GOODNEWS
  HOME  GOODNEWS  2015 NOV
 


အမှာစာ

 ဘုရားသခင်၏ စကား နားထောင်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ကျမ်းစာက၊ “ရှမွေလကလည်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူ သကဲ့သို့၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူ မည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက် သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏။ ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့် ပေါင်းခြင်း ကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန်ဆာကို သုံးခြင်း 
ကဲ့သို့၎င်းအပြစ် ကြီး၏။” ဟုဆိုထားသည် (၁ရာ ၁၅:၂၂-၂၃)။ 

ရှောလုမင်းသည် ဘုရား စကား နားမထောင်ဘဲ၊ ဘုရား မြစ်တားထားသော သိုး၊ နွားများကို အာမလက် လူမျိုးများထံမှ ယူဆောင်လာ၍ ဘုရားသခင် ထံယဇ်ပူ ဇော်ဘို့ ကြံရွယ်သည်။ သို့သော် ဘုရားသခင် မကျေနပ်ချေ။ သူ့စကား နားမထောင်ဘဲ၊ ယဇ်ပူဇော်ခြင်း၊ ကိုးကွယ်ခြင်းသည် အချည်းနှီး ဖြစ်သည်။ ယဇ်ပူဇော်ခြင်းသည် အလွန် ကောင်းပါသည်။ သို့သော် ထိုထက် နားထောင်ခြင်းသည် သာ၍ ကောင်းသည်။ ဘုရား စကား ငြင်းဆန်ခြင်းသည် နတ်ဆိုးနှင့် ပေါင်းခြင်း ကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန်ဆာကို သုံးခြင်း ကဲ့သို့၎င်းအပြစ် ကြီးသည် ဟုဆိုသည်။ ​ကျွန်ပ်တို့လည်း ဘုရား စကား နားမထောင်ခြင်းအားဖြင့် နတ်ဆိုးနှင့် ပေါင်း နေကြသည်။ ဘုရား စကား ငြင်းဆန်ခြင်းအားဖြင့် ဗေဒင်တန်ဆာများကို သုံး နေကြပြီ။ ရှောလုသည် ထိုသို့ အပြစ်လုပ်ခြင်းအားဖြင့် ဘုရားသခင်၏ စွန့်ခြင်း ခံခဲ့သည်။ ​ကျွန်ပ်တို့လည်း ဘုရား စကား နားမထောင်ပါက ကယ်တင်ခြင်း မဆုံးရှုံးလျှင်လည်း ခမ်း​ခြောက်သော အသက်တာဖြင့် အသက်ရှင် ကာ၊ ဝမ်းမြောက် ငြိမ်သက်ခြင်း၊ ရှိနိင်မည် မဟုတ်ချေ။ ဘုရား စကား နားထောင်ခြင်းအားဖြင့် ဝမ်းမြောက် ငြိမ်သက်သော အသက်တာဖြင့် အသက်ရှင်နိုင်ကြ ပါစေ။ 

ယခုလစာစောင်တွင်...

  • ကယ်တင်ခြင်း 
  • သင်သည် မည်သူကပိုင်သနည်း
  • ရေချိုးပြီးခြေဆေးကြစို့
  • ယေဟောဝါ သက်သေခံများထံ သက်သေခံနည်း
  • ကျမ်းစာဖတ်ကြစို့ ( ဗျာဒိတ်ကျမ်း၂၂) 
  • အမူတော် ဆောင်သင်တန်း
  • ခရီး စဉ်

 

ကယ်တင်ခြင်း 

 

လူသည် ကိုယ်ကိုယ်ကို မကယ်တင်နိုင်ချေ။ သို့သော် လူတိုင်း ထင်မှတ်သည် မှာကိုယ်ကိုယ်ကို ကယ်တင်နိုင်သည် ဟူ၍ ဖြစ်သည်။ လူသည် ကောင်းသော အကျင့် ကျင့်ခြင်း၊ ဘုရားတရား၌ ကြိုးစားခြင်း၊ ကောင်းမှု ကုသိုလ်လုပ်ခြင်း၊ ဆင်းရဲသားများကို ကူညီမစခြင်း၊ ပညတ်တော်တို့ကို စောင့်ခြင်းဖြင့် ကယ်တင်ခြင်းသို့ ရောက်နိုင်မည်ဟု ထင်မှတ် ကြသည်။ သို့သော် ထိုအရာများ ပြုလုပ်ခြင်းဖြင့် ကယ်တင်ခြင်းသို့ မရောက် နိ်ုင်ချေ။ အကြောင်းရင်းများ မှာ

အပြစ်၌ သေနေသည် 

 “သင်တို့သည် အထက်ကလောကီတရားသို့ လိုက်၍ အာကာသကောင်း ကင်၏ တန်ခိုးကို အစိုးရသော မင်း တည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏ အလိုနှင့် အညီ၊ ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက် ရှိနေသော သင်တို့ကို ပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။” (ဧဖက် ၂:၁-၂)။ ကျမ်းစာ ကလူသည် အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်း တည်းဟူသော စာတန် မာရ်နတ်ကအုပ်စိုးနေသည် ဟုဆိုသည်။ ထိုစာတန်၏ လက်ထဲမှ ထွက်နိင်သော အစွမ်းမရှိချေ။ ထို့အပြင် ဒုရိုက်အပြစ်၌ ကျင်လည်၍ သေနေသည် ဟုဆိုသည်။ လူသေသည် ကိုယ့်ကိုယ်ကို မကယ်နိုင်ချေ။ အသက်သည် ဘုရားသခင်က သာလျှင် ရှင်စေနိုင်သည်။ ထို့ကြောင့် ကိုယ်ကိုယ်ကို ကယ်တင်မည်ဟူသောအရာ သည်စာ တန်၏ လှည့်ဖျားမှု ဖြစ်သည်။ မိတ်ဆွေ၊ ဘုရားသခင်က သာလျှင် အသက် ပေးနိုင်သည်၊ လူက မတတ်နိုင်ချေ။ ဘုရားသခင်သည် လူတိုင်းကို အသက် ပေးခဲ့ပြီ။ ကျမ်းစာ၌၊ “ဘုရားသခင်သည် ငါတို့အား ထာဝရ အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကို မရ။” (၁ ယော ၅:၁၁-၁၂)။ 

 ဘုရားသခင်သည် အဘယ်ကြောင့်လူကို ထာဝရ အသက် ပေးသနည်း ဟူမူကား လူ၌ ထိုအသက် မရှိသောကြောင့် ဖြစ်သည်။ ထိုအသက်၍ မရောင်းပါ။ ထို့ကြောင့် ဝယ်၍ မရပါ။ အခမဲ့ပေးထားသည်။ ထိုအသက်ကိုသားတော်၌ ထား၍ သားတော်ကို ရသောသူသည် ထိုအသက်ကို ရသည်။ သားတော်ကို မရသောသူမူကား မည်မျှပင်အကျင့်ကောင်းပါစေ ထဝရအသက် မရရှိပါ။ ထိုအသက်ကို ရရှိဘို့ရန် လိုအပ်သည်။ ထာဝရ အသက် မရပါက၊ သင်သည် ထာဝရ မီးအိုင် ထဲမှာ ဒုက္ခ ခံစားရမည် ဖြစ်သည်။ ထိုအသက်ကို ရရှိဘို့ သားတော်ကို လက်ခံပါ။ မိမိစိတ်နှလုံးထဲဝင်ဘို့ရန် ဘိတ်ခေါ်ပါ။ သားတော်ကို ရရှိလျှင် သင်၏ ဝိညာဉ် အသက်ရှင်၍ ထာဝရ ကောင်းကင်နိင်ငံ၌ စံစားရမည် ဖြစ်သည်။ ဘုရားသခင်၏ သားတော် မရရှိသောသူတိုင်း ဝိညာဉ်ပိုင်း၌ သေနေသည်။ 
 
အပြစ် မလွှတ်နိုင်

ယုဒလူများသည် အပြစ်တင်ပိုင်၊ လွှတ်ပိုင်သောသူသည် ဘုရားသခင် တပါး တည်းသာ ဖြစ်သည်ဟု သိနားလည် ကြသည်။ “လက်​ခြေသေ၍ အိပ်ရာပေါ်မှာ တုံး လုံးနေသောသူတယောက်ကို အထံတော်သို့ ဆောင်ပေးကြ၏။ ယေရှုသည် ထို သူတို့၏ ယုံကြည်ခြင်းကို မြင်လျှင် လက်​ခြေသေသောသူအား၊ ငါ့သား မစိုးရိမ်နှင့်။ သင်၏ အပြစ်ကို လွှတ်စေပြီဟု မိန့်တော်မူ၏။ ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကို လွန်ကျူး၍ ပြောသည်ဟု ထင်ကြ၏။” (မ ၉:၂-၃) “လူသားသည် မြေကြီးပေါ်မှ ာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့ သိစေခြင်းငှါ ထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့ သွားလော့ဟု လက်​ခြေသေသောသူအား မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ မိမိအိမ်သို့ သွားလေ၏။” (မ ၉:၆ -ရ) ဤနေရာ၌ သခင်ယေရှုသည် ကျမ်းတတ် ပုဂ္ဂိုလ်များ ကအပြစ် တင်မည်ကို သိသော်လည်း အထက်ပါကဲ့သို့ အဘယ်ကြောင့်ဆို သနည်း။ သူသည် အပြစ်တင်ပိုင်လွှတ်ပိုင်သော ဘုရား ဖြစ်ကြောင်းကို ကျေညာနေခြင်း ဖြစ်သည်။ 

လူတိုင်း ကိုယ်ကိုယ်ကို အပြစ်တင်လျက် လွှတ်လျက် ရှိတတ်ကြသည်။ ရှင် ပေါလုက၊ “အချင်းချင်းဆွေး​ေန$းဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက် နေသဖြင့်၎င်း၊ ” (ရော ၂:၁၅)ဟု ရေးထားသည်။ မိတ်ဆွေ၊ သင်သည် ကိုယ်ကိုယ်ကို ကောင်းစွာ နေနိုင်သည်ဟု ထင်ချိန်တွင် ကောင်းကင်နိင်ငံသို့ ရောက်မည်ဟူ၍၎င်း၊ ကိုယ့်အကျင့် အပြု အမူကိုအား မရသောအခါ ငရဲသို့ သွားမည်ဟူ၍၎င်း၊ ရှိတတ်ပါသလော။ ကိုယ်ကိုယ်ကို အပြစ်တင်လိုက်လွှတ်လိုက်နေပါသလော။ ထိုသို့ဖြစ်လျှင် သင်သည် ငရဲ ရောက်ဘို့ သေချာ နေကြောင်း အသိပေးလိုပါသည်။ အကြောင်းမှာ သင်သည် အပြစ်တင်ပိုင်လွှတ်ပိုင်သောသူ မဟုတ်သောကြောင့် ကောင်းကင် ရောက်ဘို့နှင့် ငရဲသွားဘို့လည်း ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ ကျမ်းစာက၊ “ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ်၍ လှည့်စားတတ်သောစိတ်သဘောနှင့် ကင်းစင်သောသူသည် မင်္လာရှိ၏၊၊ ” 
 (ဆာ ၃၂:၁-၃)။ ထို့ကြောင့် ထာဝရဘုရား၏ အပြစ်တင်ခြင်းမှ ကင်းလွတ်သည်သာ မကလှည့်စားတတ်သောစိတ်သဘော နှင့်လည်း ကင်းရမည်။ လှည့်စားတတ်သောစိတ်သဘောသည် သူတပါးကို လှည့်စားခြင်း မဟုတ်ဘဲ ကိုယ့်ကိုယ်ကို လှည့်စားခြင်းကို ဆိုလိုသည်။ သင်သည် အကျင့်ကောင်းလာသောကြောင့်၊ ဘုရားတရား ကြိုးစားသောကြောင့် မဟုတ်၊ ဘုရားသခင်၏ ကျေးဇူးတော် သက်သက်ကြောင့်သာလျှင် အပြစ် လွှတ်ခြင်း ပေးသည်ကို လက်ခံပါသလား။ သို့မဟုတ် ဘာမျှ အကျိုးမပေးသော မိမိလုပ်ဆောင်ချက်၊ ကိုယ်ကိုယ်ကို အပြစ် လွှတ်ခြင်းကို အားကိုး သေးသလော။ 

​ဖြောင့်မတ်သောသူ

လူသည် ​ဖြောင့်မတ်သောသူ ဖြစ်ဘို့ရန် ကြိုးစား တတ်ကြသည်။ မည်ကဲ့သို့ ကြိုးစား သနည်း။ ပညတ်တော် လိုက်ရှောက်ခြင်း၊ ဘုရားတရား၌ ကြိုးစားခြင်း၊ အပြစ်ကို ရှောင်ခြင်း၊ ကုသိုလ်ကောင်းမှု လုပ်ခြင်းများအားဖြင့် ကြိုးစား တတ်ကြသည်။ သို့သော် ထိုအရာများအားဖြင့်၊ မ​ဖြောင့်မတ်နိုင်ချေ။ ရှင်ပေါလုက၊ “​ဖြောင့်မတ်ခြင်းကို မှီအောင် မလိုက်သော တပါးအမျိုးသားတို့သည် ​ဖြောင့်မတ်ခြင်းကို မှီကြ၏။ ထိုသို့ ဆိုသော်ယုံကြည်ခြင်းအားဖြင့် မှီသော ​ဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။ ​ဖြောင့် မတ်ခြင်း တရားကို မှီအောင် လိုက်သော ဣသရေလ လူတို့ မူကား၊ ​ဖြောင့်မတ်ခြင်း တ ရားကို မမှီကြ။ အဘယ်ကြောင့် မမှီကြသနည်း။ ယုံကြည်ခြင်းအားဖြင့် မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာလိုက်ကြသတည်း။” (ရော ၉:၃၁-၃၂)။ ဘုရားသခင်သည် သား ယေရှုခရစ် တော်အားဖြင့် ​ဖြောင့်မတ်ခြင်းကို အခမဲ့ပေးနေသည်။ ကျမ်းစာ၌၊ “ယေရှုခရစ် ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ​ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။” (ရော ၃:၂၄)။ ​ဖြောင့်မတ်ခြင်းသည် အပြစ်ကင်းခြင်းကို ဆိုလိုသည်။ အပြစ်ကင်းခြင်း တည်းဟူသော ​ဖြောင့်မတ်ခြင်းသည် ဘုရားသခင်၏ သတ် မှတ်ချက် ဖြစ်သည်။ ကျမ်းစာ၌၊ “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ​ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်း တည်း။” (၂ ကော ၅:၂၁)ဟု ရေး ထားသည်။ ဘုရားသခင်သည် ငါတို့ ​ဖြောင့်မတ်နိုင်ဘို့ရန် သားတော် ယေရှုကို အပြစ်ရှိသောသူ ဖြစ်စေသည်။ ထိုအရာကို ယုံကြည်ခြင်းအားဖြင့် ​ဖြောင့်မတ်ခြင်းရရှိနိုင်သည်။ မိတ်ဆွေ၊ ထိုအရာကို လက်ခံနိင်ပါသလား။ 

ဒုတိယမမွေးခြင်း 

သခင်ယေရှုက၊ “ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍ မိန့်တော်မူ၏။” (ယော ၃:၃)ဟု ဖါရိရှဲနိကောဒင်ထံဆိုခဲ့သည်။ လူသည် မိခင် ဝမ်းထဲမှပဌမ မွေးခြင်းအားဖြင့် ဤလောက ကမ္ဘာထဲသို့ ဝင်ရောက် ကြသည်။ ဤကမ္ဘာပေါ်၌ မိခင် ဝမ်းမှမမွေးဘဲ ရောက်လာသောသူမရှိချေ။ ထို့နည်းတူ ဘုရားသခင်၏ နိင်ငံ တည်းဟူသော ကောင်းကင်နိင်ငံတော် သို့လည်း ဒုတိယမွေးခြင်းအားဖြင့်သာလျှင် ရောက်နိင်ကြမည် ဖြစ်သည်။ ဒုတိယမွေးခြင်းသည် မိခင် ဝမ်းမှ မဟုတ်တော့ချေ၊ ခရစ်တော် အထဲမှ ဖြစ်သည်။ ရှင်ပေါလုက၊ “ထိုဘုရား ခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေ ကြ၏။” (၁ ကော ၁:၃၀) ဟုဆိုသည်။ ဘုရားသခင်က လူကို ယေရှုခရစ် အထဲ၌ ထည့်လိုက်သည်။ ထို့နောက် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေ သတ်ကာ၊ သင်္ချိုင်းထဲ၌ သင်္ဂြိုလ်လိုက်သည်။ ထိုအရာကို ဗတ္တိဇံဟု ခေါ်သည်။ ထို့ နောက်မှ ခရစ်တော်နှင့်အတူ အသစ်သော အသက်တာဖြင့် ရှင်ပြန်ထမြောက် ရသည်။ ထိုသို့ ထမြောက် လာသော လူသစ်သည် ဒုတိယ မွေးဘွားခြင်းဟု ခေါ်သည်။ ပေါလုက၊ “လူ မည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်သော သတ္တဝါ ဖြစ်၏။ 
ဟောင်းသောအရာ တို့သည် ကုန်လွန်၍ ခပ်သိမ်းသောအရာ တို့သည် အသစ် ဖြစ်ကြပြီ။ ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။” (၂ ကော ၅:၁ရ- ၁၈)ဟု ရေးသား ခဲ့သည်။ ထို့ကြောင့် ဒုတိယ ဝိညာဉ်အား ဖြင် မွေးဘွားဘို့ရန် လူမတတ်နိုင်ပါ။ သို့သော် ဘုရားသခင်က ခရစ်တော်အားဖြင့် အထက်ပါကဲ့သို့ မွေးဘွားစေခြင်းကို ယုံကြည်ခြင်းအားဖြင့် လက်ခံဘို့ လိုသည်။ ပဌမ မွေးဘွားခြင်း ပင်လျှင် ခလေး အလိုအားဖြင့်၊ လုပ်ဆောင် ကြိုးစားအား ထုတ်ခြင်းအားဖြင့် မဟုတ်ပါ။ ထိုမျှသာမက ဒုတိယ မွေးဘွားခြင်းသည် လူ့အားဖြင့် လုံးဝ မဟုတ်၊ ဘုရားသခင်က ယေရှုခရစ် တော်အားဖြင့် လုပ်ဆောင်သောအရာ ဖြစ်၍ ယုံကြည်ခြင်းဖြင့် လက်ခံဘို့ သာလိုအပ်သည်။ 

 

သင်သည် မည်သူကပိုင်သနည်း

မြန်မာနိင်ငံ၌ ခွေးလေများသည် အစာမှန်မှန်မစားခြင်းကြောင့်၎င်း၊ ပိုင် ရှင်မရှိလေလွင့်နေသဖြင့် ကြည့်ရှုမည့်သူ မရှိသောကြောင့်၎င်း၊ ဝဲစား၍ ရွံစရာ အလွန်ကောင်းသည်။ ထို့နည်းတူ လူသားများသည် ပိုင်ရှင်မရှိ၊ ကိုယ့် သဘော၊ကိုယ် အလိုဆန္ဒအတိုင်း အသက်ရှင် ကြသည်။ ကိုယ့်အသက်ကို ကိုယ်ပိုင်၍ ကိုယ့်အလို ဆန္ဒပြည့်ဘို့သည် အရေးကြီးဆုံး ဖြစ်သည်။ ထို့ကြောင့် လူမှုပြသနာ များစွာ မလိုလားအပ်ဘဲ ရင်ဆိုင်ရ ကြသည်။ လူသည် ထိုသို့ မနေရချေ။ လူ၌ ပိုင်ရှင်ရှိသည်။ ကျမ်းစာက၊ “ထိုသားတော်သည် ကောင်းကင် ပေါ်၊ မြေကြီးပေါ်မှ ာ ရှိသမျှသော ရူပအရာ၊ အရှုပ အရာ၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်း တန်ခိုး ဖြစ်စေ၊ အထွဋ္ဋ်အမြတ် ဖြစ်စေ၊ အာဏာ စက် ဖြစ်စေ၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင် အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာ တို့သည် ဖန်ဆင်းလျက် ဖြစ်ကြ၏။” (ကော ၁:၁၆)။ “ခပ်သိမ်းသောအရာ တို့သည် ကိုယ်တော် အထဲက၎င်း၊ ကိုယ်တော် အားဖြင့်၎င်း၊ ကိုယ်တော် အဘို့ အလိုငှါ၎င်း၊ ဖြစ်ကြ၏” (ရော ၁၁:၃၆) “အကြင်ဘုရားသခင်အထဲကခပ်သိမ်းသောအရာ ဖြစ်၍၊ အကြင် ဘုရားသခင် အဘို့ အလိုငှါ ငါတို့သည် ဖြစ်ကြ၏။” (၁ ကော ၈:၆) 

အထက်ပါ ကျမ်းပိုဒ်များ အရလူသည် ဘုရားသခင်က ဖန်ဆင်း၍ ဘုရားသခင် အဘို့ လို့ငှါ ဖန်ဆင်းသည်။ သို့သော် လူသားများသည် ဘုရားသခင်ဘို့ အလို့ငှါ အသက်မရှင်တော့ဘဲ ကိုယ့်အဘို့ လို့ငှါ အသက်ရှင်ကြတော့သည်။ မိဘများက ခလေးရသောအခါ၊ ​ကျွေးမွေး ပြုစု၍ မိဘအလိုအတိုင်း အသက်ရှင်စေလိုသည်။ သို့သော် သားသမီး များသည် မိဘအလိုကို ဆန့်ကျင် ကာ မိမိသဘော အတိုင်း အသက်ရှင်သောအခါ မိဘများရင်နာ၊ ဝမ်းနည်းရ ကြသည်။ ထို့နည်းတူ ဘုရားသခင်လည်း သူဖန်ဆင်း ထားသော လူသားများက သူ့ကို ဆန့်ကျင် တိုက်ခိုက် ကာ၊ မိမိတို့ သဘော အတိုင်း အသက်ရှင် ကြသောအခါ အလွန် ဝမ်းနည်းသည်။ ထို့ကြောင့် ဣသရေလ လူများနှင့် ပတ် သက်၍၊ “ထာဝရဘုရား မိန့်တော်မူသည် ဖြစ်၍၊ အိုကောင်းကင်၊ ကြားလော့၊ အိုမြေ ကြီး၊ နားထောင်လော့။ မိန့်တော်မူ ချက်ဟူမူကား၊ ငါ​ကျွေးမွေး ပြုစုသော သားသမီးတို့သည် ငါ့ကို ပုန်ကန်ကြပြီ၊၊ နွားသော်လည်း မိမိအရှင်ကို သိ၏၊၊ မြည်းသော်လည်း မိမိသခင်၏ မြင်းဇောင်းကို သိ၏၊၊ ဣသရေလ အမျိုးသားတို့ မူကား ငါ့ကို မသိကြ၊၊ ငါ၏ လူမျိုးမူကား၊ မဆင်ချင် တတ်ပါတကား၊၊ ” (ဟေရှာယ ၁:၂-၃)ဟု ဘုရားသခင်က ကောင်းကင်နှင့် မြေကြီးကို တိုင်တည်၍ ဆိုခဲ့ဘူးသည်။ ဣသရေလ လူများသည် နွားနှင့် မြည်းလောက်တောင်မှအသိဥာဏ်မရှိ၊ မဆင်ခြင်၊ မစဉ်းစားသည်ကို ဘုရားသခင်က ညီးတွားခဲ့ဘူးသည်။ ယနေ့ လူသားများလည်း ဣသရေလ လူများနှင့် မထူးခြား၊ ဖန်ဆင်းရှင်ကို မသိကြ၊ ဂရုမစိုက်ကြသည်ကို အံ့ဩဘွယ်တွေ့မြင်နေရသည်။ မိမိတို့ အလိုဆန္ဒပြည့်ဘို့သည် အရေးကြီးဆုံး ဟု သတ်မှတ် ကြသည်။ ငါ့ သဘောဟု မာန ထောင်လွှားကာဘုရား၏ နေရာကို ယူကြပြီ။ ထို့ကြောင့် ဆာ ၈၂:၆၌၊ “သင်တို့သည် ဘုရား ဖြစ်ကြ၏။” ၏ ဟုဆိုရခြင်း ဖြစ်သည်။ 

မိတ်ဆွေ၊ သင်၏ ပိုင်ရှင်သည် အဘယ်သူ နည်း။ သင်၏ ပိုင်ရှင်သည် သင် ကိုယ်တိုင် လော၊ သင်၏ ခင်ပွန်းလော၊ မိဘလော၊ ရီးစား၊ ငွေ ဖြစ်နေသလော။ လူသည် ပိုင်ရှင်၏ အလိုဆန္ဒအတိုင်း အသက်ရှင်ရသည်။ ထိုကြောင့် သင်သည် ဘယ်အရာကို ပဌမ ဦးစားပေးအသက်ရှင်သနည်းဟူသောအရာကို ကြည့်ခြင်းဖြင့် သင်၏ ပိုင်ရှင်ကို သိနိုင်သည်။ သင်၏ ပိုင်ရှင်သည် ဘုရားသခင် ဖြစ်သင့်သည်။ ဘုရားသခင်သည် သင်၏ ပိုင်ရှင် ဖြစ်လျှင် သူ၏ အလိုဆန္ဒဖြည့်ဆည်းခြင်းသည် အဓိက ဖြစ်မည်။ သင်သည် မည်သူအတွက် အသက်ရှင်ပါသနည်း။ 

 



ရေချိုးပြီး ​ခြေဆေးကြစို့

 

 “ထိုအခါ ညစာကို စားကြစဉ်၊ ခမည်းတော်သည် အလုံးစုံတို့ကို သူ၏ လက်သို့ အပ်ပေးတော်မူသည် ကို၎င်း၊ သူသည် ဘုရားသခင့်ထံတော်မှ ထွက်လာသည်ကို၎င်း၊ ဘုရားသခင့်ထံတော်သို့ ကြသွားမည်ကို၎င်း ယေရှုသည် သိတော်မူသည် နှင့်၊ စားပွဲမှထ၍ ဝတ်လုံတော်ကို ချွတ်ပြီးလျှင်၊ ပဝါကို ယူ၍ ခါးကို စည်းတော်မူ၏။ ထိုနောက်မှရေကို အင်တုံ၌ လောင်း၍ တပည့်တော်တို့၏ ​ခြေကို ဆေးပြီးမှခါး၌ စည်းသော ပဝါနှင့် သုတ်တော်မူ၏။ ရှိမုန်ပေတရုဆီသို့ ရောက်တော်မူသောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ခြကို ဆေးတော်မူ မည်လောဟု မေးလျှောက်၏။ ယေရှုကလည်း၊ သင်သည် ငါပြုသော အမှုကို ယခုနားမ လည်သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော်မူ၏။ ပေတရုကလည်း၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ​ခြေကို အလျင်းဆေးတော်မမူရဟု လျောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့် မဆက်ဆံရဟု မိန့်တော်မူ၏။ ရှိမုန်ပေတရုက လည်း၊ အ​ကျွန်ုပ်၏ ​ခြေကိုသာ မဆေးပါနှင့်။ လက်ကို၎င်း၊ ဦးခေါင်းကို၎င်း ဆေးတော်မူပါဟု လျှောက်ပြန်၏။ ယေရှုကလည်း၊ ရေချိုးပြီးသောသူ မည်သည်ကား၊ ​ခြေဆေးခြင်းမှတပါး ဆေးရသော အကြောင်း မရှိ။ တကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။ ကိုယ်တော်ကို အပ်နှံမည့် သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် တချို့မစင်ကြယ်ဟု မိန့်တော်မူ သတည်း။ (ယော ၁၃:၂-၁၁) 

အထက်ပါ အဖြစ်အပျက်၌ သခင်ယေရှု ပြောသော၊ ရေချိုးပြီးခြင်းသည် အဘယ်အရာကို ဆိုလို၍၊ ​ခြေဆေးခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ တပည့်တော် အများစုသည် ရေချိုးပြီး၍ စင်ကြယ်ပြီ။ သို့သော် အချို့ တည်းဟူသော ကိုယ်တော်ကို အပ်နှံမည့်သူ ယုဒရှကာရုတ်သည် မစင်ကြယ် ဟုဆိုလိုသည်။ သို့ဖြစ်လျှင် ရေချိုးပြီး၍ စင်ကြယ်ခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ လူသည် မွေးစကပင် မစင်ကြယ်ကြချေ။ ကျမ်းစာက၊ “လူမိန်းမဘွားမြင်သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း၊၊ လသော်လည်း အလင်းမရှိ၊၊ ကြယ်သော်လည်း ရှေ့တော်၌ မဖြူ စင်၊၊ ထိုမျှမက၊ တီကောင် ဖြစ်သော လူ၊ ပိုးရွ ဖြစ်သော လူသားကို အဘယ်ဆိုဘွယ် ရာရှိသနည်း” (ယောဘ ၂၅:၄-၆) ဟုဆိုထားပါသည်။ လူသည် မွေးကတည်း ကညစ်ညူးသည်။ အကြောင်းမှာ ညစ်ညူးသော မိဘမှမွေးသောကြောင့် ဖြစ်သည်။ နောက်ဆုံး၌ အာဒံနှင့် ဧဝအပြစ် ကျူးလွန်ခြင်းကြောင့် လူသား တိုင်းသည် ဘုရား အမြင်၌ ညစ်ညူး ကြသည်။ ထိုအရာကို လူကအကျင့်နှင့် ကုသိုလ်ကောင်းမှုဖြင့် စင်ကြယ်စေဘို့ ကြိုးစား တတ်ကြသည်။ သို့သော် မရပါ။ ကျမ်းစာက၊ “ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာ တို့ကို ကုန်မတတ်အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ် လွှတ်ခြင်း မရှိ။” (ဟေ ၉:၂၂) ဟုဆိုထားပါသည်။ ဣသရေလ လူများသည် အပြစ်ကို တိရစ္ဆာန်အသွေးအားဖြင့် ဆေးကြောတတ်ကြသော်လည်း ထိုအရာသည် အရိပ်သာလျှင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ကိုယ်တော်တိုင်က သားတော် ယေရှုကို အသွေးသွန်းစေ၍ ထိုအသွေးအားဖြင့် ဆေးကြော စင်ကြယ်စေကြောင်း ဤသို့ ရေးထားသည်၊ “ဘုရားသခင်သည် အလင်း၌ ရှိတော်မူ သကဲ့သို့၊ ငါတို့သည် အလင်း၌ ကျင်လည်လျှင်၊ အချင်းချင်းမိဿဟာယဖွဲ့ခြင်းရှိကြသည် ဖြစ်၍၊ ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။” (၁ ယော ၁:ရ) 

အဘယ်ကြောင့် ယေရှုခရစ်၏ အသွေးတော်သည် အပြစ် စေကြောခြင်းကို တိုက်ရိုက် မပြောဘဲ၊ ဘုရားသခင်သည် အလင်း၌ ရှိတော်မူ သကဲ့သို့ ငါတို့သည် အလင်း၌ ကျင်လည်လျှင်ဟု အစချီ၍ ပြောသနည်းဟူမူကား၊ ညစ်ညူးခြင်းနှင့် စင်ကြယ်ခြင်းသည် အလင်း၌ သာလျှင် မြင်တွေ့နိုင်သည်။ အမှောင်ထဲမှာရှိနေလျှင် ညစ်ညူး မှန်း၊ သန့်ရှင်းမှန်းသိမည် မဟုတ်ချေ။ လောကသား များသည် ဝိညာဉ်ပိုင်းအမှောင်ထဲမှာနေ သောကြောင့် သူတို့၏ အကျင့်များသည် ညစ်ညူး မှန်း မသိကြချေ။ ထို့ကြောင့် ဩတ္တပ္ပ ကြည်လင်စာဖြင့် အပြစ် ကျူးလွန် နေကြသည်။ ယုံကြည်သူများလည်း မယုံကြည် မှီ သူတို့ ကဲ့သို့ဖြစ်ခဲ့ကြောင်း ရှင်ပေါလုက ဤသို့ ရေးထားသည်၊ “အထက် ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သား ကဲ့သို့ ကျင့် နေကြလော့။” (ဧဖက် ၅:၈)။ ယုံကြည်သူများသည် အလင်း၌ ရှိသောကြောင့် သခင်ယေရှု၏ အသွေးတော် ကဆေးကြောပြီး ကြောင်းကို လက်ခံ ကြသည်။ ထို့ကြောင့် ဝိညာဉ်ပိုင်း၌ ရေချိုးပြီးသောသူများ ဖြစ်သည်။ 

အဘယ်ကြောင့်ရေချိုးပြီးမှ​ခြေဆေးဘို့ လိုသေးသနည်း။ ဣသရေလ တိုင်း ပြည်၌ ရေသည်တွင်းရေကို အသုံးပြုသည်။ သုံးရေကို သယ်နိ်ုင်သော်လည်း ချိုးရေကို မသယ်နိုင်သောကြောင့် လူတိုင်းရေတွင်း နား၌ ရေချိုးတတ်ကြသည်။ ရေချိုးပြီးမှ အိမ်ပြန်သောအခါ ဖုံကြောင့်အိမ်ရောက်သောအခါ ​ခြေဆေးဘို့ လိုပြန်သည်။ ကိုယ်ခန္ဓာပိုင်း၌ ထိုသို့ဖြစ်၍ ဝိညာဉ်ပိုင်း၌ ရေချိုးခြင်းသည် သခင်ယေရှု၏ အသွေးတော်အားဖြင့် စင်ကြယ်ပြီဟု သိရပြီ။ သို့ဖြစ်လျှင် ဝိညာဉ် ​ခြေသည် အဘယ်အရာကို ဆိုလို၍ အဘယ်အရာကညစ်ညူး စေသနည်း။ ဝိညာဉ် ​ခြေသည် စိတ်နှလုံး ဖြစ်သည်။ ခရစ်ယာန် အသက်တာရှောက်လှမ်းသောအခါ၊ စိတ်နှလုံးက ဤလောကကို စွဲလန်း သောကြောင့် ညစ်ညူးသည်။ ခရစ်တော်က၊ “ခံတွင်း မှ ထွက်သောအရာ မူကား၊ နှလုံးထဲကထွက်လာ၍ လူကို ညစ်ညူး စေသောအရာ ဖြစ်၏။ ၁၉ မကောင်းသော ကြံ စည်ခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှား ယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ မမှန်သော သက်သေကို ခံခြင်း၊ သူ့အသရေကို ဖျက်ခြင်း အရာတို့သည် နှလုံးထဲကထွက်လာ၍၊ လူကို ညစ်ညူး စေသောအရာ ဖြစ်ကြ 
၏။” (မ ၁၅:၁၈-၂၀) ဟုဆိုသည်။ ကိုယ်ခန္ဓာသည် စိတ်နှလုံးကခိုင်းသောအရာ တို့ကို လုပ်ခြင်း ဖြစ်သည်။ ခိုးခြင်းသည် လက်ကလုပ်သော်လည်း စိတ်ကခိုင်းခြင်း ဖြစ်သည်။ ထို့ကြောင့် စိတ်နှလုံးကို ဆေးကြောဘို့ လိုသည်။ 

စိတ်နှလုံးကို မည်သည့်အရာအားဖြင့် ဆေးကြောရမည်နည်း။ ရေနှင့် ဆပ် ပြာအားဖြင့် ဆေးကြော၍ ရသည် မဟုတ်။ အသွေးအားဖြင့်လည်း မဟုတ်။ ကျမ်းစာက၊ “ထို အသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည် ဖြစ်၍၊ အညစ် အ​ကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့် တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော် ရေ၌ ဆေးကြောခြင်းအားဖြင့် စင်ကြယ် သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော် အဘို့ အလိုငှါ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။” (ဧဖက် ၅:၂၆-၂ရ) ခရစ်တော်သည် အသင်းတော် တည်းဟူသော ယုံကြည်သူများကို ‘နှုတ်ကပတ်တော် ရေ’အားဖြင့် ဆေးကြောသည် ဟုဆိုသည်။ သို့သော် သခင်ယေရှု ကိုယ်တိုင် ကဆေး ကြောပေးသည် မဟုတ်၊ ယုံကြည်သူ ကိုယ်တိုင် ကဆေးကြောဘို့ ဖြစ်သည်။ အိမ်၌ ဧည့်သည် ရောက် လာသောအခါ၊ အိမ်ရှင်ကဧည့်သည် အတွက် ရေ၊ ဆပ်ပြာ၊ သဘက်များကို ပေးသည်။ ဧည့်သည် ကထိုအရာများအားဖြင့် သူကိုယ်တိုင် ရေချိုးရမည်။ အိမ်ရှင်ကဧည့်သည်ကို ရေချိုးပေးလေ့မရှိချေ။ ထို့နည်းတူ၊ သခင်ယေရှုက ယုံကြည်သူကို ဆေးကြောပေးမည် မဟုတ်၊ ယုံကြည်သူ ကိုယ်တိုင် ကဆေးကြောဘို့ လိုသည်။ 

ယုံကြည်သူသည် မည်ကဲ့သို့ စိတ်နှလုံးညစ်ညူး သနည်း။ နေတိုင်း တီဗီ၊ ကွန်ပြူတာ၊ စမတ်ဖုန်း အသုံးပြုခြင်းအားဖြင့် ဖြစ်စေ၊ လူများနှင့် ပေါင်းဖေါ်ခြင်းအားဖြင့် ဖြစ်စေ၊ မသန့်ရှင်းသော အရာများ ပြုလုပ်ခြင်းအားဖြင့် ဖြစ်စေညစ်ညူး ကြသည်။ လောက အညစ်အ​ကြေးများကို နားနှင့် မျက်စိအားဖြင့် စိတ်နှလုံးထဲသို့ သွင်း ကြသည်။ မိလ္လ†ာမှလာသော ရေသည် ညစ်ညူး၍ ရွံစရာ ကောင်း သကဲ့သို့ မျက်စိနှင့် နားမှဝင်လာသော အရာများသည် ညစ်ညူး ကြသည်။ ထို့ကြောင့် စိတ်နှလုံးသည် ပုပ်သိုး၍ အမှိုက်ပုံး ဖြစ်ရသည်။ ထို့ကြောင့် ခလေး သီချင်း၌ ဆိုတတ် သကဲ့သို့၊ သင်သတိ ထားသင့်မျက်စိတ်ဘာကို ကြည့်၊ သင့်နားဘာကို ကြားဟုသောအရာကို ဂရုစိုက်ဘို့ လိုသည်။ ယုံကြည်သူသည် သန့်ရှင်းသော ဝိညာဉ် ရေးဆိုင်ရာကျမ်းစာကို စိတ်နှလုံးထဲ၌ မသွင်းဘဲ ညစ်ညူး သောလောကအရာများကိုသာ နေ့တိုင်း သွင်း ကြသည်။ ထို့ကြောင့် နှုတ်နှင့်ကို လက်အင်္ဂါများက ညစ်ညူးသော အရာများကိုသာ ပြန်ထုတ်တတ်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုမှစ၍ စိတ်နှလုံးအထဲ၌ ဝိညာဉ်ရေးရာများကိုသာ သွင်းကြပါစို့။ 

ညစ်ညူး ပြီးသော စိတ်နှလုံးကို နှုတ်ကပတ်တော် ရေအားဖြင့် ဆေးကြော ရမည်။ မည်ကဲ့သို့ ဆေးကြောမည်နည်း။ နှုတ်ကပတ်တော်ကို နားထောင်ခြင်း၊ ဖတ်ခြင်း၊ လေ့လာခြင်း၊ အလွတ်ကျက်ခြင်း၊ လေ့လာခြင်းအားဖြင့် ဆေးကြောရမည်။ နေ့တိုင်းရေချိုး သကဲ့သို့ နေ့တိုင်း ကျမ်းစာဖတ်ရမည်။ များသောအားဖြင့် ယုံကြည်သူများသည် နှုတ်ကပတ်တော်ကို နားထောင်ခြင်းအားဖြင့်သာလျှင် ရယူ ကြသည်။ နားထောင်ခြင်းသည် နေ့တိုင်း မလုပ်နိုင်သည်သာမက နှစ်ဆယ်ရာခိုင်နှုန်းလောက် သာဝင်နိုင်သည်။ ကိုယ်တိုင် ဖတ်မှနောက်ထပ်နှစ်ဆယ်ရာခိုင်နှုန်းရရှိမည်။ ကျမ်းပိုဒ်များကို အလွတ်ကျက်၊ လေ့လာမှပို၍ သိရှိ နားလည်ကာ အသက်တာ၌ အသုံးပြု နိုင်ပေမည်။ ကျမ်းစာက၊ “လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်း စေနိုင်ပါမည်နည်း၊ ဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်၊၊ ” တဖန်၊ “ကိုယ်တော်ကို မပြစ််မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာသို ထားပါပြီ၊၊ ” (ဆာ ၁၁၉:၉၊ ၁၁)ဟု တွေ့ရသည်။ 

စိတ်နှလုံးကို ကျမ်းစာဖတ်ခြင်း၊ လေ့လာခြင်း၊ ဆင်ခြင်း၊ နှလုံးသွင်းခြင်းအားဖြင့် သိရုံဖြင့် အလိုလို သန့်ရှင်းနိုင်မည် မဟုတ်။ ကိုယ်တိုင် လုပ်ဘို့ လိုသည်။ မည်ကဲ့သို့ အစပြုရမည်နည်း။ တနေ့လျှင် ထမင်းနှစ်ခါမှလေးခါလောက်အထိ စားတတ်ကြသည်။ ထမင်းစားချိန်မရသောသူ၊ အချိန် မပေးနိုင်သောသူမရှိပါ။ ထမင်းသည် ကိုယ်ခန္ဓာအစာ ဖြစ်သည်။ ကျမ်းစာသည် ဝိညာဉ် အစာ ဖြစ်သည်။ မိမိဝိညာဉ်ကို အစာမကြွေးဘဲ မည်ကဲ့သို့မျှ အားရှိနိုင်မည် မဟုတ်။ ထို့ကြောင့် နေ့တိုင်း ကျမ်းစာဖတ်ချိန် ၁၅-၂၀ မိနစ်သတ်မှတ်ပါ။ အနှောင့်အရှက် မရှိချိန်ကို ရွေး၍ နေ့တိုင်း ပုံ မှန်ကျမ်းစာကို ဖတ်ရှုပါ။ အစပဌမ ပိုင်း၌ ပျင်းစရာ ဖြစ်နိုင်သည်။ သို့သော် အရှုံးမပေးဘဲ ဖတ်ပါ။ တပတ်လောက်ဖတ်ရှုပြီးသောအခါ အကျင့်ပါလာပါလိမ့်မည်။ ထိုသို့ ကျမ်းစာဖတ်သောအခါ ဘုရားသခင်က နားလည် သဘောပေါက်စေဘို့ ဆုအနည်းငယ် တောင်းပါ။ ကျမ်းစာဖတ်ချိန်တွင် ဖုန်းပိတ်ထားပါ။ ဧည့်သည် မလာမည့် အချိန်ကို ရွေးပါ။ ထိုအချိန်သည် ဘုရားနှင့် စကားပြောသောအချိန် ဖြစ်သောကြောင့် လူများနှင့်အချိန် မယူပါနှင့်။ စည်းကမ်းသတ်မှတ်ပါ။ ကျမ်းစာ ကိုလည်း လွယ်ကူသောအရာ မှစဖတ်လျှင် ဖတ် ဖြစ်သွားမည်။ အစပြုဖတ်မည့် ကျမ်းစာများမှာ ရှင်ပေါလုရေးသော ဧဖက်၊ သက်သာလောနိတ်၊ ဂလာတိ၊ ကောလောသဲ၊ ကောရိန်သုများ ဖတ်ပါ။ နောက်မှ ခရစ်ဝင်ကျမ်းများနှင့် အခြား ဓမ္မသစ်ကျမ်းများကို ဖတ်ပါ။ ဓမ္မသစ်ပြီးမှ ဓမ္မဟောင်းကျမ်းများကို ဖတ်ပါ။ ကျမ်းစာဖတ်သောအခါ ဘောပင်ဖြင့် အရေးကြီးသည်ဟု ယူဆသော အရာများကို မျဉ်းသား ထားပါ။ စာရွက်၏ နံဘေး၌လည်း အတို ကောက်မှတ်သားပါ။ ဥပမာ ဧဖက် ၂:၁-၃ ဖတ်သောအခါ 

သင်တို့သည် အထက်ကလောကီတရားသို့ လိုက်၍ အာကာသကောင်း ကင်၏ တန်ခိုးကို အစိုးရသော မင်း တည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏ အလိုနှင့် အညီ၊ ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက် ရှိနေသော သင်တို့ကို ပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။ ထိုငြင်း ဆန်သော သူတို့နှင့်တကွ၊ ငါတို့ ရှိသမျှသည် အထက်ကကိုယ်ကာယ၏ အလိုသို့၎င်း၊ စိတ်၏ အလိုသို့၎င်း၊ လိုက်သဖြင့်၊ ကာမဂုဏ်တို့၌ ကျင်လည်သည် ဖြစ်၍၊ ကြွင်းသော သူတို့ ကဲ့သို့ပင်ပကတိအတိုင်း အမျက်တော်ကို ခံရသောသူ ဖြစ်ကြ၏။ 

အထက်ပါ ကဲ့သို့ မျဉ်းသားသည့်အပြင်မှာ ဘေးနား၌ ‘အပြစ်၌ သေ’၊ ‘ရှင် စေပြီ’၊ ‘ကိုယ်နှင့် စိတ် အလိုလိုက်’၊ ‘အမျက်ခံရ’၊ စသည်ဖြင့် ရေးမှတ်နိုင်သည်။ ထိုသို့ မှတ်သားပါက နောက်ပိုင်း၌ ပြန်လည်ရှာဖွေသောအခါ အလွန် အထောက်အကူ ပြုပါလိမ့်မည်။ နောက်မှဖတ်မည်ဟု မရွှေ့ဆိုင်းဘဲ ယခုမှစ၍ ဖတ်ပါ။ နောက်မှ ဟုဆိုလျှင် ဘယ်တော့မှဖတ် ဖြစ်တော့မည် မဟုတ်ပါ။ ကိုယ့် ဝိညာဉ်ကို အစာမ​ကျွေးလျှင် ဘယ် သူကမျှခွံ့​ကျွေးပေးမည် မဟုတ်ပါ။ ကိုယ်ခန္ဓာအစာ​ကျွေးဘို့ရန်အချိန် ပေး၊ ချက်ပြုပ် ရသကဲ့သို့ ဝိညာဉ် အစာကို ကြိုးစား၍ စားပါ။ အမှန်မှ ကိုယ်ခန္ဓာ အားရှိလာလျှင် အပြစ်လုပ်ဘို့ များသည်။ ဝိညာဉ် အားရှိလာလျှင် အပြစ်လုပ်ဘို့ နည်း၍ ဘုရား အလိုတော်အတိုင်း အသက်ရှင်လာခြင်းအားဖြင့် ပြသနာ များလည်း နည်းသွားပါလိမ့်မည်။ ဝိညာဉ် အားရှိလာလျှင် စိတ်ရွှင်လန်းဝမ်းမြောက်၍ အကြံထမြောက် အောင်မြင်မည်။ “ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှ အတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်း အလိုငှါ ကျမ်းစာကို မဘတ်မရွတ်ဘဲ မနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ် ရမည်။သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင် လိမ့်မည်။” (ယောရှု ၁:၈)။ အကြံထမြောက်၍ အောင်မြင် သောသူ ဖြစ်နိုင် ပါစေ။ 

 

ယေဟောဝါ သက်သေခံများထံ 
 

သက်သေခံနည်း

ယေဟေဝါ သက်သေခံများသည် အလွန် သက်သေခံသောသူများ ဖြစ်ကြသည်။ အိမ်တံခါးတိုင်းကို ခေါက်၍ လူတိုင်းကို သက်သေခံတတ်ကြသည်။ သို့သော် များစွာသောသူများသည် သူတို့ကို အမြင် ကပ်ကြ၍ အနှောက်အရှက်ပေးသည်ဟု ထင်ကြသည်။ အချို့သောသူများ ကအား ဏာသောကြောင့် နားထောင် ရာမှ သူတို့၏ အယူဝါဒများကို လက်ခံတတ်ကြသည်။ သူတို့၏ သွန်သင်ချက်များသည် ကျမ်းစာနှင့် ချိန်ထိုးကြည့်သောအခါ မှားယွင်း နေကြောင်း တွေ့ရသည်။ အဓိက မှားယွင်းသော အရာများမှာ၊ 

၁။ သခင်ယေရှုခရစ်ကို ဘုရားဟု မယုံကြည် ကြချေ။ သူသည် ကောင်းကင်တမန်  မိက္ခေလ ဟုဆို ကြသည်။ ထို့ကြောင့် သခင်ယေရှုခရစ်ကို မကိုးကွယ်ကြချေ။  သူတို့ ကသခင်ယေရှုကို ယုံကြည်သည် ဟုဆိုသော်လည်း ထိုကဲ့သို့ ယုံကြည်သောကြောင့် မှားယွင်းနေသည်။ 
၂။ သန့်ရှင်းသော ဝိညာဉ်တော်လည်း ဘုရား၊ ပုဂ္ဂိုလ်ဟူ၍ မယုံကြချေ။ ဘုရား၏ တန်ခိုးဟု သာယုံကြည်သည်။ ဘုရားသခင်သည် သုံးပါးတဆူ ဖြစ်သည်ဟု မယုံ  ကြည်ကြချေ။ 
၃။ ငရဲမီးအိုင် ရှိကြောင်း မယုံကြည် ကြချေ။ ဘုရားသခင်သည် မေတ္တာဘုရား ဖြစ်သော ကြောင့် လူကို ငရဲထဲ၌ ပြစ်ဒဏ်ပေးမည် မဟုတ်ချေ။ ငရဲသည် အာဗြဟံတို့ လက်ထက် မှ မီးလောင်ခဲ့ပြီ ဖြစ်သောကြောင့် ယခုအခါလောင်စရာ ရှိတော့မည်ဟုတ်၊  ပြာ ဖြစ်၍ အေးစက်နေလောက်ပြီဟု ယုံကြည်သည်။ 
၄။ မယုံကြည်သူများသေလျှင် ငရဲမရောက်၊ ပျောက်ပျက်သွားသည်၊ ဝိညာဉ် မရှိတော့ဟု ယူဆကြသည်။ 
၅။ ယုံကြည်သူများသည် ကောင်းကင် တက်ရမည် မဟုတ်၊ မြေကြီးသစ်၌ နေရမည် ဟုဆိုသည်။ 

မည်သည့်အရာ မပြောရသနည်း

သူတို့နှင့် သုံးပါးတဆူဘုရား အကြောင်း မဆွေးနွေးရ၊ အကြောင်းမှာ သုံးပါး တဆူသည် ရှင်း၍ မရနိုင်သောအရာ ဖြစ်သည်။ လူသည် ဦး နှောက်ဖြင့် အကုန် နားလည်ဘို့၊ ရှင်းရှင်းလင်းလင်းရှင်းဘို့ ကြံစည်တတ်ကြသည်။ သို့သော် လူ၏ ဦးနှောက်သည် ဘုရား ဖန်ဆင်းထားသောအရာ အားလုံး ကို မသိနိုင်ပါ။ ဥပမာ၊ ကိုယ်ပိုင်သော ခန္ဓာအကြောင်း အကုန် မသိရပါ။ ထို့ကြောင့် ဆရာဝန်များကို အားကိုးရသည်။ ဆရာဝန်များလည်း ခန္ဓာ၏ အစိတ်အပိုင်းများကို အထူးတာ ဝန်ယူ၍ သင်ကြသော်လည်း အားလုံး မသိရပါ။ ထို့ကြောင့် ကုသ၍ မရနိုင်သောအခါ လက်လျှော့အရှုံးပေးတတ်ကြသည် မဟုတ်ပါလော။ ထိုသို့ ကိုယ်ခန္ဓာအကြောင်းကို မသိရသော်လည်း ယပိုင်ဆိုင် နေကြ၊ အသုံးပြု နေကြသည် မဟုတ်ပါလော။ ကိုယ်ပိုင်သော ခန္ဓာအကြောင်း ပင်လျှင် မသိနိ်ုင်လျှင် အဘယ်ကဲ့သို့ ဘုရား၏ အဖြစ်တော်ကို လူ့ဦးနှောက်ကသိနိင်မည်နည်း။ ကျမ်းစာထဲမှဘုရား ဖေါ်ပြသမျှ သာလျှင် သိရသည်။ ထိုကြောင့်ကိုယ် မသိနိုင်သောအရာ ကိုအချိန် ကုန်၊ စိတ်ရှုပ်ခံ၍ မဆွေးနွေပါနှင့်။ ကျမ်းစာထဲ၌ ခရစ်တော်ကို ကိုးကွယ်ကြကြောင်း ဖေါ်ပြထားသော်လည်း ထိုအရာများကို ယေဟောဝါ သက်သေခံများ ကရိုသေခြင်း (သဘနငျ​ေညခန)ဟု ရှင်းပြတတ်သောကြောင့် သူတို့နှင့် ဆွေးနွေးလျှင်ကိုးကွယ်ခြင်း အကြောင်းနှင့် ပတ်သက်၍ မပြောသင့်ချေ။ ထိုအရာနှင့် ပြောလျှင် ဝင်ကမ္ဘာထဲရှောက်သွား သကဲ့သို့ ရှုပ်ထွေးသွားနိုင်သည်။အချိန် ကုန်၍ အ​ဖြေမရဘဲ ဖြစ်တတ်သည်။ 
 
နံဝိညာဉ် ဘုရား 

ယဟောဝါ သက်သေခံများက သန့်ရှင်းသော ဝိညာဉ်တော်ကို ဘုရားဟု မယုံ ကြည်ကြ၊ ဘုရား၏ တန်ခိုးသာလျှင် ဖြစ်သည်ဟု သိရပြီ။ သူတို့ကို ကျမ်းစာ ထုတ်၍ ယော ၄:၂၄ ဖတ်ခိုင်းပါ။ ခရစ်တော်က၊ “ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည်၊ နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ကိုးကွယ် ရမည်ဟု မိန့်တော်မူ၏။” မေးရမည့် အရာမှာသင်၊ “ဘုရားသခင်သည် ဘာ ဖြစ်သည် ဟုဆိုသနည်း။” သူ၊ “နံဝိညာဉ် ဖြစ်သည်။” သင်၊ “သို့ဖြစ်လျှင် နံဝိညာဉ် ဘုရားနှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ဘာကွာခြားသနည်း။ ’သူ၊ ​ဖြေ၍ ရတော့မည် မဟုတ်။ “သန့်ရှင်းသော” ဟူသော နာမဝိသေသနပါသောကြောင့် သူတို့က၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ဘုရားဟု လက်မခံခြင်း ဖြစ်သည်။ အမှန်မှာ ဘုရားသည် ဝိညာဉ် ဖြစ်သည်။ 

သူတို့ ကငရဲမီးအိုင် ရှိခြင်းကို မယုံကြည် ကြချေ။ အကြောင်းမှာ မီးသည် ကြာ ကြာလောင်သောအခါ ပြာ ဖြစ် သွား၍ လောင်စရာ မရှိတော့ဟု ယူဆကြသည်။ သူတို့ကို ကောင်းကင်က နေမင်းကြီးကို လက်ညိုးထိုးပြပါ။ သင်- “နေသည် ဘာ ဖြစ်သနည်း။” သူ၊ “မီး ဖြစ်သည်။” သင်၊ “နေသည်လောင်တာကြာပြီး ပြီလော။” သူ၊ “ကြာပြီ။” သင်၊ “ယနေ့ ထိပြာ ဖြစ်သွားသလော၊ ဆက်လောင်နေသလော၊ ” သူ၊ “လောင်နေပါသည်။” သင်၊ “ရုပ်လောက ဖြစ်သော နေမင်းကြီး ပင်လျှင် ယနေ့ တိုင်လောင်နိုင်လျှင်၊ ငရဲလည်း ထာဝရလောင်ဘို့ရန် ဘုရား ဖန်ဆင်းနိုင်သည်။” ဟုပြော လိုက်ပါ။ 

သူတို့သည် ခရစ်တော်ကို ဘုရား အဖြစ်မယုံ၊ ကောင်းကင်တမန် မိက္ခေလအဖြစ်သာလျှင်ယုံကြည် သောကြောင့် ခရစ်တော်ကို မကိုးကွယ်ကြချေ။ ဤသို့ မေးပါ။ သင်၊ “ခရစ်တော်ကို ကိုးကွယ်ပါသလား။” သူ၊ “မကိုးကွယ်ပါ၊ သူသည် ကောင်းကင်တမန်သာ ဖြစ်သောကြောင့် မကိုးကွယ်ရပါ။ ဘုရား တဆူတည်း သာလျှင်ကိုးကွယ်ရမည်။” သူတို့က ထိုသို့ ဆိုလျှင် သခင်ယေရှုသည် ဘုရား ဖြစ်ကြောင်းကို အောက်ပါ ကဲ့သို့ ရှင်းပြပါ။ 

ကောင်းမြတ်သည် 

“အရာရှိတယောက်က၊ ကောင်းမြတ်သော ဆရာ၊ ထာဝရ အသက်ကို အမွေခံရအံ့သောငှါ အ​ကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင် တ ပါးတည်း သာကောင်းမြတ်တော်မူ၏။” (လု ၁၈:၁၈-၁၉) ဤကျမ်းပိုဒ်ကို ဖတ်ပြ၍ ဤသို့ မေးပါ။ မေး၊ မည်သူသာလျှင် ကောင်းမြတ်သနည်း။ ​ဖြေ၊ ဘုရားသခင် သာလျှင် ကောင်းမြတ်သည်။ မေး၊ သို့ဖြစ်လျှင် သခင်ယေရှုသည် ကောင်းမြတ်ပါသလား။ ​ဖြေ၊ ကောင်းမြတ်သည်။ မေး၊ သို့ဖြစ်လျှင် သခင်ယေရှုသည် ဘုရား ဖြစ်သည် မဟုတ်လော။ ​ဖြေတတ်တော့မည် မဟုတ်။ 

တန်ခိုးကြီးသော ဘုရားသခင် 

 “အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူ လိမ့်မည်။” (ဟေရှာ ၉:၆) ဤကျမ်းပိုဒ်သည် သခင်ယေရှုခရစ် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည်။ သူ၏ နာမ တခုသည် ‘တန်ခိုးကြီးသော ဘုရားသခင် ’ ဟုဆိုသည်။ ထို့ကြောင့် သူသည် ဘုရားသခင် ဖြစ်ကြောင်း ထင်ရှားသည်။ ဤကျမ်းပိုဒ်ကို ဖတ်ခိုင်း၍ သူ၏ နာမများကို မေးပါ။ 

အာလဖနှင့် ဩမေဃ

“ငါသည် အလျင် အမြန် လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည် ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့ အကျင့်အတိုင်း ဆပ်ပေးမည်။ ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။” (ဗျာ ၂၂:၁၂-၁၃) မေး၊ အလျှင်အမြန် လာမည့် သူသည် အဘယ်သူ နည်း။ ​ဖြေ၊ သခင်ယေရှု ဖြစ်သည်။ အာလဖနှင့် ဩမေဃသည် ဂရိတ်အက္ခရာ၏ အစနှင့် အဆုံး ဖြစ်သည်။ မြန်မာအက္ခရာ၏ အစ‘က’နှင့် အဆုံး‘အ’ကဲ့သို့ဖြစ်သည်။ အာလဖ၏ အရင်မှာဘာမျှမရှိ သကဲ့သို့ ဩမေဃ၏ နောက်မှာဘာမျှမရှိတော့ပါ။ အဦးဆုံးနှင့် နောက်ဆုံးကို ဆိုလိုခြင်း ဖြစ်သည်။ မေး၊ အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူသည် မည်သူကသာ ပြောနိုင်သနည်း။ ​ဖြေ၊ ဘုရားကသာ ပြောနိုင်သည်။ မေး၊ သခင်ယေရှု ကသူသည် အဘယ်ကြောင့်အဦးဆုံးနှင့် နောက်ဆုံး၊ အစနှင့် အဆုံး ဟုဆိုသနည်း။ ​ဖြေတတ်တော့မည် မဟုတ်ပါ။ ယေဟောဝါ သက်သေခံများ ကသခင် ယေရှုသည် ဖန်ဆင်းခြင်း ခံရသည်။ သူသည် ကောင်းကင်တမန် မိက္ခေလ ဖြစ်သည် ဟုဆို ကြသည်။ သူသည် ဖန်ဆင်းထားသော ကောင်းကင်တမန် ဖြစ်လျှင် အထက်ပါကဲ့သို့ အဦးဆုံးနှင့် နောက်ဆုံးအရာကို ဆိုနိုင်မည် မဟုတ်ချေ။ 

 “ထိုသူကို ငါမြင်သောအခါ၊ သေမတတ် ဖြစ်၍ ​ခြေတော် ရင်း၌ လဲလျက် နေ၏။ ထိုသူသည် လကျ်ာလက်တော်ကို ငါ့ အပေါ်သို့ တင်လျက်၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ ငါသည် အဦးဆုံသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ ၁၈ အသက်ရှင်သောသူလည်း ဖြစ်၏။ ငါသည် အရင်သေသည် ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။” (ဗျာ ၁:၁ရ- ၁၈)။ အထက်ပါ ကျမ်းပိုဒ်၌ ယောဟန် ကမြင်၍ သေမတတ်ကြောက်သောသူသည် အဘယ်သူ နည်း။ သခင်ယေရှု ပင် ဖြစ်သည်။ သခင်ယေရှုက ‘ငါသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်သည်၊၊ ’
 ဟုဆိုသည်။ ထိုအပြင်သူက ‘ငါသည် အရင်သေ၍ အသက်နှင့် ပြည့်စုံသည် ’ ဟုဆိုသည်။ ထို့ကြောင့် ထိုသူသည် ခမည်းတော်ဘုရား မဟုတ်နိုင်ချေ။ သခင်ယေရှု သာလျှင် ဖြစ်သည်။ ထို့အပြင် မရဏာနှင့် မရဏာနိင်ငံကို အစိုးရသည် ဟုဆိုသည်။ မရဏာ နိင်ငံသို့ ချနိုင်သောသူသည် ဘုရား သာလျှင် ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုသည် ဘုရား ဖြစ်ကြောင်း ထင်ရှားသည်။ သခင်ယေရှုသည် ဘုရား ဖြစ်သော်လည်း မကိုးကွယ်လျှင် အပြစ်ရှိသည်။ 

ဧမာနွေလ

 “ကြည့်ရှုလော့။ သတို့သမီး ကညာသည် ပဋ္ဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား၊ ငါတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင် ဟုဆိုလိုသတည်း။”  (မ ၁:၂၃)

အထက်ပါ ကျမ်းပိုဒ်၌ သခင်ယေရှု၏ နာမသည် ဧမာနွေလ ဖြစ်သည်။ ဧမာနွေ လ၏ အနက်အဓိပ္ပါယ် ကိုလည်း ရှင်ပြထားသည်။ ငါတို့နှင့်အတူ ရှိသော ဘုရားသခင် ဟုဆိုသည်။ ထို့ကြောင့် သခင်ယေရှုခရစ်သည် ဘုရား ဖြစ်သည်။ 

ကြီး မြတ်သော ဘုရားသခင် 

 “အကြောင်းမူကား၊ မင်္လာရှိသော မြော်လင့်ရာကို၎င်း၊ကြီး မြတ်သော ဘုရားသခင် တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည် မြော်လင့်လျက်၊ ”  (တိတု ၂:၁၁-၁၃)။

ရှင်ပေါလုက၊ ‘ကြီး မြတ်သော ဘုရားသခင် တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ် ’ဟု အတိအလင်းရေးသား သွားသည်။ ထို့ကြောင့် သခင်ယေရှုခရစ်သည် ဘုရား ဖြစ်သည်။ အောက်၌လည်း အောက်တိုဘာလထုတ်စာစောင်ထဲမှပြန်လည်ထည့်ထားပါသည်။  

အပြစ် လွှတ်ပိုင်သည် 

အပြစ် လွှတ်ခြင်းသည် ဘုရားသခင်က သာလျှင် ပြုလုပ် နိုင်သည်။ ခရစ်တော်သည် အောက်ပါပုဂ္ဂိုလ်များကို အပြစ် လွှတ်ခြင်းအားဖြင့် သူသည် ဘုရား ဖြစ်ကြောင်းကို သက်သေပြသည်။ “လက်​ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသောသူတယောက်ကို အထံတော်သို့ ဆောင်ပေးကြ၏။ ယေရှုသည် ထို သူတို့၏ ယုံကြည်ခြင်းကို မြင်လျှင် လက်​ခြေသေသောသူအား၊ ငါ့သား မစိုးရိမ်နှင့်။ သင်၏ အပြစ်ကို လွှတ် စေပြီဟု မိန့်တော်မူ၏။ ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကို လွန်ကျူး၍ ပြောသည်ဟု ထင်ကြ၏။ ယေရှုသည် ထို သူတို့၏ စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့် ငြူစူသော စိတ်ရှိကြသနည်း။ အဘယ်စကားကိုသာ၍ ပြော လွယ်သနည်း။ သင်၏ အပြစ်ကို လွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်း သွားလော့ဟု ပြောလွယ်သလော။ လူသားသည် မြေကြီးပေါ်မှ ာ အပြစ် လွှတ်ပိုင်သည်ကို သင်တို့ သိစေခြင်းငှါ ထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့ သွားလော့ဟု လက်​ခြေသေသောသူအား မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ မိမိအိမ်သို့ သွားလေ၏။” (မ ၉:၂ -ရ) 

 “ထိုမိန်းမအား လည်း၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။ စားပွဲ၌ လျောင်းသော သူတို့က၊ အပြစ်ကို လွှတ်သော ဤသူကား အဘယ်သူ နည်းဟု အောက်မေ့ကြ၏။” (လု ရး၄၈-၄၉) ခရစ်တော်သည် ယုဒလူများ ကအပြစ် တင်မည့် အကြောင်းကို မသိသလော၊ သိပါသည်။ သို့ဖြစ်လျှင် အဘယ်ကြောင့်လူများ၏ အပြစ်ကို လွှတ်သည် ဟုဆိုသနည်း။ သူသည် အပြစ် လွှတ်ပိုင်သူ၊ ဘုရားသခင် ဖြစ်ကြောင်းကို ကျေညာနေခြင်း ဖြစ်သည်။ 
 
ဖန်ဆင်းရှင် ဖြစ်သည် 

ဖန်ဆင်းခြင်းသည် ဘုရားသခင် သာလျှင် တတ်နိုင်သည်။ ပြုလုပ်ခြင်းသည် လူကလည်း တတ်နိုင်သည်။ ဖန်ဆင်းခြင်းသည် မရှိသောအရာ မှ ဖြစ်စေ၍၊ ပြုလုပ်ခြင်းသည် ရှိပြီးသောအရာ မှ ဖြစ်စေသည်။ 

 “ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာ တစုံတခုမျှမရှိ။” (ယော ၁:၃) 

 “ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောက ကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကို မသိ။ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲ နေကြ၏။” (ယော ၁:၁၀-၁၁) 

 “ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော် ဖြစ်၏။ ဝေနေယျသတ္တာဝါ အပေါင်းတို့ တွင်လည်းသား ဦး ဖြစ်တော်မူ၏။ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင် ပေါ်၊ မြေကြီးပေါ်မှ ာ ရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်း တန်ခိုး ဖြစ်စေ၊ အထွဋ္ဋ်အမြတ် ဖြစ်စေ၊ အာဏာစက် ဖြစ်စေ၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာ တို့သည် ဖန်ဆင်းလျက် ဖြစ်ကြ၏။” (ကော ၁:၁၅-၁၆)။ အထက်ပါ ကျမ်းပိုဒ်များ ကြည့်ခြင်းအားဖြင့် ခရစ် တော်သည် ဖန်ဆင်းရှင် ဖြစ်သည်။

ကောင်းကင်တမန် မဟုတ်ကြောင်း 

ဟေဗြဲကျမ်းစာ ရေးသောသူက သခင်ယေရှုသည် ကောင်းကင်တမန် မဟုတ် ကြောင်းကို အောက်ပါကဲ့သို့ အလေးထား၍ ရေးသည်။ “ကောင်းကင်တမန်တို့ ရသောဘွဲ့နာမထက် ထူးမြတ်သော ဘွဲ့နာမတော်ကို ခံရသည်နှင့် အညီ၊ ကောင်းကင်တမန်တို့ထက်ကြီး မြတ်သောသူ ဖြစ်တော်မူ၏။ အကြောင်းမူကား၊ သင်သည် ငါ့သား ဖြစ်၏။ ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီဟူ၍၎င်း၊ ငါသည် သူ၏အဘ ဖြစ်မည်၊ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်ဟူ၍၎င်း၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှမိန့်တော်မူ သနည်း။” (ဟေ ၁:၄-၅) (ဆာ ၂:ရ၊ ၂ရာ ရး၁၄)။ ဤနေရာ၌ စာရေးသူက ခရစ်တော်သည် ကောင်းကင်တမန်တို့ထက်ကြီး မြတ်သောသူ ဖြစ်သည် ဟုဆိုသည်။ ထိုမျှသာမက ဘုရားသခင်က အဘယ် ကောင်းကင်တမန်ကိုမျှ (မိက္ခေလအပါအဝင်) “ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီဟူ၍၎င်း၊ ငါသည် သူ၏အဘ ဖြစ်မည်၊ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်ဟူ၍၎င်း၊ ” မပြောဘူးဘူး ဟုဆို ထားသည်။ သူတို့က၊ “ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီ၊ ” ဟုဆိုသောကြောင့် ခရစ်တော်သည် ဖန်ဆင်းခြင်း ခံရသည် ဟုဆိုနိုင်သည်။ သို့သော် ထိုအရာသည် ခရစ်တော် လူဇာတိခံခြင်းကို ဆိုလိုသည်။ 

“တနည်းကား၊ သား ဦးကို ဤလောကသို့ သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင်တမန် အပေါင်းတို့သည် ထိုသူကို ပြပ်ဝပ်ကိုးကွယ်ကြ စေဟု လာသတည်း။ တနည်းကား၊ မိမိတမန်တို့ကို လေကဲ့သို့၎င်း၊ မိမိအစေအပါတို့ကို မီးလျှံကဲ့သို့၎င်း ဖြစ်စေတော်မူ ထသောဟု ကောင်းကင်တမန်တို့ကို ရည် ဆောင်၍ ဆိုသတည်း။” (ဟေ ၁:၆ -ရ)။ ဤနေရာ၌လည်း ကောင်းကင်တမန် များနှင့် သားတော်ကို ခွဲခြား ဖေါ်ပြထားသည်။ ကောင်းကင်တမန် များကိုသားတော်ကိုးကွယ်ခိုင်းသည်။ ကိုးကွယ်ဟူသောစကား လုံးကို သူတို့ ကရိုသေ (သဘနငျ​ေညခန)ဟု ငြင်းခုံနိုင်သည်။ မည်သို့ပင်ဖြစ်စေ သားတော်သည် ကောင်းကင်တမန် များနှင့် မတူ၊ ထူးခြားကြောင်းကို ဖေါ်ပြလိုသည်။ 

 “သားတော်ကိုကား၊ အို ဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စ ထာဝရ ပလ္လင် ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံ ဖြစ်ပါ၏။ ကိုယ်တော်သည် ​ဖြောင့်မတ်ခြင်း တရားကို နှစ်သက်၍၊ မတရားသော အမှုကို မုန်းတော်မူ၏။ ထိုကြောင့်၊ အို ဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက်ခြင်း ဆီနှင့် ဘိသိက် ပေးတော်မူ ပြီဟု လာသတည်း။” (ဟေ ၁:၈-၉၊ ဆာ ၄၅:၆ -ရ) သားတော်ကို ‘အို ဘုရားသခင်၊ ’ ဟူ၍၎င်း၊ ‘ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရ ပလ္လင် ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံ ဖြစ်ပါ၏။ ’ ဟုဆိုသည်။ ကောင်းကင်တမန် များသည် နိုင်ငံနှင့် ပလ္လင်ရှိကြောင်း မသိရချေ။ 

 “သင်၏ ရန် သူတို့ကို သင်၏ ​ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့ လက်ျာဘက်၌ ထိုင်နေလော့ဟု၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူ ဘူးသနည်း။ ကောင်းကင်တမန် များတို့ကား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံ လတံ့သော သူတို့ကို ပြုစုစေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံနံဝိညာဉ် ဖြစ်ကြသည် မဟုတ်လော့။” (ဟေ ၁:၁၃-၁၄) အဘယ် ကောင်းကင်တမန်ကိုမျှ ‘သင်၏ ရန် သူတို့ကို သင်၏ ​ခြေတင်ရာငါမချမထားမှီတိုင်အောင် ငါ့ လက်ျာဘက်၌ ထိုင်နေလော့ဟု ’ ဘုရားသခင်က မဆိုဘူးဘူးဟု ရေးထားသည်။ ထို့ကြောင့် သခင်ယေရှုသည် ကောင်းကင်တမန် မိကေQQလ မဟုတ်ကြောင်း ထင်ရှားသည်။ “ဘုရားသခင်သည် ကိုယ်တော်ကို အလွန် ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက်ကြီး မြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။ အကြောင်းမူကား၊ ကောင်းကင် သတ္တဝါ၊ မြေကြီး သတ္တဝါ၊ မြေကြီး အောက်၌ ရှိသော သတ္တဝါ တည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင် ဖြစ်တော်မူ၏ဟု နှုတ်နှင့် ဝန်ခံ၊ ”မည် (ဖိလိ ၂:၉-၁၁)။ 

ကျမ်းစာဖတ်ကြစို့
 ဗျာဒိတ် ၂၂
        

၁။ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော် ထဲကထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အား ပြလေ၏။ 

ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်သည် ကျောက်သလင်းကဲ့သို့ ကြည်လင်သည်ကို တွေ့ရသည်။ ထိုပလ္လင်အထဲမှ ထွက်သော အသက်ရေစီးရာမြစ်သည် ဤလောက မြစ်နှင့် တူမည် မထင်။ လောက မြစ်များသည် သမုဒ္ဒ​ရာ၌ ဆုံးကြ၍ မိုဃ်းတိမ်ဖြင့် ပြန်တက်ကာမိုးရေဖြင့် ရွာချကာမြစ်၌ ပြန်စီးတတ်သည်။ ဗျာ ၂၁၌ သမုဒ္ဒ​ရာမရှိ ဟုဆိုသောကြောင့် ထိုမြစ်သည်လည်း ဤလောက ရှိမြစ်များနှင့် တူမည် မဟုတ်။ ရေ ဟုဆိုရာတွင် ခရစ်တော်က ဝိညာဉ်တော် ကိုလည်း ရေ ဟုဆိုလိုသည် (ယော ရး၃ရ- ၂၉)။ မိုးကောင်းကင်နှင့် မြေကြီးသစ်သည် ရုပ်လောက မဟုတ် တော့ဘဲ ဝိညာဉ်လောက ဖြစ်သည်။ 

ရုပ်လောက ဖြစ်ပါက ဟောင်းနွမ်း၍ ပျက်စီးယိုယွင်းကာ ပျောက်ပျက် သွားမည် ဖြစ်သည်။ သို့သော် ထာဝရ ကာလ၌ ရှိမည့် မိုးကောင်းကင်နှင့် မြေကြီးသစ်သည် ထာဝရ တည်တန့်မည် ဖြစ်သောကြောင့် မြစ်သည်လည်း ထာဝရ တည် တန့်မည့် အရာ ဖြစ်မည်။ ထိုအရာများကို ပျက်စီးတတ်သော ဤရုပ်လောက (ဏ့ပျငခ​ေူ တသမူိ) မှ နားလည်ဘို့ရန် မလွယ်ကူချေ။ 

၂။ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက် ပင်ရှိ၏။ ထိုအသက် ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်း ပေးတတ်၏။ အရွက်သည်လည်း လူ အမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဘို့ ဖြစ်၏။ 

မြို့လမ်းမအလယ်နှင့် မြစ်နှစ်ဘက်၌ အသက် ပင်ရှိသည် ဟုဆိုသည်။ အသက်သည် ဘုရားသခင်နှင့် ခရစ်တော် ကိုယ်တော်တိုင် ဖြစ်သည်။ ထိုအသက် ပင်သည် အသီးတဆယ့်နှစ်မျိုးကို သီးသည် ဟုဆိုရာတွင် မြေကြီး ပေါ်ရှိရာသီနှင့်် ကြည့်ပါက တလတမျိုးသီးမည့် ပုံပေါ်သည်။ သို့သော် မိုးကောင်းကင်နှင့် မြေကြီးသစ်၌ နေမရှိတော့ဘဲ ဘုရားသခင်နှင့် သိုးသငယ်သည် အလင်း ဖြစ်မည် ဖြစ်သောကြောင့် မြေကြီး ပေါ်၌ ကဲ့သို့ ရာသီနှင့် လများရှိမည် မထင်။ ထိုအရာများကို မြေကြီးပေါ်မှ သိနားလည်နိ်ုင်အောင် ဖေါ်ပြခြင်း ဖြစ်နိုင်သည်။ အရွက်သည်လည်း လူ အမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဘို့ ဖြစ်၏ ဟုဆိုသောကြောင့် ကောင်းကင်၌ အနာရောဂါရှိမည့် ပုံ ပေါ်သည်။ သို့သော် ကောင်းကင်၌ ဘုရားရှိသော နေရာတွင် ရောဂါရှိတော့မည် မဟုတ်။ သို့ဖြစ်လျှင် အဘယ်အရာကို ဆိုလိုမည်နည်း။ ကောင်းကင်ကို ရောဂါထူပျောသော ဤမြေကြီး အမြင်အားဖြင့် ဖေါ်ပြခြင်း ဖြစ်မည်။    

၃။ နောက်တဖန် ကျိန်ခြင်း ဘေးတစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ ​ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။  

ကမ္ဘာဦးကျမ်း၃၌ အပြစ်ကြောင့် ကျိန်ခြင်း စတင်ခဲ့၍ ဤ ဗျာဒိတ်ကျမ်း၌ ကျိန်ခြင်း မရှိတော့ကြောင်းရေးထားသည်။ ထိုမြို့ တည်းဟူသော ယေရုရှလင် မြို့သစ်၌ ဘုရားသခင်၏ ​ကျွန်တို့သည် ဘုရားဝတ်ပြုကြလိမ့်မည် ဟုဆိုသည်။ ဝိညာဉ် ရှိသောသူ ကောင်းကင်တမန် များနှင့် လူသားများသည် ဘုရားကို ဝတ်ပြုဘို့ရန် ဖန်ဆင်းခြင်း ဖြစ်သည်။ သို့သော် လူသားများသည် ဘုရားကို ဝတ်ပြုဘို့ ငြင်းဆန် နေကြသည်။ ထို့ကြောင့် မလိုအပ်ဘဲ မီးအိုင် ထဲသို့ ဆင်းရခြင်း ဖြစ်သည်။ 

၄။ မျက်နှာတော်ကို မြင်ရ၍၊ သူတို့ နဖူး၌လည်း နာမတော် ရေးထားလျက် ရှိလိမ့်မည်။ 

မျက်နှာတော်သည် ဘုရားသခင်၏ မျက်နှာကို ဆိုလိုခြင်း ဖြစ်သည်။ အဗရှလုံက သူ၏ အစ်ကို အမနုန်ကို သတ်သောကြောင့် ထွက်ပြေးခဲ့သည်။ ထိုနောက် စစ်သူကြီး ယွာဘကတောင်းရှောက်ပေးသောကြောင့် ဖခင် ဒါဝိဒ်ကပြန်ခေါ်သောအခါ “ရှင် ဘုရင်ကလည်း၊ မိမိအိမ်သို့ သွားစေ။ ငါ့မျက်နှာကို မမြင်စေနှင့်ဟု အမိန့်တော် ရှိသည် အတိုင်း၊ အဗရှလုံသည် မိမိအိမ်သို့ သွား၍ ရှင်ဘုရင်၏ မျက်နှာတော်ကို မမြင်ရ။” (၂ရာ ၁၄:၂၄)။ ထိုသို့ အဘမျက်နှာတော်ကို မမြင်သောကြောင့် အဗရှလုံသည် မကျေ နပ်နိုင်ချေ။ 

ဘုရားရှေ့မှာ မျက်နှာရသော မောရှေကဘုရားထံ၊ “ကိုယ်တော်၏ ဘုန်းကို အ​ကျွန်ုပ်အား ပြတော်မူပါ။ အ​ကျွန်ုပ်တောင်းပန်ပါ၏ဟု လျောက်လျှင်၊ ထာဝရဘုရားက ငါ၏ ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါရှောက်သွားစေမည်။ ထာဝရဘုရား၏ နာမတော် ကိုလည်း သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနားမည်။ သို့ရာတွင် သင်သည် ငါ့ မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသောသူတစုံတယောက်မျှ မရှိဟူ၍၎င်း၊ ငါ့အနားမှာနေရာ တခုရှိ၏။ သင်သည် ကျောက်ပေါ်မှာ ရပ်ရမည်။ ငါ့ ဘုန်းရှောက်သွားသောအခါ သင့်ကို ကျောက်ကြား၌ ငါသွင်းထား၍ ငါကြွသွားသည် အခိုက်၊ သင့်ကို ငါ့လက်နှင့် ဖုန်းအုပ်မည်။ ငါ့လက်ကို သိမ်းရုပ်သောအခါ၊ ငါ့ကျောကိုသာ မြင်ရမည်၊ ငါ့မျက်နှာကို မမြင်ရဟူ၍၎င်းမိန့််တော်မူ၏။” (ထွက် ၃၃:၁၈-၂၃) 

လူသည် အပြစ်ရှိသောကြောင့် ဘုရား၏ မျက်နှာတော်ကို မြင်ခွင့် မရရှိခဲ့ဘူးချေ။ သို့သော် ကောင်းကင်သစ် မြေကြီးသစ်၌ ဘုရားသခင်၏ မျက်နှာတော်ကို မြင်ရ ကြတော့မည်။ မည်မျှဝမ်းမြောက်စရာ ရှိမည်နည်း။ ကိုယ်ချစ််သူ၊ ကြည်ညုိသောသူ၊ အထင်ကြီးသောသူများကို မျက်နှာချင်းဆိုင်တွေ့မြင်မှသာ အားရတတ်သည်။ သင်သည် ယခုဘုရား၏ မျက်နှာတော် မြင်ဘို့ စိတ်မဝင်စားလျှင် ဘုရားသခင်ကို မချစ်၊ မကြည်ညို၊ အထင်မကြီးကြောင်း ထင်ရှားသည်။ ဘုရား ​ကျွန်များ၏ နဖူး၌လည်း ဘုရား၏ နာမတော် ရေးထားမည်။ ထိုအရာသည်လည်း ချစ်မှ၊ ကြည်ညိုလေးစားမှ သဘောပေါက်နိုင်သည်။ ကိုယ်ချစ်သူ၏ နာမည်ကို လက်ဖဝါးနေရာတိုင်း၌ ရေးချင် တတ်ကြသည် မဟုတ်လော။ နာမည်ရေးခြင်းသည် ယပိုင်ဆိုင်မှုကို ပြသည်။ စာအုပ် အဖုံး၌ နာမည်ရေးခြင်းအားဖြင့် မည်သူက ယပိုင်ဆိုင်သည်ကို ဖေါ်ပြသိရှိနိုင်သည်။ 

၅။ ထိုမြို့၌ ညဉ့်မရှိရ၊ ဆီမီးကို အလိုမရှိ။ နေ၏ အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာဝရ အရှင် ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက်စိုးစံရကြလတံ့။ 

ထိုမြို့၌ ညဉ့်မရှိဆီမီးမလိုနေအရောင်လည်း မလို ဟုဆိုသည်။ အကြောင်းမှာ ထာဝရဘုရားသခင် ကိုယ်တော်တိုင်သည် အလင်း ဖြစ်သည်။ နေအလင်းသည် ကောင်းသော်လည်း အလွန် ပူပြင်းတတ်သည်။ လူလုပ်သော အလင်းများလည်း ကောင်းသော်လည်း မီးလောင်တတ်သည်။ သို့သော် ထာဝရဘုရား၏ အလင်းသည် ထိခိုက်ခြင်း မရှိ လူသားများအတွက် အကောင်းဆုံး ဖြစ်မည်။ သူတို့ တည်းဟူသော ဘုရား၏ ​ကျွန်များသည် ကမ္ဘာအဆက်ဆက် တည်းဟူသော ထာဝရ ကာလ ပတ်လုံး စိုးစံရမည် ဟုဆိုသည်။ ဤကမ္ဘာပေါ်၌ လူအများစုသည် အအုပ်အချုပ်ခံရသောကြောင့် လွတ်လပ်သင့်သလောက် မလွတ်လပ်ကြချေ။ သို့သော် ထာဝရ ကာလ၌ အုပ်ချုပ် သူများ ဖြစ်လာကြမည်။ 

၆။ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာ စကား၊ ဟုတ်မှန်သောစကား ဖြစ်၏။ ပရောဖက်တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရ အရှင် ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှု အရာများကို မိမိ​ကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင် တမန်တော်ကို စေလွှတ်တော်မူပြီ။  

ကောင်တမန် ကယောဟန်ထံ၌ ဤစကားသည် သစ္စာ စကား၊ ဟုတ်မှန်သောစကား ဖြစ်သည် ဟုဆိုသည်။ ယခု ဤလောက၌ ကျမ်းကျိန်၍ ဝန်ခံတတ်သော်လည်း မုသာစကားများသာ ပြောဆို တတ်ကြသည်။ ဘုရားသခင် မုသာ မပြောတတ်၊ မပြော နိုင် သကဲ့သို့ သူ၏ ကောင်းကင်တမန် များလည်း မုသာ မပြောကြချေ။ ထိုနည်းတူ ဘုရားသား များလည်း မုသာ မပြောသင့်ချေ။ ပရောဖက်တို့၏ ဝိညာဉ်ကို အစိုးရသောသူသည် ထာဝရဘုရား ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဘုရား၏ အလိုတော်၊ အကြံတော်နှင့် အနာဂတ်၌ ဖြစ်ပျက်မည့် အရာများကို ကြိုတင် ဟောပြောနိင်ကြခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်မည့် အရာများကို လူသားများအား ကြိုတင် အသိပေးတတ်သည်။ 
ရ။ ငါသည် အလျင် အမြန် လာမည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္လာရှိ၏ဟု ပြောဆို၏။  

အလျှင် အမြန် လာမည့် သူသည် ခရစ်တော် ပင် ဖြစ်သည်။ သူက ဤစာစောင် တည်းဟူသော ဗျာဒိတ်ကျမ်းစကားကို စောင့်ရှောက်သောသူသည် မင်္လာရှိသည် ဟုဆိုသည်။ ဤမင်္လာစကားသည် ဆဌမမြောက် ဖြစ်သည်။ မည်သည့်အ​ခြေအနေ၌ မင်္လာရှိမည်နည်းဟူမူကား ဤ ဗျာဒိတ်ကျမ်းစကားများကို စောင့်ရှောက်မှ ဖြစ်သည်။ 

၈။ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကို ပြသော ကောင်းကင်တမန်၏ ​ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။  

ယောဟန်သည် ဗျာဒိတ်ကျမ်းထဲ၌ သူရေးသား ထားသော အရာများကို နားဖြင့် ကြားရုံသာမက မျက်စိနှင့်လည်း မြင်သည် ဟုဆိုသည်။ ထိုသို့ ကြားမြင်သောကြောင့် သူ့ကို ပြသသော ကောင်ကင် တမန်တော် အပေါ်၌ ကျေးဇူးတင်ဝမ်းမြောက် လွန်းသောကြောင့် သူ့ကိုကိုးကွယ်ဘို့ရန် ပြပ်ဝပ်ခြင်း ဖြစ်သည်။ ယောဟန်သည် ဗျာ ၁၉:၁၀၌လည်း ကောင်းကင်တမန်ကို ကိုးကွယ်ဘို့ ကြံရွယ်ခဲ့ပြီး ပြီ။ သို့သော် ကောင်းကင်တမန် ကကိုးကွယ်ခြင်းကို ငြင်းဆန်ခဲ့သည်။ အကြောင်းမှာ ကိုးကွယ်ခြင်းသည် ဘုရားသခင်နှင့်သာ သက်ဆိုင်သည်။ လူသည် စာတန် နောက်လိုက် သောကြောင့် လူများ၏ကိုးကွယ်ခြင်း၊ ချီးမွမ်းခြင်းကို လိုချင် တတ်ကြသည်။ သူတပါး၏ကိုးကွယ်ခြင်း၊ ချီးမွမ်းခြင်းကို မလိုချင် ကြပါစို့နှင့်။ ဘုရားသခင်ကိုသာ လျှင်ကိုးကွယ်၍ ချီးမွမ်းကြပါစို့။ 

၉။ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏ လုပ်ဘော်ဆောင်ဘက် ဖြစ်၏။ သင်၏ အစ်ကို ပရောဖက်တို့နှင့် ဤစာစောင်၏ စကားကို စောင့်ရှောက်သော သူတို့၏ လုပ် ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ 

ဗျာ ၁၉:၁၀၌ ကဲ့သို့ပင် ကောင်းကင်တမန် ကယောဟန်၏ကိုးကွယ်ခြင်းကို ငြင်းဆန်ခဲ့သည်။ ကောင်းကင်တမန် ကသူသည် ယောဟန်၏ လုပ်ဘော်ဆောင် ဘက် ဖြစ်သည် ဟုဆိုသည်။ ကောင်းကင်တမန် များသည်ထက် အဆင့်မြင့်၍ တန် ခိုးကြီးသော်လည်း ဘုရားများမဟုတ်ပါ။ သူတို့လည်း ဖန်ဆင်းထားသောအရာ ဖြစ်၍ ဘုရားသခင်၏ ​ကျွန်များ ဖြစ်ကြသည်။ ကောင်းကင်တမန်က ဘုရားသခင်ကိုသာ ကိုးကွယ်ဘို့ ညွှန်ပြသည်။ အဘယ်ကြောင့် များစွာသော ခေါင်းဆောင် များတော် ကြသော်လည်း နောက်ပိုင်း၌ ကျဆင်းသွားကြသနည်းဟူမူကား လက်အောက် ငယ်သား များ၏ကိုးကွယ်ခြင်း၊ ချီးမွမ်းခြင်းကို လက်ခံ၍ အရသာခံကြသောကြောင့် ဖြစ်သည်။ ဘုရား၏ နေရာ၌ နေကြသောကြောင့် ဘုရား၏ တရားစီရင်ခြင်း ခံရ ကြသည်။ 


၁၀။ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန် ရောက်လုနီးပြီ။ ၁၁။ မတ ရားသောသူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူး စေ ဦး။ ​ဖြောင့်မတ်သောသူသည်  ​ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်း စေဦး။ 

 ကောင်းကင်တမန် ယောဟန်ထံ “မိုဃ်းကြိုး သံ ခုနစ်ချက်မြည်ပြီးမှငါသည် ရေးမှတ်မည်ဟုအား ထုတ်သော်၊ ကောင်းကင်မှ ထွက်သော အသံကား၊ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့် ဟုဆိုသည်ကို ငါကြား၏။” (ဗျာ ၁၀:၄)ဟု မိုဃ်းကြိုးခုနချက်နှင့် ပတ်သက်၍ တံဆိပ် ခတ်ခိုင်းခဲ့သည်။ ဘုရားသခင်က ကဒံယေလထံ၊ “ညဦးနှင့် နံနက်ကို ဘော်ပြသော ဗျာဒိတ်ရှုပါရုံစကား မှန်သည် ဖြစ်၍၊ ထိုစကားကို တံဆိပ်ခတ်ထားလော့။ တာရှည်သော ကာလ တိုင်တိုင်တည်လိမ့်မည် ဟုဆို၏။” (ဒံ ၈:၂၆)။ သို့သော် ဤနေရာ၌ ယောဟန်ထံ ဤ အနာဂတ္တိကျမ်းကို တံဆိပ်မခတ်မည့် အကြောင်း ပြောထားသည်။ အကြောင်းမူကား ကာလ ချိန်ရောက်လုနီးပြီ ဟုဆိုသည်။ 

 “မတရားသောသူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူး စေဦး။ ​ဖြောင့်မတ်သောသူသည် ​ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။” ဟုဆိုရခြင်းသည် တရားစီရင်ခြင်း မရှိသေးကြောင်း၊ သို့သော် တရား စီရင်ချိန်ရောက်သောအခါ၊ လူတိုင်း မိမိကျင့်သည့်အတိုင်း ခံရမည်အကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ ထို့ကြောင့် တရားစီရင်ခြင်း မတိုင်မှီ မိမိအကျင့်ကို ဆင်ခြင်၍ ပြောင်းလဲဘို့ လိုပါက ပြောင်းလဲသင့်သည်။ ​ဖြောင့်မတ်သောသူများလည်း၊ သူတပါးအပြစ် လုပ်သော်လည်း စိတ်ဓါတ်မကျဘဲ၊ ​ဖြောင့်မတ်စွာ အသက်ရှင်ဘို့ ဖြစ်သည်။ 

၁၂။ ငါသည် အလျင် အမြန် လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည် ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့ အကျင့်အတိုင်း ဆပ်ပေးမည်။  

ခရစ်တော် ကသူသည် အလျှင် မမြန်လာမည် ဟုဆိုသည်။ ခရစ်တော်သည် ထိုသို့ ဆိုသော်လည်း အဘယ်ကြောင့်နှစ်ပေါင်းနှစ်ထောင် နီးပါးမလာဘဲ ကြန့်ကြာ နေသနည်း။ အကြောင်းမှာ ခေတ်အဆက်ဆက်က ယုံကြည်သူများအတွက် အဆင် သင့် ပြင်ဆင် စေချင် သောကြောင့် ဖြစ်သည်။ အကယ်၍ သူလာမည့် အချိန်ကို အတိအ ကျပြောပါက သူလာမည့် အချိန်သည် ဝေးသေးလျှင် ယုံကြည်သူများပေါ့ဆမည် ဖြစ်သည်။ ယခုမူ ယုံကြည်သူ တိုင်းက၊ သူတို့ ခေတ်၌ လာမည်ဟု ထင်မှတ်သောကြောင့် အ ဆင်သင့်စောင့်မြော်ကြမည် ဖြစ်သည်။ 

ခရစ်တော်သည် သူ လာသောအခါ အကျိုးအပြစ်ကို ဆောင်ခဲ့သည် ဟုဆိုသည် (မ ၁၆:၂ရ၊ ရော ၂:၆)။ ထို့ကြောင့် ယုံကြည်သူများဆုရဘို့နှင့်သာဓု သစ္စာရှိသော ငယ်သားကောင်းဟု အချီးအမွမ်းခံဘို့ရန် ကျန်ရှိ သေးသောအချိန် အနည်းငယ် အတွင်း၌ သူခိုင်းသော အလုပ်ကို လုပ်ကြပါစို့။ ဆန္ဒရှိလျှင် သူ့အလိုတော် မလုပ်နိုင်စရာ အကြောင်း မရှိချေ။ အကြောင်းမှာ သူကိုယ်တိုင် ဝိညာဉ်တော်အားဖြင့် ဦးဆောင်မည် ဖြစ်သောကြောင့် ဖြစ်သည်။ 

၁၃။ ငါသည် အာလဖ ဖြစ်၏။  ဩမေဃလည်း ဖြစ်၏။  အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။  အစနှင့် အဆုံးလည်း ဖြစ်၏။  

ငါသည် အာလဖ ဖြစ်၏။  ဩမေဃလည်း ဖြစ်၏။  အဦးဆုံးသောသူ၊ နောက်ဆုံး သောသူ ဖြစ်၏ ဟုဆိုနိင်သောသူသည် ဘုရား သာလျှင် ရှိသည်။ ထို့ကြောင့် ဤနေရာ၌ ခရစ်တော်သည် ဘုရား ဖြစ်ကြောင်း ထင်ရှားသည်။ ထိုအရာကို ဗျာ ၁:၈၊၌လည်း တွေ့ခဲ့ရပြီ။ 

၁၄။ အသက် ပင်နှင့် ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သော သူတို့သည် မင်္လာရှိကြ၏။  

 ဘုရားသခင် ရှေ့၌ အပြစ်ကင်း၍ ​ဖြောင့်မတ်နိင်ဘို့ရန် ကျင့်စောင့်နိင်သောသူ တယောက်မျှ မရှိချေ (ရော ၃:၂၃၊ ဂလာ ၂:၂၁၊ ၃:၁၀)။ ထို့ကြောင့် ဘုရားသခင်က ခရစ်တော်အားဖြင့် အပြစ်ကင်းခြင်း တည်းဟူသော ​ဖြောင့်မတ်ခြင်းကို အခမဲ့ပေးထားသည် (ရော ၃:၂၄)။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ထို​ဖြောင့်မတ်ခြင်းရရှိနိုင်သည်။ ထိုသို့ ​ဖြောင့်မတ်ခြင်းရရှိသောသူများ အနေဖြင့် ပညတ်တော် အတိုင်း အသက်ရှင်ရမည်။ ပညတ်တော် ဆိုသည်မှာ ဘုရားသခင်၏ အလိုတော် ဖြစ်သည်။ ​ဖြောင့်မတ်သောသူတိုင်းသည် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ရမည်။ ထိုသို့ အသက်ရှင်နိုင်ရန်လည်း သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် တန်ခိုးပေးထားသည်။ 

၁၅။ ပြင်၌ကား၊  ခွေး ဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲ သောသူ၊ လူအသက်ကို သတ်သောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာ ပျက်ခြင်းကို နှစ်သက်၍ ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။  

ပြင်၌ ကား ဆိုသည်မှာ ကောင်းကင် အပြင်ဘက်ကို ဆိုလိုသည်။ ကောင်းကင် အပြင်ဘက်၌ မီးအိုင် ရှိသည်။ ထိုနေရာ၌ ခရစ်တော် မလက်ခံသောသူတိုင်း ဒုက္ခ ဆင်းရဲခံ၍ နေရသည်။ ထို သူတို့ကို ခွေးနှင့် နှိုင်းထားသည်။ သူတို့၏ အကျင့်များလည်း ပြုစားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ လူအသက် သတ်ခြင်း၊ ရုပ်တုကို ကွယ်ခြင်း၊ သစ္စာ ပျက်ခြင်းတို့ ဖြစ်သည်။ ထိုအပြစ်များပြုလုပ် သောကြောင့် ငရဲရောက်ကြသည် မဟုတ်ဘဲ၊ ဘုရားသခင်က ခရစ်တော်အားဖြင့် အခမဲ့ပေးထားသော ကယ်တင်ခြင်းကို လက်မ ခံကြသောကြောင့် ဖြစ်သည်။ အကယ်၍ အထက်ပါ အပြစ်များကြောင့် ငရဲသို့ ရောက်ပါက အဘယ်သူမျှ ကောင်းကင်နိင်ငံသို့ ရောက်နိုင်မည် မဟုတ်။ 

၁၆။ ငါယေရှုသည်၊ အသင်းတော်တို့ အဘို့ ဤအရာများကို သင်တို့အား သက်သေ ခံစေခြင်းငှါ၊ ငါ၏ ကောင်းကင်တမန်ကို စေလွှတ်၏။  ငါသည်ကား၊   ဒါဝိဒ်၏ အမြစ် ဖြစ်၏။ အနွယ်လည်း ဖြစ်၏။  ထွန်းတောက်သော မိုဃ်းသောက်ကြယ်လည်း ဖြစ်၏။  

ယေရှု ကငါသည် ဒါဝိဒ်၏ အမြစ် ဖြစ်၏ ဟုဆိုခြင်းသည် သူ၏ ဘုရား ဇာတိကို ဖေါ်ပြခြင်း ဖြစ်သည်။ သူသည် ဒါဝိဒ်မတိုင်မှီတွင် ရှိနှင့် ခဲ့ပြီ။ ဒါဝိဒ်၏ အနွယ်လည်း ဖြစ်၏ ဟုဆိုခြင်းသည် သူ၏ လူ့ဇာတိကို ဖေါ်ပြခြင်း ဖြစ်သည်။ သူသည် ဒါဝိဒ်၏သား စဉ်မြေး ဆက် ဖြစ်သည်။ ထိုကဲ့သို့သော လူသည် ကမ္ဘာပေါ်၌ သူသာလျှင် ရှိသည်။ ထိုအရာနှင့် ပတ်သက်၍ ယေရှုက ဖါရိရဲှများ ထံ ဤသို့ မေးခွန်းထုတ်ဘူးသည်၊ “ဖာရိရဲှတို့သည် စု ဝေး၍ နေကြစဉ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ ထင်မှတ်ကြသနည်း။ အဘယ်သူ၏သား ဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါဝိဒ်၏သား ဖြစ်သည်ဟု လျှောက်ကြသော်၊ သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော်အားဖြင့် အဘယ်ကြောင့်ခေါ်သနည်း။ ဒါဝိဒ်၏ စကားမှာ၊ ထာဝရဘုရားက၊ သင်၏ ရန် သူတို့ကို သင်၏ ​ခြေတင်ရာငါမချမထားမှီတိုင်အောင် ငါ့လကျ်ာဘက်၌ ထိုင်နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။ ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင်၊ အဘယ်သို့ သူ၏သား ဖြစ်သနည်းဟု မေးတော်မူသည် ရှိသော်၊ အဘယ်သူမျှ စကား တခွန်းကို ပြန်လျှောက်ခြင်းငှါ မတတ်နိုင် ကြ။” (မ ၂၂:၄၁-၄၆)။ ဖာရိရှဲတို့ ကသခင်ယေရှုသည် ဘုရား ဖြစ်ကြောင်းကို လက်မခံသောကြောင့် ထိုသို့ မ​ဖြေနိုင်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဘုရားနှင့် လူဖြစ်ကြောင်း ယုံကြည်သူများအတွက် ထိုမေးခွန်းသည် အလွယ်တကူ​ဖြေနိ်ုင်သည်။ 

၁၇။ ဝိညာဉ်တော်နှင့် မင်္လာဆောင်သတို့သမီးက၊ လာခဲ့ပါ ဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါ ဟုဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကို မပေးဘဲ အသက်ရေကို ယူပါစေ။ 

ခရစ်တော် ကငါသည် အလျှင်အမြန် လာမည် ဟုဆိုခြင်းကို ဝိညာဉ်တော်နှင့် မင်္လာဆောင်သတို့သမီးက လာခဲ့ပါဟု ဆ ကြသည်။ သင်လည်း ထိုသို့ ဆိုနိုင်ပါသ လား။ ယနေ့ ယုံကြည်သူ အများစုသည် ခရစ်တော် လာမည့် အရာကို အလိုမရှိကြသည်ကို အံ့ဩ ဝမ်းနည်းဘွယ်တွေ့မြင်နေရသည်။ ခရစ်တော် ဤလောကသို့ ကြွလာခြင်းကို စာတန် ကအလိုမရှိချေ။ အကြောင်းမှာ သူကို တိုက်ခိုက်၍ သူပိုင်သော ဤလော ကကို သူ့ထံမှ ဆွဲနှုတ်ကာ သူကိုယ်တိုင် ကအုပ်ချုပ်မည် ဖြစ်သည်။ ယုံကြည်သူများလည်း စာတန် ပိုင်သော ဤလောကကို တပ်မက်သောကြောင့် ခရစ်တော် ကြွလာခြင်းကို အလိုမရှိကြချေ။ အကယ်၍ ခရစ်တော် လာဘို့နှင့် မလာဘို့ မဲထည့်ခိုင်းပါက မလာဘို့ရန် မဲထည့်မည့်သူ အများစု ဖြစ်မည်ဟု ယူဆပါသည်။ သင်သည် ခရစ်တော် ကြွလာမှာကို လိုချင် ပါသလော။ 

၁၈။ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူ အပေါင်းတို့အား ငါသက်သေ ခံသည်ကား၊ အကြင်သူသည် ဤအရာတို့၌ ထပ်၍ အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူ အပေါ်သို့ ဘုရားသခင် သက်ရောက်စေတော်မူမည်။  

အဘယ်သူမျှ ဘုရား ခွင့်ပြုချက် သို့မဟုတ် ဘုရားကမခိုင်းဘဲ ကျမ်းစာ မရေး နိုင်ချေ။ ဤ ဗျာဒိတ်ကျမ်းကိုလည်း ထပ်၍ အသစ်သွင်း၍ မရပါ။ အကယ်၍ ထပ်သွင်းပါက ဤစာစောင်၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူ အပေါ်သို့ ဘုရားသခင် သက် ရောက်စေတော်မူမည် ဟုဆိုသောကြောင့် ကြောက်စရာ ကောင်းသည်။ 

၁၉။ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာ စောင်၌ ရေးထားသော အသက် ပင်နှင့်၎င်း၊ သန့်ရှင်းသော မြို့တော်နှင့်၎င်း၊ ထိုသူစပ် ဆိုင်သော အခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။  

ဤ ဗျာဒိတ်ကျမ်းစာထဲမှ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၍လည်း မရပါ။ ကြိုက်နှစ်သက်သည် ဖြစ်စေ၊ မကြိုက်နှစ်သက်သည်ဖြစ်စေ ရေးသား သမျှ အတိုင်း လက်ခံယုံကြည်ဘို့ လိုသည်။ အကြောင်းမှာ ဘုရားသခင်သည် လူ့ အလိုဆန္ဒအတိုင်း အလုပ် လုပ်သည် မဟုတ်၊ သူ၏ အကြံတော် အတိုင်း အလုပ် လုပ်သည်။ ထို့ကြောင့် ဗျာဒိတ်ကျမ်းမှအချို့ကို ပယ်လျှင် အသက် ပင်နှင့်၎င်း၊ သန့်ရှင်းသော မြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သော အခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည် ဟုဆိုသောကြောင်းရေးသား ချက်အတိုင်း ယုံကြည် လက်ခံဘို့ လိုသည်။ 

၂၀-၂၁။ ငါသည် အလျင် အမြန် လာမည်မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူမိန့်တော်မူ၏။ အာမင်။ သခင်ယေရှု ကြွလာတော်မူပါ၊ ငါတို့ သခင်ယေရှုခရစ်၏ ကျေး ဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ 

ခရစ်တော် ကသူသည် အလျှင်အမြန် လာမည် ဟုဆိုသောအခါ ယောဟန်က အာမင်၊ သခင်ယေရှု ကြွလာတော်မူပါ ဟုဆိုနိုင်သည်။ အကြောင်းမှာ တမန်တော် ယောဟန်သည် သခင်အတွက် အသက်ရှင်၍ ပတ်မု​ကျွန်း၌ ထောင်ချခံသည်။ သခင်ယေရှု ကြွလာမှသာလျှင်ထိုဒုက္ခ ထဲမှ လွတ်မြောက်နိုင်ပေမည်။ သူ၏ တခုတည်းသော မြော်လင့်ချက်သည် သခင်ယေရှု ကြွလာမည့် အရာ ဖြစ်ပေလိမ့်မည်။ ​ကျွန်ပ်တို့ မူကား ဤလောက၌ မြော်လင့်သော အရာများ လွန်းသောကြောင့် သခင်ယေရှု ကြွလာမည့် အရာကို မမြော်လင့်ကြ။ ထို့ကြောင့် ယောဟန်ကဲ့သို့ အာမင်၊ သခင်ယေရှု ကြွလာတော်မူပါဟု မဆိုနိုင်ခြင်း ဖြစ်သည်။ 

 

ခရီး စဉ်များ 


ဆရာမောဇက်နှင့်ကို မိုင်ကယ်တို့သည် ဥခအ ၅-၁၁ရက်အတွင်း Chapel Hills, North Carolina မြို့ရှိ၌ သွားကာ၊ ခေတ်ကာလ၊ ကယ်တင်ခြင်းနှင့် ခရစ်ယာန် အသက်တာများကို သင်ပေးကြပါသည်။ အပြန်ခရီးတွင် Charlotte မြို့၌လည်း နှစ်ညအိပ်၍ ဦးဗန်ရာလ်ထန်းအိမ်တွင် လူ၂၀ ကျော်ကို သင်တန်းပေးနိုင်ခဲ့ပါသည်။ ထိုမှတဆင့် Nashville, Tennessee မြို့ရှိသတင်းကောင်း နှစ်ခြင်း အသင်းတော်၌လည်း နှစ်ည အိပ်သင်တန်းပေးနိုင်ခဲ့ပါသည်။ 

ဆရာအား ဆာ ဦးဆောင်၍၊ ဒေါ်နောရင်း၊ကို နော်မိုင်တို့သည် Oct 10-19 အတွင်း Colombia, MO  သက်သေခံ၊ သင်တန်းများ ပေးကြကာ အလွန် အားရကြကြောင်း သတင်းရရှိပါသည်။ ထိုအဖွဲ့သည်Kansas မြို့သို့လည်း Oct 20-25 သွားရောက်ကာ ကယ်တင်ခြင်းနှင့် ခေတ်ကာလ များအကြောင်းကို သက်သေခံသင်တန်းပေးကြပါသည်။ 


အမှုတော်ဆောင်သင်တန်း


အမှုတော်ဆောင်မွန်းမံသင်တန်းကို လ၏ နောက်ဆုံးပတ်တိုင်း ပြုလုပ်ဘို့ စီစဉ်သည့်အတိုင်း Oct 26-30 အတွင်း Indianapolis GBC ၌ အောင်မြင် စွာ ပြုလုပ် နိုင်ခဲ့ပါသည်။ ထိုသင်တန်း၌ အမှုတော်ဆောင် ၁၄ ဦးတက်ရောက်နိင်ကြပါသည်။ဩလ လတွင် သင်တန်းမရှိဘဲ Dec 1-4 တွင် ပြန်လည် ပြုလုပ်မည် ဖြစ်ပါသည်။ Dec 20  တွင်လည်း ဘုရား အလိုတော် ရှိပါက ဩစ​တြေးလျနိင်ငံမြို့၌ အမှုတော်ဆောင်သင် တန်း ပြုလုပ်မည် ဖြစ်ပါသည်။ အမှုတော်ဆောင်ချင်သောသူတိုင်း အခမဲ့တက်ရောက် နိုင်ပါသည်။ အဝေးမှ လာလိုသောသူများ နေရာထိုင်ခင်းနှင့် အစားအသောက်စီစဉ် ပေးပါမည်။ အရည်အချင်းမှာ၊ ဝိညာဉ်အားဖြင့် ဒုတိယ မွေးဘွားပြီး သောသူ ဖြစ်ရမည်။ လခနှင့် ထောက်ပံ့​ကြေးများ မျှော်ကိုးခြင်း မရှိဘဲ၊ ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်း၊ ဝိညာဉ်များပြုစုပျိုးထောင်ခြင်း ပြုလုပ် လို သူများ ဖြစ်ရမည်။ ကျမ်းစာကျောင်းအောင်စရာ မလိုပါ။ ဘုရားသခင်ကို ယုံကြည်၍ စိတ်နှိမ့်ချခြင်း၊ နာခံခြင်းရှိသူတိုင်း တက် ရောက်နိုင်ပါသည်။ ဆရာမောဇက်နှင့် အခြားဆရာများ ထံဆက်သွယ်နိုင်ပါသည်။ 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG