GOODNEWS
  HOME  GOODNEWS  2015 JUL
 


အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်သည် ယနေ့ တိုင်အောင် ခံစား ကြရသေးသည်။ သို့သော် ကျေးဇူးတော် ကာလသည် အလျှင်အမြန် ကုန်ဆုံးနေပြီ။ မကြာမှီ ချီဆောင်ခြင်း ဖြစ်နိုင်သည်။ အကြောင်းမှာ စက်တဘ်ာလ ၁၃ ရက်နေ့သည် တံပိုးမှုတ်ပွဲ ဖြစ်သည်။ ခရစ်တော်သည် နောက်ဆုံးသော တံပိုးမှုတ်သောအခါ ဆင်းသက်လိမ့်မည် ဟုဆိုသည် (၁ သက်)။ ထိုအပြင် စက်တဘ်ာလ ၁၅ ရက်နေ့တွင် ပါလက်စတိုင်း နိင်ငံ ထူထောင်ဘို့ ကမ္ဘာ့ ကုလသမဂ္ဂ၌ ဆွေးနွေးကြမည် ဖြစ်သည်။ ထိုမူကြမ်းကို ပြင်သစ်နိင်ငံ ကရေးဆွဲကာ အမေရိကန်ကထောက်ခံဘို့ ရှိသည်။ ယခင်ကအမေရိကန်အစိုးရက ဗိတိုအာဏာဖြင့် ကန့်ကွက်လေ့ရှိသောကြောင့်် မဆွေးနွေးဘဲပြီး ဆုံးသွားတတ်သည်။ ယခုမူအမေရိကန်အစိုးရက မကန့်ကွက်ရုံသာမက ထောက်ခံဘို့ ရှိနေသည်။ ထိုသို့ ပါလက်စတိုင်း နိုင်ငံထူထောင်ပါက ဘုရား၏ မျက်ဆံတော်ကို ထိခြင်း ဖြစ်မည် (ဇာ ၂:၈)။ ထိုအခါ အစ္စရေးနိင်ငံကို စစ်တိုက်ကြလိမ့်မည် (ဇာ ၁၂-၁၄)။ ထိုအချိန် မတိုင်မှီတွင် ယုံကြည်သူများချီဆောင်သွားနိုင်သည်။ 

ဣသရေလ လူများကို ဘုရားသခင်က ခုနှစ်နှစ်မြောက်တွင် တနှစ်လုံးလယ် မထွန်သီးနှံမရိတ်သိမ်းဘဲ နားခိုင်းသည်။ ထိုနှစ်ဥပုသ်ကို စောင့်နိုင်ရန် ​ခြောက်နှစ် မြောက်၌ သီးနှံကို သုံးဆပေးတတ်သည်။ သို့သော် ဣသရေလ လူများသည်လောဘကြောင့် ခုနှစ်နှစ်မြောက်တွင်လည်း လယ်လုပ်တတ်သောကြောင့် ဘုရား အမျက်တော် ထွက်ကာဗာဗုလုန်​ကျွန်ခံ စေခဲ့သည်။ တပတ်လျှင် ခုနရက်မြောက်နေ့သည် ဥပုသ်စောင့်ကာအလုပ်နားခိုင်းသည်။ ထိုအရာကိုလည်း လောဘကြောင့် ဥပုသ်မ စောင့်ဘဲ အလုပ်လုပ်တတ်ကြသည်။ အမေရိကန်နိင်ငံသည် အစ္စရေးနိင်ငံကဲ့သို့ဖြစ်သည်။ ဘုရားကို လွတ်လပ်စွာကိုးကွယ်လိုသောကြောင့် ဥရောပမှဘာသာရေးလွတ် လပ်ဘို့ အတွက် လာကြ၍ ဘုရားသခင်ကို ဦးထိပ်ထားကိုးကွယ်သော နိင်ငံ ဖြစ်ခဲ့သည်။ 

ထို့ကြောင့် ဤနိင်ငံကို ဘုရားသခင်က ကောင်းကြီး ပေး၍ လူတိုင်း လာချင်သော တိုင်း နိင်ငံ ဖြစ်လာသည်။ သို့သော် ယခုအခါ တနင်္နွေနေ့တွင် စက်ရုံအလုပ်ရုံများမနားတော့ဘဲ အလုပ်သမားများကို အလုပ်လုပ်ခိုင်းကြပြီ။ အလုပ်လျှောက်သောအခါ၌လည်း တနင်္နွေနေ့လုပ်နိုင်မှာသာလျှင် အလုပ်ခန့်ခြင်းသည် ဘုရားကိုတော် လှန်ခြင်း တိုက်ခိုက်ခြင်း ဖြစ်သည်။ တနင်္နွေနေ့ အလုပ်လုပ်ခြင်းဖြင့် ဘုရားရှိခိုး၍ မရအောင် လုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရား၏ အမျက်တော် တခုုပြီး တခုခံစား နေရကြသည်။ 

ခုနှစ်နှစ်မြောက်ဥပုသ်မစောင့်သောကြောင့် ဣသရေလများနှစ်ပေါင်းရဝ ဗာဗုလုန်​ကျွန်ခံခဲ့ရပြီ။ အမေရိကန်ပြည် ထောင်စုလည်း၂၀၀၁ ခုနှစ် စက်တဘ်ာလ ၁၁ ရက် နေ့တွင် ထွင်းတာဝါ ( ဤတငည အသတနမ)ကို လေယဉ်ကတိုက်ခြင်းဖြင့် အမေရိကန် နိင်ငံ၏ ဂုဏ်နှင့် ဝါကြွားခြင်းကို ချိုးနှိမ်ခဲ့သည်။ ထိုနှစ်သည် ဥပုသ်နှစ် ဖြစ်သည်။ ၂၀၀၈လည်း ဥပုသ်နှစ် ဖြစ်သည်။ ထိုနှစ်စက်တဘ်ာလတွင် စီးပွားရေးကပ်ဆိုက်ရောက်ကြောင်း သမတဘုတ်ကကျေညာခဲ့သည်။ ယခု ၂၀၁၅ နှစ်သည်လည်း ဥပုသ်နှစ် ဖြစ်သည်။ ဥပုသ်နှစ်သည် ယုံကြည်ခြင်းရှိပါက ကောင်းကြီး ခံစားရသည် နှစ် ဖြစ်သော်လည်း ဘုရား စကား နားမထောင်လျှင် ကျိန်ခြင်းနှင့် တရားစီရင်ခြင်း ခံရသော နှစ် ဖြစ်တတ်သည်။ ယခုအမေရိကန်ပြည် သူများနှင့် အုပ်ချုပ် သူများသည် ဘုရားသခင်ကို ယုံကြည်သည်ထက် ပို၍ ပို၍ တိုက်ခိုက် လာသောကြောင့် အလွန် စိုးရိမ်စရာ ရှိသည်။ 

ယခုနှစ်စက်တဘ်ာလတွင် တခုခု ဖြစ်နိုင်သည်။ ထို့ကြောင့် ကယ်တင်ခြင်းသို့ မရောက် သေးသောသူများ အနေဖြင့် အမြန်ဆုံး ကယ်တင်ခြင်းသို့ ရောက်ဘို့ လိုအပ်သည်။ ကယ် တင်ခြင်းသို့ ရောက်ပြီးသောသူများ အနေဖြင့် ကယ်တင်ခြင်းသို့ မရောက် သေးသောသူများအတွက် ဆုတောင်းခြင်း၊ သက်သေခံခြင်း၊ ဝေငှခြင်းများကို အလျှင်အမြန် ပြုလုပ်ဘို့ လိုအပ်သည်။ သို့မဟုတ် မြောက် များစွာသော ဝိညာဉ် များသည် ငရဲမီးအိုင် ထဲသို့ ဆင်းသွားကြရမည် ဖြစ်သည်။ 

ယခုလစာစောင်၌...

  • ကောင်းကင် စွဲလမ်းခြင်း 
  •  အဘယ်ကြောင်း နည်း
  •  နောက်ဆုံးသော ကာလ၏ နိမိတ်များ 
  • ကျမ်းစာဖတ်ကြစို့  ( ဗျာဒိတ်ကျမ်း၁၈) 
  • အမှုတော်ဆောင်သင်တန်း
  • သက်သေခံချက်များ

 

ကောင်းကင် စွဲလမ်းခြင်း 

လူတိုင်း သင်ပေးစရာ မလို၊ တိုက်တွန်းစရာ မလိုဘဲ ဤလောကကို ချစ် ကြသည်။ ဤလောက စွဲလမ်းလွန်းသောကြောင့် ကောင်းကင်နိင်ငံကို စွဲလမ်းခြင်း လုံးဝ မရှိကြချေ။ ကယ်တင်ခြင်းသို့ မရောက်သောလောကသားများက ဤလောကကို စွဲ လမ်းခြင်းသည် မဆန်းပါ။ အကြောင်းမှာ သူတို့သည် ငရဲသွားမည့်သူများဖြစ်၍ ဤလောက၌ ခဏအရသာခံခြင်းသည် သင့်လျော်သည်။ သို့သော် ကယ်တင်ခြင်းသို့ ရောက်၍ ကောင်းကင်နိင်ငံတက်မည့်သူများကပါလောကကို စွဲလမ်းခြင်းသည် မသင့် လျော်ချေ။ အကြောင်းမှာ ကောင်းကင်နိင်ငံနှင့် နှိုင်းယှဉ်သောအခါ ဤလောကသည် လုံးဝ စွဲလမ်းသင့်သောအရာ မဟုတ်ချေ။ ကျမ်းစာက၊ “အထက် ဆိုခဲ့ပြီးသည် အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက် ကြသည် မှန်လျှင်၊ ဘုရားသခင်၏ လက်ျာတော် ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူ ရာအရပ်၌ ရှိသော အထက် အရာတို့ကို ရှာကြလော့။ မြေကြီးပေါ်မှ ာ ရှိသောအရာ တို့ကို စွဲလမ်းသော စိတ်မရှိကြနှင့်။ အထက် အရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြလော့။ အကြောင်းမူကား၊ သင်တို့သည် သေသောသူ ဖြစ်၍ သင်တို့ အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက် ရှိ၏။ ငါတို့ အသက် တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ၊ ငါတို့သည်လည်း ထိုသခင်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလတံ့။” ဟုဆိုထားသည် (ကော ၃:၁-၄)။ 

 ယုံကြည်သူများသည် ကောင်းကင် ရောက်မည်ဟု ပေါ့လျောစွာ နားလည် ကြသည်။ ခရစ်တော်နှင့်အတူ ထမြောက် ခြင်းသည် ငါတို့၏ အသက် တည်းဟူသော ခရစ်တော် ရှိသော အထက်ကောင်းကင် အရာတို့ကို စွဲလမ်းဘို့ရန် ဖြစ်သည်။ သို့သော် မယုံကြည်သူ၊ နာမည်ခံ ခရစ်ယာန်များကဲ့သို့ ဤလောကအရာများကိုသာ စွဲလမ်းခြင်းသည် အလွန် ဝမ်းနည်းစရာ ဖြစ်သည်။ ကောင်းကင်နိင်ငံသည် ယုံကြည်သူများအတွက် အမေရိကန်လောက်ပင်မစွဲလမ်းကြချေ။ 

 “အာဗြဟံသည် အမွေခံ ရလတံ့သော ပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင် မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။ သူတပါးပိုင်သော ပြည်၌ ဧည့်သည် နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ ယုံကြည်ခြင်းအားဖြင့် ဧည့်သည် ဖြစ်၍ နေ၏။ ထိုဂတိတော်ကို အမွေခံ ရသော အဘော်အဘက် တည်းဟူသော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲ၌ နေလေ၏။ အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲ+မံသော မြို့ကို မြော်လင့်သတည်း။” (ဟေ ၁၁ ; ၈-၁၀) 

ဘုရားသခင်က အာဗြဟံကို ခေါ်သောအခါ အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင် မသိဘဲလျက် ယုံကြည်ခြင်းအားဖြင့် ထွက်သွားသည် ဟုဆိုသည်။ ယ နေ့ ယုံကြည်သူများသည် ဘုရားသခင်က ခေါ်သောအခါ လုံးဝ မသွားချင် သောသူများလှသည်။ သူတို့ ခေတ်တွင် ခရီး သွားခြင်းသည် လုံးဝ လွယ်ကူမည် မဟုတ်ပါ။ လုံ ခြုံမှုလည်း မရှိ။ သို့သော်လည်း အာဗြဟံသည် ဘုရား ခေါ်ရာ နောက်လိုက် သွားရဲခြင်းသည် ကြီးမားသော ယုံကြည်ခြင်း ဖြစ်သည်။ ခါနန်ပြည် ရောက်သောအခါ၌လည်း မက်မောစရာ ဘာမျှမရှိ။ ရောက်ရောက်ခြင်း အစာ ခေါင်းပါး သေးသည် (က ၁၃)။ သူသည် ခါနန်ပြည်၌ အခိုင်အမာအတည်တကျမနေရဘဲ ဧည့်သည် ကဲ့သို့ တဲ၌ သာနေရသည်။ သို့သော် သူသည် ခါနန်ပြည်ထက် ကောင်းသော ဘုရားသခင် တည် ထောင်ပြုစုတော်မူသော ခိုင်ခံ့မြဲမြံသော မြို့ကို မြော်လင့်သည် ဟုဆိုသည်။ သူ့အရင် ပုံသက်သေလည်း ကြည့်စရာ မရှိ။ ကျမ်းစာလည်း မရှိ။ သို့သော် ဘုရားသခင်ကို ယုံ ကြည်သည်။ ယနေ့ ယုံကြည်သူများအတွက် ကျမ်းစာ ရှိ၍၊ ပုံသက်သေမြောက် များစွာလည်း တွေ့မြင်နေရသည်။ သို့သော် ဘုရား တည်ထောင်သော ခိုင်ခံ့မြဲမြံသော ကောင်းကင် ရွှေပြည်ထက်လောကသားများဆောက်သော အိမ်များကို ပို၍ စွဲလမ်း ကြသည်။ 

 “ယခုဆိုခဲ့ပြီး သောသူ အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သော အကျိုး ကျေးဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှ ာ တ​ကျွန်းသူတနိင်ငံသား၊ ဧည့်သည် အာဂန္တု ဖြစ်သည်ကို ထင်ရှားစွာ ဝန်ခံလျက်၊ ယုံကြည်ခြင်း စိတ်နှင့် သေလွန်ကြ၏။ ထိုသို့ ဝန်ခံသော သူတို့သည် မိမိတို့ အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်း ပြောဆို ကြ၏။ ထို သူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည် မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ၏။ ထိုပြည်ကို မအောက်မေ့ဘဲ၊ ကောင်းကင် ပြည် တည်းဟူသော သာ၍ မြတ်သော ပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့နှင့် သူတို့၏ ဘုရား ဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ၊ သူတို့ နေစရာဘို့ မြို့ကို တည်ထောင်တော်မူပြီ။” (ဟေ ၁၁:၁၃-၁၆) 

အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့သည် ဂတိတော်နှင့် ဆိုင်သော အကျိုးကျေး ဇူးကို မခံရဘဲ အဝေးမှ မြော်မြင်လျက် စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှ ာ တ​ကျွန်းသူတနိုင်ငံ သား၊ ဧည့်သည် အာဂန္တု ဖြစ်သည်ကို ထင်ရှားစွာ ဝန်ခံလျက်၊ ယုံကြည်ခြင်း စိတ်နှင့် သေလွန်ကြ၏ ဟုဆိုသည်။ ယနေ့ ယုံကြည်သူများသည် မမြဲသော ဤလောက၌ ဧည့်သည် ကဲ့သို့ မဟုတ် အိမ်ရှင်ကဲ့သို့ နေကြသည်။ အာဗြဟံတို့သည် အထက်ကထွက်သော ပြည်၊ ဥရအရပ်ကို အောက်မေ့ပါက ပြန်သွားနိုင်သည်။ ဥရအရပ်သည် မြစ်ဝှမ်းတလျှောက် မြေဩဇာကောင်းသော နေရာ ဖြစ်သည်။ သို့သော် ထိုပြည်ကို မအောက်မေ့ကြချေ။ ထို့ထက် အောက်ကင် ပြည် သာ၍ မြတ်သော ပြည်ကို တောင့်တသောကြောင့် ဘုရားသခင်က အာဗြဟံ
ဘုရား၊ ဣဇက်၊ ယာကုပ်၏ ဘုရားဟု ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူဟု ရေးထားသည်။ ယနေ့ ဘုရားသခင်သည် ယုံကြည်သူများ၏ ဘုရား ဖြစ်ချင် မည်လော၊ ရှက် မည်လောဟူသောအရာကို ကောင်းစွာအချိန် ယူစဉ်းစားပါ။ 

 “အချို့သော သူတို့သည်၊ သာ၍ မြတ်သော ထမြောက် ခြင်းသို့ ရောက်လိုသောငှါ၊ လွှတ်ခြင်းကို မခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။ အချို့သော သူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ခြည်နှောင်ခြင်းကို ခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံ စမ်းခြင်းကို ခံရကြ၏။ ကျောက်ခဲနှင့် ပစ်ခြင်း၊ လွှနှင့် အပိုင်းပိုင်းတိုက်ဖျက်ခြင်း၊ စုံစမ်း နှောက်ရှက်ခြင်း၊ ထားလက်နက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ အလွန် ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍ လှည့်လည်ရကြ၏။ ဤလောကသည် ထို သူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင် မြေတွင်း ထဲမှာအပြောင်းပြောင်းအလည်လည်နေရကြ၏။” (ဟေ ၁၁:၃၅-၃၈) 

ရှေး ယုံကြည်သူများအတွက် ဤလောကသည် နေဘို့ရန် မထိုက်တန်ဟုယူဆသောကြောင့် ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရ ကြသည်။ ဤလောက၌ ဇိမ်မခံ လိုကြ၊ ထို့ထက် ကဲ့ရဲ့ခြင်း၊ ရိုက်ပုတ်ခြင်း၊ ခြည်နှောင်ခြင်း၊ ထောင်ချခြင်း၊ ကျောက်ခဲနှင့် ပစ်ခြင်း၊ လွှနှင့် အပိုင်းပိုင်းဖြတ်ခြင်း၊ ထားနှင့် ကွပ်မျက်ခြင်းများ၊ ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍ လှည့်လည် ကြသည်။ ယနေ့ ယုံကြည်သူများသည် ရှေး ယုံကြည်သူများနှင့် လုံးဝ ဆန့်ကျင်သည်။ ဤလောက၌ ဇိမ်ခံလို၍ ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်း ပင်မခံနိုင်ကြချေ။ ယုံကြည်ခြင်း အတွက် ရိုက်ပုတ်ခြင်း၊ ထောင်ချခြင်း၊ သတ်ဖြတ်ခြင်းတို့သည် အလွန် ဝေးသည်။ အတွေးထဲ၌ ပင် မရှိချေ။ ထို့ကြောင့် ကျမ်းစာက၊ “လူသားသည် ကြွ လာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှ ာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။” (လု ၁၈:၈)။ 

တမန်တော် ယောဟန်က၊ “လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ် မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်း တော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရ တည်၏။” (၁ ယော ၂:၁၅-၁ရ)ဟု ရေးထားသည်။ အဘယ်ကြောင့်လောကကို မချစ်သင့်သနည်းဟူမူကား၊ လောကကို ချစ်သောသူသည် ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ ဟုဆိုသည်။ ထို့အပြင် လောကအရာတို့သည် ခဏသာတည်၍ ကွယ်ပျောက်သွားမည် ဖြစ်သည်။ 

ယေရှု၏ ညီယာကုပ်က ယောဟန်ထက်လောကကို ချစ်သောသူကို ပြင်းပြင်း ထန်ထန်အပြစ် တင်သည်။ သူက၊ “မတရားသော မေထုန်၌ မှီဝဲသော ယောကျ်ားမိန်း မတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင့်ဘက် ဖြစ်သည်ကို မသိကြ သလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည ဘုရားသခင်၏ ရန်သူ ဖြစ်၏။” (ယာကုပ် ၄:၄)ဟု ရေးထားသည်။ အဘယ်ကြောင့်လောကကို ချစ်သောသူသည် မတရားသော မေထုန်၌ မှ​ဲဝဲသောသူ ဟုဆိုသနည်း။ အကြောင်းမှာ ဤလောကသည် စာတန် ဥစ္စာ ဖြစ်သည် (လု ၄:၅)။ စာတန် ပိုင်သော ဤလောကကို ချစ်သောသူသည် စာတန်ကို ချစ်ခြင်း ဖြစ်သည်။ စာတန်ကို ချစ်သောသူသည် ဘုရား အမြင်၌ အခြားဘုရားကိုးကွယ်ခြင်း ဖြစ်၍ မတရားသော မေထုန်ပြုခြင်း၊ သို့မဟုတ် အခြားယောက်ျားမိန်းမနှင့် မှားယွင်းခြင်း ကဲ့သို့ဖြစ်သည်။ ထို့ကြောင့် လောကကို ချစ်သောသူသည် ဘုရား၏ ရန်သူ ဖြစ်သည် ဟုဆိုရခြင်း ဖြစ်သည်။ 


အဘယ်ကြောင့်နည်း

အဘယ်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ပြီးသော ယုံကြည်သူများဘုရားသခင်ခိုင်းသောအရာကို မလုပ်နိင်ကြသနည်း။ အဘယ်ကြောင့်အသက်တာကို ဘုရား မအုပ်စိုးစေကြသနည်း။ အဘယ်ကြောင့်ဘုရားရှိခိုးခြင်း၊ သမ္မာတရား ကြားနာခြင်းကို ကြာရှည်မခံနိုင်ကြသနည်း။ အဘယ်ကြောင့်ဘုရား အတွက် မဆက်ကပ်နိုင်ကြသနည်း၊ အဘယ်ကြောင့်ဘုရား အတွက် မလှူဒါန်းနိုင်ကြသနည်း၊ ကျမ်းစာကို မဖတ်ကြ၊ ဖတ်လျှင်လည်း နားမလည် နိုင်ကြသနည်း၊ စသည်ဖြင့် မေးခွန်းမြောက် များစွာ မေးစရာ ရှိသည်။ ထိုအရာအားလုံး ၏ အ​ဖြေသည် ဘုရားသခင်ကို ချစ်၊ ကြောက်၊ ရိုသေခြင်း မရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်က သူ့ကို အချစ်ဆုံး၊ အကြောက်ဆုံး၊ အရိုသေအလေး စားဆုံး ဖြစ်စေချင်သည်။ သို့သော် သူ၏ သားသမီး များသည် ထိုအရာများ လုံးဝ မရှိသောကြောင့် အထက်ပါကဲ့သို့ ဘုရားနှင့် ပတ်သက်လာလျှင် အလွန် ခက်ခဲ နေကြသည်။ ချစ် သူအတွက် ဘာမဆိုလုပ်ပေးနိုင်သည်။ ချစ်သူအတွက် အကုန်အကျခံနိုင်သည်။ ချစ်သူနှင့် တွေ့မည်ဆိုလျှင် မည်မျှပင်ဝေးပါစေလာနိုင်သည်။ ချစ်သူနှင့်အချိန် ကြာကြာနေလျှင်လည်း ခဏဟု ထင်ရသည်။ လေးစားသော ပုဂ္ဂိုလ်အတွက်လည်း ဘာမဆိုတတ်သည်။ အလွန် ကြောက်သောသူခိုင်းသမျှလည်း လုပ်နိုင်သည်။ သို့သော် ယုံကြည်သူများသည် ဘုရားသခင်ကို ချစ်လည်း မချစ်၊ လေးစားမှုလည်း မရှိ၊ ကြောက်လည်း မကြောက်သောကြောင့် ဘုရားနှင့် ပတ်သက်လာလျှင် နှမျှော်သည်။ ဘုရားနှင့် ပတ် သက်လာလျှင် အချိန်လည်း မပေးချင်၊ သူ့အကြောင်းလည်း မကြားချင် ကြချေ။ 
 
အချစ်ဆုံး ဖြစ်ရမည်

ဘုရားသခင်က၊ “အို ဣသရေလ အမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသလ္လိရှိသမျှနှင့် ချစ်လော့။ 
ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ ထိုင်လျက် နေသည် ဖြစ်စေ၊ ခရီး၌ သွားသည် ဖြစ်စေ၊ အိပ်လျက်၊ ထလျက် ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။ ထိုစကား ကိုလည်း သင်၏ လက်၌ လက္ခဏာသက်သေဘို့ ရာ၎င်း၊ သင်၏ မျက်စိကြားမှာသင်း ကျစ် ကဲ့သို့၎င်းချည်ထားရမည်။ အိမ်တံခါး၊ မြို့တံခါးတို့၌လည်းရေးထားရမည်။ (တရား၆:၄-၉) ဟုဆိုထားသည်။ 

စိတ်နှလုံးအကြွင်းမဲ့နှင့် ချစ်ခြင်း ဆိုသည်မှာ ရီးစားကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ချစ်ပါက စိတ်နှလုံးအထဲ၌ သူနှင့် ပြည့်၍ အခြားသောသူများ ချစ်မည့် နေရာမရှိ တော့ချေ။ စိတ်နှလုံးတဝက်နှင့် ချစ်ပါက အခြားသူကို ချစ်ဘို့ရန် နေရာရှိသေးသည်။ ထို့ကြောင့် အချို့သောသူများသည် ချစ်သူတယောက် မက ထားကြခြင်း ဖြစ်သည်။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ပါက အခြားသော အရာများကို ချစ်နိုင်တော့မည် မဟုတ်။ ဘုရားသခင်က သူ၏ လူဣသရေလ လူများက သူ့ကို စိတ်နှလုံးအကြွင်း မဲ့ချစ်ဘို့ မှာထားသည်။ 

အစွမ်းသတ္တိရှိသမျှနှင့် ချစ်ခြင်းသည်လည်း စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်းနှင့် ဆက်စပ်နေသည်။ စိတ်နှလုံးအကြွင်းမဲ့နှင့် ချစ်သောသူအတွက် အစွမ်းသတ္တိရှိသမျှ ထုတ်ဘို့ရန် မခက်ခဲချေ။ ဆိုလိုသည်မှာ စိတ်နှလုံးအကြွင်းမဲ့ချစ်သူတွေ့ဘို့ရန် မည်မျှပင်ဝေးပါစေသွားနိုင်သည်။ အပင်ပန်းခံနိုင်သည်။ ချစ်သူအတွက် သတ္တိလည်းရှိသည်။ ထိုသို့ ချစ်သောကြောင့် အားနည်းသော မိန်းခလေးများပင် မိဘကို မကြောက် ရီးစား နောက်လိုက် သွားတတ်သည် မဟုတ်လော။ အလွန် ချစ်သောသူအတွက် အရာရာကို စွန့်နိုင်သည်၊ ခံနိုင်သည်၊ ပေးနိုင်သည်။ ဘုရားသခင်ကလည်း ဣသရေလ လူများက အစွမ်းသတ္တိရှိသမျှနှင့် ချစ်စေချင်သည်။ ထိုသို့ ချစ်ပါက ဘုရားသခင် အတွက်လုပ်ဘို့ရန် အဘယ်အရာမျှ ခက်ခဲမှု ရှိတော့မည် မဟုတ်။ 

ဘုရားသခင်က သူ့ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ဘို့ရန် နှလုံးသွင်းရမည်။ ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ ထိုင်လျက် နေသည် ဖြစ်စေ၊ ခရီး၌ သွားသည် ဖြစ်စေ၊ အိပ်လျက်၊ ထလျက် ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်၊ ဟု မှာထားသည်။ ထို့ကြောင့် ဤကျမ်းပိုဒ်ကို အရေးကြီးဆုံး အဖြစ် ထား၍ သင်းကျစ်တည်း ဟူသောသားရေသတ္တာလေးကို လုပ်၍ နဖူး၌ ချည်ထားကာလက်ဝဲလက်၌လည်း ကြိုးပတ်ထားတတ်ကြသည်။ ထိုအပြင်ဘုရား ချစ်ဘို့ရန် အိမ်တခါးမြို့တခါးတို့၌လည်းရေးထားရမည် ဟုဆိုသည်။

ဘုရားထက် ချစ်သူရှိ

ဘုရားသခင်က အထက်ပါကဲ့သို့ မှာထားသော်လည်း ဣသရေလ လူများသည် ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ကြသလော။ သူတို့၏ သမိုင်းတလျှောက်ကို ကြည့်ပါက မချစ်ကြပါ။ ဘုရားထက် ရုပ်တုများကို ချစ် ကြသည်။ ထို့ကြောင့် ထာဝရဘုရား မှာထားသော အရာများကို လုံးဝ နားမထောင်ကြ၊ မလုပ်ကြချေ။ ကိုယ်မချစ်သောသူအတွက် အဘယ်အရာကိုမျှ မလုပ်ချင်။

ခရစ်တော် အချစ်ဆုံး

ဘုရားသခင်က ဣသရေလ လူများ၏ အချစ်ဆုံးကို လိုချင် သကဲ့သို့ ခရစ်တော်ကလည်း သူ့ကို ယုံကြည်သူများထံမှ ချစ်ခြင်းမေတ္တာကို လိုချင်ကြောင်း ဤသို့ ပြောခဲ့သည်၊ “အကြင်သူသည် ငါ့ကို ချစ်သည်ထက် မိဘကိုသာ၍ ချစ်၏၊ ထိုသူသည် ငါနှင့် မထိုက်မတန်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် သားသမီးကိုသာ၍ ချစ်၏၊ ထိုသူသည် ငါနှင့် မထိုက်မတန်။” (မ ၁၀:၃၆-၃ရ)။ ခရစ်တော် ကသ့ူကို မိဘထက်၎င်း၊ သားသမီး ထက်၎င်း၊ ချစ်ရမည် ဟုဆိုသည်။ လူသည် ကိုယ်တိုင် သားသမီး များမရှိမှီတွင် မိဘကို အချစ်ဆုံး ဖြစ်သည်။ ကိုယ်တိုင် သားသမီး များရှိ လာသောအခါ သားသမီးများကို အချစ်ဆုံး ဖြစ်သည်။ ဖြစ်လည်း ဖြစ်သင့်သည်။ သို့သော် ခရစ်တော် ကမိဘနှင့် သားသမီး များထက် သူ့ကို ချစ်ရမည်ဟု တောင်းဆိုသည်။ ဖြစ်နိုင် ပါ့မည်လော။ ခရစ်တော်က သူ့ကို ချစ်သောကြောင့် မိဘနှင့် သားသမီးများကို မုန်းရမည်ဟု မဆိုပါ။ သူတို့ထက် သူ့ကို ချစ်ရမည် ဟုဆိုသည်။ အဘယ့်ကြောင့်သူသည် အချစ်ဆုံး ဖြစ်ဘို့ တောင်း ဆိုသနည်း။

အသက် ပေးချစ်သည် 

ခရစ်တော်က ယုံကြည်သူများထံမှ အဘယ်ကြောင့် မိဘ သားသမီး များထက် ချစ် သူ့ကို ချစ်စေချင် သနည်းဟူမူကား သူကလည်း ယုံကြည်သူကို အသက် ပေးချစ် သောကြောင့် ဖြစ်သည်။ “ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကို ချစ်သည် နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။ ကိုယ်အဆွေတို့ အဘို့ အလိုငှါ ကိုယ်အ သက်ကို စွန့်ခြင်း မေတ္တာထက် သာ၍ မြတ်သော မေတ္တာသည် အဘယ်သူ၌ မျှမရှိ။” (ယော ၁၅:၁၂-၁၃)။ ခရစ်တော်ကို မိဘနှင့် သားသမီး များထက် ချစ်လျှင် သူ့အလိုလိုက်ဘို့ရန်မှာ အလွန် လွယ်ကူသောအရာ ဖြစ်သည်။ သို့သော် ယနေ့ ယုံ ကြည် သူများသည် ခရစ်တော်ထက် အခြားအရာများကို ချစ် ကြသည်။ သီချင်းအားဖြင့် ချစ်သည် ဟုဆိုသော်လည်း ကိုယ်တိုင် ခံစားချက် မဟုတ်၊ သီချင်းရေးစပ် သူများ ကရေးသောကြောင့်သာဆိုကြခြင်း ဖြစ်သည်။ စိတ်မပါသောကြောင့် ခရစ်တော် အတွက်ဘာမျှ မဆက်ကပ်နိုင်ကြခြင်း ဖြစ်သည်။ 

မည်ကဲ့သို့ ချစ်နိုင်မည်နည်း

ချစ်ခြင်း မေတ္တာသည် ခိုင်း၍ ရသလော။ ဘုရားသခင်ကလည်း ဣသရေလများက သူ့ကို စိတ်နှလုံးအကြွင်းမဲ့အစွမ်းသလ္လိရှိသမျှနှင့် ချစ်ခိုင်းသည်။ သားတော် ဘုရားကလည်း ယုံကြည်သူများကမိဘ သားသမီး များထက် ချစ်ခိုင်းသည်။ ထိုအရာသည် ဖြစ်နိုင် သလော။ ချစ်ဘို့ရန် ခိုင်း၍ ရနိုင်သလော။ ခိုင်း၍ ရသောကြောင့် ချစ်ခိုင်းခြင်း ဖြစ်မည်။ သို့ဖြစ်လျှင် မည်ကဲ့သို့ ချစ်နိုင်မည်နည်း။ ချစ်ခြင်းမေတ္တာသည် အောက် ပါအချက်များရှိလျှင် ချစ်နိုင်သည်။ အရည်အချင်းရှိသောအခါ၊ နီးစပ်သောအခါ၊ အုပ်စိုးသောအခါ ချစ်နိုင်သည်။ ထိုအရာများကို တခုချင်းလေ့လာလျှင်၊ 

အရည်အချင်း

လူတယောက်၏ အရည်အချင်းကို သိမြင်သောအခါ ချစ်နိုင်သည်။ အလွန် လှ၊ ချမ်းသာ၊ အာဏာရှိသောအခါ ချစ်နိုင်သည်။ သို့ဖြစ်လျှင် ဘုရား ချစ်နိုင်ရန်သူ၏ အရည်အချင်းနှင့် အာဏာများကို သိဘို့ လိုသည်။ ဘုရားသခင်သည် အလွန် တန်ခိုးရှိ၍၊ လူသားများကို အလွန်ခြင်း သည်။ သူ မတတ်နိုင်သောအရာ မရှိ။ သို့သော် သူ၏ အစွမ်းအစကို မသိသောကြောင့် သူ့ကို မချစ်ကြခြင်း ဖြစ်သည်။ 

နီးစပ်ခြင်း 

မြန်မာစကား ပုံ၌၊ “အိုးချင်းထားအိုးချင်းထိ၊ ကြိုးခြင်း ထားကြိုးချင်းညိ”  ဟုဆိုသည်။ နီးစပ်တိုင်း မချစ်နိုင်သော်လည်း နီးစပ်သောကြောင့် ချစ်ကြိုက်ခြင်း ဖြစ်နိုင်သည်။ သို့ဖြစ်လျှင် ဘုရား ချစ်နိုင်ဘို့ရန်မှာ သူနှင့် နီးစပ်မှု ရှိရမည်။ ဘုရားသခင်နှင့် မည်ကဲ့သို့ နီးစပ်နိုင်မည်နည်း။ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ တရားနာခြင်း၊ ဘုရား လူများနှင့် မိဿဟာယဖွဲ့ခြင်း၊ ဘုရား၏ လုပ်ဆောင်မှုများကို ဆင်ခြင်ခြင်းအားဖြင့် ဘုရားနှင့် ရင်းနှီး နိင်သည်။ 

အုပ်စိုးခြင်း 

ခရစ်တော်ကို ရရှိ၍ မိမိအသက်တာ၌ သူ့ကို အုပ်စိုးစေသောအခါ ချစ်ခြင်းမေတ္တာပွားများ လာနိုင်သည်။ အကြောင်းမူကား ဝိညာဉ်တော်၏ အသီးသည် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သည် (၁ ယော ၄:၈)။ ခရစ်တော် သို့မဟုတ် ဝိညာဉ်တော် သို့မဟုတ် ဘုရားသခင် အုပ်စိုးလာလျှင် ချစ်ခြင်းမေတ္တာသည် အလိုလို ဖြစ်လာသည်၊ ကြိုးစားစရာ မလိုတော့ချေ။ 

နောက်ဆုံးသော ကာလ၏ နိမိတ်များ 

ယခုသည် နောက်ဆုံးသောကာလ ဖြစ်ကြောင်း ကျမ်းစာနှင့် နေ့စဉ် သတင်းများကြည့်ခြင်းအားဖြင့် သိနိုင်သည်။ ကျမ်းစာသည် မြေပုံ၊ နေစဉ်ကမ္ဘာ့ အဖြစ်အပျက်် များသည် လမ်းဘေးကဆိုင်းဘုတ်များနှင့် တူသည်။ ကား မောင်းသောအခါ မြေပုံနှင့် ဆိုင်းဘုတ်ကို ယှဉ်တွဲကြည့်ရ သကဲ့သို့ ကျမ်းစာနှင့် နေ့စဉ် အဖြစ်အပျက်များကို ကြည့် တတ်ပါက မည်သည့်အ​ခြေအနေတွင် ရောက်ရှိကြောင်း သိနိုင်သည်။ သို့သော် ကျမ်းစာလည်မကြည့်၊ မဖတ်၊ ကမ္ဘာ့ အဖြစ်အပျက်များကိုလည်း မသိသောအခါအချိန် နီး မှန်း မသိနိုင်ချေ။ 

လိင်တူလက်ထပ်ခြင်း ခွင့်ပြု 

ဇွန်လ ၂၆သော ကြာနေ့တွင် အမေရိကန်တရားရုံးချုပ်မှ တရားသူကြီး ၉ ဦးမှ ၄ ဦးက လိင်တူလက်ထပ်ခြင်းကို ကန့်ကွက်သော်လည်း ၅ ဦးတို့က သဘော သူထောက်ခံလိုက်သောကြောင့် ပြည်နယ် ၅၀၌ လိင်တူလက်ထပ်ခြင်းကို တရားဝင် ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ လိင်တူဆက်ဆံခြင်း၊ လက်ထပ်ခြင်းသည် ဘုရားသခင်မုန်းသော အပြစ် ထဲ၌ အကြီး ဆုံးပိုင်းမှာပါဝင်သည်။သော ဒုံနှင့် ဂေါမောရမြို့များကို ကောင်းကင်မှ ကျသော ကန့်ရောသော မီးနှင့် ရှို့ခြင်းသည် လိင်တူဆက်ဆံခြင်း အပြစ်ကြောင့် ဖြစ်သည် (က ၁၉)။ 

ရှင်ပေါလုကလည်း ဤသို့ ရေးထားသည်၊ “သူတို့သည် မိမိတို့ ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို သူတို့ ၏ ကိလေသာစိတ်ညစ်ညူးခြင်း လက်သို့ အပ်လိုက်တော်မူ၏။ ၂၅ သူတို့သည် မှန်သော ဘုရား သခင့်အရာ၌ အမှားကို ထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကို ပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရ မင်္လာရှိတော်မူ၏။ အာမင်။ ၂၆ ထိုသို့ ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့ နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကို စွန့်၍၊ ပကတိနှင့် ဆန့် ကျင်ဘက်ထုံးစံကို လိုက်ကြ၏။ ၂၇ ထိုအတူ၊ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကို စွန့်၍ အချင်းချင်းကိလေသာစိတ်ပူလောင်သဖြင့်၊ ရှက် ကြောက်ဘွယ်သော အမှုကိုယောက်ျားခြင်း ပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့ အပြစ် ဒဏ်ကို ခံရကြ၏။ ၂၈ ထို သူတို့သည် ဘုရားသခင်ကို မသိ မမှတ်လိုသည် ဖြစ်၍၊ လျောက်ပတ်သော အမှုကို ပြုစေမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့် အညီ၊ ၂၉ သူတို့သည် အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသော မေထုန်ကို ပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကို မြင်ပျင်းခြင်းတို့နှင့် ပြည့်စုံသောသူ၊ ချောစားသောသူ၊ ၃၀ ဆဲရေးသောသူ၊ ဘုရားသခင်ကို မုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာန ထောင်လွှားသောသူ၊ ဝါကြားသောသူ၊ မတတ်ကောင်းသော အတတ်ကို စီရင် သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာ ပျက် သောသူ၊ ၃၁ မိဘသား မယားစသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်း ကရုဏာစိတ်မရှိသောသူ ဖြစ််ကြ၏။ ၃၂ ထိုသို့ ကျင့်သော သူတို့သည် သေပြစ်ကို ခံထိုက်သည်ဟု ဘုရားသခင် စီရင်တော်မူကြောင်းကို ထို သူတို့သည် သိလျက် ပင် ကိုယ်တိုင် ကျင့်သည်သာမက၊ ထိုသို့ ကျင့်သော သူတို့၌ အားရဝမ်းမြောက် ကြ၏။” (ရော ၁:၂၄-၃၂)။ ရှင်ပေါလုကထိုအပြစ်သည် သေပြစ်ခံထိုက်သည် ဟုဆိုသည်။ ကိုယ်တိုင် ထိုအပြစ် မလုပ်လျှင်လည်း ထောက်ခံသောသူသည် အပြစ်ရှိသည် ဟုဆိုသည်။ ယခုအခါ ဤနိင်ငံသည် ဘုရားထံမှ ထွက်သွားသည်သာ မကဘုရား၏ အမျက်တော်ကို နိုးဆော် နေကြသောကြောင့် ဘုရားသခင်၏ တရား စီရင်ခြင်းသည် လမ်း၌ လာနေဆဲ ဖြစ်သည်။ 

လိင်တူလက်ထပ်ခြင်း လက်မခံ၍ လုပ်ငန်းရပ်

Aaron and Melissa Klein တို့ လင်မယားသည် လိင်တူမိန်းမနှစ်ယောက်တို့၏ လက်ထပ်ပွဲအတွက် မုန့်မဖုတ်ပေးသောကြောင့် ၂၀၁၃ ခုနှစ်၌ လုပ် ငန်းရပ်လိုက်ရသည်။ ဥမနါသည ပြည်နယ်အလုပ်သမားနှင့် လုပ်ငန်းဌါန (Bureau of Labor and Industry) မှထိုမုန့်လုပ်ငန်းပိုင်ရှင်တို့အား $၁၃၅၀၀၀ လျော်ခိုင်းသည်။ အကြောင်းမှာ ထိုလိင်တူလင်မယား နှစ်ယောက်တို့သည် အလွန် စိတ်ဆိုး ဝမ်းနည်းကျေကွဲခြင်း အတွက် နစ်နာ​ကြေး ဖြစ်သည် ဟုဆိုသည်။ ယခုအခါ Aaron သည် အမှိုက်သိမ်းအလုပ်ကို လုပ်၍ သူ၏ ဇနီး Melissa သည် အိမ်၌ မုန့်ဖုတ်ခြင်း လုပ်သည်။ သူတို့သည် ထိုအကြောင်း ကိုလည်း မည်သူ့ကိုမျှ မပြောဘို့ရန် ဆီးတားသည်။ သို့သော် သူတို့သည် နားမထောင်ဘဲ လူတိုင်းထံသို့ ပြောပြ ကြသည်။ သူတို့ 
၏ သားသမီး ငါးယောက်ကိုလည်း သတ်ဘို့ရန် ခြိမ်း​ခြောက်ခြင်း ခံနေရသည်။ ထိုကိစ္စသည် သာမန် မဟုတ် စာတန်၏ လုပ်ဆောင်ချက် ဖြစ်၍ ခရစ်ယာန် တိုင်း ထိခိုက်နိုင် မည့် အ​ခြေအနေ ဖြစ်သည်။ 

လိင်တူလက်ထပ် လက်မခံလျှင် ထွက်

ဇွန်လ ၂၆ နေ့ထုတ်သတင်း http://www. wnd.com/2015/06/pen tagon-urged-to-boot-chaplains-who-oppose-gay-marriage/#HdY KjXFuwJBDXQIc.99  အရအမေရိကန်စစ်တပ် တရားဟောဆရာများ အဖွဲ့ ဥက္ကဌက လိင်တူဆက်ဆံခြင်း လက်မခံနိုင်သော စစ်တပ်ဘုရား အမှုတော်ဆောင် (Chaplains)များသည် ကိုယ့်အိပ်ရာလိပ်၍ အိမ်ပြန်ဘို့ဘဲ ရှိသည်၊ အမေရိကန်စစ် တပ်၌ သူတို့ ပါဝင်ခွင့်မရှိ ဟုဆိုသည်။ ထိုသို့ဖြစ်ပါက အမေရိကန်၏ လုံခြုံရေးသည် အလွန် စိုးရိမ်စရာ ဖြစ်လာသည်။ အကြောင်းမှာ တိုင်း နိင်ငံများသည် ဘုရား၏ လက်ထဲ၌ ရှိသည်။ ယခုအခါ ဘုရားကို ရိုးသားစွာ ယုံကြည်သော စစ်သားများနှင့် စစ်တပ်သင်း အုပ်ဆရာများသည် အခက်အခဲတွေ့ကြုံနေရ ကြသည်။ ထိုအရာသည် ငါနှင့် မပတ် သက်ဟု မိတ်ဆွေ ထင်နိုင်သည်။ အနှေးနှင့် အမြန် ပတ်သက်သည်။ ထိုမျှသာမက ဘုရား၏ တရားစီရင်ခြင်း ခံရပါက မိတ်ဆွေလည်း ခံရမည် ဖြစ်သည်။ ယုံကြည်သူတိုင်း ကိုယ့်ပတ်ဝန်းကျင်၌ ရှိသောသူများကို ဧဝံဂေလိ တရားဟောပြောကြပါစို့။

ကျမ်းစာဖတ်ကြစို့
 ဗျာဒိတ်ကျမ်း ၁၈ 


ဗျာ ၁၇ ၌ ဘာသာရေးဗာဗုလုန်ပျက်စီးခြင်း တွေ့ခဲ့ရပြီ။ ယခု ဗျာ ၁၈၌ စီးပွားရေးဗာဗုလုန်ပျက်စီးခြင်းကို လေ့လာကြမည် ဖြစ်သည်။ 

၁။ ထိုနောက်မှ ကောင်းကင်တမန် တပါးသည် ကြီးစွာသော တန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင် ကဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့် မြေကြီး ထွန်း လင်းလျက် ရှိ၏။ 

သန့်ရှင်းသောဝိညာဉ်တော် ခေတ်၊ အသင်းတော် ခေတ်တွင် ကောင်းကင်တမန် များသည် မတွေ့ရသလောက်နည်းပါးသော်လည်း ဘေးဒဏ်ကြီး ကာလတွင် ကောင်းကင်တမန် များသည် အဓိကအခန်းကဏ္ဍမှပါဝင် ကြသည်။ သူတို့သည် ဘုရား မဟုတ်သော်လည်း ဘုရားနှင့် အလွန် နီးသောကြောင့် ထွန်းလင်း ကြသည်။ မောရှေလည်း မျက်နှာထွန်းလင်းသောကြောင့် သူ၏ မျက်နှာကို ပုဝါနှင့် ဖုံးအုပ်ထားဘို့ လိုခဲ့သည် (ထွက် ၃၄:၃၅)။ လောကသားများအတွက် အံ့ဩဘွယ် ဖြစ်မည်။ သူ့ကို လူတိုင်း ကမြင်နိုင်မည်။ 

၂။ သူသည် ကျယ်သော အသံနှင့် ​ကြွေးကြော်၍ ။ ဗာဗုလုန်မြို့ကြီး ဗြုလဲပြီ၊ ဗြုလဲ ပြီ။ နတ်ဆိုးနေရာ ဖြစ်လေပြီ။ ညစ်ညူးသော ဝိညာဉ် မျိုး၏တွင်း ဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။ 

ဗျာ ၁ရး၅၌လည်း ဗာဗုလုန်မြို့ကြီး ပျက်ဆီး ခဲ့ကြောင်း တွေ့ရသည်။ ထိုဗာဗုလုန်သည် ဘာသာရေးဗာဗုလုန် ဖြစ်သည်။ ယခုပြုိလဲသော ဗာဗုလုန်သည် စီးပွားရေးဗာဗုလုန် ဖြစ်သည်။ ထိုဗာဗုလုန်သည် ဘေးဒဏ်ကြီး ကာလ၌ တည်ဆောက် မည့် မြို့လော၊ သို့မဟုတ် ဘယ်မြို့ကို ဆိုလိုသနည်း။ မည်သူမျှအတိအကျ မသိနိုင်ပါ။ ထိုမြို့သည် မြို့တမြို့တည်းလော သို့မဟုတ် အခြားအရာကို ဆိုလိုသလောလည်း မသိနိုင်ပါ။ ထိုအရာသည် ကမ္ဘာဦး၁၁ ထဲ၌ တည်ဆောက်သော ဗာဗုလုန်မြို့နှင့် ဆက်စပ်မှု ရှိပေမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ၊ “ဘုရားသခင်သည် မိမိပုံ သဏ္ဍာန်နှင့် အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့် အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်၊ အချင်းတို့၊ များပြားစွာ မွေးဘွား ကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။” (က ၁:၂ရ- ၂၈) ဟူသောအရာ ဖြစ်သည်။ မြေကြီးကို ပြည့်စေရမည်။ သို့သော် လူသည် မြို့ကြီးများ၌ ပြုတ်သိပ်နေအောင် နေထိုင်ကြကာ ဒုစရိုက်အပြစ် ပေါများခြင်း ဖြစ်သည်။ 

ဗာဗုလုန်မြို့ဟု ခေါ်သော မြို့သည် ပြိုလဲ၍ နတ်ဆိုးများ၊ ညစ်ညူးသော ဝိညာဉ် များ၏တွင်း ဖြစ်လေပြီ။ ယခုပင်လျှင် မြို့ကြီးများ၌ တောထက် နတ်ဆိုးများ၊ ဝိညာဉ်ဆိုးများကြီး စိုးသောကြောင့် အပြစ် ဒုစရိုက်ပေါများခြင်း ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလတွင် ပို၍ နတ်ဆိုး ဝိညာဉ်ဆိုးများ ပို၍ ပေါများသောင်းကြမ်းကြမည် ဖြစ်သည်။ 

၃။ အကြောင်းမူကား၊ လူမျိုး အပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ် အတောက် တည်းဟူသော စပျစ်ရည်ကို သောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့် ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ် စည်းစိမ်ကြယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။ 

ဗာဗုလုန်မြို့ပြိုလဲခြင်းသည် မတရားသော မေထုန်ကြောင့် ဖြစ်သည်။ ဘုရား အမြင်၌ မတရားသော မေထုန်ပြုခြင်းသည် အခြားဘုရားကို ကိုးကွယ်ခြင်း၊ ထာဝရဘုရားထက် အခြားအရာ တည်းဟူသော နိင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး၊ ပညာရေး၊ ပျော်ရွှင်ရေး၊များကို ဦးစားပေးခြင်း ဖြစ်သည်။ လောကီကုန်သည်များချမ်းသာသောသူများသည် ထိုအရာများကို ရှာဖွေခြင်းဖြင့် ကာမကုဏ်စည်းစိမ်ကို ခံစား ကြသည်။ ထိုအရာများသည် အဆိပ်အတောက်များ ဖြစ်သည်။ 

၄။ အခြားသော ကောင်းကင် အသံကား၊ ငါ၏ လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်း နှင့်၎င်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း၊ ကင်းလွတ် အံ့သောငှါ၊ သူ၏ အထဲ ကထွက်ကြလော့။ 

ကောင်းကင်တမန်က ထိုဗာဗုလုန်မြို့ထဲမှ ထွက်သွားဘို့ ဘုရား၏ လူများကို အကြံပေးသည်။ ထိုသို့ အကြံပေးခြင်းရှေးပရောဖက်များကလည်း ဤသို့ ရေးသား ကြသည်။ 

 “ထွက်ကြ၊၊ ထွက်ကြ၊၊ ထိုအရပ်မှ ထွက်သွားကြလော့၊၊ မစင်ကြယ်သောအရာကို လက်နှင့် မျှမတို့ ကြနှင့်၊၊ ထိုအရပ်ထဲကထွက်သွားကြလော့၊၊ ထာဝရဘုရား၏ အဆောက်အဦးတို့ကို ဆောင်ရွက်သော သူတို့၊ သန့်ရှင်းခြင်းရှိကြလော့၊၊ သင်တို့သည် အလျင် အမြန် မထွက်ရကြ၊၊ ပြေး၍ မသွားရကြ၊၊ ထာဝရဘုရားသည် သင်တို့ ရှေ့၌ ကြွတော်မူမည်၊၊ နောက်၌လည်း ဣသရေလ အမျိုး၏ ဘုရားသခင်သည် သင်တို့ အကွယ်အကာ ဖြစ်တော်မူမည်၊၊ ” (ဟေရှာယ ၅၂:၁၁-၁၂) 

 “ဗာဗုလုန်မြို့ထဲကပြေးကြလော့။ ခါလဒဲပြည်မှ ထွက်သွားကြလော။ သိုး စုရှေ့၌ သိုးထီးကဲ့သို့ ပြုကြလော့။ အကြောင်းမူကား၊ မြောက်မျက်နှာအရပ်၌ ကြီးစွာသော တိုင်းနိုင်ငံသား အစုအဝေးကို ငါနိုးဆော်၍၊ ဗာဗုလုန်မြို့သို့ ဆောင်ခဲ့မည်။”  (ယေရမိ ၅၀:၈-၉) 

 “ငါ၏ လူတို့၊ ဗာ၊ ​ေုလုန်မြို့ထဲကထွက်ကြလော့။ ထာဝရဘုရား၏ ပြင်းစွာသော အမျက်တော်မှ အသီးသီးကိုယ်အသက်ကို ကယ်နှုတ်ကြလော့။” (ယေရမိ ၅၁:၄၅) 

 “မယုံကြည်သော သူတို့နှင့် တွဲဘက်၍ ဆန့်ကျင်ဘက် ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။ တရားသော အမှုသည် မတရားသော အမှုကို အဘယ်သို့ လက်ခံ နိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။ ခရစ် တော်သည် ဗေလျာလနှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ် အကျိုးအပြစ်ကို ခံရမည်နည်း။” (၂ ကော ၆:၁၄-၁၅)။ 

၅။ သူ၏ အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မှီကြသည် ဖြစ်၍၊ သူ၏ မတ ရားသော အမှုတို့ကို ဘုရားသခင် သတိရတော်မူပြီ။ 

မြေကြီးသား အပြစ်သည် ကောင်းကင် တိုင်အောင် ရောက်တတ်ကြောင်း ဤသို့ တွေ့ရသည်။ “ကာဣနကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီအာဗေလကို ခေါ်၍၊ လယ်သို့ ရောက်သောအခါ၊ ညီအာဗေလကို ရန်ဘက်ပြု၍ သတ်လေ၏။ ထာဝရဘုရားကလည်း၊ သင့်ညီအာဗေလသည် အဘယ်မှာ ရှိသနည်းဟု၊ ကာဣနကို မေးတော်မူလျှင်၊ အ​ကျွန်ုပ် မသိပါ။ အ​ကျွန်ုပ်သည် ညီကို စောင့်ရသောသူ ဖြစ်ပါ သလောဟု လျှောက်ဆို၏။ ဘုရားသခင်က လည်း၊ သင်သည် အဘယ်သို့ ပြုပြီး သနည်း။ သင့်ညီအသွေး၏ အသံသည် မြေထဲကငါ့ကို အော်ဟစ်လျက် ရှိသည် တကား။” 
 (က ၄:၈-၁၀)။ 

“ထာဝရဘုရားက၊သော ဒုံမြို့၊ ဂေါမောရမြို့၌ ကြွေးကြော်သော အသံသည် ကြီး၍၊ အလွန် အပြစ် လေးသောကြောင့်၊ ယခုငါ သွား၍ ငါ့ရှေ့သို့ ရောက် ခဲ့ပြီးသော ​ကြွေးကြော်ခြင်းရှိသည် အတိုင်း၊ သူတို့သည် အမှန်ပြုသည် မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင် မပြုကြောင်းကို ငါသိမည်ဟု မိန့်တော်မူ၏။” (က ၁၈ ; ၂၀-၂၁) 

၆။ သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည် နည်းတူ သူ၌ ဆပ်ပေးကြလော့။ သူ၏ အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြလော့။ သူလောင်းသော ဖလား၌ သူ့အဘို့ နှစ်ဆ တိုး၍ လောင်းကြလော့။ 

ဗာဗုလုန်မြို့သည် နှစ်ဆသော အပြစ်ကို ဆပ်ဘို့ ပြောထားသည်။ ကျမ်းစာက၊ “အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင် ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည် အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။” (ဂလာ ၆:ရ) ဟုဆိုသည်။ တဖန်၊ “ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ အကျင့်နှင့် အလျောက်အ ကျိုးအပြစ်ကို ဆပ် ပေးတော်မူ လတံ့။” (ရော ၂:၆) ဟုဆိုသည်။ “လူသားသည် မိမိအဘ ခမည်းတော်၏ ဘုန်း အာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြလာတော်မူ လတံ့။ ထိုအခါ သူအသီးအသီးကျင့်သော အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ် ပေးတော်မူ လတံ့။” (မ ၁၆:၂ရ)။ ထို့ကြောင့် လူတိုင်း မိမိတို့ ပြုသော အကျင့်တို့ကို သတိထားဘို့ လိုသည်။ 

၇။ သူသည် ကိုယ်ကို ချီးမြောက်၍ ကာမဂုဏ်၌ ပျော်မွေ့သည် အတိုင်း သူ၌ ပြင်းစွာသော ဆုံးမခြင်း၊ စိတ်မသာညည်းတွားခြင်းကို ဖြစ်စေကြလော့။ ငါကား မိဘုရား ဖြစ်၏။ မုတ်ဆိုးမ မဟုတ်။ စိတ်မသာညည်းတွားခြင်းကို မသိရဟု သူသည် အောက် မေ့တတ်၏။ ၈ ထိုကြောင့်၊ သူခံရသော သေခြင်း ဘေး၊ စိတ်မသာညည်းတွားခြင်း ဘေး၊ မွတ်သိပ်ခြင်း ဘေးဒဏ်များတို့နှင့် တနေ့ချင်းတွင် တွေ့၍၊ မီးဖြင့်လည်း ​ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကို စီရင်တော်မူသော ထာဝရ အရှင် ဘုရားသခင်သည် ခွန်အား ဗလကြီးတော်မူ၏။ 

 ဤနေရာ၌ ဗာဗုလုန်မြို့ကို မုတ်ဆိုးမ မဟုတ်၊ မိဘုရားဟု သူ့ကိုယ်သူခေါ်သည်။ ဆိုလိုသည်မှာ စာတန်၏ မိန်းမ၊ စာတန် ကောင်းကြီး ပေးခံရခြင်းကို ဆိုလိုခြင်း ဖြစ်မည်။ ဘုရားသခင်ကို အလိုမရှိ၊ ဂရုလည်း မစိုက်။ သို့သော် ဘုရားသခင်သည် သူ့ကို စီရင်နိုင်သော တန်ခိုးခွန်အား ဗလကြီးသည်။ လောက သူဌေးများသည် သူတို့ ယပိုင်ဆိုင်သော ဥစ္စာများကြောင့် မာန်မာနကြီး တတ်ကြသည် မဟုတ်လော။        

 ၉။ မတရားသော မေထုန်ကို သူနှင့် ပြု၍ ကာမဂုဏ်၌ ပျော်မွေ့သောလောကီရှင်ဘုရင်တို့ သည်၊ သူ​ကျွမ်းလောင်ရာ မီးခိုးကို မြင်သောအခါ၊ ၁၀ သူခံရသော ညှဉ်းဆဲခြင်း ဝေဒနာကို ကြောက််၍ အဝေးကရပ်လျက်၊ ဖြစ်ရလေခြင်း။ ဖြစ်ရလေခြင်း။ ဗာဗုလုန် မြို့ကြီး၊ မြို့စွမ်း၊ သင်သည် တနာရီခြင်းတွင် အပြစ် စီရင်ခြင်းသို့ ရောက်ပါပြီတကာ ဟူ၍ သူ့ကြောင့်ငို​ကြွေးမြည်တမ်းကြလိမ့်မည်။ 

အခန်းကြီး ၁၇တွင် ဘာသာရေးဗာဗုလုန်ကိုလောကီရှင်ဘုရင်များကိုယ်တိုင် ကမုန်း၍ သတ်ဖြတ်စီရင်ခဲ့ကြောင်း တွေ့ခဲ့ရပြီ။ သို့သော် ဤစီးပွားရေးဗာဗုလုန်ကို ဘုရားသခင်က စီရင်သည်။ ထိုသို့ စီရင်ခြင်းကိုလောကီရှင်ဘုရင်တို့သည် နှမျော တသ နေကြသည်။ အဘယ်ကြောင့်နည်း။ အုပ်စိုး သူများလည်း စာတန် ပိုင်သောလောကီဥစ္စာများကို တပ်မက်သောကြောင့် ဖြစ်သည်။ ဘာသာရေးကို အလိုမရှိသော်လည်း စီးပွားရေးမူ အလွန် နှမျော ကြသည်။ ထိုမြို့ကြီးသည် အလျှင်အမြန် တနာရီ အတွင်းတွင် အပြစ် စီရင်ခြင်းကို ခံကြောင်း တွေ့ရသည်။ ထိုသို့ ခဏချင်းတွင် ပျက်စီးနိုင်သော ဤလောက ပစ္စည်းများကို တပ်မက်၍ အချိန်၊ စွမ်းအား မကုန်စေကြ စို့နှင့်။ 

၁၁။ လောကီကုန်သည်တို့သည် ထိုအတူ ငို​ကြွေး၍ စိတ်မသာညည်းတွားကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော၊ ၁၂ ရွှေ၊ ငွေ၊ ကျောက် ကောင်း၊ ပုလဲ၊ ပိတ်ချော၊ ကတ္တီပါ၊ ဖဲ၊ ပုဆိုးနီ၊ အမျိုးမျိုးသော သွိန်သစ်သား၊ အမျိုး မျိုးသော ဆင်စွယ်တန်ဆာ၊ အမျိုးမျိုးသော သစ်ကောင်းတန်ဆာ၊ ​ကြေးဝါတန်ဆာ၊ သံတံဆာ၊ ကျောက်ဖြူတံဆာ၊ ၁၃ သစ်ကြံပိုး၊ အမေမုန်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လော ဗန်၊ စပျစ်ရည်၊ ဆီ၊ မုန့်ညက်၊ ဂျံုဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံ​ကျွန်၊ လူဝိ ညာဉ်တို့ကို အဘယ်သူမျှ နောက်တဖန် မဝယ်ရ။ 

ဗာဗုန်လုန်မြို့ကြီးသည်လောကီကုန်သည် များ၏ ဖေါက်သည် ဖြစ်သောကြောင့် ဘုရားသခင်၏ စီရင်ခြင်း ခံရသောအခါ နှမျှော်ကြခြင်း ဖြစ်သည်။ သူတို့ ကုန်သွယ်သော ပစ္စည်းများ အထက်၌ ဖေါ်ပြထားသည်။ ထိုအရာများသည် ရှေး ခေတ်၌ ရှိသော ကုန်များ ဖြစ်၍ ယခုခေတ်တွင် ထို့ထက်များသော ကုန်များ ကုန်သွယ် ကြမည် ဖြစ်သည်။ 

၁၄။ သင်သည် အလွန် တပ်မက်သော သစ်သီးမျိုးလည်း ပျောက်ကုန်ပြီ။ ဆူဖြိုးးသောအရာ၊ တင့်တယ်သောအရာ ရှိသမျှတို့လည်း ပျောက်ကုန်ပြီ။ နောက်တဖန် မတွေ့ ရ။ ၁၅ သူ့ကို အမှီပြု၍ ထိုအရာများကို ရောင်းဝယ်သဖြင့်၊ ငွေရတတ်သော ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်း ဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ၁၆ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပိတ်ချော၊ အဝတ်နီ၊ အဝတ်မောင်းကို ဝတ်၍၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်သော မြို့ကြီး၊ ၁၇ ဤမျှလောက်ကြီးစွာသော စည်းစိမ်သည် တနာရီခြင်းတွင် ပျက်ဆီး ပါပြီတကားဟု ငို​ကြွေး၍ စိတ်မ သာညည်းတွားကြလိမ့်မည်။ ခပ်သိမ်းသော သင်္ဘောသူကြီး၊ အရပ်ရပ်သို့ လွှင့်ကူး တတ်သောသူ အပေါင်းတို့နှင့် သင်္ဘောသား၊ ပင်လယ်ကုန်သည် ရှိသမျှတို့သည် အဝေးကရပ်၍၊ ၁၈ သူ​ကျွမ်းလောင်ရာမီးခိုးကို မြင်လျှင် ထိုမြို့နှင့် အဘယ်မြို့တူသနည်းဟူ၍၎င်း၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ်ကူးသော သင်္ဘောကို ပိုင်သောသူ အပေါင်းတို့အား ကိုယ်စည်းစိမ်ကို ပေး၍ ငွေရတတ်စေသော မြို့ကြီး၊ တနာရီခြင်းတွင် ပျက်ဆီး ပါပြီတကားဟု၍၎င်း၊ အော်ဟစ်လျက် မြေမှုန့်ကို မိမိတို့ ခေါင်းပေါ်မှာ ပစ်တင်လျက် ငို​ကြွေး၍ စိတ်မသာညည်းတွားကြလိမ့်မည်။ 

အထက်ပါ ကဲ့သို့ လောက ပစ္စည်းများသည် ချက်ချင်း ပျောက်ကွယ်နိုင်သောကြောင့် ထိုအရာများကို မစွဲလမ်းသင့်ချေ။ ကျမ်းစာက၊ “လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့် လောကီတပ် မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။” (၁ ယော ၂:၁၅-၁ရ)။ ယခုမှစ၍ လောကအရာများအတွက် အချိန်၊ စွမ်းအား၊ ဘဏ္ဍာများကို လိုအပ်သည်ထက် အသုံးမပြု၊ မရင်းနှီးဘို့ ဆုံးဖြတ်ပါ။ ထိုအရာများထက် ထာဝရ တည်မြဲသော ကောင်းကင် အရာ၊ ဝိညာဉ်ရေးရာအတွက် အချိန်၊ ဘဏ္ဍာ၊ စွမ်းအားများကို စိုက်ထုတ်ပါ။ လုံးဝ နောင်တရမည် မဟုတ်။ ဗာဗုလုန်မြို့ပျက်သောအခါ လောကသား များသည် အလွန် နှမျှော်၍ ခံစား ကြသည်။ အကြောင်းမှာ ထို့ထက် ကောင်းသော ကောင်းကင် အရာကို မသိသောကြောင့် ဖြစ်သည်။

၂၀။ ကောင်းကင်မှ စ၍ သန့်ရှင်းသူ တမန်တော် ပရောဖက်တို့၊ သူ့ကို ကြည့်ရှု၍ ဝမ်းမြောက်ကြလော့၊ ဘုရားသခင်သည် သင်တို့ ဘက်၌ နေ၍၊ သူ့ကို တရားစီရင်တော်မူပြီဟု ပြောဆိုသည်ကို ငါ}ကား၏။ 

ဗာဗုလုန်မြို့ကြီး ဖျက်ဆီးသောအခါ အဘယ်ကြောင့် ကောင်းကင်မှ စ၍ သန့်ရှင်းသူ တမန်တော်များဝမ်းမြောက်ဘို့ ပြောသနည်းဟူမူကား ဘုရား ဖန်ဆင်းသော ဤလောကကို စာတန်က အုပ်စိုးသောကြောင့် ညစ်ညူးသည်။ ခရစ်တော် ကိုယ်တိုင် ဤလောကသို့ ကြွလာခဲ့စဉ် သူ့ကို လက်မခံခဲ့ကြချေ။ “ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောက ကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကို မသိ။ ၁၁ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲ နေကြ၏။” (ယော ၁:၁၀-၁၁) 

တမန်တော်များပရောဖက် များလည်းလောကကို ချစ်သောသူများ ကညှင်း ဆဲသတ်ဖြတ်ခဲ့သည်။ သူတို့ ညှင်းဆဲသတ်ဖြတ်ခြင်း ခံခဲ့စဉ်က ဘုရားသခင်သည် မရှိသကဲ့သို့ သူ၏ လူများကို မကူညီအကာကွယ်ခဲ့သော်လည်း ယခုအခါ တရားစီရင်ပြီ ဖြစ်သောကြောင့် ဝမ်းမြောက် ခိုင်းခြင်း ဖြစ်သည်။ 

၂၁။ ခွန်အားကြီးသော ကောင်းကင်တမန် တပါးသည် ကြီးစွာသော ကြိတ်ဆုံကျောက် ကဲ့သို့သော ကျောက်ကို ချီယူ၍ ပင်လယ်ထဲသို့ ချပစ်ပြီးလျှင် ထိုနည်းတူ၊ ဗာဗုလုန်မြို့ 
ကြီးကို ပြင်းထန်စွာ ချပစ်၍ နောက်တဖန် မပေါ်မရှိရ။ 

ဗာဗုလုန်မြို့ကြီး တရားစီရင်ခြင်းကို ပင်လယ်ထဲ၌ ကြိတ်ဆုံကျောက်ချပစ် သကဲ့သို့ ခိုင်းနှိုင်းထားသည်။ သူငယ်တယောက်ကို လမ်းလွှဲစေသူလည်း ထို့နည်း တူတရားစီရင်သင့်ကြောင်း ယေရှုခရစ် ကပြောခဲ့ဘူးသည် (မ ၁၈:၆ လု ၁ရး၂၊ မာ ၉:၄၂)။ ဆိုလိုသည်မှာ လုံးဝ ရေပေါ်၌ မပေါ်နိုင်အောင် ဖြစ်သည်။ ဘုရားသခင်သည် မည်မျှခံစား သနည်းဟူသောအရာကို သိနိင်သည်။ 

၂၂။ စောင်းသမား၊ အငြိမ့်သမား၊ ပလွေသမား၊ တံပိုးသမားများ တီးမှုတ်သော အသံလည်း သင့်အထဲ၌ နောက်တဖန် မမြည်ရ။ အမျိုးမျိုးသော လက်တတ်သမားတို့တွင် တယောက်မျှ သင့်အထဲ၌ နောက်တဖန် မပေါ်မရှိရ၊ ကြိတ်ဆုံသံလည်း သင့်အ ထဲ၌ နောက်တဖန် မမြည်ရ။ 

တိုင်တဲနစ်သင်္ဘောနစ်သောအခါ ဆူညံစွာ ကကုန်တီးမှုတ်ခဲ့သော အရာများတိတ်ဆိတ်သွားခဲ့သည်။ ထို့နည်းတူ ဗာဗုလုန်မြို့ကြီး ပျက်စီးသောအခါ၌လည်း ဖြစ်မည်။ ယခုအခါ ဤလောကသည် ဘုရား မပါဘဲ မိမိတို့ စိတ်ကြိုက်ဆူညံစွာ ပျော် မြူး နေကြသည်။ လူတိုင်း သမ္မာတရား ဟောသောအရာကို နားမထောင်ချင် ကြသော်လည်း သီချင်းများ မူအချိန် တိုင်း နားထောင် နေကြသည်။ သို့သော် တနေ့ထို အရာများ တိတ်ဆိတ်သွားမည် ဖြစ်သည်။ အမျိုးမျိုးသော အလုပ်ကို လုပ်ကိုင်၍ ဗျာများနေကြကာ ဘုရားတရား မှန်း မသိကြသော်လည်း တနေ့အားလုံး ရပ်တန့် သွားကြမည် ဖြစ်သည်။ 
၂၃။ ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တဖန် မထွန်းမလင်းရ။ မင်္လာဆောင် သတို့သား သတို့သမီး အသံကိုလည်း သင့်အထဲ၌ နောက်တဖန် မကြားရ။ အကြောင်းမူကား၊ လောကီမှူးမတ်တို့သည် သင်၏ ကုန်သည် ဖြစ်ကြပြီ၊ လူ အမျိုးမျိုးတို့သည် သင်၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြပြီဟု ကောင်းကင် တ မန် ပြောဆို၏။ 

ဆီမီးထွန်းခြင်းလည်း မရှိတော့ချေ။ မင်္လာဆောင်ခြင်းလည်း ကုန်ဆုံးသွားသည်။ ယခုုမီးထိန်ထိန်လင်းသေး၍ မင်္လာဆောင်ခြင်း များလည်း တွေ့မြင်နေရသေးသည်။ သို့သော် ထိုအရာများ ပျောက်၍ ဆိတ်ညံသော အချိန်သည် လာဆဲရှိ၍ မကြာမှီ ဖြစ်တော့မည်။ 

၂၄။ ပရောဖက်တို့၏ အသွေး၊ သန့်ရှင်း သူတို့၏ အသွေး၊ မြေကြီးပေါ်မှ ာ ကွပ်မျက် သောသူ အပေါင်းတို့၏ အသွေးကို ထိုမြို့၌ တွေ့၏။ 

ထိုဗာဗုလုန်မြို့သည် သွေးစွန်းသော မြို့ ဖြစ်သည်။ အထူးသဖြင့် ပရောဖက်များ၊ သန့်ရှင်း သူများကို ကွပ်မျက်သော မြို့ ဖြစ်သည်။ ယေရှုခရစ်က ယေရုရှလင်မြို့နှင့် ပတ်သက်၍ ဤကဲ့သို့ ဆိုခဲ့ဘူးသည်၊ “အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသား ငယ်တို့ကို အတောင်အောက်၌ စုရုံး သကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန် များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။ ၃၈ သင်တို့ နေသော အိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။ ၃၉ ငါဆိုသည်ကား၊ ထာဝရဘုရား၏ အခွင့်နှင့် ကြလာသောသူသည် မင်္လာရှိစေ သောဟု သင်တို့ မပြောမှီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏။” (မ ၂၃:၃ရ- ၃၉)။ 

 

 

အမှုတော်ဆောင်သင်တန်း

ပဥ္စမအကြိမ်မြောက် အမှုတော်ဆောင်သင်တန်းကို ဇွန်လ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ၍ ညိင​ေညစေသူငျ ွ​ြဃ (ကြမာနျန)၌ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အောင်မြင် စွာ ကျင်းပနိင်ခဲ့ပါသည်။ သင်တန်းသား နေ့တိုင်း၂၀မှ ၃၀ အထိ တက်ရောက်ကြပါသည်။ နံနက်ပိုင်းရ- ၆:၃၀ နာရီ အထိ ဆုတောင်း စည်း ဝေး၊ ၉-၁၂ နာရီ အထိ ကျမ်းစာ သင်တန်း၊ ညနေပိုင်း၂-၄ နာရီ အတွင်း သင်တန်း သားများအိမ်များ၌ တံခါးခေါက် သက်သေခံခြင်းများပြုလုပ် ကြပါသည်။ ညရ- ၉ နာရီ အထိ ဗျာဒိတ်ကျမ်းအနက်ဖွင့်ခြင်း သင်တန်းကို မြို့ခံလူများနှင့် တက်ကြရာည တိုင်း အယောက် ၈၀-၉၀ အထိ တက်ရောက်နိုင်ကြပါသည်။ ထိုအချိန်တွင် ခလေး များလည်း၅၀မှ ရဝ အထိ ဆရာမများနှင့် ကျမ်းစာ သင်နိုင်ကြပါသည်။ ထိုသင်တန်းအားဖြင့် အောက်ပါအမှုတော်ဆောင်မည့် သူများ ဆက်ကပ်နိုင်ကြပါသည်။ 

၁။ ဆရာယောသပ် Saya Joseph သတင်းကောင်း နှစ်ခြင်း အသင်းတော် (အင်ဒီယားနားမြောက်ပိုင်း) 
၂။ ဂျွန်ရီးရယ် John Ri Reh 
၃။ မရုသ Ruth  
၄။ မမယ်ရီ Mary
၅။ ကို နော်မိုင် Ko Naw Mai  သတင်းကောင်း နှစ်ခြင်း အသင်းတော် ( မြန်မာ) အင်ဒီယားနား
၆။ ဒေါ်နော်ရင်း Nor Ring//
ရ။ ဦး Ngun Mang 
၈။ ကို မိုက်ကယ် Michael Sang 
၉။ ဦးဗန်ရာလ်သန်း Van Ral Thang 
 

သက်သေခံခြင်း 

ကိုနော်မိုင်


 ၂၀၁၅ ခုနှစ်အမှုတော်ဆောင်သင်သန်း၅ ကြိမ်မြောက်၌ ပါဝင်ခွင့် ပေးတော်မူသော ထာဝရဘုရား၏ နာမတော်သည် သာ၍ ဘုန်းကြီး ပါစေ။ ထိုသင်တန်းကို ဦးဆောင်ပေးသော ဆရာကြီး မောဇက်ထောင်ကျုံးကိုလည်း အထူးကျေးဇူးတင် ရှိကြောင်း နဲ့ ဘုရားသခင်ကလည်း သာ၍ သာ၍ ဆက်လက် အသုံးပြုပါစေလို့ဆု တောင်းကောင်းကြီး ပေးလိုက်ပါတယ်။ ​ကျွန်တော် ဟာဒီလိုသင်တန်းကို ၂၀၁၃ ခုနှစ် မှာလဲပါဝင်ခဲ့ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် သခင်နှစ်ဦးအစေခံခဲ့ပါတယ်။ လောက သခင်ဆီမှာပိုပြီးအချိန် ပေးခဲ့တဲ့အတွက်ကြောင့် ဘုရား အတွက် ဘုရား အတွက်အချိန် မပေးနိုင်တော့ဘဲ၊ ပါဝင်ချင် တဲ့ဆန္ဒတွေရှိပေမဲ့ သခင်နှစ်ဦးဆိုတော့မ ဖြစ်နိုင် ခဲ့ပါဘူး။ ကျေးဇူးတော်ကြောင့် ယခုနှစ်မှာတော့အလုပ်ကနေ ထွက်လာနိုင် ခဲ့ပြီး အမှုတော်ဆောင်သွားနိုင်ခဲ့ပါပြီ။ 

ယခုနှစ်သင်တန်းဟာလည်း အင်မတန်ကောင်းပါတယ်။ ဆရာကိုလည်း ဘုရား အသုံးပြုခဲ့တဲ့အခါမှာ​ကျွန်တော်တို့ အားလုံး ကို သက်သေခံတတ်လာဘို့ရန် နည်းလမ်းမျိုးစုံနဲ့သင်ကြားပေးတာကို တွေ့ရပါတယ်။ ​ကျွန်တော်တို့ သင်တန်းသား များလည်း သက်သေခံထွက်ကြတာ အကျိုးအရမ်းရှိကြောင်း နဲ့အောင်မြင်မှု တွေနဲ့ဘဲ တွေ့ရပါတယ်။ လူတွေငြင်းဆန်ခြင်း ခံပြီး ပြန်လာရတာမရှိသလောက်ဘဲ။ ​ကျွန်တော် ဟာအရင်တုန်းက သက်သေခံထွက်ချင် ပေမယ်လို့မဟောတတ် မပြောတတ် တဲ့အခါမှာ ပြောပြချင် ပေမဲ့ ကယ်တင်ခြင်း အကြောင်း တွေ မပြောဘဲ အသင်းတော် ကောင်းကြောင်း၊ ဆရာမောဇက်ကောင်းကြောင်း တွေကို ပြောပြီး အသင်းတော် နဲ့ မိတ်ဆက်ပေးခြင်း သာလျှင် လုပ်နိုင်ခဲ့ပါတယ်။ အောင်မြင် သင့်သလောက် မအောင်မြင် ခဲ့ပါဘူး။ သတင်းကောင်း စာစောင်များ လိုက်လံ ပေးဝေခြင်းအားဖြင့်သာလျှင် လုပ်ဆောင်လေ့ရှိပါတယ်။ ယခုဆိုရင်တော့ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း အကြောင်းများကို စပြီး သက်သေခံဝေငှလျက် ရှိနေပါပြီ။ 

​ကျွန်တော် ဟာ ယခုကဲ့သို့ မိမိအလုပ်ကို ထားခဲ့ပြီး ဘုရား အမှုတော် မြတ်၌ ပါဝင်လာနိုင်တာဟာသခင်ဘုရား၌ အနားယူခြင်း ဖြစ်အင်မတန်မှပေါ့ပါးပါတယ်။ ​ကျွန်တော် ရဲ့လောက တပ်မက်မှု တွေ၊ စိုးရိမ် ပူပန်မှု ှုတွေကနေ ဘုရားကို အသုံးပြုခြင်း၊ အားကိုးခြင်း နဲ့ယုံကြည်ခြင်း အသက်တာဆီသို့ လျှောက်လှမ်းနိုင်ပါပြီ။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ပါဘဲ အရာအားလုံး ဟာသူ့ရဲ့အခွင့်တော် မှာဘဲ ဖြစ်ပါတယ်။ ယခုဆိုရင်ကျေးဇူးတော်ကြောင့် မီဒီယာပိုင်းမှာလဲ တစိတ်တပိုင်းအနေ နဲ့ပါဝင်ကူညီရင်းကို မိုက်ကယ်တို့ ဝေလျံပါးတို့ နဲ့ လက်တွဲလျက် ရှိနေပါတယ်။ အယောက်ဆီတိုင်း လဲ ဆုတောင်းရင်းနဲ့ပါဝင်ပေးကြပါလို့ ဆုတောင်း ချက်တင်ပြလိုက် ပါတယ်။ နောက်ဆုံးအနေနဲ့ဒီ သက်သေခံခြင်း စာကို ရေးသား ခွင့်ပေးတဲ့ဆရာနဲ့ဖတ် ရှုပေးသော ယုံကြည်သူ အယောက်တိုင်းကို ဘုရားသခင်က ောင်းကြီး ပေးပါစေ။ 

ဆရာဗန်ထာ (Saya Van Tha)

ဘုရားသခင် လမ်းပြ ပို့ဆောင်တော်မူသောအားဖြင့် ၅ ကြိမ်မြောက်အ မှုတော် ဆောင်သင်တန်းမှာ ပါဝင်သင်ယူနိုင်သော အခွင့်ရသေးတဲ့အတွက် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အလွန် ချီးမွမ်းပါတယ်။ ​ကျွန်တော် ကိုယ်တိုင် ချီးမွမ်းစရာ ကောင်းလောက်အောင် သမ္မာတရား ဘက်မှာ ကြိုးစားအား ထုတ်သောသူ မဟုတ် ပေမဲ့ ဘုရားသခင် ရဲ့ကျေးဇူးတော်ကြောင့်အား လျော့စိတ်ပျက်ပြီး နောက်ဆုတ်သွားရတဲ့လောက်အထိ မဖြစ်ဘဲ တနေ့ပြီး တနေ့ပိုမိုအမြင် ကျယ်စေလာတဲ့အအတွက်ကြောင့် ဘုရားသခင် ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ 

ဒီတခေါက်သင်တန်းအတွက် တနှစ်လုံးလုံး ဆုတောင်း ခဲ့တဲ့အတိုင်းဘဲ တကယ် ထူးခြားတာတွေတွေ့မြင်ခဲ့ရပါတယ်။ ဒီသင်တန်းမစခင်ကတည်း ကနေသင် တန်းတက်ချင် တဲ့သူတွေစာရင်းပေးလာကြတာတွေလဲအံ့ဩစရာ ဆုတောင်း ပြည့် ဝတာတွေ့ရပါတယ်။ သင်တန်းတက်သူလည်း အယောက် ၂၀ အထက် အမြဲတမ်းရှိ တဲအတွက်သော်၎င်း၊ တက်တဲ့သူတွေထဲမှာလည်း သတ္တိ အပြည့်အဝ ရှိကြတဲ့အရာ တွေကို တွေ့မြင်တဲ့အခါမှာ ဘုရားကျေးဇူးတော် အရမ်းချီးမွမ်းပါတယ်။ 

ဒီသင်တန်း ဖြစ်မြောက်ဘို့ အတွက် ဦးဆောင်သူ ဆရာမောဇက်အနေနဲ ခက် ခက်ခဲခဲလုပ်ဆောင်နေတာမျိုး မဟုတ်ဘဲ ယုံကြည်ခြင်း နဲ့လုပ်ဆောင်တဲ့အခါမှာ စားသောက်စရာ၊ နေရာစရာ အိမ်တွေမှစ၍ အစစအရာရာ အဆင်ပြေနေတာတွေ့ ရတဲ့အချိန် မှာ​ကျွန်တော့ဘဝကို အင်မတန်သွန်သင်ပါတယ်။ ဣသရေလ လူမျိုးများယော်ဒန်မြစ်ကူးကြတဲ့အခါမှာ ယဇ်ပရောဟိတ်များ ကယောဒန်ထဲ၌ ​ခြေမချမှီ တိုင်အောင် ယောဒန်မြစ်ကမကွဲဘဲ ​ခြေချပြီးမှသာ ပုံ့ပုံ့ကြွတဲ့မြစ်ကြီး ကွဲသွားတာဒီ တခေါက်သင်တန်းအားဖြင့် ​ကျွန်တော် သဘောပေါက်သွားပါတယ်။ 

နောက်ဆက်ကပ်ချင် တဲ့သူ အမှုတော်ဆောင်ချင် တဲ့သူတွေရှိလာတဲ့အ တွက်ကြောင့်လည်း အင်မတန်မှဝမ်းသာ အားရမိပါတယ်။ မီဒီယာပိုင်းဆိုင်ရာမှာ လုံးဝ တာဝန်ယူ ဆက်ကပ်မည့်သူ ပေါ်ပေါက်ဘို့ရန် ဆုတောင်း ခဲ့ကြတာအခုတော့ တကယ် တွေ့ရပြီး အင်ဂျင်နီယာဘွဲ့ ရ၊ အမေရိကန်မှာ ၁၁ နှစ်ကျော်နေပြီး တဲ့သူ ​ြငခ့နေူ ှ​ေညါလည်း လုံးလုံးလျားလျား ဆက်ကပ်လာတဲ့အတွက်ကြောင့် တန် ခိုးကြီးသော ဘုရားရှင်၊ ကိုးကွယ်ထိုက်သော ဘုရားရှင်၊ သားသမီး များရဲ့ ဆုတောင်းခြင်းကို လှစ်လျူမရှုဘဲ အစဉ်နား​ညောင်းတဲ့ထာဝရဘုရားရဲ့ဂုဏ်ကျေးဇူးတော် အပေါင်းကို အထူးဘဲ ချီးမွမ်းမိပါတယ်။ ဟာလေလုယာ၊ အာမင်။ 

Ruth

First of all, Praise the Lord. God is good, all the time. All the time God is good. Amen. I am very blessed to be a part of the ministry training. I have never had this kind of opportunity. This was my first time ever to be in such training. Without God’s help, I will never be able to attend the training. May the name of the Lord be glorified forever and ever. 

The minister training has been an awesome experience so far. With God, there is always positive experiences and a sense of enjoyments. I learned a lot of new things about God. I have never had the opportunity to be with the believers and study the Bible. I came to know more about God as well as to build up my spiritual growth It afforded me other experiences such as going out to evangelize door to door. It is my pleasure to share Gospel good news with others. I realized that God gives everyone the opportunity to share his knowledge of the truth but not everyone accepts his opportunity. I am glad; I chose to do God’s work. 

I have never expected that I will ever do God’s work. When I was a freshman in high school, my dream was to become a nurse. I thought nursing was a wonderful career. I was thinking of helping people with physically and spiritually. When I was a senior in high school, I applied to Indiana University Purdue University Indianapolis (IUPUI). I got admitted there. IUPUI has a great nursing program. I received 21th Century Scholarship which covers four year tuition. Plus, I got some other minority scholarships from the school. I was also qualified for FAFSA 

Financial Aid). I thought I will be the first person to go to college in my family and pursue a better life. However, when I became born again through Christ, I realized that these are all the worldly things. Before I came to the ministers’ training, I felt like God was calling me through spirit. I have never had that kind of feeling before. I felt like the time is near. If I am doing the worldly things, I will regret someday but if I am doing God’s work then I will never   regret it. There may be times when I will be physically and emotionally disturbed, but God will help me overcome it. 

It was actually difficult for me to give up my dream but God gives me strength to overcome it. Even though I am willing to give up my dream and when things are attacking me, I sometimes feel so small. I felt like I have no hope in the world. I can not distinguish between God’s tests and Satan attacks. No matter how challenging the situation may be, everything is in God’s hand. One of the things that I always keep in mind is that all the worldly things can be destroyed someday but the knowledge of God will never be destroyed. It will last forever. Instead of trying to pursue a better life in this world, I would rather pursue a better life in Heaven. 

There are a lot of people who have not received salvation. They are longing for God. It is very sad that they do not know the knowledge of the truth that people are destroying every day. Now, it is time to go out and share the knowledge of God. Personally I may not able to help people with their physical needs but I am willing to share God’s knowledge with them. It is most important that they are escaping from hell. This is the will of God. I hope and pray that God uses me. 

Elizabeth Paw

Before the Ministers’ Bible Study started, I decided to go. But on May 28th, something happened in my family, that hurt our feelings, so I decided to cancel my plan. But by the grace of God, I came back to the study. First day of class was surprising. I thought teenagers like us would come, but I see none of them. But still, I love studying with older people, and learn new things. First two weeks of class was fun, especially when we go around the apartment and knock the doors to tell people good news. Going with group leader was good. Because we get to see how to teach people about God. But the problem was I was tired. While they only talk but not me, I feel like they talking too long. But when it’s my turn to go knock the door, and tell good news to people, I feel like times go too fast. I finally understand how to witness now. The happiest moment was when we are with Pastor Moses. He’s funny and the best pastor that I ever met. Praise God that He let us meet him. And I would like to thank God so much for let me go back to the study. God is great! After the studying, I decided to knock doors in my area, and tell people good news, which I never thought about. I hope God would make a way for me. 

 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG