GOODNEWS
  HOME  GOODNEWS  2015 APR
 


အမှာစာ
 ဘုရားသခင်၏ ကျေးဇူးတော်သည် မကုန်ဆုံး သေးသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ ချီဆောင်ခြင်းလည်း ပို၍ ပို၍ နီးလေလေ ဖြစ်သည်။ “သို့သော်လည်း လူသားသည် ကြွ လာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှ ာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။” (လု ၁၈:၈) ဟုဆိုခဲ့သည့်အတိုင်း အချိန်ကုန်ခါနီးလေလေလူများသည် ဘုရားနှင့် ဝေလေလေ ဖြစ်ကြသည်။ လောကသားများက ဘုရား မယုံကြည်ခြင်းသည် မဆန်းပါ၊ သူတို့၏ တာဝန် ဖြစ်သည်။ သို့သော် ကယ်တင်ခြင်းသို့ ရောက်ပြီဟု ခံယူသောသူများ ပင်လျှင် ခရစ်တော်ကို မကြိုဆို၊ လောကသား များနှင့်အတူ ဤလောကကို အလွန် ချစ်၍ လောကအရာများကိုသာလျှင် စွဲလန်းခြင်းသည် အလွန် အံ့ဩ ဝမ်းနည်းစရာပင် ဖြစ်သည်။ ထိုသို့ သောသူ မဟုတ်ဘဲအချိန် နီးလေလေ ဘုရားတရား၌ ကြိုးစား လေလေ ဖြစ်ဘို့ တိုက်တွန်းနိုး ဆော်လိုပါသည်။ 
သခင်ယေရှုက၊ “သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင် ပန်းလျက် နေစဉ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့် တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတပြင်လုံး၌ နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သော အမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူ ဖြစ်သည်ဟု မှတ်တော်မူ မည်အ ကြောင်း၊ အစဉ် ဆုတောင်းလျက် စောင့် နေကြလော့ဟု မိန့်တော်မူ၏။” (လု ၂၁:၃၄-၃၆) ‘လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူ ဖြစ်မည့် အကြောင်း ’သည် မြန်မာကျမ်းစာအုပ်နှင့်King James ၌ သာတွေ့ရသည်။ အခြားကျမ်းစာအုပ်များ၌ ‘ ဤအရာတို့မှ လွတ်မြောက်ဘို့ရန် အားရှိမည့် အကြောင်း ’ you may have strength to escape all these things ဟု တွေ့ရသည်။ ခရစ်တော် ကြွလာခြင်းကို အားရှိပါးရှိကြိုနိုင်ဘို့ လိုသည်။ ထို့ကြောင့်အချိန် ပိုအလုပ်များ မလုပ်၊ စီးပွါးရေးမရှာ၊ အသက်ရှင်နိုင်ရုံလောက်သာ အလုပ်လုပ်၍ ဝိညာဉ်ရေးရာ၌ အချိန်များများ အသုံးပြုမည့်အချိန် ဖြစ်သည်။ ကိုယ်ခန္ဓာပင်ပန်းလွန်းလျှင် ဝိညာဉ်ရေးရာ၌ ကျဆင်းနိုင်သည်။ ထို့ကြောင့် ဝိညာဉ်ပိုင်း အားရှိဘို့ ဝိညာဉ် အစာများများစားကြပါစို့။ 
  

ယခုလစာစောင်တွင်...

  • ခရစ်တော် အသေခံခြင်း
  • အချိန်အလွန်နီးပြီ
  • ကျမ်းစာဖတ်ကြစို့  ( ဗျာဒိတ်ကျမ်း၁၅) 
  • ဧဝံဂေလိ ခရီး စဉ်
  • ကျေညာစရာများ

 

 

 

ခရစ်တော် အသေခံခြင်း 

ခရစ်တော် အသေခံခြင်းနှင့် ပတ်သက်၍ ကျမ်းစာ၌ ဖေါ်ပြထားသောအရာ အချို့တို့အားဖြင့် သင်ခန်းစာယူဘို့ရန် ဖေါ်ပြလိုပါသည်။ 

၀တ်ခြုံဘို့ 

အာဒံနှင့် ဧဝတို့ လင်မယား အပြစ် ကျူးလွန်သောအခါ အဝတ်အချည်းစည်း ဖြစ်သွား ကြသည်။ ထိုအခါ အရှက်ပြေဘို့ရန် သူတို့သည် သင်္ဘောသဖန်းရွက်ကို ချုပ်စပ်၍ ဝတ်ခြုံ ကြသည်။ သို့သော် ထိုအရွက်သည် ကြာရှည်မခံနိုင်ချေ။ ဘုရားသခင်က သူတို့ကို သနားသောကြောင့်သားရေကို ပေးခဲ့သည်။ ထိုသားရေရရှိဘို့ရန် တိရစ္ဆာန်ကို သတ်ဘို့ လိုပေလိမ့်မည်။ ထိုသားရေသည် ကြာ ရှည်ခံ၍ သူတို့အတွက် သင့်တော်သည်။ ထိုသားရေသည် ခရစ်တော်ကို ပုံဆောင်သည်။ အာဒံနှင့် ဧဝမှဆင်းသက်လာသော လူသား တိုင်းလည်း အပြစ် မျိုးစေ့ပါလာသောကြောင့် အဝတ်အချည်းစည်း ဖြစ်ကြသည်။ လူ့အမြင်၌ အဝတ်အ ထည်များအားဖြင့် အရှက်ပြေဖုံးနိုင်သော်လည်း ဘုရား အမြင်၌ အဝတ်အချည်းစည်း ဖြစ်ကြသေးသည်။ 

သခင် ယေရှုခရစ်က လောဒိကိ အသင်းတော်ထံ ဤသို့ အကြံပေးခဲ့သည်၊ “သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းဖူးပြီ။ တစုံတခုကိုမျှ မလိုဟု ပြောဆို၍၊ ကိုယ်တိုင် ပင်ပန်းခြင်း၊ သနားဘွယ် ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိ ကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။ သင်သည် ဥစ္စာ ရတတ်ခြင်းငှါ၊ မီးနှင့် ချွတ်ပြီးသော ရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အဝတ်ကို၎င်း၊ ငါ့ထံမှာဝယ်လော့။ သင်၏ မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု သင့်အား ငါသည် အကြံပေး၏။”  (ဗျာ ၃:၁ရ- ၁၈) 

 လောဒိကိ အသင်းတော်သည် အဝတ်အချည်းစည်းရှိ၍ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့ ဖြူသော အဝတ်ကို ခရစ်တော် ကသူ့ထံ၌ ဝယ်ဘို့ အကြံပေး ထားသည်။ လောဒိကိ အသင်းတော်သည် ဇာတိပိုင်း၌ ချမ်းသာ ကြွယ်ဝ၍ လူ့အမြင်၌ အဝတ်ဝတ်သော အသင်းတော် ဖြစ်သည်။ သို့သော် ဘုရား အမြင်၌ အဝတ်အချည်းစည်း ဖြစ်၍ ရှက်စရာ ဖြစ်သည်။ သို့သော် သူတို့သည် ဝိညာဉ် မျက်စိကန်းသောကြောင့် အဝတ်ချည်းစည်း ဖြစ်မှန်းလည်း မသိ၊ ရှက်ရမှန်းလည်း မသိချေ။ လောဒိကိ အသင်းတော်သည် ယခုခေတ် အသင်းတော်များကို ပုံဆောင်သည်။ ယခုခေတ် အသင်းတော် များလည်း အဝတ်အချည်းစည်း ဖြစ်ကြ၍ ရှက်စရာ ကောင်းသည်။ ထို့ကြောင့် ရှင်ပေါလုက၊ “ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထံ၌ မှီဝဲခြင်း၊ ကိလေ သာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း အမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။ သခင်ယေရှုခရစ်ကိုယူ တင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏ တက်မက်ခြင်း အလို့ငှါ မကြံစည်ကြနှင့်။” 
 (ရော ၁၃:၁၃-၁၄)ဟု သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ဘို့ အကြံပေးရခြင်း ဖြစ်သည်။ 

ဘုရားသခင်သည် အာဒံနှင့် ဧဝတို့ ခြုံဘို့ရန် တိရစ္ဆာန်ကို သတ်ခဲ့ သကဲ့သို့ ​ကျွန်ပ်တို့ ဝတ်ဘို့ရန် သားတော် ယေရှု ကိုလည်း အသေခံ စေခဲ့ခြင်း ဖြစ်သည်။ မိတ် ဆွေ၊ သင်သည် ဘုရားသခင် ပြင်ဆင် ပေးသော သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆင် ပြီလော။ သို့မဟုတ် သင်္ဘောသဖန်းရွက်ကဲ့သို့ ကြာရှည်မခံသော မိမိ၏ ကိုယ်ကျင့်တ ရားကို အားကိုး နေဆဲ ဖြစ်ပါသလော။ သခင်ယေရှုခရစ် အသေခံခြင်းကို ယုံကြည်၍ ဝတ်ပြုနေသော်လည်း သူ့ကို မခြုံမဝတ်လျှင် အကျိုးမရှိချေ။ 

ပသခါ သိုးသငယ် 

ဣသရေလ လူမျိုးများသည် သူတို့ အပြစ်ကြောင့် အဲဂုတ္တု ​ကျွန်ခံခဲ့သည် မဟုတ်။ ဘုရားသခင်က အာဗြဟံထ ဤသို့ ဆိုခဲ့သည်၊ “ထာဝရဘုရားကလည်း၊ သင်၏ အမျိုးအနွယ်သည်၊ သူတပါးပိုင်သော ပြည်၌ ဧည့်သည် ဖြစ်ကြသဖြင့်၊ သူတ ပါးတို့၌ ​ကျွန်ခံခြင်း၊ နှိပ်စက်ခြင်း ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့် မည်ကို အမှန်သိမှတ်လော့။ သူတို့ကို စေခိုင်းသော လူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသော ဥစ္စာနှင့် ထွက်ကြလိမ့်မည်။” (က ၁၅:၁၃-၁၄)။ အဘယ်ကြောင့် ထိုသို့ ဘုရားသခင်သည် စီစဉ်သနည်းဟူမူကား တလောက လုံးရှိ လူသားများကို သင်ခန်းစာပေးလိုသောကြောင့် ဖြစ်သည်။ ဣသရေလ လူများသည် သူတို့ အပြစ်ကြောင့် ​ကျွန်မခံရ သကဲ့သို့ လူသားများလည်း မိမိတို့ အပြစ်ကြောင့် အပြစ်​ကျွန်ခံရကြသည် မဟုတ်၊ အာဒံ၏ ဘုရား စကား နားမထောင်ခြင်းအားဖြင့် အပြစ်သား ဖြစ်ရကြသည် (ရော ၅:၁၉)။ ဣသရေလ လူများသည် မိမိတို့ အစွမ်းအားဖြင့် အဲဂုတ္တု ​ကျွန်မှမထွက်နိုင် သကဲ့သို့ မည်သူမဆိုမိမိ၏ အစွမ်းအစအားဖြင့် အပြစ် ​ကျွန်မှမ လွတ်မြောက်နိုင်ချေ။ 

ဣသရေလ လူများသည် အဲဂုတ္တု ​ကျွန်မှ လွတ်မြောက်နိုင်ဘို့ရန် ပသခါသိုး သငယ်ကို သတ်၍ အသွေးကို တံခါးထုတ်နှင့် တံခါးတိုင်၌ ထိုးထား ကြသည်။ သိုးသ ငယ်၏ အသား ကိုလည်း ကင်၍ စားကြသည် (ထွက် ၁၂)။ ထိုပသခါ သိုးသငယ်သည် အရိပ် ဖြစ်သည်။ ယခုအခါ လူသား တိုင်း အတွက် အပြစ် ​ကျွန်မှ လွတ်မြောက်နိုင်ဘို့ရန် ဘုရားသခင်သည် ပသခါ သိုးသငယ် တည်းဟူသော ခရစ်တော်ကို အသေခံ စေခဲ့ကြောင်း ရှင်ပေါလုက ဤသို့ ရေးထားသည်၊ “သင်တို့သည် တဆေးမဲ့သည် ဖြစ်သည်နှင့် အညီ၊ အသစ်သော မုန့်စိမ်း ဖြစ်မည်အကြောင်း၊ ဟောင်းသော တဆေးကို သုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူကား၊ ခရစ်တော် တည်းဟူသော ငါတို့ ပသခါသိုးငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာ ဖြစ်၏။” (၁ ကော ၅:ရ)။ ထိုသို့ ပသခါ သိုးသငယ် ဖြစ်ဘို့ ခရစ်တော်သည် အသေခံ ခဲ့ရသည်။ ထိုခရစ်တော်၏ အသွေးကို အားကိုး၍ အသားကို စားမှသာ အပြစ် ​ကျွန်မှ လွတ်မြောက်၍ အသက် ရရှိနိင်သည်။ 
 
 ယဇ်ကောင် 
 ဣသရေလ လူများသည် ဘုရားသခင်ကို ကိုးကွယ်သောအခါ လက်ချည်း မကိုးကွယ်ရချေ။ ယဇ်ကောင် ပါဘို့ လိုသည်။ ကျမ်းစာက၊ “ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သက္ကာနှင့် ယဇ်ကို ပူဇော်စေခြင်းငှါ ခန့်ထားလျက် ရှိသည် ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာ ယဇ်တစုံတခုရှိရ၏။” (ဟေဗြဲ ၈:၃) ဟုဆိုထားသည်။ ဣသရေလ လူများသည် နွား၊ သိုး၊ ဆိတ်၊ ခို၊ ချိုးငှက်များကို ပူဇော်တတ်ကြသည်။ သို့ဖြစ်လျှင် ငါတို့သည် ဘယ်အရာကို ပူဇော်ရပါမည် နည်း။ များသောအားဖြင့် ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ပေးကမ်းလှူဒါန်းခြင်း၊ သူတပါးကို ကူညီခြင်း၊ ယုံကြည်ခြင်းများပူဇော်မည်ဟု ထင်မှတ်တတ်ကြသည်။ ထိုအရာများသည် ယဇ််ကောင် မဟုတ်ပါ။ 

ကာဣနသည် လယ်ထွက်သီးနှံများဖြင့် ဘုရားသခင်ကို ပူဇော်သောအခါ သူ့၏ ပူဇော်ခြင်းကို ဘုရားသခင်က လက်မခံခဲ့ပါ။ ဘုရားသခင် ကိုယ်တော်တိုင်က သူ့ကို ယဇ်ကောင် ပြင်ဆင် ပေးခဲ့ကြောင်း ဤသို့ တွေ့ရသည်၊ “သင်သည် ကောင်း မွန်စွာ ပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာ မပြုလျှင်၊ အပြစ် ​ဖြေသော ယဇ်ကောင်သည် တံခါးနားမှာဝပ်လျက် ရှိ၏။ သူသည် သင်၏ အလိုသို့ လိုက်၍၊ သင်သည် သူ့ကို အုပ်စိုးရ၏ဟု ကာဣနကို မိန့်တော်မူ၏။” (က ၄:ရ)။ ထိုသို့ ဘုရားသခင်က ပြင်ဆင် ပေးသော်လည်း ကာဣနသည် ဘုရား ပေးသော ယဇ်ကောင်ကို အသုံးမပြုဘဲ သူ့ညီကို သတ်လိုက်သည်။ ကာဣနသည် ခေါင်းမာသောကြောင့် ဘုရား ပေးသောအရာကို လက်မခံခြင်း ဖြစ်သည်။ 

ယနေ့ ဘုရားသခင်က လူသားများကို ယဇ်ကောင် ပြင်ဆင် ပေးထားကြောင်း ခရစ်တော် ကိုယ်တိုင် ဤသို့ ဆိုခဲ့သည်၊ “ထိုကြောင့်၊ ခရစ်တော်သည် ဤလောက ကသို့ ကြ လာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အ​ကျွန်ုပ်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်အမှတ​ြ်ပု၍ ရေးထားသည်နှင့် အညီ၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အ​ကျွန်ုပ်ဝန်ခံ ပါသည်ဟု လျှောက်ဆို၏။” (ဟေဗြဲ ၁၀:၅ -ရ)။ ခရစ်တော် ဤလောကသို့ ကြွလာခြင်း၏ အဓိကအကြောင်းရင်းသည် ​ကျွန်ပ်တို့အတွက် ယဇ်ကောင် အဖြစ် ပူဇော် ဘို့ရန် ဖြစ်သည်။ ထိုသို့ဖြစ်ဘို့ရန် ဘုရားသခင်က အလိုတော် ရှိသည်။ ကျမ်းစာက၊ “ထိုအလိုတော်နှင့် အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သော အားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။” (ဟေဗြဲ ၁၀:၁၀)။ ထိုသို့ ခရစ်တော်၏ ကိုယ်ခန္ဓာကို ပူဇော်ခြင်းကိုယုံကြည်သောသူသည် ဘုရားသခင် ရှေ့၌ စင်ကြယ်ပြီး ဖြစ်သည်။ 

 ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း 

 ခရစ်တော်၏ ရှင်ပြန်ထမြေက်ခြင်းသည် အလွန် အရေးကြီးသည်။ အကြောင်းမှာ ရှင်ပြန်ထမြောက် ခြင်းအားဖြင့် သူ့ကို ယုံကြည်သူများမြော်လင့်ချက်ရှိစေသည်။ “ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။” (ယော ၁၁:၂၅)ဟု မာသထံ၌ ပြောခဲ့သည်။ ထို့အပြင် ခရစ်တော်က၊ “ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” (ယော ၁၄:၆) ဟုဆိုခဲ့သည်။ သို့သော် ခရစ်တော်သည် သူကိုယ်တိုင် သေ၍ ပြန်လည်အသက်ရှင်မှသာ လူများက သူသည် အသက် ပိုင် ရှင် ဖြစ်ကြောင်း ယုံကြည် နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းသည် အလွန် အရေးကြီးသည်။ 

အသက်ကို လူတိုင်း ကသတ်နိုင်သော်လည်း အသက်ရှင်ရန်လူက မတတ်နိုင်ချေ။ အသက်ရှင်စေခြင်းသည် ဘုရားကသာ တတ်နိုင်သည်။ ထို့ကြောင့် ခရစ်တော် အသက် ပြန်လည်ရှင်ခြင်းသည် ဘုရား ဖြစ်ကြောင်း ကိုလည်း ဖေါ်ပြခြင်း ဖြစ်သည်။ လူသာ မဟုတ်၊ သက်ရှိသတ္တဝါတိုင်း သေရမှာကြောက် ကြသည်။ ငှက်များလည်း သေမှာ ကြောက်၍ သတ်မည်ကြံသောအခါ ပျံသန်းသွား ကြသည်။ ယင်ကောင်များလည်း သတ်မည်ကြံသောအခါ ပျံသွားတတ်ကြသည်။ လူလည်း သေမှာ ကြောက်သောကြောင့် ​ကျွန်ခံ နေကြကြောင်း ကျမ်းစာ၌ ဤသို့ ရေးထားသည်၊ “ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။” (ဟေဗြဲ ၂:၁၄-၁၅)။ လူသည် သေရမှာကြောက်သောကြောင့် တသက်လုံး ​ကျွန်ခံသည် ဟုဆိုသည်။ မည့်သူ့​ကျွန်ခံကြသနည်း။ စာတန် ​ကျွန်၊ အပြစ် ​ကျွန်၊ အလုပ် ​ကျွန်၊ ငွေ​ကျွန်၊ အစားအသောက်​ကျွန်၊ အာဏာရှိသောသူများ၏ ​ကျွန်ခံရ ကြသည်။ ထိုသို့ ​ကျွန်ခံကြသောကြောင့် ဘုရားသခင်ကို မကိုးကွယ်နိုင်၊ အမှုတော် မဆောင်နိင်၊ အလိုတော်ကို မဆောင်နိုင်ကြချေ။ 

 ခရစ်တော်သည် ထိုသို့ ​ကျွန်ခံသောသူများကို ကယ်နှုတ်ဘို့ရန် အသွေးအ သားကို ဆောင်ယူတော်မူသည် ဟုဆိုသည်။ လူသည် ဘုရားထက် မိမိတို့ကို နိုင်နေသော သခင်ကို ကြောက်တတ်ကြသည်။ ထို့ကြောင့် ခရစ်တော်သည် ကိုယ်တိုင် လူ့ဇာတိခံယူသည်။ ဘုရား ဇာတိ သို့မဟုတ် ဝိညာဉ်အားဖြင့် ရှိနေပါက သေနိုင်မည် မဟုတ်။ ထို့ကြောင့် သေနိုင်သော ကိုယ်ခန္ဓာကို ခံယူ၍ သူကိုယ်တိုင် အသေခံသည်။ ထို့နောက် ရှင်ပြန်ထမြောက် ခြင်းအားဖြင့် သူသည် သေခြင်းကို အောင်မြင်ကြောင်း သက်သေထူသည်။ သေခြင်းသည် စာတန်၏ တန်ခိုး ဖြစ်သည်။ ထိုတန်ခိုးအားဖြင့် လူများကို ခြိမ်းချောက်၍ ဘုရားကု မကိုးကွယ်ဘို့ရန် ဆီးတားသည်။ သို့သော် ခရစ်တော် ရှင်ပြန်ထမြောက် ခြင်းအားဖြင့် စာတန်၏ တန်ခိုးသည် ကြောက်စရာ မဟုတ်တော့ကြောင်းကို သက်သေထူသည်။ 

တမန်တော်များသည် ခရစ်တော် အသေခံ မည့် အချိန်၌ သေရမှာကြောက် သောကြောင့် သူ့ကို ဖမ်းသောအခါ ပြေးသွား ကြသည်။ သူမသေမှီတွင်၊ “ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အ​ကျွန်ုပ်သည် ကိုယ်တော်ကို မငြင်းမ ပယ်ပါဟု လျှောက်ပြန်၏။ တပည့်တော် အပေါင်းတို့သည်လည်း ထိုနည်းတူ လျှောက် ကြ၏။” (မ ၂၆:၃၅) သို့သော် ခရစ်တော်ကို ဖမ်းသောအခါ၊ “တပည့်တော် အပေါင်းတို့သည် ကိုယ်တော်ကို စွန့်ပစ်၍ ပြေးကြ၏။” (မ ၂၆:၅၆)။ အဘယ့်ကြောင့် စွန့်ပစ် ကြသနည်း။ သေရမှာကြောက်သောကြောင့် ဖြစ်သည်။ 

သို့သော် ခရစ်တော် ရှင်ပြန်ထမြောက်ပြီး နောက် တပည့်တော် များသည် လုံးဝ ကြောက်စိတ်မရှိကြတော့ချေ။ ​ခြေမစွမ်းသောသူကို ခရစ်တော်၏ နာမတော်အားဖြင့် ကျန်းမာစေသောအခါ အစိုးရသော မင်း၊ လူအကြီး အကဲတို့က သူတို့၏ ရဲ ရင့်ခြင်း သတ္တိကု ိမြင်ကြောင်း ဤသို့ ရေးထားသည်၊ “ထို သူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲရင့်ခြင်း သတ္တိကို မြင်၍၊ လူတတ် မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံံ့ဩ၍ နေကြ၏၊ ” (တမန် ၄:၁၃)။ ထိုအခါ လူအကြီး အကဲများက၊ “သို့သော်လည်း လူများ ထဲ၌ သာ၍ မနှံ့မပြားစေခြင်းငှါ၊ နောက်တဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟော မပြောနှင့် ဟူ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်း ချောက်ကြကုန်အံ့ဟု အခြင်းခြင်း တိုင်ပင်ပြီးမှ၊ တမန်တော်တို့ကို ခေါ်၍၊ ယေရှု၏ နာမကို အမှီပြုလျှက်ဟောပြောသွန်သင်ခြင်းကို အလျှင်း မပြုနှင့်ဟု အမိန့်ရှိကြ၏။ ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော်ကို နားထောင်သည်ထက် သင်တို့၏ စကားကိုသာ၍ နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်း မည်ကို ဆင်ခြင်၍ စီရင်ကြလော့။ ငါတို့သည် ကြားလျက်၊ မြင်လျက် ရှိသောအရာ တို့ကို မဟော မပြောဘဲ မနေနိုင်ဟ ုထို သူတို့အား ဆိုကြ၏။” (တမန် ၄:၁ရ- ၂၀)။ 

အဘယ်ကြောင့် တမန်တော်များသည် ထိုသို့ သတ္တိရှိကြသနည်း။ ခရစ်တော်က သေခြင်းကို အောင်မြင်ကြောင်း ကောင်းစွာ သိသောကြောင့် ဖြစ်သည်။ ယ နေ့ ယုံကြည်သူများလည်း ခရစ်တော် ထမြောက်ခြင်း အကြောင်း သမ္မာတရားကို သိပါက သေခြင်းကို မကြောက်တော့ဘဲ ဘုရားသခင် အတွက် အသက်ရှင်နိင်ကြမည် ဖြစ်သည်။ 

 

အချိန်အလွန် နီးပြီ

 ခရစ်တော် ကြွလာမည့် ချိန်သည် အလွန် နီးနေပြီ။ ရှင်ပေါလုက၊ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင် လွတ်၏ ဟုဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာ ရောက် သကဲ့သို့၊ သူတို့ အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်းရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။ သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ အပေါ်သို့ ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည် မဟုတ်။ (၁ သက် ၅:၃-၄)ဟု ရေးထားခဲ့သည်။ မြန်မာ ကျမ်းစာအုပ်၌ ‘ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ ’ ဟုဆိုသည်။ အင်္လိပ်ကျမ်းစာအုပ်များ၌ ‘ငြိမ်ဝပ်ခြင်းနှင့် လုံခြုံရေး ဟုဆိုစဉ်တွင် ’ ‘ျွှ့ငူန အ့နပ မေန ျပေငညါယ ‘ဏနခေန ​ေညိ ျ​ေ်နအပး’ဟု ရေးထားသည်။ ယခုအခါ ကမ္ဘာ့ ခေါင်းဆောင် များသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အမြဲ အစည်းအဝေးထိုင်ကာဆွေး နွေး နေကြသည်။ သို့သော် အံ့ဩဘွယ်ကောင်းသည်မှာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အတွက် စစ်တိုက် နေကြသည်၊ စစ်လက်နက်အသစ်အ ဆန်းများ ထုတ်လုပ် နေကြသည်။ ထိုအချိန်၌ ပင်လျှင် ချက််််ခြင်း ပျက်ဆီးခြင်း လာတော့မည် ဖြစ်သည်။ 
 ရှင်ပေါလုက ယုံကြည်သူများသည် မှောင်မိုက်၌ မနေသောကြောင့် ထိုနေ့ရက်သည် သူခိုးကဲ့သို့ လာမည် မဟုတ် ဟုဆိုသည်။ သို့သော် ယနေ့ ယုံကြည်သူ အများစုသည် မှောင်မိုက်၌ နေသကဲ့သို့ ခေတ်ကာလများကို မသိကြချေ။ ထို့ကြောင့် မှောင်မိုက်၏ သားများဖြစ်သော မယုံကြည်သူများကဲ့သို့ပင် ပြင်ဆင်မှု မရှိဘဲ ဤလောကကို တပ်မက်၍ လောကအရာများ ဖြစ်သော စိီးပွားရေး၊ နိင်ငံရေး၊ လူမျိုးရေး၊ ဝါသနာနှင့် အပျော်အပါးကို လိုက်စား နေကြသေးသည်။ 
သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည်လာ လိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့် တကွပျောက် သွားလိမ့်မည်။ လောက ဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီး ကိုယ်မှစ၍၊ မြေကြီးပေါ်မှ ာ ပြုလုပ် သမျှသောအရာ တို့သည် ​ကျွမ်းလောင်ကြလိမ့်မည်။ (၁ ပေ ၃:၁၀)။ ရှင်ပေတရုကလည်း ထာဝရဘုရား၏ နေ့ရက်သည် သူသူခိုး ကဲ့သို့ လာမည် ဟုဆိုသည်။ သူခိုးသည် အိမ်ရှင်များ သတိမထားသောအချိန် အလွန်အိပ်၍ ကောင်းသော အချိန်၌ လာတတ်သည်။ ထို့ကြောင့် ယုံကြည်သူများဝိညာဉ် ပိုင်း၌ အိပ်မပျော်ဘဲ အဆင်သင့်စောင့်နေဘို့ရန်အချိန် နီးကြောင်းကို ဖေါ်ပြ လိုပါသည်။ ဤလောကသည် မီးအားဖြင့် ပျက်စီးမည် ဖြစ်သောကြောင့် မတပ်မက် သင့်တော့ချေ။အချိန် နီးနေပြီ ဖြစ်ကြောင်းကို နိင်ငံရေးနှင့် ဘာသာရေးရှုဒေါင့်မှ အနည်းငယ် ဖေါ်ပြပါသည်။ 

နိင်ငံရေး

ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ်စေသော ဖလား ဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်းထားစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။ ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ​ကြေမွကြလိမ့်မည်။ လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။ (ဇာခရိ ၁၂:၂-၃) 
 ဘုရားသခင်က ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ်စေသော ဖလား ဖြစ်စေမည် ဟုဆိုသည်။ ‘တုန်လှုပ်စေသော ’ထက် ‘မူးဝေစေသော ’ ဟုဆိုလျှင် ပို၍ မှန်သည်။ အင်္လိပ်ကျမ်းစာအုပ်များ၌ ျအ​ေါါနမငညါ သို့မဟုတ် မနနူငညါဟု ဘာသာပြန် ကြသည်။ အရက်သမားမူးသောအခါ ကိုယ်ခန္ဓာကို မထိန်းနိင်ဘဲ ဒယိမ်းဒယိုင်သွားခြင်း ကဲ့သို့ဖြစ်သည်။ ကမ္ဘာပေါ်တွင် မည်သည့်နိင်ငံ၏ မြို့ကိုမျှ အခြားနိင်ငံများက ပြသနာ မလုပ်ကြချေ။ သို့သော် ယေရုရှလင်မြို့သည် အစဉ် သဖြင့် ပြသနာ ရှိသော မြို့ ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိင်ငံလွတ်လပ်ရေး ကျေ ညာသောအခါ ယေရုရှလင်မြို့အနောက်ခြမ်းကိုသာ အစ္စရေးကပိုင်ခဲ့သည်။ ၁၉၆ရ ခုနှစ်​ခြောက်ရက်ကြာစစ်ပွဲ၌ အရှေ့ ယေရုရှလင် ကိုလည်း အစ္စရေးကဂျော်ဒန်ထံမှ သိမ်းပိုက် နိင်ခဲ့သည်။ 
 ယေရုရှလင်မြို့အရှေ့ခြမ်းကို ပါလက်စတင်းများက သူတို့၏ အနာဂတ်မြို့တော် ဖြစ်ဘို့ ရာထား ကြသည်။ ထိုအရာကို ကမ္ဘာ့ နိင်ငံများက သဘောတူ ကြသည်။ သို့သော် အစ္စရေးများက သဘောမတူကြချေ။ ယေရုရှလင်မြို့သည် သူတို့၏ ထာဝရ မြို့တော် ဖြစ်သည်ဟု ခံယူ ကြသည်။ ထို့ကြောင့် ယေရုရှလင်မြို့အရှေ့ခြမ်း၌ အိုးအိမ်များကို တိုးချ​ဲ့ဆောက်လုပ် နေကြသည်။ ထိုသို့ ဆောက်လုပ်ခြင်းကို ကမ္ဘာကကန့်ကွက်သော်လည်း နားမထောင်ဘဲ ဆက်ဆောက် နေကြသည်။ အဘယ်ကြောင့် ယေရုရှလင်နှင့် အစ္စရေးနိင်ငံကိစ္စ၌ ကမ္ဘာနိင်ငံများ အထူးသဖြင့် အမေရိကန်နှင့် အနောက်အုပ်စုက အမြဲပါဝင်ကြသနည်းဟူမူကား ပါလက်စတင်းများကြောင့် ဖြစ်သည်။ ပါလက်စတင်းများက သူတို့ နယ်မြေကို အစ္စရေးက ကျူးကျော် သိမ်းပိုက် ထားသည် ဟုဆိုသည်။ ထိုအ ရာကို အာရပ်နှင့် မူစလင်နိင်ငံများက ထောက်ခံကာအစ္စရေးနိင်ငံကို ဖျက်စီးချင်သည်။ ထိုကိစ္စကြောင့်အစ္စရေးအာရပ်စစ်ပွဲများ လေးကြိမ်တိုက်ခဲ့ပြီး ပြီ။ အစ္စရေးသာစစ်ရှုံးပါက နိင်ငံပျောက်သွားမည် ဖြစ်သည်။ သို့သော် ဘုရားသခင်၏ အကူအညီကြောင့် အစ္စ ရေးနိင်ငံက အမြဲအနိင်ရသောကြောင့် အာရပ်နှင့် မူစလင်များအတွက် အစ္စရေးနိင်ငံသည် မျက်စိထဲမှအမှိုက်ကဲ့သို့ဖြစ်နေသည်။ 

အာရပ်များက အစ္စရေးကို မနိင်နိင်သောအခါ အစ္စရေးကို ထောက်ခံကူညီ နေသော အမေရိကန်ကို အပြစ် မြင်လာသည်။ ထိုကြောင့် ရေနံကို လက်နက်အဖြစ် အ သုံးပြုကာ ၁၉ရ ၃ ခုနှစ်တွင် ရေနံထုတ်လုပ်ခြင်းကို လျှော့လိုက်သောကြောင့် အမေရိကန်နှင့် အနောက်အုပ်စုနိင်ငံများ၏ ဓါတ်ဆီဆိုင်များ၌ ကားများတန်းစီရ ကြသည်။ ထိုအချိန် မှစ၍ အနောက်အုပ်စုနှင့် ရေနံဝယ်ယူတင်သွင်းသော နိင်ငံများက အာရပ် ရေနံထုတ်လုပ်ရောင်းချသော နိင်ငံများကို အလေးထားကာ သူတို့ စိတ်ဆိုးမှာကို ကြောက် နေကြသည်။ ထို့ကြောင့် အာရပ်နိင်ငံများ၏ စိတ်ကျေနပ် ဘို့ရန် ယေရုရှလင်မြို့ အရှေ့ခြမ်းကို ပါ လက်စတင်းများ၏ အနာဂတ်မြို့တော် ဖြစ်ဘို့ရန် ထောက်ခံကြခြင်း ဖြစ်သည်။ 

ယခုမတ်လ ၁ရ ရက်နေ့ရွေးကောက်ပွဲတွင် အစ္စရေးဝန်ကြီး ချုပ် နာတန် ရာဟူးကအနိင်ရရှိသောအခါ ယေရုရှလင်မြို့ အရှေ့ခြမ်းကို ပါလက်စတင်းများထံ မပေး၊ အစ္စရေးနှင့် ပါလက်စတင်းနှစ်နိင်ငံအတူ ယှဉ်တွဲနေထိုင်မည့် အစီအစဉ်ကို လက်မခံကြောင်း ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ဝန်ရေးချုပ်သည် လေသံလျှော့၍ နှစ်နိင်ငံအတူ ယှဉ်တွဲနေခြင်းကို လက်ခံမည် ဖြစ်ကြောင်း ပြန်ပြောသော်လည်း အမေရိကန်သမတရုံးမှ အရင်ပြောထားသော စကားကို လျှော့တွက်၍ မရကြောင်း ပြောနေသည်။ အကယ်၍ အစ္စရေးက ပါလက်စတင်ကို နယ်မြေပြန်ပေး၍ နိင်ငံထူ ထောင်ခွင့်မပေးပါက အစ္စရေးနိင်ငံကို ကမ္ဘာကပို၍ ဆန့်ကျင် လာကြမည်။ အစ္စရေး ဝန်ကြီး ချုပ်နာတန်ရားဟူသည် အမေရိကန်ပြည် ထောင်စု အထက်နှင့် အောက် လွှတ်တော်၌ မတ်လ ၃ ရက်နေ့တွင် မိန့်ခွန်းပေးခဲ့သော်လည်း သမတအိုဘားမား ကအတွေ့မခံခဲ့ချေ။ အိုဘားမားသည် နာတန်ရားဟူရှုံးနိမ့်ဘို့ရန် အတိုက်အခံပါတီကို အားပေးသော်လည်း မအောင်မြင် ခဲ့ချေ။


အမေရိကန်သည် အစ္စရေးနိင်ငံကို စစ်လက်နက်ပစ္စည်းများအားဖြင့်သာ မက ကမ္ဘာ့ ကုလသမဂ္ဂတွင် တဦးတည်းသော အကွယ်အကာ ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမေရိကန်ကဗီတိုအာဏာ ရ၉ ကြိမ်အသုံး ပြုသည် အနက် ၄၂ ကြိမ်သည် အစ္စရေးနိင်ငံကို ကာကွယ်သော ဗီတိုများ ဖြစ်သည်။ အကယ်၍ အမေရိကန်က အစ္စရေးကို လုံခြုံရေးကောင်စီ၌ မကာကွယ်တော့ပါက ပါလက်စတင်းနိင်ငံထူထောင်၍ အစ္စရေးနိင်ငံ၏ လုံခြုံရေးသည် အလွန် ဆိုးဝါးနိင်သည်။ ထိုထက် ပို၍ ဆိုးနိင်သောအရာမှာ အစ္စရေးနိင်ငံကို ကမ္ဘာကစီးပွါးရေးပိတ် စို့ခြင်း၊ စစ်ရေးအရအရေးယူခြင်း ဖြစ်လာနိုင်သည်။ ယခုသမတအိုဘားမားသည် အစ္စရေးဝန်ရေးချုပ်နှင့် သဘော ထားခြင်း လုံးဝ မတူညီသောကြောင့် အစ္စရေးနိင်ငံကို ကာကွယ်မည့်အစား အရေးယူမည့် နိင်ငံ၌ ပါဝင်နိုင်သည်။ ထိုသို့ဖြစ်လျှင် အ​ခြေ အနေသည် အလျှင်အမြန် ပြောင်းလဲလာမည်။ 

ကမ္ဘာနိင်ငံများသည် အစ္စရေးနိင်ငံကို စစ်တိုက်၍ ဘုရားသခင်က အစ္စရေးကို ကူညီမည့် အကြောင်း ဤသို့ ကြိုတင် ရေးထားခဲ့ပြီ၊ “ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသမျှသော မင်းတို့ကို မိန်းမောတွေဝေစေခြင်း ငှါ၎င်းင်၊ မြင်း စီးသူရဲ အပေါင်းတို့ကို အရူး ဖြစ်စေခြင်း ငှါ၎င်း၊ ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တပါးအမျိုးသားတို့၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်မည်။ ယုဒမင်းတို့ကလည်း၊ ယေရုရှလင်မြို့သားတို့၏ ဘုရားသခင်က ောင်းကင် ဗိုလ်​ခြေအရှင်ထာဝရဘုရားအားဖြင့် သူတို့သည် ငါ့ခွန်အား ဖြစ်ကြ၏ဟု စိတ်ထဲမှာဆိုကြလိမ့်မည်။ (ဇာခရိ ၁၂:၄-၅)။ 

ထာဝရဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းရှင် ဖြစ်သည်သာမက ညိှညွတ်အုပ်စိုးသော အရှင် ဖြစ်သောကြောင့် အရာခပ်သိမ်းသည် သူ၏ အစီအစဉ်အတိုင်း သွားမည် ဖြစ်သည်။ သူ ကြိုတင် ပြောထားသည့်အတိုင်း ကမ္ဘာ့ နိင်ငံ များသည် ယေရုရှလင်မြို့နှင့် အစ္စရေးနိင်ငံကို တိုက်ခိုက်မည် ဖြစ်သည်။ ထိုသို့ တိုက် လာသောအခါ ဘုရားသခင်က အစ္စရေးနိင်ငံကို ကူညီ၍ အစ္စရေးကအနိင်ရမည် ဖြစ်သည်။ ထိုစစ်ပွဲမတိုင်မှီတွင် အသင်းတော်ကို သိမ်းဆည်းမည်ဟု ယူဆရသည်။ ထို့ကြောင့် ချီဆောင်ခြင်း နေ့ရက်သည် အလွန် နီးပြီဟု သိရသည်။ 

ဘာသာရေး

ဘေးဒဏ်ကြီး ကာလ၌ ကမ္ဘာပေါ်တွင် ဘာသာရေး တခုတည်း ဖြစ်မည့် အကြောင်းကို ကျမ်းစာ၌ ဤသို့ တွေ့ရသည် “အခြားသောသားရဲတကောင်သည်၊ သိုးသား ငယ်၏ ချိုနှင့် တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကားပြောလျက်၊ မြေကြီး ထဲကထွက်သည်ကို ငါမြင်၏။ ထိုသားရဲသည် သူ့အရင် ဖြစ်သော ပဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဌမသားရဲကို မြေကြီး မှစ၍ မြေကြီးသားတို့ သည်ကိုးကွယ်စေခြင်းငှါ ပြု၏။” (ဗျာ ၁၃:၁၁-၁၂)။ “သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည်အကြောင်း နှင့်၊ မိမိကို မကိုးကွယ်သောသူရှိသမျှတို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုပ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်း ရ၏။” (ဗျာ ၁၃:၁၅) 

ဗျာ ၁၃ ၌ သားရဲနှစ်ကောင်ကို ဖေါ်ပြထားသည်။ ပဌမသားရဲကို အငယ် ၁-၁၁တွင် ဖေါ်ပြ၍ သူသည် နိင်ငံရေးခေါင်းဆောင်၊ တကမ္ဘာလုံးကို အုပ်စိုးမည့်သူ၊ အန္တီခရစ် ဖြစ်သည်။ ဒုတိယသားရဲကို အငယ် ၁၂-၁၈တွင် ဖေါ်ပြထားကာ ဘာသာ ရေးခေါင်းဆောင် ဖြစ်သည်။ သူ့ကို မိစ္ဆာပရောဖက်ဟု ခေါ်လေ့ရှိသည်။ နိင်ငံရေးသ မားများနှင့် ဘာသာရေးသမားများသည် လက်တွဲလုပ်ဆောင်လေ့ရှိ ကြသည်။ ဘာ သာရေးခေါင်းဆောင်သည် နိင်ငံရေးခေါင်းဆောင်၏ အာဏာကို အသုံးပြု၍ လူများက နိင်ငံရေးခေါင်းဆောင်ကို ကိုးကွယ်စေမည် ဖြစ်သည်။ မကိုးကွယ်သောသူများသည် အသေသတ်ခြင်း ခံရမည် ဖြစ်သည်။ 

၁ ဖလား ခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့တွင် တပါးသည် လာပြီးလျှင်၊ ငါ့ကို နှုတ်ဆက်၍၊ လာခဲ့ပါ။ ရေအပေါ်မှာ ထိုင်သော ပြည်တန်ဆာကြီး၌ စီရင်ခြင်း အမှုကို ငါပြမည်။ ၂လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့် ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏ မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ် မူးကြပြီဟု ပြောဆိုလျက်၊ ၃ ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ ဆောင်သွားလေ၏။ ခေါင်း ခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမတို့နှင့် အပြည့်ရှိသောသားရဲနီအပေါ်မှာ ထိုင်လျက် ရှိသော မိန်းမတဦးကို ငါမြင်၏၊ ၄ ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက် ရှိ၏။ စက်ဆုပ်ရွံရှာဘွယ်သောအရာ နှင့်၎င်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်၎င်း၊ ပြည့်သော ရွှေဖလားကို ကိုင်လျက် ရှိ၏။ ၅ နဖူး၌ အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသောအရာ၊ ဗာဗု လုန်မြို့ကြီး၊ ပြည်တန်ဆာတို့၏ အမိ၊ မြေ၌ စက်ဆုတ်ရွံရှာဘွယ်သောအရာ တို့၏ အမိပေတည်း။ ၆ ထိုမိန်းမသည် သန့်ရှင်း သူတို့၏ အသွေး၊ ယေရှု၏ သက်သေခံတို့ 
၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့ မြင်သောအခါ အလွန် အံ့ဩ မိန်းမော၍ နေ၏။ ၁၅ ယခုမြင်၍ ပြည်တန်ဆာထိုင်သော ရေကား၊ အသီးသီးဘာသာစကားကို ပြောသော လူ အမျိုးမျိုး အစုစု ဖြစ်သတည်း။ (ဗျာ ၁ရး၁-၆၊ ၁၅) 

ဘုရားသခင် အမြင်၌ ပြည့်တန်ဆာသည် အခြားဘုရားကို ကိုးကွယ်သောသူများကို ဆိုလိုသည်။ ထိုပြည် တန်ဆန်ကို မိန်းမတဦး ဟုဆိုသည်။ ဓမ္မဟောင်းကာလ၌ ဣသရေလ လူမျိုးများသည် ဘုရားသခင်၏ မိန်းမ ဖြစ်သည် (ဟေရှာယ ၅၄:၅၊ ယေရမိ ၃:၂၀)။ သို့သော် ဣသရေလသည် ဘုရားသခင် အပေါ် သစ္စာ မရှိဘဲ အခြား ဘုရားများကို ကိုးကွယ်သောကြောင့် ဘုရားသခင်က ပြည်တန်ဆာဟု ခေါ်သည် (ယေရမိ ၃:၁-၃)။ ဓမ္မသစ်ကျမ်း၌ အသင်းတော်သည် ခရစ်တော်၏ မိန်းမ ဖြစ်မည့် သတို့သမီး လောင်း ဖြစ်သည် (၂ ကော ၁၁:၂)။ ဘေးဒဏ်ကြီး ကာလ၌ ရှိမည့် ဘာ သာရေးသည်လည်း ဖန်ဆင်းရှင်ဘုရားကို မကိုးကွယ်ဘဲ အန္တီခရစ်ကိုကိုးကွယ် သောကြောင့် ဘုရား အမြင်၌ ပြည်တန်ဆာ ဖြစ်သည်။ 

ကမ္ဘာ့ ဘာသာရေးများသည် ပေါင်းစည်းဘို့ ကြိုးစား နေကြသည်ကို တွေ့ မြင်နေရသည်။ အဘယ်ကြောင့်ပေါင်းစည်းလာကြသနည်းဟူမူကား ကမ္ဘာ့ ပြသနာသည် ဘာသာရေးကြောင့် ဖြစ်သည်ဟု ယူဆကြသောကြောင့် ဖြစ်သည်။ အထူးသဖြင့် မူစလင်များသည် ကမ္ဘာကို မငြိမ်မသက် ဖြစ်ရန် အလွန် မွှေနှောက် နေကြသည်။ ထို့ကြောင့် ခရစ်ယာန် အချို့က မူစလင်များနှင့် သင့်မြတ်ဘို့ရန် ခရစ္စလန်ဟူသော အမည်ဖြင့် မိဿဟာယများ ဖွဲ့လာ ကြသည်။ ထို့နည်းတူ၍ ညအနမ်​ေငအ့ ဟူသော ယုံကြည် ခံယူချက် မတူညီသော ပေါင်းစည်းသည့် အသင်းတော် များလည်း ပေါ်ပေါက် တိုးတက်လျက် ရှိသည်။ ကျမ်းစာ ကိုလည်း အမျိုးမျိုး ဘာသာပြန် ကြသည်။ ထိုသို့ ဘာသာ ပြန်ခြင်းသည် သိနားလည်း လွယ်အောင် ဟူသော အကြောင်း ပြချက်နှင့် အခြားအကြောင်း ပြချက် အမျိုးမျိုးဖြင့် သမ္မတရားကို လွှဲအောင် ပြုလုပ် နေကြသည်။ ထိုအရာ များသည် နောက်ဆုံးသော ကာလ၏ လက္ခဏာများ ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌ ပေါ်ပေါက်လာမည့် ကမ္ဘာ့ ဘာသာရေးအတွက် လမ်းခင်းပေးခြင်း ဖြစ်သည်။ 

ဒံယေလသတင်း ခုနှစ်ဆယ်

ဒံယေလသတင်း ခုနှစ်ဆယ်သည် ခေတ်ကာလ များ၏ အဓိက ကျောရိုး ဖြစ်သည်။ ဘုရားသခင်သည် ကောင်းကင်တမန် ဂါ​ေဗြလအားဖြင့် ဒံယေလထံသူ၏ အမျိုးသား ဣသရေလ ူမျိုးများအတွက် ဘုရားသခင်က သတ်မှတ်ထားသောအချိန် ကာလအကြောင်းကို ပြောပြခဲ့သည်။ ထိုအချိန်ကာလ များသည် ဣသရေလ ူမျိုးများ အတွက်ပေးခြင်းကြောင့် သူတို့ ရှုဒေါင့်အားဖြင့် ကြည့်မှသာ နားလည်နိင်သည်။ ခရစ်
ယာန် တယောက် ရှုတောင့်ဖြင့် ကြည့်ပါက နားလည်ဘို့ရန် ခက်ခဲသည်။ ထိုအရာများကို ဒံ ၉:၂၄-၂ရ၌ တွေ့နိုင်သည်။ မြန်မာကျမ်းစာအုပ်အားဖြင့်သာ ဖတ်ရှုလေ့လာပါက အဓိပ္ပါယ် နားလည်ဘို့ ခက်ခဲသောကြောင့် အင်္လိပ်ကျမ်းစာနှင့် ဒွန်တွဲ ဖေါ်ပြပါသည်။ 

ထိုအရာများမှာ၊ လွန်ကျူးခြင်း အမှုကို ဆီးတား၍ အပြစ်ကို တံဆိပ်ခတ် စေခြင်း ငှါ၎င်း၊ ဒုစရိုက်အပြစ်ကို ​ ဖြေရှင်း၍ ထာဝရ ကုသိုလ်ကို သွင်းစေခြင်း ငှါ၎င်း၊ ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိ ဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန် သန့်ရှင်းသော အရပ် ဌာနကို လိမ်းစေခြင်း ငှါ၎င်း၊ သိတင်း ခုနှစ်ဆယ်ကို သင်၏ အမျိုးသားချင်း အဘို့နှင့် သင်၏ သန့်ရှင်းသော မြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏။ (ဒံ ၉:၂၄)။ ဤကျမ်းပိုဒ်ကို စကား စုတိုင်း အဓိပ္ပါယ်ရှင်းလင်းဘို့ လိုသည်။ 

၁။ လွန်ကျူးခြင်း အမှုကို ဆီးတား၍ (အသ်ငညငျ့ အ့န အမ​ေညျါမနျျငသည) ဟူသောအရာကို လွန်ကျူးခြင်း အမှုကို အဆုံးသတ်ဘို့ရန် ဟုဆိုလျှင် ပို၍ နားလည်လွယ်သည်။ ဣသရေလ ူမျိုးများသည် ဘုရားသခင်၏ အစီအစဉ်များကို အမြဲလွန်ကျူးတတ်ကြသည်။ ဘုရားသခင်၏ အစီအစဉ်ကို မသိဘဲ မိမိတို့ အစီအစဉ်အတိုင်း တွက်ဆထား သောကြောင့် ဘုရားသခင်၏ စည်းကို အမြဲကျော်တတ်ကြသည်။ ထိုသို့ဖြစ်ခြင်းသည် သူတို့၏ ဆန္ဒအားကြီး လွန်းသောကြောင့် ဖြစ်သည်။ ​ကျွန်ပ်တို့လည်း သူတို့ နည်းတူ ဘုရားသခင်၏ အကြံစည်ထက် မိမိအကြံအစည်ဆန္ဒအားကြီး လွန်းသောကြောင့် ဘုရား၏ အလိုတော်ကို မသိကြ၊ ထိုမျှသာမက သိလျှင်လည်း မလိုက်ချင် ကြချေ။ ဣသရေလ လူများသည် အဓိကအားဖြင့် ခရစ်တော်ကို သူတို့ အစီအစဉ် အတိုင်း လာစေချင်သည်။ သို့သော် ခရစ်တော်သည် သူတို့ အစီအစဉ်အတိုင်း ကြွမ လာခဲ့ပါ။ ထို့ကြောင့် သူ့ကို ရိုက်သတ်လိုက် ကြသည်။ ခရစ်တော် ဒုတိယအကြိမ် ကြွ လာသောအခါ တွင်မူ သူ့ကို လက်ခံသဖြင့် နောက်ထပ်မှားယွင်းစရာ မရှိတော့သောကြောင့် လွန်ကျူးခြင်း မရှိဘဲ အဆုံးသတ်တော့မည် ဖြစ်သည်။ ဆိုလိုသည်မှာ အနှစ် တစ်ထောင်ကာလ အတွင်း ဘုရား အစီအစဉ် လက်ခံတော့မည် ဖြစ်သည်။ ယနေ့ ယုံ ကြည် သူများလည်း ကောင်းကင် ရောက်မှသာ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်လာနိင်ကြတော့မည် ဖြစ်သည်။ 

၂။ အပြစ်ကို တံဆိပ်ခတ်စေခြင်း ငှါ၎င်း၊ အသ ာ​ေုန ​ေည နညိ သ် ျငညယ အပြစ်ကို တံဆိပ် ခတ်ခြင်း ဆိုသည်မှာ အပြစ် နောက်ထပ်မကျူးလွန် တော့မည့် အရာကို ဆိုလိုသည်။ ဣသရေလ ူမျိုးများသည် အဲဂုတ္တု ပြည်မှ ထွက်ကတည်းက ဘုရားသခင်အပေါ်မှာ ရုပ်တုကိုးကွယ်ခြင်းအားဖြင့် မှားယွင်းတတ်ကြသည်။ ဘုရားသခင်၏ တန်ခိုးကို မြင်ရ၊ စားရ၊ ခံစား ခဲ့ကြသော်လည်း အစဉ်သဖြင့် ဘုရားကို စွန့်၍ အခြားဘုရား များကိုသာ လျှင်ကိုးကွယ်တတ်ကြသည်။ သို့သော် ခရစ်တော် ဒုတိယအကြိမ် ကြွလာချိန် မှစ၍ ထိုသို့သော အပြစ်ကို မလုပ်တော့ဘဲ အဆုံးသတ်တော့မည် ဖြစ်သည်။ 

၃။ ဒုစရိုက်အပြစ်ကို ​ ဖြေရှင်း၍ အသ ာ​ေုန အေသညနာနညအ်သမ ငညငဆကငအပယ ဣသရေလ ူမျိုး များသည် အပြစ် အတွွက် အသွေးသွန်းမည့် ခရစ်တော်ကို သတ်သောသူများ ဖြစ်သည်။ ခရစ်တော်သည် အပြစ် အတွက် အသွေးသွန်း၍ အသားကို ချိုးဖဲ့ခဲ့သော်လည်း ထိုအကျိုးကျေးဇူးကို သူတို့သည် မခံရကြသေးချေ။ သို့သော် ခရစ်တော် ဒုတိယအကြိမ် ကြွ လာသောအခါ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံ၍ သူတို့၏ အပြစ်များကိုလည်း အားလုံး ​ဖြေလွှတ်မည် ဖြစ်သည်။ ရှင်ပေါလုက ဤသို့ ရေးသား ခဲ့သည်- ထိုသို့ ကျမ်းစာနှင့် အညီ၊ ဣသရေလ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာ ချက်ဟူမူကား၊ ကယ်လွှတ်သော သခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသော အမှုကို ယာကုပ်အမျိုးသားတို့ မှလွှဲတော်မူ လတံ့။ သူတို့ အပြစ်များကို ငါပယ်ရှင်းသောအခါ၊ သူတို့၌ ငါပေးသော ပဋ္ဋိညာဉ် တရားသည် ထိုသို့သော တရား ဖြစ်၏ဟု လာသတည်း။ (ရော ၁၁:၂၆-၂ရ)။ 

၄။ ထာဝရ ကုသိုလ်ကို သွင်းစေခြင်း ငှါ၎င်း၊ အသ ဘမငညါ ငည နလနမူ​ေျအငညါ မငါ့အနသကျညနျျယ ထာဝရ ကုသိုလ်ကို သွင်းခြင်း ဆိုသည်မှာ ထာဝရ ​ဖြောင့်မတ်ခြင်းကို ဆိုလိုသည်။ ဣသရေလ ူမျိုးများသည် ဘုရား ပေးသော ​ဖြောင့်မတ်ခြင်းကို လက်မခံဘဲ မိမိတို့ ကိုယ်တိုင် ပညတ်တော် လိုက်လျှောက်ခြင်းအားဖြင့် ​ဖြောင့်မတ်ဘို့ ကြိုးစားကြောင်း ပေါလုက ဤသို့ ရေးသား ခဲ့သည် -ထို သူတို့သည် ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို မသိဘဲ၊ ကိုယ်​ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ (ရော ၁၀:၃)။ တဖန် ​ဖြောင့်မတ်ခြင်း တရားကို မှီအောင် လိုက်သော ဣသရေလ လူတို့ မူကား၊ ​ဖြောင့်မတ်ခြင်း တ ရားကို မမှီကြ။ အဘယ်ကြောင့်မမှီကြသနည်း။ ယုံကြည်ခြင်းအားဖြင့် မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာလိုက်ကြသတည်း။ (ရော ၉:၃၁-၃၂)ဟု ရေး ထားသည်။ ​ဖြောင့်မတ်ခြင်းကို မရဘူးသော ဣသရေလ ူမျိုးများသည် ခရစ်တော် ဒုတိယအကြိမ် ကြွ လာသောအခါ ဘုရား၏ ​ဖြောင့်မတ်ခြင်းကို ရရှိကြတော့မည် ဖြစ်သည်။ 
 
၅။ ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိ ဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍ အသ ျန​ေူ ကစ လငျငသည ​ေညိ စမသစ့နခပ ဣသရေလ လူမျိုးများသည် ဘုရားသခင်ကို ယုံကြည် နိုင်ရန် နိမိတ် လက္ခဏာကို တောင်းတတ်ကြသည်။ ပေါလုက၊ “ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏” (၁ ကော ၁:၂၂)ဟု ရေးထားသည်။ သခင်ယေရှု ထံ၌လည်း ဤသို့ တောင်းခဲ့ကြသည်၊ “ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကို စုံစမ်း နှောင့် ရှက်ခြင်းငှါ ချဉ်းကပ်၍၊ မိုဃ်းကောင်းကင်က ဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူ မည်အကြောင်း တောင်းပန်ကြ၏” (မ ၁၆:၁)။ ထိုသို့ တောင်းခြင်းကို ခရစ်တော် ကမနှစ်သက်ကြောင်း ဤသို့ တွေ့ရသည်၊ “ဆိုးညစ်၍ မျောက်မထားသော အမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက် ယောန၏ နိမိတ်လက္ခဏာ မှတပါးအဘယ်လက္ခဏာကိုမျှ သူတို့အား မပြရာဟု မိန့်တော်မူပြီးလျှင် ထို သူတို့ ရှိရာမှ ထွက်၍ ကြွတော်မူ၏။” (မ ၁၆:၄) ခရစ်တော် ဒုတိယအကြိမ် ကြွလာတော်မူသောအခါ သူတို့သည် နိမိတ်လက္ခဏာတောင်းကြတော့မည် မဟုတ်။ အားလုံး ခရစ်တော်၏ စကားကို ယုံကြည် ကြမည်။ ရှေ့အနာဂါတ်၌ ဖြစ်မည့် အရာများကိုလည်း ဗျာဒိတ်ပြုစရာ မလိုတော့မည် မဟုတ်ချေ။ ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာ ဒိတ်တော်တို့ကို တံဆိပ်ခတ်မည် ဟုဆိုခြင်း ဖြစ်သည်။ တံဆိပ်ခတ်ခြင်း၏ အဓိပ္ပါယ်သည် ပြည့်စုံပြီ၊ ဖုံးထားပြီဟူ၍ ဖြစ်သည်။ 
 
၆။ အလွန် သန့်ရှင်းသော အရပ် ဌာနကို လိမ်းစေခြင်း ငှါ၎င်း အသ ​ေညသငညအ အ့န ာသျအ့သူပ စူခေန၏ ဘေးဒဏ်ကြီး ကာလ၌ အန္တီခရစ်၏ ခွင့်ပြုချက်ဖြင့် ယေရုရှလင်မြို့၌ ဗိမာန်တော် ပြန်ဆောက်မည် ဖြစ်သည်။ ထိုဗိမာန်တော်၌ ဣသရေလ လူများသည် ဓမ္မဟောင်းကာလ၌ ကဲ့သို့ ပြန်လည်၍ ယဇ်ပူဇော်ကြလိမ့်မည်။ သို့သော် ဘေးဒဏကြီး ကာလ၏ အလယ်သုံးနှစ်ခွဲရှိသောအခါ ယဇ်ပူဇော်ခြင်းကို တားမြစ်၍ သူ ကိုယ်တိုင် ဘုရား ဖြစ်ယောင်ဆောင်၍ အကိုးကွယ်ခံမည် ဖြစ်သည်။ ထိုအရာနှင့် ပတ်သက်၍ ခရစ်တော်က၊ “ပရောဖက် ဒံယေလဟောသည် အတိုင်း၊ ဖျက်ဆီးတတ်သော ရွံ့ ရှာဘွယ်အရာသည် သန့်ရှင်းသော အရပ် ဌာန၌ စိုက်နေသည်ကို သင်တို့ မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။” (မ ၂၄:၁၅) ဟုဆိုခဲ့သည်။ ဖျက်ဆီး တတ်သော ရွံ့ရှာဘွယ်အရာသည် အန္တီခရစ် ဖြစ်၍ သန့်ရှင်းသော အရပ် ဌာနသည် ဗိမာန်တော် ဖြစ်သည်။ ပေါလုကလည်း၊ “အဘယ်သူမျှ သင်တို့ကို အဘယ်သို့အားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင် ဖြစ်၍၊ ဒုစရိုက်လူ တည်းဟူသော ပျက်စီးခြင်း၏ သားသည် ပေါ်လာရလိမ့်မည်။ ထိုသူသည် ဘုရားသခင် ဟူ၍၎င်း၊ ဘုရား ဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသောအရာ တို့ကို ရန် ဘက်ပြု၍၊ ကိုယ်ကိုကိုယ် ချီးမြောက်သော အားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကို ပြသောသူ ဖြစ်သတည်း။ (၂ သက် ၂:၃-၄) 

ထိုသို့ အန္တီခရစ်က ညစ်ညူး စေသော ဗိမာန်တော်ကို ဖျက်၍ ခရစ်တော် ကြွ လာသောအခါ အသစ်ပြန်ဆောက်မည်လော၊ သို့မဟုတ် မဖျက်ဘဲ သန့်ရှင်းစေ မည်လော ဟူသောအရာသည် မထင်ရှားပါ။ မည်သို့ပင်ဖြစ်စေ ခရစ်တော် ဒုတိယ အကြိမ်ကြွ လာသောအခါ သန့်ရှင်းရာဌါန တည်းဟူသော ဗိမာန်တော်ကို သန့်ရှင်း စေမည် ဖြစ်သည်။ (ဒံ ၉:၂၅-၂၇ကို နောက်မှ ဖေါ်ပြပါမည်)

 

ကျမ်းစာဖတ် ကြစို့
ဗျာ ၁၅

၁။ တဖန်တုံ၊ ဘုရားသခင်၏ အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါး တည်းဟူသော ကောင်းကင်၌ အံ့ဘွယ်သော နိမိတ်ကြီး အခြားတပါးကို ငါမြင်ရ၏။ 

ဘုရားသခင်သည် ဘေးဒဏ်ကြီး ကာလ၌ ကမ္ဘာပေါ်တွင် အမျက်ဒေါသလောင်းမည့် အရာကို သုံးပိုင်းဖြင့် ဖေါ်ထားသည်။ တံဆိပ်ခုနှစ်ခု၊ တံပိုးခုနှစ်လုံးတရား စီရင်ခြင်းများအပြင် ယခုဖလားခုနှစ်လုံး တရားစီရင်ခြင်း ပြုလုပ်မည့် အရာကို ဖေါ် ပြထားသည်။ ဤဖလားခုနှစ်လုံးတရားစီရင်ခြင်းသည် နောက်ဆုံး ဖြစ်သည်။ ထိုတ ရားစီရင်ခြင်းကို ကောင်းကင်တမန် ခုနှစ်ပါးက ဆောင်ရွက်မည် ဖြစ်သည်။ 
 
၂။ မီးနှင့် ရောသော ဖန်ရေကန်ကဲ့သို့ ရှိသည် ကိုလည်း မြင်ရ၏။သားရဲနှင့်၎င်း၊ သူ၏ ရုပ်တုနှင့်၎င်း၊ သူ၏ နာမအရေအတွက်နှင့်၎င်း၊ လွတ်၍ အောင်မြင်သော သူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာရပ် နေကြသည်ကို မြင်ရ၏။ 

ဖန်ရေကန်သည် တဲတော် ရှေ့၌ ရှိသော ​ကြေးဝါအင်တုံ ဖြစ်သည်။ ထိုအင် တုံ၌ ရေထည့်၍ ယဇ်ပုရောဟိတ် များနှင့် ယဇ်ကောင်များဆေးကြောသော နေရာ ဖြစ်သည်။ ထို​ကြေးဝါအင်တုံကို ကောင်းကင် တဲတော်၌ ဖန်ရေကန်ကဲ့သို့ တွေ့ရသည်။ ဘေးဒဏ်ကြီးကာလ အတွင်း သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သားရဲ၏ နာမအရေအတွက် တည်းဟူသော ၆၆၆ တံဆိပ်ကိုလည်း မခံဘဲ လွတ်မြောက် အောင်မြင်သော မာတုရများသည် ဖန်ရေကန်နားမှာရပ်သည် ဟုဆိုခြင်းသည် သန့်ရှင်းခြင်းကို ဆိုလိုသည်။ သူတို့သည် ဘေးဒဏ်ကြီး ကာလ၌ အလွန် ခက်ခဲသော်လည်း ဘုရားသခင်၏ ရန်သူတည်း ဟူ အန္တီခရစ်၏ ရုပ်ကို မကိုးကွယ်၊ သူ၏ နာမ ၆၆၆ မခံဘဲ သန့်ရှင်းစွာ နေထိုင်သောကြောင့် ဘုရားသခင်ထံ သန့်ရှင်းစွာ ပူဇော်သော ယဇ်ကောင်များကဲ့သို့ဖြစ်သည်။ ထို့ကြောင့် ဖန်ရေကန် အနား၌ တွေ့ရခြင်း ဖြစ်သည်။ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်သည် ဟုဆိုခြင်းသည် သီချင်းဆို၍ စောင်းတီးဘို့ ဖြစ်သည်။ သူတို့ သီဆိုသော သီချင်းနှင့် တီးသော စောင်းအကြောင်းကို အောက်တွင် ဆက်လက် ဖေါ်ပြထားသည်။ 

၃။ ထို သူတို့သည် ဘုရားသခင်၏ ​ကျွန် မောရှေ၏ သီချင်းနှင့် သိုးသငယ်၏ သီချင်းကို သီ၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင် ဘုရားသခင်၊ ကိုယ်တော်၏ အပြု အမူတို့သည် ကောင်းမြတ်၍ အံ့ဩဘွယ် ဖြစ်ကြပါ၏။ လူမျိုးတို့၏ ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ​ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။ 

ထို သူတို့သည် ဘေးဒဏ်ကြီး ကာလမှ လွတ်မြောက် သူများ ဖြစ်သည်။ သူတို့က မောရှေ၏ သီချင်းကို သီဆို ကြသည်။ မောရှေ၏ သီချင်းကို ထွက်မြောက်ရာ ၁၅ ထဲ၌ တွေ့နိင်သည်။ ထာဝရဘုရားက ဣသရေလ လူများကို အဲဂုတ္တု စစ်သားများလက်မှကယ်နှုတ်၍ ပင်လယ်နီဖြတ်ပြီးသောအခါ သီဆိုသောအောင် ပွဲသီချင်း ဖြစ်သည်။ နောက်သီချင်းကို မောရှေသေခါနီး ယော်ဒန်မြစ်တဖန် ကမ်း၌ စပ်ဆိုသောအရာကို တရားဟောရာကျမ်း၃၂၌ တွေ့ရသည်။ ထိုသီချင်း၌ ဘုရားသခင်၏ကြီး မြတ်ခြင်းနှင့် သူ၏ လူမျိုး ဣသရေလ လူများကို ကယ်နှုတ်ပို့ဆောင်ခြင်းနှင့် သူတို့၏ အပြစ်များကို ဖေါ်ပြသည်။ 

သိုးသငယ်သည် ခရစ်တော်ကို ဆိုလိုသည်။ ခရစ်တော်၏ သီချင်းသည် ကျမ်းစာ၌ မတွေ့ရချေ။ မောရှေသည် ဣသရေလ လူမျိုးများကို အဲဂုတ္တု ​ကျွန်မှကယ် နှုတ်၍ ဦးဆောင် သကဲ့သို့ ခရစ်တော်လည်း ယုံကြည်သူများကို အပြစ်၏ ​ကျွန်စာ တန်၏ ​ကျွန်၊ ဤလောက၏ ​ကျွန်မှကယ်နှုတ်ခဲ့သည်။ ဣသရေလ လူများက ထိုကယ် တင်ခြင်း အတွက် ဘုရားသခင်ကို ချီးမွမ်း သကဲ့သို့ ဘေးဒဏ်ကြီးကာလ မှကယ်နှုတ်ခြင်း ခံသောသူများကလည်း ကောင်းကင်၌ ခရစ်တော်၏ ကယ်တင်ခြင်း သီချင်းကို သီဆိုကြမည် ဖြစ်သည်။ 

မောရှေနှင့် သိုးသငယ်၏ သီချင်းများ ဆိုသည့်အပြင် ထာဝရ အရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြု အမူတို့သည် ကောင်းမြတ်၍ အံ့ဩဘွယ် ဖြစ်ကြပါ၏။ လူမျိုးတို့၏ ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ​ဖြောင့်မတ်ဟုတ်မှန်ကြပါ၏ဟု ချီးမွမ်း ကြသည်။ ယနေ့ လူ များစွာတို့သည် ဘုရားသခင်ကို အပြစ်တင်တတ်ကြသည်။ မိမိတို့ အလိုဆန္ဒအတိုင်း ဘုရားသခင်က မပေးသောအခါ ဘုရားသခင်ကို အမြင် မှားကာစိတ်ဆိုးတတ်ကြသည်။ သို့သော် ဘုရားသခင်၏ အပြုအမူ များသည် ကောင်းမြတ်၍ အံ့ဘွယ် ဖြစ်သည်။ ယုံကြည်သူများသည် ဘုရား၏ အပြု အမူများကို မဆင်ခြင်ကြသောကြောင့် အံ့ဩဘွယ်ကောင်းမှန်း၊ ချီးမွမ်းရမှန်းလည်း မသိတတ်ကြချေ။ ယခုမှစ၍ ဘုရားသခင် ပြုလုပ်သော အရာများကို ဆင်ခြင်၍ ချီးမွမ်းကြပါစို့။ 

၄။ အိုထာဝရဘုရား၊ ကိုယ်တော်ကို မကြာက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း၊ ကိုယ်တော် တပါးတည်း သာလျှင် သန့်ရှင်းတော်မူ၏။ တ ရားသဖြင့် စီရင်တော်မူခြင်း အရာတို့သည် ထင်ရှားသည် ဖြစ်၍၊ လူမျိုး အပေါင်းတို့သည် လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။ 

ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်၍ အနန္တတန်ခိုးနှင့် ပြည့်စုံသည်သာမက အပြုအမူ အကျင့်ဓလေ့တို့သည် ​ဖြောင့်မတ်တော်မူသောကြောင့် သူ့ကို မကြောက်ရွံ့သူ၊ နာမတော်ကို မချီးမွမ်းဘဲ နေသူ အဘယ်သူ ရှိမည်နည်း ဟုဆို ကြသည်။ သို့သော် ယနေ့လောကသားများက ဘုရားသခင်ကို ထိုသို့ ကြောက်ရွံ့ခြင်း ချီးမွမ်းခြင်း မတွေ့ရချေ။ အကြောင်းမှာ ဘုရားသခင်ကို သိသင့်သလောက် မသိကြ သောကြောင့် ဖြစ်သည်။ ထာဝရဘုရားသခင်သည် မည်သူ၏ မျက်နှာမှမလိုက်၊ တ ရားသဖြင့် တရားစီရင်သောသူ ဖြစ်သည်။ ထို့ကြောင့် လူမျိုး အပေါင်းတို့သည် ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည် ဟုဆိုသည်။ ​ကျွန်ပ်တို့လည်း ထာဝရဘုရားကို ကြောက်ရွံ့၍ နာမတော်ကို ချီးမွမ်းရမည်။ ထာဝရဘုရားကိုသာ လျှင်ကိုးကွယ်ရကြမည်။ 
          
၅။ ထိုနောက် ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူ ချက် ဌာပနာရာ တဲတော် ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ။ 

ယောဟန်က ကောင်းကင် ဗိမာန်တော် အတွင်း ပိုင်း အသန့်ရှင်းဆုံးဌါနကို မြင်တွေ့ခြင်း ဖြစ်သည်။ ထိုနေရာသည် ထာဝရဘုရားကျိန်းဝပ်တော်မူရာ ဖြစ်သည်။ လောက၌ တည်ဆောက်သော တဲတော်နှင့် ဗိမာန်တော် အတွင်းရှိသန့်ရှင်းရာဌါနကို ယဇ်ပုရောဟိတ် များသာလျှင် မြင်တွေ့ရ ကြသည်။ အတွင်း ခန်း ဖြစ်သော အသန့်ရှင်းဆုံးအခန်းကို ယဇ်ပုရောဟိတ်မင်းကသာလျှင် တနှစ်လျှင် တခါသာတွေ့မြင်ရသည်။ ယခုကောင်းကင်ဘုံရှိတဲတော် အတွင်းကို ယောဟန်ကဖွင့်ထားသည် ဟုဆိုသည်။ 
 
၆။ ဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင် လက်သော ပိုက်ဆန်အဝတ်ကို ဝတ်လျက်၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော် ထဲကထွက်လာကြ၏။ 

ထိုဗိမာန်တော် အထဲမှနောက်ဆုံး ဗျာ ၁၆မှာ ဘုရားသခင်၏ အမျက် ဒေါသကို မြေကြီး ပေါ်လောင်းမည့် ကောင်းကင်တမန် တော် ခုနှစ်ပါးတို့သည် ထွက် ကြသည်။ သူတို့သည် ပိုက်ဆန်အဝတ်ကို ဝတ်သည် ဟုဆိုသည်။ ပိုက်ဆန်အဝတ်သည် အင်္လိပ်လို ူငညနည ပိတ်ချောဟု ခေါ်သည်။ ယဇ်ပုရောဟိတ်မင်းသည် အသန့်ရှင်းဆုံးဌါနသို့ ဝင်သောအခါ ပိတ်ချောကို ဝတ်ဘို့ ဘုရားသခင်က ဤသို့မှာ ထားသည်၊ “အာရုန်သည် သန့်ရှင်းရာ ဌာနတော် အထဲသို့ အဘယ်သို့ ဝင်ရမည် နည်းဟူမူကား၊ အပြစ် ​ဖြေရာယဇ်ဘို့ အသက် ပျိုသော နွားထီးတကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးထီးတကောင်ပါရမည်။ သန့်ရှင်းသော ပိတ်ချောအင်္ကျီ၊ ပိတ်ချောပေါင်း ဘီကို ဝတ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချောဗေါင်းကိုလည်း ဆောင်းရမည်။ ထိုအဝတ်တန်ဆာတို့သည် သန့်ရှင်သောကြောင့်၊ ကိုယ်ကို ရေချိုးပြီးမှ ဝတ် ဆင်ရမည်။” (ဝတ်ပြုရာ ၁၆:၃-၄)။ ဗိမာန်တော် အထဲမှ ထွက်ကြသောကြောင့် ကောင်းကင်တမန် များလည်း ပိတ်ချောကို ဝတ်ထားကြခြင်း ဖြစ်သည်။ ပိတ်ချောသည် ဖြူဆင် သန့်ရှင်းခြင်းကို ပုံဆောင်သည်။ 

ထို ကောင်းကင်တမန်တို့သည် ရင်၌ ရွှေရင်စည်းကို စည်းခြင်းသည် ယဇ် ပုရောဟိတ် အကြီးနှင့် တူသည်။ သူတို့သည် ဗိမာန်တော် ထဲမှ ထွက်သောကြောင့် ဘုရားသခင် ထံတော်မှ ဘုရား၏ အမိန့်တော် အရ ဘုရား၏ အလိုတော်ကို ဆောင် ရွက်ဘို့ရန် ထွက်ခြင်း ဖြစ်သည်။ 
 
၇။ သတ္တဝါလေးပါးတွင် တပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်နှင့် ပြည့်သော ရွှေဖလား ခုနစ်လုံးကို ကောင်းကင် တ မန် ခုနစ်ပါးတို့ အားပေး၏။ 

အသက်ကြီးသူတပါးက ဘုရား၏ အမျက်တော်နှင့် ပြည့်သော ရွှေဖလားခုနှစ် လုံးကို တပါးလျှင် တလုံး စီပေးသည်။ ထိုကောင်းကင်တမန် များသည် အခန်း၁၆၌ တပါးပြီး တပါးမြေကြီး ပေါ်သို့ ဘုရား၏ အမျက်တော်ကိုလောင်းကြမည် ဖြစ်သည်။ ကမ္ဘာအဆက်ဆက်ဟူသောအရာသည် ထာဝရ ကာလကို ဆိုလိုသည်။ ဘုရားသခင်သည် ထာဝရ အသက်ရှင်တော်မူသောကြောင့် သူ့ကို ထာဝရဘုရားဟု ခေါ်ခြင်း ဖြစ်သည်။ လူ၏ အမျက်ဒေါသသည် ကြောက်စရာ ကောင်းတတ်သော်လည်း သူတို့ သေသွားသောအခါ ကြောက်စရာ မရှိတော့ချေ။ ဘုရား မူကား ထာဝရ အသက်ရှင် သောကြောင့် သူ၏ အမျက်ဒေါသသည် ကြောက်စရာ ကောင်းသည်။ ယ ခုအခါ လူသည် မည်မျှပင်အပြစ် ကြီးသော်လည်း ဘုရားသခင်သည် မရှိသကဲ့သို့ ငြိမ်နေသည်။ ထိုအရာများကို စုထားသော ဖလားများကို ဘေးဒဏ်ကြီး ကာလ၌ မြေကြီး ပေါ်သို့လောင်းရတော့မည် ဖြစ်သည်။ 
 
၈။ ဘုရားသခင်၏ ဘုန်းတန်ခိုး အာနုဘော် တော်ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့် ပြည့်၍ ကောင်းကင်တမန် ခုနစ်ပါး၏ ဘေးဒဏ် ခုနစ်ပါးမကုန်မီတိုင်အောင် ဗိမာန်တော် ထဲသို့ အဘယ်သူမျှ မဝင်နိုင်။ 

ကောင်းကင် ဗိမာန်တော်၌ ဘုရားသခင်၏ ဘုန်းတန်ခိုး အာနုဘော် တော်သည် မီးခိုးအားဖြင့် ပြည့်သည်။ ထာဝရဘုရားရှိခြင်းသည် မိီးခိုးနှင့် မိုဃ်းတိမ်အားဖြင့် လူများ ကတွေ့မြင်တတ်ကြသည်။ သိနာတောင်ပေါ်၌ ထာဝရဘုရား ဆင်းသက်သောအခါ မီးခိုးအားဖြင့် ထင်ရှားကြောင်း ဤသို့ တွေ့ရသည်၊ “ထာဝရဘုရားသည် မီးဖြင့် လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင် လုံးမီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏ မီးခိုးကဲ့သို့ တက်၍ တတောင်လုံးပြင်းစွာ လှုပ်လေ၏။” (ထွက် ၁၉:၁၈) 

မောရှေကတဲတော်ကို ဆောက်ပြီးသောအခါ ထာဝရဘုရားသည် တဲတော်၌ မီးခိုးအားဖြင့် ရှိကြောင်းကို ဤသို့ တွေ့ရသည်၊ “ထိုအခါ မိုဃ်းတိမ်သည် ပရိသတ် စည်းဝေးရာတဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လေ၏။ ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော် အပေါ်၌ နေသောကြောင့်၊ မောရှေသည် အထဲသို့ မဝင်ရ။ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက် နေ၏။ (ထွက် ၄၀:၃၄-၃၅) 
ရှောလမုန်က သူဆောက်သော ဗိမာန်တော်ကို အနုမောဒနပြု (ဆက်ကပ်)သောအခါ၌လည်း ယဇ်ပုရောဟိ်တ်များ မဝင်နိင်အောင် ဘုရား၏ ဘုန်းတော် တည်းဟူသော မိုးတိမ်များက ပြည့်ခဲ့ကြောင်း တွေ့ရသည်၊ “ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာ ဌာနထဲက ထွက်ကြသောအခါ၊ ထာဝရဘုရား၏ အိမ်တော်သည် မိုဃ်းတိမ်နှင့် ပြည့်၏။ ထိုသို့ ထာဝရဘုရား၏ အိမ်တော်သည် ဘုန်းတော်နှင့် ပြည့်လျက်၊ မိုဃ်း တိမ်တော်ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက်လျက် ရပ်၍ မနေနိုင်ကြ။ (၃ရာ ၈:၁၀-၁၁) 

ကိုးကွယ်မှားခြင်း 

“ကုန်သွယ်မှားလျှင် တခေါက်၊ တောင်ယာခုတ်မှားလျှင် တနှစ်၊ အိမ်ထောင် ပြုမှားလျှင် တသက်၊ ကိုးကွယ်မှားလျှင် ထာဝရ” ။ လူတိုင်း မှားယွင်းတတ်ကြသည်။ ကုန်သွယ်မှားလျှင် ပိုက်ဆံဆုံးရှုံးသောကြောင့် နှမျောစရာ ဖြစ်သည်။ တောင်ယာခုတ် မှားလျှင် တနှစ်စာအစာ ခေါင်းပါး နိုင်သည်။ အိမ်ထောင်ပြုမှားလျှင် တသက်လုံးခံစားရသည်။ သို့သော် ထိုအရာများထက် ကြောက်စရာ အကောင်းဆုံးသော အမှားသည်ကိုးကွယ်မှားခြင်း ဖြစ်သည်။ ကိုးကွယ်မှားခြင်း၌ မှား ယွင်းသော ဘုရားကို ကိုးကွယ်မိလျှင် ထာဝရ ငရဲသွားရမည် ဖြစ်သည်။ မှန်သော ဘုရားကို ကိုးကွယ်သော်လည်း မှားသော နည်းအားဖြင့်ကိုးကွယ်လျှင်လည်း ကယ်တင်ခြင်းသို့ မရောက်ဘဲ ငရဲရောက် ရဦးမည် ဖြစ်သည်။ ဣသရေလ လူများလည်း ထာဝရဘုရား၊ ဘုရား စစ်ဘုရား မှန်ကိုကိုးကွယ်ကြသော်လည်း ကယ်တင်ခြင်းသို့ မရောက်ခဲ့ကြချေ။ အဘယ်သို့ကိုးကွယ် ကြသနည်း။ မိမိတို့ အလိုဆန္ဒအတိုင်းကိုးကွယ် နေကြသည်။ သခင်ယေရှုက၊ “ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက် ပင် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏” (မ ၁၅:ရ- ၉) ဟုဆိုခဲ့သည်။ ထို့ကြောင့် မိမိတို့ကိုးကွယ်သော ဘုရား မှန်မ မှန်ကို စစ်ဆေးကြစို့။ မှန်သော ဘုရားကိုးကွယ်သော်လည်း ကိုးကွယ်နည်းမှန်မမှန်ကို ကျမ်းစာအားဖြင့် လေ့လာကြပါစို့။       
 
၂၀၁၅ ခုနှစ်မတ်လ နေကြတ်ခြင်း 

၂၀၁၅ ခုနှစ်မတ်လ ၂၀ ရက်နေ့ နေကြတ်ခြင်းနှင့် ပတ်သက်၍ သတင်းကောင်း စာရှု သူများ အံ့ဩမည် ဖြစ်သောကြောင့် အောက်ပါပုံအရ​ ဖြေရှင်း ချက်ရေးထားပါသည်။ ထိုနေကြတ်ခြင်းကို ဥရောပတိုက်နှင့် မြောက်အာဖရိကတိုက်မှ သာမြင်တွေ့ရသည်။ အနီရောင်ရှိသော နေရာမှသာ လုံးလုံး နေကြတ်၍ အရောင်ဖေျာ့သွားလေလေတပိုင်းတစသာ ကြတ်ကြောင်း သိရှိရပါသည်။ ကမ္ဘာ့ နိင်ငံအများစုမှ မတွေ့ရပါ။ 

 
ဧဝံဂေလိ ခရီး စဉ်
 ဆရာမောဇက်နှင့် ဆရာမဟန္နတို့သည် မတ်လ ၉-၁၆ ရက်နေ့များ၌ ဤနထ​ေျ ပြည်နယ် ​ြငိူ​ေညိ မြို့ရှိ ​ြငိူ​ေညိ ဃ့မငျအင​ေည်နူူသတျ့ငစ အသင်းတော်တွင် ကျမ်းစာ သင်တန်းကို လူကြီးနှင့် ခလေးများသင်ပေး ကြသည်။ လူကြီး၈၀-၁၀၀ ညပိုင်းတွင် သင်ကြားနိင်၍ ခလေး၃၀ ကျော်နေ့ညသင်ကြားနိုင် ကြသည်။ ညပိုင်းတွင် ရ- ၁၀ ထိသင် ကြားသော်လည်း မညီးငွေ့ဘဲ စိတ်ဝင်စားစွာ သင်ကြားကြပါသည်။ 

ဆရာယောရှုလည်း ချင်းပြည်နယ်၊ ချမ်းပြန်းရွာ၌ ကျမ်းစာ သင်တန်း ပြုလုပ် ရာလူ များစွာ ကယ်တင်ခြင်းသို့ ရောက်ကြောင်း ကြားသိရပါသည်။ ဆရာဂီဒီယန်လည်း ဩစ​တြေးလျသတင်းကောင်း နှစ်ခြင်း အသင်းတော်၌ ဆက်လက် ကြည့်ရှုကာမတ်လကုန်တွင် ပြန်လာမည်ဟု သတင်းရရှိပါသည်။ 

 

ကျေညာစရာများ
ဇွန်လ ၁-၃၀ ရက်နေ့အထိ တလလုံးလုံးအမှုတော်ဆောင်သင်တန်းကို၍ ညိင​ေညစေသူငျ ွ​ြဃ၌ ပြုလုပ်ဘို့ ရှိပါသည်။အချိန် ပြည့်နှင့်အချိန် ပိုင်းအမှုတော်ဆောင်ချင်သောသူတိုင်း တက်ရောက်နိင်ပါသည်။ 

ဇူလိုင်လ ၆-၁၂ ရက်နေ့အထိ လူငယ်စခန်းသွင်း သင်တန်း ​ြငဘူန ဃ​ောစငညါကို ​ြငခ့ငါ​ေည ပြည်နယ် ​ြအေအူန ဃမနနု  မြို့နယ်တွင် ပြုလုပ်မည် ဖြစ်ပါသည်။ လူငယ်အသက် ၁၃ နှစ်အထက် သာလျှင် တက်ခွင့်ပြုမည် ဖြစ်ပါသည်။ လူငယ် တိုင်း တက်ရောက်ဘို့ရန် တိုက်တွန်းနိုးဆော်ပါသည်။ ထိုသင်တန်း၌ ဖုံးနှင့် အီလက်ထောနစ်ပစ္စည်းများ အသုံးပြုခွင့် ပေးမည် မဟုတ်ပါ။ အကြောင်းမှာ ဝိညာဉ်ရေးရာ၌ စိတ်ရောကိုယ်ပါပါဝင်နိင်ရန်ငွေ များစွာ အကုန်ကျခံမည် ဖြစ်သောကြောင့် အ ကျိုး များစွာ ရစေချင် ပါသည်။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG