိုမှတပါး၊ ငါတို့နှင့် သင်တို့ စပ်ကြား၌ အလွန် နက်လှသော ချောက်ကြီး တည်လျက် ရှိ၏။ ထိုကြောင့် ဤအရပ်မှသင်တို့ ရှိရာသို့ ကူးချင်သောသူမကူး နိုင်။ ထိုအရပ်မှငါတို့ ရှိရာသို့ ကူးချင်သောသူလည်း မကူးနိုင် ဟုဆို၏။ သူဌေးက လည်၊ အိုအဘ၊ ထိုသို့ မှန်လျှင်၊ အ​ကျွန်ုပ်၌ ညီငါးယောက်ရှိပါသည် ဖြစ်၍ သူတို့သည် ဤပြင်းပြစွာ ခံရာအရပ်သို့ မရောက်မည်အကြောင်း၊ သူတို့အား သက်သေ ခံစေခြင်းငှါ၊ လာဇရုကို အ​ကျွန်ုပ်အဘ၏ အိမ်သို့ စေလွှတ်တော်မူပါ။ အ​ကျွန်ုပ် တောင်းပန်ပါ၏ဟု ပြောဆိုလျှင်၊ အာဗြဟံက၊ သင်၏ ညီတို့၌ မောရှေမှစ၍ ပရော ဖက်များရှိကြ၏။ ပရောဖက်တို့၏ စကားကို နားထောင် ကြစေ ဟုဆို၏။ သူဌေးက လည်း၊ မဟုတ်ပါအဘအာဗြဟံ၊ သေသော လူစုထဲက တယောက်သောသူသည် ထမြောက်၍ သူတို့ ရှိရာသို့ သွားလျှင်၊ သူတို့သည် နောင်တရကြပါလိမ့်မည် ဟုဆိုသော်၊ အာဗြဟံက၊ သူတို့သည် မောရှေ၏ စကား၊ ပရောဖက်တို့၏ စကားကို နားမထောင်လျှင်၊ တယောက်သောသူသည် သေခြင်းမှ ထမြောက်သော်လည်း မယုံ ကြည်နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။” (လု ၁၆:၁၉-၃၁) 

အထက်ပါ ခရစ်တော်၏ စကားအရ သူဌေးကြီးသည်လောက အသက်ရှင် စဉ်တွင် ကာမဂုဏ် စည်းစိမ်၌ နေ့တိုင်း ပျော်မွေ့လျက် နေခဲ့သည်။ သို့သော် ထိုအချိန်သည် အလွန် တိုတောင်းသည်။ သူသည် သေသွားသော နောက်သူ၏ ဝိညာဉ်သည် မီးလျှံထဲ၌ ပြင်းစွာ ခံစား၍ ရေ အလွန် ငတ်သောကြောင့် ရေတစက်လေးကို ရရှိဘို့ အာဗြဟံထံ၌ တောင်းခဲ့သည်။ သို့သော် ယနေ့ တိုင်ရေ မရရှိဘဲ ဒုက္ခ ဆင်းရဲ ခံနေရသည်။ ထာဝရ ကာလ ပတ်လုံးလည်း ခံစားရဦးမည်။ ဘယ်သောအခါ မှသူ၏ ဆင်းရဲဒုက္ခသည် ကုန်ဆုံးတော့မည် မဟုတ်။ သူကဲ့သို့ မခံစားရလေအောင် သခင်ဘုရားကပြောပြသော်လည်း သင်သည် နားမထောင်ဂရုမစိုက်လျှင် သူဌေးကြီး ကဲ့သို့ပင်မ လိုအပ်ဘဲ ဒုက္ခ ဆင်းရဲသည် သင့်ကို စောင့်ကြိုနေသည်။ မိတ်ဆွေ၊ ဤလောက၏ လှည့်စားမှုကို လက်မခံပါနှင့်။ ဘုရားသခင်က ခရစ်တော်အားဖြင့် အခမဲ့ပေးသော ထာဝရ အသက်ကို လိုချင်ပါ။ 

 

အမှားနှင့် စကြသည် 


အဘယ်ကြောင့်လူတိုင်း၌ ပြသနာ ရှိတတ်ကြသနည်း။ အဘယ်ကြောင့် နာကြ၊ သေကြရသနည်း။ အကြောင်းမှာ လူသည် အစကတည်း ကမှားနေသည်။ လူသည် ဒုက္ခ ရောက်ဘို့၊ ပြသနာ ကြုံတွေ့ဘို့၊ နာဘို့နှင့် နောက်ဆုံး၌ သေဘို့ မွေး ကြသည်။ သို့သော် ထိုအရာကို မသိသောအခါ မွေးဘွားခြင်းကို အလွန် ကြိုဆို ကြသည်။ ပြသနာ ကြုံတွေ့သောအခါ၊ နာသောအခါ၊ သေသောအခါ အံ့ဩ နေတတ်ကြသည်။ လူတယောက် ရုတ်တရက်သေသောအခါ အဘယ်ကြောင့်နည်းဟု မေးတတ်ကြသည်။ နောက်ဆုံး၌ မီးငရဲအိုင်ထဲသို့ ဆင်းသွားကြသော်လည်း ထိုအရာကိုမူအသက်ရှင်သောသူများက မခံစား ကြသောအခါ ဂရုမစိုက်ကြချေ။ ကိုယ်ခန္ဓာ အလောင်းကို မြေသို့ ကောင်းမွန်စွာ ချနိင်ရေးသာလျှင် အာရုံစိုက် ကြသည်။ အော်၊ လူသားများသည် မသိတတ်ကြပါတကား။ 

မှားသော မိသားစု

လူသည် မွေးဘွားသောအခါ မှားယွင်းသော မိသားစု၌ မွေးဘွား ကြသည်။ ဘုရား သားသမီး အဖြစ်မ မွေးဘွားဘဲ စာတန်၏ သားသမီး များအဖြစ် မွေးဘွား ကြသည်။ ဘုရားနှင့် လုံးမဝပတ်သက်၊ မဆိုင်ဘဲ မွေး ကြသည်။ ထိုကြောင့် သေဆုံးသောအခါ၌ ကောင်းကင်သို့ မရောက်ဘဲ၊ ငရဲရောက်ဘို့ရန် ဖြစ်နေသည်။ မိဘများ၊ကိုယ် ခလေးကို မည်မျှပင်ချစ်သော်လည်း၊ လှသော်လည်း စာတန် သားသမီး လေးအဖြစ် မွေးဘွားကြောင်း သိစေလိုသည်။ ခလေး၌ အပြစ်လုပ်သောကြောင့် မဟုတ်ပါ။ မိဘ၏ အပြစ်ကြောင့်လည်း မဟုတ်ပါ။ အားလုံး အာဒံ၏သား စဉ်မြေးဆက် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရာကို နောင်တရ၍ မရပါ။ ထိုသို့ စာတန်၏ မိသားစု၌ မွေးသောကြောင့်၊ ရိုင်းသော သဘော ရှိ၍ကြီး လာသောအခါ သင်ပေးစရာ မလိုဘဲ အပြစ်လုပ်တတ်ကြသည်။ ဘုရားနှင့် ပတ်သက်သော အရာများကို စိတ်မဝင် စားကြပါ။ အဘ စာတန် ပိုင်သောလောကကို အလွန် စွဲလန်း ကြသည်။ လောက၌ ထာဝရ မနေနိုင်ကြောင်း သိသော်လည်း လောကကို ချစ် ကြသည်။ ကောင်းကင် ရောက်ဘို့ လိုကြောင်း သိသော်လည်း စိတ်မဝင်စားကြချေ။ ငရဲမီးအိုင် ထဲကျ၍ ထာဝရ ဒုက္ခ ခံမည့် အကြောင်း သိသော်လည်း ကြောက်စိတ်မရှိကြချေ။ ခရစ်တော် ကယုဒလူများထံ၊ “သင်တို့သည် သင်တို့၏ အဘ တည်းဟူသော မာရ်နတ်မှဆင်း သက်ကြ၏။ သင်တို့ အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာ မှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာ တရားမရှိသောကြောင့် သစ္စာ တရား၌ မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏ အဘလည်း ဖြစ်၏။” ဟုဆိုခဲ့သည် (ယော ၈:၄၄)။ စာတန်၏ မိသားစုထဲ၌ မွေးဘွား သောကြောင့် ပြသနာ ရှိဘို့သည် သေချာနေသည်။ ထို့ကြောင့် မိသားစုပြောင်းဘို့ လိုသည်။ စာတန် မိသားစုထဲ၌ ဆက်နေလျှင် ယခုအတိုင်း ဖြစ်နေ၍ နောက်ဆုံး၌ ငရဲမီးအိုင် ထဲ၌ ထာဝရ ဒုက္ခ ခံစားမည် ဖြစ်သည်။ မိသားစုပြောင်းဘို့ရန် ကိုယ်တိုင် ဘာ မျှမလုပ်နိုင်ပါ။ 

စာတန် မိသားစုမှဘုရား၏ မိသားစုဝင် ဖြစ်ဘို့ရန်၊ အကျင့်ကောင်းကျင့်ခြင်း၊ ဘုရားတရား၌ ကြိုးခြင်း၊ ပညတ်တော် လိုက်လျှောက်ခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်း စသည်ဖြင့် ကြိုးစား တတ်ကြသည်။ သို့သော် မိသားစုဝင် ဖြစ်ဘို့ရန်မှာ ကြိုးစား၍ မရပါ။ မွေးဘွားဘို့ လိုသည်။ မိခင် ဝမ်းမှ မွေးဘွားသောအခါစာ တန် သားသမီး ဖြစ်ရသည်။ ထို့ကြောင့် ဘုရားသခင်က လူကို ခရစ်တော် အထဲ၌ သွင်း လိုက်သည်။ “ထို ဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည် နေကြ၏။” (၁ ကော ၁:၃၀)။ ခရစ်တော်၌ ရှိသော လူကို လက်ဝါးကပ်တိုင်တော်၌ ရိုက်သတ် လိုက်သည်။ ကျမ်းစာက၊ “ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါး ကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့ သိကြ၏။” (ရော ၆:၆) တဖန်၊ “ငါသည် ခရစ်တော်နှင့်အတူ လက်ဝါး ကပ်တိုင်မှာအသေခံ ပြီ။” (ဂလာ ၂:၂၀)ဟု ရေးထားသည်။ ခရစ်တော်နှင့် သေပြီးသော လူကို ခရစ်တော်နှင့်အတူ မြှုပ်နှံလိုက်သည်။ ထိုသို့ မြှုပ်နှံခြင်းကို ဗတ္တိဇံဟု ခေါ်သည်။ လူသည် ခရစ်တော်နှင့်အတူ သင်္ချိုင်းတွင်း မှပြန်လည်ထမြောက် လာသည်။ “ခရစ်တော်သည် ခမည်းတော်၏ ဘုန်း တန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည် နည်းတူ၊ ငါတို့သည်လည်း အသစ်သော အသက်၌ ကျင်လည်ရကြသတည်း။” (ရော ၆:၄)။ ထိုသို့ ထမြောက် လာသောအခါ လူသစ် ဖြစ်လာသည်။ “လူ မည်သည်ကား၊ ခရစ်တော်၌ ရှိလျှင် အသစ်သော သတ္တဝါ ဖြစ်၏။ ဟောင်းသောအရာ တို့သည် ကုန်ဆုံး၍ ခပ်သိမ်းသောအရာ တို့သည် အသစ် ဖြစ်ကြပြီ။ ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။” (၂ ကော ၅:၁ရ)။ ထိုအသစ်သော လူသည် ဘုရားသခင်၏သား သမီး ဖြစ်သည်။ ဘုရား ဖြစ်ဘွားစေသောသူ ဖြစ်သည်၊ “ထိုသားတို့ မူကား၊ လူမျိုးနှင့် စပ်ဆိုင်၍ ဘွားသောသား မဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသား မဟုတ်။ လူအလိုအလျောက် ဘွားသောသား မဟုတ်။ ဘုရားသခင် ဘွားတော်မူသောသား ဖြစ်သတည်း။” (ယော ၁:၁၃)။ ဘုရားသခင်က ခရစ်တော်အားဖြင့် လူကို အသစ် ဖြစ်ဘွားစေသည်။ ထိုအရာကို နှုတ်ကပတ်တော်အားဖြင့် သိနားလည်စေသည်။ ထို့ကြောင့် ပေတရုက၊ “သင်တို့သည် ဖောက်ပြန်ပျက်ဆီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ပွားသည် မဟုတ်။ မဖောက်ပြန်မပျက်ဆီးတတ်သော မျိုးစေ့ တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင် နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပွားသောကြောင့်၊ ” (၁ ပေ ၁:၂၂-၂၃)ဟု ရေးရခြင်း ဖြစ်သည်။ ထိုသမ္မာ တရားကို ယုံကြည်ခြင်းဖြင့် လက်ခံရသည်။ သင်သည် ထိုသို့ ဘုရားသခင်က ယေရှုခရစ်အားဖြင့် အသစ်သော မွေးဘွားခြင်းကို ယုံကြည် လက်ခံလျှင် ဘုရား၏ သား၊ ဘုရား၏ အိမ်တော်သား ဖြစ်ပြီ။ 

အမြင် မှားနေကြသည် 


လူသည် မှားသော မိိသား စု၌ ဘွားမြင်သောကြောင့် အမြင်လည်း မှားနေ ကြသည်။ ဘုရား မြင် သကဲ့သို့ မမြင်ဘဲ အရာခပ်သိမ်းကို စာတန် မြင် သကဲ့သို့ မြင် ကြသည်။ ထို့ကြောင့် ဘုရား၏ အမြင်ကို ဆန့်ကျင် ကြ၊ လက်မခံနိုင်ကြခြင်း ဖြစ်သည်။ ဘုရားသခင်က၊ “ထာဝရဘုရားသည် လူမြင် သကဲ့သို့ မြင်တော်မူသည် မဟုတ်၊ လူသည် အဆင်းသဏ္ဍာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေလအား မိန့်တော်မူ၏။” (၁ရာ ၁၆:ရ)။ အဘယ်ကြောင့် လူသည် အဆင်းသဏ္ဍာန်ကို ကြည့်သနည်းဟူမူကား စိတ်နှလုံးကို မမြင် နိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်က ယေရမိထံ၊ “သင်သည် အဘယ်အ ရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ ငါက၊ အ​ကျွန်ုပ်သည် ဗာတံကိုင်းကို မြင်ပါ၏ဟု လျှောက်သော်၊ ထာဝရဘုရားက၊ သင်သည် မှန်ကန်စွာ မြင်ပြီ။ အကြောင်းမူကား၊ ငါ့စကားကို ပြည့်စုံစေခြင်းငှါ၊ ငါစောင့်နေမည်ဟု မိန့်တော်မူ၏။” (ယေရမိ ၁:၁၁-၁၂)။ မှန်ကန်စွာ မြင်ခြင်း ဆိုသည်မှာ ဘုရား မြင် သကဲ့သို့ မြင်ခြင်း ဖြစ်သည်။

လူသည် မိမိအမြင်ကိုသာလျှင် အမှန်ဆုံးဟု ထင်မှတ်တတ်သည်။ မိမိအမြင်အတိုင်းလည်း အရာခပ်သိမ်းကို လုပ်ဆောင်တတ်သည်။ ထို့ကြောင့် ဘုရား၏ အလိုတော်ကို သိလျှင်လည်း မိမိ အလိုဆန္ဒအတိုင်း ပြုလုပ် နေကြခြင်း ဖြစ်သည်။ ဘု ရားအမြင် အတိုင်း မြင်ဘို့ရန် ဘုရား ကိုယ်တော်တိုင် ကသာ လုပ်ဆောင်နိုင်ကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “ထာဝရဘုရားကလည်း ထိုလူမျိုးရှိရာသို့ သွားပြီးလျှင် သင်တို့သည် ကြားလျက် ပင်၊ အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်၊၊ မြင်လျက် ပင်အာရုံမှပြုဘဲ မြင်ကြလိမ့်မည်ဟု ပြောလော့၊၊ သူတို့ မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံး မသိ၊ အကျင့် မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည် တိုင်အောင်၊ သူတို့ စိတ်နှလုံးကို မိုက်စေလော့၊၊ သူတို့ နားကိုလည်း ထိုင်းစေလော့၊၊ သူတို့ မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။” (ဟေရှာယ ၆:၉-၁၀)။ 
ပေတရုသည် ယေရှုနှင့် ပတ်သက်၍ မှန်ကန်စွာ မြင်ခဲ့ကြောင်း ဤသို့ တွေ့ ရသည်၊ ၁၅ သင်တို့လည်း ငါ့ကို အဘယ်သူ ဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ၁၆ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော် တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ၁၇ ယေ ရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္လာရှိ၏။ အကြောင်းမူကား၊ အသွေး အသားသည် ဤအကြောင်း အရာကို သင့်အား ဘော်ပြသည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော်သည် ဘော်ပြတော်မူ သတည်း။” (မ ၁၆ ; ၁၅-၁ရ)။ “ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်း ငှါ၎င်း၊ မြင်သောသူသည် မျက်စိကန်းစေခြင်း ငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။” (ယော ၉:၃၉) ဟုဆိုခဲ့သည်။ ခရစ်တော်သည်၊ ဝိညာဉ်ပိုင်းမျက်စိကို ဆိုလိုခြင်း ဖြစ်သည်။ သင်သည် ဝိညာဉ်ပိုင်း မျက်စိကန်းနေလျှင် ဘုရား မြင် သကဲ့သို့ မမြင်သောကြောင့် အမြင် မှားနေပေမည်။ ဝိညာဉ် မျက်စိမြင်ဘို့ရန်မှာ ခရစ်တော် ကသာလျှင် တတ်နိုင်သည်။ 

သခင်ယေရှု ကပေါလုကို ခေါ်သောအခါ၊ “တပါးအမျိုးသားတို့သည် မှောင်မိုက်မှအလင်းသို့ ကူးမြောက်၍၊ စာတန်၏ အာဏာထဲမှ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ် လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်း နှင့်၊ ငါ့ကို ယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သော သူတို့နှင့် ဆက်ဆံ၍ အမွေ ခံရမည်အကြောင်း၊ သူတို့၏ မျက်စိကို ဖွင့်စေခြင်းငှါ သူတို့ဆီသို့ သင့်ကို ငါ စေလွှတ် မည်ဟု မိန့်တော်မူ၏။” (တမန် ၂၆:၁၈) 

ပေါလုကဧဖက် အသင်းသားများအတွက် ဤသို့ ဆုတောင်း ပေးသည်၊ “ငါတို့ သခင်ယေရှုခရစ်၏ ဘုရားသခင် ဖြစ်တော်မူသော ဘုန်းကြီးသော အဘခ မည်းတော်သည် ကိုယ်တော် မြတ်ကို သိခြင်း အလိုငှါ ပညာကို၎င်း၊ ထိုးထွင်းသော ဥာဏ်ကို၎င်း၊ သင်တို့အား ပေးပါမည်အကြောင်း၊ ၁၈ ခေါ်တော်မူသောကြောင့် မြော် လင့်ရသောအရာ ကား အဘယ်အရာ ဖြစ်သည်ကို၎င်း၊ သန့်ရှင်း သူတို့သည် ခံရသော အမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊ ၁၉ ယုံ ကြည်သော ငါတို့၌ ပြတော်မူသော အလွန်ကြီး လှစွာသော တန်ခိုးတော် ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ ဥာဏ်မျက် စိကို လင်းစေပါမည်အကြောင်း ဆုတောင်း ပဌနာ ပြု၏။” (ဧဖက် ၁:၁ရ- ၁၉)။ ဘုရားသခင်က သင်၏ ဝိညာဉ် မျက်စိမြင်နိုင်မည့် အကြောင်း မစတော်မူပါစေသော်။ 

လမ်းမှား နေကြသည် 

 လူသည် အမြင် မှားနေသောကြောင့် လိုက်သောလမ်းလည်း မှား နေကြောင်း ဘုရားသခင်က ဤသို့ ဆိုသည်၊ “နားလည်သောသူ ဘုရားသခင်ကို ရှာသောသူတ စုံတယောက် ရှိသည် မရှိသည်ကို သိမြင်ခြင်းငှါ ထာဝရဘုရားသည် ကောင်းကင် ပေါ်က လူသားတို့ကို ငုံ့၍ ကြည့်ရှုတော်မူ၏၊၊ ၃ လူအပေါင်းတို့သည် လမ်းလွဲကြပြီ၊၊ တညီ တညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏၊၊ ကောင်းသော အကျင့်ကို ကျင့်သောသူ မရှိ၊၊ တယောက်မျှ မရှိ၊၊ ” (ဆာ ၁၄:၂-၃၊ ၅၃:၂-၃)။ တဖန် ပရောဖက် ဟေရှာယကလည်း၊ “ငါတို့ ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီး လိုက်သွားကြသည် ဖြစ်၍ ” (ဟေရှာယ ၅၃:၆) ဟုဆိုသည်။ ဘုရား အမြင်၌ မှားသောလမ်းသည် ငရဲသို့ သွားသောလမ်း ဖြစ်သည်။ လူတိုင်းသည် နေ့စဉ် ငရဲလမ်းသို့ သွား နေကြသည်။ သို့သော် ဝိညာဉ် မျက်စိကန်းကြသောကြောင့် မကြောက်ကြချေ။ နေ့စဉ် လုပ်နေသောလောကအရာများကြောင့် အလုပ်ရှုပ်ခြင်း၊ ပင်ပန်းခြင်း၊ မျှော်လင့်ခြင်း၊ ပြိုင်ဆိုင်ခြင်းများကြောင့် လမ်းမှားလိုက် နေကြမှန်းပင် မသိကြချေ။ သေသောသူများကို သင်္ချိုင်းအထိ လိုက်လံပို့ဆောင်ကြသော်လည်း သူ၏ ဝိညာဉ် ငရဲ သွားမှန်း မမြင်ကြသောကြောင့် သင်ခန်းစာမယူကြချေ။ ကောင်းကင် တက်သွားသော ဝိညာဉ်များကိုလည်း မမြင်ကြသောကြောင့်အား ကျခြင်းလည်း မရှိကြချေ။ သင်္ချိုင်းမှအပြန်တွင် နဂုိလ်အတိုင်း မိမိလမ်း၌ အလျှင် မြန်သွား နေကြသည်။ 

ယခုလမ်းမှားကြောင်း သိရပြီ။ ထို့ကြောင့် လမ်းမှန်လိုက်နိုင်ဘို့ရန် လမ်း မှန်သိဘို့ လိုသည်။ မှန်သောလမ်းသည် အဘယ်အရာနည်း။ “သင့်ကို ငါသွန်သင်မည်၊၊ သင်သွားရမည်လမ်းကို ပြတော်မူမည်၊၊ သင့်ကို ကြည့်ရှုပြုစုမည်၊၊ ဥာဏ်ပညာ မဲ့သော မြင်းလားကဲ့သို့ မဖြစ်နှင့်၊၊ ” (ဆာ ၃၂:၈)ဟု ဘုရားသခင်က ခေါ်ဘိတ်နေသည်။ သင်သည် ဘုရားသခင်၏ ခေါ်ဘိတ်သံကို နားထောင်၍ သူပြသောလမ်း လိုက်ဘို့ သာလျှင် ဖြစ်သည်။ ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်ဘို့လည်း သတိ ပေးထားသည်။ သခင်ယေရှုက၊ “ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” (ယော ၁၄:၆) ဟုဆိုထားသည်။ သခင်ယေရှုသည် လမ်းပြသူ မဟုတ်ပါ။ သူကိုယ်တိုင်သည် ကောင်းကင် ခမည်းတော်ထံသို့ ပို့သောလမ်း ဖြစ်သည်။ သူ့ကို အမှီပြုဘို့ လိုသည်။ အခြားလမ်းမရှိပါ။ သခင်ယေရှုကို လမ်းအဖြစ် လက်ခံလျှင် ငရဲ ကျစရာ အကြောင်း မရှိတော့ပါ။ ယခုပင်လျှင် သူ့ကို လမ်းအဖြစ် လက်ခံပါ။ 
 
ရည်ရွယ်ချက်မှား နေကြသည် 

လူသည် အမြင် မှားနေသောကြောင့် ရည်ရွယ်ချက်လည်း မှား နေကြသည်။ ကျမ်းစာက၊ “လူတို့၏ အကြံအစည်သည် အချည်းနှီး ဖြစ်ကြောင်းကို ထာဝရဘုရား သိတော်မူ၏။” (ဆာ ၉၄:၁၁) ဟုဆိုထားသည်။ လူ၏ ရည်ရွယ်ချက်သည် ခဏသာတည်မည့် ဤလောကအရာများကို ယပိုင်ဆိုင်ဘို့ ဖြစ်သည်။ ငွေ​ကြေးချမ်းသာဘို့၊ အာဏာရှိဘို့၊ နာမည်ကျော်ကြားဘို့၊ ပျော်ရွှင်ဘို့၊ များဖြစ်သည်။ ထိုအရာ များသည် အကျိုးမရှိကြောင်း ခရစ်တော်က ဤသို့ သတိပေးထားသည်၊ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။” (မ ၁၆:၂၆)။ ဘုရားသခင်က လိုသမျှ ပေးခဲ့သော ရှောလမုန်မင်းက ဤသို့ ရေးထားသည်၊ “တ ဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာပြောသည်ကား၊ လာပါ၊၊ ရွှင်လန်းခြင်းအားဖြင့် သင့်ကို ငါစုံစမ်းမည်၊၊ သို့ဖြစ်၍၊ ကာမဂုဏ်၌ ပျော်မွေ့လော့ ဟုဆိုရာတွင် ထိုအမှု အရာသည်လည်း အနတ္တ ဖြစ်လေ၏၊၊ ၂ရယ်မောခြင်းကို သင်သည် အရှုး ဖြစ်၏ ဟူ၍၎င်း၊ ရွှင်လန်းခြင်းကို အဘယ်ကြောင့် ဤသို့ ပြုသနည်း ဟူ၍၎င်းငါဆိုရ၏၊၊ ၃ တ ဖန် လူသားတို့သည် မိုဃ်းကောင်းကင် အောက်၌၊ တသက်လုံးပြုသင့်သောအမှု ကောင်းကို သိအံ့သောငှါ၊ ပညာတရားကို လေ့ကျင့်လျက်နှင့် စပျစ်ရည်အလိုသို့ လိုက်၍ မိုက်သော အကျင့်ဓလေ့၌ ကျင်လည်ခြင်းငှာ၊ ငါကြံစည်၏၊၊ ၄ကြီး ကျယ်သော အလုပ်ကို စီရင်၍ အိမ်တို့ကို ဆောက်၏၊၊ စပျစ်ဥယျာဉ်တို့ ကိုလည်း စိုက်၏၊၊ ၅ ဥယျာဉ် အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကို သီးသော အပင်တို့ ကိုလည်း စိုက်၏၊၊ ၆ သစ်ပင်မျိုးနှင့် ပြည့်စုံသော တောကို ရေလောင်းစရာဘို့ ရေကန်တို့ ကိုလည်း လုပ်၏၊၊ ၇ ​ကျွန်ယောကျ်ား​ကျွန်မမိန်းတို့ကို သိမ်းယူ၍၊ ​ကျွန်သား ပေါက် များလည်းရှိကြ၏။ ငါ့အရင် ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ငါသည် တိရစ္ဆာန်အကြီး အငယ်တို့နှင့် အလွန် ရတတ်၏။ ၈ ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့် ဆိုင်သော ဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသော အခွန်ကို၎င်းငါဆည်းဖူး၏၊၊ အငြိမ့်သ မားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့တတ်သော ကြင်လျှာမိန်းမ မောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏၊၊ ၉ ထိုသို့ ငါ့အရင် ယေရုရှမြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ငါသည် တိုးပွား၍ကြီး မြင့်ခြင်းသို့ ရောက်၏၊၊ ငါ့ပညာလည်း တည်လျက် ရှိ၏၊၊ ၁၀ ငါ့မျက်စိတပ်မက်လိုချင်သောအရာ တစုံတခုကိုမျှ မငြင်း၊ ငါ့ စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှ မပယ်၊၊ ငါကြိုးစား သမျှတို့၌ ဝမ်းမြောက်လျက် ရှိ၍ ကြိုးစားခြင်း အကျိုးကို ခံရ၏၊၊ ၁၁ ထိုအခါ စီရင်ပြုပြင်သမျှ ငါကြိုးစားခြင်း အကျိုးကို ခံရ၏၊၊ ထိုအခါ ငါ့စိတ်ရွှင်လန်းစရာ တစုံတရာကိုမျှ မပယ်၊၊ ငါကြိုးစား သမျှ တို၌ ဝမ်းမြောက်လျက် ရှိ၍ ကြိုးစားခြင်း အကျိုးကို ခံရ၏၊၊ ထိုအခါ ငါစီရင်ပြုပြင်သမျှ ငါကြိုးစားအား ထုတ်သမျှတို့ကို ငါကြည့်ရှု၍ အလုံးစုံတို့သည် အနတ္တအမှု လေကို ကျက်စားသောအမှု ဖြစ်ကြ၏၊၊ နေအောက်မှာကောင်းသော အကျိုးတစုံတခုမျှ မရှိ၊၊ ” (ဒေသနာ ၂:၁-၁၁)ဟု ရေးသား ခဲ့သည်။ ထို့ကြောင့် ဤလောကနှင့် ပတ် သက်၍ ကောင်းသောအရာ တစုံတခုမျှမရှိချေ။ 

 အကျိုးရှိသော၊ အဓိပ္ပါယ်ရှိသော ရည်ရွယ်ချက်မှာ၊ ဘုရားသခင်၏ ရည် ရွယ်ချက်အတိုင်းရည်ရွယ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်သိ၍ လုပ်မှ သာလျှင် အကျိုးရှိသည်။ ထိုအရာသာလျှင် ထာဝရ တည်တန့်မည် ဖြစ်သည်။ ဘုရားသခင်ကပရောဖက် ဒံယေလအားဖြင့် ဤသို့ ရေးထားသည်၊ “ပညာရှိသော သူတို့သည် လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ​ဖြောင့်မတ်ခြင်း တရားလမ်းထဲသို့ သွင်းသော သူတို့သည် လည်း၊ ကြယ်များ ကဲ့သို့၎င်း အစဉ်အမြဲထွန်းလင်းကြလိမ့်မည်။” (ဒံယေလ ၁၂:၃)။ 

 ပြုလုပ် ဆောင်ရွက်မှု မှား နေကြသည် 

ဤလောက၌ လူသား တိုင်း အမျိုးမျိုးသော အလုပ်လုပ် ကြသည်။ အချို့ သော အလုပ်များသည် လူ့အမြင်၌ အလွန် အရေးကြီးသည်။ နိင်ငံကို အုပ်ချုပ်သော ခေါင်းဆောင်များ၊ စစ်တိုက်သော စစ်သားများ၊ လူနာကို ခွဲစိတ်ကုသသော ဆရာဝန်နှင့် ဆရာမများ၊ ကျောင်းသားများကို စာသင်ပေးနေသော ဆရာ၊ ဆရာမများ၊ သက် စွန့်စံဖြား အလုပ်လုပ်ရသောသူများ၊ ခလေးထိန်းသောသူများ၊ ကူး စက်တတ်သော ရောဂါတိုက်ဖျက် သူများ စသည်ဖြင့် အမျိုးစုံသော အလုပ်များကို လုပ် ကြသည်။ သို့သော် ထိုအလုပ်များသည် ထာဝရ ကာလ၌ ကျန်ရစ်မည်လော။ မိမိအသက် ပင် မကုန်မှီပျက်စီးမည့် အလုပ်လော။ မိမိအသက် ကုန်ဆုံးသောအခါ ပျက်စီးမည့် အလုပ်လော။ ဤကမ္ဘာ ကုန်ဆုံးသောအခါ ကုန်သွားမည့် အလုပ်လော စသည်ဖြင့် စမ်းစစ်ဘို့ လိုသည်။ ထာဝရ ကာလမှာ အကောင်းဖြင့် ကျန်ရစ်မည့် အလုပ်ကိုသာလျှင် လုပ်သင့်သည်။ သင်လုပ်သော အ လုပ်သည် ထာဝရ ကာလ၌ ကျန် ရစ်မည်လော။ ရှောလမုန်မင်းက၊ “နေရောင်အောက်မှာ ပြုလေသမျှသော အမှုအရာတို့ကို ငါမြင်ပြီ၊၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသောအမှု ဖြစ်ကြ၏၊၊ ” (ဒေသနာ ၁:၁၄)ဟု ရေးခဲ့သည်။ ထို့ကြောင့် ဆာလံဆရာက၊ “အနတ္တကို ပမာဏာမပြုစေခြင်းငှါ အ​ကျွန်ုပ်မျက်စိကို အခြားသို့ လွဲတော်မူပါ၊၊ လမ်းခရီးတော်၌ အ​ကျွန်ုပ်အသက်ရှင်စေတော်မူပါ၊၊ ” (ဆာ ၁၁၉:၃ရ)ဟု ဆုတောင်း ခဲ့သည်။ 

သင်္ခါရအသက် မှထာဝရ အသက် သို့


 အမေရကန်ပြည် ထောင်စုတွင် ဒုက္ခသည် အနေဖြင့် ရောက်သောသူတိုင်း၍ -၉၄ဖြင့် ဝင် ကြသည်။ ထိုဗီစာကို ွမနနည ဃမေိဖြင့် အစားထိုးရသည်။ ွမနနည ဃမေိကို ဃငအငဖနည ဃနမအင်ငခအေနနှင့် အစားထိုးရသည်။ ဃငအငဖနည ဃနမအင်ငခအေန ရရှိမှသာလျှင် ဤနိင်ငံ၌ နေထိုင်ဘို့ရန် အာမခံရှိသည်။၍ -၉၄နှင့် ွမနနည ဃမေိသည် စိတ်မချရပါ။ ထို့ကြောင့် အမြန်ဆုံး ဃငအငဖနည နိင်ငံသား ဖြစ်နိုင်ဘို့ ကြိုးစားရသည်။ 


ထို့နည်းတူ လူတိုင်း မွေးဘွားသောအခါ သခ်ါရအသက် ရှိကြသည်။ ထိုအ သက်သည် ကြာရှည်မခံ၊ အလွန် ဆုံးအနှစ် ၈၀၊ ၉၀ သာရှင်ရမည် ဖြစ်သည်။ များစွာသောသူများသည် မွေးကင်းစမှစ၍ အရွယ်မျိုးစုံတွင် သေကျေ ပျက်စီးရ ကြသည်။ ကိုယ်ခန္ဓာအသက် မကုန်ဆုံးမှီတွင် ထာဝရ အသက် ရဘို့ မသိသောသူ၊ ဂရုမစိုက်သောသူ၊ မလက်ခံသောသူများသည် မလိုလားအပ်ဘဲ ထာဝရ မိီးအိုင် ထဲသွားရမည် ဖြစ်သည်။ ထာဝရ အသက်သည် ဝိညာဉ်နှင့် ပတ်သက်၍၊ ဘုရားသခင်ကအခမဲ့ပေးနေသည်။ ကျမ်းစာက၊ “ဘုရားသခင်သည် ငါတို့အား ထာဝရ အသက်ကို ပေးတော်မူ၍၊ ၁၂ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော် မရသောသူမူကား အသက်ကို မရ။” (၁ ယော ၅:၁၁-၁၂)ဟု ရေးထားသည်။ မိတ်ဆွေ၊ ခေါင်းမမာပါ နှင့်။ မီးငရဲအိုင်ရောက်ပြီးလျှင် ပြန်လမ်းမရှိတော့ပါ။ ထာဝရ ကာလ ပတ်လုံးနောင် တရမည် ဖြစ်သည်။ ယခု သဘော မပေါက်လျှင်လည်း လိုချင်သော ဆန္ဒရှိပါ။

ဘုရားသခင်က ထာဝရ အသက်ကို အခမဲ့ပေးသော်လည်း အတင်း မပေးပါ။ ဘုရားသခင်က၊ “အိုရေငတ်သောသူ အပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသော သူတို့၊ လာကြ၊၊ ဝယ်၍ စားသောက်ကြလော့၊၊ ငွေမပါဘဲ အဘိုးကို မပေးဘဲ လာ၍ စပျစ်ရေနှင့် နို့ကို ဝယ်ကြလော့။ ၂ အစာ မဟုတ်သောအရာ ဘို့သင်တို့ ငွေကို၎င်း၊ အမွတ် မပြေနိုင်သောအရာ အဘို့ သင်တို့ ဥစ္စာကို၎င်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့ နားထောင့်လျက်၊ ကောင်းသော အစာကို စားကြလော့။ သင်တို့၏ ဝိညာဉ်သည် ချိုသောအရာ တို့၌ မိမိကို မိမိမွေ့လျော် စေလိမ့်မည်။ ၃ နူးညွတ်သော နားနှင့် ငါ့ထံသို့ လာကြလော့။ နားထောင် ကြလော့။သို့ ပြုလျင်သင်တို့၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း၊ သင်တို့နှင့် ထာဝရ ပဋ္ဋိညာဉ်ပြု၍၊ ဒါဝိဒ်၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ပေးမည်။” ဟု ခေါ်ဘိတ်နေပါသည် (ဟေရှာယ ၅၅:၁-၃)။ 
 ဤနေရာ၌ ရေငတ်ခြင်းသည် ဝိညာဉ် ရေငတ်ခြင်းကို ဆိုလိုသည်။ လူ၏ ဝိညာဉ်သည် ရေ တည်းဟူသော ဘုရားကို ငတ်သော်လည်း စိတ်နှင့် ခန္ဓာက မသိ သောကြောင့် စိတ်နှင့် ခန္ဓာကြိုက်နှစ်သက်သော အရာများကို ငွေကုန်ကျေးကျခံပြီး ဝယ် နေကြသည်။ ထိုအရာများသည် အငတ် မပြေနိုင်ဟု ဘုရားကဆိုသည်။ ကိုယ်ခန္ဓာနှင့် စိတ်က၊ စားသော အရာများသည်လောကအရာများ ဖြစ်၍ တင်း တိမ်ရောင့်ရဲမှု မပေးနိုင်ချေ။ ဆားငံရေကို သောက် သကဲ့သို့ သောက်လေလေငတ် လေလေ ဖြစ်သည်။ အကြောင်းမှာ လူ၏ ဝိညာဉ်သည် ဘုရား သာလျှင် စာငတ်သောကြောင့် ဖြစ်သည်။ ကျမ်းစာက၊ “သမင်ဒရယ်သည် ရေစီးသော ချောင်းကို တောင့် တ သကဲ့သို့အ​ကျွန်ုပ် ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည် ဘုရား၊၊ ၂ ငါ့ဝိ ညာဉ်သည် ဘုရားသခင် တည်းဟူသော အသက်ရှင်တော်မူသော ဘုရားကို ငတ်လှ၏၊၊ ” (ဆာ ၄၂:၁-၂)ဟု ဆာလံဆရာကရေးထားသည်။ လူတိုင်း၏ ဝိညာဉ် ကဘု ရားကိုသာ ဆာငတ်သည်။ သို့သော် လူက နားမလည် နိုင်သောကြောင့် အလွှဲလွှဲ အချော်ချော်လောကအရာများကို ရှာဖွေ နေခြင်း ဖြစ်သည်။ 

“ထိုပွဲကို ခံ၍ နောက်ဆုံး ဖြစ်သော နေ့မြတ်၌ ယေရှုသည် ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့။ ၃၈ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာ လာသည် အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ၃၉ ထိုသို့ မိန့်တော်မူသော၊ ယုံကြည်သော သူတို့သည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။” (ယော ရး၃ရ- ၃၉)။ သခင်ယေရှုကလည်းရေငတ်သောသူရှိလျှင် သူ့ထံလာ၍ သောက်ဘို့ ဘိတ်ခေါ်နေသည်။ ထိုရေသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ဆိုလိုခြင်း ဖြစ်သည်။ သင်၏ အသက်တာ၌ သန့်ရှင်းသောဝိညာဉ်တော် မရှိလျှင် ဘယ်တော့မှ ကျေနပ် အားရမှု ရှိနိုင်မည် မဟုတ်။ ထို့ကြောင့် သင်၏ ဝိညာဉ်၊ ကိုယ်ခန္ဓာထဲမှမ ထွက်မှီတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို လက်ခံဘို့ အကြံပေးလိုပါသည်။ သန့်ရှင်းသော ိဝညာဉ်တော် ရရှိခြင်းသည် သခင်ယေရှု၏ ဝိညာဉ်ကို ရရှိခြင်း ဖြစ်သည်။ ပေါလုက၊ “ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိ ဘက်၌ ရှိကြသည် မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်ကို မရသောသူ မည်သည်ကား ခရစ်တော်နှင့် မဆိုင်။” (ရော ၈:၉)ဟု ရေးထားသည်။ ခရစ်တော်သည် အသက်ဖြစ်သည်ဟုသူ ကိုယ်တိုင် ဤသို့ ဆိုခဲ့သည်၊ “ယေရှုက၊ ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။” (ယော ၁၄:၆)။ သခင်ယေရှု ကသူသည အသက်ဖြစ်သည် ဟုဆိုရာတွင် ကိုယ်ခန္ဓာအသက် ဆိုလိုသည် မဟုတ်။ အကြောင်းမှာ သခင်ယေရှု လက်မခံသောသူများလည်း ကိုယ်ခန္ဓာအသက်ရှင် ကြသည်။ သခင်ယေရှုသည် လူ၏ ဝိညာဉ် အသက်ဖြစ်သည်။ လူ၏ ဝိညာဉ်သည် သခင်ယေရှု မရရှိလျှင် အသက် မရှိချေ။ ဝိညာဉ် ခန္ဓာကိုယ်ထဲမှ ထွက်သွားသောအခါ ငရဲမီးအိုင် ထဲ ဆင်းသွားမည် ဖြစ်သည်။ ထို့ကြောင့် သင်၏ ဝိညာဉ်၊ ခန္ဓာကိုယ်ထဲမှမထွက်မှီတွင် သခင်ယေရှုကို မိမိ၏ အသက် အဖြစ် လက်ခံပါ။ ပေါလုက၊ “ငါတို့ အသက် တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ၊ ငါတို့သည်လည်း ထိုသခင်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလတံ့။” (ကော ၄:၄) ဟုဆိုခဲ့သည်။ ခရစ်တော်သည် ငါတို့၏ အသက်ဖြစ်သည်။ ထိုခရစ်တော်ကို ကိုယ်ခန္ဓာအသက် ကုန်မှီ အမြန်ဆုံး လက်ခံပါဟု အကြံပေးလိုပါသည်။ 


 
အလိုတော်၌ ဆုတောင်းခြင်း အသက်တာ (၂) 
သား ထူး
 (ဧပြီလမှအဆက်) 


ဘုရားနှင့် စကားပြောခြင်း (သို့) ဆုတောင်းခြင်း 

ချစ်သော မိတ်ဆွေ ဧပြီလကသင်၏ အသက်တာ၌ နေ့စဉ် ဆုတောင်းခြင်း အမှုကို ပြုနေပါသလား။ မည်သည့်အရာများကို ဆုတောင်းမှု ပြုနေပါသနည်း။ မည်ကဲ့သို့ ဆုတောင်း နေပါသနည်း။ ​ကျွန်ုပ်တို့ တောင်းသော ဆုတောင်း ချက်များသည် အလိုတော်နှင့် ညီ၍ ဘုရားသခင် နှစ်သက်သော ဆုတောင်းခြင်း ယဇ်၊ မျက် နှာတော် ရှေ့၌ မွှေးကြိုင်သော ရနံ့ ဖြစ်ပါရဲ့လား စသည့်မေးခွန်းများနှင့် အဆုံးသတ် ခဲ့သည်။ 

စာရေးသူ ယုံကြည်သူ အဖြစ် ပြောင်းလဲခါစမှ ယခုချိန်ထိတိုင်အောင် ဆုု တောင်းခြင်းနှင့် ဆိုင်သော နှုတ်ကပတ်တော်၊ သက်သေခံချက် များစွာကို ကြားနာ၍ လေ့လာဆင်ခြင်ခဲ့ရပါသည်။ ဘုရားသခင် အသုံးပြုလျက် ရှိသော ဆရာအများစု၏ သွန်သင်ချက်များ၌ ဆုတောင်းခြင်း ဆိုသည်မှာ ဘုရားသခင်နှင့် စကားပြောခြင်း ဖြစ်ကြောင်း တွေ့ရသည်။ စာရေးသူသည်လည်း ထိုကဲ့သို့ပင် ယုံကြည် လက် ခံသည်။သို့ ပါသောကြောင့် စကားပြောခြင်း၏ အနှစ်သာရကို အထူးတလည်သိ ဖို့ရန်လိုအပ်သည်။ လူတစ်စုံတစ်ယောက်နှင့် စကားပြောဆို ရန်ထိုသူ၏ ဂုဏ်၊ အစွမ်း၊ အကျင့်ကို သိရှိဖို့ရန်လိုအပ်သလို၊ မိမိကိုယ်ကို မိမိမည်ကဲ့သို့ သောသူ ဖြစ်ကြောင်း သိဖို့ရန် အလွန် အရေးကြီးသည်။ သို့မှသာ စကားပြောခြင်း၏ အနှစ်သာရ၊ အကျိုးပေးခြင်းကို ခံစားရမည် ဖြစ်သည်။ ဆာလံ ၉၅:၆-၇တွင် “လာကြ၊ ပြပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။ ထာဝရဘုရားသည် ငါတို့၏ ဘုရား ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ အထံတော်၌ ကျက်စားသောသူ၊ လက်တော် အောက်၌ နေသော သိုးစု ဖြစ်ကြ၏။” ထိုကျမ်းချက်၏ အဆိုအရ ​ကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသည် ဒူးထောက်ပြပ်ဝပ်၍ ကိုးကွယ်ထိုက်သော ဘုရား၊ ​ကျွန်ုပ်တို့ကို ဖန်ဆင်းသော ဘုရား၊ ​ကျွန်ုပ်တို့ ကျက်စားရာ၊ ခိုလှုံရာ ဖြစ်တော်မူကြောင်း အထူးသိဖို့ရန်လိုအပ်သည်။ ထိုသို့ ဆိုခြင်း၌ တာဝန် ကျေ ယုံကြည်သူ ခရစ်ယာန်များကို ရည်ညွှန်း၍ ဆိုခြင်း ဖြစ်သည်။ ​ကျွန်ုပ်တို့သည် ဘုရားသခင်၏ သိုးစုများ ဖြစ်ကြသည်ကို၎င်း၊ သာယာသော မြစ်နားမှာ စိုက်ထားခြင်းကို ခံရသော စိမ်းလန်းရာ၌ ကျက်စား နေကြသောသူများ ဖြစ်သည်ကို ယုံကြည် ဖို့ရန်လည်း လိုအပ်သည်။ သို့မှသာ ဘုရားသခင်၏ စကား သံကို ကြားရမည် ဖြစ်သည်။ ထိုအကြောင်းကို ယောဟန် ၁၀:၂၇၌ “ငါ့သိုးတို့သည် ငါ့စကား သံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။” ဟု သခင် ခရစ်တော်က ပြောခဲ့သည်။ 
သင် (သို့) ​ကျွန်ုပ်သည် ဘုရားသခင်နှင့် စကားပြောချင်ပါက ဘုရား၏ သဘော၊ ဘုန်းတန်ခိုး၊ အစွမ်းသတ္တိကို သိရှိဖို့ရန်လိုအပ်သလို၊ ကိုယ့်အကြောင်း ကိုယ်လည်း သိဖို့ရန် အထူးလိုအပ်သည်။ ထိုအရာများကို မသိလှျင် ဘုုရားသခင်နှင့် မည်သူမျှ စကား ပြော၍ မရပေ။ ပြောလှျင် ( ဆုတောင်း)လည်း အကျိုးကို မပေး၊ အကျိုးလည်း မရှိ ဖြစ်ပေလိမ့်မည်။ ဖိလိပ္ပိ ၄:၆-၇၌ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာ ပြုသော အားဖြင့်၊ သင်တို့ တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြား လှေျာက်ကြလော့။ ထိုသို့ ပြုလှျင် အဘယ်မျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” ထိုကျမ်းစာ ပါဖော်ပြချက် အရအရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းဖို့ရန် အတွက် ကျေးဇူးတော်၊ ဂုဏ်တော်များကို သိရှိဖို့ရန်လိုအပ်ပါသည်။ မသိလှျင်အ ဘယ်ကဲ့သို့ ချီးမွမ်းနိုင်မည်နည်း။ အဘယ်ကဲ့သို့ ဆုတောင်း ပဌနာ ပြုနိုင်မည်နည်း။ တဖန် ယေရှုခရစ်ကို သင်မယုံကြည်၊ လက်မခံလှျင်၊ ဘုရားသခင်ထံမှ လာသော စောင့်မခြင်း၊ ငြိမ်သက်ခြင်းကို မရရှိနိုင်ပေ။ 

လောကဝတ်အတိုင်း စကားပြောခြင်း အရာနှင့် ဆက်ဆိုင်၍ စာရေးသူ၏ အသက်တာမှ အတွေ့အကြုံအနည်းငယ်ကို သက်သေခံတင်ပြချင် ပါသည်။ စကားပြောခြင်း ဆိုသည်မှာ မိမိတစ်ကိုယ်တည်း ထုတ်ဖော် ပြောဆိုခြင်းရှိသလို၊ အခြားသူတစ်ဦးတစ်ယောက်နှင့် တွဲဖက် ပြောဆိုခြင်း မျိုးလည်းရှိနိုင်သည်။ ဥပမာစာရေး သူ၏ အသက် (၄) နှစ်အရွယ်ရှိသမီးလေးသည် တခါတရံတစ်ယောက်တည်း စကားပြော၍ ဆော့ကစားနေတတ်သည်။ သူ့စကားကို သူတစ်ဦးတည်းသာ နားလည်နိုင်သည်။ ကလေး၌သာ မဟုတ်ပါ။ လူကြီးများပင်လှျင်တစ်ယောက်တည်း စကားပြောနေသည့်အချိန်များရှိတတ်သည်။ ဥပမာ ငါတော့ပြဿနာပဲ၊ သေတော့ မှာပဲ၊ ဘုရားသခင်ကယ်တော်မူပါ စသည့်အရာများကို မိမိတစ်ယောက်တည်းရံဖန် ရံခါ ပြောဆို တတ်ကြသည်။ သင်လည်း ပြောတတ်ပေလိမ့်မည်။ လူသည် စကားပြောတတ်သော သတ္တဝါ ဖြစ်သောကြောင့် တစ်ဦးနှင့် တစ်ဦးမိမိ တတ်​ကျွမ်းရာ ဘာသာစကားဖြင့် မိမိနေထိုင်ရာလူမှု ပတ်ဝန်းကျင်၌ ဆက်သွယ် ပြောဆိုလျက် ရှိကြသည်။ သို့သော် အကျိုးရှိသော စကားနှင့် အကျိုးမဲ့သော စကား၊ သူတစ်ပါးကို ချီးမွမ်းသော စကားနှင့် မိမိကိုယ်ကို ဝါကြွားသော စကား၊ အပြစ် ဖုံးသော စကားနှင့် အပြစ် ဝန်ချသောစကား မည်သည့်စကားကိုသာ၍ ပြောနေလဲဆိုတာ ယုံကြည်သူ အသက်တာအသီးသီး၌ မိမိကိုယ်ကို မိမိနာမတော်ကို အမှီပြုလျက် စုံလင်စေခြင်း အလို့ငှါ ဆင်ချင် မိစေချင် ပါသည်။ 

​ကျွန်ုပ်တို့ ဘယ်ကဲ့သို့သော စကားများကို နေ့စဉ် ပြောဆိို နေကြပါသလဲ။ ဆာလံ ၅၂:၂-၄၌ “သင်၏ လှျာသည်ထက်သော သင်တုန်းကဲ့သို့ လှည့်စားသ ဖြင့်၊ သူ့အကျိုးကို ဖျက်ခြင်း အမှုကို ပြုစုတတ်၏။ သင်သည် သုစရိုက်ထက် ဒုစရုုိက်ကို၎င်း၊ ​ဖြောင့်မတ်သော စကားထက် မုသာစကားကို၎င်းသာ၍ နှစ်သက်တတ်၏။ အိုလှည့်စားတတ်သော လှျာ၊ သင်သည် ပျက်စီးသော စကားရှိသမျှတို့ကို နှစ်သက် တတ်၏” ဟု ဖော်ပြထားသည်။ ထိုကျမ်းစာ ဖော်ပြချက်အရ လှျာရှိသော လူသား တိုင်းသည် လှည့်စားခြင်း၊ သူ့အကျိုးကို ဖျက်ဆီးခြင်း၊ ဒုစရိုက်ကို ပြုခြင်း၊ မုသား စကားကို နှစ်သက်ကြခြင်း၊ ပျက်စီးခြင်းမှ န်သမျှသော စကားတို့ကို နှစ်သက်တတ်ကြသည်ကို အဘယ်သူသည် ငြင်းဆိုနိုင်မည်နည်း။ မည်သူမျှငြင်းဆို၍ မရနိုင်ပါ။ ငြင်းလှျင်လည်း မုသား ပြောသောသူသာ ဖြစ်မည်။ 

စာရေးသူအနေဖြင့်လောကအရာ၌ အသက်ရှင်ခဲ့စဉ်အခါက “စကား ပြောခြင်းသည် အတတ်ပညာ တခု ဖြစ်ကြောင်း” လေ့လာမှတ်သား ဖူးပါသည်။ လူ့လောက၊ လူ့သဘာဝ အရတစ်ဦးနှင့် တစ်ဦး “ဆက်သွယ် ပြောဆို ရာတွင်” စကားပြောခြင်းသည် အလွန်ပင် အရေးပါသည်။ မိမိ၏ စကား တစ်ခွန်းကြောင့်မုန်းခြင်း၊ ရန်တွေ့ခြင်း၊ ငြူစူခြင်း၊ ဒေါသ ဖြစ်ခြင်း၊ စိတ်ဆိုးခြင်းများဖြစ်ပေါ်နိုင် သကဲ့သို့ ချစ်ခြင်း၊ စေတနာထားခြင်း၊ မေတ္တာပွားခြင်း၊ ဂရုဏာသက်ခြင်းများကိုလည်း ဖြစ်ပေါ် စေနိုင်သည်။ ထိုကြောင့် မိမိပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းနှင့် ပြောဆို ဆက်ဆံခြင်း အရာ၌ လောက အကျိုး ဖြစ်ထွန်းစေရန် ရည်သန်၍ စကားပြောခြင်း အတတ် ပညာကို အတိုင်း အတာတရပ်အထိ တတ်မြောက်ဖို့ရန် ကြိုးစား ခဲ့ပါသည်။ အထိ ုက်အလျောက်အသုံးချခဲ့ဖူးပါသည်။ သို့သော် သခင် ခရစ်တော်ကို မိမိ၏ အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံခဲ့သည် အချိန်ကာလ လွန်လောက်မှစ၍ ထို“စကား ပြောခြင်း အတတ်ပညာ” သည် အချည်းနှီးသက်သက် ဖြစ်၍ မိမိ၏ စိတ်နှလုံးကို အစဉ်ဖျက်ဆီးလျက် ရှိသော စာတန်၏ လက်နက်တစ်ခုု ဖြစ်ကြောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြသွန်သင်ခြင်းကို ခံခဲ့ရသည်။ အကြောင်းမှာ ​ကျွန်ုပ်တို့သည် မိမိတို့နှင့် ထိတွေ့ဆက်ဆံသောသူ၏ အကြိုက် (သို့) အလိုကို လိုက်၍ လိမ်ညာခြင်း၊ လှည့်ဖျားခြင်း၊ ဟန်ဆောင်ခြင်း၊များကို ပြုရသောကြောင့် အ ချိန်တိုင်း လိုလို မိမိ၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်ကို မိမိကိုယ်တိုင် အမြဲတမ်းလှည့် ဖျား၍ လောကအရာ၌ ကျရှံုးစေတတ်ကြသည်။ ဆာလံဆရာက “သူ၏ နှုတ်သည် ကျိန်ဆဲခြင်း၊ လှည့်စားခြင်း၊ ရှုတ်ချခြင်းနှင့် ပြည့်ဝပါ၏။ လှျာအောက်မှာမ ကောင်းသော အကြံနှင့် မတရားသောအမှု ရှိပါ၏။” (ဆာ ၁၀:ရ) ဟုဆိုထားသောကြောင့် လူသားတို့၏ စကားပြောခြင်း အရာသည် မည်သည့်အခါတွင် မျှစင်ကြယ် သန့်ရှင်းခြင်း မရှိနိုင်ပါ။ ထိုသို့ မသန့်ရှင်း၊ ဒုစရိုက်မကင်းသော စကားများကို ​ကျွန်ုပ်တို့သည် အဘယ်ကြောင့် နှစ်နှစ်ကာကာ ပြောဆို နေကြသနည်း။ ( မှတ်ချက်၊ ဆရာမောဇက် ရေးသား သွန်သင်ထားသော ကယ်တင်ခြင်း စာအုပ်ကို ပြန်လည် လေ့လာစေချင် ပါသည်)။ မသန့်ရှင်းသော ​ကျွန်တော်တို့ လူသားများနှင့် သန့်ရှင်းသော ဘုရား မည်ကဲ့သို့ စကားပြောကြမည်နည်း။ ကျမ်းစာ၌ ပါသည့်အတိုင်း ဆက် လက်လေ့လာကြည့်ကြပါစို့။ 


ကမ္ဘာဦး စကားပြောခြင်း (သို့) ဆုတောင်းခြင်း 

သမ္မာကျမ်းစာ၌ ဘုရားသခင် တစ်ပါးတည်း (သို့) ဆုတောင်း သူတစ်ဦး တည်းပြောဆိုသည့်အချိန် အခါများရှိသလို၊ ဆုတောင်းသူ (သို့) ရွေးနှုတ်ခြင်း ခံရသောသူနှင့် ဘုရားသခင်တို့ အပြန်လှန် ပြောဆိုခြင်းများကိုလည်း တွေ့ရသည်။ ရှေ့ဦးစွာ ကမ္ဘာဦးကျမ်း၌ ပါသော ဘုရားရှင်၏ နှုတ်တော် ထွက်စကား သံများကို လေ့လာကြည့်ကြပါစို့။ 

အလင်းဖြစ်စေ (ကမ္ဘာဦး၁:၃)၊ ထိုစကားသည် ကျမ်းစာထဲ၌ ပထမဦးဆုံး တွေ့ရသော ဘုရားသခင်၏ နှုတ်တော် ထွက် စကား ဖြစ်သည်။ ထိုစကားသည် ယနေ့ တိုင်အောင် တည်လျက် ရှိ၏။ ခေတ်များ၊ သက္ကရာဇ်များ ပြောင်းသွားသော်လည်း ယနေ့ တိုင်အောင် ပြည့်စုံလျက် ရှိသည်။ ဘုရားရှင်ပြောသည့်အတိုင်း ဖြစ်ကြောင်း ယနေ့ သင်တွေ့နေရသော အလင်းသည် သင်နှင့် ​ကျွန်ုပ်အတွက် ဘုရားသခင်၏ သက်သေ ဖြစ်သည်။ ထိုသို့ ဆိုခြင်း၌ ဝိညာဉ် အလင်းကို ဆိုလိုခြင်း ဖြစ်သည်။ မိတ်ဆွေ သင်၏ အသက်တာတွင်လောက အမှောင်ထဲ၌ အလင်း ဖြစ်ဖို့ရန် ဘုရားသခင်ထံ၌ ဆုတောင်း ဖူးပါသလား။ ဆုတောင်း ဖူးလှျင်လည်း ထိုအလင်းကို သင် ကိုယ်တိုင် မြင်ပါသလား။ 

ငါသည် အလျင် အမြန် လာမည် မှန်ပေ၏ ( ဗျာဒိတ် ၂၂:၂၀)၊ ထိုစကားသည် ကျမ်းစာထဲ၌ နောက်ဆုံုးမိန့်မှာသော ဘုရားသခင်၏ နှုတ်တော် ထွက်စကား ဖြစ်သည်။ မိတ်ဆွေ သင်အနေဖြင့် ကိုယ်တော် အလျှင်အမြန် လာပါစေ၊ ကိုယ်တော်၏ စကားသည် မှန်ပေ၏ ဟူ၍ ဝန်ခံ ဆုတောင်း ဖူးပါသလား။ ဆုတောင်းခြင်း ဆိုသည်မှာ ဘုရားသခင်နှင့် စကားပြောခြင်း ဖြစ်သည်။ “ငါ့သိုးတို့သည် ငါ့စကား သံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။” 
 ဤစာစောင်အားဖြင့် ဘုရားသခင်၏ အလိုတော်ကို သိ၍ ဆုတောင်း အားကြီးသောသူများ ဖြစ်စေဖို့ရန် ဘုရားသခင် လမ်းပြ၊ သွန်သင်ခြင်းအားဖြင့် သင့်ပေါ်၌ ဘုရားသခင်က ောင်းကြီး ပေးပါစေ။ အလိုတော် ရှိလှျင် ဆက်လက်ဖော်ပြပါဦးမည်။ 

 


အဘယ်ကြောင့်နားမထောင်ကြသနည်း


အဘယ်ကြောင့် ယုံကြည်သူများသည် ဘုရား စကား နားမထောင်နိုင် ကြသနည်း။ ဘုရားသခင်က ပြောသောအရာ တခုမျှ မလိုက်ချင် ကြချေ။ “ဘုရားသခင်၏ နိုင်ငံတော်နှင့် ​ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ ပေးတော်မူ လတံ့။ ထိုကြောင့် နက်ဖြန် အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့ စိုးရိမ် လိမ့်မည်။ ယခုနေ့၌ ရှိသော မကောင်း မသင့်သောအရာသည် ယခုနေ့ဘို့လောက်ပေ၏။” (မ ၆:၃၃-၃၄) ဟုပြောသော်လည်း နိင်ငံတော်ကို မရှာကြ၊ မစိုးရိမ်နှင့် ဟုဆိုသော်လည်း စိုးရိမ် ကြသည်။ “ထာဝ ရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ ၆ သွား လေရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ၇ ငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။ ၈သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။” (သုတ္တံ ၃:၅-၈)ဟု ဘုရားကို အားကိုး ခိုင်းသော်လည်း လူကိုသာ အားကိုး၍ လူကိုသာ မျက်မှောက်ပြု ကြသည်။ “သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တမန် ၁:၈)ဟု သက်သေခံခိုင်းသော်လည်း လုံးဝ မခံလိုကြချေ။ 

မချစ်သော သောကြောင့် 

ကျမ်းစာက၊ “သွားလေရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သုတ္တံ ၃:၆) ဟုဆိုသော်လည်း ​ကျွ​ဲပါးစောင်းတီး ဖြစ်သည်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် မပြုနိင်ကြချေ။ မျက်မှောက်ပြုခြင်း ဆိုသည်မှာ မြင်ယောင်မိနေခြင်း၊ ဂရုစိုက်ခြင်း၊ နာခံခြင်း ဖြစ်သည်။ 

ဘုရားသခင်၏ အလိုတော်ကို ဆောင်ခြင်းသည် အလွန် ခက်သည်၊ အလွန် လွယ်သည်။ ဘုရားကို ချစ်လျှင် အလွန် လွယ်သည်။ ဘုရားကို မချစ်လျှင် အလွန် ခက်သည်။ ကိုယ့်ချစ်သူ၏ အလိုဆန္ဒဖြည့်ဘို့ရန် အလွန် လွယ်သည်။ ချစ်သူတွေ့ဘို့ရန် အတွက် ဘယ်လောက်ဝေးဝေးသွားနိုင်သည်။ ပင်ပန်းသည် အကုန်အကျများသည်ဟု မခံစား၊ မတွက်ချေ။ ချစ်သူအတွက် ငွေကိုလည်း သုံးစွဲနိုင်သည်။ ချစ်သူနှင့် တွေ့လျှင် အချိန််လည်း မနှမြောချေ။ သို့သော် ဘုရားနှင့် ပတ်သက်လာလျှင် အချိန်လည်း မပေးနိုင်ချေ။ တရားဟောကြာလွန်းသည် ဟုဆိုတတ်ကြသည်။ ငွေ​ကြေးလည်း မသုံးစွဲလိုကြချေ။ တဒေါ်လာလောက်သာလျှင် ပေးကြသည်။ ဝေးဝေးလည်း မသွားနိုင်ကြ၊ ပင်ပန်းသည် ဟုဆိုတတ်ကြသည်။ ဘုရား ခိုင်းသော သက်သေခံဘို့လည်း လုံးဝ မလုပ်လိုကြချေ။ မတတ်ဘူး၊ ဆုကျေးဇူးမရဘူး၊ တရားဟောဆရာ များ၏ အလုပ်ဟု ပြောတတ်ကြသည်။ သို့သော် လူအကြောင်း၊ လောကီရေးရာ များကိုမူခိုင်းသောသူမရှိသော်လည်း မပြောဘဲ မနေနိုင်၊ ပြောတတ်ကြသည်။ ထိုသို့ဖြစ်ရခြင်းသည် ဘုရားကို မချစ်သောကြောင့် ဖြစ်သည်။ သို့ဖြစ်လျှင် ဘုရားသခင်ကို မည်ကဲ့သို့ ချစ်နိုင်မည်နည်း။ 

ဘုရား ချစ်ရန်


ကျမ်းစာက၊ “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်း မဲ့၊ အစွမ်းသလ္လိရှိသမျှနှင့် ချစ်လော့။” ( တရားဟော ၆:၅)ဟု ရေးထားသည်။ ချစ် ဘို့ရန် ခိုင်း၍ ရပါသလော။ မရနိုင်ဟု သင်ဆိုလျှင် အဘယ်ကြောင့် ဘုရားသခင်ကို ချစ်ခိုင်းသနည်း။ ရသည် ဟုဆိုလျှင် မည်ကဲ့သို့ ချစ်နိုင်မည်နည်း။ ပဌမ ဦးစွာ ချစ်ခြင်းသည် အဘယ်အရာနည်း ဟူသောအရာကို ရှင်းပြဘို့ လိုသည်။ ချစ်ခြင်းသည် အမျိုး မျိုးရှိသည်။ ရီးစားအချစ်၊ လင်မယား အချစ်၊ မိဘက သားသမီး များအချစ်၊ သား သမီးများ ကမိဘအချစ်၊ ညီအစ်ကို မောင်နှမ အချစ်၊ သူငယ်ချင်းအချစ်၊ လုပ်ဘော် ဆောင်ဘက်အချစ်ဟူ၍ အမျိုးမျိုးရှိသည်။ ချစ်ခြင်းမေတ္တာသည် သနားခြင်း၊ ဂရုစိုက်ခြင်း၊ ကိုယ်ချင် စာခြင်းတို့ ဖြစ်သည်။ ဘုရားသခင်ကို ချစ်လျှင် ဂရုစိုက်မည်၊ အလေး ထားမည်၊ စိတ်ဆိုးမှာကို စိုးရိမ်မည်၊ မိဿဟာရဖွဲ့ချင်မည်၊ ပျော်မွေ့မည်။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လျှင် ဘုရား အတွက် အချိန်၊ စွမ်းအား၊ ဘဏ္ဍာများကို အလွယ်တကူ အသုံးပြုနိုင်မည်။ သို့ဖြစ်လျှင် ဘုရားသခင်ကို မည်ကဲ့သို့ ချစ်နိုင်မည်နည်း။ 

မဿဟာယဖွဲ့ခြင်းအားဖြင့် 

ချစ်ခြင်း မေတ္တာသည် သက်ဆိုင်ခြင်း (Rနူအေငသညျ့ငစ)အားဖြင့် မဟုတ်၊ မိဿဟာယဖွဲ့ခြင်း (်နူူသတျ့ငစ)အားဖြင့် ဖြစ်သည်။ မိဘနှင့် သားသမီးသည် မွေးစကတည်း ကကွဲကွာလျှင် ချစ်ခြင်းမေတ္တာ ရှိသင့်သလောက် မရှိနိုင်ချေ။ မည်မျှ ပင်သွေးသားတော် စပ်သော်လည်း၊ နီးနီးကပ်ကပ်မပေါင်းသင်းလျှင် မေတ္တာမရှိနိုင်ချေ။ သွေးသား မတော် စပ်သော်လည်း အမြဲအတူ သွားလာသောသူများသည် သံ ရောယဉ်ကြီးမားစွာ ရှိနိုင်သည်။ မိဘသေဆုံးသော်လည်း ဝမ်းမနည်းခြင်းသည် မိဿဟာယမရှိသောကြောင့် ဖြစ်သည်။ အဘိုးအဘွားသေဆုံးသောအခါ အလွန် ဝမ်းနည်းကျေကွဲခြင်းသည် အဘိုးအဘွားနှင့်အတူကြီး ပြင်းလာ၍ အမြဲမိဿဟာ ယရှိသောကြောင့် ဖြစ်သည်။ ခလေး များလည်း သွေးသားတော် စပ်သောသူများထက် မဆိုင်သောသူများကို ပို၍ ချစ်တတ်သည်။ အကြောင်းမှာ ထိတွေ့မှုများသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ချစ်နိင်ဘို့ရန်မှာ ဘုရားနှင့် ထိတွေ့မှု မိဿဟာယများများဖွဲ့ဘို့ ဖြစ်သည်။ မည်ကဲ့သို့ မိဿဟာယဖွဲ့မည်နည်း။ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ယုံကြည်သူများနှင့် ပေါင်းဖေါ်ခြင်း၊ ဘုရား ခိုင်းသော အရာများ လုပ်ခြင်း၊ ဘုရား မုန်းသော အရာများကို မုန်းခြင်း၊ ဘုရား မနှစ်သက်သော အရာများကို ရှောင်ခြင်းဖြင့် မိဿဟာယဖွဲ့နိုင်သည်။ ထိုအရာများကို လေးလေး နက်နက်ထား၍ အမြဲ ပြုလုပ်ပါက ဘုရားသခင်ကို ပို၍ ပို၍ ချစ်လာမည်။ သူ့ကို ချစ် လာလျှင် သူ့အလိုတော် ဆောင်ဘို့ရန် အလွန် လွယ်ကူမည် ဖြစ်သည်။ လူသည် ဘုရားနှင့် မိဿဟာယဖွဲ့ခြင်းထက် လူလူချင်းမိဿဟာယဖွဲ့ခြင်းကိုသာ၍ နှစ်သက် ကြသည်။ 

များသောအားဖြင့် တစိမ်းလူနှင့် စကားပြောဘို့ ရင်လေးတတ်ကြသည်။ သို့သော် ကြာ လာသောအခါ ရင်းနှီးလာ ကြသည်။ နောက်ပိုင်း၌ မတွေ့ဘဲ မနေနိုင်အောင် သံရောယဉ်ရှိ လာတတ်ကြသည်။ ဘုရားနှင့် မိဿဟာယဖွဲ့သောအခါ၌လည်း အစပိုင်း၌ ခက်ခဲနိုင်သည်။ သို့သော် ရှောင်မသွားဘဲ ဆက်တိုက် မိဿဟာယ ဖွဲ့ပါက အလွန် ပျော်မွေ့လာလိမ့်မည်။ ဒါဝိဒ်သည် သိုးကျောင်းသား ဖြစ်ခဲ့သည်။ သူသည် ကျမ်းစာဖတ်စရာလည်းရှိမည် မဟုတ်။ ယနေ့ ခရစ်ယာန်များကဲ့သို့ အပတ်တိုင်း ဘုရားကျောင်းတက်စရာလည်းရှိမည် မဟုတ်။ သို့သော် အဘယ်ကြောင့် ဘုရားသခင်ကို အလွန် ချစ်၍ ရင်းနှီး နိုင််သနည်း။ သူကိုယ်တိုင် ဤသို့ ရေးထားသည်၊ “ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္လာရှိ၏၊၊ ” (ဆာ ၁:၁-၂)။ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ နေ့ညဉ့်မပြတ် ဆင်ခြင် အောက်မေ့သောကြောင့် ဖြစ်သည်။ ဆာလံဆရာက၊ “နှုတ်တော် ထွက်တရားတော်သည် ရွှေငွေအထောင်၊ အသောင်းထက် မက၊ အ​ကျွန်ုပ်၌ သာ၍ ကောင်းပါ၏။” (ဆာ ၁၁၉:ရ ၂)ဟု ရေးထားသည်။ တဖန်၊ “ထာဝရဘုရားကို ကြောက်ရွံ့ခြင်း သဘောသည် သန့်ရှင်းသည် ဖြစ်၍ ကာလ အစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူ ချက်တို့သည် သစ္စာ တရားနှင့် ညီ၍ တညီတညွတ်တည်း ​ဖြောင့်မတ်ကြ၏၊၊ ရွှေထက် မက များစွာသော ရွှေစင်ထက် နှစ်သက်ဘွယ် ဖြစ်၍ ပျားရည်ထက် မက ပျားလပို့ထက် ချို ကြ၏။” (ဆာ ၁၉:၉-၁၀)။ သင်အတွက် တရားတော်သည် ရွှေထက် တန်ဘိုးရှိပါသလော။ ပျားရည်ထက် ချိုပါသလော။ 

ခရစ်တော် အတွက်လည်း ခမည်းတော် စကား နားထောင်ခြင်းသည် အစာထက် ကောင်းကြောင်း ဤသို့ ဆိုခဲ့သည်၊ “ယေရှုက၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။” (ယော ၄:၃၄)။ ဘုရားသခင်၏ အမှုတော်ဆောင်ခြင်းသည် အလွန် ခက် ခဲနေပါသေးသလော။ ဘုရား အလိုတော် ဆောင်ဘို့ ခက်ခဲနေလျှင် ဘုရားကို မချစ်၊ မလေးစား၊ မကြောက်ကြောင်း ထင်ရှားသည်။ အမှန်မှာ ဘုရားသည် အလွန် ချစ်စရာ ကောင်းသည်။ ငါတို့သည် မည်မျှပင်ဆိုးသွမ်း၍ ကျေးဇူးကမ်းသော်လည်း တ ဖက်သတ်မေတ္တာနှင့် ချစ်နေသည်။ “ဘုရားသခင်သည် ငါတို့ကို ရှေ့ဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကို ချစ်ကြ၏။” (၁ ယော ၄:၁၉)ဟု ယော ဟန်ကရေးထားသည်။ ကိုယ့်ကို အရင်ချစ်သောသူကို ပြန်မချစ်ရသလော။ “ထာဝ ရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့ထံမှ ဝေးစွာ ထွက် သွား၍၊ အနတ္တလမ်းသို့ လိုက်လျက်၊ အနတ္တသက်သက် ဖြစ်ရမည်အကြောင်း၊ ငါ၌ အဘယ်မည်သော အပြစ်ကို တွေ့ကြသနည်း။” (ယေရမိ ၂:၅)ဟု မေးခဲ့ဘူးသည်။ သင်သည်လည်း ဘုရားသခင်ကို မချစ်ရမည့် အကြောင်း၊ ဘုရားသခင်၌ အဘယ် မည်သော အပြစ်ရှိသနည်း။ ဘုရားသခင်ကို ချစ်ဘို့ရန် ကိုယ့်ကို ကိုယ်ပြဌါန်းပါ။ မိဿဟာယဖွဲ့ပါ။ အကျိုးကြီး လှသည်။ 

ကျမ်းစာဖတ်ကြစို့
ယော ၂


 
၁။ သုံးရက်မြောက်သော နေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မင်္လာဆောင်ပွဲကို ခံကြစဉ်၊ ထိုပွဲ၌ ယေရှု၏ မယ်တော် ရှိ၏။ ၂ ယေရှုနှင့် တပည့်တော်တို့ ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။ 

မင်္လာဆောင်ပွဲသည် ဘုရားသခင် ကိုယ်တော်တိုင် စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပွဲတကာတို့ထက် ပါဝင်သင့်သောပွဲ ဖြစ်သည်။ မယ်တော်မာရိ၊ သခင်ဘုရားနှင့် တပည့်တော် များလည်း ပါဝင် ကြသည်။ 

၃။ စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏ မယ်တော်က၊ စပျစ်ရည်မရှိဟု ကြားပြော၏။ 

ပွဲ၌ စပျစ်ရည်ကုန်ခြင်းကို မယ်တော်မာရိက သားတော် ယေရှု ထံပြောသည်။ ထိုသို့ စပျစ်ရည်ကုန်ခြင်းကို သတိထားခြင်းသည်၊ မင်္လာဆောင်သော သူတို့သည် သူတို့၏ ဆွေမျိုးတော် စပ်၍ ဖြစ်မည်။ 

၄။ ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ၏။ 

ဤနေရာ၌ သားတော် ကမယ်တော်ကို သင်သည် ငါနှင့် အဘယ်သို့ ဆိုင် သနည်း ဟုဆိုခြင်းသည် လူ့မြင်၌ အလွန် ရိုင်းသည်။ အဘယ်ကြောင့် ထိုသို့ ဆိုသနည်း။ ဖြစ်နိုင်သည် မှာမယ်တော်က သူ၏သား အကြောင်းကို သိ၍ သူ၏ တန်ခိုးအားဖြင့် ပြသနာ ​ ဖြေရှင်း ပေးဘို့ ပြောဆိုခြင်း ဖြစ်မည်။ ယေရှုသည် ခန္ဓာကိုယ်အားဖြင့် မယ်တော်နှင့် သက်ဆိုင်သော်လည်း ဝိညာဉ်အားဖြင့် မူဘာမျှမ ဆိုင် ဟုဆိုနိုင်သည်။ ယေရှု ကငါ့အချိန် မရောက်သေးဟု မိန့်တော်မူခြင်းသည် သူ့အချိန် မှသာ အ လုပ်လုပ်တတ်ကြောင်း ထင်ရှားသည်။ 

၅။ မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အား ဆိုလေ၏။ 

အဘယ်ကြောင့်မယ်တော်က သူစေခိုင်းသမျှ ပြုကြလော့ဟု အစေခံတို့ကို မှာသနည်း။ သူ့သား၏ အစွမ်းအစကို သိသောကြောင့် ဖြစ်မည်။ ​ကျွန်ပ်တို့လည်း ဘုရား ခိုင်းသမျှကို ပြုလုပ် သင့်သည်။ ယခုမူဘုရား ခိုင်းသော အမှုကို မလုပ်ဘဲ ကိုယ်လုပ်ချင်သော အရာများကိုသာလျှင် လုပ် နေကြသည်။ 

၆။ ယုဒဘာသာအလျောက် စင်ကြယ်ခြင်း အဘို့ အလိုငှာ၊ ထိုအရပ်၌ နှစ်တင်း သုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်း ​ခြောက်လုံးထားလျက် ရှိ၏။ ရယေရှုက လည်း၊ ဤရေအိုးတို့ကို ရေဖြည့်ကြဟု အစေခံတို့အား မိန့်တော်မူလျှင်၊ ထို သူတို့သည် လျှံမတတ်ဖြည့်ကြ၏။ ၈ ယခုခပ်၍ ပွဲအုပ်ထံသို့ သွင်းကြလော့ဟု မိန့်တော်မူသည် အတိုင်း သွင်းကြ၏။ 

သဘာဝအားဖြင့် စပျစ်သီးမှစပျစ်ရည် ဖြစ်ဘို့ရန် အနည်းဆုံး​ခြောက် လလိုအပ်သည်။ နှစ်ကြာလေလေ ပျင်းလေလေကောင်းလေလေ ဖြစ်သည်။ ထို့ အပြင်ရေမှစပျစ်ရည်သည် လူအားဖြင့် မလုပ်နိုင်ချေ။ သို့သော် သခင်ယေရှုသည် ဘုရား ဖြစ်သောကြောင့် ရေမှ ချက်ချင်း စပျစ်ရည် ဖြစ်စေနိုင်သည်။ ဤအရာအားဖြင့် သိပ္ပံပညာရှင်များက ဤကမ္ဘာနှင့် နက္ခတ္တရာများသည် နှစ်သန်းပေါင်း များစွာမှ ဖြစ်ခဲ့သည် ဟူသောအရာ မမှန်ကြောင်း ချေပလိုက်သည်။ ဘုရား အတွက် နှစ် သန်းပေါင်း များစွာ မလို၊ ချက်ချင်း အရာခပ်သိမ်းကို ချက်ချင်း ဖန်ဆင်းနိုင်သည်။ ကျောက်ထဲမှ ရေထွက်စေနိုင်သောသူ၊ လူသုံးလေးသန်းလောက်နှစ်ပေါင်းလေး ဆယ်​ကျွေးနိုင်သောသူ၊ တညချင်းတွင် ပင်လယ်နီကို ပြတ်စေ၍ သူ့လူများကို ဖြတ် သန်းစေနိုင်သော ဘုရား အတွက် အရာခပ်သိမ်းသည် နှစ်သန်းပေါင်း များစွာ မလိုချေ။ များစွာသော တရားဟောဆရာများ ပင်လျှင် ကမ္ဘာကြီးကို နှစ်သန်းပေါင်း များစွာ ကြာ သကဲ့သို့ တရားဟော ကြသည်။ ရေနံ၊ ဓါတ်ငွေ့နှင့် ကျောက်မီးသွေးများသည် ကျောက် ဖြစ်ရုပ်ကြွင်းများမှ ဖြစ်သည်ဟု ယုံကြည်သည်။ ဘုရားသခင်က ရေ နံကို ရေနံအဖြစ်၎င်း၊ ဓါတ်ငွေ့ကို ဓါတ်ငွေ့အဖြစ်၎င်း၊ ကျောက်မီးသွေးကို ကျောက် မီးသွေးအဖြစ်၎င်း၊ ဖန်ဆင်းသည်။ ဘုရား အတွက် နှစ်သန်းပေါင်း များစွာ ဓါတ် ပြောင်းစရာ မလိုပါ။ 

၉။ ပွဲအုပ်သည် စပျစ်ရည် ဖြစ်စေသော ရေကို မြည်းစမ်း၍၊ ထိုရေကို ခပ်သော အစေခံတို့သည် စပျစ်ရည်ကို အဘယ်မှာ ရသည်ကို သိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္လာဆောင်လုလင်အား အသံကို လွှင့်၍၊ ၁၀ အခြားသောသူ မည်သည်ကား၊ ရှေ့ဦးစွာ ကောင်းသော စပျစ်ရည်ကို ထည့်၍ ဝစွာ သောက်ကြပြီးမှညံ့သော စပျစ်ရည်ကို ထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသော စပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီ ဟုဆို၏။ 

 သခင်ယေရှု ပြုလုပ်သော စပျစ်ရည်သည်၊ စပျစ်သီးမှလုပ်သော စပျစ်ရည်ထက် ကောင်းသည်။ အရာခပ်သိမ်းသည် လူလုပ်သောအရာထက် ဘုရားသခင် လုပ်သောအရာသည် ပို၍ ကောင်းသည်။ သခင်ယေရှု လုပ်သော စပျစ်ရည်ကို အစေခံများ ကသိသော်လည်း ပွဲအုပ်က မသိချေ။ ထို့နည်းတူ ဘုရား လုပ်သောအရာကို စိတ်နှိမ့်ချသောသူများ ကသာ သိ၍ ငါသည် ပညာရှိ ဖြစ်သည် ဟူသောသူများက မသိနိုင်ချေ။ ဦးနှောက်သုံးသောသူများ ကဘုရား၏ အလုပ်ကို မသိနိုင်ကြချေ။ 

၁၁။ ထိုသို့ ယေရှုသည် ရှေ့ဦးစွာသော ဤ နိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာ နမြို့၌ ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည် ကြ၏။ 

ယောဟန် ခရစ်ဝင်ကျမ်း၌ အထက်ပါ နိမိတ်လက္ခဏာသည် ပဌမဦးဆုံး ပြသောအရာ ဖြစ်သည်။ တပည့်တော်တို့သည်လည်း ယုံကြည် ကြ၏ ဟုဆိုသည်။ လူသည် နိမိတ်လက္ခဏာမြင်မှယုံကြည် တတ်ကြသည်။ သို့သော် နိမိတ်လက္ခဏာ မမြင်ဘဲ ယုံကြည်ခြင်းသည် သာ၍ မင်္လာရှိကြောင်း ယေရှု ကသော မတ်ထံ ဤသို့ ဆိုခဲ့သည်၊ “သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသော သူတို့သည် မင်္လာရှိကြ၏ဟု မိန့်တော်မူ၏။” (ယော ၂၀:၂၉)။ ဖာရိရှဲများ ကနိမိတ် လက္ခဏာပြဘို့ တောင်းသောအခါ ယေရှုက၊ “ဆိုးညစ်၍ မျောက်မထားသော အမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက် ယောန၏ နိမိလက္ခဏာ မှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အား မပြရာဟု မိန့်တော်မူပြီးလျှင် ထို သူတို့ ရှိရာမှ ထွက်၍ ကြွတော်မူ၏။” (မ ၁၆:၄)ဟု အပြစ်တင်ခဲ့သည်။ နိမိတ်လက္ခ ဏာတောင်းခြင်းသည် ဘုရားသခင်ကို ဆော်ကားခြင်း၊ သိက္ခာချခြင်း၊ မုသာပြောသောသူဟု စွပ်စွဲခြင်း ဖြစ်သည်။ သူတပါးကသင်၏ စကားကို မယုံဘဲ သက်သေပြ ခိုင်းလျှင် သင် ကျေနပ် ပါမလော။ 

၁၂။ ထိုနောက် မယ်တော် မှစ၍ ညီတော်၊ တပည့်တော်တို့ နှင့်တကွ၊ ကပေရနောင် မြို့သို့ ကြတော်မူ၏။ ထိုမြို့မှာကြာမြင့်စွာ မနေဘဲ၊ ၁၃ ယုဒပသခါပွဲခံချိန်နီးသည် ရှိသော်၊ ယေရုရှလင်မြို့သို့ ကြတော်မူ၏။ 

ယုဒလူများသည် ဗာဗုလုန်​ကျွန်မခံမှီတွင် ဘုရားကို စွန့်ကြသောကြောင့် ပသခါပွဲကို မပြုလုပ် တတ်ကြချေ။ ပသခါပွဲကို ဟေဇကိမင်းလက်ထက်၌ “ဒုတိယ လတဆယ်လေးရက်နေ့တွင်၊ ပသခါသိုးငယ်တို့ကို သတ်ကြ၏။ ထိုသို့ ယေရုရှလင်မြို့၌ ကြီးစွာသော ဝမ်းမြောက်ခြင်းရှိ၏။ ဣသရေလ ရှင်ဘုရင် ဒါဝိဒ်သားရှောလမုန် လက်ထက် မှသည်၊ နောက်တဖန် ယေရုရှလင်မြို့၌ ထိုမျှလောက်ကြီးစွာသော ဝမ်းမြောက်ခြင်း မရှိ။” (၂ ချုပ် ၃၀:၁၅၊ ၂၆)ဟု မှတ်တမ်းတင်ထားသည်။ တဖန်၊ “ထို သို့ယောရှိမင်းကြီး မိန့်တော်မူသည် အတိုင်း ပသခါပွဲကို ခံ၍၊ ထာဝရဘုရား၏ ယဇ် ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း ငါှ ထာဝရဘုရားအား ပြုရသော ဝတ်အ လုံးစုံကို၊ ထိုနေ့ခြင်းတွင် ပြင်ဆင် ကြ၏။ စည်းဝေးသော ဣသရေလ အမျိုးသားတို့သည် ထိုအခါ ပသခါပွဲကို၎င်း၊ အဇုမပွဲကို၎င်း၊ ခုနစ်ရက်ပတ်လုံးခံကြ၏။ ယောရှိမင်းနှင့် ယဇ်ပုရောဟိတ်၊ လေဝိသား၊ စည်းဝေးသော ယုဒပြည်၊ ဣသရေလ ပြည်သား၊ ယေရုရှလင်မြို့သား အပေါင်းတို့ ခံသော ထိုပသခါပွဲကဲ့သို့သော ပွဲကို ပရောဖက် ရှမွေလလက်ထက် မှစ၍၊ ဣသရေလ နိုင်ငံ၌ မခံ။ ထိုသို့သော ပသခါပွဲကို ဣသရေ လရှင်ဘုရင်တယောက်မျှ မခံ။ ယောရှိမင်းနန်းစံဆယ်ရှစ်တွင် ထိုပသခါပွဲကို ခံကြ၏။” (၂ ချုပ် ၃၅:၁၆-၁၉)ဟု ရေးထားသည်။ သို့သော် ဗာဗုလုန်​ကျွန်ခံရာမှပြန် လာသော ယုဒလူတို့သည် ပသခါပွဲကို နှစ်တိုင်း ကျင်းပတတ်ကြသည်။ 

၁၄။ ဗိမာန်တော်၌ သိုး၊ နွား၊ ချိုးငှက်ရောင်းသော သူတို့ကို၎င်း၊ ပွဲစားများ ထိုင်လျက် ရှိသည်ကို၎င်း၊ တွေ့တော်မူလျှင်၊ ၁၅ ရိုက်စရာဘို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူ အပေါင်းတို့ကို၎င်း၊ သိုး၊ နွားများကို၎င်း၊ ဗိမာန်တော် မှ နှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ ငွေတင်ခုံများကို တွန်းပစ်မှောက်ထားတော်မူ၏၊ ၁၆ ချိုးငှက်ရောင်းသော သူတို့အား လည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏ အိမ်တော်ကို ပွဲတဲမလုပ် ကြနှင့်ဟု မိန့်တော်မူ၏၊ ၁ရ။ ကိုယ်တော်၏ အိမ်တော်၌ စွဲလန်းပူပန်ခြင်း စိတ်သည် အ​ကျွန်ုပ်ကို စားပါ၏ ဟူ၍ ကျမ်းစာ လာသည်ကို၊ ထိုအခါ တပည့်တော်တို့သည် မှတ် မိကြ၏။ 

အဘယ်ကြောင့်သခင်ဘုရားသည် ဗိမာန်တော်၌ သိုးနွားငှက်ရောင်းသော သူတို့ကို နှင်ထုတ်တော်မူ သနည်း။ သိုးနွားရောင်းသော သူတို့သည် ဘုရားကိုးကွယ်ခြင်း၌ ဘုရား၏ အလိုတော် ရှာခြင်းထက် အကျိုးစီးပွားကို ရှာကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်က လူတိုင်း စားလောက်သော အစာနှင့် သုံးဆောင်လောက်သော အရာများကို ပေးထားပါသည်။ သို့သော် တင်းတိမ်ရောင့်ရဲခြင်း မရှိဘဲကိုးကွယ်ခြင်း၌လည်း အကျိုးစီးပွားရှာကြံ ကြသည်။ ဘုရား၏ အိမ်တော်သည် ဆုတောင်းရာကိုးကွယ်ရာနေရာ ဖြစ်သော်လည်း သူတို့ ကပွဲလုပ်သော နေရာအဖြစ် သုံး ကြသည်။ “ကိုယ်တော်၏ အိမ်တော်၌ စွဲလန်းပူပန်ခြင်း စိတ်သည် အ​ကျွန်ုပ်ကို စားပါ၏” ဟူသော ကျမ်းစာသည် ဆာလံ ၆၉:၉ကိုးကားခြင်း ဖြစ်သည်။ 

၁၈။ ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ် နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်း ဟုဆိုကြ၏။ ၁၉ ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုးဖျက် ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။ 

သခင်ယေရှု ကဗိမာန်တော်၌ ရောင်းဝယ်သော သူတို့ကို အထက်ပါကဲ့သို့ နှင််ထုတ်ခြင်းကြောင့် ယုဒလူတို့သည် မကျေမနပ် ဖြစ်ကြသည်၊ ထို့ကြောင့် ထိုသို့ ပြုနိင်ရန် အဘယ် နိမိတ်လက္ခဏာကို ပြမည်နည်းဟု မေးကြသည်။ နိမိတ်လက္ခ ဏာပြခြင်းသည် ဘုရားသခင်ထံမှ လာသောသူ ဖြစ်ကြောင်းကို သက်သေပြခြင်း ဖြစ်သည်။ ပေါလုက၊ “ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကို ရှာတတ်ကြ၏။” (၁ ကော ၁:၂၃) ဟုဆိုခဲ့သည်။ ဆိုလိုသည်မှာ ယုဒလူတို့သည် ဘုရား ယုံကြည် ဘို့ရန် နိမိတ်လက္ခဏာကို တောင်း တတ်ကြသည်။ ဟေလသ (ဂရိတ်) လူတို့သည် ဘုရား စကားကို ပညာအားဖြင့် တွက်တတ်ကြသည်။ ယုဒလူတို့က နိမိတ်လက္ခဏာတောင်းသောအခါ သခင်ယေရှုက၊ ဗိမာန်တော်ကို ဖြိုဖျက်၍ ပြန်တည်ဆောက်မည့် အကြောင်း ပြောသည်။ ထိုအ ရာကို အောက်တွင် ဖေါ်ပြထားသည်။ 

၂၀။ ယုဒလူတို့က၊ အနှစ်လေးဆယ်​ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည် ဆောက်ရကြ၏။ သင်မူကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လော ဟုဆို ကြ၏။ 

သခင်ယေရှုနှင့် ယုဒလူများသည် စကားပြောသောအခါ ဘယ်သောအခါ မျှအဆင် မပြေတတ်ချေ။ သခင်ယေရှုက ဝိညာဉ် စကားပြော၍ ယုဒလူတို့ ကဇာတိ စကားဖြင့် နားထောင် တတ်သည်။ ယုဒလူများ ပြောသော အနှစ်လေးဆယ်​ခြောက် နှစ်သည် ယေရုဗဗေလဆောက်သော ဒုတိယဗိမာန်တော် ဖြစ်သည်။ ရှောလမုန် ဆောက်သော ပဌမ ဗိမာန်တော်သည် ဗာဗုလုန်များ ကဘီစီ ၆၀၆တွင် မီးရှို့ဖျက်ဆီးခဲ့ပြီ။ 

၂၁။ ထိုသို့ မိန့်တော်မူ ရာ၌ မိမိကိုယ် တည်းဟူသော ဗိမာန်ကို အမှတ်ပြု၍ မိန့်တော်မူ၏။ 

သခင်ယေရှု ပြောသော ဗိမာန်သည် မိမိကိုယ်ကို ပြောသည်ဟု ရှင်းပြထားသည်။ ဗိမာန်တော်သည် ဘုရားကျိန်းဝပ်သော နေရာ ဖြစ်သည်။ ခရစ်တော် ကိုယ်တိုင်သည် ဘုရား ဖြစ်သောကြောင့် သူ၏ ကိုယ်ခန္ဓာသည် ဗိမာန်တော် ဖြစ်သည်။ ယနေ့ များစွာသော သူတို့သည် လူဆောက်သော ဘုရားကျောင်းများကို ဗိမာန်တော်ဟု မသိသောကြောင့် ဆိုတတ်ကြသည်။ ဗိမာန်တော် ဖြစ်ဘို့ရန် မှာအထဲ၌ ဘုရားရှိရမည်။ ယနေ့ ဘုရားရှိခိုးကျောင်းများသည် ဗိမာန်တော်များမဟုတ်ပါ။ တရားစရပ် (ျပည​ေါသါကန) များသာလျှင် ဖြစ်သည်။ စစ်မှန်သော ယုံကြည်သူများကို ပေါလုက၊ “သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူသည် ကို၎င်း၊ မသိကြသလော။ အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏၊ ထိုသူကို ဘုရားသခင် ဖျက်ဆီးတော်မူ လိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော် ဖြစ်ကြ၏။” (၁ ကော ၃:၁၆-၁ရ) ဟုဆိုခဲ့သည်။ အဘယ်ကြောင့် ယုံကြည်သူများသည် ဗိမာန်တော် ဖြစ်နိုင် သနည်း။ အထဲ၌ ဘုရားသခင်၏ ဝိညာဉ် ရှိသောကြောင့် ဖြစ်သည်။ 
 
၂၂။ ထိုကြောင့် သေခြင်းမှ ထမြောက်တော်မူသည် နောက်၊ ထိုစကားတော်ကို တပည့်တော်တို့သည် မှတ်မိကြသဖြင့် ကျမ်းစာကို၎င်း၊ ယေရှု၏ နှုတ်ကပတ်တော်ကို၎င်းယုံကြ၏။ 

သခင်ယေရှု ကအထက်ပါ ကဲ့သို့ ဗိမာန်တော်ကို သုံးရက်အတွင်းတွင် တည် ဆောက်မည့် အကြောင်းကို တမန်တော်များက သခင်ဘုရား ရှင်ပြန်ထမြောက် ပြီးမှသာလျှင်သဘောပေါက် ကြသည်။ သခင်ဘုရားသည် သူ၏ ကိုယ်ခန္ဓာ တည်းဟူသော ဗိမာန်တော် သေ၍ သင်္ဂြိုလ်ပြီး သုံးရက်မြောက်နေ့မှသာလျှင်ပြန်ထမြောက် ခဲ့သည်။ ထိုအရာကို ယုဒလူများက မသိခဲ့ကြချေ။ တမန်တော်များကသိနိင်ဘို့ရန် သုံးနှစ်စောင့်ရသည်။ သင်သည် ဝိညာဉ်တော်က နားလည်ခွင့်မပေးပါက ယခုရှင်းပြသော်လည်း နားမလည် နိုင််ချေ။ တမန်တော်များက ခရစ်တော်၏ စကားကို သုံးနှစ် ပြီးမှမှတ်မိသေး၍ ယေရှု၏ စကားကို ယုံကြည် ကြသည်။ 

၂၃။ ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့၌ ရှိ၍၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသော သူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံ ကြည်ခြင်းသို့ ရောက်ကြ၏။ 

ယေရှုသည် ပသခါပွဲ၌ နိမိတ်လက္ခဏာများကို ပြသည် ဟုဆိုသည်။ သို့သော် သူပြသော နိမိတ်လက္ခဏာများကို ယောဟန်ကမှတ်တမ်းမတင်ခဲ့ချေ။ သူ၏ ခရစ်ဝင်ကျမ်းနောက်ဆုံး၌ ဤသို့ ရေးထားသည်၊ “ယေရှု ပြုတော်မူသော အခြား အမှုအရာ အများရှိသေး၏။ ထိုအမှု အရာရှိသမျှတို့ကို အသီး အခြားရေးထားလျှင်၊ မြေကြီး မဆ့ံနိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” (ယော ၂၁:၂၅)။ “ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသော သူတို့သည် မြင် ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏” ဟုဆိုသော်လည်း နောက် ပိုင်း၌ သူတို့သည် သခင်ဘုရားကို အမြဲအပြစ် ရှာ ကြသည်။ သူတို့သည် သခင်ဘုရားကို ယုံကြည်သည် မဟုတ်ဘဲ နိမိတ်လက္ခဏာကိုသာ ယုံကြည် ကြသည်။ နိမိတ်လက္ခ ဏာယုံကြည်သောသူသည် ကြာရှည်မခံချေ။ 

၂၄။ သို့သော်လည်း ယေရှုသည် ထို သူတို့၌ ကိုယ်ကို အပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသော သူတို့ကို သိတော်မူ၏။ ၂၅ လူ၏ အထဲ၌ ရှိသမျှကို သိတော်မူသောကြောင့်၊ လူ၏ အကြောင်းကို သက်သေခံစေခြင်းငှါ အဘယ်သူကိုမျှ အလိုတော် မရှိ။ 

သခင်ယေရှုသည် လူတိုင်း၏ စိတ်နှလုံးကို သိသောကြောင့် သူတို့၏ သက်သေခံပေးခြင်းကို အလိုတော် မရှိ ဟုဆိုသည်။ အကြောင်းမှာ မယုံကြည်ဘဲ၊ သို့မဟုတ် ကောက်ရိုးမီးလိုခဏစိတ်လှုပ်ရှားပြီး သက်သေခံသော အရာများသည် အကျိုးမရှိချေ။ 


 
လူငယ်စခန်းသွင်းသင်တန်း


နှစ်စဉ် ပြုလုပ် လေ့ရှိသော လူငယ်စခန်းသွင်းသင်တန်းကို ဇွန်လ ၃၀မှ ဇူလိုင်လ ၂ ရက်နေ့အထိ ၇၂၃ န၏ ၄၅၀ ှသကအ့ယ ျွှ​ေျ့ငညါအသညယ၍ ညိင​ေည​ေတွင် အောင်မြင် စွာ ပြုလုပ် နိုင်ကြပါသည်။ သင်ကြားပေးသော ဆရာများ၊ ချက် ပြုတ်ပေးသောသူများ အပါအဝင်လူ ၁ရဝ ခန့်ပါဝင်ကြပါသည်။ ကယ်တင်ခြင်း လက်ခံရရှိသွားသောသူများရှိသကဲ့သို့ ခရစ်ယာန် အသက်တာ၌ အားရကျေသောသူများလည်းရှိကြသည်။ 

 

အမှုတော်ဆောင်သစ်များ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ပျောက်ဆုံးဝိညာဉ် ဖမ်းမည့် အမှုတော်ဆောင်အသစ်ကိုးယောက်ကို သတင်းကောင်း နှစ်ခြင်း အသင်းချုပ်မှ ဆရာများက ဆုတောင်း ပေးဆက်ကပ်ကြပါသည်။ ဆက်ကပ်ကြသော အမှုတော်ဆောင်သစ်များမှာ
၁။ ဆရာစောလု

၂။ ဆရာလလ်တန်ပွေးအာ

၃။ ဆရာစတေဗင်

၄။ ဆရာမရီဗက္ကာ

၅။ ဆရာဧဇရာ

၆။ ဆရာသား ထူး

၇။ ဆရာ ထောင်ကွေးလျာ

၈။ ဆရာမနော အေးစေး

၉။ ဆရာနိင်လင်းတို့ ဖြစ်ပါသည်။

ထိုအမှုတော်ဆောင်များသည် ထိ ရောက်စွာ အမှုတော်ဆောင်နိုင်ဘို့ရန် ဆုတောင်း ပေးကြပါစို့။ 

 

တလလုံးလုံးအမှုတော်ဆောင်သင်တန်း

ဩဂုတ်လ ၁မှ ၃၁ ရက်နေ့အထိ တလလုံးလုံးအမှုတော်ဆောင်သင်တန်းကို Indianapolis Southside GBC ၌ ပြုလုပ်မည် ဖြစ်ပါသည်။ အမှုတော်ဆောင်ချင်သောသူတိုင်း လက်ခံပါသည်။ ပညာအရည်အချင်းမသတ်မှတ်ပါ။ ပျောက်ဆုံးဝိညာဉ် ဖမ်းချင်သော ဆန္ဒရှိသူတိုင်း တက်နိင်ပါသည်။ အသွားအပြန်စရိတ်ကလွှဲလျှင် နေစရိတ််နှင့် စားစရိတ်စီစဉ်ပေးမည် ဖြစ်ပါသည်။ အမှုတော်ဆောင်လိုလျှင် ယုံကြည်ခြင်းနှင့် လက်တွဲခေါ်သွားမည် ဖြစ်ပါသည်။ ကယ်တင်ခြင်း စိတ်ချပြီးသူ ဖြစ်ရမည်။ လောက ချစ်ပြီး ဝင်ငွေကြည့် သူများအတွက် မသင့်တော်ပါ။ ဘုရား၏ အမှုတော်ကို ရိုးသားစွာ ဆောင်ရွက်လို သူများအတွက် ဖြစ်ပါသည်။ မည်သည့် ဂိုဏ်းဂဏကမဆို လက်ခံပါသည်။ ဆရာမောဇက်ထံဆက်သွယ်နိင်ပါသည်။ ဖုနး် ၂၄၀-၃၆ရ- ၅၃၆၆

 

 

 

 

 

 

 

 

 

 

 

 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG