GOODNEWS
  HOME  GOODNEWS  2017 MAR
 


အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော် ကာလ မကုန် သေးသောကြောင့် ဤစာစောင်ကို ရေးသား ဖတ်ရှုနိုင်ခြင်း ဖြစ်သည်။ သို့သော် ကျေးဇူးတော် ကာလသည် ထာဝစဉ် တည်မည် မဟုတ်၊ ကုန်ဆုံးချိန်ရှိလိမ့်မည်။ ယခုကမ္ဘာ့ အ​ခြေအ နေကြည့်လျှင်၊ သဘာ ဝဘေးဒဏ်များ ပို၍ ပို၍ များပြားလာသည်။ လူမှု အကျင့်ပိုင်းကြည့်လျှင်လည်း ကမ်း ကုန်အောင် ယိုယွင်းပျက်စီးနေပြီ။ ဝိညာဉ်ပိုင်း၌လည်း ထာဝရဘုရားကို ယုံကြည်လာ ကြ သူများရှိကြသော်လည်း စွန့်ခွာသောသူများ ပြားလှသည်။ စီးပွားရေးလည်း မသေ မချာ ဖြစ်သည်။ ခရစ်တော် ကြွလာဘို့လည်း နီးသထက် နီးလာသည်။ ကမ္ဘာ့ နိင်ငံကြီး များသည် စစ်လက်နက်အသစ်အဆန်းများ အပြိုင်အဆိုင်ထုတ် နေကြသည်။ တတိယ ကမ္ဘာစစ် ဖြစ်ပါက အားလုံး ပြာကျသွားနိုင်သည်။ 

ထိုအချိန်တွင် ဘုရားသခင် ထံ၌ ခိုလှုံဘို့ရန် အကြံပေးလိုသည်။ “ရှင်ဘုရင်တို့သည် သင်၏ ဘထွေး၊ မိဖုရားတို့သည် သင့်ကို မွေးစားသော အမိ ဖြစ်လိမ့်မည်။ သင့် ရှေ့မှာ ဦးညွတ်ပြပ်ဝပ်၍ သင်၏ ​ခြေ၌ မြေမှုန့်ကိုလျက် ကြလိမ့်မည်။ ငါသည် ထာဝရ ဘု ရား ဖြစ်ကြောင်းကို၎င်း၊ ငါ့ကို မြော်လင့်သော သူတို့သည် ရှက်ကြောက်ခြင်း မရှိကြောင်းကို၎င်းသင်သိလိမ့်မည်။” (ဟေရှာယ ၄၉ ; ၂၃) “အကယ်စင်စစ်ကိုယ်တော်ကို မြော် လင့်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ မရောက်ရကြပါ။” (ဆာ ၂၅:၃ ခ) “ထာ ဝရဘုရားသည် အစဉ်အမြဲတည်တော်မူသော ဘုရားသခင် ဖြစ်ကြောင်းကို၎င်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင် ဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း၊ ပင် ပန်းတော်မူခြင်း မရှိ၊ စစ်၍ မကုန်နိုင်သော ဥာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည် မသိမကြားဘူးသလော။ ထိုဘုရားသည် မောသော သူတို့ အား၊ ခွန်အားကို ပေးတော်မူ၏။ နွမ်းနွယ်သော သူတို့ အား၊ အစွမ်းသလ္လိနှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည် မော၍ ပင်ပန်းခြင််းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ထာဝရဘုရားကိုမျှ ော်လင့်သော သူတို့ မူကား၊ အား ပြည့်ကြလိမ့်မည်။ လင်းယုန်ကဲ့သို့ မိမိတို့ အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသောလည်း မပင်ပန်း၊ ခရီး သွားသောအခါ မမောရကြ။” (ဟေရှာယ ၄၀:၂၈-၃၁) 


ယခုလစာစောင်တွင်...

  • ကယ်တင်ခြင်း 
  • အနှစ် ၅၀၀ ပြည့်ပြုပြင်ပြောင်းလဲမှု 
  • တံပိုးမှုတ်ပွဲ
  • အနှစ် ၁၀၀ ပြည့် Balfour Declaration
  • ပင်မှည့်အုပ်မှည့်ကင်မှည့်
  • ရွေးကောက်တော် မှုခြင်း အတွက် ကျေးဇူးတော် ချီးမွမ်းခြင်း  
  • ဝိညဉ်ရေးစီမံကိန်း
  • ကျမ်းစာဖတ်ကြစို့  (၂ ပေ ၁) 
  • အမှုတော်ဆောင်သင်တန်း
  • Youth Camping

 

 

 ကယ်တင်ခြင်း 

 

အသက်ရှင်ရခြင်း၏ အကျိုးသည် အမျိုးမျိုးဖြင့် တိုင်းတာ၊ သတ်မှတ် ကြသည်။ သူတပါးအတွက် အကျိုးပြုနိုင်လျှင်၎င်း၊ လိုချင် တောင့်တသော အရာများ ရရှိလျှင်၎င်း၊ ငွေ​ကြေးချမ်းသာလျှင်၎င်း၊ နာမည်ကျော်ကြားလူသိများလျှင်၎င်း၊ အသက်ရှင်ရကျိုးနပ်သည်ဟု အမျိုးမျိုး ထင်မှတ် ကြသည်။ မှန်ပါသည်လောက၌ လူများ ချီးကျိုးခြင်း ခံရလောက်အောင် ကိုယ်ကျိုး စွန့်၍၊ သူတပါးကူညီတတ်သောသူများရှိသည်။ အသက် ပေး၍ လူအများအတွက် အသေခံသောသူများရှိသည်။ လောက ကြီးကို မွှေ နှောက်၍ ဇိမ်ခံ သူများရှိကြသည်။ အာဏာရှိ၍ လူတိုင်း၏ ကြောက်ရွံ့ရိုသေခံ သူများလည်းရှိသည်။ သို့သော် မည်ကဲ့သို့ အသက်ရှင်နိုင်သည် ဖြစ်စေ၊ လူသည် တနေ့သေ ရမှာသေချာသည်။ ထိုသို့ သေပြီး နောက်သင်၏ ဝိညာဉ် ဘယ်နေရာသွားမည်နည်း။ လူသည် တိရစ္ဆာန်ကဲ့သို့ ကိုယ်ခန္ဓာသာရှိသည် မဟုတ်။ ဝိညာဉ်လည်းရှိသေးသည်။ ထိုဝိညာဉ်သည် ခန္ဓာကိုယ်ကဲ့သို့မသေနိုင်ချေ။ ထာဝရ အသက်ရှင်နေမည် ဖြစ်သည်။ ထိုဝိညာဉ် အတွက် ကြိုတင် ပြင်ဆင် ထားဘို့ လိုသည်။ ခရစ်တော်က၊ “လူသည် ဤစ ကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။” ဟု သတိပေးနေသော်လည်း လူအများစုသည် လုံးဝ ဂရုမစိုက်တတ်ချေ။ အလွန် ဝမ်းနည်းစရာ ဖြစ်သည်။ 

နာမည်ကျော် များသေကြပြီ

Titanic သင်္ဘောဆောက်သူ Thomas  Andrews ကသူဆောက်သော သင်္ဘောသည် ဘုရားကတောင်ရေထဲနစ်စေနိုင်မည် မဟုတ်ဘူး ဟုဆိုခဲ့သည်။ ၁၉၁၂ ဧပြီလ ၁၀ ရက်နေ့တွင် သင်္ဘောနစ် သွား၍ သူလည်းရေနစ်သေဆုံးခဲ့သည်။ 

 Marilyn Monroe ရုပ်ရှင်မင်းသမီးသည် အလွန် နာမည်ကျော်ကြားအောင်မြင် လှသည်။ သူ့ကို Billy Graham ကဘုရား အကြောင်း ပြောသောအခါ၊ “သင်ရဲ့ ယေရှုကို ငါမလိုဘူး” ဟုပြောလိုက်သည်။ နောက် တပတ်မှာသူအသက် သေဆုံးသွားသည်။ 

Rock and roll ဘုရင် Elvis Presley  သည် ၁၉၅၃-၁၉ရရ ခုနှစ်များ အတွင်း၌ အလွန် နာမည်ကျော်ကြားခဲ့သည်။ ရုပ်လည်း ချော၍ အကလည်း တော်သည်။ ရုပ်ရှင်မင်းသား၊ အဆိုကျော်၊ ထုတ်လုပ်သူ၊ လိုတရသူ ဖြစ်သည်။ သို့သော် နာမည် ကျော်ကြားချမ်းသာ မှုက စိတ်ငြိမ်သက်မှု မပေးနိုင်သောကြောင့် မူးယစ်ဆေးဝါးဆွဲ ကာ ၁၉ရရ ခုနှစ်တွင် အသက် ၄၂တွင် သေဆုံးသွားခဲ့သည်။ 

၁၉၆၀ နှစ်များတွင် နာမည်ကျော်ကြားခဲ့သော (The Beatles)  အဆိုတော် အဖွဲ့ဝင် John Lennon က၊ “ယေရှု၏ သွန်သင်မှု များသည် ရိုးလွန်းသည်။ ယေရှုထက် ငါတို့ နာမည်ကျော် နေပြီ၊ ” ဟု ဝါကြွားခဲ့သည်။ ၁၉ရဝ ခုနှစ်တွင် သူတို့ အဖွဲ့ပျက်၍ ၁၉၈၀တွင် သူ၏ ပရိသတ်ထဲမှသေနပ်​ခြောက်ချက်ဖြင့် ပစ်သတ်ခံရသည်။ 

Michael Jackson သည် အနုပညာလောကတွင် အအောင်မြင် ဆုံးနှင့် အကျော်ကြားဆုံး ဟုဆိုနိုင်သည်။ ၂၀၀၉ ခုနှစ်တွင် အသက် ၅၁ နှစ်မပြည့်မှီတွင် ဆေးဝါး သုံးဆွဲမှုကြောင့် သေဆုံးသွားသည်။ သေပြီး နောက်၌လည်း သူ၏ Album များကို ရောင်းချရာတွင် တနှစ်လျှင် ဒေါ်လာသန်းရာနှင့် ချီဝင်ငွေရှိသည်။ ၂၀၁၆ ယ မန်နှစ်တွင် အများဆုံး ဖြစ်၍ သန်းပေါင်း၈၂၅ ရှိသည်။့ en.wikipedia.org/wiki/Michael_Jackson

အာဏာရှင်များ သေကုန်ကြပြီ

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်စေခဲ့သူ ဟစ်တလားကို သူ၏ နိင်ငံသားများကဖိတ် ဖိတ်တုံကြောက်ခဲ့ ကြသည်။ လူ များစွာကို သတ်ခဲ့သော်လည်း စစ်ပွဲရှုံး လာသောအခါ၊ သူ့ကိုယ်သူပစ္စတိုသေနတ်ဖြင့် သတ်သေလိုက်သည်။ သူ၏ မိန်းမလည်း အဆိတ်သောက် သေလိုက်သည်။ အီတလီအာဏာရှင်မူဆိုလိုနီလည်း သူ၏ မိန်းမနှင့်အတူ မီလန်မြို့တွင် ပြောင်းပြန်ချိတ်ခြင်းဖြင့် အသေသတ်ခြင်း ခံခဲ့ ကြသည်။ အီရတ်အာဏာရှင်ဆဒမ် ဟူစိန်သည် လူ များစွာကို ညှင်းဆဲသတ်ဖြတ်ခဲ့သည်။ သို့သော် သူသည် စစ်ရှုံးသောအခါ မြေအောက်တွင်း ထဲ၌ ပုန်းရှောင်နေသော်လည်း တွေ့သွား ကြသည်။ သူ့ကို ကြိုး ဆွဲခြင်းအားဖြင့် သေဒဏ်ပေး ကြသည်။ ရိုမေးနီးယား အာဏာရှင်ချောင်ချက်စကိုတို့ လင်မယား လည်း၊ ၁၉၈၉ ခုနှစ်တွင် စက်သေနပ်ဖြင့် အချက်ပေါင်း များစွာ ပစ် သတ်ခဲ့ ကြသည်။ ရုရှားအာဏာရှင်စတာလင်လည်း လူသန်းပေါင်းနှစ်ဆယ်ကျော် သတ်ဖြတ်ခဲ့သည်။ သို့သော် အခြားအာဏာရှင်များ ကဲ့သို့ အသတ်မခံသော်လည်း နှလုံးသွေးကြောပိတ်၍ ၁၉၅၃ ခုနှစ်တွင် သေသွားခဲ့သည်။ 

အထက်ပါ အာဏာရှင်များ သေခဲ့ကြ သကဲ့သို့၊ သူဌေးသူကြွယ်များ၊ အရာ ရှိကြီးများ၊ လူတန်းစားမျိုးစုံတို့သည် သေခဲ့ကြပြီး ပြီ။ သူတို့သည် လောက အသက်ရှင်စဉ်တွင် အောင်မြင် ကျေနပ် သူရှိ သကဲ့သို့၊ ဆင်းရဲ ပင်ပန်းစွာ အသက်ရှင်ကာသေ သွားကြသည်။ မည်သို့ပင်ဖြစ်စေ အောင်မြင် မှုနှင့် အသက် တန်ဘိုးသည်လောကအရာအားဖြင့် တိုင်းတာ၍ မရပါ။ ခန္ဓာအသက် ကုန်ဆုံးပြီး နောက် ဝိညာဉ် အဘယ်အ ရပ်သို့ သွားသနည်း။ ကောင်းကင်သို့ ရောက်လျှင် ရှင်ရကျုုိးနပ်သည်။ ငရဲရောက်လျှင် အသက်ရှင်ရကျိုး လုံးဝ မနပ်ချေ။ မိတ်ဆွေ၊ သင်မည်သည့်နေရာ၌ ရောက်မည် နည်း။ စဉ်းစားဘူးပါသလား။ ခရစ်တော်က၊ “တနေ့သ၌ ထိုဆင်းရဲ သားသည် သေ လွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်းအဝေးကမြင်လျှင်၊ အိုအဘအာဗြဟံ၊ အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါ။” (လု ၁၆:၂၂-၂၄) ဟုဆိုသည်။ သူဌေးကြီးသည် ငရဲ၌လည်း သူဌေးဟု ခေါ်သည်။ သို့သော် အကျိုးမရှိတော့ပါ။ ရေငတ်လျက် ပြင်းထန်စွာ ဝေဒနာ ခံနေရပြီ။ ဆင်းရဲသား လာဇရုသည် သေ၍ အာဗြဟံရင်ခွင်၌ ထာဝရ နားနေရပြီီီီ။ သူဌေးကြီးကိုအား ကျပါသလော။ ကောင်းစွာ ဆင်ခြင်ပါ။ 


အနှစ် ၅၀၀ ပြည့်ပြုပြင်ပြောင်းလဲမှု

Reformation

 ၁၆ ရာစုနှစ်အထိ ခရစ်ယာန်သည် ရိုမင်ကက်သလိပ်သာလျှင် ရှိခဲ့သည်။ ရိုမင်ကက်သလိပ်သင်ကြားမှုသည် သမ္မာတရား အတိုင်း မဟုတ်၊ ကယ်တင်ခြင်းလည်း မသင်ပေး၊ အပြစ် လွှတ်ခြင်း စာရွက်များကိုလည်း ရောင်းချ၊ ကျမ်းစာလည်း လူတိုင်း မဖတ်နိုင်သောကြောင့် တော် လှန်မှုများရှိခဲ့ ကြသည်။ သူတို့၏ အသက် ပေးတော် လှန်မှုကြောင့် ​ကျွန်ပ်တို့ ယနေ့၊ ကယ်တင်ခြင်းနှင့် သမ္မာတရားကို သိရှိခံစား နိုင် ကြသည်။ ယခုနှစ်သည် မာတင်လူသာ၏တော် လှန်ရေးအနှစ် ၅၀၀ မြောက်နှစ် ဖြစ်သည်။ သူတို့ကို ဘုရားသခင်က အသုံးပြုခဲ့သောကြောင့် မသိဘဲ မနေသင့်ချေ။ ထို့ကြောင့် သူတို့၏ အကြောင်း အနည်းငယ်စီကို ဖေါ်ပြလိုပါသည်။ 

John Wycliffe (1330–84)

အသင်းတော် အတွင်း ယိုယွင်းမှု ထဲ၌၊ အပြစ် လွှတ်သော စာရောင်းခြင်း၊ ဘုရား ဖူးသွားခြင်း၊ သန့်ရှင်း သူများကို ရိုသေလေး စားလွန်းခြင်း၊ ဘိသိက်ခံဘုန်းကြီး များ၏ အကျင့်နှင့် အသိဥာဏ်စံ နှုန်းနိမ့်ကျခြင်းများအတွက် တိုက်ခိုက် ခဲ့သည်။ ပွဲတော် မင်္လာ၌ အသုံးပြုသော မုန့်နှင့် စပျစ်ရည်လည်း ဘုန်းကြီးများက ဆုတောင်းပြီးသောအခါ ခရစ်တော်၏ တကဲ့အ သွေးအသား ဖြစ်သွားသည် (transubstantiation) ဟုဆိုခြင်းကို ငြင်းဆိုသည်။ ခရစ်ယာန် ယုံကြည်ခြင်း၌ ကျမ်းစာ သာလျှင် စံထားရမည့် အရာ ဖြစ်သည်။ ပုပ်ရဟန်း၏ အခွင့်အာဏာလည်း ကျမ်းစာ အရ မဟုတ် ဟုဆိုသည်။ ၁၃၈၂ ခုနှစ်တွင် ကျမ်းစာကို အင်္လိပ်စာဖြင့် ဘာသာပြန်ခဲ့သည်။ အသင်းတော်တော် လှန်မှု၏ မိုဃ်းသောက် ကြယ်ဟု ခေါ်တတ်ကြသည်။ သူသေပြီး နှစ်ပေါင်း၄၄ ကြာပြီး နောက်သူ၏ အရိုးကို ပြန်ထုတ်၍ ပုပ်ရဟန်းမင်း၏ အမိန့်အရ မီးရှို့ ကြသည်။ 

John Huss (1369–1415)

John Hussသည် ဘူဟေးမီးယားဘုန်းကြီး ဖြစ်၍၊ ၁၄၁၀ ခုနှစ်တွင် ရိုမင်ကက်သလိပ်မှအဆက်ဖြတ်ခြင်း ခံရသည်။ ၁၄၁၅ ခုနှစ်တွင် လမ်းလွှဲသည်ဟု မီးရှို့သတ်ခြင်း ခံခဲ့ရသည်။ သူ၏ နောက်လိုက်များက Wycliffe ၏ သွန်သင်ခြင်းကို လိုက်၍ သူ၏ စာများကိုလည်း ချက်ဂိုစလိုဘေးကီးယားစကားဖြင့် ဘာသာပြန် ကြသည်။ ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်း (Predestination) ကျမ်းစာ သာလျှင် နောက်ဆုံးအာဏာရှိခြင်း၊ ခရစ်တော် သာလျှင် အသင်းတော်၏ ဦးခေါင်း ဖြစ်ခြင်းတို့ကို လက်ခံသူ ဖြစ်သည်။ 

Martin Luther (1483–1546)

မာတင်လူသာသည် ဂျာမဏီပြည် Wittenberg မြို့တွင် ရိုမင်ကက်သလိပ်ဘုန်းကြီး ဖြစ်သည်။ သူသည် ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် ရောမမြို့ရှိ သန့်ရှင်းသော လှေခါး ;( holy stair) ကို ဒူးဖြင့် တက်ခဲ့စဉ်တွင် ဘုရား၏ အသံကို သူ၏ စိတ်ဝိညာဉ်က၊ “​ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” (ဟာဗကုပ် ၂:၄၊ ရော ၁:၁ရ၊ ဂလာ ၃:၁၁၊ ဟေ ၁၀:၃၈)ဟု ကြားရာမှအသက်တာ ပြောင်းလဲသွားခဲ့သည်။ ၁၅၁ရ ခုနှစ်အောက်တိုဘာလ ၃၁ ရက်နေ့တွင် Wittenberg  အသင်းတော်၏ တံခါးရွက်၌ ရိုမင်ကက်သလိပ် အသင်းတော်၏ မမှန်သော အချက်အလက် ၉၅ ခုချိတ်ဆွဲချိန်မှစ၍ အသင်းတော်တော် လှန်မှုကြီး စတင်ခဲ့သည်။ သူသည် အသင်းတော်တော် လှန်ခြင်း Reformation ၌ အောင်မြင် သောသူ ဖြစ်သောကြောင့် နာမည်ကြီးသည်။ သူ၏ နောက်လိုက် များသည် လူသာရင် Lutheran အသင်းတော် ဖြစ်လာသည်။ သူ၏ အဓိက သမ္မာတရား ထုတ်ဖေါ်ချက်မှာ၊ ကယ်တင်ခြင်းသည် အကျင့်အားဖြင့် မဟုတ်၊ ပုပ်ရဟန်းမင်းကရောင်းသော အပြစ် လွှတ်သည့် စာရွက်ဝယ်ယူခြင်းအားဖြင့် မဟုတ်၊ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည် ဟူသောအရာ ဖြစ်သည်။ သူကသာ ထိုသို့ သမ္မာတရားကို ရဲရင့်စွာ မထုတ်ဖေါ်ခဲ့ပါက ယနေ့ တိုင်လူ များစွာသည် အမှောင်ထုကြီး ထဲ၌ ကယ်တင်ခြင်းသို့ မရောက်ဘဲ ရှိနိုင်သည်။ 

Huldreich Zwingli (1484–1531)

Huldreich Zwingli သည် ဆွစ်ဇလန်နိင်ငံ၏ ဘာသာရေးပြောင်းလဲမှု (Reformation) လုပ်သူ ဖြစ်သည်။ ၁၅၁၈ ခုနှစ်တွင် အပြစ် လွှတ်နိုင်သော စာရွက်ရောင်းခြင်ကို ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ 

John Calvin (1509–64) 
 ဃ​ေူလငညသည် ပြင်သစ်ကျမ်းတတ်ပုဂ္ဂိုလ် ဖြစ်၍၊ ဘာသာရေးညှင်း ဆဲမှုကြောင့် ၁၅၃၆ ခုနှစ်တွင် ဆွဒ်ဇလန်နိင်ငံွနညနလ​ေသို့ ပြောင်းရွှေ့ အ​ခြေချသူ ဖြစ်သည်။ အသင်းတော် အုပ်ချုပ်ပုံတီထွင်သူ ဖြစ်၍ ဏမနျ- ဘပအနမင​ေည အသင်းတော်၏ ဘခင် ဖြစ်သည်။ ဆာလံကို လူထုကသီဆိုခြင်းသည် အသင်းတော်ကိုးကွယ်ခြင်း၌ ပါစေခြင်း၊ ကျမ်းစာ မေးခွန်းနှင့် အ​ဖြေ၊ ယုံကြည်ခြင်းကို ဝန်ခံခြင်းကို ခလေးများထံသင်ပေးခြင်း၊ လူ့အသိုင်းအဝိုင်း၌ တင်းကျပ်သော စည်းကမ်းကို သင်း အုပ်များနှင့် အသင်းသားများအားဖြင့် တည်ဆောက်ခြင်းများကို သွန်သင်ပေးသည်။ 

John Knox (1513–1572)

John Knox သည် Calvin ၏ သစ္စာရှိသော တ ပည့် ဖြစ်၍  ှခသအူ​ေညိ ၌ ဃ​ေူလငည၏ နည်းစံနစ်ကို တည် ထောင်သူ ဖြစ်သည်။ သူသည် ဆုတောင်းအား သန်သည်။ စကော့တလန်ဘုရင်မက၊ “အင်္လန်စစ်သား အားလုံး ထက် John Knox ၏ ဆုတောင်းခြင်းကို ကြောက်သည်” ဟုဆိုသည်။ သူ၏ ဆုတောင်း ချက်မှာ၊ “ကိုယ်တော် စကော့တလန်ကို ​ကျွန်တော့ကို ပေးပါ၊ သို့မဟုတ် သေပါမည်၊ ” ဟူ၍ ဖြစ်သည်။ 

Henry VIII (1491–1547)

Henry VIII သည် အင်္လန်နိင်ငံ၏ ဘုရင် ဖြစ်သည်။ ၁၅၃၃ ခုနှစ်တွင် မယားကြီး Catherine နှင့် ကွဲ၍ Anne Boleyn ကို လက်ထပ်သောကြောင့် ပုပ်ရဟန်းမင်းက အဆက်ဖြတ်ခြင်း ခံရသောသူ ဖြစ်သည်။ ၁၅၃၄ ခုနှစ်တွင် ပါလီမန်ကဘုရင်နှင့် သူ၏ ဆက်ခံ သူများကို အသင်းတော်၏ ဦးခေါင်းအဖြစ် သတ်မှတ်၍ the Church of England အသင်းတော် ပေါ်ပေါက်လာသည်။ အမေရိကန်ပြည် ထောင်စုတွင် ထိုအသင်းတော်ကို The Episcopal Church (TEC) ဟု ခေါ်သည်။ ဤ အသင်းတော်သည် ရိုမင်ကက် သလိပ်နှင့် တူသော်လည်း၊ ပုပ်ရဟန်းမင်း၏ လက်အောက် မခံသော အသင်းတော် ဖြစ်သည်။ 

Anabaptists

Anabaptists များသည် ဗတ္တိဇံကို ရေ ဖြန်း မဟုတ်ဘဲ၊ ရေနှစ်ခြင်းသာ လက်ခံ သူများ ဖြစ်သည်။ ယခုခေတ်တွင် ရေနှစ်ခြင်းသည် အလွန်လွယ်ကူ၍ ဘေးအန္တရာယ် ကင်းသော်လည်း ၁၆ ရာစုနှစ်တွင် သေဒဏ်အပြစ် ပေးခံရသော ပြစ်မှု ဖြစ်သည်။ ရေနှစ်ခံ သူများကို ရိုမင်ကက်သလိပ် အသင်းတော် ကသာ မက၊ ပရိုတက်စတင်း အသင်းတော်များကပါ နှိပ်စက် ကြသည်။ သံခဋ္ဌံများ အပေါ်၌ တွန်းချခြင်း၊ တကိုယ်လုံးကြိုးနှင့် တုတ်နှောင်၍ ရေထဲ၌ လွင့်ပစ်ခြင်း၊ မီးနှင့် ရှို့ခြင်းများအားဖြင့် သတ် ကြသည်။ ထိုသူများ၏ အသေခံခြင်းကြောင့် ယနေ့ ​ကျွန်ပ်တို့သည် လွတ်လပ်စွာ ရေနှစ်ခြင်း ခံနိုင်ကြသောကြောင့်၊ အသက် ပေး၍ သမ္မာတရား လိုက်လျှောက်သောသူများကို ကျေးဇူးတင်သင့်သည်။



တံပိုးမှုတ်ပွဲ


 ခရစ်တော်သည် တံပိုးမှုတ်လျက် လာမည့် အကြောင်း ဤသို့ ရေးထားသည်၊ “နက်နဲသောအရာ တခုကို ငါပြဦးမည်၊ ငါတို့ ရှိသမျှသည် အိပ်ပျော်ကြမည် မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ယခုမျက်မှောက်ပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအရာ အဖြစ်သို့ ဝင်စားရမည်။” (၁ ကော ၁၅:၅၁-၅၃)။ 

 “သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား၊ သခင်ဘုရားကြလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည် မဟုတ်။ သခင်ဘုရားသည် ​ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန် ကြင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက် စေခြင်းငှါ၊ ထို သူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချည်ဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။ သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်းတယောက်ကို တယောက် သက်သာစေကြလော့။” (၁ သက် ၄:၁၄-၁၈) 

 “ထိုအခါ လယ်၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။ သင်တို့ အရှင်သည် အဘယ်အချိန် နာရီ၌ ရောက်လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။ သူခိုး လာမည်အချိန် နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့် နေလိမ့်မည်ကို သင်တို့ သိကြ၏။ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သောအချိန် နာရီ၌ လူသားသည် ကြလာ လိမ့်မည်။” (မ ၂၄:၄၀-၄၄) 


 မြန်မာပြည် တောရွာများ၌ သံချောင်းခေါက်ခြင်းဖြင့် အချက်ပြတတ်သည်။ ထို့နည်းတူ ဣသရေလ များသည်လည်း တံပိုးမှုတ်ခြင်းဖြင့် အချက်ပြတတ်ကြသည်။ စစ်တိုက်ဘို့ရန် စစ်သား စုဆောင်းသောအခါ တံပိုးမှုတ်တတ်ကြသည်။ ဘုရားသခင် ထံကိုးကွယ်ဘို့၊ စုရုံးသောအခါ၌လည်း တံပိုးမှုတ်တတ်ကြသည်။ တပ်ချီဘို့ရန် နိုး ဆော်သောအခါ၌လည်း တံပိုးမှုတ်တတ်ကြသည် (ဝတ် ၂၃:၂၄-၂၅၊ တော ၁၀:၁-၁၀)။ အထက်၌ ဖေါ်ပြသော တံပိုးမှုတ်ခြင်းသည် အသင်းတော် အတွက် ဖြစ်၍၊ သခင်ယေရှု ကြွ လာသောအခါ ကောင်းကင် တက်ကြစို့ဟု ခေါ်သော တံပိုး ဖြစ်လိမ့်မည်။ ၂၀၁ရ ခုနှစ်တံပိုးမှုတ်ပွဲသည် စက်တဘ်ာလ ၂၁-၂၂ ရက်နေ့များ ဖြစ်သည်။ ထိုအချိန်တွင် ချီဆောင်ခြင်း ဖြစ်မည်ဟ ုမဆိုနိုင်သော်လည်း ဖြစ်နိုင်သည်။ အကယ်၍ ထိုအချိန်တွင် ချီဆောင်ခြင်း ဖြစ်ပါက မိတ်ဆွေ ပါမည်လော 

အနှစ် ၁၀၀ ပြည့်
Balfour Declaration
၁၉၁၇-၂၀၁၇


 ယခုနှစ်နိုဝင်ဘာလ ၂ ရက်နေ့သည် Balfour Declaration (ဘဲလ်ဖေါ) ကျေညာသည် အနှစ် ၁၀၀ ပြည့်နှစ် ဖြစ်သည်။ Balfour သည် ဗြိတိသျှနိင်ငံခြားရေးဝန်ကြီး ဖြစ်သည်။ ထိုကျေညာချက်အရ၊ ဂျူးလူမျိုးများသည် သူတို့၏ နေရာဟောင်းပါလက်စ တိုင်း၊ ယခုအစ္စရေးနိင်ငံ၌ ပြန်လာ၍ နိင်ငံထူထောင်ခွင့်ပြုခြင်း ဖြစ်သည်။ ဂျူးလူမျိုးများ အေဒီ ရဝ မှစ၍ သူတို့ နိင်ငံတွင် မနေဘဲ တိုင်း နိင်ငံအသီးသီး၌ ပြန့်နှံ့နေထိုင်ခဲ့ ကြသည်။ သို့သော် သူတို့၏ အိမ်ရှင်နိင်ငံများ ကနှောင့်ရှက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယူခြင်း အမြဲတမ်းခံစား တတ်ကြသည်။ ထို့ကြောင့် သူတို့ ပြည်သို့ ပြန်လာပြီး နိင်ငံပြန်ထူထောင်ဘို့ စိတ်ကူးယဉ် ကြသည်။ သို့သော် သူတို့ ပြည်၌ ပါလက်စတင်းများ နေထိုင်ပြီး၊ မူစလင် နိင်ငံများ ကအုပ်ချုပ်သောကြောင့် မဖြစ်နိုင်ချေ။ ပဌမ ကမ္ဘာစစ်တွင် ပါလက်စတိုင်း ဒေသကို အုပ်ချုပ်သော အော်တိုမင်အင်ပိုင်ယာ ( ယခုတူရကီ)သည် ဂျမဏီဘက်မှစစ်ကူ တိုက်၍ စစ်ရှုံးသောကြောင့် သူတို့ ပိုင်သော နယ်မြေများကို နိင်ငံပေါင်းချုပ်အသင်းကြီး ကခွဲဝေအုပ်ချုပ်လိုက် ကြသည်။ ပါလက်စတိုင်း ဒေသကို ဗြိတိသျှကအုပ်ချုပ်၍ ဆီးရီးယားကို ပြင်သစ်ကအုပ်ချုပ်သည်။ ထိုသို့ ဗြိတိသျှကပါလက်စတိုင်း ဒေသကို အုပ် ချုပ်သောအခါ ဂျူးလူမျိုးများကို သနား၍ သူတို့ ပြည်သို့ ပြန်လာပြီး နိင်ငံထူထောင် ခွင့်ပေးခြင်း ဖြစ်သည်။ ထိုအရာသည် ဘုရားသခင်၏ လက်ရာတော် ဖြစ်သည် ဟုဆို နိုင်သည်။ ထိုခွင့်ပြုချက်ကြောင့်ဂျူးလူမျိုး များစွာ ပြန်လာ ကြသည်။ နောက်ပိုင်းတွင် အာရပ်နိင်ငံများ ကကန့်ကွက်၍ ပဋ္ဋိပက္ခတ် များစွာ ဖြစ်ပွားသည်။ ဒုတိယကမ္ဘာစစ် အပြီးတွင် ဗြိတိန် ကပါလက်စတိုင်း မှဆုတ်ခွာသောအခါ ဂျူးလူမျိုးများက ၁၉၄၈ ခုနှစ်မေလ ၁၄ ရက်နေ့တွင် လွတ်လပ်ရေးကျေညာချိန်မှစ၍ အစ္စရေးနိင်ငံ မွေးဘွား လိုက်သည်။ ထို့ကြောင့် Balfour Declaration သည် အစ္စရေးနိင်ငံ မွေးဘွားဘို့ရန် ပဋ္ဋိသန္ဓေစတင်တည်သည့်အချိန် ဟုဆိုနိင်သည်။ ယခုအခါ အစ္စရေးနိင်ငံသည် ၆၉ နှစ်ရှိ ပြီ။ နောက်နှစ်တွင် အနှစ် ရဝ ပြည့်တော့မည် ဖြစ်သည်။ အစ္စရေးနိင်ငံသည် ဘုရား သခင်၏ ကမ္ဘာ့ ပြက္ခဒိန် ဖြစ်သည်။ ထိုကြောင့် မျက်​ခြေမပျက်ကြည့်ဘို့ လိုသည်။ ခရစ်တော် ကြွလာခါနီးကြောင်း ဖေါ်ပြသည်။ 
 

 

ပင်မှည့်အုပ်မှည့်ကင်မှည့်

 

သစ်သီးများ အပင်ပေါ်၌ အချိန််တန်မှည့်သောအရာကို ပင်မှည့်ဟု ခေါ်သည်။ ပင်မှည့်များသည် အရသာရှိ၍ ကောင်းသည်။ အုပ်မှည့်သည် အပင်ပေါ်၌ မမှည့်မှီခူး၍ အိုးထဲ၌ ဆန်ထဲ၌ ထားကာ၊ မှည့်လာသော အသီးကို ဆိုသည်။ ထိုကဲ့သို့ အုပ်မှည့်သောအရာသည် ပင်မှည့်လောက်အရသာမရှိချေ။ ဝိညာဉ်ရေးရာ၌လည်း ပင်မှည့်နှင့် အုပ် မှည့်ရှိသည်။ အချို့သော အသီးများသည် ကောင်းကောင်း မမှည့်ဘဲ ပုပ်သွားကာ၊ စား၍ မရသောကြောင့် လွင့်ပစ်ရသည်။ လူလည်း အသီးကဲ့သို့ပင်မှည့်၊ အုပ်မှည့်၊ ကင်မှည့်နှင့် ပုပ်သွားသောသူများရှိကြောင်း လေ့လာကြပါစို့။ 

ပင်မှည့်

ပင်မှည့်သည်၊ အချိန် တန်လာမှရင့်လာသောကြောင့်၎င်း၊ နေပူနှင့် ထိတွေ့ သောကြောင့်၎င်း၊ မှည့်လာသည်။ လူလည်း ဒုက္ခ ဆင်းရဲ တွေ့သောကြောင့်၊ ဤလော ကကို စိတ်နာခြင်း၊ မျှော်လင့်စရာ မရှိခြင်း၊ ဝမ်းနည်းခြင်းများကြောင့် ဘုရားသခင်ကို ရှာခြင်း၊ အားကိုး ခြင်းကြောင့် လောကကို မစွဲလန်းဘဲ ဘုရားကို အားကိုးရာမှကယ် တင်ခြင်း အကြောင်းကို သိ၍ ယုံကြည် သွားသောသူများ ဖြစ်သည်။  

အုပ်မှည့်

 အချို့သောသူများသည် ဒုက္ခ ဆင်းရဲ ပြသနာ မတွေ့သော်လည်း၊ တရားဟော ဆရာများ ကစေတနာဖြင့် ကယ်တင်ခြင်း အကြောင်းကို စိတ်ရှည်လက်ရှည်ဖြင့် ဝေငှ သင်ကြားပေးနေသောကြောင့်၊ ဘုရားသခင်ကို ယုံကြည် လာ၍ ကယ်တင်ခြင်းသို့ ရောက်သွားသောသူများ ဖြစ်သည်။ ထိုသူများသည် သူတို့ ကိုယ်တိုင် ကဘုရား မရှာ၊ ဘုရားက ယုံကြည်သူများ အသုံးပြုခြင်းအားဖြင့် မှည့်လာ သူများ ဖြစ်သောကြောင့်၊ အုပ်မှည့်များ ဖြစ်သည်။ ပေါလုကဧဖက် အသင်းတော်၏ သင်းအုပ်များ ထံ၌ ဤသို့ ဆိုသည်၊   “ငါသည် သုံးနှစ်ပတ်လုံးနေ့ညမပြတ် လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံး မ၍ နေကြောင်းကို အောက်မေ့ကြလော့။” (တ ၂၀:၃၁)။ ပေါလုသည် ဧဖက်မြို့၌ သုံးနှစ် ပတ်လုံးဟောပြောသောကြောင့် ဧဖက် အသင်းသား များသည် ယုံကြည်သူ ဖြစ်လာ ကြသည်။ ထို့ကြောင့် ဧဖက် ယုံကြည်သူများသည် အုပ်မှည့်များ ဖြစ်သည်။ 

ကင်မှည့်

ယခုကျေးဇူးတော် ကာလ၌ မယုံကြည် နိုင်၊ မမှည့်နိုင်သောသူများသည် ဘေးဒဏ်ကြီး ကာလ၏ ဒုက္ခ ဆင်းရဲခြင်းကြောင့် ပြန်လည်ယုံကြည် လာကြမည် ဖြစ်သည်။ ထိုသူများသည် ပြန်လည်ယုံကြည် လာသော်လည်း ခေါင်းဖြတ်ခြင်းဖြင့် အသေခံ ကြမည် ဖြစ်သည်။ ထိုသူများနှင့် ပတ်သက်၍ ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “ပဥ္စမ တံဆိပ်ကို ဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကြောင်း၎င်း၊ မိမိတို့ သက်သေခံ ချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင် အောက်၌ ငါမြင်၏။ သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသော အရှင်၊ မြေပေါ်မှာ နေသော သူတို့သည် ငါတို့ အသွေးကို သွန်းကြသော အပြစ်နှင့် အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလ ပတ်လုံး နေတော်မူ မည်နည်းဟု ကြီးသော အသံနှင့် ​ကြွေးကြော်ကြ၏။ ထို သူတို့၌ ဖြူသော ဝတ်လုံကို ပေးတော်မူ၏။ သူတို့ နည်းတူ အသေသတ်ခြင်းကို ခံရလတံ့သော မိမိလုပ်ဘော်ဆောင်ဘက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့ မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏။” (ဗျာ ၆:၉-၁၁)။ 

အဘယ်ကြောင့် သူတို့၏ ဝိညာဉ် များသည် ယဇ်ပလ္လင်အောက်၌ တွေ့ရသနည်းဟူမူကား၊ ခရစ်တော်၏ ပူဇော်ခြင်းကို လက်မခံခဲ့သောကြောင့် သူတို့ကို တိုင် အသတ်ခံရသည်။ ထိုသူများသည် လည်ပင်းဖြတ်ခြင်းဖြင့် အသတ်ခံရကြောင်း ဤသို့ တွေ့ရသည်၊ “သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲ နေ၍၊ ယေရှု၏ သက်သေခံတော်မူ ချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကြာင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တထောင်ပတ် လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။” 
 (ဗျာ ၂၀:၄)။ ထိုကဲ့သို့ လည်ပင်းဖြတ်ခံ သူများကို ကင်မှည့်ဟု ခေါ်ချင်သည်။ အကြောင်းမှာ မမှည့် သေးသော ဂျုံစပါးများကို မီးကင်ပြီးမှပူဇော်လေ့ရှိကြောင်း ဤသို့ ရေးထားသည်၊ “အဦးသီးသော အသီးအနှံကို၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော် သက္ကာပြု လိုလျှင်၊ စပါးနှံကို အရည်စစ်အောင် မီးနားမှာထား၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊ ဆီကိုလောင်း၍၊ လောဗန်ကို တင်လျက်၊ ပူဇော်သက္ကာကို ပြုရမည်။” (ဝတ် ၂:၁၄-၁၅) သင်သည် ထိုကဲ့သို့ ဒုက္ခ ဆင်းရဲ ခံပြီးမှယုံကြည် မည်လော၊ သို့မဟုတ် ယခုကျေးဇူးတော် ကာလတွင် ယုံကြည် မည်လော။ 

ပုပ်သွား သူများ 

အချို့သော သစ်သီးများသည် မမှည့်နိုင်ဘဲ ပုပ်သွားကာစား၍ မရလွှင့်ပစ်ဘို့ သာကောင်းသည်။ ထိုကဲ့သို့သော အသီးများသည် လူကို အကျိုးမပေး၊ မသိီးလျှင် သာ၍ ကောင်းသည်။ လောက၌ အဆင်ပြေနေ သူများ၊ သို့မဟုတ် လောကကို စွဲလန်းသောသူများ၊ သို့မဟုတ် ဘာမျှလေးလေးနက်နက်မစဉ်းစားသောသူများသည်၊ ဒုက္ခ တွေ့၍ ပြသနာ ရှိသော်လည်း ဘုရားထံသို့ မခိုလှုံသောကြောင့်၊ ဘုရား ပေးထားသော ကယ်တင်ခြင်း၊ ထာဝရ အသက်ကို မရကြချေ။ ထိုသူများသည် သေသည် အထိ သဘောမပေါက်ပါက၊ သစ်သီးပုပ်ကဲ့သို့ဖြစ်၍ အသက်ရှင်ရကျိုးမနပ်၊ သေလျှင် ငရဲ သွား၍ ထာဝရ ဒုက္ခ ခံမည့်သူများဖြစ်သည်။ ထိုသူများသည် မမွေးလျှင် သာ၍ ကောင်းသည်။ အကြောင်းမှာ လောက၌ ခဏသာနေထိုင်၍ ထာဝရ မီးအိုင် ထဲ၌ ဒုက္ခ ဆင်းရဲခံရမည် ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် ထိုသို့သော လူဖြစ်နေပါသလား။ လောက လူသား အများစုသည် ဤအုပ်စု၌ ရှိကြသည်။ ပြောလျှင်လည်း မကြိုက်၊ စိတ်ဆိုး တတ်သောကြောင့် ဝမ်းနည်းရုံမှတပါးမည်သို့မျှ မတတ်နိုင် ပါ 

ရွေးကောက်တော်မူခြင်း အတွက် 
ကျေးဇူးတော် ချီးမွမ်းခြင်း 
Saya Lal Tan Puia
 

 “မိမိ စေတနာ၏ အလိုတော်သို့ လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူ တတ်သောသူ၏ ကြံစည်ခြင်းရှိသည် အတိုင်း၊ ရှေးမဆွကခွဲခန့်မှတ်သားတော်မူသည်နှင့် အညီ၊ ....” (ဧဖက် ၁:၁၁)။ ဘုရားသခင်သည် သင်နှင့် ​ကျွန်ုပ်အား ကယ်တင်ခြင်းနှင့် ယှဉ်သော ယုံကြည်ခြင်းကို မစခြင်းအားဖြင့် ကယ်တင်ခြင်း အတွက် ရွေးနှုတ် (ခွဲခန့်)တော်မူခြင်း တည်းဟူသော ပဏာမ​ခြေလှမ်းကို စတင်ခဲ့သည်။ “ဤကမ္ဘာမတည်မရှိ မှီငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့် အညီ၊ ကောင်းကင်ဘုံနှင့် ဆိုင်သောအရာ တို့၌ ခ ပ်သိမ်းသော ဓမ္မမင်္လာတို့ကို ခရစ်တော်အားဖြင့် ငါတို့ အားပေးသနားတော်မူသော ငါတို့ သခင်ယေရှု၏ ခမည်းတော်ဘုရားသခင်သည် မင်္လာရှိ စေသတည်း” ( ဧဖက် ၁:၃-၄)။

အထက်ပါ ကျမ်းချက်အရ ​ကျွန်ုပ်တို့သည် ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည့် အကြောင်းကိုသော်၎င်း၊ ဤကမ္ဘာမတည်မရှိမီ ဘုရားသခင်သည် ​ကျွန်ုပ်တို့အား ခရစ်တော်၌ ရွေးနှုတ်ခွဲခန့် ထားခြင်း အကြောင်းကိုသော််၎င်း၊ ရှင်ပေါလုကပြောထားသည်။ ဧဖက် ၁:၁၁၌ ဘု ရားသခင်သည် သူ့အကြံ အစည်၊ သူ့အလိုတော်အတိုင်း ယုံကြည်သူများကို ကယ်တင်ခြင်း အလို့ငှာ ရှေးမဆွ ( ဤကမ္ဘာမတည်မရှိမီ) ကပင်ခွဲခန့်မှတ်သားတော်မူခြင်း တည်းဟူသော အံ့ဩဘွယ် သမ္မာတရား အကြောင်းကို ရှင်ပေါလုကအခိုင်အမာ အတည်ပြုထားပြန်သည်။ ကယ်တင်ခြင်းရောက်သော ယုံကြည်သူများမည်သည်မှာ ဤကမ္ဘာမဖန်ဆင်းမီကပင် ဘုရားသခင်က ရွေးနှုတ် (ခွဲခန့်) ထားပြီးသောသူများ ဖြစ်ကြောင်းရှင်းလင်းသင်ကြားပေးသောအခါ လူမြောက် များစွာတို့က လက်မခံ နိုင်ကြချေ။ ယုံကြည်သူများကဘုရားကို ရွေးကောက်သည်ဟု သူတို့ ထင်မှတ် ကြသည်။ တနည်းအားဖြင့် ဤ သူတို့သည် မှန်ကောင်းမှန်ပေလိမ့်မည်။ ကယ်တင်ခြင်း ဖြစ်စဉ်၌ ကိုယ့်ကို အပြစ် မှ ကယ်ချွတ်မည့် ကယ်တင်ရှင်လိုအပ်ကြောင်း ကိုယ့်ကို ကိုယ်သိ၍ စစ်မှန်သော ဆန္ဒဖြင့် ခရစ်တော်ကို လက်ခံဘို့ လိုသည်။ သို့ရာတွင် ခွဲခန့် ထားခြင်း (ရွေးနှုတ်တော်မူခြင်း) ကဏ္ဍသည် ထို့ထက် လေးနက်ပေသည်။ မူလအ စသည် အဘယ်သို့ နည်း။ သင်ကဘုရားကို ယုံကြည်ခြင်းကြောင့် ဘုရားကသင့်ကို ရွေးနှုတ် (ရွေးကောက်) ခြင်းလော၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည် သက်ဝင်လာ နိုင်ဘို့ ဘုရားကသင့်ကို ရွေးကောက်ခြင်းလော။ 

နှုတ်ကပတ်တော်၌ အ​ဖြေကို ရှင်းရှင်းလင်းလင်း တွေ့ရသည်။ ရောမ၊ ၃:၁၁၌ “ဘုရားသခင်ကို ရှာသောသူမရှိ” ဟုဆိုထား သကဲ့သို့ ၁ ကော၊ ၂:၁၄၌လည်း၊   “ဇာတိပကတိ လူသည် ဘုရားသခင်၏ ဝိညာဉ်တော် အရာတို့ကို နားမ လည်နိုင်၊ ထိုအရာတို့ကို မိုက်သောအရာဟု ထင်တတ်၏” ဟုဆိုထားပြန်သည်။ သူတို့သည် ဝိညာဉ််အသက် သေနေသောသူများ၊ ဥာဏ်အလင်းကွယ်၍ စိတ်နှလုံးမိုက်သောသူများ ဖြစ်ကြောင်း ဖေါ်ပြထားသည် ( ဧ၊ ၂:၁။ ၂ ကော ၄:၄။ ဧ၊ ၄:၁၈)။ အဆို ပါအ​ခြေအနေမျိုးတွင် ရှိကြကုန်သော ​ကျွန်ုပ်တို့ လူသားများသည် ကယ်တင်ခြင်းနှင့် ယှဉ်သော ယုံကြည်ခြင်းအား မည်ကဲ့သို့ စတင်နိုင်ပါမည်နည်း။ လူက ကယ်တင်ခြင်း မစတင်နိုင်ချေ။ ထို့ကြောင့် ယော ၆:၄၄၌ ယေရှုခရစ် တော်က၊ “ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်” အခန်းငယ် ၃၇၌၊ “ခမည်းတော်သည် ငါ့ အားပေးတော်မူသမျှသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် အလျှင်း မပယ်။” ဟုဆိုထားသည်။                

“ဘုရားသခင်သည် ငါတို့ ကျင့်သော အကျင့်ကို ထောက်တော်မမူ။ ရှေး ကပ်ကာလ မရောက်မှီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ ကိုယ်တော်တိုင် ကြံစည်တော်မူသော ကျေးဇူးတာ်နှင့် အညီ ငါတို့ကို ကယ်တင်၍၊ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။” ဟု ရှင်ပေါလုက ၂ တိ၊ ၁:၉၌ ထပ်မံ ဖေါ်ပြထားသည်။ ဘုရားသခင်သည် ကယ်တင်ခြင်း အတွက် မူလပဌမ ​ခြေလှမ်းကို စတင်သူ ဖြစ်သည်။ ကိုယ်တော်သည် ​ကျွန်ုပ်တို့ကို ရွေးကောက်၍၊ ​ကျွန်ုပ်နှင့် သင့်ကို ကယ်တင်ခြင်းနှင့် ယှဉ်သော ယုံကြည်ခြင်းကို ပေးသည် (ဧ ၂:၈-၉)။ ထိုသမ္မာတရား၌ ​ကျွန်ုပ်တို့ ဝမ်းမြောက် ကြစို့။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ခပ်သိမ်းသော အရာများကို ပြုပြင် ပြောင်းလဲနိုင်သော ကိုယ်တော်၏ တန်ခိုးတော် မြတ်ကို အားကိုး ခိုလှုံကြပါစို့။ 

ယေရှုခရစ် တော်က “ငါ့သိုးတို့သည် ငါ့စကား သံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏၊ ထိုသိုးတို့ကို ငါသိ၏။ ထာဝရ အသက် ကိုလည်း ငါပေး၏။ ထိုသိုးတို့ သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။ ထိုသိုးတို့ကို ငါ၌ အပ်ပေးတော်မူသော ငါ့ ခမည်းတော်သည် ခပ်သိမ်းသော သူတို့ထက်ကြီး မြတ်တော်မူသည် ဖြစ်၍၊ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ ခမည်းတော်၏ လက်မှမနှုတ်မယူနိုင်ရာ။” ဟု မိန့်တော််မူခဲ့သည် (ယော၊ ၁၀:၂၇-၂၉)။ အထက်ပါ ကျမ်းချက်၌ ​ကျွန်ုပ်တို့အား ကိုယ်တော် ပေးခဲ့သည့်ကတိတော်များကို မည်သည် အရာကမျှမဖျက်ဆီးနိုင်ကြောင်း ​ကျွန်ုပ်တို့၏ ကယ်တင်ခြင်းကို စိတ် ချလျက် ဆင်ခြင်ခွန်အား ယူကြပါစို့။ ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ခံရသည် နှိင့်အ ညီဘုရား မျက်မှောက်တော်၌ သခင်ယေရှုခရစ်၏ မေတ္တာအားဖြင့် အပြစ်ကင်းခြင်း၊ သန့်ရှင်းခြင်းကို ပေးသနားတော်မူသော ဘုရားသခင် နာမတော်သည် ကမ္ဘာအဆက် ဆက်ဘုန်းကြီး ပါစေသော်၊ အာမင်။ 


၀ိညာဉ်ရေးစီမံကိန်း
Saya Lal Tan Puia
 

သန်းပေါင်း များစွာသော ခရစ်ယာန်တို့သည် အသက် သာကြီး၍ အိုမင်းရင့် ရော်သွားကြသော်လည်း ။ ဝိညာဉ် အသက်တာမှာမူ မွေးစကအတိုင်းနို့စို့အရွယ် ခလေးများအဖြစ်တွေ့မြင်နေရသည်။ ဝိညာဉ် အသက်တာသည် အလိုလိုနေရင်းဖွံ့ ဖြိုးကြီး ထွားလာသည်ဟု ​ကျွန်ုပ်တို့ ထင်နေတတ်သည်။ အိုစာ၊ နာစာ စုဆောင်းခြင်း အတွက်သော်၎င်း၊ သားသမီး တွေတက္ကသိုလ်ပို့ခြင်းသော်၎င်း၊ စီစဉ်လုပ်ဆောင် တတ်ကြသည်။ သို့ရာတွင် မိမိတို့ ဝိညာဉ် ရေးဘဝအသက်တာရှင်သန်ဖွံ့ဖြိုး တိုးတက် ဖို့အတွက် စီမံဆောင်ရွက်ခြင်း မရှိကြချေ။ လူ့ဘဝ၏ အရေးကြီးဆုံး ဘဝမျက်နှာပြင် မှန်ကူကွက်လေးတစ်ခုကို အလိုလို ဖြစ်တည်ခြင်း ဟူ၍ မှားယွင်းမှတ်ယူ စွန့်ပစ်ထားခြင်း ပင် ဖြစ်သည်။ အမှန်စင်စစ်မွေးကင်းစ ခလေး ငယ်သည် သူ့အလိုအလျောက် ခန္ဓာကိုယ်ကြီး ထွားပြီး၊ လူလားမြောက်လာခြင်း မဟုတ် သကဲ့သို့ ​ကျွန်ုပ်တို့ ဝိညာဉ် အသက်တာသည်လည်း အလိုအလျောက်ကြီး ထွားမလာချေ။ ခလေး ငယ််တစ်ယောက်ကျန်းမာသန်စွမ်းရှင်သန်ထွားကြိုင်းလာစေရန် သူ့ကို ထမင်းခွံ့​ကျွေးခြင်း၊ လေ့ ကျင့်ခန်းလုပ်ပေးခြင်း၊ ပညာသင်ပေးခြင်း၊ အထူးသဖြင့် ပြုစုပျိုးထောင်ရေလောင်း၍ ပုံသွင်းထိန်းကျောင်းဖို့လိုသည်။ နို့စို့ ခလေး ငယ်လေးကို သူ့ဖာသာပစ်ထားလိုက်လျှင်များမကြာမီအား အင်ကုန်ခမ်းပြီး၊ သေသွားမည် ဖြစ်သည်။ ​ကျွန်ုပ်တို့၏ ဝိညာဉ် အသက်တာသည်လည်း အလားတူ ဖြစ်သည်။ ဤမြေကမ္ဘာလောက လူသား ​ကျွန်ုပ်တို့သည် ရုပ်ခန္ဓာပိုင်း၌ တစ်နေ့တခြားအသက်ကြီး ကာ အိုမင်းရင့်ရော်လာကြသော် လည်း၊ ဝိညာဉ် ရေးနှင့် ပတ်သက်လာလျှင် နို့စို့သူငယ်ဘဝအရွယ်တွင် သာရှင်သန် ကျန်ရစ်လျက် ရှိနေကြသည်။ ခရစ်တော်အား မိမိ၏ နှလုံးသား တံခါးဖွင့်ထားပေးလျှင် ပင် ဝိညာဉ်ရေးရာဘဝအသက်တာသည် အလိုအလျောက် ဖြစ်မလာချေ။ 

 “သင်တို့သည် ကာလ ကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော် လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေးဦးစွာ သင်ရသော တရားနုတို့ကို သူတပါး ထံ၌ သင်ရသော အကြောင်းရှိသည် ဖြစ်၍ ​ကြေခဲသော အစာကို မသုံးဆောင်၊ နို့ကိုသာ သုံးဆောင်ရသောသူ ဖြစ်ကြ၏။ နို့ကိုသာ သုံးဆောင်သောသူ မည်သည်ကား၊ သူ ငယ် ဖြစ်သောကြောင့် ​ဖြောင့်မတ်ခြင်း တရား၌ လေ့လာခြင်း မရှိ။ ကောင်းကျိုးမကောင်း ကျိုးကို ပိုင်းခြား၍ သိနိုင်သော ဥာဏ်ပေးတတ်သော၊ အကြား အမြင် အတွေ့ အစမ်းများသောသူတည်း ဟူသော၊ စုံလင်သော အရွယ်ရှိသော သူတို့ မူကား၊ ​ကြေခဲသော အစာအဟာရကို သုံးဆောင်ရကြ၏ ဓဟု ဟေဗြဲ ၅:၁၂-၁၄တွင် ဖေါ်ပြထားသည်။ ဝိညာဉ် အသက်တာရှင်သန်ဖွံ့ဖြိုးကြီး ထွားလာခြင်းသည် အလိုအလျောက် မဟုတ်သောကြောင့် ​ကျွန်ုပ်တို့ အားလုံး ကို တရားလမ်းထဲသို့ ပို့ဆောင်ပေးနိုင်သည့် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဲ့ပြင်မှုကို ခံယူလျှက် သမ္မာတရား တည်းဟူသော အသက် လမ်း ခရီးကို ​ကျွန်ုပ်တို့ ကိုယ်တိုင် လက်တွေ့လိုက်လျှောက် အသက်ရှင်ဘို့ လိုကြောင်း၊ ဆင်ခြင်နှလုံး သွင်းလျက် ထာဝရနှင့် ယှဉ်သော မိမိဝိညာဉ် ရေးစီမံကိန်းအတွက် ယခုပင်လုပ်ဆောင် ကြကုန်စို့၊ မိတ်ဆွေ။  နိုင်ငံတော် အတွက် သင်၏ လုပ်ဆောင်ဖက်။  
 ခရစ်တော်၏ အမှုတော် မြတ်၌ တန်ပွေးရာ။ 

 

ကျမ်းစာဖတ်ကြစို့ 
၂ ပေ ၂

 

၁။ သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက် ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဌိအယူများကို ပရိယာယ်အားဖြင့် သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသော အရှင်ကို ငြင်းပယ်လျက်၊ မိမိတို့ အပေါ်သို့ လျင်စွာသော ဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင် ရှိကြလိမ့်မည်။ 

ယုဒလူတို့တွင် သူတို့၏ သမိုင်းတလျှောက်လုံး၌ မိစ္ဆာ (မှားယွင်းသော) ပရော ဖက်များရှိကြသည်။ ထိုနည်းတူ အသင်းတော်၌လည်း မိစ္ဆာဆရာ၊ ဆရာမများရှိမည့် အကြောင်းကို၊ ပေတရုက သတိပေးခဲ့သည်။ ပဌမ ရာစု၊ အသင်းတော် စတင်သည့်အ ချိန်မှစ၍ ယခုနှစ်ပေါင်း နှစ်ထောင်အတွင်း၌ မှားယွင်းသော ဆရာမြောက် များစွာ ပေါ်ပေါက်ခဲ့ကြပြီ။ ယခုခေတ် တွင်လည်း မြောက် များစွာသော မိစ္ဆာဆရာများ ပေါ် ပေါက်နေသော်လည်း မသိကြပါ။ မိစ္ဆာဆရာ၊ ဆရာမများသည် ဖျက်ဆီးတတ်သော မှားယွင်းသော အယူဝါဒများ သင်ပေးလိမ့်မည်။ သို့သော် လူအများစုသည် ကျမ်းစာ မဖတ်၊ သမ္မာတရား နားမလည် သောကြောင့် မှားယွင်းသော အယူဝါဒများ သင်ပေး လျှင်လည်း မသိနိင်ကြချေ။ 

၂။ သူတို့ ညစ်ညူးသော အကျင့်ဓလေ့တို့ကို အများသော သူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသရေသည် ပျက်စီးလိမ့်မည်။ 

မှားယွင်းသော ဆရာ၊ ဆရာမများသည် ညစ်ညူးသော အကျင့်ဓလေ့ကို ကျင့်ကြသည် ဟုဆိုသည်။ ထိုအကျင့်တို့သည် သမ္မာတရားနှင့် မဆိုင်၊ လောကီရေးရာနှင့် သာဆိုင်သည်။ ထိုသူများသည် သမ္မာတရားကို မသိသောကြောင့် ဘုရား၏ အမှုတော်ကို လူ့အလိုအဖြင့် လုပ်ဆောင်ကြသောကြောင့် လူ များစွာ ကလိုက် ကြသည်။ သမ္မာတရားလမ်း အသရေပျက်စီးခြင်း ဆိုသည်မှာ၊ သမ္မာတရားကို ပြောင် လှောင်၍၊ လူများက သမ္မာတရားကို မကြိုက်နှစ်သက်အောင် ပြောခြင်း ဖြစ်သည်။ 

၃။ သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သော စကားနှင့် သင်တို့ကို ကုန်သွယ် ကြလိမ့်မည်။ သူတို့ အပြစ် စီရင်ခြင်းသည် ရှေးကာလ မှစ၍ မဖင့်မန​ဲွ့၊ သူတို့ ဖျက်ဆီးခြင်းသည်လည်း အိပ်၍ မပျော်။ 

မှားယွင်းသော ဆရာများသည်လောဘလွန်ကျူး၍ ချော့မော့သော စကားနှင့် သင်တို့ကို ကုန်သွယ်မည် ဟုဆိုသည်။ ထိုလိုသည်မှာ သူတို့၏ အမှုတော်ဆောင် လုပ်ငန်းကို ဘန်းပြ၍ လူများ ကလှူချင် လာအောင် ဟောပြောခြင်း ဖြစ်သည်။ ထိုဆရာ၊ ဆရာမများ၏ စိတ်ဝင်စားသည်မှာ လူများ ကယ်တင်ခြင်းသို့ ရောက်ဘို့ မဟုတ်၊ အလှူ ငွေများများ ရရှိဘို့နှင့် နာမည်ကျော်ကြားဘို့ ဖြစ်သည်။ သူတို့သည် အပြောကောင်း သောကြောင့်၊ သမ္မာတရား မသိမခွဲခြားတတ်သောသူများက နောက်လိုက် ကာစေ တနာကြီးစွာဖြင့် ပေးလှူတတ်ကြသည်။ 

ထိုဆရာ၊ ဆရာမများကို ဘုရားသခင်က တရားစီရင်ရဦးမည် ဖြစ်သည်။ အချို့သော ဆရာ၊ ဆရာမများသည် သူတို့ အသက်ရှင်စဉ်ပင် အသက်တာခန်း​ခြောက် ကာ၊ တရားဟော၍ မရဖြစ်ကြသည်။ အချို့သောသူများမူ စာတန် တန်ခိုးနှင့် ဆက် လက်၍ လူများကို လိမ်နိုင်ကြသေးသည်။ သို့သော် သူတို့ ခံရမည့် ပြစ်ဒဏ်သည် အလွန် ရင်လေးစရာ ဖြစ်သည်။ ထိုသူများကို ရှောင်သင့်သည်။ 
 
၄။ အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို ဘုရားသခင်သည် နှ မြောတော်မမူ၊ ငရဲထဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်း အလိုငှါ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။ 

လူသာလျှင် မှားယွင်းသည် မဟုတ်၊ ကောင်းကင်တမန် များလည်း မှားယွင်း ကြကြောင်း တွေ့ရသည်။ မှားယွင်းသော ကောင်းကင်တမန် များပင်လျှင် ဘုရားသခင်က နှမြောတော်မမူ၊ ငရဲထဲသို့ ချပြီးမှတရားစီရင်ခြင်း ခံရဦးမည် ဖြစ်သောကြောင့်၊ အား ကျပြီး သူတို့ နောက်မလိုက်သင့်ချေ။  

၅။ ရှေးလောက ဓာတ်ကိုလည်း နှမြောတော်မမူ။ ​ဖြောင့်မတ်ခြင်း တရားကို ဟောသော နောဧနှင့် လူခုနှစ်ယောက်တို့ကို စောင့်မတော်မူ၍၊ ဘုရားကို မကိုးကွယ်သောလောကီသား အပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။ 

ရှေးလောက ဓာတ်သည် နောဧခေတ်က ရေမလွှမ်းမိုးမှီကို ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် ရှေးလောက ဓာတ်တို့ ကိုလည်း မနှမြောသောကြောင့် ယခု ခေတ်မှားယွင်းသောသူများကိုလည်း နှမြော်တော်မူမည် မဟုတ်။ နောဧသည် ​ဖြောင့် မတ်ခြင်း တရားဟောသည် ဟုဆိုသည်။ သူတို့ မိသားစု ၈ယောက်သာလျှင် ရေဘေး မှလွတ်၍ ကျန်သောလောကီသား အပေါင်းတို့ကို ရေလွှမ်းမိုး စေခဲ့သည်။  

၆။သော ဒုံမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့၍ ဖျက်ဆီးရာ၊ ဒဏ်စီရင်တော်မူ သဖြင့် နောင်၌ မတရားသော အကျင့်ကို ကျင့်အံ့သော သူတို့အား ပုံသက်သေကို ထားတော်မူ၏။ 

အပြစ်များသော၊သော ဒုံနှင့် ဂေါမောရမြို့တို့ကို ဘုရားသခင်က မီးဖြင့် ဖျက်ဆီးခဲ့သည် (က ၁၉)။ ထိုသို့ မီးရှို့ဖျက်ဆီးခြင်းသည် သူတို့အတွက်သာ မဟုတ်ဘဲ၊ နောင်၌ မတရားသော အကျင့်ကို ကျင့်မည့်သူများကိုလည်း သတိပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ​ကျွန်ပ်တို့လည်း သတိထားဘို့ လိုသည်။ 

ရ။ ထိုအခါ မတရားသော သူတို့၏ ညစ်ညူးသော အကျင့်အားဖြင့် နှောင့်ရှက်ခြင်းကို ခံရသောသူ၊ ​ဖြောင့်မတ်သောလောတကို ကယ်နှုတ်တော်မူ၏။ 

လောတသည် မတရားသော သူတို့၏ အကျင့်အားဖြင့် နှောင့်ရှက်ခြင်း ခံရသော်လည်း၊ သူတို့ နည်းတူ အပြစ် မလုပ်၊ ​ဖြောင့်မတ်စွာ အသက်ရှင်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် ​ဖြောင့်မတ်သောလောတကို မီးထဲမှကယ်နှုတ်ခဲ့သည်။ 

၈။ ထို​ဖြောင့်မတ်သောသူသည် မတရားသော သူတို့တွင် နေစဉ်အခါ၊ သူတို့၏ မတရားသောအမှုများကို နေ့တိုင်း မပြတ် မျက်စိမြင်လျက်၊ နားကြားလျက် ရှိသဖြင့်၊ မိမိ​ဖြောင့်မတ်သော စိတ်နှလုံးကို ပြင်းစွာ ညှဉ်းဆဲရ၏။ 

လောတသည် မတရားသော သူတို့ အကြား၌ နေသောအခါ၊ နေ့တိုင်း မတ ရားမှုများကို မျက်စိနှင့် မြင်၊ နားနှင့် ကြားနေရသောကြောင့်၊ သူ၏ စိတ်နှလုံးကို ပြင်းစွာ ညှဉ်းဆဲရ၏။ ဘုရားတရား နှင့် ​ဖြောင့်မတ်စွာ အသက်ရှင်သောသူများသည် အနှောင့် အရှက်ခံရမည့်ကြောင်း ခရစ်တော်က ဤသို့ ပြောခဲ့ပြီ၊ “လူ အပေါင်းတို့သည်လည်း ငါ၏ နာမကြောင့်သင်တို့ကို မုန်းကြလိမ့်မည်။” (မ ၁၀ ;)။ တဖန်၊ “လောကီသားတို့သည် သင်တို့ကို မုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကို မုန်းကြသည်ကို သိမှတ်ကြလော့။” 
 (ယော ၁၅:၁၈)။ အဘယ်ကြောင့်နှောင့်ရှက်ခံရသနည်း။ ​ဖြောင့်မတ်သောသူများသည် လင်း၍ အပြစ်လုပ်သောသူများ၏ အပြစ် ပေါ်ကုန်သောကြောင့် ဖြစ်သည်။ 

၉-၁၀။ ဘုရားဝတ်၌ မွေ့လျော်သော သူတို့ကို စုံစမ်း နှောင့်ရှက်ခြင်း အထဲကကယ် နှုတ်ခြင်း ငှါ၎င်း၊ မတရားသော သူတို့ကို ဒဏ်ခံစေမည်အကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့် တကွ၊ ကာမဂုဏ် အလိုသို့ လိုက်၍၊ အာဏာစက်ကို မထီ မဲ့မြင် ပြုသော သူတို့ကို အထူးသဖြင့် ဒဏ်ခံစေမည်အကြောင်း၊ တရားဆုံးဖြတ်သော နေ့အဘို့ ချုပ်ထားခြင်း ငှါ၎င်း၊ ထာဝရဘုရားသည် တတ်နိုင်တော်မူ၏။ ထို သူတို့သည် ရဲရင့်သောသူ၊ ကိုယ်အလိုသို့ လိုက်တတ်သောသူ ဖြစ်၍၊ ဘုန်းတန်ခိုးကြီးသော သူတို့ကို ကဲ့ရဲ့ဝံ့ကြ၏။ 

လောတကိုသော ဒုံမြို့ထဲမှကယ်နှုတ် သကဲ့သို့၊ ဘုရားဝတ်၌ မွေ့လျော်သော သူတို့ကို စုံစမ်း နှောင့်ရှက်ခြင်း ထဲမှ ဘုရားသခင်က ကယ်နှုတ်နိုင်သည်။ ထို့ကြောင့် နှောင့်ရှက်ခြင်း ခံသောအခါ စိတ်ပျက်အား ငယ်စရာ မလိုပါ။ ဘုရားသခင်သည် အပြစ်သားများကို တရားဆုံးဖြတ်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သူတို့ကို ကြောက်၍ သော်၎င်း၊ စိတ်ဓါတ်ကျ၍ သော်၎င်း၊ အပြစ် မကျူးလွန်ဘို့ အရေးကြီးသည်။ အပြစ် ကျူး လွန် သူတို့သည် သူတို့၏ အလိုဆန္ဒကို လိုက်၍ ဘုန်းကြီးသော သူတို့ကို ပင်ကဲ့ရဲ့ဝံ့ ကြသည်။ 

၁၁။ ကောင်းကင်တမန်တို့ မူကား၊ သူတို့ထက် ခွန်အား တန်ခိုးကြီးသော်လည်း၊ ထာ ဝရဘုရားရှေ့တော်၌ သူတို့အား ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုကြ။ 

ကောင်းကင်တမန် များသည် အလွန် ခွန်အားကြီးသော်လည်း၊ ဘုရားရှေ့တော်၌ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုကြ ဟုဆိုသည်။ သခင်ဘုရား၏ ညီတော်ကလည်း ဤသို့ ရေးထားသည်၊ “ယောင်ယမ်းသော အဓမ္မလူတို့သည်၊ ရှေးနည်းတူ မိမိတို့ ကိုယ်ကို ညစ်ညူး စေ၍၊ အာဏာစက်ကို ပယ်လျက်၊ ဘုန်းတန်ခိုးကြီးသော သူတို့ကို၊ ကဲ့ရဲ့တတ်ကြ၏။ ကောင်းကင်တမန် မင်းမိက္ခေလမူကား၊ မောရှေ၏ ကိုယ်ကို အကြောင်း ပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူ စေသတည်း၊ ဟူ၍သာ ပြောဆို၏။ ထို သူတို့ မူကား၊ မိမိတို့ နားမလည်သော အရာများကို ကဲ့ရဲ့တတ်ကြ၏။” (ယုဒ ၁:၈-၁၀) 

၁၂။ သူတို့ မူကား၊ ဘမ်း၍ ဖျက်ဆီးဘို့ရာ ဖန်ဆင်းသော တိရစ္ဆာန်သက်သက်ကဲ့သို့၊ မိမိတို့ နားမလည်သောအရာကို ကဲ့ရဲ့လျက်၊ မိမိတို့ ပုပ်ပျက်သောအားဖြင့် အကုန်အစင်ပျက်စီးခြင်းသို့ ရောက်၍၊ မတရားသော အမှု၏ အပြစ်ကို ခံရကြလိမ့်မည်။ 

မတရားသောအမှု ပြုသောသူ၊ မှားယွင်းသော ဆရာ၊ ဆရာမများသည် ဖျက်ဆီးဘို့ ရာဖန်ဆင်းသော တိရစ္ဆာန်များ ကဲ့သို့ဖြစ်သည် ဟုဆိုသည်။ ထို့ကြောင့် သူတို့ နောက်လိုက်ဘို့ မဟုတ်သည်သာမက၊ အား ကျဘို့လည်း မဟုတ်ချေ။ အပြစ် ဒဏ် မခံမှီခဏလေးကောင်းစားခြင်း ဖြစ်သည်။ သူတို့သည် သူတို့ မသိသော အရာများကို ကဲ့ရဲ့တတ်ကြသည်။  

၁၃။ နေ့အချိန်၌ ပင် လွန်ကျူးစွာ ကာမဂုဏ် ခံစားခြင်း အမှုသည် ပျော်မွေ့ရာ ဖြစ်သည်၊ ဟု သူတို့ သဘော ရှိ၏။ သင်တို့နှင့်အတူ စားသောက်ပွဲလုပ်သောအခါ၊ မိမိတို့ မှားယွင်းသော သဘောနှင့် လွန်ကျူးစွာ ကာမဂုဏ် ခံစား၍၊ သင်တို့၌ အညစ်အ​ကြေးအစွန်းအ ကွက် ဖြစ်ကြ၏။ 

ထို မိစ္ဆာဆရာ၊ ဆရာမများသည် ညအချိန်ကို ပင်မစောင့်နိုင်ဘဲ နေ့အချိန်၌ ပင်လျှင် လွန်ကျူးစွာ ကာမဂုဏ် ခံစား၍၊ ထိုအရာသည် ပျော်မွေ့ရာ ဖြစ်သည်ဟု ယူဆကြသည်။ ထိုသူများကို ယုံကြည်သူများအနေဖြင့် မပေါင်းသင့်ချေ။ သူတို့နှင့် ပေါင်းသင်းခြင်းအားဖြင့် ကိုယ်ပါပေါ့ပျက်၍၊ အညစ်အ​ကြေးစွန်းကွက်တတ်သည်။ ထို့ကြောင့် အ ဝေးမှရှောင်ရမည်။ 

၁၄။ သူတို့သည် သူ့မယားကို ပြစ်မှားသော ကိလေသာနှင့် ပြည့်စုံသော မျက်စိရှိ၍၊ ဒုစရိုက်ကို မပြုဘဲ မနေနိုင်ကြ။ စိတ်နှလုံးမတည်ကြည်သော သူတို့ကို အပြစ်သို့ သွေး ဆောင်တတ်ကြ၏။ လောဘလွန်ကျူးခြင်း၌ ကျင်လည်၍၊ ကျိန်တော်မူခြင်း၏သား ဖြစ်ကြ၏။ 

ခေတ်အဆက်ဆက်သူ့မယားကို ပြစ်မှားခြင်း၊ ကိလေသာစိတ်ရှိခြင်းသည် အဆန်း မဟုတ်ချေ။ သို့သော် ယခုအခါ ယခင်ခေတ်များထက် အလွန် ဆိုးလာသည်။ ဗီဒီယို၊ ကွန်ပြူတာ၊ အင်တာနက်၊ ဖုန်းများအားဖြင့် အပြာရုပ်ရှင်များ ကြည့်ခြင်း၊ ချိန်း တွေ့ခြင်းများအဆက်မပြတ် ပြုလုပ် နိုင်သောကြောင့် ပို၍ ဆိုးခြင်း ဖြစ်သည်။ ကိလေသာ စိတ်ရှိသောသူများသည် အပြစ် မလုပ်ဘဲ မနေနိုင်ကြချေ။ စိတ်နှလုံးမတည်ကြည်သော သူတို့ကို သွေးဆောင်နိုင်သည် ဟုဆိုသောကြောင့် စိတ်နှလုံးတည်ကြည်ဘို့ရန်၊ ဘုရားတရား၌ နေဘို့ အလွန် လိုအပ်သည်။ ထိုသူများသည်လောဘလည်း လွန်ကျူးသည် ဟုဆိုသည်။ အပြစ်သည် တခုတည်း မဟုတ်၊ အတွဲလိုက်ကျူးလွန် တတ်သည်။ ထိုသူများသည် ဘုရားသခင်၏ ကျိန်တော်မူခြင်း ခံရသောသူများ ဖြစ်သည်။ ထိုသူများကို အဝေး မှရှောင်ပါ။ 

၁၅။ ​ဖြောင့်မတ်သောလမ်းထဲကထွက်၍ လွှဲသွားသဖြင့်၊ ဗောသော်၏သား ဗာလမ်၏ လမ်းကို လိုက်ကြ၏။ ၁၆။ ထိုဗာလမ်သည် မတရားသော အမှု၏ အခကို တပ်မက်၍၊ မိမိဒုစရိုက်အတွက်ကြောင့် ဆုံးမခြင်းကို ခံရ၏။ အဘယ်သို့ နည်းဟူမူကား၊ စကား မပြောနိုင်သော မြည်းသည် လူဘာသာအားဖြင့် မြက်၍၊ ထိုပရောဖက်၏ မိုက်မဲခြင်းကို မြစ်တားလေ၏။ 

ဗာလမ်ကို မောဘရှင်ဘုရင်ဗာလက်က၊ ဣသရေလ လူများကို ကျိန်ဘို့ရန် ခေါ်သည်။ ဗာလမ်က ဘုရားသခင်ကို မေးသောအခါ မသွားဘို့ ပြောသည်။ ဒုတိယ အကြိမ်၌ သွားခွင့်ပြုသည်။ ထိုသို့ သွားသောအခါ သူစီးသော မြည်းကသုံးကြိမ်လမ်း လွှဲသောကြောင့် သူ့မြည်းကို ရိုက်သည်။ သူ့မြည်းကငါ့ကို ဘာကြောင့်ရိုက်သနည်းဟု မေးသောအခါ၊ ငါ့စကားကို နားမထောင်သောကြောင့်ဟု မြည်းနှင့် ရန်ဖြစ်သည်။ အမှန်မှာဗာလမ်သည် မြည်းက စကား ပြောသောအခါ၊ လန့်ဖြန့်ပြီး ကြောက်သင့်၊ အံ့ဩ သင့်သည်။ အဘယ်ကြောင့်ဗာလမ်သည် လန့်ဖြန့်မည့်အစား သူ့မြည်းနှင့် ရန်တွေ့သနည်းဟူမူူကား၊ ဗာလက်မင်းကပေးမည့် လက်ဆောင်ကိုသာ စိတ်စွဲလန်းတပ်မက် သောကြောင့် ဖြစ်သည်။ ယနေ့ အမှုတော်ဆောင် များစွာလည်း ငွေနှင့် လောက ပစ္စည်း များကိုသာ စွဲလန်းသောကြောင့်၊ ဗာလမ်ကဲ့သို့ မျက်စိကန်းကာ၊ ရန်မ ဖြစ်သင့််သောသူများနှင့် ရန်ဖြစ်တရားစွဲဆိုတတ်ကြသည်။ သခင်ဘုရား ခိုင်းသော ပျောက်ဆုံးဝိညာဉ် ရှာဖွေ၍ ဖမ်းမည့် အစား၊ ငွေနှင့်လောက ပစ္စည်းကိုသာ ရှာဖွေ စုဆောင်း ကြသည်။ ထို့ကြောင့် ဝိညာဉ်ရေးရာ၌ ခမ်း​ခြောက်၍ ဝိညာဉ်ရေးရာ၌ မအောင်မြင်သော်လည်း၊ ငွေနှင့် လောကအရာများ ရရှိသောကြောင့် ကျေနပ် နေကြသည်။ သင်သည် ထိုကဲ့သို့ သောသူ ဖြစ်နေပါသလား။ ကိုယ့်ကိုယ်ကို စစ်ဆေးပါ။ 
 

၁ရ။ ထို သူတို့သည် ရေမရှိသော ရေတွင်း ကဲ့သို့၎င်း၊ လေတိုက်၍ လွင့်သော မိုဃ်းတိမ် ကဲ့သို့၎င်း ဖြစ်ကြ၏။ သူတို့အဘို့ တခဲနက်သော ထာဝရ မှောင်မိုက်ကို သိုထားလျက် ရှိ၏။ 

ရေတွင်းသည် ရေရှိရမည်။ သို့မှသာ အကျိုးရှိသည်။ ရေမရှိသော ရေတွင်း သည် အန္တရာယ် ရှိသည်။ ထို့နည်းတူ မေစ္ဆာဆရာများသည် အကျိုးမရှိသည်သာမက၊ အန္တရာယ် ရှိသည်။ အဝေးမှ ရှောင်သင့်သည်။ မိုဃ်းတိမ်သည် ရေခိုးရေငွေ့ ဖြစ်သည်။ မိုဃ်းတိမ်မှမိုဃ်းရွာတတ်သည်။ သို့သော် မိုဃ်းမရွာသော မိုဃ်းတိမ်သည် အကျိုးမရှိချေ။ မှားယွင်းသော ဆရာများသည် လေတိုက်၍ လွင့်သွားသော မိုဃ်းတိမ် ကဲ့သို့ဖြစ်သည်။ ထို သူတို့အတွက် တခဲနက်သော ထာဝရ မှောင်မိုက်သည်၊ သိုထားလျက် ရှိသည် ဟုဆိုသည်။ ထိုအရာသည် ငရဲမီးအိုင်ကို ဆိုလိုခြင်း ဖြစ်သည်။ 

၁၈။ အကြောင်းမူကား၊ မှားယွင်းခြင်း၌ ကျင်လည်သော သူတို့ အထဲက ပြေးထွက်လုသော သူတို့ကို၊ ထောင်လွှားသော အချည်းနှီး စကား ပြောသည် နှင့်၊ ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ၏။ 

မှားယွင်းသော ဆရာ၊ ဆရာမများသည် အပြစ် ထဲမှ ထွက်လုသော သူတို့ကို၊ အချည်းနှီးသော စကား၊ ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းများအားဖြင့် ပြန်လည်သွေးဆောင်တတ်သည်။ ဘုရားသခင်ကို ယုံကြည် လာသောအခါ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကို ဖြတ် လာတတ်ကြသည်။ ထိုအခါ နှုတ်ဆက်ပွဲဟူ၍ နောက်ဆုံးဟု သောက်စားစေခြင်းအားဖြင့် ပြန်လည်ပါသွားတတ်သည်။ ထို့ကြောင့် ထိုသူများကို ဝေးဝေးမှရှောင်သင့်သည်။ ဘုရားသခင်ကို ယုံကြည်ကိုးစား လာသောအခါ၊ အပေါင်းအသင်းလည်း ပြောင်းလဲဘို့ လိုသည်။ အပြစ်လုပ်နေသောသူငယ်ချင်းများကိုအား မနာ၊ မနှမြောဘဲ စွန့်၍ ယုံကြည်သူများကို ပေါင်းသင့်သည်။ သို့မဟုတ်ပါက မူလ အပြစ် ထဲ၌ ပြန်လည်ပါသွားမှာသေချာသည်။ 

၁၉။ လွတ်ခြင်း အခွင့်ရှိသည်ဟု ဝန်ခံလျက် ပင်၊ ကိုယ်တိုင် ပုပ်ပျက်ခြင်း၏ ​ကျွန် ဖြစ်ကြ၏။ အဘယ်သို့ နည်းဟူမူကား၊ လူကို နိုင်သောအရာသည် လူ၏ သခင် ဖြစ်၏။ 

မှားယွင်းသော ဆရာ၊ ဆရာမများသည်၊ သခင်ယေရှုအားဖြင့် လွတ်ခြင်း အခွင့်ရပြီဟု ဝန်ခံလျက် ပင်၊ အစားအသောက်၊ အနေအထိ ုင်၌ ​ကျွန် ဖြစ်သွားတတ်သည်။ ကောင်းကြီးရ လာသောအခါ ဝိညာဉ်ပိုင်းကြီး ထွားရင့်ကျက်ဘို့၊ အမှုတော်ဆောင်ဘို့ အတွက် အသုံးမပြုဘဲ၊ ဇာတိအလို ဇိမ်ခံဘို့ အတွက် ကောင်းကြီးများကို အသုံးပြုရာမှ၊ မသိမသာအပြစ် ကျူးလွန် တတ်သည်။ လူကို နိင်သောအရာသည် လူ၏ သခင် ဖြစ်သည် ဟုဆိုသည်။ ယုံကြည် လာသောအခါ မူးယစ်ဆေးဝါးများကို ရှောင်နိုင်သော်လည်း၊ အကောင်းဆုံးစားသောက်ခြင်း၊ ဇိမ်ခံပစ္စည်းများ စွဲလန်းခြင်းဖြင့် စာတန်၏ ​ကျွန် ဖြစ်တတ်ကြသည်။ ယခုနောက်ဆုံးပေါ်စွဲလန်းခြင်းသည် အီလက် ထောနစ်ပစ္စည်း ဖြစ်သည်။ ယခုအမှုတော်ဆောင်များ မှစ၍၊ အရွယ်မျိုးစုံငယ်ရွယ်သောသူမှစ၍ အအိုအထိ အားလုံး ၏ သခင်သည််ခေန ဘသသုယ လငဘနမတို့ ဖြစ်သည်။ ထိုအရာသည် အပြစ် မရှိဟု ထင်ရသော်လည်း လူတိုင်း၏ အချိန်နှင့် စိတ်ကို စွဲလန်း စေသည်။ ညအိပ်ယာဝင်နောက်ကျရာမှ ဝိညာဉ်ရေးရာပိုင်း၌ စိတ်မဝင်စားကြတော့ချေ။ ထို့ကြောင့် အကန့်အသတ်နှင့် မသုံးတတ်လျှင် အပြစ်ရှိသည်။ သင်၏ သခင်သည် အဘယ်အရာနည်း။ ဘုရား မဟုတ်လျှင် အပြစ် ရှိသည်။ 

၂၀။ ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကို သိ​ကျွမ်းခြင်း အားဖြင့်၊ လော ကီညစ်ညူးခြင်းနှင့် ကင်းလွတ် ပြီးမှ၊ တဖန် ကျော့မိ၍ ရှုံးလျှင်၊ နောက် ဖြစ်ဟန်သည် ရှေး ဖြစ်ဟန်ထက် သာ၍ ဆိုး၏။ 

အဘယ်ကြောင့်သခင်ယေရှု သိ​ကျွမ်းပြီး သူများ အပြစ် ပြန်လုပ်လျှင် အရင် ကထက် ပိုဆိုးသနည်းဟူမူကား၊ သူ့ကို သမ္မာတရားအားဖြင့် ဆုံးမ၍လည်း မရ၊ ငါသိသည်ဟု ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများအပြစ်၌ မလဲမိဘို့ရန် အလွန် အရေးကြီးသည်။ လူသည် လဲနိုင်သည်။ သို့သော် နောင်တရကာပြန်လည် တောင်းပန်ဘို့ လိုသည်။ ကျမ်းစာက၊ “ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့ အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ၊ ဘုရားသခင်သည် သစ္စာ တရားနှင့်၎င်း၊ ​ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံတော်မူ၏။” (၁ ယော ၁:၉)ဟု ရေးထားသည်။ 

၂၁။ ​ဖြောင့်မတ်ခြင်း တရားလမ်းကို သိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသော ပညတ်ကို တဖန် စွန့်ပစ်သည်ထက်၊ ထိုလမ်းကို မသိဘဲ နေသော်သာ၍ ကောင်း၏။ 

အဘယ်ကြောင့်​ဖြောင့်မတ်ခြင်း တရားလမ်းသိ၍ စွန့်ပစ်သည်ထက် မသိဘဲ နေသော်သာ၍ ကောင်းနိုင်သနည်း။ အကြောင်းမှာ တရားဆုံးဖြတ်သော နေ့၌ ​ဖြောင့်မတ်ခြင်း တရားကို သိလျှက် စွန့်သောသူသည် မသိသောသူထက် သာ၍ ခံရမည် ဖြစ်သည်။ ခရစ်တော်က၊ “များစွာသော တန်ခိုးတော်ကို ပြတော်မူသော မြို့ရွာတို့သည် နောင်တ မရသောကြောင့်၊ ထိုမြို့တို့ကို ဤသို့ ကဲ့ရဲ့ပြစ်တင်တော်မူ၏။ အို ခေါရာဇိန်မြို့၊ သင်သည် အမင်္လာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည် အမင်္လာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင် ပြသော တန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာနှင့် လူးလျက် နောင်တရကြလိမ့်မည်။ ငါဆိုသည်ကား၊ တရားဆုံးဖြတ်သော နေ့၌ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက် သာ၍ ခံရကြလတံ့။ အိုကပေရနောင်မြို့၊ သင်သည် မိုဃ်းကောင်းကင် တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတံ့၊ အကြောင်းမူကား၊ သင်၌ ပြသော တန်ခိုးကိုသော ဒုံမြို့၌ ပြဘူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင် တည်ရာ၏။ ငါဆိုသည်ကား၊ တရားဆုံးဖြတ်သော နေ့၌ 
 သင်သည်သော ဒုံမြို့ထက် သာ၍ ခံရလတံ့ဟု မိန့်တော်မူ၏။” (မ ၁၁ ; ၂၀-၂၄)   

၂၂။ ခွေးသည် မိမိအန်ဖတ်ကို ပြန်၍ စား၏။ ဝက်သည်လည်း ဆေးပြီးမှရွှံ့တွင် လူးပြန်၏ဟု မှန်သောစကား ပုံသည် ထို သူတို့၌ ပြည့်စုံသတည်း။ 

ခွေးသည် မိမိအန်ဖတ်ကို ပြန်စား၍ ဝက်သည် ဆေးပြီးမှရွှံ့တွင် ပြန်လူးတတ် သကဲ့သို့၊ အချို့သောသူများသည် မကောင်းသော အပြစ်များကို စွန့်ပြီးမှပြန်လုပ် တတ်သည်။ ထိုသို့ မဖြစ်ရလေအောင် ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ဘုရားဝတ် ပြုခြင်း၊ ယုံကြည်သူများနှင့် မိဿဟာရဖွဲ့ခြင်း၊ သက်သေခံခြင်းများအမြဲ ပြုလုပ် ကြ ပါစို့။ 

 

အမှုတော်ဆောင်သင်တန်း


 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်၊ ပုံမှန်တလတကြိမ် ပြုလုပ်သော အမှုတော်ဆောင်သင်တန်းကို ဖေဖဝါရီလ ၂ရ ရက်နေ့မှမတ်လ ၃ ရက်နေ့အထိ အောင်မြင် စွာ ပြုလုပ် နိုင်ခဲ့သည်။ အမှုတော်ဆောင်များနှင့် ယုံကြည်သူများ၂၅မှ ၃၀ယောက် အထိ တက်ရောက်နိင် ကြသည်။ ဩစတေးလျနိင်ငံ Victoria GBC  အသင်းတော်မှ ဆရာ Long Nai လည်း ပါဝင်တက်ရောက်နိုင်သောကြောင့် အထူးကျေးဇူးတော် ချီးမွမ်းသည်။ ညပိုင်းတွင်လည်း တဲတော် အကြောင်းကို သင်ကြားကြရာ အသင်းသားများ၊ ဧည့်သည်များအပါအဝင်လူ ၆၀ -ရဝယောက်တက်နိုင်ကြပါသည်။ 

ဧပြီလ ၃ -ရ နေ့အထိလည်း ထပ်မံ၍ တက်ကြဦးမည် ဖြစ်သည်။ ဇူလိုင်လ ၅ -ရ နေ့များ တွင်လည်း Battle Creek GBC တွင် အသင်းချုပ်အမှုတော်ဆောင် အားလုံး သင်တန်း ပြုလုပ်မည် ဖြစ်သည်။ ဩဂုတ်လတွင်လည်း တစ်လအမှုတော်ဆောင်သင်တန်းရှိမည် ဖြစ်သည်။ လူသစ် တက်ရောက်လို သူများ တက်ရောက်နိုင်ပါသည်။ 

 

Youth Camping

သတင်းကောင်း နှစ်ခြင်း အသင်းချုပ်၊ လူငယ်ဌါနမှ ဦးဆောင်၍ လူငယ် စခန်း သွင်း သင်တန်းကို၊ ဇွန်လ ၃၀မှ ဇူလိုင်လ ၃ ရက်နေ့အထိတွင် ပြုလုပ်ဘို့ ရှိပါသည်။ မည်သူမဆိုတက်ရောက်လို သူများ တက်ရောက်နိင်ကြောင်း သတင်းကောင်း ပါးလိုပါသည်။ 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG