GOODNEWS
  HOME  GOODNEWS  2017 JUN
 


အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယနေ့ တိုင်အသက်ရှင်လှုပ်ရှား သွားလာခွင့်ရရှိ ကြသည်။ ​ကျွန်ပ်တို့သည် ကျေးဇူးတော် ကာလ၏ နောက်ဆုံး လူများဖြစ်နိုင်သည်။ ယခုနှစ်တံပိုးမှုတ်ပွဲသည် စက်တဘ်ာလ ၂၁-၂၂ ရက်များ ဖြစ်ပါသည်။ ထိုအချိန်၌ ချီဆောင်ခြင်း ဖြစ်နိုင်သည်။ ဖြစ်မည်ဟု မပြောပါ၊ ဖြစ်နိုင်သည်။ အကယ်၍ ချီဆောင်ခြင်း ဖြစ်ခဲ့သော် မိတ်ဆွေ အဆင်သင့်ရှိပြီလော။ အဆင်သင့် ဖြစ်ခြင်းသည် မိီးခွက်ထဲ၌ ဆီပါခြင်း တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော် ရရှိခြင်း ဖြစ်သည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော် မရရှိသေးလျှင် အဆင် သင့်မ ဖြစ်သေးပါ။ အမြန်ဆုံး သန့်ရှင်းသော ဝိညာဉ်တော်ကို လက်ခံပါ။ သန့်ရှင်းသောဝိညာဉ်တော် ရရှိပြီး သူများ အနေဖြင့် မရရှိ သေးသော မိဘ၊ သားသမီး၊ မောင် နှမ၊ ဆွေမျိုး၊ သူငယ်ချင်း၊ အိမ်နီးချင်း၊ လုပ် ဘော်ဆောင်ဘက်များ၊ အနီးအနား မှာရှိသောသူတိုင်းကို သန့်ရှင်းသောဝိညာဉ်တော် လက်ခံဘို့ ပြောပြပါ။ သခင်ဘု ရားကြွ လာသောအခါ သန့်ရှင်းစွာ ကြိုဆိုနိုင်ရန် သန့်ရှင်းစွာ အသက်ရှင်ပါ။ ဤလောကအရာများနှင့် မညစ်ညူး စေပါနှင့်။ အလုပ်၊ ဝါသနာ၊ အပျော်အပါး၊ လော ကပစ္စည်း၊ ခလေးထိန်း၊ ရီးစား၊ ပညာရေး၊ နိင်ငံရေး၊ လူမျိုးရေး၊ လူမှုရေး၊ ဖုံး၊ ကွန် ပြူတာ၊ ဥယျဉ်ခြံစိုက်ပျိုးခြင်း၊ ငါးမြှားခြင်း၊ အမဲလိုက်ခြင်း၊ ဘော်လုံးကန်ခြင်း၊ ခြင်း လုံးကန်ခြင်း၊ တဲနစ်ရိုက်ခြင်း၊ တီဗီကြည့်ခြင်းတို့ ဖြင့်အချိန် မဖြံုးပါနှင့်။ ထိုအရာများထက်၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ သက်သေခံခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ တ ရားတော်ကို ဆင်ခြင်ခြင်းများပြုလုပ်ပါ။ သခင်ဘုရားကြွလာမည့် အရာကို မြော်လင့်ပါ။ 

ယခုလစာစောင်....

  • ဖခင်များ နေ့
  • စိတ်နှလုံးပြောင်းမှ
  • လူငယ်သင်တန်းမှတ်တန်းမှကéန်ပ်၏ ဆင်ခြင်ခြင်ခံယူချက်
  •  ခရစ်ယာန် အိမ်ထောင်
  • ကျမ်းစာဖတ်ကြစို့ (ယော ၁၇း၁၈-၅၀)
  • အမှုတော်ဆောင်သင်တန်း
  • မီဒီယာဌါန
  • ခရီးစဉ်

 

ဖခင်များ နေ့


ဖခင်များ နေ့သမိုင်းသည် အမေရိကန်ပြည် ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ စပို့ကင်မြို့မှ ၁၉၁၀ ခုနှစ်တွင် စတင်ခဲ့သည်။ Mrs. John Dodd ၏ မိခင်သည် ဆဌမ မြောက် ခလေး မွေးသောအခါ သေဆုံးသွားသည်။ ထိုအခါ သူ၏ ခင်ပွန်းWilliam Smartကသူ၏ သားသမီး၆ယောက်ကို တယောက် တည်းပြုစုပျိုးထောင်ခဲ့သည်။ ထိုအရာကို မြင်သော သမီး; Mrs. John Dodd ကသူ့ ဖခင်ကို ဂုဏ်ပြုသောအားဖြင့် သူ၏ မွေးနေ့ဇွန်လ ၅ ရက်နေ့ကို ဖခင်များ နေ့အဖြစ် အသုံးပြုဘို့ တရားဟော ဆရာများကို အကြံပေးခဲ့သည်။ သူ့အကြံကို လှိုက်လှဲစွာ ကြိုဆိုသော်လည်း ဇွန်လ ၁၉ ရက်နေ့တွင် ပဌမ အကြိမ်ဖခင်များနေ့ ကျင်းပခဲ့ ကြသည်။ ၁၉၇၂ ခုနှစ်မှသာ သမ္မတ  Richard Nixon ကဇွန်လတတိယပတ်တနင်္နွေနေ့ကို တရားဝင်ဖခင်များနေ့အဖြစ် သတ်မှတ်လိုက်သည်။ ယခုအခါ ဘုရားသခင်ကို စွန့်လာကြသည်နှင့် အမျှဖခင်များ နေ့လည်း ဖခင်များကို လက်ဆောင်ပေးခြင်းနှင့်သာ ကျေနပ် ရကြသည်။ စီးပွားရေးသမားများက သူတို့၏ ပစ္စည်းများရောင်းချနိင်ရေးအတွက် အကွက်ရှာကြခြင်းအားဖြင့် အနှစ်သာရပျောက်သွားသည်။ အမှန်မှာ ဖခင်များ နေ့၌ ဖခင်များကို ကျေးဇူးတင်ခြင်း၊ ဂုဏ်ပြုခြင်းများကို ပြုလုပ် သင့်သည်။ ဖခင်များကို တနှစ်တွင် တရက်ဂုဏ်ပြုသည်ထက် အမြဲစကား နားထောင်ခြင်း၊ သူတို့၏ စိတ်အ လိုဆန္ဒဖြည့်ပေးခြင်းသည် သားသမီး တိုင်း၏ အကြီး ဆုံးဂုဏ်ပြုခြင်းနှင့််တာဝန် ဖြစ်သည်။ ဖခင်ကို ဘာမျှမဝယ်ပေးနိုင်လျှင်လည်း သူ့စကား နားထောင်ခြင်းသည် အကြီး ဆုံးသော လက်ဆောင် ဖြစ်ကြောင်း သိစေချင်သည်။ ထိုအရာသည် ဝင်ငွေမရှိသော ခလေး ဘဝမှလူကြီး ဘဝတိုင်အောင် လုပ်နိုင်သောအရာ ဖြစ်သည်။ ယခုနှစ်ဖ ခင်ကို ဘာမျှမဝယ်ပေးနိုင်လျှင်လည်း စကား နားထောင်ပါ။ အကောင်းဆုံးသော လက်ဆောင် ဖြစ်သည်။ 

 သားသမီးတို့၏ တာဝန် 

ကျမ်းစာထဲမှ ဖခင် အပေါ် သားသမီး များ၏ တာဝန်နှင့် သတိထားရမည့် အရာများကို ကြည့်ကြပါစို့။ ဘုရားသခင်က မောရှေအားဖြင့် ပညတ်တော် ဆယ် ပါးပေးသောအခါ မိဘနှင့် ပတ်သက်၍ ဤသို့ ရေးထားသည်၊ “သင်၏ ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည်အ ကြောင်း၊ သင်၏ မိဘကို ရိုသေစွာ ပြုလော့။” (ထွက် ၂၀:၁၂၊ တရားဟော ၅:၁၆)။ ဘုရားသခင်က ဣသရေလ လူများ၏ အသက်တာရှည်ခြင်းသည် မိဘကို ရိုသေခြင်းအပေါ်မှာ မူတည်သည် ဟုဆိုသည်။ ထိုအရာကို ပေါလုကလည်း ဧဖက် အသင်းတော် ထံ၌ ထပ်၍ ရေးပေးထားသည် (ဧဖက် ၆:၁-၃)။ ဧဖက် အသင်းသား များသည် တပါး အမျိုးသား ယုံကြည်သူများဖြစ်သည်။ ယုံကြည်သူများအသက်တာရှည်ခြင်းသည် မိဘကို ရိုသေခြင်း အပေါ်၌ မူတည်ကြောင်း တွေ့ရသည်။ ထို့ကြောင့် သင်သည် အသက်ရှည်လိုလျှင် မိဘကို ရိုသေပါ။ မိဘကို ရိုသေခြင်းသည် မိဘတော် မှသာ မဟုတ်ပါ။ မိဘများသည် မတော်လျှင် လည်း၊ မ​ကျွေးမွေး နိုင်လျှင်လည်းရိုသေရမည်။ အကြောင်းမူကား မိဘ ဖြစ်သောကြောင့် ဖြစ်သည်။ မိဘမရှိလျှင် သားသမီး များလည်း မရှိနိုင်ချေ။ ထို့ကြောင့် ယခုမှစ၍ မိဘကို ရိုသေပါ။ ထိုအရာသည် အကောင်းဆုံးသော လက်ဆောင် ဖြစ်သည်။

မိဘကို မရိုသေသောသူများသည် အသက်တာတိုမည့် အကြောင်းကို ရှော လမုန်မင်းကလည်း ဤသို့ သတိပေးထားသည်၊ “အဘကို ကျီစားသောသူ၊ အမိစ ကားကို နားမထောင်၊ မထီမဲ့မြင် ပြုသောသူ၏ မျက်စိကို ချိုင့်၌ ကျင်လည်သော ကျီးအတို့သည် နှုိက်ကြလိမ့်မည်။ လင်းတသူငယ်တို့သည်လည်း စားကြလိ့မ်မည်။” (သု ၃၀:၁ရ)။ အဘယ်ကြောင့် သားသမီးများက မိဘများကို မရိုသေတတ်ကြသနည်း ဟူမူကား၊ မိဘများသည် စာမတတ်၊ အားကိုး၍ မရသောကြောင့် ဖြစ်သည်။ ထိုမျှမက သားသမီးများကို ဆူ၊ ဆုံးမတတ်သောကြောင့် ဖြစ်သည်။ မိဘသည် ပညာမတတ် လျှင်လည်း ကိုယ့်ကို လူဖြစ်အောင် မွေးဖွားပေးသောသူ ဖြစ်သောကြောင့် ရိုသေဘို့ လိုသည်။ အဘယ်ကြောင့်မိဘများက သားသမီးများကို ဆူဆုံးမသနည်းဟူမူကား၊ သားသမီး များမလိမ္မာသောကြောင့်၊ ပျင်းရိသောကြောင့်၊ စကား နားမထောင်သောကြောင့် ဖြစ်တတ်သည်။ ဘုရားသခင်က မိဘများသည် သားသမီးများကို ​ကျွေးမွေးရုံမကဆုံးမဘို့လည်း တာဝန် ပေးထားသည်။ ကျမ်းစာ၌၊ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်း၌ မလွှဲ၊ လိုက် သွားလိမ့်မည်။” (သုတ္တံ ၂၂:၆) “မြော်လင့်စရာ ရှိသည့်အခါ၊ ကိုယ်သားကို ဆုံးမလော့၊၊ ” (သုတ္တံ ၁၉:၁၈)ဟု သားသမီးများကို ဆုံးမသွန်သင်ခိုင်းသည်။ အကယ်၍ ဆုံး မခြင်း မခံလျှင်သားရင်း မဟုတ်ဟု ကျမ်းစာက ဤသို့ ရေးထားသည်၊ “အဘမဆုံး မသောသား တစုံတယောက် ရှိသလော။ ၈သား အပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲ နေလျှင်၊ သား အရင်း မဟုတ်၊ မင်းဦးမင်းလွင်ရသောသား ဖြစ်ကြ၏။ ၉ တနည်းကား၊ ကိုယ်ကာယနှင့် စပ်ဆိုင်သော အဘတို့ လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။” (ဟေ ၁၂ ; ရ- ၉)။ ထို့ကြောင့် သားသမီးများ၊ မိဘကဆုုံးမသောအခါ ဝမ်းမြောက်ပါ။ အကြောင်းမူကား သင့်ကို ကောင်းစား စေချင် သောကြောင့် ဆုံးမခြင်း ဖြစ်သည်။ ထိုမျှမက သင်သည် သူတို့၏ သားသမီး အရင်း ဖြစ်ကြောင်းကို ထင်ရှားစေသည်။ “ဆုံးမခြင်း မည်သည်ကား၊ ခံရစဉ်အခါဝမ်းမြောက်စရာ မထင်၊ ဝမ်းနည်းစရာ ထင်တတ်၏။ သို့သော်လည်း၊ ဆုံး မခြင်းကို ခံရသော သူတို့သည်၊ နောက်မှငြိမ်သက်ခြင်းနှင့် သက်ဆိုင်သော ​ဖြောင့်မတ်ခြင်း အကျိုးကို ခံရကြ၏။” (ဟေ ၁၂:၁၁)။ 

အချို့သော သားသမီး များသည် မိဘများကို ကျိန်ဆဲတတ်ကြသည်။ ထိုသူများကို ကျမ်းစာက ဤသို့ သတိပေးထားသည်၊ “အကြင်သူသည် မိဘကို ကျိန်ဆဲ၏။ ထိုသူ၏ မီးခွက်သည် ထူထပ်သော မှောင်မှိက်၌ သေလိမ့်မည်၊၊ ” (သု ၂၀:၂၀)။ ဆိုလိုသည်မှာ မှောင်မိုက်၌ မီးခွက်ရှိလျှင် သွားလာလှုပ်ရှားလုပ်ကိုင်၍ ရသည်။ သို့သော် မှောင်မိုက်ထဲ၌ မီးခွက်သေသွားလျှင် ဘာမျှလုပ်၍ မရတော့ချေ။ အသက်တာ၌ အစ စအရာရာ ကောင်းမွန်ရာမှ တ မဟုတ်ချင်းတွင် ​ ဖြေရှင်း၍ မရသော ပြသနာနှင့် တွေ့ခြင်းသည် မီးခွက်သေခြင်း ဖြစ်သည်။ မီးခွက်သေလျှင် ဘာမျှမမြင်နိုင် သကဲ့သို့ အသက်တာ၌ မျှော်လင့်ချက်မရှိဘဲ ကြံရာမရဒုက္ခ ပြသနာ တွေ့နိုင်သည်။ မိဘကို ကျိန်ဆဲသောသူသည် အသေခံ သင့်ကြောင်းကို ကျမ်းစာက ဤသို့ ရေးထားသည်၊ “ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကို ရိုသေစွာ ပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့် ပြစ် မှား၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟု လာသတည်း။” (မ ၁၅:၄) “မိဘကို ကျိန်ဆဲသောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။” (ထွက် ၂၁:၁ရ)။

အချို့သော သားသမီး များသည် မိဘကို ဝမ်းမြောက် စေကြောင်း ကျမ်းစာက ဤသို့ ရေးထားသည်၊ “ပညာရှိသော သားသည် အဘဝမ်းမြောက်ခြင်း အကြောင်း၊ မိုက်သောသား မူကား၊ အမိဝမ်းနည်းခြင်း အကြောင်းကို ဖြစ်စေတတ်၏။” (သု ၁၀:၁) “ပညာရှိသော သားသည် အဘဝမ်းမြောက်ခြင်း အကြောင်း ဖြစ်၏၊၊ မိုက်သောသား မူကား၊ မိမိအမိကို မထီမဲ့မြင် ပြုတတ်၏၊၊ ” (သု ၁၅:၂၀) သင်သည် အဘဝမ်းမြောက် စေသောသူ ဖြစ်သလော။ အဘဝမ်းမြောက် စေသောသူ ဖြစ်လျှင် သင်သည် ပညာ ရှိဖြစ်သည်။ အမိဝမ်းနည်းစေသောသူ၊ မထိီမဲ့မြင် ပြုသောသူ ဖြစ်လျှင် သင်သည် လူမိုက်ဖြစ်ကြောင်း သိပါ။ မိဘဝမ်းမြောက် စေခြင်းသည် ပစ္စည်း လက်ဆောင်ပေးမှမဟုတ်ပါ။ သင်သည် အလုပ်မလုပ်နိုင် သေးသော ကျောင်းသား အရွယ် ဖြစ်လျှင် မိဘများကသင့်ထံမှ ဘာမျှမ မျှော်လင့်ပါ။ သူတို့ စကား နားထောင်၍၊ မပျင်းမရိဘဲ အိမ်မှု ကိစ္စများကို ကြိုးစား၍ ကူညီလုပ်ဆောင်ပါ။ မိဘများ၏ အရိပ်အကဲကို ခတ်တတ်ပါ။ သူတို့ စိတ်ဆိုး၊ စိတ်တိုချိန်တွင် စကား မပြော၊ အနှောက်အရှက်မပေးပါနှင့်။ အလိုက် သိပါ။ သူတို့၌ ပြသနာ ကြုံသောအခါ၊ စိတ်ညစ်ပေလိမ့်မည်။ ထိုအချိန်၌ လိမ္မာပါး နပ်စွာ နေပါ။ သို့ဖြစ်လျှင် မိဘများက သင့်ကို အပြစ် ပေးစရာ ရှိမည် မဟုတ်။ အချို့သော မိဘများသည် သူတို့ ကိုယ်တိုင် မရင့်ကျက်သောကြောင့်သားသမီးများကို မလိုအပ်ဘဲ ဆူခြင်းရိုက်ခြင်း ပြုလုပ် နိုင်သည်။ သင်၏ မိဘသည် ငယ်ရွယ်စဉ်၌ သူတို့၏ မိဘများ သေဆုံးသွားခြင်း၊ အကြောင်း အမျိုးမျိုးကြောင့် မိဘနှင့် မနေသောကြောင့် မိဘမေတ္တာမခံစားလျှင်၊ ရင့်ကျက်ဘို့ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ကိုယ့် မိဘ၏ အ​ခြေအနေကိုလည်း မေးမြန်း၍ သိသင့်သည်။ 

ပေါလုက ယခုခေတ်နှင့် ပတ်သက်၍ ဤသို့ ရေးထားသည်၊ “နောင်ကာလသည် ခဲယဉ်းသော ကာလ ဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့ နည်းဟူမူကား၊ ၂ လူတို့သည် ကိုယ်ကိုကိုယ် ချစ်သောသူ၊ ငွေကို တပ်မက်သောသူ၊ ဝါကြားသောသူ၊ ထောင်လွှားစော်ကား သောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ၃ ပကတိကြင် နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣ​ေ​ြနကြို မချုပ်တည်း နိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ ၄ သစ္စာကို ဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့် ယစ် မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ် ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊ ၅ မွေ့လျော်ခြင်း တန် ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထို သူတို့ကို ရှောင်လော့။” (၂ တိ ၃:၁-၅)။ ပေါလုကအထက်ပါ ကဲ့သို့ ရေးထားသော်လည်း သင်သည် ထိုကဲ့သို့ မဖြစ်သင့်ချေ။ ဘုရားကို ကြောက်ရွံ့ရိုသေ၍ သူ့စကားကို နားထောင်လျှင် ဝိညာဉ်လူဖြစ်ကာ၊ မိ ဘကို ရိုသေ နားထောင် သောသူ ဖြစ်နိုင်သည်၊ ပတ်ဝန်းကျင်နှင့် အ​ခြေအနေကချယ် လှယ်ခြင်း မခံပါနှင့်။ ပတ်ဝန်းကျင်ကို ပြောင်းလဲစေသောသူ၊ ဘုရား စကား နားထောင် စေသောသူ ဖြစ်ပါ။ ဘုရား တန်ခိုးအားဖြင့် သင်သည် ကြီးစွာ ပတ်ဝန်းကျင်ကို ပြောင်းလဲ စေသောသူ ဖြစ်နိုင်သည်။ 

ဖခင်များ၏ တာဝန် 

ဖခင်များ နေ့၌ ဖခင်များ၏ တာဝန် ကိုလည်း အနည်းငယ် ဖေါ်ပြလိုပါသည်။ ကျမ်းစာက၊ “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်၊ သခင်ဘု ရား၏ အလိုတော်နှင့် ညီသော ဆုံးမသွန်သင်ခြင်းကို ပြုလျက် ​ကျွေးမွေး ကြလော့။ (ဧဖက် ၆:၄) ဟုဆိုထားသည်။ ဖခင်တာဝန်သည် သားသမီးများကို၊ ချစ်ခြင်း၊ ​ကျွေး မွေးခြင်း၊ စောင့်ရှောက်ခြင်း၊ သွန်သင်ခြင်း၊ ဆုံးမခြင်းများဖြစ်သည်။ များစွာသော ဖခင်များသည် သားသမီးများကို ​ကျွေးမွေးခြင်း သာလျှင် လုပ်သောသူရှိ သကဲ့သို့၊ ချစ်လွန်းအားကြီး သောကြောင့် ဆူဆုံးမခြင်း မရှိဘဲ အလိုလိုက်ခြင်း သာလုပ်တတ်သောသူများလည်းရှိကြသည်။ ဖခင်တာဝန်သည် ကိုယ့် သားသမီးများကို ကောင်းစား ဘို့ရန် သွန်သင်ခြင်း၊ ဆုံးမခြင်း များလည်း လိုအပ်သည်။ ကို်ယ်တိုင်မိဘများက သွန် သင်ဆုံးမခြင်း မခံခဲ့ရလျှင် လည်း၊ ဘုရား သိပြီးလျှင် ကျမ်းစာအားဖြင့် သင်ကြားဘို့ လိုသည်။ ထို့အပြင် ဖခင်များသည် သားသမီး များနှင့်အချိန် ပေး၍ ဆော့ကစားခြင်း၊ စကားပြောခြင်း၊ အတူ တကွ အလုပ်လုပ်ခြင်းများလုပ်သင့်သည်။ သားသမီးများကို ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း ဖေါ်ပြဘို့ လိုသည်။ အမေရိကန်၌ ကြီး ပြင်းသော ခလေး များသည် မည်မျှပင်ကိုယ့်ယဉ်ကျေးမှု သင်ပေးသော်လည်း သူတို့၏ စိတ်နှလုံးသည် အမေရိကန်များ ဖြစ်နေကြပြီ။ ထို့ကြောင့် ဤနိင်ငံ၏ ယဉ်ကျေးမှု အရ သားသမီးများကို ဖက်ခြင်း၊ ဂရုစိုက်ခြင်း၊ ပြသနာ ​ ဖြေရှင်း ပေးခြင်များပြုလုပ်ဘို့ လိုသည်။ သားသမီးများကို သူတို့၏ ခံစားချက် များ မိဘထံပြောပြခွင့်ပြုသင့်သည်။ ယခုနှစ်ဖခင်များ နေ့၌ ဖခင်တိုင်း ဘုရားကောင်းကြီး ပေးပါစေ။ 

 

စိတ်နှလုံးပြောင်းမှ

အဘယ်ကြောင့်ဘုရား မကြိုက်နှစ်သက်သော အရာများကို လုပ် နေကြ သနည်း။ မသိသောကြောင့် လော။ မသိသောကြောင့်လည်း ပါသည်။ သိလျက် နှင့်လည်း လုပ် နေကြသည်။ လူ၏ လုပ်ဆောင်မှု၊ မကောင်းသော စကားပြောဆိုခြင်း၊ ကြည့်ခြင်း၊ နားထောင်ခြင်း၊ ပြုလုပ်ခြင်း အားလုံး သည် စိတ်နှလုံးမှစတင်သည်။ ကိုယ်လက်အင်္ဂါများသည် စိတ်၏ စေခိုင်းချက်အတိုင်း လုပ် နေကြခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် စိတ်နှလုံးကို မည်ကဲ့သို့ ပြုပြင်ပြောင်းလဲနိုင်မည်နည်း။ စိတ်နှလုံးပြောင်းလဲဘို့ တိုက်တွန်းနိုးဆော် ကြသည်။ သို့သော် ထိုသို့ နိုးဆော်သောသူသည် စိတ်နှလုံးပင် ဖြစ်သည်။ အလွန် ​ကျွမ်းကျင်သော ဆရာဝန်သည် သူ့ကို သူခွဲစိတ်ခြင်း မလုပ်နိုင်ချေ။ အခြားသော ဆရာဝန်က သူ့ကို ခွဲစိတ်ဘို့ လိုသည်။ ထို့နည်းတူကိုယ် ကိုယ်ကို စိတ်နှ လုံးပြောင်းလဲ၍ မရပါ။ 

အလွန် ယိုယွင်း

စိတ်နှလုံးသည် ပြုပြု၍ မရနိင်လောက်အောင် အလွန် ယိုယွင်း နေကြောင်း ကျမ်းစာ၌ ဤသို့ ရေးထားသည်၊ “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်း လဲတတ်၏။ အလွန် ယိုယွင်းသော သဘော ရှိ၏။ စိတ်နှလုံး သဘောကို အဘယ်သူ သိနိုင်သနည်း။” (ယေရမိ ၁ရး၉)။ စိတ်နှလုံးသည် အလွန် ကောက်ကျစ်စဉ်းလဲသည် ဟုဆိုသည်။ ကိုယ်စိတ်နှလုံးကို ကိုယ်ပင် မသိနိုင်ချေ။ ယေရှုက၊ “အချင်းမြွေ ဆိုးအမျိုးတို့၊ သင်တို့သည် အဆိုး ဖြစ်လျက် ကောင်းသော စကားကို အဘယ်သို့ ပြောနိုင်မည်နည်း။ စိတ်နှလုံးအပြည့်ရှိသည် အတိုင်း နှုတ်မြွက်တတ်၏။ ၃၅ ကောင်းသောသူသည် ကောင်းသော စိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာ တို့ကို ထုတ်ဘော်တတ်၏။ မကောင်းသောသူသည် မကောင်းသော ဘဏ္ဍာတိုက် ထဲကမကောင်းသောအရာ တို့ကို ထုတ်ဘော်တတ်၏။” (မ ၁၂:၃၄-၃၅)။ လူသည် ကောင်းသောစကား မပြောနိုင်ခြင်းသည် စိတ်နှလုံးမကောင်းခြင်းကြောင့် ဖြစ်သည်ဟု သိရပြီ။ စိတ်နှလုံးမကောင်းခြင်းသည် မွေးရာပါ ဖြစ်သည်။ ထို့ကြောင့် ပြုပြင်၍ မရပါ။ ကြောက်သောကြောင့်၊ အား နာသောကြောင့်၊ ရှက်သောကြောင့် စိတ်ထိန်းနိုင်သော်လည်း၊ ထိုသို့ ထိန်းနိုင်ခြင်းအားဖြင့် မကောင်းသွားပါ။ မထိန်းနိုင်သောအခါ ပေါက်ကွဲတတ်သည်။ 

ကျောက်နှလုံး

လူ၏ စိတ်နှလုံးသည် စဉ်းလဲယိုယွင်းသည်သာမက ကျောက်ကဲ့သို့ဖြစ်ကြောင်း ဤသို့ တွေ့ရသည်၊ “စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘော သစ်ကို သွင်း ထားမည်။ သင်တို့ ခန္ဓာထဲကကျောက်နှလုံးကို နှုတ်၍ အသား နှလုံးကို ပေးမည်။ ၂၇ ငါ့ ဝိညာဉ် ကိုလည်း သင်တို့ အထဲသို့ သွင်းပေးသဖြင့်၊ သင်တို့သည် ငါ၏ တရားလမ်း သို့ လိုက်၍၊ ငါစီရင်တော်မူ ချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။” (ယေဇ ၃၆:၂၆)။ လူတိုင်း ကျောက်နှလုံးရှိကြခြင်းသည် မွေးရာပါ ဖြစ်သည်။ ကျောက်နှလုံး ဆိုသည်မှာ၊ မာကြောခြင်း၊ နားမထောင်ခြင်း၊ ဂရုမစိုက်ခြင်း၊ မောက်မာခြင်း၊ ကိုယ်သဘောနှင့် အသက်ရှင်ခြင်း ဖြစ်သည်။ ထိုကျောက်နှလုံးကြောင့်ရန် ဖြစ်ကြခြင်း ဖြစ်သည်။ လင်မယား အဆင် မပြေခြင်းလည်း ကျောက်နှင့် ကျောက်တိုက်ခိုက်ခြင်း ဖြစ်သည်။ ထိုကျောက်နှလုံးရှိနေသ၍ ဘုရား စကားကို နားမထောင်နိုင်ချေ။ ထိုကျောက် နှလုံးကို ဘုရားသခင်က သာလျှင် နှုတ်၍ အသား နှလုံးကို ပေးနိုင်သည်။ အသား နှ လုံးသည်၊ ဘုရား စကားကို နားထောင်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ နှိမ့်ချခြင်း၊ ကိုယ့် ကိုယ်ကို ငြင်းပယ်ခြင်း ဖြစ်သည်။ 

ကျောက်နှလုံးကို ဘုရားသခင်က မည်ကဲ့သိုနှုတ်မည်နည်း။ နှလုံးအစား ထိုးသောအခါ လူနာသည် ဘာမျှသိစရာ၊ တတ်စရာ မလိုပေ။ သူ၏ ကိုယ်ခန္ဓာကို ခွဲ စိတ်ဆရာဝန်ထံအပ်နှံဘို့ သာလိုသည်။ သူ့ကို ဆရာဝန်ကမေ့ဆေးပေးကာ သူမေ့ မျောနေစဉ်ခွဲစိတ်ကုသရသည်။ လူနာသည် သတိရသောအခါ နှလုံးအသစ် ဖြစ်သွား ပြီ။ ထိုသို့ ခွဲစိတ်နိင်ဘို့ရန် လောကနှင့် အဆက်ဖြတ်ကာခွဲ စိတ်ခန်း၌ သာနေရသည်။ ထို့နည်းတူ ဘုရားသခင်က စိတ်နှလုံးအသစ်ပေးနိုင်ရန် ကိုယ်ကိုယ်ကို ဘုရား ထံအပ် နှံခြင်း သာလျှင် လိုအပ်သည်။ လောကအရာများနှင့် အဆက်ဖြတ်ကာ ဘုရားနှင့် သာဆက်သွယ်ရသည်။ ဤသို့ ဆုတောင်းခြင်းဖြင့် အပ်နိုင်သည်၊ “ကိုယ်တော် ဘု ရား၊ ကျွန်ုပ်သည် ကျောက်နှလုံးပိုင်ရှင် ဖြစ်၍ ကိုယ်တော်၏ စကား နားမထောင်နိုင်ကြောင်း ဝန်ခံပါသည်။ ကိုယ်တော်၏ ဂတိတော် အတိုင်း ​ကျွန်ုပ်အထဲ၌ ရှိသော ကျောက်နှလုံးကို နှုတ်ယူ၍ အသား နှလုံးကို ပေးတော်မူပါ။ ဂတိတော် အတိုင်း အသား နှလုံးပေးသောကြောင့် ကျေးဇူးတင်ပါသည်။ ခရစ်တော် နာမအားဖြင့် တောင်း လျှောက်ပါ၏။ အာမင်။” ထိုသို့ အမှန်တကယ် ဆုတောင်းလျှင် ဘုရားသခင်သည် ဂတိတည်သော ဘုရား ဖြစ်သည်။ သင်၏ ကျောက်နှလုံးကို နှုတ်၍ အသား နှလုံးပေးပြီး ဖြစ်သည်။ ကျေးဇူးတင်ပါ။ ခွဲစိတ်ကုသပြီးသောအခါ အနေအထိ ုင်အသွားအ လာဂရုစိုက် သကဲ့သို့ ဘုရားသခင်က သင်၏ စိတ်နှလုံးအသစ်ပေးသောအခါ အနေ အထိ ုင် အပေါင်းအသင်းဂရုစိုက်ဘို့ လိုအပ်သည်။ 

ခရစ်တော်၏ စိတ်

အထက်၌ ဖေါ်ပြ သကဲ့သို့ ဘုရားသခင်က ကျောက်နှလုံးနှုတ်ပေးပြီး အသား နှလုံးရရှိသော သူတို့သည် ခရစ်တော်၏ စိတ်ရရှိသောသူ ဖြစ်သည်။ ပေါလုက၊ “ငါတို့ မူကား ခရစ်တော်၏ စိတ်ကို ခံရကြ၏။” (၁ ကော ၂:၁၆) ဟုဆိုသည်။ သို့ဖြစ်လျှင် ခရစ်တော်၏ စိတ်နှလုံးသည် မည်ကဲ့သို့သော စိတ် ဖြစ်သနည်း။ ပေါလုက၊ “ယေရှုခရစ်၌ ရှိသော ထိုစိတ် သဘောကို သင်တို့၌လည်းရှိစေကြလော့။ ၆ ထိုသခင်သည် ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် ပြည့်စုံတော်မူသည် ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သော အမှုကို လုယူခြင်း အမှု ဟူ၍ မထင်မမှတ်လျက် ပင်၊ ၇ မိမိအသရေကို စွန့်၍ အစေခံ​ကျွန်၏ သဏ္ဍာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သော အဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။ ၈ ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်း သာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်း တိုင်အောင် အစေ​ကျွန်ခံ၍ကိုယ့်ကိုယ်ကို် နှိမ့်ချတော်မူ၏။” ဟု ရေးထားသည် (ဖိလိ ၂:၅-၈)။ ခရစ်တော်သည် ဘုရား ဖြစ်သော်လည်း ခမည်းတော်ဘုရားရှေ့မှာ ​ကျွန်ကဲ့သို့ ခံယူ၍ လက်ဝါးကပ်တိုင်၌ မတရား သဖြင့် အသေသတ်ခြင်း ခံခဲ့သည်။ သူ၏ စိတ်သည် နှိမ့်ချခြင်း၊ နာခံခြင်း၊ စွန့်လွှတ်ခြင်းရှိသည်။ ​ကျွန်ုပ်တို့လည်း ခရစ်တော်၏ စိတ်ရမရသိလိုလျှင်၊ နှိမ့်ချခြင်း၊ နာခံခြင်း၊ စွန့်လွှတ်ခြင်းရှိပါသလားဟု စစ်ဆေးနိုင်သည်။ ခရစ်တော် ကိုယ်တိုင် ဤသို့ ဆိုခဲ့သည်၊ “ငါသည်ကိုယ် အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏။” (ယော ၅:၃၀)။ ခရစ်တော်၏ စိတ်ရရှိလျှင် ​ကျွန်ုပ်တို့လည်း ကိုယ့်အလိုသို့ လိုက်မည် မဟုတ်၊ ဘုရားသခင်၏ အလိုတော်ကို လိုက်မည်။ ယုံကြည်သူတိုင်း ခရစ်တော်၏ စိတ်ရရှိလျှင် ကိုယ်အလိုမလိုက်ဘဲ ဘုရား၏ အလိုတော် လိုက်ခြင်းဖြင့် ပြသနာ ရှိတော့မည် မဟုတ်။ အကြောင်းမူကား ဘုရား၏ အလိုတော် လိုက်ခြင်းဖြင့် အားလုံး ၏ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်သည် တူညီလာ လိမ့်မည်။ ကျမ်းစာက၊ “လူနှစ်ဦးသည် သဘောမတူလျှင် ပေါင်းဘော်၍ ခရီး သွား နိုင်သလော။” (အာမုတ် ၃:၃) ဟုဆိုသည်။ အဘယ်ကြောင့် လင်မယား ကြားပြသ နာရှိတတ်သနည်းဟူမူကား အလိုဆန္ဒချင်း မတူညီသောကြောင့် ဖြစ်သည်။ သို့သော် လင်မယား နှစ်ယောက်စလုံးက ကိုယ့် အလိုဆန္ဒကို ပယ်၍ ဘုရားသခင်၏ အလိုတော်အတိုင်း လိုက်နာလျှင် သဘော ချင်းတူညီလာသောကြောင့် ပြသနာ ရှိတော့မည်မဟုတ်။ သို့သော် ခရစ်တော်၏ စိတ်ကို ရရှိရုံဖြင့် မပြေလည်နိုင်ချေ။ အကြောင်းမှာ နဂုိလ်မူလစိတ်သည် မပျောက်ပျက်သွားချေ။ ထို့ကြောင့် နေ့တိုင်း ကိုယ့်ကိုယ်ကို ငြင်းပယ်၍ ခရစ်တော်ကို အုပ်စိုးစေဘို့ လိုသည်။ သို့မှသာလျှင်ခရစ်တော်၏ စိတ်သည် အသက်တာ၌ ပေါ်လွင်လာနိုင်မည် ဖြစ်သည်။ 


 
 
လူငယ်သင်တန်းမှတ်တမ်းနှင့် ​

ကျွန်ုပ်၏ ဆင်ခြင်ခံယူချက်
သား ထူး


 စာရေးသူပါဝင်လျက် ရှိသော၍ ညိင​ေညစေသူငျ ွ​ြဃ ှသကအ့ျငိန အသင်းတော်၌ လာမည့် ဇွန်လ (၂၄) ရက်နေ့တွင် ပြုလုပ်မည့် လူငယ်နိုးထခြင်း ပွဲတော် (၌ သကအ့ Rနလငလ​ေူ ှနမလငခန) အတွက် ထားရှိရမည့် ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ လုပ်ဆောင်ပုံနည်းလမ်းများ၊ အထူးသဖြင့် လူငယ်ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်း၊ ပြု စုပျိုးထောင်းခြင်း၊ အသက်တာလျှောက်လှမ်းခြင်းနှင့် သက်ဆိုင်၍ လူငယ်ခေါင်း ဆောင်များ၊ ဆယ်ကျော်သက်လူငယ်များ ခံယူထားရှိရမည့် အ​ခြေခံယူဆချက်နှင့် သက်ဆိုင်သော သင်ခန်းစာများကို ဆရာကြီး မောဇက်ထံမှ မေလ ၂၉ ရက်နေ့တွင် နေ့တပိုင်းသင်ကြားခံယူခဲ့ကြပါသည်။ ထိုအရာများ ထဲမှမှတ်တမ်း၊ မှတ်ရာအ ချို့ကို လစဉ်သတင်းကောင်း စာစောင်စာဖတ်ပရိတ်သတ်၊ လူငယ်မောင်မယ်များအတွက် အနည်းငယ် သက်သေခံရေးသား တင်ပြအပ်ပါသည်။ 
 
နောက်ခံသမိုင်း

ယနေ့ခေတ် ခရစ်ယာန် လူငယ်မြောက် များစွာတို့၏ အသက်တာကို နှုတ်ကပတ်တော်အားဖြင့် လေ့လာဆင်ခြင်ကြည့်သောအခါ သူတို့၏ ခံယူချက်၊ လုပ် ဆောင်ချက်၊ ရည်မှန်းချက်၊ အသက်တာလှေျာက်လှမ်းခြင်း များသည် ဘုရားရှင်၏ လိုတော်နှင့် မညီဘဲ အသီးသီးလမ်းလွှဲလျက် ရှိနေကြသည်။ ထိုအထဲတွင် စာရေး သူတို့ လိုအမှုတော်ဆောင်လူငယ်ဆရာ၊ ဆရာမများ ပင် ပါဝင် နေကြောင်း ဝမ်းနည်း ဖွယ်ရာတွေ့ရှိနေရသည်။ အထူးသဖြင့် ခရစ်ယာန် နိုင်ငံတော် ကြီးဟု တင်စားခေါ် ဝေါ်သမုတ်လျက် ရှိသော အမေရိကန်ပြည် ထောင်စုကြီး အတွင်း၌ ပင် နှစ်စဉ်နှစ်တိုင်း ဘုရားရှေ့ခိုးကျောင်းကြီး များစွာတို့ သည့်ပိတ်ပြီး၊ အသင်းတော် များစွာတို့သည် ပပျောက်သွား ကြသည်။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်း အရာ များစွာ ထဲမှ အဓိက ကျသော အ​ခြေခံအကြောင်း အရင်းမှာ ယုံကြည်သူ ခရစ်ယာန် လူငယ်များ ယုံကြည်ခြင်း မျိုးဆက်ပြတ်၍ မှားယွင်းသောလမ်းသို့ လိုက်နေသောကြောင့် ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ရှေးနှစ်ပေါင်း များစွာကလည်း ထိုကဲ့သို့သော အ​ခြေအနေ မျိုးကို ဣသရေလ အမျိုးသားများထဲ၌ ပေါ်ပေါက်ခဲ့ကြောင်း တရားသူကြီး မှတ်စာ၌ လေ့လာနိုင်သည်။ သူကြီး၂:၁၀-၁၁၌၊ “ယောရှုလက်ထက် ကာလ၌ ဖြစ်သောသူ အပေါင်းတို့သည်လည်း၊ ဘိုးဘေးတို့ စုဝေးရာသို့ ရောက်ကြ၏။ ထာဝရဘုရားကို၎င်း၊ ဣသရေလ အမျိုးအဘို့ ပြုတော်မူသော အမှုတို့ ကို၎င်း မသိသော နောင် ကာလ အမျိုးသားတို့သည် ပေါ်လာကြ၏။ ထိုကာလ အခါ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ၏။” ဟု နှုတ်ကပတ်တော်အားဖြင့် ဖော်ပြထားသည်။ အဘယ်ကြောင့် ထိုသို့ဖြစ် ရသနည်း။ စာရေး သူတို့ မြန်မာပြည် ဖွား ခရစ်ယာန် လူငယ်များ၏ အနာဂတ်အတွက် အလွန်ပင် ဆင်ခြင်စရာ ကောင်းသော ကျမ်းချက် ဖြစ်သည်။ အမေရိကန်နိုင်ငံ ရောက် မြန်မာ ခရစ်ယာန် လူငယ်အများစု၏ အသက်တာကို အုပ်စုခွဲကြည့်သောအခါ စာရေးသူအနေဖြင့် အနည်းဆုံးအုပ်စု (၄) စုတွေ့ရသည်။ ထိုထက်လည်းများကောင်းများ နိုင်ပေသည်။ ( မှတ်ချက်၊ ထိုအကြောင်း အရာအား အလိုတော် ရှိပါက ထပ်မံရေးသား တင်ပြပါဦးမည်။) 

 ခရစ်ယာန် လေးမျိုး

 ပထမအုပ်စုမှာ ဝိညာဉ် သေနေသော တနည်းအားဖြင့် ဇာတိပကတိ၌သာ မွေးဖွားသော ခရစ်ယာန်များဖြစ်သည်။သား စဉ်မြေးဆက် ခရစ်ယာန် ဖြစ်လာကြ သူများ ဖြစ်ပြီး၊ ခရစ်ယာန် ယဉ်ကျေးမှုနှင့် အသား ကျလျက် ဘာသာရေးထုံးတမ်း အစဉ်အလာများ အောက်တွင်ကြီး ပြင်းလာကြသောသူများ ဖြစ်သည်။ သမ္မာကျမ်းစာ၌ ယုဒထုံးစံဖြင့် မွေးဖွားကြီး ပြင်းခဲ့သော နိကောဒင်ကဲ့သို့သောသူများ ဖြစ်သည်။ ယော ၃:၆၌ သခင် ခရစ်တော်က “ဇာတိပကတိ မွေးသောအရာသည် ဇာတိပက တိ ဖြစ်၏ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ် ဖြစ်၏။” ဟုဆိုခဲ့သည်။ 

ဒုတိယအုပ်စုမှာ ဝိညာဉ် အိပ်ပျော်နေသော ခရစ်ယာန်များဖြစ်သည်။ ရှင်ပေတရုနုစဉ်အခါကကဲ့သို့သောသူများ ဖြစ်သည်။ ဝိညာဉ်ရေးရာ၌ အားနည်း၍ အိပ်ပျော်တတ်သော၊ ပျင်းရိတတ်သော ခရစ်တော် နောက်လိုက် မျိုး ဖြစ်သည်။ မာကု ၁၄:၃၇-၃၉၌၊ “ဆုတောင်းတော်မူပြီးမှ ပြန်လာ၍ တပည့်တော်တို့သည် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူ လှျင်၊ ရှိမုန်၊ သင်သည် အိပ်ပျော်နေသလော။ တနာရီ ခန့်မျှစောင့်နေခြင်းငှါ မစွမ်းနိုင်သလော။ စုံစမ်း နှောင့်ယှက်ခြင်းနှင့် ကင်းလွတ် မည့်အကြောင်း ဆုတောင်းလျက် စောင့် နေကြလော့။ စိတ်ဝိညာဉ် ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ တဖန် သွား၍ ရှေ့မြွတ်ဆိုသည် နည်းတူ ဆုတောင်းတော်မူ၏။ ထို့နောက်တ ပည့်တော်တို့ ရှိရာသို့ ပြန်၍၊ သူတို့သည် မျက်စိလေးလံသဖြင့် တဖန် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူ၏။ သူတို့သည် အဘယ်သို့ လှေျာက်ရမည်ကို မသိကြ။” ဟု ဖော်ပြထားသည်။ အဆိုပါကျမ်းချက်၌ ဖော်ပြထားသည့်အတိုင်း စိတ်ဝိညာဉ် ကား စေတနာရှိသော်လည်း၊ အရာရာ၌ အားနည်းသော ခရစ်ယာန်များဖြစ် ကြသည်။ 

 တတိယအုပ်စုမှာကျမ်းပြု၊ ကျမ်းတတ် ခရစ်ယာန်များဖြစ်သည်။ ဖာရိရှဲ၊ ဇဒ္ဒုကဲကဲ့သို့သောသူများ ဖြစ်သည်။ ရှင်မဿဲ ခရစ်ဝင် အခန်းကြီး ၂၃ တခုလုံးကို ဖတ်ရှုလေ့လာ ဆင်ခြင်ကြည့်စေချင် ပါသည်။ ခရစ်တော် ကအခန်းငယ် (၁၃)၌၊ “လှျုိ့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္လာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင် နိုင်ငံတော်၏ တံခါးကို လူတို့ ရှေ့မှာ ပိတ်ထား၍ မိမိတို့လည်း မဝင်၊ ဝင်လိုသော သူတို့ ကိုလည်း ဆီးတားကြ၏။” ဟု ကဲ့ရဲ့တော်မူ၏။ တဖန် အခန်းငယ် (၂၇)၌လည်း “လှျုိ့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္လာရှိကြ၏။ အကြောင်းမူကား အဖြူသုတ်သော သင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းသည် အပြင်၌ တင့်တယ်စွတကား။ အတွင်း၌ ကား လူသေအရိုး၊ အညစ်အ​ကြေး အမျိုးမျိုးနှင့် ပြည့်လျက် ရှိ၏။” ဟု အပြစ်တင်တော်မူ၏။ ထိုကြောင့် အမင်္လာရှိသော၊ အတွင်း၌ အညစ်အ​ကြေး အမျိုးမျိုးနှင့် ပြည့်လျက် ရှိသောသူများ ဖြစ်သည်။ 
 နောက်ဆုံးအုပ်စုမှာ ဘုရားသခင်၏ အလိုတော်ကို သိ၍ ဝန်ခံသော၊ နာခံ လှေျာက်လှမ်းသော ခရစ်ယာန်များဖြစ်သည်။ ထို သူတို့ မှာလူနည်းစုသာ ဖြစ်သည်။ တမန်တော် ရှင်ပေါလုကဲ့သို့သောသူများ ဖြစ်သည်။ သူကိုယ်တိုင် သက်သေခံရေးသား ထားသော ဂလာ ၂:၂၀၌ “ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံ ပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ ဆိုသော်ငါသည် ကိုယ်တိုင် မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းအားဖြင့် တည်၏။” ဟု ဖော်ပြထားသည်။ ထိုကြောင့် ၁ ကော ၁၁:၁၌၊ “ငါသည် ခရစ်တော်၏ နည်းတူ ကျင့် သကဲ့သို့ သင်တို့လည်း ငါ့နည်းတူ ကျင့်ကြလေ့ာ။” ဟု မိမိ၏ အကျင့်ကို သက်သေခံလေ၏။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခရစ်တော် ကျင့်သည့်နည်းတူ ကျင့်သော ခရစ်ယာန်၊ တ နည်းအားဖြင့် ဘုရား၏ သားသမီး ဖြစ်ရသော အခွင့်ကို ရသော၊ ဝိညာဉ်ပကတိဖြင့် အသက်ရှင်သော ခရစ်ယာန်များဖြစ် ကြသည်။

ချစ်သော မိတ်ဆွေ သင်သည် မည်သည့်အုပ်စုဝင် ဖြစ်သနည်း။ စာရေးသူ ကိုယ်တိုင် ပင်လှျင်အလိုတော်ကို ရှာ၍ ပြင်ဆင်လျက်၊ ဆင်ခြင်လျက် လှေျာက်လှမ်းခြင်းအားဖြင့် နောက်ဆုံးအုပ်စုဝင် ဖြစ်လိုသောကြောင့် တတ်နိုင်တော်မူသော သခင်ဘုရား ထံ၌ အသက်တာကို ဆက်ကပ်ထားကြောင်း သက်သေခံအပ်ပါသည်။ 

မေ ၂၉ သင်တန်းမှတ်တမ်း

ယနေ့ခေတ် ခရစ်ယာန် လူငယ်များ၏ ဝတ်ပြုကိုးကွယ်ခြင်း၊ သီဆိုချီးမွမ်းခြင်း၊ နိုးထခြင်း၊ မိဿဟာရဖွဲ့ခြင်း၊ ဆုတောင်းခြင်း၊ သက်သေခံခြင်း၊ လူငယ်နှီးနှော ဖလှယ်ပွဲများ ပြုလုပ်ခြင်း စသည့် အစီအစဉ် တခုချင်းစီကို လေ့လာကြည့်သောအခါ ဝိညာဉ် သဘောထက်၊ ဇာတိ သဘော များကိုသာ မြောက်မြားစွာ တွေ့နေရသည်။ (စာရေးသူ၏ မယုံကြည်သူ ဘဝက အသက်တာ၌လည်း ထိုကဲ့သို့သော အ​ခြေအနေများကိုသာ တွေ့ရသည်။ သာဓကအားဖြင့် မယုံကြည်သူများ၏ အခေါ်၊ ခရစ်ယာန် ဘောလုံးပွဲ၊ ခရစ်ယာန် စျေးရောင်းပွဲ၊ ခရစ်ယာန် စတိတ်ရှိုးပွဲ၊ ခရစ် ယာန် ခရစ္စမတ်ပွဲစသည်တို့ တွင်အချိန် အခါ များစွာ ပါဝင်ဆင်နွ​ဲခဲ့ဖူးပါသည်။ လော ကသား များပြုကျင့် သကဲ့သို့၊ ခရစ်ယာန် အချင်းချင်းငြင်းပွားခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်းများကိုလည်း အခါအား လျော်စွာ ကြုံကြိုက်ခဲ့ဖူးပါသည်။ လောက အတွက် အလင်း ဖြစ်ဖို့ရန်ဝေစွ၊ မိမိကိုယ်ကို မိမိပင်လှျင်မှောင်မိုက်လျက် ရှိကြသည်။) ထိုသို့ ဘာကြောင့် ဖြစ်သနည်း။ ဆရာကြီး မောဇက်က၊ “မှားယွင်းမှုဖြင့် စတင်သောကြောင့် ဖြစ်သည်” ဟု သွန်သင်သည်။ ဆရာ၏ သွန်သင်ချက်အရ၊ 

လူသားတို့သည် မွေးစကပင် မှားယွင်းသော မိသားစု အဝင်များ ဖြစ်ကြကြောင်း “သင်တို့သည် သင်တို့၏ အဘ တည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့ အဘအလိုသို့လည်း လိုက်တတ်ကြ၏။ -သူသည် -မုသာစကား၌ ကျင် လည်သောသူ ဖြစ်၏။ မုသား၏ အဘလည်း ဖြစ်၏။” (ယော ၈:၄၄)ဟု သွန်သင်ပါသည်။ ​ကျွန်ုပ်တို့သည် စာတန် မာရ်နတ်၏ မိသားစုဝင် ဖြစ်သောကြောင့်၊ ဘုရား သခင်၏ အလိုတော်နှင့် ကွဲပြား၍ မိမိတို့ အဘ ဖြစ်သော စာတန်၏ အလို၌ ညီညွတ်လျက် ရှိကြကြောင်း -မိသားစုမှားယွင်း သကဲ့သို့၊ နေရာမှားယွင်း နေကြောင်း -စာ တန်ပိုင်သော ဤလောကကို တပ်မက်သော စိတ်ဖြင့် အသက်ရှင်လျက် ရှိကြကြောင်း-ထို့ကြောင့် ပန်းတိုင်မှားယွင်းလျက် ရှိကြောင်း-ပန်းတိုင်မှားယွင်းသောကြောင့် လမ်းမှားသို့ သွားကြကြောင်း-လမ်းမှား သကဲ့သို့ ရည်ရွယ်ချက်လည်း မှားယွင်း ကြကြောင်း - ရည်ရွယ်ချက်မှားသောကြောင့် မိမိလုပ်ရပ်ကို မိမိကိုယ်တိုင် နားမ လည်ပဲ၊ မှားယွင်းစွာဖြင့် ပင် ဆက်လက်လုပ်ဆောင်လျက် ရှိကြကြောင်း-နှုတ် ကပတ်တော် ကျမ်းချက် များစွာကို ကိုးကား၍ သင်ကြားပေးပါသည်။ ( မှတ်ချက်၊ စိတ်ပါဝင်စားပါက အဆိုပါနှုတ်ကပတ်တော် ဝေငှချက်များကို၌ သကအကဘန ဥညူငညန ​ြနိင​ေ ၌ လေ့လာနိုင်ပါသည်။) ထိုအပြင် -

ဘုရားသခင်၏သားတို့နှင့် စာတန်၏သားတို့သည် အဘယ်အကြောင်း အရာနှင့် မျှမညီညွတ်နိုင်ကြောင်း -အဘယ်ကြောင့်ဆိုသော်ခေါင်းဆောင် မတူသောကြောင့် ဖြစ်ကြောင်း-အချို့မှာခေါင်းဆောင် မရှိသောကြောင့် ဖြစ်ကြောင်း -သာဓက ကျမ်းညွှန်းချက်မှာသူကြီး၂၁:၂၅၌ “ထိုကာလ၌ ဣသရေလ ရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည် အတိုင်း ပြုသတည်း” ဟု ဖော်ပြထားကြောင်း၊ လူအသီးသီးတို့သည် မိမိတို့ စိတ်အလိုရှိသည့်အတိုင်း လုပ်ကြသည့်အတွက် ယခုနေ့ရက်ကာလတို့တွင် မိမိတို့၏ အမှုတော် ထမ်းရွက်ခြင်း၌ မအောင်မြင် ပဲအသီးသီးကျရှုံးလျက် ရှိကြကြောင်း-ဘုရင်မရှိသောကြောင့် ဖြစ်ကြောင်း၊ (သို့) မိမိ၏ ဘုရင်ကို မသိသောကြောင့်လည်း ဖြစ်နိုင်ကြောင်း -မိမိတို့၏ ဘုရင်ကို မိမိတို့ ကိုယ်တိုင် သိ၍ သူ၏ စကားကို နာခံလိုက်လျောက်ခြင်းအားဖြင့် အမှုတော်ကို ထမ်းရွက်သင့်ကြောင်း -
 သခင် ခရစ်တော်ကို မိမိ၏ ရှင်ဘုရင်အဖြစ် ယုံကြည်သောသူမှန်သမျှသည် မဿဲ ၁၆:၂၄တွင် ဖော်ပြထားသည့်အတိုင်း ကိုယ်ကိုယ်ကို ငြင်းပယ်ရမည် ဖြစ်ကြောင်း-ထိုအပြင်ယောဟန် အခန်းကြီး (၈)၌ ဖော်ပြထားသည့်အတိုင်း မိမိအပြစ်ကို နှုတ်ကပတ်တော် ဖော်ပြထားသည့်အတိုင်း မြင်တတ်ဖို့ရန်လည်း လိုကြောင်း-၁ ကော ၁:၃၀အားဖြင့် မိမိတို့သည့် ဘုရားသခင်အားဖြင့် ယေရှုခရစ်၌ တည် နေကြသည်ကို အစဉ်အောက်မေ့နေဖို့ရန်လိုအပ်ကြောင်း-၂ ကော ၅:၁၇ အားဖြင့်လည်း မိမိတို့သည် ခရစ်တော်အားဖြင့် အသစ်ဖန်ဆင်းခြင်း ခံရသောသူများ၊ ဟောင်းသောအရာ တို့သည် ကုန်ဆုံး၍ အသစ် ဖြစ်ကြကြောင်း -မိမိ ကိုယ်ကို ဆင်ခြင်တည် ဆောက်ခြင်းသည် အလွန် အရေးကြီးကြောင်း -သံထဲ၌ တောင်နှင့် မြောက်ရှိသည်။ ထိုသံထဲရှိလားရာများကို မစီဘဲ ထားလျှင် အချင်းချင်းချေဖျက်၍ အား မရှိကြောင်း၊ သို့သော် တောင်နှင့် မြောက်လားရာများကို စီလိုက်လျှင်၊ တောင်တောင်ချင်း၊ မြောက် မြောက်ချင်းစီလိုက်လျှင် အားရှိ၍ သံစများကို ဆွဲနိုင်သော အားရှိလာသည်။ လူလည်း သံထဲရှိ မတူညီသော လားရာများ ကဲ့သို့ မတူညီသော ရည်ရွယ်ချက်၊ ခံယူ ချက်များရှိကြကြောင်း၊ ထိုမတူညီသော ရည်ရွယ်ချက်နှင့် ခံယူချက်များကို ဘုရားသခင်၏ အမြင်၊ ရည်ရွယ်ချက်နှင့် ညိှလိုက်သောအခါ၊ အမြင်နှင့် ရည်ရွယ်ချက်တူ ညီလာခြင်းဖြင့် အချင်းချင်းမချေဖျက်တော့ဘဲ၊ အားရှိလာနိုင်ကြောင်း၊ 

နောက်ဆုံးသာဓကအနေဖြင့် အက်စကီးမိုးတယောက်၌ အရွယ်တူ၊ ကိုယ်ကောင်တူညီသော ခွေးဖြူနှင့် ခွေးမည်းရှိသည်။ ထိုခွေးတို့ကို စျေးတန်း၌ ခေါ် သွား၍၊ ကိုက်ခိုင်းသောအခါ၊ ကြိုတင် နိင်မည့် ခွေးကို ပြောနိုင်သည်။ ခွေးဖြူကနိင်မည်ဟု ပြောသော နေ့၌ ခွေးဖြူကနိင်၍၊ ခွေးမည်းနိင်မည်ဟု သခင်ကပြောလျှင် တကယ် ပင်ခွေးမည်းကနိင်တတ်သည်။ သူ၏ လျှို့ဝှက်ချက်မှာ ခွေးမည်းနိင်စေသည့်နေ့တွင် ခွေးမည်းကိုသာ အစာ​ကျွေး၍ ခွေးဖြူကို အငတ်ထားသည်။ ခွေးဖြူနိင်မည့် နေ့၌ ခွေးဖြူကိုသာ အစာ​ကျွေး၍ ခွေးမည်းကို အငတ်ထားသည်။ အစာဝသော အကောင်သည် အားကြီး၍ အစာငတ်သော အကောင်သည် အားနည်းသည်။ ထို့ကြောင့် အစာဝသော အကောင်ကအစာငတ်သော အကောင်ကို နိင်ခြင်း ဖြစ်သည်။ ထို့နည်းတူ၊ ယုံကြည်သူ၌လည်း ဝိညာဉ်နှင့် ဇာတိရှိရာ ဝိညာဉ်ကို အစာ​ကျွေး၍ ဇာတိကို အငတ်ထားလျှင် ဝိညာဉ် ကနိင်၍၊ ဇာတိကိုသာ အစာ​ကျွေး၍ ဝိညာဉ်ကို အစာငတ်ထားလျှင် ဇာတိကနိင်ခြင်းသည် အံ့ဩစရာ မရှိပါ။ ထို့ကြောင့် ဝိညာဉ်က နိင်ဘို့ရန် ကိုယ့် ဝိညာဉ်ကို အစာများများ​ကျွေး၍ ဇာတိကို အငတ်ထားရမည် ဖြစ်သည်။ ထို့ကြောင့် မိမိဝိညာဉ်ကို ဝိညာဉ် အစာများများ​ကျွေးဘို့ လိုကြောင်းများသွန် သင်ပေးခဲ့ပါသည်။အချိန် နည်းသော်လည်း ​ကျွန်ုပ်တို့ လူငယ်မောင်မယ်များအတွက် အလွန် အကျိုးရှိသော သင်တန်း ဖြစ်ပါသည်။ သင်တန်း၌ သွန်သင်ခဲ့သော ကျမ်းချက်များကို အသေးစိတ်မဖော်ပြခြင်းမှာ ယခုလထုတ်သတင်းကောင်း စာစောင်၌ ဆရာ ကိုယ်တိုင် ရေးသား တင်ပြပေးမည် ဖြစ်ကြောင်း ယုံကြည် သောကြောင့် ဖြစ်ပါသည်။ 

ချစ်သော မိတ်ဆွေ၊ ယခုနေ့ရက်ကာလသည် အလွန်ပင် ခက်ခဲဆိုးယုတ်သော ကာလ ဖြစ်သောကြောင့် ပညာမဲ့ကဲ့သို့ မနေပဲ၊ ပညာရှိကဲ့သို့ စုရုံးပူးပေါင်း၍ ဘုရားသခင်၏ နိုင်ငံတော် ကျယ်ပြန့်ရေးနှင့် ဆိုင်သော အမှုတော် မြတ်ကြီး အတွင်း၌ တတပ်တအား ပါဝင်ဆောင်ရွက်ကြဖို့ရန်တိုက်တွန်းခြင်း အားဖြင့်သော်၎င်း၊ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လာမည့် ဇွန်လ ၂၄ ရက်နေ့သတင်းကောင်း နှစ်ခြင်း အသင်းတော်များဖြစ်ကြသည့်၍ ညိင​ေညစေသူငျ ှသကအ့ျငိနယဩမအ့ျငိနယ ျွှနျအျငိနယ်​ေူ​ော ဃ့ငည ွ​ြဃ ​ေညိဩတူငညါ ွမနနည အသင်းတော် မှလူငယ်များစုပေါင်း၍ လူငယ်ပျောက်ဆုံး ဝိညာဉ်များနိုးထခြင်း ပွဲတော် အတွက် ဆုတောင်း ကူညီပေးခြင်း အားဖြင့်၎င်း၊ ပါဝင်ကြပါရန် အနယ်နယ်အရပ်ရပ်မှ ယုံကြည်သူ ညီ အစ်ကို မောင်နှမများထံတင်ပြအပ်ပါသည်။ 

အထူးသဖြင့် ဤသင်တန်း၌ မေတ္တာဖြင့် သွန်သင် အားပေးတိုက်တွန်း၍ ​ကျွန်ုပ်တို့ လူငယ်များကို ကောင်းချီးပေး၊ ဆုတောင်း ပေးသော ဆရာကြီး မောဇက်နှင့်တကွ တက်ရောက်ခံယူခဲ့ကြသော လူငယ်ခေါင်းဆောင်များ၊ လူငယ်အမှုတော်ဆောင်များ၊ ဆယ်ကျော်သက်လူငယ်မောင်မယ်များ အားလုံး ကို ဘုရားရှင်သာ၍ အသုံးပြုကောင်းချီးပေးပါစေ။ ဤစာစဉ်ကို ဖတ်ရှုကြသောသူများ၌လည်း ဘုရားရှင်ကောင်းချီးပေးပါစေ။ အာမင်။ 

 

 ခရစ်ယာန် အိမ်ထောင်


အိမ်ထောင်သည် ဘုရားသခင်ကသာ ဆောက်မည့် အကြောင့်ကျမ်းစာ၌ ဤသို့ ရေးထားသည်၊ “ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ ၂ စောစော ထလျက်၊ ညဉ့်နက်သည့်တိုင်အောင် မအိပ်ဘဲ နေလျက်၊ ပင်ပန်းစွာ အစာစားလျက် နေသော်လည်း အကျိုးမရှိ၊ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူသောသူအား အမှန် ပေးတော်မူ၏။” (ဆာ ၁၂ရး၁-၂) 

ချစ်ခြင်းနှင့် ဆောက်ကြ

လူပျိုအပျိုဘဝ၌ အိမ်ထောင်ကို ချစ်ခြင်းမေတ္တာနှင့် တည်ဆောက်ဘို့ ကြံ ရွယ် ကြိုးစား ကြသည်။ မေတ္တာသည် အိမ်ထောင်၏ အစအဦးမှန်ပါသည်။ ရီးစားဘ ဝ၌ ချစ်ခြင်းမေတ္တာသည် အဓိက ဖြစ်သည်။ ချစ်ခြင်းမေတ္တာကြောင့်သီးခံနိုင်သည်၊ စိတ်ရှည်သည်၊ ကိုယ့် အလိုဆန္ဒကို ငြင်း၍ ရီးစား၏ အလိုကို လိုက်နိုင်သည်။ ထိုမေတ္တာသည် အိမ်ထောင်သက်တန်းတလျှောက်လုံး မပြောင်းမလဲရှိ မည်ဟု ထင်တတ်ကြသည်။ သို့သော် အိမ်ထောင်ပြု၍ ချစ်သူကို ပိုင် လာသောအခါ၊ ထိုမေတ္တာသည် တ ဖြည်းဖြည်းလျော့နည်းလာသည်။ အကြောင်းရင်းများမှာ၊ လူသည် မရခင်တွင် အလွန်တန်ဘိုး ထားတတ်သော်လည်း ရရှိပြီးသောအခါ ငြေးငွေ့တတ်သည်။ ထို့အပြင် ခလေးများ ရရှိ လာသောအခါ ပင်ပန်းလာ ကြသည်။ အလုပ်လုပ်ရာတွင် ပင်ပန်း ကြသည်။ ကျန်းမာရေးမကောင်းသောကြောင့် ဖြစ်စေ၊ ငွေရေးကျေးရေး ခက်ခဲသောကြောင့် ဖြစ်စေ၊ အကြောင်း အမျိုးမျိုးကြောင့် အချစ်လျော့နည်းလာတတ်သည်။ ပြသနာများရင်ဆိုင် လာသောအခါ ချစ်ခြင်းမေတ္တာသည် ဘယ်ရောက်သွားမှန်းပင် မသိကြတော့ချေ။ 

ငွေနှင့် ဆောက်ကြ

အိမ်ထောင်ပြုပြီးသောအခါ ငွေကျေးနှင့် အိမ်ထောင်ဆောက်ဘို့ရန် ရည် ရွယ်၍ အသား ကုန်ငွေရှာတတ်ကြသည်။ ငွေရှိမှအိမ်၊ ကား၊ ပရိဘောဂ၊ အဝတ်အ စားဝယ်နိုင်မည်။ သို့မှသာ သူများနှင့် တန်းတူမည်ဟု ရည်ရွယ်ထား ကြသည်။ သို့သော် ကျမ်းစာက၊ “စောစော ထလျက်၊ ညဉ့်နက်သည့်တိုင်အောင် မအိပ်ဘဲ နေလျက်၊ ပင်ပန်းစွာ အစာစားလျက် နေသော်လည်း အကျိုးမရှိ၊ ” ဟုဆိုသည်။ ငွေ ကျေးလုံလောက်သော်လည်း၊ လောက ပစ္စည်းကြွယ်ဝသော်လည်း ထိုအရာများ ကသာ ယာအောင်မြင်သော အိမ်ကို မဆောက်နိုင်ပါ။ ငွေနှင့် အိမ်၊ ကားများပစ္စည်း 
များ လိုအပ်ပါသည်။ သို့သော် ထိုအရာများကို အဓိကမထားသင့်ချေ။ 

ယောက်ျာသည် ဦးခေါင်း

အိမ်ထောင်အစပျိုးသောသူသည် ဘုရားသခင် ဖြစ်သည်။ ထိုသို့ အစပျိုးရာတွင် အာဒံကို ပဌမ ဖန်ဆင်းခဲ့သည်။ အာဒံကို အထောက်အမ ဖြစ်ဘို့ရန် ဧဝကို သူ၏ နံရိုးမှထုတ်၍ ဖန်ဆင်းခဲ့သည် (က ၂:၁၈)။ ပေါလုက၊ “မိန်းမ၏ ခေါင်းကားယောက်ျား ဖြစ်သည် ဟုဆိုသည်၊ ” (၁ ကော ၁၁:၃) “ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်း ဖြစ်တော်မူ သကဲ့သို့၊ယောက်ျားသည် မိမိခင်ပွန်း၏ အပေါ် မှာခေါင်း ဖြစ်၏။ အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသ ကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံရကြမည်။” (ဧဖက် ၅:၂၃)။ ခေါင်းသည် ကိုယ်ခန္ဓာ တခုလုံး၏ ဦးဆောင်သူ ဖြစ်သည်။ ထို့ကြောင့်ယောက်ျားသည် ခေါင်းနေရာ၌ ရှိရမည်။ ထို့အရာသည် ဘုရားသခင်၏ အစီအစဉ် ဖြစ်၍ ငြင်းဆိုလျှင် ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ထိုုိ့ကြောင့်ယောက်ျားသည် အရာရာ၌ ဦးဆောင်သူ ဖြစ်ရမည်။ သို့သော်ယောက်ျားထက် မိန်းမသည်တော် နေလျှင် မည်ကဲ့သို့ဖြစ်မည်နည်း။ မိန်းမသည်ယောက်ျားထက်တော် နေလျှင်ယောက်ျားကို အကြံပေးရမည်။ယောက်ျား အနေနှင့်လည်း မိန်းမအကြံသည် ပို၍ ကောင်းလျှင် လက်ခံရမည်။ယောက်ျားသည် ခေါင်း ဖြစ်သည်ဟု မိန်းမကို အနိင်ကျင့်ဘို့ မဟုတ်ချေ။ ပေါလုက၊ “၂၅ အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ သကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ၂၈ ထိုနည်းတူ၊ယောက်ျားတို့သည် မိမိကိုယ်ကို ချစ် သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကို ချစ်သောသူ ဖြစ်၏။ ၂၉ ကိုယ်အသားကို မုန်းသောသူတယောက်မျှ မရှိ။ ခရစ်တော်သည် အသင်းတော်ကို ​ကျွေးမွေး ပြုစုတော်မူ သကဲ့သို့၊ ခပ်သိမ်းသော သူတို့သည် မိမိတို့ အသားကို ​ကျွေးမွေး ပြုစုတတ်ကြ၏။” (ဧဖက် ၅:၂၅၊ ၂၈-၂၉)။ 

ယောက်ျားသည် မိန်းမကို ချစ်ဘို့ ဖြစ်သည်။ မိန်းမကို ချစ်လျှင် ဗိုလ်ကျစရာ မရှိချေ။ ကိုယ်ချစ်သူကိုသည်း ခံရမည်။ သနားကျင်နာရမည်။ အပြစ်ကို ခွင့်လွှတ် ရမည်။ အရာခပ်သိမ်းသည် ဘုရား စီစဉ် သကဲ့ သို့ဖြစ်လျှင် အားလုံး ညီညွတ်၍ အဆင်ပြေသည်။ ဘုရား စီစဉ်သောအရာကို ဆန့်ကျင်လျှင် အားလုံး ကမောက်ကမ ဖြစ်၍ ပြသနာ ဖြစ်လာသည်။ မြန်မာနိင်ငံတွင်ယောက်ျားများက မိန်းမများကို အနိင် ကျင့်တတ်ကြသည်။ ထိုအရာသည် ဘုရား၏ အလိုတော်ကို ဆန့်ကျင်သည်။ အမေရိကန်ပြည် ထောင်စုတွင် ဥပဒေကမိန်းမများကို အသာပေးသောကြောင့် မိန်းမများ ကယောက်ျားများကို စကား နားမထောင်၊ ပြသနာ ဖြစ်လျှင် ရဲခေါ်၍ယောက်ျားကို ထောင်ချဘို့ သာလျှင် ပြင်ဆင် ကြသည်။ ထိုအရာသည်လည်း ယုံကြည်သူ အတွက် လုံးဝ မလုပ်သင့်သောအရာ ဖြစ်သည်။ မည်သူမဆိုခွင်ပွန်းကို ချစ်၍ယူ ကြသည်။ နောက်ပိုင်းအိမ်ထောင်ကို မတည်ဆောက်တတ်ကြသောအခါ တယောက်နှင့် တယောက်နှိပ်စက်ခြင်း၊ ဒုက္ခ ပေးခြင်းဖြင့် ဒဏ်ခတ်တတ်ကြသည်။ နောက်ဆုံး၌ ကွာ ရှင်းခြင်းအားဖြင့် ပြသနာ ​ ဖြေရှင်း တတ်ကြသည်။ ထိုနောက် ခင်ပွန်းမရှိဘဲ မနေနိုင်သောအခါ နောက်ခင်ပွန်းကိုယူ ကြသည်။ သို့သော် များသောအားဖြင့် နောက်ခင်ပွန်းနှင့်လည်း ပြသနာ မကင်းနိုင်သောကြောင့် ကွဲကြပြန်သည်။ ကြားထဲ၌ သားသမီး များသည် သနားစရာ အလွန် ကောင်းသည်။ မိဘနှစ်ဦးချစ်ချစ်ခင် ခင်နှင့် ပေါင်းသင်းခြင်းကိုသာ းသမီး များကလိုလားသည်။ မိဘများ ကွဲခြင်းအားဖြင့်သားသမီး များ၏ စိတ် အလွန် ထိခိုက်နစ်နာစေသည်။ ဖခင်ကနောက်မိန်းမယူသောအခါ မိဒေွးကို မလိုချင် လျှင်လည်း ပေါင်းသင်းဘို့ လိုလာသည်။ မိခင် ကနောက်လင်ကိုယူသောအခါ ပထွေးကို အဖေဟု ခေါ်ဘို့ လိုလာသည်။ ထိုသို့ဖြင့်သားသမီး များသည်် စိတ်ပိုင်း ဆိုင်ရာ၌ ထိခိုက်သောကြောင့် မကျန်းမာနိုင်တော့ချေ။ ကိုယ်ကိုယ်တိုင်လည်း မိဘများကွဲခြင်းကြောင့် ဒုက္ခ ရောက်ခဲ့လျှင် ထိုအရာကို သင်ခန်းစာယူသင့်သည်။ သို့သော် များစွာသော သူတို့သည် ဘယ်သောအခါ မျှသင်ခန်းစာမယူ၊ ကိုယ့် သဘောနှင့် သာအသက်ရှင်၊ အိမ်ထောင်တည်ဆောက်သောကြောင့် မကျန်းမာသော အိမ် ထောင်များ၊ အလွန်များပြားခြင်း ဖြစ်သည်။ သင်၏ အိမ်ထောင်သည် မည်ကဲ့သို့ဖြစ်သနည်း။ ကျန်းမာပါသလော။ 

ငါ့သဘော ပြိုင်

ထိုသို့ဖြစ်ရခြင်းသည် အစကတည်းက ဘုရားသခင်ကိုအား မကိုးဘဲ ကိုယ်သဘောနှင့် အိမ်ထောင်ပြု၊ တည်ဆောက်သောကြောင့် ဖြစ်သည်။ လူသည် ကိုယ်ဟာကိုယ်ရပ်တည်ချင်၊ ကိုယ်သဘောနှင့် အသက်ရှင်ချင် သောကြောင့် ပြသနာ ဖြစ်ရသည်။ လင်ယောက်ျားလည်း ကိုယ်သဘော၊ မိန်းမလည်း ကိုယ်သဘောနှင့် သွား ချင်သောအခါ ပြသနာ ဖြစ်လာသည်။ ရီးစားဘဝ၌ ချစ်ခြင်းမေတ္တာကြောင့်ကိုယ့်သ ဘောဆန္ဒကို ချုပ်တည်း နိုင်သော်လည်း လင်မယား ဖြစ် လာသောအခါ ကိုယ့်သ ဘောထလာသည်။ ထိုအခါ အကြမ်းနည်းနှင့် တယောက်ယောက်ကနိုင်နေလျှင် တယောက်သည် ဝပ်နေသောကြောင့် အဆင်ပြေ သကဲ့သို့ ရှိသည်။ မိန်းမကနိင်နေလျှင် ဘယ်အရာမဆိုယောက်ျားက မိန်းမ သဘော ဟုဆိုတတ်သည်။ယောက်ျား ကနိင်နေလျှင် မိန်းမကယောက်ျား သဘော ဟုဆိုတတ်သည်။ သို့သော် သဘော ချင်း ဆန္ဒချင်းပြိုင် လာသောအခါ ပြသနာ ဖြစ်လာသည်။ နောက်ဆုံး၌ မ​ဖြေရှင်း နိင်သောအခါ လက် ပါလာကာသွေးထွက်သံယိုမှုများဖြစ်လာ၍ ရဲခေါ်ကာအချုပ်ထဲ၌ သွားရသည်။ မိန်းမများလည်းယောက်ျားကို ထောင်ချဘို့ သာလျှင် စိတ်ရှိပြီး ထိတ်ကနဲ ဖြစ်လျှင်ယောက်ျားကို ခြိမ်း​ခြောက်တတ်သည်။ယောက်ျားများလည်း မြန်မာပြည် မှာကဲ့သို့ အကြမ်းရဲတော့ဘဲ မိန်းမကို ကြောက်နေရသည်။ ထိုသို့ တယောက်နှင့် တယောက်ရန်ဆောင်နေခြင်းအားဖြင့်သာယာပျော်ရွှင်သော အိမ် ထောင်မ ဖြစ်နိုင်ပါ။ ယုံကြည်သူများလုပ်မည့် အရာလည်း မဟုတ်ပါ။ နောက်ဆုံးမ​ဖြေရှင်း တတ်သောအခါ ကွာရှင်းခြင်းဖြင့် အ​ဖြေရှာတတ်ကြသည်။ 

လင်မယား ကွာခြင်း ဘုရားကမုန်း

လင်မယား ကွာရှင်းခြင်းကို ဘုရားသခင်က လုံးဝ မလိုလားကြောင်း ဤသို့ တွေ့ရသည်၊ “မယားကို စွန့်ခြင်း အမှု မိမိခင်ပွန်း၌ ပြစ်မှားသော အပြစ်ကို ဖုံးအုပ်ခြင်း အမှုကို ငါမုန်းသည်ဟု၊ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်​ခြေ အ ရှင်ထာဝရဘုရား မိန့်တော်မူ၏။ ထိုကြောင့် ကိုယ်စိတ် သဘောကို ချုပ်တည်း ကြလော့။ သစ္စာကို မဖျက်ကြနှင့်။” (မာလခိ ၂:၁၆)။ ဤနေရာ၌ အင်္လိပ်လို၊ ်သမ ၍ ့အေန ိငလသမခနယ” ျပျေ အ့န ူဥRီဟု ရေးထားသည်။ ဆိုလိုသည်မှာ လင်မယား ကွာရှင်းမှုကို ငါမုန်းသည် ဟူ၍ ဖြစ်သည်။ ထိုကြောင့် လင်မယား ကွာလျှင် သင့်အပေါ်၌ ဘုရားသခင် စိတ်တော် မတွေ့ကြောင်း သိပါ။ ခရစ်တော်ကလည်း၊ “အကြင်သူသည် မိမိမယားနှင့် ကွာ၍ အခြားသော မိန်းမနှင့် စုံဘက်ခြင်းကို ပြု၏၊ ထိုသူသည် မိမိမယားကို ပြစ်မှား၏။ လင်ကွာသော မိန်းမနှင့် စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှားသည်ဟု မိန့်တော်မူ၏။” (လု ၁၆:၁၈၊ မ၅ ; ၁၉ ;) ရှင် ပေါလုကလည်း၊ “မိန်းမသည် မိမိခင်ပွန်းမသေမှီကာလ ပတ်လုံး တရားအားဖြင့် ချည်နှောင်လျက် ရှိ၏။ ခင်ပွန်းသေလျှင် မူကား၊ မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသောသူ၏ မယား ဖြစ်ခြင်းငှါ အခွင့်ရှိ၏။” (၁ ကော ရး၃၉)ဟု ရေးသည်။ ဘုရားကလင်မယား ကွာခြင်းကို အလိုတော် မရှိသောကြောင့် စစ်မှန်သော အသင်းတော်ကလည်း အလိုမရှိချေ။ သားသမီး များကလည်း မိဘနှစ်ပါးကွဲခြင်းကို လုံးဝ အလိုမရှိကြချေ။ သို့ဖြစ်လျှင် မည်သူကလင်မယား ကွာရှင်းခြင်းကို အလိုရှိသနည်း။ စာတန်နှင့် ဘုရားကို ဂရုမစိုက်သော လင် သို့မဟုတ် မယားကသာလျှင် အလိုရှိသည်။ ထို့ကြောင့် လင်မယား ကွာရှင်းခြင်းကို ယုံကြည်သူများအနေဖြင့် လုံးဝ မစဉ်းစား သင့်ချေ။ သို့ဖြစ်လျှင် ပြသနာကို မည်ကဲ့သို့ ​ ဖြေရှင်းရမည်နည်း။ 

ရဲမခေါ်ဘဲ သင်းအုပ်ဆရာခေါ်ပါ

အိမ်ထောင်ကို ဘုရား မတည်ဆောက်စေသောကြောင့် ပြသနာ မ​ဖြေရှင်း တတ်သောအခါ အထက်၌ ဖေါ်ပြသကဲ့သို့ မိန်းမ များသည် ရဲကို ခေါ်တတ်ကြသည်။ ထိုသို့ ရဲကို ခေါ်ခြင်းဖြင့် ပြသနာ မအေးသွားနိင်ပါ။ ယုံကြည်သူများဖြစ်လျှင် ရဲခေါ်ခြင်းထက် သင်းအုပ်ဆရာကို ခေါ်၍ သင်းအုပ်ဆရာ၏ အကြံပေးခြင်း၊ သွန်သင်ခြင်း၊ ဆုံးမခြင်းကိုသာ၍ ခံယူသင့်သည်။ သင်းအုပ်ဆရာများရှိခြင်းသည် တရား ဟောဘို့သာ မဟုတ်ဘဲ၊ အသင်းသူ အသင်းသား များ၏ ပြသနာ ကိုလည်း တတ်နိုင် သမျှ ​ ဖြေရှင်း ပေးဘို့ရန် ဖြစ်သည်။ စိတ်ဆိုးနေချိန်တွင် ခင်ပွန်းသည်၏ ​ ဖြေရှင်း မှုကို မခံယူနိုင်ချေ။ ထိုအချိန်တွင် သင်းအုပ်ဆရာ သို့မဟုတ် အမှုတော်ဆောင် သို့မဟုတ် လေးစားအပ်သော ဝိညာဉ်လူများကို ခေါ်၍ တိုင်ပင်သင့်သည်။ ထိုသို့ ပြုခြင်းအားဖြင့် အိမ်ထောင်မပြိုကွဲဘဲ ကယ်တင်နိုင်သည်။ လင်နှင့် မယားနှစ်ယောက်ပူးပေါင်း၍ ကြိုးစား လုပ်ဆောင်ရာတွင် ပင် အဆင် မပြေနိုင်လျှင်၊ မိခင် သို့မဟုတ် ဖခင်တဦး တည်းဖြင့် အိမ်ထောင်တည်ဆောက်ဘို့ရန်မှာ လုံးဝ မလွယ်ကူပေ။ လင်မယား ကွဲခြင်းအားဖြင့်သားသမီးများ၊ ဆွေမျိုးသား ချင်းများ၊ သူငယ်ချင်းများ၊ အသင်း တော်၊ အသိုင်းအဝိုင်းအားလုံး နစ်နာစေသည်။ အစိုးရလည်း ထောက်ပံ့​ကြေးပေးခြင်းအားဖြင့် အကုန်အကျများ စေသည်။ တိုင်း ပြည် အတွက်လည်း မကောင်းပါ။ လင်မယား ကွာပြီး နောက်၊ နောက်အိမ်ထောင်မပြုဘဲလည်း မနေနိုင်ကြပါ။ ထိုသို့ နောက်အိမ်ထောင်ပြုလျှင်လည်း ပြသနာ ပို၍ များတတ်သည်။ ထိုသို့ဖြင့် ကွာရှင်း ပြန်၊ အိမ်ထောင်ပြန်ပြုပြန်နှင့် ဘဝပျက်ရသည်။ နာမည်လည်း ပျက်သည်။ ဆွေမျိုး၊ သူငယ်ချင်း၊ အသင်းတော်လည်း အလုပ်များ စေသည်။ 

မည်ကဲ့သို့ ဘုရားကတည်ဆောက်မည်နည်း

အိမ်ထောင်ကို ဘုရားကတည်ဆောက်ရမည်ဟု သိရပြီ။ သို့ဖြစ်လျှင်မည် ကဲ့သို့ တည်ဆောက်မည်နည်း။ လင်မယား နှစ်ယောက်စလုံး ဘုရားနှင့် သက်ဆိုင်သူ ဖြစ်ရမည်။ ဆိုလိုသည်မှာ ဒုတိယ မွေးဘွားသူ၊ ဘုရား သားသမီး များဖြစ်ရမည်။ ထို့နောက်ဘုရားနှင့် အမြဲ မိဿဟာယဖွဲ့ သူများ ဖြစ်ရမည်။ အစဉ်အမြဲ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဘုရား စကား လိုက်နာခြင်းဖြင့် မိဿဟာယဖွဲ့နိုင်သည်။ ပုံမှန်ဘုရားကျောင်းသွားရုံ၊ တရားနာရုံဖြင့် မရပါ။ ဘုရား၏ စကားကို လေးစား သောသူ၊ ဘုရားကို ကြောက်ရွံ့ရိုသေသောသူများ ဖြစ်ရမည်။ သို့မှသာ ဘုရား၏ ညွှန်ကြားချက်များကို နားလည်၍ လိုက်လျှောက်နိုင်ပေမည်။ လင်မယား နှစ်ယောက်စလုံးငါ့ သဘော ဟူသော အတ္တမာန်ကို စွန့်၍ ဘုရား သဘောနှင့် နေရမည်။ လင်ကလည်း ငါသည်ယောက်ျား ဖြစ်သည်ဟု မဆိုဘဲ ဘုရား သဘော ဖြစ်သည် ဟုဆိုနိုင်ရမည်။ မိန်းမကလည်း ငါ့ သဘောကို စွန့်၍ ဘုရား သဘောကို လက်ခံရမည်။ နှစ်ဦးစလုံးကဘုရား သဘောကို လိုက်လျှင် တ သဘော ထဲ ဖြစ်၍ ငြင်းခုံရန် ဖြစ်စရာ မရှိတော့ချေ။ ငွေ​ကြေးသုံးစွဲရာတွင် ဖြစ်စေ၊ အချိန် သုံးစွဲရာတွင် ဖြစ်စေ၊ မည်သည့် အရာမဆို ဘုရား သဘောနှင့် သွားလျှင် ပြသနာ မရှိနိုင်ချေ။ သင်၏ အိမ်ထောင်သာ ယာစေချင်ပါက ဘုရားကို တည်ဆောက်ခိုင်းပါ။အတူ တူ ဆုတောင်းပါ။ ကျမ်းစာဖတ် ဆွေးနွေးပါ။ ဘုရား အလိုတော် ဆောင်ပါ။ ဘုရားကို ကြောက်ရွံ့ရိုသေလေးစားပါ။ ဘုရားကို ပဌမ နေရာ၌ ထားပါ။ သို့ဖြစ်လျှင် ဘုရားသခင်က တည်ဆောက်မည် ဖြစ်သည်။ 

သစ္စစောင့်ခြင်း 

လင်မယား အကြား၌ ပဌမဦးဆုံး စောင့်စည်းရမည့် အရာသည် သစ္စာ စောင့်ခြင်း ဖြစ်သည်။ ဘုရားသခင်က လင်မယား ကြား၌ “သစ္စာ မဖျက်ကြနှင့်” ဟု မှာထားသည် (မာလခိ ၂:၁၆)။ သစ္စာ ဖျက်ခြင်း ဆိုသည်မှာ နောက်မီးလင်းခြင်း၊ ခင်ပွန်းအပြင်မှာချစ်သူရှိခြင်း ဖြစ်သည်။ သစ္စာ ဖျက်ခြင်းထက် ကြီးမားသော အပြစ်သည် ခင်ပွန်း အကြား၌ မရှိနိုင်တော့ချေ။ အခြားသော အပြစ်များသည် ​ ဖြေရှင်း၍ လွယ် ကူသည်။ နောက်မီးလင်းခြင်းနှင့် ပတ်သက်၍ ပေါလုက၊ “မတရားသော မထုန်ကို ကြဉ်ရှောင်ကြလော့။ လူပြုတတ်သော အခြားဒုစရိုက်ရှိသမျှတို့သည် ကိုယ်ပြင်၌ ရှိ၏။ မတရားသော မေထုန်ကို ပြုသောသူမူကား၊ မိမိကိုယ်ကို ပင်ပြစ်မှား၏။” (၁ ကော ၆:၁၈)ဟု ရေးခဲ့သည်။ 

ယောက်ျားတာဝန် 

ယောက်ျားသည် မိန်းမခေါင်း ဖြစ်သည်ဟု အထက်ကသိရပြီ။ ကိုယ်ခန္ဓာ၌ ခေါင်းသည် ဦးဆောင်သောသူ ဖြစ်သည်။ ထိုနည်းတူယောက်ျားများသည် မိသားစု၌ အစစအရာရာ၌ ဦးဆောင်သောသူ ဖြစ်ရမည်။ မိန်းမများယောက်ျားယူခြင်းသည် ချစ်ခြင်းမေတ္တာသာမက၊ အားကိုးရှာခြင်း ဖြစ်သည်။ သို့သော် များစွာသောယောက်ျားများသည် မိန်းမကအားကိုး၍ မရအောင် ပျက်စီး နေကြသည်ကို တွေ့ မြင်နေရသည်။ မိန်းမကအားကိုး မည့် အစား၊ အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ သူငယ်ချင်းများနှင့် ပို၍ အချိန် အသုံးပြုခြင်း၊ ဝါသနာကို ဦးစားပေးခြင်းများမလုပ် သင့်ချေ။ ခေါင်း ဖြစ်သည် ဟူ၍ မိန်းမကို အနိင်ကျင့်ဘို့လည်း မဟုတ်ချေ။ “ယောက်ျားတို့သည် မိမိကိုယ်ကို ချစ် သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကို ချစ်သောသူ ဖြစ်၏။” (ဧဖက် ၅:၂၈)။ ကိုယ့်မိန်းမကို ချစ်လျှင် အနိင်မကျင့်ရပါ။ 

မိန်းမတာဝန် 

မိန်းမများလည်း ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်း တည်းဟူသော ဦးဆောင်ခြင်း ကို နာခံသင့်သည်။ ပေါလုက၊ “အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံ သကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံ ရကြမည်။” (ဧဖက် ၅:၂၅) ဟုဆိုသည်။ အုပ်စိုးမှု ဝန်ခံခြင်း ဆိုသည်မှာယောက်ျား သဘောတူ ညီခြင်းရယူဘို့ ဖြစ်သည်။ ဘုရား စကား နားထောင် သူအတွက် ထိုအ ရာသည် ခက်ခဲမည် မဟုတ်ပါ။ အထက်၌ ဖေါ်ပြ သကဲ့သို့ ငါ့ သဘော ကြီးမား လွန်း သောကြောင့် မဝန်ခံနိုင်ခြင်း ဖြစ်သည်။ 

 


ကျမ်းစာဖတ်ကြပါစို့
ယော ၁း၁၉-၅၀



၁၉။ ယုဒလူတို့က၊ သင်သည် အဘယ်သူ နည်းဟု ယောဟန်ကို မေးမြန်းစေခြင်းငှါ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊ ၂၀ ငါသည် ခရစ်တော် မဟုတ်ဟု ထိမ်ဝှက်ခြင်း မရှိ၊ အတိအလင်း ပြောဆို၏။ ၂၁ ထို သူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည် အဘယ်သူ နည်း။ ဧလိယ ဖြစ်သလောဟု မေးပြန်၏။ ယောဟန်က၊ ငါသည် ဧလိယ မဟုတ် ဟုဆို၏။ ဤမည်သော ပရောဖက် ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ် ဟုဆိုပြန်၏။ 

ယုဒလူများ ကယောဟန်သည် မည်သူ ဖြစ်သည်ကို သိချင် ကြသည်။ အကြောင်းမှာ ဓမ္မဟောင်းကျမ်း၌ ခရစ်တော် ကြွလာမည့် အရာကနေရာမြောက် များစွာ၌ ဗျာဒိတ်ပြုထားသည်။ ဣသရေလ တမျိုးသား လုံးသည် ခရစ်တော် ကြွလာမည့် အရာကိုမျှ ော်လင့် နေကြသည်။ ထို့ကြောင့် ယောဟန်ကသူသည် သူတို့ မျှော်လင့် နေသော ခရစ်တော် မဟုတ်ကြောင်းကို ထိမ်ဝှက်ခြင်း မရှိဘဲ ပြောရခြင်း ဖြစ်သည်။ ခရစ်တော် မလာမှီ ဧလိယလာမည့် အကြောင်း ကိုလည်း ဤသို့ ရေးထားသည်၊ “ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော နေ့ရက်ကြီး မရောက် မှီ၊ ပရောဖက် ဧလိယကို သင်တို့ ရှိရာသို့ ငါ စေလွှတ်မည်။” (မာလခိ ၄:၅)။ ထို့ကြောင့် ဣသရေလ လူမျိုးများသည် ထမင်းစားသောအခါ ဧလိယအတွက် ဟူ၍ ထိုင်ခုံတလုံးကို အမြဲရာထားတတ်ကြသည်။ ထို့ကြောင့် ယောဟန်ကသူသည် သူတို့ မျှော်လင့်သော ပရောဖက် ဧလိယလည်း မဟုတ်ကြောင်း ပြောရခြင်း ဖြစ်သည်။ တဖန် မောရှေက၊ “သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ အမျိုးသားချင်း တို့ အထဲ၌ ငါနှင့် တူသော ပရောဖက် တပါးကို သင့်အဘို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏ စကားကို နားထောင် ရမည်။” (တရား၁၈:၁၅) ဟူဆိုသောကြောင့် မောရှေကဲ့သို့သော ပရောဖက်ကိုမျှ ော် နေကြသည်၊ ထို့ကြောင့် ယောဟန်က၊ သူတို့ မျှော်လင့်သော ပရောဖက်လည်း မဟုတ်ကြောင်း ပြောပြခြင်း ဖြစ်သည်။ 

၂၂။ ထို သူတို့ကလည်း၊ သင်သည် အဘယ်သူနည်း၊ ငါတို့ကို စေလွှတ်သော သူတို့အား ပြန်လျှောက်စရာ ရှိစေခြင်းငှါ၊ သင်သည် ကိုယ်ကို အဘယ်သို့ ဆိုသနည်းဟု မေးပြန်ကြ၏။ ၂၃ ယောဟန်ကလည်း၊ ငါသည် ပရောဖက် ဟေရှာယဟောပြောသည်နှင့် အညီ၊ ထာဝရဘုရား၏ လမ်းခရီးတော်ကို ​ဖြောင့်စေကြလော့၊ ဟု တော၌ ဟစ် ကြော်သောသူ၏ အသံ ဖြစ်သည် ဟုဆို၏။ ၂၄ အစေခံသော သူတို့ကား၊ ဖာရိရှဲ ဖြစ်ကြသတည်း။ 

ဖာရိရှဲများက ယောဟန်ထံ သူ့ကိုယ်သူအဘယ်သူ ဖြစ်သနည်းဟု မေးသောအခါ ယောဟန်ကသူသည် (ဟေရှာယ ၄၀:၃-၄)၌ ဖေါ်ပြသော ထာဝရဘုရား၏ လမ်းခရီးတော်ကို ​ဖြောင့်စေဘို့ တော၌ ဟစ်ကြော်သောသူ ဖြစ်သည် ဟုဆိုသည်။ ယောဟန်သည် မည်သူအတွက် ဟစ်ကြော်သနည်း။ သခင်ယေရှု အတွက် ဖြစ်သည်။ သို့ဖြစ်လျှင် သခင်ယေရှုသည် ထာဝရဘုရား ဖြစ်သည်။ 

၅။ ထို သူတို့ကလည်း၊ သင်သည် ခရစ်တော် မဟုတ်၊ ဧလိယ မဟုတ်၊ ဤမည်သော ပရောဖက် မဟုတ်သည် မှန်လျှင် အဘယ်ကြောင့်ဗတ္တိဇံကို ပေးသနည်းဟု မေးပြန်ကြ၏။ ၂၆ ယောဟန်ကလည်း၊ ငါသည် ရေ၌ ဗတ္တိဇံကို ပေး၏။ သင်တို့ အလယ်၌ သင်တို့ မသိသောသူတယောက် ရှိ၏။ ၂ရထိုသူသည် ငါ့နောက်ကြွလာသော်လည်း ငါ့ထက် သာ၍ကြီး မြတ်၏။ ထိုသူ၏ ​ခြေနင်းတော် ကြိုးကိုမျှ ဖြည်ခြင်းငှါ ငါမထိုက်ဟု ပြန်ပြော၏။ ၂၈ ယောဟန်သည် ဗတ္တိဇံကို ပေးရာအရပ်၊ ယော်ဒန်မြစ်တဘက်ဗေသနိ ရွာ၌ ဤအမှုရာ ဖြစ်သတည်း။ 

ဗတ္တိဇံပေးခြင်းသည် ပင်တေကုတ္တေနေ့မှစသည် မဟုတ်။ ဓမ္မဟောင်းကာလကတည်း ကရှိသောအရာ ဖြစ်သည်။ သို့သော် ရည်ရွယ်ချက်မတူကြချေ။ ယုဒလူများပေးသော ဗတ္တိဇံသည် သန့်ရှင်းရေးလုပ်ခြင်း၊ တပါးအမျိုးသားများယုဒဘာသာသို့ ဝင်ခြင်းများအတွက် ဖြစ်သည်။ ယောဟန်ပေးသော ဗတ္တိဇံသည် နိင်ငံတော် ထဲ ဝင်ဘို့ရန် နောင်တရခြင်း (မ ၃ ;)နှင့် ယေရှုသည် ယုဒလူများ မြော်လင့်စောင့်စားနေသာ ခရစ်တော် ဖြစ်ကြောင်းကို ထင်ရှားစေဘို့ရန် ဖြစ်သည်။ ယောဟန်က၊ “အစက ထိုသူကို ငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလ လူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ ဗတ္တိဇံကို ပေးလျက် လာ၏။ ထိုမှတပါး ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏ အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။ အစကထိုသူကို ငါမသိ။ ရေ၌ ဗတ္တိဇံကို ပေးစေခြင်းငှါ ငါ့ကို စေလွှတ်တော်မူသောသူက၊ အကြင်သူ၏ အပေါ်၌ ဝိညာဉ်တော် ဆင်းသက်၍ နားတော်မူသည်ကို သင်သည် မြင်လျှင်၊ ထိုသူကား၊ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ပေးသောသူ ပေတည်းဟု မိန့်တော်မူသည်နှင့် အညီ၊ ငါသည် မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။ (ယော ၁:၃၁-၃၄) 

၂၉။ နက်ဖြန်နေ့၌ ယေရှု ကြွလာတော်မူသည်ကို ယောဟန်သည် မြင်လျှင်၊ ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။ 

ယောဟန်၏ အမြင်သည် အခြားသော လူများ၏ အမြင်နှင့် မတူချေ။ သူသည် ဘုရား မြင်သည့်အတိုင်း မြင်သည်။ အခြားသောသူများက ခရစ်တော်ကို မြင်သောအခါ၊ သာမန်လူတယောက် အဖြစ်မြင်ကြသော်လည်း ယောဟန်က ဤလော က၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ် အဖြစ်မြင်သည်။ ထိုအ ရာသည် ဣသရေလ လူများ၏ အပြစ်ကို ယူဆောင်သွားသော ဆိတ်သငယ်ကဲ့သို့ မြင်ခြင်း ဖြစ်သည်။ ဝတ် ၁၆:၂၀-၂၁၌ နှစ်စဉ်နှစ်တိုင်း ထီးစရီး တည်းဟူသော သတင်း ​ကျွတ်လတွင် ဘုရားသခင်စီရင်သည့်အတိုင်း၊ ယဇ်ပုရောဟိတ်မင်းသည် ဣသရေလ လူများ၏ အပြစ်များကို ဆိတ်ခေါင်းပေါ်တွင် တင်၍ တောသို့ စေလွှတ် ရသည်။ ထိုဆိတ်သည် လူများ၏ အပြစ်ကို ယူတင်ဆောင်ရွက်သွားသည်။ ထိုဆိတ် ကဲ့သို့ပင် ခရစ်တော်သည် ဤလောက လူသားများ၏ အပြစ်များကို ယူတင်ဆောင် ရွက်သွားခဲ့သည်။ 

၃၀။ ငါမရှိမှီရှိနှင့်သည် ဖြစ်၍၊ ငါ့ထက် သာ၍ကြီး မြတ်သောသူသည် ငါ့နောက်ကြွ လာသည်ဟု ငါဆိုရာ၌၊ ထိုသူကို ဆိုလို၏။ 

ယောဟန်သည် ခရစ်တော်ထက် လူ့ဇာတိအားဖြင့် ၆ လကြီးသည်။ သို့သော် ဘုရား ဇာတိအားဖြင့် ဖြစ်လျှင် ယောဟန်ထက် ကြီးသည်။ ထိုအရာကို ယော ဟန်ကပြောနှင့်ပြီး ဖြစ်၍ ဤနေရာ၌ ထပ်မံ၍ ပြောပြခြင်း ဖြစ်သည်။ 

၃၁။ အစကထိုသူကို ငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလ လူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ ဗတ္တိဇံကို ပေးလျက် လာ၏။ 

ယောဟန်၏ မိခင် ဧလိရှဗက်နှင့် ယေရှု၏ မိခင် မာရိတို့သည် ဆွေမျိုးတော် ကြသည်။ ယောဟန်သည် မိခင် ဝမ်း၌ ​ခြောက်လရှိသောအခါ မာရိကဧလိရှဗက်ထံသို့ လည်၍ သုံးလခန့်နေခဲ့ဘူးသည်။ (လု ၁:၃၆-၃၉၊ ၅၆)။ သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန် ကယေရှုကို အဘယ်ကြောင့် မသိသနည်း။ ယောဟန်၏ မိဘ များသည် အသက်ကြီး ပြီးမှ သူ့ကို ရရှိသောကြောင့် ယောဟန်အရွယ်ရောက်သောအခါ သေသွားကြသောကြောင့် မာရိနှင့် အဆက်အသွယ်မရှိတော့သောကြောင့် မသိခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် ခရစ်တော်ကို လူဇာတိအားဖြင့် သိသော်လည်း၊ ဘုရား ဇာတိပိုင်း မသိခြင်း ကိုလည်း ဆိုလိုခြင်း ဖြစ်နိုင်သည်။ ယောဟန်ကလူများကို အပြစ် နောင်တရရှိခြင်းနှင့် ဆိုင်၍ ဗတ္တိဇံပေးသည်။ သို့သော် ခရစ်တော်ကို ဗတ္တိဇံ ပေးရခြင်းသည် အပြစ် နောင်တရခြင်း မဖြစ်နိင်ချေ။ ခရစ်တော်ကို ဣသရေလ လူတို့အား ထင်ရှားစေခြင်းငှါ ရေ၌ ဗတ္တိဇံကို ပေးခြင်း ဖြစ်သည်။ 

၃၂။ ထိုမှတပါး ဝိညာဉ်တော်သည် ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏ အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။ ၃၃ အစကထိုသူကို ငါမသိ။ ရေ၌ ဗတ္တိဇံကို ပေးစေခြင်းငှါ ငါ့ကို စေလွှတ်တော်မူသောသူက၊ အကြင်သူ၏ အပေါ်၌ ဝိညာဉ်တော် ဆင်းသက်၍ နားတော်မူသည်ကို သင်သည် မြင်လျှင်၊ ထိုသူကား၊ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့် အညီ၊ ၃၄ ငါသည် မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။ 

ဘုရားသခင်က ယောဟန်ထံ၊ အကြင်သူ၏ အပေါ်၌ ဝိညာဉ်တော် ဆင်း သက်၍ နားတော်မူသည်ကို သင်သည် မြင်လျှင်၊ ထိုသူကား၊ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ပေးသောသူပေတည်းဟု မိန့်တော်မူ ခဲ့သည်။ ဘုရားသခင်က ကြိုပြော သကဲ့သို့ပင်၊ “ယေရှုသည် ဗတ္တိဇံကို ခံတော်မူပြီးလျှင်၊ ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင် ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်း သက်၍ ကိုယ်တော် အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊ ဤသူကား ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော် ဖြစ်လေ၏။” (မ ၃:၁၆-၁ရ)။ ထိုကဲ့သို့ ယောဟန်သည် ဝိညာဉ်တော် ဆင်းသက်ခြင်းကို မျက်စိနှင့် မြင်၍ အသံတော် ကိုလည်း ကြားသောကြောင့် သူသည် ဘုရားသခင်၏ သားတော် ဖြစ်ကြောင်းကို သက်သေခံခြင်း ဖြစ်သည်။

ဗတ္တိဇံ၏ အဓိပ္ပါယ်သည် နှစ်ခြင်း၊ မြှုပ်ခြင်း ဖြစ်သည်။ ရေထဲမည် ဖြစ်လျှင် နှစ်ခြင်း ဖြစ်၍၊ ရေ မဟုတ်သော အထဲ၌ ဖြစ်လျှင် မြှုပ်ခြင်းကို ဆိုလိုသည်။ ဗတ္တိဇံအမျိုး မျိုးရှိသည်။ ထိုအထဲ၌ ယောဟန်ပြောသော ဗတ္တိဇံသည် သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံပေးခြင်းကို ဆိုလိုသည်။ “ငါသည် သင်တို့အား ရေ၌ ဗတ္တိဇံကို ပေး၏။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်၌ သင်တို့ကို ဗတ္တိဇံပေးမည်ဟု ဟောသ တည်း။” (မာ ၁:၈) သခင်ယေရှုကလည်း ကောင်းကင် မတက်မှီ၊ “ယောဟန်သည် ရေ၌ ဗတ္တိဇံကို ပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တ ၁:၅) ယုဒလူ ဖြစ်စေ၊ ဟေလသ လူဖြစ်စေ၊ ​ကျွန် ဖြစ်စေ၊ လူလွတ် ဖြစ်စေ၊ ငါတို့ ရှိသမျှသည် ဝိညာဉ်တော် တပါးတည်းအားဖြင့် တကိုယ်တည်း ထဲသို့ ဗတ္တိဇံကို ခံကြ၏။” (၁ ကော ၁၂:၁၃) 

၃၅။ တဖန် ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့နှင့်အတူ ရပ်နေ၍၊ ၃၆ ယေရှု ကြွတော်မူသည်ကို မြင်လျှင်၊ ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ ဟုဆို၏၊ ၃၇ တပည့်နှစ်ယောက်တို့သည် ထိုစကားကို ကြားလျှင်၊ ယေရှု နောက်တော်သို့ လိုက်ကြ၏။ 

ယောဟန်သည် ဘုရား၏ အမြင်အားဖြင့် မြင်သောကြောင့် ယေရှုကို ဘု ရားသခင်၏ သိုးသငယ် ဟုဆိုသည်။ သိုးသငယ်သည် နားထောင်ခြင်း၊ နှိမ့်ချခြင်းကို ပုံဆောင်သည်။ သိုးသငယ်သည် သိုးထိန်း၏ စကားကို နားထောင် သကဲ့သို့ ယေရှုလည်း ခမည်းတော်၏ စကားကို နားထောင်သည်။ ယောဟန်၏ တပည့်တို့သည် ယေရှု နောက်သို့ လိုက်သွား ကြသည်။ ထိုအရာကို ယောဟန်က မကန့်ကွက်ချေ။ များစွာသော ခေါင်းဆောင် များသည် သူ့တို့၏ တပည့်များက စွန့်ခွါပြီး အခြားသူ ထံ၌ စည်းကပ်သောအခါ စိတ်ဆိုးတတ်ကြသည်။ 

၃၈။ ယေရှုသည် လှည့်၍ ထို သူတို့ လိုက်ကြသည်ကို မြင်တော်မူလျှင်၊ အဘယ်အ လိုရှိသနည်းဟု မေးတော်မူ၏။ ထို သူတို့က၊ ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာ နေတော်မူ သနည်းဟု မေးလျှောက်ကြ၏။ ရဗ္ဗိ၊ အနက်ကား၊ အရှင်ဘုရား ဟုဆိုလိုသ တည်း။ ၃၉ ယေရှုကလည်း လာ၍ ကြည့်ကြလော့ဟု မိန့်တော်မူ၏။ ထို သူတို့သည် သွား၍ နေတော်မူ ရာအရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ဆယ်နာရီအချိန် ဖြစ်၍ မိုဃ်းချုပ်သည့်တိုင်အောင် အထံတော်၌ နေကြ၏။ 

ယောဟန်၏ တပည့်နှစ်ယောက်တို့က လိုက်သည်ကို မြင်သောအခါ ယေရှု ကဂရုစိုက်သည်။ အဘယ်အလိုရှိသနည်းဟု မေးသည်။ ထိုတပည့်တို့ကလည်း ပြောစရာ မရှိ၍ ဖြစ်မည်၊ အရှင်ဘုရား အဘယ်မှာ နေတော်မူ သနည်းဟု နှုတ်ဆက် ကြသည်။ သူတို့ လိုက်သော အချိန်သည် ဆယ်နာရီ ဟုဆိုသောကြောင့် ညမိုဃ်းမချုပ် မှီနှစ်နာရီ အလိုတွင် ဖြစ်သည်။ အကြောင်းမှာ ထိုခေတ်၌ နေနာရီ သာရှိသောကြောင့် နေထွက်ချိန်မှနေဝင်သည့်အချိန် ကြားကာလကို ၁၂ နာရီနှင့် ပိုင်းခြားသည်။ “ယေရှုကလည်း၊ တနေ့တွင် တဆယ်နှစ်နာရီ ရှိသည် မဟုတ်လော။” (ယော ၁၁:၉) ဟုဆိုသည်။ ထို့ကြောင့် သူတို့၏ နာရီသည် နွေရာသီနှင့် ဆောင်းရာသီ၌ မတူချေ။ နွေရာသီ၌ နေ့တာရှည်၍ ဆောင်းရာသီ၌ တိုသောကြောင့် နွေရာသီတစ်နာရီသည် ဆောင်းရာသီတစ်နာရီထက် ပို၍ ရှည်လိမ့်မည်။ 

၄၀။ ယောဟန်၏ စကားကို ကြား၍ နောက်တော်သို့ လိုက်သောသူနှစ်ယောက်တို့တွင် တယောက် ကားရှိမုန်ပေတရုညီအနြွှေပေတည်း။ ၄၁ ထိုသူသည် မိမိအစ်ကို ရှိမုန်ကို ရှေ့ဦးစွာ တွေ့လျှင်၊ ငါတို့သည် မေရှိကို တွေ့ကြပြီဟု ပြောဆိုလျက်၊ ၄၂ သူ့ကို ယေရှုထံသို့ ပို့ဆောင်လေ၏။ မေရှိအနက်ကား ခရစ်တော် ဟုဆိုလိုသတည်း။ ယေရှုသည် ထိုသူကို ကြည့်ရှု၍၊ သင်သည် ယောန၏သားရှိမုန် ဖြစ်၏ ကေဖအမည် သစ်ကို ရလတံ့ဟု မိန့်တော်မူ၏၊ ကေဖအနက်ကား ပေတရု ဟုဆိုလိုသတည်း။ 

ယေရှု နောက်လိုက် သွားသော ယောဟန်တပည့်နှစ်ယောက်တွင် တစ်ယောက်သည် ရှိမုန်ပေတရုညီအနြွှေ ဖြစ်သည် ဟုဆိုသည်။ သူသည် သူ၏ အစ်ကို ပေတရုကို ယေရှုထံသို့ ပို့ဆောင်သည်။ အ​ြန​ြသည် ကျမ်းစာထဲ၌ များများ စားစား ပြောဆို လုပ်ဆောင်မှု မတွေ့ရပါ။ သူ့အစ်ကို ပေတရုကို ယေရှုထံသို့ အထက်ကဖေါ် ပြသည့်အတိုင်း ပို့ခဲ့သည်။ သခင်ယေရှုက လူငါးထောင်အစာ​ကျွေးသောအခါ အ​ြနကြ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရှိသော ခလေးကို သခင်ယေရှု ထံမိတ်ဆက်ခဲ့သည် (ယော ၆:၈-၉)။ ဟေလသ တည်းဟူသော ဂရိတ်လူမျိုးများက သခင်ယေရှုကို တွေ့မြင်ချင် ကြသောအခါ၊ ဖိလိပ္ပုကအ​ြနကြို အဖေါ်ညိှ၍ သခင်ယေရှုကို ကြား ပြောကြသည် (ယော ၁၂:၂၀-၂၂)။ ထို့ကြောင့် အ​ြန​ြ၏ အ လုပ်သည် ဆက်သွယ် ရေးလုပ်သောသူ၊ လူများကို သခင်ယေရှု ထံပို့သောသူဟု သိကြသည်။ 

သခင်ယေရှု၏ အခြားနာမည်သည် မေရှိ ဖြစ်သည်။ မေရှိသည် ဟေဗြဲ စကား ​ြ​ေျ့ငခေ့ ဖြစ်၍ အဓိပ္ပါယ်မှာ ကယ်တင်ရှင်၊ ဘိတ်သိက်ခံသောသူဟူ၍ ဖြစ်သည်။ ဂရိတ်စကား ဖြစ်လျှင်  ဃ့မငျအသျ အင်္လိပ်စကားအားဖြင့် ဃ့မငျအဖြစ်၍ မြန်မာစကား ဖြစ်လျှင် ခရစ်တော် ဟုဆိုသည်။ ပေတရု၏ မူလနာမည်သည် ရှိမုန် ဖြစ်သည်။ သခင်ယေရှုက သူ့ကို ကေဖ သို့မဟုတ် ပေတရုဟု နာမည်ပြောင်း ပေးလိုက်သည်။ ပေတရု၏ အဓိပ္ပါယ်သည် ကျောက်တုံးကလေးဟူ၍ ဖြစ်သည်။ 

၄၃။ နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ ကြွခြင်းငှါ အလိုတော် ရှိလျှင် ဖိလိပ္ပုကို တွေ့၍၊ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏၊ ၄၄ ဖိလိပ္ပုကား၊ အနြွှေနှင့် ပေတရုမွေးဖွားရာဗက်ဇဲဒမြို့မှလာသောသူ ဖြစ်သတည်း။ 

နက်ဖြန်နေ့ဟူသောအရာကို ယောဟန်ကသုံးကြိမ် အသုံးပြု၍ (၂၉၊ ၃၅) ဤနေရာ၌ တတိယအကြိမ်သုံးခြင်း ဖြစ်သည်။ ယေရှု ကဖိလိပ္ပုကို တွေ့သောအခါ သူ့နောက်လိုက်ဘို့ ခေါ်ဘိ်တ်လိုက်သည်။ ဖိလိပ္ပု၊ အ​ြန​ြနှင့် ပေတရုတို့သည် ဗက်ဇဲ ဒမြို့သားများဖြစ် ကြသည်။ 

၄၅။ ဖိလိပ္ပုသည် နာသနေလကို တွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၎င်း၊ ပရောဖက်တို့သည် သူတို့ ကျမ်း၌၎င်း အကြောင်း ပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သား ဖြစ်သော ယောသပ်၏သား ယေရှုကို ငါတို့သည် တွေ့ကြပြီ ဟုဆို၏။ 

သခင်ယေရှုက လူငါးထောင်အစာ​ကျွေးမည့် အချိန်တွင် ဖိလိပ္ပုကို၊ “ဤ သူတို့ စားစရာ မုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟု မေးတော်မူ၏။ ထိုသို့ မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကို သိတော်မူလျက် ပင်ဖိလိပ္ပုကို စုံစမ်းခြင်းငှါသာ မေးတော်မူ၏။ ဖိလိပ~ုကလည်း ဤ သူတို့သည် မုန့်တဖဲ့စီစေ့ငှအောင် ဒေနာရီ အပြားနှစ်ရာအဘိုးထိုက်သော မုန့်မလောက်ပါဟု လျှောက်လေ၏။” (ယော ၆ ; ၅ -ရ)။ ထို့ကြောင့် ဦးနှောက်နှင့် တွက်တတ်သော သူတို့ကို ဖိလိပ္ပုဟု ခေါ်လေ့ရှိ ကြသည်။ 
 ဖိလိပ္ပုသည် သခင်ယေရှုနှင့် မပေါင်းဖေါ် သေးသော်လည်း ယေရှုသည် မောရှေ၏ ပညတ္တိကျမ်းနှင့် ပရောဖက် ကျမ်းတို့၌ ကြိုရေးထားခဲ့သောသူ ဖြစ်သည် ဟုဆိုနိုင်သည်။ မည်ကဲ့သို့ သိနိုင်သနည်း။ ဘုရားသခင်က သိနားလည်စေ၍ ဖြစ်မည်။ နာ သနေလထံ၌လည်း ယေရှုနှင့် သူ၏ မိသားစုအကြောင်းကို သက်သေခံသည်။ 

၄၆။ နာသနေလကလည်း၊ နာဇရက်မြို့ထဲက ကောင်းသောအရာ တစုံတခုမျှ ထွက်နိုင်သလောဟု မေးလျှင်၊ ဖိလိပ္ပုက၊ လာ၍ ကြည့်ပါ ဟုဆို၏၊ ၄၇ နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်း အပြစ်နှင့် ကင်းလွတ်သော ဣသ ရေလလူစစ်ကို ကြည့်လော့ဟု ထိုသူကို အမှတ်ပြု၍ မိန့်တော်မူ၏။ 

လူသည် တနေရာနှင့် တနေရာ အထင်သေးတတ်ကြသည်။ ဖိလိပ္ပုအနေဖြင့် ယေရှုကို အလွယ်တကူယုံကြည် နိုင်သော်လည်း နာသနေလသည် ယေရှု၏ မွေး ဇာတိကို သိသောအခါ အထင်သေးသည်။ နာဇရက်မြို့ထဲကကောင်းသောအရာ တစုံတခုမျှထွက်နိုင်သလောဟု မေးခြင်းသည် သခင်ယေရှု အတွက် အလွန် ခံပြင်းစ ရာကောင်းသည်။ ထိုသို့ ဖိလိပ္ပုထံနာသနေလကပြောသောအရာကို သခင်ယေရှု ကသိသောအခါ စိတ်မဆိုးဘဲ၊ “လှည့်စားခြင်း အပြစ်နှင့် ကင်းလွတ်သော ဣသရေလ လူစစ်ကို ကြည့်လော့” နာသနေလကို အကြောင်း ပြု၍ အကောင်းဘက်ကပြော လိုက်သည်။ 

၄၈။ နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အ​ကျွန်ုပ်ကို သိတော်မူ သနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကို မခေါ် မှီ၊ သင်သည် သင်္ဘောသဖန်းပင်အောက်၌ ရှိသည်ကို ငါမြင်သည်ဟု ပြန်၍ မိန့်တော်မူလျှင်၊ ၄၉ အရှင်ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူ၏ ဣသရေလ လူတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏ဟု နာသနေလလျှောက်လေ၏။ 

နာသနေလကသခင်ယေရှုကို အထင် သေးသော်လည်း၊ သခင်ယေရှုက သူ့ကို အကောင်းပြောသောအခါ အံ့ဩ သွားသည်။ ​ကျွန်ပ်တို့လည်း သခင်ယေရှု ကဲ့သို့ ကိုယ့်ကို အထင်သော သူတို့ကို အကောင်းပြောလျှင် သူ၏ တပည့် ဖြစ်ကြောင်း 
ထင်ရှားမည်။ နာသနေလကကိုယ်တော်သည် အ​ကျွန်ပ်ကို အဘယ်သို့ သိတော်မူ သနည်းဟု မေးသော် ယေရှု ကဖိလိပ္ပုကသခင်ကို မခေါ်မှီ သဖန်းပင်အောက်၌ သင့်ကို ငါမြင်သည် ဟုဆိုသည်။ ထို့ကြောင့် နာသနေလကကိုယ်တော်သည် ဘုရားသခင်၏ သားတော်၊ ဣသရေလ လူတို့၏ ရှင်ဘုရင်ဟု ပြန်လည်ဝန်ခံသွားခဲ့သည်။ အမှန် မှာထိုအချိန်တွင် သခင်ယေရှုသည် တန်ခိုးကိုလည်း မပြ၊ တရားလည်း မဟောသေးချေ။ သို့သော် နာသနေလက သူ့ကို ရှင်ဘုရင်အဖြစ် လက်ခံနေပြီး ဖြစ်သည်။ သူသာ မကလူတိုင်း သခင်ယေရှုကို အစ၌ အထင်လွှဲ၊ အထင်သေးခဲ့ ကြသည်။ နောက်ပိုင်းမှ သူ့ကို ဘုရားနှင့် ကယ်တင်ရှင်အဖြစ် လက်ခံတတ်ကြသည်။ 

၅၀။ တဖန် ယေရှုက၊ သင်္ဘောသဖန်းပင်အောက်၌ သင့်ကို ငါမြင်သည် ဟုဆိုသောကြောင့် ယုံသလော။ ထိုမျှမက သင်သည် သာ၍ ကြီးစွာသော အကြောင်း အရာကို မြင်လတံ့။ ၅၁ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် လူသား၏ အပေါ်၌ ဆင်းလျက် တက်လျက် ရှိနေသည်ကို၎င်း၊ သင်တို့သည် မြင်ရကြလတံ့ဟု မိန့်တော်မူ၏။ 

အမှန်မှာ သခင်ယေရှု ကနာသနေလကို သင်္ဘောသဖန်းပင်အောက်၌ မြင်သည် မဟုတ်။ သို့သော် ဘုရား ဖြစ်သောကြောင့် သိမြင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှု ကသင်သည် ထိုမျှမက ကြီးစွာသော အကြောင်း အရာတို့ကို မြင်ဘို့ ပြောထားသည်။ သခင်ယေရှု ကနာသနေလသာ မဟုတ်တော့ဘဲ သင်တို့ တည်းဟူသော ယုံကြည်သူများက ကောင်းကင် ဖွင့်လှစ်၍ ကောင်းကင်တမန် များလူသား၏အပေါ်မှာ ဆင်းလျက် တက်လျက် မြင်ကြလိမ့်မည် ဟုဆိုသည်။ “ယာကုပ်သည် ဗေရရှေဘရွာမှ ထွက်၍၊ ခါရန်ပြည်သို့ ခရီး သွားစဉ်တွင်၊ ၁၁ တစုံတခုသော အရပ်သို့ ရောက်၍၊ မိုဃ်းချုပ်သောကြောင့်၊ ညဉ့်ကို လွန်စေမည်အကြံရှိသည် နှင့်၊ ထိုအရပ်၌ ကျောက်ကို ယူ၍ ခေါင်းအုံးဘို့ ထားပြီးလျှင် အိပ်လေ၏။ ၁၂ မြင်ရသော အိပ်မက်ဟူ မူကား၊ မြေကြီး ပေါ်၌ လှေခါးထောင်လျက် အဖျားသည် မိုဃ်းကောင်းကင် တိုင်အောင် မှီ၏။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ သည်၊ ထိုလှေခါးဖြင့် ဆင်းလျက် တက်လျက် ရှိကြ၏။” (က ၂၈:၁၀-၁၂)ဟု ယာကုပ်က အိပ်မက် မက်ခဲ့ဘူးသည်။ သခင်ယေရှု ပြောသကဲ့သို့ သူ့အပေါ်မှာ ကောင်းကင်တမန် များဆင်းသက်ခြင်းကို မြင်သောသူများ ကျမ်းစာထဲ၌ မတွေ့ရချေ။ သို့သော် သူကိုယ်တိုင်က၊ “လူသားသည် မိမိအဘ ခမည်းတော်၏ ဘုန်း အာနုဘော်ကို ဆောင်လျက်၊ ကောင်းကင် တ မန်အခြံအရံတို့နှင့် ကြွလာတော်မူ လတံ့။” (မ ၁၆:၂ရ)၊ “လူသားသည် မိမိဘုန်း အာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် များအခြံအရံတို့နှင့် တကွကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော် ပေါ်မှာ ထိုင်၍၊ ရှေ့တော်၌ လူမျိုး အပေါင်းတို့ကို စုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့် ဆိတ်တို့ကို တခြားစီခွဲ ထား သကဲ့သို့၊ သိုးတို့ကို လကျ်ာတော် ဘက်၊ ဆိတ်တို့ကို လက်ဝဲတော် ဘက်၌ ထားတော်မူ လတံ့။” (မ ၂၅:၃၁-၃၃) ဟုဆိုခဲ့သည်။ 

 

အမှုတော်ဆောင်သင်တန်း


 ဩဂုတ်လ ၁မှ ၃၁ ရက်နေ့အထိ တလလုံးလုံးအမှုတော်ဆောင်သင် တန်းကို၍ ညိင​ေညစေသူငျ ှသကအ့ျငိန ွ​ြဃ၌ ပြုလုပ်မည် ဖြစ်ပါသည်။ အမှုတော်ဆောင်ချင်သောသူတိုင်း လက်ခံပါသည်။ ပညာအရည်အချင်းမသတ်မှတ်ပါ။ ပျောက်ဆုံးဝိညာဉ် ဖမ်းချင်သော ဆန္ဒရှိသူတိုင်း တက်နိုင်ပါသည်။ အသွားအပြန် စရိတ်ကလွှဲလျှင် နေစရိတ််နှင့် စားစရိတ်စီစဉ်ပေးမည် ဖြစ်ပါသည်။ အမှုတော်ဆောင် လိုလျှင် ယုံကြည်ခြင်းနှင့် လက်တွဲခေါ်သွားမည် ဖြစ်ပါသည်။ ကယ်တင်ခြင်း စိတ်ချပြီးသူ ဖြစ်ရမည်။ လောက ချစ်ပြီး ဝင်ငွေကြည့် သူများအတွက် မသင့်တော်ပါ။ ဘုရား၏ အမှုတော်ကို ရိုးသားစွာ ဆောင်ရွက်လို သူများအတွက် ဖြစ်ပါသည်။ မည်သည့် ဂိုဏ်းဂဏကမဆို လက်ခံပါသည်။ ဆရာမောဇက်ထံဆက်သွယ်နိုင်ပါသည်။ ဖုန်း၂၄၀-၃၆ရ- ၅၃၆၆။ 

 

မီဒီယာဌါန


 ဆရာမောဇက်ရေးသားသော ကယ်တင်ခြင်း သင်ခန်းစာများကို စကောကရင်ဘာသာဖြင့် ဘာသာပြန်ပြီး စာအုပ်အဖြစ် ပုံနှိပ် ပြီးစီးသွားပါပြီ။ များမကြာ မှီရရှိနိင်တော့မည် ဖြစ်ပါသည်။ ဝယ်ယူလို သူများ တအုပ်လျှင် ငါးဒေါ်လာဖြင့် ဝယ် ယူနိင်မည် ဖြစ်ပါသည်။ ဆရာမောဇက်ထံမေးမြန်းနိုင်ပါသည်။ 
 ဆရာမောဇက်နှင့် တကွ၊ အခြားသော ဆရာများ ဟောပြောသော တ ရားဒေသနာများကို၌ သက ဤကဘနမှ နားထောင် နိုင်ပါသည်။၌ သက ဤကဘန လိပ်စာ ရေးသော နေရာတွင် ါဘခ၏ ငညဟု ရေးပြီး၊ အမေရိကန်အလံထွက် လာသောအခါ ထိုအလံကို နှိပ်ပါ။ များစွာ နားထောင် စရာများထွက်လာပါလိမ့်မည်။ 


 
ခရီးစဉ်


သတင်းကောင်း နှစ်ခြင်းမှ ဆရာ၊ ဆရာမများနှင့် ယုံကြည်သူ ၁၆ ဦးတို့သည် ဇွန်လ ၉ ရက်နေ့တွင် Minnesota ပြည်နယ်f St. Paul  မြို့သို့ သွားရောက် ကာ ဧဝံဂေလိ တရားဟောပြော သက်သေခံခြင်းကို ပြုလုပ် ကြပါသည်။ ဆရာစိုး ထွန်းလည်း တကိုယ်တော် ဧဝံဂေလိ လုပ်ငန်းကို တမြို့ပြီး တမြို့မနားမနေ ပြုလုပ် နေပါသည်။ ဆရာမဟန္နလည်း တကိုယ်တော် ကျမ်းစာ သင်ပေးခြင်းကို ဇွန်လပဌမ ပတ်တွင် Oklahoma မြို့၌ ပြုလုပ် နိုင်ခဲ့ပါသည်။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG