GOODNEWS
  HOME  GOODNEWS  2018 FEB
 


 

အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဤစာစောင်ကို မိတ်ဆွေ ဖတ်ရှုနိုင်သေးခြင်း ဖြစ်သည်။ ​ကျွန်ုပ်တို့ လူမှု ကိစ္စမြောက် များစွာ အတွက် အလုပ်ရှုပ်၊ ပြသနာများ​ ဖြေရှင်း နေချိန်တွင် သခင်ဘုရားကြွလာမည့် အချိန်သည် အလွန် နီးနေပြီ ဖြစ်သည်။ ထိုအရာနှင့် ပတ်သက်၍ ယခုလတွင် များစွာ ရေးထားပါသည်။ ကျမ်းစာက၊ “အကယ်စင် စစ်အရှင်ထာဝရဘုရားသည် မိမိ​ကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။ ၈ ခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူမျှ အကြောက်မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင်ထာဝရဘုရား မိန့်တော်မူသောအခါ အဘယ်သူသည် ပရော ဖက်မပြုဘဲ နေလိမ့်မည်နည်း။” (အာမုတ် ၃:ရ- ၈)ဟု ရေးထားပါသည်။ ထာဝရဘုရားသည် သူလုပ်မည့် အရာများကို သူ၏ ​ကျွန်များ ထံမဘော်ပြဘဲ မနေပါ။ ဘုရားသခင်သည် သူ့ကို မယုံကြည် မထီမဲ့မြင် ပြုသောသူများကိုလည်း သတိပေးတတ်သည်။ နောဧ ခေတ်ကလူများကိုလည်း ရေလွှမ်းမိုးမည့် အကြောင်း ဖေါ်ပြသည်။ မယုံကြည်သူ ဖါရော မင်းကိုလည်း အစာ ခေါင်းပါး မည့်အကြောင်း ပြောပြခဲ့သည်။ နိနေဝိမြို့ကို တရားစီရင် မည့်အရာကိုလည်း ယောနအား ပြောခိုင်းသည်။ ယခုရှေ့အနာဂတ်မှာ ပြုလုပ်မည့် အရာများကိုလည်း ဒံယေလကျမ်း၊ ဟေရှာယ၊ ဇာခရိ၊ ဗျာဒိတ်ကျမ်းများ၌ များစွာ ပြော ထားသည်။ သခင်ဘုရားကိုယ်တိုင်ကလည်း များစွာ ပြောသည်။ ဂရုမစိုက်၊ နားမလည်၊ သောသူများသည် မလိုအပ်ဘဲ ဘေးဒုက္ခ တွေ့ကြရတော့မည် ဖြစ်သည်။ အရှင်ထာဝရဘုရား မိန့်တော်မူသောအခါ အဘယ်သူသည် ပရောဖက် မပြုဘဲ နေလိမ့်မည်နည်း ဟုဆိုသည်။ ထို့ကြောင့် ​ကျွန်တော်လည်း ကျမ်းစာနှင့်လောက ကြီး၌ ဖြစ်ပျက်သော အရာများကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် သိသလောက် ဖေါ်ပြထားပါသည်။ ဂရုမစိုက်သောသူများသည် နောင်တ အကြီး အကျယ်ရမည် ဖြစ်သည်။ နောက်မကျမှီဘုရား သတိ ပေးသောအရာကို ဂရုစိုက်ကြပါ။ 

ယခုလစာစောင်တွင်...

  • ချီဆောင်ခြင်းသည် လူတိုင်း ထင်သည်ထက် နီးနေပြီ
  • ကျမ်းစာ နားမလည်၊ဘုရား တန်ခိုး မသိသောကြောင့် 
  • ကျမ်းစာဖတ်ကြစို့ (ရှင်ယောဟန် ခရစ်ဝင်- ၇) 

 

ချီဆောင်ခြင်းသည် လူတိုင်းထင်သည်ထက် နီးပြီ


 ချီဆောင်ခြင်းနှင့် ဘေးဒဏ်ကြီး ကာလသည် သင်ထင်သည်ထက် နီးနိုုင်သည်။ ခရစ်တော်က၊ “သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေ တခုကို မှတ်ကြလော့။ သင်္ဘော သဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလ နီးသည်ကို သင်တို့ သိကြ၏။ ထိုနည်းတူ၊ ထိုအကြောင်း အရာအလုံးစုံတို့ကို မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ယခု ဖြစ်သော လူများ မကုန်မှီ ထိုအကြောင်း အရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။ ထိုအချိန် နာရီကို ကား အဘယ်သူမျှ မသိ။ ကောင်းကင်တမန် မသိ။ ငါ့ ခမည်းတော် တပါးတည်း သာသိတော်မူ၏။” (မ ၂၄:၃၂-၃၅) ဟုဆိုသောကြောင့် ခရစ်တော် ကြွလာမည့် အရာကို မလိုချင်သောသူများက၊ လုံးဝ မသိချင်ကြချေ။ ကြားလည်း မကြားချင်ကြချေ။ သို့သော် ပေါလုက၊ “သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည်လာ လိမ့်မည်ကို သင်တို့သည် သေချာစွာ သိကြ၏။ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ ဟုဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာ ရောက် သကဲ့သို့၊ သူတို့ အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်းရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။ သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ အပေါ်သို့ ရောက်လာမည်အ ကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည် မဟုတ်။ သင်တို့ အပေါင်းသည် အလင်း၏ သား၊ နေ့၏သား ဖြစ်ကြ၏။ ညဉ့်၏ သား၊ မှောင်မိုက်၏သား မဟုတ်။ သို့ဖြစ်၍၊ အခြားသော သူတို့သည် အိပ်ပျော် သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။” (၁ သက် ၅:၁-၆) ဟုဆိုထားသည်။ ထို့ကြောင့် သင်သည် အလင်း၏သား ဖြစ်လျှင် သခင်ဘုရားသည် သူခိုးကဲ့သို့ ကြွလာမည် မဟုတ်။ သမ္မာသတိနှင့် စောင့်သောကြောင့် သိနိုုင်သည်။ 
 
ချိုဆယ်ချောင်း

ဒံယေလသည် အိပ်မက်ထဲ၌သားရဲလေးကောင်ကို မြင်မက်ခဲ့သည် (ဒံယေလ ရ)။ ပဌမသားရဲသည် ခြင်္သေ့ ဖြစ်၍ ဗာဗုလုန်အင်ပိုင်ယာကို ပုံဆောင်သည်။ ဒုတိယသားရဲသည် ဝံဖြစ်၍ မေဒိုပါးရှားအင်ပိုင်ယာကို ဆိုလိုခြင်း ဖြစ်သည်။ တတိယသားရဲသည် ကျားသစ်ဖြစ်၍ ဂရိတ်အင်ပိုင်ယာကို ဆိုလိုသည်။ စတုတ္ထသားရဲသည် ချိုဆယ်ချောင်းရှိ၍ ကြောက် မက်ဘွယ်ကောင်းသည်။ စတုတ္ထသားရဲနှင့် ပတ်သက်၍၊ “ထိုညအခါ၊ တဖန် ငါသည် အာရုံပြုစဉ်၊ ကြီးစွာသော ခွန်အားဖြင့် ပြည့်စုံ၍ အလွန် ကြောက်မက်ဘွယ်သော စတုတ္ထသားရဲသည် ထင် ရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသောအရာကို ​ခြေဖြင့် နင်းချေ၏။ သူသည် အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ် ချောင်းလည်းရှိ၏။ ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများ အလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့် တကွ နှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့်၎င်း ပြည့်စုံ၏။” (ဒံယေလ ရးရ-၈)ဟု တွေ့ရသည်။ 

ထိုသားရဲသည် ရောမအင်ပိုင်ယာကို ဆိုလိုသည်။ ထိုသားရဲ၏ ခေါင်းမှ ချိုဆယ် ချောင်းသည် နောက်ဆုံးသော ကာလ၌ ပေါ်ပေါက်လာမည့် ဆယ်နိင်ငံကို ဆိုလိုသည်။ ထိုသားရဲနှင့် ပတ်သက်၍၊ “စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသော နိုင်ငံရှိသ မျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စား ချိုးဖဲ့နင်းချေလိမ့်မည်။ ၂၄ ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်းသည် ပေါ်လတံ့သော မင်းကြီး ဆယ်ပါးဖြစ်၏။ သူတို့နောက် အခြားသောမင်းကြီး ပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက် ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။ ၂၅ အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်း သူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်း လဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလ တဝက်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။ ၂၆ ထိုနောက်မှတရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါ သူ၏တန်ခိုးအာဏာကို နှုတ်၍ ရှင်းရှင်းဖျက်ဆီးကြလိမ့်မည်။” (ဒံယေလ ရး၂၃-၂၆)။ ချိုဆယ်ချောင်းနှင့် ပတ်သက်၍ ခံယူချက် အမျိုးမျိုးရှိသည်။ ထိုချိုများ၏ ကိုယ်သည် ရောမအင်ပိုင်ယာကို ဆိုလိုသောကြောင့် ထိုချိုဆယ်ချောင်းသည်၊ ရောမအင်ပိုင်ရာဟောင်းမှ ပြန်လည်ထလာ မည့် မင်းကြီးများဟု ယူဆကြသည်။ မူစလင်မှခရစ်ယာန် ဖြစ်လာ သူများက ထိုဆယ် နိင်ငံသည် အရှေ့အလယ်ပိုင်းမူစလင်နိင်ငံများ ဖြစ်မည်ဟု ယူဆကြသည်။ 

ချိုငယ်လေး

ချိုဆယ်ချောင်း နောက်မှ ပေါက်လာသော ချိုငယ်လေးသည် စိတ်ဝင်စားစရာ ကောင်းသည်။ သူသည် သေးငယ်၍ နောက်မှပေါက်သော်လည်း အရင်မင်းကြီး သုံးပါးကို နှိမ့်ချနိုင်သောကြောင့် တန်ခိုးရှိသည်။ အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ ကြီးစွာသော စကားပြောခြင်း ဆိုသည်မှာ အလွန်ဝါကြွားခြင်း၊ အပြောကြီးကျယ်ခြင်းကို ဆိုလိုသည်။ ဘုရားကို ဆန့်ကျင် သောကြောင့် ဘုရား၏လူများ တည်းဟူသော သန့်ရှင်း သူများကိုလည်း ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲဘို့ ကြံစည်မည် ဟုဆိုသည်။ ကာလအချိန်သည် ဘုရားကသတ်မှတ်ထားသည်။ တပတ်လျှင် ခုနစ်ရက်ရှိခြင်း၊ တလမှာရက် ပေါင်းသုံးဆယ်၊ တနှစ်လျှင် ရက်ပေါင်းသုံးရာ​ခြောက်ဆယ်ရှိခြင်း များသည် ဘုရား၏ သတ်မှတ်ချက်ဖြစ်သည်။ ဂျူးများအတွက် စနေနေ့သည် ဥပုသ်နေ့ ဖြစ်သည်။ ခရစ်ယာန်များအတွက် တနင်္ဂနွေနေ့သည် ဘုရားရှိခိုးသည့်နေ့ ဖြစ်သည်။ မူစလင်များ အတွက်သောကြာနေ့သည် ဆုတောင်းသည့်နေ့ဖြစ်သည်။ ဗုဒ္ဓဘာသာများအတွက် ဥပုသ်နေ့သည် ပြောင်းလဲနေသည်။ ထို့ကြောင့် ချိုငယ်လေး၏ ဥပုသ်နေ့သည် ဘယ်နေ့ ဖြစ်မည်ကို မသိသော်လည်း ပြောင်းလဲမည် ဖြစ်သည်။ ယခုအမေရိကန်၌ စတင်ပြောင်းလဲနေပြီ။ ထို့ကြောင့် တနင်္ဂနွေနေ့၌ အလုပ်လုပ် နေကြပြီ။ သို့သော် လူအများစုက နားမလည် ကြပါ။ နားလည်လျှင်လည်း ဘာမျှမတတ်နိုင်ပါ။ တနင်္ဂနွေနေ့အလုပ်မဆင်းလျှင် အလုပ် မရနိုင်မည်စိုးရိမ် သောကြောင့် လုပ်နေကြပြီ မဟုတ်လား။ ဘုရားသခင်က ဣသရေလ လူများထံတစ်နှစ်လျှင် ပွဲခုနှစ်မျိုးလုပ်ဘို့ သတ်မှတ်ပေးထားသည် (ဝတ်ပြုရာ ၂၃)။ ယေရောဗောင်က ထာဝရဘုရားကို စွန့်၍ ရုပ်တုကိုးကွယ်သောအခါ ပွဲနေ့ကိုလည်း သူ့စိတ်တိုင်းကျ သတ်မှတ်လိုက်သည် (၃ ဓမ္မ ၁၂:၃၂)။ ပညတ်တရားကိုလည်း ပြောင်းလဲလိမ့်မည်။ ဘုရား၏ ပညတ်တော်နှင့် ဆန့်ကျင်လိမ့်မည်။ ထို့ကြောင့် ပညတ်တော် ဆယ်ပါးကိုရုံးများ၊ ကျောင်းများ၊ လူထုစည်းဝေးရာများ မှဖယ်ရှားနေပြီ။ ယခုထိုအရိပ်အရောင်များ တွေ့မြင်ခံစား နေရသော်လည်း သတိမထားမိကြချေ။ ယခုလူ များစွာတို့ ကပညတ်တော် ဆယ်ပါးနှင့်တကွ ထာဝရဘုရားနှင့် ပတ်သက်သော အရာများကို အလွန် မုန်းတီး၍ တိုက် ခိုက် နေကြပြီ။ ထိုချိုငယ်လေးသည် တကာလ (တနှစ်)၊ နှစ်ကာလ (နှစ်နှစ်)၊ ကာလ တဝက် (နှစ်ဝက်) အခွင့်ရလိမ့်မည် ဟုဆိုသည်။ ထိုကာလများပေါင်းလိုက်လျှင် သုံးနှစ် ခွဲ ဖြစ်သည်။ ထိုအချိန်သည် ဘေးဒဏ်ကြိီးကာလ၏ ဒုတိယပိုင်းနှင့် ကိုက်ညီနေသည်။ 
 ထိုချိုငယ်လေးသည် မည်သူ သို့မဟုတ် မည်သည့်နိုင်ငံကို ဆိုလိုသနည်း။ ထို့အပြင် ယခုအချိန်သည် နောက်ဆုံးသောကာလဖြစ်သည်။ အမေရိကန်ပြည် ထောင်စုသည် ကမ္ဘာမှာအင်အား အကြီး ဆုံးနိုင်ငံ ဖြစ်သည်။ ပြည်တွင်း၌သာမက ကမ္ဘာတဝှမ်းလုံး၌ စစ်စခန်း ၈၀၀ ကျော်ရှိသည်။ ထို့အပြင် အမေရိကသည် လေယဉ်တင်စစ်သင်္ဘော ၁၁ စင်းရှိသေးသည်။ တကမ္ဘာလုံးကို လွှမ်းမိုးနေသည်။ နိုင်ငံခြား၌ စစ်စခန်းရှိသော နိုင်ငံများ မှာရုရှား-၈ ခု၊ ဂရိတ်ဗြိတိန် ရ ခု၊ ပြင်သစ် ၅ ခုနှင့် အခြားနိင်ငံများ တခုစီရှိ ကြသည်။ အားလုံး ပေါင်းလျှင် ၂ရ ခုသာလျှင် ရှိသည်။ ပရောဖက် ပြုချက်ကို လေ့လာသာများက အဘယ်ကြောင့် ထိုမျှလောက်အင်အားကြီးသော အမေရိကန်နိုင်ငံအကြောင်းကို ကျမ်းစာက မဖေါ်ပြ သနည်းဟု သိချင်ကြသည်။ အမှန်မှာ ချိုဆယ်ချောင်းများ နောက်ပေါက်လာသော ချိုငယ်လေးသည် အမေရိကန်ကို ဆိုလိုနေခြင်း ဖြစ်နိုင်သည်။ အဘယ်ကြောင့် ချိုငယ် လေးဖြစ်သနည်း၊ အင်အားငယ်သောကြောင့်လော၊ မဟုတ်ပါ။ နောက်မှပေါက်သောကြောင့်ဖြစ်သည်။ ဥရောပနိုင်ငံများသည် နှစ်ပေါင်းထောင်နှင့် ချီ၍ ကြာခဲ့ကြပြီ။ ဥရောပနိင်ငံများမှ ဖြစ်လာသော အမေရိကန်သည် ၁ရရ ၆ ခုနှစ်မှသာ နိုင်ငံစတင်လာသောကြောင့် နှစ်ပေါင်း ၂၄၂ နှစ်သာလျှင် ရှိသေးသည်။ ထိုသို့ အလွန် နောက်ကျမှ ဖြစ်ပေါ် လာသော်လည်း မိခင်နိုင်ငံများထက် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အစစအရာရာတွင် ကမ္ဘာမှာအင်အားအကြီးဆုံး၊ ခေါင်းဆောင် နိုင်ငံဖြစ်သည်။ ထို့ကြောင့် ချိုငယ်လေး ဖြစ်သည်ဟု ယူဆရခြင်း ဖြစ်သည်။ 

လူမျက်စိကဲ့သို့သောမျက်စိ 

 ချိုငယ်လေး၏ ထူးခြားချက်မှာ လူမျက်စိကဲ့သို့သော မျက်စိရှိခြင်း ဖြစ်သည်။ မျက်စိသည် မြင်နိင်ခြင်းကို ဆိုလိုသည်။ အမေရိကန်ပြည် ထောင်စုသည် ကမ္ဘာပေါ်၌ ဖြစ်ပျက် သမျှကို အစောဆုံးသိမြင်နိုင်သော နိုင်ငံ ဖြစ်သည်။ ထိုမျှသာမက ပြည်တွင်း၌ တိုင်းသူ ပြည်သား များ၏ အကြောင်း အရာကိုလည်း အကုန်သိမြင်နိုင်သည်။ အဘယ်သူမျှ ပုန်းရှောင်၍ မရချေ။ ထိုအပြင် ပညာအတော် ဆုံးဟုလည်း ဆိုနိုင်သည်။ တီထွင်မှု တွင်လည်း ထိပ်တန်းနိုင်ငံဖြစ်သည်။ 
 
ကြီးစွာသော စကားကို ပြောတတ်သော နှုတ်    

ချိုငယ်လေး၏ ဒုတိယထူးခြားချက်မှာ ကြီးစွာသော စကားပြောတတ်သော နှုတ် ရှိခြင်း ဖြစ်သည်။ မှန်ပါသည် အမေရိကန်သား များသည် အလွန် ဝါကြွားတတ်သောသူများဖြစ်သည်။ နိုင်ငံတိုင်းကလည်း အထင်ကြီးသည်။ တိုင်း သူပြည်သားများသာမက ယခု သမ္မတထမ်းလည်း အလွန် ဝါကြွားတတ်သည်။ အပြောကြီးသည်။ ယခုအမေရိကန်ပဌမဟု ​ကျွေးကျော်နေပြီ။ ထို့ကြောင့် ချိုငယ်လေးသည် အမေရိကန်ပြည် ထောင်စု ဖြစ်သည် ဟုဆိုနိုင်သည်။ 

သမ္မတထရမ်း

 သမ္မတထရမ်းသည် ဘေးဒဏ်ကြီး ကာလ၌ တကမ္ဘာလုံးကို အုပ်စိုးမည့်သူ ဖြစ်နိုင်သည်။ အကြောင်းရင်းများမှာ၊ အလွန်ဝါကြွားတတ်သည်။ သူ့ကိုဆန့်ကျင် မည့်သူများကို တယောက်ပြီး တယောက် ဖယ်ရှားနိုင်သည်။ ယေရုရှလင်မြို့ကို အစ္စရေးမြို့တော် အဖြစ်အသိအမှတ်ပြုရဲ၊ ပြုနိုင်သည်။ ယေရုရှလင်မြို့ကို အစ္စရေးမြို့တော် အဖြစ် အသိအမှတ်ပြုဘို့ Jerusalem Embassy Act  ၁၉၉၅ကို ၁၉၉၅ ခုနှစ်တွင် အထက်လွှတ်တော် မဲ ၉၃-၅၊ အောက်လွှတ်တော် မဲ ၃ရ၄-၃ရ အားဖြင့် သမ္မတ လက်မှတ်ထူးစရာ မလိုဘဲ လွှတ်တော် ကဆုံးဖြတ်၍ အမေရိကန်သံရုံးကိုလည်း ၁၉၉၉ ခုနှစ်မေလ ၃၁ ရက်နေ့မတိုင်မှီတွင် Tel Aviv မြို့မှ ယေရုရှလင်မြို့သို့ ပြောင်းရွှေ့ဘို့ ဥပဒေပြုခဲ့ ကြသည်။ သို့သော် သမ္မတ Bill Clinton, Bush  နှင့် Obama တို့ က​ခြောက် လတကြိမ်ရွှေ့ဆိုင်းရင်းဖြင့် ၂၂ နှစ်ကြာခဲ့ရသည်။ သမ္မတ Turmp လည်း ချက်ချင်း မရွှေ့ဘဲ ယခင်သမ္မတများ ကဲ့သို့ ​ခြောက်လဆိုင်းခဲ့သည်။ သို့သော် ၂၀၁ရ ခုနှစ်ဒီဇဘ်ာ လ ၆ ရက်နေ့တွင် ယေရုရှလင်မြို့သည် အစ္စရေးမြို့တော် အဖြစ် ကျေညာလိုက်သည်။ နောက်တနေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမေရိကန်ဆုံးဖြတ်ချက်ကို ၁၅ နိုင်ငံထဲမှ ၁၄ နိုင်ငံက ကန့်ကွက်ကြသည်။ ဒီဇဘ်ာလ ၂၁ ရက်နေ့တွင် ကမ္ဘာကုလသမဂ္ဂညီလာခံ၌ မဲခွဲကြရာ၊ အမေရိကန်ထောက်ခံသူ ၈ နိုင်ငံ၊ ကန့်ကွက်သူ ၁၂၈ နိုင်ငံ၊ မဲမထည့်သူ ၃၅ နိုင်ငံ ဖြစ်သည် ( မြန်မာနိုင်ငံမဲမထည့်ပါ)။ ထို့သို့ ကမ္ဘာ့နိုင်ငံအများစု ကကန့်ကွက်သော်လည်း သမ္မတTurmp သည် လုံးဝ နောက်မဆုတ်ချေ။ ရုရှားသမ္မတ ပူတင်က ၂၀၁ရ ခုနှစ်ဧပြီလ ၆ ရက်နေ့တွင် ယေရုရှလင်မြို့ကို အစ္စရေးမြို့တော် အဖြစ် အသိအမှတ်ပြုခဲ့သည်။ Turmp ထက် ၈ လကြိုအသိအမှတ်ပြုခဲ့သော်လည်းမည်သူကမျှဂရုမစိုက်၊ သိလည်း မသိကြပါ။ အဘယ်ကြောင့်ထမ်းက အသိအမှတ်ပြုမှသာလျှင်တကမ္ဘာလုံးတုန်လှုပ်သွားသနည်း။ ကျမ်းစာက၊ “ငါသည် ယေရုရှလင်မြို့ကို ပတ် လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ် (ဒယိမ်းဒယိုင်) စေသော ဖလား ဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်းထားစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။ ၃ ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ​ကြေမွကြလိမ့်မည်။” (ဇာခရိ ၁၂:၂-၃) ဟူသောအရာ ပြည့်စုံနေခြင်း ဖြစ်သည်။ 

ဗိမာန်တော် ဆောက်လုပ်ခွင့်

အစ္စရေးဘာသာရေးခေါင်းဆောင်များက ဗိမာန်တော် ဆောက်လုပ်ခွင့်ပေးဘို့ သမ္မတထမ်းနှင့် ရုရှားသမ္မတပူတင်ထံ၌ ၂၀၁၆ နိုဝဘ်ာလ ၁၁ ရက်နေ့တွင် တောင်း ဆို ကြသည်။ ထိုအရာနှင့် ပတ်သက်၍၊ “တသိတင်းတွင် လူအများတို့ နှင့် ပဋ္ဋိညာဉ် ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်း တဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေ လိမ့်မည်။ ရွံရှာဘွယ်သောအရာ၏ အထွဋ္ဋ်ပေါ်သို့ ဖျက်ဆီးသောသူသည် ရောက်၍၊ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုး မှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။” (ဒံ ၉:၂ရ)။ ဗိမာန်တော် ဆောက် လုပ်ခွင့်ကို တသိတင်း ပဋ္ဋိညာဉ်ဖွဲ့ခြင်းအားဖြင့် ပေးမည် ဖြစ်သည်။ တသိတင်းသည် ခုနှစ် ရက် ဖြစ်သည်။ တရက်အစားတနှစ်ကို ထား၍ တသတင်းသည် ခုနှစ်နှစ် ဖြစ်သည် (တော ၁၄:၃၄)။ အစ္စရေးနှင့် အာရပ် (ပါလက်စတင်း) များခုနှစ်နှစ်ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆို၍ အန္တီခရစ်က ဦးဆောင်မည် ဖြစ်သည်။ ထိုစာချုပ်အရဗိမာန်တော်ကို နဂုိလ်နေရာ၌ ဆောက်ခွင့်ပေး၍ ဣသရေလ လူများသည် ရှေးကကဲ့သို့ မီးရှို့ရာယဇ် ပူဇော်ကြမည် ဖြစ်သည်။ ကျမ်းစာက၊ “တဖန်တုံလှံတံနှင့် တူသော ကျူပင်တလုံးကို ငါ့ အားပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော်၌ ကိုးကွယ်သော သူတို့ ကိုလည်း ရေတွက်လော့။ ဗိမာန်တော် တန်တိုင်းကို မတိုင်း နှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို၊ လလေးဆယ်နှစ်လပတ်လုံး နင်းကြလိမ့်မည်။” (ဗျာ ၁၁:၁-၂) အဘယ်ကြောင့် ဗိမာန်တန်တိုင်းကို မတိုင်း ခိုင်းသနည်းဟူမူကား တန်တိုင်း အတွင်း၌ မူစလင်များ၏ ဗလီကြီးရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဗိမာန်တော် ပြန်ဆောက်၍ ယဇ်ပြန် ပူဇော်မည့် အရာသည် သေချာနေသည်။ ထိုသို့ ဗိမာန်တော် ဆောက်ခွင့်ကို သမ္မတထမ်း ကပေးဘို့ရန် အလားအလာရှိနေသည်။ မူစလင်ဗလီအနားတွင် ဗိမာန်တော် ဆောက်မည် ဖြစ်သည်။ 

ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာ

သို့သော် ဗိမာန်တော် ဆောက်ပြီး၍ သုံးနှစ်ခွဲ ယဇ်ပူဇော်ခြင်းပြီး နောက် အန္တီခရစ်သည် ဗိမာန်တော် ထဲ၌ သူသည် ဣသရေလ လူများ မျှော်လင့်နေသော မေရှိယ ဖြစ်သည်ဟု ကျေညာကာ သူ့ကိုကိုးကွယ်ဘို့ အမိန့်ပေးမည် ဖြစ်သည်ဟု ဒံယေလကဟောခဲ့ပြီ။ ထိုအရာကို သခင်ဘုရားကလည်း ဤသို့ သတိပေးခဲ့သည်၊ “ထိုကြောင့် ပရောဖက် ဒံယေလဟောသည် အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် သန့်ရှင်းသော အရပ် ဌာန၌ စိုက်နေသည်ကို သင်တို့ မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။ ၁၆ ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးကြ စေ။ ၁၇ အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲကဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့်။ ၁၈ လယ်၌ ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှါ နောက်သို့ မပြန်စေနှင့်၊ ၁၉ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန် ခက်ကြလိမ့်မည်။ ၂၀ သင်တို့ ပြေးရသော အချိန်သည် ဆောင်းကာလ၌ မကျ၊ ဥပုသ်နေ့၌လည်း မကျမည် အကြောင်း ဆုတောင်း ကြလော့။ ၂၁ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ၂၂ ထိုကာလ တာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့အဘို့ အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။” (မ ၂၄:၁၅-၂၂)။ သန့်ရှင်းသော အရပ် ဌါနသည် ဗိမာန်တော် ဖြစ်သည်။ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် အန္တီခရစ် ဖြစ်သည်။ သူသည် ဗိမာန်တော်၌ ထိုင်သည် မှစ၍ နောက်ထပ်သုံးနှစ်လုံးလုံး ဣသရေလ လူများကို ညှင်းဆဲသတ်ဖြတ်တော့မည် ဖြစ်သည်။ ထို့ကြောင့် သခင်ဘုရားက အိမ်ထဲ မှဘယ်အရာကိုမျှ မယူဘဲ ထွက်ပြေးဘို့ အကြံပေးခြင်း ဖြစ်သည်။ ကိုယ်ဝန်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန် ခက်ကြလိမ့်မည် ဟုဆိုသည်။ အကြောင်းမှာ သူတို့အတွက် ပြေးဘို့ရန် အလွန် ခက်မည်။ သူတို့ ပြေးမည့် အချိန်သည် ဆောင်းကာလ မကျမည့် အကြောင်း ဆုတောင်း ခိုင်းသည်။ အဘယ်ကြောင့်ဆိုသော် ဆောင်းကာလ၌ အဝတ်မပါဘဲ စစ်ပြေးခြင်းသည် အလွန် ခက်ခဲမည်။ ဥပုသ်နေ့မကျ မည့်အကြောင်း ဟုဆိုခြင်းသည်၊ ဥပုသ်နေ့၌ ငါးဖါလုံ (တကီလိုမီတာ) လောက်သာ သူတို့၏ ပညတ်အရခရီး သွားနိုင်သောကြောင့် မပြေးနိုင်ဘဲ ဖြစ်မည်။ ထိုအရာကို ပေါလုကလည်းရေးထားသည် (၂ သက် ၂:၃-၄)။ အကယ်၍ သမ္မတထမ်းသည် အန္တီခရစ် ဖြစ်ပါက၊ ဗိမာန်တော် ဆောက်ခွင့်ပေးတော့မည် ဖြစ်သည်။ 
 သမ္မတထမ်းက ယေရုရှလင်မြို့ကို အသိအမှတ်ပြုလိုက်သောအခါ၊ ပါလက်စတင်း သမ္မတအဘတ်ကအမေရိကန်သည် ပါလက်စတင်းနှင့် အစ္စရေးငြိမ်းချမ်းရေး စေ့စပ်ခြင်း၌ ဦးဆောင်ဘို့ရန် မဖြစ်တော့ကြောင်း ကျေညာခဲ့သည်။ သို့သော် သမ္မတထမ်းက၊ ထိုကဲ့သို့ ငြိမ်းချမ်းရေး စေ့စပ်ခြင်း၌ ပါလက်စတင်းများ မလာချင် ပါက၊ အမေရိကန်က ပါလက်စတင်းများ ငွေကျေးထောက်ပံ့ခြင်းကို ဖြတ်တောက်မည်ဟု ခြိမ်း​ခြောက်လိုက် ပြီ။ ပါလက်စတင်းများကို ထောက်ပံ့ သူများ ထဲ၌ အမေရိကန်သည် အများဆုံး ဖြစ်သည်။ ထို့ကြောင့် မကျေနပ် လျှင်လည်း ငြိမ်းချမ်းရေး စာချုပ် ချုပ်ဘို့ရန် ပါလာကြလိမ့်မည်။ ထို့ကြောင့် ခုနှစ်နှစ် ပဋ္ဋိညာဉ်ဖွဲ့ခြင်းကို ပြုလုပ် ပေးဘို့ရန် သမ္မတထမ်းသည် အလား အလာရှိနေသည်။ 

အာရပ်နိင်ငံများ 

အာရပ်နိင်ငံများသည် မူစလင်များ ဖြစ်သည်သာမက၊ ပါလက်စတင်းများနှင့် လူမျိုးတူသောကြောင့် ပါလက်စတင်းများကို အမြဲထောက်ခံကာ၊ အစ္စရေးနိင်ငံပပျောက် သွားရေးသည် သူတို့၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်။ ထို့ကြောင့် အစ္စရေးနှင့် ၁၉၄၈ လွတ်လပ်ရေးစစ်ပွဲ၊ ၁၉၅၆ စူအက်တူးမြောင်းစစ်ပွဲ၊ ၁၉၆ရ ​ခြောက်ရက်ကြာစစ်ပွဲ၊ ၁၉ရ ၃၌သာ ုငစစကမ စစ်ပွဲများ အကြီး ကျယ်တိုက်ကြပြီ။ သို့သော် အစ္စရေးကအမြဲ အနိုင်ရရှိသောကြောင့် မည်သို့ မျှမလုပ်နိုင်ကြခြင်း ဖြစ်သည်။ ထိုသို့ အစ္စရေးကို စစ်ရေး အရ မတိုက်နိုင်သောအခါ အာရပ်နိုင်ငံများက၊ ရေနံကို လက်နက်အဖြစ် အသုံးပြု၍ ၁၉ရ ၃-၁၉ရ ၄ ခုနှစ်အတွင်း အနောက်နိင်ငံများသို့ ရေနံမရောင်းတော့ဘဲ ဆန္ဒပြ ကြသည်။ ထိုအခါ အနောက်နိင်ငံများ၌ စက်ရုံများ ပိတ်သည်သာမက၊ ကား များလည်း ဓါတ်ဆီဆိုင်များ၌ တန်းစီခဲ့ ကြသည်။ ထိုသို့ ရေနံမရောင်းချခြင်းသည် အနောက်နိင်ငံများက အစ္စရေးကို ကူညီသောကြောင့် ဟုဆိုသည်။ ထိုအချိန် မှစ၍ နောက်နိင်ငံများက အာရပ်ရေနံနိင်ငံများကို ကြောက် နေကြသည်။ ထို့ကြောင့် အာရပ်နိင်ငံများ စိတ်ဆိုး မည့် အရာများကို ရှောင် ကြသည်။ အစ္စရေးနိင်ငံလည်း ပြသနာ အဖြစ်မြင်လာ ကြသည်။ ထို့ကြောင့် အစ္စရေးနိင်ငံကို ဆန့်ကျင် ကြသည်။ 
 
မူစလင်နှစ်မျိုး

သမ္မတထမ်းက ယေရုရှလင်မြို့ကို အသိအမှတ်ပြုသောအခါ၊ အာရပ်မူစလင်နိင်ငံများကဆန့်ကျင် ကြသော်လည်း ထင်သလောက်မဆိုးရွားချေ။ အကြောင်းမှာ မူစလင် ဘာသာသည် အဓိကနှစ်မျိုးကွဲ၍ ရှိအာ (ှ့င​ေ)နှင့် ဆူနီ (ှကညညင) ဂိုဏ်း ဖြစ်သည်။ ရှိအာ များသည် အီရန်၊ အီရတ်အများစု၊ ဆီးရီးယား၊ လေဗနုန်နိင်ငံများ၌ ရှိ၍ တကမ္ဘာလုံး မူစလင်လူဦးရေ၏ ၂၀ ရာခိုင်နှုန်းလောက်သာလျှင် ရှိသည်။ ဆူနီများသည် ဆော်ဒီအာ ရဗျ၊ အီဂျစ်၊ တူရကီ၊ပါက စ္စတန်၊ ဘင်္လာဒေရှ်၊ မလေးရှား၊ အင်ဒုိနီးရှီးယားနိင်ငံများ ဖြစ်သည်။ ရှိအာနိင်ငံ ဖြစ်သော အီရန်က ရေနံမှရသော ဝင်ငွေအားဖြင့် အစ္စရေးတိုက် ဖျက်ရေးနှင့် ရှိအာအယူဝါဒပြန့်နှံ့ရေးအတွက် စစ်လက်နက်မျိုးစုံ၊ အနုမြူဗုံးနှင့် ဒုံပျံများကို ရုရှားအကူအညီနှင့် ထုတ်လုပ်တီထွင်နေသည်။ ထို့အပြင် အီရတ်၊ ဆီးရီးယား၊ လေဘနုန်၊ ယေမင်၊ ဆူဒန်နိင်ငံများ၌ စစ်လက်နက်များ ကူညီနေသည်။ ထိုအခါ ဆူနီ နိင်ငံများ ကအီရန်ကို ကြောက်၍ အစ္စရေးနှင့် အမေရိကန်ကို စစ်ရေးအရအားကိုးလာ ကြသည်။ ထို့ကြောင့် အမေရိကန်ကအစ္စရေးမြို့တော်ကို အသိအမှတ်ပြုသောအခါ မနှစ်သက်သော်လည်း အောင့်အီးသီးခံကြခြင်း ဖြစ်သည်။ ဆော်ဒီအာရဗျနိင်ငံသည် အီရန်တိုက်ဘို့ရန် အစ္စရေးကို သူတို့၏ တိုက်လေယဉ်များ နိုင်ငံဖြတ်သန်းခွင့်များ ပေးထားသည်။ ထို့ကြောင့် ယေရုရှလင်မြို့အရေးထက် အီရန်ရန်ကာကွယ်ရေးသည် ပို၍ အရေးကြီး သောကြောင့် ထမ်းက ဦးဆောင်၍ အစ္စရေးပါလက်စတင်း ငြိမ်းချမ်းရေး စာချုပ် ချုပ်ဘို့သည် ဖြစ်မြောက်နိုင်မည့်အလားအလာရှိနေသည်။ ထိုစာချုပ်သည် ကျမ်းစာက ရေးထားသည် အတိုင်း ခုနှစ်နှစ်စာချုပ် ဖြစ်၍ မကြာမှီအကောင်အထည် ဖေါ်နိင်မည့် အလားအလာရှိနေသည်။ ထို့ကြောင့် ချီဆောင်ခြင်းနှင့် ဘေးဒဏ်ကြီး ကာလသည် အလွန် နီးနေပြီ။ သို့သော် ယုံကြည်သူများသည် ခလေး လိုဘု မသိဘ မသိ ဖြစ်ပြီး၊ လောကအရာများကို တပ်မက် နေကြ၊ ရှာဖွေ နေကြသေးခြင်းသည် ရင်လေးဘွယ်ရာ ဖြစ်သည်။ 

​ခြောက်သုံးလုံး

ဘေးဒဏ်ကြီး ကာလ၌ ​ခြောက်သုံးလုံးတံဆိပ်ခတ်မည့် အကြောင်းကို ကျမ်းစာက ဤသို့ ကြိုတင် ရေးထားခဲ့သည်၊ “ငွေရတတ်သောသူ၊ ဆင်းရဲ သောသူ၊ ​ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီး အငယ်ရှိသမျှတို့သည် လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်း ငှါ၎င်း ထိုတံဆိပ်လက်မှတ်တည်း ဟူသောသားရဲ၏ နာမ ဖြစ်စေ၊ နာမ၏ အရေအတွက် ဖြစ်စေ၊ တခုခုကို မခံသောသူတယောက်မျှ မရောင်းမ ဝယ်စေခြင်း ငှါ၎င်းစီရင်၏။ ဤအရာ၌ ပညာရှိ၏ ဥာဏ်ရှိသောသူသည်သားရဲ၏ အရေ အတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက် ဖြစ်၏။ ​ခြောက်ရာ​ခြောက်ဆယ်​ခြောက်လည်း ဖြစ်၏။” (ဗျာ ၁၃:၁၆-၁၈) ​ခြောက်သုံးလုံးသည် ဂဏန်း၁၈ လုံး ဖြစ်သည်။ ယ ခုအမေရိကန်တွင် လူတိုင်း လူမှု လုံခြုံရေးနံပါတ် (ှသခင​ေူ ှနခကမငအပဩ၏) ရှိကြသည်။ ထိုနံပါတ်သည် စုစုပေါင်း၉ လုံး ဖြစ်၍ ပဌမ သုံးလုံး၊ ဒုတိယ နှစ်လုံး၊ တတိယလေးလုံး ဖြစ်သည်။ ၂၀၁ရ ခုနှစ်အောက်တိုဘာလ ၃ ရက်နေ့တွင် သမ္မတထမ်းက (ှသခင​ေူ ှနခကမငအပ)သည် ဟောင်းနွမ်း၍ ထိရောက်မှု မရှိတော့ကြောင်း၊ အစားထိုး စံနစ်ကို အသုံးပြုဘို့ ပြောကြားခဲ့သည်။ အစားထိုး မည့် အရာသည် ဘိုင်အိုမက်ထိတ် (​ြငသာနအမငခ) ဖြစ်မည့် အကြောင်း ကိုလည်း သတင်း ပြန့်နေသည်။ ထိုအရာသည် စက်အားဖြင့် လက် ဗေွ၊ မျက်စိ၊ ကိုယ်ခန္ဓာတိုင်းတာခြင်း ဖြစ်သည်။ ထိုအရာသည် ကျမ်းစာထဲမှ ၆၆၆ သုံး မည့် အရာ ဖြစ်နေသည်။ ယခုထိုစက်များသည် အဆင်သင့်တီထွင်ပြီး သားများဖြစ်သည်။ အစိုးရက အသုံးပြုဘို့ရန် ဆုံးဖြတ်ချက် ချသည်နှင့် တပြိုင်နက် ချက်ချင်း အသုံးပြုသွားမည် ဖြစ်သည်။ ထို့ကြောင့်အချိန် မရှိတော့ပါ။ ဝိညာဉ်ပိုင်း၌ အိပ်မနေတော့ဘဲ နိုးမည့်အချိန် ရောက်လာပါပြီ။ နေအာရုဏ်လင်းနေပြီ။ အအိပ်မပုပ်ဘို့ အရေးကြီးသည်။ ဤကြောင်း အရာများနှင့် ပတ်သက်၍၌ သက အကဘနထဲမှ နားထောင် စေချင် ပါသည်။၌ သက အကဘန လိပ်စာဘား၌ ါဘခ၏ ငညဟု ရေး၍ နှိပ်ပါ။ အမေရိကန်အလံပေါ်လာလိမ့်မည်။ ထိုအလံကို နှိပ်လျှင် ဆရာမောဇက် တရားဟောချက်များ တွေ့ပါလိမ့်မည်။ 
   
မည်ကဲ့သို့ ပြင်ဆင် မည်နည်း

ကယ်တင်ခြင်း စိတ်မချသေး သူများ အနေဖြင့် ကယ်တင်ခြင်း စိတ်ချဘို့ သင်ဘို့ လိုသည်။ ထိုအရာအတွက် ကယ်တင်ခြင်း သင်ခန်းစာများ စာအုပ်ရှိသည်၊ မှာယူနိုင်သည်။ ကယ်တင်ခြင်း သင်ပေးနိုုင် သူများထံ မရှက်မကြောက်ဘဲ သင်ဘို့ လိုသည်။ ကယ်တင်ခြင်း စိတ်ချပြီး သူများ အနေဖြင့်လောကအရာများကို မချစ်၊ ဦးစားမပေးတော့ဘဲ သန့်ရှင်းသော အသက်တာဖြင့် အသက်ရှင်ဘို့ လိုသည်။ ကျမ်းစာဖတ်၊ ဆုတောင်း၊ သက်သေခံ၊ သင်တန်းတက်၊ မိဿဟာယဖွဲ့ခြင်းများလုပ်သင့်သည်။ အလုပ်လည်းလောဘ ကြီးစွာ မလုပ်တော့ဘဲတော် သင့်ရုံလောက်သာလုပ်သင့်သည်။ ကိုယ်မိသားစု၊ ဆွေ မျိုးသား ချင်းများကိုလည်း ပြောပြသင့်သည်။ 

 

ကျမ်းစာနားမလည်၊ဘုရားတန်ခိုး မသိသော​ကြောင့်


 ဇဒ္ဒုကဲတို့က ရှင်ပြန်ထမြောက်ခြင်း အကြောင်းနှင့် ပတ်သက်၍ မေးခွန်းမေးသောအခါ၊ သခင်ယေရှုက၊ “သင်တို့သည် ကျမ်းစာကို နားမလည်၊ ဘုရားသခင်၏ တန်ခိုးတော်ကို မသိသောကြောင့် မှားသော အယူကို ယူကြ၏။” (မ ၂၂:၂၉)ဟု ​ဖြေခဲ့သည်။ ယနေ့ များစွာသော ခရစ်ယာန် များလည်း ကျမ်းစာကို နားမလည်၊ ဘုရား၏ တန်ခိုးကိုလည်း မသိကြသောကြောင့် မှားယွင်း နေကြကြောင်း တွေ့ရသည်။ ခရစ်ယာန်လောက၌ အကြမ်းအားဖြင့် အဖွဲ့သုံးဖွဲ့ရှိသည်။ ူငဘနမ​ေူ လီဘရယ်များ၊ ဏနညအနခသျအ​ေူ ပင် တေကော့တဲလ်များ၊ ်ကညိ​ောနညအ​ေူ ဖန်ဒမဲင်တိလ်များ ဖြစ်သည်။ ူငဘနမ​ေူလီဘရယ် များသည် ဘုရားသခင်ကို ယုံကြည်သည် ဟုဆိုသော်လည်း လူ့အမြင်၊ လူ့အကြိုက်နှင့် ကိုးကွယ် သူများ ဖြစ်၍ ဘုရားသခင်၏ အစွမ်းကို မယုံကြည် ကြချေ။ ကျမ်းစာ ကိုလည်း မယုံကြည် ကြချေ။ ပညာရှိများ၏ အတွေးအခေါ်များကို အဓိကထား၍ ကောင်းကင် တက်ဘို့လည်း စိတ်မဝင်စား၊ လူ့အခွင့်အရေးများကို ဦးစားပေး ကြသည်။ ကျမ်းစာ ခေတ်၌ ဇဒ္ဒုကဲများနှင့် တူသည်။ ဏနညအနခသျအ​ေူ ပင်တေကော့တဲလ်များသည် ဘုရား ယုံကြည် ကြသော်လည်း ကျမ်းစာကို ကောင်းစွာ မလေ့လာ၊ စိတ်လှုပ်ရှားမှုနှင့် ခံစားချက် များကို ဦးစားပေး ကြသည်။ နတ်ဆိုး ဝိညာဉ် ကိုလည်း မခွဲခြားဘဲ အားလုံး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဟူ၍ လက်ခံကာ၊ နိမိတ်လက္ခဏာနှင့် အံ့ဩဘွယ်များကို ရှာဖွေ လက် ခံကျင့်သုံး ကြသည်။ ကျမ်းစာ ခေတ်၌ နိမိတ်လက္ခဏာကိုသာ တောင်းတတ်သော ယုဒ လူများနှင့် တူသည် (၁ ကော ၁:၂၂-၂၃)။်ကညိ​ောနညအ​ေူ ဖန်ဒမဲင်တဲလ်များ ဘုရားကို ကျမ်းစာအားဖြင့်သာရှာ၍၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်များကို သိသင့် သလောက် မသိကြချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်များ၊ ဝိညာဉ်ဆုကျေး ဇူးများသည် တမန်တော်များသာလျှင် ပေး၍ ယာယီဆုကျေးဇူးနှင့် အမြဲဆုကျေးဇူးဟု ခွဲခြားကာ၊ ကျမ်းစာကိုသာလျှင် ယုံကြည် ကြသည်။ ကျမ်းစာ ခေတ်၌ ကျမ်းတတ်ပုဂ္ဂိုလ် ဖာရိရှဲများနှင့် တူသည်။ ဘုရားသခင်၏ တန်ခိုးကို အသုံးမပြုကြချေ။ 

သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြား

ပေါလုကသူ၏ ဝိညာဉ်သား တိမောသေထံ ဤသို့ စာရေးခဲ့သည်၊ “သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာ အကြောင်း မရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမား ဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက် သခြင်းငှါ ကြိုးစားအား ထုတ်လော့။” (၂ တိ ၂:၁၅)။ တိမောသေသာ မဟုတ်ပါ၊ ယုံ ကြည်သူတိုင်း သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်ဘို့ လိုသည်။ သို့မဟုတ်ပါက လမ်းလွှဲခြင်း၊ ဆုံးရှုံးခြင်း၊ ရှက်ကြောက်စရာများခံစားရမည် ဖြစ်သည်။ ဆရာသမားများ သင်ပေးသမျှကို မှန်မမှန် ကျမ်းစာအားဖြင့် စစ်ဆေးဘို့ လိုသည်။ ပေါလုက၊ “ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန် ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည် မမှန်သည်ကို သိခြင်းငှာ၊ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။ ၁၂ ထိုကြောင့်၊ ယုဒ လူအများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ အသရေထင်ရှားသော ဟေလသမိန်းမတို့နှင့်ယောက်ျားအများတို့သည်လည်း ယုံကြည် ကြ၏။” (တမန် ၁ရး၁၁-၁၂)ဟု ရေးခဲ့သည်။ လူတိုင်း ဗေရိမြို့သားများကဲ့သို့ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုဘို့ လိုသည်။ သို့မှသာ မှားယွင်းသော သွန်သင်မှုများကို ရှောင်နိုင်၍ မှန်ကန်သော သွန်သင်မှုများကို သိရှိကာ အကျိုးခံစား နိုုင်မည် ဖြစ်သည်။ 

ယေရှုထက် ကြီးသောအမှု 

“ငါအမှန်အကန် ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ငါပြုသော အမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုတို့ထက် သာ၍ ကြီးသော အမှုတို့ ကိုလည်း ပြုလိမ့်မည်။” (ယော ၁၄:၁၂) သခင်ယေရှု ကအထက်ပါ ကဲ့သို့ ဆိုသောအခါ တမန်တော်များအတွက် သာဆိုသည် မဟုတ်၊ သူ့ကို ယုံကြည်သောသူတိုင်းကို ဆိုုလိုသည်။ ထို့ကြောင့် တမန်တော်များထက် ပင် ယုံကြည်သူ ဖိလိပ္ပုသည် ရှာမရိမြို့၌ များစွာသော နိမိတ်ကို ပြုလုပ်ကြောင်း ဤသို့ ရေးထားသည်၊ “ဖိလိပ္ပုသည်လည်း၊ ရှမာရိမြို့သို့ သွား၍ ခရစ်တော်၏ အကြောင်းကို ဟောလေ၏။ လူအစုအဝေးတို့သည် ကြား၍ ဖိလိပ္ပုပြုသော နိမိတ် လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏ စကားကို တညီတညွတ်တည်း နားထောင် ကြ၏။ အကြောင်းမူကား၊ နတ်ဆိုးစွဲသောသူများတို့၏ အထဲမှနတ်ဆိုးတို့သည် ပြင်းစွာသော အသံနှင့် အော်ဟစ်လျက် ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ​ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိအဖြစ်သို့ ရောက်ကြ၏။ ထိုမြို့သူမြို့သားတို့သည် အလွန် ဝမ်းမြောက်ခြင်းရှိကြ၏။” (တမန် ၈:၅-၈) ဖိလိပ္ပုသည် တမန်တော် မဟုတ်ပါ။ အစာဝေသူမျှသာလျှင် ဖြစ်သည် (တမန် ၆:၁-၆)။ သို့ဖြစ်လျှင် အဘယ်ကြောင့်သူ့အားဖြင့် ဘုရားသခင်က နိမိတ်လက္ခဏာများ ပြုလုပ် သနည်း။ သခင်ဘုရား ခိုင်းသော အလုပ်ကို လုပ်သောကြောင့် ဖြစ်သည်။ သူသည် ရှမာရိမြို့သို့ သွား၍ ခရစ်တော်၏ အကြောင်းကို ဟောသည်။ ယနေ့ ယုံကြည်သူများ၏ အသက်တာ၌ အဘယ်ကြောင့်နိမိတ်လက္ခ ဏာ မတွေ့ရသနည်း။ သခင်ဘုရား ခိုင်းသည့်အတိုင်း တရား မဟောကြသောကြောင့် ဖြစ်သည်။ ဟောလျှင်လည်း ဇာတိအားဖြင့် ဟော၍ ငွေရဘို့ရန်၊ နာမည်ကြီး ဘို့ရန်၊ အသင်းတော်နှင့် အဖွဲ့အစည်းက၊ လခပေးသောကြောင့် တာဝန် ကျေဟောသောကြောင့် ဖြစ်သည်။ 

ယုံကြည်သော သူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာ
 သခင်ယေရှုက၊ “ယုံကြည်သော သူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာ ဟူမူကား၊ ငါ၏ နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ် ကြလတံ့။ ထူးခြားသော ဘာသာစကား မျိုးတို့ကို ပြောကြလတံ့။ ၁၈ မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ် ကြလတံ့။ မကျန်းမ မာသော သူတို့အပေါ်မှာ လက်ကို တင်၍ ချမ်းသာ ပေးကြလတံ့ဟု မိန့်တော်မူ၏။” (မာ ၁၆:၁ရ- ၁၈) ဤကျမ်းပိုဒ်နှင့် ပတ်သက်၍ အချို့သောသူများ ကမူလကျမ်းစာထဲ၌ မပါပါ ဟုဆို ကြသည်။ အဘယ်ကြောင့်ထိုုသို့ ဆိုသနည်းဟူမူကား သူတို့၏ အသက်တာ၌ အထက်ပါ နိမိတ်လက္ခဏာများ မရှိနုုိင်သောကြောင့် ဖြစ်သည်။ 

ကွယ်ပျောက်လိမ့်မည်

ပေါလုက၊ “ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမိျုးသော ဘာသာစကားကို ပြော နိုင်သော အခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။ ယခုမူကား၊ ငါတို့သည် မစုံမလင်သိတတ်ကြ၏။ ပရောဖက် ဥာဏ်နှင့် မစုံမလင်ဟောတတ်ကြ၏။ စုံလင်ခြင်းသို့ ရောက်သောအခါ မူကား၊ မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။” (၁ ကော ၁၃:၈-၁၀)ဟု ရေးထားသည်။ အချို့သောသူများ ကစုံလင်ခြင်းသည်၊ ဓမ္မသစ်ကျမ်း ပြည့်စုံသောအခါ ဟုဆို ကြသည်။ ထိုအရာသည် မမှန်နိုင်ပါ။ ဓမ္မသစ်ကျမ်းရေးပြီး သွားသော်လည်း ယုံကြည်သူများသည် စုံလင်စွာ အားလုံး ကို မသိရသေးပါ။ ထို့ကြောင့် ကျမ်းစာကို အ​ခြေခံလျက် ပြောလျှင်လည်း ငြင်းခုံစရာများရှိ နေကြသေးသည်။ သင်းကွဲခြင်း များသည် ထိုသို့ မစုံမလင်သိကြသောကြောင့် ဖြစ်သည်။ အချို့သောသူများကစုံလင်ခြင်းသည် ကောင်းကင်နိင်ငံရောက်သောအခါ ဟုဆိုသည်။ ထိုအရာသည် ပို၍ မှန်နိုင်သည်။ အကြောင်းမှာ ပရောဖက်များနှင့် တမန်တော်များပင်လျှင် မစုံလင် နိုင်ကြပါ။ သို့ဖြစ်လျှင် အထက်၌ ဖေါ်ပြသော ပရောဖက် ဥာဏ်မှစ၍ အမျိုးမျိုးသော ဘာ သာစကား ကုုိပြောနိုင်သော အခွင့်များ၊ သိပ္ပံအတတ်များသည် မည်သည့်အချိန်၌ ကုန် မည်နည်း။ ကောင်းကင် ရောက်မှ ဖြစ်မည်။ သို့သော် အတုများ လွန်းသောကြောင့် အ စစ်ကို ပါငြင်းပယ်ခြင်းသည် မမှန်နိုင်ပါ။ 

သန့်ရှင်းသောဝိညာဉ်တော် တန်ခိုး

သခင်ယေရှုက တမန်တော်များထံ၊ “သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒ ပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တ ၁:၈) သခင်ယေရှုက သန့်ရှင်းသော ဝိညာဉ်တော်သည် တန်ခိုး ဖြစ်သည် ဟုဆိုသည်။ စစ်မှန်သော ယုံကြည်သူတိုင်း သန့်ရှင်းသောဝိညာဉ်တော် ရရှိ ကြသည်။ ထိုဝိညာဉ်တော်သည် တန်ခိုး ဖြစ်သည်။ သို့သော် ဝမ်းနည်းဘွယ်ကောင်းသည်မှာ ထိုဝိညာဉ်တော် တန်ခိုးကို အသုံးမပြုသောကြောင့် ဤလောက၌ ဆုံးရှုံးသောသူများ ဖြစ်နေကြသည်။ အဘယ်ကြောင့် သန့်ရှင်းသောဝိညာဉ်တော် တန်ခိုး အသုံးမပြုနိင်ကြ သနည်း။ သန့်ရှင်းသောဝိညာဉ်တော် ပေးရခြင်း၏ အကြောင်းရင်းတခုမှာသက်သေ ခံဘို့ရန် ဖြစ်သည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော် ရရှိသောသူများသည် သက် သေမခံဘဲ၊ မခိုင်းသော အရာများကိုသာလျှင် လုပ် နေကြသည်။ သခင်ယေရှု မှစ၍ တ မန်တော် များသည် လူများထံ သက်သေခံသောအခါ၊ ဝိညာဉ်တော် ကတန်ခိုးများ ပြုလုပ်တတ်သည်။ ထို့ကြောင့် ယုံကြည်သူများသခင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို၊ လက်မခံမ ယုံကြည်သူများထံ အဆက်မပြတ် သက်သေခံဘို့ ဖြစ်သည်။ သို့ဖြစ်လျှင် သန့်ရှင်းသော ဝိညာဉ်တော်က အတည်ပြုသော အနေဖြင့် တန်ခိုး နိမိတ်လက္ခဏာများ ပြုမည် ဖြစ်သည်။ 

အမြဲဆောင်ရွက်

“ထို သူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကို ခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကို ဖဲ့ခြင်း၊ ပဌနာ ပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏၊ ၄၃ လူအပေါင်းတို့သည် ကြောက်လန့်ခြင်းရှိသည် ဖြစ်၍ တမန်တော်တို့သည် များစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။” (တ ၂:၄၂-၄၃)   “ထို သူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်း အစဉ်တညီအညွတ်တည်း နေ၍၊ ကိုယ်အိမ်၌ မုန့်ကို ဖဲ့လျက် ကြည်ဖြူ ရွှင်လန်းဝမ်းမြောက်သော စိတ်နှင့် အစာအာဟာရကို သုံးဆောင်ကြ၏။ ၄၇ ဘုရား သခင်ကိုလည်း ချီးမွမ်း၍ လူအပေါင်းတို့ ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကို ရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သော သူတို့ ကိုလည်း နေ့စဉ် မပြတ် သခင်ဘုရားသည် သင်း ဝင်စေတော်မူ၏။” (တ ၂:၄၆-၄ရ) 

အဘယ်ကြောင့် တမန်တော်များသည် အထက်၌ ဖေါ်ပြ သကဲ့သို့ များစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြုနိင်ကြသနည်း။ ထိုအရာ၏ လှုိ့ဝှက်ချက် မှာရိုးရိုးလေးပင် ဖြစ်သည်။ သူတို့သည် ဆုံးမဩဝါဒကို ခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကို ဖဲ့ခြင်း၊ ပဌနာ ပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြသောကြောင့့် ဖြစ်သည်။ တ ဖန်၊ ထို သူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်း အစဉ်တညီအညွတ်တည်း နေ၍၊ ကိုယ်အိမ်၌ မုန့်ကို ဖဲ့လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သော စိတ်နှင့် အစာအာဟာ ရကို သုံးဆောင်ကြ၏ ဟုဆိုသည်။ ယနေ့ ယုံကြည်သူများသည် သူတို့ ကဲ့သို့ နေ့တိုင်း၊ အစဉ်သဖြင့် ဩဝါဒပေးခြင်း ခံခြင်း၊ ဆုတောင်းခြင်းများပြုလုပ် ကြပါသလော။ သူတို့ ကဲ့သို့ ဘုရား အလိုတော်ကို ရှာကြသလော။ ယနေ့ ယုံကြည်သူများသည် ​ခြောက်ရက်လုံး လုံးလောက၌ ရှာဖွေ နေထိုင်၍ တနင်္နွေနေ့မှသာ တစ်နာရီ၊ နှစ်နာရိီမျှလောက်သာဘု ရားရှိခိုးကြသည် မဟုတ်လော။ ထိုအချိန်၌ တရားဟောဆရာက သမ္မာတရား စစ်ပြော လျှင်တော် ပါသေးသည်။ များသောအားဖြင့် လူ့အကြိုက် လူ့အမြင် များကိုသာ ပြော ကြသည် မဟုတ်လော။ သီချင်းဆိုလျှင်လည်း ကိုယ်စိတ်လှုပ်ရှား အားရဘို့ သာရှာကြသည် မဟုတ်လော။ ဆုတောင်း လျှင်လည်း ကိုယ့်ဇာတိအလို ဆန္ဒများကိုသာ တောင်း ကြသည် မဟုတ်လော။ မည်ကဲ့သို့ ဘုရားသခင်ကျေနပ်် နိုင်မည်နည်း။ သခင်ဘုရားက၊ “ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက် ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု နောက် ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍ မိန့်တော်မူ၏။” (မ ၁၅:ရ- ၉)။ သခင်ဘုရားသည် ယုဒလူများကိုသာ ပြောသလော၊ ယနေ့ ခရစ်ယာန် များလည်း သူတို့ ကဲ့သို့ဖြစ်ကြသည် မဟုတ်လော။ ထိုသို့ ဘုရား အလိုတော်အတိုင်း အသက်မရှင်၊ သူခိုင်းသော အလုပ်များကို မလုပ်သောကြောင့် ဝိညာဉ်တော်သည် တန်ခိုးမပြနိုင်ခြင်း ဖြစ်သည်။ ထိုအခါ ဝိညာဉ်ဆုကျေးဇူး များသည် တမန်တော်ကြီး များကိုသာလျှင် ပေးသည်ဟု ကိုယ်ကိုကိုယ် ကာကွယ်ပြောဆိုလာ ကြသည်။ 

ငွေတန်ခိုးလော ဝိညာဉ်တော် တန်ခိုးလော 

ယနေ့ တန်ခိုးပြသည် ဟုဆိုသော အမှုတော်ဆောင်များသည် တမန်တော်များ၏ စိတ်ထားမရှိကြောင်း တွေ့ရသည်။ ပေတရုက​ခြေမစွမ်းသောသူတောင်းစားကို ကျန်း မာစေသောအခါ ဤကဲ့သို့ ဆိုသည်၊ “ပေတရုကလည်း၊ ငါ၌ ရွှေငွေမရှိ၊ ရှိသည် အရာကို သင့် အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍ လှမ်း သွားလော့ ဟုဆိုလျက်၊ ၇ သူ၏ လက်ျာလက်ကိုကိုင်ဆွဲချီကြွလေသော ခဏချင်းတွင်၊ ​ခြေနှစ်ဘက်ဖမျက်စိတို့သည် စွမ်းအားကို ရသဖြင့်၊ ၈ ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက် ဘုရားသခင်ကို ချီးမွမ်းလျက်၊ တမန်တော်တို့ နှင့်အတူ ဗိမာန်တော်သို့ ဝင်လေ၏။” (တ ၃:၆-၈) ပေတရုကသူ၌ ရွှေငွေမရှိ ဟုဆိုသည်။ ယနေ့ အမှုတော်ဆောင်အများစုသည် ငွေနှင့် လောက ပစ္စည်းကိုသာ တပ်မက် ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးထက် ငွေတန်ခိုးကိုသာ အသုံးပြုချင် ကြသည်။ သခင်ဘုရားက၊ “အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကို မုန်း၍ တဦးကို ချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏ အစေကို၎င်းမခံနိုင်ကြ။” (မ ၆:၂၄) ဟုဆိုခဲ့သည် မဟုတ်လော။ ယခုမှစ၍ ငွေနှင့် လောကီတန်ခိုးမသုံးတော့ဘဲ ယေရှုခရစ်၏ နာမတော်ကို အသုံးပြုကြစို့။ 

 တမန်တော်တို့၏ စိတ်ထား 

အထက်၌ ​ခြေမစွမ်းသောသူကို ပေတရုကသခင်ဘုရား၏ နာမတော်အားဖြင့် ကျန်းမာစေသောအခါ လူများ ကဩအံ့၍ တမန်တော်များသည် မည်မျှအစွမ်းထက် ကြ သနည်းဟူသော မျက်နှာဖြင့် ကြည့်ကြသည်ကို၊ “ပေတရုသည် မြင်လျှင်၊ ဣသရေလ လူတို့ အဘယ်ကြောင့် ဤအမှုကို အံ့ဩ ကြသနည်း။ ဤသူသည် လှမ်းသွားနိုင်သော အခွင့်ကို ငါတို့သည် ကိုယ်တန်ခိုး၊ ကိုယ်သီလအားဖြင့် ပေးဘိ သကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်ရှုကြသနည်း။ ၁၃ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ ဘုရားသခင်၊ ငါတို့ ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိသားတော်၏ ဘုန်းကို ထင်ရှားစေတော်မူပြီ။” (တ ၃:၁၂) ဟုဆိုခဲ့သည်။ သူတို့သည် ချီးမွမ်းခြင်းကို မခံ၊ သခင်ယေရှုကို ချီးမွမ်း စေ ကြသည်။ ယနေ့ နိမိတ်လက္ခဏာ ပြုလုပ် သူများသည်၊ ဘယ်နှစ်ရက်အစာရှောင် ကြောင်း၊ မည်မျှဒုက္ခ ဆင်းရဲ ခံ၍ ဆက်ကပ်ကြောင်းကို ပြောလိုတတ်ကြသည်။ ထိုမျှမ ကအလှုငွေများ ပေးဘို့ရန် ရေလာမြောင်းပေးလုပ်တတ်ကြသည်။ ဘုရား ခိုင်းသော အမှုကို ငွေနှင့် လဲလှယ်လို ကြသည်။ ထို့ကြောင့် စစ်မှန်သော တန်ခိုးများ မဟုတ်ဘဲ စာတန်ထံမှ တန်ခိုးများ အသုံးပြု လာတတ်ကြသည်။ စစ်မှန်သော ဘုရား၏ လူများ ဖြစ်လျှင် ပေတရုကဲ့သို့ သခင်ဘုရားကိုသာလျှင် ချီးမွမ်း၍ ကိုယ်ချီးမွမ်းခြင်း ခံမည် မဟုတ်ချေ။ 

ပေတရု၏ အရိပ်

ပေတရုသည် သခင်ဘုရား နောက်လိုက်ခြင်းအားဖြင့် ဘာ အကျိုးရမည်နည်းဟု ဤသို့ မေးခဲ့သည်၊ “ပေတရုက၊ အ​ကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော် နောက်သို့ လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော်၊ ” (မ ၁၉:၂ရ)။ ယနေ့ အမှုတော်ဆောင်များနှင့် ယုံကြည်သူများလည်း ပေတရုကဲ့သို့ တ ခုခုအမြတ်ရလိုသောကြောင့် သခင်ဘုရားကို လိုက် ကြသည်။ သို့သော် ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝ လာသောအခါ ဆုတောင်းခြင်းအားဖြင့် မဟုတ် တော့ဘဲ သူ၏ အရိပ်အားဖြင့် ပင် လူနာများ ကျန်းမာကြကြောင်း ဤသို့ တွေ့ရသည်၊ “ပေတရုသည် လမ်း၌ ရှောက်သွားစဉ် အနာစွဲသော သူတို့တွင် တယောက်ယောက်ကို သူ၏ အရိပ်လွှမ်းမိုးစေခြင်းငှါ၊ လူနာတို့ကို လမ်းနားသို့ ထုတ်၍ ခုတင်မွေ့ယာပေါ် မှာတင်ထားကြ၏။ ပတ်လည်ဝန်းကျင်၌ ရှိသသော မြို့သူရွာသား အပေါင်းတို့သည် အနာစွဲသောသူ၊ နတ်ဆိုးညှဉ်းဆဲသော သူတို့ကို ဆောင်ခဲ့လျက်၊ ယေရုရှလင်မြို့သို့ စုဝေးလာကြ၍၊ ထိုလူနာ အပေါင်းတို့သည် အနာကင်းလွတ်ခြင်းသို့ ရောက်ကြ၏။” (တ ၅:၁၅-၁၆)။ လူနာများ ကျန်းမာစေသူ၊ နတ်ဆိုးများ နှင်ထုတ် သူသည် ပေတရုမဟုတ်ပါ၊ သူ့အရိပ်လည်း မဟုတ်ပါ။ သခင်ယေရှု ပင် ဖြစ်သည်။ သင်လည်း ပေတရုကဲ့သို့ ရိုးသားစွာ ဘုရား အမှုတော်ဆောင်လျှင်၊ ဘုရား ခိုင်းသောအရာကို လုပ်လျှင် ထူးဆန်းသော တန်ခိုး နိမိတ်လက္ခဏာများကို တွေ့မြင်မည် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို တန်ခိုးပြခိုင်း၍ မရပါ၊ သူ့အလိုတော်အတိုင်း ပြသွားမည် ဖြစ်သည်။ 
 
ပေါလုသုံးသော ပုဝါ

ပေါလုလည်း သခင်ဘုရား ခိုင်းသော အလုပ်ကို နေ့ညမပြတ် ဆောင်ရွက်ခဲ့ကြောင်း ဤသို့ ရေးထားသည်၊ “ညီအစ်ကိုတို့၊ ငါတို့သည် ပင်ပန်းစွာ လုပ်ဆောင်၍ ကြိုးစားအား ထုတ်ကြောင်းကို သင်တို့ မှတ်မိကြ၏။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ ငါတို့သည် နေ့ညဉ့်လုပ်ဆောင်လျက်၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ဟောပြောကြ၏။” (၁ သက် ၂:၉)။ “ပင်ပန်းစွာ အမှုဆောင်ရွက်ခြင်း၊ အကြိမ် များစွာ မအိပ်ဘဲ စောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံ ခဲ့ပြီ။” (၂ ကော ၁၁:၂ရ)။ ထို့ကြောင့် သူ့အားဖြင့် သခင်ဘုရားကတန်ခိုးပြကြောင်း ဤသို့ ရေးထားသည်၊ “ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန် တ ရာထူးဆန်းသော တန်ခိုးများကို ပြတော်မူသည် ဖြစ်၍၊ ပေါလုသုံးသော ပုဝါ၊ ခါးပန်း တခုခုကို အနာရော ဂါရှိသော သူတို့ ဆီသို့၊ ပေးလိုက်၍၊ သူတို့သည် အနာရောဂါနှင့် ကင်းလွတ် ကြ၏။ နတ် ဆိုးတို့လည်း ထွက်သွားကြ၏။” (တ ၁၉:၁၁-၁၂)။ 

သူတို့လည်း ခံရသည် 

တမန်တော် ကြီးများနှင့် ရှေး ယုံကြည်သူများအားဖြင့် သခင်ဘုရားသည် တန်ခိုးနိ မိတ်များကို ပြသော်လည်း တချိန်လုံး မဟုတ်ပါ။ ပေါလုကတိမောသေ၏ ရောဂါအတွက် စပျစ်ရည်သောက်ခိုင်းကြောင်း ဤသို့ တွေ့ရသည်၊ “သင်၏ ရင်ထဲ၌ အကျိုး ဖြစ်စေခြင်း ငှါ၎င်း၊ မကြာမကြာခံရသော ရောဂါကြောင့်၎င်း၊ ယခုမှစ၍ ရေကိုသာ မသောက်ဘဲ၊ စပျစ်ရည်အနည်းငယ်ကို သုံးလော့။” (၁ တိ ၅:၂၃)။ အဘယ်ကြောင့်ပေါလုသည် တိမောသေ၏ ရောဂါကို မပျောက်စေနိုင်သနည်း။ သူကိုယ်တိုင်လည်း ခံရကြောင်း ဤသို့ ရေးထားသည်၊ “ငါခံရသော ဗျာဒိတ်တော် အလွန် ထူးမြတ်၍ ငါသည် ထောင်လွှားသော စိတ်မရှိစေခြင်းငှါ၊ ငါ့ကို ဒဏ်ခတ်သော စာတန်၏ တမန် တည်းဟူသော ငါ့ကိုယ်၌ စူးသော ဆူးကို ပေးတော်မူ၏။ ၈ ထိုဆင်းရဲခြင်းနှင့် ကင်းလွတ် မည်အကြောင်း သုံးကြိမ် မြောက်အောင် သခင်ဘုရားကို ငါဆုတောင်း၍ အသနားခံတော် ခံပြီးလျှင်၊ ၉ ငါ့ကျေး ဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်း အဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။” (၂ ကော ၁၂:ရ- ၉)။ ပေါလုလည်း နောက်ဆုံးမှာ မာတုရအဖြစ် သေမည့် အကြောင်း ဤသို့ ရေးထားသည်၊ “ငါ့ကို ယဇ်ပေါ်မှာလောင်းရသော အချိန်ရှိပြီ။ စုတေ့ရသောအချိန် ရောက်လေပြီ။ ၇ ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြု ပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက် ပြီ။” (၂ တိ ၄:၆ -ရ)။ အဘယ်ကြောင့်ပေါလုကို ဘုရားသခင်က အိုသည် အထိ မထားဘဲ စောစော သေခိုင်းသနည်း။ လူ့အမြင်အားဖြင့် သူသည် အလွန် အသုံးဝင်သော်လည်း ဘုရားသခင်က သူ့ကို မာတုရအနေဖြင့် ဆုချချင် သောကြောင့် ဖြစ်မည်။ လူအားဖြင့် မသိနိုင်။ 

ဘုရား ခိုင်းရာလုပ်ကြစို့
 အထက်၌ ယုံကြည်သူများ၏ အသက်တာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် များစွာ အလုပ်လုပ်ကြောင်း တွေ့ရပြီ။ ထိုသို့ သိရုံဖြင့် အကျိုးမရှိပါ။ သခင်ဘုရား ခိုင်းသောအရာကို လုပ်ကြစို့။ ပေါလုက၊ “လူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော် ရှိ၏။” (၁ တိ ၂:၄)။ သို့သော် သက်သေမခံပျောက်ဆုံးသော ဝိညာဉ်များကို မချဉ်းကပ် မပြောလျှင် မည်ကဲ့သို့ ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရား သိနိုင်မည်နည်း။ သခင်ဘုရားက၊ “သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသ မျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည် တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တ ပည့်တော်တို့အား မိန့်တော်မူ၏။” (မ ၂၈:၁၉-၂၀)။ ဤအမိန့်တော်သည် တမန်တော်များနှင့် သာဆိုင်သလော၊ ယုံကြည်သူ တိုင်းနှင့် ဆိုင်သလော။ သင်တို့ သွား၍ ဟု ပြောသည်။ ယခုသွားကြသလော။ လူမျိုးတကာတို့ကို သူ့တပည့် ဖြစ်စေကြစို့။ တဖန်၊ “သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တမန် ၁:၈)။ သင်၏ ယေရုရှလင်သည် မိသားစု ဖြစ်သည်။ ယုဒပြည်သည် ဆွေမျိုးများ၊ ကိုယ့်နေသော အနီးအနားပတ်ဝန်း ကျင် ဖြစ်သည်။ ရှမာရိပြည်သည် ကိုယ်နေသော မြိ့၊ ပြည်နယ်တိုင်း ပြည် ဖြစ်သည်။ မြေကြီးစွန်းတိုင်အောင်သည် တကမ္ဘာလုံး ဖြစ်သည်။ ပြည်နယ်တိုင်း ပြည်နှင့် တကမ္ဘာလုံးမ သွားနိုင်သော်လည်း၊ ကိုယ့်မိသားစု ဆွေမျိုးနှင့် အနီးအနားရှိလူများထံ၌ သက်သေခံ ကြစို့။ မတတ်လျှင်လည်း သင်ကြစို့။ ဘာမဆိုဆန္ဒရှိလျှင် တတ်နိုင်သည်။ သခင်ဘုရားကို ကျေးဇူးတင်သော အားဖြင့်၊ လေးစားသောအားဖြင့်၊ ချစ်သောအားဖြင့် သူခိုင်းရာကို ပဌမ ဦးစားပေးလုပ်ဆောင်ကြပါစို့။ ထိုသို့ပြုလျှင် ဝမ်းမြောက်ခြင်း၊ ကျေနပ်ခြင်း၊ ကောင်းကြီး မင်္လာများ ရရှိမှာသေချာနေပါသည်။ 

ကျမ်းစာဖတ်ကြစို့
ယောဟန် ၇

၁။ ထိုနောက်မှ ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောငှါ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှါ အလိုတော် မရှိ။ 

ယုဒလူများသည် ဗာဗုလုန်​ကျွန်ခံရာမှပြန် လာသောအခါ၊ ဘာသာရေးဘက်၌ စိတ်အားကြီး သူများသည် ယေရုရှလင်မြို့နှင့် ပတ်ဝန်းကျင်ယုဒပြည်၌ အ​ခြေချ ကြသည်။ စိုက်ပျိုးရေးစီးပွါးရေးဘက်စိတ်အားကြီး သူများသည် ဂါလိလဲပြည်၌ အ​ခြေချ ကြသည်။ ယေရှုသည် ဘာသာရေး၌ စိတ်အားကြီး သူများ ကသတ်ဘို့ ရှာကြံ ကြသည်။ အကြောင်းမှာ ဘာသာရေးသမားများ၏ အမှားများကို သခင်ယေရှု ကဖေါ်ထုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဂါလိလဲပြည်၌ လှည့်လည်ရခြင်း ဖြစ်သည်။ 

၂။ ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊ ၃ ညီတော်တို့ က၊ သင်ပြုသော အမှုတို့ကို တ ပည့်များတို့သည် မြင်စေခြင်းငှါ ဤအရပ်မှ ထွက်၍ ယုဒပြည်သို့ ကြွပါ။ ၄ ကျော်စော ကိတ္တိကို အလိုရှိသောသူ မည်သည်ကား၊ မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြုတတ်။ ဤအမှုတို့ကို သင်သည် ပြုလျှင်၊ ဤလောက၌ ကိုယ်ကို ထင်ရှားစွာ ပြပါဟု၊ ၅ မယုံကြည် သောကြောင့် ယေရှုအား ဆိုကြ၏။ 

သကေနေပွဲသည် တဲပွဲ ဖြစ်သည် (ဝတ် ၂၃)။ ဣသရေလ လူများ နှစ်ပေါင်းလေးဆယ် တောလည်ရာတွင် ဘုရားသခင်၏ ​ကျွေးမွေး မစ ဦးဆောင်ခြင်းကို သတိရဘို့ ကျင်းပသောပွဲ ဖြစ်သည်။ အနှစ်တစ်ထောင်ကာလတွင် ခရစ်တော်က ဤလောကကို အုပ်ချုပ်၍ သာယာဝပြောမည့် အရာကိုလည်း ညွှန်ပြသည်။ သခင်ဘုရား၏ ညီတော်များက သူတို့၏ အကိုကို မယုံကြည့်ခဲ့ကြသောကြောင့်၊ ကျော်စောချင်လျှင် ပွဲသို့ သွားပါဟု သရော်၍ ပျက်ရယ်ပြုကြခြင်း ဖြစ်သည်။ သူ၏ ညီတော်များမှာ၊ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒတို့ ဖြစ်သည် (မ ၁၃:၅၅)။ သူ၏ ညီတော် များသည် နောက်ပိုင်း၌ သူတို့၏ အကိုကို ပြန်လည်ယုံကြည်၍ အမှုတော်ဆောင်များ ဖြစ်ကြသည်။ ယာကုပ်သည် ယေရုရှလင်မြို့ အသင်းတော်၏ သင်းအုပ် ဖြစ်၍ ယာကုပ်ဩဝါဒစာကို ရေးသောသူ ဖြစ်သည်။ ပေါလု ကသခင်ဘုရား၏ ညီတော် ယာကုပ်တွေ့ခဲ့ကြောင်း (ဂလာ ၁:၁၉)၌ ရေးထားသည်။ ယုဒလည်း ဩဝါဒစာကို သူ့နာမည်နှင့် ရေးထားသည်။ ယုဒက၊ “ယေရှုခရစ်၏ ​ကျွန် ဖြစ်သော ယာကုပ်ညီငါယုဒ” (ယုဒ ၁:၁)ဟု ရေးခဲ့သည်။ ယာကုပ်ကလည်း၊ “ဘုရားသခင်နှင့် အရှင် ယေရှုခရစ်၏ ​ကျွန်ငါယာကုပ်” (ယာ ၁:၁)ဟု သူတို့ကို သူတို့ ယေရှုခရစ်၏ ​ကျွန်ဟု ပြန်ဝန်ခံ ကြသည်။ 

၆။ ယေရှုကလည်း၊ ငါ့အချိန် မရောက်သေးသင်တို့ဘို့ ခပ်သိမ်းသောအချိန် သင့်လျက် ရှိ၏။ 

သခင်ယေရှု ကငါ့အချိန် မရောက်သေး ဟုဆိုတတ်သည်။ သူသည် သတ်မှတ်ထားသော အချိန်နှင့် အလုပ်လုပ်တတ်သည်။ ​ကျွန်ပ်တို့လည်းအချိန် စောင့်တတ်ဘို့ လိုသည်။ လူပျိုအပျိုများသည်အချိန် မတန်မှားယွင်းတတ်ကြသောကြောင့် ဘဝပျက် ကြသည်။ အဘယ်ကြောင့်သင်တို့ အဘို့ ခပ်သိမ်းသောအချိန် သင့်လျက် ရှိသည် ဟုဆို သနည်း။ အရေးမကြီး သော၊ စိီမံကိန်းပန်းတိုင်မရှိသောသူများ အတွက်၊ စျေးသွားဘို့၊ ပွဲ သွားဘို့၊ သူများ အိမ်လည်ဘို့ ဆိုလျှင်လည်း ခေါ်တိုင်း လိုက်တတ်သည်။ အကြောင်းမှာ ရည်ရွယ်ချက်မရှိသောကြောင့့် ဖြစ်သည်။ 

၇။ လောကီသားတို့သည် သင်တို့ကို မမုန်းနိုင်၊ ငါ့ကို မုန်းကြ၏။ အကြောင်းမူကား၊ ငါသည် သူတို့၏ အကျင့်ဆိုးညစ်ကြောင်းကို သက်သေခံ၏။ 

အဘယ်ကြောင့်လောကီသားများက သခင်ယေရှုကို မုန်းကြသနည်း။ သူတို့၏ အကျင့်ဆိုးညစ်ကြောင်းကို သက်သေခံသောကြောင့် ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း လူများ၏ အပြစ်ကို ပြောလျှင် အမုန်းခံမည် ဖြစ်သည်။ သခင်ဘုရား၏ ​ကျွန်မှန်လျှင် လူများ၏ အမုန်းကိုလည်း ခံ၍ သူတို့ကို အပြစ် နွံထဲမှဆွဲနှုတ်ဘို့ လိုသည်။ 

၈။ ထိုပွဲသို့ သင်တို့ သွားကြလော့။ ၉ ငါမသွားသေး။ ငါ့အချိန် မပြည့်စုံသေးဟု မိန့်တော်မူပြီးလျှင်၊ ဂါလိလဲပြည် မှာနေတော်မူ၏။ ၁၀။ ညီတော်တို့ သွားပြီးမှကိုယ်တော်သည် ထိုပွဲသို့ မထင်မရှားကြွတော်မူ၏။ 

သခင်ဘုရားသည် အဘယ်ကြောင့်ပွဲသို့ မသွား ဟုဆိုပြီးမှပြန်သွားသနည်း။ သူ့ညီတော်များနှင့်အတူ မသွားလိုသောကြောင့့် ဖြစ်မည်။ ထို့ကြောင့် ယောဟန်က မထင် မရှားကြွတော်မူ၏ဟု ရေးထားသည်။ သို့သော် နောက်ပိုင်းတွင် ထင်ရှားစွာ ဆုံးမဩဝါဒ ပေးကြောင်း တွေ့ရသည်။ 

၁၁။ ထိုပွဲ၌ ယုဒလူတို့က၊ ယေရှုသည် အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေ ကြ၏။ ၁၂ လူအစုအဝေးတို့သည် ကိုယ်တော်ကို အကြောင်း ပြု၍ အုတ်အုတ်သဲသဲ ဖြစ်ကြ၏။ အချို့တို့က၊ သူသည် သူတော်ကောင်း ဖြစ်သည် ဟူ၍၎င်း၊ အချို့တို့က၊ သူတော်ကောင်း မဟုတ်၊ လူများကို လှည့်ဖြားသည် ဟူ၍၎င်းဆိုကြ၏။ ၁၃သို့သော်လည်း ယုဒလူတို့ကို ကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်း မပြောဝံ့ကြ။ 

လူများသည် သခင်ယေရှုကို ရှာ နေကြသည်။ သူ့ကို ကြိုက်နှစ်သက်သောသူများရှိသလို၊ လှည့်ဖြားသောသူဟု စွပ်စွဲသောသူများလည်းရှိသည်။ သူပင်လျှင် ထိုသို့ စွပ်စွဲလျှင် ကျွန်ုပ်တို့လည်း မတရားသဖြင့် စွပ်စွဲမည့်သူများရှိမှာသေချာသည်။ ယုဒလူများကို ကြောက်သောကြောင့် ယေရှု အကြောင်းကို အတည့်အလင်း မပြောဝံံ့ကြ ဟုဆိုသည်။ ထိုသူများ ပင်လျှင် ယုဒလူများ မဟုတ်လော။ ဟုတ်ပါသည်။ သို့သော် ထိုသို့ ပြောသောသူများသည် လူနည်းစု ဖြစ်ပေလိမ့်မည်။ လူထု၏ အပြစ်တင်မှာကို စိုးရိမ် ကြသည်။ 

၁၄။ ထိုပွဲကို ခံစဉ်တွင်၊ ယေရှုသည် ဗိမာန်တော်သို့ တက်၍ ဆုံးမဩဝါဒ ပေးတော်မူ၏။ ၁၅ ယုဒလူတို့သည် အံ့ဩ၍၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်း ဟုဆိုကြ၏။ 

ယေရှုသည် မထင်မရှားကြွသောကြောင့် အစပိုင်း၌ လူများ ကမတွေ့၍ ရှာကြခြင်း ဖြစ်သည်။ သို့သော် ယခုဗိမာန်တော်သို့ တက်၍ ဆုံးမဩဝါဒပေးနေပြီ။ သူသည် ကျမ်း တတ်ပုဂ္ဂိုလ်ဖာရိရှဲများ ထံ၌ စာမသင်သောကြောင့် လူများက အံ့ဩ နေကြခြင်း ဖြစ်သည်။ သူ၏ အဖြစ်မှန်ကို သိကြပါက အံ့စရာ မလို၊ သူ့ကို ယုံကြည်၍ ကိုးကွယ်ရုံသာရှိသည်။ ယနေ့ လူ များစွာတို့လည်း သူ့ကို မသိကြသောကြောင့်၊ သူ့ကို ဂရုမစိုက်မကိုးကွယ်ဘဲ နေကြသည်။ သင်သည် ထိုသို့ သောသူ မဟုတ်ဘို့ ဘုရားသခင်က သင်၏ မျက် စိကို ဖွင့် ပေးတော်မူပါစေသော်။ 

၁၆။ ယေရှုကလည်း၊ ငါဟောသော ဒေသနာသည် ငါ၏ ဒေသနာ မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ ဒေသနာ ဖြစ်၏။ ၁၇ ထိုသူ၏ အလိုတော်သို့ လိုက်ချင် သောသူ မည်သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ ဒေသနာတော် ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍ သိလိမ့်မည်။ ၁၈ ကိုယ်အလို အလျောက်ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ မိမိကို စေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကို ရှာသောသူမူကား၊ ယုံလောက်သောသူ ဖြစ်၏။ ထိုသူ၌ မုသာမရှိ။ 

ယေရှု ကသူသည် ပေါက်ကယသူ့ သဘောနှင့် မဟောကြောင်း၊ သူ့ကို စေလွှတ်သောသူရှိကြောင်း ပြောပြသည်။ သူ့ကို စေလွှတ်သောသူသည် ခမည်းတော်ဘုရား ဖြစ်သည်။ ဘုရား၏ အလိုတော်ကို လိုက်ချင်သောသူကသာလျှင် ယေရှု၏ ဒေသနာကို နားလည်နိုင်သည်။ ယနေ့ များစွာသော အမှုတော်ဆောင်များနှင့် ယုံကြည်သူများအဘယ်ကြောင့် ဘုရား၏ အလိုတော်ကို နားမလည် နိုင်ကြသနည်းဟူမူကား၊ ဘုရား၏ အလိုတော်ကို မရှာဘဲ ကိုယ်ဆန္ဒကိုသာ လုပ်ချင် ကြသောကြောင့် ဖြစ်သည်။ ကိုယ်အလိုအ လျောက်ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာသောသူ ဖြစ်သည် ဟုဆိုသည်။ ​ကျွန်ုပ်တို့သည် ဘုရား ဘုန်းကိုသာလျှင် ရှာကြစို့။ 

၁၉။ မောရှေသည် ပညတ်တရားကို သင်တို့အား ပေးသည် မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံတယောက်မျှ မကျင့်။ ငါ့ကို သတ်အံ့သောငှါ အဘယ်ကြောင့်ရှာကြံ ကြသနည်းဟု မိန့်တော်မူ၏။ 

မောရှေပေးသော ပညတ်တရားကို ယုဒလူများ တယောက် ကမျှ မကျင့်ကြောင်း ယေရှုအားဖြင့် သိရသည်။ အကြောင်းမှာ ပညတ်တရားသည် ဇာတိစွမ်းအားဖြင့် မကျင့် နိုင်ချေ။ ယုဒလူများ ကယေရှုကို သတ်ဘို့ ရှာကြံကြောင်း ဒုတိယအကြိမ် ပြောပြန်သည် (ရး၁)။ 

၂၀။ လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူ ဖြစ်၏။ သင့်ကို သတ်အံ့သောငှါ အဘယ်သူ ရှာကြံသနည်း ဟုဆိုကြ၏။ 

 လူများ ကယေရှုသည် နတ်ဆိုးစွဲသည်ဟု စွပ်စွဲ ကြသည်။ လူများ ကနတ်ဆိုးစွဲသူ ဟုဆိုလျှင် သင်ခံနိုင်ပါမည်လော။ ယေရှုသည် သူတို့ မျှော်လင့်စောင့်စားနေသော မေရှိယဟု သိလျှင် ထိုကဲ့သို့ လုံးပြောရဲကြမည် မဟုတ်။ မသိခြင်းသည် အလွန် ခက်လှပါတကား။ ကျွန်ုပ်တို့လည်းကိုယ် မသိသောအရာ အတွက် ပြောတတ်ဆိုတတ်ကြသည်။ ထို့ကြောင့် ဘုရားသခင်က သမ္မာတရား သိစေဘို့ ဆုတောင်း ကြစို့။ 

၂၁။ ယေရှုကလည်း၊ ငါပြုသောအမှု တခုကို သင်တို့ ရှိသမျှသည် အံ့ဩခြင်းရှိကြ၏။ ၂၂ မောရှေသည် အရေဖျားလှီးခြင်း တရားကို သင်တို့အား ပေး၏။ ထိုသို့ ဆိုသော်မော ရှေမှအစစွာ ခံရသည်ဟု မဆိုလို။ ဘိုးဘေးများ မှဆက်ခံရသတည်း။ ထိုကြောင့် ဥပုသ် နေ့၌ သင်တို့သည် အရေဖျားလှီးခြင်းကို ပေးကြ၏။ ၂၃ မောရှေ၏ တရားမပြတ် စေခြင်းငှါ လူသည် ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကို ခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတကိုယ် လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကို အမျက်ထွက်ရာသလော။ ၂၄ မျက် နှာကိုသာ ကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။ 

အရေဖျားလှီးခြင်းသည် ဘုရားသခင်က အာဗြဟံထံခိုင်းသောအရာ ဖြစ်သည် (က ၁ရ)၊ မောရှေအားဖြင့် ပေးသည် မဟုတ်။ ဣသရေလ လူများသည်သားယောက်ျားများကို ရှစ်ရက်မြောက်သော နေ့၌ အရေဖျားလှီးပေးတတ်ကြသည်။ ထိုရှစ်ရက်မြောက် နေ့သည် ဥပုသ်နေ့ ဖြစ်လျှင်လည်း အရဖျားလှီးပေးတတ်ကြသည်။ ထို့ကြောင့် သခင်ဘုရားက၊ သင်တို့သည် မောရှေ၏ တရားကို မပြတ် စေခြင်းငှါ ဥပုသ်နေ့၌ အရေဖျားလှီး တတ်ကြသည်။ သို့သော် ယေရှု ကလူနာကို ဥပုသ်နေ့၌ ကျန်းမာစေသောအခါ အဘယ်ကြောင့် အပြစ်တင်ကြသနည်း၊ ဟုဆိုခြင်း ဖြစ်သည်။ 

၂၅။ ထိုအခါ ယေရုရှလင်မြို့သား အချို့ကလည်း၊ ဤသူကို သတ်အံ့သောငှါ ရှာကြသည် မဟုတ်လော။ ၂၆ ကြည့်ပါ။ သူသည် ထင်ရှားစွာ ဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား။ ဤသူသည် ခရစ်တော် ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိ ကြသလော။ ၂၇သို့သော်လည်း ဤသူသည် အဘယ်က ဖြစ်သည်ကို ငါတို့ သိကြ၏။ ခရစ် တော်သည် ကြွလာတော်မူသောအခါ အဘယ်က ဖြစ်တော်မူသည်ကို အဘယ်သူမျှ မသိရ ဟုဆိုကြ၏။ 

ဣသရေလ လူများ ကယေရှုကို ခရစ်တော် အဖြစ် လက်မခံနိုင်ကြချေ။ အကြောင်းရင်းမှာ သူတို့ ကြိုက်နှစ်သက်သလို တန်ခိုးနှင့် အာဏာနှင့် ခန်းနားကြီး ကျယ်စွာ မလာ သောကြောင့် ဖြစ်သည်။ ထို့ကြောင့် “ဤသူသည် ယောသပ်၏သား ယေရှု ဖြစ်သည် မဟုတ်လော။ သူ၏ မိဘကို ငါတို့ သိသည် မဟုတ်လော။ ငါသည် ကောင်းကင်မှ ဆင်း သက်၏ဟု သူသည် အဘယ်သို့ ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။” (ယော ၆:၄၂) ဟုဆိုခဲ့ပြီး ပြီ။ ယော ရး၄၁၌လည်း တွေ့ရဦးမည်။ ယော ၉:၂၉၌လည်း “ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိ” ဆို ကြသည်။ ထိုသို့ မသိနိုင်ခြင်းသည် လူ့အမြင်၊ ဇာတိမျက် စိဖြင့် ကြည့်သောကြောင့် ဖြစ်သည်။ ယေရှုကို ခရစ်တော် ဖြစ်ကြောင်း မသိခြင်းသည် အလွန်ဆုံးရှုံးခြင်း ဖြစ်သည်။ တမန်တော်များ၏ အဓိကဟောပြောသော အချက်မှာ၊ “သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်သော ယေရှုကို ဘုရားသခင်သည် ခရစ်တော် အရာ၌၎င်း၊ အစိုးရသော အရှင်အရာ၌၎င်းခန့်ထားတော်မူသည် အကြောင်းကို ဣသ ရေလအမျိုးသား အပေါင်းတို့ အတပ်အမှန်သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။” (တမန် ၂:၃၆)။ “ရှောလုသည်လည်း အား တိုးပွားသဖြင့် ဒမာသက်မြို့၌ နေသော ယုဒလူတို့သည် ပြောသမျှသော စကားကို ချေ၍၊ ယေရှုသည် ခရစ်တော် ဖြစ်ကြောင်းကို ထင်ရှားစွာ ပြ၏။” (တမန် ၉:၂၂) ပေါလုက၊ “ငါဟောပြောသော ယေရှုသည် ခရစ်တော် ဖြစ်သည် ဟူသော အကြောင်း အရာတို့ကို ရှင်းလင်းစွာ ဖွင့်ပြလေ၏။” (တ ၁ရး၃) 

၂၈။ ယေရှုကလည်း၊ သင်တို့သည် ငါ့ကို သိကြ၏။ ငါသည် အဘယ်က ဖြစ်သည် ကိုလည်း သိကြ၏။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက် လာသည် မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ ထိုသူကို သင်တို့ မသိကြ။ ၂၉ ငါမူကား သိ၏။ အကြောင်းမူကား၊ ထိုသူ၏ အထံတော် မှငါလာ၏။ သူသည်လည်း ငါ့ကို် စေလွှတ်တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩဝါဒ ပေးတော်မူ စဉ်တွင် ကြွေးကြော်၍ မိန့်တော်မူလျှင်၊ ၃၀ ကိုယ်တော်ကို ဘမ်းဆီးခြင်း အခွင့်ကို ရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏အချိန် မစေ့မရောက် သေးသောကြောင့် အဘယ်သူမျှ မဘမ်းမဆီးကြ။ 

ယေရှု ကသင်တို့သည် ငါ့ကို သိကြ၏ ဟုဆိုရာတွင် လူဇာတိပိုင်းကို ဆိုလိုသည်၊ ဘုရား ဖြစ်ခြင်း ပိုင်းကို မသိကြခြင်း ဖြစ်သည်။ ယေရှု ကသူသည် သူ့သဘောနှင့် မလာ ကြောင်း၊ သူ့ကို စေလွှတ်တော်မူသောသူ တည်းဟူသော ခမည်းတော်ဘုရားကို သူတို့ မသိကြောင်း ပြောလိုက်သည်။ အကယ်၍ ခမည်းတော်ကို သိလျှင် ယေရှု ကိုလည်း သိမည် ဖြစ်သည်။ ထိုသို့ ပြောသော်လည်း သူ့အချိန် မရောက် သေးသောကြောင့် မဖမ်းကြ သေးချေ။ 

၃၁။ လူအစုအဝေးထဲ၌ ပါသောသူအများတို့သည် ယုံကြည်သည် ဖြစ်၍၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက် သာ၍ များသော နိမိတ်လက္ခဏာတို့ကို ပြတော်မူ မည်လော ဟုဆိုကြ၏။ 

လူအစုအဝေးထဲ၌ ယေရှုကို ယုံကြည်သူများလည်းရှိကြသည်။ ထိုသို့ ယုံကြည်ခြင်းသည်လည်း နိမိတ်လက္ခဏာများ မြင်သောကြောင့် ဖြစ်ဟန်ရှိသည်။ ထို့ကြောင့် ခရစ်တော် ကြွ လာသောအခါ သာ၍ များသော နိမိတ်လက္ခဏာ ပြမည်လော ဟုဆို ကြသည်။ တပါးအမျိုးသား ဖြစ်သော ​ကျွန်ုပ်တို့အတွက် ယေရှုနှင့် ခရစ်တော်သည်အတူ တူဟု ယုံသော်လည်း၊ သူတို့ အမြင်၌ ယေရှုသည် လူသား ဖြစ်၍ ခရစ်တော်သည် ကယ် တင်ရှင် မေရှိယ ဖြစ်သည်။ သူကို ယုံကြည်သောသူများ အနေဖြင့် ယေရှုဟု ယုံကြည်သော်လည်း ခရစ်တော် အနေနှင့် မယုံကြည် သေးကြောင်း ထင်ရှားသည်။ 

၃၂။ ထိုသို့ လူများ အုတ်အုတ်သဲသဲ ဖြစ်ကြသည်ကို ဖာရိရှဲတို့သည် ကြားလျှင်၊ ယဇ် ပုရောဟိတ် အကြီးတို့နှင့် တိုင်ပင်ပြီးမှကိုယ်တော်ကို ဘမ်းဆီးစေခြင်းငှါ မင်းလုလင်တို့ကို စေလွှတ်ကြ၏။ 

ဖာရိရှဲတို့သည် သာမန်လူထဲမှကျမ်းစာ လေ့လာ၍၊ ဘုရား၌ စိတ်အားကြီးသောသူများ ဖြစ်သည်။ ယဇ်ပုရောဟိတ််များသည် အာရုန်အနွယ်မှသာ ဖြစ်၍ ဇဒ္ဒုကဲများ ဟုလည်း ခေါ်တတ်သည်။ ယေရှုကို လက်ခံသူနှင့် လက်မခံ သူများ အုတ်အုတ်သဲသဲ ဖြစ် လာသောအခါ ဖာရိရှဲတို့နှင့် ယဇ်ပုရောဟိတ်များက စိုးရိမ် လာကြသောကြောင့် သူ့ဘမ်းဘို့ လုလင်တို့ကို စေလွှတ်ကြခြင်း ဖြစ်သည်။ 

၃၃။ ယေရှုကလည်း၊ ငါသည် သင်တို့နှင့်အတူ ခဏသာနေပြီးလျှင်၊ ငါ့ကို စေလွှတ်တော်မူသောသူထံသို့ သွားရမည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ၃၄ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟု မိန့်တော်မူလျှင်၊ ၃၅။ ယုဒလူတို့က၊ ငါတို့ မတွေ့စေခြင်းငှါ သူသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း။ ဟေလသ လူတို့တွင် အရပ်ရပ်သို့ ကွဲပြားလျက် နေသော သူတို့ ရှိရာသို့ သွား၍ ဟေလသလူတို့အား တရားဟောလိမ့်မည်လော။ ၃၆ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟူသော စကားသည် အဘယ်သို့ ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ၏။ 

အဘယ်ကြောင့်ယေရှု၏ စကားကို နားမလည် နိုင်ကြသနည်းဟူမူကား၊ သူတို့ အမြင်၌ ယေရှုသည် သာမန်လူ၊ ယောသပ်နှင့် မာရိတို့၏သား ဖြစ်သောကြောင့် ဖြစ်သည်။ ယေရှု ဆိုလိုသည်မှာ သူသည်မှာ သူသည် မကြာမှီကောင်းကင်သို့ တက်သွားတော့မည့် အကြောင်းကို ပြောခြင်း ဖြစ်သည်။ 

၃၇။ ထိုပွဲကို ခံ၍ နောက်ဆုံး ဖြစ်သော နေ့မြတ်၌ ယေရှုသည် ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့။ ၃၈ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာ လာသည် အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့် မည်ဟု မိန့်တော်မူ၏။ ၃၉ ထိုသို့ မိန့်တော်မူသော်၊ ယုံကြည်သော သူတို့သည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေး သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မမူသေး။ 

သကေနေ တည်းဟူသော တဲပွဲသည် သတ္တမလတည်း ဟူူသော ထေးရှရေးလ (သ တင်းကွဋ္ဌတ်လ)တွင် ကျ၍ ခုနှစ်ရက် ကျင်းပတတ်ကြသည်။ ယေရှု ကရေငတ်သောသူ ဟုဆိုရာတွင် သောက်ရေကို ဆိုလိုသည် မဟုတ်၊ ဝိညာဉ် အတွက် ရေ ဖြစ်သော သန့်ရှင်းသော ဝိညာဉ်တော်ကို ဆိုလိုခြင်း ဖြစ်သည်။ အမှန်မှာ လူတိုင်း သန့်ရှင်းသော ဝိညာဉ်တော်ကို ဆာငတ် ကြသည်။ သို့သော် မသိသောအခါလောကအရာကို အလွှဲလွှဲအချော် ချော်ရှာဖွေ တတ်ကြသည်။ သင်လည်း ထိုရေ တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော် လိုအပ်သည်။ သင်ရရှိပြီး ပြီလော။ 

၄၀။ စကားတော်ကို ကြားသောသူအများတို့ က၊ ဤသူသည် လာလတံ့သော ပရော ဖက်အမှန် ဖြစ်သည် ဟုဆိုကြ၏။ ၄၁ အချို့ကလည်း၊ ဤသည်သည် ခရစ်တော် ဖြစ်သည် ဟုဆိုကြ၏။ အချို့ကလည်း၊ ခရစ်တော်သည် ဂါလိလဲပြည်သား ဖြစ်ရသလော။ ၄၂ ခရစ် တော်သည် ဒါဝိဒ်အမျိုး၊ ဒါဝိဒ်နေရာ ဌာန၊ ဗက်လင်ရွာသား ဖြစ်ရမည်ဟု ကျမ်းစာ လာသည် မဟုတ်လော ဟုဆိုကြ၏။ ၄၃ ထိုသို့ လူများတို့သည် ကွဲပြား ကြသည် ဖြစ်၍၊ အချို့တို့သည် ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ အလိုရှိကြ၏။ ၄၄သို့သော်လည်း အဘယ်သူမျှ မဘမ်းမဆီးကြ။ 

ယုဒလူများ ကယေရှုကို အမျိုးမျိုး ထင်မှတ် ကြသည်။ အချို့ကပရောဖက် အဖြစ်သာ ယုံကြည် ကြသည်။ အချို့က ခရစ်တော် အဖြစ် လက်ခံ ကြသည်။ သို့သော် မသေချာ သောကြောင့် အချင်းချင်းငြင်းခုံ နေကြခြင်း ဖြစ်သည်။ အမှန်မှာ သူသည် ဒါဝိဒ်အမျိုးလည်း ဖြစ်၍ ဗက်လင်မြို့မှာလည်း မွေးဘွားခဲ့သည်။ သို့သော် သူမွေးသည့်နေရာကို မသိကြတော့ချေ။ အကြောင်းမှာ နာဇရက်မြို့၌ ကြီး ပြင်းသည်။ သူ့အချိန် မရောက်သေး သောကြောင့် မဖမ်းဆီးကြသေးချေ။ 

၄၅။ ထိုအခါ မင်းလုလင်တို့သည် ယဇ်ပုရောဟိတ် အကြီး၊ ဖာရိရှဲထံသို့ ပြန်၍၊ ထိုမင်းတို့ က၊ အဘယ်ကြောင့် သူ့ကို မဆောင်ခဲ့ကြသနည်းဟု မေးမြန်းလျှင်၊ ၄၆ မင်းလုလင်တို့က၊ ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှ မဟောစဖူးပါဟု လျှောက်ကြ၏။ ၄ရဖာရိရှဲတို့ကလည်း၊ သင်တို့ကို ပင်လှည့်ဖျားပြီလော။ ၄၈ မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကို ယုံကြည်သောသူတစုံတယောက်မျှ ရှိသလော။ ၄၉ တရားကို မသိသော ဤလူမျိုးများတို့သည် ကျိန်ခြင်းကို ခံရသောသူ ဖြစ်သည် ဟုဆိုကြ၏။ 

 အော် မသိတတ်ကြပါတကား။ ဖာရိရှဲတို့သည် ကျမ်းတတ် ဟုဆိုသော်လည်း သူတို့၏ သခင်၊ ကယ်တင်ရှင် မေရှိယကို မယုံကြည် ကြဘဲ ဖမ်းဘို့ လုလင်များကို စေလွှတ် ကြသည်။ သူတို့ ကိုယ်တိုင် မင်းများ၊ ဖာရိရှဲတိုတွင် ယေရှုကို ယုံကြည်သူ တယောက်မျှ မရှိဟု နှုတ်ဖြင့် ဝန်ခံ ကြသည်။ တရားကို မသိသောကြောင့် ဤလူမျိုးသည် ကျိန်ခြင်း ခံရသည် ဟုဆို ကြသည်။ အမှန်မှာ တရားကို မသိကျိန်ခြင်း ခံသော သူတို့သည် သူတို့ သာလျှင် ဖြစ်နေသည်။ ယနေ့ အမှုတော်ဆောင် များစွာနှင့် ခရစ်ယာန် များစွာလည်း သမ္မာ တရားကို မသိသောကြောင့် သူတပါးကို တရားစီရင်တတ်ကြသည်။ 

၅၀။ အထက်ကညဉ့်အခါ၌ အထံတော်သို့ လာသောသူ တည်းဟူသော ထိုမင်းများ အဝင် ဖြစ်သော နိကောဒင်ကလည်း၊ ၅၁ ငါတို့ တရားသည် လူကို မစစ်၊ သူ့အမှုကို မသိမီက ပင်ရှေ့မဆွက ဆုံးဖြတ်တတ်သလော ဟုဆိုလျှင်၊ ၅၂ သူတို့က၊ သင်သည်လည်း ဂါလိလဲ ပြည်သား ဖြစ်သလော။ စစ်ဦးလော့။ ဂါလိလဲပြည်၌ အဘယ်ပရောဖက် မျှမပေါ်မထွန်းသည်ကို မှတ်လော့ ဟုဆိုကြပြီးမှ၊ ၅၃ ထိုသူ အပေါင်းတို့သည် မိမိတို့ အိမ်သို့ သွားကြ၏။ 

နိကောဒင်ဖာရိရှဲ ဖြစ်သော်လည်း ယေရှုကို ယုံကြည်သည်။ သို့သော် ထင်ရှားစွာ သူ၏ ယုံကြည်ခြင်းကို မဖေါ်ဝင့်ချေ။ ထို့ကြောင့် ယေရှုထံသို့ ညအခါလာခဲ့သည် (ယော ၃:၁-၆)။ ယေရှု မြှုပ်နှံရာတွင်လည်း အရိမသဲမြို့သား ယောသပ်နှင့်အတူ ပါဝင်ခဲ့သည် (ယော ၁၉:၃၉)။ သူကအမှု မသိဘဲ တရားမစီရင်သင့်ကြောင်း သူ့အဖေါ်များကို ပြောသောအခါ၊ ဖေါ်များ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရသည်။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG