GOODNEWS
  HOME  GOODNEWS  2017 MAY
 


အမှာစာ
 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယနေ့ တိုင်အသက်ရှင်စားသောက် နေနိုင်ကြသေးသည်။ ခရစ်တော် ကြွလာမည့် အချိန်လည်း နီးလေလေ ဖြစ်သည်။ စက်တဘ်ာလ ၃-၄ ရက်နေ့များသည် တံပိုးမှုတ်နေ့ ဖြစ်သည်။ ထိုနေ့များ၌ ချီ ဆောင်ခြင်း ဖြစ်ပါက ယုံကြည်သူများ ဤလောက၌ နေမည့် အချိန်သည် ၃ လမျှ သာရှိတော့သည်။ ခရစ်တော် မကြွရောက် သေးလျှင်လည်း ကမ္ဘာ့ အ​ခြေအနေကို ကျမ်းစာအားဖြင့် ချိန်ထိုးကြည့်ပါက ဘေးဒဏ်ကြီး ကာလသည် အလွန် နီးနေပြီ။ လူ၏ အသက်သည် ကိုယ်ခန္ဓာ၌ မတည် ဝိညာဉ်၌ တည်သည်ကို ပေါလုက ဤသို့ ရေး ထားသည်၊ “ငါတို့၏ ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ အတွင်း လူမူကား တနေ့ထက် တနေ့ပြုပြင်ခြင်းကို ခံရ၏။ အကြောင်းမူကား၊ မျက် မှောက်၌ ထင်ရှားသောအရာ တို့သည် ခဏသာတည်၍၊ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ” (၂ ကော ၄:၁၆-၁၈)။ သို့သော် လူအများစုသည် ကိုယ်ခန္ဓာကိုသာလျှင် ဦးစားပေး၍ မိမိဝိညာဉ်ကို လုံးဝ ဂရုမစိုက်ကြချေ။ မိတ်ဆွေ၊ သင်၏ ကိုယ်ခန္ဓာကို မည်မျှပင်ကျန်းမာဘို့၊ လှပဘို့၊ တိုးတက်ဘို့ လုပ်နေသော်လည်း ကြာရှည်နေရမည် မဟုတ်ပါ။ သင်၏ ဝိညာဉ် မူကား ထာဝရ အသက်ရှင်မည် ဖြစ်သည်။ သို့သော် ငရဲထဲ၌ အသက်ရှင်နေရလျှင် အလွန် ဆင်းရဲ ဒုက္ခ ခံမည် ဖြစ်သောကြောင့် သင်၏ ဝိညာဉ် အတွက် ယခုမှစ၍ ဦးစားပေးပါဟု အကြံပေးလိုပါသည်။ 

ယခုလစာစောင်တွင်...

  • မိခင်များနေ့
  • ပရိယာယ်ပြုကြ၏ 
  • ကယ်တင်ခြင်း 
  • နိင်ငံတော်-၄ -မျိုး
  • ကျမ်းစာဖတ်ကြစို့ (ယော ၁) 
  • ရှဲရ် (share) လေးတချက်သာ (click) လိုက်ပါ 
  • မိဘလော ခလေးထိန်းလော
  • ခရီး စဉ်
  • အမှုတော်ဆောင်သင်တန်း

 

 


မိခင်များနေ့
ဆရာမဟန္န

ယခုကဲ့သို့ မိခင်များနေ့မှာ ဤသတင်းကောင်း စာစောင်ထဲ၌ စာရေးရသော အခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ နာမတော် ဘုန်းကြီး ပါစေသော်။ အမေရိကန်နိင်ငံ၌ မိခင်များနေ့ကို ပဌမဦးဆုံး ဗညည​ေ ​ဲမေလငျ ကသူ့ မိခင်နှင့် အ ခြား မိခင်များကို ရည်စူးပြီး မိခင်များနေ့ကို ၁၉၀၈ ခုနှစ်တွင် စတင် ကျင်းပခဲ့သည်။ တရားဝင်အနေနှင့် ၁၉၁၄ ခုနှစ်မှာသမ္မတ ျွှသသိမသတ ျွှငူျသည ကလက်မှတ် ရေးထူးခဲ့သည်။ နှစ်တိုင်း မေလဒုတိယပတ်တွင် မိခင်များနေ့ကို အကြီးအကျယ် ကျင်းပခြင်းသည် အလွန် ကောင်းသောအရာ ဖြစ်သည်။ 


မိခင်သည် မရှိမဖြစ်

မိခင် မရှိသော သားသမီးတို့သည် သနားကျင်နာစရာ ကောင်းသည်။ မိခင် ရှိသော သားသမီး များမိခင်ကို အမြဲဂုဏ်ပြုသင့်သည်။ အဘယ့်ကြောင့်နည်း ဆိုသော်၊ သားသမီးများကို မိခင် ကကိုး လလွယ်သည်။ မွေးဘွားပြီး လျှင်လည်း ​ကျွေးမွေး ပြုစုသည်။ နို့တိုက်၊ အိပ်ရေးပျက်၊ သားသမီးများကို ကြည့်ရှုရသည်။ မိခင် ကိုယ်တိုင် မစားရက်၊ သားသမီးများကိုသာ စားစေချင်သည်။ မလိမ္မာသော သားသမီး၊ ကြပ်မပြည့်သော သားသမီးများကိုလည်း သနားကျင်နာစွာဖြင့် စောင့် ရှောက်ရသည်။ မိခင်သည် ချိုသည်၊ စိတ်ရှည်သည်၊ သွန်သင်ပေးသည်၊ ချစ်သည်။ သားသမီး များ အလွန် ဆိုးလျှင် လည်းသည်း ခံသည်။ သားသမီး များကဂရုမစိုက်သောအခါ၌လည်း စိတ်ထဲမှဝမ်းနည်း​ကြေကွဲသော်လည်း ဘာမှမ ဖြစ်သကဲ့သို့ နေတတ်သည်။ မိခင်က သားသမီး များအပေါ်ထားသော မေတ္တာသည် ဘယ်အရာနှင့် မှလဲ၍ မရပါ။ ဖခင်၏ မေတ္တာထက် လွန်ကဲတတ်သည်။ စာရေးသူကိုယ်တိုင်လည်း မိခင်ကို ပို၍ ချစ်သည်။ မိခင်သည် သားသမီး များအတွက် ဘာမဆို စွန့်စားရဲသည်။ သားသမီး များပြန်လည်ဆင်ခြင်ဘို့ လိုသည်။ ငါ၏ မိခင်သည် အဘယ်သို့သော မိခင်နည်း၊ အချို့သော မိခင် များသည် အသက်တာမကောင်းသော်လည်း ဂုဏ်ပြုသင့်သည်။ အဘယ့်ကြောင့်ဆိုသော် မိခင်သည် ကောင်းသည် ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ၊ သားသမီး များအတွက် မိခင် တဦးတည်း သာရှိသည်။ ဤနိင်ငံ၌ လူတိုင်းကို အမေဟု ခေါ်၍ မရပါ။ ထို့ကြောင့် အမေဟု ခေါ်နိုင်ခြင်း၊ အမေဟု ခေါ်စရာ ရှိခြင်း၊ အ မေရှိသော သားသမီး တိုင်း၊ကိုယ့် မိခင်ကို ဂုဏ်ပြုကြပါစို့။ မိခင်များနေ့မှာသာမ 
ဟုတ်ဘဲ၊ နေ့တိုင်း ဂုဏ်ပြုလေးစားရိုသေသင့်သည်။ 

 သားသမီး များသတိထားရန်

မိခင် များသည် သားသမီး များထံမှ အဘယ်အရာမျှ မမျှော်လင့်တတ်ပါ။ မိခင်များ နေ့မှာ လက်ဆောင်ဘယ်လောက်ဘဲ ပေးပေး၊ မိခင်၏ စကား နားမထောင်၊ မလေးစား၊ မရိုသေလျှင် ဝမ်းမမြောက်နိုင်ပါ။ ပစ္စည်းများများပေးခြင်း၊ ပန်းစည်းများ၊ ငွေများ ပေးခြင်းသည် အဓိက မဟုတ်ဘဲ၊ မိခင်ကို ရိုသေခြင်း၊ ယဉ်ကျေးစွာ စကားပြောဆိုခြင်း၊ ဂရုစိုက်ခြင်း ပို၍ အရေးကြီးသည်။ မိဘကို ချစ်ပါ၊ ချစ်ကြောင်းလည်း ပြပါ။ ဖက်ပါ၊ နမ်းပါ၊ မိဘအသက်ရှင်စဉ်ကောင်းမွန်စွာ ကြည့်ရှုပါ။ လိုအပ်သည်များကိုလည်း နှောင့်နှေးခြင်း မရှိဘဲ လုပ်ပေးပါ။ အချို့သော သားသမီး များသည် မိဘ အသက်ရှင်စဉ်တွင် ကောင်းစွာ မကြည့်ရှုလိုဘဲ၊ သူတို့ သေဆုံးသွားသောအခါ သင်္ချိုင်းကို ကောင်းစွာ လုပ်ပေးခြင်း၊ အမျိုးမျိုး ကျေးဇူးတင်ဂုဏ်ပြုခြင်း များသည် အချည်းနှီး သက်သက် ဖြစ်သည်။ မိဘများ မခံစား၊ မသိတော့ပါ။ ထို့ကြောင့် မိဘများ အသက်ရှင်စဉ်၊ ခံစား နိုင်စဉ်တွင် ကောင်းစွာ ကြည့်ရှုဘို့ လိုသည်။ နောင်တရစရာ မရှိရလေအောင် သူတို့ အသက်ရှင်စဉ်တွင် စိတ်ရှည်လက်ရှည်ကြည့်ရှုပြုစုပါ။ 

ကျမ်းစာထဲမှ

“သင်၏ ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည်အကြောင်း၊ သင်၏ မိဘကို ရိုသေစွာ ပြုလော့။ (ထွက် ၂၀ ; ၁၂) မိဘကို ရိုသေစွာ ပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်း စား၍ အသက်တာရှည်မည်အကြောင်း ဟူ၍ ဂတိတော်နှင့််ဆိုင်သော ပဌမ ပညတ် ဖြစ်၏။” (ဧဖက် ၆:၂-၃) ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် မှန်ကန်သည် ဖြစ်၍ သားသမီး များမိဘကို ရိုသေလေးစားလျှင် အသက်တာရှည်ပြီး လုပ်ဆောင်လေ ရာရာ၌ အောင်မြင်မည် ဖြစ်သည်။ ရှောလမုန်မင်းကြီးသည် ပညာရှိသောကြောင့် သူ့မိခင် ဗေသရှေဘသူ့ထံ လာသောအခါ ထ၍ ဦးချခဲ့ပြီး၊ မိခင် ထိုင်စရာဘို့ စီစဉ်ပေးသည် (၃ရာ ၂:၁၉)။ လိမ္မာသော သားသမီး များလည်းရှောလမုန်မင်းကဲ့သို့ မိခင်ကို ရိုသေသင့်သည်။ “ရှောလမုန်မင်း၏ သုတ္တံစကား ဟူမူကား၊ ပညာရှိသော သားသည် အဘဝမ်းမြောက်ခြင်း အကြောင်း၊ မိုက်သောသား မူကား၊ အမိဝမ်းနည်းခြင်း အကြောင်းကို ဖြစ်စေတတ်၏။” (သု ၁၀:၁) “သင့်ကို ဖြစ်ဘွားစေသော အဘ၏ စကားကို နားထောင်လော့၊၊ အသက် ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့်၊၊ ” (သု ၂၃ ; ၂၂)။ သားသမီး များမိခင်ကို ဝမ်းမြောက် စေကြစို့။ မိခင်ထံမှ ကျိန်ခြင်း ခံသောသူ မဟုတ် ရန်သတိထားဖုိ့လိုအပ်သည်။ မိဘထံမှ ကောင်းကြီးခံစား လိုလျှင် သူတို့ စကား နားထောင်ရိုသေလေးစားဘို့ လိုသည်။ သားသမီးများကို ယ့်အသက်တာကို မေးမည့် မေးခွန်းများ၁။ ​ကျွန်ပ်သည် မိဘကို ရိုသေသောသူ ဖြစ်ပါသလော။ ၂။ မိဘကို ဝမ်းမြောက်စေသောသူ ဖြစ်ပါသလော။ ၃။ မိဘကို အမြဲဒုက္ခ ပေးသောသူ ဖြစ်ပါသလော။ ၄။ မိဘကို ဂရုစိုက်သောသူ ဖြစ်ပါသလော။ 

သားသမီး များကောင်းကြီး ခံစား လိုလျှင် ဘုရား ထံ၌၎င်း၊ မိဘထံ၌၎င်း၊ ပြစ် မှားလျှင် ဝန်ချတောင်းပန်ပါ။ မိဘကောင်းကြီး ပေးခြင်း မခံရသောသူသည် မင်္လာ မရှိနိင်ပါ။ ယာကုပ်ကသူ၏ သားများကောင်းကြီး ပေးခြင်း ကြည့်ကြပါစို့။ “အိုရုဗင်၊ သင်သည် ငါ့သား ဦး၊ ငါ့အစွမ်းသတ္တိ၊ ငါ့ခွန်အား အစအဦး၊ ဘုန်းအထွဋ္ဋ်၊ တန်ခိုးအ ထွဋ္ဋ် ဖြစ်၏။ ၄သို့သော်လည်း ရေကဲ့သို့ ပွက်ထသော သဘော ရှိသည် ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရောက်ရ။ အကြောင်းမူကား၊ သင်သည် အဘ၏ အိမ်ယာကို တက်၍ ညစ်ညူးစေ၏။ ငါ့ခုတင်ထက်သို့ တက်လေပြီတကား။ ၅ ရှိမောင်နှင့် လေဝိသည် ညီအစ်ကို ဖြစ်၏။ အဓမ္မအမှုကို ကြံသည် အတိုင်း ပြီးစီးကြပြီ။ ၆ ငါ့ ဝိညာဉ်သည် သူတို့ လျှို့ ဝှက်ခြင်း အမှု ထဲသို့ မဝင်ရ။ ငါ့ဘုန်းသည် သူတို့ စည်းဝေးရာနှင့် အသင်းမဖွဲ့ရ။ သူတို့သည် အမျက်ထွက်၍ လူအသက်ကို သတ်ကြပြီ။ ကိုယ်အလိုသို့ လိုက်၍ မြို့ကို ဖြိုးဖျက်ကြပြီ။ ၇ သူတို့ ပြင်းစွာ ထွက်သော အမျက်၊ ကြမ်းတမ်းစွာသော ဒေါသသည် ကျိန်ခြင်းကို ခံပါစေသော။ ယာကုပ်အမျိုး၊ ဣသရေလ အနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပျံ့လွင့်စေမည်။” (ထွက် ၄၉:၃ -ရ) ယာကုပ်သား၃ယောက်လည်း ကောင်းကြီး မခံစား ကြပါ။ သားသမီး များမိခင်ထံမှ ကောင်းကြီးခံစား လိုပါက မိခင်များနေ့မှာသာ မဟုတ်၊ နေ့တိုင်း မိခင်ကို ရိုသေလေးစား၍ စကား နားထောင်ပါ ဟု သတိပေးနိုးဆော်လိုပါသည်။ အယောက်တိုင်း ဘုရားကောင်းကြီး ပေးပါစေသော်။

 

ပရိယာယ်ပြုကြ၏

ဘုရားသခင်သည် လူတိုင်း ကောင်းကင်နိင်ငံသို့ ခေါ်သွင်းချင်သော်လည်း လူများ ကဘုရား၏ ခေါ်ဘိတ်ခြင်းကို မသိသောအခါ ပရိယာယ်ပြု၍ မလာကြသည့် အကြောင်းကို ဤသို့ ဥပမာအားဖြင့် ပေးသည်၊ “ကိုယ်တော်က၊ လူတဦးသည် ကြီးစွာသော ပွဲကို စီရင်၍ လူများကို ခေါ်ဘိတ်လေ၏။ ၁၇ ပွဲခံချိန်ရောက်သောအခါ၊ ခေါ် ဘိတ်သော သူတို့ကို၊ လာကြပါ။ အလုံးစုံတို့သည် အသင့် ရှိပြီဟု မှာ၍ အစေအပါက ို စေလွှတ်၏။ ၁၈ ခေါ်အပ်သောသူ အပေါင်းတို့သည် တညီတညွတ်တည်း ပရိယာယ်ပြု ကြ၏၊ တယောက်က၊ အ​ကျွန်ုပ်သည် မြေရာကို ဝယ်ပါပြီ။ သွား၍ ကြည့်ရပါမည်။ အ​ကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။ ၁၉ တယောက်က၊ အ​ကျွန်ုပ်သည် နွားငါးယှဉ်ကို ဝယ်ပါပြီ။ သွား၍ စမ်းရပါမည်။ အ​ကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်း ပန်လေ၏။ ၂၀ တယောက်က၊ အ​ကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ။ ထိုကြောင့် အ ​ကျွန်ုပ်မလာနိုင်ပါ ဟုဆို၏။ ၂၁ အစေအပါသည် သခင့်ထံသို့ ပြန်လာ၍ ထိုအကြောင်းများကို လျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍၊ မြို့လမ်းမကြားသို့ အသော့သွားချေ။ ဆင်းရဲ သောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ​ခြေမစွမ်းသောသူ၊ မျက်စိ ကန်းသောသူများကို ခေါ်သွင်းချေဟု အစေအပါက ို ဆို၏။ ၂၂ အစေအပါက လည်း၊ သခင်စီရင်တော်မူသည် အတိုင်း ပြုပါပြီ။ သို့သော်လည်း လပ်သော နေရာထိုင်ရာရှိ ပါသေးသည်ဟု လျှောက်လေသော်၊ ၂၃ သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိုင်အထက် ခေါ်သွင်းလော့။ ၂၄ အထက်ကခေါ် ဘိတ်သောသူတယောက်မျှ ငါ့ပွဲသို့ မဝင်ရ၊ ငါအမိန့်ရှိပြီဟု အစေအပါက ို ဆိုသည်ဟု မိန့်တော်မူ၏။” (လု ၁၄:၁၆-၂၄)။ 

အထက်ပါ ဥပမာကို မ၂၂:၁-၁၄၌လည်း တွေ့ရသည်။ မဿဲထဲ၌ ပွဲလုပ်သောသူသည် မင်းကြီး ဖြစ်၍ သူ၏သား အတွက် မင်္လာဆောင်ပွဲ ပြုလုပ်ခြင်း ဖြစ်သည်။ မင်းကြီးသည် ဘုရားသခင်ကို ပုံဆောင်၍ သားသည် သခင်ယေရှုကို ပုံဆောင်သည်။ ခေါ်ဘိတ်သောသူများသည် ဣသရေလ လူများ ဖြစ်၍ အစေအပါတို့သည် ပရောဖက်များဖြစ်သည်။ ဣသရေလ လူများသည် ပရောဖက်များခေါ်သော ပွဲသို့ မလာချင် ကြပါ။ ထို့ကြောင့် မြို့လမ်းမကြားရှိဆင်းရဲ သောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ​ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများ ဖြစ်သော တပါးအမျိုးသားများကို ပွဲသို့ ခေါ်သွင်းသည်။ သို့သော် ယနေ့ တပါးအမျိုးသားများဖြစ်သော သင်နှင့် များစွာသော လူများသည် ကောင်းကင်နိင်ငံဝင်မည့် အကြောင်းကို ပြောပြသောအခါ အမျိုးမျိုး ဥာဏ်လုပ် ကြသည်။ ခရစ်တော် ပြောသကဲ့သို့ အလုပ်လုပ်သောကြောင့်အချိန် မရဟူ၍ ခေါ်သံကို မကြားလိုကြချေ။ အချို့သောသူများက ကျောင်းစာကြည့်ဘို့ လိုသည် ဟူ၍၎င်း၊ ခလေး ကြည့်ဘို့လိုသောကြောင့် ဟူ၍၎င်း၊ အကြောင်း အမျိုးမျိုး ပြ၍ ခေါ်သံကို နားမထောင်လိုကြချေ။ အချို့သောသူများသည် ဂိုဏ်းဂဏကို စွဲလန်း၍ သူတို့ ဂိုဏ်းမှ မဟုတ်လျှင် နားမထောင်လိုကြချေ။ အမှန်မှာ ကောင်းကင်နိင်ငံဝင် မည့် အရေးထက် အရေးကြီးသောအရာ မရှိတော့ချေ။ သို့သော် မသိသောကြောင့်၎င်း၊ သိသည်ဟု ထင်နေသောကြောင့်၎င်း၊ အထင်လွှဲသောကြောင့်၎င်း၊ အရေးမ စိုက်ကြချေ။ အလွန် ဝမ်းနည်းစရာ ဖြစ်သည်။ အမှန်မှာ ပြောပြသောသူများ ကသ နားသောကြောင့် ဟောပြောသော်လည်း အထင်လွဲနေသောကြောင့် အပြစ် ရှာ တတ်ကြသည်။ သင်သည် ထိုသို့ သောသူ ဖြစ်နေပါသလား။ ကောင်းစွာ ပြန်လည် စဉ်းစားပါ။ သင်သည် ကောင်းကင် နိင်ဝင်ဘို့ရန် သေချာမှု၊ စိတ်ချမှု ရှိပြီလား။ မရှိသေးလျှင် အမြန်ဆုံး သေချာအောင် ရှာပါ။အချိန်မရွေး သေနိင်သည်၊ ခရစ်တော် ကြွလာနိင်သည်။အချိန် မနှောင်းမှီကောင်းကင် လမ်းကို ရွေးပါ။ 


 ကယ်တင်ခြင်း 


 ကယ်တင်ခြင်း ဆိုသည်မှာ ကိုယ်ကိုကိုယ် မ ကယ်တင်နိင်သောကြောင့် သူတပါးက ကယ်တင်ဘို့ လိုအပ်သည်။ ယနေ့ များစွာသော နာမည်ခံ ခရစ်ယာန် များသည် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံသော်လည်း၊ ကိုယ်ကိုကိုယ် ကယ် တင်ဘို့ ကြိုးစား နေကြသည်။ မည်ကဲ့သို့ ကြိုးစား ကြသနည်း၊ အကျင့်ကောင်းကျင့်ခြင်း၊ ပညတ်တော် လိုက်လျှောက်ခြင်း၊ ဘုရားတရား၌ လိုက်စားခြင်းဖြင့် ကြိုးစား ကြသည်။ ထိုကဲ့သို့ ကယ်တင်နိုင်လျှင် ခရစ်တော် ဤလောကသို့ ကြွလာပြီး အသေ ခံစရာ မလိုတော့ချေ။တွင်း ထဲကျသွားသောသူသည် သူကိုယ်တိုင် အပြင်ထွက်နိုင်လျှင် ကယ်တင်စရာ မလိုချေ။ မထွက်နိင်သောကြောင့် ကယ်တင်ဘို့ လိုအပ်သည်။ ဣသရေလ လူများလည်း အဲဂုတ္တု ​ကျွန်မှကိုယ့်ဟာကိုယ်ထွက်နိုင်လျှင် ကယ်တင်စ ရာမလိုချေ။ သူတို့ ဟာ သူတို့ မထွက်နိုင်သောကြောင့် ဘုရားသခင်က မောရှေအားဖြင့် ကယ်တင်ခဲ့သည်။ ထို့နည်းတူ လောကသား များသည် ကိုယ်ဟာကိုယ် မကယ်တင်နိုင်သောကြောင့် ဘုရားသခင်က သားတော်ကို ဤလောကသို့ စေလွှတ်၍ ကယ်တင်ခဲ့ပြီး ပြီ။ 

ကယ်တင်ပြီးပြီ

ကျမ်းစာက၊ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျာက်ရောက်သည် မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ၉ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည် မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။” (ဧ ၂:၈-၉) တဖန်၊ “ငါတို့ကို ကယ်တင်တော်မူသော အရှင် ဘုရားသခင်၏ စေတနာတော်နှင့် လူတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်းသောအခါ၊ ၅ ငါတို့ ကျင့်သော ​ဖြောင့် မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်း ကရုဏာတော်နှင့် အညီဒုတိယ မွေးခြင်းနှင့် ဆိုင်သော ဆေးကြောခြင်း အားဖြင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။ ၆ ငါတို့ကို ကယ်တင်သော အရှင် ယေရှုခရစ်အားဖြင့် ငါတို့ အပေါ်သို့ ထိုဝိညာဉ်တော်ကို ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏။ ၇ အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်၍ ထာဝရ အသက်ကို မြော်လင့်သည်နှင့် အညီ အမွေခံ ဖြစ်မည်အကြောင်း တည်း။” (တိတု ၃:၄ -ရ) ဟုဆိုထားသည်။ ထို့ကြောင့် ကယ်တင်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်၊ သနားခြင်း သက်သက်ကြောင့် ဖြစ်သည်။ 
 ဘုရားသခင်က ခရစ်တော်အားဖြင့် ကယ်တင်ခြင်းသည် ယုံကြည်သူများအတွက်သာ မဟုတ်ဘဲ၊ တလောက လုံးရှိ လူသားများအတွက်လည်း ဖြစ်သည်။ ယော ဟန်က၊ “ထိုသခင်သည် ငါတို့၏ အပြစ် မက၊ လောကီသား အပေါင်းတို့၏ အပြစ် ​ဖြေစရာ အကြောင်း ဖြစ်တော်မူ၏။” (၁ ယော ၂:၂) ဟုဆိုထားသည်။ ထို့ကြောင့် အ ပြစ်အတွက် သေဒဏ်ကို သခင်ယေရှု ကခံပြီး သွားပြီ ဖြစ်သောကြောင့် မည်သူမျှအ ပြစ်ကြောင့်ငရဲသွားမည့်သူ မရှိတော့ချေ။ သို့သော် ထိုအရာကို မသိသောကြောင့်သော်၎င်း၊ မယုံကြည် သောကြောင့်သော်၎င်း၊ မလိုအပ်ဘဲ ငရဲမီးအိုင် ထဲသို့ ဆင်းကြ ရဦးမည် ဖြစ်သည်။ ကျမ်းစာက၊ “အစအဦး၌ သခင်ဘုရား ဟောတော်မူ၍ ဒေသ နာစကားတော်ကို ကြားရသော သူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်း တရားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ အပြစ် ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။” (ဟေ ၂:၃)ဟု ရေးထားသည်။ 

အရေးကြီးဆုံး 

သူဌေးကြီးက ခလေး လေးတယောက်ကို ပလပ်စတိတ်ကား လေးလက်ဆောင် ပေးသောအခါ၊ ထိုခလေး လေးသည် အလွန် ဝမ်းမြောက်၍ အခြားအရာများကို ဂရု မစိုက်တော့ချေ။ ထိုသူဌေးကြီးက ခလေး လေး၏ အမမြီးကောင်ပေါက်ကို အိုင်ဖုန်း လက်ဆောင်ပေးသောအခါ၊ ထိုခလေး မလည်း အလွန် ဝမ်းမြောက်၍ ပျော်မြူးနေသည်။ သူဌေးကြီး ကထို ခလေးတို့၏ အဖေကိုမူဘာမျှမပေးသော်လည်း သူတင်ထားသော အ​ကျွေး၊ မဆပ်နိုင်သောကြောင့် ထောင်ထဲကျဘို့ ရှိနေသော အ​ကျွေးကို လျှော် လိုက်သည်။ ထိုသား အဖသုံးယောက် အပေါ်သူဌေးကြီး ပေးသော အရာများ၌ မည်သူကအရေးကြီးဆုံး ရရှိသနည်း။ ခလေး လေးအမြင်မှာ သူ့ကား လေးသည် အရေးကြီးဆုံး ဟု မြင်မည် ဖြစ်သည်။ သမီးကလည်း သူရသော ဖုန်းသည် တန်ဘိုး အရှိဆုံး ဖြစ်သည်ဟု ယူဆမည် ဖြစ်သည်။ သို့သော် သူ့တို့၏ ဖခင်ရလိုက်သော အ​ကျွေးလျှော်ခြင်းသည် အကြီးမားဆုံး နှင့် အရေးကြီးဆုံး ဖြစ်သည်။ အကြောင်းမှာ သူတို့ ဖခင်သည် အ​ကျွေးကြောင့်ထောင်ကျသွားသည် ရှိသော် သူတို့ကို လုပ်​ကျွေးမည့်သူ မရှိတော့ချေ။ ထိုအရာကို မသိသောသားနှင့် သမီးက သူတို့ ရရှိသော လက်ဆောင်များသည် အရေးကြီးဆုံး နှင့် တန်ဘိုး အရှိဆုံးဟု ထင် နေကြသည်။ 

လုကာ ရး၁-၁၀၌ သခင်ယေရှု ကရောမတပ်မှုး၏ ​ကျွန်၊ ကျန်းမာစေသောအရာကို တွေ့ရသည်။ လုရး၁၁-၁ရတွင် မုတ်ဆိုးမ၏ တဦးတည်းသောသား အသက် ပြန်ရှင်စေသည့်အရာကို တွေ့ရသည်။ လု ရး၃၆-၅၀တွင် မကောင်းသော မိန်းမ၏ အပြစ် လွှတ်ခြင်း အကြောင်း တွေ့ရသည်။ အထက်ပါ သခင်ယေရှု၏ လုပ်ဆောင် ချက်များတွင် မည်သည့်အရာအရေးကြီးဆုံး ဖြစ်သနည်း။ ရောမတပ်မှုး၏ ​ကျွန်သေ လုဆဲမှကျန်းမာစေခြင်းသည် အလွန် အရေးကြီးသည်။ ထိုထက် သေပြီးသော မုတ် ဆိုးမ၏ တဦးတည်းသောသား အသက် ပြန်ရှင်စေခြင်းသည် သာ၍ အရေးကြီးသည် ဟုဆိုကြမှာသေချာသည်။ အကြောင်းမှာ ဆရာဝန်များလည်း သေမည့် လူနာများကို တခါတရံ အသက် ပြန်ရှင်စေတတ်သည်။ သို့သော် သေပြီးသော အလောင်းကို မည်သူကမျှ အသက် ပြန်မရှင်စေနိုင်သောကြောင့် အသက် ပြန်ရှင်စေခြင်းသည် အရေးကြီးဆုံး နှင့် အကြီးမားဆုံး သောအရာ ဖြစ်သည် ဟုဆိုကြမည် ဖြစ်သည်။ အပြစ်ရှိသော မိန်းမကို အပြစ် လွှတ်ခြင်း မူကား အရေးထားကြမည်အထင်။ အကြောင်းမှာ လူ့အမြင်၌ အပြစ် လွှတ်ခြင်းသည် အရေးကြီးသော်လည်း ကိုယ်ခန္ဓာအသက်လောက် အရေးမကြီးဟု ထင်မှတ် ကြသည်။ သို့သော် အပြစ်ရှိသော မိန်းမကို အပြစ်မှလွှတ်ခြင်းသည် အရေးကြီးဆုံး နှင့် အကြီးမားဆုံး ဖြစ်သည်။ အကြောင်းမှာ၊ ကိုယ်ခန္ဓာကျန်းမာခြင်းနှင့် အသက် သွင်းခြင်းသည် ခဏအတွက်သာ ဖြစ်၍ ပြန်သေကြရမည် ဖြစ်သည်။ အပြစ် လွှတ်ခြင်း ခံရသော မိန်းမသည် ဝိညာဉ်ပိုင်းကယ် တင်ခြင်း ဖြစ်၍ ထာဝရ ကာလ တိုင် အသက်ရှင်မည့် အရာ ဖြစ်သောကြောင့် ဖြစ်သည်။ ယနေ့ လူအများစုလည်း ဝိညာဉ်ပိုင်း ကယ်တင်ခြင်းထက် ကိုယ်ခန္ဓာပိုင်း ကယ်တင်ခြင်းကို ပို၍ အလိုရှိကြ၊ တန်ဘိုး ထား ကြသည်။ ဘုရားသခင်၏ အပြစ် လွှတ်ခြင်းကိုမူဂရုမစိုက်ကြ၊ နားမထောင်လိုကြချေ။ အလွန် ဝမ်းနည်းဘွယ်ရာ ဖြစ်သည်။ 

“၃၆ ဖာရိရှဲတယောက်သည် အစာကို သုံးဆောင်တော်မူ စေခြင်းငှါ ကိုယ်တော်ကို ခေါ်ပင့်လျှင်၊ ထိုဖာရိရှဲတို့၏ အိမ်သို့ ကြွ၍ စားပွဲ၌ လျောင်းတော်မူ၏။ ၃၇ ထိုသို့ စားပွဲ၌ လျောင်းတော်မူသည်ကို ထိုမြို့၌ ဆိုးသော မိန်းမတယောက်သည် သိလျှင်၊ ဆီမွှေးကျောက်ဖြူခွက်တလုံးကို ယူခဲ့၍၊ ၃၈ နောက်တော်၌ ​ခြေတော် အနီးမှာရပ်လျက် ငို​ကြွေး၍ ​ခြေတော် ပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့် သုတ်လေ၏။ ​ခြေတော် ကိုလည်း နမ်း၍ ဆီမွှေးနှင့် လိမ်းလျက် နေ၏။ ၃၉ ကိုယ်တော်ကို ခေါ်ပင့်သော ဖာရိရှဲသည် မြင်လေသော်၊ ဤသူသည် ပရောဖက် မှန်လျင်​ခြေတော်ကို ကိုင်သော ဤမိန်း မသည် အဘယ်သို့ သောသူ ဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူ ဖြစ်သည်ဟု ထင်မှတ်၏။” 

 ၄၀ ယေရှုကလည်း အချင်းရှိမုန်၊ သင့်အား ငါပြောစရာ တခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့်ရှိတော်မူပါဟု လျှောက်သော်၊ ၄၁ ယေရှုက၊ ဥစ္စာ ရှင်တဦး၌ ​ကြွေးစားနှစ်ဦးရှိ၏။ တယောက်၌ ကား ဒေနာရိအပြားငါးရာ၊ တယောက်၌ ကား ငါးဆယ်​ကြွေးရှိ၏။ ၄၂ သူတို့သည် ​ကြွေးဆပ်ရန်မရှိသောကြောင့်၊ ​ကြွေးရှင်သည် ထိုသူနှစ်ယောက်တို့ကို အချည်းနှီးလွှတ်၏။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင် အဘယ်သူသည် ​ကြွေးရှင်ကိုသာ၍ ချစ်လိမ့်မည်နည်းဟု မေးတော်မူ၏။ ၄၃ ရှိမုန်ကလည်း၊ သာ၍ ကျေးဇူးကို ခံရသောသူသည် သာ၍ ချစ်လိမ့်မည်အ​ကျွန်ုပ်ထင် ပါ၏ဟု လျှောက်လျှင်၊ ယေရှုက၊ သင်ထင်သည် အတိုင်း မှန်ပေ၏ဟု မိန့်တော်မူပြီးမှ၊ ၄၄ ထိုမိန်းမကို လှည့်၍ ရှိမုန်အား လည်း၊ သင်သည် ဤမိန်းမကို မြင်သလော။ သင်၏ အိမ်သို့ ငါဝင်သော်သင်သည် ​ခြေဆေးရေကို မပေး။ ဤမိန်းမမူကား၊ ငါ့​ခြေပေါ်သို့ မျက်ရည်ကျ၍ မိမိဆံပင်နှင့် သုတ်လေပြီ။ ၄၅ သင်သည် ငါ့ကို မနမ်း။ သူမူကား၊ ငါ့အိမ်သို့ ဝင်သောအချိန် မှစ၍ ငါ့​ခြေကို နမ်းလျက် မစဲဘဲ နေ၏။ ၄၆ သင်သည် ငါ့ခေါင်းကို ဆီနှင့် မလိမ်း၊ သူမူကား၊ ငါ့​ခြေကို ဆီမွှေးနှင့် လိမ်းလေပြီ။ ၄၇ ထိုကြောင့် ငါဆိုသည်ကား၊ သူသည် များစွာသော အပြစ်တို့နှင့် လွတ်သည် ဖြစ်၍ အလွန် ချစ်တတ်၏။ အနည်းငယ်သော အပြစ် လွတ်သောသူသည် အနည်းငယ်မျှသာချစ်တတ်သည်ဟု မိန့်တော်မူ၏။ ၄၈ ထိုမိန်းမအား လည်း၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။ ၄၉ စားပွဲ၌ လျောင်းသော သူတို့က၊ အပြစ်ကို လွှတ်သော ဤသူကား အဘယ်သူ နည်းဟု အောက်မေ့ကြ၏။ ၅၀ ယေရှုသည် ထိုမိန်းမအား သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ပြီ။ ငြိမ်ဝပ်စွာ သွားလော့ဟု မိန့်တော်မူ၏။ (လု ရး၃၆-၅၀)။ 

အိမ်ရှင်ဖာရိရှဲရှိမုန်က မကောင်းသော မိန်းမ၏ အပြစ်ကို မြင်သည်။ ထို့အ ပြင်ထိုမိန်းမကို လက်ခံသော သခင်ယေရှု ကိုလည်း အပြစ် မြင်သည်။ သူသည် ကျမ်း တတ်ပုဂ္ဂိုလ် ဖြစ်၍ ကျမ်းစာကို သိသော်လည်း သူ့ကိုယ်သူ မသိချေ။ အပြစ်ရှိသော မိန်းမသည် သူ၏ အပြစ်ကို သိသောကြောင့် သခင်ယေရှု ထံလာ၍ မျက်ရှည်ကျလေသည်။ မျက်ရည်ကျခြင်းသည် ဝမ်းနည်းခြင်း၊ သူ၏ အပြစ်ကို နောင်တရခြင်းကို ပုံ ဖေါ်သည်။ သူမသည် စကား တခွန်းကိုမျှ မပြောသော်လည်း နောင်တရခြင်းသည် အပြု အမူအားဖြင့် ထင်ရှားသည်။ သခင်ယေရှု၏ ​ခြေတော် အပေါ်၌ သူ၏ မျက်ရည် ကျသွားသောကြောင့် သူ၏ ဆံပင်နှင့် သုတ်သည်။ ဆံပင်သည် အမျိုးသမီးများ၏ ဘုန်း ဖြစ်သည်။ သူသည် စိတ်ထိခိုက်၍ နောင်တရကြောင်းကို ဆံပင်နှင့် မျက်ရည်သုတ်ခြင်းဖြင့် ထင်ရှားသည်။ ထို့အပြင် တန်ဘိုး ကြီးသော ဆီမွှေးနှင့် သခင်ယေရှု၏ ​ခြေတော်ကို လိမ်းသည်။ ထိုကဲ့သို့ နောင်တရခြင်းကို သခင်ယေရှု ကမြင်သောကြောင့် သူမပြုသမျှကို လက်ခံခြင်း ဖြစ်သည်။ ဖာရိရှဲရှိမုန်ကထိုမိန်းမ၏ နောင်တရခြင်းကို လုံးဝ မမြင်ချေ။ သူ၏ အပြစ်များကိုသာလျှင် မြင်သည်။ ထို့ကြောင့် သခင်ယေရှု အပေါ်၌ ပင်လျှင် အထင်လွဲသည်။ သခင်ယေရှု ကရှိမုန်၏ စိတ်နှလုံးကိုလည်း မြင်သည်။ ရှိမုန်က သူ့ကို အပြစ် မြင်ကြောင်း သိမြင်သောကြောင့် မေးခွန်းမေးလိုက်သည်။ အကြွေးတင်သူနှစ်ယောက်ကို သူဌေးကအပြစ် လွှတ်သောအခါ မည်သူသည် သူဌေးကိုသာ၍ ချစ်မည်နည်းဟု မေးရာ၊ သာ၍ ကျေးဇူးကို ခံရသောသူသည် သာ၍ ချစ် လိမ့်မည်ဟု သူ​ဖြေသည်။ 

ဤနေရာ၌ ရှိမုန်သည် အ​ဖြေမှန်ကို သိသည်။ သို့သော် သူ့ကိုယ်သူသော်၎င်း၊ မိန်းကကိုသော်၎င်း၊ သခင်ယေရှုကိုသော်၎င်းသူ မသိချေ။ ထိုမိန်းမသည် သူ့ကို သူသိ၍ သခင်ယေရှု ကိုလည်း သိသည်။ ထို့ကြောင့် အပြစ် လွှတ်ပိုင်သော သခင်ယေရှု ထံလာ၍ အရှက်အကြောက်မရှိဘဲ သူ၏ ​ခြေတော်ကို သုတ်သည်၊ လိမ်းသည်။ သူသည် စကား တခွန်းကိုမျှ မပြောသော်လည်း သူလိုချင်သော အပြစ် လွှတ်ခြင်းကို ရရှိလိုက်သည်။ သခင်ယေရှုသည် စကား မပြောသော်လည်း ရှိမုန်၏ စိတ်နှလုံးကို သိသည်။ ထိုမိန်းမ၏ စိတ်နှလုံးနှင့် အ​ခြေအနေကိုလည်း သိသည်။ ထို့ကြောင့် ရှိမုန်ကို အပြစ်တင်၍ မိန်းမကို အပြစ် လွှတ်လိုက်သည်။ စားပွဲ၌ လျောင်းသော သူတို့လည်းရှိမုန်ကဲ့သို့ ဝိညာဉ် မျက်စိကန်းကြသောကြောင့် ထိုအချင်းအရာအားလုံး ကို မသိ ကြချေ။ ထို့ကြောင့် သခင်ယေရှုကို အပြစ် မြင် ကြသည်။ သူတို့ အမြင်၌ သခင်ယေရှုသည် သာမန်လူ၊ ပရောဖက်လောက်အနေနှင့် သာမြင် ကြသည်။ သခင်ယေရှုက အပြစ် လွှတ်လိုက်ခြင်းအားဖြင့် သူသည် ဘုရား ဖြစ်ကြောင်းကို ကျေညာနေခြင်း ဖြစ်သည်။ အကြောင်းမှာ ဘုရားကသာလျှင် အပြစ် လွှတ်နိုင်သည်။ သင်သည်မည်သူကဲ့သို့ဖြစ်သနည်း။ ရှိမုန်ကဲ့သို့ ကျမ်းစာ များစွာ နားလည်သော်လည်း ဝိညာဉ် မျက်စိကန်းသောသူလော။ စားပွဲ၌ လျောင်းသောသူများ ကဲ့သို့ သခင်ယေရှုကို နားမလည်သောသူလော။ သို့မဟုတ် မကောင်းသော မိန်းမကဲ့သို့ ကိုယ့်အပြစ်ကိုလည်း မြင်၍ နောင်တနှင့် သခင်ယေရှု ထံအပြစ် ဝန်ချတောင်းပန်၍ အပြစ် လွှတ်ခြင်း ခံစားရသောသူလော။ 

နိင်ငံတော် (၄) မျိုး

 ပဌမ ဦးစွာ ကောင်းကင်နိင်ငံတော်နှင့် ဘုရားသခင်၏ နိင်ငံတော်နှင့် ပတ်သက်၍ ရှင်းဘို့ လိုသည်။ ကျမ်းစာ၌ ကောင်းကင်နိင်ငံတော် ၆၈ ကြိမ်နှင့် ဘုရား သခင်၏ နိင်ငံတော် ၃၂ ကြိမ်တွေ့ရသည်။ မဿဲကသာ ဘုရားသခင်၏ နိင်ငံတော်ဟု သုံး၍ မာကုနှင့် လုကာက ကောင်းကင်နိင်ငံတော်ဟု သုံးသည်။ ဆိုလိုရင်းသည် အတူတူ ဖြစ်ကြောင်း ခရစ်တော်၏ စကား၌ ဤသို့ တွေ့ရသည်၊ “ယေရှုကလည်း၊ ငါအ မှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ခဲလှ၏။ ၂၄ တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။” (မ ၁၉:၂၃-၂၄)။ 

ကျမ်းစာထဲ၌ ကောင်းကင်နိင်ငံတော်နှင့် ပတ်သက်၍ ဆိုလိုရင်းအဓိပ္ပါယ် ၄ မျိုးရှိသည်။ ထိုအရာတို့မှာ၊ ဝိညာဉ်ပိုင်း ကောင်းကင်နိင်ငံ၊ ဣသရေလ လူများနှင့် တည်ထောင်မည့် နိင်ငံ၊ အနှစ်တထောင်ကာလ၌ တည်ထောင်မည့် နိင်ငံနှင့် ထာ ဝရကာလ တည်မြဲမည့် နိင်ငံတို့ ဖြစ်သည်။ 
 
၀ိညာဉ်ပိုင်းနိင်ငံတော် 

“ဖာရိရှဲတို့သည် လာ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်ကာလမှတည်ပါမည်နည်းဟု မေးလျှောက်ကြလျှင် ယေရှုက၊ ကောင်းကင် နိုင်ငံတော်သည် မျက်မြင်သောအရာ၌ မတည်။ ၂၁ ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာ အခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏ အထဲ၌ ရှိသည်ဟု မိန့်တော်မူ၏။” (လု ၁ရး၂၀-၂၁) ဤနေရာ၌လည်း သခင်ဘုရားက၊ ကောင်းကင်နိင်ငံတော်၊ ဘုရားသခင်၏ နိင်ငံတော်ဟု နှစ်မျိုးစလုံးသုံးထားသည်။ အဘယ်ကြောင့်ဖာရိရှဲများက ဘုရားသခင်၏ နိင်ငံတည်မည့် အချိန်ကို သိချင် ကြသနည်းဟူကား၊ ဗတ္တိဇံယောဟန်က ကောင်းကင်နိင်ငံတော် တည်လုနီးပြီဟု ကြွေးကြော်ခဲ့သည် (မ ၃:၁-၂)။ ခရစ်တော်ကို တိုင်ကလည်း ကောင်းကင်နိင်ငံ တော်သည် တည်လုနီးပြီဟု ဟောခဲ့သည် (မ ၄:၁၈)။ ဖာရိရှဲများ ကအုပ်ချုပ်ရေးနှင့် ဆိုင်သော နိင်ငံတည်မည့် အရာကို မေးသော်လည်း ခရစ်တော် ကအဘယ်ကြောင့် ဘုရားသခင်၏ နိင်ငံတော်သည် သင်တို့ အထဲ၌ ရှိသည်ဟု ​ဖြေသနည်း။ အကြောင်းရှိသည်။ 

ဗတ္တိဇံဆရာယောဟန်က ကောင်းကင်နိင်ငံတော် တည်လုနီးပြီနောင်တ ရကြလော့ ဟုဆိုသောကြောင့်၊ နိင်ငံတော် တည်ဘို့ရန် နောင်တရဘို့ လိုသည်။ “ထို အခါ ယေရုရှလင်မြို့မှစ၍ ယုဒပြည် သူပြည်သား၊ ယော်ဒန်မြစ်နားမှာနေသောသူ အပေါင်းတို့သည် ယောဟန်ထံသို့ ထွက် သွား၍၊ ၆ မိမိအပြစ်များကို ဘော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံကြ၏။ ၇ ဖာရိရှဲနှင့် ဇဒ္ဒုကဲအများတို့သည် ဗတ္တိဇံကို ခံအံ့သောငှါ လာကြသည်ကို ယောဟန်သည် မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက် လုသော ဘေးဒဏ်မှ ပြေးသွားစိမ့်သောငှါ၊ အဘယ်သူသည် သင်တို့ကို သတိပေး ဘိသနည်း။ ၈ နောင်တရခြင်းနှင့် ထိုက်တန်သော အကျင့်ကို ကျင့်ကြလော့။” (မ ၃ ; ၅-၈) ဟုဆိုသည်။ အဘယ်ကြောင့်ယောဟန်ကယုဒပြည် သူပြည်သားတို့ကို ဗတ္တိ ဇံပေးသော်လည်း ဖာရိရဲှနှင့် ဇဒ္ဒုကဲတို့ကို မပေးသည်သာမက အချင်းမြွေဆိုးအမျိုးတို့ ဟုဆိုသနည်း။ အကြောင်းမှာ ယုဒပြည် သူပြည်သား များသည် မိမိတို့ အပြစ်များကို ဘော်ပြ ကြသည်။ ဆိုလိုသည်မှာ သူတို့၏ အပြစ်များကို မဖုံး ဖေါ်ပြခြင်းဖြင့် နောင်တရကြောင်း ထင်ရှားသည်။ နောင်တရသောသူတိုင်း မိမိအပြစ်ကို မြင်၍ မရှက်မကြောက် ဖေါ်ပြရဲ ကြသည်။ ထို့ကြောင့် ယောဟန်က သူတို့၏ အပြစ်များကို မဖေါ်ပြ တော့ဘဲ ဗတ္တိဇံပေးခြင်း ဖြစ်သည်။ ဖာရိရှဲတို့သည် ကျမ်းတတ်များ ဖြစ်ကြသော်လည်း သူတို့၏ အပြစ်များကို နောင်တ မရကြချေ။ လူများ အမြင်မှာ ဘုရားတရား ရှိသော်လည်း၊ အပေါ်ယံသာလျှင် ဖြစ်၍ အတွင်း၌ သင်္ချိုင်းတွင်း ကဲ့သို့ ညစ်ညူးသည် (မ ၂၃)။ သူတို့နှင့် ပတ်သက်၍ သခင်ဘုရားက မဿဲ ၂၃တွင် အားလုံး ဖေါ်ပြထားသည်။ ဇဒ္ဒုကဲတို့သည် ယဇ်ပုရောဟိတ် များဖြစ်၍ ဘာသာရေး၌ ဦးဆောင် သူများ ဖြစ်သည်။ သို့သော်လည်း နံဝိညာဉ် ရှိကြောင်း၊ ရှင်ပြန်ထမြောက်ခြင်းရှိကြောင်းများမယုံကြည် ကြချေ။ ယခုခေတ် လီဘရာယ်များ၊ ယေဟောဝါသက်သေ ခံများနှင့် တူသည်။ 

ဖာရိရှဲများနှင့် ဇဒ္ဒုကဲများသည် ဘာသာရေး၌ လိုက်စားသော်လည်း အတွင်း စိတ်နှလုံးမမှန်ချေ။ သူတို့သည် သခင်ယေရှု ကိုလည်း မယုံကြည်၊ လက်မခံကြချေ။ သို့သော် နိင်ငံတော် တည်ထောင်မည့် အရာကို စိတ်ဝင်စားကြသောကြောင့် မည်သည့်အချိန်၌ တည်ထောင်မည်ကို သခင်ဘုရား ထံ၌ မေးခြင်း ဖြစ်သည်။ သို့သော် သူတို့ စိတ်နှလုံး မမှန်သောကြောင့် သခင်ဘုရားက၊ “ဘုရားသခင်၏ နိုင်ငံ တော်သည် သင်တို့၏ အထဲ၌ ရှိသည်” ဟု မိန့်တော်မူခြင်း ဖြစ်သည်။ ဘုရားသခင်၏ နိင်ငံတော်သည် သင်တို့၏ အထဲ၌ အရင်တည်ထောင်ဘို့ လိုသည် ဟုဆိုလိုခြင်း ဖြစ်သည်။ ခရစ်တော်သည် စိတ်နှလုံးထဲ၌ ဘုရားသခင် မအုပ်စိုးသော သူတို့နှင့် နိင်ငံတော် မထောင်လိုချေ။ သူတို့ စိတ်နှလုံးပြောင်းလဲမှသာလျှင်တည်ထောင်နိုင်မည်။ ယနေ့ များစွာသော ယုံကြည်သူများလည်း ကောင်းကင်နိင်ငံဝင်မည့် လက်မှတ်ကို လက်ကိုင်ထားကြသော်လည်း စိတ်နှလုံးမူကား မပြောင်းလဲကြချေ။ ဖာရိရှဲနှင့် ဇဒ္ဒု ကဲများ ကဲ့သို့ ဘုရား အပေါ်မယုံကြည်ခြင်း၊ လောဘလွန်ကျူးခြင်း၊ လောကကို ချစ်ခြင်း၊ ဘုရားထက် အလေးထားသော အရာများရှိခြင်းဖြင့် စိတ်နှလုံး မပြောင်းလဲကြချေ။ 

ယုံကြည်သူများ၏ အကျင့် မပြောင်းလဲခြင်းသည် စိတ်နှလုံး မပြောင်းလဲခြင်းကြောင့် ဖြစ်သည်။ စိတ်နှလုံးအလိုအတိုင်း ကျင့်ကြံပြုမူကြသည် မဟုတ်လော။ စိတ်နှလုံး မပြောင်းလဲခြင်းသည်လည်း စိတ်နှလုံးထဲသို့ သွင်းထားသော အရာများ မကောင်းသောကြောင့် ဖြစ်သည်။ သမ္မာကျမ်းစာ သွင်းမည့် အစားလောကအရာများကို ဖုန်း၊ ကွန်ပြူတာ၊ လူများထံမှ သွင်း နေကြသည်။ ထို့ကြောင့် စိတ်နှလုံး၌ ဘုရားသခင်၏ နိင်ငံတော် တည်ထောင်ဘို့ လိုသည်။ ဘုရားသခင် နိင်ငံထူထောင်ခြင်း ဆိုသည်မှာ ဘုရားသခင်က အုပ်စိုးရမည်။ ဘုရားသခင်က အုပ်စိုးဘို့ရန် မှာသူ၏ နှုတ် ကပတ်တော်ကို ဖတ်ရမည်။ တာဝန် ကျေရုံဖတ်ခြင်း မဟုတ်ဘဲ ဆိုလိုရင်း သဘောပေါက်အောင် ဖတ်ရမည်။ သဘောပေါက်လျှင်လည်း လိုက်လျှောက်ရမည်။ သို့မှသာ ဘုရားသခင် အုပ်စိုးသောသူ၊ ဘုရားသခင်၏ နိင်ငံတော် ဖြစ်မည်။ မိသားစုထဲမှာလည်း ဘုရားသခင်၏ နိင်ငံတော် တည်ထောင်ရမည်။ အသင်းတော်၊ မြို့ရွာများ၌လည်း ဘုရားသခင်၏ နိင်ငံတော် တည်ထောင်ရမည်။ ထိုသို့ ဘုရားသခင်၏ နိင်ငံတော် တည်ထောင်မှသာလျှင်ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းရှိနိုင်မည်။ ဘုရားသခင်သည် ​ကျွန်ပ် အပေါ်၊ မိသားစု အပေါ်၊ အသင်းတော် အပေါ်၊ တိုင်း ပြည် အပေါ် ကောင်းမြတ်သည်ဟု ကြွေးကြော်အော်ဟစ်ရုံဖြင့် ဘုရားသခင်၏ နိင်ငံတော် မတည် ထောင်နိုင်ပါ။ ဘုရားသခင်က အသက်တာကိုအချိန်မရွေး အုပ်စိုးရမည်။ ရှင်ဘုရင်များက တိုင်း သူပြည်သားများကို တရက်သာမအုပ်စိုးပါ။ နေ့တိုင်း အုပ်စိုးသည်။ သတ်မှတ်ထားသော နေရာ၌ သာမအုပ်စိုးပါ။ နေရာတိုင်း၌ အုပ်စိုးသည်။ ထို့နည်း တူ ဘုရားသခင်က တနင်္နွေနေ့၌ သာမအုပ်စိုးရပါ။ ဘုရားကျောင်း၌ သာမအုပ်စိုးရပါ။ နေ့တိုင်း၊ နေရာတိုင်း၌ အုပ်စိုးရမည်။ သင်၏ အသက်တာ၌ သခင်ဘုရား အုပ် စိုးပါသလား။ သင်၏ မိသားစု၌ သခင်ဘုရားသည် သခင် ဖြစ်ပါသလား။ 

ဣသရေလ လူများနှင့် တည်ထောင်မည့် နိင်ငံ

သခင်ယေရှုသည် မွေးဘွားသောအခါ ရှင်ဘုရင် ဖြစ်သည်။ ထို့ကြောင့် အ ရှေ့ပြည် ကပညာရှိများက၊ “ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူ သနည်း။ အရှေ့ပြည်၌ သူ၏ ကြယ်ကို ငါတို့ မြင်ရသည် ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်း ပြောဆို ကြ၏။” (မ ၂:၂)။ သခင်ယေရှု၏ အသက်တော် ၃၀ ရှိသောအခါ သူ၏ ရှေ့တော် ပြေးယောဟန်က ဤသို့ ဆော်အောကြောင်း တွေ့ရသည်၊ “ထိုကာလ အခါဗတ္တံဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။ ထိုကြောင့် နောင်တရကြလော့ဟု ယုဒတော၌ ဟောလေ၏။” (မ ၃:၁-၂)။ သခင်ဘုရားကိုယ်တိုင်ကလည်း၊ “ထိုအခါ မှစ၍ ယေ ရှုက၊ နောင်တရကြလော့။ ကောင်းကင် နိုင်ငံတော်သည် တည်လုနီးပြီဟူသော တ ရားကို ဟောစပြုတော်မူ၏။” (မ ၄:၁ရ)။ ဗတ္တိဇံဆရာယောဟန်နှင့် သခင်ဘုရား ဟောသော နိင်ငံတော်သည် တပါးအမျိုးသားများနှင့် မဟုတ်၊ ဣသရေလ လူများနှင့် သာတည်ထောင်မည့် အကြောင်း ခရစ်တော်က ဤသို့ ဆိုထားသည်၊ “ထိုတ ကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တပါးအမျိုးသား တို့ ရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။ ၆ ဣသရေလ အမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။ ၇ သွားစဉ်တွင်၊ ကောင်းကင်နိုင်ငံတော် တည်လုနီးပြီဟု သိတင်း ကြားပြောကြလော့။ ၈ နာသော သူတို့အား ချမ်းသာ ပေးကြလော့။ သေသော သူတို့ကို ထမြောက် စေကြလော့။ နူသော သူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ ကိုလည်း နှင်ထုတ် ကြလော့။” (မ ၁၀:၅-၈) ဟုဆိုသည်။ သခင်ယေရှု တည်ထောင်မည့်နိင်ငံ၌ လူနာ၊ လူသေ၊ နူနာများ မရှိရချေ။ ယောဟန်နှင့် ယာကုပ်တို့၏ မိခင်ကလည်း၊ “ကိုယ်တော်၏ နိုင်ငံတွင် ​ကျွန်မ၌ ဤသား နှစ်ယောက်တို့သည် လကျ်ာတော် ဘက်၌ တယောက်၊ လက်ဝဲတော် ဘက်၌ တယောက် ထိုင်ရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။” (မ ၂၀ ; ၂၁)။ ယောဟန်ယာကုပ်နှင့် သူတို့၏ မိခင်က သခင်ယေရှု တည်ထောင်မည့် နိင်ငံကိုမျှ ော်လင့်လျက် လက်ျာတော် လက်ဝဲတော် ရာထူးများကို လျှောက်ကြခြင်း ဖြစ်သည်။ 

လူအများက သံလွင်ခက်နေ့ ဟုဆိုသောအရာသည် သခင်ယေရှုက သူ့ကို သူရှင်ဘုရင်အဖြစ် ပေးအပ်သောနေ့ ဖြစ်သည်။ “၁ ယေရုရှလင်မြို့အနီးသို့ ချဉ်း၍ သံလွင်တောင်​ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ၊ ယေရှုသည် တ ပည့်တော် နှစ်ယောက်တို့ကို စေလွှတ်၍၊ ၂ သင်တို့ ရှေ့၌ ရှိသော ရွာသို့ သွားကြ။ ထိုရွာ၌ ချည်နှောင်လျက် ရှိသော မြည်းမနှင့် မြည်းကလေးကို သင်တို့သည် ချက်ခြင်း တွေ့လိမ့်မည်။ မြည်းကြိုးကို ဖြည်၍ ငါ့ထံသို့ ဆောင်ခဲ့ကြ။ ၃ သူတပါးသည် သင်တို့အား တစုံတခုကို ဆိုလျှင် သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ ပြောလျှင် ထိုသူသည် ချက်ခြင်း ပေးလိုက်မည်ဟု မှာထားတော်မူ၏။ ၄ ထိုအကြောင်း အရာမူကား၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍၊ ၅ နူးညံ့သိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော ပရောဖက်၏ နှုတ်ထွက် ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။” (မ ၂၁:၁-၅) သခင်ဘုရားသည် ရှင်ဘုရင်အဖြစ် သူ့ကို သူအပ်သောအခါ လူထုက လက်ခံသော်လည်း၊ ခေါင်းဆောင်များက လက်မခံသောကြောင့် ရှင် ဘုရင်မ ဖြစ်လာပါ။ ထို့ကြောင့် နိင်ငံတော်လည်း မထောင်နိင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ပိလတ်မင်းက သူသည် ဘုရင်မှန်သလောဟု မေးသောအခါ မှန်ကြောင်းကို ဤသို့ ရေးထားသည်၊ “ယေရှုသည် မြို့ဝန်မင်းရှေ့သို့ ရောက်တော်မူသည် ရှိသော်၊ မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု မေးလျှင်၊ ယေရှုက၊ မင်းကြီး မေးသည် အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။” (မ ၂ရး၁၁)။ ယုဒခေါင်းဆောင်များကယေရှုကို ဘုရင်အဖြစ် လက်မခံဘဲ ပိလတ်မင်းကို သတ် စေခဲ့ ကြသည်။ ထို့ကြောင့် ပိလတ်မင်းက သူ၏ ခေါင်းတော် ပေါ်မှာ ဤသို့ စာရေးထားသည်၊ “အပြစ် ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင်ဘုရင်ယေရှု ပေတည်းဟု ရေး၍ ခေါင်းပေါ်မှာ တပ်သတည်း။” (မ ၂ရး၁၁)။ ထိုသို့ ယုဒလူတို့သည် သူတို့၏ ရှင် ဘုရင်ကို သတ်လိုက်သောကြောင့် နိင်ငံတော် မတည်ထောင်နိုင်ခဲ့ချေ။ 

အနှစ်တထောင်ကာလ၌ တည်ထောင်မည့် နိင်ငံ

ယေရှုသည် အထက်၌ ဖေါ်ပြ သကဲ့သို့ မြေကြီး ပေါ်၌ နိင်ငံမထောင်နိင်ခ့​ဲသော်လည်း ဘုရား ဖြစ်သောကြောင့် သူ၏ အကြံကို မပြည့်စုံဘဲ မနေရ၊ အနာဂတ်တွင် နိင်ငံတော် တည်ထောင်ဦးမည်။ အနားမှာရိုက်ထားသော လူဆိုးက၊ “သခင်၊ ကိုယ်တော်သည် နိုင်ငံတော် တည်လျက် ကြွလာတော်မူသောအခါ အ​ကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။” (လု ၂၃:၄၂)။ ထိုသို့ လျှောက်သောအခါ နိင်ငံတော် မတည်ထောင်တော့ပါဟု မ​ဖြေချေ။ ရှင်ပြန်ထမြောက်ပြီး ကောင်းကင် မတက်မှီကလေးတွင် တမန်တော်များက၊ “သခင်ဘုရား၊ ယခုအခါ ကိုယ်တော်သည် ဣသရေလ အမျိုးသားတို့အား နိုင်ငံကို ပြန်ပေးတော်မူ မည်လောဟု မေးလျှောက်ကြလျှင်၊ ၇ သခင်ဘုရားက၊ ခမည်းတော်၏ တန်ခိုးအားဖြင့် စီရင်တော်မူသောအချိန် ကာလကို သိရသော အခွင့်သည် သင်တို့၌ မရှိ။” (တ ၁:၆ -ရ)ဟု ​ဖြေလိုက်သည်။ နိင်ငံတော် တည်ထောင်ဘို့ မရှိတော့လျှင် မရှိတော့ကြောင်း ပြောမည် ဖြစ်သည်။ တည်ထောင်မည့်အစီအစဉ်ရှိ သေးသောကြောင့် ခမည်းတော် သာသိ၍ လူက မသိနိင် ဟုဆိုခြင်း ဖြစ်သည်။ ထိုနိင်ငံတော်နှင့် ပတ်သက်၍ ဟေရှာ ယက ဤသို့ ရေးထားခဲ့သည်၊ “ကြည့်ရှုလော့။ မိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်၊၊ အရင်မိုဃ်းကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ၊၊ နှ လုံးမမှတ်မိရ။ ငါဖန်ဆင်းလာတံ့သောအရာ ကြောင့်၊ သင်တို့သည် အစဉ်အမြဲဝမ်း မြောက်ရွှင်လန်းကြလိမ့်မည်၊၊ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာ အကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာ အကြောင်း ဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏၊၊ ၁၉ ငါသည်လည်း၊ ယေ ရုရှလင်မြို့ကြောင့်ဝမ်းမြောက်မည်၊၊ ငါ၏ လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေး သံနှင့် အော်ဟစ်သံကို နောက်တဖန် မကြားရ၊၊ ၂၀ ထိုမြို့၌ အသက် ငယ်သောသူငယ် မရှိရ၊၊ အသက် မပြည့်စုံသော လူအိုလည်း မရှိရ၊၊ အသက် တရာရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏၊၊ အပြစ်ရှိသောသောသူကို သူငယ်ဟူ၍ မှတ်ရ၏၊၊ အပြစ်ရှိသော သေသောသူသည် အသက် တရာရှိလျက် သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍ မှတ်ရ၏၊၊ ၂၁ ထို သူတို့သည် ကိုယ်ဆောက်သော အိမ်၌ နေကြလိမ့်မည်၊၊ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်၊၊ ကိုယ်စိုက်သော စပျစ်ဥယျာဉ် အသီးကို စားကြလိမ့်မည်၊၊ ၂၂ သူတို့သည် အိမ်ကို ဆောက်၍ အခြားသောသူနေရမည် မဟုတ်၊၊ သူတို့သည် စပျစ်ဥယျာဉ်ကို စိုက်၍ အခြားသောသူစားရမည် မဟုတ်၊၊ ငါ၏ လူတို့ အသက်သည် သစ်ပင်၏ အသက် ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ကြလိမ့်မည်။ ၂၃ ငါရွေးကောက်သော သူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ။ အသက် တိုသော သားကို မဖွားမမြင်ရကြ။ ကိုယ်တိုင် မှစ၍ အမျိုးအနွယ်တို့သည် ထာဝရဘုရား ပေးတော်မူသော ကောင်းကြီး မင်္လာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။ ၂၄ ငါသည် သူတို့ မခေါ်မှီကပင်ထူးမည်။ လျှောက်စဉ်တွင် ပင်ငါ နားထောင်မည်။ ၂၅ တောခွေးနှင့် သိုးသငယ်တို့ သည်အတူ ကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကို စားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိ်မ့်မည်။ ငါ၏ သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်းညှဉ်း ဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာ ၆၅ ; ၁ရ- ၂၅) 

အထက်ပါ နိင်ငံတော်သည် ထာဝရ ကာလ မှတည်ထောင်မည့် အရာမ ဖြစ်နိုင်ချေ။ အကြောင်းမှာ အလုပ်လုပ်ခြင်းရှိသေးသည်။ စိုက်ပျိုးခြင်း၊ အိမ်ဆောက်ခြင်း၊ အပြစ်များရှိသေးသည်။ သို့သော် ယခုကာလထက် အလွန် ကောင်းမည်။ ထိုနိင်ငံတော် တည်ထောင်ဘို့ရန် မဝေးတော့ပါ။ ချီဆောင်ခြင်း အပြီး၌ ဘေးဒဏ်ကြီးကာလ ခုနှစ်နှစ်ရှိလိမ့်မည်။ ထိုနောက် ခရစ်တော် ဒုတိယအကြိမ် ရှင်ဘုရင်အဖြစ် ဘုန်းတန်ခိုးနှင့် ကြွလာ၍ အနှစ်တထောင်အုပ်စိုးတော့မည် ဖြစ်သည်။ ထိုအချိန်တွင် တကမ္ဘာလုံး၌ တရားမျှတမှု ရှိ၍ လူ့အခွင့်အရေးဟု အော်စရာ လိုတော့မည်မဟုတ်။ ဒုက္ခသည်လည်း ရှိတော့မည် မဟုတ်။ အလွန် ကောင်းမွန်သော နိင်ငံတော် ဖြစ်မည်။ ထိုအရာကို မြော်လင့်ဘို့ ဖြစ်သည်။ 

ထာဝရ နိင်ငံ

“ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့ နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ၊ ထိုအခါ မှစ၍ သမုဒ္ဒ​ ရာမရှိ။ ၂ သန့်ရှင်းသော မြို့ တည်းဟူသော ယေရုရှလင် မြို့သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္လာဆောင်သတို့သမီး ကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အ ထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ၃ ကောင်းကင်မှ ကြီးသော အသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင် ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏ လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။ ၄ ဘု ရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက် တဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေး ဖြစ်ဘူးသောအရာ တို့သည် ရွေ့သွားကြ ပြီ။” (ဗျာ ၂၁:၁-၄)။ အထက်ပါ နိင်ငံသည် ထာဝရ ကာလ၌ တည်မည့် နိင်ငံ ဖြစ်သည်။ အနှစ်တစ်ထောင်အုပ်စိုးခြင်း အပြီး၊ ပလ္လင်ဖြူကြီး တရားစီရင်ခြင်း အပြီး၌ တည်ထောင်မည့် နိင်ငံ ဖြစ်သည်။ ထိုနိင်ငံတော်သည် ထာဝရ ကာလ တည်တန့်၍ အပြစ်မရှိတော့ချေ။ သေခြင်း၊ ဒုက္ခ မရောက်တော့ချေ။ 

 

ကျမ်းစာဖတ်ကြပါစို့
ရှင်ယောဟန် ခရစ်ဝင် ၁

 

ယောဟန် ခရစ်ဝင်ကျမ်း၏ ထူးခြားချက်မှာ အခြား ခရစ်ဝင်ကျမ်းများ ဖြစ်သော မဿဲ၊ မာကု၊ လုကာများနှင့် မတူချေ။ ထိုကျမ်းသုံးကျမ်းသည် ခရစ်တော်၏ သက်တော် စဉ်ကို ရေးသားရာတွင် တူညီချက်များသည်။ သို့သော် ယောဟန်သည် ထိုကျမ်းများ မရေးထားသော အရာများကို ရေးထားသည်။ သမ္မာတရား၊ အသက်၊ ရှင်ပြန်ထမြောက် ခြင်း၊ စပျစ်နွယ်ပင်၊ ဟူသော အရာများသည် ဤကျမ်း၌ သာလျှင် တွေ့ရသည်။ ယောဟန်ကသာလျှင် ခရစ်တော်ကို နှုတ်ကပတ်တော်ဟု ရေးထားသည်။ ဒုတိယ မွေးဘွားခြင်း အကြောင်းလည်း သူသာလျှင် ရေးသည်။ ယောဟန်သည် ခရစ်တော်၏ သက်တော် စဉ်နှင့် ပတ်သက်၍ အရေးကြီးသော အချက်များကိုသာလျှင် ရေးသား သွားသည်။ 

၁။ အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရား ခင် ဖြစ်တော်မူ၏။ ၂။ ထိုနှုတ်ကပတ် တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။ ၃။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာ တစုံတခုမျှမရှိ။ 

ယောဟန်က ခရစ်တော်ကို နှုတ်ကပတ်တော်ဟု ခေါ်သည်။ အကြောင်းမှာ ခရစ်တော်သည် ဘုရားသခင်၏ နှုတ်ထွက်စကားကို ပြောသောသူ ဖြစ်သောကြောင့် ဖြစ်သည်။ နှုတ်ကပတ်တော် အစား ခရစ်တော်ဟု ရေးလျှင်၊ အစအဦး၌ ခရစ်တော် ရှိ၏။ ခရစ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ ခရစ်တော်သည်လည်း ဘုရား သခင် ဖြစ်တော်မူ၏။ ၂။ ထိုခရစ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။ ၃။ ထိုခရစ်တော်သည် ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။ ဤနေရာ၌ ခရစ် တော်သည် ဘုရားသခင် ဟုဆိုထားသည်။ ထို့အပြင် ခရစ်တော်သည် ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းသောကြောင့် သူသည် ဘုရား ဖြစ်ခြင်း၏ အရေအချင်းရှိကြောင်း တွေ့ရသည်။ 

၄။ ထိုနှုတ်ကပတ်တော်၌ အသက် ရှိ၏။ ထိုအသက်သည်လည်း လူတို့၏ အလင်း ဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။ 

နှုတ်ကပတ်တော်၌ အသက် ရှိသည် ဟုဆိုသည်။ ဤနေရာ၌ နှုတ်ကပတ် တော်သည် ကျမ်းစာကို ဆိုလိုခြင်း ဖြစ်လျှင် အသက် ရှိမည် မဟုတ်။ ခရစ်တော်က၊ “ကျမ်းစာအားဖြင့် ထာဝရ အသက်ကို ရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာ ပင်ငါ၏ သက်သေ ဖြစ်၏။ သင်တို့သည် အသက်ကို ရအောင် ငါ့ထံသို့ လာခြင်းငှါ အလိုမရှိကြ။” (ယော ၅:၃၉-၄၀) ဟုဆိုခဲ့သည်။ ထို့ကြောင့် အထက်က ဖေါ်ပြသော နှုတ်ကပတ်တော်သည် ခရစ်တော်ကို ဆိုလိုခြင်း ဖြစ်သည်။ အသက်သည် မည်ကဲ့သို့ အလင်း ဖြစ်နိုင် သနည်း။ အသက် မရှိသောသူသည် အသေ ဖြစ်သည်။ သေသောသူသည် အမှောင်ထဲ၌ ရှိသကဲ့သို့ဖြစ်သည်။ ရော ဂါနှင့် သေမည့် သူသည် မှောင်မိုက်၌ နေသကဲ့သို့ဖြစ်၍ မျှော်လင့်ချက်မရှိချေ။ သို့သော် မသေဘဲ အသက်ရှင်မည် ဟုဆိုပါက မျှော်လင့်ချက်ရှိလာ၍ အလင်း ဖြစ်သည်။ 

၆။ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင် စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေခံ ဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါ လာ၏။ 

ဤယောဟန်သည် ဗတ္တိဇံယောဟန် ဖြစ်သည်။ သူသည် ဘုရားသခင်က စေလွှတ်သည်။ ယောဟန်သည် အလင်းတော် တည်းဟူသော ခရစ်တော်၏ အကြောင်းကို သက်သေခံဘို့ရန် စေလွှတ်ခြင်း ခံသောသူ ဖြစ်သည်။ 

၈။ ထိုသူသည် အလင်းတော် မဟုတ်။ အလင်းတော်၏ အကြောင်းကို သက်သေ ခံခြင်းငှါ သာလာ၏။ ၉ဟုတ်မှန်သော အလင်းမူကား၊ ဤလောကသို့ ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကို ပေးသောသူ ဖြစ်သတည်း။ 

ယောဟန်သည် အလင်း မဟုတ်ကြောင်းကို ထပ်မံ၍ ရေးထားသည်။ ဟုတ် မှန်သော အလင်းသည် သခင်ယေရှု ဖြစ်သည်။ ယေရှု ကိုယ်တိုင်က၊ “ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏ အလင်း ဖြစ်၏ဟု မိန့်ပြီးလျှင်၊ ” (ယော ၉:၅) ဟုဆိုသည်။ 
အလင်းသည် ဘာကို ဆိုုလိုသနည်း။ အလင်းနှင့် ပတ်သက်၍ ပေါလုက၊ “အပြစ် ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သောအရာ ရှိသမျှသည်လည်း အလင်း ဖြစ်၏။” (ဧဖက် ၅:၁၃) ဟုဆိုသည်။ သင်သည် ခရစ်တော် မရရှိလျှင်၊ မှောင်မိုက် ဖြစ်ကြောင်း ပေါလုက ဤသို့ ရေးထားသည်၊ “အထက် ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။” (ဧဖက် ၅:၈)။ အလင်း ဖြစ်သောသူများ ကသာလျှင် အလင်းအကြောင်းကို ကောင်းစွာ သိနိင်သည်။ 

၁၀။ ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောက ကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကို မသိ။ ၁၁ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲ နေကြ၏။ 

ထိုသူသည် အထက်၌ ဖေါ်ပြသော အလင်းကို ဆိုုလိုသည်။ ထိုသူသည် ခရစ်တော် ဖြစ်ကြောင်းလည်း ဖေါ်ပြခဲ့ပြီ။ ခရစ်တော်သည်လောက၌ ရှိခဲ့ပြီ။ လော ကကိုလည်း ဖန်ဆင်းခဲ့ပြီ။ သို့သော် သူဖန်ဆင်းထားသောလောကက သူ့ကို မသိ ဟုဆိုသည်။ လောကသည် လူသားများကို ဆိုလိုသည်။ လောကသား များသည် သူတို့၏ ဖန်ဆင်းရှင် ခရစ်တော်ကို မသိကြချေ။ ကိုယ်မွေးထားသော သားသမီးများက မသိ လက်မခံလျှင် မိဘအနေဖြင့် မည်မျှဝမ်းနည်းမည်နည်း။ ခရစ်တော်သည်သူ ဖန်ဆင်းထားသော လူများက လက်ခံကြဘဲ အပြစ်ကိုသာ ရှာနေတတ်ကြသည်။ 

၁၂။ ထိုသူကို လက်ခံသမျှသောသူ တည်းဟူသော ကိုယ်တော်ကို ယုံကြည်သော သူတို့ အား၊ ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့ မူကား၊ လူမျိုးနှင့် စပ်ဆိုင်၍ ဘွားသောသား မဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသား မဟုတ်။ လူအလိုအလျောက်ဘွားသောသား မဟုတ်။ ဘုရားသခင် ဘွားတော်မူသောသား ဖြစ်သတည်း။ 

ဤနေရာ၌ ထိုသူ တည်းဟူသော ခရစ်တော်ကို ယုံကြည် လက်ခံသော သူတို့အား ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏ ဟုဆိုသည်။ ထိုသားတို့သည် လူမျိုးနှင့် စပ်ဆိုင်၍ ဘွားသောသား မဟုတ်။ ဆိုလိုသည်မှာ ဣသရေလ လူမျိုး ဖြစ်သောကြောင့် ဘုရားသား ဖြစ်နိုင်သည် မဟုတ် ဟုဆိုလိုသည်။ မေထုန်သံဝါသအားဖြင့် ဘွားသောသား မဟုတ်ဆိုသည်မှာ၊ မိဘနှစ်ပါးဘုရားသား ဖြစ်သောကြောင့် မွေးဘွားလာသော သားသမီးသည် ဘုရားသား မဖြစ်နိ်ုင်ချေ။ သူကိုယ်တိုင် ခရစ်တော် လက်ခံမှသာ ဘုရားသား ဖြစ်နိုင်မည်။ လူအလိုအလျောက်ဘွားသောသား မဟုတ်ဆိုသည်မှာ သင်းအုပ်ဆရာ၊ အမှုတော်ဆောင်ကအလိုရှိသောကြောင့်မည်သူကိုမျှ ဘုရားသား ဖြစ်စေနိုင်သည် မဟုတ် ဟုဆိုခြင်း ဖြစ်သည်။ ထို့အပြင်ကိုယ် ဟာကို ဘုရားသား ဖြစ်ချင်သည်ဟု ဖြစ်နိုင်သည် မဟုတ်။ ဘုရားသခင် ဘွားတော်မူသောသား ဖြစ်သတည်း ဟုဆိုခြင်းသည်၊ ဘုရားသခင်က သာလျှင် လူများကို ဘုရားသား ဖြစ်စေနိုင်သည် ဟုဆိုခြင်း ဖြစ်သည်။ 

၁၄။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာ တော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည် ဖြစ်၍၊ ခမည်းတော်၌ တပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ 

နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍ ဟု ထပ်မံဆိုသောကြောင့် နှုတ်ကပတ်တော်သည် သခင်ယေရှုကို ဆိုလိုခြင်း ဖြစ်ကြောင်း ပို၍ ထင်ရှားသည်။ သခင်ယေရှုသည် လူများအတွက် ကျေးဇူးတော်နှင့် သစ္စာ တော်နှင့် ပြည့်စု ံသည် ဟုဆိုသည်။ သူသည် ငါတို့၌ ရှိသည် ဆိုသည်မှာ လူများထံ၌ လူ့ဇာတိခံခြင်းကို ဆိုလိုသည်။ သခင်ယေရှုသည် ခမည်းတော်ဘုရား၏ ဘုန်းကို ထင်ရှားစေသောသူ ဖြစ်သည်။ ထို့ကြောင့် ဖိလိပ္ပုထံသခင်ယေရှုက၊ “ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။” (ယော ၁၄:၉) ဟုဆိုခဲ့သည်။ 

၁၅။ ယောဟန်သည် ထိုသခင်၏ အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာသောသူသည် ငါမရှိမှီရှိနှင့်သည် ဖြစ်၍၊ ငါ့ထက် သာ၍ကြီး မြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူကို ဆိုလိုသည်ဟု သက်သေခံလေ၏။ 

ယောဟန်က သခင်ယေရှု အကြောင်းကို သက်သေခံသည်။ ယောဟန်သည် သခင်ယေရှုနှင့် ဆွေမျိုး တော်သည်။ အကြောင်းမှာ ယောဟန်၏ မိခင် ဧလိရှ ဗက်နှင့် မယ်တော်မာရိတို့သည် ဆွေမျိုးတော် ကြသည် (လု ၁:၃၆)။ ယောဟန်သည် သခင်ယေရှုထက် လူဇာတိအားဖြင့် ​ခြောက်လကြီးသည်။ အကြောင်းမူကား ယောဟန်ကို မိခင် ဧလိရှဗက်က ၆ လကိုယ်ဝန်ဆောင်ပြီးမှသခင်ယေရှုကို မိခင် မာရိ ကကိုယ်ဝန်စဆောင်သည် (လု ၁:၃၆)။ သို့သော် ယောဟန်ကသခင်ယေရှုသည် သူထက် အရင်ရှိနှင့် သည် ဟုဆိုခြင်းသည် ဘုရား ဇာတိအား ဖြင် ယောဟန်ထက်ကြီး ကြောင်းကို ဆိုုလိုခြင်း ဖြစ်သည်။ ယောဟန်ကသခင်ယေရှုသည် သူ့ထက်ကြီး မြတ်သည် ဟုဆိုသည်။ 

၁၆။ ထိုသူ၏ ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကို ငါတို့ ရှိသ မျှသည် ခံရကြပြီ။ 

ခရစ်တော်၏ ပြည့်စုံခြင်းအားဖြင့် ကျေးဇူးတပါးပြီး တပါးထပ်ဆင့်၍ ငါတို့ ရှိသမျှသည် ခံရကြပြီ ဟုဆိုသည်။ သို့သော် များစွာသောသူများသည် မယုံကြည် သောကြောင့် ထိုကျေးဇူးများကို ခံစား သင့်သလောက် မခံစားရကြချေ။ ယုံကြည်သူများအနေဖြင့် သခင်ယေရှုသည် ထာဝရ အသက်လည်း ဖြစ်သည်၊ ကျန်းမာခြင်း၊ စားသောက်စရာ၊ နေစရာ အိမ်၊ ကား၊ အဝတ်အစားအားလုံး ဖြစ်သည်။ ဤလော က၌ နေစဉ်၊ အသက်တာ၌ ခရစ်တော်၏ ပြည့်စုံခြင်းအားဖြင့် ကျေးဇူးတပါးပြီး တပါး ခံစားသောသူများ ဖြစ်ကြပါစို့။ 

၁ရ။ အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာ တရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။ 

ဘုရားသခင်က ပညတ်တရားကို မောရှေအားဖြင့် ပေးသည်။ ပညတ္တိကျမ်းများဖြစ်ကြသော၊ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း၊ ဝတ်ပြုရာကျမ်း၊ တော လည်ရာကျမ်း၊ တရားဟောရာကျမ်းများသည် ဘုရားသခင်က မောရှေအားဖြင့် ပေးထားသည်။ ထိုကျမ်းစာများ၌ ပညတ်တော် ၆၁၃ ပါးရှိသည်။ ကျေးဇူးတရားနှင့် သစ္စာ (သမ္မာ) တရားမူကား ယေရှုခရစ်အားဖြင့် ပေးသည်။ ကျေးဇူးတရားသည် သနားခြင်း (ွမခေန)ကို ဆိုလိုသည်။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း၊ အပြစ် လွှတ်ခြင်း၊ ထာဝရ အသက်များ ရရှိနိုင်သည်။ သမ္မာတရားသည် ဘုရား၏ အကြံအ စည်နှင့် လုပ်ဆောင်ချက် များဖြစ်သည်။ ခရစ်တော် ကငါသည် သမ္မာတရား ဖြစ်သည် ဟုဆိုသည် (ယော ၁၄:၆)။ 

၁၈။ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ ရင်ခွင်၌ ရှိသော တပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။ 

ခရစ်တော် ဤလောကသို့ လာရခြင်း၏ အကြောင်းရင်း များစွာ ထဲမှ တခုသည် ဘုရားသခင်၏ ပုံသဏ္ဍာန်ကို လူများ ကမြင်နိုင်ဘို့ရန် ဖြစ်သည်။ “ဖိလိပ္ပုကလည်း သခင်၊ ခမည်းတော်ကို အ​ကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ ပြတော်မူလျှင် အ​ကျွန်ုပ်တို့ အလို ပြည့်စုံပါမည်ဟု လျှောက်လျှင်၊ ယေရှုက၊ ဖိလိပ္ပု ဤမျှကာလ ပတ်လုံးငါသည် သင်တို့နှင့်အတူ ရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။” (ယော ၁၄:၉) ဟုဆိုခဲ့သည်။ ထို့ကြောင့် ခရစ်တော် ဤလောကသို့ ကြွလာခြင်းသည် ခမည်းတော်၏ ပုံသဏ္ဍာန်ကို လူများ ကသိမြင်နိင်ဘို့ရန် ဖြစ်သည်။ ကျမ်းစာက၊ “ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့် အညီလူကို ဖန်ဆင်းတော်မူ၏။” (က ၁:၂ရ) ဟုဆိုရာတွင် ကျမ်းတတ်ပုဂ္ဂိုလ်များက၊ လူသည် ဘုရားကဲ့သိုဆန္ဒရှိသည်၊ စဉ်းစားတတ်သည်၊ အသိဥာဏ်ရှိသည် စသည်ဖြင့် ဆို ကြသည်။ ခရစ်တော်သည် လူကဲ့သို့ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်လည်း လူကဲ့သို့ဖြစ်သည်။ သို့သော် သူသည် ဘုန်းရှိ၍ လူထက် အလွန် ထူးမြတ်သည်။ ခရစ်တော်သည် သူခေတ်ကလူများ ကလူကဲ့သို့ မြင် ကြသည်။ 
 

ရှဲရ် (share) လေးတချက်သာ (click) လိုက်ပါ 

Lal Tan Puia

 (၄ ရာ၊ ၅:၁-၁၇)  ဘီစီ ၈၈၅ ဝန်းကျင်ခန့်က ရှုရိတိုင်း ပြည်၊ ယခုလက်ရှိ စီးရီးယားတိုင်း ပြည်၌ ဘုရင်ကြီး ဘင်ဟာဒတ် (Ben- Hadad II ) နန်းစံသည့်ကာလတွင် စစ်ဦး စီးချုပ်ဗိုလ်ချုပ်မင်းနေမန်သည် ဘုရင်ကြီး၏ အထူးချီးမြှင့်မြေှက်စားခြင်းကို ခံစားရသည်။ အကြောင်းမှာ ရှုရိပြည်သည် နေမန်အားဖြင့် ရန်သူကို အောင်မြင် ရသော အခွင့်ကို ထာဝရဘုရားကပေးခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း သူသည် လူတိုင်းက အင်မတန်ရွံကြောက်ကြသည့် နူနာ (အရေပြား) ရောဂါစွဲကပ်လျက် ရှိသည်။ ထိုအချိန်၌ ထိုရောဂါကို မည်သူမျှမကုသနိုင်ချေ။ အသက်ရှင်လျက် သေနေ ရသော ဘဝမျိုး ဖြစ်သည်။ ဤသတင်းကို သူ၏ အိမ်ဖေါ်မိန်း ခလေးက ကြားသိသွားသည်။ ထိုမိန်းမငယ်သည် အခြားသူ မဟုတ်။ ဗိုလ်ချုပ်မင်းကတော် အတွက် စစ်ပွဲမှ ခေါ်ဆောင်ခဲ့သော ဣသရေလ ဒုက္ခသည် ခလေး မလေးသာ ဖြစ်သည်။ သူမကဘု ရားသခင်၏ လူ၊ ပရောဖက် ဧလိရှဲအကြောင်းနှင့် ဘုရားသခင်၏ အသက်ရှင်ခြင်း အကြောင်း၊ ကျန်းမာအောင် ကုသပေးနိုင်ကြောင်းကို ဤကဲ့သို့ သက်သေခံဝေမျှ လေသည်၊ “​ကျွန်မသခင်သည် ရှမရိမြို့၌ ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပရောဖက်သည် သခင်၌ စွဲသော နူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင် မအား ဆို၏။” (၄ ရာ၊ ၅:၃) 

ထို့နောက် ဗိုလ်ချုပ်မင်းနေမန်မှတဆင့် ထိုခလေး ငယ်ပြောပြသော သတင်းကောင်းသည် ဘုရင်ထံတော် ပါးရောက်ရှိသွားသည်။ ဘုရင်ကြီး ကဗိုလ်ချုပ် မင်းနေမန်တောင်းဆိုတင်ပြလာသည့်အတိုင်း သူ၏ အသက် ကျန်းမာရေး၊ ဘဝ ကောင်းစားရေးအတွက် ဣသရေလ ဘုရင် (​ဲန့သမ​ော)ထံသို့ ရွှေ၊ ငွေ၊ အဝတ် တန်ဆာလက်ဆောင်များနှင့်အတူ ရောဂါပျောက်ကင်းအောင် ကုပေးဘို့ သဝဏ် လွှာကို ရေးပို့လိုက်သည်။ စစ်ဦးစီးချုပ်ဗိုလ်ချုပ်မင်းနေမန်၏ ဘဝသည် အသက်ရှင်သော ဘုရားသခင်၏ လူ၊ ပရောဖက် ဧလိရှဲအားဖြင့် ယော်ဒန်မြစ်၌ ခုနှစ်ကြိမ်ရေ ချိုးခြင်းဖြင့် ပျောက်ကင်းသွားပြီး၊ သူ၏ အသား အရေသည် သူငယ်၏ အသား အရေ ကဲ့သို့ သန့်ရှင်းခြင်းသို့ ရောက်လေသည်။ အကယ်စင်စစ်၊ ခလေး မလေး၏ သက်သေခံဝေမျှမှုကြောင့် ကုစားမရသည့် ရောဂါဆိုးမှ ဗိုလ်ချုပ်မင်းနေမန်အသက် ချမ်း သာရခဲ့ခြင်း ဖြစ်သည်။ 
 နူနာသည် အပြစ်ကို ပုံဆောင်သည်။ အပြစ်၏ အခကြောင့် လူတိုင်း သေခြင်း တည်းဟူသော ငရဲကို သွားရမည် ဖြစ်သည်။ မိမိ၏ မိသားစုဝင်များ၊ မိတ်ဆွေ လုပ် ဖေါ်ဆောင်ဘက်များ၊ ချစ်သူရောင်းရင်းများသည်လည်း ဘုရား အမြင်၌ နူနာစွဲနေ ကြသော အပြစ်သားများဖြစ် ကြသည်။ ဤအပြစ် ရောဂါ တည်းဟူသော သေခြင်းမှ မည်သူကမျှ မကယ်တင်နိုင်။ သေခြင်း မာန်ကို အောင်မြင်သော ယေရှု ဘုရား တစ် ပါးတည်း သာရှိသည်။ အပြစ် တရားကြောင့်သေခြင်း တရားလက်အောက်ရောက် နေကြသည့်လူဆိုတာသေမျိုးဟု လက်ခံကြသော လူတိုင်းကို ကယ်တင်ခြင်း သတင်း စကားပြောကြားရန်သင်နှင့် ​ကျွန်ုပ်၏ တာဝန် ဖြစ်သည်။ ဣသရေလ ဒုက္ခသည် မလေးသည် သူမကိုယ်တိုင် ရောဂါပျောက်အောင် ကုသပေးခဲ့သူ မဟုတ်သော်လည်း၊ ပျောက်ကင်းစေနိုင်သော ဘုရား၏ ကယ်တင်ခြင်း သတင်းကောင်းကိုသာ လမ်း ညွှန်ဝေမျှ သက်သေခံခြင်း ဖြစ်သည်။ အလားတူပင်၊ သင်လည်း သက်သေခံဘို့ရန် ဘုရား အလိုတော် ရှိသည်။ သင့်အား သခင်သည် အလိုရှိသည်။

 “သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့ သွား၍ ။ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့၊ ” ( မာ၊ ၁၆:၁၅) “သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကို ရ၍၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်း တိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏” (တ၊ ၁:၈) “ဘုရားဝတ်၌ မွေ့လျော်ခြင်း မူကား၊ ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သော ကတိတော်ကို ရသည် ဖြစ်၍ ” ဟူ၍ ၁ တိ ၄:၈၌ ဖေါ်ပြထားသည့်အတိုင်း၊ ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သော ဘုရားဝတ်ပြုခြင်း၌ ဝိညာဉ် ကယ်တင်ခြင်းသည် မရှိမ ဖြစ်လုပ်ဆောင်ရမည့် အငန်း အတာ ဖြစ်သဖြင့်၊ သင်ကိုယ်တိုင်လည်း ကယ်တင်ခြင်း စာအုပ်၊ ဝေစာများကို ဝယ် ယူပေးလှူခြင်းဖြင့်သော်၎င်း၊ ဆက်ကပ် ဆုတောင်း အစာရှောင်ခြင်း အားဖြင့်သော်၎င်း၊ အိမ်တိုင်ယာရောက်တံခါးခေါက်၍ သော်၎င်း၊ ဝိညာဉ် ကယ်တင်ခြင်း လုပ်ငန်း၌ အသက်ရှင်သော ဓမ္မကျောက်များ ကဲ့သို့ အသက်ရှင်သော ဓမ္မတိုက်တည်ဆောက်ခြင်း တည်းဟူသော ကယ်တင်ခြင်း တရားကို ဝမ်းမြောက်စွာ ဟောပြောသက်သေ ခံဘို့ တာဝန် ရှိသည်။ အထူးသဖြင့် ဆရာကြီး မောဇက်ထောင်ကျုံး၏ တရားဟော ချက်များကို ပုံမှန်ကြည့်ရှု နားထောင်ရင်း၊ အင်တာနက်လူမှု ကွန်ယက်ပေါ်၌ သက်သေခံဝေမျှခြင်း (Sharing) ဖြင့် တကမ္ဘာလုံးရှိလူ အပေါင်းတို့ထံသို့ သတင်းကောင်းကို ဟောပြောခြင်း အလို့ငှာ ဣသရေလ မိန်းမငယ်လေးကဲ့သို့ လမ်းညွှန်သက်သေ ခံသူ (Messenger) တယောက် အဖြစ်ပါဝင်နိုင်သည်။  လက်ညှိုးလေးတချက် (Click) နှိပ်လိုက်ရုံဖြင့် သက်သေခံလိုက်ပါ၊ မိတ်ဆွေ။ 

ဖေ့စ်ဘုတ်ခ် (Facebook) ယူကျုဘ် (Youtube) အစရှိသော လူမှု ကွန်ယက်ဆို ရှယ်လ်မီဒီယာများ၌ ဘုရားသခင်၏ ကယ်တင်ခြင်း အကြောင်း ဟောပြောသော ဧဝံဂေလိ တရားဟောဆရာများ၏ တရားဟောချက်ဗီဒီယိုရုပ်သံဖိုင်များကိုက လစ် (ဃူငခု) တစ်ချက်နှိပ်၍ ဝေမျှ (ှ့မေန) လိုက်ခြင်းဖြင့် ဧဝံဂေလိ တရားဟောခြင်း၌ သင်ကိုယ်တိုင် ပါဝင်နိုင်သည်၊ ချစ်သော မိတ်ဆွေ။ “ရှဲရ် (Share) လေးတချက်သာ (Click) လိုက်ပါ” ဘုရားသခင် ကောင်းကြီး ပေးပါစေ။ 


မိဘလော ခလေးထိန်းလော


ဘုရား၏ အမှုတော်ဆောင်များသည် အမျိုးမျိုး ခွဲခြား၍ စမ်းစစ်နိုင်သည်။ သင်သည် မည်ကဲ့သို့သော အမှုတော်ဆောင် ဖြစ်သည်ကို ဤပေတံအားဖြင့် တိုင်းပါ။ မိခင်သည် ကိုယ်တိုင် ခလေး မွေး၍ကိုယ် ခလေးကို ထိန်းသည်။ ထို့ကြောင့် ခလေးကို တာဝန် ကျေရုံ မဟုတ်ဘဲ ချစ်ခြင်းမေတ္တာနှင့် ​ကျွေးမွေး ပြုစုသည်။ ခလေးထိန်းသည် ကိုယ်တိုင် မွေးဘွားသော ခလေးကို ထိန်းသည် မဟုတ်။ အခကျေးငွေရရှိ၍ ဖြစ်စေ၊ ခလေး မိဘကအကူအညီတောင်း၍ ဖြစ်စေထိန်းသောသူ ဖြစ်သည်။ ခလေးထိန်းသည် ခလေး၏ မိဘ မဟုတ်သောကြောင့် မိခင်လောက်ချစ်ခြင်း မေတ္တာမရှိချေ။ ထို့ကြောင့် တာဝန် ကျေရုံထိန်းသည်။ ခလေး ကောင်းစားရေးထက် ကိုယ်ကောင်းစားဘို့ အရေးထားသည်။ မိခင်သည် ခလေး တယောက်ပြီး တယောက် မွေးဖွားသောကြောင့်သားသမီး တိုးပွားသည်။ ခလေးထိန်းသည် သူတပါးမွေးပေးသော ခလေးကို ထိန်းသောကြောင့် တိုးပွားခြင်း မရှိချေ။ 

အမှုတော်ဆောင်များလည်း ဝိညာဉ် ခလေး မမွေး၊ ပျောက်ဆုံးဝိညာဉ် များမဖမ်းလျှင် မိခင် မဖြစ်နိုင်ချေ။ ဝိညာဉ် ခလေး မရှိသောသူများသည် ဝိညာဉ် ခလေးထိန်းများသာလျှင် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်များကို ဂရုစိုက်ခြင်း မရှိ၊ အခကျေး ငွေရရှိဘို့ အတွက် သာလျှင် လုပ်ဆောင် ကြသည်။ ဝိညာဉ်များကို ချစ်ခြင်း မရှိသောကြောင့် စည်းကမ်းနှင့် သာလျှင် အုပ်ချုပ်ချင်သည်။ ဝိညာဉ် အသက်ရှင်မရှင်လည်း မသိ၊ အမြတ်ရရှိဘို့ သာလျှင် လုပ်ဆောင်လို ကြသည်။ တနင်္နွေနေ့ တရားဟောဘို့၊ အသင်းသားများအိမ်လည်၍ ဆုတောင်း ပေးဘို့၊ လူမှု ကိစ္စများ ကူညီဘို့လောက် သာလျှင် လုပ်ဆောင် ကြသည်။ 

ပေါလုသည် မိခင် ကဲ့သို့ သောသူ ဖြစ်ကြောင်း သူ၏ စာထဲ၌ ဤသို့ တွေ့ရသည်၊ “သင်တို့ကို ချစ်သောကြောင့် နို့ထိန်း ( မိခင်)သည် မိမိသူငယ်ကို ​ကျွေးမွေး ပြုစု သကဲ့သို့၊ ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံ ဂေလိတရားကိုမျှ မက၊ ကိုယ်အသက်ကို ပင်ပေးချင်သော စေတနာစိတ်ရှိကြ၏။” (၁ သက် ၂:၈)။ သူသည် သက်သာလောနိတ် အသင်းသားများအား မိခင် ကဲ့သို့ ​ကျွေးမွေး ပြုစု၍၊ နှမြောစုံမက်ခြင်းနှင့် တကွ ဧဝံဂေလိတရားသာမက အသက် ပေးချင်သော စိတ်ရှိသည် ဟုဆိုသည်။ သင်သည် သူကဲ့သို့သော စိတ်ထားရှိပါသလော။ ကိုယ့်ကို ကိုယ်စမ်းစစ်ဘို့ လိုသည်။ လူတိုင်း မိခင်၏ သားသမီး များအပေါ်ထားသော မေတ္တာကို သိကြပေလိမ့်မည်။ ပေါလုသည် ထိုကဲ့သို့ သူ၏ ဝိညာဉ် သားသမီးများကို ချစ်သည်။ မိခင် ကဲ့သို့သာမက ဖခင်ကဲ့သို့လည်း ဖြစ်ကြောင်း ဤသို့ ရေးသား သေးသည်၊ “မိမိ နိုင်ငံတော်နှင့် ဘုန်းတော် ထဲသို့ သင်တို့ကို ခေါ်သွင်းတော်မူသော ဘုရားသခင်နှင့် အထိ ုက်အလျောက်သင်တို့သည် ကျင့်ဆောင်စေခြင်းငှါ၊ အဘသည် မိမိသားတို့ကို ပြု သကဲ့သို့ ငါတို့သည် သင်တို့ ရှိသမျှကို အဘယ်သို့ တိုက်တွန်းသွေး ဆောင်၍ မှာထားသည်ကို သင်တို့ သိကြသည်နှင့် အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်း​ဖြောင့်မတ်လျက်၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် နေကြသည်ကို သင်တို့သည် သက်သေ ဖြစ်ကြ၏။” (၁ သက် ၂ ; ၈)။ ဘခင်စစ်သည် သားသမီး များကောင်းစားရေးကို ရှေ့ရှု၍ ​ကျွေးမွေး ပြုစုသည်။ ပ ထွေးမူကား မယားပါသားများကို သုံးစားဘို့ သာလျှင် အလိုရှိသည်။ ချစ်ခြင်းမေတ္တာ မရှိပါ။ သင်သည် မည်ကဲ့သို့သော အမှုတော်ဆောင် ဖြစ်သနည်း။ 

ခရီး စဉ်


 ဆရာမောဇက်တို့ ဇနီးမောင်နှံသည် ဧပြီလ ၂၁-၂၂တွင်Battle Creek GBC  အသင်းသား  Ukpui  စျာပန၌ ပါဝင်ခဲ့ပါသည်။ ထိုမှအပြန် Fort Wayne GBC တွင် တညအိပ်၍ အသင်းသားများကို သင်တန်းပေးခြင်း၊ ပွဲတော် ပေးခြင်းများပြုလုပ် ခဲ့ကြပါသည်။ တဖန် ဧပြီလ ၂ရ- ၃၀ ရက်နေ့များ၌ Bowling Green, KY  GBC တွင် သင်တန်းပေးခြင်း၊ ဗတ္တိဇံပေးခြင်း၊ ပွဲတော် မင်္လာပေးခြင်းများပြုလုပ် ခဲ့ပါသည်။ တနင်္နွေနေ့တွင် Bowling Green, KY  GBC  မှလူ ၂၀နှင့် Nashville GBC မှ ၅ယောက် စုစုပေါင်း၂၅ယောက်ဗတ္တိဇံမင်္လာခံကြပါသည်။ ထိုမှ မေလ ၁ -ရ နေ့အတွင်း Nashville GBC ၌ နေ့ခင်းပိုင်းနှင့် ညပိုင်းတွင် အသင်းသားများကို သင်တန်းပေးခြင်းများပြုလုပ် နိုင်ခဲ့ကြပါသည်။ 

 ဆရာမနော်ရင်း၊ ဆရာမမေရီနှင့် ဆရာစောလုတို့သည် Rochester, NY GBC သို့ ဧပြီလတွင် နှစ်ကြိမ်သွားရောက်၍ ဧဝံဂေလိတရားဝေငှခဲ့ကြပါသည်။ မေလ ၉ ရက်နေ့တွင်လည်း ဆရာမနော်ရင်း၊ ဆရာစောလု၊ ဆရာစိုးထွန်းတို့သည်St. Paul, Minnesota  သို့ ဧဝံဂေလိ တရားဟောထွက် ကြသည်။ ဆရာနိင် လင်း၊ ဆရာမမေရီ၊ ဆရာမရုသ၊ ဦးအိုင်ဇက်၊ ဦးအောင် နန်းတို့ အဖွဲ့လည်း မေလ ပဌမ ပတ်အတွင်းFortworth, TX  သို့ ဧဝံဂေလိ တရားဟောထွက်ခဲ့ကြပါသည်။ ဆရာ Zau Ja လည်း မေလ ၅ -ရ နေ့အတွင် Indianapolis Southside GBC ၌ လူငယ်များ အစီအစဉ်ဖြင့် သင်တန်း ပြုလုပ် နိုင်ခဲ့ပါသည်။ ဆရာစိုးထွန်းသည် တ ကိုယ်တော် ဧဝံဂေလိ ခရီး စဉ်ကို ဧပြီလ ၁၀-၁၅ ရက်အတွင်း ချီကားကိုး မြို့အနောက် ဖက်Aurora ၌၎င်း၊ ၁၆-၂၃ အတွင်Waterloo, IA ၌၎င်း၊ သွားခဲ့ပါသည်။ 
 

 


အမှုတော်ဆောင်သင်တန်း


 ဩဂုတ်လ ၁မှ ၃၁ ရက်နေ့အထိ တလလုံးလုံးအမှုတော်ဆောင်သင်တန်းကို Indianapolis Southside GBC ၌ ပြုလုပ်မည် ဖြစ်ပါသည်။ အမှုတော်ဆောင် ချင်သောသူတိုင်း လက်ခံပါသည်။ ပညာအရည်အချင်းမသတ်မှတ်ပါ။ ပျောက်ဆုံးဝိညာဉ် ဖမ်းချင်သော ဆန္ဒရှိသူတိုင်း တက်နိုင်ပါသည်။ အသွားအပြန်စရိတ်ကလွှဲလျှင် နေစရိတ်နှင့် စားစရိတ်စီစဉ်ပေးမည် ဖြစ်ပါသည်။ အမှုတော်ဆောင်လိုလျှင် ယုံ ကြည်ခြင်းနှင့် လက်တွဲခေါ်သွားမည် ဖြစ်ပါသည်။ ကယ်တင်ခြင်း စိတ်ချပြီးသူ ဖြစ်ရမည်။ လောက ချစ်ပြီး ဝင်ငွေကြည့် သူများအတွက် မသင့်တော်ပါ။ ဘုရား၏ အမှုတော်ကို ရိုးသားစွာ ဆောင်ရွက်လို သူများအတွက် ဖြစ်ပါသည်။ မည်သည့်ဂိုဏ်းဂဏကမဆို လက်ခံပါသည်။ ဆရာမောဇက်ထံဆက်သွယ်နိုင်ပါသည်။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG