GOODNEWS
  HOME  GOODNEWS  2015 OCT
 


အမှာစာ

ဘုရားသခင်၏အချိန် မကျရောက် သေးသောကြောင့် ဤစာစောင်ကို မိတ် ဆွေဖတ်ရခြင်း ဖြစ်သည်။ စက်တဘ်ာလ၌ ဖြစ်ပျက်မည့် အရာများ ဖေါ်ပြခဲ့သည်။ တံပိုး မှုတ်ပွဲလည်းပြီး ပြီ၊ လလည်း နီခဲ့ပြီ၊ အပြစ် ​ဖြေရာနေ့လည်း လွန်သွားပြီ။ သို့သော် ချီ ဆောင်ခြင်း မဖြစ်ခဲ့ပါ။ အစကတည်းက ဖြစ်မည်ဟု မရေးခဲ့ပါ။ ယခုနှစ်မ ဖြစ်လျှင်လည်း နောက်နှစ်များမည် ဖြစ်ဘို့ သေချာနေပါသည်။ ကမ္ဘာ့ အဖြစ်အပျက်များသည် ကျမ်းစာ၌ ရေးထားသည့်အတိုင်း ဖြစ်ပျက် နေကြပြီ။ အမေရိကန်နှင့် ရုရှားလည်း ယိုခရင်းနိင်ငံ၊ ဆီးရီးယားနိင်ငံတို့၌ သဘော ထားကွဲလွှဲကာ ရန်စ နေကြပြီ။ သဘာဝ ဘေးများလည်း တနေ့တခြား များပြားလာသည်။ တကမ္ဘာလုံး၌ တိရစ္ဆာန်များလည်း နေ့တိုင်း အများ အပြားသေ နေကြသည်။ မူစလင်ဒုက္ခသည် များလည်း တနေ့တခြား များပြားလာသည်။ လူများလည်း အကျင့်ပျက်၊ မတရားမှု၊ ခိုးမှု၊ သတ်ဖြတ်မှု ပို၍ ပို၍ များပြားလာသည်။ ရဲများလည်း နေ့တိုင်းရင်တထိပ်ထိပ်ဖြင့် အလုပ်ဆင်းရသည်။ ရောဂါအသစ်အ ဆန်းများလည်း ဖြစ်ပွားနေသည်။ အစာ ငတ်မွတ် ခေါင်းပါး၍ ကုန်စျေးနှုန်းများလည်း တ ရိပ်ရိပ်တက်နေသည်။ ထိုအရာများသည် ဒုက္ခ ဆင်းရဲခြင်း၏ အစသာလျှင် ဖြစ်သည်။ 

ထို့ကြောင့် ယုံကြည်သူများအနေဖြင့်လောက၌ သက်သောင့်သက်သာနေဘို့၊ တိုးတက်ဘို့ မရှာဖွေဘဲ ငရဲသွားမည့်သူများကို နေ့ညမပြတ် သတိပေး၊ သက်သေ ခံဘို့ လိုသည်။ ဤလောက၌ အမြစ်မတွယ်သင့်တော့ပါ။ အလုပ်လည်း နေနိင်ရုံသာ လုပ်၍ ကိုယ့် ဝိညာဉ်ကို အစာများများ​ကျွေးသင့်သည်။ ရှင်ပေါလုက၊ မင်္လာရှိသော မြော်လင့်ရာကိုင်း၊ကြီး မြတ်သော ဘုရားသခင် တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေ ှု ခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကိုင်း၊ ငါတို့သည် မြော်လင့်လျက်၊ ဘုရား မဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ ၌ ​ေ န​ြစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့ လျော်ခြင်းတို့ကို ပြု နေသင့်သည်ဟု ရေးခဲ့သည် (တိ ၂:၁၁-၁၂)။ စာရှုသူအယောက် တိုင်း အသင့် ပြင်သောသူ ဖြစ်ပါစေ။ 

ယခုလစာစောင်တွင်...

  • အရေးကြီးဆုံး အရာများ 
  • မူစလင်များထံ သက်သေခံခြင်း 
  • မိဘတာဝန် 
  • ကျမ်းစာဖတ်ကြစို့ ( ဗျာဒိတ်ကျမ်း၂၁) 
  • အမူတော် ဆောင်သင်တန်း
  • သက်သေခံခြင်း 
  • ရရှိန်ုင်သော ဝိညာဉ်ရေးရာစာအုပ်များ 

 

အရေးကြီးဆုံး အရာများ 


လူဘဝ၌ အရေးကြီးဆုံးသော အရာများကို ချန်လှပ်၍ အရေးမကြီးသော အရာများကို ရှာဖွေ၊ လုပ်ဆောင် နေကြသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။ ကိုယ်ခန္ဓာအသက်သည် မည်သို့ ပင်ဂရုစိုက်သော်လည်း တနေ့ကျလျှင် သေရမှာသေချာနေသည်။ ဝိညာဉ် အသက် မူကား ထာဝရ ရှင်ရမည် ဖြစ်သောကြောင့် ဂရုစိုက်ဘို့ လိုသည်။ သို့သော် လူတိုင်း ခဏသာအသက်ရှင်မည့် ကိုယ်ခန္ဓာအသက်ကို အလွန် အရေးထား၍ ထာဝရ အသက်ရှင်မည့် ဝိညာဉ်ကို လုံးဝ ဂရုမစိုိက်ကြခြင်းသည် ဝမ်းနည်းဖွယ် ဖြစ်သည်။ လူဘဝ၌ ထာဝရ အသက် ရရှိရေးသည် အရေးကြီးဆုံး ဖြစ်ကြောင်း ခရစ်တော်က ဤသို့ ဆိုခဲ့သည်၊ လူသည် ဤစကြဝဠာကို အကွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ံှုးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။ (မ ၁၆:၂၆)။ မိတ်ဆွေ၊ သင်သည် သင်၏ ဝိညာဉ် အသက်ရှင်ရေးအတွက် ပြင်ဆင်ပြီး ပြီလော။ မပြင်ဆင် သေးပါက အခြားသော အရာများကို ထားခဲ့၍ သင်၏ ဝိညာဉ် အသက်ရှင်ရေးကို ပြင်ဆင်ဘို့ အကြံပေးလိုပါသည်။ အကြောင်းမှာ သခင်ဘုရားသည်အချိန်မရွေး ကြွလာ၍ နောက်ကျသွားနိုင်သည်။ ထိုမျှသာမက သင်သည် အချိန်မရွေး ကိုယ်ခန္ဓာအသက် ချုပ်ငြိမ်းသွားနိုင်သည်။ မည်သူမျှအိုသည် အထိ အ သက်ရှင် ရမည်ဟု အာမခံ၍ မရချေ။ ကျမ်းစာက၊ လူမျိုးရှိသမျှသည် မြက်ပင် ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ဖြစ်၏။ ထာဝရဘုရား၏ လေတိုက်သောအခါ၊ မြက်ပင်သည် ညုိးနွမ်းသွေ့​ခြောက်တတ်၏။ အပွင့်သည်လည်း ​ေ ကွတတ်
၏။ အကယ်စင်စစ် လူတို့သည် မြက်ပင် ဖြစ်ကြ၏။ မြက်ပင်သည် ညိုးနွမ်းသွေ့​ခြောက် တတ်၏။ အပွင့်လည်း ​ေ ကွတတ်၏။ ဟုဆိုသည် (ဟေရှာ ၄၀:၆-၈)။ မိတ်ဆွေ၊ သင်နှင့် ​ကျွန်ပ်သည် ခဏသာအသက်ရှင်သော မြက်ပင်များ ဖြစ်ကြ၍ ​ကျွန်ပ်တို့၏ လှပခြင်း၊ အောင်မြင်ခြင်း၊ ကြွယ်ဝချမ်းသာခြင်း၊ နာမည်ကျော်ကြားခြင်း၊ ပျော်ရွှင်ခြင်း၊ အရသာ ခံခြင်းတို့သည် မြက်ပွင့်ကဲ့သို့ဖြစ်သည်။ ထိုအရာများသည် လူ့အသက် မသေမှီပျောက် ကွယ်သွားနိုင်သည်။ ထိုကြောင့် ထိုအရာများကို အဓိကထား၍ မရှာကြပါစို့နှင့်။ ထာဝ ရတည်မြဲမည့် အရာကို ရှာဖွေ ကြပါစို့။ 

ထာဝရ အသက် ရရှိသူများ အနေဖြင့် အရေးကြီးဆုံး သောအရာကို ရွေးချယ် ခဲ့၍ ထာဝရ ကာလ အတွက် စိတ်ချရသော်လည်း လောကသားများကဲ့သို့ အရေးမကြီး သော၊ မလုပ်လျှင်လည်း ဖြစ်သော အရာများကို အရေးတကြီး လုပ်လိုကြသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။ လောကသားများက ဤလောကကို ရရှိဘို့ရန် အလု အယက် ကြိုးစား သကဲ့သို့ ယုံကြည်သူများလည်း ဤလောက ရရှိဘို့ အတွက်လောကအရာ၊ အလုပ်ကိုသာ အလေးထား ကြသည်။ ထို့ကြောင့် သခင်ဘုရား ခိုင်းသော အလုပ်ကို လုံးဝ မလုပ်လိုကြ၊ မလုပ်နိုင်ကြချေ။ ကျမ်းစာ၌၊ အခြားသော တပည့်တော်ကလည်း၊ သခင်၊ အ​ကျွန်ုပ်အဘကို ရှေ့ဦးစွာ သွား၍ သ+ဂ ုလ်ရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။ ယေ ှုကလည်း ငါ့နောက်သို့ လိုက်လော့။ လူသေတို့သည် မိမိလူသေတို့ကို သ+ဂ ုလ်ပါလေစေဟု မိန့်တော်မူ၏။ ဟုဆိုခဲ့သည် (မ ၈:၂၁-၂၂)။ ပဌမ လူသေသည် ခန္ဓာရှင်သော်လည်း ဝိညာဉ် သေသူ ဖြစ်၍ သ+ဂ ုလ်ရမည့် လူသေသည် ကိုယ်ခန္ဓာသေသူ ဖြစ်သည်။ လောက အလုပ်ကို လူသေ တည်းဟူသော ဝိညာဉ် သေ သူများက အဓိကလုပ်မည့် အရာ ဖြစ်သည်။ အကြောင်းမှာ သူတို့သည် ဝိညာဉ်ပိုင်းသေသောကြောင့် ဘုရား၏ အလုပ်ကို မလုပ်နိုင်ကြချေ။ ဝိညာဉ်ပိုင်းရှင် သူများသည် သခင်ခိုင်းသော ဝိညာဉ် ဖမ်းခြင်း၊ ပြုစုပျိုးထောင်ခြင်းများကို လုပ်သင့်သည်။ များစွာသော အမှုတော်ဆောင်များလည်း ဝိညာဉ်များအသက်ရှင်ရေးအတွက် မလုပ်ဘဲ အလုပ်ရှုပ်နေတတ်ကြသည်။ ယခုမှစ၍ မိမိလုပ်ဆောင်မှု တခုစီတိုိင်းကို စစ်ဆေးကြပါ စို့။ ထာဝရ မတည်မည့် အရာများ အတွက်၊ အချိန်၊ ဘ ာ၊ စွမ်းအားများကို အသုံး မပြုကြဘို့ရန် အကြံပေးလိုပါသည်။ အယောက်တိုင်း ဘုရားသခင်က သဘောပေါက် စေတော်မူပါစေသော်။ 


မူစလင်များထံ သက်သေခံခြင်း 

မူစလင် ဘာသာဝင် သူများသည် ကမ္ဘာ၌ တနေ့တခြား များပြားလာသည်။ သူတို့သည် သူတို့၏ ဘုရား အလ ာအနှင့် ပရောဖက် မိုဟာမက်အတွက် အသက်ရှင်ရဲ၊ သေရဲ ကြသည်။ ထို့အပြင် တကမ္ဘာလုံးမူစလင် ဘာသာဝင် ဖြစ်ဘို့ရန် အတွက် ငွေအား၊ လူအင်အား၊ နိင်ငံရေးအင်အား၊ လက်နက်အင်အားများကို အစွမ်းကုန် အသုံးပြုလုပ် ဆောင် နေကြသည်။ သူတို့သည် သူတို့၏ ယုံကြည် ခံယူချက်အတွက် နေ့ညမပြတ် လုပ်ဆောင်နေကြသည်။ ထိုအချိန်တွင် ခရစ်ယာန် များသည် မိမိတို့ ယုံကြည်ခြင်း အတွက် အသက်မရှင်၊ ဤလောက နောက်ကို လိုက်ကာငွေ၊ အပျော်အပါး၊ ကာမဂုဏ် ခံစား နေကြသည်။ ထို့ကြောင့် မူစလင်များ ဘာလုပ် နေကြသည် ကိုလည်း မသိကြချေ။ မူစလင်များက အကြမ်းနည်းဖြင့် ကမ္ဘာကို လွှမ်းမိုးဘို့ ကြိုးစားသောကြောင့် မူစလင်များနှင့် ပြေ လည်ဘို့ရန် ကြိုးစားသောသူများလည်း အများ အပြားရှိ ကြသည်။ မူစလင်များ၏ ဘုရား အလ ာသည် ခရစ်ယာန်နှင့် ဂျူးများ၏ ဘုရား ယေဟောဝါးဘုရား ပင် ဖြစ်သည်ဟု ယူဆကာ သူတို့နှင့်အတူ လက်တွဲနေနိုင်ဘို့ စဉ်းစားဆောင်ရွက် နေကြသည်။ မူစလင်များလည်း ခရစ်တော်ကို ယုံကြည် လက်ခံကြသည် ဟုဆို ကြသည်။ သို့သော် မူစလင်ဘုရားနှင့် ခရစ်ယာန် ဘုရားသည် လုံးဝ မတူညီကြောင်း သိထားဘို့ လိုသည်။ 
 
အလာသည် ယေဟောဝါ မဟုတ်ပါ

မူစလင်များ ကအလ ာဟူအက်ဘာ (Allahu Akbar )ဟု တခုခုလုပ်တိုင်း အော်ဟစ်တတ်ကြသည်။ များသောအားဖြင့် ထိုအရာကို ဘုရားသည်ကြီး မြတ်သည် (God is great)ဟု ဘာသာပြန်တတ်ကြသည်။ သို့သော် အမှန်မှာ အလ ာသည် သာ၍ ကြီးသည် (Alla is greater)ဟု အဓိပ္ပါယ်ရသည်။ သာ၍ ကြီးသည် ဟုဆိုခြင်းသည် နှိုင်းယှဉ်ခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် အလ ာသည် မည်သူထက်ကြီး သနည်း။ မူစလင်များ၏ ပရောဖက် မိုဟာမက်ခေတ်၌ ဂျူးဘာသာနှင့် ခရစ်ယာန် ဘာသာသည် ရှိနှင့်ပြီး ဖြစ်သည်။ ဂျူး (အစ္စရေး)နှင့် ခရစ်ယာန် များ၏ ဘုရားသည် ယေဟောဝါဘုရား ဖြစ်သည်။ ထိုဂျူးနှင့် ခရစ်ယာန် များ၏ ဘုရား ယေဟောဝါဘုရားထက် အလ ာသည် သာ၍ ကြီးသည် ဟုဆိုခြင်း ဖြစ်သည်။ ယေဟောဝါဘုရားထက် သာ၍ကြီး ချင်သောသူသည် မည်သူ ဖြစ်မည်နည်း။ ယေဟောဝါဘုရားကို မည်သူကအံတု သနည်း။ ယေဟောဝါဘုရားထက် သာချင်သောသူသည် စာတန် ပင် ဖြစ်သည်။ ထို့ကြောင့် မူစလင်များ၏ ဘုရား အလ ာသည် စာတန် ဖြစ်သည်။ သူတို့၏ ဘုရားသည် စာတန် ဖြစ်သောကြောင့် ချစ်ခြင်းမေတ္တာထက် သတ်ဖြတ်ခြင်းကို ဦးစားပေးခြင်း ဖြစ်သည်။ ခရစ်တော်က၊ သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါ သာလာတတ်
၏။ ငါမူကား၊ သိုးတို့သည် အသက် လွတ် ံုမျှမက အထူးသဖြင့် အသက်ဖြင့် ပြည့်စုံ စေခြင်းငှါ လာသတည်း။ (ယော ၁၀:၁၀) ဟုဆိုခဲ့သည်။ 
 
သောကြာလူများ 
 

မူစလင်များ၏ အမြင်၌ ဂျူး (အစ္စရေးလူမျိုးများ)သည် စနေနေ့၌ ဘုရားရှိခိုးတတ် သောကြောင့် စနေလူများ (Saturday people) ဟုဆိုသည်။ ခရစ်ယာန် များသည် တနင်္နွေနေ့၌ ဘုရားရှိခိုးတတ်သောကြောင့် တနင်္ဂနွေလူများ (Sunday people)ဟု မြင်သည်။ သူတို့သည် စနေနှင့် တနင်္ဂနွေနေ့များကို မရရှိတော့သောကြောင့်သောကြာ (Friday) နေ့၌ သူတို့၏ ဘုရား အလာကိုကိုးကွယ်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ကို သူတို့သောကြာများ (Friday people)ဟု ခေါ် ကြသည်။သော ကြ်ာလူများသည် စနေ့နှင့် တနင်္နွေလူများ အပါအဝင် ကမ္ဘာပေါ်ရှိ လူသား တိုင်းကို အပြစ် မြင်၍ ဤလောက မှရှင်းပစ်လို ကြသည်။ ခရစ်ယာန်များ၌ မိမိယုံကြည်ခြင်းကို သိ၍ ထိုယုံကြည်ခြင်း၌ အသက်ရှင်သော လူများရှိသော်လည်း နာမည်ခံ ခရစ်ယာန် များသည် လူများ စု ဖြစ်ကြသည်။ ထိုသူများအတွက် ဘုရားသခင်သည် အဓိက မဟုတ်ချေ။ ထို့နည်းတူ မူစလင်များ၌လည်း သူတို့၏ ယုံကြည် ခံယူချက်ကို သိ၍ အသက်ရှင်သောသူများရှိသကဲ့သို့ နာမည်ခံမူစလင်များလည်း အမြောက်အများရှိကြသည်။ ထိုနာမည်ခံများ အနေဖြင့် အခြား ဘာသာဝင်များနှင့် ရောနှောနိုင်သည်။ 
 
ခရစ်တော် 

မူစလင်များက ခရစ်တော်ကို ပရောဖက် တပါးအဖြစ် လက်ခံသောကြောင့် သူတို့လည်း ကယ်တင်ခြင်းသို့ ရောက်မည်၊ သို့မဟုတ် မူစလင်နှင့် ခရစ်ယာန်သည် တူညီသည်၊ အခေါ်အဝေါ်သာလျှင် ကွာခြင်းသည် ဟု ထင်ကြသည်။ မှန်ပါသည်၊ မူစလင်များလည်း ခရစ်တော်ကို ပရောဖက် အဖြစ် လက်ခံ ကြသည်။ သို့သော် ခရစ် တော်သည် မိုဟာမက်ထက် ငယ်သည်၊ အဆင့်နိမ့်သည်ဟု ယုံကြည် ကြသည်။ သူတို့က ခရစ်တော်သည် ပြန် ဤကမ္ဘာပေါ်သို့ ပြန်ဆင်းမည်ဟု ယုံကြည်သော်လည်း ခရစ်ယာန်များယုံကြည် မြော်လင့် သကဲ့သို့ သန့်ရှင်း သူများကို သိမ်းဆည်းဘို့ရန် မဟုတ်ချေ။ သူတို့ ယုံကြည်သည်မှာ ခရစ်တော် ကြွ လာသောအခါ ခရစ်ယာန်များထံ၊ သူသည် ဘုရား မဟုတ်ကြောင်း၊ သူတို့အတွက် လက်ဝါးကပ်တိုင်တွင် မသေ၊ မကယ်တင်ခဲ့သည့်အကြောင်း ပြောမည်။ သူ့ကို ယုံကြည်ဘို့ မဟုတ်ဘဲ အလ ာသာလျှင် ယုံကြည် ကြပါ ဟုဆို၍ ပြောမည် ဟုဆိုသည်။ ထို့ကြောင့် ခရစ်တော်ကို ဘုရား၊ ကယ်တင်ရှင်အဖြစ် လက်ခံခြင်းသည် မှားယွင်းသည်သာမက အပြစ် မလွှတ်နိုင်သော အပြစ် ကျူးလွန်သူ၊ အပြစ် ငရဲထဲသို့ ပြစ်ဒဏ်ခံထိုက်သောသူများသည်ဟု ယုံ ကြည်ကြသည််။ ထို့ကြောင့် သူတို့လည်း ယေရှုခရစ်ကို ယုံကြည် လက်ခံသည်ဟု ပေါ့ပေါ့တန်တန် လက်ခံ၍ မရချေ။ ခရစ်တော်သည် ဘုရား ဖြစ်ကြောင်း၊ ကယ် တင်ရှင် ဖြစ်ကြောင်း၊ လက်ဝါးကပ်တိုင်၌ တလောက လုံးအတွက် သေခံခဲ့ကြောင်း အထိ ယုံကြည်ဘို့ ဖြစ်သည်။ 
 
မူစလင်များ၏ တိုင်ငါးတိုင် (The 'Five Pillars' of Islam)

မူစလင်တယောက် သက်သေခံဘို့ရန် သူတို့၏ ယုံကြည် ခံယူချက်ကို သိဘို့ လိုသည်။ သူတို့သည် တိုင်ငါးတိုင်ကို ပြုလုပ် နိုင်ဘို့ ကြိုးစား ကြသည်။ ထိုအရာများမှာ

၁။ ယုံကြည်ခြင်း သက်သေခံချက်၊ (The Testimony of Faith) 
မူစလင်တယောက် အနေဖြင့်၊ ဘုရား တဆူတည်းရှိ၍ မိုဟာမက်သည် သူ၏ ပရော ဖက် ဖြစ်သည်ဟု ယုံကြည်သည်သာမက ပြောနိုင်ရမည်။ ထိုအရာကို အင်္လိပ်လို ဤသို့ တွေ့ရသည်... “La ilaha illa Allah, Muhammadur rasoolu Allah.”

၂။ ဆုတောင်းခြင်း (Prayer)

မူစလင်တယောက်သည် တနေ့ငါးကြိမ် ဆုတောင်းရမည်။ နံနက်မိုးလင်း၊ နေ့လည်မွန်းတည့်၊ ညနေစောင်း၊ နေဝင်ချိန်နှင့် ညပိုင်းတို့တွင် ဆုတောင်းရမည်။ 

၃။ ပေးကမ်းခြင်း Giving Zakat (Support of the Needy) 

အရာခပ်သိမ်းသည် ဘုရားကပိုင်သည်။ ထိုအရာကို လူအား စောင့်ထိမ်းခိုင်းသည်။ ထို့ကြောင့် လိုအပ်သော ဆင်းရဲသားများကို မစရမည်။ 

၄။ ရာမဒန်လတွင် အစာရှောင်ခြင်း (Fasting in the month of Ramadan)

မူစလင်တိုင်းသည် ရာမဒန်လတွင် နေထွက်မှနေဝင်အထိ အစာရှောင်ရမည်။ 

၅။ မက္ကာမြို့သို့ ဘုရား ဖူးခြင်း (The annual pilgrimage "Hajj" to Makkah)

တတ်နိုင်သော မူစလင်များ အနေဖြင့် တသက်မှာအနည်းဆုံးတခေါက်ဆော်ဒီ အရဗျားနိင်ငံမက္ကာမြို့သို့ ဘုရား ဖူးသွားရမည် ဟုဆိုသည်။ 

မူစလင်များသည် အထက်ပါကဲ့သို့ သင်ပေးသော်လည်း ကောင်းကင်နိင်ငံ ရောက်မည်ဟု မသေချာကြချေ။ ထို့အပြင်သည် သူတို့၌ မေတ္တာဆာငတ် ကြသည်။ ထို့ကြောင့် သူတို့ကို ရန်သူကဲ့သို့ မမြင်ဘဲ ရန်သူကချုပ်နှောင်ထားသော၊ အလိမ်ခံသောသူများ ကဲ့သို့ မြင်ကာချစ်ခြင်း မေတ္တာပြခြင်း၊ ဘုရားသခင်က ခရစ်တော်အားဖြင့် အခမဲ့ ကယ်တင်ခြင်း အကြောင်းကို ပြောပြဘို့ လိုသည်။ ခရစ်တော်သည် သာမန်ပရောဖက် မဟုတ်ဘဲ ကယ်တင်ရှင်၊ ဘုရား ဖြစ်ကြောင်းကို သဘောပေါက်အောင် ပြောပြနိင်ပါက သူတို့ အနေဖြင့် ငြင်းခုံစရာ မလိုတော့ဘဲ ခရစ်တော်ကို လက်ခံလာပေလိမ့်မည်။ 
 
ခရစ်တော်သည် ဘုရား 

မူစလင်အနေဖြင့် ခရစ်တော်ကို ဘုရား အဖြစ် လက်ခံဘို့ မဖြစ်နိုင်ချေ။ သူတို့ ကမည်သည့်နေရာတွင် ခရစ်တော်က သူသည် ဘုရားသား ဖြစ်ကြောင်း ပြောဘူးသနည်းဟု မေးလျှင် ဤကျမ်းစာကို ဖတ်ခိုင်းပါ။ ခရစ်တော် ကမျက်စိကန်းသူကို ပြန်မြင်စေသောအခါ သင်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည် သလောဟု မေးတော်မူ၏။ သခင်၊ အ​ကျွန်ုပ်ယုံကြည် ရမည်အကြောင်း ဘုရားသခင်၏ သားတော် ကား အဘယ်သူ နည်းဟု မေးလျှောက်သော်၊ ယေ ှုက၊ သင်သည် ထိုသူကို မြင်ခဲ့ပြီးသည်သာမက၊ သင်နှင့် ယခု စကား ပြောသောသူသည် ဘုရားသခင်၏ သားတော် ဖြစ်၏ဟု မိန့်တော်မူလျှင်၊ သခင်၊ အ​ကျွန်ုပ်ယုံကြည် ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုးကွယ်လေ၏။ ထိုအခါ ယေ ှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါင်း၊ မြင်သောသူသည် မျက်စိကန်းစေခြင်းငှါင်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။ (ယော ၉:၃၅-၃၈)။ ခရတော် ကသူသည် ဘုရားသား ဖြစ်ကြောင်း နှုတ်အားဖြင့် ဘော်ပြသည်သာမက ထိုသူ၏ကိုးကွယ်ခြင်း ကိုလည်း ခံသည်။ ဘုရား မဟုတ်လျှင်ကိုးကွယ်ခံမည် မဟုတ်။ ထို့ကြောင့် ခရစ်တော်သည် ဘုရား ဖြစ်သည်။ 
 
ခရစ်တော်ကကိုးကွယ်ခံသည် 

ခရစ်တော်သည် ဘုရား မဟုတ်ပါက အကိုးကွယ်ခံမည် မဟုတ်။ ယေရှုကလည်း အချင်း စာတန်၊ ငါ့နောက်သို့ ဆုတ်လော့၊ သင်၏ အုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်ကျမ်းစာ လာသည်ဟု မိန့်တော်မူ၏။ (မ ၄:၁၀) ခရစ်တော်ကို အောက်ပါပုဂ္ဂိုလ်များကကိုးကွယ်သောအခါ သူသည် မငြင်းပယ်ပါ။ 

ပညာရှိများ-ထိုကြယ်ကို မြင်ပြန်သောအခါ အလွန် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍၊ အိမ်သို့ ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘာဥစ္စာတို့ကို ဖွင့်ပြီးမှလောဗန်နှင့် မုရန် တည်းဟူသော နံ့သာမျိုးကိုင်း၊ ရွှေကိုင်းဆက်ကပ်ပူဇော်ကြ၏။ (မ ၂:၁၀-၁၁) 
အနူ ရောဂါသည်-ထိုအခါ နူနာစွဲသောသူတယောက်သည် ညွတ်ပြပ်လျက်၊ သခင်အလိုတော် ရှိလျှင် ​ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု လျှောက်လေ၏။ (မ ၈:၂)။ 

တပည့်တော်များ- ယေ ှုသည် လက်တော်ကို ချက်ခြင်း ဆန့်၍ ပေတ ုကို ကိုင်တော်မူလျက်၊ ယုံကြည် အားနည်းသောသူ၊ အဘယ်ကြောင့်ယုံမှားသော စိတ်ဝင်သနည်းဟု မေးတော်မူ၏။ လှေပေါ်သို့ ရောက်ကြလျှင် လေသည် ငြိမ်းလေ၏။ လှေသားတို့သည် ချဉ်းကပ်၍၊ စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏ သားတော် မှန်ပါသည်ဟု ညွတ်ပြပ်၍ လျှောက်ကြ၏။ (မ ၁၄:၃၁-၃၃) 

မိန်းမများ-လမ်းမှာသွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ၍ သင်တို့အား မင်္လာ ဖြစ်စေသတည်းဟု မိန့်တော်မူ၏။ ထိုမိန်းမတို့သည် ချဉ်းကပ်၍ ​ခြေတော်ကို ဘက်ယမ်းလျက် ပြပ်ဝပ်ကိုးကွယ်ကြ၏။ (မ ၂၈:၉)။ 

တပည့်တော်များ- တကျိပ်တပါးသော တပည့်တော်တို့သည် ဂါလိလဲ ပြည်သို့ သွား၍ ယေ ှုမှာထားတော်မူသော တောင်ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော်ကို တွေ့မြင်၍ ပြပ်ဝပ်ကိုးကွယ်ကြ၏။ (မ ၂၈:၁၆) 

 ကောင်းကင်တမန် များ- တနည်းကား၊ သား ဦး ( ခရစ်တော်)ကို ဤလော ကသို့ သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင်တမန် အပေါင်းတို့သည် ထိုသူကို ပြပ်ဝပ်ကိုးကွယ်ကြစေဟု လာသတည်း။ (ဟေ ၁:၆) 
 
ဘုရားဟုဆိုကြသည် 

ခရစ်တော်ကို အောက်ပါပုဂ္ဂိုလ်များ ကဘုရား ဟုဆိုကြသည်၊ 

ဟေရှာယ--- အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူ လိမ့်မည်။ (ဟေရှာ ၉:၆) 

ကောင်းကင်တမန်--- ကြည့် ှုလော့။ သတို့သမီး ကညာသည် ပ ိသန္ဓေ စွဲယူ၍ သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရ ကြလတံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား၊ ငါတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင် ဟုဆိုလိုသတည်း။ (မ ၁:၂၃) 

ယောဟန်---အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ (ယော ၁:၁) 

သောမ---သောမကလည်း၊ အ​ကျွန်ုပ်၏ အရှင်၊ အ​ကျွန်ုပ်၏ ဘုရားသခင် ပါတကားဟု ပြန်၍ လျှောက်၏။ (ယော ၂၀:၂၈) 

ပေါလု---အကြောင်းမူကား၊ မင်္လာရှိသော မြော်လင့်ရာကိုင်း၊ကြီး မြတ်သော ဘုရားသခင် တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေ ှု ခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကိုင်း၊ ငါတို့သည် မြော် လင့်လျက်၊ (တိတု ၂:၁၁-၁၃) 
 
 ခရစ်တော်၌ ဘုရား အရည်အချင်းရှိ

ခရစ်တော်သည် အောက်ပါဘုရား၏ အရည်အချင်းများရှိခြင်းအားဖြင့် သူသည် ဘုရား ဖြစ်ကြောင်း ထင်ရှားသည်၊ 

တရားစီရင်နိုင်ခြင်း-

ဤလောက၌ လူ တရားသူကြီး မြောက် များစွာ ရှိကြသည်။ သို့သော် ထိုသူများသည် လူကခန့်ထားခြင်း ဖြစ်၍ တနေ့ ဘုရားသခင်၏ တရားစီရင်ခြင်း ခံကြရဦးမည် ဖြစ်သည်။ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အရည်အချင်း တခု ဖြစ်သည်။ ယေ ှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌ င်း၊ မြေကြီး ပေါ်၌ င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ (မ ၂၈:၁၈) 

အပြစ် လွှတ်ပိုင်သည်-

အပြစ် လွှတ်ခြင်းသည် ဘုရားသခင်က သာလျှင် ပြုလုပ် နိင်သည်။ ခရစ်တော်သည် အောက်ပါ ပုဂ္ဂိုလ်များကို အပြစ် လွှတ်ခြင်းအားဖြင့် သူသည် ဘုရား ဖြစ်ကြောင်းကို သက်သေပြသည်။ လက်​ခြေသေ၍ အိပ်ရာ ပေါ်မှာ တုံးလုံးနေသောသူတယောက်ကို အထံတော်သို့ ဆောင်ပေးကြ၏။ ယေရှုသည် ထို သူတို့၏ ယုံကြည်ခြင်းကို မြင်လျှင် လက်​ခြေသေသောသူအား၊ ငါ့သား မစိုးရိမ်နှင့်။ သင်၏ အပြစ်ကို လွှတ်စေပြီဟု မိန့်တော်မူ၏။ ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကို လွန်ကျူး၍ ပြောသည်ဟု ထင်ကြ၏။ ယေ ှုသည် ထို သူတို့၏ စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့်ငြူစူသော စိတ်ရှိကြသနည်း။ အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏ အပြစ်ကို လွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။ လူသားသည် မြေကြီးပေါ်မှာ အပြစ် လွှတ် ပိုင်သည်ကို သင်တို့ သိစေခြင်းငှါ ထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့ သွားလော့ဟု လက်​ခြေသေသောသူအား မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ မိမိအိမ်သို့ သွားလေ၏။ (မ ၉:၂ -ရ) ထိုမိန်းမအား လည်း၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။ စားပွဲ၌ လျောင်းသော သူတို့က၊ အပြစ်ကို လွှတ်သော ဤသူကား အဘယ်သူ နည်းဟု အောက်မေ့ကြ၏။ (လု ရး၄၈-၄၉) 

ဖန်ဆင်းရှင် ဖြစ်သည်-

ဖန်ဆင်းခြင်းသည် ဘုရားသခင် သာလျှင် တတ် နိုင်သည်။ ပြုလုပ်ခြင်းသည် လူကလည်း တတ်နိုင်သည်။ ဖန်ဆင်းခြင်းသည် မရှိရာမှ ဖြစ်စေ၍၊ ပြုလုပ်ခြင်းသည် ရှိပြီးသောအရာ မှ ဖြစ်စေသည်။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာ တစုံတခုမျှမရှိ။ (ယော ၁:၃) 

 ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောက ကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကို မသိ။ သူသည် မိမိဒေသအ ရပ်သို့ ကွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲ နေကြ၏။ (ယော ၁:၁၀-၁၁) 
 ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသ ာန်တော် ဖြစ်၏။ ဝေနေယျသတ္တာဝါ အပေါင်းတို့ တွင်လည်းသား ဦး ဖြစ်တော်မူ၏။ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင် ပေါ်၊ မြေကြီးပေါ်မှ ာ ရှိသမျှသော ူပအရာ၊ အရူပအရာ၊ ရာဇပလင် ဖြစ်စေ၊ အစိုးရခြင်း တန်ခိုး ဖြစ်စေ၊ အထွ်အမြတ် ဖြစ်စေ၊ အာဏာစက် ဖြစ်စေ၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်င်း၊ ထိုသခင်အဘို့ အလိုငှါင်း၊ ခပ်သိမ်းသောအရာ တို့သည် ဖန်ဆင်းလျက် ဖြစ်ကြ၏။ (ကော ၁:၁၅-၁၆) 
 ခရစ်တော် ဘုရား ဖြစ်ခြင်းသည် မူစလင်များအတွက် အလွန် အရေးကြီးသော အချက် ဖြစ်သည်။ မူစလင်အမြင်၌ ခရစ်တော်သည် ဘုရား မဟုတ်သောကြောင့် ခရစ်တော်ကို မကိုးကွယ်လိုကြချေ၊ ခရစ်တော်ကိုးကွယ်ခြင်းသည် မလွှတ်နိုင်သော အပြစ်၊ ဘုရားကို ပြစ်မှားခြင်း (ဘူ​ေျစ့နာပ)ဟု ထင်မှတ် ကြသည်။ သို့သော် ခရစ် တော်သည် ဘုရား ဖြစ်ကြောင်းကို သဘောပေါက်စေနိုင်လျှင် သူတို့၏ အယူဝါဒကို စွန့်လွှတ်ဘို့ရန် အလွန် လွယ်ကူသွားပြီ ဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန် တိုိင်းမိမိ၏ ယုံကြည် ခံယူချက်ကို သိ၍ သူတပါးကို ဝေငှနိင်သောသူ ဖြစ်ဘို့ အလွန် အရေးကြီးသည်။ 

မည်ကဲ့သို့ ပြောမည်နည်း

မူစလင်တယောက်သည် ခရစ်တော်ကို ဘုရား အဖြစ် လက်ခံဘို့ရန်မည် ကဲ့သို့ ပြောနိင်မည်နည်း။ ဘုရားသည် လူ့မျက်စိနှင့် မမြင်နိုင်၊ မတွေ့နိုင်ချေ။ လူ၏ ဦး နှောက်သည် အရာခပ်သိမ်းကို သိနိုင်သည် မဟုတ်။ ဆရာဝန်များ ကမြင်နိုင်ထိတွေ့ နိုင်သော လူ၏ ကိုယ်ကို တပိုင်းစီတာဝန် ယူ၍ လေ့လာကုသသော်လည်း အားလုံး နားမလည်၊ မကုသနိုင်ချေ။ ထိုမျှသာမက ဝိညာဉ် အကြောင်းကို မသိမခံစား နိုင်ချေ။ ဘုရားသခင်က ကျမ်းစာ အထဲမှ ဖေါ်ပြသမျှ အတိုင်းသာ နားလည်နိုင်သည်။ မူစလင်များ ကကျမ်းစာသည် အစ၌ မှန်သော်လည်း နောက်ပိုင်း၌ လူများ ကအမျိုး မျိုးကူးကားရေးသား သောကြောင့် မူလအတိုင်း မမှန်တော့ချေဟု ယူဆကြသည်။ သို့သော် အထောက်အထားမပြနိင်ကြချေ။ 

မူစလင်များက ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သော နေ့၌ ရှင်ပြန်ထမြောက် ခြင်းကို မယုံကြည် ကြချေ။ ထိုအရာများကို ပျက်စီးနေသော ခရစ်ယာန် ကျမ်းစာ ကထွင်၍ ရေးသားသည် ဟုဆို ကြသည်။ သို့သော် ခရစ်တော် အသေခံ၍ ထမြောက် ကြောင်းကို ခရစ်ယာန် မဟုတ်သော ရောမသမိုင်းပညာ ရှင် ဃသမညနူငကျ ဤခေငအကျ (ခ၏ ဗ၏ီ၏ ၅၅-၁၂၀) ကအောက်ပါကဲ့သို့ ရေးသား ထားသည်။ ဃ့မငျအကျယ အ့န်သကညိနမ သ် အ့န ည​ောနယ တ​ေျ စကအ အသ ိနအေ့ ဘပ ဏသညအငကျ ဏငူအေနယ စမသခကမအေသမ သ် ​ဲကိန​ေ ငည အ့န မနငါည သ် ဤငဘနမငကျါ် ဘကအ အ့န စနမညငခငသကျ ျကစနမျအငအငသညယ မနစမနျျနိ်သမ ​ေ အငာနယ ဘမသုန သကအ ​ေါ​ေငညယ ညသအ သညူပ အ့မသကါ့ ​ဲကိနယေ တ့နမန အ့န ာငျခ့ငန် သမငါငညအေနိယ ဘကအ အ့မသကါ့ အ့န ခငအပ သ် Rသာန ​ေူျသ၏ ဓ (ဗညည​ေူျ ဌဠယ ၄၄) ၁၏ 

နှစ်ရာစုအေဒီရှိဂရိတ်စာရေးဆရာ ူကခင​ေည သ် ှ​ောသျအ​ေကလည်း ခရစ် တော်သည် အသေခံ၍ သူ၏ နောက်လိုက် များသည် သူများနှင့် မတူသော ယုံကြည်ခြင်းရှိကြောင်းကို ရေးခဲ့သည်။ အေဒီ ၅၂ အထိ မှတ်တမ်းတင်သူသမိုင်းပညာရှင် ဤ့​ေူူကျကလည်း ယုဒပြည်တွင် ပသခါပွဲအချိန်၌ နေကြပ်၍ ကြောက်မက်ဖွယ် ငလျှင်လှုပ်ကာကျောက်များ ကွဲကြကြောင်းကို ရေးသား ထားသည်။ ထိုအပြင် များစွာသော သမိုင်းမှတ်တမ်းတင် သူများ၏ ရေးသော စာများနှင့် ပတ်သက်၍ ့အအစါ်၊၊ တတတ၏်မနန မနစကဘူငခ၏ ခသာ၊ ်သခကျ၊ ခ့အေ၊ ၂၄၈၅၆၁၅၊ စသျအျ၌ ကြည့်ရှို့နိုင်သည်။ 

မိဘတာဝန် 

မိဘများ အနေဖြင့်သားသမီး များအပေါ်တာဝန် ငါးမျိုးရှိသည်။ ထိုအရာတို့မှာ၊ (၁) ​ကျွေးမွေးရမည် (၂) ချစ်ရမည် (၃) သွန်သင်ရမည် (၄) စောင့်ရှောက်ရမည် (၅) ဆုံးမရမည်။ ယခုခေတ် မိဘများ၌ အထက်ပါ အရည်အချင်း တခုမှမရှိသောသူများရှိသည်။ ထိုကဲ့သို့သော မိသားစုမှကြီး ပြင်းလာသော သားသမီး များသည် ကြမ်းတမ်း၍ လူဆိုးများ ဖြစ်တတ်သည်။ အချို့သော မိဘများ၌ ​ကျွေးမွေးခြင်းနှင့် ချစ်ခြင်းကိုသာလျှင် သိ၍ သားသမီး များ၏ အလိုကို လိုက်ကာသွန်သင်ခြင်း၊ ဆုံးမခြင်း မရှိကြချေ။ ထိုကဲ့သို့သော အိမ်ထောင်မှ ခလေး များလည်းရိုင်းဆိုင်း၍ မည်သူကိုမျှ မကြောက်၊ အသိုင်းအ ဝိုင်းထဲ၌ မိဘများကို မျက်နှာပျက်စေတတ်သည်။ သားသမီးများကို ဆုံးမခြင်း သာပြု လုပ်၍ ချစ်ခြင်းမေတ္တာမပြလျှင်လည်း ကြမ်းတမ်းသော သားသမီး များဖြစ် လာတတ်ကြသည်။ မိဘတိုင်း သားသမီးများကို ​ကျွေးမွေးခြင်း၊ ချစ်ခြင်း၊ သွန်သင်ခြင်း၊ စောင့် ရှောက်ခြင်းနှင့် လိုအပ်လျှင် ဆုံးမခြင်း ကိုလည်း ပြုလုပ် ရမည်။ ထိုကဲ့သို့သော မိသားစုမှကြီး ပြင်းလာသောသူများသည် ယဉ်ကျေးသိမ်မွေ့၍ လိမ္မာသော သားသမီး များဖြစ်လာတတ်သည်။ 

ကိုယ်ခန္ဓာပိုင်း၌ မိဘများက သားသမီး များအပေါ်အထက်၌ ဖေါ်ပြသော တာဝန်များရှိ သကဲ့သို့ ဝိညာဉ် မိဘများကလည်း ဝိညာဉ် သားသမီး များအပေါ်တာ ဝန်ရှိ ကြသည်။ ယနေ့ ဧဝံဂေလိ ဆရာများသည် ဝိညာဉ် သားသမီး များနေရာတိုင်း၌ မွေးဘွားသော်လည်း ပြန်လည်​ကျွေးမွေးခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ ဆုံးမခြင်း မရှိ သောကြောင့် ဝိညာဉ် မိဘမဲ့မြောက် များစွာ ပေါ်ပေါက်လာကာ မယုံကြည်သူများရှေ့၌ ပုံသက်သေမကောင်းသောကြောင့် ဘုရား၏ ဘုန်းတော် ရှုပ်ချစရာ ဖြစ်လာသည်။ ထို့ကြောင့် ဝိညာဉ် သားသမီးများကို မြေတောင်မြှောက်ပေး၍ ပြုစုပျိုးထောင်ဘို့ အရေးကြီးကြောင်း ဖေါ်ပြလိုပါသည်။ 

​ကျွေးမွေးခြင်း 

သက်ရှိသတ္တဝါတိုင်း ကြီးထွားဘို့ရန် အစာစားရမည်။ အစာမ စားလျှင် လုံးဝ မကြီးထွားနိုင်သည်သာမက သေသွားနိုင်သည်။ ဝိညာဉ်ပိုင်းတွင် ဝိညာဉ် အစာသည် နှုတ်ကပတ်တော် ဖြစ်သည်။ ခလေးသည် ကိုယ်အလိုအလျောက် နို့မစို့တတ် သကဲ့သို့ ဝိညာဉ် ခလေး များလည်း ဝိညာဉ် မိဘများ ကနှုတ်ကပတ်တော် အစာကို ​ကျွေးရမည်။ ဝိညာဉ် ခလေးများပုံမှန်ကျမ်းစာဖတ်တတ်ဘို့ရန်အတူ တကွ နေ့တိုင်း ဖတ်ရမည်။ အစာ​ကျွေးသောအခါ နေ့ချင်းညချင်းမကြီး ထွား၊ မသိမသာ ကြီးထွားသည်။ ထိုနည်းတူ ကျမ်းစာ မှန်မှန်ဖတ်ခြင်းဖြင့် ချက်ချင်း ဝိညာဉ်ပိုင်းမကြီး ထွားသော်လည်း မသိမသာကြီး ထွားလာမည် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ် မိဘများက သားသမီး များနှုတ်ကပတ်တော် အစာကို ပုံမှန်စားတတ်ရန်သင်ပေးဘို့ တာ ဝန်ရှိသည်။ 

ချစ်ခြင်း မေတ္တာ

ခလေး များသည် မိဘ၏ ချစ်ခြင်းမေတ္တာကို ဆာငတ် သကဲ့သို့ ဝိညာဉ် ခလေး များလည်း ဝိညာဉ် မိဘများ၏ ချစ်ခြင်းမေတ္တာဆာငတ်ကြသည်ကို သိကြဘို့ လိုသည်။ ရှင်ပေါလုသည် သူ၏ ဝိညာဉ် သားသမီးများကို ချစ်ကြောင်း လွမ်းကြောင်းများကို သူ
၏ စာများ၌ တွေ့မြင်နိုင်သည်။ ဖိလိပ္ပိ အသင်းတော် ထံ၌ ငါသည် သင်တို့ အပေါင်းကို ယေ ှု ခရစ်၏ မေတ္တာက ုဏာနှင့် အဘယ်မျှလောက်လွမ်းသည်ဟု ဘုရားသခင်သည် ငါ့သက်သေ ဖြစ်တော်မူ၏။ (ဖိလိ ၁:၈) ဟူ၍၊ သက်သာလောနိတ် အသင်းတော် ထံ၌၊ သင်တို့ကို ချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကို ​ကျွေးမွေး ပြုစုသ ကဲ့သို့၊ ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကိုမျှ မက၊ ကိုယ်အသက်ကို ပင် ပေးချင်သော စေတနာစိတ်ရှိကြ၏။ (၁ သက် ၂:၈) ဟူ၍ စာရေးခဲ့သည်။ 

စောင့်ရှောက်ခြင်း 

ခလေး များသည် ဘေးအန္တရာယ်များကို မသိကြပါ။ ထို့ကြောင့် မိဘများ ကကာကွယ်စောင့်ရှောက်ဘို့ လိုသည်။ ခလေး ငယ်လေလေအချိန် ပြည့်စောင့်ရှောက်ဘို့ လိုသည်။ ခလေး ငယ်များသည် မိခင်ထံမှ ၁၀ ပေပတ်လည်လောက်တွင် ၂၄ နာရီ နေရ ကြသည်။ အသက်ကြီး လာလေလေ မိဘထံမှ ဝေးလေလေ ဖြစ်၍ အရွယ်ရောက်သောအခါ မိဘထံမှ အဝေးသို့ ပျံသွားတတ်ကြသည်။ ထို့နည်းတူ ဝိညာဉ် သားသမီး များလည်း ဝိညာဉ် မိဘများက ကာကွယ်စောင့်ရှောက်ဘို့ လိုသည်။ ခရစ်တော်လည်း သူ၏ တပည့်တော်များကို ဖါရိရှဲများ ကအပြစ် တင်သောအခါ မဟာတံတိုင်း ကဲ့သို့ သူတို့ကို ကာကွယ်ကြောင်း တွေ့ရသည် (မာ ၂:၂၃-၂၈)။ 

သွန်သင်ခြင်း 

အချို့သော မိဘများသည် သားသမီးများကို ချစ်လွန်းသောကြောင့် မခိုင်းရက်၊ မဆိုရက်အားလုံး လုပ်ပေးသောအခါ သားသမီး များသည် ရင့်ကျက်ခြင်း မရှိ တော့ချေ။ မိဘမရှိလျှင် မချက်တတ်၊ မလုပ်တတ်ဒုက္ခ ရောက်ရသည်။ ထိုသို့သော မိဘ များသည် ခလေးများကို မချစ်တတ်ခြင်း ဖြစ်သည်။ မိဘများသည် သားသမီး များနှင့် အစဉ်နေထိုင်ကြမည် မဟုတ်သောကြောင့် အရွယ်နှင့် လိုက်အောင် သွန်သင်ပေးဘို့ လိုအပ်သည်။ တာဝန်များကိုလည်း ပေးအပ်ဘို့ လိုအပ်သည်။ ဝိညာဉ် သားသမီးများကိုလည်း ကျမ်းစာဖတ်နည်း၊ ဆုတောင်းနည်း၊ သက်သေခံနည်း၊ ပေးကမ်းနည်း၊ ကြီးထွားရင့်ကျက်နည်းများကို သွန်သင်ဘို့ လိုအပ်သည်။ 

ဆုံးမခြင်း 

မိဘများသည် သားသမီးများကို ဆုံးမဘို့ လိုအပ်သည်။ ဆုံးမခြင်းသည် စကား နားမထောင်သောကြောင့်၊ အပြစ်လုပ်သောကြောင့် လိုအပ်ခြင်း ဖြစ်သည်။ ဆုံး မစရာ မလို၊ အလိုအလျောက်လိမ္မာသော သားသမီး များသည် နည်းသည်။ သားသမီး များအပြစ် လုပ်၊ စကား နားမထောင်သောအခါ မဆုံးမလျှင် အပြစ်လုပ်ခြင်းကို အားပေးသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် ကြာလာလျှင် ပို၍ ပို၍ ကြီးမားသော အပြစ်များလုပ်မည် ဖြစ်သည်။ ထိုနည်းတူ ဝိညာဉ် သားသမီး များလည်း မသင့်တော်သောအခါ ပျင်းရိ၍ စကား နားမထောင်သောအခါ ဆုံးမဘို့ လိုအပ်သည်။ 
 အချင်းချင်းလည်း ဆုံးမဘို့ လိုအပ်သည်။ ရှင်ပေါလုကသူ့ထက် အရင် ခရစ်တော် နောက်လိုက်သော ရှင်ပေတရုကို လူများရှေ့တွင် ဆုံးမလိုက်သည်။ (ဂလာ ၂:၁၁-၁၄) 

ပေါလုသည် ဂလာတိနယ်ရှိ အသင်းတော်များထံ၊ ပညာမဲ့သော ဂလာတိ လူတို့၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ယေ ှု ခရစ်တော်ကို သင်တို့ မျက် မှောက်၌ ထင်ရှားစွာ ပြပြီးသည် ဖြစ်၍၊ သမ္မာတရားကို နားမထောင်စေခြင်းငှါ သင်တို့ကို အဘယ်သူ ပြုစားသနည်း။ (ဂလာ ၃:၁)ဟု စာရေးခဲ့သည်။ စကားအားဖြင့် ဆူခဲ့ပါက ယနေ့ တိုင်ရှိတော့မည် မဟုတ်။ စာအားဖြင့် ရေးသောကြောင့် ကမ္ဘာမကုန် မချင်း ဤစာသည် ကုန်တော့မည် မဟုတ်။ ဤစာသည် ကာယကံရှင်များအတွက် အလွန်စိတ်နာစရာ ဖြစ်သည်။ 

ရှောလုမင်းသည် ဘုရား စကား နားမထောင်ဘဲ အမလက်လူမျိုးများ တိုက် ရာတွင် ဘုရား စကားကို အကုန်အစင်နားမထောင်၊ တဝက်သာ နားထောင်သောအခါ ဘုရားသခင်က သူ့ကို စွန့်ကြောင်းရှာမွေလကပြောခဲ့သည်။ ထိုအခါ ရှောလုက ရှာမွေလထံ၊ အကန်ုပ်ပြစ်မှားပါပြီ။ သိုသော်လည်း အကန်ုပ် အမျိုးသားချင်း အ သက်ကြီး သူတို ရှေ၌ င်း၊ သရေလအမျိုးရှေ၌ င်း၊ အကန်ုပ်၏ ဂုဏ်အသရေကို မဖျက်ပါနှင့်၊ ဟုဆိုခဲ့သည် (၁ရာ ၁၅:၃၀)။ ရှောလုသည် နောင်တရသော်လည်း လူများရှေ့၌ အရှက်ကွဲခြင်းကို မခံနိုင်ချေ။ 

 ဒါဝိဒ်မင်းသည် ဥရိယကို သတ်၍ သူ၏ မယားဗာသရှေဘကို သိမ်းပိုက်သောအခါ သူ့ကို ဆုံးမနိုင်သောသူမရှိသော်လည်း ဘုရားသခင်က ပရောဖက် နာသန်အားဖြင့် ဆုံးမသောအခါ ပရောဖက် အပေါ်၌ စိတ်မဆိုးခဲ့ချေ။ ဒါဝိဒ်ကလည်း ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အား ဝန်ချ၍ ဟု တွေ့ရသည် (၂ရာ ၁၂:၁၃)။ ထို့ကြောင့် ထာဝရဘုရားက သူ့ကို အသက် ချမ်းသာ ရာပေးခဲ့သည်။ ဘုရား အလိုတော် မကျဘဲ သန်းခေါင်စာရင်းကောက်သောကြောင့် တိုင်း သူပြည်သား ခုနှစ်သောင်းသေသောအခါ၌လည်း၊ အ​ကျွန်ုပ်ပြစ်မှားပါပြီ။ ဒုစ ုိက်ကို ပြုမိပါပြီ။ ဤသိုး ( သရေလ) တို မူကား အဘယ်သို ပြုမိပါသနည်း။ လက်တော်သည် အ​ကျွန်ုပ်နှင့် အ​ကျွန်ုပ်အဆွေအမျိုး၌ ရောက်စေတော်မူပါဟု ထာဝရဘုရားအား တောင်းပန်လေ၏။ဟု အပြစ်ကို သူနှင့် သူ၏ အဆွေအမျိုးကသာ ခံဘို့ရန် တောင်းလျှောက်ခဲ့သည် (၂ရာ ၂၄:၁ရ)။ ထို့ကြောင့် ဆုံးမခြင်းကို ခံသောအခါ ရှက်ခြင်း၊ စိတ်နာခြင်း မရှိရ။ 
 

ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏ အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။ ၆ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ် ခတ်တော်မူ တတ်၏ဟု သူငယ်တို့ကို ဆို သကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒ စကားကို မေ့လျော့ ကြသလော။ ၇ သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကို ပြု သကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။ အကြောင်းမူကား၊ အဘ မဆုံးမသောသား တစုံတယောက် ရှိသလော။ ၈သား အပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲ နေလျှင်၊ သား အရင်း မဟုတ်၊ မင်းဦးမင်းလွင်ရသောသား ဖြစ်ကြ၏။ ၉ တနည်းကား၊ ကိုယ်ကာယနှင့် စပ်ဆိုင်သော အဘတို့ လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့ လိုက်၍၊ အသက် ချမ်းသာ ရကြမည် မဟုတ်လော။ ၁၀ အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့ လိုက်၍ တခဏသာဆုံးမပေးကြ၏။ ကိုယ်တော်မူကား၊ မိမိသန့်ရှင်းခြင်း ပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှါ၊ ငါတို့ အကျိုးကို ထောက်၍သာ ဆုံးမ ပေးတော်မူ၏။ ၁၁ ဆုံးမခြင်း မည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာ မထင်၊ ဝမ်းနည်းစရာ ထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကို ခံရသော သူတို့သည်၊ နောက်မှငြိမ်သက်ခြင်းနှင့် သက်ဆိုင်သော ​ဖြောင့်မတ်ခြင်း အကျိုးကို ခံရကြ၏။ (ဟေ ၁၂:၅-၁၁) ဆုံးမခြင်းသည် ငြိမ်သက်ခြင်းနှင့် ​ဖြောင့်မတ်ခြင်း အကျိုးရရှိ နိင်သည် ဟုဆိုသည်။ 

 နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။အချိန် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ကြိုးစားအား ထုတ်လော့။ အပြစ်ကို ဘော်ပြလော့။ ဆုံးမခြင်းကို ပြုလော့။ အလွန် ရှည်သော စိတ်နှင့် ဩဝါဒမျိုးကို ပေး၍ တိုက်တွန်းသွေးဆောင်လော့။ 
 (၂ တိ ၄:၂) ကွင်းသော သူတို့သည် ကြောက်စေခြင်းငှါ အပြစ်ရှိသော သူတို့ကို လူအပေါင်းတို့ ရှေ့မှာ အပြစ်တင်၍ ဆုံးမလော့။ (၁ တိ ၅:၂၀)ဟု ပေါလုကတိမောသေ ထံ၌ စာရေးခဲ့သည်။ ယခုခေတ်တွင် ယုံကြည်ခြင်း ပေါ့ပျက်သည်သာမက ဂိုဏ်းဂဏများ လွန်းသောကြောင့် ဆုံးမခြင်းကို မပြုလုပ် ရဲကြတော့ချေ။ အကြောင်းမူကား ဆုံးမခြင်း ခံပါက အခြား အသင်းတော်သို့ ပြောင်းသွားမည် စိုးရိမ် ကြသည်။ ထို့ကြောင့်၊ အဘယ်သူမျှ ပြည့်စုံသူမရှိပါဟု ဆင်​ခြေပေး၍ ကျေနပ် ရကြသည်။ 

 

ကျမ်းစာဖတ်ကြစို့
 ဗျာဒိတ်ကျမ်း၂၁


 
၁။ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့ နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ၊ ထိုအခါ မှစ၍ သမုဒ္ဒ​ရာမရှိ။ 

ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ခရစ်တော်က ဤလောကကို အနှစ်တထောင်အုပ်စိုးခြင်း ကိုလည်း ဆိုလိုတတ်သည် (ဟေရှာ ၆၅:၁ရ- ၂၅)။ သို့သော် 
 ယခုရေးသော အထက်ပါ ကောင်းကင်နှင့် မြေကြီးသစ်သည် ထာဝရ ကာလ ရှိမည့် အရာ ဖြစ်သည်။ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ယခု​ကျွန်ပ်တို့ နေထိုင်သောမြေ ကြီးနှင့် ကောင်းကင် ဖြစ်သည်။ မြေကြီးသစ်၌ သမုဒ္ဒ​ရာမရှိတော့ချေ။ သမုဒ္ဒ​ရာမရှိလျှင် မိုဃ်းတိမ်မိုဃ်းရွာခြင်း၊ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ လည်းရှိတော့မည် မဟုတ်ချေ။ 

၂။ သန့်ရှင်းသော မြို့ တည်းဟူသော ယေ ုရှလင်မြို့သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာ ဆင်သော မင်္လာဆောင်သတို့သမီး ကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ 

ယေရုရှလင်မြို့သည် နှစ်ခုရှိသည်။ မြေကြီး ယေရုရှလင်နှင့် ကောင်းကင် ယေရုရှလင်တို့ ဖြစ်သည်။ မြေကြီး ယေရုရှလင်သည် ယခုအစ္စရေးနိင်ငံတွင် ရှိ၍ မြေကြီး ပျက်စီးသောအခါ ပါသွားပြီး ပြီ ဖြစ်သည်။ ယခု ယေရုရှလင်မြို့သစ်သည် မြေကြီးသစ်နှင့် ဆိုင်သော မြို့ ဖြစ်၍ အနာဂတ်မှာရှိသေးသည်။ မြို့သည် အဆောက်အဦးများကို ဆိုလိုတတ်သော်လည်း လူမရှိလျှင် အဓိပ္ပါယ်မရှိချေ။ သခင်ယေရှုက၊ အိုယေ ုရှလင်မြို့၊ ယေ ုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင် ရှိရာသို့ စေလွှတ်သော သူတို့ ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသား ငယ်တို့ကို အတောင်အောက်၌ စု ံုး သကဲ့သို့ သင်၏သားတို့ကို စု ံုးစေခြင်းငှါ ကြိမ်ဖန် များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။ သင်တို့ နေသော အိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။ ငါဆိုသည်ကား၊ ထာဝရဘုရား၏ အခွင့်နှင့် ကွလာသောသူသည် မင်္လာရှိစေသောဟု သင်တို့ မပြောမှီတိုင်အောင် ယခုမှ စ၍ သင်တို့သည် ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏ မ၂၃:၃ရ- ၃၉) ဟုဆိုရာတွင် သခင်ယေရှု ကအဆောက်အဦးများကို ဆိုလိုသည် မဟုတ်၊ အထဲမှာနေသော လူများကို ဆိုလိုကြောင်း ထင်ရှားသည်။ ထိုကြောင့် ယေရုရှလင်မြို့သစ်သည်လည်း လူများကို ဆိုလိုခြင်း ဖြစ်မည်။ 

မင်္လာဆောင်သတို့သမီး ကဲ့သို့ ပြင်ဆင်လျက် ဟုဆိုသောကြောင့် လှလှ ပပ ပြင်ဆင် ထားခြင်းကို ဆိုလိုသည်။ အသင်းတော်သည် ခရစ်တော်၏ မိန်းမ ဖြစ်ကြောင်း၂ ကော ၁၁:၂၊ ဧဖက် ၅:၂၅-၂၆တို့၌ တွေ့ရသည်။ သို့သော် ပဌမနှင့် ဒုတိယရာစုနှစ်၌ ရှိသော အသင်းတော်များနှင့် ခေတ်အဆက်ဆက်၌ နှိပ်စက်ခြင်း ခံသော အသင်းတော် အနည်းငယ်သာလျှင် ဤလောက အညစ်အ​ကြေးနှင့် ညစ်ညူးခြင်း မရှိဘဲ သန့်ရှင်း ကြသည်။ အသင်းတော် အများစုသည် ဤလောကကို ချစ်လွန်း သောကြောင့် ညစ်ညူးစွာနှင့် ချီဆောင်ခြင်း၌ ခရစ်တော်ကို တွေ့ရကြမည် ဖြစ်သည်။ 
 ယခု ယေရုရှလင်မြို့သစ် တည်းဟူသော ယုံကြည်သူများသည်လောကနှင့် ညစ်ညူးခြင်း မရှိတော့သောကြောင့် သတို့သမီး ကဲ့သို့ ပြင်ဆင်လျက် တွေ့ရခြင်း ဖြစ်သည်။ 

ကောင်းကင်ဘုံမှ ဆင်းသက်သည် ဟုဆိုသောကြောင့် ဘုရားသခင်ထံမှ ဖြစ်သည်။ အသင်းတော် သို့မဟုတ် ယုံကြည်သူများသည် ချီဆောင်ခြင်း၌ ကောင်းကင်တက်၍ အနှစ်တထောင်ကာလတွင် ဤလောက၌ ခရစ်တော်နှင့် အုပ်စိုးရမည် ဖြစ်သည်။ ယခုကောင်းကင်မှ ဆင်းသက်ခြင်းသည် အနှစ်တထောင်ကာလ အပြီးတွင် ဖြစ်၍ မြေကြီးသစ်တွင် ဖြစ်သည်။ 

၃။ ကောင်းကင်မှ ကြီးသော အသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင် ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏ လူဖြစ်ကြ လိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။ 

ဘုရားသခင်၏ တဲတော်သည် ဘုရားကျိန်းဝပ်တော်မူသော နေရာ ဖြစ်သည်။ ဘုရားသခင်သည် လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည် ဟုဆိုသည်။ ဘုရားသခင်ကလူကို ဖန်ဆင်းခြင်းသည် သူနှင့်အတူ နေ၍ မိဿဟာယဖွဲ့ဘို့ရန် ဖြစ်သည်။ သို့သော် လူသည် အစအဦးမှစ၍ အပြစ်ကြောင့် ညစ်ညူး သွားသည်။ ထို့ကြောင့် သန့်ရှင်းသော ဘုရားသခင်နှင့် ညစ်ညူးသော လူသည် ပေါင်းဖေါ်၍ မရတော့ချေ။ သို့သော် လူအထဲမှ အပြစ်များကို ခရစ်တော်အားဖြင့် ဘုရားသခင်က ဖယ်ရှားလိုက်သောအခါ လူသည် သန့်ရှင်းလာ၍ သူနှင့်အတူ ပေါင်းဖေါ်၍ ရလာပြီ ဖြစ်သည်။ ထိုအခါ ဘုရားသခင်သည် လူများ၏ ဘုရား ဖြစ်၍ လူတို့လည်း ဘုရား၏ လူများ ဖြစ်လာကြလိမ့်မည်။ ထိုအရာသည် ဘုရားသခင်က သရေလလူများထံဂတိပေးခဲ့သောအရာ ဖြစ်သည်။ ဘုရားသခင်က၊ နောင်ကာလ အခါ သရေလအမျိုးသားတို့၌ ငါပေးအံ့သော ပ ိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ၏ ပညတ်တရားကို သူတို့ အတွင်း ထဲသို့ သွင်းမည်။ သူတို့ နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရား ဖြစ်မည်။ သူတို့သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။ ၃၄ ထို သူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကို အချင်းချင်း တယောက်ကို တယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီး ဆုံးသောသူတိုင်အောင်၊ ထိုသူ အပေါင်းတို့သည် ငါ့ကို သိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့ အပြစ်များကို သည်း ခံမည်။ သူတို့ ပြုသော ဒုစ ုိက်များကို မအောက်မေ့ဘဲ နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ (ယေရ ၃၁:၃၃-၃၄)။ 

၄။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေး ဖြစ်ဘူးသောအရာ တို့သည် ရွေ့သွားကြ ပြီ။ 

 ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည် ဟုဆိုသောကြောင့် ကောင်းကင်၌ မျက်ရည်ရှိသေးသလောဟု မေးစရာ ဖြစ်လာသည်။ မျက်ရည်သည် ဝမ်းနည်းမျက်ရည်၊ ဝမ်းမြောက် မျက်ရည်နှင့် ကြောက်ရွံ့မျက် ရည်ဟူ၍ ရှိသည်။ ယခုသုတ်မည့် မျက်ရည်သည် ဝမ်းနည်းမျက်ရည် ဖြစ်နိုင်သည်။ အကြောင်းမှာ နောက်တဖန် သေဘေးမရှိရ၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ ဟုဆိုသောကြောင့် ယုံကြည်သူများမြေကြီး ပေါ်၌ နေစဉ် ဒုက္ခ ဆင်းရဲ ခံရခြင်း အတွက် ကျသော မျက်ရည် ဖြစ်နိုင်သည်။ ထိုမျက်ရည်သည် ကောင်းကင် ရောက်ခါစ၌ ရှိသော မျက်ရည် ဖြစ်မည်။ အကြောင်းမှာ နောက်ထပ် ဒုက္ခ ဆင်းရဲ မရှိ၊ ရှေး ဖြစ်ဘူးသောအရာ တို့သည် ရွေ့သွားကြပြီ ဟုဆိုသည်။ 

၅။ ပလင်တော် ပေါ်မှာ ထိုင်တော်မူသောသူကလည်း၊ ငါသည် ခပ်သိမ်းသောအရာ တို့ကို အသစ်ဖန်ဆင်းသည်ဟု မိန့်တော်မူ၏။ တဖန်တုံ၊ ရေးထားလော့။ ဤစကားသည် သစ္စာ စကား၊ ဟုတ်မှန်သောစကား ဖြစ်၏ ဟူ၍ င်း၊ 

ပလင်တော် ပေါ်မှာ ထိုင်တော်မူသောသူသည် ဘုရားသခင် ဖြစ်သည်။ သူသည် ခပ်သိမ်းသောအရာ တို့ကို အသစ်ဖန်ဆင်းသည် ဟုဆိုသည်။ ထိုခပ်သိမ်းသောအရာ တို့သည် ကောင်းကင်၊ မြေကြီးနှင့် အထဲ၌ ရှိသောအရာ အားလုံး ဖြစ်သည်။ ပဌမ ကောင်းကင်နှင့် မြေကြီးသည် စာတန်ကြောင့် ညစ်ညူး ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ကအရာခပ်သိမ်းကို အသစ်ပြန်ဖန်ဆင်းခြင်း ဖြစ်သည်။ ထိုအသစ်သောအရာကို စာတန်က မညစ်ညူး စေနိုင်တော့သောကြောင့် ထာဝရ ကာလ တိုင်တည်တန့် မည့် အရာ ဖြစ်သည်။ ဘုရားသခင်သည် မုသာကို မပြောနိုင်၊ မှန်သော သမ္မာတရားကိုသာ ပြောနိုင်သည်။ ထို့ကြောင့် ထိုအရာကို ယောဟန် အားရေးမှတ်ထားခိုင်းခြင်း ဖြစ်သည်။ 

၆။ အမှုပြီး ပြီ။ ငါသည် အာလာဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။ ရေငတ်သောသူအား အသက် စမ်းရေကို အဘိုးမယူဘဲ ငါပေးမည်။ 

အမှုပြီး ပြီဟူသောအရာသည် အဘယ်အရာနည်း။ ဘုရားသခင်က အရာ ခပ်သိမ်းကို ဖန်ဆင်းပြီး နောက်​ခြောက် ရက်နေ့တွင် လူကို ဖန်ဆင်းကာသတ္တမနေ့တွင် အနားယူသည် ဟုဆိုသည် (က ၂:၂-၃)။ သို့သော် စာတန် ကလူကို လှည့်ဖျား၍ အပြစ်ကျူးလွန် ချိန်မှစ၍ ဘုရားသခင်သည် အနားမယူနိုင်တော့ဘဲ အမြဲ အလုပ်လုပ်ဘို့ လိုလာသည်။ ထို့ကြောင့် ယေ ှုကလည်း၊ ငါ့ ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည် ဖြစ်၍ ငါသည်လည်း လုပ်၏ဟု ပြန်ပြောတော်မူ၏။ 
 (ယော ၅:၁ရ)။ ခရစ်တော်က လက်ဝါးကပ်တိုင်တော် ပေါ်တွင် အမှုပြီး ပြီ (ယော ၁၉:၃၀) ဟုဆိုသော်လည်း ထိုအရာသည် ကယ်တင်ခြင်း လုပ်ငန်းနှင့် ပတ်သက်သောအရာကိုသာ ခြုံထားသည်။ ခရစ်တော်အားဖြင့် လူများ ကယ်တင်ခြင်း လုပ် ငန်းလုပ်ပြီးသောအခါ တွင်လည်း ဘုရားသခင်သည် လုပ်စရာ များစွာ ရှိသေးသည်။ သို့သော် စာတန်ကို မီးအိုင် ထဲချပစ်၍ ကောင်းကင်သစ်နှင့် မြေကြီးသစ်ဖန်ဆင်းသောအခါ နောက်ထပ်ဘာမျှလုပ်စရာ မလိုတော့သောကြောင့် အမှုပြီး ပြီ ဟုဆိုရခြင်း ဖြစ်သည်။ 

ငါသည် အာလာဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။ ဗျာ ၁၌ ဖေါ်ပြပြီး သကဲ့သို့ အာလာဖနှင့် ဩမေဃသည် ဂရိတ် (ဟေလသ) ဘာသာ၏ အက္ခရာပဌမဦးဆုံး နှင့် နောက်ဆုံး ဖြစ်သည်။ အာလာဖရှေ့၌ အဘယ် အက္ခရာမရှိ သကဲ့သို့ ဘုရားသခင့်ရှေ့၌ အဘယ်အရာမျှ မရှိချေ။ ထို့နည်းတူ ဩမေ ဃနောက်၌ အဘယ်အက္ခရာမရှိတော့ သကဲ့သို့ ဘုရားသည် နောက်ဆုံးလည်း ဖြစ်သည်။ ငါသည် အာလာဖနှင့် ဩမေဃ ဖြစ်သည်ဟု ဘုရားသခင်က သာလျှင် ဆိုနိုင်သည်။ ဖန်ဆင်းထားသော လူနှင့် ကောင်းကင်တမန် များကမဆို နိုင်ချေ။ 

ရေငတ်သောသူကို အဘိုးမပေးဘဲ ပေးမည် ဟုဆိုသည်။ ထိုရေသည် သောက်သုံးရေ မဟုတ်ဘဲ ဝိညာဉ် ရေ ဖြစ်သည်။ လူတိုင်း၏ ဝိညာဉ်သည် ဘုရားကို ဆာငတ်သည် (ဆာ ၄၂:၁၊ ၅)။ ထိုဝိညာဉ် ဆာငတ်ခြင်းသည် လောကအရာအားဖြင့် မပြေစေနိုင်ချေ။ ဘုရားကိုယ်တိုင် ကသာလျှင် ပြေစေနိုင်သည် ယော ရး၃ရ- ၃၉)။ မိတ်ဆွေ၊ သင်၏ ဝိညာဉ်သည် ဘုရားသခင်ကို ငတ်ကြောင်း သိပါသလော။ လောကအရာများအားဖြင့် ဝိညာဉ် အငတ်ပြေဘို့ မကြိုးစားဘဲ ဘုရား အားဖြင့်သာလျှင်အငတ်ပြေဘို့ ဘုရား ထံတော်သို့ ချဉ်းကပ်ပါ။ 
ရ။ အောင်မြင်သောသူသည် ဤအရာတို့ကို အမွေခံ ရလိမ့်မည်။ ငါသည် သူ၏ ဘုရားသခင် ဖြစ်မည်။ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်။ 

အောင်မြင်ခြင်းသည် ယုံကြည်ခြင်း ဖြစ်ကြောင်း ယောဟန်က ဤသို့ ရေး ထားခဲ့သည်၊ ဘုရားသခင်၏သား ဖြစ်သောသူ မည်သည်ကား၊ လောကကိုအောင် တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်း ပေ တည်း။ (၁ ယော ၅:၄)။ ဤအမွေဟူသောအရာသည် အသက်ရေ ဖြစ်သည်။ ယုံ ကြည်သောသူသည် အသက်ရေကို အမွေခံ ရကြလိမ့်မည်။ ရေငတ်သောသူအ တွက်ရေသည် အလွန် တန်ဘိုးရှိသော်လည်း ရေမငတ်သောသူအတွက် ရေသည် ဘာမျှ မဟုတ်ချေ။ 

ငါသည် သူ၏ ဘုရားသခင် ဖြစ်မည်ဟူသောအရာသည် ဘုရားသခင်ကို အလွန်ကြည်ညိုသောသူအတွက် အလွန် တန်ဘိုး ကြီးသည်။ ဘုရားသခင်ကို ဂရုမစိုက်သောသူအတွက် မူအဓိပ္ပါယ်မရှိ၊ တန်ဘိုးလည်း မရှိချေ။ သူသည်လည်း ငါ့သား ဖြစ်မည်။ သားတော်ကို ယုံကြည်သောသူသည် ဘုရားသား ဖြစ်ရသော အခွင့်ပေးသည်ဟု (ယော ၁:၁၂)၌ တွေ့ရသည်။ အရာရှိသား၊ သူဌေးကြီး၏ သား၊ သမ္မတသားများဖြစ်နိုင်လျှင် လူအများစုကလိုချင် ကြမည်။ ထိုမျှမက ဘုရား၏သား ဖြစ်ခြင်းသည် မည်မျှလိုချင်စရာ ကောင်းသနည်း။ 

၈။ ကြောက်တတ်သောသူ၊ မယုံကြည် သောသူ၊ စက်ဆုပ်ရွံရှာဘွယ်သောသူ၊ လူအ သက်ကို သတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာ ပျက်သောသူ အပေါင်းတို့ မူကား၊ ဒုတိယသေခြင်း တည်းဟူသော ကန့်နှင့် လောင်သော မီးအိုင် ထဲ၌ မိမိတို့ အဘို့ကို ရကြလိမ့်မည်ဟူ၍ င်းငါ့အား မိန့်တော်မူ၏။ 

ဒုတိယသေခြင်း တည်းဟူသော ကန့်နှင့် လောင်သော မီးအိုင် ထဲ၌ ဆင်းသွား မည့်သူ များ၏ အကျင့်များကို ဖေါ်ပြထားသည်။ သူတို့သည် ထိုအကျင့်များကြောင့် မီး အိုင်ထဲသို့ ရောက်သွားကြခြင်း မဟုတ်ဘဲ ဘုရားကို မကိုးကွယ်ခြင်း၊ မယုံကြည်ခြင်း၊ ခရစ်တော်ကို လက်မခံခြင်းကြောင့် ထိုအကျင့်များကို ကျင့်ကြ၍ မီးအိုင် ထဲသို့ ဆင်းကြ ရမည် ဖြစ်သည်။ အဘယ့်ကြောင့်ကြောက်တတ်သောသူသည် မီးအိုင် ထဲသို့ ဆင်းရသနည်း။ ကြောက်တတ်သောသူ ဟုဆိုရာတွင် ဘုရားသခင်ကို ယုံကြည် ဘို့ရန် ကြောက် တတ်ခြင်းကို ဆိုလိုသည်။ လူများ စွာသည် ဘုရားသခင်နှင့် သူပေးသော အသက်ကို လိုချင်သော်လည်း မယူရဲကြချေ။ အကြောင်းမှာ ဘုရားကို ယုံကြည်ပါက မိသားစုအ သိုင်းအဝိုင်းမှပယ်မှာကို ကြောက် ကြသည်။ အလုပ်ပြုတ်မှာ၊ ရာထူးကျမှာ၊ လူများ၏ သရော်မှာကို ကြောက်သောကြောင့် ဘုရားကို မယုံကြည် လက်မခံရဲကြချေ။ 

၉။ နောက်ဆုံးသော ဘေးဒဏ် ခုနစ်ပါးနှင့် ပြည့်စုံသော ဖလား ခုနစ်လုံးကို ဆောင်သော ကောင်းကင်တမန် ခုနစ်ပါးတွင် တပါးသည် လာပြီးလျှင်၊ ငါ့ကို နှုတ်ဆက်၍၊ လာခဲ့ပါ။ သိုးသငယ်၏ ခင်ပွန်း တည်းဟူသော မင်္လာဆောင်သတို့သမီးကို ငါပြမည်ဟု ပြောဆိုလျက်၊

နောက်ဆုံးသော ဘေးဒဏ် ခုနစ်ပါးနှင့် ပြည့်စုံသော ဖလား ခုနစ်လုံးကို ဆောင်သော ကောင်းကင်တမန် ခုနစ်ပါးတွင် ဟူသော ဝါကျသည် နာမဝိသေသန ဖြစ်သည်။ ထိုအရာကို ဖြုတ်လိုက်ပါက ကောင်းကင်တမန် တပါးသည်ဟု နားလည်ရသည်။ ထိုကောင်းကင်တမန်က ယောဟန်ကို နှုတ်ဆက်၍ သိုးသငယ်၏ ခင်ပွန်း တည်းဟူသော မင်္လာဆောင်သတို့သမီးကို ငါပြမည် ဟုဆိုသည်။ ထိုသတို့သမီးသည် အသင်းတော် ဖြစ်ကြောင်း ဗျာ ၁၉:ရ၌ ဖေါ်ပြခဲ့ပြီး ပြီ။ 

၁၀။ကြီး မြင့်သော တောင်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကို ဆောင် သွား၍ သန့်ရှင်းသော ယေရှရှလင်မြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အား ပြလေ၏။ 

အငယ် ၂ ၌ ဖေါ်ပြခဲ့ပြီးသော ယေရုရှလင်မြို့သစ်ကို ယခုတဖန် ပြန်လည်း ဖေါ်ပြခြင်း ဖြစ်သည်။ ယေရုရှလင်မြို့သည် ဘုရား၏ ဘုန်းတော်နှင့် ပြည့်စုံသည် ဟုဆိုသည်။ ထိုဘုန်းကို အောက်၌ ဆက်လက် ဖေါ်ပြသွားသည်။ 

၁၁။ ထိုမြို့၏ အရောင်အဝါသည်၊ ကျောက်သလင်းနဂါးသဲွ့ကဲ့သို့၊ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့် တူ၏။ 

ယရုရှလင်မြို့သည် ကျောက်သလင်း၊ နဂါးသွဲ့ကျောက် (jasper) နှင့် တူသည် ဟုဆိုသည်။ နဂါးသွဲ့ကျောက် အမျိုးမျိုး ပုံ၊ အရောင် အမျိုးမျိုးရှိသည် 

၁၂-၁၃။ကြီး မြင့်သော မြို့ ုိးလည်းရှိ၏။ အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌ သုံးပေါက်၊ တောင်ဘက်၌ သုံးပေါက်၊ အနောက်ဘက်၌ သုံးပေါက်၊ တံခါးတဆယ် နှစ်ပေါက်ရှိ၏၊ ထိုတံခါးတဆယ်နှစ်ပေါက်၌ ကောင်းကင်တမန် တဆယ်နှစ်ပါးရှိ၏၊ သရေလအမျိုးတဆယ်နှစ်မျိုး၏ နာမတို့သည် ထိုတံခါးပေါ်၌ ရေးထားလျက် ရှိ၏။ 

ယေရုရှလင်မြို့သစ်သည်ကြီး မြင့်သော မြို့ရိုးရှိသည် ဟုဆိုသည်။ မြို့ရိုးသည် ရှေးခေတ်၌ မရှိမ ဖြစ်လိုအပ်သောအရာ ဖြစ်သည်။ အကြောင်းမှာ မြို့ရိုးသည် ရန်သူများ ဘေးမှ ကာကွယ်သောအရာ ဖြစ်သည်။ သို့ဖြစ်လျှင် ယေရုရှလင်မြို့သစ်သည် ရန်သူများရှိဦးမည်လော။ ထိုမြို့ရိုးသည် ကာကွယ်ရေးအတွက် မဟုတ်တန်ရာ။ အကြောင်းမူကားရန်သူ တည်းဟူသော စာတန်နှင့် အဖွဲ့သည် မီးအိုင် ထဲသို့ ချပစ်ပြီး ဖြစ်၍ မနှောက်ရှက်နိုင်တော့ချေ။ ထို့ကြောင့် မြို့ရိုးသည် မြို့၏ ဂုဏ်အင်္ဂါလက္ခဏာ ပြည့်စုံဘို့ အတွက် ဖြစ်နိုင်သည်။ တံခါးပေါက်လည်း အရှေ့အနောက်၊ တောင်၊ မြောက်၌ သုံးခုစီရှိ၍ ကောင်းကင်တမန် တပါးစီကစောင့်ထားသည်။ ထိုတံခါးများ အပေါ်၌ သရေလဆယ့်နှစ်မျိုး၏ နာမများရေးထားသည်။ နာမရေးထားခြင်းသည် အမှတ်တ ရ၊ ယပိုင်ဆိုင်မှု၊ ဂုဏ်ပြုခြင်းများကို ဖေါ်ပြသည်။ 

၁၄။ မြို့ ရိုးအမြစ်သည် တဆယ်နှစ်ထပ်ရှိ၏။ သိုးသငယ်၏ တမန်တော် တဆယ်နှစ်ပါး၏ နာမတို့သည် မြို့ ရိုးအမြစ်ပေါ်၌ ရေးထားလျက် ရှိကြ၏။ 

မြို့ရိုးအမြစ် (အုတ်မြစ်)သည် တဆယ့်နှစ်ထပ်ရှိ၍ တမန်တော် ဆယ့်နှစ်ပါး၏ နာမများရေးထားသည် ဟုဆိုသည်။ ရှင်ပေါလုက၊ တမန်တော် မှစ၍ ပရောဖက်များ တည်းဟူသော တိုက်မြစ် အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက် ရှိကြ၏။ (ဧဖက် ၂:၂၀)ဟု ရေးသား ခဲ့သည်။ တမန်တော်များသည် ယေရှုခရစ်က ခေါ်သောအခါ တွန့်ဆုတ်ခြင်း မရှိဘဲ ချက်ချင်း လိုက်သွားကြကာ အသက်ထက် ဆုံး သခင်အတွက် အမှုဆောင်ခဲ့ ကြသည်။ ထို့ကြောင့် သူတို့သည် ထာဝရ ကာလ ပတ်လုံး အမှတ်ရဘို့ သူတို့၏ နာမည်များကို မြို့ရိုးအမြစ်၌ ရေးထားသည်။ လူသည် သေဆုံးသွား
သောအခါ အမှတ်ရဘို့ရန် အတွက် ကျောက်တိုင်များ ထူထားကာ နောင်လာနောက် သားများကချီးမွမ်းနိုင်ဘို့ရန် အသက်ရှင်စဉ် အောင်မြင် ခဲ့သော အရာများကို ရေးမှတ် တတ်ကြသည်။ သို့သော် ထိုအမှတ်တရကျောက်တိုင်များသည် အားလုံး ပျောက်ပျက်မည် ဖြစ်သည်။ ဘုရားရေးသောအရာ မူကား ထာဝရ ကာလ တိုင်တည်မည် ဖြစ်သည်။

၁၅။ ငါနှင့် စကားပြောသောသူသည်၊ မြို့ကိုင်း၊ တံခါးတို့ကိုင်း၊ မြို့ ရိုးကိုင်းတိုင်း ခြင်ငှါ တိုင်းစရာ ရွှေကျူလုံးပါ၏။ ၁၆။ မြို့သည် စတုရန်းလေးထောင့် ဖြစ်၏။ ထိုသူသည် ကျူလုံးနှင့် မြို့ကို တိုင်း၍ မြို့၏ အနံ၊ အလျား၊ အမြင့်၊ ယူဇနာတရာနှစ်ဆယ်စီ ရှိ၏။ မြို့ ရိုးဒုကို တိုင်း၍၊ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့်၊ တရာလေးဆယ်လေးတောင်ရှိ၏။ 

မြို့၊ တံခါးနှင့် မြို့ရိုးတိုင်းခြင်းသည် ယပိုင်ဆိုင်မှုနှင့် မှတ်တမ်းကို ဖေါ်ပြသည်။ ဗျာ ၁၁:၁-၂၌လည်း မြေကြီး ယေရုရှလင်မြို့ကို ဘေးဒဏ်ကြီး ကာလ၌ တိုင်းကြောင်း တွေ့ခဲ့ရသည်။ ယေရုရှလင်မြို့သစ်သည် စတုဂံ ဖြစ်၍ အလျားအနံအမြင့်သည် ယူဇနာ တရာနှစ်ဆယ်စီရှိသည် ဟုဆိုသည်။ ယူဇနာတရာနှစ်ဆယ်သည် တထောင့်ငါးရာ မိုင် ဖြစ်သည်။ မြို့ရိုးလည်း ကောင်းကင်တမန် အတောင်အားဖြင့် တရာလေးဆယ်လေး တောင်ရှိသည်။ ရှေးဟောင်းကမ္ဘာ့ အံ့ဘွယ်ခုနှစ်ပါးမှာပါသော တရုတ်ပြည် ရှိမဟာတိုင်းသည် အရှည် ၁၃၁ရ ၁ မိုင်ရှိ၍ ၁၅မှ ၃၀ ပေကျယ်သည်။ ယေရုရှလင်မြို့သစ်၏ မြို့ရိုးသည် အလျားမိုင် ၁၅၀၀၊ အနံမိုင် ၁၅၀၀ ရှိသောကြောင့် စုစုပေါင်း၂၂၅၀၀၀၀ မိုင် ရှည်၍ မြို့ရိုးဒုသည် ၁၄၄ တောင် (သို့) (၂၁၆ ပေ) ရှိသောကြောင့် တရုတ်တံတိုင်းထက် အလွန် ကြီးသည်။ 

၁၈။ မြို့ ရိုးကိုယ်သည် နဂါးသွဲ့ကျောက် ဖြစ်၏။ မြို့သည်လည်း ကြည်လင်သော ဖန်နှင့် တူသော ရွှေစင် ဖြစ်၏။ 

မြို့ရိုးသည် နဂါးသဲွ့ ကျောက် ဖြစ်သည် ဟုဆိုသည်။ နဂါးသွဲကျောက်သည် အငယ် ၁၁၌ ဖေါ်ပြခဲ့ပြီး ပြီ။ မြိ့သည် ကြည်လင်သော ဖန်နှင့် တူသော ရွှေစင် ဖြစ်သည် ဟုဆိုသည်။ မြေကြီး ပေါ်ရှိရွှေသည် ဖန်ကဲ့သို့ မကြည်လင်ချေ။ ထိုသို့ ရွှေစင်ဖြင့် ဆောက် ထားသောကြောင့် ကောင်းကင် ရွှေပြည်ဟု ခေါ်ခြင်း ဖြစ်သည်။ မြေကြီး ပေါ်၌ ရွှေမရှိနိုင် သူများ ကောင်းကင် ရွှေပြည်၌ နေကြဦးမည် ဖြစ်သောကြောင့် စွဲလန်းသင့်သည်။ 

၁၉။ မြို့ ရိုးအမြစ်တို့သည် ကျောက်မြတ် အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ ပထမအမြစ် ကား နဂါးသွဲ့ ဖြစ်၏။ ဒုတိယအမြစ်ကား နီလာ၊ တတိယအမြစ်ကား မဟူရာ၊ စတုတ အမြစ်ကား မြ၊ ၂၀။ ပဥ္စမအမြစ်ကား ကြောင်၊ ဆဌမအမြစ်ကား ကျောက်နီ၊ သတ္တမအမြစ်ကား ခ ုသုလိတ်၊ အဌမအမြစ်ကား မျက်ရွဲ၊ နဝမအမြစ်ကား ဥဿဖရား၊ ဒသမအမြစ်ကား ခ ုသုပြတ်၊ ဧကဒသမ အမြစ်ကား ဝါကိမ်သု၊ ဒွါဒသမအမြစ်ကား ဂေါ်မုတ် ဖြစ်သတည်း။ 

မြို့ရိုးအမြစ်တို့သည် ကျောက်ဆယ့်နှစ်မျိုးဖြင့် တည်ဆောက်ထားသည်။ မြန်မာနိင်ငံ၌ ကျောက်ကောင်းများ ရရှိဘို့ အတွက် မိုးကုတ်၊ မိုင်းရှိုး၊ ဖါးကန့်ဒေသ များသို့ သွား၍ ပင်ပန်းစွာ တူး ကြသည်။ အချို့သောသူများသည် ကျောက်မရဘဲ ရောဂါနှင့် အကျင့်ဆိုးများ ရရှိတတ်ကြသည်။ အချို့သောသူများသည် သေဆုံးသွား ကြရသည်။ ဤလောက၌ ကျောက်ကောင်းကျောက်မြတ်များ မပိုင်သည်သာမက မမြင်ဘူး၊ မသိဘူးသော်လည်း ကောင်းနိင်ငံ၌ ထိုကျောက်များဖြင့် တည်ဆောက်သော မြို့၌ နေမည် ဖြစ်ကြောင်း သိသောအခါ အလွန် ဝမ်းမြောက် မြော်လင့်စရာ ဖြစ်သည်။ ဤလောက၌ ကျောက်ကောင်းဆင်မြန်းနိုင် သူများသည် ဂုဏ်ယူ ဝင့်ကြွား တတ်ကြသည်။ ထိုသူကို ကောင်းကင်တမန် များကမြင်ပါက အံ့ဩ၍ ရီကြမှာသေ ချာသည်။ အကြောင်းမှာ ကောင်းကင် မြို့၌ အသုံးပြုသော ကျောက်များကို လည် ပင်း၊ နားရွက်များ၌ အမြတ်တနို်းချိတ်ဆွဲထားသောကြောင့် ဖြစ်သည်။ 
၂၁။ တံခါးရွက် တဆယ်နှစ်ရွက်အသီးသီးတို့သည် ပုလဲတပြားစီဖြင့် ပြီး၍ ပုလဲတ ဆယ်နှစ်ပြား ဖြစ်ကြ၏။ မြို့လမ်းမသည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင် ဖြစ်၏။ 


ဤလောက၌ ပုလဲလုံးသေးသေးလေး ယပိုင်ဆိုင်သူ၊ လည်ဆွဲ၌ ဆွဲနိုင် သူများသည် အလွန် ဂုဏ်ယူ ဝါကြွားတတ်ကြသည်။ ကောင်းကင်၌ တံခါးရွက်တို့သည် ပုလဲ တပြားစီဖြင့် ပြုလုပ် ထားသည် ဟုဆိုသည်။ ထို့ကြောင့် ပုလဲလည်ဆွဲဆွဲသောသူများသည် ကောင်းကင် တံခါးရွက်ကို ဆွဲထားသူနှင့် တူသောကြောင့် ကောင်းကင်တမန် များ၏ အမြင်၌ အရူးကဲ့သို့ဖြစ်နေမည် ဖြစ်သည်။ မြို့လမ်းမသည်လည်း ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင် ဖြစ်သည် ဟုဆိုသည်။ ထို့ကြောင့် ရွှေသည် ကောင်းကင်လမ်းခင်းကတ္တရာ ဖြစ်သည်။ 

၂၂။ မြို့ထဲ၌ ဗိမာန်တော်ကို ငါမမြင်။ အကြောင်းမူကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင် ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ ဗိမာန် ဖြစ်တော်မူ၏။ 

ပဌမဦးဆုံးသော ဗိမာန်တော်သည် ရှောလမုန်ကဆောက်ခဲ့သည်။ ဒုတိယ ဗိမာန်တော်ကို ယေရုဗဗေလကဆောက်ခဲ့သည်။ ထိုဗိမာန်တော်၌ ဘုရားကျိန်းဝပ် ခဲ့သည်။ ကောင်းကင်၌ ဗိမာန်တော် မရှိတော့ချေ။ အကြောင်းမူကား ကောင်းကင်နိင်ငံတော်၌ ဘုရားသခင် ကိုယ်တော်တိုင် နေထိုင်သော နေရာ ဖြစ်သောကြောင့် ကောင်းကင်နိင်ငံတနိင်ငံလုံးသည် ဗိမာန်တော် ဖြစ်သည်။ လောက၌ ဆောက်ခဲ့သော ဗိမာန်များသည် နမူနာများသာ ဖြစ်၍ အရိပ် ဖြစ်သည်။ 

၂၃။ ထိုမြို့သည် နေ၏ အရောင်၊ လ၏ အရောင်ကို အလိုမရှိ၊ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ ဆီမီး ဖြစ်၏။ 

ဘုရားသခင်သည် အလင်း ဖြစ်သည် (၁ ယော ၁:၅)။ သိုးသငယ်လည်း အလင်း ဖြစ်သည် (ယော ၉:၅)။ ထို့ကြောင့် နေအလင်းမှစ၍ လူလုပ်သော အလင်းမလို တော့ချေ။ ဘုရားသခင်နှင့် သိုးသငယ်သည် အလင်း ဖြစ်သောကြောင့် အမှောင်သည် မရှိတော့ချေ။ အချို့သောသူများက အံသွားခဲကျိတ်ရာမှောင်မိုက်အရပ်သည် ကောင်းကင်၏ အစိပ်အပိုင်းအဖြစ် သင်ပေး ကြသည်။ ဘုရားရှိသော နေရာ၌ အံသွားခဲကျိတ်ခြင်း တည်းဟူသော နာကျင်ခြင်းနှင့် မှောင်မိုက်မရှိတော့ချေ။ ထိုကြောင့် အံသွားခဲကျိတ် ရာမှောင်မိုက်အရပ်သည် ကောင်းကင် မဖြစ်နိုင်ချေ။ 

၂၄။ လူ အမျိုးမျိုးတို့သည် ထိုမြို့၏ အလင်းကို အမှီပြု၍ သွားလာကြလိမ့်မည်။ လော ကီရှင်ဘုရင်တို့သည်လည်း မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။ 

လူ အမျိုးမျိုးတို့ ဟုဆိုသောကြောင့် ကောင်းကင်၌ လူမျိုးကွဲမည့် ဟန်ရှိသည်။ သို့သော် ခရစ်တော်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ ဟုဆိုခဲ့ပြီ (ဂလာ ၃:၂၈)။ လူ အမျိုးမျိုး ဟုဆိုခြင်းသည် လောက အမြင်၊ အသိအားဖြင့် ဖေါ်ပြခြင်း ဖြစ်သည်။ လောက၌ နေအ လင်းကို အလိုရှိကြသော်လည်း နေပူလွန်းလျှင်အား လျော့တတ်သည်။ သို့သော် ကောင်းကင်၌ ဘုရား၏ အလင်းသည် လူကို နွမ်းပန်းစေမည် မဟုတ်။ လောကီရှင်ဘုရင်တို့သည် မိမိတို့ ဘုန်းအသရေကို မြို့ထဲသို့ ဆောင်ခဲ့မည် ဟုဆိုသောကြောင့် ကောင်းကင်၌ အဆင့် အတန်းခွဲခြားခြင်းရှိဦးမည့် အရာကို ဖေါ်ပြသည်။ အနှစ်တထောင်အုပ်စိုးစဉ်ကရရှိသော ရာထူးများ ဖြစ်နိုင်သည်။ အကြောင်းမှာ ခရစ်တော် ကမြေကြီး ပေါ်တွင် အနှစ်တ ထောင်အုပ်စိုးချိန်တွင် သူနှင့်အတူ အုပ်စိုးမည့်သူများခန့်ထားမည် ဖြစ်သည်။ ထိုအုပ်စိုး သူများသည် ဘုရား ပေးသော ဘုန်းအသရေကို မြို့ထဲသို့ ဆောင်ခဲ့ကြမည်။ ယခုအချိန်၌ အုပ်စိုးသောသူများကို ဆိုလိုခြင်း ဖြစ်မည် မထင်။ 

၂၅။ မြို့တံခါးတို့ကို နေ့အချိန်၌ အလျှင်း မပိတ်တတ်။ ညဉ့်မူကား မရှိ။ 

မြို့တံခါးတို့ကို နေ့အချိန်၌ မပိတ် ဟုဆိုသောကြောင့် အံ့ဩ ပေလိမ့်မည်။ ကောင်းကင်၌ ညဉ့်မရှိတော့ ဟုဆိုသည်။ ဆိုလိုသည်မှာ မြို့တံခါးများရှိသော်လည်း အစဉ်ထာဝရ ပိတ်ခြင်း မရှိတော့ချေ။ လောက၌ မြို့တံခါးများ ပိတ်ခြင်းသည် ရန် သူတို့ကို ဆီးတားခြင်း ဖြစ်သည်။ သို့သော် ကောင်းကင်၌ ရန်သူမရှိတော့သောကြောင့် ပိတ်စရာ မလိုတော့ချေ။ တောရွာများနှင့် အေးချမ်းသာ ယာသော မြို့များ၌ တံခါးများရှိသော်လည်း မပိတ်ထားတတ်ကြသည် မဟုတ်လော။ ဘေးကင်းလုံခြုံခြင်းကို ဖေါ်ပြသည်။ 

၂၆။ လူ အမျိုးမျိုးတို့သည် မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။ 

လူ အမျိုးမျိုးတို့ ယူဆောင်လာသော ဘုန်းအသရေသည် လူလူချင်းပေးသော ဘုန်း ဖြစ်မည် မဟုတ်၊ ဘုရား ပေးသော ဘုန်းအသရေ ဖြစ်မည်။ ခရစ်တော်က၊ အချင်း ချင်းပေးသော ဘုန်းအသရေကိုသာ ခံ၍၊ ဘုရားသခင် သာလျှင် ပေးတော်မူ တတ်သော ဘုန်းအသရေကို အလိုမရှိသော သင်တို့သည် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။  (ယော ၅:၄၄) ဟုဆိုခဲ့သည်။ လူလူချင်းပေးသော ဘုန်း (ချီးမွမ်းခြင်း အပါအဝင်)ထက် ဘုရား ပေးမည့် ဘုန်းကို လိုချင် ကြပါစို့။ 

၂၇။ ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာ ပျက်သောအရာ တစုံတ ခုမျှမဝင်ရဘဲ၊ သိုးသငယ်၏ အသက် စာစောင်၌ စာရင်းဝင်သော သူတို့ သာလျှင် ဝင်ရ၏။ 

ယေရုရှလင်မြို့သစ်၌ ကယ်တင်ခြင်းသို့ မရောက်သောသူများ ဝင်နိုင်မည် မဟုတ်။ ထိုကယ်တင်ခြင်းသို့ မရောက်သောသူများ၏ အကျင့်နှင့် အသက်တာကို အထက်၌ ဖေါ်ပြထားသည်။ ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာ ပျက်သောအရာ တို့သည် ကယ်တင်ခြင်းသို့ မရောက်သောသူများ၏ အသက်တာ ဖြစ်သည်။ ကောင်းကင် မြို့သစ်၌ သိုးသငယ်၏ အသက် စာစောင်၌ စာရင်းဝင်သော သူတို့ သာလျှင် ဝင်ရသည် ဟုဆိုသည်။ မိတ်ဆွေ၊ သင်သည် ထိုသိုးသငယ်၏ အသက် စာစောင်၌ စာရင်း ဝင်ပြီး ပြီလော။ မသေမှီ၊ ချီဆောင်ခြင်း မတိုင်မှီ အမြန်ဆုံး စာရင်းဝင်ဘို့ တိုက်တွန်းလိုပါသည်။ 

အမှုတော်ဆောင်သင်တန်း


 ကြိုတင် ဆုတောင်း ထားသည့်အတိုင်း ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် သတင်းကောင်း နှစ်ခြင်း အသင်းချုပ်၏ အမှုတော်ဆောင်သင်တန်းကို စက်တဘ်ာလ ၂၁-၂၅ နေ့များတွင် Indianapolis သတင်းကောင်း နှစ််ခြင်း အသင်းတော်၌ အောင်မြင် စွာ ကျင်းပပြီး ဆုံးနိုင်ခဲ့ပါသည်။ ထိုသင်တန်း၌ အမှုတော်ဆောင်များနှင့် ယုံ ကြည်သူ ၄၀ ကျော်တက်ရောက်နိ်ုင်ကြပါသည်။ ထိုသင်တန်း၌ ခေတ်ကာလနှင့် ပတ်သက်၍ ဆရာဇော်ဂျာနှင့် ဆရာမောဇက်ကတချိန်စီ၊ ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းနှင့် အမှုတော်ဆောင်ခြင်းကို ဆရာမောဇက်ကနှစ်ချိန်၊ ဩဝါဒနှင့် ပတ်သက်၍ ဆရာယောရှုှုကတချိန် ဦးဆောင်ကြပါသည်။ ညတိုင်း ကယ်တင်ခြင်း အကြောင်းကို မြန်မာပြည်မှ ဧည့်သည် ဆရာကျော်သာကသင်ကြားပေးရာ လူသစ် များစွာ လာရောက်၍ စိတ်ဝင်စားစွာ နားထောင်သင်ကြားကြပါသည်။ ညနေပိုင်း၂-၄ နာရီ အတွင်း အိမ်များ၌ တံခါးခေါက်သက် သေခံကြရာလူ များစွာက ကယ်တင်ခြင်း သတင်းကောင်းကြားကြသည်သာမက သက်သော ခံသောသူများလည်း အလွန် အားရကျေနပ် ကြပါသည်။ ဤသင်တန်း၌ အားရကျေနပ် ကြသောကြောင့် တနှစ်လျှင် နှစ်ကြိမ်အမှုတော်ဆောင်သင်တန်း ကျင်းပဘို့ ဆုံး ဖြတ်ကြပါသည်။ ချီဆောင်ခြင်း မဖြစ်သေးပါက ၂၀၁၆ မတ်လ ၂၁-၂ရ အတွင်း တ ပတ်တိတိ Atlanta GBC ၌ အမှုတော်ဆောင်သင်တန်း ပြုလုပ် ဘို့ရန် အားလုံး သဘောတူကြပါသည်။ ထိုသင်တန်း၌ အမှုတော်ဆောင်များသာမက ယုံကြည်သူတိုင်း ပါဝင် နိုင်ကြောင်း သတင်းကောင်း ကျေညာလိုက်ပါသည်။ ၂၀၁၆ စက်တဘ်ာလ ၁၉-၂၅ နေ့များတွင်လည်း တပတ်တိတိ Maryland, Rockville GBC ၌ ပြုလုပ် ဘို့ရန် ရှိပါသည်။ ကြိုတင် ခွင့်ယူ၍ တက်ရောက်ကြပါရန် တိုက်တွန်းနိုးဆော်လိုပါသည်။ မည်သည့်ဂိုဏ်းဂဏမဆိုပါဝင်နိုင်ပါသည်။ 
 

 သက်သေခံခြင်း 

Daw Deborah Thiam (Hannah nu) 

LAWRANCE, KANSAS

ယုံကြည်ခြင်း နဲ့ဘဲ လုပ်သွားတာကို အတုယူစရာ ဖြစ်နေ၊ ချက်ပြုတ်ပိုင်း မှာဆရာမဟန္နကိုယ်တိုင် တာဝန် ယူတာကို အားရ၊ အလှူငွေတောင်းခံခြင်း မရှိဘဲ ယုံကြည်ခြင်း နဲ့ဘဲ လုပ်သွားပြီး၊ လိုအပ်သမျှတွင် လိုလိုမယ်မယ် ဖြစ်ရုံမက အခြားပါရလတဲ့အပိုအလျှံအတွက် အံ့ဩ ပြီး အားရစရာ၊ ဒီလိုထဲကို အကျယ်ကြီး ချ​ဲ့ပြီး ဖွင့်တဲ့အတွက် အမှုတော်ဆောင်များသာမက သင်ခွင့်ရတာ အားရစရာ၊ တနှစ်နှစ်ကြိမ်အမှုတော်ဆောင်သင်တန်းလုပ်မှာနဲသေးတယ်လို့ထင်၊ သင်တန်းမှာ မသိမရှင်းတာများ လွတ်လွတ်လပ်လပ်မေးခွင့်​ဖြေခွင့်ရတဲ့အတွက် ပိုပြီး ဝိညာဉ်ပိုင်းဆိုင်ရာ အတွက် ခွန် အားရ၊ လက်တွေ့သင်တန်း (တံခါးခေါက်)ကို အထူး သဘော ကျ၊ ဆရာကြီး တွေကိုယ်တိုင် ပြော၊ ဟောသံကြားတဲ့အခါ ကိုယ်လည်း လက်တွေ့လုပ်ချင် လာခြင်းကို အထူး သဘော ကျပြီး၊ ပျောက်ဆုံးဝိညာဉ် အများ မြင်တဲ့အခါ အလွန် သနားစိတ်ပေါ်လာပြီး မလုပ်မ ဖြစ်တဲ့အလုပ် ဖြစ်ကြောင်း သိလာ၊ ယုံကြည်သူ အားလုံး စည်းစည်းလုံးလုံးလုပ်ခြင်းသည် ခွန်အား ဖြစ်ကြောင်းကို သင်ခန်းစာရ၊ အထူးသဖြင့် ဆရာကြီး မောဇက်နှင့် ဆရာမဟန္နတို့ ယုံကြည်ခြင်း နဲ့ရှောက်လှမ်းခြင်း ဟာ ယုံကြည်သူတိုင်း အတုယူစရာဟု အထူး မြင်လာ။ ဆရာတို့ လင်မယား နှစ်ယောက် ယုံကြည်သူများ၊ မယုံကြည်သူများအပေါ်ပြောမကုန်သော မေတ္တာပြခြင်းသည်လည်း အတုယူစရာ ဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ ဖြစ်နေ၊ တံခါးခေါက်သွားတဲ့အခါ နေ့တိုင်း အတွဲလဲရင် ကောင်းတယ်လို့ထင်၊ ဝါရင့်တဲ့လူနဲ့သင်တန်းသား အမြဲတွဲပေးရင်ကောင်းမယ် ထင်။ 
 

Elizabeth Lalhmangaihi (Mimi) 

OTTAWA, CANADA

             Hello Saya. The training was a wonderful and eye-opening experience. There were many things that I liked and think that worked very well during the training. I particularly liked the hands-on experience of sharing the gospel with the sayas because it allowed me to not only see but also understand how I would introduce myself, how to start the conversation while also taking in information about their faith, being attentive and listening to what they are saying, how to go about teaching salvation, and lastly, how to modify and being flexible in teaching salvation based on their religious background. Concerning the lessons about things related to doctrine and the different types of denominations were very helpful and informative. I think this is a very important aspect when teaching about salvation because if your doctrine is not sound then it would not easily be accepted by whomever you are teaching since there is no confidence in the doctrine being the truth. Knowing about the different types of denomination i think is also important because from this background knowledge, you will know how to be flexible and be able to teach from different types of angle concerning salvation based on what they know or don't know or from what they can and cannot accept. Saya Kyaw Thar's handout were also very helpful in having a goal, what to expect, and how to go about teaching salvation. The open-ended discussions were also great as it allowed to discuss subjects in greater length and detail. To God be the glory I am very grateful and blessed for the irreplaceable experience that I have gained.

 The things I would have wanted to changed or think would work better for myself are if the handouts were also written in English simply because I cannot read Burmese, and if it could be possible if the classes were not separated. This is so because even though we are not leaders or pastors, it is still good for us to know because just by having this background knowledge we could help ourselves in making the right decisions and also give advice if necessary. And if it could be possible to have more time on discussions of subjects that are grey areas or subjects that need more time to discuss in great length and detail that would be great. Aside from these changes everything else was great, the scheduling of lessons and time management were also good. Daily prayers in the morning were also very beneficial in focusing our attention to the training and also for our own personal growth in Christ. The testimonies openly shared with us by the sayas about their hardships and victory were motivating and eye-opening to see the glory and love for God in their life and ministry.

 


ဧည့်သည် အမှုတော်ဆောင်ဆရာကျော်သာ


လာရှိုးသတင်းကောင်း နှစ်ခြင်း အသင်းတော်၏ အသင်းအုပ်ဆရာ၊ ဆရာ ကျော်သာသည် Maryland Rockville GBC အသင်းတော်၏ ဘိတ်ကြားချက် အရအမေရိကန်ပြည် ထောင်စုသို့ ရောက်ရှိပါသည်။ သူသည် ၁၉၈၆ ခုနှစ် ဇွန်လ တလလုံး ကျင်းပသော အမှုတော်ဆောင်သင်တန်းတက်ရောက်ရာမှ ယခုနေ့ရက်တိုင်GBC အမှုတော်ဆောင်သူ ဖြစ်ပါသည်။ မုံရွာမြို့ GBC  စတင် ဦးဆောင်ခဲ့သူ ဖြစ်၍ ထိုအသင်းတော်၌ ၁၉၈၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အသင်းအုပ်ဆရာအဖြစ် အမှုတော်ဆောင်ခဲ့ပါသည်။ ၂၀၀၆ မှစ၍ လာရှိုးမြို့တွင် ပြောင်းရွှေ့၍ လားရှိုးအဖွဲ့ချုပ်အတွင်းရေးမှုးနှင့် လားရှိုးမြို့သင်းအုပ်ဆရာအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ အဖွဲ့ ချုပ်ဥက္ကဌအဖြစ်၊ သင်းအုပ်ဆရာအဖြစ် ယနေ့ တိုင်အမှုတော်ဆောင်သူ ဖြစ်ပါသည်။ ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းနှင့် ယုံကြည်သူများပြုစုပျိုးထောင်ခြင်း၊ အသင်းတော် တည်ထောင်ခြင်း၊ အမှုတော်ဆောင်များ မွေးထုတ်ခြင်းများကို ရှမ်းပြည် မြောက် ပိုင်းတွင် ပြုလုပ် ကြရာ ယခုအခါ ရှမ်းပြည် မြောက်ပိုင်း၌ အသင်းတော် အပါးပေါင်း နှစ်ဆယ်ခန့်ရှိနေပြီဖြစ်သည်။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG