GOODNEWS
  HOME  GOODNEWS  2017 FEB
 


အမှာစာ

 ဘုရာသခင်၏ ကျေးဇူးတော်သည် ယခုတိုင်ခံစားရကြသေးသည်။ သခင်ဘုရားကြွလာဘို့ ယုံကြည်သူများမြော်လင့်ကြသော်လည်း ယနေ့ တိုင်ကြွမလာသေးပါ။ ထိုသို့ ကြွမလာသေးခြင်းသည် ကယ်တင်ခြင်းသို့ ရောက်မည့်သူများမ ပြည့်စုံ သေးသောကြောင့် ဖြစ်မည်။ သို့သော် ယနေ့လောက ကြီးသည် ယခင်ကကဲ့သို့ မဟုတ်တော့ပါ။ သမ္မတထမ်လည်း ယခင်သမ္မတများ ကဲ့သို့ ချောချောမောမောဖြင့် အာဏာမရပါ။ အကြီး အကျယ်တိုက်ခိုက် ပြီးမှ အာဏာရသော်လည်း ယခုတိုင်ဆန့်ကျင် ဆန္ဒပြ သူများသည် မရပ်သေးပါ။ တရားရုံးအချို့ကလည်း သူ၏ အမိန့်ထုတ်ပြန်ခြင်းကို ဖီဆန်၍ ဆန့် ကျင် ကြသည်။ ပြည် သူလူထုများလည်း ပို၍ ပို၍ အလိုဆန္ဒကွဲပြား ကြသည်။ ရဲများနှင့် လူထုများလည်း ချောင်းမြောင်းသတ်ဖြတ် နေကြသည်။ မတရားမှု၊ မကျေနပ် မှု၊ အပြစ် ဒုစရိုက်များလည်းများသထက်များလာသည်။ ထို့ကြောင့် ပြည်တွင်း စစ်လည်း အချိန်မရွေး ဖြစ်နိုင်သည်။ လိင်တူဆက်ဆံ သူများလည်း ပို၍ ပို၍ ကဲလာကြကာ အင်အား ပို၍ ပို၍ ကြီးလာ ကြသည်။ တိုင်း နိင်ငံများလည်း မငြိမ်မသက် ဖြစ်ကြသည်။ နိင်ငံတိုင်း လက် နက်အသစ်အဆန်းများလည်း အပြိုင်အဆိုင်ထုတ်လုပ် နေကြသည်။ သားသမီး များလည်း ဆိုဆုံးမ၍ မရ၊ မိဘကို ဆန့်ကျင် ကာ အလွန် ပျက်ဆီးလာ ကြသည်။ ဘုရားတရား ကိုလည်း စွန့်သည်သာမက၊ ဆန့်ကျင် တိုက်ခိုက်လာ ကြသည်။ ထိုအရာများသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ ဖြစ်သည်။ ထိုသို့ဖြစ်မည့် အရာကို ကျမ်းစာကမြောက် များစွာ သတိပေးထားပြီးသား ဖြစ်သည်။ ကမ္ဘာ့ အ​ခြေအနေသည် အကောင်း ဘက် မဟုတ်ဘဲ၊ အဆိုးဘက်အရှိန်အဟုန်ကြီးစွာဖြင့် ဦးတည်ရွေ့လျားနေသည်။ ဤကဲ့သို့သော အချိန်၌၊ မိသားစုအလိုက် ဘုရားသခင် ထံတိုးဝင်ချဉ်းကပ်မှ သာလျှင် သက်သာရာရရှိကြမည် ဖြစ်သည်။ ထို့ကြောင့် လောဘကြီးပြီး အလုပ်ကိုသာ မလုပ်ကြဘို့၊ ညပိုင်းကျမ်းစာ သင်နိင်ရန်နေ့ခင်းပိုင်းအလုပ်သာလုပ်ဘို့၊ သားသမီးများကို ပစ်မထားဘဲ ကျမ်းစာ သင်ပေးခြင်း၊ ဘုရားကျောင်းသို့ ခေါ်ခြင်းဖြင့် ကြိုတင် ကာ ကွယ်ဘို့ လိုသည်။ သင်နှင့် သင်၏ မိသားစု၊ စိတ်ဝိညာဉ် လုံခြုံရေးအတွက် ထာဝရ ဘု ရားထံခိုလှုံဘို့ အကြံပေးလိုပါသည်။ 


ယခုလစာစောင်တွင်...

  • ထာဝရ အသက် 
  • အောင်မြင်သော အမှုတော်ဆောင်ခြင်း 
  •  အဘယ်ကြောင့် မအောင်မြင် ကြသနည်း
  • သခင်ယေရှု ကြွလာခါနီးပြီ
  • ဗိမာန်တော် တည်ဆောက်ကြစို့
  • တင်းတိမ်ရောင့်ရဲသော အသက်တာ (ှပေ​ော​ေ့ ံ​ေညည​ေ ဃကညါ) 
  • ကျမ်းစာဖတ်ကြစို့ (၂ ပေ ၁) 
  • ခရီး စဉ်
  • အမှုတော်ဆောင်သင်တန်းဖိတ်ခေါ်ခြင်း 

 

ထာဝရ အသက် 

သက်ရှိသတ္တဝါတိုင်းသည် အသက်ရှင်ချင် ကြသည်။ ယင်ကောင်ခြင်ကောင်များပင်လျှင် သတ်မည်ကြံသောအခါ ပျံသန်းသွားတတ်ကြသည်။ လူသားများလည်း အသက်ရှင်ချင် ကြသည်။ မသေချင် သောကြောင့် အစာဝယ်စားနိုင်ဘို့ရန် အလုပ် လုပ် ကြသည်။ ပျင်းရိသောသူများသည် အလုပ်မလုပ်ချင်သော်လည်း၊ အချောင်စား မည့် အရာကို ကြံစည်တတ်ကြသည်။ မသေချင် သောကြောင့် ဖျားနာလျှင်လည်း ဆေးရုံတက် ကြသည်။ ကိုယ်ခန္ဓာအသက်သည် အစဉ်သဖြင့် ပျော်ရွှင်သည် မဟုတ်။ ဒုက္ခများမြောင်လှသော်လည်း မသေချင် ကြချေ။ အသက် ငယ်သောသူများသာမက၊ အသက်ကြီးသော အဘိုးကြီး အဘွားကြီးများလည်း၊ မသေချင် သေးသောကြောင့် ဆေးရုံ တက်ကြ၊ ကုသကြသေးသည်။ ထို့ကြောင့် လူသည် အသက်ကို တန်ဘိုး ထားကြကြောင်း ထင်ရှားသည်။ 

လူသည် ကိုယ်ခန္ဓာအသက် မက၊ ဝိညာဉ် အသက် ရှိသေးသည်။ သိသည် ဖြစ်စေ၊ မသိသည် ဖြစ်စေလူ၌ ဝိညာဉ် ရှိသည်။ ထိုဝိညာဉ်သည် ကိုယ်ခန္ဓာသေသော်လည်း မသေနိုင်၊ ထာဝရ အသက်ရှင်မည် ဖြစ်သည်။ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက် သွားပြီး နောက် နေမည့် နေရာနှစ်နေရာရှိသည်။ တနေရာသည် ကောင်းကင်နိင်ငံ ဖြစ်၍၊ တနေရာသည် ငရဲမီးအိုင် ဖြစ်သည်။ လူသည် အပြစ်သား အဖြစ် မွေးဘွားသောကြောင့်၊ ငရဲမီးအိုင် သွားဘို့ရန် ရှိသည်။ လိုချင်သည် ဖြစ်စေ၊ မလိုချင်သည် ဖြစ်စေ၊ ယုံသည် ဖြစ်စေ၊ မယုံသည် ဖြစ်စေ၊ လူသား တိုင်းသည် ငရဲသွားဘို့ ဖြစ်သည်။ ထိုသို့ ငရဲ မီးအိုင် ထဲသို့ သွားခြင်းသည် ထာဝရ အသက်ရှင်ရသော်လည်း၊ ဘုရားသခင်နှင့် ခွဲခွါ၍ သူ့အမြင်၌ ထာဝရ သေခြင်းဟု ခေါ်သည်။ သို့သော် သတင်းကောင်းရှိသေးသည်။ ထာဝရ ငရဲမီးအိုင်သို့ မသွားဘဲ၊ ကောင်းကင်နိင်ငံသို့ ထာဝရ နေနိုင်သော အခွင့်ရှိသည်။ ကောင်းကင်၌ နေထိုင်ခြင်းကို ထာဝရ အသက်ဟု ခေါ်သည်။ မည်ကဲ့သို့ ထာဝရ အသက် ရရှိနိုင်မည်နည်း။ 
 
ထာဝရ အသက် အခမဲ့ပေးသည် 

ရောဂါကြောင့် ကိုယ်ခန္ဓာသေမည့် အရာမှ အသက် ဆက်ဘို့ရန် အတွက်၊ ဆေးဝါးကုသခြင်းကို ငွေဖြင့် ဝယ်ကာ အစွမ်းကုန် ကြိုးစား တတ်ကြသည် မဟုတ်လော။ သို့ဖြစ်လျှင် ထာဝရ အသက်ရှင်မည့် အရာကို ကိုယ်ခန္ဓာအသက်ထက် လိုချင် ကာအ စွမ်းကုန် ကြိုးစား၍ ဝယ်သင့်သည်။ သို့သော် ထာဝရ အသက်သည် ဝယ်၍ မရပါ။မည်သူကမှမရောင်းပါ။ မိမိ ညီအစ်ကိုကို အဘယ်သူမျှ အလျှင်း မရွေးနိုင်၊၊ ရွေးရန်အဘိုးကို ဘုရားသခင်၌ မပေးနိုင်၊၊ သူတို့ အသက် ဝိညာဉ်၏ ရွေးရန်အဘိုးကြီး လှပေ၏၊၊ သို့ဖြစ်၍ အစဉ် ှုံးလျက် နေရမည်၊၊ (ဆာ ၄၉:ရ- ၈) သို့သော် သတင်းကောင်းမှာ၊ တန်ဘိုး ဖြတ်၍ မရသော ထိုထာဝရ အသက်ကို ဘုရားသခင်က လိုချင် သူတိုင်း အခမဲ့ပေးခြင်း ဖြစ်သည်။ ထိုအရာကို ကျမ်းစာက ဤသို့ ရေးထားသည်၊ ဘုရားသခင်သည် ငါတို့အား ထာဝရ အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကို မရ။ (၁ ယော ၅:၁၁-၁၂)။ ဘုရားသခင်က ထာဝရ အသက်ကို သင်အပါအဝင်လူတိုင်းကို ပေးသည်။ ထာဝရ အသက်ကို ရောင်းသည် မဟုတ်။ ပေးသောအရာကို ယူလိုက်ဘို့ ဖြစ်သည်။ သူဌေးကြီး ကကား အသစ်ကြီးကို ပေးလျှင် သင်ယူမည်လော။ ဘုရားသခင်က အခမဲ့ပေးထားသော ထာဝရ အသက်ကို သင်သည် အဘယ်ကြောင့်မယူဘဲ နေမည်နည်း။ အဘယ်ကြောင့် ဘုရားသခင်က ထာဝရ အသက်ကို အခမဲ့ပေးသနည်းဟူမူကား၊ ဝယ်၍ မရသောကြောင့် ဖြစ်သည်။ 
 
ထာဝရ အသက် သားတော်၌ ရှိ

ကျမ်းစာ ကထာဝရ အသက်သည် သားတော်၌ ရှိသည် ဟုဆိုသည်။ ထာဝရ အသက်သည် အကျင့်ကောင်းခြင်း၊ ကုသိုလ်ပြုခြင်းများ၌ မရှိချေ။ ဘာသာတရား၊ ဂိုဏ်းဂဏ၌လည်း မရှိပါ။ ထာဝရ အသက်သည် ဘုရားသခင်က သားတော် ယေရှုခရစ်၌ သာထားသည်။ ထို့ကြောင့် ထာဝရ အသက် ရလိုလျှင် သားတော် ယေရှုကို ရရှိဘို့ လိုသည်။ သားတော်ကို မည်ကဲ့သို့ ရမည်နည်း။ သားတော်က၊ ငါသည် တံခါးရှေ့ မှာရပ်၍ ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စား သောက်ရလိမ့်မည်။ (ဗျာ ၃:၂၀) ဟုဆိုသည်။ ယခုသခင်ယေရှုက ဤစာအားဖြင့် သင်၏ စိတ်နှလုံးတံခါးကို ခေါက်နေသည်။ သင်သည် စိတ်မခိုင်မာဘဲ သူကို တံခါးဖွင့် ပေးလိုက်လျှင်၊ သူသည် သင်၏ စိတ်နှလုံးအထဲ၌ ဝင်၍ သင်သည် ထာဝရ အသက် ရမည် ဖြစ်သည်။ 

မည်ကဲ့သို့ တံခါးဖွင့်မည်နည်း

 ဤသို့ ဆုတောင်းခြင်းဖြင့် သခင်ယေရှုကို ခေါ်ဘိတ်နိုင်သည်။ သခင်ယေရှု ဘုရား၊ ကိုယ်တော်သည် ​ကျွန်ပ်၏ စိတ်နှလုံးတံခါးခေါက်နေသည်ဟု သိရပါသည်။ ကိုယ်တော် ဝင်ဘို့ရန် ​ကျွန်ပ်၏ စိတ်နှလုံးတံခါးဖွင့်ပေးပါပြီ။ ဝင်တော်မူပါ။ ​ကျွန်ပ်၏ အသက်တာကို အုပ်စိုးတော်မူပါ။ ​ကျွန်ပ်၏ အပြစ်များကိုလည်း လွှတ်တော်မူပါ။ သင်သည် အမှန်တကယ် စိတ်နှလုံးထဲမှအထက်ပါ ကဲ့သို့ ခေါ်ဘိတ်ပါက သခင်ယေရှုသည် သင်၏ အထဲ၌ ဝင်တော်မူပြီဟု စိတ်ချနိုင်သည်။ အကြောင်းမှာ ဝင်ဘို့ရန် ပြောပြီးမှမဝင်ဘဲ မနေပါ။ လူပင်လျှင် ကိုယ်ပြောသောစကား အတိုင်း ပြုရသည် မဟုတ်လော။ သခင်ယေရှုသည် ဘုရား ဖြစ်သောကြောင့် ဖွင့်ပေးလျှင် ဝင်မည်ဟု ပြောပြီးမှမဝင်ဘဲ မနေပါ။ သို့သော် သူသည် ဝိညာဉ်အားဖြင့် ဝင်သောကြောင့် ကိုယ်ခန္ဓာအားဖြင့် သိနိုင်မည် မဟုတ်။ သူ့စကားကို စိတ်ချယုံကြည်ခြင်းအားဖြင့်သာသိနိုင်သည်။ 
 
ထာဝရ အသက် ရပြီ

သင်သည် သခင်ယေရှုကို လက်ခံရရှိသောကြောင့် ထာဝရ အသက် ရရှိပြီ။ ကျမ်းစာက၊ ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သင်တို့သည်၊ ထာဝရ အသက်ကို ကိုယ်တိုင် ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏။ (၁ ယော ၅:၁၃)ဟု ရေးထားသည်။ လူအများ ထင်မှားတတ်သည်မှာ၊ ထာ ဝရအသက် ရသည်ကို သေပြီးမှသာ သိနိုင်မည်ဟူ၍ ဖြစ်သည်။ သို့သော် ယောဟန်က၊ ထာဝရ အသက်ကို မသေမှီသိဘို့ ဟုဆိုသည်။ အကြောင်းမှာ ဤကျမ်းစာသည် သေပြီးမှဖတ်ဘို့ မဟုတ်၊ အသက်ရှင်စဉ်ဖတ်ဘို့ ဖြစ်သည်။ ကောင်းကင်နိင်ငံမူသေပြီးမှရောက်ဘို့ ဖြစ်သည်။ ထာဝရ အသက်သည် သခင်ယေရှုကို ယုံကြည် လက်ခံသည်နှင့် တပြိုင် နက်ရရှိဘို့ ဖြစ်သည်။ 

ယုံကြည်ခြင်းအားဖြင့် 

ဘုရားသခင်နှင့် ဆက်ဆံသောအခါ ယုံကြည်ခြင်းအားဖြင့်သာရကြောင်း ကျမ်းစာက ဤသို့ ရေးသား ထားသည်၊ ယုံကြည်ခြင်း မရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေွွ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင် ရှိတော်မူသည် ကိုင်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုး ပေးတော်မူသည် ကိုင်း၊ ယုံကြည် ရမည်။ (ဟေ ၁၁:၆)။ ဘုရားသခင်ကို အာရုံငါး ပါးဖြင့် သိဘို့ ဆက်ဆံဘို့ မကြိုးစား ပါနှင့်။ ယုံကြည်ခြင်းအားဖြင့်သာလျှင် သိနိုင်သည်။ သူ၏ စကားကို ယုံကြည် ရသည်။ အကြောင်းမှာ သူသည် မုသာ မပြောဘူးပါ။ သားတော်ကို ရသောသူသည် အသက်ကို ရ၏ ဟုဆိုသောကြောင့် သင်သည် သားတော်ကို ရလျှင် အသက် ရရှိပြီ ဖြစ်သည်။ 

 

 


အောင်မြင်သော အမ၍ တော် ဆောင်ခြင်း 

ယနေ့ ကမ္ဘာပေါ်၌ အမှုတော်ဆောင်မြောက် များစွာ ရှိသည်။ ကျမ်းစာကျောင်းအောင် များလည်း နှစ်တိုင်း မြောက် များစွာ ရှိသည်။ သို့သော် နာမည်ခံ ခရစ်ယာန် မှသော်၊ အခြားဘာသာမှသော်၊ ကယ်တင်ခြင်းသို့ ရောက်သောသူသည် နည်းပါး ကြသည်။ ထိုသို့ဖြစ်ရခြင်း အကြောင်းရင်းများကို ရှာဘို့ လိုသည်။ ယနေ့ အမှုတော်ဆောင်များသည် တမန်တော်များကဲ့သို့ အလုပ်မလုပ်ကြတော့ချေ။ 
 
နေ့တိုင်း လုပ်ဆောင်ကြသည် 

ယနေ့ အမှုတော်ဆောင်များသည် နေ့တိုင်း အလုပ်မလုပ်ကြချေ။ ဧဝံဂေလိ ဆရာအချို့သာလျှင် နေ့တိုင်း လုပ်ဆောင်ကြသော်လည်း၊ သင်းအုပ်ဆရာများနှင့် အ ခြားအမှုတော်ဆောင်များသည်၊ ဟုတ်တိပတ်တိအလုပ်မလုပ်ကြချေ။ နေ့တိုင်း ခလေးထိန်း၊ အင်တာနက်ကြည့်၊ လျှောက်လည်၊ နိင်ငံရေး၊ လူမျိုးရေး၊ လူမှုရေး၊ ယဉ်ကျေး မှုများပြောဆို စဉ်းစားခြင်းများသာလျှင် လုပ် ကြသည်။ တနင်္နွေနေ့တကြိမ် တရား ဟောခြင်း၊ မွေးနေ့၊ ကျေးဇူးတော် ချီးမွမ်းခြင်း၌ ဝေငှခြင်းလောက်ဖြင့် ကျေနပ် နေကြသည်။ တမန်တော်များသည် နေ့တိုင်း ဟောပြောခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ ဆုတောင်းခြင်းများပြုလုပ် ကြကြောင်း ကျမ်းစာ၌ ဤသို့ မှတ်တမ်းတင်ထားသည််၊ ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကို ခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကို ဖဲ့ခြင်း၊ ပဌနာ ပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏၊ (တ ၂:၄၂) တဖန်၊ ၁ ထိုကာလ၌ တပည့်တော်တို့ သည်များပြားသည် ရှိသော်၊ နေ့ရက်အစဉ်အတိုင်း လုပ်​ေ ကွးသောအခါ ဟေလေနစ်အမျိုးမုတ်ဆိုးမတို့ကို မလုပ်မ​ေ ကွးဟု ထိုအမျိုးသားတို့သည် မြည်တမ်း၍ ဟေဗြဲလူတို့ကို အပြစ်တင်ကြ၏။ ၂ ထိုအခါ တကျိပ်နှစ်ပါးသော တမန်တော်တို့သည် တပည့်တော် အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ထား၍ စားပွဲ၌ လုပ်​ကျွေးမှုကို မဆောင်သင့်။ ၃ ထိုကြောင့် ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်င်း၊ ပညာနှင့်င်း ပြည့်စုံလျက်၊ အသရေရှိသော လူခုနှစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့။ ဤအမှုကို ဆောင်ရွက်စေခြင်းငှါ ထို သူတို့ကို ငါတို့သည် ခန့်ထား ကြမည်။ ၄ ငါတို့ မူကား ဆုတောင်း ပဌနာ ပြုခြင်း၊ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်း အမှုတို့ကို အမြဲပြု၍ နေမည် ဟုဆိုကြ၏။ (တ ၆:၁-၄)။ 

တမန်တော်များက သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ထား၍ စားပွဲ၌ လုပ်​ကျွေးမှုကို မဆောင်သင့် ဟုဆို ကြသည်။ သူတို့သည် ဆုတောင်းခြင်း၊ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်းကို အမြဲပြုနေမည် ဟုဆိုသည်။ ယနေ့ အမှုတော်ဆောင်အများစုသည် ဘာလုပ် နေကြသနည်း။ အချို့အမှုတော်ဆောင်များသည် အသင်းသားများက ဆုတောင်း ခေါ်လျှင် ပင်မပါဝင်ချင် ကြချေ။ အချို့သောသူများ ကပေါလု ပင်လျှင် တဲရှင်ချုပ်ရင်းဖြင့် အမှုတော်ဆောင်သည် မဟုတ်လော ဟုဆိုနိုင်သည်။ ပေါလု ကဧဖက်မြို့ အသင်းတော်၏ သင်းအုပ်များထံ၊ ငါသည် သုံးနှစ်ပတ်လုံးနေ့ညမပြတ် လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍ နေကြောင်းကို အောက်မေ့ကြလော့။ (တ ၂၀:၃၁)ဟု သူသည် နေ့ညမပြတ် မျက်ရည်နှင့် တကွဆုံးမကြောင်း ပြောသွားသည်။ သူသည် တရားဟော၊ သွန်သင်၊ ညွှန်ကြားသည့်အပြင်၊ ဓမ္မသစ်ကျမ်းစာ တဝက်ကို ရေး နိုင်ခဲ့သည်။ ထို့ကြောင့် ပေါလုသည် အလွန် အလုပ်လုပ်ကြောင်း ထင်ရှားသည်။ 

မဟော မပြောဘဲ မနေနိုင်

ပေတရုသည် အလွန် သတ္တိကြောင်ခဲ့သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝ လာသောအခါ၊ သူ့ကို တရားစီရင်နိုင်သော လူကြီးများပင်လျှင် မကြောက်တော့ဘဲ၊ ဤသို့ ဆိုသည်၊ ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော်ကို နားထောင်သည်ထက် သင်တို့၏ စကားကိုသာ၍ နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြလော့။ ငါတို့သည် ကြားလျက်၊ မြင်လျက် ရှိသောအရာ တို့ကို မဟော မပြောဘဲ မနေနိုင်ဟု ထို သူတို့အား ဆိုကြ၏။ (တ ၄:၁၉-၂၀)။ တမန်တော်များသည် သူတို့ ကြားသောအရာ နှင့် မြင်သောအရာ တို့ကို မဟော မပြောဘဲ မနေနိုင်ကြချေ။ သင်သည် ကြားသောအရာ၊ မြင်သော အရာများကို မကြား မပြောဘဲ နေနိုင်ပါသလော။ အဘယ်ကြောင့် များစွာသော အမှုတော်ဆောင်များနှင့် ယုံကြည်သူများသည် ကိုယ်ကြားသော မြင်သော အရာများကို မဟော မပြောဘဲ နေနိုင်ကြသနည်း။ ဘုရား အကြောင်းကို မဟော မပြောသောကြောင့် လောက အကြောင်းကို စိတ်ဝင်စား၍ လောကအရာများကိုသာလျှင် ပြောဆို ကြသည်။ 
 
ဖိလိပ္ပု

ဖိလိပ္ပုသည် အသင်းတော်၌ ဝိညာဉ်ပိုင်း ဦးဆောင်သူ၊ တမန်တော် မဟုတ်ပါ။ သူသည် အစာဝေသူသာလျှင် ဖြစ်သည်။ သူသည် ယေရုရှလင် အသင်းတော်၌ ကြီးစွာသော ညှင်းဆဲခြင်း ဖြစ်သောအခါ ထွက်ပြေးသွားသောသူ ဖြစ်သည်။ ဖိလိပ္ပုသည်လည်း၊ ရှမာရိမြို့သို့ သွား၍ ခရစ်တော်၏ အကြောင်းကို ဟောလေ၏။ ၆ လူအစုအဝေးတို့သည် ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏ စကားကို တညီတညွတ်တည်း နားထောင် ကြ၏။ ၇ အကြောင်းမူကား၊ နတ်ဆိုးစွဲသောသူများတို့၏ အထဲမှနတ်ဆိုးတို့သည် ပြင်းစွာသော အသံနှင့် အော်ဟစ်လျက် ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ​ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိအဖြစ်သို့ ရောက်ကြ၏။ ၈ ထိုမြို့သူမြို့သားတို့သည် အလွန် ဝမ်းမြောက်ခြင်းရှိကြ၏။ (တ ၈ ; ၅-၈)ဟု တွေ့ရသည်။ အဘယ်ကြောင့်ရှမာရိမြို့သားများ အလွန် ဝမ်းမြောက် ကြသနည်း။ ဖိလိပ္ပုက တရားဟောသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်နတ်ဆိုးများသည် ထွက်သွားကြသနည်း။ အဘယ်ကြောင့်လူများ ကျန်းမာလာကြသနည်း။ ဖိလိပ္ပုက တရားဟောသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ယနေ့ များစွာသောသူများ ဝမ်းမမြောက်ကြသနည်း။ အဘယ်ကြောင့် ဘုရားသခင်က အံ့ဘွယ် နိမိတ်လက္ခဏာများမပြုသနည်း။ ယုံကြည်သူများ၊ အမှုတော်ဆောင်များက တရားမဟောသောကြောင့် ဖြစ်သည်။ ဖိလိပ္ပုသည် သခင်ဘုရားက အထူးမခိုင်းပါ။ သို့သော် သူသိသောအရာကို ဟောပြောသောကြောင့် ဘုရားသခင်က အသုံးပြု၍ လူ များစွာ ကယ်တင်ခြင်းသို့ ရောက်ရသည်။ သင်မဟော မပြောသောကြောင့် ဘုရားသခင်က အလုပ်မလုပ် နိုင်ချေ။ လူများလည်း အပြစ် ​ကျွန်၊ စာတန် ​ကျွန်၊ လောက ​ကျွန်မှမ လွတ်မြောက်သောကြောင့် ဝမ်းမြောက်မှု မရှိနိုင်ချေ။ 

အဘယ်ကြောင့် တမန်တော်များထဲ၌ ပေတရုနှင့် ယောဟန်အကြောင်းသာ သိရသနည်း။ သူတို့ နှစ်ယောက်သာဟောပြောသောကြောင့် ဖြစ်မည်။ ကျန်သော တ မန်တော်များထက်၊ အစာဝေသူဖိလိပ္ပုအကြောင်း သာလျှင် သိရသည်။ သူသည် အဲ သရောပိအမတ်ကိုလည်း ဟောပြောသဖြင့် ထိုအမတ်ကြီးလည်း ယုံကြည်၍ ဗတ္တိဇံ ခံပြီးမှဝမ်းမြောက်စွာဖြင့် ပြန်သွားသည် (တ ၈:၂၆-၃၉)။ ဖိလိပ္ပုသည် အဲသရောပိအ မတ်ကြီးကို ဗတ္တိဇံပေးပြီး နောက်၊ အာဇုတ်မြို့၌ ပေါ်လာ၍၊ ထိုမြို့မှကဲသရိမြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်းရှောက် သွား၍ ဧဝံဂေလိတရားကို ဟောလေ၏။ (တ ၈ ; ၄၀)။ ဖိလိပ္ပုသည် အာဇုတ်မြို့သို့ မည်ကဲ့သို့ ရောက်သွားသနည်း။ ဝိညာဉ်တော်က ချီဆောင်သွားခြင်း ဖြစ်မည်။ ထိုကဲ့သို့ ထူးခြားသော ခံစားချက်ကို အဘယ်ကြောင့်ရရှိ သနည်း။ ဧဝံဂေလိ တရားဟောသောကြောင့် ဖြစ်သည်။ သင်လည်း ဘုရားသခင်၏ ဂရု စိုက်ခြင်း ခံလိုလျှင် နေ့ရက်အစဉ်အတိုင်း တရားဟော၊ သက်သေခံပါ။ ဖိလိပ္ပုသည် အာဇုတ်မြို့မှကဲသရိမြို့ ထိုမှမြို့ရွာတိုင်း၌ တရားဟောသည် ဟုဆိုသည်။ 

 ရှင်ပေါလု

ငါသည် ဧဝံဂေလိတရားကို ဟောံုပြုလျှင် ဝါ ကွားခြင်း အကြောင်း မရှိသေး။ အဘယ်ကြောင့်နည်းဟူမူကား၊ မဟောဘဲ မနေနိုင်၊ မဟောဘဲ နေလျှင် အမင်္လာရှိ၏။ (၁ ကော ၉:၁၆)။ အဘယ်ကြောင့်ပေါလုကို ဘုရားသခင်က အံ့ဩဘွယ် အသုံးပြုသနည်း။ များသောအားဖြင့် ဘုရားကရွေးချယ်သောကြောင့်ဟု ​ဖြေကြပေလိမ့်မည်။ မှန်ပါသည် ဘုရားသခင်က ရွေးချယ်သည်။ သို့သော် ဘုရားရွေးတိုင်း ကောင်းသည် မဟုတ်။ ရှော လုမင်း၊ ရှံဆုန်၊ ယုဒရှကာရုတ်တို့ကို ဘုရားကရွေးချယ်ထားသော်လည်း မကောင်း ကြပါ။ ပေါလုကို ဘုရားက အသုံးပြုခြင်းသည်၊ သူရေး သကဲ့သို့ မဟောဘဲ မနေနိုင်သောကြောင့် ဖြစ်သည်။ သူကိုယ်တိုင်၊ အခြားသော တမန်တော် အပေါင်းတို့ထက်၊ ငါသည် သာ၍ ကြိုးစားခြင်းကို ပြု၏။ (၁ ကော ၁၅:၁၀) ဟုဆိုသည်။ အမှုတော်ဆောင် တိုင်း ယုံကြည်သူ တိုင်းလည်း ပေါလုတို့ ကဲ့သို့ ကြိုးစားလျှင် ဘုရားက အသုံးမပြုစရာ အကြောင်း မရှိချေ။ ပေါလုက၊ ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။ (၂ တိ ၄:ရ) ဟုဆိုခဲ့သည်။ သူသည် ကောင်းစွာသော တိုက် လှန်ခြင်းကို ပြုပြီ ဟုဆိုသည်။ တိုက်လှန်ခြင်း ဆိုသည်ထက် တိုက်ခိုက် ပြီ ဟုဆိုလျှင် ပိုရှင်းမည်ထင်သည်။ ပေါလုသည် ဘာကို တိုက်သနည်း။ စာတန် ဝိညာဉ်ဆိုးများကို တိုက်ခိုက်သည်။ ​ကျွန်ပ်တို့ ကော တိုက်ခိုက် ပြီလော။ မတို်က်သေးလျှင် ယခုမှစ၍ တိုက်ပါ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီလော။ မပြေးရသေးလျှင် ယခုမှစ၍ ပြေးပါ။ 

သခင်ယေရှု 

သခင်ယေရှုက၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီစီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။ (ယော ၄:၃၄) ဟုဆိုခဲ့သည်။ သခင်ယေရှု၏ အစာသည် ဘုရားသခင်၏ အမှုတော်ကို ပြီးစီးအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ သင်၏ အစာသည် အဘယ်အရာနည်း။ သင်၏ အစားအစာသည်လောကအရာ ဖြစ်သေးလျှင် ပြန်လည်စဉ်းစားစေချင်သည်။ ယုံကြည်သူ တိုင်း၊ အမှုတော်ဆောင်တိုင်းက သခင်ဘုရား ခိုင်းသော အမှုကိုသာ ဆောင်ရွက်လျှင် ခဏလေးနှင့် လူ များစွာ ကယ်တင်ခြင်းသို့ ရောက်ကြမည် ဖြစ်သည်။ သခင်ဘုရားက၊ ယခုမှစ၍ လေးလ လွန်လျှင်၊ စပါးရိတ်ရာကာလ ဖြစ်လိမ့်မည်ဟု သင်တို့ ဆိုတတ်သည် မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကိုမျှ ော်၍ ကြည့်ကြလော့။ (ယော ၄:၃၅) ဟုဆိုသည်။ အဘယ်ကြောင့်စပါးရိတ်ခြင်းငှါ လေးလလိုသေးသည် ဟုဆိုသနည်း။ ပျင်းရိသောကြောင့် ဖြစ်သည်။ ပျင်းရိသောသူသည် အကြောင်း အမျိုးမျိုး ပြနေမည် ဖြစ်သည်။ အမှန်မှာ စပါး ( ဝိညာဉ်) များသည် ဝင်းဝင်း မှည့်နေပြီ။ ရိတ်ဘို့ သာလျှင် လိုအပ်သည်။ 

အဘယ်​‌ကြောင့် မအောင်မြင်ကြသနည်း

 

 များစွာသော အမှုတော်ဆောင်များသည် အစိုးရအမှုထမ်း သကဲ့သို့ ဝမ်းစာ ဖုိလှုံရေးအတွက် အလုပ်လုပ် ကြသည်။ ထိုသူများအတွက် ဘုရား အမှုတော်ဆောင်ခြင်းသည် မအောင်မြင် သောကြောင့် အလွန်ပင် ပန်းသော အလုပ် ဖြစ်သည်။ သို့မဟုတ် အသင်းသားများ၍ အသက်မရှင်သော အသင်းတော်ကို ကြည့်ရှုသောကြောင့် ဇိမ်ခံလျက် အလုပ်လုပ် ကြသည်။ ဤစာသည် ထိုသူများအတွက် မဟုတ်။ ဒုတိယ မွေးဘွား ပြီးသော အမှုတော်ဆောင်များ၊ ပျောက်ဆုံးဝိညာဉ် ဖမ်းနေသော်လည်း မအောင်မြင် နိုင်သောသူများအတွက် ရေးသား ထားခြင်း ဖြစ်သည်။ 
 
ဇာတိအား သုံးသောကြောင့် 

ဘုရား၏ အမှု တော်သည် ဝိညာဉ်ရေးရာ ဖြစ်သောကြောင့် ဇာတိအားဖြင့် ဆောင်၍ မရပါ။ ဝိညာဉ်ရေးရာကို သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်သာလျှင်လုပ်ဆောင်နိုင်သည်။ ဇာတိအားဖြင့် လုပ်ဆောင်ခြင်း ဆိုသည်မှာ၊ ကျမ်းစာ ဘွဲ့ရရှိသည်ကို အားကိုး ခြင်း၊ ငွေ​ကြေးမရှိလျှင် ဘာမျှမလုပ်နိုင်ဟု ဘတ်ဂျက်ကို အဓိကထားခြင်း၊ လူအင်အားကို အသုံးပြုခြင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် ဘိုင်လောများကို အဓိက ထားခြင်း၊ အစည်းအဝေးကိုသာလျှင် ပြုလုပ်ခြင်းများဖြစ်သည်။ ထို့အပြင် ဘုရား မခိုင်းသော အိုးအိမ်များ ဆောက်လုပ်ခြင်း၊ လောက ပညာ၊ အာဏာ အသုံးပြုခြင်း၊ အဆိုတော်များကို အားကိုး ခြင်း၊ တူရိယာများကို အဓိကထားခြင်းများဖြစ်သည်။ စာတန်သည် အလွန် လည်သည်။ ဘုရား၏ အမှုတော်ဆောင်များကို လိမ်လည်၍ သူ့ကို တ နည်းမဟုတ်တနည်းအားကိုး စေခြင်းအားဖြင့် လမ်းလွှဲစေသည်။ သင်သည် ထိုကဲ့သို့သော အမှုတော်ဆောင် ဖြစ်လျှင်၊ ထာဝရဘုရား ထံ၌ အပြစ် ဝန်ချ၍ သူ၏ အစွမ်းကိုသာလျှင် အားကိုးဘို့ အကြံပေးလိုပါသည်။ ၅ ထာဝရဘုရားကို စိတ်နှလုံးအ ကွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ ၆ သွားလေရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ၇ ငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစ ိုက်ကို ရှောင်လော့။ ၈သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍၊ အိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။ (သု ၃:၅-၈) 

နည်းစံနစ်မမှန်သောကြောင့် 

အချို့သော အမှုတော်ဆောင်များသည် ကြိုးစား လုပ်ဆောင်နေပါသော်လည်း နည်းစံနစ်မမှန်သောကြောင့် မအောင်မြင်ခြင်း ဖြစ်သည်။ လူများ တိုင်း၏ ပဌမဦးဆုံး လိုအပ်ချက်သည် ကယ်တင်ခြင်း ဖြစ်သည်။ ကယ်တင်ခြင်း သဘော မပေါက်၊ ကယ် တင်ခြင်း စိတ်ချမှု အဓိကမထားဘဲ၊ ခရစ်ယာန် အသက်တာကို သင်ပေးသောကြောင့် မည်သို့ မျှမအောင်မြင် နိုင်ခြင်း ဖြစ်သည်။ ကယ်တင်ခြင်းသည် ခရစ်ယာန် အသက်တာ၏သော့ချက် ဖြစ်သည်။ သင်းအုပ်ဆရာ၊ အမှုတော်ဆောင်သက်တန်း မည်မျှပင်ရှိပါစေ၊ ကယ်တင်ခြင်း စိတ်ချမှု မရှိလျှင် ဝိညာဉ်ပိုင်းမျက်စိကန်း၊ နားလေးနေသည်။ ထို့ကြောင့် ကယ်တင်ခြင်းမှ စတင်ဘို့ လိုသည်။ 
 
တဦးချင်းလုပ်သောကြောင့် 

များစွာသော အမှုတော်ဆောင်များ၏ မအောင်မြင်ခြင်းသည် တဦးချင်းလုပ် ဆောင်သောကြောင့် ဖြစ်သည်။ တဦးတည်း လုပ်ဆောင်လျှင်အား မရှိချေ။ မောရှေလည်း သူတဦးတည်း အမှု ​ ဖြေရှင်း သောကြောင့် သူ့ယောက္ခထီးက အကြံပေးခဲ့သည်၊ နက်ဖြန်နေ့၌ မောရှေသည်၊ လူများကို တရားစီရင်ခြင်းငှါ ထိုင်လေ၏။ နံနက်မှစ၍ ညဦးတိုင်အောင်၊ လူများတို့သည် မောရှေရှေ့မှာ နေကြ၏။ ၁၄ မောရှေသည် လူများတို့အား ပြုသမျှကို ယောက္ခမမြင်လျှင်၊ ဤလူများတို့အား ပြုသောအမှု အဘယ်သို့ နည်း။ သင်သည် တယောက် တည်းထိုင်လျက်၊ လူအပေါင်းတို့သည် နံနက်မှစ၍ ညဦး တိုင်အောင် သင့်ရှေမှာအဘယ်ကြောင့်နေရကြသနည်း ဟုဆို၏။ ၁၅ မောရှေကလည်း၊ ဤ သူတို့သည် ဘုရားသခင်၏ အယူတော်ကို ခံလို၍ ​ကျွန်ုပ်ထံသို့ လာသောကြောင့် ဤသို့ဖြစ်၏။ ၁၆ သူတို့သည် အမှု ရှိလျှင် အ​ကျွန်ုပ်ထံသို့ လာ၍ သူတို့၏ အမှုကို သင်ချ ရ၏ဟု ယောက္ခမအား ပြောလျှင်၊ ၁၇ ယောက္ခမက၊ သင်ပြုသော အမှုသည် မတော် မသင့် ဖြစ်၏။ ၁၈ သင်မှစ၍ သင်၌ ပါသော ဤလူများတို့သည် အမှန်အား လျော့ကြလိမ့်မည်။ ဤအမှုသည် သင်၌ အလွန် လေး၏။ တယောက် တည်းမတတ်နိုင်သောအမှု ဖြစ်၏။ ၁၉ ငါ့စကားကို နားထောင်လော့။ ငါ့အကြံပေးမည်။ ဘုရားသခင်သည်လည်း သင့် ဘက်၌ ရှိတော်မူ လိမ့်မည်။ သင်သည် ဘုရားသခင်နှင့် ဆိုင်သော အမှု၌ လူများတို့၏ အမှုကို စောင့်လျက် ဘုရားသခင် အထံတော်သို့ ဝင်၍ လျှောက်ရမည်။ ၂၀ သူတို့ အားလည်း ပညတ်တရားတော်များကို သင်ချရမည်။ သူတို့ သွားရာလမ်း၊ ပြုရသောအမှု ကိုလည်း ပြရမည်။ ၂၁ ထိုမှတပါး ဘုရားသခင်ကို ကြောက်ရွံလျက်၊ သစ္စာနှင့် ပြည့်စုံလျက်၊ လောဘကို ရွံရှာလျက်၊ တတ်စွမ်းနိုင်သော သူတို့ကို လူအပေါင်းတို့ အထဲကရွေးကောက်၍၊ တထောင်အုပ်၊ တရာအုပ်၊ ငါးဆယ် အုပ်၊ တဆယ်အုပ်အရာ၌ ခန့်ထားရမည်။ ၂၂ ထို သူတို့သည် ခပ်သိမ်းသော အချိန်၌ လူများတို့ကို တရားစီရင်ကြစေ။ ကြီးသော အမှု၌ သင်၏ အယူကို ခံကြစေ။ ငယ်သော အမှုကို အလိုလိုစီရင်ကြစေ။ သို့ဖြစ်လျှင် သူတို့သည် ဝိုင်းညီ၍ အမှု ထမ်းသဖြင့် သင်သည် သက်သာလိမ့်မည်။ ၂၃ ထိုသို့ ဘုရားသခင် အခွင့်နှင့် ပြုလျှင် သင်သည် ခိုင်ခံ့လိမ့်မည်။ ဤလူ အပေါင်းတို့သည် မိမိနေရာပြည်သို့ ငြိမ် ဝပ်စွာ သွားကြလိမ့်မည်ဟု ပြောဆို၏။ ၂၄ မောရှေသည်လည်း ယောက္ခမ၏ စကားကို နားထောင်၍ စကားရှိသည် အတိုင်း ပြုလျက်၊ ၂၅ တတ်စွမ်းနိုင်သော သူတို့ကို သရေလ အမျိုးထဲကရွေးကောက်၍ လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ် အသီးအသီး ခေါင်းအရာ၌ ခန့်ထားလေ၏။ ၂၆ ထို သူတို့သည် ခပ်သိမ်းသော အချိန်၌ လူတို့ကို တရားစီရင်ကြ၏။ ခက်သော အမှု၌ မောရှေ၏ အယူကို ခံကြ၏။ လွယ်သော အမှုကို အလိုလိုစီရင်ကြ၏။ (ထွက် ၁၈:၁၃-၂၆)။ ယခုမှစ၍ လုပ်ဘော်ဆောင်ဘက်ရှိ ရန်သွန်သင်ပါ၊ လက်တွဲခေါ်ပါ။သို့ပြုလျှင် အောင်မြင် လိမ့်မည်။ လူသည် တယောက် တည်းထက် နှစ်ယောက်သာ၍ ကောင်း၏။ ကြိုးစားအား ထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။ ၁၀ တယောက် လဲလျှင် တစ်ယောက်ထူလိမ့်မည်။ တယောက် တည်းသောသူလဲလျှင် မူကား အကျိုးနည်းပြီ။ ထူသောသူမရှိ။ (ဒေသနာ ၄:၉-၁၀)။ သို့သော်၊ လူနှစ်ဦးသည် သဘောမတူလျှင် ပေါင်းဘော်၍ ခရီး သွားနိုင်သလော။ 
 (အာမုတ် ၃:၃) ဟုဆိုသောကြောင့် အများနှင့် အလုပ်လုပ်သောအခါ သဘောတူ နိုင်ဘို့ လိုသည်။ ခရစ်တော်၏ တပည့်များ မှန်လျှင် အချင်းချင်းချစ်၍ ပေါင်းဖေါ်နိင်ရမည်။ ခရစ်တော်က၊ သင်တို့သည် အချင်းချင်း တယောက်ကို တယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ၏ တပည့် ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ (ယော ၁၃:၃၄-၃၅) 
 
ပြုစုပျိုးထောင်ခြင်း မရှိသောကြောင့် 

အချို့သော အမှုတော်ဆောင်များ၏ မအောင်မြင်ခြင်း သည်၊ ပျောက်ဆုံးဝိညာဉ် များဖမ်းသော်လည်း၊ ဝိညာဉ် ခလေးများကို ပြန်လည်ပြုစုပျိုးထောင်ခြင်း မရှိ၊ မ​ကျွေးမွေးဘဲ ပစ်ထားသောကြောင့် ဖြစ်သည်။ ထိုသို့ ပစ်ထားသော ဝိညာဉ် ခလေး များသည် ဝိညာဉ် အစာငတ်သောအခါ၊ လမ်းလွှဲဆရာများ၏ နောက်ကို လိုက်သွားတတ်ကြသည်။ ထိုသို့ လိုက်သွားခြင်းအားဖြင့် မှားယွင်းသောလမ်းလိုက်၍ ဆုံးရှုံးခြင်းသို့ ရောက်ရသည်။ သခင်ယေရှု ကပေတရုထံ၊ ငါ့ကို ချစ်လျှင် ငါ့၏ သိုးသငယ်တို့ကို ​ကျွေး မွေးလော့၊ ထိန်းလော့ဟု မှာခဲ့သည် (ယော ၂၁:၁၅-၁ရ)။ သင်သည် ဝိညာဉ်သား သမီးများကို ​ကျွေးမွေး သလော၊ ထိန်းသလော။ မ​ကျွေးမွေး မထိန်းသိမ်းလျှင် မည်ကဲ့သို့ သင်၏ ဝိညာဉ် သားသမီး များသည် ကြီးထွားရင့်ကျက်နိုင်မည်နည်း။ ကိုယ်ခန္ဓာပိုင်း၌ သားသမီးများကို မကြည့်ရှုမ​ကျွေးမွေးသော မိဘများသည် တာဝန် မဲ့၊ အပြစ်ရှိသည်ဟု သတ်မှတ်ကြသည် မဟုတ်လော။ အမေရိကန်၌ သားသမီးများကို ရရှိပြီး၊ မ​ကျွေး မွေးသော မိဘများကို အစိုးရကအရေးယူရသည် မဟုတ်လော။ သားသမီး များမ ထောက်ပံ့သော မိဘများကို လစာထဲမှနှုတ်၍ တရားရုံးမှလတိုင်း ထောက်ပံ့ခိုင်းသည် မဟုတ်လော။ ထို့နည်းတူ မိမိဝိညာဉ် သားသမီးများကို မထောက်ပံ့၊ မ​ကျွေးမွေးသောသူများသည် အလွန် ရိုင်းသောသူများ ဖြစ်သည်။ ထိုသူများကြောင့် ဝိညာဉ် မိဘမဲ့ များစွာ ပေါ်ပေါက်လာကာ ခရစ်ယာန်လောက၌ ပြသနာများလာခြင်း ဖြစ်သည်။ ယခုမှ စ၍ ကိုယ်ဝိညာဉ် သားသမီးများကို အတတ်နိင်ဆုံး​ကျွေးမွေး ပြုစုပါ။ 
 
အစဉ်တစိုက်အဆုံးတိုင်မလုပ်သောကြောင့် 


မည်သည့်အလုပ်မဆိုပြီး ဆုံးသည် အထိ အစဉ်တစိုက်လုပ်မှသာ အောင်မြင် နိင်သည်။ ယေရှုက၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။ (ယော ၄:၃၄) ဟုဆိုခဲ့သည်။ သူသည် သူ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုတော်ကို ပြီးစီးသည် အထိ ဆောင်ရွက်ခဲ့သည်။ ပေါလုကလည်း၊ ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့် ရှောက်ပြီ။ (၂ တိ ၄:ရ)ဟု ရေးခဲ့သည်။ တနှစ်လုံးကျောင်းတက်ပြီးမှ စာမေးပွဲမ​ဖြေလျှင် မည်ကဲ့သို့အောင် နိုင်မည်နည်း။ များစွာသော အမှုတော်ဆောင်များသည် အဆုံးတိုင်အောင် တည်ကြည်စွာ အမှုတော် မဆောင်သောကြောင့် အောင်မြင်မှု မရရှိခြင်း ဖြစ်သည်။ အမှုတော်ဆောင်သောအခါ၊ စာတန်၏ အနှောက်အရှက် အတား အဆီးလည်းရှိမည် ဖြစ်သည်။ သို့သော် ဇဲွမလျှော့ဘဲ ကြိုးစားသည်း ခံ၍ ဆောင်ရွက်ဘို့ လိုသည်။ ယခုမှစ၍ အစဉ်တစိုက်ဆောင်ရွက်ဘို့ ဆုံးဖြတ်ပါ။ လောက အလုပ်ပင်လျှင် စိတ်ပါမှလုပ်ရသည် မဟုတ်။ လုပ်ချင် မှလုပ်လျှင် အလုပ်ရှင်က နှင်ထုတ် လိုက်မည် ဖြစ်သည်။ စိတ်ပျက်ဝမ်းနည်းချိန်တွင်လည်း လုပ်သောသူသည် အောင်မြင် တတ်သည်။ မျက်ရည်ကျလျက် ကြဲရန် မျိိုးစေ့ကို ဆောင်၍ ထွက်သွားသောသူသည်၊ ကောက် လှိုင်းများကို ဆောင်လျက် $င်လန်းသော စိတ်နှင့် အမှန်ပြန်လာလိမ့်မည်။ (ဆာ ၁၂၆း၆) 


သခင်ယေရှု ကြွလာခါနီးပြီ


 ယုံကြည်သူများအေးအေး ဆေးဆေးလောကသားများနှင့် အတူလောက နောက်လိုက် နေချိန်တွင်၊ ဘုရားသခင်၏ ပြက္ခဒိန်၌ သခင်ယေရှု ကြွလာခါနီးကြောင်း သတိပေးလိုပါသည်။ ကျမ်းစာသည် မြေပုံကဲ့သို့ဖြစ်၍ ကမ္ဘာ့ အဖြစ်အပျက်များသည် လမ်းပေါ်ကဆိုင်းဘုတ်များ ကဲ့သို့ဖြစ်သည်။ သခင်ယေရှု ကြွလာတော့မည့် အချက်များကို အောက်ပါက မ္ဘာ့ အဖြစ်အပျက်များအားဖြင့် ကြည့်ကြပါစို့။ 
 
နောဧနှင့် လောတခေတ်ကဲ့သို့ 

လူသားသည် ကွ လာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်း မဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သော နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြား စုံဘက်လျက် နေ၍၊ ရေလွှမ်း မိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့ နေကြသည် နည်းတူ၊ လူသား ကွ လာသောအခါ ၌ ဖြစ်လိမ့်မည်။ (မ ၂၄:၃ရ- ၃၉) 

ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်း ဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့င်း၊ လောတသည်သော ဒုံမြို့မှ ထွက်သော နေ့၌ ကောင်းကင်မှ ကန့်နှင့် ရောသော မီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်း သကဲ့သို့င်း၊ လူသား ပေါ်ထွန်းသော နေ့၌ ဖြစ်လိမ့်မည်။ (လု ၁ရး၂၈-၃၀) 

နောဧနှင့် လောတခေတ်၌ လူများ မည်ကဲ့သို့ နေကြသနည်း။ စားသောက်ခြင်း၊ ထိမ်းမြား စုံဘက်ခြင်း၊ ရောင်းဝယ်ခြင်း၊ စိုက်ပျိုးခြင်း အိမ်ဆောက်ခြင်းများပြု လုပ် နေကြသည်။ ထိုအရာများသည် အဘယ်ကဲ့သို့ နိမိတ်လက္ခဏာ ဖြစ်နိုင် သနည်း။ ထိုအရာများ လုပ်ခြင်းသည် သာမန်လူတိုင်း လုပ်နေကျအလုပ် ဖြစ်သည်။ ဆိုလိုသည်မှာ သတိမထားခြင်း၊ မပြင် ဆင်ခြင်းကို ဆိုလိုသည်။ ယနေ့ လူသားများလည်း သဘာဝ ဘေးရန်မြောက် များစွာ ဖြစ်ပျက်၍ လူ များစွာ သေကျေ ပျက်စီးနေ ကြသော်လည်း မမှု ကြ၊ လူမှု ကျင့်ဝတ် အလွန် ပျက်စီးနေပြီ ဖြစ်သော်လည်း သတိမ ထားကြ၊ လူမှု ဒုက္ခ မြောက် များစွာ ကြုံတွေ့ နေကြသော်လည်း ကောင်းကင် ဘက်သို့ မော်မကြည့်၊ နှစ်ရှည်လများ အတွက်၊ သား စဉ်မြေးဆက်အတွက် စီမံကိန်းများရေး ဆွဲ နေကြဆဲ ဖြစ်သည်။ ပို၍ ပို၍ လောကအရာများ နောက်လိုက် ကာ၊ ဘုရားကိုလည်း အပေါ်ယံသာလျှင်ကိုးကွယ် နေကြသည်။ ထိုသို့ နေစဉ်တွင် ချီဆောင်ခြင်း လာတော့မည် ဖြစ်သည်။ ထိုနေ့ညဉ့်တွင် အိပ်ယာ တခု၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရ လတံ့။ လယ်၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။ (လု ၁ရး၃၄-၃၆) မိတ်ဆွေ၊ သင်သည် သိမ်းယူခြင်း၌ ပါဝင်မည်လော၊ ကျန်ရစ်သူ ဖြစ်မည်လော။ ကျန်ရစ်သူ ဖြစ်လျှင် ဘေးဒဏ်ကြီး ကာလ၌ လုံးဝ လွယ်ကူမည် မဟုတ်။ ထို့ကြောင့် ကြိုတင် ပြင်ဆင် စေလိုသည်။ ခရစ်တော် ကိုယ်တိုင် ကသူကြွလာမည့် အချိန်ကို မသိသောကြောင့်၊ ပြင်ဆင်လျက် စောင့်နေဘို့ မှာထားသည် (မ ၂၄:၄၂-၄၄၊ လု ၂၆:၃၆၊ မာ ၁၃:၃၂-၃၃)။ 
 
ငြိမ်းချမ်းရေးနှင့် လုံခြုံရေး

ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ ဟုဆိုစဉ်တွင်၊ ကိုယ်ဝန် ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာ ရောက် သကဲ့သို့၊ သူတို့ အပေါ်၌ လျင် မြန်စွာသော ပျက်ဆီးခြင်းရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။ (၁ သက် ၅:၃) ငြိမ် ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ ဟူသောအရာကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟု ပြန်ဆိုနိုင်သည်၊ အင်္လိပ်ကျမ်းစာ၌ ဤသို့ တွေ့ရသည်။ “While people are saying, “There is peace and security,” then sudden destruction will come upon them as labor pains come upon a pregnant woman, and they will not escape.”

ကမ္ဘာ့ ခေါင်းဆောင်ကြီး များသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟု ဆွေးနွေးပွဲများ ပြုလုပ် နေကြသည်။ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ဟူ၍ စစ်တိုက် နေကြသည်။ စစ်လက်နက်များလည်း အကြီး အကျယ်ထုတ်လုပ် နေကြသည်။ နယ်စပ်လုံခြုံရေး၊ လေဆိပ်၌ စစ်ဆေးရေးများ အကြီး ကျယ် ပြုလုပ် နေကြသည်။ သို့သော် ကမ္ဘာကြီးသည် ငြိမ်သက်ခြင်းထက် စစ်တိုက်မည့် အရေးသို့ ဦးတည်နေသည်။ ပဌမနှင့် ဒုတိယ ကမ္ဘာစစ်သည် ၂၀ ရာစုနှစ်အတွင်း၌ ဖြစ်ခဲ့သည်။ ယခုကွက်ကြားစစ်တိုက်မှုများ၊ နိင်ငံငယ်များ စစ်တိုက်ခြင်းများဖြစ်တတ်သော်လည်း ကမ္ဘာ့ လုံခြုံရေးအတွက် မထိ ခိုက်နိုင်ချေ။ ထို့ကြောင့် ကမ္ဘာကြီးသည် ငြိမ်သက်နေသည် ဟုဆိုနိုင်သည်။ လေမုန်တိုင်း တိုက်ခါနီးတွင် လေငြိမ်သက်နေတတ် သကဲ့သို့ ကမ္ဘာကြီးသည် ငြိမ်သက်နေသည် ဟုဆိုနိင်သည်။ သို့သော် မကြာမှီတွင် အလွန် ကြီးမားသော စစ်ပွဲများ တိုက်တော့မည် ဖြစ်သည်။ ထိုအရာများကို ဗျာ ၆:၃-၄၊ ၈၌ တွေ့မြင်နိုင်သည်။ ယခုအခါ အမေရိကန်နှင့် ရုရှား၊ အမေရိကန်နှင့် တရုတ်နိင်ငံများသည် စစ်တိုက်ဘို့ရန် ရန်ဆောင် နေကြသည်။ ၂၀၁၆ အောက်တိုဘာလ၌ ရုရှားသမတပူတင်ကသူ၏ နိင်ငံသားများကို ကမ္ဘာတဝှမ်းမှအိမ်ပြန်ဘို့ အမိန့်ပေးခဲ့သည်။ ရုရှားလူသန်း၄၀ ကိုလည်း စစ်တိုက်သည် ရှိသော်ဟူ၍ လေ့ကျင့်ခြင်းများထိုလတွင် ပြုလုပ် ခဲ့သည်။ အကြောင်းမှာ အမေရိ ကန်က ရုရှားကို အငိုက်ဖမ်းစစ်တိုက်မည်ဟူ၍ စိုးရိမ် သောကြောင့် ဖြစ်သည်။ အကယ်၍ ရုရှားနှင့် အမေရိကန်စစ်တိုက်ပါက ကမ္ဘာကြီးသည် ပြာကျသွားနိုင်သည်။ သို့သော် ထိုအရာများကို မသိသောသူများသည် ကြောက်ရမှန်း မသိ အေးအေး ဆေးဆေး နေနေကြသည်။ 

လူမျိုးတမျိးနှင့် တမျိုး

 လူတမျိုးနှင့် တမျိုးတနိုင်ငံနှင့် တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ (မ ၂၄:ရ) ခရစ်တော် ပြောခဲ့ သကဲ့သို့ဘဲ ယခုအခါ လူမျိုးရေး အလွန် ပြင်းထန်လာသည်။ လူမျိုး တိုင်း မိမိတို့ အမျိုးကို မြှင့်တင်ချင် သောကြောင့် အခြားသော လူမျိုးများနှင့် ရန်ဖြစ်တိုက် ခိုက် နေကြသည်။ မြန်မာနိင်ငံတိုင်းရင်းသား များလည်း လူမျိုးရေး၌ အလွန် စိတ်ထား ပြင်းထန် ကြသည်။ ရုရှားနိင်ငံနှင့် အနောက်အုပ်စုလည်း လူမျိုးရေးကြောင့်စစ်တိုက်ဘို့ ပြင် နေကြသည်။ လူမျိုးတိုင်းသည် တမျိုးနှင့် တမျိုးရန်ဆောင် နေကြသည်။ အိန္ဒိယနှင့်ပါက စ္စတန်လည်း တချိန်လုံးရန်ဆောင် နေကြသည်။ တရုပ်နှင့် အိနိ​ြယ၊ တရုပ်နှင့် ဂျပန် စသည်ဖြင့် နိင်ငံတိုင်းသည် လူမျိုးရေးကြောင့်စစ်ပွဲများ ဖြစ်တတ်သည်။ 

အထက်ပါ အရာများ ကြည့်ခြင်းအားဖြင့် ခရစ်တော် ကြွလာမည့် အချိန်သည် အလွန် နီးနေပြီ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လောကပိုင်း၊ ကိုယ်ခန္ဓာပိုင်းအ တွက်သာအသက် မရှင်တော့ဘဲ၊ ဝိညာဉ်ပိုင်းအတွက် အသက်ရှင်ကြဘို့ရန် အကြံပေး လိုပါသည်။ 


ဗိမာန်တော် တည်ဆောက်ကြစို့

၁၉၈၃ ခုနှစ်​ကျွန်ပ်တို့ သတင်းကောင်း နှစ်ခြင်း အသင်းတော် စတင်တည် ထောင်သောအခါ၊ တယောက်သောသူက​ကျွန်တော့ကို၊ ဆရာတို့ ဗိမာန်တော် မဆောက်ဘူးလားဟု မေးခဲ့ဘူးသည်။ ​ကျွန်တော်က၊ ဗိမာန်တော် အစစ်ဆောက် ပြီးမှအတုဆောက်မည်ဟု ​ဖြေခဲ့သည်။ ဗိမာန်တော် အစစ်သည် ယုံကြည်သူ အစစ်များ ဖြစ်၍၊ အတုသည် လူ့လက်နှင့် ဆောက်သော ဘုရားကျောင်း ဖြစ်သည်။ ဘုရား၏ ဗိမာန်တော်များများရှိမှဘုရားကျောင်းဆောက်သင့်သည်။ 

ယုဒလူများ ဗိမာန်တော် ဆောက်ခိုင်း

ဘုရားသခင်က မောရှေကို ဘီစီ ၁၅၀၀ ခန့်တွင် တဲတော် ဆောက်ခိုင်းခဲ့သည်။ ထိုတဲတော် အစားရှောလမုန်က ဘီစီ ၉၆၀ ခန့်တွင် ဗိမာန်တော် ဆောက် လိုက်သည်။ ထိုဗိမာန်တော်ကို ဘုရားသခင်က ဗာဗုလုန်တို့ကို ဘီစီ ၅၈၆တွင် ဖျက်ဆီးခွင့်ပေးလိုက်သည်။ အကြောင်းမှာ သူတို့သည် ထာဝရဘုရားကို စွန့်၍၊ ရုပ်တုများကိုသာ ကိုးကွယ်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်က ဗိမာန်တော် ဖျက်မည့် အကြောင်းကို ယေရမိအားဖြင့် သတိပေးခဲ့သည်။ သို့သော် သရေလများ ကမယုံ ကြည်ကြချေ။ အကြောင်းမှာ ဘုရားသခင်က ရှောလမုန်ထံ၌၊ သင်တည်ဆောက်သော ဤအိမ်ကို ငါသန့်ရှင်းစေ၍၊ ငါ့နာမကို အစဉ်တည်စေမည်။ အစဉ်ငါကြည့် ှုလျက် နှလုံးစွဲလမ်းလျက် နေမည်။ (၃ရာ ၉:၃) ဟုဆိုခဲ့သောကြောင့်၊ ဘုရားသခင်သည် သူ၏ ဗိမာန်တော်ကို ဖျက်ဆီးခွင့်ပြုမည် မဟုတ်ထင်မှတ် ကြသည်။ ထို့ကြောင့်၊ ဤသည်ကား၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော် ဖြစ်သတည်း။ (ယေရမိ ရး၄) ဟုဆိုတတ်ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ ဗိမာန်တော်ကို ရန်သူများ ဖျက်စီး ခွင့်ပေးမည် မဟုတ်၊ ထိုသို့ ဗိမာန်တော် စောင့်ရှောက်ရင်းဖြင့် သူတို့လည်း ကာကွယ်မည်ဟု ထင်မှတ် ကြသည်။ သို့သော် ဘုရားသခင်က သူ၏ ဗိမာန်တော်ကို ဘီစီ ၅၈၆တွင် ဗာဗုလုန်များအား ဖျက် စီးခွင့်ပေးလိုက်သည်။ 

ထာဝရဘုရားက၊ ပေရသိ (ပါရှား၊ အီရန်) ရှင်ဘုရင်ကုရုမင်း (ဃပမကျ)ကို ဗိမာန်တော် ပြန်ဆောက်ဘို့ရန်အ တွက်ဘီစီ ၅၃၈တွင် စေခိုင်းခဲ့သည် (ဧဇရ ၁:၁-၄)။ ကုရုမင်းကလည်းရှာလသေလသား ယေရုဗဗေလကို တည်ဆောက်ခိုင်းခဲ့သည်။ ဗိမာန်တော် အုတ်မြစ်ချပြီး နောက် အနှောက်အရှက်ခံသောကြောင့် ၁ရ နှစ်ရပ်ဆိုင်းပြီး နောက် ပရောဖက် ဇာခရိနှင့် ဟကဲUတို့၏ နိုးဆော်မှုဖြင့် ဒါရိမင်းလက်ထက်တွင် ပြန်လည်တည်ဆောက်ကာ ဘီစီ ၅၁၆တွင် ပြီးစီးခဲ့သည်။ ပဌမ ဗိမာန်တော် ဆောက်ခဲ့ စဉ်ကရှောလမုန်မင်း၌ အာဏာတန်ခိုးမက၊ ရွှေငွေဥစ္စာချမ်းသာ ကြွယ်ဝခဲ့သည်။ အလုပ်သမားလည်း အမြောက်အများရှိသည်။ ဒုတိယဗိမာန်တော် ဆောက်သောအခါ၊ သူတပါးလက်အောက်ခံ ဖြစ်သည်သာမက၊ ဥစ္စာပစ္စည်းလည်း မရှိ၊ တန်ခိုးအာဏာလည်း မရှိချေ။ ထို့ကြောင့် ယေရုဗဗေလအတွက် ဗိမာန်တော် ဆောက်လုပ်ခြင်းသည် တောင်ကြီး ကဲ့သို့ အလွန် ကြီးမားသော အလုပ် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က၊ ဤအမှုသည် ဗိုလ်​ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့ ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်​ခြေ အ ရှင်ထာဝရဘုရား မိန့်တော်မူ၏။ အိုတောင်ကြီး၊ သင်သည် အဘယ်သို့ နည်း။ ဇေ ုဗဗေလရှေ့မှာ ညီသော အရပ် ဖြစ်ရလိမ့်မည်။ လူများတို့ က၊ ကျေးဇူးတော် ရှိပါစေသော။ ကျေးဇူးတော် ရှိပါစေသောဟု ​ေ ကွးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့်အထွ်ကျောက်ကို တင်ထားရလိမ့်မည်။ (ဇာခရိ ၄:၆ -ရ) ဟုဆိုသည်။ ဘုရားသခင်က ဇေရုဗဗေလကို တည် ဆောက်ခိုင်းသော်လည်း၊ သူ၏ ဝိညာဉ်တော်အားဖြင့် တည်ဆောက်မည် ဖြစ်သည်။ ဒုတိယဗိမာန်တော်သည် ပဌမ ဗိမာန်တော်လောက်မကြီး မြတ်သော်လည်း ဘုရားသခင်၏ မစမှုကြောင့် ဘီစီ ၅၃၈တွင် အုတ်မြစ်ချ၍ နှစ်နှစ်ကြာသောအခါ အနှောက် အရှက်ခံသောကြောင့် ၅၃၆တွင် ရပ်နားလိုက်ရသည်။ ၁ရ နှစ်နားပြီးမှ ဘီစီ ၅၁၉တွင် ပရောဖက် ဟဂ္ဂဲနှင့် ဇာခရိတို့၏ အားပေးမှုဖြင့် ပြန်ဆောက်ကြရာ ဘီစီ ၅၁၅တွင် ပြီးစီးသွားသည်။ တောင်ကဲ့သို့သော အလုပ်ကို ၆ နှစ်အတွင်းတွင် အံ့ဩဘွယ်အောင်မြင် ခဲ့သည်။ 

ဘုရားသခင်၏ ဗိမာန်တော် ဆောက်ဘို့ 

ယနေ့ ဘုရားသခင်က ယုံကြည်သူ တိုင်းကို သူကျိန်းဝပ်မည့် ဗိမာန်တော်များဆောက်ဘို့ ခိုင်းထားသည်။ ထိုဗိမာန်တော်သည် ယခင်ဗိမာန်ကဲ့သို့ သစ်သား ကျောက်များဖြင့် မဆောက်ဘဲ လူ၏ ကိုယ်ခန္ဓာကို ဘုရား၏ ဗိမာန်တော် ဖြစ်စေဘို့ ဖြစ်သည် (၁ ကော ၆:၁၉-၂၀)။ သခင်ဘုရားက၊ သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေ ုရှလင်မြို့မှ စသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့် မည်ဟု မိန့်တော်မူ၏။ (တ ၁:၈) ဟုဆိုသည်။ သက်သေခံနိင်ဘို့ရန် သန့်ရှင်းသောဝိညာဉ်တော် ပေးသည် ဟုဆိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် တန်ခိုး ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် ပေးခြင်း၌ အကျိုး အမျိုးမျိုးရှိသော်လည်း အဓိက အချက်မှာ သက်သေခံဘို့ ဖြစ်သည်။ သို့သော် ယုံကြည်သူများသည် ယေရှု၏ ကယ် တင်ခြင်း အကြောင်းကို မသိ သေးသောသူများထံ မပြောဘဲ အချင်းချင်းသာလျှင် မိဿဟာရဖွဲ့ နေကြသည်။ 
ယုဒလူများ ဗိမာန်တော် ဆောက်ဘို့ရန် ဘုရားသခင်က ခိုင်းသော်လည်း၊ အတိုက်အခံရှိသောကြောင့် ဗိမာန်တော်ကို မဆောက်တော့ဘဲ၊ ကိုယ့်အိမ်ကို ဆောက် နေကြသောကြောင့် ဘုရားက၊ ပရောဖက် ဟဂ္ဂဲအားဖြင့် ဤသို့ ဆူခဲ့သည်၊ အချိန် မရောက်သေး၊ ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ရသောအချိန် မရောက် သေးဟု ဤလူများ ပြောဆို ကြသည်မှာ၊ ၃ ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ၄ အချင်းလူတို့၊ သင်တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံသော အိမ်၌ နေချိန်ရှိလျက် ပင်၊ အိမ်တော် ပျက်လျက် နေရမည်လော။ ၅ ယခု မှာကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သော အကျင့်တို့ကို ဆင်ခြင်ကြလော့။ ၆ သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော်လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာ မစားရကြ။ သောက်ရသော်လည်း ဝစွာ မသောက်ရကြ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ။ အလုပ်လုုပ်၍ အခကို ခံရသော်လည်း မလုံသော အိတ်ထဲမှာသိုထားရ၏။ (ဟဂ္ဂဲ ၁:၂-၆) 

ယနေ့ ကယ်တင်ခြင်းသို့ ရောက်သော ယုံကြည်သူများလည်း၊ ဗိမာန်တော် ဆောက်ဘို့ စေခိုင်းသော်လည်း အကြောင်း အမျိုးမျိုး ပြကြသည်။ ယုဒလူများ ကဲ့သို့ အချိန်မရောက်သေးဟူ၍၊ အချိန် မရှိဘူး၊ မတတ်ဘူးဟူ၍၊ ငြင်းပယ် ကြသည်။ ယု ဒလူများ သူတို့၏ အိမ်ကို အမိုးနှစ်ထပ်နှင့် ဆောက်နေချိန်တွင် ဘုရား၏ အိမ်တော်သည် ပျက်လျက် ရှိသကဲ့သို့၊ ယုံကြည်သူများလည်း ကိုယ့်အိမ်၊ ကားနှင့် လိုချင်သော အရာများအတွက် အချိန်နှင့် ငွေသုံးစွဲနေချိန်တွင်၊ ဝိညာဉ်တော် ဗိမာန်များ မဆောက် ကြချေ။ ဘုရားသခင်က ယုဒလူများထံအသီးအနှံနည်းပါးခြင်းဖြင့် ဒဏ်ခတ် သကဲ့သို့ ​ကျွန်ပ်တို့လည်း ပြသနာများတွေ့စေတတ်သည်။ သူတို့သည် စားရသော်လည်း ဝစွာ မစားရ သကဲ့သို့ ​ကျွန်ပ်တို့လည်း မစားနိုင်မသောက်နိုင် ဖြစ်ကြရသည်။ အခကို ခံရသော်လည်း မလုံသော အိပ်ထဲ၌ သိုထားကြသောကြောင့်၊ မလုံလောက်နိုင်ခြင်း ဖြစ်သည်။ ဘုရား ပြော သကဲ့သို့၊ ကိုယ်ကျင့်သော အကျင့်တို့ကို ဆင်ခြင်ကြစို့။ 
ယေရုဗဗေလသည် ဘုရား ပြောသော စကားကို နားထောင်ခြင်းဖြင့် ဗိမာန်တော်ကို ၆ နှစ်အတွင်း ပြီးစီးခဲ့သည်။ ​ကျွန်ပ်တို့လည်း ဘုရား စကား နားထောင်လျှင် ဘုရား၏ ဗိမာန် များစွာ တည်ဆောင်နိုင်မည် ဖြစ်သည်။ ယေရုဗဗေလနှင့် ယုဒလူများသည် ဘုရား၏ စကားကို နားထောင်၍ ဗိမာန်တော် ပြန်ဆောက် သကဲ့သို့ ​ကျွန်ပ်တို့လည်း၊ ဝိညာဉ် ဗိမာန်များ တည်ဆောက်ကြပါစို့။ ဘုရား စကား နားထောင်လျှင် ယခုထက် ကောင်းကြီး ပိုရရှိမည် ဖြစ်သည်။ ကောင်းကင် ရောက်သောအခါ၌လည်း၊ သာဓု သစ္စာရှိသော ငယ်သားကောင်းဟု ချီးမွမ်းခြင်း ခံရသည်သာမက၊ ဆုများလည်းယူ ကြရမည် ဖြစ်သည်။ ခဏသာတည်မည့်လောက ပစ္စည်းဥစ္စာများထက် ထာဝရ ကာလ တိုင်တည်မြဲမည့်၊ ဝိညာဉ်များကယ်တင်ကြပါစို့။ 

 

တင်းတိမ်ရောင့်ရဲသော အသက်တာ
ဆရာမဟန္န


 ယခုလက်ရှိအသက်တာကို တင်းတိမ်ရောင့်ရဲပါသလားဟု မေးကြည့်မည် ဆိုလျှင်၊ မတင်းတိမ်ပါ၊ မရောင့်ရဲပါ၊ ဒါလောက် ခက်ခဲ နေချိန်မှာဘယ်လိုလုပ်ရောင့် ရဲနိုင်မလဲလို့​ဖြေကြမည် ဖြစ်တယ််။ ကျမ်းစာထဲမှကြည့်ရအောင်။ ပေါလုက တိမောသေကို မှာထားခဲ့တဲ့အရာကတော့၊ စားရန်ဝတ်ရန်ရှိသမျှနှင့် တင်းတိမ်ရောင့်ရဲလျက် နေကြ ကုန်အံ့၊ လို့ပြောပါတယ် (၁ တိ ၆:၈)။ ပေါလုက၊ အကြောင်းမူကား ငါသည် တွေ့ကြုံ သမျှသော အချင်းအရာတို့၌ ရောင့်ရဲစိတ်ရှိအံ့သောငှါ သင်မိပြီလို့ပြောထားပါတယ် (ဖိ ၄:၁၁)။ ဒါကြောင့်ရောင့်ရဲသော အသက်တာရှိရန်သင်ကြားဘို့ လိုအပ်ပါတယ်။ ယောဟန်ကလဲစစ်သားများထံ၊ ကိုယ်ရသော အခနဲ့ရောင့်ရဲကြလော့၊ လို့ပြောခဲ့ပါ တယ် (လု ၃:၁၄)။ ဟေဗြဲဆရာက လဲ၊ ကိုယ်၌ ရှိသော ဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့၊ လိုပြောပါတယ် (ဟေ ၁၃:၅)။ ဒီကျမ်းပိုဒ်တွေကြည့်ခြင်းအားဖြင့် အရာရာ၌ ရောင့်ရဲခြင်းရှိရန်လိုအပ်ကြောင်း သိရပါတယ်။ သင်သည် အရာရာ၌ ရောင့်ရဲသောသူ ဖြစ်ပါသ လား။ ဒါမှ မဟုတ်မရောင့်ရဲနိုင်၊ မတင်းတိမ်နိုင်သောသူ ဖြစ်နေပါသလား။ ကိုယ့်ကို ကိုယ်စစ်ဆေးပါ။ 

ကျမ်းစာထဲမှကြည့်ရအောင်။ ကာလက်သမီးအာခါသကို သူ့ဖခင်ကတောင် မျက်နှာအရပ်ကို ပေးပြီး ဖြစ်တယ်။ ဒါပေမဲ့၊ အာခသသည် မရောင့်ရဲဘဲ အထက် စမ်းရေတွင်း၊ အောက် စမ်းရေတွင်းကို ထပ်တောင်းသည်ကို တွေ့ရတယ် (ယောရှု ၁၅:၁၆-၁၉)။ ရှုနင်မြို့သူဟာ ခလေး မရှိ၊ယောက်ျားအသက်ကြီး ပြီး၊ သူဌေးမ ဖြစ်တယ်။ ဘုရားကို ချစ်သူ၊ လေးစားသူ ဖြစ်ကြောင်း ထင်ရှားတယ်။ ပရောဖက်ကို ပြုစု​ကျွေးမွေး သောကြောင့်၊ ဧလိရှဲက ကျေးဇူးပြုချင် နေတယ်။ ဧလိရဲှကဂေဟာဇိအားဖြင့်၊ ဘာလိုအပ်သလဲ၊ ရှင်ဘု ရင်ထံဘာတောင်းပေးရမလဲ၊ စသည်ဖြင့် မေးသော်လည်း၊ ငါ့မှာအိမ်နဲ့ယာနဲ့ဘာမှမလို လို့ပြောခဲ့တယ်။ အလွန် ရောင့်ရဲတဲ့သူ ဖြစ်တယ်။ ဂေဟာဇိကသူမ၌ ခလေး မရှိပါလို့ဧလိရှဲကို ပြောပါတယ်။ ဧလိရှဲကရှုနင်မြို့သူကို ခေါ်ခိုင်းပြီး ခလေးရမည့် အကြောင်း ပြောခဲ့တယ်။ အဲသလိုရောင့်ရဲသောကြောင့် ဘုရားသခင်က သူလိုချင် တာထက် ပေးခဲ့တယ်။ မိတ်ဆွေ ယခုအသက်တာကို မနှစ်သက်၊ အလွန် နာကြည်း၊ တင်းတိမ်ရောင့် ရဲခြင်း မရှိ ဖြစ်နေပါသလား။ ရှိသမျှ နဲ့ရောင့်ရဲအောင် ဘာလုပ်ရမလဲ။ 

၁။ လောလောဆယ်ကိုယ့်မှာရှိသော အရာများကို စစ်ဆေးပါ။ အိပ်ခန်း၊ မီးဖိုချောင်၊ အသုံးအဆောင်ကို ကြည့်ပါ။ 
၂။ ငွေနဲ့ပေးလို့မရတဲ့ကျန်းမာရေး၊ ဝိညာဉ် အတွက် သမ္မာတရား တွေကို သိနိုင်ခြင်း၊ ကောင်းကင်၌ အိမ်ရှိခြင်း၊ ခရစ်တော်ကို ရရှိခြင်း၊ နှုတ်ကပတ်တော်ကို ကြားနာသိနိုင်ခြင်း အရာတွေအတွက် ကျေးဇူးတော် ချီးမွမ်းပါ။ 
၃။ ကိုယ့်ထက် ဆင်းရဲ တဲ့သူ၊ အဆင် မပြေတဲ့သူ၊ မကျန်းမာတဲ့ သူများကို ကြည့်ပါ။ 
၄။ မိတ်ဆွေ ရဲ့အသက်တာကို အရမ်း ကျေနပ်ပြီး တင်းတိမ်ရောင့်ရဲနိုင်ပါလိမ့်မယ်။ တင်း တိမ်ရောင့်ရဲခြင်း မရှိနိင်လျှင် ဆုံးရှုံးမှု မြောက် များစွာ ရှိနိုင်တယ်။ 

 

ကျမ်းစာဖတ်ကြစို့
၂ ပေတရု ၁ 


၁။ ယေရှု ခရစ်၏ ​ကျွန် တမန်တော် ငါရှိမုန်ပေတရုသည် ကယ်တင်တော်မူသော အရှင်၊ ငါတို့ ဘုရားသခင် ယေရှု ခရစ်၏ ​ဖြောင့်မတ်ခြင်း တရားကို ငါတို့ ယုံကြည်သည် နည်းတူ၊ မြတ်စွာသော ယုံကြည်ခြင်းကို ရသော သူတို့အား ကြားလိုက်ပါ၏။ 

ပေတရုသည် သူ့ကို သူ ယေရှုခရစ်၏ ​ကျွန်ဟူ၍၊ တမန်တော် ဟူ၍၊ မိတ်ဆက်ထားသည်။ သူသည် နှုတ်အားဖြင့်သာမက၊ ယုံကြည်သူများကို စာအားဖြင့် နှုတ်ဆက်သွန်သင်သည်။ ​ကျွန်ပ်တို့လည်း နှုတ်အားဖြင့်သာမက၊ စာအားဖြင့်လည်း တယောက်နှင့် တယောက် သွန်သင်ဘို့ လိုသည်။ သူသည် ယေရှုခရစ်၏ ​ဖြောင့်မတ်ခြင်း တရားကို ယုံကြည်သည်။ ထိုယုံကြည်ခြင်းသည် မြတ်စွာသော ယုံကြည်ခြင်း ဟုဆိုသည်။ အကြောင်းမှာ ထိုယုံကြည်ခြင်းဖြင့် ​ဖြောင့်မတ်ခြင်းရသည်သာမက၊ ဘုရားနှင့် ဆိုင်ခွင့်၊ ကောင်းကင် ဝင်ခွင့်များ ရရှိနိုင်သောကြောင့် ဖြစ်သည်။ ထိုယုံကြည်ခြင်းထက် အရေး ကြီးသောအရာ မရှိတော့ချေ။ သို့သော် လူအများစုသည် မသိသောကြောင့် မယုံကြည် ကြသောကြောင့် ဝမ်းနည်းစရာ ဖြစ်သည်။ 

၂။ ဘုရားသခင်ကိုင်း၊ ငါတို့ သခင်ယေရှုကိုင်း၊ သိသော ဥာဏ်အားဖြင့်၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ များပြားပါစေသော။ 

ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ ဘုရားသခင်ကိုင်း၊ ငါတို့ သခင်ယေရှုကိုင်း၊ သိသော ဥာဏ်အားဖြင့်၊ ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းရရှိဘို့ရန်၊ ဘုရားသခင်နှင့် ယေရှုခရစ် ကိုများများ သိရှိဘို့ ကြိုးစား ကြ ပါစို့။ 

၃။ ထိုသို့နှင့် အညီ ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကို သိသော ဥာဏ်အားဖြင့်၊ ငါ့တို့အား အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် စပ်ဆိုင်သောအရာ ရှိသမျှတို့ကို ဘုရား တန်ခိုးတော်သည် ပေးသနားတော်မူပြီ။ 

ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသည် ဟုဆိုသည်။ ဘုရား သိသော ဥာဏ်အားဖြင့် အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းရှိနိုင်သည်။ ထိုအရာသည်လည်း ဘုရား၏ ဘုန်းတန်ခိုးတော်အားဖြင့် ဖြစ်သည် ဟုဆိုသည်။ 

၄။ ထိုသို့သော အားဖြင့်လည်း အလွန်ကြီး မြတ်၍ အဘိုးထိုက်သော ဂတိများကို၊ ငါတို့၌ အပ်ပေးတော်မူ ပြီ။ အကြောင်းမူကား၊ ထိုဂတိတော်များကို အမှီပြု၍ သင်တို့သည်လောကီတပ်မက်ခြင်း အညစ်အ​ကြေးနှင့် ကင်းလွတ် သဖြင့်၊ ဘုရား ပကတိကို ဆက်ဆံ ရသောသူ ဖြစ်ကြမည်အကြောင်း တည်း။ 

ဘုရား ပေးသော ဂတိများသည် အလွန် အဘိုးထိုက်သည် ဟုဆိုသည်။ ထိုဂတိတော် များသည် ဤလောကနှင့် စပ်ဆိုင်သည် မဟုတ်။ အကြောင်းမူကား ထိုဂတိတော်များကြောင့် လောကီတပ်မက်ခြင်း အညစ်အ​ကြေးနှင့် ကင်းလွတ် စေမည် ဟုဆိုသည်။ ထို့ကြောင့် ကောင်းကင်နှင့် ဆိုင်သော ဂတိတော်များဖြစ်ပေမည်။ သူကလော ကီတပ်မက်ခြင်းသည် အညစ်အ​ကြေး ဟုဆိုသည်။ သို့သော် ယုံကြည်သူ အများစုသည် ထိုအညစ်အ​ကြေးကို အလွန် စွဲလမ်းလိုချင် ကြသည်။ ထိုဂတိတော် ရှိသော သူတို့သည် ဘုရားနှင့် ဆက်ဆံသောသူများ ဖြစ်ဘို့ ဟုဆိုသည်။ 

၅။ ထိုသို့ အလိုငှါ၊ သင်တို့သည် ယုံကြည်ခြင်း၌ သီလကိုင်း၊ သီလ၌ ပညာကိုင်း၊ ၆ ပညာ၌ ကာမဂုဏ် ချုပ်တည်းခြင်းကိုင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း၌ သည်း ခံခြင်းကိုင်း၊ သည်း ခံခြင်း၌ ဘုရားဝတ်ကို ပြု၍ မွေ့လျော်ခြင်းကိုင်း၊ ၇ ထိုမွေ့လျော်ခြင်း၌ ညီအစ်ကို စုံမက်ခြင်းကိုင်း၊ ညီအစ်ကို စုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကိုင်း၊ အလွန် ကြိုး စားအား ထုတ်၍ ထပ်ဆင့်ကြလော့။ 

ယုံကြည်သူ ဘုရား သားသမီး များသည် ယုံကြည်ခြင်းရှိလျှင် လုံလောက်ပြီဟု ထင်မှတ်တတ်ကြသည်။ သို့သော် ယုံကြည်ခြင်း၌ သီလ တည်းဟူသော ကောင်းမြတ်ခြင်း၊ ​ဖြောင့်မတ်ခြင်းရှိဘို့ လိုသည်။ ယုံကြည်ခြင်းနှင့် သီလဖြင့် မလုံလောက်ပါ၊ ပညာလည်းရှိဘို့ လိုသည်။ ထိုပညာသည်လောကီပညာ မဟုတ်၊ ဘုရား သိသော ပညာရှိဘို့ လိုသည် (၁ ကော ၂:၆ -ရ)။ ထိုမျှနှင့် မလုံလောက်သေး ယုံကြည်သူသည် ကာမဂုဏ် ချုပ်တည်းခြင်း၊ သည်း ခံခြင်းလည်း လိုအပ်သည်။ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ညီအစ်ကို စုံမက်ခြင်းနှင့် ချစ်ခြင်းမေတ္တာလည်းရှိဘို့ လိုကြောင်း ဖေါ်ပြသွားသည်။ အလွန် ကြိုး စားခိုင်းခြင်းသည် ခက်ခဲသောကြောင့် ဖြစ်သည်။ ထိုအရည်အချင်းခုနှစ်မျိုးတို့သည် ယုံ ကြည်သူ တိုင်း၌ ရှိရမည့် အရည်အချင်းများ ဖြစ်သည်။ 

၈။ အကြောင်းမူကား၊ ထိုပါရမီတို့သည် သင်တို့၌ ရှိ၍ ကွယ်ဝလျှင်၊ ငါတို့ သခင်ယေရှု ခရစ်ကို သိ​ကျွမ်းခြင်း၌ မပျင်းမရိစေခြင်းငှါင်း၊ အကျိုးမဲ့မ ဖြစ်စေခြင်းငှါင်း ပြုပြင် တတ်ကြ၏။ ၉ ထိုပါရမီနှင့် ကင်းသောသူမူကား၊ မျက်စိကန်း၏။ ကိုယ်မျက်စိကို ကိုယ်ပိတ်၏။ မိမိအပြစ် ဟောင်းဆေးကြောကြောင်းကို မေ့လျော့၏။ 

အထက်၌ ဖေါ်ပြသော အရည်အချင်းခုနှစ်မျိုးကို ပါရမီဟု ခေါ်သည်။ ထိုပါရမီနှင့် ကြွယ်ဝလျှင် သခင်ယေရှုခရစ်ကို သိ​ကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှါ ပြုပြင်တတ်သည် ဟုဆိုသည်။ များစွာသော ယုံကြည်သူများသည် ထိုပါရမီများ မရှိသောကြောင့် သခင်ယေရှုနှင့် ပတ်သက်သောအရာ၌ ကြာလာလျှင် ငြေးငွေ့တတ်ကြသည်။ ထိုမျှသာမက ထိုပါရမီများရှိလျှင် အသက်တာသည် အကျိုးမမဲ့တော့ဘဲ အကျုုိး ဖြစ်စေတတ်သည်။ ထိုပါရမီနှင့် ကင်းသောသူသည် မျက်စိကန်း သို့မဟုတ် မျက်စိပိတ်သောသူ ဖြစ်သည်။ 
ထို့ကြောင့် အပြစ် ဟောင်းဆေးကြောကြောင်းကို မေ့လျော့၏ ဟုဆိုသည်။ 

၁၀။ ထိုကြောင့်၊ ညီအစ်ကိုတို့၊ သင်တို့ ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲစေခြင်းငှါ သာ၍ ကြိုးစားအား ထုတ်ကြလော့။သို့ ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့် အစဉ်ကင်းလွတ်သည် ဖြစ်၍၊ ၁၁ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှု ခရစ်၏ ထာဝရ နိုင်ငံတော် ထဲသို့ ဝင်စားခြင်း အခွင့်ကို သင်တို့အား ကွယ်ဝစွာ ပေးသနားတော်မူ လတံ့။ 

ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းသည် အလွန် ထူးမြတ်သည်။ သမ္မတ ကသင့်ကို ခေါ်လျှင် ရွေးချယ်လျှင် သင်မည်ကဲ့သို့ ခံစား မည်နည်း။ အလွန် ဂုဏ်ယူ၍ ဝမ်းမြောက်ဝါကြွားမည် မဟုတ်လော။ ထိုမျှသာမက ထာဝရဘုရား၏ ခေါ်တော်မူခြင်းနှင့် ရွေးကောက်တော်မူခြင်းသည် အဘယ်မျှလောက်ဂုဏ်ယူ ဝါကြွားစရာ ဖြစ်သနည်း။ ထို့ကြောင့် ဘုရား၏ ရွေးချယ်ခေါ်တော်မူခြင်းကို တန်ဘိုး ထားဘို့ တိုက်တွန်းသွားသည်။ ထိုသို့ပြုလျှင် ရွေ့လျော့ခြင်း တည်ဟူသော ဝိညာဉ်ရေးရာကျဆင်းခြင်းနှင့် ကင်းဝေးမည်။ ထာဝရ နိင်ငံတော် ထဲ၌လည်း မျက်နှာငယ်ငယ်နှင့် မဟုတ်၊ ဝါကြွားဝမ်းမြောက်စွာနှင့် ဝင်နိင်ပေလိမ့်မည်။ 

၁၂။ ထိုကြောင့်၊ ယခုဟောပြောသော သမ္မာတရားကို သင်တို့သည် နားလည်၍ တည် ကြည်ခြင်းရှိသော်လည်း၊ ဤသို့သော စကားများနှင့် သင်တို့အား အစဉ်မပြတ် သတိ ပေးမည်အမှုကို ငါမမေ့မလျော့။ 

ပေတရုကယုံကြည် များသည် သမ္မာတရားကို သိ၍ နားလည်တည်ကြည်သော်လည်း၊ သတိပေးခြင်း ဖြစ်သည်။ အကြောင်းမူကား သမ္မာတရား သိရုံဖြင့် တည် ကြည်သည် မဟုတ်၊ သတိထားဘို့ လိုသေးသည်။ 

၁၃-၁၄။ ငါတို့ သခင်ယေရှု ခရစ်သည် ဗျာဒိတ် ပေးတော်မူသည် အတိုင်း ငါတည်း ခိုရာ ထဲကို မကြာမမြင့်မှီငါပစ်သွားရမည်အရာကို ငါသိမှတ်၍၊ ဤတဲ၌ ရှိနေစဉ်ကာလ ပတ်လုံး၊ သင်တို့ကို သတိပေး၍ နိုးဆော်အပ်သည်ဟု ငါသဘော ရှိ၏။ ၁၅ ထိုမှတပါး၊ ငါစုတေ့သည် နောက်၊ သင်တို့သည် ဤအရာများကို အစဉ်မှတ်မိစေခြင်းငှါ ငါကြိုးစားအား ထုတ်မည်။ 

ငါတည်း ခိုရာတဲဆိုသည်မှာ သူ၏ ကိုယ်ခန္ဓာကို ဆိုလိုသည်။ သခင်ယေရှုက ပေတရုထံမကြာမမမြင့်မှီ သူသေမည့် အကြောင်းကို ဖေါ်ပြထားသည်။ ထိုသို့ မသေမှီယုံကြည်သူများကို သတိပေးနိုးဆော်အပ်သည် ဟုဆိုသည်။ သူသေပြီး လျှင်လည်းသူ သတိပေးခြင်းများကို အစဉ်မှတ်မိစေခြင်းငှါ စာအားဖြင့် ရေးထားခြင်း ဖြစ်သည်။ 

၁၆။ ငါတို့ သခင်ယေရှု ခရစ်၏ တန်ခိုးတော်ကိုင်း၊ ကွလာတော်မူခြင်း ကိုင်း၊ သင်တို့အား ကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့် ပြင်ဆင်သော ဒ ာရီစကားကို မလိုက်၊ ဘုန်း အာနုဘော်ကို ကိုယ်တိုင် မြင်သောသူ ဖြစ်ကြ၏။ ၁၇ အဘယ်သို့ နည်းဟူမူကား၊ ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သား ပေ တည်းဟူသော အသံ တော်သည်၊ ထူးမြတ်သော အရောင်အဝါတော် ထဲက၊ ထိုသခင်သို့ ရောက်သောအခါ၊ ခမည်းတော်ဘုရားသခင့်အထံတော်မှ ဂုဏ်အသေရေ၊ ဘုန်း အာနုဘော်ကို ခံရတော်မူ၏။ ၁၈ ကောင်းကင် ကရောက်လာသော ထိုအသံတော်ကို ငါတို့သည် သန့်ရှင်းသော တောင်ပေါ်မှာ သခင်ဘုရားနှင့်အတူ ရှိသောအခါ ကြားရကြ၏။ 

ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် သခင်ဘုရားကို မောရှေ၊ ဧလိယတို့နှင့် တောင်ပေါ်တွင် မြင်ခဲ့ကြသည် (မ ၁ရး၁-၈ ; လု ၉:၂၈-၃၆)။ ထိုကဲ့သို့ သူတို့ မြင်သောအရာ ကို၊ ငါတို့ သခင်ယေရှု ခရစ်၏ တန်ခိုးတော်ကိုင်း၊ ကွလာတော်မူခြင်း ကိုင်း၊ ဟုဆိုသနည်းဟူမူကား သခင်ယေရှုကို သူ၏ တန်ခိုးနှင့် တွေ့မြင်သောကြောင့်၊ ကြွလာတော်မူခြင်း၏ ပုံကို ဆောင်သောကြောင့် ဖြစ်သည်။ ထိုအရာကို ယုံကြည်သူများအား ပြောသောအခါ ပရိယာယ်နှင့် ပြင်ဆင်သော ဒ ာရီစကားကို မလိုက်၊ ဘုန်း အာနုဘော်ကို ကိုယ်တိုင် မြင်သောသူ ဖြစ်ကြ၏။ ဟုဆိုသည်။ သူတို့၏ ကိုယ်တွေ့ကို ပြောခြင်း ဖြစ်သည်။ သခင်ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော် တည်လျက် ကွလာတော်မူသည်ကို၊ ဤအရပ်၌ ရှိသောသူအချို့တို့သည် မမြင်မှီသေခြင်းသို့ မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။ (မ ၁၆:၂၈) ဟုဆိုခဲ့သည်။ သခင်ယေရှု ကြွလာခြင်းသည် အနာဂတ်မှာရှိသေးသည်။ သို့သော် သ ခင်ယေရှုနှင့်အတူ ရှိသောသူ၊ ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့သည် တောင်ပေါ်၌ သခင်ဘုရားနှင့် မောရှေဧလိယတို့ မြင်ခြင်းကို ကြွလာတော်မူခြင်းကို မြင်သည် ဟုဆိုသည်။ အကြောင်းမှာ သခင်ဘုရားကြွ လာသောအခါ တောင်ပေါ်၌ မြင် သကဲ့သို့ ဘုန်းနှင့် ကြွလာမည်။ မောရှေသည် သေလွန်သော ယုံကြည် သူတို့၊ ဧလိယသည် မသေဘဲ ချီဆောင်ခြင်း၌ အသက်ရှင်လျက် ပြောင်းလဲမည့် ယုံကြည်သူများကို ပုံဆောင်သည်။ 

၁၉။ ထိုမှတပါး၊ သာ၍ မြဲမြံသော အနာဂတ္တိစကား တော်သည် ငါတို့၌ ရှိသေး၏။ စိတ် နှလုံးထဲ၌ အာ ုဏ်တက်၍ ကြယ်နီပေါ်ထွက်သည် ကာလ တိုင်အောင်၊ ထိုအနာဂတ္တိ စကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်းသော ဆီမီးကဲ့သို့ မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။ 

အထက်၌ ဖေါ်ပြသော အဖြစ်အပြတ်များသာမက၊ သာ၍ မြဲမြံသော အနာ ဂတ္တိစကား တော်သည် ငါတို့၌ ရှိသေး၏ ဟုဆိုသည်။ ထိုအရာများကို ၂ ပေ ၃၌ ဖေါ် ပြထားသည်။ စိတ်နှလုံးထဲ၌ အာရုဏ်တက်ခြင်း ဆိုသည်မှာ၊ အာရုဏ်တက်သောအခါ လင်းလာသည်။ ဆိုလိုသည်မှာ စိတ်ထဲ၌ အလင်းမြင်ခြင်း၊ သိနားလည်ခြင်းကို ဆိုလိုသည်။ ကြယ်နီဆိုသည်မှာ မိုဃ်းသောက်ကြယ်ကို ဆိုလိုသည်။ ခရစ်တော် ကသူသည် မိုဃ်းသောက်ကြယ် ဟုဆိုခဲ့သည် (ဗျာ ၂၂:၁၆)။ ခရစ်တော်သည် အသင်းတော်ကို ချီ ဆောင်ဘို့ရန် ကြွလာခြင်းကို မိုဃ်းသောက်ကြယ်ပေါ်ထွန်းခြင်း ဟုဆိုသည်။ မိုဃ်း သောက်ကြယ်သည် ဆောင်းတွင်း နံနက်မိုဃ်းမလင်းမှီတွင် ထွက်တတ်သည်။ စော စောထသောသူများသာလျှင် မြင် ကြသည်။ အအိပ်ပုပ်သောသူများ၊ ပျင်းရိသောသူများမမြင်ကြချေ။ စောစော ထသောသူများ တည်းဟူသော ဒုတိယမွေးဖွားသောသူများသာလျှင် ထိုချီဆောင်ခြင်း ထဲ၌ ပါသွားမည် ဖြစ်သည်။ 

အနာဂတ္တိစကား ကား များသည် မှောင်မိုက်၌ ထွန်းလင်းသော အလင်းကဲ့သို့ဖြစ်သည်။ မှောင်မိုက်၌ လူမျက်စိသည် ဘာကိုမျှ မမြင်နိုင်ချေ။ သို့သော် မီးရှိလျှင် မြင် နိုင်သည်။ ထို့နည်းတူ ဝိညာဉ်ပိုင်းမှောင်မိုက်ထဲ၌ အနာဂတ္တိစကားသည် ဆီမီးကဲ့သို့ဖြစ်သောကြောင့် ယုံကြည်သူများက အမှီပြုသင့်သည် ဟုဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် အနာဂလ္လိစကား နားမလည်သောသူများသည် တခေါခေါ အိပ်ပျော်လျက် သခင်ဘုရားကြွလာမည့် အချိန်ကို မသိ၊ မစောင့်သောကြောင့်၊ ဤလောကကို ချစ်ခြင်းဖြင့် သေ နေကြသည်။ 

၂၀။ ကျမ်းစာ၌ ပါသော အနာဂတ္တိစကား မည်သည်ကား၊ ကိုယ်အလိုအလျောက် အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။ ၂၁ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဘူးသည် မဟုတ်။ ဘုရားသခင်၏ သန့်ရှင်း သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။ 

အနာဂတ္တိစကား များသည် လူအားဖြင့် အလိုအလျောက်အနက် မသိနိုင် ဟုဆိုသည်။ အဘယ်ကြောင့်နည်းဟူမူကား၊ အနာဂတ္တိစကားသည် လူအားဖြင့် မဟုတ်၊ ဘုရားသခင်၏ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းခြင်းအားဖြင့် ဟောပြောကြသည် ဟုဆိုသည်။ သို့သော် ဘုရား၏ တန်ခိုးနှင့် အလုပ် မသိသောသူများ အနေဖြင့် ထိုအရာကို မသိ နားမလည် နိုင်ချေ။ ထို့ကြောင့် ကျမ်းစာကို မယုံကြည် ကြ၊ အချိန်ကာလ ကိုလည်း မသိကြခြင်း ဖြစ်သည်။ 
 

ခရီး စဉ်


 ဆရာမောဇက်နှင့် ဇနီးဟန္နတို့သည် ဇန္နဝါရီလ ၃ ရက်နေ့တွင် မြန်မာပြည်သို့ သွားရောက်ကာရန်ကုန်မြို့သတင်းကောင်း နှစ်ခြင်း အသင်းတော် ခဝဲခြံ၌ ၅-၉ ရက် နေ့အထိ သင်တန်းများ ပေးခဲ့ပါသည်။ ဇန္နဝါရီလ ၉-၁၅ ရက်နေ့ အတွင်း မြစ်ကြီး နားသတင်းကောင်း နှစ်ခြင်း အသင်းတော်၌ နေ့တိုင်း သင်တန်းပေးခဲ့ရာဂိုဏ်းဂဏမျိုးစုံမှ လူ၁၀၀-၂၀၀ တက်ရောက်နိုင်ကြပါသည်။ သင်တန်းသားများ အလွန် အားရကျေ နပ်ကြပါသည်။ ၁၆ ရက်နေ့နံနက် ၉-၁၂ နာရီ အတွင်း မန္တလေးမြို့ ဘုရားသခင်၏ အသင်းတော်၌ ဂိုဏ်းပေါင်းစုံမှ ယုံကြည်သူ ၁၀၀ ခန့် ခေတ်ကာလ များအကြောင်းကို သင်ကြားပေးရာနောက်ပိုင်းတွင်းအချိန် ယူ၍ သင်တန်း ပြုလုပ်ဘို့ တောင်းဆိုကြပါသည်။ ထို့ညနေပိုင်းတွင် ကလေးမြို့သို့ လေယဉ်ဖြင့် ခရီး ဆက်ကြပါသည်။ ကလေးမြို့ တောင်ဖီလာရပ်ကွက် သတင်းကောင်း နှစ်ခြင်း အသင်းတော်တွင် ၁ရ- ၂၂ ရက်နေ့ည တိုင်း သင်တန်းပေးရာလူ ၂၀၀ ခန့်တက်ကြပါသည်။ ထိုသင်တန်း၌ ပျောက်ဆုံးဝိညာဉ် ဖမ်းနည်းနှင့် ဖမ်းဘို့ အဓိကထားသင်ပေးရာ ယုံကြည်သူများ အလွန် အားရကျေနပ် ကြ ပြီး၊ ၂၃ ရက်နေ့မှစ၍ နံနက်တိုင်း ဆုတောင်းခြင်း စတင်လိုက်ပါသည်။ ဆရာများ ဦး ဆောင်၍ ပျောက်ဆုံးဝိညာဉ် ဖမ်းဘို့ အလွန် တက်ကြွကြပါသည်။ နံနက်ပိုင်း၉-၁၂ နာရီ အတွင်း သတင်းကောင်း ကျမ်းစာကျောင်းသားများကို ပျောက်ဆုံးဝိညာဉ် ဖမ်း နည်းသင်ပေးကာ ၄ ရက်၊ ရပ်ကွက်ထဲ၌ သက်သေခံထွက်ကြပါသည်။ အချို့သော ကျောင်းသားများနှင့် ဆရာများ အလွန် အားရကျေနပ် ကြပါသည်။ ၂၂ ရက်နေ့တွင်လည်း တောင်ဖိလာ အေဂျီ အသင်းတော်၌ ခေတ်ကာလ အကြောင်းကို ဟောပြောသင် တန်းပို့ချခဲ့ပါသည်။ ဆရာမဟန္နလည်း ကလေးမြို့နှင့် တောင်ဖီလာအေဂျီ အသင်းတော်များ၌ ညပိုင်းသင်တန်းပေးနိုင်ခဲ့ပါသည်။ ၂၀ ရက်နေ့တွင်လည်း တမူး၊ ခန်းပတ် မြို့များသို့ နေ့ချင်းပြန်ခရီး သွားရောက်ကာ ယုံကြည်သူများကို အားပေးသွားခဲ့ကြ ပါသည်။ 

ဇန္နဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်သို့ လေယဉ်ဖြင့် ပြန်ဆင်းပြီး၊ ၂၃ ရက်နေ့တွင် ဧရာဝတီတိုင်း ချောင်းသာသို့ သွားရောက်ကြပါသည်။ ၂၄-၂ရ နေ့များတွင် မြန်မာ နိင်ငံ သတင်းကောင်း အသင်းချုပ်မှဆရာ၊ ဆရာမအယောက် ၁၂၀ ခန့်တဦးချင်း ပျောက်ဆုံးဝိညာဉ် ဖမ်းဘို့နှင့် ဖမ်းနည်းများကို နံနက် ပိုင်း၉-၁၂ အထိ သင်ပေးပါသည်။ ညနေပိုင်းတွင် ရွာထဲနှင့် ပင်လယ်ကမ်း​ခြေတွင် သက်သေခံထွက် ကြသည်။ ညပိုင်းတွင် ရ- ၁၀ နာရီ အထိ ဝိညာဉ်များပြုစုပျိုးထောင်ဘို့နှင့် ပျိုးထောင်နည်းများကို သင်ကြားပို့ချနိင်ပါသည်။ သက်သေခံကြရာတွင် ချောင်းသာရွာရှိလူများ ဆာငတ်သော သဘော ရှိကြသောကြောင့်၊ ဆရာ၊ ဆရာမ ဆက်ကပ်သူရှိပါက သာသနာ ပြုစေလွှ$တ်ဘို့ သဘောတူ ကြပါသည်။ 

ဖေဖဝါရီလ ၂-၁၃ ရက်နေ့အထိ မလေးရှားနိင်ငံ ကွာလာလမ်ပိုမြို့သို့ သွားရောက်ကာ ဆရာပီတာလိန်း မောင်း ဦးဆောင်သော Full Gospel Asembly  မိဿဟာယနှင့် ဆရာဘရန်မိုင် ဦးဆောင်သောKlang Myanmar  မိဿဟာယ၌ သင်တန်းများ ပေးခဲ့ကြပါသည်။ ပျောက်ဆုံးဝိညာဉ် ဖမ်းဘို့ လိုသည့်အကြောင်းများကိုလည်း တိုက်တွန်းသင်ပေးခဲ့ကြပါသည်။ မြန်မာပြည်၌ ကယ်တင်ခြင်းကို ဖလမ်းလိုနှင့် မြန်မာလိုအုပ်ရေ ၁၀၀၀ စီထုတ်ဝေပါသည်။ သင်တန်းပေးဘို့ အသုံးပြုမည့်သူများကို အခမဲ့ပေးပါသည်။ မလေးရှား၌လည်း ကယ်တင်ခြင်း စာအုပ်ကို ထုတ်ဝေဘို့ စီစဉ်ထားပါသည်။ ဖေဖဝါရီလ ၁၄ ရက်နေ့တွင် အိမ်သို့ ချောမောစွာ ပြန်လည်ရောက် ရှိကြပါပြီ။ ပြုတော်မူသော ဘုရား၏ လမ်းပြ အသုံးပြုမှုများအတွက် ကျေးဇူးတော် ချီးမွမ်းပါသည်။ 


 
အမှုတော်ဆောင်သင်တန်း


ဘုရားသခင်က အခွင့်ပေးလျှင်၊ တလတာအမှုတော်ဆောင်သင်တန်းကို ဩဂုတ်လ၌ ပြုလုပ်ဘို့ ရည်ရွယ်ထားပါသည်။ အမှန်တကယ် ယုံကြည်ခြင်းဖြင့် အမှုတော်ဆောင်လို သူများ ပါဝင်နိုင်ကြောင်း သတင်းကောင်း ပါးလိုပါသည်။ 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG