GOODNEWS
  HOME  GOODNEWS  2017 APR
 


အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော် ယနေ့ တိုင်ခံစား သောကြောင့် ဘုရားသခင်ကို ချီးမွမ်းပါသည်။ နောက်ဆုံးသော ကာလ၏ လက္ခဏာ တခုမှာ စိုးရိမ် တုန်လှုပ်ခြင်း၊ ငြိမ်သက်မှု မရှိခြင်း ဖြစ်သည်။ အမေရိကန်အစိုးရက နိင်ငံခြားမှလာရောက်သောသူများ ပြစ်မှု တခုခုကျူးလွန်ပါက ချက်ချင်း မိခင် တိုင်း ပြည်သို့ ပြန်ပို့ခြင်းသည် အသစ် မဟုတ်သော်လည်း သတင်းများ၌ ကြားနေရသည်။ ထို့ကြောင့် ဒုက္ခသည် အနေဖြင့် လာရောက်သူဖြစ်စေ အခြားနည်းဖြင့် ဖြစ်စေ၊ ဤနိင်ငံ၌ နေသောအခါ ပြစ်မှု မကျူးလွန်ဘို့ သတိပေး လိုပါသည်။ ဧပြီလ ၄ ရက်နေ့တွင် ဆီးရီးယားအစိုးရက သူ့နိင်ငံသားများအပေါ် ဓါတု ဗေဒလက်နက်သုံးသောကြောင့် လူ များစွာ သေသည်။ ထို့ကြောင့် အမေရိကန်အစိုးရ ကဆီးရီးယားလေတပ်စစ်လေယဉ်များကို ဗုံးကြဲလိုက်သောကြောင့်၊ ဧပြီလ ၉ ရက်နေ့တွင် ရုရှားက အမေရိကန်ကို သတိပေးလိုက်သည်။ အမေရိကန်ကအဖကန်နစ္စတန် နိင်ငံ၌ ပေါင် ၂၁၀၀၀ ရှိသော အလွန် ကြီးမားသော ဗုံးကို အိုင်စစ်များ အပေါ်သို့ ဧပြီလ ၁၃ ရက်နေ့တွင် ကြဲလိုက်ခြင်းဖြင့် အင်အား ပြခဲ့သည်။ ဧပြီလ ၁၈ ရက်နေ့သတင်း အရ မြောက်ကိုးရီးယားက အနုမြူဒုံးပျံစမ်းသပ်ပစ်မည့် အရာကို အမေရိကန်ကပစ်ချဘို့ ရည်ရွယ်ထားသည်ဟု သိရသည်။ ထိုသို့ဖြင့် ကမ္ဘာ့ နိင်ငံကြီး များသည် စစ် ဖြစ်ဘို့ရန် မီးမွှေး နေကြသည်။ ထိုအရာများကို ခရစ်တော်က ဤသို့ ပြောခဲ့ပြီ၊ သင်တို့သည် စစ် တိုက်ခြင်း အကြောင်းကိုင်း၊ စစ်တိုက်အံ့သော သိတင်း စကားကိုင်း ကြားရကြလိမ့်မည်၊ သို့သော်လည်း စိုးရိမ် တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှု အရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။ ၇ လူတမျိုးနှင့် တမျိုး တနိုင်ငံနှင့် တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ (မ ၂၄:၆ -ရ)။ ထို့ကြောင့် လောက၌ကို မစွဲ လန်းတော့ဘဲ ကောင်းကင် တက်ဘို့ရန် အတွက် အသင့် ပြင်ကြပါစို့။ ဤလောကကို စွဲလန်းနေလျှင်လည်း မကြာမှီပျက်စီးတော့မည် ဖြစ်သည်။

ယခုလစာစောင်တွင်... 

  • ယေရှု အသေခံခြင်း 
  • ရှင်ပြန်ထမြောက် 
  • သခင်ယေရှု ငရဲသို့ ဆင်းခဲ့ပါသလား
  • ကျမ်းစာဖတ်ကြစို့  (၂ ပေ ၃) 
  • အလိုတော်၌ ဆုတောင်းခြင်း အသက်တာ (၁) 
  • အမှုတော်ဆောင်သင်တန်း
  • ပထမအကြိမ်အဖွဲ့ချုပ် အစည်းအဝေး

 

ယေရှုအသေခံ 


 ယခုနှစ် ခရစ်တော် အသေခံသော နေ့သည် ဧပြီလ ၁၃ ရက်နေ့ကျသည်။ ခရစ်တော်သည် အဘယ်ကြောင့်အသေခံဘို့ လိုသနည်း။ ခရစ်တော်သည် မသေခဲ့သည် ရှိသော် ဘာ ဖြစ်မည်နည်းဟူသော အရာများကို သိဘို့ လိုသည်။ ခရစ်တော် အသေခံခြင်းသည် လူ့ဇာတိခံယူခြင်း၏ အဓိကအချက် ဖြစ်သည်။ ခရစ်ယာန် ဘာသာသည် အခြားသော ဘာသာများ ကဲ့သို့ အတွေးအခေါ် မဟုတ်။ ပညတ်များ လိုက် လျှောက်၍ ​ဖြောင့်မတ်အောင် ကြိုးစားခြင်းလည်း မဟုတ်။ လူများ အပေါ်ကုသိုလ် ကောင်းမှု လုပ်ခြင်းလည်း အဟုတ်။ လူသားများအတွက် ခရစ်တော် အသေခံ၍ ရှင်ပြန် ထမြောက်ခြင်း အပေါ်ယုံကြည်ခြင်း ဖြစ်သည်။ ထို့ကြောင့် ခရစ်တော် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက် ခြင်းသည် ခရစ်ယာန် ဖြစ်ခြင်း၏ အဓိကကျောရိုး ဖြစ်သည်။ 

ဘုရား မေတ္တာထင်ရှားဘို့ 

ဘုရားသခင်၏ သားတော်ကို ယုံကြည် သောသူ အပေါင်းတို့သည် ပျက် ဆီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါး တည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။ (ယော ၃:၁၆) 

ဘုရားသခင်က လူသားများကို ချစ်သည် ဟုဆိုရာတွင် အပြောသက်သက်မဟုတ်၊ သားတော်ကို အသေခံ စေခြင်းအားဖြင့် သက်သေထင်ရှား စေခဲ့သည်။ အဘယ်ကြောင့်သားတော်ကို အသေခံ စေသနည်းဟူမူကား လူသားများပျက်ဆီးခြင်းသို့ မရောက်၊ ထာဝရ အသက် ရရှိနိုင်ဘို့ရန် ဖြစ်သည်။ အကယ်၍သာ ခရစ်တော် အသေမခံခဲ့လျှင် သင်နှင့် ​ကျွန်ပ်သည် ပျက်ဆီးခြင်း တည်းဟူသော ငရဲထဲသို့ ထာဝရ ဒုက္ခ ခံရမည် ဖြစ်သည်။ ပေါလုက၊ ​ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံ မည့်သူ ရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံ ဝံ့သောသူရှိကောင်းရှိလိမ့်မည်မှန် စေတော့။ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက် ကြောင့် အသေ ခံတော်မူသည် ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ (ရော ၅:၈)ဟု ရေးထားသည်။ ကျမ်းစာက ဖေါ်ပြ သကဲ့သို့ ငါတို့သည် ချစ်စရာ၊ နှမြောစရာ ကောင်းသောသူများ မဟုတ်ကြချေ။ ​ဖြောင့်မတ်သောသူများ သေမည့် အရာကို နှမြောသော်လည်း သူတို့အတွက် အသေ ခံမည့်သူ ရှိခဲ့သည်။ အပြစ်သားများသေမည့် အရာသည် အဘယ်သူ ကမှနှမြောမည် မဟုတ်။ ပါးစပ်က၊ သေလျှင် ပို၍ ကောင်းသည်ဟု မပြောလိုသော်လည်း သေစေချင် ကြမည် ဖြစ်သည်။ သို့သော် ဘုရားသခင်က ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် ကြောင့် အသေခံသည် ဟုဆိုသည်။ သားတော်ကို စွန့်တော်မူသည့်တိုင်အောင် သင့်ကို ချစ်တော်မူသော ခမည်းတော်ဘုရားကို သင်မည်ကဲ့သို့ တုန့်ပြန်မည် နည်း။ 
 
ခရစ်တော်၏ မေတ္တာထင်ရှားဘို့

ခရစ်တော်သည် ငါတို့အဘို့ အလိုငှါ အသက်တော်ကို စွန့်တော်မူသည် အရာကို ငါတို့သည် ထောက်၍၊ မေတ္တာတော်ကို သိရကြပြီ။ (၁ ယော ၃:၁၆)။ ခမည်းတော်ဘုရားကသာ မဟုတ်၊ သားတော် ကိုယ်တိုင် သင့်ကို ချစ်ကြောင်း သိရသည်။ သားတော်သည် မည်ကဲ့သို့ သင့်ကို ချစ်ကြောင်း ဖေါ်ပြသနည်း။ သင့်ကိုယ်စားအသေခံခြင်းအားဖြင့် သက်သေပြသည်။ သို့သော် သင်ခံရမည့် ပြစ်ဒဏ်ကို နားမလည်လျှင် သူခံ ပေးသောအရာကို တန်ဘိုး ထားမည် မဟုတ်။ လူသည် အကြွေးရှိသော်လည်း မသိလျှင် ဘာမျှပူပင်သော ကမရောက်တတ်ချေ။ ထိုအကြွေးကို စေတနာနှင့် ဆပ်ပေးလျှင်လည်း ကျေးဇူးမတင်သည့်အပြင် အပြစ်တင်ဦးမည် ဖြစ်သည်။ အကြွေးကြောင့်စိတ်ပူပန်နေသောသူကို ဆပ်ပေးလိုက်လျှင် အလွန် ကျေးဇူးတင်တတ်သည်။ သင်၌ အပြစ် ကြွေးရှိကြောင်း အောက်တွင် ဆက်လက် ဖေါ်ပြထားပါသည်။ 

အပြစ်ဒဏ်ပေးဆပ်

ထာဝရ အရှင် ဘုရားသခင်ကလည်း ကောင်းမကောင်းကို သိ​ကျွမ်းရာအ ပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏ အသီးကို သင်သည် စားရသော အခွင့် ရှိ၏။ ၁၇ ထိုအပင်၏ အသီးကို ကား မစားရ။ စားသော နေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညတ်ထားတော်မူ၏။ (က ၂:၁၆-၁ရ) ယောကျ်ားကိုလည်း၊ ထိုအပင်၏ အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏ စကားကို နားထောင်၍ စားမိသောကြောင့် ----သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။ (က ၃:၁ရ၊ ၁၉)။ အပြစ်၏ အခကား သေခြင်း ပေတည်း။ (ရော ၆:၂၃ က)။ အပြစ်တရားကြောင့်သေခြင်း တရားဝင်သည် (ရော ၅:၁၂)။ ကောင်းကင် တရားရုံးတော် မှချမှတ်ထားသော တရားစီရင်ချက်မှာ၊ လူသည် အပြစ် အတွက် အသေခံ ရမည် ဖြစ်သည်။ သင်သည် အာဒံ၏သား စဉ်မြေးဆက် ဖြစ်သောကြောင့် အပြစ်သား ဖြစ်သည်။ အပြစ်သား ဖြစ်သောကြောင့် နေ့တိုင်း အပြစ် ကျူးလွန် နေရသည်။ လူသည် ဒုစရိုက်အပြစ် တည်းဟူသော၊ ခိုးခြင်း၊ သတ်ခြင်း၊ လိမ်ညာခြင်းများသာလျှင် သိတတ်ကြသည်။ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်မရှင်ခြင်းမှ န်သမျှသည် အပြစ် ဖြစ်သည်။ ကျမ်းစာက၊ လူအပေါင်းတို့သည် လမ်းလွှဲကြပြီ။ ဟုဆိုသည် (ဆာ ၁၄:၂)။ ငါတို့သည် သိုးကဲ့သို့ လမ်းလွှဲလျက် ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြပြီ ဟုဆိုသည် (ဟေရှာယ ၅၃:၆)။ ထိုအပြစ်များအတွက် အသေခံရမည် ။ အပြစ်သား သေလျှင် ငရဲ သွားဘို့ သာရှိသည်။ သို့သော် ဘုရားသခင်က အပြစ်သား ကိုယ်စားသားတော်ကို အသေခံ စေကြောင်း ဤသို့ ရေးထားသည်၊ ခရစ်တော်သည် ကျမ်းစာ လာသည် အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံတော်မူ၏။ (၁ ကော ၁၅:၃)။ သခင်ယေရှုသည် ငါတို့ အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ (ရော ၄:၂၅)။ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက် ကြောင့် အသေခံတော်မူသည် ဖြစ်၍၊ (ရော ၅:၈)။ ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကို ခံ၍ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည် ဖြစ်၍ ငါတို့ကို ဘုရားသခင့်အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ​ဖြောင့်မတ်တော်မူသောသူသည် မ​ဖြောင့်မတ်သော သူတို့အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူ၏။ (၁ ပေ ၃:၁၈)။ 

ခရစ်တော်က ထိုကဲ့သို့ အပြစ် ဒဏ်အတွက် အသေခံခြင်းသည် လူတိုင်း အတွက် ဖြစ်ကြောင်း ယောဟန်က ဤသို့ ရေးထားသည်၊ ထိုသခင်သည် ငါတို့၏ အပြစ်မက၊ လောကီသား အပေါင်းတို့၏ အပြစ် ​ဖြေစရာ အကြောင်း ဖြစ်တော်မူ၏။ 
 (၁ ယော ၂:၂)။ ထို့ကြောင့် အပြစ်ကြောင့် ငရဲသွားမည့်သူ၊ ပြစ်ဒဏ်ခံမည့်သူ မရှိ တော့ချေ။ သို့သော် ထိုကဲ့သို့ ခရစ်တော် ကအပြစ် ဒဏ်ပေး ဆပ်ခြင်းကို မယုံကြည် သောကြောင့်သာ၊ မလိုအပ်ဘဲ ငရဲသွားကြမည် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်က သင့်အပြစ် ဒဏ်ပေးဆပ်ပေးခဲ့သည့်အရာကို ယုံကြည်ခြင်းအားဖြင့် လက်ခံပါ။ ထိုအ ရာကို မယုံကြည်၊ ဂရုမစိုက်ပါက ထာဝရ ကာလ ပတ်လုံးငရဲမီးအိုင် ထဲမှာ ဒုက္ခ ဆင်းရဲ ခံရမည် ဖြစ်ကြောင်း သတိပေးလိုပါသည်။ 

ပညတ်တရား၏ ကျိန်ခြင်းမှရွေးနှုတ်ဘို့

လူသည် ပညတ်တော် လိုက်လျှောက်ခြင်းအားဖြင့် ​ဖြောင့်မတ်နိုင်မည်၊ ထာ ဝရအသက် ရနိုင်မည်၊ ကောင်းကင် ရောက်နိုင်မည်ဟု ထင်ကြသည်။ ထို့ကြောင့် ပညတ်တော် မလိုက်လျှောက်နိုင်သော်လည်း လိုက်လျှောက်မည်ဟု ကြွေးကြော်တတ်ကြသည်။ ပညတ်တော် လိုက်မလျှောက်ရ ဟုဆိုလျှင် လုံးဝ မကျေနပ် နိုင်ကြချေ။ သို့သော် ပညတ်တော် လိုက်လျှောက်လျှင် ဘာ ဖြစ်နိုင် သနည်း။ ကျမ်းစာက၊ ပညတ်တ ရား၏ အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့် စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာ၌ ပါသမျှသော စကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာ လာ၏။ ( ဂလာ ၃:၁၃၊ တရားဟော ၂ရး၂၆)ဟု ရေးထားသည်။ လူသည် ပညတ်တော် မလိုက်လျှောက်နိင်သောကြောင့် ကျိန်ခြင်း ခံနေမှန်း မသိခံ နေကြသည်။ ထိုကျိန်ခြင်းမှ ခရစ်တော်သည် အသေခံခြင်းဖြင့် ရွေး နှုတ်ပြီး ကြောင်းကို ပေါလုက ဤသို့ ရေးထားသည်၊ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူ ဖြစ်သည်ဟု ကျမ်းစာ လာသည်နှင့် အညီ၊ ခရစ်တော်သည် ငါတို့အတွက် ကြောင့် ကျိန်ခြင်းကို ခံရသောသူ ဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ။ (ဂလာ ၃:၁၃)။ 

 ယဇ်ကောင်ဖြစ်ဘို့ 

လူသည် အပြစ်၌ လဲသွားသောကြောင့် ယဇ်ပူဇော်ဘို့ လိုလာသည်။ ပဌမဦးဆုံး ယဇ်ပူဇော်သောသူများသည် အာဒံ၏ သားများဖြစ်ကြသော ကာ နနှင့် အာ ဗေလတို့ ဖြစ်သည်။ သူတို့ နောက်ပိုင်း၌ နောဧလည်း ယဇ်ပူဇော်ခဲ့သည် (က ၈:၂၀)။ အာဗြဟံလည်းရောက်လေရာရာ၌ ယဇ်ပူဇော်လေ့ရှိသည်။ သူ၏သား ဇက်နှင့် ယာ ကုပ်တို့လည်း ယဇ်ပူဇော်တတ်ကြသည်။ သို့သော် မောရှေထံမှ စံနစ်တကျယဇ်ပူ ဇော်နည်းများကို ဘုရားသခင်က သင်ပေးခဲ့ကြောင်း တွေ့ရသည်။ သရေလများ ခေတ်အဆက်ဆက်ပူဇော်သော ယဇ်များသည် အရိပ်များသာလျှင် ဖြစ်သည်။ ထို့ကြောင့်၊ ခရစ်တော်သည် ဤလောက ကသို့ ကွ လာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အ​ကျွန်ုပ်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။ ၆ မီး ှုိ့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ၇ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ် အမှတ​ြ်ပု၍ ရေးထားသည်နှင့် အညီ၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အ​ကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။ ၁၀ ထိုအလိုတော်နှင့် အညီယေရှု ခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သော အားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ
၏။ (ဟေ ၁၀:၅-၆၊ ၁၀)ဟု ရေးထားသည်။ ထို့ကြောင့် ခရစ်တော်ကို ပူဇော်သည့် နောက်ပိုင်း၌ ယဇ်ပူဇော်စရာ မလိုတော့ချေ။ ထိုအရာကို မသိသောကြောင့် သရေ လလူများ ကနဂိုလ်အတိုင်း ယဇ်ပူဇော် နေကြ သေးသောကြောင့် ယေရုရှလင် ဗိမာန်တော်ကို အေဒီ ရဝတွင် ဘုရားသခင်က ရောမစစ်သားများအားဖြင့် ဖျက်ဆီးလိုက်သည်။ သူတို့ ကိုလည်း တိုင်း နိင်ငံအရပ်ရပ်သို့ နှင်ထုတ် လိုက်ခြင်းအားဖြင့် နောက် ထပ်ယဇ်မပူဇော်နိုင်ကြတော့ချေ။ 

မွှေးကြိုင်ဘို့ 


ပဌမ ဦးစွာ မွှေးကြိုင်ခြင်း အကြောင်းရှင်းပြဘို့ လိုပါသည်။ ကျမ်းစာ ကပြောသော မွှေးကြိုင်ခြင်းသည် မျက်နှာရခြင်း၊ စိတ်နှလုံးရွှင်လန်းခြင်း၊ လက်ခံကြိုဆိုခြင်း ဖြစ်သည်။ လူလူချင်း အကြား၌လည်း မွှေးကြိုင်ဘို့ လိုသည်။ မမွှေးကြိုင်ပါက စကား မပြောချင်၊ မတွေ့မမြင်ချင်၊ မကူညီချင် ကြချေ။ လူလူချင်းကြား၌ မွှေးကြိုင်ရန်တဘက်သား လိုချင်သော လက်ဆောင်ပေးတတ်ကြသည်။ ထို့နည်းတူ ဘုရားသခင် ရှေ့၌ မွှေး ကြိုင်ဘို့ရန် သရေလလူများသည် မီးရှို့ရာယဇ်ကို ပူဇော်တတ်ကြသည် (ဝတ် ၁)။ သို့သော် သူတို့ ပူဇော်သော ယဇ်နှင့် ပတ်သက်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်အများကို ငါသည် အဘယ်သို့ ဆိုင်သနည်း၊၊ မီး ှုိ့၍ ပူဇော်သော သိုုးကောင်၊ ဆူဖြိုးးအောင် ​ကျွေးသော တိရိစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ၊၊ နွားနှင့် သိုးသ ငယ်၊ ဆိတ်တို့၏ အသွေးကို ငါမနှစ်သက်၊၊ ၁၂ သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြသောအခါ ငါ့တန်တိုင်းတော်ကို ကျော်နင်းသော သင်တို့၌ ထိုသို့သော အဝတ်ကို အဘယ်သူတောင်းသနည်း၊၊ ၁၃ အချည်းနှီးသောသူပူဇော်သက္ကာကို နောက်တဖန် မဆောင် ခဲ့ကြနှင့်၊၊ သင်တို့ မီး ှုိ့သော နံ့သာပေါင်းကို ငါရွံရှာ၏၊၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ် စည်းဝေးသော နေ့ကိုလည်း ရွံရှာ၏၊၊ (ဟေရှယ ၁:၁၁-၁၃) ဟုဆိုခဲ့သည်။ အဘယ်ကြောင့် သူတို့၏ ပူဇော်ခြင်းကို ဘုရားက လက်မခံသနည်းဟူူမူကား ဘုရား၏ တန်တိုင်းတော်ကို ကျော်နင်း တည်းဟူသော ဘုရား၏ အလိုတော်၊ အစီအစဉ်အတိုင်း မဟုတ်ဘဲ သူတို့ စိတ်ကြိုက်ပူဇော်သောကြောင့် ဖြစ်သည်။ 

ယနေ့ ခရစ်ယာန် များသည် ကောင်းမှု ကုသိုလ် ပြုလုပ်ခြင်း၊ လှုဒါန်းခြင်း၊ ဆု တောင်းခြင်း၊ ဘုရား အတွက် ဆက်ကပ်ခြင်းအားဖြင့် ဘုရားရှေ့၌ မွှေးကြိုင်နိုင်မည်ဟု ထင်မှတ်တတ်ကြသည်။ သို့သော် ထိုအရာများအားဖြင့် မမွှေးနိုင်ပါ။ အကြောင်းမူကား အပြစ်သား ပြုလုပ်သောအရာသည် ညစ်ညူး၍ ဘုရားသခင် ရှေ့တော်၌ ရွံစရာ ကောင်းသည်။ ထို့ကြောင့်၊ ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့် ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ကိုယ်ကိုကိုယ် ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည် နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။ (ဧ ၅:၂)ဟု ပေါလုကရေးထားသည်။ ခရစ်တော်၏ အသေခံခြင်းသည် ဘုရားသခင်ရှေ့၌ မွှေးကြိုင်ဘို့ရန် ဖြစ်သည်။ တနည်းအားဖြင့် သူသည် ငါတို့၏ ရေမွှေး ဖြစ်သည်။ ထိုရေမွှေးမသုံးဘဲ ဘုရားသခင် ထံချဉ်းကပ်လျှင် နံစော်၍ ရွံစရာ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်က၊ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။ (ယော ၁၄ ; ၆) ဟုဆိုရခြင်း ဖြစ်သည်။

လူဟောင်းသေစေ

လက်ဝါးကပ်တိုင်၌ ခရစ်တော် သေခြင်းကိုသာလျှင် သိတတ်ကြသည်။ သို့သော် ခရစ်တော်သာမက လူတိုင်း ခရစ်တော် အထဲမှအသေခံ ပြီ ဖြစ်သည်။ လူသည် မိခင် ဝမ်းမှမွေးဖွား လာသောအခါ အပြစ်သား လူဟောင်းအဖြစ် မွေးဖွားသည်။ ထိုလူ ဟောင်းသည် ဘုရားနှင့် ရန်သူ ဖြစ်၍ ကောင်းကင်နိင်ငံသို့ မဝင်နိ်ုင်ချေ။ ဘုရား စကားလည်း နားမထောင်နိုင်ချေ။ ထို့ကြောင့် ဘုရားသခင်က ပြုပြင်ခြင်းထက် အဆုံးစီရင်၍ အသစ်ဖန်ဆင်းဘို့ ရည်ရွယ်သည်။ ထိုသို့ဖြစ်နိုင် ရန်ထိုလူဟောင်းကို ခရစ်တော် ထဲ၌ ထည့် လိုက်သည်။ ကျမ်းစာက၊ ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှု ခရစ်၌ တည် နေကြ၏။ (၁ ကော ၁:၃၀)ဟု ရေးထားသည်။ ထိုနောက် ယေရှုခရစ်၌ လက်ဝါးကပ် တိုင်ပေါ်တွင် သေကြကြောင်း ကျမ်းစာ၌ ဤသို့ ရေးထားသည်။ ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့ သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှအပြစ် တရား၏ အစေကို မခံစေခြင်းငှါ၊ အပြစ် တရား၏ ကိုယ်ကို ဖျက်ဆီးမည်အကြောင်း တည်း။ (ရော ၆:၆)။ ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာအသေခံ ပြီ။ (ဂလာ ၂:၂၀)။ ထိုသို့သောအားဖြင့် လူဟောင်း ပြသနာကို ​ ဖြေရှင်းဘို့ ခရစ်တော် အသေခံ ရခြင်း ဖြစ်သည်။ ထိုသေခြင်းသည် ကိုယ်ခန္ဓာပိုင်း မဟုတ်၊ ဝိညာဉ်ပိုင်း ဖြစ်သည်။ 
 
သေခြင်းကိုအောင် နိုင်ဘို့ 

သေခြင်းသည် စာတန်၏ လက်နက် ဖြစ်သည်။ ဌုိလက်နက်ဖြင့် စာတန်သည် လူကို ခြိမ်း​ခြောက်သောကြောင့် လူသည် စာတန်၏ ​ကျွန်ခံနေရသည်။ လူသည် သေရ မှာကြောက်သောကြောင့် ဘုရား အတွက် မဆက်ကပ်နိုင်၊ အချိန်နှင့် စွမ်းအား မပေး နိုင် ဖြစ်နေသည်။ ထို့ကြာင့်ကျမ်းစာက ဤသို့ ရေးထားသည်၊ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ ဖျက်ဆီးခြင်းငှါင်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ် လွှတ်ခြင်းငှါင်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။ 

 (ဟေ ၂:၁၄-၁၅)။ ခရစ်တော်သည် အသေခံခြင်းအားဖြင့် မည်ကဲ့သို့ စာတန်၏ တန် ခိုးသေခြင်းကို ချိုးဖဲ့ဖျက်ဆီးသနည်း။ ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ သေသွားသောအခါ စာတန်၏ တန်ခိုးကနိုင်သွားသည်။ သို့သော် ရှင်ပြန် ထမြောက် လာသောအခါ စာတန်၏ တန်ခိုးသေခြင်း ကမဆီးတားနိုင်ချေ။ သူအသက် ပြန်ရှင်ခြင်းအားဖြင့် သေခြင်းကို အောင်မြင်ကြောင်း သက်သေပြလိုက်သည်။ ထိုအရာကို ယုံကြည်သော ပေါလုက၊ အိုသေမင်း၊ သင်၏ လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏ အောင်ခြင်းသည် အဘယ်မှာ ရှိသနည်း။ ၅၆ သေမင်း၏ လက်နက်ကား၊ ဒုစရိုက်အပြစ် ပေတည်း၊ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရားပေတည်း။ ၅၇ ငါတို့ သခင်ယေရှု ခရစ်အားဖြင့် ငါတို့အား အောင်ခြင်း အခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေး ဇူးတော်သည်ကြီး လှစွတကား။ (၁ ကော ၁၅:၅၅-၅ရ)ဟု သေမင်းကို စိန်ခေါ်နိုင်ခြင်း ဖြစ်သည်။ ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။


 (ယော ၁၁:၂၅) ဟုဆိုခဲ့သည် မဟုတ်လော။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သော သူများ အနေဖြင့် သေခြင်းကို ကြောက်စရာ၊ ​ကျွန်ခံစရာ မလိုတော့ချေ။ ပေါလုကဲ့ သို့၊ ၂၁ ငါအသက်ရှင်သည် အရာမှာ ခရစ်တော် ဖြစ်၏။ သေလျှင် မူကား၊ သာ၍ အကျိုးရှိ၏။ ၂၂ ဤ ကိုယ်ခန္ဓာ၌ ငါသည် အသက်ရှင်လျှင်၊ ငါပြုသော အမှု၏ အကျိုးကား ထိုသို့သော အကျိုး ဖြစ်၏။ သို့သော်လည်း အဘယ် အကျိုးကို ရွေးယူရမည်ဟု ငါမသိ။ ၂၃ ထိုအကျိုးနှစ်ပါး၏ အကြား၌ ငါသည် ယခုကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော်နှင့်အတူ နေခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍ အလွန် ထူးမြတ်သော အကျိုး ဖြစ်၏။ (ဖိလိ ၁:၂၁-၂၃) ဟုဆိုနိုင်ပေမည်။ 
 
ဘုရားနှင့် လူရန်ှုငိမ်းစေဘို့ 

လူသည် မွေးကတည်းက ဘုရား၏ ရန်သူ ဖြစ်သည်။ အကြောင်းမှာ ဘုရား၏ ရန်သူမိဘထဲမှမွေးသောကြောင့် ဖြစ်သည်။ မိဘများလည်း အာဒံကြောင့်ဘုရား၏ ရန်သူ ဖြစ်ကြသည်။ အာဒံသည်လည်း စာတန်၏ စကား နားထောင်ခြင်းဖြင့် သူ့ဘက်၌ ပါဝင်သောကြောင့် ဘုရား၏ ရန်သူ ဖြစ်ရခြင်း ဖြစ်သည်။ ထိုသို့ ရန်သူ ဖြစ်သောကြောင့် ဘုရား စကားကို နားမထောင်ချင် ကြချေ။ ဘုရား မကြိုက်သော အရာများကိုသာ လုပ်ချင် ကြသည်။ ဘုရား၏ နိင်ငံကိုလည်း စွဲလန်းခြင်း မရှိ၊ ဘုရားကတားမြစ်သော ဤလောကကို အလွန် စွဲလန်း ကြသည်။ သို့သော် ဘုရားကလူကို ချစ်သနား သောကြောင့် သူ့ဘက်မှရန်ငြိမ်းခြင်းရှိဘို့ရန် သားတော် ယေရှုကို အသေခံ စေခဲ့သည်။ ထိုအရာကို ပေါလုက၊ ရန်သူ ဖြစ်လျက် ပင် ဘုရားသခင်၏ သားတော် အသေခံတော်မူခြင်း အားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည် မှန်လျှင်၊ မိဿဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟု သာ၍ မျှော်လင့်စရာ ရှိ၏။ (ရော ၅:၁၀) ဟူဆိုသည်။ တဖန်၊ ဘုရားသခင်သည် ယေရှု ခရစ်အားဖြင့် ငါတို့၏ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယ ဖွဲ့စေတော်မူ၏။ (၂ ကော ၅:၁၈) ဟုဆိုသည်။ ထို့ကြောင့် မိတ်ဆွေ၊ သင်လည်း ဘုရားသခင်နှင့် ရန်မ ဖြစ်တော့ဘဲ ခရစ်တော်အားဖြင့် ရန်ငြိမ်းခြင်းကို ယုံကြည် လက်ခံပါ။ ဘုရားသခင်နှင့် ရန်ငြိမ်းသောသူသည် ငြိမ်သက်ခြင်း အမှန်ရရှိကြပါသည်။ လ
 
လူလူချင်းရန်ငြိမ်းစေဘို့ 

လူသည် ဘုရားသခင်နှင့်သာမက လူလူချင်း အကြား၌လည်းရန် ဖြစ်နေကြသည်။ လူမျိုးတမျိုးနှင့် တမျိုး၊ တနိင်ငံနှင့် တနိင်ငံ၊ အိမ်နိီးချင်းနှင့် ဖြစ်စေ၊ လင်မယား ဖြစ်စေ၊ မောင်နှမ၊ သား အမိသား အဖရန် ဖြစ်နေကြသည်။ ထိုအရာများကို ရန်ငြိမ်း စေဘို့ရန် အတွက် ခရစ်တော်သည် အသေခံကြောင်း ကျမ်းစာက ဤသို့ ရေးထားသည်၊ ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်း အကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရား တည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူ သဖြင့်၊ ပိုင်းခြားလျက် ရှိသော စပ်ကြားအုတ်တန်တိုင်း နံရံကို ဖြိုးဖျက်၍ လူမျိုးနှစ်စုတို့ကို တစုတည်း ဖြစ်စေတော်မူ၏။ (ဧ ၂:၁၄)။ ခရစ်တော် အသေခံခြင်းကို ယုံကြည်သူများ၌ ခွဲခြားခြင်း မရှိတော့ကြောင်း ဤသို့ ရေး ထားသည်၊ ယေရှု ခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ​ကျွန်မရှိ၊ လူလွတ်မရှိ၊ ယော ကျ်ားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့ အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။ 
 (ဂလာ ၃:၂၈)။ 

ပညတ်တရားနှင့် ကွာစေဘို့ 

လူသည် ပညတ်တရား၏ သဘောကို နားမလည် သောကြောင့် ပညတ်တော် လိုက်လျှောက်၍ ​ဖြောင့်မတ်ကာ ကောင်းကင်နိင်ငံရောက်မည်ဟု ထင်ကြသည်။ သို့သော် ပညတ်တရားသည် မ​ဖြောင့်မတ်စေနိုင်သည်သာမက၊ ကျိန်ခြင်းကိုသာ ဖြစ်စေသည်။ ထို့ကြောင့် ပညတ်တရားနှင့် ကွာဘို့ လိုသည်။ သို့သော် ပညတ် တရားနှင့် မကွာနိုင်ချေ။ ထို့ကြောင့် ဘုရား၏ ပညာတော်အားဖြင့် လူကို ပညတ်တော် မှကွာ စေခဲ့ပြီ။ ငါ့ ညီအစ်ကိုတို့၊ သင်တို့သည် အခြားသောသူတည်း ဟူသော၊ သေခြင်းမှ ထမြောက်တော်မူသောသူ၏ မယား ဖြစ်၍၊ ဘုရားသခင်၏ အလိုတော်နှင့် အညီတိုး ပွါးမည်အကြောင်း၊ ခရစ်တော်၏ ကိုယ်ခန္ဓာအားဖြင့် သေ၍ ပညတ်တရားနှင့် ကွာ ကြ၏။ (ရော ရး၄) 
 
ကျန်းမာစေဘို့ 

ခရစ်တော် အသေခံခြင်းသည် ဝိညာဉ်ပိုင်းဆိုင်ရာ သာမက၊ ကိုယ်ခန္ဓာပိုင်းလည်း အကျိုးရှိကြောင်း ဤသို့ ရေးသား ထားသည်၊ ငါတို့သည် အပြစ်နှင့် ဆိုင်သောအရာ၌ အသေ ဖြစ်၍၊ ​ဖြောင့်မတ်ခြင်း အရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့ အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ၊ ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက် ရှိကြ၏။ (၁ ပေ ၂:၂၄)။ 

 

 ရှင်ပြန်ထမြောက် 


ရှင်ပြန်ထမြောက် ခြင်းသည် အဘယ်ကြောင့်အရေးကြီး သနည်းဟူမူကား၊ ရှင်ပြန်ထမြောက် ခြင်းသည် အသက်ကို ထိမ်းနိုင်ကြောင်းကို ပြခြင်း ဖြစ်သည်။ လူသာ မကသက်ရှိသတ္တဝါတိုင်းသည် အသက်ကို တန်ဘိုး ထား ကြသည်။ အလုပ်လုပ်ခြင်း၊ တိုက်ခိုက် ခုခံခြင်း၊ ငွေ​ကြေး သုံးဆွဲခြင်း များသည် အသက် ဆက်နိင်ဘို့ရန် ဖြစ်သည်။ အသက် ငယ်သောသူများသာမက၊ အသက် ကြီးသောသူများလည်း မသေချင် ကြချေ။ မတတ်သာ၍ သာသေရ ကြသည်။ မိတ်ဆွေ ကိုယ်တိုင်လည်း အသက် ချမ်းသာ ရရှိဘို့ အလွန် လိုချင်သည် မဟုတ်ပါလော။ မည်သူမျှသေချင်သောသူမရှိချေ။ ထို့ကြောင့် သေ ပြီးမှ ရှင်ပြန်ထမြောက် နိုင်ခြင်းသည် အလွန် အရေးကြီးသောအရာ ဖြစ်သည်။ 

ရှင်ပေါလုက ဤသို့ ရေးထားသည်၊ ၁၂ ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူကြောင်းကို ဟောပြောရသည် ဖြစ်၍၊ သေသော သူတို့သည် ထမြောက်ခြင်း မရှိဟု သင်တို့တွင် အချို့သော သူတို့သည် အဘယ်ကြောင့်ဆိုရကြသနည်း။ ၁၃ သေသော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ခရစ်တော်သည် ထမြောက် တော်မမူ။ ၁၄ ခရစ်တော်သည် ထမြောက် တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုး မရှိသင်တို့ ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။ ၁၅ ထိုမျှမက၊ ငါတို့သည် ဘုရားသခင် 
၏ အမှု မှာမမှန်သော သက်သေခံ ဖြစ်ကြ၏။ ၁၆ အကြောင်းမူကား၊ သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက် စေတော်မမူ။ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏ အကြောင်းကို သက်သေခံကြ၏။ သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ခရစ် တော်သည် ထမြောက် တော်မမူ။ ၁၇ ခရစ်တော်သည် ထမြောက် တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ် အောက်၌ ရှိကြသေး၏။ ၁၈ ထိုမှတ ပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော်သော သူတို့သည် ဆုံး ှုံးခြင်းသို့ ရောက်ကြပြီ။ ၁၉ ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ ၌ သာမြော်လင့်စရာ ရှိလျှင်၊ အခြားသောသူ အပေါင်းတို့ထက် သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။ (၁ ကော ၁၅:၁၂-၁၉) 

ရှင်ပေါလုက ခရစ်တော်သည် ထမြောက် တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ ယုံကြည်ခြင်း၌လည်း အကျိုးမရှိ၊ ဟုဆိုထားရာ ခရစ်တော်၏ ထမြောက်ခြင်းသည် ယုံကြည်ခြင်း၏ အဓိကသော့ချက် ဖြစ်သည်။ အမှုတော်ဆောင်ခြင်း၏ အဓိကအချက်လည်း ဖြစ်သည်။ အဘယ်ကြောင့် ခရစ်တော်၏ ရှင်ပြန်ထမြောက် ခြင်းသည် ထိုမျှလောက်အရေးကြီးရသနည်း။ အကြောင်းရင်းမှာ ခရစ်ယာန် ယုံကြည်ခြင်းသည် အတွေးအခေါ် မဟုတ်၊ ဖြစ်နိုင် ချေရှိသော နိယာမ မဟုတ်။ ခရစ်ယာန် ယုံကြည်ခြင်းသည် အသက်ရှင်ခြင်း အကြောင်း ဖြစ်သည်။ အခြားသော ဘာသာများ၏ ယုံကြည်ခြင်းသည် အတွေးအခေါ် ဖြစ်သည်။ ဗုဒဝအယူအရအသက်သည် မသေနိုင်။ လူအသက် သေသော်လည်း အခြားသတ္တဝါအဖြစ် ပြန်ရှင်ရသည်ဟု ယူဆသည်။ လူသည် အသက်ရှင်နေလျှင် ဒုက္ခ ရောက်မည်၊ ဒုက္ခသည် အသက်ရှင်သောကြောင့် ဖြစ်သည်ဟု ယူဆသည်။ ထို့ကြောင့် အသက်ရှင်ဘို့ထက် သေဘို့ အလိုရှိ၍ သေဘို့ ကြိုးစား ကြသည်။ သူတို့ကို၊ ခရစ်တော် ယုံကြည်လျှင် ထာဝရ အသက်ရှင်မည် ပြောလျှင် မလိုချင် ကြချေ။ ထိုကြောင့် သူတို့အတွက် ရှင်ပြန်ထမြောက် ခြင်းသည် မလိုချင်သောအရာ ဖြစ်သည်။ 

မှန်ပါသည် ဤလောက လူ့ဇာတိဖြင့် အသက်ရှင်ခြင်းသည် ဒုက္ခ ဆင်းရဲ ဖြစ်စေသည်။ သို့သော် ဘုရားသခင် ရှိရာကောင်းကင်၌ ဝိညာဉ်ဖြင့် အသက်ရှင်ခြင်းသည် ဒုက္ခ ဆင်းရဲ မရှိ၊ ထာဝရ ငြိမ်းချမ်းသော အသက်တာ ဖြစ်သည်။ ထိုအသက်ကို ဘုရားသခင်က လူသားများထံအခမဲ့ပေးချင်သည်။ သင်သည် ထိုအသက်ကို အလိုရှိပါသလော။ ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ 
 (ယော ၁၁:၂၅) ဟုဆိုခဲ့သည်။ ယေရှု ပြောသော ထိုအသက်သည် ဒုက္ခ ဆင်းရဲ ခံစား မည့် ဇာတိ ကိုယ်ခန္ဓာအသက် မဟုတ်၊ ဒုက္ခ ဆင်းရဲ မရှိသော ကောင်းကင် အသက်တာ ဖြစ်သည်။ ထိုအသက် မရရှိလျှင် ထာဝရ မီးအိုင် ထဲ၌ ဒုက္ခ ဆင်းရဲ ရောက်ရှိသွားမည် ဖြစ်သည်။ ဒုက္ခများလှသော ဤလောက အသက်ကို ပင်လျှင် အလွန် တန်ဘိုး ထား၍ အသက်ရှင် ကြလျှင်၊ ဒုက္ခ ဆင်းရဲခြင်း မရှိသော ကောင်းကင် အသက်ကို အလွန် အလိုရှိသင့်သည်။ သို့သော် လူသည် ဝိညာဉ် မျက်စိကန်းသောကြောင့် ထိုအသက်ကို အလိုမရှိကြသည်ကို ဝမ်းနည်းစရာ ဖြစ်သည်။ 

သရေလလူများလည်း ထာဝရ အသက်ကို ရလိုသော်လည်း၊ ဘုရားသခင် ပေးသောအရာကို မသိသောကြောင့် တလွှဲရှာ နေကြသည်။ သခင် ခရစ်တော်က၊ ကျမ်းစာအားဖြင့် ထာဝရ အသက်ကို ရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့် ှုကြ၏။ ထိုကျမ်းစာ ပင်ငါ၏ သက်သေ ဖြစ်၏။ သင်တို့သည် အသက်ကို ရအောင် ငါ့ထံသို့ လာခြင်းငှါ အလိုမရှိကြ။ (ယော ၅:၃၉-၄၀) ဟုဆိုခဲ့သည်။ သခင်ယေရှု ကသူသည် အသက် ဖြစ်ကြောင်းကို ရှင်းပြနေသော်လည်း သူတို့က မသိနိင်ကြချေ။ ထို့ကြောင့် ပေတရုက သူတို့သည်၊ အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသော အရှင်ကို ကွပ်မျက်ကြပြီတကား။ဟု အပြစ်တင်ခဲ့သည်။ သို့သော် သခင်ယေရှုသည် အသက် ဖြစ်သောကြောင့် ထာဝစဉ်မသေနိုင်ချေ။ ထိုအရှင်ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက် စေတော်မူသည်ကို ငါတို့သည် သက်သေခံ ဖြစ်ကြ၏။ (တ ၃ ; ၁၅) ဟုဆိုခဲ့သည်။ 

သခင်ယေရှု ထမြောက် ခြင်းက ယုံကြည်သူများကိုမျှ ော်လင့်ချက်ပေးသည်။ ရှင်ပေါလုက၊ ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် သခင်ဘုရားကို ထမြောက် စေတော်မူသည် ဖြစ်၍၊ ငါတို့ ကိုလည်း ထမြောက် စေတော်မူ လိမ့်မည်။ (၁ ကော ၆ ; ၁၄)ဟု ရေးခဲ့သည်။ တဖန်၊ သခင်ယေရှုကို ထမြောက် စေတော်မူသောသူသည် ယေရှုအားဖြင့် ငါတို့ ကိုလည်း ထမြောက် စေ၍၊ သင်တို့နှင့်အတူ အထံတော်၌ သွင်းတော်မူ မည်ဟု ငါတို့ သိကြ၏။ (၂ ကော ၄:၁၄)ဟု ရေးထားသည်။ ထို့ကြောင့် သခင်ယေရှုကို ယုံကြည်သောသူများအတွက် သေလွန်သော်လည်း စိုးရိမ်စရာ မရှိတော့ချေ။ အကြောင်းမူကား သခင်ယေရှုသည် သေခြင်းကို အောင်မြင်၍ သူ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ပြန်လည် ရှင်ပြန်ထမြောက် မည်ဟု သိရသည်။ 

သခင်ယေရှု ထမြောက် ခြင်းသည် ကိုယ်တိုင် အတွက် မက၊ သေလွန်ခဲ့ပြီးသော ချစ် သူများ အတွက်လည်း ဖြစ်သောကြောင့် မျှော်လင့်ချက်ရှိသည်။ ရှင်ပေါလုက၊ ယေရှုသည် သေပြီးမှ တဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံကြည်လျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သော သူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင်ပို့ဆောင်တော်မူ လိမ့်မည်။ ၁၅ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား၊ သခင်ဘုရားကွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန် ကွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည် မဟုတ်။ ၁၆ သခင်ဘုရားသည် ​ေ ကွးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြလိမ့်မည်။ ၁၇ ထိုအခါ အသက်ရှင်၍ ကျန် ကွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှါ၊ ထို သူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။ ၁၈သို့ဖြစ်၍၊ ဤ စကားများအားဖြင့် အချင်းချင်းတယောက်ကို တယောက် သက်သာစေကြလော့။ (၁ သက် ၄ ; ၁၄-၁၈)ဟု ရေးသား ထားသည်။ 

ထိုကဲ့သို့ သခင်ဘုရားကသေခြင်းကို အောင်မြင်၍ ထမြောက် သောကြောင့် ရှင်ပေါလုက၊ နက်နဲသောအရာ တခုကို ငါပြဦးမည်၊ ငါတို့ ရှိသမျှသည် အိပ်ပျော်ရ ကြမည် မဟုတ်။ ၅၂သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံ ပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ၅၃ ယခု မျက်မှောက်ပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့ ဝင်စားရမည်။ ယခု မျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအရာ အဖြစ်သို့ ဝင်စားရမည်။ ၅၄ ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့င်း၊ ဤသေတတ်သောအရာသည် မသေနိုင်သော အဖြစ်သို့င်းဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာ၌ လာချက် ပြည့်စုံလိမ့်မည်။ ၅၅ အိုသေမင်း၊ သင်၏ လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏ အောင်ခြင်းသည် အဘယ်မှာ ရှိသနည်း။ ၅၆ သေမင်း၏ လက်နက်ကား၊ ဒုစရိုက်အပြစ် ပေတည်း၊ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရားပေတည်း။ ၅၇ ငါတို့ သခင်ယေရှု ခရစ်အားဖြင့် ငါတို့အား အောင်ခြင်း အခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည်ကြီး လှစွ တကား။ ၅၈ ထိုကြောင့် ငါချစ်သော ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍၊ မရွေ့မလျော့မတိမ်းယိမ်းဘဲလျက် ဘုရားသခင်၏ အမှုတော်ကို ကြိုး စားအား ထုတ်ကြလော့။ (၁ ကော ၁၅:၅၁-၅၈)ဟု ရေးခဲ့သည်။ 

သခင်ယေရှုသည် ရှင်ပြန်ထမြောက် ခြင်းအားဖြင့် သေခြင်းကို အောင်မြင် ပြီ ဖြစ်သည်။ လူတိုင်း သေခြင်းနှင့် သင်္ချိုင်းကို ကြောက်ကြမည် ဖြစ်သည်။ သို့သော် သ ခင်ဘုရားသည် ထိုအရာနှစ်ပါးကို အောင်မြင်ပြီး ဖြစ်သည်။ ထို့ကြောင့် ရှင်ပေါလုက အိုသေမင်း၊ သင်၏ လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏ အောင်ခြင်းသည် အဘယ်မှာ ရှိသနည်း။ဟု စိန်ခေါ်ရဲခြင်း ဖြစ်သေည်။ ဟေဗြဲစာရေးသောသူက၊ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြ သောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှါင်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါင်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။ (ဟေ ၂:၁၄-၁၅)ဟု ရေးခဲ့သည်။ သေခြင်း တရားသည် စာတန် မာရ်နတ်၏ တန်ခိုး ဖြစ်သည်။ ထိုအ ရာကို သခင်ယေရှု ကအသေခံပြီး ရှင်ပြန်ထမြောက် ခြင်းအားဖြင့် ချိုးဖဲ့ဖျက်ဆီးနိုင်ခဲ့ ပြီ။ သူ၏ အောင်မြင်ခြင်းသည် ယုံကြည်သူ တိုင်း၏ အောင်မြင်ခြင်း ဖြစ်သည်။ လူသည် သေရမှာကြောက်သောကြောင့် တသက်လုံး​ကျွန်ခံ ကြသည်။ မည်ကဲ့သို့ ​ကျွန်ခံကြ သနည်း။ သေရမှာကြောက်သောကြောင့် ဘုရားကို မကိုးကွယ်နိုင်၊ အမှုတော် မဆောင်နိ်ုင်ဘဲ၊ အလုပ်​ကျွန်၊ ငွေ​ကျွန်၊ ခံနေကြသည်။ သို့သော် ခရစ်တော်၏ အောင်မြင်ခြင်းကို သိသောသူများ မူကား၊ မည်သည့်အရာမှ​ကျွန်မပြုနိုင်တော့ချ။ လွတ် လပ်သောသူများ ဖြစ်လာ ကြသည်။ ထို့ကြောင့် လုကာက၊ သခင်ယေရှုထမြောက်တော်မူခြင်း အကြောင်းကို တမန်တော်တို့သည် ကြီးသော တန်ခိုးနှင့် သက်သေခံ၍၊ ထိုသူ အပေါင်းတို့သည် ကြီးသော ကျေးဇူးတော်နှင့် ပြည့်စုံကြ၏။ (တ ၄:၃၃)။ သင် ကောမည်သည့်အရာ၏ ​ကျွန် ဖြစ်နေသေးသနည်း။ ခရစ်တော်၏ အောင်မြင်ခြင်းကို အသုံးမပြုဘဲ အဘယ်မျှကာလ ပတ်လုံး​ကျွန်ခံဦးမည်နည်း။ 

 

သခင်ယေရှု ငရဲသို့ ဆင်းခဲ့ပါသလား


သခင်ယေရှု သင်္ချိုင်းထဲ၌ အလောင်းသုံးရက်နေစဉ်တွင် သူ၏ ဝိညာဉ် မည်သည့်နေရာ၌ ရှိသနည်း။ ဤအရာနှင့် ပတ်သက်၍ ကျမ်းတတ်ပုဂ္ဂိုလ်များ၏ အမြင်သည် အလွန် ခြားနား ကြသည်။ အချို့သော ဆရာများ ကငရဲသို့ ဆင်းသွားကာအောင်မြင်ခြင်း အကြောင်းကို ကြွေးကြော်သည် ဟုဆိုသည်။ အချို့ကကောင်းကင်သို့ တက် သွားသည် ဟုဆိုသည်။ သင်မည်ကဲ့သို့ မြင်သနည်း။ ဤအရာကို ကျမ်းစာအားဖြင့် လေ့လာကြပါစို့။ ယေရှု၏ ဝိညာဉ်သည် ငရဲထဲသို့ ဆင်းသွားသည် ဟူ၍ ယူဆ သူများ၏ ရှင်းပြချက်များကို အရင် ဖေါ်ပြလိုပါသည်။ သူတို့ အ​ခြေပြုသော ကျမ်းပိုဒ်များနှင့် ရှင်း ပြချက်များသည် အောက်ပါအတိုင်း ဖြစ်သည်။ 
 
ထို ဝိညာဉ်တော် အားဖြင့်လည်း ကွသွားတော်မူ၍ ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကို ခံ၍ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည် ဖြစ်၍ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ​ဖြောင့်မတ်တော်မူသောသူသည် မ​ဖြောင့်မတ်သော သူတို့အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူ၏။ ၁၉ ထိုဝိညာဉ်တော် အားဖြင့်လည်း ကွသွားတော်မူ၍ ယခုထောင်ထဲမှာလှောင်ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။ ၂၀ ထိုဝိညာဉ်တို့ မူကားရှေးကာလ၊ နောဧလက်ထက်၌၊ နည်းသောသူ တည်းဟူသော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သော သင်္ဘောကို တည်လုပ်စဉ်တွင် ဘုရားသခင်၏ ခန္တီတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမထောင်သော ဝိညာဉ် ဖြစ်သတည်း။ (၁ ပေ ၃:၁၈-၂၀) 

အထက်ပါ ကျမ်းပိုဒ်အရ၊ ခရစ်တော်သည် သုံးရက်သေ၍ သူ၏ ကိုယ်ခန္ဓာ အလောင်းကို သင်္ချိုင်းထဲ၌ လျောင်းစဉ်တွင် သူ၏ ဝိညာဉ်သည် ငရဲထဲမှာလှောင်ထားသော ဝိညာဉ်များကို တရားဟောတော်မူသည် ဟုဆိုသည်။ သူဟောသော တရားသည် ကယ်တင်ခြင်း မဟုတ်၊ စာတန်နှင့် ဝိညာဉ်ဆိုးများကို အောင်မြင် ပြီ ဟုဆိုသည်။ ဤ အမြင်သည် မမှန်နိုင်ပါ။ အကြောင်းမှာ သူဟောသော တရားကို နားထောင်သော သူတို့သည် နောဧလက်ထက် ကရေလွှမ်းမိုးမည့် အရာကို ဟောသော်လည်း နားမထောင်သော ဝိညာဉ်များဖြစ်သည်။ ခေတ်အဆက်ဆက်ကနားမထောင်သော ဝိညာဉ်များမဟုတ်။ ထိုဝိညာဉ်များထံ ခရစ်တော်က သူ၏ အောင်မြင်ခြင်း အကြောင်း ပြောလျှင် ဘာ အကျိုးရှိမည်နည်း။ ကျမ်းစာက၊ လူသည် တခါတည်း သေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကို ခံရ သကဲ့သို့၊ (ဟေ ၉:၂ရ) ဟုဆိုသည်။ 
 
သေသော သူတို့သည် ဧဝံဂေလိတရားကို ကြားရကြ၏ 

သာသနာပလူတို့၏ အလိုသို့ လိုက်၍၊ ကိလေသာညစ်ညူးခြင်း၊ ကာမ တပ်မက်ခြင်း၊ စပျစ်ရည်နှင့် ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ အဓမ္မ ုပ်တုကို ကိုးကွယ်ခြင်း၌ ကျင်လည်၍၊ ငါတို့ လွန်စေပြီးသော အသက် ကာလသည် ငါတို့ အားလောက်ပေ၏။ ၄ ယခုမှာသင်တို့သည် သူတို့နှင့်အတူ မဆက်ဆံ၊ ကာမဂုဏ်၌ လွန်ကျူး ညစ်ညူးစွာ မပြုသည် အရာကို သူတို့သည် အံ့ဩ၍ ကဲ့ရဲ့တတ်ကြ၏။ ၅သို့ဖြစ်၍၊ အသက်ရှင်သော သူတို့ကိုင်း၊ သေသော သူတို့ကိုင်းတရားစီရင်ခြင်းငှါ အသင့် ရှိတော်မူသောသူရှေ့၌၊ ထို သူတို့သည် စစ်ကြောခြင်းကို ခံရကြလတံ့။ ထိုအကြောင်းကြောင့် လူတို့ ရှေ့၌ ကိုယ်ခန္ဓာအားဖြင့် အပြစ် စီရင်ခြင်းကို ခံရသော်လည်း၊ ဘုရားသခင့်ရှေ့တော်၌ စိတ်ဝိညာဉ်အားဖြင့် အသက်ရှင်မည်အကြောင်း၊ သေသော သူတို့သည် ဧဝံဂေလိတရားကို ကြားရကြ၏။ (၁ ပေ ၄:၃-၆)။ ဧဝံဂေလိတရားကို ကြား၍ သေသော သူတို့သည် မည်သူတို့ နည်း။ နှစ်မျိုးအဓိပ္ပါယ်ဖွင့်နိုင်သည်။ ကာမဂုဏ် တပ်မက်ခြင်းအားဖြင့် အသက်ရှင်ကြသော သူတို့ကို ဆိုလိုနိုင်သည်။ သူတို့သည် ကိုယ်ခန္ဓာအသက်ရှင်သော်လည်း ဝိညာဉ်ပိုင်းသေခြင်းကို ဆိုလိုခြင်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် ခရစ်တော် 
၏ ဝိညာဉ်သည် သူတို့ကို ယုံကြည်သူများ၊ တရားဟောဆရာများ အထဲမှ ဧဝံဂေလိ တရားဟောခြင်းကို ဆိုလိုသည်။ သို့မဟုတ် သူတို့သည် ကိုယ်ခန္ဓာသေပြီးသောသူများ ဖြစ်လျှင် သူတို့၏ကို ိယ်ခန္ဓာအသက်ရှင်ခဲ့စဉ်က ဧဝံဂေလိတရားကို ကြားခြင်းကို ဆိုလိုခြင်း ဖြစ်မည်။ 
 
မြေကြီး အောက်အရပ်သို့ ဆင်းသက်တော်မူကြောင်း 

ထိုသို့နှင့် အညီကျမ်းစာ၌ လာသည်ကား၊ မြင့်သော အရပ်သို့ တက် ကွတော်မူ သဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ လူတို့အား ဆုလပ်များကို ပေးတော်မူသည်ဟု လာသတည်း။ ၉ တက် ကွတော်မူသည် ဟုဆိုသော်၊ အစစွာ မြေ 
ကြီး အောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ ဆိုသည် မဟုတ်လော။ (ဧ ၄:၈)။ ဤနေရာ၌ ခရစ်တော်သည် မြေကြီး အောက်အရပ်သို့ ဆင်းသက်တော်မူသည် ဟုဆိုသောကြောင့်၊ သုံးရက်သင်္ချိုင်းတွင်း၌ နေစဉ်တွင် သူ၏ ဝိညာဉ်သည် မြေကြီး အောက်မှာရှိသော ငရဲပြည်သို့ ဆင်းသွားသည်ဟု ယူဆခြင်း ဖြစ်သည်။ မြေကြီး အောက်၌ ငရဲမရှိနိုင်ပါ။ အကြောင်းမူကား မြေကြီးသည် ရုပ်လောက ဖြစ်၍ မီးနှင့် ဖျက်ဆီးမည့် အရာ ဖြစ်သည် (၂ ပေ ၃:၁၀)။ ငရဲသည် ဝိညာဉ်လောက ဖြစ်၍ ထာဝရ တည် တန့်မည် ဖြစ်သည်။ သို့ဖြစ်လျှင် မြေကြီး အောက်အရပ်သည် မည်သည့်နေရာကို ဆိုလိုသနည်း။ ခရစ်တော် ကျင်လည်ခဲ့သော ဤမြေကြီးကို ဆိုလိုသည်။ အောက် ဟုဆို တိုင်း မြေကြီး ထဲ မဟုတ်။ အောက်လမ်းကပြန်သည် ဟုဆိုလျှင် မြေကြီး အောက်၌ ဖေါက်သောလမ်း မဟုတ်ပါ။ လေယဉ်နှင့် မဟုတ်ဘဲ မြေကြီးပေါ်မှ ာ သွားသောကား၊ မီးရထား၊ သင်္ဘောများကို ဆိုလိုသည်။ ထို့ကြောင် ခရစ်တော် အောက်အရပ်သို့ ဆင်းခြင်းသည် မြေကြီး ပေါ်၌ ကျင်လည်ခဲ့ခြင်းကို ဆိုလိုသည်။ 

ငါသည် ငါ့ ခမည်းတော်ထံသို့ မတက်ရသေး

ယေရှုကလည်း မာရိဟု ခေါ်တော်မူလျှင်၊ မာရိသည် လှည့်၍ ရဗ ုနိဟု ထူးလေ၏။ ရဗ ုနိအနက်ကား အရှင်ဘုရား ဟုဆိုလိုသတည်း။ ၁၇ ယေရှုကလည်း၊ ငါ့ကို မဘက်နှင့် ဦး။ ငါသည် ငါ့ ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ ရှိရာသို့ သွားလော့။ ငါ၏ ခမည်းတော် တည်းဟူသော သင်တို့၏ ခမည်းတော်၊ ငါ၏ ဘုရားသခင် တည်းဟူသော သင်တို့၏ ဘုရား သခင့်ထံတော်သို့ ငါတက်ရမည်အကြောင်း အရာကို ကြား ပြောလော့ဟု မိန့်တော်မူသည်နှင့် အညီ၊ (ယော ၂၀:၁၆-၁ရ)။ သခင်ယေရှု ရှင်ပြန် ထမြောက်သောအခါ မာရိထံ၌ ငါသည် ငါ့ ခမည်းတော်ထံသို့ မတက်ရသေး ဟုဆိုသောကြောင့် သူ၏ ဝိညာဉ်သည် ကောင်းကင်သို့ မတက်သေးချေ။ ထို့ကြောင့် သူ၏ ဝိညာဉ်သည် မရဏာနိင်ငံငရဲသို့ သွားသည် ဟူ၍ ဖြစ်သည်။ ခရစ်တော် ကောင်းကင်သို့ မတက် ရသေး ဟုဆိုခြင်းသည် ယဇ်ပုရောဟိတ် အနေဖြင့် မတက်ရသေးခြင်းကို ဆိုလိုသည်။ 
ယဇ်ပုရောဟိတ် များသည် တဲတော် ထဲဝင်သောအခါ သူ့ကို မည်သူကမျှ ထိ၍ မရချေ။ ခရစ်တော်လည်း သူ၏ ကိုယ်နှင့် အသွေးကို ကောင်းကင် သန့်ရှင်းရာထဲသို့ မသွင်းသေး သောကြောင့် သူ့ကို ထိိ၍ မရခြင်း ဖြစ်သည်။ 

အ​ကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ

ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်၊၊ ၁၀ အကြောင်းမူကား ကိုယ်တော်သည် အ​ကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ၊၊ ကိုယ်တော် 
၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက် ၁၁ အသက်ရှင်ခြင်း လမ်းကို ပြညွှန်တော်မူ လိမ့်မည်၊၊ (ဆာ ၁၆:၉-၁၁) ဤကျမ်းပိုဒ်ကို ပေတရုက ပင်တေကုတ္တေနေ့တွင်ကိုးကား ခဲ့သည် (တ ၂:၂၆-၃၁)။ ခရစ်တော်၏ ဝိညာဉ်ကို မရဏာနိင်ငံ၌ ပစ်မထား ဟုဆိုသောကြောင့် သူ၏ ဝိညာဉ်သည် ငရဲထဲဆင်းသွားသည်ဟု ယူဆခြင်း ဖြစ်သည်။ မရဏာနိင်ငံသည် အမြဲတမ်းငရဲကို မဆိုလိုပါ။ သေခြင်း၊ သင်္ချိုင်း ကိုလည်း ဆိုလိုတတ်သည်။ ထို့ကြောင့် မရဏာနိင်ငံသို့ ဆင်းသွားခဲ့သည်ဟု ရတိပြတ် ပြော၍ မရချေ။ 
 ခရစ်တော်၏ ဝိညာဉ်သည် ငရဲသွားမည့် အစားကောင်းကင်သို့ တက်သွားကြောင်း သက်သေပြသော ကျမ်းပိုဒ်များ မှာ

သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်

သခင်၊ ကိုယ်တော်သည် နိုင်ငံတော် တည်လျက် ကွလာတော်မူသောအခါ အ​ကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ (လု ၂၃:၄၂-၄၃)။ ခရစ်တော်သည် သူပြောသည့်အတိုင်း ထိုနေ့၌ ပရဒိသုဘုံသို့ ရောက် သွားသည်။ ပရဒိသုဘုံသည် ကောင်းကင်နိင်ငံ ဖြစ်ကြောင်း ပေါလုက ဤသို့ ရေးထားသည်၊ တဆယ်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့် ဖြစ်သော လူတယောက်ကို တတိယကောင်းကင်သို့ တိုင်အောင် ချီဆောင်သည် အကြောင်းကို ငါသိ၏။ ထိုအ ခါသူ၌ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။ ဘုရားသခင် သိတော်မူ၏။ ၃ ထိုသူသည် ပရဒိသုဘုံသို့ ချီဆောင်ခြင်းကို ခံရ၍၊ လူမပြောအပ် မပြောနိုင်သော စကားကို ကြားသည် အကြောင်းကို ငါသိ၏။ (၂ ကော ၁၂:၂-၃) 
 
အ​ကျွန်ုပ်စိတ် ဝိညာဉ်ကို ကိုယ်တော် လက်၌ အ​ကျွန်ုပ်အပ်ပါ၏ 

ယေရှုသည်လည်း ကြီးသော အသံနှင့် ​ေ ကွးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အ​ကျွန်ုပ် စိတ်ဝိညာဉ်ကို ကိုယ်တော် လက်၌ အ​ကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက် ချုပ်တော်မူ၏။ (လု ၂၃:၄၆) ခရစ်တော် ကသူ၏ ဝိညာဉ်ကို ခမည်းတော် ထံအပ်သောကြောင့် ခမည်းတော် ရှိသော ကောင်းကင်သို့ ရောက်သွားသည်။ 

ကျမ်းစာဖတ်ကြစို့
၂ ပေ ၃

၁-၂။ ချစ် သူတို့၊ ဤဒုတိယဩဝါဒစာကို သင်တို့အား ယခုငါရေး၍ ပေးလိုက်၏။ သန့်ရှင်းသော ရောဖက်တို့သည် အထက်ကဟောပြောသောစကား များကိုင်း၊ ကယ် တင်တော်မူသော အရှင်သခင်ဘုရား၏ တမန်တော် ဖြစ်သော ငါတို့၏၌ ညတ်ကိုင်း၊ သင်တို့သည် အောက်မေ့စေခြင်းငှါ၊ ဤစာနှစ်စောင်၌ သင်တို့၏ ကြည်ဖြူသော စိတ်ဝိညာဉ်တို့ကို ငါ သတိပေး၍ နိုးဆော်၏။ 

ပေတရုကစာနှစ်စောင်ရေးထားသည်။ သူရေးရခြင်း၏ အကြောင်းရင်းကို လည်း ဤသို့ ရေးသား ထားသည် -ပရောဖက်တို့၏ စကားနှင့် တမန်တော်များ၏ ပညတ်တို့ကို အောက်မေ့ဘို့ရန် ဖြစ်သသည်။ 

၃။ ရှေ့ဦးစွာ သိမှတ်အပ်သောအရာ ဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ် ပြုတတ်သော သူတို့သည်၊ မိမိတို့ တပ်မက်ခြင်း အတိုိင်းကျင့်နေ၍၊ ၄။ သခင်ဘုရားကွ လာမည်ဟူသော ဂတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည် နောက်၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲ ဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။ 

ပေတရုကနောက်ဆုံးသော ကာလ၌ သခင်ဘုရားကြွလာမည့် ဂတိတော်ကို ပြက်ယယ်ပြုလျက် ကဲ့ရဲ့ခြင်းနှင့် တကွပေါ်လာလိမ့်မည် ဟုဆိုသည်။ ထို သူတို့သည် အဘယ်ကြောင့် ထိုကဲ့သို့ ပြက်ယယ်ပြုကြသနည်းဟူမူကား၊ မိမိတို့ တပ်မက်ခြင်း အတိုင်း ကျင့်နေသောကြောင့် ဖြစ်သည် ဟုဆိုသည်။ သူတို့ တပ်မက်သောအရာ သည်လောကအရာ ဖြစ်သည်။ အပြစ် ဒုစရိုက်၊ လောက စည်းစိမ်ဝါသနာ၊ လူမျိုးရေး၊ နိင်ငံ ရေး၊ အပျော်အပါး၊ အား ကစား၊ ပညာရေး၊ အိမ်ထောင်ရေး၊ စသည်တို့ကို တပ်မက်၍ ခရစ်တော် ကြွလာခြင်းကို အလိုမရှိခြင်း ဖြစ်သည်။ ခရစ်တော် ကြွလာလျှင် သူတို့ ကျင့်ချင်သော အရာများ စွန့်လွှတ်ဘို့ လိုသည်ဟု စိုးရိမ် သောကြောင့် ခရစ်တော် ကြွ လာမည့် အကြောင်းကို မကြားချင်ကြခြင်း ဖြစ်သည်။ ထို သူတို့သည် ဘုရား မဲ့တရား မဲ့များထက် ဘုရားတရား၌ လှုပ်ရှားပါဝင် သူများ ဖြစ်တတ်သည်။ ဘုရား မဲ့တရားမဲ့ များသည် ခရစ်တော် လာမည့် အရာပင်လျှင် မသိသောကြောင့် ကြိုက်ရမှန်းမကြိုက် ရမှန်း မသိကြချေ။ အမှုတော်ဆောင်များ ပင်လျှင် ခရစ်တော် ကြွလာမည့် အရာကို လုံး ဝမကြိုက်ကြချေ။ အကြောင်းမှာ ချီဆောင်ခြင်း၌ ပါမှာ မဟုတ်၊ ခရစ်တော်နှင့် မဆိုင် သောကြောင့် ဖြစ်သည်။ ယခုအခါ ခရစ်တော် ကြွလာမည့် အရာကို ပျက်ရယ်ပြုသောသူများ ပေါ်လာသောကြောင့် နောက်ဆုံးသောကာလ ဖြစ်ကြောင်း ထင်ရှားသည်။ 
 
၅-၆။ ရှေးကာလ၌ မိုဃ်းကောင်းကင်ကိုင်း၊ ရေထဲကထွက်၍ ရေဖြင့် တည်သော မြေကြီးကိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်း နှင့်၊ ဖြစ်ဘူးသောလောက ဓာတ်ကို ထိုသို့အားဖြင့် ရေနှင့် လွှမ်းမြ ုပ်၍ ဖျက်ဆီးကြောင်းကို ထို သူတို့သည် မှတ်မိချင်သော စိတ်မရှိကြ။ 

အထက်၌ ဖေါ်ပြခဲ့သော သခင်ဘုရားကြွလာမည့် အရာသည် ဘုရားသခင် ကိုယ်တော်တိုင် စီရင်၍ ဟောပြောခြင်း ဖြစ်သည်။ ဘုရားသခင်သည် မိုဃ်းကောင်း ကင်နှင့် ရေထဲမှမြေကြီးကို နှုတ်ကပတ်တော်နှင့် ဖန်ဆင်းကြောင်း ကမ္ဘာဦးကျမ်း၁၌ တွေ့နိ်ုင်သည်။ ထိုအပြင်နောဧခေတ်၌ ကမ္ဘာကို ရေနှင့် လွှမ်းမိုးစေကြောင်း ကိုလည်း တွေ့မြင်နိုင်သည်။ ဘုရားသခင်သည် သူ၏ နှုတ်ထွက်တော်အားဖြင့် အရာခပ်သိမ်းကို ဖန်ဆင်းပြုပြင်ဖျက်ဆီးနိုင်သည်။ ထို့ကြောင့် သခင်ဘုရားကြွဆင်းမည့် အရာလည်း ဘယ်အရာကမျှတားဆီး နိုင်မည် မဟုတ်၊ အမှန်တကယ် ဖြစ်ပြတ်မည့် အရာ ဖြစ်သည်။ သို့သော် အဘယ်ကြောင့်မယုံကြည် နိုင်၊ လက်မခံနိုင်ကြသနည်း။ ဘုရားထက် မိမိတို့၏ တပ်မက်ခြင်းကို ဦးစားပေးသောကြောင့် ဖြစ်သည်။ သင်သည် ထို သူတို့ အထဲ၌ မပါဝင်ဘို့ အရေးကြီးသည်။ ဘုရားသခင်ကို ဆန့်ကျင်ခြင်းထက် ကြောက်မက်ဘွယ်သောအရာ မရှိတော့ချေ။ 

ရ။ ယခုရှိသော မိုဃ်းကောင်းကင်နှင့် မြေကြီး မူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပတ်တော်အားဖြင့် သိုထားလျက် ရှိ၍၊ မီး ှုိ့ခြင်း အဘို့ အလိုငှါ နေရစ်သတည်း။ 

မိတ်ဆွေ၊ သင်သည် ကိုယ်ပိုင်အိမ်နှင့် မြေယာများ ယပိုင်ဆိုင်ပါသလား။ ထိုပိုင် ဆိုင်မှု အပေါ် ကျေနပ် အားရလျက် ဝါကြွားနေပါသလား။ ဤကမ္ဘာကြီးသည် မီးနှင့် ရှို့ဘို့ ရာပိုင်ရှင် ဖြစ်သော ဘုရားသခင်က ရာထားကြောင်းကို သိစေချင်သည်။ မြေကြီးသည် အစဉ်အမြဲတည်မည်ဟု ထင်ရသော်လည်း ထိုသို့မဟုတ်ပါ။ တနေ့ မီးရှို့ပျက်စီးသွားမည့် အရာ ဖြစ်သည်။ မြေကြီး မပျက်မှီတွင် သင်၏ အသက် ကုန်ဆုံးသွားနိုင်သည်။ ထို့ကြောင့် မတည်မြဲသော မြေကြီးနှင့် အိမ်၊ ရွှေငွေနှင့် ဥစ္စာများ အပေါ်မဝါကြွားဘို့၊ မမှှီခိုဘို့ ဤနှုတ် ကပတ်တော်က သတိပေးနေပါသည်။ ဘုရားသခင်သည် အနှစ်တစ်ထောင်အုပ်စိုးအ ပြီးတွင် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးကာ အသစ်ပြန်ဖန်ဆင်းရဦးမည် ဖြစ်သည်။ 
 
၈။ ချစ် သူတို့၊ ထာဝရဘုရား မှာကာလ တရက်သည်၊ အနှစ်တထောင်ကဲ့သို့င်း၊ အနှစ်တထောင်သည် တရက်ကဲ့သို့င်း ဖြစ်သည် အရာ တခုကို မမေ့လျော့ ကြနှင့်။ 

ယခုခေတ် လူသားများသည် အနှစ်တစ်ရာပင်မနေရကြပါ။ ထာဝရဘုရား အတွက်အနှစ်တစ်ထောင်သည် တရက်ကဲ့သို့၊ တရက်သည်လည်း အနှစ်တထောင် ကဲ့သို့ဖြစ်သည် ဟုဆိုသည်။ 

၉။ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည် အတိုင်း၊ ထာဝရဘုရားသည် ဂတိတော် အရာမှာနှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော် ရှိ၍၊ ငါတို့ ကိုသည်း ခံတော်မူ၏။ 

လူ များစွာက ခရစ်တော် ကြွလာမည့် အရာကြားခဲ့သည် မှာကြလှပါပြီ၊ ယခု တိုင်အောင် မဖြစ်သေးပါက လား ဟုဆိုတတ်ကြသည်။ ထိုသို့ သူများကို ပြောချင်သည်။ သင်ကြားသောအရာသည် နှစ်အနည်းငယ်သာလျှင် ရှိသေးသည်။ ထိုအရာကို ၁၉ရ ၅ ခုနှစ်မှစ၍ ​ကျွန်တော် စတင်ပြောခဲ့သောကြောင့် နှစ်ပေါင်း၄၂ ကြာပါပြီ။ သို့သော် ​ကျွန်တော် အတွက် မရိုးနိုင်၊ ပြောနေဆဲ ဖြစ်သည်။ ဘုရားသခင်သည် ​ကျွန်တော်တို့၏ အသက်ကို ကယ်တင်လိုသည်။ သင် မပြောင်းလဲ သေးသောကြောင့် သင့်ကို စောင့်နေသည်။ ထိုအရာကို မသိဘဲ နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုပြီး ပျက်ရယ်မပြုဘို့ မေတ္တာနှင့် သတိ ပေးလိုပါသည်။ 

၁၀။ သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့် တကွပျောက်သွားလိမ့်မည်။ လောက ဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီး ကိုယ်မှစ၍၊ မြေကြီးပေါ်မှ ာ ပြုလုပ် သမျှသောအရာ တို့သည် ​ကျွမ်းလောင်ကြလိမ့်မည်။ 

သူခိုးသည် အိမ်ရှင်များ မထင်မှတ်သော အချိန်၊ အိပ်ပျော်နေသော ချိန်၌ လာ တတ်သည်။ ထိုကဲ့သို့ပင်ထာဝရဘုရား၏ နေ့သည် လူများ မထင်မှတ်သော အချိန်၊ သတိမထားသော အချိန်၌ လာမည် ဟုဆိုသည်။ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့် တကွပျောက်ကွယ်သွားလိမ့်မည် ဟုဆိုသောကြောင့် အလွန် ကြောက်စရာ ကောင်းလိမ့်မည်။ လောက ဓာတ်တို့ တည်းဟူသော အာကာသ၌ ရှိသမျှတို့လည်း ပူ အားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးနှင့် အထဲ၌ ရှိသမျှတို့လည်း မီးဖြင့် ​ကျွမ်းလောင်မည် ဟုဆိုသည်။ ထို့ကြောင့် လောကနှင့် အထဲမှာရှိသမျှတို့ကို မစွဲလန်းဘဲ ကောင်းကင် အရာ၊ အထက် အရာကိုသာလျှင် စွဲလန်းကြစို့။ 

၁၁-၁၂။ သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုဃ်း ကောင်းကင်သည် မီးနှင့် ပျက်၍ လောက ဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်း ဟူသော၊ ဘုရားသခင်၏ နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မြော်လင့်တောင့်တလျက်၊ သန့်ရှင်းသော အကျင့်ကို ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း အားဖြင့်၊ အဘယ်သို့ သောသူ ဖြစ်အပ်ကြသနည်း။ 

ဘုရားသခင်၏ နေ့ တည်းဟူသော ဖန်ဆင်းထားသောအရာ အားလုံး ပျက်စီးခြင်းရောက်မည် ဖြစ်သောကြောင့်၊ လောကအရာများ စွဲလန်းခြင်းဖြင့်အချိန် မကုန်သင့်ချေ။ သန့်ရှင်းခြင်း တည်းဟူသော ဘုရား အလိုတော်အတိုင်း အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းဖြင့် အသက်ရှင်သင့်သည်ဟု အကြံပေးထားပါသည်။ ယခုအချိန်သည် ဘုရားဝတ်၌ မွေ့လျော်ချိန် ဖြစ်သည်။ ယခုအချိန်တွင်အချိန် ပိုလုပ်၍ ငွေရှာခြင်း၊ လောဘကြီးခြင်း မပြုသင့်ချေ။ 

၁၃။ ယခုရှိသမျှသောအရာ တို့သည် ပျက်ရသော်လည်း၊ ​ဖြောင့်မတ်ခြင်း တရားတည် နေရာမိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ဂတိတော်နှင့် အညီမြော်လင့်ကြ၏။ 

ယခုရှိသမျှသောအရာ တို့သည် တနေ့နေ့ပျက်ရဦးမည်။ သို့သော် ယုံကြည်သူများ အနေဖြင့် ​ဖြောင့်မတ်ခြင်း တရားတည်ရာ မိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို မြော်လင့်ကြသည် ဟုဆိုသည်။ သင်သည် ထိုအရာကို မြော်လင့်ပါသလား။ ထိုအရာကို မြော်လင့်သောသူသည် ယခုလောလောဆယ်အရာများကို တပ်မက်စွဲလန်းခြင်း မရှိတော့ချေ။ 

၁၄။ ထိုသို့ မြော်လင့်ခြင်းရှိသောကြောင့်၊ ချစ် သူတို့၊ သင်တို့သည် အညစ်အ​ကြေးနှင့် ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ ငြိမ်ဝပ်စွာ ရောက်မည်အကြောင်း ကြိုး စားအား ထုတ်ကြလော့။ 

ဝိညာဉ်ပိုင်းညစ်ညူးခြင်း သည်လောကအရာကို စွဲလန်းခြင်း ဖြစ်သည်။ လောကအရာများက လူ၏ စိတ်ဝိညာဉ်ကို ညစ်စေသည်။ ထို့ကြောင့် မိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို မြော်လင့်သော သူတို့ အနေဖြင့် သန့်ရှင်းခြင်းကို ဦးစားပေးဘို့ လို အပ်သည်။ စာရေးသူက၊ သင်တို့ကို ခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည် နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာလာသတည်း။ (၁ ပေ ၁:၁၅-၁၆)ဟု ရေးခဲ့ပြီး ပြီ။ 

၁၅။ ငါတို့ ချစ်သော ညီပေါလုသည်၊ မိမိခံရသော ဥာဏ်ပညာအတိုင်း သင်တို့အား ရေး၍ ပေးလိုက်သော စာ၌ င်း၊ သူသည် ဤအရာများကို ပြော၍ စီရင်သော ဩဝါဒစာရှိသ မျှတို့၌ င်းပါသည်နှင့် အညီ၊ ငါတို့ သခင်ဘုရားသည်း ခံတော်မူခြင်းသည် ကယ်တင် မည်အကြောင်း ဖြစ်သည်ဟု မှတ်ကြလော့။ 

ပေတရုကပေါလု၏ စာရေးသား ချက်များကို အသိအမှတ်ပြုသည်။ သူနှင့် ပေါလုတို့သည် တလုံးတဝတည်း ဖြစ်ကြောင်းကို ထင်ရှားစေသည်။ 

၁၆။ ထိုစာတို့၌ ခက်ခဲသောအရာ အချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်း မရှိသော သူတို့သည်၊ ထိုအရာမှစ၍ ကွင်းသော ကျမ်းစာ၏ အနက်ကို မှောက်လှန်၍၊ ကိုယ်ကိုကိုယ် ဖျက်ဆီးတတ်ကြ၏။ 

မတတ်သောသူ၊ တည်ကြည်ခြင်း မရှိသောသူများက ကျမ်းစာ၏ အနက်ကို မှောက်လှန်၍ ကိုယ်ကိုကိုယ် ဖျက်ဆိီးတတ်သည် ဟုဆိုသည်။ မည်သို့ ဖျက်ဆီးသနည်း။ ကျမ်းစာ အနက်ကို အလွှဲယူသောကြောင့် မကျင့်သင့်သောအရာ၊ မမျှော်လင့်သောအရာကိုမျှ ော်လင့်၊ မပြောသင့်သော အရာများကို ပြောတတ်သည်။ ထိုအရာ များသည်လောက အကြိုက်၊ လူ့ဇာတိအကြိုက်များကို လုပ်ခြင်းအားဖြင့် ပျက်စီးတတ်
သည်။ 

၁ရ။ သို့ဖြစ်၍၊ ချစ် သူတို့၊ မတရားသော သူတို့၏ ပရိယာယ်အားဖြင့်၊ သင်တို့သည်လည်း သွေးဆောင်ရာသို့ လိုက်၍၊ သင်တို့ တည်ကြည်ခြင်းမှ မရွေ့လျော့မည်အကြောင်း၊ ဤအရာများကို သိနှင့် ပြီ ဖြစ်၍၊ ကိုယ်ကိုကိုယ် စောင့်ရှောက်ကြလော့။ 

မတရားသော သူတို့၏ ပရိယာယ်အားဖြင့် သွေးဆောင်ရာသို့ လိုက်၍ မရွေ့လျောဘို့ရန် ကိုယ်ကိုကိုယ် စောင်ရှောက်ဘို့ မှာထားသည်။ ကိုယ်ကာပိုင်းနှင့် စိတ် ပိုင်းမှားယွင်းခြင်းသည် ခဏသာခံစားရသော်လည်း ဝိညာဉ်ပိုင်းမှားယွင်းခြင်းသည် ထာဝရ ကာလ တိုင်တည်နိင်သောကြောင့် အလွန် သတိထားရမည်။ 

၁၈။ ကျေးဇူးတော်၌ င်း၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှု ခရစ်ကို သိ​ကျွမ်းခြင်း၌ င်းကြီး ပွါးကြလော့။ ထိုသခင်သည် ယခုမှစ၍ ထာဝရ နေ့ရက်ကာလ ပတ်လုံးဘုန်းအသရေရှိတော်မူ စေသတည်း။ အာမင်။ 

ကျေးဇူးတော်၌ င်း၊ ကယ်တင်တော်မူသော အရှင်သခင်ယေရှု ခရစ်ကို သိ​ကျွမ်းခြင်း၌ င်း၊ကြီး ပွါးကြဘို့ မှာထားသည်။ သို့သော် ယုံကြည်သူများသည် ငွေကျေး၊ လောကအရာနှင့် ပညာ၌၊ကြီး ပွားချင် ကြသည်။ ယခုမှစ၍ ဝိညာဉ်ရေးရာ၌ ကြီး ပွားဘို့ ကြိုးစား ကြပါစို့။ သခင်သည် ယခုမှစ၍ ထာဝရ နေ့ရက်ကာလ ပတ်လုံး ဘုန်းအသရေရှိတော်မူ စေသတည်း။ အာမင်။ 

 

အလိုတော်၌ ဆုတောင်းခြင်းအသက်တာ (၁) 
သား ထူး

စာရေးသူ၏ အသက်တာ၌ သခင် ခရစ်တော်ကို မိမိ၏ ဤသက်သခင်ပိုင် ရှင်အဖြစ် ယုံကြည် လက်ခံခဲ့သည့်အချိန် မှစ၍ ထိုသခင်၏ အလိုတော်ကို သိဖို့ရန်ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းများအပြင်သခင်ဘုရား၏ အသုံးတော်ကို ခံယူလျက် ရှိကြသော ဓမ္မဆရာ၊ ဆရာမများ၏ သွန်သင်ချက်နှင့် ဆုံးမဩဝါဒများကို ခံယူခြင်း၊ ခရစ်တော်ကို ယုံကြည်သော ညီအစ်ကို၊ မောင်နှမ များ၏ သက်သေခံချက်နှင့် အသက်တာလှေျာက်လှမ်းမှုများကို ဆင်ခြင်၍ မိမိအသက်တာကို ပြင်ဆင်လျက် သခင်ဘုရား၏ အမှုတော် မြတ်ကြီး ထဲ၌ အုတ်တချပ်သဲတပွင့်ပါဝင်ဆက်ကပ်ရန်ဆုံး ဖြတ်၍ လှေျာက်လှမ်းနေသောသူ ဖြစ်ပါသည်။သို့ ပါသောကြောင့် စာရေးသူအ သက်တာ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြ သက်သေခံခြင်း အားဖြင့်သော်လည်း ကောင်း၊ ဆရာမိုးဇက်၏ ချစ်ခြင်းမေတ္တာဖြင့် တိုက်တွန်း၊ ခွန် အားပေး၊ ခွင့်ပြုပေးသောကြောင့်လည်း ကောင်း၊ ကိုယ်တော်၏ နာမတော်အားဖြင့် ခံယူခဲ့သော အရာများကို ပြန်လည်ဝေငှ သက်သေခံရေးသား အပ်ပါသည်။ 

စာရေး သူတို့၏ ခရစ်ယာန် ယုံကြည်သူ အသက်တာတွင် သခင်ဘုရား၏ အလိုတော်ကို လိုက်လှေျာက်တတ်ဖို့ရန် အလွန်ပင် အရေးကြီး ပါသည်။ ထိုအရေး ကြီးသော အရာများ ထဲ၌ ဆုတောင်းခြင်းသည် တစ်ခုအပါအဝင် ဖြစ်ပါသည်။ စာရေး သူအသက်တာ၌ ယုံကြည် ခါစတွင် ဆုတောင်းခြင်း၌ အလွန် အားနည်းခဲ့ပါသည်။ အကြောင်းမှာ မည်ကဲ့သို့ ဆုတောင်းရမည်၊ မည်သည်ကို ဆုတောင်းရမည်၊ မည်သည့် နေရာတွင် ဆုတောင်းရမည်၊ စသည်ဖြင့် ယောင်တောင်တောင် ဖြစ်ခဲ့ရသည်။ အမှန် တကယ်၌လည်း ဆုတောင်းခြင်းအားဖြင့် အထံတော်သို့ တိုးဝင်ချဉ်းကပ်ခြင်း အမှုသည် လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက် ဆို သကဲ့သို့ အလွန် နက်နဲသောအရာ ဖြစ်သည်။ ထိုသို့ ဆိုခြင်း၌ ဘုရားသခင်၏ အလိုတော်ကို သိ၍ ဘုရားသခင် နှစ်သက်ဖွယ်သော ယဇ်ကို ပူဇော်ဆက်ကပ်နိုင်ရန် ဆိုလိုခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ၌ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက် သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏ဟု (၁ရာ ၁၅:၂၂) သွန်သင်ထားသည်။ ထိုကြောင့် ဆုတောင်းခြင်း၌ ဘုရားသခင်၏ အလိုတော်ကို သိ၍ နားထောင် တတ်ခြင်း အမှုကို ပြုတတ်ဖို့ရန် အလွန် အရေးကြီးကြောင်း လေ့ကျက်မိခဲ့ပေသည်။ 

ဆုတောင်း သူတစ်ဦး၏ အသက်တာထဲ၌ ထာဝရဘုရားသခင်၏ အလိုတော် ကိုလည်း မသိ၊ သခင်ဘုရား၏ စကားတော်တို့ကို စေ့စေ့နားမထောင်၊ လိုက် လှေျာက်ခြင်း မရှိပဲ ဆုတောင်း မှုကို ပြုလုပ် လှျင် ထိုဆုတောင်း သူ၌ မည့်သည့် အကျိုးကိုမျှ မခံစား နိုင်ကြောင်း ဘုရားသခင်သည် လူဆိုးတို့ စကားကို နားထောင်တော်မမူသည်ကို ငါတို့ သိကြ၏။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်သို့ လိုက်သောသူ ဖြစ်လှျင် ထိုသူ၏ စကားကို နားထောင်တော်မူ၏။ဟု ယော ၉:၃၁၌ ဖော်ပြထားသော ကျမ်းချက်အားဖြင့် သင်ယူရပေသည်။ တဖန် သမ္မာကျမ်းစာ၌ ငါသည် စိတ်နှလုံး ထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လှျင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။ -ဟု ဆာလံ ၆၆:၁၈တွင် ဆိုထားသည့်အပြင်၊ ဟေရှာယ ၁:၁၅၌လည်း သင်တို့သည် လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည် မျက်စိကို လွှဲမည်။ များစွာသော ပဌနာကို ပြုကြသောအခါ၊ ငါသည် နားမထောင်။ သင်တို့ လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။ဟု သတိပေးသွန် သင်ထားပြန်သည်။ ထိုကြောင့် သခင်ဘုရား၏ အလိုတော်နှင့် အညီ ဆုတောင်း ပဌနာ ပြု တတ်ဖို့ရန် အင်မတန်အရေးကြီး ပေသည်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသော အကြောင်း အရာတစ်ခုကို ဆက်လက်လေ့လာကြည့်ကြပါအုံုးစို့။ 

မိမိ ကိုယ်ကို ချီးမြှောက်၍ ဆုတောင်းသောသူနှင့် မိမိကိုယ်ကို နှိမ့်ချ၍ ဆုတောင်းသူအကြောင်းကို လုကာ ၁၈:၁၀-၁၄တွင် လူနှစ်ယောက်တို့သည် ဆု တောင်းပဌနာ ပြုခြင်းငှါ ဗိမာန်တော် ပေါ်သို့ တက်ကြ၏။ တယောက် ကား ဖာရိရှဲ ဖြစ်၏။ တယောက် ကား အခွန်ခံ ဖြစ်၏။ ဖာရိရှဲသည် တယောက် တည်းရပ်လျက် အို ဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက် လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း အပြစ်ရှိသကဲ့သို့ အ​ကျွန်ုပ်၌ မရှိသည်သာမက၊ ဤအခွန် ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီး လှပေ၏။ အ​ကျွန်ုပ်သည် ခုနှစ် ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့ တဘို့ လှူပါ၏ ဟူ၍ ဆုတောင်း ပဌနာ ပြု၏။ အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့ မမှေျာ်မကြည့် ဝံ့ဘဲ ရင်ပတ်ကို ခက်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အ​ကျွန်ုပ်ကို သနားခြင်း ဂရုဏာစိတ်ရှိတော်မူပါဟု ဆုတောင်း လေ၏။ ဖာရိရှဲသည် မိမိ၏ ကောင်းမြတ်ခြင်း အကျင့်၌ ကျေးဇူးတော်ကို ချီးမွမ်းသ ယောင်ဖြင့် ဝါကြွား၏။ မာနထောင်လွှား၏။ မိမိကိုယ်ကို ချီးမြှောက်၍ သူတပါး၏ အပြစ်ကို ထောက်ပြခြင်းဖြင့် စိတ်နှလုံးညစ်ညူးလျက် ဆုတောင်း ပဌနာ ပြု၏။ သူ၏ ဆု တောင်းသံကို ထာဝရဘုရားသခင်သည် မျက်နှာတော် လွှဲတော်မူ ခဲ့သည်။ 


အခွန်ခံကား ထိုကဲ့သို့ မဟုတ် စိတ်နှလုံးနှိမ့်ချ၍ မိမိအပြစ်ကို သိမြင်၊ ဝန်ခံခြင်းဖြင့် အထံတော်၌ သနားခြင်း ဂရုဏာတော်ကို ရင်ပတ်ခတ်လျက် တောင်ခံစဉ်တွင် ပင် အပြစ် လွတ်တော်မူကြောင်း သခင် ခရစ်တော်သည် သက်သေခံတော်မူ၏။ 

ထိုသာဓကအားဖြင့် သခင် ခရစ်တော်က လုကာ ၁၈:၁၄တွင် ငါဆိုသည်ကား၊ ထိုသူ (အခွန်ခံ)သည် အပြစ် ပြေလျက် မိမိအိမ်သို့ ပြန်သွား၏။ ဖာရိရှဲမူကား အပြစ် မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူ မည်သည်ကား၊ ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု ဆုံးမသွန်သင်တော်မူ၏။ ​ကျွန်ုပ်တို့ ဘုရားရှင်ထာဝရဘုရားသည် စိတ်နှလုံးနှိမ့်ချ၍ ဆုတောင်းခြင်း အမှုကို နှစ်သက်တော်မူ၍ ထိုကဲ့သို့ ဆုတောင်းသောသူကို မြင့်ရာအရပ်သို့ ချီးမြောက်တော်မူကြောင်းကို လေ့လာမိပါသည်။ 

ချစ်သော မိတ်ဆွေ သင်၏ အသက်တာ၌ နေ့စဉ် ဆုတောင်းခြင်း အမှုကို ပြု နေပါသလား။ မည်သည့်အရာများကို ဆုတောင်းမှု ပြုနေပါသနည်း။ မည်ကဲ့သို့ ဆု တောင်းနေပါသနည်း။ ​ကျွန်ုပ်တို့ ဆုတောင်းသော ဆုတောင်း ချက်များသည် အလို တော်နှင့် ညီ၍ ဘုရားသခင် နှစ်သက်သော ဆုတောင်းခြင်း ယဇ်၊ မျက်နှာတော် ရှေ့၌ မွှေကြိုင်သော ရနံ့ ဖြစ်ပါရဲ့လားစသည့်အရာများကို စာရေးသူနှင့်အတူ နောက်လာ မည့် သတင်းကောင်း စာစောင်တွင် ဆက်လက်လေ့လာကြပါစို့။ 

အမှုတော်ဆောင် မွမ်းမံသင်တန်း

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အမှုတော်ဆောင််များ၏ ပုံမှန်လစဉ် မွမ်းမံသင်တန်းကို ဧပြီလ ၃ -ရ အတွင်း ၅ ရက် ကောင်းမွန်စွာ ပြုလုပ် နိုင်ခဲ့ပါသည်။ ထိုသင်တန်း၌ အမှုတော်ဆောင် ၂၂ ပါးနှင့် ယုံကြည်သူများ၃မှ ၁၅ယောက်ခန့်နေ့ တိုင်း တက်ရောက်နိုင်ခဲ့ပါသည်။ ထိုသင်တန်း၌ ဥပုသ်နေ့အကြောင်း၊ ပဋ္ဋိညာဉ်ဟောင်းနှင့် အသစ်အကြောင်း၊ များအပါအဝင် ခေတ်ကာလ များအကြောင်းနှင့် ခရစ်ယာန် အသက်တာများ သင်ကြားခဲ့ကြပါသည်။ ညပိုင်း၌ ယုဒရှင်ဘုရင်များ အကြောင်းကို အသင်းတော်၌ သင်ကြားကြပါသည်။ မေလ ၁၅-၁၉ ရက်နေ့များတွင် သင်တန်း ပြုလုပ် ရမည် ဖြစ်ပါသည်။ ယခုသင်တန်း၌ ဩစ​တြေးလျနိင်ငံမှ ဆရာလောင်းနိင်းနှင့် မြန်မာ နိင်ငံမှဆရာထွန်းထွန်းတို့လည်း ပါဝင်နိုင်ကြပါသည်။ ညနေပိုင်း၃-၅ အတွင်း အိမ်တံ ခါးခေါက်၍ သက်သေခံခြင်းများ၊ ကျမ်းစာ သင်ခြင်းများကိုလည်း အမှုတော်ဆောင်များပြုလုပ် ကြရာ ဘုရား၏ အသုံးပြုမှုဖြင့် အောင်မြင် ကြပါသည်။ ဩဂုတ်လတွင် တ လလုံးလုံးအမှုတော်ဆောင်သင်တန်းပြန်လည်း ပြုလုပ်၍ လူသစ်များလည်း လက်ခံမည် ဖြစ်ကြောင်း သတင်းကောင်း ပါလိုပါသည်။ ယခုသင်တန်း၌လည်း အမှုတော်ဆောင်များသွေးချိုစစ်ဆေးကြရာ ယခင်ထက် အစားအသောက်များရှောင်ခြင်းကို ပြုလုပ် နိုင် ကြပါသည်။သော ကြ်ာနေ့၌ တနေကုန်အစာရှောင်ခြင်းလည်း ပြုလုပ် ကြရာညနေ ၄ နာရီ၌ အားရဝမ်းမြောက်စွာဖြင့် သင်တန်းပြီး ဆုံးနိုင်ခဲ့ပါသည်။ 

 

ပဌမ အကြိမ်အဖွဲ့ချုပ် အစည်းအဝေး


သတင်းကောင်း နှစ်ခြင်း အသင်းချုပ်အောက်တွင် ရှိသော မစ်ဝဲစ်အဖွဲ့ချုပ် (Midwest Association) အစည်းအဝေးကို ဧပြီလ ၁၅ ရက်နေ့တွင်၊ ၍Indianapolis Southside GBC ၌ အောင်မြင် စွာ ကျင်းပနိုင်ခဲ့ပါသည်။ ထိုအဖွဲ့ချုပ်၌ Battle Creek, Fort Wayne, Indinapolis Northside, Indianapolis Westside, Indianapo lis Southside, Indianapolis Chin, Louisville, Bowling Green GBC များမှ အမှုတော်ဆောင်များနှင့် အသင်းတော် လူကြီးများ၊ အမျိုးသမီးခေါင်းဆောင်များနှင့် လူငယ်ခေါင်းဆောင်များပါဝင် ကြသည်။ ထိုအစည်း အဝေးမှ ဦးဆောင်မည့်သူများကို ရွေးကောက်ကြပါသည်။ Rev. Moses Uk (Battle Creek GBC)  ဥက္ကဌ၊ Pastor Micah Cuang (Louisville GBC)  ဒုဥက္ကဌ၊ Pastor Isaac Thang (Indianapolis Chin GBC) အတွင်းရေးမှုး၊ Saya Nai Lin (Indianapolis Northside GBC) တွဲဖက်အတွင်းရေးမှုး များဖြစ်ပါသည်။ အဖွဲ့ချုပ် အစည်းအဝေးကို တနှစ်လျှင် နှစ်ကြိမ် ပြုလုပ်ဘို့ ဖြစ်၍ လာမည်အောက်တိုဘာလ ၁၄ ရက်နေ့တွင်၍ Indianapolis Chin GBC ၌ ပြုလုပ်ရန် သဘောတူ ကြပါသည်။ အစည်းအဝေးသာမက၊ ဆုတောင်းခြင်းနှင့် ကျမ်းစာ သင်တန်း ပြုလုပ်ခြင်းလည်း ပြုလုပ် ကြဘို့ ဆုံးဖြတ်ကြပါသည်။ 

 

ယခုလကျမ်းပိုဒ်
၁၃ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရားကို ုိသေခြင်းရှိကြလော့၊၊ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်းရှိကြလော့၊၊ ၁၄ ထိုသို့ပြုလျှင် ထိုဘုရားသည် သင်တို့ ခိုလှုံရာ ဖြစ်တော်မူ လိမ့်မည်၊၊ (ဟေရှာယ ၈:၁၃-၁၄) 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG