GOODNEWS
  HOME  GOODNEWS  2015 AUG
 


                                                   အမှာစာ

                 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယနေ့ တိုင်အသက်ရှင်လှုပ်ရှားသွားလာနိုင်ကြသေးသည်။ သို့သော် ဤကဲ့သို့သော အ​ခြေအနေကို ထာဝရ ခံစား နိုင်ကြမည် မဟုတ်။ ဘုရားသခင်၏ ပြက္ခဒိန်၌ ဤလောကသည် မကြာမှီ အပြောင်းအလဲ ဖြစ်တော့မည် ဖြစ်သည်။ ယခင်လ၌လည်း ဖေါ်ပြပြီး ဖြစ်သော်လည်း ယခုလ၌လည်း ဖေါ်ပြလိုပါသည်။ 

                        လာမည့် စက်တင်ဘာလသည် ထူးခြားသော လ ဖြစ်သည်။ စက်တဘ်ာ လ ၁၃ ရက်နေ့သည် တံပိုးမှုတ်ပွဲ ဖြစ်သည်။ ဘုရားသခင်က ဣသရေလ လူများကိုပွဲ ရမျိုး ကျင်းပခိုင်းသည်။ ထိုအရာတို့မှာ ပသခါပွဲ၊ တဆေးမဲ့မုန့် (အဇုမ) ပွဲ၊ အဦးသီးသော အသီးပွဲ၊ ပင်တေကုတ္တေပွဲ၊ တံပိုးမှုတ်ပွဲ၊ အပြစ်ဖြေရာနေ့နှင့် တဲပွဲ (သကေနေ) တို့ ဖြစ်သည် (ဝတ် ၂၃)။ ပသခါပွဲသည် ခရစ်တော်အသေခံခြင်း၊ တဆေးမဲ့မုန့်ပွဲသည် ခရစ်တော်မြှုပ်နှံခြင်း၊ အဦးသီးပွဲသည် ရှင်ပြန်ထမြောက်ခြင်း၊ ပင်တေကုတ္တေပွဲသည် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်၍ အသင်းတော် ထောင်ခြင်းဖြင့် ပြည့်စုံခဲ့ပြီ။ ယခုတံပိုးမှုတ်ပွဲသည် ချီဆောင်ခြင်း၊ အပြစ်ဖြေရာနေ့သည် ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း၊ တဲပွဲ(သကေနေ) သည် အနှစ်တထောင်အုပ်စိုးခြင်းအားဖြင့် ပြည့်စုံဦးမည်ဖြစ်သည်။ 

           တောရွာများ၌ နာရီမရှိကြသောအခါ ဘုရားကျောင်းရှိသံချောင်း ခေါက်ခြင်းများအားဖြင့် အချက်ပေးတတ်ကြသည်။ အမြန်ခေါက်လျှင် အရေးပေါ် ၉၁၁ ဖြစ်သည်။ ဖြည်းဖြည်းခေါက်လျှင် လူသေရှိသည်။ ပုံမှန်ခေါက်လျှင် ဘုရားရှိခိုးဘို့ဖြစ်သည်။ ဣသရေလလူများသည် သံချောင်းမခေါက်ဘဲ တံပိုးမှုတ်ခြင်းဖြင့် အချက်ပေးတတ်ကြသည်။ စစ်တိုက်ဘို့ရန် မှုတ်သောတံပိုး၊ ဘုရားရှိခိုးဘို့ မှုတ်သောတံပိုးဟူ၍ အမျိုးခွဲထားသည်။ ခရစ်တော်သည် သန့်ရှင်းသူများကို ချီဆောင်ဘို့ရန် တံပိုးမှုတ်ခြင်းနှင့် တကွ ကြွလာလိမ့်မည်၊ ဟုဆိုသည် (၁ ကောာ ၁၅:၅၁-၅၃၊ ၁ သက် ၄:၁၄-၁ရ)။ ထိုတံပိုးမှုတ်ချိန်သည် လာမည့်လ ၁၃ ရက်နေ့ ဖြစ်သောကြောင့် ချီဆောင်ခြင်းဖြစ်နိုင်သည်။ ဖြစ်ကိုဖြစ်ရမည်ဟုမဆိုပါ။ အကယ်၍ဖြစ်လျှင်အချိန် မရှိတော့ချေ။ ကယ်တင်ခြင်း စိတ်မချသေးသောသူများ စိတ်ချသည်အထိ ဆုတောင်း၍သင်ပါ။ ကယ်တင်ခြင်းသို့ မရောက်လျှင် ဘေးဒဏ်ကြီး ကာလနှင့် ထာဝရမီးအိုင်ထဲ၌ အလွန်ခက်ခဲလိမ့်မည်။ လူတိုင်းကယ်တင်ခြင်းကို အဓိကထားရှာဖွေလေ့လာကြပါ။ ကယ်တင်ခြင်း စိတ်ချသူများကလည်း အခြားသူများအတွက် ပူပန်၍ ဆုတောင်းရင်း သက်သေခံဝေငှကြပါစို့၊ ဟုတိုက်တွန်းနိုးဆော် အပ်ပါသည်။

ယခုလစာစောင်၌...

  • ဥပုသ်နှစ်
  • ခရစ်တော် လာမည့် နိမိတ်လက္ခဏာ
  • မွေးနေ့
  • ကျမ်းစာဖတ်ကြစို့  ( ဗျာဒိတ်ကျမ်း၁၉) 
  • သက်သေခံခြင်း 
  • လူငယ်စခန်းသွင်းသင်တန်း
  • ခရီး စဉ် 
  • မြန်မာနိင်ငံမိုးကြီးခြင်း 

 

ဥပုသ်နှစ်

                 ယေဗုယအားဖြင့် ခရစ်ယာန်များသည် ဥပုသ်နေ့ကို မစောင့်သောကြောင့် ဥပုသ်နှစ်ရှိမှန်းလည်း သိကြမည်မဟုတ်။ ဥပုသ်နေ့သည် အပတ်စဉ်စနေနေ့ဖြစ်၍ ထိုနေကိုမစောင့်ကြတော့ချေ။ အကြောင်းမှာ ဥပုသ်နေ့သည် ခရစ်တော်၌ ပြည့်စုံပြီး သောကြောင့်ဖြစ်သည် (ကောလောသဲ ၂:၁၆-၁ရ)။ တမန်တော်များပင်လျှင် ဥပုသ်နေ့အလွန်၊ ရှင်ပြန်ထမြောက်သောနေ့၌ စည်းဝေးတတ်ကြသည် (၂ ကော ၁၆:၂၊ တ ၂၀:ရ)။ ထိုအကြောင်းအရာသည် ရှည်သောကြောင့် ယခုပြည့်စုံစွာ မဖေါ် ပြနိုင်ပါ။ သတင်းကောင်း စာစောင်၌ ရေးခဲ့ဘူးပြီ။ 

မြေအနားပေးရမည်

                   ဘုရားသခင်က မောရှေအားဖြင့် ဣသရေလ လူမျိုးများကို ဥပုသ်နှစ် စောင့်ဘို့ရန် ဤသို့ ပညတ်ထားခဲ့သည်၊ “တဖန် သိနာတောင်ပေါ်မှာ၊ မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ၂ သင်တို့သည် ငါပေးသော ပြည်သို့ ရောက်သောအခါ ထိုပြည်သည် ထာဝရဘုရား အဘို့ ဥပုသ်စောင့်ရမည်။ ၃ ​ခြောက်နှစ်ပတ်လုံးလယ်လုပ်လျက်၊ စပျစ် ဥယျာဉ်ကို သုတ်သင်၍ အသီးကို သိမ်းလျက် နေရမည်။ ၄ သတ္တမနှစ်သည်၊ ထာဝရဘုရား အဘို့ ဥပုသ်နှစ်၊ တပြည် လုံးငြိမ်ဝပ်စွာ နေ၍ ဥပုသ်စောင့်ရသော နှစ်ဖြစ်၏။ လယ်မလုပ်ရ။ စပျစ်ဥယျာဉ်ကို မသုတ်သင်ရ။ ၅ လယ်၌ အလိုလိုပေါက်သော အသီးအနှံကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။ တပြည် လုံးငြိမ်ဝပ်စွာ နေရသော နှစ် ဖြစ်၏။ ၆ ပြည် ဥပုသ် တည်းဟူသော အလိုလို ဖြစ်ပွားသောအရာ ရှိသမျှသည်၊ သင်ကိုယ်မှစ၍ သင်၏ကျွန်၊ ​ကျွန်မ၊ သူငှါး၊ ဧည့်သည် စားစရာ၊ ၇ သင်၏ ပြည်၌ ရှိသောသား ယဉ်သားရဲစားစရာဖြစ်ရမည်။”  (ဝတ် ၂၅:၁ -ရ)။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ အနားယူခြင်း၊ ငြိမ်ဝပ်စွာနေခြင်း၊ ဟုအထက်၌ဖေါ်ပြခဲ့ပြီ။ လူသာမက လယ်နှင့်ခြံများလည်း ဥပုသ်စောင့်ဘို့၊ အနားယူဘို့၊ ဘုရားသခင်ကမှာထားခဲ့သည်။ ဥပုသ်နှစ်ကို ဟေဗြဲလို Shmita ဟု ခေါ်သည်။ 

 “၂၀ သင်တို့ကလည်း၊ သတ္တမနှစ်တွင် ငါတို့သည် အဘယ်သို့ စားရမည်နည်း။လယ်မလုပ်ရ။ အသီးအနှံကို မသိမ်းရပါတကား ဟုဆိုလျှင် ဆဌမနှစ်တွင်သင်တို့ကို ငါကောင်းကြီး ပေး၍၊ ထိုနှစ်တွင် သုံးနှစ်အဘို့ အသီးအနှံကို ဖြစ်စေမည်။ ၂၂ သင်တို့သည် အÏမနှစ်တွင် လယ်လုပ်၍၊ နဝမနှစ်တွင်၊ အသီးအနှံကို သိမ်းရာကာလ တိုင်အောင် ဟောင်းသော အသီးအနှံကို စားရကြမည်။” (ဝတ် ၂၅:၂၀-၂၂) လယ်ဥပုသ်စောင့်ခြင်းသည် လူများအတွက် အလွန်ကောင်းသည်။ အကြောင်းမှာ တနှစ်လုံးလုံးလယ်မလုပ်ဘဲအားလပ်ချိန် (vacation) ရရှိကြသည်။ ထိုသို့ ဥပုသ်စောင့်နိင်ဘို့ရန် ဘုရားသခင်က ကြိုတင် ဆဌမနှစ်၌ သီးနှံများကို သုံးဆပေးသည်။ ဣသရေလလူများသည် ဘုရားစကားကို နားထောင်ကြပါသလား။ သူတို့၏သမိုင်းကို ကြည့်ပါက လုံးဝနားမထောင်ကြချေ။ အကြောင်းမူကား၊ လောဘကြီးသောကြောင့် သတ္တမနှစ်တွင်လည်း လယ်များကိုထွန်၍ စိုက်ပျိုးကြသည်။ ယနေ့ ယုံကြည်သူများလည်း တနင်္ဂနွေနေ့များတွင် အချိန်ပိုလုပ်ချင်ကြသည်။ ဘုရားရှိခိုးဘို့ အလုပ်နားသည်ထက် ငွေရရှိဘို့ကိုရွေးကြသည်။ 

အကြွေးလွှတ်ရမည်

                  ဥပုသ်နှစ်ရောက်လေတိုင်း အကြွေးရှိသောသူကို လွှတ်ရမည်၊ “ခုနစ်နှစ်တခါလွှတ်ခြင်းကို ပြုရမည်။ ၂ လွှတ်ခြင်း တရားဟူမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူအား ဥစ္စာကိုချေးငှားသော ကြွေးရှင်မည်သည်ကား၊ ထိုကြွေးကိုလွှတ်ရမည်။ ထာဝရဘုရားလွှတ်ခြင်း ကာလဖြစ်သောကြောင့်၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကိုချင်း၌မတောင်းရ၊” (တရား၁၅:၁-၂)။ ဣသရေလလူများသည် အကြွေးရှိသောသူများ၏ အကြွေးကို ဥပုသ်နှစ်၌ လွှတ်ရမည်၊ ဟုဘုရားသခင်က ပညတ်ထားသည်။ ဣသရေလလူတို့သည် ဘုရား စကားနားမထောင်၊ သူပညတ်ထားသောဥပုသ်နေ့၊ ဥပုသ်လ၊ ဥပုသ်နှစ်များကို မစောင့်လျှင် သူတို့ကို ပြည်မှနှင်ထုတ်၍ ပြည်သည်ဥပုသ်စောင့်မည့် အကြောင်းကို မောရှေအားဖြင့် ဤသို့ သတိပေးခဲ့သည်၊ 

 “သင်တို့ မြို့များကို ငါဖျက်ဆီး၍၊ သန့်ရှင်းရာဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်တို့နံ့သာပေါင်း အမွှေးအကြိုင်ကို ငါမနမ်း။ ၃၂ တပြည်လုံးကို ငါသုတ်သင် ပယ်ရှင်းသောအမှုကို၊ ထိုပြည်၌နေသော သင်တို့၏ ရန်သူတို့သည်မြင်၍ မိန်းမောတွေဝေကြလိမ့်မည်။ ၃၃ သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ်ငါကွဲပြားစေ၍၊ ဓါးမိုးလျက်လိုက်မည်။ သင်တို့ပြည်သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။ ၃၄ ထိုသို့သင်တို့သည် ရန်သူပြည်၌နေ၍၊ ကိုယ်ပြည်သည် လူဆိတ်ညံလျက် နေသောကာလပတ်လုံး ငြိမ်ဝပ်စွာနေ၍၊ မိမိဥပုသပ်နေ့တို့၌ မွေ့လျော်ရမည်။ ၃၅ လူဆိတ်ညံလျက်နေရသော ကာလ ပတ်လုံးငြိမ်ဝပ်လိမ့်မည်။ သင်တို့ရှိနေသောအခါ၊ ဥပုသ်နေ့တို့၌ ပြည်သည် မငြိမ်မဝပ်ရ။” (ဝတ် ၂၆:၃၁-၃၅)။ 

                 ထိုသို့ သတိပေးသော်လည်း ဣသရေလလူများသည် ဘုရားစကားကိုနားမထောင်၊ အခြားဘုရားများကို ကိုးကွယ်၍ ဥပုသ်နေ့များကိုလည်း ချိုးဖျက်သောကြောင့် ဘုရားသခင်က သူ၏စကားအတိုင်း ဗာဗုလုန်​ကျွန်ခံ စေခဲ့ကြောင်း ဤသို့ မှတ်တမ်းတင်ခဲ့သည်၊ “ဇေဒကိသည် အသက် နှစ်ဆယ်တနှစ် ရှိသော်နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံလေ၏။ ၁၂ ထိုမင်းသည်လည်း၊ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။ ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုသော ပရောဖက် ယေရမိရှေ့မှာ ကိုယ်ကို မနှိမ့်ချ။ ၁၃ ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗခဒ်နဇောမင်းကြီးကို ပုန် ကန်လေ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံတော်သို့ မပြန်မည်အကြောင်း၊ မိမိလည်ပင်းကို၎င်း၊ မိမိနှလုံးကို၎င်း၊ ခိုင်မာစေ၏။ ၁၄ ထိုမှတပါး၊ ယဇ်ပုရောဟိတ် အကြီးများနှင့် ပြည် သူပြည်သားရှိသမျှတို့ သည်၊ တပါးအမျိုးသားရွံ့ရှာဘွယ်ပြုသည် အတိုင်း၊ အလွန် ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာဝရဘုရား သန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူး စေကြ၏။ ၁၅ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ မိမိလူမျိုးနှင့် မိမိနေတော်မူ ရာအရပ်ကို သနားသောကြောင့်၊ စောစော ထ၍ အထပ်ထပ် စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊ ၁၆ ဘုရားသခင်၏ တမန်တို့ကို ပြက်ယယ်ပြု၍၊ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တော်တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား၏ အမျက်တော် မငြိမ်းနိုင်အောင်၊ မိမိလူမျိုးကို ထွက်သဖြင့်၊ ၁၇ ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာ ဌာနအိမ်တော်၌ လူပျိုတို့ကို ထားနှင့် သတ်၏။ ယောကျ်ားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသော သူတို့ ပင်မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင်လက်သို့ အပ်တော်မူ၏။ ၁၈ ဗိမာန်တော် တန်ဆာအကြီး အငယ်ရှိသမျှတို့ ကို၎င်း၊ ဗိမာန်တော် ဘဏ္ဍာ၊ နန်းတော် ဘဏ္ဍာ၊ မှူးမတ်ဘဏ္ဍာရှိသမျှတို့ ကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွား၏။ ၁၉ ဗိမာန်တော် ကိုလည်း မီးရှို့၍ ယေရုရှလင်မြို့ရိုးကို ဖြိုးဖျက်ကြ၏။ မင်းအိမ်ရှိသမျှတို့ ကိုလည်း၊ မီးရှို့၍ မြို့ တန်ဆာအကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ၏။ ၂၀ ထားဘေးနှင့် လွတ်သော သူတို့ကို၊ ဗာဗလုန်မြို့သို့ သိမ်း သွား၍၊ သူတို့သည် ပေရသိနိုင်ငံမတည်မှီ တိုင်အောင် ရှင်ဘုရင်ထံ၊ သားတော် မြေးတော် ထံ၌ ​ကျွန်ခံလျက် နေရကြ၏။ ၂၁ ထိုသို့ ဣသရေလ မြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက် နေသော ကာလ၊ အနှစ် ခုနစ်ဆယ်စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သော အခွင့်ရှိသတည်း။” (၆ရာ ၃၆:၁၁-၂၁)။ 
 
 ယုဗေလနှစ် ၅၇၇၄ (၂၀၁၄)-၅၇၇၅ (၂၀၁၅) 

                   အထက်၌ ဖေါ်ပြသော ၅ရရ၄ နှင့် ၅ရရ၅ သည် ဣသရေလတို့၏ ဓလေ့ထုံးတမ်းအရ ဖန်ဆင်းခြင်းမှစ၍ တွက်သောနှစ်ဖြစ်သည်။ ၂၀၁၅ သည် ခရစ်တော်လူ့ဇာတိခံချိန်မှ စတင်သောနှစ်ဖြစ်သည်။ ၂၀၁၄-၂၀၁၅သည် ယုဗေလနှစ်ဖြစ်သည်။ ၁၉၁ရ ခုနှစ်သည် ဥပုသ်နှစ် ဖြစ်၍ ထိုနှစ်တွင် ဗြိတိသျှအစိုးရကဂျူးလူမျိုး ( ဣသရေလ)များကို ကမ္ဘာအရပ်ရပ်မှ သူတို့ဘိုးဘေးများပြည်သို့ ပြန်လာခွင့်ပြုခဲ့သည်။ ထိုနှစ်မှနှစ်ပေါင်း၅၀ ဖြစ်သော ၁၉၆ရ ခုနှစ်သည် ယုဗေလနှစ်ဖြစ်၍ အစ္စရေးအာရပ် ၆ ရက်ကြာစစ်ပွဲအပြီးတွင် ယေရုရှလင်မြို့အရှေ့ခြမ်းကို ဂျော်ဒန်ထံမှ သိမ်းပိုက်၍ ပဌမဦးဆုံးအကြိမ်တမြို့လုံးကို အစ္စရေးများ ကပိုင်သည်။ 

                 “ဥပုသ်နှစ် ခုနစ်နှစ်ကို ရေတွက်၍၊ ခုနစ်နှစ် ခုနစ်လီ တည်းဟူသော လေး ဆယ်ကိုးနှစ် စေ့ပြီးမှ၊ ၉ သတ္တမလဆယ် ရက်နေ့၊ အပြစ် ​ဖြေခြင်း ပြုရာနေ့၌၊ ယုဘိ လတံပိုးကို တပြည် လုံးမှုတ်စေရမည်။ ၁၀ ငါးဆယ်မြောက်သော နှစ်ကို သန့်ရှင်း စေသဖြင့်၊ တပြည် လုံး၌ ပြည်သား အပေါင်းတို့ အား၊ လွတ်ရာအခွင့်ကို ကြွေးကြော် ရမည်။ ယုဘိလနှစ် ဖြစ်၍၊ လူတိုင်း မိမိပိုင်သော မြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။ ၁၁ ငါးဆယ်မြောက်သော နှစ်သည် ယုဘိလနှစ် ဖြစ်သောကြောင့် လယ်မလုပ် ရ။ အလိုလိုအပေါက်သော အပင်ကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ် အသီးကိုမျှ မဆွတ်ရ။ ၁၂ ယုဘိလနှစ်သည် သန့်ရှင်းသော နှစ် ဖြစ်သောကြောင့်၊ လယ်၌ ရသော အသီးအနှံကိုသာ စားရမည်။ ၁၃ ယုဘိလနှစ်တွင် လူတိုင်း မိမိပိုင်သော မြေသို့ ပြန်ရမည်။” (ဝတ် ၂၅:၈-၁၃) 

 “၂၃ မြေကို သူတပါးအစဉ်ပိုင်းစေခြင်းငှါ မရောင်းရ။ မြေသည် ငါဥစ္စာ ဖြစ်သင်တို့သည် ငါ၌ တည်းသော ဧည့်သည် အာဂန္တု ဖြစ်ကြ၏။ ၂၄ သင်တို့သည် မြေကို ပိုင်လေရာရာ၌ ရွေးနှုတ်ရသော အခွင့်ကို ပေးရကြမည်။ ၂၅ သင်၏ အမျိုးသားချင်း သည် ဆင်းရဲ၍၊ မိမိပိုင်သော မြေကို ရောင်းလျှင်၎င်း၊ သူ၏ ပေါက် ဘော်တစုံတယောက်သည် ဝယ်ခြင်းငှါ လာလျှင်၎င်း၊ မိမိပေါက်ဘော်ရောင်းသော ဥစ္စာကို ရွေးနှုတ်ရသော အခွင့်ရှိရမည်။ ၂၆ ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှမပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင် ရွေးနှုတ်နိုင်လျှင်၊ ၂၇ မိမိမြေသို့ ပြန်အံ့သောငှါ၊ ရောင်း၍ လွန်သော နှစ်ပေါင်းကို ရေတွက်ပြီးမှ၊ လိုသေးသော အဘိုးကို အထက်ကရောင်းခဲ့သောသူအား ပြန်ပေးရမည်။ ၂၈ ပြန်၍ မပေး နိုင်လျှင် ရောင်းခဲ့သော ဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက်စေ ရမည်။” (ဝတ် ၂၅:၂၃-၂၈)။ 

ယုဗေလနှစ်၏ ထူးခြားချက်မှာ လူတယောက်သည် ဆင်းရဲ သောကြောင့် ​ကျွန်အဖြစ် ကိုယ့်ကိုယ်ကို ရောင်း၍ ပြန်မရွေးနိင်သော်လည်း ယုဗေလ နှစ်ရောက်လျှင် သူ့ကို ပိုင်ရှင်က အဘိုးမယူဘဲ လွှတ်ရမည်။ “အကြောင်းမူကား၊ ဣသရေလ အမျိုးသားတို့ သည်၊ ငါ၏ အမှုထမ်း ဖြစ်ကြ၏။ အဲဂုတ္တု ပြည် မှငါနှုတ် ဆောင်ခဲ့သော ငါ၏ အမှုထမ်း ဖြစ်ကြ၏။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။” (ဝတ် ၂၅:၅၅) ထို့နည်းတူ မြေသည်လည်း ရောင်းပြီးမှပြန်မ ရွေးနိင်သော်ယုဗေလနှစ်ရောက်လျှင် ပိုင်ရှင်ထံအဘိုးမယူဘဲ ပြန်ပေးရမည်။ “မြေကို သူတပါးအစဉ်ပိုင်းစေခြင်းငှါ မရောင်းရ။ မြေသည် ငါဥစ္စာ ဖြစ်၏။ သင်တို့သည် ငါ၌ တည်းသော ဧည့်သည် အာဂန္တု ဖြစ်ကြ၏။ ၂၄ သင်တို့သည် မြေကို ပိုင် လေရာရာ၌ ရွေးနှုတ်ရသော အခွင့်ကို ပေးရကြမည်။” ဘုရားသခင်က ဣသရေ လလူများနှင့် တကွ သူတို့ နေသော မြေကို သူပိုင်သည် ဟုဆိုသည်။ ယခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကမ္ဘာ့ နိင်ငံများက အစ္စရေးနိင်ငံကို ခွဲ၍ ပါလက်စတိုင်း နိင်ငံထူထောင်လျှင် ဘုရားသခင်က မည်သို့ ပြုမည်နည်း။ 

 

 ခရစ်တော် ကြွလာမည့် နိမိတ်လက္ခဏာ


ထိုအရာများသည် လူများ ကသဘာဝဟု ပြောကြထင်မြင်ကြသော်လည်း အမှန်မှာ ဘုရားသခင်က ကြိုတင် ပြောထားသော အရာများ ဖြစ်၍ နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ ဖြစ်သည်။ ခရစ်တော်က၊ “၁၁ အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာ ခေါင်းပါးခြင်း၊ ကလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုဃ်းကောင်းကင်၌လည်း ကြောက် မက်ဘွယ်သောအရာနှင့် ကြီးစွာသော ပုပ္ပနိမိတ်တို့သည် ပေါ်ထွန်းကြလိမ့်မည်။ ၂၅ ထိုအခါ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီး 
ပေါ်မှာလည်း လူ အမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒ​ရာလှိုင်း တံပိုးကြီးခြင်း၊ ၂၆ မြေကြီးပေါ်မှ ာ ဖြစ်လတံ့သော ဘေးများကို မြော်၍ ကြောက် လန့်သဖြင့်၊ လူများတို့၏ အသက် ဆုံးခြင်း အမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ကောင်းကင် တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ၂၇ ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကို စီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။” (လုကာ ၂၁:၁၁၊ ၂၅-၂ရ)ဟု ကြိုတင် ပြောခဲ့ပြီ။ ထို့ကြောင့် ထိုသဘာဝ ဘေးဒုက္ခ များသည် အလိုလို ဖြစ်သည် မဟုတ်၊ ဘုရားသခင်က ခရစ်တော် ကြွလာတော့မည် ဖြစ်သောကြောင့် သတိပေးနေခြင်း ဖြစ်သည်။ သို့သော် လူအများစုသည် ဘုရားသခင်ကို မသိ၊ မယုံကြည်၊ ကျမ်းစာ မဖတ်သောကြောင့် အဘယ်ကြောင့် ထိုအရာများ ဖြစ်သည်ကို မသိကြချေ။ အံ့ဩခြင်း၊ ဝမ်းနည်းခြင်း၊ အား ငယ် စိတ်ပျက်ခြင်းများသာလျှင် ဖြစ်ကြသည်။ 
 
 ဤလောကသည် ညည်းတွား၍ ဆင်းရဲခြင်း ဝေဒနာကို ခံရ

ဤလောကသည် ပျက်စီးဘို့ရန် ဖြစ်ကြောင်း ရှင်ပေါလုက ဤသို့ ရေးသား ခဲ့ပြီ၊ “၁၈ ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်းကို ထောက်သော်၊ ယ ခုမျက်မှောက်ကာလ၌ ခံရသော ဆင်းရဲ ဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသ ဘောရှိ၏။ ၁၉ ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်း အရာကို အလွန် တောင့်တမြော်လင့်လျက် နေ၏။ ၂၀ ဤလောကသည် အနိစ္စနိုင်ငံသို့ အလိုလိုလိုက်သည် မဟုတ်။ ၂၁ ဘုရားသခင်သားတို့၏ ထူးမြတ်သော လွှတ်ခြင်း ချမ်းသာ တည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင် အဖွဲ့မှကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည်ဟု မြော်လင့်ရသော အခွင့်ကို ပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့် သာလိုက်ရ၏။ ၂၂ ဤလောက တ နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်း ဝေဒနာကို ခံရသည်ဟု ငါတို့ သိကြ၏” (ရော ၈:၁၈-၂၂) 

 ဤလောကသည် သက်မဲ့ ဖြစ်သော်လည်း ညည်းတွား၍ ဆင်းရဲခြင်း ဝေဒနာကို ခံရသည် ဟုဆိုသည်။ ထို့အပြင် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်း အရာကို အလွန် တောင့်တမြော်လင့်လျက် နေသည် ဟုဆိုသည်။ ဘုရားသခင်သည် ဤလောကကို ဖန်ဆင်းသောအခါ အကောင်းဖန်ဆင်းခဲ့သည်။ သို့သော် လူအာဒံနှင့် ဧဝတို့က သူ့စကား နားမထောင်ဘဲ စာတန် စကားကို နားထောင် လိုက်သောအခါ သူဖန်ဆင်းထားသော အရာများကို သူကိုယ်တိုင်က ဤသို့ ကျိန်ခဲ့သည်၊ “၁၇ ယောကျ်ားကိုလည်း၊ ထိုအပင်၏ အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏ စကားကို နားထောင်၍ စားမိ သောကြောင့်၊ မြေသည် သင်၏ အတွက် ကျိန်ခြင်းကို ခံလျက် ရှိ၏။ မြေ၏ အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည်။ ၁၈ ဆူးပင် အမျိုးမျိုးတို့ ကိုလည်း သင် အဘို့ မြေပေါက်စေမည်။ လယ်၌ ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ ၁၉ သင်ထွက်ရာမြေသို့ မပြန်မှီတိုင်အောင်၊ သင်၏ မျက်နှာမှချွေးထွက်လျက် အစာကို စားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။” (က ၃:၁ရ- ၁၉)။ 

ထို့ကြောင့် လူနှင့် တိရစ္ဆာန်များသာမက သက်မဲ့အရာအားလုံးလည်း ပျက်စီးခြင်းသို့ တရွေ့ရွေ့သွားနေရခြင်း ဖြစ်သည်။ ရှင်ပေါလုက ဤလောက တ နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်း ဝေဒနာကို ခံရသည် ဟုဆိုသည်။ အချို့အင်္လိပ်ကျမ်းစာများ၌ သားဘွားခြင်း ဝေဒနာ ခံရသည် (ါမသ​ေညငညါ အသါနအ့နမ ငည အ့န စ​ေငညျ သ် ခ့ငူိဘငမအ့) ဟုဆိုသည်။ ကိုယ်ဝန်ဆောင် မိခင်သား ဖွားခြင်း ဝေဒနာ ခံရလျှင် အံ့ဩစရာ မရှိ၊ ထိုသို့ဖြစ်သင့်သည် မဟုတ်လော။သား ဖွားခြင်း ဝေဒနာ ခံပြီး မကြာမှီသား ဖွားတတ်သည် မဟုတ်လော။ ဤလောကလည်း သာဖွားခြင်း ဝေဒနာ ခံရလျှင် မကြာမှီ အသစ်မွေးဖွားတော့မည့် အရာကို ဖေါ်ပြခြင်း ဖြစ်သည် ဘေးဒဏ်ကြီး ကာလသည် တနည်းအားဖြင့်သား ဖွားခြင်း ဝေဒနာ ဖြစ်သည်။ ထိုဘေးဒဏ်ကြီး ကာလနှင့် အလွန် နီးလာသောကြောင့် တကမ္ဘာလုံး သဘာဝ ဘေးရန်များ ကြုံတွေ့ နေရခြင်း ဖြစ်သည်။ 
 
ဘုရား သားများပေါ်ထွန်းခြင်း 

ဘုရားသခင်က ဤကမ္ဘာကို ကျိန်လိုက်သောကြောင့် ဤလောကသည် ဘုရား သားများပေါ်ထွန်းခြင်းကို မြော်လင့်လျက် နေသည်။ သို့ဖြစ်လျှင် ဘုရား သားများပေါ်ထွန်းခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ ဘုရား သားများပေါ်ထွန်းခြင်းသည် ခရစ်တော် ဒုတိယကြွလာချိန်၌ ဖြစ်မည်။ ကျမ်းစာက၊ “ငါ၏ ဘုရားသခင် ထာဝရဘုရား၊ ကြွလာတော်မူ၍၊ မိမိသန့်ရှင်းသူ အပေါင်းတို့သည် ပါကြလိမ့်မည်။” (ဇာ ၁၄:၅)၊ “ယေရှုသည် သေပြီးမှတဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံကြည်လျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သော သူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူ လိမ့်မည်။” (၁ သက် ၄:၁၄)။ “ဧနောက်က၊ ထာဝရဘုရားသည် ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူ၍၊ မတရားသော သူတို့သည် မတရားသဖြင့် ပြုသော အဓမ္မအမှု ရှိသမျှတို့၏ အပြစ်ကို၎င်း၊ မတရားသော လူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ပြောသော ကြမ်းတမ်းသော စကားရှိသမျှတို့ 
၏ အပြစ်ကို၎င်း၊ ဘော်ပြခြင်းငှါ၊ အတိုင်း မသိ များစွာသော မိမိသန့်ရှင်း သူတို့နှင့်တကွ ကြွလာတော်မူ လိမ့်မည်ဟု ပရောဖက် ပြု၍ ဟောပြောလေ၏။” (ယုဒ ၁:၁၄)ဟု တွေ့ရသည်။ 

ထို့ကြောင့် ခရစ်တော်သည် မိမိသန့်ရှင်းသူဘုရား သားများနှင့် ကြွလာတော်မူမည်။ ဘုရား သားများပေါ်ထွန်းသောအခါ ဤလောကသည် ဘာ ဖြစ်မည်နည်း။ အဘယ်ကြောင့်ဖန်ဆင်းထားသော အရာများ ကဘုရား သားများပေါ်ထွန်းခြင်းကို မြော်လင့်တောင့်သနည်း။ ဘုရား သာများ ပေါ် ထွန်းသောအခါ ဤလောက လည် ဘုရားသခင်၏ ကျိန်ခြင်းမှ လွတ်ကာဖန် ဆင်းစကကဲ့သို့ ပြန်ကောင်းလာမည် ဖြစ်သည်။ ဘုရားသခင်သည် ဤလောကကို အသစ်ပြန်ဖန်ဆင်းမည် ဖြစ်သည်။ 

မြေကြီးသစ်နှင့် မိုဃ်း ကောင်းကင်သစ်ဖန်ဆင်းမည်

ဘုရားသခင်က မြေကြီးသစ်နှင့် မိုဃ်း ကောင်းကင်သစ်ကို ဖန်ဆင်းမည်ဟု ဤသို့ ကြိုတင် ပြောခဲ့ပြီ၊ “၁၇ ကြည့်ရှုလော့။ မိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်၊၊ အရင်မိုဃ်းကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ၊၊ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလာတံ့သောအရာ ကြောင့်၊ သင်တို့သည် အစဉ်အ မြဲဝမ်းမြောက် ရွှင်လန်းကြလိမ့်မည်၊၊ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာ အကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာ အကြောင်း ဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏၊၊ ၁၉ ငါသည်လည်း၊ ယေရုရှလင်မြို့ကြောင့်ဝမ်းမြောက်မည်၊၊ ငါ၏ လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန် မကြားရ၊၊ ၂၀ ထိုမြို့၌ အသက် ငယ်သောသူငယ်မရှိရ၊၊ အသက် မပြည့်စုံသော လူအိုလည်း မရှိရ၊၊ အသက် တရာရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏၊၊ အပြစ်ရှိသောသူသည် အသက် တရာရှိလျက် သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍ မှတ်ရ၏၊၊ ၂၁ ထို သူတို့သည် ကိုယ်ဆောက်သော အိမ်၌ နေကြလိမ့်မည်၊ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်၊၊ ၂၂ သူတို့သည် အိမ်ကို ဆောက်၍ အခြားသောသူနေရမည် မဟုတ်၊၊ သူတို့သည် စပျစ်ဥယျာဉ်ကို စိုက်၍ အခြားသောသူစားရမည် မဟုတ်၊၊ ငါ၏ လူတို့ အသက်သည် သစ်ပင်၏ အသက် ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ကြရလိမ့်မည်။ ၂၃ ငါရွေးကောက်သော သူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ။ အသက်တိုသော သားကို မဖွားမမြင်ရကြ။ ကိုယ်တိုင် မှစ၍ အမျိုးအနွယ်တို့ ထာဝရဘုရား ပေးတော်မူသော ကောင်းကြီး မင်္လာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။ ၂၄ ငါသည် သူတို့ မခေါ်မှီကပင်ထူးမည်။ လျှောက်စဉ်တွင် ပင်ငါ နားထောင်မည်။ ၂၅ တောခွေးနှင့် သိုးသငယ်တို့ သည်အတူ ကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကို စားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိ်မ့်မည်။ ငါ၏ သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာယ ၆၅:၁ရ- ၂၅) 

အထက်၌ ဖေါ်ပြသော မိုုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် များမကြာမှီမည် ဖြစ်လာမည့် အနှစ်တစ်ထောင်ယေရှုက ဤလောကကို အုပ်စိုးမည့် အချိန်ကို ဆိုလိုခြင်း ဖြစ်သည်။ ထိုအရာသည် ထာဝရ ကာလ မှာရှိမည့် မိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်မ ဖြစ်နိုင်ချေ။ အကြောင်းမှာ သေခြင်း၊ ကျိန်ခြင်း၊ အသက် ရှည်ခြင်း၊ အိမ်ဆောက်ခြင်း၊ စိုက်ပျိုးခြင်း၊ မွေးဖွားခြင်း၊ တိရစ္ဆာန်နှင့် ကျက်စားခြင်းများရှိသေးသည်။ သို့သော် ယခုကာလနှင့် အလွန် ကွာခြား၍ အလွန် ကောင်းမည် ဖြစ်သည်။ လူများ အသက် ပြန်ရှည်၍ ကျန်းမာကြမည်။ ငြိမ်း ချမ်းစွာ၊ ဘေးကင်းလုံခြုံစွာ နေကြမည်။သားရဲလည်း မရှိတော့ဘဲသား ယဉ်များ ဖြစ်မည်။ ဆုတောင်းသောအခါ၌လည်း တောင်းနေစဉ်တွင် ပင် ချက်ချင်း အ​ဖြေ ပေးမည်။ ထိုသို့ ဘုရားသခင်က အကောင်းဆုံး ဤလောကကို အသစ်ဖန်ဆင်း ဘို့ရန် ရှိသော်လည်း လူသားများက ထိုအရာကို မသိ၊ ဂရုမစိုက်ကြချေ ထို့ကြောင့် မိမိတို့ တတ်နိုင်သမျှ ဤလောကကို ကောင်းမွန်လာရန်ပြုပြင်တည် ဆောက် နေကြသည်။ ထိုသို့ ဤလောကကို ပြုပြင်ခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က လူများ တည်ဆောက်သောအရာကို သဘာဝ ဘေးအန္တရာယ်များအားဖြင့် ဖျက်စီးနေခြင်း ဖြစ်သည်။ အိမ်ရှင်ကအိမ်ကို အသစ်ဆောက်ဘို့ အဟောင်းကို ဖျက်နေချိန်တွင် သင်က သူဖျက်နေသောအရာကို ပြန်ဆောက်နေလျှင် သင်သည် အိမ်ရှင်ကို ကူညီသည် မဟုတ်၊ နှောက်ယှက်ခြင်း၊ ဆန့်ကျင်ခြင်း၊ တိုက်ခိုက်ခြင်း ဖြစ်သည် မဟုတ်လော။ ထို့ကြောင့် ဘုရားသခင်က အသစ်ဆောက်ဘို့ ဤလောကကို စတင် ဖျက်စီးနေချိန်တွင် တိုးတက်ဘို့ လုပ်နေလျှင် သင်သည် ဘုရားသခင်ကို ဆန့်ကျင် သူရန်သူ ဖြစ်မည်။ သို့သော် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်သူများအတွက် ဤစကားသည် လုံးဝ လက်ခံနိုင်မည် မဟုတ်ချေ။ ယေရှုက၊ “ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက် ဖြစ်၏။ ငါနှင့်အတူ မစု မသိမ်းသောသူသည် ကြဲ ဖြန့် သောသူ ဖြစ်၏၊ ” ဟုဆိုခဲ့သည် (မ ၁၂:၃၀)။ 
 
 ဘုရားသခင်၏ အလိုတော် 

ယခု လူသားများ၏ လုပ်သင့်သောအရာမှာ ခရစ်တော်အားဖြင့် ပေးသော အခမဲ့ ကယ်တင်ခြင်းကို လက်ခံယုံကြည်၍ ချီဆောင်ခြင်း၌ ပါဝင်ကာ ခရစ်တော် ဒုတိယအကြိမ် ကြွ လာသောအခါ သူနှင့်အတူ ပါ၍ ဤလောကကို သူနှင့်အတူ အုပ်စိုးဘို့ရန် ဖြစ်သည်။ ဘုရားသခင်က အသစ်ပြန်လည်ပြုပြင်ဖန်ဆင်းသော ဤကမ္ဘာသစ်၌ စိုးစံဘို့ရန် ဖြစ်သည်။ သို့သော် ထိုအရာကို မသိ၊ သိလည်း မသိချင်သောအခါ ဤလောကကို ပြုပြင် နေကြသည်။ ငြိမ်းချမ်းရေး ဟူ၍ စစ် လက်နက်များ ထုတ်လုပ်ကာ စစ်တိုက် နေကြသည်။ ပတ်ဝန်းကျင်ထိမ်းသိမ်းခြင်း (နခသူသါပ)၊ ငြိမ်းချမ်းစွာအတူ နေထိုင်ရေးအတွက် ဘာသာရေးများ ပူး ပေါင်းမိဿဟာယများ ဖွဲ့ခြင်း (၍ ညအနမ်​ေငအ့ ာသလနာနညအ)၊ နိင်ငံရေး အစည်းအ ဝေးမကြာခဏ ပြုလုပ်ခြင်း၊ မြို့ရွာဖွံ့ဖြိုးရေးအတွက် ဦးအိမ်တည်ဆောက်ခြင်း စသည်ဖြင့် ဤလောက၌ ကောင်းကင်ဘုံကဲ့သို့ဖြစ်ဘို့ရန် ရှိသမျှ အချိန်၊ ဘဏ္ဍာ၊ စွမ်းအားများကို အသုံးပြု နေကြသည်။ နိင်ငံခြားရောက် မြန်မာပြည်သား များလည်း မိမိနေခဲ့သော မြို့ရွာများ တိုးတက်ရေးအတွက် ဦ အိမ်များ တည်ဆောက်ခြင်း၊ ကြီးမားသော စီမံကိန်းများရေးဆွဲအကောင်အထည်ဖေါ်ခြင်းများပြုလုပ် နေကြသည်။ ထို့ကြောင့် ဘုရားသခင်က ဤကဲ့သို့သော မိုးရေနှင့် လေမုန်တိုင်းအားဖြင့် ဖျက်စီး သတိပေးခြင်း ဖြစ်သည်။ 

ဘုရားက ကြိုတင် သတိပေး

ဘုရားသခင်သည် သူ ပြုလုပ်မည့် အရာများကို လူသားများအား၊ ယုံ ကြည်သူ ဖြစ်စေ၊ မယုံကြည်သူ ဖြစ်စေအမြဲ သတိပေးတတ်သည်။ နောဧခေတ်၌လည်းရေလွှမ်းမိုးမည့် အကြောင်း နောဧအားဖြင့် သတိပေးခဲ့သည်။ သို့သော် မယုံကြည် ကြသောကြောင့် သေကျေ ပျက်စီးခဲ့ရသည်။သော ဒုံနှင့် ကောမောရ မြို့များလည်း သတိပေးဘို့ရန် ကောင်းကင်တမန် နှစ်ပါး စေလွှတ်သော်လည်း သူတို့နှင့် မှားယွင်းဘို့ရန် ကြံစည်ကြသောကြောင့် ကန့်မီးဖြင့် သေကျေ ပျက်စီး ခဲ့ ကြသည်။ အဲဂုတ္တု ပြည်၌ အစာပေါများ မည့်အရာနှင့် ခေါင်းပါး မည့် အရာကို မယုံကြည်သူ ဖါရောဘုရင်ထံ အိပ်မက်အားဖြင့် သတိပေးသောအခါ ဖါရော ဘုရင်ကယုံကြည်၍ ယောသပ်ကို စီမံကွပ်ကဲ့ခိုင်းသည်။ ထို့ကြောင့် အဲဂုတ္တု ပြည်သည် အစာ ခေါင်းပါးခြင်းအားဖြင့် ပျက်စီးခြင်းမှ လွတ်မြောက်ခဲ့ဘူးသည်။ 

နိနေဝေမြို့ကြီး အပေါ် တရားစီရင်မည့် အရာကို ယောနအားဖြင့် သတိ ပေးသောအခါ နိနေဝေမြို့မင်းကြီး မှစ၍ အားလုံး စိတ်နှိမ့်ချကာအစာရှောင် ဆုတောင်း သောကြောင့် တရားစီရင်ခြင်းမှ လွတ်ခဲ့သည်။ ဣသရေလ လူများ အာရှုရိနှင့် ဗာဗုလုန်​ကျွန်ခံမည့် အရာကို ပရောဖက်များအားဖြင့် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း မယုံကြည် ကြသောကြောင့် ​ကျွန်အဖြစ် သိမ်းသွားခြင်း ခံခဲ့ရသည်။ ယခု ခရစ်ယာန် များလည်း ဘေးဒဏ်ကြီးကာလ ရောက်၍ ချီဆောင်ခြင်းအားဖြင့် ရှောင်ဘို့ရန် သတိပေးနေသော်လည်း ကျမ်းစာ မဖတ်၊ ဆရာများကလည်း ထိုအရာကို မပြော၊ ဤလောက၌ တိုးတက်ရေး၊ကြီး ပွား မည့် အရာကိုသာ ပြော နေကြသောကြောင့် ချီဆောင်ခြင်း ကိုလည်း မသိ၊ ပြော လျှင်လည်း မယုံကြည်၊ ပျက်ရယ်ပြု နေကြသောကြောင့် ချီဆောင်ခြင်း၌ မပါဘဲ ဘေးဒံကြီး ကာလ၌ မလိုအပ်ဘဲ ရောက်ရှိသွားကြမည် ဖြစ်သည်။ 
 
ကမ္ဘာပျက်မည်ဟောပြောပြီး 

များစွာသော ခရစ်ယာန်များသဘာဝ ဘေးရန်များ ဖြစ်သောအခါ အံ့ဩ နေကြသည်ကို ပြန်လည်အံ့ဩ မိသည်။ အကြောင်းမှာ ထိုသို့ဖြစ်မည့် အရာများကို မဖြစ်မှီကတည်းက ဖြစ်ပြီး သကဲ့သို့ ကြိုတင် ရေးထားခဲ့သည်။ အထူးသဖြင့် ဗျာဒိတ်ကျမ်း၌ ဘေးဒဏ်ကြီး ကာလ၌ ဖြစ်မည့် အရာများကို အသေး စိပ် ဖေါ်ပြထားသည်။ ထိုအရာများ ထဲမှအချို့ ဖေါ်ပြရလျှင်၊

 “ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၏။ နေသည် အမွေးဖြင့် ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအ လုံးသည် အသွေးကဲ့သို့ဖြစ်၏။ ၁၃ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန် မတန်သော အသီးကြွေ သကဲ့သို့၊ ကောင်းကင် ကြယ်တို့သည် မြေ ပေါ်သို့ ကျကြ၏။ ၁၄ မိုဃ်းကောင်ကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ​ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။ ၁၅လော ကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ၁၆ ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက် နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ ၁၇ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင် မည်နည်းဟု ပြောဆို ကြ၏။” (ဗျာ ၆:၁၂-၁ရ)။ 

တဖန်၊ “သတ္တမ ကောင်းကင်တမန်သည် မိမိဖလားကို အာကာသ ကောင်းကင် ပေါ်သို့ သွန်းလောင်းလျှင်၊ ပြီး ပြီဟု ကြီးသော အသံသည် ကောင်းရှိသော ပလ္လင်တော် ထဲကထွက်၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်ကြ၏။ မြေကြီးအပေါ်မှာ လူတို့ ဖြစ်သည့် ကာလ မှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက်ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး။ ၁၉ မြို့ကြီးသည် သုံးဖြာကွဲပြား၍ လူ အမျိုးမျိုး နေသော မြို့တို့သည် ဗြုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ ​ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။ ၂၀ အချိန်အခွက်တဆယ်ရှိသော မိုဃ်းသီးသည် ကောင်းကင် ကလူတို့ အပေါ်သို့ ကျ လေ၏။ ၂၁ ထိုမိုဃ်းသီးဘေးဒဏ် အလွန် ကြီးသည် ဖြစ်၍၊ လူတို့သည် မိုဃ်းသီး ဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။” (ဗျာ ၁၆:၁ရ- ၂၁)။ 

အထက်ပါ ကျမ်းပိုဒ်များ အရ ကြီးစွာသောမြေ ငလျှင်လှုပ်၍ တောင် ​ကျွန်းများ ပင်လျှင် ကွယ်ပျောက်ကြသည် ဟုဆိုသည်။ ထိုကြောင့် ယခုအချိန်တွင် မြို့ရွာဖွံ့ဖြိုးမှုများလုပ်မည့်အချိန် မဟုတ်တော့ပါ။ အကြောင်းမှာ များမကြာမှီ ပျက်စီးကုန်တော့မည် ဖြစ်သည်။ ထိုအရာကို မသိသော တရုတ်၊ တိုင်ဝမ်နှင့် ဂျပန်တို့လည်း လူမနေသော ​ကျွန်းကို လု နေကြသည်။ သို့သော် ထို​ကျွန်းအ ပါအဝင်ဂျပန်နှင့် တိုင်ဝမ်းနိင်ငံများလည်း ဘေးဒဏ်ကြီး ကာလ၌ ပျောက်ကွယ် သွားမည် ဖြစ်သည်။ တရုတ်နိင်ငံလည်း ပင်လယ်ရေပိုင်နက်ကို ဗီယက်နန်၊ တိုင် ဝမ်၊ မလေးရှား၊ ဖိလိပိုင်နိင်ငံများ၏ နယ်စပ်နားအထိ ကျေညာသောကြောင့် ထိုနိင်ငံများနှင့် ပြသနာ ဖြစ်နေသည်။ ထို့အပြင် ပင်လယ်အထဲ၌ ​ကျွန်းဆောက် လုပ်နေသည်။ သို့သော် ထိုအရာအားလုံး သည် ပျောက်ပျက်ကုန်မှာ မသိ သောကြောင့် အကြီး အကြယ်လု နေကြ၊ တည်ဆောက် နေကြသည်။ လူသားများသည် ပညာရှိ၊ အာဏာရှိသယောင်ရှိသော်လည်း ဘုရားသခင်၏ အကြံတော်ကို နားမလည် ကြသောအခါ အလွန် အနေကြပါလား။ ရှင်ပေါလုက၊ “စုံလင်သော သူတို့အား ငါတို့သည် ပညာစကားကို ဟောပြော၏။ ထိုသို့ ဆိုသော်၊ လောကီပညာကို မဆိုလို။ ပြယ်ပျောက်တတ်သောလောကီမင်းတို့၏ ပညာကို မဆိုလို။ ဤကမ္ဘာမတည်မရှိမှီ၊ ငါတို့၏ ဘုန်းအသရေ ဖြစ်စေခြင်းငှါ၊ ဘုရားသခင် စီရင်တော်မူသော ပညာ၊ နက်နဲသောအရာ၌ ဝှက်ထားသော ဘုရားသခင်၏ ပညာကို ငါတို့သည် ပြသကြ၏။” (၁ ကော ၂:၆ -ရ)ဟု ရေးခဲ့ပြီ။ 

မိုဃ်းကောင်းကင်မှ နိမိတ်များ

ကောင်းကင်မှလည်း ကြယ်များ သင်္ဘောသဖန်းသီးလေတိုက်၍ ကြွေ သကဲ့သို့ မြေကြီး ပေါ်ကျမည် ဟုဆိုသည်။ ယခုအခါ မြေကြီး ပေါ်၌ ကျသော ကြယ်များ အလွန်များနေပြီ ဖြစ်သည်။ ထိုကြယ်များသည် ကျောက်တုံးကြီးများဖြစ်၌ တစ််မှ​ခြောက်ရာကီလိုတန် အထိ လေး ကြသည်။ ထိုကျောက်တုံးကြီး များသည် တနာရီ မိုင်​ခြောက်သောင်းမှတသိန်းကျော်နှုန်းနှင့် ပျံသန်းသောကြောင့် မီးတောက်ကြီးများဖြစ်၍ ကြယ်ကဲ့သို့ မြင်ရခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်ဖေဖ ဝါရီလ ၁၃ ရက်နေ့တွင် ရုရှားပြည်၌ ကြယ်တလုံး (မီးတောက်သော ကျောက် တုံးကြီး) ကျ၍ မြို့ပြင်၌ ကျသော်လည်း တုန်ခါမှု အရှိန်ကြောင့် လူပေါင်း၁၅၀၀ ကျော်ဒဏ်ရာရရှိခဲ့ ကြသည်။ ထိုကြယ်မျိုးမြို့ကြီး လူနေထူ ထပ်သော နေရာ၌ ကျပါက အားလုံး ပြာ ဖြစ်သွားမည် ဖြစ််သည်။ ထို့အပြင် ပေါင်တရာလေးသော မိုဃ်းသီးများလည်း ကျမည် ဟုဆိုသည်။ ယခုအခါ နှစ်ပေါင် နီးပါးလေး၍ ရှစ်လက်မခန့်အဝန်းရှိသော ကမ္ဘာ့ အကြီး ဆုံးမိုဃ်းသီးသည် အမေရိကန်ပြည် ထောင်စု တောင်ဒါကို တာပြည်နယ် ဗီဗျန်ရွာ၌ ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျခဲ့သည်။ ထိုမိုဃ်းသီးကြောင့်အိမ်ခေါင်မိုးလည်း ပေါက်သွားသည်။ 
 
ချီဆောင်ခြင်း၌ ပါဘို့ သာအရေးကြီး 

အထက်၌ ဘော်ပြ သကဲ့သို့ ဤလောကသည် ပျက်စီးခြင်းသို့ သွားနေ သောကြောင့် ယခုအချိန်တွင် ကယ်တင်ခြင်းသို့ ရောက်၍ ချီဆောင်ခြင်း၌ ပါဘို့ သာလျှင် အရေးကြီးဆုံး ဖြစ်သည်။ ထိုအရာသည် အလုပ်ထက် ဖြစ်စေ၊ ကျန်းမာ ရေးထက် ဖြစ်စေ၊ အချစ်နှင့် ဝါသနာထက် ဖြစ်စေ၊ နိင်ငံရေး၊ လူမျိုးရေး၊ ဘာသာ ရေး၊ အားလုံး ထက် အရေးကြီးသည်။ ချီဆောင်ခြင်းသည် အချိန်မရွေး ဖြစ်နိုင်သည်။ သို့မဟုတ်အချိန်မရွေး သေနိုင်သည်။ အကယ်၍ ချီဆောင်ခြင်း၌ သင်မ ပါဝင်ပါက ဘေးဒဏ်ကြီး ကာလ၌ သင်သည် ရောက်ရှိသွားမည်။ ဘေးဒဏ်ကြီး ကာလ၌ အန္တီခရစ်ကတကမ္ဘာလုံးအုပ်ချုပ်၍ လူတိုင်း လက်ျာလက်၌ ဖြစ်စေနဖူး၌ ဖြစ်စေ ၆၆၆ တံဆိပ်ခတ်တော့မည် ဖြစ်သည် (ဗျာ ၁၃:၁၆-၁၈)။ ထိုတံဆိပ်မရှိသောသူတိုင်းရောင်းဝယ်၍ မရသောကြောင့် အငတ်ခံ၍ သေဘို့ သာလျှင် ဖြစ်မည်။ ယခုအမေရိကန်၌ ှသခင​ေူ ှနခကမငအပ ညကာဘနမ မရှိလျှင် ဘာမျှလုပ်၍ မရချေ။ ထိုှှ နံပါတ်သည် သုံးလုံးတွဲ ဖြစ်၍ ပဌမ အုပ်စု၌ သုံးလုံး၊ ဒုတိယနှစ်လုံးနှင့် တတိယအုပ်စု၌ လေးလုံး ဖြစ်သည်။ ထိုကြောင့် ှှသည် ၃၂၄ ဖြစ်သည်။ ထိုအရာသည် ရှေ့ပြေး ဖြစ်သည်။ ငွေအစား ဃမနိငအ ဃမေိများကိုလည်း သုံး နေကြ ပြီ။ ထိုဃဃသည် လေးလုံးတွဲ ဖြစ်၍ တတွဲလျှင် လေးလုံး ဖြစ်သောကြောင့် ၄၄၄၄ ဖြစ်သည်။ ၆၆၆သည် မိုက်ခရုချိတ် ​ြငခမသခ့ငစ သို့မဟုတ် R်၍ ီ (R​ေိငသ်မနဆကနညခပ၍ ီ)ဟု ခေါ်၍ ဆန်တစေ့လောက်သာလျှင် ရှိသည်။ ထိုအရာကို ဆေး ထိုးအပ်ဖြင့် လက်မနှင့် လက်ညိုးကြားအသားများသော နေရာ၌ ထိုးမည် ဖြစ်သည်။ ထို့ကြောင့် ချီဆောင်ခြင်း အလွန် နီးကြောင်း သိနိုင်သည်။ 
 

မည်ကဲ့သို့ ချီဆောင်ခြင်း၌ ပါမည်နည်း

ကျမ်းစာက၊ “ဘုရားသခင်သည် ငါတို့အား ထာဝရ အသက်ကို ပေးတော်မူ၍၊ ၁၂ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကို မရ။” (၁ ယော ၅:၁၁-၁၂) ဟုဆိုသည်။ ထို့ကြောင့် ထာဝရ အသက်ရဘို့ရန် သားတော် ယေရှုကို ရရှိရမည်။ တဖန်၊ “ခရစ်တော်၏ ဝိညာဉ်ကို မရသောသူ မည်သည်ကား ခရစ်တော်နှင့် မဆိုင်။” (ရော ၈:၉) ဟုဆိုသောကြောင့် ခရစ်တော်နှင့် ဆိုင်ဘို့ရန် မှာသူ၏ ဝိညာဉ်ကို ရရှိရမည်။ သားတော်ကို ရနိင်ဘို့ရန်မှာ သူ့ကို ဆုတောင်းခြင်းဖြင့် စိတ်နှလုံးတံခါးကို ဖွင့်၍ ဝင်ဘို့ရန် ဘိတ် ခေါ်ပါ။ သူက၊ “ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စား သောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာ ၃:၂၀) ဟုဆိုထားသည်။ လိုလိုချင် ချင်နှင့် စိတ်နှလုံးအကြွင်းမဲ့ ဆုတောင်းလျှင် သူသည် ဘုရား ဖြစ်သောကြောင့် ဂတိတော် အတိုင်း ဝင်ပါလိမ့်မည်။ ခရစ်တော်သည် သူနှင့် ဆိုင်သောသူကိုသာလျှင် ချီဆောင်သွားမည် ဖြစ်သည်။ သူနှင့် ဆိုင်ဘို့ရန်မှာ အထက်က ဖေါ်ပြ သကဲ့သို့ သူ့ကို စိတ်နှလုံးတံခါးဖွင့်၍ ခေါ်ဘိတ်ဘို့ လိုသည်။ 

သို့သော် လူသည် အပြစ်သား ဖြစ်၍ အမြဲအကျူးလွန် တတ်သောသူ ဖြစ်သည်။ ခရစ်တော်သည် ဘုရား ဖြစ်သောကြောင့် သန့်ရှင်းသည်။ ထို့ကြောင့် သင်၏ စိတ်နှလုံးအထဲ၌ ဝင်နိင်ဘို့ရန် ထိုအပြစ်ကို အရင်​ ဖြေရှင်းဘို့ လိုသည်။ သို့သော် စိုးရိမ်စရာ မရှိပါ။ အပြစ်၏ အခသည် သေခြင်း ဖြစ်သော်လည်း (ရော ၆:၂၃) ခရစ်တော်သည် သင့်ကိုယ်စားအသေခံ ခဲ့ခြင်းအားဖြင့် ထိုအပြစ် ကြွေးကို ပေးဆပ်ခဲ့ပြီး ပြီ။ ထိုအရာကို ယုံကြည် ရမည်။ သင်ပြုသော အပြစ်များကိုလည်း သူ၏ အသွေးအားဖြင့် ဆေးကြောကာ သန့်ရှင်းစေပြီ (ဟေ ၉:၂၂၊ ၁ ယော ၁:ရ)။ ထိုအရာကိုလည်း ယုံကြည် ရမည်။ ဘုရားသခင်က ခရစ်တော်အားဖြင့် အပြစ် ဆေးကြောခြင်း၊ လွှတ်ခြင်းကို ယုံကြည်လျှင် အပြစ် ဒဏ်ခံစရာ မလိုတော့ချေ။ ထိုအရာကို ယုံကြည်လျှင် သင်သည် ခရစ်တော်ကို စိတ်နှလုံး၌ ဝင်ဘို့ရန် ဘိတ် ခေါ်နိင်ပြီီ။ ဤသို့ ဆုတောင်းခြင်းဖြင့် ဘိတ်ခေါ်ပါ။ “သခင်ယေရှု ဘုရား၊ ​ကျွန်ပ်သည် အပြစ်ရှိကြောင်း ဝန်ခံပါ၏။ သို့သော် ထိုအပြစ် အတွက် ကိုယ်တော်သည် အသေခံ၍ အသွေးတော်အားဖြင့် ဆေးကြောသောကြောင့် ကျေးဇူးတော် ကြီးမား လှပါ၏။ ယခု​ကျွန်ပ်၏ စိတ်နှလုံးတံခါးဖွင့်ပါပြီ။ ကတိတော် အတိုင်း ဝင််််််််တော်မူပါ။ ​ကျွန်ပ်၏ အသက်တာကို အုပ်စိုးတော်မူပါ။ ကိုယ်တော် လက်၌ အ​ကျွန်ပ်၏ အသက်တာကို အပ်နှံပါ၏။ 

အထက်ပါ ကဲ့သို့ စိတ်နှလုံးအရင်းဖြင့် ခေါ်ဘိတ် လက်ခံလျှင် သူသည် ကတိတော် အတိုင်း ဝင်ပြီ။ ထိုသို့ ဝင်လျှင် သင်သည် ခရစ်တော်ကို ရရှိပြီ။ ခရစ်တော်ကို ရရှိလျှင် ချီဆောင်ခြင်း၌ ပါသွားမည် ဖြစ်သည်။ ခရစ်တော်ကို လက်ခံခြင်းသည် အစသာ ဖြစ်၍ ခလေး မွေးကင်းစကဲ့သို့ဖြစ်သောကြောင့် ကြီးထွားရင့်ကျက် ဘို့ရန် သင်သည် ဝိညာဉ် အစာစားဘို့ လိုသေးသည်။ ပိုမို၍ သိရှိလိုပါက ဆရာ မောဇက်ထံဖုန်းအားဖြင့် ဖြစ်စေ၊ အီးမဲလ်းအားဖြင့် ဖြစ်စေဆက်သွယ်နိုင်ပါသည်။ ဘုရားသခင်က ောင်းကြီး ပေးပါစေ။ 

 

 မွေးနေ့

 မြန်မာနိင်ငံသားများနိင်ငံခြားရောက် လာသောအခါ သားသမီး များတွက်မွေးနေ့ ကျင်းပခြင်းသည် မလုပ်မ ဖြစ်အစဉ်အလာ ဖြစ်လာသည်ကို တွေမြင် နေရသည်။ ကျမ်းစာ သင်တန်း ပြုလုပ် နေစဉ်တွင်လည်း မွေးနေ့ ကျင်းပသောကြောင့် ကျမ်းစာ မသင်နိုင်ခြင်းများမကြာခဏကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် မွေးနေ့ ကျင်းပခြင်းနှင့် ပတ်သက်၍ ကျမ်းစာအားဖြင့် ဆင်ခြင်စဉ်းစားဘို့ ခေါ်ဘိတ် လိုပါသည်။ မွေးနေ့သည် ကျင်းပသင့်သလော မသင့်သလော ဟူသောအရာကို ကိုယ်တိုင် ဆုံးဖြတ်ပါ။ 
 
ပဌမ မွေးခြင်း 

လူတိုင်း မိခင် ဝမ်းမှ မွေးဘွား ကြသည်။ ထိုအရာသည် ပဌမ မွေးဘွားခြင်း ဖြစ်သည်။ ထိုပဌမ မွေးခြင်းအားဖြင့် ရရှိသော အရာများမှာ၊ ဤလော ကသို့ ဝင်ရောက်လာသည်။ အာဒံသား၊ အပြစ်သား ဖြစ်စေသည်။ ကျမ်းစာက၊ “အ​ကျွန်ုပ်သည် မွေးစကပင် အပြစ် ပါလျက် ရှိပါ၏၊၊ အမိဝမ်းထဲမှာ ပဋ္ဋိသန္ဓေယူစဉ်ပင်အပြစ် စွဲပါ၏၊၊ ” (ဆာ ၅၁:၅) ဟုဆိုထားသည်။ တဖန်၊ “အ ပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ ဝင်၍၊ အပြစ် တ ရားကြောင့်သေခြင်း တရားဝင်သည်နှင့် အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။” (ရော ၅:၁၂)ဟု ရေးထားသည်။ ထို့ကြောင့် ပဌမ မွေးဘွားခြင်းသည် သေခြင်း ဖြစ်စေသောကြောင့် မကောင်းချေ။ ပဌမ မွေးဘွားသောအခါ ဝိညာဉ်ပိုင်းသေနေသည်။ ထို့ကြောင့် ဘုရားသခင်နှင့် အဆက်အသွယ်မရှိ။ ဘုရားသခင်၏ အကြောင်း အရာကိုလည်း မသိ၊ သိလည်း မသိချင်၊ သိလည်း မသိနိုင်ချေ။ ထိုပဌမ မွေးခြင်းသည် ကိုယ်ခန္ဓာ သေလျှင် ငရဲသွားဘို့ ဖြစ်သည်။ ခလေးသည် မည်မျှပင်လှပ၍ ချစ်စရာ ကောင်း ပါစေ၊ ဤလောက၌ ဒုက္ခ ဆင်းရဲ ခံဘို့၊ ဘဝဒဏ်၊ လောက ဒဏ်ခံပြီးမှနောက်ဆုံးငရဲမီးအိုင် ထဲသို့ ဆင်းကာထာဝရ ကာလ ပတ်လုံးနာကျင်စွာ ဒုက္ခ ခံရမည် ဖြစ်သည်။ ထိုအရာကို မသိ၊ သိလျှင်လည်း ဂရုမစိုက်သောကြောင့် လူတိုင်း မိမိမွေးဘွားနေ့ကို အားရဝမ်းမြောက်စွာ ကျင်းပတတ်ကြသည်ကို ဝမ်းနည်းစွာ တွေ့မြင်နေရသည်။ မွေးနေ့ ကျင်းပခြင်းသည် ကယ်တင်ခြင်းသို့ မရောက်သောသူများအတွက် မီးငရဲအိုင်သို့ သွားဘို့ရန် တနှစ်နီးသွားပြန်သည်ဟု အဓိပ္ပါယ် ရသည်။ သို့သော် ထိုသို့ နားမလည် သောကြောင့် အားရဝမ်းမြောက်စွာ မွေး နေ့မင်္လာဟု ကျင်းပတတ်ကြသည်။ မွေးနေ့နှင့်အတူ နှစ်သစ်ကိုလည်း အားရဝမ်းမြောက်စွာ ကြိုဆိုတတ်ကြသည်။ နှစ်သစ်မင်္လာ ဟုဆိုတတ်ကြသည်။ နှစ်သစ်သည်လည်း ငရဲသွားမည့်သူများအတွက် တနှစ်နီးသွားပြန်ပြီဟု အဓိပ္ပါယ်ရသည်။ သို့သော် မသိသောကြောင့် အားရဝမ်းမြောက်စွာ ကျင်းပ တတ်ကြသည်။ လူ့ဘဝကို သိ၍ နာကျည်းသောကြောင့် မိမိမွေးနေ့ကို ကျိန်သောသူများ ပြောသောအရာကို ကြည့်ကြပါစို့။ 
 
ယောဘ

 “ယောဘသည် နှုတ်ကို ဖွင့်၍ မိမိဘွားသော နေ့ရက်ကို ကျိန်ဆဲလျက် မြွက်ဆိုသည်ကား၊ ငါဘွားသော နေ့ရက်ပျက်စီးပါစေ၊၊ သား ယောကျ်ားကို ပဋ္ဋိသန္ဓေယူပြီဟု သိတင်း ကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ၊၊ ထိုနေ့ရက် မိုက်ပါစေ၊၊ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်၊၊ အလင်းမပေါ်ထွန်း ပါစေနှင့်၊ မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက်အသရေကို ရှုတ်ချပါစေ၊၊ မိုဃ်းတိမ်ထပ်လွှမ်းမိုးပါစေ၊၊ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ၊၊ ထိုညဉ့်သည် မှောက်မိုက်၌ ပျောက်ပါစေ၊၊ နှစ်စဉ်နေ့ရက်တို့နှင့် မပေါင်းပါစေနှင့်၊ လအရေအတွက်၌ မဝင်ပါစေနှင့်၊၊ ထိုညဉ့်သည် ဆိတ်ညံပါစေရွှင်လန်းသော အသံမရှိပါစေနှင့်၊၊ နေ့ရက်ကို ရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သော သူတို့သည် ထိုညဉ့်ကို ကျိန်ဆဲပါစေ၊၊ ညဦးယံကြယ်တို့သည် မိုက်ပါစေ၊၊ ထိုညဉ့်သည် အလင်းကို တောင့်တ၍ မရပါစေနှင့်၊၊ နံနက်မိုဃ််းလင်းကို မမြင်ပါစေ နှင့်၊၊ အကြောင်းမူကား ငါ့အမိ၏ ဝမ်းကို ပိတ်မထား၊ ဒုက္ခ ဆင်းရဲကို ငါမမြင်စေခြင်းငှါ မကွယ်မကာ၊၊ 

ငါသည် မွေးစကအဘယ်ကြောင့်မသေသနည်း၊၊ အမိဝမ်းထဲမှ ထွက်စ ကအဘယ်ကြောင့်အသက် မချုပ်သနည်း၊၊ ငါ့ကို အဘယ်ကြောင့်ပိုက်ပွေ့ရသနည်း၊၊ အဘယ်ကြောင့်နို့တိုက် ရသနည်း၊၊ ထိုသို့ မပြုလျှင် ငါသည် အိပ်၍ ငြိမ်းပြီ၊၊ ပျော်လျက် နေရပြီ၊၊ ” (ယောဘ ၃:၁-၁၃) အဘယ်ကြောင့်ယောဘသည် သူ၏ မွေး နေ့ကို ထိုကဲ့သို့ ခါးသီးစွာ ကျိန်သနည်းဟူမူကား၊ သူသာမမွေးခဲ့သည် ရှိသော်သူ ခံစားရသော ဒုက္ခများရှိမည် မဟုတ်။ သူ မွေးဘွားလာသောကြောင့် ဒုက္ခ ဆင်းရဲ မျိုးစုံခံစားရသည်။ ထိုသို့ ယောဘသည် သူ၏ မွေးနေ့ကို ကျိန်စဉ်တွင် မိဘများသည် သားသမီး များ၏ မွေးနေ့ကို ဝမ်းမြောက်ဝမ်းသာကြိုဆို၍ ပွဲများ ကျင်းပကာ ပျော်မွေ့နေတတ်ကြသည်။ 
 
ယေရမိ

 “၁၄ ငါဘွားသော နေ့ရက်သည် အမင်္လာရှိပါစေသော်။ ငါ့ကို ငါ့အမိဘွားသော နေ့ရက်သည် ကောင်းကြီး မင်္လာကို မခံပါစေနှင့်။ ၁၅ ငါ့အဘထံသို့ သွား၍၊ ကိုယ်တော်သည်သားယောက်ျားကို ရပါပြီဟု သိတင်း ပြောလျက်၊ ငါ့အဘကို အလွန် ဝမ်းမြောက် စေသောသူသည် အမင်္လာရှိပါစေသော။ ၁၆ ထာဝရဘုရားသည် နောင်တ မရ၊ ဖျက်ဆီးတော်မူသော မြို့တို့ ကဲ့သို့၊ ထိုသူသည် ဖြစ်ပါစေသော။ နံနက်အချိန်၌ ကြွေးကြော်သံကို၎င်း၊ မွန်းတည့်အချိန်၌ အော်ဟစ် သံကို၎င်းကြားပါစေသော။ ၁၇ အကြောင်းမူကား၊ သူသည် ငါ့ကို ဘွားစကပင်မ သတ်ဘဲ၊ ငါ့အမိ၏ ဝမ်းသည် ငါ၏ သချုõင်း ဖြစ်၍၊ ငါ့ကို အစဉ်ကိုယ်ဝန်ဆောင် မည်အကြောင်း မပြုဘဲ၊ နေပါသည် တကား။ ၁၈ ငါသည် ပူပန်ခြင်း၊ ဝမ်း နည်းခြင်းကို ခံရမည်အကြောင်း နှင့်၊ ရှက်ကြောက်ခြင်းအားဖြင့် ကိုယ်အသက်ကို လွန် စေရမည်အကြောင်း၊ အဘယ်ကြောင့်ငါ့ကို ဘွားမြင်ရပါသနည်း။” (ယေရမိ ၂၀:၁၄-၁၈)ဟု ပရောဖက် ယေရမိက သူ၏ မွေးနေ့ကို ကျိန်ခဲ့သည်။ သူလည်း သူ၏ လူမျိုးများက ဘုရား စကား နားမထောင်၊ သူ့ကို ပါအန္တရာယ် ပြုလာသောကြောင့် အလွန် နာကျည်းခြင်းဖြင့် ယောဘကဲ့သို့ သူ၏ မွေးနေ့၊ မွေးဘွားခြင်းကို ကျိန်ခြင်း ဖြစ်သည်။ 
 
မမွေးလျှင် သာ၍ ကောင်း

ခရစ်တော်က သူ့ကို အပ်နှံမည့်သူ ယုဒရှကာရုတ်နှင့် ပတ်သက်၍ ဤသို့ ဆိုခဲ့သည်၊ “ကျမ်းစာ လာသည် အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္လာရှိ၏။ ထိုသူသည် ဘွား မြင်ခြင်းကို မခံရလျှင် အနေသာ၍ ကောင်းသည်ဟု မိန့်တော်မူ၏။” (မ ၂၆:၂၄)။ အဘယ်ကြောင့်နည်းဟူမူကား သူသည် သူ၏ သခင်ကို အပ်နှံမည့်သူ ဖြစ်သောကြောင့် ဖြစ်သည်။ ယနေ့ လူတိုင်း ဒုတိယအကြိမ် ဝိညာဉ်အားဖြင့် မမွေးဘွားလျှင် ယုဒရှကာရုတ်ကဲ့သို့ မမွေးလျှင် သာ၍ ကောင်းသည်။ အကြောင်းမှာ မွေးဘွားခြင်းသည် ဇိမ်ခံဘို့ မဟုတ်ဒုက္ခ ဆင်းရဲ ပေါင်း များစွာ ခံပြီးမှ ထာဝရ မီး အိုင်ထဲသို့ ဆင်းဘို့ရန် ဖြစ်သောကြောင့့် ဖြစ်သည်။ ထိုကြောင့် ခလေး မွေးသောအခါ မိဘနှင့် လူကြီးများဝမ်းမြောက်သော်လည်း ခလေးသည် ငို၍ မွေးဘွားခြင်းသည် နိမိတ်လက္ခဏာကဲ့သို့ဖြစ်သည်။ ခလေး ကသူသည် ဤလောကသို့ မဝင် မရောက်ချင်ပါ ဟု ငိုဟန်ရှိသော်လည်း မိဘများက ဝမ်းသာ အားရတတ်ကြသည်။ လူသည် ပဌမ မွေးဘွားခြင်းအားဖြင့် ငရဲမီးအိုင်သို့ ဆင်းဘို့ရန် ရှိသောကြောင့် ထိုအရာကို ဝမ်းမမြောက်သင့်ချေ။ သို့သော် ရေရှည်ကို မမြင်မကြည့် သောကြောင့် ဝမ်းမြောက်ဝမ်းသာနှင့် မွေးနေ့ကို ကျင်းပတတ်ကြသည်။ မွေးနေ့ မင်္လာ ဟုဆိုတတ်ကြသေးသည်။ အမှန်မှာ လူမှု ဒုက္ခ ပေါင်း များစွာ ခံစား ပြီးမှ ငရဲဆင်းရမည် ဖြစ်သောကြောင့် မွေးနေ့အမင်္လာ ဟုဆိုသင့်သည်။ နှစ်သစ်လည်း နှစ်သစ်အမင်္လာ ဟုဆိုသင့်သည်။ သေမိန့်ကျသောသူများသည် သေမည့် နေ့ရက်နီးလေလေ သူတို့အတွက် အမင်္လာ ဖြစ်လေလေ မဟုတ်ပါလော။ 
 
 ဒုတိယအကြိမ် မွေးရမည်

ထို သို့ဖြစ်လျှင် မွေးနေ့နှင့် ပတ်သက်၍ မည်ကဲ့သို့ ခံယူ ကျင်းပရမည် နည်း။ မွေးနေ့သည် ကိုယ့်ဆုံးဖြတ်ခြင်းအားဖြင့် မဟုတ်သောကြောင့် မည်သို့ မျှလုပ်၍ မရပါ။ ယောဘနှင့် ယေရမိတို့ ကဲ့သို့ ကျိန်နေလျှင်လည်း အကျိုးမရှိပါ။ အမိဝမ်းမှပဌမ မွေးဘွားပြီး နောက် ပြန်လည်နောက်ဆုတ်၍လည်း မရတော့ပါ။ ထို့ကြောင့် မွေးရကျိုးနပ်ဘို့ရန် ဝိညာဉ်အားဖြင့် ဒုတိယမွေးဘို့ လိုအပ်သည်။ သို့ဖြစ်လျှင် ဝိညာဉ်အားဖြင့် မည်သို့ မွေးရမည်နည်း။ “ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန် အကန်ဆိုသည်ဟု ပြန်၍ မိန့်တော်မူ၏။” (ယော ၃:၃)။ ဒုတိယမွေးခြင်းကို ယေရှုက၊ “လေသည် အလိုရှိတိုင်း သွားလာ၏။ လေ၏ အသံကို သင်သည် ကြားရသော်လည်း အဘယ်အရပ်က ဖြစ်သည်၊ အဘယ်အရပ်သို့ သွားသည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော် မွေးသောသူ ဖြစ်သည်ဟု မိန့်တော်မူ၏။” 
 (ယော ၃:၈) ဟုဆိုသည်။ 

ဒုတိယမွေးခြင်းသည် ကိုယ်ခန္ဓာ (ဇာတိ)အားဖြင့် မဟုတ်ပါ။ ဝိညာဉ်အားဖြင့်သာလျှင် ဖြစ်ပါသည်။ ပဌမ မွေးခြင်းသည် ခလေး၏ ကြိုးစားအား ထုတ်ခြင်းအားဖြင့် မဟုတ် သကဲ့သို့ ဒုတိယမွေးခြင်းသည်လည်း လူ့အလိုအားဖြင့် မဟုတ်ပါ (​ေ ယာ ၁:၁၃)။ ဒုတိယမွေးခြင်းသည် အကျင့်ပြောင်းလဲခြင်း၊ ဘုရားတရား ကြိုးစားအား ထုတ်ခြင်း မဟုတ်ပါ။ ဒုတိယမွေးခြင်းသည် ဘုရားသခင်က လူကို ခရစ်တော် အထဲ၌ ထားလျက် (၁ ကော ၁:၃၀) ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံ စေ၍ (ဂလာ ၂:၂၀)၊ ခရစ်တော်နှင့်အတူ မြှုပ်နှံ (ဗတ္တိဇံ) သည်။ ထိုနောက် ခရစ်တော်နှင့်အတူ အသစ်သော အသက်တာဖြင့် ရှင်ပြန်ထမြောက် စေသည် (ရော ၆:၄)။ ခရစ်တော်နှင့် ထမြောက် လာသော အသက်တာသည် သာလျှင် ဒုတိယမွေးခြင်း ဖြစ်သည်။ ပဌမ မွေးဘို့ရန် မိခင်က သွေးသွန်၍ နာ သကဲ့သို့ ဒုတိယမွေးဘို့ရန် ခရစ်တော် ကသွေးသွန်း၍ အနာခံသည်။ ထို့ကြောင့် ခရစ်တော် မပါဘဲ ဒုတိယမွေးခြင်း မဖြစ်နိုင်ပါ။ ဒုတိယမွေး နိုင်ဘို့ရန်မှာ ခရစ်တော် အထဲ၌ ရှိရမည်။ ထို့ကြောင့် ရှင်ပေါလုက၊ “လူ မည်သည်ကား၊ ခရစ်တော်၌ ရှိလျှင် အသစ်သော သတ္တဝါ ဖြစ်၏။ ဟောင်းသောအရာ တို့သည် ကုန်ဆုံး၍ ခပ်သိမ်းသောအရာ တို့သည် အသစ် ဖြစ်ကြပြီ။ ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။” (၂ ကော ၅:၁ရ- ၁၈) ဟုဆိုသည်။ ဒုတိယ မွေးဘွားနိင်ဘို့ရန်မှာ ခရစ်တော်၌ ရှိဘို့ သာလျှင် လိုသည်။ ခရစ်တော်၌ ရှိဘို့လည်း လူက မတတ်နိုင်၊ ဘုရား သာလျှင် တတ် နိင်သည်။ ဘုရားကလူကို ခရစ်တော်၌ ထည့်၍ ခရစ်တော်နှင့်အတူ သေစေ ကာ အသစ်သော အသက်တာဖြင့် ပြန်လည် မွေးဘွားစေသည်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံဘို့ သာလျှင် ဖြစ်သည်။ 

ထိုသို့ မွေးဘွားနိင်ဘို့ရန် မည်သူမျှ ကြိုးစားစရာ မလိုပါ။ ဘုရားသခင်က ခရစ်တော်အားဖြင့် မွေးဘွားစေခြင်းကို သိ၍ လက်ခံဘို့ သာလျှင် ဖြစ်သည်။ ထိုသို့ ဒုတိယ မွေးဘွားသောအခါ၊ ဘုရားသား ဖြစ်ပြီ (ယော ၁:၁၂၊ ရော ၈:၁၆)။ အပြစ်သား မဟုတ်တော့ဘဲ ​ဖြောင့်မတ်သောသူ ဖြစ်ပြီ (ရော ၃:၂၄)။ ကျိန်ခြင်း မခံရတော့ဘဲ ကောင်းကြီး မင်္လာခံအပ်သောသူ ဖြစ်လာပြီ (ဂလာ ၃:၁၃)။ ကောင်းကင်၌ နေရာရပြီ (ဧဖက် ၂:၆)။ ကောင်းကင်၌ အသက် ရှိပြီ (ကော ၃ ; ၁-၃)။ ကောင်းကင်နိင်ငံသား ဖြစ်ပြီ (ဖိလိ ၃:၂၀)။ မြေကြီး ပေါ်၌ ဧည့်သည် ဖြစ်ပြီ (၁ ပေ ၁:၁ရ)။ ထာဝရ အသက် ရရှိ၍ (၁ ယော ၅:၁၂)၊ ငရဲမီးအိုင်သို့ မဆင်းရတော့ဘ ​ဲကောင်းကင် ဝင်မည့်သူ ဖြစ်လာပြီ (၂ ကော ၅:၁)။ ထိုသို့ ခရစ်တော်အားဖြင့် ဒုတိယ မွေးဘွားသောသူသာလျှင် မွေးနေ့မင်္လာလုပ်သင့်သည်။ ဒုတိယ မွေးဘွားသောသူများ ပင်လျှင် ဒုတိယမွေးခြင်း အတွက် ဝမ်းသာ ခဲ့သော်လည်း ကိုယ်ခန္ဓာမွေးနေ့ပွဲကိုသာလျှင် လုပ်တတ်ကြသည်။ အမှန်မှာ ဒုတိယ မွေးဘွားခြင်း သာလျှင် ကျင်းပသင့်သည်။ 


 
ကျမ်းစာဖတ်ကြပါစို့
 ဗျာဒိတ်ကျမ်း၁၉


ဗျာ ၁၉သည် ဘေးဒဏ်ကြီး ကာလ၏ အဆုံး ဖြစ်သည်။ ခရစ်တော်သည် မင်္လာဆောင်၍ ရှင်ဘုရင်အဖြစ် အုပ်စိုး ဘို့ရန် ဤကမ္ဘာပေါ်သို့ ဆင်း သက်လာခြင်းကို ဖေါ်ပြသွားသည်။ 
၁။ ထိုနောက်မှကောင်းကင်ဘုံ၌ စည်းဝေးသောသူအများတို့၏ အသံကြီးကား၊ ဟာလေလုယ၊ ငါတို့ ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော် ပေတည်း။ 

ဟာလေလုယ ဟူသောစကား လုံးသည် ဗျာ ၁၉:၁၊ ၃၊ ၄၊ ၆နှင့် ဆာလံ ၁၀၄:၃၅၊ ၁၀၅:၄၄၊ ၁၀၆:၄၈များ၌ သာတွေ့ရသည်။ “ဘုရားသခင်ကို ချီးမွမ်းပါ၏” ဟု အဓိပ္ပါယ်ရှိသည်။ ထိုချီမွမ်းခြင်းကို ကောင်းကင်ဘုံ၌ သောသူ၊ ယုံကြည်သူများနှင့် ကောင်းကင်တမန်များက ကြီးသော အသံနှင့် ပြုခြင်း ဖြစ်သည်။ သူတို့ ချီးမွမ်းခြင်းသည် ဘေးဒဏ်ကြီး ကာလပြီး ဆီး သွား၍ ကယ်တင်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းအသေရေတန်ခိုးကို ချီးမွမ်းခြင်းလည်း ဖြစ်သည်။ 

၂။ စီရင်တော်မူခြင်း အရာတို့သည်ဟုတ်မှန်​ဖြောင့်မတ်ကြ၏။ မိမိမတရားသော မေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည်တန်ဆာကြီးကို စစ် ကြောစီရင်တော်မူပြီ။ ကိုယ်တော် ​ကျွန်တို့၏ အသွေးကို သူ၏ လက်ဖြင့် သွန်းသော အပြစ်နှင့် အလျောက်ဒဏ် ပေးတော်မူ ပြီဟု ပြောဆို ကြသည်ကို ငါကြား၏။ 

ချီးမွမ်းခြင်း၏ အကြောင်းရင်းကို ဆက်ရေးထားသည်။ ဘုရားသခင်က မတရားသော မေထုန်နှင့် မြေကြီးကို ပုပ် ပျက်စေသော ပြည်တန်ဆာကြီးကို စီရင်တော်မူခြင်း သည်ဟုတ်မှန်​ဖြောင့်မတ်သည်၊ ဘုရားသခင်သည် မှားယွင်းခြင်း မရှိ၊ ဟု ထောက်ခံကြခြင်း ဖြစ်သည်။ ထိုပြည်တန်ဆာကို ဗျာ ၁ရ၌ တွေ့ရ၍ ကမ္ဘာ့ ဘာသာရေးကို ဆိုလိုသည်။ ထိုပြည်တန်ဆာသည် ဘုရား၏ ​ကျွန်များ တည်းဟူသော ပရောဖက်များ၊ ယုံကြည်သူများကို သတ်ခဲ့၍ အသွေးသွန်းခဲ့ပြီ။ ထို့ကြောင့် သူ့ကို သူ၏ အပြစ်နှင့် အလျောက်ဒဏ်ပေးသည် ဟုဆို ကြသည်။ 

၃။ တဖန်တုံ၊ ဟာလေလုယဟူ၍၎င်း၊ သူ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်သည် ဟူ၍၎င်း၊ ပြောဆို ကြ၏။ 

တဖန် ဟာလေလုယဟူ၍ ဘုရားကို ချီးမွမ်းကြပြန်သည်။ ပြည်တန်ဆာ ကြီးကို ရှို့သော မီးခိုးသည် ကမ္ဘာအဆက်ဆက် တည်းဟူသော ထာဝရ ကာလ ပတ်လုံးတက်လျက် ရှိသည်။ ထိုမီးသည် ရုပ်လောက မီး ဖြစ်ပါက ကြာလာလျှင် ငြိမ်းသွားမည် ဖြစ်သည်။ သို့သော် ဝိဥာဏလောက၌ မူမငြိမ်းနိုင်ဘဲ ထာဝရလောင်​ကျွမ်းမည် ဖြစ်သည်။ 

၄။ အသက်ကြီးသူ နှစ်ဆယ်လေးပါးနှင့် သတ္တာဝါလေးပါးတို့သည် ပြပ်ဝပ်၍၊ ပလ္လင်တော် ပေါ်မှာ ထိုင်တော်မူသော ဘုရားသခင်ကို ကိုးကွယ်လျက်၊ အာမင်၊ ဟာလေလုယဟု လျှောက်ဆိုကြ၏။ 

အသက်ကြီးသူ နှစ်ဆယ်လေးပါးနှင့် သတ္တာဝါလေးပါးတို့ကို မကြာခဏ တွေ့ရသည်။ ထိုသူများကလည်း ထာဝရဘုရားကို ကိုးကွယ်၍ ကောင်းကင်ဘုံ၌ ရှိသောသူအများနှင့် သဘောတူလျက် ဟာလေလုယဟု ချီးမွမ်း ကြသည်။ 

၅။ ပလ္လင်တော် ပေါ်ကထွက်သော အသံကား၊ ဘုရားသခင်၏ ​ကျွန် အပေါင်းတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့သောသူ အကြီး အငယ် အပေါင်းတို့၊ ငါတို့ ဘုရားသခင်ကို ချီးမွမ်းကြလော့ ဟုဆိုသတည်း။ 

ပလ္လင်တော် ပေါ်က ထွက်သော အသံသည် မည်သူ၏ အသံ ဖြစ်မည် နည်း။ ဘုရားသခင် ကိုယ်တော်တိုင်၏ အသံလော သို့မဟုတ် ကောင်းကင်တမန်၏ အသံလောမရှင်းပါ။ သို့သော် ငါတို့ ဘုရားသခင်ကို ချီးမွမ်းလော ဟုဆို သောကြောင့် ဘုရားသခင် ကိုယ်တော်တိုင် တော့ ဖြစ်နိုင်မည် မဟုတ်၊ ကောင်းကင်တမန် ဖြစ်နိုင်သည်။ ဘုရားသခင်ကို ချီးမွမ်းဘို့ရန် တိုက်တွန်းသည်။ ဘုရားသခင်၏ ​ကျွန်နှင့် သူ့ကို ကြောက်ရွံ့သောသူများ၏ အဓိကအ လုပ်သည် ချီးမွမ်းခြင်း ဖြစ်သည်။ 

၆။ တဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်၊ ငါတို့ ဘုရားသခင်သည် စိုးစံတော်မူ၏။ 

နောက်ဆုံးဟာလေလုယဟု တွေ့ရသည်။ အနန္တတန်ခိုးသည် တိုင်း ဆ၍ မရသော တန်ခိုါ် သာညငစသအနညအကို ဆိုလိုသည်။ ထိုတန်ခိုးသည် ထာဝရဘုရား၌ သာရှိသည်။ ထာဝရဘုရားသည် အနန္တတန်ခိုးရှိသော်လည်း အဘယ်ကြောင့် စာတန်သည်လောလောဆယ်ကမ္ဘာကို အုပ်စိုးနေသနည်းဟု မေးနိုင်သည်။ အကြောင်းမှာ ရန်သူအင်အားကြီး မှာထိုရန်သူကိုအောင် နိင်သောသူ၏ တန်ခိုးသည် ထင်ရှားတတ်သည်။ ရန်သူသည် အင် အားနည်းလွန်းပါက ဘုရားသခင်၏ တန်ခိုးသည် သိနိ်ုင်မည် မဟုတ်။ 
ရ။ ငါတို့သည် ဝမ်းမြောက် ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန် အံ့။ အကြောင်းမူကား၊ သိုးသငယ်၏ မင်္လာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသောသူအများတို့၏ အသံ၊ သမုဒ္ဒ​ရာ သံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။ 

သိုးသငယ်သည် ခရစ်တော် ဖြစ်သည်။ သူ၏ မင်္လာဆောင်ပွဲကို ခံချိန် ရှိပြီ ဟုဆိုသည်။ သို့ဖြစ်လျှင် သတို့သမီးသည် အဘယ်သူ နည်း။ သူ၏ သတို့သမီးသည် စစ်မှန်သော အသင်းတော် ဖြစ်သည်။ ရှင်ပေါလုက အသင်းတော်သည် ခရစ်တော်၏ မယား ဖြစ်ဘို့ စေ့စပ်ထားကြောင်း ဤသို့ ရေးထားသည်၊ “ငါသည် သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီး ကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြား ဆောင်နှင်း (စေ့စပ်)ပြီး သောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သော စိတ် (ိငလငညန ​ြန​ေူသကျပ)နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။” (၂ ကော ၁၁:၂)။ တဖန်၊ “သင်တို့ (ရောမ အသင်းတော် ရှိ ယုံကြည်သူများ)သည် အခြားသောသူတည်း ဟူသော၊ သေခြင်းမှ ထမြောက်တော်မူသောသူ (ယေရှု)၏ မယား ဖြစ်၍၊ ဘုရားသခင်၏ အလိုတော်နှင့် အညီ တိုးပွါးမည်အကြောင်း၊ ခရစ်တော်၏ ကိုယ်ခန္ဓာအားဖြင့် သေ၍ ပညတ်တရားနှင့် ကွာကြ၏။” (ရော ရး၄)။ ထိုအပြင်ဧဖက်အ သင်းတော်ထံ၊ “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ သကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။” (ဧဖက် ၅:၂၅)ဟု အသင်းတော်နှင့် ခရစ်တော်ကို လင်မယားနှင့် ခိုင်းနှိုင်းထားသည်။ ခရစ် တော်သည် အသင်းတော် တည်းဟူသော သတို့သမီးကို မင်္လာဆောင်တော့မည် ဖြစ်သောကြောင့် ကောင်းကင်၌ ရွှင်လန်းဝမ်းမြောက် ကြဘို့ ကြီးစွာသော အသံဖြင့် ကြွေးကြော်ခြင်း ဖြစ်သည်။ 

၈။ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသော အခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သ တည်း။ 

ပိတ်ချောသည် သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သည် ဟုဆိုသည်။ အာဒံနှင့် ဧဝတို့ လင်မယား အပြစ်လုပ်သောအခါ အဝတ်အချည်းစည်း ဖြစ်၍ ရှက်ကြောက်ကြသည် (က ၃:ရ၊ ၁၀)။ သူတို့၏ သားသမီး တိုင်းလည်း အဝတ်အချည်းစည်းဖြင့် မွေးဘွား ကြသည်။ ထို့ကြောင့် သင်ပေးစရာ မလိုဘဲ ရှက်ကြောက်တတ်ကြသည်။ ခရစ်တော်က လောဒိကိ အသင်းတော်ထံ၊ “သင်သည် အဝတ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အဝတ်ကို ငါ့ထံမှာဝယ်လော့။” (ဗျာ ၃:၁၈)ဟု အကြံပေးခဲ့သည်။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ အဝတ်လှလှလေးများ ဝတ်ဆင်ရုံဖြင့် မပြီးပါ။ ဘုရားသခင်ရှေ့၌ လုံခြုံဘို့ရန် ဘုရား ပေးသော အဝတ်လိုအပ်သည်။ ဘုရားသခင်သည် ဧဝနှင့် အာဒံတို့ကို သနားသောကြောင့်၊ “လူလင်မယား ဘို့သားရေဖြင့် ဝတ်လုံကို လုပ်၍ ဝတ်ခြုံစေတော်မူ၏။” (က ၃:၂၁)။ အာဒံနှင့် ဧဝတို့သည် သစ် ရွက်ဖြင့် အရှက်ဖုံး သကဲ့သို့ လူသား တိုင်းလည်း ပညတ်တော် ကျင့်ခြင်းအားဖြင့် အရှက်ဖုံးတတ်ကြသည်။ သို့သော် မလုံခြုံသောကြောင့် ဘုရားသခင်က ယေရှုခရစ်၏ ​ဖြောင့်မတ်ခြင်းကို ခြုံဘို့ရန် ပေးခဲ့ပြီ (၁ ကော ၁:၃၀)။ ထို့ကြောင့် ပေါလုက၊ “သခင် ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။” (ရော ၁၃:၁၄)ဟု ရေး ထားခြင်း ဖြစ်သည်။ သင်သည် သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ပြီလော။ 

၉။ ကောင်းကန်တမန်ကလည်း၊ သိုးသငယ်၏ မင်္လာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသော သူတို့သည် မင်္လာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း၊ ဤ စကားသည် ဘုရားသခင်၏ နှုတ်တော် ထွက်စင်စစ် ဖြစ်၏ ဟူ၍၎င်း၊ ငါ့အား ပြောဆို၏။ 

သိုးသငယ်၏ မင်္လာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသော သူတို့သည် အဘယ်သူများဖြစ်သနည်း။ အသင်းတော်သည် မဖြစ်နိုင်ချေ။ အကြောင်းမှာ သူသည် သတို့သမီး ဖြစ်သည်။ မင်္လာဆောင်ပွဲသည် မည်သည့်နေရာ၌ ဖြစ်မည်နည်း။ အချို့ကကောင်းကင်၌ ဖြစ်သည်၊ အချို့ကမြေကြီး ပေါ်၌ ဖြစ်သည် ဟုဆို ကြသည်။ မင်္လာဆောင်ပွဲသည် ခရစ်တော် မြေကြီး ပေါ်သို့ မဆင်းမှီ၌ ဖြစ်မည်ဟု ယူဆရသည်။ အကြောင်းမှာ မြေကြီး ပေါ်သို့ ဆင်းသက်ခြင်းကို ဤ အရာနောက်ပိုင်း၌ ရေးထားသည်။ သို့ဖြစ်လျှင် ကောင်းကင်၌ ရောက်နှင့်သောသူများသည်မည်သူများ ဖြစ်မည်နည်း။ ဓမ္မဟောင်းကာလ၌ ယုံကြည်သူများနှင့် ဘေးဒဏ်ကြီး ကာ၌ ယေရှုခရစ် ကြောင့်အသတ်ခံ သူများ ဖြစ်နိုင်သည်။ ဓမ္မ ဟောင်းကာလ၌ ယုံကြည်သူ အများစုသည် ဣသရေလ လူများ ဖြစ်၍ သူတို့သည် ခမည်းတော်၏ မိန်းမ ဖြစ်သည် (ဟောရှေ ၂:၁၉-၂၀၊ ဟေရှာယ ၅၄:၅)။ ထို့ကြောင့် ဓမ္မဟောင်း ယုံကြည်သူများနှင့် ဘေးဒဏ်ကြီး ကာလ၌ အသတ်ခံ၍ ယုံကြည်သူများသည် မင်္လာဆောင်ပွဲ၌ ဘိတ်ခြင်း ခံရ သူများ ဖြစ်နိုင်သည်။ 


၁၀။ ငါသည် ထိုသူကိ ုကိုးကွယ်ခြင်းငှါ သူ၏ ​ခြေရင်း၌ ပြပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဘော်ဆောင်ဘက် ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူ ချက်ကို ဆောင်သော သင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက် ဟောသောစကား ချက် သဘောသည် ယေရှု၏ သက်သေ ဖြစ်သတည်းဟု ငါ့အား ပြောဆို၏။ 

ယောဟန်သည် သူ့ထံ စကား ပြောသောသူကို ကြည်ညိုလွန်းသောကြောင့် ကိုးကွယ်ခြင်းငှါ သူ၏ ​ခြေရင်း၌ ပြပ်ဝပ်သောအခါ ကောင်းကင်တမန်က သူ့ကို တားသည်။ ကောင်းကင်တမန် ကဘုရားကိုသာ လျှင်ကိုးကွယ်ဘို့ ညွှန် ပြသည်။ ဘုရား အသုံးပြုသော ဆရာများကိုလည်း အလွန် ကြည်ညို၍ အချို့သော ယုံကြည် သူများက ဘုရား နေရာ၌ ထားတတ်ကြသည်။ ထိုအရာကို ဆရာများကတားမြစ်ဘို့ လိုသည်။ 
၁၁။ ထိုအခါ ကောင်းကင်ဘုံ ဖွင့်လှစ်လျက် ရှိသည်ကို ငါမြင်လျှင် မြင်းဖြူရှိ၏။ မြင်းစီးသောသူသည် သစ္စာ (်​ေငအ့်ကူ) ဟူသော အမည်၊ သမ္မာ ( ဤမကန) ဟူသော အမည်ရှိသတည်း။ ထိုသူသည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။ ၁၂။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော် ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင် မှတပါး၊ အဘယ်သူမျှ မသိသော နာမ တော်သည် ရေးထားလျက် ရှိ၏။ ၁၃။ အသွေး၌ နှစ်ပြီးသော အဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဟူသော အမည်ရှိ၏။ 

မြင်းဖြူစီးသောသူသည် ခရစ်တော် ယေရှု ပင် ဖြစ်သည်။ အကြောင်းမူကား သူ၏ နာမသည် သစ္စာနှင့် သမ္မာ ဟုဆိုသည်။ ခရစ်တော် ကိုယ်တိုင်က၊ “ငါသည် သမ္မာတရား ဖြစ်သည်” ဟုဆိုခဲ့သည် မဟုတ်လော (ယော ၁၄:၆)။ ခရစ်တော်သည် ကြွ လာသောအခါ တရားသဖြင့် စီရင်မည့် အကြောင်း ဤသို့ တွေ့ရသည်၊ “ကိုယ်တော်သည် ကြွလာတော်မူ၏။ မြေကြီးသားတို့ကို တရား စီရင်ခြင်းငှာ ကြွလာတော်မူ၏။ လောကသား တို့ကို ​ဖြောင့်မတ်ခြင်း တရားနှင့်၎င်း၊ လူများကို သစ္စာ တော်နှင့်၎င်း၊ စီရင်ဆုံးဖြတ်တော်မူ လတံ့။” (ဆာ ၉၆:၁၃)။ တဖန်၊ “ထိုသူသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်း၌ မွေ့လျော်သည် ဖြစ်၍၊ မိမိမျက်စိမြင်သည် အတိုင်း တရားမစီရင်၊ မိမိနားကြားသည် အတိုင်း မဆုံး ဖြတ်ဘဲ၊   ၄ ဆင်းရဲသားတို့၏ အမှုကို တရားတော် အတိုင်း စီရင်၍၊ နှိမ့်ချသော မြေကြီးသားတို့ ဘက်၌ နေလျက်၊ ​ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည်၊၊ ” (ဟေရှာယ ၁၁:၃-၄)။ 

ခရစ်တော်သည် ဒုတိယကြွ လာသောအခါ အန္တီခရစ် ဦးဆောင်သော မြေကြီးသား အပေါင်းနှင့် စစ်တိုက်မည်ဟု အောက်ပိုင်း၌ တွေ့ရသည်။ မျက်စိ တော်သည် မီးလျှံကဲ့သို့ဖြစ်ခြင်းကို (ဗျာ ၁:၁၄၊ ၂:၁၈)၌ တွေ့ခဲ့ရပြီ။ သူသည် ခေါင်း၌ သရဖူများကို ဆောင်းထားသည်။ ဗျာ ၁၃:၂၌ အန္တီခရစ်လည်း သရဖူများကို ဆောင်းကြောင်း တွေ့ခဲ့ရသည်။ အဘယ်သူမျှ မသိသော နာမကိုလည်း ရေးထားသည် ဟုဆိုသည်။ အဘယ်သူမျှ မသိ ဟုဆိုသောကြောင့် သိဘို့ ကြိုးစားစရာ မလို။ သိစေလိုလျှင် ဖေါ်ပြမည် ဖြစ်သည်။ အသွေး၌ နှစ်ပြီးသော အဝတ်ကို ဝတ်ခြင်းသည် စစ်တိုက်သောကြောင့် အသွေးသွန်းခြင်း ဖြစ်နိုင်သော်လည်း ဤ နေရာ၌ လက်ဝါးကပ်တိုင်တော် ပေါ် အသတ်ခံသောအခါ စီးထွက်ခဲ့သော အသွေးတော်ကို ဆိုလိုခြင်းဟု ယူဆရသည်။ ယောဟန်ကသခင်ယေရှုကို နှုတ်က ပတ်တော် ဟုဆိုခဲ့သည် (ယော ၁:၁-၃)။ 

၁၄။ ကောင်းကင်ဗိုလ်​ခြေ တို့သည် မြင်းဖြူကို စီးလျက်၊ စင်ကြယ်သော ပိတ်ချော ဖြူကို ဝတ်လျက် နောက်တော်သို့ လိုက်ကြ၏။ 

ခရစ်တော် ဒုတိယအကြိမ် ကြွ လာသောအခါ ကောင်းကင်ဗိုလ်​ခြေ များ ကမြင်းဖြူစီးလျက် လိုက်လာကြလိမ့်မည်။ ထိုအရာကို သူကိုယ်တိုင် ဤသို့ ဆို ခဲ့သည်၊ “လူသားသည် မိမိအဘ ခမည်းတော်၏ ဘုန်း အာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာတော်မူ လတံ့။” (မ ၁၆:၂ရ)။ ညီတော် ယုဒက ဤသို့ ရေးခဲ့သည်၊ “အာဒံမှဆင်းသက်၍ ခုနစ်ဆက်မြောက်သောသူဧနောက်က၊ ထာဝရဘုရားသည် ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူ၍၊ မတရားသော သူတို့သည် မတရားသဖြင့် ပြုသော အဓမ္မအမှု ရှိသ မျှတို့၏ အပြစ်ကို၎င်း၊ မတရားသော လူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ပြောသော ကြမ်းတမ်းသော စကားရှိသမျှတို့၏ အပြစ်ကို၎င်းဘော်ပြခြင်းငှါ၊ အတိုင်း မသိ များစွာသော မိမိသန့်ရှင်း သူတို့နှင့်တကွ ကြွလာတော်မူ လိမ့်မည်ဟု ပရောဖက် ပြု၍ ဟောပြောလေ၏။” (ယုဒ ၁:၁၄-၁၅) 

၁၅။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သော သံလျက်သည် ခံတွင်း တော် ထဲကထွက်၏။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့် စုံတော်မူသော ဘုရားသခင်၏ ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာ တန်ဆာကို ဖိနင်းတော်မူမည်။ ၁၆ ဘုရင်တို့၏ ဘုရင်၊ သခင်တို့၏ သခင်ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌၎င်း၊ ပေါင်တော်၌၎င်း၊ ရေးထားလျက် ရှိ၏။ 

ခရစ်တော်သည် မြေကြီးသားတို့ကို ခံတွင်း တော်မှ ထွက်သော သံလျက်နှင့် ဒဏ်ခတ်မည် ဟုဆိုသည်။ ရှင်ဘုရင်များသည် သူတို့ ကိုယ်တိုင် လူများကို သတ်တတ်သည် မဟုတ်။ သူတို့ နှုတ်မှအမိန့်တော်အားဖြင့် တရားစီ ရင်တတ်ကြသည်။ ရှင်ပေါလုက၊ “အဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက် ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူ လိမ့်မည်။” ဟု ရေးခဲ့သည် (၂ သက် ၂:၈)။ သူသည် သံလှံတံနှင့် အုပ်စိုးမည့် အကြောင်း ဆာလံ ၂:၈၊ ၉၌ ဤသို့ ရေးခဲ့သည်၊ “င့ါကို တောင်းလော့၊၊ လူ အမျိုးမျိုးတို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကို ိလည်း ငါပေးမည်၊၊ ၉ သင်သည် သူတို့ကို သံလှံ တံနှင့် အုပ်စိုး၍ မြေအိုးကို ခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်ဟု င့့ါအား မိန့်တော်မူပြီ၊၊ ” ။ သံလှံတံနှင့် အုပ်စိုးခြင်း ဆိုသည်မှာ ခိုင်မာခြင်း၊ ပြတ်သားခြင်းကို ဆိုလိုသည်။ ယခုခေတ် လိုတံစိုးမစားဘဲ တိကျစွာ တရားသဖြင့် အုပ်စိုးခြင်းကို ဆိုလိုသည်။ 

အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာတန်ဆာကို ဖိနင်းခြင်း ဆိုသည်မှာ ဘုရားသခင်ကို မယုံကြည် တိုက်ခိုက်သော အန္တီခရစ်နှင့် မြေကြီးသား အပေါင်းကို ုတိုိက်ခိုက်မည့် အရာကို ဆိုလိုသည်။ စပျစ်သီးနယ်သောအခါ ထွက်လာသော အရေသည် သွေးကဲ့သို့ နီသည်။ ထိုအတူ မြေကြီးသား အပေါင်းကို တိုက်ခိုက်သောအခါ အ သွေးသည် မိုင် ၂၀၀ စီးမည်ဟု ဗျာ ၁၄:၂၀ မှာတွေ့ခဲ့ရပြီ။ ထိုသို့ဖြစ်မည့် အရာကို ပရောဖက်က ဤသို့ ရေးခဲ့ပြီ၊ “ကိုယ်တော်သည် အဘယ်ကြောင့်နီသော အဝတ်ကို ဝတ်တော်မူ သနည်း၊၊ အဝတ်တော်သည် စပျစ်သီးကို နင်းနယ်သောသူ၏ အဝတ်နှင့် အဘယ်ကြောင့်တူပါသနည်း၊၊ ၃ စပျစ်သီးကို ငါတယောက် တည်းနှင်းနယ်ရပြီ၊၊ လူများ အထဲကတစ်ယောက်မျှမပါ။ သူတု့ိကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာ အမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့ အသွေးသည် ငါ့အဝတ်အပေါ်မှာ ဖျန်းလျက် ရှိပြီ၊၊ ငါ့အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ၊၊ ” (ဟေရှာယ ၆၃:၃-၄)။ 

ခရစ်တော်သည် ဘုရင်တို့၏ ဘုရင်၊ အရှင်တို့၏ အရှင် ဖြစ်သည် (ဗျာ ၁ရး၁၄)။ ထိုအရာကို ရှင်ပေါလုက၊ “ဘုရားသခင်သည် ကိုယ်တော်ကို အလွန် ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက်ကြီး မြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။ ၁၀ အကြောင်းမူကား၊ ကောင်းကင် သတ္တဝါ၊ မြေကြီး သတ္တဝါ၊ မြေကြီး အောက်၌ ရှိသော သတ္တဝါ တည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ၁၁ ယေရှုခရစ်သည် သခင် ဖြစ်တော်မူ၏ဟု နှုတ်နှင့် ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည် အကြောင်း တည်း။” (ဖိလိ ၂:၉-၁၁)ဟု ရေးခဲ့ဘူးသည်။ 

၁၇။ ကောင်းကင်တမန် တပါးသည် နေထဲမှာရပ်လျက် ရှိသည်ကို ငါမြင်၏။ ၁၈။ သူသည် မိုဃ်းကောင်းကင် အလယ်၌ ပျံတတ်သော ငှက် အပေါင်းတို့ကို ကြီးသော အသံနှင့် ခေါ်၍၊ လာကြလော့။ ရှင်ဘုရင်အသား၊ စစ်သူကြီး အသား၊ သူရဲအသား၊ မြင်းအသား၊ မြင်းစီးသောသူအသား၊ အစေခံ​ကျွန်၊ လူလွတ်၊ အကြီး အငယ် အမျိုးမျိုးသော လူတို့၏ အသားကို စားအံ့သောငှါ၊ကြီး မြတ်တော်မူသော ဘုရားသခင်၏ ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်၏။ 

ခရစ်တော် ကြွလာ၍ မြေကြီးသား အပေါင်းနှင့် စစ်တိုက်သောအခါ မြေ ကြီးသား အပေါင်းသည် သေ၍ သူတို့၏ အသားများကို ပျံတတ်သော ငှက်အ ပေါင်းကစားဘို့ရန် အတွက် ကောင်းကင်တမန် ကခေါ်သည်။ လူသေကောင် များသည်များလွန်းသောကြောင့်ကြီး မြတ်တော်မူသော ဘုရားသခင်၏ ပွဲတော်ဟု ခေါ်သည်။ ထိုသူများသည် စာတန်၏ လှည့်ဖျားခြင်းကို ယုံကြည် အားကိုး သောကြောင့် ဖန်ဆင်းရှင်ကို တိုက်ခိုက်၍ ထိုကဲ့သို့ အသေခံခြင်း ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်ဘုရားနှင့် ဆန့်ကျင်ခြင်း၊ အာခံခြင်း၊ တိုက်ခိုက်ခြင်း လုံးဝ မပြုသင့်ချေ။ 

၁၉။သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်​ခြေများတို့သည် မြင်း စီးတော်မူသောသူနှင့် ဗိုလ်​ခြေတော်ကို စစ်တိုက်ခြင်းငှါ စည်းဝေးကြသည်ကို ငါမြင်၏။ 

သားရဲ တည်းဟူသော အန္တီခရစ်နှင့် လောကီဘုရင်များ၊ သူတို့၏ ဗိုလ် ​ခြေများသည် မြင်းစီးတော်မူသော ခရစ်တော်နှင့် သူ၏ ဗိုလ်​ခြေများကို တိုက်ဘို့ စည်းဝေးကြသည် ဟုဆိုသည်။ ထိုသူများသည် ရှုံးနိမ့်၍ သူတို့ အသားများကို ငှက်များ စားစေကြောင်း အထက်၌ တွေ့ခဲ့ရပြီ။ 

၂၀။သားရဲကို ဘမ်းမိကြ၏။သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍၊ သူ၏ ရုပ်တုကိုကိုးကွယ်သော သူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက် ကိုလည်း ဘမ်းမိကြ၏။ အသက်ရှင်လျက် ရှိသော ထိုသူနှစ်ဦးကို ကန့်နှင့်လောင်သော မီးအိုင် ထဲသို့ ချပစ်ကြ၏။ 

သားရဲဟူသော အန္တီခရစ်၊ ကမ္ဘာ့ သမတကြီးနှင့် လူများကို လှည့်ဖြား၍ သားရဲ၏ တံဆိပ်လက်မှတ် ၆၆၆ကို ခံစေသော မိစ္ဆာပရောဖက်၊ ကမ္ဘာ့ ဘာ သာရေးခေါင်းဆောင်တို့ကို အရှင်ဖန်မိကြ၍ မီးအိုင် ထဲသို့ ချပစ် ကြသည်။ သူတို့သည် ပဌမဦးဆုံး မီးအိုင် ထဲသို့ ရောက်သောသူများ ဖြစ်ကြသည်။ သူတို့၏ အရှင် စာတန် တည်းဟူသော ရှေးမြွေဟောင်းမူကား အနှစ်တထောင်ပြီးမှမီး အိုင်ထဲသို့ ချပစ်ဦးမည် (ဗျာ ၂၀:၁၀)။ 

၂၁။ ကြွင်းသော သူတို့သည်၊ မြင်းစီးတော်မူသောသူ၏ ခံတွင်း တော် ထဲက ထွက်သော သံလျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက် အပေါင်းတို့သည် ဝစွာ စားရကြ၏။ 

ရစ်တော်ကို တိုက်သော မြေကြီးသားတို့ကို ခရစ်တော် ခံတွင်း မှ ထွက်သော သံလျက် နှင်ကွပ်မျက်သည် ဟုဆိုသည်။ ထိုအရာသည် အမိန့်တော် သို့မဟုတ် မီး ဖြစ်နိ်ုင်သည်။ သူတို့၏ အသားများကို ငှက် အပေါင်းကဝစွာ စားရသည် ဟုဆိုသည်။ 



သက်သေခံခြင်း 

ဆရာယောသပ်

ရှေ့ဦးစွာ ထာဝရဘုရားသခင်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီး ပါ စေသော်၊ အာမင်။ ၂၀၁၅ ခုနှစ်အမှုတော်ဆောင်သင်တန်းကို ဇွန်လ တရက် နေ့မှနှစ်ဆယ့်ရှစ် ရက်နေ့တိုင်အောင် ကျင်းပနိင်သော အခွင့်ကို ပေးသော ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါတယ်။ ထိုသင်တန်းကို ဦးဆောင်သော ဆရာကြီး မောဇက်ထောင်ကျုံးနဲ့တကွအဘက်ဘက်မှ ကူညီပံ့ပိုးပေးတဲ့ညီ အစ်ကို မောင်နှမ အားလုံး ကို အထူးကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ​ကျွန်တော် သတင်းကောင်း စာစောင်ကို ၂၀၁၂ ခုနှစ်ဇွန်လလောက်မှာသူငယ် ချင်းတယောက် ကအခမဲ့ပေးခြင်းအားဖြင့် စတင်ဖတ်ခဲ့ရပါတယ်။ ဖတ်ပြီး တော့အရမ်းခွန် အားရရှိခဲ့ပါတယ်။ဟု ိအရင်တုန်းကတော့ကျမ်းစာကို ဖတ်ပါ တယ်။ ဒါပေမဲ့ကျမ်းစာ ရဲ့ဆိုလိုရင်းတွေကို နားမလည် ခဲ့ဘူး။ သတင်းကောင်းစာ စောင်ထဲမှာရှင်းပြထားတော့ အလွယ်တကူ နားလည်ရပါတယ်။ ဒါကြောင့် သတင်းကောင်း စာစောင်ဟာ ​ကျွန်တော် အတွက် အရမ်းပဲ အကျိုးရှိပါတယ်။ အဲဒီလိုနဲ့​ကျွန်တော် ဆက်ဖတ်သွားပါတယ်။ 

၂၀၁၃ ခုနှစ်ဒီဇဘ်ာလကုန်ပိုင်းလောက်မှာ ဘုရားသခင် ရဲ့ဖွင့်ပြခြင်း အချို့ခံခဲ့ရပါတယ်။ နောက်ပြီး ဓမ္မဟောင်းကျမ်းကို ဖတ်ရန်သုံးကြိမ်၊ သုံးရက် တိတိ သတိပေးခြင်း ခံခဲ့ရပါတယ်။ ဘုရားသခင် ဟာ အလွန် ကောင်းမြတ်ပါတယ်။ ​ကျွန်တော် ဓမ္မသစ်ကျမ်းကို သုံးလေးကြိမ်လောက်ဖတ်ပြီး သွားပေမဲ့ ဓမ္မဟောင်း ကျမ်းတော့ကမ္ဘာဦးကျမ်းတောင်မှတခေါက်မှဖတ်လို့မပြီး ခဲ့ဘူး။ ဒီလိုကျမ်းစာဖတ်ရင်းနဲ့ ကယ်တင်ခြင်း အကြောင်းကို ပြောချင် လာတယ်။ You Tube  မှ တရားဟောချက်တွေ နားထောင် ရင်းနဲ့ ကယ်တင်ခြင်း အကြောင်း တွေကြား လာတော့ ကယ်တင်ခြင်း အကြောင်း အရမ်းပြောချင် လာခဲ့တယ်။ ကယ်တင်ခြင်းသို့ မရောက်သေးတဲ့သူတွေကို တွေ့လာတော့ အရမ်းဝမ်းနည်းမိတယ်။ ဒီလိုနဲ့ ဘုရားသခင် ဆီမှာ ဒူးထောက် ဆုတောင်း ခဲ့တယ်။ ကိုယ်တော် ဘုရား၊ ​ကျွန်တော် ဘာမှမတတ်ပါဘူး။ ဘာမှ မသိပါဘူး။ ဒါပေမဲ့ကိုယ်တော် အသုံးပြု မယ်ဆိုရင် အသုံးပြုတော်မူပါလို့ ဆုတောင်း ခဲ့တယ်။ ဘုရားသခင်က ​ကျွန်တော်ကို လမ်းဖွင့်ပေးခဲ့တယ်။ ၂၀၁၅ ခုနှစ် ဇွန်လမှာ ဆရာမောဇက်သင်ပေး တဲ့အမှုတော်ဆောင်သင်တန်းတက်ခွင့်ရခဲ့တယ်။ အမှုတော်ဆောင်သင်တန်း တက်ရင်းနဲ့ညနေပိုင်းတိုင်း သက်သေခံထွက်ခဲ့ကြပါတယ်။ ဝိညာဉ်များကို ချစ်ခြင်း၊ သနားခြင်းများအားဖြင့် သက်သေခံသောကြောင့် အထူးအောင်မြင် ပါ တယ်။ 

သင်တန်းကာလပြီး ဆုံးသွားတဲ့အခါမှာလဲ ရေနှစ်ခြင်း မင်္လာခံခြင်း၊ အမှုတော်ဆောင်ဘို့ ဆက်ကပ် သူများ တွေ့ ရတဲ့အတွက် ဘုရားသခင်ကို ချီး မွမ်းပါတယ်။ ​ကျွန်တော် လဲအမှုတော်ဆောင်အဖြစ် ဆက်ကပ်ခဲ့ပါတယ်။ ဒီအ မှုတော် ဆောင်သင်တန်းဟာ အလွန် အကျိုးကြီး ပါတယ်။ နောက်နောင်၌ လဲ ရှိခဲ့မယ်ဆိုရင် ညီအစ်ကို မောင်နှမများတက်စေချင် ပါတယ်။ ​ကျွန်တော် ဟာသ တင်းကောင်းစာစောင်ထဲက ဘုရားရဲ့နှုတ်ကပတ်တော် စကားကြောင့် ပြောင်း လဲခဲ့ခြင်း ဖြစ်ပါတယ်ဆိုတာ သက်သေခံချင် ပါတယ်။ ညီအစ်ကို မောင်နှမ အားလုံး ကို နိုးဆော်ချင် တာကတော့လူတိုင်း သက်သေခံနိုင်ပါတယ်။ ကယ်တင်ခြင်း စာစောင်များ ဝေငှခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းအားဖြင့် ဘုရားသခင် ရဲ့အမှုတော် မြတ်မှာပါဝင်ကြပါစို့။ ဖတ်ရှုသူအယောက်တိုင်းအပေါ်မှာ ဘုရားသခင်ကောင်းကြီး ပေးပါစေ။ အာမင်။ (ဟေရှာယ ၅၅:၁၁) 


 
လူငယ်စခန်းသွင်းသင်တန်း

သတင်းကောင်း နှစ်ခြင်း အသင်းတော်၏ လူငယ်စခန်းသွင်းသင်တန်း (ဃ​ောစငညါ)ကို ဇူလိုင်လ ၆-၁၂ ရက်နေ့များ၌ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အောင်မြင် စွာ ပြုလုပ် နိုင်ခဲ့ပါသည်။ ထိုသင်တန်း၌ ဆရာများနှင့် သင် တန်းသား အားလုံး ၁၉၀ ပါဝင်နိုင်ကြပါသည်။ ထိုသင်တန်း၌ နံနက် ဆုတောင်းခြင်းရး၃၀-၈ နာရီ၊ ကျမ်းစာ သင်တန်း၉-၁၂၊ ညနေကျမ်းစာ သင်တန်း၂-၄ နာရီ၊ ကိုယ်ကာယပိုင်းလှုပ်ရှားမှု ညနေ ၄-၆၊ ညပိုင်း ညဝတ်ပြုစည်း ဝေးခြင်းများရ- ၉ နာရီ ပြုလုပ် ကြပါသည်။ သင်တန်းများကို ိအင်္လိပ်ဘာ သာတတန်း၊ ကယ်တင်ခြင်းနှင့် ခရစ်ယာန် အသက်တာကို မြန်မာလိုနှင့် ဖလမ်း လိုနှစ်ခန်းစီသင်ပေးကြပါသည်။ ထိုသင်တန်းအားဖြင့် လူငယ် များစွာ ကယ် တင်ခြင်း သဘောပေါက် လက်ခံ၍ မျက်ရည်များနှင့် သက်သေခံ ကြသည်။ လူငယ် ၂၅ယောက်ဗတ္တိဇံမင်္လာခံ ကြသည်။ စနေနှင့် တနင်္နွေနေ့များကို Battle Creek  မြို့၌ ပြောင်းရွှေ့ကာ ဝတ်ပြု အစည်းအဝေး ပြုလုပ်သောအခါ လူ၃၀၀ ခန့်ပါဝင်ကြရာပွဲတော် ကြီးနှင့် တူသည်။ လူတိုင်း ဝမ်းမြောက် အားရကြသည်။ နောက်နှစ်လူငယ်သင်တန်းကို Kentucky ပြည်နယ်တွင် ဇူလိုင် လတွင် ကျင်းပဘို့ရန် ရှိပါသည်။ ချီဆောင်ခြင်း မဖြစ်သေးပါက ထိုသင်တန်းသို့ လူငယ်တိုင်း ပါဝင်ဘို့ရန် ဘိတ်ခေါ်အပ်ပါသည်။ 
 

ခရီး စဉ်များ 

  • ဆရာအား ဆာ၊ ဆရာယောသပ်နှင့် ဆရာမနော်ရိမ်းတို့သည် ဇူလိုင်လ ၁၃-၁ ၉ ရက်နေ့များတွင် ချီကားကိုး မြို့သို့ ဧဝံဂေလိ တရားဟော ထွက်ခဲ့ကြပါသည်။ သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် သွားလေ ရာရာမှာအများအားဖြင့် သက်သေခံသောအခါ ဝိညာဉ်ပိုင်းဆာငတ်သောသူများနှင့် တွေ့ကြုံကြရသည်ဟု သက်သေခံကြပါသည်။ 
  • ဆရာဗန်ထာအုပ်လည်း လူငယ်စခန်းသွင်းကျမ်းစာ သင်တန်းအပြီးတွင် သူခေါ်လာသော Nashville, KY မှလူငယ်များ ပို့ရင်းထိုုမြို့၌ ထိုလူငယ်များကို တပတ်နောက်ဆက်တွဲကျမ်းစာ သင်ပေးခဲ့ပါသည်။ အောင်မြင် အားရကြောင်း သက်သေခံသွားပါသည်။ 
  • ဩစ​တြေးလျနိင်ငံမှလာရောက်သော ဆရာမိုးမိုးသည် လူငယ်ကျမ်းစာသင်တန်းမှ Kansas မြို့သို့ကို မိုက်ကယ်နှင့် လိုက်ပါသွားကာထိုမြို့၌ ကျမ်းစာ သင်တန်း ပြုလုပ် ပါသည်။ 
  • ဆရာယောရှုလည်း လူငယ်ကျမ်းစာ သင်တန်းမပြီးတွင် တပတ်ကြာ Indianapolis GBC(Chin)  အသင်းတော်၌ ကျမ်းစာ သင်တန်း တပတ် ပြုလုပ် ရာအောင်မြင် စွာ ပြီးစီး၍ အပတ်တိုင်း သက်သေခံမည့်သူ ၂၅ ခန့်စာရင်းပေး ကြသည်ဟု သိရှိရပါသည်။ 
  • ဆရာ Eng လည်း သင်တန်းအပြီးတွင် Battle Creek GBC ၌ တပတ် တာကျမ်းစာ သင်တန်းပေးခဲ့ပါသည်။ 
  • ဆရာမဟန္နကျုံးသည် ဇူလိုင်လ ၂၀-၂၆ ရက်များ အတွင်း ပဌမ အကြိမ် သူကိုယ်တိုင် တယောက် တည်းကား မောင်း၍ Kentucky Louisville Falam Church သို့ ကျမ်းစာ သင်တန်းပေးခဲ့ပါသည်။ 
  • ဆရာအား ဆာ၊ ဆရာယောသပ်နှင့် ဆရာမနော်ရိမ်းတို့သည် Kentucky Bowling Green သို့ သက်သေခံ တပတ်သွားခဲ့ကြကာ ဝိညာဉ် အစာငတ် သူများနှင့် တွေ့ကြ၍ အလွန် အားရကြောင်း သတင်း ပေးပို့ပါသည်။ 
  • ဆရာမဟန္န၊ မအေမာ၊ မသဲပုံတို့သည် Nashville, KY သုံးရက်ကြာ ဧဝံဂေလိ တရားဟောထွက်ကြရာဝမ်းမြောက် စွာ၊ အောင်မြင်ခြင်းနှင့် ပြန်လာ ကြပါသည်။ 
  • ဆရာမောဇက်နှင့် ဆရာအာဆာတို့သည် ချီကာကိုး မြို့သို့ ဤစာ ရေးနေချိန်တွင် သင်တန်းပေးဘို့ ထွက်ခွါသွားကြပါသည်။ 
  • အသင်းချုပ် သာသနာ ပြုဌါနမှ ထောက်ပ့ံသော အမှုတော်ဆောင် ၆ ဦးရှိပါသည်။ ထို့အပြင် ထောက်ပံ့ခြင်း မရရှိ သေးသော ဆရာဆရာမ ရဦးရှိ ပါသေးသည်။ ထိုသူများအတွက် မေတ္တာစေတနာဖြင့် ဆုတောင်း ပေးလှူနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။ 


 မြန်မာနိင်ငံ၌ မိုးကြီးခြင်း 

မြန်မာနိင်ငံ၌ ဇူလိုင်လ ၁၆ ရက်နေ့မှစတင်၍ ရွာသောကိုမင် (Komen) မုတ်သုန်မိုးကြောင့် တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ၁၁ ခု၌ ထိ ခိုက်၍ အရေးပေါ်ဒေသအဖြစ် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ကို အစိုးရက ကျေညာခဲ့သည်။ မိုးရေ အလွန်များသောကြောင့် အိမ် များစွာ ပျိုပျက်၍ မြို့ရွာများရေလျှံသောကြောင့် လူနှင့် အိမ်မွေး တိရစ္ဆာန် များစွာ သေကျေ ပျက်စီးရ ကြသည်။ လယ်များရေလျှံသောကြောင့် စိုက်ခင်းများ ပျက်စီးကုန်သည်။ လမ်းနှင့် တံတားများ ပျက်စီးသောကြောင့် ဆက်သွယ်ရေးလည်း ပျက်၊ အလွန် ဒုက္ခ ရောက်ရကြသည်ဟု သိရသည်။ ဆန်တအိတ်ကျပ်တသိန်းအထိ တက်သွားသည်ဟု ကြားသိရသည်။ မြန်မာ နိင်ငံသာမက အိမ်နီးချင်းဘင်္လားဒက်နိင်ငံနှင့် အိန္ဒိယပြည် ရှိမဏိပူရ ပြည်နယ်တွင်လည်းရေကြီး ကာလူသေခြင်းနှင့် အိုးအိမ်များ ပျက်စီးကြောင်း သတင်း သိရှိရသည်။ ထိုဒုက္ခသည် သွေးရင်းသားရင်းများအတွက် တတ်နိုင် သမျှ ကူညီခြင်းနှင့် ဆုတောင်းခြင်းများပြုလုပ် ကြပါစို့။ 

မြန်မာနိင်ငံတွင် ၂၀၀၈ ခုနှစ်၌ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့၌ မိုးနှင့် လေကြောင့်လူတစ်သိန်း​ခြောက်သောင်းကျော် သေဆုံးခဲ့ဘူးသည်။ ယခုနှစ်ကို မင်မုန်တိုင်းသည်လည်း မြန်မာ့သမိုင်းတွင် မကြုံဘူး၊ အလွန် ကြီးမားသော သဘာဝ ဒုက္ခ ပျက်စီးခြင်း (Natural Disaster)  ဖြစ်သည်။ ထိုသဘာဝ ပျက်စီးခြင်းသည် တား၍ မရ၊ ပို၍ ပို၍ တနှစ်ပြီး တ နှစ်များ ပြားလာသည်။ ကိုယ်တိုင် ဒုက္ခ ရောက်၊ မကြုံတွေ့လျှင်လည်း ကိုယ်နှင့် စပ်ဆိုင်သော ဆွေမျိုးသား ချင်းများ၌ ထိခိုက်သောအခါ လှစ်လှုိရှု၍ မရတော့ပါ။ နှစ်တိုင်း၊ လတိုင်း၊ နေ့တိုင်း တကမ္ဘာလုံး၌ မီးတောင်ပေါက်ကွဲခြင်း၊ မိုးရေကြီးခြင်း၊ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ မိုးသီးကျခြင်း၊ မြေ ငလျှင်လှုပ်ခြင်း၊ မိုးခေါင်၍ ရေရှားခြင်း၊ အပူလှိုင်းမိခြင်း၊ အလွန် ထူသော နှင်းများ ကျခြင်းများသတင်း ခေါင်းပိုင်း၌ တွေ့ မြင်ဖတ်ရှုနေရသည်။ 
 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG