GOODNEWS
  HOME  GOODNEWS  2018 OCT
 


 

အမှာစာ

 

စက်တဘ်ာလတွင် ဆက်တိုက်အလုပ်များ သောကြောင့် စာစောင်မထုတ် ဖြစ်ခဲ့သောကြောင့် ယခုအောက်တိုဘာလနှင့် ပေါင်းထုတ်ရပါသည်။ တံပိုးမှုတ်ပွဲလည်း လွန် သွားသော်လည်း ချီဆောင်ခြင်းသည် မဖြစ်လာသေးပါ။ ဘုရား၏အချိန် မကျရောက်သေး သောကြောင့် ဖြစ်သည်။ ခရစ်တော် ကြွရောက် လာမည့် အရာကို ကျမ်းစာထဲမှ ကိုယ်တိုင် မလေ့လာသောသူများအတွက် စိတ်ပျက်စရာ ကောင်းသော်လည်း၊ ကိုယ်တိုင် လေ့လာသောသူများ အတွက်အချိန် နီးလေလေ၊ စိတ်လှုပ်ရှားစရာ ကောင်းလေလေ ဖြစ်သည်။ ချီဆောင်ခြင်းသည် ကောင်းကင် သတို့သား (ယေရှု) ကသူ၏ သတို့သမီး (အ သင်းတော်)ကို လက်ထပ်ဘို့ရန် ကြိုဆိုခြင်း ဖြစ်သောကြောင့်၊ သတို့သား လာမည့် အချိန်ကို သတို့သမီးက မျှော်လင့် သကဲ့သို့ဖြစ်သင့်သည်။ ထို့အပြင် ဘုရားသခင်က၊ သူ၏ သားသမီး များဘေးဒဏ်ကြီး ကာလမှ လွတ်မြောက်ဘို့ရန် ကောင်းကင် အိမ်တော်သို့ လုံခြုံစွာ ခေါ်မည့်အချိန် ဖြစ်သောကြောင့် ဘုရား၏ သားသမီး စစ်များ အနေဖြင့် အလွန် မျှော်လင့်ရမည့် အရာ ဖြစ်သည်။ ချီဆောင်ခြင်းသည် အလုပ်သမားများကို အခပေးဘို့ရန် ဥယာဉ်ပိုင်ရှင်က ခေါ်သောအချိန် ဖြစ်သောကြောင့် အလွန် စိတ်လှုပ်ရှားရမည့်အချိန် ဖြစ်သည်။ ထိုမျှသာမက လောက၌ ခရစ်တော် ကိုယ်စားရန်ငြိမ်းခြင်း အကြောင်းကို ဟောပြောနေသော သံအမတ်များ မိမိတို့ နိုင်ငံသို့ ခေါ်သောအချိန် ဖြစ်သောကြောင့် ဝမ်းမြောက် သင့်သည်။ ရန်သူနယ်မြေ ဖြစ်သော ဤလောက၌ ခရစ်တော်၏ စစ်သားများစစ်တိုက်ရာမှနောက်တန်းတပ်ရင်း (ကောင်းကင်)သို့ ပြန်သောအချိန် ဖြစ်သောကြောင့် အလွန် ဝမ်းမြောက် သင့်သည်။ သင်သည် ချီဆောင်ခြင်းကို မည်ကဲ့သို့ ခံစား သနည်း။ ကြောက်စရာဟု ထင်မှတ်လျှင် ခရစ်တော်၏ ရန်သူ၊ သို့မဟုတ်၊ ပေးထားသော တာဝန်ကို မကျေပြွန်သောကြောင့် ခရစ်တော်နှင့် ဘုရားသခင်ကို တွေ့ဘို့ ကြောက်နေခြင်း ဖြစ်ပေလိမ့်မည်။ သင်သည် ခရစ်တော် ကြွလာမည့် အချိန်ကို ကြိုဆို မျှော်လင့်သောသူ ဖြစ်နိုင် ပါစေ။ 

 

ယခုလစာစောင်တွင်...

  • ဟာလဝင် (Halloween)
  • ဝန်လေး၍ ပင်ပန်းနေသလား
  • ယေရှုထံသို့ လာသောသူ
  • ရေငတ်သောသူ
  • ဖြောင့်မတ်ခြင်း 
  • ကိုယ်ခန္ဓာစိတ် ဝိညာဉ်
  • မည်ကဲ့သို့သောသူကို လက်ထပ်ရမည်နည်း
  • ယုံကြည် လုပ်ဆောင်။ သတင်းကောင်းကိုဆောင်
  • ခေတ်ကာလ အ​ခြေအနေ
  • ကျမ်းစာဖတ်ကြစို့ (ရှင်ယောဟန် ခရစ်ဝင်- ၁၄) 
  • အသင်းတော် 
  • ဧမာနွေလသတင်းကောင်း နှစ်ခြင်း အသင်းတော် ဖွင့်ခြင်း 
  • အမှုတော်ဆောင်သင်တန်း

ဟာလဝင် (Halloween)

အောက်တိုဘာလ ၃၁ ရက်နေ့ညသည် ဟာလဝင်ည ဖြစ်သည်။ ထိုညတွင် ဤနိုင်ငံ၌ လူငယ် ခလေးများတအိမ်တက်ဆင်းချိုချဉ်နှင့် စားစရာများကို ညနေမိုးချုပ်ခါ နီးမှစ၍ တောင်းကြလိမ့်မည်။ သူတို့ကို စားစရာ ပေးမည့် အိမ်များ ကအိမ်ရှေ့မီးများ ထွန်းခြင်းအားဖြင့် အချက်ပြ ကြသည်။ လူကြီး လူငယ် ခလေး များသည် တစေဈ၊ လူသေရုပ်ပါသော ဝတ်စုံများ ဝတ်ထားကြမည်။ အိမ်ရှေ့၌လည်းရွှေ$ဖရုံသီးကို အတွင်း ပိုင်းဖေါက်၍ လူမျက်နှာနှင့် တူအောင် တရိဂံမျက်စိ၊ နှာခေါင်း၊ ပါးစပ်များ ဖေါက်ထားကာအထဲ၌ ဖ ရောင်းတိုင်မီးများ ထွန်းကြမည်။ အိမ်တွင်း အိမ်ပြင်၌လည်း တစေဈသူရဲများနှင့် ဆိုင်သော အရုပ်များ ချိတ်ထားကြမည်။ ခလေးများကို တစေဈချိုချဉ် (အဝါ၊ လိမေRာ်ရောင်)များကို ပေးကြသည်။ အစားအသောက်များ၌ ပလင်းကွဲများ၊ အဆိပ်များလည်း ထည့်တတ်ကြသည်။ ထိုအရာများ စားမိခြင်းအားဖြင့် ခလေးများသေနိုင်၊ နာနိုင်သည်။ ရည်ရွယ် ချက်မှာ ထိုသို့ သေခြင်းအားဖြင့် သူတို့ကိုးကွယ်သော ဝိညာဉ်များကို ပူဇော်ခြင်း ဖြစ်သည်။ ထိုအရာများကို တားမြစ်ခြင်း မရှိဘဲ၊ အစာများကို သတိထားစားဘို့ သတိပေး တတ်ကြသည်။ ဝိညာဉ်ပိုင်းမျက်စိကန်းသောကြောင့် ထိုအရာများကို အပြစ် အန္တရာယ်ဟု မမြင်နိုင်ကြချေ။ ဟာလဝင်ပွဲများ၌ ပါဝင်ခြင်းသည် အပျော်အပါးဟု ခရစ်ယာန်များပေါ့ပေါ့တန်တန်ထင်၍ သားသမီးများကို ပါဝင်ခွင့်ပေး ကြသည်။ သို့သော် သင်သည် ဘုရားသခင်ကို ယုံကြည်သူ စစ်မှန်လျှင် ထိုပွဲ၌ လုံးဝ မပါဝင်သင့်ချေ။ သားသမီးများကိုလည်း နားလည်အောင် သေချာစွာ ရှင်းပြသင့်သည်။ မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်များ ပြုလုပ်သောအရာ မှန်သမျှကို ပြုလုပ် လို ကြသည်။ ဘုရားနှင့် ဆန့်ကျင်သောအရာ မှန်သမျှ အဝေးမှ ရှောင်သင့်သည်။ သားသမီး များသူများသည် သူများကိုအား ကျ၍ ပါဝင်ချင်မည် ဖြစ်သောကြောင့်၊ ဟာလဝင်နှင့် မပတ်သက်သော ချိုချဉ်များ ဝယ်ကျွေးပါ။ 

သခင်ဘုရား၏ ခွက်ဖလား၊ နတ်ဆိုးတို့၏ ခွက်ဖလားနှစ်ပါးကို သင်တို့ မသောက် နိုင်ကြ။ သခင်ဘုရား၏ စားပွဲ၊ နတ်ဆိုးတို့၏ စားပွဲနှစ်ပါးကို သင်တို့ ဝင်၍ မစားနိုင်ကြ။ (၁ ကော ၁၀:၂၁) အကျိုးမဲ့သော မှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏ အပြစ်ကို ပြကြလော့။ (ဧ ၅:၁၁)။ အချင်းချစ်သူ၊ မကောင်းသော နည်းကို မလိုက်နှင့်၊ ကောင်းသော နည်းကိုသာ လိုက်လော့။ (၃ ယော ၁:၁၁)။ မယုံကြည်သော သူတို့နှင့် တွဲဘက်၍ ဆန့်ကျင်ဘက် ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။ တရားသော အမှုသည် မတရားသော အမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။ ၁၅ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ် အကျိုးအပြစ်ကို ခံရမည်နည်း။ ၁၆ ဘုရားသခင်၏ ဗိမာန်တော်သည် ုပ်တုတို့နှင့် အ ဘယ်သို့ စပ်ဆိုင်ရမည်နည်း။ ဘုရားသခင် မိန့်တော်မူသည်ကား၊ သူတို့တွင် ငါကျိန်း ဝပ်မည်။ သူတို့တွင် လှည့်လည်၍ သူတို့၏ ဘုရားသခင် ဖြစ်မည်။ သူတို့သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့် အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြ၏။ ၁၇ ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူ ပြန်သည်ကား၊ သင်တို့သည် ထို သူတို့ အထဲမှ ထွက်၍ အသီး အခြား နေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့် မျှမတို့ ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကို ငါသည် လက် ခံမည်။ ၁၈ သင်တို့၏ အဘ ဖြစ်မည်။ သင်တို့သည်လည်း ငါ၏ သားသမီး ဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့် ပြည့်စုံသော ထာဝရဘုရား မိန့်တော်မူ၏။ (၂ ကော ၆:၁၄-၁၈) တ ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် သရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ၃ သင်တို့ နေဘူးသော အဲဂုတ္တု ပြည်၏ အကျင့်ကိုင်း၊ သင်တို့ကို ငါပို့ဆောင်လတံ့သောအခါ နာန်ပြည်၏ အကျင့်ကိုင်း၊ သင်တို့သည် မကျင့်၊ သူတို့ တရားလမ်းသို့ မလိုက်ရကြ။ ၄ ငါစီရင်ချက်ရှိသည် အတိုင်း ကျင့်၍၊ ငါ့ပညတ်တရားလမ်းသို့ လိုက်ခြင်းငှါ စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ၅ ထိုကြောင့် ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကို ကျင့်သောသူသည်၊ ထိုအကျင့်အားဖြင့် အသက်ရှင် လိမ့်မည်။ ငါသည် ထာဝရဘုရား ဖြစ်၏။ (ဝတ်ပြု ၁၈:၁-၅) 


 
၀န်လေး ပင်ပန်းနေသလား


 ဤလောက၌ လူတိုင်း ပြသနာ ရှိကြသည်။ ငွေရေးကျေးရေးမလုံလောက်မှု ပြသနာ၊ လင်မယား အကြား ပြသနာ၊ သားသမီး များစကား နားမထောင်သော ပြသနာ၊ ကျန်းမာရေးမကောင်းသော ပြသနာ၊ အပြာရုပ်ရှင်ကား စွဲလန်းသော ပြသနာ၊ မူးယစ် ဆေးဝါးမဖြတ်နိုင်သော ပြသနာ၊ အရက်နှင့် ကွမ်းယာခိုင်နီး မဖြတ်နိုင်သော ပြသနာ၊ အင်္လိပ်စကား နားမလည် သောကြောင့် ပြသနာ စသည်ဖြင့် ပြသနာ ပေါင်း များစွာ ရင် ဆိုင်ကြရသည်။ ထိုသို့ ပြသနာ တွေ့ကြုံခံစား နေရခြင်းသည် အံ့ဩစရာ မရှိ၊ လူသည် ထိုပြသနာများရင်ဆိုင်ဘို့ရန် မွေးဘွားခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ပြသနာ မ​ဖြေရှင်း နိုင်ဘဲ၊ လင်မယား ကွဲခြင်း၊ အလုပ်မရနိုင်သောကြောင့် အလုပ်လက်မဲ့ ဖြစ်ခြင်း၊ မူးယစ် ဆေးဝါးမဖြတ်နိုင်သောကြောင့် အရက်သမား၊ ဆေးသမား ဖြစ်ခြင်း၊ အိုးအိမ်မဲ့ ဖြစ်ခြင်း၊ ဒေါသမထိမ်းနိုင်ဘဲ ခိုက်ရန် ဖြစ်၍ သတ်ဖြတ်ခြင်း၊ ထောင်ကျခြင်း၊ ရောဂါနှင့် ဆေးရုံတက်ခြင်း၊ နောက်ဆုံး၌ သေဆုံး၍ ထာဝရ ကာလ ပတ်လုံးငရဲသွားခြင်းဖြင့် အဆုံးသတ်မည် ဖြစ်သည်။ 

သင်သည် မည်ကဲ့သို့သော ပြသနာနှင့် ရင်ဆိုင်နေရသနည်း။ သင်၏ ပြသနာကို ကြိုးစား၍ ​ ဖြေရှင်း နေသော်လည်း တနေ့တခြား ပို၍ ပြသနာကြီး လာပါသလော။ စိတ်ဓါတ်ကျနေပါသလော။ ကိုယ်ကိုယ်ကို သတ်သေချင် နေပါသလော။ မျှော်လင့်ချက် မဲ့နေပါသလော။ သတင်းကောင်း ပြောလိုပါသည်။ သင်၏ ပြသနာကို ​ ဖြေရှင်း နိုင်သောသူရှိသည်။ အနာသိလျှင် ဆေးရှိသည် ဟုဆို သကဲ့သို့ ပြသနာ ရှိလျှင် အ​ဖြေရှိသည်။ လူနာသည် ကိုယ့်ကိုယ်ကို မကုသနိုင်သောအခါ ဆရာဝန်ဆီ သွား၍ ကုသခံရမည် ဖြစ်သည်။ အင်္လိပ်စာ မဖတ်နိုင်သောအခါ ဖတ်နိုင်သောသူထံအကူအညီတောင်းလိုက်လျှင် ပြေ လည်သွားမည် ဖြစ်သည်။ သင်၏ ပြသနာကို ကိုယ်တိုင် မ​ဖြေရှင်း နိုင်လျှင် သခင်ယေရှုထံ လာပါ။ သူက၊ ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာ (နားရသော အခွင့်) ပေးမည်။ ၂၉ ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ ထံ၍ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘော ရှိ၏။ သင်တို့ စိတ် နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ ၃၀ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်း လွယ်၏။ ငါ့ဝန်လည်း ပေါ့၏။ (မ ၁၁:၂၈-၂၉)ဟု သင်ကို ခေါ်ဘိတ်ကြိုဆိုနေပါသည်။ 

ခလေး များသည် ကိုယ်ဟာကိုယ်တာဝန် ယူဘို့ မဟုတ်၊ မိဘများ ကတာဝန် ယူဘို့ ဖြစ်သကဲ့သို့၊ လူသည် ကိုယ်ဘဝကို ကိုယ်တိုင် တည်ဆောက်ဘို့ မဟုတ်ပါ။ ဖန်ဆင်းရှင် ဘုရားသခင်က တည်ဆောက်ဘို့ ဖြစ်သည်။ သင်၏ ဘဝကို ဘုရား တည်ဆောက်ခိုင်းပါ။ သူက၊ သင့်ကို ငါသွန်သင်မည်၊၊ သင်သွားရမည်လမ်းကို ပြတော်မူမည်၊၊ သင့်ကို ကြည့် ှုပြုစုမည်၊၊ ဥာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်နှင့်၊၊ (ဆာ ၃၂:၈-၉)ဟု သင့်ကို သွန်သင်ဘို့နှင့် လမ်းပြဘို့ ခေါ်ဘိတ်နေပါသည်။ သခင်ယေရှု ထံ ဤသို့ ဆုတောင်းခြင်းဖြင့် လာပါ။ သခင်ယေရှု ဘုရား၊ ​ကျွန်ုပ် ပြသနာကို မ​ဖြေရှင်း တတ်ပါ။ ကိုယ်တော်ကို အားကိုး ပါ၏။ ဂတိတော် အတိုင်း ​ ဖြေရှင်း ပေးတော်မူပါ။ အာမင်။ ထိုသို့ စိတ်နှလုံး အကြွင်းမဲ့လာပါက သူသည် သင်၏ ပြသနာကို ​ ဖြေရှင်း ပေးပါလိမ့်မည်။ 
 

ယေရ၍ ထံသို့လာသောသူ


 သခင်ယေရှုက၊ ငါ့ထံသို့ လာသောသူကို ငါသည် အလျှင်း မပယ်။ ဟုဆိုသည် (ယော ၆:၃ရ)။ လူသည် ကိုယ့်ထံသို့ လာသောသူတိုင်းကို လက်မခံနိုင်ကြချေ။ လူကောင်းများကိုသာလျှင် လက်ခံလိုကြ၍ ရန်သူနှင့် အသုံးမကျသောသူများကို လက် ခံဘို့ရန် ခက်ခဲသည်။ သို့သော် သခင်ယေရှုက၊ လူကောင်းလူဆိုး၊ အသုံးမကျသောသူများအပါအဝင် လူတိုင်း သူ့ထံသို့ လာလျှင် လုံးဝ မပယ်၊ လက်ခံသည် ဟုဆိုသည်။ ထို့ကြောင့် မိတ်ဆွေ သင်သည် မည်သည့်အ​ခြေအနေတွင် ဖြစ်စေ၊ ခရစ်တော်ထံစိတ်နှလုံး အကြွင်းမဲ့လာပါ။ ခရစ်တော် ကသင့်ကို လက်ခံသည်။ ခင်ပွန်းသည်က လက်မခံသောသူ၊ မိဘက စွန့်ပစ်သောသူ၊ သားသမီး များကဂရုမစိုက်သောသူ၊ ညီအစ်ကို မောင်နှမများကဝိုင်းပယ်ထားသောသူ၊ ဆွေမျိုးသား ချင်းများက လက်မခံသောသူ၊ သူငယ်ချင်း အသိုင်းအဝိုင်းမှမခေါ် မပြောအဘက်မလုပ်ချင် သောသူ၊ မည်သူကမျှ လက်မခံသောသူ ဖြစ်ပါစေ၊ သခင်ယေရှု ကသင့်ကို လက်ခံသည်။ ဤသို့ ဆုတောင်းပါ၊ သခင်ယေရှု ဘု ရား၊ ကိုယ်တော်ထံသို့ အ​ကျွန်ုပ်လာပါ၏။ ​ကျွန်ုပ်၏ စိတ်နှလုံးတံခါးကို ဖွင့်၍ ကိုယ်တော်ကို ဘိတ်ခေါ်ပါ၏။ ​ကျွန်ုပ်၏ အသက်တာ၌ ကျိန်းဝပ်တော်မူပါ။ ​ကျွန်ုပ်ကို လမ်းပြတော်မူပါ။ ​ကျွန်ုပ်၏ အပြစ်များနှင့် ကိုယ်တော် ထံလာပါ၏။ ​ကျွန်ုပ်၏ အပြစ်များကို လွှ$တ်တော်မူပါ။ ကိုယ်တော်ကို ​ကျွန်ုပ်၏ ကယ်တင်ရှင်အရှင်သခင်အဖြစ် လက်ခံပါ၏။ ​ကျွန်ုပ်ကို အုပ်စိုးတော်မူပါ။ အာမင်။ 

သခင်ယေရှုက၊ ကျန်းမာသော သူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသော သူတို့ သာလျှင် အလိုရှိကြ၏။ ​ဖြောင့်မတ်သော သူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ ငါလာသည် မဟုတ်။ ဆိုးသော သူတို့ကို ခေါ်ခြင်းငှါ ငါလာသည် တည်းဟု မိန့်တော်မူ၏။ (လု ၅:၃၁-၃၂) ဟုဆိုသည်။ ထို့ကြောင့် သခင်ယေရှုသည် ​ဖြောင့်မတ်သည်ဟု ထင်သော သူတို့ကို ခေါ်ခြင်းငှါ မလာ၊ ​ကျွန်ုပ်ကဲ့သို့ ဆိုးသောသူ၊ အပြစ်သားများကို ခေါ် ဘို့ရန် လာသည် ဟုဆိုသောကြောင့် သခင်ယေရှု ထံလာပါ။ သူသည် သင့်ကို ချစ်ကြောင်း၊ ဂရုစိုက်ပြီး သင်၏ ပြသနာများကို ​ ဖြေရှင်း ပေးမည့် အကြောင်း သက်သေထူပါလိမ့်မည်။ သူသည် မည်ကဲ့သို့ သင့်ကို ကူညီမည်ကို မသိသော်လည်း သူ့နည်းသူ့လမ်းဖြင့် သင့်ကို ကူညီပါလိမ့်မည်။ 
 

ရေငတ်သောသူ

သခင်ယေရှုက၊ ဤရေကို သောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည်။ ငါပေးသော ရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်း လွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရ အသက်ရှင်ခြင်း အလိုငှါ ထွက်သော စမ်းရေ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ (ယော ၄:၁၃-၁၄) 
 ယေရှုကလည်း၊ ငါသည် အသက် မုန့် ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် နောက်တဖန် အဆာအမွတ်မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ် မခံရ။ (ယော ၆:၃၅)။ 

ထိုပွဲကို ခံ၍ နောက်ဆုံး ဖြစ်သော နေ့မြတ်၌ ယေရှုသည် ရပ်၍ ​ေ ကွးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့။ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာ လာသည် အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့် မည်ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသော်၊ ယုံကြည်သော သူတို့သည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေး သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မမူသေး။ (ယော ရး၃ရ- ၃၉)။ 

သခင်ယေရှုက ဤရေသောက်သော သူတို့သည် နောက်တဖန် ရေငတ်ဦးမည် ဟုဆိုသည်။ ဆိုလိုသည်မှာ လူတိုင်းသည် အငတ် မပြေနိုင်သော ဤလောက ပစ္စည်းဥစ္စာများကို ရှာဖွေ နေကြသည်။ သို့သော်လည်း ဆားငန်ရေကို သောက် သကဲ့သို့ သောက်လေ လေငတ်လေလေ ဖြစ်ကြသည်။ သို့သော် လူသည် အငတ် မပြေနိုင်သော ဤလောကကို ရှာဖွေ နေကြဆဲ ဖြစ်သည်။ သင်သည် ထိုကဲ့သို့ သောသူ ဖြစ်ပါသလား။ အငတ် မပြေနိုင်သော ဤလောကကို အဘယ်ကြောင့် အငန်းမရလိုချင် တပ်မက်ရှာဖွေ နေသနည်း။ ကိုယ်ခန္ဓာကျန်းမာရေးထိခိုက်သည့်တိုင်အောင်၊ လင်မယား မိသားစုအကွဲကွဲအပြား ပြား ဖြစ်သည့်တိုင်အောင် အဘယ်ကြောင့်လောကကို တပ်မက်ရှာဖွေ နေသနည်း။ သင် ရှာဖွေ စုဆောင်းထားသော အရာများကို သင်ကိုယ်တိုင် မစားမသုံးဘဲ ကျန်းမာရေးကြောင့်သော်၊ သေဆုံးခြင်းကြောင့်သော် သူတပါးအတွက် ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ကိုယ်ခန္ဓာနှင့် ဆိုင်သောလောက ပစ္စည်းများကို အဓိကထားမရှာဖွေ ပါနှင့်။ ထာဝရ တည်တန့်ခိုင်မြဲမည့် ဝိညာဉ် အရာများကိုသာလျှင် အဓိကရှာဖွေပါ။ 
 

​ဖြောင့်မတ်ခြင်း 

လူသည် ကောင်းကင် နိုင်ငံရောက်ဘို့ရန်နှင့် ​ဖြောင့်မတ်ဘို့ အတွက် ကိုယ့်အ စွမ်းအစနှင့် ကြိုးစား တတ်ကြသည်။ ထိုအကြံသည် လူသား တိုင်း၌ ရှိသည်။ ကောင်းကင် နိုင်ငံသည် ​ဖြောင့်မတ်သောသူများသာရောက်မည်ဟု ထင်မှတ်သောကြောင့် အချို့သောသူများသည် ​ဖြောင့်မတ်အောင် မနေနိုင်သောကြောင့်၊ ကောင်းကင် နိုင်ငံရောက်ဘို့ မဖြစ်နိုင် ဘူးဟု စိတ်ဓါတ်ကျ၊ လက်လျှော့ပြီး မထူးဘူးဟူ၍ အပြစ်ကို ဂရုမစိုက်လုပ်နေ ကြ သူများလည်းရှိကြသည်။ ​ဖြောင့်မတ်ဘို့ ကြိုးစားသောသူများလည်း ဘုရား၏ ​ဖြောင့် မတ်ခြင်းကို နားမလည်ဘဲ၊ ပညတ်တော် လိုက်လျှောက်ခြင်း၊ အပြစ် မကျိုးလွန်မိဘို့ရန် ချုပ်တည်းခြင်း၊ များဖြင့် ကြိုးစား ကြသောကြောင့် ကောင်းကင် နိုင်ငံရောက်မည်ဟု စိတ် မချကြချေ။ သင်သည် မည်ကဲ့သို့ သောသူ ဖြစ်သနည်း။ 

​ဖြောင့်မတ်ခြင်း လိုက်သူနှင့် မလိုက်သူ

သရေလလူများသည် ​ဖြောင့်မတ်ခြင်းကို ပညတ်တော် လိုက်လျှောက်ခြင်းအားဖြင့် ရရှိဘို့ ကြိုးစားကြောင်း ကျမ်းစာက ဤသို့ ရေးထားသည်၊ ​ဖြောင့်မတ်ခြင်းကို မှီအောင် မလိုက်သော တပါးအမျိုးသားတို့သည် ​ဖြောင့်မတ်ခြင်းကို မှီကြ၏။ ထိုသို့ ဆိုသော်ယုံကြည်ခြင်းအားဖြင့် မှီသော ​ဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။ ၃၁ ​ဖြောင့်မတ်ခြင်း တရားကို မှီအောင် လိုက်သော သရေလလူတို့ မူကား၊ ​ဖြောင့်မတ်ခြင်း တရားကို မမှီကြ။ ၃၂ အဘယ်ကြောင့်မမှီကြသနည်း။ ယုံကြည်ခြင်းအားဖြင့် မလိုက်၊ ပညတ် တရား၏ အကျင့်အားဖြင့်သာလိုက်ကြသတည်း။ (ရော ၉:၃၀-၃၂)။ အထက်ပါ ကျမ်းစာသည် ရှင်းနေသည်။ ​ဖြောင့်မတ်ခြင်းကို မှိီအောင် မလိုက်ဟူသောအရာ သည်၊ ​ဖြောင့် မတ်ဘို့ မကြိုးစားခြင်းကို ဆိုလိုသည်။ တပါးအမျိုးသား များသည် ​ဖြောင့်မတ်ဘို့ မကြိုး စားသော်လည်း ​ဖြောင့်မတ်ခြင်းသို့ ရောက် ကြသည်။ ထိုသို့ ဆိုသော်ယုံကြည်ခြင်းအားဖြင့် ​ဖြောင့်မတ်ကြခြင်း ဖြစ်သည်။ ​ဖြောင့်မတ်ဘို့ ကြိုးစားသော သရေလလူမျိုးများသည် ယုံကြည်ခြင်းအားဖြင့် မဟုတ်၊ အကျင့်အားဖြင့် ကြိုးစားသော ​ဖြောင့်မတ်ခြင်း မရှိကြချေ။ ​ဖြောင့်မတ်ခြင်းသည် အပြစ်ကင်းခြင်းကို ဆိုလိုသည်။ ထိုအပြစ် ကင်းခြင်းသည် ဘုရားသခင်က သာပေးပိုင်ခွင့်ရှိသည်။ ဘုရားသခင်က ပေးခြင်း မဟုတ်ဘဲ ကိုယ်ပိုင်​ဖြောင့်မတ်ခြင်းသည် အဓိပ္ပါယ်မရှိ၊ အကျိုးလည်းရမည် မဟုတ်ပါ။ 

ဘုရား ပေးသော ​ဖြောင့်မတ်ခြင်း 

ညီအစ်ကိုတို့၊ သရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက် စေခြင်းငှါ၊ ငါ၏ စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်း လေ့ရှိ၏။ ၂ ထို သူတို့သည် မှန်သော ပညာမရှိသော်လည်း၊ ဘုရားသခင် ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဘို့ ငါ သက်သေခံ၏။ ၃ ထို သူတို့သည် ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို မသိဘဲ၊ ကိုယ်​ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ။ (ရော ၁၀:၁-၃)။ ပေါလုကအဘယ်ကြောင့်သူလူမျိုးကယ် တင်ခြင်း အတွက် ဆုတောင်း သနည်း။ ကယ်တင်ခြင်းသို့ မရောက်ကြသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်မရောက်ကြသနည်း။ ဘုရား ပေးသော ​ဖြောင့်မတ်ခြင်းကို လက် မခံကြဘဲ၊ မိမိတို့ တည်ဆောက်သော ​ဖြောင့်မတ်ခြင်းကို ဘုရားကအသိအမှတ်ပြုဘို့ ကြိုးစား ကြသောကြောင့် ဖြစ်သည်။ သူတို့သည် စိတ်အားကြီးသော်လည်း အကျိုးမရှိပါ။ ထို့ကြောင့် ဘုရား ပေးသော ​ဖြောင့်မတ်ခြင်းကို လက်ခံဘို့ လိုသည်။ သင်လည်း ဘု ရားပေးထားသော ​ဖြောင့်မတ်ခြင်း လက်မခံလျှင် မည်မျှပင်စိတ်အားကြီးသော်လည်း ကယ်တင်ခြင်းသို့ ရောက်မည် မဟုတ်ပါ။ 
 
 ခရစ်တော် အချည်းနှီးသေပြီ

ပညတ်တရားကို အမှီပြု၍ ​ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီးအသေခံတော်မူပြီ။ (ဂလာ ၂:၂၁) ကျမ်းစာက အတည့်အလင်း ဖေါ် ပြထားပါသည်။ သင်သည် ပညတ်တရားလိုက်ရှောက်ခြင်းအားဖြင့် ​ဖြောင့်မတ်နိုင်လျှင် ခရစ်တော်သည် အချည်းအနှီးအသေခံ ပြီ ဟုဆိုသည်။ အကြောင်းမှာ သင်သည် အကျင့်အားဖြင့် ​ဖြောင့်နိုင်လျှင် ခရစ်တော်သည် သေစရာ မလိုတော့ချေ။ ထို့ကြောင့် သူအ သေခံခြင်းသည် အကျိုးမရှိတော့ပြီ။ သူအသေခံခြင်းသည် မည်သူမျှကိုယ့်အကျင့်အားဖြင့် မ​ဖြောင့်မတ်နိုင်သောကြောင့် ဖြစ်သည်။ 

အပြစ် သိစေဘို့ 

ထိုသို့ ပညတ်တရားသည် ဒုစ ုိက်အပြစ်ကို ထင်ရှားစေသည် ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ​ဖြောင့် မတ်ရာသို့ မရောက်ရာ။ (ရော ၃:၂၀) ပညတ်တရားပေးခြင်းသည် လူများ ကဒုစရိုက် အပြစ်ကို သိစေဘို့ရန် ဖြစ်သည်။ လူသည် ကိုယ်ဟာနှင့် ကိုယ်အပြစ် မရှိ၊ သန့်ရှင်းသည်ဟု ထင်တတ်ကြသည်။ အပေါ်ယံ၊ လူ့အမြင်၌ အပြစ်ကင်းသည်ဟု ထင်တတ်သည်။ လူ၏ အပြစ်သည် အပြင်ပန်း၌ မဟုတ်စိတ်နှလုံးထဲ၌ ဖြစ်သည်။ လူ့အမြင်၌ အပြင်ထွက်မှ သိရသော်လည်း ဘုရားကစိတ်နှလုံးကစကြည့်သူ ဖြစ်သည်။ ထိုအပြစ်ကို ပညတ်တော်အားဖြင့် ကြည့်မှသာလျှင်သိမြင်နိုင်သည်။ ခရစ်တော်က၊ သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ ကြားရပြီ။ ၂၈ ငါ့ပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကို ကြည့် ှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။ (မ ၅:၂ရ- ၂၈) ဟုဆိုသည် မဟုတ်လော။ ဘုရားသခင်သည် အပြင်ပန်းကြည့်သည် မဟုတ်၊ စိတ်နှလုံးကို ကြည့်သော ဘုရား ဖြစ်သည် (၁ရာ ၁၆:ရ)။ လူသည် အပြင်ပန်းကိုသာ တွေ့မြင်နိုင် သောကြောင့် လူ၏ စိတ်လုံးမြင်နိုင်ရန် ပညတ်တော်ကို ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ပညတ်တော်အားဖြင့် အဘယ်သူမျှ ဘုရားသခင် ရှေ့၌ မ​ဖြောင့်မတ်နိုင် ဟုဆိုခြင်း ဖြစ်သည်။ သို့သော် လူတိုင်း ဘုရား၏ အမြင်ကို မသိကြသောကြောင့် လူ့အမြင်၌ ​ဖြောင့် မတ်ဘို့သာ ကြိုးစား ကြသည်။ 

ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ

ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း တို့သည် သက်သေခံသည်နှင့် အ ညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားတည်း ဟူ သော၊ ၂၂ ယေရှု ခရစ်ကို ယုံကြည်ခြင်း အားဖြင့်၊ ယုံကြည် သောသူ အပေါင်းတို့ အဘို့ ဖြစ်၍၊ ထိုသူ အပေါင်းတို့ အပေါ်သို့ ရောက်သော ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။ (ရော ၃:၂၁-၂၂) လူသည် ပညတ်တရားအားဖြင့် မဟုတ်ဘဲ ယုံ ကြည်ခြင်းအားဖြင့် ​ဖြောင့်မတ်ခြင်းရမည့် အရာကို ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းများက ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ယေရှု ခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ​ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ (ရော ၃:၂၄) 
 
 ထိုကြောင့် လူ မည်သည်ကား၊ ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟု ယူရ၏။ (ရော ၃:၂၈) 

 အာဗြဟံသည် အကျင့်အားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်သည် မှန်လျှင် ဝါ ကွားစရာ အကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။ ၃ ကျမ်းစာ၌ အဘယ်သို့ လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည် ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ​ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ်တော်မူ၏။ (ရော ၄:၂-၃) 
 
 အကျင့်ရှိသောသူ မည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကို ခံရသည် မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။ ၅ အကျင့်မရှိသောသူ မည်သည်ကား၊ မတရားသောသူ၏ အပြစ်ကို ​ဖြေသောသူကို ုယုံကြည်လျှင်၊ သူ၏ ယုံကြည်ခြင်းကို ​ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ်လျက် ရှိ၏။ (ရော ၄:၄-၅) 
 ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကို ပို့ဆောင်၍ ငါတို့၏ အထိန်း ဖြစ်သတည်း။ (ဂလာ ၃:၂၄) 
 ငါတို့အဘ အာဗြဟံသည် ထိုသူ အပေါင်းတို့၏ အဘ ဖြစ်အံ့သောငှါင်း၊ အရေဖျားလှီးခြင်းကို ခံသည်သာမက၊ ငါတို့အဘ အာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမှီရှိသော ယုံကြည်ခြင်း လမ်းသို့ လိုက်သော သူတို့၏ အဘ ဖြစ်အံ့သောငှါင်း၊ အာ ဗြဟံသည် အရေဖျားလှီးခြင်းကို မခံမှီရှိသော ယုံကြည်ခြင်း၏ ​ဖြောင့်မတ်ခြင်း တံဆိပ် တည်းဟူသော အရေဖျားလှီးခြင်း၏ လက္ခဏာကို ခံရသတည်း။ (ရော ၄:၁၂) 

ကျေးဇူးတော်ကြောင့် ​ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ၊ ယုံကြည်ခြင်း တ ရားကိုသာ အမှီပြု၍ ရောက်နိုင်၏။ (ရော ၄:၁၆) 
 

ကိုယ်ခန္ဓာစိတ် ဝိညာဉ် 


 သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော် တည်းဟူသော၊ သင်တို့ အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန် ဖြစ်ကြောင်းကိုင်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကိုင်း၊ မသိကြသလော။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားကြစေလော့။ (၁ ကော ၆:၁၉-၂၀) 

ယုံကြည်သူများသည် ကယ်တင်ခြင်းသို့ ရောက်သော်လည်း နေ့စဉ် အသက်တာ၌ ကိုယ့်စိတ်ကြိုက်၊ ခန္ဓာအကြိုက်အသက်ရှင် နေကြသည်။ ရှင်ပေါလုက၊ ယုံကြည်သူများသည် မိမိကိုယ်ကို မပိုင်၊ အဘိုးနှင့် ဝယ်တော်မူသောကြောင့်၊ ကိုယ်ခန္ဓာ၊ စိတ်ဝိ ညာဉ်သည် ဘုရားကပိုင်သည် ဟုဆိုသည်။ ယုံကြည်သူ၏ ကိုယ်ခန္ဓာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန် ဖြစ်သည် ဟုဆိုသည်။ ထို့ကြောင့် ယုံကြည်သူတိုင်း ကိုယ့်ကို ကိုယ်မပိုင်ကြောင်း သိဘို့ လိုသည်။ ဘုရား ပိုင်သော ခန္ဓာကိုယ်၊ စိတ်၊ ဝိညာဉ်ကို ကောင်းစွာ စောင့်ရှောက်ထိမ်းသိမ်းဘို့ လိုသည်။ ယုံကြည်သူ၌ ပိုင်ရှင်ရှိသောကြောင့် ပိုင်ရှင်အ ကြိုက်အသက်ရှင်ရမည် ဖြစ်သည်။ သို့ဖြစ်လျှင် မည်ကဲ့သို့ အသက်ရှင်ရမည်နည်း။ ပဌမ ဦးစွာ ဝိညာဉ်နှင့် ပတ်သက်၍ မည်ကဲ့သို့ ပိုင်ရှင်ကအလိုရှိသနည်း။ ဝိညာဉ် ကျန်းမာသန် စွမ်းဘို့ရန် အစာကျွေးဘို့ လိုသည်။ ဝိညာဉ် အစာ ဖြစ်သော သမ္မာကျမ်းစာကို မှန်မှန်ဖတ် ရှုလေ့လာ လိုက်နာဘို့ လိုသည်။ ပေတရုက၊ ထိုကြောင့်၊ သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မြည်းစမ်း ကြသည် ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်း အလိုငှါ နှုတ်က ပတ်တရား၏ နို့စစ်အားဖြင့်ကြီး ပွားမည်အကြောင်း ဘွားစသောသူငယ်ကဲ့သို့၊ ထိုတ ရားနို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့။ (၁ ပေ ၂:၁-၃) ဟုဆိုသောကြောင့် ဘုရား ပိုင်သော ဝိညာဉ်ကို မှန်မှန်အစာကျွေးဘို့ လိုအပ်သည်။ ဝိညာဉ် အားနည်းလျှင်၊ နာလျှင်လည်း ဂရုစိုက်ဘို့ လိုအပ်သည်။ ယုံကြည်သူ၏ စိတ်သည်လည်း ဘုရား ပိုင်သောကြောင့် ဘုရား အလိုတော်နှင့် ဆန့်ကျင်သော အရာများကို မစဉ်းစားသင့်ချေ။ ဘုရား မကြိုက်သော အရာများကို စိတ်ထဲ၌ မသိုမသွင်းထားသင့်ချေ။ လောကအရာများကို မျက်စိနှင့် နားအားဖြင့် ဦးနှောက်ထဲသို့ သွင်းပြီး ဦးနှောက်မှစိတ်ထဲသို့ သိုထား ကြသည်။ ထို့ကြောင့် ကိုယ်ကြည့်သောအရာ၊ နားထောင်သော အရာများကို သတိထားဘို့ လိုသည်။ ကိုယ်ခန္ဓာသည်လည်း ကိုယ်မပိုင်တော့သောကြောင့် ပိုင်ရှင်၏ အလိုတော်အတိုင်း ကြည့်ရှုဘို့ လိုသည်။ ကိုယ်စားချင် တိုင်း မစားရချေ။ ပိုင်ရှင်က ဤသို့ ဆိုထားသည်၊ ဝက်သည် ခွါကွဲပြားသော်လည်း၊ စား+မံု့မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။ ထိုသို့သော တိရစ္ဆာန်အသားကို မစားရ။ (ဝတ် ၁၁:ရ- ၈)။ တဖန်၊ တဖန် မောရှေအား ထာဝရဘုရားက၊ ၂၃ သင်သည် သရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်း မစားရ။ ၂၄ အလိုလိုသေသော တရစ္ဆာန်ဆီဥ၊ သားရဲ သတ်၍ သေသော တိရစ္ဆာန်ဆီဥကို အခြားသို့ သုံးရသော်လည်း အလျှင်း မစားရ။ ၂၅ အကြင်သူသည် ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသော တိရစ္ဆာန်ဆီဥကို စား၏၊ ထိုသူကို သူ၏ အမျိုးမှပယ်ရှင်းရမည်။ ၂၆ သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သား သွေးမှစ၍ အသွေးမည်မျှကို မစားရ။ ၂၇ အကြင်သူသည် တစုံတခုသော အသွေးကို စား၏၊ ထိုသူကို သူ၏ အမျိိုးမှပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။ (ဝတ် ရး၂၂-၂ရ) 
 

မည်ကဲ့သို့သောသူကို လက်ထပ်ရမည်နည်း

လူပျိုအပျိုများအတွက် မည်ကဲ့သို့သောသူကို ယူသင့်သည်ကို အကြံပေးလိုသည်။ လူပျိုတိုင်း ကချောသောသူကို ယူချင် ကြသည်။ အပျိုတိုင်း ကအားကိုး လောက်သော လူပျိုကို ယူချင် ကြသည်။ လူတိုင်းကလည်း ထိုသို့ ခံယူကြသောကြောင့် မင်္လာ ဆောင်ပွဲသွားသောအခါ၊ သတို့သမီး ချောသလား၊ သတို့သား ဘာ အလုပ်လုပ်သလဲဟု မေးတတ်ကြသည်။ သို့သော် ထိုအရာများသည် ကိုယ်ခန္ဓာပိုင်းကို အဓိကထားခြင်း ဖြစ်သည်။ ဇာတိ လူသားများသည် ပဌမ ကိုယ်ခန္ဓာကို ကြည့်သည်။ ဒုတိယမှာစိတ်ထားကို ကြည့်သည်။ ဝိညာဉ်ပိုင်းမူမကြည့်တော့ချေ။ ဘုရား အလိုတော်၌ ပဌမ ဝိညာဉ်ကို ကြည့်ရမည်။ ဒုတိယစိတ်၊ တတိယ ကိုယ်ခန္ဓာကြည့်ရမည်။ ဝိညာဉ်သည် အဆံ ဖြစ်၍ ကိုယ်ခန္ဓာသည် အခွံ ဖြစ်သည်။ လူသည် အဘယ်ကြောင့် အခွံကို အလွန် ဦးစားပေးသနည်းဟူမူကား အဆံကို မသိမမြင်နိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် အဆံကို ဦးစားပေးသနည်းဟူမူကား သူဖန်ဆင်းထားသော လူ၏ တန်ဘိုး၊ အနှစ်သည် ဝိညာဉ် ဖြစ်သည်ကို သိသောကြောင့် ဖြစ်သည်။ 

 ဇာတိလူသည် ကိုယ်ခန္ဓာနှင့် စိတ်က ဦးဆောင်သည်။ ကိုယ်ခန္ဓာနှင့် စိတ်အ ကြိုက်ကိုသာလျှင် ရှာသည် (ဧ ၂:၂-၃)။ ဝိညာဉ်လူသည် ဝိညာဉ် အလိုဆန္ဒကို အဓိက ထားသည်။ ကျမ်းစာက၊ လူနှစ်ဦးသည် သဘောမတူလျှင် ပေါင်းဘော်၍ ခရီး သွား နိုင်သလော။ (အာမုတ် ၃:၃) ဟုဆိုထားရာ လင်မယားသည် သဘော ချင်းမတူညီလျှင် မည်သို့ မျှအဆင် မပြေနိုင်ပါ။ ထို့ကြောင့် ခင်ပွန်းသည် မရွေးခင်၊ အမြင်ခြင်း တူညီသောသူကို ရွေးချယ်ဘို့ လိုသည်။ ထိုမျှသာမက၊ ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ (ဆာ ၁၂ရး၁) ဟုဆိုထားသဖြင့် အိမ်ထောင်ကို ထာဝရဘုရား ဆောက်ခိုင်းဘို့ လိုအပ်သည်။ သို့သော် သင်ကိုယ်တိုင် ဝိညာဉ်ပိုင်းတန်ဘိုး မထား၊ ထာဝရဘုရား၏ တည်ဆောက်ခြင်းကို ဂရု မစိုက်လျှင် ခန္ဓာပိုင်းကိုသာ ဦးစားပေးနေမည် ဖြစ်သည်။ ကိုယ်ခန္ဓာသည် လိုအပ်သော်လည်း အချိန်မရွေး နာနိုင်အလှပျက်နိုင်သည်။ ထိုမျှသာမက ဘုရား အလိုတော်ကို နာမ ခံ၊ စိတ်လည်း ကြမ်းလျှင် ခန္ဓာအလှသည် ဘာမျှ အကျိုးမရှိချေ။ 

ထာဝရဘုရားက တည်ဆောက်သော အိမ်ထောင် ဖြစ်လိုလျှင် လင်မယား နှစ်ယောက်စလုံးသည်၊ ဘုရား သားသမီး များဖြစ်ရမည်။ ထိုနောက် ဘုရား စကားကို နားထောင်သောသူ ဖြစ်ရမည်။ ဘုရား အလိုတော်ကို ဦးစားပေး၍ နာခံသောသူ ဖြစ်ရမည်။ လူသည် မည်မျှပင်ချစ်စေကာမူ အလိုဆန္ဒ၊ အကြံအစည်ကွာခြားတတ်သည်။ လင်မ ယားနှစ်ဦးစလုံးကကိုယ့်အကြံ အစည်ကို စွန့်၍ ဘုရား၏ အကြံအစည်ကို ယူမှသာလျှင်သဘော ချင်းတူညီနိုင်မည် ဖြစ်သည်။ အကြံအစည်တူယုံသာမက၊ လုပ်နည်းလုပ်ဟန်လည်း တူညီဘို့ လိုသည်။ တဦးကစိတ်မြန်၍ တဦးကနှေးကွေးလျှင် ပင်အမြင် ချင်းတူညီသော်လည်း ပြသနာ ရှိနိုင်သေးသည်။ ထို့ကြောင့် အစစအရာရာ အဆင်ပြေဘို့ရန်မှာ ဝိညာဉ်တော် ကလင်မယား နှစ်ဦးစလုံးကို အုပ်စိုး ဦးဆောင်ဘို့ လိုအပ်သည်။ ဘုရား အလိုတော်အတိုင်း ဘုရားကိုယ်တိုင် တည်ဆောက်သော အိမ်ထောင် ဖြစ်ဘို့ရန်၊ ဝိညာဉ်ပိုင်းကို ပဌမ ဦးစားပေးကြည့်ရမည်။ ထို့နောက်စိတ်နှင့် ခန္ဓာပိုင်းကို ကြည့်ရမည်။


 
 
ယုံကြည်လုပ်ဆောင်၊ သတင်းကောင်းကိုဆောင်
Lal Tan Puia


 မောရှေသည် အသက် အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏ လူတို့နှင့်အတူ ညှင်းဆဲခံရခြင်းကိုသာ၍ အလိုရှိ သဖြင့် ၄င်း၊ အဲဂုတ္တု ပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်း ဒုက္ခသည် သာ၍ မြတ်သော စည်းစိမ် ဖြစ်သည်ကို စိတ်ထင်သဖြင့် ၄င်း၊ ယုံကြည်ခြင်း စိတ်ရှိ၍ ဖာရော ဘုရင့်သမီး၏သား ဟူ၍ ခေါ်ဝေါ်ခြင်း အခွင့်ကို ပယ်၏။ အကြောင်းမူကား၊ နောက်ရလ တံ့သော အကျိုးကို ထောက်စာ မျှော်လင့်လျက် နေ၏။ (ဟေ၊ ၁၁:၂၄-၂၆)

ထွက်မြောက်ရာကျမ်း အခန်းကြီး ၂နှင့် ၃တွင် မောရှေမွေးဖွားခြင်းနှင့် ဘုရားက သူ့အားရွေးကောက်ခြင်းကို တွေ့ရသည်။ မောရှေသည် ထူူးခြားသော အဆင်းရှိသည်။ ဘုရား ပြင်ဆင် ပေးသောသား ဖြစ်ကြောင်း သူ့မိဘတို့ ကကောင်းစွာ သဘောပေါက် ကြသည်။ ထို့ကြောင့်၊ ဖာရောဘုရင်ကြီး၏ သေဒဏ်အမိန့်ကို ပင်မ ကြောက်ဘဲ ယုံကြည်ခြင်းဖြင့် သူ့ကို ဝှက် (ဖွက်) ထား ကြသည်။ ဘုရား၏ ရွေးနှုတ်ခြင်း ကျေးဇူးတော်ကြောင့်၊ မောရှေသည် သေခြင်းမှ လွတ်မြောက်ခဲ့သည်။ သို့သော် ဖုံးဖွက် ထား၍ မရနိုင်သည့်နောက်ဆုံး၊ သူ့ကို မြစ်ထဲက ကျူပင်တွေကြားတွင် ဖွက်ထားလိုက်သည်။၊ နန်းတော် သူများနှင့် အတူ၊ ရေချိုးဆင်းသော ဘုရင့်သမီးတော်သည် သူ့ကို တွေ့ ရှိသွားပြီး၊ သနားစိတ်ဝင်ကာမွေးစားခဲ့သည်။ ထိုအချိန် မှစ၍ ဘုရားရွေးကောက်ခံရသော မောရှေသည် ဖာရောဘုရင်ကြီး၏ နန်းတော်၌ လောက စည်းစိမ်၊ ဥစ္စာ၊ ပညာအ ရာနှင့် ပြည့်စုံစွာကြီး ပြင်းလာခဲ့သည်။ သူသည် ဘုရင့်သမီး၏ သားတော် ဖြစ်သောကြောင့် အိမ််ရှေ့မင်းသား ရာထူးကို ရရှိထားသူ ဖြစ်သည်။ မောရှေသည် ဘုရင့်သားတော်တို့ နှင့်အတူ ဘုရင် ဖြစ်လာဖို့အခွင့်အလမ်းရှိသည်။ မောရှေနေရာတွင် သင်သာ ဖြစ်ခဲ့မည်ဆိုလျှင် သင်မည်ကဲ့သို့ ခရီး ဆက်မည်နည်း။ 

မောရှေသည် အရွယ်ရောက် လာသောအခါ၊ အဲဂုတ္တု၏်ကြွယ်ဝချမ်းသာခြင်း၊ ဖါရောဘုရင့်နန်းတော်၏ ခမ်းနားထည်ဝါမှု၊ တန်ခိုးအာဏာကြီးမား မှု၊ မက်မောစရာ အိမ်ရှေ့စံမင်းသား ရာထူးအစရှိသည့် လောကသား တိုင်း ယပိုင်ဆိုင်လိုသည့်အရာတို့ကို သူမည်ကဲ့သို့ ရင်ဆိုင်​ ဖြေရှင်း ခဲ့သနည်း။ လောကအရာတို့၏ တန်ဘိုးသည် မမြဲသော တရားအဖြစ် သူ နားလည်သည်။ ဘုရား လူများနှင့်အတူ ညှင်းဆဲခံခြင်းသည် ထာဝရ ကာလဖြင့် နိှုင်းယှဉ်လျက် ခဏလေးများဟု သူကတွေးမှတ်သည်။ သူရရှိထားပြီး သောလောက ဂုဏ်​ြဒပ်များ အားလုံး ကို သူငြင်းပယ်ခဲ့သည်။ ကောင်းကင်ဘုံ၌ ဘုရား ပေးမည့် ဆုလဒ်သရဖူများသည် အဲဂုတ္တု၏ ကြွယ်ဝချမ်းသာခြင်းတို့ထက် သာ၍ တန်ဘိုးရှိကြောင်း သူသည် စိတ်ထင်၏။ ညှင်းဆဲခြင်းကိုသာ၍ အလိုရှိပြီး၊ သာ၍ မြတ်သော ကောင်းကင် စည်းစိမ်ကို သူ မျှော်လင့်လျက် ရှိသည်ဟု တွေ့ရသည်။ ဘုရင့်သမီးတော်၏သား ဆိုသည့် ရာထူးအဆင့်အတန်းကို စွန့်ခဲ့သည်။ နောက်ဆုံး၊ သင်နှင့် ​ကျွန်ုပ်တို့ အားလုံး တပ် မက်နေသည့် အာဏာ၊ ဥစ္စာ၊ ရာထူး၊ ပညာ၊ ကျော်ကြားမှု အကုန်လုံးကို ငြင်းပယ်ခဲ့သည်။ သူပို၍ တန်ဘိုး ထားသည်မှာ ထာဝရ မြဲသော ကောင်းကင် စည်းစိမ် ဖြစ်သည်။ ထို့ကြောင့် လောက၏ ဆင်းရဲခြင်း ဒုက္ခ လမ်းကို ကျေနပ်စွာ ရွေးချယ်ခဲ့ပြီး၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချကာ၊ ဘုရား လူတို့နှင့့််အတူ ထိုခရီး ကြမ်းလမ်းကို အဆုံးထိတိုင်အောင် လှမ်းလျှောက်ခဲ့သည်။ 

အထက်ပါ ကျမ်းချက်တွင် မောရှေသည် မည်သည့်အရာကို တန်ဘိုး ထားသနည်း။ ဤနေရာ၌ လောက စည်းစိမ်၏ တန်ဘိုးနှင့် ကောင်းကင် စည်းစိမ်၏ တန်ဘိုးကို နိှုင်းယှဉ်ပြထားသည်။ ဝိညာဉ် မျက်စိပွင့်ပြီး၊ ဘုရားကို ချစ်သောသူများသာခံယူနိုင်သည့်အရာ ဖြစ်သည်။ မောရှေသည်လောကအရာတွေကို အပြစ်ရှိသောအရာ၊ မတည် မြဲသော အရာများ အဖြစ်တန်ဘိုး ဖြတ်သည်။ ဘုရား ချစ်သည့်ဘုရား လူတို့အား ကယ် တင်ရန်အတွက် ဆင်းရဲ ခံခြင်းသည် သာ၍ မြတ်သော စည်းစိမ်ဟု ခံယူကာ ထာဝရ မြဲသော အကျိုးတရားအဖြစ် တန်ဘိုး ဖြတ်သည်။ အဓိကအားဖြင့်၊၊ ဘုရားသခင်၏ လူတို့နှင့်အတူ ညှင်းဆဲခံရခြင်းကိုသာ၍ အလိုရှိသည် ဟူသော နေရာတွင် အလိုရှိသည် ဆိုသည့်စကား လုံးသည် ဘာကို ဆိုလိုသနည်း။ ထိုစကား လုံးကို အင်္လိပ်ကျမ်းစာတွင် ခ့သျန (ခ့သသျန၏ စ​ေျအ အနညျန)ဖြင့် သုံးထားသည်။ တနည်းအားဖြင့် မောရှေသည်လောကနှင့် ဘုရား နှစ်ပါးတွင် ဘုရားကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ရွေး ချယ်ခြင်းသည် တန်ဘိုး နှစ်ခုအနက်တစ်ခုကို ပယ်၍ တခုကို ရွေးခြင်း ဖြစ်သောကြောင့် သူသည် သာ၍ အလိုရှိသည် ဟုဆိုရာ၌ လောက တန်ဘိုး ဖြစ်သော အာဏာ၊ ဥစ္စာ၊ ဂုဏ်ကပကာသနတို့ကို လူ့ သဘော၊ လူ့မနောဖြင့် လိုချင်မည် ဖြစ်သော်လည်း၊ သာ၍ မြတ်သော ကောင်းကင် စည်းစိမ်၏ တန်ဘိုးကို ဝိညာဉ် တန်ခိုးဖြင့် ပိုင်းခြား နားလည်သောကြောင့်၊ ထိုလောကီစည်းစိမ်တို့ကို ပယ်ခြင်းအားဖြင့် သူအမှန်တကယ် မြတ်နိုးတန်ဘိုး ထားသော ဘုရား၏ ဂတိတော်နှင့် ကောင်းကင်ဘုံတွင် ယပိုင်ဆိုင်ရမည့် ဆုလဒ်သရဖူတို့ကို ရွေးယူလိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဘုရား၏ စံတန်ဘိုး အားရွေးချယ်ခြင်း မပြုမီ၊ ​ကျွန်ုပ်တို့ အနေဖြင့် ရှေးဦးစွာလောက (သို့) ကိုယ့်ဆန္ဒကို ငြင်းပယ်နိုင်ရမည် ဖြစ်သည်။ ရှေးဦးစွာ ပယ်ရမည့် အရာများကို ငြင်းပယ်ပြီး၊ နောက်တဆင့်လုပ်ဆောင်ရမည့် ရွေး ချယ်ခြင်း အတွက် ဆုံးဖြတ်ချက် ချမှတ်နိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ ယုံကြည်သူ အသက်တာ၌ ရှောင်ရန်နှင့် ဆောင်ရန်နှစ်မျိုးစလုံးရှိနေသည်။ ရှောင်ရမည့် အရာတွေအ တွက်ရှောင်ခြင်း၊ ငြင်းပယ်ခြင်း (ီငျျသူကအငသည) အရင်လုပ်ရပြီး၊ ထိုနောက်မှဆောင် ရမည့် အရာများကို ဆောင်ခြင်း (Rနျသူကအငသည)ကို လုပ်ဆောင်ရသည်။ ဘုရားက မောရှေကို ရွေးကောက် သကဲ့သို့၊ မောရှေကလည်း ဘုရားကို တန်ပြန်ရွေးချယ်လိုက်ခြင်းသည် ယုံကြည်ခြင်း၏ စစ်မှန်သော ​ခြေလှမ်း ဟုဆိုရမည် ဖြစ်သည်။ အလားတူပင်၊ ​ကျွန်ုပ်တို့ ယုံကြည်သူ အသက်တာ၌လည်း ဘုရားသခင်ကို တလှည့်ရွေးချယ်ခြင်း ဖြစ်သည့်ယုံကြည်ခြင်း ​ခြေလှမ်းကို လှမ်းကြည့်ဖို့မမေ့ပါနှင့်၊ မိတ်ဆွေ။ သင့်အနေဖြင့် ပယ်ရမည့် အရာကို ပယ်ပြီး၊ ရွေးချယ်ရမည့် အရာကို ရွေးချယ်ခြင်းအားဖြင့် ဆုံးဖြတ်ချက်ကို သင်ကိုယ်တိုင် ချရမည် ဖြစ်သည်။ သင့်ဘဝတလျှောက်လုံးတွင် သင်မည်သည့်အရာတို့ကို တန်ဘိုး ထားခဲ့သနည်း။ မည်ကဲ့သို့သော ဆုံးဖြတ်ချက်များကို ချခဲ့သနည်း။ မိမိဆန္ဒ၏ စံတန်ဘိုးတို့အား ယပိုင်ဆိုင်နိုင်ရေးအတွက် အမှန်တကယ် လိုအပ်သော ရွေးချယ်ခြင်း၊ ဆုံးဖြတ်ချက် ချခြင်းများကို သင့်ဘဝတွင် လုပ်ဆောင်ခဲ့ပါသလားဆိုသည်ကို ကိုယ့်ကို ကိုယ်ပြန်လည်စမ်းစစ်ကြည့်သင့်ပါသည်။ 

ကယ်တင်ခြင်းနှင့် ပတ်သက်ပြီး၊ ဘုရား ဖက်ကပြုပေးသည့်ကျေးဇူးတော််ကို ယုံ ကြည်ခြင်းဖြင့် လက်ခံရုံသာ ဖြစ်သည်။ အဆိုပါယုံကြည်ခြင်း မျိုုးကို ှလေငညါ်​ေငအ့ဟု ခေါ်သည်။ လူ့အပိုင်းက ကြိုးစားအား ထုတ်ဆောင်ရွက်သည့် ကောင်းမှု ကုသိုလ်၊ လုပ်ဆောင်ချက်များကို ဘုရားက လက်မခံပေ။ သို့ရာတွင် ယုံကြည်သူ အသက်တာ၊ ဝိညာဉ်ရေးရာအခန်းက၌ ဝိညာဉ်ပိုင်းရှင်သန်ကြီး ထွားခြင်း အတွက် ူငလငညါ်​ေငအ့ဟု ခေါ်သည့်ယုံကြည်ခြင်း မျိုးတွင် မူကိုယ်တိုင် ဆုံးဖြတ်လုပ်ဆောင်ရမည် ဖြစ်သည်။ ထိုသို့ ယုံကြည် လုပ်ဆောင်ရာတွင် မှန်ကန်စွာ တွေးခြင်း၊ မှန်ကန်စွာ နားလည်ခြင်း၊ မှန်ကန်စွာ မြင်ခြင်း၊ မှန်ကန်စွာ မျှော်လင့်ခြင်း၊ မှန်ကန်စွာ ဆုံးဖြတ်ခြင်း၊ မှန်ကန်စွာ တန်ဘိုး ဖြတ်ခြင်းများရှိရမည်။ အထက် ဖေါ်ပြပါက ျမ်းချက်အရ မောရှေသည်လော ကီစည်းစိမ်ချမ်းသာနှင့် မတည်မြဲသောလောက အာဏာ၊ ဓနဥစ္စာ၊ စည်းစိမ်တို့ကို စွဲ လန်းခြင်းသည် သူ့အတွက် အပြစ် ဖြစ်ကြောင်း သူမြင်သည်။ အကြောင်းမှာ၊ ဘုရားသခင်သည် သူ့ကို ဘယ်အတွက် ရွေးကောက်ထားကြောင်း၊ သူကောင်းစွာ သဘောပေါက်သည်။ ဘုရားက သူ့ကို ခေါ်ရခြင်း၏ မူလ ရည်ရွယ်ချက်အား သူကောင်းကောင်း နားလည်သည်။ မောရှေ၏ ရွေးကောက်ခံတာဝန်သည် အဲဂုတ္တု၌ ​ကျွန်ခံနေရသောသူ၏ လူမျိုး သရေလတမျိုးလုံးကို ကယ်ထုတ်ရန် ဖြစ်သည်။ သို့သော် သူရောက်ရှိနေသည့်နေရာသည် ဘုရား လူတို့ကို ​ကျွန်ပြုနိှပ်စက်နေသည့်ဘုရင်ကြီး၏ ဇိမ်ခံရာရွှေနန်းတော် ဖြစ်နေသည်။ ထိုနေရာ၌ လောက စည်းစိမ်ကို ပျော်မွေ့ပြီး၊ ရေစုံမျောသွားပါက၊ သူ၏ လူမျိုးတမျိုးလုံးကို အဲဂုတ္တု ဘုရင်လက်မှကယ်ထုတ်ရမည့် သူ၏ အဓိကတာဝန်ကို ကျေပြွန်စွာ အကောင်အထည်မဖေါ်ဘဲ၊ ရည်မှန်းချက်ပန်းတိုင်ပျောက်သွားနိုင်သည်။ အသွေးအသား၊ လူ့ သဘော သဘာဝသည် ကာမဂုဏ် ခံစား ချင်သည့် သဘော ရှိငြားသော်လည်း ထိုအရာတို့ထက် ကောင်းကင် စည်းစိမ်ကိုသာ၍ အလိုရှိသည့် မောရှေ၏ အတွေးအမြင်၊ စိတ်ထင်မှတ်ခြင်း၊ နိှမ့်ချစွာ ခံယူခြင်းတို့သည် သူ့အား မှန်ကန်သော ဆုံးဖြတ်ချက်ကို ချစေနိုင်ကြောင်းကို တွေ့ရသည်။ ထိုမှန်ကန်သော အတွေးအခေါ်များသည် ဘုရားကို ဗဟိုပြုထားသော ဘုရား၏ စံချိန်စံညွှန်းစံတန်ဘိုးများကြောင့် ဖြစ်သည်။ 

မိတ်ဆွေ၊ သင်ကိုယ်တိုင်လည်း သင့်ဘဝလမ်းတွင် ရွေးချယ်ရမည့် အရာ၊ ဆုံး ဖြတ်ချက်ချရမည့် အချိန်၊ လမ်းဆုံလမ်းခွဲများကို ရင်ဆိုင်ရမည် ဖြစ်သည်။ ဘုရား၏ အမြင်၊ ဘုရား၏ စံတန်ဘိုးနှင့် တန်ဘိုး ဖြတ်သုံးသပ်တတ်မည်ဆိုလျှင် ဘုရား သား၊ သမီး ဖြစ်ခြင်း၏ ရည်ရွယ်ချက်ကို သင်လက်တွေ့ဖေါ်ဆောင်တတ်လာမည် ဖြစ်သည်။ အခက် ခဲဆုံးသည် မိမိတို့ စွဲလန်းနေသည့်လောကအရာများ ဖြစ်သည်။ ကမ္ဘာဦးမှစပြီး ယနေ့ အထိ၊ စာတန်သည် လူသားတို့ ကိုလောကအရာများဖြင့် လှည့်စား သိမ်းပိုက် အောင်မြင် ဆဲ ဖြစ်သည်။ စာတန် သုံးသောလောက လက်နက်များသည် အာဏာ၊ ဥစ္စာ၊ ရာထူး (ဏသတနမယ ဏသျျနျျငသညယ ဏသျငအငသည) သို့မဟုတ် ကာမဂုဏ် အပျော်အ ပါး၊ လုပ်ခလစာ၊ အဆင့်အတန်း (ှနထယှ​ေူမေပယှအအေကျ)တို့ ဖြစ်သည်။ ဘုရား သားများအတွက် ဤလောက၏ သွေးဆောင်မှုတို့ကို နားလည်၊ ရှောင်ကွင်းနိုိင်မှသာ ဘုရားသား ဖြစ်ခြင်း၏ ရည်ရွယ်ချက်ကို ဖေါ်ဆောင်နိုင်ရန် မှန်ကန်စွာ အသက်ရှင်တတ် လာမည် ဖြစ်သည်။ 

မောရှေကို ခေါ်ယူရွေးကောက်ခြင်းသည် သရေလလူမျိုးတို့ကို ကယ်တင် ရန်အတွက် ဖြစ်ပြီး၊ သင်နှင့် ​ကျွန်ုပ်အား ကယ်တင်ရခြင်း၏ ရည်ရွယ်ချက်သည် ဘုရားသခင်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂေလိတရားသတင်းကောင်းကို ဟောပြော ဝေမျှဘို့ရန် ဖြစ်သည်။ ခရစ်တော် ကောင်းကင်သို့ မတက်မီ၊ နောက်ဆုံးမိန့်မှာခဲ့သော နှုတ်ကပတ်တော်သည် သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့ သွား၍၊ ဝေနေ ယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့ ဟူ၍ ဖြစ်သည် (မာ၊ ၁၆ ; ၁၅)။ ဝိညာဉ် ရေး၌ ကယ်တင်ခြင်းရပြီ၊ ု လုံလောက်ပြီဟု ကျေနပ် နေသော ယုံကြည်သူများအနေဖြင့် မောရှေ၏ ယုံကြည်ခြင်း ​ခြေလှမ်းများ၊ ဘဝဖြတ်သန်းမှုများမှသင်ခန်းစာ ယူ၍ မိမိ၏ ယုံကြည်ခြင်းကို စနစ်တကျတည်ဆောက်သင့်သည်။ အခမဲ့ရသော ကယ် တင်ခြင်း ကျေးဇူးတော်ကို အခမဲ့ပြန်လည်ပေးဝေဘို့ရန် ဘုရားသခင်သည် သင့်ကို အလိုရှိသည်။ မှန်ကန်စွာ ပိုင်းခြား နားလည်ပြီး၊ ပျောက်ဆုံးဝိညာဉ် ချစ်သော စိတ်ဖြင့်လော ကကို အောင်သော ယုံကြည်သူ၏ ယုံကြည်ခြင်းဖြင့် ဘုရား၏ အစေတော်ကို ခံရင်း၊ မှန် ကန်သော ရွေးချယ်မှု၊ ဆုံးဖြတ်ချက် သံနိ ဌာန်ချလျက် ဘုရား၏ အမှုတော် မြတ်ကို ဝမ်းမြောက်စွာဖြင့် ယုံကြည် လုပ််ဆောင်ကြပါစို့။ 

 

ခေတ်ကာလ အ​ခြေအနေ


လူတိုင်း ကိုယ့်ကိစ္စ၊ ပြသနာများရင်ဆိုင်​ ဖြေရှင်း နေပြီး၊ ဝါသနာနှင့် လောက နောက်လိုက် နေချိန်တွင်၊ အသင်းတော် ခေတ်သည် ကုန်ဆုံးခါနီး ဖြစ်ကြောင်းကို တင်ပြ လိုပါသည်။ သင်ယုံသည် ဖြစ်စေ၊ မယုံသည် ဖြစ်စေ၊ လိုချင်သည် ဖြစ်စေ၊ မလိုချင်သည် ဖြစ်စေ၊ ကျေးဇူးတော် ကာလ ကုန်ဆုံး၍ ဘေးဒဏ်ကြီးကာလ ရောက်တော့မည် ဖြစ်သည်။ ထိုဘေးဒဏ်ကြီးမှ လွတ်မြောက်လမ်းသည် ခရစ်တော်ကို ရရှိခြင်း သို့မဟုတ် ကယ်တင်ခြင်းသို့ ရောက်ခြင်း သို့မဟုတ် ဝိညာဉ်အားဖြင့် ဒုတိယအကြိမ် မွေးဘွားခြင်း သာလျှင် ဖြစ်သည်။ နာမည်ခံ ခရစ်ယာန် ဖြစ်ရုံ၊ ခရစ်တော်ကို သိရှိရုံဖြင့် မရပါ။ ဘေးဒဏ်ကြီး ကာလမရောက်မှီ ချီဆောင်ခြင်း ဖြစ်မည်။ ထိုချီဆောင်ခြင်း၌ သင်ပါဝင်နိုင်ရန် သခင်ယေရှုကို စိတ်နှလုံးထဲ၌ ခေါ်ဘိတ်ပါ။ ကယ်တင်ခြင်း အကြောင်းကို လေးလေးနက်နက်လေ့လာပါ။ ချီဆောင်ခြင်း နီးကြောင်း၊ လက္ခဏာသက်သေများ၊ 

အစ္စရေးဥစ္စာလုမည်

ဂေါဂ၊ မာဂေါဂစစ်ပွဲ ဖြစ်မည့် အကြောင်းကို ယေဇကျေလ ၂၈-၂၉ နှစ်ခန်းစလုံးတွင် အသေးစိပ် ဖေါ်ပြထားပါသည်။ ထိုစစ်၌ ရုရှား ဦးဆောင်ပြီး၊ အီရန်၊ တူရကီ၊ ဆူဒန်၊ လစ်ဗျားနိုင်ငံများက အစ္စရေးနိုင်ငံကို စစ်တိုက်မည် ဖြစ်ကြောင်း ဤသို့ ရေးထားသည် အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာရောရှ၊ မေရှက်၊ တုဗလပြည် (ရုရှားပြည်)တို့ကို အစိုးရသော အိုဂေါဂမင်း၊ သင့်တဘက်၌ ငါနေ၏။ သင့်ကို ငါပြန်လာ စေမည်။ သင့်ပါး ုိးကို သံချိတ်နှင့် ချိတ်ပြီးလျှင်၊ သင်မှစ၍၊ ထူးဆန်းသော လက်နက်စုံ အမျိုးမျိုးကို ဆောင်သောသူ၊ ဒိုင်းလွှားပါ၍ ထားကို လက်စွဲသော လူအလုံးအရင်းများနှင့် မြင်း၊ မြင်းစီးသူရဲဗိုလ်​ခြေ အပေါင်းတို့ကို ငါဆောင်ခဲ့မည်။ အသီးအသီး ဒိုင်းလွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသော ပေရသိပြည်သား (အီရန်)၊ ကုရှပြည်သား (ဆူဒန်)၊ ဖုတပြည်သား (လစ်ဗျား)၊ ဂေါမာနှင့် သူ၏ တပ်များ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ၏ တပ်များ (တူရကီ) အလုံးအရင်းများ အပေါင်းတို့သည် သင်နှင့်အတူ လိုက်လာ ကြလိမ့်မည်။ (ယေဇ ၂၈:၃-၆) တိုက်ရသည့်အကြောင်းရင်းမှာ၊ သူတို့ ဥစ္စာကို လု ယက်သိမ်းယူမည်။ အရင်ဆိတ်ညံ၍ ယခုလူနေသော အရပ်တို့ကိုင်း၊ လူ အမျိုးမျိုး ထဲကစုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကို ရတတ်၍၊ ပြည် အလယ်၌ နေသော သူတို့ ကိုင်းတိုက်မည်ဟု ကြံစည်လိမ့်မည်။ (၁၂) 

အစ္စရေးနိုင်ငံသည် ယခုအခါ အလွန် ကြွယ်ဝချမ်းသာ ပါပြီ။ သို့သော် နိုင်ငံသေး ငယ်သောကြောင့် ရုရှားကသူ၏ ဥစ္စာကို တပ်မက်လောက်အောင်များပြားသည် မဟုတ်။ သို့ဖြစ်လျှင် အဘယ်ကြောင့်ကျမ်းစာက အစ္စရေးနိုင်ငံ၏ ဥစ္စာလုယက်သိမ်းယူမည် ဟုဆိုသနည်း။ အစ္စရေးနိုင်ငံသည် ယခုအခါ သဘာဝ ဓါတ် ငွေ့ထုတ်ဖေါ်ရောင်းချသော နိုင်ငံ ဖြစ်နေပြီ။ မြေထဲပင်လယ်ထဲ၌ သဘာဝ ဓါတ်ငွေ့ များစွာ တွေ့ရှိထားသောကြောင့် ထိုအရာကို တပ်မက်ခြင်း ဖြစ်မည်။ 

ဂေါဂမာဂေါဂစစ် 

အထက်၌ ဖေါ်ပြသည့်အတိုင်း ဂေါဂမာဂေါဂစစ် ဖြစ်မည်။ ထိုစစ်သည် ၁၉၄၈ ခု နှစ်မတိုင်မှီတွင် လုံးဝ မဖြစ်နိုင် ခဲ့ချေ။ အကြောင်းမှာ တိုက်ရမည့် နိုင်ငံ ဖြစ်သော အစ္စရေး နိုင်ငံမရှိသေးချေ။ အစ္စရေးနိုင်ငံသည် အေဒီ ရဝတွင် လုံးဝ ပျောက်သွားခဲ့သည်။ သူတို့လည်း တိုင်းနိုင်ငံအသီးသီး၌ နေထိုင်ကြကာ အစိပ်စိပ်အမွှာမွှာကွဲလွင့်ခဲ့ ကြသည်။ သို့သော် နှစ်ပေါင်း၁၉၀၀ လွန်ပြီးမှအစ္စရေးလူမျိုးများသည် အမျိုး မပြောက်ဘဲ သူတို့ နိုင်ငံသို့ ပြန်လာ၍ ၁၉၄၈ ခုနှစ်တွင် နိုင်ငံထူထောင်နိုင်ခဲ့ပြီ။ အိမ်နီးချင်းအာရပ်နိုင်ငံများက ၁၉၄၈၊ ၁၉၅၆၊ ၁၉၆ရ၊ ၁၉ရ ၃ ခုနှစ်များတွင် အကြီး အကျယ်တိုက်သော်လည်း အစ္စရေးနိုင်ငံသည် မပျောက်သွားသည်သာမက စစ်ပွဲပြီး တိုင်းနိုင်ငံပို၍ ပို၍ ကျယ်လာသည်။ ထိုအရာများသည် ဘုရားသခင်၏ လုပ်ဆောင်ချက် များဖြစ်သည်။ ယခုယေဇ ကျေလ ၃၈နှင့် ၃၉တွင် ဖေါ်ပြထားသော ဂေါဂမာဂေါဂစစ် ဖြစ်တော့မည်။ ရုရှားဦး ဆောင်၍ အီရန်၊ တူရကီ၊ ဆူဒန်၊ လစ်ဗျားနိုင်ငံများ ကတိုက်မည်။ ယခုရုရှား၊ အီရန်နှင့် တူရကီနိုင်ငံများသည် ဆီးရီးယားနိုင်ငံ၌ စု နေကြပြီ။ များမကြာမှီကျမ်းစာ၌ ရေးထားသည့်အတိုင်း အစ္စရေးနိုင်ငံကို တိုက်တော့မည် ဖြစ်သည်။ ထိုအချိန် မတိုင်မှီ ချီဆောင်ခြင်း ဖြစ်မည်ဟု ယူဆရသည်။ 

၆၆၆ တံဆိပ်

ဘေးဒဏ်ကြီး ကာလ၌ တကမ္ဘာလုံးအန္တီခရစ်ကအုပ်ချုပ်ချိန်တွင် လူတိုင်း၆၆၆ တံဆိပ်ခတ်မည်အရာကို ဗျာ ၁၃:၁၆-၁၈တွင် ဖေါ်ပြထားသည်။ ယခုအခါ Uှဗနိုင်ငံ၌ ှသခင​ေူ ှနခကမငအပ နံပါတ်လူတိုင်း၌ ရှိသည်။ ထိုနံပါတ်မရှိလျှင် ဘာမျှလုပ်၍ မရချေ။ ထိုနံပါတ်သည် ၆၆၆၏ ရှေ့ပြေး ဖြစ်သည်။ များမကြာ မှီထိုနံပါတ်ကို ​ြငခမသခ့ငစ ကအ စားထိုးကာကျမ်းစာက ပြောထားသည့်အတိုင်း လက်ျာလက် သို့မဟုတ် နှဖူး၌ ခတ် တော့မည် ဖြစ်သည်။ ယခုအိန္ဒိယနိုင်ငံတွင် လူတိုင်း မှတ်ပုံတင်ကို လက်ဗေွဗ​ေိ့​ေမေ၊ ​ြငသာနအမငခဖြင့် ပြုလုပ် နေကြပြီ ဖြစ်သည်။ တရုတ်ပြည်လည်း လုပ်ဘို့ရန် ဆိုင်းပင်းနေ ကြပြီဟု သိရသည်။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလနှင့် အလွန် နီးနေပြီ။့အအစျါ်၊၊ တတတ၏ အ့နါကမေိငညေ၏ ခသာ၊ တသမို၊ ၂၀၁၈၊ နြစ၊ ၂၆၊ ငညိင​ညေ-ခသကမအကွစ့သြို-ူနါေူငအပ-သ်-တသမူိျ-ူမေါနျအ-ဘငသာနအမငခ-ိအေဘေ​ေျန

ဥရောပအ​ခြေအနေ

ဥရောပနိုင်ငံများသည် မူစလင်ဒုက္ခသည် များစွာကို လက်ခံသောကြောင့် ဒုစရိုက်အပြစ် မြောက် များစွာ ဖြစ်ပွားနေသော်လည်း မီဒီယာများ ကကမ္ဘာသိရန်အားလုံး မဖေါ်ပြ ကြချေ။ လူသတ်မှု၊ မုဒိန်းကျင့်မှု အလွန်များပြားသည်။ ဗြိတိန်နိုင်ငံသည် မူစလင်များ ကကြိုက်နှစ်သက်သလို သောင်းကြမ်း နေကြပြီ။ မူစလင် ှ့မေင​ေ ဥပဒေများကိုမူစလင်များ အကြား၌ အသုံးပြုနေပြီ ဖြစ်သည်။ ဥရောပအ​ခြေအနေမှန်ကို့အအစျါ်၊၊ လသငခနသ်နကမသစန၏ ခသာ၊တွင် ဖတ်ပါ။ 

 

ကျမ်းစာဖတ်ကြစို့
ယောဟန် ၁၄

 

၁။ တဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည် ကြလော့။ ငါ့ကိုလည်း ယုံကြည် ကြလော့။ 

သခင်ယေရှုက ရှေ့အနာဂတ်အတွက် မစဉ်းစားနှင့်ဟု မဆိုပါ၊ စိတ်နှလုံးမပူ ပန်ဘို့ ပြောခြင်း ဖြစ်သည်။ စိတ်နှလုံးပူပန်ခြင်းသည် ဘုရားကို မယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူဌေးကြီးနှင့် ခရီး သွားသောသူသည် စားသောက်ဘို့၊ အိပ်မည့် နေရာ၊ ယဉ် စီးဘို့များအတွက် ဘာမျှပူပင်မည် မဟုတ်ချေ။ ထုုိ့နည်းတူ အရာခပ်သိမ်းကို တတ်စွမ်း နိုင်သော ဘုရားကို ယုံကြည်သူသည် ပူပန်မှု မရှိရချေ။ ရှိလျှင် မယုံကြည် သောကြောင့် ဖြစ်သည်။ ဘုရားကို မယုံကြည်ခြင်းသည် သူ့ကို အထင်သေးခြင်း၊ စော်ကားခြင်း၊ သိက္ခာ ချခြင်း ဖြစ်သည်။ ထို့ကြောင့် ဟေဗြဲဆရာက၊ ယုံကြည်ခြင်း မရှိလျှင် ဘုရား၏ စိတ်တော်နှင့် မတွေ့နိုင် ဟုဆိုရခြင်း ဖြစ်သည် (ဟေ ၄:၁၂)။ 

၂။ ငါ့အဘ၏ အိမ်တော်၌ နေစရာ အခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲ မနေ။ သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ၃ ငါသည် သွား၍ သင်တို့ နေစရာ အရပ်ကို ပြင်ဆင် ပြီးမှ တဖန် လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။ 

သခင်ယေရှု ကသူ၏အဘ အိမ်၌ နေစရာ အခန်းများရှိသည် ဟုဆိုသော်လည်း ယုံကြည်သူများက ထိုအခန်းများကို စွဲလန်းခြင်း လုံးဝ မရှိကြချေ။ ထို့ထက် လူသားများဆောက်သော အိမ်သစ်အိမ်ဟောင်းများ ဝယ်ဘို့၊ ငှါး ဘို့ကိုသာလျှင် စိတ်စွဲလန်း ကြသည်။ သခင်ယေရှုက အိမ်ခန်းများ ပြင်ပြီးလျှင် လာခေါ်မည် ဟုဆိုသော်လည်း ဂရုမစိုက်ကြ။ ထို့ကြောင့် လူသားသည် ကြွ လာသောအခါ ယုံကြည်သူ တွေ့ပါမည်လော ဟုဆိုခဲ့သည် (လု ၁၈:၈)။ 

၄။ ငါသည် အဘယ်အရပ်သို့ သွားသည်ကိုင်း၊ လမ်းခရီးကိုင်း၊ သင်တို့ သိကြ၏ဟု မိန့်တော်မူသည်။ ၅သော မကလည်း၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အ​ကျွန်ုပ်တို့ မသိသည် ဖြစ်၍၊ လမ်းခရီးကို အဘယ်သို့ သိနိုင်ပါမည် နည်းဟု လျှောက်လျှင်၊ ၆ ယေရှုက၊ ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။ 

သခင်ယေရှု ဘယ်အရပ်သို့ သွားသည်ကို မသိသောကြောင့် လမ်းလည်း မသိ ကြောင်းသော မကပြောလိုက်သည်။ ယနေ့ လူသား များစွာသည် လမ်း မသိကြ၊ ဘယ် အရပ်သို့ သွားကြသည် ကိုလည်း မသိ၊ ဂရုမစိုက်ကြချေ။ လူသည် ထာဝရ ကာလသို့နေ့ တိုင်း သွား နေကြသည်။ သို့သော် ကောင်းကင် နိုင်ငံသို့ မသွားဘဲ ငရဲမီးအိုင် ဖက်သို့ သွား နေကြသည်။ ထို့ကြောင့် ယေရှု ကငါသည် ကောင်းကင် သွားသောလမ်းခရီး ဖြစ်သည် ဟုဆိုရခြင်း ဖြစ်သည်။ ယေရှု ကသူသည် သမ္မာတရားလည်း ဖြစ်ကြောင်း ပြောသွားသည်။ သမ္မာတရားသည် ဘုရားနှင့် သူ၏ အကြံအစည်လုပ်ဆောင်မှုများဖြစ်သည်။ သမ္မာတ ရားသည် ထာဝရ မပြောင်းမလဲရှိသည်။ မုသာတရား၏ ဆန့်ကျင်ဘက် ဖြစ်သည်။ သခင်ယေရှု ကသူသည် အသက်လည်း ဖြစ်သည် ဟုဆိုသေးသည်။ ထိုအသက်သည် ခဏသာ တည်သော ကိုယ်ခန္ဓာအသက် မဟုတ်၊ ထာဝရ တည်မည့် ဝိညာဉ် အသက်ဖြစ်သည်။ ခရစ်တော်နှင့် မဆက်လျှင် လူ၏ ဝိညာဉ်သည် အသက် မရှိ၊ ထာဝရ မီးအိုင် ထဲဆင်းသွားရမည် ဖြစ်သည်။ 

၇။ သင်တို့သည် ငါ့ကို သိလျှင် ငါ့ ခမည်းတော်ကို မသိဘဲ မနေရကြ။ ယခုမှစ၍ ခမည်းတော်ကို သိမြင်ကြ၏ဟု မိန့်တော်မူသည်။ ၈ ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အ​ကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ ပြတော်မူလျှင် အ​ကျွန်ုပ်တို့ အလို ပြည့်စုံပါမည်ဟု လျှောက်လျှင်၊ ၉ ယေရှုက၊ ဖိလိပ္ပု ဤမျှကာလ ပတ်လုံးငါသည် သင်တို့နှင့်အတူ ရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အ​ကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ ဆိုရ သနည်း။ 

သခင်ယေရှုက သူ့ကိုယ်မြင်သောသူသည် ခမည်းတော်ကို မြင်ပြီ ဟုဆိုသည်။ သို့ဖြစ်လျှင် တပည့်တော်များကဘာကို မြင်သနည်း။ ယေရှု၏ ကိုယ်ခန္ဓာကို မြင် ကြသည်။ ယေရှု၏ ကိုယ်ခန္ဓာသည် လူသားများ၏ ကိုယ်ခန္ဓာနှင့် တူသည်။ ဘုရားသခင်က၊ ငါတို့ ပုံသ ာန်နှင့် တညီတသ ာန်တည်း လူကို ဖန်ဆင်းကြစို့။ (က ၁:၂၆) ဟုဆိုရာတွင် ဓမ္မပညာရှင်များက ကိုယ်ခန္ဓာကို ဆိုလိုသည် မဟုတ်၊ လူသည် ဘုရားကဲ့သို့ စဉ်းစား တတ်ခြင်း၊ ဆန္ဒရှိခြင်း၊ ခံစား တတ်ခြင်း ဖြစ်သည် ဟုဆို ကြသည်။ သို့သော် သခင်ယေရှု ကငါ့ကို မြင်သောသူသည် ဟုဆိုရာတွင် မျက်စိနှင့် ကိုယ်ခန္ဓာမြင်ခြင်းကို ဆိုလိုသည်။ ယောဟန်ကလည်း၊ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ ရင်ခွင်၌ ရှိသော တပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။ (ယော ၁:၁၈)ဟု ရေးခဲ့သည်။ ထို့ကြောင့် ယေရှုသည် ခမည်းတော်၏ ပုံသ ာန်တော်ကို လူသားများကသိမြင်နိုင်ဘို့ရန် ကြွလာခြင်း ဖြစ်သည်။ ဘုရားသည် လူများနှင့် တူသော်လည်း သူသည် ဘုန်းရှိသောကြောင့် နေအလင်းကဲ့သို့ လူ့မျက်စိနှင့် ကြည့်၍ မရလောက်အောင် တောက်ပ၍ ကြက်သရေရှိသည်။ လူသည် အပြစ်ကြောင့် ကြက်သ ရေမရှိချေ။ 

၁၀။ ငါသည် ခမည်းတော်၌ ရှိသည်ကိုင်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည် ကိုင်း မယုံသလော။ ငါဟောပြောသော စကားကို ကိုယ်အလိုအလျှောက်ငါဟောပြောသည် မဟုတ်။ ငါပြုသော အမှုတို့အား ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ 
 သခင်ယေရှု ကသူသူပြုသော အမှုတို့ အပေါ်၌ သူ့ကို သူဂုဏ်မယူဘဲ ခမည်းတော်ကို ဂုဏ်ပြုသည်။ ​ကျွန်ုပ်တို့လည်း ကိုယ့်ကို ကိုယ်ဂုဏ်မပြုဘဲ ဘုရားသခင်ကို ဂုဏ်ပြု သင့်သည်။ ​ကျွန်ုပ်ကိုယ်တိုင်လည်း ကိုယ့်ကို ကိုယ်ချီမွမ်းမိတတ်သည်။ အလွန်ပင် မှား ယွင်းသော စိတ်ထား ဖြစ်သည်။ 

၁၁။ ငါသည် ခမည်းတော်၌ ရှိသည်ကိုင်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည် ကိုင်း ယုံကြလော့။ ငါ့စကားကို မယုံလျှင်၊ ငါ့အမှုတို့ကို ထောက်၌ ယုံကြလော့။ 

ခရစ်တော်နှင့် တကွ ခမည်းတော်သည် လူသားများ၏ ယုံကြည်ခြင်းကို အလွန် တန်ဘိုး ထားသည်။ လူများ၏ မယုံကြည်ခြင်းသည် သူတို့အတွက် အနာဆုံး ဖြစ်သည်။ လူသည် ဘုရားကို ဘာမျှလက်ဆောင်မပေးနိုင်၊ ဘာမျှမလုပ်ပေးနိုင်သော်လည်း ယုံကြည်လျှင် အလွန် ဝမ်းမြောက်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည် ကြစို့။ ယုံကြည်ခြင်းအားဖြင့် ဘာမျှအရှုံးမရှိပါ။ အမြတ်သာလျှင် ဖြစ်သည်။ လူသည် လူလူချင်းကို အလွယ် တကူယုံတတ်ကြသော်လည်း ဘုရား မူကား မယုံကြည် တတ်ကြခြင်းသည် အလွန် မှား ယွင်းသည်။ 

၁၂။ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ငါပြုသော အမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုတို့ထက် သာ၍ ကြီးသော အမှုတို့ ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွား၍၊ ၁၃ သင်တို့သည် ငါ၏ နာမကို အမှီပြုလျက် ဆု တောင်းသမျှ အတိုင်း ငါပြုမည်။ အကြောင်းမူကား၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်း တည်း။ 

ခရစ်တော်က သူ့ကို ယုံကြည်သူသည် သူပြုသောအမှုများကို ပြုသည်သာမက၊ ထိုအမှုတို့ထက် သာ၍ ကြီးသော အမှုတို့ ကိုလည်း ပြုခွင့်ပေးသည်။ ထိုသို့ ပြုနိုင်ခြင်းသည် သူကိုယ်တိုင် ကပြုမည် ဖြစ်သောကြောင့် ဖြစ်သည်။ ခရစ်တော်သည် သူကိုယ်တိုင် အမှု အားလုံး ကို မလုပ်လိုချေ။ ယုံကြည်သူများအားဖြင့် ပြုလုပ် လိုသည်။ သို့သော် လူသည် စာတန်၏ လှည့်ဖျားသွေးဆောင်မှုကြောင့်၊ ဇာတိအားဖြင့် အသက်ရှင်မှုကြောင့်၊ ခရစ်တော် ပြုသော အမှုတို့ကို ပင် မပြုနိုင်ကြသည် မှာဝမ်းနည်းဘွယ် ဖြစ်သည်။ အချို့သောသူများက စာတန်အားဖြင့် အံ့ဩဘွယ်လုပ်၍ ယေရှု နာမအားဖြင့် ဟုဆိုတတ်ကြပြန်သည်။ ထို့ကြောင့် ကိုယ်တော့နာမအားဖြင့် နတ်ဆိုးတို့ နှင်ထုတ်သည်၊ များစွာသော အံ့ဩဘွယ်အမှုတို့ကို ပြုကြပြီဟု လျှောက်သောအခါ အဓမ္မအမှု အမှုကို ပြုသော သင်တို့ကို ငါအလျှင်း မသိဟု ငါဆိုမည်ဟု ယေရှု ကပြောသွားသည် (မ ရး၂၁-၂၃)။ ထို့ကြောင့် အံ့ဘွယ်အမှု ပြုသောသူတိုင်း ကိုလည်း သတိထားဘို့ လိုသည်။ 

၁၄။ သင်တို့သည် ငါ၏ နာမကို အမှီပြု၍ တစုံတခုသော ဆုကို တောင်းလျှင်၊ တောင်းသည် အတိုင်း ငါပြုမည်။ 

ခရစ်တော် ကသူ့နာမအားဖြင့် ခမည်းတော်ထံ ဆုတောင်း ခိုင်းသည်။ ယခုခေတ်တွင် ယူပီစီများ ကဲ့သို့ ယေရှု နာမဖြင့် ခမည်းတော်ထံ သို့မဟုတ် ပဲ သူ့ထံသို့ ဆုတောင်း တတ်ကြသည်။ ထိုအရာသည် အဓိပ္ပါယ်မရှိပါ။ ခရစ်တော်က ယုံကြည်သူများ၏ ဆု တောင်းသည့်အတိုင်း ပြုလုပ်ဘို့ ကတိတော် ပေးထားသည်။ 

၁၅။ ငါ့ကို ချစ်လျှင် ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကို တောင်း၍၊ ၁၆ ခမည်းတော်သည် သမ္မာတရားကို ပြသော ဝိညာဉ်တော် တည်းဟူသော တပါးသော ဥပဇ ာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ သင်တို့အား ပေးတော်မူမည်။ 

ခရစ်တော်ကို ချစ်ခြင်းသည် သူ၏ ပညတ်တို့ကို စောင့်ရှောက်ခြင်းအားဖြင့် သိနိုင်သည်။ ရီးစားကို ချစ်လျှင် သူတားမြစ်သော အရာများကို အခက်အခဲမရှိဘဲ ရှောင် နိုင်သည်။ ခရစ်တော်က သမ္မာတရားကို ပြသသော ဝိညာဉ်တော်ကို ပေးဘို့ ဂတိပြုထားသည်။ ဝိညာဉ်တော်သည် ယုံကြည်သူများနှင့် အစဉ် မပြတ် နေဘို့လည်း ပြောထားသည်။ သူပြောခဲ့စဉ်ကမပေးသေးချေ။ ယခုတွင် ဝိညာဉ်တော်ကို ယုံကြည်သူတိုင်း ပေးနေပြီ။ သင် မရရှိသေးလျှင် ဆုတောင်းခြင်းဖြင့် လက်ခံပါ။ ဝိညာဉ်တော် ရရှိပြီးလျှင် သမ္မာ တရားသိလာနိုင်လိမ့်မည်။ 


၁ရ။ ထိုဝိညာဉ်တော်ကိုလောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူ တည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့ သိရကြ၏။

သန့်ရှင်းသော ဝိညာဉ်တော်ကိုလောကီသားများက မသိသောကြောင့် လက် မခံကြ ဟုဆိုသည်။ ဝိညာဉ်တော်သည် ဘုရား ဖြစ်သည်။ ဘုရား မရှိသည်ထက် ဘုရားရှိခြင်းသည် ဖေါ်ပြ၍ မရနိုင်လောက်အောင် ကွာခြားသည်။ ဝိညာဉ်တော် မရလျှင် ထာ ဝရအသက်လည်း မရှိသောကြောင့် သေလျှင် ကောင်းကင် နိုင်ငံမသွားဘဲ ငရဲနိုင်ငံသို့ ဆင်းသွားရမည် ဖြစ်သည်။ လူ၌ လောကီရွှေငွေ၊ ပညာ၊ ခင်ပွန်း၊ မိဘ၊ သားသမီး၊ များမရှိသည်ထက် သန့်ရှင်းသောဝိညာဉ်တော် မရှိခြင်းသည် ဆုံးရှုံးမှု အကြီး ဆုံး ဖြစ်သည်။ 

၁၈။ ငါသည် သင်တို့ကို မိဘမဲ့ ဖြစ်စေခြင်းငှါ စွန့်ပစ်မည် မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။ 

တပည့်တော် များသည် ယေရှုနှင့် သွား လာသောအခါ အလွန် လုံခြုံ၍ ဝမ်းမြောက်ငြိမ် ကြသည်။ သူတို့ သခင်ကထွက်ခွာသွားသောအခါ သူတို့ အလွန် ဝမ်းနည်းသည်၊ ငြိမ်သက်မှုလည်း မရှိတော့ချေ။ ထို့ကြောင့် သခင် သူတို့ကို မိဘမဲ့ကဲ့သို့ မစွန့်ဟု ဂတိပြုနေခြင်း ဖြစ်သည်။ သူသည် ကိုယ်ခန္ဓာအားဖြင့် မဟုတ်တော့ဘဲ ဝိညာဉ်အားဖြင့် သူတို့နှင့်အတူ ရှိဘို့ ပြောနေခြင်း ဖြစ်သည်။ 

၁၉။ ခဏကြာပြီးမှလောကီသားတို့သည် ငါ့ကို မမြင်ရကြ။ သင်တို့ မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။ 
 

ခဏကြာပြီးမှဟူသောအရာသည် သူသေသည့်အချိန်ကို ပြောခြင်း ဖြစ်သည်။ ရှင်ပြန်ထမြောက်သောအခါ သခင်ယေရှုသည်လောကီသားများထံကိုယ် မထင်ရှား တော့ဘဲ ယုံကြည်သူများထံ၌ သာလျှင် ကိုယ်ထင်ရှားတော့သည်။ သူသည် အသက်ရှင်သောကြောင့် သူတို့လည်း အသက်ရှင်မည့် အကြောင်း ဂတိပေးထားသည်။ 

၂၀။ ငါသည် ခမည်းတော်၌ ရှိသည်ကိုင်း၊ သင်တို့သည် ငါ၌ ရှိသည်ကိုင်း၊ ငါသည် သင်တို့၌ ရှိသည်ကိုင်း၊ ထိုနေ့၌ သင်တို့သည် သိရကြလိမ့်မည်။ 

ထိုနေ့၌ ဟူသောအရာသည် တမန်တော်များအတွက်၊ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်၍ သူတို့၌ ရှိသော ပင်တေကုတ္တေနေ့ကို ဆိုလိုခြင်း ဖြစ်မည်။ ကျွန်ုပ်တို့အတွက် မူ ကယ်တင်ခြင်း သတင်းကောင်းကို ယုံကြည် လက်ခံသောနေ့ ဖြစ်သည် (ဧ ၁ ; ၁၃)။ 

၂၁။ ငါပညတ်တို့ကို ရ၍ စောင့်ရှောက်သောသူသည် ငါ့ကို ချစ်သောသူ ဖြစ်၏။ ငါ့ကို ချစ်သောသူကို ငါ့ ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကို ချစ်၍ သူ့အား ကိုယ်တိုင် ထင်ရှားမည်ဟု မိန့်တော်မူ၏။ 

ခရစ်တော်ကို ချစ်ခြင်းသည် သူ၏ ပညတ်တို့ကို စောင့်ရှောက်ခြင်းအားဖြင့် ထင်ရှားသည်။ သူ့ကို ချစ်သည် ဟုဆိုသော်လည်း သူ၏ ပညတ်တို့ကို မစောင့်ရှောက်လျှင် ပါးစပ်ချစ်ခြင်း သာလျှင် ဖြစ်သည်။ ခရစ်တော်ကို ချစ်သောသူကို ခမည်းတော်ကလည်း ချစ်သည် ဟုဆိုသည်။ မည်မျှလိုချင်စရာ ကောင်းသနည်း။ လူ၏ ချစ်ခြင်းကို ပင်ဂုဏ်ယူ တတ်ကြသည်။ အထူးသဖြင့် အရေးကြီးသောသူများ၏ ချစ်ခြင်းကို လိုချင် ကြသည်။ ထို့ထက်သာမက ဘုရား၏ ချစ်ခြင်းသည် အလွန် ဂုဏ်ယူ ဘွယ်ရာကောင်းသည်။ သခင်ယေရှုက သူ့ကို ချစ်သောသူထံ၌ ကိုယ်တိုင် ထင်ရှားဘို့ ပြောထားသည်။ မည်ကဲ့သို့ ထင်ရှားမည်နည်း။ ဝိညာဉ်အားဖြင့်၊ စိတ်ငြိမ်သက် ခြင်းအားဖြင့်၊ နည်းမျိုးစုံနှင့် ထင်ရှားမည် ဖြစ်သည်။ 

၂၂။ ယုဒရှကာ ုတ် မဟုတ်၊ အခြားသော ယုဒက၊ သခင်၊ ကိုယ်တော်သည်လောကီသားတို့အား မထင်မရှားဘဲ အ​ကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူ မည်နည်းဟု မေးလျှောက်၏။ 

ယုဒကသခင်ယေရှုသည်လောကီသားများထံ မထင်ရှားဘဲ တပည့်တော်များထံသာထင်ရှားမည်နည်းဟု မေးခြင်းသည် ယုံကြည်သူတိုင်း သိချင် ကြလိမ့်မည်။ အဘယ်ကြောင့်လောကီသားများထံ မထင်ရှားသနည်းဟူမူကား၊ သူတို့ ကယေရှုကို မယုံ ကြည်၊ တန်ဘိုး မထားသောကြောင့် ထင်ရှားနေလျှင်လည်း အကျိုးမရှိ၊ သူ၏ အပြစ်ကိုသာလျှင် ရှာနေမည် ဖြစ်သည်။ သူသည်လောကီသားများကို ကျန်းမာစေပြီး နိမိတ်လက္ခ ဏာများကို ပြနေသော်လည်း နားမလည် နိုင်၊ အပြစ် သာမြင် ကြသည်။ ထို့ကြောင့် ယုံ ကြည် သူများ ထံ၌ သာထင်ရှားခြင်း ဖြစ်သည်။ 

၂၃။ ယေရှုကလည်း၊ ငါ့ကို ချစ်သောသူသည် ငါ့စကားကို နားထောင် လိမ့်မည်။ ငါ့ခ မည်းတော်သည် ထိုသူကို ချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ ကွ၍ နေရာ ချမည်။ 

အငယ် ၂၁၌ ပြောခဲ့ သကဲ့သို့ ငါ့ကို ချစ်သောသူသည် ငါ့စကားကို နားထောင် လိမ့်မည် ဟုဆိုပြန်သည်။ သူ့ကို ချစ်သောသူထံ၌ ခမည်းတော်နှင့်အတူ ရှိမည် ဟုဆိုသည်။ ​ကျွန်ုပ်တို့၏ အသက်တာ၌ ဘုရားရှိလျှင် ငြိမ်သက်မှု၊ ကျေနပ် မှု၊ ဝမ်းမြောက်မှု၊ မျှော်လင့်ချက်များရှိမည် ဖြစ်သည်။ အဘယ်အရာမျှ စိုးရိမ်ခြင်းရှိမည် မဟုတ်။ 

၂၄။ ငါ့ကို မချစ်သောသူသည် ငါ့စကားကို နားမထောင်။ သင်တို့ ကြားသော စကားသည် ငါ့စကား မဟုတ်။ ငါ့ကို စေလွှတ််တော်မူသော ခမည်းတော်၏ စကားတော် ဖြစ်၏။ ၂၅ ငါသည် သင်တို့နှင့်အတူ ရှိစဉ်တွင် ဤစကားကို ပြောခဲ့ပြီ။ 

သခင်ယေရှုက သူ့ကို မချစ်လျှင် သူ့စကားကို နားထောင်မည် မဟုတ် ဟုဆိုခဲ့သည်။ ယနေ့ ခရစ်ယာန် အများစု အဘယ်ကြောင့် ခရစ်တော်၏ စကားကို နားမထောင် ကြသနည်း။ သူ့ကို မချစ်သောကြောင့် ဖြစ်သည်။ ကိုယ့်ချစ်သူ၏ စကား နားထောင် ဘို့သည် လုံးဝ မခက်ချေ။ မချစ်သောသူ၏ စကားကိုမူ လုံးဝ နားမထောင်နိုင်ချေ။ ချစ်ခြင်းသည် မိဿဟာရဖွဲ့ခြင်းအားဖြင့် ဖြစ်သည်။ ခလေးများကမိဘများကို ချစ်ခြင်းသည် သွေး သားတော် စပ်ခြင်းထက် အမြဲအတူ နေခြင်းကြောင့် ဖြစ်သည်။ သွေးသားတော် စပ်သော်လည်း အတူ မနေလျှင် မချစ်နိုင်ချေ။ ထို့ကြောင့် ခရစ်တော် ချစ်ဘို့ရန် နှုတ်ကပတ်တော်များများ ဖတ်ရမည်၊ လက်တွေ့ကျင့်သုံးရမည်။ 

၂၆။ ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ ာယ်ဆရာ တည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာ တို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသော ဥာဏ်ကို သင်တို့အား ပေးတော်မူမည်။ 

သခင်ယေရှုက သူ့တပည့်များကို သန့်ရှင်းသောဝိညာဉ်တော် ပေးမည့် အကြောင်း၊ သူမရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်က ခပ်သိမ်းသောအရာ တို့ကို ပြသသွန်သင်ပေးမည့် အကြောင်း ပြောသွားသည်။ တပည့်တော်များအနေဖြင့် သခင်ယေရှုနှင့်အတူ နေခြင်းကို ပို၍ လိုချင်မည် ဖြစ်သော်လည်း၊ ယုံကြည်သူများအတွက် မူသခင် ယေရှုနှင့်အတူ နေခွင့်မရသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်က သွန်သင်ခြင်းသည် ပို၍ ကောင်းသည်။ သန့်ရှင်းသော သိညာဉ်တော် ကသွန်သင်လျှင် သမ္မာတရားကို သိရှိ နားလည်၍ မှတ်မိနိုင်သော ဥာဏ်လည်း ပေးသည်။ တရားဟောသင်တန်းပေး နေစဉ်မှာပင်လျှင် နားလည်သော အခွင့်ပေးတတ်သည်။ 

၂ရ။ ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည် မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။ 

ဤလောကသည် ရန်သူ စာတန် နယ်မြေ ဖြစ်သောကြောင့် ကြောက်လန့်စရာ များသည်။ အလိုလိုနေရင်းဖြင့် ပင်ကြောက်လန့်နိုင်သည်။ သို့သော် သခင်ယေရှုကလောကီသားတို့ ပေးသော ငြိမ်သက်ခြင်း မျိုး မဟုတ်သောသူ၏ ငြိမ်သက်ခြင်းကို ပေးဘို့ ပြောထားသည်။ သခင်ယေရှုကို ယုံကြည် အားကိုးလျှင် ထိုငြိမ်သက်ခြင်းကြောင့် အ ဘယ်အမှု အရာကိုမျှ စိုးရိမ်ခြင်းရှိမည် မဟုတ်ချေ။ 

၂၈။ ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသော စကားကို သင်တို့ ကြားရကြပြီ။ သင်တို့သည် ငါ့ကို ချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက် ကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ ခမည်းတော်သည် ငါ့ထက် သာ၍ကြီး မြတ်တော်မူ၏။ 

သခင်ယေရှုက တပည့်တော်များကို ထားခဲ့သော်လည်း ဝိညာဉ်တော်အားဖြင့် လာဦးမည် ဟုဆိုခဲ့သည်။ သူ့ကို ချစ်လျှင် ခမည်းတော်ထံသို့ သူသွားခြင်း ကိုလည်း ဝမ်းမြောက်မည် ဟုဆိုသည်။ အကြောင်းမှာ ခမည်းတော်သည် သူ့ထက် သာ၍ကြီး မြတ်သည် ဟုဆိုခြင်း များသည် ဘာကို ဆိုလိုသနည်း။ သူနှင့် နေလျှင် တပည့်တော် များသည် လိုလေသေးမရှိ၊ ဘာမျှ စိုးရိမ်စရာ မရှိ။ အကြောင်းမှာ သူက အစစအရာရာကို ကာကွယ်စောင့်ရှောက်ပေးသောကြောင့် ဖြစ်သည်။ သူထက် ခမည်းတော်သည် သာ၍ကြီး သောကြောင့် ခမည်းတော်၏ စောင့်ရှောက်ခြင်းသည် ပို၍ လိုချင်၍ ဝမ်းမြောက်စရာ ဖြစ်သည်။ 

၂၉။ ထိုအမှု အရာရောက်သောအခါ သင်တို့သည် ယုံကြည် စေခြင်းငှါ၊ မရောက်မှီ ယခု ပင်သင်တို့အား ငါပြောနှင့်ပြီ။ 

သခင်ယေရှုသည် ဘုရား ဖြစ်ကြောင်းကို အမှုအရာ များမရောက်မှီ ကြိုတင် ပြောပြနိုင်ခြင်းဖြင့် ထင်ရှားစေသည်။ စာတန်လည်း အတော် အတန်ကို ကြိုတင် ပြော နိုင်သော်လည်း အားလုံး မမှန်တတ်ချေ။ ဘုရားသည် ကြိုတင် ပြောသမျှ မှန်ကန်သည်။ ထို့အပြင် ကြိုတင် ပြောပြခြင်းအားဖြင့် အမှု ကြုံ လာသောအခါ ယုံမှားခြင်းကို ကင်းစေသည်။ 

၃၀။ ယခုမှစ၍ ငါသည် သင်တို့နှင့် များစွာ မပြောရ။ အကြောင်းမူကား ဤလောကကို အစိုးရသော မင်းသည် လာဆဲ ဖြစ်၏။ လာသော်လည်း ငါ၌ အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။ 

ဤလောက မင်းသည် စာတန်ကို ဆိုလိုသည်။ ဤလောကသည် ဘုရားကဖန် ဆင်းသော်လည်း ယခု စာတန် ကပိုင်ထားသည်။ ဘုရားက ဤလောကကို အာဒံအား အပ်နှံခဲ့သော်လည်း အာဒံက စာတန်၏ စကားကို နားထောင်ခြင်းဖြင့် စာတန် ထံ၌ အပ် နှံလိုက်သည် (လု ၄:၅)။ ထို့ကြောင့် သခင်ယေရှုက ဤလောကသည် စာတန် ကအုပ်စိုးကြောင်း ဝန်ခံသည်။ ထို့ကြောင့် စာတန် အပိုင် ဖြစ်သော ဤလောကကို သခင်ယေရှုက မပိုင်လိုခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ကြွလာမှသာလျှင်စာတန်ကို ထောင်ချ၍ ဤလောကကို အုပ်စိုးဦးမည် ဖြစ်သည်။ ထို့ကြောင့် ထိုအချိန် မတိုင်မမှီ ဤလောကကို မတပ် မက်သင့်ချေ။ ခရစ်တော်က ဤလောကကို မပိုင်သောကြောင့် စာတန်က သူ့ကို မည်သို့ မျှခိုင်း၍ မရချေ။ ဤလောကကိုများများ ပိုင်လေလေ စာတန်က သူကြိုက်နှစ်သက်သ လိုခိုင်းစား၍ ရသည်။ 

၃၁။ ငါသည် ခမည်းတော်ကို ချစ်သည်ကိုင်း၊ ခမည်းတော် မှာတော်မူသည် အတိုင်း ငါပြုသည်ကိုင်းလောကီသားတို့ သိမည်အကြောင်း တည်း။ ဤအရပ်မှထ၍ သွားကြ ကုန်အံ့။ 

သခင်ယေရှုခရစ် ကသူသည် ခမည်းတော်ကို ချစ်တော်မူကြောင်းကို ဖေါ်ပြသည်။ ထိုသို့ ချစ်သည်ကိုလောကီသားတို့ သိမည့် အကြောင်း ဟုဆိုသည်။ သားတော်က ခမည်းတော်ကို ထိုသို့ ချစ် သကဲ့သို့ ​ကျွန်ုပ် ယုံကြည်သူများကလည်း ခမည်းတော်ကို ချစ်ဘို့ လိုအပ်သည်။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ဘို့လည်း ပညတ်တော် ဖြစ်သည် ( တရားဟော ၆:၅၊ မ၂၂:၃ရ)။ သားတော်ကို ချစ်ဘို့လည်း အထက်၌ ပြောထားသည်။ ဘုရားသခင်၏ အိမ်တော်သား များသည် ချစ်ခြင်းမေတ္တာအားဖြင့် ပေါင်းစည်းဘို့ ဖြစ်သည်။ သားတော်သည် ခမည်းတော်ကို ချစ်ခြင်း အကြောင်း ကား ခမည်းတော်၏ အလိုတော်ကို တသဝေမတိမ်းလိုက်ခြင်းအားဖြင့် ဖေါ်ပြသည်။ 


 အသင်းတော် 


ယခုနောက်ဆုံးသော ကာလတွင် အသင်းတော် မလိုကြောင်း၊ အသင်းတော်ကို တိုက်ခိုက်သောသူများ ပြားလာသည်။ ထိုသို့ တိုက်ရခြင်းသည် အကြောင်း အမျိုး မျိုးရှိပါလိမ့်မည်။ များစွာသော အသင်းတော် များသည် အသင်းတော် ဟုဆိုသော်လည်း၊ ခရစ်တော် ဆိုလိုသော အသင်းတော်များမဟုတ်၊ လူမျိုး၊ စကားနှင့် ယဉ်ကျေးမှု ထိမ်း သိမ်းသော အဖွဲ့စည်းများသာ ဖြစ်ကြသည်။ အချို့သော အသင်းတော် များသည် လူမှု ကိစ္စများ ဆောင်ရွက်သော လူမှု အဖွဲ့အစည်းများသာလျှင် ဖြစ်သည်။ ခရစ်တော်၏ ကယ် တင်ခြင်း သမ္မာတရားကို မဟော မပြောသော အသင်းတော်များဖြစ်သည်။ ထိုကဲ့သို့သော အသင်းတော် များသည် မရှိသင့်ချေ။ 

ခရစ်တော်၏ ကိုယ်

အသင်းတော်သည် သခင်ယေရှု ကစတင်သောအရာ ဖြစ်သည်။ သူကပေတရုထံ၊ ဤကြောက်ပေါ်၌ ငါ့အသင်းကို ငါတည်ဆောက်မည် ဟုဆိုခဲ့သည် (မ ၁၆:၁၈)။ ထို့ကြောင့် အသင်းတော် ပိုင်ရှင်သည် ခရစ်တော် ဖြစ်၍ သူကိုယ်တိုင် တည်ဆောက်မည် ဖြစ်သည်။ ထိုအသင်းတော်သည် ခရစ်တော်၏ ကိုယ်ဖြစ်သည် (၁ ကော ၁၂:၂ရ၊ ဧ ၄:၁၁-၁၃)။ ခရစ်တော်က အသင်းတော်ကို ချစ်သောကြောင့် အသင်းတော် အတွက် မိမိကိုယ်ကို ဆက်ကပ်ခဲ့သည် (ဧ ၅:၂၅-၂ရ)။ ရှောလုက အသင်းတော်ကို ညှင်းဆဲသောအခါ ခရစ်တော်က၊ အဘယ်ကြောင့်ငါ့ကို ညှင်းဆဲသနည်း ဟုဆိုခဲ့သည် (တ ၉:၄)။ ထို့ကြောင့် အသင်းတော်ကို တိုက်ခိုက်ခြင်းသည် ခရစ်တော်ကို တိုက်ခိုက်ခြင်း ဖြစ်သည်။ အသင်းတော်ကို ပုတ်ခတ်ခြင်းသည် ခရစ်တော်ကို ပုတ်ခတ်ခြင်း ဖြစ်သည်။ သခင်ယေရှု ကပေါလုထံ၊ ဒုတ်ခဋ္ဌန်ကို ​ခြေနှင့် ကျောက်လျှင် ခက်လှသည်၊ ဟုဆိုခဲ့သည် (တ ၂၆ ; ၁၄)။ ထို့ကြောင့် သင်သည် စစ်မှန်သော အသင်းတော်ကို တိုက်ခိုက်လျှင် ခရစ်တော်ကို တိုက်ခိုက် သောကြောင့် ဒုတ်ချွန်ကို ကန်ကျောက်သောသူ ဖြစ်မည်။ 

အသင်းတော်၏ အလုပ်

ခရစ်တော်က၊ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ၊ (မ ၁၆ ; ၁၈) ဟုဆိုသည်။ ဆိုလိုသည်မှာ အသင်းတော်သည် မရဏာနိုင်ငံ တည်းဟူသော အပြစ်ငရဲတံခါးကို ပိတ်ဘို့ရန် ဖြစ်သည်။ မည်ကဲ့သို့ ပိတ်မည်နည်း။ ခရစ်တော်၏ ကယ်တင်ခြင်း သတင်းကောင်းကို ကြားပြောခြင်းအားဖြင့် ပိတ်နိုင်သည်။ များစွာသော အသင်းတော် များသည် ကယ်တင်ခြင်းကို မဟောပြောဘဲလောက၌ မည်ကဲ့သို့ တိုးတက်မည်ကိုသာ ဟောပြောခြင်းဖြင့် ငရဲတံခါးကို ကျယ်သထက် ကျယ်အောင့်ချ​ဲ့ နေကြသည်။ သင်၏ အသင်းတော်သည် ငရဲတံခါးကို လူများအတွက် ပိတ်ပေးပါသလော။ မပိတ်ဘဲ ချ​ဲ့နေလျှင် ထိုအသင်းတော်၌ မပါဝင်သင့်ချေ။ အသင်းတော်သည် ငရဲတံခါးပိတ်သည် သာမ ကကောင်းကင် တံခါးဖွင့်ပေးမည့်သူ ဖြစ်သည်။ ခရစ်တော်က၊ ကောင်းကင် နိုင်ငံတော်၏သော့တို့ ကိုလည်း သင့်အား ငါပေးမည်။ သင်သည် မြေကြီးပေါ်မှ ာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျှက်ရှိလိမ့်မည်။ မြေကြီးပေါ်မှ ာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ​ဖြေလွှတ်လျက် ရှိလိမ့်မည် (မ ၁၆:၁၈)ဟု မိတ်တော်မူ၏။ ခရစ်တော် ကပေတရုထံကောင်းကင် တံခါးသော့ပေးထားသည်။ ပေတရုသည် ကျောက် တုံးကလေး ဖြစ်သည်။ ပေတရုက ယုံကြည်သူများထံ၊ လူတို့ ပယ်ထား၍ ဘုရားသခင် ရွေးချယ်တော်မူသော အသက် ကျောက်မြတ် တည်းဟူသော ထိုသခင်ထံသို့ သင်တို့သည် ရောက်၍၊ အသက် ကျောက်များ ကဲ့သို့ အဆင့်ဆင့်အထပ်ထပ်တည်ဆောက်လျက် ရှိသဖြင့် ဓမ္မတိုက် ဖြစ်ကြ၏။ (၁ ပေ ၂:၄-၅)ဟု ရေးခဲ့ရာ၊ ယုံကြည်သူများသည် အသက် ကျောက် (ပေတရု) များဖြစ် ကြသည်။ ထို့ကြောင့် ယုံကြည်သူတိုင်း ကောင်းကင်တံခါးသော့ကို ခရစ်တော် ကပေးထားသည်။ ထိုတံခါးသော့သည်၊ ငရဲတံခါးကို ပိတ်သော ကယ်တင်ခြင်း သမ္မာတရား ဖြစ်သည်။ ယုံကြည်သူများက ကယ်တင်ခြင်း သတင်း စကားပြောသောအခါ ငရဲတံခါးပိတ်၍ ကောင်းကင် တံခါးသော့ဖွင့်ပေးခြင်း ဖြစ်သည်။ ထိုလုပ်ငန်းကို မလုပ်သော အသင်းတော်သည် အသေ ဖြစ်၍ အကျိုးမရှိချေ။ 

ငရဲတံခါးချဲ့သော အသင်းတော် 

ခရစ်တော်က အသင်းတော်သည် ငရဲတံခါးပိတ်ပြီး ကောင်းကင် တံခါးဖွင့်ပေးဘို့သော့ပေးထားသော်လည်း ယနေ့ အသင်းတော် အများစုသည် ငရဲတံခါးချ​ဲ့ပြီး ကောင်းကင်တံခါးပိတ်သော အသင်းတော်များဖြစ် နေကြသည်။ မည်ကဲ့သို့ ငရဲတံခါးချ​ဲ့ နေကြသနည်း။ ဤလောကကို ချစ်အောင် စွဲလန်းအောင် သင်ပေး နေကြသည်။ ဘုရားသခင်သည် ချမ်းသာ စေသည်၊ ကောင်းကြီး ပေးမည်၊ ဘုရား သားသည် မဆင်းရဲ ရဟု သင်ပေးခြင်းဖြင့် ဤလောကကို ချစ်ပြီးသောသူကို ပို၍ ချစ်ဘို့ တွန်း အားပေးလိုက်သည်။ ဤလော ကသည် စာတန် ဥစ္စာ ဖြစ်သည်။ ဤလောကကိုများများ ပိုင်လျှင် စာတန်ကို ကိုးကွယ် ရာကျသည် (လု ၄:၅ -ရ)။ ဤလောကအရာများကို လိုက်ခြင်း၊ ပိုင်ခြင်းဖြင့် ဘုရားသခင် ပေးသော ကယ်တင်ခြင်းကိုဟုတ်တိပတ်တိ မသိ၊ ဂရုမစိုက်သောကြောင့် သေလျှင် ငရဲ သွားကြမည် ဖြစ်သည်။ ထိုသို့သောအားဖြင့် ကောင်းကြီးရရှိဘို့ကိုသာ အဓိကထားသော အသင်းတော်၊ တရားဟောဆရာများသည် ငရဲတံခါးကို ချ​ဲ့ နေကြသည်။ ကောင်းကင် တံခါးကိုလည်း ပိတ် ကြသည်။ ထို့ကြောင့် သခင်ယေရှုက၊ လျှို့ ဝှက်သော ကျမ်းပြု ဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္လာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင် နိုင်ငံတော်၏ တံခါးကို လူတို့ ရှေ့မှာ ပိတ်ထား၍ မိမိတို့လည်း မဝင်၊ ဝင်လိုသော သူတို့ ကိုလည်း ဆီးတားကြ၏။ (မ ၂၃:၁၃) ဟုဆိုခဲ့ဘူးသည်။ ဖာရိရှဲများ ကဲ့သို့ ယနေ့ အမှုတော်ဆောင် များစွာတို့သည် ကောင်းကင် တံခါးကို ပိတ် နေကြသည်။ 
 

ဧမာနွေလသတင်းကောင်း နှစ်ခြင်း အသင်းတော် ဖွင့်ပွဲ


 ဘုရားသခင်၏ လမ်းညွှန်မှုဖြင့် အောက်တိုဘာလ ၁၄ တနင်္နွေနေ့၌ Minnesota ပြည်နယ် Austin  မြို့တွင်၊ ဧမာနွေလသတင်းကောင်း နှစ်ခြင်း အသင်းတော်ကို စတင် ထူထောင်ရပ်တည်လိုက်ပြီ ဖြစ်သည်။ အသင်းတော် ဖွင့်ပွဲ၌ သာသနာ ပြုဒါရိုက်တာ ဆရာမောဇက်ထောင်ကျုံး၊ ှအ၏ ဏကေူ သတင်းကောင်း နှစ်ခြင်း အသင်းတော် ဆရာ ဗန်ထာနှင့် အသင်းသား၂၆ ဦး၊ စိန်ပေါကရင်သတင်းကောင်း နှစ်ခြင်း အသင်းတော် ဆရာစောလုနှင့် အသင်းသား၁၂ ဦး၊ အိမ်ရှင် အသင်းသား၅၂ ဦးအပါအဝင််စုစု ပေါင်း၁၀၀ ခန့်တက်ရောက်ပါဝင်ကြပါသည်။ ထိုအသင်းတော်ကို ွမခေန ​ြစေအငျအ ဃ့ကမခ့ အသင်းတော်က သူတို့၏ အဆောက်အဦးကို အခမည့် အသုံးပြုခွင့် ပြုပါသည်။ ထိုအသင်းတော်သည် သတင်းကောင်း နှစ်ခြင်း အသင်းတော် သာသနာ ပြုဌါန ဦးဆောင်ခြင်းဖြင့် တည်ထောင်သော အသင်းတော် ၁၀ ပါးမြောက် ဖြစ်ပါသည်။ အိမ်ရှင်အသင်း အုပ်ဆရာီ​ေည ကတိုက်တွန်း အားပေး စကား ပြောသွားပါသည်။ အသင်းတော် ဒုတိယ ဥက္ကဌ ဦးထန်ပေါလ်က အသင်းတော် စတင်ပုံသမိုင်းကို ပြောသွားပါသည်။ အသင်းတော် သုံးပါးမှ သီချင်းတစ်ပုဒ်စီသီဆိုသွားကြပြီး အိမ်ရှင်အမျိုးသမီးများကလည်း သီ ချင်းတစ်ပုဒ်ဖြင့် ကျေးဇူးတော် ချီးမွမ်းကြပါသည်။ ှအ၏ ဏကေူ ွ​ြဃ မှအသက် အကြီး ဆုံး အန္တီမေသိန်းက ၂၀၁ရ ခုနှစ်တွင် ွ​ြဃ ဆရာ၊ ဆရာမများ၏ သွန်သင်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်သွားကြောင်း၊ ကယ်တင်ခြင်းသို့ ရောက်ပြီး နောက် ငါးမျှား ဝါသနာများကိုလည်း စွန့်လွှတ်ပြီး၊ သူတပါးကို ကယ်တင်ခြင်း အကြောင်း များကိုသာ ပြောပြလိုကြောင်း၊ ကျမ်းစာ ကိုလည်း ဖတ်ချင်၍ သင်တန်းများလည်း အလွန် တက်ချင် ကြောင်း၊ ယုံကြည်သူတိုင်း သူတပါးထံ သက်သေခံကြဘို့ တိုက်တွန်းသွားပါသည်။ ဆရာမောဇက်ထောင်ကျုံးက အသင်းတော်နှင့် ဆိုင်သော ဒေသနာဝေငှသွားပါသည်။ အစီအစဉ်အပြီး၌ အသင်းတော်မှ မုန့်ဟင်းခါးနှင့် အုန်းနို့ခေါက်ဆွဲဖြင့် လာရောက်ပါဝင်သောသူများကို အဝကျွေးမွေးကာ မိမိတို့ မြို့အသီးသီးသို့ ပြန်သွားကြပါသည်။ သာသ နာပြုဌါနရံပုံငွေကို တစ်ဦးချင်းလစဉ် ၁၀ ဒေါ်လာမှစ၍ မိမိတတ်နိုင်သလောက်လစဉ်ပုံ မှန်ထည့်ဝင်နိုင်ပါသည်။ သာသနာ ပြုဘ ာထိန်းဦး ွနသမါန ုတေူ ူင​ေည ံာကညါ ဖုန်း နံပါတ် ၃၀၁-၃၀၀-၈၂၉၃ထံ ဘဏ်အကောင့်နံပါတ်ကို တောင်း၍ ပါဝင်နိုင်ကြောင်း သတင်းကောင်းပါးလိုပါသည်။ 

 

 


အမှုတော်ဆောင်သင်တန်း


 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် သာသနာ ပြုအမှုတော်ဆောင်များ၏ ပုံမှန်ကျမ်းစာ သင်တန်းကို စက်တင်ဘာလ ၂၅-၂ရ ရက်နေ့များ အတွင်း အောင်မြင်စွာ ပြုလုပ် နိုင်ခဲ့ပါသည်။ သင်တန်း၌ စုစုပေါင်း၂၅ယောက်တက်ရောက်နိုင်ကြပါသည်။ အမှုတော်ဆောင်တိုင်း ကမိမိတို့ ခံစားချက်၊ အမှုတော်ဆောင်ခြင်း၏ အတွေ့အကြုံများကို သက်သေခံဝေငှကြပြီး ဆုတောင်း ပေးကြပါသည်။ ယခုအခါ သတင်းကောင်း နှစ်ခြင်း အသင်းတော် သာသနာ ပြုဌါနမှ စတင်ခဲ့သော သာသနာ ပြု အသင်းတော် ၁၀ ပါး၊ အသင်းတော် အဖြစ်မစတင် သေးသော သာသနာ နယ် ၂ နေရာရှိပါသည်။ ထိရောက်စွာ ပျောက်ဆုံးဝိညာဉ် များဖမ်း၍ သာသနာ ပြုလို သူများ ဆရာမောဇက်ထံဆက်သွယ်နိုင် ပါသည်။ သာသနာ ပြုမည့်သူ များသည် ကိုယ်တိုင် ကယ်တင်ခြင်း ကောင်းစွာ လက်ခံ ဘောပေါက် သူများ ဖြစ်ဘို့ လိုပါသည်။ 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG