GOODNEWS
  HOME  GOODNEWS  2015 SEP
 


အမှာစာ

ယခုလသည် ကျမ်းစာထဲမှ ပရောဖက် ပြုချက်လေ့လာသောသူများ အတွက် အလွန် စိတ်လှုပ်ရှားသော လ ဖြစ်သည်။ အကြောင်းမှာ ယခုလတွင် ထူးခြားသော အရာ များစွာ ဖြစ်ပျက်မည် ဖြစ်သည်။ ယခုလ ၁၃ ရက်နေ့သည် တံပိုးမှုတ်ပွဲ ဖြစ်သည်။ ထိုပွဲသည် ချီဆောင်ခြင်းကို ပုံဆောင်သောပွဲဖြစ်သည်။ ထို့ကြောင့် ယခုလတွင် ချီဆောင်ခြင်း ဖြစ်နိုင်သည်။ မည်သူကမျှ ဖြစ်မည်ဟု မပြောနိုင်ပါ။ သို့သော် ဖြစ်ခဲ့သည် ရှိသော် ဤစာစောင်သည် နောက်ဆုံး ဖြစ်နိုင်သည်။ ယခုလ ၁၅ ရက်နေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂ အစည်းအဝေး၌ ပါလက်စတိုင်း နိင်ငံထူထောင်ဘို့ ဆွေးနွေးနိုင်သည်။ အကယ်၍ ဆွေးနွေးပါက အစ္စရေးနိင်ငံကို ခွဲ၍ ယေရုရှလင်မြို့အရှေ့ခြမ်းကို ပါလက်စတင်းများ၏ မြို့တော် အဖြစ်သတ်မှတ်မည်။ ထိုသို့ သတ်မှတ်ပါက ဘုရားသခင်၏ အမျက်တော်ကို နိုးဆော်၍ ဘုရားသခင်ကိုယ်တိုင်အစ္စရေးနိင်ငံကို ကာကွယ်၍ ကမ္ဘာ့ ကုလသမဂ္ဂနိင်ငံများကို စစ်တိုက်မည်ဟု (ဇာခရိ ၁၂နှင့် ၁၄)၌ တွေ့ရသည်။ 


 ယခုလသည် ဥပုသ်နှစ် ဖြစ်သည်။ ဘုရားသခင်က ဣသရေလ လူများကို ဥပုသ်နှစ်စောင့်ဘို့ ပြောထားသည်။ ခုနနှစ်မြောက်တိုင်းသည် ဥပုသ်နှစ် ဖြစ်၍ လယ်နှင့် ဥယျာဉ်ခြံအလုပ်များကို နားခိုင်းသည်။ ဥပုသ်နှစ်စောင့်သောအခါ ကောင်းကြီး ခံစား၍ မစောင့်သော နှစ်များတွင် ကျိန်ခြင်း ခံစား တတ်သည်။ ထို့ကြောင့် ယခုနှစ်သည် ဘုရားသခင်၏ ကျိန်ခြင်းကြောင့် ပြသနာ ကြုံနိုင်သည်။ ယခုလ ၂၈ ရက်နေ့သည် တဲပွဲ ဖြစ်၍ ထိုညတွင် လလေးကြိမ်မြောက်နီမည်။ လနီတိုင်း ဣသရေလ လူများအတွက် တခုခု ဖြစ်တတ်သည်။ ထို့ကြောင့် ယုံကြည်သူများအနေဖြင့် ကောင်းကင် ဖက်ကြည့်၍ သခင်ဘုရားကြွလာမည့် အရာကို မြော်လင့်စောင့်စားလျက် အသင့် ပြင်ဘို့ရန် တိုက်တွန်းနိုးဆော်လိုက်ပါသည်။ 

ယခုလစာစောင်တွင်...


  • ကယ်တင်ခြင်း 
  • အစ္စရေးကမ္ဘာ့ပြက္ခဒိန်
  • စပျစ်ရည်ဘူးဟောင်းနှင့် ဘူးသစ်
  • ကျမ်းစာဖတ်ကြစို့ ( ဗျာဒိတ်ကျမ်း၂၀) 
  • ခရီးစဉ်များ 
  • အမှုတော်ဆောင်သင်တန်း

ကယ်တင်ခြင်း 

ကမ္ဘာပေါ်၌ လူသန်းပေါင်း ရဝ၀၀ ကျော်ရှိသည်။ ထိုအထဲ၌ သန်းပေါင်းအနည်းငယ်သာ ကောင်းကင်သို့ ရောက်မည်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်က သူတို့ကို ကောင်းကင်နိုင်ငံသို့ ဝင်ခွင့်မပြုသည်မဟုတ်။ ခရစ်တော်က၊ “ကျဉ်းသော တံခါးကို ဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သော သူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန် ကျဉ်းမြောင်းသည် ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏” ဟုဆိုသည် (မဿဲ ရး၁၃-၁၄)။ ခရစ်တော် ကအသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန် ကျဉ်းမြောင်း၍ တွေ့ဝင်သော သူတို့သည် နည်းကြသည် ဟုဆိုသည်။ ပျက်စီးခြင်း တည်းဟူသော ငရဲလမ်းသည် ကျယ်ဝန်း၍ ဝင်သော သူတို့သည် များသည် ဟုဆိုသည်။ အဘယ်ကြောင့်အသက်ရှင်ခြင်းသို့ ရောက်သောလမ်းသည် ကျဉ်းသနည်း။ အကြောင်းမှာ တလမ်းတည်း သာရှိသောကြောင့် ဖြစ်သည်။ ထိုလမ်းသည် ခရစ်တော် ဖြစ်ကြောင်း သူကိုယ်တိုင် ဤသို့ ပြောခဲ့သည်၊ “ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာ တရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” (ယော ၁၄:၆)။ ခမည်းတော်သည် ကောင်းကင်ဘုံ၌ ရှိသည်။ ထို့ကြောင့် ခရစ်တော်ကို အမှီမပြုလျှင် အဘယ်သူမျှ ကောင်းကင်ဘုံသို့ မရောက် နိုင်ချေ။ ခရစ်တော်ကို အမှီမပြုဘဲ ကောင်းကင်ဘုံသို့ ရောက်နိုင်သောလမ်းမရှိချေ။ 
 
အံသွားခဲကြိတ်ရာမီးဖို

အဘယ်ကြောင့် လူအများစုသည် ထိုကောင်းကင်နိင်ငံလမ်းကို မသိကြသနည်း။ အကြောင်းရင်းတခုမှာ သိသောသူများက မပြောသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယခုမှစ၍ ကောင်းကင်နိင်ငံလမ်းသိ၍ ထိုလမ်းသို့ သွားနေသောသူများက မသိ သေးသောသူများကို ပြောကြစို့။ ကိုယ့်မိဘ၊ သားသမီး၊ ညီအစ်ကို မောင်နှမ၊ သူငယ် ချင်း၊ လုပ်ဘော်ဆောင်ဘက်များ၊ အိမ်နီးချင်းများ၊ လူတိုင်းကို အတတ်နိုင်ဆုံးပြောကြ ပါစို့။ ထိုအရာထက် မြတ်သော အလုပ်မရှိတော့ပါ။ များစွာသောသူများသည် ထိုကောင်းကင်နိင်ငံလမ်းကို ပြောသောအခါ တန်ဘိုး မထား၊ မယုံကြည် ကြပါ။ အဘယ်ကြောင့် မယုံကြည် ကြသနည်း။ သူတို့သည် သေလျှင် ငရဲသွားမှာကို မသိသောကြောင့် ဖြစ်သည်။ သင်သည် ထိုသို့ သောသူ ဖြစ်လျှင် အမြန်ဆုံး ကောင်းကင်နိင်ငံလမ်းကို ရှာ၍ လိုက်စေချင်သည်။ သခင်ယေရှုက “ကမ္ဘာအဆုံး၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင်၊ ​ဖြောင့်မတ်သော သူတို့ အထဲမှ ဆိုးသော သူတို့ကို နှုတ်ယူခွဲထား၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာမီးဖို၌ ချကြလတံ့။” (မ ၁၃:၅၀) ဟုဆိုသည်။ ငို ကြွေးခြင်းသည် ဝမ်းနည်းခြင်းနှင့် နာကျင်ခြင်းကို ဖေါ်ပြသည်။ အံသွားခဲကြိတ်ခြင်းသည် နာကျင်ခြင်းနှင့် အခဲမကျေခြင်းကို ဖေါ်ပြသည်။ မိတ်ဆွေ၊ သင်သည် ကောင်းကင်နိင်ငံသို့ မရောက်လျှင် ငိုကြွေးခြင်းနှင့် အံသွားခဲကြိတ်ခြင်းရှိရာမီးဖုိ၌ ချခြင်း ခံရမည် ဖြစ်သည်။ ထိုနေရာရောက်မှနောင်တ ရသော်လည်း ဘာမျှ အကျိုးရှိတော့မည် မဟုတ်။ ထို့ကြောင့် ယခု ကိုယ်ခန္ဓာအသက်ရှင်စဉ် ဘုရားသခင် က အခမဲ့ပေးထားသော ထာဝရ အသက်ကို လိုချင်ပါ၊ ရွေးချယ်ပါ။ 
 
လောက စည်းစိမ်လှည့်စားမှု 

 “သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်း အဝေးကမြင်လျှင်၊ အိုအဘအာဗြဟံ၊ အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အ​ကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာ ခံရသောကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌ နှစ်၍ အ​ကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အ​ကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။” (လု ၁၆:၂၂-၂၄) အထက်ပါ အဖြစ်အပျက်သည် ဥပမာ မဟုတ်ပါ။ ဥပမာပေးသောအခါ နာမည်မပါတတ်ပါ။ အာဗြဟံနှင့် လာဇရုဟူသော နာမည်များ ဖေါ်ပြသောကြောင့် အထက်ပါ အဖြစ်အပျက်သည် အမှန်တကယ် ရှိသောအရာ ဖြစ်သည်။ သူဌေးသည် ဤလောက၌ ဇိမ်ခံခဲ့သော်လည်း ခဏသာလျှင် ဖြစ်သည်။ မရဏာ နိင်ငံ၌ ပြင်းစွာသော ဝေဒနာကို ခံစား၍ သူ၏ လျှာသည် အလွန် ​ခြောက်သောကြောင့် ရေတစက်ပင်လျှင် အလွန် တန်ဘိုးရှိသည်။ ထိုသူဌေးကဲ့သို့ ဤလောက စည်းစိမ်၏ လှည့်စားခြင်းကို မလိုက်ပါနှင့်။ ဤလောကကို အုပ်စိုးသော စာတန်က လူတိုင်းကိုလောကအရာများအားဖြင့် သွေးဆောင်ကာ ကောင်းကင်နိင်ငံမရောက်နိုင်ဘို့ရန် လိမ်ညာ နေသည်။ မိတ်ဆွေ၊ သင်သည် အဘယ်အရာကို ရှာဖွေ နေသနည်း။ 
 
၆၆၆ တံဆိပ်လာတော့မည်

 “ငွေရတတ်သောသူ၊ ဆင်းရဲ သောသူ၊ ​ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီး အငယ်ရှိသမျှတို့သည် လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်း ငှါ၎င်း၊ ထိုတံဆိပ်လက်မှတ်တည်း ဟူသောသားရဲ၏ နာမ ဖြစ်စေ၊ နာမ၏ အရေအတွက် ဖြစ်စေ၊ တခုခုကို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်း ငှါ၎င်းစီရင်၏။ ဤအရာ၌ ပညာရှိ၏ ဥာဏ်ရှိသောသူသည်သားရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက် ဖြစ်၏။ ​ခြောက်ရာ​ခြောက်ဆယ်​ခြောက်လည်း ဖြစ်၏။” (ဗျာ ၁၃:၁၆-၁၈) 

မကြာမှီတကမ္ဘာလုံးကို အန္တိခရစ် (ကမ္ဘာ့ သမ္မတကြီး) ကအုပ်ချုပ်၍ စီးပွားရေးအားလုံး ကို ချုပ်ကိုင်လိုက်မည် ဖြစ်သည်။ လူတိုင်း လက်ျာလက် သို့မဟုတ် နဖူး၌ ၆၆၆ တံဆိပ်ခတ်မည် ဖြစ်သည်။ ထိုတံဆိပ်မရှိသောသူများရောင်းဝယ်၍ မရ၊ အလုပ် လုပ်၍ မရဖြစ်မည်။ ယခုအခါ အမေရိကပြည် ထောင်စု၌ social security နံပါတ် လူတိုင်း၌ရှိသည်။ ထိုနံပါတ်မရှိလျှင် မည်သူမျှတရားဝင်အလုပ်မလုပ်နိုင်၊ ရောင်းဝယ်၍ မရချေ။ ထိုအရာသည် အရိပ် ဖြစ်သည်။ ငွေအစား credit card များကိုလည်း လူတိုင်း သုံး နေကြပြီ။ ထိ social security card နှင့် credit card ကို ပေါင်း၍ micro chip မိုက်ခရိုချိတ်သုံးဘို့ ရှိသည်။ Micro ship မရှိသောသူများသည် အလုပ်မရနိုင်၊ ရောင်းဝယ်၍ ရနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် ထိုအရာများ မသုံးမှီတွင် ကယ်တင်ခြင်းသို့ ရောက်၍ ချီဆောင်ခြင်း၌ ပါသွားဘို့ လိုအပ်သည်။ 
 
 ဘုရားသခင်၏ ဒေါသဖလား

 “ကောင်းကင်တမန်က၊ အကြင်သူသည်သားရဲနှင့် သူ၏ ရုပ်တုကိုကိုးကွယ်၍၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည် ဖြစ်စေ၊ လက်၌ ခံသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို သောက် ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ ရှေ့၊ သိုးသငယ် ရှေ့တွင် ကန့်နှင့် ရောသော မီးထဲမှာပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏ မီး ခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက် ရှိ၏။သားရဲနှင့် သူ၏ ရုပ်တုကိုကိုးကွယ်၍၊ သူ၏ နာမတံဆိပ်လက်မှတ်ကို ခံသော သူတို့သည် နေ့ညဉ့်မပြတ် သက်သာမရကြဟု လိုက်၍ ကြီးသော အသံနှင့် ပြောဆို၏။” (ဗျာ ၁၄:၉-၁၁) 

သားရဲ၏ တံဆိပ် ၆၆၆ကို အသုံးမပြုလျှင် ဘာမျှလုပ်၍ မရသောကြောင့် လူတိုင်းက ထိုတံဆိပ်ကို ခတ်ကြလိမ့်မည််။ ထိုတံဆိပ်မခတ်သောသူများ အပေါ်၌သားရဲ တည်းဟူသော ကမ္ဘာ့ သမ္မတကြီး၏ အမျက်ဒေါသကို ခံကာလည်ပျင်းဖြတ်ခံ ရကြမည် ဖြစ်သည်။ သို့သော် ထိုတံဆိပ်ခတ်သောသူများ အပေါ်၌ ဘုရားသခင်၏ အမျက်ဒေါသကို ခံရမည် ဖြစ်သည်။ ထိုသူများကို ဘုရားသခင်က ကန့်နှင့် ရောသော မီးထဲ မှာချသခြင်း ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည် ဟုဆိုသည်။ ထိုမီးခိုးသည် ကမ္ဘာအဆက်ဆက် တည်းဟူသော ထာဝရ ကာလ ပတ်လုံးခံရမည် ဖြစ်သောကြောင့် အလွန် ကြောက်စရာ ဖြစ်သည်။ 

 ဘုရားသခင်သည် သူ၏ နှုတ်တော်အားဖြင့် အရာခပ်သိမ်းကို ဖန်ဆင်း ထားကြောင်း ဤသို့ ရေးထားသည်၊ “လောက ဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့် သာတည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။” (ဟေ ၁၁:၃) ဘုရားသခင်၏ နှုတ်တော် ထွက်စကားသည် တန်ခိုးရှိသောကြောင့် သူ သတိပေးသော အရာများကို မယုံမရှိဘို့ သတိပေးလိုပါသည်။ ခရစ်တော်က၊ “ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။” (မ ၂၄း၃ရ) ဟုဆိုခဲ့သည်။ ထို့ကြောင့် မိတ်ဆွေ၊ သင်၏ အသက်၊ ဘဝကို သနားပါ။ ဘုရား စကားကို မယုံမရှိနှင့်။ 
 
ဘုရားသည် မတရား

များစွာသောသူများသည် ဘုရားသခင်ကို မတရားဟု မြင်ကာ သူ့ကို မကိုးကွယ်၊ သူပေးသော အခမဲ့ထာဝရ အသက်ကို မယူချင် ကြချေ။ သဘာဝ ဘေးဒဏ်များ၊ အပြစ်သားများသေစေခြင်းများကို ကြည့်၍ ဘုရား အပေါ်မကျေနပ် ကြချေ။ ဥပမာ၊ လူတိုင်းကို သတ်သောသူကို မဖမ်းဘဲ နေကြမည်လော။ သူ့ကို ဖမ်းမိလျှင် တရားမစီရင်ဘဲ နေကြမည်လော။ သူ၏ အပြစ် အလျောက်တရားစီရင်တတ်ကြသည် မဟုတ်လော။ ထို့နည်းတူ ဖန်ဆင်းရှင်၊ ကောင်းကြီး ပေးရှင်ထာဝရဘုရားကို ဂရု လုံးဝ မစိုက်၊ ကိုယ့် အလိုဆန္ဒအတိုင်း အသက်ရှင်သောသူကို ဘုရားသခင်က တ ရားစီရင်ပိုင်သော အခွင့်မရှိသလော။ ဘုရားသခင်က၊ “အကြင်သူသည် မိမိကို ဖန် ဆင်းသောသူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္လာရှိ၏။ မြေအိုးခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သောအရာကို လုပ်သနည်းဟု အိုးထိန်းသမားကို ဆိုရမည်လော။ ငါ့ကို လုပ်သောသူ၌ လက်မရှိဟု သင် လုပ်သောအရာ ကဆိုရမည်လော။ မိမိအဘအား၊ သင်သည် အဘယ်သို့သောအရာကို ဖြစ်ဘွားစေသနည်းဟူ၍၎င်း၊ မိမိအမိအား၊ သင်သည် အဘယ်သို့သောအရာကို မွေးဖွားသနည်းဟူ၍၎င်း ဆိုသောသူသည် အမင်္လာရှိ၏။” (ဟေရှာ ၄၅း၉-၁၀) ဟုဆိုသည်။ ရှင်ပေါလုကလည်း၊ “ဘုရားသခင်ကို ငြင်းဆန်သော အချင်း လူ၊ သင်သည်ကား အဘယ်သူ နည်း။ လုပ်အပ်သောအရာသည် လုပ်တတ်သောသူအား၊ အဘယ်ကြောင့်ငါ့ကို ဤသို့ လုပ်သနည်း ဟုဆိုရမည်လော။” (ရော ၉:၂၀)။ မိတ်ဆွေ၊ ဘုရားသခင်နှင့် ရန်မဖြစ်ပါနှင့်၊ ကိုယ်သာလျှင် ရှုံးမည်။ ထို့ထက် သူ၏ မေတ္တာနှင့် အခမဲ့ပေးထားသော ထာဝရ အသက်ကို လက်ခံရယူပါ။ လုံးဝ နောင်တရမည် မဟုတ်။ 

ရေငတ်သောသူကို ခေါ်နေသည် 

ဘုရားသခင်သည် သူဖန်ဆင်းထားသော လူသားများကို သနား၍ ပျက်စီးခြင်းသို့ မရောက်စေချင်ပေ။ “ဘုရားသခင်၏ သားတော်ကို ယုံကြည် သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။” (ယော ၃:၁၆)။ ပေတရုက၊ “ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသ မျှတို့သည် နောင်တရစေခြင်းငှါ အလိုတော် ရှိ၍၊ ငါတို့ ကိုသည်း ခံတော်မူ၏။” (၂ ပေ ၃:၉) သခင်ယေရှုက၊ “ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့။ ငါ့ကို ယုံ ကြည်သောသူသည် ကျမ်းစာ လာသည် အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။” (ယော ရး၃ရ- ၃၈) “ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကို မပေးဘဲ အသက်ရေကို ယူပါစေ။” (ဗျာ ၂၂:၁ရ) ဟု မေတ္တာနှင့် မိတ်ဆွေကို ခေါ်နေသည်။ ယခုအချိန်တွင် ဘုရားသခင်က သင့်ကို ခေါ်နေသည်။ စိတ်နှလုံးခိုင်မာခြင်း မရှိဘဲ ဘုရားသခင်ထံသို့ လာပါ။ သို့မဟုတ်ပါက တနေ့သင်က ဘုရားသခင်ကို ခေါ်သောအချိန် ရောက်လိမ့်မည်။ ထိုအချိန်တွင် အလွန် နောက်ကျသွားပါလိမ့်မည်။ 

 

အစ္စရေးကမ္ဘာ့ပြက္ခဒိန်

 

ရှာဇာမင်းကြီးသည် ရန်သူများ ကဗာဗုလုန်မြို့ကို ဝိုင်းထားစဉ်တွင် ကြီးစွာသော ပွဲကို လုပ်၍၊ မှူးမတ်တထောင်နှင့်တကွ စပျစ်ရည်ကို သောက်တော်မူ၏။ (ဒံ ၅:၁)။ အဘယ်ကြောင့်သူသည် ထိုကဲ့သို့ ရန်သူများ ကဗာဗုလုန်မြို့ကို ဝိုင်းထားစဉ်တွင် စစ်မတိုက်၊ မကာကွယ်ဘဲ ပွဲလုပ်သနည်းဟူမူကား မြို့ရိုး၏ အကွယ်အကာကို စိတ်ချလွန်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုညတွင် ပင် ရန်သူများ မြို့ထဲသို့ ဝင်၍ သူ့ကို သတ်ကာနိင်ငံတော်ကို မေဒိအမျိုးဒါရိမင်းကသိမ်းယူလိုက်သည်။ ယခုလည်း ဘုရားသခင်က ကျမ်းစာအားဖြင့် ဘေးဒဏ်ကြီးကာလ ရောက်မည့် အကြောင်းကို 
မ ၂၄၊ လု ၂၁၊ နှင့် ဗျာ ၆မှ ၁၈၌ သတိပေးထားသည်။ သို့သော်လည်း ကျမ်းစာ မဖတ်ကြ၊ ထိုအရာကို ဟောပြောသောအရာ ကိုလည်း နားမထောင်၊ စိတ်မဝင်စား ကြသောကြောင့် ဤလောကအရာများကို ရှာရင်းဖြင့် အေးအေး ဆေးဆေး နေကြသည်။ ထို့ကြောင့် ချီဆောင်ခြင်း၌ မပါဘဲ ဘေးဒဏ်ကြီး ကာလ၌ ရောက်သွားမည့်သူများအတွက် အလွန် ဝမ်းနည်းမိသည်။ ဘေးဒဏ်ကြီး ကာလနှင့် ပတ်သက်၍ သော်၎င်း၊ နောက်ဆုံးသောကာလ ဖြစ်ကြောင်းကိုသော်၎င်း ကျမ်းစာ၌ အစ္စရေးနိင်ငံနှင့် ပတ်သက်၍ ဖေါ်ပြထားချက်များကို ကြည့်ကြပါစို့။ 
 
၁။ အစ္စရေးနိင်ငံ မွေးဘွားခြင်း 

အစ္စရေးနိင်ငံသည် ဘီစီ ၁၅၀၀ ခန့်တွင် အဲဂုတ္တု ​ကျွန်မှ ဘုရားသခင်ကယ် နှုတ်၍ ယောရှုအားဖြင့် နိင်ငံထူထောင်ခဲ့သည်။ ယောရှုနောက်၌ တရားသူကြီး များကနှစ်ပေါင်း၄၀၀ ခန့်အုပ်ချုပ်ပြီး နောက် ရှောလုမင်းသည် ပဌမဦးဆုံး ဘုရင် ဖြစ်ခဲ့သည်။ ထို့နောက် ဒါဝိဒ်၊ ရှောလမုန်တို့ ကအုပ်ချုပ်၍ ရှောလမုန်အပြစ်ကြောင့် နှစ် နိင်ငံကွဲခဲ့သည်။ မြောက်ဖက်ဆယ်လူမျိုးများကို ဣသရေလ၊ တောင်ဖက်ယုဒနှင့် ဗယ်ာမိန်အမျိုးကို ယုဒပြည်ဟု ခေါ်သည်။ နှစ်နိင်ငံစလုံးရုပ်တုများကိုးကွယ်သောကြောင့် ဣသရေလကို ဘီစီ ရ၂၂တွင် အာရှုရိထံသို့၎င်း၊ ယုဒကို ဘီစီ ၆၀၆-၅၈၅တွင် ဗာဗုလုန်လက်သို့၎င်း ဘုရားသခင်က ပေးလိုက်သည်။ ဗာဗုလုန်​ကျွန်ခံသောသူများ ပြန်လာ၍ နိင်ငံပြန်လည်ထူထောင်သော်လည်း ဂရိတ်၊ ရောမ​ကျွန်ခံ ကြသည်။ အေဒီ ရဝတွင် ရောမကို ပုန်ကန်သောကြောင့် တိုင်း နိင်ငံပျောက်ကာ ကမ္ဘာအရပ် ရပ်သို့ ပြန့်နှံ့သွား ကြသည်။ သို့သော် ဟေရှာယက တိုင်း နိင်ငံကို တနေ့ချင်းတွင် ဘွားမြင်မည်ဟု ဟောသည့်အတိုင်း (ဟေရှာ ၆၆:ရ- ၁၁) ၁၉၄၈ ခုနှစ်တွင် အစ္စရေး နိင်ငံပြန်လည် မွေးဘွားလိုက်သည်။ နိင်ငံ မွေးဘွား၍ နောက်တနေ့မှစ၍ အာရပ်နိင်ငံများကတိုက်ခိုက် ကြသော်လည်း အစ္စရေးနိင်ငံသည် ပျောက်မသွား၊ ၁၉၄၈၊ ၁၉၅၆၊ ၁၉၆ရ၊ ၁၉ရ ၃ ခုနှစ်များတွင် အာရပ်နိင်ငံများနှင့် အကြီး အကျယ်တိုက်ခိုက် ကြသော်လည်း အစ္စရေးနိင်ငံသည် မပျောက်သွားချေ။ ထိုအရာသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာ ဖြစ်သည်။ 
 
၂။ သင်္ဘောသဖန်ရွက်နုပေါက်ပြီ

“လမ်းနားမှာသင်္ဘောသဖန်းပင်တပင်ကို မြင်လျှင်၊ ထိုအပင်သို့ ကြွ သွား၍ အရွက်ကိုသာ တွေ့တော်မူသည် ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌ အသီးမ သီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ခြင်း သွေ့​ခြောက်လေ၏။” (မ ၂၁ ; ၁၉)။ သခင်ယေရှုက သူ့ကို ယုဒခေါင်းဆောင်များက ရှင်ဘုရင်အဖြစ် လက်မခံသောအခါ သင်္ဘောသဖန်းပင်ကို ကျိန်လိုက်ရာ ထိုအပင်သည် သွေ့​ခြောက်သွားခဲ့သည်။ ထို့နည်းတူ၊ ဣသရေလ လူများလည်း အေဒီ ရဝတွင် နိင်ငံပျောက်သွားကာ ကမ္ဘာ့ နိင်ငံအနှံ့၌ ပြန့်သွားခဲ့ ကြသည်။ သူတို့ နိင်ငံလည်း လူအနည်းငယ်သာရှိခဲ့၍ နှစ် ပေါင်းနှစ်ထောင် နီးပါး​ခြောက်သွေ့သော နေရာ ဖြစ်ခဲ့သည်။ ခရစ်တော်က၊ “သင်္ဘော သဖန်းပင်ကို အစွဲပြု၍ ပုံသက်သေ တခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလ နီးသည်ကို သင်တို့ သိကြ၏။” 
 (မ ၂၄:၃၂) ဟုဆိုခဲ့သည်။ သွေ့​ခြောက်၍ ငှက်ဖျားပေါသော အစ္စရေးနိင်ငံသည် ယခု အခါစိမ်းစိ်မ်းစိုစိုဖြင့် ဝေဆာနေပြီ ဖြစ်သည်။ သင်္ဘောသဖန်းပင်အရွက်နုပေါက်လာ ပြီ။ နွေကာလ တည်းဟူသော ဘေးဒဏ်ကြီးကာလ နီးနေပြိီ။ နွေကာလ၌ နေပူ သကဲ့သို့ ဘေးဒဏ်ကြီး ကာလလည်း အလွန် ခက်ခဲမည်။ ထိုမတိုင်ခင် အမြန် ခရစ်တော်ကို လက်ခံဘို့ လိုသည်။ 
 
၃။ ဂေါဂမာဂေါဂစစ် 

ဂေါဂ၊ မာဂေါဂစစ်သည် ရုရှား၊ အီရန်၊ တူရကီ၊ လစ်ဗျား၊ ဆူဒန်နိင်ငံများ ကအစ္စရေးနိင်ကို ုတိုက်မည့် စစ်ပွဲ ဖြစ်၍ ယေဇကျေလ ၃၈နှင့် ၃၉တွင် ဖေါ်ပြထားသည်။ 
 ထိုနိင်ငံများသည် ယခုအခါ စည်းလုံးလျက် မိဿဟာယပြု နေကြပြီ။ အစ္စရေး နိင်ငံကို တိုက်ဘို့ရန် ရည်ရွယ်နေသော နိင်ငံများ ဖြစ်နေကြပြီီ။ သို့သော် အစ္စရေးနိင်ငံသည် အေဒီ ရဝတွင် ရောမစစ်သားများကဖျက်စီးပြီး နောက် သူတို့ နိင်ငံမှ ထွက် ပြေး ချိန်မှစ၍ နှစ်ပေါင်း၁၈၀၀ ကျော်နိင်ငံမရှိသောကြောင့် အစ္စရေးနိင်ငံကို တိုက်စ ရာမရှိခဲ့ချေ။ ထိုကြောင့် အစ္စရေးကို အသင်းတော်က အစားထိုး နေရာယူလိုက်ပြီဟု ယူဆကြသည်။ သို့သော် ကျမ်းစာ ကဂေါဂမင်းထံ၊ “ထားဘေးနှင့် လွတ်၍ လူအ မိျုးမျိုးထဲကနှုတ်သော ပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံလျက် နေသော ဣသရေလ တောင်တို့ အပေါ်သို့ တဖန် ဆောင်ခဲ့သော ပြည်သားတို့ ရှိရာသို့ နောင်ကာလ၌ သင်သည် စစ်ချီ၍ လာလိမ့်မည်။” (ယေဇ ၃၈:၈) ဟုဆိုခဲ့သည်။ ထိုစစ်ပွဲကို ဂေါဂ၊ မာဂေါဂ စစ်ပွဲဟု ခေါ်သည်။ အစ္စရေးနိင်ငံမရှိခဲ့သောကြောင့် ထိုစစ်ပွဲလည်းရှိတော့မည် မဟုတ် ထင်မှတ်ခဲ့ကြသော်လည်း ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိင်ငံပြန်လည်ထူထောင်သောကြောင့် ထိုစစ်ပွဲသည် တိုက်စရာ ရှိလာသည်။ ပြန်လာသော အစ္စရေးများသည် လူ အမျိုးမျိုး ထဲမှပြန်လာ၍ ကြာမြင့်စွာ ဆိတ်ညံလျက် နေသော ဣသရေလ တောင်တို့ အပေါ်သို့ တဖန် ဆောင်ခဲ့သော ပြည်သားများဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသော အချိန်ကာလ ဖြစ်ကြောင်း သိိနိုင်သည်။ 
 
၄။ ယေရုရှလင်မြို့တုန်လှုပ်စေသောဖလား

 “ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ်စေသော ဖလား ဖြစ်စေမည်။” (ဇာ ၁၂:၂) တုန်လှုပ်ခြင်းကို အင်္လိပ်ကျမ်းစာများ၌ ‘​ေ ခကစ သ် ျအ​ေါါနမငညါယ မနနူငညါ’ဟု ရေးထား ကြသည်။ ဆိုလိုသည်မှာ အရက်မူးသမားဒယိမ်းဒယိုင်နှင့် သွားခြင်း မျိုးကို ဆိုလိုသည်။ ၁၉၆ရ ခုနှစ်​ခြောက် ရက် ကြာစစ်ပွဲတွင် အစ္စရေးများက ယေရုရှလင်မြို့အရှေ့ခြမ်းကို ယောဒန်နိင်ငံထံမှ သိမ်းလိုက်သည်။ ထိုအချိန် မှစ၍ ယခုတိုင်နှစ်ပေါင်း၄၈ အတွင်း အာရပ်နိင်ငံများ မကျေမနပ် ဖြစ်ကာ ယေရုရှလင်မြို့အရှေ့ခြမ်းပြန်လည်ရရှိဘို့ အတွက် အမြဲ ဆွေးနွေး၊ တိုင်ပင်၍ မူး နေကြသည်။ 
 
၅။ ယေရုရှလင်မြို့လေးသောကျောက် ဖြစ်စေမည်

 “ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပ့​ဲ​ကြေမွကြ လိမ့်မည်။” (ဇာခရိ ၁၂:၃)။ ၁၉၆ရ ခုနှစ်မှစ၍ ယေရုရှလင်မြို့သည် ကမ္ဘာ့ ခေါင်း ဆောင်များအတွက် လေးသော ကျောက် ဖြစ်နေပြီ။ လေးသော ကျောက်ဆိုသည်မှာ ပြသနာကို ဆိုလိုသည်။ အမေရိကန်သည် အစ္စရေးနှင့် ယေရုရှလင်မြို့ ပြသနာကို ​ဖြေ ရှင်းဘို့ မကြာခဏလုပ်သောကြောင့် အမေရိကန်နိင်ငံတွင် သဘာဝ ဘေးဒဏ် တည်းဟူသော ဟာရီကင်း လေမုန်တိုင်း မကြာခဏတိုက်ခြင်း၊ လေဆင်နှာမောင်းတိုက်ခြင်း၊ နှင်းထူထပ်စွာ ကျခြင်း၊ မိုးခေါင်ခြင်း၊ တော မီးလောင်ခြင်း၊ စီးပွားရေးကျဆင်းခြင်းမှ စ၍ ပြသနာ ပေါင်းမြောက် များစွာ ခံစား တတ်သည်။ ၂၀၀၉ ခုနှစ်ကုန်တွင် ဥရောပနိင်ငံခြားရေးဝန်ကြီး၂ရ ဦးတို့ ကအရှေ့ ယေရုရှလင်သည် ပါလက်စတိုင်း နိင်ငံ၏ မြို့တော် ဖြစ်ဘို့ ဆွေးခဲ့ ကြသည်။ ၂၀၁၀ ခုနှစ် ဧပြီလ ၁၄-၂၀ ရက်နေ့များတွင် အိုက်စလင်မီးတောင်ပြာကြောင့်ဥရောပနိင်ငံများ၌ လေယဉ်မပျံသန်းနိုင်ဘဲ စီးပွားရေး အလွန် ထိခိုက်ခဲ့သည်။ အကြောင်းမှာ လေးသော ကျောက်ကို မကြသောကြောင့် ဖြစ်သည်။ 
 
၆။ အစ္စရေးများကို ဆန့်ကျင် မည်

“လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။” (ဇာခရိ ၁၂:၂) လောကီသား အမျိုးမျိုးတို့သည် လူမျိုးပေါင်းစုံ ဖြစ်သည်။ ယခုအခါ အစ္စရေးများကို တကမ္ဘာလုံးကဆန့်ကျင် နေကြပြီ ဖြစ်သည်။ အစ္စရေး လူမျိုးများသည် နိင်ငံတိုင်း၌ အနည်းနှင့် အများ ဒုက္ခ ရောက် နေကြသောကြောင့် အစ္စရေးနိင်ငံသို့ နေ့တိုင်း ပြန်လာ ကြသည်။ ဥရောပတိုင်း ပြည်များ၌ အစ္စရေးကို မုန်းသောသူများ ပို၍ ပို၍ များလာသည်။ ထို့နည်းတူ ကမ္ဘာအရပ်ရပ်၌ အစ္စရေးဆန့်ကျင်ခြင်း (​ေညအင-ျနာငအငျာ) ပို၍ ပို၍ များလာသည်။ အစ္စရေးထုတ်ကုန်ပစ္စည်းများ မဝယ်ဘို့၊ စီးပွားရေးပိတ်စို့မှု များလည်း ပို၍ များပြားလာသည်။ ကမ္ဘာ့ ကုလသမဂ္ဂ၌လည်း အစ္စရေးထောက်ခံသော နိင်ငံသည် အမေရိကန်နိင်ငံနှင့် အနည်းငယ်သော နိင်ငံငယ်လေးများသာလျှင် ရှိသည်။ ယခုအခါ အမေရိကန်သမ္မတလည်း အစ္စရေး ဆန့်ကျင် သူအဖြစ် တနေ့တခြား တွေ့မြင်လာရသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ဖြစ်ကြောင်း ထင်ရှားသည်။ 
 
၇။ အစ္စရေးများ အိမ်သို့ ပြန်ကြ

အစ္စရေးများသည် ဘုရားသခင်က သူတို့ အပြစ်ကြောင့် နိင်ငံတိုင်းသို့ နှင်ထုတ်ဘို့ ဤသို့ ကြိုပြောခဲ့သည်၊ “ထာဝရဘုရားသည်လည်း၊ သင်တို့ကို တပါးအမျိုးသား တို့တွင် အရပ်ရပ်ကွဲပြား စေ၍၊ နှင်ထုတ်တော်မူသော သာသနာပလူတို့တွင် သင်တို့သည် နည်းနည်းကျန်ကြွင်းရကြလိမ့်မည်။” (တရား၄:၂ရ) “သာသနာ ပ လူတို့တွင် သင်တို့ကို အရပ်ရပ်ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ ပြည်သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက် ရှိလိမ့်မည်။” (ဝတ်ပြု ၂၆:၃၃)။ သူတို့သည် အာရှုရိနှင့် ဗာဗုလုန်စစ်သို့ ပန်းအဖြစ် နိင်ငံမှနှင့် ထုတ်ခြင်း ခံခဲ့ ဘူးသည်။ ဗာဗုလုန်​ကျွန်ခံရမှပြန်လာပြီး နောက် ခရစ်တော်ကို သတ်ခဲ့ကြသောကြောင့် အေဒီ ရဝတွင် တိုင်း နိင်ငံအသီးသီးသို့ ထွက်ပြေး ကြသည်။ ထိုသို့ ဘုရားသခင်က နှင်ထုတ်ပြီး နောက် အိမ်ပြန်လာစေမည် ဟုဆိုသည်။ “ငါသည် ကိုယ်တိုင် လိုက်၍ ငါ့သိုးတို့ကို ရှာမည်။ ကွဲပြားလျက် ရှိသော မိမိသိုးတို့တွင် သိုးထိန်းရောက်သောအခါ ကြိုးစား၍ ရှာ သကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကို ကြိုးစား၍ ရှာမည်။ မိုဃ်းအုံ့၍ မိုက်သော နေ့၌ သူတို့ ကွဲပြားသော အရပ်ရပ်တို့ ကငါနှုတ်ဆောင်မည်။ အတိုင်း တိုင်း အပြည် ပြည်တို့ ကခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သူတို့ နေရင်းပြည်သို့ ပို့ဆောင်မည်။” 
 (ယေဇ ၃၄:၁၁-၁၃)။ ယခုအခါ အထူးသဖြင့် မြောက်အမေရိကနှင့် ဥရောပနိင်ငံများမှ ဂျူးများသည် သူတို့ နိင်ငံသို့ နေ့တိုင်း ပြန်လာ ကြသည်။ ထိုအရာသည်လည်း နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာ ဖြစ်သည်။ 
 
၈။ နိင်ငံကို တိုက်ကြလိမ့်မည်

ကျမ်းစာက၊ “လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသမျှသော မင်းတို့ကို မိန်းမောတွေဝေစေခြင်း ငှါ၎င်း၊ မြင်းစီးသူရဲ အပေါင်းတို့ကို အရူး ဖြစ်စေခြင်း ငှါ၎င်း ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တပါးအမျိုးသားတို့၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်မည်။ ယုဒမင်းတို့ကလည်း၊ ယေရုရှလင်မြို့သားတို့၏ ဘုရားသခင်က ောင်းကင် ဗိုလ်​ခြေအရှင်ထာဝရဘုရားအားဖြင့် သူတို့သည် ငါ့ခွန်အား ဖြစ်ကြ၏ဟု စိတ်ထဲမှာဆိုကြလိမ့်မည်။” (ဇာခရိ ၁၂:၂-၅) “ထာဝရဘုရား၏ နေ့ရက်သည် ရောက်သောအခါ၊ သူတပါးတို့သည် သင်၏ ဥစ္စာကို လုယူ၍ သင့်အလယ်၌ ဝေဖန်ကြလိမ့်မည်။ ယေရုရှလင်မြို့ကို တိုက်စေခြင်းငှါ၊ လူမျိုး အပေါင်းတို့ကို ငါစုဝေးစေမည်။ မြို့ကို တိုက်ယူပြီလျှင်၊ အိမ်တို့ကို လုယှက်၍၊ မိန်းမတို့ကို အဓမ္မပြုကြလိမ့်မည်။ မြို့သား တဝက်ကို သိမ်း သွား၍၊ တဝက်သာမြို့၌ ကျန်ကြင်းလိမ့်မည်။ ထာဝရဘုရားသည်လည်း၊ စစ်တိုက်ရာကာလ၌ တိုက် သကဲ့သို့ ထိုလူမျိုးတို့ကို တိုက် သွားတော်မူမည်။ ထိုနေ့ရက်၌ ​ခြေတော်သည် ယေရုရှလင်မြို့အရှေ့၊ သံလွင်တောင် ပေါ်မှာ ရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှအနောက်ဘက်တိုင်အောင် အလယ်၌ ကွဲသဖြင့်၊ အလွန် ကြီးသော ချိုင့် ဖြစ်လိမ့်မည်။” (ဇာခရိ ၁၄:၁-၄)။ ဤထက် ပါ ပရောဖက် ပြုချက်သည် မကြာခင် ပြည့်စုံတော့မည် ဖြစ်သည်။ 

အဘယ်ကြောင့်အစ္စရေးကို တိုက်ကြမည်နည်း။ ဘုရားသခင်၏ အကြံအစည် ဖြစ်သည်။ ယခုတိုင်အစ္စရေးသည် အမေရိကန်ကို အားကိုး နေသည်။ စစ်ရေးအရသော်၎င်း၊ နိင်ငံရေးအရသော်၎င်းအမေရိကန်ကကာကွယ်ခြင်းကို အလွန် အားကိုး၍ ဘုရားသခင် အပေါ်၌ အားကိုးခြင်း မရှိကြချေ။ သို့သော် အမေရိကန်ကမကူညီတော့သောအခါ ဘုရားသခင်ထံသို့ ချဉ်းကပ်အားကိုး လာကြမည် ဖြစ်သည်။ သူတို့သည် ယ ခုတိုင်ဇာတိအသက်တာဖြင့် အသက်ရှင်၍ အမေရိကန်များ ကဲ့သို့ အပြစ် ဒုစရိုက်၌ ကျင်လည် နေကြသေးသည်။ “ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည် လုံး သုံးစုတွင် နှစ်စုကို ပယ်ဖျက်၍ အသေခံ ရသဖြင့်၊ တစုသာကျန်ကြွင်းရလိမ့်မည်။ ထိုတစုကို မီးအလယ်သို့ ငါရှောက်သွားစေမည်။ ငွေကို ချွတ် သကဲ့သို့ ချွတ်မည်။ ရွှေကို စုံးစမ်း သကဲ့သို့ စုံးစမ်းမည်။ သူတို့သည် ငါ့နာမကို ပဌနာ ပြု၍ ငါနားထောင်မည်။ သူတို့ကို ငါ၏ လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါတို့၏ ဘုရားသခင် ဖြစ်တော်မူ၏ဟု ဝန်ခံကြလိမ့်မည်။” (ဇာ ၁၃:၈)။ ဘုရားသခင်သည် အစ္စရေးလူမျိုးများကို ရွှေငွေစစ်သကဲ​ဲ့သို့ ဘေးဒဏ်ကြီး ကာလ၌ စစ်မည် ဖြစ်သည်။ ထို့ကြောင့်အချိန် မရှိတော့ချေ။ 
 
၉။ ဗိမာန်တော် ပြန်ဆောက်မည်

“ထိုကြောင့် ပရောဖက် ဒံယေလဟောသည် အတိုင်း၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ်အရာသည် သန့်ရှင်းသော အရပ် ဌာန၌ စိုက်နေသည်ကို သင်တို့ မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။” (မ ၂၄:၁၅) ဖျက်ဆီးတတ်သော ရွံ့ ရှာဘွယ်အရာသည် ဘုရား အတု ဖြစ်သည်။ ဘုရား မဟုတ်ဘဲ ဘုရား ယောင်ဆောင် သောသူ ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌ တကမ္ဘာလုံးကို အုပ်ချုပ်မည့် သူသည် ကမ္ဘာ့ သမ္မတကြီး ဖြစ်သည်။ ထိုသူကို ပဌမသားရဲဟု ဗျာ ၁၃၌ ဖေါ်ပြထားသည်။ သန့်ရှင်းသော အရပ် ဌာနသည် ဗိမာန်တော်ကို ဆိုလိုသည်။ ထိုအရာကို ရှင်ပေါလုက ဤသို့ ရေးထားသည်၊ “အဘယ်သူမျှ သင်တို့ကို အဘယ်သို့အားဖြင့် မလှည့်ဖြား စေနှင့်။ ထိုနေ့ရက်မရောက်မှီဖောက်ပြန်သင်းခွဲခြင်းသည် အရင် ဖြစ်၍၊ ဒုစရိုက်လူ တည်းဟူသော ပျက်စီးခြင်း၏ သားသည် ပေါ်လာရလိမ့်မည်။ ထိုသူသည် ဘုရားသခင်ဟူ၍၎င်း၊ ဘုရား ဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသောအရာ တို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ် ချီးမြောက်သော အားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကို ပြသောသူ ဖြစ်သတည်း။” 
 (၂ သက် ၂:၃-၄)။ 

“တဖန်တုံလှံတံနှင့် တူသော ကျူပင်တလုံးကို ငါ့ အားပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်​ေတော်၌ ကိုးကွယ်သော သူတို့ ကိုလည်း ရေတွက်လော့။ ဗိမာန်တော် တန်တိုင်းကို မတိုင်း နှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို၊ လလေးဆယ်နှစ်လပတ်လုံးနင်းကြလိမ့်မည်။” (ဗျာ ၁၁:၁-၂) တိုင်းခြင်း ဆိုသည်မှာ ယပိုင်ဆိုင်မှုကို ဖေါ်ပြသည်။ အဘယ်ကြောင့်ဗိမာန်တော်နှင့် ယဇ် ပလ္လင်ကို တိုင်း ခိုင်းသော်လည်း ဗိမာန်တော် တန်တိုင်းကို မတိုင်း ခိုင်းသနည်းဟူမူကား တပါးအမျိုးသားများကပိုင်သောကြောင့် ဖြစ်သည်။ ယေရုရှလင်မြို့ဗိမာန်တော် ရှိခဲ့သော နေရာ၌ မူစလင်များ ကအေဒီ ၆၈၅-၆၉၁တွင် ဗာလီဆောက်ကာ ယခုတိုင်ရှိ နေသည်။ ထို့ကြောင့် ထိုနေရာတွင် ဗိမာန်တော် ဆောက်၍ မရချေ။ သို့သော် အန္တီခရစ်က ဣသရေလ လူများကို ခုနှစ်နှစ်စာချုပ်ဖြင့် ဆောက်ခွင့်ပေးမည့် အကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “တသိတင်းတွင် လူအများတို့ နှင့် ပဋ္ဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်း တဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဘွယ်သောအရာ၏ အထွဋ္ဋ်ပေါ်သို့ ဖျက်ဆီးသောသူသည် ရောက်၍၊ စီရင်ဆုံး ဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။” (ဒံ ၉:၂ရ)။ ယခုအခါ ဗိမာန်တော် ဆောက်ဘို့ရန် အဆင်သင့် ဖြစ်နေပြီ။ အန္တီခရစ်ပေါ်သောအခါ အစ္စရေးများနှင့် တသိ တင်း (ခုနှစ်နှစ်) စာချုပ်အားဖြင့် ဗိမာန်တော် ဆောက်ခွင့်ပေးမည် ဖြစ်သည်။ ယဇ်ပူဇော်ခြင်းကို ရှေးကကဲ့သို့ ဆောင်ရွက်ခွင့်ပေး၍ သိတင်း တဝက် (သုံးနှစ်ခွဲ) ရှိသောအခါ သူ ကိုယ်တိုင် ဗိမာန်တော် အထဲ၌ ဘုရား ဖြစ်ကြောင်း ကျေညာမည်။ သန့်ရှင်းသော အရပ်ဌါန တည်းဟူသော ဗိမာန်တော်၌ ရွံရှာဘွယ်အရာ တည်းဟူသော အန္တီခရစ်ပေါ် လာမည်။ ထိုသို့ဖြစ်ဘို့ရန် ဗိမာန်တော်သည် ဆောက်ဘို့ အဆင်သင့် ဖြစ်နေပြီ။ ထို့ကြောင့် ချီဆောင်ခြင်း အလွန် နီးနေပြီ။ 

စပျစ်ရည်ဘူးဟောင်းနှင့် ဘူးသစ်

 “ထိုအခါ ယောဟန်၏ တပည့်တို့သည် အထံတော်သို့ ချဉ်းကပ်၍ အ​ကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် အဖန်တလဲလဲအစာရှောင်ကြသည် ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏ တပည့်တို့သည် အစေမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။ ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့်အတူ ရှိစဉ် အခါ သူတို့သည် စိတ်မသာညည်းတွားတတ်ကြသလော။ မင်္ဂလာဆောင်လုလင်ကို သူ၏ အပေါင်းအဘော်တို့နှင့် ခွာ၍ ယူသွားသော အချိန်ကာလ ရောက်လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။ အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သည် အဝတ်ဟောင်းကိုစား၍ အပေါက်ကျယ် တတ်၏။ ၎င်းနည်း ဟောင်းသောသားရေဘူး၌ အသစ်သော စပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင်သားရေဘူးသည် စုတ်ကွဲသဖြင့်၊ စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်လေ့ရှိ၏။ ထိုသို့ထည့်လျှင် နှစ်ပါးစလုံးမပျက်စီးဟု မိန့်တော်မူ၏။” (မ ၉:၁၆-၁ရ) 

သခင်ဘုရားက အဝတ်ဟောင်းနှင့် အထည်သစ် ဟုဆိုသောအခါ အဘယ် အရာကို ဆိုလိုသနည်း။ ထိုအရာသိဘို့ရန် အထက်ကစကားကို ကြည့်ဘို့လိုသည်။ အဝတ်ဟောင်းသည် ဖာရိရှဲတို့၏ သွန်သင်ခြင်းကို ဆိုလိုသည်။ အထည်သစ်သည် ခရစ်တော်၏ သွန်သင်ခြင်းဖြစ်သည်။ ခရစ်တော်၏ သွန်သင်ခြင်းသည် ဖာရိရှဲတို့၏ သွန်သင်ခြင်းနှင့် မကိုက်ညီချေ။ ထို့နည်းတူ ဟောင်းသောသားရေဘူးသည် ဖာရိရှဲတို့၏ သွန်သင်ခြင်းကို လက်ခံသော လူဟောင်းကို ပုံဆောင်၍ အသစ်သောသားရေဘူးသည် ခရစ်တော်၏ သွန်သင်ခြင်း လက်ခံသော လူသစ်ကို ဆိုလိုသည်။ စပျစ်ရည်သစ်သည် ခရစ်တော်၏ သွန်သင်ခြင်းကို ဆိုလိုသည်။ ဆိုလိုသည်မှာ ခရစ်တော်သည် လူဟောင်းကို ပြုပြင်ဘို့ မကြိုးစား၊ လူကိုအသစ်ဖန်ဆင်းပြီးမှ အသစ်သော သွန်သင်ခြင်းကို ထည့်သည်။ “လူ မည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်သော သတ္တဝါ ဖြစ်၏ ဟောင်းသောအရာ တို့သည် ကုန်ဆုံး၍ ခပ်သိမ်းသောအရာ တို့သည် အသစ် ဖြစ်ကြပြီ။ ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးအားဖြင့် ဖြစ်ကြ၏။” (၂ ကော ၅:၁ရ)။ 

ဘုရားသခင်သည် လူဟောင်းကို မပြုပြင်ပါ၊ အသစ်သော သတ္တဝါအဖြစ် ဖန်ဆင်းသည်။ ဟောင်းသောအရာများလည်း ပြောင်းလဲ၍ မဟုတ်ဘဲ ကုန်ဆုံး၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြသည်။ ထို့ကြောင့် လူတယောက် ခရစ်တော်၌ လူသစ်ဖြစ်လာလျှင် သူ၏အမြင်၊ အကြံအစည်၊ အပြုအမူများ ပြောင်းလဲသွားတတ်သည်။ ယခင်က ကြိုက်နှစ်သက်သော အရာများ၊ မကြိုက်တော့ဘဲ ဝိညာဉ်ရေးရာကိုသာ ကြိုက်နှစ်သက်လာတတ်သည်။ လူသစ်ဖြစ်လာသောအခါ မိဘညီအစ်ကို မောင်နှမများ၏ ကယ်တင်ခြင်းအတွက် ပူပန်တတ်လာသည်။ ထိုသို့ဖြစ်ခြင်းသည် လူ၏ကြိုးစားမှု၊ ကြံစည်မှုအားဖြင့်မဟုတ်၊ ဘုရားသခင်၏ တန်ခိုးအားဖြင့် ဖြစ်သည်။ ထိုလူသစ်သာလျှင် ခရစ်တော်၏ တရားသစ်ကို ခံယူနိုင်သည်။ သင်သည်သားရေဘူးဟောင်း ဖြစ်သေးသလော၊ ဖြစ်သေးလျှင် စပျစ်ရည်သစ် တည်းဟူသော ခရစ်တော်၏ တရားကို နာခံနိုင်မည်မဟုတ်၊ သဘောပေါက်နိင်မည် မဟုတ်ချေ။ လူသစ်တည်း ဟူသောသားရေဘူးသစ် ဖြစ်မှသာလျှင် လက်ခံ၊ နာယူနိုင်ပေမည်။ 


ကျမ်းစာဖတ်ကြစို့
 ဗျာဒိတ်ကျမ်း၂၀
 


ကျမ်းစာ တအုပ်လုံး၌ ဤဗျာဒိတ်ကျမ်း ၂၀ ၌သာအနှစ်တထောင်ကို ၆ ကြိမ်ဖေါ်ပြထားသည်။ ထိုသို့ ဤနေရာ၌သာ ဖေါ်ပြသောကြောင့်၊ အချို့သောဓမ္မပညာရှင်များက အနှစ်တထောင်အုပ်စိုးခြင်းကို မယုံကြည်ကြချေ။ အချို့က အနှစ်ထောင်ကာလသည် ယခုပင်ဖြစ်ပြီဟူ၍၎င်း၊ အချို့ကကောင်းကင်၌ ဖြစ်သည်ဟူ၍၎င်း၊ အချို့ကထိုအရာမရှိဟူ၍၎င်း၊ သင်ပေးကြသည်။ သို့သော် အနှစ်တထောင်ကာလသည်ရှိ၍ အနာဂတ်မကြာမှီတွင် ပေါ်လာတော့မည်ဖြစ်သည်။  
 
၁။ တဖန်ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးကို ကိုင်လျက် ကောင်းကင် ကဆင်းသက်သည်ကို ငါမြင်၏။ 

အနက်ဆုံးသောတွင်းကို အင်္ဂလိပ်လိုအောက်ခံမရှိသောတွင်း (bottomless pit ) ဟုခေါ်သည်။ ထိုတွင်းကိုဖွင့်၍ ကျိုင်းကောင်များ မီးခိုးနှင့်အတူ ထွက်ကာ လူများကို တုတ်၍ ငါးလနာကြကြောင်း ဗျာ ၉ ၌တွေ့ခဲ့ရပြီ။ ထိုနေရာသည် နတ်ဆိုးများ နေသောနေရာ ဖြစ်သည်။ ထိုတွင်း၏သော့နှင့် သံကြိုးကို ဘုရားသခင်က ကောင်းကင်တမန်လက်၌ ပေးထားသည်။ 
 
၂။ ရှေးမြွေဟောင်း၊ မာရ်နတ် စာတန် တည်းဟူသော နဂါးကိုကိုင်ဘမ်း၍၊ အနှစ်တ ထောင်ဘို့ ချည်နှောင်လေ၏။ ၃။ အနှစ်တထောင်မကုန်မီတိုင်အောင်၊ လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည် အကြောင်း အနက်ဆုံးသောတွင်း ထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှတဖန် ခဏလွှတ်ရဦးမည်။ 


 ဤနေရာ၌ စာတန်၏ နာမည်အပြည့်အစုံကို ဖေါ်ပြထားသည်။ သူသည် ဧဒင်ဥယာဉ်၌ ဧဝကို လိမ်သောအခါ မြွေအထဲမှ လိမ်သောကြောင့် ရှေးမြွေဟောင်း၊ ဟုဆိုခြင်းဖြစ်သည်။ နဂါးဟုလည်း ခေါ်သည်။ သူသည် ကောင်းကင်တမန်မင်း ဖြစ်ခဲ့သော်လည်း ဘုရားသခင်က ချီးမြှောက်သောအခါ ဘုရားဖြစ်ချင် လာသောကြောင့် သူသည် စာတန် တည်းဟူသော ဘုရား၏ရန်သူ ဖြစ်လာကြောင်း ယေဇကျေလ ၂၈:၁၂-၁ရ နှင့် ဟေရှာယ ၁၄:၁၂-၁၅ ၌တွေ့ရသည်။ ခရစ်တော်က ဤလောကကို အစိုးရသောမင်း (ယော ၁၄:၃၀) ဟုခေါ်သည်။ သူသည် ကမ္ဘာဦးမှအစပြု၍ လူများကို လိမ်လည်လှည့်ဖြားသောသူ ဖြစ်သည်။ ပေါလုက၊ သူသည် ဤလောက၏ ဘုရား ဟူ၍၎င်း (၂ ကော ၄:၄)၊ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသောမင်း တည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်ဟူ၍၎င်း (ဧဖက် ၂:၁-၂) ဆိုသည်။ ထိုစာတန်ကို ကိုင်ဖမ်း၍ အနက်ဆုံးသောတွင်း၌ အနှစ်တထောင်ပတ်လုံး ထောင်ချမည်ဖြစ်သည်။ ထို့ကြောင့်ခရစ်တော်က ဤလောက အုပ်ချုပ်နေချိန်တွင် စာတန်သည် လူသားများကို လှည့်ဖျား၍ ရတော့မည် မဟုတ်ချေ။ 

၄။ ပလ္လင်များကိုလည်း ငါမြင်၏၊ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲ နေ၍၊ ယေရှု၏ သက်သေခံတော်မူ ချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။ 

ပလ္လင်များနှင့် ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် ဘေးဒဏ်ကြီး ကာလ၌ သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏တံဆိပ်ကို မခံဘဲ ယေရှု၏ သက်သေခံခြင်းကြောင့်၊ လည်ပင်းဖြတ်ခံသောသူများဖြစ်သည်။ ထိုသူများကို ဘေးဒဏ်ကြီးကာလ မာတုရများ၊ ဟုခေါ်တတ်သည်။ သူတို့သည် ကျေးဇူးတော်ကာလ၌ မယုံကြည် ခဲ့သောကြောင့် သူတို့ကိုယ်တိုင် လည်ပင်းဖြတ်ခံရခြင်းဖြစ်သည်။ သူတို့သည် ဝိညာဏကိုယ် ခန္ဓာနှင့် ထမြောက်၍ ခရစ်တော်နှင့်အတူ အနှစ်တထောင်အုပ်စိုးကြမည် ဖြစ်သည်။ သူတို့သည် သိုးများကဲ့သို့ အိမ်ထောင်ပြုကြတော့မည် မဟုတ်။ အသင်းတော်ကဲ့သို့  ဝိညာဏကိုယ်ခန္ဓာဖြင့် နေကြ၍ ခရစ်တော်၏ မိန်းမလည်း ဖြစ်မည်မဟုတ်ချေ။ 
 
၅။ ကြင်းသော လူသေတို့သည် ထိုအနှစ်တထောင်မကုန်မီအသက် မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပဌမ ထမြောက်ခြင်း ဖြစ်သတည်း။  

ကြွင်းသော လူသေတို့ ဆိုသည်မှာ မယုံကြည်သူများကို ဆိုလိုသည်။ မယုံကြည်ဘဲ သေသွားသောသူများသည် အနှစ်တထောင်ကုန်ပြီးမှ ပလ္လင်ဖြူကြီး တရားစီရင်ခြင်း၌ ထမြောက်ကြဦးမည်။ ပဌမထမြောက်ခြင်းသည် ဘေးဒဏ်ကြီးကာလ မာတုရများ၏ ထမြောက် ခြင်းကိုဆိုလိုသည်။ အကြောင်းမှာ အနှစ်တထောင်အပြီးမှထမြောက်မည့် မယုံကြည်သူများ၏ ထမြောက်ခြင်းနှင့် နှိုင်းလျှင် အရင်ထမြောက် သောကြောင့်ဖြစ်သည်။ ခရစ်တော် အသေခံ၍ ထမြောက်သော အချိန်၌ ထမြောက်သောသူများ (မ ၂ရး၅၁) နှင့်ချီဆောင်ခြင်း၌ ထမြောက် မည့်သူများ (၁ ကော ၁၅:၅၁-၅၃၊ ၁ သက် ၄:၁၄-၁ရ)နှင့် မရောထွေးရပါ။ 

၆။ ပဌမထမြောက်ခြင်းကို ဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူ ဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏ လက်နှင့် ကင်းလွတ်လျက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ် ဖြစ်၍၊ အနှစ်တထောင်ပတ် လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။ 

ဘေးဒဏ်ကြီးကာလ မာတုရများ ထမြောက် သူများသည် မင်္ဂလာရှိသောသူနှင့် သန့်ရှင်းသောသူများ ဟုဆိုသည်။ သူတို့သည် ဒုတိယသေခြင်း တည်းဟူသော မီးအိုင် ထဲဝင်ခြင်းနှင့် လွတ်၍ ဘုရားသခင်၏ ယဇ်ပုရောဟိတ်နှင့် ခရစ်တော်၏ ယဇ် ပုရောဟိတ် ဖြစ်၍၊ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။ 
 
၇။ ထိုအနှစ်တထောင်ကုန်ပြီးမှ စာတန်သည် ထောင်ထဲကလွတ်သော အခွင့်ကို ရ၍၊ ၈ အရေအတွက်အားဖြင့် သမုဒ္ဒ​ရာသဲလုံးနှင့် အမျှများသော ဂေါဂ၊ မာဂေါဂ တည်းဟူသော မြေကြီး လေးမျက်နှာပေါ်မှာ နေသော လူ အမျိုးမျိုးတို့ကို လှည့်ဖြားအံ့သော ငှါ၎င်း၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်း ငှါ၎င်းတက်လိမ့်မည်။ 

ခရစ်တော်က ဤလောက အုပ်စိုးချိန်တွင် စာတန်ကို အနက်ဆုံးသောတွင်း၌ ထောင်ချသော်လည်း အနှစ်တထောင် ကုန်ဆုံးသောအခါ သူ့ကို ခဏလွှတ်ဦးမည် ဖြစ်သည်။ အကြောင်းမှာ အနှစ်တထောင်အတွင်း မွေးဘွားလာသော လူသားများကို လှည့်ဖျားနိုင်ဘို့ရန် ဖြစ်သည်။ အနှစ်တထောင်အတွင်းသို့ ဝင်လာသော သိုးများသည် ယုံကြည်သော်လည်း သူတို့၏ သားသမီး များသည် မယုံကြည်သူများဖြစ်ကြမည်။ ထိုသူများသည် ခရစ်တော်က သံလှံနှင့် အုပ်ချုပ်သောကြောင့်၎င်း၊ အသင်းတော်နှင့် ဘေးဒဏ်ကြီးကာလ မာတုရများကလည်း ခရစ်တော်ကို ဝိုင်းကူအုပ်ချုပ် သောကြောင့်၎င်း၊ အစစအရာရာ အစဉ်ပြေနေသောကြောင့် အပြစ် မလုပ်ရဲ၊ မလုပ်ကြသော်လည်း စိတ်နှလုံးထဲ၌ ခရစ်တော်ကို ဆန့်ကျင် ချင်သောအရာ ရှိ၍ စာတန် ခဏလေးလွှတ်ချိန်တွင် သူတို့ကို ဦးဆောင်၍ ခရစ်တော်ကို တိုက်ကြလိမ့်မည်။ ထိုသူများသည် သမုဒ္ဒ​ရာသဲလုံးနှင့် အမျှများ၍ ဂေါဂ၊ မာဂေါဂဟု ခေါ်သည်။ ဤဂေါဂ၊ မာဂေါဂသည် ဘေးဒဏ်ကြီးကာလ အစ၌ တိုက်မည့် ဂေါဂ၊ မာဂေါဂ (ယေဇ ၃၈-၃၉)နှင့် မဆိုင်ပေ။ အဘယ်ကြောင့် ထိုသို့ တိုက်သနည်းဟူမူကား လူသည် မည်မျှပင်အစဉ်ပြေ၍ ပတ်ဝန်းကျင်ကောင်းသော်လည်း အာဒံမျိုးစေ့ပါ၍ အပြစ်သား ဖြစ်သောကြောင့် မကောင်းနိုင်ကြောင်းကို ထင်ရှားသည်။ ထိုသူများကို စာတန်က လှည့်ဖျား၍ ခရစ်တော် ရှိရာယေရုလင်မြို့ကို တိုက်ကြလိမ့်မည်။ 

၉။ ထိုသူများတို့သည် မြေကြီး မျက်နှာပေါ်သို့ တက်၍၊ သန့်ရှင်း သူတို့၏ တပ်ကို၎င်း၊ ချစ်ဘွယ်သော မြို့တော်ကို၎င်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့်အထံတော်၊ ကောင်းကင်မှမီးကျ၍ သူတို့ကို မျိုလေ၏။  

သန့်ရှင်း သူတို့၏ တပ်နှင့် ချစ်ဘွယ်သော မြို့တော်သည် ယေရုရှလင်မြို့ ဖြစ်သည်။ ထိုအခါ ဘုရားသခင့်အထံတော် မှမီးကျ၍ သူတို့ကို မျိုလေ၏ ဟုဆိုထားသည်။ ထာဝရဘုရားသည် မီးဖြင့် တရားစီရင်တတ်ကြောင်း ဤကဲ့သို့ တွေ့ရသည်၊ ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော် မှသော ဒုံမြို့နှင့် ဂေါမောရမြို့ အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ၏ (က ၁၉:၂၄)။ ပရောဖက် ဧလိယအားဖြင့်လည်း ဣသရေလ ရှင်ဘုရင် စေလွှတ်သော စစ်သား ငါးဆယ်နှင့် တပ်မှုး နှစ်ဖွဲ့ကို ကောင်းကင်ကမီးဖြင့်လောင်၍ သေ စေခဲ့ဘူးသည် (၄ရာ ၁:၁၀၊ ၁၂)။ ယခုလည်း ဘုရားသခင်သည် ခရစ်တော်၏ ရုံးစိုက်ရာ ယေရုရှလင်မြို့ကိုလောကသားများကတိုက်ခိုက်သောအခါ ကောင်းကင်မှ မီးကျ၍ သူတို့ကို မျိုမည် ဖြစ်သည်။ 

၁၀။ သူတို့ကို လှည့်ဖြားသော မာရ်နတ်ကိုလည်း သားရဲနှင့် မိစ္ဆာပရောဖက် ရှိရာ ကန့်နှင့် ရောနှောသော မီးအိုင် ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေ့ညဉ့်မပြတ် ကမ္ဘာအ ဆက်ဆက်ပြင်းစွာသော ဝေဒနာကို ခံရကြလတံ့။ 

ရှေးမြွေဟောင်း၊ စာတန်၊ မာရ်နတ်ကိုလည်း သားရဲ (ကမ္ဘာ့ သမ္မတကြီး)နှင့် မိစ္ဆာပရောဖက် (ကမ္ဘာ့ ဘာသာရေးခေါင်းဆောင်)တို့ ရှိရာ ကန့်နှင့် ရောနှောသော မီးအိုင် ထဲသို့ ချပစ်လိုက်သည်။ ထိုအရာသည် စာတန်၏ နောက်ဆုံး ဖြစ်၍ ထိုနေရာ၌ ကမ္ဘာအဆက်ဆက် (ထာဝရ ကာလ ပတ်လုံး) ပြင်းစွာသော ဝေဒနာကို ခံရ လိမ့်မည်။ 
          
၁၁။ တဖန်တုံ၊ ဖြူသော ပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော် ရှေ့မှပြေးလွင့်၍ သူတို့ နေစရာ အရပ်မရှိ။ 

ဤတရားစီရင်ခြင်းကို ပလ္လင်ဖြူကြီး တရားစီရင်ခြင်းဟု သိရသည်။ ထိုတ ရားစီရင်ခြင်းသည် နောက်ဆုံးတရားစီရင်ခြင်း ဖြစ်၍ ကယ်တင်ခြင်းသို့ ရောက်သောသူများအတွက် ကြောက်စရာ မရှိ။ ကျမ်းစာက၊ သားတော်ကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်းကို မခံရ (ယော ၃:၁၈) ဟုဆိုခဲ့ပြီ။ ဤတရားစီရင်ခြင်းသည် ကမ္ဘာဦးမှ စ၍ ကမ္ဘာအဆုံးအထိ မယုံကြည်သူများဖြစ်သည်။ 
 
၁၂။ သေလွန်သောသူအကြီး အငယ်တို့သည် ပလ္လင်တော် ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက် စာစောင် တည်းဟူသော အခြားတ ပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သော သူတို့သည် မိမိတို့ အကျင့်အ တိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့် အညီတရားစီရင်ခြင်းကို ခံရကြ၏။ 

ခေတ်အဆက်ဆက်၌ ဘုရားကို မယုံကြည်ဘဲ သေလွန် သူများ၏ ဝိညာဉ် များသည် မရဏာနိင်ငံ တည်းဟူသော ငရဲထဲ၌ သူတို့၏ ဝိညာဉ် များသည် ရောက် သွားကြသည်။ ထိုသူများသည် တရားမစီရင်၊ ဒီဂရီမချ သေးသောကြောင့် တရားစီ ရင်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူတိုင်း၏ နေ့စဉ် လုပ်ဆောင်မှုများကို စာအုပ်၌ မှတ်ထားသည်။ သူသည် မှတ်ဥာဏ်ကောင်းသော်လည်း မှတ်ဥာဏ်ဖြင့် တရားမစီ ရင်ပါ။ စာအုပ်ထဲ၌ မှတ်ထားသောအရာကို ကြည့်၍ စီရင်သည်။ ထို့ကြောင့် ကယ် တင်ခြင်းသို့ မရောက်သောသူတိုင်း မိမိတို့ လုပ်ဆောင်ချက် များအတိုင်း ခံရကြမည်။ 
 
၁၃။ သမုဒ္ဒ​ရာသည် မိမိ၌ ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာနှင့် မရဏာနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့ အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။ 

သမုဒ္ဒ​ရာအထဲ၌ သေသွား သူများသည် ငါးများ ကစားသွားမည် ဖြစ်သည်။ သို့သော် သူတို့သည် ပျောက်ပျက်မသွားပါ။ တရားစီရင်ခြင်း ခံဘို့ရန် ပြန်အပ်မည် ဖြစ်သည်။ လူသည် ဝိညာဉ် ရှိသောကြောင့် ကိုယ်ခန္ဓာပျောက်ပျက်သွားသော်လည်း မပျောက်နိင်ပါ။ ထို့ကြောင့် ဘုရားသခင်ကို ကိုးကွယ်ဘို့ လိုခြင်း ဖြစ်သည်။ မရဏာသည် သေခြင်း ဖြစ်သည်။ မရဏာနိင်ငံသည် သေမင်းနိင်ငံ ဖြစ်သည်။ မရဏာနိင်ငံသည် သေခြင်းကို ဆိုလို သကဲ့သို့ ငရဲကိုလည်း ဆိုလိုသည်။ ထို့ကြောင့် စာကြောင်း ဝါကျအရှေ့ အနောက် (ဃသညအနထအ)နှင့် ကြည့်၍ အဓိပ္ပါယ် နားလည်ဘို့ လိုသည်။ အင်္လိပ်ကျမ်းစာများ၌ (ံ​ေိနျ)ဟု ခေါ်သည်။ ခရစ်တော်က၊ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော် ကြည့်၍၊ အာဗြဟံကို၎င်း အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်း အဝေးကမြင်လျှင်၊ (လု  ၁၆:၂၂-၂၃) ဟုဆိုသည်။ ထို့ကြောင့် မရဏာနိင်ငံသည် ပြင်းပြစွာသော ဝေဒနာ ခံသော နေရာ ဖြစ်၍ သူဌေးကြီးသည် ထိုနေရာမှပလ္လင်ဖြူကြီး တရားစီရင်ခြင်း ခံဘို့ စောင့်နေသည်။ 

ပေတရုကပင်တေကုတ္တေ နေ့၌၊ “ခရစ်တော်၏ ထမြောက်ခြင်း အကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော်၏ စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့ မရောက်ဟု အနာဂတံသဥာဏ်နှင့် ဟောလေ၏။” 
 (တ ၂:၃၁) ဟုဆိုသောကြောင့် ခရစ်တော်သည် သင်္ချိုင်း၌ သုံးရက်နေချိန်တွင် သူဌေး ကြီးရောက်ရှိသော နေရာပြင်းပြစွာ ဝေဒနာ ခံသော နေရာရောက်သည်ဟု ယူဆနိုင်သည်။ ထိုသို့မဟုတ်ပါ။ မရဏာနိင်ငံသည် သေခြင်းကို ဆိုလိုသည်။ 

၁၄။ ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင် ထဲသို့ ချပစ်လေ၏။ ထိုသေခြင်း ကား ဒုတိယသေခြင်း ဖြစ်သတည်း။  

မရဏာနိင်ငံသည် တရားမစီရင် သေးသော အကျဉ်းသားများခဏချုပ်ထားသော နေရာ၊ အချုပ်ခန်းနှင့် တူ၍ မီးအိုင်သည် တရားစီရင်ခြင်း ခံပြီးသော အပြစ်သားများထားရာထောင်နှင့် တူသည်။ မရဏာနှင့် မရဏာနိင်ငံကို မီးအိုင် ထဲသို့ ချလိုက်သည် ဟုဆိုသည်။ ထို့ကြောင့် မရဏာနိင်ငံသည် မီးအိုင်နှင့် မတူကြောင်း သိရသည်။ ထိုသေခြင်းသည် ဒုတိယသေခြင်းဟု ခေါ်သည်။ ပဌမ သေခြင်းသည် ဝိညာဉ်ပိုင်းသေခြင်း သို့မဟုတ် ကိုယ်ခန္ဓာသေခြင်း ဖြစ်၍ ဒုတိယသေခြင်းသည် ထာဝရ ကာလ ပတ်လုံးမီး အိုင်ထဲသို့ ရောက်ခြင်း ဖြစ်သည်။ မီးအိုင် ထဲ၌ ဝိညာဉ် များသည် မသေချေ။ ခံစားချက် အပြည့် ဖြစ်သည်။ သို့သော် ဘုရားသခင်နှင့် ခွဲခွါသောကြောင့် ထိုအရာကို ဒုတိယ သေခြင်းဟု ခေါ်သည်။ 
 
၁၅။ အသက် စာစောင်၌ စာရင်းမဝင်သောသူရှိသမျှတို့ ကိုလည်း မီးအိုင် ထဲသို့ ချပစ် လေ၏။ 

ပလ္လင်ဖြူကြီး၌ တရားစီရင်ခြင်းသည် ထာဝရ အသက် ပြန်လည်ရရှိဘို့ မဟုတ်ဘဲ ထာဝရ မီးအိုင် ထဲသို့ သွားမည့် အရာကို စီရင်ခြင်း ဖြစ်သည်။ ထိုနေရာ၌ ယုံကြည်သူများ မပါတော့ချေ။ သူတို့သည် အသက် စာစောင်၌ စာရင်းမပါသောကြောင့် မီးအိုင် ထဲသို့ ချပစ်ခြင်း ဖြစ်သည်။ အလွန် ဝမ်းနည်းစရာ ဖြစ်သည်။ ထိုနေရာသို့ မရောက်ဘို့ရန် အသက်ရှင်စဉ်သခင် ယေရှုခရစ်ကို ကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ် လက်ခံဘို့ လိုသည်။ 

 

 
ခရီး စဉ်များ 


 ဆရာမောဇက်တို့ လင်မယားနှင့်ကို နော်မိုင်၊ကို မိုက်ကယ်၊ကို ဂဋ္ဌန်ရီးရယ်တို့ ငါးယောက်သည် ဩဂုတ်လ ၁ရ- ၂၃ အတွင်း New York State, Buffalo  မြို့ မြန်မာတိုင်းရင်းသား အသင်းတော်မှကြီး မှုး ပြုလုပ်သော လူငယ် Camping ၌ ပါဝင်သင်တန်းပေးခဲ့ကြပါသည်။ ဆရာမောဇက်က မြန်မာစကားဖြင့် လူငယ် ၃၀၊ ဆရာမဟန္နကအင်္လိပ်စကားဖြင့် လူငယ် ၂၆ ဦးကို ခေတ်ကာလနှင့် ကယ်တင်ခြင်း အကြောင်းများသင်ကြားပေးကြပါသည်။ကို နော်မိုင်၊ကို ဂဋ္ဌန်ရီးရယ်တို့ကလည်း ခလေး သူငယ်လေးများကို သင်ကြားပေးကြပါသည်။ 

ဆရာအား ဆာ၊ ဒေါ်လုံး (နော်ရင်း)၊ကို ထန်းပိုင်းနှင့် မရုသတို့ အဖွဲ့လည်း Ohio  ပြည်နယ်သို့ ဩဂုတ်လအတွင်း ကျမ်းစာ သင်ပေးခြင်း၊ သက်သေခံခြင်းများပြုလုပ် ကာ အားရအောင်မြင် စွာ ပြန်လာကြပါသည်။ 

ဆရာမဟန္နသည် ဩဂုတ်လ ၂ရ- ၃၀ သုံးရက်ကြာကျမ်းသာသင်တန်းကို Battle Creek GBC ၌ ပေးနိုင်ခဲ့ပါသည်။ 

ဆရာအား ဆာ၊ ဒေါ်လုံး (နော်ရင်း)၊ကို ဂဋ္ဌန်ရီးရယ်တို့ သုံးယောက်သည် စက်တဘ်ာလ ၁တွင် New York State, Buffalo, Syracuse သို့ ဧဝံဂေလိ ခရီး ထွက်ကြပါသည်။ ဆရာဗန်ထာအုပ်၊ကို နော်မိုင်၊ကို မိုက်ကယ်တို့ သုံးယောက်လည်း စက်တဘ်ာလ ၂ ရက်နေ့တွင် New York State, Rochester နှင့်  North Carolina State, Charlotte   သို့ ဧဝံဂေလိ ခရီး ထွက်ကြပါသည်။ 

ကို Khawm Piang လဲ Des Moines, Iowa  ၌ သက်သေခံလုပ်ငန်းကို လူငယ်များ ဦးဆောင်လျက် လုပ်ဆောင်ရာအောင်မြင်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 


 
အမှုတော်ဆောင်သင်တန်း

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ပျောက်ဆုံးဝိညာဉ် ဖမ်းတတ်သော အမှုတော်ဆောင်များကို မွေးထုတ်လျက် ရှိပါသည်။ အမှုတော်ဆောင်နှစ်မျိုးဖြင့် ခွဲ ခြားနိင်သည်။ တမျိုးမှာသမရိုးကျအမှုတော်ဆောင် ဖြစ်၍ ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်း မရှိ၊ ကယ်တင်ခြင်းသို့ ရောက်သော ဝိညာဉ် ခလေးများကြီး ထွားရင့်ကျက်ဘို့ရန် ပြုစု ပျိုးထောင်ခြင်း မရှိ၊ အသင်းတော်၌ အသင်းသား များ၏ လူမှု ကိစ္စများ ကူညီခြင်း၊ အသင်းသား များ၏ အိမ်သို့ လည်ပတ် ဆုတောင်း ပေးခြင်း၊ ဝတ်ပြုခြင်းများ၌ တရားဟောခြင်း များကိုသာ ပြုလုပ် ကြသည်။ ထိုသူများအတွက် ပုံမှန်ထိုအရာများကို ပြုလုပ် နိုင်လျှင် ကျေနပ် အားရသည်။

ကျမ်းစာ၌ ဖေါ်ပြအမှုတော်ဆောင်သည် ခရစ်တော် ခိုင်းသောအရာကိုသာ ဆောင်ရွက်သည်။ ပျောက်ဆုံးသော ဝိညာဉ်များကို ကယ်တင်ခြင်းသို့ ရောက်အောင် သက်သေခံ၊ သင်ပေး၍ ကယ်တင်ခြင်းသို့ ရောက်ပြီးသော ဝိညာဉ် ခလေးများကြီး ထွားရင့်ကျက်၍ သက်သေခံများ ဖြစ်လာစေရန်သွန်သင်လမ်းပြသည်။ ထိုသူများအတွက် တနင်္နွေနေ့မှသာ ဘုရားရှိခိုး၊ ဆုတောင်း၊ တရားဟောခြင်း မပြုလုပ်ဘဲ နေ့စဉ် နေရာ တိုင်း လူတိုင်း ထံ၌ ချဉ်းကပ်၍ သူတို့၏ လိုအပ်ချက်အတိုင်း ဟောပြော၊ သက်သေခံ၊ သင် ပြ၊ ဆုတောင်း ပေးသည်။ သင်သည် မည်ကဲ့သို့သော အမှုတော်ဆောင် ဖြစ်သနည်း။ 

 ယခုအခါ ခရစ်တော်က လူကို ဖမ်းသော တံငါ ဖြစ်စေမည်ဟူသောအရာကို လက်တွေ့လုပ်ဆောင်နိုင်ရန် အမှုတော်ဆောင်ချင်သောသူများကို သင်ပေးလျက် ရှိပါသည်။ အမှုတော် မြတ်ကြီး၌ အချိန် ပြည့်ပါဝင်လိုသောသူများ ဖြစ်စေ၊ အချိန် ပိုင်းပါဝင်လိုသောသူများ ဖြစ်စေအမှုတော်ဆောင်တတ်ရန် သင်တန်းကို လ၏ နောက်ဆုံးပတ်တိုင်း တပတ်သင်ပေးနေပါပြီ။ မည်သူမဆို၊ မည်သည့်ဂိုဏ်းဂဏမဆိုတက်ချင်သောသူတိုင်း တက်နိုင်ပါသည်။ နေရာမှာ၍ ညိင​ေညစေသူငျ မြို့သတင်းကောင်း နှစ်ခြင်း အသင်းတော် ( မြန်မာ)၌ ဖြစ်၍ ဆရာမောဇက်ထောင်ကျုံး ထံဖုံးအားဖြင့် ဖြစ်စေ၊ အီမဲလ်းအားဖြင့် ဖြစ်စေ ဆက်သွယ်စုံစမ်း နိုင်ပါသည်။ စက်တဘ်ာလအတွက် ၂၁ တနလ်ာနေ့ရောက်သည့်နေ့ ဖြစ်၍ ၂၆ စနေနေ့ပြန်မည့်နေ့ ဖြစ်ပါသည်။ ရပ်ဝေးမှလာမည့်သူများအတွက် တည်းခိုမည့် နေရာနှင့် အစားအသောက်တာဝန် ယူပေးပါသည်။ 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG