GOODNEWS
  HOME  GOODNEWS  2015 FEB
 


အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၂၀၁၅ ဖေဖဝါရီလအတွင်း၌ ရောက်ရှိကြပြီ။ ဇန္နဝါရီလသည် အသင်းတော် အများစု ဖျားသော လ ဖြစ်သည်။ ရွေးကောက်ပွဲကြောင့် စိတ်မကျေနပ် သူများရှိကာ အသင်းတော်၌ နာတတ်သည်။ ဇာတိပိုင်းပြင်းထန်သော အသင်းတော်များ၌ အသင်းကွဲခြင်းများပင်လျှင် ဖြစ်တတ်သည်။ သို့သော် ဝိညာဉ် သဘော ရှိသော အသင်းတော်များ၌မူ ပြသနာ မရှိချေ။ သင်၏ အသင်းတော်သည် မည်ကဲ့သို့ဖြစ်သနည်း။ အသင်းတော် ဖြစ်စေ၊ တဦးချင်း ဖြစ်စေ၊ မိသားစု ဖြစ်စေ၊ လူမျိုးနှင့် တိုင်း ပြည်ဖြစ်စေ ဘုရားသခင်က တည်ဆောက်မှသာလျှင်အဓိပ္ပါယ်ရှိ၍ အောင်မြင် နိင်သည်။ 

ဘုရားသခင်က တဦးချင်းထံ၌၊ သင့်ကို ငါသွန်သင်မည်၊၊ သင်သွားရမည့် လမ်းကို ပြတော်မူမည်၊၊ သင့်ကို ကြည့်ရှု့ပြုစုမည်၊၊ ဥာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်နှင့် (ဆာ ၃၂:၉) ဟုဆိုသည်။ မိသားစုနှင့် ပတ်သက်၍၊ ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ် ဆောင်ကြ၏။ စောစော ထလျက်၊ ညဉ့်နက်သည့်တိုင်အောင် မအိပ်ဘဲ နေလျက်၊ ပင်ပန်းစွာ အစာ စားလျက် နေသော်လည်း အကျိုးမရှိ၊ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူသောသူအား အမှန် ပေးတော်မူ၏။ (ဆာ ၁၂ရး၁-၃) ဟုဆိုသည်။ အိမ် ထောင်သည် ဘုရားသခင်က တည်ဆောက်ရမည် ဖြစ််သည်။ သို့သော် အိမ်ထောင် တိုင်း လိုလို လင်မယား ကတည်ဆောက် ကြသည်။ အိမ်ကို ငွေအားဖြင့် တည်ဆောက်ဘို့ စောစော ထ၍ ညဉ့်နက်သည့်တိုင်အောင် မအိပ်ဘဲ နေလျက် ပင်ပန်းစွာ အလုပ် လုပ်သော်လည်း အကျိုးမရှိချေ။ ယခုမှစ၍ မိမိအိမ်ကို ဘုရားသခင်အား တည် ဆောက်ခိုင်းကြပါစို့။ မည်ကဲ့သို့ ဘုရားသခင်ကို တည်ဆောက်ခိုင်းမည်နည်း။ ကျမ်းစာဖတ်ခြင်းဖြင့် အလိုတော် ရှာမည်။ ဆုတောင်းခြင်းဖြင့် သူ့ကို အားကိုးမည်။ ကိုးကွယ်ခြင်းအားဖြင့် သူ့ကို ကြည်ညုိမည်။ 

အသင်းတော်နှင့် ပတ်သက်၍လည်း ခရစ်တော်က၊ ဤကျောက်ပေါ်မှာ ငါ့ အသင်းကို ငါတည်ဆောက်မည် (မ ၁၆:၁၈) ဟုဆိုသည်။ ခရစ်တော်က ငါ့အသင်း ဟုဆိုသောကြောင့် အသင်းတော်သည် ခရစ်တော် အပိုင် ဖြစ်သည်။ ထို့ကြောင့် အသင်းတော်ကို ပိုင်ရှင် ခရစ်တော်ကို ပြန်လည်အပ်နှံ၍ သူကြိုက်နှစ်သက်သောအရာကိုသာ ပြုလုပ် ကြပါစို့။ ခရစ်တော်၏ အလိုတော်မှာ လူတိုင်း ကယ်တင်ခြင်း အကြောင်း ပြော၍ ငရဲတံခါးပိတ်ဘို့ ဖြစ်သည်။ ပျောက်ဆုံးဝိညာဉ် များကယ်တင်ခြင်း အကြောင်း ပြောခြင်းအားဖြင့် အလိုတော်ကို ဖြည့်ဘို့ ဖြစ်သည်။ 

 

ယခုလစာစောင်တွင်...

  • ကယ်တင်ခြင်း 
  • အဘယ်ကြောင့် ပရောဖက် ပြုချက်သိဘို့ လိုသနည်း
  • သီလနှင့် ပြည့်သော သတို့သမီး 
  • ဝိညာဉ်ပိုင်းကြီး ထွားရင့်ကျက်ခြင်း 
  • ကျမ်းစာဖတ်ကြစို့ (ဗျာဒိတ်ကျမ်း၁၃) 
  • ဧဝံဂေလိ ခရီး စဉ်
  • ကျေညာစရာများ

 

 


ကယ်တင်ခြင်း 

အပြစ်သားများကို အပြစ် ဒဏ်ပေးနိုင်သောသူသည် တရားသူကြီး သာလျှင် ဖြစ်သည်။ တရားသူကြီး ကသာ သေဒဏ်၊ ထောင်ဒဏ်၊ ငွေဒဏ်၊ အလုပ်ကြမ်း ဒဏ်များကို ပေးနိုင်သည်။ ထို့နည်းတူ တလောက လုံးရှိ လူသားများကို အပြစ် ပေးနိုင်သောသူသည် ဖန်ဆင်းရှင်ထာဝရဘုရား သာလျှင် ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုက၊ တနည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကိုသာ၍ ကြောက်ကြလော့။ (မ ၁၀:၂၈) ဟုဆိုခဲ့သည်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိင်သောသူသည် ထာဝရဘုရား ပင် ဖြစ်သည်။ ထိုဘုရားသခင်က အပြစ်တင်မှသာလျှင်လူသည် ငရဲသို့ သွား၍၊ အပြစ် လွှတ်ကာ ကောင်းကင်သို့ တက် ခွင့်ပေးမှသာ ကောင်းကင်သို့ တက်နိုင်သည်။ မည်သူမျှကိုယ့်ကိုယ်ကို ငရဲသို့ မချနိုင် သကဲ့သို့ ကောင်းကင်သို့ တက်ခွင့်လည်း မပေးနိုင်ချေ။ 

ထာဝရဘုရားသည် သူဖန်ဆင်းထားသော လူသားများ၏ အ​ခြေအနေကို အစမှအဆုံးအထိ နားလည်သိရှိသောသူ ဖြစ်သည်။ လူနာကကိုယ့်အနာ ရောဂါကို သိသည်ထက် ဆရာဝန်ကပို၍ သိသကဲ့သို့ ဘုရားသခင်က လူကို သိသည်။ လူသည် ဘုရား အမြင်၌ အပြစ် အလွန် ကြီးသည်။ ကျမ်းစာက၊ ခြားနားခြင်း အလျှင်း မရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။ ဟုဆိုသည် (ရော ၃:၂၃)။ လူ့အမြင်၌ အပြစ် ကြီးသောသူနှင့် အပြစ် နည်းသောသူဟု ခွဲခြားတတ်သော်လည်း ဘုရား အမြင်၌ လူတိုင်း ခြား နားခြင်း အလျှင်း မရှိ၊ အားလုံး သည် ဒုစရိုက်ကို ပြု၍ အသရေပျက်ကြပြီ ဟုဆိုသည်။ အသရေပျက်ခြင်း ဆိုသည်မှာ အပြစ် ပြုလုပ် သောကြောင့် မျက်နှာမရတော့ခြင်းကို ဆိုသည်။ အင်္လိပ်ကျမ်းစာ အရဆိုလျှင် ဘုရားသခင်၏ ဘုန်းကို မမှီကြ ဟုဆိုသည်။ ထို့ကြောင့် မည်သို့မျှ ကိုယ့်အပြစ်ကို ဖုံးနိုင်သောသူမရှိ၊ အားလုံး ဘုရား အမြင်၌ အပြစ်ရှိ ကြသည်။ 
 
ထာဝရ အသက်ပေး

မည်သို့ပင်ဖြစ်စေ ဘုရားသခင်သည် လူကို ချစ်၍ သနားသည်။ ခရစ်တော်က၊ ဘုရားသခင်၏ သားတော်ကို ယုံကြည် သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော် ကိ ု စွန့်တော်မူသည် တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။ ဟုဆိုထားသည် (ယော ၃:၁၆)။ ဘုရားသည် လူသားများပျက်စီးခြင်းသို့ မရောက် စေလို၊ ထာဝရ အသက်ကို ပေးသည်။ ပျက်စီးခြင်း ဆိုသည်မှာ ထာဝရ မီးအိုင် ထဲသို့ ဆင်းခြင်းကို ဆိုလိုသည်။ သို့သော် ထာဝရ အသက် တည်းဟူသော ကောင်းကင်သို့ သွားခြင်းကို အလိုရှိသည်။ ဘုရားသခင်သည် လူ၏ အ​ခြေအနေကို မသိသောကြောင့် ချစ်၍ ထာဝရ အသက် ပေးသည် မဟုတ်။ လူ၏ အ​ခြေအနေကို သိလျက် ပင် ထိုသို့ အလိုရှိသည်။ လူသည် ဘုရားသခင်၏ အလိုတော်ကို မလိုက်နိုင်ကြောင်းကို ဘုရားသခင်က ောင်းစွာ သိသည်။ ထိုသို့ သိလျက်နှင့် ပင် အပြစ်ကို လွှတ်၍ ထာဝရ အသက်ကို ပေးသည်။ ထိုအရာကို သိ၍ ယုံကြည်ခြင်းဖြင့် လက်ခံဘို့ လိုသည်။ 

ဘုရားသခင်သည် လူကို အခမဲ့ထာဝရ အသက်ကို ပေးသည်။ ကျမ်းစာ၌၊ ဘုရားသခင်သည် ငါတို့အား ထာဝရ အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကို မရ။ (၁ ယော ၅:၁၁-၁၂) ဟုဆိုထားသည်။ ဘုရားသခင်သည် လူကို ထာဝရ အသက် ဝယ်ခိုင်းသည် မဟုတ်၊ ပေးသည်။ ထိုအသက်သည်လည်း သားတော်၌ ရှိသည်၊ အကျင့်၌ မရှိ။ သားတော် တည်းဟူသော ခရစ်တော်ကို ရလျှင် အသက်ကို ရ၍ သားတော်ကို မရလျှင် အသက် မရချေ။ မိတ်ဆွေ၊ ထိုထာဝရ အသက်ကို ရရှိလိုပါသလား။ ရရှိလိုလျှင် သားတော်ကို ရရှိဘို့ လိုသည်။ အခြားနည်းလမ်းဖြင့် အသက် မရနိုင်ချေ။ ထာဝရ အသက် မရလျှင် ထာဝရ သေခြင်း တည်းဟူသော ငရဲမီး အိုင်ထဲသို့ ဆင်းရမည် ဖြစ်သည်။ ထို့ကြောင့် ထာဝရ အသက် ရရှိရေးသည် လူတိုင်း၌ အရေးကြီးဆုံး သောအရာ ဖြစ်သည်။ အလုပ်အကိုင်၊ ဝါသနာ၊ တာဝန်၊ မှစ၍ အခြားသောအရာ အား လုုုံးထက် ထာဝရ အသက် ရရှိရေးသည် အရေးကြီးဆုံး ဖြစ်သည်။ 

ထာဝရ အသက်သည် ခရစ်တော်၌ ရှိ၍ သူ့ကို ရရှိရမည်ဟု သိရပြီ။ သို့ဖြစ်လျှင် မည်ကဲ့သို့ ရရှိနိုင်မည်နည်း။ ခရစ်တော်သည် ဘုရား ဖြစ်၍ သန့်ရှင်းသည်။ လူသည် အပြစ်ရှိ၍ ညစ်ညူးသည်။ သန့်ရှင်းဖြူစင်သော နွားနို့ကို ညစ်ညူးသော ခွက်ထဲ၌ မည်သူ မျှထည့်ချင်မည် မဟုတ်။ ခွက်ကို အရင်ဆေးကြောရမည် ဖြစ်သည်။ ထို့နည်းတူ ဘုရားသခင်သည် လူ၏ အပြစ်ကို အရင်ဆေး​ကြေးပြီးမှသာလျှင်ခရစ်တော်ကို လက်ခံနိုင်မည် ဖြစ်သည်။ ခွက်သည် သူ့ကို သူမဆေးကြောနိုင်၊ လူကဆေးကြောရသည်။ ထို့နည်း တူလူသည် သူ့အပြစ်ကို သူကိုယ်တိုင် မဆေးကြောနိုင်၊ ဘုရားသခင်က သာလျှင် ဆေး ကြောပေးနိုင်သည်။ သို့ဖြစ်လျှင် ဘုရားသခင်က လူ၏ အပြစ်ကို မည်ကဲ့သို့ ဆေးကြော ပေးသနည်း။ ထာဝရဘုရားက လူ၏ အပြစ် ဆေးကြောပေးခြင်းကို နည်းမျိုးစုံဖြင့် ကျမ်းစာ၌ ဖေါ်ပြထားသည်။ 
         
အပြစ်ကို သယ်ဆောင်သွားခြင်းဖြင့် 

ထာဝရဘုရားက ဣသရေလ လူများကို နှစ်စဉ်သတင်း ​ကျွတ်လ၌ အပြစ် ​ဖြေရာနေ့ဟု ပွဲလုပ်ခိုင်းသည်။ ထိုပွဲ၌ အပြစ် ​ဖြေခြင်းကို ပြုလုပ် နည်းတခုနှင့် ပတ်သက်၍ ကျမ်းစာ၌ ဤသို့ ရေးထားသည်၊ ထိုသို့ သန့်ရှင်းရာ ဌာနတော် အဘို့၊ ပရိသတ် စည်းဝေးရာတဲတော် အဘို့၊ ယဇ်ပလ္လင်အဘို့ အပြစ် ​ဖြေခြင်းကို ပြီးစီးပြီးမှ၊ အသက်ရှင်သော ဆိတ်ကို ဆောင်ခဲ့ရမည်။ အာရုန်သည် အသက်ရှင်သော ဆိတ်ခေါင်းပေါ် မှာလက်နှစ်ဘက်ကို တင်လျက်၊ ဣသရေလ အမျိုးသားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသော အပြစ် အမျိုးမျိုးရှိသမျှတို့ကို ဘော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော် လျော်သော လူတွင် တောသို့ စေလွှတ်ရမည်။ (ဝတ်ပြုရာ ၁၆:၂၀-၂၁)။ ဣသ ရေလ လူများ၏ အပြစ်ကို ယဇ်ပုရောဟိတ်က အသက်ရှင်သော ဆိတ်ခေါင်းပေါ်၌ တင်ထားရသည်။ ထိုဆိတ်ကို တောသို့ စေလွှတ်ခြင်းဖြင့် သူတို့၏ အပြစ်သည် ဆိတ်နှင့်အတူ ပါသွားပြီဟု အဓိပ္ပါယ်ရသည်။ ထိုအရာကို နှစ်စဉ် ပြုလုပ်၍ အရိပ် ဖြစ်သည်။ 

ထိုအရာ၏ ပြည့်စုံခြင်းကို ဟေရှာယက ဤသို့ ကြိုရေးထားသည်၊ ငါတို့ ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည် ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်တင်တော်မူ၏၊ (ဟေရှာယ ၅၃:၆)။ သူ့ဟူသောသူသည် ထာဝရဘုရား၏ ​ကျွန် ဖြစ်၍ ခရစ်တော်ကို ဆိုလိုသည်။ ဗတ္တိဇံယောဟန်ကလည်း၊ နက်ဖြန်နေ့၌ ယေရှု ကြွလာတော်မူသည်ကို ယောဟန်သည် မြင်လျှင်၊ ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ (ယော ၁:၂၉)ဟု ခရစ်တော်နှင့် ပတ် သက်၍ ပြောခဲ့သည်။ 

အခြားသော လူများက ခရစ်တော်ကိုသာ မန်လူကဲ့သို့ မြင်သော်လည်း ယောဟန်ကမူ ဘုရားသခင် မြင် သကဲ့သို့ မြင်ကာ ဤလောက၏ အပြစ်များကို ဆောင်သွားသူအဖြစ် မြင်သည်။ ထိုအရာကို ပေါလုက ဤသို့ ရေးထားသည်၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ​ဖြောင့်မတ်သောသူ ဖြစ်မည့် အကြောင်း တည်း(၂ ကော ၅:၂၁)။ အပြစ်နှင့် ကင်းစင်သောသူသည် ခရစ်တော် ဖြစ်သည်။ ထာဝရဘုရားက ခရစ်တော်ကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေသည်။ ခရစ်တော်နှင့် ငါတို့ကို နေရာ လဲပေးလိုက်သည်။ ထိုကြောင့် ခရစ်တော်သည် အပြစ်သား ဖြစ်၍ အသေခံ ရသည်။ ငါတို့ မူကား သူ၏ ​ဖြောင့်မတ်ခြင်းကို အချောင်ရရှိကြပြီ။ ထိုအရာကို ယုံကြည်ဘို့ လိုသည်။ 
အပြစ် ဒဏ်သေခြင်းကို ခံစေခြင်းအားဖြင့် 

ဘုရားသခင်၏ တရားရုံးတော် မှစီရင်ချက်မှာ၊ အပြစ် တရား၏ အခကား သေခြင်း ပေတည်း (ရော ၆:၂၃) ဟုဆိုထားရာ လူသည် အပြစ်ကြောင့် သေရမည် ဖြစ်သည်။ သို့သော် ဘုရားသခင်က လူကို သနားသောကြောင့် သူ့ကိုယ်စား ခရစ်တော်ကို အသေခံ စေခဲ့ကြောင်း ရှင်ပေါလုက ဤသို့ ရေးထားသည်၊ ခရစ်တော်သည် ကျမ်းစာ လာသည် အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံတော်မူ၏ (၁ ကော ၁၅:၃)။ ထိုသို့ ခရစ်တော်သည် ငါတို့ အပြစ် အတွက် ကိုယ်စားအသေခံ ခဲ့လျှင် ငါတို့သည် သေစရာ အကြောင်း မရှိတော့ချေ။ ထိုအရာကို ယုံကြည် ရသည်။ ယေရှုက လည်း၊ ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူရှိသမျှ တိုိ့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြ လိမ့်မည် (ယော ၁၁:၂၅-၂၆) ဟုဆိုခဲ့သည်။ ခရစ်တော်ကို ယုံကြည်သောသူသည် မသေနိုင်တော့ချေ။ အကယ်၍ ကိုယ်ခန္ဓသေလွန်လျှင်လည်း ပြန်လည်ရှင်ပြန်ထ မြောက်ရမည် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သောသူများ သေလွန်သောအခါ ခရစ်တော်၌ အိပ်ပျော်ခြင်း ဟုဆိုတတ်ကြခြင်း ဖြစ်သည်။ ချီဆောင်ခြင်း နေ့ရက်၌ အသက်ရှင်သော ယုံကြည်သူများသည် မသေတော့ဘဲ ခန္ဓာကိုယ်ပြောင်း လဲကာကောင်းကင်သို့ တက်ရမည် ဖြစ်သည်။ ထိုသူများသည် သေခြင်းကို ခံစားရတော့မှာ မဟုတ်။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သောသူသည် မသေနိုင်တော့ချေ။ ထိုအရာကို ယုံကြည် ရမည်။ 
 
အပြစ်ကို အသွေးဖြင့် ဆေးကြော

ဘုရားသခင်သည် လူ၏ အပြစ်ကို ဆေးကြော ခြင်းအားဖြင့်လည်း ဖေါ်ပြ သွားသည်။ ဘုရားသခင်က၊ လာကြ၊၊ တရားစီရင်ကြကုန်အ့့့ံ၊၊ သင်တို့ အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ့်မည်၊၊ ကတ္တီပါနီနှင့် အမျှနီသော် လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည် (ဟေရှာယ ၁:၁၈) ဟုဆိုထားသည်။ ဘုရား အမြင်၌ လူ၏ အပြစ်သည် အနီရောင် ဖြစ်သည်။ သို့သော် အဖြူရောင် မိုဃ်းပွင့်ကဲ့သို့ဖြစ် စေမည် ဟုဆိုသည်။ မည်ကဲ့သို့ဖြစ်စေမည်နည်း။ အပြစ်ကို အသွေးအားဖြင့် ဆေး ကြောမည်။ ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်၏။ သင်တို့ ပြုသော အပြစ်ကို ​ဖြေစေခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကို ​ဖြေသောအရာ ကား၊ အသွေး ဖြစ်သတည်း (ဝတ်ပြုရာ ၁ရး၁၁) ဟုဆိုထားသည်။ မည်ကဲ့သို့ လူ၏ အပြစ်သည် အသွေးအားဖြင့် သန့်ရှင်းစေနိုင်သနည်း။ 

အပြစ်၏ အခသည် သေခြင်း ဖြစ်သည် ဟုဆိုသည် (ရော ၆:၂၃)။ အပြစ်ကြောင့် လူသည် သေရမည်။ အဘယ်ကြောင့်အပြစ်၏ အခသည် သေခြင်း ဖြစ်သနည်း။ ဘုရားသခင်က လူ၏ အသက်ကို ပေးသည်။ ထိုအသက်သည် ဘုရား၏ အလိုတော်အတိုင်း အသုံးပြုရမည်။ သို့သော်၊ ငါတို့ ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည် (ဟေရှာယ ၅၃:၆)။ ထိုသို့ ဘုရား အလိုမလိုက်ဘဲ မိမိအလိုသို့ လိုက်ခြင်းသည် အပြစ်သား ဖြစ်ခြင်း၏ လက္ခဏာ ဖြစ်သည်။ လူသည် အာဒံကြောင့် အပြစ်သား ဖြစ်သည်။ ထိုကြောင့် သေပြစ်ပေးသင့်သောသူများ ဖြစ်ကြသည်။ ပေါလုက၊ အပြစ် တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ ဝင်၍ အပြစ်တရားကြောင့် သေခြင်း တရားဝင်သည်နှင့် အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏ (ရော ၅:၁၂) ဟုဆိုသည်။ 

လူသည် အပြစ်ကြောင့် သေရမည်။ တနည်းအားဖြင့် အပြစ်ကြောင့် အသက်ကို ပြန်ပေးရမည်။ သို့သော် အသက် ပေးပါက သေ၍ ငရဲရောက်ဘို့ သာလျှင် ရှိသည်။ ထို့ကြောင့် ဘုရားသခင်က လူကိုယ်စားတိရစ္ဆာန်၏ အသက်ကို ပေးခိုင်းတတ်သည်။ ဣသရေလ လူများသည် အပြစ် ကျူးလွန်သောအခါ အပြစ် ​ဖြေရာယဇ်ကို ပူဇော်တတ်ကြသည် (ဝတ်ပြုရာ ၄)။ အပြစ် ကျူးလွန် သူကိုယ်စား တိရစ္ဆာန်ကအသက်ကို ပေးရသည်။ တိရစ္ဆာန်အသက် ပေးကြောင်းကို အသွေးဖြန်းခြင်းအားဖြင့် သက်သေထူသည်။ ထိုအခါ အပြစ်သား၏ အပြစ်ကို ဘုရားသခင်က ​ဖြေလွှတ်သည်။ သို့သော် တိရစ္ဆာန်သည် လူထက် နိမ့်၍ လူကို ကိုယ်စားမပြုနိင်ချေ။ အရိပ်သာ ဖြစ်သည်။ နောက်ဆုံး၌ သားတော်၏ အသက်အားဖြင့် အပြစ် ကြွေးဆပ်ဘို့ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည် အတိုင်း သားတော် ယေရှုသည် ဤလောကသို့ လူသား အဖြစ်ခံယူ၍ ယဇ်ကောင် အဖြစ် လူသား အားလုံး ကိုယ်စားအသက် ပေးခဲ့သည်။ ထိုကြောင့်၊ ခရစ်တော်သည် ဤလောကသို့ ကြွ လာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော် သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အ​ကျွန်ုပ်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်အမှတ်ပြု၍ ရေးထားသည်နှင့် အညီ၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အ​ကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက် ဆို၏ (ဟေဗြဲ ၁၀:၅ -ရ)။ 

 ခရစ်တော်သည် လူ့ဇာတိခံယူ၍ သူ၏ အသက်ကို လူသားများ၏ အပြစ် ကြွေးအတွက် ဆပ်ခဲ့သည်။ ကျမ်းစာက၊ ယခုမှာလူလက်ဖြင့် မလုပ်၊ ဤလောက ဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီး မြတ်စုံလင်သော တဲတော်၌၊ နောက်မင်္လာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည်၊ ငါတို့အဘို့ ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာ ဌာနထဲသို့ တခါတည်း ဝင်တော်မူ၏။ (ဟေဗြဲ ၉:၁၁-၁၂) ဟုဆိုထားသည်။ ခရစ်တော်သည် အသေခံ ကြောင်းကို ခမည်းတော် ထံ၌ မိမိအသွေးပြခြင်းအားဖြင့် သက်သေထူခဲ့ပြီ။ ထိုအရာကို လက်ခံသောအားဖြင့် ဘုရားသခင်က လူသားများ၏ အပြစ်ကို လွှတ်သည်။ ယောဟန်ကလည်း၊ ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။ (၁ ယော ၁:ရ) ဟုဆိုထားသည်။ ခရစ်တော်၏ အသွေးသည် လူ၏ အပြစ်ကို ဘုရား အမြင်၌ ဆေးကြောခဲ့ပြီ။ ထို့ကြောင့် ဘုရားသခင်က လူ၏ အပြစ်ကို မမြင်တော့ဘဲ သန့်ရှင်းပြီဟု လက်ခံသည်။ ထိုအရာကို လူကယုံကြည်ဘို့ ဖြစ်သည်။ 

ထိုသို့ ဘုရားသခင် အမြင်၌ သန့်ရှင်းပြီး နောက် ခရစ်တော်ကို စိတ်နှလုံးအထဲ၌ ဝင်ခွင့်ပြုရမည်။ ခရစ်တော်က၊ ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။ (ဗျာ ၃:၂၀) ဟုဆိုသည်။ မိတ်ဆွေ အနေဖြင့် ဆုတောင်းခြင်းအားဖြင့် ဤသို့ ခေါ်ဘိတ်နိုင်သည်။ အရှင်ယေရှု ဘုရား၊ ကိုယ်တော်သည် ​ကျွန်ပ်၏ အပြစ် ကြွေး သေခြင်းကို ဆပ် ပေးခဲ့၍ အသွေးတော်အားဖြင့် ခမည်းတော်ဘုရားရှေ့၌ သန့်ရှင်းစေပြီ ဖြစ်သောကြောင့် ကျေးဇူူးတော် ကြီးမား လှပါ၏။ ယခု​ကျွန်ပ်စိတ်နှလုံးတံခါးဖွင့်ပေးပါ၏၊ ဝင်တော်မူပါ။ ဂတိတော် အတိုင်း ဝင်မည်ဟုလည်း ယုံကြည် ပါ၏။ ​ကျွန်ပ်၏ အသက်တာကို အုပ်စိုးဘို့ရန် ကိုယ်တော် လက်ထဲ၌ အပ်နှံထားပါ၏။ ထာဝရ အသက် ကိုလည်း ပေးသောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။ဟု ဆုတောင်းပါ။ 

ခရစ်တော်သည် ဂတိတော် အတိုင်း မိတ်ဆွေ၏ စိတ်နှလုံးထဲ၌ ဝင်ကာအ သက်တာကို အုပ်စိုးမည် ဖြစ်သည်။ ပိုမိုသိရှိလိုပါက ဆရာမောဇက်ထံဆက်သွယ်နိုင် ပါသည်။ ဘုရားသခင်က ောင်းကြီး ပေးပါစေ။ 

အဘယ်ကြောင့်ပရောဖက် ပြုချက်သိဘို၌ လိုသနည်

ယနေ့ များစွာသော ခရစ်ယာန် များသည် ခရစ်တော် ကြွလာမည့် အရာကို၎င်း၊ သန့် သူများကို သိမ်းဆည်းမည့် ချီ ဆောင်ခြင်းကို၎င်း၊ သိနားမလည် ကြ၊ ပြောလျှင်လည်း စိတ်မဝင်စားကြချေ။ ကယ်တင်ခြင်းသို့ မရောက်သော နာမည်ခံ ခရစ်ယာန်များက စိတ်မဝင်စားခြင်းသည် အံ့ဩစရာ မရှိပါ။ အကြောင်းမူကား ချီဆောင်ခြင်းနှင့် ကြွလာမည့် ခရစ်တော်သည် သူတို့နှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သို့သော် အံ့ဩဘွယ်ကောင်းသည်မှာ ကယ်တင်ခြင်းကို လက်ခံ၍ ချီဆောင်ခြင်း၌လည်း ပါဝင်မည်ဟု ယုံကြည်သောသူများ ပင်လျှင် ခေတ်ကာလ များအကြောင်း၊ အချိန် နီးကြောင်းများကို စိတ်မဝင်စား၊ မကြားချင်ခြင်း ဖြစ်သည်။ ထို သူတို့နှင့် ပတ်သက်၍ ပေတရုက၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့ တပ်မက်ခြင်း အတိုိင်းကျင့်နေ၍၊ သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည် နောက်၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်း စက ဖြစ်သကဲ့သို့၊ ဖြစ်မြဲ ဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည် (၂ ပေ ၃:၃-၄)ဟု ရေးသား ခဲ့ပြီ။ ပေတရုက သခင်ဘုရားကြွလာမည့် အရာကို ပြက်ယယ်ပြုခြင်းသည် မိမိတို့ တပ်မက်ခြင်း အတိုိင်းကျင့်နေ သောကြောင့် ဖြစ်သည် ဟုဆိုသည်။ မှန်ပါသည်၊ ဤလောကကို တပ်မက်သောသူ၊ ကိုယ်ကာယတပ်မက်ခြင်းကို လိုက်သောသူများအတွက် ခရစ်တော် ကြွလာမည့် အရာသည် အနှောင့်အ ရှက် ဖြစ်သည်။ လောလောဆယ် ဝင်ငွေကောင်းနေ သူများ၊ အဆင်ပြေနေ သူများ၊ ချစ်သူရှိနေ သူများအတွက် ဤလောက၌ ဆက်နေချင် ကြသည်။ ထို့ကြောင့်၊ လူသားသည် ကြွ လာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှ ာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။ (လု ၁၈:၈) 
 
သရဖူပေးမည်

ခရစ်တော်တော် ကြွလာခြင်းကို မြော်လင့်သောသူများကို သခင်ဘုရားက ဓမ္မသရဖူပေးဘို့ ပေါလုအားဖြင့် ဤသို့ ရေးသား ခဲ့သည်၊ ဓမ္မသရဖူသည် ငါ့အဘို့ သို ထားလျက် ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူ တည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူ မည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူ အပေါင်းတို့၌လည်း အပ်ပေးတော်မူမည် (၂ တိ ၄:၈)။ အစ၌ ထိုသရဖူသည် အလွန် ရလွယ်သည၊ ်၊ ကိုယ်တော် ကြွလာမည့် အရာကို မြော်လင့်ရုံဖြင့် ရမည် ဖြစ်သောကြောင့် လွယ်လွန်းသည်ဟု ထင်မှတ်ခဲ့သည်။ လူတိုင်း ကထိုသရဖူကို ရရှိမည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ထိုသရဖူကို လူတိုင်းရရှိမည် မဟုတ်။ အကြောင်းမူကား သခင်ဘုရားကြွလာခြင်းကို မမြော်လင့်သောကြောင့် ဖြစ်သည်။ သခင်ဘုရားကြွလာမည့် အရာကို မြော်လင့်သော လူနှစ်မျိုးရှိသည်။ ပဌမ အမျိုးမှာ သခင်ဘုရားကို တွေ့ချင် သောကြောင့် မဟုတ်၊ လောက၌ ဒုက္ခ ဆင်းရဲ ခံစား သောကြောင့်၎င်း၊ စိတ်​ကြေကွဲသောကြောင့်၎င်း၊ နာတာရှည် ရောဂါကြောင့်အသက် မရှင် ချင်သောသူများက ချီဆောင်ခြင်း နေ့ကို မြော်လင့် ကြသည်။ ထိုသူများသည် သခင်ဘုရားကို ချစ်သောကြောင့် မဟုတ်၊ ဒုက္ခ ပြသနာမှ ကင်းဝေးလိုသောကြောင့် ဖြစ်သည်။ ထိုသူများကို ဓမ္မသရဖူပေးမည်ဟု မထင်ပါ။ 
 

သို့သော် ဒုတိယအမျိုး ဖြစ်သော သခင်ဘုရားကို ချစ်၍ အမှန်တကယ် တွေ့လိုသောကြောင့် ချီဆောင်ခြင်းကို မြော်လင့်သောသူများကိုသာ သရဖူပေးမည်ဟုယူ ဆရပါသည်။ မိတ်ဆွေ၊ ထိုဓမ္မသရဖူကို လိုချင် ပါသလော။ 
 
ဇာတိ ဖြစ်စေ

ခေတ်ကာလ များမသိခြင်းဖြင့် များစွာ ဆုံးရှုံးမှု ရှိစေသည်။ အကြောင်းမှာအချိန် နီးကြောင်း မသိသောအခါ လောကအရာများကို တပ်မက်၍ လောက၌ အောင်မြင်ခြင်းရနိုင်ဘို့ မျှော်လင့်ခြင်း၊ ကြိုးစားခြင်းများကြောင့် ဝိညာဉ် သဘောနှင့် မနေနိင်ချေ။ ယုံကြည်သူ ဖြစ်သော်လည်း လောကသားများကဲ့သို့ တွေးတောကြံ စည်သောကြောင့် လောက အလုပ်၊ ကိစ္စများ၌ ရှုပ်ထွေး နေကြသည်။ ခရစ်တော်၏ သတို့သမီး လောင်း ဖြစ်သော်လည်း ပြင်ဆင်ခြင်း မရှိ၊ လောက အညစ်အ​ကြေးများနှင့် ပျော်မွေ့ ကြသည်။ ထို့ကြောင့် ဝိညာဉ်ပိုင်း၌ အားနည်း၍ တန်ခိုးမရှိ၊ ဆုမတောင်း၊ တောင်းလျှင်လည်း ဘုရား အလိုတော် အတွက် မဟုတ်ဘဲ မိမိဇာတိအလို ဆန္ဒပြည့် ဘို့ရန် အတွက် တောင်းလျှောက်သည်။ ကျမ်းစာ မဖတ်၊ ဖတ်လျှင်လည်း ဩတ္တပ္ပ စိတ်ကျေဘို့ရန် သာဖတ် ကြသည်။ သမ္မာတရား ကိုလည်း ကျင့်သုံးဘို့ရန် မဟုတ်၊ အသစ်အဆန်းသိချင် သက်သက် ဖြစ်သဖြင့် အကျိုးမရှိချေ။ ထိုသို့ အသက်ရှင်ခြင်းအားဖြင့် စာတန်နှင့် ပေါင်းဖေါ်ခြင်း သို့မဟုတ် စာတန် နောက်လိုက်ခြင်း၊ ကိုးကွယ်ခြင်းနှင့် တူသည်။ ဤလောကကို ချစ်သောသူ၊ လိုချင်သောသူသည် စာတန်ကိုးကွယ်ခြင်း ဖြစ်သည် (လု ၄:၅ -ရ)။ ထို့ကြောင့် စာတန်က မနှောက်ရှက်ချေ။ ကျမ်းစာက၊ မတ ရားသော မေထုန်၌ မှီဝဲသော ယောကျ်ားမိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင့်ဘက် ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယ ဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူ ဖြစ်၏ (ယာ ၄:၄) ဟုဆိုသည်။ ဘုရား သားများဖြစ်ကြသော်လည်း ဘုရား မချစ်သော ဤလောကနှင့် ချစ်ခြင်းသည် ရန်သူ စာတန်နှင့် ပေါင်းဖေါ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤလောက ဘုန်းစည်းစိမ်ထက် ဘုရား သားများဖြစ်ကြသော်လည်း ဘုရား မချစ်သော ဤလောကနှင့် ချစ်ခြင်းသည် ရန်သူ စာတန်နှင့် ပေါင်းဖေါ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤလောက ဘုန်းစည်းစိမ်ထက် ကောင်းကင် ဘုန်းစည်စိမ်ကို မြော်လင့်တောင့်တ လိုချင် သောသူ ဖြစ်သင့်သည်။ ထို့ကြောင့် ခရစ်တော် ကြွလာ၍ ချီဆောင်မည့် အရာနှင့် နောင်ကာလ၌ ဖြစ်ပျက်မည့် အရာများကို မြော် လင့်တောင့်တသောသူ ဖြစ်သင့်သည်။ သို့မှသာ ဝိညာဉ်လူဖြစ်ဘို့ရန် ပို၍ နိီးစပ်သည်။ စာဖတ်သူအယောက်တိုင်း ခေတ်ကာလကို စိတ်စား၍ လေ့လာသိရှိ နားလည်သောသူ ဖြစ်ဘို့ ဘုရားသခင် မျက်စိပွင့်စေ၍ ကောင်းကြီး ပေးပါစေသော်။ 

 

သီလနှင့် ပြည့်သော သတို့သမီး

ရှင်ပေါလုက၊ ငါသည် သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီး ကညာ ကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြား ဆောင်နှင်းပြီး သောကြောင့် (စေ့စပ်ပြီး သောကြောင့်) ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သော စိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏ (၂ ကော ၁၁:၂)။ 

ရှင်ပေါလုကကောရိန်သု အသင်းသားများအား၊ သင်တို့သည် သီလနှင့် ပြည့်စုံသော သတို့သမီး ကညာကဲ့သို့ ခရစ်တော်အား ဆက်အံသော ငှါ ဟုဆိုသည်။ ဆိုလိုသည်မှာ ရှင်ပေါလုသည် ခရစ်တော်နှင့် ကောရိန်သု အသင်းသားများအကြားအောင် သွယ်သူ ဖြစ်သည်။ ကောရိန်သု အသင်းသား များသည် ခရစ်တော်ကို မမြင်ဘူးချေ။ သို့သော် ရှင်ပေါလုက သူတို့အား ခရစ်တော်၏ သတို့သမီး အဖြစ် လက်ခံဘို့ရန် ပြောသောအခါ လက်ခံ ကြသည်။ ထို့နည်းတူ ယနေ့ ယုံကြည်သူများလည်း ခရစ်တော်ကို မမြင်ဘူးသော်လည်း တရားဟောဆရာများက ခရစ်တော်ကို လက်ခံဘို့ရန် ပြောဆိုသောအခါ သူ၏ သတို့သမီး ဖြစ်ဘို့ရန် သဘောတူ လက်ခံ ကြသည်။ ပေါလုက ကောရိန်သု အသင်းသားများကို အပျိုကညာ အဖြစ် ခရစ်တော်အား ဆက်သချင်သည်။ အပျိုကညာဆိုသည်မှာ အခြားယောက်ျားများနှင့် ငြိစွန်းခြင်း မရှိ၊ အပြစ် ပြောစရာ မရှိခြင်း ဖြစ်သည်။ ယနေ့ ယုံကြည်သူများလည်း ထိုသို့ အပြစ် ပြောစရာ မရှိ၊ အညစ်အ​ကြေးနှင့် ကင်းဆင်သော အပျိုကညာများ ဖြစ်သင့်သည်။ 

လင်တဦးနှင့် ထိမ်းမြား ဆောင်နှင်းပြီး သောကြောင့်၊ ဤနေရာ၌ လင်တဦးနှင့် စေ့စပ်ပေးသောကြောင့် ဟူ၍ ဖြစ်ရမည်၍ ဘနအမသအ့နိ ပသက အသ သညန့ကျဘ​ေညိ (နှဠ)။ အကြောင်းမှာ ယုံကြည်သူများသည် ခရစ်တော်နှင့် လက်မထပ်သေး၊ ချီဆောင်ခြင်း အပြီး ကောင်းကင် ရောက်မှ လက်ထပ်မည် ဖြစ်သည်။ ခရစ်တော်အား ဆက်အံ့သောငှါ၊ ရှင်ပေါလုကကောရိန်သု အသင်းသားများကို ခရစ်တော်အား ဆက်သဘို့ရန် ဖြစ်သည်။ ထို့ကြောင့် သူ၌ တာဝန် ရှိသည်။ တရားဟောဆရာများကလည်း ယုံကြည်သူများကို ခရစ်တော်အား ဆက်သဘို့ရန် ဖြစ်သည်။ ထိုသို့ ဆက်သသောအခါ ပြောစရာ မရှိ သီလနှင့် ပြည့်စုံသော သတို့သမီး ကညာကဲ့သို့ ဆက်သချင်သည်။ သီလနှင့် ပြည့်စုံသော သတို့သမီး ကညာဆိုသည်မှာ အပြစ် အနာအဆာမရှိ၊ ပြောစရာ မရှိခြင်း၊ အထူးသဖြင့် အခြားယောက်ျားများနှင့် ငြိစွမ်းခြင်း မရှိခြင်းကို ဆိုလိုသည်။ ထို့နည်းတူ ယုံကြည်သူများလည်း အညစ်အ​ကြေး တည်းဟူသော အပြစ် မရှိရ။ အဘယ်အရာက ယုံကြည်သူများကို ညစ်ညူး စေသနည်း။ လောကအရာများက ဖြစ်သည်။ ခရစ်တော်ထက် ချစ်သော၊ ဦးစားပေးသော၊ တန်ဘိုး ထားသောအရာ တိုင်းသည် ထိုအရာနှင့် ညစ်ညူးသည်။ ခရစ်တော် ကိုယ်တိုင်က အကြင်သူသည် ငါ့ကို ချစ်သည်ထက် မိဘကိုသာ၍ ချစ်၏၊ ထိုသူသည် ငါနှင့် မထိုက်မတန်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် သားသမီးကိုသာ၍ ချစ်၏၊ ထိုသူသည် ငါနှင့် မထိုက်မတန် 
 (မ ၁၀:၃၅-၃၆) ဟုဆိုသည်။ ခရစ်တော် ကသူ့ထက် အဘယ်အရာကိုမျှ သာ၍ မချစ်စေချင် စေ။ ဖြစ်နိုင် ပါ့မည်လောဟု မေးနိုင်သည်၊ ဖြစ်နိုင်သည်။ ခရစ်တော်ကို ချစ်သောကြောင့် မိဘနှင့်သားသမီးများကို မုန်းရမည်ဟု မဆိုပါ၊၊ သာ၍ ချစ်ရမည် ဟုဆိုသည်။ သို့သော် ယုံကြည်သူများသည် ခရစ်တော်ထက်သား မယားမိဘ ညီအစ်ကို မောင်နှမများအပြင်၊ အလုပ်၊ ငွေ၊ ဝါသနာ၊ လူမျိုး၊ နိင်ငံရေး၊ ရာထူး၊ အာဏာများကိုသာ၍ ချစ် ကြသည်။ ထို့ကြောင့် ခရစ်တော် ပြောသောအရာသည် လုံးဝ မဖြစ်နိုင်ချေ။ သို့သော် ခရစ်တော်ကို အချစ်ဆုံး ဖြစ်လျှင် ထိုအရာများသည် သာမည ဖြစ်လာမည်။

ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သော စိတ်နှင့် သင်တို့ကို စောင့် ရှောက်လျက် နေ၏ ဟုဆိုသည်။ ပေါလုသည် ကောရိန်သု အသင်းသားများဖေါက် ပြန်မှာ၊ ညစ်ညူး မှာကို အလွန် စိုးရိမ်သည်။ ပေါလုသည် အဘယ်ကြောင့် ထိုသို့ စိုးရိမ်သနည်း။ သူသည်အောင် သွယ် ဖြစ်သောကြောင့် ဖြစ်သည်။အောင် သွယ်သူသည် သူငယ်ချင်းအတွက် မိန်းမတောင်းပေးသောအခါ ထိုမိန်းမပြန်လည်ဖေါက်ပြန်မှာကို အလွန် စိုးရိမ် တတ်သည်။ သူကိုယ်တိုင် လက်ထပ်မှာ မဟုတ်သော်လည်း သူ ငယ်ချင်းကို ချစ်သောကြောင့် သူတောင်းပေးသော မိန်းမကို သူငယ်ချစ်ထံ သန့်ရှင်းစွာ အပ်နှံချင်သည်။ လက်ထပ်ပြီးသောအခါ သူ၏ တာဝန် ကျေပြွန်သွားပြီ ဖြစ်သောကြောင့် စိုးရိမ် ပူပန်ခြင်း မရှိတော့ချေ။ ထိုမိန်းမကို သူ၏ယောက်ျားက ထိမ်းသိမ်း စောင့်ရှောက်သွားမည် ဖြစ်သည်။ 

ယနေ့ ယုံကြည်သူများလည်း သန့်ရှင်းစွာ အညစ်အ​ကြေးမရှိဘဲ အပျိုကညာကဲ့သို့ဖြစ်သင့်သည်။ သို့သော် အလွန် ဝမ်းနည်းစရာ ကောင်းသည်မှာ ယုံကြည်သူများသည် ခရစ်တော်ထက် ဤလောကကို ပို၍ ချစ်သောအားဖြင့် ညစ်ညူးစွာ အသက်ရှင် ကြသည်။ ခရစ်တော် တည်းဟူသော သတို့ သားလောင်းကို တွေ့ဘို့ မြော်လင့်သည်ထက်လောကက ပေးမည့် အရာများကို အလွန် တတ်မက် ကြသည်။အောင် သွယ်သူ တရားဟောဆရာများပင်လျှင် ညစ်ညူးသော အသက်တာဖြင့် အသက်ရှင်ကြသောကြောင့် ယုံကြည်သူများသည်လောကအရာများနှင့် ညစ်ညူး နေကြသည်။ ဆရာများသည် ယုံကြည်သူများအတွက် ပေါလုကဲ့သို့ စိုးရိမ် မည့်အစား သူတို့ ကိုယ်တိုင် ဤလောက တပ် မက်ခြင်းဖြင့် ညစ်ညူးသော အသက်တာဖြင့် အသက်ရှင် ကြသည်။ 

မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကို လှည့်စား သကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သော စိတ်ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏ (၂ ကော ၁၁:၂)။ ပေါလုက ကောရိန်သု အသင်းသားများကို ဧဝနှင့် နှိုင်း ထားသည်။ ဧဝသည် မြွေ တည်းဟူသော စာတန်က လှည့်ဖြားသောကြောင့် ဘုရား စကားကို ပယ်ကာကောင်းမကောင်း သိ​ကျွမ်းရာ အသီးကို စားလိုက်သည်။ စာတန်၏ စကားသည် မုသာ ဖြစ်၍ သူ့ဘဝကို ပျက်စီးစေသည်။ ကောင်းမကောင်း သိ​ကျွမ်းရာ၏ အသီးသည် စားဘွယ်ကောင်း၏၊ အဆင်းလည်း လှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သော အပင် ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကို ယူ၍ စား၏ (က ၃:၆)။ဟု တွေ့ရသည်။ ယနေ့ ယုံကြည်သူများကိုလည်း စာတန်က ဤလောကအရာများ တည်းဟူသော၊ အလုပ်၊ ငွေ၊ အိမ်၊ ကား၊ အပျော်အပါး၊ ပညာ၊ လူမျိုးရေး၊ နိင်ငံရေး၊ လူမှုရေးများအားဖြင့် လှည့်ဖျားလျက် ရှိသည်။ ထိုအရာများသည် အရေးကြီးသည်ဟု ထင်မှတ်ကာ ထိုအရာများ ရရှိဘို့ နောက်လိုက်ခြင်းအားဖြင့် ဘုရားသခင်၏ စကားကို ပယ်ကြသည်။ မည်ကဲ့သို့ ဘုရား၏ စကားကို ပယ်ကြသနည်း ဟူမူကား၊ ကျမ်းစာကို မဖတ်၊ တရားမနာ၊ နာလျှင်လည်း စိတ်မဝင်စား၊ အမြန် တရားကိုပြီး စေချင် ကြသည် မဟုတ်လော။ ဤလောကအရာများကို စွဲလန်းခြင်းကြောင့် ဝိညာဉ်ပိုင်းအတွက် ဘာမျှမလုပ်၊ မပြင်ဆင် ကြချေ။ 

ပေါလုက၊ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည် ဖြစ်၍၊ အညစ်အ​ကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက် သအံ့သောငှါ၊ နှုတ်ကပတ်တော် ရေ၌ ဆေးကြောခြင်းအားဖြင့် စင်ကြယ် သန့်ရှင်း စေမည်အကြောင်း၊ ထိုအသင်းတော် အဘို့ အလိုငှါ ကိုယ်ကိုကိုယ် စွန့်တော်မူ၏ (ဧဖက် ၅:၂၆-၂ရ)ဟု ရေးထားခဲ့သည်။ အသင်းတော် တည်းဟူသော သတို့သမီး လောင်းသည် သန့်ရှင်းလျက်၊ အပြစ်ကင်းလျက်၊ အညစ်အ​ကြေးတင်ခြင်း၊ အရေ တွန့်ခြင်းနှင့် လွတ်၍ အသရေတင့်တယ်စွာဖြင့် လက်ခံဘို့ရန် ခရစ်တော် အလိုရှိသည်။ ထိုသို့ဖြစ်နိုင် ရန် နှုတ်ကပတ်တော် ရေ၌ ဆေးကြောသည်ဟု ဟုဆိုသည်။ မည်သို့ နှုတ်ကတော်အားဖြင့် ဆေးကြောမည်နည်း။ နှုတ်ပတ်တော်သည် ယုံကြည်သူကို အလိုလိုမဆေးကြောနိုင်ချေ။ ယုံကြည်သူက ဖတ်ရှုလေ့လာ ကျက်မှတ်မှသာလျှင်သန့်ရှင်းနိင်ပေမည်။ 

သခင်ယေရှုက တပည့်တော်များကို ​ခြေဆေးပေးခဲ့သည်။ ထိုအခါ ပေတရုက ရှိမုန်ပေတရုဆီသို့ ရောက်တော်မူသောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ​ခြေကို ဆေးတော်မူ မည်လောဟု မေးလျှောက်၏။ ယေရှုက လည်း၊ သင်သည် ငါပြုသော အမှုကို ယခု နားမလည် သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော်မူ၏။ ပေတရုကလည်း၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ​ခြေကို အလျင်းဆေးတော်မမူရဟု လျောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့် မဆက်ဆံရဟု မိန့်တော်မူ၏။ ရှိမုန်ပေတရုကလည်း၊ အ​ကျွန်ုပ်၏ ​ခြေကိုသာ မဆေး ပါနှင့်။ လက်ကို၎င်း၊ ဦးခေါင်းကို၎င်း ဆေးတော်မူပါဟု လျှောက်ပြန်၏။ ယေရှုက လည်း၊ ရေချိုးပြီးသောသူ မည်သည်ကား၊ ​ခြေဆေးခြင်းမှတပါး ဆေးရသော အကြောင်း မရှိ။ တကိုယ်လုံးစင်ကြယ်၏။ (ယော ၁၃:၆-၁၀) 

ခရစ်တော်က ပေတရုထံရေချိုးပြီးသောသူသည် တကိုယ်လုံးစင်ကြယ်သည်။ ထို့ကြောင့် ​ခြေဆေးဘို့ သာလျှင် လိုသည် ဟုဆိုသည်။ သို့ဖြစ်လျှင် ရေချိုးသည် အဘယ်အရာကို ဆိုလိုသနည်း၊ ​ခြေဆေးခြင်းသည်လည်း အဘယ်အရာ ဖြစ်သနည်း။ ရေချိုးခြင်းသည် တကိုယ်လုံးအတွက် ဖြစ်သည်။ ကျမ်းစာက၊ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သော အားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက် ကြ၏ (ဟေ ၁၀:၁၀) ဟုဆိုထားသည်။ ပေါလုက၊ ယေရှုခရစ်အားဖြင့် အပြစ်နှင့် ကင်း စင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူတည်း ဟူသော၊ ကောရိသုမြို့၌ ရှိသော ဘုရားသခင်၏ အသင်းတော် မှစ၍ ခပ်သိမ်းသော အရပ်၌ ငါတို့ သခင်ယေရှုခရစ်ကို ပဌနာ ပြုသောသူ အပေါင်းတို့ဟု ရေးထားသည် (၁ ကော ၁:၂)။ ထို့ကြောင့် ယုံကြည်သူ တိုင်းသည် ယေရှုခရစ်အားဖြင့် အပြစ်နှင့် ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသည်။ ထိုအရာသည် ယုံကြည်သူအားဖြင့် မဟုတ်၊ ယေရှုခရစ်အားဖြင့် ဖြစ်သည်။ ထိုကြောင့် ယုံကြည်သူများသည် ယေရှုခရစ်အားဖြင့် ရေးချိုးပြီးသောသူများ ဖြစ်သည်။ 

ရေချိုးခြင်းသည် ရေတွင်း နား၌ ဖြစ်သည်။ ရေချိုးပြီးသောအခါ အိမ်သို့ ပြန်ရာတွင် လမ်း၌ ​ခြေထောက်သည် ဖုံကြောင့်ညစ်ပတ်သည်။ ထို​ခြေကို အိမ်ရောက်သောအခါ ပြန်ဆေးဘို့ လိုသည်။ ယုံကြည်သူများသည် ယေရှုခရစ်အားဖြင့် ရေချိုးပြီး၍ သန့်ရှင်းပြီ။ သို့သော် ဤလောက ခရီးတွင် ​ခြေပြန်ညစ်ပတ်၍ ဆေးဘို့ လိုသည်။ ဝိညာဉ် ​ခြေသည် စိတ်နှလုံး ဖြစ်သည်။ စိတ်နှလုံးအားဖြင့် ဤလောကကို ချစ်သောကြောင့် ညစ်ညူးသည်။ နေ့စဉ် တီဗီ၊ ကွန်ပြူတာ၊ ဖုန်း၊ နှင့် လောကအရာများအားဖြင့် စိတ်နှလုံးသည် ညစ်ညူးသည်။ စိတ်နှလုံးအထဲသို့လောက အမှိုက်များကို သွင်း သောကြောင့် လူသည် အမှိုက်ပုံး ဖြစ်သည်။ အမှိုက်ပုံးသည် ပုပ်ဆော်နံ၍ ဟောင်းနံ့ နေသည်။ ထိုအရာကို ပါးစပ်မှဖြစ်စေ ကိုယ်လက်အင်္ဂါများမှ ထွက်သည်။ ခရစ်တော်က၊ စိတ်နှလုံးအပြည့်ရှိသည် အတိုင်း နှုတ်မြွတ်တတ်၏ ဟုဆိုသည် (မ ၁၂:၃၄)။ ယုံ ကြည် သူများသည် သန့်ရှင်းသော နှုတ်ကပတ်တော်ကို စိတ်နှလုံးအထဲ၌ မသွင်းဘဲလောကအရာကိုသာ သွင်းသောကြောင့် စိတ်နှလုံးသည် မသန့်ရှင်နိုင်ချေ။ ထို့ကြောင့် အကြံအစည်၊ အတွေးအခေါ်၊ အပြောအဆို၊ အပြု အမူများညစ်ညူးခြင်း ဖြစ်သည်။ ထိုသို့ မညစ်ညူး ဘို့ရန် နှုတ်ကပတ်တော်ကို လိုက်နာဘို့ရန် နေ့ညမပြတ် ဖတ်ရှုရမည် (ယောရှု ၁:၈)။ တရားဟောချက်များကို မှန်မမှန်သိိနိုင်ရန် စေ့စေ့ကြည့်ရှုလေ့ လာရမည် (တ ၁ရး၁၁)။ တရားတော်ကို နေ့ညဥ့်မပြတ် ဆင်ခြင်အောက်မေ့ရမည် (ဆာ ၁:၃)။ ဘုရားသခင်ကို မပြစ်မှားမည့် အကြောင်း နှုတ်ကပတ်တော်ကို နှလုံး ထဲ၌ သိုထားရမည် (ဆာ ၁၁၉:၁၁)။ 

 

၀ိညာဉ်ပိုင်းကြီးထွားရင့်ကျက်ခြင်း 

လူတိုင်း ထင်မှတ်သည်မှာ လူသည် ဝိညာဉ်အားဖြင့် ဒုတိယ မွေးဘွားသည်တွင် အရွယ်ရောက်လူကြီး အဖြစ် မွေးဘွား၍ ရင့်ကျက်ပြီးသား ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူ အပြစ် ပြန်လုပ်၍ သော်၎င်း၊ တခုခုမှားယွင်းမိသောအခါသော်၎င်း၊ ကယ်တင်ခြင်းရှုံးဆုံးမည် သို့မဟုတ် ချီဆောင်ခြင်း၌ ပါဝင်မည် မဟုတ်၊ သို့မဟုတ် အ မှန်တကယ် ဒုတိယ မွေးဘွားခြင်း မခံစားရသေးဟု ထင်တတ်ကြသည်။ မှန်ပါသည်၊ အမှန်တကယ် ဒုတိယ မွေးဘွားခြင်း မခံရ သေးသောသူများကလည်း ဒုတိယမွေး ဘွားပြီး သကဲ့သို့ ပြောဆို နေထိုင်တတ်ကြသည်။ ထိုသူများအတွက် ယခုမ ဆွေးနွေးပါ။ ယခု ဆွေးနွေးရေးသား လိုသည်မှာ အမှန်တကယ် မွေးဘွားပြီးသော်လည်း ဇာတိ အသက်တာဖြင့် အသက်ရှင်ကြသောအခါ အထင်အမြင် မှားခြင်း မရှိရလေအောင် သမ္မာတရားကို ရေးလိုပါသည်။ 

ပဌမ ဦးစွာ ဝိညာဉ်ပိုင်း၌ လူကြီး အဖြစ်အဘယ်သူမျှ မမွေးနိုင်ပါ။ ခလေး လေး ဘဝဖြင့် မွေးဘွားကြပါသည်။ ကျမ်းစာ၌၊ သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်း ကြသည် ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်း အလိုငှါ နှုတ်ကပတ် တရား၏ နို့စစ်အားဖြင့်ကြီး ပွားမည်အကြောင်း ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရား နို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့ (၁ ပေ ၂:၁-၃)။ 

 ဤနေရာ၌ ပေတရုက ဘွားစသောသူငယ် ကဲ့သို့ နှုှုတ်ကပတ်တော် တရား၏ နို့စစ်အားဖြင့်ကြီး ပွားမည့် အကြောင်းဟု ရေးထားရာ ဝိညာဉ် ပိုိင်း၌ ဘွားစသူငယ်ရှိကြောင်း ထင်ရှားသည်။ ရှင်ပေါလုကလည်း၊ ညီအစ်ကိုတို့၊ အထက်ကငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိ ပကတိလူတို့ အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့ အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏ (၁ ကော ၃:၁)ဟု ရေးခဲ့သည်။ ဟေဗြဲ ဩဝါဒရေးသောသူက လည်း၊ သင်တို့သည် ဥာဏ်နုန့်သောကြောင့် အပြောခက်လှ၏။ သင်တို့သည် ကာလ ကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ဦးစွာ သင်ရသော တရားနုတို့ကို သူတပါးထံ၌ တဖန် သင်ရသော အကြောင်းရှိသည် ဖြစ်၍၊ ​ကြေခဲသော အစာကို မသုံးဆောင်၊ နို့ကိုသာ သုံးဆောင်ရ သောသူ ဖြစ်ကြ၏။ နို့ကိုသာ သုံးဆောင်သောသူ မည်သည်ကား၊ သူငယ် ဖြစ်သောကြောင့် ​ဖြောင့်မတ်ခြင်း တရား၌ လေ့လာခြင်း မရှိ (ဟေဗြဲ ၅:၁၁-၁၃)ဟု ဝိညာဉ်ရေးရာ၌ သူငယ်တို့ ထံစာရေးခဲ့သည်။ 

ဝိညာဉ် ခလေး ဖြစ်ခြင်း၏ အားနည်းချက်များမှာ၊ အညစ်​ကြေးကို မရွံရှာခြင်း၊ ​ကြေခဲသော အစာမစားနိုင်ခြင်း၊ အလုပ်မလုပ်နိုင်ခြင်း၊ မညီညွတ်နိုင်ခြင်း၊ ကိုယ်ရသော ဝိညာဉ်ဆုကျေးဇူးကို မကျေနပ်ခြင်း၊ ဩဝါဒလေတိုက်သောအခါ ယိမ်းယိုင်ခြင်းတို့ ဖြစ်သည်။ ထိုအရာများကို အနည်းငယ်စီ လေ့လာကြပါစို့။ 
 
အညစ်အ​ကြေးမရွံရှာခြင်း 

ကိုယ်ခန္ဓာပိုင်း ခလေး များသည် ကြမ်းပြင်ပေါ်၌ တွေ့သမျှသောအရာ တို့ကို မရွံရှာဘဲ ပါးစပ်ထဲ၌ ထည့်တတ်ကြသည်။ အကြောင်းမှာ သူတို့သည် လူမဟုတ်သောကြောင့်၊ မမွေးသောကြောင့် မဟုတ်၊ ခလေး ဖြစ်သောကြောင့် ဖြစ်သည်။ ဝိညာဉ်ပိုင်း ခလေး များလည်း အပြစ်ကို မရွံရှာဘဲ ပြုလုပ် တတ်ကြသည်။ ခိုင်နီးနှင့် ဆေးရွက်များ ငုံခြင်း၊ ဆေးလိပ် သောက်ခြင်း၊ အရက်ဘီယာဝိုင်များ သောက်ခြင်းကို ပြုလုပ် တတ်ကြသည်။ ထိုအရာများသည် ကျမ်းစာ၌ မရှိဟု ဆင်​ခြေ ပေးတတ်ကြသည်။ ထိုအရာများသည် ကျမ်းစာ ရေးသော ကာလ၌ အသုံးမပြုကြ သေးသောကြောင့် မဖေါ်ပြခြင်း ဖြစ်သည်။ သို့သော် ဤကျမ်းစား ကအားလုံး ခြုံ၍ ပြောထားသည်၊ 

 

ကျမ်းစာဖတ်ကြစို့
 ဗျာဒိတ်ကျမ်း ၁၃

ဗျာဒိတ် ၁၃သည် ဘေးဒဏ်ကြီး ကာလ၌ တကမ္ဘာလုံးကို အုပ်ချုပ်မည့် ကမ္ဘာခေါင်းဆောင် အန္တီခရစ်၏ အကြောင်း အချို့ကို ရေးထားခြင်း ဖြစ်သည်။ ဤ ကမ္ဘာကြီးသည် အလွန် ရှုပ်ထွေး၍ ပြသနာ များစွာကြောင့် ထိုပြသနာကို ​ ဖြေရှင်း နိုင်သူကို ရှာဖွေ နေသည်။ ထိုအခါ စာတန် လူအန္တီခရစ်ပေါ်လာ၍ ကမ္ဘာသူကမ္ဘာသားများက မျှော်လင့်ချက်ကြီးစွာဖြင့် ကယ်တင်ရှင်ဟု ထင်မှတ်ကာ ခေါင်းဆောင် တင် ကြမည် ဖြစ်သည်။ သို့သော် သူသည် အာဏာရှင် ဖြစ်လာ၍ သူ့ကို လူသား တိုင်းကကိုးကွယ်ဘို့ အမိန့်ထုတ်မည် ဖြစ်သည်။ သူ့ကို ကူညီမည့် သူဘာသာရေးခေါင်းဆောင်လည်း ပေါ်ပေါက်မည့် အကြောင်း ဖေါ်ပြထားသည်။ 
 
၁။ ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍၊ သားရဲတကောင်သည် ခေါင်း ခုနစ်လုံး၊ ချိုဆယ် ချောင်းနှင့်တကွ ချိုပေါ်၌ သရဖူ ဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက်၊ ပင်လယ်ထဲကတက်သည်ကို မြင်၏။ 

ပင်လယ်နား၌ သဲပေါ်မှာ ရပ်သောသူသည် အခြားသော ကျမ်းစာများ၌ ယောဟန် မဟုတ်ဘဲသားရဲ ဖြစ်သည်။ သဲ ပေါ်မှာ ရပ်ခြင်း ဆိုသည်မှာ မခိုင်မြဲခြင်းကို ဆိုလိုသည် (မ ရး၂၆-၂ရ)။သားရဲဆိုသည်မှာ ကမ္ဘာ့ ခေါင်းဆောင်ကို ဆိုလိုသည်။သားရဲများသည် တောဘုရင် ဖြစ်သကဲ့သို့ ကမ္ဘာ့ ခေါင်းဆောင်လည်း ဘုရင် ဖြစ်မည်။ လူ့အမြင်၌ သမတ သို့မဟုတ် ခေါင်းဆောင်ဟု မြင်ရသော်လည်း ဘုရား အမြင်၌ သားရဲကဲ့သို့ မြင်ရသည်။ ဒံယေလ ရ၌လည်း ကမ္ဘာအင်ပိုင်ယာများကိုသားရဲများ အဖြစ်မြင်ခဲ့ပြီး ပြီ။ ခေါင်းသည် ခေါင်းဆောင် ဖြစ်ခြင်းကို ဆိုလိုသည်။ ချိုသည် တိရစ္ဆာန် များ၏ လက်နက် သို့မဟုတ် တန်ခိုး ဖြစ်သည်။ သရဖူသည် တန်ခိုးအာဏာ ရာထူးကို ဆိုလိုသည်။ ပင်လယ်သည် လူ များစွာကို ဆိုလိုသည် (ဗျာ ၁ရး၁၅)။ 

ခေါင်းခုနှစ်လုံးသည် ဗျာ ၁ရး ၉-၁၁၌ ဤသို့ တွေ့ရသည် -ခေါင်းခုနှစ်လုံး ကား မိန်းမထိုင်သော တောင်ခုနှစ်လုံး ဖြစ်၏။ ရှင်ဘုရင်ခုနှစ်ပါးလည်း ဖြစ်၏။ ငါးပါး ကျပြီ၊ တပါးရှိသေး၏။ တပါး ဖြစ်လေဦးမည်။ ​ဲဖစ်သောအခါ တခဏသာတည်လိမ့်မည်။ ထို့ကြောင့် ခေါင်းခုနှစ်လုံးသည် တောင်ခုနှစ်လုံး တည်းဟူသော ရှင်ဘုရင် ခုနှစ် ပါး ဖြစ်သည်။ ထိုရှင်ဘုရင်များသည် ကမ္ဘာအင်ပိုင်ယာနိင်ငံများကို ဆိုလိုသည်။ ငါးပါးကျပြီဟူသောအရာသည် အဲဂုတ္တု၊ အာရှုရိ၊ ဗာဗုလုန်၊ မေဒုိ ပါးရှား၊ ဂရိတ် အင်ပိုင်ယာများ ဖြစ်သည်။ တပါးရှိသေး၏ ဟူသောအရာသည် ထိုအချိန်၌ တည်ရှိသော ရောမအင်ပိုင်ယာကို ဆိုလိုသည်။ တပါး ဖြစ်လေဦးမည်ဟူသောအရာသည် ဘေးဒဏ်ကြီး ကာလ၌ ပေါ်ပေါက်လာမည့် ကမ္ဘာ့ အစိုးရကို ဆိုလိုသည်။ ခဏသာ တည်လိမ့်မည်ဟူသောအရာသည် ခုနှစ်နှစ်သာတည်တန့်မည့် အရာကို ဆိုလိုသည်။ 

ချိုဆယ်ချောင်းနှင့် ပတ်သက်၍လည်း ဤသို့ အနက်ဖွင့်ထားသည်၊ ယခု မြင်သော ချိုဆယ်ချောင်းကား၊ မင်းအာဏာာစက်ကို မရသေးသော ရှင်ဘုရင်ဆယ် ပါး ဖြစ်၏။ ရှင်ဘုရင်၏ အာဏာစက်ကိုသားရဲနှင့်အတူ တချက်တည်းရကြလိမ့်မည်။ ထို သူတို့သည် ဘောတူ၍ မိမိတို့ တန်ခိုးအာဏာစက်ကိုသားရဲ၌ အပ်ပေး ကြလိမ့်မည် (ဗျာ ၁ရး၁၂-၁၃)။ ထို့ကြောင့် ချိုဆယ်ချောင်းသည် အာဏာရရှိလာ မည့် ရှင်ဘုရင်ဆယ်ပါး ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌ သားရဲ တည်းဟူသော ကမ္ဘာ့ ခေါင်းဆောင်သည် ရှင်ဘုရင်ဆယ်ပါးနှင့်အတူ တပြိုင်နက်အာဏာရရှိ၍ သူတို့၏ အာဏာကိုသားရဲ၌ အပ်လိမ့်မည် ဟုဆိုသည်။ ဘေးဒဏ်ကြီး ကာလ၌ ကမ္ဘာ ကြီးသည် ဆယ်နိင်ငံအဖြစ် ခွဲ၍ ရှင်ဘုရင်ဆယ်ပါးက အုပ်ချုပ်မည် ဖြစ်သည်။ ထိုဆယ် ပါးသော နိင်ငံများသည် မြောက်အမေရိက၊ တောင်အမေရိက၊ အဖရိက၊ ဥရောပ၊ ရုရှား၊ တရုတ်၊ အိနိ​ြယ၊ အရှေ့တောင်အာရှ၊ အရှေ့ အလယ်ပိုင်းမူစလင်နိင်ငံများ၊ နှင့် ဩစီးနီးယာ (ဩစ​တြေးလျ၊ နုယူူးဇီလန်၊ ပစိဖိတ်​ကျွန်းများ) ဟူ၍ ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ကို ဖြစ်ရမည်ဟု မဆိုလိုပါ၊ ဖြစ်နိင်သည်။ ယခုအခါ ကမ္ဘာအ​ခြေအနေသည် ချက်ချင်း ချက်ချင်း ပြောင်းလဲ နေကြောင်း နေ့တိုင်း တွေ့မြင်နေရသည်။ 

ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက်၊ အန္တီခရစ်သည် ခရစ်တော် အတု ဖြစ်သဖြင့် ဘုရားသခင်၏ ရန်သူဆန့်ကျင်သူ ဖြစ်သည်။ ထို့ကြောင့် တတ်နိင်သမျှ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချခြင်းသည် သူ၏ အဓိက ရည်ရွယ်ချက်နှင့် အလုပ် ဖြစ်သည်။ ပင်လယ်ထဲကတက်သည်ကို မြင်၏ -သားရဲလေးကောင်ပင် လယ်ထဲကတက်သည်ကို ဒံယေလက ဤကဲ့သို့ မြင်ခဲ့ဘူးပြီ- ငါဒံယေလသည် ညဉ့်အခါအာရုံပြု၍၊ မိုဃ်းကောင်းကင် လေးမျက်နှာ၌ လေတို့သည် မဟာသမုဒ္ဒ​ရာပေါ်မှာ အချင်းချင်းတိုက်ကြလျှင်၊ သဏ္ဍာန်ချင်းမတူသောသားရဲလေးကောင်တို့သည် သမုဒ္ဒ​ရာထဲကထွက်လာကြ၏။ (ဒံ ရး၂-၃) ပင် လယ် သို့မဟုတ် သမုဒ္ဒ​ရာသည် လူများကို ဆိုလိုခြင်း ဖြစ်ကြောင်း ဤသို့ ရေးထားသည်- ယခုမြင်၍ ပြည်တန်ဆာထိုင်သော ရေကား၊ အသီးသီးဘာသာစကားကို ပြောသော လူ အမျိုးမျိုး အစုစု ဖြစ်သတည်း (ဗျာ ၁ရး၁၅)။ ထို့ကြောင့်သားရဲ တည်းဟူသော ကမ္ဘာ့ ခေါင်းဆောင် အန္တီခရစ်သည် လူအများ ထဲမှပေါ်ထွက်လာမည် ဖြစ်သည်။ 

၂။ ထိုသို့ ငါမြင်သောသားရဲသည် ကျားသစ်နှင့် တူ၏။ သူ၏ ​ခြေသည် ဝံ​ခြေကဲ့သို့ဖြစ်၏။ သူ၏ နှုတ်သည်လည်း ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကို၎င်း၊ ကြီးစွာသော အာဏာစက်ကို၎င်း၊ သားရဲ၌ အပ်ပေး၏။ 

ယောဟန်မြင်သောသားရဲသည် ကိုယ်ခန္ဓာအားဖြင့် ကျားသစ်နှင့် တူသည်။ ကျားသစ်၊ ဝံနှင့် ခြင်္သေ့တို့ကို ဒံယေလက ဤသို့ မြင်ခဲ့ပြီး ပြီ- ပဌမသားရဲသည် ခြသေ့်နှင့် တူ၏။ လင်းယုန်အတောင်လည်းရှိ၏။ ငါကြည့်ရှု၍ နေစဉ်၊ သူ၏ အတောင်ကို နှုတ်ကြ၏။ မြေမှကိုယ်ကို ချီကြွလျက် လူကဲ့သို့ ​ခြေဖြင့် မတ်တပ်ရပ်၍၊ လူစိတ်သ ဘောကိုလည်း ရ၏။ ဒုတိယသားရဲသည် ဝံနှင့် တူ၏။ တဘက်၌ ကိုယ်ကိုကိုယ် ချီ ကြွ၏။ ပစပ်၌ နံရိုးသုံးချောင်းကို ကိုက်လျက် ရှိ၏။ သင်ထလော့။ အသားများကို ကိုက်စားလော့ဟု သူ့အား ပြောကြ၏။ တဖန် ငါကြည့်ရှုပြန်၍၊ ကျားသစ်နှင့် တူသောသားရဲတကောင်သည် ထင်ရှား၏။ ကျောပေါ်မှာ ငှက်အတောင်လေးခုရှိ၏။ ခေါင်းလေးလုံးနှင့် ပြည့်စုံ၏။ အုပ်စိုးရသော အခွင့်လည်းရှိ၏ (ဒံ ရး၃-၆)။ 

ထိုသားရဲများကို ဒံယေလကဘုရား အမြင်နှင့် မြင်၍ နေဗုခတ်နဇောက လူရုပ်တုအဖြစ် ဤကဲ့သို့ မြင်ခဲ့ပြီး ပြီ- သူ၏ ဦးခေါင်းသည် ရွှေစင် ဖြစ်၏။ ရင်ပတ်နှင့် လက်နှစ်ဘက်သည် ငွေ ဖြစ်၏။ ဝမ်းနှင့် ပေါင်နှစ်ဘက်သည် ​ကြေးဝါ ဖြစ်၏ (ဒံ ၂:၃၂-၃၃)။ ရုပ်တု၏ ဦးခေါင်းနှင့် ခြင်္သေ့သည် ဗာဗုလုန်အင်ပိုင်ယာ၊ ရင်ပတ်နှင့် လက်နှစ် ဖက်နှင့် ဝံသည် မေဒုိပါးရှားအင်ပိုင်ယာ၊ ဝမ်းနှင့် ပေါင်နှစ်ဖက်နှင့် ကျားသစ်သည် ဂရိတ်အင်ပိုင်ယာကို ဆိုလိုခြင်း ဖြစ်သည်။ ယောဟန်က အနာဂတ်မှာပေါ်ပေါက် လာမည့် အန္တီခရစ်ကိုသားရဲကဲ့သို့ မြင်ခြင်းသည် သားရဲကဲ့သို့ ကြမ်းကြုတ်မည့် အရာကို သိနိုင်သည်။ အနာဂတ်သားရဲ၏ အရည်အချင်းနှင့် လက္ခဏာများသည် 
ယခင်ရှိခဲ့ပြီးသော အင်ပိုင်ယာများနှင့် တူမည့် အရာကို ဖေါ်ပြသည်။ 

နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကို၎င်း၊ ကြီးစွာသော အာဏာစက်ကို၎င်း၊ သားရဲ၌ အပ်ပေး၏။ နဂါးသည် စာတန်ကို ဆိုလိုသည်။ စာတန်သည် အန္တီခရစ်ကို မိမိတန်ခိုးနှင့် ပလ္လင်နှင့် အာဏာစက်များကို ပေးသည် ဟုဆိုသည်။ ထို့ကြောင့် အန္တီခရစ် တည်းဟူသော အနာဂါတ်ကမ္ဘာ့ ခေါင်းဆောင်သည် စာတန် ဝင်စား၍ အလွန်တန်ခိုးကြီးမည် ဖြစ်သည်။ စာတန်သည် ခမည်းတော်ဘုရား နေရာကို ယူ၍ အန္တီခရစ်သည် ခရစ်တော်ကို အတုယူခြင်း ဖြစ်သည်။ ခရစ်တော် က- သားတော်သည် ခမည်းတော် ပြုတော်မူသမျှ အတိုင်း ပြုသည်။ တရားစီရင်ခြင်း အခွင့်ရှိသမျှ ကိုလည်း သားတော်အား အပ်တော်မူ၏ (ယော ၅:၁၉၊ ၂၃) ဟူသောအရာ တို့ကို အတုယူခြင်း ဖြစ်သည်။ 
 
၃။သားရဲ၏ ခေါင်းတလုံးသည် သေအောင် ကွပ်မျက်ပြီး သကဲ့သို့ဖြစ်၍၊ သေစေသော ဒဏ်ချက်သည် ပျောက်လျက် ရှိ၏။ မြေကြီးသား အပေါင်းတို့သည်သားရဲနောက်သို့ လိုက်၍ အံ့ဩ ကြ၏။ 

အန္တီခရစ်သည် ခရစ်တော်ကို အတုယူသည့်အတိုင်း သူသည်လည်း အသေသတ်ခြင်း ခံ၍ ရှင်ပြန်ထမြောက် သည့် သဘောကို ဆောင်သည်။ ခရစ်တော် သေခံ၍ ရှင်ပြန်ထမြောက် ခြင်းနှင့် ပတ်သက်၍ ဤသို့ ရေးထားသည် -ထိုအခါ ပလ္လင်တော် မှစသော သတ္တဝါလေးပါးနှင့် အသက်ကြီးသူ တို့ အလယ်၌၊ အသေသတ်ပြီး သကဲ့သို့သော သိုးသငယ်သည် ရပ်လျက် ရှိသည်ကို ငါမြင်၏။ (ဗျာ ၅:၆) ထို သူတို့ကလည်း၊ အသေသတ်ခြင်းကို ခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်း အာနုဘော်၊ ကောင်းကြီး မင်္လာကို ခံထိုက်တော်မူ၏ ဟု၊ ကြီးသော အသံနှင့် ပြောဆို ကြ၏။ (ဗျာ ၅:၁၂)။ မယုံကြည်သောသူများသည် ခရစ်တော် အသေခံ၍ ရှင်ပြန်ထမြောက် ခြင်းကို မယုံကြသော်လည်း အန္တီခရစ် အသေသတ်ခံ၍ ရှင်ပြန်ထမြောက် ခြင်းကိုမူအံ့ဩ ယုံကြည်၍ သူ့နောက်သို့ လိုက်ကြလိမ့်မည်။ အန္တီခရစ်သည် အမှန်တကယ် သေ၍ ရှင်ပြန်ထမြောက် သည်လော သို့မဟုတ် သေလုမျောပါးသတိလစ်၍ ပြန်ရှင်သည်လော မသိရပါ။ မည်သို့ပင်ဖြစ်စေ သူသည် ခရစ်တော်ကို အတုယူသောကြောင့် ရှင်ပြန်ထမြောက် သည် ဟုဆိုသည်။ 
 
၄။ ထိုသားရဲ၌ အာဏာစက်ကို အပ်ပေးသော နဂါးကိုကိုးကွယ်ကြ၏။သားရဲကိုလည်း ကိုးကွယ်၍ အဘယ်သူသည်သားရဲနှင့် တူသနည်း။ အဘယ်သူသည် သူ့ကို စစ်ပြိုင်နိုင်သနည်းဟု ပြောဆို ကြ၏။ 
သားရဲ တည်းဟူသော အန္တီခရစ်ကို တန်ခိုးပေးသော နဂါးကို ကမ္ဘာသူကမ္ဘာသား များကကိုးကွယ် ကြသည်။ စာတန်သည် အစကပင်ဘုရား ဖြစ်ချင်၍ ထိုသို့ကိုးကွယ်ခြင်းကို အလိုရှိခဲ့သည်။ ယခုအခါ ဤလောကကို ချစ်သောသူတိုင်းသည် စာတန်ကို သွယ်ဝိုက်ကိုးကွယ်ကြခြင်း ဖြစ်သည်။ ထိုအချိန်တွင်မူ တိုက်ရိုက်ကိုးကွယ်ကြ တော့မည် ဖြစ်သည်။ စာတန်နှင့်အတူ သူ၏ လူသားရဲအန္တီခရစ်ကိုလည်း ကိုးကွယ် ကြ၍ အဘယ်သူသည် သူ့ကို စစ်ပြိုင်နိုင်သနည်းဟု ချီးမွမ်းကြလိမ့်မည်။ သူသည် လုပ်ကြံခံရ၍ သေရာမှ ရှင်ပြန်ထမြောက် သောကြောင့် မည်သူကမျှ သူ့ကို နောက် ထပ်မတိုက်ခိုက် ရဲတော့ဘဲ ချီးမွမ်းကိုးကွယ်ကြမည် ဖြစ်သည်။ 
 
၅။ ထိုသားရဲသည်လည်း ကြီးစွာသော စကားကို၎င်း၊ ဘုရားသခင်ကို ပြစ်မှားသော စကားကို၎င်း၊ ပြောတတ်သော နှုတ်နှင့် ပြည့်စုံ၍ လလေးဆယ်နှစ်လပတ်လုံး စီရင်ရသော အခွင့်ကို ရ၏။ 

သားရဲ တည်းဟူသော အန္တီခရစ်သည် အပြောကြီးမည် ဖြစ်သည်။ အလွန် ဝါ ကြွား၍ ကြိးကျယ်သော စကားများကို ပြောမည်။ ဘုရားသခင်ကို ပြစ်မှားသော စကားများကိုလည်း ပြောမည်။ သူသည် မိမိကြိုက်နှစ်သက် သကဲ့သို့ လုပ်ဆောင်နိုင်သော်လည်း ထိုအရာသည် ဘုရားသခင်၏ ခွင့်ပြုချက်ဘောင်အတွင်း မှ ဖြစ်ကြောင်း အချိန်အကန့် အသတ်ပေးထားခြင်းအားဖြင့် သိနိုင်သည်။ လလေးဆယ်နှစ်လသည် သုံးနှစ်ခွဲ ဖြစ်သည်။ ထိုအချိန်သည် ဘေးဒဏ်ကြီး ကာလ၏ ဒုတိယပိုင်း ဖြစ်သည်။ 
 
၆။ ဘုရားသခင်ကို ပြစ်မှားသော စကားအားဖြင့် နာမတော်နှင့် တဲတော်ကို၎င်း၊ ကောင်းကင်သားတို့ ကို၎င်း၊ ပြစ်မှားခြင်းငှါ နှုတ်ကို ဖွင့်ထား၏။ 

ပညတ်တော် ဆယ်ပါး၌ တတိယပညတ်သည် -သင်၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့် ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့် ဆိုင်၍ မြွက်ဆိုသောသူကို အပြစ် မရှိဟု ထာဝရဘုရား မှတ်တော်မမူ (ထွက် ၂၀:ရ) ဟူ၍ ဖြစ်သည်။ အင်္လိပ်ကျမ်းစာ၌ ဘုရား၏ နာမကို အကျိုးမရှိ မမြွက်ဆိုနှင့် ဟူ၍ ဖြစ်သည်။ အန္တီခရစ်သည် ထိုပညတ်ကို ဆန့်ကျင်၍ ဘုရား၏ နာ မတော်ကို ပြစ်မှားမည်။ တဲတော်သည် ဘုရားရှိသော ကောင်းကင်နိင်ငံကို ဆိုလိုသည်။ သူသည် ကောင်းကင်နိင်ငံနှင့် ကောင်းကင်သားတို့ ကိုလည်း နှုတ်အားဖြင့် ပြစ် မှားသည်။ အကြောင်းမှာ ကောင်းကင်၌ နေရာမရသောကြောင့် ဖြစ်သည်။ လူပင်လျှင် ကိုယ်မနိင်သောသူများကို စကားအားဖြင့် အနိင်ယူချင် ကြသည် မဟုတ်လော။ 
 
၇။ သန့်ရှင်း သူတို့ကို စစ်တိုက်၍ နိုင်ရသော အခွင့်ကို ရ၏။ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်း ရ၏။ 

အန္တီခရစ်သားရဲသည် သန့်ရှင်းသူတိုကို စစ်တိုက်၍ နိင်သော အခွင့်ရသည် ဟုဆိုရာ မည်သူတို့ ဖြစ်သနည်း။ ထိုခေတ်၌ ခရစ်တော်ကို ယုံကြည်သူများကို သန့်ရှင်း သူများဟု ခေါ်သည်။ ယခုခေတ်တွင် သန့်ရှင်း သူများဟု မခေါ်ရဲကြတော့ချေ။ အကြောင်းမူကား ယခုခေတ်တွင် ကယ်တင်ခြင်းသို့ ရောက်သော်လည်း အသက်တာ မသန့်ရှင်းကြတော့ချေ။ လောကသားများကဲ့သို့ ဤလောကကို ချစ်ခြင်း၊ ရှာခြင်းအားဖြင့် ယုံကြည်သူများသည် ညစ်ညူး ကြသည်။ ထိုသန့်ရှင်း သူများသည် ဘေးဒဏ်ကြီး ကာလ၌ ပြန်လည် ယုံကြည်သူများဖြစ် ကြသည်။ ဘေးဒဏ်ကြီးကာလ ယုံ ကြည် သူများကိုသားရဲက နိင်သော အခွင့်နှင့် အုပ်စိုးသော အခွင့်ကို ဘုရားသခင်က ခွင့်ပြုထားသည်။ 
 
၈။ ကွပ်မျက်သော သိုးသငယ်၏ အသက် စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသား အပေါင်းတို့သည်သားရဲကိုကိုးကွယ်ကြ၏။ 

ကွပ်မျက်သော သိုးသငယ်သည် ခရစ်တော် ဖြစ်သည်။ သူ၏ အသက်စာ စောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသား အပေါင်းတို့ ဟုဆိုထားရာ အသက် စာစောင်၌ စာရင်းဝင်ခြင်းသည် ဘုရားသခင်က ရွေးကောက်ပြီး သား၊ သတ် မှတ်ပြီးသား ဖြစ်သည်ဟု ယူဆနိုင်သည်။ ထိုအရာကိုအချိန် အကန့်အသတ်အတွင်း၌ ရှိသော လူသား အနေဖြင့် သိဘို့ အလွန် ခက်သည်။ ဘုရားသခင်သည် အချိန် အကန့်အသတ်အတွင်း၌ မရှိချေ။ ဘုရားသည် ဖြစ်ပျက်မည့် အရာအားလုံး ကို သိနှင့်ပြီး သောသူ ဖြစ်သည်။ ထို့ကြောင့် အဘယ်သူ ယုံကြည်မည် မယုံကြည် မည်ကို သိနှင့်ပြီး ဖြစ်သည်။ 

အသက် စာစောင်၌ ကမ္ဘာဦးကပင်စာရင်းမဝင်သော မြေကြီးသား အပေါင်းတို့သည်သားရဲကိုကိုးကွယ်ကြ၏-လူသည် အလွန် ခက်သည်။ ဖန်ဆင်းရှင် ဘုရားသခင်ကို မကိုးကွယ်ချင်ဘဲ ဘုရား၏ ရန်သူ စာတန်ကို ကိုးကွယ်ချင် ကြသည်။ ဤနေရာ၌လည်း စာတန်၏ လူသားရဲ တည်းဟူသော ကမ္ဘာ့ ခေါင်းဆောင်ကို ကိုးကွယ် ကြသည်။ ထိုအရာသည် လူ၏ ခေါင်းမာမှုကြောင့်၎င်း၊ သားရဲ၏ လိမ်လည် လှည့်ဖျားမှုကို ယုံကြည်ခြင်းကြောင့်၎င်း၊ ဖြစ်သည်။ 

 ၉။ နားရှိသောသူ မည်သည်ကား ကြားပါစေ။  

ခရစ်တော်က နားရှိသောသူ မည်သည်ကား ကြားပါစေဟုလောက၌ အသက်ရှင် စဉ်တွင် ပြောတတ်ခဲ့သည် (မ ၁၃:၉၊ ၄၃)။ လူတိုင်း နားရှိ ကြသည်။ သို့ဖြစ်လျှင် အဘယ်အရာကို ဆိုလိုသနည်း။ လူသည် နားရှိသော်လည်း ဝိညာဉ် နားမရှိ ကြသောကြောင့် ဘုရားသခင်၏ ဆိုလိုရင်းကို နားမလည် တတ်ကြချေ။ ဘုရားသခင်က နားဖွင့်ပေးမှသာလျှင်နားလည်နိုင်သည်။ အရှင်ထာဝရဘုရားသည် ငါ့နားကို ဖွင့်တော်မူ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့ မဆုတ်၊ (ဟေရှာယ ၅၀:၅)။ 
 
၁၀။ သူတပါးကို ဘမ်းဆီးယူသွားသောသူသည် ကိုယ်တိုင် ဘမ်းဆီးယူသွားခြင်းကို ခံရလိမ့်မည်။ ထားဖြင့် သတ်တတ်သောသူသည်လည်း ကိုယ်တိုင် ထားဖြင့် သေရမည်။ ဤအရာ၌ သန့်ရှင်း သူတို့လည်းသည်း ခံစရာ အကြောင်း၊ ယုံကြည်စရာ အကြောင်းရှိ၏။ 

ဘုရားသခင်က သန့်ရှင်း သူတို့ တည်းဟူသော ဘေးဒဏ်ကြီးကာလ ယုံကြည်သူများကို အားပေးခြင်း ဖြစ်သည်။ အန္တီခရစ်နှင့် သူ၏ လူများက သန့်ရှင်း သူများကို သတ်ဖြတ်သောအခါ သူတို့လည်း သတ်ဖြတ်ခြင်း ပြန်လည်ခံရမည်၊၊ သူတပါးကို ဖမ်း ဆီးသောသူများလည်း ဖမ်းဆီးခြင်း ပြန်ခံမည် ဟုဆိုသည်။ ထို့ကြောင့် သူတို့ အနေဖြင့် အခံရခက်သော်လည်း ဘုရားသခင်က ပြန်လည်ခလဲ့စားချေမည် ဖြစ်သောကြောင့် သည်း ခံဘို့ရန်၊ ယုံကြည် ဘို့ရန် အားပေးခြင်း ဖြစ်သည်။ 
 
၁၁။ အခြားသောသားရဲတကောင်သည်၊ သိုးသငယ်၏ ချိုနှင့် တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကားပြောလျက်၊ မြေကြီး ထဲကထွက်သည်ကို ငါမြင်၏။ 

ဤနေရာ၌ အခြားသောသားရဲ တည်းဟူသော ဘာသာရေးခေါင်းဆောင် အကြောင်းကို ဖေါ်ပြထားသည်။ သိုးသငယ်၏ ချိုနှင့် တူသော ချိုနှစ်ချောင်းဆိုသည်မှာ သိုး ဟန်ဆောင်ခြင်းကို ဆိုလိုသည်။ ခရစ်တော်က၊ အတွင်း၌ ကြမ်းတမ်းသော တောခွေး ဖြစ်လျက်၊ သိုးရေကို ခြုံ၍ သင်တို့ ရှိရာသို့ လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။ (မ ရး၁၅)ဟု သတိပေးခဲ့ပြီ။ ဘေးဒဏ်ကြီး ကာလ၌ အန္တီခရစ်သည် နိင်ငံရေးခေါင်းဆောင် ဖြစ်၍ ဤဒုတိယသားရဲသည် ဘာသာရေးခေါင်းဆောင် ဖြစ်မည်။ သူသည် တောခွေး ဖြစ်သော်လည်း သိုးသငယ် ကဲ့သို့ ဟန်ဆောင်ခြင်း ဖြစ်သည်။ သူသည်လည်း နဂါး တည်းဟူသော စာတန်က တန်ခိုးပေးထားသောကြောင့် နဂါးကဲ့သို့ စကားပြောခြင်း ဖြစ်သည်။ ဘုရား သသခင်သည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဟု သုံးပါးတဆူ ဖြစ်သကဲ့သို့ စာတန် လည်း၊ နဂါး၊ အန္တီခရစ်ပဌမသားရဲ၊ မေစ္ဆာပရောဖက် ဒုတိယသားရဲဟု သုံးပါးတဆူ ဖြစ်မည်။ ဘုရားသခင်၏ ဖြစ်သမျှနှင့် လုပ်သမျှကို အတုခိုးကာလ ုပ်ဆောင်သည်။ 
 
၁၂။ ထိုသားရဲသည် သူ့အရင် ဖြစ်သော ပဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဌမသားရဲကို မြေကြီး မှစ၍ မြေကြီးသားတို့ သည်ကိုးကွယ်စေခြင်းငှါ ပြု၏။ 

ဒုတိယသားရဲသည် ပဌမသားရဲ၏ လက်ထောက် ဖြစ်သည်။ ကမ္ဘာ့ သမိုင်း၌ နိင်ငံရေးခေါင်းဆောင် များသည် ဘာသာရေးခေါင်းဆောင်များကို သူတို့ အာဏာ တည်မြဲရေးအတွက် အသုံးချတတ်ကြသည်။ အကြောင်းမှာ လူသည် ဘာသာရေး ခေါင်းဆောင်ကို လေးစား၍ စကား နားထောင် တတ်သောကြောင့် ဖြစ်သည်။ သို့သော် သူတို့ အာဏာတည်မြဲ လာသောအခါ ဘာသာရေးခေါင်းဆောင်ကို ဖယ်ရှား တတ်ကြသည်။ အန္တီခရစ်လည်း ဘာသာရေးခေါင်းဆောင်ကို သူ၏ အာဏာ တည်မြဲရေးအတွက် အသုံးချမည် ဖြစ်သည်။ ဘာသာရေးခေါင်းဆောင် ကနိင်ငံရေး ခေါင်းဆောင်ကို ကိုးကွယ်ကြဘို့ရန် တိုက်တွန်းမည် ဖြစ်သည်။ ထိုဘာသာရေး ခေါင်းဆောင်ကို မိစ္ဆာပရောဖက် ဟုလည်း ခေါ်တတ်သည်။ 
 
၁၃။ ကြီးစွာသော နိမိတ်လက္ခဏာတို့ ကိုလည်း ပြ၏။ လူတို့ မျက်မှောက်၌ ကောင်းကင်က မြေကြီး အပေါ်သို့ မီးကို ဆင်းစေ၏။ 

ဒုတိယသားရဲ၊ ဘာသာရေးခေါင်းဆောင်သည် ကြီးစွာသော နိမိတ် လက္ခဏာများကိုလည်း ပြနိုင်နည်။ ကောင်းကင်က မြေကြီး အပေါ်သို့ မီးကိုလည်း ဆင်းစေမည်။ ခရစ်တော်က ဤကဲ့သို့ သတိပေးခဲ့ပြီ-သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။ အများသော သူတို့က၊ ငါသည် ခရစ်တော် ဖြစ်၏ ဟုဆိုလျက်၊ ငါ၏ အယောင်ကို ဆောင်၍ ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။ (မ ၂၄:၄-၅) မိစ္ဆာပရောဖက် အများတို့သည် ပေါ်လာ၍ လူအများတို့ကို လှည့်ဖြားကြလိမ့်မည် (မ ၂၄:၁၁)။ ခရစ်တော်၏ အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သော သူတို့ကို ပင်လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြကြလိမ့်မည် (မ ၂၄:၂၄)။ ဘေးဒဏ်ကြီးကာလ အတွင်း၌ မိစ္ဆာပရောဖက် (ပရောဖက် အတု) များစွာ ပေါ်ပေါက်မည် ဟုဆိုသည်။ ယခုလည်း ဘေးဒဏ်ကြီးကာလ အလွန် နီးသောကြောင့် ပရောဖက် အတု များစွာ ပေါ်ပေါက် နေပြီ။ သို့သော် လူအများစုသည် ကျမ်းစာ မဖတ်၊ နားမလည်၊ စိတ်နှလုံးမှားယွင်း သောကြောင့် ထိုပရောဖက် အတုများကို မသိကြ၊ လက်ခံ ကြသည်။ 

လူတို့ မျက်မှောက်၌ ကောင်းကင် ကမြေကြီး အပေါ်သို့ မီးကို ဆင်းစေ၏။ မိစ္ဆာပရောဖက်သည် လူများကို အထင်ကြီး စေဘို့ လိမ်လည်ဘို့ရန် ကောင်းကင်က မြေကြီး ပေါ်သို့ မီးကို ကျစေမည် ဟုဆိုသည်။ ပရောဖက် ဧလိယက ထာဝရဘုရားသည် သာဘုရား စစ်ဘုရား မှန် ဖြစ်ကြောင်း ကောင်းကင် ကမီးကျစေကာ ယဇ်ပူ ဇော်သော အရာများကိုလောင်​ကျွမ်းစေခြင်းအားဖြင့် သက်သေထူခဲ့ဘူးသည် (၃ ရာဇဝင် ၁၈:၃၈)။ ထို့ကြောင့် မိစ္ဆာပရောဖက်ကလည်း သူသည် ဘုရားသခင်၏ လူဖြစ်ကြောင်း ကောင်းကင် ကမီးကျစေမည် ဖြစ်သည်။ 
 
၁၄။ ပထမသားရဲရှေ့၌ ပြပိုင်သော နိမိတ်လက္ခဏာတို့အားဖြင့် မြေကြီးသားတို့ကို လှည့်ဖြား၏။ ထားနှင့် ခုတ်သော ဒဏ်ချက်ကို ခံရ၍ အသက်ရှင် သေးသောသားရဲ၏ ရုပ်တုကို လုပ်စေခြင်းငှါ မြေကြီးသားတို့ကို မှာထား၏။ 

မေစ္ဆာပရောဖက်သည် အန္တီခရစ်၏ အခွင့်အားဖြင့် နိမိတ်လက္ခဏာတို့ကို ပြခြင်းဖြင့် လူများကို လှည့်စားမည်။ ပဌမသားရဲသည်လည်း နဂါး တည်းဟူသော စာတန်ထံမှ တန်ခိုးရရှိခြင်း ဖြစ်သည်။ အန္တီခရစ်သည် လုပ်ကြံခြင်း ခံရသော်လည်း ပြန်လည် ရှင်ပြန်မည်။ သူ၏ ရုပ်တုကို မိစ္ဆာပရောဖက်က မြေကြီးသားများကို လုပ်ဘို့ မှာထားသည်။ ရှေးခေတ်ဘုရင်များ၏ ရုပ်တုများကို ကိုးကွယ် သကဲ့သို့ ကိုးကွယ်စေဘို့ ဖြစ်သည်။ 

၁၅။သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည်အကြောင်း နှင့်၊ မိမိကို မကိုးကွယ်သောသူရှိသမျှတို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုပ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်း ရ၏။ 

ယခုခေတ်တွင် စက်ရုပ်တုများသည် လူကဲ့သို့ စကားပြောသည်သာမက စဉ်း စားတတ်လုပ်ကိုင်တတ်ကြပြီ။ ထို့ကြောင့် ရုပ်တု စကား ပြော၍ အသက် သွင်းပေးခြင်းသည် မဆန်းတော့ချေ။ ထိုရုပ်တုကို မကိုးကွယ်သောသူတိုင်းရုပ်ကိုယ်တိုင် ကသတ်မည် ဖြစ်သည်။ 
 
၁၆။ ငွေရတတ်သောသူ၊ ဆင်းရဲ သောသူ၊ ​ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီး အငယ်ရှိသမျှတို့သည် လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်း ငှါ၎င်း၊ ၁ရ။ ထိုတံဆိပ်လက်မှတ်တည်း ဟူသောသားရဲ၏ နာမ ဖြစ်စေ၊ နာမ၏ အရေအတွက် ဖြစ်စေ၊ တခုခုကို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်း ငှါ၎င်းစီရင်၏။ ၁၈။ ဤအရာ၌ ပညာရှိ၏ ဥာဏ်ရှိသောသူသည်သားရဲ၏ အရေအတွက်ကို ရေတွက် စေ။ လူ၏ အရေအတွက် ဖြစ်၏။ ​ခြောက်ရာ​ခြောက်ဆယ်​ခြောက်လည်း ဖြစ်၏။ 

ဘေးဒဏ်ကြီး ကာလတွင် လူတိုင်းသားရဲ၏ အမှတ်တံဆိပ် တည်းဟူသော ၆၆၆ တံဆိပ်ကို လက်ျာလက်၌ ဖြစ်စေ နဖူး၌ ဖြစ်စေခတ်မည် ဖြစ်သည်။ ထိုတံဆိပ်မခတ်သောသူသည် ရောင်းဝယ်၍ ရမည် မဟုတ် ဟုဆိုသည်။ ရောင်းဝယ်၍ မရလျှင် ငတ်သေဘို့ သာလျှင် ရှိသည်။ ယခုအခါ အမေရိကန်ပြည် ထောင်စု၌ လူတိုင်း မှတ်ပုံတင်နံပါတ် တည်းဟူသော လူမှု လုံခြုံရေးကပ်ပြား (ှသခင​ေူ ှနခကမငအပ ခမေိ) ရှိကြသည်။ ထိုကပ်ပြားမရှိလျှင် ကား မောင်းလိုင်စင်လုပ်၍ မရ၊ အလုပ်လျှောက်၍ မရ၊ ဘဏ်စာရင်းဖွင့်၍ မရသောကြောင့် ထိုကပ်ပြားကို အရင်ဦးဆုံးလျှောက်ထားရ ကြသည်။ ထိုကပ်ပြား၌ နံပါတ် ရလုံးရှိ၍ သုံးအုပ်စုဖြင့် ခွဲထားသည်။ ပဌမ အုပ်စု၌ ဂဏန်းသုံးလုံး၊ အလယ်၌ နှစ်လုံး၊ နောက်ဆုံး၌ လေးလုံး ဖြစ်၍ ထိုနံပါတ်ကို ၃၂၄ ဟုဆိုနိုင်သည်။ ဖုန်းနံပါတ်လည်း ဂဏန်းဆယ်လုံး ဖြစ်၍ သုံးအုပ်စုဖြင့် ဖွဲ့ထားသည်။ ပဌမ အုပ်စု၌ သုံးလုံး၊ အလယ်၌ သုံးလုံး၊ နောက်ဆုံး၌ လေးလုံး ဖြစ်သည်။ ထိုကြောင့် ဖုန်းနံပါတ်တိုင်းသည် ၃၃၄ ဟုဆိုနိင်သည်။ 

ထိုအရာများသည် ၆၆၆၏ ရှေ့ပြေးအရာများ ဖြစ်သည်။ ယခုအခါ လူနာမည်ထက် ကိုယ်ပိုင်နံပါတ်များသည် ပို၍ အရေးကြီး လာသည်။ မိုင်ခရိုချိတ် (ာငခမသခ့ငစ)ဟု ခေါ်၍ ဆန်တစေ့လောက်ရှိသော စက်ကု ိတီထွင်ကာ ကျန်းမာရေးအာမခံအဖြစ် အသုံးပြုဘို့ ဖြစ်သည်။ ထိုအရာ အသုံးပြုလျှင် ငွေကျေးသုံးစွဲတော့မည် မဟုတ်။ ထိုအရာသည် ဃမနိငအ ခမေိလည်း ဖြစ်မည်၊ မှတ်ပုံတင်လည်း ဖြစ်မည်။ ထိုအရာအသုံး မပြုသေးခြင်းသည် အန္တီခရစ်မပေါ် သေးသောကြောင့် ဖြစ်သည်။ အန္တီခရစ်မပေါ် သေးခြင်းသည်လည်း ချီဆောင်ခြင်း မဖြစ် သေးသောကြောင့့် ဖြစ်သည်။ ထို့ကြောင့် ချီဆောင်ခြင်းသည် အချိန်မရွေး ဖြစ်နိုင်သည်။ ထိုချီဆောင်ခြင်း၌ မိတ်ဆွေ ပါဝင်ဘို့ရန် အရေးကြီးသည်။ မပါဝင်ပါက ဘေးဒဏ်ကြီး ကာလ၌ အန္တီခရစ်၏ အုပ်ချုပ်မှု အောက်တွင် အလွန် ခက်ခဲမည် ဖြစ်သည်။ 

ဧဝံဂေလိ ခရီး စဉ် 

ဆရာဇော်ဂျာမိသားစုသည် ၂၀၁၄ ခုနှစ်ဒီဇဘ်ာလ ၁၄ ရက်နေ့တွင် မြန်မာပြည်နှင့် ဂျပန်ပြည်သို့ သွားရောက်ကာ ဧဝံဂေလိ တရားဟောပြောသင်ကြား ပေးခဲ့သည်။ ရန်ကုန်မြို့နှင့် ကွတ်ခိုင်မြို့တို့၌ ကယ်တင်ခြင်းနှင့် ခေတ်ကာလ များအကြောင်းကို သင်ကြားပေးရာနေရာတိုင်း၌ အလွန် ဆာငတ်၍ ဘုရားသခင်က အသုံးပြုသည်ဟု သတင်းရရှိပါသည်။ 

မောဇက်ထောင်ကျုံးသည် ဇန္နဝါရီလ ၅ ရက်နေ့တွင် အယ်အေ (Los Angeles)သို့ သွား၍ ခေါ်မိသားစုနှင့် ကျမ်းစာ သင်ကြားခြင်းကို နှစ်ရက် ပြုလုပ် ခဲ့သည်။ ထိုနောက် ရရက်နေ့တွင် ဩစ​တြေးလျနိင်ငံ Melbourne မြို့သို့ သွားရောက်ကာ သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ ကျမ်းစာ သင်တန်းကို ၁၀ ရက်နေ့မှ ၁၈ ရက်နေ့ညအထိ ပြုလုပ်ခဲ့သည်။ ကျမ်းသင်တန်း၌ နေ့ပိုင်း၁၀ယောက်ခန့်အထိ၊ ညပိုင်း၌ ယောက် ၅၀ ခန့်အထိ အားရစွာ သင်ကြားခဲ့ကြပါသည်။ ထို့နောက် Brisbane မြို့ရှိ သတင်းကောင်းနှစ်ခြင်း အသင်းတော်၌ ကျမ်းစာ သင်တန်း ပြုလုပ်ရာ အသင်းတော် အသီးသီးမှ တက်ရောက်နား;ထောင်ကြရာ နေ့ခင်းပိုင်း၌ လူ၂၀-၃၀၊ ညပိုင်း၌ လူ၅၀ -ရဝ ခန့်ရှိကြပါသည်။ ဩစ​တြေးလျနိင်ငံ၌ နောက်ထပ်တလနေကာMelbourne, Perth, Adalaide  မြို့များသို့ သင်ပေးရဦးမည် ဖြစ်သည်။ 

ဆရာယောရှုသည် ဇန္နဝါရီလလယ်မှစ၍ ဩစ​တြေးလျနိင်ငံ Melbourne မြို့တွင် ဖလမ်း အသင်းတော်နှင့် ဟားခါးဂျီဘီစီတွင် ကျမ်းစာ တင်တန်းများ ပြုလုပ် ပါသည်။ သူနှင့်အတူ ဆရာဂိဒေါင်ထွားမာလည်း ပါဝင်သည်။ ဆရာယောရှုသည် မြန်မာနိင်ငံသို့ သွား၍ ဆရာထွားမာသည် ဩစ​တြေးလျနိင်ငံ Brisbane မြို့ရှိသတင်းကောင်းနှစ်ခြင်း အသင်းတော်ကို နှစ်လခန့်ကြည့်ရှုမည်ဟု သိရှိရပါသည်။ 

ဆရာမောဇက်သည် ဘုရားသခင်က အခွင့်ပေး၍ ကောင်းမွန်စွာ အိမ်သို့ ပြန်လာလျှင် သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ Zanniat  အမျိုးသားများအတွက် တပတ်ကျမ်းစာ သင်တန်းပေးမည် ဖြစ်သည်။ ထိုသင်တန်းကို မတ်လ ၂ ရက် တနလ်ာနေ့မှ ရရက်စနေနေ့အထိ ဖြစ်မည်။ ထို့နောက်ဆရာမဟန္နနှင့် မတ်လ ၉-၁၅ ရက်နေ့အတွင်း Texas ပြည်နယ် Midland  မြို့၌ ကျမ်းစာ သင်တန်း ပြုလုပ်မည် ဖြစ်သည်။ ထို့နောက်၌ မတ်လ ၂၀-၂၂ အထိ Rသခုလငူူန ွ​ြဃ၌ ကျမ်းစာ သင် တန်းပို့ချမည် ဖြစ်သည်။ 

ကျေညာစရာများ

 ယခုနှစ်ဧပြီလအတွင်း၌ တလလုံးလုံး အမှုတော်ဆောင်သင်တန်းကို Indianapolis   မြို့သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ ပြုလုပ်မည် ဖြစ်သည်။ တက် ရောက်လို သူများ ဆက်သွယ်နိုင်သည်။ ထိုသင်တန်း၌ ပျောက်ဆုံးဝိညာဉ် ဖမ်းနည်းနှင့် ပြုစုပျိုးထောင်နည်းများ သင်ကြားမည် ဖြစ်သည်။အချိန် ပြည့်အမှုတော်ဆောင် သူများ၊ အချိန် ပိုင်းအမှု ဆောင်လို သူများ အားလုံး လက်ခံသည်။ 

Indianapolis  မြို့သတင်းကောင်း နှစ်ခြင်း အသင်းတော် ( မြန်မာ)၏ ငါးနှစ် မြောက်အထိ မ်းအမှတ် ကျေးဇူးတော် ချီးမွမ်းခြင်းကို ဧပြီလတွင် ကျင်းပမည် ဖြစ်သည်။ တက်ရောက်ပါဝင်လို သူများ လှိုက်လှဲစွာ ဘိတ်ခေါ်ပါသည်။ နေ့ရက်ကို နောက်မှပြန် လည်ကျေညာပါမည်။

Indianapolis Northside သတင်းကောင်း နှစ်ခြင်း အသင်းတော် ဖွင့်ပွဲကို မတ် လတွင် ကျင်းပမည် ဖြစ်သည်။ နေရာနှင့် အချိန်ကို နောက်မှကျေညာပါမည်။ 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG