GOODNEWS
  HOME  GOODNEWS  2018 MAR
 


 

အမှာစာ

 ချီဆောင်ခြင်း နေ့ရက်နီးလာသည်နှင့်အမျှ ယုံကြည်သူများသည် စိတ်လှုပ်ရှား ကာ ပြင်ဆင် မှုများလုပ်သင့်သည်။ သို့သော် ယနေ့ ယုံကြည်သူ အများစုသည် သခင်ဘု ရားကြွလာမည့် အရာကို မမျှော်သည်သာမက၊ ထိုကြောင်းကို ပြောသောအခါ ကြောက် ကြ၊ စိတ်ဆိုးကြ၊ နားညီး ကြသည်။ အကြောင်းမှာ သခင်ဘုရားကြွလာမည့် အရာကို မလိုချင် ကြသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် မလိုချင် ကြသနည်းဟူမူကား ဤလောကိုချစ်သောကြောင့် ဖြစ်သည်။ “လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။” ဆိုသည် (၁ ယော ၂:၁၅)။ တဖန်၊ “နောက်ဆုံးသော ကာလ၌ ပြက် ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့ တပ်မက်ခြင်း အတိုိင်းကျင့်နေ၍၊ ၄ သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည် နောက်၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲ ဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။” (၂ ပေ ၃:၃-၄)။ သင်သည် ထိုသို့ သောသူ ဖြစ်နေပါသလား။ သခင်ဘုရားကြွလာခြင်းကို မနှစ်သက်သောသူသည် သခင်ဘုရား၏ ရန်သူ ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများအနေဖြင့် ယခုအချိန်တွင် စိီးပွါးရေးမလုပ်သင့်တော့ချေ။ လောဘကြီး၍ အချိန် ပိုအလုပ်မလုပ်သင့်တော့ချေ။ နေနိုင်ရုံ၊ စားနိုင်ရုံလောက်သာလုပ်သင့်သည်။အချိန် ရှိသမျှ ဝိညာဉ်ရေးရာ၌ အသုံးပြု သင့်သည်။ လင်မယားလည်းရန်မ ဖြစ်သင့်တော့ချေ။ ရန်ဖြစ်နိုင် မည့် အရာများကို ရှောင်ရှားသင့်သည်။ မိသားစုအလိုက်ဘုရားဝတ်၌ မွေ့လျော်သင့်သည်။ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ တရားနာခြင်း၊ သက်သေခံခြင်းများသာ လုပ်သင့်သည်။ 

ယခုလစာစောင်တွင်...

  • ရှင်ဘုရင်ကို သတ်ကြသည် 
  • ရှင်ပြန်ထမြောက် ပြီ
  • အဘယ်ကြောင့် ပရောဖက် ပြုချက်လေ့လာဖို့လိုသနည်း
  • ဗိမာန်တော် 
  • ခါနန်ပြည်သည် ထဝရဘုရား မြေ
  • ဆာလံ ၈၃ စစ်ပွဲများ 
  • ကျမ်းစာဖတ်ကြစို့ (ရှင်ယောဟန် ခရစ်ဝင်- ၈) 

 

 


ရှင်ဘုရင်ကို သတ်ကြသည်

 
 ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့သည် သခင်ယေရှု အသတ်ခံရသောနေ့ ဖြစ်သည်။ များစွာသော ခရစ်ယာန်များအတွက် ယေရှု အသေခံတော်မူခြင်းသည် နှစ်တိုင်း ကြားသောကြောင့် ရိုးနေလောက်ပြီ။ ဘာမျှအဓိပ္ပါယ်မရှိ၊ မထူးခြားသောအရာ ဖြစ်ပေမည်။ သို့သော် သခင်ယေရှုသည် ရှင်ဘုရင် ဖြစ်သည်။ သူသည် ရှင်ဘုရင်အဖြစ် မွေးသည်။ ထို့ကြောင့် အရှေ့ပြည် ကပညာရှိများက၊ “ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူ သနည်း။ အရှေ့ပြည်၌ သူ၏ ကြယ်ကို ငါတို့ မြင်ရသည် ဖြစ်၍ ဖူးတွေ့ ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်း ပြောဆို ကြ၏။” (မ ၂:၂)။ ရှေ့တော် ပြေးယော ဟန်က၊ “ထိုကာလ အခါ ဗတ္တံဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင် နိုင်ငံတော်သည် တည်လုနီးပြီ။ ၂ ထိုကြောင့် နောင်တရကြလော့ဟု ယုဒတော၌ ဟောလေ၏။” (မ ၃:၁)။ နိင်ငံတော် တည်ထောင်နိုင်ရန် မှာဘုရင်ရှိရမည်။ ယေရှုက တမန်တော်များကို စေလွှတ်သောအခါ၊ “သင်တို့သည် တပါးအမျိုးသားတို့ ရှိရာသို့ မသွား ကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။ ဣသရေလ အမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွား ကြလော့။ ၇ သွားစဉ်တွင်၊ ကောင်းကင် နိုင်ငံတော် တည်လုနီးပြီဟု သိတင်း ကြားပြောကြလော့။” (မ ၁၀:၅-၆)ဟု မှာကြားခဲ့သည်။ အဘယ်ကြောင့်ကောင်း ကင်နိင်ငံတော်ဟု ခေါ်သနည်းဟူမူကား၊ ယေရှု တည်ထောင်မည့် နိင်ငံတော်သည် ကောင်းကင်နိင်ငံကဲ့သို့ဖြစ်မည့် အကြောင်းကို ဆိုလိုသည်။ ထိုနိင်ငံကို တပါးအမျိုးသားများနှင့် မဟုတ်၊ ဣသရေလ အမျိုးသားများနှင့် သာတည်ထောင်ဘို့ ဖြစ်သည်။ သို့သော် သူ၏ လူမျိုးများက သူ့ကို အလိုမရှိကြ။ ထို့ကြောင့် သူကို သတ်ဘို့ရန် ပိလတ်မင်းထံတ ရားစွဲ ကြသည်။ “မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု မေးလျှင်၊ ယေရှုက၊ မင်းကြီး မေးသည် အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။” (မ ၂ရး၁၁)။ ပိလတ်မင်းက၊ “ပိလတ်မင်းကလည်း သင်တို့၏ ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့ က၊ အ​ကျွန်ုပ်တို့၌ ကဲသာဘုရင်မှတပါး အဘယ်ရှင်ဘုရင်မှမျှရှိပါဟု ပြန်ပြောကြ၏။” (ယော ၁၉ ; ၁၅)။ ထိုသို့ ယုဒလူများသည် သူတို့၏ ရှင်ဘုရင်ကို လက်မခံငြင်းပယ်ကာလက်ဝါးကပ်တိုင်၌ သတ်ဘို့ရန် တောင်းဆို ကြသည်။ အဘယ်ကြောင့် လက်မခံကြသနည်း။ အရှင်းဆုံးမှာ မသိသောကြောင့် ဖြစ်သည်။ သူ၏ အုပ် ချုပ်မှု ကိုလည်း အလိုမရှိကြသောကြောင့် ဖြစ်သည်။ 


ယနေ့ များစွာသော လူများလည်း သခင်ယေရှုကို မိမိတို့၏ ရှင်ဘုရင်အဖြစ် လက်မခံကြပါ။ ပျက်ရယ်ပြု၍ သူ့အကြောင်း ပြောသောသူများကို ပြောင်လှောင် ကြသည်။ အဘယ်ကြောင့်ယေရှု၏ အုပ်ချုပ်မှုကို မခံလိုကြသနည်း။ မိမိတို့ စိတ်တိုင်း ကျ အသက်ရှင်ချင် ကြသောကြောင့် ဖြစ်သည်။ သင်သည် ထိုကဲ့သို့ သောသူ ဖြစ်ပါသလော။ လူသည် ဘုရားကဖန်ဆင်းသောအခါ သူကိုယ်တိုင် အုပ်ချုပ်စီမံ၍ ​ကျွေးမွေး စောင့်ရှောက် ဘို့ရန် ရည်ရွယ်ထားသည်။ သို့သော် စာတန်၏ လိမ်လည်မှုကို ယုံကြည်၍ ဘုရား၏ အုပ်စိုးမှုကို လုံးဝ မလိုချင် ကြချေ။ ဘုရားနှင့် ပတ်သက်လာလျှင် ကက်ကက်လံရန်တွေ့ ကြသည်။ ယေရှု အကြောင်းကို မကြားချင် ကြချေ။ ယေရှု သို့မဟုတ် ခရစ်တော် ဟူသော နာမည်ကြားလိုက်သည်နှင့် စိတ်ဆိုးကြ၊ မုန်းတီး ကြသည်။ ဖြစ်နိုင်လျှင် ယေရှုကို တဖန် သတ်ချင် ကြသည်။ အော်၊ မသိတတ်ကြပါတကား။ အမှန်မှာ ယေရှု ကသင်၏ ဘဝကို တည်ဆောက်၍ ကောင်းစား စေလိုသည်။ သို့သော် သင်သည် အလိုမရှိပါတကား။ ဒုက္ခ ရောက်သောအခါ သူ့ကို တမ်းတသော်လည်း၊ အဆင်ပြေသောအခါ သူ့ကို အလိုမရှိ၊ သဘော တရားသာကိုးကွယ် နေကြပါတကား။ သူ့ကို မထီမဲ့မြင် ပြု၍ အလိုမရှိကြချေ။ သူက၊ “ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် နားရသော အခွင့်ပေးမည်။ ၂၉ ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘော ရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ ၃၀ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။” (မ ၁၁:၂၈-၃၀)ဟု ဘိတ်ခေါ်နေသော်လည်း လုံးဝ မလာချင် ကြချေ။ ထိုသို့ မလာချင် သောကြောင့် ဘဝသည် အမျိုးစုံ ပြသနာများနှင့် ကြုံတွေ့ကြ ကာ၊ မ​ဖြေရှင်း နိုင်သောအခါ စိတ်ပျက်၊ လင်မယား ကွဲ၊ နောက်ဆုံး၌ သေချင် တတ်ကြသည်။ ထိုသို့ မဖြစ်ရလေအောင် သခင်ယေရှုကို မိမိ၏ ကယ်တင်ရှင်၊ ရှင်ဘုရင်အဖြစ် လက်ခံပါ။ သူ၏ အုပ်စိုးခြင်းကို ဝန်ခံပါ။ သင်၏ အသက်တာသည် ဝမ်းမြောက်ခြင်း၊ မျှော် လင့်ခြင်းများနှင့် ပြည့်၍ အဓိပ္ပါယ်ရှိသော အသက်တာဖြင့် အသက်ရှင်လာနိုင်မည် ဖြစ်သည်။ 

 

ရှင်ပြန်ထမြောက် ပြီ

 

 ၂၀၁၈ ခုနှစ် ရှင်ပြန်ထမြောက် နေ့သည် ဧပြီလ ၁ ရက်နေ့ ဖြစ်သည်။ ယုဒလူများက သူတို့၏ ရှင်ဘုရင်ကို လက်မခံသတ်ခဲ့ကြသော်လည်း သေခြင်းသည် သူ့ကို အစဉ်မချုပ်နိုင်ပါ။ သေခြင်းကို အောင်မြင်၍ သုံးရက်မြောက်သော နေ့တွင် ရှင်ပြန်ထမြောက် ခဲ့ပြီ။ သူကိုယ်တိုင်က၊ “ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူရှိသမျှ တိုိ့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြ လိမ့်မည်။” ဟုဆိုခဲ့သည် (ယော ၁၁:၂၅-၂၆)။ သခင်ယေရှု၏ ရှင်ပြန်ထမြောက် ခြင်းသည် အလွန် အရေးကြီးသည်။ အကြောင်းမှာ၊ “ခရစ်တော်သည် ထမြောက် တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။” (၁ ကော ၁၅:၁၄)။ ခရစ်ယာန် များ၏ ယုံကြည်ခြင်းသည် ပုဂ္ဂိုလ်တယောက် တည်းဟူသော ယေရှုခရစ် အပေါ်၌ မူတည်နေသည်။ အခြားသော ဘာသာများသည် ပုဂ္ဂိုလ် အပေါ်၌ တည်သည် မဟုတ်၊ သူတို့၏ တရား အပေါ်၌ မူတည်သည်။ ခရစ်ယာန် ဖြစ်ဘို့ရန် မှာယေရှုကို သင်မည်ကဲ့သို့ ယုံကြည် သနည်းဟူသောအရာ ပေါ်၌ မူတည်နေသည်။ 

 မူစလင်များ ကယေရှုကို ယုံကြည် ကြသော်လည်း ပရောဖက် တယောက် အနေဖြင့်သာယုံကြည်သည်။ သူသည် လူသားများအတွက် အသေမခံ၊ ထို့ကြောင့် ရှင်ပြန် ထမြောက် ခြင်းလည်း မယုံကြည် ကြချေ။ ယေရှုသည် ကောင်းကင်သို့ တက် သွား၍ ပြန်ဆင်းလာလိမ့်မည်။ ပြန်ဆင်း လာသောအခါ ခရစ်ယာန်များထံသူသည် ဘုရား မဟုတ် ကြောင်း၊ သူတို့အတွက် အသေမခံကြောင်း၊ သူ့အပေါ်မယုံကြည်ဘဲ၊ အလ္လာ (မူစလင် ဘုရား)ကို ယုံကြည်ဘို့ ပြောလိမ့်မည် ဟုဆိုသည်။ ထိုသို့ ယုံကြည်ခြင်းသည် မမှန်သည်သာမက၊ အကျိုးလည်း မရှိ၊ အပြစ်ကြောင့် ငရဲသွားရဦးမည် ဖြစ်သည်။ ယေဟောဝါ သက်သေခံများ ကယေရှုကို ယုံကြည်သည် ဟုဆိုသော်လည်း ဘုရား အနေဖြင့် မယုံ ကြည်ကြချေ။ ကောင်းကင်တမန် မိက္ခေလအဖြစ် ယုံကြည် ကြသည်။ ထို့ကြောင့် အကျိုး မခံစားရ၊ သူတို့ အပြစ်၌ သေရကြဦးမည်။ မော်ရ်မွန်များ ကသခင်ယေရှုသည် ​ကျွန်ုပ်တို့ ကဲ့သို့ သာမန် လူသား မှဘုရား ဖြစ်သည်ဟု ယုံကြည် ကြသည်။ ထိုသို့ ယုံကြည်ခြင်းသည် စာတန်၏ သွန်သင်ချက် ဖြစ်သည်။ နာမည်ခံ ခရစ်ယာန်များကသခင်ယေရှုကို ဘု ရားအဖြစ် ယုံကြည် ကြသည်။ လူသားများအတွက် သေခံ၍ ရှင်ပြန်ထမြောက် ကြောင်းလည်း ယုံကြည် ကြသည်။ သို့သော် လေးလေးနက်နက်မယုံကြည် ကြချေ။ ထို့ကြောင့် ကယ်တင်ခြင်း စိတ်ချမှုလည်း မရှိကြချေ။ ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် အကျင့်ကောင်း ကျင့်ရမည်၊ ကြိုးစားရမည်ဟု ယုံကြည် ကြသောကြောင့် အပြစ် ငရဲထဲသို့ ရောက်ကြ ရဦးမည်။ ဂျူးလူမျိုးများ ကသခင်ယေရှုကို လမ်းလွှဲသင်ပေးသော ဆရာ၊ နတ်ဆိုးစွဲ သောသူ၊ ခရစ်တော် ယောင်ဆောင်သောသူအဖြစ် မြင်ကြသောကြောင့် သတ်ခဲ့ ကြသည်။ ထို့ကြောင့် သူတို့လည်း သူတို့ အပြစ်ကြောင့် ငရဲလားရမည်။ 

သခင်ယေရှု ယေရှုသည် အသေခံ ခဲ့ခြင်းအားဖြင့် လူသားများမပေးဆပ်နိုင်သော အပြစ် ​ကျွေးကို ဆပ်ပေးလိုက်ပြီ။ လူသားများ အလွန် ကြောက်ရွံ့သော သေခြင်းကို အောင်မြင်၍ ရှင်ပြန်ထမြောက် ခဲ့ပြီ။ အမှန်မှာ သူအသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသည် သူ့အတွက် မဟုတ်ပါ။ လူသား တိုင်း အတွက် ဖြစ်သည်။ သေခြင်းကို အောင်မြင်သော ဘုရား၊ အသက် ပိုင်ရှင်ဘုရား ဖြစ်ကြောင်း သက်သေပြခြင်းလည်း ဖြစ်သည်။ သူက၊ “ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူရှိသမျှ တိုိ့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြ လိမ့်မည်။” ဟူသော ဂတိတော်ကို သက်သေပြခြင်း ဖြစ်သည်။ ယေရှု၏ အသက်ရှင်ခြင်း၊ အသက် ပိုင်ရှင် ဖြစ်ခြင်းကို ယုံကြည်သော ပေါလုက၊ “အိုသေမင်း၊ သင်၏ လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏ အောင်ခြင်းသည် အဘယ်မှာ ရှိသနည်း။” ဟု သေမင်းကို စိန်ခေါ်ခဲ့သည် (၁ ကော ၁၅:၅၅)။ ထိုကြောင့် ပေါလုသည် သေ ရမှာကို မကြောက်၊ “ငါအသက်ရှင်သည် အရာမှာ ခရစ်တော် ဖြစ်၏။ သေလျှင် မူကား၊ သာ၍ အကျိုးရှိ၏။ ဤ ကိုယ်ခန္ဓာ၌ ငါသည် အသက်ရှင်လျှင်၊ ငါပြုသော အမှု၏ အကျိုး ကား ထိုသို့သော အကျိုး ဖြစ်၏။ သို့သော်လည်း အဘယ် အကျိုးကို ရွေးယူရမည်ဟု ငါမသိ။” ဟုဆိုခဲ့သည် (ဖိလိ ၁:၂၁-၂၂)။ ယေရှု၏ အောင်မြင်ခြင်းကို သိသော်လည်း လေး နက်စွာ မယုံကြည်သော သူတို့ မူကား သေမင်းကို အလွန် ကြောက် ကြသည်။ ထို့ကြောင့် ကိုယ်ကာယအသက်ရှင်ရေးကို အစွမ်းကုန် ကြိုးစား ကြသည်။ ထိုသူများ ထံယေရှုက၊ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက် ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” ဟုဆိုခဲ့သည် (မ ၁၆:၂၅)။ 

ယေရှုသည် အသေခံ ရုံမျှမက ရှင်ပြန်ထမြောက် ခဲ့ပြီ။ ယခုများ မကြာမှီ ဤလော ကသို့ ကြွလာ၍ ယုံကြည်သူများကို သိမ်းဆည်းမည်။ “ယေရှုက၊ သင်တို့ စိတ်နှလုံးပူ ပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည် ကြလော့။ ငါ့ကိုလည်း ယုံကြည် ကြလော့။ ငါ့အဘ၏ အိမ်တော်၌ နေစရာ အခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲ မနေ။ သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည် သွား၍ သင်တို့ နေစရာ အရပ်ကို ပြင်ဆင် ပြီးမှတဖန် လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” ဟု ဂတိပြုခဲ့သည် (ယော ၁၄ ; ၁-၃)။ သူလာမည့် အချိန်လည်း အလွန် နီးနေပြီ၊ အသင့် ပြင်ဆင်၍ စောင့် နေကြပါစို့။ 


အဘယ်ကြောင့်ပရောဖက်ပြုချက် လေ့လာဘို့လိုသနည်း


 “အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိ​ကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။ ၈ ခြင်္သေ့ဟောက်သောအခါ၊ အဘယ် သူမျှ မကြောက်မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင်ထာဝရဘုရား မိန့်တော်မူသောအခါ အဘယ်သူသည် ပရောဖက် မပြုဘဲ နေလိမ့်မည်နည်း။” (အာမုတ် ၃:ရ- ၈)။ ဘု ရားသခင်သည် ကြိုတင် သတိမပေးဘဲ အဘယ်အမှုကိုမျှ မပြုပါ။ ယုံကြည်သူများသာမဟုတ်၊ မယုံကြည်သူများကိုလည်း သတိပေးတတ်သည်။ နောဧခေတ်ကလူများလည်း ကြိုတင် သတိပေးသော်လည်း နားမထောင်ကြသောကြောင့် ပျက်ဆီးခြင်းသို့ ရောက် ခဲ့ ကြသည်။ အဲဂုတ္တု ဘုရင်ဖါရောလည်း မယုံကြည်သူ ဖြစ်သော်လည်း၊ ခုနှစ်နှစ်အစာ ပေါများမည်၊ နောက်မှခုနှစ်နှစ်အစာ ခေါင်းပါး မည့် အရာကို သတိပေးသောအခါ ယုံ ကြည်၍ ပြင်ဆင်မှု ပြုခဲ့သည်။ သခင်ယေရှုက၊ ကပ်ကာလ မသိသောသူများသည် မျောက် မထားသော အမျိုး၊ လှုိ့ဝှက်သောသူ (့ပစသခမငအန) ဟုဆိုခဲ့သည် (မ ၁၆:၁-၄)။ ထို့အ ပြင် ခရစ်တော် ကသူပြန်ကြွလာမည့် အချိန်ကို ပြင်ဆင်၍ စောင့်ကြမည့်ကြောင့် အကြိမ် ကြိမ်မှာကြားခဲ့သည (မ ၂၄:၄၀-၄၄၊ ၂၅:၁-၁၃၊ လု ၁၂:၃၆-၄၀၊ ၂၁:၃၄-၃၆)။ ရှေး ဦး ယုံကြည်သူများလည်း သခင်ဘုရားကြွလာမည့် အချိန်ကို စောင့်မျှော်နေခဲ့ကြသည် (ဖိလိ ၃:၂၀၊ ၁ ကော ၁:ရ၊ တိတု ၂:၁၁-၁၄၊ ၁ သက် ၁:၁၀၊ ၂ ပေ ၃:၁၂)။ 

ထွန်းလင်းသော ဆီမီး

 “ထိုမှတပါး၊ သာ၍ မြဲမြံသော အနာဂတ္တိစကား တော်သည် ငါတို့၌ ရှိသေး၏။ စိတ်နှလုံးထဲ၌ အာရုဏ်တက်၍ ကြယ်နီပေါ်ထွက်သည် ကာလ တိုင်အောင်၊ ထိုအနာ ဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်းသော ဆီမီးကဲ့သို့ မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။ ၂၀ ကျမ်းစာ၌ ပါသော အနာဂတ္တိစကား မည်သည်ကား၊ ကိုယ်အ လိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။ ၂၁ အကြောင်းမူကား၊ အနာ ဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဘူးသည် မဟုတ်။ ဘုရားသခင်၏ သန့်ရှင်း သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။ (၂ ပေ ၁:၁၉-၂၁) 

အမှောင်ထဲ၌ မည်သူမျှသတ္တိရှိစွာ မသွား၊ မပြေးရဲပါ။ ခလုပ်တိုက်မှာကို စိုးရိမ် ကြသည်။ ယနေ့ ယုံကြည်သူများလည်း အမှောင်ထဲ၌ ရှိနေသောကြောင့် သတ္တိမရှိသောကြောင့် ကြောက် နေကြခြင်း ဖြစ်သည်။ အမှောင်ထဲမှာနေသောသူများသည် ညစ်ညူးသောအရာ ကိုလည်း မရွံရှာကြချေ။ ထို့ကြောင့် ဝိညာဉ်ပိုင်းမှောင်မိုက်နေသောသူများသည် အပြစ်ကို မရွံရှာ၊ အားရကျေနပ်စွာ အပြစ် ကျူးလွန် နေကြသည်။ အမှောင်ထဲ၌ အိပ်ဘို့ သို့မဟုတ် အပြစ်လုပ်ဘို့ သာလျှင် ဖြစ်နိုင်သည်။ ထို့ကြောင့် လူများသည် အိပ်ပျော် နေကြ၊ သို့မဟုတ် အပြစ် ကျူးလွန် နေကြသည်။ ထိုသို့ဖြစ်ရခြင်းသည် စိတ်နှလုံး ထဲ၌ အာရုဏ်မတက်၊ ကြယ်နီမပေါ်ထွက်သောကြောင့် ဖြစ်သည်။ ထိုအာရုဏ်တက်ခြင်း၊ ကြယ်နီပေါ်ထွန်းခြင်းသည် အနာဂတ္တိစကားကို နားလည်ခြင်း ဖြစ်သာ ဖြစ်နိုင်သည်။ 

ဆိုးညစ်၍ မျောက်မထားသော အမျိုး

“ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကို စုံစမ်း နှောင့်ရှက်ခြင်းငှါ ချဉ်း ကပ်၍၊ မိုဃ်းကောင်းကင်က ဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူ မည်အကြောင်း တောင်းပန်ကြ၏။ ၂ ကိုယ်တော်ကလည်း၊ သင်တို့သည် ညဦးယံ၌ ပြောဆို တတ်သည်ကား၊ ယခုမိုဃ်းတိမ်နီသည် ဖြစ်၍ မိုးကြည်လင်လိမ့်မည် ဟုဆိုတတ်ကြ၏။ ၃ နံနက်ယံ၌ ကား၊ ယခုမိုးအုံ့လျက် ရှိ၏။ နီမောင်းသော အဆင်းလည်းရှိ၏။ ယနေ့ မိုဃ်းသက်မုန်တိုင်း လာလိမ့်မည် ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သော သူတို့၊ သင်တို့သည် မိုဃ်းကောင်း ကင်၏ မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ မသိနိုင်ကြ။ ၄ ဆိုးညစ်၍ မျောက်မထားသော အမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက် ယောန၏ နိမိလက္ခဏာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အား မပြရာဟု မိန့်တော်မူပြီးလျှင် ထို သူတို့ ရှိရာမှ ထွက်၍ ကြွတော်မူ၏။ (မ ၁၆ ; ၁-၄) 

များစွာသော သူတို့သည် ရှေ့အနာဂတ်၌ ဖြစ်ပျက်မည့် အရာများကို စိတ်မဝင် စား၊ သိလည်း မသိကြချေ။ ထိုသူများကို ယေရှု ကလှူိ့ဝှက်သောသူ၊ ဆိုးညစ်၍ မျောက် မထားသော အမျိုး ဟုဆိုသည်။ လှူိ့ဝှက်သောသူသည် ဟီပိုခယစ် (ံပစသခမငအန) ဖြစ်သည်။ ဟီပိုခယစ်ဆိုသည်မှာ ကိုယ်တိုင် မ​ဖြောင့်မတ်သော်လည်း သူတပါးအပြစ်ကို ပြောသောသူ၊ ကိုယ်တိုင် အလှူသော်လည်း သူတပါးကို လှူခိုင်းသောသူများ ဖြစ်သည်။ မျောက်မထားသော အမျိုးဆိုသည်မှာ ဂရိတ်စကား၌ ကြည့်ပါက၊ နောက်မီးလင်းခြင်း၊ လင်ငယ်ရှိခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ပရောဖက် ပြုချက်ဂရုမစိုက်သောသူများသည် နောက်မီးလင်းခြင်း၊ ဟီပိုခယစ်များ ဖြစ်သည်။ အကြောင်းမှာ ဘုရား ပြင်ဆင်သော အရာများကို မသိလို၊ ခရစ်တော် ကြွလာမည့်အရာများကို စိတ်မဝင်စား၊ ဂရုမစိုက်ခြင်းသည် အပြစ် ကြီးသည်။ လင်ယောကျ်ားခရီး ဝေးမှပြန်လာမည့် အရာကို စိတ်မဝင်စား၊ မကြိုဆိုခြင်းသည် လင်ငယ်ရှိသောကြောင့် ဖြစ်သည်။ ယနေ့ များစွာသော ယုံကြည်သူများသည်၊ လောကအရာကို ချစ်သောကြောင့် ယေရှု ကြွလာမည့် အရာကို မသိ၊ မသိချင်ကြခြင်း ဖြစ်သည်။ လောကကို ချစ်သောသူသည်လောကကို ပိုင်သော စာတန်ကို ချစ်ခြင်း ဖြစ်သည်။ စာတန်ကို ချစ်သောသူသည် လင်ငယ်ရှိခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရား အမြင်၌ အလွန် အပြစ် ကြီးသည်။ 

ဗိမာန်တော် 


ပဌမ ဗိမာန်တော် 

 ဣသရေလ လူများ၏ ပဌမ ဗိမာန်တော်ကို ရှောလမုန်မင်းက ဘီစီ ၉၆၁တွင် ဆောက်လုပ် ပြီးစီးခဲ့သည်။ ဗိမာန်တော် နေရာသည် အာဗြဟံကသူ့သား ဣဇက်ပူဇော်သော မောရိတောင် ဖြစ်သည်။ ဒါဝိဒ်မင်းက ယဇ်ပူဇော်ခဲ့သော အာရောနကောက်နယ် တလင်းလည်း ဖြစ်သည်။ ထိုနေရာသည် ဘုရားသခင်က ရွေးချယ်ထားသော နေရာ ဖြစ်သောကြောင့် အခြားသော နေရာ၌ ဗိမာန်တော်ကို ဆောက်ခွင့်မရှိချေ။ ထိုဗိမာန်တော်၌ ဘုရားသခင် ကိုယ်တော်တိုင် ကျိန်းဝပ်ခဲ့သော်လည်း ဣသရေလ လူများ ကဘုရားကို စွန့်၍ အခြားသော ဘုရားများကို ကိုးကွယ်သောကြောင့် ဘီစီ ၅၈၅ ခုနှစ်တွင် ဗာဗုလုန် မင်းနေဗုခဒ်နဇောအားဖြင့် မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် ဘုရားသခင်၏အချိန် မကျ ရောက် သေးသောကြောင့် ဒုတိယဗိမာန်တော်ကို ပါရှားဘုရင်ကုရုမင်းအားဖြင့် ပြန်လည် တည်ဆောက်မည့် အကြောင်းကို ဟေရှာယကနှစ်ပေါင်းနှစ်ရာကျော်ကြို၍ ဟောပြော ခဲ့သည်။ 

ဒုတိယဗိမာန်တော်နှင့် ကုရုမင်း (King Cyrus)

ဣသရေလ လူများသည် ဘုရား စကား နားမထောင်၊ ရုပ်တုကိုးကွယ်၍ ဘုရားကို စွန့်သောကြောင့်၊ ဗာဗုလုန်ရှင်ဘုရင်ကို အသုံးပြု၍ ဘုရားသခင်က နိုင်ငံမှ နှင်ထုတ် ခဲ့သည်။ ယေရုရှလင်မြို့ရှိဗိမာန်တော် ကိုလည်း ဖျက်ဆီးခွင့်ပေးလိုက်သည်။ သို့သော် ဘုရားသခင်၏အချိန် စေ့ လာသောအခါ၊ ပါးရှား (အီရန်) ရှင်ဘုရင်ကုရုမင်းကို ဗိမာန်တော် ပြန့်ဆောက်ခိုင်းမည့် အကြောင်းကို နှစ်ပေါင်းနှစ်ရာကျော် ကြိုတင် ဤသို့ ဟောထားခဲ့သည် “ကုရုမင်းကိုလည်း၊ သင်သည် ငါ့သိုးထိန်း ဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့် စုံစေလျက်၊ ယေရုရှလင်မြို့တည်ဆောက်စေ၊ ဗိမာန်တော် တိုက်မြစ်ကျစေဟု စီရင်လိမ့် မည်ဟူ၍၎င်းငါဆို၏။” (ဟေရှာယ ၄၄:၂၈)။ ထိုသို့ ဟောသည့်အတိုင်း ကုရုမင်းနှစ်စံ ပဌမ နှစ်တွင် ယေရုရှလင်မြို့ဗိမာန်တော်ကို ဆောက်ခိုင်းခဲ့ကြောင်း ဧဇရာက ဤသို့ မှတ်တမ်းတင်ခဲ့သည်၊ “၁ ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်ကို ပြည့် စုံစေခြင်းငှါ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံပဌမ နှစ်တွင်၊ ထာဝရဘုရား နိုးဆော်တော်မူသော အားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော် စာကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံအရပ် ရပ်တို့၌ ကြော်ငြာစေ၍၊ ၂ ပေရသိရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင် ထာဝရဘုရားသည် မြေကြီးပေါ်မှ ာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့ အားပေးတော်မူသည် ဖြစ်၍၊ ယုဒပြည် ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည်ဆောက် ရမည်အကြောင်းမှာ ထားတော်မူပြီ။ ၃ သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏ လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင် ရှိတော်မူပါစေသော။ ယုဒပြည် ယေရုရှလင်မြို့သို့ သွား၍ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို တည် ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရားသခင် ဖြစ်တော်မူ၏။ ၄ ဘုရားသခင်၏ လူတည်း ခိုရာ အရပ်ရပ်၌ နေသော သူတို့သည်၊ ယေရုရှလင်မြို့မှာရှိတော်မူသော ဘုရားသခင်၏ အိမ်တော် အဘို့ အလိုလိုလှူသော အလှူမှတပါး၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ၏။” (ဧဇရာ ၁:၁-၄)။ ထို့ကြောင့် ကုရုမင်းကို ဣသရေလ လူများက အလွန် ကျေးဇူးတင်၍ ကြည်ညိုလေးစား ကြသည်။ ဒုတိယဗိမာန်တော်ကို ယေရုဗဗေလ ဦးဆောင်ခြင်းအားဖြင့် ဘီစီ ၅၃၉တွင် စတင်တည်ဆောက်၍ ဘီစီ ၅၁၆ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထိုဗိမာန်တော်၌ နဂုိလ်အတိုင်း ယဇ်ပူဇော်ခြင်းများပြန်လည်လုပ်လာ ကြသည်။ 

ဗာဗုလုန်​ကျွန်ခံရာမှပြန်လာကြသော ယုဒလူများသည် ဘုရား ဘက်၌ အလွန် စိတ်အားကြီး လာကြသောကြောင့် ကျမ်းစာများကိုလည်း များစွာ ရေးကူး ကြသည်။ ထိုသို့ ရေးကူးသောသူများကို စာရေးများဟု ခေါ်သည်။ ကျမ်းစာကို စေ့စေ့ကြည့်ရှုလေ့လာ ကျင့်သုံး သူများလည်း ပေါ်လာ၍ ဖာရိရှဲျများဟု ခေါ်သည်။ ထိုသို့ ယုဒလူများ ဘုရား ဘက်၌ စိတ်အားကြီး ချိန်တွင် သခင်ယေရှု လူ့ဇာတိခံ၍ သူတို့၏ မှားယွင်းချက်များကို ပြုပြင် ပေးသော်လည်း လုံးဝ လက်မခံကြချေ။ နောက်ဆုံး၌ သခင်ယေရှု အေဒီ ၃၃တွင် သတ်ခဲ့ ကြသည်။ ထိုသို့ သူတို့၏ ကယ်တင်ရှင်ကို သတ်သောကြောင့်၊ ဘုရားသခင်က ရောမ စစ်သားများ အသုံးပြု၍ အေဒီ ရဝတွင် သူတို့ကို သတ်ဖျက်၍ ဗိမာန်တော် ကိုလည်း မီးရှို့ဖျက်ဆီးလိုက်သည်။ ထိုအချိန် မှစ၍ သူတို့ တိုင်း ပြည် မနေနိင်တော့ဘဲ အတိုင်း တိုင်း အပြည် ပြည်သို့ ထွက်ပြေးကြကာ၊ ယဇ်ပူဇော်ခြင်းလည်း မလုပ်ကြတော့ချေ။ ထိုသို့သောအားဖြင့် ပရောဖက် ဟောရှေဟောသောအရာ ပြည့်စုံခြင်းသို့ ရောက်ရသည်၊ “ဣသရေလ အမျိုးသားတို့သည် နေ့ရက် များစွာ ရှင်ဘုရင်မရှိ၊ မင်းသား မရှိ၊ ယဇ်ပူ ဇော်ခြင်း မရှိ၊ ဆင်းတုမရှိ၊ သင်တိုင်း မရှိ၊ တေရပ်ရုပ်တုမရှိဘဲ နေရကြလိမ့်မည်။ ၅ ထိုနောက်မှ ဣသရေလ အမျိုးသားတို့သည် ပြန်လာ၍၊ သူတို့ ဘုရားသခင် ထာဝရ ဘု ရားကို၎င်း၊ သူတို့ ရှင်ဘုရင် ဒါဝိဒ်ကို၎င်းရှာ၍၊ နောင်ကာလ၌ ကျေးဇူးတော်ကို ခံအံ့သောငှါ၊ ထာဝရဘုရား ထံတော်သို့ တုန်လှုပ်လျက် ပြေးကြလိမ့်မည်။” (ဟော ၃:၄-၅)။ 


ဗာဗုလုန်များက ဘီစီ ၅၈၅ နှစ်၌ ယုဒပြည်ကို တိုက်ခိုက်၍ ် နောက်ဆုံးမင်း ဇေဒကိမင်ကို သိမ်းယူချိန်မှစ၍ ဟောရှေပြောသကဲ့သို့ ဘုရင်မရှိခဲ့ကြတော့ချေ။ ၁၉၄၈ ခုနှစ်တွင် နိင်ငံပြန်လည်တည်ထောင်၍ ဘင်ကိုးရီယန်းဝန်ကြီး ချုပ် ဖြစ်လာမှသာလျှင်ကိုယ့်မင်းကိုယ့်ချင်းနှင့် ပြန်လည်နေထိုင်လာ ကြသည်။ သို့သော် ဗိမာန်တော် နေရာ၌ မူစလင်များက အေဒိီ ၆၆၁တွင် သူတို့၏ ဗလီကြီး ဆောက်လိုက်သောကြောင့် ဗိမာန်တော် မဆောက်နိုင်ဘဲ ဖြစ်နေသည်။ ဗိမာန်တော် မဆောက်နိုင်သောကြောင့် ယဇ်ပူဇော်ခြင်းလည်း မပြုလုပ် နိုင်ကြချေ။ ယခုဗိမာန်တော် ဆောက်လုပ်နိုင်ခြင်းသည် သူတို့၏ အဓိကရည်မှန်း မျှော်လင့်သော အချက်ကြီး ဖြစ်သည်။ 

တတိယဗိမာန်တော်နှင့် ဒေါ်နာလ်ထမ်း

 အောက်ပါက ျမ်းပိုဒ်များသည် တတိယဗိမာန်တော် ဆောက်မည့် အရာကို သွယ်ဝိုက်သော နည်းဖြင့် ဖေါ်ပြထားသည်၊ “ထိုသိတင်း ​ခြောက်ဆယ်နှစ်သိတင်း လွန် ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်။ ထိုနောက်မှလာသော သခင်၏ လူတို့သည် မြို့တော်ကို၎င်း၊ သန့်ရှင်းရာ ဌာနကို၎င်း ဖြိုးဖျက်ကြလိမ့်မည်။ ရေလွှမ်းမိုးသောအားဖြင့် ဆုံးရှုံးခြင်းအား ဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ် တိုက်ခြင်း၊ ပျက်စီးရာနှင့် ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။ ၂၇ တသိတင်းတွင် လူအများတို့ နှင့် ပဋ္ဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်း တဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဘွယ်သောအရာ၏ အထွဋ္ဋ်ပေါ်သို့ ဖျက်ဆီးသောသူသည် ရောက်၍၊ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။ (ဒံ ၉:၂၆-၂ရ) 

“ထိုကြောင့် ပရောဖက် ဒံယေလဟောသည် အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် သန့်ရှင်းသော အရပ် ဌာန၌ စိုက်နေသည်ကို သင်တို့ မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။ ၁၆ ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ ၁၇ အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲကဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့်။ ၁၈ လယ်၌ ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှါ နောက်သို့ မပြန်စေနှင့်၊ ၁၉ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန် ခက်ကြလိမ့်မည်။” (မ ၂၄:၁၅-၁၉) 
 ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် အန္တီခရစ်ကို ဆိုလိုသည်။ အကြောင်းမှာ ဘုရား၏ အမြင်၌ သူသည် ဘုရား ဖြစ်ချင် သောကြောင့် ရွံရှာစရာ ကောင်းသည်။ လင် ငယ် သို့မဟုတ် မယားငယ်သည် ခင်ပွန်းသည် အတွက် ရွံစရာ ကောင်း သကဲ့သို့ဖြစ်သည်။ အန္တီခရစ်သည် ဖျက်ဆီးဘို့ရန် သာရည်ရွယ်သောကြောင့် ဖျက်ဆီးတတ်သော ဟုဆိုသည်။ သန့်ရှင်းရာအရပ်သည် ပြန်လည်တည်ဆောက်မည့် ဗိမာန်တော်ကို ဆိုလိုသည်။ ယခုဆောက်မည့်ဗိမာန်တော်၌ အန္တီခရစ်သည် သူကိုယ်တိုင် ဘုရား ဖြစ်သည်ဟု ကျေ ညာမည် ဖြစ်သည်။ 
 ပေါလုကလည်း ဤသို့ ရေးထားသည်၊ “ထိုနေ့ရက်မရောက်မှီ ဖောက်ပြန် သင်းခွဲခြင်း (စေသျအ​ေျပ) (ခွဲခွွါခြင်း၊ ချီဆောင်ခြင်း)သည် အရင် ဖြစ်၍၊ ဒုစရိုက်လူ တည်းဟူသော ပျက်စီးခြင်း၏သား (အန္တီခရစ်၊ သားရဲ)သည် ပေါ်လာရလိမ့်မည်။ ၄ ထိုသူသည် ဘုရားသခင် ဟူ၍၎င်း၊ ဘုရား ဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသောအရာ တို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ် ချီးမြောက်သော အားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကို ပြသောသူ ဖြစ်သတည်း။” (၂ သက် ၂:၃-၄)။ 
 ယောဟန်က ဤသို့ ရေးထားသည်၊ “တဖန်တုံလှံတံနှင့် တူသော ကျူပင်တ လုံးကို ငါ့ အားပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်​ေတော်၌ ကိုးကွယ်သော သူတို့ ကိုလည်း ရေတွက်လော့။ ဗိမာန်တော် တန်တိုင်းကို မတိုင်း နှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို၊ လလေးဆယ်နှစ်လပတ်လုံးနင်း ကြလိမ့်မည်။” (ဗျာ ၁၁:၁-၂) 

တိုင်းတာခြင်းသည် ယပိုင်ဆိုင်ခြင်းကို ဖေါ်ပြသည်။ အိမ်ဝယ်သောအခါ နယ်နိမိတ်ကို တိုင်းတာတတ်ကြသည်။ အဘယ်ကြောင့်ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကိုသာ တိုင်းတာခိုင်းသနည်း။ အဘယ်ကြောင့်တန်တိုင်းကို မတိုင်း ခိုင်းသနည်းဟူမူကား ဣသရေလ လူများကို ဗိမာန်တော်နှင့် ယဇ်ပုလ္လင်နေရာကိုသာ ရမည် ဖြစ်သောကြောင့် ဖြစ်သည်။ တန်တိုင်းသည် တပါးအမျိုးသားများ တည်းဟူသော မူစလင်များက ပိုင်မည် ဖြစ်သည်။ 

အမေရိကန်သမတထမ်းက ယေရုရှလင်မြို့ကို အစ္စရေးမြို့တော် အဖြစ် ၂၀၁ရ ဒီဇဘ်ာလ ၆ ရက်နေ့တွင် အသိအမှတ်ပြုလိုက်သောအခါ အစ္စရေးလူမျိုးများ အလွန် အားရကျေနပ်၍ ကျေးဇူးတင် ကြသည်။ ထိုအပြင် ၂၀၁၆ ခုနှစ်နိုဝဘ်ာလ ၁၀ ရက်နေ့ သတင်း အရ၊ သမ္မတထမ်းနှင့် ရုရှားသမ္မတပူတင်တို့ကို တတိယဗိမာန်တော် ဆောက် ပေးဘို့ရန် တောင်းဆို ကြသည်။ ထိုအရာသည် မသိသောသူများအတွက် အရေးမကြီး၊ ဂရုမစိုက်သော်လည်း ကျမ်းစာ နားလည်သောသူများအတွက် အလွန် အရေးကြီးသော မှတ်တိုင် ဖြစ်သည်။ ဒုတိယဗိမာန်တော်သည် ဘုရားသခင် ကိုယ်တော်တိုင် တည်ဆောက် ခိုင်းသော်လည်း၊ တတိယဗိမာန်တော်သည် ဘုရားသခင်က တည်ဆောက်ခိုင်းသည် မဟုတ်။ ဗိမာန်တော် တည်ဆောက်မည့် အကြောင်းကို ပရောဖက် ယေဇကျေလက ဟောပြောခဲ့သော်လည်း (ယေဇ ၄၀မှ ၄ရ) ယခုတည်ဆောက်မည့် တတိယဗိမာန်တော်လောဟူသောအရာသည် မရှင်းလင်းပါ။ မည်သို့ပင်ဖြစ်စေ ယခုဗိမာန်တော် ဆောက်ဘို့ရန် ဆိုင်းပြင်း နေကြပြီ။ အကယ်၍ တတိယဗိမာန်တော် ဆောက်ခွင့်ရရှိပါ ကဘေးဒဏ်ကြီးကာလ စပြီဟု ယူဆနိင်သည်။ အကြောင်းမှာ အန္တီခရစ်က ဣသရေလ လူများကို သုံးနှစ်ခွဲ ယဇ်ပူဇော်ခွင့်ပေး၍ ထိုနောက်မှသူသည် ဘုရား ဖြစ်ကြောင်း ကျေ ညာကာကိုးကွယ်ခိုင်းမည် ဖြစ်သည်။ အကယ်၍ ဒေါ်နလ်ထမ်းကထို အခွင့်ကို ပေးပါက သူသည် အန္တီခရစ် ဖြစ်ကြောင်း သိရှိနိုင်သည်။ 

 ခါနန်ပြည်သည် ထာဝရဘုရားမြေ

ကမ္ဘာပေါ်၌ တိုင်း နိင်ငံ များစွာ ရှိသော်လည်း ဘုရားသခင်က ခါနန်ပြည်ကိုသာလျှင် ငါ၏ မြေ ဖြစ်သည် ဟုဆိုသည်။ ခါနန်ပြည်နှင့် ပတ်သက်၍ မောရှေအားဖြင့် ဤသို့ မှာခဲ့သည်၊ “၂၃ မြေကို သူတပါးအစဉ်ပိုင်စေခြင်းငှါ မရောင်းရ။ မြေသည် ငါဥစ္စာ ဖြစ်၏။ သင်တို့သည် ငါ၌ တည်းသော ဧည့်သည် အာဂန္တု ဖြစ်ကြ၏။ ၂၄ သင်တို့သည် မြေကို ပိုင် လေရာရာ၌ ရွေးနှုတ်ရသော အခွင့်ကို ပေးရကြမည်။ ၂၅ သင်၏ အမျိုးသားချင်း သည် ဆင်းရဲ၍၊ မိမိပိုင်သော မြေကို ရောင်းလျှင်၎င်း၊ သူ၏ ပေါက်ဘော်တစုံတယောက်သည် ဝယ်ခြင်းငှါ လာလျှင်၎င်း၊ မိမိပေါက်ဘော်ရောင်းသော ဥစ္စာကို ရွေးနှုတ်ရသော အခွင့် ရှိရမည်။ ၂၆ ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင် ရွေးနှုတ်နိုင်လျှင်၊ ၂၇ မိမိမြေသို့ ပြန်အံ့သောငှါ၊ ရောင်း၍ လွန်သော နှစ်ပေါင်းကို ရေတွက်ပြီးမှ၊ လို သေးသော အဘိုးကို အထက်ကရောင်းခဲ့သောသူအား ပြန်ပေးရမည်။ ၂၈ ပြန်၍ မပေးနိုင်လျှင် ရောင်းခဲ့သော ဥစ္စာကို ယုဘိလနှင့် တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက် စေရမည်။” (ဝတ်ပြု ၂၅:၂၃-၂၈)။ 

ထို့ကြောင်ခါနန်ပြည်၏ မြေပိုင်ရှင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ဣသရေလ လူများသည် ဘုရားသခင်၏ ဧည့်သည်များဖြစ်သည်။ ထို့ကြောင့် သူတို့ကို ဘုရားသခင်က မြေပေးသော်လည်း၊ ရောင်းပိုင်ခွင့်မပေးချေ။သား စဉ်မြေးဆက်အမွေ အဖြစ်ဆက်ခံနိုင်သော်လည်း အခြားအမျိုးထံ၌ ပင် မရောင်းရချေ။ အကယ်၍ ရောင်းပါက ပြန်ရွေးနိုင်လျှင် ရွေးပိုင်ခွင့်ပေးထားသည်။ အကယ်၍ မရွေးနိုင်လျှင် ယုဘိလနှစ် (ငါးဆယ်မြောက်နှစ်)တွင် ပိုင်ရှင်ကို ပြန်လည်အပ်ပေးရသည်။ ထို့ကြောင့် မြေရောင်းသောအခါ ယုဘိလနှစ်နှင့် ဝေးလျှင် တန်ဘိုး ကြီး၍ နိီးလျှင် တန်ဘိုး နည်းသည်။ 

 (ကိုယ်တော်၏) ပြည်တော် 

 ဆာ ၈၅:၁၌ ခါနန်ပြည်သည် ဘုရား ပိုင်ကြောင်း ဤသို့ ရေးသား ထားသည်၊ “အိုထာဝရဘုရား၊ ကိုယ်တော်သည် ( ကိုယ်တော်၏) ပြည်တော်ကို စိတ်နှင့် တွေ့တော်မူ၍၊ ဖမ်းဆီးသိမ်းသွားခြင်းကို ခံရသော ယာကုပ်အမျိုးသားတို့ကို ပြန်ပို့စေတော်မူပြီ။” အင်္လိပ်ကျမ်း၌၊ “O LORD, You showed favor to Your land” ဟု ရေး ထားသည်။ ကွင်းစကွင်းပိတ်၌ ‘ ကိုယ်တော်၏ ’ဟူသောအရာသည် မြန်မာကျမ်းစာ၌ မပါသော်လည်း၊ မူရင်းဟေဗြဲကျမ်းစာအုပ်၌ ပါသည်။ 

ထာဝရဘုရား၏ မြေတော် 

ဟောရှေ ၉:၃၌လည်း ဟောရှေက၊ “ဧဖရိမ်အမျိုးသားတို့သည် ထာဝရ ဘု ရား၏ မြေတော်၌ မနေဘဲ အဲဂုတ္တု ပြည်သို့ ပြန် သွား၍၊ အာရှုရိပြည်၌ မစင်ကြယ်သော အစာကို စားရကြမည်။” They shall not remain in (A)the land of the LORD ဟု ရေးထားသည်။ ထို့ကြောင့် ခါနန်ပြည်သည် ဘုရား၏ မြေ ဖြစ်သည်။ 

ငါပေးသော ပြည် မှ

ရှောလမုန်မင်းကဗိမာန်တော်ကို ဆက်ကပ်အပ်နှံသောအခါ ထာဝရဘုရားက၊ “သင်တို့သည် လမ်းလွှဲ၍ ငါမှာထားသော စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်သဖြင့်၊ အခြားတပါးသော ဘုရားထံသို့ သွား၍ ဝတ်ပြုကိုးကွယ်လျှင်၊ ၂၀ ငါပေးသော ပြည်မှ သူတို့ကို အမြစ်နှင့်တကွ ငါနှုတ်ပစ်မည်။ ငါ့နာမအဘို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့ မျက်မှောက်မှငါပယ်ရှားမည်။” ဟုဆိုခဲ့သည် (၂ ချုပ် ရး၁၉-၂၀) 
 (သူ၏) ပြည်တော် 


ပရောဖက် ယောလက၊ “သို့ ပြုလျှင်၊ ထာဝရဘုရားသည် (သူ၏) ပြည်တော်ကို မစချင်သော စိတ်အားကြီး၍ မိမိလူတို့ကို ကယ်မသနားတော်မူ လိမ့်မည်။”  Then the LORD became jealous for his land and had pity on his people.ဟုဆို ခဲ့သည် (ယောလ ၂:၁၈)။ ကွင်းစကွင်းပိတ်၌ ‘သူ၏ ’ဟူသောအရာသည် မြန်မာကျမ်းစာ၌ မပါသော်လည်း၊ မူရင်းဟေဗြဲကျမ်းစာအုပ်၌ ပါသည်။ 

ဤတိုင်း ပြည် နှစ်ပြည်ကို ငါတို့သည် သိမ်း၍ ပိုင်မည်

“တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ ၂ အချင်း လူသား၊ သင်သည် စိရတောင် (ဧသောသား) တဘက်၌ မျက်နှာထား၍ ပရောဖက် ပြုလျက်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ၃ အိုစိရတောင်၊ သင့် တဘက်၌ ငါနေသည်။ သင့်ကို ငါတိုက်၍ သုတ်သင်ပယ်ရှင်းမည်။ ၄ သင်၏ မြို့တို့ကို ငါဖျက်ဆီးသဖြင့် သင်သည် လူဆိတ်ညံလျက် ရှိ၍၊ ငါသည် ထာဝရ ဖြစ်ကြောင်းကို သိရ လိမ့်မည်။ ၅ သင်သည် အစဉ်ရန်ငြိုးဖွဲ့၍ ဣသရေလ အမျိုးသားတို့၌ အမှု ရောက်သော ကာလ၊ အပြစ်ကြောင့် ခံရသော ကာလ အဆုံး၌၊ သူတို့ အသက်ကို ထားနှင့် သတ်သောကြောင့်၊ ၆ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည် အတိုင်း၊ အသက်သတ်ခြင်း အမှုကို သင်၌ ငါပြု၍၊ ထိုအမှုသည် သင့်ကို လိုက်ရမည်။ ၇ ထိုသို့ စိရ တောင်ကို ငါသုတ်သင် ပယ်ရှင်သဖြင့် ထွက်သွားသောသူ၊ ပြန်လာသော သူတို့ကို ပယ်ဖြတ်မည်။ ၈ သင်၏ တောင်တို့ကို ုလည်း သင်၏ သူရဲအသေကောင်တို့နှင့် ငါပြည့်စေမည်။ သင့်နေရာကုန်း၊ ချိုင့်၊ မြစ်နား၌ ထားဖြင့် အသေခံ ရသော သူတို့သည် ရှိကြလိမ့်မည်။ ၉ သင့်ကို အစဉ်မပြတ် သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်၏ မြို့တို့၌ အဘယ်သူမျှ မနေရ။ ငါသည် ထာဝရ ဖြစ်ကြောင်းကို သင်သိရလိမ့်မည်။ ၁၀ သင်က၊ ဤတိုင်း ပြည် နှစ်ပြည်ကို ငါတို့သည် သိမ်း၍ ပိုင်မည်ဟု ထိုပြည်၌ ထာဝရဘုရားရှိလျက်နှင့် ဆိုမိသောကြောင့်၊ ၁၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည် အတိုင်း၊ သင်သည် သူတို့ကို ရန်ငြိုးဖွဲ့၍ ဒေါသစိတ်၊ ငြူစူသော စိတ်တိုက်တွန်းသည်နှင့် အညီသင်၌ ငါပြုမည်။ သင့်ကို စီရင်သောအခါ သူတို့တွင် ငါထင်ရှားလိမ့်မည်။ ၁၂ သင်က ဣသရေလ တောင်တို့သည် ပျက်စီး၍ ငါတို့ စားစရာဘို့ ဖြစ်ကြ၏ဟု ကဲ့ရဲ့ ပြောဆိုသောစကား အလုံးစုံတို့ကို ငါထာဝရဘုရားကြားကြောင်းကို သင်သိရလိမ့်မည်။ ၁၃ ထိုသို့ သင်သည် ငါ့တဘက်၌ ဝါ ကြွား၍ ပြောမိသောစကား အလုံစုံတို့ကို ငါကြားပြီဟု မိန့်တော်မူ၏။ ၁၄ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည် လုံးရွှင်လန်းသောအခါ သင့်ကို ငါဖျက်ဆီးမည်။ ၁၅ ဣသရေလ အမျိုးသားတို့ အမွေပျက်စီးသည်ကို သင်သည် ဝမ်းမြောက် သောကြောင့်၊ ထို့အတူ သင်၌ ငါပြုမည်။ အိုစိရတောင်၊ သင်နှင့်တကွ ဧဒုံပြည်သည် အကုန်အစင်ပျက် စီး၍၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့််မည်ဟု မိန့်တော်မူ၏။” (ယေဇ ၃၅:၁-၁၅) 

အထက် ဖေါ်ပြပါကျမ်းပိုဒ်များ အရ ခါနန်ပြည်သည် ဘုရား ပိုင်မြေ ဖြစ်သည်။ ဣသရေလူမျိုးများက မပိုင် သကဲ့သို့ အခြားလူမျိုးများကလည်း မပိုင်ချေ။ မြေပိုင်ရှင်သည် ဘုရား သာလျှင် ဖြစ်သည်။ 

ငါ့ပြည်ကို ဝေဖန်ကြ

ဣသရေလ လူမျိုးများသည် ဘုရား၏ သားများဖြစ်သော်လည်း ခါနန်ပြည်ကို အပိုင်မပေးချေ။ မြေဂရံပိုင်ရှင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ဘုရားသခင်က သူ၏သားများကို သူတို့ အပြစ်ကြောင့် ပြည်တော်မှ အတိုင်း တိုင်း အပြည် ပြည်သို့ အေဒီ ရဝတွင် နှင်ထုတ် ခဲ့သော်လည်း၊ ၁၉၀၀ အစပိုင်းမှစ၍ ပြန်လာစေပြီ ဖြစ်သည်။ ၁၉၁ရ ခုနှစ်တွင် ထိုအချိန်၌ ကမ္ဘာအင်အား အကြီး ဆုံးနိင်ငံ ဖြစ်သော ဂရိတ်ဗြိတိန်အ စိုးရကို အသုံးပြု၍ ပြည်တော် ပြန်လာခွင့်ပေးခဲ့သည်။ ထိုအခွင့်ကို ​ြ​ေူ်သကမီနခူမေအေငသညဟု ခေါ်သည်။ ထိုသို့ ပြည်တော် ပြန်ခွင့်ပေးသောအခါ အာရပ်နိင်ငံများက စိုးရိမ်၍ ဆန့် ကျင် ကြသည်။ ထိုသို့ ဆန့်ကျင်သည့်ကြားမှပြန်လာကြရာ ၁၉၄၈ ခုနှစ်တွင် အစ္စရေး နိင်ငံ မွေးဘွားလိုက်သည်။ လွတ်လပ်ရေးကျေညာသည် နောက်တနေ့ မေလ ၁၅ ရက် နေ့တွင် အာရပ်နိင်ငံများ ဖြစ်သော၊ အီဂျစ်၊ ဂျော်ဒန်၊ လေဗနုန်၊ ဆီးရီး ယား၊ အီရတ်တို့ ကတိုက်ခိုက်သော်လည်း ဘုရား၏ အကူအညီကြောင့်အစ္စရေးများ ကနိုင်ကာ၊ ဆက် လက်ရပ်တည်နိုင်ခဲ့သည်။ ၁၉၆ရ ခုနှစ်တွင် ​ခြောက်ရက်ကြာစစ်ပွဲ၌ အရှေ့ ယေရုရှလင်မြို့ကို ဂျော်ဒန်ထံမှ၎င်း၊ ဂုိလန်ကုန်းပြင်မြင့်ကို ဆီးရီးယားထံမှ၎င်း၊ ဆိုင်းနိုင်း​ကျွန်းဆွယ်ကို အီဂျစ်ထံမှ၎င်းသိမ်းယူလိုက်သည်။ လူ့အမြင် မှာထိုမြေများကို အစ္စရေးများ ကသိမ်းသည်ဟု မြင်သော်လည်း အမှန်မှာ ဘုရားကပေးခြင်း ဖြစ်သည်။ အစ္စရေးများက အလွန်တော် သောကြောင့် နယ်မြေကျယ်လာသည် မဟုတ်၊ ဘုရား၏ လက်တော်ကြောင့် သာလျှင် ဖြစ်သည်။ သို့သော် လောကသားများက ဘုရား၏ လုပ်ဆောင်ချက်ကို မသိကြပါ။ 
အစ္စရေးများကိုသာလျှင် ချီးမွမ်း နေကြသည်။ 

ထိုကဲ့သို့ ဘုရားသခင်က သူ၏သားများကို ယခုခေတ်၌ နယ်မြေပေးသော်လည်း ကမ္ဘာနိုင်ငံများက အာရပ်နိင်ငံများကို ပြန်ပြန်အပ်နှံခိုင်း ကြသည်။ ထိုအရာသည် ဘု ရား၏ အလိုတော်ကို ဆန့်ကျင်ကြခြင်း ဖြစ်သည်။ ယခုဘုရား၏ မြေကို သူ၏ သားများထံ မှခွဲယူ၍ ပါလက်စတင်းများ ပေးဘို့ရန် ကမ္ဘာ့ နိင်ငံများ ကကြံစည် ကြသည်။ ကမ္ဘာ့ ကုလ သမဂ္ဂ၌ ဘုရား မြေကို ခွဲ၍ ပါလက်စတင်းများ ပေးဘို့ အမြဲ ဆွေးနွေးဆုံးဖြတ်တတ်ကြသည်။ ထိုအရာသည် ဘုရား၏ မျက်ဆန်တော်ကို ထိခြင်း ဖြစ်ကြောင်း ဘုရားကိုယ်တိုင် ဤသို့ ဆိုထားသည်၊ “ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ကို ဖျက်ဆီးသော လူမျိုးတို့ ရှိရာသို့ ဘုန်းထင်ရှားပြီးမှငါ့ကို စေလွှတ်တော်မူ၏။ သင်တို့ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူ ဖြစ်၏။” (ဇာ ၂:၈)။ ဘုရားသခင်ကသူ့မြေကို ပိုင်း၍ အာရပ်များကို ပေးသော နိုင်ငံတိုင်း၊ သဘာဝ ဘေးဒဏ်များဖြင့် ဒဏ်ခတ်တတ်သော်လည်း၊ ဝိညာဉ် မျက်စိကန်းကြသောအခါ မသိ နားမလည် နိုင်ကြပါ။ ထို့ကြောင့် ဘုရားက၊ “ထိုနေ့ရက်ကာလ၌ အထက်က သိမ်းသွားခြင်းကို ခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ ၂ ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေးစေ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည်။ သူတို့သည် ငါ့ပြည်ကို ဝေဖန်၍ အတိုင်း တိုင်း အပြည် ပြည်တို့တွင် ကွဲပြား စေသော ငါ၏ အမွေလူ ဣသရေလ အမျိုးဘက်မှာ ငါသည် တရားစီရင်မည်။” (ယောလ ၃:၁-၂)။ ထိုတရား စီရင်ခြင်းသည် မကြာမှီမည် ဖြစ်မည်ဟု ယူဆရသည်။ ယောရှဖက်ချိုင့်သည် ယေရုရှလင်မြို့နှင့် သံလွင်တောင် အကြားရှိဂေသရှေမန်ဥယျဉ်ရှိသော နေရာ ဖြစ်သည်။ 

ဆာလံ ၈၃ စစ်ပွဲများ 


 ဆာလံဆရာကဘုရား ထံ ဤကဲ့သို့ အကူအညီတောင်းခံခဲ့သည်၊ “အိုဘုရားသခင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ အို ဘုရားသခင်၊ အမိန့်တော် မရှိဘဲ ငြိမ်ဝပ်စွာ နေတော်မမူပါနှင့်။ ၂ ကိုယ်တော်၏ ရန် သူတို့သည် ရုန်းရင်းခတ်ပြုကြ၏။ ကိုယ်တော်ကို မုန်းသော သူတို့သည် ထကြပါ၏။ ၃ ကိုယ်တော်၏ လူစုတဘက်၌ ပရိယာယ်ကို ကြံ၍၊ ကိုယ်တော် ကွယ်ကာတော်မူသော သူတို့ တဘက်၌ တိုင်ပင်ကြပါ၏။ ၄ ဣသရေလ၏ နာမကို နောက်တဖန် အောက်မေ့စရာ မရှိစေခြင်းငှာ လာကြ၊ သူတို့ အမျိုးကို ပယ်ဖြတ် ကြကုန်အံ့ ဟုဆိုကြပါ၏။ ၅ သဘော တညီတညွတ်တည်း တိုင်ပင်၍၊ ကိုယ်တော် တ ဘက်၌ အချင်းချင်းသင်းဖွဲ့သောသူဟူမူကား။ ၆ ဧဒုံပြည်၌ နေသောသူ၊ ဣရှမေလအ မျိုးသား၊ မောဘပြည်သား၊ ဟာဂရပြည်သား၊ ၇ ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက်ပြည်သား၊ တုရုမြို့သားနှင့် တကွ ဖိလိလ္လိအမျိုးသားတို့သည် သင်းဖွဲ့ကြပါ၏။ ၈ အာရှုရိအမျိုးသားတို့သည်လည်း၊ ဝိုင်း၍ လောတအမျိုးသားတို့ ဘက်သို့ ဝင်ကြ ပါ၏။” (ဆာလံ ၈၃:၁-၈) 

 အထက်၌ ဖေါ်ပြသော လူမျိုးများသည် ခေတ်သစ်အစ္စရေးနိင်ငံ၏ အိမ်နီးချင်း နိင်ငံများ ဖြစ်ကြသည်။ ဧဒုံသည် ဧသော၏ သားများဖြစ်သည်။ ဣရှမေလအမျိုးသား၊သည် အာရပ်များ ဖြစ်သည်။ မောဘပြည်သားနှင့် အမ္မုန်ပြည်သား၊ များသည်လော တ၏သား ဖြစ်သည် ဟာဂရပြည်သား၊သည် အီဂျစ်ပြည်သားများဖြစ်သည်။ အာမ လက်ပြည်သားနှင့် ဖိလိလ္လိအမျိုးသားတို့သည် ဂါဇာ၌ ရှိသော ပါလက်စတင်းများ ဖြစ်သည်။ ဂေဗလပြည်သားနှင့် တုရုမြို့သား များသည် လေဗနုန်ပြည်သားများဖြစ်သည်။ 
 ထိုစစ်ပွဲများသည် တိုက်ခိုက် ခဲ့ပြီး ဖြစ်သည်။ ထိုစစ်ပွဲသည် ဣသရေလ လူများကို မြေကြီးပေါ်မှ အမျိုးပယ်ဖြတ်ဘို့ရန် ဖြစ်သည်။ သို့သော် ဘုရားသခင်က ခွင့်မပြု၊ ဣသ ရေလလူများကို ကူညီတိုက်ပေးသောကြောင့် ယနေ့ တိုင် သူတို့သည် တည်ရှိသည်သာ မက၊ လူဦးရေလည်း တိုးတက်လာကာ၊ နိုင်ငံနယ်မြေလည်း ပို၍ ပို၍ ကျယ်လာသည်။ ထိုစစ်ပွဲ၌ ပါဝင်သော နိုင်ငံများမှာ၊ အီဂျစ်၊ ယော်ဒန်၊ ဂါဇာ၊ ဆီးရီးယား၊ လေဗနုန်၊ အီ ရတ်များ ဖြစ်သည်။ သူတို့ နောက်မှဆော်ဒီအရဗျား၊ နှင့် အာရပ်နိင်ငံများ ပါဝင်သည်။ 
 
ဂျူးများ၏ ယုဘိလနှစ်များ 

“မြေကို သူတပါးအစဉ်ပိုင်းစေခြင်းငှါ မရောင်းရ။ မြေသည် ငါဥစ္စာ ဖြစ်၏။ သင်တို့သည် ငါ၌ တည်းသော ဧည့်သည် အာဂန္တု ဖြစ်ကြ၏။ ၂၄ သင်တို့သည် မြေကို ပိုင် လေရာရာ၌ ရွေးနှုတ်ရသော အခွင့်ကို ပေးရကြမည်။ ၂၅ သင်၏ အမျိုးသားချင်း သည် ဆင်းရဲ၍၊ မိမိပိုင်သော မြေကို ရောင်းလျှင်၎င်း၊ သူ၏ ပေါက်ဘော်တစုံတယောက်သည် ဝယ်ခြင်းငှါ လာလျှင်၎င်း၊ မိမိပေါက်ဘော်ရောင်း ဆာလံ ၈၃ စစ်ပွဲ၌ ပါသော နိင်ငံများသော ဥစ္စာကို ရွေးနှုတ်ရသော အခွင့်ရှိရမည်။ ၂၆ ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင် ရွေးနှုတ် နိုင်လျှင်၊ ၂၇ မိမိမြေသို့ ပြန်အံ့သောငှါ၊ ရောင်း၍ လွန်သော နှစ်ပေါင်းကို ရေတွက်ပြီးမှ၊ လို သေးသော အဘိုးကို အထက်ကရောင်းခဲ့သောသူအား ပြန်ပေးရမည်။ ၂၈ ပြန်၍ မပေး နိုင်လျှင် ရောင်းခဲ့သော ဥစ္စာကို ယုဘိလနှင့် တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည်။” (ဝတ်ပြု ၂၅ ; ၂၃-၂၈) 

ဣသရေလ လူများအတွက် ယုဘိလနှစ်သည် အလွန် အရေးကြီးသည်။ ယုဘိ လနှစ်တွင် ရောင်းခဲ့သော မြေကို ပိုင်ရှင်ထံသို့ အဘိုးမပေးဘဲ ပြန်ပေးရသည်။ ထိုအရာသည် ဘုရားသခင်၏ အစီအစဉ် ဖြစ်သည်။ တပါးအမျိုးသားများက မသိကြသော်လည်း ဘုရားသခင်သည် သူ၏ ပညတ်တရားကို မမေ့ချေ။ ဘုရားသခင်က သူ၏ လူများ ဖြစ်သော ဣသရေလ လူများကို သူတို့၏ အပြစ်ကြောင့် အတိုင်း တိုင်း အပြည် ပြည်သို့ နှင်ထုတ်ခဲ့သော်လည်း ဆယ့်ကိုးရာစုနှစ်မှစ၍ သူ၏ မြေသို့ ပြန်လာစေကြောင်း ဤကဲ့သို့ တွေ့ရသည်။ 

ဘဲလ်ဖိုးကျေညာချက် ၁၉၁ရ ခုနှစ်
The Balfour declaration

အော်တိုမင်အင်ပိုင်ယာ ( ယခုခေတ် တူရကီနိင်ငံ) ကအရှေ့အလယ်ပိုင်း (ခါ နန်ပြည် အပါအဝင်) နိင်ငံများကို အုပ်စိုးခဲ့သည်။ ပဌမ ကမ္ဘာစစ်ကြီးသည် အဓိကအားဖြင့် ဂရိတ်ဗြိတိန်နှင့် ဂျာမဏီစစ်ပြိုင်ပွဲ ဖြစ်သည်။ ထိုစစ်ပွဲ၌ အော်တိုမင်အင်ပိုင်ယာက ဂျမဏီဘက်မှတိုက်၍ စစ်ရှုံးအဖွဲ့ထဲမှာပါဝင်သည်။ ထိုအခါ သူ၏ အင်ပိုင်ယာကို စစ်နိင်သော ဗြိတိန်များက သိမ်းပိုက်၍ ခွဲဝေအုပ်စိုး ကြသည်။ ထိုအထဲ၌ ခါနန်ပြည် သို့မဟုတ် ပါလက်စတိုင်းကို ဗြိတိန်ကတာဝန် ယူအုပ်စိုးခဲ့သည်။ ထိုသို့ အုပ်စိုးသောအခါ ဗြိတိသျှ အစိုးရကဂျူးလူမျိုးများကို သနား၍ သူတို့ နိင်ငံ၌ ပြန်လာခွင့်ပြုလိုက်သည်။ ထိုအရာကိုဘဲ လ်ဖိုးကျေညာချက် (အ့န ​ြ​ေူ်သကမ ိနခူမေအေငသည)ဟု ခေါ်သည်။ ထိုကျေ ညာချက်မထုတ်မှီ၌ ပါလက်စတင်းများက ဂျူးလူမျိုးများကို ကြိုဆို လက်ခံကြကာမြေများကိုလည်း စျေးပေါပေါနှင့် ရောင်းပေး ကြသည်။ သို့သော် ထိုကျေညာချက်ထုတ်ပြန်သောအခါ အာရပ်နိင်ငံများ စိုးရိမ် လာ၍ ဂျူးလူမျိုးများ ပြန်လာခြင်းကို အပြင်းအထန် ကန့်ကွက်လာ ကြသည်။ သို့သော် ဂျူးလူမျိုးများလည်း နိုင်ငံအသီးသီးမှ မရမက ပြန်လာ ကြသည်။ ဗြိတိသျှအစိုးရကလည်း အာရပ်များ ကျေနပ် စေရန် ဂျူးလူမျိုးများကို မပြန်လာဘို့ ဆီးတား၍ ဆိုင်းပရပ်​ကျွန်း၌ ထောင်ချ ကြသည်။ အမှန်မှာ မြေကို ဗြိတိသျှ အစိုးရကကြည့်ရှု၍ ဂျူးလူမျိုးများ ပြန်လာခွင့်ပေးခြင်းသည် ဘုရားသခင်၏ အစီအစဉ် ဖြစ်သည်။ သို့သော် လူများက မသိကြပါ။ 

လွတ်လပ်ရေးကျေညာ ၁၉၄၈ ခုနှစ်
Indipendent Declaration

ဗြိတိသျှအစိုးရက ၁၉၁ရ ခုနှစ်မှစ၍ နိုင်ငံပေါင်းချုပ်အသင်းကြီး၏ တာဝန် ပေးချက်အရ၊ ပါလက်စတိုင်း ဒေသကို ကြည့်ရှုသော်လည်း အထက်၌ ဖေါ်ပြ သကဲ့သို့ အာရပ်များနှင့် ဂျူးလူမျိုးများ ပဋ္ဋိပက္ခများ လွန်းသောကြောင့် ၁၉၄၈ ခုနှစ်မေလ ၁၄ ရက်နေ့တွင် အစိုးရရုပ်သိမ်း၍ ပါလက်စတိုင်းကို စွန့်ခွါခဲ့ရသည်။ ထိုနေ့ ညနေ ၄ နာရီတွင် အစ္စရေးနိင်ငံထူထောင်ကြောင်း ကျေညာလိုက်သည်။ နောက်တနေ့တွင် အာ ရပ်နိင်ငံ (အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား၊ လေဗနုန်၊ ဆော်ဒီအာရဗျား၊ ယေမင်)များက တရက်သာရှိ သေးသော မွေးကင်စအစ္စရေးနိင်ငံကို တိုက် ကြသည်။ တနှစ်ကြာတိုက်သောအခါ အစ္စရေးများ ကနိုင်သောကြောင့် နိုင်ငံမပျောက်သွားဘဲ ဆက်ရပ်တည်နိင် ခဲ့သည်။ ထိုအရာသည် ဘုရားသခင်က သူတို့ကို ကူညီသောကြောင့် ဖြစ်သည်။ ထိုသို့ ခေတ်သစ်အစ္စရေးနိင်ငံသည် ပေါ်ပေါက်ခဲ့သည်။ 

၆ ရက်ကြာစစ်ပွဲ ၁၉၆ရ ခုနှစ်

၁၉၆ရ ခုနှစ်ခုနှစ်တွင် အာရပ်နိင်ငံများနှင့် စစ်တိုက်ပြန်ရာ ၆ ရက်သာကြာခဲ့သည်။ ထိုစစ်ပွဲအားဖြင့် ဘုရားသခင်က ဆိုင်းနိုင်း​ကျွန်းဆွယ်၊ ဂါဇာကမ်းမြောင်ဒေသ၊ ဂုိလန်ကုန်းပြင်မြင့်၊ ယော်ဒန်မြစ်အနောက်ခြမ်း၊ နှင့် ယေရုရှလင်မြို့အရှေ့ဘက်ခြမ်းကို ရရှိလိုက်သည်။ ဘုရားသခင်က သူတို့ နိင်ငံ၏ သုံးဆကျယ်သော မြေကို ပေးလိုက်သည်။ အစ္စရေးများက သူတို့ သိမ်းထားသော နယ်မြေများကို ပြန်ပေးဘို့ စီစဉ်သော်လည်း အာ ရပ်နိင်ငံများက လက်မခံသောကြောင့် ဆက်လက် သိမ်းပိုက် ခဲ့ကြည်သည်။ ထိုသို့ အာ ရပ်များက လက်မခံခြင်းသည် ဘုရားသခင်၏ လက်တော် ပင် ဖြစ်သည်။ 
 

ယေရုရှလင်မြို့အသိအမှတ်ပြု ၂၀၁၇

အမေရိကန်အစိုးရက ၁၉၉၅ ခုနှစ်တွင် ယေရုရှလင်မြို့ကို အစ္စရေး၏ မြို့တော် အဖြစ်အသိအမှတ်ပြု၍၊ သံရုံးကိုလည်း ၁၉၉၉ မေလ ၃၁ ရက်နေ့မတိုင်မှီ တယ်လဗစ် မြို့မှ ယေရုရှလင်မြို့သို့ ပြောင်းရွှေ့ဘို့ ဆုံးဖြတ်ခဲ့သည်။ သို့သော် နှစ်ပေါင်း၂၂ အကြာ ၂၀၁ရ ခုနှစ် ဒီဇဘ်ာလ ၆ ရက်နေ့မှသာ အသိအမှတ်ပြု၍ ၂၀၁၈ မေလ ၁၄ ရက်အစ္စ ရေးလွတ်လပ်ရေးနေ့မတိုင်မှီပြောင်းဘို့ ဖြစ်လာသည်။ 

အထက်၌ ဖေါ်ပြသော ၁၉၁ရ ခုနှစ်ဘဲ လ်ဖိုးကျေညာချက် (The Balfour declaration) ၁၉၆ရ ခုနှစ် ၆ ရက်ကြာစစ်ပွဲ၊ ၂၀၁ရ ခုနှစ် ယေရုရှလင်မြို့အသိအ မှတ်ပြုခြင်းတို့သည် ယုဘိလနှစ်များ ဖြစ်သည်။ ထိုနှစ်များ၌ သူတို့ကို ဘုရားသခင်က သူ၏ နယ်မြေကို ပေးသည်။ ထိုအရာများသည် တိုက်ဆိုင်၍ မဟုတ်၊ ဘုရားသခင်၏ လက်တော်များပင် ဖြစ်သည်။ ဘုရားသခင်သည် ကျမ်းစာထဲ၌ ရေးထားသည့်အတိုင်း အလုပ်လုပ်နေဆဲ ဖြစ်သည်။ ​ကျွန်ုပ်တို့ အနေဖြင့် ကျမ်းစာ မသိသောကြောင့် နားမလည်ခြင်း သာလျှင် ဖြစ်သည်။ 

 

ကျမ်းစာဖတ်ကြစို့
ယောဟန် ၈


၁။ ယေရှုသည်လည်း သံလွင်တောင်သို့ ကြတော်မူ၏။ ၂ နံနက် စောစော ဗိမာန်တော်သို့ တဖန် ကြွတော်မူ၍ လူအပေါင်းတို့သည် အထံတော်သို့ လာကြ၏။ ထိုအခါ ထိုင်တော်မူ၍ ဆုံးမဩဝါဒပေးစဉ်တွင်၊ ၃ မှားယွင်းခြင်း အမှုကို ပြုလျက် နေသော မိန်းမတယောက်ကို တွေ့လျှင်၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့သည် ခေါ်ခဲ့၍ အလယ်၌ ထား ပြီးမှ၊ ၄ အရှင်ဘုရား၊ ဤမိန်းမသည် မှားယွင်းခြင်း အမှုကို ပြုစဉ်တွင် ပင်တွေ့မိပါသည်။ ၅ ထိုသို့သော မိန်းမကို ကျောက်ခဲနှင့် ပစ်ရမည်ဟု မောရှေသည် အ​ကျွန်ုပ်တို့အား ပညတ် တရား၌ စီရင်ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူ မည်နည်းဟု လျှောက်ကြ၏။ ၆ ထိုသို့ လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှါ စုံစမ်း နှောင့်ရှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ ငုံ့လျက် လက် ညှိုးတော်နှင့် မြေ၌ ရေးသား၍ နေတော်မူ၏။ 

ဖာရိရှဲတို့သည် သူတို့၏ ထုံးစံအတိုင်း ယေရှုကို အပြစ် ရှာချင် သောကြောင့် မှား ယွင်းသော အမျိုးသမီးကို သူ့ထံသို့ ခေါ်၍ တရားစီရင်ခိုင်းခြင်း ဖြစ်သည်။ အမျိုးသမီး၏ အပြစ်သည် သူတို့ အဓိကထားသည် မဟုတ်၊ သခင်ယေရှုကို အပြစ် ထောင်​ခြောက်ဆင်ခြင်း ဖြစ်သည်။ အဘယ်၍ ယေရှုက ထိုအမျိုးသမီးကို ခဲနှင့် ပေါက်ပါ ဟုဆိုလျှင်၊ “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲ နေလျှင် ထိုသူကို ငါသည် အပြစ် မစီရင်။ လောကီသားတို့ကို အပြစ် စီရင်အံ့သောငှါ ငါလာသည် မဟုတ်၊ လောကီသားတို့ကို ကယ်တင် အံ့သောငှါ ငါလာ၏။” (ယော ၁၂:၄ရ)ဟု သူပြောသောအရာ နှင့် ဆန့်ကျင်မည်။ အကယ်၍ မပစ်နှင့် ဟုဆိုလျှင် လည်း၊ ပညတ်တော်ကို မလိုက်ချိုးဖေါက်သည်ဟု စွတ်စွဲကြ ဦးမည်။ ထိုသို့ သူတို့၏ ဥာဏ်ကို သိသောကြောင့် စကား မပြောဘဲ အောက်သို့ ငုံ့လျက် မြေ၌ ရေးသား နေခြင်း ဖြစ်သည်။ 

၇။ ထို သူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကို လှန်တော်မူ၍၊ သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့် ပစ်စေဟု မိန့်တော်မူပြီးမှ၊ ၈ တဖန် အောက်သို့ ငုံ့၍ မြေ၌ ရေးသားတော်မူ ပြန်၏။ 

သူတို့ စိတ်ထဲ၌ ယေရှု အကျပ်တွေ့သွားပြီ၊ ဟု အားရကျေနပ် နေကြလိမ့်မည်။ ထိုကြောင့် ်အထပ်ထပ်မေးကြခြင်း ဖြစ်မည်။ သူတို့ နေဖြင့် ပိုင်ပြီ၊ ယေရှုကို အပြစ်တင်၍ ရတော့မည်ဟု စိတ်ထဲမှာတွေးကြစဉ်တွင်၊ ယေရှုက၊ “သင်တို့တွင် အပြစ်ကင်းသော 
သူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့် ပစ်စေ” ဟပြောလိုက်သည်။ 

၉။ ထို သူတို့သည် ကြားရလျှင် မိမိတို့ စိတ်နှလုံးသည် မိမိတို့ အပြစ်ကို ဘော်ပြသဖြင့်၊ အသက် ကြီးသောသူမှစ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက် နောက်တယောက်ထွက်သွားကြ၏။ ယေရှုသည် တယောက် တည်းကျန်ရစ်တော်မူ၍၊ မိန်းမသည် အလယ်၌ ရပ်နေ၏။ 

အမျိုးသမီးကို တရားစွဲအပြစ် တင် သူများသည် ယေရှု ထံ လာသောအခါ မိမိတို့၏ အပြစ်ကို မမြင် မသိချေ။ အမျိုးသမီး၏ အပြစ်ကိုသာ မြင်၍ အားရကျေနပ်စွာ ဖြင် ယေရှု၏ အပြစ်ကို ပါ ဖေါ်ပြဘို့ ရည်ရွယ်ခဲ့ ကြသည်။ သို့သော် ယေရှု၏ စကားက သူတို့၏ အပြစ်များကို စစ်ဆေးစေသည်။ ထိုသို့ မိမိတို့ အပြစ်ကို စစ်ဆေးသောအခါ အပြစ်ကင်းသောသူတယောက်မျှ မရှိ၊ အားလုံး ထွက်သွား ကြသည်။ အဘယ်ကြောင့်အသက် ကြီးသောသူများက စထွက်သွားကြသနည်းဟူမူကား၊ လူသည် အသက်ကြီး လေလေ အပြစ်များလေလေ ဖြစ်သည်။ သင်နှင့် ​ကျွန်ုပ်လည်း သူတပါးအပြစ်ကိုသာ မြင်သလော။ သူတပါး၏ အပြစ်ကို မြင်နေချိန်တွင် ကိုယ့်အပြစ်ကို မမြင်နိုင်ချေ။ ဘုရားသခင်၏ နှုတ်က ပတ်တော်ကို ကြည့်မှသာလျှင် ကိုယ့်အပြစ်ကို မြင်နိုင်သည်။ ကျမ်းစာသည် မှန်ကဲ့သို့ ကိုယ့်ကိုယ်ကို မြင်စေနိုင်သည်။ 

၁၀။ ထိုအခါ ယေရှုသည် ကိုယ်ကို လှန်တော်မူ ပြန်၍၊ ထိုမိန်းမမှတပါးအဘယ်သူကိုမျှ မမြင်လျှင်၊ အချင်းမိန်းမ၊ သင့်ကို အပြစ်တင်သော သူတို့သည် အဘယ်မှာ ရှိကြသနည်း။ သင်၏ အမှုကို အဘယ်သူမျှ မစီရင်လောဟု မေးတော်မူ၏။ ၁၁ ထိုမိန်းကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်း သင်၏ အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။ 

သခင်ယေရှုသည် လူများ၏ အပြစ်ကို တရားစီရင်ဘို့ရန် မလာ၊ အပြစ် မှကယ် တင်ဘို့ရန် လာသည် ဟုဆိုသည့်အတိုင်း အမျိုးသမီး၏ အပြစ်ကို မစီရင်ခဲ့ချေ။ ထိုအမျိုး သမီးသည် သခင်ယေရှုကြောင့် ထိုနေ့တွင် ကိုယ်ခန္ဓာသေခြင်းမှ လွတမြောက်သည်သာ မက၊ အပြစ် လွှတ်ခြင်း ကိုလည်း ခံစားရသည်။ သင်လည်း ယနေ့ သခင်ဘုရားအားဖြင့် အပြစ် လွတ်ခြင်းရရှိနိင်သည်။ 

၁၂။ တဖန်တုံယေရှုက၊ ငါသည် ဤလောက၏ အလင်း ဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏ အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။ 

​ကျွန်ုပ်တို့ အနေဖြင့်လောက အလင်းကို သိကြသည်။ အလင်းမရှိလျှင် အပြစ် ကလွှဲ၍ ကောင်းသော အရာများ မလုပ်နိုင်ချေ။ အလင်းမရှိလျှင် မျက်စိကန်းနှင့် တူ၍ ဘာ မျှလုပ်နိုင်မည် မဟုတ်။ ယေရှု ပြောသော အလင်းသည် ဝိညာဉ်ပိုင်း ဖြစ်သည်။ လူသည် ဝိညာဉ်ပိုင်းအလင်းမရှိသောကြောင့် ဝိညာဉ်ရေးရာ၌ မျက်စိကန်း ဖြစ်နေကြသည်။ ထို့ကြောင့် ဤလောကအရာများကိုသာလျှင် စွဲလန်း၍ ဝိညာဉ်ပိုင်းအရာကို တန်ဘိုး မထား ကြချေ။ ထို့ကြောင့် ဘုရား ခိုင်းသော အလုပ်မလုပ်နိုင်ကြချေ။ ဝိညာဉ်ပိုင်းအရာများကို စွဲလန်းခြင်း လုံးဝ မရှိကြချေ။ 

၁၃။ ဖာရိရှဲတို့ကလည်း။ သင်သည် ကိုယ်အကြောင်းကို သက်သေခံ၏၊ သင်၏ သက် သေမတည် ဟုဆိုကြ၏။ 

လူသည် ပြုမိသော ဒုစရိုက်၊ ပြစ်မှားမိသော အပြစ်ကို စစ်ကြောသောအခါ၊ သက်သေခံတဦးတည်းရှိလျှင် သူ၏ စကား မတည်ရ။ သက်သေခံနှစ်ဦး၊ သုံးဦးအားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည်။ ( တရားဟော ၂၉:၁၅) မောရှေကျမ်းစာ၌ အထက်ပါကဲ့သို့ ရှိသောကြောင့် ယုဒလူများ ကယေရှုကို သင်၏ သက်သေမတည် ဟုဆိုရခြင်း ဖြစ်သည်။ 

၁၄။ ယေရှုကလည်း၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက် သေတည်၏။ အကြောင်းမူကား၊ ငါသည် အဘယ်အရပ်ကလာသည်ကို၎င်း၊ အဘယ် အရပ်သို့ သွားသည်ကို၎င်းငါသိ၏။ သင်တို့ မူကား မသိကြ။ ၁၅ သင်တို့သည် ဇာတိပက တိအတိုင်း စီရင်တတ်ကြ၏။ ငါမူကား အဘယ်သူကိုမျှ မစီရင်။ ၁၆ ငါသည် စီရင်သော်လည်း ငါ၏ စီရင်ခြင်းသည် တည်၏။ အကြောင်းမူကား၊ ငါသည် တယောက် တည်းနေသည် မဟုတ်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌ နေတော်မူ၏။ 

ယေရှု ကသူသည် အဘယ်အရပ်ကလာ၍ အဘယ်အရပ်သို့ သွားသည်ကို သိ၏ ဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း အဘယ်အရပ်ကလာ၍ အဘယ်အရပ်သို့ သွားသည်ကို သိကြပါသလော။ သင်သည် ကယ်တင်ခြင်း စိတ်ချမှု ရရှိပြီးသူ ဖြစ်လျှင် သိပါလိမ့်မည်။ ယုဒလူတို့ မူကား အဘယ်အရပ်သို့ သွားသည်ကို မသိကြပါ။ ယေရှု ကယုဒလူတို့သည် ဇာတိပကတိ အတိုင်း စီရင်တတ်သည် ဟုဆိုသည်။ ဆိုလိုသည်မှာ ဝိညာဉ်ပိုင်း မသိ သောကြောင့် ဇာတိအတိုင်း စီရင်ခြင်း ဖြစ်သည်။ ယေရှုနှင့် ယုဒလူတို့၏ ပြသနာသည် ထိုအရာပင် ဖြစ်သည်။ ယေရှုက ဝိညာဉ်ပိုင်း စကား ပြောသော်လည်း၊ ယုဒလူများက ဇာတိပိုင်းနှင့် ပြောသောကြောင့် ဘယ်သောအခါမျှ သဘော ချင်းမတူညီနိုင်ကြချေ။ ယနေ့ ဝိညာဉ်လူနှင့် ဇာတိလူများလည်း ထိုပြသနာကြောင့် ကွဲပြားခြင်း၊ အထင်လွှဲခြင်း ဖြစ်နေကြခြင်း ဖြစ်သည်။ ယေရှု ကသူသည် အဘယ်သူကိုမျှ တရားမစီရင် ဟုဆိုသည်။ စီရင်လျှင်လည်း ခမည်းတော်နှင့်အတူ ရှိသောကြောင့် သူ၏ စီရင်ချက်သည် တည်သည် ဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း ယေရှု ကဲ့သို့ သူတပါးစီရင်ဘို့ မဟုတ်ပါ။ 

၁၇။ သက်သေခံနှစ်ဦးတို့၏ စကားသည် တည်ရ၏ဟု သင်တို့ ပညတ္တိကျမ်းစာ၌ လာ၏။ ၁၈ ငါသည် ကိုယ်အကြောင်းကို သက်သေခံသောသူ ဖြစ်၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူသည်ဟု မိန့်တော်မူ၏။ 

ယေရှု ကသူသည် ခမည်းတော်နှင့်အတူ သက်သေခံသောကြောင့် သူ၏ သက်သေခံချက်သည် တည်သည်၊ တရားဝင်သည် ဟုဆိုသည်။ ယုံကြည်သူများလည်း သမ္မာ တရားကို သက်သေခံသောအခါ ဇာတိလူများ ကအပြစ် တင်၊ အထင်လွှဲမှားကြမည် ဖြစ်သည်။ ယေရှု ပင်လျှင် ခံရလျှင် ကျွန်ုပ်တို့လည်း ခံရမည် ဖြစ်သည်။ 

၁၉။ ထို သူတို့ကလည်း၊ သင်၏ ခမည်းတော်သည် အဘယ်မှာ ရှိသနည်းဟု မေးကြ၏။ ယေရှုကလည်း၊ သင်တို့သည် ငါ့ကို မသိကြ။ ငါ့ ခမည်းတော် ကိုလည်း မသိကြ။ ငါ့ကို သိလျှင် ငါ့ ခမည်းတော် ကိုလည်း သိကြလိမ့်မည်ဟု မိန့်တော်မူ၏။ 

အဘယ်ကြောင့်ယုဒလူများက ယေရှုကို ထိုကဲ့သို့ မေးသနည်းဟူမူကား၊ ဇာ တိမျက်စိအားဖြင့် ကြည့်ကြသောကြောင့် ဖြစ်သည်။ သူတို့ အမြင်၌ ယေရှုသည် လက်သ မားသား ယောသပ်၏သား ဖြစ်နေသည်။ ဘုရားသခင်၏သား ဖြစ်ကြောင်းကို မသိ၊ လက် မခံနိုင်ကြချေ။ 

၂၀။ ဗိမာန်တော်၌ ဆုံးမဩဝါဒ ပေးတော်မူ စဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွက်တော်မူ၏။ ကိုယ်တော်၏အချိန် မစေ့မရောက် သေးသောကြောင့် အဘယ် သူမျှကိုယ်တော်ကို မဘမ်းဆီးကြ။ 

ယေရှုသည် ကွယ်ရာမှာပြောသည် မဟုတ်၊ ဗိမာန်တော် အထဲမှပြောသည်။ သူ၏အချိန် မရောက် သေးသောကြောင့် မဘမ်းဆီးကြ ဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း အချိန်မတန်လျှင် အဘယ်အမှုနှင့် မျှမပတ်သက်နိုင်ချေ။ 

၂၁။ တဖန် ယေရှု ကငါသည် သွားရမည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ကိုယ်အ ပြစ်၌လည်း သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟု မိန့်တော်မူ၏။ ၂၂ ယုဒလူတို့ကလည်း၊ ငါသွားရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟု သူသည် ဆိုသော်၊ ကိုယ်အသက်ကို သတ်မည်လော ဟုဆိုကြ၏။ 

ယေရှု သွားမည့် နေရာသည် ကောင်းကင် ဖြစ်သည်။ ယုဒလူများ သွားမည့် နေရာသည် ငရဲ ဖြစ်သည်။ ထို့ကြောင့် ယေရှု ကသင်တို့ မရောက်နိုင်ကြ ဟုဆိုခြင်း ဖြစ်သည်။ ထိုသို့ မသိသောကြောင့် သူ့ကို သူသတ်သေဘို့ ဖြစ်လိမ့်မည် ဟုဆိုကြခြင်း ဖြစ်သည်။ ယနေ့ လူ များစွာလည်း မိမိတို့ သွားမည့် နေရာကို မသိကြချေ။ သင်သည် သင်သွားမည့် နေရာကို သိပါသလော။ 

၂၃။ ယေရှုကလည်း၊ သင်တို့သည် အောက်သား ဖြစ်ကြ၏။ ငါမူကား အထက်သား ဖြစ်၏။ သင်တို့သည်လောကီသား ဖြစ်ကြ၏။ ငါမူကားလောကီသား မဟုတ်။ ၂၄ ထိုကြောင့် သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု ငါဆို၏။ ငါသည် ဤမည်သောသူ ဖြစ်သည်ကို သင်တို့သည် မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။ 

အောက်သား ဆိုသည်မှာ မြေကြီး သားကို ဆိုလိုသည်။ အထက်သား ဆိုသည်မှာ ကောင်းကင် သားကို ဆိုုလိုသည်။ ယေရှု ကသင်တို့သည်လောကီသား ဖြစ်ကြသည် ဟုဆိုသည်။ လောကီသားသည် မြေကြီးသားနှင့် တူသည်။ သူမူကားလောကီသား မဟုတ်၊ ကောင်းကင်သား ဖြစ်သည်။ ယုဒလူတို့သည်လောကီသား ဖြစ်ကြသောကြောင့် အပြစ်ရှိ၍ သေကြမည်။ ယေရှုက၊ ‘ငါသည် ဤမည်သောသူ’ ဟုဆိုခြင်းသည် သူတို့ မျှော်လင့်သော ကယ်တင်ရှင် မေရှိကို ဆိုလိုသည်။ 

၂၅။ ထို သူတို့ကလည်း၊ သင်သည် အဘယ်သူ နည်းဟု မေးလျှင်၊ ယေရှုက၊ ငါသည် သင်တို့အား အစဉ် ပြောဆိုသည် အတိုင်း ငါဖြစ်၏။ ၂၆ သင်တို့ အမှု၌ ငါပြောဆို စီရင်စရာ များစွာ ရှိ၏။ သို့သော်လည်း ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သူ၏ အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်ဟု မိန့်တော်မူ၏။ ၂၇ ခမည်းတော်ကို ရည်မှတ်၍ မိန့်တော်မူသည်ကို ထို သူတို့သည် မရိပ်မိကြ။ 

ယေရှု ကသူသည် ဤမည်သောသူ ဖြစ်သည် ဟုဆိုသောကြောင့် ယုဒလူများ ကသင်သည် အဘယ်သူ ဖြစ်သနည်းဟု ပြန်မေးရခြင်း ဖြစ်သည်။ ဝိညာဉ် မျက်စိကန်းကြ သောကြောင့် သူတို့သည် နားမလည် နိုင်ကြချေ။ 

၂၈။ ထိုကြောင့် ယေရှုက၊ သင်တို့သည် လူသားကို မြှောက်ထားသောအခါ၊ ငါသည် ဤမည်သောသူ ဖြစ်သည်ကို၎င်း၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုဘဲ၊ ငါ့ ခမည်းတော်သည် ငါ့ အားနည်း ပေးတော်မူသည် အတိုင်း ငါဟောပြောသည်ကို၎င်း၊ သင်တို့သည် သိကြလိမ့်မည်။ ၂၉ ငါ့ကို စေလွှတ်တော်မူသောသူသည် ငါနှင့်အတူ ရှိတော်မူ၏။ ငါကို တကိုယ်တည်း နေစေခြင်းငှါ ခမည်းတော်သည် စွန့်ပစ်တော်မမူ၊ အကြောင်းမူကား နှစ်သက်တော်မူသော အမှုကို အစဉ်မပြတ် ငါပြုသည်ဟု မိန့်တော်မူ၏။ 

ယေရှုက သူတို့သည် သူ့ကို လက်ဝါးကပ်တိုင်တော်၌ မြှောက်ထား၍ သတ် ကြမည် ဟုဆိုသည်။ ထိုအချိန် မှသာ သူသည် ဤမည်သောသူ ( မေရှိ) ဖြစ်ကြောင်းကို သိကြလိမ့်မည် ဟုဆိုသည်။ ယေရှု ကသူသည် တယောက် တည်းမဟုတ်၊ ခမည်းတော်နှင့်အတူ အမြဲရှိကြောင်း ပြောသည်။ ​ကျွန်ုပ်တို့ နှင့်လည်းအတူ အမြဲရှိကြောင်း သတိရ ကြစို့။ ယေရှုသည် ခမည်းတော််နှစ်သက်တော်မူသောအရာကိုသာ အစဉ်ပြု သကဲ့သို့ ​ကျွန်ုပ်တို့လည်း ပြုကြပါစို့။ 

၃၀။ ထိုစကားတော်ကို မိန့်တော်မူစဉ်၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ၃၁။ ထိုအခါ ယေရှုက၊ သင်တို့သည် ငါ၏ ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန် ဖြစ်ကြ၏။ ၃၂ သမ္မာတရား ကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံ ကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။ 

ယောဟန်ကယုဒလူတို့ ကသူကို ယုံကြည် ကြသည် ဟုဆိုသော်လည်း နောက်ပိုင်း၌ သံသယပြန်ရှိကြသည်ကို တွေ့ရဦးမည်။ ယေရှု၏ တပည့်တော် မှန်လျှင် သူ၏ ဒေ သနာတော်၌ တည်ရမည်၊ လိုက်နာရမည်။ သမ္မာတရား သိခြင်း ဖြစ်လွတ်လိမ့်မည် ဟုဆိုသည်။ သမ္မာတရားသည် ဘုရားသခင် ကိုယ်တော်တိုင်နှင့် သူ၏ အကြံအစည်များကို ဆိုလိုသည်။ သမ္မာတရား သိသောသူများသည် ရိုးရာယဉ်ကျေးမှုများ၊ အယူသေး မှုများ၊ လွှဲမှားသော အယူဝါဒနှင့် ကျင့်ထုံးများမှ လွတ်မြောက်နိုင်သည်။ 

၃၃။ ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုး ဖြစ်ကြ၏။ အဘယ်သူ ထံ၌ တရံ တခါမျှ​ကျွန်မခံကြ။ လွှတ်လိမ့်မည်ဟူ၍ သင်သည် အဘယ်သို့ ပြောဆို သနည်းဟု မေးမြန်းကြ၏။ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ ၃၄ ဒုစရိုက်ကို ပြုသမျှသော သူတို့သည် ဒုစရိုက်၏ ​ကျွန် ဖြစ်ကြ၏။ ၃၅ ​ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည် မဟုတ်။သား မူကား အစဉ်အမြဲနေ၏။ ၃၆ ထိုကြောင့် သားသည် သင်တို့ကို လွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။ 

ယုဒလူများ ကအာဗြဟံ၏ အမျိုး ဖြစ်ခြင်းကို အလွန် ဝါကြွားစိတ်ချ ကြသည်။ ထို့ကြောင့် ယောဟန်က၊ “အာဗြဟံသည် ငါတို့အဘ ဖြစ်သည် ဟူ၍ စိတ်ထဲ၌ မအောက် မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့ မှအာဗြဟံသားတို့ကို ထုတ်ဘော်ဖန် ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။” (မ ၃:၉)။ ထို့အပြင် သူတို့သည် အဲဂုတ္တု ​ကျွန်၊ ဗာဗုလုန်၊ ပါရှား၊ ဂရိတ်​ကျွန်များ ခံခဲ့ကြဘူးပြီ။ ဤစကားကို ပြောကြစဉ်တွင် ရောမ ​ကျွန် ဖြစ်ကြသည်။ သို့သော အဘယ်သူ ထံ၌ တရံတခါမျှ​ကျွန်မခံကြဟု ​ေဗျာင်လိမ် ကြသည်။ သူတို့ ကဲ့သို့ပင်​ကျွန်ုပ်တို့လည်းလောက ​ကျွန်၊ အလုပ်​ကျွန်ုပ်၊ ဝါသနာ​ကျွန်ခံနေ ကြမှန်း မသိတတ်ကြချေ။ ​ကျွဲနွားများသည် ​ကျွန် ဖြစ်မှန်း မသိကြသောကြောင့် ပိုင်ရှင် အိမ်သို့ သစ္စာရှိစွာ ပြန်လာ၍ ပိုင်ရှင်တင်သော ထမ်းပိုးများကို ဆွဲ နေကြသည်။ ​ကျွန်ုပ်တို့လည်း တိရစ္ဆာန်များ ကဲ့သို့ ​ကျွန် ဖြစ်နေကြမှန်း မသိကြချေ။ ယုဒလူများနှင့် ​ကျွ​ဲနွားများ ကလွတ်ခြင်း အခွင့်ကို မလိုချင် ကြ သကဲ့သို့ ​ကျွန်ဘဝ၌ ပျော်မွေ့ နေကြသည်။ ယရှုကဒုစရိုက်အပြစ် လုပ်သမျှတို့သည် ဒုစရိုက်၏ ​ကျွန် ဖြစ်သည် ဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း ဒုစရိုက်လုပ်ဘူးသောကြောင့် ဒုစရိုက်၏ ​ကျွန် ဖြစ်ကြသည်။ ​ကျွန် ဖြစ်သောကြောင့် ဘုရားသခင်၏ အလိုတော်ကို မဆောင်ရွက်နိုင်ကြခြင်း ဖြစ်သည်။ ဒုစရိုက် ​ကျွန်မှသာ းတော် ယေရှု ကသာလျှင် လွှတ်ပေးနိုင်သည်။ 

၃ရ။ သင်တို့သည် အာဗြဟံအမျိုး ဖြစ်ကြသည်ကို ငါသိ၏။ သို့သော်လည်း ငါ၏ ဒေသ နာသည် သင်တို့၌ တည်နေရာကို မရသောကြောင့် သင်တို့သည် ငါ့ကို သတ်အံ့သောငှါ ရှာကြံကြ၏။ ၃၈ ငါသည် ငါ့ ခမည်းတော် ထံ၌ မြင်ခဲ့ပြီးသည် အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏ အဘထံ၌ မြင်ခဲ့ပြီးသည် အတိုင်း ပြုကြ၏ဟု မိန့်တော်မူ၏။ 

ယုဒလူတို့သည် အာဗြဟံအမျိုး ဖြစ်ကြောင်း ယေရှု ကမငြင်းပါ။ သို့သော် အာဗြဟံ အမျိုး ဖြစ်ရုံဖြင့် လွတ်ခြင်း အခွင့်မရနိင်ပါ။ သူတို့သည် ယေရှု၏ ဒေသနာတော်၌ တည်မှ သာလျှင် လွတ်ခြင်း အခွင့်ရကြမည် ဖြစ်သည်။ သူတို့သည် ယေရှုကို သတ်ဘို့ ရှာကြံ ကြသည်။ 

၃၉။ ထို သူတို့ကလည်း၊ အာဗြဟံသည် ငါတို့အဘ ဖြစ်၏ ဟုဆိုကြ၏။ ယေရှုကလည်း၊ သင်တို့သည် အာဗြဟံ၏သား မှန်လျှင် အာဗြဟံ၏ အကျင့်ကို ကျင့်ကြလိမ့်မည်။ ၄၀ ဘုရားသခင့်အထံတော်၌ ကြားရသော သစ္စာ တရားကို သင်တို့အား ဟောပြောသောသူ တည်းဟူသော ငါ့ကို သတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူ ကျင့်သည် မဟုတ်။ ၄၁ သင်တို့သည် သင်တို့ အဘ၏ အကျင့်ကို ကျင့်ကြ၏ဟု မိန့်တော်မူ၏။ ထို သူတို့ကလည်း၊ ငါတို့သည် မျောက်မထားသော အမျိုး မဟုတ်။ ဘု ရားသခင် တည်းဟူသော ငါတို့အဘ တပါးတည်းရှိတော်မူသည် ဟုဆိုကြ၏။ 

ယေရှု ကသင်တို့သည် သင်တို့ အဘထံ၌ မြင် သကဲ့သို့ ပြုကြသည် ဟုဆိုသောကြောင့်၊ ငါတို့သည် အာဗြဟံ၏ သားများဖြစ်ကြသည် ဟုဆိုသည်။ သို့သော် ယေရှုက သူတို့သည် အာဗြဟံသားများမဟုတ်၊ ဟုတ်လျှင် သူ့ကို သတ်အံ့သောငှါ ရှာကြမည်မဟုတ် ဟုဆိုသည်။ ထိုအခါ သူတို့က သူတို့သည် မျောက်မထားသော အမျိုး မဟုတ် ကြောင်း၊ ဘုရားသခင်သည် သူတို့ အဘ ဖြစ်သည်ဟုတ်ဆိုကြပြန်သည်။ 

၄၂။ ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့ အဘမှန်လျှင်၊ သင်တို့သည် ငါ့ကို ချစ် ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင့်အထံတော်မှ ထွက်ကြရောက် လာ၏။ ကိုယ်အလိုအလျောက် လာသည် မဟုတ်။ ဘုရားသခင်သည် ငါ့ကို စေလွှတ်တော်မူ၏။ ၄၃ အဘယ်ကြောင့်ငါ့စကားကို နားမလည် ကြသနည်း။ ငါ၏ ဒေသနာကို နားမခံမယူနိုင်သောကြောင့်သာသင်တို့သည် ငါ့စကားကို နားမလည် ကြ။ ၄၄ သင်တို့သည် သင်တို့၏ အဘ တည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့ အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာ မှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာ တရားမရှိသောကြောင့် သစ္စာ တရား၌ မတည်မနေ။ သူသည် မုသာ စကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏ အဘလည်း ဖြစ်၏။ 

ယေရှုက သူတို့သည် ဘုရားသား များလည်း မဟုတ်၊ ဟုတ်လျှင် ယေရှုကို လက်ခံ ကြလိမ့်မည်။ သူတို့သည် မာရ်နတ်သားများဖြစ် ကြသည်။ မာရ်နတ်သား ဖြစ်ကြောင်း သူတို့၏ အကျင့်အားဖြင့် ထင်ရှားသည်။ သူတို့သည် မာရ်နတ်ကဲ့သို့ မုသာပြော၍ မုသာ၌ ကျင်လည်ကြသည်ဟုတ်ဆိုသည်။ 

၄၅။ ငါသည် သစ္စာ စကားကို ပြောသောကြောင့် သင်တို့ မယုံကြ။ ၄၆ ငါ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူ ဘော်ပြသနည်း။ သစ္စာ စကားကို ငါပြောသည် မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း။ ၄၇ ဘုရားသခင်နှင့် စပ်ဆိုင်သောသူသည် ဘုရားသခင်၏ စကားတော်ကို နားထောင် တတ်၏။ သင်တို့သည် ဘုရားသခင်နှင့် မစပ်ဆိုင် သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။ 
 

သစ္စာ စကားသည် သမ္မာတရားကို ဆိုလိုသည်။ ဘုရားနှင့် ဆိုင်သမျှတို့သည် သစ္စာ တရား တည်းဟူသော သမ္မာတရားကို နားလည် နားထောင် ကြသည် ဟုဆိုသည်။ သင်လည်း သမ္မာတရား နားမလည်၊ စိတ်မဝင်စားလျှင် ဘုရားသား ဖြစ်ခြင်းကို ပြန်လည် စစ်ဆေးဘို့ လိုသည်။ မုသာစကား၌ သာပျော်မွေ့၍ နားလည်လျှင် မာရ်နတ်၏သား ဖြစ်နိုင်သည်။ 

၄၈။ ယုဒလူတို့ကလည်း၊ သင်သည် ရှမာရိလူ ဖြစ်၏။ နတ်ဆိုးစွဲသောသူလည်း ဖြစ်၏ဟု ငါတို့ ပြောသော စကားသည် လျောက်ပတ်သည် မဟုတ်လော ဟုဆိုကြ၏။ 

ယေရှု ကသင်တို့သည် မာရ်နတ်သား ဟုဆိုသောကြောင့် သူတို့ကလည်း သင်သည် ရှမာရိလူ၊ နတ်ဆိုးစွဲသူဟု စွပ်စွဲ ကြသည်။ အပြန်အလှန်စွပ်စွဲ နေကြသည်။ အမှန်မှာယုဒလူများ မှားသည်။ ယနေ့ ယေရှု မ ရရှိသူများ ကလည်း၊ ရရှိသူများ ကို ပြောင်း ပြန်စွပ်စွဲတတ်ကြသည်။ 

၄၉။ ယေရှုကလည်း၊ ငါသည် နတ်ဆိုးစွဲသောသူ မဟုတ်။ ငါ့ ခမည်းတော်ကို ချီးမြှောက်၏။ သင်တို့သည် ငါ့ကို ရှုတ်ချကြ၏။ ၅၀ ငါသည် ကိုယ်ဘုန်းအသရေကို မရှာ။ ငါ၏ ဘုန်း အသရေကို ရှာ၍ စီရင်တော်မူသောသူရှိသေး၏။ ၅၁ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်ဟု မိန့်တော်မူ၏။ 

ယေရှုကလည်း သူသည် နတ်ဆိုးစွဲသူ မဟုတ်ကြောင်း၊ သူသည် ခမည်းတော်ကို ချီးမြှောက်ကြောင်း၊ သူတို့က သူ့ကို ရှုတ်ချသော်လည်း ဘုရားက သူ့ကို လက်ခံကြောင်း ပြောပြသည်။ ယေရှု ပင်လျှင် ထိုကဲ့သို့ ရှုတ်ချအပြစ် တင်လျှင် ယုံကြည်သူများကိုလည်း အပြစ်တင်မည် ဖြစ်သည်။ ထိုအရာကို သိခြင်းဖြင့် စိတ်သက်သာရာရနိုင်သည်။ ယေရှုက သူ့စကား နားထောင်လျှင် သေခြင်းနှင့် ကင်းလွတ် နိုင်ကြောင်း ပြောသည်။ မှန်ပါသည်၊ ကိုယ်ခန္ဓာသေလျှင်လည်း ပြန်ရှင်မည်။ ယုံကြည်သူသည် ထာဝရ အသက် ရရှိပြီး သောကြောင့် မသေနိင်တော့ပါ။ 

၅၂။ ယုဒလူတို့ကလည်း၊ သင်၌ နတ်ဆိုးစွဲသည်ကို ယခုငါတို့ သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည် ဟုဆိုပါသည် တကား။ ၅၃ ငါတို့အဘ အာ ဗြဟံထက် သင်သည် သာ၍ကြီး မြတ်သလော။ သူသည် သေပြီ။ ပရောဖက်တို့လည်း သေကြပြီ။ သင်သည် အဘယ်သို့သောသူ၏ အရောင်ကို ဆောင်သနည်း ဟုဆိုကြ၏။ 

ယေရှု စကားကို ယုဒလူများ နားမလည် နိုင်ပါ။ ထိုကြောင့် နတ်ဆိုးစွဲသူ၊ ရောင် ဆောင်သောသူဟု ထင် နေကြခြင်း ဖြစ်သည်။ ယေရှုထက် အာဗြဟံကို လေးစား၍ အမြတ်တနိုးရှိ ကြသည်။ အမှန်မှာ အာဗြဟံကို ဖန်ဆင်းရှင်သည် ယေရှု ပင် ဖြစ်သည်။ 

၅၄။ ယေရှုကလည်း၊ ငါသည် ကိုယ်ဂုဏ်ကို ပြလျှင်၊ ငါ့ဂုဏ်သည် အချည်းအနှီး ဖြစ်၏။ ငါ့ ခမည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ ဘုရား ဟူ၌ သင်တို့ ခေါ်ဝေါ်တတ်ကြ၏။ ၅၅သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့ မသိကြ။ ငါမူကား သိ၏။ ငါမသိဟု ငါဆိုလျှင် သင်တို့ ကဲ့သို့ မုသာသုံးသောသူ ဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားတော် ကိုလည်း နားထောင်၏။ 

ယေရှု ပင်လျှင် သူ့ဂုဏ်ကို သူမပြ၊ ခမည်တော်၏ ပြခြင်းကို အမှီပြုသည်။ ​ကျွန်ုပ်တို့ မူကား ကိုယ်ဂုဏ်ကို ပြချင် တတ်ကြသည်။ ထိုအရာသည် အလွန် မှားသည်။ ယုဒလူများက ဘုရား သိသည် ဟုဆိုကြသော်လည်း မသိကြ သကဲ့သို့ ​ကျွန်ုပ်တို့လည်း မသိကြချေ။ သိကြလျှင် ဘုရား စကား နားထောင်မည်၊ အလိုတော်ကိုသာလျှင် ရှာကြမည်။ ဘု ရားအတွက် အသက်ရှင်ခြင်းသည် အလွန် လွယ်ကူမည်။ သားတော်သည် ခမည်းတော်ကို သိသောကြောင့် လောက၌ သူ့အလိုတော်အတိုင်း အသက်မရှင်ဘဲ ခမည်းတော် အလိုကိုသာလျှင် ရှာခြင်း ဖြစ်သည်။ 

၅၆။ သင်တို့ အဘအာဗြဟံသည် ငါကြလာမည့်အချိန် ကာလကို မြော်မြင်ခြင်းငှါ အလွန် အလိုရှိ၏။ မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။ 

ယေရှု ကအာဗြဟံသည် သူကြွလာမှာကို မြော်၍ မြင်လျှင် ဝမ်းမြောက်သည် ဟုဆိုသည်။ အာဗြဟံသည် ယေရှု လူ့ဇာတိမခံမှီသေသွားပြီ၊ အဘယ်ကြောင့်မြင်သည် ဟုဆိုသနည်းဟူမူကား၊ မြင်ခဲ့လျှင် လက်ခံယုံကြည်၍ ဝမ်းမြောက် မှာကို သိသောကြောင့် ထိုကဲ့သို့ဆိုခြင်း ဖြစ်သည်။ အာဗြဟံသည် ဝိညာဉ်လူဖြစ်သောကြောင့် ယေရှုကို မြင်လျှင် ချက်ချင်း သိ၍ ယုံကြည် လက်ခံမှာသေချာသည်။ 

၅၇။ ယုဒလူတို့ကလည်း၊ သင်၏ အသက်သည် အနှစ်ငါးဆယ်မျှမရှိဘဲလျက် သင်သည် အာဗြဟံကို မြင်လေပြီတကား ဟုဆိုကြ၏။ ၅၈ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမ ဖြစ်မှီငါ ဖြစ်၏ဟု မိန့်တော်မူ၏။ 

ယုဒလူများက ယေရှု၏ ဆိုလိုရင်းကို နားမလည် နိုင်ကြချေ။ ယေရှု ကသူ၏ ဘုရား ဇာတိအကြောင်းကို ပြောသည်။ သူသည် ဇာတိအားဖြင့် အသက် ငယ်သော်လည်း ဝိညာဉ်အားဖြင့် ဘုရား ဖြစ်၍ အာဗြဟံထက် အသက် ကြသည်။ 

၅၉။ ထိုအခါ ကိုယ်တော်ကို ခဲနှင့် ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထို သူတို့ အလယ်၌ ရှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြတော်မူ၏။ 

ယေရှု ပြောသကဲ့သို့ ယုဒလူများက သူ့ကို ခဲနှင့် ပစ်ဘို့ ကြိုးစား ကြသည်။ အလွန်ဝမ်းနည်းစရာ ပင်။ သူတို့ ကယေရှု၏ အဖြစ်မှန်ကို သိပါက၊ ရှိခိုးကိုးကွယ်ကြမည် ဖြစ်သည်။ မသိခြင်းသည် အလွန် ဆိုးပါတကား။ သင်သည် ဘုရားနှင့် သခင်ယေရှုကို အမှန် သိပါသလား။ သိလျှင် သင်၏ ဘဝသည် အလွန် ထူးခြားမည် ဖြစ်သည်။ အကျင့်အကြံအ ပြု အမူ များသည် လုံးဝ ခြားနားသွားမည် ဖြစ်သည်။ ဘုရားရှင်ကသင့်ကို ဝိညာဉ် မျက်စိ ဖွင့်ပေးပါစေသော်။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG