GOODNEWS
  HOME  GOODNEWS  2015 DEC
 


အမှာစာ

လမ်းခရီး၌ ငါ၏ အစွမ်းကို လျော့စေခြင်းငှာ၎င်း၊ ငါ၏ နေ့ရက်ကာလကို တိုစေခြင်း ငှါ၎င်း၊ ပြုတော်မူသောအခါ၊ ၂၄ ငါလျှောက်သော အချက်ဟူမူကား၊ အိုအ​ကျွန်ပ်၏ ဘုရား၊ အ​ကျွန်ုပ်ကို အသက် ပျိုစင်ပင်ပယ်ရှင်းတော််မမူပါနှင့်၊ ကိုယ်တော်၏ နှစ်တို့သည် ကာလ အစဉ်အဆက်မြဲကြပါ၏။ ၂၅ ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။ ၂၆ ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော်လည်း ကိုယ်တော်သည် အမြဲ တည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကို လဲ သကဲ့သို့ လဲတော်မူ သဖြင့်၊ ပြောင်းလဲခြင်းရှိကြသော် လည်း၊ ၂၇ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ ၂၈ အသက် တော်လည်း မကုန် မဆုံးရပါ။ ကိုယ်တော် ​ကျွန်တို့၏သား မြေးတို့သည် တည်၍၊ အမျိုးအနွယ်သည်လည်း ရှေ့တော်၌ မြဲ+မံပါလိမ့်မည်။ (ဆာ ၁၀၂:၂၄-၂၈) 

ဆာလံဆရာကသူ၏ အသက် ရှည်ဘို့ရန် ဆုတောင်း ခဲ့သည်။ ဘုရားသခင်က မိုးကောင်းကင်နှင့် မြေကြီးတို့ကို ဖန်ဆင်းကာ အဝတ်ကဲ့သို့ ဟောင်းနွမ်း၍ လဲရသည် ဟုဆိုသည်။ ထိုအရာကို အသက် နုပျိုသောသူများက လုံးဝ သတိထားမည် မဟုတ်။ သို့သော် အသက် ကြီးသောသူများက သဘောပေါက်ကြပါလိမ့်မည်။ ကိုယ့်ကိုယ်ကို အသက် ပျိုသေးသည်ဟု ထင်သော်လည်း၊ သက်တမ်းကုန်ခါနီးနေပြီ။ လောက အသက်သည် ထိုကဲ့သို့ ကုန်သော်လည်း၊ ကယ်တင်ခြင်းသို့ ရောက်သောသူများ အတွက်၊ ထာဝရ အသက်ရှင်မည် ဖြစ်သောကြောင့် မြော်လင့်စရာ ရှိကြပါ၏။ အရိပ် ဖြစ်သော ကိုယ်ခန္ဓာအ သက်ကုန်လျှင်၊ အစစ် ဖြစ်သော ဝိဥာÀ ကိုယ်ခန္ဓာဖြင့် အသက်ရှင်ကြရမည် ဖြစ်သည်။ ၂၀၁၅ ခုနှစ်လည်း ကုန်ပြန်ပြီ။ နှစ်သစ်ရောက်လာတော့မည်။ ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူများအတွက် မင်္လာနှစ်သစ် ဖြစ်သော်လည်း၊ ငရဲသွားမည့် အသူများအတွက် အမင်္လာ ဖြစ်သည်။ မင်္လာနှစ်သစ် ဖြစ်ဘို့ရန်၊ ဘုရားသခင် ထံအသက် စမ်းရေသောက်ဘို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။ 

ယခုလစာစောင်တွင်...

  • ခရစ္စမတ်
  • ခေါင်းနှစ်လုံး
  • ကျမ်းစာဖတ်ကြစို့ (ဟေဗြဲ ၁) 
  • သတ္တမဥပုသ်နေ့ အသင်းသားများထံ သက်သေခံခြင်း 
  • ကျေးဇူးတော် ချီးမွမ်းခြင်း 
  • အနှစ်လေးဆယ်မွေးနေ့

 

ခရစ္စမတ်


 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်၊ ခရစ္စမတ်ရာသီသို့ ရောက်ကြပြန် ပြီ။ ခရစ္စမတ်အချိန်သို့ ရောက်ကြသောအခါ၊ မိသားစုစုံစုံလင်လင်ဖြင့်၊ နှစ်တိုင်း ကျင်းပနိုင် သူများ အတွက်၊ အားရစရာ ကောင်း၍၊ ဝမ်းမြောက် ကြသည်။ သို့သော်၊ မိသားစုထဲ၌၊ ခေါ်တော်မူခြင်း ခံ၍ ဖြစ်စေ၊ အကြောင်း အမျိုးမျိုးကြောင့် မစုံလင်နိုင်သောသူများ အတွက်မူ၊ ခရစ္စမတ်ရာသီသည်၊ ဝမ်းနည်းစရာ၊ ဆွေးစရာ၊ ကျေကွဲ စရာများဖြစ်သည်။ အနာစိမ်းကို ပြန်ဆွ သကဲ့သို့ ခံစား၍ စိတ်နာစရာများဖြစ်လာသည်။ သို့သော် ထိုခံစားချက် များသည် ငြင်း၍ မရ၊ မလိုချင် လျှင်လည်း ကြုံတွေ့ ကြသည်။ ထိုသူများအတွက် အဘ ဘုရားသခင်ထံမှ လူတို့ ကြံစည်၍ မမှီနိုင်သော ငြိမ်သက်ခြင်း သက်ရောက်ပါစေသော်။ 

ခရစ္စမတ်သည် ခရစ်တော် လူ့ဇာတိခံခြင်းကို အသိအမှတ်ပြုခြင်း ဖြစ်သည်။ ခရစ််တော် ဤလောကသို့ ကြွလာခြင်း၌ အကြောင်းရင်း များစွာ ရှိသည်။ ထိုအရာများထဲမှအချို့ကို ဖေါ်ပြလိုသည်။ ခရစ်တော် ဤလောကသို့ ကြွလာစရာ လိုရခြင်း၏ အကြောင်းရင်းတခုမှာ ဘုရား သားများမည်ကဲ့သို့ အသက်ရှင်ရမည်ဟူသော၊ ပုံသက်သေပြဘို့ရန် ဖြစ်သည်။ ထို့ကြောင့် ကျမ်းစာက၊ 

အား မလျော့ဘို့

 “ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေှ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်အသောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေတော်မူ၏။ ၃ အပြစ်ရှိသော သူတို့ လက်တွင်၊ ထိုမျှလောက်ကြီးသော ဆီးတားနှောက်ရှက်ခြင်းကို ခံတော်မူသော သခင်ကို ထောက်ရှုဆင်ခြင်သော အားဖြင့်၊ အား လျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ် အံ့သောငှါ ကြိုးစား ကြလော့။” (ဟေ ၁၂:၂-၃) 

ယုံကြည်သူများသည် သခင်ယေရှုကို စေ့စေ့မကြည့်ဘဲ ပြသနာကို စေ့စေ့ ထောက်ရှုတတ်ကြသည်။ ထို့ကြောင့် ပန်းတိုင်သို့ မရောက်ဘဲ ဆုံးရှုံးတတ်ကြသည်။ ကျမ်းစာ ကသခင်ယေရှုကို စေ့စေ့ထောက်ရှုခိုင်းသည်။ သခင်ယေရှု ကိုယ်တိုင် လည်း၊ လက်ဝါးကပ်တိုင်ကို ကျော်၍ ဝမ်းမြောက် မည့် အရာကို ကြည့်ရှုသောကြောင့်၊ ရှက် ကြောက်ခြင်းက သူ့ကို မဆီးတားနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ဘုရားသခင် 
၏ လက်ျာတော် ဘက်၌၊ ထိုင်နိုင်ခြင်း ဖြစ်သည်။ ထိုသို့ ပုံသက်သေပြအံ့သောငှါ၊ သူသည် ဤလောကသို့ ကြွရောက် လာခြင်း ဖြစ်သည်။ နှစ်စဉ်ခရစ္စမတ်ပွဲ ကျင်းပသော် လည်း၊ ထိုပုံသက်သေကို မလိုက်လျှင် အကျိုးမရှိချေ။ ယခုမှစ၍ ဆင်းရဲ ဒုက္ခကို အမှု မထားဘဲ ပန်းတုန်းတိုင်သို့ အရောက်ပြေးကြကုန်အံ့။ 
 
နှိမ့်ချရမည်

 “ကိုယ်အမှု အရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှု အရာကို အချင်းချင်းရှုမှတ် ကြလော့။ ၅ ယေရှုခရစ်၌ ရှိသော ထိုစိတ် သဘောကို သင်တို့၌လည်းရှိစေကြလော့။ ၆ ထိုသခင်သည် ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် ပြည့်စုံတော်မူသည် ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သော အမှုကို လုယူခြင်း အမှု ဟူ၍ မထင်မမှတ်လျက် ပင်၊ ၇ မိမိအသရေကို စွန့်၍ အစေခံ​ကျွန်၏ သဏ္ဍာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သော အဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။ ၈ ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာ မဟုတ်၊ လက်ဝါးကပ်တိုင်မှာအသေခံခြင်း တိုင်အောင် အစေ​ကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏။” (ဖိလိ ၂:၄-၈) 

အထက်ပါ ကျမ်းပိုဒ်များ၌ သခင်ယေရှုသည်၊ ဘုရား ဖြစ်သော်လည်း နှိမ့်ချသည်။ ဤလောက၌ ​ကျွန်ကဲ့သို့ အစေခံ၍၊ သေခြင်း တိုင်အောင် ခမည်းတော်၏ စကားကို နားထောင်သည်။ ထို့ကြောင့် သူကဲ့သို့ နှိမ့်ချဘို့ သင်ပေးသည်။ ခရစ္စမတ် ကျင်းပသော်လည်း၊ နှိမ့်ချမှု မရှိ၊ ကိုယ့်အမှု သာဂရုစိုက်၍၊ သူတပါးအတွက် မစဉ်း စား၊ မာန်မာနထောင်လွှားနေလျှင်၊ သင်၏ ခရစ္စမတ်ပွဲကျင်းခြင်းသည် အချည်းနှီး ဖြစ်သည်။ 
 
၀န်ခံခြင်း 

 “အစေခံငယ်သားတို့၊ အလွန် ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သခင်သည် စိတ်ကောင်း၍ ​ဖြေးညှင်းသော သဘော ရှိသည် ဖြစ်စေ၊ ကြမ်းတမ်းသော သဘော ရှိသည် ဖြစ်စေဝန်ခံကြလော့။ ၁၉ အကြောင်းမူကား၊ ဘုရားသခင်၏ မျက်နှာတော်ကို ထောက်၍၊ မတရားသော ညှဉ်းဆဲခြင်းကို နာကျင်စွာ ခံရလျှင် ကျေးဇူးရှိ၏။ ၂၀ ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်း ခံလျှင်၊ အဘယ်ချီးမွမ်းစရာ ရှိသနည်း။ ကောင်းမွန်စွာ ပြု၍ ဆင်းရဲ ခံရသောအခါ သည်း ခံလျှင်၊ ဘုရားသခင့်ရှေ့တော်၌ ကျေးဇူးရှိ၏။ ၂၁ အကြောင်းမူကား၊ ထိုသို့ အလိုငှါ သင်တို့ကို ခေါ်တော်မူပြီ၊ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည် ဖြစ်၍ ​ခြေတော် ရာကို ရှောက်လိုက်စေခြင်းငှါ ပုံသက်သေကို ထားတော်မူပြီ။ ၂၂ ထိုသခင်သည် ဒုစရိုက်ကို မပြူ။ နှုတ်တော်၌လည်း မုသာကို ရှာမတွေ့။ ၂၃ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍ မကဲ့ရဲ့။ အသေခံ ရသောအခါ ခြိမ်းချောက်ခြင်းကို မပြု။ တရားသဖြင့် စီရ၍ တော်မူသောသူ၌ ကိုယ်ကိုကိုယ် အပ်နှံတော်မူ၏။” (၁ ပေ ၂:၁၈-၂၃) 

လူသည် မတရားသဖြင့် အပြစ်တင်ခြင်း ခံရလျှင် မခံနိုင်ကြချေ။ အလုပ်လုပ်သောအခါ၌လည်း၊ အထက် လူများ၏ စကားကို နားထောင်ဘို့ ခက်တတ်ကြသည်။ သို့သော်၊ ထိုအရာများကို သခင်ယေရှု ကိုယ်တိုင် ခံစား ခဲ့ပြီး ပြီ။ သူသည် မတရားသဖြင့် အပြစ် ပေးခြင်း ခံသော်လည်း၊ သိုးသငယ် ကဲ့သို့ တိတ်စိပ်စွာ အသေခံခြင်းဖြင့် ​ခြေတော် ရာကို ထားခဲ့သည်။ သို့သော် ယုံကြည်သူများသည် ထို​ခြေတော် ရာကို မကြည့်ဘဲ နေသောအခါ၊ မဖြစ်သင့်သော အရာများ ဖြစ်တတ်ကြသည်။ ဤခရစ္စမတ်ရာသီတွင် ခရစ်တော်၏ ​ခြေတော် ရာကို ကြည့်၍၊ သူ့ကို အုပ်စိုးစေခြင်းအားဖြင့် အောင်မြင် သောသူ ဖြစ်နိုင် ပါစေသော်။ 
 
အချင်းချင်း​ခြေဆေး

 “သင်တို့သည် ငါ့ကို အရှင်ဘုရား ဟူ၍၎င်း၊ သခင်ဟူ၍၎င်းခေါ်တတ်ကြ၏။ ထိုစကားလည်းဟုတ်မှန်သောစကား ဖြစ်၏။ အကြောင်းမူကား၊ သင်တို့ ခေါ်ကြသည် အတိုင်း ငါမှန်၏။ ၁၄ ငါသည် သခင် ဖြစ်လျက်၊ အရှင်ဘုရားလည်း ဖြစ်လျက်နှင့် သင်တို့၏ ​ခြေကို ဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ ​ခြေကို ဆေးရကြမည်။ ၁၅ ငါသည် သင်တို့၌ ပြု သကဲ့သို့ သင်တို့သည် ပြုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ။” (ယော ၁၃:၁၃-၁၄) 

ခရစ်တော်သည် တပည့်တော် များ၏ ​ခြေကို ဆေးပေးခြင်း ဖြင့်၊ နှိမ့်ချခြင်း၊ အစေခံခြင်းကို သင်ပေးသည်။ ယနေ့ အချို့သော အသင်းတော်များ၌ ​ခြေဆေးခြင်းကို ပြုလုပ် ကြသည်၊ ကောင်းပါသည်။ သို့သော် နှိမ့်ချသော စိတ်ဖြင့် ပြုလုပ်လျှင် အဓိပ္ပါယ်ရှိပေမည်။ တာဝန် အရလုပ်လျှင် ထူးခြားမှု ရှိမည် မဟုတ်ချေ။ လက်တွေ့သူတပါး၏ ​ခြေကို မဆေးပေးလျှင် လည်း၊ နှိမ့်ချခြင်းရှိဘို့ လိုသည်။ နှိမ့်ချခြင်းရှိမှသာ သခင်ဘုရားနှင့် တူလာမည်။ 

မေတ္တာ၌ ကျင်လည်

 “ထိုသို့ သင်တို့သည် ဘုရားသခင်၏ ချစ်သား ဖြစ်ကြသည်နှင့် အညီ၊ ဘုရားသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ကြလော့။ ၂ ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ကိုယ်ကိုကိုယ် ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည် နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။” (ဧဖက် ၅:၂) 

ခရစ်တော်၏ ထူးခြားချက်မှာ၊ လူတိုင်းကို ချစ်ခြင်း ဖြစ်သည်။ သူသည် ပါး စပ်အားဖြင့်သာ မဟုတ်၊ မိမိအသက် အသေခံ၍ ဆက်ကပ်ခဲ့သည်။ ထိုနည်းတူ ယုံ ကြည် သူများလည်း၊ သူတပါးအတွက် အနစ်နာခံ၍ ဆက်ကပ်ဘို့ လိုသည်။ ခရစ် တော်သည် အဘယ်ကြောင့် ထိုသို့ ဆက်ကပ်နိုင်သနည်းဟူမူကား၊ ငါတို့ကို ချစ်သောကြောင့် ဖြစ်သည်။ ငါတို့လည်း၊ သူတပါးကို ချစ်လျှင် အနစ်နာခံဆက်ကပ်ဘို့ရန် ခက်မည် မဟုတ်။ ထိုမေတ္တာသည် စိတ်နှလုံး၌ ခရစ်တော် အုပ်စိုးစေမှသာ ဖြစ်နိုင်သည်။ ခရစ်တော် အုပ်စိုးလျှင် ကိုယ်စိတ် မဟုတ်တော့သောကြောင့်၊ မေတ္တာပွားများလာပေမည်။ မေတ္တာရှိလာလျှင် အရာခပ်သိမ်းသည် အလွန် လွယ်ကူလာသည်။ ယခုနှစ်ခရစ္စမတ်ပွဲ ကျင်းပချိန်မှစ၍ အသက်ထက် ဆုံး၊ သူတပါးကို ချစ်၍ အနစ်နာခံနိုင်သောသူများ ဖြစ်ကြပါစေသော်။ 


အပြစ် လွှတ်ခြင်း 

“တယောက်၌ တယောက် အပြစ်တင်စရာ အခွင့်ရှိလျှင်၊ အချင်းချင်းသည်း ခံ၍ အပြစ်ကို လွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏ အပြစ်ကို လွှတ်တော်မူ သကဲ့သို့၊ ထိုနည်းတူ ပြုကြလော့။” (ကော ၃:၁၃) 

 ခရစ်တော် ထားခဲ့သော ​ခြေတော်ရာ တခုသည်၊ လူများ၏ အပြစ်ကို လွှတ်ခြင်း ဖြစ်သည်။ ယုံကြည်သူများ၏ အပြစ်ကို လွှတ်သောကြောင့်သာ၊ ​ဖြောင့်မတ်ခြင်းသို့ ရောက်၍ ကောင်းကင်နိင်ငံဝင်ရသော အခွင့်ရ ကြသည်။ ထို့ကြောင့်၊ ယုံကြည်သူများလည်း အချင်းချင်းအပြစ် လွှတ်ဘို့ရန် သွန်သင်သည်။ ခရစ်တော်က၊ “ထိုအခါ ပေတရုသည် ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အ​ကျွန်ုပ်ကို ပြစ်မှား၍ အ​ကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင် လွှတ် ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရမည် ငါမဆို။ အကြိမ် ခုနစ်ဆယ် ခုနစ်လီမြောက်အောင် လွှတ်ရမည်ငါဆို၏။” (မ ၁၈:၂၁-၂၂)။ မိတ်ဆွေ၊ သင်သည် သူတပါး၏ အပြစ်ကို လွှတ်ဘို့ရန် ခက်နေပါသလား။ သခင်ဘုရားကသင်၏ အပြစ် လွှတ်ခြင်းကို ပြန်လည်ဆင်ခြင်ပါ။ သို့ဖြစ်လျှင် သူတပါး၏ အပြစ် လွှတ်ဘို့ရန် ပို၍ လွယ်ကူပါလိမ့်မည်။ 

ပညတ်တော် စောင့်ခြင်း 

 “ထိုသခင်ကို ကိုယ်တိုင် သိ​ကျွမ်းသည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ ၄ ထိုသခင်ကို ငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကို သုံးသောသူ ဖြစ်၍ ထိုသူ၌ သစ္စာ မရှိ။ ၅ ထိုသခင်၏ စကားတော်ကို နားထောင်သောသူ မည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန် ပြည့်စုံ၏။ ငါတို့သည် ထိုသခင်၌ ရှိကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။ ၆ ထိုသခင်၌ ငါတည်၏ ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ရမည်။” (၁ ယော ၂:၃-၆) 

ခရစ်တော်ကို လက်ခံသောသူတိုင်း၊ ပညတ်တော်ကို လိုက်ရှောက်ရမည်။ ပညတ်တော် လိုက်ရှောက်ရမည် ဟုဆိုသည်နှင့် တပြိုင်နက် ဂလာတိ ၃:၁၀ကို သတိ ရကြသည်။ ထိုကျမ်း၌၊ “ပညတ်တရား၏ အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့် စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာ၌ ပါသမျှသော စကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာ လာ၏။” 
ဟု တွေ့ရသည်။ ထို့အပြင်၊ “ပညတ်တရားကို အမှီပြု၍ ​ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီးအသေခံတော်မူပြီ။” (ဂလာ ၂:၂၀) ဟုဆိုသေးသည်။ မှန်ပါသည်၊ ​ဖြောင့်ခြင်းသည် ပညတ်လိုက်ရှောက်ခြင်းအားဖြင့် မရရှိနိုင်ပါ။ ထို့ကြောင့် ဘုရားသခင်က ​ဖြောင့်မတ်ခြင်းကို ခရစ်တော်အားဖြင့် အခမဲ့ပေးခဲ့ပြီး ပြီ။ “ယေရှုခရစ် ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ​ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။” (ရော ၃:၂၄)။ ထိုသို့ ​ဖြောင့်ခြင်းရရှိသော သူတို့သည် ​ဖြောင့်မတ်စွာ အသက်ရှင်ရမည်။ ​ဖြောင့်မတ်စွာ အသက်ရှင်ခြင်းသည်၊ ပညတ်တော် အတိုင်း အသက်ရှင်ခြင်း ဖြစ်သည်။ ထိုသို့ ​ဖြောင့်မတ်စွာ အသက်ရှင်သော်လည်း၊ အပြစ်ကင်းနိုင်မည် မဟုတ်။ ထိုအရာများကို အပြစ် ဝန်ချတောင်းပန်းခြင်း၊ နောင်တရခြင်း ဖြင့်၊ သန့်ရှင်းဆင်ကြယ်စေရမည်။ 

အထက် ဖေါ်ပြပါအချက်များကို လူ့ဇာတိအစွမ်းအစအားဖြင့် ကျင့်နိင်မည် မဟုတ်ချေ။ သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် ခရစ်တော်၏ တန်ခိုးအားဖြင့်သာလျှင် တတ်စွမ်းနိုင်မည်။ ထိုသို့ဖြစ်ဘို့ အလို့ငှါ အသက်တာ၌ ခရစ်တော်ကို အုပ်စိုးစေ ရမည်။ ယခုနှစ်ခရစ္စမတ်သည် မိတ်ဆွေ အတွက်၊ ထူးခြားသော အချိန်၊ အဓိပ္ပါယ်ရှိ၍၊ အကျိုးရှိသောအခါ သမယ ဖြစ်ဘို့၊ ဘုရားသခင်က ကောင်းကြီး ပေးတော်မူပါစေသော်။ 


 
ခေါင်းနှစ်လုံး


လူသည် ဘုုရားသခင်ကခေါင်းတလုံး တည်းဖြင့် ဖန်ဆင်းတော်မူသည်။ သို့သော် ခေါင်းနှစ်လုံး ဖြစ်လာလျှင် ပြသနာ ရှိလာသည်။ ဘုရားသခင်က အိမ်ထောင်၌၊ မိန်းမ၏ ခေါင်းသည်ယောက်ျား ဖြစ်သည် ဟုဆိုသော်လည်း၊ ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင် ကာ၊ မိန်းမကခေါင်းနေရာကို လုနေလျှင်၊ ထိုအိမ်ထောင်၌ ခေါင်း နှစ်လုံးရှိသောကြောင့်၊ သာယာပျော်ရွှင်သော အိမ်ထောင်မ ဖြစ်နိုင်ချေ။ အသင်းတော်၌လည်း ခရစ်တော်သည် ခေါင်း ဖြစ်သည်၊ ဟုဆိုသော်လည်း၊ အသင်းအုပ်ဆရာ သို့မဟုတ် အသင်းတော် လူကြီး အချို့က၊ အာဏာသိမ်းလိုက်လျှင်၊ ခေါင်းတလုံးထက်များသောကြောင့်၊ ခရစ်တော် အလိုတော်အတိုင်း မသွား၊ ထိုအသင်းတော်သည် အောင်မြင်သော အသင်းတော် မဖြစ်နိုင်ချေ။ 
 
အိမ်ထောင်

ဘုရားသခင်က အိမ်ထောင်ကို၊ယောက်ျားနှင့် မိန်းမပေါင်းစပ်ခြင်းအားဖြင့် စတင်ခဲ့သည်။ ကျမ်းစာက၊ “ထာဝရ အရှင် ဘုရားသခင်က လည်း၊ယောက်ျားသည် တယောက် တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဘို့ ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏” (က ၂:၁၈)” ဟုဆိုထားသည်။ ထိုအိမ်ထောင်ကို ဘုရားသခင် ကိုယ်တော်တိုင် တည်ဆောက်ဘို့ ဖြစ်ကြောင်း ကျမ်းစာ ကဆိုထားသည်၊၊ “ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။” (ဆာ ၁၂ရး၁)။ ထို့ကြောင့် အိမ်ထောင်သည် ဘုရားသခင်ကတည်ဆောက်မှသာလျှင်အောင်မြင် နိုင်ပေမည်။ သို့သော် လူသားများသည် ဘုရားသခင် နေရာကို လုယူ၍၊ မိမိတို့ ကြိုက်နှစ်သက် သကဲ့သို့ အိမ်ထောင်ကို တည် ဆောက် ကြသည်။ ထို့ကြောင့် ဖန်ဆင်းရှင်၏ အလိုဆန္ဒအတိုင်း မဖြစ်တော့ဘဲ၊ အိမ် ထောင်များသည် လူ့အလိုအားဖြင့် ဖြစ်လာ ကြသည်။ အချို့သော အိမ်ထောင်များသည်ယောက်ျားကအုပ်စိုး၍၊ သား မယားများကို အနိင်ကျင့်တတ်ကြသည်။သား မယားများသည် ​ကျွန်ကဲ့သို့ဖြစ်ကာ၊ ကြောက်ရွံ့ နေကြသည်။ လင်ယောက်ျား သို့မဟုတ် ဖခင်အလိုပြည့်စေဘို့ သာလျှင် လုပ်ဆောင် ကြသည်။ ထိုကဲ့သို့သော အိမ် ထောင်သည် ကျန်းမာပျော်ရွှင်သော အိမ်ထောင် မဟုတ်။ ဘုရား ဘုန်းတော် ထင်ရှားစေသော အိမ်ထောင်လည်း မဟုတ်ချေ။ အချို့အိမ်များသည် မိန်းမ သို့မဟုတ် မိခင် ကအာဏာသိမ်း၍၊ သူ၏ အလိုဆန္ဒကိုသာ၊ လင်နှင့် သားသမီးများက လိုက်နာနေ ရကြသည်။ ထိုကဲ့သို့သော မိသားစုလည်း၊ ဘုရား အလိုတော် မဟုတ်ချေ။ 

အိမ်ထောင်၏ ခေါင်းသည်ယောက်ျား ဖြစ်ကြောင်း ရှင်ပေါလုက ဤသို့ ရေးသား ထားသည်၊ “ယောက်ျား၏ ခေါင်းကား ခရစ်တော် ဖြစ်သည်ကို၎င်း၊ မိန်းမ၏ ခေါင်းကားယောက်ျား ဖြစ်သည်ကို၎င်း၊ ခရစ်တော်၏ ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည် ကို၎င်း၊ သင်တို့ သိမှတ်စေခြင်းငှါ ငါအလိုရှိ၏။” (၁ ကော ၁၁:၃)။ တဖန်၊ “အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံ သကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်း ဖြစ်တော်မူ သကဲ့သို့၊ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်း ဖြစ်၏။” (ဧဖက် ၅:၂၂-၂၃)ဟု ရေးထားသည်။ ထို့ကြောင့် အိမ်ထောင်ကိုယောက်ျားက ဦးဆောင်ရမည် ဖြစ်သည်။ သို့သော်ယောက်ျားကမ ဦးဆောင်နိုင်လျှင်၊ မိန်းမကယောက်ျားကို အကြံပေး၍၊ယောက်ျား သဘောတူ ညီချက်နှင့် အရာရာကို၊ ဆုံးဖြတ် ပြုလုပ်ဘို့ ဖြစ်သည်။ 

ယောက်ျားများသည် အိမ်ထောင်၏ ဦးခေါင်း ဟုဆိုသည့်အတိုင်း၊ မိမိအိမ် ထောင်ကို ချစ်ရမည်၊ ​ကျွေးမွေး ထောက်ပံ့ရမည်၊ သွန်သင်ရမည်။ယောက်ျားများ အနေဖြင့်၊ ငါသည် ဦးခေါင်း ဖြစ်သည် ဟူ၍၊ သား မယားများ အပေါ်အာဏာပြဘို့ မဟုတ်။ ဦးခေါင်းသည် ကိုယ်ခန္ဓာ၌ ဦးဆောင်၍၊ ထိပ်ဆုံးမှာနေရသော်လည်း၊ ကျန်သော ကိုယ်ခန္ဓာအစိတ်အပိုင်းများကို၊ အနိင်ကျင့်ခြင်း မရှိပါ။ ​ခြေထောက်နာလျှင်လည်း ဦးခေါင်းလည်း နာ၍၊ အရေးယူကုသသည် မဟုတ်လော။ ထိုအပြင်ကျမ်းစာက၊ “ယောက်ျား၏ ခေါင်းကား ခရစ်တော် ဖြစ်သည်။” ဟုဆိုသည် မဟုတ်ပါလော။ယောက်ျားသည် ခရစ်တော်၏ စကားကို နားထောင်ဘို့ လိုသေးသည်။ ခရစ်တော်သည် ခေါင်း ဖြစ်သောကြောင့်၊ယောက်ျားကိုသော်၎င်း၊ အသင်းတော်ကိုသော်၎င်း၊ အနိင်မကျင့်ပါ။ မေတ္တာနှင့် ယုယကြည့်ရှုသည်။ ထို့ကြောင့်ယောက်ျားများ၊ ကိုယ့် မိသားစုကို ပြုစုယုယ၍၊ ထောက်ပ့ံကြည့်ရှုရမည်။ များစွာသောယောက်ျားများသည်၊ မိန်းမ၏ ခံစားချက်ကို နားမလည် တတ်ကြချေ။ အိမ်မှု ကိစ္စဆောင်ရွက်ခြင်းသည်၊ ပိုက်ဆံမရသော်လည်း၊ အလွန် မခက်ခဲသော်လည်း နေ့တိုင်း လုပ်ဘို့ လို လာသောအခါ၊ ပင်ပန်းသည်။ အထူးသဖြင့် ခလေးထိန်းခြင်းသည် မလွယ်ကူပါ။ အကြောင်းမှာ ခလေးထိန်းခြင်းသည် အချိန် ပြည့်အလုပ် ဖြစ်သည်။ ခလေးများနာကျင် မှာကိုလည်း စိုးရိမ် ရသဖြင့်၊ မျက်​ခြေမပျက်ကြည့်ရှုဘို့ လိုသည်။ ခလေးထိန်းသူများကို ပိုက်ဆံ များစွာ ပေး၍ ထိန်းပေးခိုင်းသည် မဟုတ်ပါလော။ ထို့ကြောင့် အိမ်ထောင် တိုင်း ခရစ်တော် ကို၏ အုပ်စိုးခြင်းကို ဝန်ခံ၍၊ ဖခင်က ခရစ်တော်၏ အလိုဆန္ဒအတိုင်း မိသားစုကို ဦးဆောင်ကာ၊ သား မယားများကလည်း နာခံခြင်း ဖြင်အောင်မြင်သော အိမ်ထောင်ကို တည်ဆောက်ကြပါစို့။ 

 အသင်းတော် 

နှစ်တိုင်း နှစ်တိုင်း များစွာသော အသင်းတော် များသည် ဇန္နဝါရီလ၌ တုတ် ကွေးမိတတ်သည်။ ဆိုလိုသည်မှာ အသင်းတော်၌၊ လူကြီးရွေးကောက်ပွဲလုပ်သောကြောင့်၊ စိတ်တိုင်း မကျသောသူများ၊ စိတ်ကောက်၊ စိတ်ဆိုးခြင်းများဖြင့် နာတတ်ကြသည်။ ထိုရောဂါသည် နှစ်လသုံးလလောက်ကြာတတ်သည်။ ရွေးကောက်ခြင်း ခံသော လူကြီးများလည်း၊ နှစ်ဆယ်ရာခိုင်နှုန်းလောက်ကသာ ကိုယ်ဖိရင်ဖိလုပ်၍၊ ကျန်သော လူကြီးများသည်၊ နာမည်စာရင်း၌ ပါဝင်ခြင်း၊ လူကြီးများဓါတ်ပုံရိုက်သောအခါ ပါဝင်ခြင်းဖြင့်သာ ကျေနပ် တတ်ကြသည်။ ထိုအရာဖြင့် ဘဝသံသရာလည်နေ ကြသော်လည်း၊ တိုးတက်ခြင်း၊ ပြုပြင်ခြင်း မရှိကြချေ။ အသင်းတော် လူကြီး အချို့တို့သည် မိမိတို့ အ​ခြေအနေ မသိ၊ အား မနာဘဲ သူတို့ လိုချင်သော အရာများကို ဆွေး နွေးတတ်သည်။ အလှူငွေ၊ ဆယ်ဘို့ တဘို့ မထည့်သော်လည်း၊ အသင်းတော် ဘ¿ာသုံးစွဲခြင်း၌၊ အသံကြယ်စွာဖြင့် ဆွေးတတ်ကြသည်။ 

အမှန်မှာ၊ အသင်းတော်သည် ခရစ်တော်၏ အပိုင် ဖြစ်၍၊ ဦးခေါင်းသည်လည်း ခရစ်တော် ပင် ဖြစ်သည်။ ရှင်ပေါလုက၊ အသင်းတော်၏ ဦးခေါင်းသည် ခရစ်တော် ဖြစ်ကြောင်း အောက်ပါကဲ့သို့ ရေးထားသည်၊ “သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မှီ ဖြစ်တော်မူ၍၊ ခပ်သိမ်းသောအရာ တို့သည်၊ တန်ခိုးတော် အားဖြင့်သာ တည်ကြ၏။ အသင်းတော် တည်းဟူသော၊ ကိုယ်၏ ဦးခေါင်းတော် ဖြစ်တော်မူ၏။” (ကော ၁:၁ရ- ၁၈) 

 “အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံ သကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်း ဖြစ်တော်မူ သကဲ့သို့၊ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်း ဖြစ်၏။” (ဧဖက် ၅:၂၂-၂၃) “အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံ သကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံရကြမည်။” (ဧဖက် ၅:၂၄) 

အသင်းတော်၏ ဦးခေါင်းသည် ခရစ်တော် ဖြစ်လျှင်၊ ခရစ်တော်၏ အလိုတော်အတိုင်း သွားရမည် ဖြစ်သည်။ သို့သော် အသင်းတော် အများစုသည်၊ ခရစ်တော်၏ အလိုတော်ကို လုံးဝ ဂရုမစိုက်ကြချေ။ မိမိတို့ အလိုဆန္ဒအတိုင်း သာသွားနေ ကြသည်။ ခရစ်တော် ပင်လျှင် အသင်းတော်၌၊ နေရာ မရရှိချေ။ ထိုသို့သော အသင်း တော်သည်၊ အသင်းသားများကောင်းကင် တက်ဘို့ထက်၊ ဤလောက၌ တိုးတက်ဘို့၊ စည်းလုံးညီညွတ်ဘို့၊ အသင်းသားများဘို့၊ သာရေးနာရေး၌ အကူအညီပေးဘို့နှင့် ရဘို့ သာလျှင်၊ အလေးထား ကြသည်။ မိတ်ဆွေ၊ သင်၏ အသင်းတော်သည်၊ ထိုသို့သော အသင်းတော် ဖြစ်နေပါသလား။ လူ့အကြိုက် အသင်းတော်သည်လောလော ဆယ်အောင်မြင် ဟန်ရှိသော်လည်း၊ နောင်တ မလွန်ဘဝအတွက် လုံးဝ မကောင်းချေ။ ထိုသို့သော အသင်းတော်၌ မနေသင့်ချေ။ 

ကျမ်းစာဖတ်ကြစို့
ဟေဗြဲ ၁


နိဒါန်း

ဟေဗြဲကျမ်းသည် ဘုရားသခင်ကို မည်ကဲ့သို့ ဝတ်ပြုရမည်ကို ဖေါ်ပြသောကြောင့် အလွန် အရေးကြီးသော ကျမ်း ဖြစ်သည်။ ဤကျမ်းကို မသိသောအခါ၊ ဘုရားသခင်ကိုကိုးကွယ်နေသော်လည်း၊ စိတ်အားထက် သန်စွာ ကြိုးစားကိုးကွယ်သော်လည်း အကျိုးမရှိချေ။ ဘုရားက သူ့ကိုကိုးကွယ်နည်းကို ကျမ်းစာထဲ၌ ဖေါ်ပြထားပြီး ဖြစ်သည်။ ဣသရေလ လူများက စိတ်အားထက် သန်စွာ ကြိုးစား၍ ကိုးကွယ်သော်လည်း အချည်းနှီး ဖြစ်ကြောင်း ခရစ်တော်က ဤသို့ ဆိုခဲ့သည်၊ “ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက် ပင်ငါ့ကို အချည်း နှီးကိုးကွယ်ကြ၏” (မ ၁၅:ရ- ၉)။ ရှင်ပေါလုကလည်း၊ “ညီအစ်ကိုတို့၊ ဣသရေလ လူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏ စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်း လေ့ရှိ၏။ ထို သူတို့သည် မှန်သော ပညာမရှိသော်လည်း၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဘို့ ငါ သက်သေခံ၏။ ထို သူတို့သည် ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို မသိဘဲ၊ ကိုယ်​ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ။” (ရော ၁၀:၁-၃)ဟု ရေးခဲ့သည်။ အဘယ်ကြောင့် ဣသရေလ လူမျိုးများသည် ဘုရားသခင်ကို အချည်းနှီးကိုးကွယ်ခဲ့ကြသနည်း။ အဘယ်ကြောင့် ကယ်တင်ခြင်းသို့ မရောက် ကြသနည်းဟူမူကား ဘုရား၏ အလိုတော်ကို နားမလည် သောကြောင့် ဖြစ်သည်။ ​ကျွန်ပ်တို့လည်း ထိုသို့ မမှားရလေအောင် ကျမ်းစာကို ဖတ်ရှုလေ့လာ ဘို့ လိုသည်။ 

ဟေဗြဲကျမ်းသည် ဝတ်ပြုရာကျမ်းနှင့် ဆက်စပ်မှု ရှိသည်။ ဝတ်ပြုရာကျမ်း၌ မည်ကဲ့သို့ ဘုရားသခင်ကို ကိုးကွယ်မည့် အကြောင်းများဖေါ်ပြ၍ အရိပ် ဖြစ်သည်။ ဟေဗြဲကျမ်းသည် မည်ကဲ့သို့ ခရစ်တော် ကလူတိုင်း အတွက်ကိုးကွယ်ပေးခဲ့ကြောင်းများကို ဖေါ်ပြသည်။ ခရစ်ဝင်ကျမ်း ဖြစ်သော မဿဲ၊ မာကု၊ လုကာ၊ ယောဟန်များက ခရစ်တော်၏ သက်တော် စဉ်ကို ဖေါ်ပြသည်။ ပေါလု၊ ယောဟန်၊ ပေတရုတို့ ရေးထားသော ဩဝါဒကျမ်းများက ခရစ်တော်၏ လုပ်ဆောင်မှုများကို ရှင်းပြသော်လည်း မပြည့် စုံနိုင်သေးချေ။ ဟေဗြဲကျမ်းက၊ အရိပ် ဖြစ်သော ဓမ္မဟောင်းကျမ်းမှဘုရားကိုးကွယ် နည်းများ၏ ပြည့်စုံခြင်းကို ဖေါ်ပြထားသည်၊ ဣသရေလ လူများ၏ ယဇ်ပုရောဟိတ်ထက် ကောင်းသော ယဇ်ပုရောဟိတ်သည် ခရစ်တော် ဖြစ်ကြောင်း၊ တိရစ္ဆာန်ယဇ် ကောင်များထက် ကောင်းသော ယဇ်ကောင်၊ သာ၍ ကောင်းသော တဲတော်၊ သာ၍ ကောင်းသော ပဋ္ဋိညာဉ်တရားများရှိကြောင်းကို ဖေါ်ပြသွားသည်။ ထို့ကြောင့် ဟေဗြဲ ကျမ်းသည် “သာ၍ ကောင်းသော” ဟု ခေါင်းစဉ်တပ်နိုင်သည်။ 

ယေရှု ခရစ်သည် ဘုရား ဖြစ်သည် 

၁။ ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ် အနည်းနည်း ဗျာဒိတ် ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလ အခါ၊ မိမိသားတော် အားဖြင့်၊ ငါတို့အား ဗျာဒိတ်တော် ပေးတော်မူပြီ။

ဘိုးဘေးတို့ ဆိုသည်မှာ ဣသရေလ လူများ၏ ဘိုးဘေးများ ဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့ မှစ၍ မောရှေ၊ အာရုန်နှင့် ဒါဝိဒ်မင်း၊ ပရောဖက်များကို ဆိုလိုသည်။ ထိုသူများ ထံ၌ ဘုရားသခင်သည်၊ ကောင်းကင်တမန် အားဖြင့်သော်၎င်း၊ အသံတော် အားဖြင့်၎င်း၊ နိမိတ်လက္ခဏာ၊ အိပ်မက်ရူပါရုံများအားဖြင့် စကားပြော တတ်သည်။ ဘုရားသခင်က မေရိအံနှင့် အာရုန်ထံ၌ ဤသို့ ဆိုခဲ့သည်၊ “ထာဝရဘုရားကလည်း၊ ငါ့စကားကို နားထောင် ကြလော့။ သင်တို့တွင် ပရောဖက် ရှိလျှင်၊ ငါထာဝရဘုရားသည် ထိုသူ၌ ထူးဆန်းသော ရူပါရုံအားဖြင့် ကိုယ်ကို ပြမည်။” (တော ၁၂:၆)။ သို့သော် ဟေဗြဲဆရာက၊ ဤနောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် မိမိသားတော် ( ယေရှုခရစ်)အားဖြင့် ငါတို့ကို စကားပြောပြီ ဟုဆိုသည်။ ထို့ကြောင့် ယောဟန်က ခရစ်တော်ကို နှုတ်ကပတ်တော်ဟု ခေါ်ရခြင်း ဖြစ်သည် (ယော ၁:၁-၃)။ ​ကျွန်ပ်တို့ မူကား ခရစ်တော်ကို မမှီသောကြောင့် ကျမ်းစာအားဖြင့် စကားပြောသည်။ 

၂။ ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံ သခင်အရာ၌ ခန့်ထားတော်မူ၏။ သားတော် အားဖြင့်လည်းလောက ဓာတ်တို့ကို တည်တော်မူ၏။ 

သားတော် တည်းဟူသော ခရစ်တော်သည် ဘုရားသခင်၏ အမွေအားလုံး ကို ခံဘို့ရန် ဘုရားသခင်က ခန့်ထားသည် ဟုဆိုသည်။ ထိုအမွေခံ မည့် အရာကို ဆာလံ ဆရာက ဤသို့ ရေးသား ခဲ့ပြီ၊ “င့ါကို တောင်းလော့၊၊ လူ အမျိုးမျိုးတို့ကို သင်၏ အမွေ ဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကိုလည်း ငါပေးမည်၊၊ ” (ဆာ ၂:၈)။ သားတော်သည် ဖန်ဆင်းရှင်လည်း ဖြစ်သည်။ ဖန်ဆင်းရှင် ဖြစ်သောကြောင့်သားတော်သည် ဘုရား ဖြစ်သည်။ အကြောင်းမှာ ဘုရားကသာလျှင် ဖန်ဆင်းနိုင်သည်။ ဖန်ဆင်းခြင်းသည် မရှိသောအရာ ထဲမှရှိအောင် ပြုလုပ်ခြင်း ဖြစ်သည်။ လူသည် ဘုရား ဖန်ဆင်းပြီးသော အရာများ ထဲမှ ပြုလုပ် တတ်သည်။ ခရစ်တော်သည် ဖန်ဆင်းရှင် ဖြစ်ကြောင်း ယောဟန်ကလည်း ဤသို့ ရေးထားသည်၊ “ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောက ကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကို မသိ။” (ယော ၁:၁၀)။ ပေါလုကလည်း ဖန်ဆင်းရှင် ဖြစ်ကြောင်းရေးထားသည်၊ “ထိုသားတော်သည် ကောင်းကင် ပေါ်၊ မြေကြီးပေါ်မှ ာ ရှိသမျှသော ရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်း တန်ခိုး ဖြစ်စေ၊ အထွဋ္ဋ်အမြတ် ဖြစ်စေ၊ အာဏာစက် ဖြစ်စေ၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာ တို့သည် ဖန်ဆင်းလျက် ဖြစ်ကြ၏။” (ကော ၁:၁၆) 

၃။ ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော် ရောင်ခြည်နှင့် ဇာတိအဖြစ် တော်၏ ပုံသဏ္ဍာန် ဖြစ်၍၊ တန်ခိုးနှင့် ပြည့်စုံသော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာ တို့ကို မစတော်မူသောသူ ဖြစ်လျက်၊ ငါတို့ အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သော အရပ်မှာတန်ခိုးအား နုဘော်တော်၏ လက်ျာ ဘက်၌ ထိုင်တော်မူ၏။ 

 “ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော် ရောင်ခြည်နှင့် ဇာတိအဖြစ် တော်၏ ပုံသဏ္ဍာန် ဖြစ်၍၊ ” သားတော်သည် ဘုရားသခင်၏ ပုံသဏ္ဍာန်ကို ဖေါ် ပြသည် ဟုဆိုသည်။ ထို့ကြောင့် ဖိလိပ္ပုက ခရစ်တော်ထံ ခမည်းတော်ကို ပြဘို့ တောင်း ဆိုသောအခါ ခရစ်တော်က၊ “ဖိလိပ္ပု ဤမျှကာလ ပတ်လုံးငါသည် သင်တို့နှင့် အ တူရှိပြီးမှသင်သည် ငါ့ကို မသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။” (ယော ၁၄:၉)ဟု ​ဖြေခဲ့သည်။ တဖန် ကျမ်းစာက၊ “ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူးသော်လည်း၊ ခမည်းတော်၏ ရင်ခွင်၌ ရှိသော တပါးတည်းသော သားတော်သည်၊ ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။” (ယော ၁:၁၈)ဟု ရေးထားသည်။ ထို့ကြောင့် သားတော်ကို မြင်သောသူသည် ခမည်းတော်ကို မြင် သကဲ့သို့ဖြစ်သည်။ ရှင်ပေါလုကလည်း၊ “ထိုသားတော် သည၊ ် မျက်မြင်မရသော ဘုရားသခင်၏၊ ပုံသဏ္ဍာန်တော် ဖြစ်၏။” (ကော ၁:၁၅)ဟု ရေးထားသည်။ သားတော်ကို သူ့ခေတ် ကလူများ ကမြင်ခဲ့ကြသော်လည်း၊ ယခု​ကျွန်ပ်တို့ ကမမြင်ရပါ။ သို့သော်၊ ထိုခေတ် ကလူများသည်၊ ယခုခေတ် လူများ ကဲ့သို့သော ပုံသဏ္ဍာန်ရှိကြသောကြောင့်၊ ဘုရားသခင်သည် ​ကျွန်ပ်ကဲ့သို့ဖြစ်သည်ဟု သိနိုင်သည်။ ခရစ်တော် ဤလောကသို့ ကြွလာခြင်း၏ အကြောင်းရင်း များစွာ အထဲမှ၊ ဘုရား၏ ပုံသဏ္ဍာန်ကို ဖေါ်ပြဘို့ရန် ဖြစ်သည်။ 

 “တန်ခိုးနှင့် ပြည့်စုံသော မိမိအမိန့်တော် အားဖြင့်၊ ခပ်သိမ်းသောအရာ တို့ကို၊ မစတော်မူသောသူ ဖြစ်လျက်၊ ” “ံန ကစ့သူိျ အ့န ကညငလနမျန ဘပ အ့န တသမိ သ် ံငျ စသတနမ” ဤလောကကို အမိန့်တော်နှင့် မစ၊ အုပ်ချုပ်၊ ချုပ်ကိုင်လျက် ရှိသည်။ သမ္မတများသည် အမိန့်တော် အားဖြင့်၊ တိုင်း ပြည်ကို အုပ်ချုပ်တတ် သကဲ့သို့၊ သားတော်သည်လည်း သူဖန်ဆင်းထားသောအရာ အားလုံး ကို၊ အမိန့်တော်အားဖြင့်၊ အုပ်ချုပ်၊ မစ၊ ညှိညွတ်လျက် ရှိသည်။ 

 “ငါတို့ အပြစ်များကို ကိုယ်တော်တိုင် အားဖြင့်၊ သုတ်သင်ပယ်ရှင်းပြီးလျှင်၊ ” လူသည် သူတပါးကို ခိုင်းစားတတ်သည်။ အထူးသဖြင့် အိမ်ရှင်မသည်၊ အစေခံကို ပန်း ကန်ဆေးခိုင်းတတ်သည်။ သို့သော်၊ သခင်ယေရှုသည် ငါတို့၏ အပြစ်များကို၊ သူတ ပါးကဆေးဘို့ရန် မခိုင်းဘဲ ကိုယ်တော်တိုင်၊ မိမိအသွေးနှင့် ကိုယ်ခန္ဓာအားဖြင့် ဆေး ကြောကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။” (၁ ယော ၁:ရ) အသွေးတော်နှင့်သာမက ကိုယ်ခန္ဓာအားဖြင့်လည်း သန့်ရှင်းစေကြောင်း ဤသို့ ရေးထားသည်၊ “ထိုအလိုတော်နှင့် အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သော အားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။” (ဟေ ၁၀:၁၀) 
 “မြင့်သော အရပ်မှာ၊ တန်ခိုး အာနုဘော် တော်၏ လက်ျာဘက်၌၊ ထိုင်တော်မူ၏။” ခရစ်တော်သည် တန်ခိုးတော် တည်းဟူသော၊ ခမည်းတော်၏ လက်ျာ ဘက်၌ ထိုင်နေသည် ဟုဆိုသည်။ အဘယ်ကြောင့်ထိုင်နေသနည်းဟူမူကား အလုပ် ပြီးစီးသောကြောင့် ဖြစ်သည်။ ခရစ်တော်သည်၊ ဤလောကသို့ သိုးသငယ် အဖြစ်ဆင်း ခဲ့၍၊ မိမိ ကိုယ်ခန္ဓာကို ယဇ်ကောင် အဖြစ်အသတ်ခံပြီး နောက်၊ အသွေးတော်နှင့် ကိုယ်ခန္ဓာတော်ကို၊ ခမည်းတော်ဘုရားသခင် ထံပူဇော် ပြီးစီးသွားသောကြောင့် ယ ခုကဲ့သို့ ထိုင်နေခြင်း ဖြစ်သည်။ မာကုကလည်း ဤသို့ ရေးသား ထားသည်၊ “ထိုသို့ သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ ထိုင်နေတော်မူ၏။” (မာ ၁၆:၁၉) ဆာလံဆရာကလည်း၊ “ထာဝရဘုရားကသင်၏ ရန် သူတို့ကို သင်၏ ​ခြေ တင်ရာ၊ ငါမချမထားမှီတိုင်အောင်၊ ငါလက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူ၏၊၊ ” ဟု ကြို၍ ရေးထားသည် (ဆာ ၁၁၀:၁၊ ဟေ ၁:၁၃)။ 

ယေရှု ခရစ်သည် ကောင်းကင်တမန်ထက်ကြီး မြတ်

၄။ ကောင်းကင်တမန်တို့ ရသောဘွဲ့နာမထက်၊ ထူးမြတ်သောဘွဲ့နာမတော်ကို ခံရသည်နှင့် အညီ၊ ကောင်းကင်တမန်တို့ထက်ကြီး မြတ်သောသူ ဖြစ်တော်မူ၏။ 

ခရစ်တော်သည် ကောင်းကင်တမန်တို့ ရသောဘွဲ့နာမထက် ထူးမြတ်သောဘွဲ့နာမတော် ရ၍၊ ကောင်းကင်တမန်တို့ထက်ကြီး မြတ်သည် ဟုဆိုသောကြောင့်၊ သူသည် ကောင်းကင်တမန် မဟုတ်ကြောင်း ထင်ရှားသည်။ ယေဟောဝါ သက်သေခံအဖွဲ့က ခရစ်တော်သည် ကောင်းကင်တမန် မိက္ခေလ ဖြစ်သည် ဟုဆိုကြသည် (​ြငခ့နေူ အ့န မေခ့​ေညါနူ ငျ ညသ သအ့နမ အ့​ေည အ့န သညူပ-ဘနါသအအနည ှသည သ် ွသိယ ညသတ ​ဲနျကျ ဃ့မငျအ၏်မသာ ​ြနတ ံနလေနညျ ​ေညိ ​ြနတ နမေအ့ စ​ေါန ၃၀)။ သို့သော် အထက်ပါ ကျမ်းပိုဒ်၌ သူသည် ကောင်းကင်တမန်ထက်ကြီး မြတ်ကြောင်း တွေ့ရသည်။ 

၅။ အကြောင်းမူကား၊ သင်သည် ငါ့သား ဖြစ်၏။ ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီဟူ၍၎င်း၊ ငါသည် သူ၏အဘ ဖြစ်မည်၊ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်ဟူ၍၎င်း၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှမိန့်တော်မူ သနည်း။ “အကြောင်းမူကား၊ သင်သည် ငါ့သား ဖြစ်၏။ ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီဟူ၍၎င်း၊ ” 

အထက်ပါ ကျမ်းပိုဒ်သည် ဆာလံဆရာကရေးထားသောအရာ ကိုကိုးကားခြင်း ဖြစ်သည်။ ဆာလံဆရာက၊ “အကြောင်းမူကား၊ သင်သည် ငါ့သား ဖြစ်၏။ ယ နေ့ပင်သင့်ကို ငါဖြစ်ဘွားစေပြီး ဟူ၍၎င်း၊ ထာဝရဘုရားကသင်သည် ငါ့သား ဖြစ်၏၊၊ 

ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီ၊၊ ” (ဆာ ၂:ရ)ဟု ရေးခဲ့သည်။ ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီ၊ ဟုဆိုသောကြောင့် ခရစ်တော်သည်၊ ဘုရား မဟုတ်၊ ဘုရားသခင်က ဖန်ဆင်းထားသော ကောင်းကင်တမန် ဖြစ်သည်၊ ဟု ယူဆရခြင်း ဖြစ်သည်။ အမှန်မှာ ဤအရာသည်၊ ခရစ်တော်၏ လူ့ဇာတိခံယူခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ခရစ်တော်သည် ကောင်းကင်၌ ရှိစဉ်တွင် ဝိညာဉ်ဖြင့် ရှိခဲ့သည်။ ဤလောကသို့ ဆင်းကြွ လာသောအခါ၊ ကောင်းကင်တမန် များကဲ့သို့ လူကြီး အဖြစ်မကြွလာဘဲ၊ မယ်တော်မာရိ ဝမ်းထဲမှ လူသားများကဲ့သို့ ကိုး လလွယ်ပြီးမှ၊ ခလေး အဖြစ် မွေးဘွားခဲ့သည်။ ထိုသို့ လူဇာတိခံယူခြင်းကြောင့် ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီ ဟုဆိုရခြင်း ဖြစ်သည်။ 

 “ငါသည် သူ၏အဘ ဖြစ်မည်၊ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်” ခရစ် တော်သည် ဤလောကသို့ ဆင်းကြွ လာသောအခါ သားတော် အဖြစ်ဆင်းကြွခဲ့သည်။ ဤကျမ်းပိုဒ်သည် ဘုရားသခင်က ဒါဝိဒ်ထံရှောလမုန်နှင့် ပတ်သက်၍ ပြောသော စကားကို ကိုးကားခြင်း ဖြစ်သည်၊ “ငါသည် သူ၏အဘ ဖြစ်မည်။ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်။” (၂ရာ ရး၁၄)။ ဟေဗြဲရေးသောသူက၊ ဘုရားသခင်သည်၊ “အ ဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှမိန့်တော်မူ သနည်း။” ဟု ခရစ်တော်သည် ကောင်းကင်တမန် များနှင့် မတူကြောင်း၊ ထူးခြားကြောင်းကို ဖေါ်ပြထားသည်။ 
          
၆။ တနည်းကား၊ သား ဦးကို ဤလောကသို့ သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင်တမန် အပေါင်းတို့သည် ထိုသူကို ပြပ်ဝပ်ကိုးကွယ်ကြစေ၊ ဟု လာသ တည်း။ 

သား ဦး တည်းဟူသော ခရစ်တော်ကို၊ ဤလောကသို့ ဆင်းသက်၍ လူ့ ဇာတိခံစေသောအခါ၊ ကောင်းကင်တမန် အပေါင်းတို့ အားကိုးကွယ်စေသည် ဟုဆိုသည်။ ထိုအရာသည်၊ “ရုပ်တုဆင်းတုကို ဝတ်ပြုသောသူအချည်းနှီးသက်သက်သောအရာ၌ ဝါကြွားသောသူ အပေါင်းတို့သည် အရှက်ကွဲခြင်းရှိကြစေ၊၊ ဘုရား အပေါင်းတို့ ထာဝရဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့၊၊ ” ဟူသော (ဆာ ၉ရးရ)ကို ကိုးကားခြင်း ဖြစ်သည်။ ကောင်းကင်တမန် များသည်၊ ကိုးကွယ်ခြင်းကို လက်မခံကြချေ။ ယောဟန်က ဤသို့ ရေးခဲ့သည်၊ “ငါယောဟန်သည်၊ ဤအရာများကို ကြား မြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကို ပြသော၊ ကောင်းကင်တမန်၏ ​ခြေရင်း၌ ကိုးကွယ်အံ့သောငှါ၊ ပြပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏ လုပ်ဘော် ဆောင်ဘက် ဖြစ်၏။ သင်၏ အစ်ကို ပရောဖက်တို့နှင့် ဤစာစောင်၏ စကားကို၊ စောင့် ရှောက်သော သူတို့၏၊ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို၊ ကိုးကွယ်လော့၊ ဟုပြောဆို၏။” (ဗျာ ၂၂:၈-၉)။ အဘယ်ကြောင့်သားတော်ကို ကောင်းကင်တမန်များအား၊ ကိုးကွယ်ခိုင်းသနည်းဟူမူကား သူသည်၊ ဘုရား ဖြစ်သောကြောင့် ဖြစ်သည်။ ယေဟောဝါ သက်သေခံများက၊ သားတော်သည်၊ ဘုရားဟု မယုံ ကြည်သောကြောင့် မကိုးကွယ်ကြချေ။ 

၇။ တနည်းကား၊ မိမိတမန်တို့ကို လေကဲ့သို့၎င်း၊ မိမိအစေအပါတို့ကို မီးလျှံကဲ့သို့၎င်း၊ ဖြစ်စေတော်မူ ထသောဟု ကောင်းကင်တမန်တို့ကို ရည်ဆောင်၍ ဆိုသတည်း။  

ဤကျမ်းပိုဒ်ကို ဆာလံ ၁၀၄:၄-၅ မှကိုးကားခြင်း ဖြစ်သည်။ 

 “မိမိ တမန်တို့ကို လေကဲ့သို့၎င်း” လေသည် မမြင်နိုင် သကဲ့သို့၊ ကောင်းကင်တမန်များလည်း၊ ဝိညာဉ် ဖြစ်သောကြောင့် မမြင်နိုင်ချေ။ သို့သော် လူများ ကမြင် နိုင်ရန်၊ လူကဲ့သို့ ပြမှသာလျှင်မြင်နိုင်သည်။ ထို့အပြင် လေသည် ငြိမ်နေသောအခါ မရှိသကဲ့သို့ဖြစ်သော်လည်း၊ တိုက် လာသောအခါ၊ အလွန် တန်ခိုးကြီးသည်။ ကောင်းကင်တမန်များလည်း၊ တန်ခိုးကြီး ကြသည်။ 

 “မိမိ အစေအပါတို့ကို မီးလျှံကဲ့သို့၎င်း” မီးလျှံသည် ခပ်သိမ်းသောအရာ ကိုလောင်စေနိုင်သည်။ ထို့နည်းတူ ကောင်းကင်တမန် များလည်း၊ ဘုရား ခိုင်းသော အမှု၌ လူ့မျက်နှာမထောက်ဘဲ၊ လုပ်ဆောင်တတ်ကြသည်။ မီးလျှံသည်လောင်နိုင်သော တန်ခိုးရှိ သကဲ့သို့ ကောင်းကင်တမန် များလည်း၊ တန်ခိုးရှိကြောင်းကို ဖေါ်ပြသည်။ 

၈။ သားတော်ကိုကား၊ အို ဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည်၊ နိစ္စထာဝရ ပလ္လင် ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည်၊ တရားသဖြင့်၊ စီရင်သော နိုင်ငံ ဖြစ်ပါ၏။

ဤကျမ်းပိုဒ်သည်၊ ဆာ ၄၅:၆ကို ကိုးကားခြင်း ဖြစ်သည်။ 

 “သားတော်ကိုကား၊ အို ဘုရားသခင်” ဤနေရာ၌၊ အို ဘုရားသခင်၊ ဟုဆိုသောသူသည်၊ သားတော်ကို ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် သားတော်သည် ဘုရား ဖြစ်သည်။ 

 “သားတော်ကိုးကား၊ အို ဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည်၊ နိစ္စ ထာဝရ ပလ္လင် ဖြစ်ပါ၏။” သားတော်၏ ပလ္လင်သည် နိစ္စ (အမြဲ) ထာဝရ ပလ္လင် ဖြစ်သည်၊ ဟုဆိုခြင်းအားဖြင့်သားတော်သည်၊ ဘုရား ဖြစ်ကြောင်း ထင်ရှားပြန်သည်။ 

 “ကိုယ်တော်၏ နိုင်ငံသည်၊ တရားသဖြင့်၊ စီရင်သော နိုင်ငံ ဖြစ်ပါ၏။” ကိုယ်တော်၏ နိင်ငံသည်၊ အနှစ်တထောင်ကာလ မှစ၍၊ ထာဝရ ကာလ တိုင်အောင် ဖြစ်သည်။ သားတော်၏ နိင်ငံ၌၊ မတရားသောအမှု ရှိမည် မဟုတ်။ ယခု ဤလောကသည်၊ စာတန် အုပ်စိုးသောကြောင့်၊ မတရားမှုများနှင့် ပြည့်နှက်နေသည်။ ထို့ကြောင့် မတရားသော အမှုများကြုံတွေ့ရသောအခါ၊ အံ့ဩစရာ မဟုတ်၊ ထိုသို့ဖြစ်သင့်သော နေရာ ဖြစ်သည်။ သားတော်၏ နိင်ငံတော်၌ သာလျှင်၊ တရားသဖြင့် အုပ်ချုပ်မည် ဖြစ်သည်။ ထို့ကြောင့် မတရားသဖြင့်၊ စွပ်စွဲခံသောအခါ၊ အပြစ် ပေးခံသောအခါ၊ ယုံ ကြည် သူများ အနေဖြင့်သည်း ခံကောင်း၏။ ထိုအရာအားဖြင့်၊ ဤလောက စွဲလမ်းခြင်းကို နည်းစေ၍၊ ကောင်းကင်နိင်ငံကို မြော်လင့်စေမည် ဖြစ်သည်။ 

၉။ ကိုယ်တော်သည် ​ဖြောင့်မတ်ခြင်း တရားကို နှစ်သက်၍၊ မတရားသော အမှုကိုမုန်းတော်မူ၏။ ထိုကြောင့်၊ အို ဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက်ခြင်း ဆီနှင့် ဘိသိက် ပေးတော်မူ ပြီဟု လာသတည်း။

ဤကျမ်းပိုဒ်သည်လည်း ဆာလံ ၄၅:ရကို ကိုးကားခြင်း ဖြစ်သည်။ 

 “ကိုယ်တော်သည်၊ ​ဖြောင့်မတ်ခြင်း တရားကို နှစ်သက်၍၊ မတရားသော အမှုကို၊ မုန်းတော်မူ၏၊၊ ” ခရစ်တော်သည် ​ဖြောင့်မတ်ခြင်း တရားကို နှစ်သက်တော်မူသောကြောင့်၊ သူ့ကို ယုံကြည်သူများအနေဖြင့် ​ဖြောင့်မတ်ခြင်းကို နှစ်သက်ရမည် ဖြစ်သည်။ နှစ်သက်ခြင်း ဆိုသည်မှာ၊ အလိုလို ဖြစ်သည်။ ထို့ကြောင့် သင်သည် ​ဖြောင့် မတ်ခြင်းကို နှစ်သက်လျှင် ခရစ်တော်နှင့် ဆိုင်ကြောင်း သိနိုင်သည်။ မတရားသော အမှုကို ကိုယ်တိုင် မ လုပ်သည်သာမက၊ မုန်းရမည်။ ထိုအရာလည်း၊ သင်နေစရာ၊ ကြိုး စားနေစရာ မလိုချေ။ ခရစ်တော်နှင့် ဆိုင်ပါက၊ ခရစ်တော် ရရှိ၍ သူ့ကို အုပ်စိုးစေပါက၊ အလိုအလျောက် ဖြစ်မည့် အရာ ဖြစ်သည်။ 

 “ထိုကြောင့် အို ဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ” အိုဘုရားသခင်၊ ဟု ခေါ်ရသောသူသည်၊ သားတော်ကို ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌လည်း၊ သားတော်သည် ဘုရား ဖြစ်ကြောင်း ထင်ရှားသည်။  

 “ကိုယ်တော်၏ အပေါင်းအဘော်တို့ထက်၊ ကိုယ်တော်ကို ချီးမြှောက်၍၊ ” သားတော်သည်၊ အပေါင်းအဘော်တို့ထက် ဟုဆိုရာတွင်၊ မည်သူတို့ကို ဆိုလိုသနည်း။ ခရစ်တော်က၊ တမန်တော်တို့ အား၊ “ယခုမှစ၍ ငါသည် သင်တို့ကို ​ကျွန်ဟူ၍ မခေါ်။ ​ကျွန်မူကား၊ ကိုယ်သခင်ပြုသော အမှုကို မသိ။ သင်တို့ကို အဆွေဟူ၍ ငါခေါ်၏။” (ယော ၁၅:၁၅) ဟုဆိုခဲ့သည်။ ထို့ကြောင့် ခရစ်တော်၏ အပေါင်းအဘော်တို့သည်၊ သူ့ကို ယုံကြည်သူများဖြစ်သည်။ 

 “ဝမ်းမြောက်ခြင်း ဆီနှင့် ဘိသိက် ပေးတော်မူ ပြီ၊ ” ဆီနှင့် ဘိသိက်ခြင်းသည်၊ မင်္လာရှိသည်။ ရှင်ဘုရင်များ၊ ပရောဖက်များ၊ ဘုရား အမှုတော်ဆောင်မည့်သူများကို၊ ဆီနှင့် ဘိသိက်ပေးတတ်သည်။ ဆီ၌ တန်ခိုးရှိသည် မဟုတ်၊ သို့သော် ဘုရားသခင်၏ အလိုတော်အတိုင်း အမှုဆောင်ခြင်း ဖြစ်ကြောင်း၊ ဆီကို အသုံးပြုခြင်း ဖြစ်သည်။ ခရစ်တော်သည်၊ အနှစ်သုံးဆယ်ပြည့်၍၊ အမှုဆောင်စတင်တော့မည့်အချိန် တွင်၊ ဟေရှာယ ၆၁:၁ကို ဤသို့ ဖတ်လိုက်သည်၊ “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့ အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက် စ ရာသိတင်းကို ကြားပြောစေခြင်းငှါ ငါ့ကို ဘိသိက် ပေးတော်မူ ပြီ။ ​ကြေမွသော သူတို့၏ အနာကို ပျောက်စေခြင်း ငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်း အကြောင်းနှင့် မျက်စိကန်းသော သူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်း ငှါ၎င်း၊ ညှင်းဆဲခံရသော သူတို့ကို ကယ်မစေခြင်း ငှါ၎င်း၊ ထာဝရဘုရား၏ မင်္လာနှစ်ကာလကို ကြားပြောစေခြင်း ငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီဟုလာ တည်း။” (လု ၄:၁၈-၁၉) 

၁၀။ တဖန် ကျမ်းစာ လာသည်ကား၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။ ၁၁။ ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်း နွမ်းခြင်းသို့ ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကို လိပ် သကဲ့သို့ လိပ်တော်မူ သဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း၊ ၁၂။ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါဟု လာသတည်း။ 

အထက်ပါ ကျမ်းပိုဒ်များသည် ဆာလံ ၁၀၂:၂၆-၂၈ ထဲမှကိုးကားခြင်း ဖြစ်သည်။ အဓိကဆိုလိုရင်းမှာ၊ ကိုယ်တော်သည် မြေကြီးနှင့် မိုဃ်းကောင်းကင်ကို ဖန် ဆင်း၍၊ ထိုအရာတို့သည် ဟောင်းနွမ်း၍၊ ဝတ်လုံလိပ် သကဲ့သို့ လိပ်သော်လည်း၊ ကိုယ်တော်သည်၊ မပြောင်းမလဲတည်မြဲတော်မူသည် ဟုဆိုသည်။ 

၁၃။ ထိုမှတပါး၊ သင်၏ ရန် သူတို့ကို သင်၏ ​ခြေတင်ရာငါမချမထားမှီတိုင်အောင် ငါ့ လက်ျာဘက်၌ ထိုင်နေလော့ဟု၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူ ဘူးသနည်း။ (ဆာ ၁၁၀:၁) 

 “သင်၏ ရန် သူတို့ကို သင်၏ ​ခြေတင်ရာငါမချမထားမှီတိုင်အောင်” ‘သင်’သည် ခရစ်တော်ကို ဆိုလို၍၊ ‘ငါ’သည် ခမည်းတော်ဘုရား ဖြစ်သည်။ ခရစ်တော်၏ ရန်သူသည်၊ စာတန် ဖြစ်သည်။ ခမည်းတော်ဘုရားက၊ စာတန်ကို ခရစ်တော် ဒုတိယ အကြိမ်ကြွ လာသောအခါ၊ သူ၏ ​ခြေတင်ရာအဖြစ် ချထားမည် ဖြစ်သည်။ ​ခြေတင်ခြင်းသည်၊ အောင် နိုင်ခြင်းကို ဖေါ်ပြသည်။ “ဒါဝိဒ်သည် ထားမပါသောကြောင့် ပြေး၍၊ ဖိလိတ္တိလူကို နင်းလျက်၊ သူ၏ ထားကို ထားအိမ်မှာနှုတ်ဆွဲပြီးလျှင်၊ လည်ပင်းကို ဖြတ်၍ အပြီး သတ်လေ၏။” (၁ရာ ၁ရး၅၁)။ 

 “ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု၊ အဘယ်မည်သော ကောင်းကင် တ မန်ကို တခါမျှမိန့်တော်မူ ဘူးသနည်း။” ဟေဗြဲရေးသူက၊ ခရစ်တော်သည်၊ ကောင်းကင်တမန်ထက်၊ကြီး မြတ်ကြောင်းကို၊ ဆက်လက်၍ ဖေါ်ပြခြင်း ဖြစ်သည်။ အဘယ် ကောင်းကင်တမန်ကိုမျှ၊ ခမည်းတော်ဘုရားက၊ သူ၏ လက်ျာဘက်၌ ထိုင်ခိုင်းခြင်း မရှိ ဟုဆိုသည်။ လက်ျာဘက်၌ ထိုင်ခြင်းသည်၊ ချီးမြှောက်ဂုဏ်ပြုခြင်း၊ အားကိုး ခြင်းကို ဖေါ်ပြသည်။ ထို့ကြောင့် ခရစ်တော်သည်၊ ကောင်းကင်တမန် မဟုတ်၊ ဘုရား ဖြစ်သည်။ 

၁၄။ ကောင်းကင်တမန် များတို့ကား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံ လတံ့သော သူတို့ကို ပြုစုစေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံနံဝိညာဉ် ဖြစ်ကြသည် မဟုတ်လော့။ 

ဟေဗြဲရေးသောသူက၊ ကောင်းကင်တမန် များ၏ အဖြစ်နှင့် အလုပ်ကို၊ နောက်ဆုံး၌ ဖေါ်ပြလိုက်သည်။ သူတို့သည်၊ ကယ်တင်တော်မူခြင်းကို အမွေခံသောသူ ( ယုံကြည်သူ)တို့ကို ပြုစုစေခြင်းငှါ စေလွှတ်သော အစေခံနံဝိညာဉ်များဖြစ်သည် ဟုဆိုသည်။ ခရစ်တော်သည် ကယ်တင်ရှင် ဖြစ်သည်။ ကောင်းကင် တ မန်များသည်၊ ခရစ်တော်က ကယ်တင်ပြီးသောသူများကို ကြည့်ရှုစောင့်ရှောက်သောသူများ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်ကို၊ ကောင်းကင်တမန် အဆင့်၌ ချခြင်းသည်၊ ကြီးမားသော အမှား ဖြစ်သည်သာမက၊ ခရစ်တော်ကို ပြစ်မှားရာ ရောက်သည်။ ကယ်တင်ရှင်ကို ကောင်းကင်တမန် အဆင့်၌ ထားသောကြောင့်၊ ထိုသို့ ယုံကြည်သောသူသည်၊ ကယ်တင်ခြင်းသို့ ရောက်နိင်မည် မဟုတ်။ စာတန်၏ လှည့်စား၊ လိမ်လည်မှု ဖြစ်၍ အလွန် ကြီးမားသော အပြစ် ဖြစ်သည်။ 

သတ္တမဥပုသ်နေ့ အသင်းသားများထံ
 သက်သေခံခြင်း 

သတ္တမဥပုသ် (စနေ) အသင်းသား များသည်၊ အခြားသော ဂိုဏ်းဂဏများထက်၊ ကျမ်းစာဖတ်ရှုလေ့လာ၍ သင်ပေးကြသောကြောင့် နားလည် ကြသည်။ ထို့ကြောင့် သူတို့၏ လိုအပ်ချက်ကို အလွယ်တကူ၊ မသိနိုင်ကြချေ။ သူတို့၏ မှား ယွင်းသော အချက်များကို ဖေါ်ပြရလျှင်၊ 

၁။ ထာဝရ မီးအိုင် ရှိ​‌ကြောင်းမယုံကြည်ခြင်း 

စနေ အသင်းသား များသည်၊ ဘုရားသခင်ကို မယုံကြည်သော ဝိညာဉ်များ၊ မီးအိုင် ထဲ၌ ထာဝရ မီးလောင်မည့် အရာကို မယုံကြည် ကြချေ။ ချစ်ခြင်းမေတ္တာ ဘုရားသည်၊ လူကို ထိုကဲ့သို့ ညှင်းဆဲမည် မဟုတ် ဟုဆို ကြသည်။ ဤနေရာ၌ သူတို့သည် ယေဟောဝါ သက်သေခံများနှင့် ခံယူချက်တူညီ နေကြသည်။ သို့သော် ထာဝရ မီးအိုင်နှင့် ပတ်သက်၍ ဤသို့ တွေ့ရသည်၊ “သင်၏ လက်သည် သင့်ကို မှား ယွင်းစေလျှင် လက်ကို ဖြတ်လော့။ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်း မငြိမ်းနိုင်သော မီးထဲသို့ လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက်ချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင် စားသော်သာ၍ ကောင်း၏။ သင်၏ ​ခြေသည် သင့်ကို မှားယွင်းစေလျှင် ​ခြေကို ဖြတ်လော့။ ပိုးမသေ၊ မီးမငြိမ်းရာငရဲအတွင်း မငြိမ်းနိုင်သော မီးထဲသို့ ​ခြေနှစ်ဖက်စုံနှင့် ချခြင်းကို ခံရသည်ထက် ​ခြေချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော်သာ၍ ကောင်း၏။ သင်၏ မျက်စိသည်လည်း သင့်ကို မှားယွင်းစေလျှင် မျက်စိကို ထုတ်လော့။ ပိုးမ သေ၊ မီးမငြိမ်းရာငရဲမီးထဲသို့ မျက်စိနှစ်ဖက်စုံနှင့် ချခြင်းကို ခံရသည်ထက်၊ မျက်စိတ ဘက်နှင့် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်စားသော်သာ၍ ကောင်း၏။” (မာ ၉:၄၃-၄၈)။ ခရစ်တော် ကပိုးမသေ၊ မီးမငြိမ်းရာငရဲ ဟုဆိုသည်။ သို့သော် သူတို့က၊ ပိုးမသေဟု သာဆိုသည်၊ လူအကြောင်း မပြောပါဟု ကပ်၍ ​ဖြေနိုင်သည်။ “အိုအဘအာဗြဟံ၊ အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အ​ကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာ ခံရသောကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌ နှစ်၍ အ​ကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အ​ကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။” (လု ၁၆:၂၄)။ လာဇရုနှင့် သူဌေးကြီး အကြောင်း၌ အထက်ပါကဲ့သို့ သူဌေးကြီး ကဆိုထားသည်။ သူ ဌေးကြီးသည် မီးလျှံ၌ ပြင်းစွာ ခံရကြောင်း တွေ့နိုင်သည်။ သို့သော် ထိုအရာသည် ဥပမာသာလျှင် ဖြစ်သည် ဟုဆိုလိုက် ကြသည်။ ဥပမာ၌ နာမည်များ ဖေါ်ပြလေ့မရှိ။ ခရစ်တော်က၊ အာဗြဟံလာဇရုများ နာမည် ဖေါ်ပြသောကြောင့် ဤအဖြစ် အပျက်သည် အမှန်တကယ် ရှိသည် ဟုဆိုနိုင်သည်။ 

သူတို့က၊ “မီးဖို၌ မီးလောင် သကဲ့သို့ လောင်သော နေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကို ပြုသောသူ အပေါင်းတို့သည် အမှိုက်​ခြောက် ဖြစ်လိမ့်မည်။ သူတို့ အရင်းအဖျားမျှမကျန်ကြွင်းစေခြင်းငှါ ထိုနေ့ရက်သည်လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။”  (မာလခိ ၄:၁) ဟူသောအရာကို ယူ၍၊ အပြစ်သားများသည်လောင်​ကျွမ်းပြီး နောက် ဘာမျှကျန်ကြွင်းတော့မည် မဟုတ် ဟုဆို ကြသည်။ အထက်ပါ လောင်​ကျွမ်းခြင်းသည်၊ ကိုယ်ခန္ဓာ ဖြစ်၍ စိတ်ဝိညာဉ် မဟုတ်ပါ။ စိတ်ဝိညာဉ်သည် မီးနှင့် မလောင်​ကျွမ်း နိုင်ပါ။ ခရစ်တော်က၊ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကိုသာ၍ ကြောက်ကြလော့။” (မ ၁၀:၂၈) ဟုဆိုခဲ့သည်။ ကိုယ်ခန္ဓာကိုသာ သတ် နိုင်သောသူသည်၊ လူဖြစ်သည်။ လူသည် စိတ်ဝိညာဉ်ကို မသတ်နိုင်ပါ။ စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူသည် ဘုရား ဖြစ်သည်။ 
 
၂။ သေဆုံးသွားသော ဝိညာဉ်များအိပ်ပျော်သည် 

စနေ အသင်းတော် ကသေဆုံးသွားသော ဝိညာဉ် များသည် ယုံကြည်သူ ဖြစ်စေ၊ မယုံကြည်သူ ဖြစ်စေ၊ အိပ်ပျော်သည် ဟုဆိုသည်။ ထိုသို့ ယူဆနိုင်သော ကျမ်း ပိုဒ်များမှာ၊ “အရာရှိအိမ်သို့ ရောက်တော်မူ၍ တီးမှုတ်သော သူတို့နှင့် များစွာသော လူတို့သည် အုန်းအုန်းသဲသဲပြုကြသည်ကို မြင်လျှင်၊ ၂၄ ဖယ်ရှားကြလော့။ မိန်းမငယ် သေသည် မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊ ထို သူတို့သည် ပြက်ယယ် ပြုကြ၏။” (မ ၉:၂၃-၂၄)။ “ငါတို့ အဆွေလာဇရုသည် အိပ်ပျော်၏။ သူ့ကို နိုးခြင်း အလိုငှါ ငါသွားမည်ဟမိန့်တော်မူ၏။ ၁၂ တပည့်တော်တို့ကလည်း၊ သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်ဟု လျှောက်ကြ၏။ ၁၃ ယေရှုသည် လာဇရုသေ ကြောင်းကို ရည်မှတ်၍ မိန့်တော်မူသော်လည်း၊ ပကတိ အိပ်ပျော်ကြောင်းကို မိန့်တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။” (ယော ၁၁:၁၁-၁၃) “နက်နဲသောအရာ တခုကို ငါပြဦးမည်၊ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည် မဟုတ်။ ၅၂သို့သော်လည်း၊ နောက်ဆုံးသော တန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” (၁ ကော ၁၅ ; ၅၁-၅၂) “ညီအစ်ကိုတို့၊ မြော်လင့်ခြင်း မရှိသော အခြားသူတို့သည် ဝမ်းနည်း သကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမူ အရာကို မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ။ ၁၄ ယေရှုသည် သေပြီးမှတဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံကြည်လျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သော သူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူ လိမ့်မည်။” (၁ သက် ၄:၁၃-၁၄) 

အထက်ပါ ကျမ်းပိုဒ်များ၌ သခင်ယေရှုနှင့် ရှင်ပေါလုက၊ ကိုယ်ခန္ဓာသေခြင်းကို အိပ်ပျော်ခြင်းဟု အသုံးပြုကြသည်ကို စနေ အသင်းသားများက နားမလည် သောကြောင့် လွှဲမှားသော အယူရှိ ကြသည်။ ကိုယ်ခန္ဓာသေသောအခါ ပုပ်ပျက်၍ မြေမှုန့်ဖြစ်လာကာ၊ ဘာမျှ ခံစားချက် မရှိတော့ချေ။ သို့သော် စိတ်ဝိညာဉ်သည် ကိုယ်ခန္ဓာ အထဲမှ ထွက်သည်နှင့် တပြိုင်နက်၊ ယုံကြည်သူ ဖြစ်လျှင် ကောင်းကင်သို့ ချက်ချင်းရောက် သွား၍၊ မယုံကြည်သူသည် ငရဲရောက်သွားကြောင်း အောက်ပါက ျမ်းပိုဒ်များအားဖြင့် သိရသည်။ “ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။” (လု ၂၃:၄၃) သခင်ယေရှုနှင့် လူဆိုးကြီးသည် သေဆုံးသည်နှင့် တပြိုင်နက်၊ ပရဒိသုဘုံ၌ ရောက်သွားကြသည်ဟု သူ၏ စကားအရ သိနိုင်သည်။ သူတို့သည် ဘာမျှ မသိသော၊ အိပ်ပျော်ခြင်းဖြင့် အိပ်ပျော်သွားကြသည် မဟုတ်ချေ။ တဖန်၊ “ယေရှုသည်လည်း ကြီးသော အသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အ​ကျွန်ုပ်စိတ် ဝိညာဉ်ကို ကိုယ်တော် လက်၌ အ​ကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက် ချုပ်တော်မူ၏။” (လု ၂၃:၄၆) ယေရှုသည် သူ၏ စိတ်ဝိညာဉ်ကို သူ၏အဘ ထံအပ်နှံသောကြောင့်၊ ယေရှု၏ ဝိညာဉ်သည် အဘရှိရာကောင်းကင်ဘုံသို့ ချက်ချင်းရောက်သွားသည်။ 

၃။ ကျန်ကြွင်းသော ယုံကြည်သူများ 

စနေ အသင်းသားများက၊ သူတို့ သာလျှင် ဘုရားသခင်၏ ကျန်ကြွင်းသော အသင်းတော် စစ် ဖြစ်သည်ဟု သွန်သင်ယုံကြည် ကြသည်။ ကျန်သော ခရစ်ယာန် များသည်၊ တနင်္နွေနေ့၌ ကိုးကွယ်သောကြောင့်သားရဲ၏ တံဆိပ်ခပ်မည့်သူများဖြစ်ကြသည် ဟုဆိုသည်။ "...Satan has taken full possession of the Churches". (Spiritual Gifts V.l,p.189-90) They also believe our prayers are an "abomination" to God. (Spiritual Gifts, V1 p.190).  သူတို့၏ ပရောဖက် Ellen G. White က၊ စာတန်သည် စနေအသင်းမှအပ၊ အသင်းတော် အားလုံး ကို လုံးဝ ယပိုင်ဆိုင်သွားပြီ။ အခြားသော ခရစ်ယာန် များ၏၏ ဆုတောင်းခြင်းသည်လည်း ဘုရား အတွက် ညစ်ညူးသည် ဟုဆိုသည်။ သူတို့သာမက၊ လမ်းလွဲသော ဂိုဏ်းဂဏ တိုင်း၊ သူတို့ ဂိုဏ်းသာလျှင် ကောင်းကင်နိင်ငံရောက်မည်ဟု ယူဆကြသည်။ ထိုသူ များသည်၊ ရောမ အသင်းတော်၊ ယေဟောဝါ သက်သေခံ အသင်းတော်၊ မွန်ရ်မွန် အဖွဲ့၊ ခရစ်တော်၏ အသင်းတော်တို့ ဖြစ်သည်။ မည့်သည့်ဂိုဏ်းကမျှ သူတို့ သာလျှင် ကောင်းကင် ရောက်မည်ဟု မဆိုနိုင်ပါ။ ကယ်တင်ခြင်းသည် ဂိုဏ်းဂဏနှင့် မဆိုင်ပါ။ တဦးချင်း၏ ယုံကြည်ခြင်းနှင့် ဆိုင်သည်။ 

၄။ ကယ်တင်ခြင်း 

စနေအသင်း၏ ခံယူချက်သည်၊ ပရောဖက် Ellen G. White ၏ ရေးသား ချက် အပေါ်မူတည်သည်။ သူမ၏ ရေးသား ချက်သည် The Great Controversy  စာအုပ်စာမျက်နှာ ၄၂၅၌ အောက်ပါကဲ့သို့ တွေ့ရသည်၊၊ ““Those who are living upon the earth when the intercession of Christ shall cease in the sanctuary above are to stand in the sight of a holy God without a mediator. Their robes must be spotless, their characters must be purified from sin by the blood of sprink-ling. Through the grace of God and their own diligent effort they must be conquerors in the battle with evil. အထက် သန့်ရှင်းရာဌါန၌ ခရစ်တော်၏ ဆုတောင်း ပေးခြင်း (intercession) ဆုံးသွားပြီး နောက်မြေကြီး ပေါ်၌ အသက်ရှင်သော သူတို့သည် သန့်ရှင်းသော ဘုရားရှေ့၌ အမှုဆောင်ပေး သောသူ (a mediator) ရှိမည် မဟုတ်ချေ။ သူတို့၏ ဝတ်ရုံများသည် အပျောက် အစက်မရှိ၊ သူတို့၏ အကျင့်များသည် အသွေးဖြန်းခြင်းဖြင့် အပြစ် မရှိ သန့်ရှင်းစေ ရမည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့်၏ ကြိုးစားခြင်းအားဖြင့် မကောင်းသောအရာကို တိုက်ခိုက်အောင် နိုင်သောသူ ဖြစ်ရမည်၊ ဟု ရေးသား ထားသည်။ 

ဤနေရာ၌ ကယ်တင်ခြင်းသည် ကျေးဇူးတော် သက်သက် မဟုတ်ဘဲ၊ ယုံ ကြည် သူများ၏ လုပ်ဆောင်မှုလည်း လိုအပ်ကြောင်း ဖေါ်ပြထားသည်။ သို့သော်၊ ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ် တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည် မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ၉ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည် မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။” (ဧဖက် ၂:၈-၉)။ “ငါတို့ ကျင့်သော ​ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်း ကရုဏာ တော်နှင့် အညီ ဒုတိယမွေးခြင်းနှင့် ဆိုင်သော ဆေးကြောခြင်း အားဖြင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏” 
 (တိ ၃:၅)။ 
 
၅။ စစ်ဆေးသော တရားစီရင်ခြင်း (Investigative Judgment)

သခင်ယေရှုသည် အသန့်ရှင်းဆုံးဌါနသို့ ၁၈၄၄ ခုနှစ်မှသာ ဒုတိယပိုင်းဝင်၍၊ လူများအတွက် အပြစ် ​ဖြေခြင်းကို ပြု လုပ်သည်ဟု နူူနည ွ၏ ျွှ့ငအန ကဆိုသည်။ သို့သော် ကျမ်းစာ၌၊ “ယခုမှာလူလက်ဖြင့် မလုပ်၊ ဤလောက ဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီး မြတ်စုံလင်သော တဲတော်၌၊ နောက်မင်္လာ အကျိုးတို့၏ ယဇ်ပု ရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည်၊ ငါတို့အဘို့ ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာ ဌာနထဲသို့ တခါတည်း ဝင်တော်မူ၏။” (ဟေ ၉:၁၁-၁၂)ဟု ရေးထားသည်။ တ ဖန်၊ “ယဇ်ပုရောဟိတ် မည်သည်ကား၊ နေ့တိုင်း ဝတ်ပြုလျက်၊ အပြစ်ကို ​ဖြေနိုင်သော ယဇ်ကို အထပ်ထပ်အဖန်ဖန်ပူဇော်လျက် ရပ်နေရ၏။ ထိုသခင်မူကား၊ အပြစ်ကို ​ဖြေခြင်းငှါ ယဇ် တခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လကျ်ာတော် ဘက်၌ အစဉ်အမြဲထိုင်၍၊ မိမိရန် သူတို့ကို မိမိ​ခြေတင်ရာအချမထားမှီတိုင်အောင် မြော် လင့်ချက်နေတော်မူ၏။” (ဟေ ၁၀:၁၂-၁၃)။ သခင်ယေရှုသည် ဟေဗြဲကျမ်းစာ ရေး ချိန်၌ ကောင်းကင် သန့်ရှင်းရာဌါန၌ ဝင်၍ သူ့ကိုယ်သူပူဇော်ပြီး၍၊ ခမည်းတော်၏ လက်ျာ ဘက်၌ ထိုင်နေတော်မူပြီ ဟုဆိုသည်။ အကယ်၍ ၁၈၄၄ ခုနှစ်မှသာ ဝင်လျှင် ထိုမတိုင် မှီ၌ ရှိသော ယုံကြည်သူများ၏ အပြစ်သည် ​ဖြေလွှတ်ခြင်း မရှိသေးသည့် သဘော ဖြစ်သွားသည်။ 

၆။ ခရစ်တော်က စာတန် အပေါ်အပြစ် တင်မည်


ကျမ်းစာ၌ ဣသရေလ လူများ၏ အပြစ်ကို ယဇ်ပုရောဟိတ်က၊ ဆိတ်ခေါင်း ပေါ်၌ တင်၍ တောသို့ လွှတ်လိုက်သည်ဟု တွေ့ရသည် (ဝတ် ၁၆:၂၁-၂၂)။ ထိုဆိတ်သည် ခရစ်တော်ကို ပုံဆောင်၍ ဗလ္လိဇံယောဟန်က ဤသို့ ဆိုခဲ့သည်၊ “နက်ဖြန်နေ့၌ ယေရှု ကြွလာတော်မူသည်ကို ယောဟန်သည် မြင်လျှင်၊ ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။” (ယော ၁:၂၉)။ ဆိတ် ခေါင်း အပေါ်အပြစ် တင်သူသည် ယဇ်ပုရောဟိိတ်မင်း ဖြစ်၍ ခမည်းတော်ဘုရားကို ပုံဆောင်သည်။ ထိုအရာကို ရှင်ပေါလုက ဤသို့ ရေးထားသည်၊ “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။” (၂ ကော ၅:၂၁)။ သို့သော် Ellen G. White က အပြစ်များကို ခရစ်တော်က စာတန် အပေါ်၌ တင်၍ အနှစ်တထောင်ပတ်လုံးထောင်ချပြီးမှနောက်ဆုံး၌ အပြစ်သားများဖျက်ဆီးမည့် မီးထဲ၌ အပြစ်၏ အခကို ခံစားရမည် ဟုဆိုသည်။  As the priest, in removing the sins from the sanctuary, confessed them upon the head of the scapegoat, so Christ will place all these sins upon Satan, the originator and instigator of sin. The scapegoat, bearing the sins of Israel, was sent away "unto a land not inhabited" (Leviticus 16:22); so Satan, bearing the guilt of all the sins which he has caused God's people to commit, will be for a thousand years confined to the earth, which will then be desolate, without inhabitant, and he will at last suffer the full penalty of sin in the fires that shall destroy all the wicked. (The Great Controversy by Ellen G. White. p. 485)

 


ကျေးဇူးတော် ချီးမွမ်းခြင်း 

 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်၊ ဧဝံဂေလိနှင့်သာသနာ ပြုလုပ် ငန်း လည်း၊ ၂၀၁၃ ခုနှစ်နိုဝဘ်ာလမှစ၍၊ ယခုတိုင်ကောင်းမွန်စွာ ဆက်လက်ဆောင် ရွက်နိုင်သောကြောင့်၊ ပြုတော်မူသော ဘုရားရှင်၏ ကျေးဇူးတော်များကို ချီးမွမ်းပါသည်။ နှစ်နှစ်တာကာလ အတွင်း၌ အပြောင်းအလဲများလည်းရှိသည်။ အမှုတော်ဆောင်အချို့လည်း၊ အကြောင်း အမျိုးမျိုးကြောင့်၊ ရပ်နား၍ လောက အလုပ်ဘက်၌ ရောက်သွားကြသော်လည်း၊ အသစ်သော အမှုတော်ဆောင်များကိုလည်း၊ ဘုရားသခင်ကပေးထားပါသည်။ ယခုအခါ သာသနာ ပြုဌါနမှမွေးထုတ်သော ဆရာများ အားဖြင့်၊ လေးနေရာ၌ အတည်တကျအမှု ဆောင်သူရှစ်ဦးရှိ၍၊ ကျန်သော အမှုတော်ဆောင်ခုနှစ်ဦးတို့သည်၊ နေရာသတ်မှတ်ခြင်း မရှိသေးဘဲ၊ ခရီး သွားခြင်း၊ လိုအပ်သော နေရာ၌ ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းနှင့် ပြုစုပျိုးထောင်ခြင်း ပြုလုပ် နေကြပါသည်။ ထု့ိအပြင်အမှုတော်ဆောင်အဖြစ် နာမည်မပေးသော်လည်း၊ မိမိရှိသော နေရာမှ သက်သေခံနေ သူများလည်းရှိကြသေးသည်။ ထို့ကြောင့် ခြုံကြည့်ပါက၊ ဘုရားသခင်သည် သာသနာ ပြုဌါနအားဖြင့် အလုပ်လုပ် နေကြောင်း ထင်ရှားပါသည်။ 

ယခုအခါ ထိုအမှုတော်ဆောင်များ၏ လုပ်ဆောင်မှုကြောင့်၊ များစွာသော ဝိညာဉ် များသည် ကယ်တင်ခြင်းသို့ ရောက်ရုံသာမက၊ သမ္မာတရားလည်း ယခင်ကထက် ပိုသိလာ၍၊ သက်သေခံသောသူများလည်းရှိကြသည်။ အသင်းချုပ်အဆင့် အဖြစ်လည်း၊ စက်တဘ်ာလ၌၊ ၅ ရက်သင်တန်း ပြုလုပ် နိုင်ပါသည်။ ထိုသင်တန်း၏ အကျိုးဆက်အဖြစ်၊ ၂၀၁၆ ခုနှစ်မတ်လတွင် အတ္တလန်တာမြို့၌ တပတ်တာ ပြုလုပ်ဘို့ စီစဉ်ထားကြပါသည်။ ထို့အပြင် ချီဆောင်ခြင်း မဖြစ်သေးပါက စက်တဘ်ာလ (၂၀၁၆)တွင် မေရိလင်ပြည်နယ်တွင် တပတ်တိတိသင်တန်းပြန်လုပ်ဘို့ ဆုံးဖြတ်ထားကြပါသည်။ ထိုသင်တန်းများသည်၊ ဩဝါဒများကို သင်ကြားခြင်း သက်သက် မဟုတ်ဘဲ၊ ပျောက်ဆုံးဝိညာဉ် ဖမ်းဘို့ လိုအပ်ကြောင်းများကို သင်၍ လက်တွေ့ကွင်းဆင်းကာ သက်သေခံကြပါသည်။ သမ္မာတရားကို သိသော်လည်း၊ လက်တွေ့မကျင့်သုံးလျှင် အကျိုးမရှိပါ။ ထို့ကြောင့် လာမည့် နှစ် ပြုလုပ်မည့် အမှုတော်ဆောင်သင်တန်းများသည်၊ လက်တွေ့ကျင့်သုံးဘို့ရန် လိုအပ်သည်။ အပြောလွယ်သော်လည်း၊ အသက်တာ၌ ရှောက်လှမ်းခြင်းသည် ခက်ခဲသည်။ ထို့ကြောင့် နောက်သင်တန်းများ၌၊ ဦးတည် ချက်မလွှဲဘို့ အရေးကြီးသည်။ 

အမှုတော်ဆောင် ဖြစ်ချင်သောသူများကိုလည်း၊ အချိန်မရွေး လက်ခံပါသည်။ မည်သူမဆိုအမှု ဆောင်ချင်သောသူများ၊ လာရောက်နိုင်ပါသည်။ အရည်အ ချင်းများမှာ၊ ကျမ်းစာကျောင်းအောင်စရာ မလိုပါ။ ဝိညာဉ်အားဖြင့် ဒုတိယ မွေးဘွားခြင်း ခံပြီး သောသူ ဖြစ်ရမည်။ လောက ဥစ္စာပစ္စည်းနှင့် ရာထူးလက်မှတ်များ မကြည့်ဘဲ၊ ပျောက်ဆုံးဝိညာဉ် များချစ်၍ ကယ်တင်ခြင်း အကြောင်း ပြောပြလို သူများ၊ ဝိညာဉ် ခလေးများပြုစုပျိုးထောင်ချင် သောသူ ဖြစ်ရမည်။ စိတ်နှိမ့်ချ၍ နာခံခြင်း၊ သင်ကြား ပေးသော အရာများကို သင်လိုခြင်းရှိရမည်။ အကျင့်စာရိတ္တ၌ အမြင် မတော်၊ ပြောစ ရာရှိသောသူမဖြစ်ရ။ အထက်ပါ အရည်အချင်းရှိသောသူများ ဆရာမောဇက်ထံ၌ စုံစမ်း မေးမြန်းနိုင်ပါသည်။ 

လ၏ နောက်ဆုံးပတ်တိုင်း၊ အမှုတော်ဆောင်သင်တန်းကို အင်ဒီယားနား ပိုလစ်သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ တပတ်လုံးလုံးသင်ပေးလျက် ရှိပါသည်။ ယခုနှစ်အတွက် နောက်ဆုံးသင်တန်းကို ဒီဇဘ်ာလပဌမ ပတ်တွင် ပြုလုပ်ဘို့ ရှိပါသည်။ လာမည့် နှစ်၌ ဘုရားသခင် ခွင့်ပြုပါက၊ ဖေဖဝါရီလကုန်ပတ်တွင် စတင်ပြု လုပ်ပါမည်။ အမှုတော်ဆောင်သင်တန်းတက်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း အားဖြင့်၊ ပျောက်ဆုံးဝိညာဉ် ဖမ်းတတ်မည်။ ဝိညာဉ် ခလေးများပြုစုပျိုးထောင်တတ်မည်။ သမ္မာတရား ပို၍ သိရှိ နားလည်လာမည်။ မှားယွင်းသော ဩဝါဒများကို ပိုင်း ခြားတတ်၍၊ အဝေးမှ ရှောင်ရှားနိုင်မည်။ ယုံကြည်ခြင်းဖြင့် ခရစ်ယာန် အသက်တာ ရှောက်လှမ်းလာနိုင်မည်။ ခေတ်ကာလများကို ပိုင်းခြားတတ်၍ လောကကို ယခင် ကထက် စွန့်လွှတ်နိ်ုင်မည်။ အဓိပ္ပါယ်ရှိသော အသက်တာဖြင့် အသက်ရှင်လာနိုင်မည်။ ဤ အကျိုးကျေးဇူးများ ခံစား လိုလျှင် အမြန်ဆုံး လာရောက်ပါဝင်ဘို့ ဘိတ်ခေါ် အပ်ပါသည်။ 


အနှစ်လေးဆယ်မွေးနေ့
ဆရာမောဇက်ထောင်ကျုံး

 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ​ကျွန်ပ်၏ ဝိညာဉ်ပိုင်းအသက်သည် ယခု နှစ်ဧပြီလ​ခြောက် ရက်နေ့ညနေ​ခြောက်နာရီ ခွဲတွင် အနှစ်လေးဆယ်ပြည့်သွားပြီ ဖြစ်သည်။ ကိုယ်ခန္ဓာအသက်လည်း ​ခြောက်ဆယ့်နှစ်နှစ်ရှိပါပြီ။ ကိုယ်ခန္ဓာ မွေးဘွားသောကြောင့် ဤလောကကို မြင်နိုင်၍ ဤလောက၌ ကျင်လည်ခဲ့ရသည်။ ကိုယ်ခန္ဓာအားဖြင့် မွေးခြင်းသည် ငရဲမီးအိုင် ထဲသို့ ရောက်ဘို့ရန် ဦးတည်သွားနေသောကြောင့် အမင်္လာ ဖြစ်သည်။ ထိုမျှသာမက ဤလောက၌ ဒုက္ခ ဆင်းရဲ မျိုးစုံတွေ့ကြုံခံစား ခဲ့ရသည်။ ထို့ကြောင့် ခန္ဓာကိုယ်မွေးခြင်းသည် အမင်္လာ ဖြစ်သည်။ အကယ်၍ ဘုရားသခင်ကသူ၏ ကယ်တင်ခြင်း တရားကို မသိစေဘဲ၊ ဝိညာဉ်အားဖြင့် ဒုတိယအကြိမ် မမွေး စေခဲ့ပါက၊ ငရဲမီးအိုင် ထဲသို့ ဆင်းသွားပြီး၊ အံသွားခဲကြိတ်ကာ၊ ထာဝရ ဒုက္ခ ဆင်းရဲ ခံရမည် ဖြစ်သည်။ သို့သော် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၁၉ရ ၄ ခုနှစ်တွင် ကယ်တင်ခြင်း သတင်းကောင်းကို ဃ​ောစကျ ဃမကျ​ေိန်သမ ဃ့မငျအ အဖွဲ့အားဖြင့် ကြားသိခဲ့ရသည်။ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ယုံ ကြည်ခြင်းအားဖြင့် ဖြစ်သည်၊ ကိုယ်ကျင့်တရားအားဖြင့် မဟုတ်ပါ၊ ဟူသောအရာကို သိသော်လည်း၊ ကယ်တင်ခြင်း စိတ်ချမှု မရှိခဲ့ပါ်။ သို့သော် ဘုရားသခင်ကို အားကိုး ခြင်း၊ သူ၏ စောင့်ရှောက်ခြင်းကို အပြည့်အဝ ခံစားရရှိခဲ့သည်။ 

 ၁၉ရ ၅ ခုနှစ်ဧပြီလ ၆ ရက်နေ့ညနေ ၆ နာရီ ခွဲခန့်တွင် တောင်ယာရှိအိမ်၌၊ အဖေနှင့် ကယ်တင်ခြင်း အကြောင်းကို၊ ဆွေး ကြသည်။ အဖကအကျင့်မပါလျှင် မည်သို့ ကောင်းကင် ရောက်နိုင်မည်နည်းဟု ပြောသည်။ ​ကျွန်တော်က၊ အကျင့်အားဖြင့် မဖြစ်နိင်၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ​ကျွန်ပ်၏ အပြစ်ကို ​ဖြေလွှတ်၍ ကယ်တင်သည် ဟုဆိုသည်။သား အဖငြင်းခုံခြင်းလည်း မရှိ၊ အကြာကြီး ဆွေးနွေးသည်လည်း မဟုတ်၊ ခဏ ဆွေးနွေးအပြီးမှာ၊ ​ကျွန်တော် ဟာ ဘုရားသခင်၏သား ဖြစ်ပြီပါလား၊ ဟု စိတ်ထဲ၌ အလိုလို သဘောပေါက်သွားသည်။ ထိုအချိန် မှစ၍ ​ကျွန်တော်၏ အသက်တာသည် ပြောင်းလဲသွားသည်။ အလွန် ဝမ်းသာခြင်းလည်း မရှိ၊ စိတ်ခံစား လှုပ်ရှားမှု အကြီး အကျယ်မရှိခဲ့ပါ။ 

​ကျွန်တော်သည် ကျောင်းပြီးသောအခါ အစိုးရအမှု ထမ်းဘို့ လုံးဝ မစဉ်း စားခဲ့ပါ။ အကြောင်းမှာ အစိုးရအမှု ထမ်းလျှင် ဆင်းရဲမည်၊ ကိုယ်ပိုင်လုပ်ငန်းလုပ်လျှင် ချမ်းသာ နိုင်မည်ဟု ခံယူခဲ့သည်။ ထို့ကြောင့် ရန်ကုန်မြို့၌ ဤထေင မောင်းနိုင်ဘို့ရန် ကား ဝပ်ရှော့၌ နှစ်ပတ်လုပ်ခဲ့သည်။ သို့သော် အဆင် မပြေသောကြောင့် မွေးရပ် မြေ၊ လုမ်းဘန်ရွာသို့ ပြန်၍ ပိုးမွေးမြူဘို့ ရည်ရွယ်ခဲ့သည်။ ထိုသို့ ပိုးမွေးမြူရေးလုပ် စဉ်တွင်၊ အထက်က ဖေါ်ပြ သကဲ့သို့ အဖေနှင့် ဆွေးနွေးရာမှ ကယ်တင်ခြင်း စိတ်ချ သွားခြင်း ဖြစ်သည်။ ထိုနှစ်တွင် ရွာ၌ တွဲဖက်အထက် တန်းကျောင်းတွင် ဆရာလုပ်ဘို့ ရွာလူကြီးများကတောင်းဆိုသောအခါ သဘောတူ၍ နှစ်နှစ်ကျောင်းဆရာလုပ်ခဲ့ရသည်။ ကျောင်းဆရာလုပ်စဉ်တွင်လည်း နှစ်ခြင်း အသင်းတော်၌ လူငယ်များကို ဦး ဆောင်၍ ကယ်တင်ခြင်း အကြောင်းနှင့် သမ္မာကျမ်းစာကို လူငယ်များ ထံ၌ သင်ပေးခဲ့သည်။ လူငယ်များလည်း အလွန် နိုးကြားခဲ့၍ အလွန် အောင်မြင််ခဲ့သည်။ သို့သော် နောက်ပိုင်း၌ တိုက်ခိုက် မှုများရှိလာသော ခါစိတ်ပျက်၍ ကျောင်းဆရာမလုပ်တော့ဘဲ ရန်ကုုန်မြို့သို့ ဆင်းသွားသည်။ 

ရန်ကုန်မြို့၌ အမဝမ်းကွဲပိုင်စာအုပ်အငှါး ဆိုင်ကို ဆက်ခံ၍ ၁၉ရရမှ ၁၉ရ ၉ အထိ စာအုပ်ငှါး စားခြင်းဖြင့် အသက်ရှင်ခဲ့သည်။ ထိုအချိန်တွင် နိင်ငံခြားသင်္ဘောသားခေတ် ဖြစ်သောကြောင့် ရေဒယိုအော်ပရေတာဖြင့် သင်္ဘောလိုက်ဘို့ သင်တန်း တက်ခဲ့သည်။ ရန်ကုန်မြို့၌ နေစဉ်တွင် လူများကို ကယ်တင်ခြင်း အကြောင်း ပြောပြချင် လာသည်။ သို့သော် အဖေါ်လည်း မရှိ၊ မြန်မာစကားလည်း ကောင်းကောင်း မပြောတတ်သောကြောင့် ထိရောက်စွာ မပြောနိုင်ခဲ့ချေ။ နိင်ငံခြားသင်္ဘောလိုက် လျှင်လည်း ဝေစာများ ဝေခြင်း၊ ရောက်သည့်နိင်ငံတိုင်း၌ သက်သေခံခြင်းများပြုလုပ်ဘို့ ရည်ရွယ်ခဲ့သည်။ ရေဒယိုအော်ပရေတာ စာမေးပွဲလည်း အနိမ့်ဆုံးအောင်မြင် ခဲ့သော်လည်း အလုပ်ရဘို့ ခက်သည် ဟုဆိုသောကြောင့် ထို့ထက် မြင့်သော အဆင့် လက်မှတ်ရဘို့ စောင့်နေရသည်။ သို့သော် အစိုးရကထိုလက်မှတ်အတွက် စာမေး ပွဲမခေါ်သောကြောင့် မ​ဖြေနိုင်ချိန်တွင်၊ ၁၉ရ ၉ ခုနှစ်ဇွန်လလောက်တွင် သူငယ်ခြင်း ှက​ေညါ ဇ​ေီ​ေူနှင့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်သို့ နှစ်ပတ် ဧဝံဂေလိ တရားဟော ထွက်ခဲ့သည်။ ​ကျွန်တော်သည် ထိုကဲ့သို့ ဧဝံဂေလိ တရားဟောထွက်ခြင်း မပြုခဲ့ဘူးပါ။ သူငယ်ချင်းလည်း သူ့ကို ကယ်တင်ခြင်း အကြောင်း အမြဲပြောပြသော်လည်း၊ ရှင်း လင်းစွာ စိတ်မချနိုင်သောသူ ဖြစ်သည်။ ထိုခရီး စဉ်အားဖြင့် မည်သူ ကယ်တင်ခြင်းသို့ ရောက်သွားသည်ကို မသိရသော်လည်း ​ကျွန်တော့ဘဝ၌ အမှုတော်ဆောင်ခြင်း၏ အစပြုလိုက်ခြင်း ဖြစ်သောကြောင့် အလွန် အရေးကြီး ပါသည်။ ထိုခရီး စဉ်မှအပြန်တွင် ဖလမ်းမြို့ နှစ်ခြင်း အသင်းတော် မှနိုးကြားသော အဖွဲ့ ဦးဆောင်ဘို့ သံကြိုးအားဖြင့် ခေါ်ဘိတ်ခြင်း ခံခဲ့ရပါသည်။ ထိုအသင်းတော်နှင့် နှစ်လလုပ်ဆောင်ပြီး နောက်၊ မိခင် အသင်းတော်လည်း မရှိ၊ ထောက်ပ့ံမည့် အဖွဲ့လည်း မရှိဘဲ၊ တကိုယ်တော် အဖြစ် ဧဝံဂေလိတရားကို မြို့ရွာများ၌ ဟောပြောခဲ့ပါသည်။ ​ကျွန်တော် သွားခဲ့သော နေရာများမှာ၊ ဖလမ်းမြို့နယ်၊ ကလေးမြို့နယ်၊ ရန်ကုန်နှင့် ကလေးမြို့ အကြား မြို့များ၊ ဧရာဝတီတိုင်း ကျုံပျော်နယ်ရှိကရင်ရွာများ ဖြစ်ပါသည်။ 

၁၉၈၁ ခုနှစ်တွင် မိဘ ညီအစ်ကို အားလုံး အမေရိကန်ပြည် ထောင်စုသို့ ပြောင်းရွှေ့သွားကြမည့် အကြောင်းရှိသောကြောင့် အိမ်ထောင်ပြုဘို့ စဉ်းစားခဲ့ပါသည်။ အကြောင်းမှာ ယခင်၌ သင်္ဘောသား ဖြစ်ချင် ခဲ့သော်လည်း အမှုတော်ဆောင်သောအခါ နိင်ငံခြားမသွားချင် တော့ပါ။ နိင်ငံခြားမှာဟောပြောမည့်သူ များသည်။ မြန်မာ နိင်ငံ၌ သမ္မာတရား ဟောပြောမည့်သူ မရှိဟု မြင်သောကြောင့် အမေရိကန်သွားဘို့ လုံးဝ မစဉ်းစားခဲ့ခြင်း ဖြစ်သည်။ သို့သော် မိဘ၊ မောင်နှမများမရှိလျှင် မည်ကဲ့သို့ နေနိုင်မည်နည်းဟု စဉ်းစားသောကြောင့် အိမ်ထောင်ပြုဘို့ လိုလာသည်။ သို့သော် တရား ဟောဆရာလုပ်သောအခါ အပျိုများကို မလည်အားပါ။ တရားဟောနေချိန်တွင် အပျိုများကို စကားပြောဘို့ မသင့်တော်ပါ။ သို့သော် ဘုရားသခင်က ရက်ပိုင်းအတွင်းတွင် မိန်းမယူဘို့ ပြင်ဆင် ပေးလိုက်ပါသည်။ ထိုသို့ဖြင့် ၁၉၈၁ ခုနှစ်မေလ ၂ရ ရက်နေ့တွင် မင်္လာဆောင် ဖြစ်ခဲ့သည်။ မိန်းမနှင့်အတူ နှစ်နှစ် ဧဝံဂေလိတရားရန်ကုန်မြို့ အတွင်း၊ ဧရာဝတီတိုင်း၊ ကလေးမြို့နယ်၊ ဖလမ်းမြို့နယ်များတွင် ဟောခဲ့ပါသည်။ ၁၉၈၃ ခုနှစ်တွင်သား ဦးယေရမိမွေး၍ ထိုနှစ်တွင် သတင်းကောင်း နှစ်ခြင်း အသင်းတော် စတင်သောအခါ ​ကျွန်တော်လည်း ဖလမ်းမြို့ အသင်းတော် ကြည့်ရှုဘို့ရန် ဘိ သိက်ပေးခြင်း ခံခဲ့ရပါသည်။ ၁၉၈၄ ခုနှစ်တွင် ရန်ကုန်မြို့၌ အသင်းတော် စတင် လာသောအခါ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခဲ့ရပါသည်။ ၁၉၈၈ ခုနှစ်ကုန်ခါနီးတွင် အဖေ နေမကောင်းသောကြောင့် မိသားစုအလိုက် သားသမီး သုံးယောက်နှင့် အမေရိကန်သို့ ရောက်ရှိသွား ကြသည်။ ​ကျွန်တော်တို့ ရောက်ရှိပြီး နှစ်လတိတိတွင် အဖေအသက် ဆုံးခဲ့ပါသည်။ ၁၉၈၉ ခုနှစ်ဧပြီလ ၂ ရက်တနင်္နွေနေ့တွင် အမေရိကန်ပြည် ထောင် စု၌ သတင်းကောင်း နှစ်ခြင်း အသင်းတော်ကို မောင်နှမ မိသားစုလေးအိမ်ထောင်၊ ခလေးများအပါအဝင်လူ ၂၀ ကျော်ဖြင့် စတင်နိင်ခဲ့ပါသည်။ ထိုနောက် ၂၀၀၂ ခုနှစ်တွင် ဗအူ​ေညအ​ေ အသင်းတော်၊ ၂၀၀၃ ခုနှစ်တွင် ​ြအေအူန ဃမနနု အသင်းတော် ၂၀၀ရ ခုနှစ်တွင် ှပမခေကျန အသင်းတော်၊ ၂၀၁၀ ခုနှစ်တွင်၍ ညိင​ေညစေသူငျ အသင်းတော်များတိုးပွားလာပါသည်။ 

​ကျွန်တော်သည် ငယ်ရွယ်စဉ်၌ ဘုရားတရား စိတ်မဝင်စားခဲ့ပါ။ အမှုတော်ဆောင်ဘို့လည်း လုံးဝ စိတ်မကူးပါ။ သို့သော် ဘုရားသခင်က ကယ်တင်ခြင်း အကြောင်းကို သိနားလည်စေသောအခါ၊ ပျောက်ဆုံးဝိညာဉ်များကို သနားလာသည်။ ပြောပြချင်သော စိတ်များ ဖြစ်ပေါ်လာသည်။ အထက်ပါကဲ့သို့ အမှုတော်ဆောင်နိုင်ခြင်းသည် လူဇာတိအားဖြင့် လုံးဝ မဖြစ်နိ်ုင်ချေ။ ဒုတိယအကြိမ် ဝိညာဉ်အားဖြင့် မွေး ဘွားသောကြောင့် ဖြစ်သည်။ ယခုနှစ် ဖြစ်လျှင် ​ကျွန်တော်သည် ဝိညာဉ်ပိုင်း၌ အနှစ် လေးဆယ်ကျော် ဖြစ်ပြီ။ ကိုယ်ခန္ဓာအားဖြင့် ​ခြောက်ဆယ့်နှစ်နှစ်ရှိပြီ။ ဤအသက် အရွယ်တိုင်အောင် ဤလောက၌ အသက်ရှင်စေသည်သာမက ကောင်းကင်နိင်ငံ ဝင်ခွင့်ပေးသော အဖ ဘုရားသခင်၏ ကျေးဇူးတော်ကို အလွန် ချီးမွမ်းပါသည်။ ထိုမျှသာမက အခြားသောသူများကို ကယ် တင်ခြင်း အကြောင်း ပြောပြနိုင်သော အခွင့်နှင့် ပြောပြမည့်သူများကိုလည်း လက်တွဲခေါ်ဆောင်နိုင်သော အခွင့်များကိုလည်း ပေးသောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်များကို အထပ်ထပ်ချီးမွမ်းလိုပါသည်။ “ငါမသေရသေး၊၊ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်တို့ကို ကြား ပြောရဦးမည်၊၊ ” (ဆာလံ ၁၁၈:၁ရ) “ငါအသက်ရှင်သည် အရာမှာ ခရစ်တော် ဖြစ်၏။” (ဖိလိ ၁:၂၁) ဘုရားသခင်က ​ကျွန်ပ်၏ အသက်တာအားဖြင့် စာဖတ်သူအယောက်တိုင်း ကောင်းကြီး ပေးတော်မူပါစေသော်။ 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG