GOODNEWS
  HOME  GOODNEWS  2018 NOV
 


 

အမှာစာ
 
 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယနေ့ တိုင်အသက်ရှင်သွားလာလှုပ် ရှားနိုင်ကြသေးသည်။ ကမ္ဘာ့နိုင်ငံအနှံ့အပြား၌ သဘာဝ ဘေးဒဏ်များကြောင့် လူ များစွာ သေကျေ ပျက်စီး နေကြသည်။ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေးကြောင့်လူ များစွာ တိုက်ကြခိုက်ကြ၊ ပြေးလွှား နေကြသည်။ ဤလောကသည် ယခုအခါ အလွန် ပြောင်းလဲ မြန်၍ နောက်တနေ့ဘာ ဖြစ်မည်ကို ကြို မသိနိုင်ချေ။ မည်သည့်နိုင်ငံတွင် မဆိုလုံခြုံမှု မရှိတော့ချေ။ အမေရိကန်နှင့်၊ ရုရှားတရုတ်တို့လည်း စစ် ဖြစ်မည့် အရာကိုသာလျှင် ပြင်ဆင် နေကြသည်။ လူများလည်း အစွမ်းကုန်အပြစ် လုပ် နေကြပြီ။ အမေရိကန်ပြည် ထောင် စုလည်း နှစ်ခြမ်းကွဲနေပြီ။ လက်တွေ့အားဖြင့် မတိုက်ခိုက် ကြသေးသော်လည်း အချိန်မရွေး ပြည်တွင်း စစ် ဖြစ်နိုင်သည့်အ​ခြေအနေတွင် ရှိနေသည်။ ပြည် ပမှလည်း တရားဝင်ဖြစ်စေ တရားမဝင် ဖြစ်စေလူ များစွာ ဝင် နေကြသည်။ လက်ဝဲအုပ်စုကလည်း အမေရိကန် နိုင်ငံသည် နယ်နိမိတ်မရှိဘဲ နိုင်ငံခြားသား တိုင်း ဝင်ဘို့ အားပေးနေသည်။ လက်ျာအုပ်စုကလည်း နိုင်ငံကို အစွမ်းကုန်ကာကွယ်ဘို့ ကြိုးစား ကာ တရားမဝင်ဝင်လာမည့်သူများကို အစွမ်းကုန်တားဆီး နေကြသည်။ ထာဝရဘုရားကို ယုံကြည်သူလည်း တနေ့တခြား လျော့နည်းနေသည်။ ယုံကြည်သူ ဟုဆိုသောသူအများလည်း ဘုရားကိုလောက ချမ်း သာရေး၊ ကိုယ်ခန္ဓာကျန်းမာကောင်းစားရေးအတွက် သာလျှင် ဟောပြောသွန်သင် နေကြသည်။ အစ္စရေးနှင့် အာရပ်များ ငြိမ်းချမ်းရေးလည်း စာချုပ် ချုပ်နိုင်ဘို့ နီးသထက် နီးလာပြီ။ ထိုစာချုပ်မချုပ်မှီ ချီဆောင်ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ကယ်တင်ခြင်း စိတ် ချမှု ရရှိဘို့ အလွန် အရေးကြီးသည်။ ကယ်တင်ခြင်း စိတ်ချမှု ရရှိပြီး သူများ အနေဖြင့် မရရှိသေး သူများကို အစွမ်းကုန် အားပေး၊ သက်သေခံပေးဘို့ လိုအပ်နေသည်။ ဤလောက၌ နှစ်လရက်ကြာမနေရတော့ပါ။ ဘေးဒဏ်ကြီးကာလ ရောက်တော့မည်။ လောဘမကြီး သင့်တော့ပါ။ နေနိုင်ရုံ အလုပ်လုပ်ပြီး ကိုယ့် ဝိညာဉ် အစာဝလင်စွာ ​ကျွေးသင့်သည့်အချိန် ဖြစ်သည်။ နေ့ပိုင်းအလုပ်ကို ရှစ်နာရီ သာလုပ်၍ ညပိုင်းမှာကျမ်းစာ သင်၊ ဝိညာဉ် အားရှိဘို့အချိန် စွမ်းအား ဘ သုံးရမည့်အချိန် ဖြစ်ကြောင်း သတိပေးလိုပါသည်။ 

 

ယခုလစာစောင်တွင်...

  • ကျေးဇူးတောါချီးမွမ်းခြင်း 
  • ထာဝရ ကာလ၌ ကျန်ရစ်မည်လော
  • တန်ခိုး
  • ဆင်ခြင်ခြင်း 
  • ကောင်းကင် စွဲလမ်းရန်
  • ကျမ်းစာဖတ်ကြစို့ (ယော ၁၅) 
  • ရနိင်သော ဝိညာဉ်ရေးရာစာအုပ်နှင့် စီဒီများ 

ကျေးဇူးတော် ချီးမွမ်းခြင်း 
THANKSGIVING

 

အမေရိကန်ပြည် ထောင်စု၌ ယခုနှစ်ကျေးဇူးတော် ချီးမွမ်းခြင်း နေ့သည် နိုဝင် ဘာလ ၂၂ ကြာသပတေးနေ့ ဖြစ်သည်။ ထို့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း နေ့အဖြစ် စတင်ခဲ့သော်လည်း ယခုအခါ၊ ဘုရားသခင်ကို ချီးမွမ်းမည့် အစား၊ အစားအ စာများကိုသာလျှင် အာရုံစိုက်ပြီး၊ ကျေးဇူးရှင်ကို မချီးမွမ်းကြတော့ချေ။ အလွန် ဝမ်းနည်းစရာပင် ဖြစ်သည်။ ယုံကြည်သူများအနေဖြင့် ဘုရားသခင်ကို ချီးမွမ်းရမည်။ ကျမ်းစာက၊ ကျေးဇူးချီးမ$မ်းခြင်း ယဇ်ကို ပူဇော်သောသူသည် ငါ၏ ဘုန်းကို ထင်ရှားစေသောသူ ဖြစ်၏၊၊ မိမိသွားသောလမ်းကို ဆင်ခြင်သောသူအားလည်း ကယ်တင်တော်မူခြင်း ကျေးဇူးကို ငါပြမည်ဟု ဘုရားသခင် မိန့်တော်မူ၏၊၊ (ဆာ ၅၀:၂၃) ဟုဆိုထားသည်။ အဘယ်နေ ရာ၌ အဘယ်ကဲ့သို့ ဘုရားကို ချီးမွမ်းရမည့် အရာကို ဆာလံဆရာက ဤကဲ့သို့ ရေးထားသည်၊ သန့်ရှင်းရာ ဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့၊၊ ဘုန်းတော် ထင်ရှားသော ကောင်းကင် မျက်နှာကြက်ပေါ်မှာ ချီးမွမ်းကြလော့၊၊ ၂ ထူးဆန်းသော တန်ခိုးတော်များကြောင့် ဘုရားသခင်ကို ချီးမွမ်းကြလော့၊၊ အလွန် တရာကြီး မြတ်တော်မူခြင်းရှိသည် အတိုင်း၊ ချီးမွမ်းကြလော့၊၊ ၃ တံပိုးမှုတ်ခြင်းရှိသည် အတိုင်း ချီးမွမ်းကြလော့၊၊ တယောနှင့် စောင်းကို တီးလျက် ချီးမွမ်းကြလော့၊၊ ၄ ပတ်သာတီးလျက်၊ ကခုန်လျက်နှင့် ချီးမွမ်း ကြလော့၊၊ ကြိုးနှင့် ပြည့်စုံသော တုရိယာကို တီးလျက် နှ​ဲခရာကို မှုတ်လျက် ချီးမွမ်းကြလော့၊ ၅ အသံကျယ်သော သံလွင်ကို တီးလျက် ချီးမွမ်းကြလော့၊၊ အကြီး ဆုံးသော လင်း ကွင်းကိုလည်း တီးလျက် ချီးမွမ်းကြလော့၊၊ ၆ အသက် ရှိသောသူ အပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ၊၊ (ဆာ ၁၅၀:၁-၆)။ 

ထာဝရဘုရားသည် သန့်ရှင်းသောကြောင့် ချီးမွမ်းရမည်ဟု ဤသို့ ရေးထားသည်၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားကို ချီးမြေ ာက်ကြလော့။ သန့်ရှင်းသော တောင်တော် မှာပြပ်ဝပ်ကိုးကွယ်ကြလော့။ အကြောင်းမူကား၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ သတည်း။ (ဆာ ၉၉:၉)။ မြေကြီးသား အပေါင်းတို့၊ ထာဝရဘုရားအား ​ေ ကွးကြော်ကြလော့။ ၂ ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက်၊ အထံတော်သို့ ဝင်ကြလော့။ ၃ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူသည်ကို သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏ အရှင် ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်း ဖြစ်ကြ၏။ ၄ ကျေးဇူးတော်ကို ကြီးမား ပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ ကိုင်း၊ ဂုဏ်တော်ကို ချီးမွမ်းလျက် တန်တိုင်းတော်တို့ ကိုင်းဝင်ကြလော့။ ကျေးဇူးတော်ကို ချီမွမ်း၍ နာမတော်ကို ကောင်းကြီး ပေးကြလော့။ ၅ အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်း မြတ်တော်မူ၏။ ဂ ုဏာတော်သည် အစဉ်အမြဲရှိ၍၊ သစ္စာ တော်သည် ကာလ အဆက် ဆက်တည်လေသတည်း။ (ဆာ ၁၀၀) 

လူသည် ကျေးဇူးတော် ခံစား မှသာ လျှင်၊ ကောင်းကြီးခံစား မှသာလျှင်ဘုရားကို ချီးမွမ်းချင် ကြသည်။ ထိုအရာသည် သာသနာ ပများ ပင်လျှင် လုပ်နိုင်သော၊ လုပ်တတ်သောအရာ ဖြစ်သည်။ အထက်ပါ ဆာလံအရ ဘုရားသခင်သည် ဘုရား ဖြစ်သောကြောင့် ချီးမွမ်းရမည် ဟုဆိုသည်။ သူသည် ငါတို့ကို ဖန်ဆင်းရှင်လည်း ဖြစ်၍ အရှင်သခင်လည်း ဖြစ်သည်။ ထို့ကြောင့် ချီးမွမ်းရမည်။ အထံတော်၌ ကျက်စားသော သိုးစုလည်း ဖြစ်သည်။ သူသည် ကောင်းမြတ်တော်မူသည်။ ဂရုဏာတော်နှင့် သစ္စာ တော်သည်လည်း ကာလ အစဉ်တည်သောကြောင့် ချီးမွမ်းရမည်။ ရှင်ပေါလုကလည်း၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ ကျင့်စေခြင်းငှါ၊ ယေ ှု ခရစ်၌ ဘုရားသခင် အလိုတော် ရှိ၏။ (၁ သက် ၅:၁၈) ဟုဆိုထားသည်။ အရာရာ၌ ဟုဆို သောကြောင့် ကောင်းကြီး ခံစားရမှသာ မဟုတ်တော့ဘဲ ဆင်းရဲ ဒုက္ခ ရောက်သောအခါ၌လည်း ချီးမွမ်းရမည့် သဘော ဖြစ်သည်။ ဆင်းရဲ ဒုက္ခ ရောက်သောအခါ မည်ကဲ့သို့ ချီးမွမ်း နိုင်မည်နည်း။ ပေတရုက၊ အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်ဆီးတတ်သော ရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းသောအရာသည် သာ၍ မြတ်သည် နှင့်၊ ယေ ှု ခရစ်ပေါ်ထွန်တော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်း အာနုဘော် အလိုငှါ ဖြစ်မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသော အကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက် ဆိုခဲ့ပြီးသော ကျေးဇူးတော်ကို ထောက်၍ ရွှင်လန်းသော စိတ်ရှိကြ၏။ (၁ ပေ ၁:ရ) ရေးထားခဲ့သည်။ ဆင်းရဲ ဒုက္ခသည် ယုံကြည်ခြင်းကို စစ်ဆေးခြင်း ဖြစ်သည်။ ကျောင်းတက်ပြီးမှ စာမေးပွဲမ​ဖြေလျှင် ကျောင်းတက်ရကျိုးမနပ်ချေ။ ဤလောကသည် ဇိမ်ခံရာနေရာ မဟုတ်။ ခရစ်တော်က၊ သင်တို့သည်လောက၌ ဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ် ကြနှင့်။ ငါသည်လောကကိုအောင် ပြီဟု မိန့်တော်မူ၏။ (ယော ၁၆:၃၃) ဟုဆိုခဲ့သည်။ 

သခင်ယေရှု ကိုယ်တိုင်လည်း ဆင်းရဲ ဒုက္ခ မျိုးစုံခံခဲ့သည်။ ရှေးပရောဖက်များ၊ တမန်တော်များ၊ ဘုရား၏ လူများသည် ဆင်းရဲ ဒုက္ခ မျိုးစုံခံခဲ့ ကြသည်။ အကြောင်းမှာ ဤလောကသည် ဇိမ်ခံရာနေရာ မဟုတ်၊ ရန်သူနယ်မြေ၌ ရန်သူ စာတန်နှင့် အပေါင်းပါများကို တိုက်ခိုက်သော နေရာ ဖြစ်သည်။ ထို့ကြောင့် ဘုရား သားသမီး များသည် ဆင်းရဲ ဒုက္ခ တွေ့ဘို့သည် မဆန်းသောအရာ ဖြစ်သည်။ ကောင်းကြီး ခံစားဘို့၊ အစစအရာရာ အဆင်ပြေဘို့ သာလျှင် မျှော်လင့်ကြသောကြောင့် ဒုက္ခ ဆင်းရဲကို မခံနိုင်ကြခြင်း ဖြစ်သည်။ ကိုယ့်အပြစ်ကြောင့် ဆင်းရဲ ဒုက္ခ ခံလျှင် ချီးမွမ်းခြင်း မခံရသော်လည်း၊ နောင် တရခြင်းအားဖြင့် ​ဖြောင့်မတ်ခြင်း လမ်းသို့ ပြန်လှည့်လာလျှင် ကောင်းသည်။ ဘုရားသခင်၏ အလိုတော် ဆောင်ခြင်းကြောင့် ဆင်းရဲ ဒုက္ခ ခံခြင်းသည် အရှုံး လုံးဝ မရှိချေ။ ဤလောက၌ ဝမ်းနည်းစရာ ကောင်းသော်လည်း ကောင်းကင် ရောက်သောအခါ အတိုးချ ချီးမွမ်းခြင်းနှင့် ဆုချခြင်း ခံရမည်။ ဤလောက၌ ဘုရား အလိုတော်အတိုင်း အသက်ရှင် သောကြောင့် ကောင်းကြီးခံစား လျှင်လည်း ကောင်းသည်။ ထို့ကြောင့် စစ်မှန်သော ယုံ ကြည် သူများ ဘုရား၏ အလိုတော်အတိုင်း အသက်ရှင်လျှင်၊ ဒုက္ခ ရောက်သည် ဖြစ်စေ၊ သုက္ခချမ်းသာ ရောက်သည် ဖြစ်စေ၊ ဘုရား ထံချီးမွမ်းဘို့ သာလျှင် ရှိသည်။ သို့သော် ဘု ရား၏ အလိုတော်ကို အလိုက်ချင်သော ဇာတိလူအတွက်မူ ကောင်းစား လျှင်လည်း မချီး မွမ်းဒုက္ခ ရောက်လျှင်လည်း ညည်းတွားဘို့ သာလျှင် ရှိသည်။ 

 

 
ထာဝရကာလ ကျန်ရစ်မည်လော


 ဤလောက လူသား အားလုံး တို့သည် နေ့တိုင်းရုန်းကန် လှုပ်ရှား ကြသည်။ အမောတကောပြေးလွှား ကြသည်။ အလွန် အရေးကြီး သောကြောင့် အစာပင်မစားအားဘဲ လုပ်သောသူရှိ သကဲ့သို့၊ သက် စွန့်ဆံဖျား အလုပ်လုပ် သူများရှိကြသည်။ ကျည်ဆန် ကြား၌ အသက် လုပြီး စစ်တိုက်ကြ သူများရှိသကဲ့သို့၊ ကူးဆက်တတ်သော ရောဂါများကို တိုက်ခိုက် ကုသသောသူများလည်းရှိကြသည်။ အပြစ် ကျူးလွန်ခြင်းဖြင့် အသက် မွေး ဝမ်းကြောင်း ပြုသူများရှိသကဲ့သို့၊ သူတပါးကို ကူညီပြီး အလွန် ကောင်းသော အမှုများလုပ် သူများရှိကြသည်။ မည်သည့်အလုပ်မျိုး လုပ်သည် ဖြစ်စေ၊ မည်ကဲ့သို့ အသက်ရှင်သည် ဖြစ်စေ၊ နောက်ဆုံးစဉ်းစားရမည့် အရာသည်၊ ထာဝရ ကာလ၌ ကျန်ရစ်မည်လော၊ တန်ဘိုးရှိမည်လောဟူသောအရာ အားဖြင့် ကိုယ်လုပ်သောအရာကို တိုင်းတာဘို့ လိုသည်။ ထိုအရာနှင့် ပတ်သက်၍ သခင်ယေရှုက၊ လူသည် ဤစကြဝဠာကို အကွင်းမဲ့ အစိုးရ၍ မိမိအသက် ဝိညာဉ် ံှုးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။ (မ ၁၆:၂၆)ဟု မေးခွန်းထုတ်ခဲ့သည်။ 

အထက်ပါ မေးခွန်းနှင့် ပတ်သက်၍ သခင်ယေရှုက၊ ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတဦး၌ မြေကောင်း၍ အသီးအနှံများ လှ၏။ ၁၇ ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာ အရပ်မရှိ။ ၁၈ ပြုမည်အကြံမူကား၊ ငါ့တိုက်များကို ဖျက်၍ ကျယ်သော တိုက်တို့ကို တည်ပြီးမှ၊ ငါ၏ အသီးအနှံဥစ္စာရှိ သမျှတို့ကို သိုထားမည်။ ၁၉ ငါ့ ဝိညာဉ်အား လည်း၊ အချင်း ဝိညာဉ်၊ သင်သည် နှစ်ပေါင်း များစွာ သုံးဆောင်ရန်ဥစ္စာများကို သိုထားလျက် ရှိပြီ။ ငြိမ်ဝပ်စွာ နေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့၊ ငါပြောမည်ဟု သူဌေးအကြံရှိ၏။ ၂၀ ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညဉ့်ပင်သင်၏ ဝိညာဉ်ကို ုပ်သိမ်းရာအ ချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင် သိုထားသော ဥစ္စာကို အဘယ်သူ ပိုင် မည်နည်းဟု သူဌေးအား မိန့်တော်မူ၏။ ၂၁ ထိုအတူ ကိုယ်အဘို့ ဘ ာများကို ဆည်းဖူး၍၊ ဘုရားသခင် ရှေ့တော်၌ ဆင်းရဲသောသူ မည်သည်ကား၊ ထိုသူဌေးနှင့် တူသည်ဟု မိန့်တော်မူ၏။ (လု ၁၂:၁၆-၂၁)ဟု ဥပမာစကားအားဖြင့် လူတိုင်းကို သတိပေးသည်။ ဤလောက ဥစ္စာပစ္စည်းများသည် ထာဝရ ကာလ၌ အသုံးမပြုနိုင်၊ ခဏသာတည်သောကြောင့် အလွန် အမင်းတပ်မက်၊ ယပိုင်ဆိုင်စရာ မလိုချေ။ လိုအပ်သလောက်သာရှိ၍ အသုံးပြုသင့်သည်။ သို့သော် လူအများစုသည် ကိုယ့် ဝိညာဉ် အနာဂတ်အတွက် ပင်မစဉ်း စားနိုင်လောက်အောင် ဤလောက နောက်သို့ လိုက်ကြသည်ကို ဝမ်းနည်းဘွယ်တွေ့ မြင်နေရသည်။ 

တဖန်၊ သူဌေးတယောက်သည် နီမောင်းသော ကမ`လာနှင့် ပိတ်ချောကို ဝတ် ဆင်၍၊ ကာမဂုဏ် စည်းစိမ်၌ နေ့တိုင်း ပျော်မွေ့လျက် နေ၏။ ၂၀ လာဇ ုအမည်ရှိသောသူဆင်းရဲ တယောက်သည် တကိုယ်လုံး၌ အနာစိမ်းပေါက်၍၊ ၂၁ သူဌေး၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသော စိတ်နှင့် သူဌေးအိမ်တံခါးနား မှာတုံးလုံးနေ၏။ ခွေးတို့သည် လာ၍ အနာစိမ်းများကိုလျက် ကြ၏။ ၂၂ တနေ့သ၌ ထိုဆင်းရဲ သားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ ရင်ခွင်သို့ ပို့ ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သ+ဂ ုဟ်ခြင်းကို ခံရလေ၏။ ၂၃ မရဏာ နိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကိုင်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇ ုကိုင်း အဝေးကမြင်လျှင်၊ ၂၄ အိုအဘ အာဗြဟံ၊ အ​ကျွန်ုပ်ကို ကယ် မသနားတော်မူပါ။ အ​ကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာ ခံရသောကြောင့်၊ လာဇ ုသည် မိမိလက်ဖျားကို ရေ၌ နှစ်၍ အ​ကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အ​ကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။ ၂၅ အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါချမ်းသာ ရသည်ကိုင်း၊ လာဇ ုသည် ဆင်းရဲစွာ နေရသည်ကိုင်းအောက် မေ့လော့။ ယခုမူကား၊ သူသည် သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခ ဝေဒနာကို ခံရ၏။ ၂၆ ထိုမှတပါး၊ ငါတို့နှင့် သင်တို့ စပ်ကြား၌ အလွန် နက်လှသော ချောက်ကြီး တည်လျက် ရှိ၏။ ထိုကြောင့် ဤအရပ်မှသင်တို့ ရှိရာသို့ ကူးချင်သောသူမကူးနိုင်။ ထိုအရပ်မှငါတို့ ရှိရာသို့ ကူးချင်သောသူလည်း မကူးနိုင် ဟုဆို၏။ ၂၇ သူဌေးကလည်၊ အိုအဘ၊ ထိုသို့ မှန်လျှင်၊ ၂၈ အ​ကျွန်ုပ်၌ ညီငါးယောက်ရှိပါသည် ဖြစ်၍ သူတို့သည် ဤပြင်းပြစွာ ခံရာအ ရပ်သို့ မရောက်မည်အကြောင်း၊ သူတို့အား သက်သေခံစေခြင်းငှါ၊ လာဇ ုကို အ​ကျွန်ုပ် အဘ၏ အိမ်သို့ စေလွှတ်တော်မူပါ။ အ​ကျွန်ုပ်တောင်းပန်ပါ၏ဟု ပြောဆိုလျှင်၊ ၂၉ အာဗြ ဟံက၊ သင်၏ ညီတို့၌ မောရှေမှစ၍ ပရောဖက်များရှိကြ၏။ ပရောဖက်တို့၏ စကားကို နားထောင် ကြစေ ဟုဆို၏။ ၃၀ သူဌေးကလည်း၊ မဟုတ်ပါအဘအာဗြဟံ၊ သေသော လူစုထဲက တယောက်သောသူသည် ထမြောက်၍ သူတို့ ရှိရာသို့ သွားလျှင်၊ သူတို့သည် နောင်တရကြပါလိမ့်မည် ဟုဆိုသော်၊ ၃၁ အာဗြဟံက၊ သူတို့သည် မောရှေ၏ စကား၊ ပရောဖက်တို့၏ စကားကို နားမထောင်လျှင်၊ တယောက်သောသူသည် သေခြင်းမှ ထ မြောက်သော်လည်း မယုံကြည် နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။ (လု ၁၆ ; ၃၁) 

အထက်ပါ အဖြစ်အပျက်သည် ဥပမာ မဟုတ်၊ တကဲ့အဖြစ် အပျက် ဖြစ်သည်။ ဥပမာ၌ ကိုယ်ပိုင်နမ် ဖြစ်သော လာဇရုနှင့် အာဗြဟံတို့ နာမည်မပါနိုင်ချေ။ လာဇရုသည်လောက၌ ဒုက္ခ ဆင်းရဲ ခံခဲ့ရသော်လည်း ခဏသာ ဖြစ်၍ ထာဝရ ကာလ ပတ်လုံးချမ်းသာ ရသော အခွင့်ကို ရသည်။ သူဌေးကြီးသည်လောက၌ ခဏဇိမ်ခံခဲ့သော်လည်း ထာဝရ ကာလ ပတ်လုံးဒုက္ခ ဆင်းရဲ ခံသောကြောင့် သူခံစား ခဲ့သော ဇိမ်သည် မပြောစလောက်ချေ။ ဤအရာကို ခရစ်ယာန် တိုင်း သိနားလည်သော်လည်း လေးလေးနက်နက်မစဉ်းစား ကြသောကြောင့် သူဌေးကြီး၏ လမ်းစဉ်ကို လိုက် နေကြသည်။ သွေးသား လိုချင် တောင့် တသောအရာကို မချုပ်တည်း နိုင်ကြချေ။ မရဏာနိုင်ငံရောက်မှသူဌေးကြီးသည် အလွန် ရေငတ်သည်။ သို့သော် လုံးဝ မရရှိနိုင်တော့ချေ။ သူ့ညီများအတွက် တောင်းပန်သော်လည်း ထိုအရာလည်း မရရှိချေ။ အာဗြဟံပြောသော မောရှေနှင့် ပရောဖက် များသည်၊ မောရှေရေးထားသော ပညတ်တော် ကျမ်းများနှင့် ပရောဖက်များရေးထားသော အနာ ဂတ္တိကျမ်းများကို ဆိုလိုသည်။ မိတ်ဆွေ၊ သခင်ယေရှု သတိပေးသောအရာကို အလေး အနက်စဉ်းစားဆင်ခြင်ပါ။

လူသည် ကိုယ်တိုင် အပြစ် ကျူးလွန် သောကြောင့် အပြစ်သား ဖြစ်ရသည် မဟုတ်၊ အာဒံအားဖြင့် အပြစ်သား ဖြစ်ရသည်။ ထို့ကြောင့် ဘုရားသခင်က ကိုယ်တိုင် လုပ် ဆောင်မှုအားဖြင့် မဟုတ်ဘဲ၊ အပြစ် လွှတ်ခြင်းကို ခရစ်တော်၏ ကိုယ်စားခံခြင်းအားဖြင့် အခမဲ့ပေးနေပြီ။ ထာဝရ အသက် ကိုလည်း ခရစ်တော်အားဖြင့် အခမဲ့ပေးနေသည်။ သို့သော် မိတ်ဆွေ ကိုယ်တိုင် အလိုချင်လျှင် ဘုရားသခင်က အတင်း ပေးမည် မဟုတ်။ လိုချင် သူတိုင်းရနိုင်သော်လည်း အလိုချင်သူ၊ မထီမဲ့မြင် ပြုသောသူများကို အတင်း မပေးချေ။ ထိုအရာကို လက်ခံချိန်သည် ကိုယ်ခန္ဓာအသက် မသေမှီ၊ လောက အသက်ရှင်တုန်း သာပေးထားသည်။ သေပြီး နောက်နောက်ထပ်အခွင့်ရတော့မည် မဟုတ်။ သင်သည် မည်သည့်အချိန််တွင် သေမည်ကို မသိသောကြောင့် ဘုရားသခင် ပေးထားသော အပြစ် လွှတ်ခြင်း၊ ​ဖြောင့်မတ်ခြင်း၊ ထာဝရ အသက်ကို ယခုချက်ချင်း လက်ခံဘို့ တိုက်တွန်းပါသည်။ 

 

တန်ခိုး

 ဤလောက၌ တန်ခိုး များစွာ ရှိသည်။ လေအားဖြင့် ပန်ကာကြီးများလည်ပတ်သောအခါ လျှပ်စစ်ဓါတ်အား များစွာ ရရှိနိုင်သည်။ သို့သော် လေအား အသုံးမပြုနိုင်သောအခါ ဖျက်ဆီးခြင်း သာလျှင် ဖြစ်စေသည်။ မြစ်ရေ၊ ချောင်းရေများအားဖြင့် မော်တာ လည်ပတ်စေသောအခါ၊ မြို့ရွာများ ထိန်ထိန်မီးလင်းစေနိုင်သည်။ သို့သော် မြစ်ချောင်း များကိုအား အဖြစ်မသုံးတတ်သောအခါ များစွာ ဆုံးရှုံးစေသည်။ နေပူရှိန်ကိုလည်း အသုံးမပြုတတ်လျှင် ပူအိုက်၍ နုန်းစေသည်၊ အား လျော့စေသည်။ နေပူအားကို အသုံးပြု တတ်သောအခါ များစွာ အကျိုးရှိသည်။ 

တန်ခိုးရှင်သည် ဘုရား 
 ထာဝရဘုရားလည်းအား ဖြစ်ကြောင်း၊ အကျိုးကြိီးကြောင်း နားမလည်သောအခါ၊ သူ့အလိုလိုက်ဘို့လိုသောကြောင့် ဒုက္ခ ရောက်ကာ၊ ဘုရားကို ကြောက်စရာ၊ မုန်း စရာ၊ ပင်ပန်းနွမ်းရိစရာ ဖြစ်လာသည်။ သို့သော် ထာဝရဘုရားသည် လူသားများအတွက် အလွန် အကျိုးရှိသောအား ဖြစ်ကြောင်းကို သိလျှင်၊ ဘုရားကိုအား မကိုးဘဲ မနေ နိုုင်၊ အသုံးမပြုဘဲ ထားနိုင်မည် မဟုတ်။ ထာဝရဘုရားသည် အားကြီးကြောင်း ကျမ်းစာအားဖြင့် ကြည့်ကြစို့။ 
 ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသော ဘုရားသခင် ဖြစ်ကြောင်းကိုင်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင် ဖြစ်ကြောင်းကို၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်း မရှိ၊ စစ်၍ မကုန်နိုင်သော ဥာဏ်နှင့် ပြည့်စုံတော်မူကြောင်းကိုင်း၊ သင်သည် မသိမကြားဘူးသလော။ (ဟေရှာယ ၄၀:၂၈) 

သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ ဘုရားတို့၏ ဘုရား၊ သခင်တို့၏ သခင်၊ကြီး မြတ်သော ဘုရား၊ တန်ခိုးနှင့် ပြည့်စုံ၍ ကြောက်မက်ဘွယ်သော ဘုရား၊ လူမျက်နှာကို မထောက်၊ တံစိုးကို မစားဘဲ၊ ၁၈ မိဘမရှိသောသူငယ်၊ မုတ်ဆိုးမဘက်၌ တ ရားစီရင်၍၊ ဧည့်သည် အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ်အစားတို့ကို ပေးသနားသော ဘုရား ဖြစ်တော်မူ၏။ ( တရားဟော ၁၀:၁ရ) 

 ယုံကြည်သူများကို ပေး

ထာဝရဘုရားသည် အားနည်းသောတို့ကို ကူမဘို့ရန် အဆင်သင့် ဖြစ်သည်သာမက ာသူ၏ အလိုတော် ဖြစ်သည်။ လူသည် ကိုယ်ကိုကိုယ် အားကိုး နေသောကြောင့် ဘုရားကအား မပေးနိုင်ခြင်း ဖြစ်သည်။ ကျမ်းစာ၌၊ ထိုဘုရားသည် မောသော သူတို့ အား၊ ခွန်အားကို ပေးတော်မူ၏။ နွမ်းနွယ်သော သူတို့ အား၊ အစွမ်းသလ္လိနှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည် မော၍ ပင်ပန်းခြင််းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ထာဝရဘုရားကိုမျှ ော်လင့်သော သူတို့ မူကား၊ အား ပြည့်ကြလိမ့်မည်။ လင်းယုန်ကဲ့သို့ မိမိတို့ အတောင်ကို အသစ်ပြုပြင်ကြ လိမ့်မည်။ ပြေးသောလည်း မပင်ပန်း၊ ခရီး သွားသောအခါ မမောရကြ။ (ဟေရှာယ ၄၀:၂၉-၃၁) 

ထာဝရဘုရားကို စိတ်နှလုံးအ ကွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ ၆ သွားလေရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ၇ ငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစ ိုက်ကို ရှောင်လော့။ ၈သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍၊ အိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။ (သုတ္တံ ၃:၅-၈) 
 ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်း သာပေးမည်။ ၂၉ ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘော ရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ ၃၀ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။ (မ ၁၁:၂၈-၃၀)

အထက်ပါ ကျမ်းပိုဒ်များ၌ ထာဝရဘုရားက သူ့ကို အားကိုးသောသူများကို ကူညီမစနိုင်ကြောင်း တွေ့ရပြီ။ သို့ဖြစ်လျှင် မည်ကဲ့သို့ အားကိုး မည်နည်း။ 
 
နှုတ်ကပတ်တော်အားဖြင့်

 ဘုရားသခင်က သူ၏ အလိုတော်အတိုင်း အသက်ရှင်သောသူ၊ သူခိုင်းသော အရာများကို လုပ်သောသူများကို မစဘို့ အဆင်သင့် ဖြစ်သည်။ သို့ဖြစ်လျှင် သူ၏ အလိုတော်ကို မည်ကဲ့သို့ သိနိုင်မည်နည်း။ သူ၏ အလိုတော်များကို ကျမ်းစာထဲ၌ ရေးထာပြီး ဖြစ်သည်။ မောရှေက၊ ယနေ့ ငါမှာထားသော ပညတ်တရားတော်သည် သင်နားမ လည်နိုင်သော တရား မဟုတ်။ ၁၂ သင်နှင့် ဝေးသည် မဟုတ်။ တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်​ေ ှာက်မည်အကြောင်း၊ ကောင်းကင်သို့ အဘယ်သူ တက်၍ ငါတို့ထံသို့ ဆောင်ခဲ့လိမ့်မည်နည်းဟု မေးစေခြင်းငှါ ကောင်းကင်၌ ရှိသည် မဟုတ်။ ၁၃ တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်ရှောက်မည်အကြောင်း၊ ပင်လယ်ကို အဘယ်သူ ကူး၍ ငါတို့ထံသို့ ဆောင်ခဲ့လိမ့်မည်နည်းဟု မေးစေခြင်းငှါ၊ ပင်လယ်တဘက်၌ ရှိသည် မဟုတ်။ ၁၄ တရားတော်သည် သင်စောင့်ရှောက်ဘို့ ရာသင်နှင့် အလွန် နီး၏။ သင်၏ နှုတ်၌ င်း၊ သင်၏ နှလုံး၌ င်းရှိ၏။ ( တရားဟော ၃၀:၁၁-၁၄) ဟုဆိုထားသည်။ ထို့ကြောင့် ဘုရား၏ အလိုတော် သိဘို့ရန်နှင့် သူ့ထံမှ အကူအညီရရှိဘို့ရန် ကျမ်းစာဖတ်ရှု၊ လေ့လာ၊ ဆင်ခြင်၍ အသုံးပြုရမည်။ ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှ အတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်း အလိုငှါ ကျမ်းစာကို မဘတ်မရွတ်ဘဲ မနေ၊ နေ့ညဉ့်မပြတ် ကြည့် ှုဘတ် ရွတ်ရမည်။သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင် လိမ့်မည်။ (ယောရှု ၁:၈)။

ယနေ့ ယုံကြည်သူများသည် ကျမ်းစာ မဖတ်ကြချေ။ အဓိကအကြောင်းရင်းသည် ကျမ်းစာဖတ်ချိန် မရရှိိခြင်းဟု ဆင်ခြင်ပေး ကြသည်။ သို့သော် ထိုဆင်ခြင်သည် မမှန်ပါ။ ဖုန်း၊ အိုင်ပက်၊ ကွန်ပြူတာ၊ တီဗီ အသုံးပြုကြည့်ရှုချိန််များ လွန်းသောကြောင့် ကျမ်းစာဖတ်မည့် အချိန််မရှိခြင်း ဖြစ်သည်။ ကျမ်းစာဖတ်မည်ကြံသောအခါအချိန် နောက်ကျပြီ၊ အိပ်ချင် လာပြီဟု မဖတ် ဖြစ်ခြင်း ဖြစ်သည်။ အမှန်မှာ ကျမ်းစာကို တန်ဘိုး မထားခြင်းကြောင့် ဖြစ်သည်။ ကျမ်းစာကို တန်ဘိုး မထားခြင်းသည် ဘုရားကို ဂရုမစိုက်ခြင်း၊ မလေးစားခြင်းကြောင့် ဖြစ်သည်။ အချို့သောသူများက ဩတ္တပ္ပစိတ်​ကြေဘို့ရန် ကျမ်းစာကို ဖုန်းထဲမှ နားထောင် တတ်ကြသည်။ ဖုန်းထဲမှ နားထောင်ခြင်းသည် မလုံလောက်ချေ။ အကြောင်းမှာ စဉ်းစား၊ ဆင်ခြင်ချိန်မရ၊ မြန်လွန်းပြီး အကြောင်း အရာ တခုပြီးတခု ကျော်သွားသောကြောင့် မယ်မယ်ရရဘာမျှဦးနှောက်ထဲ၌ မကျန်ရစ်ချေ။ ထိုသို့ ကျမ်းစာ မသိ မဖတ် မဆင်ခြင်သောအခါ အလိုလိုနေရင်းဖြင့်အား လျော့လာသည်။ 

ဘုရားကိုယ်တိုင်ကရန်သူ ဖြစ်လျှင် 

သရေလလူများသည် ဘုရားသခင်က ရန် သူတို့ကို တိုက်ပေးသောအခါမှ အောင်မြင် တတ်ကြသည်။ ဘုရားသခင်ကိုယ်တိုင်က သူတို့ကို ဆီးတားသောအခါ မည်သို့ မျှရန်သူများကို မအောင်မြင် နိုင်ကြောင်း ဤသို့ ရေးထားသည်၊ ယော ှုလက်ထက် ကာလ၌ ဖြစ်သောသူ အပေါင်းတို့သည်လည်း၊ ဘိုးဘေးတို့ စုဝေးရာသို့ ရောက်ကြ၏။ ထာဝရဘုရားကို၊ သရေလအမျိုးအဘို့ ပြုတော်မူသော အမှုတို့ ကို၊ မသိသော နောင်ကာလ အမျိုးသားတို့သည် ပေါ်လာကြ၏။ ၁၁ ထိုကာလ အခါ သရေလ အမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစ ုိက်ကို ပြု၍ ဗာလဘုရားတို့ကို ဝတ် ပြုကြ၏။ ၁၂ အဲဂုတ္တု ပြည် မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်၍၊ ပတ်ဝန်းကျင်၌ ရှိသော လူမျိုးတို့၏ ဘုရား တပါးတို့ နောက်သို့ လိုက်လျက် ဦးဍတ်သဖြင့်၊ ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။ ၁၃ ထာဝရဘုရားကို စွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊ ၁၄ ထာဝရဘုရားသည် သရေလအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်၊ လုယူသော သူတို့ လက်သို့ အပ်၍၊ ပတ်ဝန်းကျင်ရှိရန် သူတို့၌ ရောင်းတော်မူ သဖြင့်၊ ရန် သူတို့ ရှေ့ မှာ သူတို့သည် တဖန် မရပ်နိုင်ကြ။ ၁၅ သူတို့သည် ထွက်သွားလေရာရာ၌ ထာဝရဘုရား မိန့်မွက်ကျိန်ဆိုတော်မူသည် အတိုင်း၊ လက်တော် အဆီးအတားနှင့် တွေ့၍၊ အလွန် ဆင်းရဲခြင်းသို့ ရောက်ကြ၏်။ (တရားသူ ၂:၁၀-၁၅)။ ဘုရားသခင် ကိုယ်တော်တိုင်က သင့်ကို တိုက်လျှင် မည်သူကကူညီနိုင်မည်နည်း။ ထို့ကြောင့် ထာဝရဘုရားကို ရန်သူမ ဖြစ်စေနှင့်။ သူသည် သင်၏ အကွယ်အကာ၊ အစွမ်းသတ္တိ ဖြစ်စေပါ။ ထိုသို့ဖြစ်ဘို့ရန် ကျမ်းစာကို နေ့ညမပြတ် ဖတ်ပါ။ အဓိပ္ပါယ် နားလည်ဘို့ ကြိုးစားပါ။ အလိုတော်ကို ဆောင်ပါ။ အလိုတော် ဆောင်ရွက်နိုင်ဘို့ရန်လည်း သူကိုယ်တိုင်သည် ငါတို့၏ ခွန်အားဖြင့်သည်။ လူအနေဖြင့် သူ့ကို ရိုသေလေးစားအားကိုးဘို့ သာလိုအပ်သည်။ ထိုသို့မဟုတ်၊ စိတ်နှလုံးခိုင်မာလျက် ဘုရားကို ကျောခိုင်းပြီး ကိုယ်ဥာဏ်နှင့် အစွမ်းသတ္တိကို အားကိုးလျှင် ဧကန်အမှန်ပျက်စီးခြင်းသို့ ရောက်မည် ဖြစ်သည်။ 

 

ဆင်ခြင််ခြင်း 


 ကျမ်းစာက ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်သည်။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်သည်၊ (ရော ၁၀:၁ရ) ဟုဆိုသည်။ သို့သော် များစွာသော သူတို့သည် တရားတော်ကို ကြားနာသော်လည်း အဘယ်ကြောင့်မယုံကြည် နိုင်ကြသနည်း။ ထို့အပြင် ယုံကြည်သူ ဟုဆိုသောသူအများစုလည်း အဘယ်ကြောင့် ဘုရားသခင် အတွက် အသက်ရှင်ဘို့ရန် အလွန် ခက်ခဲကြသနည်း။ အကြောင်းမှာ နှလုံးသား မှမယုံကြည်ဘဲ ဦးနှောက်ကသာ သိသောကြောင့် ဖြစ်သည်။ ထာဝရဘုရားကလည်း ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ုိသေကြ၏၊၊ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကို ကြောက် ွံ့ကြ၏။ (ဟေရှာယ ၂၉:၁၃၊ မ၁၅:ရ- ၉) ဟုဆိုသည်။ စိတ်နှ လုံးနှင့် မယုံကြည်ဘဲ၊ ဦးနှောက်ကယုံကြည်သောသူသည်၊ ဘုရားကို နှုတ်ခမ်းနှင့်သာ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် သာရိုသေသည် ဟုဆိုသည်။ စိတ်နှလုံးမူကား ဘုရားနှင့် ဝေးလှသည် ဟုဆိုသည်။ 

ဦးနှောက်နှင့် စိတ်နှလုံးက လက်ခံယုံကြည် ပုံကွာခြားချက်ကို ချစ်ခြင်းမေတ္တာနှင့် ဖေါ်ပြပါက သဘောပေါက်နိုင်သည်။ လူပျိုတယောက် ကအပျိုတယောက်ကို လှ သောကြောင့်၊ ဦးနှောက်ကလှသည်ဟု မြင်သော်လည်း ရင်မခုံလျှင် ချစ်သည်ဟု မဆိုု နိုင်ချေ။ ထို့နည်းတူ အပျိုကလည်း အလုပ်အကိုင်ကောင်းကောင်း ရှိသောသူကို လက် ထပ်လျှင် ကောင်းမည်ဟ ုဦးနှောက်ကသိသော်လည်း၊ နှလုံးသား ကမချစ်လျှင် ယူဘို့ရန် မဖြစ်နိုင်ချေ။ နှလုံးသားက လက်မခံလျှင် ကိုယ်ခန္ဓာက၊ စကားပြောဘို့၊ တွေ့ချင်သော စိတ်၊ ပေးချင် ကျွေးချင်သော စိတ်မရှိချေ။ နှလုံးသား ကချစ်မှသာလျှင်မနေနိုင်မ ထိုင်နိုင်ထိုအမျိုးသမီး၊ အမျိုးသားကို မြင်ယောင်နေပြီး၊ သူ့အကြောင်းကိုသာလျှင် တွေး နေတတ်သည်။ နှလုံးသားက လက်ခံပြီဆိုလျှင် မည်မျှပင်ဝေးသော်လည်း လည်ချင်သည်။ ပင်ပန်းသည်ဟု မထင်ချေ။ ငွေကုန်ကျေးကျကိုလည်း လုံးဝ မတွက်တော့ဘဲ၊ တန်သည်ဟု ကျေနပ် တတ်သည်။ ကိုယ့်ချစ်သူကို တွေ့ရ စကား ပြောရလျှင် ပင်ပန်းသမျှလည်း ပျောက်ကုန်၍၊ လန်းဆန်းနေတတ်သည်။ မိဘကပေးစား၍ ချမ်းသာ သောကြောင့် စေ့စပ်ထားသူကို သိပ်မတွေ့လိုချေ။ ဦးနှောက်က သူ့ကို လက်ထပ်လျှင် ကောင်းကောင်း နေ ရမည်ဟု သိနေသောကြောင့်သာ လက်ခံသော်လည်း နှလုံးမခုံလျှင် တာဝန် အရသာ တွေ့ရသည်။ အသက် မပါချေ။ 

ယနေ့ ယုံကြည်သူဟု ဘုရားကို ုးကွယ် သူများလည်း၊ ဘုရားသခင်ကို နှလုံးသား ကမယုံကြည်၊ မချစ်သောကြောင့် ရင်မခုံကြသောကြောင့် ဘုရား အတွက်အချိန် မပေး နိုင်၊ ကျမ်းစာလည်း မဖတ်နိုင်၊ မဖတ်ချင်ကြခြင်း ဖြစ်သည်။ ကိုယ့်ချစ်သူ၏ စာကို မဖတ်ဘဲ မနေနိုင်သော်လည်း ဘုရား၏ စာကို မဖတ်နိုင်ခြင်းသည် သူ့ကို နှလုံးသား မှမချစ်မ ယုံကြည်၊ ဦးနှောက်ကသာ လက်ခံသောကြောင့် ဖြစ်သည်။ ဘုရားကိုးကွယ်ခြင်းလည်း အဖေါ်ရှိသောကြောင့်၊ ဘုရားကျောင်းမသွားလျှင် သာရေးနာရေး၌ ကြည့်ရှုမည့်သူ မရှိမှာစိုးသောကြောင့်၊ လူမှုရေးမှာလိုအပ်သောကြောင့်သာလျှင် ဖြစ်သည်။ အမှန်တ ကယ်ဘုရား ယုံကြည် သောကြောင့် မဟုတ်။ ထို့ကြောင့် နာချင်သော တရားလည်း တ ကဲ့ သမ္မာတရား မဟုတ်၊ လူအကြောင်း၊ တိုးတက်မည့် အကြောင်း၊ ကောင်းကြီးရမည့် အရာများ၊ အထူးအဆန်းများကိုသာလျှင် ဖြစ်သည်။ ထို့ကြောင့် သမ္မာတရား စစ်စစ် ဟောပြောလျှင် အရသာမတွေ့တော့ဘဲ အိပ်ငိုက် နေတတ်ခြင်း ဖြစ်သည်။ တပတ်တခါလောက်သာဘုရားကျောင်းသွားချင်သည်။ ခဏခဏမသွားချင်ပေ။ ခဏခဏဘုရားကျောင်းသွား၊ တရားနာခြင်းသည် အလွန်ပင် ပန်းသောအရာ ဖြစ်သည်။ ထိုသို့သောသူများကို ဘုရားသခင်ကလည်း ငြေးငွေ့သည်။ ဆုတောင်း လျှင်လည်း နားမ​ညောင်းချေ။ အချည်းနှီးဘုရားကို ကိုးကွယ် နေကြသည်။ 

သို့ဖြစ်လျှင် မည်ကဲ့သို့ ယုံကြည် နိုင်အောင် လုပ်ရမည်နည်း။ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်သောကြောင့် တရားဟောသောအရာကို ကောင်းစွာ ကြားနာဘို့ ဂရုစိုက် နားထောင် ရမည်။ ထိုအခါ ဦးနှောက်ကဘုရား အလိုတော်ကို သိရှိ နားလည်လာမည်။ သို့သော် ထိုမျှလောက်နှင့် မလုံလောက်သေးချေ။ တရားကို ဦး နှောက်၌ သာလျှင် ထားလျှင် မကြာမှီပျောက်ပျက်၍ မေ့သွားမည် ဖြစ်သည်။ ထို့ကြောင့် မမေ့မှီနှလုံးသွင်းရမည်။ ဘုရားသခင်က၊ ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ ( တရားဟော ၆:၆)။ မည်ကဲ့သို့ ဘုရား စကားကို နှလုံးသွင်းရမည်နည်း။ ဒါဝိဒ်က၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ် ဆင် ခြင်အောက်မေ့သောသူသည် မင်္လာရှိ၏၊၊ (ဆာ ၁:၂)ဟု ရေးခဲ့သည်။ တဖန်၊ အိပ် ရာပေါ်မှာ ကိုယ်တော်ကို အောက့်မေ့၍ ညဥ့်ယံတို့၌ ကိုယ်တော်ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကိုင်း၊ ဆူသော အသားကိုင်းစား၍ ဝသကဲ့သို့၊ အ​ကျွန်ုပ်၏ ဝိညာဉ်သည် ဝ၍ ရွှင်လန်းသော နှုတ်ခမ်းနှင့် အ​ကျွန်ုပ်၏ နှုတ်သည် ကိုယ်တော်ကိုး မွမ်းပါမည်။ (ဆာ ၆၃:၅)ဟု ရေးသေးသည်။ ထာဝရဘုရား၏ အမှုတော်တို့ကို အောက်မေ့ပါမည်။ ​ေ ှးကာလ၌ ကိုယ်တော် ပြုဘူးသော အ့့့ံဩဘွယ်တို့ကို အောက်မေ့ပါမည်။ ပြုတော်မူသမျှတို့ကို ဆင်ခြင်၍ စီရင်တော်မူသောအရာ တို့ကို မွက်ဆိုပါမည်။ (ဆာ ရရး၁၁-၁၂) ပေးတော်မူသော ဩဝါဒကို ဆင်ခြင်၍ လမ်းခရီးတော်တို့ကို ကြည့် ှုပါ၏၊၊ ၁၆ အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏၊၊ နှုတ်ကပတ်တော်ကို မမှတ်ဘဲ မနေပါ။ (ဆာ ၁၁၉ ; ၁၅-၁၆) မင်းတို့သည် အ​ကျွန်ုပ်တဘက်၌ ထိုင်၍ ပြောကြပါ၏၊၊ ကိုယ်တော်၏ ​ကျွန်မူကား အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက် နေပါ၏။ (ဆာ ၁၁၉:၂၃) 

 


ကောင်းကင် စွဲလမ်းရန်


 ဘုရားသခင်သည် ယုံကြည်သူများကို သင်ခန်းစာပေးဘို့ရန် သရေလလူများကို ရွေးကောက်၍ သူတို့၏ အပြစ်ကြောင့် မဟုတ်၊ သူတို့၏ ရွေးချယ်ခြင်းကြောင့်လည်း မဟုတ်၊ နှစ်ပေါင်းလေးရာသုံးဆယ်​ကျွန်ခံခိုင်းခဲ့သည်။သို့ ပြီးမှသူ၏ မဟာတန်ခိုးတော်အားဖြင့် ကယ်နှုတ်ခဲ့သည်။ ထိုအရာများကို ကျမ်းစာထဲ၌ ရေးထားခြင်းသည် ယုံကြည်သူများကို သင်ခန်းစာပေးဘို့ရန် ဖြစ်သည်။ ထို့ကြောင့် ကျမ်းစာကို ဖတ်ရှုလေ့ လာဘို့ လိုသည်။ 

အဲဂုတ္တု ပြည်ကို ဖျက်ဆီး

ဘုရားသခင်က သရေလလူများကို အဲဂုတ္တု ပြည်မှ ထုတ်ဆောင်သောအခါ၊ မောရှေထံ ဤသို့ ပြောခဲ့သည်၊ ထာဝရဘုရားကလည်း၊ အဲဂုတ္တု ပြည်၌ ရှိသော ငါ၏ လူတို့ ခံရသော ညဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကို စေခိုင်းသော သခင်တို့ကြောင့် သူတို့ မြည်တမ်းသော အသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့ နာကြည်းခြင်း ဝေဒ နာကို ငါသိ၏။ ၈ သူတို့ကို အဲဂုတ္တု ပြည်၊ အဲဂုတ္တု လူတို့ လက်မှကယ်နှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ နေရာ၊ နို့နှင့် ပျားရည်စီး တတ်သော ပြည်သို့ ပို့ဆောင်ခြင်းငှါ ငါဆင်းလာပြီ။ (ထွက် ၃:ရ- ၈) ထိုသို့ သရေလ လူများကို အဲဂုတ္တု ပြည်မှ ထုတ်ဆောင်သောအခါ ဘုရားသခင်က အဲဂုတ္တု ပြည်ကို ဘေးဒဏ်ဆယ်မျိုးဖြင့် ဖျက်ဆီးခဲ့သည်။ အဘယ်ကြောင့် ထိုသို့ ဖျက်ဆီးသနည်းဟူမူကား၊ သူ၏ လူမျိုးများက အဲဂုတ္တု ပြည်ကို စွဲလန်းသောကြောင့်၊ မစွဲလန်းဘို့ရန် ဖျက်ဆီးခြင်း ဖြစ်သည်။ ခါနန်ပြည်ကို နို့နှင့် ပျားရည်စီးသော ပြည်ဟု အမ$မ်းတင်ထားသည်။ သို့သော် သရေလလူများက ခါနန်ပြည်ကို မစွဲလန်းဘဲ မထင်မဲ့မြင် ပြု ကြသည်။ အဲဂုတ္တု ပြည်သို့ ပြန်လှည့်သွားချင် ကြသည်။ သရေလလူများ ကအဲဂုတ္တု ပြည်ကို နို့်နှင့် ပျားရည်စီးသော ပြည်ဟု တင်စားကြ၍ အဲဂုတ္တု ပြည်သို့ ပြန်သွားဘို့ သာလျှင် စိတ်ရှိ ကြသည်။ ထို့ကြောင့် မောရှေထံ၊ သင်သည် ဤတော၌ ငါတို့ကို သတ်လိုလျှင် နို့နှင့် ပျားရည်စီးသော ပြည် မှဆောင်ခဲ့သော်လည်း၊ ငါတို့ အပေါ်၌ လုံးလုံးမင်းမပြုလျှင်၊ စိတ် မပြေသေးသည် တကား။ ၁၄ ထိုမှတပါးနို့နှင့် ပျားရည်စီးသော ပြည်သို့ ငါတို့ကို မဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မပေးဘဲ၊ ဤလူတို့၏ မျက်စိကို ဖောက်ချင် သလော။ (တော ၁၆ ; ၁၃-၁၄)ဟု အပြစ်တင် ကြသည်။ သရေလလူများ ဂတိပြုသော ခါနန်ပြည်သို့ မရောက် နိုင်ခြင်းသည် သူတို့၏ ဘုရား စကား အပေါ်မယုံကြည် နိုင်ခြင်းကြောင့် ဖြစ်သည်။ 

လောကကို ဘုရားကဖျက်ဆီးနေပြီ

ယခု ခရစ်ယာန် များလည်း ဘုရားသခင်က ကောင်းကင် ရွှေပြည်ကို သွားဘို့ရန် ခေါ်ထားသည်။ သို့သော် လူအများစုသည် ကောင်းကင်သို့ မတက်ချင် ကြချေ။ ကောင်းကင်၌၊ အိုခြင်း၊ နာခြင်း၊ သေခြင်း မရှိ၊ အစစအရာရာ ကောင်းသည်ဟု သိရသော်လည်း ကောင်းကင် သွားချင် စိတ်မရှိကြချေ။ ကောင်းကင်ထက် မြေကြီးကို စွဲလမ်း နေကြသည်။ ယောဟန်က၊ လောကကိုင်း၊ လောက၌ ရှိသောအရာ တို့ကိုင်း၊ မချစ်ကြနှင့်။ လော ကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ ၁၆လောက၌ ရှိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လော ကီစည်းစိမ်၌ ဝါ ကွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင် ကြ၏။ ၁၇လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရ တည်၏။ (၁ ယော ၂:၁၅-၁ရ) ဟုဆိုသော်လည်း နားမထောင်ကြ။ ပေါလုကလည်း၊ မြေကြီး ပေါ် မှာရှိသောအရာ တို့ကို စွဲလမ်းသော စိတ်မရှိကြနှင့်။ အထက် အရာတို့ကိုသာ စိတ်စွဲ လမ်းခြင်းရှိကြလော့။ ၃ အကြောင်းမူကား၊ သင်တို့သည် သေသောသူ ဖြစ်၍ သင်တို့ အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက် ရှိ၏။ (ကော ၃:၂-၃) ဟုဆိုသော်လည်း မြေကြီး အရာကိုသာလျှင် စွဲလမ်း နေကြသည်။ 

ထိုသို့ လူများ ကမြေကြီးကို စွဲလမ်းနေသော်လည်း ဘုရားသခင်က သူလုပ်မည့် အရာကို မလုပ်ဘဲ နေမည် မဟုတ်။ လူများက လက်ခံသည် ဖြစ်စေ၊ မခံသည် ဖြစ်စေ၊ ယုံ ကြည်သည် ဖြစ်စေ၊ မယုံကြည်သည် ဖြစ်စေ၊ သူလုပ်မည့် အရာများကို လုပ်နေပြီ ဖြစ်သည်။ ချီဆောင်ခြင်း အပြီး၌ ဤလောကကို ဖျက်ဆီးမည့် အရာများကို ဗျာဒိတ်ကျမ်း၆မှ ၁၈ အတွင်း၌ အကျယ်တဝင့်တွေ့မြင်ဖတ်ရှုနိုင်သည်။ လူများ ကကောင်းကင် မတက် ချင်၊ မစွဲလမ်းသောကြောင့် မြေကြိီးကို ဖျက်စီးမည့် အကြောင်း ပေါလုအားဖြင့် ဤသို့ သတိပေးရေးထားသည်၊ ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်း အရာကို အလွန် တောင့်တမြော်လင့်လျက် နေ၏။ ၂၀ ဤလောကသည် အနိစ္စနိုင်ငံသို့ အလိုလိုလိုက်သည် မဟုတ်။ ၂၁ ဘုရားသခင်သားတို့၏ ထူးမြတ်သော လွှတ်ခြင်း ချမ်းသာ တည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှကယ်လွှတ်ခြင်း ချမ်းသာကို ဝင် စားမည်ဟု မြော်လင့်ရသော အခွင့်ကို ပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့် သာလိုက်ရ၏။ ၂၂ ဤလောက တနိုင်ငံ လုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်း ဝေဒနာကို ခံရသည်ဟု ငါတို့ သိကြ၏။ (ရော ၈:၁၈-၂၂) 
 မြန်မာကျမ်းစာ၌ ဤလောက တနိုင်ငံ လုံး ဟူသောအရာသည် ဖန်ဆင်းထားသောအရာ အားလုံး ကို ဆိုလိုသည်။ ဖန်ဆင်းထားသောအရာ တည်းဟူသော နေ၊ နက္ခတ္တရာများ၊ မြေကြီးနှင့် အထဲ၌ ရှိသမျှသော သက်ရှိသက်မဲ့အရာအားလုံး တို့သည်၊ ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်း အရာကို အလွန် တောင့်တမြော်လင့်လျက် နေ၏ ဟုဆိုသည်။ ထိုအချိန်သည် ဘေးဒဏ်ကြီးကာလ အပြီး ခရစ်တော် ဒုတိယအကြိမ် ကြွ လာသောအခါ ဘုရားသားများက လိုက်မည့် အချိန်ကို ဆိုလိုခြင်း ဖြစ်သည်။ ဖန်ဆင်း ထားသော အရာများသည် ဘုရားသခင်က ဖန်ဆင်းခဲ့စဉ်က အလွန် ကောင်းသော်လည်း လူ၏ အပြစ်ကြောင့် ဘုရား၏ ကျိန်ခြင်းကို ခံခဲ့ရပြီ။ ထို့ကြောင့် အနှစ်တစ်ထောင် ကာလ၌ အသစ်ပြန်လည်ဖန်ဆင်းမည့် အရာကို အလွန် တောင့်တ နေကြသည်။ လူအ ပြစ် ပြုလုပ် ချိန်မှစ၍ ဖန်ဆင်းထားသော အရာများသည် အနိစ္စနိုင်ငံ တည်းဟူသော ပျက်စီးခြင်းသို့ သွား နေကြသည်။ ထိုသို့ ပျက်စီးခြင်း သွားခြင်းသည် အလိုအလျောက်မဟုတ်ဘဲ ဘုရား၏ အမိန့်တော်ကြောင့် ဖြစ်သည်။ ဖန်ဆင်းထားသောအရာ အားလုံး သည် မြန်မာကျမ်းစာအုပ်၌ တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်း ဝေဒနာကို ခံရသည် ုဆိုသော်လည်း ဂရိတ်နှင့် အင်္လိပ်ကျမ်းစာ၌ သား ဖွားခြင်း ဝေဒနာ ခံစားရသည််၊ ်သမ တန ုညသတ အ့အေ အ့န တ့သူန ခမနအေငသည့​ေျ ဘနနည ါမသ​ေညငညါ အသါနအ့နမ ငည အ့န စ​ေငညျ သ် ခ့ငူိဘငမအ့ ကညအငူ ညသတ၏ ဟုဆိုသည်။သား ဖွားခြင်း ဝေဒနာ ခံစား ပြီးလျှင် မိခင် ကသား မွေးဖွားတတ်သည်။ ဖန်ဆင်းထားသော အရာများလည်း အသစ်တဖန် ပြန်လည်မွေးဖွားမည် ဖြစ်သည်။ ထိုအရာကို မြော်လင့် ကြသည်။ သို့သော် လူသားများကထိုအရာကို မသိသောအခါ ဤလောကကို အလွန် စွဲလမ်း နေကြသည်။ 

ထိုသို့ ဖန်ဆင်းထားသော အရာများကို ဖျက်စီးမည် ဖြစ်သောကြောင့် ယခုအခါ၊ ဖန်ဆင်းထားသော အရာများသည် အလျှင် အမှန်ပျက်စီး နေကြပြီ။ သခင်ဘုရားကသူ လာခါနီးသောအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှ ာလည်း လူ အမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒ​ရာလှိုင်းတံပိုးကြီးခြင်း၊ ၂၆ မြေကြီးပေါ်မှ ာ ဖြစ်လတံ့သော ဘေးများကို မြော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏ အသက် ဆုံးခြင်း အမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင် တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ (လု ၂၁:၂၅-၂၆)ဟု သခင်ဘုရားကို တိုင်ပြောခဲ့သည်။ ယခုအခါ သဘာဝ ဘေးဒဏ်တည်း ဟူသော၊ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းရိုက်ခတ်ခြင်း၊ မြေ ငလျှင်လှုပ်ခြင်း၊ မိုဃ်းသီးကြွေ ကျခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေ​ကျွံကျခြင်း၊ မြေကြီး ကွဲအက်ခြင်း၊ တည်းဟူသော သဘာဝ ပျက်စီးခြင်း များသည် တကမ္ဘာလုံး၌ နေ့ တိုင်း ဖြစ်ပျက်နေပြီ ဖြစ်သည်။ နေပေါက်ကွဲခြင်း၊ အပူလှိုင်းဖြတ်ခြင်း၊ အအေးလွန်ကဲခြင်း၊ များလည်း ဖြစ်ပျက်နေပြီ။ လူများလည်း အငြိမ်မနေတော့ဘဲ၊ ဒုစရိုက်မျိုးစုံ၊ မတရားသော အမှုများ အလွန် တိုးပွားနေသည်။ ကမ္ဘာပေါ်၌ မည်သည့်နေရာမှလုံခြုံသော နေရာမရှိတော့ချေ။ ကျောင်းများ၊ ရုံးများ၊ ဘုရားကျောင်းများ၊ အိမ်များ နေရာတိုင်း၌ သေနပ်ဖြင့် သတ်ခြင်း၊ ဒါးဖြင့် ခုတ်သတ်ခြင်း၊ အဆိပ်ခတ်ခြင်း၊ ကားအားဖြင့် တိုက်ခြင်း၊ စသည်ဖြင့် နေ့တိုင်း လိုလိုလူ များစွာ သေကျေ ပျက်စီး နေကြသည်။ သို့သော် လူသည် မိမိကိုယ်တိုင် မကြုံတွေ့သမျှ ကာလ ပတ်လုံးဂရုမစိုက်၊ မဖြုန်ဘဲ နေကြသည်။ စာတန်ကိုးကွယ်သောသူများလည်း တနေ့တခြား ပွားများ နေသည်။ ဘုရား မဲ့ဝါဒီများလည်း တိုးပွားနေသည်။ ဘုရားသခင်ကို ဆန့်ကျင်သောသူများလည်း နေ့တိုင်း တိုးပွား နေသည်။ 

 ကိုယ်ခန္ဓာရွေးနှုတ်ခြင်း 

ဘုရားသခင်သည် ဖန်ဆင်းထားသော အရာများကိုသာမက၊ ယုံကြည်သူများ၏ ကိုယ်ခန္ဓာကိုလည်း အသစ်ပေးမည့် အကြောင်းကို ကျမ်းစာ၌ ဤသို့ ရေးထားသည်၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ၅၃ ယခုမျက်မှောက်ပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအရာ အဖြစ်သို့ ဝင်စားရမည်။ ၅၄ ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့င်း၊ ဤသေတတ်သောအရာသည် မသေနိုင်သော အဖြစ်သို့င်းဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာ၌ လာ ချက် ပြည့်စုံလိမ့်မည်။ (၁ ကော ၁၅:၅၂-၅၄)။ ရှေး ယုံကြည်သူများသည် ထိုမပုပ်နိုင်သော ကိုယ်ခန္ဓာရရှိမည့် အရာကို အလွန် မြော်လင့်ကြောင်း ဤသို့ တွေ့ရသည်၊ ထိုမျှမက ဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သား အရာ၌ ချီးမြေ ာက်ခြင်း အကြောင်း တည်းဟူသော ကိုယ်ခန္ဓာရွေးနှုတ်ခြင်း ချမ်းသာကို မြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက် နေကြ၏။ (ရော ၈:၂၃)။ သို့သော် ယနေ့ ယုံကြည်သူများသည် ပုပ်ပျက်တတ်သော ဤ ကိုယ်ခန္ဓာကိုသာလျှင် ချစ်ကြ၊ ဂရု စိုက် ကြသည်။ ဇာတိလူသည် ဤ ကိုယ်ခန္ဓာကို အလွန် ချစ်၍ ဝိညာဉ် ကိုယ်ခန္ဓာရမည့် အရာကို မမြော်လင့်ကြချေ။ 
 ရှေး ယုံကြည်သူများသည် ပျက်စီးတတ်သော ဤ ကိုယ်ခန္ဓာထက် မပျက်စိီး နိုင်သော ဝိညာဉ်ကိုသာ၍ ဦးစားပေးကြောင်း ပေါလုက ဤသို့ ရေးထားသည်၊ ငါတို့၏ ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ အတွင်း လူမူကား တ နေ့ထက် တနေ့ ပြုပြင်ခြင်းကို ခံရ၏။ ၁၇-၁၈ အကြောင်းမူကား၊ မျက်မှောက်၌ ထင်ရှားသောအရာ တို့သည် ခဏသာတည်၍၊ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲ တည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသောအရာ တို့ကို မကြည့်မမှတ်ဘဲ၊ မထင်ရှားသောအရာ တို့ကို ကြည့်မှတ်ကြစဉ်အခါ၊ ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းထက် အလွန်ကြီး မြတ်လေးလံသော နိစ္စထာဝရ ဘုန်းအ သရေကို ငါတို့အဘို့ ဖြစ်စေတတ်၏။ (၂ ကော ၄:၁၆-၁၈) သူတို့သည် ကိုယ်ခန္ဓာပျက် စီး၍ အသစ်ပေးမည့် အရာကို မြော်လင့်နေချိန်တွင် ကျွန်ုပ်တို့သည် ဤ ကိုယ်ခန္ဓာကိုသာလျှင် အလွန် အမင်းဂရုစိုက် ကြသည်။ ကိုယ်ခန္ဓာအသစ်မြော်လင့်သူအတွက် ဤကိုယ် ခန္ဓာချို့ယွင်းခြင်းသည် ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခဟု ပေါလုကဆိုသည်။ ပေါလုနှင့် သင် သဘောတူ ပါသလား။ သဘောတူလျှင် ကိုယ်ခန္ဓာယိုယွင်းပျက်စီးလာခြင်း အတွက် ညည်းတွားခြင်း၊ ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်းရှိမည် မဟုတ်။ ထိုအရာများထက်၊ မြော် လင့်ခြင်း၊ ဝမ်းမြောက်ခြင်း၊ များခံစားရမည် ဖြစ်သည်။ ထိုသို့သောအားဖြင့် ယုံကြည်သူများသည် မယုံကြည်သူများနှင့် ကွာခြားမည် ဖြစ်သည်။ ယခုမူကား မယုံကြည်သူများကဲ့သို့ပင် ဤလောကကို ချစ်ခြင်း၊ ကိုယ်ခန္ဓာကို အထူးဂရုစိုက်ခြင်းဖြင့် သူတို့ ဝမ်းနည်းသောအရာ၌ ဝမ်းနည်း၍၊ သူတို့ ကြောက်သောအရာ၌ ကြောက်ခြင်းကြောင့် ထူးခြားမှု မရှိကြချေ။ ပေါလုသည် ထိုမြော်လင့်ခြင်းရှိသောကြောင့် သေရမှာကို မကြောက်ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ငါအသက်ရှင်သည် အရာမှာ ခရစ်တော် ဖြစ်၏။ သေလျှင် မူကား၊ သာ၍ အကျိုးရှိ၏။ ၂၂ ဤ ကိုယ်ခန္ဓာ၌ ငါသည် အသက်ရှင်လျှင်၊ ငါပြုသော အမှု၏ အကျိုးကား ထိုသို့သော အကျိုး ဖြစ်၏။ သို့သော်လည်း အဘယ် အကျိုးကို ရွေးယူ ရမည်ဟု ငါမသိ။ (ဖိ ၁:၂၁-၂၂) ဟုဆိုရခြင်း ဖြစ်သည်။ ယခုမှစ၍ ဘုရား၏ အစီအစဉ်ကို သိပြီး၊ ယုံကြည်ခြင်းအားဖြင့် မိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို၊ ကိုယ်ခန္ဓာအသစ်ကို၊ ရရှိဘို့ရန် မြော်လင့်ခြင်းဖြင့် အောင်မြင် သောသူ ဖြစ်ကြပါစို့။ 


ကျမ်းစာဖတ်ကြစို့
ယော ၁၅


၁။ ငါသည် မှန်သော စပျစ်နွယ်ပင် ဖြစ်၏။ ငါ့ ခမည်းတော်သည်လည်း ဥယျာဉ်စောင့် ဖြစ်တော်မူ၏။ 

သခင်ယေရှုက သူ့ကိုယ်သူစပျစ်နွယ်ပင်နှင့် နှိုင်းထားသည်။ သူသည် ထိုခေတ် ကလူများ နားလည်လွယ်သော၊ ပတ်ဝန်းကျင်ရှိအပင်များ၊ တိရစ္ဆာန်များ၊ လူများနှင့် သူ့ကိုယ်သူနှိုင်းယှဉ်တတ်သည်။ စပျစ်နွယ်ပင်သည် သရေလလူများ အတွက်နေ့ တိုင်း တွေ့မြင်နေရသော အပင် ဖြစ်သည်။ သူ၏ ခမည်းတော်ဘုရားသည် ဥယျာဉ်စောင့် ဖြစ်သည် ဟုဆိုပြန်သည်။ ဥယျာဉ်စောင့်သည်လည်း အလွန် နားလည်လွယ်သောအရာ ဖြစ်သည်။ ဥယျာဉ်စောင့်၏ အလုပ်များကို အောက်၌ ဖေါ်ပြထားသည်။ 

၂။ ငါ၌ အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကိုသာ၍ အသီးသီးစေခြင်းငှါ သုတ်သင် ရှင်းလင်းတော်မူ၏။ 

ဥယျာဉ်စောင့်၏ အ လုပ်သည် စပျစ်ပင်ကအသီးများများသီးနိုင်ဘို့ရန် သုတ် သင်ရှင်းလင်းခြင်း ဖြစ်သည်။ စပျစ်ပင်သည် နှစ်စဉ်အကိုင်အခက်အသစ်ထွက်သည်။ ထိုသို့ ထွက်သောအခါ အခက်အရင်း၌ အသီးပါတခါတည်း သီးတတ်သည်။ မသီးမည့် အခက်များသည် နောက်ပိုင်း၌ ပြန်မသီးတတ်ချေ။ ထို့ကြောင့် အခက်ထွက်သောအခါ အသီးမပါလာလျှင် ဖြတ်ပစ်ရသည်။ သို့မဟုတ် မသီးသော အခက်ကအပင်၏ အစာကို အလဟသစားခြင်းအားဖြင့် အသီးများ ညံ့စေသည်။ ထို့ကြောင့် အသီးသီးသော အခက်များသာ၍ သီးစေခြင်းငှါ မသီးသော အခက်များကို မနှမျောဘဲ ဖြတ်ပစ်ရသည်။ 

၃။ သင်တို့သည် ငါဟောပြောသော စကားအားဖြင့် ယခုပင်ရှင်းလင်းလျက် ရှိကြ၏။ 

ခရစ်တော်၏ ဟောပြောသော စကားသည် နားထောင် သူများ စိတ်ရှင်းလင်းစေသည်။ လူ၌ မိမိအတွေ့အကြံ အစည်ရှိတတ်ရာ၊ ဘုရား၏ နှုတ်ကပတ်တော်အားဖြင့် ရှင်းလင်းရသည်။ ယခုခေတ်တွင် ခရစ်တော်၏ စကားကို ကျမ်းစာအားဖြင့်သာဖတ်နိုင် တော့သည်။ ထို့ကြောင့် ရှင်းလင်လိုလျှင် ကျမ်းစာဖတ်ရမည်။ အခြားဖြတ်လမ်းမရှိချေ။

၄။ ငါ၌ တည် နေကြလော့။ ငါသည်လည်း သင်တို့၌ တည်နေမည်။ စပျစ်ခက်သည် အပင်၌ မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင် သကဲ့သို့ သင်တို့သည် ငါ၌ မတည်လျှင် အသီးမသီးနိုင်ကြ။ 

စပျစ်ခက်သည် အပင်၌ တည်နေမှအသီးသီးနိုင်သည်။ တည်သည် ဆိုသည်မှ ဆက်နေခြင်းကို ဆိုလိုသည်။ ယုံကြည်သူများလည်း ခရစ်တော်နှင့် ဆက်နေမှ ဝိညာဉ် အသီးများ သီးနိုင်ပေမည်။ ဇာတိအသီးသီးဘို့ရန်မူ ခရစ်တော်နှင့် တည်စရာ ဆက်နေစ ရာမလိုပါ။ ခရစ်တော်က သင်တို့သည် ငါ၌ မတည်လျှင် အသီးမသီးနိုင်ကြ ဟုဆိုခြင်းသည် ဝိညာဉ်ပိုင်းအသီးသီးခြင်းကို ဆိုလိုသည်။ 

၅။ ငါသည် စပျစ်နွယ်ပင် ဖြစ်၏။ သင်တို့သည် အခက်များ ဖြစ်ကြ၏။ အကြင်သူသည် ငါ၌ တည်၍ ငါသည်လည်း သူ၌ တည်၏။ ထိုသူသည် များစွာသော အသီးကို သီးတတ်၏။ ငါနှင့် ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။ 

ခရစ်တော် ကသူသည် စပျစ်နွယ်ပင် ဖြစ်ကြောင်း၊ ယုံကြည်သူများသည် အခက်များ ဖြစ်ကြောင်း ဖေါ်ပြသည်။ ယုံကြည်သူများသည် သူ၌ တည်ဘို့၊ ဆက်နွယ်နေ ဘို့ကို ထပ်မံ ဖေါ်ပြထားသည်။ ဤနေရာ၌ သူနှင့် တည်ခြင်းသည် မိဿဟာယဖွဲ့ခြင်းကို ဆိုလိုသည်။ ခရစ်တော် ရပြီးသောသူသည် သူနှင့် ဆက်နွယ်မှု မပြတ် နိုင်တော့ချေ။ နေ့စဉ် အသက်တာ၌ သူနှင့် အစဉ်မိဿဟာယဖွဲ့နေဘို့ကို ဆိုလိုခြင်း ဖြစ်သည်။ 

၆။ ငါ၌ မတည်သောသူသည် သွေ့​ခြောက်သော အခက်ကဲ့သို့ ပြင်သို့ ပစ်လိုက်ခြင်းကို ခံရ၏။ ထိုသို့သော အခက်များကို လူတို့သည် စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။ 

သူ၌ မတည်သောသူသည် သွေ့​ခြောက်၍ မီးထဲချလိုက်ကာ မီးလောင်ခြင်းသို့ ရောက်ကြသည် ဟုဆိုသောကြောင့် ကယ်တင်ခြင်း ဆုံးရှုံးုနိုင် သကဲ့သို့ ယူဆနိုင်သည်။ ကယ်တင်ခြင်းသည် မဆုံးရှုံးနိုင်ပါ။ သူနှင့် မတည်လျှင် အသက်တာခမ်း​ခြောက်သွားနိုင် ကြောင်းကို ဆိုလိုသည်။ အသက်တာခမ်း​ခြောက်လျှင် ဝမ်းမြောက်မှု၊ မျှော်လင့်ချက်မရှိတော့ချေ။ ဒါဝိဒ်မင်းဗေသရှေဘနှင့် မှားယွင်းသောအခါ အသက်တာခမ်း​ခြောက်သွား ခဲ့ သကဲ့သို့ဖြစ်မည်။ 

၇။ သင်တို့သည် ငါ၌ တည်၍ ငါ့စကားသည် သင်တို့၌ တည်လျှင်၊ သင်တို့သည် တောင်းချင် သမျှကို တောင်း၍ ရကြလိမ့်မည်။ 

ဆုတောင်း ပြည့်ဘို့ရန်မှာ ခရစ်တော်၌ တည်ခြင်း၊ ခရစ်တော်၌ တည်ခြင်းလည်း သူ့စကား၌ တည်ခြင်းဖြင့် ရရှိနိုင်သည်။ သူ့စကားကို ဂရုမစိုက်လျှင် သူ့ကို ဂရုမစိုက်ခြင်း ဖြစ်သည်။ ယုံကြည်သူ အများစုမအောင်မြင် နိုင်ခြင်းသည် နှုတ်ကပတ်တော်ကို မဖတ်၊ နားမလည်၊ ဂရုမစိုက်ခြင်းကြောင့် ဖြစ်သည်။ 

၈။ သင်တို့သည် များစွာသော အသီးကို သီးသော အားဖြင့်၊ ငါ့ ခမည်းတော်သည် ဘုန်း ထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏ တပည့်မှန်ကြလိမ့်မည်။ 

များစွာသော အသီးသည် ဝိညာဉ်ပိုင်း ဖြစ်သည်။ ဇာတိပိုင်း၊ လောက ပစ္စည်း ယပိုင်ဆိုင်ခြင်းသည် စာတန်ကလည်း ပေးနိုင်သည်။ ဝိညာဉ်ပိုင်း များစွာ သီးလျှင် ခမည်းတော် ဘုန်းထင်ရှားမည်။ ဆိုလိုသည်မှာ မ ယုံကြည်သူများက ဘုရားကို သိလာကြလိမ့်မည်။ ဝိညာဉ် အသီးများ သီးလာခြင်းဖြင့် ခရစ်တော်၏ တပည့်မှန် ဖြစ်ခြင်း ကိုလည်း ပြမည်။ 

၉။ ခမည်းတော်သည် ငါ့ကို ချစ်တော်မူ သကဲ့သို့ ငါသည် သင်တို့ကို ချစ်၏။ ငါ၏ ချစ်ခြင်းမေတ္တာ၌ တည် နေကြလော့။ 

ဘုရားသခင်၌ သည် စစ်မှန်သော ချစ်ခြင်းရှိသည်။ စာတန်၌ ချစ်ခြင်းမေတ္တာမရှိပါ။ ခမည်းတော်က သားတော်ကို ချစ်သည်။ သားတော်က ယုံကြည်သူများကို ချစ်သည်။ သူ၏ ချစ်ခြင်းမေတ္တာ၌ တည်ဘို့လည်း တိုက်တွန်းထားသည်။ 

၁၀။ ငါသည် ငါ့ ခမည်းတော်၏ ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏ မေတ္တာ၌ တည်နေ သကဲ့သို့ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည် နေကြလိမ့်မည်။ 

သားတော်သည် ခမည်းတော်၏ ပညတ်ကို စောင့်ရှောက်ခြင်းအားဖြင့် သူ၏ မေတ္တာ၌ တည်ကြောင်း ပြသည်။ ထို့နည်းတူ ယုံကြည်သူလည်း ခရစ်တော်၏ ပညတ်ကို စောင့်ရှောက်ခြင်းအားဖြင့် သူ၏ မေတ္တာ၌ တည်ကြောင်း ဖေါ်ပြမည် ဖြစ်သည်။ 

၁၁။ သင်တို့၌ ငါဝမ်းမြောက်စရာ အကြောင်း တည်စေခြင်းငှါင်း၊ သင်တို့ ဝမ်းမြောက် စ ရာအကြောင်း စုံလင်စေခြင်းငှါင်း၊ ဤစကားကို သင်တို့အား ဟောပြော၏။ 

ခရစ်တော်က ယုံကြည်သူ တပည့်တော်များဝမ်းမြောက် စေလိုသည်။ ထိုသို့ ဝမ်းမြောက် နိုင်ရန်လည်း အထက်ပါ စကားများကို ပြောခြင်း ဖြစ်သည်။ 

၁၂။ ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကို ချစ်သည် နည်းတူ၊ သင်တို့သည် အချင်းချင်း ချစ်ကြလော့။ 

ခရစ်တော်၏ ပညတ်တော်သည် အချင်းချင်းချစ်ဘို့ ဖြစ်သည်။ သူကိုယ်တိုင်ကလည်း ယုံကြည်သူများကို ချစ်သည်။ ယုံကြည်သူများသည် သခင်ဘုရား၏ ချစ်ခြင်းကို ခံချင် ကြသော်လည်း၊ ကိုယ်တိုင် သူတပါးကို မချစ်နိုင်ခြင်းသည် ပြသနာ ဖြစ်သည်။ 

၁၃။ ကိုယ်အဆွေတို့ အဘို့ အလိုငှါ ကိုယ်အသက်ကို စွန့်ခြင်း မေတ္တာထက် သာ၍ မြတ်သော မေတ္တာသည် အဘယ်သူ၌ မျှမရှိ။ 

စစ်မှန်သော ချစ်ခြင်းသည် အသက် ပေးခြင်းဖြင့် ထင်ရှားသည် ဟုဆိုသည်။ ခရစ်တော်သည် ထိုအရာပြောစဉ်တွင် အသက် မစွန့် သေးသော်လည်း ယုံကြည်သူများအတွက် အသက် စွန့်ဘို့ သေချာသောကြောင့် ထိုသို့ ပြောခြင်း ဖြစ်သည်။ ကျွန်ုပ်တို့လည်း အခြားသူများအတွက် အသက် စွန့်နိုင်ကြပါသလော။ 

၁၄။ သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏ အဆွေ ဖြစ်ကြ၏။ 

ခရစ်တော်ကို ချစ်လျှင်၊ ရိုသေလေးစားလျှင် သူ၏ ပညတ်တို့သည် လိုက်ဘို့ရန် အလွန် လွယ်သောအရာ ဖြစ်သည်။ ချစ်သူအတွက်၊ လေးစားသောသူအတွက် လုပ် ပေးခြင်းသည် အလွန် လွယ်သည်။ သူကိုယ်တိုင်က ငါပညတ်တို့ကို ကျင့်ဆောင်လျှင် ငါ၏ အဆွေ ဖြစ်သည် ဟုဆိုသည်။ သင်သည် ခရစ်တော်၏ စကား နားထောင် ဘို့ရန် အလွန် ခက်ခဲနေပါသလား။ 

၁၅။ ယခုမှစ၍ ငါသည် သင်တို့ကို ​ကျွန်ဟူ၍ မခေါ်။ ​ကျွန်မူကား၊ ကိုယ်သခင်ပြုသော အမှုကို မသိ။ သင်တို့ကို အဆွေဟူ၍ ငါခေါ်၏။ အကြောင်းမူကား၊ ငါသည် ခမည်းတော် ထံ၌ ကြားသမျှသောအရာ တို့ကို သင်တို့အား ငါပြသ၏။ 

ခရစ်တော် ကသူ၏ တပည့်များကို ​ကျွန်ဟူ၍ မခေါ် ဟုဆိုသည်။ သူတို့သည် သူ၏ အဆွေ ဖြစ်ကြသည်။ သခင်သည် ​ကျွန်ကို သူပြုသော အမှုတို့ကို မပြောပြတတ်ချေ။ ​ကျွန်သည် သခင်ခိုင်းသောအရာကိုသာ လုပ်ရသည်။ ခရစ်တော်က ယုံကြည်သူများကို ​ကျွန် ကဲ့သို့ မမှတ်၊ အဆွေကဲ့သို့ မှတ်သောကြောင့် ခမည်းတော်ထံမှ ကြားသမျှကို ပြသသည်။ မည်မျှဝမ်းမြောက်စရာ ဖြစ်ပါသနည်း။ 

၁၆။ သင်တို့သည် ငါ့ကို ရွေးကောက်ကြသည် မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက် သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သော အသီးကို သီးမည်အကြောင်းနှင့် ငါ့နာ မကို အမှီပြု၍ ခမည်းတော် မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့် ထား၏။ 

တပည့်တော်များက သခင်ယေရှုကို ရွေးကောက်ကြသည် မဟုတ်၊ သခင်ယေရှု ကရွေးကောက်သည်။ ထို့နည်းတူ ​ကျွန်ုပ်တို့လည်း သခင်ယေရှုက ယုံကြည်သူများ၊ အမှုတော်ဆောင်များကို အသုံးပြုခြင်းအားဖြင့် ရွေးကောက်သည်။ ထိုသို့ ရွေးကောက်ခြင်းသည်လည်း တည်ကြည်သော အသီးသီးဘို့ရန် ဖြစ်သည်။ ​ကျွန်ုပ်တို့ မည်ကဲ့သို့သော အသီးသီးကြပါသနည်း။ ဝိညာဉ်ပိုင်းအ သီးလောဇာတိပိုင်းအသီးသီးကြသလော။ ခမည်းတော် ထံ၌ သူ၏ နာမဖြင့် တောင်းရသော အခွင့်ကိုလည်း ပေးထားသည်။ မည်မျှ တန်ဘိုးရှိသော အခွင့်အရေး ဖြစ်သနည်း။ နားမလည်လျှင် တန်ဘိုး ထားမည် မဟုတ်။ 

၁၇။ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ ဤပညတ်တို့ကို ငါပေး၏။ 

ခရစ်တော်က သူ၏ တပည့်များသည် အချင်းချင်းချစ်ဘို့ရန် ပညတ်ထားသည်။ ချစ်ခြင်းသည် နှစ်မျိုးရှိ၍ မွေးရာပါ ဖြစ်သည်။ လူ၏ ချစ်ခြင်းသည် မိခင် ဝမ်းမှ မွေးဘွားခြင်းအားဖြင့် ပါလာသည်။ ထို့ကြောင့် လူတိုင်း ချစ်တတ်ကြသည်။ ဝိညာဉ်အားဖြင့် မွေးဘွားသောအခါ ဘုရား၏ ချစ်ခြင်းမေတ္တာရှိ ကြသည်။ ထိုအရာသည် အသက်တာ၌ ခရစ်တော်ကို အုပ်စိုးစေခြင်းအားဖြင့် ထင်ရှားမည် ဖြစ်သည်။ ခရစ်တော် ကအသက်တာကို အုပ်စိုးမှ အချင်းချင်းချစ်နိုင်ကြမည် ဖြစ်သည်။ 

၁၈။ လောကီသားတို့သည် သင်တို့ကို မုန်းလျှင်၊ သင်တို့ကို မမုန်းမှီငါ့ကို မုန်းကြသည်ကို သိမှတ်ကြလော့။ 

ယုံကြည်သူများအနေဖြင့်လောကီသား များ၏ ချစ်ခြင်းကို ရယူလို ကြသည်။ သို့သော် ခရစ်တော် အလိုတော်အတိုင်း အသက်ရှင်လျှင်လောကီသားများကသင့်ကို မုန်းမည် ဖြစ်သည်။ ထိုသို့ မုန်းခြင်းသည် ခရစ်တော်ကို မုန်းကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် စိုးရိမ် စရာ၊ ဝမ်းနည်းစရာ မရှိ။ 

၁၉။ သင်တို့သည်လောကီနှင့် ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့် ဆက် ဆံသော သင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည်လောကီနှင့် မဆက်ဆံ၊ လောကီထဲ ကငါရွေးကောက်သောသူ ဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကို မုန်းကြ၏။ 

ယုံကြည်သူများသည် ဘုရား စကား နားမထောင်လောကီသားတို့ နှင့် ဆက်ဆံလျှင် သူတို့၏ ချစ်ခြင်းကို ရရှိကြလိမ့်မည်။ သို့သော် လောကီသားများနှင့် မဆက်ဆံ၊ သူတို့ အကျင့်မကောင်းကြောင်းများကို ဖေါ်ပြလျှင် သူတို့၏ မုန်းခြင်းကို ခံရကြလိမ့်မည်။ ထိုအရာကို သိလျှင် လူသားများ၏ အချစ်ထက် ဘုရား၏ အချစ်ကို ရွေးချယ်ဘို့ လိုသည်။ ထို့ကြောင့် လောကီသား များ၏ မုန်းခြင်း ခံရလျှင် အံ့ဩစရာ မရှိ၊ ဖြစ်သင့်သောအရာ ဖြစ်သည်။ 

၂၀။ ​ကျွန်သည် မိမိသခင်ထက် သာ၍ကြီး မြတ်သည် မဟုတ်ဟု ငါပြောခဲ့ပြီးသော စ ကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကို ညဉ်းဆဲလျှင် သင်တို့ကို ညဉ်းဆဲကြ လိမ့်မည်။ ငါ့စကားကို နားထောင်လျှင် သင်တို့၏ စကားကို နားထောင် ကြလိမ့်မည်။ 

အဘယ်ကြောင့် သက်သေခံဘို့ရန် ဝန်လေးကြသနည်း၊ အဘယ်ကြောင့် ခရစ် ယာန် ဖြစ်ကြောင်း ပြောဘို့ ခက်ခဲ နေကြသနည်းဟူမူကား၊ လူများ ကငြင်းပယ်မှာကို ကြောက်သောကြောင့် ဖြစ်သည်။ ​ကျွန်ုပ်တို့သည် ခရစ်တော်၏ ​ကျွန်များ ဖြစ်၍ သူထက် မကြီး မြတ်နိုင်ချေ။ လူများ ကသခင် ခရစ်တော်ကို ညဉ်းဆဲလျှင် ​ကျွန်ုပ်တို့လည်း ညဉ်း ဆဲမည် ဖြစ်ကြောင်း၊ သူစကား နားထောင်လျှင် ​ကျွန်ုပ်တို့၏ စကားကို နားထောင်မည် ဖြစ်ကြောင်း ပြောခဲ့ပြီ။ ထို့ကြောင့် ကျွန်ုပ်တို့ကို မုန်းလျှင်လည်း ဝမ်းနည်းစရာ မလို၊ နားထောင်လျှင်လည်း ဝါကြွားစရာ မရှိ။ ခရစ်တော်ကြောင့် အမုန်ခံလျှင် သူ၏ ချီးမွမ်းခြင်း ခံရမည်။ ခရစ်တော်ကြောင့် ချစ်ခြင်း ခံရလျှင်လည်း အမြတ် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော် အတွက် အသက်ရှင်ခြင်းသည်၊ အရှုံးမရှိ၊ အမြတ်သာလျှင် ရှိသည်။ 

၂၁။ ထို သူတို့သည် ငါ့ကို စေလွှတ်တော်မူသောသူကို မသိသည် ဖြစ်၍၊ ငါ၏ နာမကြောင့် သင်တို့အား ထိုအမှု ရှိသမျှတို့ကို ပြုကြလိမ့်မည်။ 

လောကသားများက ခရစ်တော်နှင့် ခမည်းတော်ကို မသိသောကြောင့်၊ ခရစ်တော်ကြောင့် ပြုလုပ်သော အရာများကို မုန်း၍ ဆန့်ကျင် ကြမည် ဖြစ်သည်။ ထိုအရာကို သိနှင့် သူအတွက် ပြသနာ မရှိချေ။ 

၂၂။ ငါသည် လာ၍ ထို သူတို့အား မဟော မပြောလျှင် သူတို့၌ အပြစ် မရှိ။ ယခုမူကား၊ မိမိတို့ အပြစ်ကို ဝှက်၍ မထားနိုင်ကြ။ 

ခရစ်တော်၏ အကြောင်းကို မဟောပြောလျှင် သူတို့၌ အပြစ် မရှိ ဟုဆိုသောကြောင့်၊ သူတို့ အပြစ် မရှိရလေအောင် မဟော မပြောလျှင် သာ၍ ကောင်းသည် ဟုဆို နိုင်သည်။ ထိုသို့မဟုတ်ပါ။ ခရစ်တော်၏ ကယ်တင်ခြင်း မကြားလျှင် ကောင်းကင် မရောက်နိုင်ပါ။ သို့သော်လည်း ကြားရက်သားနှင့် နားမထောင်လျှင် တရားဆုံးဖြတ်သော နေ့၌ မကြားဘူးသောသူထက် သာ၍ ခံရမည်ဟု ခရစ်တော် ကဆိုခဲ့သည် (မ ၁၁:၂၀-၂၄)။ 

၂၃။ ငါ့ကို မုန်းသောသူသည် ငါ့ ခမည်းတော်ကို မုန်း၏။ ငါသည် အခြားသူမပြုဘူးသော အမှုကို ထို သူတို့ ရှေ့မှာ မပြုလျှင် သူတို့၌ အပြစ် မရှိ။ ယခုမူကား၊ သူတို့သည် ထိုအမှုကို မြင်ရ၍ ငါနှင့် ခမည်းတော်ကို မုန်းကြ၏။ 

ယုဒလူများသည် ခမည်းတော်ကို ချစ်ကြ၊ ယုံကြည် ကြသော်လည်း သားတော်ကို မယုံကြည် ကြချေ။ ထို့ကြောင့် ခရစ်တော်က ငါ့ကို မုန်းသောသူသည် ခမည်းတော်ကို မုန်းသည် ဟုဆိုရခြင်း ဖြစ်သည်။ ခရစ်တော်သည် တန်ခိုး နိမိတ်လက္ခဏာများအားဖြင့် သူသည် ဘုရားထံမှ လာသောသူ ဖြစ်ကြောင်း သက်သေပြသည်။ သူ့ကို မယုံလျှင်လည်း သူပြုသော အမှုတို့ကို ကြည့်ခြင်းအားဖြင့် သူ့ကို ယုံသင့်သည် ဟုဆိုခဲ့ပြီ (ယော ၁၀:၃ရ-၃၈)။ ထို့ကြောင့် နိမိတ်လက္ခဏာမြင်လျှင်လည်း မယုံကြည် မည့်သူ များသည် ယုံ ကြည်ကြမည်ဟုတ်ကြောင်း ထင်ရှားသည်။ 
၂၅။ သို့ဖြစ်လျှင် အကြောင်း မရှိဘဲ ငါ့ကို မုန်းကြ၏ဟု သူတို့၏ ပညတ္တိကျမ်းစာ၌ ရေးထားသော စကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။ 

ခရစ်တော် ပြောသော ပညတ်တော်သည်၊ ဆာလံ ၃၅:၁၉ ဖြစ်သည်။ ယုဒလူများက ခရစ်တော်ကို အကြောင်း မရှိဘဲ မုန်း ကြသည်။ ထို့နည်းတူ ယနေ့ လူသားများကလည်း သူတို့၏ ကယ်တင်ရှင်၊ အရှင်ဘုရားကို အကြောင်း မရှိဘဲ မုန်း ကြသည်။ 

၂၆။ ခမည်းတော်ထံမှ ထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော် တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါ စေလွှတ်လတံ့သော ဥပဇ ာယ်ဆရာသည် ရောက် လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။ 

ဥပဇဏျာယ်ဆရာသည် သန့်ရှင်းသော ဝိညာဉ် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် ရောက် လာသောအခါ ခရစ်တော် ပြောခဲ့သော အရာများကို သက်သေခံမည် ဟုဆိုသည်။ ထို့ကြောင့် တပည့််တော် များသည် ခရစ်တော် နောက်လိုက် ခဲ့စဉ် နားမလည် နိုင်သော အရာများကို သန့်ရှင်းသောဝိညာဉ်တော် ရရှိပြီး နောက်ပိုင်း၌ မှတ်မိ၊ သိရှိလာ ကြသည်။ ကျမ်းစာများပင်လျှင် ရေးနိုင်ခဲ့ ကြသည်။ 

၂ရ။ သင်တို့သည်လည်း ရှေ့ဦးစွာ မှစ၍ ငါနှင့်အတူ ရှိနေသောကြောင့် သက်သေခံရကြ လိမ့်မည်။ 

တပည့်တော် များ၏ အဓိကအ လုပ်သည် ခရစ်တော်၏ အကြောင်းကို သက်သေ ခံခြင်း ဖြစ်သည်။ ယုံကြည်သူများ၏ အဓိကအလုပ်၊ ဤလောက၌ အသက်ရှင်ခြင်းသည်လည်း ခရစ်တော်၏ ကယ်တင်ခြင်း အကြောင်းကို ပြောပြခြင်း ဖြစ်သည်။ ထိုအရာကို ကြိုးစား၍ လုပ်ဆောင်ကြစို့။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG